အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁) အခန်း ငါး
အန္တိခရစ်တို့၏ စိတ်သဘောထားက ကောက်ကျစ်ဆိုးယုတ်၏။ ၎င်းတို့သည် သမ္မာတရားကို လက်မခံရုံမက ဘုရားသခင်ကိုလည်း အတိုက်အခံလုပ်နိုင်သည်၊ မိမိတို့၏ကိုယ်ပိုင်နယ်ပယ်များကိုလည်း ထူထောင်နိုင်ပြီး၊ ဘုရားသခင်ကို အလျှော့မပေးဘဲ ဆန့်ကျင်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ဖြစ်သည်။ သင်တို့သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများအပေါ် နားလည်မှုတစ်ခုတလေ ရှိသလော။ လူအများစုသည် ၎င်းတို့အား မည်သို့ပိုင်းခြားသိမြင်ရမည်ကို မသိကြပေ၊ ထို့ကြောင့် ဥပမာတစ်ခုကို ကြည့်ကြစို့။ အချို့လူများသည် ပုံမှန်အခြေအနေများတွင် အလွန်ပုံမှန်အတိုင်း ပြုမူကြသည်၊ ၎င်းတို့သည် အလွန် ပုံမှန်အတိုင်း အခြားသူများကို စကားပြောပြီး ဆက်ဆံကြသည်။ ၎င်းတို့သည် ပုံမှန်လူများထင်ရပြီး မကောင်းသောအရာတစ်ခုတလေမျှ မလုပ်ဆောင်ကြပေ။ သို့သော်၊ စုဝေးပွဲများသို့ ၎င်းတို့ ရောက်လာပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုကာ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ၊ ၎င်းတို့ထဲမှ အချို့မှာ နားမထောင်လိုကြ၊ အချို့မှာ ငိုက်မျဉ်းကြသည်၊ အချို့မှာ ထိုအရာကို အလွန်အမင်းမနှစ်မြို့ဘဲ သည်းခံရန်ခက်ခဲသည်ဟု ခံစားရကာ နားမထောင်ချင်ကြသကဲ့သို့ အချို့မှာ မသိလိုက်ဘဲ အိပ်ပျော်သွားပြီး လုံးဝသတိမမူဖြစ်သွားကြသည်။ ဤနေရာတွင် အဘယ်အရာဖြစ်ပျက်နေသနည်း။ တစ်စုံတစ်ယောက်က သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အဘယ်ကြောင့် အလွန်မူမမှန်သော ဖြစ်စဉ်များစွာ ထင်ရှားလာရသနည်း။ ဤလူများထဲမှအချို့မှာ မူမမှန်သောအခြေအနေ၌ ရှိနေကြသော်လည်း၊ အချို့မှာမူ ကောက်ကျစ်ဆိုးယုတ်ကြခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် နတ်ဆိုးများစွဲကပ်ခြင်းခံရသည့် ဖြစ်နိုင်ခြေကို ထည့်မတွက်ဘဲ ချန်ထား၍မရနိုင်သကဲ့သို့ တစ်ခါတစ်ရံ လူတို့သည် ဤအရာကို အပြည့်အဝ နားလည်သဘောပေါက်နိုင်ခြင်းမရှိ သို့မဟုတ် ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ အန္တိခရစ်တို့၏ အတွင်း၌ နတ်ဆိုးများ ရှိကြသည်။ အကယ်၍ သင်က ၎င်းတို့အနေဖြင့် အဘယ်ကြောင့် သမ္မာတရားကို ရန်လိုသည်ကို မေးလျှင်၊ ၎င်းတို့က သမ္မာတရားအပေါ် ရန်လိုခြင်းမရှိဟုဆိုပြီး ဝန်ခံရန် ခေါင်းမာစွာ ငြင်းပယ်ကြသည်။ အမှန်တကယ်တွင်မူ ၎င်းတို့က သမ္မာတရားကို မချစ်မြတ်နိုးကြောင်း မိမိတို့စိတ်နှလုံးထဲ၌ သိကြသည်။ ဘုရားနှုတ်ကပတ်တော်များကို မည်သူကမျှ မဖတ်ရှုသည့်အခါ၊ ၎င်းတို့သည် ပုံမှန်လူများကဲ့သို့ အခြားသူများနှင့် အဆင်ပြေကြပြီး ၎င်းတို့အတွင်း၌ အဘယ်အရာ တည်ရှိသည်ကို သင်သတိမမူမိပေ။ သို့သော်၊ တစ်စုံတစ်ယောက်က ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ ၎င်းတို့သည် နားမထောင်လိုကြသည့်အပြင် ၎င်းတို့၏စိတ်နှလုံးများထဲ၌ စက်ဆုပ်ရွံရှာမှု ဖြစ်ပေါ်လာသည်။ ဤသည်မှာ ၎င်းတို့၏သဘာဝကို ချပြနေခြင်းဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြသည်၊ ဤအရာမျိုး ဖြစ်ကြသည်။ ဘုရားနှုတ်ကပတ်တော်များက ဤလူတို့၏အနှစ်သာရကို ဖော်ထုတ်လေပြီလော သို့မဟုတ် အထိနာစေပြီလော။ နှစ်ခုလုံးမဟုတ်ပေ။ ၎င်းတို့သည် စုဝေးပွဲများတက်ရောက်သည့်အခါ၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုနေသည့် မည်သူ့ကိုမျှ နားမထောင်လိုကြပေ။ ဤသည်မှာ ၎င်းတို့အနေဖြင့် ကောက်ကျစ်ဆိုးယုတ်ကြခြင်း ဖြစ်သည် မဟုတ်လော။ “ကောက်ကျစ်ဆိုးယုတ်ခြင်း”ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အကြောင်းပြချက်မရှိဘဲ သမ္မာတရားအပေါ်၊ အပြုသဘောဆောင်သောအရာများနှင့် အပြုသဘောဆောင်သောလူများအပေါ် ရန်လိုခြင်းကို ဆိုလိုသည်။ အကြောင်းရင်းက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ကိုယ်တိုင်ပင် မသိကြ။ ၎င်းတို့အနေဖြင့် ထိုသို့ပြုမူရမည်သာ ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဟု ဆိုလိုသည့်အရာဖြစ်ပြီး၊ ရိုးရှင်းသည့် စကားဖြင့်ဆိုရသော်၊ ဆိုးယုတ်ခြင်းသာ ဖြစ်သည်။ အန္တိခရစ်အချို့က၊ “တစ်စုံတစ်ယောက်က ဘုရားနှုတ်ကပတ်တော်များကို စတင် ဖတ်ရှုရန်သာ လိုအပ်ပြီး ကျွန်ုပ်နားမထောင်ချင်ပါ။ တစ်စုံတစ်ယောက်က ဘုရားအတွက် သက်သေခံနေသည်ကို ကျွန်ုပ် ကြားရန်သာလိုအပ်ပြီး ကျွန်ုပ်စက်ဆုပ်ရွံရှာမိသည်၊ အဘယ်ကြောင့်ဖြစ်သည်ကို ကျွန်ုပ်ပင်မသိပါ။ သမ္မာတရားကို တစ်စုံတစ်ဦးက ချစ်မြတ်နိုးပြီး လိုက်စားနေသည်ကို ကျွန်ုပ် မြင်သည့်အခါ၊ သူတို့နှင့် ကျွန်ုပ် အဆင်မပြေနိုင်ပါ၊ သူတို့ကို ကျွန်ုပ် ဆန့်ကျင်ချင်သည်၊ သူတို့ကို အမြဲကျိန်ဆဲချင်သည်၊ သူတို့၏နောက်ကွယ်တွင် ထိခိုက်နစ်နာစေပြီး ဖျက်ဆီးချင်သည်” ဟု ဆိုကြသည်။ ၎င်းတို့အနေဖြင့် အဘယ်ကြောင့် ဤသို့ ခံစားရသည်ကို ၎င်းတို့ကိုယ်တိုင်ပင် မသိကြပေ။ ဤသည်မှာ ၎င်းတို့ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ဤအတွက် တကယ့်အကြောင်းရင်းမှာ အဘယ်နည်း။ အန္တိခရစ်တို့သည် မိမိတို့အတွင်း၌ ပုံမှန်လူတစ်ဦး၏ ဝိညာဉ် မရှိကြခြင်းသာ ဖြစ်သည်။ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝ မရှိကြခြင်းသာ ဖြစ်သည်။ ဤသည်မှာ နောက်ဆုံး စိစစ်မှုတွင် ဖြစ်သည့်ပုံစံ ဖြစ်သည်။ အကယ်၍ ပုံမှန်လူတစ်ဦးသည် သမ္မာတရား၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများနှင့်ပတ်သက်၍ ဘုရားသခင်က အလွန်ရှင်းလင်းစွာနှင့် ပြတ်သားစွာ ပြောဆိုနေသည်ကိုကြားလျှင်၊ ထိုသူက “အမှားအမှန် ခွဲခြား၍မရနိုင်သည့်အပြင် အကောင်းအဆိုး ရောထွေးနေသည့်၊ ဤမျှကောက်ကျစ်ဆိုးယုတ်ပြီး ကာမဂုဏ်လိုက်စားသောခေတ်ကြီးထဲတွင်၊ အလွန်များသော သမ္မာတရားနှင့် အလွန်ကောင်းမွန်သော စကားများကိုကြားနိုင်ခြင်းသည် အလွန်တန်ဖိုးရှိပြီး အလွန်ရှားပါးလှပေသည်” ဟု တွေးကြလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့် ထိုအရာသည် တန်ဖိုးရှိသနည်း။ ဘုရားနှုတ်ကပတ်တော်များသည် စိတ်နှလုံးနှင့်ဝိညာဉ် နှစ်ခုလုံးရှိသူတို့၏ ဆန္ဒများနှင့် ဝိညာဉ်ရေးရာနိုးကြားမှုတို့ကို နိုးကြားစေသည်။ မည်သို့သော ဝိညာဉ်ရေးရာနိုးကြားမှုနည်း။ ၎င်းတို့သည် တရားမျှတမှုနှင့် အပြုသဘောဆောင်သောအရာများကို တောင့်တကြသည်၊ ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်ရန်၊ လောက၌ တရားမျှတမှုနှင့် ဖြောင့်မတ်မှန်ကန်မှုရှိရန်နှင့် ဘုရားသခင် ကြွလာပြီး လောကကို အုပ်စိုးရန်အတွက် တောင့်တကြသည်။ ဤသည်မှာ သမ္မာတရားကို ချစ်မြတ်နိုးသူအားလုံး၏ ပန်ကြားချက် ဖြစ်သည်။ သို့သော်၊ အန္တိခရစ်တို့သည် ဤအရာများကို တောင့်တကြသလော။ (မတောင့်တကြပါ။) အန္တိခရစ်တို့သည် အဘယ်အရာကို တောင့်တကြသနည်း။ “အကယ်၍ ငါအာဏာရခဲ့လျှင်၊ ငါမကြိုက်သူအားလုံးကို ငါဖျက်ဆီးမည်။ တစ်စုံတစ်ယောက်က ခရစ်တော်သည် ဘုရားပေါ်ထွန်းပြီး အမှုပြုခြင်းဖြစ်ကြောင်း သက်သေခံသည့်အခါ၊ ဘုရားသည် လူသားမျိုးနွယ်၏ အချုပ်အခြာအာဏာပိုင်ဖြစ်ကြောင်း သက်သေခံပြီး၊ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း၊ လူသားမျိုးနွယ်၏အမြင့်မြတ်ဆုံးသော အသက်တာဆောင်ပုဒ်ဖြစ်ပြီး လူသားရှင်သန်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း သက်သေခံသည့်အခါ၊ ငါသည် စက်ဆုပ်ရွံရှာမှု၊ မုန်းတီးမှုကို ခံစားရပြီး ထိုအရာကို မကြားချင်ပါ” ဟူ၍ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ အတွင်းစိတ်ထဲ၌ နက်ရှိုင်းစွာတည်ရှိသော အရာတစ်ခုဖြစ်သည်။ အန္တိခရစ်တို့၌ ဤစိတ်သဘောထား ရှိသည် မဟုတ်လော။ တစ်စုံတစ်ယောက်က ၎င်းတို့ကို ကိုးကွယ်သရွေ့၊ ၎င်းတို့ကို ကြည်ညိုပြီး ၎င်းတို့နောက်လိုက်နေသရွေ့၊ ၎င်းတို့သည် မိတ်ဆွေရင်းချာများ၊ တစ်ဖွဲ့တည်းသားများ ဖြစ်ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သမ္မာတရားကို အစဉ်မိတ်သဟာယဖွဲ့ပြီး ဘုရားသခင်အတွက် သက်သေခံနေပါက၊ အန္တိခရစ်တို့သည်ထိုသူကို ရှောင်ကြဉ်ပြီး ထိုသူ့အပေါ် စက်ဆုပ်ရွံရှာမှုခံစားရကာ၊ တိုက်ခိုက်၊ ဖယ်ကြဉ်ကာညှဉ်းဆဲခြင်းပင် ပြုကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်၏။ ကောက်ကျစ်ဆိုးယုတ်မှုအကြောင်းကို ငါတို့ ပြောသည့်အခါ၊ ထိုအရာသည် စာတန်၏ ဉာဏ်များသော အကြံအစည်များကို အစဉ်ရည်ညွှန်းသည်။ စာတန်လုပ်ဆောင်သောအရာများက ကောက်ကျစ်ဆိုးယုတ်သည်၊ အဆင်းနီသော နဂါးကြီးလုပ်ဆောင်သောအရာများက ကောက်ကျစ်ဆိုးယုတ်သည်၊ အန္တိခရစ်တို့ လုပ်ဆောင်သောအရာများက ကောက်ကျစ်ဆိုးယုတ်သည်။ ၎င်းတို့ ကောက်ကျစ်ဆိုးယုတ်ကြသည်ဟု ငါတို့ပြောသည့်အခါ၊ အဓိကအားဖြင့် အပြုသဘောဆောင်သောအရာအားလုံးအပေါ် ၎င်းတို့ ရန်လိုခြင်း၊ သမ္မာတရားနှင့် ဘုရားသခင်ကို အထူးသဖြင့် ဆန့်ကျင်ခြင်းတို့ကို ရည်ညွှန်းသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်ပြီး၊ ဤသည်မှာ အန္တိခရစ်တို့၏ စိတ်သဘောထား ဖြစ်သည်။
သင်တို့အနေဖြင့် မည်သည့် အန္တိခရစ်များကို ကြုံရပြီးဖြစ်ကာ မည်သူက ထိုသို့သော ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထားတစ်ခု ပြသသည့်အကြောင်း သင်ယူခဲ့ရသည်ကို စဉ်းစားကြည့်လော့။ ငါသည် တစ်ချိန်က အလွန့်အလွန် မလိုမုန်းထားစိတ်ရှိသော လူ့သဘာဝ ရှိသည့် အပေါက်ဆိုးသော အမျိုးသမီးတစ်ယောက်နှင့် ကြုံတွေ့ခဲ့ဖူးသည်။ ဘုရားအိမ်တော်က ကြီးမားသော ကပ်ဘေးများ မကြာမီကျရောက်တော့မည်ဖြစ်ကြောင်း၊ အချိန်များစွာမရှိတော့ကြောင်း၊ ညီအစ်ကိုမောင်နှမများက ကောင်းမှုများကို ပြင်ဆင်သင့်ကြပုံ၊ သမ္မာတရားကို လိုက်စားရန် မည်သို့ အားထုတ်သင့်ပုံ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်မိမိတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်သင့်ပုံနှင့် မိမိတို့ကိုယ်တိုင် မည်သည့်နောင်တမျှ မရစေသင့်ပုံတို့ကို ဟောပြောသည့်အခါတိုင်း၊ ဘုရားအိမ်တော်က ဤအရာများကို ဟောပြောသည့်အခါတိုင်းတွင်၊ ဤအမျိုးသမီးသည် မိမိစိတ်နှလုံးထဲ၌ ကျိန်ဆဲပြီး၊ “ကမ္ဘာလောက အဆုံးသတ်ခြင်းလော။ ဘဝက သာယာနေသည်။ သင့်အတွက်တော့ ကမ္ဘာပျက်ခြင်းဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ငါ့အတွက်တော့ ကမ္ဘာပျက်ခြင်းမဟုတ်ပါ။ ကြီးမားသည့် ကပ်ဘေးများ ကျရောက်လာလျှင်ပင် ငါအသက်ရှင်သင့်သေးသည်။ တစ်ဦးတစ်ယောက်သေရမည်ဆိုလျှင် သင်တို့ သေနိုင်သည်”ဟု တွေးလေသည်။ ဤအမျိုးသမီးသည် ကြောင်းကျိုးမသင့်ဖြစ်သလော သို့မဟုတ် မည်သည့်အရာနည်း။ မည်သူမဆိုက သမ္မာတရားနှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာအကြောင်း မိတ်သဟာယဖွဲ့သည့်အခါတိုင်းတွင်၊ သူမသည် ကြောင်းကျိုးမသင့်ဖြစ်လာပြီး သူမ၏စိတ်နှလုံးထဲ၌ စက်ဆုပ်ရွံရှာမှု ဖြစ်ပေါ်လာကာ “ငါ့ဘဝက ယခုအတိုင်း အဆင်ပြေသည်။ ငါ့တွင် ငွေများစွာရှိသည်၊ ကားများ၊ အိမ်များ ပိုင်သည်၊ ဝင်ငွေလည်းကောင်းသည်။ ငါ့ဒေသတွင် ငါသည် အရေးပါသောသူတစ်ဦး ဖြစ်သည်။ မည်သူမျှ ငါ့ကို ပုန်ကန်ပြစ်မှားဝံ့ခြင်း ရှိမည်မဟုတ်ပါ။ ငါ၏ အသက်ရှင်နေထိုင်မှုအခြေအနေများက အလွန်ကောင်းသည်။ ကြီးမားသည့် ကပ်ဘေးများ ကျရောက်လာလျှင် ဆုံးရှုံးမှုကို ငါ ခံစားရမည် မဟုတ်လော။ ငါသေဖို့ အဆင်သင့်မဖြစ်သေးပါ”ဟု တွေးလေသည်။ ဘုရားသခင်၏အမှုတော်ပေါ်တွင်လည်းကောင်း၊ ဤကောက်ကျစ်ဆိုးယုတ်သောလောကနှင့် ကောက်ကျစ်ဆိုးယုတ်သောလူသားမျိုးနွယ်ကို ဘုရားသခင် ဖျက်ဆီးလိုခြင်းအပေါ်တွင်လည်းကောင်း သူမ၏ရှုထောင့်အမြင်ကား အဘယ်နည်း။ (သူမသည် ထိုအရာများကို ရန်လိုသည်။) ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ ထိုအရာက သူမ၏အကျိုးစီးပွားနှင့် သက်ဆိုင်လျှင်၊ သူမ၏အကျိုးစီးပွားကို ထိခိုက်လျှင်၊ သူမသည် ထိုအရာကို မုန်းတီးပြီး ရန်လိုမည်ဖြစ်ကာ၊ “သင်လုပ်ဆောင်နေသည့်အရာ မှားယွင်းသည်” ဟု တွေးလျက် ထိုအရာကို သဘောတူမည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ချက်ချင်း ငြင်းပယ်လိမ့်မည်။ ထို့အပြင်၊ သူမနှင့်ပတ်သက်၍ အကောက်ကျစ်အဆိုးယုတ်ဆုံးအရာမှာ သူမသည် တရားမျှတမှုနှင့် ဖြောင့်မတ်မှန်ကန်မှုတို့ ဩဇာလွှမ်းမိုးသည်ကို မနှစ်သက်ခြင်းပင်ဖြစ်သည်။ မည်သူက အာဏာစွဲကိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကပင်လျှင် အာဏာစွဲကိုင်ပြီး တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတရားရှိနေလျှင်ပင်၊ ထိုအရာက သူမ၏အကျိုးစီးပွားကို ထိခိုက်လျှင်၊ ယင်းက အလုပ်ဖြစ်မည်မဟုတ်။ သူမအဖို့ သူမ၏အကျိုးစီးပွားများသည် ဘုရားသခင်ထက် ပိုအရေးကြီး၏။ သူမ၏လုပ်ရပ်များသည် မကောင်းဆိုးဝါးဆန်သော သဘာဝရှိသည် မဟုတ်လော။ မကောင်းဆိုးဝါးဆန်သော သဘာဝတစ်ခု ထကြွသောင်းကျန်းသည့်အခါ၊ တစ်စုံတစ်ဦးကို နတ်ဆိုးစွဲကပ်ပြီး ထိုသူက ဘုရားနှုတ်ကပတ်တော်များ မကြားလိုကြောင်း ပြောသည့်အချိန်ကဲ့သို့ သဘာဝအတူတူပင် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏နှုတ်ကပတ်တော်များကို မည်သူမဆို ဖတ်သည့်အခါတိုင်းတွင်၊ ထိုနတ်ဆိုးက နားမထောင်လိုကြောင်း ပြောလိမ့်မည်။ ညီအစ်ကို သို့မဟုတ် ညီအစ်မ တစ်ဦးတလေက ဘုရားသခင်၏နေ့ရက် မကြာမီကျရောက်တော့မည် သို့မဟုတ် ကြီးမားသောကပ်ဘေးများ မကြာမီကျရောက်တော့မည်ဟု မိတ်သဟာယဖွဲ့သည့်အခါတိုင်း၊ ဤအပေါက်ဆိုးသော အမျိုးသမီးက မိမိစိတ်နှလုံးထဲ၌ ထိုအရာကို မုန်းတီးပြီး ကျိန်ဆဲလိမ့်မည်။ အဘယ်ကြောင့် ထိုအရာကို သူမ ကျိန်ဆဲသနည်း။ အကယ်၍ ဘုရားသခင်သည် ကမ္ဘာလောကကိုဖျက်ဆီးရန် ကြွလာလျှင်၊ သူမ၏ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးမည်ဖြစ်သည်။ တစ်ခုတလေက သူမ၏အကျိုးစီးပွားကို ထိခိုက်သည့်အခါ၊ သူမ ကျိန်ဆဲလိမ့်မည်။ ထို့ကြောင့်၊ သူမ၏ကျိန်ဆဲခြင်းသည် ဝိညာဉ်ဆိုးတစ်ခုက ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားမထောင်ချင်ဟုဆိုခြင်းနှင့် သဘာဝအတူတူပင် ဖြစ်သည်။ ၎င်းတို့တွင်တွေ့နေကျ လက္ခဏာတစ်ရပ်ရှိသည်၊ ယင်းမှာ သမ္မာတရားကို တစ်ဦးတလေက ဖော်ပြပြောဆိုသည့်အခါ၊ ၎င်းစိတ်ဝိညာဉ်၏ အတွင်းနက်နက်နေရာများကို ဖော်ထုတ်ပြသည့်အခါ၊ ၎င်း၏ အကျည်းတန်မှု၊ ၎င်း၏ကောက်ကျစ်ဆိုးယုတ်မှုနှင့် ၎င်း၏ မသိမသာဒုက္ခပေးတတ်မှုတို့ကို ဖော်ထုတ်ပြသည့်အခါ၊ မုန်းတီးမှု၊ အတိုက်အခံဖြစ်ခြင်း နှင့် ဆန့်ကျင်မှုတို့က ၎င်းတို့၏စိတ်နှလုံးထဲ၌ ဖြစ်ပေါ်လာပြီးနောက် ကျိန်ဆဲကြလေသည်။ ဤသည်မှာ ဝိညာဉ်ဆိုးပင် ဖြစ်သည်။ အပြင်ပန်းမှကြည့်လျှင်၊ ဤအပေါက်ဆိုးသော အမျိုးသမီးသည် ပုံမှန်လူတစ်ဦးကဲ့သို့သာ စကားပြောဆိုပြုမူပြီး၊ မကောင်းဆိုးဝါးစွဲကပ်နေပုံမရသော်လည်း၊ သူမလုပ်ရပ်များ၏သဘာဝမှာ ထိုမကောင်းဆိုးဝါးနှင့် အတူတူသာ ဖြစ်သည်။ သင်တို့ အခွင့်အရေးရသည့်အခါ၊ အသင်းတော်ရှိ ချမ်းသာသောသူများကို၊ “ဘုရားသခင်၏နေ့ရက် ရောက်ရှိပြီး ကြီးမားသောကပ်ဘေးများ ကျရောက်သည့်အခါ၊ သင်၏မိသားစုပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးသွားလျှင်၊ သင်စိတ်မကောင်းဖြစ်မည်လော။ ဘုရားသခင်၏နေ့ရက် ရောက်ရှိခြင်းကို သင်မျှော်လင့်စောင့်စားသလော။ ဘုရားသခင်က အာဏာရယူပြီး တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတရားတို့က ဩဇာလွှမ်းမိုးခြင်းကို သင်မျှော်လင့်စောင့်စားသလော။ သင်လည်း အမြစ်ဖြတ်ချေမှုန်းခံရမည်ဖြစ်သော်လည်း၊ ဤကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်ကို ဘုရားသခင် အလျင်အမြန် ချေမှုန်းဖျက်ဆီးရန် သင်မျှော်လင့်စောင့်စားသလော။ ဤအရာ ဖြစ်ပျက်ရန် သင်လိုလားနေပါသလော”ဟု သင် မေးမြန်းနိုင်သည်။ ၎င်းတို့၏ သဘောထားက အဘယ်အရာဖြစ်သည်ကို ကြည့်လော့။ အချို့မှာ ဤအရာဖြစ်ပျက်ရန် လိုလားနေမည်ဖြစ်ပြီး အချို့က လိုလားမည် မဟုတ်။ လောကတစ်ခုလုံး၊ စကြဝဠာတစ်ခုလုံး၊ ဘုရားသခင်အုပ်စိုးသော ရုပ်ဝတ္ထုပစ္စည်းအားလုံးကို ကြည့်သည့်အခါ၊ ငါတို့သည် ဤနေရာတွင် ရုပ်ဝတ္ထုမဟုတ်သောအရာများအကြောင်း ပြောနေခြင်းမဟုတ်၊ ရုပ်ဝတ္ထုနယ်ပယ်အတွင်းရှိ အရာများသာဖြစ်သည့် မိသားစုပိုင်ဆိုင်မှု၊ ကားများ၊ အိမ်များ၊ ငွေကြေးစသည်တို့ကိုသာ ပြောနေခြင်းဖြစ်သည်။ ဤအရာအားလုံးကို စုပေါင်းလိုက်လျှင်၊ ၎င်းတို့သည် ဘုရားသခင်၏လက်ထဲရှိ သဲတစ်ပွင့်မျှလောက်နှင့် ညီမျှသလော။ (မညီမျှပါ။) သို့သော်၊ လူတို့သည် ဤအရာများကို ရရှိသည့်အခါ၊ လက်မလွှတ်လိုကြဘဲ ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် အရင်းအနှီးရှိသည်ဟု ခံစားကြရပြီး “အကယ်၍ သင်က ကျွန်ုပ်၏မိသားစုပိုင်ဆိုင်မှုများကို ယူသွားလျှင် သင့်ကို ကျွန်ုပ်မုန်းမည်၊ သင့်ကို ကျွန်ုပ်ဆန့်ကျင်မည်၊ သင် ဘုရားဖြစ်ကြောင်းကို ကျွန်ုပ်အသိအမှတ်ပြုမည်မဟုတ်”ဟု ဆိုကြလေသည်။ ဘုရားသခင် ဘုရားဟုတ်မဟုတ်ဟူသည်မှာ သင်၏အသိအမှတ်ပြုခြင်းအပေါ် မူတည်သလော။ (မမူတည်ပါ။) သင်သည် ထိုမိသားစုပိုင်ဆိုင်မှု အနည်းငယ်မျှဖြင့် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် အရင်းအနှီးရှိပြီလော။ သင်သည် အလွန်မသိနားမလည်ဖြစ်သည်တကား။ စိန်များသည် ကမ္ဘာမြေပေါ်တွင် အတန်ဖိုးအရှိဆုံးသောအရာများ ဖြစ်သည်။ သာမန်လူများသည် တစ်ကာရက်စိန်ပွင့်ကို မြင်သည့်အခါ၊ အံ့အားသင့်ပြီး၊ “အင်မတန်ကြီးမားသည့် စိန်ပါတကား။ အမေရိကန်ဒေါ်လာ တစ်သောင်း သို့မဟုတ် နှစ်သောင်းလောက် တန်ဖိုးရှိရပေမည်”ဟု ဆိုကြသည်။ ၎င်းတို့သည် စိန်များ အလွန်တန်ဖိုးရှိသည်ဟု ထင်ကြသည်။ သို့သော် ထို့နောက်တွင် ကမ္ဘာနှင့် အလှမ်းမဝေးသည့် ဂြိုဟ်တစ်လုံးသည် တစ်ဂြိုဟ်လုံး စိန်ဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုသော သတင်းပေးပို့ချက်တစ်ခုကို ငါ ကြားရပြီး တစ်စုံတစ်ရာကို ရုတ်တရက်သဘောပေါက်သွားသည်။ ယင်းမှာ လူတို့သည် အလွန်အမြင်ကျဉ်းမြောင်းကြသည်ဟူ၍ ဖြစ်၏။ သင်သည် စိန်ပွင့် တောက်ပနေသည်ကို မြင်သည့်အခါ၊ အလွန်ကြိုက်နှစ်သက်ပြီး ၎င်းသည် အလွန်ကောင်းသောအရာတစ်ခုဟု ထင်မြင်သော်လည်း၊ စိန်ဖြင့် လုံးလုံးလျားလျား ဖွဲ့စည်းထားသော ဂြိုဟ်တစ်လုံးရှိသည်ဟု သင်ကြားသည့်အခါ၊ သင်၏ရှုထောင့်အမြင်မှာ အဘယ်အရာဖြစ်သနည်း။ စိန်များအပေါ် သင်၏ရှုထောင့်အမြင် ပြောင်းလဲသွားပေသည်။ ဆိုလိုသည်မှာ၊ သင်သည် အခြားသတင်းအချက်အလက်အချို့ကို ကြားသိရသည်နှင့် တစ်ပြိုင်နက်၊ သင်၏အမြင်က ရုတ်တရက်ကျယ်ပြန့်လာသည်။ သင်၏ရှေ့မှောက်တွင်ရှိသည့် သေးငယ်သောနေရာလေးကိုသာ သင်မမြင်တော့ပေ။ သင်သည် ရေတွင်းထဲက ဖားသူငယ်ကဲ့သို့ မဟုတ်တော့ပေ။ အကြောင်းမှာ သင်ရရှိသော သတင်းအချက်အလက်ပမာဏ တိုးပွားလာပြီး၊ သင်၏သိမြင်မှု ပြောင်းလဲကာ ကြီးထွားလာပြီဖြစ်သောကြောင့် ဖြစ်သည်။ ဤလောက၌အသက်ရှင်နေချိန်တွင်၊ လူတို့သည် မိမိတို့ထံ ဖြစ်ပျက်သည့် အရာတစ်ခုစီတိုင်းနှင့် မတူညီသောပတ်ဝန်းကျင်များကို စဉ်ဆက်မပြတ် ကြုံရနေစဉ်တွင်၊ ၎င်းတို့၏အမြင်များမှာ စဉ်ဆက်မပြတ်ပြောင်းလဲနေပြီး၊ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ရှုထောင့်အမြင်များမှာလည်း စဉ်ဆက်မပြတ် အသစ်ဖြစ်နေသင့်သည်။ ဤသည်မှာ ပုံမှန်ဖြစ်ပြီး၊ ဘုရားသခင်က လူတို့အား ဤဘဝတွင် တဖြည်းဖြည်းတိုးတက်စေရန်နှင့် ထိုးထွင်းသိမြင်မှု၊ ရှုထောင့်၊ လောကတစ်ခုလုံးနှင့် ဘုရားသခင်၏အမှုတော်များအပေါ် နားလည်မှုတို့တွင် အဆက်မပြတ်တိုးတက်စေရန် ဖြစ်ပေါ်စေသည့် ဖြစ်စဉ်ဖြစ်သည်။ သို့ဖြစ်၍၊ ယခု သင်တို့သည် ဤကိစ္စရပ်အား ငါ ပြန်ပြောပြနေသည်ကို နားထောင်ပြီးသည့်နောက်၊ ဤအရာကို မည်သို့ကိုင်တွယ်သင့်သနည်း။ သင်တို့က “အို၊ ကမ္ဘာပေါ်ရှိလူများသည် အလွန်မသိနားမလည်ဖြစ်ကြသည်၊ သူတို့၌ ထိုးထွင်းသိမြင်မှုမရှိသကဲ့သို့သူတို့သိသောအရာ အလွန်နည်းပါးလှသည်”ဟု တွေးသင့်သလော။ ဆိုလိုသည်မှာ၊ စကြဝဠာတစ်ခုလုံး၊ လူသားမျိုးနွယ်တစ်ခုလုံး၊ ဘုရားသခင်အုပ်စိုးသော အရာခပ်သိမ်း၊ ဘုရားသခင်အုပ်စိုးသော အရာရာတိုင်းနှင့်ပတ်သက်သည့် သင်၏အမြင်များနှင့် ထိုးထွင်းသိမြင်မှုများသည် ဂြိုဟ်တစ်လုံးနှင့်နှိုင်းယှဉ်လျှင် သေးငယ်သော စိန်ပွင့်တစ်ပွင့်၏တန်ဖိုးကို သင်နားလည်သကဲ့သို့ပင် ဖြစ်နိုင်သည်၊ မှန်သလော။ (မှန်ပါသည်။) ဤအရာမှနေ၍ မည်သည့်ကောက်ချက်ကို ငါတို့ ချနိုင်သနည်း။ ကမ္ဘာဂြိုဟ်ပေါ်တွင်၊ တစ်စုံတစ်ဦးက မည်သည့်အောင်မြင်မှုများ ပြုလုပ်ပြီးသည်ဖြစ်စေ၊ မည်သည့်ကျော်ကြားမှုများ ရှိကြပြီးဖြစ်သည်ဖြစ်စေ၊ မည်မျှပင်ခမ်းနားထည်ဝါစွာ ၎င်းတို့ ဆောင်ရွက်ကြပြီးသည်ဖြစ်စေ၊ လူသားများသည် အလွန်အရေးမပါသကဲ့သို့ တန်ဖိုးလုံးဝမရှိသောကြောင့် ၎င်းတို့အနေဖြင့် မကြွားဝါရပေ။ ဘုရားသခင်သည် ကမ္ဘာမြေပေါ်၌ စိန်အချို့ကို ပြင်ဆင်ပေးခဲ့ပြီး လူတို့သည် ထိုအရာများအတွက် တိုက်ခိုက်ကြပြီးဖြစ်သည်။ စိန်များထက်ပင် ပိုကောင်းသောအရာများပါဝင်သော ဂြိုဟ်မည်မျှ ဘုရားသခင်၏လက်ထဲ၌ ရှိသည်ကို လူတို့မသိကြသလော။ လူတို့သည် သနားစရာမကောင်းသလော။ (ကောင်းပါသည်။) ဤသည်မှာ လူတို့သနားစရာကောင်းပုံဖြစ်သည်၊ လူတို့သည် အလွန်မသိနားမလည်ဖြစ်ကြသည်။
အန္တိခရစ်တို့သည် ဘုရားသခင်ကို အတိုက်အခံမလုပ်ဘဲမနေနိုင်ကြပေ။ ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ပင်ကိုအားဖြင့် မုန်းတီးကြပြီး၊ သမ္မာတရားကိုလိုက်စားကာ အပြုသဘောဆောင်သောအရာများကို ချစ်မြတ်နိုးသောသူများကိုပင် အနှောင့်အယှက်မပေးဘဲမနေနိုင်ဘဲ၊ ထိုသို့သောလူများကို ရှုတ်ချ၊ ဖိနှိပ်ကာဖယ်ကြဉ်ကြသည်။ ၎င်းတို့နှင့် ပူးပေါင်းကြံစည်သူများကိုမူ၊ ၎င်းတို့သည် အချင်းချင်းကာကွယ်ပေးလျက်၊ အချင်းချင်းကာရံပေးကာ အချင်းချင်း ဖော်လံဖားမြှောက်ပင့်လျက် အလိုအလျောက် အတူတကွ ပေါင်းဖက်မိကြလေသည်။ ဤအရာမှ၊ အန္တိခရစ်ဖြစ်ကြသော ဤလူများသည် လူဝင်စားသော ဝိညာဉ်ဆိုးများနှင့် ညစ်ညူးသော မကောင်းဆိုးဝါးများဖြစ်ကြပြီး၊ ပုံမှန်လူ့သဘာဝ မရှိကြသည်ကို ငါတို့မြင်တွေ့နိုင်သည်။ ၎င်းတို့ကြားရသောသမ္မာတရားကို ၎င်းတို့မည်မျှပင်နားလည်သည်ဖြစ်စေ၊ သို့မဟုတ် စကားလုံးများနှင့် အယူဝါဒများကို ၎င်းတို့ မည်မျှပင် ရှင်းလင်းစွာဟောပြောသည်ဖြစ်စေ၊ လက်တွေ့လုပ်ဆောင်ရမည့်အချိန်ရောက်သည့်အခါ၊ ၎င်းတို့ရွေးချယ်လုပ်ဆောင်သည့် တစ်ခုတည်းသောအရာမှာ သမ္မာတရားကို ဆန့်ကျင်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ရန်နှင့် မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ ၎င်းတို့သည် မည်သည့်နည်းလမ်းဖြင့် အကောက်ကျစ်အဆိုးယုတ်ဆုံးဖြစ်သနည်း။ သမ္မာတရားကို ၎င်းတို့ မုန်းတီးခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို ဖြေရှင်းချက် သို့မဟုတ် အကြောင်းရင်း မရှိဘဲ မုန်းတီးကြသည်။ အကယ်၍ သင်က ၎င်းတို့အား အဘယ်ကြောင့် သမ္မာတရားအား မုန်းတီးသည်ကို မေးလျှင်၊ ၎င်းတို့သည် ရှင်းမပြနိုင်ခြင်းဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ၎င်းတို့၏လုပ်ရပ်တိုင်းက အန္တိခရစ်တို့၏စိတ်သဘောထားနှင့် နည်းလမ်းများ ပါရှိပြီး ၎င်းတို့၏လုပ်ရပ်တိုင်းက လူတို့ကို အထင်အမြင်မှားစေကာ ပိတ်မိစေသည်။ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည်။ ဤသည်မှာ ၎င်းတို့လုပ်ရပ်တိုင်း၏ အကျိုးဆက်ဖြစ်သည်။ ၎င်းတို့ထဲတွင် သမ္မာတရားကိုလိုက်စားသော ညီအစ်ကိုမောင်နှမများကို အကြောင်းရင်းမရှိဘဲ မုန်းတီးပြီး ဤလူများကို အစဉ်တိုက်ခိုက်ကာ ဖယ်ကြဉ်လိုသူ တစ်ဦးတလေရှိမရှိဟူသည်ကို သိမြင်ရန်အတွက် သင်တို့ အနီးဝန်းကျင်ရှိ၊ သင်တို့သိကျွမ်းပြီး ထိတွေ့ဆက်ဆံဖူးသော အဆင့်တိုင်းတွင်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် သာမန်ညီအစ်ကိုမောင်နှမများကို နှိုင်းယှဉ်ကာ ကြည့်လော့။ ၎င်းတို့သည် ဤညီအစ်ကိုမောင်နှမများ၏ ရှေ့တွင် သာယာနာပျော်ဖွယ်ကောင်းသောစကားများပြောဆိုသော်လည်း ၎င်းတို့ကွယ်ရာတွင် အတော်လေး ကွဲပြားခြားနားစွာ လုပ်ဆောင်လျက်၊ ၎င်းတို့၏ ဘီလူးသရဲစီးသော ရုပ်သွင်ကို ထုတ်ဖော်ပြကာ ၎င်းတို့ကို စတင်ဆန့်ကျင်လျက် ၎င်းတို့ကိုယ်တိုင်က ထိုအရာ မမှန်သည်ကို သိသော်လည်း မတတ်နိုင်ကြပေ။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုမဟုတ်လျှင် အဘယ်အရာ ဖြစ်သနည်း။ အန္တိခရစ်တို့နှင့်ပတ်သက်၍ အလွန်စက်ဆုပ်ဖွယ် အကောင်းဆုံးသောအရာမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ထားသောလူများနှင့် မိမိတို့ပတ်ဝန်းကျင်ရှိသူများကို အထင်အမြင်မှားစေရန်၊ အထက်ကိုပင် လိမ်လည်ကာ လှည့်ဖြားရန် မှန်ကန်သောအရာများကို မကြာခဏပြောဆိုကြပြီး၊ ထို့ထက်ပင်ပို၍၊ ၎င်းတို့သည် ကွန့်လွန်းသောစကားလုံးများကို သုံးလျက် ဘုရားသခင်ကို လှည့်ဖြားကာ လူတို့၏ယုံကြည်မှုကိုရရှိလိုကြပြီး၊ ထို့နောက်တွင် ဘုရားအိမ်တော်၌ ရမ်းကားသောင်းကျန်းလိုကြသည်၊ မဆင်မခြင်ပြုမူကာမိမိတို့အလိုရှိသမျှကို လုပ်ဆောင်လိုကြလေသည်။ ၎င်းတို့သည် မည်သို့မှန်ကန်စွာ စကားပြောဆိုရမည်၊ မည်သို့ မမှန်မကန် ပြောဆိုရမည်ကို သိကြပြီး၊ မည်သို့ပြုမူသင့်သည်၊ မည်သို့မပြုမူသင့်သည်၊ အဘယ်အရာက စည်းမျဉ်းများဖြစ်သည်၊ အဘယ်အရာက စည်းမျဉ်းများမဟုတ်၊ စည်းမျဉ်းကိုဆန့်ကျင်ခြင်းက အဘယ်အရာဖြစ်ပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်းက အဘယ်အရာဖြစ်သည်ဟူသည်တို့ကိုလည်း သိရှိကြသည်။ ၎င်းတို့၏စိတ်နှလုံးထဲ၌ ဤအရာများကို မရှင်းလင်းခြင်းမဟုတ်ဘဲ၊ အချို့မှာ ဤအရာများကို အလွန်ရှင်းလင်းစွာနှင့် ပြတ်သားစွာပင် သိကြသည်။ သို့သော် ၎င်းတို့အနေဖြင့် စည်းမျဉ်းများကို မည်မျှပင်ကောင်းစွာနားလည်ပြီး ရှင်းလင်းစွာသိရှိသည်ဖြစ်စေ၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ သမ္မာတရားကို လုံးဝ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့ မိမိတို့၏ကိုယ်ပိုင်ဆန္ဒများနှင့်အညီ မကောင်းသည့်အရာများကို မခြွင်းမချန် လုပ်ဆောင်ကြသည်။ ဤအချက်က ၎င်းတို့၏သဘာဝမှာ စာတန်ဆန်ကြောင်း၊ အန္တိခရစ်သဘာဝဖြစ်ကြောင်း ဆုံးဖြတ်ပေးသည်။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သကဲ့သို့ သမ္မာတရားကို မုန်းတီးရုံသာမက၊ အပြုသဘောဆောင်သောအရာများကိုလည်း မကြာခဏ မုန်းတီးပြီး ရှုတ်ချကြသည်။ အဆင်းနီသောနဂါးကြီးသည် အဘယ်ကြောင့် သမ္မာတရားနှင့် ဘုရားသခင်ကို မုန်းတီးသနည်း။ ဤအရာကို သူ၏စာတန်ဆန်သော သဘာဝက လုံးဝဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် အလွန် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိုက်လံဖမ်းဆီးခြင်းခံရသဖြင့် အိမ်သို့ မပြန်နိုင်ကြသကဲ့သို့ ထိုနတ်ဆိုးများနှင့် စာတန်များက “ဤလူများသည် ပုံမှန်အတိုင်း အသက်မရှင်ကြတော့ပါ၊ သူတို့မိသားစုများကို သူတို့ စွန့်ပစ်ကြလေပြီ” ဟု ဆိုကြသည်။ အမှန်မှာ၊ ၎င်းတို့သည် အဆင်းနီသောနဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောကြောင့် အိမ်မပြန်နိုင်ကြခြင်း ဖြစ်သည်။ ဤသို့သောအဖြစ်အပျက်မျိုး များစွာ ဖြစ်ပွားတတ်သည်။ အခြားမည်သည့်အရာကို သင်တို့ ကြားဖူးသေးသနည်း။ (လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အလွန်အကျွံဖတ်ရှုလျှင် ဦးနှောက်ဆေးကြောခြင်းခံလာရသည်ဟု အဆင်းနီသောနဂါးကြီးက ဆိုသည်။) အဆင်းနီသောနဂါးကြီးက၊ “လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ ဦးနှောက်ဆေးကြောခြင်းခံရသည်။ ၎င်းတို့သည်ဘုရားရူးရူးသူများ ဖြစ်နေကြပေပြီ”ဟု ပြောလေသည်။ ဤသည်မှာ အမှန်တရားကို ပြောင်းပြန်လှန်ခြင်း ဖြစ်သည်။ ရှင်းရှင်းလင်းလင်းပင် လူတို့ကို ဖောက်ပြန်ပျက်စီးစေပြီး ဦးနှောက်ဆေးကြောသည်မှာ အဆင်းနီသော နဂါးကြီးဖြစ်သော်လည်း၊ ၎င်းက ထိုအရာကို လှည့်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များက လူတို့ကို ဦးနှောက်ဆေးကြောသည်ဟု ပြောဆိုသည်။ ဤမကောင်းဆိုးဝါးများက အလွန်ကောက်ကျစ်ဆိုးယုတ်လှသည်။ အဆင်းနီသောနဂါးကြီးသည် အခြားသူများလုပ်ဆောင်သော ကောင်းမှုအားလုံးကို မိမိကိုယ်တိုင်အတွက် တောင်းဆိုပြီး မိမိလုပ်ဆောင်သော မကောင်းမှုများကိုမူ အခြားသူများအပေါ် ပုံချသည်။ အန္တိခရစ်တို့သည်လည်း ထိုနည်းလည်းကောင်းပင် ပြုမူကြသည်။ ၎င်းတို့၏နည်းလမ်းများသည် အဆင်းနီသောနဂါးကြီး၊ စာတန်တို့၏နည်းလမ်းများနှင့် တစ်ထပ်တည်းတူညီသည်။ ၎င်းတို့သည် အမှန်ပင် စာတန်၏ အစေခံများ ဖြစ်ကြသည်။
ငါတို့သည် အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော၊ အန္တရာယ်ပေးတတ်ပြီး လှည့်ဖြားတတ်သော သရုပ်သကန်များအပေါ် မိတ်သဟာယဖွဲ့ခြင်းကို ယခု တော်တော်လေး ပြီးစီးကြပြီလော။ ယနေ့ ငါ မိတ်သဟာယဖွဲ့ပြီးသည့်အရာသည် သင်တို့ တိုက်ရိုက် နားလည်နိုင်သည့်အရာထက် ကွဲပြားပြီး ပို၍ စစ်မှန်သည် မဟုတ်လော။ ဘုရားအိမ်တော်သည် မကြာသေးမီနှစ်များတွင် ဗီဒီယိုများစွာ ထုတ်လုပ်ခဲ့ပြီး၊ အချို့သော ဓမ္မတေးများနှင့် ရုပ်ရှင်များ အစရှိသည်တို့အပါအဝင်၊ ထိုဗီဒီယိုများအားလုံးကို အွန်လိုင်းပေါ်တွင် တင်ထားပြီးဖြစ်သည်။ တရုတ်ပြည်မကြီးရှိ အန္တိခရစ်တစ်ဦးသည် ဤအရာများကို အွန်လိုင်းတွင် မြင်တွေ့ခဲ့ပြီး “သင်တို့သည် ဤအစီအစဉ်များကို ပြည်ပတွင် ထုတ်လုပ်ခဲ့ပြီး ငါတို့လည်း တရုတ်ပြည်တွင် ဤသို့ လုပ်ဆောင်နိုင်သည်”ဟု ဆိုခဲ့သည်။ ထို့နောက် သူသည် လူသစ်စုဆောင်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ လူတစ်စုကို ရှာဖွေကာ၊ အဆင်းနီသော နဂါးကြီး၏ နိုင်ငံ၌ သံစုံသီချင်းဆိုသောအဖွဲ့တစ်ဖွဲ့ကို စတင်ခဲ့သည်။ အဆုံးတွင်၊ ဤလူများ အဖမ်းခံခဲ့ရသည်။ အန္တိခရစ်သည် အဘယ်ကြောင့် ဤသို့ လုပ်ဆောင်ခဲ့ရသနည်း။ သူ့တွင် ရည်မှန်းချက်တစ်ခု ရှိခဲ့သလော။ (ရှိခဲ့ပါသည်။) သူ၏ ရည်မှန်းချက်ကား အဘယ်နည်း။ (လူတို့ကို ထိန်းချုပ်ခြင်း ဖြစ်သည်။) သူက လူတို့ကို ထိန်းချုပ်လိုခြင်းလောက် ရိုးရှင်းခဲ့သည်မဟုတ်ပေ။ သူသည် မိမိ၏ ကိုယ်ပိုင်အုပ်စုကို တည်ထောင်လိုခဲ့ခြင်း ဖြစ်သည်။ သူ၏ စိတ်ကူးမှာ၊ “ဘုရားအိမ်တော်တွင် သံစုံသီချင်းဆိုသောအဖွဲ့ ရှိနိုင်သဖြင့် ငါ့မှာလည်း ရှိနိုင်ပေသည်။ အကယ်၍ ငါ အောင်မြင်လျှင်၊ ငါ့မှာ ကိုယ်ပိုင်အုပ်စု ရှိလိမ့်မည်။ ငါ့လက်မောင်းကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် လူများစွာ ရောက်လာလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤနည်းအားဖြင့်၊ သူသည် ဘုရားသခင်၏ အသင်းတော်ကို အစားထိုးနိုင်မည်ဖြစ်သည်။ ဤသည်မှာ သူ စွမ်းဆောင်ရရှိလိုသော ရည်မှန်းချက် မဟုတ်လော။ သို့သော် အကျိုးဆက်မှာ အဆင်းနီသော နဂါးကြီးက နှိမ်နင်းခဲ့ပြီး သူ၏ ဖြစ်လိုသည့် အတွေးမှာ အချည်းနှီးဖြစ်လာခဲ့သည်။ ဘုရားအိမ်တော်သည် ဤအလုပ်ကို လုံခြုံရေးသေချာမှုရှိသောအခြေအနေအောက်တွင် လုပ်ဆောင်သည်။ အဆင်းနီသော နဂါးကြီး အုပ်စိုးသောနိုင်ငံတွင် သူ့အတွက် ဤအခြေအနေ ရှိခဲ့သလော။ သူ့အတွက် ဤအခြေအနေ မရှိခဲ့သော်လည်း၊ သူသည် ကြွားဝါလိုနေဆဲ ဖြစ်သည်။ သူသည် မိမိကိုယ်ကို ကောင်းစွာ မကြွားဝါနိုင်ခဲ့သည့်အပြင် အဆုံးတွင် သူ့အတွက် အမှုအရာများက မှားယွင်းသွားခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က၊ အခြားလူတစ်စုသည် အစီအစဉ်တစ်ခုကို ထုတ်လုပ်ပြီး အွန်လိုင်းတွင် တင်ခဲ့ကြသည်။ ၎င်းတို့သည် အကများနှင့်တွဲဖက်၍ တေးသီချင်းအဟောင်းများကို သီဆိုခဲ့ကြပြီး တိုင်းရင်းသားလူနည်းစုပုံစံ ပန်းအလှဆင်ထားသော ဂါဝန်များကို ဝတ်ဆင်ခဲ့ကြသည်။ ထိုအရာသည် အလွန် သမားရိုးကျဖြစ်ပြီး ခေတ်မမီတော့ပေ။ ငါ့အား ပြောလော့၊ ဤအန္တိခရစ်များသည် အဖျက်အမှောင့်များကိုသာ ဖြစ်စေခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘာသာတရားမရှိသူများနှင့် ဘာသာရေးသမားများသည် တကယ့်အခြေအနေကို မသိရှိခဲ့ကြဘဲ ဤအရာများကို အသင်းတော်က အမှန်တကယ် လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။ အန္တိခရစ်များသည် မိုက်မဲသောအရာများကို အမြဲလုပ်ဆောင်ကြသည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သည်သာမက မိုက်မဲလည်းမိုက်မဲကြသည်။ အဘယ်ကြောင့် ၎င်းတို့ မိုက်မဲကြသနည်း။ ၎င်းတို့အနေဖြင့် အလွန် ကောက်ကျစ်ဆိုးယုတ်သဖြင့် ကောက်ကျစ်ဆိုးယုတ်မှုနှင့်အတူ မိုက်မဲသွားကြခြင်းကြောင့် ဖြစ်သလော။ မဟုတ်ပေ။ လူတစ်ဦးတွင် မည်သည့် အစွမ်းအစရှိသည်ဖြစ်စေ၊ အကယ်၍ သူသည် သမ္မာတရားအချို့ကို နားလည်ပါက၊ အမှုအရာများကို လုပ်ဆောင်ပြီး လုပ်ဆောင်ရန် မိမိတို့အတွက် မည်သည့်အရာက သင့်လျော်သည် သို့မဟုတ် မသင့်လျော်သည်ကို မသိသည့်အခါ၌၊ ၎င်းတို့တွင် ရှေ့ဆက်ရန်နည်းလမ်းမရှိလျှင်ပင် ၎င်းတို့၏စိတ်နှလုံးထဲတွင် အနိမ့်ဆုံးစံသတ်မှတ်ချက် တစ်ခုရှိသည်။ ၎င်းတို့သည် မဆင်မခြင် သို့မဟုတ် ကြောင်းကျိုးမမြင်ဘဲ ပြုမူကြမည်မဟုတ်ပေ။ ဤသည်မှာ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) သို့သော်၊ သမ္မာတရားကို နားမလည်သူများနှင့် ဆင်ခြင်တုံတရားကင်းမဲ့လောက်အောင် မာနထောင်လွှားသူများသည် အကြောင်းမဲ့ ပြုမူကြသည်။ ၎င်းတို့အတွက် အကြောင်းမဲ့ ပြုမူခြင်းမှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤသို့သောလူများတွင် ဆင်ခြင်တုံတရားနှင့်ဆိုင်သည့် အသိစိတ် မရှိကြသကဲ့သို့ ဆင်ခြင်တုံတရားနှင့်ဆိုင်သည့် အသိစိတ်မရှိသောသူများသည် ကိစ္စရပ်များကို မစဉ်းစားနိုင်ကြပေ။ “စဉ်းစားသည်”ဟူခြင်းအားဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ အစောပိုင်းအဆင့်များတွင် မည်သည့်အရာကို လုပ်ဆောင်ရမည်၊ မည်သည့်အရာကို ပြင်ဆင်ရမည်၊ အရေးယူဆောင်ရွက်သည့်အခါ မည်သည့်အရာများ လိုအပ်သည်၊ အဘယ်ကြောင့် ဤအစီအစဉ်ကို ပြုလုပ်ရမည်ဟူသည်နှင့် အစီအစဉ်ကို ထုတ်လုပ်ပြီးနောက်၊ လူမည်မျှအပေါ် သက်ရောက်မှုရှိနိုင်မည်၊ လူမည်မျှက တည်ဆောက်စရာဖြစ်စေနိုင်ပြီး၊ အကျိုးဆက်များ သို့မဟုတ် အားနည်းချက်များ တစ်ခုတလေ ရှိမရှိဟူသည်တို့ကို ငါဆိုလိုသည်။ ဤအရာအားလုံးကို ချင့်တွက်ရန် လိုအပ်သည်။ ဤချင့်တွက်ခြင်း လုပ်ငန်းစဉ်ကို “စဉ်းစားခြင်း”ဟု ခေါ်သည်။ ဤမိုက်မဲသောလူများသည် အမှုအရာများကို စဉ်းစားနိုင်ကြသလော။ (မစဉ်းစားနိုင်ကြပါ။) ကိစ္စရပ်များကို မစဉ်းစားနိုင်သောသူများသည် ဆင်ခြင်တုံတရားမရှိကြပေ၊ ၎င်းတို့အနေဖြင့် သမ္မာတရားကို သိနားလည်မှု တစ်ခုတလေ ရှိသလော။ သေချာပေါက်မရှိပေ။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားအချို့ကို အမှန်တကယ် နားလည်ပါက၊ ၎င်း၏ ဆင်ခြင်တုံတရားနှင့်ဆိုင်သော အသိစိတ်သည် ပို၍ ရှင်းလင်းပြီး ပို၍ ခိုင်မာလာလိမ့်မည်။ မည်သည့်အရာက အပြုသဘောဆောင်သည်၊ မည်သည့်အရာက အပျက်သဘောဆောင်သည်၊ မည်သည့်အရာက မှန်ကန်သည်၊ မည်သည့်အရာက မှားယွင်းသည်၊ ထိုသို့သော စည်းမျဉ်းတစ်ခုသည် မည်သည့်နယ်ပယ်အတွင်း တည်ရှိသည်ဟူသည်တို့ကို ၎င်းက ပို၍ ရှင်းလင်းစွာ သိမြင်လာနိုင်သည်။ ဆိုလိုသည်မှာ၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ကောင်းသောအရာ သို့မဟုတ် ဆိုးသောအရာ တစ်စုံတစ်ခုကို လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့၏စိတ်နှလုံးထဲတွင် စံနှုန်းတစ်ခု ရှိလေသည်။ ဥပမာအနေနှင့်၊ အကယ်၍ တစ်စုံတစ်ဦးက သင့်အား လမ်းတစ်လျှောက် ကိုယ်လုံးတီး ပြေးရန် ပြောခဲ့ပါက၊ သင် သွားလုပ်မည်လော။ (လုပ်မည်မဟုတ်ပါ။) အကယ်၍ တစ်စုံတစ်ဦးက သင့်ကို ရိုက်နှက်ပါက သင် သွားလုပ်မည်လော။ အကယ်၍ တစ်စုံတစ်ဦးက သင့်အား ယွမ်တစ်သောင်း ပေးခဲ့ပါက သင် သွားလုပ်မည်လော။ (ယင်းမှာ လုပ်ဆောင်ရန် ရှက်ဖွယ်ကောင်းသော အရာတစ်ခုဖြစ်ပေမည်။ ကျွန်ုပ် လုပ်နိုင်မည် မဟုတ်ပါ။) ဤသည်မှာ လုပ်ဆောင်ရန် ရှက်ဖွယ်ကောင်းသော အရာတစ်ခုဖြစ်မည်ကို သိရှိသည့်အခါ၊ ဤသည်မှာ ဆင်ခြင်တုံတရားမှ ပေါ်ထွက်လာသော အတွေးတစ်မျိုး၊ အဆုံးအဖြတ်တစ်မျိုးနှင့် သဘောထားတစ်မျိုး ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဤဆင်ခြင်တုံတရားဖြင့်သာ သင်သည် ထိုသို့သော အတွေးအခေါ်နှင့် ထိုသို့သော သဘောထားကို ရှိနိုင်ပေသည်။ ထို့ကြောင့်၊ သင်သည် ငွေဖြင့် မက်လုံးပေးခံရသည်ဖြစ်စေ သို့မဟုတ် ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်းနှိပ်စက်ခံရသည်ဖြစ်စေ၊ သင့်ကို မည်သို့ပင် အတင်းအကျပ်ခိုင်းစေသည်ဖြစ်စေ၊ သင် သွားလုပ်ဦးမည်မဟုတ်ပေ၊ ထိုအခါ သင်သည် လုံးဝ ထိခိုက်ခံရမည် မဟုတ်ဘဲ၊ ခိုင်မာစွာ ရပ်တည်မည်ဖြစ်သည်။ အန္တိခရစ်များသည် သမ္မာတရားကို နားမလည်ကြပေ။ ထို့ကြောင့် ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာမဆိုအပေါ် အယူအဆ မရှိကြပေ။ ဤနေရာတွင် “အယူအဆ” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဘုရားသခင်အတွက် သက်သေခံရန် မည်သည့်အရာ လုပ်ဆောင်ရမည်ကို ၎င်းတို့ မသိရှိကြဟု ဆိုလိုသည်။ ဤအန္တိခရစ်သည် မိမိ၌ အလွန့်အလွန် ချစ်ခင်တတ်သည့် စိတ်နှလုံးရှိသည်ဟု ယုံကြည်ခဲ့သည်၊ သူသည် သံစုံသီချင်း ဗီဒီယိုတစ်ခု ပြုလုပ်ရန် လူတစ်စုကို စုစည်းခဲ့ပြီး ငွေများစွာ သုံးစွဲကာ မိမိကိုယ်ကို အန္တရာယ်တွင်းသို့ ကျရောက်စေသည့်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ တရုတ်ပြည်မကြီးရှိ အခြေအနေသည် ပြည်ပထက် ပိုဆိုးသည်၊ သို့ဆိုလျှင် တစ်စုံတစ်ခု မှားယွင်းသွားပါက မည်သို့ဖြစ်မည်နည်း။ သူသည် ဤအရာကို စဉ်းစားခဲ့သလော။ သူသည် အခြေအနေကို အတိုင်းအတာတစ်ခုအထိ စဉ်းစားကောင်း စဉ်းစားခဲ့နိုင်သော်လည်း၊ မည်သည့် အစီအစဉ်များကို ပြုလုပ်ရမည် သို့မဟုတ် မည်သည့် ရလဒ်များကို စွမ်းဆောင်ရရှိမည်ကို သူ မသိခဲ့ပေ။ သူ လုံးဝ နားမလည်ခဲ့ပေ။ အဘယ်ကြောင့် သူ နားမလည်ခဲ့သနည်း။ သူ၌ ဤဆင်ခြင်တုံတရား မရှိခဲ့ပေ။ ဆင်ခြင်တုံတရားသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ သမ္မာတရားကို နားလည်ခြင်းမှတစ်ဆင့်သာ လူ၏ ဆင်ခြင်တုံတရားသည် တဖြည်းဖြည်း ရှင်းလင်းပြီး ခိုင်မာလာနိုင်သည်။ အန္တိခရစ်များ၌ သမ္မာတရားကို မုန်းတီးသော သဘာဝရှိသည်၊ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို ပင်ကိုအားဖြင့် ဆန့်ကျင်ကြပြီး၊ ၎င်းတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးထဲ၌ သမ္မာတရားကို လုံးဝ မချစ်နိုင်ကြ။ သို့ဆိုလျှင် ၎င်းတို့သည်သမ္မာတရားကို နားလည်နိုင်ကြသလော။ (နားမလည်နိုင်ပါ။) အကယ်၍ သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်ပါက၊ ပုံမှန် လူ့သဘာဝ၏ အတွေးအခေါ်ကို ၎င်းတို့ ပိုင်ဆိုင်နိုင်ကြသလော။ ဤအရာကို ၎င်းတို့ လုံးဝ မပိုင်ဆိုင်နိုင်ပေ။ ပုံမှန် လူ့သဘာဝ၏ အတွေးအခေါ် မရှိသောလူများတွင် ဆင်ခြင်တုံတရား ရှိသလော။ မရှိပေ။ အန္တိခရစ်များက တစ်စုံတစ်ခုကို လုပ်ဆောင်ပြီး ပြောဆိုသည့်အခါ၊ သူတို့၏ အမြင်ရှုထောင့်များနှင့် သူတို့လုပ်ဆောင်သမျှ ထိုအမှုအရာအားလုံးသည် နတ်ဆိုးများနှင့် ဝိညာဉ်ဆိုးများ လုပ်ဆောင်သည့်အရာများနှင့် ခြားနားခြင်းမရှိပေ။ အဘယ်ကြောင့် ခြားနားခြင်းမရှိဟု ငါဆိုရသနည်း။ ဥပမာအနေနှင့်၊ တစ်စုံတစ်ဦးသည် တရားဟောရန်နှင့် မိမိကိုယ်ကို ကြွားဝါရန် တကယ်ကိုနှစ်သက်သဖြင့်၊ သူ တရားဒေသနာများ ဟောကြားသည်ကို နားထောင်မည့် လူများကို အမြဲ ရှာဖွေနေသည်။ လူတို့က သူ့ကို နားမထောင်ချင်သည့်တိုင်၊ သူ ဟောပြောနေဆဲ ဖြစ်သည်၊ အခြားလူများ သူ့အပေါ် ထိုသို့သော စက်ဆုပ်ရွံရှာမှုကို ခံစားရသည့်အခါ၊ သူက မခွဲခြားနိုင်သကဲ့သို့ ထိုသူတို့ကို စောင့်ကြည့်လေ့လာရန် မကြိုးစားပေ။ အခြားသူများ လိုအပ်သည့်အရာကို သူ မမြင်သည့်အပြင်၊ မိမိကိုယ်ကိုသာ ကျေနပ်စေသည်။ ဤသည်မှာ ရှက်ဖွယ်ကောင်းသည် မဟုတ်လော။ ရှက်ဖွယ်ကောင်းပြီး သူသည် ဆင်ခြင်တုံတရား မရှိပေ။ ဤဆင်ခြင်တုံတရား ကင်းမဲ့ခြင်းနှင့် စာတန်နှင့် ဝိညာဉ်ဆိုးများ ဖမ်းစားခံထားရသူတစ်ဦး၏ ကြုံရာကျပန်းဖြစ်ပြီး အကြောင်းမဲ့ဖြစ်သော ပြောဆိုပြုမူမှုများအကြား ခြားနားမှု တစ်စုံတစ်ရာ ရှိသလော။ သူသည် လမ်းတစ်လျှောက် ကိုယ်လုံးတီးဖြင့် အရူးအမူး ပြေးလွှားနေသည့် စိတ်ရောဂါသည်တစ်ဦးကဲ့သို့ ဖြစ်သည့်ပုံမပေါ်သည့်တိုင်၊ သူသည် ဆင်ခြင်တုံတရားမရှိဘဲ ပြုမူသည်ကို သင် မြင်တွေ့နိုင်သည်။ သူ့အား ညီအစ်ကိုမောင်နှမအချို့ကို ရေလောင်းပေးရန်၊ သို့မဟုတ် ဧဝံဂေလိတရား ဟောပြောရန်၊ သို့မဟုတ် တာဝန်တစ်ခုခု ထမ်းဆောင်ရန် စေခိုင်းသည့်အခါ၊ သူသည် လုံးဝ စည်းမျဉ်းများမရှိသကဲ့သို့ မိမိအလိုရှိသည့် မည်သည့်ပုံစံဖြင့်မဆို မဆင်မခြင်သာ ပြုမူသည်။ လူတစ်ဦးတလေကိုမျှ ရရှိခြင်းမရှိဘဲ နှစ်ပေါင်း ၂၀ ကြာ ဧဝံဂေလိတရားကို ဟောပြောပြီးဖြစ်သည့်တိုင် ခေါင်းဆောင်များ ဖြစ်ချင်သေးသည့် လူအချို့ ရှိသည်။ ထိုသို့သောလူများ ရှိသလော။ ရှိပေသည်။ ၎င်းတို့တွင် မည်သည့် စည်းမျဉ်း လုံးဝမရှိပေ၊ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သမျှတိုင်းကို ကမောက်ကမဖြစ်စေသည်။ သို့တိုင် ၎င်းတို့သည် ခေါင်းဆောင်များဖြစ်လိုပြီး အခြားလူများကို ဦးဆောင်လိုကြသည်။ ဤသို့သောလူများ အများအပြား ရှိသည်မှာ သေချာပါသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ကြပြီးဖြစ်သည်၊ ဘုရား နှုတ်ကပတ်တော်များစွာကို ဖတ်ရှုကြပြီးဖြစ်ကာ တရားဒေသနာများစွာကို နားထောင်ကြပြီးဖြစ်သော်လည်း၊ မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြပေ။ သို့ဆိုလျှင်၊ ၎င်းတို့၏ နားလည်မှုကင်းမဲ့ခြင်းသည် မည်သည့်အရာနှင့် ဆက်စပ်သနည်း။ မည်သည့်အကြောင်းရင်းက ၎င်းတို့ကို နားမလည်စေခဲ့သနည်း။ ၎င်းတို့သည် အစွမ်းအစနှင့် သဘောပေါက်နားလည်နိုင်စွမ်းတွင် အလွန် ချို့တဲ့နေခြင်းကြောင့်လော၊ သို့မဟုတ် သူတို့၏ အကျင့်စရိုက်သည် ဆိုးပြီး သမ္မာတရားကို မချစ်မြတ်နိုးခြင်းကြောင့်လော။ (သူတို့၏ အနှစ်သာရနှင့် ဆက်စပ်ပါသည်။) အဘယ်ကြောင့် ၎င်းတို့၏ အနှစ်သာရနှင့် ဆက်စပ်သနည်း။ (အကြောင်းမှာ သူတို့၏ အနှစ်သာရသည် ကောက်ကျစ်ဆိုးယုတ်သောကြောင့်ဖြစ်သည်၊ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို မခံယူနိုင်ကြ၊ ဘုရားသခင်သည် ထိုသို့သောလူများအပေါ် အလုပ်မလုပ်သောကြောင့်၊ ဘုရားနှုတ်ကပတ်တော်များကို သူတို့ မည်သို့ပင် စားသောက်သည်ဖြစ်စေ၊ သမ္မာတရားကို လုံးဝနားလည်ကြလိမ့်မည်မဟုတ်ပါ။) ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်း ဖြစ်သည်။ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းမှာ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အပေါ် အလုပ်မလုပ်သောကြောင့် ၎င်းတို့သည် မည်သည့်အရာကိုမျှ မုချ နားလည်နိုင်မည်မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ ဤသည်မှာ မည်သူ့နှင့်မဆို သက်ဆိုင်သည်။ ပုဂ္ဂလဓိဋ္ဌာန်ကျသော အကြောင်းရင်းလည်း ရှိပြီး ယင်းမှာ အဘယ်အရာဖြစ်သနည်း။ (ထိုသို့သောလူများသည် သမ္မာတရားကို မုန်းတီးကြသည်။) သမ္မာတရားကို မုန်းတီးသောသူများသည် သမ္မာတရားကို မည်သို့ သဘောထားကြသနည်း။ (သူတို့၏ ဆန့်ကျင်ဘက်အဖြစ် သဘောထားကြသည်။) ၎င်းတို့သည် ထိုသမ္မာတရားကို မိမိတို့၏ ဆန့်ကျင်ဘက်အဖြစ် သဘောထားကြသည်၊ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ အခြားအဘယ်အရာ ရှိသေးသနည်း။ ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့ကျသောဘက်ကို သဘောပေါက်နိုင်ကြသလော။ လုံးဝ သဘောမပေါက်နိုင်ကြပေ။ အကယ်၍ ၎င်းတို့သည် ဤအဆင့်ကိုပင် နားမလည်နိုင်ပါက၊ ငါ့အား ပြောလော့၊ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်နိုင်စွမ်း ရှိကြသလော။ လုံးဝ မရှိပေ၊ သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်ပေ။ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းမှာ ထိုသို့သောလူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို မရရှိနိုင်ကြသကဲ့သို့ ဘုရားသခင်က ၎င်းတို့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိပေ။ ပုဂ္ဂလဓိဋ္ဌာန်ကျသော အကြောင်းရင်းမှာ ၎င်းတို့သည် ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ရန်လိုကြခြင်း၊ ၎င်းတို့နှင့်ပတ်သက်သရွေ့၊ မည်သည့် အပြုသဘောဆောင်သောအရာမျှ အပြုသဘောဆောင်သောအရာ မဟုတ်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏စိတ်နှလုံးထဲ၌ မည်သည့်အရာက အပြုသဘောဆောင်သည်ဟု ယုံကြည်ကြသနည်း။ ယင်းတို့သည် စာတန်က အားပေးအားမြှောက်ပြုသော အရာအမျိုးအစားများ ဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်သော၊ အနှစ်မဲ့ပြီး မရေရာသော အရာများချည်းသာ ဖြစ်ကြသည်။ သို့ဆိုလျှင်၊ သမ္မာတရားကို မုန်းတီးသော ဤကောက်ကျစ်ဆိုးယုတ်သည့်လူများသည် သမ္မာတရားကို နားလည်နိုင်စွမ်း ရှိကြသလော။ ၎င်းတို့အနေဖြင့် ထိုသမ္မာတရားကို လက်မခံကြသောကြောင့် လုံးဝ နားမလည်နိုင်ကြပေ။ ယခု၊ ငါ့အား ပြောလော့၊ ထိုသို့သောလူများနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ရာ၌ အကျိုးတစ်စုံတစ်ရာ ရှိသလော။ သင်သည် ၎င်းတို့ထံ ဘုရား နှုတ်ကပတ်တော်များကို ဖတ်ပြသည့်အခါ ၎င်းတို့နားထောင်ရန် လိုလားနိုင်ကြသလော။ ၎င်းတို့အားလုံးသည် ဘာသာတရားမရှိသူများနှင့် မကောင်းဆိုးဝါးများ ဖြစ်ကြသည်၊ သို့ဖြစ်လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ မည်သို့ နားထောင်နိုင်မည်နည်း။ လူအချို့သည် ဤကိစ္စရပ်ကို ထိုးထွင်းသိမြင်နိုင်ခြင်းမရှိဘဲ၊ “သူတို့နှင့် သမ္မာတရားကို ကျွန်ုပ် မိတ်သဟာယဖွဲ့သည့်အခါ သူတို့သည် အဘယ်ကြောင့် နားမလည်ကြသနည်း။ သူတို့သည် လူသားများ မဟုတ်ကြသလော” ဟု ဆိုကြသည်။ သင်သည် အကြံအိုက်ပြီး ၎င်းတို့နှင့် ဆက်သွယ်ပြောဆို၍မရနိုင်ပေ။ လူအချို့၏ စကားများကို သင် တကယ်ကိုပင် နားမထောင်နိုင်သကဲ့သို့ ၎င်းတို့လုပ်ဆောင်သည့်အရာများမှာ တကယ်ကို ယုတ္တိမရှိပေ။ ဤသူတို့သည် ဘာသာတရားမရှိသူများ၊ မကောင်းဆိုးဝါးများ ဖြစ်ကြပြီး၊ ကျိုးကြောင်းဆင်ခြင်မှု လုံးဝမရှိကြပေ။ အဘယ်ကြောင့် ငါသည် “ကျိုးကြောင်းဆင်ခြင်မှု လုံးဝမရှိ”ဟူသည့်ဤစကားလုံးကိုးလုံးကို ပြောဆိုရသနည်း။ ဘုရားသခင် တည်ရှိကြောင်းနှင့် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်း သင် ယုံကြည်သည်။ ဤအရာများသည် အပြုသဘောဆောင်သော အရာများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူများကမူ မည်သည့်အရာကို ယုံကြည်ကြသနည်း။ “ဤသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲထားပုံဖြစ်သလော။ သူသည် ဘာမျှဟုတ်တိပတ်တိ မဟုတ်ပါတကား”ဟူ၍ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကျိုးကြောင်းဆင်ခြင်မှု လုံးဝမရှိဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောလူများနှင့် ဆက်သွယ်ပြောဆိုရန် နည်းလမ်းမရှိပေ။ ၎င်းတို့သည် သီးခြားအမျိုးအစားတစ်ခု၊ သားရဲတိရစ္ဆာန်များ၊ ကျိုးကြောင်းဆင်ခြင်မှု လုံးဝမရှိသူများ ဖြစ်ကြသည်။ သားရဲတိရစ္ဆာန်များသည် အပြုသဘောဆောင်သောအရာများက အဘယ်အရာဖြစ်သည် သို့မဟုတ် သမ္မာတရားက အဘယ်အရာဖြစ်သည်ဟူသည်ကို လုံးဝနားမလည်ကြပေ။ ထို့ကြောင့် ၎င်းတို့နှင့် ဆက်သွယ်ပြောဆိုရန် နည်းလမ်းမရှိပေ။ သင့်အနေဖြင့် ၎င်းတို့နှင့် ဆက်သွယ်ပြောဆို၍ မရနိုင်ဟူသောအချက်သည် အချိန်ကာလနှင့်ဆိုင်သည့် ပြဿနာမဟုတ်၊ သို့မဟုတ် သင့်အနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်မှု ပြုလုပ်ခြင်း ရှိမရှိ သို့မဟုတ် သင် မည်မျှ အားထုတ်မှု ပြုလုပ်သည်ဟူသည်တို့နှင့်ဆိုင်သော ပြဿနာလည်းမဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့က တကယ်ကို နားလည်နိုင်စွမ်းမရှိခြင်းသာ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့ကို အခြားအဘယ်အရာ ပြောစရာ ရှိသေးသနည်း။ ဤလူများအတွင်း၌ အတိအကျ အဘယ်အရာ ရှိနေသနည်း။ ၎င်းတို့၏စိတ်နှလုံးများထဲ၌ ရိုးသားမှု၊ တည်ကြည်မှုနှင့် ကောင်းမြတ်ခြင်းတို့ မရှိပေ။ ကောက်ကျစ်ဆိုးယုတ်မှုသာ ရှိသည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်မှုနှင့် ပြည့်နှက်နေသည်။ ဤသည်မှာ ဤလူများက ကျိုးကြောင်းဆင်ခြင်မှု လုံးဝမရှိသည့်အပြင် ကယ်တင်မခံရနိုင်သည့် အကြောင်းရင်း ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။