ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄) အခန်း လေး

ယခုအခါတွင် နိုင်ငံရပ်ခြား ဧဝံဂေလိအလုပ်ကို ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့စွာ ဆောင်ရွက်လျက်ရှိသည်။ အချို့နိုင်ငံများတွင် သမ္မာတရားကို လက်ခံနိုင်သောသူ ပို၍များသော်လည်း အခြားနိုင်ငံများတွင်မူ လူတို့၏ အစွမ်းအစက ပို၍နိမ့်ကျရာ ရလဒ်အနေဖြင့် သမ္မာတရားကို လက်ခံနိုင်သောသူ ပို၍နည်းပါးသည်။ အချို့နိုင်ငံများတွင် ယုံကြည်မှု လွတ်လပ်ခွင့် ကင်းမဲ့ပြီး မှန်သောလမ်းခရီးနှင့် ဘုရားသခင်၏ အလုပ်ကို ပြင်းထန်စွာ အတိုက်အခံလုပ်ကြောင်း ပြသကြရာ သမ္မာတရားကို ထိုမျှလူများများစားစား လက်မခံနိုင်ကြပေ။ ထို့အပြင် အချို့နိုင်ငံများ၏ လူတို့သည် အလွန်ခေတ်နောက်ကျပြီး အလွန်ညံ့ဖျင်းသော အစွမ်းအစရှိကြရာ မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ သမ္မာတရားကို နားမလည်နိုင်ကြဘဲ ထိုနေရာရှိ လူတို့သည် သမ္မာတရားကို မမီနိုင်ကြဟု ထင်ရသည်။ ထိုသို့သော နေရာများတွင် ဧဝံဂေလိတရားမဟောသင့်ပေ။ သို့သော်လည်း ဧဝံဂေလိတရားဟောသူတို့သည် ပြဿနာ၏ အနှစ်သာရကို မြင်ရန် အရေးနိမ့်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သောသူတို့အား တရားမဟောဘဲ ပိုမိုလွယ်ကူသည့်အရာများကို လျစ်လျူရှုပြီး ကိုင်တွယ်ရခက်သည့်အရာများကိုသာ မရမက ရှာဖွေကြသည်။ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေပြီး ဖြစ်သည့်အပြင် တရားဟောရန် လွယ်ကူသော နေရာများတွင် ၎င်းတို့ တရားမဟောကြပေ။ ထိုအစား ၎င်းတို့သည် ထိုဆင်းရဲပြီး ခေတ်နောက်ကျသော နေရာများတွင် မရမက ဧဝံဂေလိတရားဟောကြကာ အဆိုးရွားဆုံးသော အစွမ်းအစရှိပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်း မရှိသော လူအုပ်စုများအား မရမက တရားဟောပြီး ဘုရားသခင်ကို အပြင်းထန်ဆုံးသော ဘာသာရေး အယူအဆများနှင့် အပြင်းထန်ဆုံးသော အတိုက်အခံလုပ်ခြင်းတို့ရှိသည့် လူမျိုးစုများအား မရမက တရားဟောကြသည်။ ဤသည်မှာ လမ်းလွဲခြင်းတစ်ခု မဟုတ်လော။ ဥပမာအားဖြင့် ခရစ်ယာန်ဘာသာကို ရန်သူအဖြစ် မှတ်ယူပြီး ယင်းကို ညှဉ်းပန်း၍ပင်နှိပ်စက်သည့် ဂျူးဘာသာနှင့် အမြစ်တွယ်နေသော လူမျိုးရေးဘာသာတရားအချို့ကို ကြည့်လော့။ ဤသို့သော နိုင်ငံများနှင့် လူမျိုးစုများ၏ အခြေအနေတွင် လုံးဝ ဧဝံဂေလိ တရားမဟောသင့်ပေ။ အဘယ်ကြောင့် တရားမဟောသင့်သနည်း။ အကြောင်းမှာ တရားဟောခြင်းသည် အချည်းနှီးဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် လူအင်အား၊ ဘဏ္ဍာရေး အရင်းအမြစ်များနှင့် ရုပ်ဝတ္ထု အရင်းအမြစ်များအားလုံးကို အသုံးပြုလျှင်ပင် သိသာထင်ရှားသော ရလဒ်တစ်ခုတလေကိုမျှ မမြင်ရဘဲ သုံးနှစ်၊ ငါးနှစ် သို့မဟုတ် ဆယ်နှစ်ပင် ကြာသွားနိုင်သည်။ ဤအခြေအနေကို ထောက်ရှု၍ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ အစပိုင်းတွင် ပို၍ကောင်းသည့်အရာကို မသိသဖြင့် ကြိုးစားကြည့်ကောင်း ကြိုးစားကြည့်နိုင်သည်။ သို့သော် ၎င်းတို့အား ကြီးမားသော အဖိုးအခဖြင့် ဧဝံဂေလိတရားဟောခြင်းသည် အဆုံးတွင် ကောင်းသောရလဒ်များကို မလွဲမသွေ ဖြစ်ထွန်းစေမည်မဟုတ်ဟူသည့် အခြေအနေများကို ရှင်းလင်းစွာ မြင်တွေ့ပြီးသည့်အခါတွင်မူ အခြားလမ်းကြောင်းတစ်ခု၊ ရလဒ်များကို စွမ်းဆောင်ရရှိနိုင်သည့် လမ်းကြောင်းတစ်ခုကို ရွေးချယ်ရမည်ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ထွင်းဖောက်သိမြင်သင့်သည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို နားမလည်ကြပေ။ နိုင်ငံရပ်ခြားတွင် ဧဝံဂေလိတရားကို မည်သည့်နေရာမှ စတင်ဖြန့်ဝေရမည်နှင့် ပတ်သက်လာလျှင် အချို့က “အစ္စရေးနိုင်ငံမှ စတင်လော့။ အစ္စရေးသည် ဘုရားသခင်၏ ပထမ အမှုတော် အဆင့်နှစ်ဆင့်အတွက် အခြေစိုက်ရာဖြစ်ခဲ့သဖြင့် ထိုနေရာတွင် တရားဟောရမည်ဖြစ်သည်။ မည်မျှပင် ခက်ခဲပါစေ ကျွန်ုပ်တို့သည် ၎င်းတို့အား တရားဟောခြင်းကို ဇွဲရှိရှိဖြင့် လုပ်ဆောင်ရမည်”ဟု ပြောဆိုကြသည်။ သို့သော်လည်း အချိန်ကြာမြင့်စွာ တရားဟောပြီးနောက်တွင် သိသာထင်ရှားသော ရလဒ်များ မရှိဘဲ စိတ်ပျက်ခြင်းသို့သာ ဆိုက်ရောက်စေသည်။ ဤအချိန်တွင် ခေါင်းဆောင်များသည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းသည် အစွမ်းအစနှင့် ဝန်တာထားစိတ် ရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါက ၎င်းက ဤသို့ပြောဆိုမည်ဖြစ်သည်။ “ကျွန်ုပ်တို့၏ ဧဝံဂေလိ တရားဟောခြင်းတွင် စည်းမျဉ်းမရှိပါ၊ ကျွန်ုပ်တို့သည် အခြေအနေအရ လိုက်လျောညီထွေ ပြုမူတတ်ခြင်း မရှိဘဲ ကျွန်ုပ်တို့၏ စိတ်ကူးများကို အခြေခံ၍သာ အမှုအရာများကို ရှုမြင်ကြသည်၊ ယင်းမှာ ကျွန်ုပ်တို့ အလွန်ပင် ရိုးစင်းခြင်း ဖြစ်သည်တကား။ ဤလူတို့၏ မိုက်မဲခြင်း၊ ခေါင်းမာခြင်းနှင့် အဓိပ္ပာယ်မရှိခြင်းတို့သည် ကျွန်ုပ်တို့ မျှော်လင့်ထားသည့်အရာများ မဟုတ်ခဲ့ပါ။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ထောင်ပေါင်းများစွာ ယုံကြည်ခဲ့ကြသောကြောင့် ဘုရားသခင်၏ ဧဝံဂေလိတရားကို ပထမဆုံး ကြားနာသင့်သည်ဟု ကျွန်ုပ်တို့ ထင်မှတ်ခဲ့ကြသော်လည်း ကျွန်ုပ်တို့ မှားယွင်းစွာ ထင်မှတ်ခဲ့ကြသည်၊ ၎င်းတို့သည် အလွန်ပင် အဓိပ္ပာယ်မရှိပါတကား။ အမှန်တကယ်တွင် ဘုရားသခင်သည် ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်နေစဉ်ကပင် ၎င်းတို့ကို စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။ ယခုအခါတွင် ကျွန်ုပ်တို့ ပြန်သွားပြီး ၎င်းတို့အား တရားဟောခြင်းသည် အချည်းနှီး ကြိုးပမ်းမှုတစ်ခုတွင် ပါဝင်ခြင်းသာ ဖြစ်ပေမည်၊ ယင်းမှာ အချည်းနှီး အလုပ်လုပ်ခြင်းနှင့် မိုက်မဲစွာ ပြုမူခြင်းသာ ဖြစ်ပေမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်မှု လွဲမှားခဲ့ကြသည်။ ဘုရားသခင်သည် ဤကိစ္စရပ်အပေါ် အမှုမပြုပါ၊ သို့ဖြစ်၍ ကျွန်ုပ်တို့ လူသားများသည် မည်သည့်နည်းလမ်းများဖြင့် ယင်းကို လုပ်ဆောင်နိုင်မည်နည်း။ ကျွန်ုပ်တို့ ကြိုးစားကြည့်ပြီး ဖြစ်သော်လည်း မည်သို့ပင် တရားဟောပါစေ ၎င်းတို့သည် မှန်သောလမ်းခရီးကို လက်မခံကြပေ။ ကျွန်ုပ်တို့သည် ယခုလောလောဆယ် လက်လျှော့ထားသင့်သည်၊ ၎င်းတို့ကို ဘေးဖယ်ထားသင့်ပြီး လောလောဆယ် ၎င်းတို့ကို အာရုံမစိုက်သင့်ပေ။ ရှာဖွေလိုစိတ်ရှိသောသူများ ရှိပါက ကျွန်ုပ်တို့သည် ၎င်းတို့ကို ကြိုဆိုပြီး ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ ၎င်းတို့အား သက်သေခံကြမည်။ ရှာဖွေသူ တစ်ဦးတစ်ယောက်မျှ မရှိပါက ကျွန်ုပ်တို့သည် ၎င်းတို့ကို တက်ကြွစွာ ရှာဖွေရန် မလိုအပ်ပေ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဧဝံဂေလိ တရားဟောခြင်း၏ စည်းမျဉ်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် စည်းမျဉ်းများကို လိုက်နာနိုင်သလော။ (မလိုက်နာနိုင်ပါ။) အယောင်ဆောင်ခေါင်းဆောင်များသည် ညံ့ဖျင်းသော အစွမ်းအစရှိကြပြီး ကိစ္စရပ်၏ အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်ကြပေ၊ ၎င်းတို့က “ဣသရေလလူတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ ဖြစ်သည်ဟု ဘုရားသခင် မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် မည်သည့်အချိန်တွင်မျှ ၎င်းတို့ကို လက်မလျှော့နိုင်ပေ။ ၎င်းတို့သည် ပထမနေရာတွင် ရှိသင့်သည်၊ ကျွန်ုပ်တို့သည် အခြားနိုင်ငံများရှိ လူတို့အား တရားမဟောမီ ၎င်းတို့အား ဦးစွာ တရားဟောရန် လိုအပ်သည်။ ဘုရားသခင်၏ အလုပ်သည် အစ္စရေးနိုင်ငံတွင် ဖြန့်ဝေခြင်းခံရမည်ဆိုလျှင် ယင်းမှာ ဘုန်းအသရေ ကြီးမြတ်လိုက်မည် ဖြစ်ခြင်းပါတကား။ ဘုရားသခင်သည် အစ္စရေးနိုင်ငံမှ အရှေ့အရပ်သို့ ဘုန်းအသရေကို ဆောင်ကြဉ်းခဲ့ပြီး ကျွန်ုပ်တို့သည် ထိုဘုန်းအသရေကို အရှေ့အရပ်မှ အစ္စရေးနိုင်ငံသို့ ပြန်လည်ဆောင်ကြဉ်းသင့်ကာ ဘုရားသခင် ပြန်ကြွလာပြီဖြစ်ကြောင်း ၎င်းတို့အား မြင်တွေ့စေသင့်သည်”ဟု ပြောဆိုကြလိမ့်မည်။ ဤသည်မှာ ဆောင်ပုဒ်တစ်ခုမျှသာ မဟုတ်လော။ ဤသည်မှာ အချက်အလက်များနှင့် ကိုက်ညီသလော။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောသူများ ပြောဆိုမည့်အရာ ဖြစ်သည်။ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သည့် ထိုအယောင်ဆောင်ခေါင်းဆောင်များမူကား ၎င်းတို့သည် ဤအရာများကို အရေးမစိုက်ကြပေ။ ဧဝံဂေလိတရားဟောနေသည့် လူတို့သည် ဤကိစ္စရပ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြသည်မှာ ကြာပြီဖြစ်ပြီး လက်လျှော့ရကောင်းနိုး၊ ဆက်လက်တရားဟောရကောင်းနိုးဖြင့် ဗျာများလျက် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသေမချာ ဖြစ်နေကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤသည်မှာ ပြဿနာတစ်ခုဖြစ်ကြောင်း လုံးဝ သတိမထားမိကြပေ။ ဤလူတို့ လမ်းကြောင်းမရှိသဖြင့် စိုးရိမ်ပူပန်နေကြသည်ကို မြင်သောအခါ ၎င်းတို့က “စိုးရိမ်ပူပန်စရာ အဘယ်အရာ ရှိသနည်း။ ကျွန်ုပ်တို့တွင် သမ္မာတရားနှင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရှိသည်၊ ၎င်းတို့ကို တရားဟောလိုက်ရုံသာ ဖြစ်သည်”ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက “သင် နားမလည်ပါ၊ ဤလူတို့ကို တရားဟောရန် အမှန်တကယ် ခက်ခဲပါသည်”ဟု ပြောဆိုသည်။ ခေါင်းဆောင်များက ဖြေရှင်းပေးရန် လိုအပ်သည့် သိသာထင်ရှားသော ကိစ္စရပ်များ အလုပ်တွင် ပေါ်ပေါက်လာသည့်အခါတွင် ထိုခေါင်းဆောင်များသည် ဆောင်ပုဒ်များကို ဟစ်ကြွေးပြီး အနှစ်သာရမရှိသော စကားများကို ပြောဆိုနေဆဲ ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များထံမှ မျှော်လင့်ထားသည့် အပြုအမူ ဟုတ်သလော။ ထိုသို့သော ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများကို တရားဟောသင့်သည်၊ မသင့်သည်ကို မေးမြန်းသည့်အခါ ၎င်းတို့က “လူတိုင်းကို တရားဟောသင့်သည်၊ အထူးသဖြင့် ဣသရေလလူတို့ကိုမူ သေချာပေါက် တရားဟောသင့်သည်”ဟု ပြောဆိုကြသည်။ ဤစကားများတွင် ပြဿနာတစ်ခုတလေကို သင်တို့ ကြားသလော။ ဤသည်မှာ ၎င်းတို့ ကိုင်တွယ်ရန် လိုအပ်သည့် ဧဝံဂေလိအလုပ်တွင် လမ်းလွဲခြင်းတစ်ခု၊ ချို့ယွင်းချက်တစ်ခုဖြစ်ကြောင်း ၎င်းတို့ သိကြသလော။ ဤဆန်ကုန်မြေလေးများသည် မသိကြဘဲ ထိုနေရာတွင် စကားကြီးစကားကျယ်များကို ပြောဆိုကာ ဆောင်ပုဒ်များကို ဟစ်ကြွေးနေဆဲဖြစ်သည်၊ ၎င်းတို့သည် အမှန်တကယ်ပင် အသုံးမကျသည့် အမှိုက်သရိုက်များ ဖြစ်ကြပါတကား။ သို့တိုင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ပါးနပ်သည်ဟုလည်းကောင်း၊ အစွမ်းအစရှိပြီး ထက်မြက်သည်ဟုလည်းကောင်း ထင်မှတ်ကြသည်။ ဤမျှကြီးမားသော ချို့ယွင်းချက်နှင့် လမ်းလွဲခြင်းတစ်ခု အလုပ်တွင် ပေါ်ပေါက်ခဲ့သည်ကို ၎င်းတို့ သတိပင်မထားမိကြပေ၊ ၎င်းတို့သည် ယင်းကို စတင်ဖြေရှင်းနိုင်မည်လော။ ယင်းမှာ သာ၍ပင် ဖြစ်နိုင်ခြေ နည်းပါးသည်။ ဧဝံဂေလိတရားဟောသူတို့အားလုံးသည် အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်၊ ဧဝံဂေလိအလုပ်သည် ထိခိုက်နစ်နာကာ အဟန့်အတားဖြစ်ပြီး ချောမွေ့စွာ ရှေ့မဆက်နိုင်တော့သော်လည်း အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်တွင် ဖြစ်ပေါ်နေသည့် လမ်းလွဲခြင်းအကြောင်းကို အံ့ဩဖွယ်ရာပင် အရိပ်အမြွက်မျှ မသိကြပေ။ လူအများစုသည် အလုပ်တွင် ပြဿနာများ သို့မဟုတ် လမ်းလွဲခြင်းများကို ကြုံတွေ့ရသည့်အခါ မကြာခဏဆိုသလို ဂရုမစိုက်ကြ၊ သတိမပြုမိကြဘဲ မှားယွင်းသော ချဉ်းကပ်နည်းကို မဆင်မခြင်ဘဲ ခေါင်းမာစွာ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည်လည်း အခြေအနေကို ချက်ချင်းနားလည်ပြီး သဘောမပေါက်ပါက ပြဿနာသည် ပြင်းထန်လာပြီး အလုပ်၏ တိုးတက်မှုကို ထိခိုက်သည့်အချိန်၊ လူအများစုက ပြဿနာကို ရှာဖွေတွေ့ရှိနိုင်သည့်အချိန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အကြံအိုက်သွားကြသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ပျက်ကွက်ခြင်းကြောင့် ဖြစ်ရသည်။ သို့ဆိုလျှင် ၎င်းတို့သည် ထိုသို့သော ပြင်းထန်သည့် အကျိုးဆက်များကို မည်သို့ ရှောင်ရှားနိုင်မည်နည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်ကို ပုံမှန်စစ်ဆေးရမည်ဖြစ်ပြီး အလုပ်၏ လက်ရှိအခြေအနေနှင့် တိုးတက်မှုကို ချက်ချင်းနားလည်ရမည်ဖြစ်သည်။ အလုပ်၏ ထိရောက်မှု မမြင့်မားကြောင်း တွေ့ရှိပါက ၎င်းတို့သည် မည်သည့်အပိုင်းတွင် ချို့ယွင်းချက်များနှင့် ပြဿနာများ ရှိသည်ကို ကြည့်ရှုရမည်ဖြစ်ပြီး ဤသို့တွေးတောဆင်ခြင်ရမည်ဖြစ်သည်။ “ယခုလောလောဆယ် ဤလူတို့သည် အလုပ်များနေပုံရသော်လည်း အဘယ်ကြောင့် သိသာထင်ရှားသော ထိရောက်မှုတစ်စုံတစ်ရာ မရှိရသနည်း။ ဧဝံဂေလိအဖွဲ့၏ အလုပ်ကဲ့သို့ပင် လူများစွာတို့သည် နေ့စဉ် ဧဝံဂေလိတရားဟောပြီး သက်သေခံကြသည့်အပြင် ဤအလုပ်တွင် ပူးပေါင်းဆောင်ရွက်သည့် လူအချို့လည်း ရှိနေသဖြင့် အဘယ်ကြောင့် လစဉ် လူအများအပြားကို မရရှိရသနည်း။ မည်သည့်အပိုင်းတွင် ပြဿနာရှိသနည်း။ ပြဿနာကို မည်သူက ဖြစ်စေနေသနည်း။ ဤလမ်းလွဲခြင်းကို မည်သို့ ဖန်တီးခဲ့သနည်း။ မည်သည့်အချိန်တွင် စတင်ခဲ့သနည်း။ လူတိုင်း ယခုအခါတွင် မည်သည့်အရာကို လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ လက်ရှိ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများသည် မည်သည့်အခြေအနေ ရှိနေသည်ကိုလည်းကောင်း၊ ဧဝံဂေလိ တရားဟောခြင်း၏ ဦးတည်ရာသည် တိကျမှန်ကန်ခြင်း ရှိမရှိကိုလည်းကောင်း သိရှိရန် ကျွန်ုပ်သည် အဖွဲ့တစ်ခုစီတိုင်းထံ သွားရန် လိုအပ်သည်၊ ဤအရာအားလုံးကို ကျွန်ုပ် စုံစမ်းသိရှိရန် လိုအပ်သည်” ဟူ၍ဖြစ်သည်။ တိုင်ပင်ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆွေးနွေးခြင်းတို့မှတစ်ဆင့် အလုပ်ထဲရှိ လမ်းလွဲခြင်းများနှင့် ချို့ယွင်းချက်များသည် တဖြည်းဖြည်း ထင်ရှားလာသည်။ ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိပြီးသည်နှင့် ယင်းကို လျစ်လျူရှု၍မရပေ၊ ယင်းကို ဖြေရှင်းရမည်ဖြစ်သည်။ သို့ဆိုလျှင် အလုပ်တွင် ပေါ်ပေါက်သည့် အချို့သော ပြဿနာများ၊ လမ်းလွဲခြင်းများနှင့် ချို့ယွင်းချက်များကို မည်သို့သော ခေါင်းဆောင်မျိုးက ရှာဖွေတွေ့ရှိနိုင်သနည်း။ ဤခေါင်းဆောင်များသည် ဝန်တစ်ခုကို ထမ်းရန်၊ လုံ့လဝီရိယရှိရန်နှင့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်၏ အသေးစိတ်တိုင်းတွင် ပါဝင်ရန် လိုအပ်သည်၊ အပိုင်းတိုင်းကို နောက်ဆက်တွဲလိုက်လုပ်ခြင်း၊ နားလည်ခြင်းနှင့် သဘောပေါက်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်၊ လူတိုင်း မည်သည့်အရာကို လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ မည်သည့်အလုပ်ကို လုပ်ဆောင်ရန် လူအရေအတွက် မည်မျှက သင့်တော်သည်ကိုလည်းကောင်း၊ ကြီးကြပ်ရေးမှူးများမှာ မည်သူဖြစ်သည်ကိုလည်းကောင်း၊ ဤလူတို့၏ အစွမ်းအစမှာ မည်သည့်အဆင့် ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်း ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့၏ ထိရောက်မှုမှာ မည်သို့ဖြစ်သည်ကိုလည်းကောင်း၊ အလုပ်သည် မည်သို့ တိုးတက်နေသည်ကိုလည်းကောင်း စသည်တို့ကို သေချာစွာ သိရှိရမည်ဖြစ်သည်။ ဤအရာအားလုံးကို သေချာအောင် လေ့လာစိစစ်ရမည်။ ထို့အပြင် ဧဝံဂေလိအလုပ်၏ အရေးအကြီးဆုံးသော အပိုင်းမှာ ဧဝံဂေလိ တရားဟောသူများတွင် သမ္မာတရား ရှိမရှိ၊ လူတို့၏ အယူအဆများနှင့် ပြဿနာများကို ဖြေရှင်းရန် ရူပါရုံများနှင့်ဆိုင်သော သမ္မာတရားများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်ခြင်း ရှိမရှိ၊ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူတို့ကို လုံးလုံးလျားလျား ယုံကြည်စေရန်အလို့ငှာ ၎င်းတို့၌ လိုအပ်သည့်အရာကို ထောက်ပံ့ပေးနိုင်ခြင်း ရှိမရှိနှင့် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူတို့က ဘုရားသခင်၏ အသံတော်ကို ပို၍ကြားနာနိုင်ရန်အလို့ငှာ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ရာတွင် စကားစမြည်ပြောဆိုသည့် နည်းလမ်းကို ကျင့်သုံးနိုင်ခြင်း ရှိမရှိ ဖြစ်သည်။ ဥပမာအားဖြင့် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူတစ်ဦးသည် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အရေးပါမှုနှင့်စပ်ဆိုင်သော သမ္မာတရားများအကြောင်းကို လေ့လာလိုသော်လည်း ဧဝံဂေလိ တရားဟောသူတစ်ဦးက ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော အရေးပါမှုအကြောင်းနှင့် ဘာသာရေး အယူအဆများမှာ အဘယ်အရာဖြစ်သည်ကို အမြဲတမ်း ပြောဆိုနေပါက ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ လူတစ်ဦးသည် ၎င်းတို့ မည်သို့ ကယ်တင်ခြင်း ခံရနိုင်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြောင်းအရာမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း လေ့လာလိုရုံသာ ဖြစ်ပါက ဤသည်မှာ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်နှင့်စပ်ဆိုင်သော ရူပါရုံ သမ္မာတရားများအကြောင်း မိတ်သဟာယဖွဲ့ရမည့်အချိန် မဟုတ်လော။ (ဟုတ်ပါသည်။) သို့သော် ဤဧဝံဂေလိ တရားဟောသူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်းကိုလည်းကောင်း၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ ပါဝင်ကြောင်း သူ၏ ထုတ်ဖော်ချက်နှင့် အခြားထိုသို့သော အကြောင်းအရာများကိုလည်းကောင်း ဆက်လက်ပြောဆိုနေသည်။ တစ်ဖက်လူက ဘုရားသခင်၏ အလုပ်ကို လက်မခံမီတွင် ဧဝံဂေလိ တရားဟောသူသည် ၎င်းတို့အား ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်းကို စတင်ပြောဆိုပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်လေသည်။ ရလဒ်အနေဖြင့် ထိုလူသည် စိတ်ပျက်သွားပြီး ၎င်းတို့ လိုချင်သည့်အရာကို မရရှိဘဲ ဖြေရှင်းရန် လိုအပ်သည့် ၎င်းတို့၏ ပြဿနာများသည် မဖြေရှင်းရသေးဘဲ ကျန်ရှိနေသည်၊ ၎င်းတို့သည် စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး ဆက်လက်စုံစမ်းစစ်ဆေးရန် လိုလားခြင်း မရှိတော့ပေ။ ဤသည်မှာ ဧဝံဂေလိ တရားဟောသူနှင့်ဆိုင်သော ပြဿနာတစ်ခု မဟုတ်လော။ ဧဝံဂေလိ တရားဟောသူသည် သမ္မာတရားကို နားမလည်ပေ၊ သို့မဟုတ် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပေသည်၊ သို့ဖြစ်၍ အခြားလူ လိုအပ်သည့်အရာကို လုံးဝ သတိမထားမိ၊ ၎င်းတို့ စကားပြောသည့်အခါ အချက်ကျကျ မပြောနိုင်ဘဲ ရှည်လျားစွာ တောင်စဉ်ရေမရ ပြောဆိုကာ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူ၏ ကိစ္စရပ်များကို လုံးဝ မဖြေရှင်းပေးပေ၊ ဤနည်းဖြင့် ဧဝံဂေလိတရားဟောခြင်းအားဖြင့် ၎င်းတို့သည် လူတို့ကို မည်သို့များ ရရှိနိုင်မည်နည်း။

အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့အလုပ်တွင် ကြုံတွေ့ရသည့် မည်သည့်ကိစ္စရပ်များကိုမဆို လျစ်လျူရှုကြသည်။ ဧဝံဂေလိအလုပ်တွင် မည်သို့သော ပြဿနာများ ပေါ်ပေါက်ပါစေ၊ ဆိုးယုတ်သောလူများက ဤအလုပ်ကို မည်သို့ပင် နှောင့်ယှက်ပြီး ထိခိုက်စေပါစေ ယင်းမှာ ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ဘိသည့်အလား ၎င်းတို့သည် ယင်းတို့ထဲမှ တစ်ခုကိုမျှ အရေးမစိုက်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့အလုပ်တွင် နားဝေတိမ်တောင်ဖြစ်ကြသည်၊ လူတစ်ဦးတစ်ယောက်တွင် တာဝန်ထမ်းဆောင်ရာ၌ ရလဒ်တစ်စုံတစ်ရာ ရှိသည်ဖြစ်စေ၊ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မည်သည့်အကျိုးဆက်များရှိပါစေ လူတို့ကို လွတ်လပ်စွာ ပြုမူခွင့်ပေးလျက် ကြီးကြပ်ခြင်း သို့မဟုတ် စိစစ်ခြင်းလည်းမပြုပေ။ ဤသည်က ဧဝံဂေလိအလုပ်တွင် ပေါ်ပေါက်သည့် လမ်းလွဲခြင်းများနှင့် ချို့ယွင်းချက်များကို မည်သည့်အခါမျှ မဖြေရှင်းရဘဲ ဖြစ်စေကာ မှန်သောလမ်းခရီးကို ရှာဖွေသော ပြောမပြနိုင်လောက်အောင် များပြားသောလူတို့သည် အမြန်ဆုံး ဘုရားသခင်ရှေ့မှောက်သို့ ဆောင်ကြဉ်းခြင်း ခံရရန် မဖြစ်နိုင်ဘဲ အဆုံး၌ ထွက်ခွာသွားကြရသည်။ အချို့သောလူတို့သည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အလုပ်ကို လက်ခံပြီးနောက် ဤသို့ပြောဆိုကြသည်။ “အမှန်တကယ်တွင် လွန်ခဲ့သော သုံးနှစ်က တစ်စုံတစ်ဦးသည် ကျွန်ုပ်အား ဧဝံဂေလိတရားဟောခဲ့ပါသည်။ ကျွန်ုပ် လက်မခံချင်၍သော်လည်းကောင်း၊ အပျက်သဘောဆောင်သော ဝါဒဖြန့်မှုကို ယုံကြည်၍သော်လည်းကောင်း မဟုတ်ပါ၊ ကျွန်ုပ်အား တရားဟောခဲ့သည့်သူသည် အလွန်ပင် တာဝန်မဲ့လှပါသည်။ ကျွန်ုပ်မေးခဲ့သည့် မေးခွန်းများကို ၎င်းတို့ မဖြေနိုင်ခဲ့သကဲ့သို့ ကျွန်ုပ် သမ္မာတရားကို ရှာဖွေသည့်အခါတွင်လည်း ၎င်းတို့သည် မိတ်သဟာယဖွဲ့ရာ၌ မရှင်းလင်းခဲ့ဘဲ အသုံးမဝင်သော စကားအချို့ကိုသာ ပြောဆိုခဲ့သည်။ ရလဒ်အနေဖြင့် ကျွန်ုပ်လုပ်နိုင်ခဲ့သည့် တစ်ခုတည်းသောအရာမှာ စိတ်ပျက်စွာဖြင့် ထွက်ခွာသွားရန်သာ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ သုံးနှစ်ကြာ၍ အွန်လိုင်းတွင် စုံစမ်းစစ်ဆေးပြီးနောက် ညီအစ်ကိုမောင်နှမများကို ရှာဖွေကာ မိတ်သဟာယဖွဲ့ပြီးနောက် ဤလူတို့သည် မိမိတို့၏ စိတ်နှလုံးထဲရှိ အယူအဆများနှင့် ရှုပ်ထွေးမှုများအားလုံးကို တစ်ခုပြီးတစ်ခု ဖြေရှင်းခဲ့ကြပြီး ယင်းမှာ ပေါ်ထွန်း၍ အမှုပြုနေသည့် ဘုရားသခင်ဖြစ်ကြောင်း အပြည့်အဝ အတည်ပြုကာ လက်ခံခဲ့ကြသည်။ ဤသည်မှာ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ရှာဖွေခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့မှတစ်ဆင့် ဘုရားသခင်၏ အလုပ်ကို လက်ခံခြင်း ဖြစ်သည်။ ဧဝံဂေလိတရားဟောခဲ့သည့်သူသည် လွန်ခဲ့သော သုံးနှစ်က သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်ခဲ့ပြီး ၎င်းတို့၏ အယူအဆများနှင့် မေးခွန်းများကို ဖြေရှင်းပေးနိုင်ခဲ့လျှင် ၎င်းတို့သည် သုံးနှစ်စော၍ လက်ခံခဲ့ပေမည်။ ဤသုံးနှစ်တာကာလအတွင်း အသက်တာ ကြီးထွားမှုမှာ အလွန်ပင် နှောင့်နှေးသွားလေခြင်း။ ဤသည်မှာ ဧဝံဂေလိတရားဟောသူတို့ဘက်မှ တာဝန်များကို ပျက်ကွက်ခြင်းဟု မှတ်ယူရမည်ဖြစ်ပြီး ၎င်းတို့ သမ္မာတရားကို နားမလည်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ အချို့သော ဧဝံဂေလိ အမှုဆောင်များသည် သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ရန် အာရုံမစိုက်ကြဘဲ လူတို့၏ အယူအဆများ သို့မဟုတ် အမှန်တကယ်ဖြစ်သော ကိစ္စရပ်များကို မဖြေရှင်းနိုင်ဘဲ အယူဝါဒအချို့ကိုသာ ကရားရေလွှတ် ပြောဆိုနိုင်ကြသည်။ ရလဒ်အနေဖြင့် လူများစွာတို့သည် ဧဝံဂေလိတရားကို ကြားနာသည့်အခါ အချိန်မီ လက်မခံကြဘဲ ၎င်းတို့၏ အသက်တာ ကြီးထွားမှုကို နှစ်ပေါင်းများစွာ နှောင့်နှေးစေသည်။ ဧဝံဂေလိအလုပ်ကို တာဝန်ယူသည့် ခေါင်းဆောင်များသည် ၎င်းတို့၏ မလုံလောက်သော လမ်းညွှန်မှုနှင့် မလုံလောက်သော ကြီးကြပ်မှုတို့ကြောင့် ဤအတွက် တာဝန်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမှန်တကယ် ဝန်တာထားစိတ်ရှိပြီး အနည်းငယ်ပို၍ ဒုက္ခခံနိုင်ကာ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းကို ပို၍ လက်တွေ့လုပ်ဆောင်နိုင်ပြီး အနည်းငယ်ပို၍ သစ္စာစောင့်သိမှုပြနိုင်လျက် ထိုဧဝံဂေလိ အမှုဆောင်များသည် လူတို့၏ အယူအဆများနှင့် သံသယများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်စေရန်အလို့ငှာ သမ္မာတရား၏ ကဏ္ဍအားလုံးကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့မည်ဆိုလျှင် ဧဝံဂေလိ တရားဟောခြင်း၏ ရလဒ်များသည် တစ်နေ့တခြား ပို၍ကောင်းမွန်လာမည် ဖြစ်သည်။ ဤသည်က မှန်သောလမ်းခရီးကို စုံစမ်းစစ်ဆေးနေသည့် လူများစွာတို့ကို ဘုရားသခင်၏ အလုပ်ကို စောစီးစွာ လက်ခံစေမည်ဖြစ်ပြီး သူ၏ ကယ်တင်ခြင်းကို စောစီးစွာ လက်ခံရရှိရန် ဘုရားသခင်ရှေ့မှောက်သို့ ပြန်လာစေမည်ဖြစ်သည်။ အသင်းတော်၏ အလုပ်သည် အယောင်ဆောင်ခေါင်းဆောင်များက မိမိတို့၏ တာဝန်ဝတ္တရားများကို ပြင်းထန်စွာ ပျက်ကွက်ခြင်း၊ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်း သို့မဟုတ် အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ပြီး ကြီးကြပ်မှု မပြုခြင်းနှင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ခြင်းတို့ကြောင့်သာ ရပ်တန့်နေရခြင်း ဖြစ်သည်။ အမှန်ပင် ဤအယောင်ဆောင်ခေါင်းဆောင်များသည် ရာထူး၏ အကျိုးခံစားမှုများကို မွေ့လျော်ခံစားခြင်း၊ သမ္မာတရားကို လုံးဝမလိုက်စားခြင်းနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ရန်၊ ကြီးကြပ်ရန် သို့မဟုတ် ညွှန်ကြားရန် လိုလားခြင်းမရှိခြင်းတို့ကြောင့်လည်း ဖြစ်သည်၊ ရလဒ်မှာ အလုပ်သည် နှေးကွေးစွာ တိုးတက်ပြီး လူလုပ်သော လမ်းလွဲခြင်းများ၊ အဓိပ္ပာယ်မရှိခြင်းများနှင့် မဆင်မခြင် မှားယွင်းစွာပြုမူခြင်းများစွာတို့သည် ချက်ချင်း ပြုပြင်ခြင်း သို့မဟုတ် ဖြေရှင်းခြင်း မခံရဘဲ ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ ထိရောက်မှုကို ကြီးမားစွာ ထိခိုက်စေသည်။ ဤပြဿနာများကို အထက်က ရှာဖွေတွေ့ရှိပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များအား ၎င်းတို့ ဖြေရှင်းရမည်ဟု ပြောဆိုသည့်အခါမှသာ ဤပြဿနာများသည် ပြုပြင်ခြင်းခံရသည်။ မျက်စိကန်းသောသူများကဲ့သို့ ဤအယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့်ပြဿနာကိုမျှ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိဘဲ ၎င်းတို့ အမှုအရာများကို လုပ်ဆောင်သည့်နည်းလမ်းတွင် စည်းမျဉ်းများ လုံးဝမရှိသည့်တိုင် မိမိတို့၏ ကိုယ်ပိုင်အမှားများကို သိရှိနိုင်စွမ်းလည်း မရှိကြဘဲ အထက်၏ ပြုပြင်ခြင်းကို ခံရသည့်အခါမှသာ မိမိတို့၏ အမှားများကို ဝန်ခံကြသည်။ သို့ဆိုလျှင် ဤအယောင်ဆောင်ခေါင်းဆောင်များကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် မည်သူက တာဝန်ခံနိုင်မည်နည်း။ ၎င်းတို့ကို ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားလျှင်ပင် ၎င်းတို့ ဖြစ်ပေါ်စေခဲ့သည့် ဆုံးရှုံးမှုများကို မည်သို့ ပြုပြင်နိုင်မည်နည်း။ ထို့ကြောင့် လက်တွေ့ကျသော အလုပ်တစ်စုံတစ်ရာကိုမျှ မလုပ်ဆောင်နိုင်သည့် အယောင်ဆောင်ခေါင်းဆောင်များ ရှိကြောင်း တွေ့ရှိသည့်အခါ ၎င်းတို့ကို ချက်ချင်း ဖြုတ်ချသင့်သည်။ အချို့သောအသင်းတော်များတွင် ဧဝံဂေလိအလုပ်သည် အထူးသဖြင့် နှေးကွေးစွာ တိုးတက်နေပြီး ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းအပြင် ၎င်းတို့ဘက်မှ တာဝန်များကို ပျက်ကွက်ခြင်းနှင့် အမှားများပြုလုပ်ခြင်း ဖြစ်ရပ်များ အလွန်များပြားခြင်းတို့ကြောင့်သာ ဖြစ်သည်။

အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့် မတူညီသော အလုပ်ကိစ္စရပ်အားလုံးတွင် စင်စစ်အားဖြင့် ၎င်းတို့ ဖြေရှင်းရန်၊ ပြင်ဆင်ရန်နှင့် ကုစားရန် လိုအပ်သည့် ပြဿနာများ၊ လမ်းလွဲခြင်းများနှင့် ချို့ယွင်းချက်များ များစွာရှိသည်။ သို့သော်လည်း ဤအယောင်ဆောင်ခေါင်းဆောင်များသည် ဝန်တာထားစိတ် တစ်စုံတစ်ရာ မရှိခြင်း၊ လက်တွေ့ကျသော အလုပ်တစ်စုံတစ်ရာကိုမျှ မလုပ်ဆောင်ဘဲ မိမိတို့၏ ရာထူး၏ အကျိုးခံစားမှုများကိုသာ မွေ့လျော်ခံစားခြင်းတို့ကြောင့် အဆုံးတွင် အလုပ်ကို ကမောက်ကမဖြစ်သွားစေသည်။ အချို့သောအသင်းတော်များတွင် လူတို့သည် စိတ်ဝမ်းမညီညွတ်ကြဘဲ လူတိုင်းသည် တစ်ဦးကိုတစ်ဦး သံသယဝင်ခြင်း၊ သတိထားရှောင်ခြင်းနှင့် ထိခိုက်နစ်နာအောင်လုပ်ခြင်းတို့ ပြုကြသည့်အပြင် ထိုတစ်ချိန်လုံးတွင် ဘုရားအိမ်တော်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်ကိုလည်း စိုးရိမ်နေကြသည်။ ဤအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များသည် ယင်းတို့ကို ဖြေရှင်းရန် မလှုပ်ရှားကြဘဲ လက်တွေ့ကျပြီး တိကျသော အလုပ်တစ်ခုကိုမျှပင် လုပ်ဆောင်ရန် ပျက်ကွက်ကြသည်။ အသင်းတော်အလုပ်သည် ရပ်တန့်သွားသည့်တိုင် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအတွက် လုံးဝ စိတ်မကောင်းမဖြစ်ကြဘဲ မိမိတို့ကိုယ်တိုင် အလုပ်များစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေခြင်း မရှိခဲ့ကြောင်း ယုံကြည်နေဆဲ ဖြစ်သည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် အခြေခံအားဖြင့် အသက်ကို ထောက်ပံ့ပေးခြင်းအလုပ်ကို ထမ်းဆောင်နိုင်စွမ်း မရှိသကဲ့သို့ သမ္မာတရားနှင့်အညီ လက်တွေ့ကျသော ပြဿနာများကိုလည်း မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို အထက်အတွက်သာ သီးသန့်လုပ်ဆောင်နေဘိသကဲ့သို့ အထက်က အထူးတာဝန်ပေးပြီး သတ်မှတ်ထားသည့် အထွေထွေကိစ္စရပ်ဆိုင်ရာ အလုပ်အနည်းငယ်ကိုသာ လုပ်ဆောင်ကြသည်။ အထက်က အစဉ်သဖြင့် သတ်မှတ်ချက် ထားရှိသည့် အသင်းတော်၏ အခြေခံကျသော အလုပ်ဖြစ်သော အသက်ကို ထောက်ပံ့ပေးခြင်းအလုပ်နှင့် လူတို့ကို ပျိုးထောင်ခြင်းအလုပ်ကဲ့သို့သော အလုပ်များနှင့်ပတ်သက်လာလျှင်ဖြစ်စေ၊ အထက်က ညွှန်ကြားသည့် အချို့သော အထူးတာဝန်များနှင့် ပတ်သက်လာလျှင်ဖြစ်စေ ၎င်းတို့သည် မည်သို့လုပ်ဆောင်ရမည်ကို မသိကြသကဲ့သို့ လုပ်ဆောင်နိုင်ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် ဤတာဝန်များကို အခြားသူများထံ လွှဲအပ်ပြီးနောက် မိမိတို့၏ အလုပ်ပြီးဆုံးပြီဟု မှတ်ယူကြသည်။ ၎င်းတို့သည် အထက်က ညွှန်ကြားသလောက်ကိုသာ အတိအကျ လုပ်ဆောင်ကြပြီး တွန်းအားပေးမှသာလျှင် အနည်းငယ် လှုပ်ရှားသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် မလှုပ်မရှားဘဲ ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြသည်၊ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင် တစ်ဦးဆိုသည်မှာ အဘယ်နည်း။ အတိုချုပ်အားဖြင့် ၎င်းသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သောသူ၊ ခေါင်းဆောင်တစ်ဦးအဖြစ် မိမိ၏အလုပ်ကို မလုပ်ဆောင်သောသူ၊ အရေးကြီးပြီး အခြေခံကျသော အလုပ်တွင် တာဝန်များကို ဆိုးရွားစွာ ပျက်ကွက်ကြောင်း ပြသပြီး မည်သည့်ဆောင်ရွက်မှုမျှ မပြုသောသူတစ်ဦး ဖြစ်သည်၊ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အပေါ်ယံ အထွေထွေကိစ္စရပ်များဖြင့်သာ မိမိတို့ကိုယ်ကို အလုပ်များစေပြီး ဤသည်ကို လက်တွေ့ကျသော အလုပ်လုပ်ဆောင်ခြင်းဟု မှားယွင်းစွာ မှတ်ယူကြသည်၊ အမှန်တကယ်တွင်မူ ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်းတို့၏ အလုပ်နှင့် ဘုရားအိမ်တော်က ၎င်းတို့အား တာဝန်ပေးထားသည့် အရေးကြီးသော အလုပ်နှင့်ပတ်သက်လာလျှင် ၎င်းတို့သည် ယင်းတို့ထဲမှ တစ်ခုကိုမျှ ကောင်းစွာ မလုပ်ဆောင်ကြပေ။ ထို့အပြင် အသင်းတော်၏ အမျိုးမျိုးသော အလုပ်ကိစ္စရပ်များအတွင်းတွင် ခေါင်းဆောင်၏ ဖြေရှင်းမှုကို လိုအပ်သည့် ကိစ္စရပ်များ မကြာခဏ ပေါ်ပေါက်တတ်သည့်တိုင် ၎င်းတို့သည် ယင်းတို့ကို မဖြေရှင်းနိုင်ကြဘဲ ရှောင်ရှားသည့် သဘောထားကို မကြာခဏ ကျင့်သုံးကြရာ ညီအစ်ကိုမောင်နှမများသည် ကိစ္စရပ်တစ်ခုကို ဖြေရှင်းလိုသည့်အခါ ၎င်းတို့ကို ရှာမတွေ့နိုင်ကြပေ။ ညီအစ်ကိုမောင်နှမများသည် ခေါင်းဆောင်ကို ရှာတွေ့နိုင်ခဲ့လျှင်ပင် ထိုခေါင်းဆောင်သည် အလုပ်များလွန်းသည်ဟူသော ဆင်ခြေဖြင့် ရှောင်တိမ်းပြီး ညီအစ်ကိုမောင်နှမများအား မိမိတို့ဘာသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန်နှင့် မိမိတို့၏ ပြဿနာများကို အမှီအခိုကင်းစွာ ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခိုင်းလျက် တာဝန်မယူဘဲ ခေါင်းရှောင်သည့် ချဉ်းကပ်နည်းကို ကျင့်သုံးသည်။ ဤသည်မှာ အဆုံးစွန်၌ မဖြေရှင်းရသေးသော ပြဿနာများ အလွန်များပြားစွာ စုပုံလာခြင်းသို့ ဆိုက်ရောက်စေပြီး အလုပ်ကိစ္စရပ်အားလုံးတွင် တိုးတက်မှုကို ရပ်တန့်စေကာ အသင်းတော်၏ အလုပ်ကို ရပ်ဆိုင်းသွားစေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်း၏ အကျိုးဆက်ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ အဓိက တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ မည်သည့်အခါမျှ စိတ်ထက်သန်ခြင်း သို့မဟုတ် လုံ့လဝီရိယရှိခြင်း မရှိကြသကဲ့သို့ အမျိုးမျိုးသော ကိစ္စရပ်များကို ဖြေရှင်းရန် သမ္မာတရားကိုလည်း မရှာဖွေကြပေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိဘဲ မည်သည့်ကိစ္စရပ်များကိုမျှ ဖြေရှင်းနိုင်စွမ်းမရှိရန် သေချာနေသည်ကို ဆိုလိုသည်။ အယောင်ဆောင်ခေါင်းဆောင်များ ကျွမ်းကျင်သည့်အရာမှာ စကားလုံးများနှင့် အယူဝါဒများကို ဟောပြောခြင်း၊ ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်းနှင့် အခြားသူများကို တိုက်တွန်းနှိုးဆော်ခြင်းတို့ဖြစ်ပြီး အထွေထွေကိစ္စရပ်ဆိုင်ရာ အလုပ်ဖြင့် မိမိတို့ကိုယ်ကို အလုပ်များစေရန်သာ အာရုံစိုက်ကြသည်။ အသက်ကို ထောက်ပံ့ပေးခြင်းနှင့် ကိစ္စရပ်များကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းကဲ့သို့သော ဘုရားအိမ်တော်က ၎င်းတို့အား အပ်နှံထားသည့် အသင်းတော်၏ အခြေခံကျသော အလုပ်နှင့်ပတ်သက်၍ ၎င်းတို့သည် မည်သို့လုပ်ဆောင်ရမည်ကို မသိကြ၊ မည်သို့လုပ်ဆောင်ရမည်ကို လေ့လာရန် မလေ့ကျင့်ကြဘဲ မည်သည့်လက်တွေ့ကျသော ပြဿနာများကိုမျှ မဖြေရှင်းနိုင်ကြပေ၊ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။

အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ဇာတ်ညွှန်းများရေးခြင်း၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများရေးခြင်းနှင့် အခြားသော တိကျသည့် တာဝန်များကဲ့သို့သော စာနှင့်ပတ်သက်သည့်အလုပ်ကို လမ်းညွှန်ရန် တောင်းဆိုခံရသည့်အခါ ယင်းမှာ လမ်းညွှန်မှုမျှသာဖြစ်သဖြင့် လက်တွေ့ကျသော အလုပ်တစ်စုံတစ်ရာကိုမျှ လုပ်ဆောင်ရန် မလိုအပ်ဟု တွေးထင်ကြရာ ထိုအစား ၎င်းတို့သည် လျှောက်သွားနေရုံသာ နေကြသည်။ ၎င်းတို့က “ကျန်း၊ သင်၏ ဆောင်းပါး မည်သို့ရှိပြီနည်း”ဟု ပြောဆိုကြသည်။ “ပြီးသလောက်ရှိပါပြီ” “လီ၊ ထိုဇာတ်ညွှန်းကို ရေးရာတွင် သင့်မှာ အခက်အခဲတစ်စုံတစ်ရာ ရှိသလော” “ရှိပါသည်၊ ကျွန်ုပ်ကို ဖြေရှင်းပေးနိုင်မလား” “သင်တို့အချင်းချင်း ဆွေးနွေးကြလော့။ ပို၍ ဆုတောင်းကြလော့” ဤအယောင်ဆောင်ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမများကို လမ်းညွှန်ရန်နှင့် ကူညီရန် ပျက်ကွက်သည်သာမက မိမိတို့၏ ကိုယ်ပိုင်အလုပ်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်လည်း အာရုံမစိုက်ဘဲ အမြဲတမ်း လျှောက်သွားနေကာ သက်သောင့်သက်သာရှိပြီး အေးချမ်းသော ဘဝဖြင့် နေထိုင်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် အလုပ်ကို စစ်ဆေးနေပုံရသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ မဖြေရှင်းကြပေ၊ ၎င်းတို့သည် ဗျူရိုကရက်များသာ အမှန်စင်စစ် ဖြစ်ကြသည်။ ဘာသာတရားမရှိသူများ၏ လောကရှိ အချို့သောနိုင်ငံများမှ ထိုအရည်အချင်းရှိသော အရာရှိများသည် တန်းတူ ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်ကြသော်လည်း ဤအရာရှိများ၌ရှိသော တာဝန်ယူလိုစိတ်မျိုး မရှိသည့် ဤအယောင်ဆောင်ခေါင်းဆောင်များထက် များစွာ သာလွန်ကြသည်။ ဥပမာအားဖြင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ကာကွယ်ရေး အစီအမံများကို စတင်အကောင်အထည်ဖော်ခဲ့ကြသည်။ နောက်ဆုံးတွင် ဤနိုင်ငံများ၏ အများစုသည် ထိုင်ဝမ်၏ ကာကွယ်ရေး ကြိုးပမ်းမှုများ ထိရောက်ခဲ့ကြောင်း သဘောတူခဲ့ကြရာ ထိုင်ဝမ်အစိုးရ အရာရှိများသည် ၎င်းတို့၏ ကပ်ရောဂါ တုံ့ပြန်ရေး တာဝန်များကို အမြင့်ဆုံးသော စံနှုန်းများဖြင့် အသေးစိတ်အကျဆုံး လုပ်ဆောင်ခဲ့ကြောင်း ညွှန်ပြနေသည်။ လောကီနိုင်ငံတစ်နိုင်ငံအတွက်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားမှ အရာရှိများနှင့် နိုင်ငံရေးသမားများအတွက် တာဝန်တစ်ခုကို အမြင့်ဆုံးသော စံနှုန်းများဖြင့်လည်းကောင်း၊ ထိုသို့သော အသေးစိတ်ကျမှုဖြင့်လည်းကောင်း ဆောင်ရွက်ခြင်းသည် အမှန်တကယ်ပင် လေးစားဖွယ်ကောင်းသည်။ ဥရောပ အရာရှိများစွာတို့သည် ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ပြီး သင်ယူလိုစိတ်ရှိခဲ့ကြသည်၊ ဤရှုထောင့်မှကြည့်လျှင် ထိုင်ဝမ်အစိုးရ အရာရှိများသည် အခြားနိုင်ငံများမှ အရာရှိများထက် များစွာ သာလွန်ခဲ့သည်။ ၎င်းတို့၏ အရာရှိအများစုသည် ခိုင်မာသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိပြီး မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရာတွင် စိတ်နှလုံးကို ထည့်သွင်းနိုင်သောကြောင့်သာ ဤအရာရှိများသည် စံနှုန်းပြည့်မီကြောင်း သက်သေပြနေသည်။ အသင်းတော်ရှိ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ အမြဲတမ်း ဝတ်ကျေတမ်းကျေသာဖြစ်ပြီး ၎င်းတို့ မည်သို့ပင် ပြုပြင်ခြင်းခံရပါစေ အကျိုးသက်ရောက်မှု မရှိပေ။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ကိုယ်ကျင့်စရိုက်သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်သည့် ဘာသာတရားမရှိသူများ၏ လောကမှ အရာရှိများ၏ ကိုယ်ကျင့်စရိုက်နှင့်ပင် မကိုက်ညီကြောင်း ငါတွေ့ရှိသည်။ ၎င်းတို့အများစုသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသည်ဟု အခိုင်အမာဆိုကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်းမရှိကြပေ။ ၎င်းတို့အား ထောက်ပံ့ပေးနေသည့် သမ္မာတရားများ အလွန်များပြားသော်လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ထိုသို့သော သဘောထားမျိုး ရှိကြသည်။ ရလဒ်မှာ ၎င်းတို့အားလုံးသည် သာလွန်ကောင်းမွန်သော အစိုးရအရာရှိများနှင့် နှိုင်းယှဉ်လျှင် များစွာ နိမ့်ကျသည့် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်လာကြခြင်းပင်တည်း။ ငါ၏ လူတို့အပေါ် တောင်းဆိုချက်များသည် အမှန်တကယ်တွင် မမြင့်မားပေ၊ လူတို့အား သမ္မာတရားများစွာ နားလည်ရန် ငါမတောင်းဆိုသကဲ့သို့ အလွန်မြင့်မားသော အစွမ်းအစရှိရန်လည်း ငါမတောင်းဆိုပေ။ အနိမ့်ဆုံးသော စံနှုန်းမှာ အသိစိတ်ဖြင့် ပြုမူပြီး မိမိ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်သည် သင်၏ နေ့စဉ်စားသုံးမှုကျေးဇူးကိုလည်းကောင်း၊ ဘုရားသခင်က သင့်အား ပေးအပ်ထားသည့် တာဝန်ပေးစေခိုင်းချက်ကိုလည်းကောင်း မစော်ကားမိစေသင့်၊ ယင်းမှာ လုံလောက်ပြီဖြစ်သည်။ သို့သော် ဘုရားသခင်၏ အလုပ်သည် ယခုအချိန်အထိ လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ လူများစွာတို့သည် အသိစိတ်ဖြင့် ပြုမူနိုင်ကြသလော။ ဒီမိုကရေစီနိုင်ငံများရှိ အချို့သော အရာရှိများသည် ရိုးသားဖြောင့်မတ်စွာ ပြောဆိုပြုမူကြသည်ကို ငါမြင်သည်။ ၎င်းတို့သည် ချဲ့ကားပြောဆိုခြင်းများ မပြုလုပ်သကဲ့သို့ မြင့်မားသော သဘောတရားများကိုလည်း မပြောဆိုကြပေ၊ ၎င်းတို့၏ ပြောဆိုမှုသည် အထူးသဖြင့် တင်းကျပ်ပြီး စစ်မှန်ကာ လက်တွေ့ကျသော ကိစ္စရပ်များစွာကို ၎င်းတို့ ဆောင်ရွက်နိုင်ကြသည်။ ၎င်းတို့၏ အလုပ်သည် အမှန်တကယ်ပင် အတော်အတန် ကောင်းမွန်ပြီး ၎င်းတို့၏ တည်ကြည်မှုနှင့် လူ့သဘာဝကို အမှန်တကယ် ထင်ဟပ်စေသည်။ ယခုအခါ အသင်းတော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်အများစုကို ကြည့်လျှင် ၎င်းတို့၏ အလုပ်တွင် ၎င်းတို့သည် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြပြီး အလွန်ကောင်းမွန်သော ရလဒ်များကို မစွမ်းဆောင်နိုင်ခဲ့ကြသကဲ့သို့ မိမိတို့၏ တာဝန်ဝတ္တရားများကိုလည်း အပြည့်အဝ ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့ကြပေ။ ခေါင်းဆောင်များ ဖြစ်လာပြီးနောက် ၎င်းတို့သည် ဘာသာရေး အရာရှိများအဖြစ်သို့ ပြောင်းလဲသွားကြပြီး မာနထောင်လွှားစွာဖြင့် အမိန့်များပေးကာ အရာရှိစုတ်များ ဖြစ်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ ရာထူး၏ အကျိုးခံစားမှုများကို မွေ့လျော်ခံစားရန်သာ အာရုံစိုက်ကြပြီး လူတိုင်း ၎င်းတို့နောက်သို့ လိုက်၍ ၎င်းတို့ပတ်လည်တွင် ဝန်းရံနေသည်ကို နှစ်သက်ကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် အသင်းတော်၏ အောက်ခြေအဆင့်နှင့် နက်ရှိုင်းစွာ ထိတွေ့ဆက်ဆံခြင်း ရှားပါးသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ဘုရားသခင်နှင့် တဖြည်းဖြည်း ပို၍ပို၍ ဝေးကွာသွားကြသည်။ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များသည် လုံးဝ ကယ်တင်၍မရနိုင်ပါတကား။ ငါသည် သမ္မာတရားကို ဤမျှလောက် အပင်ပန်းခံကာ မိတ်သဟာယ ဖွဲ့ခဲ့သော်လည်း ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို လက်မခံကြဘဲ မိမိတို့၏ မှားယွင်းသော စိတ်ကူးများကို ခေါင်းမာစွာ ဆုပ်ကိုင်ထားကာ မလှုပ်မယှက် နေကြသည်။ မိမိတို့၏ တာဝန်များအပေါ် ၎င်းတို့၏ သဘောထားသည် အမြဲတမ်း ဝတ်ကျေတမ်းကျေသာဖြစ်ပြီး နောင်တရရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိကြပေ။ ဤလူတို့သည် အသိစိတ်မရှိ၊ ဆင်ခြင်တုံတရားမရှိ၊ လုံးဝ လူမဆန်ကြကြောင်း ငါမြင်သည်။ ထို့နောက် ငါဤသို့ တွေးတောဆင်ခြင်သည်။ ဤသို့သော လူစားမျိုးတို့အား ဤသမ္မာတရားများကို ထပ်ခါတလဲလဲ မိတ်သဟာယဖွဲ့ရန် လိုအပ်သေးသလော။ ငါသည် မိတ်သဟာယကို ဤမျှလောက် တိကျအောင် ပြုလုပ်ရန် လိုအပ်သလော။ ငါသည် ဤဒုက္ခကို ခံရန် လိုအပ်သလော။ ဤစကားများသည် မလိုအပ်ဘဲ ပိုနေသလော။ အတန်ငယ် တွေးတောပြီးနောက် ငါသည် ဆက်လက်ပြောဆိုရမည်ဟု ဆုံးဖြတ်သည်၊ အကြောင်းမှာ ဤစကားများသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား အနည်းငယ်မျှ ကင်းမဲ့သောသူတို့အပေါ် အကျိုးသက်ရောက်မှု မရှိသော်လည်း အနည်းငယ်နိမ့်သော အစွမ်းအစရှိသည့်တိုင် သမ္မာတရားကို လက်ခံနိုင်ပြီး မိမိတို့၏ တာဝန်များကို ရိုးသားစွာ ထမ်းဆောင်နိုင်သောသူတို့အတွက်မူ အသုံးဝင်သောကြောင့် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြဘဲ မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းကြသော်လည်း သမ္မာတရားကို လိုက်စားသောသူတို့သည် ဤစကားများနှင့် ကိစ္စရပ်များမှ သင်ခန်းစာများ ရရှိကာ ဉာဏ်ပွင့်လာပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိကြလိမ့်မည်။ အသက်ဝင်ရောက်မှုသည် ထိုမျှလောက် မလွယ်ကူပေ၊ ထောက်ပံ့ပေးပြီး ကူညီမည့်သူတစ်ဦးတစ်ယောက်မျှ မရှိဘဲ သမ္မာတရား၏ ကဏ္ဍတစ်ခုစီတိုင်းကို အသေးစိတ် စိတ်ဖြာပိုင်းခြားပြီး ရှင်းလင်းစွာ မပြောပြဘဲနေလျှင် လူတို့သည် အလွန်အားနည်းကြပြီး မကြာခဏဆိုသလို အကူအညီမဲ့ခြင်းနှင့် ဗျာများခြင်း အခြေအနေတွင်၊ အပျက်သဘောဆောင်ပြီး တက်ကြွမှုမရှိသော အခြေအနေတွင် မိမိတို့ကိုယ်ကို တွေ့ရှိကြရသည်။ ထို့ကြောင့် အကြိမ်များစွာတွင် ဤအယောင်ဆောင်ခေါင်းဆောင်များကို ငါမြင်သည့်အခါ ၎င်းတို့အား မိတ်သဟာယဖွဲ့ရန် စိတ်မရှိတော့ပေ။ သို့သော်လည်း ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်သောသူတို့ ခံခဲ့ရသည့် ဒုက္ခနှင့် ပေးဆပ်ခဲ့သည့် အဖိုးအခများကို ငါတွေးမိသည့်အခါ ငါ၏စိတ်ကို ငါပြောင်းလဲလိုက်သည်။ အခြားမည်သည့်အကြောင်းကြောင့်မျှ မဟုတ်ပေ။ လူ ၃၀ မှ ၅၀ အထိ၊ သို့မဟုတ် အနည်းဆုံး ၈ ယောက် သို့မဟုတ် ၁၀ ယောက်သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ရိုးသားစွာ အသုံးခံနိုင်ပြီး သစ္စာရှိနိုင်ကာ နားထောင်ပြီး ကျိုးနွံနာခံလိုစိတ်ရှိလျှင်ပင် ဤစကားများကို ပြောဆိုရကျိုးနပ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသောသူတို့အား စကားပြောဆိုပြီး မိတ်သဟာယဖွဲ့ရာတွင် ငါ့၌ မည်သည့် စေ့ဆော်မှုမျှ မရှိပေ၊ ဤလူတို့နှင့် စကားပြောဆိုခြင်းသည် ပင်ပန်းသည်ဟု ခံစားရပြီး အကျိုးမရှိပေ။ သင်တို့အများစုသည် သမ္မာတရားကို မလိုက်စားကြဘဲ သင်တို့၏ တာဝန်များတွင် အဖိုးအခမပေးကြပေ၊ သင်တို့တွင် ဝန်တာ သို့မဟုတ် သစ္စာစောင့်သိမှု မရှိဘဲ သင်တို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြပြီး ကောင်းချီးများကို ရရှိရန် မျှော်လင့်ချက်ဖြင့် မလိုမတောင့်တဘဲ အမှုအရာများကို လုပ်ဆောင်ကြသည်။ ဤစကားများကို နားထောင်ခြင်းသည် သင်တို့အတွက် အမှန်တကယ်တွင် မထိုက်တန်သော မျက်နှာသာပေးခြင်းတစ်ခု ဖြစ်သည်။ သင်တို့သည် မိမိတို့၏ တာဝန်များကို ရိုးသားစွာ ထမ်းဆောင်သောသူများ၊ အမှန်တကယ် အဖိုးအခပေးသောသူများ၊ သစ္စာစောင့်သိမှုနှင့် ဝန်တာစိတ်ကို ပိုင်ဆိုင်သောသူများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်ရှိသောသူတို့၏ အရိပ်ကို ခိုနေရခြင်း ဖြစ်သည်။ ဤစကားများသည် ထိုလူတို့အတွက် ရည်ရွယ်ပြီး သင်တို့သည် ယင်းတို့ကို ကြားနာခြင်းဖြင့် မထိုက်တန်ဘဲ ကြားနာခွင့် ရရှိနေခြင်း ဖြစ်သည်။ ဤရှုထောင့်မှကြည့်လျှင် ဆိုလိုသည်မှာ သင်တို့အများစုသည် မိမိတို့၏ တာဝန်များတွင် မည်သည့် စိတ်ထက်သန်မှုမျှမရှိဘဲ ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည့် သဘောထားမျိုး ရှိသည်ဟု ကြည့်လျှင် သင်တို့သည် ဤစကားများကို ကြားနာရန် မထိုက်တန်ပေ။ အဘယ်ကြောင့် သင်တို့ မထိုက်တန်သနည်း။ အကြောင်းမှာ သင်တို့ နားထောင်လျှင်ပင် အချည်းနှီးသာဖြစ်သောကြောင့် ဖြစ်သည်၊ မည်မျှပင် ပြောဆိုပါစေ၊ မည်မျှပင် အသေးစိတ်ကျပါစေ၊ သင်တို့သည် နားထောင်ပြီးနောက် မည်မျှပင် နားလည်ပါစေ ဤစကားများကို လက်တွေ့မလုပ်ဆောင်ဘဲ နားထောင်ခြင်းကို ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြသည်။ ဤစကားများကို မည်သည့်လူတို့အား ပြောဆိုသင့်သနည်း။ မည်သူတို့က ကြားနာရန် ထိုက်တန်သနည်း။ အဖိုးအခပေးလိုစိတ်ရှိသောသူများ၊ ရိုးသားစွာ အသုံးခံနိုင်သောသူများနှင့် မိမိတို့၏ တာဝန်များနှင့် မိမိတို့၏ တာဝန်ပေးစေခိုင်းချက်အပေါ် သစ္စာရှိသောသူတို့သာလျှင် နားထောင်ရန် ထိုက်တန်သည်။ အဘယ်ကြောင့် ၎င်းတို့ နားထောင်ရန် ထိုက်တန်သည်ဟု ငါဆိုရသနည်း။ အကြောင်းမှာ ၎င်းတို့သည် နားထောင်ပြီးနောက် သမ္မာတရားအနည်းငယ်ကို နားလည်သည်နှင့်တစ်ပြိုင်နက် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်သောကြောင့် ဖြစ်ပြီး ၎င်းတို့ နားလည်သည့်အရာကို လက်တွေ့လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် ကလိမ်ကကျစ်မကျသကဲ့သို့ ပျင်းရိခြင်းလည်း မရှိကြပေ၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို ချစ်ခင်ပြီး လက်ခံနိုင်လျက် သမ္မာတရားနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ရိုးသားမှုနှင့် တောင့်တခြင်း သဘောထားဖြင့် ဆက်ဆံကြသည်။ ထို့ကြောင့် ၎င်းတို့ နားထောင်ပြီးနောက် ဤစကားများသည် ၎င်းတို့အပေါ် အကျိုးသက်ရောက်မှုရှိပြီး ရလဒ်တစ်ခုကို စွမ်းဆောင်ရရှိသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။