ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈) အခန်း ငါး
ခေါင်းဆောင်များအဖြစ် အစေခံသူတို့သည် အနည်းဆုံးအနေဖြင့် သမ္မာတရားကို အနည်းငယ် နားလည်ရမည်ဖြစ်ပြီး လက်တွေ့ကျသော အတွေ့အကြုံအချို့ ရှိရမည်။ ၎င်းတို့တွင် အတွေ့အကြုံ လုံးဝမရှိပါက ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြသည်မှာ သေချာပေသည်။ ခေါင်းဆောင်များအဖြစ် အစေခံသော အချို့လူတို့သည် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောရာ၌ တော်ကြပြီး လူအများစုထံမှ အသိအမှတ်ပြုခြင်းနှင့် ချီးမွမ်းခြင်းကို ရရှိနိုင်ကြသည်။ အပေါ်ယံအားဖြင့် အယောင်ဆောင် ခေါင်းဆောင်များသည် မေးခွန်းများကို ဖြေဆိုနိုင်ကြသော်လည်း ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယမဖွဲ့နိုင်ကြပေ။ ၎င်းတို့ တရားဟောသမျှအားလုံးသည် အနှစ်မရှိသော သီအိုရီဖြစ်ပြီး ယင်း၌ လက်တွေ့ကျသောအရာ တစ်ခုမျှ လုံးဝမပါပေ။ လူတို့သည် ၎င်းတို့၏ တရားဟောခြင်းကို ကြားရသောအခါ မိမိတို့၏ အကြိုက်များနှင့် ကိုက်ညီသည်ဟု ခံစားရပြီး ပိုင်းခြားသိမြင်မှု မရှိသူတို့သည် ယင်းကို အလွန် အသိအမှတ်ပြုကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့သည် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းမရှိသေးဘဲ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကိုလည်း ရှာမတွေ့နိုင်ကြပေ။ သို့ဆိုလျှင် ဤသည်မှာ ပြဿနာတစ်ခုတလေကို ဖြေရှင်းပြီးဖြစ်သည်ဟု မှတ်ယူ၍ရသလော။ ဤသည်မှာ ၎င်းတို့ ဝတ်ကျေတမ်းကျေ ပြုမူနေခြင်း မဟုတ်လော။ ဤနည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းရန် ကြိုးစားခြင်းကို လက်တွေ့ကျသော အလုပ်လုပ်ခြင်းဟု မှတ်ယူ၍ရသလော။ အယောင်ဆောင် ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြသော်လည်း အရာရှိတစ်ဦးကဲ့သို့ မည်သို့ပြုမူရမည်ကို သိကြသည်။ ၎င်းတို့ ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပထမဆုံးလုပ်ဆောင်သည့်အရာမှာ အဘယ်နည်း။ ယင်းမှာ လူတို့၏ မျက်နှာသာပေးခြင်းကို ဝယ်ယူခြင်း ဖြစ်သည်။ ၎င်းတို့သည် “အရာရှိသစ်များက အထင်ကြီးအောင်လုပ်ဖို့ စိတ်ထက်သန်ကြသည်” ဟူသော လုပ်နည်းကိုင်နည်းကို ခံယူကြသည်။ ပထမဦးဆုံးအနေဖြင့် ၎င်းတို့သည် လူတို့ကို မျက်နှာလိုမျက်နှာရ လုပ်ရန် အမှုအရာအနည်းငယ်ကို လုပ်ဆောင်ပြီး လူတိုင်း၏ နေ့စဉ် လူမှုဖူလုံရေးကို တိုးတက်စေသည့် အမှုအရာအနည်းငယ်ကို ကိုင်တွယ်ဖြေရှင်းပေးသည်။ ၎င်းတို့သည် လူတိုင်းက ၎င်းတို့ကို ချီးမွမ်းကာ “ဤခေါင်းဆောင်သည် ကျွန်ုပ်တို့အပေါ် မိဘသဖွယ် ပြုမူသည်” ဟု ပြောဆိုရန်အလို့ငှာ လူတို့က ၎င်းတို့အား အကောင်းမြင်စေရန်၊ ၎င်းတို့က လူအများနှင့် တစ်သားတည်းဖြစ်ကြောင်း လူတိုင်းကို ပြသရန် ပထမဆုံး ကြိုးစားကြသည်။ ထို့နောက် ၎င်းတို့သည် တရားဝင် တာဝန်ယူကြသည်။ ၎င်းတို့တွင် အများထောက်ခံမှုရှိပြီး ၎င်းတို့၏ ရာထူးက လုံခြုံသွားပြီဖြစ်ကြောင်း ၎င်းတို့ ခံစားကြရသည်။ ထို့နောက် ၎င်းတို့သည် ၎င်းတို့၏ ထိုက်တန်သောအခွင့်အရေးများ ဖြစ်သည့်အလား အဆင့်အတန်း၏ အကျိုးအမြတ်များကို စတင် မွေ့လျော်ခံစားကြသည်။ ၎င်းတို့၏ ဆောင်ပုဒ်များမှာ “ဘဝဆိုသည်မှာ ကောင်းကောင်းစားပြီး ကောင်းကောင်းဝတ်ဖို့သာ ဖြစ်သည်၊” “ဘဝသည် တိုတောင်းသည်၊ ထို့ကြောင့် သင်တတ်နိုင်သမျှ ကာလပတ်လုံး ပျော်မွေ့လော့၊” ဟူသည်နှင့် “ယနေ့အတွက်သာ ပျော်ပါး၍ မနက်ဖြန်အတွက် မနက်ဖြန်မှ ပူပန်ပါ” ဟူသည်တို့ ဖြစ်ကြသည်။ ၎င်းတို့သည် နေ့ရက်တိုင်းကို ဖြစ်လာသည့်အတိုင်း ပျော်မွေ့ကြသည်။ ပျော်နိုင်တုန်း ပျော်ပါးကြပြီး ခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်၊ မည်သည့်တာဝန်များကို ထမ်းဆောင်သင့်သည်ဟူသည်တို့ကို ထည့်သွင်းစဉ်းစားရန် မဆိုထားနှင့်၊ အနာဂတ်ကို မတွေးကြပေ။ ၎င်းတို့သည် လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခုအတိုင်း အနည်းငယ်သော စကားလုံးများနှင့် အယူဝါဒများကို တရားဟောပြီး ဟန်ပြအတွက် အလုပ်အနည်းငယ်ကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အသင်းတော်ရှိ လက်တွေ့ကျသော ပြဿနာများကို ဖော်ထုတ်ခြင်းမရှိဘဲ လုံးဝ ဖြေရှင်းနေခြင်း မရှိပေ။ သို့ဖြစ်၍ ထိုသို့သော အပေါ်ယံ အလုပ်တာဝန်များကို လုပ်ဆောင်ခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဤသည်မှာ လှည့်စားခြင်း မဟုတ်လော။ ဤသို့သော အယောင်ဆောင် ခေါင်းဆောင်မျိုးကို အရေးကြီးသော တာဝန်များ ပေးအပ်၍ရနိုင်သလော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤလူတို့သည် မည်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိ၊ ၎င်းတို့သည် တာဝန်သိစိတ် လုံးဝ ကင်းမဲ့ကြပြီး သို့တိုင်အောင် အသင်းတော်၌ အရာရှိရာထူးတစ်ခုကို စွဲကိုင်ရန်၊ ခေါင်းဆောင်တစ်ဦးဖြစ်ရန် ဆန္ဒရှိနေကြသေးသည်။ ၎င်းတို့သည် အဘယ်ကြောင့် အလွန်အရှက်မဲ့ကြသနည်း။ တာဝန်သိစိတ်ရှိသော အချို့လူများအတွက်မူ ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းပါက ခေါင်းဆောင်များ မဖြစ်နိုင်ကြပေ။ တာဝန်သိစိတ် လုံးဝမရှိသော အသုံးမကျသူများအကြောင်းကိုမူ ပြောစရာမလိုတော့ပေ၊ ၎င်းတို့သည် ခေါင်းဆောင်များဖြစ်ရန် သာ၍ပင် အရည်အချင်းမပြည့်မီကြပေ။ ထိုသို့သော အစားကြီးပြီး ပျင်းရိသော အယောင်ဆောင် ခေါင်းဆောင်များသည် မည်မျှ ပျင်းရိကြသနည်း။ ၎င်းတို့သည် ပြဿနာတစ်ခုကို တွေ့ရှိပြီး ဤသည်မှာ ပြဿနာတစ်ခုဖြစ်ကြောင်းကို သိရှိနေသည့်အခါ၌ပင် အလေးအနက် မထားသည့်အပြင် ဂရုမစိုက်ကြပေ။ ၎င်းတို့ အလွန် တာဝန်မဲ့ကြသည်တကား။ ၎င်းတို့သည် စကားပြောကောင်းသောသူများ ဖြစ်ပြီး အစွမ်းအစ အနည်းငယ်ရှိပုံရသော်လည်း အလုပ်များ ရပ်တန့်သွားသည်အထိ ဖြစ်စေလျက် အသင်းတော်အလုပ်တွင်ရှိသည့် အမျိုးမျိုးသော ပြဿနာများကို ၎င်းတို့ မဖြေရှင်းနိုင်ကြပေ။ ပြဿနာများ ဆက်လက်၍ စုပုံလာသော်လည်း ဤခေါင်းဆောင်များသည် ယင်းတို့ကို လျစ်လျူရှု၍ လုပ်ရိုးလုပ်စဉ်အတိုင်း အပေါ်ယံ အလုပ်တာဝန်အနည်းငယ်ကို မရမက လုပ်ဆောင်ကြသည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်အလုပ်ကို ကမောက်ကမဖြစ်စေကြသည် မဟုတ်လော၊ ၎င်းတို့သည် အလုပ်ကို ကိုးရိုးကားယားပြုလုပ်မိကြသည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်၌ ပရမ်းပတာဖြစ်ခြင်းနှင့် စည်းလုံးညီညွတ်မှုမရှိခြင်းကို ဖြစ်ပေါ်စေသည် မဟုတ်လော။ ဤသည်မှာ ရှောင်လွှဲ၍မရသော ရလဒ်ဖြစ်သည်။ ဤအခြေအနေတွင် အယောင်ဆောင် ခေါင်းဆောင်များသည် အထက်သို့ အစီရင်ခံစာ တင်ကြလိမ့်မည်လော။ သေချာပေါက် တင်မည်မဟုတ်။ အသင်းတော်တွင်ရှိသည့် တစ်စုံတစ်ဦးက အယောင်ဆောင် ခေါင်းဆောင်များ၏ ပြဿနာများကို အထက်သို့ အစီရင်ခံလိုပါက ၎င်းတို့က ဤအရာကို သဘောတူလိမ့်မည်လော။ ၎င်းတို့သည် ထိုလူကို ဧကန်မုချ ဖိနှိပ်ပြီး တားဆီးမည်ဖြစ်သည်။ မည်သူ့ကိုမျှ အထက်သို့ ပြဿနာတစ်ခု အစီရင်ခံခွင့်ပြုမည် မဟုတ်သည့်အပြင်၊ ထိုသို့ပြုလုပ်သည့် မည်သူ့ကိုမဆို ကန့်သတ်မည်၊ ဖိနှိပ်မည်၊ အဆက်အသွယ်ဖြတ်မည် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤအယောင်ဆောင် ခေါင်းဆောင်များသည် အလွန် စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို မည်မျှပင် ထိခိုက်စေပြီးသည်ဖြစ်စေကာမူ၊ ယင်းကို ဖြေရှင်းပေးရန် မဆိုထားနှင့်၊ ဤအကြောင်းကို အထက်အား သိရှိခွင့်ပေးဦးမည်မဟုတ်ပေ။ ၎င်းတို့ အလေးထားသမျှမှာ မိမိတို့၏ အဆင့်အတန်းနှင့်ဆိုင်သော အကျိုးအမြတ်များကို မွေ့လျော်ခံစားခြင်းနှင့် မိမိတို့၏ ပကာသနနှင့် မာနတို့ကို ကာကွယ်ခြင်းတို့ ဖြစ်သည်။ ထိုသို့သော လူများသည် အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်မဲ့ကြသည်တကား။ ၎င်းတို့သည် အသိစိတ်နှင့် လူ့သဘာဝ လုံးဝကင်းမဲ့နေကြသည် မဟုတ်လော။ အထက်က အလုပ်အကြောင်း မေးမြန်းသည့်အခါ ၎င်းတို့သည် အထက်ကို မလိမ့်တပတ်လုပ်ကာ လှည့်စားလျက် ပြဿနာမရှိကြောင်း ပြတ်ပြတ်သားသား ပြောဆိုကြသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့သည် အထက်ကို လှည့်စားပြီး ၎င်းတို့၏ လက်အောက်ငယ်သားများထံမှ အမှုအရာများကို ကွယ်ဝှက်နေကြသည် မဟုတ်လော။ အသင်းတော်အလုပ်နှင့်ဆိုင်သော ပြဿနာများမှာ ပိုစုပုံသည်ထက် စုပုံလာနေပြီး အယောင်ဆောင် ခေါင်းဆောင်များသည် ယင်းတို့ကို မိမိတို့ဘာသာ မဖြေရှင်းနိုင်ကြသော်လည်း ဤပြဿနာများကို အထက်သို့ အစီရင်ခံခြင်းလည်း မပြုကြပေ။ ဤအခြေအနေများအောက်တွင် ၎င်းတို့သည် မည်သည့်အရာမျှ မမှားသည့်အလား ပြုမူကြသည်။ ၎င်းတို့သည် သက်သောင့်သက်သာဖြစ်ခြင်းတွင် အလားတူပင် မွေ့လျော်ခံစားကြပြီး တစ်နေ့လုံး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ ထိုင်နေကာ ၎င်းတို့၏ နေ့ရက်များကို အချိန်ဖြုန်းကြသည့်အပြင် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိကြပေ။ ပြဿနာများ ဖော်ထုတ်ခံရပြီး အထက်က ဤအကြောင်းကို စုံစမ်းစစ်ဆေးသည့်အခါတွင်မူ ၎င်းတို့က “ကျွန်ုပ်သည် ဤအလုပ်ကို လုပ်ဆောင်ရန် လူများကို စီစဉ်ပေးခဲ့ပါသည်။ ကျွန်ုပ်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး ဖြစ်ပါသည်။ အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ထားပါက ယင်းမှာ အခြားလူများ၏ တာဝန်သာ ဖြစ်ပါသည်။ ကျွန်ုပ်နှင့် မည်သည့် ပတ်သက်မှုရှိသနည်း”ဟု ပြောဆိုနေကြဆဲ ဖြစ်သည်။ ဤစကားအနည်းငယ်ဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို တာဝန်မှ လုံးဝ ကင်းလွတ်ခွင့်ပေးကြသည်။ ဤကိစ္စအတွက် ၎င်းတို့တွင် လုံးဝ တာဝန်မရှိသည့်အလား ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း မပြုသည်သာမက “မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်၌ ပျင်းရိနေခဲ့ခြင်း မရှိပါ။ ကျွန်ုပ်သည် ကပ်ရပ်စားသောက်နေသူတစ်ဦး မဟုတ်ပါ။ အထက်က ကျွန်ုပ်ကို မဖြုတ်ချပါက ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက်အစေခံမည် ဖြစ်သည်။ ကျွန်ုပ်၏ နုတ်ထွက်စာကို တင်သွင်းလိုက်ပါက ဘုရားသခင်ကို သစ္စာဖောက်ရာ ရောက်မည် မဟုတ်လော။ ကျွန်ုပ်၏ တာဝန်အပေါ် သစ္စာစောင့်သိမှု မရှိခြင်းကို ပြသရာ ရောက်မည် မဟုတ်လော”ဟု ပြောဆိုလျက် လျော်ကန်သင့်မြတ်သည်ဟုလည်း ခံစားရပြီး စိတ်အေးလက်အေးရှိကြသည်။ သင်သည် ၎င်းတို့ကို ပြုပြင်ပါက သင့်ကို ချေပရန် အကြောင်းပြချက်များစွာ အကြံထုတ်နိုင်ကြလိမ့်မည်။ ၎င်းတို့သည် ဤကိစ္စအတွက် တာဝန်ရှိသည်ဟု ပြောမည်မဟုတ်၊ ၎င်းတို့၏ တာဝန်ဝတ္တရားများက အဘယ်အရာဖြစ်သည်ကို ပြောမည်မဟုတ်သည့်အပြင် ပြဿနာများကို ၎င်းတို့ မဖြေရှင်းခြင်းနှင့် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းတို့၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သည်ကိုလည်း ဆင်ခြင်သုံးသပ်ကြမည် မဟုတ်ပေ။ ထိုသို့သော လူများသည် အလွန် မုန်းတီးရွံရှာစရာကောင်းသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများတွင် နောင်တ တစ်စက်မျှမရှိဘဲ အသင်းတော်အလုပ်ကို ရပ်တန့်သွားစေပြီး ဘုရားသခင် ရွေးချယ်ထားသော လူများကို အချိန်ကြာမြင့်စွာ ထိခိုက်စေခဲ့သည်။ ၎င်းတို့သည် လူသားများ ဖြစ်ကြသေးသလော။ ၎င်းတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားတစ်စက်မျှ ရှိကြသေးသလော။ အချို့လူများက “ဤကဲ့သို့သော လူများကို ခေါင်းဆောင်များအဖြစ် မရွေးကောက်သင့်ပါ”ဟု ပြောဆိုကြသည်။ သဘောတရားအရ ဖြစ်သည့်ပုံစံ ဖြစ်သည်။ သို့သော် ရွေးကောက်ခြင်းခံရသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များထဲတွင် ဤကဲ့သို့သော လူအချို့ အမှန်တကယ် ရှိနေသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဤအရာအားလုံးသည် ဘုရားသခင် ရွေးချယ်ထားသော လူများက ပိုင်းခြားသိမြင်မှု ကင်းမဲ့သောကြောင့် ဖြစ်ပျက်ခြင်းဖြစ်ပြီး လူအများစုက လူ့အကြိုက်လိုက်သူများကို နှစ်သက်သောကြောင့်လည်း ဖြစ်ကာ သို့ဖြစ်၍ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်အချို့ကို ရွေးကောက်တင်မြှောက်ကြသည်။ ထို့ကြောင့် အသင်းတော် ရွေးကောက်ပွဲများ မတိုင်မီတွင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များကို ပိုင်းခြားသိမြင်ခြင်းဆိုင်ရာ စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ရမည် ဖြစ်သည့်အတိုင်း ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ခြင်းဆိုင်ရာ စည်းမျဉ်းများအား ပိုမို မိတ်သဟာယဖွဲ့ရမည်ဖြစ်သည်။ ဤအရာက ပိုများသောလူတို့အနေဖြင့် စည်းမျဉ်းများနှင့်အညီ မိမိတို့မဲများကို ထည့်ကြဖို့ သေချာစေလိမ့်မည်။ ဤသို့ပြုလုပ်ခြင်းဖြင့်သာ အသင်းတော် ရွေးကောက်ပွဲများမှ ကောင်းသောရလဒ်များ ထွက်ပေါ်လာနိုင်ပေသည်။
ငါ့ကို ပြောလော့၊ ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်မရှိသော လူပျင်းများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြသလော။ ၎င်းတို့သည် အသင်းတော်၌ ရှိနေသော ပြဿနာများ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူများ ကြုံတွေ့ရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ကြသလော။ (မဖြေရှင်းနိုင်ပါ။) သို့ဆိုလျှင် သင်တို့သည် ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များကို ကြုံတွေ့ရသည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ တစ်စုံတစ်ဦးက “ကျွန်ုပ်တို့၏ အစွမ်းအစသည် ညံ့ဖျင်းပြီး ကျွန်ုပ်တို့တွင် ပိုင်းခြားသိမြင်မှု ကင်းမဲ့သည်၊ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို ကြုံတွေ့ရပါက ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ မရှိပါ” ဟု ပြောသည် ဆိုပါစို့။ ဤသည်မှာ မှန်ကန်သလော။ အသင်းတော်ရှိ လူတိုင်းသည် အစွမ်းအစ ညံ့ဖျင်းပြီး ပိုင်းခြားသိမြင်မှုမရှိကြခြင်း ဧကန်မုချ မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သမ္မာတရားကို အတော်အသင့် နားလည်သော လူအချို့ ရှိကိုရှိရမည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးက လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သော သို့မဟုတ် မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်သော အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို တွေ့ရှိပါက ၎င်းသည် သမ္မာတရားကို နားလည်သူများနှင့် မိတ်သဟာယဖွဲ့သင့်ပြီး ထိုလူတို့၏ ပိုင်းခြားသိမြင်မှုကို အသုံးပြုကာ အကဲဖြတ်ချက်တစ်ခု ပြုလုပ်ဖို့ တောင်းဆိုသင့်သည်။ ဤသည်မှာ သင့်လျော်သလော။ (သင့်လျော်ပါသည်။) အဘယ်ကြောင့် သင့်လျော်သနည်း။ အသင်းတော်ခေါင်းဆောင်တစ်ဦးက လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ပါက အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ဒဏ်ခံရသူများက မည်သူတို့ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့သည် အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်ကြမည် မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးက အသင်းတော်ကို သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာ ထိန်းချုပ်ပါက လူမည်မျှ၏ သမ္မာတရား သိနားလည်မှုနှင့် လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းတို့ ထိခိုက်ခံရလိမ့်မည်နည်း။ လူမည်မျှသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန် နှောင့်နှေးသွားလိမ့်မည်နည်း။ ဤအကျိုးဆက်များသည် မစဉ်းစားရက်စရာ ဖြစ်သည်။ သို့ဖြစ်၍ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သည့်အပြင် မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်စွမ်း မရှိကြောင်း တွေ့ရှိရသည့်အခါ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတစ်ဦးစီတိုင်းအတွက် အရေးကြီးသော ကိစ္စဖြစ်ပြီး အလုပ်ကို နှောင့်နှေးစေမှုများကို ရှောင်ရှားရန်အလို့ငှာ ထိုအယောင်ဆောင် ခေါင်းဆောင်ကို ချက်ချင်း ဖော်ထုတ်ပြီး တိုင်ကြားသင့်သည်။ အသင်းတော်ခေါင်းဆောင်များက လက်တွေ့ကျသော အလုပ်မလုပ်ဆောင်ခြင်းကြောင့် ထိခိုက်နစ်နာရသူများမှာ ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်ကြသည်။ ဘုရားသခင် ရွေးချယ်ထားသော လူများထဲမှ မည်သူကမျှ ၎င်းတို့ကို ဖော်ထုတ်ခြင်း သို့မဟုတ် တိုင်ကြားခြင်း မပြုသည့်အပြင် ဤသို့ပြုလုပ်ရန် အားလုံးက စိတ်မပါကြလျှင် ထိုအသင်းတော်အတွက် မျှော်လင့်ချက်မရှိတော့ပေ။ သင်တို့၏ စိတ်နှလုံးထဲ၌ “မည်သို့ပင်ဖြစ်စေ၊ သင်သည် ခေါင်းဆောင်ဖြစ်သည်။ သင်သည် လက်တွေ့ကျသော အလုပ်ကို မလုပ်နိုင်သည့်တိုင် ပြဿနာများကိုလည်း အထက်သို့ အစီရင်ခံခြင်းမပြုပါ၊ ဤအရာက အသင်းတော်အလုပ်ကို နှောင့်နှေးစေပါက အထက်က သင့်ကို တာဝန်ခံခိုင်းလိမ့်မည်။ ယင်းက ကျွန်ုပ်တို့နှင့် အဘယ်သက်ဆိုင်မှု ရှိသနည်း။ ထိုအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့ စိုးရိမ်ပူပန်နေခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ကျွန်ုပ်တို့သည် ကြီးကြပ်ရသူများ မဟုတ်ပါ။ ဤတာဝန်သည် သင့်အပေါ်၌သာ ရှိသည်” ဟူသကဲ့သို့ တာဝန်မယူသည့် အတွေးများကို အစဉ်သဖြင့် ထားရှိသည် ဆိုပါစို့။ သင်တို့၏ စိတ်နှလုံးထဲ၌ ဤအယူအဆကို အစဉ်သဖြင့်ထားရှိပါက ဤအရာက အမှုအရာများကို နှောင့်နှေးစေမည် မဟုတ်လော။ ဤအရာက သင်တို့၏ သမ္မာတရားကို လိုက်စားခြင်း၊ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်းတို့အပေါ် သက်ရောက်မှုရှိမည် မဟုတ်လော။ အသင်းတော်၌ရှိသည့် မည်သူကမျှ တာဝန်မယူပါက ဤအသင်းတော်သည် ဘုရားသခင်အတွက် သက်သေခံနိုင်ကာ ဘုရားသခင်၏ ကောင်းချီးများကို ရရှိနိုင်ခြင်း ရှိမရှိဟူသည်ကို ပြောရန် ခက်ခဲပြီး ဤအသင်းတော်၌ လူမည်မျှက ကယ်တင်ခြင်းကို ရရှိလိမ့်မည်ဟူသည်ကို ပြောရန်မှာ သာ၍ပင် ခက်ခဲသည်။ ဤအသင်းတော်ရှိ လူတိုင်းက ဤပုံစံအတိုင်း တွေးခေါ်ပြီး ဤအမြင်ကို စွဲကိုင်ထားပါက ဤအသင်းတော်အတွက် လုံးဝ မျှော်လင့်ချက်မရှိတော့ပေ။ ယခု ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့များ၌ ဤပြဿနာ ရှိနေသည် မဟုတ်လော။ သင်တို့၏ ခေါင်းဆောင်များထဲမှ အချို့သည် ပြဿနာများကို မကိုင်တွယ်ကြပေ သို့မဟုတ် ပြဿနာများကို အစီရင်ခံခြင်းလည်း မပြုကြပေ။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်ကြသည်။ ဤအရာကို သင်တို့ မြင်နိုင်စွမ်း ရှိကြသလော။ ဤခေါင်းဆောင်များသည် သင်တို့အတွက် ပြဿနာများကို မဖြေရှင်းပေးကြပေ၊ ဤသည်မှာ ပြဿနာတစ်ခုဖြစ်ကြောင်းကို သင်တို့ မသိရှိကြသေးသလော။ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ အမှန်တကယ် ဝမ်းသာနေကြသလော။ “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ဤပြဿနာကို အစီရင်ခံနေခြင်း မရှိသည့်အပြင် ဤပြဿနာကို ဖြေရှင်း၍မရနိုင်ပါ။ ထို့ကြောင့် ဤသည်မှာ ကျွန်ုပ်တို့အတွက် အနားယူရန် အချိန်ကောင်းတစ်ခု ဖြစ်သည်။ အလွန်ကောင်းလှပါတကား။ ထို့အပြင် လတ်တလောတွင် အထက်က ဤကိစ္စနှင့်ပတ်သက်၍ ကိုယ်တိုင်ကိုယ်ကျ မေးမြန်းခြင်း မရှိသေးပါ။ ထို့ကြောင့် ကျွန်ုပ်တို့လည်း ပြဿနာကို အစီရင်ခံရန် မလိုအပ်ပါ။ အဘယ်ကြောင့် ကျွန်ုပ်တို့ အေးအေးလူလူ အနားယူရန် မကြိုးစားသင့်သနည်း။ ကျွန်ုပ်တို့သည် ရုပ်ရှင်ကို အလွန်အမြန် ရိုက်ကူးပြီး အချိန်မီ ရိုက်ကူးပြီးစီးအောင် လုပ်ရမည်လော။ ကျွန်ုပ်တို့ ဖြစ်စေသည့် တိုးတက်မှုက အဆင်ပြေပါသည်။ ရုပ်ရှင်ရိုက်ခြင်းကို ကျွန်ုပ်တို့ မပြီးသေးလျှင်ကော အဘယ်ဖြစ်မည်နည်း။ ယင်းအတွက် ကျွန်ုပ်တို့ ပြစ်တင်ရှုတ်ချခြင်း ခံရမည်လော။” ဤသည်မှာ သင်တို့၏ သဘောထားဖြစ်သလော။ ဘုရားအိမ်တော်၏ အလုပ်အတွက် ဤမျှ တင်းကျပ်သော အချိန်ဇယားမရှိဟု သင်တို့ ထင်ကြသောကြောင့် သင်တို့သည် ယင်းကို အကန့်အသတ်မရှိ အချိန်ဆွဲနိုင်သည်ဟုလည်းကောင်း၊ အထက်က ဤကိစ္စနှင့်ပတ်သက်၍ မမေးမြန်းသရွေ့ သို့မဟုတ် မစုံစမ်းသရွေ့ သင်တို့ စိုးရိမ်ပူပန်ရန် သို့မဟုတ် မည်သည့်ဖိအားမျှ ခံစားရန် မလိုအပ်သည့်အပြင် သင်တို့ ဖြေရှင်းနိုင်သည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်း၍ရပြီး ဖြေရှင်းမရနိုင်သည့် မည်သည့်ပြဿနာကိုမဆို လျစ်လျူရှုထား၍ရသည်ဟု သင်တို့ ထင်မြင်ကြသလော။ ဤသည်မှာ သင်တို့၏ ရှုထောင့်အမြင်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့၌ ပြဿနာများရှိသည့်အခါ အဘယ်ကြောင့် အစီရင်ခံခြင်း မပြုကြသနည်း။ ဤအယောင်ဆောင် ခေါင်းဆောင်များက သင်တို့ကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်၌ ထားရှိသောကြောင့်လော သို့မဟုတ် သင်တို့ စိတ်ကယောက်ကယက်ဖြစ်ပြီး စကားမပြောနိုင်အောင် ဖြစ်လာစေသည့် ပယောဂဆန်သော၊ ထုံထိုင်းတွေဝေစေသည့် ဆေးရည်တစ်ခုကို ၎င်းတို့က သင်တို့အား မသိမသာထည့်တိုက်လိုက်သောကြောင့် ဖြစ်သလော။ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာနည်း။ ပြဿနာများ ရှိနေသည့်အခါ သင်တို့ သိကြသလော။ သင်တို့ မသိဟု ပြောပါက သင်တို့ လိမ်ညာနေခြင်း ဖြစ်သည်။ သင်တို့ သိသည့်တိုင် အစီရင်ခံခြင်းမပြုပါက သင်တို့သည် သင်တို့၏ တာဝန်ဝတ္တရားများ၌ ပေါ့ဆပြီး အလွန်အမင်း တာဝန်ပျက်ကွက်နေခြင်းဖြစ်ကာ သင်တို့၏ တာဝန်အပေါ် သစ္စာစောင့်သိမှု တစ်စက်မျှ မရှိခြင်း ဖြစ်သည်။ သင်သည် ငွေရှာရန် လောက၌ အလုပ်လုပ်လျှင်ပင် သင်၏ မဖြစ်စလောက်သော လုပ်အားခနှင့် ထိုက်တန်အောင် နေထိုင်ရသေးသည်။ ယနေ့ သင်သည် ဘုရားအိမ်တော်၏ အစာကို စားသုံးနေသည်ကို ပြောစရာမလိုပေ။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် ကယ်တင်ခြင်းကို လိုက်စားနေပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် သင်သည် သင်၏ ကိုယ်ပိုင်ပန်းတိုင်အတွက် လမ်းခင်းကာ ပြင်ဆင်နေခြင်း ဖြစ်သည်။ သင်သည် ဤအရာကို ငါ့အတွက် မဆိုထားနှင့်၊ ဘုရားအိမ်တော်အတွက် လုပ်ဆောင်နေခြင်း မဟုတ်သကဲ့သို့ မည်သည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်မျှ လုပ်ဆောင်နေခြင်းမဟုတ်ပေ။ သင့်အတွက်သင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကြားကောင်းသော စကားလုံးများဖြင့် ပြောရလျှင် လူတို့သည် ကယ်တင်ခြင်းကို ရရှိရန်အလို့ငှာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်သော်လည်း တိတိကျကျ ပြောရလျှင်မူ ၎င်းတို့သည် ကောင်းချီးများကို ရရှိရန်နှင့် ကောင်းသောပန်းတိုင်တစ်ခု ရှိရန် ကိုယ့်အတွက်ကိုယ် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ နားလည်ရမည်။ မတုံးနှင့်။ သင်သည် သင်၏ တာဝန်ကို အခြားလူများအတွက် သို့မဟုတ် သင်၏ မိဘများအတွက် ထမ်းဆောင်နေခြင်း မဟုတ်သည့်အပြင်၊ သင်၏ ဘိုးဘေးများကို ဂုဏ်ကျက်သရေတိုးစေရန် သို့မဟုတ် သင်၏ မိသားစုနာမည်ကို မြှင့်တင်ရန် လုပ်ဆောင်နေခြင်းလည်း မဟုတ်ပေ၊ သင်သည် သင်ကိုယ်တိုင်အတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ဖန်ဆင်းခဲ့ပြီး လောကကို သူ ဖန်ဆင်းခဲ့ကတည်းက သင်သည် နောက်ဆုံးသောကာလ၌ မွေးဖွားလာမည်ဟု သူ ကြိုတင်သတ်မှတ်ခဲ့သည်။ သူသည် သင့်ကို သူ၏အိမ်တော်သို့ ခေါ်ဆောင်ခဲ့သည်၊ သူ၏အသံတော်ကို ကြားခွင့်ပေးခဲ့သည်၊ သူ၏နှုတ်ကပတ်တော်များကို နေ့စဉ် စားသောက်ခွင့်ပေးပြီး အသက်ထောက်ပံ့မှုကို ရရှိခွင့်ပေးခဲ့သည့်အပြင် သင်သည် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ရန်အလို့ငှာ သင့်အား အခွင့်အရေးတစ်ခု ပေးခဲ့သည်။ ဤသည်မှာ ကယ်တင်ခြင်းကို ရရှိရန် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး သင်၏ တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် သင်သည် ဤအခွင့်အရေးကို ဖျက်ဆီးလိုက်ပါက နောက်ဆုံး၌ ကပ်ဘေးများထဲသို့ ကျရောက်သည့်အခါ အပြစ်ဒဏ်ခံရသည်ဖြစ်စေ၊ ငိုကြွေးလျက် အံသွားခဲကြိတ်ရသည်ဖြစ်စေ၊ ယင်းသည် သင်၏ လုပ်ဆောင်ချက်သာ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် ယင်းတို့ကို ခံထိုက်လိမ့်မည်။ ယင်းမှာ သင့်အပြစ်နှင့်သင်သာ ဖြစ်လိမ့်မည်။ အခြားလူများက သင်၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ပေးရန် မလိုအပ်သကဲ့သို့ သင်သည်လည်း အခြားလူများ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ပေးရန် မလိုအပ်ပေ။ သင်သည် သင်လျှောက်လှမ်းသော လမ်းကြောင်းနှင့် ယနေ့ သင်လုပ်ဆောင်သမျှ အားလုံးအတွက် သင်ကသာ တာဝန်ယူ၍ရပြီး နောက်ဆုံးအကျိုးဆက်များကို သင်ကသာ ခံယူ၍ရသည်။ ငါလုပ်ဆောင်နိုင်သည့်အရာမှာ သင်တို့ကို ငါပြောသင့်ပြီး ပြောပြသင့်သည့်အရာများကို သင်တို့အား နားလည်စေရန်နှင့် ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ သင်တို့ စတင်လျှောက်လှမ်းနိုင်ရန်အလို့ငှာ သင်တို့အတွက် လမ်းခင်းပေးရန် ဖြစ်သည်။ ငါသည် အရာရာကို အသေအချာ ရှင်းပြပြီးဖြစ်သည်၊ သို့ဖြစ်၍ သင်တို့သည် မည်သို့ တိတိကျကျ ပြုမူလုပ်ဆောင်မည်ဆိုသည်မှာ သင်တို့သဘော ဖြစ်သည်။ သင်တို့၏ ကိစ္စများကို ငါ ဝင်မစွက်ဖက်ပေ။ ငါ့အပေါ် ကျရောက်သော အလုပ်ကိုသာ ငါဆောင်ရွက်ပြီး ဤထက်ပို၍ မည်သည့်အလုပ်ကိုမျှ ငါမလုပ်ဆောင်ပေ။ သင်သည် သင်၏ ကိုယ်ပိုင်ပန်းတိုင်အတွက် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းမှာ အမှန်တရားတစ်ခုဖြစ်သည် မဟုတ်လော။ သင်က “ပြဿနာများစွာ ရှိနေသော်လည်း ကျွန်ုပ်၏ ခေါင်းဆောင်က ယင်းတို့ကို အစီရင်ခံခြင်းမပြုပါ။ ထို့ကြောင့် ကျွန်ုပ်လည်း အစီရင်ခံမည် မဟုတ်ပါ” ဟု ပြောဆိုပါက ယင်းမှာ စဉ်းစားဉာဏ်ကင်းမဲ့ခြင်းဖြစ်သည် မဟုတ်လော။ ယင်းမှာ သေးသိမ်ခြင်း မဟုတ်လော။ သင်သည် ပြဿနာတစ်ခုကို မြင်သည့်အခါ သင်၏ တာဝန်မှာ အဘယ်အရာနည်း။ သင်၏ တာဝန်မှာ လူတိုင်းကို အတူတကွခေါ်ပြီး ပြဿနာနှင့်ပတ်သက်၍ သမ္မာတရားကို ရှာဖွေကာ မိတ်သဟာယဖွဲ့ဖို့ မိမိတို့ကိုယ်ကို ငြိမ်သက်စေလျက် ပြဿနာက မည်သည့်နေရာ၌ ဖြစ်ပွားခဲ့သည်ကို ကြည့်ရှုရန်နှင့် ပြဿနာ၏ ဖြစ်ကြောင်းဇာစ်မြစ်ကို ရှာဖွေရန် ဖြစ်သည်။ ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက် ဖြစ်ကြောင်းဇာစ်မြစ်ကို တွေ့ရှိသော်လည်း သင်တို့ဘာသာ ပြဿနာကို မဖြေရှင်းနိုင်ပါက အထက်သို့ ချက်ချင်း အစီရင်ခံသင့်သည်။ မည်သူက အစီရင်ခံသင့်သနည်း။ သင်သည် ကိုယ်တိုင် ရှေ့ထွက်ပြီး “ကျွန်ုပ် အစီရင်ခံပါမည်။ ထိုအရာက အလုပ်မဖြစ်ပါက ကျွန်ုပ်တို့ ကိုယ်စားလှယ် အနည်းငယ်ကို ရွေးချယ်ပြီး အတူတကွ အစီရင်ခံနိုင်ပါသည်”ဟု ပြောသင့်သည်။ အချို့လူများက “ကျွန်ုပ်တို့တွင် ခေါင်းဆောင်တစ်ဦး မရှိဘူးလော” ဟု ပြောဆိုကြသည်။ သင်က “သူသည် ခေါင်းဆောင်မဟုတ်ပါ။ သူသည် လူသားတစ်ဦး၏ တာဝန်ဝတ္တရားများကို လုံးဝ ကောင်းမွန်စွာ မဖြည့်ဆည်းပါ။ သူသည် လူ့အရေခြုံထားသော တိရစ္ဆာန်တစ်ကောင်သာဖြစ်ပြီး သူ့ကို ဖယ်ရှားပြီး ဖြုတ်ချသင့်သည်။ သူသည် ပြဿနာကို အစီရင်ခံနေခြင်း မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့ဘာသာ ကျွန်ုပ်တို့ အစီရင်ခံသင့်သည်၊ ဤသည်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးမှသာ ဘုရားသခင်သည် ကျွန်ုပ်တို့ကို လူသားများအဖြစ် သဘောထားလိမ့်မည်။ ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများက အဘယ်အရာဖြစ်သည်ကို ရှင်းလင်းစွာ သိရှိသော်လည်း ကောင်းမွန်စွာ မဖြည့်ဆည်းပါက ကျွန်ုပ်တို့သည် လူဖြစ်ရန် မထိုက်တန်သည့်အပြင်၊ ဘုရားသခင်က ကျွန်ုပ်တို့ကို ထိုသို့ မှတ်ယူမည့် နည်းလမ်းမရှိပါ”ဟု ပြန်ပြောသင့်သည်။ ဘုရားသခင်က သင့်ကို လူသားတစ်ဦးအဖြစ် မှတ်ယူခြင်းမရှိပါက ဤသည်မှာ သူသည် သင့်ကို အဘယ်အရာအဖြစ် မှတ်ယူသည်ဟု ဆိုလိုသနည်း။ သူသည် သင့်ကို ဝက်တစ်ကောင် သို့မဟုတ် ခွေးတစ်ကောင်အဖြစ် မှတ်ယူသည်ဟု ဆိုလိုသည်။ ထိုအခါ ဘုရားသခင်သည် သင့်ကို ကယ်တင်ဦးမည်လော။ လုံးဝမဖြစ်နိုင်ပေ။ သို့ဆိုလျှင် သင်သည် ကောင်းသောပန်းတိုင်တစ်ခုဖြင့် အဆုံးမသတ်ပါက ယင်းကို သင့်ဘာသာသင် ဖြစ်စေခြင်း ဖြစ်မည် မဟုတ်လော။ သင်သည် သင်၏ တာဝန်ကို အချည်းနှီး ထမ်းဆောင်ခဲ့ခြင်း ဖြစ်မည် မဟုတ်လော။ သင်၏ လမ်းကြောင်းကို ရွေးချယ်ရန်မှာ သင့်သဘောဖြစ်ပြီး ထိုလမ်းကြောင်းကို လျှောက်လှမ်းရန်မှာလည်း သင့်သဘောဖြစ်သည်။ မည်သည့်လမ်းကြောင်းကို သင် ရွေးချယ်သည်ဖြစ်စေ၊ သို့မဟုတ် နောက်ဆုံးအကျိုးဆက်များက မည်သည့်အရာများ ဖြစ်သည် ဖြစ်စေ၊ တာဝန်ယူရမည့်သူမှာ သင်သာဖြစ်သည်။ သင်လျှောက်လှမ်းသော လမ်းကြောင်းနှင့် ဖြစ်ပေါ်လာသော အကျိုးဆက်များအတွက် မည်သူမျှ တာဝန်ယူပေးလိမ့်မည် မဟုတ်ပေ။
ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် သင်တို့သည် တာဝန်များ ထမ်းဆောင်ရာတွင် ပေါ်ပေါက်သည့် ပြဿနာများကို လျစ်လျူရှုကာ တာဝန်ကို ခေါင်းရှောင်ရန် အမျိုးစုံသော အကြောင်းပြချက်များနှင့် ဆင်ခြေများကိုပင် ရှာဖွေပြီး သင်တို့ဖြေရှင်းနိုင်စွမ်းရှိသည့် ပြဿနာအချို့ကို မဖြေရှင်းသည့်အပြင်၊ သင်တို့ဖြေရှင်းနိုင်စွမ်းမရှိသည့် ပြဿနာများကို သင်တို့နှင့်မည်သို့မျှ မသက်ဆိုင်သည့်အလား အထက်သို့ အစီရင်မခံပါက ဤသည်မှာ တာဝန်ပျက်ကွက်ခြင်း မဟုတ်လော။ အသင်းတော်၏ အလုပ်ကို ဤသို့ သဘောထားခြင်းသည် လိမ္မာပါးနပ်သော လုပ်ရပ်တစ်ခုဖြစ်သလော သို့မဟုတ် မိုက်မဲသော လုပ်ရပ်တစ်ခု ဖြစ်သလော။ (မိုက်မဲသော လုပ်ရပ်တစ်ခု ဖြစ်ပါသည်။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စိတ်မချရဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် တာဝန်သိစိတ် လုံးဝ ကင်းမဲ့သည် မဟုတ်လော။ ၎င်းတို့က ပြဿနာများကို ကြုံတွေ့သည့်အခါတွင် လျစ်လျူရှုကြသည်။ ၎င်းတို့သည် ထောက်ထားစာနာမှုမရှိသော လူများဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဉာဏ်များသောလူများ ဖြစ်သည် မဟုတ်လော။ ဉာဏ်များသောလူများသည် အမိုက်မဲဆုံးသော လူများဖြစ်ကြသည်။ သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်။ ပြဿနာများကို ရင်ဆိုင်ရသောအခါတွင် သင်သည် တာဝန်သိစိတ် ရှိရမည်ဖြစ်ပြီး ယင်းတို့ကို ဖြေရှင်းရန် တတ်နိုင်သမျှ နည်းမျိုးစုံဖြင့် ကြိုးစားရမည် ဖြစ်သည့်အပြင် သမ္မာတရားကို ရှာဖွေရမည်။ သင်သည် ဉာဏ်များသောသူတစ်ဦး လုံးဝ မဖြစ်ရ။ သင်သည် တာဝန်ကို ခေါင်းရှောင်ဖို့သာ စိတ်ဝင်စားပြီး ပြဿနာများ ပေါ်ပေါက်လာသောအခါတွင် တာဝန်မယူပါက သင်သည် ဘုရားအိမ်တော်တွင် မဆိုထားနှင့်၊ ဘာသာတရားမရှိသူများအကြားတွင်ပင် ဤအပြုအမူအတွက် ပြစ်တင်ရှုတ်ချခြင်း ခံရမည်ဖြစ်သည်။ ဤအပြုအမူသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို ခံရရန် သေချာပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ရွံရှာစက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသည်။ ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး လှည့်ဖြားတတ်ပြီး စဉ်းလဲသည့်လူများကို ရွံရှာစက်ဆုပ်သည်။ သင်သည် ဉာဏ်များသောသူတစ်ဦးဖြစ်ပြီး စဉ်းလဲသည့်ပုံစံဖြင့် ပြုမူဆောင်ရွက်ပါက ဘုရားသခင်သည် သင့်အား ရွံရှာစက်ဆုပ်လိမ့်မည် မဟုတ်လော။ ဘုရားအိမ်တော်သည် သင့်ကို တကယ်ပင် သက်ညှာလိမ့်မည်လော။ အနှေးနှင့်အမြန်၊ သင်သည် တာဝန်ခံရလိမ့်မည်။ ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး ဉာဏ်များသောလူများကို မနှစ်သက်ချေ။ ဤသည်ကို လူတိုင်းက ရှင်းလင်းစွာ နားလည်သင့်ပြီး နားဝေတိမ်တောင်ဖြစ်ကာ မိုက်မဲသောအရာများ လုပ်ဆောင်ခြင်းကို ရပ်တန့်သင့်သည်။ ယာယီ မသိနားမလည်ခြင်းက ခွင့်လွှတ်၍ရနိုင်သော်လည်း လူတစ်ဦးသည် သမ္မာတရားကို လုံးဝ လက်ခံခြင်း မရှိပါက ၎င်းသည် အလွန်ပင် ခေါင်းမာပေသည်။ ရိုးသားသောလူများက တာဝန်ယူနိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကို အလေးမထားပေ။ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားတို့ကိုသာ ၎င်းတို့ ကာကွယ်ကြ၏။ ၎င်းတို့သည် တစ်ချက်ကြည့်ရုံဖြင့် အောက်ခြေကို မြင်နိုင်သည့် ကြည်လင်သောရေတစ်ခွက်ကဲ့သို့ ကြင်နာပြီး ရိုးသားသော စိတ်နှလုံးများရှိသည်။ ၎င်းတို့၏ လုပ်ရပ်များကလည်း ပွင့်လင်းမြင်သာမှု ရှိလေသည်။ လှည့်ဖြားတတ်သော လူတစ်ဦးသည် အစဉ်သဖြင့် မယုံရသည့်ပုံစံဖြင့် ပြုမူဆောင်ရွက်ကာ အမြဲ ဟန်ဆောင်ပြီး အမှုအရာများကို ဖုံးဖိကာ ကွယ်ဝှက်သည့်အပြင် မိမိကိုယ်ကို အလွန်ပင် တင်းတင်းကျပ်ကျပ် သိုသိုသိပ်သိပ်နေသည်။ မည်သူမျှ ဤလူစားမျိုးကို ထိုးထွင်းမမြင်နိုင်ကြပေ။ လူများသည် သင်၏ အတွင်းကျကျ အတွေးများကို ထိုးထွင်းမမြင်ကြသော်လည်း ဘုရားသခင်က သင်၏ အတွင်းကျကျ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သည်။ သင်သည် ရိုးသားသောလူတစ်ဦး မဟုတ်ကြောင်း၊ သင်သည် စိတ်မချရသောအရာတစ်ခုဖြစ်ကြောင်း၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြောင်း၊ သူ့ကို ဆန့်ကျင်လှည့်စားရာတွင် အစဉ်သဖြင့် ပါဝင်ဆောင်ရွက်ကြောင်းနှင့် သင်၏ စိတ်နှလုံးကို သူ့အား မည်သည့်အခါမျှ လွှဲအပ်ခြင်းမရှိကြောင်းတို့ကို ဘုရားသခင် မြင်သည့်အခါတွင် သူသည် သင့်ကို မနှစ်သက်ဘဲ သင့်ကို ရွံရှာစက်ဆုပ်ကာ စွန့်ပစ်လေသည်။ ဘာသာတရားမရှိသူများအကြားတွင် ကြီးပွားအောင်မြင်သောသူများနှင့် စကားပြောကောင်းပြီး ပါးနပ်သောသူများအားလုံးသည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ဤအရာသည် သင်တို့အဖို့ ရှင်းလင်းသလော။ ၎င်းတို့၏ အနှစ်သာရသည် အဘယ်အရာဖြစ်သနည်း။ ၎င်းတို့အားလုံးသည် အလွန်ပင် အတွင်းသဘောကို သိရန်ခက်သောသူများ ဖြစ်ကြသည်၊ ၎င်းတို့အားလုံးသည် အလွန့်အလွန် လှည့်ဖြားတတ်ပြီး ဉာဏ်များကြသည်၊ ၎င်းတို့သည် စစ်မှန်သော နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်သည် ဤကဲ့သို့သော လူများကို ကယ်တင်နိုင်မည်လော။ ဘုရားသခင် အရွံရှာအစက်ဆုပ်ဆုံးသောအရာမှာ နတ်ဆိုးများဖြစ်သည့် လှည့်ဖြားတတ်ပြီး ဉာဏ်များသောလူများဖြစ်ပြီး ထိုသို့သော လူများကို သူ လုံးဝ ကယ်တင်လိမ့်မည် မဟုတ်ပေ။ သင်တို့သည် ဤလူစားမျိုး လုံးဝ မဖြစ်ရပေ။ စကားပြောသည့်အခါ အစဉ်သဖြင့် အကဲခတ်တတ်ပြီး သတိရှိသောသူများ၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ အချိန်အခါနှင့်လိုက်လျောညီထွေဖြစ်အောင် လိုက်လုပ်ပြီး ဟန်ဆောင်သောသူများ၊ သင့်အား ငါ ပြောမည်၊ ဘုရားသခင်သည် ထိုသို့သောလူများကို အရွံရှာအစက်ဆုပ်ဆုံး ဖြစ်သည်၊ ဤကဲ့သို့သော လူများသည် ကယ်တင်၍မရနိုင်တော့ပေ။ လှည့်ဖြားတတ်ပြီး ဉာဏ်များသောလူများ၏ အမျိုးအစားနှင့် သက်ဆိုင်သူအားလုံးနှင့်စပ်လျဉ်း၍ ၎င်းတို့၏ စကားများသည် မည်မျှပင် သာယာနာပျော်ဖွယ်ကောင်းနေပါစေ၊ ယင်းတို့အားလုံးသည် လှည့်ဖြားတတ်သော၊ နတ်ဆိုးဆန်သော စကားများသာ ဖြစ်ကြသည်။ ၎င်းတို့၏ စကားများက ပို၍ သာယာနာပျော်ဖွယ်ကောင်းလေ၊ ဤလူများသည် နတ်ဆိုးများနှင့် စာတန်များ ပို၍ဖြစ်လေ ဖြစ်သည်။ ဤသူတို့သည် ဘုရားသခင် အရွံရှာအစက်ဆုပ်ဆုံးသော လူစားမျိုး အတိအကျပင် ဖြစ်သည်။ ဤသည်မှာ လုံးဝမှန်ကန်ပေသည်။ သင်တို့ အဘယ်အရာကို ဆိုမည်နည်း။ လှည့်ဖြားတတ်သောလူများ၊ မကြာခဏ လိမ်ညာတတ်သောလူများနှင့် စကားပြောကောင်းသောလူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်သလော။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပြခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ လှည့်ဖြားတတ်ပြီး ဉာဏ်များသောလူများအပေါ် ဘုရားသခင်၏ သဘောထားသည် အဘယ်အရာဖြစ်သနည်း။ သူသည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းသည်၊ ဘေးဖယ်ထားပြီး ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင်၊ တိရစ္ဆာန်များနှင့် တစ်တန်းတစ်စားတည်းအဖြစ် မှတ်ယူသည်။ ဘုရားသခင်၏ အမြင်တွင် ထိုသို့သောလူများသည် လူ့အရေခွံကို ဝတ်ဆင်ထားရုံမျှသာဖြစ်ပြီး အနှစ်သာရအားဖြင့် ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်၊ ၎င်းတို့သည် လမ်းလျှောက်နေသည့် အလောင်းကောင်များဖြစ်ကြပြီး ဘုရားသခင်သည် ၎င်းတို့ကို လုံးဝ ကယ်တင်လိမ့်မည် မဟုတ်ပေ။ သို့ဆိုလျှင် ဤလူများသည် ယခု မည်သည့်အခြေအနေတွင် ရှိနေကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အမှောင်ထုရှိသည်၊ ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့နေပြီး ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ၎င်းတို့သည် မည်သည့်အခါမျှ ဉာဏ်အလင်းပြခြင်း သို့မဟုတ် အလင်းပေးခြင်းကို မခံကြရပေ။ ကပ်ဘေးများနှင့် ဆင်းရဲဒုက္ခများကို ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းကြသော်လည်း ဘုရားသခင်သည် ၎င်းတို့နှင့်အတူ မရှိသည့်အပြင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမှန်တကယ် အားကိုးနိုင်သည့်အရာ တစ်ခုမျှ မရှိကြပေ။ ကောင်းချီးမင်္ဂလာများ ရရှိရန်အလို့ငှာ ၎င်းတို့သည် ကောင်းစွာ ပြစားရန် ကြိုးစားကြသော်လည်း အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ကြပေ။ ၎င်းတို့သည် လူကောင်းများ ဖြစ်ချင်လျှင်ပင် ဖြစ်နိုင်ကြမည် မဟုတ်ပေ။ မကောင်းသောအရာများလုပ်ဆောင်ခြင်းကို ၎င်းတို့ ရပ်တန့်လိုလျှင်ပင် မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်ကြမည် မဟုတ်။ ယင်းက အလုပ်ဖြစ်မည် မဟုတ်။ ၎င်းတို့ နှင်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရပြီးနောက်တွင် မိမိတို့ကိုယ်ကို သိနိုင်ကြလိမ့်မည်လော။ ဤအရာနှင့် ၎င်းတို့ ထိုက်တန်သည်ကို ၎င်းတို့ သိကြလိမ့်မည်ဖြစ်သော်လည်း မည်သူ့ကိုမျှ ဝန်ခံကြလိမ့်မည် မဟုတ်သည့်အပြင်၊ တာဝန်အနည်းငယ်ကို ၎င်းတို့ ထမ်းဆောင်နိုင်ပုံပေါ်လျှင်ပင် မယုံရသည့်ပုံစံဖြင့် ပြုမူနေလိမ့်ဦးမည်ဖြစ်ပြီး ၎င်းတို့၏ အလုပ်က သိသာထင်ရှားသော မည်သည့် ရလဒ်ကိုမျှ ဖြစ်စေလိမ့်မည် မဟုတ်ပေ။ သို့ဆိုလျှင် သင်တို့ မည်သို့ထင်သနည်း။ ဤလူများသည် အမှန်တကယ် နောင်တရနိုင်ကြသလော။ လုံးဝ နောင်တမရနိုင်ကြပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မပိုင်ဆိုင်ကြသည့်အပြင်၊ သမ္မာတရားကို မနှစ်သက်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ဤကဲ့သို့ ဉာဏ်များပြီး ဆိုးယုတ်သောလူကို မကယ်တင်ပေ။ ထိုသို့သောလူများအတွက် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အဘယ်မျှော်လင့်ချက် ရှိသနည်း။ ၎င်းတို့၏ ယုံကြည်ခြင်းသည် အဓိပ္ပာယ် ကင်းမဲ့နှင့်ပြီးဖြစ်ကာ ယင်းမှ မည်သည့်အရာမျှ မရရှိရန် သေချာနေပေသည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းတစ်လျှောက်လုံးတွင် သမ္မာတရားကို မလိုက်စားပါက နှစ်ကာလမည်မျှကြာ ယုံကြည်သည်ဖြစ်စေ အကျိုးသက်ရောက်မှု ရှိလိမ့်မည်မဟုတ်ပေ။ တကယ့်အဆုံးထိတိုင် ယုံကြည်လျှင်ပင် ၎င်းတို့သည် မည်သည့်အရာမျှ ရရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ရရှိရန် လူတို့သည် သမ္မာတရားကို ရရှိရမည်။ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်မှသာလျှင် သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆွတ်ခူးပြီးဖြစ်လိမ့်မည်။ ထိုအခါမှသာလျှင် ၎င်းတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်။ ဤသည်သာလျှင် ဘုရားသခင်ကို ရရှိခြင်း ဖြစ်သည်။ လူတို့သည် သမ္မာတရားကို ရရှိလိုပါက ၎င်းတို့ လုပ်ဆောင်သင့်သည့် ပထမဆုံးခြေလှမ်းမှာ မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် သင်ယူခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သင့်သည်၊ ဤသည်မှာ အခြေခံအကျဆုံးသောအရာ ဖြစ်သည်။ လူတို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ဟောပြောပြီး လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ဘဲ၊ မိမိတို့လုပ်ဆောင်သည့် မည်သည့်အရာအတွက်မျှ တာဝန်မယူဘဲ၊ အရာရာတိုင်းကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကာ အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်း ခံရသည့် အယောင်ဆောင် ခေါင်းဆောင်များထံမှ လုံးဝ မသင်ယူရ။ တာဝန်ထမ်းဆောင်ခြင်းသည် သေးငယ်သောကိစ္စရပ်တစ်ခု မဟုတ်ပေ။ လူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် အထုတ်ဖော်ခံရဆုံးဖြစ်ပြီး လူတို့က မိမိတို့၏ တာဝန်အား ထမ်းဆောင်စဉ် ၎င်းတို့၏ တစ်သမတ်တည်းဖြစ်သော စွမ်းဆောင်ရည်အပေါ် အခြေခံ၍ ဘုရားသခင်က လူတို့၏ အဆုံးသတ်များကို ဆုံးဖြတ်သည်။ တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်သည့်အခါ ယင်းက အဘယ်အရာကို ရည်ညွှန်းသနည်း။ ၎င်းတို့က သမ္မာတရားကို လက်မခံကြောင်း သို့မဟုတ် အမှန်တကယ် နောင်တမရကြောင်းနှင့် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရကြောင်း ရည်ညွှန်းသည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များ ဖြုတ်ချခံရသည့်အခါ၊ ဤသည်မှာ အဘယ်အရာကို ဖော်ပြသနည်း။ ဤသည်မှာ ထိုသို့သောလူများအပေါ် ဘုရားအိမ်တော်၏ သဘောထားဖြစ်ပြီး၊ ထိုသို့သောလူများအပေါ် ဘုရားသခင်၏ သဘောထားကိုလည်း ဖော်ပြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဆိုလျှင် ဤကဲ့သို့သော အသုံးမကျသည့် လူများအပေါ် ဘုရားသခင်၏ သဘောထားသည် အဘယ်အရာဖြစ်သနည်း။ သူသည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းသည်၊ ပြစ်တင်ရှုတ်ချပြီး ဖယ်ရှားရှင်းလင်းသည်။ သို့ဆိုလျှင် သင်တို့သည် အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားပြီး အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်လိုကြသေးသလော။
လူတို့သည် ဘုရားသခင်ကို ယုံကြည်လာကြပြီးနောက် ၎င်းတို့ထံ ဖြစ်ပျက်နိုင်သည့် အနာကျင်ရဆုံးနှင့် စိတ်အပျက်ရဆုံးအရာမှာ အဘယ်အရာဖြစ်သနည်း။ အကြီးမားဆုံးအရာမှာ ၎င်းတို့ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံရပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီးဖြစ်ကြောင်း သိရှိခြင်းထက်ပို၍ ကြီးမားသောအရာမရှိပေ။ ဤသည်မှာ အနာကျင်ရဆုံးနှင့် အဝမ်းနည်းရဆုံးသောအရာဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်လာပြီးနောက် မည်သူမျှ မိမိတို့အပေါ် ဤအရာ မဖြစ်ပျက်စေချင်ကြပေ။ သို့ဆိုလျှင် လူတို့သည် ဤအရာ ၎င်းတို့အပေါ် ဖြစ်ပျက်ခြင်းအား မည်သို့ ရှောင်ရှားနိုင်သနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် မိမိတို့၏ အသိစိတ်အတိုင်း ပြုမူရမည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများအား မည်သို့ဖြည့်ဆည်းရမည်ကို ဦးစွာ သင်ယူရမည်၊ လုံးဝ ဝတ်ကျေတမ်းကျေ မဖြစ်ရသည့်အပြင် ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့်အရာအား မနှောင့်နှေးစေရပေ။ သင်သည် လူတစ်ဦးဖြစ်သည့်အတွက်၊ လူတစ်ဦး၏ တာဝန်ဝတ္တရားများက အဘယ်အရာဖြစ်သည်ကို သင် စဉ်းစားဆင်ခြင်သင့်သည်။ ဘာသာတရားမရှိသူများက တန်ဖိုးအထားဆုံးဖြစ်သည့် မိဘကို ရိုသေခြင်း၊ သင်၏ မိဘများကို ထောက်ပံ့ခြင်းနှင့် သင်၏ မိသားစုအတွက် နာမည်ကောင်းရအောင် လုပ်ဆောင်ခြင်းကဲ့သို့သော တာဝန်ဝတ္တရားများကို ဖော်ပြရန်မလိုအပ်ပေ။ ဤအရာများအားလုံးသည် အနှစ်မဲ့ပြီး စစ်မှန်သော အဓိပ္ပာယ် ကင်းမဲ့သည်။ လူတစ်ဦးက ဖြည့်ဆည်းသင့်သည့် အနိမ့်ဆုံးသော တာဝန်ဝတ္တရားမှာ အဘယ်အရာဖြစ်သနည်း။ လက်တွေ့အကျဆုံးသောအရာမှာ သင်သည် သင်၏ တာဝန်ကို ယခု သင် မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်သည်ဟူသည့်အရာ ဖြစ်သည်။ ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းမျှဖြင့် ကျေနပ်နေခြင်းသည် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်သည့်အပြင်၊ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုရုံမျှသည်လည်း သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အမှုအရာများကို စည်းမျဉ်းအတိုင်း လုပ်ဆောင်ခြင်းသည်သာ သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ခြင်းသည် ထိရောက်ပြီး လူတို့အတွက် အကျိုးရှိလာသည့်အခါမှသာလျှင် သင်သည် သင်၏ တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ မည်သည့်တာဝန်ကို သင် ထမ်းဆောင်နေသည်ဖြစ်စေ၊ အရာခပ်သိမ်းတွင် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ရာတွင် သင် မဆုတ်မနစ်ကြိုးပမ်းသည့်အခါမှသာ သင်သည် သင်၏ တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ အမှုအရာများကို လူသား လုပ်ဆောင်သည့်နည်းလမ်းအတိုင်း ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းသည် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများကိုသာ စွဲမြဲခြင်းသည် သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းနှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ဖြည့်ဆည်းသည့်အခါ ဤသည်မှာ သစ္စာစောင့်သိခြင်း၏ သရုပ်သကန် မဟုတ်လော။ ဤသည်မှာ သင်၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း၏ သရုပ်သကန် ဖြစ်သည်။ သင်သည် သင်၏ တာဝန်နှင့်စပ်လျဉ်း၍ ဤတာဝန်သိစိတ်၊ ဤစိတ်ပိုင်းဖြတ်ချက်နှင့် ဆန္ဒ၊ ဤသစ္စာစောင့်သိခြင်း၏ သရုပ်သကန် ရှိသည့်အခါမှသာလျှင် ဘုရားသခင်သည် သင့်ကို မျက်နှာသာဖြင့် ကြည့်လိမ့်မည်ဖြစ်ပြီး အသိအမှတ်ပြုလိမ့်မည်။ သင်သည် ဤတာဝန်သိစိတ်ပင် မရှိပါက ဘုရားသခင်သည် သင့်ကို လူပျင်းတစ်ဦး၊ ဉာဏ်မရှိသူတစ်ဦးအဖြစ် သဘောထားလိမ့်မည်ဖြစ်ပြီး သင့်ကို မထီမဲ့မြင်ပြုလိမ့်မည်။ လူသားရှုထောင့်မှကြည့်လျှင် ယင်းမှာ သင့်ကို မလေးစားခြင်း၊ အလေးအနက်မထားခြင်းနှင့် အထင်သေးခြင်းကို ဆိုလိုသည်။ သင်သည် တစ်စုံတစ်ဦးနှင့် အတန်ကြာ ထိတွေ့ဆက်ဆံပြီးနောက် ၎င်းတို့က စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မကျသည့်အရာများကို ပြောဆိုပြီး လက်တွေ့မကျသည့်အရာများကို တောင်ရောက်မြောက်ရောက် ပြောဆိုသည်ကို သင်မြင်ရကာ၊ ၎င်းတို့ ကြွားဝါပြီး စကားကြီးစကားကျယ် ပြောရသည်ကို နှစ်သက်ကြောင်းနှင့် ၎င်းတို့ ယုံကြည်အားထား၍မရကြောင်းတို့ကို သင် သတိပြုမိခြင်းကဲ့သို့ပင် ဖြစ်သည်။ သင်သည် ၎င်းတို့ကို လေးစားမည်လော။ ၎င်းတို့အား မည်သည့် တာဝန်ကိုမဆို သင် ပေးအပ်ဝံ့မည်လော။ ဖြစ်နိုင်သည်မှာ ၎င်းတို့သည် အကြောင်းရင်း တစ်ခုမဟုတ်လျှင် နောက်တစ်ခုဖြင့် ၎င်းတို့အား သင် ပေးအပ်သည့်တာဝန်ကို နှောင့်နှေးစေမည်ဖြစ်သောကြောင့် သင်သည် ထိုကဲ့သို့သောလူများကို မည်သည့်တာဝန်မျှ ပေးအပ်ဝံ့မည် မဟုတ်ပေ။ သင်သည် ၎င်းတို့ကို သင်၏ စိတ်နှလုံးအတွင်းနက်နက်မှ ရွံရှာမုန်းတီးမည်ဖြစ်ပြီး ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံမိခဲ့ဖူးသည်ကိုပင် နောင်တရလိမ့်မည်။ သင်သည် ၎င်းတို့အား မည်သည့်တာဝန်မျှ မပေးအပ်ခဲ့မိသည့်အတွက် ကံကောင်းသည်ဟု ခံစားရမည်ဖြစ်ပြီး အကယ်၍ ပေးအပ်ခဲ့မိပါက သင်၏ ကျန်သည့် ဘဝအချိန်တစ်ခုလုံး နောင်တရနေလိမ့်မည်ဟု သင် တွေးမိပေမည်။ သင်သည် တစ်စုံတစ်ဦးနှင့် ထိတွေ့ဆက်ဆံပြီး ၎င်းတို့နှင့် စကားစမြည်ပြောဆိုခြင်းနှင့် ထိတွေ့ဆက်ဆံခြင်းတို့မှတစ်ဆင့် ၎င်းတို့သည် ကောင်းမွန်သော လူ့သဘာဝကို ပိုင်ဆိုင်သည်သာမက တာဝန်သိစိတ်လည်း ရှိကြောင်း သင်မြင်ရသည် ဆိုပါစို့၊ ပြီးလျှင် သင်သည် ၎င်းတို့အား အလုပ်တာဝန်တစ်ခုကို ပေးအပ်သည့်အခါ တစ်စုံတစ်ရာကို သာမန်ကာလျှံကာ သင် ပြောလျှင်ပင် ၎င်းတို့သည် ယင်းကို မိမိတို့၏ စိတ်ထဲတွင် စွဲမှတ်ထားပြီး သင့်ကို ကျေနပ်စေရန် ထိုအလုပ်တာဝန်ကို ကောင်းမွန်စွာ ကိုင်တွယ်ရမည့် နည်းလမ်းများကို စဉ်းစားကြသည့်အပြင်၊ ၎င်းတို့အား သင် ပေးအပ်ခဲ့သည့် တာဝန်ကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့ပါက ၎င်းတို့သည် နောက်ပိုင်းတွင် သင့်ကို တွေ့ရန် ရှက်နေတတ်သည်ဆိုပါစို့။ ဤသည်မှာ တာဝန်သိစိတ်ရှိသော လူတစ်ဦး ဖြစ်သည်။ ၎င်းတို့အား တစ်စုံတစ်ခု ပြောကြားခြင်း သို့မဟုတ် တာဝန်ပေးအပ်ခြင်း ခံရသရွေ့၊ ယင်းမှာ ခေါင်းဆောင်တစ်ဦးက ပေးအပ်ခြင်းဖြစ်စေ၊ အမှုဆောင်တစ်ဦးက ပေးအပ်ခြင်းဖြစ်စေ သို့မဟုတ် အထက်မှ ပေးအပ်ခြင်းဖြစ်စေ၊ တာဝန်သိစိတ်ရှိသောလူများသည် အစဉ်သဖြင့် “ကောင်းပြီ၊ သူတို့က ငါ့ကို ဤမျှ အထင်ကြီးသည့်အတွက် ငါသည် ဤကိစ္စကို ကောင်းမွန်စွာ ကိုင်တွယ်ရမည်ဖြစ်ပြီး သူတို့ကို စိတ်မပျက်စေရပါ”ဟု တွေးကြလိမ့်မည်။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်သည့် ထိုသို့သောလူများကို တာဝန်တစ်ခုအား စိတ်ချလက်ချ ပေးအပ်နိုင်မည် မဟုတ်လော။ တာဝန်တစ်ခုကို သင် ပေးအပ်နိုင်သည့်လူများမှာ သင် နှစ်သက်ပြီး ယုံကြည်စိတ်ချရသောသူများ သေချာပေါက်ဖြစ်ကြပေသည်။ အထူးသဖြင့် ၎င်းတို့သည် သင့်အတွက် တာဝန်အချို့ကို ကိုင်တွယ်ပေးပြီးဖြစ်ကာ ယင်းတို့အားလုံးကို အလွန် စေ့စေ့စပ်စပ် ဆောင်ရွက်ထားသည့်အပြင် သင်၏ သတ်မှတ်ချက်များကို လုံးဝ ပြည့်မီလျှင်၊ ၎င်းတို့သည် ယုံကြည်စိတ်ချရသူများဖြစ်သည်ဟု သင် တွေးထင်လိမ့်မည်။ သင်၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို အမှန်တကယ် လေးစားပြီး အထင်ကြီးလိမ့်မည်။ ဘုရားသခင် မဆိုထားနှင့်၊ လူတို့သည်ပင် ဤလူစားမျိုးနှင့် ပေါင်းသင်းဆက်ဆံရန် လိုလားကြသည်။ ဘုရားသခင်သည် အသင်းတော်အလုပ်နှင့် လူက လုပ်ဆောင်ရန် ဝတ္တရားရှိသည့် တာဝန်ကို ယုံကြည်စိတ်ချ၍မရသော လူတစ်ဦးအား အပ်နှံရန် လိုလားနေမည်ဟု သင်တို့ ထင်သလော။ (မထင်ပါ၊ သူ ထိုသို့ပြုမည်မဟုတ်ပါ။) ဘုရားသခင်သည် တစ်စုံတစ်ဦးအား အသင်းတော်အလုပ်တစ်ခုကို တာဝန်ပေးသည့်အခါ ၎င်းတို့အပေါ် ဘုရားသခင်၏ မျှော်လင့်ချက်မှာ အဘယ်အရာဖြစ်သနည်း။ ပထမဦးစွာ ၎င်းတို့အနေဖြင့် လုံ့လဝီရိယရှိပြီး တာဝန်ယူတတ်ဖို့၊ ဤအလုပ်တစ်ခုကို ကြီးမားသောကိစ္စရပ်တစ်ခုကဲ့သို့ သဘောထားပြီး သင့်တော်သလို ကိုင်တွယ်ကာ ကောင်းမွန်စွာ လုပ်ဆောင်ရန် ဘုရားသခင် မျှော်လင့်သည်။ ဒုတိယအချက်မှာ ၎င်းတို့အနေဖြင့် ယုံကြည်ထိုက်သော လူတစ်ဦးဖြစ်ရန်၊ အချိန်မည်မျှ ကုန်လွန်သွားသည်ဖြစ်စေ၊ ပတ်ဝန်းကျင် မည်သို့ပင် ပြောင်းလဲသွားသည်ဖြစ်စေ ၎င်းတို့၏ တာဝန်သိစိတ်က မယိမ်းယိုင်သည့်အပြင်၊ ၎င်းတို့၏ တည်ကြည်မှုက စမ်းသပ်မှုကို ခံနိုင်ရည်ရှိရန် ဘုရားသခင် မျှော်လင့်သည်။ ၎င်းတို့က ယုံကြည်စိတ်ချရသော လူတစ်ဦးဖြစ်ပါက ဘုရားသခင်သည် စိတ်ချလက်ချရှိလိမ့်မည်ဖြစ်ပြီး ဤကိစ္စကို ကြီးကြပ်ခြင်း သို့မဟုတ် နောက်ဆက်တွဲလုပ်ဆောင်ခြင်းတို့ကို ပြုတော့မည် မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို ယုံကြည်ပြီး ၎င်းတို့အား ပေးအပ်ထားသည့် တာဝန်ကို မည်သည့်အရာမျှ မှားယွင်းခြင်းမရှိဘဲ ၎င်းတို့ ပြီးစီးစေဖို့ သေချာသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် တစ်စုံတစ်ဦးအား တာဝန်တစ်ခုကို ပေးအပ်သည့်အခါ ဤသည်မှာ သူမျှော်လင့်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန်၊ ဘုရားသခင်၏ အမြင်တွင် မျက်နှာသာရရန်နှင့် ဘုရားသခင်၏ ယုံကြည်မှုကို ရရှိရန်အလို့ငှာ မည်သို့ ပြုမူရမည်ကို သင်၏ စိတ်နှလုံးထဲတွင် သိသင့်ပေသည်။ သင်သည် သင်၏ ကိုယ်ပိုင် သရုပ်သကန်များနှင့် အပြုအမူအပြင်၊ သင်၏ တာဝန်ကို ချဉ်းကပ်သည့် သဘောထားတို့အား ရှင်းလင်းစွာ မြင်နိုင်ပါက၊ သင်သည် မိမိကိုယ်ကို သတိပြုမိပြီး သင် အဘယ်အရာဖြစ်သည်ကို သိပါက ဘုရားသခင် သင့်အပေါ် မျက်နှာသာပေးရန်၊ သင့်အား ကျေးဇူးပြုရန် သို့မဟုတ် သင့်အား အထူးဆက်ဆံမှုပေးရန် တောင်းဆိုခြင်းသည် ကျိုးကြောင်းမဆီလျော်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သင့်ကိုယ်သင် အထင်မကြီးသည့်အပြင်၊ သင့်ကိုယ်သင် အထင်သေးနေသည့်တိုင် ဘုရားသခင် သင့်အပေါ် မျက်နှာသာပေးရန် တောင်းဆိုနေသေးသည်၊ ဤသည်မှာ အဓိပ္ပာယ်မရှိပေ။ ထိုသို့ဖြင့်၊ သင်သည် ဘုရားသခင် သင့်အပေါ် မျက်နှာသာပေးစေလိုပါက အနည်းဆုံးအနေဖြင့် သင်သည် အခြားလူများ၏ အမြင်တွင် သင့်ကိုယ်သင် ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်စေသင့်သည်။ သင်သည် အခြားသူများအား သင့်ကို ယုံကြည်စေလိုပါက၊ သင့်အပေါ် မျက်နှာသာပေးစေလိုပါက၊ သင့်ကို အထင်ကြီးစေလိုပါက အနည်းဆုံးအနေဖြင့် သင်သည် ဂုဏ်သိက္ခာရှိရမည်၊ တာဝန်သိစိတ် ရှိရမည်၊ သင်၏ ကတိကို တည်ရမည်ဖြစ်ပြီး ယုံကြည်စိတ်ချရသူ ဖြစ်ရမည်။ ထို့အပြင် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် လုံ့လဝီရိယရှိသူ၊ တာဝန်ယူသူနှင့် သစ္စာစောင့်သိသူ ဖြစ်လာရမည်။ ထိုအခါ သင်သည် သင်၏အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များကို အခြေခံအားဖြင့် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ ထိုအခါ သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စွမ်းဆောင်ရရှိရန် ခက်ခဲသလော။ (မခက်ခဲပါ။) လူတို့ပင်လျှင် အလုပ်တာဝန်များကို ကိုင်တွယ်ရန်နှင့် ပေါင်းသင်းဆက်ဆံရန် ယုံကြည်စိတ်ချရသော လူတစ်ဦးကို ရှာဖွေလိုကြသည်။ သို့ဖြစ်၍ ဘုရားသခင်က လူတို့အား မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန် တောင်းဆိုခြင်းနှင့် ၎င်းတို့အပေါ် ဤသေးငယ်သော သတ်မှတ်ချက်တစ်ခု ထားရှိခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) လုံးဝ လွန်ကဲခြင်းမရှိပေ။ ဤသည်မှာ လူတို့အတွက် အမှုအရာများကို ခက်ခဲစေခြင်း မဟုတ်ဘဲ၊ ထို့ထက် ယင်းသည် အလွန် သင့်လျော်ပေသည်။ လူတို့တွင် ဤသို့လုပ်ဆောင်ရန် စိတ်နှလုံး မရှိကြခြင်းသာဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ အကြံအစည်များကို မဆင်ခြင်ကြသည့်အပြင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း သိနားလည်ခြင်း မရှိကြပေ။ ၎င်းတို့ လုပ်နိုင်သမျှမှာ “ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းချီးပေးရမည်။ ကိုယ်တော်သည် ကျွန်ုပ်ကို ကျေးဇူးပြုရမည်။ ကိုယ်တော်သည် ကျွန်ုပ်ကို လမ်းညွှန်ရမည်” ဟူ၍ ဘုရားသခင်ထံ အဆက်မပြတ် တောင်းဆိုခြင်း ဖြစ်သည်။ သို့ဆိုလျှင် သင် လုပ်ဆောင်နေသည်မှာ အဘယ်အရာဖြစ်သနည်း။ သင်သည် သင်၏ တာဝန်ကို သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတိုင်း အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။ သင်သည် အမှန်တကယ် လုံ့လဝီရိယရှိနိုင်သလော၊ တာဝန်ယူနိုင်ပြီး သစ္စာစောင့်သိနိုင်သလော။ ဤသည်မှာ ဘုရားသခင် သင့်အပေါ် မျက်နှာသာပေးရန်အတွက် သင် ဖြည့်ဆည်းရမည့် အနိမ့်ဆုံးသော သတ်မှတ်ချက် ဖြစ်သည်။ ဤသည်မှာ လူတို့ ကြိုးစားလုပ်ဆောင်သင့်သည့် ဦးတည်ချက် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတွက် သင် ကြိုးပမ်းရမည်၊ ဤသည်မှာ လူတို့ ကြိုးစားလုပ်ဆောင်သင့်သည့် ဦးတည်ချက် ဖြစ်သည်။ လူတို့သည် မှန်ကန်သော ဦးတည်ချက်ဖြင့် ကြိုးစားလုပ်ဆောင်ရမည်။ ထိုသို့ဖြင့်၊ ဘုရားသခင်ကို ကျေနပ်စေရန် ၎င်းတို့၏ ကြိုးစားခြင်းသည် အနှစ်မဲ့လိမ့်မည် မဟုတ်တော့ပေ။
၎င်းတို့ စိတ်နှလုံးများတွင်၊ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်ကို ယုံကြည်မှုတွင် သူ့ကို ကျေနပ်စေခြင်းနှင့်ဆိုင်သည့် အယူအဆတစ်ခုတလေ ရှိကြသလော။ ၎င်းတို့တွင် သဘောထားတစ်ခုတလေ ရှိကြသလော။ သိသာထင်ရှားစွာပင် မရှိကြပေ။ ၎င်းတို့သည် ကမ္ဘာလောကကို ဖြစ်သလိုဖြတ်သန်းသည့် သဘောထားတစ်ခုသာ ရှိကြပြီး ဘုရားသခင်ကိုလည်း အလွန့်အလွန် ကြည်ညိုမှု မရှိသည့်အပြင် မထီမဲ့မြင်ပြုသော နည်းလမ်းဖြင့် ထိုနည်းအတိုင်းပင် ဆက်ဆံကြသည်။ ဤ သဘောထားမျိုးသည် ဘုရားသခင်ကို အလွန်အမင်း အရှက်ရစေပြီး ပြစ်မှားစော်ကားသည့်အပြင်၊ ဘုရားသခင်သည် ယင်းကို စက်ဆုပ်ရွံရှာပေသည်။ ဘုရားသခင်သည် ၎င်းတို့အား အသက်နှင့် လူတစ်ဦး ပိုင်ဆိုင်သမျှ အရာအားလုံးကို ပေးခဲ့သည့်တိုင်၊ ၎င်းတို့ကို ဘုရားသခင် ပေးထားသမျှ အရာအားလုံးအပေါ်၊ ၎င်းတို့၏ ဘဝများအတွက် ဘုရားသခင် ပြုလုပ်သည့် အစီအစဉ်များအပေါ်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် အလုပ်အပေါ်တွင်လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်တာဝန်များအပေါ်တွင်လည်းကောင်း ၎င်းတို့၏ သဘောထားသည် မထီမဲ့မြင်ပြုခြင်းနှင့် အထင်သေးခြင်း သဘောထားတစ်ခု ဖြစ်သည်။ “မထီမဲ့မြင်ပြုခြင်း” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ နေ့ရက်များကို ဖြစ်သလို ဖြတ်သန်းလိုပြီး မည်သည့်အရာကိုမျှ အလေးအနက်မထားခြင်းကို ဆိုလိုသည်။ ဘုရားသခင်သည် ၎င်းတို့၏ ဤသဘောထားကို အလွန်အမင်း ရွံရှာစက်ဆုပ်သည်။ ထို့ကြောင့် သူသည် ထိုသို့သောလူများကို လုံးဝ ကယ်တင်လိမ့်မည် မဟုတ်ပေ။ ဤနေရာတွင် သင်တို့ နားလည်သင့်သည်မှာ အဘယ်အရာဖြစ်သနည်း။ သင်သည် ဤလူစားမျိုး မဖြစ်ရဟူသည်ပင် ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သို့မဟုတ် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ သင့်တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် မည်သို့ ကျင့်ကြံပြုမူရမည်ကို ဦးစွာ သင်ယူရမည်ဖြစ်ပြီး လူပျင်းတစ်ဦး၊ အလေလိုက်သူတစ်ဦး သို့မဟုတ် လူ့ဗာလတစ်ဦး လုံးဝ မဖြစ်ရပေ။ သင်၏ ကျင့်ကြံပြုမူခြင်းတွင် သင်သည် ဖြောင့်မှန်သော သဘောထား၊ ဂုဏ်သိက္ခာနှင့် တာဝန်သိစိတ် ရှိရမည်။ ဤသည်မှာ အနိမ့်ဆုံးသော သတ်မှတ်ချက် ဖြစ်သည်။ ဤအခြေခံအုတ်မြစ်အပေါ်၌သာလျှင် လူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီနိုင်ပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးနိုင်သည်။ သင်သည် ဤအခြေခံအုတ်မြစ် အနည်းငယ်မျှပင် မရှိပါက ပြောစရာ ဘာမျှမရှိတော့ပေ။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၃ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။