ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၃) အခန်း ငါး

ဇ။ နိုင်ငံရေး ရည်မှန်းချက်များ လိုက်စားခြင်း

နောက်တစ်ခုအနေဖြင့် အဋ္ဌမမြောက် ရည်ရွယ်ချက်ဖြစ်သည့် နိုင်ငံရေး ရည်ရွယ်ချက်များနှင့် နိုင်ငံရေး ရည်မှန်းချက်များဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ ထိုသို့သော လူပုဂ္ဂိုလ်များ ပေါ်ပေါက်လာနိုင်ချေမှာ သိပ်မများလှသော်လည်း မည်မျှ ဖြစ်နိုင်ချေရှိသည်ဖြစ်စေ ဤလူများ ပေါ်ပေါက်လာရန် ဖြစ်နိုင်ချေ ရှိနေသရွေ့ ငါတို့သည် ၎င်းတို့၏ ဥပမာများကို စာရင်းပြုစုပြီး ၎င်းတို့ကို ဖော်ထုတ်ကာ၊ မိတ်သဟာယဖွဲ့၍ ၎င်းတို့၏ စရိုက်လက္ခဏာကို သရုပ်ဖော်သင့်သည်။ လူတိုင်းက ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်းရှိလာစေရန်နှင့် ထို့နောက်တွင် ၎င်းတို့ကို အမြန်ဆုံး ရှင်းလင်းပစ်နိုင်စေရန် ငါတို့သည် ဤသို့ပြုလုပ်ရမည်ဖြစ်ပြီး ထိုသို့ဖြင့် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများအပေါ်သို့ ဒုက္ခနှင့် အန္တရာယ်များ ကျရောက်လာခြင်းမှ ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။ ဤသည်မှာ အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန်အလို့ငှာ လုပ်ဆောင်ခြင်းဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေး ရည်မှန်းချက်များဖြင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ငါတို့ ပိုင်းခြားသိမြင်ပြီး သတိထားရှောင်ရမည့်လူများ ဖြစ်ကြသည့်အပြင် အသင်းတော်က အမြန်ဆုံး ရှင်းလင်းပစ်သင့်သည့် ဆိုးယုတ်သောလူများလည်း ဖြစ်ကြသည်။ နိုင်ငံရေး ရည်မှန်းချက်များ ရှိသောသူတို့၏ သရုပ်သကန်များမှာ အဘယ်နည်း။ ၎င်းတို့သည် သင့်ကို ၎င်းတို့၏ စစ်မှန်သော အတွေးများကို ပြောဆိုကြမည် မဟုတ်ပေ။ ၎င်းတို့က “ကျွန်ုပ်သည် နိုင်ငံရေးကို စိတ်ဝင်စားရုံသာဖြစ်သည်၊ နိုင်ငံရေးတွင် ပါဝင်ရသည်ကို ကြိုက်နှစ်သက်သည်၊ ထို့ကြောင့် ကျွန်ုပ်သည် အခြားမည်သည့်အကြောင်းကြောင့်မျှမဟုတ်ဘဲ နိုင်ငံရေး ရည်မှန်းချက်များနှင့် နိုင်ငံရေး ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်ပါသည်။ သင်တို့အနေဖြင့် ကျွန်ုပ်ကို မည်သို့ ကိုင်တွယ်သင့်သည်ဖြစ်စေ ကိုင်တွယ်နိုင်ပါသည်” ဟု ရှင်းလင်းစွာ ပြောဆိုမည် မဟုတ်ပေ။ ၎င်းတို့သည် ဤသို့ ပြောဆိုမည်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့တွင် နိုင်ငံရေး ရည်မှန်းချက်များ ရှိသည်ကို သင် ပိုင်းခြားသိမြင်နိုင်စေသည့် မည်သည့်သရုပ်သကန်များ ရှိသနည်း။ ဆိုလိုသည်မှာ ၎င်းတို့သည် မည်သည့်စကားများကို ပြောဆိုသနည်း၊ မည်သည့်အရာများကို လုပ်ဆောင်သနည်း၊ မည်သည့်အမူအရာများ၊ မျက်လုံးထဲရှိ အကြည့်များနှင့် စကားပြောဆိုသည့် လေသံတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ မစင်ကြယ်ကြောင်းကို သင် အတည်ပြုနိုင်ရန် လုံလောက်သနည်း။ ၎င်းတို့ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမှုအရာများကို ဖုံးကွယ်ထားကြပြီး မည်သူမျှ ၎င်းတို့ကို နားလည်နိုင်ခြင်းမရှိပေ။ ၎င်းတို့တွင် အထူးပင်ကိုလက္ခဏာနှင့် နောက်ခံရှိသည်၊ ၎င်းတို့၏ ပြောဆိုပြုမူပုံမှတစ်ဆင့် ၎င်းတို့တွင် လျှို့ဝှက်အကြံအစည်များနှင့် ပရိယာယ်များ ရှိကြောင်းနှင့် ၎င်းတို့၏ စကားပြောဆိုခြင်းနှင့် အမှုအရာများကို လုပ်ဆောင်ခြင်းနည်းလမ်းသည် ဗျူဟာမြောက်ကြောင်းကို မြင်တွေ့နိုင်သည်။ ၎င်းတို့ စကားပြောဆိုသည့်အခါ သာမန်လူတစ်ဦးသည် ၎င်းတို့၏ စစ်မှန်သော ကြံရွယ်ချက်များ သို့မဟုတ် အတွေးများကို သဘောမပေါက်နိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် အဘယ်ကြောင့် ထိုသို့သော အရာများကို ပြောဆိုသည်ကိုလည်း မသိရှိကြပေ။ အပြင်ပန်းအားဖြင့် ဤလူများသည် ဘုရားသခင်ကို ယုံကြည်ခြင်း သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအပေါ် မည်သည့်ရန်လိုမုန်းတီးမှု သို့မဟုတ် မည်သည့်ဝေဖန်မှုကိုမျှ မပြသသည့်အပြင် ဤအရာများအပေါ် နှစ်သက်မှုအချို့ကိုပင် ပြသကောင်းပြသနိုင်သော်လည်း သင်သည် ၎င်းတို့က ထူးဆန်းသည်ဟု ခံစားရုံသာရှိသည်၊ ၎င်းတို့သည် အခြားညီအစ်ကိုမောင်နှမများနှင့် ကွဲပြားပြီး အနည်းငယ် အကဲခတ်ရခက်ပေသည်။ အနည်းငယ် အကဲခတ်ရခက်သော လူများနှင့်ပတ်သက်၍ သင်သည် အများအားဖြင့် မည်သို့ပြုလုပ်ကြသနည်း။ သင်သည် ၎င်းတို့ကို ရိုးရှင်းသောပုံစံဖြင့် သတိထားရှောင်ရုံသာ ပြုလုပ်သလော။ သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်၍ အမှန်တကယ် မည်သို့ဖြစ်ပျက်နေသည်ကို စုံစမ်းစစ်ဆေးပြီး ရှာဖွေဖော်ထုတ်ရန် သင်က အလျင်ဦးအောင် ပြုလုပ်သလော။ (ကျွန်ုပ်တို့သည် ၎င်းတို့ကို စောင့်ကြည့်လေ့လာသင့်ပါသည်။) တစ်စုံတစ်ဦးသည် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များသည် ယေဘုယျအားဖြင့် အချိန်တိုအတွင်း အလွယ်တကူ ဖော်ထုတ်ခြင်းမခံရပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ မည်သည့်အရာမျှ မလုပ်ဘဲနေခြင်းမှလွဲ၍ ပြုမူဆောင်ရွက်သည်နှင့် မိမိတို့ကိုယ်ကို မရည်ရွယ်ဘဲ ထုတ်ဖော်မိလိမ့်မည်။ သေးငယ်သောအသေးစိတ်အချက်များမှ သဲလွန်စများကို စောင့်ကြည့်လေ့လာပြီး ရှာဖွေလော့။ သင်သည် ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူတို့မှ ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်နှင့် ဦးတည်ရာမှ၊ ၎င်းတို့ စကားပြောဆိုသည့်အခါ အသုံးပြုသော စကားလုံးများနှင့် လေသံတို့မှ အချို့သော သတင်းအချက်အလက်များနှင့် သဲလွန်စများကို ရှာဖွေတွေ့ရှိနိုင်သည်။ ဤသို့ပြုလုပ်နိုင်ခြင်းသည် သင် စေ့စပ်သေချာခြင်း ရှိမရှိနှင့် သင့်ထံတွင် အသိဉာဏ်နှင့် အစွမ်းအစ အဆင့်အတန်းတစ်ခု ရှိမရှိအပေါ်တွင် မူတည်သည်။ အချို့သော လူမိုက်များသည် လူ့အဖွဲ့အစည်းတွင် တည်ရှိသော အန္တရာယ်နှင့် ရက်စက်ကြမ်းကြုတ်ခြင်းကို သတိပြုမိနိုင်ခြင်း မရှိကြပေ။ ၎င်းတို့ မည်သူ့ကိုပင် ကြုံတွေ့ရသည်ဖြစ်စေ ထိုသူတို့နှင့် ဆက်ဆံရန် တစ်ပုံစံတည်းသောနည်းလမ်းကို အမြဲ အသုံးပြုကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် နိုင်ငံရေး ရည်မှန်းချက်များရှိသော စဉ်းလဲကောက်ကျစ်ပြီး မရိုးသားသည့် နိုင်ငံရေးသမားများနှင့် ကြုံတွေ့ရသည့်အခါ အလွယ်တကူပင် ယုဒများ ဖြစ်သွားကြပြီး အသင်းတော်ကို သစ္စာဖောက်ခြင်းအတွက် တန်ဆာပလာများ ဖြစ်သွားကြကာ အသင်းတော်ကို ထောင်ချောက်ဆင်သည့် မိုက်မဲသောအရာများကို အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်မိကြသည်။

နိုင်ငံရေး ရည်မှန်းချက်များရှိသော ဤလူတို့တွင် အမှန်တကယ် မည်သည့်သရုပ်သကန်များ ရှိသနည်း။ ဤလူတို့တွင် လူမှုရေးနောက်ခံတစ်ခုခု ရှိသည်၊ ၎င်းတို့သည် နိုင်ငံရေး အသိုင်းအဝိုင်းများတွင် ကျင်လည်ကျက်စားသော လူပုဂ္ဂိုလ်များ ဖြစ်ကြသည်။ နိုင်ငံရေး အသိုင်းအဝိုင်းများတွင် ၎င်းတို့၏ အဆင့်အတန်း မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် အရာရှိများ ဖြစ်သည်ဖြစ်စေ၊ တောက်တိုမည်ရအလုပ်များ လုပ်ဆောင်နေသည်ဖြစ်စေ၊ သို့မဟုတ် နိုင်ငံရေး အသိုင်းအဝိုင်းများတွင် နေရာတစ်ခု ရရှိရန် ပြင်ဆင်နေသည်ဖြစ်စေ၊ အတိုချုပ်အားဖြင့် ဤလူတို့သည် လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးနောက်ခံ ရှိကြသည်၊ ဤသည်မှာ ရှုပ်ထွေးပြီး အထူးအခြေအနေတစ်ရပ် ဖြစ်သည်။ ဤလူတို့သည် ဘုရားသခင် တည်ရှိခြင်းကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့၏ လိုက်စားမှုများ၊ ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းများနှင့် ၎င်းတို့၏ သဘာဝအနှစ်သာရတို့ကို အကဲဖြတ်ကြည့်လျှင် ဤလူတို့သည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောသူများ ဖြစ်လာနိုင်သလော။ ၎င်းတို့သည် မယုံကြည်သူများအဖြစ်မှ၊ နိုင်ငံရေးကို စိတ်အားထက်သန်သော နိုင်ငံရေးသမားများအဖြစ်မှ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောသူများအဖြစ်သို့ ပြောင်းလဲနိုင်သလော။ (မပြောင်းလဲနိုင်ပါ။) သင်တို့ သေချာသလော။ သို့မဟုတ် ဖြစ်နိုင်ချေ ရှိသလော။ (လုံးဝ မဖြစ်နိုင်ပါ။) ယင်းမှာ လုံးဝ မဖြစ်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နိုင်ငံရေးသည် မတူညီသော လမ်းကြောင်းနှစ်ခု ဖြစ်သည်၊ ဤလမ်းကြောင်းနှစ်ခုသည် ဆန့်ကျင်ဘက် လားရာများသို့ ဖွံ့ဖြိုးသွားပြီး ဘုံတူညီချက်များ မရှိသည့်အပြင် လုံးဝ ဆုံတွေ့နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် လုံးဝ ကွဲပြားခြားနားသော လမ်းကြောင်းများ ဖြစ်ကြသည်။ သို့ဖြစ်၍ နိုင်ငံရေး ရည်မှန်းချက်များ ရှိသော သို့မဟုတ် နိုင်ငံရေးကို ချစ်မြတ်နိုးပြီး စိတ်အားထက်သန်သောသူတို့သည် မည်သည့် တိကျသော နိုင်ငံရေး ရည်ရွယ်ချက်များမျှမရှိဘဲ ဘုရားသခင်ကို ယုံကြည်လျှင်ပင် အခြားသော ရည်ရွယ်ချက်များကို ဆက်လက်သိုထားကြဆဲဖြစ်သည်၊ ပြီးလျှင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို ရရှိရန် သို့မဟုတ် ကယ်တင်ခြင်းခံရရန် မဟုတ်သည်မှာ သေချာပေသည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် မယုံကြည်ကြောင်းကို ဆုံးဖြတ်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်တစ်ပါး ရှိသည်ဟူသော ပြောစမှတ်စကားကိုသာ အသိအမှတ် ပြုကြသော်လည်း ဘုရားသခင် တည်ရှိခြင်းကို သို့မဟုတ် ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသည့် အချက်ကိုမူ အသိအမှတ်မပြုကြပေ။ ထို့ကြောင့် ဤလူတို့သည် နိုင်ငံရေးကို စိတ်အားထက်သန်သော မယုံကြည်သူများအဖြစ်မှ ဘုရားသခင် တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ အမှုတော်ကို လက်ခံနိုင်ကာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်သည့် စစ်မှန်သော ယုံကြည်သူများအဖြစ်သို့ မည်သည့်အခါမျှ ပြောင်းလဲကြမည် မဟုတ်ပေ။

နိုင်ငံရေး ရည်မှန်းချက်များရှိသော ဤမယုံကြည်သူတို့တွင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အမှန်တကယ် မည်သည့်ရည်ရွယ်ချက်များ ရှိသနည်း။ ဤသည်မှာ ၎င်းတို့၏ လိုက်စားမှုများနှင့် ၎င်းတို့ လုပ်ဆောင်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် သက်ဆိုင်သည်။ ဥပမာအားဖြင့် အချို့လူများသည် နိုင်ငံရေး အသိုင်းအဝိုင်းတစ်ခုအတွင်း၌ ကြီးကျယ်သော နိုင်ငံရေး ပန်းတိုင်များနှင့် ရည်သန်မျှော်မှန်းချက်များ စသည့် အချို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ တောင်းဆိုမှုများ အစဉ်ရှိကြသည်၊ ၎င်းတို့သည် မည်သည့်အရာပင်ဖြစ်စေ နိုင်ငံရေးနှင့် သက်ဆိုင်သည်သာ ဖြစ်သည်။ “နိုင်ငံရေး” ဟုဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ရိုးရှင်းစွာဆိုရလျှင် ယင်းသည် အစိုးရစနစ်များ၊ အာဏာနှင့် အုပ်ချုပ်ရေးတို့နှင့် သက်ဆိုင်သည်။ သို့ဖြစ်၍ နိုင်ငံရေး ရည်မှန်းချက်များဖြင့် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့၏ နိုင်ငံရေး လိုက်စားမှုများနှင့် သက်ဆိုင်သည်မှာ ပြောစရာမလိုပေ။ သို့ဆိုလျှင် ၎င်းတို့၏ ရည်မှန်းချက်များမှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်ရှိ လူများကို အဘယ်ကြောင့် မျက်စိကျကြသနည်း။ ၎င်းတို့သည် မိမိတို့၏ ပန်းတိုင်များ ဖြစ်မြောက်အောင်မြင်စေရန် အသင်းတော်တည်းဟူသော အဖွဲ့အစည်းကို၊ အသင်းတော်ရှိ များပြားလှသော လူဦးရေကို၊ အသင်းတော်ရှိ အမျိုးမျိုးသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် လူမှုအလွှာပေါင်းစုံမှ ဤလူတို့၏ ဩဇာလွှမ်းမိုးမှုကို အသုံးချလိုကြသည်။ အသင်းတော်၏ သွန်သင်ချက်များ၊ အသင်းတော်အလုပ်၏ ကဏ္ဍအမျိုးမျိုး လည်ပတ်ပုံ၊ ဘုရားသခင် ရွေးချယ်ထားသောလူများ အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ပုံ၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ လက်တွေ့လုပ်ဆောင်မှု စသည်တို့ကို လေ့လာပြီးနောက် ၎င်းတို့သည် မိမိတို့ကိုယ်ကို အသင်းတော်ထဲသို့ ပေါင်းစည်းရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် တစ်နေ့နေ့တွင် လူတိုင်းကို ၎င်းတို့အား နားထောင်စေရန်၊ ၎င်းတို့၏ အသုံးချခြင်းကို ခံရစေရန် စည်းရုံးဖို့ ဤအရာများကို အသုံးပြုနိုင်မည်ဟု မျှော်လင့်လျက် ဘုရားသခင် ရွေးချယ်ထားသောလူများ မိတ်သဟာယဖွဲ့ရာတွင် မကြာခဏ အသုံးပြုသော ဝိညာဉ်ရေးရာ ဝေါဟာရများနှင့် အမျိုးမျိုးသော အသုံးအနှုန်းများကဲ့သို့သော အရာများကို စိတ်ထဲတွင် စွဲစွဲမြဲမြဲ မှတ်ထားကြပြီး ထိုသို့ဖြင့် ၎င်းတို့၏ နိုင်ငံရေး ပန်းတိုင်များကို အောင်မြင်စေရန် ဖြစ်သည်။ ဘာသာတရား မရှိသူများ ပြောဆိုသကဲ့သို့ပင် အမှုအရာများသည် အချိန်အတိုင်းအတာတစ်ခုအထိ အရှိန်ယူ အစပျိုးနေပြီးနောက် ၎င်းတို့က အလံကိုလွှင့်ထူပြီး လူတို့ကို ပုန်ကန်ထကြွစေနိုင်သည့်အခါ များသည်ထက် များသောလူများက ၎င်းတို့၏ ခေါ်ဆောင်မှုကို တုံ့ပြန်ပြီး ၎င်းတို့နောက်သို့ လိုက်ကြမည်ဖြစ်ရာ ၎င်းတို့သည် မိမိတို့၏ ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် ၎င်းတို့၏ အင်အားစု ဖြစ်လာစေဖို့ အသင်းတော်ရှိ လူတစ်စုတစ်ပိုင်းကို ရရှိနိုင်မည်ဖြစ်သည်။ ထိုသို့သောအရာများသည် ခေတ်သစ် တရုတ်သမိုင်းတွင် အကြိမ်အနည်းငယ် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် ချင်မင်းဆက်လက်ထက်တွင် ပေါ်ပေါက်ခဲ့သော ကြာဖြူသူပုန်ထမှုနှင့် တိုင်ပင်း သူပုန်ထမှုတို့သည် နိုင်ငံရေး ရည်မှန်းချက်များရှိသော လူတို့က အစိုးရကို တိုက်ခိုက်ရန် ဘာသာတရားကို အသုံးပြုခဲ့သည့် ဖြစ်ရပ်များ ဖြစ်ကြသည်။ ၎င်းတို့၏ ဘာသာတရားများ၏ သွန်သင်ချက်များသည် မှန်သော လမ်းခရီးမှ သွေဖည်ခဲ့ပြီး သမ္မာတရားနှင့် လုံးဝမကိုက်ညီသော အဓိပ္ပာယ်မဲ့ပြီး ရယ်ဖွယ်ကောင်းသည့် ကဏ္ဍများစွာ ရှိခဲ့သည်။ နိုင်ငံရေး ရည်မှန်းချက်များ ရှိသောသူတို့သည် လူတို့၏ စိတ်များကို တစ်စုတစ်စည်းတည်းဖြစ်စေရန်၊ ၎င်းတို့၏ စိတ်များကို ချည်နှောင်ရန်၊ ၎င်းတို့၏ စိတ်များကို ဩဇာလွှမ်းမိုးပြီး သွတ်သွင်းရန် ထိုသို့သော သွန်သင်ချက်များကို အသုံးချခဲ့ကြသည်။ အဆုံးတွင် ၎င်းတို့သည် မိမိတို့၏ နိုင်ငံရေး ပန်းတိုင်များကို အောင်မြင်စေရန် ဤသွတ်သွင်းခြင်းခံရသော လူတို့ကို အမြတ်ထုတ်ခဲ့ကြသည်။ အစကတည်းက ဤနိုင်ငံရေး ရည်မှန်းချက်များရှိသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ရန် လာကြသည့်အခါ ၎င်းတို့ သဘောကျကြသည်မှာ အသင်းတော်၏ အမည်နာမ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အသင်းတော်တည်းဟူသော အဖွဲ့အစည်း၏ အမည်အောက်တွင် မိမိတို့၏ ပင်ကိုလက္ခဏာနှင့် ရည်မှန်းချက်များကို ဖုံးကွယ်နိုင်ကြသည်၊ ဤသည်မှာ ကဏ္ဍတစ်ခု ဖြစ်သည်။ နောက်တစ်ခုမှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသော အလံတော်အောက်တွင် မိမိတို့၏ နိုင်ငံရေးအမြင်များကို ဖြန့်ဝေနေသရွေ့ အသင်းတော်ရှိ လူတို့ကို သွတ်သွင်းရန် အလွန်လွယ်ကူမည်ဖြစ်ပြီး ဤလူတို့သည် ကျော်ကြားသောလူများကို ကိုးကွယ်ပြီး နားထောင်ရန် အလားအလာရှိသည်ဟု ထင်မှတ်ကြခြင်း ဖြစ်သည်။ အကျိုးဆက်အနေဖြင့် နိုင်ငံရေး ရည်မှန်းချက်များရှိသော ဤလူပုဂ္ဂိုလ်များသည် အသင်းတော်ရှိ လူတို့ကို အသုံးချခံရမည့် လူများအဖြစ် ရှုမြင်တတ်ကြသည်။ ၎င်းတို့သည် အသင်းတော်က မိမိတို့၏ ပင်ကိုလက္ခဏာကို ဖုံးကွယ်နိုင်သည့် နေရာတစ်ခု ဖြစ်လာရန် အလွန်လွယ်ကူသည်ဟုလည်းကောင်း၊ အသင်းတော်၏ အသင်းသားများသည် ၎င်းတို့ အလွယ်တကူ အသုံးချနိုင်သည့် လူများ ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်၊ ရိုးရှင်းစွာဆိုရလျှင် ဤသည်မှာ ၎င်းတို့ အမှုအရာများကို ရှုမြင်ပုံ ဖြစ်သည်။ သို့ဖြစ်၍ အသင်းတော်သို့ ဝင်ရောက်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ တစ်နေ့နေ့တွင် ၎င်းတို့ ဩဇာအာဏာ ရှိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ နိုင်ငံရေး ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ပြီး အာဏာရရှိနိုင်မည်ဟု မျှော်လင့်ခြင်း ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကို ကိုးကွယ်ပြီး လိုက်လျှောက်သော လူတို့ကို မိမိတို့၏ နိုင်ငံရေး ဩဇာလွှမ်းမိုးမှု နယ်ပယ်ထဲ၌ ပါဝင်လာစေဖို့ တိုးချဲ့ရန် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသော အမည်ခံအကြောင်းပြချက်ကို အသုံးပြုလိုကြသည်။ အချို့လူများက “၎င်းတို့တွင် ဤရည်ရွယ်ချက် ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့သည် မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ပါက ကျွန်ုပ်တို့သည် ၎င်းတို့ကို မယုံကြည်သူများ သို့မဟုတ် ယုံကြည်သူအယောင်ဆောင်များအဖြစ်သာ အများဆုံး မြင်နိုင်ပါသည်။ ၎င်းတို့တွင် ရှင်းလင်းသော နိုင်ငံရေး ရည်ရွယ်ချက်များ ရှိသည်ကို ကျွန်ုပ်တို့ မည်သို့ မြင်နိုင်မည်နည်း” ဟု ပြောဆိုကြသည်။ ဤသည်မှာ မခက်ခဲပေ။ အချိန်ယူ၍ စောင့်ကြည့်လေ့လာရုံသာ ဖြစ်သည်။ ၎င်းတို့တွင် နိုင်ငံရေး ရည်မှန်းချက်များ ရှိနေသရွေ့ ၎င်းတို့သည် သေချာပေါက် တစ်စုံတစ်ခုကို ဆောင်ရွက်ကြလိမ့်မည်။ ၎င်းတို့သည် ဆောင်ရွက်လိုခြင်းမရှိပါက အသင်းတော်ထဲသို့ အဘယ်ကြောင့် ခိုးဝင်လာခဲ့မည်နည်း။ ၎င်းတို့သည် ယခုထိ ဆောင်ရွက်ခြင်း မပြုသေးပါက အခွင့်အရေး မတွေ့သေးသောကြောင့် ဖြစ်သည်။ ၎င်းတို့ အခွင့်အရေး ရသည်နှင့်တစ်ပြိုင်နက် ထိုအတိုင်း လိုက်၍ ဆောင်ရွက်ကြလိမ့်မည်။ ဥပမာအားဖြင့် အစိုးရသည် မှားယွင်းသော မူဝါဒတစ်ရပ်ကို ပြဋ္ဌာန်းလျှင် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများကို နှိပ်ကွပ်ပြီး ဖမ်းဆီးလျှင် ညီအစ်ကိုမောင်နှမများသည် ဤကိစ္စကို အများဆုံး ဆွေးနွေးပြီး ပိုင်းခြားသိမြင်ကြမည်ဖြစ်ကာ ထိုမျှနှင့် ပြီးဆုံးသွားမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်ကို ယုံကြည်ခြင်း၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းတို့သည် အရေးကြီးသောအရာများ ဖြစ်ကြသည်။ ၎င်းတို့သည် အသေးအဖွဲကိစ္စများအတွက် အရေးကြီးသောအရာကို လက်လွှတ်ခံကြမည်မဟုတ်၊ ၎င်းတို့သည် မိမိတို့ ယခင်အတိုင်း ပြုမူသင့်သည့်ပုံစံဖြင့် ဘုရားသခင်ကို ဆက်လက်ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကြလိမ့်မည်။ သို့သော် နိုင်ငံရေး ရည်မှန်းချက်များရှိသော လူတို့မှာမူ ကွဲပြားသည်။ ၎င်းတို့သည် ထိုကိစ္စကို အကျယ်ချဲ့ကြလိမ့်မည်၊ ပြင်းထန်စွာ ဖော်ထုတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လူသိရှင်ကြား ကြေညာကြမည်ဖြစ်ကာ မိမိတို့၏ ကိုယ်ပိုင်နိုင်ငံရေး ရည်မှန်းချက်များကို အထောက်အကူပြုရန် လူတိုင်းကို အစိုးရအား ဆန့်ကျင်တော်လှန်စေဖို့ အသည်းအသန် လှုံ့ဆော်လိုကြပြီး ၎င်းတို့၏ ပန်းတိုင်များကို မရောက်မချင်း ရပ်တန့်ကြမည် မဟုတ်ပေ။ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်းငှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းကိစ္စများကို လုံးဝ ဘေးဖယ်ထားကြပြီး လူအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လျစ်လျူရှုကြသည်။ ဤသည်မှာ ၎င်းတို့ ရူးသွပ်ပုံဖြစ်သည်၊ လူတို့သည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးသလော။ ထိုသို့သော လူပုဂ္ဂိုလ်များသည် ဘုရားသခင်နောက်သို့ လိုက်နေကြသလော သို့မဟုတ် နိုင်ငံရေးနောက်သို့ လိုက်နေကြသလော။ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သော အချို့လူများသည် အလွယ်တကူ အထင်အမြင်မှားစေခြင်း ခံကြရသည်။ နိုင်ငံရေး လုပ်ဆောင်သော ဤလူတို့သည် သမ္မာတရားဟူသည်မှာ အဘယ်အရာဖြစ်သည်ကို မသိကြ၊ ဘုရားသခင်၏ အမှုတော်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ရန်နှင့် ၎င်းတို့ကို စာတန်၏ စွမ်းအားမှ ကယ်တင်ရန်ဖြစ်ကြောင်းကို သာ၍ပင် နားမလည်ကြပေ။ ၎င်းတို့သည် လူ့အခွင့်အရေးကိစ္စတွင်လည်းကောင်း၊ နိုင်ငံရေးတွင်လည်းကောင်း ပါဝင်ဆောင်ရွက်ခြင်းသည် တရားမျှတစိတ်ရှိခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းကို ဆိုလိုသည်ဟု ထင်မှတ်ကြသည်။ နိုင်ငံရေးနှင့် လူ့အခွင့်အရေးကိစ္စတို့တွင် ပါဝင်ဆောင်ရွက်ခြင်းသည် လူတစ်ဦးတွင် သမ္မာတရား လက်တွေ့ကျမှု ရှိသည်ကို ကိုယ်စားပြုသလော။ ယင်းသည် လူတစ်ဦးက ဘုရားသခင်ကို ကျိုးနွံနာခံသည်ကို ကိုယ်စားပြုသလော။ သင်သည် လူ့အခွင့်အရေးကိစ္စနှင့် နိုင်ငံရေးတို့ကို မည်မျှပင် ကောင်းစွာ ကိုင်တွယ်သည်ဖြစ်စေ ယင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခြင်းခံရပြီးဖြစ်ကြောင်းကို ကိုယ်စားပြုသလော။ ယင်းသည် အာဏာကိုင်စွဲရန် သင်၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ သန့်စင်ခြင်းခံရပြီးဖြစ်ကြောင်းကို ကိုယ်စားပြုသလော။ လူများစွာတို့သည် ဤကိစ္စရပ်များကို ထွင်းဖောက်မြင်နိုင်ခြင်း မရှိကြပေ။ ကြားသိရသည်မှာ ဆွန်ယက်ဆင်သည်လည်း ခရစ်ယာန်တစ်ဦး ဖြစ်ခဲ့သည်။ သူ အန္တရာယ်ကြုံတွေ့သည့်အခါ သူ့ကို ကယ်တင်ရန် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ သူသည် သူ၏ တစ်သက်တာလုံးကို တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်ရင်း ကုန်ဆုံးခဲ့သည်၊ သူသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့သလော။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်ခဲ့သလော။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရှိခဲ့သလော။ သူ၌ ဤအရာများ တစ်ခုမျှ မရှိခဲ့ပေ။ ပေါလုသည် ခေါ်တော်မူခြင်းခံရပြီးနောက် အဆက်မပြတ် ဧဝံဂေလိတရားဟောခဲ့ပြီး ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရသော်လည်း သူသည် အမှန်တကယ် နောင်တမရခဲ့သောကြောင့်၊ အသက်ဝင်ရောက်မှု မရှိခဲ့သောကြောင့် အပြစ်ဟောင်းများကို ထပ်ခါတလဲလဲ ကျူးလွန်ခဲ့ပြီး အခွင့်အရေးတိုင်းတွင် မိမိကိုယ်ကို ချီးမြှောက်ကာ သက်သေခံခဲ့သောကြောင့် သူသည် အန္တိခရစ်တစ်ဦး ဖြစ်လာခဲ့ပြီး အပြစ်ဒဏ်ပေးခြင်း ခံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ကျော်ကြားမှုနှင့် အဆင့်အတန်းကို အစဉ်လိုက်စားခြင်း၊ စွမ်းအားရှင် သို့မဟုတ် ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦး အစဉ် ဖြစ်လိုခြင်းတို့သည် အလွန်အန္တရာယ်များသည်။ နိုင်ငံရေး ရည်မှန်းချက်များရှိသောသူအားလုံးသည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤလူတို့သည် မိမိတို့၏ နိုင်ငံရေးဆိုင်ရာ ရည်သန်မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရန် အလွယ်တကူ လက်လျှော့ကြမည်မဟုတ်ဘဲ ယုံကြည်သူတို့ကို ၎င်းတို့၏ နိုင်ငံရေးအင်အားစုအဖြစ် လှုံ့ဆော်ပြီး သိမ်းသွင်းရန် အခွင့်အရေးများကို အစဉ်ရှာဖွေကြလိမ့်မည်။ တစ်နေ့နေ့တွင် ၎င်းတို့သည် ယုံကြည်သူတို့ကို အလွယ်တကူ အမြတ်ထုတ်၍မရကြောင်း၊ ယုံကြည်သူတို့သည် သမ္မာတရားကိုသာ ချစ်မြတ်နိုးပြီး လိုက်စားကြောင်း၊ ၎င်းတို့သည် လူတို့နောက်ကို မလိုက်ဘဲ ခရစ်တော်နောက်ကိုသာ လိုက်လျှောက်ကြောင်းကို မြင်တွေ့သည့်အခါမှသာလျှင် ဤယုံကြည်သူတို့ကို လုံးဝ လက်လျှော့ကြလိမ့်မည်။

အခြေခံအားဖြင့် နိုင်ငံရေး ရည်မှန်းချက်များရှိသော လူတို့၏စိတ်များသည် နိုင်ငံရေးနှင့်သက်ဆိုင်သော အတွေးအခေါ်များဖြစ်သည့် အာဏာနှင့် ဩဇာလွှမ်းမိုးမှု၊ အုပ်ချုပ်ရေး၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှုများ၊ နိုင်ငံရေးနည်းလမ်းများ စသည်တို့ဖြင့် လုံးလုံးလျားလျား ပြည့်နှက်နေသည်။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို နားမလည်ကြသကဲ့သို့ ယုံကြည်ခြင်းဟူသည် အဘယ်အရာဖြစ်သည်၊ သမ္မာတရားဟူသည် အဘယ်အရာဖြစ်သည်ကို နားမလည်ကြပေ၊ သို့မဟုတ် ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံရမည်ကို သာ၍ပင် နားမလည်ကြပေ။ ကောင်းကင်ဘုံ၏ အလိုတော်ဟူသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်း ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့၏ ရှင်သန်မှုဆိုင်ရာ စည်းမျဉ်းများမှာ “လူသည် သဘာဝကို အောင်နိုင်လိမ့်မည်။” နှင့် “လူတစ်ဦး၏ ကံကြမ္မာသည် ထိုသူ၏လက်ထဲတွင် ရှိ၏။” တို့ ဖြစ်ကြသည်။ သို့ဖြစ်၍ ထိုသို့သောလူများကို ပြောင်းလဲရန် ကြိုးစားခြင်းသည် မဖြစ်နိုင်သည့်အပြင် မိုက်မဲသော အတွေးအခေါ်တစ်ခု ဖြစ်သည်။ ဤလူတို့သည် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများကြားတွင် နိုင်ငံရေးအမြင်များကို မကြာခဏ ဖြန့်ဝေကြပြီး ၎င်းတို့ကို နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်ရန်နှင့် နိုင်ငံရေးတွင် ပါဝင်ရန် လှုံ့ဆော်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်သည် နိုင်ငံရေး ရည်မှန်းချက်များ၏ တွန်းအားပေးခြင်း ခံရသည်မှာ အလွန်ရှင်းလင်းပေသည်။ ဤအနှစ်သာရကို အခြားသူများက လျင်မြန်လွယ်ကူစွာ ပိုင်းခြားသိမြင်နိုင်သည်။ ဤလူတို့သည် ယုံကြည်ခြင်း၊ မှန်သောလမ်းခရီးကို လျှောက်လှမ်းခြင်းနှင့် ကောင်းကင်ဘုံ၏ အလိုတော်ကို ကျိုးနွံနာခံခြင်းတို့နှင့်ပတ်သက်၍ လုံးဝ မသိနားမလည်ကြပေ။ ၎င်းတို့သည် မည်သည့်လူ၏ အတွေးအခေါ်များနှင့် လမ်းကြောင်းများကိုမဆို နိုင်ငံရေးနည်းဗျူဟာများ အသုံးပြု၍ ပြောင်းလဲနိုင်သည်ဟု ယုံကြည်ကြပြီး အထူးသဖြင့် လူတစ်ဦး၏ ကံကြမ္မာကို လူ့နည်းလမ်းများနှင့် နည်းစနစ်များမှတစ်ဆင့် ပြောင်းလဲနိုင်သည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင် ဖန်ဆင်းထားသော သဘာဝတရား၏ နိယာမများနှင့် လူ၏ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာတို့ကဲ့သို့သော နက်နဲသည့်တိုင် သိသာထင်ရှားသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လုံးဝ မသိနားမလည်ကြပေ၊ ၎င်းတို့သည် ဤကိစ္စရပ်များနှင့်ပတ်သက်လာလျှင် လူပြိန်းများသာ ဖြစ်ပြီး လုံးဝ နားလည်နိုင်စွမ်းမရှိကြပေ။ ဤသို့ပြောဆိုခြင်းဖြင့် ငါသည် မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်မှာ နိုင်ငံရေး ရည်မှန်းချက်များကြောင့်ဖြစ်သော မည်သူ့ကိုမဆို တွေ့ရှိပါက သင်သည် ၎င်းတို့ကို ပြောင်းလဲရန် သို့မဟုတ် ဖျောင်းဖျရန် လုံးဝ မကြိုးစားရသည့်အပြင် ၎င်းတို့နှင့်အတူ များစွာသော သမ္မာတရားများကို မိတ်သဟာယဖွဲ့ရန်လည်း မလိုအပ်ပေ။ ၎င်းတို့ကို သတိထားရှောင်ခြင်းအပြင် သင်သည် အဆင့်ဆင့်ရှိ အသင်းတော်ခေါင်းဆောင်များ သို့မဟုတ် စိတ်ချရသော ညီအစ်ကိုမောင်နှမများကို ၎င်းတို့အကြောင်း အမြန်ဆုံး အကြောင်းကြားသင့်ပြီး ထို့နောက် ၎င်းတို့ကို အသင်းတော်မှ နှင်ထုတ်ရန် နည်းလမ်းတစ်ခုကို ရှာဖွေသင့်သည်။ သင်သည် အခြားသူများကို ဘာမှမသိဘဲ ကျန်နေစေလျက် ၎င်းတို့ကို လျှို့ဝှက်စွာနှင့် တိတ်တဆိတ် သတိထားရှောင်ခြင်း မပြုသင့်ပေ။ သို့ဆိုလျှင် နိုင်ငံရေးအကြောင်း ပြောဆိုရသည်ကို ကြိုက်နှစ်သက်ပြီး နိုင်ငံရေး ရည်မှန်းချက်များရှိသောသူတို့နှင့်ပတ်သက်၍ မည်သို့သောလူစားမျိုးက အနည်းငယ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိနိုင်သနည်း။ အသက်ကြီးသောလူများလော သို့မဟုတ် အသက်ငယ်သောလူများလော။ ညီအစ်ကိုများလော သို့မဟုတ် ညီအစ်မများလော။ (အသက်ကြီးသော ညီအစ်ကိုများ ဖြစ်ပါသည်။) မှန်ပေသည်၊ အသက်ကြီးသော ညီအစ်ကိုများ၊ ဆိုလိုသည်မှာ လူမှုရေး အတွေ့အကြုံရှိသောသူများ၊ နိုင်ငံရေးနှင့် ထိတွေ့မှုရှိခဲ့သောသူများ သို့မဟုတ် နိုင်ငံရေးအရ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသောသူများ၊ ဤကိစ္စရပ်များတွင် ထိုးထွင်းသိမြင်မှုရှိသော လူများသည် နိုင်ငံရေးကိစ္စရပ်များကို အတော်အတန် ရှင်းလင်းစွာ သိမြင်နိုင်သည်။ သိသာထင်ရှားစွာပင် ၎င်းတို့သည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်သောသူတို့အပေါ် အနည်းငယ် ပိုင်းခြားသိမြင်နိုင်စွမ်းကို ကျင့်သုံးနိုင်ပြီး အထူးသဖြင့် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများအပြင် ၎င်းတို့၏ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များ၊ အိပ်မက်များနှင့် ရည်သန်မျှော်မှန်းချက်များကိုပါ အတော်အတန် ရှင်းလင်းစွာ သိမြင်နိုင်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ဤလူတို့ကို အခြားသူများထက် အတော်အတန် ပို၍ လျင်မြန်စွာ ပိုင်းခြားသိမြင်နိုင်သည်။ တစ်စုံတစ်ဦးသည် ဤလူတို့တွင် နိုင်ငံရေး ရည်မှန်းချက်များရှိပြီး မယုံကြည်သူများဖြစ်ကြောင်းကို ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုသူတို့ကို သတိထားရှောင်ပြီး ဤမယုံကြည်သူတို့ကို ဖော်ထုတ်သင့်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် သမ္မာတရားကို နားမလည်သော မိုက်မဲပြီး အသိဉာဏ်မဲ့သူတို့ကိုလည်း ကာကွယ်ရမည်ဖြစ်ပြီး ၎င်းတို့အား အထင်အမြင်မှားစေခြင်းနှင့် အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ကာ အသင်းတော်၏ အတွင်းရေးဆိုင်ရာ အချက်အလက်အချို့ကို မရည်ရွယ်ဘဲ ပေါက်ကြားစေခြင်းမှလည်း ကာကွယ်ရမည်။ အသင်းတော်ခေါင်းဆောင်များကို အကြောင်းကြားပြီး ဤကိစ္စကို ၎င်းတို့နှင့် ဆွေးနွေးရန်၊ နိုင်ငံရေး ရည်မှန်းချက်များရှိသော ဤလူတို့ကို သတိထားရှောင်ဖို့အတွက် အသက်ပိုကြီးသောသူများ သို့မဟုတ် သမ္မာတရားအချို့ကို နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှု အနည်းငယ် ရှိသောသူများကို အမြန်ဆုံး အသိပေးရန် လိုအပ်သည်။ ဤလူတို့၏ မယုံကြည်သူများအဖြစ်ရှိသော အနှစ်သာရကို အခြားသူများအား ရှင်းလင်းစွာ မြင်တွေ့စေရန် ကူညီခြင်းသည် အရေးကြီးပြီး ထိုသို့ဖြင့် မိုက်မဲပြီး အသိဉာဏ်မဲ့သော ညီအစ်ကိုမောင်နှမများကို ၎င်းတို့၏ အမြတ်ထုတ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။ သင်သည် ဤကိစ္စရပ်များကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိဘဲ ပိုင်းခြားသိမြင်နိုင်စွမ်းလည်း မရှိပါက အချို့သော မကောင်းကြံသော၊ စဉ်းလဲသော လူတို့က သင်နှင့် စကားပြောဆိုသည့်အခါ သင်သည် မေးပင်မမေးရဘဲနှင့် မိမိတို့၏ စစ်မှန်သောအခြေအနေ၏ အသေးစိတ်အချက်အလက်များကိုလည်းကောင်း၊ သိသမျှအရာအားလုံးကိုလည်းကောင်း မဆင်မခြင် အကုန်အစင် ဖွင့်ဟပြောဆိုမိလိမ့်မည်ဖြစ်ပြီး အမှုမဲ့အမှတ်မဲ့ ယုဒတစ်ဦး ဖြစ်သွားပေမည်။ ထိုသို့သောလူများ ရှိသလော။ (ရှိပါသည်။) သင် စကားပြောဆိုသည့်အခါ အခြားလူက မည်သည့်ရည်ရွယ်ချက်ကို သိုထားသည်ကို သင်မသိဘဲ ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် ညီအစ်မအဖြစ် သဘောထားကာ သင်၏ စိတ်နှလုံးထဲရှိ အရာအားလုံးကို သတိမထားမိဘဲ ပြောဆိုလိုက်သည်၊ သင် ပြောဆိုပြီးနောက်တွင် မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို သင်မသိပေ။ အခြားသူများက ထိုသို့သောလူတို့အား သတိထားရှောင်ကြဉ်နေသည်ကို မြင်တွေ့လျက် သင်က “သင်က သတိသိပ်ကြီးလွန်းသည်။ ညီအစ်ကိုမောင်နှမများကြားတွင် ဖုံးကွယ်စရာ မည်သည့်အရာရှိသနည်း” ဟု ပြောဆိုသည်။ အခြားသူများ အဘယ်ကြောင့် ထုတ်မပြောသည်ကို သင် သတိမပြုမိပေ၊ ဤသည်ကို မိုက်မဲခြင်းဟု ခေါ်သည်။

နိုင်ငံရေး ရည်မှန်းချက်များရှိသော လူတို့သည် သမ္မာတရားကို မချစ်မြတ်နိုးဘဲ သမ္မာတရားကို လက်ခံကြမည်မဟုတ်သောကြောင့် မယုံကြည်သူများလည်း အမှန်ပင် ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် အန္တိခရစ်များဖြစ်သည့် ဆိုးယုတ်သောလူများ အမျိုးအစားထဲတွင် လုံးလုံးလျားလျား ပါဝင်သည်။ ထိုသို့သောလူတို့ကို သတိထားရှောင်ခြင်းသည် အမှန်တကယ်တွင် ဘာသိဘာသာအဖြစ်ဆုံးသော ချဉ်းကပ်နည်းသာ ဖြစ်သည်။ လက်ဦးမှုယူသော ချဉ်းကပ်နည်းမှာမူ ၎င်းတို့ကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများထံ မည်သည့်ဒုက္ခမျှ မကျရောက်စေရန် ရှောင်ရှားဖို့ ၎င်းတို့ကို အမြန်ဆုံး ကိုင်တွယ်ကာ နှင်ထုတ်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူတို့သည် အသင်းတော်အတွင်း အခြားသူများကို အချိန်မရွေး နေရာမရွေး ဩဇာလွှမ်းမိုးနိုင်ပြီး မည်သည့်အခြေအနေတွင်မဆို အချိန်မရွေး အသင်းတော်၏ ပုံမှန်အစီအစဉ်ကို ဖျက်ဆီးနိုင်သောကြောင့် ဖြစ်သဖြင့် ထိုသို့သော မယုံကြည်သူတို့အပေါ် သည်းခံမြဲသည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းကို ကျင့်သုံးမြဲကျင့်သုံးခြင်း မပြုနှင့်။ ၎င်းတို့အား နောင်တရရန် နောက်ထပ်အခွင့်အရေးတစ်ခု မပေးနှင့်၊ မမိုက်မဲကြနှင့်။ ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် နောင်အဖြစ်ဆိုးကို ကာကွယ်ရန် ၎င်းတို့ကို အမြန်ဆုံး နှင်ထုတ်သင့်သည်။ ဤသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို မလိုက်စားသောသူတို့အား အထင်အမြင်မှားစေခြင်းနှင့် အသုံးချခြင်းတို့မှ ကာကွယ်ရန်၊ စာတန်နှင့် ဆိုးယုတ်သော နတ်ဆိုးများ၏ ရုပ်သေးများ ဖြစ်လာခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ သင်သည် လောလောလတ်လတ်၌ အများဆုံး လုပ်ဆောင်သင့်သည့်အရာမှာ နိုင်ငံရေး ရည်မှန်းချက်များရှိသော ထိုသူတို့အား အသင်းတော်၏ အရေးကြီးသော သတင်းအချက်အလက် တစ်ခုကိုမျှ မသိရှိစေရန် တားဆီးခြင်း ဖြစ်သည်မှာ ပြောစရာမလိုချေ။ သင်သည် ၎င်းတို့ကို ပို၍စောစီးစွာ ပိုင်းခြားသိမြင်ပြီး နှင်ထုတ်လေ၊ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့နှင့် ထိတွေ့မှု ပို၍နည်းပါးလေဖြစ်ပြီး ၎င်းတို့၏ အထင်အမြင်မှားစေခြင်းနှင့် ဩဇာလွှမ်းမိုးခြင်းကို ခံရမှု ပို၍နည်းပါးလေ ဖြစ်လိမ့်မည်။ သို့ဖြစ်၍ အချိန်ကာလအားဖြင့် ထိုသို့သောလူတို့ကို နောက်ကျမှကိုင်တွယ်ခြင်းထက် စောစီးစွာ ကိုင်တွယ်ပြီး နှင်ထုတ်ခြင်းက ပိုကောင်းသည်၊ စောလေ ကောင်းလေ ဖြစ်သည်။ ဘာသိဘာသာနေခြင်းထက် အလျင်ဦးအောင် လုပ်ဆောင်ခြင်းက ပိုကောင်းသည်။ နိုင်ငံရေး ရည်မှန်းချက်များရှိသော လူတို့သည် မကောင်းကြံသောသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် အသင်းတော်နှင့် ဘုရားသခင်၏ အိမ်တော်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် မည်သည့်စိတ်ရင်းမှန်မျှ အမှန်တကယ် ရှိနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေခြင်း သို့မဟုတ် အသုံးချခြင်း မပြုနိုင်ပါက ၎င်းတို့သည် လုံးဝ အရှက်ရလိမ့်မည်ဖြစ်ပြီး နှုတ်မဆက်ဘဲနှင့်ပင် အသင်းတော်မှ မိမိတို့သဘောအလျောက် ထွက်ခွာသွားကြလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အဋ္ဌမမြောက် ရည်ရွယ်ချက်ဖြစ်သည့် နိုင်ငံရေး ရည်မှန်းချက်များကို လိုက်စားခြင်းအကြောင်း ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် နိဂုံးချုပ်လိုက်သည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။