အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁) အခန်း တစ်

ဖြည့်စွက်ချက်- ကနေဒါနိုင်ငံ၌ အန္တိခရစ်ဖြစ်ရပ်ကို ကိုင်တွယ်ခြင်း

ကနေဒါအသင်းတော်ရှိ မိမိတို့၏တာဝန်များကို ထမ်းဆောင်နေကြသည့် လူများနှင့်ပတ်သက်၍ ယခုအခါတွင် အခြေအနေမှာ အဘယ်သို့နည်း။ အန္တိခရစ်ဖြစ်သည့် ယန်အပေါ် သင်တို့ ချင့်ချိန်နိုင်စွမ်း ရှိကြသလော။ ယန် စကားပြောပြီး ပြုမူဆောင်ရွက်ပုံတွင် ပြဿနာတစ်ခုတလေ သင်တို့ မြင်နိုင်ကြသလော။ (ထိုအချိန်က မည်သည့်ပြဿနာကိုမျှ ကျွန်ုပ် မမြင်ခဲ့ပါ။ သူက အလုပ်ကို နောက်ဆက်တွဲမလုပ်ခြင်းသာ ဖြစ်သည်ဟု ကျွန်ုပ် တွေးထင်ခဲ့သည်။ အခြား မည်သည့်အရာကိုမျှ ကျွန်ုပ် တကယ် သိပ်မသိခဲ့ပါ။) နောက်တစ်ယောက်က ဆက်ပြောနိုင်သည်။ (ယန်နှင့် ကျွန်ုပ် သိပ်အဆက်အသွယ် မရှိခဲ့ပါ။ လွန်ခဲ့သည့် နှစ်နှစ်တွင် သူနှင့်အတူ စုဝေးပွဲ အနည်းငယ် ကျွန်ုပ် တက်ရောက်ခဲ့သော်လည်း၊ ထို့နောက်တွင် သူနှင့် ကျွန်ုပ် အဆက်အသွယ်မရှိခဲ့ပါ။) ယန်သည် သင်တို့ အသင်းတော်၏ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ သို့ဖြစ်၍ အဘယ်သို့ဖြစ်ပြီး သင်တို့ အဖွဲ့များထဲမှ တစ်ဖွဲ့ကမျှ သူနှင့် အဆက်အသွယ် တစ်ခုတလေ မရှိခဲ့ရသနည်း။ အဘယ်ကြောင့်ဆိုသော် ယခုတွင် သူ၌ ပြဿနာများရှိသည်ကို တွေ့ရှိရသဖြင့် သင်တို့ တာဝန်ကို ရှောင်လွှဲရန် ကြိုးစားနေခြင်းကြောင့် ဖြစ်သလော၊ သို့မဟုတ် သင်တို့သည် သူနှင့် အမှန်တကယ် အဆက်အသွယ် မရှိခဲ့ကြခြင်းလော။ တစ်စုံတစ်ဦးက ယန်နှင့် လျော်ကန်မှုမရှိသည့် ဆက်ဆံရေးတစ်ခု ရှိခဲ့ကြောင်းကို ငါ ကြားရသည်။ ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) ဤအရာကို သင်တို့ သိမြင်ခဲ့သလော။ (မသိမြင်ခဲ့ပါ။) သို့ဆိုလျှင် သင်တို့ အလွန် ကြောင်းကျိုးမမြင်ကြပေ။ အခြားတစ်စုံတစ်ဦးက ဆက်ပြောနိုင်သည်။ (ကျွန်ုပ်သည် ယန်နှင့် အဆက်အသွယ် များစွာရှိခဲ့သည်။ ထိုအချိန်က သူသည် အတော်အသင့် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကာ မိမိကိုယ်ကို ချီးမြှောက်ကာ ကြွားဝါရန် နှစ်သက်သည်ဟုသာ ကျွန်ုပ် ထင်ခဲ့သည်။ သို့သော် သူ့ထံတွင် အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိခဲ့သည်ကိုမူ ကျွန်ုပ် လုံးဝ ပိုင်းခြားသိမြင်ခဲ့ခြင်း မရှိပါ။) သူက အမျိုးသမီးများကို သွေးဆောင်ဖြားယောင်းရသည်ကို နှစ်သက်သည်။ ယင်းကို သင်တို့ သိခဲ့ကြသလော။ (မသိခဲ့ပါ။ အမျိုးသားများနှင့် အမျိုးသမီးများအတွက် လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်းက အထူးသဖြင့် မကောင်းကြောင်း မိတ်သဟာယတွင် သူ ပြတ်သားစွာ အမြဲ ပြောဆိုခဲ့ပြီး ထိုသို့သော အပြုအမူကို ကျွန်ုပ်တို့ ရပ်တန်းက ရပ်ရမည်ဟု မကြာခဏ မိတ်သဟာယပြုခဲ့သည်။ သူသည် မမြင်ကွယ်ရာတွင်မူ ထိုသို့ဖြစ်နိုင်မည်ကို ကျွန်ုပ် လုံးဝ မထင်ခဲ့ပါ။) နောက်တစ်ဦးက ဆက်ပြောနိုင်သည်။ (ယန်နှင့် ကျွန်ုပ် တစ်နှစ်ကြာ ပေါင်းသင်းဆက်ဆံခဲ့ပါသည်။ သို့သော် ကျွန်ုပ်တွင် သူနှင့် အလွန်ကောင်းမွန်သည့် ဆက်ဆံရေး မရှိခဲ့သကဲ့သို့ စိတ်သဘောတူညီသည့် ပူးပေါင်းလုပ်ဆောင်မှု မရှိခဲ့ပါ။ အလုပ်အကြောင်း ဆက်သွယ်ပြောဆိုသည့်အခါတွင်သာ သူနှင့် ဆက်သွယ်ခဲ့ပြီး ယင်းမှလွဲ၍ သူနှင့် များများစားစား အဆက်အသွယ် မရှိခဲ့ပါ။ ထို့ကြောင့် ကျွန်ုပ်သည် သူနှင့်ပတ်သက်၍ များစွာ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိခြင်း ဖြစ်သည်။) သင်တို့သည် သူ့အပေါ် ချင့်ချိန်နိုင်စွမ်း သိပ်မရှိခဲ့ကြသလော။ ဖြစ်နေသည့်အရာကို သင်တို့ မမြင်ခဲ့ခြင်းလော၊ သို့မဟုတ် ထိုအရာကို သင်တို့ ပိုင်းခြားသိမြင်မှု မရှိခဲ့ခြင်းလော။ အဘယ်သို့ဖြစ်ပြီး သူ့အပေါ် ချင့်ချိန်နိုင်စွမ်း သိပ်မရှိနိုင်ခဲ့ကြသနည်း။ ဤရလဒ် အဘယ်သို့ ဖြစ်လာခဲ့သနည်း။ (အဘယ်ကြောင့်ဆိုသော် ကျွန်ုပ် လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းသည် မှားယွင်းပြီး ဆုကျေးဇူးရှိသည့် လူတစ်ဦးကို ကျွန်ုပ် ပုဂ္ဂိုလ်ရေးကိုးကွယ်ကာ အထင်ကြီးခဲ့သောကြောင့် ဖြစ်သည်။ ယန်သည် အလွန်စကားပြောကောင်းသူတစ်ဦးဖြစ်ပြီး၊ မိတ်သဟာယတိုင်းတွင် သူသည် ဘုရားနှုတ်ကပတ်တော်များကိုလည်းကောင်း၊ အထက်မှ တရားဒေသနာများနှင့် မိတ်သဟာယများကိုလည်းကောင်း ကိုးကားခဲ့သည်။ ပြဿနာများအား မည်သို့ ဖြေရှင်းရမည်ကို သူ သိပုံပေါ်ခဲ့ပြီး အသင်းတော်တွင် ပြဿနာတစ်ခု ရှိသည့်အခါတိုင်း ဖြေရှင်းရန် သူ ကြိုးစားခဲ့သည်။) ပြဿနာများ ဖြေရှင်းရမည့်ပုံကို သူ သိခဲ့လျှင် အဘယ်သို့ဖြစ်ပြီး ကနေဒါ အသင်းတော်၏ ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့တွင် ယခုချိန်ထိတိုင်း ပြေလည်မသွားသေးသည့် ပြဿနာများ အလွန်များစွာ ရှိနေခဲ့သေးသနည်း။ ပြဿနာများ ဖြေရှင်းရမည့်ပုံကို သူ အမှန်တကယ် သိသည်ဟု သင် ပြောသော်လည်း ယင်းမှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ လှည့်ဖြားတတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) တရားဒေသနာများကို သင်တို့ နားထောင်ကြသလော။ အပတ်တိုင်း စုဝေးပွဲများကို သင်တို့ တက်ရောက်ကြသလော။ (တက်ရောက်ကြပါသည်။) သို့ဆိုလျှင် အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းအကြောင်း တရားဒေသနာများ ငါ ဟောပြောချိန်တွင် ငါ့ကို သင်တို့ နားထောင်ကြသလော။ (နားထောင်ပါသည်။) ငါ့ကို နားထောင်ပြီးနောက်တွင် သင်တို့သည် ယန်အပေါ် ချင့်ချိန်နိုင်စွမ်း ရှိလာကြသလော။ အမှုကိစ္စများကို ယန် လုပ်ဆောင်သည့် နည်းလမ်းတွင် ပြဿနာတစ်ခုတလေကို သင်တို့ မြင်နိုင်ကြသလော။ သင်တို့သည် အန္တိခရစ်ကဲ့သို့ပင် တရားဒေသနာများကို နားထောင်ပြီး တစ်နေရာတည်းတွင် အတူတကွ စုဝေးနေခဲ့ကြသည်။ သို့တိုင်အောင် ထိုမျှသိသာထင်ရှားသော အန္တိခရစ်တစ်ဦးကို သင်တို့ မမြင်နိုင်ခဲ့ချေ။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ ယန်သည် နှစ်နှစ်နှင့် ငါးလကြာ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ အဘယ်သူသည် သူနှင့် အဆက်အသွယ်အရှိဆုံး ဖြစ်လာသနည်း။ မည်သည့် အဖွဲ့တွင် သူ အချိန်အကြာဆုံး ကုန်ဆုံးခဲ့သနည်း။ ထိုအဖွဲ့ထဲတွင် လူမည်မျှက သူ့အပေါ် ချင့်ချိန်နိုင်စွမ်း ရှိခဲ့ကြသနည်း။ မည်မျှက သူ့တွင် ပြဿနာတစ်ခုရှိကြောင်းကို သိရှိပြီး ထိုအရာကို လူအများအား သိရှိအောင် မလုပ်ခဲ့သနည်း။ သူ့တွင် ပြဿနာရှိကြောင်းကို မည်သူက ရှာဖွေတွေ့ရှိပြီး ထိုအရာကို လူအများသိအောင် ပြောခဲ့သနည်း။ ဤမေးခွန်းများအတွက် အဖြေများကို သင်တို့ သိကြသလော။ (မည်သူကမျှ သူ အမှန်တကယ် မည်သည့်အရာကဲ့သို့ဖြစ်သည်ကို ပိုင်းခြားသိမြင်ခဲ့ခြင်း မရှိကြပါ။) သို့ဆိုလျှင် သူ အန္တိခရစ်တစ်ဦးဖြစ်ကြောင်း နောက်ပိုင်းတွင် သင်တို့ အဘယ်သို့ ရှာဖွေတွေ့ရှိခဲ့ကြသနည်း။ (သူနှင့် ဆက်ဆံရေးများရှိခဲ့သည့် ညီအစ်မတစ်ဦးက သူမသည် မကောင်းသည့် အခြေအနေတွင် ရှိကြောင်းကို ပြောခဲ့ပြီး အခြေအနေကို ကျွန်ုပ်တို့ ပိုသိဖို့ ကြိုးစားခဲ့ကြသည့်အခါ ယန်၏ လိင်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သော ပြဿနာကို ကျွန်ုပ်တို့ သိခဲ့ရသည်။) ထိုညီအစ်မက ပြဿနာကို ဖော်ထုတ်ခဲ့သည်။ သို့ဆိုလျှင် အခြားတစ်ဦးတလေက ထိုပြဿနာကို တိုင်ကြားခဲ့သလော။ (မတိုင်ကြားခဲ့ပါ။)

အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို မိတ်သဟာယပြုကာ စိတ်ဖြာလေ့လာဆွေးနွေးခြင်းဖြင့် ငါတို့ ကုန်ဆုံးကြပြီးဖြစ်သည့် ဤအချိန်အတောအတွင်းတွင် ယန်နှင့်ပတ်သက်၍ အခြားပြဿနာတစ်ခုတလေကို သင်တို့ သိရပြီလော။ (အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်းအားဖြင့် ယန်သည် လူတို့ကြား သဘောကွဲလွဲမှုများဖြစ်စေရာတွင် အလွန်တော်သည်ကို ကျွန်ုပ် သိခဲ့ရသည်။ သူသည် ကျွန်ုပ်ရှေ့တွင် အချို့သော ညီအစ်ကို မောင်နှမများကို မကြာခဏ ဝေဖန်အပြစ်တင်ကာ ကျွန်ုပ်နှင့် ပူးပေါင်းဆောင်ရွက်သည့် ညီအစ်မနှင့် ကျွန်ုပ်၏ ဆက်ဆံရေးတွင် သဘောကွဲလွဲစေရန် သွေးထိုးပြီး ထိုညီအစ်မသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည့် လူ့အကြိုက်လိုက်သူတစ်ဦးသာ ဖြစ်ကြောင်း စသည်တို့ကို ပြောဆိုသည်။ ဤအရာက ထိုညီအစ်မနှင့်ပတ်သက်၍ ကျွန်ုပ်ကို ထင်မြင်ချက်အချို့ ရှိစေခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ သူနှင့် ကျွန်ုပ် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။) အမှန်တွင် သင်တို့အားလုံးတွင် ယန်နှင့်ပတ်သက်၍ သင်တို့၏ ထင်မြင်ချက်များ ရှိကြသော်လည်း မည်သူကမျှ ထိုထင်မြင်ချက်များကို အသိမပေးခဲ့ပေ၊ သို့မဟုတ် သူ့ကို မတိုင်ကြားခဲ့ပေ။ သင်တို့အားလုံးသည် အသင်းတော် အလုပ်ကိုသာ နှောင့်နှေးစေလိုပြီး လုံးဝ အရေးမစိုက်သည့် လူ့အကြိုက်လိုက်သူများ ဖြစ်ကြသည်။ သူသည် အထက်က သူ့အတွက် စီစဉ်ပေးသည့် အလုပ်ကို မလုပ်ခဲ့ပေ။ ပြီးလျှင် ဤအရာကို မြင်လျက်ဖြင့် သင်တို့သည် သူ့ကို မတိုင်ကြားခဲ့ကြဘဲ၊ ထိုအစား ဤအန္တိခရစ်ကို ကာကွယ်ပေးခဲ့ကာ အလိုလိုက်ခဲ့သည်။ အဘယ်ကြောင့် သူ့ကို သင်တို့ မတိုင်ကြားခဲ့သနည်း။ သူ့ကို ဒေါသထွက်အောင်လုပ်မိမည်ကို စိုးရွံ့သလော၊ သို့မဟုတ် သူ့ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသလော။ (ကျွန်ုပ်သည် သူ့ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပါ။ကျွန်ုပ်တွင် ရံဖန်ရံခါ ပြဿနာအချို့ရှိခဲ့ချိန် သူနှင့်တွေ့ဆုံရသည်မှလွဲ၍ သူနှင့် မူလက မပေါင်းသင်းမဆက်ဆံခဲ့ပါ။ သူသည် အလုပ်လုပ်ခြင်းဖြင့် အလုပ်များသည်ဟု ပြောခဲ့သော်လည်း သူ အမှန်တရားကို ပြောခဲ့ခြင်း ရှိမရှိဟူသည်ကို ကျွန်ုပ်တို့ မသိပါ။) မမြင်ကွယ်ရာတွင် မည်သည့်အရာ သူ လုပ်ဆောင်နေသည်ကို စုံစမ်းစစ်ဆေးရန် မလိုအပ်ပေ။ သင့်ရှေ့တည့်တည့်တွင် သူ လုပ်ဆောင်နေသည့် အရာအချို့ကို သင်က ရိပ်စားမိနိုင်ခဲ့သင့်သည်။ အန္တိခရစ်များက အမှုအရာများကို လုပ်ဆောင်သည့်အခါ သရုပ်သကန်အချို့ ရှိသည်။ သူသည် မမြင်ကွယ်ရာတွင် အမှုအရာများကို လုပ်ဆောင်ရုံမျှသာ မဟုတ်ပေ။ ထိုသရုပ်သကန်များကို လူကိုယ်တိုင် သင် သတိပြုမိနိုင်သည်။ ထိုသရုပ်သကန်များကို သင်တို့ မမြင်နိုင်ခဲ့လျှင် သင်တို့ မျက်ကန်းဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤသို့သော လူတစ်ဦး ယခုအခါ ထပ်ပေါ်လာခဲ့လျှင် ၎င်းကို သင်တို့ သိမြင်နိုင်ကြမည်လော။ ယန်ကဲ့သို့သော လူတစ်ဦးသည် တကယ့်အလုပ်ကို လုပ်ဆောင်နိုင်သလော။ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုကာ ပြဿနာများကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) မဖြေရှင်းနိုင်ဟု အဘယ်ကြောင့် သင်တို့ ပြောကြသနည်း။ (အလုပ်ရလဒ်များအရ အသင်းတော်တွင် အချိန်ကြာမြင့်စွာ မပြေလည်ဘဲ ရှိနေခဲ့သည့် ပြဿနာများစွာ ရှိခဲ့သည်။ အလုပ်အားလုံး၏ တိုးတက်မှုက အလွန့်အလွန် နှေးကွေးပြီး ကျွန်ုပ်တို့ ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားများက ဘုရားအိမ်တော်၏ သတ်မှတ်ချက်များကို မပြည့်မီခဲ့ပါ။) ယန်ကို အရေးယူဆောင်ရွက်ခြင်း မရှိမီတွင် ဤအရာက ပြဿနာတစ်ခုဖြစ်သည်ကို သင်တို့ မြင်ခဲ့ကြသလော။ (မမြင်ခဲ့ကြပါ။) သို့ဆိုလျှင် တရားဒေသနာများကို နားထောင်ပြီးနောက်တွင် သင်တို့ မည်သည့်အရာကို နားလည်ကြသနည်း။ ထိုသို့သော ဆိုးရွားသည့် ပြဿနာများကို သင်တို့ မမြင်နိုင်ကြပေ။ ထို့နောက် သင်တို့သည် “သူနှင့် ကျွန်ုပ်တို့ အပေါင်းအသင်း မလုပ်ခဲ့ကြပါ။ မမြင်ကွယ်ရာတွင် သူ လုပ်ဆောင်နေခဲ့သည့် အရာများကို ကျွန်ုပ်တို့ အဘယ်သို့ သိနိုင်မည်နည်း။ ကျွန်ုပ်တို့သည် သာမန်ယုံကြည်သူများသာ ဖြစ်သည်။ သူသည် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သူ့နောက်ကို ဟိုဟိုသည်သည် ကျွန်ုပ်တို့ အမြဲ မလိုက်နိုင်သောကြောင့် သူ့ကို ကျွန်ုပ်တို့ မရိပ်စားမိနိုင်သကဲ့သို့ သူ့ကို မတိုင်ကြားခဲ့သည်မှာ ကျိုးကြောင်းဆီလျော်ပါသည်”ဟု ပြောလျက် ဆင်ခြေများကိုသာ အမြဲရှာကြလေသည်။ ဤသည်မှာ သင်တို့ ဆိုလိုသည့်အရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာ၏ သဘာဝမှာ အဘယ်နည်း။ (ကျွန်ုပ်တို့ယူရမည့် တာဝန်များကို ရှောင်လွှဲရန် ကျွန်ုပ်တို့ ကြိုးစားနေခြင်း ဖြစ်သည်။) သို့ဆိုလျှင် ဤသို့သော လူတစ်ဦးကို အနာဂတ်တွင် သင် ကြုံရလျှင် ကိစ္စရပ်ကို ဤနည်းဖြင့် သင်တို့ ချဉ်းကပ်ကြလိမ့်မည်လော။ (မချဉ်းကပ်ပါ။ ကိစ္စရပ်ကို ဤကဲ့သို့တစ်ဖန် ကျွန်ုပ် ချဉ်းကပ်မည် မဟုတ်ပါ။ ၎င်းတို့ကို ကျွန်ုပ် ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် တိုင်ကြားသင့်သည်။) ယင်းကို သင် လုပ်ဆောင်လိမ့်မည် ဟုတ်မဟုတ်ကို ငါ သိပ်မသေချာပေ။ အသင်းတော်များစွာတွင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို တိုင်ကြားကြသည့် လူများရှိသော်လည်း ကနေဒါ အသင်းတော်တွင် တစ်ယောက်မျှ မရှိလေပြီ။ ဤအန္တိခရစ်သည် ထိုမျှ အချိန်ကြာမြင့်စွာ လည်ပတ်လှုပ်ရှားနေခဲ့ပြီး မည်သူကမျှ သူ့ကို မတိုင်ကြားခဲ့ပေ။ တစ်ယောက်မျှ မတိုင်ကြားခဲ့ကြချေ။ လတ်တလောတွင် အမေရိကရှိ ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့က တစ်စုံတစ်ဦးကို တိုင်ကြားသည့် စာတစ်စောင် ပို့ခဲ့သည်။ ထိုစာကို စနစ်ကျပြီး အခြေအမြစ်ရှိသော ပုံစံတစ်ခုဖြင့် ရေးသားထားကာ အလွန်လည်း တိကျပြီး မှန်ကန်လေသည်။ အခြေခံအားဖြင့် အဖြစ်မှန် အခြေခံအကြောင်းရင်းတစ်ခုအပေါ် ရေးသားထားခြင်း ဖြစ်သည်။ ဤအရာက အသင်းတော်တိုင်းတွင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို သိမြင်နိုင်သည့်သူအချို့ ရှိသည်ကို ပြသည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် အပေါ်ယံ ဟန်ဆောင်လုပ်ပြကြပြီး ပြဿနာအချို့ကို ထုတ်ဖော်ပြကြသည်။ လူအချို့က ပြဿနာများရှိသည်ကို မြင်ရုံသာမြင်နိုင်သော်လည်း ဤပြဿနာများ၏ အနှစ်သာရနှင့် အမှန်တရားကို မရိပ်စားမိနိုင်ကြသကဲ့သို့ မည်သို့ ဖြေရှင်းရမည်ကိုလည်း မသိကြပေ။ ဤသည်မှာလည်း ချင့်ချိန်နိုင်စွမ်းမရှိခြင်းနှင့် ဆက်စပ်သည်။ ထိုသို့သော အခြေအနေများတွင် မည်သည့်အရာကို သင်တို့ လုပ်ဆောင်သင့်သနည်း။ ဤသို့သော အချိန်များတွင် ယင်းတို့ကို ပိုင်းခြားသိမြင်ရန် သမ္မာတရားကို နားလည်သည့် လူတစ်ဦးကို သင်တို့ ရှာသင့်သည်။ ထိုကိစ္စရပ်ကို လူတိုင်းက အတူတကွ ရှာဖွေ၊ မိတ်သဟာယပြုကာ ဆွေးနွေးခြင်းဖြင့် တာဝန်ယူနိုင်သည့် လူအချို့ရှိလျှင် သင်တို့အားလုံး သဘောတူညီချက်တစ်ခု ရရှိနိုင်ပြီး ပြဿနာ၏ အနှစ်သာရကို ရိပ်စားမိနိုင်ကာ ထို့နောက်တွင် ၎င်းတို့က အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ ဟုတ်မဟုတ်ဟူသည်ကို ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည် ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ ပြဿနာကို ဖြေရှင်းရန် သိပ်မခက်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မဆောင်ရွက်ကြသကဲ့သို့ ၎င်းတို့ကို ရှာဖွေတွေ့ရှိပြီး ရှင်းလင်းစွာ သိမြင်ရန် လွယ်သည်။ အန္တိခရစ်များက အသင်းတော်အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ကြပြီး ၎င်းတို့ကိုလည်း ရှာဖွေတွေ့ရှိကာ ရှင်းလင်းစွာ သိမြင်ရန် လွယ်ကူသည်။ ဤအရာအားလုံးက ဘုရားသခင် ရွေးချယ်ထားသော လူများ မိမိတို့၏ တာဝန်များ ထမ်းဆောင်ခြင်းအား နှောင့်ယှက်ခြင်း ပြဿနာနှင့် ဆက်စပ်ပြီး ထိုသို့သော လူများကို သင် တိုင်ကြားကာ ဖော်ထုတ်သင့်သည်။ ယင်းကို လုပ်ဆောင်ခြင်းအားဖြင့်သာ အသင်းတော်အလုပ်ကို နှောင့်နှေးသွားခြင်းမှ သင် တားဆီးနိုင်သည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို တိုင်ကြားခြင်းနှင့် ဖော်ထုတ်ခြင်းသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်စေရန် အာမခံသည့် အလွန်အရေးပါသော အလုပ်ဖြစ်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူအားလုံးက ဤတာဝန်ကို ခံယူကြသည်။ မည်သူပင်ဖြစ်ပါစေ အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အန္တိခရစ်ဖြစ်သရွေ့ ဘုရားသခင် ရွေးချယ်ထားသော လူတို့က ထိုသူတို့ကို ဖော်ထုတ်ကာ တင်ပြသင့်ပြီး ဤနည်းဖြင့် သင်၏ တာဝန်ကို သင် ကောင်းမွန်စွာ ဖြည့်ဆည်းလိမ့်မည် ဖြစ်သည်။ တိုင်ကြားထားသည့် ပြဿနာက မှန်ကန်ပြီး အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အန္တိခရစ် ဖြစ်ရပ်တစ်ခု အမှန်တကယ် ရှိသရွေ့ ဘုရားအိမ်တော်က ထိုအရာကို အချိန်မီပုံစံဖြင့် စည်းမျဉ်းများနှင့်အညီ အမြဲ ကိုင်တွယ်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်ဖြစ်သည့် ယန်နှင့်ပတ်သက်သည့် ပြဿနာကို သင်တို့ အကြီးအကဲများထံ ပြန်လည်တင်ပြခဲ့သလော။ သင်တို့ သိရှိအောင် မလုပ်ဆောင်ခဲ့ပေ။ သင်တို့သည် အသိမရှိခဲ့သည့်အလား ဤနတ်ဆိုး၏ အထင်အမြင်မှားစေခြင်းနှင့် ကစားခြင်းကို အချိန်ကြာမြင့်စွာ ခံခဲ့ရသည်။ ထိုသို့သော သိသာထင်ရှားသည့် အန္တိခရစ်တစ်ဦး သင်တို့ဘေးတွင် ဤတစ်ချိန်လုံး အကြောင်းမဲ့သက်သက် ပြုမူဆောင်ရွက်နေပြီး သင်တို့သည် ထိုအရာကို အစစ်အမေးမရှိဘဲ ဆက်ဖြစ်ခွင့်သာ ပေးနေခြင်းဖြင့် သင်တို့တွင် အမှန်တကယ် အသိတရား လုံးဝ မရှိကြသလော။ အသင်းတော် အသက်တာကို ပုံမှန် သင်တို့ အသက်ရှင်ကြသလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့ မွေ့လျော်ခံစားနိုင်ကြသလော။ စုဝေးပွဲတစ်ခု တက်သည့်အခါတိုင်း သင်တို့ အကျိုးကျေးဇူးခံစားကြရသလော။ ဤအရာအားလုံးကို သင်တို့ ခံစားရသင့်ကြသည်။ အရေးအကြီးဆုံး အနေဖြင့် အန္တိခရစ်ဖြစ်သည့် ယန်သည် တကယ့်အလုပ်တစ်ခုကိုမျှ လုံးဝ မဆောင်ရွက်ခဲ့ပေ။ သူသည် ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို နှောင့်နှေးမှုများ ဖြစ်စေခဲ့ပြီး အသင်းတော် အလုပ်ကို လုံးဝ အရှုပ်အထွေးတစ်ခု ဖြစ်စေခဲ့သည်။ စိတ်နှလုံးရှိသည့် မည်သူမဆို ဤအရာများကို သိမြင်နိုင်ခဲ့သင့်သော်လည်း သင်တို့ထဲတွင် မည်သူကမျှ ဤအန္တိခရစ်ကို ဖော်ထုတ်ခြင်း၊ သို့မဟုတ် တိုင်ကြားခြင်း မရှိခဲ့ပေ။ ထိုအရာမှာ သင်တို့သည် ညစ်ညမ်းသော နတ်ဆိုးများ၊ ဆိုးယုတ်သော ဝိညာဉ်များနှင့် ရောနှောရသည်ကို နှစ်သက်သည့်အလား ထင်ရပြီး သမ္မာတရားအတွက် သင်တို့တွင် ချစ်ခြင်းမေတ္တာ မရှိဟု ထင်ရသည်။ ဤအရာကို သင်တို့ အသိအမှတ်ပြုဖို့ မလိုလားကောင်း မလိုလားနိုင်သော်လည်း အမှန်တရားတစ်ခု ဖြစ်သည်။ သင်တို့သည် နတ်ဆိုးများနှင့် ရောနှောကြသည့်တိုင် ဤသည်မှာ အလွန်ကောင်းသည်ဟု သင်တို့ ထင်ကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရန် သို့မဟုတ် သမ္မာတရားကို လိုက်စားရန် မလိုအပ်တော့ဟုလည်းကောင်း၊ သင်တို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် လုပ်ရိုးလုပ်စဉ်များအတိုင်းသာ လုပ်နိုင်သည်ဟုလည်းကောင်း တွေးထင်သည်။ ကယ်တင်ခြင်း ရရှိခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း သို့မဟုတ် သင်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းတို့နှင့်ပတ်သက်၍ ဒုက္ခခံရန် မလိုအပ်တော့ဟု သင် တွေးထင်သည်။ မည်သူကမျှ တာဝန်ယူခြင်းမရှိသကဲ့သို့ ထိုအန္တိခရစ်ကို မည်သူကမျှ ဖော်ထုတ်ခြင်း၊ တိုင်ကြားခြင်းမရှိဘဲ၊ ယခင်အချိန်တုန်းက စားသောက်၊ ပျော်ပါးပြီး မည်သည့် လျော်ကန်သည့် အလုပ်မျှ မလုပ်သည့် သောဒုံမြို့သားများကဲ့သို့ပင် သင်တို့၏ ဇာတိပကတိကို လိုက်လျောကာ လွတ်လွတ်ကင်းကင်းဖြစ်ပြီး အနှောင်အဖွဲ့မရှိဘဲ နေနိုင်သည်ဟု သင် ယုံကြည်လေသည်။ ဤအရာက အသင်းတော်အား အချိန်ကြာမြင့်စွာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိခြင်းအဖြစ်သို့ ဆိုက်ရောက်စေသည်။ ပြီးလျှင် သင်တို့က အရေးမစိုက်ကြ၊ သင်တို့သည် အကျင့်ပျက်ခြင်းအဖြစ်သို့ ကျဆင်းသွားကြပြီးသားဖြစ်သည်။ ယုံကြည်ခြင်းမရှိသူများနှင့်လည်းကောင်း၊ ဘာသာတရားမရှိသူများနှင့်လည်းကောင်း မကွာခြားပေ။ သင်တို့သည် တရားဒေသနာများကို နှစ်ချီ နားထောင်နေခဲ့ကြပြီး ယခုတွင်ပင်လျှင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို သင်တို့ မသိမြင်နိုင်ကြသေးပေ။ ထိုအစား အန္တိခရစ်များနှင့် ရောနှောကာ မည်သည့်အရာကိုမျှ အလေးအနက် လုံးဝ မထားဘဲ တစ်နေ့လုံး စားဖို့ရန် လိုလားနေကြသည်။ ထိုသို့သော အပြုအမူသည် သင်တို့အနေဖြင့် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်သူများ မဟုတ်ကြောင်းကို ပြသရန် လုံလောက်သည်။ ဦးစွာပထမ သင်တို့သည် သမ္မာတရားကို မချစ်ကြပေ သို့မဟုတ် သမ္မာတရားကို လက်မခံကြပေ။ ဒုတိယအနေဖြင့် သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ သင်တို့ ထမ်းဆောင်သည်ဟု ပြောနိုင်ရန်မဆိုထားနှင့်၊ ထိုတာဝန်အတွက် တာဝန်ယူသည့်စိတ် သင်တို့တွင် မရှိကြသကဲ့သို့ အသင်းတော်အလုပ်ကို သင်တို့ ဤအတိုင်း လျစ်လျူရှုကြသည်။ သင်တို့၏ တာဝန်ကို သင်တို့ ထမ်းဆောင်ပုံ ပေါ်သော်လည်း မည်သည့် ရလဒ်မျှ မရရှိကြပေ။ သင်တို့သည် လုပ်ရိုးလုပ်စဉ်များကိုသာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များက အသင်းတော်အလုပ်ကို မည်မျှ နှောင့်ယှက်ကာ ထိခိုက်နစ်နာစေသည်ဖြစ်စေ ထိုအရာကို သင်တို့ လုံးဝ မသိကြသကဲ့သို့ ထိုအရာကလည်း သင်တို့ကို လုံးဝ အနှောင့်အယှက် မဖြစ်စေပေ။ အန္တိခရစ်တစ်ဦးက လုံးဝ ထုတ်ဖော်ခံရသည့်အခါတွင်သာ သင်တို့တွင် ချင့်ချိန်နိုင်စွမ်းမရှိကြောင်းကို သင်တို့ အသိအမှတ်ပြုကြသည်။ အသေးစိတ်အချက်များကို ငါ မေးသည့်အခါ သင်တို့က “ကျွန်ုပ်မသိပါ၊ ကျွန်ုပ် တာဝန်မရှိပါ”ဟု ပြောကြသည်။ ဤကိစ္စရပ်အပေါ် သင်တို့ လုံးဝ လက်ရှောင်ကြသည်။ ဤသို့ပြောခြင်းအားဖြင့် ကိစ္စရပ်က ပြီးစီးသွားကာ သင်တို့အနေဖြင့် သင်တို့၏တာဝန်ကို ရှောင်ရှားနိုင်လိမ့်မည်ဟု သင်တို့ ထင်သလော။ ဘုရားအိမ်တော်က ထိုအရာကို စစ်ဆေးလိမ့်မည် မဟုတ်တော့သလော။ ဘုရားအိမ်တော်က သင်တို့ကို ဤတစ်ချိန်လုံး ရေလောင်းပေးပြီးဖြစ်ကာ သင်တို့သည် တရားဒေသနာများစွာကို နားထောင်ပြီးဖြစ်သည်။ ပြီးလျှင် ရလဒ်မှာ အဘယ်နည်း။ အသင်းတော်တွင် အန္တိခရစ်တစ်ဦး ပေါ်ထွက်နေခြင်းနှင့်ဆိုင်သည့် ဤစိုးရိမ်ရသော ပြဿနာရှိနေသော်လည်း သင်တို့က မသိကြပေ။ ဤအရာက သင်တို့သည် လုံးဝ တိုးတက်ခြင်း မရှိသေးကြောင်း၊ ထုံထိုင်းကာ နုံအကြကြောင်းနှင့် သင်တို့၏ ဇာတိပကတိကို လိုက်လျောကြကြောင်း ပြသပေသည်။ သင်တို့သည် အသက်ရှင်သူ တစ်ဦးမျှ မရှိသည့်၊ သမ္မာတရား လိုက်စားသူ တစ်ဦးမျှ မရှိ၊ လူသေပုံကြီးတစ်ခု ဖြစ်သည်။ အလွန်ဆုံးအနေဖြင့် အလုပ်လုပ်ပေးသူများ အနည်းငယ်သာ ရှိသည်။ ဤတစ်ချိန်လုံး ဘုရားသခင်ကို ယုံကြည်ပြီး တရားဒေသနာများကို နားထောင်ပြီးနောက် အန္တိခရစ်နှင့် ရောနှောခြင်း၊ သူ့ကို မဖော်ထုတ်ဘဲနေခြင်း သို့မဟုတ် မတိုင်ကြားဘဲနေခြင်းဖြင့် သင်တို့နှင့် ဘုရားသခင်ကို မယုံကြည်သောသူတစ်ဦးတို့ကြား ခြားနားချက်မှာ အဘယ်နည်း။ သင်တို့သည် အန္တိခရစ်များ၏ ဘက်တော်သားများဖြစ်သည်။ ဘုရားသခင်၏ လူများ မဟုတ်ကြ။ အန္တိခရစ်များနောက်သို့ သင်တို့ လိုက်ကြသည်၊ စာတန်နောက်သို့ လိုက်ကြပြီး ဘုရားသခင်၏ နောက်လိုက်များ လုံးဝ မဟုတ်ကြပေ။ သင်တို့က အန္တိခရစ် လုပ်ဆောင်ခဲ့သည့် ဆိုးယုတ်သောအရာများကို မလုပ်ဆောင်ခဲ့သော်လည်း သူ့နောက်သို့လိုက်ကြပြီး သူ့ကို ကာကွယ်ပေးခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် သူ့ကို မဖော်ထုတ်ခဲ့ကြ သို့မဟုတ် မတိုင်ကြားခဲ့ကြသကဲ့သို့ အန္တိခရစ်နှင့် ထိုမျှ အပေါင်းအသင်း မလုပ်ခဲ့ကြောင်းနှင့် သူ မည်သည့်အရာ လုပ်ဆောင်နေသည်ကို မသိကြောင်း တတွတ်တွတ်ပြောခဲ့သောကြောင့် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် သင်တို့သည် အခြေအနေကို အပြည့်အဝ သိလျက်သားနှင့် အန္တိခရစ်ကို ကာကွယ်ပေးနေခဲ့ခြင်း မဟုတ်လော။ အန္တိခရစ်သည် အလွန်များသည့် ဆိုးယုတ်မှုကို လုပ်ဆောင်ခဲ့ပြီး အသင်းတော်အလုပ်ကို တုံ့ဆိုင်းရပ်တန့်သွားစေခဲ့သည်။ အသင်းတော် အသက်တာကို လုံးဝ အရှုပ်အထွေးတစ်ခုအဖြစ်သို့ ရောက်အောင် နှောင့်ယှက်ခဲ့ပြီးသည့်တိုင် အန္တိခရစ်က မည်သည့်အရာ လုပ်ဆောင်နေသည်ကို သင်တို့ မသိကြောင်း ပြောဆိုသည်။ ယင်းကို အဘယ်သူ ယုံမည်နည်း။ အန္တိခရစ်က အသင်းတော် အလုပ်ကို နှောင့်ယှက်ကာ ထိခိုက်နစ်နာနေစေသည်ကို သင်တို့ မျက်စိတပ်အပ် မြင်ခဲ့ကြပြီးသည့်တိုင် အလျှင်း ဂရုမစိုက်သကဲ့သို့ လုံးဝ မတုံ့ပြန်ခဲ့ပေ။ သူ့ကို မည်သူကမျှ မဖော်ထုတ်ခဲ့ကြပေ၊ သို့မဟုတ် မတိုင်ကြားခဲ့ပေ။ သင်တို့အားလုံးသည် ဤသေးငယ်သော တာဝန်လေးကိုပင် ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ကြပြီး သင်တို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အလွန်မဲ့ကြပေသည်။ နေရာမျိုးစုံမှ အသင်းတော်များသည် လတ်တလောတွင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို တိုင်ကြားသည့် တိုင်ကြားစာများကို မကြာမကြာ ပေးပို့နေကြသည်။ ဤသည်ကို သင်တို့ မမြင်ဖူးကြသလော။ ကနေဒါ အသင်းတော်တစ်ခုတည်းသာ မိမိ၏ အခြေအနေနှင့်ပတ်သက်၍ အစီရင်ခံချက်တစ်ခုပေးရန် အထက်နှင့် လုံးဝ အဆက်အသွယ် မလုပ်သေးသည့် ရပ်တန့်နေသောရေအိုင်တစ်ခု ဖြစ်သည်။ သင်တို့သည် တစ်ဦးမျှ လုံးဝ အသက်မရှင်သည့် လူသေတစ်သိုက်သာ ဖြစ်သည်။ ထိုသို့သော အသင်းတော်တစ်ပါးကို ဘုရားသခင်က အသိအမှတ်ပြုလိမ့်မည် မဟုတ်သကဲ့သို့ သင်တို့ နောင်တမရလျှင် သင်တို့ လုံးဝ အဆုံးသတ်မည်ဖြစ်ပြီး အားလုံး ဖယ်ရှားရှင်းလင်းခြင်း ခံရကြလိမ့်မည်။

ယနေ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်ဖြစ်သည်။ ယနေ့မှစ၍ ကနေဒါ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့သည် တစ်နှစ်ကြာ သီးခြားနေကာ ဆင်ခြင်သုံးသပ်သည့် ကာလတစ်ခုကို တရားဝင် ကြုံရလိမ့်မည်။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တွင် လူမည်မျှ ရှိသနည်း။ (ဘုရားသခင်၊ ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့တွင် လူ ၃၄ယောက် ရှိပါသည်။) ပြီးလျှင် ခေါင်းဆောင် မည်မျှရှိသနည်း။ (နှစ်ယောက်ရှိပါသည်။) ကောင်းပြီ၊ သို့ဆိုလျှင် သင်တို့ နှစ်ဦး ထလော့၊ သင်တို့ကို ငါ ကြည့်မည်။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တွင် ရှိသော အသင် လူတို့၊ ဇူလိုင် ၁၀ ရက်နေ့ဖြစ်သည့် ဤနေ့ရက်ကို အောက်မေ့ကြလော့။ ယနေ့မှစ၍ ကနေဒါ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့သည် တစ်နှစ်တာ ကာလကြာ ဘီအုပ်စုသို့ တရားဝင် ထည့်သွင်းခြင်း ခံရလိမ့်မည်ဖြစ်သည်။ သင်တို့ နောင်တရလျှင် ပုံမှန် အသင်းတော်ဆီသို့ ပြန်သွားနိုင်သည်။ ဤတစ်နှစ်အတွင်း သင်တို့၏ အပြုအမူက မည်သို့ဖြစ်သည်ကို ငါတို့ ကြည့်မည်။ သင်တို့၏ တာဝန်ကို သင်တို့ ဆက်လက်ထမ်းဆောင်နိုင်ပြီး နောင်တရကြောင်း ပြလျှင် အသင်းတော် အသက်တာ အသက်ရှင်ခြင်းကို ပြန်စနိုင်သည်။ သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) ဤကာလအတောအတွင်းတွင် သင်တို့၏ တာဝန်များက မပြောင်းမလဲ ရှိနေမည်ဖြစ်သည်။ သင်တို့ထဲမှ အချို့က ရှင်းလင်းပစ်ခြင်းခံရကာ နှင်ထုတ်ခြင်းမခံလိုလျှင် ဤသီးခြားနေခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်း နည်းလမ်းအား ခံယူခြင်းကို အဘယ်သို့ ထင်ကြသနည်း။ ထိုအရာနှင့်ပတ်သက်၍ သင်တို့ စိတ်ကျေနပ်ကြသလော။ (ကျေနပ်ပါသည်။) အဘယ်ကြောင့် သင်တို့ကို ငါ တစ်နှစ် အချိန်ပေးသနည်း။ (နောင်တရရန် အခွင့်အရေးကို ကျွန်ုပ်တို့အား ပေးရန်ဖြစ်သည်။) သင်တို့ကို နောင်တရရန် အခွင့်အရေးပေးဖို့ ဖြစ်သည်။ တစ်နှစ်ကြာပြီးနောက် သင်တို့၏ ပြုမူကျင့်ကြံမှုသည် ရှက်ဖွယ်ဖြစ်နေဆဲဖြစ်လျှင်၊ သင်တို့၏ အလုပ်ကျွမ်းကျင်မှုက အဆင့်မမီသေးလျှင်၊ သင်တို့၏တာဝန်ကို ထမ်းဆောင်နေချိန် အချိန်ဆွဲနေပြီး သင်တို့၏ တာဝန်သည် ယခင်ကကဲ့သို့ ပရမ်းပတာဖြစ်နေဆဲဖြစ်လျှင်၊ သင်တို့၏ အတတ်ပညာပိုင်းဆိုင်ရာ အလုပ်နှင့် အသက်ဝင်ရောက်မှုတွင် တိုးတက်မှုတစ်ခုမျှ ဖြစ်အောင် မလုပ်ရသေးသကဲ့သို့ မည်သည့်ရလဒ်မျှ လုံးဝ မရရှိသေးလျှင် နောက်ထပ်တစ်နှစ်တာကာလကြာ သင်တို့ ဆက်လက် သီးခြားထားခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ဤသို့ဖြင့် အချိန်ကာလသည် တစ်နှစ်ပြီးတစ်နှစ် တိုးခံရလိမ့်မည် ဖြစ်သည်။ သင်တို့အနေဖြင့် တိုးတက်မှုဖြစ်စေခဲ့သည့်အခါ ဆိုလိုသည်မှာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးအချို့ကို သင်တို့ ရေးသားနိုင်ပြီး သင်တို့၏ အပြုအမူ၊ နားလည်ခြင်းနှင့် အလုပ်ရလဒ်များအားလုံးက ဧကန်အမှန် အဆင့်မီသည့်အခါ အသင်းတော် အသက်တာ အသက်ရှင်ခြင်းကို သင်တို့ ပြန်လည်အစပြုနိုင်သည်။ ကနေဒါ အသင်းတော်ရှိ အခြားအဖွဲ့များအနေဖြင့် အသင်းတော် အသက်တာကို ဆက်လက် အသက်ရှင်နိုင်သည်။ အနာဂတ်တွင် သင်တို့၏ တာဝန် ထမ်းဆောင်မှုအပေါ် သင်တို့၏ သဘောထားက မည်ကဲ့သို့ဖြစ်သည်ကို ငါတို့ ကြည့်မည်။ သင်တို့က ရှက်ဖွယ်ကောင်းစွာ ပြုမူနေထိုင်ဆဲဖြစ်လျှင် ကနေဒါ အသင်းတော်ရှိ လူတိုင်း သီးခြားနေရလိမ့်မည်။ သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) ကိစ္စရပ်ကို ကိုင်တွယ်ခြင်း၏ ဤရလဒ်အပေါ် သင်တို့ အဘယ်သို့ တွေးထင်ကြသနည်း။ (ကောင်းပါသည်။) သင်တို့ ကောင်းသည်ဟု အမှန်တကယ် ဆိုလိုသလော သို့မဟုတ် ယင်းကို ပြောရုံမျှပြောခြင်းလော။ (အမှန်တကယ် ကောင်းပါသည်။) ကောင်းပြီ၊ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ စိတ်ကျေနပ်ကြသည်။ ထို့ကြောင့် ယနေ့ ဤဒေသနာသည် သင်တို့ နောက်ဆုံး ကြားရမည့်ဒေသနာ ဖြစ်သည်။ ငါ၏ မူလ ရည်ရွယ်ချက်မှာ သင်တို့ကို လုံးဝ သီးခြားထားကာ ဖယ်ရှားရှင်းလင်းရန်ဖြစ်ပြီး ဤတရားဒေသနာကို နားထောင်ခွင့်မပေးရန် ဖြစ်၏။ ဤနှစ်ကာလများတစ်လျှောက်လုံး သင်တို့ နားထောင်ပြီးဖြစ်သည့် တရားဒေသနာများသည် အချည်းနှီးဖြစ်ပြီး အမှုအရာတစ်ခုမျှ သင်တို့ မရရှိလေပြီ။ ထို့ကြောင့် အဘယ်ကြောင့် နားထောင်နေကြသေးသနည်း။ သင်တို့ကို ကြည့်ရသည်မှာ ငါ နာကျင်လွန်းလှသည်။ သင်တို့အားလုံး အလွန် ထုံထိုင်းကာ နုံအပုံပေါ်ကြသည်။

ယခင်က ကနေဒါ အသင်းတော်ရှိ ညီအစ်မတစ်ဦးနှင့် ငါ စကားစမြည်ပြောခဲ့ချိန်တွင် ထိုနေရာရှိ အခြေအနေမှာ မိုက်မဲသည့် ရယ်မောခြင်းနှင့် အစွန်းရောက် သောက်စားပျော်ပါးမှုသာ ဖြစ်သည်ကို ငါ ကြားခဲ့ရသည်။ အလွန် ဆူညံသည်မှာ သူမအနေဖြင့် စည်ကားသော မြို့လယ်နေရာတစ်ခုတွင် ရှိခဲ့သည့်အလား စာပင်မရိုက်နိုင်ခဲ့ပေ။ ထိုအခါ ငါသည် ထိုအသင်းတော်ကို စတင် အော့ကြောလန်လာပြီး ကနေဒါ အသင်းတော်မှ လူများသည် ဘုရားတရားကိုင်းရှိုင်းခြင်းမရှိဘဲ အားလုံးက မယုံကြည်သူများကဲ့သို့ သောက်စားပျော်ပါးကြကြောင်းနှင့် သမ္မာတရားကို မလိုက်စားကြကြောင်း ငါ ပြောခဲ့သည်။ နောက်ပိုင်းတွင် ရုပ်ရှင်ထုတ်လုပ်ရေး ကိစ္စနှင့်ပတ်သက်၍ ဤလူများနှင့် ငါ မိတ်သဟာယပြုခဲ့ပြီး ၎င်းတို့သည် လုံးဝ ထုံထိုင်းကြသည်။ “ထုံထိုင်းသည်”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့နှင့် ငါ စကားပြောနေချိန်တွင် ၎င်းတို့သည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းခံရကြသည့်အလား မျက်လုံးများ တစ်နေရာတွင် မျက်တောင်မခတ် စူးစိုက်လျက်၊ တုံ့ပြန်မှု သို့မဟုတ် မျက်နှာအမူအရာ ဘာဆိုဘာမျှ မပြကြပေ။ မည်သည့်အရာနှင့်ပတ်သက်၍မျှ တုံ့ပြန်မှု သို့မဟုတ် သဘောထား မရှိကြချေ။ ဤသည်မှာ စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤလူများ၏ စိတ်အခြေအနေနှင့် ပုံပန်းများအားဖြင့် အကဲဖြတ်ကြည့်ရခြင်းအားဖြင့် မည်သည့်အဖွဲ့မျှ ကောင်းသည့်အရာတစ်ခုမျှ မရှိပေ။ ၎င်းတို့အားလုံးက ပရမ်းပတာဖြစ်နေကြပြီး အထူးသဖြင့် ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တွင် လူတကာနှင့် သောင်းပြောင်း လိင်ဆက်ဆံသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့ကာ ၎င်းတို့က မည်သည့်အရာကိုမျှ မသိဟု ပြောနေကြဆဲ ဖြစ်သည်။ ၎င်းတို့ ပြောဆိုသည့်အရာက မှန်ကန်တိကျသလော။ ထိုအရာသည် လှည့်ဖြားတတ်သည် မဟုတ်လော။ အမှန်တွင် အန္တိခရစ်ဖြစ်သည့် ယန်နှင့်သက်ဆိုင်သည့် ဤကိစ္စရပ်ကို ခေါင်းဆောင်များနှင့် အမှုဆောင်များက ကိုင်တွယ်ပြီးသားဖြစ်သော်လည်း ထိုအရာသည် အလွန် ဆိုးရွားကာ မနှစ်မြို့စရာဖြစ်သောကြောင့် ငါသည် ကိုယ်တိုင်ကိုယ်ကျ ကြားဝင်လုပ်ဆောင်ခဲ့ရသည်။ အဘယ်ကြောင့် ငါ ကြားဝင်ခဲ့ရသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က ထိုအရာကို မှန်ကန်စွာ မကိုင်တွယ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လျှော့တွက်သည့် အရာတစ်ခု၊ နှစ်ခုကိုသာ ပြောခဲ့ကြသည်။ မည်သည့် ပြဿနာကိုမျှ ၎င်းတို့ မဖြေရှင်းနိုင်ခဲ့ကြသကဲ့သို့ ကိစ္စရပ်ကို လုံးဝ စိတ်ဖြာလေ့လာဆွေးနွေးနိုင်ခဲ့ကြခြင်း မရှိပေ။ သင်တို့သည် ယခု အဘယ်မျှ ထုံထိုင်းလိုက်ကြသနည်း။ သင်တို့သည် မျက်နှာကို အပ်ဖြင့် ထိုး၍ရနိုင်ပြီး သွေးမထွက်ဘဲရှိနိုင်သည်။ သင်တို့သည် မည်သည့်အရာကိုမျှ လုံးဝ မခံစားနိုင်ကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံး ပြုပြင်ခံရပြီးဖြစ်သော်လည်း နောက်ပိုင်းတွင် ၎င်းတို့ အတူတူပင်ဖြစ်ကာ မပြောင်းလဲခဲ့ကြပေ။ ထို့ကြောင့် ငါသည် ကြားဝင်ကာ သင်တို့၏ “ဆက်ဆံမှု”ကို ပြောင်းလဲခဲ့ရသည်။ ဤကိစ္စရပ်မှတစ်ဆင့် မည်သည့် သင်ခန်းစာများကို သင်တို့ သင်ယူပြီးပြီနည်း။ သင်တို့ စိတ်နှလုံးများတွင် နေမထိထိုင်မသာဖြစ်ခြင်းကို ခံစားရသည်၊ မှန်သလော။ အမှုအရာများကို ငါ ဤသို့ ကိုင်တွယ်ခြင်းက မျှတသည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) အဘယ်သို့ဖြစ်၍များ မျှတရသနည်း။ ငါ ပွင့်လင်းစွာ စကားပြောမည်။ သင်သည် မှန်ကန်သည့် လမ်းကြောင်းကို မလိုက်လျှောက်လျှင် သို့မဟုတ် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင်၊ ဘုရားသခင်ကို ယုံကြည်ခြင်း အောင်လံအား သင် ဝှေ့ယမ်းသော်လည်း ဘာသာတရားမရှိသူများကဲ့သို့သာ အသက်ရှင်လိုပြီး လက်လွတ်စပယ် ပြုမူလိုလျှင် ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းက အဓိပ္ပာယ်မဲ့ပေသည်။ အဓိပ္ပာယ်မဲ့သည်ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်သည် မည်သည့်နေရာတွင် တည်ရှိသနည်း။ လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်း၊ ဘဝနှင့်ပတ်သက်၍ ၎င်းတို့၏ သဘောထားအမြင်နှင့် ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ၎င်းတို့၏ ဘဝ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့ လုံးဝ ပြောင်းလဲခြင်း၊ ဤအရာများတွင် ဘုရားသခင်ကို မယုံကြည်သောသူများနှင့် ကွဲပြားလာခြင်း၊ လောကီဆန်သော လူများနှင့်လည်းကောင်း၊ နတ်ဆိုးများနှင့်လည်းကောင်း လုံးဝ ကွဲပြားလာခြင်းနှင့် ယုံကြည်သူများ လျှောက်လှမ်းသည့် လမ်းကြောင်းက ထိုသူများ၏ လမ်းကြောင်းနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ခြင်းတို့တွင် တည်ရှိပေသည်။ ဤဆန့်ကျင်ဘက်ဖြစ်သော ဦးတည်ချက်မှာ အဘယ်အရာနည်း။ သင့်အနေဖြင့် လူကောင်းတစ်ဦး ဖြစ်ရန်လည်းကောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး၊ လူသား ပုံသဏ္ဌာန်ရှိသူတစ်ဦး ဖြစ်ရန်လည်းကောင်း အလိုရှိခြင်းဖြစ်သည်။ သို့ဆိုလျှင် ဤအရာကို သင် မည်သို့ စွမ်းဆောင်ရရှိနိုင်သနည်း။ သမ္မာတရားအတွက် ကြိုးပမ်းခြင်းအပေါ် သင် အာရုံစိုက်သင့်ပြီး ထို့နောက်တွင်မှ သင် ပြောင်းလဲနိုင်လိမ့်မည်။ သင်သည် သမ္မာတရားကို မလိုက်စားလျှင်၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း မရှိလျှင်၊ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းသည် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးမရှိပေ။ သင်၏ ယုံကြည်ခြင်းသည် မည်သည့် အကျိုးတရားမျှမရှိဘဲ အနှစ်မဲ့သော အခွံတစ်ခု၊ လှည့်စားရန် ရည်ရွယ်သည့် နတ်ဆိုးဆန်သော စကားများ၊ အနှစ်မဲ့သော စကားများသာ ဖြစ်သည်။ ဤနေရာ၌ ငါ ပြောသည့်အရာကို သင်တို့ စဉ်းစားချင့်ချိန်သင့်ကြသည်။ ဤစကားများသည် အရိုးရှင်းဆုံးနှင့် အခြေခံအကျဆုံး သမ္မာတရားများဖြစ်ပြီး သင်တို့သည် ယခင်က ချင့်ချိန်စဉ်းစားရခြင်း မရှိသေးဘဲဖြစ်နိုင်သည်။ ထိုသို့ ဖြစ်သလော။ သင်က “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ် လုပ်သင့်သည့်အရာကို လုပ်မည်။ ကျွန်ုပ် လုပ်ချင်သည့်အရာကို လုပ်မည်ဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်ကို သစ္စာစောင့်သိခြင်းနှင့် လူ့သဘာဝရှိသော လူတစ်ဦးဖြစ်ခြင်းတို့အတွက်မူ ထိုအရာများသည် ကျွန်ုပ်နှင့် ဘာမျှ မပတ်သက်ပါ”ဟု ပြောလျှင်၊ ဤအရာများက သင်နှင့် မည်သည့် ပတ်သက်မှုမျှမရှိလျှင် သင် ဘုရားသခင်ကို ယုံကြည်နေခြင်းအားဖြင့် မည်သည့်အဓိပ္ပာယ် ရှိသနည်း။ သင်သည် သူ့ကို အဘယ်ကြောင့် ယုံကြည်သနည်း။ သူ့ကို သင် မည်သို့ ယုံကြည်ချင်သနည်း။ ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် မည်သည့် လူစားမျိုး သင် ဖြစ်လိုသနည်း။ ဤအရာများက သင်နှင့် မည်သည့် ပတ်သက်မှုမျှမရှိလျှင် ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းသည် တကယ်ကို အဓိပ္ပာယ်မရှိပေ။ သင်၏ အယူအဆများနှင့် စိတ်ကူးများအပေါ် မှီခိုရင်း ဘုရားသခင်ကို သင် အမြဲ ယုံကြည်လျှင်၊ သင်၏ နှစ်သက်မှုများအတိုင်း အမှုအရာများကို သင် အမြဲ လုပ်ဆောင်လျှင်၊ သင် လုပ်ဆောင်လိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး သင်၏ ဇာတိပကတိကို လိုက်လျောလျှင် သင်၏ အတွေးများနှင့် အမြင်များသည်လည်းကောင်း၊ သင်လုပ်ဆောင်သည့် အရာများသည်လည်းကောင်း၊ သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှ မရှိသကဲ့သို့ ဘုရားသခင် တောင်းဆိုသည့်အရာနှင့်လည်း မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းသည် ထိုအခါ အဓိပ္ပာယ်မဲ့ပြီး သင့်အတွက် ဆက်ယုံကြည်ရန် မလိုအပ်ပေ။ သင့်အနေဖြင့် ဆက်ယုံကြည်လျှင်ပင် အချည်းနှီး အားထုတ်မှု ဖြစ်မည်ဖြစ်ကာ ဘုရားသခင်က သင့်ကို ကယ်တင်မည် မဟုတ်ပေ။

ဤအကြောင်းအရာသည် အလွန် ကြီးလေးသော အကြောင်းအရာတစ်ခုဖြစ်ပြီး ဤကိစ္စရပ်ကို ကိုင်တွယ်ခြင်းနှင့် ပတ်သက်၍ သင်တို့အားလုံး စိတ်ပျက်ကြသည်။ ထိုအရာသည် အနည်းငယ် မျှော်လင့်မထားသောအရာ ဖြစ်သည်။ မည်သို့ဆိုစေ အနာဂတ်တွင် ဤဖြစ်ရပ်များ တစ်ဖန် ရှိလိမ့်မည် ဖြစ်သည်။ ယခု ဤကိစ္စရပ်ကို ငါတို့ ဤသို့ ကိုင်တွယ်ပြီဖြစ်သဖြင့် အနာဂတ်တွင် ဤအရာမျိုး ထပ်ဖြစ်လျှင် ယင်းကို ဤသို့ ကိုင်တွယ်လိမ့်မည် မဟုတ်ဘဲ သာ၍ တင်းကျပ်စွာ ကိုင်တွယ်ကောင်း ကိုင်တွယ်ခံနိုင်မည်ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ သင့်လျော်သလော။ (သင့်လျော်ပါသည်။)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။