ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၀) အခန်း သုံး

ဆယ့်နှစ်ခုမြောက် တာဝန်နှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

၁။ အယောင်ဆောင် ခေါင်းဆောင်များသည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ၏ ပြဿနာများကို မဖော်ထုတ်နိုင်ကြပေ

ဤသည်တို့မှာ ဆယ့်နှစ်ခုမြောက် တာဝန်တွင် ဖော်ပြထားသည့်အတိုင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အလုပ်များ ဖြစ်သည်။ ယခုတွင် ငါတို့သည် တိကျသော နောက်ထပ် ဥပမာတစ်ခုတလေကို မိတ်သဟာယဖွဲ့မည် မဟုတ်။ ယနေ့ မိတ်သဟာယ၏ အဓိကအကြောင်းအရာမှာ အယောင်ဆောင် ခေါင်းဆောင်များက ဤအလုပ်များကို ဆောင်ရွက်နေစဉ် ၎င်းတို့၏ တိကျသော သရုပ်သကန်များကို ဖော်ထုတ်ရန်နှင့် မည်သည့်အပြုအမူများက အယောင်ဆောင် ခေါင်းဆောင်များ၏ အနှစ်သာရကို ထင်ဟပ်စေပြီး လူတစ်ဦးကို ထိုသို့သောသူအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ဖို့ အသုံးပြု၍ရသည်ကို ဖော်ထုတ်ရန် ဖြစ်သည်။ ဤသည်မှာ ယနေ့ မိတ်သဟာယ၏ အဓိကအကြောင်းအရာ ဖြစ်သည်။ ပထမဆုံးအနေဖြင့် ဤအလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် တောင်းဆိုချက်မှာ ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ ရှာဖွေဖော်ထုတ်ရန် ဖြစ်သည်။ အချိန်မီ ရှာဖွေဖော်ထုတ်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် သတ်မှတ်ထားသော စံနှုန်း ဖြစ်သည်။ တစ်စုံတစ်ရာ ဖြစ်ပေါ်သည့်အခါတိုင်း ဆိုးယုတ်သောလူများ စတင်၍ ပရိယာယ်များခြင်း သို့မဟုတ် တစ်စုံတစ်ဦးက ပြဿနာရှာသည့် လက္ခဏာများ ပြလာခြင်းကဲ့သို့သော မကောင်းမှု၏ အရိပ်အယောင်အနည်းငယ်မျှ စတင်ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို ခံစားသိရှိပြီး နိုးကြားသင့်သည်။ ၎င်းတို့သည် တုံးအပြီး ဉာဏ်ထိုင်းနေပါက ယင်းသည် ပြဿနာဖြစ်စေလိမ့်မည်။ အထူးသဖြင့် ဆိုးယုတ်သောလူများက နှောင့်ယှက်မှုများ ဖြစ်စေသည့် အခြေအနေများတွင် ဤပြဿနာ စတင်ပေါ်ပေါက်လာပြီး ဤလူတို့က အတိအကျ မည်သည့်အရာကို လုပ်ဆောင်ရန် ရည်ရွယ်သည် သို့မဟုတ် အခြေအနေက မည်သို့ဖြစ်ပေါ်မည်ကို မရှင်းလင်းသေးသည်နှင့်တစ်ပြိုင်နက် ဆိုလိုသည်မှာ ဤကိစ္စကို ခေါင်းဆောင်များနှင့် အမှုဆောင်များက ထိုးထွင်းမမြင်နိုင်သေးသည့်အခါ ထင်မြင်ယူဆချက်လွဲခြင်းကို ရှောင်ရှားရန်အလို့ငှာ ၎င်းတို့သည် ကြောင်းကျိုးမမြင်ဘဲ ပြုမူခြင်းကို သို့မဟုတ် ဤလူတို့ကို အချိန်မတိုင်မီ သတိပေးနှိုးဆော်ခြင်းကို မပြုသင့်ပေ။ သို့သော်လည်း ဤသည်မှာ အခြေအနေကို သတိမပြုမိခြင်းနှင့် မသိရှိခြင်းကို မဆိုလိုပေ။ ထိုအစား ယင်းမှာ အမှုအရာများ မည်သို့ဖြစ်ပေါ်သည်ဟူသည်နှင့် ဤလူတို့၏ ရည်ရွယ်ချက်များ၊ ပန်းတိုင်များနှင့် စေ့ဆော်မှုများက အဘယ်အရာဖြစ်သည်ကို မြင်တွေ့ရန် စောင့်ဆိုင်းပြီး စောင့်ကြည့်လေ့လာခြင်းကို ဆိုလိုသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့်အလုပ် ဖြစ်သည်။ အခြေအနေသည် အတိုင်းအတာတစ်ခုအထိ တိုးတက်ပြောင်းလဲလာပြီး ဤလူတို့က အပျက်သဘောဆောင်ခြင်းကို ပွင့်အံချကာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ဖြန့်ဝေလျက် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား နှောင့်ယှက်မှုများ ဖြစ်စေသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များက အချိန်မီ အရေးတယူ ဆောင်ရွက်သင့်သည်။ ၎င်းတို့သည် ဤပုဂ္ဂိုလ်များ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ရန်၊ စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ချုပ်ချယ်ကန့်သတ်ရန်၊ အခြားသူများကို သင်ခန်းစာများ ယူစေပြီး ဆိုးယုတ်သောလူတို့ကို ပိုင်းခြားသိမြင်ကာ ထိုးထွင်းမြင်စေရန် ကူညီဖို့ မဆိုင်းမတွ ထရပ်သင့်သည်။ ဤသည်မှာ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်ခြင်း၏ ဖြစ်စဉ် ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအလုပ်ကို လုပ်ဆောင်နေခြင်းအတွက် ဆိုလိုသည့်အရာ ဖြစ်သည်။ ဤအလုပ်၏ အဓိကပန်းတိုင်မှာ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရှာဖွေဖော်ထုတ်ရန်၊ ထို့နောက် ယင်းတို့ကို အချိန်မီ ဖြေရှင်းရန် ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ စွမ်းဆောင်ရရှိနိုင်သည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် ဤအလုပ်တွင် အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များမှာ အဘယ်နည်း။ ငါတို့သည် အယောင်ဆောင် ခေါင်းဆောင်များကို မည်သို့ စိတ်ဖြာလေ့လာဆွေးနွေးပြီး ပိုင်းခြားသိမြင်နိုင်သနည်း။ သိသာထင်ရှားစွာပင် အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်၏ အလုပ်အပေါ် ဆိုးယုတ်သောလူတို့ ဖြစ်စေသည့် နှောင့်ယှက်ခြင်းများကို အချိန်မီ တိကျမှန်ကန်စွာ မဖော်ထုတ်နိုင်ကြပေ။ ဤသည်မှာ အသင်းတော်အလုပ်ကို အယောင်ဆောင် ခေါင်းဆောင်များ ဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် အထင်ရှားဆုံးသော ပြဿနာ ဖြစ်သည်။ ၎င်းတို့တွင် အသင်းတော်၏ အလုပ်အပေါ် ဆိုးယုတ်သောလူတို့ ဖြစ်စေသည့် နှောင့်ယှက်ခြင်းများနှင့်စပ်လျဉ်း၍ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ပြဿနာများကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိ သို့မဟုတ် ပြဿနာများ၏ အနှစ်သာရကို ထိုးထွင်းမြင်နိုင်ခြင်းမရှိဟု အဘယ်ကြောင့် ဆိုရသနည်း။ အချို့လူတို့၏ လုပ်ရပ်များသည် အသင်းတော်၏ အလုပ်အတွက် သိသာထင်ရှားစွာပင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်သော်လည်း အယောင်ဆောင် ခေါင်းဆောင်များသည် ပြဿနာများကို မပိုင်းခြားနိုင် သို့မဟုတ် မသိမြင်နိုင်ပေ။ ၎င်းတို့သည် မျက်စိကန်းနေကြသည်။ အချို့လူများသည် အသင်းတော်တွင် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချပြီး အခြားသူတို့ကို အထင်အမြင်မှားစေကာ နှောင့်ယှက်ကြသည်။ အခြားသူများမှာ လျှို့ဝှက်စွာ မသမာသော လုပ်ရပ်များတွင် ပါဝင်လျက်၊ အချို့သော ပုဂ္ဂိုလ်များကို ၎င်းတို့၏ နောက်ကွယ်တွင် မကြာခဏ ဝေဖန်ကြလျက် အုပ်စုများဖွဲ့ကြသည်။ အချို့မှာမူ အချင်းချင်း မဆင်မခြင် သွေးဆောင်ဖြားယောင်းပြီး ပရောပရည်လုပ်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာများကို မမြင်ယောင်ဟန်ဆောင်ကြသည်။ ၎င်းတို့သည် ဤပြဿနာများ၏ ဆိုးရွားမှုကိုလည်းကောင်း၊ ဤပြဿနာများ မဖြေရှင်းဘဲရှိပါက လူမည်မျှတို့၏ သမ္မာတရား လိုက်စားခြင်းနှင့် တာဝန် ထမ်းဆောင်ခြင်းတို့သည် ထိခိုက်မည်ကိုလည်းကောင်း၊ မည်သည့်အကျိုးဆက်များ ဖြစ်စေမည်ကိုလည်းကောင်း မသိကြသဖြင့် ယင်းတို့ကို လျစ်လျူရှုထားကြသည်။ အချို့လူများက ပြဿနာများကို သတိပြုမိပြီး အယောင်ဆောင် ခေါင်းဆောင်တစ်ဦးထံ တိုင်ကြားသောအခါ ထိုအယောင်ဆောင် ခေါင်းဆောင်က “သူတို့အားလုံးသည် ညီအစ်ကိုမောင်နှမများချည်းသာ ဖြစ်သည်။ မည်သူက ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်ကို မထုတ်ဖော်ဘဲ နေသနည်း။ မည်သူက စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒများ မရှိဘဲ နေသနည်း။ တခြားသူများကို ပေါ့ပေါ့ဆဆ မဝေဖန်နှင့်၊ ပြစ်တင်ရှုတ်ချမနေနှင့်” ဟု ပြောကောင်းပြောနိုင်သည်။ အသင်းတော်တွင် တစ်စုံတစ်ခုသည် မည်မျှပင် အဓိပ္ပာယ်မရှိသည်ဖြစ်စေ၊ ကောက်ကျစ်ဆိုးယုတ်သည်ဖြစ်စေ သို့မဟုတ် သမ္မာတရားနှင့် ဆန့်ကျင်သည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များက ယင်းကို တကယ်ပင် မမြင်ကြပေ။ အချို့လူများသည် စုဝေးပွဲများအတွင်းတွင် “ဘုရားသခင်၏နေ့ရက် နီးပြီဟု သူတို့ ပြောမြဲပြောနေကြသည်။ မည်သည့်အချိန်တွင် အမှန်တကယ် ရောက်လာမည်နည်း” ဟူသကဲ့သို့သော အရာများကို ပြောဆိုလျက်၊ အမြဲတစေ အပျက်သဘောဆောင်စွာ ပြောဆိုကြသည်။ အချို့ညီအစ်ကိုမောင်နှမများသည် မသိလိုက်ဘဲ ဤအရာ၏ သက်ရောက်မှုကို ခံရသော်လည်း အယောင်ဆောင် ခေါင်းဆောင်၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းတို့သည် ယင်းကို ပုံမှန်အားနည်းခြင်းဟု မှတ်ယူပြီး ယင်းမှာ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် အခြားသူတို့ကို နှောင့်ယှက်ခြင်းဖြစ်သည်ဟု မမြင်နိုင်ကြပေ။ အချို့ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သိသာထင်ရှားစွာပင် ထိခိုက်ခြင်းခံရသည်။ ၎င်းတို့သည် ဧဝံဂေလိတရားဟောလိုခြင်း မရှိတော့သည့်အပြင် စုဝေးပွဲများကို အပြုသဘောဆောင်စွာ သို့မဟုတ် တက်ကြွစွာ မပါဝင်တော့ပေ။ စုဝေးပွဲတစ်ခု ရှိသည့်အခါတိုင်း ၎င်းတို့ကို တက်ရောက်ရန် ဆင့်ခေါ်ရသည်။ သို့တိုင် အယောင်ဆောင် ခေါင်းဆောင်က ဤသည်ကို ပြဿနာတစ်ခုအဖြစ် မမြင်ပေ။ ဤပြဿနာ ပေါ်ပေါက်လာသောအခါ အသင်းတော်ရှိ လူတိုင်းအကြားတွင် မည်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်သည်ကို ၎င်းတို့ သတိမပြုမိကြပေ။ ၎င်းတို့သည် နောက်ကွယ်တွင် မည်သည့်အရာဖြစ်နေသည်၊ လူတို့၏ အခြေအနေများတွင်ရှိသည့် အပြောင်းအလဲများ၊ လူတို့၌ မည်သည့် ပြဿနာများရှိသည်၊ မည်သူက ထိုပြဿနာများကို ဖြစ်စေခဲ့သည်၊ ပြဿနာ၏ လက်သည်က မည်သူဖြစ်သည်၊ ပြဿနာများက မည်သူ့ထံမှ အစပြုခဲ့သည်၊ ဖြေရှင်းရန် လိုအပ်သည့် ပြဿနာများမှာ အတိအကျ အဘယ်အရာဖြစ်သည်ဟူသည်တို့ကို သတိမမူမိဘဲ လုပ်ရိုးလုပ်စဉ်တစ်ခုအနေဖြင့် စုဝေးပွဲများကို အလိုအလျောက် ကျင်းပရုံသာ ကျင်းပသည်။ ဤအရာများထဲမှ တစ်ခုကိုမျှ ၎င်းတို့ မသိမြင်နိုင်ပေ။ ၎င်းတို့သည် ဤအရာများကို မသိမြင်နိုင်ခြင်းမှာ အမြင်အား ချို့တဲ့သောကြောင့်ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် အမြင်အား မချို့တဲ့သည့်အတွက် အသင်းတော်အတွင်း၌ ထိုသို့သော ဆိုးရွားသည့် အဖျက်အမှောင့်လုပ်ခြင်းများ၊ နှောင့်ယှက်ခြင်းများနှင့် သိသာထင်ရှားသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အရာများ ပေါ်ပေါက်လာသောအခါ ၎င်းတို့သည် အဘယ်ကြောင့် ယင်းတို့ကို မမြင်နိုင် သို့မဟုတ် မဖော်ထုတ်နိုင်ကြသနည်း။ သိသာထင်ရှားစွာပင် ဤခေါင်းဆောင်သည် မျက်စိကန်းနေပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်။ အချို့လူများက “၎င်းတို့သည် ဤပြဿနာများကို မဖော်ထုတ်နိုင်သော်လည်း စုဝေးပွဲများအတွင်းတွင် လူတို့ထံ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြနိုင်သည်။ ၎င်းတို့၏ ဖတ်ရှုခြင်းအပေါ် လူတို့၏ သိနားလည်မှုက မည်သို့ဖြစ်စေ၊ ရလဒ် တစ်စုံတစ်ရာ ဖြစ်ပေါ်စေသည်ဖြစ်စေ၊ မဖြစ်ပေါ်စေသည်ဖြစ်စေ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို တစိုက်မတ်မတ် ဖတ်ရှုကြသည်။ ဤအကြောင်းပြချက်တစ်ခုတည်းအတွက်ပင်၊ ၎င်းတို့ကို ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် မှတ်ယူနိုင်သည်”ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းကိုသာ အာရုံစိုက်ကြသည်။ အကယ်၍ ဤအရာက မည်သည့်ရလဒ်ကိုမျှ မဖြစ်စေပါက ဤသည်မှာ ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည် မဟုတ်လော။ အကယ်၍ ၎င်းတို့သည် ပြဿနာများကို မဖြေရှင်းနိုင်ပါက လူတို့သည် စုဝေးပွဲများမှ မည်သည့်အကျိုးကျေးဇူးကို ရရှိနိုင်သနည်း။ သို့ဆိုလျှင် ဤခေါင်းဆောင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဟုတ်သလော။ (ဟုတ်ပါသည်။) ဤအလုပ်ကို ဆောင်ရွက်သည့်အခါ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ သရုပ်သကန်တစ်ခုမှာ မျက်စိကန်းနေခြင်းဖြစ်သည်။ ၎င်းတို့သည် မျက်စိကန်းနေကြ၏။ ပြဿနာက ၎င်းတို့၏ မျက်စိရှေ့တည့်တည့်တွင် သို့မဟုတ် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် မည်မျှပင် သိသာထင်ရှားနေသည်ဖြစ်စေ ၎င်းတို့သည် ယင်းကို မမြင်နိုင် သို့မဟုတ် မဖော်ထုတ်နိုင်ပေ။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် သာမန်လူတစ်ဦးထက် ဘုရားနှုတ်ကပတ်တော်များကို ပိုမို အမြတ်တနိုးတန်ဖိုးထားပုံရသော်လည်း ဘုရားနှုတ်ကပတ်တော်များက မည်သည့်အကြောင်းအရာဖြစ်သည်၊ မည်သည့်လူတို့ကို ရည်ညွှန်းသည်၊ သို့မဟုတ် မည်သည့်အခြေအနေများကို ရည်ညွှန်းပြောဆိုသည်ဟူသည်တို့ကို ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့ဘဝနှင့် မဆက်စပ်နိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့ မိတ်သဟာယဖွဲ့သည့် သိနားလည်မှုမှာ အဘယ်နည်း။ ယင်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသလော။ လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) ၎င်းတို့ တရားဟောသောအခါ ၎င်းတို့တွင် သမ္မာတရားနှင့်ဆိုင်သည့် ကြီးမားသော သိနားလည်မှုရှိသည့်အလား၊ အနှစ်မဲ့သော စကားများကို ပြောကြသော်လည်း အသင်းတော်တွင် ဆိုးယုတ်သောလူတို့ ဖြစ်စေသည့် သိသာထင်ရှားသော နှောင့်ယှက်ခြင်းများကို မဖော်ထုတ်နိုင်ဘဲ ထိုအစား မည်သည့်အရာမျှ မဖြစ်ပွားခဲ့သည့်အလား ပြုမူကြသည်။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကြောင်း ပြသသလော။ ၎င်းတို့တွင် ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှု ရှိသလော။ (မရှိပါ။) ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ပုံမှန် ဖတ်ရှုနိုင်ပါက ပြဿနာများကို ရှုမြင်ရန်နှင့် ဖြေရှင်းရန် အဘယ်ကြောင့် ယင်းတို့ကို အသုံးမပြုနိုင်ကြသနည်း။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ၎င်းတို့၏ စိတ်သည် အဘယ်ကြောင့် လုံးဝ မပွင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ၎င်းတို့သည် အဘယ်ကြောင့် ထက်မြက်သော စိတ်နှလုံး မရှိကြသနည်း။ ဤပြဿနာ၏ အရင်းအမြစ်မှာ အဘယ်နည်း။ ၎င်းတို့ အဘယ်ကြောင့် မျက်စိကန်းနေကြသနည်း။ ၎င်းတို့မျက်စိကန်းနေခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ (ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ပြီး အစွမ်းအစ အလွန်ညံ့ဖျင်းသောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်။ ယင်းမှာ ၎င်းတို့၏ မျက်စိကန်းနေခြင်းမဟုတ်ဘဲ ၎င်းတို့သည် မျက်လုံးပါလျက် ကန်းနေသော စိတ်နှလုံးရှိခြင်းဖြစ်သည်။ စိတ်နှလုံးက ကန်းနေခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစရှိပြီး ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ခြင်းကို ဆိုလိုသည်။ ဘုရားနှုတ်ကပတ်တော်များ မည်မျှကို ၎င်းတို့ ဖတ်ရှုသည်ဖြစ်စေ ၎င်းတို့သည် ယင်းကို အပေါ်ယံအဆင့်သာ နားလည်ကြသည်။ ၎င်းတို့သည် ယင်းကို အသင်းတော်တွင် ပေါ်ပေါက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် အခြေအနေများနှင့် မဆက်စပ်နိုင်သည့်အပြင် အမျိုးမျိုးသော ပြဿနာများကို သမ္မာတရား စည်းမျဉ်းများအတိုင်း သဘောထားပြုမူခြင်း၊ ကိုင်တွယ်ခြင်းနှင့် ဖြေရှင်းခြင်းတို့ကိုလည်း မပြုလုပ်နိုင်ကြပေ။ ဤသည်မှာ ၎င်းတို့၏ မျက်စိကန်းနေခြင်း အရင်းအမြစ် ဖြစ်သည်။ ၎င်းတို့သည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး ဤအလုပ်ကို စွမ်းဆောင်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် မည်မျှပင် လုံ့လဝီရိယရှိစွာ လေ့လာပြီး တင်းကျပ်စွာ လေ့ကျင့်သည်ဖြစ်စေ၊ မိမိတို့၏ အစွမ်းအစကင်းမဲ့မှုကို ဖြည့်ဆည်းရန် မည်မျှပင် ကြိုးစားလုပ်ဆောင်သည်ဖြစ်စေ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ကြသလော။ မဖြည့်ဆည်းနိုင်ပေ။ ဤလူများသည် အတော်ပင် သနားစဖွယ်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စကားလုံးများနှင့် အယူဝါဒများဖြင့် မည်မျှပင် ပြင်ဆင်သည်ဖြစ်စေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ကြ သို့မဟုတ် ဤအလုပ်ကို မဆောင်ရွက်နိုင်ကြပေ။

ယခုလေးတင် ငါတို့သည် ဤအယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်တစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယင်းမှာ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့၏ လုပ်ဆောင်ချက်များက အသင်းတော်ကို နှောင့်ယှက်မှုများ ဖြစ်စေသည်ကို ၎င်းတို့ မမြင်နိုင်ခြင်းဖြစ်သည့်အပြင်၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့၏ အနှစ်သာရကိုလည်း ထိုးထွင်းမမြင်နိုင်ကြခြင်း ဖြစ်သည်။ ဆိုးယုတ်သောလူများက အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် ကိစ္စရပ်များကို ကြုံတွေ့ရသည့်အခါ၊ တစ်ခါတစ်ရံတွင် ၎င်းတို့သည် သဲလွန်စအနည်းငယ်ကို သတိပြုမိကောင်းပြုမိမည်၊ သို့မဟုတ် ၎င်းတို့၏ အတွေ့အကြုံမှတစ်ဆင့်ဖြစ်စေ၊ ခံစားချက်မှတစ်ဆင့်ဖြစ်စေ သို့မဟုတ် ပင်ကိုအသိဉာဏ်မှတစ်ဆင့်ဖြစ်စေ၊ တစ်စုံတစ်ရာ မမှန်ကြောင်း၊ ဤလူ၏ အမူအရာ၊ မျက်လုံးများထဲမှအကြည့်နှင့် ၎င်း၏ စကားများသည် အနည်းငယ် မူမမှန်ဖြစ်နေကြောင်း ခံစားရရုံမျှ ခံစားနိုင်သည်။ ၎င်းတို့တွင် ခံစားချက်အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း၊ အမှုအရာများစွာကို ထိုးထွင်းမမြင်နိုင်ကြသည့်အပြင် ပြဿနာအများစုကိုလည်း မဖော်ထုတ်နိုင်ကြပေ။ ပြဿနာများ၏ အနှစ်သာရကို ၎င်းတို့ ထိုးထွင်းမမြင်နိုင်ရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ နောက်ထပ်ပြဿနာတစ်ခုနှင့် ပတ်သက်နေသေးသည်။ ၎င်းတို့သည် တရားဒေသနာများရေးရင်း၊ မိမိတို့၏ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများနှင့်ပတ်သက်၍ မှတ်စုများ ပြုလုပ်ရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော မိမိတို့၏ နားလည်သဘောပေါက်မှုများနှင့် အတွေ့အကြုံများကို ရေးမှတ်ရင်း၊ ဓမ္မတေးများ သင်ယူရင်း၊ နေ့စဉ် ဆုတောင်းရမည့်အကြိမ်အရေအတွက်၊ ဖတ်ရှုရမည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ပမာဏနှင့် နားထောင်ရမည့် တရားဒေသနာအရေအတွက်တို့အတွက် ပန်းတိုင်များ ချမှတ်ရင်း၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးတစ်ပုဒ် ရေးသားရမည့် အချိန်ပမာဏအတွက် ပန်းတိုင်များ ချမှတ်ရင်း တစ်နေကုန် အခန်းများထဲတွင် နေလျက် အလွန်လုံ့လဝီရိယရှိကြသည်။ ၎င်းတို့သည် ဤအလုပ်အားလုံးကို ပြီးမြောက်ကြသည်။ သို့ဖြစ်လျှင် အမှုအရာများ ဖြစ်ပျက်လာသည့်အခါ ၎င်းတို့သည် အဘယ်ကြောင့် ထိုးထွင်းမမြင်နိုင်ကြသေးသနည်း။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြပေ။ စကားလုံးများနှင့် အယူဝါဒများကိုသာ ၎င်းတို့ ပြောနိုင်ပြီး လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်ကြပေ။ အချို့လူများသည် အခြားသူများကို အထင်အမြင်မှားစေရန် စကားလုံးများနှင့် အယူဝါဒများကို အမြဲပြောဆိုကြပြီး အယောင်ဆောင် ခေါင်းဆောင်များက ဤအရာကို ထိုးထွင်းမမြင်နိုင်ကြပေ။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း၊ ပြဿနာတစ်ခု ရှိနိုင်ကြောင်း ၎င်းတို့ ခံစားရသော်လည်း၊ ထိုလူတို့က ဆိုးယုတ်ပုံမပေါ်သည်ကို မြင်ရသဖြင့်၊ မည်သို့ပင်ဖြစ်စေ ထိုကိစ္စကို နားဝေတိမ်တောင်ဖြစ်သည့်နည်းလမ်းဖြင့် ကျော်လွန်သွားစေကြသည်။ ၎င်းတို့သည် ထိုသို့သော ပြဿနာများကို ပိုင်းခြားရန် သမ္မာတရား စည်းမျဉ်းများကို မရှာဖွေနိုင်ကြသည့်အပြင်၊ ထိုသို့သောလူများ၏ အခြေအနေများနှင့် အနှစ်သာရကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးလျှင်ပင်၊ ယင်းတို့အား ဤအခြေအနေများနှင့် မည်သို့ဆက်စပ်ရမည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့၏ စိတ်များသည် မှုန်ဝါးဝါးဖြစ်နေပြီး ဤအရာများကို ထိုးထွင်းမမြင်နိုင်ကြပေ။ ၎င်းတို့ ရှာဖွေလိုသည့်အခါတွင် မည်သို့ ရှင်းလင်းစွာပြောဆိုရမည်ကို မသိကြပေ။ ၎င်းတို့သည် ပြဿနာ၏ အနှစ်သာရကို မရှင်းပြဘဲ၊ ပြီးလျှင်ထိုသို့သောလူများ၏ ယေဘုယျ သရုပ်သကန်များက မည်သို့ရှိသည်၊ ၎င်းတို့၏ လူ့သဘာဝ၊ လိုက်စားမှု၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုနှင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် စိတ်ပိုင်းဖြတ်မှုတို့က မည်သို့ရှိသည် သို့မဟုတ် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားက မည်သို့ရှိသည်ဟူသည်နှင့် ၎င်းတို့က သမ္မာတရားကို လက်ခံသောလူများ ဟုတ်မဟုတ်ဟူသည်တို့ကို ရှင်းလင်းစွာ မဖော်ပြဘဲ အချိန်ကြာမြင့်စွာ စကားပြောကြသည်။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ဤကိစ္စရပ်များကို ထိုးထွင်းမမြင်နိုင်ကြ သို့မဟုတ် ရှင်းလင်းစွာလည်း မရှင်းပြနိုင်ကြပေ။ ပြဿနာတစ်ခုရှိသည်ဟု ၎င်းတို့ ခံစားရလျှင်ပင်၊ ၎င်းတို့သည် မိမိတို့၏ ဆိုလိုရင်းကို ရှင်းလင်းအောင် မလုပ်ဆောင်ဘဲ အမှုအရာများစွာကို ပြောဆိုလျက် အဓိပ္ပာယ်မရှိဘဲ တတွတ်တွတ်ပြောဆိုကြသည်။ ၎င်းတို့၏ စကားကို နားထောင်သူများက ၎င်းတို့ မေးမြန်းနေသည့် မေးခွန်းများ၊ ၎င်းတို့ ဖော်ပြနေသည့် လူ၏ ယေဘုယျအခြေအနေကို သိရှိရန်နှင့် ထိုလူက ဆိုးယုတ်သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ၊ သမ္မာတရားကို လိုက်စားသောသူတစ်ဦးဖြစ်စေ သို့မဟုတ် အလုပ်လုပ်ပေးသူတစ်ဦးမျှသာဖြစ်စေ နောက်ဆုံးတွင် ထိုလူ၏ အနှစ်သာရကို သရုပ်ဖော်နိုင်ရန်အလို့ငှာ ပိုင်းခြားနိုင်ရန်၊ အဓိကအချက်များကို ထုတ်နုတ်နိုင်ရန်နှင့် ၎င်းတို့၏ စကားများကို စိစစ်နိုင်ရန် လိုအပ်သည်။ သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအား ပြဿနာတစ်ခုကို ဖော်ပြရန် သို့မဟုတ် မေးခွန်းတစ်ခု မေးမြန်းရန် တောင်းဆိုသည့်အခါ၊ ၎င်းသည် ပြဿနာ၏ အရင်းအမြစ်နှင့် အနှစ်သာရ သို့မဟုတ် ယင်း၏ အခရာကို မည်သည့်အခါမျှ ရှင်းလင်းစွာ မဖော်ပြနိုင်ပေ။ တိုတိုပြောရလျှင်၊ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ ထိုးထွင်းမမြင်နိုင်သော ပြဿနာများအပေါ် မည်သည့်သီးခြားသဘောထားမျှ မရှိကြသည့်အပြင်၊ သဲလွန်စအချို့ကို ၎င်းတို့ သတိပြုမိနိုင်သည့် ကိစ္စရပ်များအတွက်လည်း၊ ဤပြဿနာများ၏ အနှစ်သာရကို ၎င်းတို့ ထိုးထွင်းမမြင်နိုင်ကြသေးပေ။ အချို့လူများက အသင်းတော်အသက်တာအပေါ် ဆိုးရွားသော သက်ရောက်မှုတစ်ခုကို ဖြစ်စေလျက် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချပြီး အယူအဆများကို ဖြန့်ဝေသည့်အခါတွင်ပင်၊ ၎င်းတို့သည် ဤအရာကို ထိုးထွင်းမမြင်နိုင်ကြပေ။ ၎င်းတို့သည် ပြဿနာတစ်ခု၏ အနှစ်သာရကို ယင်း၏ အပေါ်ယံမှ သို့မဟုတ် ယင်း၏ အစပျိုးသည့်အဆင့်မှ ထိုးထွင်းမမြင်နိုင် သို့မဟုတ် စရိုက်လက္ခဏာကို သရုပ်မဖော်နိုင်ကြပေ။ ပြဿနာတစ်ခု၏ အနှစ်သာရကို ထိုးထွင်းမြင်နိုင်ခြင်းသည် ရိုးရှင်းသောကိစ္စရပ်တစ်ခု မဟုတ်သည်မှာ အမှန်ပင်ဖြစ်၏။ အသင်းတော်အလုပ်တွင် အရေးကြီးဆုံးအရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ အမျိုးမျိုးသောလူများ၏ အနှစ်သာရကို ထိုးထွင်းမြင်နိုင်ရန် ဖြစ်သည်။ သမ္မာတရားကို နားလည်သောသူတို့သည် ဤအရာကို စွမ်းဆောင်ရရှိနိုင်သော်လည်း၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များသည် မစွမ်းဆောင်နိုင်ကြပေ။ အန္တိခရစ်များက အသင်းတော်၏အလုပ်ကို နှောင့်ယှက်နေသည်ကို ၎င်းတို့ မြင်သောအခါ၊ ပြဿနာ၏ အနှစ်သာရကို ၎င်းတို့ ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ “သူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ထုတ်ဖော်နေခြင်းသာဖြစ်ပြီး အနည်းငယ် မာနထောင်လွှားကာ၊ တစ်ဇွတ်ထိုးနှင့် ထင်ရာမြင်ရာလုပ်နေခြင်း ဖြစ်ပါသည်။ သူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း ဆင်းရဲဒုက္ခကို ခံနိုင်ပါသေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သူတို့ကို မဝေဖန် မရှုတ်ချသင့်ပါ၊ ကျွန်ုပ်တို့ ပုံကြီးမချဲ့သင့်ပါ”ဟုပင် ပြောဆိုလျက်၊ ကာကွယ်ပြောဆိုပေးကြသည်။ အခြားသူများက “အကယ်၍ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း ဆင်းရဲဒုက္ခကို ခံနိုင်လျှင်၊ သမ္မာတရားကို လိုက်စားသောလူများ ဖြစ်ကြပါသလော။ ၎င်းတို့သည် နောက်ကွယ်တွင် အခြားသူများကို လှုံ့ဆော်ခြင်း၊ အထင်အမြင်မှားစေခြင်း သို့မဟုတ် ဆွဲဆောင်ခြင်းများ ပြုလုပ်ခဲ့ပါသလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံခဲ့ကြပါသလော”ဟု မေးမြန်းကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤကိစ္စရပ်များကို ထိုးထွင်းမမြင်နိုင်ကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်းဟူသော အောင်လံအောက်တွင် သူနှင့်ပတ်သက်၍ မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို သိရှိခြင်းအကြောင်းအား စိတ်ဖြာလေ့လာဆွေးနွေးပြီး ပြောဆိုရင်း ဘုရားသခင်ကို တမင်တကာ အသရေဖျက်ကာ ပြစ်မှားစော်ကားပြီး အခြေအမြစ်မရှိသော ကောလာဟလများကို တမင်တကာ ဖြန့်ဝေသည့် လူအချို့ပင် ရှိသေးသည်။ ၎င်းတို့ ဤသို့လုပ်ဆောင်သည်ကို ကြားပြီးနောက်၊ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ပြောဆိုသည့်အရာက အနည်းငယ် မှားယွင်းနေသည်ဟု ခံစားရနိုင်သော်လည်း၊ ဤစကားများက ဆောင်ကြဉ်းလာသည့် အပျက်သဘောဆောင်သော သက်ရောက်မှုနှင့် ဆိုးရွားသော အကျိုးဆက်များကို မြင်နိုင်ရန် မဆိုထားနှင့်၊ ပြဿနာ၏ ဆိုးရွားမှုကိုပင် ၎င်းတို့ ထိုးထွင်းမမြင်နိုင်ကြပေ။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များ၏ မျက်စိအောက်တွင် ဖြစ်ပွားသည့် အမျိုးမျိုးသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ၎င်းတို့ လုံးဝသတိထားမိခြင်း မရှိကြပေ၊ သို့မဟုတ် ၎င်းတို့ သတိပြုမိလျှင်ပင် ထိုအရာများကိုမည်သို့ သရုပ်ဖော်ရမည် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဤအခြေအနေများအကြား မည်သို့ဆက်စပ်ရမည်ကို ၎င်းတို့ မသိကြပေ။ ဤအလွန်ရှင်းလင်းသော ကိစ္စရပ်များသည် ၎င်းတို့အတွက် ရှုပ်ထွေးပွေလီသော ကိစ္စတစ်ခု ဖြစ်လာသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ငတုံးငအများ ဖြစ်ကြသည်။ အသင်းတော်တွင်၊ မည်သည့်လူများက သမ္မာတရားကို လိုက်စားနေကြသည်၊ မည်သည့်လူများက သမ္မာတရားကို လက်ခံနိုင်သည့် စစ်မှန်သော ယုံကြည်သူများဖြစ်ကြသည်ဟူသည်တို့ကို ၎င်းတို့ မပိုင်းခြားနိုင်ကြပေ။ မည်သည့်လူများက သမ္မာတရားကို မလိုက်စားသော်လည်း အလုပ်လုပ်ပေးနိုင်ဆဲဖြစ်ပြီး၊ ရံဖန်ရံခါ အပျက်သဘောဆောင်သော စကားအချို့ကို ပြောဆိုလင့်ကစား၊ အများအားဖြင့် အဖိုးအခပေးလိုစိတ်ရှိပြီး စည်းမျဉ်းများအတိုင်း ပြုမူလိုစိတ်ရှိကာ၊ အတော်အတန် နာခံပြီး ကျိုးနွံနာခံတတ်သည်ကို ၎င်းတို့ မပိုင်းခြားနိုင်ကြပေ။ မည်သည့်လူများက အပျက်သဘောဆောင်သော အခန်းကဏ္ဍများတွင်သာ သီးသန့်ပါဝင်ခြင်း၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းနှင့် အခြားသူများကို ဝေဖန်ခြင်းတို့ ပြုလုပ်သည့်အပြင်၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအားလုံးနှင့်ပတ်သက်၍လည်းကောင်း၊ ဘုရားအိမ်တော်ရှိ အလုပ်၏ ကိစ္စများအားလုံးနှင့်စပ်လျဉ်းသည့် စည်းမျဉ်းများ၊ လိုအပ်ချက်များနှင့်ပတ်သက်၍လည်းကောင်း အမြဲတစေ အယူအဆများရှိကာ၊ လက်ခံခြင်းထက် အတိုက်အခံလုပ်သည့် သဘောထားကို ထားရှိပြီး၊ ဤအရာများအပေါ် အထူးသဖြင့် ရိုသေမှုကင်းမဲ့ကာ၊ ယင်းတို့ကို ဝေဖန်သည်အထိပင် ပြုလုပ်သည်ကိုလည်း ၎င်းတို့ မပိုင်းခြားနိုင်ကြပေ။ တိုတိုပြောရလျှင်၊ အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်လူစားမျိုးကိုမျှ ထိုးထွင်းမမြင်နိုင်ကြပေ။ သာ၍ဆိုးသည်မှာ၊ အသင်းတော်တွင်၊ အယူအဆများကို မကြာခဏ ဖြန့်ဝေသည့်၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချပြီး စုဝေးပွဲများအတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် မဖတ်ရှုသည့် လူအချို့ ရှိကြသည်။ ၎င်းတို့သည် မနာလိုဝန်တိုမှုနှင့် သဘောထားကွဲလွဲမှုတို့တွင် ပါဝင်လျက်၊ အမြဲတစေ အုပ်စုဖွဲ့ကြသည်။ အချို့လူများသည် အမြဲတစေ ခေါင်းဆောင်များ ဖြစ်လိုကြသည်၊ အမြဲတစေ အသင်းတော်ကို မှီခိုကပ်ရပ်လိုကြပြီး၊ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အမြဲတစေ အမိအရ အသုံးချလိုကြသည်။ အပြင်ပန်းတွင် ကောင်းသော အပြုအမူအချို့ ရှိပုံပေါ်သော်လည်း မိမိတို့၏ တာဝန်များတွင် မည်သည့်အပြုသဘောဆောင်သော အခန်းကဏ္ဍတွင်မျှ မပါဝင်သည့် လူအချို့လည်း ရှိကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအပျက်သဘောဆောင်သော စရိုက်လက္ခဏာများကို ထိုးထွင်းမမြင်နိုင်သည့်အပြင် ယင်းတို့ကို အမျိုးအစားလည်း မခွဲခြားနိုင်ကြပေ။ ဤလူတို့က မည်သည့်လမ်းကြောင်းအား အတိအကျ လျှောက်လှမ်းနေကြသည်၊ ၎င်းတို့၏ အနှစ်သာရက အဘယ်အရာဖြစ်သည်ဟူသည်နှင့် ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံသောလူများ ဟုတ်မဟုတ်ဟူသည်တို့ကို ၎င်းတို့ ထိုးထွင်းမမြင်နိုင်ကြပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ၏ အစွမ်းအစနှင့်ဆိုင်သော ပြဿနာတစ်ခု မဟုတ်လော။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်မည်သည့်အရာမဆိုက လုံးဝ ကမောက်ကမဖြစ်ပြီး ၎င်းတို့ ဆောင်ရွက်သည့် မည်သည့်အလုပ်မဆို လုံးဝ ဖရိုဖရဲအခြေအနေဖြင့် အဆုံးသတ်လေသည်။

အချို့လူများသည် ဘုရားအိမ်တော်အတွက် ပစ္စည်းများ ဝယ်ယူသည့်အခါ ခွင့်ပြုချက်မရဘဲ ဝယ်ယူရင်း စည်းမျဉ်းများမရှိဘဲ အလှူငွေများကို သုံးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာကို မြင်သောအခါ “၎င်းတို့သည် ပိုက်ဆံအနည်းငယ် ပိုသုံးခဲ့သော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်များက ကောင်းမွန်ပါသည်။ ဘုရားအိမ်တော်အတွက် ပစ္စည်းများ ဝယ်ယူသည့်အခါ၊ ကျွန်ုပ်တို့သည် အကောင်းဆုံးကို ဝယ်သင့်ပါသည်၊ ဤသည်မှာ ပိုက်ဆံဖြုန်းတီးခြင်း မဟုတ်ပါ။ အလှူငွေများကို ဤသို့ပင် သုံးစွဲရမည် မဟုတ်လော”ဟုပင် ပြောဆိုကြသည်။ ၎င်းတို့၏ စကားများတွင် စည်းမျဉ်းများ ရှိသလော။ (မရှိပါ။) သို့ဆိုလျှင်၊ ဤသည်တို့မှာ မည်သည့် စကားမျိုးများ ဖြစ်ကြသနည်း။ မရေရာမပြတ်သားသောစကားများ မဟုတ်လော။ စည်းမျဉ်းမရှိသော စကားများသည် မရေရာမပြတ်သားသော စကားများဖြစ်ပြီး၊ အခြေအမြစ်မရှိသော စကားများသည်လည်း မရေရာမပြတ်သားသောစကားများ ဖြစ်ကြသည်။ အချို့လူများသည် အသင်းတော်အသက်တာအတွင်းတွင် စကားလုံးများနှင့် အယူဝါဒများကို မကြာခဏ ပြောဆိုကြသည်၊ ၎င်းတို့သည် အထူးသဖြင့် စကားပြောကောင်းကြပြီး၊ အတော်လေး စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသည့်ပုံစံဖြင့် ပြောဆိုကြကာ၊ အလွန်ကောင်းမွန်သော စကားပြောစွမ်းရည်များကို ပိုင်ဆိုင်ကြသည်။ ထိုသို့သောလူများနှင့်ပတ်သက်၍ အယောင်ဆောင် ခေါင်းဆောင်များက မည်သည့်အရာကို ပြောဆိုကြသနည်း။ “ကျွန်ုပ်တို့၏ အသင်းတော်အသက်တာသည် မည်သူမည်ဝါအပေါ် လုံးလုံးလျားလျား မှီခိုနေပါသည်။ သူတို့သည် စကားအပြောကောင်းဆုံးဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကြီးမားဆုံး နားလည်သဘောပေါက်ကြပါသည်။ ၎င်းတို့မရှိလျှင်၊ ကျွန်ုပ်တို့၏ အသင်းတော်အသက်တာသည် မယုံနိုင်လောက်အောင် ခြောက်သွေ့ပြီး စိတ်ဝင်စားစရာမကောင်းဘဲ ဖြစ်နေမည်”ဟူ၍ ဖြစ်သည်။ ဤလူတို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနေကြသည်ကို ၎င်းတို့ လုံးဝ မသိကြပေ။ လူတစ်ဦးသည် ထိုသူတို့ကို မည်မျှပင် နားထောင်သည်ဖြစ်စေ၊ ၎င်းတို့သည် မည်သည့်တည်ဆောက်မှုကိုမျှ ရရှိမည်မဟုတ်၊ သမ္မာတရားကို နားလည်မည်မဟုတ်၊ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အခြေအနေကို နားလည်ပြီး မိမိတို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိမိတို့ကိုယ်တိုင်နှင့် မည်သို့ဆက်စပ်ရမည်ကို သိရှိမည် မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်များ၏ မြှောက်ပင့်မှုနှင့် လှုံ့ဆော်မှုအောက်တွင်၊ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသောလူများ၊ လူအများအာရုံစိုက်ခံရခြင်းကို နှစ်သက်သောလူများနှင့် ၎င်းတို့၏ စကားများတွင်အကြောင်းအရာမှ မကြာခဏ သွေဖည်သွားတတ်သောလူများ၊ စုဝေးပွဲတစ်ခုစီတွင် လွန်ကဲသည့်၊ အဓိပ္ပာယ်မရှိသည့်အပြင် ကျယ်ပြန့်သော အကြောင်းအရာများအကြောင်း လေလုံးမိုးလုံးထွားကာ ပြောဆိုသောလူများအားလုံးကို မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသရန် နေရာပေးထားသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ကို မပိုင်းခြားနိုင်ကြသည့်အပြင်၊ “သင်တို့သည် အလွန်ကောင်းစွာ ပြောဆိုကြပါသည်၊ အဘယ်ကြောင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးများ မရေးကြသနည်း။ ဝမ်းနည်းဖွယ်ကောင်းလိုက်လေခြင်းပါတကား”ဟု ပြောဆိုခြင်းဖြင့် ၎င်းတို့ကို မြှောက်ပင့်လျက်၊ ၎င်းတို့ကို ပါရမီရှိသူများအဖြစ်ပင် မှတ်ယူကြသည်။ အသင်းတော်တွင်၊ ထိုတက္ကသိုလ်ကျောင်းသားများ၊ ပါမောက္ခများနှင့် ပညာတတ်များကို အယောင်ဆောင် ခေါင်းဆောင်များက ရတနာများအဖြစ် မှတ်ယူကြသည်။ ၎င်းတို့က “ဤပညာတတ်များနှင့် ပါမောက္ခများသည် အစွမ်းအစရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ သူတို့သည် လူ့အဖွဲ့အစည်းတွင် ကြီးမားသော အတွေ့အကြုံနှင့် ကျော်ကြားမှုကို ပိုင်ဆိုင်ကြပါသည်။ အကယ်၍ သူတို့သည် အသင်းတော်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာပါက၊ အလုပ်ပိုမိုပြီးမြောက်နိုင်ပြီး၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ပိုမိုအကျိုးခံစားရပြီး ပိုမိုရရှိနိုင်ကြမည် ဖြစ်သည်။ အနာဂတ်တွင်၊ အသင်းတော်၏အလုပ်သည် သူတို့အပေါ် လုံးလုံးလျားလျား မူတည်နေမည် ဖြစ်သည်။ ဤပညာတတ်များက ကျွန်ုပ်တို့ကို ဦးဆောင်ခြင်းဖြင့်၊ ဘုရားသခင်ကို ယုံကြည်ခြင်းက ကောင်းချီးများ ဆောင်ကြဉ်းပေးလိမ့်မည်မှာ သေချာသည်”ဟု ပြောဆိုကြသည်။ ထို့ကြောင့်၊ အယောင်ဆောင် ခေါင်းဆောင်များ ရှိနေသည့် အသင်းတော်များတွင်၊ လူ့အဖွဲ့အစည်း၌ အဆင့်အတန်း ပိုင်ဆိုင်သောသူများ၊ အသိပညာကြွယ်ဝသောသူများ၊ စကားပြောကောင်းသောသူများ၊ စကားလုံးများနှင့် အယူဝါဒများအကြောင်း အနှစ်သာရမဲ့သည့်နည်းလမ်းဖြင့် ပြောဆိုသောသူများ၊ ဂုဏ်သိက္ခာအချို့ ပိုင်ဆိုင်သောသူများ စသည့်၊ မည်သည့် သမ္မာတရား လက်တွေ့ကျမှုမျှ လုံးဝမရှိသော ဤလူအားလုံးသည် အသင်းတော်တွင် အဓိကဖြစ်သော ရာထူးများ ရယူထားကြပြီး အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့ကို အဓိကအင်အားစုများနှင့် အသင်းတော်၏ တိုင်များဟုခေါ်သောသူများအဖြစ်ပင် သဘောထားကြသည်။ အသင်းတော်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်များက “မည်သူမည်ဝါကို သွားမေးပါ၊ သူက ကုမ္ပဏီတစ်ခု၏ စီအီးအို ဖြစ်ခဲ့သည်” သို့မဟုတ် “မည်သူမည်ဝါကို သွားမေးပါ၊ သူက မည်သည့်တက္ကသိုလ်မှ ပါမောက္ခတစ်ဦး ဖြစ်ခဲ့သည်” သို့မဟုတ် “မည်သူမည်ဝါကို သွားမေးပါ၊ သူက ဥပဒေအကျိုးဆောင်လုပ်ငန်းတစ်ခုမှ ထိပ်တန်းရှေ့နေတစ်ဦး ဖြစ်ခဲ့သည်”ဟု ပြောဆိုကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤလူတို့ကို အသင်းတော်၏ တိုင်များနှင့် အဓိကအင်အားစုများအဖြစ် ဆက်ဆံကြသည်။ ထိုသို့သောအခြေအနေများအောက်တွင် အသင်းတော်အသက်တာသည် ကောင်းမွန်နိုင်သလော။ (မကောင်းမွန်နိုင်ပါ။) သို့ဆိုလျှင်၊ ရလဒ်မှာ အဘယ်နည်း။ ဤအဓိကအင်အားစုများနှင့် တိုင်များဟု သမုတ်ကြကုန်သောသူတို့သည် လျှို့ဝှက်စွာ သို့မဟုတ် ပေါ်ပေါ်တင်တင်ပင် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ကြပြီး အုပ်စုများဖွဲ့ကြကာ၊ အယူအဆများကို မကြာခဏ ဖြန့်ဝေပြီး အခြေအမြစ်မရှိသော ကောလာဟလများကို ပျံ့နှံ့စေကြသည်။ စစ်မှန်သော ယုံကြည်သူများဖြစ်ကြသည့်၊ သမ္မာတရားကို ချစ်မြတ်နိုးကြသည့်၊ သမ္မာတရားကို လက်ခံနိုင်ကြသည့်အပြင် သမ္မာတရားနှင့်ပတ်သက်၍ စင်ကြယ်သော သဘောပေါက်နားလည်မှုရှိကြသည့် အသင်းတော်ထဲက ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ ဖယ်ကြဉ်ခြင်းနှင့် ဖိနှိပ်ခြင်းကို မကြာခဏ ခံရကြသည်။ ဤကျော်ကြားသော လူမှုရေးပုဂ္ဂိုလ်များဟုခေါ်သောသူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင်ဖြစ်စေ၊ မည်သည့်အလုပ်ကိုမဆို တာဝန်ယူဆောင်ရွက်ရာတွင်ဖြစ်စေ၊ သစ္စာစောင့်သိခြင်း မရှိကြသည့်အပြင် သမ္မာတရား စည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ မပြုမူကြပေ။ ၎င်းတို့သည် ဘာသာတရားမရှိသော လူ့အဖွဲ့အစည်း၏ နည်းလမ်းများကို လုံးလုံးလျားလျား လိုက်နာကြသည်။ ထို့ကြောင့် ထိုသို့သောအသင်းတော်တစ်ခုတွင် သမ္မာတရားကို အမှန်တကယ် လိုက်စားသောသူများ၊ စင်ကြယ်သော သိနားလည်မှုရှိသောသူများနှင့် လူ့သဘာဝအနည်းငယ် ပိုင်ဆိုင်ပြီး တရားမျှတစိတ်ရှိသောသူများသည် စကားပြောဆိုရန် နေရာမရှိ၊ စကားပြောဆိုပိုင်ခွင့်မရှိသည့်အပြင် ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့်လည်း သေချာပေါက် မရှိကြပေ။ အသင်းတော်တွင် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ နောက်ဆုံး ဆုံးဖြတ်ချက်ချမှတ်သူများသည် အမြဲတစေ ဤအဓိကအဖွဲ့ဝင်များဟုခေါ်သော အဖွဲ့သာ ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤလူတို့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်ပြီး ကြောင်းကျိုးမမြင်ဘဲ ယုံကြည်ကြသောကြောင့်၊ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း ဖြေရှင်းချက်များအတွက် ၎င်းတို့အပေါ် နောက်ဆုံး မှီခိုအားထားကြသည်။ အကယ်၍ ဤလူတို့သည် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူခဲ့လျှင်၊ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်ပေမည်။ သို့သော်လည်း၊ ဤလူအများစုသည် သမ္မာတရားကို မလိုက်စားကြပေ။ ၎င်းတို့သည် အသိပညာနှင့် ပညာရေးအချို့ ပိုင်ဆိုင်ကြသည်၊ လူမှုရေးအဆင့်အတန်း ရှိကြပြီး၊ ထို့အပြင်၊ ၎င်းတို့တွင် လှည့်ဖြားတတ်ကာ အန္တရာယ်ပေးတတ်သော လူ့သဘာဝရှိပြီး၊ ကျလောက်အောင် အပြောကောင်းကြသည့်အပြင် အခြားသူများကို အထင်အမြင်မှားစေရာ၌ ကျွမ်းကျင်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝအနှစ်သာရ အတိအကျပင် ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များက ဤလူတို့အပေါ် မှီခိုအားထားခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ အစီအစဉ်ကို လုံးဝ ကမောက်ကမဖြစ်စေကြသည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း ဖျက်ဆီးကြကာ အသင်းတော်အား ၎င်း၏ သက်သေခံချက်ကို လုံးဝ ဆုံးရှုံးစေသည်။ အချို့အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်တွင် နိုင်ငံရေးနှင့် မျက်မှောက်ရေးရာများကို နားလည်သော ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိရန် မျှော်လင့်ကြလျက်၊ “အကယ်၍ အသင်းတော်၏ အတိုင်းအတာကို ချဲ့ထွင်ရန်၊ အသင်းတော်၏ ဩဇာလွှမ်းမိုးမှုကို အားဖြည့်ရန်နှင့် အသင်းတော်၏ ဂုဏ်သတင်းကို မြှင့်တင်ရန် ထိုသို့သောလူတစ်ဦး ရှိခဲ့မည်ဆိုလျှင်၊ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအလုပ်က မျှော်လင့်ချက် ရှိမည် ဖြစ်သည်။ ယင်းမှာ အမှန်တကယ်ပင် အောင်ပွဲခံစရာ အကြောင်းရင်းတစ်ခု ဖြစ်ပေမည်” ဟု တွေးထင်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက ထိန်းချုပ်ထားသော အသင်းတော်များတွင်၊ အသင်းတော်အသက်တာအတွင်း၌ အချို့လူများသည် နိုင်ငံရေး၊ မျက်မှောက်ရေးရာများ၊ နိုင်ငံတကာအခြေအနေနှင့် ပြည်တွင်းရေးရာများအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကြသည်။ ၎င်းတို့သည် အဆင့်မြင့် နိုင်ငံရေးပုဂ္ဂိုလ်များ၏ ကိုယ်ရေးကိုယ်တာ ဘဝများကို ဆွေးနွေးကြသည့်အပြင် ဤနိုင်ငံရေးပုဂ္ဂိုလ်များ၏ ပူးပေါင်းကြံစည်မှုများနှင့် ပေါ်တင်ကြံစည်မှုများကိုပင် သိသာထင်ရှားပြီး ကျိုးကြောင်းညီညွတ်သော နည်းလမ်းဖြင့် စိစစ်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အလွန်ပင်အားကျလျက်၊ “နောက်ဆုံးတွင်တော့၊ ကျွန်ုပ်တို့၏ အသင်းတော်တွင် မျက်နှာပန်းလှအောင် လုပ်ပေးမည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိလာပြီ။ ကျွန်ုပ်တို့၏ အသင်းတော်တွင် ဤပုဂ္ဂိုလ်ကြီးမျိုး မရှိသောကြောင့် ကျွန်ုပ်သည် အမြဲတစေ စိတ်ဓာတ်ကျခဲ့သည်၊ စိတ်ပျက်ခဲ့ရပြီး ခေါင်းမော့ဝင့်ကြွားနိုင်ခြင်း မရှိခဲ့ပါ။ သို့သော် ယခု ကျွန်ုပ်တို့၏ အသင်းတော်တွင် ထိုသို့သောလူတစ်ဦး ရှိနေပြီ။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် ဤလူကို သူအလိုရှိသမျှ လုပ်ဆောင်ခွင့်ပြုသင့်ပြီး သူအလိုရှိသမျှ ပြောဆိုခွင့်ပြုသင့်ကာ၊ သူ့ကိုလွတ်လပ်ခွင့် ပေးသင့်သည်။ ဘုရားအိမ်တော်သည် လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများကို ကျင့်သုံးသည် မဟုတ်လော။ နိုင်ငံတော်ခေတ်သည် လူ့အခွင့်အရေးများကို အလေးပေးသည် မဟုတ်လော”ဟု ပြောဆိုကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် နိုင်ငံရေးအကြောင်း ပြောဆိုရန်နှင့် လူအများကြားတွင် ကြီးကျယ်ခမ်းနားပြီး အနှစ်သာရမရှိသော အတွေးအခေါ်များအကြောင်း မကြာခဏ တောင်ရောက်မြောက်ရောက် ပြောဆိုသောသူများဖြစ်သည့် ကျော်ကြားသူများအကြောင်း မှတ်ချက်ပေးရန် နှစ်သက်သောသူများကို ရှားပါးသော ရတနာများအဖြစ် ဆက်ဆံပြီး ၎င်းတို့ကို အသင်းတော်၏ တိုင်များနှင့် အဓိကအင်အားစုများအဖြစ် ပျိုးထောင်လိုကြသည်။ ထို့ကြောင့်၊ ထိုသူတို့အနေဖြင့်အပျက်သဘောဆောင်လာပါက အသင်းတော်၏အလုပ်ကို ထိခိုက်မည်ကို ကြောက်ရွံ့သဖြင့် ၎င်းတို့ကို မကြာခဏ အားပေးပြီး ချီးမွမ်းကြသည်။ တိုတိုပြောရလျှင် ဤအယောင်ဆောင် ခေါင်းဆောင်များသည် ထုံထိုင်းပြီး မျက်စိကန်းနေကြ၏။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော လူအမျိုးမျိုးကို အချိန်မီ မဖော်ထုတ်နိုင်ကြပေ။ ၎င်းတို့ ဖော်ထုတ်လျှင်ပင်၊ ဆိုးယုတ်သောလူများ၏ အနှစ်သာရကို ၎င်းတို့ ထိုးထွင်းမမြင်နိုင်ကြပေ။ အုပ်စုဖွဲ့ပြီး သီးခြား နိုင်ငံတော်များ တည်ထောင်သောသူများကဲ့သို့သော အန္တိခရစ်များ၏ အမျိုးအစားအောက်တွင် ကျရောက်သည့် သိသာထင်ရှားသော ဆိုးယုတ်သည့်လူများကိုပင် ၎င်းတို့ ထိုးထွင်းမမြင်နိုင်ကြပေ။ အန္တိခရစ်များက အုပ်စုဖွဲ့ခြင်း၊ မိမိတို့ကိုယ်ကို ထင်ပေါ်အောင်လုပ်ခြင်းနှင့် ၎င်းတို့ ပိုင်ဆိုင်သော ကြီးမားသည့်အာဏာဖြင့် မိမိတို့အလိုရှိသလို လုပ်ဆောင်နေခြင်းကို ၎င်းတို့ မြင်သောအခါ၊ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့ကို မည်သို့ အကဲဖြတ်ကြသနည်း။ “ဤလူသည် ထူးခြားသည်။ သူသည်အမှန်ပင် အံ့ချီးလောက်ဖွယ်ဖြစ်သည်တကား။ ဤအစွမ်းအစကို ကျွန်ုပ် ယခင်က သတိမထားမိခဲ့ပါ၊ သူသည် ကျွန်ုပ်ထက် များစွာ သာလွန်ကောင်းမွန်ပြီး၊ ကျွန်ုပ်ကို အမှန်တကယ်ပင် အရှက်ရစေပါသည်။ သူ၏စွမ်းရည်များကို ကြည့်ပါလော့၊ သူသည်အရာများကို တာဝန်ယူနိုင်ပြီး လက်လွှတ်နိုင်သည်၊ အဆင့်အတန်းရှိစွာ ပြောဆိုနိုင်ပြီး စကားတည်သည်။ ကျွန်ုပ်မှာမူ မကောင်းပါ၊ ကျွန်ုပ်သည် ကြောက်တတ်သော မိန်းကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အန္တိခရစ်များကို အလွန်လေးစားအားကျကြပြီး၊ ၎င်းတို့ထံ ဦးညွှတ်ကာ၊ ၎င်းတို့၏ နောက်လိုက်များ ဖြစ်လာရန် လိုလိုလားလား ရှိကြသည်။ အယောင်ဆောင် ခေါင်းဆောင်များ၏ ဤသရုပ်သကန်နှင့်ဆိုင်သည့် စရိုက်လက္ခဏာတစ်ခုမှာ မျက်စိကန်းနေခြင်းဖြစ်ပြီး နောက်တစ်ခုမှာ ထုံထိုင်းခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့်၊ အယောင်ဆောင် ခေါင်းဆောင်များနှင့်ဆိုင်သော ဤပြဿနာ၏ အနှစ်သာရမှာ ညံ့ဖျင်းသော အစွမ်းအစ ဖြစ်သည်။

လူတို့တွင် အမှုအရာများကို မြင်နိုင်ရန်အလို့ငှာ မျက်စိများ ရှိကြသည်။ လူတစ်ဦးသည် တစ်စုံတစ်ခုကို မြင်ပြီးနောက်၊ ၎င်း၏စိတ်က တုံ့ပြန်ပြီး အကဲဖြတ်ချက်များ ပြုလုပ်ကာ အကဲဖြတ်ချက်တစ်ခုကို ပုံဖော်ပြီးနောက် ၎င်းသည် သဘောထားအမြင်တစ်ခုကို တိုးတက်ဖြစ်ပေါ်စေပြီး လက်တွေ့လုပ်ဆောင်ရာလမ်းကြောင်းတစ်ခုကို ရရှိမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် မျက်စိကန်းနေသောသူများ မဟုတ်ကြောင်း သက်သေပြသည်၊ မည်သည့်အရာကို မြင်သည်ဖြစ်စေ၊ ၎င်းတို့တွင် ပုံမှန်တုံ့ပြန်မှုတစ်ခုရှိပြီး ယင်းကို မည်သို့ရင်ဆိုင်၍ ကိုင်တွယ်ရမည်ကို သိရှိကြသည်။ ဤသည်မှာ ပုံမှန်စဉ်းစားတွေးခေါ်မှုရှိသော လူတစ်ဦးဖြစ်သည်။ လူတို့တွင် ၎င်းတို့မြင်သည့်အရာကို တုံ့ပြန်သည့် ဖြစ်စဉ်တစ်ခု ရှိသည်၊ ၎င်းတို့သည် ယင်းကို နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ စဉ်းစားဆင်ခြင်ပြီး တွေးတောကြလိမ့်မည်။ ၎င်းတို့၏ အတွေးများ ပေါ်ပေါက်လာသည်နှင့်အမျှ၊ ထိုအရာ၏ ပုံရိပ်တစ်ခုသည် ၎င်းတို့၏ စိတ်ထဲတွင် တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်သဘောထားအမြင်များ၊ သဘောထားများနှင့် လုပ်နည်းကိုင်နည်းများ ဖြစ်ပေါ်ကြသည်။ သို့ဆိုလျှင်၊ ဤအရာများကို ဖြစ်ပေါ်စေခြင်းအတွက် ကြိုတင်သတ်မှတ်ချက်မှာ အဘယ်နည်း။ လူတစ်ဦး၏ မျက်စိများသည် အမှုအရာများကို မြင်နိုင်ရမည်၊ ထို့နောက် စဉ်းစားဆင်ခြင်ရန်အတွက် စုဆောင်းထားသော အချက်အလက်များကို ၎င်းတို့၏ ဦးနှောက်နှင့် စိတ်သို့ လွှဲပြောင်းပေးရမည်။ လူတစ်ဦးသည် မိမိတို့၏ မျက်စိများဖြင့် အမှုအရာများကို မြင်နိုင်လျှင် ၎င်းတို့သည် မျက်စိကန်းနေသူများ မဟုတ်ကြသည့်အပြင် ထို့နောက်တွင် ၎င်းတို့သည် တွေးတောပြီး စဉ်းစားဆင်ခြင်နိုင်သည်၊ အသိရှိခြင်း၊ သဘောထားများနှင့် သဘောထားအမြင်များ ရှိနိုင်ပြီး၊ နောက်ဆုံးတွင် မှန်ကန်သော ကောက်ချက်များကို ချနိုင်ကြသည်။ ဤကောက်ချက်များကို ရရှိရန် အချိန်အနည်းငယ် လိုအပ်သည်။ ဤကောက်ချက်များကို မရရှိမီ အသိရှိခြင်း၊ သဘောထားအမြင်များနှင့် သဘောထားများ ရှိခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦး၏စိတ်သည် ထုံထိုင်းမနေဘဲ တက်ကြွနေသည်ကို ဆိုလိုပြီး၊ ဤလူသည် မသေဘဲ အသက်ရှိနေကြောင်း သက်သေပြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ညံ့ဖျင်းသော အစွမ်းအစရှိကြသည်။ မည်သည့်အချက်များဖြင့် ညံ့ဖျင်းသနည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရည်အသွေးနှစ်ခုလုံး ကင်းမဲ့ကြသည်။ ၎င်းတို့၏ မျက်စိများသည် ပွင့်နေသော်လည်း ဖြစ်ပျက်နေသည့် သို့မဟုတ် ပေါ်ပေါက်နေသည့် အမှုအရာများကို မမြင်နိုင်ကြပေ။ ဤသည်မှာ မျက်စိကန်းခြင်း ဖြစ်သည်။ ထို့အပြင်၊ အမှုအရာများကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့၏ စိတ်များတွင် တုံ့ပြန်မှုမရှိ၊ မည်သည့်သဘောထားအမြင်များ သို့မဟုတ် အတွေးများကိုမျှ မဖြစ်ပေါ်စေသည့်အပြင်၊ အကဲဖြတ်ရန်နှင့် ထိုသို့ဖြင့် ကောက်ချက်များ ချမှတ်ရန် နည်းလမ်းများ သို့မဟုတ် မှန်ကန်သော နည်းဟန်များ မရှိကြပေ။ ဤသည်မှာ စိတ်ဝိညာဉ်တွင် ထုံထိုင်းခြင်း ဖြစ်သည်။ စိတ်ဝိညာဉ်တွင် ထုံထိုင်းသောလူများသည် မည်သည့်အရာကိုမျှ မပိုင်းခြားနိုင်ကြ၊ မှန်ကန်သော ဆန်းစစ်ချက်များ သို့မဟုတ် တိကျသော အကဲဖြတ်ချက်များကို မပိုင်ဆိုင်ကြသည့်အပြင်၊ နောက်ဆုံးတွင်၊ မှန်ကန်သော ကောက်ချက်များကို မချမှတ်နိုင်ကြဘဲ၊ လက်ရှိ ကိစ္စရပ်များကို မည်သို့သဘောထားရမည်၊ ကိုင်တွယ်ရမည် သို့မဟုတ် ဖြေရှင်းရမည်ကို မသိကြပေ။ ဤသည်မှာ ထုံထိုင်းပြီး ဉာဏ်ထိုင်းခြင်း ဖြစ်သည်။ လူတစ်ဦးသည် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ လုံးဝ တုံ့ပြန်မှုမရှိသည့်အဆင့်အထိ မိမိ၏ စိတ်ဝိညာဉ်တွင် ထုံထိုင်းပြီး ဉာဏ်ထိုင်းသည့်အခါ၊ ဤသည်မှာ လူသေဖြစ်ခြင်း ဖြစ်သည်၊ ဤသည်မှာ အဆိုပါကိစ္စရပ်ကို ထိထိမိမိ ဖော်ပြခြင်းဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အမှန်တကယ် လူသေများ ဟုတ်မဟုတ်ဟူသည်ကို ယခုအချိန်တွင် ဘေးဖယ်ထားပြီး ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိသည်ဟုသာ ဆိုကြပါစို့။ မည်မျှအထိ ညံ့ဖျင်းသနည်း။ မည်မျှပင် သိသာထင်ရှားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားသည်ဖြစ်စေ ၎င်းတို့သည် ယင်းကို မမြင်နိုင်ဘဲ ၎င်းတို့ မြင်လျှင်ပင် ထိုးထွင်းမမြင်နိုင်ကြပေ။ ဥပမာအားဖြင့်၊ အယောင်ဆောင် ခေါင်းဆောင်များသည် မည်မျှကြာအောင် အလုပ်လုပ်သည်ဖြစ်စေ၊ ကိစ္စရပ်တစ်ခု၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည်၊ ယင်းကို မည်သို့အမျိုးအစားခွဲခြားရမည်၊ မည်သို့သရုပ်ဖော်ရမည် သို့မဟုတ် သရုပ်ဖော်ခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သည်ဟူသည်တို့အပေါ် ကောက်ချက်များ မချမှတ်နိုင်ကြပေ။ ၎င်းတို့သည် ဤအရာများအား မည်သို့ဆန်းစစ်ရမည်ကို မသိကြသည့်အပြင်၊ ယင်းတို့ကို ဆန်းစစ်ခြင်းအတွက် စံနှုန်းများ သို့မဟုတ် စည်းမျဉ်းများ မရှိကြပေ။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော နားဝေတိမ်တောင်ဖြစ်သည့်လူများ ဖြစ်ကြသည်။ ဤသည်မှာ ပထမအလုပ်တာဝန်တွင် အယောင်ဆောင် ခေါင်းဆောင်များ၏ အဓိက သရုပ်သကန် ဖြစ်သည်။ ၎င်းတို့သည် မျက်စိကန်းကြသည်၊ မိုက်မဲသည်၊ အသိဉာဏ်မဲ့ပြီး ထုံထိုင်းကြသည့်တိုင် ခေါင်းဆောင်များ ဖြစ်လိုကြသေးသည်။ ဤသည်မှာ အမှုအရာများကို နှောင့်နှေးစေခြင်း မဟုတ်လော။ ဤသည်မှာ အလွန် ဒုက္ခများခြင်း မဟုတ်လော။ အကယ်၍ တစ်စုံတစ်ဦးသည် ယခင်က ခေါင်းဆောင်အဖြစ် မထမ်းဆောင်ခဲ့ဖူးလျှင်၊ ပြီးလျှင် ၎င်းတို့သည် တစ်စုံတစ်ခုကို ပထမဆုံးအကြိမ် ကြုံတွေ့နေရုံသာဖြစ်ပြီး၊ ဤကိစ္စရပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ပြထားခြင်းမရှိသည့်အပြင် လူအများကြားတွင်လည်း မကြားဖူးလျှင်၊ ဆိုလိုသည်မှာ၊ ၎င်းတို့သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ အတွေ့အကြုံ သို့မဟုတ် အသိပညာမရှိလျှင်၊ ထိုသို့သောအခြေအနေများအောက်တွင် ထိုလူအတွက် မှန်ကန်သော ထိုးထွင်းသိမြင်မှုများ၊ သဘောထားများနှင့် သဘောထားအမြင်များ ဖြစ်ပေါ်ရန် အချိန်ကြာလိမ့်မည် ဖြစ်သည်။ သို့သော် အဘယ်ကြောင့် အယောင်ဆောင် ခေါင်းဆောင်များကို ထုံထိုင်းပြီး မျက်စိကန်းသည်ဟု ဆိုရသနည်း။ အကြောင်းမှာ ငါသည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီးဖြစ်သော်လည်း၊ အမှုအရာများကို မည်မျှပင် ငါ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည်ဖြစ်စေ၊ သို့မဟုတ် ဥပမာမည်မျှပင် ပေးသည်ဖြစ်စေ၊ အယောင်ဆောင် ခေါင်းဆောင်များသည် ငါ၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် ကိစ္စရပ်များအကြောင်းကို သိရှိရုံမျှသိရှိကြသော်လည်း၊ ယင်းတို့ထံမှ သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြသောကြောင့် ဖြစ်သည်။ ထို့အပြင်၊ ငါ စကားပြောလေ၊ ၎င်းတို့ ပို၍ ရှုပ်ထွေးလာလေ ဖြစ်သည်။ ၎င်းတို့က “ကိစ္စရပ်များစွာ၊ နှုတ်ကပတ်တော်များစွာ၊ ဇာတ်လမ်းများစွာဖြင့်၊ မည်သူက ယင်းတို့အားလုံးကို မှတ်မိပြီး လက်တွေ့ဘဝနှင့် ဆက်စပ်မှုများ ဖန်တီးနိုင်မည်နည်း။ များများမပြောပါနှင့်၊ ကျွန်ုပ်သည် အားလုံးကို လက်ခံရန်နှင့် နားလည်ရန် အနည်းငယ် အခက်အခဲရှိနေပါသည်။ ဤလူကို မည်သို့ကိုင်တွယ်ရမည်ကိုသာ ကျွန်ုပ်ကို ပြောပါ၊ ၎င်းတို့ကို နှင်ထုတ်သင့်သလော သို့မဟုတ် ထားရှိသင့်သလော” ဟု ပြောဆိုကြသည်။ ဤသည်မှာ ထုံထိုင်းခြင်း မဟုတ်လော။ ဤသည်မှာ အလွန်အမင်း ထုံထိုင်းခြင်း ဖြစ်သည်။ အမှန်တွင်၊ ၎င်းတို့သည် ထုံထိုင်းသည်ဟု ပြောဆိုခြင်းသည် ဤလူသည် ငယ်ရွယ်ကောင်း ငယ်ရွယ်နိုင်သဖြင့်၊ သို့မဟုတ် ပညာမတတ် ဖြစ်ကောင်း ဖြစ်နိုင်သဖြင့်၊ သို့မဟုတ် အလွန်အသက်ကြီးပြီး အနည်းငယ် နားဝေတိမ်တောင် ဖြစ်ကောင်းဖြစ်နေနိုင်သဖြင့် ထိုအရာကို ပြောဆိုခြင်းသည် ၎င်းတို့ မာနမထိခိုက်အောင် ပြောသည့်နည်းလမ်း ဖြစ်သည်။ သို့သော် အမှန်တွင်၊ ယင်းသည် ညံ့ဖျင်းသော အစွမ်းအစနှင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိခြင်း ဖြစ်သည်။ ဤရှင်းပြချက်က ယင်းကို ရှင်းလင်းစေသည်။

အကယ်၍ အသင်းတော်တွင် ဆိုးရွားသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်ပွားပြီး အယောင်ဆောင် ခေါင်းဆောင်များက ဤပြဿနာများ၏ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်လျှင်၊ ၎င်းတို့သည် ခေါင်းဆောင်မှုအလုပ်အတွက် အရည်အချင်းပြည့်မီကြသလော။ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ ဦးဆောင်မှုအောက်တွင် ကာကွယ်ခြင်းခံရနိုင်သလော။ အသင်းတော်၏အလုပ်၊ ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့် ပတ်ဝန်းကျင်နှင့် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်တို့သည် ကာကွယ်ထိန်းသိမ်းခြင်း ခံရနိုင်သလော။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက စွမ်းဆောင်ရရှိသင့်သည့် အခြေခံအကျဆုံးအရာများ ဖြစ်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာများကို စွမ်းဆောင်ရရှိနိုင်ကြသလော။ မရရှိနိုင်ကြပေ။ ၎င်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကိုပင် မဖော်ထုတ်နိုင် သို့မဟုတ် ထိုးထွင်းမမြင်နိုင်ကြပေ၊ သို့ဖြစ်လျှင် ၎င်းတို့၏ အလုပ်၏ နောက်တစ်ဆင့်များကို မည်သို့ ဆက်လက်လုပ်ဆောင်နိုင်မည်နည်း။ လူကောင်းဟူသည်မှာ အဘယ်အရာဖြစ်သည်၊ လူဆိုးဟူသည်မှာ အဘယ်အရာဖြစ်သည်၊ လှည့်ဖြားတတ်သောလူဆိုသည်မှာ အဘယ်အရာဖြစ်သည် သို့မဟုတ် ဟန်ဆောင်သူဆိုသည်မှာ အဘယ်အရာဖြစ်သည်ဟူသကဲ့သို့သော အခြေခံအကျဆုံးအရာများကိုပင် ၎င်းတို့ မပိုင်းခြားနိုင်ကြပေ၊ အသင်းတော်အလုပ်ကို ၎င်းတို့ မည်သို့ ကိုင်တွယ်နိုင်မည်နည်း။ ၎င်းတို့သည် ဤအရာကို စွမ်းဆောင်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် လက်တွေ့အလုပ်ကို တမင် မလုပ်ဆောင်ခြင်းမဟုတ်၊ သို့မဟုတ် ပျင်းရိပြီး အဆင့်အတန်း၏ အကျိုးအမြတ်များတွင် စိတ်အလိုလိုက်နေခြင်း မဟုတ်ပေ။ ၎င်းတို့သည် အစွမ်းအစညံ့ဖျင်းပြီး အလုပ်ကို မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အနှစ်သာရ ဖြစ်သည်။ အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသောလူများသည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောနိုင်ပြီး၊ စည်းမျဉ်းများကို လိုက်နာနိုင်သည်။ စုဝေးပွဲများအတွင်းတွင်၊ ၎င်းတို့သည် “ဘုရားသခင်ကို ကောင်းစွာ ယုံကြည်ကြပါ။ ဤသို့သောအချိန်မျိုးတွင် ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာဖြစ်မှုတွင် အဘယ်သို့ဖြစ်ပြီး သင်တို့ စိတ်အလိုလိုက်နိုင်ရသနည်း။ သင်တို့သည် ပိုက်ဆံနှင့် လောကီအရာများကို အဘယ်သို့ဖြစ်ပြီး တပ်မက်နေနိုင်သေးသနည်း။ ဘုရားသခင်သည် အလွန်ပင် စိတ်နှလုံးကြေကွဲရပေမည်” ဟူသကဲ့သို့သော အရာများကို ပြောဆိုလျက် အခြားသူများကို ဖျောင်းဖျပြီး တိုက်တွန်းအားပေးခြင်းသာ လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် ဤတရားဒေသနာ အမျိုးအစားများကိုသာ ဟောပြောနိုင်သည်။ အဖျက်အမှောင့်လုပ်ခြင်းများ၊ နှောင့်ယှက်ခြင်းများနှင့် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းကဲ့သို့သော အမျိုးမျိုးသော ဒုစရိုက်အမှုများ ဖြစ်ပွားသည့်အခါ၊ ၎င်းတို့သည် ယင်းတို့ကို မမြင်နိုင် သို့မဟုတ် မဖော်ထုတ်နိုင်ကြပေ။ ညီအစ်ကိုမောင်နှမများသည် ပုံမှန်အသင်းတော်အသက်တာကို အသက်ရှင်လိုကြသော်လည်း မစွမ်းဆောင်နိုင်ကြသည့်အပြင်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် သင့်လျော်သော ပတ်ဝန်းကျင်တစ်ခုကို ရရှိလိုကြသော်လည်း မရရှိနိုင်ကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤပြဿနာများကို မဖြေရှင်းနိုင်ကြပေ၊ သို့ဖြစ်လျှင် ၎င်းတို့သည် အဘယ်အသုံးဝင်သနည်း။ ညီအစ်ကိုမောင်နှမများသည် အသင်းတော်အသက်တာကို အသက်ရှင်လိုကြသည်၊ သမ္မာတရားကို နားလည်ပြီး မိမိတို့၏ အခက်အခဲများနှင့် အပျက်သဘောဆောင်သော အခြေအနေများကို ဖြေရှင်းလိုကြသည်။ ၎င်းတို့သည် ဤလက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် ခေါင်းဆောင်များနှင့် အမှုဆောင်များက သမ္မာတရားကို ရှင်းလင်းစွာနှင့် စေ့စေ့စပ်စပ် မိတ်သဟာယဖွဲ့နိုင်မည်ကို စိတ်အားထက်သန်စွာ မျှော်လင့်ကြသည်။ အကယ်၍ အသင်းတော်တစ်ခုသည် အယောင်ဆောင် ခေါင်းဆောင်များက အာဏာရယူထားသည့် အသင်းတော်တစ်ခုဖြစ်လျှင်၊ ဤလက်တွေ့ကျသော ပြဿနာများသည် ပြေလည်သွားနိုင်သလော။ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ စိတ်နှလုံးများကို နားမလည်ကြသည့်အပြင် ၎င်းတို့၏ အခက်အခဲများကိုလည်း မမြင်နိုင်ကြပေ။ ထိုအစား၊ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို ဆက်လက်ပြောဆိုပြီး ကြီးကျယ်ခမ်းနားကာ အနှစ်သာရမရှိသော အတွေးအခေါ်များအကြောင်း လေလုံးမိုးလုံးထွားပြီး ဆက်လက် ပြောဆိုကြသည်။ ဤသည်က ဘုရားသခင် ရွေးချယ်ထားသောလူများကို ကြီးစွာသော စိတ်ပျက်မှုကို ဖြစ်စေသည်။ မည်သူက စုဝေးပွဲများကို ပုံမှန် တက်ရောက်လိုဦးမည်နည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားပြီး၊ ထိုဆိုးယုတ်သောလူများ၊ မယုံကြည်သူများ၊ အခွင့်အရေးသမားများနှင့် ကောက်ကျစ်ဆိုးယုတ်ပြီး လောကီအရာများကို ချစ်မြတ်နိုးသော ကာမဂုဏ်လိုက်စားသူများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လိုအပ်ချက်များအတိုင်း အသင်းတော်မှ သန့်စင်ဖယ်ရှားကာ၊ ၎င်းတို့အား ဘုရားသခင် ရွေးချယ်ထားသောလူများကို ကြားဝင်နှောင့်ယှက်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့မရှိအောင် တားဆီးလျက်၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ပုံမှန်အသင်းတော်အသက်တာအား အသက်ရှင်နိုင်စေရန် လုပ်ဆောင်နိုင်သလော။ အယောင်ဆောင် ခေါင်းဆောင်များက ဤအရာကို စွမ်းဆောင်ရရှိနိုင်သလော။ မစွမ်းဆောင်နိုင်ပေ။ တစ်စုံတစ်ဦးက ထိုသို့သော တောင်းဆိုမှုတစ်ခု ပြုလုပ်သည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်အရာကို ပြောဆိုကြသနည်း။ “သင်သည် အလွန် ဇီဇာကြောင်သည်။ သင်သည် ဘုရားသခင်ကို ချစ်ပြီး တာဝန်တစ်ခုကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိလိုသည့် တစ်ဦးတည်းသောသူဟု သင်ထင်သလော။ မည်သူက သစ္စာမစောင့်သိချင်ဘဲ နေမည်နည်း။ ၎င်းတို့သည်လည်း ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်က ရွေးချယ်ထားသူများ ဖြစ်ကြသည်။ ၎င်းတို့တွင် ပြဿနာအချို့ ရှိသော်လည်း၊ ကျွန်ုပ်တို့သည် ၎င်းတို့ကို မှန်ကန်စွာ ဆက်ဆံသင့်သည်။ အခြားသူများ၏ အမှားကို အမြဲတစေ မရှာဖွေနှင့်။ သင့်ကိုယ်သင် ပိုမိုဆင်ခြင်သုံးသပ်ပြီး သိရှိရန် အခွင့်အရေးကို ယူပါ၊ သင်သည် သည်းခံတတ်ပြီး စိတ်ရှည်တတ်ရန် သင်ယူရမည်”ဟူ၍ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် နားဝေတိမ်တောင်ဖြစ်ပြီး မျက်စိကန်းကြသည့်အပြင် မတူညီသော လူစားမျိုးများကို ဆက်ဆံရာတွင် စည်းမျဉ်းများ မရှိကြပေ။ ၎င်းတို့သည် ချုပ်ချယ်ကန့်သတ်သင့်သောသူများ သို့မဟုတ် ရှင်းလင်းပစ်သင့်သောသူများကို ထိုးထွင်းမမြင်နိုင်ကြဘဲ၊ ထိုအစား ၎င်းတို့ကို လုပ်ဆောင်ခွင့်များစွာပေးလျက်၊ ဤလူတို့က အသင်းတော်တွင် မိမိတို့အလိုရှိသမျှ လုပ်ဆောင်ကာ ဒေသခံ အာဏာရှင်များကဲ့သို့ ပြုမူနေကြသည်ကို ခွင့်လွှတ်ပေးကြသည်၊ ဤသည်က အချို့အသင်းတော်များရှိ အမျိုးမျိုးကွဲပြားခြင်းကို စကားစုတစ်ခုဖြင့် ဖော်ပြနိုင်သည့်အဆင့်အထိ အသင်းတော်ကို ကမောက်ကမဖြစ်စေသည်။ ထိုစကားစုမှာ ၎င်းတို့သည် အကောင်းအဆိုးရောနှောနေသော လူမျိုးစု ဖြစ်လာသည်ဟူ၍ ဖြစ်သည်။ ဆိုးယုတ်သောလူများ၊ မယုံကြည်သူများ၊ လိင်မှုကိစ္စလိုက်စားသူများ၊ ဒေသခံ အာဏာရှင်များနှင့် အန္တရာယ်အနည်းငယ်မျှ ကြုံတွေ့ရသည့်အခါ အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်မည့် အချို့သူများပင်လျှင် ဤအသင်းတော်များတွင် အတူတကွ ရောနှောနေကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤလူတို့ကို ထိုးထွင်းမမြင်နိုင်ကြသည့်အပြင်၊ ကိုင်တွယ်ခြင်း သို့မဟုတ် ဖြေရှင်းခြင်းလည်း မရှိကြပေ။ ထို့ကြောင့် ထိုသို့သော မျက်စိကန်းပြီး ထုံထိုင်းသော အယောင်ဆောင် ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် ဘုရားသခင် ရွေးချယ်ထားသောလူများသည် ကာကွယ်ခြင်းမခံရနိုင်သည့်အပြင် အသင်းတော်အလုပ်နှင့် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်သည်လည်း သေချာပေါက် ထိန်းသိမ်းခြင်းမခံရနိုင်ပေ။ ထိုသို့သော ရောနှောနေသည့် အသင်းတော်အသက်တာတွင် သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်ခံလိုစိတ်ရှိသောသူများသည် သမ္မာတရားကို မည်သို့ နားလည်ပြီး ရရှိနိုင်မည်နည်း။ ထိုလူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် နာကျင်မှုကို ခံစားရမည် မဟုတ်လော။ အကယ်၍ အသင်းတော်ခေါင်းဆောင်တစ်ဦးသည် အသင်းတော်၏အလုပ်၊ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ် သို့မဟုတ် ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်မည့် ပတ်ဝန်းကျင်များကို ကောင်းစွာ မထိန်းသိမ်းနိုင်လျှင်၊ သို့မဟုတ် ဤအရာများ၏ လုံခြုံရေးကို မသေချာစေနိုင်လျှင်၊ ဤခေါင်းဆောင်သည် ဧကန်မုချ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ၎င်းတို့ကို အယောင်ဆောင် ခေါင်းဆောင်ဟူသော အမည်နာမကိုအဘယ်ကြောင့် ပေးရသနည်း။ အကြောင်းမှာ ၎င်းတို့သည် မျက်စိကန်းပြီး ထုံထိုင်းကြသောကြောင့် ဖြစ်သည်။ ယင်းက အသင်းတော်၏အလုပ်ကို ဆိုးယုတ်သောလူများ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် ဖြစ်ရပ်များအား ထပ်ခါတလဲလဲ ဖြစ်ပွားစေသည်။ ထို့အပြင်၊ ဤအရာက အကျိုးဆက်များ ရှိနှင့်ပြီးသည့်အခါတွင်ပင်၊ ၎င်းတို့သည် ပြဿနာများကို အချိန်မီနှင့် တိကျစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေးသည့်အပြင်၊ အသင်းတော်၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသင်းတော်အသက်တာကို ကောင်းစွာ ထိန်းသိမ်းနိုင်ခြင်းလည်း မရှိသေးပေ။ နူးညံ့သိမ်မွေ့စွာဆိုရလျှင် ထိုသို့သောခေါင်းဆောင်များသည် မိမိတို့၏ အလုပ်တွင် အရည်အချင်းမပြည့်မီကြပေ။ တိကျစွာဆိုရလျှင် ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများတွင် ဆိုးရွားစွာ ပျက်ကွက်နေကြခြင်း ဖြစ်သည်။ ခေါင်းဆောင်များအဖြစ် ထမ်းဆောင်ကြသော်လည်း၊ ၎င်းတို့သည် ဆိုးယုတ်သောလူများ၏ အကျိုးစီးပွားများနှင့် စာတန်၏ အစေခံများ၏ အကျိုးစီးပွားများကို ကာကွယ်ပေးစဉ်တွင် အသင်းတော်၏အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုမူ အလေးမထားကြပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ထိခိုက်နစ်နာစေလျက် ထိုဆိုးယုတ်သောလူများက အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခြင်းကို ကာကွယ်ပြောဆိုပေးပြီး ခွင့်လွှတ်ပေးကြသည်။ ၎င်းတို့၏ အစွမ်းအစနှင့် သရုပ်သကန်များမှ အကဲဖြတ်ရလျှင်၊ ၎င်းတို့သည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး မိမိတို့၏ အလုပ်တွင် အရည်အချင်းပြည့်မီခြင်း မရှိရုံမျှသာဖြစ်ကာ၊ အန္တိခရစ်များအဖြစ် သရုပ်ဖော်၍မရနိုင်သော်လည်း၊ အသင်းတော်၏အလုပ်အပေါ် ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ အကျိုးဆက်များမှာ ပြင်းထန်သည်။ ၎င်းတို့ လုပ်ဆောင်ချက်များ၏ သဘောသဘာဝသည် သီးခြား နိုင်ငံတော်များ တည်ထောင်ပြီး ညီအစ်ကိုမောင်နှမများကို ဖိနှိပ်သည့် အန္တိခရစ်များ၏ သဘောသဘာဝနှင့် တူညီသည်။ နှစ်ဦးစလုံးသည် ဆိုးယုတ်သောလူများကို ကာကွယ်ပြီး မျက်ကွယ်ပြုပေးကြကာ စာတန်၏ အစေခံများက အသင်းတော်တွင် မိမိတို့အလိုရှိသလို ပြုမူခြင်းကို အလွတ်ပေးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက အန္တိခရစ်များကဲ့သို့ ဆိုးသွမ်းမှုကို ပေါ်ပေါ်တင်တင်နှင့် ဗြောင်ကျကျ မပြုလုပ်သည့်အပြင်၊ အသင်းတော်၏အလုပ်ကို နှောင့်ယှက်ခြင်း မရှိရုံမျှသာ ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို မိမိတို့ထံ တမင်တကာ မဆွဲဆောင်သည့်အပြင်၊ ၎င်းတို့ကို နာခံစေခြင်း မရှိသော်လည်း၊ နောက်ဆုံးရလဒ်မှာ သီးခြား နိုင်ငံတော်များ တည်ထောင်သည့် အန္တိခရစ်များ၏ ရလဒ်နှင့် တူညီသည်။ နှစ်ဦးစလုံးသည် သမ္မာတရားကို ချစ်မြတ်နိုးပြီး မိမိတို့၏ တာဝန်များကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်သော ညီအစ်ကိုမောင်နှမများအား ထိခိုက်နစ်နာစေပြီး ပျက်စီးစေကာ၊ အသက်ရှင်ရန် နည်းလမ်းမရှိသည့်အထိ ဖြစ်စေသည်။ ထိုသို့သော ပတ်ဝန်းကျင်နှင့် အသင်းတော်အသက်တာတွင်၊ မိမိတို့၏ တာဝန်များကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်သော ညီအစ်ကိုမောင်နှမများအတွက် အသက်တာတွင် တိုးတက်မှုရှိရန် အလွန်ခက်ခဲပြီး၊ ၎င်းတို့အတွက် မိမိတို့၏ တာဝန်များကို ပုံမှန်ထမ်းဆောင်ရန် အလွန်ခက်ခဲသည်။ အလိုအလျောက်ပင်၊ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအလုပ်နှင့် အမျိုးမျိုးသော အသင်းတော်အလုပ်များသည်လည်း ကြီးမားစွာ ဟန့်တားခြင်းခံရပြီး ပုံမှန် တိုးတက်နိုင်ခြင်းမရှိပေ။ ဤသည်မှာ ဆယ့်နှစ်ခုမြောက် အချက်နှင့်ပတ်သက်၍ ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးနေသည့် အယောင်ဆောင် ခေါင်းဆောင်များ၏ ပထမဆုံး သရုပ်သကန်ဖြစ်သည်။ ၎င်းတို့ ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သတိမပြုမိခြင်းနှင့် ထိုးထွင်းမမြင်နိုင်ခြင်း ဖြစ်သည်။ ဤသရုပ်သကန်သည် ထိုသို့သောလူများကို အယောင်ဆောင် ခေါင်းဆောင်များအဖြစ် သရုပ်ဖော်ရန် လုံလောက်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။