ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၄) အခန်း တစ်

အချက် ၁၄- အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ (အပိုင်း ၃)

အမျိုးမျိုးသော ဆိုးယုတ်သည့်လူများကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများ

၁။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတစ်ဦး၏ ရည်ရွယ်ချက်အပေါ် အခြေခံခြင်း

ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးခုမြောက် တာဝန်ဖြစ်သော “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့” အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤတာဝန်၏ အကြောင်းအရာအပေါ် အခြေခံ၍ ငါတို့သည် မတူညီသော အခြေအနေများအောက်ရှိ အမျိုးမျိုးသော လူတို့၏ ကွဲပြားသော သရုပ်သကန်များကို အကျဉ်းချုပ် သုံးသပ်ခဲ့ကြပြီး ထို့နောက် ၎င်းတို့၏ သရုပ်သကန်များကို အခြေခံ၍ ဤအမျိုးမျိုးသော လူပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်ခဲ့ကြသည်။ ဤလူပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်ခြင်းအားဖြင့် မည်သူတို့သည် ဘုရားအိမ်တော်က ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်ရန် လိုအပ်သည့် ဆိုးယုတ်သောလူများဖြစ်သည်ကို ရှင်းလင်းစွာ ဖော်ထုတ်ရန် ငါတို့ ရည်ရွယ်ခဲ့ကြသည်၊ ဆိုလိုသည်မှာ ဘုရားအိမ်တော်၌ ဆက်လက်နေထိုင်ရန် ခွင့်မပြုထားသည့်သူများနှင့် ဖယ်ထုတ်ပစ်ခြင်းအတွက် ပစ်မှတ်များဖြစ်သည့် သူတို့ ဖြစ်ကြသည်။ ပြီးခဲ့သည့် နှစ်ကြိမ်တွင် ငါတို့သည် ကဏ္ဍသုံးခုမှတစ်ဆင့် အမျိုးမျိုးသော ဆိုးယုတ်သည့်လူစားမျိုးများကို ပိုင်းခြားသိမြင်ခြင်းနှင့် အမျိုးအစား ခွဲခြားခြင်းအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့တွင် ငါတို့သည် ဤကဏ္ဍသုံးခုမှတစ်ဆင့် အမျိုးမျိုးသော ဆိုးယုတ်သည့်လူစားမျိုးများကို အမျိုးအစားခွဲခြားခြင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အမျိုးမျိုးကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ဦးစွာ ဆယ့်လေးခုမြောက် တာဝန်နှင့် ယင်း၌ စာရင်းပြုစုထားသော တိကျသည့် အမျိုးအစားသုံးခုကို ဖတ်လော့။ (ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးခုမြောက် တာဝန် “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့” ဟူ၍ဖြစ်သည်။ ပထမမှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတစ်ဦး၏ ရည်ရွယ်ချက်၊ ဒုတိယမှာ လူတစ်ဦး၏ လူ့သဘာဝ၊ တတိယမှာ မိမိတို့၏ တာဝန်အပေါ် ထားရှိသော သဘောထားတို့ဖြစ်သည်။) ဖတ်ပြီးနောက်တွင် သင်တို့သည် ယခင် မိတ်သဟာယဖွဲ့ခြင်း နှစ်ခုမှ အခြေခံအကြောင်းအရာအချို့ကို ပြန်လည်အမှတ်ရကြသလော။ (အမှတ်ရပါသည်။) ငါတို့၏ နောက်ဆုံး မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာကို ဦးစွာ ပြန်လည်သုံးသပ်ကြစို့။ (ပြီးခဲ့သည့်တစ်ခါက ဘုရားသခင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတစ်ဦး၏ ရည်ရွယ်ချက်အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ပြီး ဤအကြောင်းအရာ၏ အချက်လေးမှ ရှစ်အထိကို ဆွေးနွေးခဲ့သည်။ စတုတ္ထမှာ အခွင့်ကောင်းယူရန်၊ ပဉ္စမမှာ အသင်းတော်ကို မှီခိုကပ်ရပ်ရန်၊ ဆဋ္ဌမမှာ ခိုလှုံရာ ရှာဖွေရန်၊ သတ္တမမှာ အားကိုးရာ ရှာဖွေရန်၊ အဋ္ဌမမှာ နိုင်ငံရေး ရည်မှန်းချက်များ လိုက်စားရန် ဖြစ်သည်။) ဤအချက်ငါးချက်ကို နောက်ဆုံး မိတ်သဟာယဖွဲ့ခြင်းတွင် ဆွေးနွေးခဲ့သည်။ ဤလူအမျိုးအစားငါးမျိုး၏ အခြေခံ သရုပ်သကန်များနှင့် ထုတ်ဖော်ခံရသော ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရများအကြောင်းကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့်လည်းကောင်း၊ ၎င်းတို့၏ အပြုအမူများနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းရှိ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များအပြင် ဘုရားသခင်အပေါ် ၎င်းတို့၏ အစဉ်သဖြင့် တောင်းဆိုမှုများမှ အကဲဖြတ်ရလျှင် ဤလူတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် မှတ်ယူပြီး အသင်းတော်၌ ဆက်လက်ရှိနေခွင့်ပြုသင့်သလော။ (မပြုသင့်ပါ၊ ထိုသို့သောလူများကို ဖယ်ရှားသင့်သည်၊ အကြောင်းမှာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းသည် သမ္မာတရားကို လိုက်စားရန် သို့မဟုတ် ကယ်တင်ခြင်းကို လိုက်စားရန် မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးတွင် ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်များနှင့် အကြံအစည်များ ရှိကြပြီး ဘုရားအိမ်တော်၌ မိမိတို့ကိုယ်တိုင်အတွက် အခွင့်အရေးများနှင့် အကျိုးကျေးဇူးများကို မသမာသောနည်းဖြင့်ရယူရန် မျှော်လင့်နေကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူများ မဟုတ်ကြ၊ ၎င်းတို့အားလုံးသည် မယုံကြည်သူများ ဖြစ်ကြသည်။) မယုံကြည်သူများကို အသင်းတော်မှ ရှင်းလင်းမပစ်ပါက ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများအပေါ် မည်သည့်အန္တရာယ်ကို ကျရောက်စေသနည်း။ (၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းလည်းမရှိ၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းလည်း မရှိပေ၊ ၎င်းတို့သည် သမ္မာတရားကို လက်မခံဘဲ အသင်းတော်၌ နေထိုင်ကြသည်။ ထို့အပြင် ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းနှင့် အယူအဆများကို ပွင့်အံချနိုင်ကြပြီး ထိုသို့ဖြင့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေကာ အပျက်သဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ကြသည်။) ဤသရုပ်သကန်များသည် အခြေခံအားဖြင့် လူတို့ မြင်နိုင်သောအရာများ ဖြစ်ကြသည်။

ပြီးခဲ့သည့် မိတ်သဟာယဖွဲ့ခြင်းတွင် ဆွေးနွေးခဲ့သော လူအမျိုးအစားငါးမျိုး၏ သရုပ်သကန်များမှ အကဲဖြတ်ကြည့်လျှင် ဤလူတို့တွင် ဘုံလက္ခဏာရပ်တစ်ခု ရှိသလော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ဘုံလက္ခဏာရပ်မှာ အဘယ်နည်း။ (ဤလူများအားလုံးသည် မယုံကြည်သူများ ဖြစ်ကြသည်။) (၎င်းတို့သည် ဘုရားသခင် တည်ရှိခြင်းကို မယုံကြည်ကြ၊ သမ္မာတရားကို မယုံကြည်ကြ၊ သမ္မာတရားကို စိတ်မဝင်စားကြပေ။) ဤသည်မှာ ၎င်းတို့၏ အနှစ်သာရကို ညွှန်းဆိုလေသည်။ ၎င်းတို့သည် သမ္မာတရားကို မယုံကြည်သောကြောင့် သမ္မာတရားကို လက်ခံကြမည် မဟုတ်ပေ။ သမ္မာတရားကို လုံးဝလက်မခံသောသူတို့၏ အနှစ်သာရမှာ မယုံကြည်သူတစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ မယုံကြည်သူများ၏ လက္ခဏာရပ်များမှာ အဘယ်နည်း။ ၎င်းတို့သည် အခွင့်ကောင်းယူရန်၊ အသင်းတော်ကို မှီခိုကပ်ရပ်ရန်၊ ဘေးအန္တရာယ်များကို ရှောင်ရှားရန်၊ ခိုလှုံရာနှင့် စားပေါက် ရှာဖွေရန် ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့ထဲမှ အချို့သည် မျက်နှာသာရရှိရန်နှင့် ရာထူးတစ်ခုရရှိရန် အချို့သောကိစ္စရပ်များမှတစ်ဆင့် အစိုးရနှင့် အဆက်အသွယ်များ တည်ဆောက်လိုလျက် နိုင်ငံရေး ရည်မှန်းချက်များကိုပင် လိုက်စားကြသည်။ ထိုသို့သောလူများသည် တစ်ဦးတစ်ယောက်မကျန် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဤလှုံ့ဆော်မှုများနှင့် ရည်ရွယ်ချက်များကို သယ်ဆောင်ထားကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်တစ်ပါး ရှိသည်ကို လုံးဝသေချာမှုဖြင့် မယုံကြည်ကြပေ။ ၎င်းတို့သည် ကိုယ်တော်ကို အသိအမှတ်ပြုလျှင်ပင် သံသယဖြင့်သာ အသိအမှတ်ပြုကြသည်၊ အကြောင်းမှာ ၎င်းတို့ စွဲကိုင်ထားသော အမြင်များသည် ဘုရားမရှိဟု ယူဆသော အမြင်များ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ရုပ်ဝတ္ထုလောက၌ ၎င်းတို့ မြင်နိုင်သောအရာများကိုသာ ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်တစ်ပါး ရှိသည်ကို မယုံကြည်ဟု ငါတို့ အဘယ်ကြောင့် ပြောဆိုရသနည်း။ အကြောင်းမှာ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်ဟူသည့် အချက်များနှင့် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် ဘုရားသခင်သည် ၎င်းတို့အပေါ် ဦးဆောင်လျက် အချုပ်အခြာအာဏာ ကိုင်စွဲလျက်ရှိသည်ဟူသည့် အချက်များကို ၎င်းတို့သည် ခြွင်းချက်မဲ့ မယုံကြည်ကြသောကြောင့် သို့မဟုတ် အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်က လူ့ဇာတိခံနိုင်သည်ဟူသည့် အချက်ကို ယုံကြည်နိုင်စရာ အကြောင်းမရှိပေ။ ၎င်းတို့သည် ဘုရားသခင်က လူ့ဇာတိခံနိုင်သည်ကို မယုံကြည်ပါက ဘုရားသခင် ဖော်ပြခဲ့သော သမ္မာတရားအားလုံးကို ယုံကြည်ပြီး အသိအမှတ်ပြုနိုင်စွမ်း ရှိကြသလော။ (မရှိကြပါ။) ၎င်းတို့သည် ဘုရားသခင် ဖော်ပြခဲ့သော သမ္မာတရားများကို မယုံကြည်ပါက ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် ကိုယ်တော်၏ စီမံခန့်ခွဲမှုအစီအစဉ်ကိုလည်းကောင်း ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) ၎င်းတို့သည် ဤအရာ တစ်ခုကိုမျှ မယုံကြည်ကြပေ။ ၎င်းတို့၏ မယုံကြည်ခြင်း၏ အရင်းအမြစ်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင် တည်ရှိသည်ကို မယုံကြည်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားမဲ့ဝါဒီများနှင့် ရုပ်ဝါဒီများ ဖြစ်ကြသည်။ ၎င်းတို့သည် ရုပ်ဝတ္ထုလောက၌ ၎င်းတို့ မြင်နိုင်သောအရာများသာလျှင် စစ်မှန်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ပရိယာယ်များနှင့် မသမာသောနည်းလမ်းများမှတစ်ဆင့်သာ ရရှိနိုင်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ကြီးပွားတိုးတက်ပြီး ပျော်ရွှင်သောဘဝဖြင့် အသက်ရှင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့က မိမိတို့၏ ကံကြမ္မာသည် မိမိတို့၏လက်ထဲ၌သာ ရှိသည်ဟုလည်းကောင်း၊ ပျော်ရွှင်သောဘဝကို ရရှိဖို့ မိမိတို့ကိုယ်ကို အားကိုးရမည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကိုဖြစ်စေ၊ ကိုယ်တော်၏ အနန္တတန်ခိုးကိုဖြစ်စေ မယုံကြည်ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို အားကိုးပါက မိမိတို့၌ မည်သည့်အရာမျှ ရှိတော့မည်မဟုတ်ဟု ထင်မှတ်ကြသည်။ နောက်ဆုံး၌ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာခပ်သိမ်းကို ပြီးမြောက်စေနိုင်သည်ကို မယုံကြည်ကြသကဲ့သို့ ဘုရားသခင်၏ အနန္တတန်ခိုးကိုလည်း မယုံကြည်ကြပေ။ ထိုအကြောင်းကြောင့် အခွင့်ကောင်းယူခြင်း၊ အသင်းတော်ကို မှီခိုကပ်ရပ်ခြင်း၊ ခိုလှုံရာ ရှာဖွေခြင်း၊ အားကိုးရာ ရှာဖွေခြင်း၊ ဆန့်ကျင်ဘက်လိင်နှင့် မိတ်ဆွေဖွဲ့ခြင်း၊ နိုင်ငံရေး ရည်မှန်းချက်များ လိုက်စားခြင်း၊ မိမိတို့ကိုယ်တိုင်အတွက် ရာထူးတစ်ခုနှင့် စားပေါက် ရရှိခြင်းတို့ကဲ့သို့သော ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဤလူတို့သည် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ကို မယုံကြည်သောကြောင့် အတိအကျပင် ၎င်းတို့သည် အသင်းတော်၌ မိမိတို့၏ ပင်ကိုစွမ်းရည်များကို အသုံးချရန် သို့မဟုတ် မိမိတို့၏ ဆန္ဒများကို အကောင်အထည်ဖော်ရန် ဆန္ဒရှိလျက် မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များဖြင့် အသင်းတော်ထဲသို့ ရဲတင်းစွာနှင့် အရှက်ကင်းမဲ့စွာ ခိုးဝင်နိုင်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မိမိတို့၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်အလို့ငှာ အသင်းတော်ထဲသို့ ခိုးဝင်နေကြခြင်းဖြစ်သည်ဟု ဆိုလိုသည်၊ ၎င်းတို့သည် အသင်းတော်၌ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရယူလိုကြပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့၏ စားပေါက် ရရှိကြလိမ့်မည်။ ၎င်းတို့၏ အပြုအမူအပြင် ၎င်းတို့၏ သဘာဝအနှစ်သာရမှတစ်ဆင့် ကြည့်လျှင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ကြံရွယ်ချက်များ၊ လှုံ့ဆော်မှုများနှင့် ရည်ရွယ်ချက်များသည် တရားနည်းလမ်းမကျကြောင်းနှင့် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ သမ္မာတရားကို လက်မခံကြ သို့မဟုတ် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် မယုံကြည်ကြကြောင်းကို မြင်တွေ့နိုင်သည်။ ၎င်းတို့သည် အသင်းတော်ထဲသို့ ခိုးဝင်လျှင်ပင် နေရာဖြည့်ရုံသက်သက်သာဖြစ်ပြီး မည်သည့်အပြုသဘောဆောင်သော အခန်းကဏ္ဍမှမျှ လုံးဝ ပါဝင်ခြင်းမရှိပေ။ သို့ဖြစ်၍ အသင်းတော်သည် ထိုသို့သောလူများကို လက်မခံသင့်ပေ။ ဤလူတို့သည် အသင်းတော်ထဲသို့ ခိုးဝင်ခဲ့ကြသော်လည်း ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ မဟုတ်ကြဘဲ အခြားသူများ၏ ရည်ရွယ်ချက်ကောင်းများကြောင့်သာ ခေါ်ဆောင်ခြင်းခံခဲ့ရခြင်း ဖြစ်သည်။ “၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ မဟုတ်ကြ” ဟူသည့် ဤစကားကို မည်သို့ အနက်ဖွင့်သင့်သနည်း။ ယင်းမှာ ဘုရားသခင်သည် ၎င်းတို့ကို ကြိုတင်သတ်မှတ်ပြီး ရွေးချယ်ခဲ့ခြင်းမရှိဟု ဆိုလိုသည်၊ ကိုယ်တော်သည် ၎င်းတို့ကို သူ၏ အမှုတော်၏ ပစ်မှတ်များအဖြစ် မရှုမြင်ပေ၊ သူကယ်တင်မည့် လူသားများအဖြစ်လည်း ၎င်းတို့ကို ကြိုတင်သတ်မှတ်ထားခြင်း မရှိပေ။ ဤလူတို့သည် အသင်းတော်ထဲသို့ ခိုးဝင်ပြီးသည်နှင့်တစ်ပြိုင်နက် ငါတို့သည် ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် သဘောထား၍မရနိုင်သည်မှာ သဘာဝကျသည်၊ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို စစ်မှန်စွာ လက်ခံသော သို့မဟုတ် ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံသောသူများ မဟုတ်သောကြောင့် ဖြစ်သည်။ အချို့က “၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော ညီအစ်ကိုမောင်နှမများ မဟုတ်ကြသည်ဖြစ်၍ အသင်းတော်သည် ၎င်းတို့ကို အဘယ်ကြောင့် ရှင်းလင်းမပစ်သနည်း သို့မဟုတ် မနှင်ထုတ်သနည်း” ဟု မေးကောင်းမေးနိုင်ကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သူ၏ ရွေးချယ်ထားသောလူများက ဤလူတို့အားဖြင့် ပိုင်းခြားသိမြင်နိုင်စွမ်းကို သင်ယူနိုင်ကြပြီး ထိုသို့ဖြင့် စာတန်၏ အကြံအစည်များကို ထွင်းဖောက်မြင်ကာ စာတန်ကို ငြင်းပယ်နိုင်ကြရန် ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသည်နှင့်တစ်ပြိုင်နက် ဤမယုံကြည်သူများကို ဖယ်ရှားပစ်သင့်သည်။ ပိုင်းခြားသိမြင်ခြင်း၏ ပန်းတိုင်မှာ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် ဘုရားအိမ်တော်ထဲသို့ ခိုးဝင်လာသော ဤမယုံကြည်သူတို့ကို ဖော်ထုတ်ပြီး အသင်းတော်မှ ရှင်းလင်းပစ်ရန် ဖြစ်သည်၊ အကြောင်းမှာ ဤလူတို့သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်သူများ မဟုတ်ကြသည့်အပြင် သမ္မာတရားကို လက်ခံပြီး လိုက်စားသောလူများ သာ၍ပင် မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ အသင်းတော်၌ ဆက်လက်နေထိုင်ခြင်းမှ မည်သည့်အကျိုးကျေးဇူးမျှ ရရှိမည်မဟုတ်ဘဲ ကြီးမားသော အန္တရာယ်သာ ကျရောက်လိမ့်မည်။ ပထမဦးစွာ အသင်းတော်ထဲသို့ ခိုးဝင်ပြီးနောက် ဤမယုံကြည်သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ စားသောက်ခြင်း မရှိသကဲ့သို့ သမ္မာတရားကိုလည်း စိုးစဉ်းမျှ လက်မခံကြပေ။ ၎င်းတို့သည် အခြားသူတို့၏ စိတ်နှလုံးများကို နှောင့်ယှက်လျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားမှလွဲ၍ အခြားအရာများကို အစဉ်အမြဲ ဆွေးနွေးကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို ထိခိုက်နစ်နာစေလျက် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရုံသာ ပြုကြလိမ့်မည်။ ဒုတိယအချက်မှာ ၎င်းတို့သည် အသင်းတော်၌ ဆက်လက်နေထိုင်ပါက ဘာသာတရားမရှိသူများကဲ့သို့ပင် မကောင်းမှုများကို ကျူးလွန်လျက် သောင်းကျန်းကြလိမ့်မည်ဖြစ်ပြီး အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်လျက် အသင်းတော်ကို ပုန်းကွယ်နေသည့် အန္တရာယ်များစွာသို့ ကျရောက်စေလိမ့်မည်။ တတိယအချက်မှာ ၎င်းတို့သည် အသင်းတော်၌ ဆက်လက်နေထိုင်လျှင်ပင် အစေခံသူများအဖြစ် လိုလိုလားလား ပြုမူဆောင်ရွက်ကြမည်မဟုတ်ဘဲ အစေခံမှုအနည်းငယ်ကို ပြုလုပ်လျှင်ပင် ကောင်းချီးများ ရရှိရန်အတွက်သာ ဖြစ်လိမ့်မည်။ ကောင်းချီးများ မရရှိနိုင်ကြောင်း ၎င်းတို့ သိရှိလာသည့်နေ့ရက် ရောက်လာပါက ၎င်းတို့သည် ဒေါသပေါက်ကွဲကြပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်ကာ ထိခိုက်စေလိမ့်မည်။ ယင်းကို လက်သင့်ခံမည့်အစား ၎င်းတို့ကို အသင်းတော်မှ တတ်နိုင်သမျှ စောစီးစွာ ရှင်းလင်းပစ်ခြင်းက ပိုကောင်းသည်။ စတုတ္ထအချက်မှာ ဤမယုံကြည်သူတို့သည် ဂိုဏ်းဂဏများ ဖွဲ့ကြရန်နှင့် အန္တိခရစ်တို့ကို ထောက်ခံပြီး လိုက်လျှောက်ကြရန် ဖြစ်နိုင်ချေရှိပြီး အသင်းတော်အတွင်း၌ ယင်း၏အလုပ်အပေါ် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေသည့် ဆိုးယုတ်သော အင်အားစုတစ်ခုကို ဖန်တီးကြလိမ့်မည်။ ဤအချက်လေးချက်ကို ထောက်ရှု၍ ဘုရားအိမ်တော်ထဲသို့ ခိုးဝင်လာသော ဤမယုံကြည်သူတို့ကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်ရန်၊ ထို့နောက် ၎င်းတို့ကို ရှင်းလင်းပစ်ရန် လိုအပ်သည်။ ဤသည်မှာ အသင်းတော်၏အလုပ်တွင် ပုံမှန်တိုးတက်မှုကို ထိန်းသိမ်းရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ပြီး အသင်းတော်အသက်တာကို ပုံမှန်အတိုင်း အသက်ရှင်နေထိုင်နိုင်သောကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းမှန်ပေါ်သို့ ဝင်ရောက်နိုင်ကြောင်းကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ ဤသည်မှာ ဤမယုံကြည်သူတို့၏ အသင်းတော်ထဲသို့ ခိုးဝင်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် ကြီးစွာသော အန္တရာယ်ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဘဲ ညီအစ်ကိုမောင်နှမများအဖြစ် သဘောထားကြသော လူများစွာ ရှိသည်။ အချို့လူများသည် ၎င်းတို့၌ ဆုကျေးဇူးအနည်းငယ် သို့မဟုတ် အားသာချက်အနည်းငယ် ရှိသည်ကို မြင်တွေ့ရသဖြင့် ၎င်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံရန် ရွေးချယ်ကြသည်။ ဤသည်မှာ အသင်းတော်၌ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ ပေါ်ပေါက်လာပုံ ဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရကို ကြည့်လျှင် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင် တည်ရှိသည်ကိုလည်းကောင်း၊ သူ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ကိုလည်းကောင်း၊ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ကိုလည်းကောင်း မယုံကြည်ကြောင်းကို မြင်တွေ့နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် ဘာသာတရား မရှိသူများ ဖြစ်ကြသည်။ ကိုယ်တော်သည် ၎င်းတို့ကို အရေးမစိုက်သည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း ၎င်းတို့အပေါ် အလုပ်လုပ်လိမ့်မည်မဟုတ်ပေ။ သို့ဖြစ်၍ ၎င်းတို့၏ အနှစ်သာရကို အခြေခံ၍ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့်သူများ မဟုတ်ကြသည့်အပြင် ကိုယ်တော်၏ ကြိုတင်သတ်မှတ်ခြင်း သို့မဟုတ် ရွေးချယ်ခြင်းခံရသူများလည်း သေချာပေါက် မဟုတ်ကြပေ။ ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်နိုင်စရာ အကြောင်းမရှိပေ။ မည်သို့ပင် ကြည့်ရှုသည်ဖြစ်စေ ဤမယုံကြည်သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင် ရွေးချယ်ထားသောလူများ မဟုတ်ကြပေ။ ၎င်းတို့ကို ချက်ချင်း တိကျစွာ ပိုင်းခြားသိမြင်သင့်ပြီး ထို့နောက် ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့အား အခြားသူများကို နှောင့်ယှက်လျက် အသင်းတော်၌ ခိုအောင်းနေခွင့် မပြုသင့်ပေ။ ဤမယုံကြည်သူတို့သည် မတူညီသော ရည်ရွယ်ချက်များနှင့် လှုံ့ဆော်မှုများဖြင့် အသင်းတော်ထဲသို့ ခိုးဝင်ကြပြီး သင်သည် အစပိုင်းတွင် ၎င်းတို့ကို ထွင်းဖောက်မြင်နိုင်ခြင်း သို့မဟုတ် ပိုင်းခြားသိမြင်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သင်သည် ၎င်းတို့နှင့် ပို၍ မကြာခဏ အပြန်အလှန်ဆက်ဆံပြီး ၎င်းတို့နှင့် ပို၍ များများ ဆက်ဆံလာသည်နှင့်အမျှ သင်သည် ၎င်းတို့ကို ပို၍ပို၍ နားလည်လာကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြောင်းကို ညွှန်ပြသော အမျိုးမျိုးသော သရုပ်သကန်များကို သင် ပို၍ပို၍ ရှင်းလင်းစွာ မြင်တွေ့လာကြလိမ့်မည်။ ထိုအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် ပို၍ လွယ်ကူသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံးက မယုံကြည်သူများကို ပိုင်းခြားသိမြင်နိုင်ပါက ၎င်းတို့ကို ထုတ်ဖော်ပြီး ရှင်းလင်းပစ်ရန် အချိန်တန်ပြီ ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်၊ ၎င်းတို့၏ လူမှုအဆင့်အတန်း သို့မဟုတ် အသင်းတော်၌ ၎င်းတို့၏ ဝါရင့်မှု မည်မျှပင် ကြီးမားသည်ဖြစ်စေ တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ပြီးနောက် ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်သေးဘဲ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများဖြင့် ပြည့်နေပါက ၎င်းတို့သည် မယုံကြည်သူများအဖြစ် ထုတ်ဖော်ခြင်းခံရပြီး ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းရှိ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် သရုပ်သကန်များကို သုံးသပ်ကြည့်လျှင် ၎င်းတို့သည် ရှင်းလင်းပစ်သင့်သော သို့မဟုတ် နှင်ထုတ်သင့်သောသူများ ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဤသည်မှာ အသင်းတော်တစ်ခုက ကာလတိုင်း၌ လုပ်ဆောင်ရမည့် ဖယ်ရှားခြင်းအလုပ် ဖြစ်သည်။

ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်ဟူသော အကြောင်းအရာသည် အချက်ရှစ်ချက်ကို ဆွေးနွေးခဲ့သည်၊ ဆိုလိုသည်မှာ လူအမျိုးအစား ရှစ်မျိုးရှိသည်၊ ၎င်းတို့၏ သရုပ်သကန်များသည် ငါတို့က အမျိုးမျိုးသော ဆိုးယုတ်သောလူစားမျိုးများကို ပိုင်းခြားသိမြင်ပြီးနောက် ၎င်းတို့အား တိကျမှန်ကန်သော စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းများ ပြုလုပ်ကာ ထိုနှင့်အညီ ကိုင်တွယ်ရန်အတွက် လုံလောက်သည်ဟူ၍ ဖြစ်လေသည်။ အတိုချုပ်အနေဖြင့် ဤလူအမျိုးအစား ရှစ်မျိုးသည် အသင်းတော်၌ ဆက်လက်နေထိုင်၍မရပေ။ အချို့က “ဤလူအမျိုးအစား ရှစ်မျိုးမှ တစ်မျိုးစီတိုင်းသည် အပြုအမူတစ်မျိုးတည်းကိုသာ ပြသကြသလော” ဟု မေးကောင်းမေးနိုင်ကြသည်။ ထိုသို့ဖြစ်ချင်မှ ဖြစ်ပေမည်၊ ဘုရားသခင်ကို အချို့လူများ၏ ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်တွင် အချက်လေးချက် သို့မဟုတ် ငါးချက် ပါဝင်သည်၊ ၎င်းတို့သည် ခိုလှုံရာ ရှာဖွေသည်၊ အသင်းတော်ကို မှီခိုကပ်ရပ်သည်၊ အခွင့်ကောင်းယူရန် ကြိုးပမ်းသည်၊ နိုင်ငံရေး ရည်မှန်းချက်များ လိုက်စားသည်၊ အခြားသူများကို လက်လွတ်စပယ် သွေးဆောင်ဖြားယောင်းရန် အသင်းတော်ထဲသို့ ခိုးဝင်လျက် လိင်မတူသူကို ရှာဖွေကြသည်။ ဘုရားသခင်ကို အချို့လူများ၏ ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်တွင် အချက်နှစ်ချက် ပါဝင်နိုင်သည်၊ တစ်ခုမှာ အသင်းတော်၌ အရာရှိတစ်ဦး ဖြစ်လာရန် ကြိုးပမ်းခြင်းဖြစ်ပြီး နောက်တစ်ခုမှာ အခွင့်ကောင်းယူခြင်းမှတစ်ဆင့် ကောင်းချီးများကို ရှာဖွေခြင်း ဖြစ်သည်၊ သို့မဟုတ် အချို့သည် ဆန့်ကျင်ဘက်လိင်ကို ရှာဖွေသည့်အပြင် အသင်းတော်ကို မှီခိုကပ်ရပ်ကြပေမည်။ ဤလူတို့သည် အခွင့်ကောင်းယူရန် ဘုရားအိမ်တော်သို့ လာကြသည်မှာ သိသာထင်ရှား၏၊ ၎င်းတို့အတွက် ကိစ္စရပ်များကို ပြီးမြောက်အောင် ကူညီလုပ်ဆောင်ပေးရန်၊ ၎င်းတို့အတွက် အားထုတ်ပေးရန် ဘုရားအိမ်တော် သို့မဟုတ် ညီအစ်ကိုမောင်နှမများကို အသုံးချဖို့ ရည်ရွယ်ကြသည်၊ မိမိတို့၏ ရည်ရွယ်ချက်များကို ဖြစ်မြောက်အောင်မြင်စေရန်နှင့် မိမိတို့၏ ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို အစေခံစေရန် ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံကို အသုံးပြုကြသည်။ အတိုချုပ်အနေဖြင့် အသင်းတော်ထဲသို့ ခိုးဝင်ခဲ့ပြီး ရှင်းလင်းပစ်သင့်သော သို့မဟုတ် နှင်ထုတ်သင့်သော ဤမယုံကြည်သူများနှင့် အခွင့်အရေးသမားများ၏ ဘုရားအိမ်တော်သို့ လာရောက်ခြင်းအတွက် သိသာထင်ရှားသော ရည်ရွယ်ချက်မှာ မိမိတို့၏ ကိုယ်ကျိုးအတွက် အခမဲ့စားသောက်ရန်နှင့် အခြေအနေကို အခွင့်ကောင်းယူရန် ဖြစ်သည်။ ၎င်းတို့၏ အပြောအဆိုတွင်ဖြစ်စေ၊ အပြုအမူများတွင်ဖြစ်စေ ၎င်းတို့၏ ရည်ရွယ်ချက်ကို အမြဲတစေ မထင်မရှား ပိုင်းခြားသိမြင်နိုင်သည်။ ဤလူတို့သည် သမ္မာတရားကို လုံးဝလက်မခံကြသကဲ့သို့ သမ္မာတရားကိုလည်း စိတ်ဝင်စားမှုမရှိကြပေ၊ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ရွံရှာစက်ဆုပ်ခြင်း သို့မဟုတ် အတိုက်အခံလုပ်ခြင်း စိတ်အခြေအနေများနှင့် သဘောထားများကိုပင် ပြသကြသည်။ အသင်းတော်က ၎င်းတို့အတွက် မည်သည့်တာဝန်ကိုပင် စီစဉ်ပေးသည်ဖြစ်စေ ၎င်းတို့အတွက် အကျိုးရှိမှသာလျှင် အင်တင်တင်ဖြင့် ပူးပေါင်းဆောင်ရွက်ကြသည်။ ၎င်းတို့အတွက် အကျိုးမရှိပါက စိတ်ထဲမှ အတိုက်အခံလုပ်ကြပြီး အပျက်သဘောဆောင်ခြင်းနှင့် ဘာသိဘာသာနေခြင်း၊ ရွံရှာစက်ဆုပ်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကိုပင် ပြသကြသည်။ အကျိုးရှိမှသာလျှင် အလုပ်အနည်းငယ်ကို လုပ်ဆောင်ကြသည်၊ အကျိုးမရှိပါက ရှောင်တိမ်းကြသည် သို့မဟုတ် ဘာသိဘာသာဖြင့် ဝတ်ကျေတမ်းကျေ လုပ်ကြသည်။ အလုပ်၏ အရေးကြီးသော အခိုက်အတန့်များတွင် ၎င်းတို့သည် တူတူပုန်းတမ်း ကစားကြပြီး ပျောက်ကွယ်သွားကာ အသင်းတော်၏အလုပ်ကို လျစ်လျူရှုကြသည်။ ဤသရုပ်သကန်များမှ ကြည့်လျှင် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းသည် အခမဲ့ စားသောက်ရန်သက်သက်သာဖြစ်ကြောင်း သိသာထင်ရှားသည်၊ ၎င်းတို့ကို အစေခံရန် အသုံးပြုခြင်းသည်ပင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလေသည်။

ဈ။ အသင်းတော်ကို စောင့်ကြည့်စစ်ဆေးရန်

ယနေ့တွင် ငါတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတစ်ဦး၏ ရည်ရွယ်ချက်ဟူသော အကြောင်းအရာအပေါ် နောက်ဆုံးအချက်ကို မိတ်သဟာယဖွဲ့ကြမည်။ အထက်တွင် ဖော်ပြခဲ့သော အချက်ရှစ်ချက်အပြင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ရည်ရွယ်ချက်နှင့် ကြံရွယ်ချက်တို့ တရားနည်းလမ်းမကျသော နောက်ထပ် လူအမျိုးအစားတစ်မျိုး ရှိသေးသည်။ အကျိုးကျေးဇူးများ၏ လှုံ့ဆော်မှုသက်သက်သာခံရပြီး ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားရန် အစွမ်းကုန်ကြိုးစားကြသည့် အထက်တွင် ဖော်ပြခဲ့သောသူတို့နှင့် ၎င်းတို့ကို မည်သည့်အရာက ကွဲပြားစေသနည်း။ ဤလူအမျိုးအစားသည် အရာရှိတစ်ဦး ဖြစ်လာရန်ဖြစ်စေ၊ အဆင့်အတန်း သို့မဟုတ် စားပေါက်အတွက်ဖြစ်စေ၊ ၎င်းတို့၏ အသက်တာများကို ပို၍ အဆင်ပြေစေရန်ဖြစ်စေ စသည်တို့အတွက် အသင်းတော်ထဲသို့ ဝင်ရောက်လာခြင်းမဟုတ်ပေ၊ ၎င်းတို့တွင် သာမန်လူများအတွက် သတိပြုမိရန် ခက်ခဲသော ရည်ရွယ်ချက်တစ်ခု ရှိသည်။ ဤရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ အသင်းတော်ကို စောင့်ကြည့်စစ်ဆေးပြီး ချုပ်ကိုင်ရန် ဖြစ်သည်။ အသင်းတော်ကို စောင့်ကြည့်စစ်ဆေးခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတစ်ဦး၏ ရည်ရွယ်ချက်ဟူသော အကြောင်းအရာ၌ နဝမမြောက်အချက် ဖြစ်သည်။ ဤလူတို့သည် အသင်းတော်၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ချုပ်ကိုင်ရန် ရည်ရွယ်လျက် အသင်းတော်ကို စောင့်ကြည့်စစ်ဆေးဖို့ တာဝန်တစ်ခုဖြင့် အသင်းတော်ထဲသို့ ဝင်ရောက်လာကြသည်။ ၎င်းတို့ကို စေလွှတ်သူများ၊ ၎င်းတို့၏ ကြီးကြပ်ရေးမှူးများ သို့မဟုတ် အထက်လူကြီးများသည် အစိုးရ၊ အချို့သော ဘာသာရေးအုပ်စု သို့မဟုတ် လူ့အဖွဲ့အစည်းရှိ အဖွဲ့အစည်းတစ်ခုခုကို ကိုယ်စားပြုနိုင်ပေသည်။ ၎င်းတို့သည် အသင်းတော်နှင့် မရင်းနှီးသောကြောင့်၊ သိချင်စိတ်ပြင်းပြမှုဖြင့် ပြည့်နေသောကြောင့်၊ အသင်းတော်၏ ပေါ်ပေါက်လာမှု၊ ဖွဲ့စည်းမှုနှင့် တည်ရှိမှုတို့အပေါ် စိတ်မသက်မသာပင် ဖြစ်နေသောကြောင့် ၎င်းတို့တွင် အသင်းတော်ကို နက်နက်နဲနဲ သိကျွမ်းရန်၊ အသင်းတော်၏ ဖွဲ့စည်းပုံ၊ ယင်း၏အလုပ်နှင့် အမျိုးမျိုးသော အခြေအနေများအကြောင်းကို လေ့လာရန် ကြံရွယ်ချက်ရှိသည်။ သို့ဖြစ်၍ အချို့လူများသည် စောင့်ကြည့်စစ်ဆေးခြင်းအလုပ်ကို ဆောင်ရွက်ရန် အသင်းတော်သို့ စေလွှတ်ခြင်းခံရသည်။ အသင်းတော်ကို စောင့်ကြည့်စစ်ဆေးခြင်းအလုပ်ကို လုပ်ဆောင်သောသူတို့သည် အစိုးရမှဖြစ်စေ၊ ဘာသာရေးအုပ်စုများမှဖြစ်စေ၊ မည်သည့်လူမှုရေးအဖွဲ့အစည်းမှ လာကြသည်ဖြစ်စေ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်သည် စစ်မှန်သော ညီအစ်ကိုမောင်နှမများ၏ ရည်ရွယ်ချက်နှင့် လုံးဝ ကွဲပြားခြားနားသည်။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ဤနေရာသို့ ရောက်ရှိလာကြခြင်းမဟုတ်ပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး အသိအမှတ်ပြုခြင်းကို အခြေခံ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ရောက်ရှိလာခဲ့ကြခြင်း မဟုတ်ပေ။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းသည် နိုင်ငံရေး ရည်မှန်းချက်များ သို့မဟုတ် မည်သည့်အဖွဲ့အစည်းကမဆို ပေးအပ်သော တာဝန်တစ်ခုနှင့်အတူ ပါလာသည်။ သို့ဖြစ်၍ အသင်းတော်ကို စောင့်ကြည့်စစ်ဆေးခြင်းသည် အသင်းတော်ထဲသို့ ခိုးဝင်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက် ဖြစ်သကဲ့သို့ ၎င်းတို့၏ ကြီးကြပ်ရေးမှူးများက ပေးအပ်သော တာဝန်တစ်ခုလည်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့၏ လစာကို ရရှိရန် လုပ်ဆောင်သော အလုပ်တစ်ခု ဖြစ်သည်။

အသင်းတော်ကို စောင့်ကြည့်စစ်ဆေးရန် ခိုးဝင်လာသောသူတို့အတွက် ၎င်းတို့ စောင့်ကြည့်စစ်ဆေးသည့်အရာမှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်၏ သွန်သင်ချက်များ၊ ယင်း၏ ရည်မှန်းချက်များ၊ ယင်းထောက်ခံအားပေးသည့်အရာ၊ ယင်းက လုပ်ဆောင်သည့်အလုပ်နှင့် ယင်း၏ အသင်းသားများ၏ အတွေးအခေါ်များနှင့် အမြင်များကဲ့သို့သော ကဏ္ဍများစွာကို စောင့်ကြည့်စစ်ဆေးပြီး ယင်းက အစိုးရ၊ ဘာသာတရားများ သို့မဟုတ် လူ့အဖွဲ့အစည်းအပေါ် ထိခိုက်မှုတစ်ခုတလေ ရှိမရှိကို အကဲဖြတ်ကြသည်။ ၎င်းတို့သည် အပြောအဆိုပိုင်းတွင် လူမှုရေးကို ဆန့်ကျင်သော၊ အစိုးရကို ဆန့်ကျင်သော သို့မဟုတ် နိုင်ငံတော်ကို ဆန့်ကျင်သော ပြောဆိုချက်များ တစ်စုံတစ်ရာ ရှိမရှိကို စစ်ဆေးကြသည်။ သွန်သင်ချက်များပိုင်းတွင် ၎င်းတို့သည် အသင်းတော်က ထောက်ခံအားပေးသော အတွေးအခေါ်များမှာ အတိအကျအားဖြင့် မည်သည့်အရာများဖြစ်သည်ကို စောင့်ကြည့်စစ်ဆေးကြသည်။ ဤလူပုဂ္ဂိုလ်တို့သည် အသင်းတော်ထဲသို့ ခိုးဝင်လာသည့်အခါ သင့်အနေဖြင့် ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် မလွယ်ကူနိုင်ပေ၊ အကြောင်းမှာ ၎င်းတို့သည် စုဝေးပွဲများအတွင်း မမှေးစက်ဘဲ ဂရုတစိုက် နားထောင်ပြီး အလေးအနက်ထား မှတ်စုများ ရေးမှတ်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စုဝေးပွဲတစ်ခုစီတိုင်းတွင် အမျိုးမျိုးသော လူပုဂ္ဂိုလ်တို့၏ ပြောဆိုချက်များကို လေးလေးနက်နက် အကျဉ်းချုပ်ဖော်ပြနိုင်ပြီး နောက်ဆုံးတွင် မည်သည့်အရာများက နိုင်ငံတော်အစိုးရ၏ အကျိုးစီးပွားများ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသည်ကိုလည်းကောင်း၊ မည်သည့်အရာများက နိုင်ငံတော်၏ အုပ်ချုပ်ရေးအတွက် အန္တရာယ်ရှိသည်ကိုလည်းကောင်း၊ အစိုးရနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကိုလည်းကောင်း စသည်တို့ကို သိရှိရန် အမျိုးမျိုးသောလူတို့၏ ကွဲပြားသော အတွေးအခေါ်များ၊ အမြင်များနှင့်ပတ်သက်၍ ကောက်ချက်ချကာ အမျိုးအစားခွဲခြားကြပေမည်။ ၎င်းတို့သည် အသင်းသားများ၏ ဤနက်ရှိုင်းစွာ အမြစ်တွယ်နေသော ရှုမြင်ပုံများကို စေ့စေ့စပ်စပ် ကောက်ချက်ချပြီး အမျိုးအစားခွဲခြားကာ မှတ်တမ်းများ ထားရှိပေမည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ပြုလုပ်ကြသနည်း။ အကြောင်းမှာ ယင်းသည် ၎င်းတို့၏အလုပ်၊ ၎င်းတို့၏ တာဝန်ဖြစ်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် မိမိတို့၏ အထက်လူကြီးများထံ အစီရင်ခံရမည်။ ဤသည်မှာ ၎င်းတို့အလုပ်၏ ပထမပိုင်းဖြစ်သည်။ အသင်းတော်၏ သွန်သင်ချက်များနှင့် အသင်းသားအားလုံး၏ အတွေးအခေါ်ပိုင်းဆိုင်ရာ လားရာများကို သဘောပေါက်ရန် ဖြစ်သည်။ ဤလားရာများတွင် လူ့အဖွဲ့အစည်း သို့မဟုတ် နိုင်ငံတော်အတွက် အန္တရာယ်ရှိသော ကဏ္ဍများ ပါဝင်သည်ဟု ၎င်းတို့ ယုံကြည်သည်နှင့်တစ်ပြိုင်နက် သို့မဟုတ် အချို့သော အစွန်းရောက် အတွေးအခေါ်များနှင့် ရှုမြင်ပုံများ ပေါ်ပေါက်လာသည်ဟု ၎င်းတို့ ယုံကြည်ပါက သင့်လျော်သော အစီအမံများ ပြုလုပ်နိုင်ရန် ဤအကြောင်းကို မိမိတို့၏ အထက်လူကြီးများထံ ချက်ချင်း အစီရင်ခံပြီး ပြောပြကြလိမ့်မည်။ ၎င်းတို့ ဦးစွာ နားလည်ရန် ရည်ရွယ်သည့်အရာမှာ အသင်းတော်၏ သွန်သင်ချက်များဖြစ်သည်။ ဤသည်မှာ အသင်းတော်ကို စောင့်ကြည့်စစ်ဆေးရာတွင် ၎င်းတို့၏ အဓိကအလုပ်များထဲမှ တစ်ခုဖြစ်ပြီး ထို့နောက်တွင် အသင်းတော်၏ လူပုဂ္ဂိုလ်ဆိုင်ရာ အခြေအနေနှင့်ပတ်သက်သော သတင်းအချက်အလက်များ ဖြစ်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် အသင်းတော်၏ အကြီးတန်း ခေါင်းဆောင်များမှာ မည်သူတို့ဖြစ်သည်ကို သတင်းအချက်အလက်များ စုဆောင်းကြသည်၊ ယင်းတွင် ၎င်းတို့၏ နေထိုင်ရာလိပ်စာများ၊ အသက်အရွယ်များ၊ ရုပ်ရည်သွင်ပြင်များ၊ ပညာရေးအဆင့်အတန်းများ၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများ၊ ကျန်းမာရေးအခြေအနေများ၊ နေ့စဉ်အသက်တာတွင် ၎င်းတို့ ပြောဆိုသည့်အရာ၊ ၎င်းတို့ သွားရောက်သည့်နေရာ၊ ၎င်းတို့ လုပ်ဆောင်သည့်အလုပ်အပြင် ၎င်းတို့၏ နေ့စဉ်အလုပ်ချိန်များနှင့် အလုပ်အကြောင်းအရာများ ပါဝင်သည်။ ၎င်းတို့သည် ဤခေါင်းဆောင်များက အစိုးရကို ဆန့်ကျင်သော၊ ဘာသာတရားများကို ဆန့်ကျင်သော သို့မဟုတ် လူမှုရေးရေစီးကြောင်းများကို ဆန့်ကျင်သော ပြောဆိုချက်များ တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်း သို့မဟုတ် လုပ်ဆောင်ချက်များ တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း ရှိမရှိအပြင် နိုင်ငံတော်၏ အုပ်ချုပ်ရေးစနစ်နှင့် လက်ရှိ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများအပေါ် ဤခေါင်းဆောင်များ၏ တုံ့ပြန်မှုများ စသည်တို့ကိုလည်း ကြည့်ရှုကြသည်။ ဤအရာအားလုံးသည် အသင်းတော်ကို စောင့်ကြည့်စစ်ဆေးသောသူတို့ သဘောပေါက်ရန် ရည်ရွယ်သည့် ကဏ္ဍများ ဖြစ်ကြသည်။ ထို့အပြင် ၎င်းတို့သည် အသင်းတော်၏ ဖွဲ့စည်းပုံနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းပုံများကိုလည်း စဉ်ဆက်မပြတ် အာရုံစိုက်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် အသင်းတော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များမှာ မည်သူတို့ဖြစ်သည်၊ မည်သည့်အဆင့်ရှိ ခေါင်းဆောင်များ ဖြုတ်ချခံခဲ့ရသည်၊ ၎င်းတို့ ဖြုတ်ချခံရပြီးနောက် ၎င်းတို့အတွက် မည်သို့သော စီစဉ်မှုများ ပြုလုပ်ခဲ့သည်၊ မည်သည့်ခေါင်းဆောင်များ အဖမ်းခံခဲ့ရသည်၊ ထို့နောက် ၎င်းတို့၏အလုပ်ကို မည်သူက ဆက်ခံခဲ့သည်တို့ကို မှတ်တမ်းတင်ထားကြသည်။ ၎င်းတို့သည် ဆက်ခံသူ၏ အသက်၊ လိင်၊ ဘုရားသခင်ကို နှစ်မည်မျှကြာ ယုံကြည်ခဲ့သည်၊ ၎င်းတို့၏ ပညာရေးအဆင့်အတန်းများ၊ ပြီးလျှင် ၎င်းတို့သည် ပင်ကိုစွမ်းရည်ရှိသော တက္ကသိုလ်ဘွဲ့ရများဖြစ်ပါက ၎င်းတို့သည် နိုင်ငံ သို့မဟုတ် လူ့အဖွဲ့အစည်းအပေါ် မည်သည့် အပျက်လက္ခဏာဆောင်သော သက်ရောက်မှုများ ရှိမရှိနှင့် ၎င်းတို့ကို အစိုးရဌာနများတွင် အလုပ်လုပ်ရန် ခေါ်ယူစုဆောင်းနိုင်ချေရှိမရှိ စသည့် အခြားသော တိကျသည့် သတင်းအချက်အလက်များကိုလည်း စုဆောင်းကြသည်။ ၎င်းတို့သည် မည်သည့်အသင်းတော်ခေါင်းဆောင်များက အတိအကျ ရာထူး၌ အလုပ်စခြင်း သို့မဟုတ် ဖြုတ်ချခံရခြင်းကိုပင် သိရှိလိုကြသည်။ ဆိုလိုသည်မှာ လူပုဂ္ဂိုလ်ဆိုင်ရာ အခြေအနေ၊ သတ်သတ်မှတ်မှတ်ဖြစ်သော စီမံအုပ်ချုပ်ရေးဆိုင်ရာအလုပ်နှင့် အသင်းတော်၏ ဖွဲ့စည်းပုံတို့အားလုံးသည် ၎င်းတို့ ရင်းနှီးကျွမ်းဝင်ရန် ရည်ရွယ်သည့် ကဏ္ဍများ ဖြစ်ကြသည်။ ထို့အပြင် ၎င်းတို့သည် အသင်းတော်၌ အလုပ်ကဏ္ဍ မည်မျှရှိသည်၊ အဖွဲ့မည်မျှရှိသည်၊ အဖွဲ့တစ်ခုစီ၏ ကြီးကြပ်ရေးမှူးများ၏ အသေးစိတ်အချက်အလက်များ စသည်တို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အပြည့်အဝ သဘောပေါက်ရန် ရည်ရွယ်ကြသည်။ ၎င်းတို့သည် လျှောက်မေးမြန်းခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် သိအောင်လုပ်ခြင်းတို့ကို ပြုလုပ်ကြပြီး ၎င်းတို့၏အလုပ်ကို အလွန်အသေးစိတ်ကျစွာ ဆောင်ရွက်ကြသည်။ အသင်းတော်ထဲသို့ ခိုးဝင်လာသော ဤအမျိုးအစားဝင်လူတို့ လုပ်ဆောင်ရမည့်အလုပ်နှင့် ပြီးမြောက်အောင်မြင်ရမည့် တာဝန်မှာ အသင်းတော်ကို စောင့်ကြည့်စစ်ဆေးခြင်းဟူသော ရည်ရွယ်ချက်ကို အောင်မြင်စေရန် အသင်းတော်၏ အခြေအနေနှင့် ၎င်း၏ အမျိုးမျိုးသော ဖြစ်ပေါ်တိုးတက်မှုများ၏ ကဏ္ဍအားလုံးကို ချက်ချင်း သဘောပေါက်ရန် ဖြစ်သည်။ ဤသည်တွင် ဥပမာအားဖြင့် အသင်းတော်သည် ပင်လယ်ရပ်ခြားတွင် မည်သို့ဖွံ့ဖြိုးတိုးတက်နေသည်၊ ဧဝံဂေလိတရားသည် နိုင်ငံမည်မျှသို့ ဖြန့်ဝေခဲ့ပြီးဖြစ်သည်၊ မည်သည့်နိုင်ငံများတွင် အသင်းတော်များ တည်ထောင်ပြီးဖြစ်သည်တို့ ပါဝင်သည်။ ၎င်းတို့သည် ဤအသေးစိတ်အချက်အလက်အားလုံးကို သဘောပေါက်ရန် လိုအပ်သည်။ ဤသည်တို့မှာ အသင်းတော်ကို စောင့်ကြည့်စစ်ဆေးရာတွင် ၎င်းတို့ လုပ်ဆောင်သော အဓိကတာဝန်များ ဖြစ်ကြသည်။ ပထမမှာ အသင်းတော်၏ သွန်သင်ချက်များကို သဘောပေါက်ရန်၊ ဒုတိယမှာ အသင်းတော်၏ လူပုဂ္ဂိုလ်ဆိုင်ရာ အခြေအနေကို သဘောပေါက်ရန်၊ တတိယမှာ အသင်းတော်အလုပ်၏ အခြေအနေနှင့် ယင်း၏ လတ်တလော အဓိကကျသော လှုပ်ရှားမှုများကို သဘောပေါက်ရန် ဖြစ်သည်။ ၎င်းတို့သည် စာတန်တည်းဟူသော အဆင်းနီသော နဂါးကြီး၏ ကြံရာပါများနှင့် လက်ပါးစေများအဖြစ် လုံးဝ ပြုမူဆောင်ရွက်ကြသည်၊ ၎င်းတို့သည် စာတန်၏ အစေခံများ စင်စစ်ဖြစ်ကြသည်။

အသင်းတော်ကို စောင့်ကြည့်စစ်ဆေးသော ဤအမျိုးအစားဝင်လူတို့သည် အသင်းတော်၏ သွန်သင်ချက်များ၊ လူပုဂ္ဂိုလ်ဆိုင်ရာ၊ အလုပ်၏ လားရာများ၊ အသင်းတော်၏ အတိုင်းအတာအပြင် အခြားကဏ္ဍများနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို သဘောပေါက်ရန် ရည်ရွယ်ချက်ဖြင့် အသင်းတော်ထဲသို့ ခိုးဝင်ကြသည်။ ၎င်းတို့သည် ဤကဏ္ဍတစ်ခုစီတိုင်းကို သဘောပေါက်ရန် ရည်ရွယ်ပြီးနောက် ၎င်းတို့၏ အထက်လူကြီးများထံ အစီရင်ခံကြသည်၊ ထိုသူတို့သည် အခြေအနေအရ အသင်းတော်ကို ကိုင်တွယ်ဖြေရှင်းရန် သက်ဆိုင်ရာ မူဝါဒအစီအစဉ်များ သို့မဟုတ် အစီအမံများကို အချိန်မရွေး ရေးဆွဲနိုင်ပေသည်။ အတိုချုပ်အားဖြင့် အသင်းတော်ကို စောင့်ကြည့်စစ်ဆေးရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်သည် လုံးဝ ရည်ရွယ်ချက်ကောင်းဖြင့် မဟုတ်ပေ။ သို့မဟုတ်ပါက ၎င်းတို့အား ဥစ္စာဓနကိုဖြစ်စေ၊ အကျိုးကျေးဇူးကိုဖြစ်စေ မဆောင်ကြဉ်းပေးသည်ကိုထောက်သော် ၎င်းတို့သည် အသင်းတော်ကို အဘယ်ကြောင့် ဆက်လက် စောင့်ကြည့်စစ်ဆေးမည်နည်း။ ယင်းမှာ ၎င်းတို့သည် အသင်းတော် တည်ရှိမှုနှင့်ပတ်သက်၍ စိတ်မသက်မသာ ဖြစ်သောကြောင့် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင် တည်ထောင်ပြီး ဦးဆောင်သော အသင်းတော်၌ နိုင်ငံတော်၊ လူ့အဖွဲ့အစည်း သို့မဟုတ် နိုင်ငံရေးအုပ်စုများ၊ အဖွဲ့အစည်းများနှင့် မည်သည့်ဆက်ဆံရေးမျှမရှိဘဲ ဘုရားသခင်ကို သန့်စင်စွာ ယုံကြည်သောလူများ ပါဝင်သည်ကို မယုံကြည်ကြပေ။ သို့သော် ၎င်းတို့သည် အသင်းတော်ကို မည်သို့ပင် စုံစမ်းသည်ဖြစ်စေ စိတ်မသက်မသာ ဖြစ်နေဆဲဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့သည် ဘုရားမဲ့ဝါဒီများဖြစ်ကြပြီး ဘုရားသခင်ကို အသိအမှတ်မပြုသည့်အပြင် သမ္မာတရားကိုလည်း မုန်းတီးသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ယုံကြည်သူတို့ကို ဖိနှိပ်ခြင်းနှင့် ဖမ်းဆီးခြင်းအပြင် အသင်းတော်ကို စောင့်ကြည့်ထောက်လှမ်းခြင်းကဲ့သို့သော မိုက်မဲပြီး အဓိပ္ပာယ်မဲ့သော လုပ်ရပ်များကို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ၎င်းတို့သည် အသင်းတော်ကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် ဆန့်ကျင်တားဆီးခြင်း အစီအမံများကို အဘယ်ကြောင့် ကျင့်သုံးကြသနည်း။ အကြောင်းမှာ ၎င်းတို့၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုမှာ အသင်းတော်သည် အလွန်ကြီးမားလာပြီး အသင်းသားများ အလွန်များပြားလာခြင်းက နိုင်ငံ၊ အစိုးရနှင့် လူ့အဖွဲ့အစည်းအပေါ် သိသာထင်ရှားသော သက်ရောက်မှုတစ်ခု ရှိလာမည်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှုများနှင့် ရိုးရာဘာသာရေးအုပ်စုများကိုပင် ခြိမ်းခြောက်ကာ ဩဇာလွှမ်းမိုးလာမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အသင်းတော်ကို ၎င်းတို့၏ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အတိုက်အခံလုပ်ခြင်း နောက်ကွယ်ရှိ စစ်မှန်သော အကြောင်းရင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် အသင်းတော်ကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် ဆန့်ကျင်တားဆီးခြင်းကို အကောင်အထည်ဖော်ရမည့် နိုင်ငံရေးဆိုင်ရာ တာဝန်တစ်ခုအဖြစ် သဘောထားကြသည်။

အသင်းတော်ကို စောင့်ကြည့်စစ်ဆေးသော ဤအမျိုးအစားဝင်လူတို့ကို အသင်းတော်အတွင်း၌ ပိုင်းခြားသိမြင်ရန် မလွယ်ကူနိုင်ပေ၊ အကြောင်းမှာ ၎င်းတို့တွင် မသမာသော ရည်ရွယ်ချက်များရှိပြီး အခြားသူများက ၎င်းတို့ကို သတိမပြုမိနိုင်ရန် မိမိတို့ကိုယ်ကို နက်ရှိုင်းစွာ ဖုံးကွယ်ထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် အသင်းတော်၌ အများစုနှင့်အတူ လိုက်ပါလုပ်ဆောင်နိုင်ပြီး မည်သည့်ထူးခြားမှုမျှမရှိဘဲ အထူးသဖြင့် အကျင့်ကောင်းသူများအဖြစ် ပေါ်လာကာ အသင်းတော်က လုပ်ဆောင်သော အလုပ်နှင့်ပတ်သက်၍ မည်သည့်သဘောထားကွဲလွဲသော အမြင်များကိုမျှ တစ်ခါမျှ ဖော်ပြခြင်းမရှိပေ။ သို့သော် ဤလူပုဂ္ဂိုလ်တို့တွင် ထူးခြားသည့် လက္ခဏာရပ်တစ်ခု ရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် မပူမအေး ဖြစ်ကြသည်၊ ယင်းနှင့်ပတ်သက်၍ အလွန်တက်ကြွခြင်းလည်းမရှိ၊ အလွန်ဘာသိဘာသာနေခြင်းလည်း မရှိပေ။ ၎င်းတို့အား ပေးအပ်သော တာဝန်များအနက် အနည်းငယ်ကို လုပ်ဆောင်နိုင်ကြသော်လည်း ၎င်းတို့ အလုပ်လုပ်သည့်နေရာ၊ ၎င်းတို့၏ မိသားစုအခြေအနေ သို့မဟုတ် ၎င်းတို့သည် ယခင်က ဘုရားသခင်ကို ယုံကြည်ခဲ့ဖူးခြင်း ရှိမရှိကဲ့သို့သော ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအသေးစိတ်အချက်အလက်များကို မည်သည့်အခါမျှ မထုတ်ဖော်ကြပေ။ တစ်စုံတစ်ဦးက အစိုးရဌာနတစ်ခုတွင် အလုပ်လုပ်ခြင်းအကြောင်းကို ထုတ်ပြောပါက ၎င်းတို့သည် အစိုးရအပေါ်ဖြစ်စေ၊ နိုင်ငံရေးအပေါ်ဖြစ်စေ၊ မူဝါဒများအပေါ်ဖြစ်စေ၊ ဘာသာတရားအပေါ်ဖြစ်စေ ထင်မြင်ချက် တစ်ခုတလေ ပေးခြင်းကို ရှောင်ရှားလျက် အလွန် ရှောင်တိမ်းတတ်ကြသည်။ ၎င်းတို့၏ အပြုအမူသည် မည်သည့် ထိလွယ်ရှလွယ်အကြောင်းအရာများကိုမဆို ရှောင်ရှားခြင်းဖြင့် ထင်ရှားသည်၊ ၎င်းတို့သည် အစိုးရကို ဝေဖန်ခြင်းလည်းမရှိ၊ ချီးမွမ်းခြင်းလည်းမရှိသကဲ့သို့ ၎င်း၏ မူဝါဒများ သို့မဟုတ် အုပ်ချုပ်ရေးစနစ်ကိုလည်း ဆွေးနွေးခြင်းမရှိပေ။ တစ်စုံတစ်ဦးက လူပုဂ္ဂိုလ်တစ်ဦးသည် သူလျှိုဖြစ်ကြောင်းကို ထောက်ပြသည့်အခါ ၎င်းတို့သည် သိသိသာသာ စိတ်လှုပ်ရှားလာပြီး မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန် လျင်မြန်စွာ ထရပ်ကောင်းပင် ထရပ်ပေမည်။ စိုးရိမ်ပူပန်ခြင်းအပြင် သင်သည် ထိုသို့သော ထိလွယ်ရှလွယ် အကြောင်းအရာများကို ရှောင်ရှားလိုသည့် သဘောထားတစ်ခုကိုလည်း ၎င်းတို့၏ အကြည့်မှ သတိပြုမိနိုင်သည်၊ ၎င်းတို့သည် မိမိတို့ကို ထွင်းဖောက်မြင်နိုင်သော မည်သူ့ကိုမဆို ရှောင်ရှားကြသည်။ ထို့အပြင် ၎င်းတို့သည် မသိသောရင်းမြစ်များမှ ဖုန်းခေါ်ဆိုမှုများကို မကြာခဏ လက်ခံရရှိတတ်သည် သို့မဟုတ် အသင်းတော်နှင့် မသက်ဆိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် လူပုဂ္ဂိုလ်များ၏ ဆက်သွယ်ခြင်းနှင့် အပြန်အလှန် ဆက်ဆံခြင်းကို ခံရတတ်ပြီး ဤဖုန်းခေါ်ဆိုမှုများထဲမှ တစ်ခုကို ဖြေဆိုသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အခြားသူများနှင့် ခပ်ဝေးဝေးသို့ သွားကြသည်။ တစ်စုံတစ်ဦးက ဤအခိုက်အတန့်များအတွင်း ၎င်းတို့ကို မြင်တွေ့မိပါက ၎င်းတို့သည် သိသိသာသာ အလွန်အမင်း ပျာယာခတ်သွားပြီး မျက်နှာနီမြန်းလာကာ မိမိတို့၏ ပင်ကိုလက္ခဏာ ဖော်ထုတ်ခံရမည်ကို ကြောက်ရွံ့လျက် အလွန်အမင်း မသက်မသာဖြစ်နေပုံ ပေါက်သည်။ အသင်းတော်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို တိတ်တဆိတ် စုဆောင်းခြင်းအပြင် ၎င်းတို့က “သင်သည် ဘုရားသခင်ကို နှစ်မည်မျှကြာအောင် ယုံကြည်ခဲ့ပြီးပြီနည်း။ သင်၏ မိဘများ ယုံကြည်သလော။ သင်၏ မိသားစုဝင်များသည် ပြည်မကြီးတွင် ရှိသလော။ ပြည်မကြီးရှိ သင်၏ မိသားစုဝင်များထဲမှ မည်သူတို့က ဘုရားသခင်ကို ယုံကြည်သနည်း၊ နှစ်မည်မျှကြာပြီနည်း။ ၎င်းတို့ အသက်မည်မျှရှိပြီနည်း။ သင်တို့၏ ဒေသခံအသင်းတော်တွင် လူမည်မျှရှိသနည်း။ ၎င်းတို့ ယခု မည်သို့နေကြသနည်း” ကဲ့သို့သော မေးခွန်းများကို မေးမြန်းလျက် ညီအစ်ကိုမောင်နှမများနှင့်ပတ်သက်သည့် အခြေအနေကို အခါအားလျော်စွာ စုံစမ်းကြသည်။ အခါအားလျော်စွာ ၎င်းတို့သည် လူတို့ ထုတ်ဖော်ပြောရန် မလိုလားသော ထိလွယ်ရှလွယ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ရှာဖွေကြသည်။ ယေဘုယျအားဖြင့် ညီအစ်ကိုမောင်နှမများကြား အပြန်အလှန်ဆက်ဆံရာတွင် တစ်စုံတစ်ဦးက မျှဝေရန် မလိုလားပါက မည်သူမျှ ထိလွယ်ရှလွယ် ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို တမင်တကာ သို့မဟုတ် တက်ကြွစွာ မေးမြန်းခြင်းမရှိပေ။ သို့သော် ဤလူပုဂ္ဂိုလ်သည် ထိုသို့သောကိစ္စရပ်များကို အထူးအာရုံစိုက်ပြီး အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် အရေးကြီးသောအလုပ်ကို တာဝန်ယူသောလူတို့၏ လှုပ်ရှားမှုများကို ခြေရာခံခြင်း၊ ဤလူတို့၏ ကွန်ပျူတာများနှင့် လက်ကိုင်ဖုန်းများပေါ်ရှိ အချက်အလက်များ သို့မဟုတ် ၎င်းတို့၏ လိပ်စာအချက်အလက်များကို ရယူရန် ကြိုးစားခြင်း၊ ဤအသေးစိတ်အချက်အလက်များကို မရမက စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးခြင်းတို့ကိုပင် ပြုလုပ်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦးသည် စုဝေးပွဲသို့ မတက်ရောက်သည်ကို ၎င်းတို့ သတိပြုမိပါက “မည်သူမည်ဝါက ယနေ့ စုဝေးပွဲကို မတက်ပါ။ သူတို့ မည်သည့်အရာ လုပ်ဆောင်နေသနည်း” ဟု မေးကြလိမ့်မည်။ တစ်စုံတစ်ဦးက ၎င်းတို့ အလုပ်များနေသည်ဟု ဖော်ပြပါက ၎င်းတို့က “မည်သည့်အရာဖြင့် အလုပ်များနေသနည်း။ သူတို့သည် ထိုယုံကြည်သူအသစ်များအား ထပ်၍ ရေလောင်းပေးနေသလော။ ထိုယုံကြည်သူအသစ်များက မည်သူများနည်း။ သူတို့သည် မည်သည့်အချိန်မှ စတင်၍ ယုံကြည်ခဲ့ကြသနည်း။ ကျွန်ုပ်သည် အဘယ်ကြောင့် မသိရသနည်း” ဟု ထပ်မံစုံစမ်းကြလိမ့်မည်။ ၎င်းတို့သည် ပို၍နက်ရှိုင်းစွာ တူးဆွကြသည်။ ညီအစ်ကိုမောင်နှမများက “ကျွန်ုပ်တို့ မသိသင့်လျှင် မမေးလေနှင့်။ အဘယ်ကြောင့် ဆက်၍ မေးနေသနည်း။ ဤသည်မှာ အသက်ဝင်ရောက်မှုအကြောင်း မဟုတ်၊ သမ္မာတရားနှင့် မပတ်သက်၊ သိဖို့မလို” ဟု ပြောဆိုကြသည်။ ထိုအခါ ခိုးဝင်လာသူက “သို့သော်လည်း ဤသည်တို့မှာ ဘုရားအိမ်တော်၏ ကိစ္စများဖြစ်သည်၊ အသင်းတော်၏ အလုပ်ဖြစ်သည်၊ ကျွန်ုပ်တို့ အဘယ့်ကြောင့် သိ၍မရနိုင်ရသနည်း။ ကျွန်ုပ်တို့အားလုံး ဘုရားသခင်ကို ယုံကြည်ကြခြင်းဖြစ်သည်။ သိထား၍ မထိခိုက်သွားပါ။ သင်တို့ မသိလိုလျှင် အသင်းတော်၏ အလုပ် သို့မဟုတ် အသင်းတော်ခေါင်းဆောင်များကို ဂရုမစိုက်ခြင်းဖြစ်သည်ဟု ဆိုလိုသည်။ ခေါင်းဆောင်က အတိအကျ မည်သည့်သူနှင့် သွားတွေ့ခဲ့သနည်း။ ယုံကြည်သူအသစ်ဦးရေ မည်မျှရှိသနည်း။ သူတို့ မည်သည့်နေရာတွင်ရှိသနည်း။ ကျွန်ုပ်လည်း သူတို့ကို တွေ့လိုသည်” ဟု ပြန်ပြောသည်။ ၎င်းတို့သည် ဤကိစ္စရပ်များကို အမြဲ စုံစမ်းနေကြသည်။

အသင်းတော်ကို စောင့်ကြည့်စစ်ဆေးသူတို့ အလေးအနက်ထားဆုံးသော နောက်ထပ်အလုပ်တစ်ခု ရှိသေးသည်၊ ယင်းမှာ အသင်းတော်၏ ဘဏ္ဍာရေးအခြေအနေကို သိရှိနားလည်ရန် ဖြစ်သည်။ တစ်ဖက်တွင် ၎င်းတို့သည် အသင်းတော်၏ ဘဏ္ဍာငွေ ရင်းမြစ်များကို နားလည်ရန် ကြိုးပမ်းကြသည်။ အသင်းတော်သည် စက်ရုံများ သို့မဟုတ် စီးပွားရေးလုပ်ငန်းများ တည်ထောင်ထားခြင်း ရှိမရှိ၊ အလုပ်သမားများကို မဝရေစာပေးပြီး ခိုင်းသည့်လုပ်ငန်းများ ပိုင်ဆိုင်ခြင်း ရှိမရှိ၊ ကလေးအလုပ်သမားများ ခိုင်းစေခြင်း ရှိမရှိနှင့် အသင်းတော်၏ အမျိုးမျိုးသော အလုပ်ကိစ္စရပ်များတွင် အကျိုးအမြတ်ဖြစ်ထွန်းစေသည့် စီးပွားရှာသော လုပ်ငန်းများ ပါဝင်ပတ်သက်နေခြင်း ရှိမရှိတို့ကို သိရှိလိုကြသည်။ ဥပမာအားဖြင့် အသင်းတော်၏ ဗီဒီယိုများ၊ ရုပ်ရှင်များ၊ ဓမ္မသီချင်းများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်များ ပုံနှိပ်ထုတ်ဝေခြင်းသည် အကျိုးအမြတ် ရရှိခြင်း ရှိမရှိ သို့မဟုတ် အလွန်အကျွံ အကျိုးအမြတ်များ ဖြစ်ပေါ်စေခြင်း ရှိမရှိ၊ အသင်းတော်၏ ဘဏ္ဍာငွေ ရင်းမြစ်များမှာ အဘယ်အရာများဖြစ်သည်၊ အသင်းတော်ကို ထောက်ပံ့ရန် လှူဒါန်းနေသည့် ချမ်းသာကြွယ်ဝသော လူပုဂ္ဂိုလ်များ ရှိမရှိ၊ ဤလူပုဂ္ဂိုလ်များတွင် နိုင်ငံရေး အထက်တန်းလွှာများ သို့မဟုတ် သန်းကြွယ်သူဌေးများနှင့် ဘီလီယံနာသူဌေးများ ပါဝင်ခြင်း ရှိမရှိ၊ ဤသည်တို့မှာ ၎င်းတို့ သိရှိနားလည်လိုသော အသေးစိတ်အချက်များ ဖြစ်ကြသည်။ အသင်းတော်၏ အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းပုံများနှင့် ဘဏ္ဍာငွေ ရင်းမြစ်များကို ရှာဖွေဖော်ထုတ်ခြင်းအပြင် ၎င်းတို့သည် အသင်းတော်၏ ဘဏ္ဍာငွေများကို ထိန်းသိမ်းစောင့်ရှောက်မှုကိုလည်း သိရှိနားလည်ရန် ရည်ရွယ်ကြပြီး ၎င်းတို့၏ ရည်မှန်းချက်မှာ ဤရန်ပုံငွေများ၏ ဦးတည်ချက်ကို ခြေရာခံရန် ဖြစ်သည်။ အသင်းတော်သည် မိမိ၏ငွေကို မည်သို့သုံးစွဲသည်၊ တရားမဝင်သော လှုပ်ရှားမှု တစ်ခုခုတွင် ပါဝင်ခြင်း ရှိမရှိ၊ အာဏာရှင်အစိုးရများကို ပူးတွဲဆန့်ကျင်ရန်နှင့် လူ့အခွင့်အရေးများကို ထိန်းသိမ်းရန် လူမှုရေး အထက်လွှာများကို စုစည်းခြင်း သို့မဟုတ် အမျိုးမျိုးသော လူမှုရေးအဖွဲ့အစည်းများ၊ အုပ်စုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ရှိမရှိ စသည့် ဤသည်တို့မှာလည်း ၎င်းတို့ သိရှိနားလည်ရန် ရည်ရွယ်သည့် အရေးကြီးသော အခြေအနေအချို့ ဖြစ်ကြသည်။ အချို့လူများက “အသင်းတော်ကို စောင့်ကြည့်စစ်ဆေးသည့်အလုပ်ကို အဆင်းနီသော နဂါးကြီး၏ တိုင်းပြည်ကသာ တာဝန်ယူလုပ်ဆောင်ခြင်း ဖြစ်သလော” ဟု မေးခွန်းထုတ်ကြသည်။ ဤပြောဆိုချက်သည် တိကျမှန်ကန်သလော။ အမှန်တွင် တစ်လောကလုံးနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်ကြသည်။ အာဏာရှင်အုပ်ချုပ်မှုအောက်ရှိ တိုင်းပြည်များသာ ဘုရားသခင်ကို အတိုက်အခံလုပ်ကြသည်မဟုတ်၊ ခရစ်ယာန်နိုင်ငံများဟုခေါ်သော နိုင်ငံများ၌ပင် အာဏာရှိသူအများစုသည် ဘုရားမဲ့ဝါဒီများနှင့် ဘာသာတရားမရှိသူများ ဖြစ်ကြပြီး ယုံကြည်ခြင်းရှိသော သို့မဟုတ် ခရစ်ယာန်ဘာသာကို ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုသော အာဏာရှိသူများထဲ၌ပင် သမ္မာတရားကို လက်ခံနိုင်သောသူတို့၏ အရေအတွက်မှာ လူနည်းစုသာ ဖြစ်သည်။ လူအများစုသည် သမ္မာတရားကို အသိအမှတ်မပြုကြသည့်အပြင် လက်ခံရန်မှာ သာ၍ပင် ဝေးသေးသည်။ သို့ဆိုလျှင် ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ကိုယ်တော်ကို အတိုက်အခံလုပ်သူများ မဟုတ်ကြသလော။ ဥပမာအားဖြင့် ခရစ်ယာန်ဘာသာ၊ ကက်သလစ်ဘာသာနှင့် အစ္စရေးနိုင်ငံရှိ ဂျူးဘာသာကဲ့သို့သော ဘာသာတရားများတွင် အထက်တန်းလွှာများသည် သမ္မာတရားကို လက်ခံသောလူများဖြင့် ဖွဲ့စည်းထားသလော။ လုံးဝမဟုတ်ပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အမှုတော်ကို စုံစမ်းလေ့လာရန် မလာကြပေ၊ တစ်ဦးတစ်ယောက်မျှ သမ္မာတရားကို လက်မခံနိုင်ပေ။ တိတိကျကျပြောရလျှင် ၎င်းတို့အားလုံးသည် မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်ကြပြီး အန္တိခရစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ပြီး ဖျက်လိုဖျက်ဆီး လုပ်သည့်အပြင် ဘုရားသခင်နောက်သို့ လိုက်သောသူတို့ကို လူမဆန်စွာ နှိပ်ကွပ်ပြီး ညှဉ်းပန်းနှိပ်စက်ကြသည်၊ ဤအချက်ကို နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုတော်အပေါ် ၎င်းတို့၏ ဆက်ဆံပုံအားဖြင့် သက်သေပြပြီးဖြစ်သည်။ မည်သည့်ဂိုဏ်းဂဏက မိမိ၏ယုံကြည်သူများကို စစ်မှန်သော လမ်းခရီးကို လွတ်လပ်စွာ စုံစမ်းလေ့လာရန်၊ အပြင်မှ တရားဟောသူများကို နားထောင်ရန် သို့မဟုတ် သူစိမ်းများကို လက်ခံတွေ့ဆုံရန် ခွင့်ပြုသနည်း။ တစ်ခုတလေမျှ ဤသို့ပြုလုပ်နိုင်ခြင်းမရှိပေ။ မည်သည့်လူမျိုး သို့မဟုတ် မည်သည့်တိုင်းပြည်က အသင်းတော်အပေါ် ဖော်ရွေသနည်း။ (မည်သည့်လူမျိုး၊ နိုင်ငံမျှ မဖော်ရွေပါ။) ၎င်းတို့က သင့်ကို ဘာသာရေးလွတ်လပ်ခွင့် အနည်းငယ်နှင့် အသက်ရှူချောင်ရုံ အခွင့်အရေးတစ်ခုခု ပေးလျှင် ချီးကျူးထိုက်လှပေပြီ။ ဤမျှသာမက သင်သည် ၎င်းတို့က သင့်ကို ထောက်ပံ့ရန် မျှော်လင့်နေသေးသလော။ ဘုရားသခင်၏ အသင်းတော် ပေါ်ထွန်းလာသည့်အခါ သို့မဟုတ် အသင်းတော်က စတင်၍ ဧဝံဂေလိတရားဟောသည့်အခါ ဘုရားသခင် တည်ရှိခြင်းကို လုံးဝမယုံကြည်သော ဤလူတို့နှင့် ဘုရားသခင် ဖော်ပြသော သမ္မာတရားများအပေါ် အထူးစက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းကို ခံစားရသော ဤလူတို့သည် အသင်းတော်ကို အနီးကပ် စောင့်ကြည့်ထောက်လှမ်းရန် လူများကို တာဝန်ပေးခြင်း တည်းဟူသော အထူးအလုပ်တစ်ခုကို လုပ်ဆောင်ကြတော့သည်။ ဤနေရာ၌ “စောင့်ကြည့်စစ်ဆေးသည်” ဆိုသည်မှာ ထောက်လှမ်းစောင့်ကြည့်ခြင်း၊ သိရှိနားလည်ပြီး ထိန်းချုပ်ခြင်းကို ဆိုလိုသည်၊ ဆိုလိုသည်မှာ အချိန်ကာလတိုင်း၌ အသင်းတော်၏ ကဏ္ဍအားလုံးကို မျက်ခြည်မပြတ် ထောက်လှမ်းစောင့်ကြည့်ခြင်း၊ သိရှိနားလည်ခြင်းနှင့် ထိန်းချုပ်ခြင်း ဖြစ်သည်။ အချို့လူများက “၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း မပြုခဲ့ကြသကဲ့သို့ ကျွန်ုပ်တို့၏ ဒေသခံအသက်တာ၌လည်း ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းကို ကျွန်ုပ်တို့ မခံစားခဲ့ကြရပါ။ နိုင်ငံရပ်ခြားတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၊ စုဝေးခြင်း၊ ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းသည် အဆင်းနီသော နဂါးကြီး၏ တိုင်းပြည်၌ထက် များစွာ ပို၍ကောင်းမွန်ပြီး ပို၍လုံခြုံသည်ဟု ကျွန်ုပ်တို့ ခံစားရပါသည်။ ကျွန်ုပ်တို့သည် မည်သည့်ကြားဝင်နှောင့်ယှက်မှုကိုမျှ မကြုံတွေ့ခဲ့ရပါ” ဟု ပြောဆိုကြသည်။ ကြားဝင်နှောင့်ယှက်မှု မရှိခဲ့ရုံဖြင့်လည်းကောင်း၊ လွတ်လပ်မှုအချို့ကို သင်တို့အား ပေးခဲ့ရုံဖြင့်လည်းကောင်း အသင်းတော်ကို စောင့်ကြည့်စစ်ဆေးသည့် ၎င်းတို့၏အလုပ်ကို သင်မငြင်းပယ်သင့်ပေ။ သင့်အား ပေးထားသော ဘာသာရေးလွတ်လပ်ခွင့် အနည်းငယ်သည် အခြေခံ လူမှုရေးဆိုင်ရာ စနစ်တစ်ခုသာ ဖြစ်သည်၊ သင် မွေ့လျော်ခံစားနေရသည့်အရာမှာ သင်နေထိုင်သော နိုင်ငံရှိ မည်သည့်နိုင်ငံသားမဆို၏ အခြေခံ အခွင့်အရေးများမျှသာ ဖြစ်သည်။ ဤအခြေခံအခွင့်အရေးများကို ခံစားခြင်းသည် နိုင်ငံတော်အစိုးရ၊ လူမှုရေးအဖွဲ့အစည်းများ သို့မဟုတ် ဘာသာရေးလောကက ဘုရားသခင်၏ အမှုတော်နှင့် အသင်းတော်၏ အလုပ်ကို လက်ခံပြီး အသိအမှတ် ပြုခဲ့ပြီးဖြစ်ကြောင်းဖြစ်စေ၊ မိတ်ဖြစ်ဆွေဖြစ် ဖြစ်လာခဲ့ပြီးဖြစ်ကြောင်းဖြစ်စေ၊ ရန်လိုမုန်းတီးမှုနှင့် စောင့်ကြည့်စစ်ဆေးမှုတို့ မရှိတော့ကြောင်းကိုဖြစ်စေ မဆိုလိုပေ။ ယင်းမှာ မမှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤကိစ္စသည် စိတ်ကူးသက်သက်သာ မဟုတ်ချေ၊ ဟုတ်သလော။ (မဟုတ်ပါ။)

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။