ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄) အခန်း သုံး

အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်ကို လိုက်လံစစ်ဆေးခြင်း သို့မဟုတ် လမ်းညွှန်မှုပေးခြင်း မရှိပေ

ငါတို့သည် “အလုပ်ကိစ္စတစ်ခုချင်းစီ၏ အခြေအနေကို သဘောပေါက်ပြီး နားလည်အောင် လုပ်ထားခြင်း” ဟူသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပဉ္စမမြောက် တာဝန်ဝတ္တရား၏ ဤကဏ္ဍကို ယခုတင် ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ ဤကဏ္ဍကို ဆွေးနွေးခြင်းအားဖြင့် ငါတို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ တိကျသော သရုပ်သကန်အချို့အပြင် ၎င်းတို့၏ လူ့သဘာဝနှင့် ကိုယ်ကျင့်စရိုက်တို့ကို ဖော်ထုတ်ခဲ့ကြသည်။ ယခု “အလုပ်ကိစ္စတစ်ခုချင်းစီ၏ တိုးတက်မှုကို သဘောပေါက်ပြီး နားလည်အောင် လုပ်ထားခြင်း” ကို ကြည့်ကြစို့။ အလုပ်၏ တိုးတက်မှုသည် အလုပ်၏ အခြေအနေနှင့် အနည်းငယ် သက်ဆိုင်သည်မှာ ပြောစရာမလိုပေ၊ ထိုဆက်နွှယ်မှုသည် အတော်အတန် နီးစပ်သည်။ လူတစ်ဦးသည် အလုပ်ကိစ္စတစ်ခု၏ အခြေအနေကို နားလည်ပြီး သဘောပေါက်အောင် လုပ်ထားနိုင်ခြင်း မရှိပါက ၎င်းတို့သည် အလားတူပင် ထိုအလုပ်၏ တိုးတက်မှုကိုလည်း နားလည်ပြီး သဘောပေါက်အောင် လုပ်ထားနိုင်မည် မဟုတ်ပေ။ ဥပမာအားဖြင့် အလုပ်၏ တိုးတက်မှုသည် မည်သို့ရှိသည်၊ မည်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်၊ ပါဝင်သောလူတို့၏ အခြေအနေများမှာ အဘယ်နည်း၊ အတတ်ပညာပိုင်းဆိုင်ရာ ကဏ္ဍများနှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာ ရှိမရှိ၊ ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့် မကိုက်ညီသော အလုပ်၏ နယ်ပယ်များ တစ်စုံတစ်ရာ ရှိမရှိ၊ စွမ်းဆောင်ရရှိပြီးဖြစ်သည့် ရလဒ်များမှာ မည်သည့်အရာများဖြစ်သည်၊ အလုပ်၏ အတတ်ပညာပိုင်းဆိုင်ရာ ကဏ္ဍများတွင် ထိုမျှ ကျွမ်းကျင်ခြင်းမရှိဘဲ အလုပ်လုပ်နေသော လူတစ်ဦးတစ်ယောက်မျှသည် သင်ယူနေခြင်း ရှိမရှိ၊ သင်ယူမှုကို မည်သူက စီစဉ်ပေးသည်၊ ၎င်းတို့ မည်သည့်အရာကို သင်ယူနေကြသည်၊ မည်သို့ သင်ယူနေကြသည် အစရှိသည်တို့ဖြစ်သည်၊ ဤတိကျသော ကိစ္စရပ်များအားလုံးသည် တိုးတက်မှုနှင့် သက်ဆိုင်လေသည်။ ဥပမာအားဖြင့် ဓမ္မတေးများ ရေးစပ်ခြင်းအလုပ်သည် အတော်အတန် အရေးကြီးသည် မဟုတ်လော။ ဓမ္မတေးတစ်ပုဒ်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ပဓာနကျသော ကျမ်းပိုဒ်များကို ကနဦး ရွေးချယ်ခြင်းမှစ၍ ရေးစပ်မှု ပြီးစီးသည်အထိ ဤဖြစ်စဉ်တွင် မည်သည့် တိကျသော တာဝန်များကို ဆောင်ရွက်ရန် လိုအပ်သနည်း။ ပထမဦးစွာ ဓမ္မတေးများ ဖြစ်လာရန် သင့်တော်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ပဓာနကျသော ကျမ်းပိုဒ်များကို ရွေးချယ်ရန် လိုအပ်ပြီး ယင်းတို့သည် သင့်တော်သော အရှည်လည်း ဖြစ်ရမည်။ ဒုတိယအဆင့်တွင် သီဆိုရန် နှစ်သက်ဖွယ်ဖြစ်ပြီး ပျော်ရွှင်ဖွယ်ဖြစ်စေရန် မည်သည့် တေးသွားပုံစံက ထိုကျမ်းပိုဒ်နှင့် ကိုက်ညီသည်ကို စဉ်းစားဆင်ခြင်ခြင်း ပါဝင်သည်။ ထို့နောက် ဓမ္မတေးကို သီဆိုရန် သင့်တော်သောလူများကို ရှာဖွေရမည်ဖြစ်သည်။ ဤသည်တို့မှာ တိကျသော တာဝန်များ မဟုတ်လော။ (ဟုတ်ပါသည်။) ဓမ္မတေးတစ်ပုဒ် ရေးစပ်ပြီးနောက်တွင် အယောင်ဆောင်ခေါင်းဆောင်သည် ထိုရေးစပ်မှုက အရည်အချင်းပြည့်မီခြင်း ရှိမရှိ သို့မဟုတ် ပုံစံက သင့်တော်ခြင်း ရှိမရှိနှင့်ပတ်သက်၍ လုံးဝမေးမြန်းခြင်း မရှိပေ။ ရေးစပ်သူသည် ကြီးကြပ်မှုမရှိခြင်းကို သတိပြုမိသဖြင့် မိမိဘာသာ အဆင်ပြေလောက်ပြီဟု ယူဆပြီး ယင်းကို အသံသွင်းရန် ဆက်လက်လုပ်ဆောင်သည်။ လူတိုင်းက ဓမ္မတေးတစ်ပုဒ် အဖြစ် ပြောင်းလဲရန် မျှော်လင့်စောင့်စားနေခဲ့ကြသည့် ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်သည် နောက်ဆုံးတွင် တေးသွားထည့်သွင်းပြီး ဓမ္မတေးတစ်ပုဒ်အဖြစ် ပြုလုပ်ပြီးဖြစ်သော်လည်း လူအများစုက သီဆိုသည့်အခါ ယင်း၌ ချို့ယွင်းချက်များ ရှိနေသေးသည်ကို တွေ့ရှိကြသည်။ မည်သည့်ပြဿနာ ပေါ်ပေါက်လာသနည်း။ ရေးစပ်ထားသော ဓမ္မတေးသည် စံမမီပေ၊ တေးသွားနှင့် ဆွဲဆောင်မှု ကင်းမဲ့နေသော်လည်း ယင်းကို အသံသွင်းလိုက်သည်။ အယောင်ဆောင်ခေါင်းဆောင်သည် ယင်းကို ကြားပြီးနောက် “ဤဓမ္မတေးကို မည်သူ ရေးစပ်ခဲ့သနည်း။ အဘယ်ကြောင့် အသံသွင်းခဲ့သနည်း” ဟု မေးမြန်းလေသည်။ ဤမေးခွန်းကို ၎င်းတို့ မေးမြန်းသည့်အချိန်တွင် အနည်းဆုံး တစ်လ ကျော်လွန်သွားခဲ့ပြီးဖြစ်သည်။ ဤတစ်လအတွင်းတွင် ခေါင်းဆောင်သည် ဤအလုပ်၏ တိုးတက်မှုကို လိုက်လံစစ်ဆေးပြီး ချက်ချင်း သဘောပေါက်ခဲ့သင့်သည် မဟုတ်လော။ ဥပမာအားဖြင့် ရေးစပ်မှုသည် မည်သို့ရှိနေခဲ့သနည်း။ အခြေခံတေးသွားကို ဆုံးဖြတ်ပြီးပြီလော။ ယင်း၌ တေးသွား ရှိသလော။ ဤဓမ္မတေး၏ တေးသွားနှင့် ပုံစံသည် ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီသလော။ သက်ဆိုင်ရာ အတွေ့အကြုံရှိသော လူပုဂ္ဂိုလ်များက လမ်းညွှန်မှုဖြင့် ကူညီပေးခဲ့သလော။ ယင်းကို ရေးစပ်ပြီးနောက် ဤဓမ္မတေးကို ကျယ်ကျယ်ပြန့်ပြန့် သီဆိုနိုင်မည်လော။ ယင်းက မည်သို့သော အကျိုးသက်ရောက်မှု ရှိမည်နည်း။ ထိုတေးသွားကို ကောင်းသည်ဟု သတ်မှတ်ခဲ့သလော။ အယောင်ဆောင်ခေါင်းဆောင်သည် ဤသို့သော ကိစ္စရပ်များကို လိုက်လံစစ်ဆေးခြင်း လုံးဝမရှိပေ။ ပြီးလျှင် ၎င်းတို့တွင် လိုက်လံမစစ်ဆေးခြင်းအတွက် အကြောင်းပြချက်တစ်ခု ရှိသည်၊ “ကျွန်ုပ်သည် ဓမ္မတေးရေးစပ်ခြင်းကို နားမလည်ပါ။ ကျွန်ုပ်နားမလည်သည့်အရာတစ်ခုကို မည်သို့ လိုက်လံစစ်ဆေးနိုင်မည်နည်း။ မဖြစ်နိုင်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်တစ်ခုလော။ (မဟုတ်ပါ။) ယင်းမှာ ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်တစ်ခု မဟုတ်ပေ၊ သို့ဆိုလျှင် ဓမ္မတေးများ ရေးစပ်ခြင်းနှင့် အကျွမ်းတဝင်မရှိသော တစ်စုံတစ်ဦးသည် လိုက်လံစစ်ဆေးနိုင်သေးသလော။ (စစ်ဆေးနိုင်ပါသည်။) ၎င်းတို့သည် မည်သို့ လိုက်လံစစ်ဆေးသင့်သနည်း။ (၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ထိုတေးသွားသည် သင့်တော်ခြင်း ရှိမရှိကို ကြည့်ရှုရန် စည်းမျဉ်းများကို အခြေခံ၍ စစ်ဆေးနိုင်ပါသည်၊ ၎င်းတို့သည် ထိုအလုပ်ကို ၎င်းနှင့်မဆိုင်သကဲ့သို့ လက်ရှောင်လိုက်မည့်အစား လက်တွေ့ကျကျ လိုက်လံစစ်ဆေးနိုင်ပါသည်။) အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်နှင့်ဆိုင်သည့် အဓိက စရိုက်လက္ခဏာမှာ အယူဝါဒအကြောင်း ပေါက်တတ်ကရပြောဆိုပြီး ဆောင်ပုဒ်များကို သံယောင်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့၏ အမိန့်များကို ထုတ်ပြန်ပြီးနောက်တွင် ထိုအမှုကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့တာဝန်မယူကြတော့ပေ။ အလုပ်၏ နောက်ပိုင်း တိုးတက်ဖြစ်ပေါ်မှုအကြောင်း မေးခွန်းများ မမေးမြန်းကြပေ။ ပြဿနာတစ်စုံတစ်ရာ၊ လမ်းလွဲမှုတစ်စုံတစ်ရာ သို့မဟုတ် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းရှိမရှိ မမေးမြန်းကြပေ။ ၎င်းတို့သည် အလုပ်တာဝန်ချပေးပြီးသည်နှင့် ၎င်းတို့၏ အလုပ် ပြီးဆုံးပြီဟု မှတ်ယူကြသည်။ အမှန်တကယ်တွင် ခေါင်းဆောင်တစ်ယောက်အနေဖြင့် အလုပ်များကို စီစဉ်ပေး၍ ပြီးသွားပြီးနောက်တွင် အလုပ်၏ တိုးတက်မှုကို နောက်ဆက်တွဲ လိုက်လုပ်ရမည် ဖြစ်သည်။ သင်သည် ဤအလုပ်နယ်ပယ်ကို မရင်းနှီးလျှင်ပင်၊ ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်သိမြင်မှုမျှ မရှိလျှင်ပင် ထိုအလုပ်ကို လုပ်ဆောင်ရန် နည်းလမ်းရှာနိုင်သည်။ စိစစ်မှုကို ဆောင်ရွက်ပြီး အကြံပြုချက်များပေးရန် ယင်းကို အမှန်တကယ် နားလည်သဘောပေါက်သော၊ အဆိုပါ အတတ်ပညာကို နားလည်သောသူတစ်ဦးကို သင်ရှာဖွေနိုင်သည်။ သူတို့၏ အကြံပြုချက်များမှ သင့်တင့်လျောက်ပတ်သော စည်းမျဉ်းများကို သင် ရှာဖွေဖော်ထုတ်နိုင်သည်။ ဤသို့ဖြင့် သင်သည် အလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်နိုင်လိမ့်မည်။ အဆိုပါ အတတ်ပညာနှင့် သင် ရင်းနှီးခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ယင်းကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် သင်သည် ထိုအလုပ်ကို ဦးစီးဆောင်ရွက်ရမည်၊ နောက်ဆက်တွဲ လိုက်လုပ်ရမည်ဖြစ်ပြီး ယင်း၏ တိုးတက်မှုနှင့်ပတ်သက်၍ အဆက်မပြတ် စုံစမ်းခြင်းနှင့် မေးခွန်းများ မေးခြင်းတို့ကို ပြုလုပ်ရမည်။ ထိုသို့သော ကိစ္စများကို နားလည်သဘောပေါက်မှုအား သင်ထိန်းသိမ်းထားရမည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ ယင်းသည် သင့်အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အလုပ်ကို နောက်ဆက်တွဲမလုပ်ခြင်း၊ တာဝန်ချပေးပြီးသည်နှင့် မည်သည့်အရာမျှ ဆက်မလုပ်တော့ခြင်း၊ ယင်းနှင့် လုံးဝ မပတ်သက်တော့ခြင်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များက ကိစ္စများကို လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ အလုပ်နှင့်စပ်လျဉ်း၍ နောက်ဆက်တွဲ မလုပ်ခြင်းဖြစ်စေ၊ လမ်းညွှန်ချက်မပေးခြင်းဖြစ်စေ၊ စုံစမ်းမှု မပြုခြင်းဖြစ်စေ၊ ဖြစ်ပေါ်လာသည့် ပြဿနာများကို မဖြေရှင်းခြင်းဖြစ်စေ၊ အလုပ်၏ တိုးတက်မှုကို သို့မဟုတ် ထိရောက်မှုကို သဘောမပေါက်ခြင်းဖြစ်စေ ဤသည်တို့မှာလည်း အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များဖြစ်၏။

အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ဘဲ အလုပ်တိုးတက်မှုကို နှောင့်နှေးစေသည်

အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်၏ တိုးတက်မှုနှင့်ပတ်သက်၍ မသိရှိသောကြောင့်၊ ၎င်းတို့သည် အလုပ်တွင် ပေါ်ပေါက်လာသည့် ပြဿနာများကိုဖြေရှင်းနိုင်စွမ်း ရှိဖို့ မဆိုထားနှင့်၊ အချိန်မီ ဖော်ထုတ်နိုင်စွမ်းမရှိကြသောကြောင့် ယင်းက ထပ်ခါထပ်ခါ နှောင့်နှေးမှုများ မကြာခဏဖြစ်စေသည်။ အချို့အလုပ်တွင် လူတို့သည် စည်းမျဉ်းများကို နားလည်သဘောပေါက်ခြင်း မရှိသောကြောင့်၊ တာဝန်ခံရန်၊ သို့မဟုတ် ဦးဆောင်ရန် သင့်တော်သောသူ မည်သူမျှမရှိသောကြောင့် အလုပ်ကို ဆောင်ရွက်နေသောသူတို့သည် အပျက်သဘောဆောင်ခြင်း၊ မတက်မကြွဖြစ်ခြင်း၊ စောင့်ဆိုင်းခြင်းအခြေအနေတွင် မကြာခဏရှိကြသည်။ ယင်းသည် အလုပ်တိုးတက်မှုကို အလွန်အမင်းထိခိုက်သည်။ ခေါင်းဆောင်က သူ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ပြီးဖြစ်လျှင်၊ သူသည် အလုပ်ကို ဦးဆောင်ခဲ့လျှင်၊ ရှေ့ဆက်စေခဲ့လျှင်၊ ကြီးကြပ်ခဲ့လျှင်၊ အလုပ်ကို လမ်းညွှန်ပြသရန် ထိုနယ်ပယ်ကို နားလည်သောသူတစ်ယောက်အား တွေ့ခဲ့လျှင် အလုပ်သည် ထပ်ခါထပ်ခါ နှောင့်နှေးမှုများ ကြုံရခြင်းထက် ပို၍ မြန်ဆန်စွာ တိုးတက်ခဲ့ပြီးလိမ့်မည်။ ဤသို့ဆိုလျှင် ခေါင်းဆောင်များအတွက် အလုပ်၏ အခြေအနေကို နားလည်သဘောပေါက်ရန် မရှိမဖြစ်လိုအပ်သည်။ တိုးတက်မှုသည် အလုပ်၏ ထိရောက်မှုနှင့်လည်းကောင်း၊ ဤအလုပ်က ရရှိသင့်သည့် ရလဒ်တို့နှင့်လည်းကောင်း ဆက်နွှယ်နေသည့်အတွက်၊ အလုပ်သည် မည်သို့တိုးတက်နေသည်ကို နားလည်သဘောပေါက်ရန် ခေါင်းဆောင်များအတွက် အလွန်ပင် လိုအပ်သည်မှာလည်း မှန်ပေသည်။ အသင်းတော်အလုပ်က မည်သို့ရှေ့ဆက်နေသည်ကို ခေါင်းဆောင်များ၊ အမှုဆောင်များက သဘောမပေါက်လျှင်၊ ၎င်းတို့သည် အမှုအရာများအား နောက်ဆက်တွဲ လိုက်မလုပ်လျှင်၊ သို့မဟုတ် မကြီးကြပ်လျှင် အသင်းတော်အလုပ်တိုးတက်မှုသည် နှေးကွေးမည်မှာ အသေအချာပင်ဖြစ်သည်။ ဤသည်မှာ တာဝန်များကို ထမ်းနေသောလူအများစုသည် ဆိုးရွားစွာ ယုတ်ညံ့သော သူများဖြစ်သည့်၊ ဝန်တာထားစိတ်မရှိဘဲ မကြာခဏ အပျက်သဘောဆောင်၍ မတက်မကြွဖြစ်ကာ ဝတ်ကျေတမ်းကျေလုပ်သည့်အချက်ကြောင့် ဖြစ်သည်။ အလုပ်အတွက် တာဝန်ယူလျက် လက်တွေ့ကျသောပုံစံဖြင့် ဝန်တာထားစိတ်နှင့် အလုပ်လုပ်နိုင်စွမ်းရှိသည့်၊ အလုပ်၏ တိုးတက်မှုကို အချိန်မီသိရှိအောင်ပြုလုပ်သည့်၊ တာဝန်များကို ထမ်းဆောင်သည့် အလုပ်လုပ်သူများကို လမ်းညွှန်သည့်၊ ကြီးကြပ်သည့်၊ ဆုံးမပဲ့ပြင်ပြီး ပြုပြင်သည့် သူတစ်ဦးမျှမရှိလျှင် အလုပ်ထိရောက်မှုအဆင့်သည် သဘာဝအလျောက် အလွန်နိမ့်ကျမည်ဖြစ်ပြီး အလုပ်၏ ရလဒ်များသည် အလွန်ပင် ညံ့ဖျင်းလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာကိုပင် ရှင်းလင်းစွာ မမြင်နိုင်လျှင် ၎င်းတို့သည် မိုက်မဲပြီး မမြင်မကန်းဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်တိုးတက်မှုကို ချက်ချင်း စူးစမ်းရမည်။ နောက်ဆက်တွဲလိုက်လုပ်ပြီး သဘောပေါက်ရမည်။ တာဝန်ထမ်းဆောင်နေသော လူများတွင်ရှိသည့် မည်သည့်ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည်ကို စူးစမ်းရမည်။ ပြီးလျှင် ပိုမိုကောင်းမွန်သော ရလဒ်များရရှိရန်အတွက် မည်သည့်ပြဿနာများအား ဖြေရှင်းသင့်သည်ကို နားလည်ရမည်။ ဤအရာများအားလုံးသည် အလွန်အရေးပါသည်။ ခေါင်းဆောင်အဖြစ် လုပ်ဆောင်နေသောသူသည် ဤအရာများကို ရှင်းလင်းစွာ သိရမည်။ သင့်တာဝန်ကို ကောင်းစွာထမ်းဆောင်ရန်အတွက် သင်သည် အပေါ်ယံအလုပ်တစ်ခုခုကို လုပ်ဆောင်ပြီး ထို့နောက်တွင် မိမိ၏တာဝန်ကို ကောင်းစွာလုပ်ဆောင်ခဲ့သည်ဟု ထင်သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦးကဲ့သို့ မဖြစ်ရပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့အလုပ်တွင် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်း လုပ်ဆောင်သည်။ တာဝန်သိစိတ်မရှိ။ ပြဿနာများ ဖြစ်ပေါ်သောအခါ မဖြေရှင်းပေ။ ပြီးလျှင် ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်နေပါစေ အပေါ်ယံသာ လုပ်ဆောင်ပြီး ယင်းကို ဝတ်ကျေတမ်းကျေဆန်စွာ ကိုင်တွယ်သည်။ ၎င်းတို့သည် စကားကြီးစကားကျယ်များသာ ပြောသည်၊ အယူဝါဒများနှင့် အနှစ်မဲ့သောစကားများကို ကရားရေလွှတ်ပြောဆိုသည်။ ပြီးလျှင် ၎င်းတို့အလုပ်၌ ဖြစ်သလိုသာလုပ်ဆောင်သည်။ အကြမ်းဖျင်းအားဖြင့် ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့်နည်းလမ်းနှင့်ဆိုင်သော အခြေအနေ ဖြစ်သည်။ အန္တိခရစ်များနှင့် ယှဉ်ကြည့်လျှင် အယောင်ဆောင်ခေါင်းဆောင်များသည် လူသိရှင်ကြား ဆိုးယုတ်သော အရာတစ်ခုကိုမျှ မလုပ်ဆောင်သကဲ့သို့ မကောင်းမှုကို တမင်သက်သက် မလုပ်ဆောင်သော်လည်း ၎င်းတို့အလုပ်၏ ထိရောက်မှုကို ကြည့်သောအခါတွင် ၎င်းတို့အား ဝတ်ကျေတမ်းကျေဆန်သူများအဖြစ်၊ ဝန်တာစိတ်မရှိသူများအဖြစ်၊ တာဝန်မဲ့ပြီး မိမိတို့၏ တာဝန်အပေါ် သစ္စာစောင့်သိမှု မရှိသူများအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းသည် တရားနည်းလမ်းကျပေသည်။

အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းနှင့် အလုပ်ကိစ္စတစ်ခုချင်းစီ၏ တိုးတက်မှုကို နားမလည်၊ သဘောမပေါက်ခြင်းတို့အကြောင်းကို ငါတို့ ယခုတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အသင်းတော်အလုပ်တွင် ပေါ်ပေါက်လာသည့် ပြဿနာများနှင့် အခက်အခဲများနှင့်ပတ်သက်၍လည်း အယောင်ဆောင်ခေါင်းဆောင်များသည် ယင်းတို့ကို လုံးဝဂရုမစိုက်ခြင်း သို့မဟုတ် အယူဝါဒအနည်းငယ်ကို ကရားရေလွှတ်ပြောဆိုပြီး ဆောင်ပုဒ်အချို့ကို သံယောင်လိုက်ခြင်းဖြင့် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြသည်။ အလုပ်ကိစ္စအားလုံးအတွက် အလုပ်ကို နားလည်ပြီး နောက်ဆက်တွဲ လိုက်လုပ်ဖို့ ကြိုးစားရန် အလုပ်ခွင်သို့ ၎င်းတို့ကိုယ်တိုင် လာရောက်သည်ကို မည်သူမျှ မည်သည့်အခါမျှ တွေ့ရမည်မဟုတ်ပေ။ ထိုနေရာတွင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့သည်ကို မည်သူမျှ တွေ့ရမည်မဟုတ်သကဲ့သို့ အလုပ်တွင် ချို့ယွင်းချက်များနှင့် လမ်းလွဲခြင်းများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်လျက် အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားပြီး ကြီးကြပ်သည်ကိုမူ သာ၍ပင် တွေ့ရမည်မဟုတ်ချေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ ဝတ်ကျေတမ်းကျေ အလုပ်လုပ်သည့်နည်းလမ်း၏ အထင်ရှားဆုံးသော သရုပ်သကန်ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များနှင့်မတူဘဲ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရန် ရည်ရွယ်ခြင်းမရှိသကဲ့သို့ မကောင်းမှုအမျိုးမျိုးကို လုပ်ဆောင်ပြီး ၎င်းတို့၏ ကိုယ်ပိုင် သီးခြားနိုင်ငံတော်များကို တည်ထောင်ခြင်းလည်း မရှိသော်လည်း ၎င်းတို့၏ အမျိုးမျိုးသော ဝတ်ကျေတမ်းကျေ အပြုအမူများသည် အသင်းတော်၏အလုပ်ကို ကြီးမားစွာ အဟန့်အတားဖြစ်စေရာ ထိုသို့ဖြင့် အမျိုးမျိုးသော ပြဿနာများ အဆုံးမရှိ ပေါ်ပေါက်လာပြီး မဖြေရှင်းရသေးဘဲ ရှိနေလေသည်။ ဤသည်မှာ အသင်းတော်အလုပ်၏ ကိစ္စတစ်ခုချင်းစီ၏ တိုးတက်မှုကို ကြီးစွာထိခိုက်စေပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း သက်ရောက်မှုရှိစေသည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များကို ဖယ်ရှားရှင်းလင်းသင့်သည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ပေ၊ ၎င်းတို့လုပ်ဆောင်သမျှသည် အစတွင် အရှိန်အဟုန် ကောင်းသော်လည်း အဆုံးတွင် ပျောက်ပျက်သွားသည်။ ၎င်းတို့ ပါဝင်သရုပ်ဆောင်သည့် အခန်းကဏ္ဍမှာ အခမ်းအနားမိတ်ဆက်သူ၏ အခန်းကဏ္ဍဖြစ်သည်၊ ၎င်းတို့သည် ဆောင်ပုဒ်များကို ရွတ်ဆိုပြီး အယူဝါဒများကို တရားဟောကာ အလုပ်ကို အခြားသူများထံ တာဝန်ချပေးပြီး မည်သူက တာဝန်ယူမည်ကို စီစဉ်ပြီးသည့်အခါ ၎င်းတို့အတွက် ပြီးဆုံးသွားလေသည်။ ၎င်းတို့သည် တရုတ်ကျေးလက်ဒေသများတွင် တွေ့ရသည့် ကျယ်လောင်ဆူညံစွာမြည်သည့် အသံချဲ့စက်များနှင့် တူသည်၊ ဤသည်မှာ ၎င်းတို့ ပါဝင်သရုပ်ဆောင်သည့် အခန်းကဏ္ဍ၏ အတိုင်းအတာမျှသာ ဖြစ်သည်။ ၎င်းတို့သည် ကနဦးအလုပ် အနည်းငယ်ကိုသာ လုပ်ဆောင်သည်၊ ကျန်ရှိသည့်အလုပ်အတွက်မူ ၎င်းတို့ကို မည်သည့်နေရာတွင်မျှ မမြင်ရတော့ပေ။ အလုပ်ကိစ္စတစ်ခုချင်းစီသည် မည်သို့ရှိနေသည်၊ စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ထိရောက်မှု ရှိမရှိ စသည့် တိကျသော မေးခွန်းများအတွက်မူ ၎င်းတို့သည် အဖြေများကို မသိကြပေ။ ၎င်းတို့သည် အောက်ခြေအဆင့်နှင့် နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံခြင်း၊ အလုပ်ကိစ္စတစ်ခုချင်းစီ၏ တိုးတက်မှုနှင့် အသေးစိတ်အချက်အလက်များကို နားလည်ပြီး သဘောပေါက်ရန် အလုပ်ခွင်သို့ သွားရောက်ခြင်းတို့ကို မည်သည့်အခါမျှ မပြုကြပေ။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များသည် ခေါင်းဆောင်များအဖြစ် ၎င်းတို့၏ တာဝန်ထမ်းဆောင်စဉ်အတွင်း အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်မှုများကို ဖြစ်စေရန် သို့မဟုတ် မကောင်းမှုအမျိုးမျိုးကို လုပ်ဆောင်ရန် ရည်ရွယ်ခြင်း မရှိနိုင်သော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် အလုပ်ကို တုံ့ဆိုင်းသွားစေသည်၊ အသင်းတော်အလုပ်၏ ကိစ္စတစ်ခုချင်းစီ၏ တိုးတက်မှုကို နှောင့်နှေးစေသည်၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသောလူများကို ၎င်းတို့၏ တာဝန်များကို ကောင်းစွာထမ်းဆောင်ရန်နှင့် အသက်ဝင်ရောက်မှု ရရှိရန် မဖြစ်နိုင်အောင် ပြုလုပ်သည်။ ဤသို့ အလုပ်လုပ်ခြင်းဖြင့် ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းမှန်ပေါ်သို့ မည်သို့ ဦးဆောင်နိုင်မည်နည်း။ ဤသည်က အယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ကြောင်း ပြသသည်။ ၎င်းတို့သည် အသင်းတော်အလုပ် ပုံမှန်တိုးတက်ရန် သေချာစေဖို့အလို့ငှာ ၎င်းတို့ တာဝန်ယူသင့်သည့် အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ရန်ဖြစ်စေ၊ ယင်းအတွက် လမ်းညွှန်မှုနှင့် ကြီးကြပ်မှုကို ပေးရန်ဖြစ်စေ ပျက်ကွက်သည်၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ရည်ရွယ်ထားသော လုပ်ငန်းဆောင်တာများကို ထမ်းဆောင်ရန် ပျက်ကွက်ပြီး ၎င်းတို့၏ သစ္စာစောင့်သိမှု သို့မဟုတ် တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်သည်။ ဤသည်က အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာမစောင့်သိကြောင်း၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေသာဖြစ်ကြောင်း အတည်ပြုသည်၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကိုရော ဘုရားသခင်ကိုယ်တော်တိုင်ကိုပါ လှည့်ဖြားပြီး ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်ခြင်းအပေါ် ထိခိုက်စေကာ အဟန့်အတားဖြစ်စေသည်။ ဤအဖြစ်မှန်ကို အားလုံး မြင်နိုင်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် အလုပ်ကို အမှန်တကယ် မတတ်ကျွမ်းခြင်း ဖြစ်နိုင်သည်၊ ၎င်းတို့သည် မိမိတို့၏အလုပ်ကို ခေါင်းရှောင်ပြီး တမင်တကာ ဝတ်ကျေတမ်းကျေဖြစ်နေခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် အသင်းတော်အလုပ်ကို ကမောက်ကမဖြစ်စေသည်ဟူသည့်အချက်က ရှိနေဆဲဖြစ်သည်။ အသင်းတော်အလုပ်၏ ကိစ္စတစ်ခုချင်းစီတွင် တိုးတက်မှု တစ်စက်မျှ မရှိဘဲ စုပုံနေသော ပြဿနာများစွာသည် အချိန်ကြာမြင့်စွာ မဖြေရှင်းရသေးဘဲ ရှိနေသည်။ ဤသည်မှာ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေခြင်းအပေါ် သက်ရောက်မှု ရှိစေသည်သာမက ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း ကြီးစွာ အဟန့်အတားဖြစ်စေသည်။ ဤအချက်များက အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည်သာမက ဧဝံဂေလိကို ဖြန့်ဝေခြင်းအလုပ်အတွက် အဟန့်အတားများ ဖြစ်လာကြောင်းနှင့် အသင်းတော်တွင် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ခြင်းအတွက် ခလုတ်တံသင်းများ ဖြစ်လာကြောင်းကို ပြသရန် လုံလောက်ပေသည်။

အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ဘဲ လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်ကြပေ။ ဤသည်မှာ အလုပ်တိုးတက်မှုကို နှောင့်နှေးစေပြီး ယင်း၏ရလဒ်များကို ထိခိုက်သည်သာမက လူအင်အား၊ ပစ္စည်းဥစ္စာ အရင်းအမြစ်များနှင့် ဘဏ္ဍာရေး အရင်းအမြစ်များစွာကို ဖြုန်းတီးလျက် အသင်းတော်၏အလုပ်ကို ကြီးမားသော ဆုံးရှုံးမှုများလည်း ဖြစ်စေသည်။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များသည် စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးသင့်သည်။ အချို့လူများက “ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏အလုပ်ကို ကောင်းစွာမလုပ်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရမည်ဆိုလျှင် မည်သူမျှ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လိုကြမည် မဟုတ်ပါ” ဟု ဆိုကြသည်။ ထိုသို့သော တာဝန်မဲ့သောလူများသည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ရန် အရည်အချင်း မပြည့်မီပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသူများသည် ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ ဆိုးယုတ်သောလူများက ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လိုလျှင် ယင်းမှာ ဒုက္ခတစ်ခု မဟုတ်လော။ ဘုရားအိမ်တော်၏ အလုပ်များစွာသည် စီးပွားရေးဆိုင်ရာ အသုံးစရိတ်များ ပါဝင်သောကြောင့် ယင်းတို့ကို စာရင်းပြုစုရန် မလိုအပ်သလော။ ဘုရားသခင်၏ ပူဇော်သက္ကာများသည် လူတို့က မိမိတို့အလိုအတိုင်း ဖြုန်းတီးပြီး အလဟဿပြုနိုင်သည့် အရာတစ်ခုလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ ပူဇော်သက္ကာများကို အလဟဿပြုရန် မည်သည့်အခွင့်အရေး ရှိသနည်း။ စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခြင်းအတွက် လျော်ကြေးပေးရမည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်၊ ပြီးလျှင် ဤအရာကို မည်သူမျှ မငြင်းပယ်နိုင်ပေ။ ဥပမာအားဖြင့် လူတစ်ဦးက တစ်လအတွင်း ပြီးစီးအောင် လုပ်ဆောင်နိုင်သည့် အလုပ်တစ်ခုရှိသည်ဟု ဆိုကြပါစို့။ ဤအလုပ်ကို လုပ်ဆောင်ရန် ခြောက်လကြာမြင့်ပါက ကျန်ရှိသော ငါးလ၏ အသုံးစရိတ်များသည် ဆုံးရှုံးမှုတစ်ခု မဖြစ်ပေလော။ ဧဝံဂေလိတရားဟောခြင်းနှင့်ပတ်သက်၍ ငါသည် ဥပမာတစ်ခု ပေးမည်။ လူတစ်ဦးသည် မှန်သော လမ်းခရီးကို စူးစမ်းလေ့လာလိုပြီး တစ်လအတွင်းမှာပင် စည်းရုံး၍ရနိုင်သည်၊ ထို့နောက် ၎င်းသည် အသင်းတော်သို့ ဝင်ရောက်ပြီး ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ခြင်းကို ဆက်လက်ခံယူမည်ဖြစ်ကာ ခြောက်လအတွင်း ၎င်းသည် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်နိုင်သည်ဟု ဆိုကြပါစို့။ သို့သော် ဧဝံဂေလိတရားဟောသူက ဤကိစ္စရပ်အပေါ် ထားရှိသည့် သဘောထားသည် လျစ်လျူရှုခြင်းနှင့် ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များကလည်း ၎င်းတို့၏ တာဝန်ဝတ္တရားများကို လျစ်လျူရှုကာ ထိုလူကို ယုံကြည်လက်ခံလာအောင် လုပ်ရန် နှစ်ဝက်ကြာမြင့်သွားပါက ဤနှစ်ဝက်သည် သူ၏အသက်အတွက် ဆုံးရှုံးမှုတစ်ခု မဖြစ်ပေလော။ သူသည် ကြီးမားသော ကပ်ဘေးများကို ကြုံတွေ့ရပြီး မှန်သော လမ်းခရီးပေါ်တွင် အခြေခံအုတ်မြစ်တစ်ခုကို မချရသေးပါက သူသည် အန္တရာယ်ကျရောက်မည်ဖြစ်ပြီး ဤသည်မှာ ထိုသူအပေါ် တာဝန်ပျက်ကွက်ခြင်း မဟုတ်လော။ ထိုသို့သော ဆုံးရှုံးမှုမျိုးကို ငွေကြေး သို့မဟုတ် ပစ္စည်းဥစ္စာများဖြင့် တိုင်းတာ၍မရနိုင်ပေ။ ထိုလူ၏ သမ္မာတရားကို နားလည်မှုသည် နှစ်ဝက်ကြာအောင် နှောင့်နှေးနေခဲ့ပြီး အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ရာတွင်လည်းကောင်း၊ သူ၏တာဝန်ကို စတင်ထမ်းဆောင်ရာတွင်လည်းကောင်း နှစ်ဝက်ကြာအောင် ကြန့်ကြာစေပါက ဤအတွက် မည်သူက တာဝန်ယူမည်နည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအတွက် တာဝန်ယူနိုင်သလော။ မည်သူမျှ တစ်စုံတစ်ဦး၏အသက်ကို ဟန့်တားထားခြင်းအတွက် တာဝန်ယူနိုင်စွမ်း မရှိပေ။ ဤတာဝန်ကို မည်သူကမျှ ယူရန် မတတ်နိုင်သည့်အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် လုပ်ဆောင်ရန် သင့်တော်သည့်အရာမှာ အဘယ်နည်း။ စကားလုံးလေးလုံး ဖြစ်သည်။ အားကုန်ကြိုးစား။ မည်သည်ကို လုပ်ဖို့ အားကုန်ကြိုးစားရမည်နည်း။ သင်၏ကိုယ်ပိုင်တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်အတွက် မိမိ၏ မျက်စိဖြင့် မြင်နိုင်သမျှ၊ စိတ်ထဲ၌ တွေးတောနိုင်သမျှနှင့် မိမိ၏ အစွမ်းအစဖြင့် ပြီးမြောက်အောင်မြင်နိုင်သမျှကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အားကုန်ကြိုးစားခြင်းဖြစ်သည်။ ဤသည်မှာ သစ္စာရှိခြင်းနှင့် တာဝန်သိခြင်းဖြစ်သည်။ ထို့ပြင် ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ကျေပွန်သင့်သည့်တာဝန် ဖြစ်သည်။ အချို့သောခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဧဝံဂေလိတရားဟောခြင်းကို လေးနက်သောကိစ္စအဖြစ် သဘောမထားကြပေ။ ၎င်းတို့က “ဘုရားသခင်၏ သိုးတို့သည် ဘုရားသခင်၏ အသံကို ကြားလိမ့်မည်။ စူးစမ်းလေ့လာပြီး လက်ခံသော မည်သူမဆို ကောင်းချီးခံစားရလိမ့်မည်၊ စူးစမ်းလေ့လာခြင်းမပြုဘဲ လက်မခံသော မည်သူမဆို ကောင်းချီးခံစားရမည်မဟုတ်ဘဲ ကပ်ဘေးတစ်ခုတွင် သေထိုက်သည်” ဟု တွေးထင်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ အလေးမထားဘဲ ဧဝံဂေလိအလုပ်အတွက် ဝန်တာထားစိတ် မရှိကြပေ၊ ၎င်းတို့သည် အသင်းတော်သို့ ယခုတင် ဝင်ရောက်လာသော လူသစ်များအတွက်လည်း တာဝန်မယူကြသကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း အလေးအနက်မထားကြဘဲ မိမိတို့၏ အဆင့်အတန်း၏ အကျိုးခံစားမှုများတွင် မွေ့လျော်ခံစားနေခြင်းကို အစဉ်သဖြင့် အာရုံစိုက်ကြသည်။ မည်မျှများသောလူတို့က မှန်သော လမ်းခရီးကို စူးစမ်းလေ့လာပါစေ ၎င်းတို့သည် နောက်ကွယ်မှကြိုးကိုင်သူ သို့မဟုတ် အရာရှိတစ်ဦးကဲ့သို့ ပြုမူလျက် ကြုံရာကျပန်းနေသည့် စိတ်ဓာတ်ကို အစဉ်သဖြင့် ထားရှိကာ လုံးဝစိုးရိမ်ပူပန်ခြင်း မရှိကြပေ။ အလုပ်သည် မည်မျှပင် အရေးကြီးပါစေ၊ အလျင်လိုပါစေ ၎င်းတို့သည် အခင်းဖြစ်ပွားရာနေရာသို့ မည်သည့်အခါမျှ မလာကြသကဲ့သို့ အလုပ်အခြေအနေကို စုံစမ်းမေးမြန်းပြီး နားလည်ခြင်း သို့မဟုတ် အလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်ပြီး ပြဿနာများကို ဖြေရှင်းခြင်းတို့ကိုလည်း မပြုကြပေ။ ၎င်းတို့သည် တာဝန်များကို စီစဉ်ပေးရုံသာပြုပြီး မိမိတို့၏အလုပ် ပြီးပြတ်သွားပြီဟု ထင်မှတ်ကြကာ ဤသည်မှာ အလုပ်လုပ်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ဝတ်ကျေတမ်းကျေဖြစ်ခြင်း မဟုတ်လော။ ဤသည်မှာ အထက်လူကိုရော အောက်လူကိုပါ နှစ်ဦးစလုံးကို လှည့်ဖြားခြင်း မဟုတ်လော။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဘုရားသခင် အသုံးပြုရန် သင့်တော်ပါသလော။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ အရာရှိများနှင့် တူနေကြသည် မဟုတ်လော။ ၎င်းတို့က “ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်းသည် ရာထူးတစ်ခုကို ထမ်းဆောင်ခြင်းနှင့် တူပြီး လူတစ်ဦးသည် ဤအဆင့်အတန်း၏ အကျိုးခံစားမှုများကို ခံစားသင့်သည်။ ရာထူးထမ်းဆောင်ခြင်းက ကျွန်ုပ်ကို ကိစ္စရပ်အားလုံးတွင် ရှိနေခြင်းမှ ကင်းလွတ်ခွင့်ပေးသည့် ဤအခွင့်ထူးကို ပေးအပ်သည်။ ကျွန်ုပ်သည် အလုပ်နေရာတွင် အမြဲရှိနေပြီး အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ကာ အခြေအနေကို နားလည်နေမည်ဆိုလျှင် မည်မျှ ပင်ပန်းလိုက်မည်ဖြစ်ခြင်း၊ မည်မျှ သိက္ခာကျလိုက်မည်ဖြစ်ခြင်း။ ထိုသို့သော ပင်ပန်းနွမ်းနယ်မှုကို ကျွန်ုပ် လက်မခံနိုင်ပါ” ဟု စဉ်းစားကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များ အလုပ်လုပ်သည့် ပုံစံအတိအကျဖြစ်သည်၊ ၎င်းတို့သည် မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ ကိုယ်စိတ်ချမ်းသာမှုကို ငမ်းငမ်းတက် လိုချင်ခြင်းနှင့် အဆင့်အတန်း၏ အကျိုးခံစားမှုများကို ခံစားခြင်းကိုသာ အရေးစိုက်ကြပြီး မည်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားမျှ လုံးဝကင်းမဲ့နေကြသည်။ ထိုသို့သော ကပ်ပါးကောင်များကို အမှန်တကယ် ဖယ်ရှားရှင်းလင်းသင့်ပြီး ၎င်းတို့ အပြစ်ပေးခံရလျှင်ပင် ယင်းမှာ ၎င်းတို့နှင့်တန်ပေသည်။ အချို့သောခေါင်းဆောင်များနှင့် အမှုဆောင်များသည် နှစ်ပေါင်းများစွာ အသင်းတော်အလုပ်ကို လုပ်ဆောင်ခဲ့သော်လည်း သက်သေခံရန် မဆိုထားနှင့်၊ ဧဝံဂေလိတရားကို မည်သို့ဟောပြောရမည်ကိုပင် မသိကြပေ။ သင်သည် ၎င်းတို့ကို ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများထံ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော ရူပါရုံများနှင့်ပတ်သက်သည့် သမ္မာတရားအားလုံးကို မိတ်သဟာယဖွဲ့ရန် တောင်းဆိုပါက ၎င်းတို့သည် မတတ်နိုင်ကြပေ။ “သင်သည် ရူပါရုံ၏ သမ္မာတရားနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ရန် ကြိုးစားအားထုတ်ခဲ့ဖူးပါသလော” ဟု မေးမြန်းသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များက “အဘယ်ကြောင့် ကျွန်ုပ်သည် ထိုသို့သော ကြိုးစားအားထုတ်မှုကို ပြုရမည်နည်း။ ကျွန်ုပ်၏ မြင့်မားသော အဆင့်အတန်းနှင့်ဆိုလျှင် ထိုတာဝန်သည် ကျွန်ုပ်အတွက် မဟုတ်ပါ၊ ယင်းကို လုပ်ဆောင်ရန် အခြားသူများစွာ ရှိပါသည်” ဟု စိတ်ထဲတွင် တွေးတောကြသည်။ ငါ့ကို ပြောလော့၊ ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ ၎င်းတို့သည် နှစ်ပေါင်းများစွာ အသင်းတော်အလုပ်ကို လုပ်ဆောင်ခဲ့ကြသည့်တိုင် ဧဝံဂေလိအား မည်သို့တရားဟောရမည်ကို မသိကြပေ။ ပြီးလျှင် သက်သေခံခြင်းနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် ယင်းကို ၎င်းတို့အတွက် လုပ်ဆောင်ပေးရန် ဧဝံဂေလိဟောပြောသူတစ်ဦးကို ရှာဖွေရသည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်သည် ဧဝံဂေလိတရားကို မဟောပြောနိုင်၊ သက်သေမခံနိုင်၊ သို့မဟုတ် ရူပါရုံများနှင့်ပတ်သက်သည့် သမ္မာတရားများအကြောင်းကို လူတို့နှင့် မိတ်သဟာယမဖွဲ့နိုင်ပါက သင်သည် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သင်၏ တာဝန်ဝတ္တရားများမှာ အဘယ်နည်း။ သင်သည် ယင်းတို့ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးပြီလော။ သင်သည် မိမိတွင် ရှိပြီးသားအရာကို အားကိုး၍ နေနေခြင်းမျှသာလော။ သင်၌ ရှိသည့်အရာမှာ အဘယ်နည်း။ သင့်တွင် ရှိပြီးသားအရာကို အားကိုး၍ နေရန် မည်သူက သင့်ကို အခွင့်အာဏာပေးခဲ့သနည်း။ အချို့သော ဧဝံဂေလိအဖွဲ့ ကြီးကြပ်ရေးမှူးများသည် အခြားသူများ ဧဝံဂေလိတရားဟောနေသည်ကို စောင့်ကြည့်လေ့လာခြင်းနှင့် နားထောင်ခြင်းပင် မည်သည့်အခါမျှ မပြုဖူးကြပေ။ ၎င်းတို့သည် နားထောင်ရန် ဂရုမစိုက်၊ စိတ်မဝင်စား၊ အလွန်ဒုက္ခများလှသည်ဟု ထင်မြင်ပြီး စိတ်ရှည်သည်းခံမှု ကင်းမဲ့ကြသည်။ သင်တို့ မသိကြသလော၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ခေါင်းဆောင်များ၊ အရာရှိများဖြစ်ကြသည်ဟု ထင်ကြသောကြောင့် ၎င်းတို့သည် သတ်သတ်မှတ်မှတ်ဖြစ်သော ဤတာဝန်များကို မလုပ်ဆောင်ဘဲ ညီအစ်ကိုမောင်နှမများကို လုပ်ဆောင်စေသည်။ အချို့သော ဧဝံဂေလိအမှုဆောင်များသည် အစွမ်းအစမြင့်မားပြီး အရာခပ်သိမ်းကို အလေးအနက်ထား၍ ချဉ်းကပ်ကာ ရူပါရုံများနှင့်ပတ်သက်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော သမ္မာတရားအချို့ကို နားလည်လိုသော လူတစ်ဦးနှင့် ကြုံတွေ့ရသည်ဟု ဆိုကြပါစို့။ ဧဝံဂေလိအမှုဆောင်များသည် လုံးဝရှင်းလင်းစွာ မိတ်သဟာယမဖွဲ့နိုင်သောကြောင့် ၎င်းတို့၏ ခေါင်းဆောင်များကို လုပ်ဆောင်ခိုင်းသည်။ ခေါင်းဆောင်များသည် ပြောစရာစကားမရှိဖြစ်သွားကြပြီး “ဤအလုပ်ကို ကျွန်ုပ်ကိုယ်တိုင် မည်သည့်အခါမျှ မလုပ်ဆောင်ဖူးပါ။ သင်တို့ သွားလုပ်ကြပါ၊ ကျွန်ုပ်သည် သင်တို့ကို နောက်မှ ပံ့ပိုးပေးမည်။ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကျွန်ုပ်သည် ယင်းတို့ကို ပြုပြင်ရာတွင် သင်တို့အား ကူညီပေးပါမည်၊ ကျွန်ုပ် သင်တို့ကို ထောက်ခံပါသည်။ စိတ်မပူပါနှင့်။ ကျွန်ုပ်တို့တွင် ဘုရားသခင်ရှိနေလျှင် အဘယ်အရာကို ကြောက်ရမည်နည်း။ တစ်စုံတစ်ဦးက မှန်သော လမ်းခရီးကို ရှာဖွေသည့်အခါ သင်တို့သည် ရူပါရုံများ၏ သမ္မာတရားများအကြောင်း သက်သေခံခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ကျွန်ုပ်သည် အသက်ဝင်ရောက်မှု၏ သမ္မာတရားများအကြောင်း မိတ်သဟာယဖွဲ့ရန်သာ တာဝန်ရှိပါသည်။ သက်သေခံခြင်းအလုပ်သည် သင်တို့ ထမ်းရမည့် ဝန်ထုပ်ဝန်ပိုးဖြစ်သည်၊ ကျွန်ုပ်ကို အားမကိုးပါနှင့်” ဟု ပြောဆိုလျက် ဆင်ခြေများပင် ပေးကြသည်။ ဧဝံဂေလိတရားဟောရာတွင် သက်သေခံခြင်း၏ အရေးကြီးသော အခိုက်အတန့်သို့ ရောက်သည့်အခါတိုင်း ၎င်းတို့သည် ပုန်းရှောင်နေကြသည်။ ၎င်းတို့တွင် သမ္မာတရားကင်းမဲ့ကြောင်းကို အပြည့်အဝ သိရှိကြသည်၊ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့်များ မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ရန် ကြိုးစားအားထုတ်ခြင်း မပြုကြသနည်း။ ၎င်းတို့တွင် သမ္မာတရားကင်းမဲ့ကြောင်းကို ကောင်းစွာသိလျက်နှင့် ၎င်းတို့သည် အဘယ်ကြောင့်များ ခေါင်းဆောင်များဖြစ်လာရန် အမြဲတမ်း အသည်းအသန် ကြိုးစားကြသနည်း။ ၎င်းတို့တွင် ပင်ကိုစွမ်းရည်ဟူ၍ တစ်စက်မျှ မရှိသည့်တိုင် မည်သည့်အရာရှိရာထူးကိုမဆို လက်ခံရန် သတ္တိရှိကြသည်၊ သင်သာ ခွင့်ပြုပါက ဧကရာဇ်ရာထူးကိုပင် ယူကြလိမ့်မည်၊ ၎င်းတို့သည် အလွန်အရှက်မဲ့လှသည်။ ၎င်းတို့ မည်သည့်ခေါင်းဆောင်မှုအဆင့်ကို ထမ်းဆောင်ပါစေ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့်တိုင် လိပ်ပြာမသန့်ခြင်း စိုးစဉ်းမျှ မရှိဘဲ အဆင့်အတန်း၏ အကျိုးခံစားမှုများကို ပျော်မွေ့ခံစားဝံ့ကြသည်။ ၎င်းတို့သည် လုံးဝ အရှက်မရှိသောလူများ မဟုတ်လော။ သင့်ကို နိုင်ငံခြားဘာသာစကားဖြင့် ပြောဆိုရန် တောင်းဆိုခံရပြီး သင်မပြောနိုင်ပါက ယင်းကို လူတိုင်း နားလည်နိုင်မည်ဖြစ်သည်။ သို့သော် သင်၏မိခင်ဘာသာစကားဖြင့် ရူပါရုံများ၏ သမ္မာတရားများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိတ်သဟာယဖွဲ့ခြင်းသည် ဖြစ်နိုင်သင့်သည် မဟုတ်လော။ သုံးနှစ်မှ ငါးနှစ်အထိသာ ယုံကြည်ခဲ့သောလူများကို သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ခြင်းအတွက် ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်သည်။ သို့သော် အချို့သည် ဘုရားသခင်ကို နှစ်ပေါင်း ၂၀ နီးပါး ယုံကြည်ခဲ့ကြပြီး ရူပါရုံများနှင့်ပတ်သက်သည့် သမ္မာတရားများကို မည်သို့မျှ မိတ်သဟာယမဖွဲ့နိုင်ကြသေးပေ၊ ထိုသို့သောလူများသည် အသုံးမကျသူများ၊ ဆန်ကုန်မြေလေးများ မဟုတ်လော။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည့်တိုင် ရူပါရုံများအကြောင်း သမ္မာတရားများကို မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို မသိကြောင်း ကြားရသည်မှာ ငါ့ကို အံ့အားသင့်စေသည်။ ဤအရာကို ကြားပြီးနောက် သင်တို့အားလုံး မည်သို့ ခံစားရသနည်း။ ယင်းမှာ စိတ်ကူး၍ပင်မရနိုင်သောအရာ မဟုတ်လော။ ဤနှစ်များတစ်လျှောက်လုံး ၎င်းတို့သည် မိမိတို့၏အလုပ်ကို မည်သို့ လုပ်ဆောင်နေခဲ့ကြသနည်း။ တေးဂီတရေးစပ်ခြင်းအတွက် လမ်းညွှန်မှုပေးရန် တောင်းဆိုခံရသည့်အခါ ၎င်းတို့သည် မည်သို့လုပ်ဆောင်ရမည်ကို မသိကြဘဲ ဤအထူးပြုနယ်ပယ်သည် အလွန်ခက်ခဲပြီး သာမန်လူ နားလည်နိုင်သည့်အရာတစ်ခု မဟုတ်ဟု ဆိုကြသည်။ အနုပညာထုတ်လုပ်ခြင်းအလုပ်တွင် သို့မဟုတ် ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်တွင် လမ်းညွှန်မှုပေးရန် တောင်းဆိုခံရသည့်အခါ ၎င်းတို့က ဤအလုပ်များသည် ၎င်းတို့ကိုင်တွယ်ရန်အတွက် အလွန်မြင့်မားသော နည်းပညာကျွမ်းကျင်မှုအဆင့် လိုအပ်သည်ဟု အခိုင်အမာဆိုကြသည်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားရန် တောင်းဆိုခံရသည့်အခါ ၎င်းတို့သည် မိမိတို့၏ ပညာရေးအဆင့်သည် အလွန်နိမ့်ကျပြီး မည်သို့ရေးသားရမည်ကို မသိကြောင်းနှင့် ယင်း၌ မည်သည့်အခါမျှ လေ့ကျင့်မှုမရှိခဲ့ကြောင်း ဆိုကြသည်။ ၎င်းတို့သည် ဤသို့သောအလုပ်မျိုးများကို မထမ်းဆောင်နိုင်ပါက ယင်းမှာ ခွင့်လွှတ်နိုင်ဖွယ်ဖြစ်သော်လည်း ဧဝံဂေလိအလုပ်သည် ပင်ကိုအားဖြင့် ၎င်းတို့၏ တာဝန်တွင် ပါဝင်၏။ ၎င်းတို့သည် ဤအလုပ်နှင့် အလွန်ပင် ရင်းနှီးပြီးသားဖြစ်သည်၊ ယင်းမှာ ၎င်းတို့အတွက် လွယ်ကူသင့်သည် မဟုတ်လော။ ရူပါရုံများအကြောင်း သမ္မာတရားများကို မိတ်သဟာယဖွဲ့ခြင်း၏ အရေးကြီးဆုံးသော ကဏ္ဍမှာ အလုပ်၏ အဆင့်သုံးဆင့်၏ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ရန်ဖြစ်သည်။ ကနဦးတွင် လူတို့သည် ယင်းကို လုပ်ဆောင်ရာတွင် အတွေ့အကြုံများစွာ မရှိဘဲ ကောင်းစွာ မိတ်သဟာယမဖွဲ့နိုင်သော်လည်း ယင်းကို လေ့ကျင့်သည်မှာ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ပို၍မိတ်သဟာယဖွဲ့လေ ပို၍ကောင်းမွန်စွာ မိတ်သဟာယဖွဲ့နိုင်လေဖြစ်လာသည်မှာ စနစ်ကျသောနည်းလမ်းဖြင့် တိကျရှင်းလင်းသော ဘာသာစကားနှင့် ကောင်းမွန်သော စကားအသုံးအနှုန်းဖြင့် ပြောဆိုနိုင်လာသည်။ ဤသည်မှာ ခေါင်းဆောင်များ ကျွမ်းကျင်သင့်သည့် အထူးပြုအလုပ်၏ သတ်သတ်မှတ်မှတ်ဖြစ်သော နယ်ပယ်တစ်ခု မဟုတ်လော။ ဤသည်မှာ ငါးကို ကုန်းပေါ်တွင် အသက်ရှင်နေထိုင်ခိုင်းသကဲ့သို့ မဟုတ်ပေ၊ ဟုတ်သလော။ (မဟုတ်ပါ။) သို့သော် ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်အနည်းငယ်ကိုပင် လုပ်ဆောင်ရန် အရည်အချင်း မရှိကြပေ။ သို့တိုင် ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေကြသေးသလော။ ၎င်းတို့သည် အဘယ်ကြောင့်များ ထိုရာထူးကို ဆက်လက်ယူထားကြသနည်း။ အချို့လူများက “ကျွန်ုပ်သည် အတွေးအခေါ် နားဝေတိမ်တောင်ဖြစ်ပြီး မရှင်းလင်းသူ၊ ယုတ္တိမရှိသူဖြစ်ပြီး ရူပါရုံများနှင့်ပတ်သက်သည့် သမ္မာတရားများအကြောင်း ပြောဆိုရာတွင် ထိုမျှမတော်ပါ” ဟု ဆိုကြသည်။ ထိုသို့ဖြစ်ပါက သင်သည် ဧဝံဂေလိအလုပ်တွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသော ချို့ယွင်းချက်များနှင့် လမ်းလွဲခြင်းများကို ဖော်ထုတ်ပြီး ဖြေရှင်းနိုင်သလော။ သင်သည် ယင်းတို့ကို မဖော်ထုတ်နိုင်ပါက သင်သည် ယင်းတို့ကို ဖြေရှင်းနိုင်မည်လည်း မဟုတ်ပေ။ အယောင်ဆောင်ခေါင်းဆောင်များက ဧဝံဂေလိအလုပ်ကို တာဝန်ယူနေစဉ်အတွင်း စိစစ်ခြင်း သို့မဟုတ် ကြီးကြပ်ခြင်း အခန်းကဏ္ဍတွင် မည်သို့မျှ ပါဝင်ခြင်းမရှိပေ၊ ၎င်းတို့သည် မိမိတို့အောက်ရှိသူများကို ၎င်းတို့အလိုရှိသလို ပြုလုပ်ခွင့်ပေးရုံသာ ပြုကြရာ ထိုသို့ဖြင့် မည်သူမဆို မိမိတို့အလိုရှိသလို အမှုအရာများကို လုပ်ဆောင်နိုင်ပြီး မိမိတို့အလိုရှိသော မည်သူ့ကိုမဆို တရားဟောနိုင်သည်၊ ကျင့်သုံးသော စည်းမျဉ်းများ သို့မဟုတ် စံနှုန်းများ လုံးဝ မရှိပေ။ အချို့လူများသည် မိမိတို့အမှုအရာများကို လုပ်ဆောင်သည့်အခါ စိတ်ကူးပေါက်သလို ပြုမူကြပြီး ဆင်ခြင်တုံတရားနှင့် အထူးသဖြင့် စည်းမျဉ်းများ ကင်းမဲ့ကာ မကောင်းမှုများကို မဆင်မခြင် ကျူးလွန်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤကိစ္စရပ်များကို လုံးဝ ရှာဖွေတွေ့ရှိရန် သို့မဟုတ် ဖော်ထုတ်ရန် ပျက်ကွက်ကြသည်။

တောင်အမေရိကနှင့် အာဖရိကတွင် အချို့သောဆင်းရဲသားများသည် ဧဝံဂေလိအလုပ်မှတစ်ဆင့် အသင်းတော်ထဲသို့ ဆောင်သွင်းခြင်းခံခဲ့ရသည်ဟု ဆိုကြသည်။ ဤလူများတွင် ပုံမှန်ဝင်ငွေမရှိဘဲ အစားအစာ လုံလောက်စွာရရှိရေးနှင့် ရှင်သန်ရေးသည်ပင် ပြဿနာများဖြစ်စေသည်။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ “ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်ပြီး ကယ်တင်ခြင်းခံရရန်အတွက် လူတစ်ဦးသည် ဦးစွာ အစားအစာ လုံလောက်စွာ စားသုံးရမည်၊ ဟုတ်သည် မဟုတ်လော။ သို့ဆိုလျှင် ဘုရားအိမ်တော်က ကယ်ဆယ်ရေးကို ထောက်ပံ့ပေးသင့်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပါက ကျွန်ုပ်တို့သည် ၎င်းတို့ထံ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်အနည်းငယ်ကို ဖြန့်ဝေပေးနိုင်ပါသည်။ ၎င်းတို့တွင် ကွန်ပျူတာ သို့မဟုတ် ဖုန်းများ မရှိပါ၊ ထို့ကြောင့် ၎င်းတို့က တာဝန်များထမ်းဆောင်ရန် တောင်းဆိုပါက ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် တာဝန်များကို စိတ်ရင်းမှန်ဖြင့် ထမ်းဆောင်လိုခြင်း ရှိမရှိကို ကြည့်ရန် စုံစမ်းမေးမြန်းမှုအချို့ ပြုလုပ်ပါ” ဟု ပြောဆိုခဲ့သော ခေါင်းဆောင်များ ရှိခဲ့သည်။ စုံစမ်းမေးမြန်းခြင်းမှတစ်ဆင့် ဤလူများသည် လက်ရှိတွင် ငွေမရှိကြောင်း၊ သို့သော် ၎င်းတို့တွင် ငွေရှိပြီး ဗိုက်ဝအောင် စားနိုင်ပါက ဧဝံဂေလိတရားဟောရန်နှင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် အပြင်ထွက်လိုကြမည်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဤအခြေအနေများကို နားလည်ပြီးနောက် ခေါင်းဆောင်များသည် ကယ်ဆယ်ရေး ရန်ပုံငွေများကို လစဉ်ထုတ်ပေးလျက် စတင် ဖြန့်ဝေခဲ့သည်။ ဤလူများအတွက် အစားအစာနှင့် ယာယီနေရာထိုင်ခင်း၊ အင်တာနက်ဖိုးပင်လျှင်၊ ဖုန်းများ၊ ကွန်ပျူတာများနှင့် အခြားစက်ပစ္စည်းများအား ဘုရားအိမ်တော်၏ ငွေဖြင့် ပေးချေခဲ့သည်။ ဤလူများထံ ငွေဖြန့်ဝေခြင်းသည် ဧဝံဂေလိအလုပ်ကို ဖြန့်ဝေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ ရှင်သန်မှုအတွက် ကယ်ဆယ်ရေးကို ထောက်ပံ့ပေးရန်သာ ဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းများနှင့် ကိုက်ညီခဲ့သလော။ (မကိုက်ညီပါ။) ဧဝံဂေလိတရားဟောသည့်အခါနှင့် အသက်မွေးဝမ်းကျောင်းနည်းလမ်းမရှိသော ဆင်းရဲသားများကို ကြုံတွေ့သည့်အခါ ၎င်းတို့သည် ဤအလုပ်၏အဆင့်ကို လက်ခံနိုင်သမျှကာလပတ်လုံး ၎င်းတို့ကို အကူအညီ ပေးသင့်သည်ဟူသော စည်းမျဉ်းတစ်ခု ဘုရားအိမ်တော်၌ ရှိပါသလော။ ထိုသို့သော စည်းမျဉ်းတစ်ခု ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် ဤခေါင်းဆောင်များသည် မည်သည့်စည်းမျဉ်းအပေါ်တွင် ၎င်းတို့ထံ ကယ်ဆယ်ရေး ရန်ပုံငွေများကို ဖြန့်ဝေခဲ့ကြသနည်း။ ၎င်းတို့က ဘုရားအိမ်တော်တွင် ငွေရှိသော်လည်း သုံးစွဲရန်နေရာမရှိဟု ထင်သောကြောင့်လော၊ သို့မဟုတ် ဤလူများကို အလွန်သနားစရာကောင်းသည်ဟု ယူဆသောကြောင့်လော၊ သို့မဟုတ် ဤလူတို့သည် ဧဝံဂေလိတရားကို ဖြန့်ဝေရာတွင် ကူညီကြလိမ့်မည်ဟု မျှော်လင့်သောကြောင့်လော။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အတိအကျ အဘယ်နည်း။ ၎င်းတို့သည် မည်သည့်အရာကို စွမ်းဆောင်ရရှိရန် ကြိုးစားနေခဲ့ကြသနည်း။ ဖုန်းများ၊ ကွန်ပျူတာများနှင့် နေထိုင်စရိတ်များကို ဖြန့်ဝေခြင်းနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် ကြီးစွာသော စိတ်အားထက်သန်မှုကို ပြသခဲ့ကြသည်၊ ၎င်းတို့သည် အခြားသူများအား အကျိုးပြုသည့် ထိုသို့သောအလုပ်တွင် ပါဝင်ခြင်းကို နှစ်သက်ခဲ့ကြသည်၊ အကြောင်းမှာ ယင်းက ၎င်းတို့အား ဤလူတို့အား မျက်နှာလုပ်ပြီး ၎င်းတို့၏ စိတ်နှလုံးကို စည်းရုံးသိမ်းသွင်းခွင့်ရသောကြောင့်ဖြစ်ကာ ၎င်းတို့သည် ဤသို့သော တာဝန်မျိုးတွင် အထူးသဖြင့် စိတ်အားထက်သန်ကြသဖြင့် ပို၍ပို၍ လုပ်ဆောင်ကြပြီး အရှက်တရား စိုးစဉ်းမျှ မရှိခဲ့ကြပေ။ ဤသည်မှာ လူတို့ထံ မျက်နှာလုပ်ပြီး ၎င်းတို့၏ စိတ်နှလုံးကို စည်းရုံးသိမ်းသွင်းရန် ဘုရားသခင်၏ငွေကို အသုံးပြုနေခြင်းဖြစ်သည်။ အမှန်တကယ်တွင် ဤဆင်းရဲသော လူပုဂ္ဂိုလ်များသည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ခဲ့ကြပေ၊ ၎င်းတို့သည် မိမိတို့၏ဗိုက်ကို ဖြည့်တင်းရန်နှင့် အသက်မွေးဝမ်းကျောင်းပြုရန် နည်းလမ်းတစ်ခုကို ရှာဖွေရန်သာ ကြိုးစားနေခဲ့ကြခြင်းဖြစ်သည်။ ထိုသို့သောလူများသည် သမ္မာတရား သို့မဟုတ် ကယ်တင်ခြင်းကို ရရှိရန် ရှာဖွေနေခဲ့ကြခြင်း မဟုတ်ပေ။ ဘုရားသခင်သည် ဤလူများကို ကယ်တင်မည်လော။ အချို့သည် တာဝန်တစ်ခုကို ထမ်းဆောင်လိုလျှင်ပင် စိတ်ရင်းမှန်ဖြင့် မဟုတ်ဘဲ ဖုန်းများနှင့် ကွန်ပျူတာများ၊ ဘဝ၏ သက်သောင့်သက်သာရှိမှုများအတွက် လိုအင်ဆန္ဒ၏ စေ့ဆော်မှုကြောင့်သာ ဖြစ်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို ဂရုမစိုက်ခဲ့ပေ၊ တစ်စုံတစ်ဦးက တာဝန်တစ်ခုကို ထမ်းဆောင်လိုသမျှ ကာလပတ်လုံး ၎င်းတို့သည် ထိုသူတို့ကို ဂရုစိုက်ခဲ့ကြပြီး အိမ်ရာနှင့် အစားအစာအတွက် ငွေထောက်ပံ့ပေးရုံသာမက ကွန်ပျူတာများ၊ ဖုန်းများနှင့် အမျိုးမျိုးသော စက်ပစ္စည်းများကိုလည်း ဝယ်ယူပေးခဲ့ကြသည်။ သို့သော် ဤလူများသည် မိမိတို့၏တာဝန်များကို အကျိုးတစ်စက်မျှ စွမ်းဆောင်ရရှိခြင်း မရှိဘဲ ထမ်းဆောင်ခဲ့ကြသည်မှာ ထင်ရှားပေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ငွေကို လွှင့်ပစ်နေခဲ့ကြသည်သာ မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ ရက်ရောမှုကို ပြသရန် ဘုရားအိမ်တော်၏ငွေကို အသုံးပြုနေခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်လော။ (မဟုတ်ပါ။) ဤသူတို့သည် အယောင်ဆောင်ခေါင်းဆောင်များ မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်များသည် ကောင်းမြတ်ဟန်ဆောင်ခြင်း၊ စေတနာကောင်းဟန်ဆောင်ခြင်းနှင့် ကြင်နာဟန်ဆောင်ခြင်းတို့ကို နှစ်သက်ကြသည်။ သင်သည် ကြင်နာမှုကို ပြသလိုပါက ကောင်းပါသည်၊ သင်၏ကိုယ်ပိုင်ငွေကိုသာ အသုံးပြုလော့။ ၎င်းတို့တွင် အဝတ်အစားမရှိပါက သင်၏ကိုယ်ပိုင်အဝတ်ကို ချွတ်ပြီး ၎င်းတို့အား ပေးလော့၊ ဘုရားသခင်၏ ပူဇော်သက္ကာများကို မသုံးစွဲနှင့်။ ဘုရားသခင်၏ ပူဇော်သက္ကာများသည် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအလုပ်အတွက် ရည်ရွယ်သည်၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ဖြန့်ဝေရန်အတွက် မဟုတ်သကဲ့သို့ ဆင်းရဲသားများကို အကူအညီ ပေးရန်အတွက်လည်း သေချာပေါက် မဟုတ်ပေ။ ဘုရားအိမ်တော်သည် လူမှုဖူလုံရေး အဖွဲ့အစည်းတစ်ခု မဟုတ်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ကြသကဲ့သို့ သမ္မာတရား သို့မဟုတ် အသက်ကို ထောက်ပံ့ပေးရန်မှာ သာ၍ပင် မတတ်နိုင်ကြပေ။ ၎င်းတို့သည် လူတို့ထံ မျက်နှာလုပ်ပြီး မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထိန်းသိမ်းရန်အတွက် ဘုရားသခင်၏ ပူဇော်သက္ကာများကို အသုံးပြု၍ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ဖြန့်ဝေရန်ကိုသာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အရှက်မရှိသော အမွေဖြုန်းသူများ မဟုတ်လော။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များကို တွေ့ရှိပါက မည်သူမဆို ၎င်းတို့ကို အချိန်မီ ဖော်ထုတ်ပြီး တားဆီးနိုင်သလော။ မည်သူမျှ ၎င်းတို့ကို တားဆီးရန် မရပ်တည်ခဲ့ပေ။ အထက်က တွေ့ရှိပြီး ယင်းကို မတားဆီးခဲ့ပါက လူတို့အား အကျိုးကျေးဇူးများ ပေးဆောင်ရန် ဘုရားသခင်၏ငွေကို အသုံးပြုသည့် အလေ့အကျင့်သည် မည်သည့်အခါမျှ အဆုံးသတ်မည်မဟုတ်ပေ။ ထိုဆင်းရဲသားများသည် ပို၍ပို၍ လက်ဖြန့်တောင်းပြီး အစဉ်သဖြင့် ပို၍တောင်းဆိုကြသည်။ ၎င်းတို့သည် မတင်းတိမ်နိုင်ကြချေ။ သင် မည်မျှပင် ပေးပါစေ၊ မည်သည့်အခါမျှ မလုံလောက်ပေ။ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောသူများသည် ကယ်တင်ခြင်းခံရရန်အလို့ငှာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် မိမိတို့၏မိသားစုများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို စွန့်လွှတ်နိုင်ကြပြီး ဘဝတွင် အခက်အခဲများ ကြုံတွေ့ရလျှင်ပင် ဘုရားအိမ်တော်ထံမှ အရာများကို အဆက်မပြတ် တောင်းဆိုခြင်းမရှိဘဲ မိမိတို့ဘာသာ ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေနိုင်ကြသည်။ ၎င်းတို့သည် မိမိတို့ဘာသာ ဖြေရှင်းနိုင်သည့်အရာကို ဖြေရှင်းကြပြီး ဖြေရှင်းနိုင်စွမ်း မရှိသည့်အရာအတွက်မူ ဘုရားသခင်ထံ ဆုတောင်းပြီး တွေ့ကြုံခံစားရန် မိမိတို့၏ယုံကြည်ခြင်းကို အားကိုးကြသည်။ ဘုရားအိမ်တော်က မိမိတို့၏ နေထိုင်စရိတ်များကို ထောက်ပံ့ပေးပြီး မိမိတို့ကို ထောက်ပံ့ပေးရန် မျှော်လင့်လျက် ဘုရားသခင်ထံ အမြဲတမ်း တောင်းရမ်းနေသောသူများသည် လုံးဝ ဆင်ခြင်တုံတရား ကင်းမဲ့နေကြသည်။ ၎င်းတို့သည် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်လိုခြင်းမရှိဘဲ ဘဝကို ခံစားလိုကြကာ ဘုရားအိမ်တော်ထံမှ အရာများကို တောင်းဆိုရန် မိမိတို့၏ လက်များကို ဆန့်တန်းရန်သာ သိကြပြီး ထိုသို့ပြုလုပ်လျှင်ပင် မည်သည့်အခါမျှ မလုံလောက်ပေ။ ၎င်းတို့သည် သူတောင်းစားဂိုဏ်း မဟုတ်လော။ ပြီးလျှင် အယောင်ဆောင်ခေါင်းဆောင်များဖြစ်သည့် ဤလူ့ငတုံးများသည် အကျိုးကျေးဇူးများကို ဆက်လက်ပေးကမ်းနေခဲ့ကြပြီး မရပ်တန့်ဘဲ လူတို့၏ ကျေးဇူးတင်မှုကို ရရှိရန် အဆက်မပြတ် နှစ်သက်စေကာ ထိုသို့သောလုပ်ရပ်များသည် ဘုရားသခင်ကို ဘုန်းထင်ရှားစေသည်ဟုပင် တွေးထင်နေကြသည်။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ အနှစ်သက်ဆုံး လုပ်ဆောင်သည့်အရာများ ဖြစ်သည်။ သို့ဆိုလျှင် ဤကိစ္စရပ်များကို ဖော်ထုတ်နိုင်သူ၊ ဤပြဿနာများ၏ အနှစ်သာရကို ထိုးထွင်းမြင်နိုင်သူ တစ်စုံတစ်ဦး ရှိသလော။ ခေါင်းဆောင်အများစုသည် “မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်သည် ဧဝံဂေလိအလုပ်၏ တာဝန်ခံမဟုတ်ပါ၊ အဘယ်ကြောင့် ဤအရာများကို ဂရုစိုက်သင့်သနည်း။ သုံးစွဲနေသည့်ငွေမှာ ကျွန်ုပ်၏ငွေ မဟုတ်ပါ။ ကျွန်ုပ်၏ကိုယ်ပိုင်အိတ်ကပ်ထဲမှ ငွေသား မထိခိုက်သမျှကာလပတ်လုံး အဆင်ပြေပါသည်။ သင်တို့သည် သင်တို့အလိုရှိသော မည်သူ့ကိုမဆို ပေးနိုင်သည်၊ ယင်းက ကျွန်ုပ်နှင့် အဘယ်သို့ သက်ဆိုင်သနည်း။ ထိုငွေသည် ကျွန်ုပ်၏ ပိုက်ဆံအိတ်ထဲသို့ ရောက်လာခြင်း မဟုတ်” ဟု တွေးထင်လျက် မျက်စိမှိတ် လျစ်လျူရှုကြသည်။ ပတ်ဝန်းကျင်တွင် ဤသို့သော တာဝန်မဲ့သူများ အများအပြား ရှိကြသည်၊ သို့သော် ဘုရားအိမ်တော်အမှုကို မည်မျှသောသူတို့က ထောက်မနိုင်မည်နည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။