အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂) အခန်း ငါး
အန္တိခရစ်များ အာဏာစွဲကိုင်သော အသင်းတော်များတွင် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။ တစ်ချိန်တည်းမှာပင် ထိုအသင်းတော်များအတွင်း၌ ထူးဆန်းသော ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်သည်၊ ယင်းမှာ အကောင်အထည်ဖော်ခြင်း ခံရသည့် တစ်ခုတည်းသောအလုပ်မှာ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် မည်သည့် ပတ်သက်မှုမျှမရှိသော သို့မဟုတ် ဆန့်ကျင်သော အလုပ်ဖြစ်ပြီး၊ ယင်းက ညီအစ်ကိုမောင်နှမများအကြား မတူညီသော ထင်မြင်ယူဆချက်များနှင့် အငြင်းပွားမှုများကို ပေါ်ပေါက်စေကာ အသင်းတော်ကို ကမောက်ကမဖြစ်စေသည်။ ခေါင်းဆောင်အတုအယောင်များသည် မည်သို့ ပြုမူကြသနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအတိုင်း အလုပ်မလုပ်ကြပေ၊ ယင်းမှာ သူတို့သည် လုပ်စရာဘာမျှမရှိသည့်အလားဖြစ်ပြီး အလုပ်အစီအစဉ်များကို လုံးဝ တုံ့ပြန်ခြင်းမရှိကြပေ။ ဤခေါင်းဆောင်များ လက်အောက်ရှိ လူတို့သည် ဘာမျှမသိကြပေ၊ စည်းမဲ့ကမ်းမဲ့ သဲတစ်ပုံကဲ့သို့ပင် သူတို့ကို စုစည်းပေးသူ မည်သူမျှ မရှိဘဲ လူတိုင်းက မိမိတို့အလိုရှိသည့်အရာကို မိမိတို့အလိုရှိသည့်အတိုင်း ပြုလုပ်ကြသည်။ ခေါင်းဆောင်အတုအယောင်များသည် မည်သည့်ထုတ်ပြန်ချက်ကိုမျှ မဖော်ပြကြသကဲ့သို့ ဤတာဝန်ကိုလည်း မယူကြပေ။ သို့ရာတွင် အန္တိခရစ်များမှာမူ မတူကွဲပြားစွာ ပြုမူကြသည်။ ၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ရုံသာမက မိမိတို့၏ ကိုယ်ပိုင်ထုတ်ပြန်ချက်များနှင့် ကျင့်ကြံပြုမူမှုများကိုလည်း ထုတ်ဖော်ကြသည်။ အချို့သည် အထက်၏ အလုပ်အစီအစဉ်များကို ယူဆောင်ပြီး ပြုပြင်မွမ်းမံကာ မိမိတို့၏ ကိုယ်ပိုင်ထုတ်ပြန်ချက်များအဖြစ်သို့ ပြောင်းလဲပြီးနောက် ယင်းတို့ကို ကောင်အထည်ဖော်ကြစဉ်တွင် အခြားသူများမှာမူ အထက်၏ အလုပ်အစီအစဉ်များအတိုင်း လုံးဝ ပြုမူခြင်းမရှိဘဲ မိမိတို့နည်းဟန်ဖြင့် သီးခြား လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အထက်၏ အလုပ်အစီအစဉ်များကို ထိမ်ချန်ထားပြီး အောက်သို့ မပို့ပေးဘဲ မိမိတို့လက်အောက်ရှိသူများကို ဘာကိုမျှသိရှိခွင့်မပေးစဉ်တွင် မိမိတို့အလိုရှိရာကို ပြုလုပ်ကြပြီး မိမိတို့လက်အောက်ရှိသူများကို အထင်အမြင်မှားစေရန်နှင့် လှည့်ဖြားရန်အတွက် မိမိတို့၏ ကိုယ်ပိုင်သီအိုရီများနှင့် ထုတ်ပြန်ချက်များကိုပင် လုပ်ကြံဖန်တီးကြသည်။ သို့ဖြစ်၍ အပေါ်ယံအားဖြင့် အန္တိခရစ်များက မည်မျှ စွန့်လွှတ်နိုင်သည် သို့မဟုတ် မည်သို့သော ဆင်းရဲဒုက္ခအား သည်းညည်းခံနိုင်သည်ကို မကြည့်ကြနှင့်။ ၎င်းတို့၏ အပေါ်ယံ လုပ်ဆောင်ချက်များနှင့် အပြုအမူများကို ဘေးဖယ်ထားပြီး ၎င်းတို့လုပ်ဆောင်သော ဤအမှုအရာများ၏ အနှစ်သာရကို ကြည့်ကြလော့။ ၎င်းတို့သည် ဘုရားသခင်နှင့် မည်သည့် ဆက်ဆံရေးမျိုး ရှိကြသနည်း။ ၎င်းတို့သည် ဘုရားသခင် မိန့်ကြားခဲ့ပြီး လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို၊ သိနားလည်ရန် ညီအစ်ကို မောင်နှမတို့အား ဘုရားသခင် တောင်းဆိုသမျှ အရာအားလုံးနှင့် အသင်းတော်၏ အောက်ခြေအဆင့်တွင် အကောင်အထည်ဖော်ရန် သူတောင်းဆိုသမျှ အရာအားလုံးကို ဆန့်ကျင်ကြသည်၊ ဤအရာအားလုံးကို ၎င်းတို့ ဆန့်ကျင်ကြသည်။ အချို့က “ဤအရာများကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းသည် ၎င်းတို့ကို ဆန့်ကျင်ခြင်းနှင့် တူညီပါသလော” ဟု မေးကောင်းမေးနိုင်ပါသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤအရာများကို အကောင်အထည်မဖော်ကြသနည်း။ အကြောင်းမှာ ထိုအရာများကို ၎င်းတို့ သဘောမတူကြသောကြောင့် ဖြစ်သည်။ ထိုအရာများအား ၎င်းတို့ သဘောမတူကြသည်ကို ထောက်ရှုလျှင် ၎င်းတို့သည် ဘုရားအိမ်တော်ထက် မြင့်မြတ်ကြသလော။ ဤအရာများအား ၎င်းတို့ သဘောမတူကြသည်ကို ထောက်ရှုလျှင် ၎င်းတို့၌ ပို၍ကောင်းမွန်သော အစီအစဉ်တစ်ခု ရှိသလော။ မရှိပေ။ သို့ဆိုလျှင် ၎င်းတို့သည် ဤအရာများကို သဘောမတူသောကြောင့်သက်သက် အဘယ်ကြောင့် ယင်းတို့ကို အကောင်အထည်မဖော်ဝံ့ဘဲနေကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် အသင်းတော်ကို စိုးမိုးပြီး ထိန်းချုပ်လိုကြသောကြောင့် ဖြစ်သည်။ အကယ်၍ ၎င်းတို့အနေဖြင့် အလုပ်အစီအစဉ်များနှင့် အထက်၏ လိုအပ်ချက်များနှင့်အညီ အမှုအရာများကို အပြည့်အဝ အကောင်အထည်ဖော်ခဲ့ပါက ၎င်းတို့၏ ပံ့ပိုးကူညီမှုများက သတိပြုမိခြင်း ခံရမည်မဟုတ်၊ ထင်ပေါ်မည်မဟုတ်သကဲ့သို့ မည်သူမျှ မြင်တွေ့မည်မဟုတ်ဟု ယုံကြည်ကြလေသည်။ အန္တိခရစ်များအတွက်မူ ဤသည်မှာ ဘေးဒုက္ခတစ်ခု ဖြစ်ပေမည်။ လူတိုင်းက ဘုရားသခင်ကို သက်သေခံပြီး သမ္မာတရားကို ပုံမှန် မိတ်သဟာယဖွဲ့မည်ဆိုလျှင်၊ သမ္မာတရားကို လူတိုင်း နားလည်နိုင်ပြီး ကိစ္စရပ်များကို သမ္မာတရား၏ စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်ကာ ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ သမ္မာတရားကို ရှာဖွေပြီး ဆုတောင်းကာ ဘုရားသခင်ကို တောင်းလျှောက်နိုင်မည်ဆိုလျှင် ၎င်းတို့၏ လုပ်ငန်းဆောင်တာက အဘယ်အရာ ဖြစ်မည်နည်း။ အန္တိခရစ်တို့သည် သမ္မာတရားကို မလိုက်စားကြသဖြင့် ၎င်းတို့တွင် လုပ်ငန်းဆောင်တာ ရှိမည်မဟုတ်ပေ။ ၎င်းတို့သည် အလှအပအဆင်တန်ဆာများမျှသာ ဖြစ်သွားကြမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် အလှအပအဆင်တန်ဆာများ ဖြစ်သွားပြီး မည်သူမျှက ၎င်းတို့ကို နောက်ထပ် အာရုံမစိုက်တော့ပါက ဤအရာကို ၎င်းတို့ လက်ခံကြမည်လော။ လက်ခံကြမည်မဟုတ်။ ၎င်းတို့သည် အခြေအနေကို အဖတ်ဆယ်ရန် နည်းလမ်းများကို စဉ်းစားကြပေမည်။ အန္တိခရစ်တို့သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့် ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်ကြသည်၊ ညီအစ်ကိုမောင်နှမများအားလုံးက သမ္မာတရားကို လိုက်စားပါက ၎င်းတို့ ထုတ်ဖော်ခံရမည်ကို ကြိုတင်မျှော်မှန်းနိုင်ကြသလော။ အန္တိခရစ်တို့သည် အလွန် ဆိုးရွားကြပြီး သမ္မာတရားကို မလိုက်စားကြပေ၊ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သည်၊ လှည့်ဖြားတတ်သည်၊ တိတ်တဆိတ်အန္တရာယ်ပြုတတ်ပြီး အပြုသဘောဆောင်သော အရာများကို မချစ်မြတ်နိုးကြပေ။ အကယ်၍ လူတိုင်းက သမ္မာတရားကို နားလည်ပါက အန္တိခရစ်များအပေါ် ပိုင်းခြားသိမြင်မှု ရှိကြမည်ဖြစ်သည်။ အန္တိခရစ်တို့သည် ဤအရာကို သိရှိကြသလော။ သိရှိကြပေသည်။ ဤအရာကို ၎င်းတို့၏ စိတ်ဝိညာဉ်များတွင် ၎င်းတို့ ခံစားနိုင်သည်။ ယင်းမှာ သင်သည် တစ်နေရာရာသို့ သွားပြီး နတ်ဆိုးတစ်ကောင်နှင့် ကြုံတွေ့ရသကဲ့သို့ ဖြစ်သည်။ နတ်ဆိုးက သင့်ကို ကြည့်သောအခါ ၎င်းသည် သင့်ကို မနှစ်မြို့ဖွယ်အဖြစ် မြင်ပြီး တစ်ချက်ကြည့်ရုံမျှဖြင့် သင်သည် နတ်ဆိုးကို စက်ဆုပ်ဖွယ်အဖြစ် မြင်ကာ ၎င်းနှင့် စကားမပြောချင်ပေ။ အမှန်တကယ်တွင် ၎င်းသည် သင့်ကို စော်ကားခြင်း သို့မဟုတ် သင့်ကို ထိခိုက်စေသည့်အရာတစ်ခုတလေမျှ လုပ်ဆောင်ခြင်းမရှိခဲ့သော်လည်း သင်သည် ၎င်းကို ကြည့်ရသည်မှာ စက်ဆုပ်ဖွယ်အဖြစ်မြင်ပြီး ၎င်း စကားပြောသည်ကို နားထောင်ခြင်းက သင့်ကို ပို၍ပင် စက်ဆုပ်ရွံရှာစေသည်။ အမှန်တွင် ၎င်းသည် သင့်ကို မသိသကဲ့သို့ သင်သည်လည်း ၎င်းကို မသိပေ။ ဤနေရာတွင် အဘယ်အရာ ဖြစ်ပျက်နေသနည်း။ သင်တို့နှစ်ဦးသည် အမျိုးအစားမတူညီကြကြောင်းကို သင်၏ စိတ်ဝိညာဉ်၌ သင် ခံစားသိရှိနိုင်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ ရွေးချယ်ထားသောလူများ၏ ရန်သူများ ဖြစ်ကြသည်။ အကယ်၍ သင်သည် ၎င်းတို့နှင့် ဆက်ဆံသောအခါ သိမြင်မှု သို့မဟုတ် သတိပြုမိခြင်း မရှိပါက သင်သည် အတော်ပင် ထုံအသည် မဟုတ်လော။ အန္တိခရစ်တစ်ဦးသည် စကားများများမပြောဘဲ အဆိုတစ်ခုကို ဖော်ပြစဉ်၊ ရှုထောင့်တစ်ခုကို တင်ပြစဉ် သို့မဟုတ် ၎င်း၏ လုပ်ရပ်များတွင် သဘောထားတစ်ခုခုကို ထားရှိနေစဉ် စကားအနည်းငယ်မျှသာ ပြောဆိုသောအခါ သင်သည် ဤအရာများကို ရှင်းလင်းစွာ မရိပ်စားမိနိုင်ဟု ဆိုကြပါစို့။ သင်သည် ထိုသူနှင့် အချိန်ကြာမြင့်စွာ ဆက်ဆံပြီး ဤသတိပြုမိခြင်း မရှိသေးဘဲ တစ်နေ့တွင် အထက်က ထိုသူကို အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်လိုက်သောအခါမှသာ သင်သည် ဤအသိဉာဏ်ပွင့်လင်းမှုကို နောက်ဆုံးတွင် ရရှိပြီး အနည်းငယ် ကြောက်ရွံ့မှု ခံစားရကာ “ထိုမျှ သိသာထင်ရှားသော အန္တိခရစ်တစ်ဦးကို ငါ အဘယ်သို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိခဲ့ပါသနည်း။ တကယ်ကို သီသီလေး လွတ်သွားခဲ့ပါသည်တကား” ဟု တွေးထင်မည်ဆိုလျှင် သင်သည် အဘယ်မျှ နှေးကွေးပြီး ထုံထိုင်းခြင်း ဖြစ်ရမည်နည်း။
အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှု၌ သိသာထင်ရှားသော လက္ခဏာရပ်တစ်ခု ရှိပြီး ယင်းကို ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သည့် လျှို့ဝှက်ချက်ကို သင်တို့အား ငါ မျှဝေမည်။ ယင်းမှာ ၎င်းတို့၏ စကားနှင့် လုပ်ရပ် နှစ်မျိုးစလုံးတွင် သင်သည် ၎င်းတို့၏ အတွင်းသဘောကို တိုင်းတာခန့်မှန်း၍မရနိုင် သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးများထဲသို့ မမြင်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့က သင့်ကို စကားပြောသောအခါ ၎င်းတို့၏ မျက်လုံးများက အမြဲ ဝေ့လည်နေပြီး မည်သို့သော အကြံအစည်မျိုး ၎င်းတို့ ကြံစည်နေသည်ကို သင် မပြောနိုင်ပေ။ တစ်ခါတစ်ရံ ၎င်းတို့ သစ္စာစောင့်သိသည် သို့မဟုတ် အတော်ပင် ရိုးသားဖြူစင်သည်ဟု သင့်ကို ခံစားရစေသော်လည်း ဤသည်မှာ အမှန် မဟုတ်ပေ၊ သင်သည် ၎င်းတို့ကို မည်သည့်အခါမျှ မရိပ်စားမိနိုင်ပေ။ သင်သည် သင့်စိတ်နှလုံးထဲ၌ သီးခြားခံစားချက်တစ်ခု ရှိသည်၊ ၎င်းတို့၏ အတွေးအခေါ်များ၌ နက်ရှိုင်းသော သိမ်မွေ့နက်နဲခြင်းတစ်ခု၊ နားမလည်နိုင်သော နက်ရှိုင်းမှုတစ်ခု ရှိသည်၊ ၎င်းတို့သည် ကောက်ကျစ်စဉ်းလဲသည်ဟူသော ခံစားချက်တစ်ခု ရှိလေသည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သည့် ပထမဆုံး လက္ခဏာရပ်ဖြစ်ပြီး ယင်းက အန္တိခရစ်တို့သည် ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သည့် အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ကြောင်း ညွှန်ပြသည်။ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သည့် ဒုတိယ လက္ခဏာရပ်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့ ပြောဆို၊ လုပ်ဆောင်သမျှ အရာအားလုံးသည် အလွန် အထင်အမြင်မှားစေခြင်း ဖြစ်သည်။ ဤအရာသည် မည်သည့်နေရာ၌ ထင်ရှားသနည်း။ လူတို့၏ စိတ်သဘောထားများကို ခံစားသိရှိရာ၌၊ လူတို့၏ အယူအဆများနှင့် စိတ်ကူးများနှင့် ကိုက်ညီပြီး လက်ခံရန် လွယ်ကူသော အရာများကို ပြောဆိုရာ၌ ၎င်းတို့၏ သီးခြား ကျွမ်းကျင်လိမ္မာမှုတွင်ထင်ရှားပေသည်။ သို့ရာတွင် သင် ပိုင်းခြားသိမြင်သင့်သော အရာတစ်ခု ရှိသည်၊ ၎င်းတို့သည် မိမိတို့ပြောဆိုသော နှစ်လိုဖွယ်အရာများကို မည်သည့်အခါမျှ သရုပ်ထင်စေခြင်း မရှိကြပေ။ ဥပမာအားဖြင့် ၎င်းတို့သည် အခြားသူများအား ရိုးသားသောလူများ မည်သို့ ဖြစ်လာရမည်ဆိုသည်နှင့် ၎င်းတို့အပေါ် တစ်စုံတစ်ရာ ကျရောက်သောအခါ မည်သို့ ဆုတောင်းပြီး ဘုရားသခင်ကို မိမိတို့၏ သခင်အဖြစ် ထားရှိရမည်ဟူသည်တို့ကို ပြောပြလျက် အယူဝါဒများကို ဟောကြသော်လည်း၊ အန္တိခရစ်များ ကိုယ်တိုင်အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သောအခါ သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့ ပြုလုပ်သမျှမှာ မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူခြင်း၊ မိမိတို့ကိုယ်ကို အကျိုးပြုစေမည့် နည်းလမ်းပေါင်းများစွာကို စဉ်းစားခြင်း၊ အခြားလူတိုင်းကို ၎င်းတို့အား အစေခံစေပြီး ၎င်းတို့၏ ကိစ္စရပ်များကို ကိုင်တွယ်စေခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ ဆုမတောင်းကြသကဲ့သို့ မိမိတို့၏ သခင်အဖြစ်လည်း သူ့ကို မထားရှိကြပေ။ ၎င်းတို့သည် နားကြားကောင်းသော အရာများကို ပြောဆိုကြသော်လည်း ၎င်းတို့၏ လုပ်ရပ်များက ၎င်းတို့ ပြောဆိုသည့်အရာနှင့် မကိုက်ညီပေ။ အရေးယူဆောင်ရွက်သည့်အခါ ၎င်းတို့ ပထမဆုံး ထည့်သွင်းစဉ်းစားသည့်အရာမှာ မိမိတို့ကိုယ်တိုင်အတွက် အကျိုးအမြတ် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို လက်မခံကြပေ။ အမှုအရာများကို လုပ်ဆောင်သောအခါ ၎င်းတို့ နာခံခြင်းမရှိကြောင်း၊ မိမိတို့ကိုယ်ကို အကျိုးပြုမည့် နည်းလမ်းတစ်ခုနှင့် ရှေ့ဆက်ရမည့် နည်းလမ်းတစ်ခုကို ၎င်းတို့ အမြဲတမ်း ရှာဖွေနေကြောင်း လူတို့က မြင်တွေ့ကြသည်။ ဤသည်မှာ လူတို့ မြင်တွေ့နိုင်သော အန္တိခရစ်တို့၏ လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်သည့် ဘက်ခြမ်း ဖြစ်သည်။ အလုပ်လုပ်သောအခါ တစ်ခါတစ်ရံ အန္တိခရစ်တို့သည် အခက်အခဲကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခ ပေးနိုင်ကာ တစ်ခါတစ်ရံ အိပ်စက်ခြင်းနှင့် အစာစားခြင်းကိုပင် စွန့်လွှတ်နိုင်သော်လည်း ၎င်းတို့သည် အဆင့်အတန်းရရှိရန် သို့မဟုတ် နာမည်ကျော်ကြားဖို့အတွက်သာ ဤအရာကို လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များနှင့် ပန်းတိုင်များအတွက် အခက်အခဲကို ခံစားကြသော်လည်း ဘုရားအိမ်တော်က ၎င်းတို့အတွက် စီစဉ်ပေးသော အရေးကြီးသည့်အလုပ်နှင့်ပတ်သက်၍မူ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြပြီး ယင်းကို လုပ်သည့်ဆိုရိုးမျှသာ လုပ်ဆောင်ကြလေသည်။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သမျှ အရာအားလုံး၌ ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံကြသလော။ မိမိတို့၏ တာဝန်များကို ၎င်းတို့ ထမ်းဆောင်နေကြသလော။ ဤနေရာ၌ ပြဿနာတစ်ခု ရှိသည်။ အခြား အပြုအမူတစ်မျိုးလည်း ရှိသေးသည်၊ ယင်းမှာ ညီအစ်ကိုမောင်နှမများက မတူညီသော ထင်မြင်ယူဆချက်များကို တင်ပြသောအခါ အန္တိခရစ်တို့သည် လှည့်ပတ်ပြောဆိုလျက်၊ လူတို့အား ထိုညီအစ်ကိုမောင်နှမများနှင့်အတူ အန္တိခရစ်တို့ မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးခဲ့သည်ဟု တွေးထင်စေလျက် ဝေ့ဝိုက်သောနည်းလမ်းဖြင့် ထိုထင်မြင်ယူဆချက်များကို ငြင်းပယ်ကြလေသည်။ သို့သော် အဆုံးစွန်တွင်မူ လူတိုင်းက ၎င်းတို့ ပြောသည့်အတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။ လူတို့က ၎င်းတို့၏ စိတ်ကူးများကို လိုက်နာပြီး ၎င်းတို့ ပြောသည့်အတိုင်း လုပ်ဆောင်ကြရန်အလို့ငှာ ၎င်းတို့သည် အခြားလူတို့၏ အကြံပြုချက်များကို ပိတ်ပင်ရန် နည်းလမ်းများကို အမြဲတမ်း ရှာဖွေနေကြသည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းလော။ သေချာပေါက် မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့ အလုပ်၏ စည်းမျဉ်းမှာ အဘယ်နည်း။ ယင်းမှာ လူတိုင်းက ၎င်းတို့စကားနားထောင်ပြီး ၎င်းတို့ကို နာခံရမည်၊ ၎င်းတို့ထက် ပို၍ အလေးဂရုပြုရမည့်သူ မရှိဟူသည့်အပြင် ၎င်းတို့၏ စိတ်ကူးများက အကောင်းဆုံးနှင့် အမြင့်မြတ်ဆုံး ဖြစ်သည် ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့သည် ၎င်းတို့ ပြောဆိုသည့်အရာ မှန်ကန်ကြောင်း၊ ၎င်းတို့သည် သမ္မာတရားဖြစ်ကြောင်း လူတိုင်းကို ခံစားစေလိုကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သည့် ဒုတိယ လက္ခဏာရပ် ဖြစ်သည်။ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သည့် တတိယ လက္ခဏာရပ်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို သက်သေခံသောအခါ မိမိတို့၏ ပံ့ပိုးကူညီမှုများ၊ မိမိတို့ ခံစားခဲ့ရသော အခက်အခဲများနှင့် လူတိုင်းအတွက် ၎င်းတို့ လုပ်ဆောင်ခဲ့သော အကျိုးရှိသည့်အရာများကို မကြာခဏ သက်သေခံကြပြီး လူတို့အား ၎င်းတို့အနေဖြင့် အန္တိခရစ်တို့၏ အရိပ်ကိုခိုနေကြခြင်းဖြစ်ကြောင်းကို သတိရစေဖို့အလို့ငှာ ယင်းတို့ကို လူတို့၏ စိတ်ထဲသို့ ရိုက်သွင်းပေးကြလေသည်။ အကယ်၍ တစ်စုံတစ်ယောက်က အန္တိခရစ်တစ်ဦးကို ချီးကျူးပါက သို့မဟုတ် ကျေးဇူးတင်ပါက ၎င်းတို့က၊ “ဘုရားသခင်ကို ကျေးဇူးတင်ပါ။ ဤသည်မှာ ဘုရား၏ လုပ်ဆောင်မှုသာဖြစ်သည်။ ဘုရား၏ ကျေးဇူးတော်သည် ကျွန်ုပ်တို့အတွက် လုံလောက်ပါသည်” ဟူကဲ့သို့သော အလွန် ဝိညာဉ်ရေးရာပြည့်ဝသည့် စကားအချို့ကိုပင် ပြောကောင်းပြောနိုင်သည်။ လူတိုင်းက ၎င်းတို့အား အတော်ပင် ဝိညာဉ်ရေးရာပြည့်ဝကြောင်း၊ ၎င်းတို့အနေဖြင့်ဘုရားသခင်၏ ကောင်းသော အစေခံတစ်ဦး ဖြစ်ကြောင်းကို မြင်တွေ့ကြမည် ဖြစ်သည်။ လက်တွေ့တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံနေကြခြင်း ဖြစ်ကာ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် နေရာ လုံးဝ မရှိပေ။ အခြားလူတိုင်း၏ စိတ်ထဲ၌ အန္တိခရစ်၏ အဆင့်အတန်းသည် ဘုရားသခင်၏ အဆင့်အတန်းထက် များစွာ ကျော်လွန်နှင့်ပြီးသား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ မိမိတို့ကိုယ်ကို သက်သေခံခြင်း၏ စစ်မှန်သော သက်သေအထောက်အထားဖြစ်သည် မဟုတ်လော။ အန္တိခရစ်တစ်ဦးက အာဏာစွဲကိုင်ပြီး ထိန်းချုပ်ထားသော အသင်းတော်များတွင် ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ အမြင့်ဆုံးသော အဆင့်အတန်း ရှိကြသည်။ ဘုရားသခင်က ဒုတိယ သို့မဟုတ် တတိယနေရာ၌သာ ရှိနိုင်သည်။ အကယ်၍ ဘုရားသခင်သည် အန္တိခရစ်တစ်ဦးက အာဏာစွဲကိုင်ထားသော အသင်းတော်သို့ သွားပြီး တစ်စုံတစ်ခု ပြောဆိုပါက သူပြောဆိုသည့်အရာသည် ထိုနေရာရှိ လူတို့က နားဝင်ကြလိမ့်မည်လော။ ယင်းကို စိတ်နှလုံးထဲမှ ၎င်းတို့ လက်ခံကြလိမ့်မည်လော။ ပြောရန် ခက်ခဲသည်။ ဤသည်မှာ အန္တိခရစ်များက မိမိတို့ကိုယ်ကို သက်သေခံရန် မည်မျှ ကြိုးစားအားထုတ်ကြသည်ကို သက်သေပြဖို့ လုံလောက်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက် လုံးဝ သက်သေမခံကြဘဲ ဘုရားသခင်အတွက် သက်သေခံရန် မိမိတို့၏ အခွင့်အရေးအားလုံးကို မိမိတို့ကိုယ်ကို သက်သေခံရန်အတွက်သာ အသုံးပြုကြသည်။ အန္တိခရစ်များ အသုံးပြုသော ဤနည်းဗျူဟာသည် တိတ်တဆိတ်အန္တရာယ်ပြုတတ်သည် မဟုတ်လော။ ယင်းမှာ အလွန့်အလွန် ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ဤနေရာ၌ မိတ်သဟာယဖွဲ့ခဲ့သော ဤလက္ခဏာရပ်သုံးခုအားဖြင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ရန် လွယ်ကူပေသည်။
အန္တိခရစ်တို့၌ နောက်ထပ် လက္ခဏာရပ်တစ်ခု ရှိပြီး ယင်းမှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် အဓိက သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ ယင်းမှာ ဘုရားအိမ်တော်က သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများက ၎င်းတို့၏ မိမိကိုယ်ကို သိကျွမ်းခြင်းအပေါ် မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ သို့မဟုတ် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို မည်သို့ပင် လက်ခံစေကာမူ အန္တိခရစ်တို့က ထိုအရာကို လုံးဝ ဂရုမစိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားနေကြဆဲဖြစ်ပြီး ကောင်းချီးမင်္ဂလာများ ရရှိရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒကို မည်သည့်အခါမျှ မစွန့်လွှတ်ကြပေ။ အန္တိခရစ်တို့၏ စိတ်များထဲတွင်၊ လူတစ်ဦးသည် တာဝန်တစ်ခုကို ထမ်းဆောင်နိုင်သရွေ့၊ အဖိုးအခတစ်ခုကို ပေးဆပ်နိုင်ပြီး အခက်အခဲအချို့ကို ခံစားနိုင်သရွေ့ ထိုသူသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရသင့်သည် ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ အသင်းတော်အလုပ်ကို အတန်ကြာ လုပ်ဆောင်ပြီးနောက် ၎င်းတို့သည် အသင်းတော်အတွက် ၎င်းတို့ လုပ်ဆောင်ခဲ့သော အလုပ်များ၊ ဘုရားအိမ်တော်အတွက် ၎င်းတို့ ပြုလုပ်ခဲ့သော ပံ့ပိုးမှုများနှင့် ညီအစ်ကိုမောင်နှမများအတွက် ၎င်းတို့ လုပ်ဆောင်ခဲ့သော အရာများကို စတင်၍ စာရင်းပြုစုကြသည်။ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သည့်အရာက အကျိုးနပ်ခြင်းရှိမရှိကို ဆုံးဖြတ်နိုင်ရန်အလို့ငှာ ဘုရားသခင်ထံမှ မည်သည့် ကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများကို ရရှိမည်ကို စောင့်ဆိုင်းလျက် ဤအရာအားလုံးကို မိမိတို့၏ စိတ်ထဲ၌ ခိုင်မြဲစွာ မှတ်သားထားကြလေသည်။ အဘယ်ကြောင့် ထိုသို့သော အမှုအရာများနှင့်ပတ်သက်၍ ၎င်းတို့ အမြဲ စိတ်စွဲလမ်းနေကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ ၎င်းတို့ လိုက်စားနေသည့်အရာမှာ အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်၌ ၎င်းတို့ ယုံကြည်ခြင်း၏ ရည်မှန်းချက်မှာ အဘယ်အရာ ဖြစ်သနည်း။ အစကတည်းမှစ၍၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းသည် ကောင်းချီးမင်္ဂလာများ ရရှိခြင်းနှင့်ပတ်သက်နေခဲ့သည်။ ပြီးလျှင် ၎င်းတို့သည် တရားဒေသနာများကို နှစ်ပေါင်းမည်မျှ နားထောင်သည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မည်မျှ စားသောက်သည်ဖြစ်စေ၊ အယူဝါဒ မည်မျှ နားလည်သည်ဖြစ်စေ ၎င်းတို့သည် ကောင်းချီးခံစားရန်ဖြစ်သည့် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ရည်ရွယ်ချက်ကို မည်သည့်အခါမျှ စွန့်လွှတ်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် တာဝန်သိတတ်သော ဖန်ဆင်းခံတစ်ဦး ဖြစ်ရန်လည်းကောင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံရန်လည်းကောင်း သင် တောင်းဆိုပါက ၎င်းတို့က “ထိုအရာသည် ကျွန်ုပ်နှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ။ ယင်းမှာ ကျွန်ုပ် ကြိုးပမ်းသင့်သည့်အရာ မဟုတ်ပါ။ ကျွန်ုပ် ကြိုးပမ်းသင့်သည့်အရာမှာ တိုက်ပွဲကို ကျွန်ုပ် တိုက်ခိုက်ပြီးသည့်အခါ၊ လိုအပ်သော ကြိုးပမ်းအားထုတ်မှုကို ကျွန်ုပ် ပြုလုပ်ပြီး လိုအပ်သော အခက်အခဲကို ကျွန်ုပ် ခံစားပြီးသည့်အခါ၊ ဘုရား တောင်းဆိုသည့်အတိုင်း ဤအရာကို ကျွန်ုပ် လုပ်ဆောင်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသည် ကျွန်ုပ်ကို ဆုချီးမြှင့်ပြီး ဆက်ရှိနေခွင့်ပြုသင့်ကာ နိုင်ငံတော်၌ သရဖူဆောင်းခွင့်ပြုသင့်ပြီး ဘုရား၏လူများထက် ပို၍မြင့်သော ရာထူးကို ကိုင်စွဲခွင့်ပေးသင့်သည်။ အနည်းဆုံးအနေဖြင့် ကျွန်ုပ်သည် မြို့နှစ်မြို့ သို့မဟုတ် သုံးမြို့ကို အုပ်ချုပ်သင့်သည်” ဟု ပြောဆိုကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တို့ အရေးအထားဆုံးသော အရာဖြစ်သည်။ ဘုရားအိမ်တော်က သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်သော ၎င်းတို့၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒကို ဖယ်ရှား၍မရနိုင်ပေ၊ ၎င်းတို့သည် ပေါလုနှင့် လူတစ်မျိုးတစ်စားတည်း ဖြစ်ကြသည်။ ထိုသို့သော ဗြောင်ကျသော အပေးအယူတစ်ခုသည် ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်မျိုးကို ထားရှိသည် မဟုတ်လော။ အချို့သော ဘာသာရေးသမားများက “ကျွန်ုပ်တို့၏ မျိုးဆက်သည် လက်ဝါးကပ်တိုင်လမ်းကြောင်းပေါ်တွင် ဘုရားနောက်လိုက်ကြသည်။ ဘုရားက ကျွန်ုပ်တို့ကို ရွေးချယ်ခဲ့သည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ကောင်းချီးခံစားပိုင်ခွင့် ရှိသည်။ ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခခံစားခဲ့ပြီး အဖိုးအခကို ပေးဆပ်ပြီးဖြစ်ကာ ခါးသီးသော ခွက်ဖလားထဲမှ စပျစ်ရည်ကို သောက်ကြပြီးဖြစ်သည်။ ကျွန်ုပ်တို့ထဲမှ အချို့သည် ဖမ်းဆီးခြင်းခံရကာ ထောင်ဒဏ်ချမှတ်ခြင်းကိုပင် ခံရပြီးဖြစ်သည်။ ဤဆင်းရဲဒုက္ခအားလုံးကို ခံစားပြီးနောက်၊ တရားဒေသနာများစွာကို နားထောင်ပြီးနောက်၊ သမ္မာကျမ်းစာအကြောင်း များစွာ လေ့လာသင်ယူပြီးနောက်၊ အကယ်၍ တစ်နေ့တွင် ကျွန်ုပ်တို့သည် ကောင်းချီးမခံစားရပါက၊ တတိယကောင်းကင်ဘုံသို့ ကျွန်ုပ်တို့သွားပြီး ဘုရားနှင့် အငြင်းအခုံပြုကြမည်ဖြစ်သည်”ဟု ပြောဆိုကြသည်။ သင်တို့သည် ဤသို့သော အရာတစ်ခုတလေကို ကြားဖူးသလော။ ၎င်းတို့သည် ဘုရားသခင်နှင့် အငြင်းအခုံပြုရန် တတိယကောင်းကင်ဘုံသို့ သွားမည်ဟု ဆိုကြသည်၊ ယင်းမှာ အဘယ်မျှ ရဲတင်းလိုက်သနည်း။ ယင်းကို ကြားရုံမျှက သင်တို့ကို ကြောက်ရွံ့မှု မဖြစ်စေသလော။ မည်သူက ဘုရားသခင်နှင့် အငြင်းအခုံပြုကြည့်ဝံ့သနည်း။ ကံကောင်းထောက်မစွာပင် ၎င်းတို့ ယုံကြည်သော ယေရှုသည် ကောင်းကင်ဘုံသို့ အချိန်ကြာမြင့်စွာကပင် တက်ကြွသွားပြီး ဖြစ်သည်။ အကယ်၍ ယေရှုသည် မြေကြီးပေါ်၌ ရှိနေသေးမည်ဆိုလျှင် ၎င်းတို့သည် သူ့ကို တစ်ဖန် ကားစင်တင်ဖို့ ကြိုးစားကြမည် မဟုတ်လော။ အချို့သောလူတို့သည် လူတို့၌ ဤသို့သော သတ္တိနှင့် စိတ်ပိုင်းဖြတ်မှုမျိုး ရှိသင့်သည်ဟု တွေးထင်လျက် ဘုရားသခင်ကို စတင်ယုံကြည်ခါစတွင် ဤစကားများသည် အစွမ်းထက်ပြီး စွဲဆောင်မှုရှိသည်ဟု အစပိုင်း၌ ခံစားကောင်းခံစားရနိုင်သည်မှာ အမှန်ဖြစ်၏။ သို့သော် ယခုအချိန်အထိ ယုံကြည်လာပြီးနောက် ဤစကားများကို သင်တို့ မည်သို့ ရှုမြင်ကြသနည်း။ ထိုသို့သောလူများသည် ကောင်းကင်တမန်မင်းများဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်များဖြစ်ကြသည် မဟုတ်လော။ သင်သည် မည်သူနှင့်မဆို အငြင်းအခုံပြုနိုင်သော်လည်း ဘုရားသခင်နှင့်မူ ငြင်းခုံ၍မရနိုင်ပေ။ သင်သည် ထိုသို့သော အရာတစ်ခုကို မလုပ်ဆောင်သင့် သို့မဟုတ် လုပ်ဆောင်ဖို့ စဉ်းစားပင် မစဉ်းစားသင့်ပေ။ ကောင်းချီးမင်္ဂလာများသည် ဘုရားသခင်ထံမှ လာသည်၊ သူသည် မိမိအလိုရှိသော မည်သူ့ကိုမဆို ထိုကောင်းချီးများကို ပေးသည်။ အကယ်၍ သင်သည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိရန် သတ်မှတ်ချက်များ ပြည့်မီပြီး ဘုရားသခင်က ထိုကောင်းချီးများကို သင့်အား မပေးအပ်သည့်တိုင် သင်သည် ဘုရားသခင်နှင့် အငြင်းအခုံ မပြုသင့်ပေ။ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ ရှိသည်၊ ဘုရားသခင်က အဆုံးအဖြတ်ပေးသည်။ သေးငယ်သော လူသားတစ်ဦးမျှသာဖြစ်သည့် သင်သည် ဘုရားသခင်နှင့် အဘယ်သို့ဖြစ်ပြီး အငြင်းအခုံပြုဝံ့သနည်း။ သင်၏ စွမ်းရည်များကို သင် အဘယ်သို့ဖြစ်ပြီး အလွန် အထင်ကြီးနိုင်ရပါသနည်း။ သင် မည်သူဖြစ်သည်ကို သိရှိရန် မှန်ကို အဘယ်ကြောင့် မကြည့်သနည်း။ ဖန်ဆင်းရှင်ကို ဤသို့ ကန့်ကွက်ပြောဆိုပြီး ယှဉ်ပြိုင်ဝံ့ခြင်းအားဖြင့် သင်သည် သေခြင်းကို ဖိတ်ခေါ်နေသည် မဟုတ်လော။ “အကယ်၍ တစ်နေ့တွင် ကျွန်ုပ်တို့ ကောင်းချီးမခံစားရပါက၊ တတိယကောင်းကင်ဘုံသို့ ကျွန်ုပ်တို့ သွားပြီး ဘုရားနှင့် အငြင်းအခုံပြုကြမည်” ဟူသည်မှာ ဘုရားသခင်ကို ပွင့်လင်းစွာ ကန့်ကွက်ပြောဆိုသော ထုတ်ပြန်ချက်တစ်ခု ဖြစ်သည်။ တတိယကောင်းကင်ဘုံသည် မည်သည့် နေရာမျိုး ဖြစ်သနည်း။ ဘုရားသခင် စံမြန်းရာအရပ် ဖြစ်သည်။ ဘုရားသခင်နှင့် အငြင်းအခုံပြုရန် တတိယကောင်းကင်ဘုံသို့ သွားဝံ့ခြင်းသည် ဘုရားသခင်ကို “ဖြုတ်ချရန်” ကြိုးစားခြင်းနှင့် ညီမျှသည်။ ဤသည်မှာ အမှန်တကယ်ပင်ဖြစ်သည် မဟုတ်လော။ အချို့က “ဤအရာသည် အန္တိခရစ်များနှင့် မည်သည့် ပတ်သက်မှုရှိသနည်း”ဟု မေးကောင်းမေးနိုင်ပါသည်။ ၎င်းတို့နှင့် များစွာ ပတ်သက်သည်၊ အကြောင်းမှာ ဘုရားသခင်နှင့် အငြင်းအခုံပြုရန် တတိယကောင်းကင်ဘုံသို့ သွားလိုသောသူအားလုံးသည် အန္တိခရစ်များ ဖြစ်ကြသောကြောင့် ဖြစ်သည်။ အန္တိခရစ်များသာလျှင် ထိုသို့သော စကားများကို ပြောဆိုနိုင်ကြသည်။ ဤသို့သော စကားများသည် အန္တိခရစ်တို့က ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ ထားရှိသော သဘောထားဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ အန္တိခရစ်တို့သည် ဤစကားများကို ပွင့်လင်းစွာ ပြောကောင်းမပြောနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ ဤအရာများကို အမှန်တကယ် ထားရှိကြသည်၊ ၎င်းတို့က ထိုအရာများကိုမထုတ်ဖော်ပြဝံ့သကဲ့သို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုအရာများအကြောင်း သိရှိခွင့် မပေးကြခြင်းသာ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များသည် မငြိမ်းနိုင်သော မီးများကဲ့သို့ လောင်ကျွမ်းနေသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အန္တိခရစ်တို့သည် သမ္မာတရားကို မချစ်မြတ်နိုးသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ မျှတမှုနှင့် ဖြောင့်မတ်ခြင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မချစ်မြတ်နိုးကြသကဲ့သို့ ဘုရားသခင်၏ အနန္တတန်ခိုး၊ ဉာဏ်ပညာနှင့် အရာခပ်သိမ်းအပေါ် သူ၏ အချုပ်အခြာအာဏာတို့ကိုလည်း သေချာပေါက် မချစ်မြတ်နိုးကြပေ။ ၎င်းတို့သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ မချစ်မြတ်နိုးကြဘဲ ယင်းတို့ကို မုန်းတီးကြသည်။ သို့ဆိုလျှင် အဘယ်အရာကို ၎င်းတို့ ချစ်မြတ်နိုးကြသနည်း။ ၎င်းတို့သည် အဆင့်အတန်းကို ချစ်မြတ်နိုးပြီး ဆုလာဘ်များကို ဂရုစိုက်ကြသည်။ ၎င်းတို့က “ကျွန်ုပ်တွင် ဆုကျေးဇူးများ၊ အရည်အချင်းများနှင့် စွမ်းရည်များ ရှိသည်။ ကျွန်ုပ်သည် အသင်းတော်အတွက် ကြိုးစားအားထုတ်ခဲ့ပြီးဖြစ်သောကြောင့် ဘုရားက ငါ့ကို ပြန်ဆပ်ပေးပြီး ဆုလာဘ်များ ပေးရမည်” ဟု ပြောဆိုကြသည်။ ၎င်းတို့ ဒုက္ခရောက်ပြီ မဟုတ်လော။ ဤသည်မှာ သေခြင်းကို ဖိတ်ခေါ်နေခြင်း မဟုတ်လော။ ယင်းမှာ ဘုရားသခင်ကို တိုက်ရိုက် စိန်ခေါ်ခြင်း မဟုတ်လော။ ဖန်ဆင်းရှင်ကို စိန်ခေါ်နေခြင်း မဟုတ်လော။ ၎င်းတို့၏ လှံသွားများကို ဘုရားသခင်၊ ဖန်ဆင်းရှင်ထံသို့ တိုက်ရိုက် ချိန်ရွယ်ဝံ့ခြင်းသည် ကောင်းကင်တမန်မင်း၊ စာတန်သာလျှင် လုပ်ဆောင်နိုင်စွမ်းရှိသော အရာတစ်ခု ဖြစ်သည်။ အကယ်၍ ထိုသို့သော သဘောထားအမြင်များရှိသည့်၊ ထိုသို့သော လုပ်ရပ်များကို လုပ်ဆောင်နိုင်စွမ်းရှိသော လူများ အမှန်တကယ် ရှိနေပါက ၎င်းတို့သည် အန္တိခရစ်များ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ မြေကြီးပေါ်၌ အန္တိခရစ်များသာလျှင် ဘုရားသခင်ကို ဤသို့ ပွင့်လင်းစွာ အတိုက်အခံလုပ်ပြီး သူ့အပေါ် တရားစီရင်ဝံ့ကြသည်။ အချို့က “ကျွန်ုပ်တို့ မြင်တွေ့ခဲ့သော အန္တိခရစ်တို့သည် ဤမျှ ရဲတင်းခြင်း သို့မဟုတ် မျက်နှာပြောင်တိုက်ခြင်း မရှိခဲ့ကြပါ” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤအရာကို အန္တိခရစ်တို့ ရှိနေသော ပတ်ဝန်းကျင်နှင့် အခြေအနေအရ ရှုမြင်ရန် လိုအပ်သည်။ ၎င်းတို့အနေဖြင့် အာဏာ အပြည့်အဝ မရရှိသေးသကဲ့သို့ အခြေမကျသေးမီတွင် ၎င်းတို့၏ အစွယ်များကို အလွန်အကျွံ မည်သို့ ထုတ်ဖော်ဝံ့မည်နည်း။ အန္တိခရစ်တို့သည် ထကြွရန် အခါသင့်သော အချိန်ကို စောင့်ဆိုင်းလျက် မိမိတို့အချိန်ကို စောင့်ဖို့သိကြသည်။ ၎င်းတို့ မိမိတို့အခြေခိုင်သောအခါ ၎င်းတို့၏ အစွယ်များက လုံးဝ ပေါ်လွင်သွားလိမ့်မည်။ အချို့သော အန္တိခရစ်တို့သည် အဆင့်အတန်း ကင်းမဲ့နေစဉ် မိမိတို့၏ စစ်မှန်သော စရိုက်ကို အတော်ပင် ကောင်းမွန်စွာ ဖုံးကွယ်ထားကြပြီး အပေါ်ယံအားဖြင့် ၎င်းတို့တွင် မည်သည့်ပြဿနာမျှ မမြင်ရနိုင်သော်လည်း အဆင့်အတန်းကို ၎င်းတို့ ရရှိပြီး အခြေကျသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် အကျည်းတန်မှုတို့က လုံးဝ ဖွင့်ချခြင်းခံရလေသည်။ ယင်းမှာ သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့သော အချို့သောလူများကဲ့သို့ ဖြစ်သည်။ ၎င်းတို့၌ မည်သည့်အဆင့်အတန်းမျှ မရှိသောအခါ ၎င်းတို့သည် ပြုပြင်ခြင်းကို အင်တင်တင်ဖြင့်သာ ကျိုးနွံနာခံနိုင်ပြီး ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဆန့်ကျင်ဖီဆန်ခြင်း မရှိကြပေ။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ဖြစ်လာပြီး ဘုရားသခင်၏ ရွေးချယ်ထားသောလူများအကြား ဂုဏ်ဒြပ်အချို့ ရရှိပါက ၎င်းတို့ ပြုပြင်ခြင်း ခံရသောအခါ ၎င်းတို့၏ သရုပ်အမှန်များကို ဖော်ထုတ်ပြီး ဘုရားသခင်နှင့် စတင်အငြင်းအခုံပြုကာ သူ့ကို ကန့်ကွက်ပြောဆိုရန် အလွန် အလားအလာရှိပေသည်။ ယင်းမှာ အချို့သောလူတို့က ပုံမှန်အခြေအနေများတွင် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး မည်သည့်မကျေနပ်ချက်မျှ မရှိကြသော်လည်း အကယ်၍ ကင်ဆာရောဂါနှင့်လည်းကောင်း၊ လျင်မြန်စွာ ချဉ်းကပ်လာသော သေခြင်းနှင့်လည်းကောင်း ရင်ဆိုင်ရပါက ၎င်းတို့၏ သရုပ်အမှန်များအား ဖော်ထုတ်ရန် အလွန် အလားအလာရှိသည့်ပုံစံသကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မကျေမနပ် ပြောဆိုခြင်း၊ သူနှင့် အငြင်းအခုံပြုခြင်း၊ သူ့ကို ကန့်ကွက်ပြောဆိုခြင်းတို့အား စတင်ပြုလုပ်ကြလိမ့်မည်။ အန္တိခရစ်များဖြစ်သည့်၊ ဤလူအုပ်စုသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ သမ္မာတရားကို မုန်းတီးကြကာ မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် ဖော်ထုတ်ခံရကာ ထုတ်ဖော်ပြခံရပြီးသည့်နောက်တွင်ပင် အဘယ်ကြောင့် အသင်းတော်၌ အလုပ်လုပ်လိုစိတ်ရှိပြီး အသေးငယ်ဆုံးသော နောက်လိုက်တစ်ဦးအဖြစ်ပင် ရှိနေလိုကြသနည်း။ အဘယ်အရာ ဖြစ်ပျက်နေသနည်း။ ၎င်းတို့တွင် ပန်းတိုင်တစ်ခု ရှိသည်၊ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် ၎င်းတို့၏ ရည်ရွယ်ချက်ကို မည်သည့်အခါမျှ မစွန့်လွှတ်ခဲ့ကြပေ။ ၎င်းတို့၏ စိတ်နေစိတ်ထားမှာ “ငါသည် ဤနောက်ဆုံးသော အသက်ကယ်ကြိုးကို ဆုပ်ကိုင်ထားမည်။ အကယ်၍ ကောင်းချီးမင်္ဂလာများကို ငါ မရရှိနိုင်ပါက ဘုရားကို ငါ ဤကဲ့သို့ အလွတ်ပေးမည်မဟုတ်။ အကယ်၍ ငါသည် ကောင်းချီးမင်္ဂလာများကို မရရှိနိုင်ပါက ဘုရားသည် ဘုရားမဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဘုရားသခင်ကို ဗြောင်ကျကျ ငြင်းပယ်ဝံ့ပြီး သူ့ကို ကန့်ကွက်ပြောဆိုဝံ့ခြင်းသည် ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ ၎င်းတို့တွင် ကောင်းချီးမင်္ဂလာများ ရရှိရန် အနည်းငယ်မျှသော မျှော်လင့်ချက်ပင် ရှိနေသရွေ့ ၎င်းတို့သည် ဘုရားအိမ်တော်၌ နေထိုင်ပြီး ထိုကောင်းချီးမင်္ဂလာများကို စောင့်ဆိုင်းနေကြလိမ့်မည်။ ဤအရာကို မည်သို့ သတိပြုမိနိုင်သနည်း။ ၎င်းတို့သည် ကောင်းမြတ်သယောင် ဟန်ဆောင်လျက် ဖာရိရှဲများကဲ့သို့ ဖြစ်ကြသည်။ ဤနောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် ပန်းတိုင်မှာ သိသာထင်ရှားသည် မဟုတ်လော။ ၎င်းတို့၏ အပြင်ပန်း အပြုအမူ မည်မျှပင် ကောင်းမွန်ပုံပေါ်စေကာမူ၊ အပြင်ပန်း၌ ၎င်းတို့ မည်မျှပင် ဆင်းရဲဒုက္ခခံစားရစေကာမူ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့ ပြုမူသောအခါ သမ္မာတရားကို မရှာဖွေကြ သို့မဟုတ် ဘုရားသခင်ကို ဆုမတောင်းကြ၊ သူ၏ ရည်ရွယ်ချက်များကို မရှာဖွေကြပေ။ ၎င်းတို့သည် ဘုရားသခင် နှစ်သက်သော အမှုအရာများကို မည်သည့်အခါမျှ မလုပ်ဆောင်ကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့လုပ်ဆောင်လိုသော အရာနှင့် မိမိတို့နှစ်သက်သော အရာကိုသာ လုပ်ဆောင်ကြပြီး ကောင်းချီးမင်္ဂလာများအတွက် မိမိတို့၏ ကိုယ်ပိုင်ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်သာ ကြိုးပမ်းကြသည်။ ဤအရာက ၎င်းတို့ကို ဒုက္ခရောက်စေမည် မဟုတ်လော။ ဤအရာက အန္တိခရစ်တို့၏ အနှစ်သာရကို ဖော်ထုတ်ခြင်း မဟုတ်လော။ အန္တိခရစ်တို့ ချစ်မြတ်နိုးပြီး လိုက်စားသည့်အရာသည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားကိုသာ ကိုယ်စားပြုသည်။ ၎င်းတို့သည် မိမိတို့ချစ်မြတ်နိုးပြီး လိုက်စားသည့်အရာကို ဘုရားသခင် နှစ်သက်သော အပြုသဘောဆောင်သည့်အရာများအဖြစ် သဘောထားကြပြီး သူ့အား ထိုအရာများကို လက်ခံပြီး ကောင်းချီးပေးစေရန် ကြိုးစားကြသည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ပြီး မိမိကိုယ်ကို သူ့နှင့် ဆန့်ကျင်ဘက်ပြုခြင်း မဟုတ်လော။ အန္တိခရစ်တို့သည် အကြိမ်တိုင်း၌ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ဆင်းရဲဒုက္ခနှင့် အဖိုးအခပေးခြင်းတို့ကို ဘုရားသခင်ထံမှ ဆုလာဘ်များနှင့် သရဖူများ တောင်းဆိုရန် အသုံးပြုကြပြီး ကောင်းမွန်သော ပန်းတိုင်တစ်ခုအတွက် လဲလှယ်ရန် အသုံးပြုကြသည်။ သို့သော် ၎င်းတို့ အတွက်မှားခဲ့ကြသည် မဟုတ်လော။ ဘုရားသခင်ကို ဤသို့ ဆန့်ကျင်ခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အပြစ်ပေးခြင်းနှင့် မည်သို့ မကြုံတွေ့ဘဲ နေနိုင်မည်နည်း။ ဤသည်မှာ ၎င်းတို့၏ အပြစ်များအတွက် ၎င်းတို့ ထိုက်တန်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ဒဏ်ခတ်ခံရခြင်းဖြစ်သည်။
တစ်ချိန်က သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းအတတ်ပညာကို အနည်းငယ်သိသော အန္တိခရစ်တစ်ဦး ရှိခဲ့ပြီး ထိုအချိန်က သူ့ကို သံစုံသီဆိုအဖွဲ့ရှိ ညီအစ်ကိုမောင်နှမများအား အတတ်ပညာအကြောင်း လေ့လာရန် ဦးဆောင်စေဖို့ စီစဉ်ခဲ့သည်။ ထိုညီအစ်ကိုမောင်နှမများသည် ငယ်ရွယ်ကြပြီး အများစုက ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ခဲ့ကြခြင်း မရှိပေ။ ၎င်းတို့သည် စိတ်အားထက်သန်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်လိုစိတ်ရှိကြရုံမျှသာ ဖြစ်သည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားမလည်ခဲ့ကြသကဲ့သို့ ၎င်းတို့ထဲမှ အချို့သည် အခြေခံအုတ်မြစ်ကိုပင် မချခဲ့ကြသေးပေ။ ထိုအန္တိခရစ် အလုပ်လုပ်နေစဉ်တွင် သူသည် ၎င်းတို့ကို သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် ခံစားချက်အား တွေ့ကြုံခံစားစေရန် လမ်းညွှန်ခဲ့ပြီး ဘုရားမျက်မှောက်တော်နှင့်ဆိုင်သည့် ခံစားချက်နှင့် ဘုရားမရှိခြင်းနှင့်ဆိုင်သည့် ခံစားချက်တို့ကြား ခြားနားချက်ကို တွေ့ကြုံခံစားစေ ရသည်။ သူသည် ၎င်းတို့အား မိမိတို့၏ ခံစားချက်များအပေါ် အမြဲ မှီခိုစေခဲ့သည်။ သူသည် သမ္မာတရားကို နားမလည်ခဲ့သကဲ့သို့ စစ်မှန်သော အတွေ့အကြုံ တစ်ခုတလေမျှလည်း မရှိခဲ့ဘဲ သူ၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ ညီအစ်ကိုမောင်နှမများအား ဤသို့ အထင်အမြင်မှားစေပြီး လမ်းလွဲစေခဲ့သည်။ သူ့အနေဖြင့် သမ္မာတရား လက်တွေ့ကျမှု မရှိကြောင်းကို အထက်က သိရှိခဲ့ပြီး သူ့အား အတတ်ပညာကို သင်ကြားရှင်းပြရန်သာ စေခိုင်းခဲ့သည်။ သူ့တာဝန်၏ ဤကဏ္ဍကို ဖြည့်ဆည်းခြင်းသည် စံချိန်မီပြီး သူ၏ တာဝန်ဝတ္တရားများအား ဖြည့်ဆည်းပြီးဖြစ်သည်ဟု မှတ်ယူခံရပြီးသား ဖြစ်ပေမည်။ သို့သော် သူသည် “သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့” လိုနေဆဲဖြစ်ပြီး လူတို့အား ၎င်းတို့၏ ခံစားချက်များကို သဘောပေါက်စေကာ ၎င်းတို့၏ ခံစားချက်များအပေါ် မှီခိုစေချင်နေဆဲ ဖြစ်သည်။ ဤသို့ ပြုမူခြင်းအားဖြင့် လူတို့အား ဝိညာဉ်ဆိုး၏အလုပ်နှင့်ဆိုင်သည့် သဘာဝလွန် ခံစားချက်ထဲသို့ ဆောင်ကြဉ်းရန် သူ့အတွက် လွယ်ကူမည် မဟုတ်လော။ ဤသည်မှာ အလွန် အန္တရာယ်များလှပါသည်တကား။ ဝိညာဉ်ဆိုးတစ်ခုက ဤသို့သော အခွင့်အရေးတစ်ခုကို အမိအရအသုံးချပြီး လူတစ်ဦးအား ပူးကပ်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုလူသည် ပျက်စီးသွားလေသည်။ လေ့ကျင့်ရေးကာလအတောအတွင်းတွင် သူသည် ဤလူတို့အား ဆုတောင်းစေခဲ့ပြီး ဆုတောင်းပြီးနောက် သန့်ရှင်းသောဝိညာဉ်တော် မည်သို့ အလုပ်လုပ်နေသည်ကိုလည်းကောင်း၊ ၎င်းတို့နေဖြင့် ချွေးထွက်ခြင်း၊ မျက်ရည်ကျခြင်း သို့မဟုတ် ၎င်းတို့၏ ခန္ဓာကိုယ်များ၌ အခြားမည်သည့် ခံစားချက်များ ရှိမရှိဟူသည်ကိုလည်းကောင်း ကြည့်ရှုစေခဲ့သည်။ သူသည် ဤအရာများကို အလေးပေးခဲ့သော်လည်း လက်တွေ့တွင် ဤအရာများကို လုံလောက်အောင် ရှင်းလင်းစွာရှင်းပြထားပြီးဖြစ်သည်။ အလွန်များသည့် သမ္မာတရားများ ရှိနေသော်လည်း သူသည် ထိုသမ္မာတရားများအကြောင်းကို မိတ်သဟာယမဖွဲ့ခဲ့သကဲ့သို့ ထိုလူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်လည်း ဦးဆောင်ခြင်းမပြုခဲ့သည့်အပြင် သူ၏ သင့်လျော်သော အလုပ်ကို အာရုံစိုက်ရန် ပျက်ကွက်ခဲ့သည်။ သူသည် ညီအစ်ကိုမောင်နှမများကို အကများ တီထွင်ဖန်တီးခွင့် မပြုခဲ့ဘဲ လူတိုင်းကို စင်မြင့်ပေါ်၌ မိမိတို့စိတ်တိုင်းကျ ကခုန်စေပြီး သူတို့အလိုရှိသည့်အတိုင်း ဖြစ်သလိုဖန်တီးစေကာ “အဆင်ပြေပါသည်၊ ဘုရားက ကျွန်ုပ်တို့ကို ဦးဆောင်နေသည်၊ ထို့ကြောင့် ကျွန်ုပ်တို့ မကြောက်ပါ၊ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်နေသည်” ဟုပင် ပြောဆိုခဲ့သည်။ ဤအန္တိခရစ်သည် သမ္မာတရားကို နားမလည်ခဲ့သဖြင့် မိုက်မဲသောအရာများကို အမြဲ လုပ်ဆောင်ခဲ့သည်။ ညီအစ်ကိုမောင်နှမများသည် မည်သည့် ပိုင်းခြားသိမြင်မှုမျှမရှိခဲ့ကြသောကြောင့် သူ့စကားကိုနားထောင်ပြီး “ဘုရားသခင်၊ ကျေးဇူးပြုပြီး အလုပ်လုပ်တော်မူပါ၊ ဘုရားသခင်၊ အလုပ်လုပ်တော်မူပါ...” ဟု စတင်ဆုတောင်းခဲ့ကြသည်။ ၎င်းတို့သည် “စိတ်နှလုံးအကြွင်းမဲ့” ဆုတောင်းရန် အကောင်းဆုံး ကြိုးစားခဲ့ကြပြီး ဆုတောင်းပြီးနောက်တွင် ငိုပင်ငိုကြွေးခဲ့ကြကာ၊ ထို့နောက်တွင် စင်မြင့်ပေါ်သို့ တက်ပြီး အကများကို ဖြစ်သလိုဖန်တီးခဲ့ကြသည်။ စင်မြင့်အောက်မှ ကြည့်ရှုနေသူတို့သည် အခြေအနေသည် အလွန်ကောင်းမွန်ပြီး သန့်ရှင်းသောဝိညာဉ်တော်က အားကြီးသော အလုပ်ကို လုပ်ဆောင်နေသည်ဟု အမှန်ပင် ခံစားခဲ့ကြသည်တကား။ ၎င်းတို့သည် အခြားသူများ ကခုန်နေသည်ကို ကြည့်ရှုလျက် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ခံစားကြရသည့်အလား မျက်ရည်ကျခဲ့ကြသည်။ အဆုံးတွင် ဤလူတို့သည် ဤအရာအားလုံးကို မှတ်တမ်းတင်ပြီး ငါ့အား ပြသရန် ဓာတ်ပုံများ ရိုက်ယူခဲ့ကြသည်။ ဓာတ်ပုံများထဲရှိ အချို့သောလူတို့သည် မျက်စိမှိတ်လျက် ငိုကြွေးနေကြပြီး ဆောင်းတွင်း၌ ၎င်းတို့၏ မျက်နှာများမှာ အပူရှိန်ကြောင့် နီရဲနေကြသည်။ ပြဿနာ ဖြစ်ပေါ်လာတော့မည်ကိုလည်းကောင်း၊ ဤလူတို့သည် သူ၏လက်ထဲ၌ ပျက်စီးသွားကြတော့မည်ကိုလည်ကောင်း ငါ မြင်တွေ့ခဲ့သည်။ သူ့ကို အတတ်ပညာအား သင်ကြားပေးရန်သာ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး သူသည် မည်သည့် သမ္မာတရားကိုမျှ နားမလည်ခဲ့ပေ။ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် ခံစားချက်ကို ရှာတွေ့လိုလျက် သူ၏ စိတ်ကူးများကို အခြေခံ၍ ကြောင်းကျိုးမမြင်ဘဲ ပြုမူခဲ့ခြင်းသာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် ခံစားချက်များနှင့်ဆိုင်သည့် ကိစ္စရပ်တစ်ခုလော။ သင်သည် သမ္မာတရားကို နားလည်ရမည်၊ ယင်းမှာ စစ်မှန်သည်။ ခံစားချက်များချည်းသက်သက်မှာ အနှစ်မဲ့ပြီး အချည်းနှီးဖြစ်သည်။ သင်၏ ခံစားချက်များကို အခြေခံ၍ သင်သည် သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်သလော။ လုံးဝ နားမလည်နိုင်ပေ။ သင်သည် ခံစားချက်တစ်ခုကို ရှာဖွေရန် မလိုအပ်ပေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ စည်းမျဉ်းများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်သာ လိုအပ်ပြီး ထို့နောက် သင့်အပေါ် ကျရောက်သော အမှုအရာများနှင့် ယင်းတို့ကို နှိုင်းယှဉ်ကြည့်လော့။ ဤသည်မှာ အလွန် လက်တွေ့ကျပြီး သင်သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်လာလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် အလိုအလျောက် စတင်အလုပ်လုပ်လာလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်မလုပ်လျှင်ပင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့ပြီးဖြစ်သဖြင့်၊ ဘုရားသခင်သည် သင့်ကို သူ၏ နောက်လိုက်တစ်ဦးအဖြစ် အသိအမှတ်ပြုလိမ့်မည်၊ ဤသည်မှာ အလွန် လက်တွေ့ကျသည်၊ ဤသည်မှာ အမှန်ကန်ဆုံးသော အရာဖြစ်ပေသည်။ ထိုအန္တိခရစ်သည် ဤနည်းလမ်းဖြင့် မိတ်သဟာယမဖွဲ့ခဲ့ဘဲ ထိုလူတို့အား ခံစားချက်များ၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကဲ့သို့သော အရာများနှင့် အိပ်မက်များကို ရှာဖွေရန် အဆက်မပြတ် အားပေးခဲ့သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သော သာမန်လူတစ်ဦးက မိုက်မဲပြီး အသိဉာဏ်မဲ့သော ကလေးတစ်စုအား ရယ်ဖွယ်ကောင်းသော အရာများ ပြုလုပ်ရန် ဦးဆောင်နေခြင်း ဖြစ်သည်။ ဓာတ်ပုံများထဲရှိ လူတို့သည် ငိုကြွေးမြည်တမ်းနေခဲ့ကြသည်။ ယင်းက အဘယ်အရာကို ကိုယ်စားပြုသနည်း။ ထိုအရာက မည်သည့်အရာကိုမျှ ကိုယ်စားမပြုသော်လည်း သူလုပ်ဆောင်နေခဲ့သည့်အရာ၏ သဘောသဘာဝကို ရှင်းပြသည့် တစ်စုံတစ်ရာ ရှိနေသည်။ ဤအန္တိခရစ်သည် ဤအရာအားလုံးကို ဓာတ်ပုံများ ရိုက်ယူပြီး “ဘုရားသခင်၏ အလုပ်၏ အသေးစိတ်အချက်များ” ဟု အမည်တပ်ခဲ့သည်။ ဤ “အသေးစိတ်အချက်များ” ဟူသည်မှာ အဘယ်အရာများ ဖြစ်သနည်း။ ထိုလူတို့သည် သမ္မာတရားကို နားမလည်ခဲ့ကြပေ။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် ခံစားချက်ကို ရှာဖွေခဲ့ကြပြီး မည်သည့်အကြောင်းပြချက်ကောင်းမျှမရှိဘဲ ဖြစ်သလိုဖန်တီးခဲ့ကြကာ ၎င်းတို့ ကခုန်သည့်အခါတိုင်း ကွဲပြားနေခဲ့သည်။ အကြောင်းမှာ အကြိမ်တိုင်း ခံစားချက် မတူညီခဲ့သကဲ့သို့ ဘုရားသခင်၏ “ဦးဆောင်မှု” မှာလည်း မတူညီခဲ့သောကြောင့် ဖြစ်သည်။ ယင်းတို့သည် “အသေးစိတ်အချက်များ” ဖြစ်သည်။ ထို “အသေးစိတ်အချက်များ” တွင် အခြားမည်သည့်အရာများ ပါဝင်ခဲ့သေးသနည်း။ ထိုအရာများသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် အကျိုးဆက်များဖြစ်သည်ဟုလည်း အန္တိခရစ်က ပြောဆိုခဲ့သည်။ ဤအရာကို သူ ပြောဆိုသောအခါ ညီအစ်ကိုမောင်နှမများသည် မိမိတို့၏ ယုံကြည်ခြင်းနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ ရုတ်တရက် သိသိသာသာ ကြီးထွားလာခဲ့သည့်အလား ပို၍ စိတ်လှုပ်ရှားလာခဲ့ကြသည်။ အဘယ်ကြောင့် သူက “အသေးစိတ်အချက်များ”ဟု ပြောဆိုခဲ့သနည်း။ “အသေးစိတ်အချက်များ” ဟူသော စကားလုံးသည် အဘယ်မှ လာခဲ့သနည်း။ တစ်ချိန်က ဘုရားသခင်၏ အလုပ်၏ အသေးစိတ်အချက်များကို ငါ ဖော်ပြခဲ့ဖူးသည်။ ဤအသေးစိတ်အချက်များက အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းတို့သည် လူက မြင်နိုင်ကာ သဘောပေါက်နိုင်သည့် လူတို့အပေါ် ဘုရားသခင်၏ အလုပ်၏ ရလဒ်များဖြစ်ပြီး သဘာဝလွန်ခြင်း သို့မဟုတ် မရေရာခြင်း မရှိပေ။ ယင်းတို့သည် သင် ခံစားနိုင်သောအရာတစ်ခု ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်က သင့်အပေါ် အလုပ်များစွာ လုပ်ဆောင်ခဲ့ပြီး သင့်အား နှုတ်ကပတ်တော်များစွာ ပြောကြားခဲ့ကာ၊ သူ၏ ကြီးမားသည့်အဖိုးအခကို ပေးပြီး ထိုသို့ဖြင့် သင်၏ တည်ရှိခြင်းနည်းလမ်း၊ အမှုအရာများအပေါ် သင်၏ ရှုထောင့်အမြင်များ၊ အမှုအရာများကို လုပ်ဆောင်စဉ် သင် ထားရှိသော သဘောထား၊ ဘုရားသခင်အပေါ် သင်၏ သဘောထားအပြင် သင်၏ အခြားသော အစိတ်အပိုင်းများကို ပြောင်းလဲစေခဲ့သည့်အခါ ဖြစ်သည်။ ဆိုလိုသည်မှာ ယင်းတို့သည် ဘုရားအမှုတော်၏ အကျိုးများနှင့် အသီးအပွင့်များ ဖြစ်သည်။ ဤသည်မှာ အသေးစိတ်အချက်များဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ထိုအန္တိခရစ်သည်လည်း သူလုပ်ဆောင်ခဲ့သော ဤအရာများကို “အသေးစိတ်အချက်များ” ဟု ခေါ်ဆိုခဲ့သည်။ ဤအရာများ၏ သဘောသဘာဝကို ယခုလောလောဆယ် ဘေးဖယ်ထားလျက်၊ ဤစကားစုကို ဆန်းစစ်ကြည့်ရုံမျှဖြင့် သင်တို့ အဘယ်အရာကို မြင်တွေ့နိုင်သနည်း။ ဘုရားသခင်သည် လူတို့အပေါ် အမှုပြုပြီး ၎င်းတို့အပေါ် သူပြုသည့် အမှု၏ အသေးစိတ်အချက်များကို လူ မြင်တွေ့ကြလိမ့်မည်ဟု သူ ပြောဆိုပြီးဖြစ်သော်လည်း ဤအန္တိခရစ်က လူတိုင်းအား သောင်းကျန်းစေရန် ဦးဆောင်ခဲ့ပြီး အရာရာကို ကမောက်ကမဖြစ်စေခဲ့သည့်တိုင် သူက ဤအရာများကို “အသေးစိတ်အချက်များ” ဟုလည်း ခေါ်ဆိုခဲ့သည်၊ သူသည် အဘယ်အရာကို လုပ်ဆောင်ရန် ကြိုးစားနေခြင်းဖြစ်သနည်း။ (သူသည် ဘုရားသခင်နှင့် တန်းတူဖြစ်လိုခဲ့ပါသည်။) မှန်ပေသည်။ သူ၏ “အသေးစိတ်အချက်များ” ဟူသော ဝေါဟာရအား အသုံးပြုခြင်းသည် အဘယ်မှ လာခဲ့သနည်း။ ယင်းမှာ ဘုရားသခင်နှင့် တန်းတူဖြစ်လိုပြီး ဘုရားသခင်ကို အတုယူလိုသော သူ၏ ဆန္ဒမှ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ဤဝေါဟာရကို အသုံးပြုခြင်းအားဖြင့် သူက၊ “ဘုရားသည် အသေးစိတ်ကျကျ အမှုပြုပြီး ငါ ဤလူအုပ်စုကို လုပ်ဆောင်ရန် ဦးဆောင်နေသည့်အရာသည်လည်း အသေးစိတ်ကျကျ ဖြစ်သည်” ဟု ဆိုလိုပေသည်။ “အသေးစိတ်အချက်များ” ဟူသည့်အရာအတွက် နောက်ဆက်တွဲ အထူးပြုပုဒ်မှာ “ဘုရားအမှုတော်၏” ဟူ၍ ဖြစ်သော်လည်း အမှန်တွင် သူ၏ စိတ်နှလုံးထဲ၌ သူသည်သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်၏ အသေးစိတ်အချက်များ၏ အကျိုးဆက်များကို မိမိကိုယ်တိုင်အတွက် မှတ်ယူနေခြင်းဖြစ်ပြီး ယင်းမှာ အန္တိခရစ်တို့ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ထင်ပေါ်ကျော်ကြားမည့် အခွင့်အရေးတစ်ခု ရှိသည့်အခါတိုင်း၊ အခွင့်အလမ်း အရိပ်အမြွက်မျှ ရှိသည့်အခါတိုင်း ၎င်းတို့က လက်လွှတ်ခံမည်မဟုတ်ပေ။ ၎င်းတို့သည် လူများအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ကြလိမ့်မည်။ မည်သည့်လူစားမျိုးအတွက် ၎င်းတို့ ယှဉ်ပြိုင်ကြသနည်း။ ၎င်းတို့ထဲမှ အချို့သည် သမ္မာတရားကို နားမလည်ကြ၊ ၎င်းတို့သည် သမ္မာတရား၏ စည်းမျဉ်းများအတိုင်း လူတို့ကို မပိုင်းခြားနိုင်ကြသကဲ့သို့ မိုက်မဲပြီး မသိနားမလည်ဖြစ်ကြသည်။ ၎င်းတို့ထဲမှ အချို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ လူအုပ်နောက်လိုက်ကာ အပြင်ပန်း၌ ကြောင်းကျိုးမမြင်ဘဲ ပြုမူခြင်းကို နှစ်သက်ကြသည်။ ယုံကြည်သူသစ်များဖြစ်ပြီး မလေးနက်သည့် အခြေခံအုတ်မြစ်တစ်ခုရှိသည့်သူ အချို့လည်းရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်ကြသေးဘဲ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံကြရလေသည်။ ဤအပြုအမူက နောက်ပိုင်းတွင် အချိန်မီ တားဆီးခြင်းခံခဲ့ရသည်။ ယင်းက တားဆီးခြင်းခံခဲ့ရသည်ဟူသော အချက်မှာ သိပ်ပြီး ထူးခြားသောအရာ မဟုတ်သော်လည်း အန္တိခရစ် လုပ်ဆောင်ခဲ့သော မိုက်မဲသည့်အရာများက တစ်ချိန်တည်းမှာပင် ဖော်ထုတ်ခြင်း ခံခဲ့ရသည်ဟု ဆိုလိုသည်။ လူတိုင်းက မိတ်သဟာယဖွဲ့ပြီး ပြန်လည်စဉ်းစားကြသည်နှင့်မျှ၊ ၎င်းတို့က “ဤအန္တိခရစ် ရောက်မလာမီတွင် ကျွန်ုပ်တို့ သီချင်းဆိုသောအခါ သီချင်းသီဆိုခြင်း၏ အတတ်ပညာဆိုင်ရာနှင့် နည်းစနစ်ပိုင်းဆိုင်ရာ ကဏ္ဍများတွင် တစ်ခါတစ်ရံ နားမလည်နိုင်ကြသော်လည်း၊ သီချင်းဆိုသည့်အခါ ကျွန်ုပ်တို့ နှလုံးသွင်းနိုင်ခဲ့သည်ဟူ၍လည်းကောင်း၊ စကားလုံးတိုင်းကို စိတ်ပါလက်ပါ သီဆိုနိုင်ခဲ့သည်ဟူ၍လည်းကောင်း ခံစားခဲ့ရသည်။ သူရောက်လာပြီး အတတ်ပညာဆိုင်ရာသီအိုရီအချို့ကို ပြောပြီးနောက်တွင်၊ ကျွန်ုပ်တို့အားလုံး ခြောက်ကပ်သွားသည်ဟု ခံစားရပြီး သီချင်းမဆိုချင်ကြတော့ပါ။ အဘယ်ကြောင့်ဆိုသော် စကားလုံးတိုင်းတွင် ဘုရားသခင် ပြောနေသည့်အရာကို ကျွန်ုပ်တို့ မမြည်းစမ်းနိုင်တော့ခြင်းကြောင့် ဖြစ်သည်၊ ဘုရားသခင်ကိုကျွန်ုပ်တို့ မခံစားရတော့ပါ” ဟု ပြောဆိုခဲ့ကြသည်။ ဤလူတို့သည် ဒုက္ခရောက်နေခဲ့ကြသည် မဟုတ်လော။ အန္တိခရစ်များသည် ပြုမူဆောင်ရွက်ရန် ၎င်းတို့၏ လက်များကို လှမ်းသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ဖြစ်ပေါ်စေသော အကျိုးဆက်များမှာ လူတို့က မည်သည့်နေရာ၌ ဘုရားသခင် ရှိသည်ကို နောက်ထပ် မခံစားနိုင်တော့သကဲ့သို့ သင့်တင့်လျောက်ပတ်စွာ မည်သို့ ပြုမူရမည်ကို မသိတော့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ဦးတည်ရာကို ပျောက်ဆုံးသွားကြသည်။ လူတို့သည် ဘုရားသခင်ကို မခံစားနိုင်တော့သည်နှင့်တစ်ပြိုင်နက် မိမိတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းနိုင်ကြသေးသလော။ ၎င်းတို့သည် ဘုရားသခင်အတွက် သက်သေခံရန်အလို့ငှာ သစ္စာစောင့်သိမှုဖြင့် အမှုအရာများကို ပြုလုပ်နိုင်ကြသေးသလော။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက် သီးခြားလက္ခဏာရပ်တစ်ခု ၎င်းတို့တွင် ဖြစ်ပေါ်လာခဲ့သည်။ ယင်းမှာ လူအုပ်နောက်လိုက်ခြင်းကို နှစ်သက်ခြင်းဖြစ်သည်။ ၎င်းတို့သည် ယင်ကောင်များကဲ့သို့ ဖြစ်သည်။ ရှင်းလင်းသော ပန်းတိုင်တစ်ခု ရှိရန် မလိုအပ်ပေ။ ခေါင်းဆောင်တစ်ဦး ရှိနေသရွေ့ အခြားလူတို့သည် ၎င်းတို့နှင့်အတူ ကြောင်းကျိုးမမြင်ဘဲ အပြောင်အပြက်ပြုလုပ်ရာတွင် ပူးပေါင်းကြလိမ့်မည်။ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းက ပို၍ သက်ဝင်လှုပ်ရှားမှုရှိပြီး ထိုနည်းလမ်းအတိုင်း ပြုမူသောအခါ မိမိတို့ကိုယ်ကို ချုပ်တည်းရန် မလိုအပ်သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များအတွက် အခြေခံစည်းမျဉ်း မရှိသကဲ့သို့ မည်သူမျှ စည်းမျဉ်းများအတိုင်း မပြုမူကြပေ။ ၎င်းတို့အနေဖြင့် ဆုတောင်းရန် သို့မဟုတ် ရှာဖွေရန် မလိုအပ်ပေ။ ဘာသာတရားကိုင်းရှိုင်းရန် သို့မဟုတ် တိတ်ဆိတ်ငြိမ်သက်ရန် မလိုအပ်ပေ။ ၎င်းတို့၌ ဦးခေါင်းများရှိပြီး အသက်ရှူနိုင်သရွေ့ ထိုပုံစံဖြင့် ပြုမူနိုင်ကြသည်။ ဤသည်မှာ တိရစ္ဆာန်များနှင့် အနည်းနှင့်အများ တူညီသည် မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော လူသားများသည် ဤလက္ခဏာရပ်ကို ပိုင်ဆိုင်သောကြောင့် အလွယ်တကူ အထင်အမြင်မှားစေခြင်း ခံကြရသော်လည်း အကယ်၍ သင်သည် သမ္မာတရားကို နားလည်ပြီး ဤအရာများကို ပိုင်းခြားသိမြင်နိုင်ပါက အလွယ်တကူအထင်အမြင်မှားစေခြင်း ခံရမည်မဟုတ်ပေ။ ဤအန္တိခရစ် ဖော်ထုတ်ခြင်း ခံရပြီးနောက်တွင်၊ လူတိုင်းက သူပြောခဲ့သော အထင်အမြင်မှားစေသည့်အရာများနှင့် ထိုပုံစံဖြင့် ပြုမူရန် သူအသုံးပြုခဲ့သော နည်းဗျူဟာများကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြပြီး ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ခဲ့ကြသည်။ ၎င်းတို့ကဤလူသည် လူတို့ကို အထင်အမြင်မှားစေရာ၌ အလွန် တော်ကြောင်း၊ သူသည် အမှုအရာများကို ဖရိုဖရဲ ဖြစ်စေခဲ့ကြောင်း၊ ၎င်းတို့ကို သူ လုပ်ဆောင်စေခဲ့သည့်အရာက အတော် အထင်ကြီးစရာဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အားကြီးသော အလုပ်ကို ၎င်းတို့ ခံစားနေခဲ့ရသည်ဟု ထင်ရသော်လည်း၊ လက်တွေ့တွင် ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ မခံစားနိုင်ခဲ့ကြောင်းတို့ကို နားလည်သဘောပေါက်ခဲ့ကြသည်။ အပေါ်ယံအားဖြင့်၊ လူတိုင်းသည် ကြီးမားသော စိတ်အားထက်သန်မှုကို ပိုင်ဆိုင်ထားကြပြီး ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ဝိညာဉ်ရင့်ကျက်မှုတို့က ရုတ်တရက် ကြီးထွားလာခဲ့သည့်အလား ထင်ရသော်လည်း လက်တွေ့တွင် ဤသည်မှာ အထင်မှားခြင်းတစ်ခု၊ ဝိညာဉ်ဆိုးတစ်ခု၏ လုပ်ဆောင်ချက် ဖြစ်နေခဲ့သည်။ ဤသဘာဝလွန် အခြေအနေများ ဖြစ်ပေါ်ခဲ့သဖြင့် သန့်ရှင်းသောဝိညာဉ်တော် အလုပ်မလုပ်ခဲ့ပေ။ ဤနောက်ပိုင်း အချိန်ကာလတစ်ခုကြာ၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်၊ လူတိုင်းက အန္တိခရစ်ကို ပိုင်းခြားသိမြင်နိုင်ခဲ့ကြပြီး ၎င်းတို့၏ အခြေအနေများက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ ဤလူတို့သည် အန္တိခရစ်၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရပြီး ငါနှင့် ပို၍ အလှမ်းဝေးခဲ့ကြပြီး ဖြစ်သည်။ ငါ စကားပြောသောအခါ ဤလူတို့သည် ငါ့ကို မရင်းနှီးသော လူတစ်ဦးကဲ့သို့ ကြည့်ခဲ့ကြပြီး ငါ၏ မေးခွန်းများကို မဖြေချင်ခဲ့ကြသကဲ့သို့ ငါတို့သည် ချက်ချင်းပင် သူစိမ်းများကဲ့သို့ ဖြစ်လာခဲ့ကြသည်။ ၎င်းတို့သည် တစ်စုံတစ်ရာကို နာခံခြင်းမပြုမီ အန္တိခရစ် စကားပြောသည်ကို စောင့်ဆိုင်းခဲ့ကြသည်၊ အန္တိခရစ် ပြောသည့် မည်သည့်အရာကိုမဆို ၎င်းတို့ နားထောင်ခဲ့ကြပြီး သူပြောသည့် မည်သည့်အရာမဆိုက ၎င်းတို့ကို ကိုယ်စားပြုခဲ့သည်။ သို့ဖြစ်၍ ဤလူတို့သည် မည်သည့်အရာတွင်မျှ ပြောဆိုပိုင်ခွင့် မရှိခဲ့သော်လည်း ပြောပိုင်ခွင့်မရှိဖို့ကိုပင် ၎င်းတို့က လိုလားနေခဲ့ကြသည်။ ၎င်းတို့သည် သူစကားပြောသည်ကို စောင့်ဆိုင်းခဲ့ကြပြီး သူ၏ ထိန်းချုပ်မှုကို ခံခဲ့ကြသည်။ ဝိညာဉ်ဆိုးများနှင့် အန္တိခရစ်တို့သည် လူတို့ကို အထင်အမြင်မှားစေရန် ထိုသို့သောအရာများကို လုပ်ဆောင်ကြသည်။
အချို့သော ကောက်ကျစ်ဆိုးယုတ်သည့်အရာများကို စကားလုံးများဖြင့် ရှင်းလင်းစွာ ဖော်ပြနိုင်ပြီး စိတ်ဖြာလေ့လာဆွေးနွေးနိုင်သော်လည်း အခြားအရာများကိုမူ ၎င်းတို့အတွင်း၌ နတ်ဆိုးများ အလုပ်လုပ်နေသည်ဟုသာ ဆိုနိုင်ပြီး စကားလုံးများဖြင့် ရှင်းလင်းစွာ ဖော်ပြ၍မရနိုင်ပေ။ ယင်းတို့ကို သင်၏ ခံစားချက်များ သို့မဟုတ် သင် နားလည်သော သမ္မာတရားများနှင့် သင်၏ အတွေ့အကြုံများကို အခြေခံ၍သာ ပိုင်းခြားသိမြင်နိုင်မည် ဖြစ်သည်။ ဤအန္တိခရစ်သည် လျင်မြန်စွာ ပိုင်းခြားသိမြင်ခြင်းခံရပြီး ကိုင်တွယ်ဖြေရှင်းခြင်းခံရကာ အသင်းတော်အသက်တာ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ နောက်ပိုင်းတွင် ဤအဖြစ်အပျက်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကြသောအခါ စွဲကျန်နေသော ကြောက်ရွံ့မှုကို ခံစားခဲ့ကြရသည်။ ၎င်းတို့က “ယင်းသည် အမှန်ပင် အန္တရာယ်များခဲ့သည်။ ထိုအန္တိခရစ်၏ ‘အသေးစိတ်အချက်များ’ ဟုခေါ်သော အရာများက ကျွန်ုပ်တို့ကို အလွန်ဆိုးရွားစွာ ထိခိုက်နစ်နာစေခဲ့သဖြင့် ကျွန်ုပ်တို့သည် သူ၏လက်ထဲ၌ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်”ဟု ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် သင်တို့သည် အန္တိခရစ်များကို ပိုင်းခြားသိမြင်တတ်ရန် သင်ယူရမည်။ အကယ်၍ သင်သည် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းကို မည်သည့်အခါမျှ အလေးအနက်မထားပါက အန္တရာယ်များလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို သင် မည်သည့်အချိန် သို့မဟုတ် မည်သည့်အခါသမယ၌ ခံရလိမ့်မည်ကို မည်သူ သိနိုင်မည်နည်း။ သင်သည် အဘယ်အရာ ဖြစ်ပျက်နေသည်ကို မသိဘဲ နားဝေတိမ်တောင်ဖြစ်သော ပုံစံဖြင့် အန္တိခရစ်တစ်ဦးနောက်သို့ပင် လိုက်သွားနိုင်သည်။ ထိုအချိန်၌ ထိုအရာနှင့်ပတ်သက်၍ တစ်ခုတလေ မှားယွင်းနေသည်ဟု သင် ခံစားရမည်မဟုတ်ဘဲ ဤအန္တိခရစ် ပြောဆိုသည့်အရာ မှန်ကန်သည်ဟုပင် သင် ခံစားရလိမ့်မည်။ ဤနည်းဖြင့် သင်သည် သတိမထားမိဘဲ အထင်အမြင်မှားစေခြင်း ခံရပြီး ဖြစ်လိမ့်မည်။ သင် အထင်အမြင်မှားစေခြင်း ခံရပြီးသည့် အချက်က သင်သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကြောင်း ပြသပြီး ထို့နောက်တွင် ဘုရားသခင်သည် သင့်ကို ကယ်တင်မည့်နည်းလမ်း ရှိလိမ့်မည်မဟုတ်။ ပုံမှန်အားဖြင့် ကောင်းမွန်စွာ ပြုမူဆောင်ရွက်သော လူအချို့ ရှိကြသော်လည်း အချိန်တစ်ခုကြာ ၎င်းတို့သည် အန္တိခရစ်များ၏ လှည့်ဖြားခြင်းကို ခံကြရပြီး အဆုံးတွင် အသင်းတော်က ၎င်းတို့ကို ဖျောင်းဖျတားမြစ်ခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ပြန်လည်ခေါ်ဆောင်လာသည်။ သို့ရာတွင် သမ္မာတရားကို ၎င်းတို့အား မည်မျှ မိတ်သဟာယဖွဲ့စေကာမူ ပြန်မလာဘဲ အန္တိခရစ်များနှင့် အတူလိုက်ပါလုပ်ဆောင်ရန် အခိုင်အမာဆုံးဖြတ်ပြီးသောသူအချို့ ရှိကြသည်။ ထိုအခါ ၎င်းတို့သည် လုံးဝ ပျက်စီးသွားကြသည် မဟုတ်လော။ ၎င်းတို့သည် ပြန်လှည့်ရန် ခိုင်မာစွာ ငြင်းပယ်ကြပြီး ဘုရားသခင်က ၎င်းတို့အပေါ် နောက်ထပ် အလုပ်မလုပ်တော့ပေ။ အချို့သောလူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ကြပြီး “ထိုသူသည် အတော်ပင် ရည်မွန်ပေသည်။ သူသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး အမှုအရာများကို စွန့်လွှတ်ကာ မိမိကိုယ်ကို အသုံးခံခဲ့သည်၊ သူသည် မိမိ၏ တာဝန်ကို အတော်ပင် သစ္စာရှိစွာ ထမ်းဆောင်လေ့ရှိခဲ့ကြသည်။ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းက ကြီးမားခဲ့ပြီး သူသည် စစ်မှန်သော ယုံကြည်သူတစ်ဦး ဖြစ်ခဲ့သည်၊ သူ့ကို ကျွန်ုပ်တို့နောက်ထပ် အခွင့်အရေးတစ်ခု ပေးသင့်သည် မဟုတ်လော” ဟုပြောလျက် ဤလူစားမျိုးအတွက် စိတ်မကောင်းဖြစ်ကြလေသည်။ ဤရှုထောင့်အမြင် မှန်ကန်သလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ လူတို့သည် အခြားလူတစ်ဦး၏ အပေါ်ယံကိုသာ မြင်နိုင်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးကို မမြင်နိုင်ကြပေ။ ထိုသူတို့က အမှန်တကယ် မည်သည့် လူစားမျိုးဖြစ်သည် သို့မဟုတ် မည်သည့် အနှစ်သာရမျိုး ရှိသည်ကို ၎င်းတို့ ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ ၎င်းတို့သည် ထိုသူတို့နှင့် အချိန်ကာလတစ်ခုကြာ ထိတွေ့ဆက်ဆံခြင်းရှိရမည် သို့မဟုတ် ထိုသူတို့ကို စောင့်ကြည့်လေ့လာခြင်း ပြုလုပ်ရမည်ဖြစ်ပြီး လူတို့က ထိုသူကို ရိပ်စားမိနိုင်ရန်အလို့ငှာ ထိုသူသည် မိမိကို ဖော်ထုတ်မည့် အဖြစ်အပျက်များနှင့် ကြုံတွေ့ရမည် ဖြစ်သည်။ ထို့အပြင် အကယ်၍ သင်သည် ဤလူတို့ကို သင်၏ စိတ်နှလုံးကြင်နာမှုကြောင့် ကူညီရန် ကြိုးစားသော်လည်း ၎င်းတို့နှင့် မည်မျှပင် သင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့ ပြန်မလှည့်လာပါက ထိုအရာအားလုံး၏ နောက်ကွယ်တွင် မည်သည့် အကြောင်းရင်းရှိသည်ကို သင် သိရှိမည်မဟုတ်ပေ။ လက်တွေ့တွင် ဘုရားသခင်သည် ဤလူတို့ကို ရိပ်စားမိပြီးဖြစ်ကာ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းပြီးဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဘယ်ကြောင့် ဖယ်ရှားရှင်းလင်းခဲ့သနည်း။ အလွယ်ကူအရှင်းလင်းဆုံးသော အကြောင်းရင်းမှာ အချို့သော အန္တိခရစ်တို့သည် သိသာထင်ရှားစွာပင် နတ်ဆိုးများ ဖြစ်ကြပြီး ၎င်းတို့အတွင်း၌ နတ်ဆိုးများ အလုပ်လုပ်နေသော အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်း ခံရနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ လူတို့သည် အချိန်ကာလတစ်ခုကြာ ၎င်းတို့နောက်လိုက်ပါက၊ ၎င်းတို့၏ စိတ်နှလုံးများ မှောင်မိုက်သွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့ ပြိုလဲကျသွားအောင်ပင် အလွန် အားနည်းလာကြလိမ့်မည်။ ယင်းက ဘုရားသခင်သည် ၎င်းတို့ကို ကြာမြင့်စွာကပင် စွန့်လွှတ်ပြီးဖြစ်ကြောင်း သက်သေပြသည်။ ဘုရားသခင်၌ ဖြောင့်မတ်သော စိတ်သဘောထားရှိပြီး စာတန်ကို သူ မုန်းတီးသည်။ ဤလူတို့သည် စာတန်နှင့် နတ်ဆိုးများနောက်သို့ လိုက်ကြသည့်အတွက်၊ ဘုရားသခင်သည် ၎င်းတို့ကို သူ၏ နောက်လိုက်များအဖြစ် ဆက်လက်၍ အသိအမှတ်ပြုနိုင်သလော။ ဘုရားသခင်သည် သန့်ရှင်းပြီး မကောင်းမှုကို ရွံမုန်းသည်။ နတ်ဆိုးများနောက်သို့ လိုက်ပြီးသောသူတို့ကို သူအလိုမရှိပေ။ အခြားသူများက ထိုသူတို့ကို လူကောင်းများအဖြစ် တွေးထင်သည့်တိုင် ၎င်းတို့ကို သူ အလိုမရှိပေ။ မကောင်းမှုကို ဘုရားသခင် ရွံမုန်းသည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ “မကောင်းမှုကို ရွံမုန်းခြင်း” က အဘယ်အရာကို ညွှန်ပြသနည်း။ ယခု ငါ ပြောဆိုသည့်အရာကို နားထောင်ကြလော့၊ ပြီးလျှင် သင်တို့ နားလည်ကြလိမ့်မည်။ ဘုရားသခင်က လူတစ်ဦးကို ရွေးကောက်သည့်အချိန်မှစ၍ ဘုရားသခင်က သမ္မာတရား၊ ဖြောင့်မတ်ခြင်း၊ ဉာဏ်ပညာနှင့် အနန္တတန်ခိုးဖြစ်ကြောင်း၊ သူသည် တစ်ဆူတည်းသော ဘုရားဖြစ်ကြောင်း ထိုသူက အသိအမှတ်ပြုသည်အထိ၊ ဤအရာများကို ၎င်းတို့ နားလည်သည်နှင့်တစ်ပြိုင်နက်လည်းကောင်း၊ ၎င်းတို့တွင် အတွေ့အကြုံအချို့ရှိပြီးနောက်တွင်လည်းကောင်း၊ ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထား၊ အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့အပေါ် အခြေခံသိနားလည်မှုတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး ဤအခြေခံသိနားလည်မှုသည် ၎င်းတို့၏ ယုံကြည်ခြင်း ဖြစ်လာလိမ့်မည်။ ထိုအရာက ၎င်းတို့ကို ဘုရားသခင်နောက်သို့ လိုက်ရန်၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန်နှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်လည်း လှုံ့ဆော်ပေးလိမ့်မည်။ ၎င်းတို့တွင်အတွေ့အကြုံရှိသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားကို နားလည်ပြီး၊ ဘုရားသခင်၏ စိတ်သဘောထားအပေါ် ၎င်းတို့၏ သိနားလည်မှုနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ အသိပညာတို့က ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမြစ်တွယ်သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အနေဖြင့် ဤဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်သောအခါ၊ ဘုရားသခင်ကို ငြင်းပယ်ကြလိမ့်မည်မဟုတ်ပေ။ သို့သော် အကယ်၍ ၎င်းတို့၌ ခရစ်တော်၊ လက်တွေ့ကျသော ဘုရားသခင်အပေါ် စစ်မှန်သော အသိပညာ မရှိပါက၊ အကယ်၍ ၎င်းတို့သည် အန္တိခရစ်တစ်ဦးကို ကိုးကွယ်ပြီး သူ့နောက်လိုက်မည့် အလားအလာရှိပါက ၎င်းတို့အန္တရာယ်၌ ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကောက်ကျစ်ဆိုးယုတ်သော အန္တိခရစ်တစ်ဦးနောက်သို့ လိုက်ရန် လူ့ဇာတိခံ ခရစ်တော်ကို ကျောခိုင်းသွားနိုင်သေးသည်။ ဤသည်မှာ ခရစ်တော်ကို ပွင့်လင်းစွာ ငြင်းပယ်ပြီး ဘုရားသခင်နှင့် အဆက်အသွယ်ဖြတ်တောက်ခြင်း ဖြစ်ပေမည်။ ဤအရာ၏ ဝှက်ထားသော အဓိပ္ပာယ်မှာ “ဘုရားသခင်နောက်သို့ ကျွန်ုပ် နောက်ထပ် မလိုက်တော့ပါ။ စာတန်နောက်သို့ ကျွန်ုပ် လိုက်မည်။ စာတန်ကို ကျွန်ုပ် ချစ်ပြီး သူ့ကို အစေခံလိုစိတ် ရှိသည်။ စာတန်နောက်သို့ ကျွန်ုပ် လိုက်လိုစိတ် ရှိသည်။ သူက ကျွန်ုပ်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ သူ ကျွန်ုပ်ကို မည်သို့ပင် ဖျက်ဆီးသည်ဖြစ်စေ၊ နင်းချေသည်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးစေသည်ဖြစ်စေ ကျွန်ုပ် ဝမ်းသာအားရဖြစ်မည်။ ဘုရားသခင် မည်မျှပင် ဖြောင့်မတ်ပြီး သန့်ရှင်းသည်ဖြစ်စေ၊ သမ္မာတရား မည်မျှ သူ ဖော်ပြသည်ဖြစ်စေ သူ့နောက်သို့ ကျွန်ုပ် လိုက်လိုစိတ် မရှိပါ။ သမ္မာတရားကို ကျွန်ုပ် မနှစ်သက်ပါ။ ကျော်ကြားမှု၊ အဆင့်အတန်း၊ ဆုလာဘ်များနှင့် သရဖူများကို ကျွန်ုပ် နှစ်သက်သည်။ ၎င်းတို့ကို ကျွန်ုပ် မရရှိနိုင်လျှင်ပင်၊ ၎င်းတို့ကို ကျွန်ုပ် နှစ်သက်သည်” ဟူ၍ ဖြစ်သည်။ ထိုသို့ဖြင့်ပင် ၎င်းတို့သည် မိမိတို့နှင့် လုံးဝမသက်ဆိုင်သော လူတစ်ဦးနောက်သို့ လိုက်သွားခဲ့ကြပြီး ဘုရားသခင်ကို ဆန့်ကျင်သော အန္တိခရစ်တစ်ဦးနှင့်အတူ လစ်ပြေးသွားခဲ့ကြသည်။ ဘုရားသခင်သည် ဤကဲ့သို့သော လူတစ်ဦးကို အလိုရှိဦးမည်လော။ သေချာပေါက် အလိုရှိမည်မဟုတ်ပေ။ ၎င်းတို့ကို ဘုရားသခင်က အလိုမရှိခြင်းသည် ကျိုးကြောင်းဆီလျော်သလော။ အလွန့်အလွန် ဆီလျော်လှသည်။ ဘုရားသခင်သည် မကောင်းမှုကို ရွံမုန်းသော ဘုရားဖြစ်ကြောင်းနှင့် သူသန့်ရှင်းကြောင်းကို အယူဝါဒမှ သင်တို့ သိရှိကြသည်။ ဤအယူဝါဒကို သင်နားလည်သော်လည်း ဤသို့သော လူများကို ဘုရားသခင် မည်သို့ ဆက်ဆံသည်ကို သင် သိသလော။ အကယ်၍ ဘုရားသခင်သည် တစ်စုံတစ်ဦးကို ပစ်ပယ်လျှင်၊ ၎င်းတို့ကို မဆိုင်းမတွ စွန့်လွှတ်လိမ့်မည်။ ငါ ပြောဆိုသည့်အရာသည် အမှုအရာများဖြစ်သည့်ပုံစံ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမှုအရာများဖြစ်သည့်ပုံစံ ဖြစ်သည်။ သို့ဆိုလျှင် ဤကဲ့သို့သော လူတစ်ဦးကို ဘုရားသခင်က စွန့်လွှတ်ခြင်းသည် သူ့၌ ရက်စက်သော စိတ်နှလုံးရှိသည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များ၌ စည်းမျဉ်းရှိသည်။ အကယ်၍ သင်သည် ဘုရားသခင် မည်သူဖြစ်သည်ကို သိသော်လည်း သူ့နောက်သို့ လိုက်ရန် မနှစ်သက်ပါက၊ စာတန် မည်သူဖြစ်သည်ကို သင် သိပါလျက်နှင့် သူ့နောက်သို့ မရမကလိုက်ပါက ဘုရားသခင်သည် သင့်ကို အတင်းအကျပ် ပြုမည်မဟုတ်။ ရှေ့ဆက်ပြီး စာတန်နောက်သို့ ထာဝစဉ် လိုက်သွားလော့။ ပြန်မလာနှင့်။ ဘုရားသခင်က သင့်ကို စွန့်လွှတ်ပြီးဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို မည်သို့ နားလည်နိုင်မည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်၊ သူ၏ စိတ်သဘောထား၌ မကောင်းမှုကို ရွံမုန်းသော အရိပ်လက္ခဏာတစ်ခု ရှိသည်။ တစ်နည်းအားဖြင့်ဆိုသော် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် အကျင့်ပျက်ရန် လိုလားနေပါက၊ ဘုရားသခင် အခြားမည်သည့်အရာကို ပြောဆိုနိုင်ဦးမည်နည်း။ ဘုရားသခင်သည် လူတို့အား ၎င်းတို့ မလိုလားသော အမှုအရာများကို ပြုလုပ်ရန် မည်သည့်အခါမျှ အတင်းအကျပ် မပြုပေ။ သူသည် လူတို့ကို သမ္မာတရား လက်ခံရန် မည်သည့်အခါမျှ အတင်းအကျပ် မပြု။ အကယ်၍ သင်သည် အကျင့်ပျက်ရန် ဆန္ဒရှိပါက ယင်းမှာ သင်၏ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်သည်။ နောက်ဆုံးတွင် အကျိုးဆက်များကို ခံစားရမည်မှာ သင်သာဖြစ်ပြီး သင့်ကိုယ်သင်သာလျှင် အပြစ်တင်ရမည် ဖြစ်သည်။ လူတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ဘုရားသခင်၏ စည်းမျဉ်းများသည် မပြောင်းလဲနိုင်ပေ။ သို့ဖြစ်၍ အကယ်၍ သင်သည် အကျင့်ပျက်ခြင်းဖြင့် ကျေနပ်အားရပါက သင်၏ မလွဲမသွေဖြစ်သော အဆုံးသတ်မှာ အပြစ်ပေးခံရခြင်း ဖြစ်သည်။ သင့်အနေဖြင့် ဘုရားသခင်နောက်သို့ နှစ်ပေါင်းမည်မျှ လိုက်ခဲ့သည်ဖြစ်စေ အရေးမကြီးပေ။ သင့်အနေဖြင့် အကျင့်ပျက်ရန် ဆန္ဒရှိပါက ဘုရားသခင်သည် သင့်ကို နောင်တရရန် အတင်းအကျပ် ပြုမည်မဟုတ်။ စာတန်နောက်သို့ လိုက်ရန်၊ စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ဖျက်ဆီးခြင်းကို ခံရရန် လိုလားနေသူမှာ သင်ဖြစ်ပြီး သို့ဖြစ်၍ အဆုံးတွင် အကျိုးဆက်များကို ခံစားရမည့်သူမှာ သင်သာ ဖြစ်သည်။ အချို့သောလူတို့သည် ဤသို့သော လူများအတွက် စိတ်မကောင်းဖြစ်ကြပြီး၊ ၎င်းတို့ကို ကူညီရာ၌ ကြင်နာမှုကို ဖြုန်းတီးကြသော်လည်း ထိုလူတို့က ၎င်းတို့ကို မည်မျှပင် တိုက်တွန်းအားပေးစေကာမူ ၎င်းတို့ ပြန်မလှည့်လာကြပေ။ ဤနေရာတွင် အဘယ်အရာ ဖြစ်ပျက်နေသနည်း။ အမှန်တရားမှာ ဘုရားသခင်သည် ဤသို့သော လူတစ်ဦးကို ကယ်တင်ခြင်းမရှိ။ သူသည် ၎င်းတို့ကို အလိုမရှိပေ။ ထိုအရာနှင့်ပတ်သက်၍ လူသားက မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထိုအရာသည် အခြေခံအကြောင်းရင်း ဖြစ်သည်။ သို့သော် လူတို့က အခြေအနေတစ်ခုကို ရှင်းလင်းစွာ မမြင်နိုင်သောအခါ မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သင့်ပြီး မိမိတို့ ထမ်းဆောင်သင့်သော တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤတာဝန်များကို ထမ်းဆောင်ခြင်းမှ မည်သည့် အကျိုးဆက်များ ဖြစ်လာလိမ့်မည်ဟူသည်အတွက်မူ၊ ၎င်းတို့သည် ဘုရားသခင်၏ ဦးဆောင်မှုကို ရှုမြင်ရမည် ဖြစ်သည်။ ငါ ပြောဆိုခဲ့သော ဤအသေးစိတ်အချက်များမှတစ်ဆင့် “ဘုရားသခင်သည် မကောင်းမှုကို ရွံမုန်းသော ဘုရားဖြစ်သည်” ဟူသည့် စကားစုကို သင်တို့ အနည်းငယ် နားလည်လာကြပြီ မဟုတ်လော။ ဤသည်မှာ ယင်း၏ သွင်ပြင်လက္ခဏာတစ်ခုဖြစ်ပြီး နတ်ဆိုးများ၏ စွန်းထင်းစေခြင်း ခံရသောသူတို့ကို ဘုရားသခင် အလိုမရှိခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အလိုမရှိသည့် အကြောင်းရင်းမှာ အဘယ်နည်း။ သင်သည် စာတန်ကို ရွေးချယ်ပြီးလျှင်၊ ဘုရားသခင်က သင့်ကို အဘယ်သို့ဖြစ်ပြီး အလိုရှိနိုင်ဦးမည်နည်း။ သင်သည် စာတန်ကို ရွေးချယ်ပြီးဖြစ်လျှင်၊ ဘုရားသခင်က သင့်ကို ပြန်လာစေရန် အဘယ်သို့ သနားကရုဏာထားပြီး သင့်စိတ်နှလုံးကို လှုံ့ဆော်ပေးနိုင်ဦးမည်နည်း။ ဘုရားသခင်သည် ထိုအရာကို လုပ်ဆောင်နိုင်စွမ်းရှိသလော။ သူသည် လုပ်နိုင်စွမ်းရှိသည်ထက်ပင်ပိုသော်လည်း သူ၏ စိတ်သဘောထားက ဖြောင့်မတ်သောကြောင့်လည်းကောင်း၊ သူသည် မကောင်းမှုကို ရွံမုန်းသော ဘုရားဖြစ်သောကြောင့်လည်းကောင်း ဤအလုပ်ကို မလုပ်ဆောင်ရန် သူ ရွေးချယ်ပေသည်။
ပြီးခဲ့သည့်တစ်ကြိမ်က၊ ငါတို့၏ မိတ်သဟာယသည် အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရ၏ အဓိကသရုပ်သကန်မှာ အပြုသဘောဆောင်သော အရာအားလုံးနှင့် သမ္မာတရားအားလုံးအပေါ် ၎င်းတို့၏ ရန်လိုခြင်းနှင့် စက်ဆုပ်ရွံရှာခြင်း မည်သို့ဖြစ်သည်ဟူသည့်အချက်ကို အဓိကထားခဲ့သည်။ ယနေ့တွင် ငါသည် နောက်ထပ်ရှုထောင့်အမြင်တစ်ခုမှ မိတ်သဟာယဖွဲ့နေခြင်းဖြစ်ပြီး၊ ယင်းမှာ အန္တိခရစ်တို့သည် အပြုသဘောဆောင်သော အရာများနှင့် ဆန့်ကျင်သည့်အရာအားလုံးကို ချစ်မြတ်နိုးကြသည်ဟူ၍ ဖြစ်သည်။ ပြီးလျှင် ယင်းမှာ အဘယ်အရာ ဖြစ်သနည်း။ (အပျက်သဘောဆောင်သော အရာများဖြစ်သည်။) အပျက်သဘောဆောင်သော အရာများဖြစ်သည်။ ဆိုလိုသည်မှာ သမ္မာတရားကို ဆန့်ကျင်သည့်၊ ဆန့်ကျင်ဘက်ပြုကာ သဘောမတူညီသည့်အရာအားလုံး ဖြစ်သည်။ အန္တိခရစ်တို့သည် အပြုသဘောဆောင်သော အရာများကို မနှစ်သက်ကြပေ။ သို့ဖြစ်၍ ၎င်းတို့ ကြိုက်နှစ်သက်သည့်အရာတစ်ခုခု ရှိရမည် မဟုတ်လော။ ပြီးလျှင် အဘယ်အရာကို ၎င်းတို့ ကြိုက်နှစ်သက်ကြသနည်း။ ၎င်းတို့သည် လှည့်ဖြားခြင်းနှင့် မုသားများအပြင် အကြံအစည်များ၊ ပရိယာယ်များနှင့် နည်းဗျူဟာများကို ကြိုက်နှစ်သက်ကြသည်။ မိမိတို့၏ အားလပ်ချိန်များတွင် စစ်ရေးဗျူဟာသုံးဆယ့်ခြောက်မျိုးကို ဖတ်ရှုသော အန္တိခရစ်များ ရှိသလော။ ထိုသို့ ငါ ထင်မြင်မိသည်။ စစ်ရေးဗျူဟာသုံးဆယ့်ခြောက်မျိုးကို ငါဖတ်သည်ဟု သင်တို့ ထင်ကြသလော။ ငါ မဖတ်ပေ။ ယင်းကို ငါ မလေ့လာပေ။ ယင်းကို ဖတ်ရှုခြင်းက အဘယ်အကျိုးရှိသနည်း။ ယင်းကို ဖတ်ရှုခြင်းက ငါ့ကို အော်ဂလီဆန်စေပြီး ဗိုက်နာစေသည်။ သင်တို့သည် စစ်ရေးဗျူဟာသုံးဆယ့်ခြောက်မျိုးကို ဖတ်ရှုပြီးနောက်တွင် မည်သို့ ခံစားရသနည်း။ ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်အပေါ် သင့်အား ပို၍ပင် စက်ဆုပ်ရွံရှာစေသည် မဟုတ်လော။ ဤစိတ်ခံစားချက်ကို သင် တွေ့ကြုံခံစားရသလော။ ယင်းကို ပို၍ ဖတ်ရှုလေ၊ ပို၍ စက်ဆုပ်ရွံရှာလေ ဖြစ်သည်။ ဤသူသည် အလွန်ပင် ဆိုးရွားလှသည်ဟု သင် ခံစားရသည်။ အသေးအဖွဲကိစ္စတိုင်းအတွက် ဗျူဟာများ အသုံးပြုရခြင်း၊ ထိုသို့သောအတိုင်းအတာများထိတိုင် အပင်ပန်းခံရခြင်း၊ ညဘက် အိပ်မပျော်နိုင်ခြင်း သို့မဟုတ် နေ့ဘက် အစာမစားနိုင်ခြင်းနှင့် မည်သို့ တိုက်ခိုက်ရမည်ကို အဖြေရှာရန် မိမိ၏ဦးနှောက်ကို အလွန်အမင်း အသုံးပြုရခြင်းတို့သည် အကျိုးနပ်သလော။ အချို့သော အန္တိခရစ်များသည် ၎င်းတို့၏ အားလပ်ချိန်များတွင် စစ်ရေးဗျူဟာသုံးဆယ့်ခြောက်မျိုးကို လေ့လာကောင်းလေ့လာနိုင်ပြီး အခြားလူတစ်ဦး၏ ဉာဏ်ရည်နှင့် ဘုရားသခင်၏ ဉာဏ်ရည်တို့ကို ယှဉ်ပြိုင်ကောင်းယှဉ်ပြိုင်နိုင်သည်။ ၎င်းတို့သည် မုသားများ၊ လှည့်ဖြားခြင်း၊ ပရိယာယ်များ၊ အကြံအစည်များအပြင် နည်းစနစ်များနှင့် နည်းဗျူဟာများကို နှစ်သက်ကြသည်။ သို့သော် ၎င်းတို့သည် ဘုရားသခင်၏ မျှတမှုနှင့် ဖြောင့်မတ်ခြင်းကို ကြိုက်နှစ်သက်ကြသလော။ မျှတမှုနှင့် ဖြောင့်မတ်ခြင်း၏ ဆန့်ကျင်ဘက်စကားလုံးမှာ အဘယ်နည်း။ (ကောက်ကျစ်ဆိုးယုတ်မှုနှင့် အကျည်းတန်မှုဖြစ်သည်။) ကောက်ကျစ်ဆိုးယုတ်မှုနှင့် အကျည်းတန်မှု ဖြစ်သည်။ ၎င်းတို့သည် အကျည်းတန်သော အရာများ၊ အလွန်မတရားသကဲ့သို့ မျှတမှုမရှိသော အရာအားလုံး၊ မတရားသဖြင့်ဖြစ်ပြီး မလျော်ကန်သော အရာအားလုံးကို ကြိုက်နှစ်သက်ကြသည်။ ဥပမာအနေနှင့်၊ သမ္မာတရားကို လူတို့ လိုက်စားခြင်းသည် တရားမျှတသော အကြောင်းတရားတစ်ခု ဖြစ်သည်။ အန္တိခရစ်တို့က ဤအရာကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုကြသနည်း။ ၎င်းတို့က “သမ္မာတရားကို လိုက်စားသောသူတို့သည် လူနုံလူအများ ဖြစ်ကြသည်။ အကယ်၍ လူတစ်ဦးသည် မိမိတို့ အလိုရှိသည့်အတိုင်း အသက်မရှင်ပါက အသက်ရှင်ခြင်း၏ တန်ဖိုးမှာ အဘယ်နည်း။ လူတို့သည် မိမိတို့ကိုယ်တိုင်အတွက် အသက်ရှင်ရမည်ဖြစ်ပြီး သမ္မာတရားနှင့် တရားမျှတမှုအတွက် အသက်ရှင်သောသူတို့မူကား၊ ထိုလူအားလုံးသည် လူနုံလူအများသာ ဖြစ်ကြသည်”ဟု ဆိုကြသည်။ ယင်းမှာ ၎င်းတို့၏ သဘောထား ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် တရားမျှတသော အမှုအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသလော။ မရှိကြပေ။ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်သည့် အမှုအရာများ အသင်းတော်၌ ပေါ်ပေါက်လာသောအခါ ၎င်းတို့ ထကြွပြီး ထုတ်ဖော်ပြောဆိုနိုင်ကြသလော။ ၎င်းတို့ ထကြွခြင်း မရှိရုံသာမက၊ ဤကံအကြောင်းမလှသည့်အဖြစ် တိတ်တဆိတ် သဘောကျကာ ဝမ်းသာကြသည်။ ၎င်းတို့သည် မကောင်းသည့် မျိုးစေ့များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့်သက်ဆိုင်သော ကိစ္စရပ်များအတွက် မည်သည့်အခါမျှ စိုးရိမ်ပူပန်ခြင်း မရှိကြသကဲ့သို့ ဘုရားသခင်၏ ရွေးချယ်ထားသောလူများကို ကာကွယ်ရန် မည်သည့်အခါမျှ ထကြွပြီး မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်းလည်း မရှိကြပေ။ မကောင်းမှုပြုသောသူများက မကောင်းမှုပြုလုပ်သည်ကို မြင်သောအခါတွင်လည်းကောင်း၊ လူဆိုးများက အသင်းတော်ကို အနိုင်ကျင့်ဗိုလ်ကျသည်ကို မြင်သောအခါတွင်လည်းကောင်း တိတ်တဆိတ် သဘောကျကာ ဘုရားအိမ်တော်ကို ပြက်ရယ်ပြုသောသူတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့ဆိုလျှင် ဤမကောင်းသောလူများကို အကာအကွယ်ပေးနိုင်စွမ်းရှိသော ခေါင်းဆောင်များသည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့က အန္တိခရစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ ထိခိုက်နစ်နာခြင်းကို ခွင့်ပြုမည်မဟုတ်သော်လည်း အသင်းတော်၏ အကျိုးစီးပွားများ ထိခိုက်နစ်နာသောအခါ မျက်တောင်တစ်ချက် မခတ်ကြသကဲ့သို့ လုံးဝ ဝမ်းနည်းခြင်းလည်း မရှိကြပေ။ မမြင်ကွယ်ရာတွင် မည်သည့်အရာကိုမျှ ၎င်းတို့ ဆုံးရှုံးခြင်း မရှိသည့်အတွက် ဝမ်းပင်ဝမ်းသာနေကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။
အန္တိခရစ်များက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပုံ၊ မဖြောင့်မတ်သကဲ့သို့ ကောက်ကျစ်ဆိုးယုတ်သည့် အရာများကို ၎င်းတို့ နှစ်သက်ပုံ၊ အကျိုးစီးပွားများနှင့် ကောင်းချီးမင်္ဂလာများကို လိုက်စားကြပုံ၊ ကောင်းချီးများရရန်ဖြစ်သော ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒတို့ကို လုံးဝ လက်မလွှတ်ကြဘဲ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် အမြဲ ကြိုးစားကြပုံအကြောင်းကို ငါတို့ ယခုတင် ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် ဤကိစ္စရပ်ကို မည်သို့ ပိုင်းခြားသိမြင်ကာ စရိုက်လက္ခဏာကို သရုပ်ဖော်သင့်သနည်း။ အခြားအရာအားလုံးထက် အကျိုးအမြတ်ကို ဦးစားပေးခြင်းဖြစ်သည်ဟု ငါတို့ ခေါ်လိုက်လျှင် ယင်းမှာ ပျော့လွန်းပေမည်။ ထိုအရာက ပေါလုက သူ၏ ကိုယ်၌ ဆူးတစ်ချောင်း ရှိကြောင်းနှင့် သူ၏ အပြစ်များကို ဖြေရန်အလို့ငှာ သူ အလုပ်လုပ်သင့်ကြောင်း အသိအမှတ်ပြုခဲ့သော်လည်း အဆုံးတွင် ဓမ္မသရဖူကို ရရှိရန် ဆန္ဒရှိခဲ့သေးသည့် ပုံစံကဲ့သို့ ဖြစ်သည်။ ဤအရာ၏ သဘာဝမှာ အဘယ်နည်း။ (ရက်စက်ကြမ်းကြုတ်ခြင်းဖြစ်သည်။) ထိုအရာသည် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်မျိုး ဖြစ်သည်။ သို့သော် ဤအရာ၏ သဘာဝမှာ အဘယ်နည်း။ (ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်း ဖြစ်သည်။) ထိုအရာတွင် ဤသဘာဝရှိ၏။ သူသည် အရာရာကို အပေးအယူတစ်ခုအဖြစ် သဘောထားလျက် သူ လုပ်ဆောင်ခဲ့သမျှတိုင်းတွင် အကျိုးအမြတ်ကို ရှာဖွေခဲ့သည်။ ဘာသာတရားမရှိသောသူတို့ကြားတွင် ဆိုရိုးစကားတစ်ခု ရှိသည်။ “အခမဲ့နေ့လည်စာဟူသည်မှာ မရှိပါ”ဟူ၍ ဖြစ်သည်။ အန္တိခရစ်များသည်လည်း “သင့်အတွက် ငါ အလုပ်လုပ်လျှင် အပြန်အလှန်အနေဖြင့် မည်သည့်အရာကို သင် ပေးမည်နည်း။ မည်သည့် အကျိုးကျေးဇူးများကို ငါ ရရှိနိုင်သနည်း”ဟု တွေးလျက် ဤဆင်ခြင်တွေးခေါ်မှုစနစ်ကို ထားရှိကြသည်။ ဤသဘာဝကို မည်သို့ ပေါင်းရုံးဖော်ပြသင့်သနည်း။ ထိုအရာကို အကျိုးအမြတ်များ၊ အရာအားလုံးထက် အကျိုးအမြတ်ကို ဦးစားပေးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းတို့က လှုံ့ဆော်ခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် အကျိုးအမြတ်နှင့် ကောင်းချီးများ ရရှိရန် ရည်ရွယ်ချက်တစ်ခုတည်းအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ ဆင်းရဲဒုက္ခတစ်ခုခုကို ၎င်းတို့ ခါးစည်းခံရလျှင်၊ သို့မဟုတ် အဖိုးအခအချို့ကို ပေးရလျှင် ဘုရားသခင်နှင့် အပေးအယူလုပ်ရန်အလို့ငှာသာ ဖြစ်သည်။ ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရန်ဖြစ်သော ၎င်းတို့၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒတို့သည် အလွန်ကြီးမားပြီး ထိုအရာကို ၎င်းတို့က တင်းကျပ်စွာ ဖက်တွယ်ကြသည်။ ဘုရားသခင် ဖော်ပြပြီးဖြစ်သည့် သမ္မာတရားများစွာထဲမှ တစ်ခုကိုမျှ ၎င်းတို့ လက်မခံကြပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးများ ရရှိခြင်းနှင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုကို အရယူခြင်းအကြောင်းသာ ဖြစ်ကြောင်း၊ ယင်းမှာ အမြင့်ဆုံးသော စည်းမျဉ်းဖြစ်ပြီး ထိုအရာကို မည်သည့်အရာကမျှ မကျော်လွန်နိုင်ကြောင်း ၎င်းတို့၏ စိတ်နှလုံးများတွင် အမြဲ တွေးထင်ကြသည်။ ကောင်းချီးများ ရရှိဖို့အတွက် မဟုတ်လျှင် လူတို့အနေဖြင့် ဘုရားသခင်ကို မယုံကြည်သင့်ကြောင်းနှင့် ကောင်းချီးများအတွက် မဟုတ်လျှင် ဘုရားသခင်ကို ယုံကြည်မှုသည် မည်သည့် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးမျှ ရှိမည်မဟုတ်ကြောင်း၊ ထိုအရာက အဓိပ္ပာယ်နှင့် တန်ဖိုး ဆုံးရှုံးမည်ဖြစ်ကြောင်း ၎င်းတို့ တွေးထင်ကြလေသည်။ ဤအရာများကို အန္တိခရစ်များထဲသို့ အခြားတစ်စုံတစ်ဦးက သွတ်သွင်းပေးခဲ့ခြင်း ဖြစ်သလော။ ယင်းတို့သည် အခြားတစ်စုံတစ်ဦး၏ လေ့ကျင့်သင်ကြားပေးခြင်း သို့မဟုတ် လွှမ်းမိုးမှုမှ ဆင်းသက်သလော။ မဟုတ်ပေ၊ ယင်းတို့ကို မည်သူမျှ ပြောင်းလဲ၍ မရနိုင်သည့်အရာတစ်ခု ဖြစ်သော အန္တိခရစ်များ၏ ပင်ကိုသဘာဝ အနှစ်သာရက အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က ယနေ့ခေတ်တွင် နှုတ်ကပတ်တော်များစွာ ပြောဆိုနေလင့်ကစား အန္တိခရစ်များက ထိုအရာများထဲမှ တစ်ခုကိုမျှ လက်မခံကြဘဲ ထိုအစား ယင်းတို့ကို အတိုက်အခံလုပ်ကာ ပြစ်တင်ရှုတ်ချကြလေသည်။ သမ္မာတရားကို ၎င်းတို့၏ အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားကို မုန်းတီးခြင်း သဘာဝသည် လုံးဝ မပြောင်းလဲနိုင်ပေ။ ယင်းတို့ မပြောင်းလဲနိုင်လျှင် ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းတို့၏ သဘာဝက ကောက်ကျစ်ဆိုးယုတ်ကြောင်း ညွှန်ပြပေသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း၊ မလိုက်စားခြင်း ကိစ္စတစ်ခု မဟုတ်ပေ။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ကန့်ကွက်ပြောဆိုခြင်းနှင့် ဘုရားသခင်ကို ရန်လုပ်ခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော စရိုက်အမှန်သာဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်ကို ဗြောင်ကျကျ ကန့်ကွက်ပြောဆိုပြီး ဆန့်ကျင်နိုင်ကြသည့်အတွက်၊ ၎င်းတို့၏ စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်သည်။ အဘယ်ကြောင့် ကောက်ကျစ်ဆိုးယုတ်သည်ဟု ငါ ဆိုရသနည်း။ အန္တိခရစ်တို့သည် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအတွက်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူ့ကို ကန့်ကွက်ပြောဆိုဝံ့ကြသည်။ အဘယ်ကြောင့် ဤအရာကို ၎င်းတို့ ပြုလုပ်ဝံ့ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ ၎င်းတို့ကို စိုးမိုးအုပ်ချုပ်သော အင်အားစုတစ်ခု၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိနေသောကြောင့် ၎င်းတို့သည် မဆင်မခြင် ပြုမူနိုင်ကြပြီး ဘုရားသခင်နှင့် အငြင်းအခုံပြုကာ သူ့ကိုကန့်ကွက်ပြောဆိုနိုင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့အား သရဖူပေးမည်မဟုတ်ဟု မပြောမီတွင်ပင်၊ ၎င်းတို့၏ ခရီးပန်းတိုင်ကို ဘုရားသခင် မဖယ်ရှားမီတွင်ပင် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားသည် ၎င်းတို့၏ စိတ်နှလုံးအတွင်းမှ ပေါက်ကွဲထွက်လာပြီး ၎င်းတို့က “အကယ်၍ သင်သည် ကျွန်ုပ်ကို သရဖူနှင့် ခရီးပန်းတိုင်တစ်ခု မပေးပါက၊ တတိယကောင်းကင်ဘုံသို့ ကျွန်ုပ်သွားပြီး သင်နှင့် အငြင်းအခုံပြုမည်”ဟု ပြောဆိုကြသည်။ အကယ်၍ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကြောင့်သာ မဟုတ်ခဲ့ပါက၊ ၎င်းတို့သည် ထိုသို့သော အားအင်ကို အဘယ်မှာ ရှာတွေ့မည်နည်း။ လူအများစုသည် ထိုသို့သော အားအင်ကို မွေးနိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို အန္တိခရစ်များက အဘယ်ကြောင့် မယုံကြည်ကြသနည်း။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများအတွက် မိမိတို့၏ လိုအင်ဆန္ဒကို ခေါင်းမာစွာ အဘယ်ကြောင့် စွဲကိုင်ထားကြသနည်း။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှု တစ်ဖန် ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က လူတို့အား ပေးအပ်ရန် ကတိပြုထားသော တကယ့်ကောင်းချီးမင်္ဂလာများက အန္တိခရစ်တို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ ဖြစ်လာခဲ့သည်။ ၎င်းတို့သည် ထိုကောင်းချီးများကိုရရှိရန် စိတ်ပိုင်းဖြတ်ထားကြသော်လည်း ဘုရားသခင်၏ လမ်းခရီးကို မလိုက်လျှောက်လိုကြသကဲ့သို့ သမ္မာတရားကို မချစ်မြတ်နိုးကြပေ။ ထိုအစား ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ၊ ဆုလာဘ်များနှင့် သရဖူများကို လိုက်စားကြသည်။ ဘုရားသခင်က ဤအရာများကို ၎င်းတို့အား ပေးမည်မဟုတ်ဟု မပြောမီတွင်ပင်၎င်းတို့သည် ဘုရားသခင်နှင့် ယှဉ်ပြိုင်လိုကြသည်။ ၎င်းတို့၏ ဆင်ခြင်တွေးခေါ်မှုစနစ်မှာ အဘယ်နည်း။ “အကယ်၍ ကျွန်ုပ်သည် ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များကို မရရှိနိုင်ပါက သင်နှင့် အငြင်းအခုံပြုမည်၊ သင့်ကို ဆန့်ကျင်မည်၊ သင်သည် ဘုရားမဟုတ်ဟု ကျွန်ုပ် ပြောဆိုမည်” ဟူ၍ ဖြစ်သည်။ ထိုသို့သော စကားများ ပြောဆိုခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ခြိမ်းခြောက်နေကြသည် မဟုတ်လော။ ၎င်းတို့သည် သူ့ကို ဖြုတ်ချရန် ကြိုးစားနေကြသည် မဟုတ်လော။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကိုပင် ၎င်းတို့ ငြင်းပယ်ဝံ့ကြသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များက ၎င်းတို့၏ အလိုဆန္ဒနှင့် မကိုက်ညီသရွေ့ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားဖြစ်ကြောင်းကို ၎င်းတို့ ငြင်းပယ်ဝံ့ကြသည်။ ဤသည်မှာ စာတန်၏ စိတ်သဘောထား မဟုတ်လော။ ဤသည်မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှု မဟုတ်လော။ အန္တိခရစ်တို့ ပြုမူပုံနှင့် ဘုရားသခင်အပေါ် စာတန်၏ သဘောထားအကြား ကွာခြားမှုတစ်ခုတလေ ရှိသလော။ ဤချဉ်းကပ်မှုနှစ်ခုကို လုံးဝ ညီမျှသည်ဟု သတ်မှတ်၍ရနိုင်သည်။ အန္တိခရစ်တို့သည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုရန် ငြင်းပယ်ကြပြီး ၎င်းတို့သည် ဘုရားသခင်၏ လက်တော်မှ ကောင်းချီးမင်္ဂလာများ၊ ဆုလာဘ်များနှင့် သရဖူများကို လုယူလိုကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မည်သည့်အကြောင်းရင်းပေါ်တွင် ဤသို့ ပြုမူရန်နှင့် အမှုအရာများကို သိမ်းပိုက်ရယူရန် ဆန္ဒရှိကြသနည်း။ ၎င်းတို့အနေဖြင့် ထိုသို့သော အားအင်ကို မည်သို့ မွေးနိုင်ကြသနည်း။ ဤအရာအတွက် အကြောင်းရင်းကို ယခု အကျဉ်းချုပ်ဖော်ပြနိုင်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ အန္တိခရစ်တို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်းမရှိကြသည့်တိုင် ကောင်းချီးမင်္ဂလာများနှင့် သရဖူများကို ရရှိလိုနေဆဲဖြစ်ပြီး ဤဆုလာဘ်များကို ဘုရားသခင်၏ လက်တော်မှ သိမ်းပိုက်ရယူချင်နေဆဲ ဖြစ်သည်။ ဤသည်မှာ သေခြင်းကို ဖိတ်ခေါ်နေခြင်း မဟုတ်လော။ သေခြင်းကို ၎င်းတို့ ဖိတ်ခေါ်နေခြင်းဖြစ်သည်ကို ၎င်းတို့ သိရှိကြသလော။ (မသိရှိကြပါ။) ဆုလာဘ်များ ရရှိခြင်းက မဖြစ်နိုင်ကြောင်း ရေးရေးမျှဖြစ်သော ခံစားချက်တစ်ခုလည်း ရှိကောင်းရှိနိုင်သဖြင့် ရှေးဦးစွာ ၎င်းတို့က “အကယ်၍ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် မရရှိနိုင်ပါက၊ တတိယကောင်းကင်ဘုံသို့ ကျွန်ုပ်သွားပြီး ဘုရားနှင့် အငြင်းအခုံပြုမည်” ဟူသကဲ့သို့သော ထုတ်ပြန်ချက်တစ်ခုကို ပြောဆိုကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်မှာ ၎င်းတို့အတွက် ဖြစ်နိုင်လိမ့်မည်မဟုတ်ကြောင်း ၎င်းတို့ ကြိုတင်မြင်တွေ့ပြီး ဖြစ်နေသည်။ အမှန်တွင်တော့၊ စာတန်သည် နှစ်ပေါင်းများစွာ အာကာသကောင်းကင်အလယ်၌ ဘုရားသခင်ကို ကန့်ကွက်ပြောဆိုပြီးဖြစ်ကာ ဘုရားသခင်က သူ့ကို အဘယ်အရာ ပေးပြီးဖြစ်သနည်း။ သူ့အတွက် ဘုရားသခင်၏ တစ်ခုတည်းသော ထုတ်ပြန်ချက်မှာ “အလုပ် ပြီးဆုံးပြီးနောက် သင့်ကို အနက်ဆုံးသောတွင်းထဲသို့ ငါ ချပစ်မည်။ သင်သည် အနက်ဆုံးသောတွင်းနှင့် သက်ဆိုင်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ စာတန်အတွက် ဘုရားသခင်၏ တစ်ခုတည်းသော “ကတိ” ဖြစ်သည်။ သူက ဆုလာဘ်များကို လိုချင်တပ်မက်နေဆဲဖြစ်သည်မှာ မူမမှန်ဖြစ်နေသည် မဟုတ်လော။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ အန္တိခရစ်တို့၏ ပင်ကိုအနှစ်သာရသည် ဘုရားသခင်ကို ဆန့်ကျင်လိုပြီး အန္တိခရစ်တို့ ကိုယ်တိုင်ပင် ဤသည်မှာ အဘယ်ကြောင့်ဖြစ်သည်ကို မသိကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် ကောင်းချီးမင်္ဂလာများနှင့် သရဖူများ ရရှိခြင်း တစ်ခုတည်းအပေါ်၌သာ အာရုံစိုက်ထားကြသည်။ တစ်ခုတလေက သမ္မာတရား သို့မဟုတ် ဘုရားသခင်နှင့် ပါဝင်ပတ်သက်သည့်အခါတိုင်း ၎င်းတို့အတွင်း၌ ဆန့်ကျင်မှုနှင့် အမျက်ဒေါသတို့ ထွက်ပေါ်လာသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ ပုံမှန်လူတို့သည် အန္တိခရစ်တို့၏ အတွင်းစိတ်ခံစားချက်များကို နားလည်နိုင်ဖွယ်မရှိ။ အန္တိခရစ်တို့အတွက် အတော်ပင် ခက်ခဲလှသည်။ အန္တိခရစ်တို့သည် ထိုသို့သော ကြီးမားလှသည့် ရည်မှန်းချက်များကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် မိမိတို့အတွင်း၌ ထိုသို့သော ကြီးမားလှသည့် ကောက်ကျစ်ဆိုးယုတ်သော အားအင်နှင့် ကောင်းချီးမင်္ဂလာများအတွက် ထိုသို့သော ကြီးမားလှသည့် လိုအင်ဆန္ဒ ထားရှိကြသည်။ သူတို့ကို လိုအင်ဆန္ဒဖြင့် လောင်ကျွမ်းနေသည်ဟု ဖော်ပြနိုင်သည်။ သို့သော် ဘုရားအိမ်တော်က သမ္မာတရားကို အဆက်မပြတ် မိတ်သဟာယဖွဲ့သည်၊ ယင်းကို ကြားရသည်မှာ ၎င်းတို့အတွက် အလွန် နာကျင်ပြီး ခက်ခဲရပေမည်။ ၎င်းတို့သည် ယင်းကို ကြံ့ကြံ့ခံနိုင်ရန်အလို့ငှာ မိမိတို့ကိုယ်ကို နစ်နာစေပြီး အလွန်တရာ ဟန်ဆောင်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော အားအင်တစ်မျိုးဖြစ်သည် မဟုတ်လော။ အကယ်၍ သာမန်လူတို့က သမ္မာတရားကို မချစ်မြတ်နိုးပါက အသင်းတော်အသက်တာကို စိတ်ဝင်စားဖွယ်ရာအဖြစ် ၎င်းတို့ မြင်မည်မဟုတ်သကဲ့သို့ ယင်းအပေါ် စက်ဆုပ်ရွံရှာစိတ်တစ်ခုပင် ခံစားရပေမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် ၎င်းတို့အတွက် ပျော်ရွှင်မှုထက် ဆင်းရဲဒုက္ခကဲ့သို့ ပို၍ ခံစားရပေမည်။ သို့ဆိုလျှင် အန္တိခရစ်တို့သည် ထိုအရာကို ကြံ့ကြံ့ခံနိုင်ကြသနည်း။ အကြောင်းမှာ ကောင်းချီးမင်္ဂလာများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒက အလွန် ကြီးမားလှသဖြင့် ယင်းက ၎င်းတို့ကို မိမိတို့ကိုယ်ကို နစ်နာစေပြီး အင်တင်တင်ဖြင့် ကြံ့ကြံ့ခံရန် လှုံ့ဆော်သောကြောင့် ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် စာတန်၏ အစေခံများအဖြစ် ပြုမူရန် ဘုရားအိမ်တော်သို့ ခိုးဝင်ကြပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်များဖြစ်စေရန် မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံကြသည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး ဘုရားသခင်ကို အတိုက်အခံပြုသည့် ၎င်းတို့၏ တာဝန် မပြီးမြောက်မချင်း ၎င်းတို့ စိတ်မသက်မသာ ခံစားရကာ စာတန်ကို စိတ်ပျက်စေခဲ့သည်ဟု ခံစားရကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ သဘာဝအားဖြင့် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။