ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၃) အခန်း လေး
ဆ။ အားကိုးရာ ရှာဖွေရန်
ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတို့၌ရှိသော သတ္တမမြောက် ရည်ရွယ်ချက်မှာ အားကိုးရာ ရှာဖွေရန် ဖြစ်သည်။ သင်တို့သည် ထိုသို့သော လူစားမျိုးများကို မြင်ဖူးသလော။ ဤသည်မှာ အတော်အတန် ထူးခြားသော အခြေအနေတစ်ခု ဖြစ်သည်၊ ၎င်းတို့သည် အရေအတွက် မများသော်လည်း ဧကန်မုချ တည်ရှိကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အသင်းတော်များသည် တရုတ်ပြည်၌သာမက အာရှ၊ ဥရောပ၊ အမေရိကတိုက်များနှင့် အာဖရိကရှိ နိုင်ငံအသီးသီးတို့၌လည်း ပေါ်ထွန်းခဲ့ပြီးဖြစ်သောကြောင့် ဤအခွင့်အရေးသမားများနှင့် မယုံကြည်သူများသည်လည်း ၎င်းတို့နှင့်အတူ ပေါ်ပေါက်လာမည်တည်း။ ဤလူများ ပေါ်ပေါက်လာရန် မည်မျှ အလားအလာရှိသည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် သင်တို့သည် ၎င်းတို့ကို ရင်ဆိုင်ရမည်ဖြစ်ပြီး ပိုင်းခြားသိမြင်ရမည်ဖြစ်ကာ ဤမယုံကြည်သူများကို အသင်းတော်၌ အဆင့်အတန်းတစ်ခုတလေ ရရှိခြင်းနှင့် အနှောင့်အယှက်များ ဖန်တီးခြင်းတို့ကို ခွင့်မပြုနှင့်။ ဤပြဿနာများသည် ပေါ်ပေါက်လာခြင်း မရှိသောကြောင့် သို့မဟုတ် သင်တို့ မကြုံတွေ့ဖူးသောကြောင့် မတည်ရှိဟု သင်တို့ ထင်မှတ်ပါက ဤသည်မှာ မိုက်မဲသော အတွေးအခေါ်တစ်ခု ဖြစ်သည်။ ဤပြဿနာများ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် သင်သည် ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ ယင်းတို့ကို မည်သို့ဖြေရှင်းရမည်ကို မသိပါက ယင်းတို့သည် အသင်းတော်အတွက်၊ ဘုရားအိမ်တော်အတွက်၊ ညီအစ်ကိုမောင်နှမများအတွက်၊ အသင်းတော်၏အလုပ်အတွက် ကြီးမားသော ပုန်းကွယ်နေသည့် အန္တရာယ်များကို ဆောင်ကြဉ်းလာလိမ့်မည်။ သို့ဖြစ်၍ မည်သည့်အရာမျှ မဖြစ်ပေါ်မီတွင် သင်သည် မည်သည့်ပြဿနာများကို ရင်ဆိုင်သင့်သည်နှင့် ၎င်းတို့ကို မည်သို့ဖြေရှင်းရမည်ကို သိရှိရန် လိုအပ်သည်။ ဤသည်မှာ အကောင်းဆုံးသော နည်းလမ်းဖြစ်သည်၊ ယင်းသည် သင့်အတွက် မမြင်နိုင်သော ကာကွယ်စောင့်ရှောက်မှုတစ်ခုအဖြစ် ဆောင်ရွက်ပေးသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် သတ္တမမြောက် ရည်ရွယ်ချက်၌ ဖော်ပြထားသောလူများ၊ အားကိုးရာ ရှာဖွေရန် ဘုရားသခင်ကို ယုံကြည်သောသူများသည် အရေအတွက် မနည်းလှပေ။ ဤလူ့အဖွဲ့အစည်းသည် နေရာတိုင်း၌ မတရားမှု၊ ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။ လူ့အဖွဲ့အစည်း၏ အလွှာပေါင်းစုံ၌ အသက်ရှင်နေထိုင်ကြသော လူတို့သည် လူ့အဖွဲ့အစည်းရှိ အမျိုးမျိုးသော မတရားမှုများအပေါ် စက်ဆုပ်ရွံရှာခြင်းနှင့် အမုန်းတရားတို့ဖြင့် ပြည့်နေကြပြီး ဒေါသဖြင့်လည်း ပြည့်နေကြသည်။ သို့သော် သင်သည် လူ့လောကမှ ပျောက်ကွယ်သွားခြင်းမရှိပါက လူ့လောက၏ မတရားမှုများမှ လွတ်မြောက်ရန် မလွယ်ကူပေ။ လူတစ်ဦးသည် ဤလောက၌ အသက်ရှင်နေသရွေ့၊ ဤလူများကြားထဲ၌ အသက်ရှင်နေသရွေ့ ၎င်းတို့သည် အနည်းနှင့်အများဆိုသလို အတိုင်းအတာကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အနိုင်ကျင့်ခံရပြီး အရှက်ခွဲခံရလိမ့်မည်ဖြစ်ကာ အချို့သော အာဏာကြီးသည့် အင်အားစုများ၏ လိုက်လံဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကိုပင် ခံရနိုင်ပေသည်။ ဤအမျိုးမျိုးသော မတရားမှုများနှင့် မညီမျှမှုများသည် လူတို့၏ စိတ်အပေါ် ကြီးမားသော ဖိစီးမှုကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းတို့ထံသို့ သိသာထင်ရှားသော စိတ်ပိုင်းဆိုင်ရာ ဖိအားကို ဆောင်ကြဉ်းပေးခဲ့သည့်အပြင် လူတို့၏ ပုံမှန်အသက်တာများအတွက် အဆင်မပြေမှုများစွာကိုလည်း ဆောင်ကြဉ်းပေးခဲ့သည်မှာ ပြောစရာမလိုချေ။ ရလဒ်အနေဖြင့် အချို့လူများသည် အတွေးအခေါ်တစ်ခုကို မဖြစ်ပေါ်ဘဲ မနေနိုင်ကြပေ။ “လူတစ်ဦးသည် လူ့အဖွဲ့အစည်းတွင် မိမိကိုယ်ကို ရပ်တည်နိုင်ရန်အတွက် အားကိုးရန် ၎င်းတို့၏ နောက်ကွယ်တွင် အင်အားတစ်ခု ရှိရမည်။ ၎င်းတို့သည် အခက်အခဲများနှင့် ကြုံတွေ့ရပြီး အကူအညီ လိုအပ်သည့်အခါတွင်ဖြစ်စေ၊ ၎င်းတို့သည် တစ်ကိုယ်တည်းဖြစ်ပြီး အကူအညီ မဲ့နေသည့်အခါတွင်ဖြစ်စေ ၎င်းတို့ကို ကူညီကာကွယ်ပေးပြီး ဆုံးဖြတ်ပေးမည့်၊ ၎င်းတို့ ရင်ဆိုင်ရသော ဒုက္ခများနှင့် ပြဿနာများကို ဖြေရှင်းပေးမည့် သို့မဟုတ် ၎င်းတို့၏ အသက်ရှင်နေထိုင်မှုအတွက် အခြေခံလိုအပ်ချက်များကို သေချာစေမည့် လူတစ်စု ရှိလာလိမ့်မည်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုသို့သော ထောက်ပံ့မှုကို ရရှိရန် ကြိုးစားရှာဖွေကြသည်။ ဤလူများထဲမှ အချို့သည် နောက်ဆုံးတွင် အသင်းတော်ကို ရှာတွေ့ကြသည်မှာမူ ပြောစရာမလိုချေ။ ၎င်းတို့က အသင်းတော်ရှိလူများသည် တစ်စိတ်တည်းတစ်ဝမ်းတည်း ဖြစ်ကြပြီး တူညီသော ပန်းတိုင်တစ်ခုဆီသို့ လုပ်ဆောင်နေကြသည်၊ တစ်ဦးစီတိုင်း၌ ယုံကြည်ခြင်းရှိသည်၊ ရည်ရွယ်ချက်ကောင်းများ ပိုင်ဆိုင်ပြီး အခြားသူများအပေါ် ကြင်နာစွာ ပြုမူကြသည်၊ လူမှုရေးဆိုင်ရာ ပဋိပက္ခများမှ ကင်းဝေးစွာနေထိုင်ကြပြီး လူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော ရေစီးကြောင်းများမှ မိမိတို့ကိုယ်ကို ခပ်ခွာခွာနေထိုင်ကြသည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်သောသူများအတွက် အသင်းတော်သည် ဤလူ့အဖွဲ့အစည်းနှင့် ဤလောက၌ ကြီးမြတ်သော တရားမျှတမှု၏ ပြယုဂ်တစ်ခုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ၊ အသင်းတော်ရှိလူများသည်လည်း လူတို့၏ စိတ်ထဲ၌ အပြုသဘောဆောင်သော၊ ကောင်းမြတ်သောနှင့် ကြင်နာသော ပုံရိပ်တစ်ခု ရှိကြသည်။ အချို့သည် လူ့အဖွဲ့အစည်း၏ အောက်ခြေတွင် ရှိနေသောကြောင့်၊ လူ့အဖွဲ့အစည်း၌ မည်သည့်အာဏာမျှ လုံးဝမရှိဘဲ ကောင်းမွန်သော မိသားစုနောက်ခံ လုံးဝကင်းမဲ့နေသောကြောင့် ဘုရားသခင်ကို ယုံကြည်ရန် ရွေးချယ်ကြသည်။ ၎င်းတို့သည် ပညာရေးရရှိခြင်း၊ မိတ်ဆွေဖွဲ့ခြင်း၊ အလုပ်အကိုင်များ ရှာဖွေခြင်း သို့မဟုတ် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ခြင်းတို့နှင့်ပတ်သက်၍ အခက်အခဲအမျိုးမျိုးကို ကြုံတွေ့ကြရသောကြောင့် ဤလူ့အဖွဲ့အစည်း၌ ရှင်သန်ပြီး မိမိတို့ကိုယ်ကို အတည်တကျဖြစ်စေရန် ၎င်းတို့ကို ကူညီမည့်လူအချို့ ရှိရမည်ဟု ယုံကြည်ကြသည်။ ဥပမာအားဖြင့် အလုပ်တစ်ခု ရှာဖွေသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို အားကိုးပြီး အလုပ်အကိုင် အခွင့်အလမ်းတစ်ခုပြီးတစ်ခုကို ဦးတည်ချက်မဲ့စွာ ရှာဖွေပါက သင့်တော်သောအလုပ်တစ်ခုကို ရှာတွေ့ချင်မှ တွေ့မည်ဖြစ်ပြီး ၎င်းတို့၏ စုဆောင်းငွေများ အားလုံးနီးပါး ကုန်ဆုံးသွားနိုင်ပေသည်။ သို့သော် ၎င်းတို့ကို ရိုးသားစွာ ကူညီနိုင်သည့် အားကိုးလောက်သောလူအချို့က ၎င်းတို့၏ ရှာဖွေမှုတွင် ကူညီပေးပါက ၎င်းတို့ ဖြတ်သန်းရမည့် ဒုက္ခသည် များစွာ လျော့နည်းသွားပြီး အလုပ်ရှာဖွေခြင်းအပေါ် အသုံးပြုရသည့်အချိန်သည်လည်း အလွန် လျော့ကျသွားသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုသို့သော အားကိုးရာကို ရှာတွေ့နိုင်ပါက လူ့အဖွဲ့အစည်း၌ ၎င်းတို့ ကိုင်တွယ်ဖြေရှင်းရမည့်အရာအားလုံးဖြစ်သည့် ပညာရေးရရှိခြင်း၊ အလုပ်ရှာဖွေခြင်း၊ ၎င်းတို့၏ နေ့စဉ်အသက်တာနှင့် ရှင်သန်မှုတို့အတွက်ပင် ၎င်းတို့အတွက် အကူအညီပေးပြီး ထောက်ပံ့ပေးမည့် လူအချို့၊ နောက်ကွယ်မှ ၎င်းတို့ကို ကူညီပေးမည့် စိတ်အားထက်သန်သော လူတစ်စု ရှိလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် အသင်းတော်ကို ရှာတွေ့သည့်အခါ နေရာမှန်ကို ရှာတွေ့ပြီဟု ခံစားကြရသည်။ အသင်းတော်သည် လူ့အဖွဲ့အစည်း၌ မိမိတို့ကိုယ်ကို အခြေကျစေရန်နှင့် ငြိမ်းချမ်းသော အသက်တာတစ်ခုကို ရရှိရန် ၎င်းတို့အတွက် အလွန်ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်လာသည်။ ဥပမာအားဖြင့် ဆရာဝန်ပြခြင်းဖြစ်စေ၊ ဈေးဝယ်ခြင်းဖြစ်စေ၊ အာမခံဝယ်ခြင်းဖြစ်စေ၊ အိမ်ဝယ်ခြင်းဖြစ်စေ၊ ၎င်းတို့၏ ကလေးများကို ကျောင်းများ ရွေးချယ်ပေးခြင်းဖြစ်စေ၊ မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်စေ ၎င်းတို့သည် ဤပြဿနာများကို ဖြေရှင်းပေးရန် ကူညီမည့်လက်တစ်စုံကို ကမ်းလင့်ပေးပြီး အထောက်အကူပေးမည့် မေတ္တာရှင်လူများကို အသင်းတော်၌ အစဉ်အမြဲ ရှာတွေ့နိုင်ကြသည်။ ဤနည်းအားဖြင့် ၎င်းတို့၏ အသက်တာများသည် များစွာ ပို၍ အဆင်ပြေလာသည်၊ ၎င်းတို့သည် လူ့အဖွဲ့အစည်း၌ ထိုမျှ အထီးမကျန်တော့သည့်အပြင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲများသည်လည်း အလွန် လျော့ကျသွားသည်။ ထို့ကြောင့် ၎င်းတို့အတွက် အသင်းတော်သို့လာပြီး ဘုရားသခင်ကို ယုံကြည်ခြင်းသည် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများကို အမှန်တကယ် ပေးစွမ်းသည်။ ၎င်းတို့ ဆရာဝန်ထံ သွားလျှင်ပင် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို ကူညီရန် ဆေးရုံ၌ အသိအကျွမ်းများကို ရှာဖွေပေးလိမ့်မည်၊ ၎င်းတို့သည် ပစ္စည်းဝယ်ယူမှုများနှင့်ပတ်သက်၍ အသက်သာဆုံးသော ဈေးနှုန်းများကို ရရှိရန် ထိုသူတို့ကို အသုံးချနိုင်သည့်အပြင် အတွင်းဈေးများဖြင့် အိမ်များကိုပင် ဝယ်ယူနိုင်သည်။ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများ၏ အကူအညီဖြင့် ဤပြဿနာများအားလုံးကို ဖြေရှင်းပြီးဖြစ်သည်။ ၎င်းတို့က “ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်ကောင်းလှသည်။ အလုပ်ရှာဖွေခြင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပစ္စည်းဝယ်ယူခြင်းများ အားလုံးသည် ယခု အဆင်ပြေနေပြီ။ ငါ တစ်စုံတစ်ခုကို လိုအပ်သည့်အချိန်တိုင်းတွင် ဖုန်းတစ်ချက်ခေါ်လိုက်ခြင်းဖြစ်စေ၊ အဖွဲ့ကို စာတိုပို့ခြင်းဖြစ်စေ ပြုလုပ်လိုက်ရုံသာဖြစ်ပြီး လူတိုင်းက ပူးပေါင်းကူညီကြမည် ဖြစ်သည်။ အသင်းတော်၌ အလွန်ကြင်နာတတ်သောလူများ အများအပြားရှိသည်၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရသည်မှာ အလွန်အဆင်ပြေလှသည်။ အားကိုးရာတစ်ခုကို ရှာတွေ့ရန် မလွယ်ကူခဲ့ပေ၊ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ အသင်းတော်မှ ငါ ထွက်သွားမည်မဟုတ်ပေ။ သို့သော် ဘုရားအိမ်တော်ရှိ စုဝေးပွဲများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းတို့ အစဉ်အမြဲ ပါဝင်သည်၊ ယင်းက ငါ့ကို အနေရခက်စေပြီး စိတ်ဒွိဟဖြစ်စေသည်။ ငါသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် မလိုလားပေ၊ ပြီးလျှင် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့သည်ကို ကြားရသည့်အခါတိုင်း ငါ အလွန်အမင်း မနှစ်မြို့ခြင်းကို ခံစားရသည်။ သို့သော် ငါ နားမထောင်လျှင်လည်း အလုပ်မဖြစ်ပါ။ ငါသည် ၎င်းတို့ကို စွန့်ခွာ၍မရပေ။ ၎င်းတို့က ငါ့အား များစွာ ကူညီပေးသည်။ ငါ နားထောင်ရန် ငြင်းဆန်လိုက်လျှင် ကသိကအောက်ဖြစ်လိမ့်မည်၊ ပြီးလျှင် ငါ မယုံကြည်တော့ဘူးဟု ပြောဖို့ရာမှာလည်း အနေရခက်လိမ့်မည်၊ ထို့ကြောင့် ငါသည် ရေလိုက်ငါးလိုက်နေပြီး ကောင်းသောစကားများ ပြောလိုက်ရုံသာဖြစ်သည်” ဟု ခံစားကြရသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့သည် အမှန်တကယ် မယုံကြည်လိုကြသော်လည်း ဤခံစားချက်ကို မျိုသိပ်ထားရုံသာ တတ်နိုင်သည်။ အချို့လူများက “၎င်းတို့သည် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ညီအစ်ကိုမောင်နှမများကို အစဉ်အမြဲ တောင်းဆိုနေသည်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများက ကူညီသည့်အခါ ၎င်းတို့ အတော်အတန် ပျော်ရွှင်နေသည်ကိုလည်းကောင်း သင်မြင်ရုံသာရှိသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အားကိုးရာ ရှာဖွေရန် ဖြစ်သည်ဟု ထိုမျှဖြင့် သင် ပိုင်းခြားသိမြင်နိုင်သလော” ဟု ပြောဆိုကြသည်။ ဤသရုပ်သကန်များအပြင် ၎င်းတို့သည် ပုံမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း ရှိမရှိ၊ ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်းနှင့် စစ်မှန်သော ပြောင်းလဲမှုတစ်ခုခု ရှိမရှိကို ကြည့်လော့။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်း ရှိမရှိကို သင်သိနိုင်ပေမည်။ အားကိုးရာ ရှာဖွေသောသူများသည် ၎င်းတို့အတွက် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် ၎င်းတို့၏ ဘဝရှိ အခက်အခဲများကို ဖြေရှင်းပေးရန် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို အသုံးချရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအကြောင်းကို မည်သည့်အခါမျှ မပြောကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း စားသောက်ခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်း မရှိကြပေ။ ကိစ္စများကို ပြီးမြောက်အောင် လုပ်ဆောင်ရန် လွယ်ကူအသုံးတည့်သော နည်းလမ်း တစ်ခုခုအကြောင်း ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အလွန် စိတ်လှုပ်ရှားလာကြသည်၊ ၎င်းတို့သည် မရပ်မနား စကားများစွာ ပြောကြပြီး ကြားဖြတ်ပြော၍ပင် မရနိုင်တော့ပေ။ သို့သော် တာဝန်ထမ်းဆောင်ခြင်း သို့မဟုတ် ရိုးသားခြင်း၊ မုသားမပြောခြင်း သို့မဟုတ် အခြားသူများကို မလှည့်ဖြားခြင်းတို့နှင့် ပတ်သက်လာသည့်အခါတွင်မူ ၎င်းတို့သည် ဆွံ့အသွားကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဤအရာများကို စိတ်မဝင်စားကြပေ၊ သင်သည် မည်မျှပင် စိတ်အားထက်သန်စွာ ပြောဆိုပါစေ ၎င်းတို့၌ တုံ့ပြန်မှုမရှိဘဲ ပါဝင်ပြောဆိုခြင်းလည်း မရှိပေ၊ ၎င်းတို့သည် သင့်အား အစဉ်မပြတ် ကြားဖြတ်ပြောဆိုရန်ပင် ကြိုးစားပြီး ၎င်းတို့ စိတ်ဝင်စားသည့်အရာတစ်ခုဆီသို့ အကြောင်းအရာကို လမ်းကြောင်းလွှဲရန် ကြိုးစားကြသည်။ ညီအစ်ကိုမောင်နှမများက မိမိတို့အတွက် အမှုအရာများ လုပ်ဆောင်ပေးအောင်၊ မိမိတို့အတွက် အားထုတ်ပေးအောင် နည်းလမ်းများကို ၎င်းတို့ ဦးနှောက်ခြောက်ခံ စဉ်းစားကြကာ ညီအစ်ကိုမောင်နှမများအား တာဝန်ထမ်းဆောင်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံခြင်းအကြောင်း ပြောဆိုရန် မည်သည့်အခွင့်အရေးကိုမျှ ပေးလိုခြင်းမရှိကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့အား မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် အကြံပြုပါက ၎င်းတို့သည် အပြန်အလှန်အနေဖြင့် ကမ်းလှမ်းရန် ၎င်းတို့ကိုယ်တိုင်၏ အရေးတကြီးကိစ္စတစ်ခုကို လျင်မြန်စွာ ရှာဖွေကြသည်၊ ညီအစ်ကိုမောင်နှမများက ဤကိစ္စကို ၎င်းတို့အတွက် ကိုင်တွယ်ဖြေရှင်းပေးနေစဉ်တွင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ တောင်းဆိုမှုကို အင်တင်တင်ဖြင့် ဖြည့်ဆည်းပေးလျက် ဘုရားအိမ်တော်အတွက် အင်တင်တင်ဖြင့် အားထုတ်မှုအချို့ကို စိုက်ထုတ်ကြပြီး ၎င်းတို့၏ ပုဂ္ဂိုလ်ရေးကိစ္စ ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် ညီအစ်ကိုမောင်နှမများအပေါ် အေးစက်သွားကြသည်။ အသင်းတော်နှင့် အဆက်အသွယ်မပြတ်စေရန်၊ အသင်းတော်တည်းဟူသော ဤအားကိုးရာနှင့် ညီအစ်ကိုမောင်နှမများတည်းဟူသော ဤကူညီသူများကို မဆုံးရှုံးစေရန် ၎င်းတို့သည် မိမိတို့အတွက် အသုံးဝင်သော လူတိုင်းနှင့် ရင်းနှီးသော အဆက်အသွယ်ကို ထားရှိကြပြီး ဆက်ဆံရေးများကို ထိန်းသိမ်းရန် ဆင်ခြင်ထောက်ထားပုံရှိသော်ငြား စိတ်ရင်းအတိုင်း မဟုတ်သော စကားများကို ပြောဆိုလျက် ၎င်းတို့အကြောင်းကို အရေးတယူ ဂရုတစိုက် မကြာခဏ မေးမြန်းကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မည်မျှ ယုံကြည်ကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို မည်မျှ ကောင်းချီးပေးကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို ကျေးဇူးတော် မည်မျှ ပေးကြောင်းနှင့် ၎င်းတို့သည် မျက်ရည်များ မကြာခဏ ကျဆင်းကာ ဘုရားသခင်ကို အကြွေးတင်နေသည်ဟု ခံစားရပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်လိုစိတ်ရှိကြောင်း ပြောဆိုကြသည်၊ ဤသည်မှာ ညီအစ်ကိုမောင်နှမများကို လှည့်ဖြားပြီး ၎င်းတို့၏ အကူအညီကို ရယူရန် ဖြစ်သည်။ တစ်စုံတစ်ဦးသည် အသုံးချရန် မထိုက်တန်တော့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုလူတို့၏ ဆက်သွယ်ရန် အချက်အလက်များကို ချက်ချင်း ပိတ်ဆို့ပြီး ဖျက်ပစ်ကြသည်။ ၎င်းတို့သည် မိမိတို့အတွက် အကျိုးအရှိဆုံးဖြစ်သောသူများ၊ အသုံးချရန် အထိုက်တန်ဆုံးဖြစ်သောသူများကို အားသွန်ခွန်စိုက် မျက်နှာလို မျက်နှာရ လုပ်ကြသည်၊ အလိုလိုက်အကြိုက်ဆောင်ကြသည်၊ ရင်းနှီးအောင် ချဉ်းကပ်ကြသည်။ အသုံးချရန် မထိုက်တန်သောသူများ၊ ၎င်းတို့ကဲ့သို့ပင် လူ့အဖွဲ့အစည်း၌ ဩဇာအာဏာ သို့မဟုတ် အဆင့်အတန်းမရှိသည့်အပြင် အားကိုးစရာမရှိဘဲ လူ့အဖွဲ့အစည်း၏ အောက်ခြေအဆင့်တွင် ရှိနေသောသူများကိုမူ ၎င်းတို့သည် လှည့်၍ပင် မကြည့်ကြပေ။ ၎င်းတို့သည် အသုံးချရန် ထိုက်တန်ပြီး လူ့အဖွဲ့အစည်း၌ အဆက်အသွယ်များရှိသောသူများ၊ ၎င်းတို့က အရည်အချင်းရှိသည်ဟု မြင်သောသူများနှင့်သာ သီးသန့် ပေါင်းသင်းဆက်ဆံကြသည်။ ၎င်းတို့သည် အသင်းတော် သို့မဟုတ် ညီအစ်ကိုမောင်နှမများထံမှ တစ်စုံတစ်ခု လိုအပ်သည့်အခါတွင်သာ အသင်းတော်အတွက် အားထုတ်ပြီး ဆင်းရဲဒုက္ခကို ခံနိုင်ကြသည်။ အမှန်တကယ်တွင် ထိုသို့သောလူများ၏ မယုံကြည်သူ သရုပ်သကန်များသည် အလွန် သိသာထင်ရှားသည်။ အိမ်၌ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ကြပေ၊ အခက်အခဲများမရှိသည့်အခါ ဘုရားသခင်ထံ မည်သည့်အခါမျှ ဆုမတောင်းကြဘဲ အသင်းတော်အသက်တာ၌ အလွန် အင်တင်တင်ဖြင့် ပါဝင်ကြသည်။ ၎င်းတို့သည် တာဝန်များထမ်းဆောင်ရန် မတောင်းဆိုကြဘဲ အသင်းတော်အလုပ်၌ ၎င်းတို့ ပါဝင်ဖို့ အလျင်ဦးအောင် လုပ်ဆောင်ခြင်း မရှိကြပေ၊ အထူးသဖြင့် အန္တရာယ်ရှိသော အလုပ်တွင် မည်သည့်အခါမျှ တက်ကြွစွာ မပါဝင်ကြပေ။ ၎င်းတို့ သဘောတူလျှင်ပင် အလွန် စိတ်မရှည်မှုကို ပြသကြပြီး ခေါ်သည့်အခါ သို့မဟုတ် ဖိတ်ခေါ်သည့်အခါတွင်သာ အင်တင်တင်ဖြင့် အားထုတ်မှုအနည်းငယ်ကို စိုက်ထုတ်ကြသည်။ ဤသည်တို့မှာ မယုံကြည်သူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုခြင်း၊ တာဝန်မထမ်းဆောင်ခြင်း၊ ၎င်းတို့သည် အသင်းတော်အသက်တာ၌ အင်တင်တင်ဖြင့် ပါဝင်သော်လည်း ယင်းမှာ ၎င်းတို့အတွက် ကြီးမားသော အားကိုးရာဖြစ်သည့် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများ အသိုင်းအဝိုင်းကို မဆုံးရှုံးစေရန် ရှောင်ရှားခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဤလူများနှင့် ဆက်ဆံရေးများကို နောင်အနာဂတ်တွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းဖို့ ၎င်းတို့အတွက် ပို၍ အဆင်ပြေစေရန်အတွက်သာ ထိန်းသိမ်းထားကြသည်။ ထိုသို့သောလူများသည် လူ့အဖွဲ့အစည်း၌ ခြေကုပ်တစ်ခု ရရှိပြီး ၎င်းတို့၏ အသက်တာများကို အခြေချပြီး စတင်ရန် နေရာတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် ၎င်းတို့သည် လောက၌ အောင်မြင်ပြီး ဩဇာအာဏာနှင့် ထွန်းလင်းတောက်ပသော အနာဂတ်အတွက် အလားအလာများ ရရှိသည်နှင့်တစ်ပြိုင်နက် အသင်းတော်မှ လျင်မြန်စွာနှင့် မဆိုင်းမတွ ထွက်ခွာသွားကြမည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများနှင့် အဆက်အသွယ်ဖြတ်ကာ အဆက်အသွယ် ပြတ်တောက်သွားကြလိမ့်မည်။ ၎င်းတို့နှင့် ဆက်ဆံရေးကောင်းမွန်သော ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူတစ်ဦး ရှိပြီး သင်သည် ထိုလူအား ဧဝံဂေလိတရားဟောရန် ၎င်းတို့ကို ဆက်သွယ်လိုပါက သင်သည် ၎င်းတို့ကို ဆက်သွယ်၍ရနိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော်နှင့် အဆက်အသွယ် ဖြတ်ရုံသာမက အချို့သော ပုဂ္ဂိုလ်များနှင့် မိတ်ဆွေဖြစ်ခြင်းကိုလည်း အဆုံးသတ်လိုက်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မယုံကြည်သူများအဖြစ် ဇာတိရုပ်ပြပြီး ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အသင်းတော်သည် ထိုသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (၎င်းတို့ကို ရှင်းလင်းပစ်ပါ။) ငါတို့သည် ၎င်းတို့အား အခွင့်အရေးတစ်ခု ပေးသင့်သလော၊ ၎င်းတို့၏ အားနည်းချက်နှင့် ၎င်းတို့၏ ဘဝရှိ အခက်အခဲများအတွက် နားလည်မှုပြသင့်သလော၊ ပြီးလျှင် ဘုရားသခင် တည်ရှိသည်ကို ၎င်းတို့ ယုံကြည်လာနိုင်ရန်၊ သမ္မာတရားကို စိတ်ဝင်စားလာရန်နှင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံလာရန် ၎င်းတို့ကို ပို၍ ထောက်ပံ့ပြီး ကူညီသင့်သလော။ ဤအလုပ်ကို လုပ်ဆောင်ရန် လိုအပ်သလော။ (မလိုအပ်ပါ။) အဘယ်ကြောင့် မလိုအပ်သနည်း။ (အဘယ်ကြောင့်ဆိုသော် ဤလူများသည် ဘုရားသခင်ကို ယုံကြည်ရန် ရောက်ရှိလာကြခြင်း လုံးဝ မဟုတ်သောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် ရောက်ရှိလာကြခြင်း မဟုတ်ပေ၊ ၎င်းတို့၏ ပန်းတိုင်မှာ အလွန် ရှင်းလင်းသည်၊ ၎င်းတို့သည် အားကိုးရာ ရှာဖွေရန် ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ သို့ဆိုလျှင် ထိုသို့သောလူများနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် ရလဒ်တစ်ခုတလေ ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ၎င်းတို့သည် ယင်းကို လက်ခံကြမည်မဟုတ်ပေ၊ ၎င်းတို့သည် ယင်းကို တန်ဖိုးမထားကြပေ၊ မလိုအပ်ကြပေ၊ စိတ်မဝင်စားကြပေ။
အားကိုးရာ ရှာဖွေရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်သောသူများကို ငါတို့ မည်သို့ သရုပ်ဖော်သင့်သနည်း။ ၎င်းတို့ကို မိမိတို့၏ ကိုယ်ကျိုးစီးပွားကို အရာအားလုံးထက် ရှေ့တန်းတင်သောသူများအဖြစ် သရုပ်ဖော်ခြင်းသည် အတော်အတန် သင့်လျော်ပေသည်။ တစ်စုံတစ်ဦးသည် ၎င်းတို့အတွက် အသုံးဝင်ပြီး အကျိုးရှိသည်ကို ၎င်းတို့ မြင်နေသမျှကာလပတ်လုံး ထိုလူခိုင်းသည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်လိမ့်မည်၊ ထိုလူပေးသည့် အမိန့်အားလုံးကိုပင် တစ်ခုမကျန် ၎င်းတို့ လိုက်နာကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျိုးစီးပွားကို အရာအားလုံးထက် ရှေ့တန်းတင်သည်၊ တစ်စုံတစ်ခုက ၎င်းတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးနေသမျှကာလပတ်လုံး အဆင်ပြေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းက ကောင်းချီးများနှင့် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလိမ့်မည်ဟု ၎င်းတို့အား ပြောပါက ၎င်းတို့သည် ကိုယ်တော်ကို ဧကန်မုချ ယုံကြည်ကြမည်ဖြစ်ပြီး သင်ခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလိမ့်မည်။ လူ့အဖွဲ့အစည်း၌ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် သင်၏စွမ်းရည်သည် ၎င်းတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီပြီး ၎င်းတို့ကို အကျိုးခံစားခွင့် ပြုနေသမျှကာလပတ်လုံး ၎င်းတို့သည် သင်နှင့် သေချာပေါက် ပေါင်းသင်းဆက်ဆံကြလိမ့်မည်။ သို့သော် ၎င်းတို့ သင်နှင့် ပေါင်းသင်းဆက်ဆံခြင်းက ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်နိုင်သည်ဟု မဆိုလိုသကဲ့သို့ သင်တို့ကဲ့သို့ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ မိမိတို့ကိုယ်ကို အသုံးခံကြလိမ့်မည်ဟုလည်း မဆိုလိုပေ။ ၎င်းတို့သည် သင်နှင့် ကောင်းစွာ အဆင်ပြေပြီး သင်တို့၌ အထူးကောင်းမွန်သော ဆက်ဆံရေးတစ်ခု ရှိလျှင်ပင် သင်တို့သည် စိတ်တူကိုယ်တူ ရှိကြသည်၊ တူညီသော လမ်းကြောင်းကို လိုက်လျှောက်ကြသည် သို့မဟုတ် တူညီသော လိုက်စားမှုများ ရှိကြသည်ဟု ဆိုလိုနေခြင်း မဟုတ်ပေ။ ထို့ကြောင့် သင်သည် ထိုသို့သောလူများ၏ အထင်အမြင်မှားစေခြင်းကို ခံရ၍မဖြစ်ချေ။ ဤလူများသည် ပါးနပ်ကြပြီး အခြားလူများနှင့် အပြန်အလှန်ဆက်ဆံရန် ပရိယာယ်များ ရှိကြသည်။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်မှာ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရရှိရန်မဟုတ်ဘဲ အားကိုးရာ ရှာဖွေရန် ဖြစ်သည်။ ဤအရာက ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် မည်မျှ နိမ့်ကျပြီး မှောင်မိုက်ကြောင်း ပြသနေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် အမျိုးမျိုးသော အကျိုးကျေးဇူးများကို ရရှိရန် အကောက်ကြံလျက် မိမိတို့ အသုံးချနိုင်သောလူများကို ရှာဖွေရန် အသင်းတော်သို့ လာကြသည်။ ဤအရာက ထိုသို့သောလူများသည် သိက္ခာစောင့်စည်းမှု မရှိဘဲ ပြုမူနိုင်စွမ်းရှိပြီး အရှက်မရှိသော အမှုအရာအမျိုးမျိုးကို လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု မဆိုလိုပေလော။ (ဆိုလိုပါသည်။) ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်မှာ အားကိုးရာ ရှာဖွေပြီး အသက်မွေးဝမ်းကျောင်းတစ်ခုကို သေချာစေရန် ဖြစ်သည်ဟူသော အချက်မှပင် ဤလူများသည် တစ်စက်မျှ ကောင်းမွန်ခြင်းမရှိကြောင်းနှင့် ၎င်းတို့သည် ကိုယ်ကျင့်စရိုက်၌ နိမ့်ကျပြီး တစ်ကိုယ်ကောင်းဆန်သော၊ စက်ဆုပ်ဖွယ်ကောင်းပြီး ယုတ်ညံ့သောသူများဖြစ်ကာ ကြီးမားသော အမှောင်ထုထဲ၌ အသက်ရှင်နေထိုင်ကြကြောင်း ရှင်းလင်းပေသည်။ ထို့ကြောင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် အသင်းတော်၏ စည်းမျဉ်းမှာ အလားတူပင် ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီးနောက် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများမဟုတ်ကြောင်း၊ ၎င်းတို့သည် ထွက်ပေါက်တစ်ခု ရှာဖွေရန်နှင့် အခွင့်ကောင်းယူရန် အသင်းတော်သို့ ရောက်ရှိလာကြကြောင်း၊ ၎င်းတို့အတွက် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် အစေခံရန် ညီအစ်ကိုမောင်နှမများကို အသုံးချလိုကြောင်း သင် ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် ထိုသို့သော ကိစ္စများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် ညီအစ်ကိုမောင်နှမများသည်လည်း အခြေအနေကို ချက်ချင်း တိကျစွာ ကိုင်တွယ်သင့်သည်။ အသင်းတော် သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံမှုကို အန္တရာယ်မပြုဘဲ ၎င်းတို့ကို အမြန်ဆုံး ရှင်းလင်းပစ်လော့ သို့မဟုတ် နှင်ထုတ်လော့။ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများကြားထဲ၌ ဆက်လက် ခိုအောင်းနေခွင့် မပြုသင့်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့်သူများ မဟုတ်ကြပေ။ ထိုသို့သောလူများသည် သင်တို့အလယ်၌ ခိုအောင်းနေသည့်အခါ ၎င်းတို့သည် မည်သူက အသုံးချရန် ထိုက်တန်သည်ကို မြင်ရန် လူတိုင်းအပေါ် တပ်မက်သော၊ စောင့်ကြည့်နေသော မျက်လုံးဖြင့် အစဉ်မပြတ် ကြည့်ရှုနေကြသည်။ ၎င်းတို့သည် အသင်းတော်၌ ၎င်းတို့ အသုံးချနိုင်သောလူများ ရှိမရှိကို အစဉ်အမြဲ တွက်ချက်နေကြသည်၊ ဆေးရုံ၌ အလုပ်လုပ်သော ဆွေမျိုးများ မည်သူ၌ရှိသည်၊ မည်သူက ရောဂါများကို ကုသတတ်သည် သို့မဟုတ် လျှို့ဝှက်သော ကုထုံးများရှိသည်၊ မည်သူက စတိုးဆိုင်များတွင် လက်ကားဈေးများ ရနိုင်သည်၊ မည်သည့်ညီအစ်ကို၏ မိသားစုက ကားအရောင်းပြခန်း ဖွင့်ထားသည်၊ မည်သူက အိမ်များကို အတွင်းဈေးများဖြင့် ရနိုင်သည်၊ ၎င်းတို့သည် ဤကိစ္စရပ်များကို အထူးတလည် စုံစမ်းစစ်ဆေးကြသည်။ ဤလူများသည် ၎င်းတို့၏ တွက်ချက်မှုများတွင် အလွန်စေ့စပ်သေချာလှသည်။ ၎င်းတို့သည် သေးငယ်သော ကိစ္စရပ်များကိုပင် တွက်ချက်ကြပြီး ညီအစ်ကိုမောင်နှမများကို ဆန့်ကျင်၍ အကြံအစည်ထုတ်ရန်နှင့် ထိုသူတို့ကို အခွင့်ကောင်းယူရန် ကျိတ်ကြံစည်ဖို့လည်း ဆန္ဒရှိကြသည်။ ၎င်းတို့သည် လူတိုင်း၏ မိသားစုနောက်ခံကို စုံစမ်းစစ်ဆေးကြပြီး လူတိုင်းကို ၎င်းတို့၏ အကြံအစည်များနှင့် အကောက်ကြံမှုများ၏ နယ်ပယ်အတွင်း၌ ထားရှိကြသည်။ ထိုသို့သောလူများနှင့် အပြန်အလှန်ဆက်ဆံသည့်အခါ သင်တို့၏ စိတ်နှလုံးများသည် ငြိမ်သက်ခြင်းကို ခံစားနိုင်သလော။ (မခံစားနိုင်ပါ။) ငြိမ်သက်ခြင်းမရှိပါက မည်သို့ လုပ်ဆောင်သင့်သနည်း။ သင်သည် ထိုသို့သောလူများကို သတိထားရှောင်သင့်သည်။ ဤလူများသည် မသမာသော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို ယုံကြည်ကြသည်၊ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် ကယ်တင်ခြင်းကို လိုက်စားရန် ဤနေရာသို့ ရောက်ရှိလာကြခြင်းမဟုတ်ဘဲ အားကိုးရာ၊ အသက်မွေးဝမ်းကျောင်းတစ်ခုနှင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခုကို ရှာဖွေရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်သော၊ စက်ဆုပ်ဖွယ်ကောင်းသော၊ စဉ်းလဲသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်ကြသကဲ့သို့ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုလည်း အသုံးမခံကြပေ။ အသင်းတော်က ၎င်းတို့ကို တစ်စုံတစ်ခုအတွက် လိုအပ်သည့်အခါ ၎င်းတို့ကို မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်သော်လည်း ကိစ္စပြီးသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ပြန်ပေါ်လာကြသည်။ ဤလူများသည် အခွင့်ကောင်းယူရန်သာ သိကြပြီး ၎င်းတို့ကို အသင်းတော်၌ ဆက်လက်နေခွင့်ပြုခြင်းသည် အသုံးမဝင်ပေ၊ ၎င်းတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုရမည်။ အချို့လူများက “လူတစ်ဦးကို ကိုင်တွယ်ဖြေရှင်းရန် အမှန်တကယ်ပင် အမျိုးမျိုးသော နည်းလမ်းများ လိုအပ်သလော” ဟု ပြောဆိုကြသည်။ အသင်းတော်၌ လူအမျိုးမျိုးရှိသည်၊ ၎င်းတို့ထဲမှ များစွာတို့သည် အားကိုးရာနှင့် ထွက်ပေါက်တစ်ခု ရှာဖွေရန်၊ ကောင်းချီးများ ရရှိရန် သို့မဟုတ် ဘေးအန္တရာယ်များကို ရှောင်ရှားရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ဤရည်ရွယ်ချက်များ၏ ပြင်းထန်မှုသာ ကွဲပြားသည်၊ အချို့လူများသည် အပြုအမူတစ်မျိုးကို ပြသပြီး အခြားသူများကမူ နောက်တစ်မျိုးကို ပြသကြသည်။ ထို့ကြောင့် မတူညီသောလူများကို မတူညီစွာ ဆက်ဆံရမည်၊ ဤသို့ပြုလုပ်ခြင်းကသာ စည်းမျဉ်းများနှင့် ကိုက်ညီသည်။ အားကိုးရာ ရှာဖွေနေကြသော ဤမယုံကြည်သူများအတွက်မူ ၎င်းတို့ကို ချက်ချင်း ဖယ်ရှားရမည်။ ၎င်းတို့ကို အသင်းတော်၌ အလကားစားသောက်နေခွင့် မပြုနှင့်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအား ၎င်းတို့အတွက် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုကြသည်၊ အမှန်တကယ်တွင် ၎င်းတို့အား ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာ၌ ကူညီရန် အားထုတ်မှုအနည်းငယ်သာ လိုအပ်သောကြောင့် ဤအကူအညီအနည်းငယ်မျှကိုပင် ၎င်းတို့အား အဘယ်ကြောင့် မပေးသင့်သနည်း။ ပထမအချက်က အရေးကြီးသည်မှာ ဤလူများသည် စစ်မှန်သော ယုံကြည်သူများမဟုတ်ကြ၊ ၎င်းတို့သည် လုံးဝဥဿုံ မယုံကြည်သူများ ဖြစ်ကြသည်။ ဒုတိယအချက်မှာ ဤလူများသည် မယုံကြည်ခြင်းမှ စစ်မှန်သော ယုံကြည်သူများအဖြစ်သို့ မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီး ရွေးချယ်ထားသောသူများ မဟုတ်ကြ၊ ၎င်းတို့သည် ကိုယ်တော်၏ ကယ်တင်ခြင်းခံရမည့်သူများ မဟုတ်ကြပေ၊ ထိုအစား ၎င်းတို့သည် အသင်းတော်ထဲသို့ ခိုးဝင်လာသော မကောင်းမှုပြုသူများ ဖြစ်ကြသည်။ တတိယအချက်မှာ ဤလူများသည် အသင်းတော်၌ နေရာအနှံ့ ပြေးလွှားလှုပ်ရှားကြပြီး ၎င်းတို့ရင်ဆိုင်ရသော ပြဿနာ မည်မျှပင် ကြီးမားပါစေ ညီအစ်ကိုမောင်နှမများထံမှ အကူအညီကို အစဉ်အမြဲ တောင်းဆိုကြသည်၊ ယင်းက ညီအစ်ကိုမောင်နှမများကို မသိမသာ နှောင့်ယှက်ပြီး တစ်ချိန်တည်းတွင်ပင် လူတိုင်းအတွက် အန္တရာယ်ရှိသည့် အလွန်အမင်း အပျက်သဘောဆောင်သော ဝန်းကျင်တစ်ခုကို အသင်းတော်၌ ဖန်တီးပေးသည်။ ထို့ကြောင့် အားကိုးရာ ရှာဖွေရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသော ဤနတ်ဆိုးများကို တတ်နိုင်သမျှ အမြန်ဆုံး သန့်စင်ဖယ်ရှားခြင်းသည် အကောင်းဆုံးဖြစ်သည်။ သင်သည် ၎င်းတို့ကို မဖော်ထုတ်ရသေးပါက သို့မဟုတ် ၎င်းတို့သည် ဤလူစားမျိုးဖြစ်သည်ဟု မသိမြင်ရသေးပါက သင်သည် ၎င်းတို့ကို စောင့်ကြည့်လေ့လာရန် ခေါ်ထားနိုင်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်က ရှင်းလင်းပစ်ရန် လိုအပ်သော အမျိုးမျိုးသော ဆိုးယုတ်သည့်လူများထဲတွင် ပါဝင်ကြောင်း သင် ပိုင်းခြားသိမြင်ပြီး ထွင်းဖောက်မြင်သည်နှင့်တစ်ပြိုင်နက် မတွေဝေနှင့် သို့မဟုတ် ၎င်းတို့အား မည်သည့်မျက်နှာသာမျှ မပြနှင့်။ လူတိုင်းနှင့် ဆွေးနွေးပြီး အများသဘောတူညီချက်တစ်ခုသို့ ရရှိပြီးနောက် သင်သည် ၎င်းတို့ကို ရှင်းလင်းပစ်နိုင်သည်။ အသင်းတော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စကို လျစ်လျူရှုပါက ညီအစ်ကိုမောင်နှမအများစုက ၎င်းတို့သည် အားကိုးရာနှင့် ထွက်ပေါက်တစ်ခု ရှာဖွေရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်သော အမျိုးအစားဖြစ်ကြောင်း အတည်ပြုနေသမျှ ကာလပတ်လုံး သင်သည် အယောင်ဆောင် ခေါင်းဆောင်များထံမှတစ်ဆင့် မသွားဘဲ ၎င်းတို့ကို တိုက်ရိုက် ရှင်းလင်းပစ်ပိုင်ခွင့် ရှိသည်။ ထိုသို့ပြုလုပ်ခြင်းသည် မှန်ကန်ပြီး သမ္မာတရား စည်းမျဉ်းများနှင့် အပြည့်အဝ ကိုက်ညီသည်။ ယင်းသည် သင်တို့၏ အခွင့်အရေး၊ သင်တို့၏ တာဝန်၊ သင်တို့၏ ဝတ္တရား ဖြစ်သည်၊ ယင်းသည် သင်တို့၏ ကိုယ်ပိုင်ကာကွယ်မှုအတွက် ဖြစ်သည်။ စစ်မှန်သော ယုံကြည်သူများဖြစ်ကြသည့် ညီအစ်ကိုမောင်နှမများက အခက်အခဲများ ကြုံတွေ့ရသည့်အခါ ငါတို့သည် ၎င်းတို့ကို မိမိတို့ စွမ်းနိုင်သမျှ အကောင်းဆုံး ကူညီရန် အစွမ်းကုန် ကြိုးစားရမည့် တာဝန်နှင့် ဝတ္တရားရှိသည်မှာ ပြောစရာမလိုပေ၊ မေတ္တာပါသော အကူအညီနှင့် ထောက်ပံ့မှုဖြင့်ဖြစ်စေ သို့မဟုတ် ရုပ်ဝတ္ထုဆိုင်ရာ အကူအညီမှတစ်ဆင့်ဖြစ်စေ ကူညီနိုင်သည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများကြားရှိ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်ကို ယုံကြည်သောသူများ၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သို့သော် ငါတို့သည် မယုံကြည်သူများကို ကူညီခြင်းကို လက်တွေ့လုပ်ဆောင်ရန် မည်သည့်တာဝန် သို့မဟုတ် ဝတ္တရားမျှ မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ကြဘဲ ဤကျေးဇူးတော် သို့မဟုတ် ထိုသို့သော အကူအညီကို မခံစားထိုက်သောကြောင့် ဖြစ်သည်။ ဤသည်မှာ လူတို့ကို စည်းမျဉ်းများအတိုင်း ဆက်ဆံခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် သတ္တမမြောက် ရည်ရွယ်ချက်အပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤနေရာတွင် နိဂုံးချုပ်သည်။ ဤလူစားမျိုးတို့အကြောင်း နောက်ထပ် တိကျသော ဥပမာများ ပေးရန် မလိုအပ်တော့ပေ။ အတိုချုပ်အားဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်မှာ အားကိုးရာ ရှာဖွေရန်ဖြစ်သော မည်သူမဆိုသည် အသင်းတော်မှ ရှင်းလင်းပစ်သင့်သော သို့မဟုတ် နှင်ထုတ်သင့်သောသူတစ်ဦး ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်၌ ထိုသို့သောလူများ ရှိကြောင်း ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်သင့်သည်။ သင်တွေ့ရှိသော တစ်ဦးစီတိုင်းကို ရှင်းလင်းပစ်လော့၊ တစ်ဦးတစ်ယောက်မျှ မချန်ထားနှင့်။ ညီအစ်ကိုမောင်နှမအများစုသည် အကူအညီမဲ့သည်ဟု ခံစားရပြီး နောက်ထပ် မခံနိုင်တော့သည့်အခြေအနေအထိ နှောင့်ယှက်ခြင်းခံခဲ့ရပြီးဖြစ်သည့်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များက “၎င်းတို့တွင် အခက်အခဲများ ရှိကြသည်။ ၎င်းတို့ကို ကျွန်ုပ်တို့ ကူညီသင့်သည်” ဟု ပြောဆိုခြင်းဖြင့် ၎င်းတို့ကို ခုခံကာကွယ်နေဆဲဖြစ်ပါက ထိုသို့သော ခေါင်းဆောင်များကို ဤသို့ ပြောသင့်သည်။ “၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်သူများ လုံးဝ မဟုတ်ကြပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သော မည်သူ့ကိုမဆို ၎င်းတို့ လျစ်လျူရှုပြီး ခိုင်းသည့်အခါ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ငြင်းဆန်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် မည်သည့်ရည်ရွယ်ချက်မျှ လုံးဝ မရှိခဲ့ကြဘဲ ၎င်းတို့၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးရန် ညီအစ်ကိုမောင်နှမများကို အသုံးချလိုကြခြင်းသာ ဖြစ်သည်။ ထိုသို့သော မယုံကြည်သူများကို ကူညီရန် ငါတို့၌ မည်သည့်တာဝန် သို့မဟုတ် ဝတ္တရားမျှ မရှိပါ” ဟူ၍ ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်က သဘောမတူလျှင်ပင် သင်တို့သည် အများစုနှင့် ပူးပေါင်းပြီး ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်ပိုင်ခွင့် ရှိသည်။ အသင်းတော်ခေါင်းဆောင်က ဤအချိန်၌ပင် သဘောမတူသေးပါက ထိုကိစ္စကို အထက်သို့ အကြောင်းကြားလော့၊ ထိုခေါင်းဆောင်ကို သီးခြားခွဲထားပြီး ဆင်ခြင်သုံးသပ်စေလော့။ ၎င်းတို့ သဘောတူသည်နှင့်တစ်ပြိုင်နက် သင်တို့သည် ၎င်းတို့၏ ခေါင်းဆောင်မှုကို နောက်တစ်ကြိမ် လက်ခံနိုင်သည်။ ၎င်းတို့ သဘောမတူမြဲရှိပါက သင်တို့သည် ၎င်းတို့ကို ဖယ်ရှားပြီး ခေါင်းဆောင်အသစ်တစ်ဦးကို ထပ်၍ ရွေးကောက်တင်မြှောက်နိုင်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် သတ္တမမြောက် ရည်ရွယ်ချက်ဖြစ်သည့် အားကိုးရာ ရှာဖွေရန် ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။