ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၂) အခန်း တစ်

ပြီးခဲ့သည့်တစ်ကြိမ်တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်သုံးခုမြောက် တာဝန်ဖြစ်သည့် “ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ချုပ်ကိုင်ခြင်းနှင့် ကြီးစွာ ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးပြီး ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်၍ စိတ်နှလုံးထဲမှ စွန့်လွှတ်နိုင်စေရန် ထောက်ကူပေးလော့” ကို မိတ်သဟာယဖွဲ့ခဲ့သည်။ ယခု ပြန်လည်သုံးသပ်ကြစို့။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်သုံးခုမြောက် တာဝန်၏ တိကျသော အကြောင်းအရာနှင့်ပတ်သက်၍ မည်သည့် တိကျသော အချက်များကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သနည်း။ (ကျွန်ုပ်တို့သည် ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ ချုပ်ချယ်ကန့်သတ်ခြင်းနှင့် စောင့်ကြည့်ခြင်းဟူသည့် အချက်ငါးချက်ကို မိတ်သဟာယဖွဲ့ခဲ့ပါသည်။) ဤအချက်ငါးချက်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဤတာဝန်တွင် ပါဝင်သည့် တိကျသော အလုပ်တာဝန်များ ဖြစ်ကြသည်၊ ဤသည်တို့မှာ အန္တိခရစ်များနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဆောင်ရွက်ရန် လိုအပ်သည့် တိကျသော အလုပ်တာဝန်များ ဖြစ်ကြသည်။ သို့ဖြစ်၍ ဤအလုပ်တာဝန်များနှင့်ပတ်သက်၍ အယောင်ဆောင်ခေါင်းဆောင်များတွင် မည်သည့်သရုပ်သကန်များ ရှိကြသနည်း။ ပြီးခဲ့သည့်တစ်ကြိမ်က အသေးစိတ်အချက်အချို့ကိုလည်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည် မဟုတ်လော။ (ဟုတ်ကဲ့၊ ဖွဲ့ခဲ့ပါသည်။) အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ပထမအချက်မှာ ၎င်းတို့သည် လူတို့ကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်ရန် ကြောက်ရွံ့ပြီး အန္တိခရစ်တို့ကို ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် မဝံ့ရဲခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ ၎င်းတို့သည် အန္တိခရစ်တို့ကို မပိုင်းခြားနိုင်ခြင်း ဖြစ်သည်။ တတိယအချက်မှာ ၎င်းတို့သည် အန္တိခရစ်တို့အတွက် ကာကွယ်ပေးသည့်ထီးသဖွယ် ပြုမူကြခြင်း ဖြစ်သည်။ စတုတ္ထအချက်မှာ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများအပေါ် တာဝန်မဲ့ခြင်း ဖြစ်သည်။ တာဝန်မဲ့ခြင်းသည် မည်သို့သောပုံစံရှိသနည်း။ အန္တိခရစ်များထံမှ နှောင့်ယှက်ခြင်းများနှင့် အထင်အမြင်မှားစေခြင်းများနှင့် ရင်ဆိုင်ရသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမများကို မကာကွယ်နိုင်၊ အန္တိခရစ်တို့၏ ဒုစရိုက်အမှုများကို မဖော်ထုတ်နိုင်၊ စာတန်၏ အကြံအစည်များကို မဖော်ထုတ်နိုင်သည့်အပြင် ညီအစ်ကိုမောင်နှမများကို အန္တိခရစ်တို့အား ပိုင်းခြားသိမြင်စေရန် ကူညီဖို့ သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ပေ၊ ၎င်းတို့သည် ထိုသို့သော အလုပ်ကို မထမ်းဆောင်ကြပေ။ ထို့အပြင် ဝိညာဉ်ရင့်ကျက်မှု သေးငယ်ပြီး အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်းကို ခံရသည့် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောသူများအတွက် ၎င်းတို့သည် မည်သည့် ပြန်လည်ဆည်ယူခြင်းအလုပ်ကိုမျှ လုပ်ဆောင်ရန် ပျက်ကွက်သည်သာမက “သူတို့နှင့် ထိုက်တန်သည်” ကဲ့သို့သော လူမဆန်သည့် စကားများကိုပင် ပြောဆိုကြသည်။ ဤသည်မှာ တာဝန်မဲ့ခြင်း၏ တိကျသော သရုပ်သကန်တစ်ခုဖြစ်ပြီး အယောင်ဆောင်ခေါင်းဆောင်များတွင် အသင်းတော်အလုပ်အတွက် ဝန်တာထားစိတ် မရှိကြောင်းကို ညွှန်ပြနေသည်။ ဤသရုပ်သကန်များသည် အန္တိခရစ်တို့က ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်သည့်အခါတွင် အယောင်ဆောင်ခေါင်းဆောင်များ၏ တိကျသော လုပ်ဆောင်ချက်များနှင့် ချဉ်းကပ်ပုံများ ဖြစ်ကြသည်။ ဤအလုပ်အပေါ် ၎င်းတို့၏ တိကျသော သဘောထားမှာ တာဝန်မဲ့ခြင်းနှင့် သစ္စာစောင့်သိမှုမရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် အန္တိခရစ်တို့အတွက် ကာကွယ်ပေးသည့် ထီးသဖွယ် ပြုမူလျက် အန္တိခရစ်တို့ကို ခွင့်ပြုထားရန် အမျိုးမျိုးသော ဆင်ခြေများကို ပေးကြပြီး အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုကြသည့်တိုင် အသင်းတော်အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ပျက်ကွက်ကြသည်။ အကယ်၍ အယောင်ဆောင်ခေါင်းဆောင်များက အန္တိခရစ်တို့၏ ဘုရားသခင် ရွေးချယ်ထားသောလူများကို နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ချုပ်ကိုင်ခြင်းနှင့် ကြီးစွာ ထိခိုက်နစ်နာစေခြင်းကဲ့သို့သော ပြဿနာများကို ချက်ချင်း ဖြေရှင်းနိုင်ပြီး ထို့နောက် အန္တိခရစ်တို့ကို ချုပ်ချယ်ကန့်သတ်ကာ သီးခြားခွဲထားပြီး ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းတို့ကို ပြုလုပ်နိုင်ပါက ဘုရားသခင် ရွေးချယ်ထားသောလူများသည် အကြီးမားဆုံးသော ကာကွယ်မှုကို လက်ခံရရှိကြမည် ဖြစ်သည်။ သို့သော်လည်း ခေါင်းဆောင်များအနေဖြင့် ၎င်းတို့သည် ဤအလုပ်အတွက် အရည်အချင်းမပြည့်မီကြပေ။ ရှုထောင့်တစ်ခုမှကြည့်လျှင် ၎င်းတို့သည် အန္တိခရစ်တို့ကို လျှို့ဝှက်စွာ ကာကွယ်နေပြီး ထိုသူတို့အတွက် လမ်းခင်းပေးနေသဖြင့် အန္တိခရစ်တို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဆက်လက်၍ အထင်အမြင်မှားစေနိုင်ကာ ချုပ်ကိုင်နိုင်ပြီး ကြီးစွာ ထိခိုက်နစ်နာစေနိုင်သည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန်အသင်းတော်အသက်တာနှင့် တာဝန်ထမ်းဆောင်ခြင်းကို နှောင့်ယှက်နိုင်သည်ဟု ဆိုနိုင်သည်။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များ ဖြစ်ကြသည်။

အချက် ၁၄- အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ (အပိုင်း ၁)

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်သုံးခုမြောက် တာဝန်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်း ပြီးဆုံးသည့်နောက်တွင် ယနေ့ ငါတို့သည် ဆယ့်လေးခုမြောက် တာဝန်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကြမည်။ ဆယ့်လေးခုမြောက် တာဝန်၏ အကြောင်းအရာသည် ဆယ့်သုံးခုမြောက် တာဝန်နှင့် အချို့သောကဏ္ဍများတွင် ဆင်တူသည်။ ဆယ့်လေးခုမြောက် တာဝန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် တိကျသော အလုပ်သည် အန္တိခရစ်တို့နှင့် သက်ဆိုင်သည်သာမက အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့်ပါ ဆက်စပ်နေပြီး ယင်း၏ နယ်ပယ်ကို ဆယ့်သုံးခုမြောက် တာဝန်ထက် ပိုမိုကျယ်ပြန့်စေသည်။ ဆယ့်လေးခုမြောက် တာဝန်နှင့်ပတ်သက်၍ မိတ်သဟာယမဖွဲ့မီ ယင်း၏ အကြောင်းအရာကို ဦးစွာ ဖတ်ကြစို့။ (ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးခုမြောက် တာဝန်ဖြစ်သည့် “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့”။) ဤဝါကျသည် မရှည်လျားသော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် တိကျသော အလုပ်နှင့်ပတ်သက်လာလျှင် ယင်းသည် အပေါ်ယံတွင် မြင်ရသကဲ့သို့ မရိုးရှင်းပေ။ ဤဝါကျတွင် ဖော်ပြထားသော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များမှာ အတိအကျ အဘယ်အရာများ ဖြစ်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များ ထမ်းဆောင်ရန် လိုအပ်သည့် အလုပ်၏ ပစ်မှတ်များမှာ မည်သူတို့ ဖြစ်သနည်း။ (အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ ဖြစ်ပါသည်။) လုပ်ဆောင်ရန် လိုအပ်သည့် တိကျသော အလုပ်မှာ အဘယ်နည်း။ (၎င်းတို့ကို ချက်ချင်း ပိုင်းခြားသိမြင်ရန် ဖြစ်ပါသည်။ ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီးသည်နှင့် ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုလုပ်ရန် ဖြစ်ပါသည်။) အချိန်မဆွဲဘဲ ချက်ချင်း ပိုင်းခြားသိမြင်ခြင်း၊ အရိပ်အယောင်များကို ဖော်ထုတ်ပြီးသည်နှင့် တိကျသော အကဲဖြတ်မှုများနှင့် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းတို့ကို ပြုလုပ်သင့်ပြီး ထို့နောက်တွင် ပါဝင်ပတ်သက်သည့် လူပုဂ္ဂိုလ်များကို ရှင်းလင်းပစ်ခြင်းဖြင့် ကိုင်တွယ်သင့်သည်။ အမှန်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် တိကျသော အလုပ်တွင် အလုပ်တာဝန်နှစ်ခု ပါဝင်သည်။ လူတို့ကို ပိုင်းခြားသိမြင်ခြင်းနှင့် ပြဿနာများကို ဖြေရှင်းခြင်း ဖြစ်သည်။ အပေါ်ယံအားဖြင့် ယင်းသည် ဤသို့ ရိုးရှင်းပုံရသည်။ ဦးစွာ ပိုင်းခြားသိမြင်ပြီးနောက် ဘုရားအိမ်တော်က ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် တောင်းဆိုသည့် အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ပစ်မှတ်ထားလျက် ဖြေရှင်းနည်းများနှင့် အစီအမံများကို ချက်ချင်း လုပ်ဆောင်ရမည်ဖြစ်သည်။ ဤရှုထောင့်မှကြည့်လျှင် ဘုရားအိမ်တော်သည် အမျိုးမျိုးသော လူတို့ကို ပိုင်းခြားသိမြင်ခြင်းနှင့် ရှင်းလင်းပစ်ခြင်းဆိုင်ရာ အသေးစိတ်အချက်များအပေါ် ယခင်က ကျယ်ပြန့်သော မိတ်သဟာယဖွဲ့ခြင်းများ ပြုလုပ်ခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ များစွာ ပြောဆိုခဲ့ပြီးဖြစ်သောကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်နှင့် ဤတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် လွယ်ကူပုံရပြီး အခက်အခဲများစွာ မရှိပေ။ အပေါ်ယံအားဖြင့် ဆယ့်လေးခုမြောက် တာဝန်တွင် ပါဝင်သည့် အလုပ်သည် ယခင်က မိတ်သဟာယဖွဲ့ခဲ့သော ဆယ့်နှစ်ခုမြောက်နှင့် ဆယ့်သုံးခုမြောက် တာဝန်များ၏ တိကျသော အကြောင်းအရာနှင့် အချို့သောကဏ္ဍများတွင် ဆင်တူပုံရသော်လည်း ဆယ့်လေးခုမြောက် တာဝန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက လုပ်ဆောင်သည့် အလုပ်၏ ပစ်မှတ်များသည် အန္တိခရစ်တို့သာမက အမျိုးမျိုးသော ဆိုးယုတ်သော လူတို့လည်း ဖြစ်သည်။ ဤအရာက နယ်ပယ်ကို အမျိုးမျိုးသော ဆိုးယုတ်သော လူအမျိုးအစားများ ပါဝင်စေရန် ကျယ်ပြန့်စေပြီး စနစ်ကျကာ တိကျသော မိတ်သဟာယဖွဲ့ခြင်းကို လိုအပ်သည်။ အကြောင်းမှာ ယင်းသည် ဆိုးယုတ်သော လူတစ်မျိုးတည်း၏ သရုပ်သကန်များအကြောင်း မဟုတ်ဘဲ အမျိုးမျိုးသော အမျိုးအစားများအကြောင်း ဖြစ်သောကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးခုမြောက် တာဝန်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သည့်အခါ ငါတို့သည် ဤအလုပ်၏ ပစ်မှတ်များကို သတ်မှတ်ခြင်းအပေါ် အာရုံစိုက်ကြမည်။ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ ထို့အပြင် ဤလူတို့ကို အတိအကျ မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်၊ ကန့်သတ်ခြင်း၊ သီးသန့်ခွဲထားခြင်း သို့မဟုတ် ဖယ်ရှားခြင်း၊ ထုတ်ပယ်ခြင်း ပြုလုပ်ရမည်လော ဆိုသည်ကို ကျွန်ုပ်တို့ ဆက်လက်၍ အသေးစိတ် မိတ်သဟာယဖွဲ့မည့်အရာ ဖြစ်သည်။

အသင်းတော်ဆိုသည်မှာ အဘယ်နည်း

ဤအလုပ်အကြောင်းကို အသေးစိတ် မိတ်သဟာယမဖွဲ့မီ ဦးစွာ ဆင့်ပွားအကြောင်းအရာတစ်ခုကို မိတ်သဟာယဖွဲ့ကြစို့။ ဤဆင့်ပွားအကြောင်းအရာသည် လူသိများပြီးသားဖြစ်နိုင်သည် သို့မဟုတ် သင်တို့အနေဖြင့် တိကျသော အယူအဆမရှိသည့် အကြောင်းအရာတစ်ခုလည်း ဖြစ်နိုင်သည်။ အကြောင်းအရာမှာ အဘယ်နည်း။ ယင်းမှာ “အသင်းတော်ဆိုသည်မှာ အဘယ်နည်း” ဖြစ်သည်။ ဤအကြောင်းအရာသည် မည်သို့ရှိသနည်း။ အချို့လူများက “သင်က ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များအကြောင်းကို မိတ်သဟာယဖွဲ့နေသည်၊ သို့ဖြစ်၍ ထိုအကြောင်းကိုသာ တိတိကျကျ မိတ်သဟာယဖွဲ့လော့။ အသင်းတော်ဆိုသည်မှာ အဘယ်နည်း အကြောင်းကို အဘယ်ကြောင့် မိတ်သဟာယဖွဲ့ရသနည်း။ ဤအကြောင်းအရာနှင့် သက်ဆိုင်သလော” ဟု ပြောကောင်းပြောနိုင်သည်။ အပေါ်ယံအားဖြင့် ယင်းသည် မသက်ဆိုင်ဟု ထင်ရနိုင်ပြီး အချို့က “ဤသည်မှာ လုံးဝမသက်ဆိုင်သော အကြောင်းအရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့် ယင်းကို မိတ်သဟာယဖွဲ့ရန် တင်ပြရသနည်း” ဟုပင် ပြောကောင်းပြောနိုင်သည်။ သင်တို့ မည်သို့ပင်တွေးပါစေ ဤအတွေးများကို ဘေးဖယ်ထားပြီး အသင်းတော်ဆိုသည်မှာ အဘယ်နည်း အကြောင်းကို ဦးစွာ စဉ်းစားဆင်ခြင်လော့။ ဤစကားလုံး၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ “အသင်းတော်” ဟူသော အမည်သညာကို ရှင်းလင်းစွာ မိတ်သဟာယ ဖွဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဤအကြောင်းအရာကို ငါတို့ အဘယ်ကြောင့် မိတ်သဟာယဖွဲ့နေသည်ကို သင်တို့ သိလာကြလိမ့်မည်။

၁။ အသင်းတော်နှင့်ပတ်သက်သည့် နားလည်မှုအချို့

အသင်းတော်ဆိုသည်မှာ အကြောင်းကို မိတ်သဟာယဖွဲ့ခြင်းသည် “အသင်းတော်” ဟူသော အမည်သညာ၏ ရှင်းလင်းပြီး တိကျသော ရှင်းလင်းချက်တစ်ခုကို ပေးရန်ဖြစ်သည်၊ ယင်းသည် “အသင်းတော်” ဟူသော ဝေါဟာရ၏ တိကျပြီး မှန်ကန်သော အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဆက်သွယ်ပြောကြားရန် ဖြစ်သည်။ ဦးစွာ သင်တို့သည် “အသင်းတော်” ဟူသော ဝေါဟာရကို မည်သို့ သိရှိခံစားပြီး သဘောပေါက်နားလည်သည်ကို ဆွေးနွေးနိုင်သည်။ အသင်းတော်ဆိုသည်မှာ အဘယ်နည်း။ သဘောတရားပိုင်းဆိုင်ရာ ရှင်းလင်းချက်ဖြင့် စလိုက်ကြစို့၊ ထို့နောက် ပိုမိုတိကျပြီး အတော်အတန် လက်တွေ့ကျသော အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သို့ ဆက်သွားကြမည်။ (ကျွန်မ၏ နားလည်မှုမှာ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသော ညီအစ်ကိုမောင်နှမများက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် စုဝေးသည့်နေရာကို အသင်းတော်ဟု ခေါ်ပါသည်။) ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အသင်းတော်ဆိုသည်မှာ မည်သို့သောနေရာမျိုးဖြစ်သည်ကို ရည်ညွှန်းသည်၊ ယင်းသည် အခြေခံအားဖြင့် ကိုင်တွယ်ထိတွေ့နိုင်သော၊ ရုပ်ပိုင်းဆိုင်ရာ အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ သဘောတရားပိုင်းဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် တိကျမှန်ကန်သလော။ တိကျမှန်ကန်မှုမရှိသည့်အရာများ ရှိသလော။ သဘောတရားပိုင်းအရဆိုလျှင် ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် လက်ခံနိုင်ဖွယ်ရှိသည်။ မည်သူ ထပ်ဖြည့်စွက်နိုင်သေးသနည်း။ (ကျွန်မ အနည်းငယ် ဖြည့်စွက်ပါမည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်အပြင် သူ၏ သမ္မာတရားကို ဖော်ပြခြင်းတို့ကြောင့် ဘုရားသခင်နောက်လိုက်သော လူတစ်စု ရှိလာသည်၊ ၎င်းတို့ ဖွဲ့စည်းသည့် စုပေါင်းအဖွဲ့ကို အသင်းတော်ဟု ခေါ်ပါသည်။) ဤအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အသင်းတော်ဆိုသည်မှာ မည်သို့သော စုပေါင်းအဖွဲ့မျိုးဖြစ်သည်ကို ဖော်ပြသည်။ ဤသည်မှာလည်း နည်းလမ်းတကျဖြစ်သော သဘောတရားပိုင်းဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ဖြစ်သည်။ (ဤလူအုပ်စုတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိပြီး ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် စုဝေးသည့်အခါ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်း ရှိကာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အသက်တာတွင် ကြီးထွားတိုးတက်နိုင်ကြသည်ကို ကျွန်တော်ထပ်ဖြည့်စွက်ပါမည်။ အသင်းတော်ဆိုသည်မှာ ထိုသို့သောလူများ၏ စုဝေးခြင်း ဖြစ်ပါသည်။) အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်သို့ ဤဖြည့်စွက်ချက်သည် ယင်းမှာ မည်သို့သော စုဝေးခြင်းမျိုးဖြစ်သည်ကို ဖော်ပြသည်။ ဤစုဝေးခြင်းအတွက် အထူးပြုပုဒ်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိခြင်းနှင့် အသက်တာတွင် ကြီးထွားတိုးတက်ခြင်းတို့ ဖြစ်သည်။ ဤသည်မှာလည်း အခြေခံအားဖြင့် အသင်းတော်၏ နည်းလမ်းတကျဖြစ်သော သဘောတရားပိုင်းဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ဖြစ်သည်။ နောက်ထပ် ဖြည့်စွက်ချက်များ ရှိသေးသလော။ (ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းအဖြစ် မှတ်ယူပြီး သမ္မာတရားနှင့် ခရစ်တော်က အုပ်စိုးသော လူအုပ်စုတစ်စု ဖြစ်ပါသည်။ ဤအုပ်စုသည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံနိုင်သည်၊ သမ္မာတရားကို လက်ခံနိုင်သည်၊ အသက်တာတွင် ကြီးထွားတိုးတက်နိုင်ပြီး ကယ်တင်ခြင်းခံရနိုင်သည်။ ထိုသို့သော အုပ်စုကို အသင်းတော်ဟု ခေါ်ပါသည်။) ဤ “အုပ်စု” သည် ယခုလေးတင် ပြောဆိုခဲ့သော “စုပေါင်းအဖွဲ့” နှင့် ဆင်တူသည်။ နောက်ထပ် ဖြည့်စွက်ချက်များ ရှိသေးသလော။ သင်တို့တွင် နောက်ထပ် ဖြည့်စွက်ချက်များ မရှိပါက အထက်တွင် ဖော်ပြခဲ့သော နားလည်မှုလေးမျိုးကို သင်တို့ ထပ်မံပြောဆိုနိုင်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း အစပြုချိန်မှ ယခုအထိ အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်အဖြစ် သင် အတိအကျ မည်သည့်အရာကို မှတ်ယူခဲ့သည်ကို ထပ်မံပြောဆိုနိုင်ပါသည်။ ယင်းကို သဘောတရားပိုင်းအရ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် လွယ်ကူလောက်သည် မဟုတ်လော။ ဥပမာအားဖြင့် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်ပြီး ဝတ်ပြုကိုးကွယ်သော လူတို့၏ စုပေါင်းအဖွဲ့ကို အသင်းတော်ဟု ခေါ်ဆိုနိုင်သည်၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား လိုက်စားကာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သော အုပ်စုတစ်စုကို အသင်းတော်ဟု ခေါ်ဆိုနိုင်သည်၊ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုနှင့် ဘုရားသခင်၏ မျက်မှောက်တော်ရှိပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နိုင်သော အုပ်စုတစ်စုကို အသင်းတော်ဟု ခေါ်ဆိုနိုင်သည်။ ဤသည်တို့မှာ အသင်းတော်၏ သဘောတရားပိုင်းဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များ မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိ ဤအထူးပြုပုဒ်များ၏ အကြောင်းအရာကို သင်တို့အားလုံး နားလည်ပြီး သိရှိကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ယင်းကို ထပ်ပြောလော့။ (အသင်းတော်ဆိုသည်မှာ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး ခရစ်တော်နောက်လိုက်သော လူတို့၏ စုပေါင်းအဖွဲ့ကို ရည်ညွှန်းပါသည်။ စစ်မှန်သော အသင်းတော်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းညွှန်မှု ရှိသည်၊ ယင်းကို ခရစ်တော်နှင့် သမ္မာတရားက အုပ်စိုးသည်၊ ယင်းသည် ဘုရားသခင်၏ နောက်လိုက်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံကာ အသက်ဝင်ရောက်မှု ရှိသည့်နေရာ ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော အသင်းတော် ဖြစ်သည်။ အသင်းတော်သည် ဘာသာရေးအဖွဲ့အစည်းများနှင့် ကွဲပြားသည်။ အသင်းတော်သည် ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများ သို့မဟုတ် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း၏ အပြင်ပန်းပုံစံများတွင် မပါဝင်ပေ။) ဤသည်မှာ အခြေခံအားဖြင့် အသင်းတော်၏ သဘောတရားပိုင်းဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ ဥပမာအားဖြင့် အသင်းတော်ကို ဘုရားသခင်က ခေါ်တော်မူသော လူများ စုဝေးသည့်နေရာအဖြစ် အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ သို့မဟုတ် အသင်းတော်ကို ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သော၊ လိုက်လျှောက်သော၊ ကျိုးနွံနာခံသော၊ ဝတ်ပြုကိုးကွယ်သော လူတို့၏ စုပေါင်းအဖွဲ့အဖြစ် အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ သို့မဟုတ် အသင်းတော်ကို ဘုရားသခင်က ခေါ်တော်မူသော လူတို့၏ စုဝေးခြင်းအဖြစ် အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း စသည်ဖြင့် ဤအမည်သညာများသည် ယုံကြည်သူများ၏ အမျိုးမျိုးသော အုပ်စုများက အသင်းတော်နှင့်ပတ်သက်၍ အခြေခံကျသော နားလည်မှုအချို့ သို့မဟုတ် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်အချို့ကို ထင်ဟပ်စေသည်။ အမျိုးမျိုးသော ဘာသာတရားများနှင့် ဂိုဏ်းဂဏများက အသင်းတော်ကို အတိအကျ မည်သို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုသည်ကို ငါတို့ မဆွေးနွေးဘဲနေကြစို့။ ဘုရားသခင်နောက်လိုက်သော ငါတို့အတွက် အသင်းတော်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ယင်းသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သော၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိသော၊ ဘုရားသခင်၏ လမ်းညွှန်မှုရှိသော၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်သော၊ သမ္မာတရားကို လိုက်စားသော၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား လိုက်စားသော၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သော လူအုပ်စုတစ်စုမျှသာ ဖြစ်သည်။ ယင်းကို နေရာတစ်ခု၊ စုပေါင်းအဖွဲ့တစ်ခု၊ စုဝေးခြင်းတစ်ခု၊ အုပ်စုတစ်ခု၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် အခြားမည်သည့်အရာအဖြစ်မဆို အနက်အဓိပ္ပာယ်ဖွင့်ဆိုသည်ဖြစ်စေ၊ မည်သည့်ဝေါဟာရကိုမဆို အသုံးပြုသည်ဖြစ်စေ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အထူးပြုပုဒ်များမှာ အခြေခံအားဖြင့် ဤသည်တို့ပင် ဖြစ်သည်။ လူတို့၏ အသင်းတော်နှင့်ပတ်သက်သည့် အခြေခံနားလည်မှုမှ အကဲဖြတ်ရသော်၊ “အသင်းတော်” ဟူသော အမည်သညာကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် သင်တို့ အသုံးပြုသည့် အထူးပြုပုဒ်များမှ ကြည့်သော် လူတို့သည် ဘုရားသခင်နောက်လိုက်ပြီး သမ္မာတရားအချို့ကို နားလည်သည်နှင့်တစ်ပြိုင်နက် အသင်းတော်နှင့်ပတ်သက်သည့် ၎င်းတို့၏ နားလည်မှုမှာ သာမန်အဖွဲ့အစည်း သို့မဟုတ် အုပ်စုတစ်ခုအဖြစ် မဟုတ်တော့ပေ။ ထိုအစား ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဝတ်ပြုကိုးကွယ်နိုင်ခြင်း သို့မဟုတ် အသက်ဝင်ရောက်မှု၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ ဘုရားသခင်အတွက် သက်သေခံခြင်းနှင့် အခြားအရာများ ပါဝင်သည့် ကဏ္ဍများနှင့် သက်ဆိုင်နေတော့သည်။ ဤသို့ကြည့်လျှင် ဘုရားသခင်သည် သူ၏အမှုတော်ကို စတင်လုပ်ဆောင်ပြီးနောက် လူအများစု၏ စိတ်နှလုံးထဲရှိ “အသင်းတော်” ဟူသော အမည်သညာသည် ဘုရားသခင်၏ အသင်းတော်နှင့်ပတ်သက်သည့် စိတ်ကူးနှင့် ပိုမိုနီးကပ်စွာ ကိုက်ညီသော၊ ပိုမိုနက်ရှိုင်းပြီး တိကျသော သိရှိခံစားမှုနှင့် သဘောပေါက်နားလည်မှုတို့ကို ရရှိခဲ့ပြီးဖြစ်သည်။ ယင်းသည် အဆောက်အအုံတစ်ခု၊ လူမှုအဖွဲ့အစည်းတစ်ခု၊ ဌာနတစ်ခု၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် အခြားမည်သည့်အရာကဲ့သို့မျှ ရိုးရှင်းသောအရာတစ်ခု မဟုတ်တော့ပေ၊ ထိုအစား ယင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းကဲ့သို့သော အရာများနှင့် သက်ဆိုင်သည်။

၂။ အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုးနှင့် ယင်းလုပ်ဆောင်သော အလုပ်

အသင်းတော်၏ တိကျသော အယူအဆ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တို့နှင့် ပတ်သက်၍မူ ယခုအချိန်တွင် ငါတို့သည် ကောက်ချက်များကို အလျင်စလို ချမှတ်မည်မဟုတ်ချေ။ “အသင်းတော်” ဟူသော အမည်နာမ သို့မဟုတ် ယင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် သင်တို့တွင် အခြေခံ အယူအဆတစ်ခု ရှိပြီးနောက် အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုး၊ အသင်းတော်တစ်ခု တည်ရှိခြင်းမှ ဖြစ်ပေါ်လာသော အလုပ်နှင့် လူတို့ကြားတွင် အသင်းတော်တစ်ခုက ပါဝင်သည့် အခန်းကဏ္ဍကဲ့သို့သော အရာများကို သင်တို့ ရှင်းလင်းသလော။ ဤရှုထောင့်များ၏ အကြောင်းအရာသည် အသင်းတော်တစ်ခု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်လည်း သက်ဆိုင်သလော။ ရိုးရိုးရှင်းရှင်း ပြောရလျှင် အသင်းတော်တစ်ခု လုပ်ဆောင်သည့်အရာသည် ယင်းတည်ရှိခြင်း၏ တန်ဖိုးပင်ဖြစ်သည်။ ဥပမာအနေဖြင့် အိမ်တစ်လုံးကို ကြည့်လော့။ ဤအိမ်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းထဲ၌ နေထိုင်ပြီး ယင်းကို အသုံးပြုသော လူတို့အတွက် ယင်း၏ တန်ဖိုးနှင့် အရေးပါမှုမှာ အဘယ်နည်း။ အနည်းဆုံးတော့ ယင်းသည် လေနှင့်မိုးဒဏ်မှ အကာအကွယ် ပေးသည်၊ ယင်းမှာ ယင်း၏ တန်ဖိုးများထဲမှ တစ်ခုဖြစ်သည်၊ နောက်ထပ်တန်ဖိုးတစ်ခုမှာ သင် ပင်ပန်းနွမ်းနယ်ပြီး သွားစရာနေရာမရှိသည့်အခါ အိမ်သည် သင် အနားယူပြီး ငြိမ်သက်ခြင်းနှင့် ရောင့်ရဲခြင်းတို့ဖြင့် နေထိုင်နိုင်သည့် နေရာတစ်ခု ဖြစ်သည်။ ဤအိမ်ကို နေအိမ်ဟု ခေါ်ဆိုကြသော်လည်း သင့်အတွက် ယင်း၏ အသုံးဝင်ပုံမှာ အဘယ်နည်း။ ယင်းသည် လေနှင့်မိုးဒဏ်မှ အကာအကွယ်ပေးသည်၊ အနားယူခြင်း၊ အပန်းဖြေခြင်း၊ လွတ်လပ်မှုကို ခံစားနိုင်စွမ်း စသည်တို့ကို ပေးသည်၊ ဤလုပ်ဆောင်ချက်များသည် သင့်အတွက် ဤအိမ်၏ တန်ဖိုးပင် ဖြစ်သည်။ ယခု တစ်ဖန် အသင်းတော်တစ်ခု၏ အခန်းကဏ္ဍမှာ အဘယ်နည်း။ ယင်း၏ ဖွဲ့စည်းခြင်းနှင့် တည်ရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှုမှာ အဘယ်နည်း။ ရိုးရိုးရှင်းရှင်း ပြောရလျှင် အသင်းတော်တစ်ခုသည် မည်သည့်အရာကို လုပ်ဆောင်သနည်း၊ မည်သည့်အခန်းကဏ္ဍမှ ပါဝင်သနည်း။ ဤအကြောင်းကို သင်တို့ ရှင်းလင်းသလော။ အသင်းတော်ဟု ခေါ်ဆိုခံရရန်နှင့် ဤအလုပ်သည် စစ်မှန်သော အသင်းတော်တစ်ခု လုပ်ဆောင်သင့်သည့်အရာ ဖြစ်ရန်အတွက် အသင်းတော်တစ်ခုသည် မည်သည့် တိကျသော အလုပ် သို့မဟုတ် မည်သည့်အလုပ်အမျိုးအစားကို လုပ်ဆောင်သင့်သနည်း၊ ပြီးလျှင် ယင်း၏ အလုပ်၏ ကဏ္ဍတွင် မည်သည့်အရာများ ပါဝင်ရမည်နည်း။ ဤသည်မှာ အသင်းတော်တစ်ခု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ မိတ်သဟာယပြုသင့်သော တိကျသည့် အကြောင်းအရာအချို့ ဖြစ်သည်။ ပထမဦးစွာ အသင်းတော်တစ်ခုသည် အတိအကျအားဖြင့် မည်သည့်အလုပ်ကို လုပ်ဆောင်သနည်း။ (အဓိကအားဖြင့် ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိသည်၊ ဘုရားသခင်၏ အမှုတော်ကို သက်သေခံသည်၊ ပြီးလျှင် ဧဝံဂေလိတရားကို ဖြန့်ဝေသည်၊ ဤသို့ဖြင့် ပို၍များပြားသော လူများသည် ဘုရားသခင်ရှေ့မှောက်သို့ ရောက်ရှိလာပြီး ကိုယ်တော်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြစေရန် ဖြစ်ပါသည်။) ဤသည်မှာ တိကျသော တာဝန်တစ်ခုလော။ (ဟုတ်ပါသည်။) ဤသည်မှာ အသင်းတော်တစ်ခု တည်ရှိခြင်း၏ အရေးပါမှုနှင့် ယင်းလုပ်ဆောင်ရန် လိုအပ်သော တိကျသည့် တာဝန်များထဲမှ တစ်ခုဖြစ်သော်လည်း အားလုံးမဟုတ်သေးပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို သက်သေခံခြင်းသည် တိကျသော တာဝန်တစ်ခု ဖြစ်သည်။ ဤတာဝန်အတွက် မည်သူက တာဝန်ရှိသနည်း။ လက်ရှိ ဧဝံဂေလိအဖွဲ့ ဖြစ်သည်။ အသင်းတော်တစ်ခုသည် အခြား မည်သည့်အလုပ်ကို လုပ်ဆောင်သေးသနည်း။ (ညီအစ်ကိုမောင်နှမများ အတူတကွ စုဝေးရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ရန် စုစည်းပေးပြီး သူတို့ကို သမ္မာတရားကို အစဉ်မပြတ် နားလည်စေကာ သူတို့၏ တာဝန်များကို ပုံမှန် ထမ်းဆောင်နိုင်စေရန် ဖြစ်ပါသည်။) ဤတိကျသော တာဝန်မှာ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ စားသောက်ရန်၊ သမ္မာတရားကို နားလည်ရန်နှင့် သူတို့၏ တာဝန်များကို ပုံမှန် ထမ်းဆောင်ရန် ဦးဆောင်လမ်းပြခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိခြင်းသည် အသင်းတော်တစ်ခု၏ အဓိကကျပြီး အရေးကြီးသော တာဝန်တစ်ခု ဖြစ်သည်။ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ စားသောက်ရန်၊ သမ္မာတရားကို နားလည်ရန်နှင့် သူတို့၏ တာဝန်များကို ပုံမှန် ထမ်းဆောင်ရန် ဦးဆောင်လမ်းပြခြင်းသည် အသင်းတော်တစ်ခု၏ အနှစ်သာရရှိသော အလုပ်ဖြစ်သည်၊ ဤသည်မှာ အတွင်းပိုင်းသို့ ဦးတည်သော အလုပ်ဖြစ်သည်။ ဤတာဝန်နှစ်ခုတွင် တစ်ခုမှာ အပြင်သို့ ဦးတည်ပြီး တစ်ခုမှာ အတွင်းသို့ ဦးတည်သည်၊ ယင်းတို့သည် အသင်းတော်တစ်ခု တည်ရှိခြင်းမှ ဖြစ်ပေါ်လာသော အလုပ်များ ဖြစ်ကြသည်။ ယင်းတို့ကို အသင်းတော်တစ်ခု လုပ်ဆောင်သင့်သော အရေးကြီးသည့် တာဝန်နှစ်ခုဟုလည်း ဆိုနိုင်ပါသည်။ အခြားအရာများ ရှိသေးသလော။ (နောက်ထပ် တာဝန်တစ်ခုမှာ လူတို့ သန့်စင်ခြင်းခံရရန်နှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန်အလို့ငှာ ဘုရားသခင်၏ တရားစီရင်မှုကို တွေ့ကြုံစေဖို့ ဦးဆောင်လမ်းပြခြင်း ဖြစ်ပါသည်။) ဤသည်မှာ အသင်းတော်တစ်ခု၏ တိကျသော အတွင်းပိုင်း တာဝန်တစ်ခု ဖြစ်သည်။ သင်တို့ ဖော်ပြခဲ့သည့် ဤတာဝန်အားလုံးသည် အခြေခံအားဖြင့် ကိုယ်စားပြုသော တာဝန်များ ဖြစ်ကြသည်။ အမျိုးမျိုးသော ပတ်ဝန်းကျင်များကို တွေ့ကြုံခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း စသည်တို့ကို တွေ့ကြုံခြင်းကဲ့သို့သော ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းသည် အဆုံးစွန်၌ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိပြီး ကယ်တင်ခြင်းကို ရရှိစေသည့် တိကျသော တာဝန်တစ်ခု ဖြစ်သည်။ ဤသည်မှာ အသင်းတော်တစ်ခု၏ ဖွဲ့စည်းခြင်းနှင့် တည်ရှိခြင်းက လူတို့အပေါ် သက်ရောက်သည့် အကျိုးသက်ရောက်မှု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းအလုပ်ကို ဧဝံဂေလိအဖွဲ့က ဆောင်ရွက်သည်သာမက ယင်းကို အမျိုးမျိုးသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ၊ ဓမ္မသီချင်းများ၊ အမျိုးမျိုးသော ဗီဒီယိုများနှင့် ရုပ်ရှင်များ စသည်တို့မှတစ်ဆင့်လည်း ပြီးမြောက်အောင်မြင်စေသည်၊ ဤသည်တို့မှာလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိခြင်းအလုပ်တွင် ပါဝင်သော တိကျသည့် အကြောင်းအရာများနှင့် စီမံကိန်းများ ဖြစ်ကြသည်။ ထို့အပြင် အသင်းတော်အသက်တာနှင့် သက်ဆိုင်သော တာဝန်များလည်း ရှိသည်။ သမ္မာတရားကို နားလည်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သိကျွမ်းနိုင်ခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိပြီး ကယ်တင်ခြင်းကို ရရှိရန်အလို့ငှာ တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်စဉ်အတွင်း ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်က စီစဉ်ပေးသော အမျိုးမျိုးသော ပတ်ဝန်းကျင်များကို တွေ့ကြုံခြင်းတို့ ဖြစ်သည်။ ဤသည်တို့မှာ အသင်းတော်တစ်ခု ဖွဲ့စည်းပြီးနောက် ယင်းတည်ရှိခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင် ဖြစ်ပေါ်လာသော လုပ်ငန်းတာဝန်အချို့ ဖြစ်ကြသည်။ ဤအဓိက တာဝန်များအပြင် အဓိကမကျသော အလုပ်များ ရှိသေးသလော။ အဓိကမကျသော အလုပ်များမှာ အဘယ်နည်း။ ၎င်းတို့သည် အရေးမကြီးသော သို့မဟုတ် အထွေထွေအရေးကိစ္စဆိုင်ရာ အလုပ်ကို ရည်ညွှန်းသည်၊ သို့သော်လည်း ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် သမ္မာတရားကို လိုက်စားရာတွင်လည်းကောင်း၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင်လည်းကောင်း အကျိုးကျေးဇူးအချို့ ရှိသည်၊ ဤအလုပ်သည် လူတို့၏ အသက်တာ ကြီးထွားတိုးတက်မှုနှင့် ကိစ္စရပ်များအပေါ် ၎င်းတို့၏ အမြင်များ ပြောင်းလဲခြင်းကို အပြုသဘောဆောင်သည့် အထောက်အကူပြုနိုင်သည်။ အထူးအခြေအနေများတွင် အသင်းတော်အလုပ်မှ ပေါ်ပေါက်လာသည့် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ ရှင်သန်မှုနှင့် သက်ဆိုင်သော အထွေထွေအရေးကိစ္စဆိုင်ရာ အလုပ်သည် အသင်းတော်တစ်ခု၏ မရှိမဖြစ်လိုအပ်သော အလုပ်အဖြစ် သတ်မှတ်ခြင်းခံရသလော။ ဥပမာအားဖြင့် လယ်ယာစိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းနှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသောသူများအတွက် လိုအပ်သော အစားအစာအချို့ကို ထောက်ပံ့ပေးသည့် အခြားသော လှုပ်ရှားမှုများဖြစ်သည့် ဤသည်တို့သည် အသင်းတော်၏ အဓိကကျသော အလုပ်အဖြစ် သတ်မှတ်ခြင်းခံရသလော။ (မခံရပါ။) မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသောသူများအတွက် ကွန်ပျူတာများ၊ စက်ပစ္စည်းများနှင့် အခြားအရာများကို ထောက်ပံ့ပေးခြင်းမှာရော အဘယ်နည်း။ ဤသည်တို့သည် အသင်းတော်၏ အနှစ်သာရရှိသော အလုပ်အဖြစ် သတ်မှတ်ခြင်းခံရသလော။ (မခံရပါ။) သို့ဆိုလျှင် အသင်းတော်တစ်ခု၏ အနှစ်သာရရှိသော အလုပ်သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဤသည်မှာ အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သက်ဆိုင်သည်။ အသင်းတော်နှင့်ပတ်သက်သည့် သင်တို့၏ ယခင်က အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များသည် ကောင်းမွန်သည်၊ ငါသည် ယင်းတို့နှင့်ပတ်သက်၍ အတော်အတန် ကျေနပ်ခဲ့သည်၊ အကြောင်းမှာ သင်တို့၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များရှိ အထူးပြုပုဒ်များသည် လူတို့၏ အသက်ဝင်ရောက်မှု၊ ၎င်းတို့၏ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်းနှင့် လိုက်လျှောက်ခြင်း၊ ဘုရားသခင်ကို သိကျွမ်းခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းကဲ့သို့သော ပိုမိုမြင့်မားသည့် သမ္မာတရားများနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ ဤအချက်ကို ထောက်ရှု၍ အသင်းတော်တစ်ခု တည်ရှိခြင်းသည် လူတို့ကို နွေးထွေးစွာနှင့် အစာရေစာ ဝလင်စွာ ထားရှိခြင်း၊ ၎င်းတို့ကို ကျန်းမာစွာ ထားရှိခြင်း သို့မဟုတ် ၎င်းတို့၏ အလားအလာများကို ကြည့်ရှုပေးခြင်းကဲ့သို့သော လူတို့၏ ဇာတိပကတိဆိုင်ရာ အသက်တာ၊ အကျိုးစီးပွားတို့နှင့် သက်ဆိုင်သည့်အရာများအတွက် လုံးဝမဟုတ်ပေ။ အသင်းတော်တစ်ခုသည် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ ရှင်သန်မှုကို ထောက်ပံ့ရန် သို့မဟုတ် လူတို့ကို ဇာတိပကတိ၏ အသက်တာကို ပိုမိုကောင်းမွန်စွာ မွေ့လျော်ခံစားခွင့်ပြုရန် တည်ရှိခြင်းမဟုတ်ပေ။ အချို့လူများက “ဒါ မမှန်ဘူး။ ကျွန်ုပ်တို့၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာနှင့် ရှင်သန်မှုအကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ပြထားပြီး ယင်းက ကျွန်ုပ်တို့ကို ခေတ်မီအနုပညာအချို့နှင့် ကျန်းမာစွာနေထိုင်ခြင်းအကြောင်း အသိပညာကို သင်ယူရန် ပြောထားသည်။ ဤအရာများသည် ကျွန်ုပ်တို့၏ ရှင်သန်မှုနှင့် မသက်ဆိုင်ဘူးလား” ဟု ပြောကြသည်။ ဤသည်တို့ကို အသင်းတော်၏ အနှစ်သာရရှိသော အလုပ်အဖြစ် မှတ်ယူသလော။ (မယူပါ။) အသင်းတော်တစ်ခုသည် ဘုရားသခင်ကို ယုံကြည်သူများဖြင့် ဖွဲ့စည်းထားပြီး လူတို့၏ အသက်တာများတွင် အစားအသောက်၊ အဝတ်အစား၊ အမိုးအကာ၊ သယ်ယူပို့ဆောင်ရေးနှင့် နေ့စဉ် လိုအပ်ချက်များမှာ သဘာဝအတိုင်း ပါဝင်သောကြောင့် အသင်းတော်သည် လူတို့အား ဤကိစ္စရပ်များကို တစ်လက်စတည်း ဖြေရှင်းပေးသည်။ ဤအရာများ ဖြေရှင်းပြီးသည့်အခါ လူတို့က “အသင်းတော်က ကျွန်ုပ်တို့၏ နေ့စဉ်လိုအပ်ချက်များအတွက်လည်း တာဝန်ရှိသည်။ ဤသည်မှာ အသင်းတော်၏ ပုံမှန်အလုပ်နှင့် အနှစ်သာရရှိသော အလုပ်ဖြစ်သည်” ဟု ထင်ကြသည်။ ဤသည်မှာ နားလည်မှုလွဲခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤနားလည်မှုလွဲခြင်းကို အဘယ်အရာက ဖြစ်စေသနည်း။ (၎င်းတို့သည် အသင်းတော်တစ်ခု၏ အနှစ်သာရရှိသော အလုပ်မှာ အဘယ်အရာဖြစ်သည်ကို ရှင်းလင်းစွာ မသိကြပါ။) အဘယ်ကြောင့် ၎င်းတို့သည် ဤအကြောင်းကို ယခုအချိန်အထိပင် ရှင်းလင်းစွာ မသိကြသေးသနည်း။ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်းတွင် ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်းတွင် ပြဿနာတစ်ခု ရှိနေရသနည်း။ ဤသည်မှာ အစွမ်းအစနှင့်သက်ဆိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ နောက်ဆုံးတွင် ယင်းသည် အစွမ်းအစ ညံ့ဖျင်းခြင်းကြောင့်သာ ဖြစ်ပေသည်။

အသင်းတော်တစ်ခု၏ အနှစ်သာရရှိသော အလုပ်နှင့်ပတ်သက်၍ အချက်သုံးချက်ကို ယခုလေးတင် ဖော်ပြခဲ့သည်။ တစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံခြင်းနှင့် ဖြန့်ချိခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် လူတို့ကို ဦးဆောင်လမ်းပြခြင်း၊ ပြီးလျှင် လူတို့ သမ္မာတရားကို နားလည်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန်နှင့် သူတို့၏ တာဝန်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန် ကူညီခြင်း ဖြစ်သည်။ ပြီးလျှင် နောက်ထပ်တစ်ခုမှာ လူတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းအပေါ် အခြေခံလျက် ဘုရားသခင်၏ အမှုတော်ကိုလည်းကောင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကိုလည်းကောင်း တွေ့ကြုံခံစားစေရန်၊ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပြီး စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိစေရန် ဦးဆောင်လမ်းပြခြင်း ဖြစ်သည်။ ဤအရာအားလုံးသည် လူတို့ ကယ်တင်ခြင်းကို ရရှိနိုင်စေရန် ပန်းတိုင်သို့ ဦးတည်သည်။ သင်တို့သည် ဤအချက်သုံးချက်ကို အနှစ်ချုပ်ခဲ့သည်မှာ ကောင်းလှသည်၊ ယင်းတို့သည် အသင်းတော်တစ်ခု လုပ်ဆောင်ရန် လိုအပ်သော အလုပ်ဖြစ်ပြီး လူသားမျိုးနွယ်အတွက်၊ အသင်းသားများအတွက်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှု ဖြစ်သည်။ သို့သော် ဤသည်မှာ အတော်အတန် ပြည့်စုံခြင်းမရှိသေးပေ။ ဤအနှစ်သာရရှိသော အလုပ်များအပြင် အသင်းတော်များက လုပ်ဆောင်သည့် ဤအလုပ်ကို တွေ့ကြုံခံစားခြင်းမှလွဲ၍ လူတို့သည် အခြား မည်သည့် အနှစ်သာရရှိသော အကျိုးကျေးဇူးများကို ရရှိသည်ကို ထပ်မံစဉ်းစားကြည့်လော့။ (လူတို့သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်ရန် သင်ယူကြပါသည်။) အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်ခြင်းသည် အတော်အတန် နီးစပ်သည်၊ ယင်းသည် အသင်းတော်တစ်ခု၏ အနှစ်သာရရှိသော အလုပ်နှင့် သက်ဆိုင်သည်။ ငါတို့သည် အနှစ်သာရရှိသော အလုပ်အကြောင်းကို ပြောဆိုသည့်အခါ ကိုယ်စားပြုသော အလုပ်တာဝန်များအကြောင်းကို ပြောဆိုနေခြင်း ဖြစ်သည်။ ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ လူတို့ စွမ်းဆောင်ရရှိသည့် အပြုသဘောဆောင်သော အကျိုးအမြတ်များဖြစ်သည်၊ သို့မဟုတ် လူတို့ လုပ်ဆောင်သော သို့မဟုတ် တွေ့ကြုံခံစားသော အသင်းတော်များက ဆောင်ရွက်သည့် အလုပ်အချို့ ဖြစ်သည်။ ဤအနှစ်သာရရှိသော အလုပ်များအပြင် အသင်းတော်တစ်ခု တည်ရှိခြင်း၏ နောက်ထပ်တန်ဖိုးတစ်ခုမှာ လူတို့ကို လူသားမျိုးနွယ်၊ လောကနှင့် အမှောင်၏ဩဇာလွှမ်းမိုးမှုကို နားလည်စေရန် ကူညီခြင်း ဖြစ်သည်။ ဤသည်မှာ သင်တို့ မိတ်သဟာယဖွဲ့ခဲ့သော အလုပ်သုံးခုအပြင် အသင်းတော်တစ်ခု၏ နောက်ထပ်အနှစ်သာရရှိသော အလုပ်တစ်ခု ဟုတ်သလော။ ဤသည်မှာ တိကျသော အလုပ်တစ်ခုလော။ (ဟုတ်ပါသည်။) ပထမ အလုပ်သုံးခုနှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ အဓိကမကျသော အလုပ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့် ယင်းကို အဓိကမကျဟု မှတ်ယူရသနည်း။ အကြောင်းမှာ ယင်းသည် လူတို့က ပထမ အလုပ်သုံးခုကို တွေ့ကြုံခံစားခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိသည့် ရလဒ်တစ်ခုဖြစ်သောကြောင့် ဖြစ်သည်။ ယင်းကို ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သမ္မာတရားကို နားလည်ခြင်း၊ မိမိကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နားလည်ခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်းတို့မှတစ်ဆင့် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ ရလဒ်မှာ လူတို့သည် ဤကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်၊ ဤမှောင်မိုက်သော လောကနှင့် အမှောင်၏ဩဇာလွှမ်းမိုးမှုကို နားလည်လာကြခြင်း ဖြစ်သည်။ ဤရလဒ်ကို ယခုအခါ တစ်စိတ်တစ်ပိုင်း စွမ်းဆောင်ရရှိပြီးပြီလော။ (ရရှိပြီးပါပြီ။) ဤသည်မှာ အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုး မဟုတ်လော။ ဤသည်မှာ ဘုရားသခင်နောက်လိုက်သောသူများအတွက် အသင်းတော်တစ်ခု တည်ရှိခြင်းက ရှိသင့်သည့် လုပ်ဆောင်ချက်နှင့် အကျိုးသက်ရောက်မှု မဟုတ်လော။ (ဟုတ်ပါသည်။) တစ်ဖက်တွင် ယင်းတွင် ဤဓမ္မဓိဋ္ဌာန်ကျသော အကျိုးသက်ရောက်မှု ရှိသည်၊ ထို့အပြင် အသင်းတော်များသည်လည်း ဤအလုပ်ကို အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ဆောင်ရွက်နေကြသည်။ ဤအလုပ်တွင် မည်သည့် တိကျသော စီမံကိန်းများ ပါဝင်သနည်း။ ဥပမာအားဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူများက ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို တွေ့ကြုံခံစားရခြင်းအကြောင်း ရုပ်ရှင်များ ဖြစ်သည်။ တစ်ဖက်တွင် ဤသည်တို့မှာ ဘုရားသခင်နောက်လိုက်သောသူများက စာတန်၏ ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရသည့်အခါ ပေးသော သက်သေခံချက်များ ဖြစ်သည်၊ အခြားတစ်ဖက်တွင် ၎င်းတို့သည် ဤကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်၊ ဤမှောင်မိုက်သော လောကနှင့် အမှောင်၏ ဩဇာလွှမ်းမိုးမှုတို့က ဘုရားသခင်နှင့် သမ္မာတရားကို မည်သို့ အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချသည်ကိုလည်းကောင်း၊ ဘုရားသခင်နောက်လိုက်သောသူများကို ၎င်းတို့ ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်းနှိပ်စက်သည့် အမျိုးမျိုးသော နည်းလမ်းများကိုလည်းကောင်း ဖော်ထုတ်နေခြင်း ဖြစ်သည်။ ဤအရာများကို ဖော်ထုတ်နေစဉ် ရုပ်ရှင်များသည် လူတို့ကို ဤရှုထောင့်မှ လူသားမျိုးနွယ်ကိုလည်းကောင်း၊ လောကကိုလည်းကောင်း၊ အမှောင်၏ ဩဇာလွှမ်းမိုးမှုကိုလည်းကောင်း နားလည်စေရန် ကူညီသည်။ အချို့လူများက “‘လူသားမျိုးနွယ်နှင့် လောကကို နားလည်ခြင်း’ ဖြင့် သင် မည်သည့်အရာကို ဆိုလိုသနည်း” ဟု ပြောကြသည်။ ယင်းက မည်သည့်အရာကို ဆိုလိုသည်ဟု သင်တို့အားလုံး ထင်သနည်း။ (လူသားမျိုးနွယ်နှင့် လောက၏ အမှောင်ထုနှင့် ကောက်ကျစ်ဆိုးယုတ်မှုကို နားလည်ခြင်းအပြင် လူသားမျိုးနွယ်တစ်ရပ်လုံး ဘုရားသခင်၏ ရန်သူများဖြစ်ခြင်း၏ အနှစ်သာရကို နားလည်ခြင်း ဖြစ်ပါသည်။) မှန်ပေသည်။ ယင်းသည် လူသားမျိုးနွယ်၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် အမှောင်ထုကို နားလည်ခြင်း၊ ဘုရားသခင်၏ ရန်သူများအဖြစ် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာများနှင့် စရိုက်မှန်ကို နားလည်ခြင်းကို ဆိုလိုသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းအကြောင်း ဗီဒီယိုများ သို့မဟုတ် ပုဂ္ဂိုလ်ရေး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များသည် အသင်းတော်များက လုပ်ဆောင်သည့် ဤအလုပ်၏ တိကျသော ဥပမာများ ဖြစ်ကြသည်။ ထို့အပြင် ရိုးရာယဉ်ကျေးမှု၊ လူ့ကိုယ်ကျင့်တရားဆိုင်ရာ အမြင်များ၊ အချို့သော တိုင်းရင်းသားအုပ်စုများ သို့မဟုတ် လူမျိုးများ၏ အတွေးအခေါ်များအပြင် တရုတ်ပြည်ရှိ တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ ရိုးရာအယူဝါဒများ၊ သမ္မာတရားအတုအယောင်အချို့နှင့် လူတို့ကို ချည်နှောင်ပြီး ၎င်းတို့၏ အတွေးအခေါ်များကို ဘောင်ခတ်သော မိသားစုစည်းမျဉ်းများနှင့် ပြုစုပျိုးထောင်ခြင်းတို့ကို ဖော်ထုတ်ခြင်းဟူသည့် ဤအရာများကို ဖော်ထုတ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤသည်မှာ မည်သည့်အလုပ်အမျိုးအစားအောက်တွင် ကျရောက်သနည်း။ ကျွန်ုပ် ယခင်က “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသော ပုံပြင်တွင် စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည့် အကြောင်းအရာသည် လောက၊ လူသားမျိုးနွယ်နှင့် အမှောင်၏ဩဇာလွှမ်းမိုးမှုကို နားလည်ခြင်း၏ အစိတ်အပိုင်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဤအလုပ်၏ တိကျသော အကြောင်းအရာ၏ ဥပမာတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ဤအလုပ်သည်လည်း အသင်းတော်တစ်ခုက လုပ်ဆောင်သင့်သည့် တိကျသော အလုပ်တစ်ခု ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် အသင်းတော်တစ်ခု၏ အလုပ်မှာ တစ်ဖက်တွင် လူတို့ကို ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိစေရန် ဦးဆောင်လျက် သမ္မာတရားမှတစ်ဆင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ အပြုသဘောဆောင်စွာ လမ်းညွှန်ရန် ဖြစ်သည်။ အခြားတစ်ဖက်တွင် လူတို့သည် ဤကောက်ကျစ်ဆိုးယုတ်သော ခေတ်၏ စစ်မှန်သော သဘာဝနှင့် အနှစ်သာရကို နားလည်နိုင်စေရန်အလို့ငှာ စာတန်ဆန်သော၊ မှောင်မိုက်သော လောကကို ဖော်ထုတ်ရန်၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် စာတန်၏ အမျိုးမျိုးသော ရန်လိုသည့် လုပ်ရပ်များကို ဖော်ထုတ်ရန်၊ လူ့အဖွဲ့အစည်းရှိ ဆိုးယုတ်သော ရေစီးကြောင်းများ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အမျိုးမျိုးသော စိတ်ကူးများနှင့် အယူအဆများအပြင် ၎င်းတို့၏ မိစ္ဆာဒိဋ္ဌိအယူဝါဒများ၊ မှားယွင်းသော အယူအဆများ စသည်တို့ကို ဖော်ထုတ်ရန် ဖြစ်သည်။ ဤသည်မှာ အသင်းတော်၏ အနှစ်သာရရှိသော အလုပ် မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်မှာ သင်တို့သည် အသင်းတော်၏ အလုပ်မှ များစွာ ရရှိပြီးဖြစ်ကာ အနှစ်သာရရှိသော အကျိုးကျေးဇူးများကို ရရှိပြီးဖြစ်သည်။ အသင်းတော်ရှိ လူများနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် သမ္မာတရားကို စိတ်ဝင်စားသောသူများဖြစ်စေ၊ သမ္မာတရားကို စိတ်မဝင်စားသောသူများဖြစ်စေ ဘုရားသခင်နောက် သုံးနှစ်မှ ငါးနှစ်အထိ လိုက်ပြီးနောက် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ရန် စုဝေးခြင်းများမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်းမှတစ်ဆင့်၊ ဘာသာတရား မရှိသူများထံမှ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အသရေဖျက်ခြင်း၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့ထံမှ နှောင့်ယှက်ခြင်းများနှင့် အခြားအမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို တွေ့ကြုံခံစားခြင်းတို့မှတစ်ဆင့်၊ ၎င်းတို့သည် ဤမှောင်မိုက်သော လောက၊ ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်၊ အုပ်စိုးသူ အာဏာပိုင်များနှင့် တစ်ကမ္ဘာလုံး၏ အမှောင်၏ဩဇာလွှမ်းမိုးမှုတို့အပေါ် ပိုင်းခြားသိမြင်မှုနှင့် သိနားလည်မှုအချို့ အမှုမဲ့အမှတ်မဲ့ ရှိလာကြလိမ့်မည်။ ဤသည်တို့မှာ ၎င်းတို့ စွမ်းဆောင်ရရှိသည့် အကျိုးအမြတ်များ ဖြစ်ကြသည်။ ပြီးလျှင် ဤအကျိုးအမြတ်များမှာ မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းတို့ကို အသင်းတော်များ တည်ရှိခြင်းက ဆောင်ကြဉ်းပေးခြင်းလော။ ယင်းတို့ကို အသင်းတော်များက လုပ်ဆောင်သည့် အလုပ်က ဆောင်ကြဉ်းပေးခြင်းလော။ (ဟုတ်ပါသည်။) တစ်ဖက်တွင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အမှုတော်နှင့် စိတ်သဘောထားတို့အပေါ် အချို့သော နားလည်မှုကို ရရှိခဲ့ကြသည်၊ အခြားတစ်ဖက်တွင် ၎င်းတို့သည် လောက၊ လူသားမျိုးနွယ်နှင့် အမှောင်၏ဩဇာလွှမ်းမိုးမှုတို့အပေါ် အချို့သော သက်ဆိုင်ရာ အသိတရားနှင့် ပိုင်းခြားသိမြင်နိုင်စွမ်းကိုလည်း ရရှိခဲ့ကြသည်။ လူတို့အပေါ် ဤအကျိုးအမြတ်နှစ်ခု၏ ရလဒ်များနှင့် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများသည် ၎င်းတို့ ကယ်တင်ခြင်းကို ရရှိရန် စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။

အသင်းတော်တစ်ခု၏ အလုပ်ကို အကျဉ်းချုပ်ရလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို ဖြန့်ချိခြင်းနှင့် သက်သေခံခြင်း၊ ပြီးလျှင် လူတို့ သမ္မာတရားကို နားလည်နိုင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ရန်နှင့် ၎င်းတို့၏ တာဝန်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်လမ်းပြခြင်း ဖြစ်သည်။ ထို့အပြင် သမ္မာတရားကို နားလည်ခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားနိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားကာ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုကို စွမ်းဆောင်ရရှိနိုင်သည်။ ဤအချက်သုံးချက်အပြင် လူတို့ကို ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်၊ မှောင်မိုက်သော လောကနှင့် အမှောင်၏ဩဇာလွှမ်းမိုးမှုကို နားလည်စေရန် ကူညီခြင်း ပါဝင်လေသည်။ အသင်းတော်တစ်ခု၏ အလုပ်၏ ကဏ္ဍများသည် များပြားခြင်းမရှိသော်လည်း တိကျသော အကြောင်းအရာမှာ အလွန်ကျယ်ပြန့်သည်။ အကြောင်းအရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရား၊ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့နှင့် သက်ဆိုင်သည်၊ ယင်းသည် ကယ်တင်ခြင်းခံရခြင်းနှင့် ပို၍ပင် သက်ဆိုင်သည်မှာ ပြောစရာမလိုပေ။ ဤသည်မှာ အသင်းတော်တစ်ခု၏ လုပ်ဆောင်ချက်နှင့် အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုး ဖြစ်သည်။ အသင်းတော်တစ်ခု၏ အလုပ်၏ ကဏ္ဍတိုင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုနှင့် နီးကပ်စွာ ဆက်စပ်နေသည်၊ အကြောင်းမှာ ယင်းသည် လူတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ သဘောထားပြုမူသည်နှင့် သက်ဆိုင်သည်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားနှင့် သက်ဆိုင်သည်၊ ၎င်းတို့၏ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည်၊ ပြီးလျှင် လောက၊ လူသားမျိုးနွယ်နှင့် အမှောင်၏ဩဇာလွှမ်းမိုးမှုတို့အပေါ် ၎င်းတို့၏ အမြင်များနှင့် သဘောထားများနှင့်လည်း သက်ဆိုင်သောကြောင့် ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော်၊ အသင်းတော်တစ်ခု တည်ရှိခြင်းသည် လူတိုင်းနှင့် နီးကပ်စွာ ဆက်စပ်နေပြီး၊ အသင်းတော်တစ်ခု ပါဝင်လုပ်ဆောင်သည့် အလုပ်အပြင် ယင်းတည်ရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှုသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသော လူတိုင်းနှင့် ခွဲခွာ၍မရသော ဆက်စပ်မှုရှိသည်။

အသင်းတော်တစ်ခု လုပ်ဆောင်ရန် လိုအပ်သည့် တိကျသော အလုပ်အကြောင်း မိတ်သဟာယဖွဲ့ပြီးနောက် “အသင်းတော်” ဟူသော အမည်သညာနှင့် အသင်းတော်တစ်ခု တည်ရှိခြင်း၏ အရေးပါမှုတို့နှင့်ပတ်သက်၍ လူတို့၌ ရှိသော မသင့်လျော်သည့် အနက်ဖွင့်ဆိုချက်များနှင့် အမြင်များကို ငါတို့ မိတ်သဟာယဖွဲ့ကြစို့။ ပထမဦးစွာ လူတို့သည် အသင်းတော်ကို အတော်အတန် နှစ်သိမ့်မှုပေးသော နေရာတစ်ခု၊ နွေးထွေးမှုနှင့် နေရောင်ခြည်တို့ဖြင့် ပြည့်နေသော နေရာတစ်ခု၊ ပဋိပက္ခ၊ စစ်၊ သတ်ဖြတ်ခြင်း သို့မဟုတ် သွေးချောင်းစီးမှုတို့မှ ကင်းမဲ့သော အတော်အတန် ဖော်ရွေသည့် နေရာတစ်ခု၊ လူတို့၏ စိတ်နှလုံးများက တမ်းတပြီး ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေသော စံပြနေရာတစ်ခုအဖြစ် ထင်မှတ်ကြသည်။ ဤနေရာတွင် မနာလိုဝန်တိုခြင်း သို့မဟုတ် ပဋိပက္ခ၊ ကျိတ်ကြံစည်မှု၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ သို့မဟုတ် ဘာသာတရား မရှိသူများ၏ လောကတွင် တွေ့ရသည့် အခြားမည်သည့် ဖြစ်စဉ်မျှ မရှိပေ။ ယင်းကို လူတို့က မိမိတို့၏ စိတ်နှလုံးများကို ကျောက်ချရပ်နားနိုင်သည့် စံပြဆိပ်ကမ်းတစ်ခုအဖြစ် ရှုမြင်ကြသည်။ “အသင်းတော်” ဟူသော အမည်သညာနှင့်ပတ်သက်၍ လူတို့၏ စိတ်ကူးစိတ်သန်းများ မည်မျှပင် လှပသည်ဖြစ်စေ၊ အချုပ်အားဖြင့် လူတို့သည် အသင်းတော်၌ ဝိညာဉ်ရေးရာ အထောက်အပံ့ ပမာဏတစ်ခုကို ရှာတွေ့ကြသည်။ ဤဝိညာဉ်ရေးရာ အထောက်အပံ့သည် လူတို့အတွက် ပို၍ လက်ဆုပ်လက်ကိုင်ပြနိုင်သော လုပ်ဆောင်ချက်တစ်ခု ရှိသည်၊ ၎င်းတို့ အခက်အခဲများ ကြုံတွေ့ရသည့်အခါ မိမိတို့၏ ဒုက္ခများကို ထုတ်ဖော်ပြောဆိုရန် အသင်းတော်ထံ လာနိုင်ပြီး အသင်းတော်က ၎င်းတို့အား စိုးရိမ်ပူပန်မှုများကို သက်သာစေရန်နှင့် ၎င်းတို့၏ အခက်အခဲများကို ဖြေရှင်းပေးရန် ကူညီနိုင်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် အလုပ်၌ဖြစ်စေ၊ ဘဝ၌ဖြစ်စေ အခက်အခဲများ ကြုံတွေ့ရလျှင်၊ ၎င်းတို့၏ သားသမီးများက မနာခံလျှင်၊ ၎င်းတို့၏ ခင်ပွန်း သို့မဟုတ် ဇနီးက ဖောက်ပြန်လျှင်၊ ယောက္ခမနှင့် ချွေးမတို့ကြား ပဋိပက္ခများ ရှိလျှင်၊ လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် အိမ်နီးချင်းများနှင့် အငြင်းပွားမှုများ ရှိလျှင်၊ ၎င်းတို့၏ သားသမီးများ အနိုင်ကျင့်ခံရလျှင်၊ ၎င်းတို့၏ လယ်မြေကို ဒေသခံ အနိုင်ကျင့်ဗိုလ်ကျသူတစ်ဦးက သိမ်းပိုက်လျှင် စသည်ဖြင့် ဤအရာများ ဖြစ်ပျက်သည့်အခါ လူတို့သည် အသင်းတော်မှ တစ်စုံတစ်ဦးက ၎င်းတို့အတွက် ရပ်တည်ပေးပြီး ဤကိစ္စရပ်များကို ဖြေရှင်းကာ စီစဉ်ဆောင်ရွက်ပေးရန် ကူညီလိမ့်မည်ဟု မျှော်လင့်ကြသည်။ လူတို့၏ စိတ်ထဲတွင် အသင်းတော်သည် ထိုသို့သော နေရာတစ်ခု ဖြစ်သည်။ သံသယဖြစ်ဖွယ်မရှိဘဲ လူတို့၏ စိတ်ထဲတွင် အသင်းတော်သည် ခိုလှုံရာတစ်ခု၊ စံပြသုခဘုံတစ်ခု၊ စိုးရိမ်ပူပန်မှုများကို သက်သာစေပြီး အခက်အခဲများကို ဖြေရှင်းပေးရန်၊ အကြမ်းဖက်မှုကို ဖယ်ရှားရှင်းလင်းပြီး ကြင်နာတတ်သူများကို ငြိမ်းချမ်းစွာ နေထိုင်ခွင့်ပြုရန်နှင့် တရားမျှတမှုကို ထိန်းသိမ်းရန် နေရာတစ်ခု ဖြစ်သည်။ ဘဝ ခက်ခဲလာလျှင် အသင်းတော်က ကယ်ဆယ်ရေး ထောက်ပံ့သင့်သည်၊ စားစရာ ဟင်းသီးဟင်းရွက်မရှိဘဲ ချက်စရာ ဆန်မရှိလျှင် အသင်းတော်က ၎င်းတို့ကို ဖြန့်ဝေပေးသင့်သည်၊ အဝတ်အစားမရှိလျှင် အသင်းတော်က ဝယ်ပေးသင့်သည်၊ တစ်စုံတစ်ဦး နာမကျန်းဖြစ်လျှင် အသင်းတော်က ကုသမှုစရိတ်ကို ပေးချေသင့်သည်။ တစ်စုံတစ်ဦး အလုပ်၌ အခက်အခဲများ ကြုံတွေ့ရသည့်အခါ အသင်းတော်မှ ညီအစ်ကိုမောင်နှမများက ကူညီသောလက်တစ်စုံကို ကမ်းလှမ်းသင့်သည်၊ ရှိသည့် အဆက်အသွယ်၊ အာဏာတို့ကို အသုံးပြုခြင်း၊ အဆက်အသွယ်များကို အသုံးချခြင်း သို့မဟုတ် လမ်းညွှန်မှုပေးခြင်းတို့ကို ပြုလုပ်သင့်သည်။ လူတစ်ဦး၏ သားသမီးများက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ဖြေဆိုသည့်အခါ ၎င်းတို့၏ သားသမီးများ တက္ကသိုလ်သို့ အောင်မြင်စွာ ဝင်ခွင့်ရရှိရေးကို သေချာစေရန် ကြိုးပမ်းလျက် ၎င်းတို့အတွက် ဆုတောင်းပေးရန် ပို၍များသော လူများကို ရှာဖွေဖို့ အသင်းတော်ကို အားကိုးအားထားပြုကြသည်။ မည်သည့်အခက်အခဲများကို ကြုံတွေ့ရသည်ဖြစ်စေ၊ အသင်းတော်ထံ လာသရွေ့ ဤအခက်အခဲအားလုံးကို ဖြေရှင်းနိုင်ပြီး စီစဉ်ဆောင်ရွက်ပေးနိုင်ပေသည်။ ဆိုးယုတ်သောလူများ၏ လက်ထဲတွင် မတော်မတရား ပြုမူဆက်ဆံခြင်းကို ခံရလျှင်ပင် လူများစွာနှင့် ဩဇာလွှမ်းမိုးမှုကြီးမားသော အသင်းတော်က ကိစ္စရပ်များကို ဖြေရှင်းပေးနိုင်သည်။ လူများစွာ၏ အားပေးမှု၊ ထောက်ခံမှုဖြင့် လူတစ်ဦးသည် လူမိုက်များ၏ အနိုင်ကျင့်ခြင်းကို နောက်ထပ် ကြောက်ရွံ့ခြင်း သို့မဟုတ် စိုးရိမ်ခြင်း ရှိတော့မည် မဟုတ်ပေ။ လူ့အဖွဲ့အစည်းတွင် အနိုင်ကျင့်ခြင်း၊ ဖယ်ကြဉ်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းရန် နည်းလမ်းမရှိဘဲ အစဉ်မပြတ် ရုန်းကန်နေရသည့်အခါတွင်ပင် လူတစ်ဦးသည် အသင်းတော်ထံမှ အကူအညီနှင့် အကြံဉာဏ်ကောင်းများကို ရှာဖွေနိုင်ပြီး သင့်တော်သော အလုပ်ကို ရှာဖွေနိုင်သည် ဟူ၍ဖြစ်သည်။ ဤအရာအားလုံးနှင့် နောက်ထပ်များစွာတို့သည် လူတို့က အသင်းတော်တစ်ခုက ပါဝင်ဆောင်ရွက်သင့်သည့် အခန်းကဏ္ဍနှင့် လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်ဟု ယုံကြည်ကြသောအရာများ ဖြစ်သည်။ လူတို့၏ အတွေးများနှင့် အယူအဆများမှဖြစ်စေ၊ အသင်းတော်တစ်ခုထံမှ ၎င်းတို့ တောင်းဆိုသည့်အရာမှဖြစ်စေ အကဲဖြတ်ရလျှင် ၎င်းတို့သည် အသင်းတော်ကို လူမှုဖူလုံရေးအဖွဲ့အစည်းတစ်ခု၊ ပရဟိတအဖွဲ့အစည်းတစ်ခု၊ အိမ်ထောင်ရေး အကျိုးဆောင်လုပ်ငန်း သို့မဟုတ် လူသစ်ရှာဖွေရေး အေဂျင်စီတစ်ခု သို့မဟုတ် ကြက်ခြေနီအသင်းတစ်ခုအဖြစ် သံသယဖြစ်ဖွယ်မရှိဘဲ ရှုမြင်ကြသည်မှာ ရှင်းလင်းသည်။ အချို့ကမူ ၎င်းတို့သည် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်အကြားတွင် မည်မျှပင် အရည်အချင်းရှိသည်ဖြစ်စေ၊ ၎င်းတို့၏ အဆင့်အတန်း မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် အားကိုးရန် တန်ခိုးသြဇာကြီးမားသည့် အင်အားစုတစ်ခုကို အမြဲလိုအပ်သည်ဟုပင် ထင်မှတ်ကြသည်။ ၎င်းတို့ လူ့အဖွဲ့အစည်းတွင် အခက်အခဲများ ကြုံတွေ့ရသည့်အခါ သို့မဟုတ် အာဏာရှိသူများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့ကို ထောက်ခံရန်၊ ၎င်းတို့အတွက် ပြောဆိုပေးရန်၊ ၎င်းတို့အတွက် ဦးစီးဦးရွက်လုပ်ပေးရန်နှင့် ၎င်းတို့၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများအတွက် တိုက်ခိုက်ပေးရန် အင်အားကြီးသော အင်အားစုတစ်ခုကို လိုအပ်သည်။ ၎င်းတို့၏ အမြင်တွင် အသင်းတော်သည် ဤအခန်းကဏ္ဍကို ဖြည့်ဆည်းပေးနိုင်ပြီး ၎င်းတို့ မျှော်လင့်ထားသော ရည်ရွယ်ချက်ကို အောင်မြင်စေနိုင်သောကြောင့် အသင်းတော်သည် ၎င်းတို့၏ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်လာသည်။ ၎င်းတို့သည် အသင်းတော်ကို ဆရာများသမဂ္ဂ၊ သယ်ယူပို့ဆောင်ရေးသမဂ္ဂ၊ လယ်သမားများအသင်း၊ အမျိုးသမီးများအသင်း၊ သက်ကြီးရွယ်အိုများအသင်း စသည်ဖြင့် ဤသို့သော လူမှုရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် အဖွဲ့အစည်းများဖြစ်သည့် လူမှုရေးသမဂ္ဂ သို့မဟုတ် အသင်းအဖွဲ့တစ်ခုအဖြစ် ရှုမြင်ကြသည်မှာ သိသာထင်ရှားပေသည်။ လူတို့၏ အသင်းတော်တစ်ခုနှင့်ပတ်သက်သည့် အနက်ဖွင့်ဆိုချက်များ အမှန်တကယ် မည်သို့ပင်ဖြစ်စေ အသင်းတော်တစ်ခု လုပ်ဆောင်သည့် အလုပ်နှင့် အသင်းတော်တစ်ခု၏ တိကျသော အနက်ဖွင့်ဆိုချက်တို့မှ အကဲဖြတ်ရလျှင် အသင်းတော်အပေါ် လူတို့၏ သဘောထားများနှင့် တောင်းဆိုချက်များသည် မမှန်ကန်သည့်အပြင် မခိုင်လုံဘဲ လူတို့၌ ထိုအရာများ မရှိသင့်သည်မှာ သိသာထင်ရှား၏။ အသင်းတော်သည် လောကကို ကူညီပြီး လူတို့ကို ကယ်တင်ရန် သို့မဟုတ် လူတို့၏ စိုးရိမ်ပူပန်မှုများကို သက်သာစေပြီး အခက်အခဲများကို ဖြေရှင်းပေးရန် နေရာတစ်ခု ဖြစ်ဖို့ မဆိုထားနှင့်၊ “သူဌေးများကို ဓားပြတိုက်၍ ဆင်းရဲသားများကို ကျွေးမွေးခြင်း”၊ အကြမ်းဖက်မှုကို ဖယ်ရှားပြီး ကြင်နာတတ်သူများကို ငြိမ်းချမ်းစွာ နေထိုင်ခွင့်ပြုခြင်း သို့မဟုတ် တရားမျှတမှုကို ထိန်းသိမ်းခြင်းတို့ ပြုလုပ်ရန် နေရာတစ်ခု မဟုတ်ပေ။ အသင်းတော်သည် ပရဟိတအဖွဲ့အစည်းတစ်ခု မဟုတ်၊ လူမှုဖူလုံရေးအဖွဲ့အစည်းတစ်ခု မဟုတ်သည့်အပြင် လောကီမိတ်သဟာယအဖွဲ့တစ်ခုလည်း မဟုတ်ပေ။ အသင်းတော်တစ်ခု၏ တည်ထောင်ခြင်းနှင့် ပေါ်ပေါက်လာခြင်းသည် လူမှုရေးအုပ်စု သို့မဟုတ် အဖွဲ့အစည်းတစ်ခုအဖြစ် ဆောင်ရွက်ရန် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံပြီး ဖြန့်ချိရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ဖို့၊ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားဖို့နှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိရန် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားဖို့ လူတို့ကို ဦးဆောင်ခြင်းဟူသည့် အသင်းတော်တစ်ခုက တာဝန်ယူသင့်သည့် အနှစ်သာရရှိသော အလုပ်အနည်းငယ်တို့မှလွဲ၍ အသင်းတော်သည် လူ့အဖွဲ့အစည်း သို့မဟုတ် မည်သည့်လူမျိုးစုကိုမဆို မည်သည့်လုပ်ငန်းဆောင်တာမျှဖြစ်စေ၊ မည်သည့်အကူအညီကိုမျှဖြစ်စေ ပေးအပ်ရန် တာဝန်မရှိပေ။ ထို့အပြင် အသင်းတော်သည် လူတို့၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများအတွက် တိုက်ခိုက်ပေးရန် နေရာတစ်ခု မဟုတ်သည့်အပြင် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ ဘဝများ၊ လူမှုရေးအဆင့်အတန်း၊ အလုပ်ရာထူးများ၊ လစာများ၊ လူမှုဖူလုံရေး စသည်တို့ကို အာမခံရန် တာဝန်မရှိပေ။ လူတို့၏ အယူအဆများတွင် အသင်းတော်၏ လုပ်ငန်းဆောင်တာများသည် အကြမ်းဖက်မှုကို ဖယ်ရှားပြီး ကြင်နာတတ်သူများကို ငြိမ်းချမ်းစွာ နေထိုင်ခွင့်ပြုရန်၊ တရားမျှတမှုကို ထိန်းသိမ်းရန်၊ လူတို့၏ စိုးရိမ်ပူပန်မှုများကို သက်သာစေပြီး ၎င်းတို့၏ အခက်အခဲများကို ဖြေရှင်းပေးရန်၊ လောကကို ကူညီပြီး လူတို့ကို ကယ်တင်ရန်နှင့် လူတို့၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများအတွက် တိုက်ခိုက်ပေးရန်၊ အခြေခံအားဖြင့် ဤလုပ်ငန်းဆောင်တာများ ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ထို့ကြောင့် လူတို့သည် အသင်းတော်ကို မိမိတို့အတွက် အသင့်ရှိနေသော အကူအညီဟု ယုံကြည်ကြပြီး မည်သည့်အခက်အခဲကိုမဆို အသင်းတော်က ဖြေရှင်းကာ စီစဉ်ဆောင်ရွက်ပေးနိုင်သည်ဟု ယုံကြည်ကြသည်။ သိသာထင်ရှားစွာပင်၊ လူတို့သည် အသင်းတော်ကို လူမှုရေးဆိုင်ရာ အသင်းအဖွဲ့၊ အဖွဲ့အစည်း သို့မဟုတ် အုပ်စုတစ်ခုအဖြစ် မှတ်ယူကြသည်။ သို့သော်လည်း အသင်းတော်သည် ထိုသို့သော အဖွဲ့အစည်းတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) အကယ်၍ လူတို့က အသင်းတော်တစ်ခု တည်ရှိသည်ဟု ယုံကြည်သော လုပ်ငန်းဆောင်တာများနှင့် အခန်းကဏ္ဍများသည် အကြမ်းဖက်မှုကို ဖယ်ရှားပြီး ကြင်နာတတ်သူများကို ငြိမ်းချမ်းစွာ နေထိုင်ခွင့်ပြုရန်၊ တရားမျှတမှုကို ထိန်းသိမ်းရန်၊ လူတို့၏ စိုးရိမ်ပူပန်မှုများကို သက်သာစေပြီး အခက်အခဲများကို ဖြေရှင်းပေးရန်၊ လောကကို ကူညီပြီး လူတို့ကို ကယ်တင်ရန်၊ လူတို့၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများအတွက် တိုက်ခိုက်ပေးရန် စသည်တို့ဖြစ်ပါက ဤအသင်းတော်ကို အသင်းတော်ဟု ခေါ်ဆို၍မရနိုင်ပေ၊ အကြောင်းမှာ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် သို့မဟုတ် လူတို့ကို ကယ်တင်သည့် ဘုရားသခင်၏ အလုပ်တို့နှင့် ဆက်စပ်မှုမရှိသောကြောင့် ဖြစ်သည်။ ထိုသို့သော အုပ်စု သို့မဟုတ် အဖွဲ့အစည်းကို အုပ်စု သို့မဟုတ် အဖွဲ့အစည်းဟုသာ ရိုးရှင်းစွာ ခေါ်ဆိုသင့်ပြီး အသင်းတော်တစ်ခုနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိသကဲ့သို့ အသင်းတော်တစ်ခု၏ အလုပ်နှင့်လည်း မည်သည့်ဆက်စပ်မှုမျှ မရှိပေ။ အကယ်၍ အဖွဲ့အစည်းတစ်ခုသည် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသော အလံအောက်တွင် ဝတ်ပြုကိုးကွယ်ခြင်းများ တက်ရောက်ခြင်း၊ ဘုရားသခင်ကို ကိုးကွယ်ခြင်း၊ သမ္မာကျမ်းစာကို ဖတ်ရှုခြင်း၊ ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်းနှင့် ချီးမွမ်းခြင်းကဲ့သို့သော လှုပ်ရှားမှုများကို လုပ်ဆောင်လျှင် သို့မဟုတ် ယင်း၌ ပုံမှန်စုဝေးပွဲများနှင့် ဝတ်ပြုကိုးကွယ်ခြင်းများအပြင် အမည်ခံဖြစ်သော သမ္မာကျမ်းစာလေ့လာခြင်း အစည်းအဝေးများ၊ ဆုတောင်းခြင်း အစည်းအဝေးများ၊ အမှုတော်ဆောင်တွဲဖက် အစည်းအဝေးများ၊ အပြန်အလှန်ဆွေးနွေးခြင်း အစည်းအဝေးများ စသည်တို့ ရှိလျှင်ပင် ယင်း၌ မည်သည့်အသင်းသားအမျိုးအစားနှင့် ဖွဲ့စည်းပုံ ရှိသည်ဖြစ်စေ၊ ဤအရာများသည် စစ်မှန်သော အသင်းတော်တစ်ခုနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိပေ။ သို့ဆိုလျှင် စစ်မှန်သော အသင်းတော်တစ်ခုသည် အတိအကျ အဘယ်အရာဖြစ်သနည်း။ ယင်းသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ စစ်မှန်သော အသင်းတော်တစ်ခုသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်း၊ သူ၏ အလုပ်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏ သမ္မာတရားကို ဖော်ပြခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည်။ ယင်းသည် လူတို့က ဘုရားသခင်၏ အသံကို ကြားပြီး ဘုရားသခင်ထံ လှည့်ကာ ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံသည့်အခါ ဖြစ်ပေါ်လာသည်။ ဤသည်မှာ စစ်မှန်သော အသင်းတော်တစ်ခု ဖြစ်သည်။ အသင်းတော်တစ်ခုသည် လူတို့က စုစည်းပြီး တည်ထောင်ထားခြင်း မဟုတ်ဘဲ ဘုရားသခင်က ကိုယ်တိုင် တည်ထောင်ထားခြင်းဖြစ်ပြီး ဘုရားသခင်က ကိုယ်တော်တိုင် ဦးဆောင်ကာ ထိန်းကျောင်းခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အသင်းတော်များအတွက် တာဝန်ပေးစေခိုင်းချက်များ ရှိသည်။ အသင်းတော်တစ်ခု၏ သာသနာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိရန်၊ ဘုရားသခင်၏ အလုပ်ကို သက်သေခံရန်နှင့် လူတို့အား ဘုရားသခင်၏ အသံကို ကြားစေရန်၊ ဘုရားသခင်၏ မျက်မှောက်တော်သို့ ပြန်လာစေရန်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံစေရန်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့အတွက် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားစေရန်နှင့် ဘုရားသခင်အတွက် သက်သေခံရန် ကူညီပေးခြင်းဖြစ်သည်၊ ယင်းမှာ ထိုမျှ ရိုးရှင်းပေသည်။ ဤသည်မှာ အသင်းတော်တစ်ခု တည်ရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှု ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။