ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇) အခန်း နှစ်
အချက် ၈- အလုပ်၌ ကြုံတွေ့ရသော အရှုပ်အထွေးများနှင့် အခက်အခဲများကို အချိန်မီ သတင်းပို့ပြီး ဖြေရှင်းရမည့်နည်းလမ်းကို ရှာဖွေလော့ (အပိုင်း ၁)
ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အခက်အခဲများကို အချိန်မီ သိရှိဖော်ထုတ်ပြီး ဖြေရှင်းရမည်
ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဋ္ဌမမြောက် တာဝန်ဖြစ်သည့် “အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို အချိန်မီ သတင်းပို့ပြီး ဖြေရှင်းရမည့်နည်းလမ်းကို ရှာဖွေခြင်း”ဟူသည့်အချက်ကို မိတ်သဟာယဖွဲ့ကြမည်။ ငါတို့သည် ဤတာဝန်နှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ဖော်ထုတ်သွားမည်။ အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို အချိန်မီ သတင်းပို့ပြီး ဖြေရှင်းရမည့်နည်းလမ်းကို ရှာဖွေခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်နှင့် တာဝန်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်တွင် ဖြေရှင်းရန်ခက်ခဲသော ပြဿနာအချို့ကို မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သည်၊ သို့မဟုတ် အသင်းတော်အလုပ်၏ နယ်ပယ်ကို ကျော်လွန်သော အခက်အခဲများကို ကြုံတွေ့ရမည်ဖြစ်သည်၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့် မသက်ဆိုင်သော အထူးအခြေအနေများကို ကြုံတွေ့ရပြီး မည်သို့ကိုင်တွယ်ရမည်ကို မသိရှိဘဲ ဖြစ်တတ်သည်။ သို့မဟုတ် ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိသဖြင့် စည်းမျဉ်းများကို တိကျမှန်ကန်စွာ သဘောမပေါက်နိုင်သောကြောင့် ဖြေရှင်းရန်ခက်ခဲသော ရှုပ်ထွေးမှုများနှင့် အခက်အခဲအချို့ကို မလွဲမသွေ ကြုံတွေ့ရသည်။ ဤရှုပ်ထွေးမှုများနှင့် အခက်အခဲများသည် ဝန်ထမ်းကိုအသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်နှင့်ဆက်စပ်သော ကိစ္စရပ်များ၊ ပြင်ပပတ်ဝန်းကျင်မှ ဖြစ်ပေါ်လာသော ပြဿနာများ၊ လူတို့၏ အသက်ဝင်ရောက်မှုနှင့် စပ်လျဉ်းသော ကိစ္စရပ်များ၊ ဆိုးယုတ်သောလူများကြောင့် ဖြစ်ပေါ်လာသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများအပြင် လူတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ အစရှိသည်တို့နှင့် သက်ဆိုင်ကောင်းသက်ဆိုင်နိုင်သည်။ ဤကိစ္စရပ်အားလုံးအတွက် ဘုရားအိမ်တော်၌ တိကျသော သတ်မှတ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများ ရှိသည်၊ သို့မဟုတ် နှုတ်ဖြင့်ပြောသော ညွှန်ကြားချက်အချို့ ရှိသည်။ ဤတိကျသော စည်းမျဉ်းစည်းကမ်းများအပြင် ဖော်ပြမထားသော အထူးအခြေအနေအချို့လည်း မလွဲမသွေ ရှိနေသည်။ ဤအထူးအခြေအနေများနှင့်စပ်လျဉ်း၍ အချို့သော ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်း၊ ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံမှုကို သေချာစေခြင်းနှင့် အသင်းတော်အလုပ်၏ ချောမွေ့သော လည်ပတ်မှုကို ထိန်းသိမ်းခြင်းကဲ့သို့သော ဘုရားအိမ်တော်က သတ်မှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာခြင်းဖြင့် ယင်းတို့ကို ကိုင်တွယ်နိုင်ကြသည်။ ထို့အပြင် အချို့သော ခေါင်းဆောင်များက ထိုသို့မလုပ်ဆောင်နိုင်ကြစဉ်တွင်၊ ၎င်းတို့က ထိုသို့ အလွန်ကောင်းမွန်စွာ လုပ်ဆောင်ကြသည်။ မကိုင်တွယ်နိုင်သော ပြဿနာများနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်သင့်သနည်း။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို မဖော်ထုတ်နိုင်ဘဲ နားဝေတိမ်တောင်ဖြစ်သည့်ပုံစံဖြင့် အလုပ်လုပ်ကြပြီး၊ ၎င်းတို့ ဖော်ထုတ်နိုင်လျှင်ပင် မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် အထက်ထံမှ ဖြေရှင်းနည်းများကို မရှာဖွေဘဲ၊ ညီအစ်ကိုမောင်နှမများကို “သင်တို့ဘာသာ ဖြေရှင်းကြလော့၊ ဘုရားသခင်ကို အားကိုးပြီး ဖြေရှင်းချက်များအတွက် ဘုရားသခင်ကို မျှော်ကြည့်ကြလော့” ဟု ပြောရုံသာပြောလျက် ဖြစ်သလိုပင် ပြီးမြောက်သွားပြီး၊ ထို့နောက်တွင် အားလုံးပြီးပြတ်သွားပြီဟု မှတ်ယူကြသည်။ ကိစ္စရပ်များ မည်မျှပင် စုပုံနေပါစေ ၎င်းတို့ကိုယ်တိုင် မဖြေရှင်းနိုင်သည့်တိုင် အထက်သို့ သတင်းမပို့ကြ သို့မဟုတ် ဖြေရှင်းရန်နည်းလမ်းကိုလည်း မရှာဖွေကြပေ၊ အထက်က ၎င်းတို့ကို ထိုးထွင်းသိမြင်ပြီး မျက်နှာပျက်ရမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်နိုင်သည်။ အထက်သို့ ပြဿနာများကို မည်သည့်အခါမျှ သတင်းမပို့သော ခေါင်းဆောင်များနှင့် အမှုဆောင်အချို့လည်း ရှိပြီး အဘယ်ကြောင့် ထိုသို့ဖြစ်သည်ကို ငါမသိပေ။ အထက်သို့ သတင်းပို့ခြင်းသည် အထက်သို့ တိုက်ရိုက်သတင်းပို့ရမည်ဟု သေချာပေါက် ဆိုလိုခြင်းမဟုတ်ပေ။ ရပ်ကွက် သို့မဟုတ် တိုင်းဒေသခေါင်းဆောင်များထံ ဦးစွာ ဧကန်မုချ သတင်းပို့၍ရသည်။ ပြီးလျှင် ၎င်းတို့ မဖြေရှင်းနိုင်ပါက ခေါင်းဆောင်များနှင့် အမှုဆောင်များကို အထက်သို့ တိုက်ရိုက်သတင်းပို့ရန် သင်တောင်းဆိုနိုင်သည်။ သင်သည် အခြေအနေကို ရှင်းလင်းပြောပြလျက် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးကို အထက်သို့ ကိစ္စတစ်ခုအား သတင်းပို့ရန် တောင်းဆိုလျှင် ၎င်းတို့က ယင်းကို ဖုံးဖိထားပြီး လျစ်လျူရှုနိုင်သလော။ ထိုသို့သောလူများသည် ရှားပါးသည်။ ထိုသို့သောခေါင်းဆောင်များ အမှန်တကယ် ရှိလျှင်ပင် သင်သည် ကိစ္စရပ်ကို အခြားသောခေါင်းဆောင်များနှင့် အမှုဆောင်များအား ရှင်းလင်းပြောပြပြီး ပြဿနာကို ဖုံးဖိထားကာ သတင်းမပို့သောသူကို ဖော်ထုတ်နိုင်သေးသည်။ အကယ်၍ ဤအခြားသောခေါင်းဆောင်များနှင့် အမှုဆောင်များက ထိုကိစ္စကို သတင်းမပို့သေးပါက နောက်ဆုံးနည်းလမ်းတစ်ခု ရှိသေးသည်၊ သင်သည် ဘုရားအိမ်တော်၏ ဝက်ဘ်ဆိုဒ်သို့ တိုက်ရိုက်စာရေးပြီး အထက်သို့ ပေးပို့စေနိုင်သည်၊ ထိုသို့ဖြင့် ထိုကိစ္စရပ်သည် အထက်သို့ သတင်းပို့ပြီးဖြစ်ကြောင်း သေချာစေနိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အထက်က ထိုသို့သောစာများကို ယခင်က အကြိမ်များစွာ ကိုင်တွယ်ဖြေရှင်းပြီးဖြစ်သောကြောင့် ဖြစ်ပြီး နောက်ပိုင်းတွင် ၎င်းတို့က ထိုကိစ္စကို ကိုင်တွယ်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များအား တိုက်ရိုက် အပ်နှံခဲ့သောကြောင့် ဖြစ်သည်။ အမှန်တွင် ကိစ္စရပ်တစ်ခုကို အထက်သို့ သတင်းပို့ရန် နည်းလမ်းများစွာ ရှိသည်၊ လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသည်၊ ယင်းမှာ လူက ပြဿနာကို အမှန်တကယ် ဖြေရှင်းလိုခြင်း ရှိမရှိဟူသည့်အပေါ်တွင်သာ မူတည်သည်။ သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဦးကို မယုံကြည်လျှင်ပင် ဘုရားသခင်သည် ဖြောင့်မတ်ကြောင်းနှင့် အထက်က သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ကြောင်းကို သင် ယုံကြည်သင့်သည်။ သင်သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိသကဲ့သို့ သမ္မာတရားက ဘုရားသခင်၏ အိမ်တော်တွင် အုပ်စိုးသည်ကို မယုံကြည်ပါက၊ မည်သည့်အရာကိုမျှ မပြီးမြောက်နိုင်ပေ။ လူများစွာသည် သမ္မာတရားကို နားမလည်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၌ သမ္မာတရားက အုပ်စိုးသည်ဟု မယုံကြည်ကြသည့်အပြင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးလည်း မရှိကြပေ။ ၎င်းတို့က လောက၌ အရာရှိများအားလုံးသည် အချင်းချင်းအတွက် ကာပေးကြပြီး ဘုရားသခင်၏ အိမ်တော်သည်လည်း အလားတူ ဖြစ်ရမည်ဟု အမြဲ တွေးနေကြသည်။ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းဖြစ်သည်ကို ၎င်းတို့ မယုံကြည်ကြချေ။ ထို့ကြောင့် ဤသို့သောလူတစ်ဦးကို မယုံကြည်သူတစ်ဦးဟု ခေါ်ဆိုနိုင်သည်။ သို့ရာတွင် လူနည်းစုမှာ လက်တွေ့ကျသော ပြဿနာများကို သတင်းပို့နိုင်ကြသည်။ ဤသို့သောလူများကို ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်သောသူများ၊ တာဝန်သိတတ်သောသူများဟု ခေါ်ဆိုနိုင်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဆိုးရွားသော ပြဿနာများကို တွေ့ရှိသည့်အခါတွင် ဖြေရှင်းရန် ပျက်ကွက်ရုံသာမက အထက်သို့လည်း မတင်ပြကြချေ။ အထက်က ထိုအရာကို စုံစမ်းစစ်ဆေးသည့်အခါမှသာ ၎င်းတို့သည် ပြဿနာ၏ ဆိုးရွားမှုကို စတင်၍ အာရုံပြုမိကြသည်။ ဤအရာများက အမှုအရာများကို နှောင့်နှေးစေသည်။ ထို့ကြောင့် သင်သည် သာမန် ညီအစ်ကို၊ သို့မဟုတ် ညီအစ်မတစ်ဦး ဖြစ်သည်ဖြစ်စေ၊ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်သည်ဖြစ်စေ သင် မဖြေရှင်းနိုင်သကဲ့သို့ အလုပ်၏ ပိုကြီးမားသော စည်းမျဉ်းများနှင့် ဆက်စပ်သည့် ပြဿနာတစ်ခုကို ကြုံရသည့်အခါတိုင်း ယင်းကို အထက်သို့ သင် အကြောင်းကြားသင့်ပြီး အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းချက်ကို ရှာဖွေသင့်သည်။ ရှုပ်ထွေးသော ပြဿနာများ၊ သို့မဟုတ် အခက်အခဲများကို သင် ကြုံရသော်လည်း မဖြေရှင်းပါက အချို့သော အလုပ်သည် တိုးတက်နိုင်လိမ့်မည် မဟုတ်ချေ။ ယင်းကို ဘေးဖယ်ပြီး ရပ်ဆိုင်းထားရမည်ဖြစ်သည်။ ဤအရာက အသင်းတော်၏ အလုပ် တိုးတက်မှုကို ထိခိုက်သည်။ ထို့ကြောင့် အလုပ်၏ တိုးတက်မှုကို တိုက်ရိုက် ထိခိုက်နိုင်သည့် ထိုသို့သော ပြဿနာများ ပေါ်ပေါက်သည့်အခါ ယင်းတို့ကို အချိန်မီ ဖော်ထုတ်ပြီး ဖြေရှင်းရမည်ဖြစ်သည်။ ပြဿနာတစ်ခုသည် ဖြေရှင်းရန် မလွယ်ကူပါက သမ္မာတရားကို နားလည်ပြီး ယင်းနယ်ပယ်တွင် ကျွမ်းကျင်မှုရှိသည့် လူတို့ကို သင် ရှာရမည်ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့နှင့်အတူ ထိုင်ပြီး ပြဿနာကို စုံစမ်းစစ်ဆေးကာ ဖြေရှင်းရမည်။ ဤပြဿနာမျိုးကို အချိန်ဆွဲ၍ မရပေ။ ယင်းတို့ကို ဖြေရှင်းရာတွင် သင် တစ်ရက် နှောင့်နှေးတိုင်း အလုပ်၏ တိုးတက်မှု တစ်ရက်စာ နှောင့်နှေးပေသည်။ ယင်းမှာ လူတစ်ဦးတစ်ယောက်၏ အရေးကိစ္စများကို ကြန့်ကြာစေခြင်း မဟုတ်ပေ။ အသင်းတော် အလုပ်အပြင် ဘုရားရွေးချယ်ထားသောလူများက မိမိတို့တာဝန်များ ထမ်းဆောင်ပုံကိုလည်း ထိခိုက်သည်။ ထို့ကြောင့် ဤကဲ့သို့ ရှုပ်ထွေးမှု သို့မဟုတ် ခက်ခဲမှုကို သင် ကြုံရသည့်အခါ အချိန်မီ ဖြေရှင်းရမည်၊ ယင်းကို အချိန်ဆွဲ၍မရပေ။ ယင်းကို သင် အမှန်တကယ် မဖြေရှင်းနိုင်ပါက အထက်သို့ အမြန် အကြောင်းကြားလော့။ ၎င်းတို့သည် ယင်းကို တိုက်ရိုက်လာရောက် ဖြေရှင်းလိမ့်မည် သို့မဟုတ် သင့်အား လမ်းကြောင်း ပြောပြလိမ့်မည် ဖြစ်သည်။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးသည် ဤပြဿနာမျိုးများကို မကိုင်တွယ်နိုင်သကဲ့သို့ အထက်သို့ အကြောင်းကြားပြီး ၎င်းတို့ထံမှ ဖြေရှင်းချက် ရှာဖွေခြင်းထက် ထိုပြဿနာကို ဖုံးဖိထားပါက ထိုသို့သောခေါင်းဆောင်များသည် ကျိုးကြောင်းမမြင်ပေ။ ၎င်းတို့သည် ခေါင်းမကောင်းသူများဖြစ်ပြီး အသုံးမကျပေ။ ၎င်းတို့၏ ရာထူးမှ ဖြုတ်ချကာ ဖယ်ရှားခံရသင့်သည်။ ၎င်းတို့သည် မိမိတို့၏ ရာထူးမှ ဖယ်ရှားမခံရပါက အသင်းတော်၏ အလုပ်သည် တိုးတက်နိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့လက်ထဲတွင် ပျက်စီးရလိမ့်မည် ဖြစ်သည်။ ဤအကြောင်းကြောင့် ဤအရာကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းရမည်။
ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်သည်လည်း ဘုရားအိမ်တော်အတွက် အရေးကြီးသော အလုပ်တစ်ခုဖြစ်သည်။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့များသည် ဇာတ်ညွှန်းနှင့်ပတ်သက်၍ လူတိုင်း အငြင်းပွားကြသည့် ပြဿနာတစ်ခုကို မကြာခဏ ကြုံတွေ့ရသည်။ ဥပမာအားဖြင့် ဒါရိုက်တာက ဇာတ်ညွှန်းသည် လက်တွေ့ဘဝနှင့် ကွဲလွဲပြီး သို့မဟုတ် သွေဖည်နေပြီး ရိုက်ကူးသည့်အခါ လက်တွေ့မကျဟု ခံစားရမည်ဖြစ်ကြောင်း ယုံကြည်သောကြောင့်၊ အပြောင်းအလဲများ ပြုလုပ်လိုသည်။ သို့ရာတွင် ဇာတ်ညွှန်းရေးသူက ဇာတ်ညွှန်းကို ကျိုးကြောင်းဆီလျော်စွာ ရေးသားထားသည်ဟု ယုံကြည်ပြီး ဒါရိုက်တာကို ဇာတ်ညွှန်းအတိုင်း ရိုက်ကူးရန် တောင်းဆိုလျက် လုံးဝ သဘောမတူပေ။ သရုပ်ဆောင်များသည်လည်း ဇာတ်ညွှန်းရေးသူနှင့် ဒါရိုက်တာနှစ်ဦးလုံးကို သဘောမတူဘဲ ၎င်းတို့၏ ကိုယ်ပိုင်ကန့်ကွက်မှုများ ရှိကြသည်။ သရုပ်ဆောင်တစ်ဦးက “ဒါရိုက်တာက ထိုသို့ မရမက ရိုက်ကူးနေလျှင်၊ ကျွန်ုပ် သရုပ်ဆောင်မည်မဟုတ်ပါ” ဟု ဆိုသည်။ ဇာတ်ညွှန်းရေးသူက “ဒါရိုက်တာက ဇာတ်ညွှန်းကို ပြောင်းလျှင် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာသည့်အခါ သင်တို့အားလုံး တာဝန်ရှိမည်ဖြစ်သည်”ဟု ဆိုသည်။ ဒါရိုက်တာက “ဇာတ်ညွှန်းတွင် ညွှန်ကြားထားသည့်အတိုင်း ကျွန်ုပ်ကို ရိုက်ကူးစေပြီး အမှားများ ဖြစ်ပေါ်ပါက ဘုရားအိမ်တော်က ကျွန်ုပ်ကို တာဝန်ခံခိုင်းလိမ့်မည်။ သင်က ကျွန်ုပ်ကို ရိုက်ကူးစေလိုလျှင် ကျွန်ုပ်၏ ကိုယ်ပိုင်အတွေးအပေါ် အခြေခံ၍ လုပ်ဆောင်ရမည်ဖြစ်သည်၊ ထိုသို့မဟုတ်ပါက ကျွန်ုပ် ရိုက်ကူးမည်မဟုတ်ပါ”ဟု ဆိုသည်။ ယခု အဖွဲ့သုံးဖွဲ့လုံး ချောင်ပိတ်မိသည့်အခြေအနေသို့ ရောက်နေသည် မဟုတ်လော။ အလုပ်က ရှေ့ဆက်၍မရနိုင်သည်မှာ ရှင်းနေသည်။ ဤသည်မှာ ပေါ်ပေါက်လာသော ရှုပ်ထွေးမှုတစ်ခု မဟုတ်လော။ သို့ဆိုလျှင် အမှန်တကယ် မည်သူက မှန်ကန်သနည်း။ လူတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်သီအိုရီများ၊ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိကြပြီး မည်သူမျှ အလျှော့ပေးလိုစိတ် မရှိကြပေ။ အဖွဲ့သုံးဖွဲ့က ဤသို့ ချောင်ပိတ်မိနေခြင်းဖြင့်၊ မည်သည့်အရာက ထိခိုက်နစ်နာသနည်း။ (ဘုရားအိမ်တော်၏ အလုပ်ဖြစ်ပါသည်။) ဘုရားအိမ်တော်၏ အလုပ်သည် တားဆီးခြင်းခံရပြီး ထိခိုက်နစ်နာရသည်။ ထိုသို့သောအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သင်တို့ ကြောင့်ကြကာ စိုးရိမ်ပူပန်ခြင်း ခံစားခဲ့ရဖူးသလော။ မခံစားရဖူးပါက ယင်းက သင်တို့သည် အမှန်တကယ် စိတ်နှစ်ထားခြင်းမရှိကြောင်း သက်သေပြသည်။ ထိုသို့သော ရှုပ်ထွေးမှုများနှင့် မဆုတ်သာမတိုးသာသော အခြေအနေများ ပေါ်ပေါက်လာသည့်အခါ အချို့သောလူများက “မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤကဲ့သို့ ငြင်းခုံပြီး အလျှော့ပေးရန် ငြင်းဆန်ခြင်းသည် မည်သို့မျှ အကျိုးရှိမည် မဟုတ်ပါ။ ဤသည်မှာ ရိုက်ကူးရေးတိုးတက်မှုကို ထိခိုက်နေသည် မဟုတ်လော။ ယင်းက ရက်အတော်ကြာ နှောင့်နှေးနေစေနှင့်ပြီးဖြစ်ကာ နောက်ထပ် ရွှေ့ဆိုင်း၍မဖြစ်တော့ပါ။ ရိုက်ကူးရေးက ချောချောမွေ့မွေ့ဖြစ်ပြီး အလုပ် နှောင့်နှေးခြင်း မရှိသည်ကို သေချာစေဖို့ ဤပြဿနာကို မည်သို့ ဖြေရှင်း၍ရသနည်း။ ဤကိစ္စကို ဖြေရှင်းဖို့ ဘယ်သူ့ကို အကူအညီတောင်းသင့်သနည်း”ဟု တွေးတောလျက် အလွန် စိုးရိမ်ပူပန်လာကြရာ မစားနိုင် မအိပ်နိုင် ဖြစ်ကြသည်။ သင်၌ စိတ်နှလုံးရှိပါက ခေါင်းဆောင်များထံမှ ဖြေရှင်းနည်းများကို ရှာဖွေသင့်ပြီး ခေါင်းဆောင်များက မဖြေရှင်းနိုင်ပါက အထက်သို့ အမြန်သတင်းပို့သင့်သည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် အလေးထားပါက ပြဿနာကို တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းရန် သင်တတ်နိုင်သမျှကို လုပ်ဆောင်သင့်သည်။ ဤသည်မှာ အရေးကြီးဆုံးသောအရာ ဖြစ်သည်။ သင် စိုးရိမ်ပူပန်ခြင်း မရှိလျှင်ကော။ သင်က “သူတို့ မှားနေသည်။ ငါ့ သဘောထားအမြင်ကိုပဲ ငါစွဲကိုင်ထားမည်။ သူတို့ ငါ့ကို မည်သည့်အရာမျှ လုပ်နိုင်မည် မထင်ပါ။ ငါထမင်းစားပြီး ခဏအိပ်လိုက်ဦးမည်၊ မည်သို့ပင်ဖြစ်စေ နေ့လယ်တွင် ဘာမျှလုပ်စရာမရှိပါ” ဟု တွေးလျက်၊ ထိုအရာကို တွေးဆကောင်းတွေးဆနိုင်သည်။ သင်၏ ခြေထောက်များက လေးလံလာသည်၊ သင်၏ ဦးခေါင်းက မူးဝေလာသည်၊ သင်၏ စိတ်နှလုံးက အားမာန်ပျောက်ဆုံးသွားပြီး သင်သည် ထိုင်းမှိုင်းလာသည်။ အခက်အခဲများ စုပုံနေသော်လည်း သင်သည် အာရုံမစိုက်သည့်အပြင် ထိုင်းမှိုင်းနေသောကြောင့် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းမရှိပေ။ အဘယ်ကြောင့် မရှိသနည်း။ အကြောင်းမှာ ယင်းကို ဖြေရှင်းရန် စိတ်အားထက်သန်မှုနှင့် ဆန္ဒ ကင်းမဲ့သောကြောင့် သင်သည် ဖြေရှင်းနည်းတစ်ခုကို မစဉ်းစားနိုင်ခြင်း ဖြစ်သည်။ သင်က၊ “အခက်အခဲများပေါ်လာပြီး အလုပ်ရပ်သွားခြင်းသည် မကြာခဏဖြစ်သည် မဟုတ်ပါ။ နှစ်ရက်ကြာ အနားယူပြီး အပန်းဖြေဖို့အတွက် ဤအခွင့်အရေးကို ငါ ယူလိုက်မည်။ အဘယ်ကြောင့် တစ်ချိန်လုံး ပင်ပန်းနေရမည်နည်း။ ယခု အနားယူလိုက်လျှင်၊ မည်သူမျှ မည်သည့်အရာမျှ ပြောနိုင်မည် မဟုတ်ပါ။ အမှန်တွင်တော့ငါသည် အချောင်ခိုနေခြင်းမရှိ သို့မဟုတ် ငါ့အလုပ်အပေါ် တာဝန်မဲ့နေခြင်းလည်း မရှိပါ။ ငါ တာဝန်ယူချင်သော်လည်း၊ ဤအခက်အခဲက တားဆီးနေသည်။ မည်သူက ဖြေရှင်းပေးမည်နည်း။ မဖြေရှင်းဘဲ မည်သို့ ရိုက်ကူးနိုင်မည်နည်း။ ရိုက်ကူးခြင်းကို တားဆီးသည့် အခက်အခဲတွေရှိနေလျှင် ငါတို့ အနားယူသင့်သည် မဟုတ်လော”ဟု သင့်ဘာသာတွေးသည်။ ဤမျှကြီးမားသော ပြဿနာတစ်ခု သင်၏ရှေ့မှောက်၌ ရှိနေလျက် ယင်းကို အချိန်မီ မဖြေရှင်းပါက မည်သည့် အကျိုးဆက်များ ရှိလိမ့်မည်နည်း။ ပြဿနာများ ပေါ်ပေါက်မြဲပေါ်ပေါက်လာပြီး တစ်ခုကိုမျှ မဖြေရှင်းနိုင်ပါက အလုပ်သည် ဆက်လက်တိုးတက်နိုင်သလော။ ဤသည်က ပြောမပြနိုင်လောက်အောင် နှောင့်နှေးမှုများကို ဖြစ်စေလိမ့်မည်။ အလုပ်တိုးတက်မှုသည် နောက်ပြန်သွား၍မဖြစ်ဘဲ ရှေ့သို့သာ ရွေ့၍ရသည်။ ထို့ကြောင့် ဤပြဿနာသည် အခက်အခဲများ ဖြစ်စေကြောင်း သိရှိလျက်၊ သင်သည် ဆက်လက်၍ အချိန်မဆွဲသင့်တော့ပေ၊ ယင်းကို အမြန်ဖြေရှင်းရန် လိုအပ်သည်။ ဤပြဿနာကို ဖြေရှင်းပြီးသည်နှင့်တစ်ပြိုင်နက်၊ နောက်တစ်ခု ပေါ်ပေါက်သည့်အခါ အလုပ်သည် ချောမွေ့စွာ ရှေ့ဆက်နိုင်ပြီး စီစဉ်ထားသည့်အတိုင်း ပြီးစီးနိုင်ရန်အလို့ငှာ အချိန်မဖြုန်းမိစေရန် ကြိုးပမ်းလျက် အမြန်ဖြေရှင်းလော့။ ယင်းမှာ မည်သို့ထင်ရသနည်း။ (ကောင်းပါသည်။) စိတ်နှလုံးရှိသောသူများသည် ဤသဘောထားဖြင့် ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ရင်ဆိုင်ရသည်။ ၎င်းတို့သည် အချိန်မဖြုန်းကြပေ၊ မိမိတို့ကိုယ်ကို ဆင်ခြေမပေးကြသည့်အပြင်၊ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုများကို မတပ်မက်ကြပေ။ အခြားတစ်ဖက်တွင်မူ စိတ်နှလုံးမရှိသောသူများသည် ဟာကွက်များကို အမြတ်ထုတ်လိမ့်မည်၊ ၎င်းတို့သည် အရာအားလုံးကို အေးအေးဆေးဆေးလုပ်ဆောင်ပြီး အရေးတကြီးဖြစ်ခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်း စိတ်မရှိဘဲ ဆင်းရဲဒုက္ခခံရန် သို့မဟုတ် အဖိုးအခပေးဆပ်ရန် စိတ်ပိုင်းဖြတ်မှု တစ်ခုတလေ ကင်းမဲ့လျက်၊ ဆင်ခြေများပေးပြီး အနားယူရန် အခွင့်အလမ်းများကို ရှာဖွေလိမ့်မည်။ ထို့နောက် အဆုံးတွင် မည်သည့်အရာဖြစ်သနည်း။ ရှုပ်ထွေးမှုတစ်ခု သို့မဟုတ် အခက်အခဲတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ လူတိုင်းသည် ရက်ပေါင်းများစွာ ချောင်ပိတ်မိသွားကြသည်။ ဒါရိုက်တာများ၊ သရုပ်ဆောင်များ၊ ဇာတ်ညွှန်းရေးသူများ တစ်ဦးတစ်ယောက်မျှ ထိုကိစ္စကို သတင်းမပို့ကြပေ။ ထိုအချိန်တွင် ခေါင်းဆောင်များသည် ကြောင်းကျိုးမမြင်ကြသည့်အပြင်၊ ယင်းကို ပြဿနာတစ်ခုအဖြစ် သတိမပြုမိနိုင်ကြပေ။ ၎င်းတို့က ယင်းကို ပြဿနာတစ်ခုအဖြစ် သတိပြုမိသော်လည်း မိမိတို့ဘာသာ မဖြေရှင်းနိုင်လျှင်ပင်၊ အထက်သို့ သတင်းမပို့ကြပေ။ ယင်းကို အဆင့်ဆင့် အထက်သို့ သတင်းပို့သည့်အချိန်တွင် ဆယ်ရက် သို့မဟုတ် လဝက် ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ ဤဆယ်ရက်မှ လဝက်အတွင်းတွင် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ တစ်ဦးတလေက မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခဲ့သလော။ မထမ်းဆောင်ခဲ့ပေ၊ ၎င်းတို့သည် စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပွဲရွှင်ပွဲတို့၌ အချိန်ဖြုန်းနေခဲ့ကြသည်။ ၎င်းတို့သည် ကပ်ရပ်စားနေကြခြင်းသာ မဟုတ်လော။ မိမိတို့၏ အလုပ်တွင် ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများအတွက် ဖြေရှင်းနည်းများကို အချိန်မီ မရှာဖွေနိုင်သော ကြီးကြပ်ရေးမှူးအားလုံးသည် ကပ်ရပ်စားနေကြခြင်း၊ ရည်ရွယ်ချက်မရှိဘဲ နေ့ရက်များကို ကုန်လွန်စေခြင်းသာ ဖြစ်သည်။ ထိုသို့သောလူများကို အတိုချုပ်အားဖြင့် “လူပျင်းများ”ဟု သိကြသည်။ အဘယ်ကြောင့် “လူပျင်းများ”ဟု ခေါ်သနည်း။ အကြောင်းမှာ ဤလူများသည် မိမိတို့၏ တာဝန်များကို လေးနက်မှု၊ တာဝန်ယူမှု၊ တိကျမှု သို့မဟုတ် အပြုသဘောဆောင်သော သဘောထားဖြင့် မချဉ်းကပ်ဘဲ၊ ထို့ထက် ၎င်းတို့အနေဖြင့် ဆိုင်ပိတ်ပြီး အလုပ်ရပ်ရန် ဆင်ခြေတစ်ခုရှိစေဖို့အလို့ငှာ အခက်အခဲ သို့မဟုတ် အကျပ်အတည်းအချို့ ပေါ်ပေါက်လာမည်ကို မျှော်လင့်လျက် ဝတ်ကျေတမ်းကျေလုပ်ကြသောကြောင့်၊ အပျက်သဘောဆောင်ပြီး အလုပ်ခိုကပ်ကြသောကြောင့် ဖြစ်သည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို အချိန်မီ ဖြေရှင်းသင့်သည်သာမက ဤကိစ္စရပ်များကို အချိန်မီ စစ်ဆေးပြီး သိရှိဖော်ထုတ်သင့်သည်။ ဤအရာကိုအဘယ်ကြောင့် လုပ်ဆောင်သင့်သနည်း။ ထိုသို့လုပ်ဆောင်ရာတွင် ရည်မှန်းချက်တစ်ခုတည်းသာ ရှိသည်။ အလုပ်တစ်ခုစီတိုင်းသည် ချောမွေ့စွာ တိုးတက်ပြီး ပုံမှန်အလုပ်အချိန်ဇယားအတွင်း အောင်မြင်စွာ ပြီးစီးကြောင်း သေချာစေလျက်၊ ဘုရားသခင်၏ အလုပ်နှင့် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ အလုပ်က ချောမွေ့စွာ တိုးတက်ကြောင်း သေချာစေရန် မည်သည့်ကိစ္စရပ်များကို ဖြေရှင်းရန် လိုအပ်သနည်း။ ပထမဦးစွာ အသင်းတော်၏အလုပ်ကို နှောင့်ယှက်သော မည်သည့်အတားအဆီး သို့မဟုတ် အနှောင့်အယှက်ကိုမဆို လုံးလုံးလျားလျား ရှင်းလင်းဖယ်ရှားရန်၊ မယုံကြည်သူများနှင့် ဆိုးယုတ်သောလူများက ပြဿနာမဖြစ်စေဖို့ ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ရန် အရေးကြီးသည်။ ထို့အပြင် အလုပ်တစ်ခုစီ၏ ကြီးကြပ်ရေးမှူးများနှင့် ညီအစ်ကိုမောင်နှမများကို သမ္မာတရားအား နားလည်ပြီး လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာတွေ့ရန်၊ သဘောညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် အချင်းချင်း ကြီးကြပ်ဖို့ သင်ယူရန် လမ်းညွှန်ပေးရမည်ဖြစ်သည်။ ဤနည်းအားဖြင့်သာလျှင် အလုပ်ပြီးမြောက်မှုကို အာမခံနိုင်ပေသည်။ ရင်ဆိုင်ရသော အခက်အခဲများ သို့မဟုတ် ရှုပ်ထွေးမှုများ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများက ယင်းတို့ကို မဖြေရှင်းနိုင်ပါက အထက်သို့ ကိစ္စရပ်များကို အမြန်သတင်းပို့ပြီး ဖြေရှင်းနည်းများကို ရှာဖွေသင့်သည်။ ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများသည် ၎င်းတို့လုပ်ဆောင်သည့်အလုပ် မည်သို့ပင်ဖြစ်စေ ပြဿနာများကို ဖြေရှင်းခြင်းအား ဦးစားပေးသင့်သည်၊ အလုပ်နှင့်ဆက်စပ်သော နည်းပညာပိုင်းဆိုင်ရာ ပြဿနာများနှင့် စည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များအပြင် လူတို့၏ အသက်ဝင်ရောက်မှုနှင့် စပ်လျဉ်း၍ ကြုံတွေ့ရသည့် အမျိုးမျိုးသော အခက်အခဲများကိုပါ ကိုင်တွယ်ဖြေရှင်းသင့်သည်။ သင်သည် ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို မဖြေရှင်းနိုင်ပါက သင်၏အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သင်မဖြေရှင်းနိုင်သော တစ်မူထူးခြားသည့် အခက်အခဲများ သို့မဟုတ် ရှုပ်ထွေးမှုများကို သင်ကြုံတွေ့ရသည့်အခါ အထက်သို့ အချိန်မီ သတင်းပို့သင့်သည်။ အချိန်မဖြုန်းနှင့်၊ သုံးရက်မှ ငါးရက်အထိ နှောင့်နှေးခြင်းသည် အလုပ်အတွက် ဆုံးရှုံးမှုများကို ဖြစ်စေနိုင်ပြီး လဝက် သို့မဟုတ် တစ်လကြာ နှောင့်နှေးပါက ဆုံးရှုံးမှုများက အလွန်ကြီးမားသွားလိမ့်မည်။ ထို့အပြင် ကိစ္စရပ် မည်သို့ပင်ဖြစ်စေ ယင်းကို သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံ၍ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပြဿနာများကို ဖြေရှင်းရန် လူ၏ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက်ဖြစ်သော အတွေးအခေါ်များကို မည်သည့်အခါမျှ အသုံးမပြုနှင့်။ ဆိုးရွားသည့် ပြဿနာကို အရေးမပါသည့် ပြဿနာ မဖြစ်စေနှင့်။ ထို့နောက် အရေးမပါသည့် ပြဿနာကိုလည်း ဘာမျှမဟုတ်အောင် မလုပ်နှင့်၊ သို့မဟုတ် ကိစ္စရပ်များတွင် ပါဝင်ပတ်သက်သည့် အဖွဲ့နှစ်ဖွဲ့လုံးကို ကြိမ်းမောင်းပြီးနောက် ချိုချိုသာသာဖြင့် နှစ်သိမ့်ခြင်း၊ ကိစ္စရပ်များ ပိုမိုဆိုးရွားလာမည်ကို ကြောက်ရွံ့လျက် ၎င်းတို့ကို ညှိနှိုင်းခြင်းနှင့် ဖျောင်းဖျခြင်းတို့အား အသုံးမပြုနှင့်။ ဤသည်က ပြဿနာများကို အခြေခံအဆင့်မှ မပြေလည်ဘဲဖြစ်စေသည်။ ယင်းက စွဲကျန်နေသော ပြဿနာများကို ကျန်ရစ်စေသည်။ ဤသည်မှာ ရင်ကြားစေ့ပေးရန်သာ ကြိုးပမ်းသည့် နည်းလမ်းတစ်ခု မဟုတ်လော။ သင်သည် ပြဿနာတစ်ခုအတွက် လူ့ဖြေရှင်းချက်အားလုံး ကုန်ခမ်းသွားပြီဖြစ်ပြီး ယင်းကို အမှန်တကယ် ဖြေရှင်း၍မရနိုင်ဟု ခံစားရကာ၊ အလုပ်အတွင်းရှိ နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် စည်းမျဉ်းများကို လုံးဝမရှာဖွေနိုင်ပါက ဤကိစ္စရပ်များကို စောင့်ဆိုင်းခြင်း၊ အချိန်ဆွဲခြင်း မရှိဘဲ အထက်သို့ အမြန်သတင်းပို့ပြီး ဖြေရှင်းနည်းများကို ရှာဖွေသင့်သည်။ မဖြေရှင်းနိုင်သော မည်သည့်ပြဿနာကိုမဆို ဖြေရှင်းချက်တစ်ခု ရှာဖွေရန် အထက်သို့ အချိန်မီ သတင်းပို့သင့်သည်။ သင်တို့အဖို့ ဤစည်းမျဉ်းသည် မည်သို့ထင်ရသနည်း။ (ကောင်းပါသည်။)
ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့နှင့် ဇာတ်ညွှန်းရေးသည့်အဖွဲ့တို့သည် ရိုက်ကူးရေးကိစ္စရပ်များအပေါ် မကြာခဏ ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်လာကြသလော။ တစ်ဦးစီတွင် ၎င်းတို့၏ ကိုယ်ပိုင်ကျိုးကြောင်းဆင်ခြင်မှု ရှိပြီး အများသဘောတူညီချက်တစ်ခုသို့ မရောက်ရှိနိုင်ဘဲ အမြဲ စကားအချေအတင် ဖြစ်နေကြသည်။ ဤကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များက ဖြေရှင်းပေးနိုင်သလော။ (တစ်ခါတစ်ရံ ဖြေရှင်းပေးနိုင်ပါသည်။) ခေါင်းဆောင်တစ်ဦးက ပြဿနာအချို့ကို မိတ်သဟာယမှတစ်ဆင့် ဖြေရှင်းပေးခဲ့ပြီး ယင်းသည် လုံးဝကျိုးကြောင်းဆီလျော်ကာ သဘောတရားအရ ခိုင်မာသည်ဟု ထင်ရသော်လည်း ဘုရားအိမ်တော်၏ သတ်မှတ်ချက်များ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်ကို သင်တို့ မသေချာသည့်အခြေအနေမျိုးအား ကြုံတွေ့ခဲ့ဖူးသလော။ (ကြုံဖူးပါသည်။) ထိုသို့သောအခြေအနေများကို သင်တို့ မည်သို့ကိုင်တွယ်ခဲ့ကြသနည်း။ (တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် အထက်ထံမှ ရှာဖွေခဲ့ကြပါသည်။) ယင်းမှာ မှန်ကန်သော လုပ်နည်းကိုင်နည်းဖြစ်သည်။ အထက်လူကြီး ညီအစ်ကိုသည် အလွန်အလုပ်များနေသည်ကို သင်တို့တွေ့သောကြောင့် ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ မမေးမြန်းရန် ဆုံးဖြတ်ခဲ့ပြီး ထိုကိစ္စသည် သီအိုရီအရ မှန်ကန်နေသရွေ့ အဆင်ပြေသည်ဟု သင်တို့ထင်ကာ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ဦးစွာ ဆက်လက်ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့သည့် အခြေအနေမျိုး သင်တို့ ရှိခဲ့ဖူးသလော။ (ယခင်က ကျွန်ုပ်တို့တွင် ဤအရာနှင့်ပတ်သက်၍ ဆိုးရွားသော ပြဿနာများ ရှိခဲ့ပါသည်။ ယင်းက ကျွန်ုပ်တို့ကို အလုပ်များ ပြန်လည်လုပ်ဆောင်ရစေခဲ့ပြီး အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေခဲ့ပါသည်။) ထိုအခြေအနေသည် ဆိုးရွားလှသည်တကား။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့များ ကြုံတွေ့ရသော ပြဿနာများစွာသည် နောက်ဆုံး၌ အမှန်တကယ်တွင် ဇာတ်ညွှန်းရေးသည့်အဖွဲ့၏ တာဝန်သာဖြစ်သည်။ ဥပမာအားဖြင့် ရုပ်ရှင်တစ်ကားသည် နှစ်နာရီခွဲကြာ တောင်စဉ်ရေမရ ဇာတ်ကြောင်းဖြစ်နေပါက ဇာတ်ညွှန်းရေးသူများတွင် အဓိက တာဝန်ရှိသည်။ သို့သော် ဒါရိုက်တာများ၏ တာဝန်နှင့်ပတ်သက်၍ကော အဘယ်သို့နည်း။ ဇာတ်ညွှန်းက အကြောင်းအရာ တောင်စဉ်ရေမရဖြစ်နေပါက ဒါရိုက်တာများက ဤအရာကို မြင်နိုင်သင့်သလော။ သဘောတရားအရ ၎င်းတို့ မြင်နိုင်သင့်သည်။ သို့ရာတွင် ဒါရိုက်တာများသည် ထိုသို့သောအခြေအနေများအောက်တွင် ရိုက်ကူးရေးကို အပြီးသတ်ရန် လပေါင်းများစွာ အချိန်ယူနိုင်သေးပြီး များပြားသော လူအင်အား၊ ပစ္စည်းအရင်းအမြစ်နှင့် ဘဏ္ဍာငွေများကို သုံးစွဲနိုင်သေးသည်။ ဤသည်မှာ မည်သည့် ပြဿနာမျိုးဖြစ်သနည်း။ ဒါရိုက်တာများအနေဖြင့် သင်တို့၏ တာဝန်မှာ အဘယ်နည်း။ ဇာတ်ညွှန်းတစ်ခုကို လက်ခံရရှိသည့်အခါ သင်တို့က၊ “ဤဇာတ်ညွှန်းသည် ရှည်လျားပြီး အကြောင်းအရာ ဆန်းစုံများပြားသည်။ သို့သော် အဓိကအချက်၊ ဆိုလိုရင်းမရှိပါ။ ဖွဲ့စည်းပုံတစ်ခုလုံးက သက်ဝင်မှုမရှိပါ။ ဤဇာတ်ညွှန်းကို ရိုက်ကူး၍မဖြစ်ပါ။ ပြန်လည်ပြင်ဆင်ဖို့ ဇာတ်ညွှန်းရေးသူများထံ ပြန်ပို့ရမည်”ဟု တွေးသင့်သည်။ သင်တို့ ဤသို့လုပ်ဆောင်နိုင်စွမ်း ရှိသလော။ ဇာတ်ညွှန်းတစ်ခုကို သင်တို့ ပြန်ပို့ခဲ့ဖူးသလော။ (ပြန်မပို့ဖူးပါ။) ယင်းမှာ သင်တို့က ပြဿနာများကို မမြင်နိုင်သောကြောင့်လော၊ သို့မဟုတ် ပြန်ပို့ရန် ကြောက်ရွံ့သောကြောင့်လော။ သို့မဟုတ် “သူတို့က သင့်ကို ဤပြီးစီးပြီးသား ဇာတ်ညွှန်းကို ပေးခဲ့ပြီး သင်က စကားတစ်ခွန်းတည်းဖြင့် ငြင်းပယ်ကာ ပြန်ပို့လိုက်သည်။ သင် အလွန်မာနထောင်လွှားသည် မဟုတ်လော”ဟု တစ်စုံတစ်ဦးက သင်တို့အား ဝေဖန်မည်ကို သင်တို့ ကြောက်ရွံ့သောကြောင့်လော။ အတိအကျအားဖြင့် သင်တို့ မည်သည့်အရာကို ကြောက်ရွံ့နေကြသနည်း။ ပြဿနာကို မြင်ပါလျက် အဘယ်ကြောင့် ဇာတ်ညွှန်းကို ရေးသူများထံ သင်တို့ ပြန်မပို့သနည်း။ (ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်အတွက် တာဝန်မယူကြပါ။) ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့များအတွက် အသင်းတော်ခေါင်းဆောင်များအပြင် ဒါရိုက်တာများသည် ဆုံးဖြတ်ချက်များချပြီး နောက်ဆုံးစကားပြောဆိုခွင့်ရှိသူများဖြစ်သည့် ကြီးကြပ်ရေးမှူးများအဖြစ် ဆောင်ရွက်သင့်သည်။ သင်သည် ဒါရိုက်တာဖြစ်သောကြောင့် ဤကိစ္စအတွက် အပြည့်အဝ တာဝန်ယူသင့်ပြီး ဇာတ်ညွှန်းကို လက်ခံရရှိသည့်အချိန်မှစ၍ သင့်လျော်သော စိစစ်မှုကို ဆောင်ရွက်သင့်သည်။ သင်ဇာတ်ညွှန်းတစ်ခုကို လက်ခံရရှိပြီး အစအဆုံး ပြန်လည်သုံးသပ်ကာ အကြောင်းအရာက အတော်ကောင်းသည်ကို တွေ့ရှိသည်ဟု ဆိုကြပါစို့။ ယင်းတွင် အဓိကအချက်နှင့် ဆိုလိုရင်းရှိသည်၊ ဇာတ်လမ်းဇာတ်ကွက်သည် အဓိကဇာတ်ကြောင်းတစ်ခုကို ဗဟိုပြုပြီး ခြုံငုံကြည့်လျှင် ဇာတ်ညွှန်းတွင် ကြီးမားသော ပြဿနာများမရှိဟု ထင်ရသည်၊ ကြည့်ကောင်းသည်၊ ရိုက်ကူးထိုက်သည်၊ ထို့ကြောင့် ဇာတ်ညွှန်းကို လက်ခံ၍ရနိုင်သည်။ သို့ရာတွင် ဇာတ်ညွှန်းသည် ရှည်လျားလျှင်၊ ဇာတ်လမ်း၏ အချက်အချာ သို့မဟုတ် ထင်ရှားသော ဆိုလိုရင်းမရှိဘဲ အစမှအဆုံး လူတစ်ဦး၏ ဇာတ်လမ်းကို ပြောပြလျက်၊ ဇာတ်ညွှန်းက မည်သည့်အရာကို ဖော်ပြရန် ရည်ရွယ်သည်၊ ကြည့်ရှုသူများအား မည်သည့်အရာကို ရရှိစေရန် ရည်ရွယ်သည်၊ သို့မဟုတ် ယင်း၏ အဓိကစိတ်ကူးနှင့် ဝိညာဉ်ရေးရာ အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်သည်ဟူသည်တို့ကို မရှင်းမလင်းဖြစ်စေလျက်၊ ယင်းသည် အခြေခံအားဖြင့် အကြောင်းအရာ တောင်စဉ်ရေမရဖြစ်သော ဇာတ်ကြောင်းတစ်ခု၊ ရှုပ်ထွေးသော ဇာတ်ညွှန်းတစ်ခုသာဖြစ်ပါက ဤဇာတ်ညွှန်းကို လက်ခံ၍ရသလော။ ထိုသို့သောအခြေအနေတွင် ဒါရိုက်တာများက မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ဇာတ်ညွှန်းကို ပြန်ပို့ပြီး ဇာတ်ညွှန်းရေးသူများ၏ ပြန်လည်ပြင်ဆင်ခြင်းအတွက် အကြံပြုချက်များ ပေးရမည်။ ဇာတ်ညွှန်းရေးသည့်အဖွဲ့မှ လူများက “ဤသည်မှာ မမျှတပါ။ ကျွန်ုပ်တို့ရေးသည့် ဇာတ်ညွှန်းကို စစ်ဆေးဖို့မှာ သူတို့က မည်သူများဖြစ်ကြသနည်း။ အဘယ်ကြောင့် သူတို့က ဆုံးဖြတ်ပိုင်ခွင့်ရှိသနည်း။ ဘုရားအိမ်တော်က လူတို့ကို မျှမျှတတနှင့် ကျိုးကြောင်းဆီလျော်စွာ ဆက်ဆံသင့်သည်”ဟု ဆိုလျက်၊ ကန့်ကွက်ကောင်း ကန့်ကွက်နိုင်သည်။ ထိုအခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဒါရိုက်တာများက ဇာတ်ညွှန်းထဲရှိ ပြဿနာများကို သိရှိဖော်ထုတ်နိုင်ပါက ဆုံးဖြတ်ချက်ချရန် မလောသင့်ဘဲ ထိုကိစ္စကို အသင်းတော်ခေါင်းဆောင်များ၊ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ဝင်များနှင့် ဦးစွာ မိတ်သဟာယဖွဲ့သင့်သည်။ အကယ်၍ လူတိုင်းသည် ၎င်းတို့၏ လွန်ခဲ့သော ရိုက်ကူးရေးအတွေ့အကြုံ နှစ်ကာလများနှင့် ဇာတ်ညွှန်းများအပေါ် နားလည်မှုတို့ကို အခြေခံ၍ ဇာတ်ညွှန်းတစ်ခုက စံနှုန်းမပြည့်မီကြောင်းကို တစ်ညီတစ်ညွတ်တည်း မှတ်ယူပြီး ယင်းကို ရိုက်ကူးခြင်းသည် ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို နှောင့်နှေးစေမည်သာမက ပါဝင်ပတ်သက်သည့် လူအင်အား၊ ပစ္စည်းအရင်းအမြစ်နှင့် ဘဏ္ဍာငွေ အရင်းအမြစ်အားလုံးကိုပါ ဖြုန်းတီးရာရောက်မည်ဖြစ်ပြီး ထိုသို့သောတာဝန်ကို မည်သူမျှ မထမ်းနိုင်ဟု ယုံကြည်ပါက ဤဇာတ်ညွှန်းကို ပြန်ပို့သင့်သည်။ အကြောင်းအရာ တောင်စဉ်ရေမရဖြစ်သော ဇာတ်ညွှန်းကို လုံးဝ ရိုက်ကူးခြင်းမပြုရ။ ဤသည်မှာ စည်းမျဉ်းတစ်ခုဖြစ်သည်။ အကယ်၍ လူတိုင်းသည် ဇာတ်ညွှန်းနှင့်ပတ်သက်၍ ထိုသို့ပင် ခံစားရပါက ဇာတ်ညွှန်းရေးသူများသည် ယင်းကို ခြွင်းချက်မရှိ လက်ခံသင့်ပြီး ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့၏ အကြံပြုချက်များအတိုင်း ဇာတ်ညွှန်းကို ပြန်လည်ပြင်ဆင်သင့်သည်။ သဘောထားကွဲလွဲမှုများရှိနေသေးပါက အဖွဲ့နှစ်ဖွဲ့လုံးမှ အဖွဲ့ဝင်များနှင့် ခေါင်းဆောင်များသည် မည်သူ၏ အကြောင်းပြချက်များက သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည်ကို တွေ့မြင်ရန် အတူတကွ စကားအချေအတင် ပြောဆိုနိုင်သည်။ အကယ်၍ မတိုးသာမဆုတ်သာ အခြေအနေက ကောက်ချက်ချခြင်း တစ်ခုမျှမရှိဘဲ ဆက်လက်ဖြစ်ပေါ်နေပါက ယနေ့မိတ်သဟာယဖွဲ့ခဲ့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဋ္ဌမမြောက် တာဝန်ဖြစ်သည့် “အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို အချိန်မီ သတင်းပို့ပြီး ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေခြင်း” ဟူသည့် နောက်ဆုံးနည်းလမ်းကို အသုံးပြုသင့်သည်။ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်ပြီး မဖြေရှင်းနိုင်သော ကိစ္စရပ်များကို ရှုပ်ထွေးမှုများနှင့် အခက်အခဲများဟု သိကြသည်။ တစ်ဖက်စီက မိမိတို့၏ ကျိုးကြောင်းဆင်ခြင်မှု မှန်ကန်သည်ဟု ထင်ကြပြီး မည်သူမျှ ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်ပေ။ ဤသို့ အပြန်ပြန်အလှန်လှန် ပြောဆိုနေခြင်းသည် ကိစ္စရပ်၏ အကြောင်းစုံနှင့် လားရာလမ်းကြောင်းအပေါ် လူတိုင်း၏ နားလည်မှုကို မှုန်ဝါးစေလျက် ကိစ္စရပ်ကို ရှုပ်ထွေးစေသည်။ ဤအချိန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၏ တိုးတက်မှုအား ဟန့်တားခြင်းကို တားဆီးရန်နှင့် ထို့ထက်ပင်ပို၍ နောက်ထပ် စုပုံခြင်းမှ တားဆီးရန် အချိန်မီ ဖြေရှင်းဖို့ ကြိုးစားလျက် အလုပ်တွင် ပေါ်ပေါက်လာသော ဤကိစ္စရပ်များနှင့် ရှုပ်ထွေးမှုများကို အချိန်မီ သတင်းပို့ပြီး ဖြေရှင်းနည်းများကို ရှာဖွေရန် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သင့်သည်။ ဤကိစ္စရပ်များကို အချိန်မီ သတင်းပို့ပြီး ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေခြင်းသည် အလုပ်လုပ်နေခြင်း မဟုတ်လော။ ဤသည်မှာ အလုပ်အပေါ် အလေးအနက်ထားပြီး တာဝန်ယူသော သဘောထားကို ပြသနေခြင်း မဟုတ်လော။ ဤသည်မှာ မိမိ၏ တာဝန်ကို လုပ်ဆောင်ခြင်းအား စိတ်နှစ်ထားခြင်း မဟုတ်လော။ ဤသည်မှာ သစ္စာစောင့်သိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မိမိ၏ တာဝန်အပေါ် သစ္စာစောင့်သိမှု ရှိခြင်းပင်ဖြစ်သည်။
အလုပ်ကို ကြီးကြပ်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်တွင် ပေါ်ပေါက်သော မည်သည့်ပြဿနာကိုမဆို အချိန်မီ သတိပြုမိပြီး ဖြေရှင်းရမည်။ အကြောင်းမှာ ဤသို့လုပ်ဆောင်ခြင်းကသာ အလုပ်၏ ချောမွေ့သော တိုးတက်မှုကို သေချာစေနိုင်သောကြောင့် ဖြစ်သည်။ ပြဿနာများကို မဖြေရှင်းနိုင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့ပြီး အယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ကြသည်။ ပြဿနာများကို ရှာဖွေတွေ့ရှိသော်လည်း ဖြေရှင်းရန် ပျက်ကွက်ကာ ယင်းအစား ရှောင်ရှားသောသူ သို့မဟုတ် ဖုံးကွယ်သောသူ မည်သူမဆိုသည် အလုပ်ကိုသာ ပျက်စီးစေတတ်သည့် အသုံးမကျသော ပျင်းရိသူတစ်ဦး ဖြစ်သည်။ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များကို မိတ်သဟာယနှင့် စကားအချေအတင်ပြောဆိုခြင်းမှတစ်ဆင့် ဖြေရှင်းရမည်။ အကယ်၍ ဤအရာများက မှန်ကန်သောရလဒ်များကို မဖြစ်ပေါ်စေဘဲ ထိုအစား အခြေအနေကို ပိုရှုပ်ထွေးစေပါက၊ အဓိကခေါင်းဆောင်သည် အခြေအနေ၏ ရလဒ် မည်သို့ဖြစ်မည်ကို မြင်ရန် အချိန်မီ လေ့လာခြင်း၊ နားလည်ခြင်းနှင့် အကဲဖြတ်ခြင်းတို့ကို ပြုလုပ်သည့်တစ်ချိန်တည်းတွင် ဖြေရှင်းနည်းများနှင့် နည်းလမ်းများကို အချိန်မီ အဆိုပြုလျက်၊ ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းခြင်းအား ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်သင့်သည်။ ပြဿနာတစ်ခုအပေါ် အငြင်းပွားမှုများ ဆက်လက်ရှိနေပြီး မည်သည့်ဆုံးဖြတ်ချက်မျှ မချနိုင်သည့်အခါ ထိုကိစ္စကို ရင်ကြားစေ့ပေးရန်သာ ကြိုးစားခြင်း၊ စောင့်ဆိုင်းခြင်း သို့မဟုတ် အချိန်ဆွဲခြင်းတို့ထက်၊ အထူးသဖြင့် ထိုကိစ္စကို လျစ်လျူရှုခြင်းထက် ဖြေရှင်းနည်းရှာဖွေရန် အထက်သို့ အမြန်သတင်းပို့ရမည်။ ဤသည်မှာ သင်တို့၏ လက်ရှိခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်လုပ်သည့်ပုံစံဖြစ်သလော။ ၎င်းတို့သည် အလုပ်၏ တိုးတက်မှုကို အချိန်မီ နောက်ဆက်တွဲလိုက်ပြီး တွန်းအားပေးသင့်သည်။ တစ်ချိန်တည်းတွင် အလုပ်၌ ပေါ်ပေါက်လာသော အမျိုးမျိုးသော ပဋိပက္ခများကို သိရှိဖော်ထုတ်စဉ်တွင် အမျိုးမျိုးသော သေးငယ်သည့်ကိစ္စရပ်များကိုလည်း သတိမမူခြင်း မဖြစ်သင့်ပေ။ သိသာထင်ရှားသော ပြဿနာများကို သိရှိဖော်ထုတ်သည့်အခါ အဓိကခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို ဖြေရှင်းရာတွင် ပါဝင်ရန် ရှိနေသင့်သည်၊ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို တိကျစွာ သဘောပေါက်ရန်အလို့ငှာ အကြောင်းစုံ၊ ပြဿနာပေါ်ပေါက်လာရသည့် အကြောင်းရင်းနှင့် ပါဝင်ပတ်သက်သူများ၏ ရှုထောင့်အမြင်များကို တိကျစွာ နားလည်မှု ရယူသင့်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဤကိစ္စရပ်များကို မိတ်သဟာယဖွဲ့ခြင်း၊ စကားအချေအတင်ပြောဆိုခြင်းနှင့် အငြင်းပွားခြင်းတို့တွင်ပင် ပါဝင်သင့်သည်။ ဤသည်မှာ လိုအပ်မှုတစ်ခု ဖြစ်သည်။ ပါဝင်ခြင်းသည် သင်တို့ကို အလုပ်တွင် ပေါ်ပေါက်လာသော ပြဿနာများအပေါ် အကဲဖြတ်ချက်များချရန်နှင့် ဖြေရှင်းရန် ကူညီသောကြောင့် အရေးကြီးပေသည်။ အကယ်၍ သင်သည် အမြဲတမ်း လက်ပိုက်လျက် ဘေးတွင်ရပ်နေကာ စာသင်ခန်းထဲတွင် ထိုင်နေသူတစ်ဦးကဲ့သို့ ပြုမူလျက်၊ အလုပ်တွင် ပေါ်ပေါက်သော မည်သည့်ပြဿနာမဆို သင်နှင့်မသက်ဆိုင်ဟု တွေးထင်ပြီး ထိုကိစ္စအပေါ် မည်သည့်အမြင် သို့မဟုတ် သဘောထားမျှ မရှိဘဲလျက် ပါဝင်ပတ်သက်ခြင်းမရှိဘဲ၊ နားထောင်ရုံသာနားထောင်ပါက သိသာထင်ရှားစွာပင် သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်၏။ သင်ပါဝင်ပတ်သက်သည့်အခါ အလုပ်တွင် အတိအကျ မည်သည့် ပြဿနာများ ပေါ်ပေါက်ခဲ့သည်၊ မည်သည့်အရာက ယင်းတို့ကို ဖြစ်စေခဲ့သည်၊ မည်သူတွင် တာဝန်ရှိသည်၊ အဓိကပြဿနာက အဘယ်မှာဖြစ်သည်၊ ယင်းမှာ လူတို့၏ အယူအဆများနှင့် စိတ်ကူးများကြောင့်လော သို့မဟုတ် နည်းပညာပိုင်းနှင့် အတတ်ပညာပိုင်းဆိုင်ရာ မလုံလောက်ခြင်းကြောင့်လောဟူသည့် အရာများကို အသေးစိတ် သိရှိလိမ့်မည်။ ပြဿနာများကို မျှတစွာ ကိုင်တွယ်ပြီး ဖြေရှင်းရန်အလို့ငှာ ထိုအရာအားလုံးကို ရှင်းလင်းစွာ သိရှိရမည်။ သင်သည် ဤအလုပ်တွင် ပါဝင်ပြီး ပြဿနာများက လူဖန်တီးသည့်အရာ မဟုတ် သို့မဟုတ် မည်သူကမျှ တမင်တကာ ဖြစ်စေခဲ့ခြင်းမဟုတ်ကြောင်း တွေ့ရှိရသည့်တိုင် နှစ်ဖက်စလုံးက အချိန်ကြာမြင့်စွာ အငြင်းပွားလျက် ကိစ္စရပ်၏ အနှစ်သာရကို တိတိကျကျ ထောက်ပြရန် သင် အခက်တွေ့ပြီးမည်သို့ဖြေရှင်းရမည်ကို မသိသည့်အခါ၊ သို့မဟုတ် လူတိုင်းက ပြဿနာတစ်ခုအပေါ် စိတ်ရောကိုယ်ပါ မြှုပ်နှံအားထုတ်ခဲ့သော်လည်း ယင်းကို မဖြေရှင်းနိုင်သေးသည့်အပြင်၊ အလုပ်ကို ရပ်တန့်သွားစေလျက် စည်းမျဉ်းများကို ရှာမတွေ့ သို့မဟုတ် ဦးတည်ချက်ကို ရှာမတွေ့နိုင်သေးသည့်အခါ၊ ပြီးလျှင်ဆက်လက်လုပ်ဆောင်ခြင်းက နောက်ထပ်အမှားများ၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် အပျက်သဘောဆောင်သော အကျိုးဆက်များကို ဖြစ်စေမည်ကိုလည်း ကြောက်ရွံ့သည့်အခါ သင်မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်ဆောင်သင့်ဆုံးသောအရာမှာ တန်ပြန်ရေး အစီအမံများ သို့မဟုတ် ဖြေရှင်းချက်များကို လူတိုင်းနှင့် ဆွေးနွေးခြင်းမဟုတ်ဘဲ ထို့ထက် ထိုကိစ္စကို အထက်သို့ တတ်နိုင်သမျှ အမြန်ဆုံး သတင်းပို့ရန်သာ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်ထဲရှိ ပြဿနာများကို အကျဉ်းချုပ်ပြီး မှတ်တမ်းတင်သင့်ကာ အချိန်ဆွဲခြင်း၊ စောင့်ဆိုင်းခြင်း၊ သို့မဟုတ် တစ်ညအိပ်ခြင်းက စိတ်ကူးစိတ်သန်းရလာစေနိုင်သည် သို့မဟုတ် ရုတ်တရက် ရှင်းလင်းသွားနိုင်သည်ဟု တွေးထင်လျက် ကံအပေါ် အားကိုးသည့် စိတ်ထားကို မွေးမြူခြင်းမရှိဘဲ အထက်သို့ အချိန်မီ သတင်းပို့သင့်ခြင်း ဖြစ်သည်။ ထိုသို့သတင်းပို့ခြင်းမှာ ဖြစ်နိုင်ဖွယ်မရှိသည့် ဖြစ်တောင့်ဖြစ်ခဲအရာတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ အကောင်းဆုံးဖြေရှင်းချက်မှာ ကိစ္စရပ်ကို အထက်သို့ သတင်းပို့ပြီး ဖြေရှင်းနည်းကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖွေရန် ဖြစ်ပြီး ယင်းက ထိုကိစ္စရပ်ကို အချိန်မီနှင့် တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းပြီးကြောင်း သေချာစေမည်ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် အလုပ်လုပ်ခြင်း ဖြစ်သည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်တွင် မကြာခဏ ကြုံတွေ့ရသော စိတ်ရှုပ်ထွေးသည့်အရာများနှင့် အခက်အခဲများ
၁။ ရှုပ်ထွေးမှုများ
ငါတို့ ယခုလေးတင် ဆွေးနွေးခဲ့သော အကြောင်းအရာကို အခြေခံ၍ “ရှုပ်ထွေးမှုများ” နှင့် “အခက်အခဲများ” က အတိအကျ မည်သည့်အရာအား ဆိုလိုသည်ကို အကျဉ်းချုပ်ကြစို့။ ဤနှစ်ခုသည် တူညီသောအရာ မဟုတ်ပေ။ ပထမဦးစွာ “ရှုပ်ထွေးမှု” ဟူသော ဝေါဟာရကို ငါရှင်းပြမည်။ ရှုပ်ထွေးမှုတစ်ခုဆိုသည်မှာ သင်က ကိစ္စရပ်တစ်ခုကို ထွင်းဖောက်မမြင်နိုင်သည့်အခါ ဖြစ်သည်။ သင်သည် စည်းမျဉ်းများနှင့် ကိုက်ညီသော သို့မဟုတ် တိကျသော နည်းလမ်းဖြင့် မည်သို့အကဲဖြတ်ရမည် သို့မဟုတ် ပိုင်းခြားသိမြင်ရမည်ကို မသိပေ။ သင်က ယင်းကို အတော်အတန် ထွင်းဖောက်မြင်နိုင်လျှင်ပင်၊ သင်၏အမြင် မှန်ကန်ခြင်း ရှိမရှိဟူသည်ကို သင်မသေချာပေ။ ထိုကိစ္စအား မည်သို့ကိုင်တွယ်ရမည် သို့မဟုတ် ဖြေရှင်းရမည်ကို သင်မသိသည့်အပြင်၊ ယင်းနှင့်ပတ်သက်၍ ကောက်ချက်တစ်ခုချရန် သင့်အတွက် ခက်ခဲသည်။ တိုတိုပြောရလျှင် သင်သည် ယင်းနှင့်ပတ်သက်၍ မသေမချာဖြစ်ပြီး ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်ခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို အနည်းငယ်မျှပင် နားမလည်သည့်အပြင်၊ အခြားမည်သူကမျှ ထိုပြဿနာကို မဖြေရှင်းပေးပါက ယင်းသည် ဖြေရှင်း၍မရနိုင်သော ပြဿနာတစ်ခု ဖြစ်လာသည်။ ဤသည်မှာ ခက်ခဲသော စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်နေရခြင်း မဟုတ်လော။ ထိုသို့သော ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို အထက်သို့ သတင်းပို့သင့်ပြီး ကိစ္စရပ်များကို ပိုမိုမြန်ဆန်စွာ ဖြေရှင်းရန်အလို့ငှာ အထက်ထံမှ ရှာဖွေသင့်သည်။ သင်တို့သည် ရှုပ်ထွေးမှုများကို မကြာခဏ ရင်ဆိုင်ရသလော။ (ရင်ဆိုင်ရပါသည်။) ရှုပ်ထွေးမှုများကို ပုံမှန်ရင်ဆိုင်နေရခြင်းကိုယ်၌က ပြဿနာတစ်ခုပင် ဖြစ်သည်။ သင်သည် ကိစ္စရပ်တစ်ခုနှင့် ရင်ဆိုင်နေရပြီး ယင်းကို ကိုင်တွယ်ရန် သင့်လျော်သောနည်းလမ်းကို သင်မသိဟု ဆိုကြပါစို့။ တစ်စုံတစ်ဦးက ကျိုးကြောင်းဆီလျော်သည်ဟု သင်ထင်သော ဖြေရှင်းနည်းတစ်ခုကို အဆိုပြုပြီး အခြားတစ်ဦးက ကျိုးကြောင်းဆီလျော်သည်ဟုပင် သင်ထင်သော မတူညီသည့် ဖြေရှင်းနည်းတစ်ခုကို အဆိုပြုသည်၊ ပြီးလျှင် လူတိုင်း၏ ထင်မြင်ချက်များ ကွဲပြားနေပြီး ပြဿနာ၏ အရင်းခံအကြောင်းရင်း သို့မဟုတ် အနှစ်သာရကို မည်သူမျှ သဘောမပေါက်ဘဲလျက် မည်သည့်ဖြေရှင်းနည်းက ပို၍သင့်လျော်သည်ကို သင်ရှင်းလင်းစွာ မမြင်နိုင်ပါက ထိုပြဿနာကို ဖြေရှင်းရာတွင် နမော်နမဲ့အမှားများ ဖြစ်ပေါ်လာရန် သေချာသည်။ ထို့ကြောင့် ပြဿနာတစ်ခုကို ဖြေရှင်းရန် ယင်း၏ အရင်းခံအကြောင်းရင်းနှင့် အနှစ်သာရကို ဆုံးဖြတ်ရန်မှာ အလွန်အရေးကြီးပြီး အရေးပါပေသည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပိုင်းခြားသိမြင်ခြင်းမရှိပါက၊ ပြဿနာ၏ အနှစ်သာရကို သဘောပေါက်ရန် ပျက်ကွက်ပြီး မှန်ကန်သော ကောက်ချက်ကို မချနိုင်ပါက၊ ၎င်းတို့သည် ထိုကိစ္စကို အထက်သို့ အချိန်မီ သတင်းပို့ပြီး ၎င်းတို့ထံမှ ဖြေရှင်းနည်းတစ်ခုကို ရှာဖွေရမည်။ ဤသည်မှာ လိုအပ်ပြီး အကဲပိုလွန်းခြင်း မဟုတ်ပေ။ မပြေလည်သော ပြဿနာများသည် ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်ပြီး အသင်းတော်၏အလုပ်ကို ထိခိုက်စေနိုင်သည်။ ဤအရာကို လုံးလုံးလျားလျား နားလည်ထားရမည်။ သင်သည် အထက်က သင်၏ စစ်မှန်သည့် အတိုင်းအတာကို ထိုးထွင်းမြင်သွားမည် သို့မဟုတ် လက်တွေ့ကျသောအလုပ်ကို သင် မလုပ်ဆောင်နိုင်ကြောင်း ၎င်းတို့ ထိုးထွင်းမြင်သည့်အခါ သင်၏ တာဝန်ခန့်အပ်မှုကို ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် သင့်ကို ဖြုတ်ချခြင်းတို့ ပြုလုပ်မည်ကို အမြဲကြောက်ရွံ့နေသောကြောင့် ထိုကိစ္စကို အထက်သို့ သတင်းမပို့ဝံ့ဘဲ သင်သည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပါက၊ ဤအရာက ကိစ္စရပ်များကို အလွယ်တကူနှောင့်နှေးစေနိုင်ပေသည်။ သင့်ဘာသာ မဖြေရှင်းနိုင်သော ရှုပ်ထွေးမှုများကို သင် ကြုံတွေ့ရသည့်တိုင် ယင်းတို့ကို အထက်သို့ သတင်းမပို့ပါက ဤအရာက ဆိုးရွားသော အကျိုးဆက်များကို ဖြစ်စေပြီး အထက်က သင့်ကို တာဝန်ခံခိုင်းသည့်အခါတွင် သင်သည် အကြီးအကျယ် ဒုက္ခရောက်လိမ့်မည်။ ဤသည်မှာ မိမိပြုသောကံ မိမိထံပြန်လာခြင်း မဟုတ်လော။ ထိုသို့သော ရှုပ်ထွေးမှုများနှင့် ရင်ဆိုင်ရသည့်အခါ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်မယူသည့်အပြင်၊ အယူဝါဒအချို့ကို ပြောရုံမျှပြောဆိုပြီး ကိစ္စကို ဝတ်ကျေတမ်းကျေ ပြီးပြတ်စေရန် စည်းမျဉ်းစည်းကမ်းအချို့ကို ကျင့်သုံးရုံမျှကျင့်သုံးပါက၊ ထိုကိစ္စသည် ပြေလည်ခြင်းမရှိဘဲရှိနေမည်ဖြစ်ပြီး အလုပ်က ရှေ့ဆက်မတိုးနိုင်ဘဲ အမှုအရာများက ရှိရင်းစွဲအတိုင်းသာ ရှိနေပေသည်။ ဤသည်မှာ ရှုပ်ထွေးမှုများက ပြေလည်မသွားဘဲ ရှိသည့်အခါ အတိအကျ ဖြစ်ပျက်သည့်အရာပင် ဖြစ်သည်။ ယင်းက နှောင့်နှေးမှုများကို အတော်ပင် အလွယ်တကူ ဖြစ်စေသည်။
ရှုပ်ထွေးမှုများ ပေါ်ပေါက်လာသည့်အခါ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက ပြဿနာတစ်ခု ဖြစ်ပွားခဲ့ကြောင်းကို ခံစားသိရှိနိုင်ကြစဉ်တွင် အခြားခေါင်းဆောင်များနှင့် အမှုဆောင်များကမူ ပြဿနာကို သတိပြုမိနိုင်ခြင်း မရှိကြပေ။ ဒုတိယအုပ်စုတွင်ပါသည့်သူများသည် အလွန့်အလွန် ညံ့ဖျင်းသော အစွမ်းအစရှိကြပြီး ထုံထိုင်းကာ ဉာဏ်ထိုင်းကြသည်။ ၎င်းတို့သည် မည်သည့်ပြဿနာကိုမဆို အာရုံခံနိုင်စွမ်း ကင်းမဲ့ကြသည်။ ပေါ်ပေါက်လာသည့် ရှုပ်ထွေးမှုက မည်မျှပင် ကြီးမားစေကာမူ၊ ၎င်းတို့ ပြသသည့်အရာမှာ ထုံထိုင်းခြင်းနှင့် ဉာဏ်ထိုင်းခြင်းသာ ဖြစ်သည်၊ ၎င်းတို့သည် ပြဿနာကို လျစ်လျူရှုပြီး ရှောင်လွှဲရန် ကြိုးစားကြသည်။ ဤသည်မှာ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သည့် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်သည်။ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်း ပမာဏတစ်ခုအထိ ပိုင်ဆိုင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောအခြေအနေများ ပေါ်ပေါက်လာသည့်အခါ သဘောပေါက်နိုင်ကြသည်။ “ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။ ကျွန်ုပ် မှတ်သားထားရမည်။ အထက်က ဤသို့သောကိစ္စမျိုးကို ယခင်က မည်သည့်အခါမျှ မပြောခဲ့ဖူးသည့်အပြင် ကျွန်ုပ်တို့ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်၊ ထို့ကြောင့် ဤအခြေအနေမျိုးကို ကိုင်တွယ်ရန် စည်းမျဉ်းများမှာ အတိအကျ အဘယ်အရာများ ဖြစ်သနည်း။ ဤတိကျသော ပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ကျွန်ုပ်၌ အလိုအလျောက်သိသော အတွေးအချို့ ရှိပုံရသော်လည်း ထိုအတွေးများက မရှင်းလင်းသည့်ပုံရသည့်အပြင်၊ ထိုသို့သောကိစ္စရပ်များအပေါ် သဘောထားအနည်းငယ် ရှိသော်လည်း သဘောထားရှိရုံမျှဖြင့် မလုံလောက်ပါ။ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းက အရေးကြီးသည်။ ကျွန်ုပ်တို့အနေဖြင့် ဤကိစ္စကို လူတိုင်းက အတူတကွ မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးရန်အတွက် ထုတ်ဖော်ပြောဆိုဖို့ လိုအပ်သည်”ဟူ၍ ဖြစ်သည်။ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆွေးနွေးခြင်းတစ်လှည့် ပြုလုပ်ပြီးနောက်တွင်၊ ၎င်းတို့အနေဖြင့် ပြဿနာကို ဖြေရှင်းရန် တိကျသော လက်တွေ့လုပ်ဆောင်မှု အစီအစဉ်မရှိဘဲ မည်သို့ရှေ့ဆက်လုပ်ဆောင်ရမည်ကို မသိသေးသည့်အပြင်၊ ရှုပ်ထွေးမှုက ဆက်လက်တည်ရှိနေပါက အထက်ထံမှ ဖြေရှင်းနည်းကို ၎င်းတို့ ရှာဖွေရမည်။ ဤအချိန်တွင် ပြဿနာနှင့်ပတ်သက်၍ ရှုပ်ထွေးခြင်းနှင့်ဆိုင်သည့် အချက်များကို မှတ်သားထားရန်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ သို့မှသာ အချိန်ကျလာသောအခါ ရှုပ်ထွေးမှု ပြဿနာမှာ အတိအကျ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်အရာကို အတိအကျ ရှာဖွေလျက်ရှိသည်ကိုလည်းကောင်း ၎င်းတို့ ရှင်းလင်းစွာ ရှင်းပြနိုင်မည် ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။
၂။ အခက်အခဲများ
က။ အခက်အခဲများဖြစ်သည့်အရာများ
ဆက်လက်၍ “အခက်အခဲများ” ဟူသော ဝေါဟာရကို ကြည့်ကြစို့။ စာသားအတိုင်း ရှုမြင်ရလျှင် အခက်အခဲများသည် ရှုပ်ထွေးမှုများထက် ပို၍ ပြင်းထန်သည်။ သို့ဆိုလျှင် အခက်အခဲများဟူသည်မှာ အတိအကျ မည်သည့်အရာကို ရည်ညွှန်းသနည်း။ တစ်စုံတစ်ဦး ရှင်းပြလော့။ (ဘုရားသခင်၊ ကျွန်ုပ်တို့၏ နားလည်မှုမှာ အခက်အခဲများဟူသည် ကြုံတွေ့ရသည့် တကယ့် ပြဿနာများဖြစ်ပြီး ဖြေရှင်းရန် ကြိုးစားပြီးဖြစ်သော်လည်း မဖြေရှင်းနိုင်သေးသည့်အရာ ဖြစ်သည်၊ ဤသည်တို့ကို အခက်အခဲများဟု မှတ်ယူရပါသည်။) (အချက်တစ်ချက် ထပ်ဖြည့်ရလျှင် တစ်ခါတစ်ရံတွင် ယခင်က မည်သည့်အခါမျှ မကြုံတွေ့ခဲ့ဖူးသော အလွန်ကိုင်တွယ်ရခက်သည့် ပြဿနာအချို့ကို ကြုံတွေ့ရကောင်းကြုံတွေ့ရနိုင်သည်။ ထိုအခြေအနေတွင် လူတိုင်းက အတွေ့အကြုံကင်းမဲ့ကြသည်၊ လုံးဝ ဇဝေဇဝါဖြစ်ပြီး မည်သည့်အမြင် သို့မဟုတ် အတွေးအခေါ်မျှ မရှိကြပေ။ ဤသည်တို့မှာ အလွန်စိန်ခေါ်မှုများသော ပြဿနာအမျိုးအစား ဖြစ်ပါသည်။) အလွန်စိန်ခေါ်မှုများသော ပြဿနာများကို အခက်အခဲများဟု ခေါ်သည်၊ မှန်သလော။ အခက်အခဲများနှင့်ဆိုင်သည့် အရိုးရှင်းဆုံး၊ တိုက်ရိုက်အဖြစ်ဆုံးသောရှင်းလင်းချက်မှာ ၎င်းတို့သည် အမှန်တကယ် တည်ရှိနေသော ပြဿနာများ ဖြစ်သည်ဟူ၍ ဖြစ်သည်။ ဥပမာအားဖြင့် လူတစ်ဦး၏ အစွမ်းအစ၊ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုများအပြင် ပတ်ဝန်းကျင်နှင့် အချိန်နှင့်ဆိုင်သော အရေးကိစ္စများ အစရှိသည်ဖြင့် အမှန်တကယ် တည်ရှိနေသော ဤပြဿနာများကို အခက်အခဲများဟု ခေါ်သည်။ သို့သော်လည်း ငါတို့ ယခု မိတ်သဟာယဖွဲ့နေသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ရှစ်ခုမြောက် တာဝန်ဝတ္တရားမှာ ၎င်းတို့အနေဖြင့် အလုပ်တွင် ကြုံတွေ့ရသည့် ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ဖြေရှင်းရန် အချိန်မီ သတင်းပို့ပြီး ရှာဖွေရမည်ဟူ၍ ဖြစ်သည်။ ဤနေရာတွင် ရည်ညွှန်းထားသည့် အခက်အခဲများမှာ ယေဘုယျ သတ်မှတ်ထားသော၊ အမှန်တကယ် တည်ရှိနေသည့် ပြဿနာများ မဟုတ်ဘဲ အလုပ်တွင် ကြုံတွေ့ရသည့် ကိုင်တွယ်၍မရနိုင်သော ခဲကပ်သည့်ကိစ္စရပ်များ ဖြစ်သည်။ ဤသည်တို့မှာ မည်သည့် ပြဿနာအမျိုးအစားများ ဖြစ်သနည်း။ ယင်းတို့သည် သမ္မာတရား စည်းမျဉ်းများနှင့် အထူးသဖြင့် သက်ဆိုင်ခြင်းမရှိသော ပြင်ပရေးရာကိစ္စများ ဖြစ်ကြသည်။ ဤကိစ္စရပ်များသည် သမ္မာတရား စည်းမျဉ်းများနှင့် မသက်ဆိုင်သော်လည်း သာမန်ပြဿနာများထက် ပို၍ ကိုင်တွယ်ရခက်သည်။ ၎င်းတို့သည် မည်သို့ ပို၍ ကိုင်တွယ်ရခက်သနည်း။ ဥပမာအားဖြင့် ယင်းတို့တွင် ဥပဒေရေးရာနှင့် အစိုးရဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပါဝင်သည်၊ သို့မဟုတ် အသင်းတော်အတွင်းမှ လူအချို့၏ ဘေးကင်းလုံခြုံရေးနှင့် သက်ဆိုင်သည်အစရှိသည်ဖြင့် ဖြစ်သည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ အလုပ်တွင် ကြုံတွေ့ရသည့် အခက်အခဲများအားလုံး ဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံရပ်ခြား၌ ဘုရားသခင်ကို ယုံကြည်ရာတွင်၊ မည်သည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ အသင်းတော်အလုပ်အားလုံးနှင့် ညီအစ်ကိုမောင်နှမများ၏ နေထိုင်မှု ပတ်ဝန်းကျင်များသည် ဒေသန္တရ အစိုးရစည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး ဒေသန္တရ ဥပဒေများနှင့် မူဝါဒများကို သိနားလည်ရန် လိုအပ်သည်။ ဤကိစ္စရပ်များတွင် ပြင်ပလောကနှင့် ဆက်ဆံခြင်းအပြင်၊ ပြင်ပရေးရာများကို ကိုင်တွယ်ခြင်းတို့ ပါဝင်သည်။ ယင်းတို့သည် အသင်းတော်၏ အတွင်းရေးရာ ဝန်ထမ်းကိစ္စများနှင့် နှိုင်းယှဉ်လျှင် အတော်အတန် ပို၍ ရှုပ်ထွေးသည်။ ရှုပ်ထွေးမှုသည် အဘယ်မှာ တည်ရှိသနည်း။ ယင်းမှာ အသင်းတော်ရှိ လူတို့အား ဘုရားသခင်ကို ကျိုးနွံနာခံရန်၊ နာခံမှုရှိရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ရန်နှင့် သမ္မာတရားကို နားလည်ပြီး ကိစ္စရပ်များကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ရန် ပြောရုံမျှလောက် မရိုးရှင်းပေ။ ဤအရာများကိုသာ ပြောရုံမျှပြောခြင်းသည် ပြဿနာများကို ဖြေရှင်းပေးလိမ့်မည် မဟုတ်။ ထိုအစား နိုင်ငံ၏ ဥပဒေများ၊ မူဝါဒများနှင့် စည်းမျဉ်းများ၏ ကဏ္ဍတိုင်းကိုလည်းကောင်း၊ ဒေသန္တရ ဓလေ့ထုံးတမ်းများနှင့် အလေ့အကျင့်များ၊ အခြားအရာများကိုလည်းကောင်း နားလည်ရန် လိုအပ်သည်။ ဤပြင်ပရေးရာများတွင် ပါဝင်သည့် အကြောင်းအချက်များစွာ ရှိပြီး မမျှော်လင့်ထားသည့် ကိစ္စရပ်များ သို့မဟုတ် အသင်းတော်၏ စည်းမျဉ်းများကို အသုံးပြု၍ ဖြေရှင်းရန် ခက်ခဲသော ပြဿနာများ ပေါ်ပေါက်လာလေ့ရှိကာ ဤပြဿနာများ ပေါ်ပေါက်လာခြင်းက အခက်အခဲများကို ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် အသင်းတော်အတွင်း၌ အချို့သောလူများက မိမိတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ပါက ဤပြဿနာများကို သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းဖြင့်၊ ပြုပြင်ခြင်းဖြင့် သို့မဟုတ် အကူအညီနှင့် ထောက်ပံ့မှုပေးခြင်းဖြင့် ဖြေရှင်း၍ရနိုင်သည်။ သို့သော် ပြင်ပတွင်မူ သင်သည် ကိစ္စရပ်များကို ကိုင်တွယ်ရန် ဤစည်းမျဉ်းများနှင့် နည်းလမ်းများကို အသုံးပြု၍ရသလော။ ဤလုပ်နည်းကိုင်နည်းက ထိုသို့သော ပြဿနာများကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော ကိစ္စရပ်များကို ကိုင်တွယ်ကာ တုံ့ပြန်ရန် အမြော်အမြင်ရှိသော နည်းလမ်းအချို့ကို အသုံးပြုရမည်။ ဤပြင်ပရေးရာများကို ကိုင်တွယ်ခြင်းဖြစ်စဉ်တွင် ဘုရားအိမ်တော်သည်လည်း စည်းမျဉ်းအချို့ကို ချမှတ်ထားပြီးဖြစ်သော်လည်း ဤအရာများကို မည်သို့ပင် ရှင်းပြပါစေ အခက်အခဲမျိုးစုံက မကြာခဏ ပေါ်ပေါက်နေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလောက၊ ဤလူ့အဖွဲ့အစည်းနှင့် ဤလူသားမျိုးနွယ်သည် အလွန်မှောင်မိုက်ပြီး အလွန်ရှုပ်ထွေးသောကြောင့်လည်းကောင်း၊ အဆင်းနီသော နဂါးကြီး၏ ဆိုးယုတ်သော စွမ်းအားများ၏ အနှောင့်အယှက်ပေးခြင်းကြောင့်လည်းကောင်း ဤပြင်ပရေးရာများကို ကိုင်တွယ်သည့်အခါ မမျှော်လင့်ထားသည့်အပြင် နောက်ထပ်ဖြစ်သော အခက်အခဲအချို့ ရှိလာလိမ့်မည်။ ဤအခက်အခဲများ ပေါ်ပေါက်လာသည့်အခါ သင်တို့ကို “ဘုရားသခင်၏ စီစဉ်မှုများကိုသာ ကျိုးနွံနာခံလော့၊ အရာရာကို ဘုရားသခင်က စီစဉ်ညွှန်ကြားသည်၊ ပြဿနာကို လျစ်လျူသာရှုလိုက်ပါ”ဟု ပြောလျက်၊ ရိုးရှင်းသော စည်းမျဉ်းတစ်ခုကိုသာ ပေးထားပါက ဤသည်က ပြဿနာကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) ပြဿနာကို မဖြေရှင်းနိုင်ပါက ဖြစ်ပေါ်လာသည့်အရာမှာ ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့် ပတ်ဝန်းကျင်နှင့် ၎င်းတို့၏ နေထိုင်မှုပတ်ဝန်းကျင်တို့သည် အနှောင့်အယှက်ပေးခံရသည်၊ အမြဲဒုက္ခပေးနှောင့်ယှက်ခံရပြီး ပျက်စီးစေခြင်းခံရလေသည်။ ဤသည်က အခက်အခဲများအား ပေါ်ပေါက်လာစေသည် မဟုတ်လော။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ယင်းကို စိတ်လိုက်မာန်ပါဖြစ်ခြင်းဖြင့် ဖြေရှင်းနိုင်သလော။ မဖြေရှင်းနိုင်သည်မှာ သိသာထင်ရှားသည်။ အချို့က “သို့ဆိုလျှင် ယင်းကို ဥပဒေနည်းလမ်းများဖြင့် ကျွန်ုပ်တို့ ဖြေရှင်းနိုင်သလော”ဟု ပြောကြသည်။ အမှုအရာများစွာကို ဥပဒေဖြင့် မဖြေရှင်းနိုင်ပေ။ ဥပမာအားဖြင့် အဆင်းနီသော နဂါးကြီးက ဝင်ရောက်စွက်ဖက်ပြီး နှောင့်ယှက်သည့် နေရာများတွင် ဥပဒေက ပြဿနာများကို ဖြေရှင်းပေးနိုင်သလော။ ဥပဒေသည် ထိုနေရာတွင် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပေ။ နေရာများစွာတွင် လူ၏အာဏာသည် ဥပဒေထက် မကြာခဏ သာလွန်နေတတ်သည်။ ထို့ကြောင့် ပြဿနာများအား ဥပဒေကို အားကိုးခြင်းဖြင့် ဖြေရှင်းရန် မမျှော်လင့်နှင့်။ ယင်းတို့ကို ဖြေရှင်းရန် လူ့နည်းလမ်းများ သို့မဟုတ် စိတ်လိုက်မာန်ပါဖြစ်ခြင်းကို အသုံးပြုခြင်းသည်လည်း မသင့်လျော်ပေ။ ထိုသို့သောအခြေအနေများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုတတ်သူတို့သည် ဤပြဿနာများ ပေါ်ပေါက်လာသည့်အခါ ဖြေရှင်းနိုင်သလော။ ဤသည်တို့မှာ အထူးသဖြင့် ကိုင်တွယ်ရန် ခက်ခဲသော ကိစ္စရပ်များ မဟုတ်လော။ ယင်းတို့ကို ဖြေရှင်းရန် ရှေ့နေတစ်ဦး ငှားရမ်းပြီး တရားရုံးသို့ သွားခြင်းက အလုပ်ဖြစ်မည်ဟု သင်ထင်သလော။ ထိုလူတို့သည် သမ္မာတရားကို နားလည်ကြသလော။ ကျိုးကြောင်းပြပြောဆိုခြင်းအတွက် ဤလောကတွင် နေရာမရှိပေ။ ဥပဒေစိုးမိုးသော နိုင်ငံတစ်ခုတွင်ရှိသည့် တရားသူကြီးများပင်လျှင် ဥပဒေအတိုင်း အမြဲတမ်း မလုပ်ဆောင်ဘဲ တရားမျှတမှုကင်းမဲ့လျက် ပါဝင်ပတ်သက်သူက မည်သူဖြစ်သည်ဟူသည့်အပေါ် အခြေခံ၍ မိမိတို့၏ အကဲဖြတ်မှုများကို ချိန်ညှိတတ်ကြလေသည်။ ဤလောကတွင် မည်သည့်နေရာ၌မဆို လူတို့သည် မိမိတို့၏ စကားကို အထောက်အပံ့ပြုပေးရန် အင်အားစုအပေါ်၊ အာဏာအပေါ် အားကိုးကြသည်။ သို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်သော ငါတို့သည် မည်သည့်အရာကို အားကိုးသင့်သနည်း။ ငါတို့သည် လူတို့ကို ဆက်ဆံပြီး ကိစ္စရပ်များကို ကိုင်တွယ်ရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း၊ သမ္မာတရားအတိုင်း ပြုမူသင့်သည်။ သို့သော် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အားကိုးပါက လောကတွင် အရာအားလုံးက ငါတို့အတွက် ချောမွေ့စွာ ရှေ့ဆက်၍ရနိုင်သလော။ မရနိုင်ပေ။ ဤသည်မှာ ဉာဏ်ပညာ လိုအပ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သော ကိစ္စရပ်များကို ရင်ဆိုင်ရသည့်အခါ ကိစ္စရပ်က အလွန့်အလွန် အရေးကြီးသည်ဟု ခံစားရပြီး ၎င်းတို့အနေဖြင့် မသင့်လျော်စွာ ကိုင်တွယ်မိကာ ထိုသို့ဖြင့် မလိုလားအပ်သော သက်ရောက်မှုများ သို့မဟုတ် အကျိုးဆက်များကို ဖြစ်ပေါ်စေလျက် ဘုရားအိမ်တော်အား ဒုက္ခရောက်စေမိမည်ကို စိုးရိမ်ပါက ထိုသို့သော ကိစ္စရပ်များသည် ၎င်းတို့အတွက် အခက်အခဲများ ဖြစ်ကြသည်။ ၎င်းတို့ မဖြေရှင်းနိုင်သော အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ အထက်သို့ အချိန်မီ သတင်းပို့ပြီး ပြဿနာများကို ဖြေရှင်းရန် သင့်လျော်သော နည်းလမ်းများကို ရှာဖွေရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။