ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇) အခန်း တစ်
အချက် ၇- တစ်ဦးစီတိုင်းက အကောင်းဆုံး အသုံးပြုခြင်းခံရရန်အလို့ငှာ လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုလော့ (အပိုင်း ၂)
ပြီးခဲ့သည့် မိတ်သဟာယတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ သတ္တမမြောက် တာဝန်ဖြစ်သည့် “တစ်ဦးစီတိုင်းက အကောင်းဆုံး အသုံးပြုခြင်းခံရရန်အလို့ငှာ လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုလော့” ဟူသည်ကို ဆွေးနွေးခဲ့သည်။ ငါတို့သည် ဤတာဝန်၏ ကဏ္ဍသုံးခုကို အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤကဏ္ဍသုံးခုမှာ အဘယ်အရာများ ဖြစ်သနည်း။ (တစ်ခုမှာ လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုခြင်းဖြစ်သည်၊ နောက်တစ်ခုမှာ လူအမျိုးမျိုးကို ၎င်းတို့၏ အားသာချက်များအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုခြင်းဖြစ်ပြီး နောက်တစ်ခုမှာ အထူးလူစားမျိုး အနည်းငယ်ကို မည်သို့ဆက်ဆံပြီး အသုံးပြုရမည်ဟူ၍ ဖြစ်သည်။) ကဏ္ဍသုံးခုမှာ အခြေခံအားဖြင့် ဤအရာများ ဖြစ်သည်။ ဤကဏ္ဍသုံးခုကို ကြည့်သည့်အခါ၊ ဘုရားအိမ်တော်၏ လူကိုအသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းသည် လူတစ်ဦးစီတိုင်းကို အကောင်းဆုံး အသုံးပြုခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) ဤစည်းမျဉ်းသည် တိကျမှန်ကန်သလော။ လူတို့အပေါ် မျှတသလော။ (မျှတပါသည်။) ဉာဏ်ရည်ချို့တဲ့သော ငတုံးများအတွက်မူ ၎င်းတို့သည် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင်၊ တာဝန်အနည်းငယ်ကိုပင် မထမ်းဆောင်နိုင်ပေ။ သင်က ၎င်းတို့အား အလုပ်တစ်ခု တာဝန်ပေးလျှင် ယင်းမှာ အတတ်ပညာပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍများတွင်ဖြစ်စေ၊ လုပ်အားစိုက်ထုတ်ရခြင်းအရဖြစ်စေ ၎င်းတို့ မပြီးမြောက်နိုင်ပေ။ ထိုသို့သောလူများကို အစေခံခြင်းအတွက်ပင် လုံးဝ အသုံးပြု၍မရပေ။ ဤသည်မှာ အသိဉာဏ်အရ ဖြစ်သည်။ လူ့သဘာဝအရ၊ လူ့သဘာဝ မကောင်းသည့်အပြင် ဆိုးယုတ်သောလူများအတွက် ၎င်းတို့သည် အလုပ်အချို့ကို လုပ်ဆောင်နိုင်ပြီး တာဝန်အချို့ကို ထမ်းဆောင်နိုင်သော်လည်း ၎င်းတို့၏ လူ့သဘာဝသည် အလွန်ဆိုးယုတ်သောကြောင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အနှောင့်အယှက်ပေးခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေမည်ဖြစ်ပြီး အကျိုးတရားထက် ဆုံးရှုံးမှု ပိုများလျက် မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်ဘဲ ဖြစ်လိမ့်မည်။ ထိုသို့သောလူများသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်သည့်အပြင် လုံးဝ အသုံးပြု၍မရပေ။ အချို့သော အားသာချက်များကို ပိုင်ဆိုင်သည့်လူများ ရှိပါက ၎င်းတို့သည် စံနှုန်းပြည့်မီသော လူ့သဘာဝရှိခြင်းအရ၊ ဘုရားအိမ်တော်၏ အလုပ်အတွက် လိုအပ်သော သတ်မှတ်ချက်အားလုံးကို ၎င်းတို့ ပြည့်မီသရွေ့၊ ၎င်းတို့ကို သင့်တင့်လျောက်ပတ်စွာ စီစဉ်ပြီး အသုံးပြု၍ရပေသည်။ ပြီးခဲ့သည့်အကြိမ်က ငါတို့သည် အထူးလူအမျိုးအစား အနည်းငယ်ကို မည်သို့ဆက်ဆံပြီး အသုံးပြုရမည်ကိုလည်း မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ပထမအမျိုးအစားမှာ အထူးသဖြင့် သတ္တိနည်းသည့် ယုဒကဲ့သို့သော လူများဖြစ်သည်။ ၎င်းတို့၏ အထူးတလည် သတ္တိနည်းခြင်းမှ အကဲဖြတ်ရလျှင် ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ယုဒတစ်ဦး ဖြစ်လာလိမ့်မည်မှာ ရာနှုန်းပြည့် သေချာသည်။ အရေးကြီးသော အလုပ်ကို ၎င်းတို့အား တာဝန်ပေးပါက တစ်စုံတစ်ခု ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် အရာရာကို ၎င်းတို့ သစ္စာဖောက်လိမ့်မည် ဖြစ်သည်။ ဤသူတို့သည် အန္တရာယ်ရှိသော လူစားများ မဟုတ်လော။ အသင်းတော်၏ မိတ်ဆွေများဟု ငါတို့ ခေါ်ကြသည့် မယုံကြည်သူများနှင့် ဆင်တူသော လူစားတစ်မျိုးလည်း ရှိသေးသည်။ ဤလူတို့သည် ကောင်းကင်၌ အဘိုးအိုတစ်ဦး ရှိသည်ဟု ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယုံကြည်ပုံရသော်လည်း ဘုရားသခင်၏ တည်ရှိမှုကို မကြာခဏ သံသယဝင်လျက် ဘုရားသခင် အမှန်တကယ် တည်ရှိခြင်း ရှိမရှိ၊ ဘုရားသခင် အဘယ်မှာရှိသည်၊ သို့မဟုတ် ဘုရားသခင်က သူ၏ အမှုသစ်ကို အမှန်တကယ် လုပ်ဆောင်ပြီးခြင်း ရှိမရှိဟူသည်တို့ကို မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြသည့်အပြင် ဘုရားသခင် နောက်လည်းမလိုက်ကြပေ။ ထို့ကြောင့် ထိုသို့သောလူများကို အသုံးပြု၍မရပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ခြင်းအတွက် မသင့်တော်ကြပေ။ မယုံကြည်သူတစ်ဦး၊ အသင်းတော်၏ မိတ်ဆွေတစ်ဦး မဆိုထားနှင့်၊ အမှန်တကယ် ယုံကြည်သောသူများပင်လျှင် မိမိတို့၏ တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းဖြင့် သေချာပေါက် မထမ်းဆောင်နိုင်ပေ။ နောက်ထပ် လူစားတစ်မျိုးမှာ ဖြုတ်ချခြင်းခံရပြီးသောသူများ ဖြစ်သည်၊ ဤအုပ်စုကိုလည်း အခြေအနေအချို့ဖြင့် ခွဲခြားထားသည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ သတ္တမမြောက် တာဝန်နှင့်စပ်လျဉ်းသည့် ပြီးခဲ့သည့် မိတ်သဟာယ၏ အကြောင်းအရာသည် အခြေခံအားဖြင့် ဤအဓိကအချက်သုံးချက်ကို ခြုံငုံခဲ့သည်- တစ်ချက်မှာ လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုခြင်းဖြစ်သည်၊ နောက်တစ်ချက်မှာ လူအမျိုးမျိုးကို ၎င်းတို့၏ အားသာချက်များအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုခြင်းဖြစ်ပြီး နောက်တစ်ချက်မှာ အထူးလူစားမျိုး အနည်းငယ်ကို မည်သို့ဆက်ဆံပြီး အသုံးပြုရမည်ဟူ၍ ဖြစ်သည်။ ဤအဓိကအချက်သုံးချက်ကို သတ္တမမြောက် တာဝန်တွင် ဖော်ပြခဲ့သည့် ကဏ္ဍများစွာအပေါ် အခြေခံ၍ မိတ်သဟာယဖွဲ့ခဲ့ပြီး စည်းမျဉ်းများအားလုံးကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူအချို့က၊ “စည်းမျဉ်းများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သော်လည်း အချို့သော တိကျသည့်ကိစ္စရပ်များ၊ အထူးအခြေအနေများနှင့် ပတ်သက်လာသည့်အခါ ဤစည်းမျဉ်းများကို မည်သို့ကျင့်သုံးရမည်၊ လူတို့အား မည်သို့ဆက်ဆံရမည်၊ သို့မဟုတ် လူတစ်ဦးချင်းစီကို မည်သို့မြှင့်တင်ပေးပြီး အသုံးပြုရမည်ဟူသည်တို့ကို ကျွန်ုပ်တို့ မသိကြသေးပါ။ အချိန်အများစုတွင် ကျွန်ုပ်တို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြဆဲ ဖြစ်သည်”ဟု ပြောကြသည်။ ထိုသို့သော ပြဿနာ တည်ရှိသလော။ (ရှိပါသည်။) ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ လူတို့ကို မြှင့်တင်ပေးခြင်းနှင့် အသုံးပြုခြင်းတွင် ပထမဆုံး ထည့်သွင်းစဉ်းစားရမည့်အရာမှာ ဘုရားအိမ်တော်၏ အလုပ်နှင့်ဆိုင်သော လိုအပ်ချက်များ ဖြစ်သည်။ ဒုတိယ ထည့်သွင်းစဉ်းစားရမည့်အရာမှာ လူတစ်ဦးကို အသုံးပြုခြင်း၏ သက်ရောက်မှုသည် ဘုရားအိမ်တော်၏ အလုပ်အပေါ် အကျိုးရှိသည်ထက် ထိခိုက်နစ်နာစေခြင်း ရှိမရှိ သို့မဟုတ် အပြန်အလှန်အားဖြင့် သက်ရောက်မှုရှိမရှိဟူသည့်အရာ ဖြစ်သည်။ အကယ်၍ လူတစ်ဦး၏ လူ့သဘာဝသည် အပြစ်အနာအဆာရှိသော်လည်း ၎င်းကိုအသုံးပြုခြင်းသည် ဘုရားအိမ်တော်၏ အလုပ်အတွက် ထိခိုက်နစ်နာသည်ထက် အကျိုးရှိပါက ထိုသို့သောလူကို ပိုကောင်းသောသူတစ်ဦးအား မတွေ့မချင်း ယာယီ အသုံးပြုနိုင်သည်။ ဤလူကိုအသုံးပြုခြင်းသည် အကျိုးရှိသည်ထက် ထိခိုက်နစ်နာမှုက ပိုများပြီး အကျိုးကျေးဇူးထက် ဆုံးရှုံးမှုက ပိုများကာ အသင်းတော်အလုပ်ကို ပျက်စီးစေပြီး ကမောက်ကမသာ ဖြစ်စေပါက၊ ထိုသို့သောလူကို လုံးဝ အသုံးပြု၍မရပေ။ ဤသည်မှာ သင့်တော်သောသူ မရှိသည့် အခြေအနေများတွင် ဦးစွာ သဘောပေါက်ရမည့် ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆခြင်းဆိုင်ရာ စည်းမျဉ်းဖြစ်ပြီး လူတို့ကို ယာယီအသုံးပြုခြင်းအတွက် စည်းမျဉ်းလည်း ဖြစ်သည်။ သင့်တော်သူတစ်ဦးကို ရှာမတွေ့နိုင်သည့်အပြင် မည်သူက အတော်အတန် ပိုကောင်းနိုင်သည်ကို မရှင်းလင်းသည့်အခါ၊ မည်သူက အလုပ်တာဝန်တစ်ခုအတွက် လုံးဝသင့်တော်သည်ဟူသည်မှာ သိသာထင်ရှားခြင်းမရှိသည့်အပြင် လူတိုင်းက သာမန်သာဖြစ်နေသည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ တစ်ခုတည်းသော ရွေးချယ်စရာမှာ အလုပ်ကို အတူတကွ ပူးပေါင်းလုပ်ဆောင်စေဖို့အတွက် အတော်အတန် ဝိညာဉ်ရေးရာ သိနားလည်မှုရှိသော လူနှစ်ဦး၊ ဆိုလိုသည်မှာ သမ္မာတရားကို စင်ကြယ်စွာ သဘောပေါက်သူများကို ရှာဖွေဖို့ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် သမ္မာတရားကို ၎င်းတို့အား ပို၍ မိတ်သဟာယဖွဲ့သင့်ပြီး ၎င်းတို့၏ အခြေအနေများကို စောင့်ကြည့်လေ့လာကာ နားလည်သင့်သည်။ ဤအရာက မည်သူသည် အတော်အတန် ပိုကောင်းသော အစွမ်းအစရှိသည်ဟူသည်ကို ဆုံးဖြတ်နိုင်စေပြီး ယင်းက မှန်ကန်သော လူကို ရှာဖွေခြင်းအား ပိုမိုလွယ်ကူစေသည်။ တာဝန်ထမ်းဆောင်ရန် မည်သူကို စီစဉ်ထားသည်ဖြစ်စေ ၎င်းတို့၏ အစွမ်းအစ၊ အားသာချက်များနှင့် ကိုယ်ကျင့်စရိုက်တို့အပေါ် အခြေခံရမည်ဖြစ်သည်။ ဤသည်မှာ မရှိမဖြစ်လိုအပ်သည်။ အကယ်၍ ဤကဏ္ဍများကို ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ ထိုလူတွင် မည်သည့်အားသာချက်များ ရှိသည်ကို နားမလည်ပါက ၎င်းတို့ကို ရိုးရှင်းသော တာဝန်တစ်ခု၊ သို့မဟုတ် ကာယအလုပ်တစ်ခုခုကို ဦးစွာ တာဝန်ပေးသင့်သည်၊ သို့မဟုတ် ဧဝံဂေလိ ဟောပြောခြင်းအတွက် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများကို လိုက်ရှာခြင်းအား လုပ်ဆောင်ရန် စီစဉ်ပေးသင့်သည်။ စမ်းသပ်ကာလတစ်ခုပြီးသည့်နောက် နောက်ဆက်တွဲလုပ်ပေးခြင်းနှင့် နောက်ထပ်စောင့်ကြည့်လေ့လာခြင်းတို့က ၎င်းတို့၏ အခြေအနေကို တိကျစွာ အကဲဖြတ်နိုင်စေပြီး ၎င်းတို့အတွက် အသင့်တော်ဆုံးသော တာဝန်ကို ဆုံးဖြတ်ရန် ပိုမိုလွယ်ကူစေသည်။ အကယ်၍ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းပြီး အားသာချက်များ ကင်းမဲ့ပါက ၎င်းတို့အား ကာယအလုပ်အချို့ကို တာဝန်ပေးလျှင် လုံလောက်လိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အရင်းအမြစ်အမျိုးမျိုးမှ အရေးကြီးသော အလုပ်နှင့်ပတ်သက်သော ကြီးကြပ်ရေးမှူးများအပေါ်၊ ဧဝံဂေလိ ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်များ၊ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ ဒါရိုက်တာများ စသည်တို့အပေါ် သိနားလည်မှုတစ်ခု ရှိရမည်ဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်၍ သေချာစေရန်အတွက် ဤလူများအား ပြင်းပြင်းထန်ထန် စောင့်ကြည့်လေ့လာပြီး ဆန်းစစ်ရမည်ဖြစ်သည်။ လူတို့ကို ဤနည်းဖြင့် တာဝန်များကို ဂရုတစိုက်ချပေးခြင်းအားဖြင့်သာ အစီအစဉ်များက သင့်လျော်မှုရှိရန်ကိုလည်းကောင်း၊ လူတို့ကို ၎င်းတို့၏တာဝန်များတွင် ထိရောက်မှုရှိစေမည်ကိုလည်းကောင်း သေချာနိုင်သည်။ လူအချို့က “ဘာသာတရားမရှိသူတွေကတောင် ‘ကိုယ်အလုပ်ခန့်တဲ့သူတွေကို သံသယမရှိနဲ့။ ကိုယ်သံသယရှိတဲ့လူတွေကို အလုပ်မခန့်နဲ့’ လို့ပြောကြတယ်။ ဘုရားအိမ်တော်က ဘယ်လိုလုပ်ပြီး အရမ်းကို မယုံကြည်နိုင်ရတာလဲ။ သူတို့အကုန်လုံးက ယုံကြည်သူတွေပဲလေ။ ဘယ်လောက်ဆိုးနိုင်မှာလဲ။ သူတို့အားလုံးက လူကောင်းတွေ မဟုတ်ဘူးလား။ အသင်းတော်က ဘာလို့ သူတို့အကြောင်း နားလည်အောင်လုပ်တာ၊ သူတို့ကို ကြီးကြပ်ပြီး စောင့်ကြည့်လေ့လာတာတွေ လုပ်ရမှာလဲ” ဟူ၍ ပြောကြသည်။ ဤစကားများက ကျိုးကြောင်းညီညွတ်သလော။ ပြဿနာရှိသလော။ (ရှိပါသည်။) တစ်စုံတစ်ယောက်အကြောင်းကို အတွင်းကျကျ သိအောင်လုပ်ခြင်း၊ စေ့စေ့စပ်စပ် လေ့လာကြည့်ရှုခြင်း၊ အနီးကပ် အပြန်အလှန်ထိတွေ့ဆက်ဆံခြင်းတို့သည် စည်းမျဉ်းများကို စောင့်ထိန်းသလော။ ဤသည်မှာ စည်းမျဉ်းများကို အပြည့်အဝ စောင့်ထိန်းသည်။ မည်သည့်စည်းမျဉ်းများကို စောင့်ထိန်းသနည်း။ (ခေါင်းဆောင်များ၊ အမှုဆောင်များ၏ တာဝန်များ၏ အချက် ၄ ဖြစ်သည်။ “မသင့်တော်သောလူများကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ကာကွယ်ရန် သို့မဟုတ် လျော့ပါးစေရန်နှင့် အလုပ်၏ ထိရောက်မှုရှိခြင်းနှင့် ချောမွေ့စွာ တိုးတက်မှုကို အာမခံရန်အလို့ငှာ အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး လိုအပ်သလို ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို အချိန်မီ ပြုပြင်ခြင်း သို့မဟုတ် ဖြုတ်ချခြင်း ပြုလုပ်လော့။”) ဤသည်မှာ ကောင်းသော ကိုးကားချက်တစ်ခုဖြစ်သည်။ သို့သော် ဤသို့လုပ်ဆောင်ခြင်းအတွက် တကယ့်အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသောကြောင့်ဖြစ်သည်။ ယခုခေတ်တွင် လူများစွာက တာဝန်တစ်ခုကို ထမ်းဆောင်သော်လည်း သမ္မာတရားကို လိုက်စားသောသူ အနည်းငယ်သာရှိသည်။ အလွန်နည်းပါးသော လူတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်ကြသည်။ လူအများစုမှာမူ အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့်ပုံစံတွင် စည်းမျဉ်းများမရှိသေးပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသောသူများ မဟုတ်သေးပေ။ ၎င်းတို့သည် သမ္မာတရားကိုချစ်သည်၊ သမ္မာတရားကို လိုက်စားလိုစိတ်ရှိသည်၊ သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိသည်ဟု ၎င်းတို့ အခိုင်အမာပြောရုံသာ ရှိသည့်တိုင်အောင် ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက် မည်မျှတည်တံ့မည်ကို မသိရသေးပေ။ သမ္မာတရားကို မလိုက်စားသောသူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အချိန်မရွေး၊ နေရာမရွေး ထုတ်ဖော်တတ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်အပေါ် တာဝန်သိတတ်စိတ် တစ်စက်မျှ မရှိပေ။ ၎င်းတို့သည် မကြာခဏ ဝတ်ကျေတမ်းကျေပြုသည်။ ၎င်းတို့ဆန္ဒရှိသလို လုပ်ဆောင်ကြသည်။ ပြုပြင်ခြင်းကို လက်ခံနိုင်စွမ်းပင် မရှိကြပေ။ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ အလုပ်ကို စွန့်ပစ်တတ်ကြသည်။ ဤသို့ မကြာခဏ ဖြစ်ပျက်သည်။ ဤထက်ပို၍ အဖြစ်များသောအရာမရှိပေ။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသောသူအားလုံး ပြုမူဆောင်ရွက်သည့်ပုံစံ ဖြစ်သည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို မရရှိသေးသည့်အခါတွင် စိတ်မချရဘဲ မယုံကြည်ထိုက်ပေ။ ၎င်းတို့သည် မယုံကြည်ထိုက်သည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့သည် အခက်အခဲများ၊ သို့မဟုတ် ဆုတ်ဆိုင်းမှုများ ကြုံတွေ့ရသောအခါတွင် ကျရှုံးနိုင်ခြေများပြီး အပျက်သဘောဆောင်ကာ အားနည်းလာနိုင်ခြေများသည်ကို ဆိုလိုသည်။ မကြာခဏ အပျက်သဘောဆောင်ပြီး အားနည်းသူသည် ယုံကြည်ထိုက်သောသူတစ်ယောက် ဖြစ်သလော။ သေချာပေါက်မဟုတ်ပေ။ သို့သော် သမ္မာတရားကို နားလည်သောသူတို့သည် ကွဲပြားခြားနားသည်။ သမ္မာတရားကို အမှန်တကယ် နားလည်သောသူတို့သည် အသေအချာပင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသောစိတ်နှလုံးရှိကြသည်။ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောလူတို့သည်သာ ယုံကြည်ထိုက်သောလူများ ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသောသူတို့သည် မယုံကြည်ထိုက်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသောသူတို့ကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ချစ်ခင်သော ကူညီမှုနှင့် ပံ့ပိုးမှုကို ၎င်းတို့အား ပေးသင့်သည်မှာ မှန်ပေသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ၎င်းတို့ကို ပို၍ နောက်ဆက်တွဲ လိုက်လုပ်ဆောင်သင့်သည်။ ပြီးလျှင် ကူညီမှုနှင့် ညွှန်ကြားမှု ပို၍ ပေးသင့်သည်။ ထိုအခါမှသာ ၎င်းတို့တာဝန်ကို ထိရောက်စွာ ထမ်းဆောင်ရန် စိတ်ချရနိုင်သည်။ ဤသို့လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ အဓိက ရည်ရွယ်ချက်မှာ ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းရန်ဖြစ်သည်။ ဒုတိယအနေဖြင့် ပြဿနာများကို အချိန်မီ ခွဲခြားဖော်ထုတ်ရန်၊ ၎င်းတို့ကို အချိန်မီ ပံ့ပိုးရန်၊ ၎င်းတို့ကို ထောက်ပံ့ရန်၊ သို့မဟုတ် ၎င်းတို့ကို ပြုပြင်ရန်၊ ၎င်းတို့၏ လမ်းလွဲမှုများကို တည့်မတ်ရန်နှင့် ၎င်းတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များအတွက် ထေမိအောင် လုပ်ဆောင်ရန်ဖြစ်သည်။ ဤသည်မှာ လူတို့အတွက် အကျိုးဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ မလိုမုန်းထားခြင်းတစ်ခုမျှမရှိပေ။ လူတို့ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ၎င်းတို့ကို နားလည်အောင် ကြိုးစားခြင်းတို့ အားလုံးသည် ဘုရားသခင်အား ယုံကြည်မှုတွင် မှန်ကန်သောလမ်းကြောင်းကို ၎င်းတို့ဝင်ရောက်စေဖို့ ကူညီပေးရန်၊ ၎င်းတို့တာဝန်ကို ဘုရားသခင်တောင်းဆိုသည့်အတိုင်းနှင့် စည်းမျဉ်းနှင့်အညီ ထမ်းဆောင်နိုင်အောင် ထောက်ကူပေးရန်၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ တစ်ခုခုကို ဖြစ်စေခြင်းမှ ၎င်းတို့အား တားဆီးရန်နှင့် အချည်းနှီးဖြစ်သော အလုပ်ကို လုပ်ဆောင်ခြင်းမှ ၎င်းတို့ကို တားဆီးရန် ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်သည် ၎င်းတို့အပေါ်တွင်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင်လည်းကောင်း တာဝန်ယူခြင်း လုံးလုံးဖြစ်သည်။ ဤတွင် မလိုမုန်းထားခြင်းမရှိပေ။ အကယ်၍ တစ်စုံတစ်ဦးက “သို့ဆိုလျှင် ဤသည်တို့မှာ ဘုရားအိမ်တော်က လူတို့အား ဆက်ဆံသည့် စည်းမျဉ်းများဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့ အသုံးပြုသည့် နည်းလမ်းများ ဖြစ်သည်။ ကျွန်ုပ်သည် ယခုမှစ၍ သတိထားရန် လိုအပ်သည်။ ဘုရားအိမ်တော်၌ လုံခြုံစိတ်ချရသည့် ခံစားချက် မရှိပါ။ သင့်ကို အမြဲတမ်း စောင့်ကြည့်နေသူတစ်ဦး ရှိသည်။ မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် ခက်ခဲလှသည်”ဟု ပြောသည် ဆိုပါစို့။ ဤပြောဆိုချက်သည် မှန်ကန်သလော။ ထိုသို့သော ပြောဆိုချက်ကို မည်သည့် လူစားမျိုးက ပြောမည်နည်း။ (မယုံကြည်သူများ ဖြစ်ပါသည်။) မယုံကြည်သူများ၊ အဓိပ္ပာယ်မရှိသောလူများနှင့် ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သောသူများဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဘဲ နားဝေတိမ်တောင်ဖြစ်သော စကားများကို ပြောလေ့ရှိကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဤသည်တို့မှာ အသင်းတော်၏ အလုပ်ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချသော စကားများ မဟုတ်လော။ ယင်းသည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းလည်း ဖြစ်သည်။ ထိုသို့သောစကားများကို ပြောဆိုနိုင်စွမ်းရှိသောသူတို့သည် ဧကန်မုချ သမ္မာတရားကို နားမလည်သော နားဝေတိမ်တောင်ဖြစ်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မချစ်သော မယုံကြည်သူများချည်းသာ ဖြစ်ကြသည်။
ဘုရားအိမ်တော်သည် တာဝန်တစ်ခုကို ထမ်းဆောင်ကြသူများကို ကြီးကြပ်သည်၊ စောင့်ကြည့်လေ့လာသည်၊ နားလည်ရန် ကြိုးစားသည်။ ဘုရားအိမ်တော်၏ ဤစည်းမျဉ်းကို သင်တို့ လက်ခံနိုင်ကြသလော။ (လက်ခံနိုင်ပါသည်။) သင်သည် ဘုရားအိမ်တော်က သင့်ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ နားလည်ရန် ကြိုးစားခြင်းတို့ကို လက်ခံနိုင်လျှင် ယင်းမှာ အလွန်ကောင်းမွန်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းမှာ သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရာတွင်လည်းကောင်း၊ သင်၏ တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ရာတွင်လည်းကောင်း သင့်အတွက် အကူအညီဖြစ်၏။ ယင်းသည် သင့်ကို အကျိုးပြုပြီး ကူညီသည်၊ မည်သည့်ဆိုးကျိုးမျှ လုံးဝမရှိပေ။ သင်သည် ဤစည်းမျဉ်းကို နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုကို အတိုက်အခံလုပ်သည့် သို့မဟုတ် သတိထားရှောင်သည့် ခံစားချက်တစ်ခုမျှ သင့်ထံတွင် နောက်ထပ် မရှိသင့်တော့သည် မဟုတ်လော။ တစ်ခါတစ်ရံ တစ်စုံတစ်ဦးက သင့်ကို နားလည်ရန်၊ သင့်ကို စောင့်ကြည့်ရန်၊ သင်၏အလုပ်ကို ကြီးကြပ်ရန် ကြိုးစားလျှင်ပင် ဤသည်မှာ ပုဂ္ဂိုလ်ရေးအရ သဘောထားရသည့်အရာတစ်ခု မဟုတ်ချေ။ ငါသည် အဘယ်ကြောင့် ဤသို့ ပြောရသနည်း။ အကြောင်းမှာ ယခု သင်၏ လက်ထဲတွင်ရှိသော လုပ်ငန်းဆောင်တာများ၊ သင်ထမ်းဆောင်သည့် တာဝန်နှင့် သင်လုပ်ဆောင်သည့် မည်သည့်အလုပ်မဆိုသည် မည်သည့်လူတစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စများ သို့မဟုတ် ပုဂ္ဂိုလ်ရေးအလုပ် မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဆက်စပ်သကဲ့သို့ ဘုရားသခင်၏ အလုပ်၏ အစိတ်အပိုင်းတစ်ခုနှင့် သက်ဆိုင်သည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးက သင့်အား အနည်းငယ် ကြီးကြပ်သည့်အခါတွင်ဖြစ်စေ၊ စောင့်ကြည့်လေ့လာသည့်အခါတွင်ဖြစ်စေ၊ သင့်ကို နက်ရှိုင်းသောအဆင့်၌ နားလည်ရန် ကြိုးစားသည့်အခါတွင်ဖြစ်စေ၊ သင်နှင့် ရင်းရင်းနှီးနှီး ပြောဆိုရန်နှင့် ဤအချိန်အတွင်း သင်၏ အခြေအနေ မည်သို့ရှိသည်ကို သိရှိရန် ကြိုးစားသည့်အခါတွင်ဖြစ်စေ၊ တစ်ခါတစ်ရံ ၎င်းတို့၏ သဘောထား အနည်းငယ် ပို၍ ပြင်းထန်ပြီး ၎င်းတို့က သင့်ကို အနည်းငယ် ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့ ပြုသည့်အခါတွင်ပင်ဖြစ်စေ ဤအရာအားလုံးမှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင် အသိစိတ်ရှိပြီး တာဝန်သိသော သဘောထားတစ်ခု ရှိသောကြောင့် ဖြစ်သည်။ သင်သည် ဤအရာအပေါ် အပျက်သဘောဆောင်သော အတွေးအခေါ်တစ်ခုမျှ မရှိသင့်သည့်အပြင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များဖြင့် သင် မတုံ့ပြန်သင့်ချေ။ အခြားသူများက သင့်ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် နားလည်ရန် ကြိုးစားခြင်းတို့ကို သင်လက်ခံနိုင်လျှင် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို သင်လက်ခံသည်ဟု ဆိုလိုသည်။ သင်သည် လူတို့၏ ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် သင့်ကို နားလည်ရန် ကြိုးပမ်းခြင်းတို့ကို လက်မခံဘဲ ယင်းကိုပင် သင်ပြန်လည်တွန်းလှန်လျှင် သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်စွမ်း ရှိမည်လော။ ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းသည် လူတို့က သင့်ကို နားလည်ရန် ကြိုးစားသည့်အချိန်ထက် ပို၍ အသေးစိတ်ကျသည်၊ နက်နဲသည်၊ တိကျမှန်ကန်သည်။ ဘုရားသခင်၏ တောင်းဆိုချက်များသည် များစွာ ပို၍ သတ်သတ်မှတ်မှတ်ဖြစ်သည်၊ တင်းကျပ်သည်၊ နက်နဲသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်ခြင်းကိုပင် သင်လက်မခံနိုင်လျှင် သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်သည်ဟူသော သင်၏ အခိုင်အမာဆိုချက်များသည် အနှစ်သာရမရှိသော စကားများ မဟုတ်လော။ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းနှင့် စစ်ဆေးမှုကို လက်ခံနိုင်ရန်အလို့ငှာ သင်သည် ဘုရားအိမ်တော်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ ကြီးကြပ်ခြင်းကို ဦးစွာ လက်ခံရမည် ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်တွင် လူ့အခွင့်အရေးရှိသည်၊ ကျွန်ုပ်တွင် ကျွန်ုပ်၏ လွတ်လပ်ခွင့်ရှိသည်၊ ကျွန်ုပ်တွင် ကိုယ်ပိုင်အလုပ်လုပ်သည့်နည်းလမ်း ရှိသည်။ ကျွန်ုပ်လုပ်ဆောင်သမျှ အရာတိုင်းတွင် ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းကို ခံရခြင်းသည် အလွန် ချုပ်ချယ်သော နေထိုင်မှုပုံစံတစ်ခု မဟုတ်လော။ ကျွန်ုပ်၏ လူ့အခွင့်အရေးများ အဘယ်မှာနည်း။ ကျွန်ုပ်၏ လွတ်လပ်ခွင့် အဘယ်မှာနည်း”ဟု ပြောကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်သည် သမ္မာတရားဖြစ်သလော။ သမ္မာတရား မဟုတ်ပေ။ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်သည် လူ့အဖွဲ့အစည်းတွင် လူတို့ကို ဆက်ဆံသည့် အတော်အတန် ယဉ်ကျေးပြီး တိုးတက်သော နည်းလမ်းများမျှသာ ဖြစ်သော်လည်း ဘုရားအိမ်တော်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားက အရာအားလုံး၏ အထက်တွင်ရှိသည်။ “လူ့အခွင့်အရေး”နှင့် “လွတ်လပ်ခွင့်” တို့နှင့် တစ်တန်းတည်းထား၍ ပြောဆို၍မရနိုင်ပေ။ ထို့ကြောင့် ဘုရားအိမ်တော်၌ လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် ဘာသာတရားမရှိသူများ၏ လောကမှ မြင့်မားသော သီအိုရီများ သို့မဟုတ် အသိပညာကို အခြေမခံဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားကို အခြေခံသည်။ သို့ဖြစ်၍ အချို့လူများက လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ၎င်းတို့ လိုချင်သည်ဟု ပြောသည့်အခါ ဤသည်မှာ စည်းမျဉ်းများနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤအရာက တာဝန်ထမ်းဆောင်ခြင်း၏ စည်းမျဉ်းနှင့် ကိုက်ညီခြင်းမရှိသည်မှာ အလွန်သိသာထင်ရှားသည်။ သင်သည် ငွေရှာရန် လူ့အဖွဲ့အစည်းတွင် အလုပ်လုပ်နေခြင်းမဟုတ်ဘဲ ဘုရားအိမ်တော်၌ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ သို့ဖြစ်၍ သင်၏ လူ့အခွင့်အရေးများကို ကာကွယ်ပေးရန် သင့်အတွက် မည်သူကမျှ ရပ်တည်ပေးဖို့ မလိုအပ်ပေ။ ထိုသို့သောအရာများသည် မလိုအပ်ချေ။ လူအများစုသည် လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်တို့နှင့်စပ်လျဉ်း၍ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကြသလော။ ဤအရာများသည် လူ့အတွေးအခေါ်များ၊ ရှုထောင့်အမြင်များနှင့် သက်ဆိုင်ပြီး သမ္မာတရားကဲ့သို့ တစ်တန်းတည်းထား၍ ပြောဆို၍မရနိုင်ပေ။ ထိုသို့သော စိတ်ကူးများသည် ဘုရားအိမ်တော်၌ အရာမဝင်ပေ။ ခေါင်းဆောင်တစ်ဦးက သင်၏အလုပ်ကို ကြီးကြပ်ခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယင်းက ၎င်းတို့သည် အသင်းတော်၏ အလုပ်အတွက် တာဝန်ယူနေသည်ဟု ဆိုလိုသောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်၊ ၎င်းတို့၏ တာဝန်ယူမှု ဖြစ်သည်။ ဤတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်းက ၎င်းတို့သည် အရည်အချင်းရှိသော ခေါင်းဆောင်တစ်ဦး၊ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ကြောင်း သက်သေပြသည်။ သင့်ကို လုံးဝလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများ ပေးထားပြီး သင်သည် သင်အလိုရှိသမျှကို လုပ်ဆောင်နိုင်လျှင်၊ သင်၏ အလိုဆန္ဒများကို လိုက်နာနိုင်လျှင်၊ လွတ်လပ်မှုအပြည့်နှင့် ဒီမိုကရေစီကို ခံစားနိုင်လျှင်၊ သင်လုပ်ဆောင်သည့်အရာ သို့မဟုတ် သင်လုပ်ဆောင်ပုံ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်က ဂရုမစိုက်ဘဲ သို့မဟုတ် ကြီးကြပ်ခြင်းမရှိလျှင်၊ သင့်ကို မည်သည့်အခါမျှ မေးခွန်းမထုတ်လျှင်၊ သင်၏အလုပ်ကို မစစ်ဆေးလျှင်၊ ပြဿနာများ တွေ့ရှိသည့်အခါ ထုတ်မပြောလျှင်၊ သင့်ကို ချော့မော့ခြင်း သို့မဟုတ် ညှိနှိုင်းခြင်းတို့သာ ပြုလျှင် ၎င်းတို့သည် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်မည်လော။ မဟုတ်သည်မှာ ရှင်းနေပါသည်။ ထိုသို့သော ခေါင်းဆောင်သည် သင့်ကို အန္တရာယ်ပြုနေခြင်း ဖြစ်သည်။ ၎င်းတို့သည် သင်၏ မကောင်းမှုပြုခြင်းကို လိုက်လျောသည်၊ သင်သည် စည်းမျဉ်းများကို ဆန့်ကျင်ပြီး သင်အလိုရှိသကဲ့သို့ လုပ်ဆောင်သည်ကို ခွင့်ပြုသည်။ ၎င်းတို့သည် သင့်ကို မီးကျင်းထဲသို့ တွန်းချနေခြင်း ဖြစ်သည်။ ဤသည်မှာ တာဝန်သိပြီး စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး မဟုတ်ချေ။ တစ်ဖက်တွင်မူ ခေါင်းဆောင်တစ်ဦးက သင့်ကို ပုံမှန် ကြီးကြပ်နိုင်လျှင်၊ သင်၏အလုပ်ထဲမှ ပြဿနာများကို ရှာဖွေဖော်ထုတ်ပြီး သင့်ကို အချိန်မီ သတိပေးခြင်း သို့မဟုတ် ပြစ်တင်ကြိမ်းမောင်းပြီး ဖော်ထုတ်ခြင်း၊ သင်၏ မှားယွင်းသော လိုက်စားမှုများနှင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် လမ်းလွဲမှုများကို အချိန်မီ ပြုပြင်ပေးပြီး ကူညီပေးလျှင်၊ ၎င်းတို့၏ ကြီးကြပ်မှု၊ ပြစ်တင်ကြိမ်းမောင်းမှု၊ ထောက်ပံ့မှု၊ အကူအညီတို့အောက်တွင် သင်၏ တာဝန်အပေါ် မှားယွင်းသော သဘောထား ပြောင်းလဲသွားလျှင်၊ သင်သည် အဓိပ္ပာယ်မရှိသော အမြင်အချို့ကို စွန့်ပယ်နိုင်လျှင်၊ သင်၏ ကိုယ်ပိုင်စိတ်ကူးများနှင့် စိတ်လိုက်မာန်ပါ ဖြစ်ခြင်းမှ ဖြစ်ပေါ်လာသော အရာများ တဖြည်းဖြည်း လျော့နည်းသွားလျှင်၊ သင်သည် မှန်ကန်ပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဖြစ်သော ပြောဆိုချက်များနှင့် အမြင်များကို အေးဆေးတည်ငြိမ်စွာ လက်ခံနိုင်လျှင် ဤသည်မှာ သင့်အတွက် အကျိုးရှိသည် မဟုတ်လော။ အကျိုးကျေးဇူးများမှာ အမှန်ပင် ကြီးမားလှပေသည်။
ဘုရားအိမ်တော်သည် ၎င်း၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် နားလည်ခြင်းတို့ကို ကျင့်သုံးခြင်းဖြင့် ဆက်ဆံသည်။ လူတို့ကို ဤနည်းလမ်းဖြင့် ဆက်ဆံခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ လူတို့ကို ဤပုံစံဖြင့် အဘယ်ကြောင့် ဆက်ဆံရသနည်း။ ယင်းသည် လူတစ်ဦး၏ တာဝန်အပေါ် သစ္စာစောင့်သိခြင်း၊ အလေးအနက်ထားခြင်းနှင့် တာဝန်သိခြင်းဆိုင်ရာ စည်းမျဉ်းများမှ ဖြစ်ပေါ်လာသော နည်းလမ်းနှင့် လုပ်နည်းကိုင်နည်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ ခေါင်းဆောင်တစ်ဦးသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့ တာဝန်ယူရသောလူများကို မည်သည့်အခါမျှ ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ သို့မဟုတ် နက်ရှိုင်းစွာ နားလည်ခြင်း မရှိပါက ၎င်းတို့၏ တာဝန်အပေါ် သစ္စာစောင့်သိသော ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်းတို့ကို မှတ်ယူ၍ရနိုင်သလော။ သိသာထင်ရှားစွာပင် မှတ်ယူ၍မရပေ။ သင်တို့၏ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ကြီးကြပ်ရေးမှူးများသည် သင်၏အလုပ်ကို စစ်ဆေးဖူးသလော။ ၎င်းတို့သည် သင့်အလုပ်၏ တိုးတက်မှုအကြောင်း စုံစမ်းမေးမြန်းဖူးသလော။ ၎င်းတို့သည် သင်၏အလုပ်တွင် ပေါ်ပေါက်ခဲ့သော ပြဿနာများကို ဖြေရှင်းပေးဖူးသလော။ ၎င်းတို့သည် သင်၏အလုပ်တွင်ရှိသည့် သိသာထင်ရှားသော အပြစ်အနာအဆာများ သို့မဟုတ် လမ်းလွဲမှုများကို ပြုပြင်ပေးဖူးသလော။ ၎င်းတို့သည် သင်၏ လူ့သဘာဝနှင့်ဆိုင်သည့် အမျိုးမျိုးသော သရုပ်သကန်များနှင့် ထုတ်ဖော်ပြသမှုများ၊ အသက်ဝင်ရောက်မှုအပေါ် သင်၏ လိုက်စားခြင်းတို့နှင့်ပတ်သက်၍ အကူအညီ၊ ထောက်ပံ့မှု၊ ပံ့ပိုးမှု၊ သို့မဟုတ် ပြုပြင်ခြင်းတို့ကို ပေးဖူးသလော။ အကယ်၍ ခေါင်းဆောင်တစ်ဦးသည် သာမန်တာဝန်များကို ထမ်းဆောင်နေသူများအတွက် လမ်းညွှန်မှုကို မည်သည့်အခါမျှ မပေးရုံသာမက အရေးပါသောအလုပ်တွင် ပါဝင်နေသူများအတွက် မိတ်သဟာယ၊ အကူအညီ၊ သို့မဟုတ် ပံ့ပိုးမှုကိုလည်း မည်သည့်အခါမျှ မပေးပါက၊ ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ သို့မဟုတ် နက်ရှိုင်းစွာ နားလည်ခြင်းတို့ကို မဆိုထားနှင့်၊ ဤသရုပ်သကန်များနှင့် လုပ်ဆောင်ချက်များမရှိပါက၊ ဤခေါင်းဆောင်ကို လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် မှတ်ယူ၍ရသလော။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီသလော။ (မပြည့်မီပါ။) အချို့လူများက “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် တစ်ပတ်လျှင် နှစ်ကြိမ် ကျွန်ုပ်တို့အတွက် စုဝေးပွဲများ ကျင်းပပေးသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ် မိတ်သဟာယဖွဲ့ပြီး ထို့နောက်တွင် အထက်မှ မိတ်သဟာယအချို့ကို ဖတ်ပြကာ တစ်ခါတစ်ရံ ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံဆိုင်ရာ သိနားလည်မှုအကြောင်း မိတ်သဟာယဖွဲ့သည်။ သို့သော် ၎င်းတို့သည် ကျွန်ုပ်တို့၏ အမျိုးမျိုးသော အခြေအနေများအပြင် ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင်ဖြစ်စေ၊ အသက်ဝင်ရောက်မှုတွင်ဖြစ်စေ ကြုံတွေ့ရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ မည်သည့်အကြံဉာဏ်မျှ၊ ထောက်ပံ့မှုများမျှ၊ သို့မဟုတ် အကူအညီကိုမျှ လုံးဝ မပေးခဲ့ပါ”ဟု ပြောကြသည်။ ဤခေါင်းဆောင်နှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်မြင်သနည်း။ (၎င်းတို့ စံနှုန်းမပြည့်မီပါ၊ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။) အကယ်၍ ခေါင်းဆောင်တစ်ဦးသည် ၎င်းတို့၏ ကိုယ်ပိုင်အလုပ် သို့မဟုတ် ၎င်းတို့ လက်အောက်ရှိလူများ၏ အမျိုးမျိုးသော အခြေအနေများကို ဂရုမစိုက်သည့်အပြင်၊ ၎င်းတို့၏ တာဝန်ဝတ္တရားများကိုလည်း မဖြည့်ဆည်းပါက ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီခြင်းမရှိပေ။ ၎င်းတို့သည် မည်သူ့ကိုမျှ ကြီးကြပ်ခြင်းမရှိ၊ စောင့်ကြည့်လေ့လာခြင်းမရှိ၊ သို့မဟုတ် နားလည်ရန် မကြိုးစားကြပေ။ အကြိမ်တိုင်းတွင်၊ ၎င်းတို့နှင့် သင်၏ စကားစမြည်ပြောဆိုမှုများက ဤသို့ဖြစ်သည်- “ဤလူသည် ယခု မည်သို့နေသနည်း။” “ကျွန်ုပ်သည် ၎င်းတို့ကို လက်ရှိ စောင့်ကြည့်လေ့လာနေပါသည်။” “သင် စောင့်ကြည့်လေ့လာနေသည်မှာ မည်မျှကြာပြီနည်း။ ၎င်းတို့နှင့် သင်ရင်းနှီးပါသလော။” “ကျွန်ုပ် ၎င်းတို့ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာ စောင့်ကြည့်လေ့လာနေပြီးဖြစ်ပါသည်။ ကျွန်ုပ် ၎င်းတို့နှင့် သိပ်ရင်းနှီးခြင်း မရှိသေးပါ။” “ထိုလူကော မည်သို့နည်း။” “၎င်းတို့နှင့်ပတ်သက်၍ ကျွန်ုပ် သိပ်မရှင်းလင်းသေးပါ၊ သို့သော် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဒုက္ခခံနိုင်ပြီး စိတ်ပိုင်းဖြတ်မှုရှိကာ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် လိုလားပါသည်။” “ထိုအရာအားလုံးမှာ အပေါ်ယံသာ ဖြစ်သည်။ ၎င်းတို့၏ သမ္မာတရားကို လိုက်စားခြင်းနှင့်ပတ်သက်၍ကော မည်သို့နည်း။” “ထိုအကြောင်းကိုလည်း ကျွန်ုပ် လေ့လာရမည်လော။ ကောင်းပြီ၊ ကျွန်ုပ် ယင်းကို စစ်ဆေးကြည့်ပါမည်။” ၎င်းတို့က စစ်ဆေးကြည့်မည်ဟု ပြောပြီးနောက် ရလဒ်များအတွက် သင် မည်မျှကြာအောင် စောင့်ဆိုင်းရန် လိုအပ်မည်မှာ မသိရပေ။ ယင်းမှာ မသေချာမရေရာသည့်အရာ ဖြစ်သည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ အလုပ်တွင် ယုံကြည်ထိုက်ခြင်း မရှိပေ။
သင်တို့၏ အသင်းတော်ခေါင်းဆောင်များနှင့် သင်တို့၏ ကြီးကြပ်ရေးမှူးများသည် သင်တို့၏ အလုပ်အပေါ် တာဝန်ယူသော သဘောထား ရှိကြသလော။ ၎င်းတို့သည် အလုပ်နှင့်စပ်လျဉ်း၍ သင်တို့၏ အခြေအနေများကို အမှန်တကယ် သဘောပေါက်နားလည်ကြသလော။ အလုပ်၏ ဤကဏ္ဍကို ကောင်းမွန်စွာ ဖြေရှင်းပြီးပြီလော။ (မဖြေရှင်းရသေးပါ။) ၎င်းတို့ထဲမှ မည်သူကမျှ ဤကဏ္ဍကို ကောင်းမွန်စွာ မဖြေရှင်းသေးပေ။ မည်သူကမျှ မိမိတို့၏ တာဝန်အပေါ် သစ္စာစောင့်သိပြီး အလုပ်အတွက် အလေးအနက်ထားကာ တာဝန်သိသည့်အဆင့်သို့ မရောက်ရှိကြပေ။ သို့ဆိုလျှင် ဤအရာကို စွမ်းဆောင်ရရှိခြင်းက လွယ်ကူသလော။ ခက်ခဲသလော။ မခက်ခဲပေ။ သင်သည် အတိုင်းအတာတစ်ခုအထိ အစွမ်းအစကို အမှန်တကယ် ပိုင်ဆိုင်လျှင်၊ သင်တာဝန်ရှိသည့် နယ်ပယ်အတွင်းတွင် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို အမှန်တကယ် နားလည်သဘောပေါက်လျှင် သင်၏အလုပ်အကိုင်နှင့်ပတ်သက်ပြီး အကျွမ်းတဝင်ရှိလျှင် သင်သည် စကားတစ်ရပ်ကို လိုက်နာရန်သာလိုပြီး သင်၏တာဝန်တွင် သစ္စာရှိနိုင်လိမ့်မည်။ ယင်းက မည်သည့်စကားဖြစ်သနည်း။ “စိတ်နှစ်လုပ်ကိုင်လော့။” သင်သည် အမှုအရာများအပေါ် စိတ်နှစ်လျှင်၊ လူတို့အပေါ် စိတ်နှစ်လျှင် သင်၏တာဝန်တွင် သစ္စာရှိပြီး တာဝန်သိတတ်နိုင်လိမ့်မည်။ ဤစကားက လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသလော။ ဤအရာကို မည်သို့လက်တွေ့လုပ်ဆောင်သနည်း။ ယင်းမှာ ကြားရန် သင်၏နားကို အသုံးပြုဖို့ မဆိုလိုသကဲ့သို့ တွေးရန် သင်၏ စိတ်ကို အသုံးပြုရန်လည်း မဆိုလိုပေ။ ယင်းမှာ သင်၏ စိတ်နှလုံးကို အသုံးပြုခြင်းအား ဆိုလိုသည်။ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို အမှန်တကယ် အသုံးပြုနိုင်ပါက တစ်စုံတစ်ယောက်က တစ်ခုခုလုပ်သည်ကို၊ တစ်နည်းနည်းဖြင့် ပြုမူသည်ကို သို့မဟုတ် တစ်စုံတစ်ခုအပေါ် တုံ့ပြန်မှုတစ်မျိုးမျိုးရှိသည်ကို သူ၏ မျက်လုံးများက မြင်သောအခါ၊ သို့မဟုတ် လူအချို့၏ ထင်မြင်ချက်များ သို့မဟုတ် ငြင်းခုံမှုများကို သူ၏ နားများက ကြားသောအခါ ဤအရာများကို တွေးတောချိန်ဆရန် သူ၏ စိတ်နှလုံးကို အသုံးပြုခြင်းအားဖြင့် သူ၏ စိတ်တွင် စိတ်ကူး၊ အမြင်နှင့် သဘောထားအချို့ ဖြစ်ပေါ်လာလိမ့်မည်။ ဤစိတ်ကူး၊ အမြင်နှင့် သဘောထားများသည် ထိုလူ၊ သို့မဟုတ် အမှုအရာအပေါ် လေးနက်သော၊ တိကျသော၊ မှန်ကန်သော နားလည်မှုရှိစေလိမ့်မည်။ တစ်ချိန်တည်းတွင် သင့်တော်သော၊ မှန်ကန်သော အကဲဖြတ်မှုနှင့် စည်းမျဉ်းများဖြစ်ပေါ်လိမ့်မည်။ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို အသုံးပြုသည့် ဤသရုပ်သကန်များရှိသည့်အခါမှသာ သူသည် မိမိ၏တာဝန်ကို သစ္စာစောင့်သိသည်ဟု ဆိုလိုသည်။ သို့သော် သင်သည် အမှုအရာများအပေါ် စိတ်မနှစ်လျှင်၊ ဤအရာအတွက် စိတ်မပါလျှင် သင်၏မျက်လုံးများသည် သင်မြင်သည့် မည်သည့်အရာကိုမဆို တုံ့ပြန်ခြင်း မရှိသည့်အပြင် သင်၏နားများသည်လည်း သင်ကြားသည့် မည်သည့်အရာကိုမဆို တုံ့ပြန်ခြင်း မရှိပေ။ သင်၏မျက်လုံးများသည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မည်သည့်အခါမျှ စောင့်ကြည့်လေ့လာခြင်း မရှိ။ သင် အမှတ်တမဲ့ ကြုံတွေ့ရသည့် အကြောင်းအရာများကို ယင်းတို့က မလေ့လာပေ။ သင်၏စိတ်နှလုံးထဲတွင် သင်ကြားရသည့် အမျိုးမျိုးသော အသံများနှင့် အကြောင်းပြချက်များကို ပိုင်းခြားသိမြင်မည်မဟုတ်၊ သင်ကြားရသည့် သတင်းအချက်အလက်များကို သင်ပိုင်းခြားသိမြင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ မျက်စိဖွင့်ထားသော်လည်း မျက်မမြင်ဖြစ်ခြင်းနှင့် တူသည်။ လူတစ်ဦး၏ စိတ်နှလုံးသည် ကန်းနေသည့်အခါ ၎င်းတို့၏ မျက်လုံးများသည်လည်း ကန်းနေပေသည်။ သို့ဆိုလျှင် မျက်လုံးများဖြင့် အမှုအရာများကို စောင့်ကြည့်လေ့လာခြင်းနှင့် နားများဖြင့် အချက်အလက်များကို လက်ခံခြင်းမှ စိတ်ကူးများ၊ အမြင်များနှင့် သဘောထားများ ဖြစ်ပေါ်လာစေသည့်အရာမှာ အဘယ်နည်း။ ထိုအရာက အမှုအရာများအပေါ် သင် စိတ်နှစ်ခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတို့အပေါ်တွင် မူတည်သည်ချည်းသာ ဖြစ်သည်။ သင်သည် အမှုအရာများအပေါ် စိတ်နှစ်ထားလျှင် အချက်အလက်များကို သင် လက်ခံရရှိသည့်အခါတိုင်း၊ မြင်သည်ဖြစ်စေ ကြားသည်ဖြစ်စေ အမြင်များကို သင် ဖြစ်ပေါ်စေနိုင်လိမ့်မည်ဖြစ်ပြီး လူတစ်ဦး သို့မဟုတ် အမှုအရာတစ်ခုအပေါ် နက်ရှိုင်းသော သိနားလည်မှုတစ်ခု ရရှိနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် သင်သည် အမှုအရာများအပေါ် စိတ်မနှစ်လျှင် လက်ခံရရှိထားသည့် မည်သည့် သတင်းအချက်အလက် ပမာဏကမျှ အသုံးဝင်မည်မဟုတ်ပေ။ သင်သည် ယင်းကို ပိုင်းခြားသိမြင်ရန် သို့မဟုတ် ထိုးထွင်းသိမြင်ရန် စိတ်မနှစ်ထားလျှင် သင်သည် အသုံးမကျ၊ အသုံးမဝင်သည့်သူ ဖြစ်လာလျက် မည်သည့်အရာကိုမျှ ရရှိလိမ့်မည်မဟုတ်ပေ။ အသုံးမကျသောသူတစ်ဦးဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းက မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် စိတ်မနှစ်သောသူတစ်ဦးကို ရည်ညွှန်းသည်။ ၎င်းတို့တွင် မျက်စိများနှင့် နားများ ရှိသော်လည်း ဤအရာများက အသုံးမဝင်ပေ။ စိတ်နှလုံးမရှိသောသူတစ်ဦးသည် မိမိ၏ တာဝန်အပေါ် သစ္စာစောင့်သိမည်မဟုတ်သည့်အပြင်၊ မိမိ၏ အလုပ်အပေါ် အလေးအနက်ထားပြီး တာဝန်သိသော သဘောထားတစ်ခုကိုလည်း စွမ်းဆောင်ရရှိမည်မဟုတ်ပေ။
ဘုရားအိမ်တော်သည် အသင်းတော်အလုပ်ကို တိုးတက်စေရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့ တတ်နိုင်သမျှ အမြန်ဆုံး လမ်းညွှန်ရန် ရည်ရွယ်ချက်ဖြင့် အဆင့်အားလုံးတွင်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို နက်ရှိုင်းသော အဆင့်ဖြင့် စောင့်ကြည့်လေ့လာကာ သိနားလည်လျက် ၎င်းတို့အပေါ် ကြီးကြပ်မှုကို ကျင့်သုံးလေသည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကြီးကြပ်ခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းသည် မရှိမဖြစ်လိုအပ်ပြီး ဤနည်းလမ်းဖြင့် ကျင့်သုံးရမည်ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့ကျသောအလုပ်တွင် မပါဝင်ကြောင်း တွေ့ရှိရကာ ၎င်းတို့ကို အချိန်မီ ကိုင်တွယ်ဖြေရှင်းပါက ဤသည်မှာ အသင်းတော်အလုပ်၏ တိုးတက်မှုအတွက် အကျိုးရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကြီးကြပ်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တာဝန်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အပြည့်အဝ ကိုက်ညီသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်သည့်အတွက်၊ ၎င်းတို့ကို ကြီးကြပ်ခြင်းမရှိပါက ယင်းသည် ၎င်းတို့ကို ထိခိုက်နစ်နာစေသည်သာမက၊ အသင်းတော်အလုပ်ကိုလည်း တိုက်ရိုက် သက်ရောက်မှုရှိပေမည်။ မည်သို့သောအခြေအနေများအောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုကို မလိုအပ်တော့သနည်း။ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းနှင့် အသုံးပြုခြင်းကို ခံရသောသူများဖြစ်လာလျက်၊ သမ္မာတရားကို အပြည့်အဝ နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ကာ စည်းမျဉ်းများဖြင့် ပြုမူဆောင်ရွက်သည့်အချိန်တွင် ဖြစ်သည်။ ထိုသို့သောအခြေအနေများတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုသည် မလိုအပ်သောအရာဖြစ်လာသည့်အပြင်၊ ဘုရားအိမ်တော်သည် ဤကိစ္စကို အလေးပေးတော့မည်မဟုတ်ပေ။ သို့သော် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရသောသူတစ်ဦးသည် အမှားများ၊ လမ်းလွဲမှုများနှင့် လုံးဝ ကင်းရှင်းသွားပြီးဖြစ်သည်ဟု အာမခံနိုင်သလော။ သေချာပေါက် မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရားကို နားလည်သောသူများ၏ ကြီးကြပ်မှုကဲ့သို့ပင်၊ ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းက လိုအပ်နေဆဲဖြစ်သည်။ ဤကျင့်သုံးခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အပြည့်အဝ ကိုက်ညီပေသည်။ လူသားအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ကြီးကြပ်မှုမှတစ်ဆင့်သာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ၎င်းတို့၏ အလုပ်အတွက် တာဝန်ယူရန်နှင့် ၎င်းတို့၏ တာဝန်များအပေါ် သစ္စာစောင့်သိရန် တိုက်တွန်း၍ရနိုင်ပေသည်။ ကြီးကြပ်မှုမရှိဘဲ ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် တမင် မဆင်မခြင် ပြုမူဆောင်ရွက်ကြမည်ဖြစ်ပြီး ဝတ်ကျေတမ်းကျေဖြစ်သော ပုံစံကို ခံယူကျင့်သုံးကြမည်ဖြစ်သည်။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားတစ်ခု ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ပြီး သင်၏အနီးဝန်းကျင်ရှိ ညီအစ်ကိုမောင်နှမများက သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဟုတ်မဟုတ်ဟူသည်ကို နားလည်ရန် ကြိုးစားလျက် သင့်ကို မကြာခဏ ကြီးကြပ်ပြီး စောင့်ကြည့်လေ့လာပါက ဤသည်မှာ သင့်အတွက် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် သင်နှင့်ပတ်သက်၍ ပြဿနာတစ်ခုကို တွေ့ရှိပြီး သင်သည် ယင်းကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းနိုင်ပါက ဤသည်မှာ သင်၏ သမ္မာတရားကို လိုက်စားခြင်းနှင့် သင်၏ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိပေသည်။ သင် မကောင်းမှုကျူးလွန်နေကြောင်းနှင့် များပြားသော ဆိုးယုတ်သည့်အပြုအမူများကို သင် ကွယ်ရာတွင် ထုတ်ဖော်ပြသကာ သမ္မာတရားကို လိုက်စားသောသူတစ်ဦး မုချ မဟုတ်ကြောင်းကို ၎င်းတို့ ရှာဖွေတွေ့ရှိပါက၊ ၎င်းတို့သည် သင့်ကို ဖော်ထုတ်ပြီး သင်၏ ရာထူးမှ ထုတ်ပယ်မည်ဖြစ်သည်။ ယင်းက ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် ဘေးဥပဒ်တစ်ခုကို ဖယ်ရှားပေးမည်ဖြစ်ပြီး သင့်ကို ပိုမိုပြင်းထန်သော အပြစ်ဒဏ်ကို ရှောင်ရှားခွင့်ပေးမည်ဖြစ်သည်။ ထိုသို့သော ကြီးကြပ်မှုသည် မည်သူ့အတွက်မဆို အကျိုးရှိသည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုအပေါ် မှန်ကန်သော တုံ့ပြန်မှု ရှိသင့်သည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူတစ်ဦးဖြစ်ပါက ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုကို လိုအပ်သည်ဟု သင် ခံစားရလိမ့်မည်ဖြစ်ပြီး ထို့ထက်မက ၎င်းတို့၏ အကူအညီကို လိုအပ်သည်ဟု ခံစားရလိမ့်မည်ဖြစ်သည်။ သင်သည် ဆိုးယုတ်သောသူတစ်ဦးဖြစ်ပြီး လိပ်ပြာမလုံပါက သင်သည် ကြီးကြပ်ခြင်းကို ခံရမည်ကို ကြောက်ရွံ့လိမ့်မည်ဖြစ်ပြီး ယင်းကို ရှောင်ရှားရန် ကြိုးစားလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ရှောင်လွှဲ၍မရပေ။ ထို့ကြောင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုကို အတိုက်အခံလုပ်ပြီး အလွန်အမင်း မနှစ်မြို့သောသူအားလုံးသည် ဖုံးကွယ်ရမည့် တစ်စုံတစ်ခု ရှိကြပြီး ရိုးသားသောသူများ သေချာပေါက် မဟုတ်ကြသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ လှည့်ဖြားတတ်သောသူများထက် ကြီးကြပ်မှုကို ပို၍ ကြောက်ရွံ့သောသူ မည်သူမျှမရှိပေ။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုအပေါ် မည်သည့် သဘောထားကို ခံယူသင့်သနည်း။ ယင်းသည် အပျက်သဘောဆောင်ခြင်း၊ သတိထားရှောင်ခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် မကျေမချမ်းဖြစ်ခြင်း ဖြစ်သင့်သလော သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များအပေါ် နာခံခြင်းနှင့် နှိမ့်ချသော လက်ခံခြင်း ဖြစ်သင့်သလော။ (နှိမ့်ချသော လက်ခံခြင်း ဖြစ်သင့်ပါသည်။) နှိမ့်ချသော လက်ခံခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ အရာရာကို ဘုရားသခင်ထံမှ ခံယူခြင်း၊ သမ္မာတရားကို ရှာဖွေခြင်း၊ မှန်ကန်သော သဘောထားကို ခံယူခြင်းနှင့် စိတ်လိုက်မာန်ပါ မဖြစ်ခြင်းတို့ကို ဆိုလိုသည်။ အကယ်၍ တစ်စုံတစ်ဦးက သင်နှင့်ပတ်သက်၍ ပြဿနာတစ်ခုကို အမှန်တကယ် ရှာဖွေတွေ့ရှိပြီး သင့်ကို ထောက်ပြကာ ယင်းကို ပိုင်းခြားသိမြင်ပြီး နားလည်ရန် သင့်ကို ကူညီလျက် ဤကိစ္စကို ဖြေရှင်းရာတွင် သင့်ကို ကူညီပါက ၎င်းတို့သည် သင့်အပေါ် တာဝန်ယူနေခြင်းဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအပေါ် တာဝန်ယူနေခြင်း ဖြစ်သည်။ ဤသည်မှာ လုပ်ဆောင်ရန် မှန်ကန်သောအရာဖြစ်ပြီး လုံးဝ သဘာဝကျကာ ကျိုးကြောင်းခိုင်လုံသည်။ အကယ်၍ အသင်းတော်၏ ကြီးကြပ်မှုကို စာတန်ထံမှလည်းကောင်း၊ မလိုမုန်းထားသော ရည်ရွယ်ချက်များမှလည်းကောင်း အစပြုသည်ဟု မှတ်ယူသောသူများ ရှိပါက ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်။ ထိုသို့သော နတ်ဆိုးဆန်သည့် သဘာဝဖြင့် ၎င်းတို့သည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို သေချာပေါက် လက်ခံမည်မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးပါက ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုအပေါ် မှန်ကန်သော နားလည်မှု ရှိကြလိမ့်မည်။ ယင်းကို မေတ္တာဖြင့် လုပ်ဆောင်ခြင်းအဖြစ်၊ ဘုရားသခင်ထံမှ လာခြင်းအဖြစ် မှတ်ယူနိုင်ကြလိမ့်မည်ဖြစ်ကာ ဘုရားသခင်ထံမှ ထိုအရာကို ခံယူနိုင်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အတိုက်အခံလုပ်ခြင်း၊ သတိထားရှောင်ခြင်း၊ သို့မဟုတ် သံသယဖြစ်ခြင်းတို့ ဖြစ်ပေါ်ရန် မဆိုထားနှင့်၊ ဧကန်မုချ စိတ်မြန်လက်မြန်ဖြစ်လိမ့်မည် မဟုတ် သို့မဟုတ် စိတ်လိုက်မာန်ပါ ပြုမူလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုကို ချဉ်းကပ်ရန် အမှန်ကန်ဆုံးသော သဘောထားမှာ ဤသို့ဖြစ်သည်။ သင့်အတွက် အထောက်အကူဖြစ်သော မည်သည့်စကားများ၊ လုပ်ရပ်များ၊ ကြီးကြပ်မှု၊ စောင့်ကြည့်လေ့လာမှု၊ သို့မဟုတ် ပြုပြင်ပေးခြင်း၊ ပြုပြင်ခြင်းပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်ထံမှ ခံယူသင့်သည်။ စိတ်လိုက်မာန်ပါ မလုပ်နှင့်။ စိတ်လိုက်မာန်ပါလုပ်ခြင်းသည် ဆိုးယုတ်သောသူတစ်ဦးထံမှ၊ စာတန်ထံမှ လာသည်။ ယင်းသည် ဘုရားသခင်ထံမှ မလာသည့်အပြင် လူတို့က သမ္မာတရားအပေါ် ထားရှိသင့်သော သဘောထားလည်း မဟုတ်ပေ။
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ သတ္တမမြောက် တာဝန်နှင့်ပတ်သက်၍ ငါတို့ ထပ်ဖြည့်စွက်ပြီး မိတ်သဟာယဖွဲ့ရမည့်အရာမှာ ထိုမျှလောက်သာ ဖြစ်သည်။ သို့ဆိုလျှင် ဤသည်မှာ ထပ်ဖြည့်စွက်ရမည့် ပို၍ တိကျသောအကြောင်းအရာ တစ်ခုမျှမရှိဘဲ တာဝန်ကို အပြည့်အဝ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်ဟု ဆိုလိုသလော။ မဟုတ်ပေ၊ တာဝန်တိုင်းတွင် များစွာပို၍ တိကျပြီး အသေးစိတ်ကျသော အကြောင်းအရာ ပါရှိနေဆဲဖြစ်သည်။ ငါမိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ ဆက်စပ်လွှမ်းခြုံနေသော စည်းမျဉ်းများဖြစ်သည်။ ကျန်သည့်အရာများဖြစ်သော တိကျသည့် အသေးစိတ်အချက်များကို မည်သို့အကောင်အထည်ဖော်မည်၊ ဤစည်းမျဉ်းများကို မည်သို့လက်တွေ့လုပ်ဆောင်ပြီး ကျင့်သုံးရမည်ဟူသည်တို့မှာ အတွေ့အကြုံမှတစ်ဆင့် သင်တို့၏ ကိုယ်ပိုင် ပါဝင်လုပ်ဆောင်ခြင်းအပေါ် မူတည်သည်။ အကယ်၍ သင်တို့သည် ဤစည်းမျဉ်းများကို ထိုးထွင်းမမြင်နိုင်သေးပါက သို့မဟုတ် ယင်းတို့အား မည်သို့ကျင့်သုံးရမည်ကို မသိသေးပါက အတူတကွ ရှာဖွေပြီး မိတ်သဟာယဖွဲ့လော့။ အတူတကွ မိတ်သဟာယဖွဲ့ခြင်းက ရလဒ်များ မရရှိစေသေးပါက သင်တို့ထက် အဆင့်မြင့်သောသူများထံ စုံစမ်းမေးမြန်းလော့။ တိုတိုပြောရလျှင် မည်သည့်လူအမျိုးအစားကိုမဆို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သို့မဟုတ် မည်သူ့ကို မြှင့်တင်ပေးပြီး အသုံးပြုမည်ကို ဆုံးဖြတ်သည်ဖြစ်စေ အားလုံးသည် စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။ အချို့သော ပင်ကိုစွမ်းရည်ရှိသူများအတွက်မူ၊ ၎င်းတို့ကို မည်သူကမျှ အပြည့်အဝ ထိုးထွင်းမမြင်နိုင် သို့မဟုတ် နားမလည်နိုင်သည့် အခြေအနေများတွင် ၎င်းတို့ကို အသင်းတော်အလုပ်၏ လိုအပ်ချက်များအတိုင်း ကနဦးအနေဖြင့် မြှင့်တင်ပေးပြီး အသုံးပြုနိုင်သည်။ အလုပ်ကို မနှောင့်နှေးစေနှင့်၊ ပြီးလျှင် လူတို့ကို ပျိုးထောင်ခြင်းကိုလည်း မနှောင့်နှေးစေနှင့်။ ဤသည်မှာ အဓိကသော့ချက်ဖြစ်သည်။ အချို့လူများက “အသုံးပြုပြီးနောက် ၎င်းတို့က အလုပ်ကို ရှုပ်ထွေးစေလျှင် မည်သို့လုပ်မည်နည်း။ မည်သူက တာဝန်ယူမည်နည်း”ဟု မေးကြသည်။ သင်သည် တစ်စုံတစ်ဦးကို အသုံးပြုသည့်အခါ ယင်းမှာ မည်သူမျှ ၎င်းတို့ကို ဆက်သွယ်ရမည့် နည်းလမ်းမရှိဘဲ လူသူမဲ့ကျွန်းတစ်ကျွန်းပေါ်တွင် ၎င်းတို့ကို ထားသည့်အလား ဖြစ်သလော။ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် တိကျသောတာဝန်များကို ပါဝင်လုပ်ဆောင်နေသော အခြားသူများစွာ အမှန်တကယ် မရှိလေသလော။ ဤကိစ္စအားလုံးကို ဖြေရှင်းရန် နည်းလမ်းများ ရှိသည်။ တိတိကျကျ ဆိုရလျှင်၊ ၎င်းတို့ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ သိနားလည်ခြင်းနှင့် အခြေအနေများက အခွင့်ပေးပါက အနီးကပ် ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့် ဖြစ်သည်။ အနီးကပ် ထိတွေ့ဆက်ဆံခြင်းတွင် အတိအကျ မည်သည့်အရာ ပါဝင်သနည်း။ ယင်းတွင် ၎င်းတို့နှင့်အတူ အလုပ်လုပ်ခြင်း ပါဝင်သည်။ အလုပ်လုပ်ခြင်း၏ ဖြစ်စဉ်သည် ၎င်းတို့ကို နားလည်ခြင်း၏ ဖြစ်စဉ်ဖြစ်သည်။ ဤသို့သော ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် သင်သည် ၎င်းတို့ကို တဖြည်းဖြည်း နားလည်လာမည် မဟုတ်လော။ သင်သည် ထိတွေ့ဆက်ဆံရန် အခွင့်အရေးရှိသော်လည်း ထိတွေ့ဆက်ဆံခြင်းမရှိသည့်အပြင်၊ မေးခွန်းအနည်းငယ်မေးရန် ဖုန်းခေါ်ဆိုရုံမျှသာပြုလုပ်ပြီး ထိုမျှဖြင့် ထားလိုက်ပါက ၎င်းတို့ကို သိနားလည်ရန် မဖြစ်နိုင်ပေ။ ပြဿနာများကို ဖြေရှင်းရန်အလို့ငှာ သင် ထိတွေ့ဆက်ဆံနိုင်သောသူများနှင့် သင် ထိတွေ့ဆက်ဆံရမည်ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်တွင် ပျင်းရိခြင်း မရှိရပေ။ သို့ဆိုလျှင် သင်သည် တစ်စုံတစ်ဦးကို စောင့်ကြည့်လေ့လာပြီး နားလည်လိုပါက မည်သို့လုပ်ဆောင်သင့်သနည်း။ (၎င်းတို့နှင့် ထိတွေ့ဆက်ဆံခြင်းအားဖြင့် ဖြစ်ပါသည်။) မှန်သလော။ အဓိကသော့ချက်မှာ သင်၏စိတ်ကိုနှစ်ထားရန် ဖြစ်သည်။ သင်တို့၏ စိတ်ထဲတွင် သင်တို့ ထိန်းသိမ်းထားနိုင်သော အချက်အလက်များကို ပြောင်းဖူးဆွတ်သော မျောက်တစ်ကောင်နှင့် ခိုင်းနှိုင်း၍ရသည်။ သွားရင်းဆွတ်၊ ဆွတ်ရင်းလွှတ်ပစ်၊ နောက်ဆုံးတွင် ကြိုးစားအားထုတ်မှုတစ်ခုလုံးကို အချည်းနှီးဖြစ်စေလျက်၊ ပြောင်းဖူးတစ်ဖူးသာ ကျန်တော့သည်။ တရားဒေသနာတစ်ခုကို နားထောင်သည့်အဆုံးတွင် သင်တို့သည် အစောပိုင်းက မိတ်သဟာယဖွဲ့ခဲ့သည့် အကြောင်းအရာကို သင်တို့ မမှတ်မိနိုင်ပေ။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ (ကျွန်ုပ်တို့ စိတ်မနှစ်ကြခြင်း ဖြစ်ပါသည်။) သင်တို့သည် ထုံးစံအတိုင်း သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံမစိုက်ကြပေ။ ထို့ကြောင့် သင်တို့၏ စိတ်နှလုံးများသည် ဤကိစ္စများအပေါ် အာရုံမစိုက်ပေ။ သမ္မာတရားကို နားလည်ပြီး လက်တွေ့ကျမှုထဲသို့ မည်သို့ ဝင်ရောက်ရမည်၊ မိမိတို့ကိုယ်ကို မည်သို့သိရှိရမည်ဟူသည်နှင့်အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အနှစ်သာရကို သမ္မာတရားဖြင့် မည်သို့ထိုးထွင်းသိမြင်ရမည်ဟူသည်တို့နှင့်စပ်လျဉ်း၍ သင်တို့တွင် ဝင်ရောက်မှုမျှ ဘာဆိုဘာမျှ မရှိပေ။ သို့ဖြစ်၍ ဤကိစ္စများသည် သင်တို့၏ စိတ်နှလုံးထဲတွင် အခြေခံအုတ်မြစ် မရှိပေ။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်သော ထိုအရာများအတွက်မူ သင်တို့သည် အမြဲ စိတ်ရှုပ်ထွေးနေသည်။ ယခု သင်တို့သည် တရားဒေသနာများကို နားထောင်ရန် အပတ်တိုင်း စုဝေးပွဲများကို တက်ရောက်နေဆဲဖြစ်သည်။ တရားဒေသနာများကို သင်တို့ နားမထောင်ပါက သင်တို့၏ စိတ်နှလုံးအတွင်းရှိ ဘုရားသခင်ကို ယုံကြည်ခြင်းအနည်းငယ်သည် တဖြည်းဖြည်း ပျောက်ကွယ်ရင်း မှေးမှိန်လျက်ရှိသည် မဟုတ်လော။ ဤသည်မှာ အန္တရာယ်ရှိသော အရိပ်လက္ခဏာတစ်ရပ်ပင်တည်း။ သင်တို့သည် စိတ်နှစ်နိုင်ခြင်း ရှိသလော၊ မရှိသလော။ ငါသည် သင်တို့ကို အသေးစိတ်အားလုံး ပြောပြပြီးဖြစ်သည်။ သင်သည် အမှန်တကယ် စိတ်ရှိလျှင် ထိုသို့ပြုလုပ်နိုင်မည်ဖြစ်သည်။ သင် စိတ်မရှိလျှင် မည်သို့ပင် ငါပြောစေကာမူ သင်နားလည်မည်မဟုတ်ပေ။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယမှာ ဤမျှသာ ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။