ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၈) အခန်း တစ်
အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၆)
အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ
၁၀။ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်း
ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်ဖြစ်သည့် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့”ဟူသည်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အသင်းတော်အသက်တာတွင် ပေါ်ပေါက်သည့် ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့်ပတ်သက်၍၊ ငါတို့သည် ဤအရာများကို အချက်ဆယ့်တစ်ချက်အဖြစ် ခွဲခြားခဲ့သည်။ ၎င်းတို့ကို တစ်ဖန် ပြန်ဖတ်ကြည့်ကြစို့။ (ပထမအချက်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ မကြာခဏ သွေဖည်သွားခြင်း၊ ဒုတိယအချက်၊ လူတို့ကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၊ တတိယအချက်၊ အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်း၊ စတုတ္ထအချက်၊ ဂိုဏ်းဂဏဖွဲ့ခြင်း၊ ပဉ္စမအချက်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၊ ဆဋ္ဌမအချက်၊ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း၊ သတ္တမအချက်၊ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်း၊ အဋ္ဌမအချက်၊ အယူအဆများကို ဖြန့်ဝေခြင်း၊ နဝမအချက်၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း၊ ဒသမအချက်၊ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်းနှင့် ဆယ့်တစ်ချက်မြောက် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ ဖြစ်ပါသည်။) ပြီးခဲ့သည့်အကြိမ်က ငါတို့သည် နဝမအချက်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့တွင် ဒသမအချက်ဖြစ်သည့် အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်းနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ကြမည်။
က။ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်းနှင့်ဆိုင်သော သရုပ်သကန်များ
အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေသည့် အဖြစ်အပျက်များသည် အသင်းတော်တွင် ဖြစ်ပွားပြီးဖြစ်သည်။ အချို့လူများသည် သမ္မာတရားကို မချစ်ကြသည့်အပြင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား အာရုံမစိုက်ကြပေ။ သမ္မာတရား စည်းမျဉ်းများနှင့် ဆက်စပ်သောကိစ္စရပ်များတွင်ဖြစ်စေ၊ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုက်စားမှုများတွင်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခြင်းအား အာရုံမစိုက်ကြပေ။ ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် နေရာမရှိပေ။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌၊ ၎င်းတို့သည် အတင်းအဖျင်းများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအကြောင်း စုံစမ်းမေးမြန်းရန်နှင့် ထူးဆန်းပြီး မူမမှန်သော ဇာတ်လမ်းများကို စုဆောင်းရန်သာ နှစ်သက်ကြသည်။ ၎င်းတို့ ပို၍ စိတ်အားထက်သန်သည့်အရာမှာ ဘုရားသခင်နှင့်လည်းကောင်း၊ ဘုရားသခင်၏ အမှုတော်နှင့်လည်းကောင်း ဆက်စပ်သော ကိစ္စရပ်များအပြင်၊ ဘုရားအိမ်တော်နှင့်လည်းကောင်း၊ အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များနှင့်လည်းကောင်း ဆက်စပ်သော ကိစ္စရပ်များကို စပ်စုခြင်းဖြစ်သည်မှာ အမှန်ပင် ဖြစ်၏။ တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် မိမိတို့ကြားပြီးသည့် သို့မဟုတ် စိတ်ကူးထားသည့် လုံးဝမမှန်ကန်သောအရာများကို ဖြန့်ဝေလျက် အခြေအမြစ်မရှိစွာ အတင်းအဖျင်းများကို ဖြန့်ဝေရန် နှစ်သက်ကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား မနှစ်သက်ကြပေ။ ၎င်းတို့သည် ဆုတောင်းခဲပြီး စုဝေးပွဲများအတွင်းတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း မရှိသလောက်ပင်ဖြစ်ကာ မိမိတို့၏ ကိုယ်ပိုင်အခြေအနေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုက်စားမှုများနှင့် ဝင်ရောက်မှု သို့မဟုတ် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော မိမိတို့၏ နားလည်သဘောပေါက်မှု စသည်တို့ကို ပြောခဲဆိုခဲသည်။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သောသူများ သို့မဟုတ် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မိတ်သဟာယဖွဲ့သောသူများကိုလည်းကောင်း၊ ဤကိစ္စရပ်များကိုလည်းကောင်း စိတ်မဝင်စားကြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း၊ ဘုရားသခင်၏အမှုတော်က မည်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တစ်စုံတစ်ဦး ပြောဆိုသည်ကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ကပ်ဘေးများ၊ လူတို့၏ ပန်းတိုင်များ၊ ဘုရားသခင်က သူ၏ပုံသဏ္ဌာန်ကို ပြောင်းလဲခြင်း စသည်တို့နှင့်ပတ်သက်သည့် အကြောင်းအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် တွေ့မြင်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ မျက်လုံးများ ရုတ်တရက် လင်းလက်လာပြီး ၎င်းတို့ အထူးပင် အာရုံစိုက်လာကြသည်။ ဤစကားများကို ၎င်းတို့ ဖတ်ရှုသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ကြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ စိတ်ဝင်စားမှုက ချက်ချင်း နှိုးဆွခြင်းခံရသည်။ ဤလူတို့၏ သရုပ်သကန်များမှ အကဲဖြတ်ရလျှင်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက်သို့လိုက်ရန် ဘုရားသခင်ကို ယုံကြည်ခြင်းမဟုတ်သည့်အပြင်၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဝတ်ပြုကိုးကွယ်ရန်လည်း သေချာပေါက် မဟုတ်ကြောင်း သိသာထင်ရှားပေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်သို့လာပြီး တာဝန်တစ်ခုတလေကို ထမ်းဆောင်ရန် မစဉ်းစားကြပေ။ ၎င်းတို့သည် အတင်းအဖျင်းအချို့ကို စပ်စုပြီး စုဆောင်းရန် သို့မဟုတ် ကောလာဟလအချို့ကို ဖြန့်ဝေရန်သာ အလိုရှိကြသည်။ ၎င်းတို့သည် ဤလုပ်ဆောင်မှုများတွင် ပျော်မွေ့ကြပြီး ဘုရားအိမ်တော်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ၊ ဓမ္မတေးများနှင့် ရုပ်ရှင်များကို လုံးဝ စိတ်ဝင်စားမှုမရှိကြပေ။ ၎င်းတို့သည် ဘာသာရေးလောကရှိ အန္တိခရစ် အင်အားစုများက ဘုရားအိမ်တော်၊ အသင်းတော်၏အလုပ်နှင့် လူ့ဇာတိခံယူသော ဘုရားသခင်တို့အကြောင်း ပြုလုပ်ထားကြသည့် ဖော်ပြချက်များနှင့် အကဲဖြတ်ချက်များကို စုစည်းရန် အွန်လိုင်းတက်ရသည်ကိုသာ နှစ်သက်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်မှ ဗီဒီယိုများကို ရံဖန်ရံခါ ကြည့်လျှင်ပင်၊ ယင်းမှာ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေလိုသည့် အတွင်းစိတ်တောင့်တမှုကြောင့် မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို ကြည့်ကြသနည်း။ ၎င်းတို့သည် ဗီဒီယိုများအောက်ရှိ မှတ်ချက်များကို ကြည့်ကြပြီး မိမိတို့ဖတ်ရှုသည့်အရာနှင့်ပတ်သက်၍ ဇီဇာကြောင်ကြသည်။ ၎င်းတို့သည် အသင်းတော်မှ ညီအစ်ကိုမောင်နှမများ၏ မှတ်ချက်များကို ကျော်သွားကြသော်လည်း ဘာသာရေးလောကနှင့် ဘာသာတရားမရှိသူများထံမှ မှတ်ချက်များကိုမူ အထူးစိတ်ဝင်စားကြသည်။ အချို့အရာများကို ရှာဖွေတွေ့ရှိရန် ကြိုးစားလျက် အဆင်းနီသော နဂါးကြီးထံမှ မှတ်ချက်များနှင့် ဖော်ပြချက်များကိုပင် ၎င်းတို့က သီးသန့်ကြည့်ရှုကြသည်။ ဤအပျက်သဘောဆောင်သော ဝါဒဖြန့်မှုများ၊ ဖော်ပြချက်များနှင့် လုပ်ကြံဖန်တီးထားသော ကောလာဟလများကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသည့်အပြင် ယင်းတို့ကို ပိုင်းခြားသိမြင်ခြင်း မရှိကြပေ။ ထိုအစား၊ ၎င်းတို့သည် ဤအပျက်သဘောဆောင်သော မှတ်ချက်များနှင့် ဖော်ပြချက်အချို့ကို လက်ခံပင်လက်ခံနိုင်ပြီး၊ အဖြစ်မှန်များအဖြစ် မှတ်ယူကြသည်။ အပြုသဘောဆောင်သော မှတ်ချက်များ မည်မျှပင်ရှိပါစေ၊ ၎င်းတို့သည် ဖတ်ရှုရန် မလိုလားကြသည့်အပြင် မှန်သည်ဟုလည်း မယုံကြည်ကြပေ။ ထိုအပျက်သဘောဆောင်သော မှတ်ချက်များ သို့မဟုတ် ကောလာဟလများသာ ၎င်းတို့၏ အာရုံကို ဆွဲဆောင်ပြီး ၎င်းတို့၏ အာသီသကို လှုံ့ဆော်ပေးသည်။ ဤအပျက်သဘောဆောင်သော မှတ်ချက်များကို ၎င်းတို့ မြင်သည့်အခါတိုင်း၊ ၎င်းတို့သည် စိတ်ထဲတွင် အလွန် အားရကျေနပ်ပြီး နှစ်သိမ့်မှုရသည်ဟု ခံစားရသည်။ ၎င်းတို့သည် လောကတွင်၊ ဘာသာရေးလောကတွင် သို့မဟုတ် အွန်လိုင်းတွင် ပျံ့နှံ့နေသည့် လုံးလုံးလျားလျား မမှန်ကန်သော ကောလာဟလများနှင့် ဝေဖန်ချက်များ၊ ဘုရားသခင်ကို တိုက်ခိုက်ခြင်းများနှင့် အသရေဖျက်ခြင်းများကိုပင် အထူးစိတ်ဝင်စားကြပြီး၊ ဤအရာများကို အမြဲတစေ လုံ့လဝီရိယရှိစွာ လေ့လာကာ စုဆောင်းကြသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တရားဒေသနာများနှင့် မိတ်သဟာယများ၊ ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များနှင့် အခြားထိုသို့သောအရာများကို လုံးဝ စိတ်ဝင်စားမှုမရှိကြပေ။ သို့ဖြစ်၍၊ အခြားသူများက စုဝေးပွဲများအတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မျှဝေသည့်အခါတွင်၊ ၎င်းတို့သည် အလွန်အမင်း မနှစ်မြို့မှုကို ခံစားရပြီး၊ ဤအရာများကို အနှောင့်အယှက်ပေးသောအရာများနှင့် မလိုလားအပ်သော အရာများဖြစ်သည်ဟု ရှုမြင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့် မိမိကိုယ်ကို သိရှိခြင်းအကြောင်း ပြောဆိုခြင်းကို အထူးပင် မနှစ်မြို့ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို ကြားလိုကြသနည်း။ ၎င်းတို့သည် ဝိညာဉ်ရေးရာနယ်ပယ်မှ နက်နဲသောအရာများဖြစ်စေ၊ ဘာသာရေးလောကမှ ပျံ့နှံ့နေသော ကောလာဟလများ သို့မဟုတ် အတင်းအဖျင်းများဖြစ်စေ၊ ထူးဆန်းပြီး ယုတ္တိနှင့်မညီသောအရာများကိုသာ ကြားလိုကြသည်။ ၎င်းတို့သည် ဤအရာများကို နားထောင်ရန်သာ လိုလားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဤအပျက်သဘောဆောင်သော အရာများဖြင့် ပြည့်နှက်ပြီး နေရာယူထားကာ မည်သူကမျှ ဤအပျက်သဘောဆောင်သော အရာများကို ၎င်းတို့ထံမှ ယူဆောင်သွားနိုင်ခြင်း သို့မဟုတ် ဖယ်ရှားနိုင်ခြင်း မရှိပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ထိုအရာများကို အလွန် စိတ်ဝင်စားပြီး နှစ်သက်လွန်းကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအကြားတွင် ရှိသည့်အခါ၊ အထူးသဖြင့် စုဝေးပွဲများအတောအတွင်းတွင်၊ ၎င်းတို့သည် အခြေအမြစ်မရှိသော အတင်းအဖျင်းအချို့ကို ပြောဆိုရန်နှင့် အွန်လိုင်းတွင် ၎င်းတို့တွေ့ရှိသည့် ဘုရားအိမ်တော်နှင့် အသင်းတော်နှင့်ပတ်သက်သော အပျက်သဘောဆောင်သည့် မှတ်ချက်အချို့ကိုပင် ဖြန့်ဝေရန် နှစ်သက်ကြသည်။ ဤလူများသည် ဤကောလာဟလများကို အလွန်အမင်း စိတ်ဝင်စားကြသည်။ ဤအရာများကို ဖြန့်ဝေခြင်းသည် အခြားသူများအတွက် အကျိုးမရှိကြောင်း ၎င်းတို့ ရှင်းလင်းစွာ သိရှိသော်လည်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်သည့်အပြင်၊ ထိုအရာများကို မရမက ဖြန့်ဝေကြသည်။ ဤကောလာဟလများနှင့် အပျက်သဘောဆောင်သော ဝါဒဖြန့်မှုများကို ဖြန့်ဝေရန် အခွင့်အရေးများကို ၎င်းတို့ ရှာဖွေဖို့ လိုအပ်လျှင်ပင် သို့မဟုတ် ထိုသို့သောအရာများကို စုဆောင်းရင်း အချိန်ကုန်ခံရန် လိုအပ်လျှင်ပင် သို့မဟုတ် ထိုသို့သောအရာများကို လုပ်ကြံဖန်တီးရန် မိမိတို့၏ဉာဏ်ကို အသုံးပြုဖို့ လိုအပ်လျှင်ပင်၊ ၎င်းတို့သည် ဤအတွက် မမောမပန်းနိုင် စိတ်အားထက်သန်နေဆဲ ဖြစ်သည်။ အသင်းတော်တစ်ခုတွင်၊ အသင်းတော်ခေါင်းဆောင်များသည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်လျှင် သို့မဟုတ် လူတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင် ကောလာဟလများနှင့် မှားယွင်းသော အယူအဆများကို ဖြန့်ဝေသည့်လူများ ရှိသည်နှင့်တစ်ပြိုင်နက် အသင်းတော်အသက်တာသည် နှောင့်ယှက်ခံရပြီး ထိခိုက်ခံရလိမ့်မည်ဖြစ်ကာ အချို့လူများသည် ဤပုဂ္ဂိုလ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကိုပင် ခံရလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် အခြားသူများ၏ နှောင့်ယှက်ခြင်းနှင့် အထင်အမြင်မှားစေခြင်းကို မကြာခဏ ခံရနိုင်သနည်း။ အကြောင်းရင်းတစ်ခုမှာ ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်အပြင် ဘုရားအိမ်တော်ကို အသရေဖျက်သည့် ကောလာဟလများနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်မှု မရှိသောကြောင့် ဖြစ်သည်။ နောက်တစ်ခုမှာ ယုံကြည်သည်မှာ မကြာသေးသည့် ညီအစ်ကိုမောင်နှမအချို့သည် ဝိညာဉ်ရင့်ကျက်မှု နုနယ်ကြပြီး၊ ရူပါရုံဆိုင်ရာ သမ္မာတရားကို နားမလည်ကြသည့်အပြင်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၊ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်နှင့် လူတို့ကို ကယ်တင်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်တို့နှင့်ပတ်သက်၍ မသဲမကွဲဖြစ်နေကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို ရှင်းလင်းစွာ မသိမြင်နိုင်ကြသည့်အပြင်၊ ဤအမှုတော်အဆင့်သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဟုတ်မဟုတ်ဟူသည်ကို မသေချာကြပေ။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်းမရှိသည့်အပြင် ဘုရားသခင်နောက်သို့ ၎င်းတို့ မည်မျှကြာအောင် လိုက်နိုင်မည်ကိုပင် မသိကြပေ။ အလိုလိုဖြင့်၊ ၎င်းတို့သည် ကောလာဟလများကို ဖြန့်ဝေသောသူတို့၏ အထင်အမြင်မှားစေခြင်း၊ လွှမ်းမိုးခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကိုလည်း အလွန် လွယ်ကူစွာ ခံရလေသည်။
ခ။ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်း၏ အနှစ်သာရမှာ စာတန်၏ အစေခံတစ်ဦးအဖြစ် ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်
အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေသည့် ဤလူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်သည်သာမက၊ အမှားနှင့်အမှန်ကိုလည်း ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို အမြဲတစေ သံသယဝင်တတ်ပြီး ကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများကို လွယ်ကူစွာ လက်ခံယုံကြည်တတ်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်သည်ဟု အခိုင်အမာဆိုကြသော်လည်း၊ ဘုရားသခင်နှင့် အသင်းတော်ကို အသရေဖျက်သည့် ကောလာဟလများကို ဖြန့်ဝေနေကြဆဲဖြစ်ပြီး၊ ၎င်းတို့ စုဆောင်းထားသည့် အမျိုးမျိုးသော ကောလာဟလများကို ညီအစ်ကိုမောင်နှမများထံ ဖြန့်ဝေကာ၊ ယင်းတို့ကို နေရာတိုင်းတွင် လက်လွတ်စပယ်နှင့် ထပ်ခါတလဲလဲ ဖြန့်ဝေပြီး လူသိရှင်ကြား ကြေညာသည်အထိပင် ပြုလုပ်ကြသည်။ ဤအချက်မှနေ၍ ဤလူတို့သည် သမ္မာတရားကို မချစ်ကြသည့်အပြင် ဘာသာတရားမရှိသူများ၏ နတ်ဆိုးဆန်သော စကားများကိုသာ ယုံကြည်ကြကြောင်း သိသာထင်ရှားပေသည်။ တင်းတင်းကျပ်ကျပ်ဆိုရလျှင် ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ လုံးဝမဟုတ်ကြသည့်အပြင် ဘုရားအိမ်တော်၏ အဖွဲ့ဝင်များ မဟုတ်ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်အရာများ ဖြစ်ကြသနည်း။ တိတိကျကျဆိုရလျှင်၊ ဤလူများသည် မယုံကြည်သူများဖြစ်ကြသည်၊ စာတန်၏ အစေခံများ ဖြစ်ကြသည်။ အချို့လူများက “စာတန်၏ အစေခံများသည် စီစီပီက စေလွှတ်ထားသော သူလျှိုများဖြစ်ကြသလော။ သူတို့သည် ဘုရားအိမ်တော်သို့ စိမ့်ဝင်နေသော အေးဂျင့်များဖြစ်ကြသလော” ဟု ပြောဆိုကြသည်။ ဖြစ်ချင်မှ ဖြစ်ပေမည်။ ထိုအေးဂျင့်များနှင့် သူလျှိုများကို ပိုင်းခြားသိမြင်နိုင်ရန် လွယ်ကူသော်လည်း၊ ကောလာဟလများကို ဖြန့်ဝေသည့် ဤလူတို့သည် အပေါ်ယံအားဖြင့် စစ်မှန်သော ယုံကြည်သူများဖြစ်သည့်ပုံပေါ်ကြသည်။ သို့သော်လည်း၊ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသည့်အပြင် မကြာခဏ စာတန်၏ နှုတ်သံများအဖြစ် ဆောင်ရွက်ကာ၊ စာတန်၏ကိုယ်စား ဘုရားသခင်ကို အသရေဖျက်ပြီး တိုက်ခိုက်သည့် စကားများကို ဖြန့်ဝေလျက်၊ အသင်းတော်နှင့် ဘုရားအိမ်တော်အကြောင်း ၎င်းလုပ်ကြံဖန်တီးသည့် ကောလာဟလများကို ဖြန့်ဝေကြသည်။ ဤအချက်ကို အခြေခံ၍ အကဲဖြတ်သည့်အခါ၊ ၎င်းတို့ကို မည်သူက စေလွှတ်သည်ဖြစ်စေ၊ ဤလူများသည် စာတန်၏ အစေခံများဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကောလာဟလများကို ၎င်းတို့က တက်ကြွစွာ စုဆောင်းခဲ့သည်ဖြစ်စေ သို့မဟုတ် မထုံတက်သေးကြားခဲ့ရသည်ဖြစ်စေ၊ ဤလူတို့သည် သမ္မာတရားကို ရှာဖွေခြင်းနှင့် ယင်းတို့ကို ပိုင်းခြားသိမြင်ခြင်းအကြောင်းအား မစဉ်းစားဘဲ၊ ထိုအစား ယင်းတို့ကို အဖြစ်မှန်များအဖြစ် ယုံကြည်ကြလေသည်။ ၎င်းတို့သည် အတင့်ရဲစွာနှင့် ထိန်းမနိုင်သိမ်းမရဖြစ်စွာ ယင်းတို့ကို ဖြန့်ဝေကာ ပျံ့နှံ့စေပြီး ထိုသို့လုပ်ဆောင်သည်မှာ တစ်နေရာတည်းတွင် မဟုတ်၊ အခါသမယတစ်မျိုးတည်းတွင် မဟုတ်ပေ။ ဤကောလာဟလများကို ဖြန့်ဝေရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ပိုများသောလူတို့ကို ထိုအရာများအား သိရှိလာစေရန်၊ အားနည်းသူများကို သာ၍ပင် အားနည်းသွားစေရန်နှင့် အားကြီးပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိသူများကို ကောလာဟလများကြောင့် ဘုရားသခင်နှင့် သူ၏အမှုတော်ကို သံသယဝင်လာစေရန် ဖြစ်သည်။ ယင်းမှာ လူတိုင်းကို သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အမှုတော်နှင့် ကယ်တင်ခြင်းခံရခြင်းတို့ကို စိတ်မဝင်စားတော့စေရန်ဖြစ်ပြီး၊ ထိုအစား လူတို့ စုဝေးသည့်အခါတိုင်း၊ ဤအပျက်သဘောဆောင်သော အရာများအကြောင်းကို ပြောဆိုကြရန် အလို့ငှာ၊ ဤပုဂ္ဂိုလ်များ ကိုယ်တိုင်ကဲ့သို့ပင်၊ အမျိုးမျိုးသော ကောလာဟလများနှင့် အပျက်သဘောဆောင်သော ဝါဒဖြန့်မှုများကို စိတ်ဝင်စားလာစေရန် ဖြစ်သည်။ ပုံမှန်လူများသည်လည်းကောင်း၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားရှိသော လူတို့သည်လည်းကောင်း ထိုသို့သောအရာများကို လုပ်ဆောင်ကြမည်လော။ လူအများစုသည် ကောလာဟလများ သို့မဟုတ် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် ဝါဒဖြန့်မှုများကို ကြားသည့်အခါ၊ ကောလာဟလများက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မသိလျှင်ပင်၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ၎င်းတို့၌ရှိသော ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးအနည်းငယ်ကြောင့်၊ ၎င်းတို့သည် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ လာကြလိမ့်မည်။ ၎င်းတို့သည် ကောလာဟလများ၏ လွှမ်းမိုးခြင်းကို ခံရပြီး အနည်းငယ် အားနည်းကာ သံသယဝင်လျှင်ပင်၊ ယင်းသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်း သို့မဟုတ် ၎င်းတို့၏ ဘုရားသခင်နောက်သို့လိုက်ခြင်းအား ထိခိုက်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ လျှာများကို စောင့်စည်းရန်နှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သော သို့မဟုတ် ပုန်ကန်ပြစ်မှားသော အမှုများကို လုပ်ဆောင်ခြင်းအား ရှောင်ရှားရန် မိမိတို့ကိုယ်ကိုပင် သတိပေးကြလိမ့်မည်။ ဤသို့သော လုပ်နည်းကိုင်နည်းမျိုးသည် ညီအစ်ကိုမောင်နှမအများစု စွမ်းဆောင်ရရှိနိုင်သည့်အရာတစ်ခု ဖြစ်သည်။ လူတို့၌ လူ့သဘာဝအချို့၊ စစ်မှန်သော ယုံကြည်ခြင်းအနည်းငယ်နှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးအနည်းငယ် ရှိသရွေ့၊ ဤအရာကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည်။ လူတို့သည် ဘုရားသခင် တည်ရှိသည်ကို ယုံကြည်သည့်အတွက်၊ ဘုရားသခင် လုပ်ဆောင်သမျှ မှန်ကန်သည်ကို ၎င်းတို့ ယုံကြည်သင့်သည်။ ယင်းကို ဘုရားသခင်က လုပ်ဆောင်ထားသည့်အတွက်၊ လူတို့သည် ယင်းနှင့်ပတ်သက်၍ မည်သည့်အကဲဖြတ်မှုကိုမျှ မပြုလုပ်သင့်ပေ။ ၎င်းတို့သည် “အသင်းတော်ပြင်ပမှ ကောလာဟလများက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ ကျွန်ုပ်သည် ယင်းတို့ကို ယုံကြည်၍မရသည့်အပြင်၊ ယင်းတို့ကို သေချာပေါက် ဖြန့်ဝေ၍မရပါ။ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် အနည်းငယ် အားနည်းပြီး တုန်လှုပ်သည်ဟု ခံစားရလျှင်ပင်၊ ဘုရားသခင်၏ တည်ရှိမှုကို ကျွန်ုပ် မငြင်းပယ်ရပါ” ဟု သေချာနေသင့်သည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်လျှင်၊ ဘုရားသခင် လုပ်ဆောင်သမျှ မှန်ကန်သည်ကို ယုံကြည်သင့်သည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်လျှင်၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်နှလုံးရှိသင့်သည်။ ဤသည်မှာ လုံးဝမှန်ကန်သည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောကြောင့်၊ မည်သည့်ကောလာဟလများကို ၎င်းတို့ ကြားသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏ နှုတ်များကို စောင့်စည်းကြလိမ့်မည်၊ ကောလာဟလများကို ဖြန့်ဝေသူများ ဖြစ်လာမည်မဟုတ်၊ စာတန်၏ ပရိယာယ်များကြောင့် သိမ်းသွင်းခြင်းမခံရသည့်အပြင် စာတန်၏ အကြံအစည်များအတွက် လှည့်စားခြင်းခံရမည် မဟုတ်ပေ။ ဤသည်မှာ လူအများစု လွယ်ကူစွာ စွမ်းဆောင်နိုင်သည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ပုံမှန် စဉ်းစားတွေးခေါ်မှုနှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောကြောင့် ကောလာဟလများကို သင် ကြားသည့်အခါ၊ ယင်းတို့ကို ဖြန့်ဝေခြင်း ရှိမရှိဟူသည်မှာ သင်၏အပေါ်တွင်သာ လုံးလုံးမူတည်သည်။ အခြားတစ်ဦးတလေက သင့်ကို ထိန်းချုပ်နေသလော။ (မထိန်းချုပ်ပါ။) သို့ဆိုလျှင်၊ ဤကောလာဟလများကို ကြားပြီးနောက်၊ လူတို့သည် ယင်းတို့ကို မည်သို့ကိုင်တွယ်သင့်သည်၊ စည်းမျဉ်းများ၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီရန်အလို့ငှာ ယင်းတို့ကို မည်သို့သဘောထားပြီး လက်တွေ့လုပ်ဆောင်သင့်သည်ဟူသည်တို့ကို ရှင်းလင်းနေသင့်သည် မဟုတ်လော။ လူတိုင်းသည် ဤပိုင်းခြားနိုင်စွမ်း အနည်းငယ် ရှိသင့်ပြီး အခြားသူများ၏ သင်ကြားပေးခြင်း မလိုအပ်ဘဲ ဤလက်တွေ့လုပ်ဆောင်နည်းနှင့် လက်တွေ့လုပ်ဆောင်ရာလမ်းကြောင်းကို နားလည်သင့်သည်။ ကလေးများပင်လျှင် အတင်းအဖျင်း မဖြန့်ဝေရသည်ကိုလည်းကောင်း၊ ယင်းမှာ ရိုသေမှုမရှိခြင်း၊ ကိုယ်ကျင့်တရားမရှိခြင်းနှင့် သွေးခွဲခြင်းဖြစ်သည့်အပြင်၊ လူတစ်ဦးသည် ဤသို့သောလူစားမျိုး မဖြစ်သင့်သည်ကိုလည်းကောင်း သိကြသည်။ ဤသည်တို့မှာ ပုံမှန် ဆင်ခြင်တုံတရားရှိသော လူတို့ ပိုင်ဆိုင်သင့်သည့် အတွေးအခေါ်များနှင့် အပြုအမူ ဖြစ်သည်။ သို့သော်လည်း၊ ထိုသို့သော ဆင်ခြင်တုံတရား ကင်းမဲ့သည့်အပြင်၊ သာ၍ပင် ကြီးမားသော အတိုင်းအတာအထိ ထိုသို့သော လူ့သဘာဝ ကင်းမဲ့သည့် လူစားတစ်မျိုး ရှိသည်။ ဤအရာက ၎င်းတို့အား ဤအရာများကို ကြားပြီးနောက် မိမိတို့နှင့် ရင်းနှီးသူများထံ ကောလာဟလများနှင့် အပျက်သဘောဆောင်သော ဝါဒဖြန့်မှုများကို တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ဝေလိုစေသည်၊ သို့မှသာ လူတိုင်းက ယင်းတို့ကို အတူတကွ စိစစ်၊ ဝေဖန်ပြီး စိတ်ဝင်စားအောင် တန်ဆာဆင်နိုင်မည်ဖြစ်ကာ၊ ထို့နောက် ဤကောလာဟလများကို ပိုမိုကျယ်ပြန့်သော ပရိသတ်ထံ ဖြန့်ဝေနိုင်မည် ဖြစ်သည်။ ၎င်းတို့က “ဤသည်မှာ အလွန်ကောင်းသည် မဟုတ်လော။ ဤသည်မှာ အသက်ဝင်သည် မဟုတ်လော။ အသင်းတော်အသက်တာသည်သာ ဤအကြောင်းအရာနှင့် ပြည့်နေမည်ဆိုလျှင်၊ စိုပြည်ဆန်းစုံလိုက်မည့် ဖြစ်ခြင်းပါတကား။ လူတို့သည် အလွန်များသော အသိပညာကို ရရှိကြလိမ့်မည်ပါတကား”ဟု တွေးထင်ကြသည်။ ဤသည်တို့မှာ မည်သည့် အတွေးများနှင့် သဘောထားအမြင်များ ဖြစ်ကြသနည်း။ ဤသည်တို့မှာ လူဆိုးတစ်ဦး၏ အတွေးများနှင့် သဘောထားအမြင်များ မဟုတ်လော။ ဤသည်မှာ မည်သည့် ဆင်ခြင်တွေးခေါ်မှုစနစ်မျိုး ဖြစ်သနည်း။ ၎င်းတို့သည် ပရမ်းပတာအခြေအနေဖြစ်ဖို့အတွက် အရူးအမူးလိုချင်သောသူများ မဟုတ်လော။ ၎င်းတို့သည် အခြားသူများ အဆင်ပြေသည်ကို မမြင်လိုကြသည် မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးထဲတွင်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကိုပင် လှောင်ပြောင်ကြသည်။ “အသင်လူမိုက်များတို့၊ ကောလာဟလများက အသင်းတော်ပြင်ပတွင် နေရာအနှံ့ ပျံ့နှံ့နေသည်။ ဘုရားအိမ်တော်အပေါ်၊ အထူးသဖြင့် ခရစ်တော်နှင့် ဘုရားသခင်၏ အမှုတော်အပေါ် ဆန့်ကျင်သည့် အပျက်သဘောဆောင်သော အကဲဖြတ်ချက်များ၊ တိုက်ခိုက်မှုများနှင့် အသရေဖျက်မှုများက နေရာတကာတွင် ရှိနေသည်။ ဘာသာရေးလောက၏ ဘုရားကျောင်းများတွင်၊ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် ဝါဒဖြန့်ချိရေး စာရွက်စာတမ်းများကို ချိတ်ဆွဲထားသည်။ ထိုနေရာတွင်ရှိသည့် လူတို့က ‘အရှေ့အရပ်မှ လျှပ်ပြက်ခြင်း’ အကြောင်း ကြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ပြစ်တင်ရှုတ်ချမှုများကို အသံကုန်ဟစ်ပြီး ခပ်ကင်းကင်းနေကြသည်။ လူတိုင်းက သင်တို့ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချနေကြသည့်တိုင်၊ အသင်လူမိုက်များက ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားလျက် ဤနေရာတွင် ရှိနေကြဆဲပါတကား”ဟူ၍ ဖြစ်သည်။ ဤလူတို့သည် ဘုရားသခင်နောက်သို့ ထိုသို့သော ခိုင်မာသည့် ယုံကြည်ခြင်းဖြင့် လိုက်သည်ကို မြင်ရခြင်းက ၎င်းတို့အား မသက်မသာဖြစ်စေသည့်အပြင် အလွန်လည်း စက်ဆုပ်ရွံရှာစေသည်။ အထူးသဖြင့်၊ တစ်စုံတစ်ဦး၏ သမ္မာတရားနှင့်ပတ်သက်သော မိတ်သဟာယဖွဲ့ခြင်းက စစ်မှန်သော နားလည်သဘောပေါက်မှုနှင့် စိတ်သဘောထား ပြောင်းလဲခြင်းအား ပြသသည်ကိုလည်းကောင်း၊ လူတိုင်းက ၎င်းတို့အား လေးစားအားကျသည်ကိုလည်းကောင်း ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် ထိုလူကို မုန်းတီးကြသည်။ အကယ်၍ တစ်စုံတစ်ဦးက ဘုရားအိမ်တော်၌ မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် စည်းမျဉ်းများကို ထိန်းသိမ်းခြင်း၊ ရလဒ်များ ရရှိခြင်းနှင့် သစ္စာစောင့်သိခြင်းကို ပြသခြင်းတို့အား ၎င်းတို့ မြင်ပါက၊ ဒေါသထွက်ပြီး “သင်သည် အသင်းတော်ပြင်ပမှ ကောလာဟလများ သို့မဟုတ် ဝါဒဖြန့်မှုများကို အဘယ်ကြောင့် နားမထောင်သနည်း။ သင်သည် အဘယ်ကြောင့် ဤမျှ မိုက်မဲပြီး စစ်မှန်ရိုးသားရသနည်း။ ငါ မည်မျှ လိမ္မာပါးနပ်သည်ကို ကြည့်ပါလော့။ ငါသည် လှေနံနှစ်ဖက်နင်းသည်။ ငါသည် ဘုရားအိမ်တော်၏ အသင်းတော်အသက်တာတွင် ပါဝင်ပြီး ဘုရားကို မယုံကြည်ဟု ငါမပြောသည့်အပြင်၊ ငါ့ကို တာဝန်တစ်ခု ထမ်းဆောင်ခွင့်မပြုလျှင် ငါသည် ယင်းကို သဘောတူမည်မဟုတ်ဘဲ၊ အသင်းတော်ပြင်ပမှ သတင်းများကိုလည်း ငါ စပ်စုသည်။ ငါသည် ဘာသာရေးလောက၊ ဘာသာတရားမရှိသော လောကနှင့် အင်တာနက်မှ အပျက်သဘောဆောင်သော ဝါဒဖြန့်မှုများနှင့် မှတ်ချက်များကို ဆက်လက်၍ အာရုံစိုက်နေသည်”ဟု ပြောဆိုကြသည်။ ၎င်းတို့တွင် အမြဲတစေ မလျော်ကန်သော သဘောထားအမြင်တစ်ခု ရှိသည်။ ညီအစ်ကိုမောင်နှမများက သမ္မာတရားကို လိုက်စားပြီး မိမိတို့၏ တာဝန်များအား ထမ်းဆောင်နေသည်ကို မြင်ရခြင်းက ၎င်းတို့ကို စိတ်ထဲတွင် မကျေမနပ်ဖြစ်စေသည်။ ၎င်းတို့သည် ထိုလူများထဲမှ တစ်ဦး သို့မဟုတ် နှစ်ဦးကို အထင်အမြင်မှားစေပြီး ဆွဲခေါ်သွားလိုကြသည့်အပြင်၊ ၎င်းတို့ထဲမှ အချို့ကို စဉ်ဆက်မပြတ် နှောင့်ယှက်ကာ လွှမ်းမိုးလိုကြသည်အထိပင် ဖြစ်သည်။ ၎င်းတို့သည် ကောလာဟလများကို ဖြန့်ဝေခြင်းအားဖြင့် အချို့လူများကို “နိုးထစေရန်”လည်း စဉ်ဆက်မပြတ် ဆန္ဒရှိကြသည်။ သို့မှသာ ထိုသူတို့သည် ကောလာဟလများကို ယုံကြည်ပြီး အထင်အမြင်မှားစေခြင်းကို ခံရမည် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ မည်သို့သော လူစားမျိုး အတိအကျဖြစ်သနည်း။ ထိုသို့သောလူများကို ဘုရားအိမ်တော်၏ တစ်စိတ်တစ်ပိုင်းအဖြစ်လည်းကောင်း၊ ညီအစ်ကိုမောင်နှမများအဖြစ်လည်းကောင်း မှတ်ယူခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) သို့ဆိုလျှင် ၎င်းတို့ကို မှတ်ယူရန် အသင့်လျော်ဆုံးသော နည်းလမ်းမှာ အဘယ်နည်း။ ၎င်းတို့ကို မယုံကြည်သူများအဖြစ်၊ စာတန်၏ အစေခံများအဖြစ် မှတ်ယူခြင်းက အသင့်လျော်ဆုံး ဖြစ်သည်။ ဤသည်မှာ အခြေအမြစ်မရှိသော ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် ၎င်းတို့ကို မတရားဆက်ဆံခြင်း မဟုတ်ပေ။ ယင်းမှာ အဖြစ်မှန်တစ်ခု ဖြစ်သည်။
အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေသည့် ဤလူတို့နှင့်ပတ်သက်၍ စက်ဆုပ်ဖွယ်ဖြစ်သည့်အရာမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သည့်လမ်းကြောင်းမှ အပျက်သဘောဆောင်သော ဝါဒဖြန့်မှုကို ကြားသည်ဖြစ်စေ၊ ထိုအရာက အချက်အလက်ဆိုင်ရာ အခြေအမြစ်မရှိသော ကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများ ဖြစ်သည်ကို ရှင်းလင်းစွာ သိသည့်အခါတွင်ပင်၊ ၎င်းတို့သည် မမောနိုင်မပန်းနိုင်သော စိတ်အားထက်သန်မှုဖြင့် အခြားသူများထံသို့ ထိုအရာများကို ဖြန့်ဝေနေဆဲ ဖြစ်သည်။ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသူတစ်ဦးသည် ကောလာဟလများကို ကြားသည့်အခါ ရွံရှာစက်ဆုပ်သည်ဟု ခံစားရလိမ့်မည်။ အထူးသဖြင့် ဘုရားသခင်ကို တိုက်ခိုက်ပြီး စော်ကားသည့် စကားများနှင့်ပတ်သက်လာသည့်အခါ၊ မိမိတို့၏ ပါးစပ်ကို မညစ်ညူးစေရန်အလို့ငှာ ၎င်းတို့သည် ထိုစကားများကို လုံးဝ ဖော်ပြလိမ့်မည်မဟုတ်ပေ။ ယင်းက ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကြောင်း သက်သေပြသည်။ ၎င်းတို့က “အခြားသူများက ဘုရားသခင်ကို ဝေဖန်ခြင်းနှင့် အသရေဖျက်ခြင်း၊ အသင်းတော်ကို တိုက်ခိုက်ခြင်းနှင့် သိက္ခာချခြင်းတို့သည် ၎င်းတို့၏ အရေးကိစ္စသာ ဖြစ်သည်။ ၎င်းတို့၏ အပြစ်များတွင် ကျွန်ုပ် မပါဝင်သင့်ပါ။ ဘုရားသခင်ကို ၎င်းတို့၏ အသရေဖျက်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိသော ပုန်ကန်မှုတစ်ခုနှင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပြစ်တစ်ခု ဖြစ်နှင့်ပြီး ဖြစ်သည်။ ဤစကားများကို ကျွန်ုပ်၏ ကိုယ်ပိုင်ပါးစပ်ဖြင့် ကျွန်ုပ် မပြောဆိုနိုင်ပါ။ ၎င်းတို့ကဲ့သို့ အလားတူအရာများကို ကျွန်ုပ် မပြောဆိုရပါ။ ဤအရာကို ကျွန်ုပ် လုံးဝ လုပ်ဆောင်လိမ့်မည်မဟုတ်ပါ” ဟု ပြောဆိုကြသည်။ သို့သော်လည်း စာတန်၏ အစေခံများဖြစ်ကြသူတို့သည် ၎င်းတို့ကြားရသည့် အပျက်သဘောဆောင်သော ဝါဒဖြန့်မှုနှင့် ကောလာဟလများကို တစ်လုံးမကျန် အသေးစိတ် ပြန်ပြောပြနိုင်ကြပြီး ၎င်းတို့သည် ထပ်ခါတလဲလဲနှင့် မည်သည့်စိုးရိမ်ပူပန်မှုမျှမရှိဘဲ ထိုသို့ပြုကြကာ နေရာတကာတွင်ပင် ဖြန့်ဝေကြသည်။ ဤလူတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ်မျှပင် ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကြသလော။ မကြောက်ရွံ့ကြပါ။ အပေါ်ယံအားဖြင့် ၎င်းတို့သည်လည်း ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ကြသော်လည်း ယုံကြည်ခြင်းသည် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည့် ဖန်ဆင်းရှင်ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းနှင့် မညီမျှပေ။ စာတန်သည်လည်း လောက၊ စကြဝဠာနှင့် အရာခပ်သိမ်းတို့တွင် ဘုရားသခင် ရှိသည်ကို ယုံကြည်သည်။ သို့သော် ဘုရားသခင်က သူ့ကို စကားပြောသည့်အခါ သူက ဘုရားသခင်ကို မည်သို့ဆက်ဆံသနည်း။ သူသည် ဘုရားသခင်နှင့် မည်သို့ စကားစမြည်ပြောဆိုသနည်း။ သူ့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသလော။ သူသည် ဘုရားသခင်ကို ဘုရားအဖြစ် ဆက်ဆံသလော။ မဆက်ဆံပေ။ သူသည် ဘုရားသခင်နှင့် စကားစမြည်ပြောဆိုရန် မည်သည့်နည်းလမ်းကို အသုံးပြုသနည်း။ သူသည် ကစားနောက်ပြောင်နေသည့်အလား ဘုရားသခင်ကို စမ်းသပ်သည်၊ လှည့်စားသည်၊ လှောင်ပြောင်သည်။ ဘုရားသခင်က “အသင် အဘယ်အရပ်က လာသနည်း” ဟု မေးသောအခါ စာတန်က မည်သို့ ပြန်ဖြေခဲ့သနည်း။ (“မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်။” (ယောဘ ဝတ္ထု ၁:၇)) ဤသည်တို့မှာ လူ့စကားများ ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ စာတန်သည် အဘယ်ကြောင့် ဤပုံစံဖြင့် ပြောဆိုခဲ့သနည်း။ မည်သည့် သဘောထားမျိုးက ထိုသို့သော စကားများကို ဖြစ်ပေါ်စေသနည်း။ ယင်းမှာ လှောင်ပြောင်ခြင်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လှောင်ပြောင်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ တစ်စုံတစ်ဦးကို ထိကပါးရိကပါးလုပ်ခြင်း ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ “ငါ အဘယ်မှလာသည်ကို သင့်အား ငါပြောမည်မဟုတ်။ သင် ယင်းနှင့်ပတ်သက်၍ အဘယ်အရာ လုပ်နိုင်သနည်း”ဟူ၍ ဖြစ်သည်။ စကားများကို သင့်အား ပြောဆိုပြီးဖြစ်သော်လည်း အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို သင့်အား သိစေရန် ရည်ရွယ်ခြင်း မဟုတ်ပေ။ စကားပြောသူက သင့်အား ထိုအရာကို ပြောပြရန် ငြင်းဆန်ပြီး သင့်ကို ထိကပါးရိကပါး လုပ်နေခြင်းသာ ဖြစ်သည်။ ဤသည်မှာ လှောင်ပြောင်ခြင်း ဖြစ်သည်။ ဤသဘောထားသည် ဘုရားသခင်ကို ဘုရားအဖြစ် ဆက်ဆံသည့် အသိစိတ်တစ်ခုတလေကို ပြသသလော။ ယင်းတွင် ဘုရားသခင်ကို ရိုသေလေးစားခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း အဓိပ္ပာယ်တစ်ခုတလေရှိသလော။ လုံးဝမရှိပေ။ ဤသည်မှာ စာတန်၏ သဘောသဘာဝအမှန် ဖြစ်သည်။ ကောလာဟလများကို ဖြန့်ဝေသောသူတို့သည် ညီအစ်ကိုမောင်နှမများအကြားတွင် ထိုကောလာဟလများကို သာမန်ကာလျှံကာဖြန့်ဝေနိုင်သည်။ ဤကောလာဟလများသည် အဖြစ်မှန်မဟုတ်ကြောင်း ၎င်းတို့ ကောင်းစွာသိသော်လည်း ထိုသို့ပြုလုပ်ရန် အခွင့်အရေးနှင့် အခါအခွင့်မျိုးစုံကို ရှာဖွေလျက် ဖြန့်ဝေရန် အစွမ်းကုန် ကြိုးစားကြသည်။ ဤသည်မှာ စာတန်၏ အပြုအမူနှင့် လုပ်နည်းကိုင်နည်း မဟုတ်လော။ ဤသည်မှာ စာတန် ပြုမူပုံဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်ပြုပြီး ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိသော်လည်း သူ့ကို အနည်းငယ်မျှပင် မကြောက်ရွံ့ပေ။ ဤသည်မှာ စာတန်၏ သဘောသဘာဝ အမှန်ဖြစ်သည်။ စာတန်၏ သဘာဝအနှစ်သာရ ဖြစ်သည်။ အချို့ညီအစ်ကိုမောင်နှမများက “ဤလူသည် သမ္မာတရားကို မလိုက်စားသော်လည်း ဘုရားသခင်ကို သူ၏ ယုံကြည်ခြင်းသည် ရိုးသားစစ်မှန်ပါသည်။ အသင်းတော်က သူ့ကို သီးခြားခွဲထားမည် သို့မဟုတ် ဖယ်ထုတ်ပစ်မည်ဟု သူကြားသောအခါ သူသည် အလွန်စိုးရိမ်သောကရောက်ကာ ငိုကြွေးပြီး အလွန်ပင် စိတ်ပူပန်ခဲ့သည်။ ပါးစပ်အနာများပင် သူ ပေါက်ခဲ့သည်။ သူသည် ဘုရားအိမ်တော်မှ ထွက်ခွာရန် မလိုလားပါ၊ သူသည် ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်သည်။ သို့ဖြစ်၍ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ကျွန်ုပ်တို့သည် သူ့ကို ညီအစ်ကိုတစ်ဦးအဖြစ် ဆက်ဆံသင့်ပြီး သူ့ကို ချစ်ခြင်းမေတ္တာနှင့် သည်းခံမှုပေးသင့်သည်။ သူက ကောလာဟလများကို ဖြန့်ဝေသည့်အခါတွင်ပင် သူ့ကို ကူညီရန်နှင့် အားပေးရန် ချစ်ခြင်းမေတ္တာဖြင့် ကျွန်ုပ်တို့ ဆက်ဆံသင့်နေဆဲဖြစ်သည်”ဟု ပြောကောင်းပြောနိုင်သည်။ ဤစကားများသည် မှန်ကန်သလော။ ယင်းတို့သည် သမ္မာတရား ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုပြီးဖြစ်သော်လည်း ဤလူတို့သည် ထိုနှုတ်ကပတ်တော်များကို ယုံကြည်ခြင်း မရှိကြသေးပေ။ သို့တိုင် နတ်ဆိုးများနှင့် စာတန်များက မည်မျှများသော ကောလာဟလများကို ပြောဆိုသည်ဖြစ်စေ ဤလူတို့သည် ထိုအရာအားလုံးကို ယုံကြည်ကြပြီး ဘုရားသခင်ကို တိုက်ခိုက်ရန်နှင့် အသရေဖျက်ရန် ဤကောလာဟလများကို အရှက်မရှိ ဖြန့်ဝေကြသည်။ ဤအချက်ကို အခြေခံရုံမျှဖြင့် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများဟု ခေါ်ဆိုခြင်းကို မခံထိုက်ပေ။ ဤသည်မှာ မှန်ကန်သလော။ (မှန်ပါသည်။) ၎င်းတို့သည် ကောလာဟလများကို အရှက်မရှိ ဖြန့်ဝေနိုင်သောကြောင့်၊ ဘုရားသခင်ကို အသရေဖျက်နိုင်သောကြောင့်၊ ဘုရားသခင်ကို တိုက်ခိုက်နိုင်သောကြောင့်၊ ဘုရားအိမ်တော်နှင့် အသင်းတော်ကို အသရေဖျက်နိုင်သောကြောင့် ၎င်းတို့ကို စာတန်၏ အစေခံများအဖြစ်၊ စာတန်များအဖြစ် မှတ်ယူရန် ငါတို့တွင် အကြောင်းပြချက်ကောင်း ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံး၏ ရန်သူများ ဖြစ်ကြသည်။ သို့ဆိုလျှင် ငါတို့၏ ရန်သူများကို မည်သို့ ဆက်ဆံသင့်သနည်း။ (သူတို့ကို ပစ်ပယ်ပါ။) မှန်ပေသည်၊ ငါတို့သည် ၎င်းတို့ကို ပစ်ပယ်သင့်သည်။
အချို့လူတို့သည် သမ္မာတရားကို မချစ်ကြပေ။ ကောလာဟလများကို ကြားပြီးနောက်တွင်၊ ၎င်းတို့သည် အသင်းတော်၌ ပွင့်လင်းစွာ မဖြန့်ဝေကြသော်လည်း၊ ၎င်းတို့နှင့် ရင်းနှီးသူတို့ထံသို့ မမြင်ကွယ်ရာတွင် ဖြန့်ဝေကြသည်။ ပိုင်းခြားသိမြင်မှုမရှိသော လူအချို့သည် ဤကောလာဟလများကို ကြားရသည့်အခါ အပျက်သဘောဆောင်ပြီး အားနည်းလာကြသည်။ အချို့သည် စုဝေးပွဲများ တက်ရောက်ခြင်းကို ရပ်တန့်ကြပြီး အချို့က အသင်းတော်မှ နုတ်ထွက်သွားကြသည်။ သို့တိုင် ကောလာဟလဖြန့်ဝေသူက ဤသည်မှာ ၎င်းတို့၏ ကောလာဟလဖြန့်ဝေခြင်းကြောင့် ဖြစ်သည်ကို ဝန်ခံခြင်းမရှိသေးပေ။ ထပ်ခါတလဲလဲ ဆုံးမခြင်းများနှင့် မိတ်သဟာယဖွဲ့ခြင်းများရှိလင့်ကစား၊ ၎င်းတို့သည် ထိုသို့သောကိစ္စရပ်များကို ကြုံတွေ့ရသည့်အခါ ဤသို့ ဆက်လက်လုပ်ဆောင်ကြပြီး၊ မိမိတို့ကိုယ်ကို ဖော်ထုတ်ခြင်းခံရမည်ကို၊ ညီအစ်ကိုမောင်နှမများ၏ စွန့်ပယ်ခြင်းကို ခံရမည်ကို ကြောက်ရွံ့သည့်အတွက် သို့မဟုတ် အသင်းတော်၏ ဖယ်ထုတ်ပစ်ခြင်းကို ခံရမည်ကို ကြောက်ရွံ့သည့်အတွက် စုဝေးပွဲများအတွင်း သို့မဟုတ် လူအများရှေ့တွင် ပွင့်လင်းစွာနှင့် ဗြောင်ကျကျ ကောလာဟလများ ဖြန့်ဝေခြင်းကိုသာ ရှောင်ကြဉ်ကြပြီး၊ ထိုအစား အခြားသူများထံ စာတိုများပို့ခြင်းဖြင့် သို့မဟုတ် လူတို့နှင့် ဆက်သွယ်ခြင်းမှတစ်ဆင့် အချို့သော ကောလာဟလများကို တိတ်တဆိတ် ဖြန့်ဝေရန် ရွေးချယ်ကြသည်။ သို့ဆိုလျှင် ထိုသို့သောလူတို့သည် ဆိုးယုတ်သူများဖြစ်သည် မဟုတ်လော။ အမှန်စင်စစ်၊ ၎င်းတို့သည် ပို၍ပင် ယုတ်မာကြသည်။ ၎င်းတို့ မည်မျှ တိတ်တဆိတ် ပြုမူသည်ဖြစ်စေ၊ ၎င်းတို့၏ ကြံရွယ်ချက်များသည်လည်းကောင်း၊ ၎င်းတို့ လုပ်ရပ်များ၏ သဘောသဘာဝသည်လည်းကောင်း စာတန်၏ အစေခံများ၏ ကြံရွယ်ချက်များ၊ သဘောသဘာဝနှင့် တူညီပေသည်။ ကောလာဟလများကို ဖြန့်ဝေရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူတို့၏ တာဝန်ထမ်းဆောင်ခြင်းကို နှောင့်ယှက်ရန်၊ လူတို့ကို အပျက်သဘောဆောင်စေပြီး အားနည်းစေရန်၊ လူတို့ကို ဘုရားသခင်အား ငြင်းပယ်စေရန်၊ ဘုရားသခင်နှင့် ခပ်ကင်းကင်းနေစေရန်နှင့် ၎င်းတို့၏ တာဝန်များကို စွန့်ပစ်စေရန် ဖြစ်သည်။ “ကောလာဟလများကို ဖြန့်ဝေရာတွင် ကျွန်ုပ်၏ ရည်ရွယ်ချက်မှာ လူတို့၏ တာဝန်ထမ်းဆောင်ခြင်းကို နှောင့်ယှက်ရန် သို့မဟုတ် ၎င်းတို့၏ စိတ်ထက်သန်မှု လျော့ပါးစေရန်မဟုတ်ဘဲ ၎င်းတို့အား ပိုင်းခြားသိမြင်မှု တိုးပွားလာစေရန်နှင့် ၎င်းတို့၏ ခံနိုင်ရည်ကို တိုးမြှင့်ပေးရန်ဖြစ်ပြီး၊ သို့မှသာ ၎င်းတို့အနေဖြင့် ကောလာဟလများကို ကြားသည့်အခါ ယင်းတို့ကို ခံနိုင်ရည်ရှိလိမ့်မည်၊ ယုံကြည်လိမ့်မည်မဟုတ်၊ သမ္မာတရားကို ကောင်းစွာ လိုက်စားနိုင်ပြီး၊ ငြိမ်သက်ခြင်းဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်မည် ဖြစ်သည်” ဟု တစ်ဦးတလေက ဆိုဖူးသလော။ တစ်ဦးတလေက ဤရည်ရွယ်ချက်ဖြင့် ကောလာဟလများကို ဖြန့်ဝေဖူးသလော။ (မဖြန့်ဝေဖူးပါ။) ဤပြောဆိုချက်သည် ခိုင်လုံသလော။ အမှန်တွင်၊ ယင်းသည် မခိုင်လုံပေ။ ၎င်းတို့သည် ကောလာဟလများကို ဖြန့်ဝေနိုင်သရွေ့၊ အထူးသဖြင့် ဘုရားသခင်ကို တိုက်ခိုက်၊ အသရေဖျက်ပြီး ပြစ်မှားစော်ကားသည့် ကောလာဟလများဖြစ်သည့် ဤအရာများကို ပါးစပ်ဖွင့်လိုက်တိုင်း သာမန်ကာလျှံကာ ပြောဆိုပြီး နေရာတိုင်းတွင် အရှက်မဲ့စွာ ဖြန့်ဝေသည်။ ၎င်းတို့ ကောလာဟလ မည်မျှ ဖြန့်ဝေသည်ဖြစ်စေ၊ ကောလာဟလများကို ပွင့်လင်းစွာ ဖြန့်ဝေသည်ဖြစ်စေ သို့မဟုတ် မမြင်ကွယ်ရာတွင် ဖြန့်ဝေသည်ဖြစ်စေ၊ လူတို့အပေါ် သက်ရောက်မှု မည်သို့ပင်ရှိစေကာမူ၊ တိုတိုပြောရလျှင်၊ ကောလာဟလများကို ဖြန့်ဝေရာ၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရားနားလည်ပြီး ပိုင်းခြားသိမြင်မှု တိုးပွားလာစေရန် ကူညီဖို့မဟုတ်ဘဲ၊ လူတို့ကို နှောင့်ယှက်ရန်နှင့် အထင်အမြင်မှားစေရန်ဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်အား သံသယဝင်စေရန်နှင့် ခပ်ကင်းကင်းနေစေရန် ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်နေသည့်အရာမှာ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ပြီး ဖြိုဖျက်ရန် ဖြစ်သည်။ ဤရှုထောင့်အမြင်မှကြည့်လျှင်၊ ကောလာဟလများ ဖြန့်ဝေသည့် အကြောင်းရင်း သို့မဟုတ် အခြေအနေ မည်သို့ပင်ဖြစ်စေ၊ ကောလာဟလများ ဖြန့်ဝေသည့်လူတို့၏ အနှစ်သာရသည် စာတန်၏ အစေခံများနှင့်ဆိုင်သည့် အနှစ်သာရ ဧကန် ဖြစ်ပေသည်။ ဘုရားသခင်ကို အသရေဖျက်၊ တိုက်ခိုက်ပြီး ပြစ်မှားစော်ကားသည့် ကောလာဟလများကို ပြောဆိုသူ မည်သူမဆိုသည် ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်းဖြစ်ပြီး ဘုရားသခင်၏ ရန်သူဖြစ်သည်။ ဤသည်မှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) သင်သည် ကောလာဟလများကို အစပြုသူမဟုတ်သော်လည်း၊ ယင်းတို့ကို သင် ဖြန့်ဝေနိုင်သည့်အချက်က သင်သည် ကောလာဟလများ မှန်ကန်သည်ဟု ယုံကြည်ကြောင်း သို့မဟုတ် စိတ်ထဲတွင် ၎င်းတို့ကို ယုံကြည်ရန် အလွန်လိုလားကြောင်း သက်သေပြသည်။ “ကောလာဟလများသာ မှန်ခဲ့လျှင်၊ ဘုရားကို ငါ ယုံကြည်ရန် လိုမည်မဟုတ်ပါ။ ဘုရားက ဘုရားဖြစ်မည် မဟုတ်သည့်အပြင်၊ ဘုရား၏ လူ့ဇာတိခံယူခြင်းဟူသည့် အချက်လည်း ရှိမည်မဟုတ်ပါ။ သူသည် လူတစ်ဦးသာ ဖြစ်မည်ဖြစ်ပြီး ငါသည် သူ့အကြောင်း ကောလာဟလများကို လွတ်လပ်စွာ ဖန်တီးနိုင်မည်၊ သူ့ကို သိက္ခာချနိုင်မည်ဖြစ်ပြီး သူ့ကို တိုက်ခိုက်ကာ အသရေဖျက်နိုင်မည်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ယင်းမှာ ကြံရွယ်ချက် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း အမြဲတစေ ထင်ရာမြင်ရာ ပြောဆိုကာ ပြုမူလိုပါက၊ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်လိုခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများက “ဤသည်မှာ ဘုရားသခင်ကို ပုန်ကန်ခြင်းလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းမရှိခြင်းလော”ဟု ပြောဆိုကြသည်။ ဤအရာ၏ သဘောသဘာဝက များစွာ ပို၍ ဆိုးရွားသည်။ ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရန်သူများသာလျှင် ဤနည်းဖြင့် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဆန့်ကျင်ကြသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိခြင်းကြောင့်လည်းကောင်း၊ သမ္မာတရားကို သိနားလည်မှုနှင့် ဘုရားသခင်ကို သိကျွမ်းခြင်း ကင်းမဲ့ခြင်းတို့ကြောင့်လည်းကောင်း ဘုရားသခင်ကို ပုန်ကန်နိုင်သည်။ သို့သော်လည်း စာတန်သည် ဘုရားသခင်ကို ပုန်ကန်ရုံမျှထက်မက လုပ်ဆောင်သည်။ ၎င်းသည် ဘုရားသခင်ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်သည်။ ဤအရာက ၎င်းကို ဘုရားသခင်၏ ရန်သူဖြစ်စေသည်။ ဘုရားသခင်၏ ရန်သူများနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည် ဆန့်ကျင်ဘက်ဖြစ်ခြင်းတစ်ခု ဖြစ်သည်။ ဆန့်ကျင်ဘက်ဖြစ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ မသင့်မြတ်နိုင်ခြင်းကို ဆိုလိုသည်။ အခြေအနေ သို့မဟုတ် ပတ်ဝန်းကျင် မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်အပေါ် စာတန်၏ ဆန့်ကျင်ခြင်းသည် အချိန် သို့မဟုတ် ပထဝီဝင်အနေအထားအရ ပြောင်းလဲခြင်းမရှိပေ။ စာတန်၏ အနှစ်သာရသည် ဘုရားသခင်ကို ဆန့်ကျင်ရန်ဖြစ်ပြီး ဤသည်မှာ မပြောင်းပေ။ စာတန်သည် ဘုရားသခင်၏ ရန်သူသာ ဖြစ်သည်။ ဘုရားသခင်ကို စာတန်၏ အတိုက်အခံလုပ်ခြင်းနှင့် ကိုယ်တော်နှင့် ပြန်လည်သင့်မြတ်၍မရနိုင်ခြင်းသည် တစ်ရက်တာ သို့မဟုတ် နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်အနည်းငယ် ကြာရှည်ခဲ့ခြင်းမဟုတ်ပေ။ ၎င်းသည် ဘုရားသခင်ကို သစ္စာဖောက်သည့်အချိန်မှစ၍ ဘုရားသခင်ကို စတင်ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤဆန့်ကျင်မှုသည် မည်သည့်အချိန်တွင် အဆုံးသတ်လိမ့်မည်နည်း။ စာတန်သည် ဘုရားသခင်၏ တို့ထိခြင်းနှင့် ပြုပြင်ပြောင်းလဲပေးခြင်းကို ခံရလိမ့်မည်လော။ ဘုရားသခင်ကို ၎င်း၏ ဆန့်ကျင်ခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း လျော့နည်းသွားလိမ့်မည်လော။ လျော့နည်းသွားလိမ့်မည်မဟုတ်။ ၎င်းသည် ဘုရားသခင်ကို ဆက်လက်၍ ဆန့်ကျင်သွားလိမ့်မည် ဖြစ်သည်။ ဤဆန့်ကျင်မှုသည် မည်သည့်အချိန်တွင် မရှိတော့မည်နည်း။ ဘုရားသခင်၏ အမှုတော် ပြီးဆုံးသွားကာ စာတန်က ၎င်း၏ အစေခံမှုပေးခြင်းကို ပြီးစီးသွားပြီး မည်သည့်အသုံးဝင်ခြင်းမျှ မရှိတော့ဘဲ ဘုရားသခင်က ၎င်းကို ဖျက်ဆီးလိုက်သည့်အခါ၊ ထိုအချိန်တွင် ဆန့်ကျင်မှုက ရပ်စဲသွားလိမ့်မည်။ စာတန်၏ အစေခံများဖြစ်ကြသည့် ထိုသူတို့နှင့်ပတ်သက်၍ကော အဘယ်သို့နည်း။ ၎င်းတို့သည် အသင်းတော်၌ ရှိနေသရွေ့၊ အသင်းတော်၊ ဘုရားအိမ်တော်နှင့် ဘုရားသခင်ကို ဆက်လက်၍ ဆန့်ကျင်နေကြလိမ့်မည် ဖြစ်သည်။ အချို့လူများက “၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည်၊ တစ်ခါတစ်ရံ အလှူငွေများ ထည့်ဝင်ကြသည်၊ စွန့်ကြဲပေးကမ်းကြသည်၊ ညီအစ်ကိုမောင်နှမများကိုပင် ဧည့်ခံကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ဆန့်ကျင်နေကြသနည်း။ ကိုယ်တော့်ကို ၎င်းတို့ ဆန့်ကျင်နေခြင်းမဟုတ်ပါ၊ ၎င်းတို့သည် ကောင်းမှုအချို့ကိုပင် ပြုကြသည်” ဟု ပြောဆိုကြသည်။ ဤစကားများသည် မှန်ကန်သလော။ ညီအစ်ကိုမောင်နှမများကို ဧည့်ခံခြင်းနှင့် ဆင်းရဲသော ညီအစ်ကိုမောင်နှမများအား ငွေအနည်းငယ် ပေးကမ်းခြင်းက ၎င်းတို့၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းအား ပယ်ဖျက်ပေးနိုင်သလော။ ယင်းက ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် သဟဇာတဖြစ်ကြောင်း သက်သေပြနိုင်သလော။ (မပြနိုင်ပါ။) သို့ဆိုလျှင် ဤဆန့်ကျင်မှုသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ (ယင်းကို ၎င်းတို့၏ သဘာဝအနှစ်သာရက ဆုံးဖြတ်ပါသည်။) မှန်ပေသည်၊ ၎င်းတို့၏ သဘာဝအနှစ်သာရမှာ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ရန်ဘက်ပြုရန် ဖြစ်သည်။ ထိုသို့သောလူတို့အတွက်၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် လိုအပ်သည်။ မည်သူသည် အမျိုးမျိုးသော လမ်းကြောင်းများမှ အပျက်သဘောဆောင်သော ဝါဒဖြန့်မှု သို့မဟုတ် ဘုရားအိမ်တော်နှင့် အသင်းတော်ကို တိုက်ခိုက်ပြီး အသရေဖျက်သည့် ကောလာဟလများကို စုဆောင်းရန် နှစ်သက်သည်ကိုလည်းကောင်း၊ မည်သူသည် ဤအပျက်သဘောဆောင်သော အရာများကို စိတ်ဝင်စားပြီး ဤကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများကို ယုံကြည်ရန် လိုလားသည်ကိုလည်းကောင်း ကြည့်ရှုလော့။ ဤအရာက ဤမယုံကြည်သူများ၏ သဘောသဘာဝအမှန်များကို သင်တို့အား မြင်တွေ့ခွင့်ပေးလိမ့်မည်။ ဤလူတို့သည် ပုံမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ကြပေ၊ ညီအစ်ကိုမောင်နှမများက သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ကို နားထောင်သည့်အခါ စိတ်အားထက်သန်မှုမရှိကြသည့်အပြင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဟက်ဟက်ပက်ပက် မရှိကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် စိတ်ဝင်စားစရာမကောင်းဟု ၎င်းတို့ အမြဲတစေ ခံစားရသည်။ ဘုရားအိမ်တော်၏ ဗီဒီယိုများနှင့် အစီအစဉ်များကို ကြည့်ရှုသည့်အခါ ၎င်းတို့သည် မည်သည့်အရာကို အာရုံစိုက်ကြသနည်း။ ဘာသာရေးသမားများ ချန်ထားသည့် အပြုသဘောဆောင်သော မှတ်ချက်များကို တွေ့မြင်သည့်အခါ၊ ၎င်းတို့သည် ကသိကအောက်ဖြစ်ကြပြီး ထိုအရာများကို ကျော်သွားကြသည်။ သို့သော် ဘာသာရေးသမားများနှင့် ဘာသာတရား မရှိသူများက အဆင်းနီသော နဂါးကြီးနှင့်အတူ ရပ်တည်ခြင်း၊ အသင်းတော်ကို စော်ကားခြင်း၊ ဘုရားအိမ်တော်ကို စော်ကားခြင်းနှင့် ညီအစ်ကိုမောင်နှမများကို ၎င်းတို့၏ နတ်ဆိုးဆန်သော စကားများဖြင့် စော်ကားခြင်းတို့ကို တွေ့မြင်သည့်အခါ၊ ၎င်းတို့သည် အထူးပင် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားကြသည်။ ဤအပျက်သဘောဆောင်သော ဝါဒဖြန့်မှုနှင့် ကောလာဟလများကို ကြားရသည့်အခါတိုင်းတွင်၊ ၎င်းတို့သည် သွေးကြောထဲ အားဆေးထိုးခံလိုက်ရသကဲ့သို့ စိတ်လှုပ်ရှားကြပြီး၊ ခြေလှမ်းများပင် ပေါ့ပါးသွက်လက်လာကာ အိပ်ရာမှပင် ပျော်ရွှင်စွာ နိုးထလာကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ဤလူစားမျိုးတွင် မည်သူပါဝင်သည်ကို သိရှိရန် သင့်ပတ်ဝန်းကျင်ရှိသူများကို စောင့်ကြည့်လေ့လာလော့။ ၎င်းတို့တွင် သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို မုန်းတီးသည့် စိတ်သဘောထား ရှိမရှိဟူသည်ကို ကြည့်ရှုလော့။ အကယ်၍ သင်သည် ထိုသို့သောလူတစ်ဦးကို အမှန်တကယ် တွေ့ရှိပါက၊ သင်သည် အထူးသဖြင့် သတိထားပြီး ၎င်းတို့ကို ပိုင်းခြားသိမြင်သင့်သည်။ ၎င်းတို့၏ စကားများ၊ လုပ်ရပ်များနှင့် ပြောဆိုပြုမူပုံကို စောင့်ကြည့်လေ့လာလော့။ ၎င်းတို့သည် ဆိုးယုတ်သောလူတစ်ဦး၊ စာတန်၏ အစေခံတစ်ဦးဖြစ်ကြောင်း သင် အတည်ပြုသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ၎င်းတို့ကို ပစ်ပယ်သင့်ပြီး ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးအဖြစ် မဆက်ဆံသင့်ပေ။ ထိုသို့သောလူတို့ကို အသင်းတော်မှ တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ထုတ်ပစ်သင့်သည်။ အချို့လူများက “ဤလူတို့ကို အဘယ်ကြောင့် ကျွန်ုပ်တို့ ဖယ်ထုတ်ပစ်သင့်သနည်း။ ဘုရားအိမ်တော်၌ လူတစ်ဦးပိုရှိခြင်းသည် အလုပ်လုပ်ရန်အတွက် ခွန်အားအရင်းအမြစ် ပိုရှိသည့် သဘောဖြစ်သည်။ လူတစ်ဦးပိုရှိခြင်းက အနည်းငယ် ပို၍ သက်ဝင်လှုပ်ရှားစေသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ကြပြီးဖြစ်ကာ သမ္မာတရားကို မချစ် သို့မဟုတ် လက်တွေ့မလုပ်ဆောင်ကြသော်လည်း၊ ကောင်းကင်က အဘိုးအိုကို ယုံကြည်လျက်၊ ငယ်စဉ်ကတည်းက ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ခဲ့ကြသည်။ ၎င်းတို့အထက် သုံးပေအကွာတွင် နတ်ဘုရားတစ်ပါး ရှိသည်ကိုလည်း ၎င်းတို့ ယုံကြည်ကြပြီး၊ ကောင်းမှုနှင့် မကောင်းမှုတို့တွင် ယင်းတို့၏ဆိုင်ရာ အကျိုးအပြစ်ရှိသည်ကို သာ၍ပင် ယုံကြည်ကြသည်။ ၎င်းတို့သည် ယေဘုယျအားဖြင့် သိသာထင်ရှားသော မကောင်းမှုများကို မကျူးလွန်ဝံ့ကြသည့်အပြင်၊ အခြားသူများကို ကူညီရန် လိုလားကြသည်။ ၎င်းတို့တွင် ဤသေးငယ်သော ဝါသနာတစ်ခု ရှိခြင်းသာဖြစ်သည်။ ၎င်းတို့သည် ကောလာဟလများနှင့် အတင်းအဖျင်းများကို ဖြန့်ဝေခြင်းအား နှစ်သက်ကြသည်။ အထူးသဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အသရေဖျက်သည့် အဆင်းနီသော နဂါးကြီးထံမှလာသော ကောလာဟလများကို ဖြန့်ဝေကြပြီး၊ ဤအရာများကို များစွာမစဉ်းစားဘဲ ထပ်ခါတလဲလဲ ပြောဆိုကြသည်။ ၎င်းတို့သည် မသိနားမလည်သည့်အပြင် ဗဟုသုတ မရှိသောကြောင့် ဖြစ်နိုင်သည်”ဟု ပြောဆိုကြသည်။ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများကဲ့သို့ မထင်ရသည့်အပြင်၊ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မရှိခဲ့သော်လည်း၊ ၎င်းတို့သည် ကောလာဟလများကို ဖြန့်ဝေရာတွင် အထူးသဖြင့် တက်ကြွပြီး ယင်းတို့ကို အစဉ်သဖြင့် ဦးစွာပထမ ဖြန့်ဝေချင်ကြသည်။ လူတို့သည် ထိုသို့သော ပုဂ္ဂိုလ်များအပေါ် သတိရှိသင့်သည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်သည် မဟုတ်လော။ ထိုသို့သောလူတို့၏ အနှစ်သာရသည် သိသာထင်ရှားလွန်းလှသည်တကား။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားကို မည်သည့်အခါမျှ စိတ်မဝင်စားကြသည့်အပြင်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ သမ္မာတရား စည်းမျဉ်းများကို မည်သည့်အခါမျှ မရှာဖွေကြပေ။ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို၊ ၎င်းတို့သည် လေးနက်တည်ကြည်မှုကို မပြသကြ၊ မိမိတို့၏ စိတ်နှလုံးကို အသုံးမပြုကြသည့်အပြင်၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန် လိုလားခြင်းမရှိကြပေ။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေ ပြုမူပြီး စဉ်ဆက်မပြတ် နောက်ပြောင်လျက် ဖြစ်သလိုလုပ်ဆောင်ကြသည်။ ၎င်းတို့၏ စကားနှင့် လုပ်ရပ်များတွင် ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်မဆိုးစေသည့်အပြင်၊ အခြားသူများကို ဖော်ရွေပုံရလျက် လူတိုင်းနှင့် အဆင်ပြေအောင် ပေါင်းသင်းနိုင်သည်။ ၎င်းတို့သည် ကောလာဟလများကို စုဆောင်းပြီး ဖြန့်ဝေရန်သာ နှစ်သက်ကြသည်။ ဤလုပ်ရပ်များမှနေ၍ ဤလူတို့ကို စာတန်၏ အစေခံများအဖြစ် ငါတို့ သတ်မှတ်နိုင်သလော။ (သတ်မှတ်နိုင်ပါသည်။) အဘယ်ကြောင့် ငါတို့ သတ်မှတ်နိုင်သနည်း။ ဤသည်မှာ အမှုအရာများကို အလွန်အကျွံပြောဆိုခြင်းဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် သမ္မာတရားကို လိုက်စားရာတွင် လုံးဝ စိတ်ဝင်စားမှုမရှိကြပေ။ တရားဒေသနာတစ်ခုကို နားထောင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ငိုက်မျဉ်းလာကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ရွံရှာစက်ဆုပ်ပြီး ဂနာမငြိမ်ဖြစ်ကြသည်။ ရေသောက်ရန် သို့မဟုတ် အိမ်သာသွားရန် အဆက်မပြတ် ထသွားကြပြီး၊ စိတ်ထဲတွင် အမြဲတစေ မသက်မသာ ခံစားရသည်။ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ခြင်းက ၎င်းတို့အတွက် ညှဉ်းဆဲခြင်းကို ကြုံနေရသကဲ့သို့ အလွန့်အလွန် ခက်ခဲပုံရသည်။ သို့သော်လည်း စာတန်၏ ကောလာဟလများ သို့မဟုတ် ဘာသာတရား မရှိသူများ၏ နတ်ဆိုးဆန်သော စကားများကို ကြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ စိတ်ဝင်စားမှုက မြင့်တက်လာသည်။ ၎င်းတို့သည် လန်းဆန်းလာပြီး ဤကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများကို အလွန် စိတ်အားထက်သန်မှုဖြင့် စတင်ဖြန့်ဝေကြသည်။ ထိုသို့သောလူတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသလော။ မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို အရိုးတွင်းခြင်ဆီထဲမှ အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် စက်ဆုပ်ကြသည်။ ဘုရားသခင်၊ ကိုယ်တော်၏အမှုတော်နှင့် ဆက်စပ်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရ၊ ဘုရားသခင်၏ အဆင့်အတန်း၊ ဘုရားသခင်၏ ဂုဏ်သိက္ခာဖြစ်စေ၊ ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိဖြစ်စေ၊ ၎င်းတို့သည် ဤအရာများကို မိမိတို့၏ စိတ်နှလုံးထဲတွင် မထီမဲ့မြင်ပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝကင်းမဲ့ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်နှင့် သူ၏အမှုတော်အပေါ် အမြဲတစေ အယူအဆများ ထားရှိကြသည်။ စာတန်၏ ကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားအမျိုးမျိုးကို အလွယ်တကူ ၎င်းတို့ ထပ်ခါတလဲလဲ ပြောဆိုနိုင်ကြပြီး၊ ထိုသို့ဖြင့် အသိစိတ်၏ စွဲချက်တစ်ခုတလေမျှမရှိဘဲ ထိုအရာများကို ဖြန့်ဝေခြင်းဟူသော ၎င်းတို့၏ ကြံရွယ်ချက်ကို စွမ်းဆောင်ရရှိကြသည်။ ဤသည်မှာ မည်သည့် အယုတ်တမာမျိုး ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) ဤသည်တို့မှာ ဘုရားသခင်ကို နှုတ်ဖြင့် အသိအမှတ်ပြုပြီး ဘုရားသခင်နောက်လိုက်သည်ဟု အခိုင်အမာဆိုသူများ၊ ကောင်းကင်တွင် မိုးမင်းကြီးရှိသည်ဟု ယုံကြည်သူများ၊ သူတို့အထက် သုံးပေအကွာတွင် နတ်ဘုရားတစ်ပါး ရှိသည်ကို ယုံကြည်သူများနှင့် ကောင်းမှုနှင့် မကောင်းမှုတို့တွင် ယင်းတို့၏ဆိုင်ရာ အကျိုးအပြစ်ရှိသည်ဟု ယုံကြည်သူများ၏ လုပ်ဆောင်ချက်များ ဖြစ်ကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထား ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့၏ မိဘများကို စော်ကားလျှင် သို့မဟုတ် ၎င်းတို့၏ မိဘများအကြောင်း ကောလာဟလများကို နောက်ကွယ်တွင် လုပ်ကြံဖန်တီးလျှင်၊ ၎င်းတို့သည် သေသည်အထိ ဧကန်မုချ တိုက်ခိုက်ကြမည်ဖြစ်သည်။ သို့သော်လည်း တစ်စုံတစ်ဦးက ဘုရားသခင်ကို စော်ကားသည့်အခါ၊ ဘုရားသခင်ကို တိုက်ခိုက်သည့်အခါ သို့မဟုတ် ဘုရားသခင်ကို အသရေဖျက်သည့်အခါ၊ ၎င်းတို့သည် စိတ်မဆိုးရုံသာမက၊ ယင်းကို ဟာသတစ်ခုကဲ့သို့ ထပ်ခါတလဲလဲ ပြောဆိုနိုင်ပြီး နေရာတကာတွင်ပင် ဖြန့်ဝေနိုင်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ နောက်လိုက်တစ်ဦးက လုပ်ဆောင်သင့်သည့်အရာလော။ (မဟုတ်ပါ။) သို့ဆိုလျှင် လူများစွာတို့က ဤမယုံကြည်သူများကို ညီအစ်ကိုမောင်နှမများအဖြစ် ဆက်ဆံခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) ထို့ကြောင့်၊ ထိုသို့သောလူတို့ကို စာတန်၏ အစေခံများဖြစ်သည်ဟု သံသယရှိသည့်အခါ၊ အခြားသူများက သတိထားသင့်သည်။ လူတိုင်းက ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများအား ဤလူတို့ကို သတိထားရန် ချက်ချင်း အကြောင်းကြားရမည်ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ အစေခံများ၊ နတ်ဆိုးများဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက်၊ လူတိုင်းသည် စုပေါင်း၍ ၎င်းတို့ကို ပစ်ပယ်ကာ အသင်းတော်မှ ဖယ်ရှားသင့်သည်။ ဤသည်မှာ စည်းမျဉ်းများနှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။) သို့ဆိုလျှင် ဤသည်မှာ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။