ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅) အခန်း တစ်

ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၏ အချက်ငါးနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အချက်ငါးနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်း ဖြစ်စဉ်တွင် ငါတို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များနှင့် လုပ်ရပ်အချို့ကို စိစစ်ခဲ့ကြပြီး ဤအချက်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း ပြီးဆုံးခဲ့သည်။ ယခု ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၏ အချက်ခြောက်နှင့် ခုနစ်တို့ကို မိတ်သဟာယဖွဲ့ကြမည်။ ဤအချက်နှစ်ချက်၏ သတ်သတ်မှတ်မှတ်ဖြစ်သော အကြောင်းအရာမှာ အဘယ်နည်း။ (၆။ သမ္မာတရားကို လိုက်စားသောသူအားလုံးက လေ့ကျင့်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲ အမြန်ဆုံးဝင်ရောက်ဖို့ အခွင့်အလမ်း ရရှိနိုင်ရန်အတွက် အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေး၍ ပျိုးထောင်လော့။ ၇။ လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ တစ်ဦးစီတိုင်းကို အသင့်တော်ဆုံးနေရာ၌ အသုံးချနိုင်ရန် သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုလော့။) သို့ဆိုလျှင် ဤအချက်နှစ်ချက်နှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော လုပ်ရပ်များနှင့် သရုပ်သကန်များကို ငါတို့ စိစစ်ကြစို့။ ဤအချက်နှစ်ချက်သည် အသင်းတော်၏ လူအမျိုးမျိုးတို့ကို မြှင့်တင်ပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းတို့နှင့် သက်ဆိုင်သည့် အမျိုးအစားတစ်ခုတည်းတွင် ပါဝင်သည်။ သတ်မှတ်ချက်ပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းဆိုင်ရာ ဘုရားအိမ်တော်၏ စည်းမျဉ်းများကို ငါတို့ ဦးစွာ မိတ်သဟာယဖွဲ့ကြစို့။ ထိုသို့ဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို လုပ်ဆောင်သည့်အခါ လိုက်နာသင့်သည့် စည်းမျဉ်းအချို့ကို သင်တို့ အခြေခံအားဖြင့် နားလည်နိုင်ကြမည် မဟုတ်လော။ သင်တို့က “ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ကျွန်ုပ်တို့သည် ဤကိစ္စရပ်များနှင့် မကြာခဏ ထိတွေ့ဆက်ဆံရပါသည်၊ ကျွန်ုပ်တို့သည် ဤအလုပ်နှင့် အကျွမ်းတဝင်ရှိပြီးဖြစ်ကာ အတွေ့အကြုံအချို့လည်း ရှိပါသည်၊ ထို့ကြောင့် ဤအကြောင်းကို ကိုယ်တော်က နောက်ထပ် ဘာမျှမပြောလျှင်ပင် ကျွန်ုပ်တို့ ရှင်းလင်းစွာ သိရှိပြီးဖြစ်ပါသည်၊ ဤအကြောင်းကို နောက်ထပ် အထူးတလည် မိတ်သဟာယဖွဲ့ရန် မလိုအပ်တော့ပါ” ဟု တွေးကောင်းတွေးနိုင်သည်။ သို့ဆိုလျှင် ယင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် မလိုအပ်တော့သလော။ (ကျွန်ုပ်တို့သည် ကိုယ်တော်၏ မိတ်သဟာယဖွဲ့ခြင်းကို လိုအပ်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ စည်းမျဉ်းများကို ကျွန်ုပ်တို့ သဘောမပေါက်သေးပါ၊ ပြီးလျှင် ကျွန်ုပ်တို့ ပိုင်းခြားသိမြင်ရန် မသိသေးသည့် ပင်ကိုစွမ်းရည်ရှိသူအချို့လည်း ရှိနေပါသေးသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် ဤအလုပ်ကို မည်သို့လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အလွန်ပင် ရှုပ်ထွေးနေကြဆဲ ဖြစ်ပြီး၊ ယင်းကို စမ်းတဝါးဝါးဖြင့် လုပ်ဆောင်နေသည့် ဖြစ်စဉ်တွင် ရှိနေကြကာ တိကျသော စည်းမျဉ်းများကို သဘောပေါက်နားလည်နိုင်ခြင်း မရှိကြပေ၊ ထို့ကြောင့် ငါတို့သည် အသေးစိတ်အချက်များအကြောင်းကို မိတ်သဟာယဖွဲ့ရန် လိုအပ်နေဆဲ ဖြစ်သည်။

အချက် ၆- သမ္မာတရားကို လိုက်စားသောသူအားလုံးက လေ့ကျင့်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲ အမြန်ဆုံးဝင်ရောက်ဖို့ အခွင့်အလမ်း ရရှိနိုင်ရန်အတွက် အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေး၍ ပျိုးထောင်လော့

ဘုရားအိမ်တော်က ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ အရေးပါမှု

ဘုရားအိမ်တော်သည် ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို အဘယ်ကြောင့် မြှင့်တင်ပေးပြီး ပျိုးထောင်သနည်း။ ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းသည် သိပ္ပံ၊ ပညာရေးနှင့် စာပေတို့တွင် ပါဝင်ဆောင်ရွက်ရန်အလို့ငှာ ဖြစ်သလော။ ဘုရားအိမ်တော်သည် ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးပြီး ပျိုးထောင်သည့်အခါ ဤသည်မှာ အဆင့်မြင့်နည်းပညာ ထုတ်ကုန်တစ်မျိုးမျိုးကို ထုတ်လုပ်ရန်နှင့် အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးရန် သို့မဟုတ် လူသားဖွံ့ဖြိုးတိုးတက်မှု သမိုင်းကို သုတေသနပြုလုပ်ရန်အတွက် လုပ်ဆောင်ခြင်းမဟုတ်သကဲ့သို့ လူသားမျိုးနွယ်၏ အနာဂတ်အတွက် အစီအစဉ်တစ်မျိုးမျိုးကို ပြုလုပ်ရန်အတွက် ပို၍ပင် မဟုတ်ကြောင်းကို ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံး သိရှိပြီးဖြစ်သင့်သည်။ သို့ဆိုလျှင် ဘုရားအိမ်တော်သည် ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို အဘယ်ကြောင့် မြှင့်တင်ပေးပြီး ပျိုးထောင်သနည်း။ ဤအရာကို သင်တို့ နားလည်သလော၊ နားမလည်သလော။ (နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရန်အတွက် ဖြစ်ပါသည်။) နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရန်အတွက်ဟူသည်မှာ အကြောင်းရင်းတစ်ခု ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သမ္မာတရားကို လိုက်စားသောသူတိုင်း လေ့ကျင့်ရန် အခွင့်အရေး ရရှိနိုင်ရန်အတွက် ဖြစ်ပါသည်။) မှန်သည်၊ ဤအဖြေသည် အတော်အတန် ကျိုးကြောင်းဆီလျော်ပြီး အချက်ကျပေသည်။ ယင်းမှာ သမ္မာတရားကို လိုက်စားသောသူများက လေ့ကျင့်ရန် အခွင့်အရေး ပို၍ပင်ရရှိနိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ အမြန်ဆုံး ဝင်ရောက်နိုင်ရန်အတွက် ဖြစ်သည်။ သင်တို့ ယခု ပေးခဲ့သည့် အဖြေနှစ်ခုလုံးသည် မှန်ကန်ပြီး တိကျသည်။ ဘုရားအိမ်တော်က ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းသည် တစ်ဖက်တွင် နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်၏ အလုပ်တို့နှင့် သက်ဆိုင်ပြီး အခြားတစ်ဖက်တွင်မူ တစ်ဦးချင်းစီ၏ လိုက်စားမှုများနှင့် ဝင်ရောက်မှုတို့နှင့် သက်ဆိုင်သည်။ ဤသည်တို့မှာ ဆက်စပ်လွှမ်းခြုံနေသောကဏ္ဍကြီးနှစ်ရပ် ဖြစ်သည်။ တိတိကျကျ ပြောရလျှင် ဘုရားအိမ်တော်က ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရသည့် ဤလူတို့က အသင်းတော်၌ တိတိကျကျ မည်သည့်အလုပ်ကို လုပ်ဆောင်ကြသနည်း။ ဘုရားအိမ်တော်က လူတစ်ဦးကို အဖွဲ့ခေါင်းဆောင်၊ ကြီးကြပ်ရေးမှူး သို့မဟုတ် အသင်းတော်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် မြှင့်တင်ပေးပြီး ပျိုးထောင်သည့်အခါ ထိုသူကို အရာရှိတစ်ဦး ဖြစ်လာစေခြင်းလော။ (မဟုတ်ပါ။) ဘုရားအိမ်တော်သည် လူတို့ကို ဧဝံဂေလိအလုပ်၊ စာနှင့်ပတ်သက်သောအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်၊ ရေလောင်းခြင်းအလုပ်အပြင် အချို့သော အထွေထွေကိစ္စရပ်များ စသည်တို့ကဲ့သို့သော အသင်းတော်၏ အမျိုးမျိုးသော အလုပ်များအတွင်းရှိ သတ်သတ်မှတ်မှတ်ဖြစ်သော စီမံကိန်းများ သို့မဟုတ် အလုပ်များအတွက် တာဝန်ယူနိုင်ရန် မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် ဤသတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်များကို မည်သို့ ဆောင်ရွက်ကြသနည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား စည်းမျဉ်းများနှင့် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့်အညီ အသင်းတော်၏ အမျိုးမျိုးသော အလုပ်များကို တာဝန်ယူခြင်းအားဖြင့် ဖြစ်ပြီး ထိုသို့ဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကာ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ခြင်းအားဖြင့် ဖြစ်သည်။ ဤလူတို့သည် အလုပ်ကို တာဝန်ယူရန် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း ခံရသည်ဟူသည့်အချက်ကို ကြည့်လျှင် ၎င်းတို့ကို မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေသည့်အရာမှာ ရာထူးအမည် သို့မဟုတ် အဆင့်အတန်းရှိခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် သတ်သတ်မှတ်မှတ်ဖြစ်သောအလုပ်တစ်ခုကို တာဝန်ယူ ထမ်းဆောင်နိုင်ရန်အတွက်၊ ဆိုလိုသည်မှာ ဘုရားသခင်က ၎င်းတို့လုပ်ဆောင်ရန် အပ်နှံပြီးဖြစ်သည့်အရာကို တာဝန်ယူထမ်းဆောင်ရန်၊ သို့မဟုတ် တစ်နည်းအားဖြင့်ဆိုသော် တာဝန်ယူမှုပါသော တာဝန်ဝတ္တရားတစ်ရပ်ကို ထမ်းဆောင်နိုင်ရန်အတွက် အစွမ်းအစတစ်ခုခုကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၏ အချက်ခြောက်တွင် ဖော်ပြထားသည့်အတိုင်း ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ သတ်သတ်မှတ်မှတ်ဖြစ်သော အရေးပါမှုနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ ထို့ကြောင့် လူတို့ကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၌ ဘုရားအိမ်တော်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့်အညီ အသင်းတော်၏ အမျိုးမျိုးသော အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်ရန် ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို ပျိုးထောင်ရန် ဖြစ်သည်၊ ယင်းမှာ ဤလူတို့ကို အသင်းတော်၏ အမျိုးမျိုးသော တိကျသည့် တာဝန်များကို တာဝန်ယူ ထမ်းဆောင်နိုင်စေရန် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားအိမ်တော်သည် ဤလူတို့ကို ၎င်းတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ တွေးတောဆင်ခြင်ရမည်ကိုလည်းကောင်း၊ သမ္မာတရားအကြောင်း မည်သို့ မိတ်သဟာယဖွဲ့ရမည်ကိုလည်းကောင်း၊ စည်းမျဉ်းများနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည်ကိုလည်းကောင်း သင်ယူစေရန် ပျိုးထောင်ပြီး လေ့ကျင့်ပေးသည်၊ ၎င်းတို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် ဘုရားနှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်နေထိုင်ရန်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်သည်၊ ပြီးလျှင် ၎င်းတို့ကို စစ်မှန်သော အတွေ့အကြုံများနှင့် သက်သေခံချက်များ ရှိစေရန် ထောက်ကူပေးပြီးနောက် ၎င်းတို့သည် အခြားသူတို့ကို ဦးဆောင်နိုင်၊ ရေလောင်းနိုင်ပြီး ထောက်ပံ့နိုင်ကာ အသင်းတော်၏ အမျိုးမျိုးသော အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြသည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံရန်၊ ဘုရားသခင်အတွက် သက်သေခံရန်နှင့် ဧဝံဂေလိတရားကို ဟောပြောခြင်း တာဝန်ကို ဖြည့်ဆည်းရန် တတ်နိုင်ကြမည်ဖြစ်သည်။ ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ တစ်ဖက်တွင် လူတို့ကို ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားရန်၊ မိမိတို့ကိုယ်ကို သိကျွမ်းလာရန်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်ခြင်း ဖြစ်သည်၊ အခြားတစ်ဖက်တွင်မူ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရာတွင်နှင့် ဘုရားသခင်အတွက် အားကောင်းသော သက်သေခံချက်များ ပေးရာတွင် လူတို့ကို ဦးဆောင်ရန်နှင့် ပျိုးထောင်ရန် မိမိတို့၏ကိုယ်ပိုင် သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုဆိုင်ရာ လက်တွေ့ကျသော အတွေ့အကြုံကို အသုံးပြုရန် ဖြစ်သည်။ ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို ပျိုးထောင်ခြင်းတွင် ဤသည်တို့မှာ အဓိကလက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှစ်ခုပင် ဖြစ်သည်။ ဤသည်မှာ ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၌ ပါဝင်သည့် တိကျသောအလုပ်ဖြစ်ပြီး ၎င်းတို့ကို အားပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ စစ်မှန်သော အရေးပါမှုလည်း ဖြစ်သည်။

ဘုရားအိမ်တော်က မြှင့်တင်ပေးပြီး ပျိုးထောင်သည့် ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးအတွက် လိုအပ်သော စံသတ်မှတ်ချက်များ

၁။ အလုပ်အမျိုးမျိုး၏ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ကြီးကြပ်ရေးမှူးများအတွက် လိုအပ်သော စံသတ်မှတ်ချက်များ

“အသင်းတော်က မြှင့်တင်ပေးပြီး ပျိုးထောင်သည့် ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုး” သည် မည်သူတို့ကို ရည်ညွှန်းသနည်း။ ယင်းက မည်သည့်အတိုင်းအတာများကို လွှမ်းခြုံသနည်း။ ပထမတစ်ခုမှာ အလုပ်အမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများ ဖြစ်နိုင်သည့် လူအမျိုးအစား ဖြစ်သည်။ အလုပ်အမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများအတွက် လိုအပ်သော စံနှုန်းများမှာ အဘယ်နည်း။ အဓိကအားဖြင့် သုံးခုရှိသည်။ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိရမည်။ သမ္မာတရားကို လွဲချော်မှုမရှိဘဲ မှန်ကန်စွာ သဘောပေါက်နားလည်နိုင်ပြီး ဆိုလိုချက်များကို ဆက်စပ်တွေးခေါ်နိုင်သောသူများသာလျှင် အစွမ်းအစကောင်းသူများ ဖြစ်ကြသည်။ အစွမ်းအစကောင်းသူများသည် အနည်းဆုံးအားဖြင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှီအခိုကင်းစွာ စားသောက်နိုင်ရမည်။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်း ဖြစ်စဉ်တွင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများ၊ မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒ ရောနှောခြင်းအပြင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို အမှီအခိုကင်းစွာ လက်ခံနိုင်ရမည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေနိုင်ရမည်၊ အကယ်၍ ၎င်းတို့သည် ဤစံနှုန်းသို့ ရောက်ရှိပါက ဘုရားသခင်၏ အလုပ်ကို မည်သို့တွေ့ကြုံခံစားရမည်ကို ၎င်းတို့သိသည်ဟု ဆိုလိုပြီး ဤသည်မှာ အစွမ်းအစကောင်းခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဒုတိယအချက်မှာ ၎င်းတို့သည် အသင်းတော်အလုပ်အတွက် ဝန်ထုပ်ဝန်ပိုးထမ်းရွက်ရမည်။ အမှန်တကယ်ဝန်ထုပ်ဝန်ပိုးထမ်းရွက်သောသူများသည် စိတ်အားထက်သန်မှု ရှိရုံမျှသာမဟုတ်ဘဲ ၎င်းတို့တွင် စစ်မှန်သော အသက်အတွေ့အကြုံရှိသည်၊ သမ္မာတရားအချို့ကို နားလည်ပြီး ပြဿနာအချို့ကို ထိုးထွင်းသိမြင်နိုင်သည်။ ၎င်းတို့သည် အသင်းတော်အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့၌ ဖြေရှင်းရန် လိုအပ်သည့် အခက်အခဲများနှင့် ပြဿနာများစွာ ရှိသည်ကို မြင်ကြသည်။ ၎င်းတို့သည် ဤအရာကို မိမိတို့၏ မျက်စိဖြင့် မြင်ပြီး မိမိတို့၏ စိတ်နှလုံးထဲတွင် ယင်းအတွက် စိုးရိမ်ကြသည်၊ ဤသည်မှာ အသင်းတော်အလုပ်အတွက် ဝန်ထုပ်ဝန်ပိုးထမ်းရွက်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် အစွမ်းအစကောင်းပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိရုံမျှသာဖြစ်သော်လည်း ပျင်းရိလျှင်၊ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုများကို တပ်မက်လျှင်၊ လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်လိုစိတ်မရှိဘဲ အထက်က ပြီးဆုံးရန် နောက်ဆုံးရက် သတ်မှတ်ပေးသည့်အခါမှသာ၊ မလုပ်ဘဲ နေ၍မရသည့်အခါမှသာ အလုပ်အနည်းငယ်ကို လုပ်ဆောင်ပါက ဤသည်မှာ ဝန်ထုပ်ဝန်ပိုး ထမ်းရွက်မှုမရှိသောသူတစ်ဦး ဖြစ်သည်။ ဝန်ထုပ်ဝန်ပိုး ထမ်းရွက်မှုမရှိသောသူများသည် သမ္မာတရားကို မလိုက်စားသောသူများ၊ တရားမျှတစိတ်မရှိသောသူများနှင့် တစ်နေ့လုံး အလွန်အမင်းစားသောက်ပြီး မည်သည့်အရာကိုမျှ အလေးအနက်မထားဘဲ ဆန်ကုန်မြေလေးများ ဖြစ်ကြသည်။ တတိယအချက်မှာ ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ရမည်။ “အလုပ်လုပ်နိုင်စွမ်း” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ရိုးရှင်းစွာဆိုသော် ယင်းမှာ ၎င်းတို့သည် အလုပ်ကို ခွဲဝေပေးနိုင်ပြီး လူတို့ကို ညွှန်ကြားချက်များ ပေးနိုင်ရုံသာမက ပြဿနာများကိုလည်း ဖော်ထုတ်ပြီး ဖြေရှင်းနိုင်သည်ကို ဆိုလိုသည်၊ ဤသည်မှာ အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် စီစဉ်ဖွဲ့စည်းမှုဆိုင်ရာ ကျွမ်းကျင်မှုများလည်း လိုအပ်သည်။ စီစဉ်ဖွဲ့စည်းမှုဆိုင်ရာ ကျွမ်းကျင်မှုများရှိသောသူများသည် လူတို့ကို စုစည်းရာတွင်၊ အလုပ်ကို စီစဉ်ပြီး ခွဲခန့်ရာတွင်နှင့် ပြဿနာများကို ဖြေရှင်းရာတွင် အထူးပင် ကျွမ်းကျင်ကြပြီး အလုပ်ကို ခွဲခန့်ကာ ပြဿနာများကို ဖြေရှင်းသည့်အခါ ၎င်းတို့သည် လူတို့ကို လုံးလုံးလျားလျား လက်ခံယုံကြည်စေနိုင်ပြီး နာခံစေနိုင်သည်၊ ဤသည်မှာ စီစဉ်ဖွဲ့စည်းမှုဆိုင်ရာ ကျွမ်းကျင်မှုများ ရှိခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အလုပ်လုပ်နိုင်စွမ်း အမှန်တကယ် ရှိသောသူများသည် ဘုရားအိမ်တော်က စီစဉ်ခန့်ခွဲသည့် တိကျသောအလုပ်များကို ဆောင်ရွက်နိုင်ပြီး ပေါ့ပေါ့ဆဆမရှိဘဲ လျင်မြန်ပြတ်သားစွာ ထိုသို့လုပ်ဆောင်နိုင်သည့်အပြင် အမျိုးမျိုးသော အလုပ်များကိုလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ပျိုးထောင်ခြင်းအတွက် ဘုရားအိမ်တော်၏ စံနှုန်းသုံးခု ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤစံနှုန်းသုံးခုနှင့် ကိုက်ညီပါက သူသည် ရှားပါးသော၊ ပင်ကိုစွမ်းရည်ရှိသူတစ်ဦးဖြစ်ပြီး ချက်ချင်းပင် မြှင့်တင်ပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် လေ့ကျင့်ပေးခြင်းတို့ကို ခံရသင့်ကာ အချိန်ကာလတစ်ခုကြာ လက်တွေ့လုပ်ဆောင်ပြီးနောက် သူသည် အလုပ်ကို တာဝန်ယူနိုင်မည်ဖြစ်သည်။ အစွမ်းအစရှိသူ၊ ဝန်ထုပ်ဝန်ပိုးထမ်းရွက်သူနှင့် အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သူ မည်သူမဆိုသည် ၎င်းတို့၏ အလုပ်တွင် လူတို့က ၎င်းတို့အတွက် အမြဲတမ်း စိုးရိမ်ပူပန်ပေးရန်နှင့် ကြီးကြပ်ကာ တိုက်တွန်းရန် မလိုအပ်ပေ။ ၎င်းတို့သည် ပြဿနာမဖြစ်ခင် ကြိုတင်ကာကွယ်လုပ်ဆောင်သည်၊ မည်သည့်အလုပ်များကို မည်သည့်အချိန်တွင် လုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ မည်သည့်အလုပ်များကို စစ်ဆေးပြီး ကြီးကြပ်သင့်သည်ကိုလည်းကောင်း၊ မည်သည့်အလုပ်များကို စိစစ်ရန် သို့မဟုတ် အနီးကပ် စောင့်ကြည့်ရန် လိုအပ်သည်ကိုလည်းကောင်း ၎င်းတို့ သိကြသည်။ ၎င်းတို့သည် ဤအရာများကို ကောင်းစွာ သတိပြုမိကြသည်။ ထိုသို့သောလူများသည် ၎င်းတို့၏ အလုပ်တွင် အတော်အတန် အားကိုးအားထားပြုနိုင်ပြီး ယုံကြည်စိတ်ချရကာ ကြီးမားသော ပြဿနာများ ဖြစ်ပေါ်မည်မဟုတ်ပေ။ ပြဿနာများ ဖြစ်ပေါ်လျှင်ပင် ယင်းတို့သည် ခြုံငုံကြည့်လျှင် အရေးမပါသော အသေးအဖွဲကိစ္စရပ်များသာ ဖြစ်မည်ဖြစ်ပြီး ဘုရားသခင်သည် ဤလူတို့လုပ်ဆောင်သည့် အလုပ်အတွက် စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။ မိမိတို့၏ အလုပ်တွင် မိမိခြေထောက်ပေါ် မိမိ အမှန်တကယ် ရပ်တည်နိုင်သောသူများသာလျှင် အလုပ်လုပ်နိုင်စွမ်းကို အမှန်တကယ် ပိုင်ဆိုင်ကြသည်။ မိမိခြေထောက်ပေါ် မိမိ မရပ်တည်နိုင်ဘဲ အခြားသူတို့ကို ၎င်းတို့အတွက် အမြဲတမ်း စိုးရိမ်ပူပန်စေရန်၊ မျက်​ခြည်မပြတ် စောင့်ကြည့်စေရန်၊ ကြီးကြပ်စေရန်နှင့် မည်သည့်အရာလုပ်ဆောင်ရမည်ကို လက်ဆွဲ၍ပင် သင်ကြားပေးရန် လိုအပ်သောသူများသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသည့် လူအမျိုးအစား ဖြစ်ကြသည်။ သာမန်အစွမ်းအစရှိသော လူတို့လုပ်ဆောင်သည့် အလုပ်၏ ရလဒ်များသည် သာမန်သာဖြစ်သည်မှာ သေချာပြီး ဤလူတို့သည် တစ်စုံတစ်ခုကို မလုပ်ဆောင်နိုင်မီတွင် အခြားသူတို့က ၎င်းတို့ကို မျက်​ခြည်မပြတ် စောင့်ကြည့်ပြီး ကြီးကြပ်ရန် လိုအပ်သည်။ ဆန့်ကျင်ဘက်အားဖြင့် အစွမ်းအစကောင်းသူများသည် အချိန်ကာလတစ်ခုကြာ လေ့ကျင့်ပေးခြင်း ခံရပြီးနောက် မိမိခြေထောက်ပေါ် မိမိ ရပ်တည်နိုင်ကြပြီး အထက်က ၎င်းတို့ကို တာဝန်တစ်ခုအတွက် ညွှန်ကြားချက်များ ပေးကာ စည်းမျဉ်းအချို့ကို မိတ်သဟာယဖွဲ့သည့်အခါတိုင်း ၎င်းတို့သည် စည်းမျဉ်းများကို သဘောပေါက်နားလည်နိုင်ပြီး ယင်းတို့နှင့်အညီ အလုပ်ကို အကောင်အထည်ဖော်နိုင်ကာ အခြေခံအားဖြင့် အလွန်ကြီးမားသော လမ်းလွဲခြင်းများ သို့မဟုတ် ချို့ယွင်းချက်များမရှိဘဲ မှန်ကန်သော လမ်းကြောင်းကို လိုက်လျှောက်နိုင်သည့်အပြင် ၎င်းတို့ ရရှိသင့်သည့် ရလဒ်များကိုလည်း စွမ်းဆောင်ရရှိနိုင်ကြသည်၊ ဤသည်မှာ အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်သည် အသင်းတော်ကို သန့်စင်ရန်နှင့် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူတို့ကို ဖော်ထုတ်ပြီး အသင်းတော်မှ နှင်ထုတ်ရန် တောင်းဆိုပြီး အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သည့် လူအမျိုးအစားသည် ဤတာဝန်ကို ဆောင်ရွက်နေစဉ်တွင် အခြေခံအားဖြင့် လမ်းမလွဲပေ။ အန္တိခရစ်တစ်ဦး ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ထုတ်ဖော်ခြင်းနှင့် ရှင်းလင်းပစ်ခြင်း ခံရရန် အနည်းဆုံး ခြောက်လခန့် ကြာမြင့်သည်။ ဤအချိန်အတွင်းတွင် အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သောသူများသည် ၎င်းတို့ကို ရှာဖွေဖော်ထုတ်နိုင်သည်၊ အန္တိခရစ်၏ သရုပ်သကန်များကို စိစစ်ရန် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့နိုင်သည်၊ ညီအစ်ကိုမောင်နှမများကို ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိစေရန်နှင့် အထင်အမြင်မှားစေခြင်း မခံရစေရန် ကူညီနိုင်ပြီး ထိုသို့ဖြင့် ၎င်းတို့ကို အန္တိခရစ်ကို အတူတကွ ထကြွ၍ ဖော်ထုတ်ပြီး နှင်ထုတ်နိုင်စေရန် ထောက်ကူပေးသည်။ အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သောလူများ၏ အလုပ်နယ်ပယ်အတွင်း၌ အန္တိခရစ်များ သို့မဟုတ် ဆိုးယုတ်သောလူများ ပေါ်ပေါက်လာသည့်အခါ အခြေခံအားဖြင့် ညီအစ်ကိုမောင်နှမအများစုသည် အထင်အမြင်မှားစေခြင်း သို့မဟုတ် လွှမ်းမိုးခြင်းကို မခံကြရပေ။ နားဝေတိမ်တောင်ဖြစ်သောသူ အနည်းငယ်နှင့် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသူများသာလျှင် အထင်အမြင်မှားစေခြင်းကို ခံကြရပြီး ဤသည်မှာ ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အစွမ်းအစကောင်းပြီး အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သောသူများသည် ၎င်းတို့၏ အလုပ်တွင် ဤရလဒ်များကို စွမ်းဆောင်ရရှိနိုင်ပြီး ထိုသို့သောလူများသည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ကြကာ စံနှုန်းပြည့်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ကြသည်။

အခုလေးတင် ကျွန်ုပ်ပြောခဲ့သော ပင်ကိုစွမ်းရည်ရှိသူ အမျိုးမျိုးတို့တွင် ပထမအမျိုးအစားမှာ လုပ်ငန်းအမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများ ဖြစ်နိုင်သောသူများ ဖြစ်သည်။ ၎င်းတို့အတွက် ပထမဆုံး တောင်းဆိုချက်မှာ သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် စွမ်းရည်နှင့် အစွမ်းအစ ရှိရန်ဖြစ်သည်။ ဤသည်မှာ အနိမ့်ဆုံး တောင်းဆိုချက် ဖြစ်သည်။ ဒုတိယတောင်းဆိုချက်မှာ ၎င်းတို့တွင် ဝန်တာ ရှိခြင်းဖြစ်သည်။ ဤအရာသည် မရှိမဖြစ်လိုအပ်သည်။ အချို့လူများသည် သာမန်လူများထက် သမ္မာတရားကို ပို၍ လျင်မြန်စွာ သဘောပေါက်နားလည်ကြသည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကြသည်၊ အစွမ်းအစ ကောင်းကြသည်၊ အလုပ်လုပ်နိုင်စွမ်း ရှိကြသည်၊ ပြီးလျှင် အချိန်ကာလတစ်ခု လေ့ကျင့်ပြီးနောက်တွင် မိမိတို့၏ ခြေထောက်ပေါ်တွင် လုံးဝဥဿုံ ရပ်တည်နိုင်ကြသည်။ သို့သော် ဤလူများတွင် ပြင်းထန်သော ပြဿနာတစ်ခု ရှိသည်။ ၎င်းတို့တွင် ဝန်တာထားစိတ် မရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းနှင့် ဟိုဟိုသည်သည် လျှောက်သွားခြင်းတို့ကို နှစ်သက်ကြသည်။ ၎င်းတို့သည် ဤအရာများကို အလွန်စိတ်ဝင်စားကြသည်၊ သို့သော် ဆင်းရဲဒုက္ခခံရန်နှင့် အဖိုးအခပေးရန် လိုအပ်သော၊ မိမိတို့ကိုယ်ကို အနည်းငယ် ချုပ်တည်းရန် လိုအပ်သော သတ်သတ်မှတ်မှတ်ဖြစ်သည့် အလုပ်တစ်ခုခုကို လုပ်ဆောင်ရန် တောင်းဆိုခြင်းခံရပါက ၎င်းတို့သည် စိတ်ပျက်အားလျော့သွားကြပြီး မိမိတို့တွင် နာမကျန်းမှု သို့မဟုတ် ဝေဒနာအချို့ရှိသည်ဟုလည်းကောင်း၊ မိမိတို့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် မအီမလည် ဖြစ်နေသည်ဟုလည်းကောင်း အကြောင်းပြကြသည်။ ၎င်းတို့သည် အထိန်းအကွပ်မရှိကြဘဲ စည်းကမ်းမဲ့ကြသည်၊ လေးလေးနက်နက် မရှိဘဲ တစ်ဇွတ်ထိုးနိုင်ကြကာ အသောက်အစား အပျော်အပါး မွေ့လျော်ကြသည်။ ၎င်းတို့သည် စားချင်သည့်အခါ စားကြသည်၊ အိပ်ချင်သည့်အခါ အိပ်ကြသည်၊ ပျော်ပါးချင်သည့်အခါ ပျော်ပါးကြပြီး စိတ်ကူးပေါက်လာမှသာ အလုပ်အချို့ကို လုပ်ဆောင်ကြသည်။ အလုပ်သည် အနည်းငယ် ခက်ခဲလျှင် သို့မဟုတ် မောပန်းလျှင် ၎င်းတို့သည် စိတ်မဝင်စားတော့ဘဲ မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိတော့ပေ။ ဤသည်မှာ ဝန်တာစိတ်ရှိခြင်းလော။ (မဟုတ်ပါ။) ပျင်းရိပြီး ဇာတိပကတိ၏ သက်သောင့်သက်သာရှိမှုကို တပ်မက်သော လူများသည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း ခံသင့်သောသူများ မဟုတ်ကြပေ။ ထို့ပြင် အလုပ်တစ်ခုအတွက် အစွမ်းအစသည် လုံလောက်သည်ထက် ပိုသောလူများလည်း ရှိသေးသည်၊ သို့သော် ကံမကောင်းစွာဖြင့် ၎င်းတို့တွင် ဝန်တာထားစိတ် မရှိကြပေ၊ ၎င်းတို့သည် တာဝန်ယူရန် မနှစ်သက်ကြ၊ ပြဿနာကို မနှစ်သက်ကြ၊ စိုးရိမ်ပူပန်ရသည်ကို မနှစ်သက်ကြပေ။ ၎င်းတို့သည် လုပ်ဆောင်ရန် လိုအပ်သော အလုပ်ကို မမြင်ကြပေ၊ ပြီးလျှင် ယင်းကို မြင်နိုင်လျှင်ပင် တာဝန်ယူဆောင်ရွက်လိုစိတ် မရှိကြပေ။ ဤအမျိုးအစား လူများသည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရန် သင့်တော်သူများလော။ လုံးဝမဟုတ်ပါ၊ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရန် လူတို့တွင် ဝန်တာတစ်ခုကို သယ်ဆောင်ရမည်ဖြစ်သည်။ ဝန်တာတစ်ခု သယ်ဆောင်ခြင်းကို တာဝန်ယူစိတ်ရှိခြင်းဟုလည်း ဖော်ပြနိုင်သည်။ တာဝန်ယူစိတ်ရှိခြင်းသည် လူ့သဘာဝနှင့် ပို၍သက်ဆိုင်သည်၊ ဝန်တာတစ်ခု သယ်ဆောင်ခြင်းသည် လူများကို အကဲဖြတ်ရန် ဘုရားအိမ်တော် အသုံးပြုသော စံနှုန်းများထဲမှ တစ်ခုနှင့် သက်ဆိုင်သည်။ ဝန်တာတစ်ခု သယ်ဆောင်သည့်အပြင် နောက်ထပ်အရာနှစ်ခုဖြစ်သည့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် စွမ်းရည်နှင့် အစွမ်းအစ၊ နှင့် အလုပ်လုပ်နိုင်စွမ်းတို့ကို ပိုင်ဆိုင်သောသူများသည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း ခံရနိုင်သော လူအမျိုးအစားဖြစ်ပြီး ဤလူအမျိုးအစားသည် လုပ်ငန်းအမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများ ဖြစ်နိုင်သည်။ ဤသည်တို့မှာ လူများကို အမျိုးမျိုးသော ကြီးကြပ်ရေးမှူးများ ဖြစ်လာစေရန် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် သတ်မှတ်ထားသော စံနှုန်းများဖြစ်ပြီး ဤစံနှုန်းများနှင့် ကိုက်ညီသော လူများသည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရရန် သင့်တော်သူများ ဖြစ်ကြသည်။

၂။ အမျိုးမျိုးသော အတတ်ပညာများတွင် အထူးပင်ကိုစွမ်းရည်များ သို့မဟုတ် ဆုကျေးဇူးများ ပိုင်ဆိုင်သည့် ပင်ကိုစွမ်းရည်ရှိသူများအတွက် သတ်မှတ်ထားသော စံသတ်မှတ်ချက်များ

အလုပ်အမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများ ဖြစ်နိုင်သည့် လူအမျိုးအစားအပြင် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း ခံရနိုင်သည့် အခြားလူအမျိုးအစားမှာ အထူးပင်ကိုစွမ်းရည်များ သို့မဟုတ် ဆုကျေးဇူးများ ပိုင်ဆိုင်သော သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအချို့ကို ကျွမ်းကျင်ပိုင်နိုင်သောသူများ ဖြစ်ကြသည်။ ဤသို့သောလူတို့ကို အဖွဲ့ခေါင်းဆောင်များအဖြစ်သို့ ပျိုးထောင်ရန်အတွက် ဘုရားအိမ်တော်က လိုအပ်သည့် စံနှုန်းမှာ အဘယ်နည်း။ ဦးစွာ ၎င်းတို့၏ လူ့သဘာဝကို ကြည့်လော့၊ ၎င်းတို့သည် အပြုသဘောဆောင်သည့်အရာများကို အတော်အတန် နှစ်သက်ပြီး ဆိုးယုတ်သောလူများ မဟုတ်သရွေ့ လုံလောက်ပြီဖြစ်သည်။ အချို့လူများက “၎င်းတို့ကို သမ္မာတရားကို လိုက်စားသောသူတစ်ဦးဖြစ်ရန် အဘယ်ကြောင့် မလိုအပ်သနည်း” ဟု မေးကောင်းမေးနိုင်သည်။ အကြောင်းမှာ အဖွဲ့ခေါင်းဆောင်များသည် အသင်းတော်ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ မဟုတ်သကဲ့သို့ ရေလောင်းသူများလည်း မဟုတ်ဘဲ ၎င်းတို့ကို သမ္မာတရားကို လိုက်စားခြင်း စံနှုန်းနှင့် ကိုက်ညီရန် သတ်မှတ်ခြင်းသည် အလွန်အကျွံ တောင်းဆိုခြင်း ဖြစ်မည်ဖြစ်ပြီး ၎င်းတို့အများစုအတွက် လက်လှမ်းမမီနိုင်ပေ။ ဤသည်မှာ အထွေထွေကိစ္စရပ်များဆိုင်ရာ အလုပ် သို့မဟုတ် သတ်သတ်မှတ်မှတ်ဖြစ်သော လုပ်ငန်းဆိုင်ရာ အလုပ်များကို လုပ်ဆောင်သောလူများအတွက် မလိုအပ်ပေ၊ အကယ်၍ လိုအပ်ပါက အရည်အချင်းပြည့်မီသူ အနည်းငယ်သာ ရှိမည်ဖြစ်သောကြောင့် စံနှုန်းများကို လျှော့ချရမည်ဖြစ်သည်။ လူတို့သည် မိမိတို့၏အသက်မွေးဝမ်းကျောင်းပညာကို နားလည်ပြီး အလုပ်ကို တာဝန်ယူ ထမ်းဆောင်နိုင်စွမ်းရှိသရွေ့၊ မကောင်းမှုကို မကျူးလွန်ဘဲ မည်သည့်အနှောင့်အယှက်မျှ မဖြစ်စေသရွေ့ လုံလောက်ပြီဖြစ်သည်။ ကျွမ်းကျင်မှုအချို့နှင့် အသက်မွေးဝမ်းကျောင်းပညာများတွင် ကျွမ်းကျင်မှုရှိပြီး အားသာချက်အချို့ရှိသည့် ဤလူများအတွက် အကယ်၍ ၎င်းတို့သည် ဘုရားအိမ်တော်၌ ကျွမ်းကျင်မှုနှင့် အကျွမ်းတဝင်ရှိရန် လိုအပ်ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းပညာများနှင့် သက်ဆိုင်သည့် အလုပ်ကို ဆောင်ရွက်မည်ဆိုလျှင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျင့်စရိုက်ပိုင်းတွင် အတော်အသင့် ဟန်ဆောင်မှုကင်းပြီး ဖြောင့်မတ်ကာ၊ ဆိုးယုတ်ခြင်းမရှိဘဲ၊ သဘောပေါက်နားလည်မှု၌ လွဲချော်ခြင်းမရှိလျှင်၊ ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးလိုစိတ်ရှိလျှင် လုံလောက်ပြီဖြစ်သည်။ သို့ဖြစ်၍ ထိုသို့သောလူတို့ကို အဖွဲ့ခေါင်းဆောင်များအဖြစ် ပျိုးထောင်ရန်အတွက် ပထမဆုံးသော လိုအပ်ချက်မှာ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို အတော်အသင့် နှစ်သက်ရမည်ဖြစ်ပြီး ထို့အပြင် ၎င်းတို့သည် ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးလိုစိတ် ရှိရမည်ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (၎င်းတို့သည် ဖြောင့်မတ်သော ကိုယ်ကျင့်စရိုက်ရှိရမည်ဖြစ်ပြီး ဆိုးယုတ်ခြင်းမရှိရ၊ ၎င်းတို့၏ သဘောပေါက်နားလည်မှု၌ လွဲချော်ခြင်း မရှိရပါ။) ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် အတော်အသင့် ဖြောင့်မတ်ရမည်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဖြစ်ရ၊ ၎င်းတို့၏ သဘောပေါက်နားလည်မှု၌ လွဲချော်ခြင်း မရှိရပေ။ အချို့လူများက “သို့ဆိုလျှင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် ၎င်းတို့၏ စွမ်းရည်ကို မြင့်မားသည်ဟု မှတ်ယူနိုင်သလော။ သမ္မာတရားကို ကြားပြီးနောက် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုကို သတိပြုမိနိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သလော” ဟု မေးကောင်းမေးနိုင်သည်။ ဤအရာအားလုံးကို တောင်းဆိုရန် မလိုပေ၊ ထိုသို့သောလူများသည် ၎င်းတို့၏ သဘောပေါက်နားလည်မှု၌ လွဲချော်ခြင်းမရှိရန် တောင်းဆိုရုံနှင့် လုံလောက်သည်။ မိမိတို့၏ သဘောပေါက်နားလည်မှု၌ လွဲချော်ခြင်းမရှိသောလူများ အလုပ်လုပ်ဆောင်သည့်အခါ အကျိုးကျေးဇူးတစ်ခုမှာ ၎င်းတို့သည် အဖျက်အမှောင့်များ ပြုလုပ်ရန် သို့မဟုတ် အဓိပ္ပာယ်မရှိသော မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် အလားအလာမရှိခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်သည် တည်ကြည်ပြီး တင့်တယ်လျောက်ပတ်သင့်ကာ မွဲသောအရောင်အစား ရောင်စုံဖြစ်သင့်သည့် သရုပ်ဆောင်ဝတ်စုံများ၏ အရောင်နှင့်ပတ်သက်သည့် စည်းမျဉ်းများကို အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ သို့တိုင်အောင် မိမိတို့ကို ပြောသည့်အရာကို နားမလည်နိုင်၊ မိမိတို့ကြားသည့်အရာကို သဘောမပေါက်နိုင်၊ သဘောပေါက်နားလည်နိုင်စွမ်းမရှိဘဲ ဘုရားအိမ်တော်၏ ဤလိုအပ်ချက်များအတွင်းရှိ စည်းမျဉ်းများကို ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိဘဲ မီးခိုးရောင်ချည်းသာဖြစ်သည့် ဝတ်စုံများကို အဆုံး၌ ရွေးချယ်သောသူများ ရှိနေဆဲဖြစ်သည်၊ ဤသည်မှာ လွဲချော်သော သဘောပေါက်နားလည်မှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လွဲချော်သော သဘောပေါက်နားလည်မှုရှိခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အပြုသဘောဆောင်သောအရာများကို အတော်အသင့် နှစ်သက်ခြင်းဆိုသည်မှာ အဓိကအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ (သမ္မာတရားကို လက်ခံနိုင်ခြင်း ဖြစ်ပါသည်။) မှန်သည်။ ယင်းမှာ သမ္မာတရားနှင့် ကိုက်ညီသော စကားလုံးများနှင့် အမှုအရာများကို လက်ခံနိုင်ခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား၏ ကဏ္ဍအားလုံးကို လက်ခံပြီး ကျိုးနွံနာခံနိုင်ခြင်းကို ဆိုလိုသည်။ ထိုသို့သောလူများသည် ဤအရာများကို လက်တွေ့လုပ်ဆောင်နိုင်သည်ဖြစ်စေ၊ မလုပ်ဆောင်နိုင်သည်ဖြစ်စေ အနည်းဆုံးအားဖြင့် စိတ်ထဲတွင် ၎င်းတို့သည် ထိုအရာများကို အတိုက်အခံလုပ်ခြင်း သို့မဟုတ် အော်ဂလီဆန်ခြင်း မရှိရပေ။ ထိုသို့သောလူများသည် လူကောင်းများဖြစ်ကြပြီး သာမန်စကားဖြင့်ဆိုသော် ၎င်းတို့သည် အကျင့်ကောင်းသူများဖြစ်သည်ဟု ဆိုနိုင်သည်။ အကျင့်ကောင်းသူများ၏ လက္ခဏာများမှာ အဘယ်နည်း။ ၎င်းတို့သည် ဘာသာတရားမရှိသူများ ကျူးလွန်ရန် နှစ်သက်သည့် ဆိုးယုတ်သောလုပ်ရပ်များအပြင် ဘာသာတရားမရှိသူများ လိုက်လျှောက်သည့် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများအပေါ် အော်ဂလီဆန်ခြင်း ရွံမုန်းခြင်းနှင့် မုန်းတီးခြင်းတို့ကို ခံစားရသည်။ ဥပမာအားဖြင့် ဘာသာတရားမရှိသူများ၏ လောက၏ ခေတ်ရေစီးကြောင်းများသည် ဆိုးယုတ်သော အင်အားစုများကို ထောက်ခံအားပေးပြီး အမျိုးသမီးများစွာတို့သည် ချမ်းသာသူတစ်ဦးကို လက်ထပ်ရန် သို့မဟုတ် တစ်စုံတစ်ဦး၏ မယားငယ်ဖြစ်ရန် လိုက်စားကြသည်။ ဤသည်မှာ ဆိုးညစ်ခြင်း မဟုတ်လော။ သမ္မာတရားကို နှစ်သက်သောသူများသည် ဤအရာများကို အထူးပင် ရွံရှာဖွယ်ကောင်းသည်ဟု တွေ့ရှိကြပြီး အချို့က “ကျွန်မ လက်ထပ်ရန် တစ်စုံတစ်ဦးကို ရှာမတွေ့လျှင်ပင်၊ ဆင်းရဲမွဲတေမှုဖြင့် သေဆုံးနေလျှင်ပင် ထိုလူစားမျိုးကဲ့သို့ မည်သည့်အခါမျှ ပြုမူမည်မဟုတ်ပါ” ဟု ဆိုကြသည်၊ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့သည် ထိုသို့သောလူများကို မထီမဲ့မြင်ပြုပြီး အထင်အမြင်သေးကြသည်။ အကျင့်ကောင်းသူများ၏ လက္ခဏာတစ်ခုမှာ ၎င်းတို့သည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို ရွံရှာဖွယ်ကောင်းပြီး စက်ဆုပ်ဖွယ်ဖြစ်သည်ဟု တွေ့ရှိကြကာ ထိုသို့သော ခေတ်ရေစီးကြောင်းများ၏ ညွှတ်ကွင်းမိနေသောသူများကို မထီမဲ့မြင်ပြုကြခြင်း ဖြစ်သည်။ ဤလူတို့သည် အတော်အသင့် ဖြောင့်မတ်ကြသည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် လူကောင်းတစ်ဦးဖြစ်ခြင်း၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို ရှောင်ကြဉ်ခြင်းနှင့် ဤလောကရှိ ဆိုးယုတ်သော အပြုအမူအားလုံးကို ရှောင်ကြဉ်ခြင်းတို့အကြောင်း ပြောဆိုသည့်အခါ စိတ်ထဲတွင် ဤသည်မှာ ကောင်းသောအရာတစ်ခုဖြစ်ကြောင်း ၎င်းတို့ ခံစားရသည်။ ၎င်းတို့သည် ဤအရာအားလုံးကို စွမ်းဆောင်ရရှိရန် တက်လှမ်းနိုင်သည်ဖြစ်စေ၊ မတက်လှမ်းနိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ရန်နှင့် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းရန် ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှု မည်မျှကြီးမားသည်ဖြစ်စေ၊ အားလုံးကို ခြုံငုံသုံးသပ်ရလျှင် စိတ်ထဲတွင် ၎င်းတို့သည် အလင်းထဲတွင် အသက်ရှင်ရန် တောင့်တပြီး ဖြောင့်မတ်ခြင်းက အာဏာစိုးမိုးသည့် နေရာတစ်ခုတွင် ရှိနေရန် တောင့်တကြသည်။ ဤကဲ့သို့ ဖြောင့်မတ်သောလူများသည် အပြုသဘောဆောင်သောအရာများကို အတော်အသင့် နှစ်သက်သည့် လူအမျိုးအစား ဖြစ်ကြသည်။ ဘုရားအိမ်တော်က မြှင့်တင်ပေးပြီး ပျိုးထောင်ရမည့်သူများသည် အနည်းဆုံးအားဖြင့် ဖြောင့်မတ်သော လူ့သဘာဝနှင့် အပြုသဘောဆောင်သောအရာများကို နှစ်သက်ခြင်းဟူသည့် ကိုယ်ကျင့်စရိုက်ကို ပိုင်ဆိုင်ရမည်။ ဤသည်မှာ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အားသာချက်များရှိသည့် ပင်ကိုစွမ်းရည်ရှိသူအမျိုးအစားကို မြှင့်တင်ပေးခြင်းအတွက် ပထမ စံသတ်မှတ်ချက်လည်း ဖြစ်သည်။ ဒုတိယစံသတ်မှတ်ချက်မှာ ထိုသို့သောလူများသည် ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးနိုင်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့ စိတ်အားထက်သန်သည့် အကြောင်းရင်းများ သို့မဟုတ် အလုပ်နှင့်ပတ်သက်လာလျှင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို ဘေးဖယ်ထားနိုင်သည်၊ ဇာတိပကတိ၏ သာယာမှုများ သို့မဟုတ် သက်သောင့်သက်သာရှိသော နေထိုင်မှုပုံစံကို ဘေးဖယ်ထားနိုင်သည်၊ မိမိတို့၏ ကိုယ်ပိုင်အနာဂတ် အလားအလာများကိုပင် စွန့်လွှတ်နိုင်သည်။ ထို့အပြင် ဒုက္ခဆင်းရဲအနည်းငယ် သို့မဟုတ် အတော်အသင့် မောပန်းသည်ဟု ခံစားရခြင်းသည် ၎င်းတို့အတွက် ကိစ္စကြီးတစ်ခု မဟုတ်ပေ၊ ၎င်းတို့သည် အဓိပ္ပာယ်ရှိပြီး မှန်ကန်သည်ဟု ၎င်းတို့ယုံကြည်သည့် တစ်စုံတစ်ခုကို လုပ်ဆောင်နေသရွေ့ ဇာတိပကတိဆိုင်ရာ သာယာမှုများနှင့် အကျိုးအမြတ်များကို ဝမ်းမြောက်စွာ စွန့်လွှတ်ကြသည်၊ သို့မဟုတ် အနည်းဆုံးအားဖြင့် ထိုသို့ပြုလုပ်ရန် စိတ်ပိုင်းဖြတ်မှုနှင့် ဆန္ဒရှိကြသည်။ အချို့လူများက “တစ်ခါတစ်ရံ ထိုလူသည် ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုများကို တပ်မက်နေဆဲဖြစ်သည်၊ တစ်ခါတစ်ရံ ၎င်းတို့သည် အိပ်ရာထဲတွင် ဆက်နေချင်သည်၊ သို့မဟုတ် အစားကောင်းများ စားချင်သည်၊ တစ်ခါတစ်ရံ ၎င်းတို့သည် အပြင်ထွက်၍ လျှောက်သွားချင်သည် သို့မဟုတ် အလေလိုက်ချင်သည်၊ သို့သော် အချိန်အများစုတွင် ၎င်းတို့သည် ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးနိုင်စွမ်းရှိသည်၊ တစ်ခါတစ်ရံ ၎င်းတို့၏ စိတ်အခြေအနေကသာ ထိုသို့သော အတွေးများဆီသို့ ဦးတည်သွားခြင်းသာ ဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခုဟု မှတ်ယူမည်လော” ဟု ဆိုကြသည်။ မှတ်ယူမည်မဟုတ်ပါ။ အထူးအခြေအနေများမှလွဲ၍ ဇာတိပကတိ၏ သာယာမှုများကို လုံးဝ ဘေးဖယ်ထားရန် တောင်းဆိုခြင်းသည် အလွန်အကျွံ တောင်းဆိုခြင်း ဖြစ်ပေမည်။ ယေဘုယျအားဖြင့် သင်သည် ထိုသို့သောလူတို့အား အလုပ်တစ်ခုကို လုပ်ဆောင်ရန် ပေးသည့်အခါ ယင်းသည် ကြီးမားသောအလုပ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့လုပ်ဆောင်ရန် နှစ်သက်သည့်အရာဖြစ်စေ၊ မဖြစ်စေ၊ အလုပ်သည် မည်မျှပင် ခက်ခဲပါစေ၊ သို့မဟုတ် ၎င်းတို့ခံရမည့် ဒုက္ခဆင်းရဲ မည်မျှပင် ကြီးမားပါစေ၊ သို့မဟုတ် ၎င်းတို့ပေးရမည့် အဖိုးအခ မည်သည့်အရာပင် ဖြစ်ပါစေ သင်သည် ၎င်းတို့အား ထိုအလုပ်ကို တာဝန်ပေးသရွေ့ သင်က ၎င်းတို့ကို မျက်​ခြည်မပြတ် စောင့်ကြည့်ရန် သို့မဟုတ် ကြီးကြပ်ရန် မလိုအပ်ဘဲ ၎င်းတို့၏ စွမ်းရည်ရှိသမျှ အကောင်းဆုံး လုပ်ဆောင်မည်ဟု အာမခံနိုင်သည်။ ထိုသို့သောလူများသည် ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်ကာ ဤသည်မှာ အကျင့်ကောင်းသူများ၏ နောက်ထပ်သရုပ်သကန်တစ်ခု ဖြစ်သည်။ ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်ခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အလုပ် ကောင်းစွာပြီးမြောက်ရေးအတွက် စေ့စပ်သေချာခြင်း၊ အလွန်အမင်း ဆက်ကပ်အာရုံစိုက်ခြင်းနှင့် မည်သည့်ဒုက္ခဆင်းရဲကိုမဆို ခံလိုစိတ်ရှိပြီး မည်သည့်အဖိုးအခကိုမဆို ပေးလိုစိတ်ရှိခြင်းကို ဆိုလိုသည်။ အမှုအရာများကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်လာလျှင် ထိုသို့သောလူများသည် ကတိတည်ကာ အားကိုးအားထားပြုနိုင်သည်။ အစားကြီးပြီး ပျင်းရိသော၊ အားလပ်မှုကိုကြိုက်ပြီး အလုပ်မုန်းသော၊ အရာရာထက် အကျိုးအမြတ်ကို ရှေ့တန်းတင်သောသူများက ထိုသို့မဟုတ်။ ထိုလူတို့သည် ကတိမတည်ဘဲ အခြားသူတို့ကို လှည့်စားရန်နှင့် ချော့မော့ရန် မမှန်သောစကားများကို အဆက်မပြတ် ပြောဆိုကြပြီး ၎င်းတို့၏ ပန်းတိုင်များကို ရရှိရန်အတွက် လိမ်ညာပြီး မဟုတ်မမှန်သော ကျမ်းကျိန်မှုများပြုလုပ်ရန် မတွန့်ဆုတ်ပေ။ ဘုရားသခင်သည် ထိုလူတို့ကို ကယ်တင်မည်မဟုတ်ပေ။ ဘုရားသခင်သည် ရိုးသားသောလူတို့ကို နှစ်သက်သည်။ ရိုးသားသောလူတို့သာလျှင် မိမိတို့၏ စကားကို တည်ကြပြီး မိမိတို့၏ တာဝန်များအပေါ် သစ္စာစောင့်သိကြကာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းရန် ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်မှသာလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်မည်ဖြစ်သည်။ ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်ခြင်းသည် ဘုရားအိမ်တော်က မြှင့်တင်ပေးပြီး ပျိုးထောင်ရန်အတွက် လူတစ်ဦး ပိုင်ဆိုင်သင့်သည့် ဒုတိယမြောက် လက္ခဏာနှင့် သရုပ်သကန် ဖြစ်သည်။ တတိယစံသတ်မှတ်ချက်မှာ မိမိ၏ သဘောပေါက်နားလည်မှု၌ လွဲချော်ခြင်းမရှိခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီးနောက် ၎င်းတို့သည် အနည်းဆုံးအားဖြင့် နှုတ်ကပတ်တော်များက မည်သည့်အရာကို ရည်ညွှန်းသည်ကို သိနိုင်သည်၊ ဘုရားသခင် ပြောဆိုသည့်အရာကို နားလည်နိုင်ပြီး ၎င်းတို့၏ သဘောပေါက်နားလည်မှုသည် လမ်းလွဲခြင်း သို့မဟုတ် အဓိပ္ပာယ်မဲ့ခြင်း မရှိပေ။ ဥပမာအားဖြင့် သင်သည် အပြာရောင်အကြောင်း ပြောဆိုပါက ၎င်းတို့သည် ယင်းကို အနက်ရောင်အဖြစ် အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူမည်မဟုတ်ဘဲ သင်သည် မီးခိုးရောင်အကြောင်း ပြောဆိုပါက ၎င်းတို့သည် ယင်းကို ခရမ်းရောင်အဖြစ် အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူမည်မဟုတ်ပေ။ ဤသည်မှာ အနိမ့်ဆုံးအဆင့် ဖြစ်သည်။ တစ်ခါတစ်ရံ ၎င်းတို့၏ သဘောပေါက်နားလည်မှု လွဲချော်လျှင်ပင် အခြားသူတို့က ဤအရာကို ထောက်ပြသည့်အခါ ၎င်းတို့သည် လက်ခံနိုင်ပြီး အခြားတစ်စုံတစ်ဦးက မိမိတို့ထက် ပို၍သန့်စင်သော သဘောပေါက်နားလည်မှုရှိသည်ကို ၎င်းတို့တွေ့မြင်ပါက ယင်းကို အလွယ်တကူ လက်ခံနိုင်သည်၊ ဤလူအမျိုးအစားသည် သန့်စင်သော သဘောပေါက်နားလည်မှုရှိသည်။ စတုတ္ထအချက်မှာ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဖြစ်ရပေ။ ဤအရာကို နားလည်ရန် လွယ်ကူသလော။ ဆိုးယုတ်သောလူတစ်ဦး မဖြစ်ခြင်းဆိုသည်မှာ အနည်းဆုံးအားဖြင့် အရာတစ်ခုကို လုပ်ဆောင်ရမည်ဟု ဆိုလိုသည်၊ ယင်းမှာ ဘုရားအိမ်တော်က ၎င်းတို့အား တောင်းဆိုထားသည့်အရာကို စွမ်းဆောင်ရရှိရန် ပျက်ကွက်ပြီးနောက် သို့မဟုတ် စည်းမျဉ်းများကို ချိုးဖောက်ပြီး မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်ပြီးနောက် ထိုသို့သောလူများသည် အတိုက်အခံလုပ်ခြင်းမရှိဘဲ၊ အပျက်သဘောဆောင်ခြင်း သို့မဟုတ် အယူအဆများကို မဖြန့်ဝေဘဲ ပြုပြင်ခြင်းခံရသည့်အခါ လက်ခံပြီး ကျိုးနွံနာခံနိုင်ရမည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့ မည်သည့်အုပ်စုတွင် ရှိနေပါစေ ၎င်းတို့သည် လူအများစုနှင့် သင့်မြတ်နိုင်ပြီး ၎င်းတို့နှင့် သဟဇာတဖြစ်စွာ ပေါင်းသင်းဆက်ဆံနိုင်သည်။ တစ်စုံတစ်ဦးက မနှစ်မြို့ဖွယ်ဖြစ်သော တစ်စုံတစ်ခုကို ပြောဆိုခြင်းဖြင့် ၎င်းတို့ကို ထိခိုက်စေသည့်အခါတွင်ပင် ၎င်းတို့သည် အငြိုးအတေးမထားဘဲ ယင်းကို သည်းခံနိုင်ပြီး မည်သူမဆို ၎င်းတို့ကို အနိုင်ကျင့်ပါက ၎င်းတို့သည် မကောင်းမှုကို မကောင်းမှုဖြင့် မတုံ့ပြန်ဘဲ ထိုအစား အကွာအဝေးတစ်ခုထားရန်နှင့် ရှောင်ရှားရန် ဉာဏ်ပညာရှိသော နည်းလမ်းများကိုသာ ကျင့်သုံးကြသည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် ရိုးသားသောလူများအဖြစ်သို့ စံမမီကြသော်လည်း အနည်းဆုံးအားဖြင့် ၎င်းတို့သည် အတော်အသင့် ဟန်ဆောင်မှုမရှိဘဲ မကောင်းမှုကို မကျူးလွန်ကြပေ၊ မည်သူမဆို ၎င်းတို့ကို စိတ်မကျေမနပ်ဖြစ်စေပါက ၎င်းတို့သည် လက်စားချေခြင်း သို့မဟုတ် အခြားသူကို ညှဉ်းပန်းခြင်း မပြုသကဲ့သို့ ဖိနှိပ်ခြင်းလည်း မပြုကြပေ။ ထို့အပြင် ထိုသို့သောလူများသည် မိမိတို့၏ ကိုယ်ပိုင် သီးခြားလွတ်လပ်သော နယ်မြေများကို တည်ထောင်ရန် မကြိုးစားကြ၊ ဘုရားအိမ်တော်ကို ဆန့်ကျင်ဘက်မပြုကြ၊ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများကို မဖြန့်ဝေကြ၊ သူ့အပေါ် ဝေဖန်အပြစ်တင်ရန် မကြိုးစားကြ၊ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် အနှောင့်အယှက်များ ဖြစ်စေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ အထက်ပါ အချက်လေးချက်သည် အားသာချက်အချို့ရှိပြီး အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအချို့ကို နားလည်သော ပင်ကိုစွမ်းရည်ရှိသူများကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် အခြေခံ စံသတ်မှတ်ချက်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဤစံသတ်မှတ်ချက်လေးချက်ကို ဖြည့်ဆည်းသရွေ့ ၎င်းတို့သည် အခြေခံအားဖြင့် အချို့သော တာဝန်များကို တာဝန်ယူ ထမ်းဆောင်နိုင်ပြီး အချို့သော အလုပ်များကို သင့်လျော်သောနည်းလမ်းဖြင့် လုပ်ဆောင်နိုင်သည်။

အချို့သောလူများက “မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရရန်အတွက် အရည်အချင်းရှိသူများ ပြည့်မီသင့်သည့် စံသတ်မှတ်ချက်များတွင် သမ္မာတရားကို နားလည်ခြင်း၊ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်းရှိခြင်းတို့ အဘယ်ကြောင့် မပါဝင်သနည်း။ ဘုရားသခင်ကို သိနိုင်စွမ်းရှိခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်းရှိခြင်း၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းနှင့် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ခြင်းတို့ အဘယ်ကြောင့် မပါဝင်သနည်း။ ဤအရာများကို ချန်ထားခဲ့ခြင်းလော။” ဟု မေးကောင်းမေးနိုင်သည်။ ငါ့ကို ပြောလော့၊ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်းရှိပြီး ဘုရားသခင်အပေါ် သစ္စာစောင့်သိကာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည့်အပြင် ဘုရားသခင်ကို သိကျွမ်းပြီး သူ့ကို အတိုက်အခံမလုပ်ဘဲ စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်နေလျှင် ထိုသူကို ပျိုးထောင်ရန် လိုအပ်နေသေးသလော။ အကယ်၍ သူသည် ဤအရာအားလုံးကို အမှန်တကယ် စွမ်းဆောင်ရရှိပြီးဖြစ်လျှင် ပျိုးထောင်ခြင်း၏ အကျိုးရလဒ်သည် ပြီးမြောက်ပြီးသား မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့်၊ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရမည့် အရည်အချင်းရှိသူများအတွက် သတ်မှတ်ချက်များတွင် ဤအချက်များ မပါဝင်ပေ။ အကြောင်းမှာ သင့်တော်သူများကို သမ္မာတရားကို နားမလည်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပြည့်နေသော လူသားများထဲမှနေ၍ မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်း ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ဤအားပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရမည့်သူများအတွက် သမ္မာတရား လက်တွေ့ကျမှု ရှိနှင့်ပြီးသားဖြစ်ရန် သို့မဟုတ် ဘုရားသခင်ကို အပြည့်အဝ ကျိုးနွံနာခံနှင့်ပြီးသားဖြစ်ရန် မဖြစ်နိုင်ပေ၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ သစ္စာစောင့်သိနှင့်ပြီးသားဖြစ်ရန်မှာမူ ပြောစရာမလိုပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်းတို့နှင့် အသေအချာပင် ပို၍ပင် ဝေးကွာနေသေးသည်။ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရရန်အတွက် အရည်အချင်းရှိသူအမျိုးမျိုးတို့ အဓိကအားဖြင့် ပြည့်မီသင့်သည့် စံသတ်မှတ်ချက်များမှာ ငါတို့ ယခု ဖော်ပြခဲ့သည့်အရာများသာ ဖြစ်သည်၊ ဤသည်တို့မှာ လက်တွေ့ကျဆုံးနှင့် အတိကျဆုံးသော အရာများ ဖြစ်ကြသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များက “ဤနေရာတွင် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း ခံရနိုင်သည့် မည်သည့်အရည်အချင်းရှိသူမျှ ကျွန်ုပ်တို့၌ မရှိပါ။ မည်သူမည်ဝါက သမ္မာတရားကို နားမလည်ပါ၊ မည်သူမည်ဝါက ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိဘဲ အမှုအရာများကို လုပ်ဆောင်ပါသည်၊ မည်သူမည်ဝါက ပြုပြင်ခြင်းကို မခံယူနိုင်ပါ၊ မည်သူမည်ဝါက သစ္စာစောင့်သိမှု မရှိပါ” စသည်ဖြင့် အပြစ်အနာအဆာ တစ်ပုံတစ်ပင်ကို ရွေးထုတ်လျက် ပြောကြသည်။ ဤသို့ပြောဆိုခြင်းအားဖြင့် ဤအယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့်အရာကို သွယ်ဝိုက်ပြောဆိုနေကြသနည်း။ ထိုလူများသည် သမ္မာတရားကို နားမလည်သောကြောင့်လည်းကောင်း၊ ဘုရားသခင်၏ အလုပ်ကို မတွေ့ကြုံသောကြောင့်လည်းကောင်း၊ သမ္မာတရား လက်တွေ့ကျမှု မရှိသေးသောကြောင့်လည်းကောင်း စသည်တို့ကြောင့် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း မခံရနိုင်ဘဲ ခေါင်းဆောင်များ ကိုယ်တိုင်မှာမူ ၎င်းတို့တွင် လက်တွေ့ကျသော အတွေ့အကြုံအချို့ ရှိနှင့်ပြီးဖြစ်ကာ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သောကြောင့် ခေါင်းဆောင်များ ဖြစ်လာနိုင်ခဲ့သည့်အလား ဖြစ်သည်။ ယင်းမှာ ဤအယောင်ဆောင်ခေါင်းဆောင်များ ဆိုလိုသည့်အရာ မဟုတ်လော။ ၎င်းတို့၏ အမြင်တွင် မည်သူမျှ ၎င်းတို့လောက် မကောင်းကြဘဲ ၎င်းတို့ကိုယ်တိုင်မှလွဲ၍ မည်သူမျှ ခေါင်းဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ပေ။ ဤသည်မှာ ဘုရားအိမ်တော်က လူတို့ကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းနှင့် ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများဖြင့် ပြည့်နေကြသည့် အယောင်ဆောင်ခေါင်းဆောင်များ၏ မာနထောင်လွှားသော စိတ်သဘောထား ဖြစ်သည်။

၃။ အထွေထွေအရေးကိစ္စဆိုင်ရာ အလုပ်ဝန်ထမ်းများအတွက် လိုအပ်သော စံသတ်မှတ်ချက်များ

ဘုရားအိမ်တော်က အဓိကထား ပျိုးထောင်သည့် လူနှစ်မျိုးအကြောင်းကို ငါယခု ဖော်ပြခဲ့သည်။ တစ်မျိုးမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်နိုင်သည့် လူများဖြစ်ပြီး နောက်တစ်မျိုးမှာ အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ အလုပ်များကို တာဝန်ယူနိုင်သည့် လူများဖြစ်သည်။ အခြားလူအမျိုးအစားတစ်မျိုးလည်း ရှိသေးသည်။ ၎င်းတို့သည် ထူးခြားသော အားသာချက်များ သို့မဟုတ် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ပိုင်ဆိုင်သည်ဟု မဆိုနိုင်ပေ။ ၎င်းတို့၏ အလုပ်တွင် မည်သည့်အဆင့်မြင့် နည်းပညာမျှ မပါဝင်ပေ၊ ဆိုလိုသည်မှာ ဤလူများသည် အသင်းတော်၌ အထွေထွေအရေးကိစ္စဆိုင်ရာ အလုပ်အချို့ကို လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် အသင်းတော်၏ အနှစ်သာရပိုင်းဆိုင်ရာ အလုပ်နှင့် မသက်ဆိုင်သော အချို့သော ကိစ္စရပ်များကို ကိုင်တွယ်ကြသည်။ ၎င်းတို့သည် အထွေထွေအရေးကိစ္စဆိုင်ရာ အလုပ်ကို ဆောင်ရွက်သည့် လူအမျိုးအစား ဖြစ်ကြသည်။ ထိုသို့သောလူများအတွက် ဘုရားအိမ်တော်၏ အဓိကလိုအပ်ချက်များမှာ အဘယ်နည်း။ အရေးအကြီးဆုံးသော လိုအပ်ချက်မှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ခုခံကာကွယ်နိုင်စွမ်းရှိခြင်း၊ ဘုရားအိမ်တော်ကို နစ်နာစေလျက် အပြင်လူများကို မကူညီခြင်းနှင့် စာတန်ကို မျက်နှာချိုသွေးရန်အတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မရောင်းစားခြင်းတို့ ဖြစ်သည်။ ဤမျှသာဖြစ်သည်။ ၎င်းတို့သည် ပါရမီရှိသော ဆက်သွယ်ပြောဆိုသူတစ်ဦး ဖြစ်သည်ဖြစ်စေ၊ လူ့အသိုင်းအဝိုင်း၏ လူရည်ချွန်တစ်ဦး ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် အထူးအရည်အချင်းရှိသူတစ်ဦး ဖြစ်သည်ဖြစ်စေ၊ ဘုရားအိမ်တော်အတွက် ပြင်ပကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ခုခံကာကွယ်နိုင်စွမ်း ရှိသင့်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများတွင် အဘယ်အရာ ပါဝင်သနည်း။ ငွေကြေး၊ ပစ္စည်းဥစ္စာများ၊ ဘုရားအိမ်တော်နှင့် အသင်းတော်၏ ဂုဏ်သတင်းများနှင့် ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံရေးတို့ ဖြစ်သည်၊ ဤကဏ္ဍတစ်ခုစီတိုင်းသည် အလွန်အရေးကြီးသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ခုခံကာကွယ်နိုင်စွမ်းရှိသူ မည်သူမဆိုသည် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ပြီး အလုံအလောက် တည်ကြည်ဖြောင့်မတ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်ရှိသူတစ်ဦး ဖြစ်သည်။ အချို့လူများတွင် ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ “ဆိုးယုတ်သော လူ့သဘာဝရှိသည့် လူတစ်ဦးရှိသည်၊ သို့သော် သူသည် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်နိုင်သည်” ဟု ပြောကြသည်။ ယင်းမှာ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ဆိုးယုတ်သောလူများက ဘုရားအိမ်တော်၏ အလုပ်ကို မည်သို့ ခုခံကာကွယ်နိုင်မည်နည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ ခုခံကာကွယ်နိုင်သည်။ ထို့ကြောင့် အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အမှန်တကယ် ခုခံကာကွယ်နိုင်စွမ်းရှိပါက သူသည် ကောင်းမွန်သော ကိုယ်ကျင့်တရားနှင့် လူ့သဘာဝရှိသူဖြစ်ရန် သေချာသည်၊ ဤသည်မှာ မမှားနိုင်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားအိမ်တော်အတွက် အမှုအရာများကို လုပ်ဆောင်သည့်အခါ ဘုရားအိမ်တော်ကို နစ်နာစေလျက် အပြင်လူများကို ကူညီပြီး ဘုရားအိမ်တော်၏အကျိုးစီးပွားများကို ရောင်းစားကာ ဘုရားအိမ်တော်ကို ကြီးမားသော စီးပွားရေးနှင့် ပစ္စည်းဥစ္စာဆိုင်ရာ ဆုံးရှုံးမှုများ ဖြစ်စေရုံသာမက ဘုရားအိမ်တော်နှင့် အသင်းတော်၏ ဂုဏ်သတင်းများကိုပါ ကြီးမားသော ထိခိုက်မှုများ ဖြစ်စေလျှင် သူသည် လူကောင်းတစ်ဦးလော။ ထိုသို့သောလူများသည် အသေအချာပင် လူကောင်းသူကောင်းများ မဟုတ်ကြပေ။ ဘုရားအိမ်တော်က မည်မျှကြီးမားသော ပစ္စည်းဥစ္စာနှင့် ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုများ ခံစားရသည်ကို ၎င်းတို့ ဂရုမစိုက်ကြပေ။ ၎င်းတို့အတွက် အရေးအကြီးဆုံးမှာ မိမိတို့ကိုယ်တိုင် အကျိုးအမြတ်ရရှိရေးနှင့် ဘာသာတရားမရှိသူများကို မျက်နှာချိုသွေးရေး ဖြစ်သည်၊ ၎င်းတို့သည် ဘာသာတရားမရှိသူများကို လက်ဆောင်များ ပေးရုံသာမက ညှိနှိုင်းဆွေးနွေးမှုများအတွင်း၌ပင် ၎င်းတို့ကို အဆက်မပြတ် အလျှော့ပေးလိုက်လျောကြသည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက် ကြိုးပမ်းရန် ၎င်းတို့ စိတ်ကူးပင် မရှိခဲ့ကြပေ။ သို့သော်လည်း ၎င်းတို့သည် အလုပ်ကို မည်သို့ပြီးမြောက်အောင်မြင်ခဲ့ကြောင်းနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သို့ကာကွယ်စောင့်ရှောက်ခဲ့ကြောင်း ပြောဆိုလျက် ဘုရားအိမ်တော်ကို လိမ်ညာကြသည်၊ အမှန်တကယ်တွင်မူ အသင်းတော်၏အလုပ်သည် ဆုံးရှုံးမှုများ ခံစားခဲ့ရပြီးဖြစ်ကာ ဘုရားအိမ်တော်သည် ဘာသာတရားမရှိသူများ၏ အကြီးအကျယ် အခွင့်ကောင်းယူခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ပြင်ပကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ ကဏ္ဍတိုင်း၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ခုခံကာကွယ်နိုင်စွမ်းရှိပါက ဤလူသည် လူကောင်းတစ်ဦးလော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ ဤသို့သောလူစားမျိုးသည် ဘုရားအိမ်တော်၌ အခြားမည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိဘဲ ဤသို့သော အထွေထွေအရေးကိစ္စဆိုင်ရာ အလုပ်အတွက်သာ သင့်တော်ပါက ၎င်းတို့ကို ဘုရားအိမ်တော်က မြှင့်တင်ပေးသင့်သလော။ (မြှင့်တင်ပေးသင့်ပါသည်။) အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သည့်အပြင် မိမိတို့၏အလုပ်ကို ဘုရားအိမ်တော်က သတ်မှတ်သည့် စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်စွမ်းရှိသည့်အပြင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း ခုခံကာကွယ်နိုင်စွမ်းရှိသည်၊ သို့ဖြစ်၍ ၎င်းတို့သည် စံနှုန်းပြည့်မီပြီး ထိုသို့သောလူများကို မြှင့်တင်ပေးသင့်သည်။ တစ်ဖက်တွင်မူ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အဆက်မပြတ် ထိခိုက်နစ်နာစေသူများ၊ ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံရေးကို အဆက်မပြတ် အန္တရာယ်ဖြစ်ဖို့အလားအလာရှိစေသူများနှင့် ဘုရားအိမ်တော်နှင့် အသင်းတော်၏ ဂုဏ်သတင်းများအပေါ် ဆိုးရွားသော သက်ရောက်မှုများနှင့် အကျိုးဆက်များကို အဆက်မပြတ် ဖြစ်ပေါ်စေသူများဖြစ်သည့် ထိုသို့သောလူများကို မြှင့်တင်ပေးခြင်း သို့မဟုတ် ပျိုးထောင်ခြင်း မပြုရ၊ အကယ်၍ ၎င်းတို့ကို မြှင့်တင်ပေးပြီး အသုံးပြုပါက ၎င်းတို့ကို လျင်မြန်စွာ ဖြုတ်ချရမည်။ မိမိတို့၏အလုပ်များကို လုပ်ဆောင်နေစဉ် အမြဲတမ်း ဒုက္ခရောက်တတ်သော လူအချို့လည်း ရှိသေးသည်၊ ဥပမာအားဖြင့် ကားမောင်းသည့်အခါ မတော်တဆမှုများ ဖြစ်ခြင်း၊ ၎င်းတို့ကိုင်တွယ်သည့် ကိစ္စရပ်များကို ပျက်စီးစေခြင်း၊ သို့မဟုတ် အဆက်မပြတ် တိုင်ကြားမှုများကို ဖြစ်ပေါ်စေသည့် ပဋိပက္ခများ ဖြစ်ပွားစေခြင်းတို့ ဖြစ်ပြီး ချို့ယွင်းချက်တစ်ခုခု ရှိပါကလည်း ၎င်းတို့ မည်သို့ပြုပြင်ရမည်ကို မသိကြပေ။ ထိုသို့သောလူများသည် ဉာဏ်ထိုင်းသောသူများဖြစ်ပြီး ကံဆိုးမိုးမှောင်ကျစေသူများနှင့် ဖြုန်းတီးသူများလည်း ဖြစ်ကြသည်။ အကယ်၍ ဤလူစားမျိုးသည် အဖွဲ့ခေါင်းဆောင်၊ ကြီးကြပ်ရေးမှူး၊ ခေါင်းဆောင် သို့မဟုတ် အမှုဆောင် ဖြစ်လာပါက ၎င်းတို့ကို လျင်မြန်စွာ ဖြုတ်ချရမည်သာမက အသင်းတော်မှလည်း ရှင်းလင်းဖယ်ရှားပစ်ရမည်။ အကြောင်းမှာ ဤသို့သောလူစားမျိုးသည် ဘေးအန္တရာယ်အတွက် အကြောင်းရင်းတစ်ခုဖြစ်ပြီး ကံဆိုးမိုးမှောင်ကျစေသူတစ်ဦး ဖြစ်သောကြောင့်တည်း။ ဤလူများထဲမှ တစ်ဦး သို့မဟုတ် နှစ်ဦး အသင်းတော်၌ ရှိနေသရွေ့ အသင်းတော်၌ ငြိမ်သက်ခြင်း ရှိနိုင်မည်မဟုတ်ပေ။ ထိုသို့သောလူများသည် မိမိတို့အတွင်း၌ နတ်ဆိုးများ ရှိပုံရသည်၊ သို့မဟုတ် ကပ်ရောဂါ ရှိပုံရသည်။ မည်သူမဆို ၎င်းတို့နှင့် ထိတွေ့ပါက ကံဆိုးမိုးမှောင်ကျခြင်းကို ခံစားရလိမ့်မည်၊ ထို့ကြောင့် ဤသို့သောလူစားမျိုးကို မဆိုင်းမတွ အမြစ်ပါမကျန် ဖယ်ရှားပစ်သင့်သည်။ ဤလူများ၏ မျက်နှာသွင်ပြင်များပင်လျှင် လုံးဝမကောင်းပေ၊ စဉ်းလဲကောက်ကျစ်သော သို့မဟုတ် နတ်ဆိုးဆန်သော သွင်ပြင်လက္ခဏာများဖြင့် ပြည့်နေသည် သို့မဟုတ် အကျည်းတန်စွာရုပ်ဆိုးကြပြီး မည်သူမဆို ၎င်းတို့နှင့် ထိတွေ့ပါက မကောင်းသော အရာတစ်ခုခု ဖြစ်တော့မည်ကဲ့သို့ ခံစားရလိမ့်မည်။ ဤအမျိုးအစားဝင် လူများကို ဖြုတ်ချပြီး ရှင်းလင်းဖယ်ရှားပစ်ရမည်၊ သို့မှသာ အသင်းတော်အတွက် အမှုအရာများ ကောင်းမွန်စွာ ဖြစ်မြောက်နိုင်မည်။ အသင်းတော်၌ အမျိုးမျိုးသောလူများကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းသည် စည်းမျဉ်းများကို လိုက်နာခြင်းနှင့် ပိုင်းခြားသိမြင်နိုင်စွမ်းကို ကျင့်သုံးရန် လိုအပ်သည်၊ သို့မှသာ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရသည့် အမျိုးမျိုးသော လူအမျိုးအစားများထဲတွင် အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံသူများ၊ အသင်းတော်ရှိ အမျိုးမျိုးသော အတတ်ပညာရပ်များအတွက် တာဝန်ယူသူများနှင့် အသင်းတော်အတွက် အထွေထွေအရေးကိစ္စရပ်များကို ကိုင်တွယ်သူများလည်း ရှိကြသည်။ ဤပင်ကိုစွမ်းရည်ရှိသူများ အမျိုးအစားအသီးသီးက ပြည့်မီသင့်သည့် စံသတ်မှတ်ချက်အမျိုးမျိုးကိုလည်း ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မည်သို့ရွေးကောက်တင်မြှောက်ရမည်နှင့် လူတို့ကို မည်သို့မြှင့်တင်ပေးပြီး ပျိုးထောင်ရမည်ဟူသော စည်းမျဉ်းများကို သင်တို့ ရှင်းလင်းစွာ သိရှိသည့်အခါ အသင်းတော်၏ အလုပ်အားလုံးသည် လမ်းမှန်ပေါ်သို့ ရောက်ရှိလာလိမ့်မည်။

အချို့သောလူများက “ဘုရားအိမ်တော်က မြှင့်တင်ပေးပြီး ပျိုးထောင်သည့် ဤလူများကို အဘယ်ကြောင့် ပင်ကိုစွမ်းရည်ရှိသူများဟု ခေါ်သနည်း” ဟု မေးကောင်းမေးနိုင်သည်။ ငါတို့ ပြောဆိုသည့် ပင်ကိုစွမ်းရည်ရှိသူများဆိုသည်မှာ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ရွေးချယ်ခံရသူများကို ရည်ညွှန်းသည်။ မတူညီသော တာဝန်များကို ထမ်းဆောင်နိုင်သည့် လူများအတွက် မတူညီသော လိုအပ်ချက်များ ရှိပြီး ၎င်းတို့သည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရသည့် ဖြစ်စဉ်ထဲတွင် ရှိနေသောကြောင့် ဤပင်ကိုစွမ်းရည်ရှိသူဟုခေါ်သောသူများသည် ငါတို့ ယခု ဖော်ပြခဲ့သည့် ထိုစံသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင်အလွန်ပင် လုံလောက်ပြီဖြစ်သည်။ ဤလူများကို သမ္မာတရား လက်တွေ့ကျမှု ရှိနှင့်ပြီးဖြစ်ရန်၊ ကျိုးနွံနာခံပြီး သစ္စာစောင့်သိနှင့်ပြီးဖြစ်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့နှင့်ပြီးဖြစ်ရန် မျှော်လင့်ခြင်းသည် လက်တွေ့မကျပေ။ ထို့ကြောင့် ငါတို့ ပြောဆိုသည့် ပင်ကိုစွမ်းရည်ရှိသူများဆိုသည်မှာ ပုံမှန်လူ့သဘာဝရှိသူများ ပိုင်ဆိုင်သင့်သည့် အရည်အသွေးနှင့် တည်ကြည်မှုအချို့ကို ပိုင်ဆိုင်သူများနှင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် အစွမ်းအစရှိသူများမျှသာ ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့ကို အရည်အချင်းပြည့်မီသည်ဟု မှတ်ယူသည်။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီးဖြစ်ကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ကို ဆိုလိုခြင်းမဟုတ်သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီးနောက် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို ရရှိပြီးဖြစ်သည်စသည်တို့ကိုလည်း ဆိုလိုခြင်းမဟုတ်ပေ။ “ပင်ကိုစွမ်းရည်ရှိသူများ” ဟူသော ဝေါဟာရသည် တက္ကသိုလ်တက်ခဲ့သူများ သို့မဟုတ် ပါရဂူဘွဲ့ ရရှိထားသူများ၊ သို့မဟုတ် အခွင့်ထူးခံ မိသားစု နောက်ခံများ သို့မဟုတ် မြင့်မားသော လူမှုအဆင့်အတန်းများရှိသူများ၊ သို့မဟုတ် အထူးစွမ်းရည်များ သို့မဟုတ် ဆုကျေးဇူးများရှိသူများကို ရည်ညွှန်းခြင်း မဟုတ်သည်မှာ ပြောစရာမလိုပေ၊ ဤလူများကို ရည်ညွှန်းခြင်းမဟုတ်ပါ။ ၎င်းတို့ကိုမြှင့်တင်ပေးပြီး ပျိုးထောင်ရမည်ဖြစ်သောကြောင့် အတတ်ပညာဆိုင်ရာ အလုပ်ကို လုပ်ဆောင်မည့် လူအချို့သည် ထိုအတတ်ပညာကို ယခင်က မလုပ်ဆောင်ဖူးခြင်း သို့မဟုတ် မလေ့လာဖူးခြင်း ဖြစ်နိုင်သော်လည်း ၎င်းတို့သည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ထိုစံသတ်မှတ်ချက်အချို့နှင့် ကိုက်ညီသရွေ့၊ ပြီးလျှင် သီးခြားအတတ်ပညာတစ်ခုကို သင်ယူလိုစိတ်ရှိပြီး သင်ယူရာတွင် တော်သရွေ့ ဘုရားအိမ်တော်က ၎င်းတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်နိုင်သည်။ ဤသို့ပြောခြင်းဖြင့် ငါ ဘာကိုဆိုလိုသနည်း။ လူတစ်ဦးသည် သီးခြားအတတ်ပညာတစ်ခုတွင် ပင်ကိုအားဖြင့် ထူးချွန်မှသာလျှင် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း ခံရနိုင်သည်ဟု ငါဆိုလိုခြင်းမဟုတ်ပေ။ ထိုအစား ၎င်းတို့တွင် သင်ယူလိုစိတ်ရှိပြီး အခြေအနေများနှင့် ကိုက်ညီလျှင်၊ သို့မဟုတ် ဤအတတ်ပညာတွင် အခြေခံအချို့ကို ပိုင်ဆိုင်ရုံမျှဖြင့်ပင် ၎င်းတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်နိုင်သည်၊ ဤသည်မှာ စည်းမျဉ်းဖြစ်ပေသည်။ ဘုရားအိမ်တော်က မြှင့်တင်ပေးပြီး ပျိုးထောင်လိုသည့် အမျိုးမျိုးသော ပင်ကိုစွမ်းရည်ရှိသူများ ပြည့်မီသင့်သည့် စံသတ်မှတ်ချက်များနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤတွင်ပြီးဆုံးပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။