ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၃) အခန်း တစ်
အချက် ၁၄- အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ (အပိုင်း ၂)
ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးချက်မြောက် တာဝန်ဖြစ်သည့် “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့” ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ထိုမိတ်သဟာယဖွဲ့ခြင်းတွင် “အသင်းတော်ဆိုသည်မှာ အဘယ်အရာဖြစ်သည်” ဟူသည့် ကဏ္ဍတစ်ခု ပါဝင်ခဲ့သည်။ အသင်းတော်၏ အနက်အဓိပ္ပာယ်ကို မိတ်သဟာယ ဖွဲ့ပြီးနောက် ဤအရာနှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးချက်မြောက် တာဝန်တို့ကြားရှိ ဆက်နွှယ်မှုကို သင်တို့ ရှင်းရှင်းလင်းလင်း နားလည်ကြသလော။ (ဘုရားသခင်က အသင်းတော်၏ အနက်အဓိပ္ပာယ်ကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် အသင်းတော်များ အဘယ်ကြောင့် တည်ရှိသည်ကိုလည်းကောင်း၊ အသင်းတော်တစ်ခုက ပါဝင်သည့် အခန်းကဏ္ဍကိုလည်းကောင်း၊ အသင်းတော်တစ်ခုက လုပ်ဆောင်သည့် အလုပ်ကိုလည်းကောင်း ကျွန်ုပ်တို့ နားလည်ခဲ့ပါသည်၊ ဤအရာကို အခြေခံ၍ အသင်းတော်ထဲ၌ မည်သည့်လူများက အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေနေပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှ မပါဝင်သည်ကို ကျွန်ုပ်တို့ ပိုင်းခြားသိမြင်နိုင်ပါသည်၊ ပြီးနောက် ဤလူတို့ကို ဖယ်ထုတ်ပစ်နိုင်သည် သို့မဟုတ် နှင်ထုတ်နိုင်သည်။) အသင်းတော်ဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို နားလည်ပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်က အသင်းတော်များကို အဘယ်ကြောင့် တည်ထောင်သည်ကိုလည်းကောင်း၊ အသင်းတော်များ ဖွဲ့စည်းခြင်းက လူတို့အပေါ် မည်သို့သက်ရောက်မှု ရှိသည်ကိုလည်းကောင်း၊ အသင်းတော်များ လုပ်ဆောင်သင့်သည့်အလုပ်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ အသင်းတော်တစ်ခုကို ဖွဲ့စည်းသည့် လူအမျိုးအစားများနှင့် မည်သည့်လူများက စစ်မှန်သော ညီအစ်ကိုမောင်နှမများ ဖြစ်သည်ကိုလည်းကောင်း သိသင့်သည်။ ဤအရာများကို နားလည်ပြီး သိရှိပြီးနောက်တွင် သင်တို့သည် ဆယ့်လေးချက်မြောက် တာဝန်တွင် ဖော်ပြထားသည့် အလုပ်ဖြစ်သော “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့” အတွက် အခြေခံ အယူအဆတစ်ခုနှင့် အနက်အဓိပ္ပာယ်တစ်ခုအပြင် စည်းမျဉ်းဆိုင်ရာ အခြေခံအုတ်မြစ်တစ်ခုလည်း ရှိလာပြီဖြစ်သည်။ ဤသည်မှာ သင်တို့သည် သီအိုရီနှင့် ရူပါရုံပိုင်းဆိုင်ရာတွင် ရှင်းရှင်းလင်းလင်း သိထားပြီး နားလည်ထားသင့်သည့် အရာတစ်ခု ဖြစ်သည်။ ဤအရာကို နားလည်ပြီးသည့်နောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက တာဝန်ယူဆောင်ရွက်သင့်သည့် ပထမဆုံးအလုပ်မှာ ဆိုးယုတ်သည့် လူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ရန် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအတွက် စံနှုန်းများနှင့် စည်းမျဉ်းများမှာ အဘယ်နည်း။ ဆိုးယုတ်သော လူအမျိုးမျိုးတို့အား ပိုင်းခြားသိမြင်ခြင်းသည် အသင်းတော်၏ အနက်ဖွင့်ဆိုချက်၊ အသင်းတော်တည်ရှိခြင်း၏ အဓိပ္ပာယ်နှင့် တန်ဖိုးအပြင် အသင်းတော်များ တည်ထောင်ရန် ဘုရားသခင် သတ်မှတ်ပေးသည့် အလုပ်တို့အပေါ် အခြေခံသင့်သည်။ ပြီးခဲ့သည့်တစ်ကြိမ်က ဆိုးယုတ်သောလူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများကို အဓိကအမျိုးအစားသုံးခုအဖြစ် ခွဲခြားခဲ့သည်။ ဤအမျိုးအစားသုံးခုမှာ အဘယ်နည်း။ (လူတစ်ဦး၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်၊ လူတစ်ဦး၏ လူ့သဘာဝနှင့် ၎င်းတို့၏ တာဝန်အပေါ် သဘောထားတို့ ဖြစ်ပါသည်။) ဤအဓိက အမျိုးအစားသုံးခုသည် လုံလောက်အောင် တိကျပြီး ပြည့်စုံသလော။ အချို့လူများက “လူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်းသည် ၎င်းတို့ သမ္မာတရားကို ချစ်သည့်အတိုင်းအတာနှင့် ၎င်းတို့ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကြောက်ရွံ့သည့်အတိုင်းအတာတို့အပေါ် အခြေမခံဘဲ ထိုအစား ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်၊ ၎င်းတို့၏ လူ့သဘာဝနှင့် ၎င်းတို့၏ တာဝန်အပေါ် သဘောထားတို့အပေါ် အဘယ်ကြောင့် အခြေခံရသနည်း။ ဤစံနှုန်းများသည် အလွန်နိမ့်လွန်းသည် မဟုတ်လော။ တစ်နည်းအားဖြင့် ဤအမျိုးအစားသုံးခု၏ တိကျသော အကြောင်းအရာမှ အကဲဖြတ်ရလျှင် ဘုရားသခင်နှင့် သမ္မာတရားအပေါ် လူတို့၏ သဘောထားနှင့်ပတ်သက်၍ ပိုမိုနက်ရှိုင်းသော ဆွေးနွေးမှု အဘယ်ကြောင့် မရှိသနည်း။ လူတို့သည် ပြုပြင်ခြင်း၊ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံလိုစိတ်ရှိမရှိ၊ ၎င်းတို့၌ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကြောက်ရွံ့သော စိတ်နှလုံးရှိမရှိနှင့် သမ္မာတရားနှင့် သက်ဆိုင်သော အခြား ပိုမိုနက်ရှိုင်းသည့် အကြောင်းအရာများကို အဘယ်ကြောင့် ဖော်ပြထားခြင်း မရှိသနည်း” ဟု ပြောကြသည်။ သင်တို့သည် ဤမေးခွန်းအကြောင်းကို တစ်ခါမျှ စဉ်းစားဖူးသလော။ ဤကိစ္စကို ယခုလောလောဆယ် မဆွေးနွေးကြသေးစို့။ စံသတ်မှတ်ချက်သုံးခုဖြစ်သည့် လူတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်၊ ၎င်းတို့၏ လူ့သဘာဝနှင့် ၎င်းတို့၏ တာဝန်အပေါ် သဘောထားတို့ကို ဦးစွာ ကြည့်ကြစို့။ ယင်းတို့၏ ခေါင်းစဉ်များမှ အကဲဖြတ်ရလျှင် ဤစံသတ်မှတ်ချက်သုံးခုသည် တိမ်သလော။ အကယ်၍ လူတစ်ဦးသည် ဤအခြေခံအကျဆုံးသော စံသတ်မှတ်ချက်သုံးခုနှင့်စပ်လျဉ်း၍ စံနှုန်းမပြည့်မီလျှင် ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးဟု ခေါ်နိုင်သလော။ (မခေါ်နိုင်ပါ။) ၎င်းတို့ကို အသင်းတော်အသင်းသားတစ်ဦးအဖြစ် မှတ်ယူနိုင်သလော။ ၎င်းတို့ကို ဘုရားသခင်က အသင်းတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ်ပြုနိုင်သလော။ (မပြုနိုင်ပါ။) ဤအရာများထဲမှ တစ်ခုမျှ ၎င်းတို့အတွက် ဖြစ်နိုင်ချေမရှိပေ။ သို့ဖြစ်၍ လူတစ်ဦးသည် ဤစံသတ်မှတ်ချက်သုံးခုထဲမှ တစ်ခုခုနှင့်စပ်လျဉ်း၍ မလုံလောက်လျှင် သို့မဟုတ် စံမမီလျှင် ထိုသို့သော လူပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်သင့်သည်၊ ၎င်းတို့သည် ဆိုးယုတ်သော လူအမျိုးမျိုးတို့၏ အဆင့်အတန်းများနှင့် သက်ဆိုင်ပြီး ၎င်းတို့ကို ဖယ်ထုတ်ပစ်သင့်သည်၊ သို့မဟုတ် နှင်ထုတ်သင့်သည်။ လူတစ်ဦးသည် ဘုရားသခင်က အသိအမှတ်ပြုထားသည့် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး ဟုတ်မဟုတ်ဖြစ်စေ၊ အသင်းတော်က လက်ခံသင့်သည့် အသင်းသားတစ်ဦး ဟုတ်မဟုတ်ဖြစ်စေ အနည်းဆုံးအားဖြင့် ဤစည်းမျဉ်းသုံးချက်ကို စံနှုန်းပြည့်မီပြီး ကိုက်ညီခြင်း ရှိမရှိအပေါ် မူတည်သည်။ ၎င်းတို့သည် ဤစည်းမျဉ်းသုံးချက်ကိုပင် မပြည့်မီပါက ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး လုံးဝမဟုတ်ပေ။ သိသာထင်ရှားစွာပင် ဘုရားသခင်သည် ၎င်းတို့ကို အသိအမှတ်မပြုသကဲ့သို့ အသင်းတော်ကလည်း ၎င်းတို့ကို လက်မခံသင့်ပေ။ သို့ဆိုလျှင် အသင်းတော်သည် ၎င်းတို့ကို မည်သို့ သဘောထားပြီး ကိုင်တွယ်သင့်သနည်း။ (၎င်းတို့ကို ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုသင့်ပါသည်။) ၎င်းတို့ ပိုင်းခြားသိမြင်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံရသင့်သည်။ ယင်းမှာ ပကတိအခြေအနေ အတိအကျပင်ဖြစ်၏။
ဆိုးယုတ်သောလူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများ
၁။ လူတစ်ဦး၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်အပေါ် အခြေခံခြင်း
ဃ။ အခွင့်ကောင်းယူရန်
ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်သုံးခုကို မိတ်သဟာယဖွဲ့ပြီး စာရင်းပြုစုခဲ့သည်။ ငါတို့သည် ယင်းတို့ကို ခေါင်းစဉ်များအဖြစ် စာရင်းပြုစုမည်ဆိုလျှင် ပထမတစ်ခုမှာ အရာရှိတစ်ဦးဖြစ်လိုသည့် လူတစ်ဦး၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်ဖြစ်သည်၊ ဒုတိယမှာ ဆန့်ကျင်ဘက်လိင်ကို ရှာဖွေရန်ဖြစ်ပြီး တတိယမှာ ဘေးအန္တရာယ်များကို ရှောင်ရှားရန် ဖြစ်သည်။ ငါတို့သည် ဤရည်ရွယ်ချက်သုံးခုကို မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ဆက်လက်၍ ငါတို့သည် စတုတ္ထမြောက် ရည်ရွယ်ချက်ကို မိတ်သဟာယဖွဲ့ကြမည်။ အချို့လူများသည် အခွင့်ကောင်းယူသည့် အကြောင်းရင်းများအတွက် သက်သက် ဘုရားသခင်ကို ယုံကြည်ကြသည်၊ သို့ဖြစ်၍ ဤရည်ရွယ်ချက်၏ ခေါင်းစဉ်မှာ “အခွင့်ကောင်းယူရန်” ဖြစ်သည်။ အချို့လူများသည် ဘာသာရေးလောကရှိ ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးသည် ပျက်စီးယိုယွင်းနေပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မရှိသည်ကိုလည်းကောင်း၊ လူတို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းသည် အေးစက်လာခဲ့သည်ကိုလည်းကောင်း၊ လူတို့ကိုယ်တိုင်သည် တိုး၍ပင် အကျင့်ပျက်လာခဲ့ပြီး ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် မတွေ့ရသည်ကိုလည်းကောင်း၊ လူတို့သည် မည်သည့်အရာမျှ မရရှိဘဲ သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြသည်ကိုလည်းကောင်း မြင်ကြသည်။ ဘာသာရေးလောကသည် လွင်တီးခေါင်တစ်ခုအဖြစ်သို့ လုံးဝ ပြောင်းလဲသွားသည်ကို မြင်လျှင် ၎င်းတို့သည် မိမိတို့အတွက် ရှေ့ဆက်ရန် နည်းလမ်းတစ်ခုကို ရှာဖွေကြသည်။ ၎င်းတို့က “ယခု မည်သည့်အသင်းတော်က လူပိုများသနည်း၊ စည်ကားသနည်း၊ ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ ရှိသနည်း” ဟု တွေးဆကြသည်။ ဘာသာရေးလောက၏ အတိုက်အခံလုပ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းကို ခံရသည့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် စည်ကားနေကြောင်း၊ ယင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိကြောင်းနှင့် ပြည်တွင်းပြည်ပ နှစ်ခုလုံးတွင် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း ၎င်းတို့ တွေ့ရှိကြသည်။ ၎င်းတို့က “ဤအသင်းတော်၏ အသင်းသားဦးရေသည် တိုးပွားနေကြောင်း၊ ကောင်းစွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ များပြားသော လူအင်အား၊ ရုပ်ဝတ္ထုဆိုင်ရာ အရင်းအမြစ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များကို ပိုင်ဆိုင်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ ရှိကြောင်း ငါ ကြားမိသည်။ အကယ်၍ ငါသည် ၎င်းတို့၏ အသင်းတော်သို့ ဝင်ရောက်ရန် ဤအခွင့်အရေးကောင်းကို အမိအရအသုံးချလျှင် အကျိုးကျေးဇူးအချို့ကို ရနိုင်မည် မဟုတ်လော။ ငါ့အတွက် အလားအလာကောင်းများကို သေချာစေမည် မဟုတ်လော” ဟု တွေးထင်ကြသည်။ ထိုသို့သော ရည်ရွယ်ချက်နှင့် ရည်မှန်းချက်အပြင် သိချင်စိတ်အနည်းငယ်ဖြင့် ၎င်းတို့သည် အသင်းတော်ထဲသို့ ခိုးကြောင်ခိုးဝှက် ထိုးဖောက်ဝင်ရောက်ကြသည်။ ဤလူတို့သည် အသင်းတော်ထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ပြီးနောက်တွင် သမ္မာတရားကိုလည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းကိုလည်းကောင်း၊ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်းကိုလည်းကောင်း စိတ်မဝင်စားကြပေ။ အသင်းတော်သို့ ဝင်ရောက်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အားကိုးရာတစ်ခု သို့မဟုတ် နေထိုင်ရန် နေရာတစ်ခုကို ရှာဖွေရန်နှင့် ၎င်းတို့ လိုအင်ဆန္ဒရှိသည့် အလားအလာများကို ရရှိရန်သာ ဖြစ်သည်။ အမှန်မှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများ၌လည်းကောင်း၊ ဘုရားသခင် လုပ်ဆောင်သည့် ကယ်တင်ခြင်းအမှု၌လည်းကောင်း စိတ်ဝင်စားမှုမရှိသည့်အပြင် ဤအရာများနှင့်ပတ်သက်၍ ကြားလိုခြင်း သို့မဟုတ် ရှာဖွေလိုခြင်းလည်း မရှိပေ။ အထူးသဖြင့် ၎င်းတို့သည် ဘုရားသခင်၏အလုပ်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်၌ စိတ်ဝင်စားမှု လုံးဝကင်းမဲ့ကြသည်။ ဤလူများသည် မည်သည့်လုပ်ငန်းကဏ္ဍသို့ ဝင်ရောက်သည်ဖြစ်စေ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရရှိရန် အခွင့်အရေးများ ရှာဖွေဖို့အတွက်သာ ထိုသို့ဝင်ရောက်ပြီး မိမိတို့၏ ကိုယ်ပိုင်အလားအလာများနှင့် ကံကြမ္မာအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ အဖိုးအခပေးရုံသာဖြစ်သည့် လူ့အဖွဲ့အစည်းရှိ အခွင့်အရေးသမားများကဲ့သို့ ဖြစ်ကြသည်။ ၎င်းတို့ စိတ်ရောကိုယ်ပါနှစ်၍ ဝင်ရောက်လုပ်ဆောင်သည့် နယ်ပယ် သို့မဟုတ် လုပ်ငန်းကဏ္ဍ၌ လက်ရှိတွင် ထင်ရှားသော အလားအလာများ မရှိသည်ကိုဖြစ်စေ၊ ဤလုပ်ငန်းကဏ္ဍက ၎င်းတို့ကို ဤကမ္ဘာလောကတွင် ၎င်းတို့၏ အားသာချက်များကို ပြသခွင့်မပြုဘဲ ကြီးပွားတိုးတက်ခွင့် မပြုသည်ကိုဖြစ်စေ ၎င်းတို့ ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အလုပ်ပြောင်းရန်ဖြစ်စေ၊ လုပ်ငန်းကဏ္ဍပြောင်းရန်ဖြစ်စေ မိမိတို့၏ စိတ်ထဲတွင် မကြာခဏ တွက်ချက်ကြသည်။ ၎င်းတို့ မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ ထိုသို့သောလူများသည် အခွင့်အခါကောင်းကို အစဉ်သဖြင့်စောင့်၍ လှုပ်ရှားကြသည်၊ ၎င်းတို့တွင် အသင်းတော်သို့ ဝင်ရောက်ခြင်းအတွက် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တစ်ခု ရှိသည်။ အသင်းတော် စည်ပင်နေသည့်အခါ၊ လူ့အဖွဲ့အစည်း သို့မဟုတ် မည်သည့်နိုင်ငံတွင်မဆို အခိုင်အမာ ရပ်တည်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ ရှိသည့်အခါ ၎င်းတို့သည် အသင်းတော်၏အလုပ်ထဲသို့ တက်ကြွစွာနှင့် စိတ်အားထက်သန်စွာ စိတ်ရောကိုယ်ပါနှစ်၍ ပါဝင်လုပ်ဆောင်ကြသည်။ သို့သော် အသင်းတော်သည် ဖိနှိပ်ခြင်းနှင့် ကန့်သတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုအင်ဆန္ဒများနှင့် တောင်းဆိုချက်များကို မဖြည့်ဆည်းပေးနိုင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အသင်းတော်မှ ထွက်ခွာပြီး မိမိတို့အတွက် ရှေ့ဆက်ဖို့ အခြားနည်းလမ်းတစ်ခုကို ရှာဖွေသင့်ခြင်း ရှိမရှိကို စဉ်းစားကြသည်။ ဤလူတို့ အသင်းတော်သို့ ဝင်ရောက်ခြင်း၏ စစ်မှန်သော ရည်ရွယ်ချက်မှာ ၎င်းတို့သည် သမ္မာတရားကို စိတ်ဝင်စားသောကြောင့် မဟုတ်သည်မှာ သိသာထင်ရှားသည်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် လူကို ကယ်တင်သည့် ဘုရားသခင်၏ အမှုသစ်ကို အသိအမှတ်ပြုခြင်းအပေါ် အခြေခံ၍ အသင်းတော်သို့ ဝင်ရောက်ခဲ့ခြင်း မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော်တစ်ခုကို ရွေးချယ်သည့်အခါတွင်ပင် အထူးသဖြင့် ပြည်တွင်းပြည်ပ နှစ်ခုလုံးတွင် ထင်ပေါ်ကျော်ကြားမှု အဆင့်အတန်းတစ်ခုရှိသည့် လူသိများပြီး ကြီးမားသော အသင်းသားများစွာရှိသည့် အသင်းတော်တစ်ခုကို ရွေးချယ်ကြသည်။ ၎င်းတို့အတွက် ဤသို့သော အသင်းတော်မျိုးသာလျှင် ၎င်းတို့၏ စံနှုန်းများနှင့် ကိုက်ညီပြီး ၎င်းတို့ ရည်မှန်းသည့် သို့မဟုတ် လိုက်စားသည့် ပန်းတိုင်များနှင့် လုံးဝ သဟဇာတဖြစ်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ အမှန်တကယ် မယုံကြည်ခဲ့ကြသကဲ့သို့ ဘုရားသခင် တည်ရှိခြင်း သို့မဟုတ် ဘုရားသခင်၏အလုပ်ကိုလည်း အမှန်တကယ် အသိအမှတ်မပြုခဲ့ကြပေ။ ၎င်းတို့သည် တစ်ခါတစ်ရံ အသင်းတော်အတွက် တစ်စုံတစ်ခု လုပ်ဆောင်သည် သို့မဟုတ် အသင်းတော်အလုပ်၏ အစိတ်အပိုင်းအချို့တွင် စိတ်ရောကိုယ်ပါနှစ်၍ လုပ်ဆောင်သည်ဟု ထင်ရလျှင်ပင် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာ၌ သမ္မာတရားအပေါ်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားသည် မပြောင်းလဲပေ။ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့၏ တစ်သမတ်တည်းဖြစ်သော သဘောထားမှာ လောလောဆယ် ရေလိုက်ငါးလိုက် နေလိုက်ဦးမည်ဟူ၍ ဖြစ်သည်၊ ဤအသင်းတော်မှ ၎င်းတို့ အတိအကျ မည်သည့်အရာကို ရနိုင်သည်ကို ကြည့်ရန်၊ ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များ မည်မျှ အတိအကျ အမှန်တကယ် ဖြစ်လာနိုင်သည်ကိုလည်းကောင်း မည်သည့်အတိုင်းအတာအထိ ဖြစ်လာနိုင်သည်ကိုလည်းကောင်း ကြည့်ရန်၊ ဘုရားသခင်က လူကို ကတိပေးထားသည့် ကောင်းချီးများကို မည်သည့်အချိန်တွင် ရရှိနိုင်မည်ကိုလည်းကောင်း၊ ဤကောင်းချီးများကို ရေတိုအတွင်း တွေ့မြင်ပြီး ဖြည့်ဆည်းခြင်းခံရနိုင် ရှိမရှိဆိုသည်ကိုလည်းကောင်း ကြည့်ရန် ဖြစ်သည်။ ၎င်းတို့၏ သဘောထားသည် အမြဲတစေ ဤသို့ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ သိချင်စိတ်ဖြင့်လည်းကောင်း၊ စမ်းကြည့်လိုသည့် လိုအင်ဆန္ဒဖြင့်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပြီး အမှန်တကယ်ဖြစ်လာလျှင် ၎င်းတို့သည် ကောင်းချီးများ ရရှိမည်ဖြစ်ပြီး အရှုံးမရှိဟူသည့် သဘောထားဖြင့်လည်းကောင်း လာကြသည်။ ထိုသို့သောလူများသည် ဘုရားအိမ်တော်သို့ လာကြပြီး ၎င်းတို့သည် အခြားသူများအပေါ် ဖော်ရွေပုံရလျှင်ပင် စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းပုံရလျှင်ပင်၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို မဖြစ်စေလျှင်ပင်၊ မကောင်းမှုများတွင် မပါဝင်လျှင်ပင် ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို အခြေခံ၍ ၎င်းတို့ကို သိသာထင်ရှားသော မယုံကြည်သူများအဖြစ် ပိုင်းခြားသိမြင်နိုင်သည်။
အခွင့်ကောင်းယူ၍ ကောင်းချီးများရရှိရန်သက်သက် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို ရယူလိုစိတ်မရှိသည့် မယုံကြည်သူအမျိုးအစားကို ငါတို့ မည်သို့ ပိုင်းခြားသိမြင်နိုင်သနည်း။ ၎င်းတို့သည် တရားဒေသနာမည်မျှ ကြားရသည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့အား မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ လူများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များ၊ ၎င်းတို့၏ ဘဝအပေါ် ရှုမြင်ပုံနှင့် တန်ဖိုးထားမှုများသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ အလေးအနက် မဆင်ခြင်သုံးသပ်သည့်အပြင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကိုဖြစ်စေ၊ အမျိုးမျိုးသော ကိစ္စရပ်များနှင့်ပတ်သက်၍ ဘုရားသခင် ပြောဆိုသည့်အရာကိုဖြစ်စေ လုံးဝ လက်မခံသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အမြင်များနှင့် စာတန်၏ အတွေးအခေါ်များကိုသာ စွဲကိုင်ထားကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် စာတန်၏ အတွေးအခေါ်များနှင့် ကျိုးကြောင်းဆင်ခြင်မှုတို့သည် သင့်တော်ပြီး မှန်ကန်သည်ဟု ၎င်းတို့ ယုံကြည်နေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “လက်ဆောင်ယူလာသူများကို အရာရှိများ ဒုက္ခမပေး” သို့မဟုတ် “ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်” တို့ ဖြစ်သည်။ “လူတို့သည် ဘုရားကို ယုံကြည်သည့်အခါ ၎င်းတို့သည် လူကောင်းများ ဖြစ်ရမည်၊ ဆိုလိုသည်မှာ အသက်တစ်ချောင်းကို မည်သည့်အခါမျှ မသတ်ရ၊ အသက်တစ်ချောင်းကို သတ်ခြင်းသည် အပြစ်ဖြစ်ပြီး ဘုရားအတွက် ခွင့်မလွှတ်နိုင်စရာဖြစ်သည်” ဟု ပြောဆိုသောသူများပင် ရှိသေးသည်။ ဤသည်မှာ မည်သို့သော အမြင်မျိုးဖြစ်သနည်း။ ယင်းမှာ ဗုဒ္ဓဘာသာ အမြင်တစ်ခု ဖြစ်သည်။ ဗုဒ္ဓဘာသာ အမြင်သည် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီနိုင်သော်လည်း သမ္မာတရား တစ်စက်မျှ မရှိချေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာလျှင် သမ္မာတရား ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ အချို့လူများသည် ဘာသာတရား မရှိသူများ၏ အဓိပ္ပာယ်မဲ့သော အမြင်များနှင့် ဘာသာရေးလောက၏ မှားယွင်းသော သဘောတရားများကိုပင် သမ္မာတရားအဖြစ် လက်ခံကြသည်၊ ၎င်းတို့သည် ထိုအရာများကို တန်ဖိုးထားပြီး ဖက်တွယ်ထားကြသည်။ ဤလူများသည် သမ္မာတရားကို လက်ခံသောသူများလော။ ၎င်းတို့သည် လူ၏စကားများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြား သို့မဟုတ် နတ်ဆိုးများ၊ စာတန်နှင့် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်၊ ဖန်ဆင်းရှင်တို့ကြား မခွဲခြားနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုမတောင်းကြပေ၊ သို့မဟုတ် သမ္မာတရားကိုလည်း မရှာဖွေကြသကဲ့သို့ ဘုရားသခင် ဖော်ပြသည့် မည်သည့်သမ္မာတရားကိုမျှလည်း လက်မခံကြပေ။ လူများ၊ အပြင်လောကနှင့် အခြားအမှုအရာအားလုံးအပေါ် ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုမှ လာသည့် မိမိတို့ အစဉ်အမြဲ စွဲကိုင်ခဲ့သော အမြင်ရှုထောင့်များကိုသာ ဖက်တွယ်ထားကြသည်။ ထိုအမြင်များသည် မည်မျှပင် ရယ်ဖွယ်ဖြစ်နေပါစေ ၎င်းတို့သည် ဤအရာကို မသိမြင်နိုင်ဘဲ ထိုမှားယွင်းသော အမြင်ရှုထောင့်များကို မြဲမြံစွာ ဆက်လက်စွဲကိုင်ထားပြီး လက်မလွှတ်ကြပေ။ ဤသည်မှာ မယုံကြည်သူတစ်ဦး၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ နောက်တစ်ခုမှာ အဘယ်နည်း။ ယင်းမှာ အသင်းတော်သည် အတိုင်းအတာအရ တိုးပွားလာသည်နှင့်အမျှ၊ လူ့အဖွဲ့အစည်းအတွင်း ယင်း၏ အဆင့်အတန်းသည် အစဉ်မပြတ် ကြီးထွားလာသည်နှင့်အမျှ ၎င်းတို့၏ စိတ်အားထက်သန်မှု၊ စိတ်ခံစားမှုများနှင့် ယုံကြည်ခြင်းတို့သည် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အသင်းတော်၏အလုပ်သည် ပြည်ပသို့ ပျံ့နှံ့သွားပြီး အတိုင်းအတာအရ တိုးပွားလာသည့်အခါ၊ ဧဝံဂေလိအလုပ်သည် အပြည့်အဝ ပျံ့နှံ့သွားသည့်အခါ ၎င်းတို့သည် ဤအရာကို မြင်ပြီး ချက်ချင်းပင် အားအင်ပြည့်ဝလာသည်ဟု ခံစားခဲ့ကြသည်။ အသင်းတော်သည် ပို၍ပို၍ ဩဇာလွှမ်းမိုးမှုရှိလာပြီး အစိုးရ၏ ဖိနှိပ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုကို နောက်ထပ် ခံရတော့မည်မဟုတ်ဟု ၎င်းတို့ ခံစားခဲ့ကြရသည်၊ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ ယုံကြည်ခြင်းအတွက် မျှော်လင့်ချက် ရှိသည်ဟု ယုံကြည်ခဲ့ကြပြီး ဂုဏ်ယူဝင့်ကြွားနိုင်ပြီဟု ယုံကြည်ခဲ့ကြသည်၊ သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မှန်ကန်သော လောင်းကြေး ထပ်ခြင်းဖြစ်သည်၊ ၎င်းတို့၏ လောင်းကြေးက နောက်ဆုံးတွင် အမြတ်ထွက်တော့မည်ဟု ၎င်းတို့ ခံစားခဲ့ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန် ၎င်းတို့၏ အခွင့်အရေးသည် ပို၍ ပို၍ ကြီးထွားလာပြီး နောက်ဆုံးတွင် ၎င်းတို့ ရွှင်ပျစပြုလာကြသည်။ ယခင်နှစ်များအတွင်း ၎င်းတို့သည် ခရစ်ယာန်များအပေါ် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးမှုများနှင့် နှိမ်နင်းမှုများကို မကြာခဏ မြင်တွေ့ခဲ့ရသောကြောင့် ဖိနှိပ်ခံရသည်၊ နာကျင်ရသည်၊ မချိတင်ကဲဖြစ်ရသည်ဟု ခံစားခဲ့ကြရသည်။ ၎င်းတို့သည် အဘယ်ကြောင့် မချိတင်ကဲဖြစ်ခဲ့ရသနည်း။ အကြောင်းမှာ အသင်းတော်သည် အလွန်ဆိုးရွားသော အခြေအနေများတွင် ရှိနေခဲ့ပြီး ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့ခြင်း ရှိမရှိနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခဲ့ကြသည့်အပြင် ထို့ထက်ပို၍ အသင်းတော်၌ နေသင့်ခြင်း ရှိမရှိကိုဖြစ်စေ၊ အသင်းတော်မှ ထွက်သွားသင့်ခြင်း ရှိမရှိကိုဖြစ်စေ သောကရောက်ပြီး စိုးရိမ်ပူပန်ကြသောကြောင့် ဖြစ်လေသည်။ ထိုနှစ်များအတွင်း အသင်းတော်သည် မည်သို့သော ဆိုးရွားသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဖြစ်စေ ယင်းသည် ၎င်းတို့၏ စိတ်ခံစားမှုများအပေါ် သက်ရောက်မှုတစ်ခု ရှိလိမ့်မည်၊ အသင်းတော်သည် မည်သည့်အလုပ်ကိုပင် လုပ်ဆောင်နေသည်ဖြစ်စေ၊ လူ့အဖွဲ့အစည်းအတွင်း အသင်းတော်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းသည် မည်သို့ပင် အတက်အကျရှိသည်ဖြစ်စေ ယင်းသည် ၎င်းတို့၏ စိတ်ခံစားမှုများနှင့် စိတ်အခြေအနေကို သက်ရောက်မှုရှိစေလိမ့်မည်။ ၎င်းတို့ နေသင့်သည် သို့မဟုတ် သွားသင့်သည်ဟူသည့် ကိစ္စသည် ၎င်းတို့၏ စိတ်ထဲတွင် အစဉ်သဖြင့် ရှိနေခဲ့သည်။ ထိုသို့သောလူများသည် မယုံကြည်သူများ ဖြစ်ကြသည် မဟုတ်လော။ အသင်းတော်သည် နိုင်ငံတော်အစိုးရ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် နှိမ်နင်းခြင်းကို ခံရသည့်အခါ သို့မဟုတ် ယုံကြည်သူများသည် ဖမ်းဆီးခြင်း သို့မဟုတ် ဘာသာရေးလောက၏ တရားစီရင်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ အသရေဖျက်ခြင်းနှင့် ပယ်ချခြင်းတို့ကို ခံရသည့်အခါ ၎င်းတို့သည် အသင်းတော်သို့ ဝင်ရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ အလွန်အမင်း ဂုဏ်သိက္ခာကျဆင်းပြီး ကြီးစွာသော အရှက်ရခြင်းနှင့် အသရေပျက်ခြင်းကိုပင် ခံစားရသည်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ယိမ်းယိုင်ပြီး ဘုရားသခင်ကို ယုံကြည်ကာ အသင်းတော်သို့ ဝင်ရောက်ခဲ့ခြင်းအတွက် နောင်တရကြသည်။ ၎င်းတို့သည် အသင်းတော်၏ ဝမ်းမြောက်မှုများနှင့် ဆင်းရဲဒုက္ခများကို ဝေမျှခံစားခြင်းဖြစ်စေ၊ ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံရန်ဖြစ်စေ ရည်ရွယ်ချက်တစ်ခုမျှ မည်သည့်အခါမျှ မရှိကြပေ။ ထိုအစား အသင်းတော် ကြီးပွားနေသည့်အခါ ၎င်းတို့သည် ယုံကြည်ခြင်းဖြင့် ပြည့်လျှံနေပုံရသော်လည်း အသင်းတော်သည် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပယ်ချခြင်း၊ နှိမ်နင်းခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို ခံရသည့်အခါ ၎င်းတို့သည် ထွက်ပြေးလိုကြသည်၊ ထွက်ခွာလိုကြသည်။ ၎င်းတို့သည် ကောင်းချီးများရရှိရန် မည်သည့်မျှော်လင့်ချက်ကိုမျှဖြစ်စေ၊ နိုင်ငံတော်၏ ဧဝံဂေလိတရား ပျံ့နှံ့ရန် မည်သည့်မျှော်လင့်ချက်ကိုမျှဖြစ်စေ မမြင်နိုင်သည့်အခါ သာ၍ပင် ထွက်ခွာလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းကို မမြင်ရသည့်အခါတွင်လည်းကောင်း၊ ကြီးမားသော ကပ်ဘေးများ မည်သည့်အချိန်တွင် ဆိုက်ရောက်မည်၊ မည်သည့်အချိန်တွင် ပြီးဆုံးမည်၊ ခရစ်တော်၏ နိုင်ငံတော် မည်သည့်အချိန်တွင် အကောင်အထည် ပေါ်မည်ကို မသိသည့်အခါတွင်လည်းကောင်း စိတ်ထဲတွင် မပြတ်သားဘဲ ယိမ်းယိုင်နေပြီး စိတ်ငြိမ်သက်မှုဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်စွမ်းမရှိကြပေ။ ဤသို့ဖြစ်သည့်အခါတိုင်း ၎င်းတို့သည် ဘုရားသခင်ကို စွန့်ခွာလိုကြသည်၊ အသင်းတော်ကို စွန့်ခွာလိုကြပြီး ထွက်ပေါက်တစ်ခုကို ရှာဖွေလိုကြသည်။ ထိုသို့သောလူများသည် မယုံကြည်သူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့၏ လှုပ်ရှားမှုတိုင်းသည် မိမိတို့၏ ကိုယ်ပိုင် ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများအတွက် ဖြစ်သည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များသည် ဘုရားသခင်၏အလုပ်ကို ၎င်းတို့၏ တွေ့ကြုံခြင်းမှတစ်ဆင့်ဖြစ်စေ၊ ကိုယ်တော်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်းတို့အားဖြင့်ဖြစ်စေ မည်သည့်အခါမျှ တဖြည်းဖြည်း ပြောင်းလဲသွားမည် မဟုတ်ပေ။ ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြ သို့မဟုတ် ယင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သို့ဆိုသည်ကိုဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ ဘုရားသခင်က လူတို့ကို မည်သို့ လမ်းပြသည်ကိုဖြစ်စေ၊ သူက လူတို့ထံမှ မည်သည့်အရာကို တောင်းဆိုသည်ကိုဖြစ်စေ မရှာဖွေကြပေ။ အသင်းတော်သို့ ဝင်ရောက်ရာတွင် ၎င်းတို့၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ အသင်းတော် “ဂုဏ်ယူဝင့်ကြွား” နိုင်သည့်နေ့ကို စောင့်ဆိုင်းရန်ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် မိမိတို့ အစဉ်အမြဲ လိုအင်ဆန္ဒရှိခဲ့သော အကျိုးကျေးဇူးများကို အလျင်အမြန် ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို ၎င်းတို့ မြင်သောကြောင့်လည်း အသင်းတော်သို့ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်မှာ အမှန်ပင်၊ သို့သော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံး ပြည့်စုံမည်ဟု မယုံကြည်ကြပေ။ သို့ဆိုလျှင် သင်တို့ မည်သို့ပြောမည်နည်း၊ ထိုသို့သောလူများသည် မယုံကြည်သူများလော။ (ဟုတ်ပါသည်။) အသင်းတော်၌ သို့မဟုတ် အပြင်လောက၌ မည်သည့်အရာပင် ဖြစ်ပျက်ပါစေ ၎င်းတို့သည် မိမိတို့၏ အကျိုးစီးပွားများ မည်မျှ သက်ရောက်မှု ရှိမည်ကိုလည်းကောင်း၊ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များအပေါ် မည်မျှ ကြီးမားသော သက်ရောက်မှုတစ်ခု ရှိမည်ကိုလည်းကောင်း အကဲဖြတ်ကြလိမ့်မည်။ ပြဿနာစိုးစဉ်းမျှ မြင်သည်နှင့်ပင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အလားအလာများ၊ အကျိုးစီးပွားများနှင့် အသင်းတော်၌ နေသင့်ခြင်း ရှိမရှိကိုဖြစ်စေ၊ ထွက်ခွာသင့်ခြင်း ရှိမရှိကိုဖြစ်စေ အလွန် ထက်မြက်စွာဖြင့် ချက်ချင်း တွေးတောကြလိမ့်မည်။ “ပြီးခဲ့သည့်နှစ်က ဘုရား၏အလုပ် ပြီးဆုံးတော့မည်ဟု ပြောခဲ့သည်၊ သို့ဖြစ်၍ ယင်းသည် အဘယ်ကြောင့် ဆက်နေသေးသနည်း။ ဘုရား၏ အမှုသည် အတိအကျ မည်သည့်နှစ်တွင် ပြီးဆုံးမည်နည်း။ ကျွန်ုပ် သိခွင့်မရှိသလော။ ကျွန်ုပ်သည် အချိန်ကြာမြင့်စွာ ကြံ့ကြံ့ခံပြီးဖြစ်သည်၊ ကျွန်ုပ်၏ အချိန်သည် တန်ဖိုးရှိသည်၊ ကျွန်ုပ်၏ နုပျိုမှုသည် တန်ဖိုးရှိသည်။ ကျွန်ုပ်ကို ဤကဲ့သို့ ဆက်၍ စောင့်ဆိုင်းခိုင်းနေ၍ မရပြီ မဟုတ်လော” ဟု အဆက်မပြတ် မေးနေသောလူများပင် ရှိသေးသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်း ရှိမရှိ၊ အသင်းတော်၏ အခြေအနေနှင့် ယင်း၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို အထူးသဖြင့် သတိထားကြသည်။ ၎င်းတို့သည် သမ္မာတရားကို ရယူနိုင်စွမ်းရှိမရှိကိုဖြစ်စေ၊ ကယ်တင်ခြင်း ခံရနိုင်ခြင်း ရှိမရှိကိုဖြစ်စေ ဂရုမစိုက်ကြသော်လည်း ၎င်းတို့ ရှင်သန်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ ဘုရားအိမ်တော်၌ နေထိုင်ခြင်းဖြင့် အကျိုးကျေးဇူးများနှင့် ကောင်းချီးများကို ရရှိနိုင်ခြင်း ရှိမရှိကိုလည်းကောင်း အလွန် သတိထားကြသည်။ ထိုသို့သောလူများသည် ကောင်းချီးခံစားရရန် ၎င်းတို့၏ လိုအင်ဆန္ဒဖြင့် အခွင့်ကောင်းယူသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အဆုံးတိုင် ယုံကြည်လျှင်ပင် သမ္မာတရားကို နားလည်ဦးမည်မဟုတ်ဘဲ ပြောဆိုရန် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်လည်း ရှိမည်မဟုတ်ပေ။ သင်တို့သည် ဤသို့သောလူများနှင့် တွေ့ဖူးသလော။ အမှန်မှာ ထိုသို့သောလူများသည် အသင်းတော်တိုင်း၌ ရှိကြသည်။ သင်တို့သည် ၎င်းတို့ကို သတိပြု၍ ပိုင်းခြားသိမြင်ရမည်။ ထိုသို့သော လူပုဂ္ဂိုလ်များသည် မယုံကြည်သူများအားလုံး ဖြစ်ကြသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်ရှိ ကပ်ဘေးတစ်ခု ဖြစ်ကြသည်၊ ၎င်းတို့သည် အသင်းတော်အတွက် ကြီးစွာသော အန္တရာယ်ကို ဆောင်ကြဉ်းမည်ဖြစ်ပြီး အကျိုးကျေးဇူးများ မရှိသည့်အပြင် ၎င်းတို့သည် အသင်းတော်မှ ဖယ်ထုတ်ပစ်ခြင်းခံရမည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။