ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈) အခန်း နှစ်

မိမိတို့ကိုယ်ကို ဝိညာဉ်ရေးရာပြည့်ဝသူများအဖြစ် ဟန်ဆောင်သော အယောင်ဆောင် ခေါင်းဆောင်များ၏ အဓိကထူးခြားသောလက္ခဏာမှာ အဘယ်အရာနည်း။ ၎င်းတို့သည် တရားဒေသနာများ ဟောပြောရာတွင် ကောင်းမွန်ကြခြင်း ဖြစ်သည်။ ဤ “တရားဒေသနာများ”သည် စစ်မှန်သော တရားဒေသနာများ မဟုတ်ကြပေ။ ယင်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သော တရားဒေသနာများ မဟုတ်သည့်အပြင်၊ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သော တရားဒေသနာများလည်း မဟုတ်ကြပေ။ ထိုအစား စကားလုံးများနှင့် အယူဝါဒများဆိုင်ရာ တရားဒေသနာများ၊ ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော တရားဒေသနာများ၊ ဖာရိရှဲများ၏ တရားဒေသနာများ ဖြစ်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များ၏ စကားလုံးများနှင့် စကားစုများအပေါ် အာရုံစိုက်ရာတွင် အလွန်ကောင်းမွန်ကြသည်၊ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောရန် အထူးဂရုပြုကြသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင်ရှိသည့် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြသည့်အပြင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သို့ဝင်ရောက်သင့်သည်ကိုလည်း မည်သည့်အခါမျှ မဆင်ခြင်မသုံးသပ်ကြပေ။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောနိုင်ရုံမျှဖြင့် ကျေနပ်နေကြသည်။ အယူဝါဒကို ရှင်းလင်းစွာနှင့် ယုတ္တိရှိရှိ ဟောပြောပြီးသည်နှင့်တစ်ပြိုင်နက်၊ ထိုမျှဖြင့် လုံလောက်ပြီဟုလည်းကောင်း၊ ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှုရှိပြီဟုလည်းကောင်း၊ အခြားသူများရှေ့တွင် ရပ်တည်ပြီး ဗိုလ်ကျစိုးမိုးကာ ၎င်းတို့၏ မြင့်မားသော ရာထူးအဆင့်အတန်းမှနေ၍ လူတို့ကို ဩဝါဒပေးနိုင်ပြီဟုလည်းကောင်း ထင်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့ပြောဆိုကာ ပြုမူသည့်အရာသည် သမ္မာတရားနှင့် ဆက်စပ်ပုံရသည်၊ ယင်းတို့က အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် အနှောင့်အယှက်များကို ဖြစ်စေပုံမရသည့်အပြင်၊ မှားယွင်းသော အဆိုများကို ထောက်ခံအားပေးခြင်း သို့မဟုတ် မှားယွင်းသော ကျင့်သုံးမှုများကို လှုံ့ဆော်ခြင်းလည်း ပြုပုံမရပေ။ သို့တိုင် ပြဿနာတစ်ခုရှိသည်၊ ယင်းမှာ ၎င်းတို့သည် မည်သည့်လက်တွေ့အလုပ်ကိုမျှ မထမ်းဆောင်နိုင်ခြင်း သို့မဟုတ် ၎င်းတို့၏တာဝန်ကို အနည်းငယ်မျှပင် မဖြည့်ဆည်းနိုင်ခြင်းဖြစ်သည်။ ယင်းက နောက်ဆုံးတွင် အလုပ်ထဲရှိ မည်သည့်ပြဿနာကိုမျှ မတွေ့ရှိနိုင်ခြင်းအဖြစ်သို့ ဆိုက်ရောက်စေသည်။ ၎င်းတို့အလုပ်လုပ်ပုံသည် မျက်စိကန်းသောသူတစ်ဦးက မိမိ၏လမ်းကို စမ်းတဝါးဝါးသွားနေသကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ကိစ္စရပ်များတွင် စည်းမျဉ်းများကို မျက်စိမှိတ်ကျင့်သုံးရန် မိမိတို့၏ ခံစားချက်များနှင့် စိတ်ကူးများအတိုင်း အမြဲလုပ်ဆောင်ကြသည်။ ပြဿနာများ၏ အနှစ်သာရကို လုံးဝ ရှင်းလင်းစွာ မမြင်နိုင်ကြသော်လည်း၊ ထိုအရာများနှင့်ပတ်သက်၍ အဓိပ္ပာယ်မဲ့သောစကားများကို ပြောဆိုနေကြဆဲဖြစ်သည်။ ၎င်းတို့သည် လက်တွေ့ကျသော ပြဿနာများကို လုံးဝမဖြေရှင်းနိုင်ကြပေ။ အကယ်၍ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် သမ္မာတရားကို အမှန်တကယ် နားလည်ခဲ့ပါက၊ ၎င်းသည် ပြဿနာများကို အလိုအလျောက် တွေ့ရှိနိုင်မည်ဖြစ်ပြီး ယင်းတို့ကိုဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်မည်ဖြစ်သည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များသည် သမ္မာတရားကို ရှင်းလင်းစွာ နားမလည်ကြသော်လည်း၊ အသင်းတော်အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု မိမိတို့ကိုယ်ကို ထင်မှတ်လျက်၊ မိမိတို့၏ အဆင့်အတန်း၏ အကျိုးအမြတ်များကို မရိုးမဖြောင့် မွေ့လျော်ခံစားဝံ့ကြလျက်၊ ဝိညာဉ်ရေးရာ ပြည့်ဝသယောင် ဟန်ဆောင်ကြလေသည်။ ဤသည်မှာ စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ၎င်းတို့တွင် စစ်မှန်သော ကျွမ်းကျင်မှုတစ်ခုရှိသည်၊ ၎င်းတို့ ဟောပြောနိုင်သည်ဟူ၍ ၎င်းတို့က တွေးထင်ကြသည်။ သို့သော် ၎င်းတို့က လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်ကြခြင်းသာ ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များ သိရှိပြီး ဟောပြောသော စကားလုံးများနှင့် အယူဝါဒများသည် ၎င်းတို့၏အလုပ်ကို ကောင်းစွာလုပ်ဆောင်ရန် မကူညီနိုင်သည့်အပြင်၊ ၎င်းတို့ရင်ဆိုင်ရသော ပြဿနာအားလုံးကို ဖြေရှင်းဖို့ ကူညီနိုင်ရန် မဆိုထားနှင့်၊ အလုပ်တွင်ရှိသည့် ပြဿနာများကို တွေ့ရှိရန်လည်း မကူညီနိုင်ပေ။ အချိန်အချို့ကြာ အလုပ်လုပ်ပြီးနောက် ၎င်းတို့သည် မည်သည့်အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကိုမျှ ပြောဆိုနိုင်ခြင်း မရှိကြပေ။ ထိုသို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် စံနှုန်းပြည့်မီသလော။ စံနှုန်းမပြည့်မီသည်မှာ အတော်လေး သိသာထင်ရှားပေသည်။ စံနှုန်းမပြည့်မီသော အယောင်ဆောင် ခေါင်းဆောင်များကို မည်သို့ကိုင်တွယ်သင့်သနည်း။ ၎င်းတို့ကို ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းရမည်သာမက၊ ၎င်းတို့နောင်တမရပါက ရွေးကောက်ပွဲကျင်းပသည့်အခါ ၎င်းတို့ကို ခေါင်းဆောင် သို့မဟုတ် အမှုဆောင်အဖြစ် ထပ်မံရွေးကောက်ခြင်း ပြု၍မရပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ဖယ်ရှားရှင်းလင်းခြင်းခံထားရသော အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင် အမှုဆောင်တစ်ဦးကို ရွေးကောက်လျှင်၊ ၎င်းတို့သည် အသင်းတော်အလုပ်ကို သိလျက်နှင့် နှောင့်ယှက်ကာ ဖျက်ဆီးနေခြင်းဖြစ်ပြီး၊ ယင်းက မဲပေးသူသည် ထိုအယောင်ဆောင် ခေါင်းဆောင်ကို ကိုးကွယ်သူနှင့် နောက်လိုက်တစ်ဦးဖြစ်ကြောင်း၊ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သူတစ်ဦး မဟုတ်ကြောင်း ပြသနေသည်။ သင်တို့သည် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို ရွေးကောက်ခဲ့ဖူးသလော။ (ရွေးကောက်ခဲ့ဖူးပါသည်။) သင်တို့သည် ၎င်းတို့ထဲမှ အတော်များများကို ရွေးကောက်မိကြပြီးဖြစ်မည်ဟု ငါယူဆသည်။ မည်သူမဆို နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး၊ ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ရှုခဲ့ကာ တရားဒေသနာများစွာကို ကြားနာခဲ့ပြီး၊ ဟောပြောခြင်းနှင့် အလုပ်လုပ်ခြင်း၌ အတွေ့အကြုံများစွာရှိသည့်သူ၊ တစ်ကြိမ်လျှင် နာရီပေါင်းများစွာ ဟောပြောနိုင်သည့်သူ၊ သေချာပေါက် အလုပ်လုပ်နိုင်စွမ်းရှိသည်ဟု သင်တို့က တွေးထင်ကြသည်။ ထို့နောက် သင်တို့က ၎င်းတို့ကို ခေါင်းဆောင်အဖြစ် ရွေးကောက်ပြီးနောက်၊ ဆိုးရွားသော ပြဿနာတစ်ခုကို တွေ့ရှိရသည်၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မည်သည့်အခါမျှ တွေ့မြင်နိုင်ခြင်း မရှိကြသည့်အပြင် ပြဿနာတစ်ခုရှိသည့်အခါတွင်လည်း ၎င်းတို့ကို မည်သည့်အခါမျှ ရှာမတွေ့နိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့ မည်သည့်နေရာတွင် ပုန်းနေသည်ကို မည်သူမျှမသိသည့်အပြင်၊ တစ်နေရာရာတွင် ၎င်းတို့ ပုန်းနေပြီး မည်သူ့ကိုမျှ နှောင့်ယှက်ခွင့်မပြုပေ။ ယင်းမှာ ပြဿနာတစ်ခုဖြစ်သည်။ ၎င်းတို့သည် အလုပ်တွင် အရေးကြီးသောအချိန်များ၌ အမြဲတမ်း တူတူပုန်းတမ်းကစားနေကြပြီး ညီအစ်ကိုမောင်နှမများက ပြဿနာတစ်ခုကို ဖြေရှင်းရန် လိုအပ်သည့်အခါ ၎င်းတို့ကို မည်သည့်အခါမျှ ရှာမတွေ့နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ သင့်လျော်သော တာဝန်များကို လျစ်လျူရှုနေကြသည် မဟုတ်လော။ အချို့လူများသည် ခေါင်းဆောင်တစ်ဦးဖြစ်လာသည်နှင့်တစ်ပြိုင်နက် ညီအစ်ကိုမောင်နှမများကို အဘယ်ကြောင့် ရင်မဆိုင်ဝံ့ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့ကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ရသနည်း။ အဘယ်အရာက ၎င်းတို့ကို အတိအကျ အလုပ်များနေစေသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းကြသနည်း။ ၎င်းတို့ မည်သည့်အရာနှင့် အလုပ်ရှုပ်နေသည်ဖြစ်စေ၊ ဤအရာနှင့်ပတ်သက်၍ သင်တို့သေချာနိုင်သည်။ အကယ်၍ ၎င်းတို့သည် အချိန်အတန်ကြာ လက်တွေ့အလုပ်မလုပ်ဘဲနေပါက၊ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ ၎င်းတို့ကို လျင်မြန်စွာ ဖြုတ်ချသင့်ကာ၊ အခြားတစ်စုံတစ်ဦးကို ရွေးကောက်သင့်သည်။ သင်တို့သည် အနာဂတ်တွင် ဤအယောင်ဆောင် ခေါင်းဆောင်မျိုးကို ရွေးကောက်ကြဦးမည်လော။ (ရွေးကောက်တော့မည် မဟုတ်ပါ။) အဘယ်ကြောင့် မရွေးကောက်တော့သနည်း။ မျက်စိကန်းသောသူတစ်ဦးကို သင်တို့၏ လမ်းညွှန်အဖြစ် ရွေးချယ်ခြင်း၏ အကျိုးဆက်မှာ အဘယ်အရာဖြစ်သည်ဟု သင်တို့ထင်သနည်း။ ထိုသူသည် ကိုယ်တိုင်မျက်စိကန်းနေသည်၊ သို့ဖြစ်လျှင် ၎င်းသည် အခြားသူများကို မှန်ကန်သောလမ်းကြောင်းဆီသို့ လမ်းညွှန်နိုင်သလော။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက “လူကန်းချင်းတစ်ဦးကို တစ်ဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၅:၁၄) ဟု ဆိုထားသည့်အတိုင်းပင် ဖြစ်သည်။ မျက်စိကန်းသောသူတစ်ဦးသည် ဦးတည်ချက် သို့မဟုတ် ပန်းတိုင်မရှိဘဲ လှမ်းလျှောက်သည်။ ၎င်းသည် အခြားသူများကို မည်သို့ဦးဆောင်နိုင်မည်နည်း။ အကယ်၍ တစ်စုံတစ်ဦးသည် မျက်စိကန်းသောသူတစ်ဦးကို ၎င်း၏လမ်းညွှန်အဖြစ် ရွေးချယ်လျှင်၊ ထိုသူသည် သာ၍ပင် မျက်စိကန်းပေသည်။ ဘာသာတရားမရှိသူများကြားတွင် “မျက်စိကန်းသောသူကို လမ်းမေးခြင်း” ဟုသော ဆိုစကားတစ်ခုရှိသည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးကောက်ခြင်းသည် မျက်စိကန်းသောသူကို လမ်းမေးခြင်းပင်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သောအရာတစ်ခုဖြစ်သည် မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအတွက် မဲပေးသောသူအားလုံးသည် မျက်စိကန်းသူကို ရွေးချယ်သည့် မျက်စိကန်းသောလူများဖြစ်ပြီး၊ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ သမ္မာတရားကို နားမလည်ကြပေ။

အချို့လူများက ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သောသူတစ်ဦးကို ခေါင်းဆောင်အဖြစ် ရွေးချယ်သောအခါ၊ ၎င်းတို့က၊ “ငါတို့တွင် ယခု ခေါင်းဆောင်ကောင်းတစ်ဦး ရှိလေပြီ။ ငါတို့၏ခေါင်းဆောင်သည် တရားဒေသနာများ ဟောပြောရာတွင် အမှန်တကယ် ကောင်းမွန်သည်။ သူသည် အလွန်ယုတ္တိကျပြီး စနစ်ကျသောပုံစံဖြင့် ဟောပြောကာ၊ သူ၏ တရားဒေသနာများသည် အလွန်အဓိပ္ပာယ်ရှိသည်”ဟု တွေးလျက် အလွန်ဝမ်းသာကြသည်။ ပိုင်းခြားသိမြင်မှုကင်းမဲ့သော အချို့လူများသည် မျက်ရည်ကျသည်အထိ တို့ထိခံစားကြရသည်။ ဤခေါင်းဆောင်ကို ၎င်းတို့ အလွန်တွယ်တာကြကာ၊ မိမိတို့၏တာဝန်များကိုပင် သွားရောက်မထမ်းဆောင်ချင်ကြပေ။ မိတ်သဟာယကို ၎င်းတို့ နားထောင်သည့်အခါ အလွန်ရှင်းလင်းစွာ နားလည်ကြသော်လည်း၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရင်း ပြဿနာများကို တွေ့ရှိသည့်အခါ၊ မည်သို့ဖြေရှင်းရမည်ကို မသိကြသည့်အပြင်၊ “ငါသည် ခေါင်းဆောင်၏ မိတ်သဟာယကို နားထောင်သည့်အခါ အရာရာကို နားလည်သဘောပေါက်ပုံရသည်၊ သို့ဖြစ်လျှင် ငါ၏အလုပ်တွင် ကြုံတွေ့ရသော အခက်အခဲများကို ငါ အဘယ်သို့ဖြစ်ပြီး မဖြေရှင်းနိုင်ရသနည်း”ဟု တွေးလျက်၊ အကြံအိုက်သွားကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ ဤသို့သော အယောင်ဆောင် ခေါင်းဆောင်မျိုး ဟောပြောသမျှသည် စကားလုံးများနှင့် အယူဝါဒများ၊ အနှစ်သာရမရှိသော စကားစုများ၊ ကြွေးကြော်သံများနှင့် အဓိပ္ပာယ်မဲ့သောစကားများသာ ဖြစ်သည်။ ၎င်းတို့ဟောပြောသည့်အရာသည် သင်၏ လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းပေးပေ။ ၎င်းတို့သည် သင့်ကို လှည့်စားသွားကြပြီဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ်တွင် သင်၏ပြဿနာများနှင့်စပ်လျဉ်း၍ သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့နေခြင်းမဟုတ်သည့်အချိန်တွင် ပြဿနာများ ဖြေရှင်းပြီးပြီဟု သင့်ကို တလွဲ ယုံကြည်စေဖို့ကြွေးကြော်သံအချို့ကို ပြောဆိုရင်း၊ သင့်ကို အနှစ်မဲ့သော ကတိများပေးလျက် လှည့်ဖြားခြင်း ဖြစ်သည်။ ဤသို့သောနည်းလမ်းဖြင့် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ပြဿနာများကို မည်သို့ ဖြေရှင်းနိုင်မည်နည်း။ ၎င်းတို့ဟောပြောသော အယူဝါဒများသည် လက်တွေ့ကျသော ပြဿနာများနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။ ၎င်းတို့သည် ပြဿနာအားလုံး၏ အနှစ်သာရကို ရှောင်ရှားပြီး သီအိုရီများကို အနှစ်သာရမရှိသောပုံစံဖြင့် ပြောဆိုနေခြင်းသာဖြစ်သည်။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများ၊ ဝိညာဉ်ရေးရာ သီအိုရီများကိုသာ ဟောပြောကြသည်။ သမ္မာတရား လက်တွေ့ကျမှုက အဘယ်အရာဖြစ်သည်ကို ၎င်းတို့ မသိကြသည့်အပြင်၊ ပြဿနာများပေါ်ပေါက်လာသည့်အခါ ၎င်းတို့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။ ၎င်းတို့ပေးသော တရားဒေသနာများသည် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ယင်းတို့သည် သီအိုရီတစ်မျိုး၊ အသိပညာနှင့် အယူဝါဒတစ်မျိုးသာ ဖြစ်သည်။ ဤသို့သော အယောင်ဆောင် ခေါင်းဆောင်မျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို စကားလုံးများနှင့် အယူဝါဒများ၊ ကြွေးကြော်သံများဖြစ်သည့်အလား ဟောပြောကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော ပြဿနာအားလုံးကို ရှောင်ရှားပြီး အနှစ်မရှိသည့်အပြင်၊ လက်တွေ့မကျသော စကားများကိုသာ ဟောပြောကြသည်။ အဆုံးတွင် အဘယ်အရာဖြစ်လိမ့်မည်နည်း။ ၎င်းတို့ မည်မျှကြာအောင် ဟောပြောသည်ဖြစ်စေ၊ အလွန်ဆုံးအနေဖြင့် ၎င်းတို့၏ တရားဒေသနာများသည် လူတို့ကို အနည်းငယ်ပို၍ စိတ်အားထက်သန်စေကာ ခွန်အားတစ်ဟုန်ထိုး တိုးပွားလာစေလျက် လူတို့ကို အားပေးတိုက်တွန်းခြင်းနှင့် နှိုးဆော်ခြင်း အကျိုးသက်ရောက်မှုသာ ရှိလိမ့်မည်ဖြစ်သော်လည်း၊ အခြားမည်သည့် ပြဿနာကိုမျှ ၎င်းတို့မဖြေရှင်းနိုင်ကြပေ။ သမ္မာတရားသည် လက်တွေ့အရှိတရားနှင့် ကင်းကွာနေခြင်းမဟုတ်ဘဲ၊ ထို့ထက် လက်တွေ့ဘဝနှင့်လည်းကောင်း၊ အမှန်တကယ်တည်ရှိနေသော ပြဿနာမျိုးစုံနှင့်လည်းကောင်း ဆက်စပ်နေသည်။ သို့ဖြစ်၍ သင်တို့သည် နောက်ထပ် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အယောင်ဆောင် ခေါင်းဆောင်များကို ကြုံတွေ့သည့်အခါ ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်လော။ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိလျှင်၊ သင်တို့သည် တစ်စုံတစ်ဦးကို ခေါင်းဆောင်အဖြစ် မဲပေးလိုသောအခါ၊ ပထမဆုံးအနေဖြင့် ၎င်းကို ပြဿနာအချို့အား ဖြေရှင်းစေလော့။ အကယ်၍ ၎င်းသည် ယင်းတို့ကို စည်းမျဉ်းများနှင့်အညီ ဖြေရှင်းလျှင်လည်းကောင်း၊ အတော်ကောင်းမွန်သော အကျိုးရလဒ်များကို ၎င်းတို့ ရရှိကာ၊ သမ္မာတရား လက်တွေ့ကျမှုကို အသုံးပြုလျက် ပြဿနာများကို ဖြေရှင်းလျှင်လည်းကောင်း၊ သင်တို့သည် ၎င်းအတွက် မဲပေးနိုင်သည်။ အကယ်၍ ၎င်းသည် ပြဿနာများ၏ အနှစ်သာရနှင့် လက်တွေ့အခြေအနေကို ရှောင်ရှားပြီး မပြောဆိုသည့်အပြင်၊ ၎င်းတို့ လုပ်ဆောင်နိုင်သမျှမှာ အနှစ်သာရမရှိသောပုံစံဖြင့် အယူဝါဒကို ဟောပြောခြင်း၊ ကြွေးကြော်သံများကို ဟစ်ကြွေးခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကိုသာ စွဲကိုင်ခြင်းသာဖြစ်လျှင်၊ ထိုသူအတွက် သင်တို့မဲပေး၍မရပေ။ အဘယ်ကြောင့် ထိုသူအတွက် သင်တို့မဲပေး၍မရသနည်း။ (အကြောင်းမှာ ၎င်းတို့သည် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်သောကြောင့် ဖြစ်ပါသည်။) မည်သည့်လူစားမျိုးက လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်သနည်း။ စကားလုံးများနှင့် အယူဝါဒများကိုသာ ဟောပြောနိုင်သူတစ်ဦးဖြစ်သည်၊ ၎င်းတို့သည် သူတော်ကောင်းယောင်ဆောင်သော၊ ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော ဖာရိရှဲတစ်ဦးဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ရန် လိုအပ်သော အစွမ်းအစကို ပိုင်ဆိုင်ခြင်းမရှိ၊ ကိစ္စရပ်များကို ဖြေရှင်းနိုင်စွမ်း မရှိကြ၊ ပြဿနာများကို မဖြေရှင်းနိုင်ပေ၊ သို့ဖြစ်၍ သင်သည် ၎င်းတို့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်လျှင် ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ သေချာသည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိ သို့မဟုတ် ခေါင်းဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်စွမ်းမရှိပေ။ သို့ဖြစ်လျှင် သင်သည် ၎င်းတို့အတွက် မဲပေးပါက ၎င်းတို့ကို ထိခိုက်နစ်နာစေမည် မဟုတ်လော။ အချို့လူများက “ယင်းက ၎င်းတို့ကို မည်သို့ဖြစ်ပြီး ထိခိုက်နစ်နာစေမည်နည်း။ ကျွန်ုပ်တို့သည် ၎င်းတို့အတွက် မဲပေးခြင်းဖြင့် ကောင်းစေဖို့ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းတို့တွင် အစွမ်းအစအချို့ရှိပြီး၊ ကျွန်ုပ်တို့ ၎င်းတို့ကို ရွေးကောက်လျှင် အလုပ်အတွက် တာဝန်ယူနိုင်မည့်သူတစ်ဦး ရှိလာမည် မဟုတ်လော” ဟု ဆိုကြသည်။ တစ်စုံတစ်ဦးကို တာဝန်ယူစေခြင်းသည် ကောင်းသောအရာဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ဤလူစားမျိုးသည် တာဝန်ယူနိုင်ခြင်း မရှိပေ။ ၎င်းတို့လုပ်ဆောင်နိုင်သမျှမှာ သီအိုရီများကို အနှစ်သာရမရှိသောပုံစံဖြင့် ပြောဆိုခြင်းသာဖြစ်သည်၊ ၎င်းတို့သည် လက်တွေ့အခြေအနေကို ထည့်မစဉ်းစားကြသည့်အပြင်၊ ပြဿနာများကို ဖြေရှင်းခြင်းနှင့် ပတ်သက်လာသည့်အခါတွင်လည်း အကူအညီမဖြစ်ပေ။ သို့ဖြစ်၍ ၎င်းတို့အတွက် မဲပေးခြင်းဖြင့် သင်သည် ၎င်းတို့ကို မကောင်းမှုပြုလုပ်ရန် အခွင့်အရေးပေးနေခြင်း ဖြစ်သည် မဟုတ်လော။ သင်သည် ၎င်းတို့ကို အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ လမ်းကြောင်းအား အတင်းလျှောက်လှမ်းစေခြင်း မဟုတ်လော။ ထို့ကြောင့် သင်တို့သည် ထိုသို့သောလူများကို ခေါင်းဆောင်များအဖြစ် မရွေးချယ်ရပေ။

သင်တို့ မကြာခဏ ထိတွေ့ဆက်ဆံရပြီး အတော်လေး ရင်းနှီးသော သင်တို့၏ အနီးဝန်းကျင်ရှိ လူများထဲမှ မည်သူသည် အယူဝါဒများကို အနှစ်မဲ့စွာ ပြောဆိုရုံသာ တတ်နိုင်ပြီး လက်တွေ့ကျသော ပြဿနာများအား မဖြေရှင်းနိုင်သည်ကို သင်တို့ ပိုင်းခြားသိမြင်နိုင်ကြသလော။ မည်သူသည် အမြဲတစေ အဆင့်မြင့်သောသီအိုရီများကို ဟောပြောပြီး မည်သူမျှ ယခင်က မကြားဖူးသော အသစ်ဖြစ်ပြီး တစ်မူထူးခြားသည့် အစီအစဉ်များကို အဆိုပြုသော်လည်း၊ တိကျသော လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များနှင့် ခိုင်မာသော အသေးစိတ်အချက်များအား မည်သို့ လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်ရမည်ကို မေးမြန်းခံရသည့်အခါ စိတ်ရှုပ်ထွေးသွားပြီး စကားမပြောနိုင် ဖြစ်သွားသနည်း။ ၎င်းတို့ ပြောဆိုသည့်အရာသည် အလွန်အနှစ်မဲ့ပြီး လုံးဝ လက်တွေ့မကျပေ၊ လက်တွေ့ကျသော အခြေအနေ၊ အမှန်တကယ်ဖြစ်သော ပတ်ဝန်းကျင်၊ လူတို့ အမှန်တကယ် စွမ်းဆောင်ရရှိနိုင်သည့်အရာ၊ လူတို့၏ ဝိညာဉ်ရင့်ကျက်မှုများအပြင်၊ ၎င်းတို့၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုအဆင့်တို့နှင့် ဆက်စပ်ခြင်းမရှိ သို့မဟုတ် ကိုက်ညီခြင်း မရှိပေ။ ထို့ထက်ပင်ပို၍၊ ၎င်းတို့ပြောသည့်အရာသည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့် မကိုက်ညီပေ။ ၎င်းတို့သည် အဓိပ္ပာယ်မဲ့သောအရာကို ပြောဆိုခြင်းသက်သက် ဖြစ်သည်။ ၎င်းတို့သည် စိတ်ကူးယဉ်မှုတွင် နှစ်မြောနေခြင်းဖြစ်ပြီး၊ စိတ်ထဲပေါ်လာသည့် မည်သည့်အရာကိုမဆို စိတ်လိုက်မာန်ပါ ပြောဆိုကြခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဝါကြွားပြီး လေလုံးထွားသည့်အခါတွင်ပင် မိမိတို့ပြောဆိုသည့် မည်သည့်အရာအတွက်မျှ တာဝန်ယူရန် မလိုအပ်ဟု ထင်ကြသည်။ ဤသဘောထားဖြင့် ၎င်းတို့သည် မိမိတို့၏ အမြင်များကို ဖော်ပြပြီး မိမိတို့၏ စိတ်ကူးများကို တင်ပြကြသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော လူများ မဟုတ်လော။ (ဟုတ်ပါသည်။) ဝါကြွားခြင်း၊ လေလုံးထွားခြင်း သို့မဟုတ် အဆင့်မြင့်ပုံရသည့် စိတ်ကူးများကို မည်သူမျှ အလေးအနက်ထားခြင်းမရှိဟု လူအချို့က ယုံကြည်ကြပြီး ၎င်းတို့က မိမိတို့ မည်မျှ တတ်စွမ်းနိုင်သည်ကို ပြသနိုင်ကြသည်။ အကယ်၍ ၎င်းတို့ တစ်စုံတစ်ခု မှားလုပ်မိလျှင် ထိုအတွက် တာဝန်ယူရန် မလိုအပ်ဟု ၎င်းတို့ ထင်ကြပြီး၊ အကယ်၍ တစ်စုံတစ်ခု မှန်ကန်စွာ လုပ်မိလျှင် လူတိုင်းက ၎င်းတို့ကို အလွန်လေးစားကြည်ညိုကြမည်ဖြစ်သောကြောင့် ၎င်းတို့သည် မိမိတို့အလိုရှိသည့် မည်သည့်အရာကိုမဆို ပြောဆိုကြကာ အရာရာသည် ၎င်းတို့အတွက် အလွယ်လေးဖြစ်နေသည့်အလား ပြောဆိုသည်။ ၎င်းတို့တွင် စိတ်ကူးများစွာ ရှိသော်လည်း တစ်ခုကမျှ တိကျသော လက်တွေ့လုပ်ဆောင်မှု အစီအစဉ်တစ်ခု မပါဝင်သည့်အပြင် ကောင်းစွာ အကောင်အထည်ဖော်နိုင်ခြင်းလည်း မရှိပေ။ ၎င်းတို့ တင်ပြသည့် မည်သည့်အမြင်ကိုမဆို၊ စင်ကြယ်သည်ဖြစ်စေ လွဲချော်သည်ဖြစ်စေ ၎င်းတို့က အလေးအနက်မထားကြပေ။ ၎င်းတို့သည် ယနေ့ တစ်မျိုးပြောပြီး မနက်ဖြန်တစ်မျိုး ပြောကြသည်၊ ၎င်းတို့ ပြောဆိုသည့် အမြင်များ၊ သီအိုရီများနှင့် အခြေခံအကြောင်းတရားများအားလုံးသည် အလွန် အဆင့်မြင့်ကြသော်လည်း ယင်းတို့အားလုံးသည် အနှစ်မဲ့ပြီး လက်တွေ့မကျပေ။ ရံဖန်ရံခါ ၎င်းတို့သည် အနှစ်မမဲ့သော သို့မဟုတ် မလွဲချော်သော အစီအစဉ်တစ်ခုအကြောင်း ပြောဆိုသော်လည်း ထိုအစီအစဉ်ကို တိတိကျကျ မည်သို့ အကောင်အထည်ဖော်ရမည်ကို မေးမြန်းခံရသည့်အခါတွင်မူ ၎င်းတို့ မပြောနိုင်ကြပေ။ ဆောင်ပုဒ်များ၊ အဆင့်မြင့်ပုံရသည့် စကားများကို ကြွေးကြော်ပြီး အမြင်များကို ဖော်ပြသည့်အခါတွင် ၎င်းတို့သည် အလွန်စိတ်အားထက်သန်ပြီး တက်ကြွကြသည်။ သို့သော် တိကျသော အလုပ်ကို လုပ်ဆောင်ခြင်းနှင့် တိကျသော အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင်မူ၊ ၎င်းတို့သည် အစရှာမရဘဲ ပျောက်ကွယ်သွားကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပုန်းကွယ်ကြပြီး မည်သည့်အမြင်မျှ မရှိကြတော့ပေ။ ဤကဲ့သို့သော လူများသည် ခေါင်းဆောင်များ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သို့ဆိုလျှင် ဤကဲ့သို့သော လူများ ခေါင်းဆောင်များ ဖြစ်လာခြင်း၏ အကျိုးဆက်များမှာ အဘယ်အရာများ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုရော အခြားသူများကိုပါ ထိခိုက်စေမည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို နှောင့်နှေးကြန့်ကြာစေလိမ့်မည်ဖြစ်ပြီး ထို့အပြင် မိမိတို့ကိုယ်ကို ကြီးစွာ ထိခိုက်စေလိမ့်မည်ဖြစ်သည်။ ၎င်းတို့ ဟောပြောသည့် အယူဝါဒများသည် အကန့်အသတ်ရှိသော အရာအချို့သာဖြစ်ပြီး ယင်းတို့ကို ဟောပြောပြီးသည့်အခါတွင် ၎င်းတို့၌ ပြောစရာ မည်သည့်အရာမျှ မရှိတော့ပေ။ သို့ဖြစ်၍ ၎င်းတို့သည် အမြဲတစေ ပုန်းကွယ်ပြီး “မိမိကိုယ်ကို ပျိုးထောင်ခြင်းအပေါ် အာရုံစိုက်ရန် မိမိတို့ကိုယ်ကို သီးခြားခွဲထုတ်”ရမည်ဖြစ်သည်။ ဤသည်က ၎င်းတို့အတွက် အခက်အခဲများ ဖြစ်စေမည် မဟုတ်လော။ ၎င်းတို့ ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် တောင်ကြီးသုံးလုံးက ၎င်းတို့၏ ခေါင်းပေါ် ဖိထားသည့်အလား ၎င်းတို့ ခံစားရလိမ့်မည်ဖြစ်ပြီး နေ့စဉ်နေ့တိုင်း မောပန်းနွမ်းနယ်သည်ဟု ခံစားရလိမ့်မည်ဖြစ်ကာ အလွန် စိတ်ဖိစီးလိမ့်မည်။ ၎င်းတို့ ဤကဲ့သို့ ဆင်းရဲဒုက္ခခံစားနေရခြင်းသည် မည်သည့်အကျိုးရှိသနည်း။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစ မရှိသည့်အပြင်၊ ပြဿနာများ ကြုံတွေ့သည့်အခါတွင် မိမိတို့၏ စိတ်ကူးများအတိုင်း စည်းမျဉ်းစည်းကမ်းများကို ကြုံရာကျပန်း ကျင့်သုံးရုံကျင့်သုံးကြပြီး လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်ကြပေ။ ဤကဲ့သို့သော လူများသည် ခေါင်းဆောင်များ မဖြစ်နိုင်ပေ။ ၎င်းတို့သည် လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိသဖြင့် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများ၏ အသက် ဝင်ရောက်မှုကို နှောင့်နှေးကြန့်ကြာစေသည့်အခါတွင်ပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အတော်လေး တော်သည်ဟု ထင်နေကြလိမ့်ဦးမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော လူများ၏ အစွမ်းအစနှင့် စရိုက်ကို ရှာဖွေတွေ့ရှိပြီး သဘောပေါက်နိုင်ခဲ့မည်ဆိုလျှင် ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် သင်တို့ မဲပေးကြလိမ့်ဦးမည်လော။ အကယ်၍ သင်ကိုယ်တိုင်သည် ဤလူစားမျိုးဖြစ်ပြီး တစ်စုံတစ်ဦးက သင့်အတွက် မဲပေးလိုလျှင် သင် အဘယ်အရာကို လုပ်ဆောင်မည်နည်း။ (ကျွန်ုပ်သည် မိမိကိုယ်ကို သတိပြုမိခြင်း အနည်းငယ်ရှိမည်ဖြစ်ပြီး ခေါင်းဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ကြောင်း ပြောဆိုမည်ဖြစ်သည်။) ပြီးလျှင် ဤပြောဆိုချက်ကို သင် ပြောဆိုပြီးနောက် လူတိုင်းက သင့်ကို တော်သည်ဟု ထင်နေဆဲဖြစ်ပြီး သင့်ကို မရမက မဲပေးဦးမည်ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့အား၊ “ကျွန်ုပ်သည် ခေါင်းဆောင်ပိုင်းအလုပ်ကို မလုပ်နိုင်ပါ၊ ထိုအလုပ်ကို ကျွန်ုပ် မထမ်းဆောင်နိုင်ပါ။ အပေါ်ယံအားဖြင့် ကျွန်ုပ်တွင် အစွမ်းအစ အနည်းငယ်ရှိပုံရပြီး တစ်ခါတစ်ရံတွင် ကျွန်ုပ်၌ ကောင်းသော စိတ်ကူးအချို့ရှိကာ အလင်း အနည်းငယ် ပေးသော်လည်း အချိန်အများစုတွင် ကျွန်ုပ်သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ဟောပြောပါသည်။ ကျွန်ုပ်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး အမှန်တကယ် မဖြစ်နိုင်ပါ။ ကျွန်ုပ်သည် သင်တို့ထက် မတော်ပါ။ သင်တို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ကျေးဇူးပြု၍ ကျွန်ုပ်ကို မဲမပေးကြပါနှင့်။ ကျွန်ုပ် မဲအများဆုံး ရလျှင်ပင် ခေါင်းဆောင်တစ်ဦး မဖြစ်နိုင်သေးပါ။ မည်သူ့ကိုမျှ ကျွန်ုပ် နစ်နာစေ၍မရပါ။ ကျွန်ုပ်သည် ယခင်က ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံခဲ့ဖူးပြီး အကြိမ်တိုင်းတွင် ကျွန်ုပ် ကျရှုံးခဲ့ကာ ဖြုတ်ချခြင်း ခံခဲ့ရပါသည်။ ကျွန်ုပ် ဖြုတ်ချခံရသည့် အကြိမ်တိုင်းသည် ကျွန်ုပ်၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့်ဖြစ်ပြီး အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့ကာ လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ် လုပ်နိုင်သမျှမှာ စကားလုံးများနှင့် အယူဝါဒများကို ဟောပြောခြင်းသာဖြစ်ပြီး ထို့အပြင် ခေါင်းဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများထဲမှ တစ်ခုကိုပင် ကောင်းစွာ မထမ်းဆောင်နိုင်ခဲ့ပါ သို့မဟုတ် မဖြည့်ဆည်းနိုင်ခဲ့ပါ။ ကျွန်ုပ်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါသည်”ဟု ပြောလော့။ ဤသည်မှာ ခေါင်းဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ခြင်းအကြောင်း စကားအနည်းငယ် ပြောပြီး ထိုမျှနှင့် ထားလိုက်ခြင်းမဟုတ်ဘဲ မိမိကိုယ်ကို သတိပြုမိခြင်း ဖြစ်သည်။ အချို့လူများက၊ “ငါသည် ဤအဖွဲ့တွင် နှစ်ပေါင်းများစွာကြာ တာဝန်ထမ်းဆောင်ပြီးဖြစ်ကာ မည်သို့ဖြစ်စေ ငါ့ကို ဝါရင့်ဝန်ထမ်းတစ်ဦးအဖြစ် မှတ်ယူသင့်ပါသည်။ မည်သည့် ပံ့ပိုးမှုကိုမျှ ငါ မပြုလုပ်ခဲ့ဖူးလျှင်ပင်၊ ငါ အလုပ်ကြိုးစားလေပြီ။ သို့ဖြစ်လျှင် အဘယ်ကြောင့် မည်သူကမျှ ငါ၏ အားသာချက်များကို မတွေ့ရှိရသနည်း။ ငါသည်လည်း ခေါင်းဆောင်လုပ်နိုင်သည့် အရည်အချင်းရှိသူ ဖြစ်ပါသည်။ ငါသည် အတော်လေး တန်ဖိုးရှိပြီး လက်တွေ့အသုံးဝင်သော အတွေးအခေါ်များ၊ စိတ်ကူးများနှင့် အကြံပြုချက်များကို မကြာခဏ ရလာတတ်သည်။ ခေါင်းဆောင်များက ယင်းတို့ကို လက်ခံသည်ဖြစ်စေ မခံသည်ဖြစ်စေ၊ မည်သို့ဖြစ်စေ ငါသည် သဘောထားများ၊ စိတ်ကူးများနှင့် အမြင်များရှိသူတစ်ဦး ဖြစ်သည်။ အဘယ်ကြောင့် မည်သူကမျှ ငါ့ကို မဲမပေးသနည်း”ဟု စဉ်းစားကြသည်။ အကယ်၍ ဤသည်မှာ သင် စဉ်းစားသည့်ပုံစံဖြစ်လျှင်၊ သင့်ကိုယ်သင် ဤသို့ အကဲဖြတ်နိုင်သည်။ သင်၌ရှိသော ထိုအတွေးအခေါ်များ၊ စိတ်ကူးများနှင့် အကြံပြုချက်များသည် ပြောဆိုချက်များ သက်သက် ဖြစ်သလော၊ သို့မဟုတ် ယင်းတို့တွင် အမှန်တကယ် လက်တွေ့အသုံးဝင်မှုတစ်ခု ရှိသလော။ အလုပ်တွင် ကြုံတွေ့ရသော အခက်အခဲမျိုးစုံကို သင် ရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်သလော။ သင်၏ အတွေးအခေါ်များနှင့် စိတ်ကူးများသည် အသုံးဝင်သလော။ သင်သည် အလုပ်ကို ထမ်းဆောင်နိုင်သလော။ အကယ်၍ သင်၏ အတွေးအခေါ်များနှင့် အမြင်များသည် စကားလုံးများနှင့် အယူဝါဒများ အဆင့်တွင်သာ ရှိနေမည်ဆိုလျှင်၊ ယင်းတို့သည် လက်တွေ့အသုံးဝင်မှု တကယ်ကို မရှိလျှင်၊ သာ၍ အရေးကြီးသည်မှာ ယင်းတို့သည် ဘုရားအိမ်တော်၏ အလုပ်စည်းမျဉ်းများနှင့် ယတိပြတ် မကိုက်ညီလျှင် သင်၏ အစွမ်းအစသည် အတိအကျ မည်သို့ ရှိသနည်း။ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရသည့်အခါတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်သလော။ သင်သည် ရည်မှန်းချက်ကြောင့် ခေါင်းဆောင်တစ်ဦး ဖြစ်လိုသလော၊ သို့မဟုတ် ဝန်တာစိတ်ကြောင့်လော။ အကယ်၍ သင်သည် အလုပ်လုပ်နိုင်စွမ်းနှင့် ပြဿနာများအား ဖြေရှင်းနိုင်စွမ်းကို အမှန်တကယ် ပိုင်ဆိုင်ပြီး၊ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်ကို အလွန်ညံ့ဖျင်းစွာ ဆောင်ရွက်နေသည်ကိုလည်းကောင်း၊ မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်သည်ကိုလည်းကောင်း သင် မြင်တွေ့သည့်အခါ၊ ဤသည်က သင့်ကို စိုးရိမ်ပူပန်စေပြီး၊ သင်က ၎င်းတို့အား အကြံပြုချက်များ ပေးသော်လည်း ၎င်းတို့က နားမထောင်သည့်အပြင်၊ ပြဿနာများကို မဖြေရှင်းနိုင်သည့်တိုင်အထက်သို့လည်း သတင်းမပို့ဘဲ၊ သင်သည် ဘုရားအိမ်တော်၏ အလုပ်အတွက် စိုးရိမ်ပူပန်ပြီး၊ အယောင်ဆောင် ခေါင်းဆောင်များက အသင်းတော်၏ အလုပ်အား နှောင့်နှေးကြန့်ကြာစေသည်ကို သင် မြင်တွေ့သည့်အခါ မခံမရပ်နိုင်အောင် စိတ်ဆင်းရဲရလျှင်၊ ဤအရာက သင်သည် ဝန်တာစိတ်ရှိကြောင်း ပြသပေသည်။ သို့ရာတွင် အကယ်၍ သင်သည် အချို့သော စိတ်ကူးများရှိသည့်အတွက်ကြောင့် သက်သက် လူတိုင်း၏ အသိအမှတ်ပြုမှုကို ရလိုလျှင်၊ ပိုမိုများပြားသော ပရိသတ်ကို ရှာလိုလျှင်၊ သင် ဟောပြောပြီး လူတတ်ကြီးလုပ်သည်ကို လူတို့အား ပိုမိုနားထောင်စေလိုပြီး သင်သည် လူအုပ်ကြားတွင် ထင်ပေါ်လိုလျှင်၊ ဤသည်မှာ ဝန်တာစိတ်မဟုတ်ပေ။ ဤသည်မှာ ရည်မှန်းချက်တစ်ခု ဖြစ်သည်။ ရည်မှန်းချက်ရှိသော လူများသည် စကားလုံးများနှင့် အယူဝါဒများကိုသာ ဟောပြောနိုင်ပြီး ၎င်းတို့၌ရှိသော မည်သည့်စိတ်ကူးမဆိုသည်လည်း အနှစ်မဲ့သော စကားလုံးများနှင့် အယူဝါဒများသာ ဖြစ်သည်။ ဤကဲ့သို့သော လူများသည် ခေါင်းဆောင်များ ဖြစ်လာသည့်အခါတွင် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်လာမည်မှာ သေချာပြီး၊ အကယ်၍ ၎င်းတို့သည် ဆိုးယုတ်သောလူများ ဖြစ်လျှင် အန္တိခရစ်များ ဖြစ်ကြသည်။ အကယ်၍ သင်၏ စိတ်ကူးများသည် အနှစ်မဲ့သော စကားလုံးများ အဆင့်တွင်သာ ရှိနေမည်ဆိုလျှင် သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အယောင်ဆောင် ခေါင်းဆောင်တိုင်းနှင့် အတူတူသာဖြစ်ဖို့ သေချာသည်။ သင်သည် အမြဲတစေ “မိမိကိုယ်ကို ပြုစုပျိုးထောင်ခြင်းကို အာရုံစိုက်ဖို့ မိမိကိုယ်ကို သီးခြားနေခြင်း”အား အမြဲ လုပ်ဆောင်လိမ့်မည်။ သို့မဟုတ်ပါက သင်သည် အကျပ်တွေ့သည့် ခံစားချက်တစ်ခုကို ခံစားရမည်ဖြစ်ပြီး ဟောပြောဖို့ မည်သည့်အရာမျှ ရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် ၎င်းတို့နှင့် အတူတူပင်ဖြစ်ပြီး အထက်စီးမှ သင်ဟောပြောနေစဉ်တွင် အလုပ်၌ ရှိနေသော မည်သည့်ပြဿနာကိုမျှ မတွေ့ရှိနိုင်သည့်အပြင်၊ မည်သည့်ပြဿနာကိုမျှ အလိုအလျောက် မဖြေရှင်းနိုင်လျှင် သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်မည်မှာ သေချာပေသည်။ ပြီးလျှင် အဆုံး၌ အယောင်ဆောင် ခေါင်းဆောင်ထံ အဘယ်အရာ ဖြစ်ပျက်သနည်း။ ၎င်းတို့သည် လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် မိမိတို့၏ ရာထူးများမှ ဖြုတ်ချခြင်းခံရသည်၊ ၎င်းတို့အနေဖြင့် ဤလမ်းကြောင်းကို လျှောက်လှမ်းရမည်မှာ သေချာပေသည်။

မိမိတို့ စိတ်နှလုံးများတွင် အမြဲ မခံမရပ်နိုင်ဖြစ်ကာ လှုပ်ရှားရန် အသင့်ဖြစ်နေသည့် လူများစွာရှိကြပြီး ခေါင်းဆောင်တစ်ဦး သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦးကို ရွေးချယ်ရန် အချိန်ကျသည့်အခါတိုင်းတွင် ၎င်းတို့က ရွေးချယ်ခံရသူဖြစ်လိုကြသည်။ အချို့လူများက မိမိတို့အနေဖြင့် ဘုရားသခင်ကို နှစ်အများဆုံး ယုံကြည်ခဲ့သည်၊ အခက်အခဲအများဆုံး ကြံ့ကြံ့ခံရပြီးဖြစ်သည်၊ အချိန်အကြာဆုံးနှင့် သစ္စာစောင့်သိမှုအရှိဆုံးဖြင့် မိမိတို့တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ခေါင်းဆောင်တစ်ဦးဖြစ်ရန် အသင့်တော်ဆုံးဖြစ်သည်ဟု ထင်ကြသောကြောင့် အခြားလူများအား ၎င်းတို့ကို ရွေးချယ်စေလိုကြသည်။ အခြားလူများက သင့်ကို ရွေးချယ်လျှင် သင် အဘယ်အရာကို လုပ်ဆောင်နိုင်လိမ့်မည်နည်း။ သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ ဂုဏ်ပုဒ်အတပ်ခံရခြင်းမှ ရှောင်ရှားနိုင်မည်လော။ သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်လိမ့်မည်လော။ ဤအရာများသည် လက်တွေ့ကျသော ပြဿနာများချည်းသာဖြစ်သော်လည်း မည်သူမျှ ဤကဲ့သို့သော အရာများကို မစဉ်းစားကြပေ။ ဤလူများထဲတွင် အချို့သည် လုံလောက်သော အစွမ်းအစရှိကြသည်။ ၎င်းတို့၏ တာဝန်တွင် ပြဿနာများရှိသည့်အခါ သမ္မာတရားကို ရှာဖွေနိုင်ကြပြီး သမ္မာတရားကို နားလည်ကာ စည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို ကိုင်တွယ်နိုင်သည့်အခါတွင် ၎င်းတို့သည် စံနှုန်းပြည့်မီနိုင်ကြသည်။ ဤလူများက သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို ချစ်ကာ သမ္မာတရားကို လိုက်စားနိုင်သည့်အပြင် ထပ်လောင်း၍ အတော်အသင့် ကောင်းမွန်သော လူ့သဘာဝရှိမှသာ၊ ၎င်းတို့သည် စံနှုန်းပြည့်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာရန် မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ပေ။ ထိုအရာသည် ၎င်းတို့အတွက် အလွန် ခက်ခဲမည်မဟုတ်ပေ။ အချို့လူများက မိမိတို့လုပ်ဆောင်နေသောအလုပ်သည် ခက်ခဲသည်ဟု အမြဲတစေ စောဒကတက်ကြသည်၊ သမ္မာတရားနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် ကြိုးစားအားထုတ်ရန် သို့မဟုတ် အဖိုးအခပေးရန် လိုလားခြင်းမရှိကြသည့်အပြင်၊ ပြုပြင်ခြင်းခံရသည့်အခါတွင် ၎င်းတို့ ညည်းကြသည်။ ထိုသို့သော လူများသည် စံနှုန်းပြည့်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်နိုင်သလော။ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် သဘောထားသည် မှားယွင်းနေသည်သာဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ မဟုတ်ကြသည့်အပြင်၊ ဘုရားသခင်က ၎င်းတို့ထံမှ မည်သည့်အရာကို တောင်းဆိုသည်ဖြစ်စေ ၎င်းတို့သည် အပျက်သဘောဆောင်သော သဘောထားကို ထားရှိကြသည်။ ဤကဲ့သို့သော လူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ရန် မထိုက်တန်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဝန်တာစိတ်မရှိကြသည့်အပြင်၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို မည်မျှ ရှင်းလင်းစွာ သို့မဟုတ် ပြတ်သားစွာ ထားရှိသည်ဖြစ်စေ ၎င်းတို့သည် အလုပ်ကို ကောင်းစွာလုပ်ဆောင်ရန် ကြိုးစားလိုစိတ် မရှိကြသေးပေ။ အမှန်တကယ်တွင် အလုပ်ကို ကောင်းစွာလုပ်ဆောင်ရန် မခက်ခဲပေ။ အဘယ်ကြောင့် မခက်ခဲသနည်း။ ပထမဦးစွာ၊ ဘုရားအိမ်တော်သည် အသင်းတော်၏ အလုပ်အားလုံးအတွက် တိကျသော အလုပ်အစီအစဉ်များ ရှိပြီး အထက်က ထိုအတွက် တိကျသော ပြဋ္ဌာန်းချက်များကို ချမှတ်ထားပြီးဖြစ်သည်။ သို့ဖြစ်၍ သင်တို့သည် မည်သည့်အလုပ်ကဏ္ဍတွင်မဆို ဆန်းသစ်တီထွင်ရန် သို့မဟုတ် ယင်းကို သီးခြားပြီးမြောက်အောင် လုပ်ဆောင်ရန် မလိုအပ်ပေ။ အထက်က သင်တို့ကို စည်းဘောင်တစ်ခုနှင့် ဦးတည်ချက်တစ်ခုကို ပေးထားပြီးဖြစ်သည်။ သင်တို့ကို စည်းမျဉ်းများ ပေးထားပြီးဖြစ်ကာ အနိမ့်ဆုံး စံနှုန်းများ ပေးထားပြီးဖြစ်သည်။ သင်တို့၏ အလုပ်ကို လုပ်ဆောင်ရာတွင် သင်တို့သည် လေထဲ လက်သီးထိုးခြင်း မဟုတ်သည့်အပြင်၊ ဦးတည်ချက်တစ်ခုတလေ ကင်းမဲ့နေခြင်းလည်း မဟုတ်ပေ။ ဒုတိယအနေနှင့်၊ မည်သည့်အလုပ်ကဏ္ဍမဆိုနှင့်ပတ်သက်၍ ကြီးကြပ်ရေးမှူးက မည်သူဖြစ်သည်ဖြစ်စေ၊ အလုပ်၏ အဓိကအချက်က ပြည်ပ၌ဖြစ်စေ ပြည်တွင်း၌ဖြစ်စေ၊ အဓိကအကျဆုံးအရာမှာ အထက်လူကြီး ညီအစ်ကိုက အလုပ်ကို တိတိကျကျ နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် စိစစ်သုံးသပ်ခြင်းတို့ကို လုပ်ဆောင်နေပြီး မကြာခဏ မေးမြန်းစုံစမ်းခြင်းတို့ ဖြစ်သည်။ ဤလုပ်ဆောင်ချက်များသည် မည်မျှ တိကျသနည်း။ အထက်လူကြီး ညီအစ်ကိုသည် ဇာတ်ညွှန်းတိုင်း၊ ရုပ်ရှင်တိုင်း၊ အစီအစဉ်တိုင်း၊ ဓမ္မတေးတိုင်း စသည်တို့တွင် ကိုယ်တိုင်ပါဝင်ပြီး နောက်ဆက်တွဲ လိုက်လံဆောင်ရွက်လေသည်။ ငါသည်လည်း သင်တို့ကို ယေဘုယျ ဦးတည်ရာတစ်ခုနှင့် မူဘောင်တစ်ခုကို ပေးလျက်၊ အလုပ်အချို့တွင် ပါဝင်သည်။ တတိယအနေနှင့်၊ သမ္မာတရား စည်းမျဉ်းများ ပါဝင်သော အလုပ်၏ မည်သည့်ကဏ္ဍအတွက်မဆို အထက်က သင်တို့အား သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍ မကြာခဏ မိတ်သဟာယဖွဲ့ပြီး သင်တို့၏ အလုပ်ကို လမ်းညွှန်သည်။ အထက်က သင်တို့ကို ပြုလည်းပြုပြင်သည်၊ သင်တို့အတွက် စိစစ်သုံးသပ်မှုများ ဆောင်ရွက်ပေးပြီး အချိန်မရွေး အထက်က သင်တို့၏ လွဲချော်မှုများကို ပြင်ပေးလိမ့်မည်။ စတုတ္ထအနေနှင့်၊ အဓိကကျသော ဝန်ထမ်းရေးရာနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်များအရ၊ အထက်က သင်တို့ကို စိစစ်သုံးသပ်မှုများ ဆောင်ရွက်ခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းဖြင့် ကိုယ်တိုင်ကိုယ်ကျ ကူညီပေးသည်။ အမှန်တရားမှာ မည်သည့်အလုပ်ကို သင်တို့ လုပ်ဆောင်သည်ဖြစ်စေ ယင်းကို သင်တို့ သီးခြား ပြီးမြောက်စေခြင်း မရှိပေ။ ထိုအရာအားလုံးကို အထက်က စီစဉ်သည်၊ ဦးဆောင်သည်၊ ညွှန်ကြားပြီး စိစစ်သုံးသပ်သည်။ သို့ဆိုလျှင် သင်တို့ လုပ်ဆောင်သည့်အရာမှာ အဘယ်နည်း။ သင်တို့သည် အသင့်ဖြစ်ပြီးသားအရာများကို မွေ့လျော်ခံစားနေရုံသာ ဖြစ်သည်။ သင်တို့သည် အလွန် ကောင်းချီးခံစားရသည်တကား။ သင်တို့သည် မည်သည့်အရာနှင့်ပတ်သက်၍မျှ စိုးရိမ်ရန် မလိုအပ်ပေ။ သင်တို့၏ လက်နှင့်ခြေတို့ဖြင့် အလုပ်လုပ်ရန်သာ လိုအပ်သည်။ ဤသည်မှာ သင်တို့၏ တာဝန်ဝတ္တရားဖြစ်သည်။ သင်တို့သည် ထပ်လောင်း အဖိုးအခတစ်ခုကို ပေးခဲ့ဖူးသလော။ (မပေးခဲ့ဖူးပါ။) အထက်က ဤအဓိကကျသည့်၊ အရေးကြီးသော အလုပ်အားလုံးကို လုပ်ဆောင်ပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့လုပ်ဆောင်သော အလုပ်သည် အလွန်လွယ်ကူသည်ချည်းသာဖြစ်ပြီး ကြီးမားသော အခက်အခဲများ လုံးဝမရှိပေ။ ထိုသို့သော အခြေအနေများအောက်တွင် လူတို့သည် မိမိတို့၏ အလုပ်ကို ကောင်းစွာ မလုပ်ဆောင်သေးလျှင် ယင်းမှာ ဆင်ခြေပေး၍မရသောအရာ ဖြစ်ပြီး ၎င်းတို့က မိမိတို့၏ အလုပ်ထဲသို့ စိတ်နှလုံးနှင့် ကြိုးစားအားထုတ်မှုကို ထည့်သွင်းခြင်းမရှိကြောင်း သို့မဟုတ် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းမရှိကြောင်းကို သေချာပေါက် သက်သေပြသည်။ အချို့လူများက “အလုပ်လုပ်သည့်အခါ မည်သူသည်အပြစ်အနာအဆာ မရှိဘဲ နေသနည်း။ လူတို့သည် ပြဿနာတစ်ခုတလေ ရှိခွင့်မရှိလေသလော”ဟု ပြောကြသည်။ သင်တို့ကို သင်တို့၏ အလုပ်တွင် အမှတ်ပြည့်ရရန် သင်တို့ကို တောင်းဆိုထားခြင်း မရှိပေ။ သင်တို့ကို အောင်မှတ်တစ်ခု ရရှိရန်သာ တောင်းဆိုထားပြီး ထို့နောက် သင်တို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု မှတ်ယူခံရမည်ဖြစ်သည်။ ဤသည်မှာ အလွန် တောင်းဆိုခြင်းဖြစ်သလော။ (မဟုတ်ပါ။) အထက်၏ လမ်းညွှန်မှုနှင့် စိစစ်သုံးသပ်မှုကို အခြေခံ၍ အောင်မှတ်တစ်ခု ရရှိရန် လွယ်ကူသည်။ ယင်းမှာ လူတို့က သမ္မာတရားကို စိတ်ရင်းမှန်ဖြင့် လိုက်စားခြင်း ရှိမရှိဟူသည့်အပေါ်တွင်သာ မူတည်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်လာသည့်အခါ မည်သည့်အားထုတ်မှုမျှ မပြုလုပ်သည့်အပြင်၊ အမြဲတစေ ဝတ်ကျေတမ်းကျေလုပ်လိုလျှင်၊ အလုပ်လုပ်သည့်အခါ မကောင်းသည့်အရာ တစ်ခုတလေမျှ မလုပ်ဆောင်ဘဲ၊ နှောင့်ယှက်ခြင်းများ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများကို မဖြစ်စေသည့်အပြင်၊ ၎င်းတို့၏ အသိစိတ်ကို အနှောင့်အယှက်ပေးသည့် တစ်စုံတစ်ရာ မရှိစေဘဲလျက် ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းဖြင့် ၎င်းတို့ ကျေနပ်လျှင်၊ ၎င်းတို့သည် အောင်မှတ်တစ်ခုကို မရရှိနိုင်ကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် အလုပ်လုပ်သည့်အခါ ဤသဘောထားမျိုး ရှိကြသည်။ ၎င်းတို့သည် အလုပ်အနည်းငယ် လုပ်ဆောင်သော်လည်း မိမိတို့ကိုယ်ကို မောပန်းနွမ်းနယ်စေလိုခြင်း မရှိပေ။ ၎င်းတို့သည် သာမန်မျှသာဖြစ်ခြင်းဖြင့် ကျေနပ်နေကြပြီး ၎င်းတို့အလုပ်၏ အကျိုးရလဒ်များ မည်သို့ရှိသည်နှင့်ပတ်သက်၍မူ ယင်းမှာ ဘုရားသခင်၏ ကိစ္စဖြစ်ပြီး ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှမရှိဟု ထင်ကြသည်။ ဤသဘောထားသည် လက်ခံနိုင်ဖွယ်ရှိသလော။ အကယ်၍ သင်သည် ထိုသို့သော သဘောထားမျိုး ရှိလျှင် သင်လုပ်ဆောင်နိုင်သော အလုပ်သည် အလွန်အကန့်အသတ်ရှိပြီး သင်သည် အစွမ်းကုန်အားထုတ်ခြင်း မရှိပေ။ ယင်းက သင့်အနေဖြင့် လက်တွေ့အလုပ်အား လုပ်ဆောင်နိုင်စွမ်းမရှိခြင်းကိုဖြစ်စေ၊ လက်တွေ့အလုပ်အား မလုပ်ဆောင်ခြင်းကိုဖြစ်စေ ညွှန်ပြသည်။ သို့ဖြစ်၍ သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရသင့်ပေသည်။ ဤသည်မှာ လုံးဝ သင့်လျော်ပြီး မတရားခြင်း မဟုတ်ပေ။ အချို့လူများက၊ “ကျွန်ုပ်တို့အပေါ် သင်၏ သတ်မှတ်ချက်များက မြင့်မားလွန်းပါသည်။ အကယ်၍ ဤအလုပ်ကို ကျွန်ုပ် မလုပ်လျှင် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်သည်။ အကယ်၍ ထိုသတ်မှတ်ချက်များကို ကျွန်ုပ်တို့ မဖြည့်ဆည်းလျှင်လည်း အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်သည်။ သင်သည် ကျွန်ုပ်တို့ကို အဘယ်အရာဟု မှတ်ယူနေသနည်း။ ကျွန်ုပ်တို့သည် စက်ရုပ်များ မဟုတ်ပါ၊ စုံလင်သောလူများ မဟုတ်ကြပါ။ သာမန်လူများသာ ဖြစ်ကြသည်၊ ကျွန်ုပ်တို့သည် သေမျိုးဖြစ်သောသူများသာ ဖြစ်သည်။ သင်သည် ကျွန်ုပ်တို့ကို သာမန်လူများ၊ ပုံမှန်လူများ ဖြစ်ရန် ပြောသည်၊ သို့ဖြစ်လျှင် အဘယ်ကြောင့် သင်သည် ခေါင်းဆောင်များအဖြစ် ကျွန်ုပ်တို့အပေါ် ဤမျှ မြင့်မားသော သတ်မှတ်ချက်များ ရှိရသနည်း”အမြဲ ပြောကြသည်။ အမှန်တကယ်တွင် သင်တို့အပေါ် ငါ၏ သတ်မှတ်ချက်များသည် မမြင့်မားပေ။ လူသားတစ်ဦး ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်သာ ငါသည် သင့်ကို တောင်းဆိုခြင်း ဖြစ်သည်။ ဤသည်မှာ သင် လုပ်ဆောင်သင့်ပြီး လုပ်ဆောင်ရမည့်အရာဖြစ်ကာ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် သင် စွမ်းဆောင်ရရှိနိုင်သည့်အရာ ဖြစ်သည်။ သို့ရာတွင် အကယ်၍ သင်သည် သမ္မာတရားအတွက် ကြိုးပမ်းရန် ကြိုးစားလုပ်ဆောင်ခြင်းမရှိသည့်အပြင်၊ အမြဲတစေ အခက်အခဲ ဆင်းရဲခံစားရမည်ကို ကြောက်ရွံ့ပြီး သက်သောင့်သက်သာဖြစ်မှုကို အမြဲ တပ်မက်နေမည်ဆိုလျှင် သင်၏ အကြောင်းပြချက်များ သို့မဟုတ် ဆင်ခြေများ မည်သို့ပင်ဖြစ်စေ သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့ သေချာသည်။ ယင်းမှာ အရွယ်ရောက်ပြီးသူတစ်ဦးက မနက်တွင် မည်သည့်အချိန်၌ အိပ်ရာထသင့်သည်၊ တစ်နေ့လျှင် အစာမည်မျှ စားသင့်ပြီး နာရီမည်မျှ အလုပ်လုပ်သင့်သည်ဟူသည်နှင့်၎င်းတို့၏ ညစ်ပတ်သောအဝတ်များကို မည်သည့်အချိန်တွင် လျှော်သင့်သည်ဟူသည်တို့ကဲ့သို့သော ပုံမှန်လူ့သဘာဝရှိသော လူများ စွမ်းဆောင်ရရှိသင့်ပြီး အရွယ်ရောက်ပြီးသူများက မိမိတို့ဘာသာ တာဝန်ယူသင့်သည့်အရာများကဲ့သို့ပင် ဖြစ်သည်။ သင်သည် ဤအရာများကို သင့်ဘာသာ ကိုင်တွယ်ရမည်ဖြစ်ပြီး ယင်းတို့နှင့်ပတ်သက်၍ အခြားမည်သူ့ကိုမျှ မေးမြန်းရန် မလိုအပ်ပေ။ အကယ်၍ သင်သည် အရာရာတိုင်းနှင့်ပတ်သက်၍ အခြားလူများကို မေးမြန်းပြီး မည်သည့်အရာကိုမျှ နားမလည်လျှင် ဤသည်မှာ သင်သည် ဉာဏ်ရည်မပြည့်မီကြောင်းနှင့် သင်သည် ဉာဏ်မမီသောသူတစ်ဦး ဖြစ်ကြောင်းကို ဆိုလိုသည် မဟုတ်လော။ ဤသည်မှာ သင့်ကိုယ်သင် တာဝန်မယူနိုင်ကြောင်းကို ဆိုလိုသည် မဟုတ်လော။ ဤကဲ့သို့သော လူများသည် ခေါင်းဆောင်များ ဖြစ်နိုင်သလော။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များဖြစ်ကြသည် မဟုတ်လော။ ထိုသို့သော လူများသည် ဖြုတ်ချခံရသင့်ပေသည်။ ဤကဲ့သို့သော လူများသည် မိမိတို့၏ ရာထူးကို ဖက်တွယ်လိုကြဆဲဖြစ်ပြီး ဆင်းမပေးလိုကြသေးသည့်အပြင်၊ ခေါင်းဆောင်များ ဖြစ်လိုကြဆဲဖြစ်သည်။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များ ဖြုတ်ချခြင်းခံရပြီးနောက်တွင် ၎င်းတို့ မတရားပြုခြင်းခံရသည်ဟု ခံစားရပြီး မရပ်မနား ငိုကြွေးကြသည်။ ၎င်းတို့သည် မိမိတို့၏ မျက်လုံးများ ရောင်ကိုင်းလာသည်အထိ ငိုကြွေးကြသည်။ အဘယ်ကြောင့် ၎င်းတို့ ငိုကြွေးကြသနည်း။ ၎င်းတို့ မည်သည့်အရာမျိုးဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ လူတို့အပေါ် ငါ၏ သတ်မှတ်ချက်များက မြင့်မားခြင်းမရှိဟု ငါ ပြောဆိုသည့်အခါတွင် ငါ ဆိုလိုသည့်အရာမှာ လုပ်ဆောင်ရန် သင့်ကို စေခိုင်းထားသည့်အရာသည် သင် စွမ်းဆောင်ရရှိနိုင်သည့်အရာဖြစ်သည်ဟု ဆိုလိုသည်။ သင့်အတွက် လမ်းခင်းပြီးဖြစ်သည်၊ အတိုင်းအတာ သတ်မှတ်ပြီးဖြစ်သည်၊ ဆုံးဖြတ်ချက်များ ချပြီးဖြစ်ကာ သင့်အနေဖြင့် လုပ်ဆောင်ရန်သာ လိုအပ်ပေသည်။ ယင်းမှာ အစာစားခြင်းကဲ့သို့ပင် ဖြစ်သည်။ ကောက်နှံများ၊ ဟင်းသီးဟင်းရွက်များ၊ ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုး၊ အိုးများနှင့် မီးဖိုများကို သင့်အတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ ချက်ပြုတ်နည်းကို သင်ယူရန်သာဖြစ်သည်။ ဤသည်မှာ အရွယ်ရောက်ပြီးသူတစ်ဦး လုပ်ဆောင်ပြီး စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။ အကယ်၍ သင်သည် ဤအရာကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိလျှင် သင်သည် ဉာဏ်မမီသောသူတစ်ဦးဖြစ်ပြီး ပုံမှန်အရွယ်ရောက်ပြီးသူများ၏ ဉာဏ်ရည်အဆင့်အတွင်း၌ သင့်ကို ထည့်သွင်းရေတွက်၍မရနိုင်ပေ။ အချို့သော ခေါင်းဆောင်များသည် ဤလက်တွေ့အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိသဖြင့် ၎င်းတို့ကို ဖြုတ်ချရမည်ဖြစ်သည်။ သို့ဆိုလျှင် တစ်စုံတစ်ဦးသည် ဤအလုပ်မျိုးကို လုပ်ဆောင်နိုင်စွမ်း ရှိမရှိဟူသည်ကို ငါတို့ မည်သို့ သတ်မှတ်ပြီး ဆုံးဖြတ်နိုင်သနည်း။ အကယ်၍ သင်သည် အရွယ်ရောက်ပြီးသူတစ်ဦး၏ ဉာဏ်ရည်နှင့် အစွမ်းအစကို ပိုင်ဆိုင်ပြီး အရွယ်ရောက်ပြီးသူတစ်ဦးက ပိုင်ဆိုင်သင့်သည့် တာဝန်သိစိတ်နှင့် တာဝန်ယူလိုစိတ်တို့ကို ပိုင်ဆိုင်လျှင် ဤအလုပ်မျိုးကို သင်လုပ်ဆောင်နိုင်သင့်ပေသည်။ အကယ်၍ သင် မလုပ်ဆောင်နိုင်လျှင် သို့မဟုတ် သင် မလုပ်ဆောင်လျှင် သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ယင်းမှာ ဤအရာကို ဆုံးဖြတ်သည့်ပုံစံဖြစ်ပြီး ဤနည်းလမ်းဖြင့် ဆုံးဖြတ်ခြင်းက မှန်ကန်တိကျသည်။ ဤသည်မှာ လူတစ်ဦးကို ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် တရားစီရင်ခြင်း မဟုတ်ပေ၊ သို့ဆိုလျှင် ဤသည်မှာ များစွာ တောင်းဆိုခြင်း ဖြစ်သလော။ အချက်အလက်များအားလုံးကို ချပြထားပြီး ဤသည်မှာ လုံးဝ များစွာ တောင်းဆိုခြင်း မရှိပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။