အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁) အခန်း နှစ်

ဆက်လက်၍၊ အတော်လေး ပိုလွယ်သည့် အကြောင်းအရာတစ်ခုအပေါ် ငါတို့ မိတ်သဟာယပြုမည်။ ပုံပြင်များ နားထောင်ရခြင်းကို သင်တို့ နှစ်သက်ကြသလော။ (နှစ်သက်ပါသည်။) သို့ဆိုလျှင် သင်တို့ကို ပုံပြင်တစ်ခု ငါ ပြောမည်။ သင်တို့အား မည်သည့်ပုံပြင် ပြောပြအပ်သနည်း။ မည်သည့် အကြောင်းအရာမျိုးကို သင်တို့ ကြားလိုကြမည်နည်း။ ပုံပြောခြင်းကို နှစ်သက်သလော၊ သို့မဟုတ် လက်ရှိ အရေးကိစ္စများ၊ နိုင်ငံရေးကို ဆွေးနွေးခြင်းကို နှစ်သက်သလော၊ သို့မဟုတ် သမိုင်းအကြောင်းကို နားထောင်ခြင်းအား သင်တို့နှစ်သက်ကြသလော။ ထိုအရာများအကြောင်း ပြောခြင်းသည် အဓိပ္ပာယ်မဲ့သဖြင့် ယင်းတို့အကြောင်းကို ငါတို့ ပြောမည်မဟုတ်။ ဘုရားသခင်ကို ယုံကြည်သည့် လူများ၏ အပြုအမူအကြောင်း ပုံပြင်ဇာတ်လမ်းတစ်ပုဒ်၊ လူတို့၏ စိတ်သဘောထားများနှင့် နေ့စဉ်ဘဝတွင် လူတို့ တွေ့ကြုံသည့် အမျိုးမျိုးသော အခြေအနေများအကြောင်းကို သင်တို့အား ငါ ပြောပြမည်။

ဖြည့်စွက်ချက်-

အရင်းအနှီးအကြောင်း ဆွေးနွေးချက်တစ်ခု-
“ဘာပဲဖြစ်ဖြစ်ပါ”

လူငါးဦး အတူတကွ စကားစမြည်ပြောဆိုနေခဲ့ကြပြီး သူတို့ထဲမှ မောင်တက္ကသိုလ်ဟု ခေါ်သော သူတစ်ဦးက “ကျွန်ုပ် တက္ကသိုလ်တက်သည့်အချိန်က ကျောင်းဝင်းထဲ ကျင်လည်ရသော ဘဝသည် ကျွန်ုပ် အလွမ်းဆွတ်ရဆုံးသောအရာ ဖြစ်သည်။ ကျောင်းဝင်းသည် အပင်အမျိုးမျိုးဖြင့် ပြည့်နှက်နေပြီး နွေဦးနှင့် ဆောင်းဦးရာသီများအတွင်း ရှုခင်းမှာ အလွန် လှပသဖြင့် ယင်းက ကျွန်ုပ်ကို စိတ်အေးချမ်းပြီး ပျော်ရွှင်စေခဲ့သည်။ ထိုအချိန်က ကျွန်ုပ်သည် ငယ်ရွယ်ပြီး ရည်သန်မျှော်မှန်းချက်များဖြင့် ပြည့်ကာ အပြစ်ကင်းစင်ပြီး ဖိအားများစွာလည်း မရှိခဲ့ပါ။ တက္ကသိုလ်၌ ကျွန်ုပ်၏ သုံးနှစ်တာကာလအတွင်း ဘဝသည် အလွန် လွယ်ကူခဲ့သည်။ အကယ်၍ ကျွန်ုပ်သည် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ် နောက်ပြန်သွားနိုင်ပြီး ကျောင်းဝင်းထဲ ကျင်လည်ရသော ဘဝသို့ ပြန်သွားနိုင်မည်ဆိုလျှင် ဤဘဝ၌ ဝမ်းမြောက်ပျော်ရွှင်ဖွယ် အကောင်းဆုံးအရာဖြစ်လိမ့်မည်ဟု ကျွန်ုပ် ထင်ပါသည်...” ဟု ဆိုသည်။ ဤသည်မှာ ပထမဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး သူ့အမည်မှာ မောင်တက္ကသိုလ် ဖြစ်သည်။ တက္ကသိုလ်က ဘာအဓိပ္ပာယ်ရှိသနည်း။ ၎င်းမှာ တက္ကသိုလ်ကျောင်းသားဟု အဓိပ္ပာယ်ရသည်၊ ဤသည်မှာ မောင်တက္ကသိုလ်ဟူသောအမည် ဖြစ်လာပုံဖြစ်သည်။ မောင်တက္ကသိုလ်၏ ဝမ်းမြောက်ပျော်ရွှင်ဖွယ်ဘဝကို အပြည့်အဝ ပြန်လည်အမှတ်ရပြီး မခံစားရသေးမီတွင် မောင်ဘွဲ့ရက “သုံးနှစ်တာ သင်တန်းတစ်ခုကို တက္ကသိုလ်သင်ရိုးဟု မှတ်ယူနိုင်မည်လော။ ယင်းမှာ သက်မွေးပညာသင်တန်းတစ်ခု ဖြစ်သည်။ တက္ကသိုလ်၌ ဘွဲ့တစ်ခုသည် အများအားဖြင့် လေးနှစ် ကြာမြင့်သည်၊ ထိုသည်ကိုသာ တက္ကသိုလ်သင်ရိုးဟု မှတ်ယူနိုင်ပါသည်။ ကျွန်ုပ်သည် တက္ကသိုလ်၌ လေးနှစ် တက်ခဲ့သည်။ ကျွန်ုပ်၏ တက္ကသိုလ်တက်ခဲ့သည့် နှစ်များအတွင်း အရည်အချင်းရှိသူဈေးကွက်သည် တက္ကသိုလ်ကျောင်းသားများဖြင့် ပြည့်နေခဲ့ပြီး အလုပ်တစ်ခု ရှာဖွေရန် ခက်ခဲသည်ကို ကျွန်ုပ် တွေ့ခဲ့ရသည်။ ထို့ကြောင့် ကျွန်ုပ် ဘွဲ့မရမီတွင် ကျွန်ုပ်သည် ထိုအကြောင်း စဉ်းစားတွေးတောခဲ့ပြီး ဘွဲ့လွန်သင်တန်းတစ်ခုကို ဆည်းပူးရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်က ဘွဲ့လွန်ကျောင်းသားများစွာ မရှိခဲ့သဖြင့် အလုပ်တစ်ခု ရှာဖွေခြင်းမှာ လွယ်ကူလိမ့်မည်။ မျှော်လင့်ထားသည့်အတိုင်း ကျွန်ုပ်၏ ဘွဲ့လွန်သင်တန်းမှ ဘွဲ့ရပြီးသည့်နောက် ကျွန်ုပ်သည် ဝင်ငွေကောင်းသော အလုပ်ကောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အလွန်ကောင်းမွန်စွာ နေထိုင်ခဲ့သည်။ ဤသည်မှာ ဘွဲ့လွန်ကျောင်းသားတစ်ဦး ဖြစ်ခြင်း၏ အကျိုးရလဒ် ဖြစ်သည်” ဟူ၍ ထုတ်ပြောလာလေသည်။ ဤသည်ကို ကြားခြင်းမှ သင် မည်သည့်သတင်းစကားကို ရရှိသနည်း။ မောင်တက္ကသိုလ်သည် သက်မွေးပညာသင်တန်းမှ ဘွဲ့ရခဲ့ပြီး မောင်ဘွဲ့ရမှာမူ ဘွဲ့လွန်သင်တန်းမှ ဘွဲ့ရခဲ့ကာ ကြွယ်ဝသော ဝင်ငွေကို ရရှိခဲ့ပြီး လူ့အဖွဲ့အစည်း၌ အဆင့်အတန်းနှင့် လေးစားမှုကို ရရှိခဲ့သည်။ မောင်ဘွဲ့ရသည် ပျော်ရွှင်စွာ စကားပြောဆိုနေခဲ့ပြီး ထို့နောက် မောင်မန်နေဂျာက “ချာတိတ်၊ သင်သည် ငယ်ရွယ်သေးသည်။ သင်သည် လူ့အဖွဲ့အစည်းတွင် မည်သည့် အတွေ့အကြုံမျှ မရှိသေးပေ။ သင်သည် မဟာဘွဲ့တစ်ခုအတွက် သင်ယူသည်ဖြစ်စေ၊ ပါရဂူဘွဲ့တစ်ခုအတွက် သင်ယူသည်ဖြစ်စေ အရေးမပါပေ၊ တက္ကသိုလ်၌ အဓိက ဘာသာရပ်ကောင်းတစ်ခုကို ရွေးချယ်ခြင်းကို မည်သည့်အရာကမျှ မယှဉ်နိုင်ပေ။ ကျွန်ုပ် တက္ကသိုလ် စမတက်မီက ဈေးကွက်ကို သုတေသနပြုခဲ့ပြီး အရွယ်အစားမျိုးစုံရှိသော စီးပွားရေးလုပ်ငန်းများသည် စီမံခန့်ခွဲရေး ကျွမ်းကျင်မှုများ ရှိသောသူတို့ကို လိုအပ်နေသည်ကို တွေ့ရှိခဲ့သည်၊ ထို့ကြောင့် ကျွန်ုပ် တက္ကသိုလ်တက်သောအခါ ဈေးကွက် စီမံခန့်ခွဲမှုကို သင်ယူရန် ရွေးချယ်ခဲ့ပြီး ကျွန်ုပ် ဘွဲ့ရသောအခါ ကျွန်ုပ်သည် ကုမ္ပဏီတစ်ခု၏ ထိပ်တန်း မန်နေဂျာများထဲမှ တစ်ဦး၊ တစ်နည်းအားဖြင့် စီအီးအိုဟု သိကြသောသူ ဖြစ်လာပေမည်။ ကျွန်ုပ် ဘွဲ့ရသောအခါ အရွယ်အစားမျိုးစုံရှိသော အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းများသည် ကျွန်ုပ်ကဲ့သို့ အရည်အချင်းရှိသူများကို လိုအပ်နေသည့် အချိန်ဖြစ်ခဲ့သည်။ ဈေးကွက်သည် အလွန် ကြီးမားခဲ့ပြီး ကျွန်ုပ် အလုပ်များ စတင်လျှောက်ထားသောအခါ ကုမ္ပဏီအချို့သည် ကျွန်ုပ်ကို ချက်ချင်းလုယူရန် ကြိုးစားခဲ့ကြသည်။ အဆုံးတွင် ကျွန်ုပ်သည် ၎င်းတို့ထဲမှ စိတ်ကြိုက်ရွေးချယ်ခဲ့သည်။ ကျွန်ုပ်သည် အကောင်းဆုံးသော နိုင်ငံခြား ကုမ္ပဏီတစ်ခုကို ရွေးချယ်ခဲ့ပြီး ဝင်ငွေများပြားသော မန်နေဂျာတစ်ဦး ချက်ချင်း ဖြစ်လာခဲ့သည်။ ငါးနှစ်အတွင်း ကျွန်ုပ်သည် ကိုယ်ပိုင်ကားကို ဝယ်ယူခဲ့ပြီး ဖြစ်သည်။ အလွန်လိမ္မာပါးနပ်သည် မဟုတ်လော။ ကျွန်ုပ်၏ ရွေးချယ်မှုများ ကောင်းမွန်လှပေသည်၊ မဟုတ်လော” ဟု ဆိုသည်။ မောင်မန်နေဂျာ စကားပြောဆိုနေစဉ်တွင် သူ၏ရှေ့မှ ပြောသွားသော လူနှစ်ဦးသည် အတော်အတန် အတိုက်အခံဖြစ်သော်လည်း သူတို့သည် မည်သည့်အရာမျှ မပြောဆိုခဲ့ကြပေ။ သူတို့၏ စိတ်နှလုံးထဲ၌ “သူသည် ထိပ်တန်း မန်နေဂျာတစ်ဦးဖြစ်ပြီး အမြော်အမြင် ရှိသည်။ သူသည် ကျွန်ုပ်တို့ထက် များစွာသာလွန်သော အရင်းအနှီး ရှိသည်။ ကျွန်ုပ်တို့ အတော်အတန် အတိုက်အခံ ဖြစ်သော်ငြားလည်း မည်သည့်အရာမျှ ပြောဆိုမည် မဟုတ်ပေ။ ကျွန်ုပ်တို့ အရှုံးပေးလိုက်မည်” ဟု တွေးကြသည်။ မောင်မန်နေဂျာ စကားပြောပြီးသောအခါ သူသည် မိမိကိုယ်ကို အလွန် ကျေနပ်နေခဲ့ပြီး ဤလူငယ်များသည် သူ့လောက် အတွေ့အကြုံ မရှိကြဟု တွေးထင်နေခဲ့သည်။ သူ ထိုသို့ အလွန် ကျေနပ်နေစဉ်မှာပင် မောင်အရာရှိ ဆိုသောသူတစ်ဦးက စတင်၍ စကားပြောသည်။ အခြားသုံးယောက်က ပြောခဲ့သည့်အရာကို မောင်အရာရှိက များစွာတွေးတောခြင်းမရှိ။ သူသည် သူ၏ ရေနွေးကြမ်းခွက်ကို စိမ်ပြေနပြေကိုင်ပြီး တစ်ငုံသောက်ကာ ဘေးဘီသို့ကြည့်၍ “ယနေ့ခေတ်တွင် လူတိုင်းသည် တက္ကသိုလ်ကျောင်းသားများ ဖြစ်နေကြသည်။ တက္ကသိုလ်သို့ မတက်ရောက်နိုင်သည့်သူ မည်သူရှိသနည်း။ တက္ကသိုလ်သို့ တက်ရုံမျှဖြင့် မလုံလောက်သကဲ့သို့ စီးပွားရေးလုပ်ငန်းထဲသို့ ဝင်ရုံမျှဖြင့်လည်း မလုံလောက်ပေ။ သင်သည် ထိပ်တန်း မန်နေဂျာတစ်ဦး ဖြစ်လျှင်ပင် ယင်းသည် တစ်သက်တာ အလုပ်အကိုင် မဟုတ်ပေ၊ ယင်းသည် မတည်ငြိမ်ပေ။ အဓိကအချက်မှာ လုံခြုံသော အလုပ်အကိုင်တစ်ခုကို ရှာဖွေရန်ဖြစ်ပြီး ထို့နောက်တွင် သင်သည် ဘဝအတွက် အာမခံချက်ရှိပြီ ဖြစ်သည်” ဟု ဆိုသည်။ အခြားသူများ ဤသည်ကို ကြားသောအခါ သူတို့က “တစ်သက်တာ အလုပ်အကိုင်လော။ ယနေ့ခေတ်တွင် ထိုသို့သောအရာမျိုးကို မည်သူ ပြောဆိုကြသေးသနည်း။ ယင်းမှာ အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သည်” ဟု ဆိုကြသည်။ မောင်အရာရှိက “အတိတ်တွင် ကျန်ခဲ့ပြီဟုဆိုသလော။ ဟွန်း၊ သင်တို့အားလုံးသည် အမြော်အမြင်မရှိဖြစ်ပြီး အသိအမြင် ကင်းမဲ့သောကြောင့်သာ ထိုသို့ ဆိုကြခြင်း ဖြစ်သည်။ သင်သည် တစ်သက်တာ အလုပ်အကိုင်တစ်ခုကို ရရှိသောအခါ သင်၏ ဝင်ငွေသည် အနည်းငယ် နည်းပါးသော်ငြားလည်း ယင်းသည် တည်ငြိမ်သော ဘဝကို အာမခံပြီး သင့်၌ အာဏာ ရှိကာ နေရာတိုင်းတွင် ဩဇာရှိနိုင်ပေသည်။ ကျွန်ုပ် အစိုးရဝန်ထမ်းတစ်ဦး ဖြစ်ရန် စာမေးပွဲ ဖြေဆိုသောအခါ လူအများစု နားမလည်ခဲ့ကြဘဲ အဘယ်ကြောင့် ဤမျှ ငယ်ရွယ်သော လူတစ်ဦးက အစိုးရဌာနများတွင် အလုပ်လုပ်လိုရသနည်းဟု မေးမြန်းခဲ့ကြသည်။ ကျွန်ုပ် အစိုးရဝန်ထမ်းတစ်ဦး ဖြစ်ရန် စာမေးပွဲ အောင်မြင်ပြီးသည့်နောက် အလုပ်တစ်ခု လိုအပ်သော သို့မဟုတ် တရားစွဲဆိုမှုတွင် ပါဝင်ပတ်သက်သော မိတ်ဆွေများနှင့် ဆွေမျိုးများက ကျွန်ုပ်ကို တကူးတက ရှာဖွေခဲ့ကြသည်။ ယခု ယင်းမှာ များစွာသော အာဏာပင် မဟုတ်လော။ ဝင်ငွေသည် မများပြားသော်ငြားလည်း ကျွန်ုပ်အား အိမ်ရာနှင့် ကားတစ်စီးကို ပံ့ပိုးပေးခဲ့သည်။ ကျွန်ုပ်၏ အကျိုးခံစားခွင့်များသည် သင်တို့၏ အကျိုးခံစားခွင့်များထက် သာ၍ ကောင်းမွန်ပါသည်။ ထို့အပြင် ကျွန်ုပ် အပြင်ထွက် စားသောက်ပြီး ဈေးဝယ်ထွက်သည့်အခါ ကျွန်ုပ်၏ အသုံးစရိတ်များအတွက်လည်း ပြန်တောင်းလို့ရသည့်အပြင် ကျွန်ုပ်သည် တက္ကစီ သို့မဟုတ် လေယာဉ်ဖြင့်လည်း အခမဲ့ ခရီးသွားနိုင်သည်။ သင်တို့၏ အလုပ်များသည် ထိုမျှ မကောင်းမွန်ပေ၊ သင်တို့အားလုံး၏ အလုပ်အကိုင်များသည် မလုံခြုံကြပေ။ ကျွန်ုပ်သည် သင်တို့ထက် များစွာ သာလွန်အောင် လုပ်ဆောင်ပြီးဖြစ်သည်” ဟု ဆိုသည်။ အခြားသူတို့သည် သူ ဤသို့ပြောသည်ကို ကြားပြီးသည့်နောက် စိတ်မသက်မသာ ခံစားခဲ့ကြရပြီး သူတို့က “သင်၏ အကျိုးခံစားခွင့်များသည် အတော်အတန် ကောင်းမွန်သော်ငြားလည်း သင်၏ ဂုဏ်သတင်း မကောင်းပေ။ သင်သည် နေရာတိုင်း၌ တရားမဝင်သောအလုပ်များကို ပြုလုပ်ပြီး အာဏာရှင်ကဲ့သို့ ပြုမူကာ ပြည်သူကို အစေမခံပေ။ သင်သည် လူတို့ကို ဒုက္ခပေးပြီး မကောင်းမှုအမျိုးမျိုးကိုသာ ပြုလုပ်သည်” ဟု ဆိုကြသည်။ မောင်အရာရှိက “ကျွန်ုပ် ဂုဏ်သတင်း မကောင်းတော့ရော ဘာဖြစ်သနည်း။ ကျွန်ုပ်သည် ယင်းမှ အကျိုးအမြတ်များစွာ ရရှိသည်” ဟု ပြန်လည်ဖြေကြားခဲ့သည်။ လူတိုင်း ဤကိစ္စရပ်ကို ဆွေးနွေးနေကြသည်မှာ အဆုံး၌ နောက်ဆုံး ပုဂ္ဂိုလ်သည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ထရပ်ကာ “ဤနေရာတွင် ကြည့်လော့၊ သင်တို့သည် တက္ကသိုလ် တက်ခဲ့ကြပြီး သင်သည် ဘွဲ့လွန်ဘွဲ့တစ်ခုကို သင်ယူခဲ့ကြကာ သင်သည် ထိပ်တန်း စီးပွားရေး မန်နေဂျာတစ်ဦး ဖြစ်သည်၊ သင်သည် အရာရှိတစ်ဦး ဖြစ်သည်၊ ကျွန်ုပ်၌မူ သင်တို့ ရှိသော အတွေ့အကြုံများ မရှိခဲ့ပေ။ ကျွန်ုပ်သည် အရေးမပါသော ပုဂ္ဂိုလ်တစ်ဦးမျှသာ ဖြစ်သော်ငြားလည်း ကျွန်ုပ်၏ အတွေ့အကြုံများကို သင်တို့အား မျှဝေရပေမည်။ ကျွန်ုပ် ‘မိခင်’ ထံ ပြန်သွားသောအခါ...” ဟု ဆိုသည်။ အခြားသူတို့သည် အံ့အားသင့်သွားကြပြီး “ဤ ‘မိခင်’ မှာ အဘယ်နည်း။ အစိုးရဌာန စာမေးပွဲကို အောင်မြင်ခြင်းသည် မိမိကို အစိုးရဝန်ထမ်းတစ်ဦး ဖြစ်စေသည်၊ ဘွဲ့လွန်ဘွဲ့တစ်ခုအတွက် သင်ယူခြင်းသည် မိမိကို ဘွဲ့လွန်ဘွဲ့ရတစ်ဦး ဖြစ်စေသည်၊ ကုမ္ပဏီတစ်ခု၏ ထိပ်တန်း မန်နေဂျာ ဖြစ်ခြင်းသည် မိမိကို စီအီးအိုတစ်ဦး ဖြစ်စေသည်၊ သို့ဆိုလျှင် ဤ ‘မိခင်’ မှာ အဘယ်အရာကို ဆိုလိုသနည်း။ သင် ဤသည်ကို ရှင်းပြနိုင်ပါသလော” ဟု မေးကြသည်။ ဤပုဂ္ဂိုလ်က “သို့ဆိုလျှင် သင်တို့သည် တက္ကသိုလ်သို့ သွားနိုင်သည်၊ ဘွဲ့လွန်ဘွဲ့တစ်ခုအတွက် သင်ယူနိုင်သည်၊ ထိပ်တန်း စီးပွားရေး မန်နေဂျာတစ်ဦး ဖြစ်နိုင်ပြီး အစိုးရဝန်ထမ်းတစ်ဦး ဖြစ်လာနိုင်သည်၊ သို့သော် ကျွန်ုပ်သည် ကျွန်ုပ်၏ မိခင်ကျောင်းတော်သို့ လှည့်ပတ်ကြည့်ရှုရန် ပြန်သွား၍ မရနိုင်သလော” ဟု ဆိုသည်။ သင် မြင်သလော။ သူ ဒေါသထွက်သွားသည်။ ဤအရေးမပါသော ပုဂ္ဂိုလ်သည် ထိုမျှ ပညာမတတ်သော်လည်း မာနထောင်လွှားနေဆဲ ဖြစ်သည်။ အခြားသူတို့က “မိခင်ကျောင်းသို့ ပြန်သွားခြင်းမှာ မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး သိရှိပါသည်။ သင်သည် ‘မိခင်’ ထံ ပြန်သွားသည်ဟု ပြောဆိုရန် မလိုအပ်ပါ။ သင်၏ မိခင်ကျောင်းသို့ ပြန်သွားသည်ဟုသာ ပြောဆိုပါ” ဟု ဆိုကြသည်။ ထို့နောက် အခြားသူတို့က သူ၏ မိခင်ကျောင်းသည် မည်သည့် ပညာရေးအဆင့်တွင် ရှိသည်၊ ယင်းမှာ အထက်တန်းကျောင်းလော၊ စက်မှုသိပ္ပံလော၊ တက္ကသိုလ်လော၊ သို့မဟုတ် ဘွဲ့လွန်ကျောင်းလောဟု သူ့ကို မေးမြန်းခဲ့ကြသည်။ သူက “ကျွန်ုပ်သည် မည်သည့်အခါကမျှ တက္ကသိုလ် မတက်ခဲ့ဘူးပါ၊ ကျွန်ုပ်သည် ဘွဲ့လွန်ဘွဲ့တစ်ခုအတွက် မည်သည့်အခါမျှ မသင်ယူခဲ့ပါ၊ ပြီးလျှင် ကျွန်ုပ်သည် အစိုးရဝန်ထမ်းတစ်ဦး ဖြစ်ရန် စာမေးပွဲကို မည်သည့်အခါမျှ မဖြေဆိုခဲ့ပါ။ မူလတန်းကျောင်းသာ တက်ရောက်ခဲ့သည်၊ မရနိုင်သလော။ ဘာပဲဖြစ်ဖြစ်ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။ သူသည် အရှက်ရသွားသည်၊ သူသည် သူ၏ နောက်ကြောင်းကို ဖော်ထုတ်ခဲ့ပြီးဖြစ်၍ ယင်းကို ဖုံးကွယ်၍ မရနိုင်တော့ပေ။ သူသည် အစကတည်းက ဟန်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် သူသည် သူ၏ ပညာအရည်အချင်း အဆင့်ကို သူတို့အား မည်သည့်အခါကမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ ယခုမူ အားလုံး ပေါ်သွားခဲ့ပြီဖြစ်၍ သူသည် သိက္ခာကျခဲ့ရပြီး တံခါးဆီသို့ ကမန်းကတန်းသွားကာ ထွက်ပြေးသွားလေတော့သည်။ အခြားသူတို့သည် သူ အဘယ်ကြောင့် ထွက်ပြေးသွားသည်ကို နားမလည်ခဲ့ကြဘဲ “သင်သည် မူလတန်းကျောင်းဖြင့်သာ ကျောင်းပြီးခဲ့သည် မဟုတ်လော။ သင် အဘယ်အရာအတွက် ပြေးနေရသနည်း။ ပြီးလျှင် သင်သည် ထိုအတွက် အလွန် ဂုဏ်ယူနေခဲ့ပါတကား” ဟု သူတို့အားလုံး အတူတကွ ပြောဆိုကြသည်။ ငါသည် ဇာတ်လမ်းကို ဤနေရာ၌ အဆုံးသတ်မည်၊ ဤသည်မှာအကြောင်းအရာကို အနည်းနှင့်အများဆိုသလို ပေါင်းရုံးဖော်ပြပြီးဖြစ်လေသည်။

ဤဇာတ်လမ်းတွင် လူငါးဦး ပါဝင်သည်။ ၎င်းတို့ ဆွေးနွေးနေကြသည့် အကြောင်းအရာမှာ အဘယ်နည်း။ (သူတို့၏ ပညာရေးဆိုင်ရာ နောက်ခံများအကြောင်းဖြစ်သည်။) လူတို့အတွက် ပညာရေးဆိုင်ရာ နောက်ခံသည် အမှန်တကယ် အဘယ်အရာကို ဆိုလိုသနည်း။ (ထိုအရာသည် ၎င်းတို့၏လူမှုအဆင့်အတန်း ဖြစ်ပါသည်။) လူတစ်ဦး၏ ပညာရေးဆိုင်ရာ နောက်ခံသည် လူတစ်ဦး၏ လူမှုအဆင့်အတန်းနှင့် ဆက်စပ်သည်။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် လူတို့သည် အဘယ်ကြောင့် သူတို့၏ လူမှုအဆင့်အတန်းကို ဆွေးနွေးလိုကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ လူမှုအဆင့်အတန်းနှင့် ပင်ကိုလက္ခဏာကို ဆွေးနွေးရန် အကြောင်းအရာတစ်ခုအဖြစ် ထုတ်ဖော်ပြသလိုကြသနည်း။ ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ (သူတို့သည် မိမိတို့ကိုယ်ကို ကြွားဝါနေခြင်း ဖြစ်ပါသည်။) သို့ဆိုလျှင် ဤဇာတ်လမ်း၏ ခေါင်းစဉ်မှာ အဘယ်အရာ ဖြစ်သင့်သနည်း။ (ပညာရေးဆိုင်ရာ နောက်ခံများကို နှိုင်းယှဉ်ခြင်းဖြစ်သင့်ပါသည်။) အကယ်၍ ဇာတ်လမ်းကို “ပညာရေးဆိုင်ရာ နောက်ခံများကို နှိုင်းယှဉ်ခြင်း” ဟု ခေါင်းစဉ်တပ်ခဲ့ပါက ၎င်းသည် အလွန်တရာ တဲ့တိုးဖြစ်လွန်းမည် မဟုတ်လော။ (ဟုတ်ပါသည်။ ထိုသို့ ဖြစ်ပါမည်။ “အဆင့်အတန်းကို ကြွားလုံးထုတ်ခြင်း” ဆိုလျှင်ကော အဘယ်သို့နည်း။) ယင်းမှာ အနည်းငယ် တိုက်ရိုက်ကျလွန်းသည်၊ သွယ်ဝိုက်ခြင်း မရှိ၊ ပြီးလျှင် ယင်းသည် ထိုမျှ နက်နဲခြင်း မရှိပေ။ အကယ်၍ ကျွန်ုပ်တို့က အဓိကခေါင်းစဉ်မှာ “အရင်းအနှီးအကြောင်း ဆွေးနွေးချက်တစ်ခု” ဖြစ်ပြီး ဒုတိယခေါင်းစဉ်မှာ “ဘာပဲဖြစ်ဖြစ်ပါ” ဖြစ်သည်ဟု ဆိုလျှင်ကော။ ယင်းသည် အနည်းငယ် သရော်လှောင်ပြောင်သည့်သဘောဖြစ်သည် မဟုတ်လော။ “အရင်းအနှီးအကြောင်း ဆွေးနွေးချက်တစ်ခု”မှာ လူတိုင်းသည် မိမိတို့၏ ပညာရေးဆိုင်ရာ နောက်ခံများနှင့် လူမှုအဆင့်အတန်းတို့ အပါအဝင် ၎င်းတို့၏ ကိုယ်ပိုင် အရင်းအနှီးကို ဆွေးနွေးနေကြသည်ဟု ဆိုလိုသည်။ “ဘာပဲဖြစ်ဖြစ်ပါ”ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ (အခြား မည်သူမျှ ပိုတော်သည်ဟု ဝန်မခံခြင်းဖြစ်သည်။) မှန်ပေသည်၊ ဤနေရာ၌ စိတ်သဘောထားတစ်မျိုး ရှိနေသည်။ “ကောင်းပြီ၊ သင်သည် ဘွဲ့ရကျောင်းသားတစ်ဦး ဖြစ်လျှင်ရော ဘာဖြစ်သနည်း။ ကောင်းပါပြီ၊ သင်သည် ကျွန်ုပ်ထက် သာ၍မြင့်မားသောအဆင့်အထိ ပညာသင်ကြားခဲ့ပြီးလျှင်ရော ဘာဖြစ်သနည်း” ဟူသော စိတ်သဘောထားမျိုး ဖြစ်သည်။ အခြားမည်သူမဆိုသည် မိမိတို့ထက် ပိုတော်သည်ဟု မည်သူမျှ ဝန်မခံကြပေ။ ဤသည်မှာ အရင်းအနှီးကို ဆွေးနွေးခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသို့သော စကားပြောဆိုမှုမျိုးကို အခြားသူတို့နှင့်အတူ ရှိနေသည့်အခါ မကြာခဏ ကြားရသည် မဟုတ်လော။ မိမိတို့ မိသားစု၏ ကြွယ်ဝချမ်းသာမှုကို ကြွားဝါသောသူများ၊ မိမိတို့ မိသားစု၏ ဂုဏ်သတင်းကြီးသော နောက်ခံကို ကြွားဝါသောသူများ၊ အချို့သော ဧကရာဇ်များနှင့် ကျော်ကြားသူများသည် မိမိတို့၏ မျိုးရိုးနာမည်ကို သယ်ဆောင်သည်ဟူသောအချက်ကို ကြွားဝါသောသူများ ရှိကြပြီး အချို့သောသူတို့သည် မိမိတို့ မည်သည့်တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်၊ မိမိတို့ မည်မျှ ဂုဏ်ဝင့်ဖွယ်ဖြစ်ခဲ့သည်တို့ကို ပြောဆိုကြကာ အလှပြင်ဆိုင်မှ အနှိပ်သည် မိန်းကလေးတစ်ဦးပင်လျှင် ဤသို့ ဆိုသည်။ “ကျွန်ုပ်သည် ကျော်ကြားသော ဆရာတစ်ဦးထံမှ ကျွမ်းကျင်သူ၏ ပြင်ဆင်ပေးမှုနှင့် ကိုယ်တိုင်စစ်ဆေးညွှန်ပြမှုတို့ဖြင့် အနှိပ်ပညာကို သင်ယူခဲ့ပါသည်။ အဆုံးတွင် ကျွန်ုပ်သည် ပထမတန်းစား အနှိပ်ကုထုံးပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီး ၂၀၀၀ခုနှစ်ဝန်းကျင်သည် ကျွန်ုပ်၏ ဂုဏ်ဝင့်ဖွယ်အဖြစ်ဆုံးသော အချိန် ဖြစ်ခဲ့ပါသည်...” ဟူ၍ ဖြစ်သည်။ ဤ “ဂုဏ်ဝင့်ဖွယ်ဖြစ်သော” ဟူသည်မှာ နေရာလွဲနေသည်။ ဝန်ဆောင်မှုလုပ်ငန်းရှိ အနှိပ်သည် မိန်းကလေးတစ်ဦးပင်လျှင် သူမ၏ “ဂုဏ်ဝင့်ဖွယ်အဖြစ်ဆုံးသော အချိန်” အကြောင်း ပြောဆိုနေခဲ့သည်။ ဤသည်မှာ အမှန်ပင် သူမ၏ ကြွားဝါခြင်းနှင့် ကိုယ်ရည်သွေးခြင်း ဖြစ်ခဲ့သည်။ ဤအကြောင်းအရာဖြင့် ငါတို့ အဓိက ပြောဆိုနေသောအရာမှာ လက်တွေ့ဘဝ၌ လူတို့အနီးဝန်းကျင်တွင် ရှိနေသည့်အခါ မကြာခဏ ကြားရသည့် အချို့သော စကားပြောဆိုမှုများ၊ မကြာခဏ မြင်တွေ့ရသော အပြုအမူနှင့် မကြာခဏ ထုတ်ဖော်ပြသည့် စိတ်သဘောထားများ ဖြစ်ကြသည်။ လူတို့သည် အဘယ်ကြောင့် ထိုသို့သော အရင်းအနှီးအကြောင်း ပြောဆိုကြသနည်း။ ဤနေရာ၌ မည်သည့် စိတ်သဘောထား သို့မဟုတ် စေ့ဆော်မှုက အလုပ်လုပ်နေသနည်း။ ဆွေးနွေးပြောဆိုကြသည့် ဤအမှုအရာများကို ဂုဏ်ဝင့်ဖွယ်ဖြစ်သည်ဟု မှတ်ယူ၍ရနိုင်သလော။ ဂုဏ်အသရေသည် ထိုအရာနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သို့ဆိုလျှင် လူတို့သည် ထိုသို့သော အမှုအရာများအကြောင်း ပြောဆိုခြင်းမှ အကျိုးကျေးဇူး ရရှိကြသလော။ (မရရှိကြပါ။) သင်တို့သည်လည်း ဤအရာများအကြောင်း ပြောဆိုကြသလော။ (ပြောဆိုကြပါသည်။) ယင်းတို့သည် အကျိုးကျေးဇူး မရှိကြောင်း သင်တို့ သိရှိကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ယင်းတို့အကြောင်း ပြောဆိုကြသနည်း။ လူတို့သည် အဘယ်ကြောင့် ထိုသို့သော အမှုအရာများအကြောင်း ပြောဆိုခြင်းကို နှစ်သက်ကြသနည်း။ (ဤအရာများသည် လူတို့ ကြွားဝါသော အရင်းအနှီး ဖြစ်ပါသည်။) ယင်းတို့ကို ကြွားဝါခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (အခြားသူတို့၏ အထင်ကြီးလေးစားခြင်းကို ခံရရန်ဖြစ်သည်။) အကြောင်းမှာ မည်သူမျှ သာမန်၊ ရိုးရိုးလူတစ်ဦး ဖြစ်ရန် မလိုလားသောကြောင့် ဖြစ်သည်။ မူလတန်းကျောင်းပြီးသော လူတစ်ဦးပင်လျှင် ၎င်း၏ “မိခင်”ထံ ပြန်သွား၍ လှည့်ပတ်ကြည့်ရှုခြင်းအကြောင်း ပြောဆိုခဲ့ပြီး အခြားသူတို့က သူ့ကို အထင်ကြီးလေးစားကြစေရန်အလို့ငှာ အခြားသူတို့ကို အရူးလုပ်ပြီး တွေဝေစေရန် ဤသို့သော စာပေဆန်သည့် ဘာသာစကားကို အသုံးပြုဖို့ ဆန္ဒရှိနေခဲ့သည်။ အခြားသူတို့က ၎င်းကို အထင်ကြီးလေးစားစေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူသည် အခြားသူတို့ထက် သာလွန်နိုင်ရန်၊ အခြားသူတို့အလယ်၌ နေရာတစ်ခုနှင့် ရာထူးတစ်ခု ရှိနိုင်ရန်၊ အခြားသူများ၏ ကြည်ညိုလေးစားမှုကို ခံရနိုင်ရန်၊ သူ ပြောဆိုသော အမှုအရာများက သြဇာအာဏာ သက်ရောက်နိုင်ရန်၊ အခြားသူတို့၏ ထောက်ခံမှုကို ရရှိရန်နှင့် ဂုဏ်သိက္ခာ ရှိနိုင်ရန် ဖြစ်သည်။ အကယ်၍ သင်သည် ဤအမှုအရာများကို စွန့်ပစ်ပြီး သာမန်ဖြစ်သော၊ ရိုးရိုးလူတစ်ဦး ဖြစ်မည်ဆိုလျှင်၊ သင်သည် အဘယ်အရာကို ပိုင်ဆိုင်သင့်သနည်း။ ပထမဦးစွာ သင်၌ မှန်ကန်သော ရှုထောင့်အမြင် ရှိသင့်သည်။ ဤမှန်ကန်သော ရှုထောင့်အမြင်သည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့် ဖြစ်ပေါ်လာပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီကာ လူတို့က မိမိတို့၏ ပုံမှန် လူ့သဘာဝဖြင့် ပိုင်ဆိုင်သင့်သော အရာအချို့အပေါ် မည်သည့်သဘောထား သင် ရှိသင့်သည်ဟူသည်ကို သိနားလည်ခြင်းအားဖြင့် ဖြစ်ပေါ်လာပေသည်။ ဤသည်မှာ မှန်ကန်သော ရှုထောင့်အမြင် ဖြစ်သည်။ သို့ဆိုလျှင် သာမန်၊ ရိုးရိုးနှင့် ပုံမှန် လူတစ်ဦးအနေဖြင့် ဤအမှုအရာအားလုံးအပေါ်၊ လူမှုအဆင့်အတန်း၊ လူမှုအရင်းအနှီး သို့မဟုတ် မိသားစု နောက်ခံ စသည်တို့အပေါ်၌ ထားရှိရန် အသင့်လျော်ဆုံးနှင့် အမှန်ကန်ဆုံးသော ရှုထောင့်အမြင်မှာ အဘယ်နည်း။ သင်တို့ သိကြသလော။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သောသူ၊ မိမိကိုယ်ကို သမ္မာတရားများစွာကို နားလည်ပြီးဖြစ်သည်ဟု ယုံကြည်သည့်သူ၊ မိမိသည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ပြီး ဘုရားသခင်နှင့် မိမိ၏ တာဝန်အပေါ် သစ္စာစောင့်သိသည်ဟု ယုံကြည်သည့်သူတစ်ဦးရှိသည် ဆိုကြပါစို့၊ သို့တိုင်အောင် ၎င်းသည် လူ့အဖွဲ့အစည်းတွင်လည်းကောင်း၊ လူအများကြားတွင်လည်းကောင်း မိမိ၏ အဆင့်အတန်းနှင့် မိမိ၏ တန်ဖိုးကို အလွန် အရေးကြီးသောအရာအဖြစ် မှတ်ယူလျက် ဤအရာများကို အလွန် တန်ဖိုးထားသည့်အပြင် ၎င်းသည် မိမိ၏ အရင်းအနှီး၊ မိမိ၏ ဂုဏ်ဝင့်ဖွယ်ဖြစ်သော နောက်ခံနှင့် မိမိ၏ တန်ဖိုးတို့ကို မကြာခဏ ကြွားဝါကြသည် ဆိုကြပါစို့၊ ထိုသို့သော ပုဂ္ဂိုလ်သည် သမ္မာတရားကို နားလည်သောသူ အမှန်တကယ် ဟုတ်သလော။ မဟုတ်သည်မှာ သိသာပေသည်။ သို့ဆိုလျှင် သမ္မာတရားကို နားမလည်သော လူတစ်ဦးသည် သမ္မာတရားကို ချစ်မြတ်နိုးသော ပုဂ္ဂိုလ်တစ်ဦး ဟုတ်ပါသလော။ (မဟုတ်ပါ။) မဟုတ်ပေ။ အရင်းအနှီးကို ဆွေးနွေးခြင်းနှင့် လူတစ်ဦး သမ္မာတရားကို နားလည်ပြီး ချစ်မြတ်နိုးခြင်း ရှိမရှိတို့ကြား ဆက်နွှယ်မှုမှာ အဘယ်နည်း။ မိမိ၏ တန်ဖိုးကို မြတ်နိုးတန်ဖိုးထားပြီး မိမိ၏ အရင်းအနှီးကို ကြွားဝါသော လူတစ်ဦးသည် သမ္မာတရားကို ချစ်မြတ်နိုးပြီး နားလည်သောသူ မဟုတ်ဟု ငါ အဘယ်ကြောင့် ဆိုရသနည်း။ သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးပြီး နားလည်သော လူတစ်ဦးသည် ဤလူမှုအဆင့်အတန်း၊ ကိုယ်ရေးကိုယ်တာ အရင်းအနှီး၊ တန်ဖိုးတို့နှင့်သက်ဆိုင်သော ကိစ္စရပ်များကို မည်သို့ကိုင်တွယ်သင့်သနည်း။ လူမှုအဆင့်အတန်း၌ မည်သည့်အရာများ ပါဝင်သနည်း။ မိသားစု နောက်ခံ၊ ပညာအရည်အချင်း၊ ဂုဏ်သတင်း၊ လူ့အဖွဲ့အစည်းထဲမှ အောင်မြင်မှုများ၊ ပုဂ္ဂိုလ်ရေး အရည်အချင်းများနှင့် သင်၏ လူမျိုးတို့ ဖြစ်ကြသည်။ သို့ဆိုလျှင် သင်သည် သမ္မာတရားကို နားလည်သောသူတစ်ဦးဖြစ်ကြောင်း အတည်ပြုရန် ဤအရာများကို သင် မည်သို့ကိုင်တွယ်သနည်း။ ဤမေးခွန်းသည် ဖြေဆိုရန် လွယ်ကူသင့်သည် မဟုတ်လော။ သင်တို့သည် ဤရှုထောင့်နှင့်ပတ်သက်၍ သဘောတရားအနေဖြင့် များစွာ နားလည်သင့်သည်။ သင်တို့ စဉ်းစားမိသမျှကို ပြောဆိုကြလော့။ “အို၊ ကျွန်ုပ်သည် ထိုအရာကို စေ့စေ့စပ်စပ် မစဉ်းစားရသေးပါ၊ ထို့ကြောင့် ကျွန်ုပ် မည်သည့်အရာမျှ မပြောဆိုနိုင်ပါ”ဟု မတွေးလေနှင့်။ အကယ်၍ သင်သည် စေ့စေ့စပ်စပ် မစဉ်းစားရသေးပါက ယခု သင် ထင်မြင်သောအရာကိုသာ ပြောဆိုလော့။ သင်သည် တစ်စုံတစ်ရာကို စေ့စေ့စပ်စပ် စဉ်းစားပြီးမှသာ ပြောဆိုနိုင်လျှင် ယင်းကိုဆောင်းပါးများ ရေးသားခြင်းဟု ခေါ်သည်။ ငါတို့သည် ယခုအချိန်၌ စကားစမြည် ပြောဆိုနေခြင်းသာ ဖြစ်သည်၊ ငါသည် သင့်အား ဆောင်းပါးတစ်ပုဒ် ရေးသားရန် တောင်းဆိုနေခြင်း မဟုတ်ပေ။ ဦးစွာ သဘောတရား ရှုထောင့်မှ ပြောဆိုကြလော့။ (ဘုရားသခင်သည် တစ်စုံတစ်ဦး မည်မျှ အဆင့်မြင့် ပညာတတ်သည် သို့မဟုတ် သူတို့၏ လူမှုအဆင့်အတန်းမှာ အဘယ်အရာဖြစ်သည်ကို ကြည့်တော်မမူဘဲ သူတို့သည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိ၊ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဟူသည်နှင့် သူတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံပြီး သူတို့၏ တာဝန်ကို စံမီအောင် ထမ်းဆောင်ခြင်း ရှိမရှိဟူသည်တို့ကိုသာ အဓိက ကြည့်ရှုတော်မူသည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်ုပ် နားလည်ပါသည်။ အကယ်၍ တစ်စုံတစ်ဦးသည် မြင့်မားသော လူမှုအဆင့်အတန်း ရှိပြီး အဆင့်မြင့် ပညာတတ်ဖြစ်သော်လည်း သူတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိပါက သမ္မာတရားကို လိုက်စားခြင်း လမ်းစဉ်ကို သူတို့မလျှောက်လှမ်းသည့်အပြင် ဘုရားသခင်ကို မကြောက်ရွံ့ သို့မဟုတ် မကောင်းမှုကို မရှောင်ကြဉ်ကြပါက သူတို့သည် အဆုံး၌ ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်ဦးမည်ဖြစ်ပြီး ဘုရားသခင်၏ အိမ်တော်၌ ခိုင်မာစွာ ရပ်တည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦး၏ ပညာရေးဆိုင်ရာ နောက်ခံနှင့် အဆင့်အတန်းတို့သည် အရေးမကြီးပေ။ အရေးကြီးသောအရာမှာ လူတစ်ဦးသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိ ဖြစ်ပါသည်။) အလွန်ကောင်းပေ၏၊ ဤသည်မှာ အခြေခံအကျဆုံးသော အယူအဆတစ်ခု ဖြစ်သည်။ ထိုအရာသည် အခြေခံအကျဆုံးဖြစ်သည်ဟု ငါ အဘယ်ကြောင့် ဆိုရသနည်း။ အကြောင်းမှာ ဤခေါင်းစဉ်များနှင့် ဤအကြောင်းအရာတို့သည် အခြေခံအားဖြင့် လူတို့ သာမန်အားဖြင့် ပြောဆိုကြသောအရာများ ဖြစ်သောကြောင့် ဖြစ်သည်။ အခြားတစ်ဦးတလေတွင် ကွဲပြားသော နားလည်မှုတစ်ခု ရှိသလော။ ပြောဆိုပြီးဖြစ်သောအရာကို တစ်စုံတစ်ဦးက ဖြည့်စွက်ပြောဆိုလော့။ (အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို လိုက်စားနိုင်ပါက ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းသည် အမှန်တကယ် ချည်နှောင်ခြင်းတစ်မျိုး၊ သူတို့ ဝတ်ဆင်သော သံခြေကျင်းတစ်မျိုး ဖြစ်ကြောင်း သူတို့ သိမြင်နိုင်ကြသည်၊ ထို့ပြင် သူတို့သည် ဤအရာများကို လိုက်စားလေ ပို၍ အနှစ်မဲ့သည်ဟု ခံစားရလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့က လူတို့အား ဖြစ်စေသော ထိခိုက်မှုနှင့် နာကျင်မှုတို့ကို သူတို့ ပို၍ တွေ့ကြုံလာကြလေ ဖြစ်လိမ့်မည်။ သူတို့သည် ဤအရာကို နားလည်ပြီး ဤအရာများကို အရင်းအနှီးအဖြစ် မှတ်ယူသော တစ်စုံတစ်ဦးကို မြင်တွေ့သောအခါ ထိုသို့သော ပုဂ္ဂိုလ်သည် အမှန်တကယ် သနားစရာကောင်းသည်ဟု သူတို့ ထင်မှတ်ကြပေလိမ့်မည်။) (သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးပြီး နားလည်သော လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြု၍ လူမှုအဆင့်အတန်းနှင့် ဂုဏ်သတင်းကို တိုင်းတာလိမ့်မည်၊ ဘုရားသခင် အဘယ်အရာကို ပြောဆိုပြီး တောင်းဆိုသည်၊ ဘုရားသခင်သည် လူတို့အား အဘယ်အရာကို လိုက်စားစေလိုသည်၊ ဤအရာများကို လိုက်စားခြင်းအားဖြင့် အဆုံးစွန်၌ အဘယ်အရာကို လူတို့ ရရှိမည်ဆိုသည်နှင့် သူတို့ ရရှိသောအရာသည် လူတို့၌ ဘုရားသခင် မြင်တွေ့ရန် မျှော်လင့်သော ရလဒ်များနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်တို့ကို သူတို့ ကြည့်ကြလိမ့်မည်။) သင်တို့ပြောသည့်အရာသည် ဤနေရာ၌ ယင်းနှင့် အနည်းငယ် ဆက်စပ်မှုရှိသော်လည်း ယင်းကသမ္မာတရားနှင့် များစွာ ပတ်သက်သလော။ သင်တို့သည် ဤသည်နှင့်ပတ်သက်၍ အကဲဖြတ်မှုတစ်ခုကို ပြုလုပ်နိုင်စွမ်း ရှိကြသလော။ လူအများစု၌ အချို့သော အာရုံခံ သိမြင်မှု ရှိကြပြီး အကယ်၍ ငါသည် သင်တို့အား တရားဒေသနာတစ်ခုကို ဟောကြားရန် တောင်းဆိုခဲ့ပါက ယင်းသည် တိုက်တွန်းအားပေးခြင်း တရားဒေသနာတစ်ခု ဖြစ်ပေမည်။ ထိုအရာက တိုက်တွန်းအားပေးခြင်း တရားဒေသနာတစ်ခု ဖြစ်မည်ဟု ငါ အဘယ်ကြောင့် ဆိုရသနည်း။ တိုက်တွန်းအားပေးခြင်း တရားဒေသနာတစ်ခု ဆိုသည်မှာ သင်သည် လူတို့အား အကြံဉာဏ်နှင့် အားပေးမှုတို့ကို ပေးသော အမှုအရာများကို ပြောဆိုသည့် တရားဒေသနာတစ်ခု ဖြစ်သည်။ ထိုဒေသနာသည် လက်တွေ့ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ဝါကျတိုင်းသည် မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်သည်၊ လူ့ဆင်ခြင်တုံတရားနှင့်လည်းကောင်း ကျိုးကြောင်းဆီလျော်သော တောင်းဆိုချက်များနှင့်လည်းကောင်း ကိုက်ညီသည်ဟု ထင်ရကောင်း ထင်ရနိုင်သော်ငြားလည်း ၎င်းသည် သမ္မာတရားနှင့် အနည်းငယ်သာ သက်ဆိုင်ပြီး လူတို့၌ ရှိသော အပေါ်ယံနှင့် အာရုံခံ သိမြင်မှု အနည်းငယ်မျှသာ ဖြစ်သည်။ အကယ်၍ သင်သည် ဤနှုတ်ကပတ်တော်များကို အခြားသူတို့နှင့် မိတ်သဟာယဖွဲ့မည် ဆိုလျှင် သင်သည် လူတို့၏ ပြဿနာများနှင့် အခက်အခဲများကို အရင်းအမြစ်မှ ဖြေရှင်းနိုင်မည်လော။ သင် ဖြေရှင်းနိုင်မည် မဟုတ်။ ထို့ကြောင့် ထိုအရာသည် တိုက်တွန်းအားပေးခြင်း တရားဒေသနာတစ်ခု ဖြစ်မည်ဟု ငါ ဆိုရခြင်း ဖြစ်သည်။ အကယ်၍ သင်သည် လူတို့၏ အခက်အခဲများနှင့် ပြဿနာများကို ၎င်းတို့၏ အရင်းအမြစ်မှ မဖြေရှင်းနိုင်ပါက သင်သည် သမ္မာတရားကို အသုံးပြု၍ လူတို့၏ ပြဿနာများကို ဖြေရှင်းနေခြင်း မဟုတ်ပေ။ သမ္မာတရားကို နားမလည်သောသူတို့သည် အသိပညာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အစဉ်သဖြင့် ထောက်ခံအားပေးကြမည်ဖြစ်ပြီး ဤအရာတို့၏ ဘောင်ခတ်ခြင်းများနှင့် ချည်နှောင်ခြင်းတို့မှ လွတ်မြောက်နိုင်စွမ်း ရှိကြမည် မဟုတ်ပေ။

သင်တို့ စဉ်းစားဆင်ခြင်ကြလော့။ သင်တို့သည် လူ၏ တန်ဖိုး၊ လူမှုအဆင့်အတန်းနှင့် မိသားစု နောက်ခံတို့ကို မည်သို့ ကိုင်တွယ်သင့်သနည်း။ သင်တို့၌ ရှိသင့်သော မှန်ကန်သော သဘောထားမှာ အဘယ်နည်း။ ဦးစွာပထမအနေဖြင့် ဘုရားသခင်သည် ဤကိစ္စရပ်ကို မည်သို့ကိုင်တွယ်သည်ကို သူ၏ နှုတ်ကပတ်တော်များမှ သင် ရှုမြင်သင့်သည်၊ ဤနည်းလမ်းဖြင့်သာ သင်သည် သမ္မာတရားကို နားလည်လာမည်ဖြစ်ပြီး သမ္မာတရားကို ဆန့်ကျင်သော မည်သည့်အရာကိုမျှ လုပ်ဆောင်မည် မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင်သည် တစ်စုံတစ်ဦး၏ မိသားစု နောက်ခံ၊ လူမှုအဆင့်အတန်း၊ သူတို့ ရရှိခဲ့သော ပညာအရည်အချင်းနှင့် သူတို့ လူ့အဖွဲ့အစည်း၌ ပိုင်ဆိုင်သော ကြွယ်ဝချမ်းသာမှုတို့ကို မည်သို့မှတ်ယူသနည်း။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ အမှုအရာများကို မရှုမြင်ဘဲ ဘုရားသခင်၏ ဘက်၌ မရပ်တည်နိုင်သည့်အပြင် ဘုရားသခင်ထံမှ အမှုအရာများကို လက်မခံနိုင်ပါက သင် အမှုအရာများကို ရှုမြင်ပုံသည် ဘုရားသခင် ရည်ရွယ်သောအရာနှင့် အမှန်ပင် အနည်းငယ် ကွာဝေးနေပေလိမ့်မည်။ အကယ်၍ ယင်းသည် များစွာ မကွာဝေးဘဲ ကွဲလွဲချက် အနည်းငယ်သာ ရှိပါက ယင်းမှာ ပြဿနာ မဟုတ်ပေ၊ အကယ်၍ အမှုအရာများကို သင် ရှုမြင်ပုံသည် ဘုရားသခင် ရည်ရွယ်သောအရာကို လုံးဝ ဆန့်ကျင်ပါက ယင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ပေသည်။ ဘုရားသခင်၏ အမြင်တွင် သူသည် လူတို့ကို အဘယ်အရာပေးသည်နှင့် မည်မျှပေးသည်မှာ သူအပေါ်၌သာ မူတည်ပြီး လူတို့ လူ့အဖွဲ့အစည်း၌ ရှိသော အဆင့်အတန်းသည်လည်း ဘုရားသခင်၏ ကြိုတင်စီမံမှု ဖြစ်ပြီး မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကမျှ ဖန်တီးထားခြင်း လုံးဝ မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် တစ်စုံတစ်ဦးအား နာကျင်မှုနှင့် ဆင်းရဲမွဲတေမှုကို ခံစားစေပါက ယင်းမှာ သူတို့သည် ကယ်တင်ခြင်း ခံရရန် မျှော်လင့်ချက် မရှိဟု ဆိုလိုသလော။ အကယ်၍ သူတို့သည် တန်ဖိုးနည်းပြီး လူမှုအဆင့်အတန်း နိမ့်ကျပါက ဘုရားသခင်သည် သူတို့ကို မကယ်တင်ဘဲ နေမည်လော။ အကယ်၍ သူတို့သည် လူ့အဖွဲ့အစည်း၌ အဆင့်အတန်း နိမ့်ကျပါက သူတို့သည် ဘုရားသခင်၏ အမြင်၌ အဆင့်အတန်း နိမ့်ကျသလော။ ဖြစ်ချင်မှ ဖြစ်ပေမည်။ ဤသည်မှာ အဘယ်အရာအပေါ် မူတည်သနည်း။ ယင်းမှာ ဤပုဂ္ဂိုလ် လျှောက်လှမ်းသော လမ်းခရီးအပေါ်၊ သူတို့၏ လိုက်စားမှုအပေါ်၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် သူတို့၏ သဘောထားအပေါ်၌ မူတည်သည်။ အကယ်၍ တစ်စုံတစ်ဦး၏ လူမှုအဆင့်အတန်းသည် အလွန် နိမ့်ကျပြီး သူတို့၏ မိသားစုသည် အလွန် ဆင်းရဲကာ သူတို့၌ ပညာအရည်အချင်း အဆင့်အတန်း နိမ့်ပါးသည့်တိုင် သူတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ကြပြီး သမ္မာတရားနှင့် အပြုသဘောဆောင်သော အမှုအရာများကို ချစ်မြတ်နိုးကြပါက ဘုရားသခင်၏ အမြင်၌ သူတို့၏ တန်ဖိုးသည် မြင့်သလော သို့မဟုတ် နိမ့်သလော၊ ယင်းသည် မြင့်မြတ်သလော သို့မဟုတ် နိမ့်ကျသလော။ သူတို့သည် တန်ဖိုးရှိကြသည်။ ဤရှုထောင့်မှ ကြည့်လျှင် တစ်စုံတစ်ဦး၏ တန်ဖိုးသည် မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ အဘယ်အရာအပေါ် မူတည်သနည်း။ ယင်းမှာ ဘုရားသခင်သည် သင့်ကို ရှုမြင်သည့်ပုံစံအပေါ်၌ မူတည်သည်။ အကယ်၍ ဘုရားသခင်သည် သင့်ကို သမ္မာတရားကို လိုက်စားသောသူတစ်ဦးအဖြစ် ရှုမြင်ပါက သင်သည် တန်ဖိုး ရှိပြီး အဖိုးတန်သည်။ သင်သည် တန်ဖိုးရှိသော တန်ဆာတစ်ခု ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် သင် သမ္မာတရားကို မလိုက်စားသည်ကိုလည်းကောင်း၊ သင်သည် သူ့အတွက် စိတ်ရင်းမှန်ဖြင့် အသုံးမခံသည်ကိုလည်းကောင်း ရှုမြင်ပါက သင်သည် တန်ဖိုးမရှိသူဖြစ်ပြီး အဖိုးမတန်ပေ။ သင်သည် နိမ့်ကျသော တန်ဆာတစ်ရပ် ဖြစ်သည်။ သင်သည် မည်မျှပင်အဆင့်မြင့်ပညာတတ်ဖြစ်စေကာမူ သို့မဟုတ် သင်၏ လူ့အဖွဲ့အစည်းအတွင်းမှ အဆင့်အတန်းသည် မည်မျှပင် မြင့်မားစေကာမူ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားပါက သို့မဟုတ် နားမလည်ပါက သင်၏ တန်ဖိုးသည် မည်သည့်အခါမျှ မြင့်မားနိုင်မည် မဟုတ်ပေ။ လူများစွာတို့သည် သင့်ကို ထောက်ခံကြလျှင်ပင်၊ သင့်ကို ချီးမြှောက်ကြလျှင်ပင်၊ သင့်ကို ကြည်ညိုကြလျှင်ပင် သင်သည် စက်ဆုပ်ရွံရှာဖွယ် သတ္တဝါတစ်ဦးသာ ဖြစ်နေဆဲ ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို ဤနည်းလမ်းအတိုင်း ရှုမြင်သနည်း။ ထိုသို့သော “မြင့်မြတ်သည့်” ပုဂ္ဂိုလ်၊ လူ့အဖွဲ့အစည်း၌ ထိုမျှ မြင့်မားသော အဆင့်အတန်း ရှိသောသူ၊ များပြားသော လူတို့ ချီးမြှောက်ခြင်းနှင့် အံ့ဩခြင်းတို့ကို ခံရသောသူ၊ အလွန်မြင့်မားသော ဂုဏ်သိက္ခာပင် ရှိသောသူသည် ဘုရားသခင်၏ အမြင်၌ နိမ့်ကျသည်ဟု အဘယ်ကြောင့် ရှုမြင်ခြင်း ခံရသနည်း။ အဘယ်ကြောင့် ဘုရားသခင် လူတို့ကို ရှုမြင်ပုံသည် လူတို့ အခြားသူများကို ထားရှိသော အမြင်များနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ရသနည်း။ ဘုရားသခင်သည် လူတို့အား ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ဘက်ပြုနေခြင်းလော။ လုံးဝ မဟုတ်ပေ။ အကြောင်းမှာ ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်၊ ဘုရားသခင်သည် ဖြောင့်မတ်ခြင်း ဖြစ်သည်၊ လူသားမှာမူ ဖောက်ပြန်ပျက်စီးပြီး မည်သည့်သမ္မာတရား သို့မဟုတ် မည်သည့်ဖြောင့်မတ်ခြင်းမျှ မရှိပေ။ ပြီးလျှင် ဘုရားသခင်သည် လူသားကို သူ၏ ကိုယ်ပိုင် စံနှုန်းဖြင့် တိုင်းတာပြီး သူ၏ တိုင်းတာခြင်း စံနှုန်းမှာ သမ္မာတရား ဖြစ်သည်။ ထိုသို့ ပြောဆိုလျှင် အနည်းငယ် သဘောတရားသက်သက် ဖြစ်သည်ဟု ထင်ရနိုင်သည်။ ထို့ကြောင့် အခြားနည်းလမ်းတစ်ခုဖြင့် ဆိုရလျှင် ဘုရားသခင်၏ တိုင်းတာခြင်း စံနှုန်းသည် ဘုရားသခင်အပေါ် လူတစ်ဦး၏ သဘောထား၊ သမ္မာတရားအပေါ် သူတို့၏ သဘောထားနှင့် အပြုသဘောဆောင်သော အမှုအရာများအပေါ် သူတို့၏ သဘောထားတို့ကို အခြေခံသည်။ ဤသည်မှာ သဘောတရားသက်သက် မဟုတ်တော့ပေ။ တစ်စုံတစ်ဦးသည် လူ့အဖွဲ့အစည်း၌ အဆင့်အတန်းမြင့်သည်၊ ပညာအရည်အချင်း အဆင့်အတန်း မြင့်သည်၊ အလွန် ပညာတတ်ပြီး ယဉ်ကျေးသည်၊ ထို့ပြင် သူတို့၌ အထူးသဖြင့် ဘုန်းကျက်သရေရှိပြီး ခမ်းနားသော မျိုးရိုးသမိုင်း ရှိသည် ဆိုကြပါစို့၊ သို့တိုင်အောင် ပြဿနာတစ်ရပ် ရှိသည်။ သူတို့သည် အပြုသဘောဆောင်သော အမှုအရာများကို မချစ်မြတ်နိုးကြပေ၊ သူတို့သည် ဘုရားသခင်အပေါ် စက်ဆုပ်ရွံရှာခြင်း၊ မုန်းတီးခြင်းတို့ကို လှိုက်လှိုက်လှဲလှဲ ခံစားကြရသည်၊ ဘုရားသခင်နှင့် သက်ဆိုင်သော၊ ဘုရားသခင် သို့မဟုတ် ဘုရားသခင်၏ အမှုတော် အကြောင်းအရာများနှင့် သက်ဆိုင်သော မည်သည့်အရာမဆို ပေါ်ပေါက်လာသည့်အခါ သူတို့သည် မုန်းတီးမှုဖြင့် အံခဲကြသည်၊ သူတို့၏ မျက်လုံးများသည် ဝင်းလက်တောက်ပြောင်လာသည်၊ ပြီးလျှင် သူတို့သည် အခြားသူတို့ကို ထိုးနှက်ရန်ပင် လိုလားကြသည်။ တစ်စုံတစ်ဦးက ဘုရားသခင် သို့မဟုတ် သမ္မာတရားနှင့် သက်ဆိုင်သော အကြောင်းအရာတစ်ခုကို ဖော်ပြသည့်အခါတိုင်း သူတို့သည် စက်ဆုပ်ရွံရှာမှုနှင့် ရန်လိုမှုတို့ကို ခံစားကြရပြီး သူတို့၏ တိရစ္ဆာန် သဘာဝသည် ပေါက်ကွဲထွက်လာသည်။ ထိုသို့သော ပုဂ္ဂိုလ်သည် တန်ဖိုးရှိသလော သို့မဟုတ် တန်ဖိုးမရှိသလော။ သူတို့၏ ပညာရေးဆိုင်ရာ နောက်ခံနှင့် သူတို့၏ လူမှုအဆင့်အတန်းနှင့် လူမှုဂုဏ်သိက္ခာ ဆိုသောအရာတို့သည် ဘုရားသခင်၏ အမြင်၌ မည်မျှ တန်ဖိုးရှိသနည်း။ လုံးဝ တန်ဖိုးမရှိပေ။ ဘုရားသခင်သည် ထိုသို့သော လူတို့ကို မည်သို့ ရှုမြင်သနည်း။ ဘုရားသခင်သည် ထိုသို့သော လူတို့ကို မည်သို့ သတ်မှတ်သနည်း။ ထိုသို့သော လူတို့သည် နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြပြီး သူတို့သည် အသုံးမကျဆုံးသော စက်ဆုပ်ရွံရှာဖွယ် အကောင်ယုတ်များ ဖြစ်ကြသည်။ ယခု ကြည့်လျှင် တစ်စုံတစ်ဦး၏ တန်ဖိုးကို မြင့်မြတ်သည် သို့မဟုတ် နိမ့်ကျသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုရန် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ (ယင်းမှာ ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အမှုအရာများအပေါ် သူတို့၏ သဘောထား ဖြစ်ပါသည်။) မှန်ပေသည်။ ဦးစွာပထမအနေဖြင့် ဘုရားသခင်၏ သဘောထားမှာ အဘယ်အရာဖြစ်သည်ကို နားလည်ရမည်။ ဘုရားသခင်၏ သဘောထားကို နားလည်ခြင်းနှင့် ဘုရားသခင် လူတို့ကို အမျိုးအစားခွဲသည့် စည်းမျဉ်းများနှင့် စံနှုန်းများကို နားလည်ခြင်း၊ ထို့နောက် ဘုရားသခင် လူတို့ကို ဆက်ဆံသည့် စည်းမျဉ်းများနှင့် စံနှုန်းများအပေါ် အခြေခံ၍ လူတို့အပေါ် ဆုံးဖြတ်သတ်မှတ်ခြင်း ဖြစ်သည်။ ဤသည်သာလျှင် အတိကျဆုံး၊ အသင့်လျော်ဆုံးနှင့် တရားအမျှတဆုံး ဖြစ်သည်။ ကျွန်ုပ်တို့၌ ယခု လူတို့ကို တိုင်းတာရန် အခြေခံအကြောင်းရင်း ရှိပြီ၊ သို့ဆိုလျှင် ကျွန်ုပ်တို့သည် ယင်းကို တိတိကျကျ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် အလွန် အဆင့်မြင့် ပညာတတ်ဖြစ်ပြီး သူတို့ သွားလေရာရာ၌ လူကြိုက်များကာ လူတိုင်းက သူတို့ကို အကောင်းမြင်ကြပြီး သူတို့သည် အခြားသူတို့ထံတွင် အလွန်ကြီးမားသော အလားအလာများ ရှိသည့်ပုံပေါက်သည်။ ထိုသူသည် ထိုအခါ ဘုရားသခင်၏ အမြင်၌ မြင့်မြတ်သည်ဟု မုချ ရှုမြင်ခြင်း ခံရမည်လော။ (ဖြစ်ချင်မှ ဖြစ်ပေမည်။) သို့ဆိုလျှင် ကျွန်ုပ်တို့သည် ဤပုဂ္ဂိုလ်၏ အတိုင်းအတာကို မည်သို့ ယူသင့်သနည်း။ ပုဂ္ဂိုလ်တစ်ဦး၏ မြင့်မြတ်ခြင်းနှင့် နိမ့်ကျခြင်းသည် သူတို့၏ လူမျိုးအပေါ်၌ အခြေခံဖို့ရန် မဆိုထားနှင့်၊ သူတို့၏ လူ့အဖွဲ့အစည်းအတွင်းမှ အဆင့်အတန်းအပေါ် အခြေမခံသကဲ့သို့ သူတို့၏ ပညာရေးဆိုင်ရာ နောက်ခံအပေါ်၌လည်း အခြေမခံပေ။ ထို့ပြင် ယင်းသည် သူတို့၏ နိုင်ငံသားဖြစ်မှုအပေါ်၌လည်း အခြေမခံသည်မှာ သေချာသည်၊ သို့ဆိုလျှင် ယင်းသည် အဘယ်အရာအပေါ်၌ အခြေခံရမည်နည်း။ (ယင်းသည် ဘုရားနှုတ်ကပတ်တော်များအပေါ်တွင်လည်းကောင်း၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် ထိုလူ၏ သဘောထားအပေါ်တွင်လည်းကောင်း အခြေခံရပေမည်။) မှန်ပေသည်။ ဥပမာအားဖြင့် သင်တို့သည် တရုတ်ပြည်မကြီးမှ အမေရိကန်ပြည်ထောင်စုသို့ လာခဲ့ကြပြီး သင်တို့ တစ်နေ့တွင် အမေရိကန် နိုင်ငံသားတစ်ဦး ဖြစ်လာလျှင်ပင် သင်တို့၏ တန်ဖိုးနှင့် အဆင့်အတန်းသည် ပြောင်းလဲသွားမည်လော။ (မဟုတ်ပါ။) မဟုတ်ပါ၊ ပြောင်းလဲသွားမည် မဟုတ်ပေ၊ သင်သည် သင်သာ ဖြစ်နေဆဲ ဖြစ်ပေမည်။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မရရှိနိုင်ပါက သင်သည် ပျက်စီးမည့် အမျိုးအစား ဖြစ်နေဆဲ ဖြစ်သည်။ အချို့သော အပေါ်ယံဆန်သော လူတို့သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည် သို့မဟုတ် သမ္မာတရားကို မလိုက်စားကြပေ၊ သူတို့သည် လောကီကို လိုက်လျှောက်ကြပြီး အမေရိကန် နိုင်ငံသားများ ဖြစ်လာပြီးသည့်နောက်တွင် သူတို့သည် “သင်တို့ တရုတ်လူမျိုးများ” နှင့် “သင်တို့ တရုတ်ပြည်မကြီးမှ လူများ” ဟု ဆိုကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူများသည် မြင့်မြတ်သလော သို့မဟုတ် နိမ့်ကျသလော။ (နိမ့်ကျပါသည်။) သူတို့သည် အလွန် နိမ့်ကျသည်တကား။ သူတို့သည် အမေရိကန် နိုင်ငံသားတစ်ဦး ဖြစ်လာခြင်းအားဖြင့် သူတို့သည် မြင့်မြတ်လာဘိသကဲ့သို့ ပြုမူကြသည်။ သူတို့သည် အလွန် အပေါ်ယံ မဆန်ကြသလော။ သူတို့သည် အလွန် အပေါ်ယံဆန်ကြသည်။ အကယ်၍ လူတစ်ဦးသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ လူမှုအဆင့်အတန်း၊ ကြွယ်ဝချမ်းသာမှုနှင့် ပညာရေးဆိုင်ရာ အောင်မြင်မှုများကို သာမန်စိတ်နှလုံးဖြင့် ကိုင်တွယ် နိုင်ပါက ဤသာမန်စိတ်နှလုံး ဆိုသည်မှာ သင်သည် ဤအမှုအရာများကို ကြုံတွေ့ပြီးဖြစ်၍ ခံစားမှုကင်းမဲ့သွားပြီဟု ဆိုလိုခြင်း မဟုတ်ဘဲ သင်၌ တိုင်းတာခြင်း စံနှုန်းတစ်ခု ရှိပြီး သင်သည် ဤအမှုအရာများကို သင်၏ အသက်တာ၌ အရေးအကြီးဆုံးသော အမှုအရာများအဖြစ် မမှတ်ယူတော့ဘဲ သင် ဤအမှုအရာများကို တိုင်းတာပြီး ရှုမြင်သည့် စံနှုန်းများနှင့် စည်းမျဉ်းများအပြင် သင်၏ စံသတ်မှတ်ချက်များသည် ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ပြီးဖြစ်၍ သင်သည် ဤအမှုအရာများကို မှန်ကန်စွာ ကိုင်တွယ်နိုင်ပြီး ယင်းတို့ကို သာမန်စိတ်နှလုံးဖြင့် ရှုမြင်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်မှာ ပြောစရာမလိုပေ။ ဤသည်မှာ အဘယ်အရာကို သက်သေပြသနည်း။ ယင်းသည် သင့်အနေဖြင့် လူမှုအဆင့်အတန်း ဆိုသောအရာ၊ လူ၏ တန်ဖိုး စသည်တို့ကဲ့သို့သော အပြင်ပန်း အရာများမှ လွတ်မြောက်ပြီးဖြစ်ကြောင်း သက်သေပြသည်။ သင်တို့သည် ယခုအချိန်တွင် ဤသည်ကို ဖြစ်မြောက်အောင်မြင်နိုင်ခြင်း မရှိသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် သင်တို့သည် သမ္မာတရားကို အမှန်တကယ် နားလည်နိုင်သောအခါ ဤအမှုအရာများကို ထွင်းဖောက်မြင်နိုင်ကြပေလိမ့်မည်။ သင့်အား ဥပမာတစ်ခု ငါ ပေးမည်။ လူတစ်ဦးသည် ကြွယ်ဝသော ညီအစ်ကိုမောင်နှမများနှင့် ကြုံတွေ့ပြီး သူတို့ ဝတ်ဆင်ထားသမျှသည် နာမည်ကြီးတံဆိပ်များ ဖြစ်သည်ကိုလည်းကောင်း၊ သူတို့သည် ချမ်းသာကြွယ်ဝပုံ ပေါက်သည်ကိုလည်းကောင်း မြင်တွေ့သောအခါ သူသည် ထိုလူတို့နှင့် မည်သို့ စကားပြောဆိုရမည် သို့မဟုတ် မည်သို့ ပေါင်းသင်းဆက်ဆံရမည်ကို မသိရှိတော့သောကြောင့် သူသည် မိမိတို့ကိုယ်ကို နှိမ့်ချကာ ကြွယ်ဝသော ညီအစ်ကိုမောင်နှမများကို မျက်နှာလိုမျက်နှာရ လုပ်ပြီး မြှောက်ပင့်ပြောဆိုသည့်အပြင် မနှစ်မြို့ဖွယ် နည်းလမ်းဖြင့် ပြုမူသည်။ ဤသည်မှာ သူသည် မိမိကိုယ်ကို တန်ဖိုးဖျက်ခြင်း မဟုတ်လော။ ဤနေရာ၌ သူ့ကို စိုးမိုးခြယ်လှယ်နေသော အရာတစ်ခု ရှိသည်။ အချို့သောသူတို့သည် ကြွယ်ဝသော အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံသောအခါ “အစ်မကြီး” ဟု ခေါ်ကြပြီး ကြွယ်ဝသော အမျိုးသားတစ်ဦးနှင့် တွေ့ဆုံသောအခါ “အစ်ကိုကြီး” ဟု ခေါ်ကြသည်။ သူတို့သည် ဤလူတို့ကို မျက်နှာလိုမျက်နှာရ လုပ်ပြီး အတည်ပြုထောက်ခံချက်ရရန် မိမိတို့ကိုယ်ကို ဂုဏ်တင်ဖို့ အစဉ်သဖြင့် လိုလားကြသည်။ သူတို့သည် ဆင်းရဲပြီး ပြောပလောက်စရာမရှိသော၊ ပညာအရည်အချင်း အဆင့်အတန်း နိမ့်ပါးစွာဖြင့် ကျေးလက်မှ လာသော တစ်စုံတစ်ဦးကို မြင်တွေ့သောအခါ ထိုသူတို့ကို အထင်သေးပြီး ဂရုပြုမှုတစ်ခုခု ပေးရန် ငြင်းဆိုကြကာ သူတို့၏ သဘောထားသည် ပြောင်းလဲသွားသည်။ ထိုသို့သော သာမန် ကျင့်ကြံပြုမူမှုများသည် အသင်းတော်၌ ဖြစ်ပေါ်သလော။ ဖြစ်ပေါ်သည်၊ သင်တို့သည် ယင်းကို မငြင်းဆိုနိုင်ကြပေ၊ အကြောင်းမှာ သင်တို့အလယ်၌ အချို့သောသူတို့သည် ထိုသို့သော အပြုအမူမျိုးကို ဖော်ထုတ်ပြသခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ အချို့က “အစ်ကိုကြီး” ဟု ခေါ်ကြသည်၊ အချို့က “အစ်မကြီး” ဟု ခေါ်ကြသည်၊ အချို့က “အဒေါ်” ဟု ခေါ်ကြသည်။ ဤလူမှုရေး ကျင့်ကြံပြုမူမှုများသည် ဆိုးရွားသည်။ ဤလူတို့၏ အပြုအမူအားဖြင့် အကဲဖြတ်လျှင် သူတို့သည် သမ္မာတရားကို လိုက်စားသောသူများ မဟုတ်ကြဘဲ သူတို့၌ အနည်းငယ်မျှသော သမ္မာတရား လက်တွေ့ကျမှုပင် မရှိကြပေ။ ဤသို့သော လူအမျိုးအစားသည် သင်တို့အလယ်၌ အများစု ဖြစ်ကြပြီး အကယ်၍ မပြောင်းလဲပါက သူတို့အားလုံးသည် အဆုံး၌ ဖယ်ရှားရှင်းလင်းခြင်း ခံရကြလိမ့်မည်။ ဤမှားယွင်းသော အမြင်များသည် လူတို့ သမ္မာတရား လမ်းခရီးကို လက်ခံခြင်းအပေါ် သက်ရောက်မှု မရှိသော်ငြားလည်း ယင်းတို့သည် လူတို့၏ အသက်ဝင်ရောက်မှုနှင့် သူတို့၏ တာဝန်များ ထမ်းဆောင်ခြင်းအပေါ် သက်ရောက်မှု ရှိနိုင်သည်၊ အကယ်၍ သူတို့သည် သမ္မာတရားကို လက်ခံသော လူတစ်ဦး မဟုတ်ပါက အသင်းတော်၌ အနှောင့်အယှက်များကို ဖြစ်စေနိုင်ဖွယ် ရှိသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်နိုင်ပါက ဤအမှုအရာများကို အကဲဖြတ်သည့် စည်းမျဉ်းများနှင့် စံနှုန်းများကို သဘောပေါက်နိုင်ပေမည်။ အခြား ရှုထောင့်တစ်ရပ်လည်း ရှိသေးသည်၊ ယင်းမှာ လူတစ်ဦးသည် မည်သို့သော လူမှုအဆင့်အတန်း သို့မဟုတ် ပညာရေးဆိုင်ရာ နောက်ခံ ရှိသည်ဖြစ်စေ၊ သို့မဟုတ် သူတို့သည် မည်သို့သော မိသားစု နောက်ခံမှ လာသည်ဖြစ်စေ သင် အသိအမှတ်ပြုရမည့် အချက်တစ်ချက် ရှိသည်။ သင်၏ ပညာရေးဆိုင်ရာ အောင်မြင်မှုများနှင့် မိသားစု နောက်ခံသည် သင်၏ စရိုက်ကို မပြောင်းလဲနိုင်သကဲ့သို့ ယင်းတို့သည် သင်၏ စိတ်သဘောထားကိုလည်း လွှမ်းမိုးမှု မရှိနိုင်ပေ။ ထိုသို့ မဟုတ်လော။ (ဟုတ်ပါသည်။) ငါ အဘယ်ကြောင့် ဤသို့ ဆိုရသနည်း။ လူတစ်ဦးသည် မည်သို့သော မိသားစုမျိုး၌ မွေးဖွားသည်ဖြစ်စေ သို့မဟုတ် သူတို့ ဆက်လက်ရရှိသော ပညာရေးအမျိုးအစားသည် မည်သို့ဖြစ်သည်ဖြစ်စေ၊ သူတို့သည် အလွန်ပင် ပညာတတ်ဖြစ်လာသည်ဖြစ်စေ မတတ်လာသည်ဖြစ်စေ မွေးဖွားလာသော လူမှုနောက်ခံအမျိုးအစားသည် မည်သို့ဖြစ်စေ၊ သူတို့၏ လူမှုအဆင့်အတန်းသည် မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အခြားမည်သူ့ထံ၌မဆို ရှိသည့်အတိုင်းပင် ဖြစ်သည်။ လူတိုင်းသည် အတူတူပင် ဖြစ်သည်။ ဤသည်မှာ ရှောင်လွှဲ၍မရပေ။ သင်၏ လူမှုအဆင့်အတန်းနှင့် တန်ဖိုးသည် သင်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်ဟူသော အချက်ကို မပြောင်းလဲနိုင်သကဲ့သို့ ယင်းတို့က သင်သည် ဘုရားသခင်ကို ဆန့်ကျင်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိသော ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ဦး ဖြစ်သည်ဟူသောအချက်ကိုလည်း မပြောင်းလဲနိုင်ပေ။ ဤအရာအားဖြင့် ငါသည် မည်သည့်အရာကို ဆိုလိုသနည်း။ ငါ ဆိုလိုသည်မှာ သင်သည် မည်မျှပင် ကြွယ်ဝသော မိသားစု၌ မွေးဖွားသည်ဖြစ်စေ သို့မဟုတ် သင်သည် မည်မျှပင် ပညာတတ်ဖြစ်စေကာမူ၊ သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေဆဲ ဖြစ်သည်၊ သင်သည် မြင့်မြတ်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ အဆင့်အတန်း မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ သင်သည် ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးသည့်နောက် သင်တို့အားလုံးသည် တန်းတူညီမျှကြပြီး ဘုရားသခင်သည် အားလုံးအပေါ် တရားမျှတပြီး ဖြောင့်မတ်သည်။ ဤသည်မှာ လူတို့ ရှိသင့်သော နားလည်မှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်ပုဂ္ဂိုလ်သည် လူ့အဖွဲ့အစည်း၌ မြင့်မားသော အဆင့်အတန်း ရှိ၍ လူသားမျိုးနွယ်အားလုံးထဲမှ အမြင့်မြတ်ဆုံးသော လူမျိုး၌ မွေးဖွားသောကြောင့် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို မခံရဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ကင်းမဲ့သနည်း။ ဤသည်မှာ ယုတ္တိတန်သော ပြောဆိုချက်တစ်ခုလော။ ဤအချက်သည် လူသားမျိုးနွယ်၏ သမိုင်းတစ်လျှောက်၌ ဖြစ်ပေါ်ခဲ့ဖူးသလော။ (မရှိပါ။) မဟုတ်ပါ၊ ဖြစ်ပေါ်ခဲ့ခြင်း မရှိပါ။ အမှန်တကယ်တွင် ယောဘ၊ အာဗြဟံ၊ ထိုပရောဖက်များနှင့် ရှေးခေတ် သူတော်စင်များအပြင် ဣသရေလလူမျိုးများ အပါအဝင် မည်သည့်လူသားမျှ ဤငြင်းမရသော အမှန်တရားဖြင့် အသက်ရှင်ခြင်းကို မရှောင်လွှဲနိုင်ခဲ့ပေ။ ဤလောက၌ အသက်ရှင်ရာတွင် လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ စာတန်၏ လူသားကို ဖျက်ဆီးခြင်း၌ သင်သည် ပညာအလွန်တတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ သင်၏ မိသားစု သမိုင်းမှာ မည်သည့်အရာဖြစ်သည်၊ သင်၏ မျိုးရိုးနာမည်မှာ အဘယ်အရာဖြစ်သည်၊ သို့မဟုတ် သင်၏ ဆွေစဉ်မျိုးဆက်မှာ မည်မျှ ကြီးမားသည်တို့ကို ၎င်းက ဂရုမစိုက်ပေ။ နောက်ဆုံးရလဒ်မှာ သင်သည် လူသားမျိုးနွယ်အကြား၌ အသက်ရှင်ပါက စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် သင့်၌ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ဟူသောအချက်နှင့် သင်သည် သင်၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်သည်ဟူသောအချက်ကို သင်၏ တန်ဖိုးနှင့် ပညာရေးဆိုင်ရာ နောက်ခံတို့ဖြင့် မပြောင်းလဲနိုင်ပေ။ ဤသည်မှာ လူတို့ ရှိသင့်သော နားလည်မှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် ဤအမှုအရာများကို နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် အနာဂတ်၌ လူတစ်ဦးသည် မိမိ၏ ဆုကျေးဇူးများနှင့် အရင်းအနှီးတို့ကို ကြွားဝါသောအခါ သို့မဟုတ် သင်တို့အလယ်၌ “သာလွန်သော” လူတစ်ဦးကို သင်တို့ ထပ်မံ တွေ့ရှိသောအခါ သင်တို့သည် ထိုသူကို မည်သို့ ဆက်ဆံကြမည်နည်း။ (ကျွန်ုပ်သည် ထိုသူကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ဆက်ဆံပါမည်။) မှန်သည်။ သင်သည် သူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း မည်သို့ဆက်ဆံမည်နည်း။ အကယ်၍ သင်သည် အားလပ်နေပြီး သူတို့ကို နှိမ့်ချကာ သရော်လျက် “သင်သည် မည်မျှ ပညာတတ်သည်ကို ကြည့်ပါ၊ သင်သည် အဘယ်အရာအတွက် ကြွားဝါနေသနည်း။ သင်သည် သင်၏ အရင်းအနှီးအကြောင်း ထပ်မံ ပြောဆိုနေသည်၊ သို့သော် သင်သည် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ သင်သည် မည်မျှပင် ပညာတတ်စေကာမူ သင်သည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံခဲ့ရသည် မဟုတ်လော” ဟု ဆိုပါက ယင်းသည် ထိုသူကို ဆက်ဆံရန် နည်းလမ်းကောင်းတစ်ခု ဟုတ်သလော။ ဤသည်မှာ စည်းမျဉ်းများနှင့် မကိုက်ညီပေ၊ ယင်းသည် ပုံမှန် လူ့သဘာဝ ရှိသော လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ မဟုတ်ပေ။ သို့ဆိုလျှင် သင်သည် သူတို့ကို စည်းမျဉ်းများနှင့် ကိုက်ညီသော နည်းလမ်းဖြင့် မည်သို့ ဆက်ဆံသင့်သနည်း။ သင်သည် သူတို့ကို အထင်မကြီးသင့်သကဲ့သို့ သူတို့ကို သိမ်ငယ်အောင်လည်း မပြုသင့်ပေ။ ဤသည်မှာ အပေးအယူလုပ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အပေးအယူလုပ်ခြင်းသည် မှန်ကန်သလော။ မမှန်ကန်ပါ၊ သင်သည် သူတို့ကို မှန်ကန်စွာ ဆက်ဆံသင့်သည်၊ ပြီးလျှင် အကယ်၍ သင်သည် သင် နားလည်သော သမ္မာတရားကို အသုံးပြု၍ သူတို့ကို ကူညီနိုင်ပါက သူတို့ကို ကူညီလော့။ အကယ်၍ သင် သူတို့ကို မကူညီနိုင်ပါက သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး သူတို့သည် သီးခြား တာဝန်တစ်ခုနှင့် သင့်လျော်သည်ဟု သင် မြင်ပါက သူတို့ကို ထိုတာဝန်ကို ထမ်းဆောင်စေလော့။ သူတို့၌ အချို့သော အဆင့်မြင့် ပညာအရည်အချင်း ရှိသောကြောင့် “ဟွန်း၊ ပညာအလွန်တတ်ခြင်းသည် အဘယ်အသုံးဝင်သနည်း။ သင်သည် သမ္မာတရားကို နားလည်သလော။ ကျွန်ုပ်သည် ပညာအလွန်မတတ်သော်လည်း ခေါင်းဆောင်တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ ကျွန်ုပ်သည် အစွမ်းအစ ကောင်းမွန်သည်၊ သင့်ထက် သာ၍ တော်သည်၊ ထို့ကြောင့် ကျွန်ုပ်သည် သင့်ကို နှိမ့်ချပြီး အရှက်ခွဲမည်” ဟူ၍ တွေးလျက် ၎င်းတို့ကို အထင်မသေးနှင့်။ ဤသည်မှာ ယုတ်မာခြင်းနှင့် လူ့သဘာဝ ကင်းမဲ့ခြင်းဖြစ်သည်။ “သူတို့ကို မှန်ကန်စွာ ဆက်ဆံလော့” ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရား စည်းမျဉ်းများအတိုင်း အမှုအရာများကို ကိုင်တွယ်ရန်ဟု ဆိုလိုသည်။ ဤနေရာရှိ သမ္မာတရား စည်းမျဉ်းမှာ အဘယ်နည်း။ ယင်းမှာ လူတို့ကို တရားမျှတစွာ ဆက်ဆံရန် ဖြစ်သည်။ လူတို့ကို လေးစားကြည်ညိုခြင်း မရှိနှင့်။ ပြီးလျှင် သူတို့ကို အထင်မကြီးနှင့်၊ သင်သည် အဆင့်နိမ့်သူတစ်ဦး ဖြစ်သည်ဟု ခံစားလျက် သူတို့၏ ရှေ့မှောက်၌ သင့်ကိုယ်သင် မနှိမ့်ချနှင့်၊ သူတို့ကို မြှောက်ပင့်ပြောဆိုခြင်းလည်း မပြုနှင့်၊ သူတို့ကို မနင်းချေနှင့်၊ သူတို့ကို မသေးသိမ်စေနှင့်၊ သူတို့သည် သူတို့၏ ကိုယ်ပိုင် တန်ဖိုးကို အလွန် မြင့်သည်ဟု ထင်မှတ်ခြင်း မရှိကောင်း မရှိနိုင်ဘဲ မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ခြင်း မရှိကောင်း မရှိနိုင်ပေ။ သူတို့သည် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်လိမ့်မည်ဟု သင် အစဉ်သဖြင့် စိုးရိမ်သောကြောင့် သူတို့ကို အစဉ်သဖြင့် နင်းချေနေပါက ယင်းသည် မှန်ကန်သလော။ မမှန်ကန်ပေ။ ဤသည်မှာ ယုတ်မာခြင်းနှင့် လူ့သဘာဝ ကင်းမဲ့ခြင်းဟု ခေါ်သည်။ သင်သည် တစ်ဖက်သို့ အလွန်အကျွံ မတိမ်းစောင်းပါက သင်သည် အခြားတစ်ဖက်သို့ အလွန်အကျွံ တိမ်းစောင်းနေခြင်း ဖြစ်သည်။ လူတို့ကို မှန်ကန်စွာ ဆက်ဆံရန်၊ လူတို့ကို တရားမျှတစွာ ဆက်ဆံရန် ဖြစ်သည်။ ဤသည်မှာ စည်းမျဉ်း ဖြစ်သည်။ ဤစည်းမျဉ်းသည် ရိုးရှင်းပုံရသော်လည်း ယင်းကို လက်တွေ့လုပ်ဆောင်ရန် မလွယ်ကူပေ။

ယခင်က ခေါင်းဆောင်တစ်ဦးသည် နေရာတစ်ခုတွင် ပြောင်းရွှေ့နေထိုင်ရန် စီစဉ်နေခဲ့သည်။ သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့သားများကို သူနှင့်အတူ ခေါ်သွားနိုင်ကြောင်း ငါပြောခဲ့သည်။ အကြောင်းမှာ ဤသို့ဖြင့် သူတို့အတူတကွ အလုပ်ကို ဆွေးနွေးသည်မှာ အဆင်ပြေမည် ဖြစ်သောကြောင့် ဖြစ်သည်။ ငါ ပြောခဲ့သောအရာသည် နားလည်ရန် မခက်ခဲပေ။ ယင်းကို ကြားသည်နှင့်တစ်ပြိုင်နက် နားလည်သည်။ အဆုံး၌ သူနှင့်အတူ ခေါ်ဆောင်သွားခဲ့သော သက်ဆိုင်ရာ ဝန်ထမ်းများ၌ အတော်ပင် “အရည်အချင်းများ” ရှိခဲ့သည်။ အချို့က သူ့ထံ လက်ဖက်ရည် ယူဆောင်လာပေးကြသည်၊ အချို့က သူ၏ ခြေထောက်များကို ဆေးကြောပေးပြီး သူ၏ ကျောကို ပွတ်တိုက်ပေးကြသည်။ သူတို့အားလုံးသည် မြှောက်ပင့်ဖားယားသူ တစ်သိုက် ဖြစ်ကြသည်။ ဤခေါင်းဆောင်သည် မည်မျှ ရွံရှာဖွယ် ဖြစ်ခဲ့သနည်း။ သူ့ကို နေ့စဉ် မျက်နှာလိုမျက်နှာရ လုပ်ပြီး မြှောက်ပင့်ပြောဆိုကာ သူ့နောက်သို့ လိုက်လျက် သူ့ကို အစေခံခဲ့သည့် ကူးစက်ရောဂါရှိသောသူတစ်ဦး ရှိလေသည်။ သူသည် မြှောက်ပင့်ပြောဆိုခြင်း ခံရသည့် ခံစားချက်ကို ပျော်မွေ့ခံစားနိုင်ရန်အလို့ငှာ ဤရောဂါ ကူးစက်ခံရမည့် အန္တရာယ်ကိုပင် စွန့်စားလိုခဲ့သည်။ နောက်ဆုံးတွင် ဤကူးစက်ရောဂါ ရှိသော ပုဂ္ဂိုလ်သည် သူတို့ ပြောင်းရွှေ့ပြီးနောက် သူ၏ ရောဂါ ပြန်ထလာခဲ့သဖြင့် ဤအယောင်ဆောင်ခေါင်းဆောင်သည်လည်း ဖော်ထုတ်ခံခဲ့ရသည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ သူတို့သည် မကောင်းမှုများကို လုံးဝ မပြုလုပ်ရပေ၊ သူတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အားကိုးအားထားပြုလျက် အမှုအရာများကို မပြုလုပ်ရပေ။ ပြီးလျှင် အရဲစွန့်သော စိတ်သဘောထားမျိုး မထားရှိရပေ၊ အကြောင်းမှာ ဘုရားသခင်သည် လူ၏ စိတ်နှလုံးများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး မြေကြီးတစ်ခုလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောကြောင့် ဖြစ်သည်။ “မြေကြီးတစ်ခုလုံး” တွင် အဘယ်အရာ ပါဝင်သနည်း။ ယင်းတွင် ရုပ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မဟုတ်သော အရာများ နှစ်မျိုးလုံး ပါဝင်သည်။ သင်၏ ကိုယ်ပိုင် ဦးနှောက်ကို အသုံးပြုလျက် ဘုရားသခင်ကို၊ ဘုရားသခင်၏ ဩဇာအာဏာကို သို့မဟုတ် ဘုရားသခင်၏ အနန္တတန်ခိုးကို အကဲဖြတ်ရန် မကြိုးစားနှင့်။ လူတို့သည် ဖန်ဆင်းခံများ ဖြစ်ကြပြီး သူတို့၏ အသက်တာများသည် အလွန် အရေးမပါလှပေ။ သူတို့သည် ဖန်ဆင်းရှင်၏ ကြီးမြတ်မှုကို မည်သို့အကဲဖြတ်နိုင်မည်နည်း။ သူတို့သည် အရာခပ်သိမ်းကို သူ၏ ဖန်ဆင်းခြင်းနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲခြင်းရှိ ဖန်ဆင်းရှင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို မည်သို့ တိုင်းတာနိုင်မည်နည်း။ သင်တို့သည် အသိဉာဏ်ကင်းမဲ့သော အမှုအရာများကို လုံးဝ မပြုလုပ်ရ၊ သို့မဟုတ် မကောင်းမှုကို မပြုလုပ်ရပေ။ မကောင်းမှုကို ပြုလုပ်ခြင်းသည် မလွဲမသွေ ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည်၊ ပြီးလျှင် တစ်နေ့သောအခါ ဘုရားသခင်သည် သင့်ကို ထုတ်ဖော်သည့်အခါ သင်သည် သင် မျှော်မှန်းထားသည်ထက် ပို၍ ရရှိလိမ့်မည်၊ ထိုနေ့၌ သင်သည် ငိုကြွေးလျက် အံသွားခဲကြိတ်ရလိမ့်မည်။ သင်သည် မိမိကိုယ်ကို သဘောပေါက်နားလည်မှုဖြင့် ကျင့်ကြံပြုမူရမည်။ အချို့သော ကိစ္စရပ်များ၌ ဘုရားသခင် သင့်ကို မဖော်ထုတ်မီတွင် သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် နှိုင်းယှဉ်ခြင်း၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး ဖုံးကွယ်ထားသော အမှုအရာများကို အလင်းသို့ ဆောင်ကြဉ်းခြင်း၊ သင်၏ ကိုယ်ပိုင် ပြဿနာများကို ရှာဖွေတွေ့ရှိခြင်း၊ ထို့နောက် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းတို့ကို ပြုလုပ်သည်မှာ သာ၍ ကောင်းပေမည်။ ဘုရားသခင်က သင့်ကို ထုတ်ဖော်သည်ကို မစောင့်ဆိုင်းနှင့်။ ဘုရားသခင် သင့်ကို ထုတ်ဖော်ပြီးသည်နှင့်တစ်ပြိုင်နက် သင်သည် မထုံတက်သေး ဖြစ်သွားသည် မဟုတ်လော။ ထိုအချိန်၌ သင်သည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်ပြီး ဖြစ်နေလိမ့်မည်။ ဘုရားသခင် သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမှ သင် ထုတ်ဖော်ခံရသည်အထိ သင်၏ တန်ဖိုးနှင့် သင့်အပေါ် ဘုရားသခင်၏ ထင်မြင်ယူဆချက်သည် ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရဖွယ် ရှိသည်။ ဤသည်မှာ ဘုရားသခင်သည် သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေစဉ်အတွင်း သင် ထုတ်ဖော်ခြင်းခံရသည့် အခိုက်အတန့်အထိ သူသည် သင့်အား အခွင့်အရေးများကို ပေးနေပြီး သူ၏ မျှော်လင့်ချက်များကို သင့်အပေါ် အပ်နှံနေခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်သည် တစ်စုံတစ်ဦးအပေါ် သူ၏ မျှော်လင့်ချက်များကို အပ်နှံခြင်းမှနေ၍ အဆုံး၌ သူ၏ မျှော်လင့်ချက်များ အချည်းနှီး ဖြစ်သွားသည်အထိ ဘုရားသခင်၏ စိတ်နေစိတ်ထားသည် မည်သို့ ရှိမည်နည်း။ ယင်းသည် အလွန်ကြီးမားသော ကျဆင်းမှုတစ်ခုကို ကြုံတွေ့ရသည်။ ထို့ပြင် သင့်အတွက် အကျိုးဆက်မှာ အဘယ်အရာ ဖြစ်မည်နည်း။ ထိုမျှ မပြင်းထန်သော ကိစ္စများတွင် သင်သည် ဘုရားသခင် စက်ဆုပ်ရွံရှာခြင်းကို ခံရကောင်း ခံရနိုင်လာပြီး ဘေးဖယ်ထားခြင်း ခံရပေမည်။ “ဘေးဖယ်ထားသည်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည် ဆက်လက်ထိန်းသိမ်းထားပြီး စောင့်ကြည့်လေ့လာခြင်းကို ခံရမည်ဟု ဆိုလိုသည်။ ထို့ပြင် ပို၍ ဆိုးရွားသော ကိစ္စများတွင် အကျိုးဆက်မှာ အဘယ်အရာ ဖြစ်မည်နည်း။ ဘုရားသခင်က “ဤပုဂ္ဂိုလ်သည် ဘေးဥပဒ်တစ်ခု ဖြစ်ပြီး အစေခံရန်ပင် မထိုက်တန်ပေ။ ငါသည် ဤပုဂ္ဂိုလ်ကို လုံးဝ ကယ်တင်မည် မဟုတ်” ဟု မိန့်ပေမည်။ ဘုရားသခင်သည် ဤစိတ်ကူးကို ဖြစ်ပေါ်စေပြီးသည်နှင့်တစ်ပြိုင်နက် သင့်၌ မည်သည့်အဆုံးသတ်မျှ လုံးဝ ရှိတော့မည် မဟုတ်ပေ၊ ပြီးလျှင် ထိုသို့ ဖြစ်ပျက်ပြီးသည်နှင့် သင်သည် ဦးတိုက်တောင်းပန်ပြီး သွေးထွက်နိုင်စေကာမူ ယင်းသည် သင့်အတွက် မည်သည့်ကောင်းကျိုးမျှ ပြုမည် မဟုတ်ပေ၊ အကြောင်းမှာ ဘုရားသခင်သည် သင့်အား လုံလောက်သော အခွင့်အရေးများကို ပေးပြီးဖြစ်သော်လည်း သင်သည် မည်သည့်အခါမျှ နောင်တမရခဲ့ဘဲ သင်သည် လွန်ကျူးခဲ့ပြီးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်၌ မည်သည့်ပြဿနာများ ရှိသည်ဖြစ်စေ၊ သင်သည် မည်သည့် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြသည်ဖြစ်စေ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မိမိကိုယ်ကို အစဉ်သဖြင့် ဆင်ခြင်သုံးသပ်ပြီး သိကျွမ်းသင့်သည် သို့မဟုတ် ညီအစ်ကိုမောင်နှမများအား ဤအမှုအရာများကို သင့်အား ထောက်ပြပါရန် တောင်းဆိုသင့်သည်။ အရေးအကြီးဆုံးမှာ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံသင့်သည်၊ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသင့်သည်၊ ပြီးလျှင် သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး အလင်းပြပါရန် သူ့အား တောင်းလျှောက်သင့်သည် ဟူ၍ ဖြစ်သည်။ သင် မည်သို့သော နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ပြဿနာများကို စောစီးစွာ ရှာဖွေတွေ့ရှိပြီးနောက် ယင်းတို့ကို ဖြေရှင်းခြင်းသည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းမှ ရရှိသော အကျိုးသက်ရောက်မှု ဖြစ်ပြီး ဤသည်မှာ သင် လုပ်ဆောင်နိုင်သော အကောင်းဆုံးအရာ ဖြစ်သည်။ သင်သည် နောင်တမရမီ ဘုရားသခင်က သင့်ကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းသည့် အချိန်အထိ မစောင့်ဆိုင်းသင့်ပေ၊ ထိုသို့ဖြစ်သောအခါ နောင်တရရန် အလွန် နောက်ကျသွားလိမ့်မည်။ ဘုရားသခင် တစ်စုံတစ်ဦးကို ဖော်ထုတ်သောအခါ သူသည် အလွန် ပြင်းထန်စွာ အမျက်ထွက်သလော သို့မဟုတ် အတိုင်းအဆမဲ့ သနားကရုဏာ ထားရှိသလော။ ဤသည်မှာ ပြောဆိုရန် ခက်ခဲသည်၊ ယင်းမှာ မသိရှိရသောအရာ ဖြစ်ပြီး ငါသည် သင့်အား ဤအာမခံချက်ကို ပေးမည် မဟုတ်ပေ။ သင် လျှောက်လှမ်းသော လမ်းခရီးသည် သင်ကိုယ်တိုင်အပေါ်၌သာ မူတည်သည်။ ငါ၏ တာဝန်မှာ အဘယ်အရာဖြစ်သည်ကို သင်တို့ သိကြသလော။ ငါသည် ငါ ပြောဆိုရမည့်အရာအားလုံး၊ ငါ ပြောဆိုသင့်သော စကားလုံးတိုင်းကို၊ စကားလုံးတစ်လုံးမျှ မချန်လှပ်ဘဲ သင်တို့အား ပြောပြနေခြင်း ဖြစ်သည်။ ငါသည် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ယင်းသည် ရေးသားထားသော စကားလုံးများ၊ ပုံပြင်ပြောခြင်း၊ သို့မဟုတ် အစီအစဉ်ငယ်များကို ထုတ်လုပ်ခြင်း နည်းလမ်း ဖြစ်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ငါသည် ဘုရားသခင် သင်တို့အား နားလည်စေလိုသော သမ္မာတရားကို နည်းလမ်းအမျိုးမျိုးမှတစ်ဆင့် အသိပေးနေခြင်း ဖြစ်ပြီး တစ်ချိန်တည်းတွင် ငါ မြင်တွေ့နိုင်သော ပြဿနာများကို သင်တို့အား အသိပေးနေခြင်း ဖြစ်သည်။ ငါသည် သင်တို့အား သတိပေးနေသည်၊ အမှတ်ရစေနေသည်၊ ပြီးလျှင်တိုက်တွန်းနှိုးဆော်နေသည်၊ ထို့ပြင် သင်တို့အား အချို့သော ထောက်ပံ့မှု၊ အကူအညီနှင့် ဖေးမမှုတို့ကို ပေးနေခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ငါသည် ပြင်းထန်သော စကားများကိုလည်း ပြောဆိုသည်။ ဤသည်မှာ ငါ၏ တာဝန် ဖြစ်ပြီး လမ်းခရီး၏ ကျန်ရှိသောအပိုင်းကို မည်သို့ သွားရမည်မှာ သင်ကိုယ်တိုင်အပေါ်၌ မူတည်သည်။ သင်သည် ငါ၏ အပြောအဆိုနှင့် မျက်နှာအမူအရာကို ဆန်းစစ်ရန် မလိုအပ်သကဲ့သို့ သင်သည် ငါ၏ သင့်အပေါ် ထားရှိသော ထင်မြင်ယူဆချက်မှာ အဘယ်အရာဖြစ်သည်ကို စူးစိုက်စွာ စောင့်ကြည့်လေ့လာရန်လည်း မလိုအပ်ပေ။ သင်သည် ဤအရာများကို လုပ်ဆောင်ရန် မလိုအပ်ပေ။ အနာဂတ်၌ သင်၏ အဆုံးသတ်က မည်သည့်အရာဖြစ်မည်ဟူသည်မှာ ငါနှင့် မည်သို့မျှ မသက်ဆိုင်ပေ၊ ယင်းသည် သင်ကိုယ်တိုင် လိုက်စားသောအရာနှင့်သာ သက်ဆိုင်သည်။ ယနေ့ ငါသည် ပြတင်းပေါက်ကို ဖွင့်လျက် ပွင့်လင်းစွာ ပြောဆိုနေသည်၊ ငါသည် လုံးဝ ရှင်းလင်းစွာ ပြောဆိုနေသည်။ ငါ ပြောဆိုခဲ့သော စကားလုံးတိုင်းနှင့် ဝါကျတိုင်းအပြင် ငါ ပြောဆိုရမည့်အရာ၊ ငါ ပြောဆိုသင့်သောအရာနှင့် ငါ အတိတ်က ပြောဆိုခဲ့ပြီးဖြစ်သောအရာတို့ကို သင်တို့ ကြားသိပြီး နားလည်ခဲ့ကြပြီးပြီလော။ ငါ ဆိုသောအရာ၌ သဘောတရားသက်သက် ဖြစ်သောအရာတစ်ခုမျှ မပါရှိ၊ သင်တို့ နားမလည်သော အရာတစ်ခုမျှ မပါရှိ၊ သင်တို့အားလုံး နားလည်ခဲ့ကြပြီးဖြစ်သည်၊ ထို့ကြောင့် ငါ၏ တာဝန်သည် ပြည့်စုံခဲ့ပြီး ဖြစ်သည်။ ငါ စကားပြောဆိုပြီးသည့်နောက်တွင် ငါသည် သင်တို့ကို ဆက်လက်၍ စောင့်ကြည့်နေရဦးမည်၊ သင်တို့အတွက် လက်တွဲလျက် အဆုံးတိုင်အောင် တာဝန်ယူနေရဦးမည်ဟု မထင်မှတ်နှင့်။ သင်တို့အားလုံး ဘုရားသခင်ကို နှစ်အတန်ကြာ ယုံကြည်ခဲ့ကြပြီးဖြစ်သည်၊ သင်တို့အားလုံးသည် အရွယ်ရောက်ပြီးသူများ ဖြစ်ကြပြီး ကလေးငယ်များ မဟုတ်ကြပေ။ သင်တို့ အမှုအရာများကို လုပ်ဆောင်သောအခါ သင်တို့အတွက် တာဝန်ရှိသော ခေါင်းဆောင်များ ရှိကြသည်၊ ယင်းမှာ ငါ၏ တာဝန် မဟုတ်ပေ။ ငါ၌ ငါ၏ ကိုယ်ပိုင် အမှုတော် နယ်ပယ်၊ ငါ၏ ကိုယ်ပိုင် တာဝန်ဝတ္တရားများ နယ်ပယ် ရှိသည်၊ ငါသည် သင်တို့ တစ်ဦးချင်းစီတိုင်း၏ နောက်မှ လိုက်လျက် သင်တို့ကို ဆက်လက် ကြီးကြပ်ပြီး တိုက်တွန်းနေရန် မလိုအပ်သကဲ့သို့ ဖြစ်နိုင်ချေလည်း မရှိပေ။ ငါ၌ ထိုသို့ လုပ်ဆောင်ရန် တာဝန်ဝတ္တရား မရှိပေ။ သင်တို့ လိုက်စားသောအရာ၊ သင်တို့ သီးသန့် ပြောဆိုပြီး လုပ်ဆောင်သောအရာနှင့် သင်တို့ လိုက်လျှောက်သော လမ်းခရီးတို့အတွက်မူ ဤအမှုအရာများ တစ်ခုမျှ ငါနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ အဘယ်ကြောင့် ယင်းတို့ ငါနှင့် မည်သို့မျှ မသက်ဆိုင်ဟု ငါ ဆိုရသနည်း။ အကယ်၍ သင်တို့သည် ဘုရားသခင်၏ အိမ်တော်၌ သင်တို့၏ တာဝန်များကို သင့်လျော်ပြီး မှန်ကန်သော နည်းလမ်းဖြင့် ထမ်းဆောင်နိုင်ပါက ဘုရားသခင်၏ အိမ်တော်သည် သင်တို့အတွက် အဆုံးတိုင်အောင် တာဝန်ရှိပေမည်။ အကယ်၍ သင်တို့သည် သင်တို့၏ တာဝန်ကို ထမ်းဆောင်ရန်၊ အဖိုးအခကို ပေးဆပ်ရန်၊ သမ္မာတရားကို လက်ခံရန်နှင့် စည်းမျဉ်းအတိုင်း ပြုမူရန် ဆန္ဒရှိပါက ဘုရားသခင်၏ အိမ်တော်သည် သင်တို့ကို ဦးဆောင်မည်၊ သင်တို့အတွက် ပံ့ပိုးပေးမည်၊ ပြီးလျှင် သင်တို့ကို ထောက်ပံ့ပေးမည်၊ အကယ်၍ သင်တို့သည် သင်တို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒမရှိဘဲ အပြင်ထွက် အလုပ်လုပ်ပြီး ငွေရှာရန် ဆန္ဒရှိပါက ဘုရားသခင်၏ အိမ်တော် တံခါးများသည် ခပ်ကျယ်ကျယ် ပွင့်လျက်ရှိပြီး သင်တို့သည် လှိုက်လှဲသော နှုတ်ဆက်ခြင်းကို လက်ခံရရှိပေမည်။ သို့သော်လည်း အကယ်၍ သင်တို့သည် ဘုရားသခင်၏ အိမ်တော်၌ အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေပါက၊ မကောင်းမှုကို ပြုလုပ်ပါက၊ ပြဿနာရှာပါက မည်သူက မကောင်းမှုကို ပြုလုပ်သည်ဖြစ်စေ ဘုရားသခင်၏ အိမ်တော်၌ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် အလုပ်အစီအစဉ်များရှိပြီး သင်တို့သည် ဤစည်းမျဉ်းများအတိုင်း ကိုင်တွယ်ခြင်း ခံရပေမည်။ သင်တို့ နားလည်သလော။ သင်တို့အားလုံး ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပြီးဖြစ်သည်၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုခဲ့ကြပြီးဖြစ်သည်၊ ပြီးလျှင် ဤနှစ်များအားလုံးတွင် စုဝေးပွဲများကို တက်ရောက်ပြီး တရားဒေသနာများကို နားထောင်ခဲ့ကြပြီးဖြစ်သည်၊ သို့ဖြစ်ပါလျက် အဘယ်ကြောင့် သင်တို့သည် စိုးစဉ်းမျှပင် နောင်တရခြင်း သို့မဟုတ် ပြောင်းလဲခြင်း မရှိခဲ့ကြသနည်း။ နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ခဲ့ပြီး အချို့သော သမ္မာတရားများကို နားလည်ခဲ့သော လူများစွာ ရှိကြသည်၊ သို့တိုင်အောင် သူတို့သည် နောင်တရခြင်း မရှိကြသေးပေ၊ သူတို့သည် သူတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေ နည်းလမ်းဖြင့် ထမ်းဆောင်နေကြဆဲ ဖြစ်ပြီး ဤသည်တို့မှာ အန္တရာယ်ကျရောက်နေသော လူများ ဖြစ်ကြသည်။ ငါသည် သင်တို့အား စစ်မှန်သော အရာတစ်ခုကို ပြောပြမည်။ သင်တို့အနေဖြင့် လက်တွေ့ကျပြီး ထိရောက်သော တစ်စုံတစ်ရာကို လုပ်ဆောင်နိုင်ရန်အလို့ငှာ ငါ သင်တို့ကို စောင့်ကြည့်နေဖို့၊ သင်တို့ကို ဂရုစိုက်ဖို့၊ ငါ သင်တို့၏ လက်ကို ကိုင်ထား၍ သင်တို့ကို သင်ကြားပေးဖို့ အစဉ်သဖြင့် မမျှော်လင့်နှင့်။ အကယ်၍ ငါသည် သင်တို့ကို မကြည့်ရှု သို့မဟုတ် သင်တို့ကို မကြီးကြပ်ဘဲ သင်တို့ကို မတိုက်တွန်းပါက၊ သင်တို့သည် ဝတ်ကျေတမ်းကျေ ဖြစ်လာပြီး အမှုတော် တိုးတက်မှု နှေးကွေးသွားပါက သင်တို့သည် အဆုံးသတ်သွားပေမည်။ ဤသည်မှာ သင်တို့သည် မည်သည့် သစ္စာစောင့်သိခြင်းမျှ မရှိဘဲ သင်တို့၏ တာဝန်ကို ထမ်းဆောင်ကြပြီး အားလုံးမှာ အလုပ်လုပ်ပေးသူများ ဖြစ်ကြကြောင်း ပြသသည်။ ငါ သင်တို့အား ပြောမည်၊ ငါ၏ အမှုတော်သည် ဆောင်ရွက်ပြီး ဖြစ်သည်၊ ငါသည် သင်တို့ကို ဂရုစိုက်ရန် တာဝန်ဝတ္တရား မရှိပေ။ အကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤကိစ္စရပ်များ၌ အမှုပြုနေပြီး သင်တို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေသောကြောင့် ဖြစ်သည်၊ ငါ လုပ်ဆောင်သင့်သောအရာကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်၊ ငါ ပြောဆိုသင့်သောအရာကို ပြောဆိုခဲ့ပြီး ဖြစ်သည်၊ ငါသည် ငါ၏ အမှုတော်ကို စွဲစွဲမြဲမြဲ ဆောင်ရွက်ပြီးဖြစ်သည်။ ငါသည် ငါ၏ တာဝန်ကို ပြည့်စုံစေခဲ့ပြီး ဖြစ်သည်။ ကျန်ရှိသောအရာမှာ သင်တို့၏ ကိုယ်ပိုင် လုပ်ဆောင်ချက်များနှင့် အပြုအမူအတွက် တာဝန်ယူရန်သာ ဖြစ်လေသည်။ အကယ်၍ သင်တို့သည် သမ္မာတရားကို လက်မခံဘဲ အစဉ်မပြတ် ဝတ်ကျေတမ်းကျေ ဖြစ်ကာ နောင်တရရန် မည်သည့်အခါမျှ မစဉ်းစားပါက သင်တို့၏ ပြစ်ဒဏ်ခတ်ခြင်းနှင့် သင်တို့ ဖယ်ရှားရှင်းလင်းခြင်း ခံရခြင်းတို့သည် ငါနှင့် မည်သို့မျှ သက်ဆိုင်လိမ့်မည် မဟုတ်ပေ။

ငါ ခုလေးတင် ပြောပြခဲ့သော ဇာတ်လမ်း၏ ရှုထောင့်တစ်ရပ်မှာ လူတို့၏ လူမှုအဆင့်အတန်း၊ တန်ဖိုး၊ မိသားစု နောက်ခံနှင့် ပညာရေးဆိုင်ရာ နောက်ခံ စသည်တို့ကို မည်သို့ မှတ်ယူရမည်ဟူသည်နှင့် ဤအမှုအရာများကို မှတ်ယူရန် စံနှုန်းများနှင့် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်တို့ကို ပြောဆိုနေခြင်း ဖြစ်သည်။ အခြား ရှုထောင့်တစ်ရပ်မှာ ဤအမှုအရာများကို မည်သို့ ကိုင်တွယ်ရမည်ဟူသည်နှင့် ယင်းတို့၏ အနှစ်သာရကို မည်သို့ ထွင်းဖောက်မြင်ရမည်ဟူသည်တို့ ဖြစ်သည်။ သင်သည် ဤအမှုအရာများ၏ အနှစ်သာရကို ထွင်းဖောက်မြင်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းတို့သည် သင်၏ စိတ်နှလုံးထဲ၌ ရှိနေဆဲ ဖြစ်နိုင်သော်လည်း သင်သည် ယင်းတို့အားဖြင့် ဘောင်ခတ်ခြင်း ခံရမည် မဟုတ်ဘဲ ယင်းတို့အားဖြင့် အသက်ရှင်တော့မည် မဟုတ်ပေ။ သင်သည် ဘာသာတရားမရှိသူတစ်ဦး တက္ကသိုလ်သို့ သွားခဲ့ခြင်းနှင့် မဟာဘွဲ့ သို့မဟုတ် ပါရဂူဘွဲ့အတွက် သင်ယူခဲ့ခြင်းဟူသော သူတို့၏ ဘုန်းကျက်သရေရှိသော အတိတ်ကို ကြွားဝါနေသည်ကို မြင်တွေ့သောအခါ ထိုအချိန်ရှိ သင်၏ ရှုမြင်ပုံနှင့် သဘောထားမှာ အဘယ်နည်း။ အကယ်၍ သင်က “တက္ကသိုလ်၌ ဘွဲ့တစ်ခုအတွက် သင်ယူခြင်းသည် ဘာမျှမဟုတ်ပါ။ ကျွန်ုပ်သည် လွန်ခဲ့သောနှစ်များက ကျွန်ုပ်၏ ဘွဲ့လွန်သင်တန်းမှ ဘွဲ့ရခဲ့ပြီးဖြစ်သည်” ဟု ဆိုပါက၊ အကယ်၍ သင်၌ ဤစိတ်နေစိတ်ထား ရှိပါက ယင်းသည် သင့်အတွက် ပြဿနာများလိမ့်မည်ဖြစ်ပြီး ယင်းက သင်သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်း၌ များစွာ ပြောင်းလဲခြင်း မရှိသေးကြောင်း ပြသသည်။ အကယ်၍ သူတို့က သင့်အား သင်၏ ပညာရေးဆိုင်ရာ နောက်ခံမှာ အဘယ်အရာဖြစ်သည်ဟု မေးမြန်းပြီး သင်က “ကျွန်ုပ်သည် မူလတန်းကျောင်းပင် မပြီးခဲ့ဘဲ စာစီစာကုံးတစ်ပုဒ်ပင် မရေးနိုင်ပါ” ဟု ဆိုသဖြင့် သူတို့က သင့်အား အညတရတစ်ဦးအဖြစ် ရှုမြင်ပြီး သင့်ကို လျစ်လျူရှုလာပါက ယင်းသည် ပြီးပြည့်စုံသည် မဟုတ်ပါလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမို ဖတ်ရှုရန်နှင့် သင်၏ တာဝန်ကို ပိုမို ထမ်းဆောင်ရန် အချိန်ကို ဖယ်ထားနိုင်ပြီး ဤသည်မှာ မှန်ကန်သော လုပ်ဆောင်မှု ဖြစ်သည်။ ဘာသာတရားမရှိသူတို့၊ မယုံကြည်သူတို့နှင့် အတင်းအဖျင်းပြောဆိုခြင်း၌ အဘယ်အကျိုး ရှိသနည်း။ အကယ်၍ သင်သည် သင့်၌ ပညာအရည်အချင်း အဆင့်အတန်း နိမ့်ပါးပြီး လူ့အဖွဲ့အစည်း၌ အဆင့်အတန်း မရှိဟု ဆိုပါက၊ ထို့ပြင် တစ်စုံတစ်ဦးက သင့်ကို သေးသိမ်စေပါက သင်သည် အဘယ်အရာ လုပ်ဆောင်မည်နည်း။ ယင်းကို စိတ်ထဲ၌ မထားနှင့်၊ ဘောင်ခတ်ခြင်း ခံရသည်ဟု မခံစားရနှင့်၊ သူတို့ကို စကားပြောဆိုခွင့် ပြုလော့။ သူတို့ ပြောလိုသော မည်သည့်အရာကိုမဆို သူတို့ကို ပြောဆိုခွင့် ပြုလော့။ ယင်းသည် သင့်အတွက် ဘာမျှမဟုတ်ပေ။ ယင်းသည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းမှ သင့်ကို နှောင့်နှေးကြန့်ကြာစေခြင်း မရှိသမျှ ကာလပတ်လုံး အဆင်ပြေသည်။ ဤသည်မှာ အမှန်စင်စစ် အသေးအဖွဲဖြစ်သော အကြောင်းအရာ ဖြစ်သည်၊ သို့သော် နေ့စဉ် အသက်တာ၌ လူတို့ ဖော်ပြသော အမှုအရာများမှတစ်ဆင့် လူတို့သည် အရင်းအနှီးနှင့်ဆိုင်သော ဤအမှုအရာများကို အလွန်ပင် အလေးထားကြပြီး ယင်းတို့ကို သူတို့၏ စိတ်နှလုံးထဲ၌ အစဉ်သဖြင့် သယ်ဆောင်ထားကြသည်ကို မြင်တွေ့နိုင်သည်။ ဤသည်မှာ လူတို့၏ အပြောအဆိုနှင့် အပြုအမူကို သက်ရောက်မှု ရှိနိုင်ရုံသာမက ယင်းသည် သူတို့၏ အသက်ဝင်ရောက်မှုနှင့် ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ မှန်ကန်သော လမ်းကြောင်းအား ရွေးချယ်ခြင်းတို့ကိုလည်း သက်ရောက်မှု ရှိနိုင်သည်။ ကောင်းပြီ၊ ငါသည် ဤသို့သော အကြောင်းအရာမျိုးကို နောက်တစ်ဖန် ပြောဆိုမည် မဟုတ်ချေ။ ကျွန်ုပ်တို့ နောက်ဆုံးတစ်ကြိမ်က မိတ်သဟာယဖွဲ့နေခဲ့သော အကြောင်းအရာကို ပြန်ပြောကြပြီး အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ဆက်လက်၍ မိတ်သဟာယဖွဲ့ပြီး ခွဲခြမ်းစိတ်ဖြာကြစို့။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။