ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၃) အခန်း ငါး
၃။ အခြားသူများကို ညှဉ်းပန်းပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်သော ကြီးကြပ်ရေးမှူးများကို အယောင်ဆောင်ခေါင်းဆောင်များက ဆက်ဆံပုံ
တတိယအခြေအနေအမျိုးအစားတွင် အခြားသူများကို ညှဉ်းပန်းပြီး ဘောင်ခတ်ကာ အသင်းတော်၏အလုပ်ကို နှောင့်ယှက်သော ကြီးကြပ်ရေးမှူးများ ပါဝင်သည်။ ငါတို့ အစောပိုင်းက ပြောဆိုခဲ့သည့် ပထမအခြေအနေမှာ အချို့သော ကြီးကြပ်ရေးမှူးများသည် အတော်အတန် ကောင်းမွန်သော အစွမ်းအစရှိပြီး ၎င်းတို့၏အလုပ်ကို ထမ်းဆောင်နိုင်သော်ငြားလည်း အလုပ်ကို အလေးအနက်မထားဘဲ ဝတ်ကျေတမ်းကျေ ပြုမူကြစဉ်တွင် အယောင်ဆောင်ခေါင်းဆောင်များက ဤအရာကို မသိရှိဘဲ ၎င်းတို့ကို ချက်ချင်း မဖြုတ်ချခြင်း ဖြစ်သည်။ ဒုတိယအခြေအနေတွင် အချို့သော ကြီးကြပ်ရေးမှူးများက အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်ကို တာဝန်ယူထမ်းဆောင်နိုင်ခြင်း မရှိသော်လည်း အယောင်ဆောင်ခေါင်းဆောင်များက ဤအရာကို သတိပြုမိရန် ပျက်ကွက်ခြင်း သို့မဟုတ် ၎င်းတို့ကို ချက်ချင်း အစားမထိုးခြင်းတို့ ပါဝင်သည်။ ဤတတိယအခြေအနေမှာ မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မိမိတို့ လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကိုမလုပ်ဘဲ အခြားသူများကို ညှဉ်းပန်းပြီး ဘောင်ခတ်ကာ အသင်းတော်၏အလုပ်ကို နှောင့်ယှက်သည့် ကြီးကြပ်ရေးမှူးများအကြောင်း ဖြစ်သည်။ ၎င်းတို့ ကြီးကြပ်ရေးမှူးများအဖြစ် ရွေးချယ်ခံရသည့်အချိန်မှစ၍ ၎င်းတို့၏နယ်ပယ်အကြောင်း လေ့လာရန် သို့မဟုတ် သင်ယူရန် မကြိုးစားကြသကဲ့သို့ သမ္မာတရား စည်းမျဉ်းများကိုလည်း မရှာဖွေကြဘဲ အခြားသူများကို ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန် သေချာပေါက် လမ်းညွှန်ခြင်းမရှိကြပေ။ ထိုအစား အခွင့်အရေးရတိုင်း ၎င်းတို့သည် တစ်စုံတစ်ဦးကို အပြစ်ရှာပြီး အခြားတစ်စုံတစ်ဦးကို လှောင်ပြောင်ကာ ပြက်ရယ်ပြုကြသည်၊ အခွင့်အရေးရသမျှ ကာလပတ်လုံး ၎င်းတို့သည် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ကြပြီး မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အခါမျှ အသိတရားရှိကာ လက်တွေ့ကျသော စိတ်နေစိတ်ထား မရှိကြပေ။ တစ်နေ့တွင် ၎င်းတို့သည် လူတို့ကို တစ်နည်းဖြင့် လုပ်ဆောင်ရန် ပြောပြီး နောက်တစ်နေ့တွင် အခြားတစ်နည်းဖြင့် လုပ်ဆောင်ရန် ပြောကြသည်၊ ၎င်းတို့သည် အစဉ်သဖြင့် ထင်ပေါ်လိုလျက် လှည့်ကွက်အသစ်များသာ အကြံထုတ်ကြသည်။ ဤအရာအားလုံးက လူတို့ကို စိုးရိမ်သောကရောက်သည့် အခြေအနေသို့ ရောက်စေသည်။ ၎င်းတို့ စကားပြောသည့်အခါတိုင်း အချို့လူများက ၎င်းတို့၏ စိတ်နှလုံးများ တုန်လှုပ်သည်ဟု ခံစားကြရသည်။ ၎င်းတို့သည် လူတိုင်းကို နှိပ်ကွပ်ပြီး လူတိုင်းကို ၎င်းတို့အား ကြောက်ရွံ့ကာ နာခံစေပြီးသည့်အခါတွင် ၎င်းတို့သည် ပီတိဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်သည်ဖြစ်စေ၊ အန္တိခရစ်များ ဖြစ်သည်ဖြစ်စေ၊ ၎င်းတို့ အာဏာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤလူစားမျိုးများသည် အသင်းတော်၏ ငြိမ်သက်ခြင်းကို ပျက်စီးစေသည်။ ၎င်းတို့သည် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်ခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်ကို ပုံမှန် မထမ်းဆောင်နိုင်ခြင်းတို့သာမက လူတို့အကြား ရန်တိုက်ပေးကာ အချင်းချင်း ပဋိပက္ခ ဖြစ်စေကာ အသင်းတော်အသက်တာကို နှောင့်ယှက်ကြသည်။ ၎င်းတို့သည် အခြားသူများကို သမ္မာတရား နားလည်စေရန် မကူညီနိုင်ရုံသာမက လူတို့ကို မကြာခဏ ဝေဖန်ပြီး ပြစ်တင်ရှုတ်ချကာ အရာရာ၌ ၎င်းတို့ကို နာခံစေပြီး သင့်တော်စွာ မည်သို့ပြုမူရမည်ကို မသိသည့်အထိ ထိုသူတို့ကို ဘောင်ခတ်ကြသည်။ အထူးသဖြင့် ၎င်းတို့ နေထိုင်ပုံနှင့်ပတ်သက်၍ လူတို့သည် အနည်းငယ် စော၍ သို့မဟုတ် နောက်ကျ၍ မအိပ်နိုင်ကြပေ။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဤလူများ၏ မျက်နှာအမူအရာကို ကြည့်ရသည်၊ ယင်းက အသက်တာကို အလွန်အမင်း ပင်ပန်းစေသည်။ ဤကဲ့သို့သောလူများ ကြီးကြပ်ရေးမှူးများ ဖြစ်လာပါက အခြားလူတိုင်း ဒုက္ခရောက်ကြလိမ့်မည်။ သင်က ၎င်းတို့ကို ရိုးသားစွာ ပြောဆိုပြီး ၎င်းတို့၏ ပြဿနာများကို ဖော်ထုတ်ပါက သင်သည် ၎င်းတို့ကို တမင်တကာ ပစ်မှတ်ထား ဖော်ထုတ်နေသည်ဟု ၎င်းတို့က ပြောလိမ့်မည်။ သင်က ၎င်းတို့၏ ပြဿနာများအကြောင်း ၎င်းတို့ကို မပြောပါက သင်သည် ၎င်းတို့ကို အထင်သေးနေသည်ဟု ၎င်းတို့က ပြောလိမ့်မည်။ သင်က အလုပ်နှင့်ပတ်သက်၍ အလေးအနက်ထားပြီး တာဝန်ယူကာ ၎င်းတို့ကို အကြံဉာဏ်အချို့ ပေးပါက ၎င်းတို့သည် အာခံကြမည်ဖြစ်ပြီး သင်သည် ၎င်းတို့ကို တိုက်ခိုက်နေသည်ဟု ပြောကာ သင့်ကို မာနထောင်လွှားသည်ဟု ခေါ်ဆိုကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သင် မည်သည့်အရာကို လုပ်ဆောင်ပါစေ ၎င်းတို့သည် ယင်းကို မနှစ်မြို့ဟု မြင်ကြလိမ့်မည်။ ၎င်းတို့သည် လူတို့ကို ညှဉ်းပန်းရန် အမြဲတမ်း စဉ်းစားနေကြပြီး လူတို့ကို မလွတ်မလပ်ဖြစ်အောင် ဘောင်ခတ်ကြကာ ထိုသူတို့ လုပ်ဆောင်သမျှ မည်သည့်အရာမျှ မမှန်ကန်ဟု ခံစားရသည်အထိ ဖြစ်စေသည်။ ထိုသို့သော ကြီးကြပ်ရေးမှူးများသည် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ကြသည်။
အယောင်ဆောင်ခေါင်းဆောင်များသည် အပေါ်ယံအလုပ်၌ တော်ကြသော်လည်း လက်တွေ့ကျသော အလုပ်ကို မည်သည့်အခါမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အမျိုးမျိုးသော အတတ်ပညာပိုင်းဆိုင်ရာ အလုပ်များကို သွားရောက်၍ မစစ်ဆေး၊ မကြီးကြပ် သို့မဟုတ် မညွှန်ကြားကြ၊ သို့မဟုတ် မတူညီသောအဖွဲ့များတွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို အချိန်နှင့်တစ်ပြေးညီ သိရှိအောင် မလုပ်ကြဘဲ အလုပ်သည် မည်သို့အခြေအနေရှိနေသည်ကိုလည်းကောင်း၊ မည်သည့်ပြဿနာများ ရှိနေသည်ကိုလည်းကောင်း၊ အဖွဲ့ကြီးကြပ်ရေးမှူးများသည် ၎င်းတို့၏အလုပ်၌ အရည်အချင်းမီခြင်း ရှိမရှိကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများက ကြီးကြပ်ရေးမှူးများနှင့်ပတ်သက်၍ မည်သို့ပြန်လည်အစီရင်ခံသည် သို့မဟုတ် အကဲဖြတ်သည်ကိုလည်းကောင်း မစစ်ဆေးကြပေ။ ၎င်းတို့က တစ်ဦးတလေ အဖွဲ့ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများ၏ ဘောင်ခတ်ခြင်းကို ခံနေရခြင်း ရှိမရှိကိုလည်းကောင်း၊ လူတို့ပြုလုပ်သော မှန်ကန်သည့် အကြံပြုချက်များကို လက်ခံကျင့်သုံးခြင်း ရှိမရှိကိုလည်းကောင်း၊ အရည်အချင်းရှိသော သို့မဟုတ် သမ္မာတရားကို လိုက်စားသော မည်သူမဆို ဖိနှိပ်ခံနေရခြင်း သို့မဟုတ် ဖယ်ကြဉ်ခံနေရခြင်း ရှိမရှိကိုလည်းကောင်း၊ ဟန်ဆောင်မှုကင်းသောလူများ အနိုင်ကျင့်ခံနေရခြင်း ရှိမရှိကိုလည်းကောင်း၊ အယောင်ဆောင်ခေါင်းဆောင်များကို ဖော်ထုတ်ပြီး တိုင်ကြားသောလူများ တိုက်ခိုက်ခံရခြင်း၊ လက်စားချေခံရခြင်း၊ ရှင်းလင်းပစ်ခံရခြင်း သို့မဟုတ် နှင်ထုတ်ခံရခြင်း ရှိမရှိကိုလည်းကောင်း၊ အဖွဲ့ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများသည် ဆိုးယုတ်သောလူများ ဟုတ်မဟုတ်ကိုလည်းကောင်း၊ တစ်ဦးတလေသည် ညှဉ်းပန်းခံနေရခြင်း ရှိမရှိကိုလည်းကောင်း တွေ့ရအောင် မစစ်ဆေးကြပေ။ အယောင်ဆောင်ခေါင်းဆောင်များက ဤလက်တွေ့ကျသော အလုပ်တစ်ခုတလေကိုမျှ မလုပ်ဆောင်ပါက ၎င်းတို့ကို ဖြုတ်ချသင့်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အယောင်ဆောင် ခေါင်းဆောင်တစ်ဦးထံ လူတို့ကို မကြာခဏ ဘောင်ခတ်ပြီး ဖိနှိပ်သော ကြီးကြပ်ရေးမှူးတစ်ဦး ရှိကြောင်း တိုင်ကြားသည် ဆိုပါစို့။ ကြီးကြပ်ရေးမှူးသည် မှားယွင်းသောအရာအချို့ကို လုပ်ဆောင်ခဲ့သော်လည်း ညီအစ်ကိုမောင်နှမများကို မည်သည့်အကြံပြုချက်မျှ ပေးခွင့်ပြုမည်မဟုတ်သည့်အပြင် မိမိတို့၏အမှားများကို မည်သည့်အခါမျှ ဝန်မခံဘဲ မိမိတို့ကိုယ်ကို သင်္ကာရှင်းရန်နှင့် ခုခံကာကွယ်ရန် ဆင်ခြေများကိုပင် ရှာဖွေကြသည်။ ထိုသို့သော ကြီးကြပ်ရေးမှူးကို ချက်ချင်း ဖြုတ်ချသင့်သည် မဟုတ်လော။ ဤသည်တို့မှာ ခေါင်းဆောင်များက အချိန်မီ ဖြေရှင်းသင့်သော ပြဿနာများ ဖြစ်ကြသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့ ခန့်အပ်ထားသော ကြီးကြပ်ရေးမှူးများကို ၎င်းတို့၏အလုပ်၌ မည်သို့သော ပြဿနာများ ပေါ်ပေါက်လာသည်ဖြစ်စေ ဖော်ထုတ်ခွင့်မပြုဘဲ အထက်လူကြီးများထံ တိုင်ကြားခွင့်ကိုလည်း သေချာပေါက် ခွင့်မပြုပေ၊ ၎င်းတို့သည် လူတို့ကို ကျိုးနွံနာခံတတ်ရန်ပင် ပြောဆိုကြသည်။ တစ်စုံတစ်ဦးက ကြီးကြပ်ရေးမှူးတစ်ဦးနှင့်ဆိုင်သော ပြဿနာများကို ဖော်ထုတ်ပါက ဤအယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့ကို ကာကွယ်ရန် သို့မဟုတ် စစ်မှန်သောအချက်အလက်များကို ဖုံးကွယ်ရန် ကြိုးစားကြပြီး ဤသို့ပြောဆိုကြသည်။ “ဤသည်မှာ ကြီးကြပ်ရေးမှူး၏ အသက်ဝင်ရောက်မှုနှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ ၎င်း၌ မာနထောင်လွှားသော စိတ်သဘောထားရှိခြင်းသည် ပုံမှန်ပင်ဖြစ်သည်၊ အစွမ်းအစ အနည်းငယ်ရှိသော လူတိုင်းသည် မာနထောင်လွှားကြသည်။ ယင်းမှာ အရေးကြီးသည့်အရာ မဟုတ်ပါ၊ ကျွန်ုပ်သည် ၎င်းနှင့် အနည်းငယ် မိတ်သဟာယဖွဲ့ရန်သာ လိုအပ်ပါသည်” ဟူ၍ ဖြစ်သည်။ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ကြီးကြပ်ရေးမှူးက ၎င်းတို့၏ ရပ်တည်ချက်ကို ဖော်ပြလျက် ဤသို့ပြောဆိုသည်။ “ကျွန်ုပ် မာနထောင်လွှားကြောင်း ဝန်ခံပါသည်။ ကျွန်ုပ်၏ ကိုယ်ပိုင်ဂုဏ်ပကာသန၊ မာနနှင့် အဆင့်အတန်းတို့ကို အလေးထားပြီး အခြားလူများ၏ အကြံပြုချက်များကို လက်မခံသည့်အချိန်များ ရှိကြောင်း ကျွန်ုပ် ဝန်ခံပါသည်။ သို့သော် အခြားလူများသည် ဤအတတ်ပညာ၌ မတော်ကြပါ၊ ၎င်းတို့သည် တန်ဖိုးမရှိသော အကြံပြုချက်များကို မကြာခဏ အကြံထုတ်ကြသည်၊ ထို့ကြောင့် ကျွန်ုပ် ၎င်းတို့ကို နားမထောင်ရသည့် အကြောင်းပြချက်ရှိပါသည်” ဟူ၍ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အခြေအနေကို စေ့စေ့စပ်စပ် နားလည်ရန် မကြိုးစားကြပေ၊ ၎င်းတို့သည် ကြီးကြပ်ရေးမှူး၏ လူ့သဘာဝ၊ စိတ်သဘောထားနှင့် လိုက်စားမှုတို့သည် မည်သို့ဖြစ်သည်ကို မဆိုထားနှင့်၊ ၎င်း၏ အလုပ်ရလဒ်များကိုပင် မကြည့်ကြချေ။ ၎င်းတို့လုပ်သမျှမှာ “ဤအကြောင်းကို ကျွန်ုပ်ထံ တိုင်ကြားထားသောကြောင့် သင့်ကို ကျွန်ုပ် စောင့်ကြည့်နေပါသည်။ သင့်ကို နောက်တစ်ကြိမ် အခွင့်အရေးပေးပါမည်” ဟု ပြောဆိုလျက် ဖော့ပြောခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ စကားပြောဆိုမှုအပြီးတွင် ကြီးကြပ်ရေးမှူးက နောင်တရလိုစိတ်ရှိသည်ဟု ပြောသော်လည်း သူသည် နောက်ပိုင်းတွင် အမှန်တကယ် နောင်တရသည်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားရုံသာဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်များက ဤအရာကို အရေးမလုပ်ကြပေ။ တစ်စုံတစ်ဦးက ဤကိစ္စနှင့်ပတ်သက်၍ မေးခွန်းများ ထုတ်ပါက အယောင်ဆောင်ခေါင်းဆောင်များက “ကျွန်ုပ်သည် ၎င်းတို့နှင့် စကားပြောပြီးဖြစ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အပိုဒ်များစွာကိုပင် ၎င်းတို့အား မိတ်သဟာယဖွဲ့ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့သည် နောင်တရလိုစိတ်ရှိပြီး ပြဿနာကို ဖြေရှင်းပြီးဖြစ်သည်” ဟု ပြောဆိုကြသည်။ ထိုလူက “ထိုကြီးကြပ်ရေးမှူး၏ လူ့သဘာဝသည် မည်သို့ရှိသနည်း။ သူသည် သမ္မာတရားကို လက်ခံသောလူတစ်ဦး ဟုတ်ပါသလော။ သင်သည် သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီးဖြစ်သည်၊ သို့သော် သူသည် စစ်မှန်စွာ နောင်တရပြီး ပြောင်းလဲနိုင်မည်လော” ဟု မေးသည့်အခါတွင် အယောင်ဆောင်ခေါင်းဆောင်များက ဤအရာကို ထွင်းဖောက်မမြင်နိုင်ဘဲ “ကျွန်ုပ်သည် ၎င်းတို့ကို စောင့်ကြည့်လေ့လာနေဆဲ ဖြစ်သည်” ဟု ပြန်ဖြေကြသည်။ ထိုလူက “သင် ၎င်းတို့ကို မည်မျှကြာအောင် စောင့်ကြည့်နေခဲ့ပြီနည်း။ သင် ကောက်ချက်တစ်ခုခု ရရှိခဲ့ပြီလော” ဟု ပြန်မေးသည်။ အယောင်ဆောင် ခေါင်းဆောင်များက “ခြောက်လကျော်ပြီ၊ ကျွန်ုပ် ကောက်ချက်တစ်ခုခု မရရှိသေးပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ခြောက်လကျော်ကြာ စောင့်ကြည့်လေ့လာပြီးနောက်တွင် မည်သည့်ရလဒ်မျှ မရရှိခဲ့ပါက ယင်းမှာ မည်သည့် အလုပ်ထိရောက်မှုမျိုး ဖြစ်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များက ကြီးကြပ်ရေးမှူးနှင့် တစ်ကြိမ် စကားပြောဆိုခြင်းသည် ထိရောက်ပြီး ပြဿနာကို ဖြေရှင်းသည်ဟု ယုံကြည်ကြသည်။ ဤစိတ်ကူးသည် ခိုင်လုံသလော။ ၎င်းတို့သည် တစ်စုံတစ်ဦးနှင့် စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ထိုလူသည် ပြောင်းလဲနိုင်မည်ဖြစ်သည်ဟု ထင်မှတ်ကြသည်၊ ပြီးလျှင် တစ်စုံတစ်ဦးက နောက်တစ်ကြိမ် ထပ်မလုပ်တော့ရန် မိမိ၏ စိတ်ပိုင်းဖြတ်ချက်ကို ဖော်ပြပါက ၎င်းတို့သည် နောက်ထပ် စုံစမ်းမေးမြန်းခြင်း သို့မဟုတ် အခြေအနေကို ထပ်မံစုံစမ်းခြင်းမရှိဘဲ ထိုလူကို အပြည့်အဝ ယုံကြည်ကြလေသည်။ မည်သူမျှ ထိုကိစ္စကို မလိုက်ပါက ၎င်းတို့သည် ခြောက်လကြာသည်အထိ ဒုက္ခခံ၍ အလုပ်ကို စုံစမ်းခြင်း သို့မဟုတ် ဆက်လက်လုပ်ဆောင်ခြင်းကို အရေးတယူ လုပ်ဆောင်ချင်မှ လုပ်ဆောင်ပေမည်။ ထိုကြီးကြပ်ရေးမှူးက အလုပ်ကို ဖရိုဖရဲဖြစ်အောင် လုပ်သည့်အခါတွင်ပင် အယောင်ဆောင်ခေါင်းဆောင်များက မသိရှိဘဲ နေကြသည်။ ကြီးကြပ်ရေးမှူးက ၎င်းတို့ကို မည်သို့လှည့်စားပြီး ကစားနေသည်ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ သာ၍ပင် မုန်းတီးစရာကောင်းသည်မှာ တစ်စုံတစ်ဦးက ကြီးကြပ်ရေးမှူး၏ ပြဿနာများကို တိုင်ကြားသည့်အခါတွင် အယောင်ဆောင် ခေါင်းဆောင်များက ၎င်းကို လျစ်လျူရှုပြီး ပြဿနာများ တည်ရှိခြင်း ရှိမရှိကိုဖြစ်စေ၊ ၎င်းတို့ တိုင်ကြားသည့် ပြဿနာများသည် မှန်ကန်ခြင်း ရှိမရှိကိုဖြစ်စေ အမှန်တကယ် မစုံစမ်းကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤပြဿနာများကို ထည့်မစဉ်းစားကြပေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း ယုံကြည်ကြသည်။ အသင်းတော်၏အလုပ်၌ မည်သို့သောအခြေအနေများ ပေါ်ပေါက်လာသည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များသည် ယင်းတို့ကို အလျင်စလို မဖြေရှင်းကြပေ၊ မည်သို့ပင်ဖြစ်စေ ယင်းသည် ၎င်းတို့နှင့်မဆိုင်ဟု ၎င်းတို့က ထင်မှတ်ကြသည်။ ဤပြဿနာများအပေါ် အယောင်ဆောင် ခေါင်းဆောင်များ၏ တုံ့ပြန်မှုသည် အလွန်အမင်း နှေးကွေးသည်၊ ၎င်းတို့သည် အစီအမံများကို ချမှတ်ပြီး အလွန်ဖြည်းညင်းစွာ လှုပ်ရှားကြသည်၊ ၎င်းတို့သည် အဆက်မပြတ် မလိမ့်တပတ်လုပ်ကြပြီး လူတို့ကို နောင်တရရန် နောက်တစ်ကြိမ် အခွင့်အရေးကို အဆက်မပြတ် ပေးကြသည်၊ ယင်းမှာ ၎င်းတို့က လူတို့ကို ပေးသည့် အခွင့်အရေးများသည် အလွန်တန်ဖိုးရှိပြီး အရေးကြီးသည့်အလား၊ ၎င်းတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည့်အလား ဖြစ်နေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတစ်ဦး၌ ထင်ရှားပေါ်လွင်သည့်အရာမှတစ်ဆင့် သူ၏ သဘာဝအနှစ်သာရကို မည်သို့မြင်ရမည်ကိုဖြစ်စေ၊ လူတစ်ဦး၏ သဘာဝအနှစ်သာရကို အခြေခံ၍ သူ လျှောက်လှမ်းသည့်လမ်းကြောင်းကို မည်သို့အကဲဖြတ်ရမည်ကိုဖြစ်စေ၊ သူ လျှောက်လှမ်းသည့်လမ်းကြောင်းကို အခြေခံ၍ လူတစ်ဦးသည် ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်ရန် သို့မဟုတ် ခေါင်းဆောင်ပိုင်းအလုပ်ကို လုပ်ဆောင်ရန် သင့်တော်ခြင်း ရှိမရှိကို မည်သို့မြင်ရမည်ကိုဖြစ်စေ မသိကြပေ။ ၎င်းတို့သည် အမှုအရာများကို ထိုနည်းလမ်းဖြင့် မြင်နိုင်စွမ်း မရှိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏အလုပ်၌ အရာနှစ်ခုကိုသာ လုပ်ဆောင်နိုင်စွမ်းရှိသည်။ တစ်ခုမှာ လူတို့ကို စကားစမြည်ပြောဆိုရန် ခေါ်ပြီး ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းဖြစ်သည်။ နောက်တစ်ခုမှာ လူတို့ကို အခွင့်အရေးများပေးခြင်း၊ အခြားသူများကို စိတ်ကျေနပ်စေခြင်းနှင့် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်မပေးခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေကြသလော။ မလုပ်ဆောင်ကြသည်မှာ သိသာထင်ရှားပေသည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက တစ်စုံတစ်ဦးကို စကားစမြည်ပြောဆိုရန် ခေါ်ခြင်းသည် လက်တွေ့ကျသော အလုပ်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဤစကားပြောဆိုမှုများကို အလွန်တန်ဖိုးရှိပြီး အရေးကြီးသည်ဟု မှတ်ယူကြကာ ၎င်းတို့ ပြောဆိုသည့် အနှစ်မဲ့သော စကားလုံးများနှင့် အယူဝါဒများကို မယုံနိုင်လောက်အောင် အရေးပါသည်ဟု ရှုမြင်ကြသည်။ ၎င်းတို့သည် ဤစကားပြောဆိုမှုများမှတစ်ဆင့် အဓိကပြဿနာများကို ဖြေရှင်းပြီးဖြစ်ကာ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်သည်ဟု ထင်မှတ်ကြသည်။ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ပြီး ပြစ်တင်ဆုံးမသည်ကိုဖြစ်စေ၊ ပြုပြင်သည်ကိုဖြစ်စေ၊ လူတို့ကို စစ်ကြောပြီး စစ်ဆေးသည်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသာလျှင် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်သည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏အလုပ်နှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းကို အလွန်ပင် လျှော့တွက်ကြသည်။ အနည်းငယ်သော စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းသည် ဘုရားသခင်၏ အလုပ်အတွက် အစားထိုးတစ်ခုဖြစ်ပြီး ယင်းက လူ၏ ဖောက်ပြန်ပျက်စီးခြင်း ပြဿနာကို ဖြေရှင်းနိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ မိုက်မဲခြင်းနှင့် အသိဉာဏ်မဲ့ခြင်း မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်များ၌ သမ္မာတရား လက်တွေ့ကျမှု အနည်းငယ်မျှပင် မရှိပေ၊ သို့ဖြစ်၍ ၎င်းတို့သည် အဘယ်ကြောင့် ဤမျှ ယုံကြည်မှုရှိနေကြသနည်း။ အယူဝါဒအနည်းငယ်ကို တတွတ်တွတ် ပြောဆိုခြင်းက လူတို့ကို မိမိတို့ကိုယ်ကို သိရှိစေမည်လော။ ယင်းက ၎င်းတို့ကို မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်စေမည်လော။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် မည်သို့ဖြစ်၍ ဤမျှ အသိဉာဏ်မဲ့ပြီး နုံအနိုင်ကြသနည်း။ လူတစ်ဦး၏ မှားယွင်းသော အလေ့အကျင့်များနှင့် ဖောက်ပြန်ပျက်စီးသော အပြုအမူကို ဖြေရှင်းခြင်းသည် အမှန်တကယ် ထိုမျှ ရိုးရှင်းပါသလော။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပြဿနာသည် ဖြေရှင်းရန် ထိုမျှ လွယ်ကူပါသလော။ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်မိုက်မဲပြီး အပေါ်ယံဆန်လှသည်။ ဘုရားသခင်သည် လူ၏ ဖောက်ပြန်ပျက်စီးခြင်း ပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုတည်းမျှကိုသာ အသုံးမပြုပေ။ သူသည် လူတို့ကို ဖော်ထုတ်ရန်၊ သန့်စင်ရန်နှင့် စုံလင်စေရန်အလို့ငှာ နည်းလမ်းများစွာကို အသုံးပြုပြီး မတူညီသော ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးသည်။ ဆန့်ကျင်ဘက်အားဖြင့် အယောင်ဆောင် ခေါင်းဆောင်များသည် အလွန်အမင်း ငြီးငွေ့ဖွယ်ကောင်းပြီး အပေါ်ယံဆန်သော နည်းလမ်းဖြင့် အလုပ်ကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် လူတို့ကို စကားစမြည်ပြောဆိုရန် ခေါ်ပြီး ထိုလူတို့၏ တွေးခေါ်ပုံများနှင့်ပတ်သက်၍ လူတို့ကို အကြံပေးသည့်အလုပ် အနည်းငယ်ကို လုပ်ဆောင်ကာ လူတို့ကို အနည်းငယ် တိုက်တွန်းနှိုးဆော်ပြီး ဤသည်မှာ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ အပေါ်ယံဆန်သည် မဟုတ်လော။ ပြီးလျှင် ဤအပေါ်ယံဆန်မှု၏ နောက်ကွယ်တွင် မည်သည့်ပြဿနာက ကွယ်ဝှက်ထားသနည်း။ ယင်းမှာ နုံအခြင်း မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်များသည် အလွန်အမင်း နုံအကြပြီး လူများနှင့် အမှုအရာများကိုလည်း မယုံနိုင်လောက်အောင် နုံအသော နည်းလမ်းဖြင့် ရှုမြင်ကြသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထက် ဖြေရှင်းရန် ပိုခက်ခဲသောအရာ မရှိပေ၊ ကျားသစ်သည် ယင်း၏ အစက်အပြောက်များကို မပြောင်းနိုင်ချေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤပြဿနာကို လုံးဝ ထွင်းဖောက်မမြင်နိုင်ကြပေ။ ထို့ကြောင့် အသင်းတော်၌ အဆက်မပြတ် အနှောင့်အယှက်များ ဖြစ်စေသော၊ လူတို့ကို အမြဲ ဘောင်ခတ်ပြီး ညှဉ်းပန်းသော ကြီးကြပ်ရေးမှူးအမျိုးအစားနှင့် ပတ်သက်လာလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့နှင့် စကားပြောဆိုခြင်း၊ စကားအနည်းငယ်ဖြင့် ၎င်းတို့ကို ပြုပြင်ခြင်းမှလွဲ၍ ဘာမျှမလုပ်ဘဲ ထိုမျှနှင့်ပင် ပြီးဆုံးသွားသည်။ ၎င်းတို့သည် ထိုလူတို့၏ တာဝန်ခန့်အပ်မှုများကို ချက်ချင်း မပြုပြင်ကြသကဲ့သို့ ထိုလူတို့ကို မဖြုတ်ချကြပေ။ အယောင်ဆောင်ခေါင်းဆောင်များ၏ ဤလုပ်နည်းကိုင်နည်းသည် အသင်းတော်၏အလုပ်ကို ကြီးမားသော ပျက်စီးမှုကို ဖြစ်စေပြီး အချို့သော ဆိုးယုတ်သည့်လူများ၏ အနှောင့်အယှက်များကြောင့် အသင်းတော်အလုပ်ကို မကြာခဏ ရပ်တန့်စေခြင်း၊ နှောင့်နှေးစေခြင်း၊ ပျက်စီးစေခြင်းနှင့် ပုံမှန်အတိုင်း ချောမွေ့စွာနှင့် ထိရောက်စွာ တိုးတက်ခြင်းမှ ဟန့်တားခြင်းတို့ကို ဖြစ်စေသည်၊ ဤအရာအားလုံးသည် အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့၏ ခံစားချက်များကို အခြေခံ၍ ပြုမူခြင်း၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခြင်းနှင့် မှားယွင်းသောလူများကို အသုံးပြုခြင်းတို့၏ ဆိုးရွားသော အကျိုးဆက်တစ်ခု ဖြစ်သည်။ အပြင်ပန်းအသွင်အပြင်အရ အယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များ လုပ်ဆောင်သကဲ့သို့ မရေမတွက်နိုင်သော မကောင်းမှုများကို တမင်တကာ ကျူးလွန်နေခြင်း သို့မဟုတ် အမှုအရာများကို မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် လုပ်ဆောင်ပြီး မိမိတို့၏ ကိုယ်ပိုင်လွတ်လပ်သော နယ်မြေများကို တည်ထောင်ခြင်းတို့ကို မပြုလုပ်ကြပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်၏အလုပ်၌ ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများကို ချက်ချင်း မဖြေရှင်းနိုင်ကြဘဲ အဖွဲ့အမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများ၌ ပြဿနာများ ပေါ်ပေါက်သည့်အခါတွင်လည်းကောင်း၊ ထိုကြီးကြပ်ရေးမှူးများက ၎င်းတို့၏အလုပ်ကို တာဝန်ယူထမ်းဆောင်နိုင်ခြင်း မရှိသည့်အခါတွင်လည်းကောင်း အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ချက်ချင်း မပြုပြင်နိုင်ကြ သို့မဟုတ် ထိုလူတို့ကို မဖြုတ်ချနိုင်ကြဘဲ အသင်းတော်အလုပ်ကို ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေသည်။ ပြီးလျှင် ဤအရာအားလုံးသည် အယောင်ဆောင်ခေါင်းဆောင်များ၏ တာဝန်ပျက်ကွက်ခြင်းကြောင့် ဖြစ်ရသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန် မုန်းတီးဖွယ်ကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။)
၄။ အလုပ်အစီအစဉ်များကို ဆန့်ကျင်ပြီး မိမိတို့ သဘောအတိုင်း လုပ်ဆောင်သော ကြီးကြပ်ရေးမှူးများကို အယောင်ဆောင်ခေါင်းဆောင်များ ဆက်ဆံပုံ
ကြီးကြပ်ရေးမှူးများက အခြားသူများကို ညှဉ်းပန်းခြင်း၊ ဘောင်ခတ်ခြင်းနှင့် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ခြင်းကဲ့သို့သော အသင်းတော်၌ ဖြစ်ပေါ်သည့် ဒုစရိုက်အမှုများကို အယောင်ဆောင်ခေါင်းဆောင်များသည် ချက်ချင်း မကိုင်တွယ်နိုင်ကြပေ။ အလားတူပင် အချို့သော ကြီးကြပ်ရေးမှူးများက ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ဆန့်ကျင်ပြီး ကိုယ့်သဘောအတိုင်း လုပ်ဆောင်ကြသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များသည် ဤပြဿနာများကို ချက်ချင်းဖြေရှင်းရန် သင့်လျော်သော ဖြေရှင်းချက်များကို မဖော်ထုတ်နိုင်ကြပေ။ ဤသည်မှာ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာနှင့် ငွေကြေးဆိုင်ရာ အရင်းအမြစ်များကို ဆုံးရှုံးမှုများ ဖြစ်စေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် နုံအပြီး အပေါ်ယံဆန်ကာ သမ္မာတရား စည်းမျဉ်းများကို နားမလည်နိုင်ကြသကဲ့သို့ အထူးသဖြင့် လူတို့၏ သဘာဝအနှစ်သာရများကို ထွင်းဖောက်မြင်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏အလုပ်ကို အပေါ်ယံနည်းလမ်းဖြင့် မကြာခဏ လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြပြီး စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းကာ ကြွေးကြော်သံများကို ဟစ်ကြွေးကြသော်လည်း အလုပ်ကို စစ်ဆေးရန်၊ ကြီးကြပ်ရေးမှူးတစ်ဦးစီတိုင်းကို စောင့်ကြည့်လေ့လာပြီး မေးမြန်းရန်အတွက် အလုပ်နေရာသို့ သွားရောက်ရန် ပျက်ကွက်ကြသည်၊ သို့မဟုတ် ဤကြီးကြပ်ရေးမှူးများ မည်သည့်အရာများ လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို လမ်းညွှန်သည့် စည်းမျဉ်းများသည် မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း အချိန်နှင့်တစ်ပြေးညီ မေးမြန်းရန် ပျက်ကွက်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့ အသုံးပြုနေသောလူများသည် အမှန်တကယ် မည်သူဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့ မည်သည့်အရာများ လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း လုံးဝ မသိရှိကြပေ။ ထို့ကြောင့် ဤကြီးကြပ်ရေးမှူးများက ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို တိတ်တဆိတ် ဆန့်ကျင်ပြီး ကိုယ့်သဘောအတိုင်း လုပ်ဆောင်ကြသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအကြောင်းကို မသိရှိကြသည်သာမက ကြီးကြပ်ရေးမှူးများကို ကာကွယ်ရန်ပင် ကြိုးစားကြသည်။ ဤအကြောင်းကို ၎င်းတို့ ကြားသိလျှင်ပင် ယင်းကို ချက်ချင်း စုံစမ်းခြင်းနှင့် ကိုင်တွယ်ခြင်းတို့ မရှိကြချေ။ အယောင်ဆောင် ခေါင်းဆောင်များသည် တစ်ဖက်တွင် မိမိတို့၏အလုပ်၌ အရည်အချင်းမပြည့်မီကြသကဲ့သို့ အခြားတစ်ဖက်တွင်မူ မိမိတို့၏ တာဝန်များ၌ ပေါ့ဆကြသည်။ ဥပမာတစ်ခု ပေးကြစို့။ ခေါင်းဆောင်တစ်ဦးသည် အခြားအဖွဲ့မှ ဖယ်ရှားရှင်းလင်းခြင်းခံရသောသူတစ်ဦးကို စိုက်ပျိုးရေးပညာရှင်အဖြစ် ရွေးချယ်ခဲ့သည်။ သူသည် ဤလူ၌ သက်ဆိုင်ရာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှု ရှိမရှိကိုဖြစ်စေ၊ သူမသည် အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိကိုဖြစ်စေ၊ သူမ၌ အလေးအနက်ထားပြီး တာဝန်ယူတတ်သော သဘောထား ရှိမရှိကိုဖြစ်စေ မစစ်ဆေးခဲ့ဘဲ သူမကို ထိုရာထူး၌ ခန့်အပ်ပြီးနောက်တွင် လုံးဝ မစစ်ဆေးဘဲ ပစ်ထားခဲ့ကာ ဤသို့ပြောဆိုခဲ့သည်။ “ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးလိုက်ပါ။ မျိုးစေ့များကို သင်ရွေးချယ်နိုင်သည်၊ ပြီးလျှင် သင်သုံးသည့် မည်သည့်ပမာဏကိုမဆို ကျွန်ုပ် အတည်ပြုပေးမည်။ ဤအလုပ်ကို သင့်အနေဖြင့် သင့်တော်သည်ဟု ထင်သည့်အတိုင်းသာ လုပ်ဆောင်ပါ” ဟူ၍ ဖြစ်သည်။ ခေါင်းဆောင်က ဤသို့ပြောဆိုခဲ့သဖြင့် ဤကြီးကြပ်ရေးမှူးသည် သူမ သင့်တော်သည်ဟု ထင်သည့်အတိုင်း အလုပ်ကို စတင်လုပ်ဆောင်ခဲ့သည်။ သူမ၏ ပထမဆုံးသော တာဝန်မှာ မျိုးစေ့များကို ရွေးချယ်ရန် ဖြစ်သည်။ သူမသည် အွန်လိုင်းတွင် စစ်ဆေးကြည့်သည့်အခါ ဤသို့တွေ့ရှိခဲ့သည်။ “ဟင်းသီးဟင်းရွက် မျိုးကွဲများမှာ အလွန်ပင် များပြားလှသည်၊ ဤကျယ်ပြောသော လောကကြီးသည် ထူးခြားဆန်းကြယ်သည့်အရာများဖြင့် ပြည့်နှက်နေပါတကား။ မျိုးစေ့များ ရွေးချယ်ရခြင်းမှာ အတော်ပင် ပျော်စရာကောင်းလှသည်။ ဤအလုပ်ကို အရင်က တစ်ခါမျှ ငါ မလုပ်ဆောင်ဖူးပေ၊ ထို့ပြင် ဤအလုပ်ကို ငါ ဤမျှလောက် စိတ်ဝင်စားလိမ့်မည်မှန်းလည်း မသိခဲ့ပေ။ ငါ ဤမျှစိတ်ဝင်စားနေသည့်အတွက် အစွမ်းကုန် လုပ်ဆောင်မည်” ဟူ၍ ဖြစ်သည်။ သူမသည် ဦးစွာ ခရမ်းချဉ်သီးမျိုးစေ့များ ကဏ္ဍကို ဖွင့်ကြည့်ရာ အလွန်ပင် အံ့အားသင့်သွားခဲ့သည်။ အမျိုးမျိုးသော မျိုးကွဲများနှင့် အရွယ်အစားအမျိုးမျိုး ရှိကြပြီး အရောင်အားဖြင့်လည်း အနီရောင်၊ အဝါရောင်နှင့် အစိမ်းရောင်များ ရှိကြသည်။ အမျိုးအစားတစ်မျိုးမှာ အရောင်စုံပင် ဖြစ်သည်၊ သူမသည် ထိုသို့သောအရာကို တစ်ခါမျှ မမြင်ဖူးခဲ့ဘဲ ဤအရာက သူမ၏ မျက်စိပွင့်နားပွင့် ဖြစ်သွားစေခဲ့သည်။ သို့သော် သူမသည် သင့်တော်သော မျိုးစေ့များကို မည်သို့ ရွေးချယ်မည်နည်း။ သူမသည် မျိုးကွဲတိုင်းမှ အနည်းငယ်စီ စိုက်ပျိုးရန် ဆုံးဖြတ်ခဲ့သည်၊ အထူးသဖြင့် အလွန်ထူးခြားပုံရသော အရောင်များစွာရှိသည့် အမျိုးအစားကို စိုက်ပျိုးရန် ဆုံးဖြတ်ခဲ့သည်။ ကြီးကြပ်ရေးမှူးသည် အရွယ်အစား၊ အရောင်နှင့် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ခရမ်းချဉ်သီးမျိုးကွဲ ၁၀ မျိုးကျော်ကို ရွေးချယ်ခဲ့သည်။ ခရမ်းချဉ်သီးမျိုးစေ့များ ရွေးချယ်ပြီးနောက် ခရမ်းသီးအတွက် အလားတူလုပ်ဆောင်ရန် အချိန်ကျရောက်ခဲ့သည်။ ပုံမှန်အားဖြင့် လူတို့စားသုံးသည့် ခရမ်းသီးအမျိုးအစားများမှာ ရှည်လျားပြီး ခရမ်းရောင်ရှိသော ခရမ်းသီးများ သို့မဟုတ် ခရမ်းသီးအဖြူများ ဖြစ်ကြသော်လည်း သူမက ဤသို့တွေးခဲ့သည်။ “ခရမ်းသီးများသည် ဤနှစ်မျိုးတည်း ရှိခြင်းမဟုတ်ပါ။ အစိမ်းရောင်၊ အစင်းကျား၊ အရှည်၊ အလုံးနှင့် ဘဲဥပုံ မျိုးကွဲများ ရှိတယ်။ အားလုံး မျက်စိပွင့်နားပွင့်ဖြစ်သွားစေပြီး မတူညီသည့် ခရမ်းသီးအမျိုးမျိုးကို စားသုံးနိုင်အောင် အမျိုးအစားတစ်ခုစီမှနေ၍ နည်းနည်းစီ ရွေးချယ်မည်။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေဖြင့် မျိုးစေ့များ ရွေးချယ်ရာတွင် ကျွန်ုပ်သည် မည်မျှ ကျွမ်းကျင်ပြီး ရဲတင်းလိုက်ကြောင်း၊ အားလုံး၏ အရသာကို ဖြည့်ဆည်းပေးလျက် ညီအစ်ကိုမောင်နှမတွေအပေါ် မည်မျှအလေးထားကြောင်းကို ကြည့်စမ်းပါ” ဟူ၍ ဖြစ်သည်။ ထို့နောက် သူမသည် ကြက်သွန်နီမျိုးစေ့များကို ရွေးချယ်ခဲ့သည်။ ဒေသတွင်း၌ ကြက်သွန်နီမျိုးကွဲ စုစုပေါင်း ၁၄ မျိုးရှိရာ သူမသည် ယင်းတို့အားလုံးကို ရွေးချယ်ခဲ့ပြီး ပြီးစီးသွားသည့်အခါတွင် အလွန်ပင် ကျေနပ်နေခဲ့သည်။ ဤကြီးကြပ်ရေးမှူးသည် “ရဲတင်း” သလော။ မျိုးကွဲပေါင်းများစွာကို မည်သူက ရွေးချယ်ဝံ့မည်နည်း။ နောက်ပိုင်းတွင် ကျွန်ုပ်သည် ဤကိစ္စကို ဆက်လက်၍ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ရာ တစ်စုံတစ်ဦးက “ဒေသတွင်း၌ မျိုးကွဲ ၁၄ မျိုးသာ ရှိခြင်း မဟုတ်ပါ၊ သူမ မရွေးချယ်ခဲ့သည့် နောက်ထပ်မျိုးအနည်းငယ် ရှိပါသေးသည်” ဟုပင် ပြောဆိုခဲ့သည်။ ၎င်းတို့ ဆိုလိုသည်မှာ မျိုးကွဲ ၁၄ မျိုးသည် ထိုမျှမများပြားကြောင်းနှင့် ကြီးကြပ်ရေးမှူး မရွေးချယ်ခဲ့သော အခြားမျိုးကွဲများ ရှိနေသေးသဖြင့် သူမသည် မည်သည့်အမှားမျှ မလုပ်ဆောင်ခဲ့ကြောင်း ဖြစ်သည်။ ဤသို့ပြောသောသူသည် ဉာဏ်ထိုင်းသောသူတစ်ဦး မဟုတ်လော။ ဤသည်မှာ ဉာဏ်ထိုင်းခြင်း၊ လူစကားကို နားမလည်ခြင်းနှင့် ကျွန်ုပ်သည် အဘယ်ကြောင့် ထိုကိစ္စကို စိတ်ဖြာလေ့လာဆွေးနွေးနေသည်ကို မသိနားမလည်ခြင်း ဖြစ်သည်။ ကြက်သွန်နီမျိုးစေ့များ ရွေးချယ်ပြီးနောက် ကြီးကြပ်ရေးမှူးသည် အာလူးမျိုးကွဲ အနည်းဆုံး ရှစ်မျိုးကိုလည်း ရွေးချယ်ခဲ့သည်။ မျိုးကွဲပေါင်းများစွာ ရွေးချယ်ရာတွင် သူမ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အားလုံး မျက်စိပွင့်နားပွင့်ဖြစ်စေရန်နှင့် အရသာအမျိုးမျိုးကို မြည်းစမ်းစေရန် ဖြစ်သည်။ ကြီးကြပ်ရေးမှူးက မျိုးစေ့ရွေးချယ်ခြင်းကို ညီအစ်ကိုမောင်နှမများကို အကျိုးပြုခြင်းဟူသော စည်းမျဉ်းအပေါ် အခြေခံသင့်သည်ဟု ယုံကြည်ခဲ့သည်။ သူမ၏ ကြံရွယ်ချက်နှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ အားလုံးကိုယ်စား စဉ်းစားပေးခြင်းနှင့် အားလုံးကို အစေခံခြင်းဟူသော သဘောထားအပေါ် အခြေခံ၍ ပြုမူခြင်းသည် ဘုရားအိမ်တော်က သတ်မှတ်သော စည်းမျဉ်းဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မျိုးစေ့ရွေးချယ်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းမှာ အဘယ်နည်း။ ကျွန်ုပ်တို့ သာမန်အားဖြင့် မစားသုံးသော ထူးဆန်းပြီး ရှားပါးသည့် မျိုးကွဲအချို့ကို မစိုက်ပျိုးနှင့်။ သာမန်အားဖြင့် စားသုံးသော မျိုးကွဲများအတွက်မူ ကျွန်ုပ်တို့သည် ယခင်က ၎င်းတို့ကို မစိုက်ပျိုးဖူးဘဲ ဒေသခံမြေနှင့် ရာသီဥတုအတွက် သင့်တော်ခြင်း ရှိမရှိ မသိပါက မျိုးကွဲတစ်မျိုး သို့မဟုတ် နှစ်မျိုး၊ အများဆုံး သုံးမျိုး သို့မဟုတ် လေးမျိုးကို ရွေးချယ်လော့။ ပထမဦးစွာ ယင်းတို့သည် ဒေသခံမြေနှင့် ရာသီဥတုအတွက် သင့်တော်ရမည်၊ ဒုတိယအချက်မှာ ယင်းတို့သည် စိုက်ပျိုးရလွယ်ကူပြီး ရောဂါနှင့် ပိုးမွှားများ ကျရောက်လွယ်ခြင်း မရှိရ၊ တတိယအချက်မှာ ယင်းတို့သည် နောက်နှစ်အတွက် မျိုးစေ့များ ထုတ်ပေးသင့်သည်၊ နောက်ဆုံးအချက်မှာ အထွက်နှုန်း ကောင်းသင့်သည်။ ယင်းတို့သည် အရသာရှိသော်လည်း အထွက်နှုန်းမှာ ညံ့ဖျင်းပါက ယင်းတို့သည် မသင့်တော်ပေ။ မျိုးစေ့ရွေးချယ်ခြင်း ကိစ္စကို အကဲဖြတ်ရသော် ဤကြီးကြပ်ရေးမှူးသည် စည်းမျဉ်းများနှင့်အညီ ပြုမူခဲ့သလော။ သူမသည် ရှာဖွေခဲ့သလော။ သူမသည် ကျိုးနွံနာခံခဲ့သလော။ သူမသည် ဘုရားအိမ်တော်အတွက် အလေးထားမှု ပြခဲ့သလော။ သူမသည် တာဝန်တစ်ခုကို ထမ်းဆောင်ရာတွင် ပိုင်ဆိုင်သင့်သော သဘောထားဖြင့် ပြုမူခဲ့သလော။ (မဟုတ်ပါ။) ရှင်းရှင်းလင်းလင်းပင် သူမသည် မကောင်းမှုများ ပြုလုပ်လျက် ထင်ရာစိုင်းပြုမူကာ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ပြီး ကိုယ့်သဘောအတိုင်း လုပ်ဆောင်နေခဲ့သည်။ သူမသည် သူမ၏ ကိုယ်ပိုင်စူးစမ်းလိုစိတ်နှင့် ပျော်ရွှင်မှုအတွက် လိုအင်ဆန္ဒကို ဖြည့်ဆည်းရန် ဘုရားသခင်၏ ပူဇော်သက္ကာများကို ဤနည်းဖြင့် ဖြုန်းတီးခဲ့ပြီး ထိုသို့သောအရေးကြီးသည့် တာဝန်ကို ကစားပွဲတစ်ခုအဖြစ် သဘောထားပြုမူခဲ့သော်လည်း သူမ၏ အယောင်ဆောင်ခေါင်းဆောင်ကမူ မေးမြန်းခြင်း သို့မဟုတ် ကြားဝင်စွက်ဖက်ခြင်း မရှိဘဲ သူမကို ကြိုက်သလို လုပ်ဆောင်ခွင့်ပေးခဲ့သည်။ သူ့ကို “သင်ရွေးချယ်ခဲ့သည့် ကြီးကြပ်ရေးမှူးသည် စင်စစ်အားဖြင့် အလုပ်တစ်ခုတလေကို လုပ်ဆောင်ခဲ့သလော။ ရလဒ်များမှာ အဘယ်နည်း။ မျိုးစေ့ရွေးချယ်မှုနှင့် ပတ်သက်လာသည့်အခါတွင် စိစစ်မှုကို လုပ်ဆောင်ပေးခြင်းအားဖြင့် သူမကို သင် ကူညီခဲ့သလား” ဟု မေးမြန်းသည့်အခါ သူသည် ဤကိစ္စများကို အာရုံမစိုက်ဘဲ “မျိုးစေ့များကို စိုက်ပြီးပါပြီ၊ စိုက်ပျိုးနေချိန်အတွင်းတွင် ကျွန်ုပ်တို့ အလုပ်နေရာကို သွားကြည့်ခဲ့ပါသည်” ဟုသာ ပြောဆိုခဲ့သည်။ သူသည် အခြားမည်သည့်ပြဿနာကိုမျှ ဂရုမစိုက်ခဲ့ပေ။ အဆုံးတွင် ဤကြီးကြပ်ရေးမှူး၏ ပြဿနာကို မည်သို့ ရှာဖွေတွေ့ရှိခဲ့သနည်း။ သူမသည် စတော်ဘယ်ရီအချို့ကို စိုက်ပျိုးခဲ့သည်၊ ပြီးလျှင် သက်ဆိုင်ရာ နည်းပညာဆိုင်ရာ သတ်မှတ်ချက်များအရဆိုလျှင် စတော်ဘယ်ရီပင်များကို ပထမနှစ်တွင် ဖုံးအုပ်ခြင်း သို့မဟုတ် အသီးသီးခွင့်ပေးခြင်း မပြုသင့်ဘဲ ပန်းပွင့်အားလုံးကို ဖယ်ရှားပစ်သင့်သည်၊ သို့တည်းမဟုတ်ပါက ဒုတိယနှစ်တွင် အသီးများ သီးတော့မည်မဟုတ်ဘဲ ပထမနှစ်တွင် အသီးသီးလျှင်ပင် အလွန်သေးငယ်လိမ့်မည်ဟူ၍ ဖြစ်သည်။ ကျွမ်းကျင်သူများက ကြီးကြပ်ရေးမှူးကို ဤသို့ပြောကြားခဲ့သော်လည်း သူမသည် နားမထောင်ခဲ့ပေ။ သူမ၏ ကျိုးကြောင်းဆင်ခြင်မှုသည် စတော်ဘယ်ရီပင်များကို ပထမနှစ်တွင် ပလတ်စတစ်ဖလင်ဖြင့် ဖုံးအုပ်ပြီး အသီးသီးခွင့်ပေးခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်ကြောင်း ဖော်ပြထားသည့် အွန်လိုင်းမှ အချက်အလက်များကို အခြေခံခဲ့သည်။ ဤအရာ၏ ရလဒ်မှာ ယင်းတို့သည် မျိုးစေ့များဖြင့် ဖုံးလွှမ်းနေသော ပုံပျက်ပန်းပျက် စတော်ဘယ်ရီသီးငယ်အမျိုးမျိုးကို သီးခဲ့ခြင်း ဖြစ်သည်၊ အချို့မှာ ချဉ်သည်၊ အချို့မှာ ချိုသည်၊ အချို့မှာ အရသာမရှိဘဲ အမျိုးအစား အမျိုးမျိုး ရှိကြသည်။ ပြဿနာသည် ထိုမျှလောက် ဆိုးရွားလာခဲ့သည့်တိုင် ထိုနေရာရှိ အယောင်ဆောင်ခေါင်းဆောင်များသည် ယင်းကို လုံးဝ လျစ်လျူရှုခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့သည် ထိုစတော်ဘယ်ရီသီးများကို မည်သို့ပင်ဖြစ်စေ စားရမည်မဟုတ်ဟု ထင်သောကြောင့် ပြဿနာကို လျစ်လျူရှုရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ တစ်စုံတစ်ခုကို မစားရခြင်းက ၎င်းတို့သည် ထိုအရာကို ဂရုမစိုက်သင့်ဟု ဆိုလိုသလော။ ၎င်းတို့ စားရမည့် အာလူးနှင့် ကြက်သွန်နီများကော အဘယ်သို့နည်း၊ ယင်းတို့ကို ၎င်းတို့ ဂရုစိုက်ခဲ့ကြသလော။ ဤအယောင်ဆောင်ခေါင်းဆောင်များထဲမှ တစ်ဦးတစ်ယောက်မျှ ဂရုမစိုက်ခဲ့ပေ၊ ၎င်းတို့သည် ကြီးကြပ်ရေးမှူး စိတ်တိုင်းကျ လုပ်ဆောင်နေသည်ကို ကြည့်နေရုံသာ ကြည့်နေခဲ့ကြသည်။ တစ်နေ့တွင် ငါသည် ၎င်းတို့ထံ သွားရောက်ခဲ့ရာ တစ်စုံတစ်ဦးက ဆလတ်ရွက်များမှာ ရင့်နေပြီဖြစ်ကြောင်းနှင့် ယင်းတို့ကို မကြာမီ မရိတ်သိမ်းပါက မည်သူမျှ စား၍ရတော့မည် မဟုတ်ဘဲ အလဟဿ ဖြစ်သွားမည်ဖြစ်ကြောင်း သတင်းပို့ခဲ့သည်။ သို့သော် ကြီးကြပ်ရေးမှူးသည် ယင်းကို လွှတ်ထားရန် မရမက ပြောဆိုခဲ့ပြီး ယင်းတို့ကို ရိတ်သိမ်းပါက အခြားဟင်းသီးဟင်းရွက်များ စိုက်ပျိုးရမည်ဖြစ်ရာ သူမအတွက် အလုပ်ရှုပ်သည်ဟု ဆိုခဲ့သည်။ ဤအကြောင်းကို သိရှိနေသော်လည်း အယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့်အရာမျှ မလုပ်ဆောင်ခဲ့ကြပေ။ နောက်ဆုံးတွင် အထက်က ၎င်းတို့ကို ဆလတ်ရွက်များ အမြန်ရိတ်သိမ်းပြီး အခြေအနေကို ကိုင်တွယ်ရန် အမိန့်ပေးခဲ့ရသည်၊ သို့တည်းမဟုတ်ပါက ဆလတ်ရွက်များသည် မြေနေရာကို ယူထားပြီး နွေရာသီ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းကို တားဆီးလိမ့်မည် ဖြစ်သည်။ အလုပ်တွင် ထိုသို့သော သိသာထင်ရှားသည့် ပြဿနာတစ်ရပ် ပေါ်ပေါက်နေသော်ငြားလည်း အယောင်ဆောင်ခေါင်းဆောင်များထဲမှ တစ်ဦးတစ်ယောက်မျှ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မလုပ်ဆောင်ခဲ့ကြဘဲ ၎င်းတို့သည် လူတို့ကို စိတ်အနှောင့်အယှက် ပေးမိမည်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့ကြသည်။ အကြောင်းမှာ ကြီးကြပ်ရေးမှူးသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ ရာထူးတိုးပေးခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်ပြီး သူသည် သူမကို ရာထူးတိုးပေးပြီးနောက် သူမ၏အလုပ်ကို မည်သည့်အခါမျှ မစစ်ဆေးခဲ့ဘဲ သူမကို လွတ်လပ်စွာ ပြုမူခွင့်ပေးခဲ့ကာ သူမကို ထောက်ပံ့ပြီး ကူညီပံ့ပိုးပေးခဲ့သည်၊ ပြီးလျှင် အခြားခေါင်းဆောင်များကလည်း ကြားဝင်စွက်ဖက်ရန် မဝံ့ရဲခဲ့ကြဘဲ ၎င်းတို့နှင့် အလိုတူအလိုပါ ဖြစ်ကြရာ နောက်ဆုံးတွင် ဒုက္ခများစွာ ပေါ်ပေါက်လာခဲ့သည်။ ဤသည်မှာ ခေါင်းဆောင်များ လုပ်ဆောင်ခဲ့သည့် အလုပ်ဖြစ်သည်။ ၎င်းတို့ကို ခေါင်းဆောင်များဟု ခေါ်ဆိုနိုင်သေးသလော။ ၎င်းတို့၏ မျက်စိရှေ့တွင်ပင် ထိုသို့သော ဆိုးရွားသည့် ပြဿနာတစ်ရပ် ဖြစ်ပွားနေသော်လည်း ၎င်းတို့သည် ယင်းကို ပြဿနာတစ်ခုအဖြစ် အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ကြသည်၊ ဖြေရှင်းရန်မှာမူ ပြောစရာမလိုပေ။ ဤသူတို့သည် အယောင်ဆောင်ခေါင်းဆောင်များ မဟုတ်လော။ (ဟုတ်ပါသည်။) တစ်ဖက်တွင် ၎င်းတို့သည် လူ့အကြိုက်လိုက်သူများဖြစ်ကြပြီး အခြားသူများကို စိတ်အနှောင့်အယှက် ပေးမိမည်ကို ကြောက်ရွံ့ခဲ့ကြသည်။ အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် ပြဿနာ မည်မျှဆိုးရွားသည်ကို မသိခဲ့ကြဘဲ တိကျမှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်စွမ်း ကင်းမဲ့ကာ ယင်းကို ပြဿနာတစ်ခုဖြစ်မှန်း မသိခဲ့ကြသကဲ့သို့ ဤအလုပ်သည် ၎င်းတို့၏ တာဝန်ဝတ္တရားများ နယ်ပယ်အတွင်း၌ ကျရောက်သည်ကိုလည်း သတိမပြုမိခဲ့ကြပေ။ ၎င်းတို့သည် အသုံးမကျသောသူများနှင့် အပျင်းခိုသူများ ဖြစ်ကြသည် မဟုတ်လော။ ဤသည်မှာ တာဝန်ပျက်ကွက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စတုတ္ထအခြေအနေဖြစ်သည်၊ ကြီးကြပ်ရေးမှူးများသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ဆန့်ကျင်ပြီး ကိုယ့်သဘောအတိုင်း လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ငါတို့သည် ဤကိစ္စတွင် အယောင်ဆောင် ခေါင်းဆောင်များ၏ တာဝန်ပျက်ကွက်ခြင်း သရုပ်သကန်ကို ဖော်ထုတ်ပြီး အယောင်ဆောင်ခေါင်းဆောင်များ၏ သဘာဝအနှစ်သာရကို ပေါ်လွင်စေသည့် ဥပမာတစ်ခုကို တင်ပြခဲ့ပြီးဖြစ်သည်။
၅။ အန္တိခရစ်များဖြစ်ပြီး အမှီအခိုကင်းသော နယ်မြေများကို တည်ထောင်သည့် ကြီးကြပ်ရေးမှူးများကို အယောင်ဆောင်ခေါင်းဆောင်များက ဆက်ဆံပုံ
နောက်ထပ်အခြေအနေတစ်ခုမှာ ကြီးကြပ်ရေးမှူးများသည် မိမိတို့၏ အထက်လူကြီးများကို ပုန်ကန်ပြီး အမှီအခိုကင်းသော နယ်မြေများ တည်ထောင်ကြခြင်းဖြစ်သည်၊ ဤကြီးကြပ်ရေးမှူးများသည် အန္တိခရစ်များ ဖြစ်ကြသည်။ ကြီးကြပ်ရေးမှူးများက အစွမ်းအစ ညံ့ဖျင်းခြင်း၊ လူ့သဘာဝ ညံ့ဖျင်းခြင်း သို့မဟုတ် မကောင်းမှုများ ပြုလျက် ထင်ရာစိုင်းပြုမူခြင်းကဲ့သို့သော ပြဿနာများနှင့်ပတ်သက်လာလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် ကြီးကြပ်သူများ၏ အခန်းကဏ္ဍမှ မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် ဤသို့သော ကြီးကြပ်ရေးမှူးမျိုး၏ သင့်တော်မှုကို ဆုံးဖြတ်ရန်အလို့ငှာ ၎င်းတို့ လုပ်ဆောင်နေသည့်အလုပ်နှင့် ၎င်းတို့၏ ပြဿနာများကို ချက်ချင်း စစ်ဆေးပြီး မေးမြန်းရန်လည်း ပျက်ကွက်ကြသည်။ အလားတူပင် အယောင်ဆောင်ခေါင်းဆောင်များသည် စဉ်းလဲကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်သောလူများဖြစ်သည့် အန္တိခရစ်တို့၏ သဘာဝအနှစ်သာရကို ထွင်းဖောက်မြင်နိုင်စွမ်း သာ၍ပင် မရှိကြပေ။ ၎င်းတို့သည် ဤအရာကို ထွင်းဖောက်မြင်နိုင်စွမ်း မရှိသည်သာမက တစ်ချိန်တည်းမှာပင် ဤလူတို့ကို အနည်းငယ် ကြောက်ရွံ့ကြပြီး အနည်းငယ် ကူကယ်ရာမဲ့ကာ အစွမ်းမရှိကြသည်မှာ မကြာခဏဆိုသလို ၎င်းတို့သည် အန္တိခရစ်တို့ ကြိုးဆွဲရာ ကကြရသည်အထိပင် ဖြစ်သည်။ ဤအရာသည် မည်မျှ ဆိုးရွားနိုင်သနည်း။ အန္တိခရစ်တို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်နယ်ပယ်များအတွင်း၌ မိမိတို့၏ ကိုယ်ပိုင်အင်အားစုများကို ဆွဲသွင်းပြီး အမှီအခိုကင်းသော နယ်မြေများ တည်ထောင်လျက် ဂိုဏ်းဂဏများ ဖွဲ့စည်းကောင်း ဖွဲ့စည်းနိုင်ပြီး နောက်ဆုံးတွင် ၎င်းတို့သည် အာဏာလွှဲပြောင်းရယူကာ အရာရာကို စီမံခန့်ခွဲပြီး အယောင်ဆောင်ခေါင်းဆောင်များကို ရုပ်သေးရုပ်များသဖွယ် ဖြစ်သွားစေနိုင်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်တို့ ဆုံးဖြတ်ပြီး သိရှိသည့်အရာများကို မည်သို့ဖြစ်စေ သတိမမူမြဲရှိကာ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မသိဘဲ ရှိနေကြသည်။ ၎င်းတို့သည် တစ်စုံတစ်ခု ဖြစ်ပျက်ပြီး တစ်စုံတစ်ဦးက ၎င်းတို့ထံ သတင်းပို့ပြီးနောက်တွင်မှ ဤအရာများကို သိရှိလာကြသော်လည်း ထိုအချိန်တွင်မူ နောက်ကျသွားပြီ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်တို့ကို အဘယ်ကြောင့် ၎င်းတို့အား အသိမပေးခဲ့သည်ကိုပင် မေးမြန်းကြရာ ထိုသူတို့၏ တုံ့ပြန်မှုမှာ “သင့်ကို ပြောရခြင်းက အဘယ်အကျိုးရှိမည်နည်း။ သင်သည် မည်သည့်အရာကိုမျှ ဆုံးဖြတ်ချက်မချနိုင်ပေ၊ ထို့ကြောင့် ဤအရာကို သင်နှင့် ဆွေးနွေးရန် မလိုအပ်ခဲ့ပါ၊ ကျွန်ုပ်တို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချခဲ့သည်။ ကျွန်ုပ်တို့ သင့်ကို အသိပေးခဲ့လျှင်ပင် သင်သည် သေချာပေါက် သဘောတူမည်သာ ဖြစ်သည်။ သင်၌ မည်သို့သော ထင်မြင်ချက် ရှိနိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သောကိစ္စများတွင် ကူကယ်ရာမဲ့နေကြသည်။ သင်သည် ဤအန္တိခရစ်တို့ကို ပိုင်းခြားသိမြင်နိုင်ခြင်းဖြစ်စေ၊ ဖြေရှင်းနိုင်ခြင်းဖြစ်စေ၊ ကိုင်တွယ်နိုင်ခြင်းဖြစ်စေ မရှိပါက ၎င်းတို့ကို အထက်သို့ သတင်းပို့သင့်သော်လည်း သင်သည် ထိုသို့ပြုလုပ်ရန်ပင် မဝံ့ရဲပေ၊ သင်သည် အသုံးမကျသူတစ်ဦး မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောကိစ္စများနှင့် ရင်ဆိုင်ရသည့်အခါ ဤအသုံးမကျသည့် အကောင်ကြီးများသည် “ယင်းမှာ ကျွန်ုပ်အမှား မဟုတ်ပါ၊ ကျွန်ုပ် ထိုဆုံးဖြတ်ချက်ကို မချခဲ့ပါ။ ၎င်းတို့ ချခဲ့သော ဆုံးဖြတ်ချက်သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကျွန်ုပ်နှင့် မည်သည့်အရာမျှ မဆိုင်ပါ၊ အကြောင်းမှာ သူတို့ ထိုအရာကို လုပ်ဆောင်လိုက်သည့်အခါတွင် ကျွန်ုပ်ကို အသိမပေးခဲ့သောကြောင့် သို့မဟုတ် မပြောခဲ့သောကြောင့် ဖြစ်ပါသည်” ဟု မြည်တမ်းလျက် မျက်ရည်များဖြင့် တိုင်တန်းရန် ငါ့ထံသို့ လာကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် အဘယ်အရာကို ဆိုလိုသနည်း။ (၎င်းတို့သည် တာဝန်ကို ခေါင်းရှောင်နေခြင်း ဖြစ်ပါသည်။) ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် ဤကိစ္စများကို သိရှိပြီး နားလည်သဘောပေါက်ထားသင့်သည်၊ အန္တိခရစ်တို့က သင့်ကို အကြောင်းအရာများ အသိမပေးပါက သင်ကိုယ်တိုင် အဘယ်ကြောင့် အလျင်ဦးအောင် သွား၍ မမေးမြန်းသနည်း။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် ကိစ္စရပ်တိုင်းကို စုစည်းခြင်း၊ ဦးဆောင်ခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ကို ပြုလုပ်သင့်သည်၊ ၎င်းတို့သည် သင့်ကို မည်သည့်အရာမျှ အသိမပေးဘဲ မိမိတို့ဘာသာ ဆုံးဖြတ်ချက်များ ချမှတ်ကာ နောက်ပိုင်းတွင် သင့်အား လက်မှတ်ထိုးရန်အတွက် ငွေတောင်းခံလွှာများ ပေးပို့ပါက ၎င်းတို့သည် သင်၏ သြဇာအာဏာကို လုယူနေခြင်း မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်အလုပ်ကို နှောင့်ယှက်နေသော အန္တိခရစ်တို့နှင့် ကြုံတွေ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အံ့ဩမှင်တက်သွားကြသည်၊ ၎င်းတို့သည် ဝံပုလွေနှင့် ရင်ဆိုင်တွေ့ရသော လူမိုက်များကဲ့သို့ ကူကယ်ရာမဲ့နေကြပြီး ရုပ်သေးရုပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး မိမိတို့၏ သြဇာအာဏာ လုယူခြင်းခံရချိန်တွင် အစွမ်းမရှိဘဲ လက်ပိုက်ကြည့်နေကြသည်။ ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ တစ်ခုတလေမျှ မလုပ်ဆောင်နိုင်ကြပေ၊ အသုံးမကျသည့် လူဖျင်းများပင်တည်း။ ၎င်းတို့သည် ပြဿနာများကို မဖြေရှင်းနိုင်၊ အန္တိခရစ်တို့ကို မပိုင်းခြားနိုင် သို့မဟုတ် မဖော်ထုတ်နိုင်သကဲ့သို့ မည်သည့်ဒုစရိုက်အမှုများကိုမဆို ကျူးလွန်ခြင်းမှ ၎င်းတို့ကို သေချာပေါက် ကန့်သတ်ချုပ်ချယ်နိုင်ခြင်း မရှိကြပေ။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဤပြဿနာများကို အထက်သို့ သတင်းမပို့ကြပေ။ ဤသူတို့သည် အသုံးမကျသူများ မဟုတ်လော။ သင့်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ရခြင်း၏ အကျိုးမှာ အဘယ်နည်း။ အန္တိခရစ်တို့သည် မကောင်းမှုများ ပြုလျက် ထင်ရာစိုင်းကြသည်၊ ပူဇော်သက္ကာများကို ပေါ်ပေါ်ထင်ထင် ဖြုန်းတီးကြပြီး ၎င်းတို့ ဦးဆောင်သည့် အင်အားစုများကို ဖွဲ့စည်းကာ အသင်းတော်အတွင်း၌ အမှီအခိုကင်းသော နယ်မြေများ တည်ထောင်ကြသည်၊ ဤအတောအတွင်း သင်သည် ၎င်းတို့ကို ကြီးကြပ်ရန်၊ ဖော်ထုတ်ရန်၊ ချုပ်ထိန်းရန် သို့မဟုတ် ကိုင်တွယ်ရန် လုံးဝ ပျက်ကွက်သည့်တိုင် ငါ့ထံသို့ လာ၍ တိုင်တန်းနေသေးသည်။ သင်သည် မည်သို့သော ခေါင်းဆောင်မျိုးဖြစ်သနည်း။ သင်သည် အမှန်ပင် အသုံးမကျသူတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ အန္တိခရစ်တို့ ဦးဆောင်သော ဤအုပ်စုများသည် မိမိတို့အချင်းချင်း တိတ်တဆိတ် ဆွေးနွေးတိုင်ပင်ကြပြီးနောက် ခွင့်ပြုချက်မရှိဘဲ ဆုံးဖြတ်ချက်များ ချမှတ်ကြသည်။ ၎င်းတို့သည် ခေါင်းဆောင်များကို ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့် ပေးရန်မဆိုထားနှင့်၊ ဖြစ်ပျက်နေသည့်အရာကို သိရှိပိုင်ခွင့်ပင် မပေးကြပေ။ ၎င်းတို့သည် ခေါင်းဆောင်များကို တိုက်ရိုက် ပယ်ချပြီး အာဏာအားလုံးကို မိမိတို့ဘာသာ ချုပ်ကိုင်ကာ မိမိတို့သာ ဆုံးဖြတ်ချက်ချကြသည်။ ဤအရာအားလုံး၏ အလယ်တွင် ၎င်းတို့ကို စီမံခန့်ခွဲရန် တာဝန်ပေးခြင်းခံရသော ခေါင်းဆောင်များသည် အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် ဤအလုပ်နှင့်ပတ်သက်၍ စစ်ဆေးရန်၊ ကြီးကြပ်ရန်၊ စီမံခန့်ခွဲရန် သို့မဟုတ် ဆုံးဖြတ်ချက်များ ချမှတ်ရန် လုံးဝ ပျက်ကွက်ကြသည်။ အဆုံးတွင် ၎င်းတို့သည် အန္တိခရစ်တို့ကို အာဏာလွှဲပြောင်းရယူခွင့်ပေးပြီး အထက်မှနေ၍ ၎င်းတို့ကို စီမံခန့်ခွဲခွင့် ပေးလိုက်ကြသည်။ ဤပြဿနာသည် အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်မှ ပေါ်ပေါက်လာခြင်း မဟုတ်လော။ ဤပြဿနာ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းသည် အဘယ်မှ မြစ်ဖျားခံသနည်း။ ယင်းသည် အယောင်ဆောင်ခေါင်းဆောင်များက အစွမ်းအစ ညံ့ဖျင်းခြင်း၊ အလုပ်လုပ်နိုင်စွမ်းမရှိခြင်းနှင့် အန္တိခရစ်တို့က ၎င်းတို့ကို လုံးဝ အလေးမထားခြင်းတို့မှ မြစ်ဖျားခံသည်။ အန္တိခရစ်တို့က “သင်တို့ ခေါင်းဆောင်များအနေဖြင့် မည်သည့်အရာကို လုပ်နိုင်မည်နည်း။ ငါသည် သင့်စကား နားထောင်ဦးမည် မဟုတ်ဘဲ သင့်ကို ကျော်လွှားပြီး အမှုအရာများကို ဆက်လက်လုပ်ဆောင်မည်။ အကယ်၍ သင်သည် ဤအကြောင်းကို အထက်သို့ တိုင်ကြားပါက ငါတို့သည် သင့်ကို ညှဉ်းပန်းမည်” ဟု စဉ်းစားကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သောကိစ္စများကို တိုင်ကြားရန် မဝံ့ရဲကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်လုပ်နိုင်စွမ်း မရှိသည်သာမက စည်းမျဉ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် သတ္တိလည်းမရှိကြဘဲ လူတို့ကို စိတ်အနှောင့်အယှက်ပေးမိမည်ကို ကြောက်ရွံ့ကြကာ သစ္စာစောင့်သိမှု လုံးဝမရှိကြပေ၊ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု မဟုတ်လော။ အကယ်၍ ၎င်းတို့တွင် အမှန်တကယ် အစွမ်းအစအချို့ရှိပြီး သမ္မာတရားကို နားလည်ပါက ဤသူများသည် မကောင်းကြောင်း မြင်တွေ့သည့်အခါ ဤသို့ပြောဆိုကြမည် ဖြစ်သည်။ “ကျွန်ုပ်သည် ၎င်းတို့ကို တစ်ဦးတည်း မဖော်ထုတ်ဝံ့ပါ၊ ထို့ကြောင့် ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို လိုက်စားပြီး ပို၍ နားလည်သော ညီအစ်ကိုမောင်နှမအချို့နှင့် မိတ်သဟာယဖွဲ့မည်။ အကယ်၍ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီးနောက်တွင်ပင် ကျွန်ုပ်တို့သည် အန္တိခရစ်တို့ကို မကိုင်တွယ်နိုင်သေးပါက ကျွန်ုပ်သည် ပြဿနာကို အထက်သို့ သတင်းပို့ပြီး ၎င်းတို့ကို ဖြေရှင်းစေမည်။ ကျွန်ုပ်သည် အခြားမည်သည့်အရာမျှ မလုပ်ဆောင်နိုင်သော်လည်း ဦးစွာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရမည်၊ ကျွန်ုပ် ထွင်းဖောက်မြင်တွေ့ပြီးဖြစ်သည့် ကိစ္စရပ်များနှင့် ကျွန်ုပ် ရှာဖွေတွေ့ရှိခဲ့သည့် ပြဿနာများကို လုံးဝ ဆက်လက်ကြီးထွားခွင့် မပြုရ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းတစ်ခု မဟုတ်လော။ ယင်းကို မိမိ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအဖြစ်လည်း မှတ်ယူနိုင်သည် မဟုတ်လော။ အကယ်၍ သင်သည် ဤသို့ပြုလုပ်နိုင်ခဲ့ပါက အထက်က သင်သည် အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်းမရှိဟု ပြောဆိုမည် မဟုတ်ပေ။ သို့သော် သင်သည် ပြဿနာများကို အထက်သို့ သတင်းပို့ခြင်းကိုပင် မလုပ်ဆောင်နိုင်သောကြောင့် သင်သည် အသုံးမကျသူတစ်ဦးနှင့် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသည်။ သင်သည် အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်းမရှိသည်သာမက အန္တိခရစ်တို့ကို ဖော်ထုတ်ပြီး တိုက်ခိုက်ရန် ဘုရားသခင်အပေါ် မှီခိုဖို့ ယုံကြည်ခြင်းနှင့် သတ္တိပင် မရှိပေ။ သင်သည် အသုံးမကျသူတစ်ဦး မဟုတ်လော။ အန္တိခရစ်တို့၏ အာဏာလုယူခြင်းကို ခံခဲ့ရသောသူများသည် သနားစရာကောင်းသလော။ ၎င်းတို့သည် သနားစရာကောင်းပုံရသည်၊ ၎င်းတို့သည် မည်သည့်မကောင်းမှုမျှ မလုပ်ဆောင်ခဲ့ကြဘဲ မိမိတို့၏အလုပ်တွင် အလွန်သတိထားကြကာ အမှားများ လုပ်မိမည်ကိုလည်းကောင်း၊ ပြုပြင်ခြင်း ခံရမည်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများ၏ မထီမဲ့မြင်ပြုခြင်းကို ခံရမည်ကိုလည်းကောင်း အလွန်ကြောက်ရွံ့ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့၏ မျက်စိရှေ့တွင်ပင် အန္တိခရစ်တို့၏ လုံးဝ အာဏာလုယူခြင်းကို ခံကြရပြီး ၎င်းတို့ပြောဆိုသည့် မည်သည့်အရာမျှ အကျိုးသက်ရောက်မှုမရှိတော့ဘဲ ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမပါတော့ပေ။ ၎င်းတို့သည် အပေါ်ယံတွင် သနားစရာကောင်းပုံရသော်လည်း အမှန်တကယ်တွင်မူ အတော်ပင် မုန်းတီးဖွယ်ကောင်းသည်။ ငါ့ကို ပြောလော့၊ လူတို့ မဖြေရှင်းနိုင်သော ပြဿနာများကို ဘုရားအိမ်တော်က ဖြေရှင်းနိုင်သလော။ လူတို့သည် ပြဿနာများကို အထက်သို့ သတင်းပို့သင့်သလော။ (သတင်းပို့သင့်ပါသည်။) ဘုရားအိမ်တော်၌ မဖြေရှင်းနိုင်သော ပြဿနာများ မရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်သည်။ သင်သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ သင်သည် ဤအနည်းငယ်မျှသော ယုံကြည်ခြင်းပင် မရှိပါက သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် မည်သို့ အရည်အချင်းပြည့်မီမည်နည်း။ သင်သည် အသုံးမကျသည့် လူဖျင်းတစ်ဦး မဟုတ်လော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းမျှသာ မဟုတ်ပေ၊ သင်သည် ဘုရားသခင်ကို အခြေခံအကျဆုံးသော ယုံကြည်ခြင်းပင် ကင်းမဲ့နေသည်။ သင်သည် မယုံကြည်သူဖြစ်ပြီး ခေါင်းဆောင်တစ်ဦးဖြစ်ရန် မထိုက်တန်ပေ။
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စတုတ္ထမြောက် တာဝန်ဝတ္တရားနှင့်ပတ်သက်၍ အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်ကိစ္စအမျိုးမျိုးနှင့် ကြီးကြပ်ရေးမှူးများကို မည်သို့ချဉ်းကပ်သည်ကို ဖော်ထုတ်ရန် ငါတို့သည် အခြေအနေငါးရပ်ကို စာရင်းပြုစုခဲ့သည်။ ဤအခြေအနေငါးရပ်ကို အခြေခံ၍ အယောင်ဆောင်ခေါင်းဆောင်များ၏ အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစ၊ အရည်အချင်းမပြည့်မီခြင်းနှင့် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ခြင်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည်။ ဤနည်းလမ်းဖြင့် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် အယောင်ဆောင်ခေါင်းဆောင်များကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်တို့ အနည်းငယ် ပို၍ ရှင်းလင်းသွားပြီလော။ (ရှင်းလင်းသွားပါသည်။) ကောင်းပြီ၊ ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။