အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃) အခန်း ခြောက်
သမ္မာကျမ်းစာ၌ သင်တို့ မြင်တွေ့ခဲ့သည့်အရာနှင့် ဘုရားသခင်၏ လက်ရှိ မိန့်မြွက်ချက်အားလုံးမှ ကြည့်သည့်အခါ၊ ဘုရားသခင်သည် ဆုကျေးဇူးများ၊ သင်ယူလေ့လာမှုနှင့် အသိပညာတို့ကို ထောက်ခံအားပေးသလော။ (ထောက်ခံအားပေးခြင်း မရှိပါ။) ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်သည် လူ့အသိပညာနှင့် သင်ယူလေ့လာမှုတို့ကို စိတ်ဖြာလေ့လာဆွေးနွေးသည်။ ဘုရားသခင်သည် ဆုကျေးဇူးများကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ သူသည် သဘာဝလွန် စွမ်းရည်များနှင့် အထူးအရည်အချင်းများကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ဆုကျေးဇူးများ၊ သဘာဝလွန် စွမ်းရည်များနှင့် အထူးအရည်အချင်းများသည် အသက်ကို လုံးဝ ကိုယ်စားမပြုကြောင်း သင်တို့ နားလည်သင့်သည်။ ယင်းတို့က အသက်ကို ကိုယ်စားမပြုဟု ဆိုရာ၌ အဘယ်အရာကို ဆိုလိုသနည်း။ ဤအရာများသည် သမ္မာတရားကို လူတို့ရရှိခြင်း၏ အကျိုးဆက်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤအရာများသည် အမှန်တကယ်တွင် မည်သည့်နေရာမှ လာသနည်း။ ဘုရားသခင်ထံမှ လာသလော။ မဟုတ်ပေ၊ ဘုရားသခင်သည် လူတို့အား အသိပညာ သို့မဟုတ် သင်ယူလေ့လာမှုကို မပေးအပ်သကဲ့သို့ သမ္မာတရားကို ၎င်းတို့လိုက်စားနိုင်စေရန်အလို့ငှာ လူတို့အား ပို၍များသော ဆုကျေးဇူးများကိုလည်း သေချာပေါက် သူမပေးပေ။ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် ပြုမူဆောင်ရွက်ခြင်းမရှိပေ။ ငါ ဤသို့ ပြောလိုက်သည့်အတွက် သင်တို့ ယခု နားလည်ကြသည် မဟုတ်လော။ သို့ဆိုလျှင် အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှုသည် မည်သည့်နေရာ၌ ထင်ရှားသနည်း။ ၎င်းတို့သည် ဆုကျေးဇူးများ၊ သင်ယူလေ့လာမှုနှင့် အသိပညာတို့ကို မည်သို့ ရှုမြင်ကြသနည်း။ ၎င်းတို့က ဤအရာများ၊ အထူးသဖြင့် ဆုကျေးဇူးများနှင့် သဘာဝလွန် စွမ်းရည်များကို တန်ဖိုးထားသည်၊ လိုက်လျှောက်သည်၊ လိုပင်လိုချင်ကြသည်။ အကယ်၍ သင်သည် အန္တိခရစ်တစ်ဦးအား “သင်၌ သဘာဝလွန် စွမ်းရည်များ ရှိပါက သင်သည် နတ်ဆိုးများကို ဆွဲဆောင်လိမ့်မည်”ဟု ဆိုပါက ၎င်းတို့က “ကျွန်ုပ်မကြောက်ပါ” ဟု ဆိုလိမ့်မည်။ သင်က “သို့ဆိုလျှင် အနာဂတ်တွင် သင့်အတွက် ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက် ရှိတော့မည်မဟုတ်၊ သင်သည် ငရဲ၏ ဆယ့်ရှစ်ထပ်မြောက်အလွှာသို့၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်ခြင်းခံရလိမ့်မည်” ဟု တုံ့ပြန်လိမ့်မည်ဖြစ်ပြီး ၎င်းတို့က “ကျွန်ုပ် မကြောက်ပါ” ဟု ဆိုလိမ့်ဦးမည်ဖြစ်သည်။ အကယ်၍ သင်သည် ၎င်းတို့ကို မတူညီသော အခြားဘာသာစကားဆယ်မျိုးဖြင့် စကားပြောစေနိုင်ပြီး အခြားသူများက ၎င်းတို့ကို ကြည်ညိုလေးစားရန်အလို့ငှာ ကြွားဝါစေနိုင်ပါက ၎င်းတို့သည် သဘောတူပြီး လိုလိုလားလား ရှိကြပေမည်။ ဘုရားသခင်သည် ပုံမှန်လူ့သဘာဝအတွင်း၌ အလွန် သာမန်ဖြစ်စွာ စကားပြောပြီး အလွန် လက်တွေ့ကျကျ အလုပ်လုပ်သည်။ ၎င်းတို့သည် ဤအမှု၏ နည်းလမ်း၊ ပုံစံနှင့် အကြောင်းအရာကို လက်မခံကြပေ။ ယင်းကို မထီမဲ့မြင်ပြုကြသည်။ လူတို့အနေဖြင့် ဤကိစ္စရပ်များကို မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ ဥပမာအားဖြင့် အချို့လူများသည် အမျိုးမျိုးသော အခြားဘာသာစကားများဖြင့် ပြောဆိုနိုင်သည်။ သင်တို့သည် ဤအချက်ကို လက်ခံနိုင်ကြသလော။ ယင်းမှာ ပုံမှန်ဖြစ်သည်ဟု သင်တို့ ထင်သလော သို့မဟုတ် ထူးဆန်းသည်ဟု ထင်သလော။ (ထူးဆန်းပါသည်။) ထို့ကြောင့် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားရှိသော ဘောင်အတွင်း၌ ဤသည်မှာ လက်မခံနိုင်ဖွယ် ဖြစ်သည်။ အရောင်များ၊ ပုံသဏ္ဌာန်များ၊ မျက်နှာများ၊ အမည်များကဲ့သို့သော အရာရာတိုင်းကို မှတ်မိပြီး စာအုပ်တစ်အုပ်၏ စာမျက်နှာ ရာပေါင်းများစွာကို ဖတ်ပြီးနောက် ယင်းကို အစမှအဆုံး ပြန်လည်ပြောပြလျက် မှတ်မိနိုင်သောသူတစ်ဦးကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးနှင့် ထိတွေ့ဆက်ဆံပြီးနောက် သင်တို့သည် ပုံမှန်မဟုတ်သော အရာတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသကဲ့သို့ မခံစားရသလော။ (ခံစားရပါသည်။) သို့သော် အန္တိခရစ်တို့သည် ဤအရာများကို ကြိုက်နှစ်သက်ကြသည်။ ငါ့ကို ပြောကြလော့၊ သင်တို့သည် ဘာသာရေးလောက၌ရှိသောသူများ၊ ဧဝံဂေလိတရားဟောပြောသူများ၊ တရားဟောဆရာများနှင့် သင်းအုပ်များဟုခေါ်သော၊ စုပေါင်း၍ ဖာရိရှဲများဟု သိကြသောသူတို့နှင့် ထိတွေ့ဆက်ဆံသောအခါ ဤလူတို့သည် သင်တို့၏ စိတ်နှလုံးက လိုအပ်သည့်အရာဖြစ်သည်ဟု သင်တို့ ခံစားရသလော၊ သို့မဟုတ် လက်တွေ့ကျသော ဘုရားသခင်သည် သင်တို့၏ စိတ်နှလုံး လိုအပ်သည့်အရာ ဖြစ်သလော။ (ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ကျွန်ုပ်တို့၏ စိတ်နှလုံးများ လိုအပ်သည့်အရာ ဖြစ်ပါသည်။) ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော ဘုရားသခင်သည် သင်တို့၏ အတွင်းစိတ် လိုအပ်ချက်များနှင့် ပို၍ နီးစပ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်တို့သည် ဖာရိရှဲများနှင့် ထိတွေ့ဆက်ဆံသောအခါ ခံစားရပုံ အကောင်းအဆိုးများနှင့် ယင်းက အကျိုးကျေးဇူးတစ်ခုခု ဆောင်ကြဉ်းပေးခြင်း ရှိမရှိဟူသည်တို့ကို ပြောပြကြလော့။ (အကယ်၍ ကျွန်ုပ်သည် ဖာရိရှဲများနှင့် ထိတွေ့ဆက်ဆံပါက အတုအယောင်ဖြစ်ပြီး အလှမ်းဝေးသည်ဟု ခံစားရသည်။ သူတို့ ပြောဆိုသည့်အရာများသည် အလွန် အနှစ်မဲ့ပြီး မှားယွင်းသည်၊ ယင်းကို အလွန်အကျွံ နားထောင်ခြင်းသည် ပျို့အန်ချင်စရာ ဖြစ်လာပြီး သူတို့နှင့် နောက်ထပ် မထိတွေ့မဆက်ဆံလိုတော့ပါ။) ဖာရိရှဲများ ဖော်ပြသော သဘောထားများသည် မှန်ကန်သလော သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သလော။ (မှားယွင်းပြီး အဓိပ္ပာယ်မဲ့ပါသည်။) ၎င်းတို့ သဘောထားများ၏ သဘာဝက မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည်။ ထို့အပြင် ၎င်းတို့ ပြောဆိုသည့်အရာများသည် အများအားဖြင့် လက်တွေ့ကျသလော သို့မဟုတ် အနှစ်မဲ့သလော။ (အနှစ်မဲ့ပါသည်။) လူအများစုသည် ၎င်းတို့ ပြောဆိုသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့ကာ အနှစ်မဲ့သောအရာများအပြင် စိတ်ကူးစိတ်သန်းနှင့် အယူအဆဆိုင်ရာ အရာများကို ကြားရခြင်းအား စက်ဆုပ်ရွံရှာကြသလော သို့မဟုတ် နှစ်သက်ကြသလော။ (လူအများစုက ဤအရာများ ကြားရခြင်းကို စက်ဆုပ်ရွံရှာကြပါသည်။) လူအများစုက ၎င်းတို့ကို မကြိုက်နှစ်သက်ကြသကဲ့သို့ နားထောင်လိုစိတ် မရှိကြပေ။ ၎င်းတို့၏ သဘောထားများနှင့် စကားများကို ကြားသိကာ ၎င်းတို့၏ စိတ်သဘောထားနှင့် အတုအယောင်ဖြစ်ပြီး သူတော်ကောင်းယောင်ဆောင်သော ၎င်းတို့၏ အပြုအမူကို သတိပြုမိပြီးနောက် သင်တို့၏ စိတ်နှလုံးထဲ၌ မည်သည့်အရာကို ခံစားရသနည်း။ သင်တို့ ပို၍ နားထောင်လိုစိတ် ရှိကြသလော။ သင်တို့သည် ၎င်းတို့နှင့် ပို၍ နီးစပ်ရန်၊ ၎င်းတို့နှင့် နက်နဲသော ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန်နှင့် ၎င်းတို့အကြောင်း ပို၍ နားလည်ရန် လိုလားကြပါသလော။ (မလိုလားပါ။) သင်တို့သည် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံလိုစိတ် မရှိကြပေ။ အဓိကပြဿနာမှာ ၎င်းတို့၏ စကားများက အလွန် အနှစ်မဲ့ပြီး သီအိုရီများနှင့် ဆောင်ပုဒ်များဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။ အချိန်အတော်ကြာ နားထောင်ပြီးနောက် ၎င်းတို့ပြောဆိုနေသည့်အရာနှင့်ပတ်သက်၍ သင်တို့ နားမလည်နိုင်ဘဲ ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ စိတ်သဘောထားသည် အတုအယောင်ဖြစ်ပြီး ဟန်ဆောင်တတ်သည်။ ၎င်းတို့သည် နှိမ့်ချဟန်ဆောင်ကြသည်၊ သည်းခံဟန်ဆောင်ကြပြီး ချစ်ခင်ဟန်ဆောင်ကြသည်၊ အထူးသဖြင့် “ရိုသေကိုင်းရှိုင်း” သူတစ်ဦး၊ အတွေ့အကြုံရင့်သော ယုံကြည်သူတစ်ဦး၏ အမူအရာ ရှိဟန်ဆောင်ကြသည်။ သင်တို့သည် ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝကို နောက်ဆုံးတွင် မြင်တွေ့သောအခါ စက်ဆုပ်ရွံရှာမှုကို ခံစားရသည်။ သင်တို့အနေဖြင့် ငါနှင့် နက်ရှိုင်းသော ထိတွေ့ဆက်ဆံမှု များများစားစား မရှိခဲ့ကြပေ။ ငါပေးခဲ့သော တရားဒေသနာများကို သင်တို့ မည်သို့ တွေ့ရှိကြသနည်း။ ယင်းတို့နှင့် ဖာရိရှဲများ ပြောဆိုသည့်အရာတို့ကြား ခြားနားမှု ရှိသလော။ (ရှိပါသည်။) မည်သည့် ခြားနားချက် ရှိသနည်း။ (ဘုရားသခင်၏ တရားဒေသနာများသည် လက်တွေ့ကျပါသည်။) ယင်းမှာ အခြေခံအချက် ဖြစ်သည်။ ထို့အပြင် ငါ ပြောဆိုသည့်အရာသည် သင်တို့၏ လက်တွေ့လုပ်ဆောင်မှု၊ အတွေ့အကြုံများနှင့် သင်တို့၏ တာဝန်များကို ထမ်းဆောင်ရာ၌လည်းကောင်း၊ လက်တွေ့ဘဝ၌လည်းကောင်း ကြုံတွေ့ရသော ကိစ္စရပ်များ၏ အသွင်အပြင်အမျိုးမျိုးနှင့် သက်ဆိုင်ပေသည်။ ယင်းမှာ လက်တွေ့မကျသကဲ့သို့ မရေရာသည့်အရာ မဟုတ်ပေ။ ထို့အပြင် ငါဆွေးနွေးသော သမ္မာတရားတစ်ခုစီ သို့မဟုတ် ကိစ္စရပ်များအပေါ် ငါခံယူသော သဘောထားအမြင်တစ်ခုစီသည် လက်တွေ့ကျသလော သို့မဟုတ် အနှစ်မဲ့သလော။ (လက်တွေ့ကျပါသည်။) အဘယ်ကြောင့် လက်တွေ့ကျသည်ဟု သင် ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် လက်တွေ့ဘဝမှ မသွေဖည်သောကြောင့် ဖြစ်သည်။ ယင်းသည် လက်တွေ့ဘဝကို ကျော်၍ အနှစ်မဲ့သော သီအိုရီများကို ထုတ်ဖော်ပြောဆိုခြင်းအကြောင်း မဟုတ်ပေ။ ယင်းအားလုံးသည် လက်တွေ့ဘဝရှိ လူတို့၏ ပိုင်းခြားသိမြင်မှု၊ နားလည်မှုနှင့် လက်တွေ့လုပ်ဆောင်မှု၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ် အမျိုးမျိုးသော ပြဿနာများနှင့် ကြုံတွေ့ရသောအခါ ၎င်းတို့၌ ပေါ်ပေါက်လာသော အခြေအနေများနှင့် သက်ဆိုင်သည်။ တိုတိုပြောရလျှင် ထိုအရာသည် လူတို့က ဘုရားသခင်၌ မိမိတို့၏ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ပုံ၊ ဘုရားသခင်ကို ယုံကြည်သော ၎င်းတို့၏ အသက်တာများနှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ် ၎င်းတို့၏ အခြေအနေအမျိုးမျိုးနှင့်သက်ဆိုင်သော အကြောင်းအရာများ ပါဝင်သည်။ ငါတို့သည် ကမ္ဘာဦးကျမ်း သို့မဟုတ် ဟေရှာယအနာဂတ္တိကျမ်းကို အနှစ်မဲ့စွာ ရှင်းလင်းတင်ပြရန် သမ္မာကျမ်းစာကို မထုတ်ယူကြသကဲ့သို့ ဗျာဒိတ်ကျမ်းနှင့်ပတ်သက်၍လည်း အနှစ်မဲ့စွာ ငါတို့ မပြောဆိုကြပေ။ ငါသည် ဗျာဒိတ်ကျမ်းကို ဖတ်ရှုခြင်းအား အမုန်းဆုံးဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ မပြောဆိုလိုပေ။ ယင်းနှင့်ပတ်သက်၍ ပြောဆိုခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ အကယ်၍ မည်သည့်ကပ်ဘေး ကျရောက်ခဲ့သည်ကို သင်တို့အား ငါပြောခဲ့ပါက ယင်းမှာ သင်တို့နှင့် အဘယ်သို့ သက်ဆိုင်မည်နည်း။ ယင်းမှာ ဘုရားသခင်၏ အမှု ဖြစ်သည်။ ဘုရားသခင်၏ အမှု ပြည့်စုံလျှင်ပင်၊ သင်တို့ကို မည်သို့ သက်ရောက်မှုရှိမည်နည်း။ သင်တို့ဘာသာသင်တို့ ရှိကြလိမ့်ဦးမည် မဟုတ်လော။ အကယ်၍ မည်သည့်ကပ်ဘေး ကျရောက်ခဲ့သည်ကို သင်တို့အား ငါပြောခဲ့ပါက သင်တို့သည် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားနိုင်မည်လော။ ယင်းမှာ ထိုမျှ အံ့ဩဖွယ်ဖြစ်မည်လော။ ဖြစ်မည်မဟုတ်။ ထို့ကြောင့် လူတို့သည် အဆုံးတိုင် လိုက်လျှောက်သောအခါ အသီးသီးက မိမိတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်း ခံရလိမ့်မည်။ သမ္မာတရားကို လက်ခံနိုင်သောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား နှစ်သက်သောသူများနှင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်သောသူများသည် ခိုင်မာစွာ ရပ်တည်ကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် သို့မဟုတ် တရားဒေသနာများကို နားထောင်ရန် မလိုလားသောသူများ၊ သမ္မာတရားကို လက်ခံရန် တစ်စိုက်မတ်မတ် ငြင်းပယ်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် မလိုလားသောသူများသည် နောက်ဆုံးတွင် ထုတ်ဖော်ခြင်းခံရကာ ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ ၎င်းတို့အနေဖြင့်စုဝေးပွဲများကို တက်ရောက်ပြီး တရားဒေသနာများကို နားထောင်ကြသော်လည်း သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့လုပ်ဆောင်ခြင်းမရှိကြပေ။ မပြောင်းလဲဘဲ ရှိနေကြပြီး တရားဒေသနာများကို နားထောင်ခြင်းအား အလွန်အမင်း မနှစ်မြို့ကြပေ။ ထိုတရားဒေသနာများကို ၎င်းတို့က နားထောင်လိုစိတ် မရှိကြပေ။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ၌ပင် ယင်းမှာ မည်သည့်အခါမျှ မပြောင်းလဲဘဲ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ဖြစ်သည်။ ဤလူတို့သည် မယုံကြည်သူများသက်သက် ဖြစ်ကြသည်။ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောလူများသည် မယုံကြည်သူများနှင့် မကြာခဏ ပေါင်းသင်းဆက်ဆံပြီး အတူတကွ နေထိုင်ပါက ၎င်းတို့ မည်သို့ ခံစားရမည်နည်း။ ၎င်းတို့အနေဖြင့် အကျိုးကျေးဇူး သို့မဟုတ် တည်ဆောက်စရာရှိမည်မဟုတ်သည်သာမက၊ ထိုသူတို့အပေါ် ၎င်းတို့၏ စိတ်နှလုံးထဲမှ ပို၍ပို၍ စက်ဆုပ်ရွံရှာမှုကိုလည်း ခံစားရပေမည်။ သင်တို့သည် ဖာရိရှဲများနှင့် ထိတွေ့ဆက်ဆံပြီး ၎င်းတို့ စကားပြောသည်ကို ကြားရသည်၊ ၎င်းတို့က ရှင်းလင်းစွာနှင့် ယုတ္တိရှိစွာ စကားပြောသည်၊ အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းအားလုံးကို နားလည်နိုင်သောပုံစံဖြင့် ၎င်းတို့က ရှင်းပြသည်၊ ၎င်းတို့၏ စကားများက နက်နဲသော သီအိုရီများ ပါဝင်ပုံရသည်ကို သင်တို့ တွေ့ရှိသော်လည်း ဂရုတစိုက် ဆန်းစစ်လေ့လာသောအခါ ယင်းထဲမှ တစ်ခုကမျှ သမ္မာတရား လက်တွေ့ကျမှု မဟုတ်ဘဲ အားလုံးသည် အနှစ်မဲ့သော သီအိုရီမျှသာ ဖြစ်သည်ဟု ဆိုကြပါစို့။ ဥပမာအားဖြင့် သုံးပါးတစ်ဆူ၏ သီအိုရီ၊ ဓမ္မပညာ၊ ဘုရားသခင်နှင့်ပတ်သက်သော သီအိုရီများ၊ ကောင်းကင်ဘုံ၌ ကောင်းကင်တမန်များနှင့်အတူ ဘုရားသခင် မည်သို့ရှိသည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် သခင်ယေရှုနှင့်အတူရှိသော အခြေအနေတို့ကို ဆွေးနွေးကြသည်။ ဤပြောဆိုမှုအားလုံးကို ကြားပြီးနောက်တွင် သင်တို့ မည်သို့ ခံစားရမည်နည်း။ ရလဒ်က ဒဏ္ဍာရီပုံပြင်များကို နားထောင်ခြင်းနှင့် ဆင်တူပေမည်။ သို့ဆိုလျှင် အန္တိခရစ်တို့သည် ဤကိစ္စရပ်များကို နားထောင်ခြင်းနှင့် ဆွေးနွေးခြင်းကို အဘယ်ကြောင့် နှစ်သက်ကြသနည်း။ ပြီးလျှင် ထိုသို့သော ပုဂ္ဂိုလ်များနှင့် ထိတွေ့ဆက်ဆံရန် ၎င်းတို့ အဘယ်ကြောင့် လိုလားကြသနည်း။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုမှ အဘယ်အရာကို သတိပြုမိနိုင်သနည်း။ စိတ်ထဲတွင်၊ ၎င်းတို့သည် လိုအပ်ချက်တစ်ခုခု ရှိကြသည်။ ယင်းက ၎င်းတို့အား ဤအသိပညာနှင့် လေ့လာသင်ယူမှုတို့ကို ကိုးကွယ်စေပြီး ဖာရိရှဲများ ပိုင်ဆိုင်သော ဤအရာများကို ကိုးကွယ်စေသည်။ သို့ဆိုလျှင် ၎င်းတို့၏ လိုအပ်ချက်မှာ အဘယ်နည်း။ (အခြားသူများ၏ အထင်ကြီးလေးစားခြင်းကို ခံရရန် ဖြစ်ပါသည်။) ၎င်းတို့သည် အခြားသူများ အထင်ကြီးလေးစားရန် လိုအပ်သည်သာမက ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်နက်နေရာများ၌ ၎င်းတို့အနေဖြင့် လူစွမ်းကောင်းများ ဖြစ်ရန်၊ သာလွန်သော ပုဂ္ဂိုလ်များ သို့မဟုတ် အသိပညာဗဟုသုတနှံ့စပ်သော ကျော်ကြားသူများ ဖြစ်ရန် အမြဲ အလိုရှိကြသည်။ ၎င်းတို့က သာမန်လူများ တကယ်ကို မဖြစ်လိုကြပေ။ လူစွမ်းကောင်းများ ဖြစ်ရန် ၎င်းတို့၏ လိုအင်ဆန္ဒသည် အဘယ်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ အရပ်သုံးစကားဖြင့် ဆိုရလျှင် ၎င်းတို့က လက်တွေ့အရှိတရားနှင့် အဆက်ပြတ်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဥပမာအားဖြင့် လူအများစုသည် အလွန်ဆုံးအနေဖြင့်၊ “ငါသာ လေယာဉ်ပျံပေါ်၌ ကောင်းကင်တွင် မြင့်မားစွာ ပျံသန်းနိုင်လျှင် ကောင်းမည်” ဟု ဆန္ဒရှိကောင်း ရှိနိုင်သည်။ ၎င်းတို့၌ ထိုသို့သော ဆန္ဒ ရှိနိုင်သည် မဟုတ်လော။ သို့သော် အန္တိခရစ်တို့၏ ဆန္ဒမှာ အဘယ်နည်း။ “တစ်နေ့နေ့တွင် ငါသည် အတောင်ပံများ ပေါက်ပြီး အဝေးတစ်နေရာသို့ ပျံဝဲသွားချင်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့၌ ထိုသို့သော ပြင်းပြသည့်ဆန္ဒများ ရှိသည်၊ သင်၌ ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ လက်တွေ့မကျသောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် အတောင်ပံကြီးနှစ်ခု တပ်ဆင်ထားသည့်တိုင် ပျံသန်းနိုင်မည်လော။ သင်သည် ထိုသို့သော သတ္တဝါအမျိုးအစား မဟုတ်ပေ၊ မှန်သလော။ (မှန်ပါသည်။) အန္တိခရစ်တို့ကဲ့သို့သော လူများသည် မိမိတို့၏ စိတ်ကူးစိတ်သန်းများအပေါ် အမြဲ အားကိုးကြပြီး မိမိတို့၏ လိုအင်ဆန္ဒများကို စဉ်ဆက်မပြတ် လိုက်စားကြသည်။ ၎င်းတို့ ကယ်တင်ခြင်း ခံရနိုင်သလော။ (မခံရနိုင်ပါ။) ဤသူတို့သည် ဘုရားသခင် ကယ်တင်သော လူအမျိုးအစား မဟုတ်ပေ။ ဘုရားသခင်သည် သမ္မာတရားကို ချစ်မြတ်နိုးသောသူများ၊ လက်တွေ့အရှိတရားကို အာရုံစိုက်သောသူများနှင့် သမ္မာတရားကို လက်တွေ့ကျသောပုံစံဖြင့် လိုက်စားသောသူများကို ကယ်တင်သည်။ လူစွမ်းကောင်းများ သို့မဟုတ် သာလွန်သော ပုဂ္ဂိုလ်များ ဖြစ်ရန် စဉ်ဆက်မပြတ် အလိုရှိသောသူတို့သည် စိတ်မနှံ့သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ပုံမှန်လူများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်လိမ့်မည် မဟုတ်ပေ။
အန္တိခရစ်တို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံသောအခါ ထူးဆန်းသော မေးခွန်းများကို မေးလေ့ရှိကြသည်။ ထိုသို့သော မေးခွန်းများကို ၎င်းတို့ မေးနိုင်ခြင်းသည် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ၎င်းတို့၏ လိုအပ်ချက်များနှင့် မိမိတို့၏ စိတ်နှလုံးထဲ၌ ကိုးကွယ်သည့်အရာကို ကိုယ်စားပြုသည်။ ကနဦးအစတွင် လူ့ဇာတိခံ ဘုရားသခင်အကြောင်း သက်သေခံသည့်အခါ လူအချို့က၊ “ဘုရားသည် အိမ်၌ သမ္မာကျမ်းစာကို ဖတ်ပါသလော။ ယင်းမှာ ကျွန်ုပ်ကိုယ်တိုင်အတွက် မေးနေခြင်း မဟုတ်ပါ၊ အမှန်တကယ်တွင် ကျွန်ုပ်သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ သိချင်စိတ်ပြင်းပြခြင်း မရှိပါ။ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများ ကိုယ်စား မေးမြန်းနေခြင်းသာ ဖြစ်သည်။ သူတို့ထဲမှ များစွာတို့၌လည်း ဤအတွေး ရှိကြသည်။ အကယ်၍ ဘုရားသည် သမ္မာကျမ်းစာကို အမှန်တကယ် မကြာခဏ ဖတ်ရှုပါက သမ္မာကျမ်းစာအကြောင်း ပြောဆိုနိုင်ခြင်းနှင့် သမ္မာတရားကို ဖော်ပြနိုင်ခြင်းသည် အတော်လေး ပုံမှန်ဖြစ်သည်ဟု သူတို့၏ စိတ်နှလုံးထဲ၌ ဆင်ခြင်သုံးသပ်နေကြသည်။ သို့ရာတွင် အကယ်၍ ဘုရားသည် သမ္မာကျမ်းစာကို မဖတ်ဘဲ ရှင်းပြနိုင်နေဆဲဖြစ်ပါက ယင်းမှာ အံ့ဖွယ်အမှုတစ်ခု ဖြစ်ပေလိမ့်မည်။ ထိုအခါ သူသည် အမှန်တကယ် ဘုရားဖြစ်ပေလိမ့်မည်”ဟု အမြဲ စုံစမ်းမေးမြန်းခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ဤသို့ အတိအကျ စကားလုံးဖွဲ့ဆိုခဲ့ခြင်း မဟုတ်သည်မှာ အမှန်ဖြစ်၏။ ၎င်းတို့က၊ “ဘုရားသည် အိမ်၌ သမ္မာကျမ်းစာကို ဖတ်ပါသလော” ဟု တိုက်ရိုက် မေးခဲ့ကြသည်။ သင်တို့ အဘယ်သို့ ထင်မြင်ကြသနည်း။ ယင်းကို ငါ ဖတ်သင့်သလော သို့မဟုတ် မဖတ်သင့်သလော။ ယင်းကို သင်တို့ ဖတ်ကြသလော။ အကယ်၍ သင်တို့သည် ယေရှုကို မယုံကြည်ဖူးပါက၊ ယင်းကို မဖတ်ခြင်းသည် အတော်လေး ပုံမှန်ဖြစ်ပေလိမ့်မည်။ ယုံကြည်ပြီးဖြစ်သော လူတို့သည် ယင်းကို ဖတ်ကြသလော။ (ဖတ်ကြပါသည်။) ယုံကြည်ပြီးဖြစ်သောသူတို့သည် သေချာပေါက် ဖတ်ကြသည်။ ငါသည် ယေရှုကို ယုံကြည်ခြင်းဖြင့် စတင်ခဲ့သည်၊ သို့ဖြစ်၍ သမ္မာကျမ်းစာကို အဘယ်သို့ဖြစ်ပြီး ငါ မဖတ်ဘဲ နေနိုင်မည်နည်း။ အကယ်၍ ယင်းကို ငါ မဖတ်ခဲ့ပါက အဘယ်သို့နည်း။ (ယင်းမှာလည်း ပုံမှန်ပင် ဖြစ်ပါသည်။) သမ္မာကျမ်းစာကို ဖတ်ခြင်းသည် ပုံမှန်ဖြစ်သည်၊ မဖတ်ခြင်းသည်လည်း ပုံမှန်ပင် ဖြစ်သည်မှာ အမှန်ဖြစ်၏။ ယင်းကို ဖတ်ခြင်း သို့မဟုတ် မဖတ်ခြင်းသည် အဘယ်အရာကို ဆုံးဖြတ်ပေးသနည်း။ အကယ်၍ ငါသည် ဤအနေအထား၌ မရှိခဲ့ပါက သမ္မာကျမ်းစာကို ငါ ဖတ်ဖူးခြင်း ရှိမရှိဟူသည်ကို မည်သူ ဂရုစိုက်မည်နည်း။ (ဂရုစိုက်မည်မဟုတ်ပါ။) ငါအဘယ်အရာကို ဖတ်ဖူးသည်ကို မည်သူမျှ စုံစမ်းမေးမြန်းမည် မဟုတ်ပေ။ ဤအထူးအနေအထား၌ ရှိနေသောကြောင့် လူအချို့သည် ဤကိစ္စရပ်ကို လေ့လာကြခြင်း ဖြစ်သည်။ ၎င်းတို့က “သူသည် ငယ်စဉ်က သမ္မာကျမ်းစာကို ဖတ်ခဲ့ဖူးပါသလော” ဟု မေးလျက် အမြဲ စပ်စုနေကြသည်။ အတိအကျအားဖြင့် အဘယ်အရာကို ၎င်းတို့ သိလိုကြသနည်း။ ယင်းကို ငါ ဖတ်ဖူးခြင်း ရှိမရှိဟူသည့်အပေါ် မူတည်၍ ဖြစ်နိုင်ခြေရှိသော ရှင်းပြချက်နှစ်ခု ရှိသည်။ အကယ်၍ ငါသည် ယင်းကို ဖတ်ဖူးပါက သမ္မာကျမ်းစာကို ရှင်းပြနိုင်ခြင်းသည် ကြီးမားသည့်ကိစ္စ မဟုတ်ဟု ၎င်းတို့ ခံစားကြရသည်။ သို့ရာတွင် ငါက သမ္မာကျမ်းစာကို မဖတ်ဖူးဘဲ ယင်းကို ရှင်းပြနိုင်နေဆဲဖြစ်ပါက ယင်းမှာ အတော်အတန် ဘုရားနှင့်တူသောအရာဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အလိုရှိသော ရလဒ် ဖြစ်သည်။ ၎င်းတို့သည် ဤအရာ၏ အခြေခံအကြောင်းရင်းကို သိလိုကြသည်။ ၎င်းတို့က “အကယ်၍ သင်သည် သမ္မာကျမ်းစာကို မဖတ်ဖူးဘဲ ဤမျှ ငယ်သောအရွယ်၌ ဆွေးနွေးနိုင်နေဆဲဖြစ်ပါက ယင်းမှာ စုံစမ်းစစ်ဆေးထိုက်သည်။ ဤသည်မှာ ဘုရားဖြစ်၏” ဟု တွေးကြသည်။ ယင်းမှာ ၎င်းတို့၏ သဘောထားအမြင်ဖြစ်ပြီး ဘုရားသခင်ကို ဤပုံစံဖြင့် ၎င်းတို့က လေ့လာကြသည်။ ယခု ကျမ်းစာ ကျွမ်းကျင်သော ထိုဖာရိရှဲများကို ဆင်ခြင်သုံးသပ်ကြည့်လော့။ ၎င်းတို့သည် ကျမ်းစာ၏ နှုတ်ကပတ်တော်များကို အမှန်တကယ် နားလည်ခဲ့ကြသလော။ ကျမ်းစာမှ သမ္မာတရားကို ၎င်းတို့ ရှာဖွေတွေ့ရှိခဲ့ကြသလော။ (မတွေ့ရှိခဲ့ပါ။) ယခု ငါ့အား သမ္မာကျမ်းစာကို ဖတ်ဖူးခြင်း ရှိမရှိ မေးခဲ့သောသူတစ်ဦးတလေက ဤအကြောင်းကို စဉ်းစားခဲ့သလော။ အကယ်၍ ၎င်းတို့အနေဖြင့် ဆင်ခြင်သုံးသပ်ခဲ့ပါက ဤကိစ္စရပ်ကို ၎င်းတို့ စဉ်ဆက်မပြတ် စုံစမ်းနေမည်မဟုတ်။ အလွန် မိုက်မဲသည့်အရာတစ်ခုကို ၎င်းတို့ ပြုလုပ်မည်မဟုတ်ပေ။ သမ္မာတရားကို နားမလည်သောသူ သို့မဟုတ် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောသူ၊ ဘုရားသခင်၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာကို ထိုးထွင်းမမြင်နိုင်သော လူတို့သည် အဆုံး၌ ယင်းကို ဖြေရှင်းရန် ထိုသို့သော နည်းလမ်းတစ်ခုကို အားကိုးကြသည်။ ဤနည်းလမ်းသည် ထိုကိစ္စကို ဖြေရှင်းနိုင်သလော။ မဖြေရှင်းနိုင်ပေ။ ယင်းသည် သိလိုစိတ်ပြင်းပြမှု အနည်းငယ်ရှိသည့် ပြဿနာလေးကိုသာ ဖြေရှင်းနိုင်သည်။ အမှန်တွင် ငါသည်လည်း သမ္မာကျမ်းစာကို ဖတ်သည်။ ယုံကြည်သူများထဲတွင် မည်သူသည် သမ္မာကျမ်းစာကို မဖတ်ဘဲ နေသနည်း။ ငါက ထိုသမ္မာကျမ်းစာကို အခြေခံကျကျ ဖတ်ရှုသည်။ အနည်းဆုံးအားဖြင့် ဓမ္မသစ်ကျမ်းမှ ခရစ်ဝင်ကျမ်းလေးစောင်ကို ငါဖတ်သည်။ ဗျာဒိတ်ကျမ်းနှင့် ကမ္ဘာဦးကျမ်းကို လှန်လှောကြည့်ပြီး ဟေရှာယအနာဂတ္တိကျမ်းကို ကြည့်ရှုသည်။ ဖတ်ရှုရန် ငါ အနှစ်သက်ဆုံးမှာ အဘယ်အရာဖြစ်သည်ဟု သင်တို့ ထင်သနည်း။ (ယောဘဝတ္ထု ဖြစ်ပါသည်။) အတိအကျပင်ဖြစ်၏။ ယောဘဝတ္ထုပါ ဇာတ်လမ်းသည် ပြည့်စုံပြီး တိကျသည်၊ နှုတ်ကပတ်တော်များသည် နားလည်ရန် လွယ်ကူသည်၊ ထို့အပြင် ဤဇာတ်လမ်းသည် တန်ဖိုးရှိပြီး ယနေ့ခေတ်လူတို့အတွက် အထောက်အကူဖြစ်စေနိုင်ကာ တည်ဆောက်စရာ ဖြစ်စေနိုင်သည်။ ယောဘ၏ ဇာတ်လမ်းသည် နောင်လာနောက်သားများအပေါ် ကြီးမားသော သက်ရောက်မှု အမှန်ရှိခဲ့ကြောင်းကို အချက်အလက်များက ယခုတွင် ပြသခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် ယောဘမှတစ်ဆင့် သမ္မာတရားများစွာကို နားလည်ခဲ့ကြသည်၊ ဘုရားသခင်အပေါ် သူ၏ သဘောထားအပြင် သူအပေါ် ဘုရားသခင်၏ သဘောထားနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တို့မှ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ဘုရားသခင်ကို ယုံကြည်ပြီးနောက် ၎င်းတို့ လျှောက်လှမ်းသင့်သော လမ်းကြောင်းအမျိုးအစားကို နားလည်ခဲ့ကြသည်။ လူတို့အနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် အချို့သော နည်းလမ်းများအပြင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် အချို့သော နည်းလမ်းများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် ယောဘဝတ္ထုကို နောက်ခံအဖြစ် ငါ အသုံးပြုသည်။ ဤဇာတ်လမ်းသည် အမှန်တကယ် တန်ဖိုးရှိသည်။ ယင်းမှာ လူတစ်ဦးက မိမိ၏ အားလပ်ချိန်၌ ဖတ်ရှုသင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်က လူ့ဇာတိခံယူသည်ကို လူအချို့က မြင်တွေ့ပြီး ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် ပုံမှန်ဖြစ်မှုကို မျက်မြင်တွေ့ရှိသောအခါ သူသည် အမှန်တကယ် ဘုရားသခင် ဟုတ်မဟုတ်ဟူသည်ကို သို့မဟုတ် အနာဂတ်တွင် အဘယ်အရာ ဖြစ်မည်ကို အပြည့်အဝ မတွက်ဆနိုင်ကြပေ။ သို့ရာတွင် သမ္မာတရားအချို့ကို နားလည်ပြီးနောက် ၎င်းတို့သည် ဤမေးခွန်းများကို လက်လွှတ်လိုက်ကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်များကို စုံစမ်းလေ့လာခြင်း သို့မဟုတ် အရေးစိုက်ခြင်းကို ရပ်တန့်ပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်း၊ မိမိတို့ လျှောက်လှမ်းသင့်သော လမ်းကြောင်းကို ကောင်းစွာ လျှောက်လှမ်းခြင်းနှင့် မိမိတို့ လုပ်ဆောင်သင့်သော အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်းတို့အပေါ် အာရုံစိုက်ကြသည်။ သို့သော် လူအချို့အတွက်မူ ဤအရာကို ၎င်းတို့ မည်သည့်အခါမျှ လက်လွှတ်ကြလိမ့်မည် မဟုတ်။ ၎င်းတို့က ထိုအရာကို မရမက လေ့လာကြသည်။ သင်တို့ အဘယ်သို့ ထင်မြင်ကြသနည်း၊ ဤကိစ္စရပ်ကို ငါ ဝင်ရောက်ဖြေရှင်းပေးသင့်သလော။ ယင်းကို ငါ အရေးစိုက်သင့်သလော။ ယင်းကို အာရုံစိုက်ရန် မလိုအပ်ပေ။ သမ္မာတရားကို လက်ခံသောသူတို့သည် ယင်းကို စုံစမ်းလေ့လာခြင်းအား အလိုအလျောက် ရပ်တန့်ကြစဉ်တွင်၊ သမ္မာတရားကို လက်မခံသောသူတို့မှာမူ ယင်းကို ဆက်လက်၍ လုပ်ဆောင်နေကြသည်။ ဤစုံစမ်းလေ့လာခြင်းသည် အဘယ်အရာကို ညွှန်ပြသနည်း။ စုံစမ်းလေ့လာခြင်းသည် အတိုက်အခံလုပ်ခြင်း ပုံစံတစ်မျိုး ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ထိုသို့သောစကားတစ်ခွန်းရှိသည်။ အတိုက်အခံလုပ်ခြင်း၏ ရလဒ်မှာ အဘယ်နည်း။ (သေခြင်း ဖြစ်ပါသည်။) အတိုက်အခံလုပ်ခြင်းက သေခြင်းသို့ ဦးတည်စေသည်။
အချို့သော အန္တိခရစ်တို့သည် ဤအမှုတော်အဆင့်ကို လက်ခံပြီးဖြစ်သော်လည်း လူ့ဇာတိခံ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်သော အမှုတော်၌ သဘာဝလွန် အချက်တစ်ခုခု ရှိမရှိ၊ ပုံမှန်လူ့သဘာဝ၏ ဘောင်ကို ကျော်လွန်သော အချက်များ ရှိမရှိ၊ သူ၏ ပင်ကိုလက္ခဏာကို ဘုရားသခင်အဖြစ် သက်သေပြနိုင်သော အချက်များ ရှိမရှိဟူသည်တို့ကို မကြာခဏ အရေးထားတတ်ကြသည်။ ၎င်းတို့သည် ငါ၏ စကားပြောပုံ၊ ငါစကားပြောစဉ် ငါ၏ အမူအရာနှင့် အကြည့်၊ ငါ၏ လုပ်ဆောင်ချက်များနှင့် စည်းမျဉ်းများကို မမောမပန်း လေ့လာလျက် ဤကိစ္စရပ်များကို မကြာခဏ စုံစမ်းလေ့လာကြသည်။ ဤစုံစမ်းလေ့လာမှုအတွက် အဘယ်အရာကို ၎င်းတို့ အသုံးပြုကြသနည်း။ ယင်းကို ၎င်းတို့က မိမိတို့နားလည်သဘောပေါက်သည့် ထင်ရှားပြီး ကြီးမြတ်သောလူတို့၏ ပုံသဏ္ဌာန် သို့မဟုတ် စံနှုန်းနှင့် တိုင်းတာပြီး လေ့လာကြသည်။ အချို့က “သင်သည် လူ့ဇာတိခံ ဘုရားဖြစ်သောကြောင့် သင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် သာမန်လူတို့နှင့် သေချာပေါက် ကွဲပြားရမည်။ သို့ဆိုလျှင် သင်သည် အဘယ်အရာတွင် တော်သနည်း။ သင့်နောက်သို့ ကျွန်ုပ်တို့ လိုက်ရန်နှင့် သင့်ကို နာခံရန်၊ သင့်ကို ကျွန်ုပ်တို့၏ ဘုရားအဖြစ် လက်ခံရန် လုံလောက်သော အဘယ်အထူးအရည်အသွေးများ သင်၌ ရှိသနည်း” ဟုပင် မေးကြသည်။ ဤမေးခွန်းသည် ငါ့ကို အမှန်ပင် အဖြေရခက်သွားစေသည်။ ရိုးရိုးသားသား ပြောရလျှင် ငါသည် မည်သည့်အရာတွင်မျှ မတော်ပေ။ ငါ၌ အရပ်ရှစ်မျက်နှာကို မြင်နိုင်သော မျက်စိများ သို့မဟုတ် အရပ်ရှစ်မျက်နှာမှ ကြားနိုင်သော နားများ မရှိပေ။ စာသားများကို ဖတ်ရှုခြင်းနှင့် ပတ်သက်လာလျှင် ငါသည် တစ်ချက်ကြည့်ရုံဖြင့် စာကြောင်းဆယ်ကြောင်းကို မဖတ်နိုင်သကဲ့သို့ ဖတ်ပြီး ခဏအကြာတွင် ငါဖတ်ခဲ့သည့်အရာကို မေ့သွားသည်။ ဂီတအကြောင်း ငါ အနည်းငယ် သိသော်လည်း ပုံနှိပ်ဂီတသင်္ကေတစာရွက်ကို မဖတ်တတ်ပေ။ အခြားတစ်စုံတစ်ယောက်က သီချင်းတစ်ပုဒ်ကို အကြိမ်အနည်းငယ် ဆိုပါက ငါလိုက်ဆိုနိုင်သော်လည်း ယင်းကို တော်သည်ဟု သတ်မှတ်၍ရသလော။ ငါသည် အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုခြင်း သို့မဟုတ် အချို့သော အခြားဘာသာစကားတစ်မျိုးမျိုးကို ပြောဆိုခြင်းကဲ့သို့သော အထူးအရည်အချင်းတစ်ခုခု ရှိသလော။ ငါသည် ဤအရာများထဲမှ တစ်ခုတလေကိုမျှ မလုပ်ဆောင်နိုင်ပေ။ သို့ဆိုလျှင် အဘယ်အရာတွင် ငါ တော်သနည်း။ ငါသည် ဂီတ၊ ပန်းချီ၊ အက၊ စာပေ၊ ရုပ်ရှင်နှင့် ဒီဇိုင်းတို့အကြောင်း အနည်းငယ် သိသည်။ ငါ၌ ဤနယ်ပယ်များနှင့်ဆိုင်သည့် အပေါ်ယံနားလည်မှု ရှိသည်။ ကျွမ်းကျင်သူများနှင့် သီအိုရီများကို ဆွေးနွေးသောအခါ ယင်းမှာ ငါ့အတွက် အပြင်လူစကားများသာ ဖြစ်သည်။ သို့သော် ထိုအရာကို ငါ မြင်သောအခါ နားလည်နိုင်သည်။ ဥပမာအားဖြင့် ဗိသုကာဒီဇိုင်း၌ ပညာရပ်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ အချက်အလက်များ ပါဝင်ပါက ငါ နားမလည်ပေ။ သို့ရာတွင် အရောင်အသွေးများနှင့် ပုံစံများ၏ လိုက်ဖက်ညီမှုအကြောင်းဖြစ်လျှင်မူ ငါအနည်းငယ် သိပြီး ထိုးထွင်းသိမြင်မှုအချို့ ရှိသည်။ သို့သော် ငါသည် ဤနယ်ပယ်၌ ကျွမ်းကျင်သူ သို့မဟုတ် အရည်အချင်းရှိသူတစ်ဦး ဖြစ်လာရန် လေ့လာနိုင်ခြင်း ရှိမရှိမှာမူ ငါမလေ့လာခဲ့ဖူးသောကြောင့် ပြောရန် ခက်ခဲသည်။ လူတို့ လက်ရှိ လက်လှမ်းမီနိုင်သည့်အရာ၊ ဂီတ၊ စာပေ၊ အကနှင့် ရုပ်ရှင်၊ ငါတို့ အသင်းတော်၏ ပညာရပ်ဆိုင်ရာ အလုပ်၏ ဘောင်အတွင်းရှိ အရာများကို ဆင်ခြင်သုံးသပ်လျှင် အနည်းငယ် သင်ယူခြင်းသည် ငါ့အား အခြေခံနားလည်မှုတစ်ခု ပေးနိုင်သည်။ အချို့က “ယခု ကျွန်ုပ်သည် သင်၏ နောက်ခံအကြောင်းအရာကို သိပြီ၊ သင်၌ အခြေခံနားလည်မှုတစ်ခုသာ ရှိသည်”ဟု ဆိုကောင်းဆိုနိုင်သည်။ ငါသည် မမှန်မကန်သောစကားကို မပြော။ အမှန်ပင် ငါ၌ အခြေခံနားလည်မှုတစ်ခုသာ ရှိသည်။ သို့ရာတွင် သင်တို့ သဘောမပေါက်နိုင်သော အရာတစ်ခုရှိပြီး ယင်းမှာ ငါ၏ အထူးကျွမ်းကျင်မှု ဖြစ်ကောင်းဖြစ်နိုင်သည်။ အဘယ်အထူးကျွမ်းကျင်မှု ဖြစ်သနည်း။ အချို့သော နယ်ပယ်တစ်ခုနှင့်သက်ဆိုင်သော ပညာရပ်သည် မည်သို့ဖြစ်သည်၊ အချို့သော အနုပညာတစ်ခုကို မည်သို့ ဖော်ပြသည်၊ ယင်း၌ ပါဝင်သော ဘောင်နှင့် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ဟူသည်တို့ကို ငါနားလည်သည်။ ဤအရာများကို ကျွမ်းကျင်ပြီးနောက် ဤအသုံးဝင်သော အရာများကို အသင်းတော်၏ အလုပ်၌ မည်သို့ အသုံးချရမည်၊ ယင်းတို့ကို ဧဝံဂေလိအလုပ်အတွက် အစေခံစေပြီး နောက်ဆုံးသော ကာလနှင့်ဆိုင်သည့် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရာ၌ ထိရောက်မှု ရရှိစေရန် မည်သို့အသုံးပြုရမည်ကို ငါသိသည်။ ဤသည်မှာ အထူးကျွမ်းကျင်မှုတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) ယနေ့ခေတ်တွင် လူသားမျိုးနွယ် အချို့တဲ့ဆုံးအရာနှင့်ပတ်သက်၍ လူတို့အား မြင်တွေ့ကာ လက်ခံခွင့်ပေးလျက် မှန်ကန်သည့် နည်းလမ်းများကို အသုံးပြုပြီး ဆီလျော်သော သမ္မာတရားကို အသိပေးနိုင်ပါက၊ ဤသည်မှာ အထိရောက်ဆုံး ဖြစ်သည်။ အကယ်၍ သင်သည် လူတို့ လက်ခံနိုင်သော နည်းလမ်းတစ်ခုကို ခံယူကျင့်သုံးပြီး သမ္မာတရားကို ရှင်းလင်းစွာ တင်ပြနိုင်ကာ ဘုရားသခင်၏ အမှုတော်ကို ရှင်းပြနိုင်ပါက၊ အားလုံးက ပုံမှန်လူသား တွေးခေါ်မှုကလက်ခံပြီး သဘောပေါက်နိုင်သည့် နည်းလမ်းတစ်ခုဖြင့်ဖြစ်ပါက၊ ဤသည်မှာ လူတို့အတွက် အလွန့်အလွန် အကျိုးရှိသည်။ အကယ်၍ ငါတို့သည် ငါတို့ ပိုင်ဆိုင်သော အပေါ်ယံအသိပညာကို အသုံးပြုပြီး ဤအသုံးဝင်သော အရာအားလုံးကို အသုံးချပါက ဤသို့သော အထူးကျွမ်းကျင်မှုကို ပိုင်ဆိုင်ရန် လုံလောက်ပေသည်။ ငါသည် အမှုအရာတစ်ခု၌ ထူးချွန်သည်၊ ထိုအရာကို သင်တို့ သိရှိပြီးပြီလော။ (ဘုရားသခင်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ရာ၌ ထူးချွန်ပါသည်။) သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် ကျွမ်းကျင်မှုတစ်ခုအဖြစ် သတ်မှတ်သလော။ ယင်းမှာ အထူးကျွမ်းကျင်မှုတစ်ခု မဟုတ်လော။ သို့ဆိုလျှင် ငါသည် အဘယ်အရာတွင် တော်သနည်း။ ငါသည် သင်တို့အားလုံးအတွင်းရှိ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရှာဖွေတွေ့ရှိရာ၌ ထူးချွန်သည်။ အကယ်၍ ငါသည် ဤအရာ၌ မတော်ခဲ့ပါက ငါ့ကို ပြောကြလော့၊ သင်တို့နှင့်ပတ်သက်၍ ပြဿနာများ ပေါ်ပေါက်သည့်အခါတိုင်း ထိုပြဿနာများက မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သို့မဟုတ် သဘာဝအနှစ်သာရအား ထုတ်ဖော်ပြသည်ကို ငါ မသိခဲ့ပါက ငါ မည်သို့ အမှုပြုနိုင်မည်နည်း။ ယင်းမှာ မဖြစ်နိုင်ပေ။ သင်တို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရှာဖွေတွေ့ရှိခြင်းသည် ငါ အတော်ဆုံးအရာဖြစ်သည်ဟု ဆိုခြင်းက မှန်ကန်သလော။ (မှန်ကန်ပါသည်။) ယင်းမှာ ငါ အတော်ဆုံးအရာ ဖြစ်သင့်သည်။ ငါသည် လူတစ်ဦးချင်းစီ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်းတို့၏ သဘာဝအနှစ်သာရကို ခွဲခြားသတ်မှတ်ရာ၌ အတော်ဆုံး ဖြစ်သည်။ ငါသည် တစ်စုံတစ်ဦး လျှောက်လှမ်းသော လမ်းကြောင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားကို သူတို့၏ သဘာဝအနှစ်သာရအပေါ် အခြေခံ၍ ပိုင်းခြားသိမြင်ရာတွင် ထူးချွန်သည်။ ထို့နောက် ၎င်းတို့၏ သရုပ်သကန်များ၊ အပြုအမူများနှင့် အနှစ်သာရတို့မှတစ်ဆင့် ငါသည် ၎င်းတို့၏ တိကျသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းကာ ၎င်းတို့၏ ပြဿနာများကို ကူဖြေရှင်းပေးပြီး ထိုပြဿနာများမှ လွတ်မြောက်ရန် ကူညီလျက် ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့သည်။ အမှန်တွင် ဤသည်မှာ ကျွမ်းကျင်မှုတစ်ခု မဟုတ်ပေ။ ငါ၏ အမှုတော်ဖြစ်သည်။ ယင်းမှာ ငါ၏ တာဝန်ဘောင်အတွင်း ကျရောက်သော အလုပ် ဖြစ်သည်။ သင်တို့သည် ဤအရာ၌ ကျွမ်းကျင်ကြသလော။ (မကျွမ်းကျင်ကြပါ။) သို့ဆိုလျှင် သင်တို့သည် အဘယ်အရာ၌ ကျွမ်းကျင်ကြသနည်း။ (ဖောက်ပြန်ပျက်စီးမှုကို ပြသရာ၌ ကျွမ်းကျင်ပါသည်။) သင်တို့သည် ဖောက်ပြန်ပျက်စီးမှုကို ပြသရာ၌ ကျွမ်းကျင်သည်ဟု ဆိုခြင်းမှာ မတိကျပေ။ သမ္မာတရားကို ကြားပြီးနောက် သင်တို့က တို့ထိမှုမခံစားရခြင်း၊ ယင်းကို ပေါ့ပေါ့တန်တန် သဘောထားခြင်းနှင့် သင်တို့၏ တာဝန်ကို ထမ်းဆောင်စဉ် ထိုတာဝန်ကို အလေးအနက်မထားဘဲ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် လုပ်ဆောင်ရာ၌ ကျွမ်းကျင်ကြသည်။ ထိုသို့ မဟုတ်လော။ (ဟုတ်ပါသည်။) ငါသည် သင်တို့အား ဤအရာများကို ပွင့်လင်းစွာ ပြောဆိုသည်။ ဖာရိရှဲများနှင့် အန္တိခရစ်တို့သည် သင်တို့အား ဤသို့သော နည်းလမ်းဖြင့် စကားပြောဆိုနိုင်ကြသလော။ (မပြောဆိုနိုင်ပါ။) ၎င်းတို့သည် ဤသို့ လုံးဝ မပြောဆိုကြပေ။ အဘယ်ကြောင့် မပြောဆိုကြသနည်း။ ၎င်းတို့က ထိုအရာကို ရှက်ဖွယ်ကောင်းသောအရာ၊ လူ့သဘာဝ၌ ချို့တဲ့မှုတစ်ခု၊ သီးသန့်ဖြစ်တည်မှုနှင့် လူတစ်ဦး၏ နောက်ခံအကြောင်းအရာ ကိစ္စရပ်တစ်ခုအဖြစ် မှတ်ယူကြသည်။ ၎င်းတို့က “ငါ၏ နောက်ခံအကြောင်းအရာကို အခြားသူများအား မည်သို့ သိခွင့်ပြုနိုင်မည်နည်း။ အကယ်၍ ထိုသို့ ဖြစ်ခဲ့ပါက ငါသည် ဂုဏ်၊ သိက္ခာနှင့် အဆင့်အတန်းအားလုံး ဆုံးရှုံးမည် မဟုတ်လော။ သို့ဆိုလျှင်ငါ မည်သို့ ကျင့်ကြံပြုမူရတော့မည်နည်း”ဟု ဆိုကြသည်။ ၎င်းတို့၏ အဆိုအရ ၎င်းတို့သည်လည်း အသက်မရှင်တော့ဘဲ နေလိုက်မည်ဖြစ်သည်။ ထို့ကြောင့် ငါ၏ အခြေအနေကို သင်တို့နှင့် ဤသို့ ပွင့်လင်းစွာ မျှဝေပြီးနောက် ယင်းမှာ သင်တို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် သက်ရောက်မှုရှိသလော။ (မရှိပါ။) သင်တို့၌ ယင်းနှင့်ပတ်သက်၍ အတွေးအခေါ်အချို့ ရှိလျှင်ပင်၊ ငါ မကြောက်။ အဘယ်ကြောင့် ငါ မကြောက်သနည်း။ အတွေးအခေါ်အချို့ ရှိခြင်းသည် ပုံမှန်ဖြစ်သည်၊ ယာယီ ဖြစ်သည်။ လူတို့သည် အမြင်ဆိုင်ရာ၊ အကြားဆိုင်ရာ လှည့်စားမှုများကို အခါအားလျော်စွာ တွေ့ကြုံရနိုင်သည်။ ယာယီဖြစ်သော၊ လွဲမှားသော နားလည်မှု သို့မဟုတ် ခဏတာ အထင်လွဲမှားမှုတစ်ခုနှင့်ဆိုင်သည့် ဖြစ်နိုင်ခြေက အမြဲ ရှိနေသည်။ ယင်းမှာ လူတို့အနေဖြင့် ဤအကြောင်းကြောင့် လက်လျှော့လိုက်ကြမည် သို့မဟုတ် အပျက်သဘောဆောင်ပြီး အားနည်းလာမည်ဟု ဆိုလိုသလော။ သို့သော် သင်သည် သမ္မာတရားကို စစ်မှန်စွာ လိုက်စားသော တစ်စုံတစ်ဦးဖြစ်ပါက သင်သည် ခဏတာ အယူအဆများကြောင့် ဘုရားသခင်ကို ငြင်းပယ်နိုင်မည်လော သို့မဟုတ် ဘုရားသခင်ကို စွန့်ခွာနိုင်မည်လော။ စွန့်ခွာနိုင်မည်မဟုတ်။ သမ္မာတရားကို စစ်မှန်စွာ လိုက်စားသော လူတို့သည် ဤကိစ္စရပ်များကို မှန်ကန်စွာ ချဉ်းကပ်ပြီး သဘောပေါက်နားလည်နိုင်ကြသည်။ ၎င်းတို့သည် ဤအချက်အလက်များကို ပုံမှန်အတိုင်း အမှုမဲ့အမှတ်မဲ့ဖြင့် လက်ခံနိုင်ကြပြီး ယင်းတို့ကို ဘုရားသခင်အပေါ် စစ်မှန်သော အသိပညာ၊ ဓမ္မဓိဋ္ဌာန်ကျပြီး တိကျသော အသိပညာတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲနိုင်ကြသည်။ ဤသည်မှာ သမ္မာတရားကို စစ်မှန်သော နားလည်မှု ဖြစ်သည်။ တစ်နေ့တွင် တစ်စုံတစ်ဦးက “လူ့ဇာတိခံ ဘုရားသည် အလွန် သနားစရာကောင်းသည်၊ သူသည် သမ္မာတရားကို ပြောဆိုခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ပါ”ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသည်မှာ မည်သို့သော လေသံမျိုး ဖြစ်သနည်း။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ လေသံ ဖြစ်သည်။ သင်တို့သည် ၎င်းတို့နှင့် သဘောတူပါသလော။ (သဘောမတူပါ။) အဘယ်ကြောင့် သင်တို့ သဘောမတူသနည်း။ (သူတို့ ပြောသည့်အရာသည် ဖြစ်မှန်မဟုတ်ပါ။) ၎င်းတို့ ပြောသည့်အရာက အဖြစ်မှန်ဖြစ်သည်။ သူ၏ မိန့်မြွက်ချက်၌ သမ္မာတရားကို ဖော်ပြနိုင်ခြင်းမှလွဲ၍ လူ့ဇာတိခံ ဘုရားသခင်က အခြားအရာတစ်ခုတလေအား မည်သို့လုပ်ဆောင်ရမည်ကို မသိပေ။ သူ၌ သီးခြားကျွမ်းကျင်မှုတစ်ခု မရှိပေ။ ဤသည်မှာ သနားစရာကောင်းသလော။ သင်တို့အနေဖြင့် ထိုသို့ ထင်မြင်ကြသလော။ (မထင်မြင်ပါ။) သို့ဆိုလျှင် သင်တို့ အဘယ်သို့ ထင်မြင်ကြသနည်း။ လူအချို့က “ဘုရားသခင်သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်လျက် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သောကြောင့်သာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အဖြစ် ကျွန်ုပ်တို့က ကယ်တင်ခြင်းကို ရရှိရန် အခွင့်အရေး ရှိကြခြင်းဖြစ်သည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့အားလုံးသည် ငရဲ၌ အဆုံးသတ်ကြပေလိမ့်မည်။ ကျွန်ုပ်တို့သည် ယခု ကြီးမားသော အကျိုးကျေးဇူးတစ်ခုကို ရရှိနေကြသည်၊ ဒါကြောင့် ထိုအရာကို တိတ်တဆိတ် မွေ့လျော်ခံစားကြစို့” ဟု ဆိုကြသည်။ သင်တို့၌ ဤခံစားချက် ရှိသလော။ (ရှိပါသည်။) သို့သော် လူအချို့မှာမူ ကွဲပြားကြသည်။ ၎င်းတို့က “ဘုရားသည် စကားပြောရုံသာ ပြောနေသည်၊ သူ့၌ သဘာဝလွန်သော အရာတစ်ခုမျှ မရှိပါ။ ကျွန်ုပ် အဘယ်အရာကို ရရှိနေသနည်း။ ကျွန်ုပ်၌ ဘုရားနှင့်ပတ်သက်၍ ကိုယ်ပိုင်အယူအဆများနှင့် အတွေးအခေါ်များ ရှိပြီး ဘုရားကို သူ၏ နောက်ကွယ်၌ ဝေဖန်သော်လည်း ဘုရားသည် ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ခြင်းမရှိခဲ့ပေ။ ကျွန်ုပ်သည် ဆင်းရဲဒုက္ခ မခံစားခဲ့ရသကဲ့သို့ အပြစ်ပေးခြင်းလည်း မခံခဲ့ရပါ” ဟု ခံစားကြရသည်။ တဖြည်းဖြည်းနှင့် ၎င်းတို့၏ ရဲတင်းမှုက ကြီးထွားလာပြီး မည်သည့်စကားကိုမဆို ၎င်းတို့က ပြောဆိုဝံ့ကြသည်။ လူအချို့က “ဤသည်မှာ သင်တို့ လူ့ဇာတိခံ ဘုရားကို သိကျွမ်းသင့်သည့်ပုံစံ ဖြစ်သည်၊ သူ စကားပြောသောအခါ၊ အမှုပြုပြီး သမ္မာတရားကို ဖော်ပြသောအခါ ယင်းမှာ အတွင်း၌ အမှုပြုနေသော ဘုရား၏ ဝိညာဉ်တော်ဖြစ်ပြီး လူ့ဇာတိသည် အခွံတစ်ခု၊ တန်ဆာပလာတစ်ခုမျှသာ ဖြစ်သည်။ စစ်မှန်သော အနှစ်သာရမှာ ဘုရား၏ ဝိညာဉ်တော်ဖြစ်သည်။ စကားပြောနေသည်မှာ ဘုရား၏ ဝိညာဉ်တော် ဖြစ်သည်။ ဘုရား၏ ဝိညာဉ်တော်မဟုတ်လျှင်၊ လူ့ဇာတိသည် ထိုနှုတ်ကပတ်တော်များကို ပြောဆိုနိုင်မည်လော” ဟု ဆိုကြသည်။ သင်တို့ နားထောင်သောအခါ ဤစကားများသည် မှန်ကန်ပုံရသော်လည်း ယင်းတို့က အဘယ်အဓိပ္ပာယ်ကို ဆောင်ကြဉ်းသနည်း။ (ပြစ်မှားစော်ကားခြင်း ဖြစ်ပါသည်။) မှန်သည်၊ ပြစ်မှားစော်ကားခြင်းဖြစ်သည်၊ ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားပါတကား။ ၎င်းတို့သည် အဘယ်အရာကို ပြောရန် ကြိုးစားနေကြသနည်း။ “သင်သည် အလွန် မထင်မရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သင်၌ မြင့်မြတ်သော အသွင်အပြင် မရှိ၊ သင်သည် အင်မတန် အထင်ကြီးစရာမကောင်းပေ။ သင်၏ ပြောဆိုချက်သည် ကျွမ်းကျင်ပြောင်မြောက်ခြင်း သို့မဟုတ် သီအိုရီပိုင်းဆိုင်ရာ ရှုပ်ထွေးနက်နဲခြင်း မရှိပေ၊ သင်သည် တစ်စုံတစ်ခုကို မပြောဆိုမီ ယင်းကို စဉ်းစားရသည်။ သင်သည် လူ့ဇာတိခံ ဘုရား မည်သို့ ဖြစ်နိုင်မည်နည်း။ အဘယ်ကြောင့် သင်သည် ဤမျှ ကောင်းချီးခံစားရပြီး ကံကောင်းရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်သည် လူ့ဇာတိခံ ဘုရား မဟုတ်ရသနည်း” ဟူ၍ ဖြစ်သည်။ အဆုံး၌ ၎င်းတို့က “အမှုပြုပြီး စကားပြောနေသည်မှာ ဘုရား၏ ဝိညာဉ်တော်သာဖြစ်သည်။ လူ့ဇာတိသည် ဝိညာဉ်တော်၏ ထွက်ပေါက်၊ တန်ဆာပလာတစ်ခုမျှသာ ဖြစ်သည်” ဟု ဆိုကြသည်။ ဤအရာကို ပြောဆိုခြင်းက ၎င်းတို့အား စိတ်သက်သာရာရသွားစေသည်။ ယင်းမှာ မနာလိုခြင်းဖြစ်ပြီး မုန်းတီးခြင်းကို ဖြစ်ပေါ်စေသည်။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ “အဘယ်သို့ဖြစ်၍ သင်သည် လူ့ဇာတိခံ ဘုရား ဖြစ်ရသနည်း။ အဘယ်ကြောင့် သင်သည် ဤမျှ ကံကောင်းရသနည်း။ သင်သည် ဤအကျိုးကျေးဇူးကို မည်သို့ ရရှိခဲ့သနည်း။ အဘယ်ကြောင့် ထိုအရာကို ကျွန်ုပ် မရရှိခဲ့သနည်း။ သင်သည် ကျွန်ုပ်ထက် တစ်ခုတလေ ပို၍တော်သည်ဟု ကျွန်ုပ် မထင်ပါ။ သင်သည် လုံလောက်အောင် ကျွမ်းကျင်ပြောင်မြောက်ခြင်း မရှိ၊ သင်သည် အဆင့်မြင့်ပညာတတ် မဟုတ်၊ သင်သည် ကျွန်ုပ်ကဲ့သို့ ရုပ်မချောသကဲ့သို့ ကျွန်ုပ်ကဲ့သို့ အရပ်မရှည်ပါ။ သင်သည် ကျွန်ုပ်ထက် မည်သို့ ပို၍ကောင်းသနည်း။ အဘယ်သို့ဖြစ်၍ သင်သည် လူ့ဇာတိခံ ဘုရား ဖြစ်ရသနည်း။ အဘယ်ကြောင့် ကျွန်ုပ် မဟုတ်ရသနည်း။ အကယ်၍ သင်သည် လူ့ဇာတိခံ ဘုရားဖြစ်ပါက လူများစွာတို့လည်း ဖြစ်ကြသည်။ ကျွန်ုပ်သည်လည်း ဤအတွက် တိုက်ခိုက်ရပေမည်။ လူတိုင်းက သင်သည် ဘုရားဖြစ်သည်ဟု ဆိုကြသည်။ ထိုအရာနှင့်ပတ်သက်၍ ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှမရှိပါ။ သို့သော် ဤကဲ့သို့ သင့်ကို ငါ ဝေဖန်ရဦးမည်ဖြစ်သည်။ ဤသို့ပြောဆိုခြင်းက ကျွန်ုပ်၏ အမုန်းတရားကို ပြေစေသည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ရာထူးအတွက် ယှဉ်ပြိုင်ရန်အလို့ငှာ မည်သည့်အရာကိုမဆို ပြောဝံ့ကြသည်။ ဤသည်မှာ သေခြင်းကို ရှာဖွေနေခြင်း မဟုတ်လော။ သူ ဘုရားသခင်ဖြစ်သည်ကို သင် လက်မခံလိုပါက မည်သူက သင့်ကို အတင်းအကျပ် ပြုနေသနည်း။ ငါသည် သင့်ကို အတင်းအကျပ် ပြုလုပ်ခဲ့သလော။ ငါသည် သင့်ကို အတင်းအကျပ် မပြုခဲ့ပေ၊ ဟုတ်ပါသလော။ ပထမဦးစွာ ငါသည် သင့်အား လက်ခံရန် တောင်းပန်ခြင်း မပြုခဲ့ပေ။ ဒုတိယအနေဖြင့် ငါသည် သင့်အား အတင်းအကျပ် လက်ခံစေရန်အစွန်းရောက်သော နည်းလမ်းများကို အသုံးမပြုခဲ့ပေ။ တတိယအနေဖြင့် သင် လက်ခံရမည်၊ သို့မဟုတ်ပါက သင် အပြစ်ပေးခြင်းခံရမည်ဟု သင့်အား ပြောကြားလျက် ဘုရားသခင်၏ ဝိညာဉ်တော်က ကြားဝင်စွက်ဖက်ခြင်း မရှိခဲ့ပေ။ ဘုရားသခင်သည် ဤသို့ ပြုလုပ်ခဲ့သလော။ မပြုလုပ်ခဲ့ပေ။ သင်၌ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိသည်၊ လက်မခံရန် သင် ရွေးချယ်နိုင်သည်။ ထို့ကြောင့် သင် လက်မခံလိုပါက အဘယ်ကြောင့် သင် မည်သို့ဆိုစေ လက်ခံသွားခဲ့ရသနည်း။ သင်သည် ကောင်းချီးမင်္ဂလာများကို ရှာဖွေနေခြင်းမျှသာ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို အလိုရှိကြသော်လည်း လက်မခံနိုင်ကြ သို့မဟုတ် နာခံနိုင်ခြင်း မရှိကြ သို့မဟုတ် လိုလားခြင်းမရှိဟု ခံစားနေရဆဲ ဖြစ်သည်။ သို့ဆိုလျှင် အဘယ်အရာကို ၎င်းတို့ လုပ်ဆောင်သနည်း။ ၎င်းတို့သည် ထိုသို့သော မလိုမုန်းထားသည့် စကားများကို ပြောဆိုကြသည်။ သင်တို့သည် ဤစကားမျိုးများကို ယခင်က ကြားဖူးကြသလော။ ငါသည် လူအချို့အကြား၌ ထိုစကားများကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက်မက ကြားခဲ့ဖူးသည်။ လူအချို့က “ငါတို့သည် သင်နှင့်အတူ ဘုရားကို စတင်ယုံကြည်ခဲ့ကြသည်။ ထိုအချိန်က သင်သည် ငယ်ရွယ်ပြီး ဘုရား၏ နှုတ်ကပတ်တော်များကို မကြာခဏ ချရေးခဲ့သည်။ နောက်ပိုင်းတွင် သင်က တရားစဟောခဲ့သည်။ သင်သည် သာမန်လူတစ်ဦးမျှသာ ဖြစ်သည်။ သင်၏ နောက်ခံအကြောင်းအရာကို ငါတို့ သိကြသည်” ဟု စဉ်းစားကြသည်။ ငါ၌ မည်သို့သော နောက်ခံအကြောင်းအရာမျိုး ရှိသနည်း။ ငါသည် သာမန်လူတစ်ဦးမျှသာ ဖြစ်သည်။ ယင်းမှာ ငါနှင့်ပတ်သက်သော အမှန်တရား ဖြစ်သည်။ ငါသည် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်ကာ ယနေ့ ငါ့နောက်သို့ လိုက်သည့် ဤမျှများပြားသော လူများ ရှိနိုင်သောကြောင့်သာ သင် လိုလားမှုမရှိခြင်း ဖြစ်သည် မဟုတ်လော။ အကယ်၍ သင် လိုလားမှုမရှိပါက မယုံကြည်နှင့်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ဖြစ်သည်၊ ငါသည် ငါ၏ တာဝန်ကို မရှောင်လွှဲနိုင်၊ ငါ၌ ဆင်ခြေမရှိသကဲ့သို့ နာကျင်စေသော သို့မဟုတ် ထိခိုက်နစ်နာစေသော မည်သည့်အရာကိုမျှ ငါ လုပ်ဆောင်ခြင်းမရှိခဲ့ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် ငါ့ကို ဤသဘောထားအမြင်ဖြင့် ဆက်ဆံသနည်း။ အကယ်၍ သင်သည် လိုလားမှုမရှိပါက မယုံကြည်နှင့်။ သင် ယုံကြည်လိုသောသူ မည်သူ့ကိုမဆို ယုံကြည်လော့၊ ငါ့နောက်သို့ မလိုက်နှင့်။ ငါသည် သင့်ကို အတင်းအကျပ်မပြုလေပြီ။ အဘယ်ကြောင့် သင်သည် ငါ့နောက်သို့ လိုက်နေသနည်း။ အချို့သည် စုံစမ်းလေ့လာရန် ငါ့အိမ်သို့ပင် လာခဲ့ကြသည်။ ၎င်းတို့သည် အဘယ်အရာကို စုံစမ်းလေ့လာနေခဲ့ကြသနည်း။ ၎င်းတို့က ငါ့အား “သင် အိမ်ပြန်ပါသလော။ သင်၏ အိမ်၌ ယခုလက်ရှိ စီးပွားရေးအခြေအနေ မည်သို့ ရှိသနည်း။ သင်၏ မိသားစုဝင်များသည် အဘယ်အရာကို လုပ်ဆောင်ကြသနည်း။ သူတို့ အဘယ်မှာ ရှိကြသနည်း။ သူတို့၏ ဘဝများက မည်သို့ ရှိကြသနည်း”ဟု မေးခဲ့ကြသည်။ လူအချို့သည် ငါ့အိမ်ရှိ အပိုအိပ်ရာဖုံးတစ်ခု သို့မဟုတ် စောင်တစ်ထည်ကိုပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ရန် လုံးဝ လိုလားခြင်းမရှိကြပေ။ အဘယ်ကြောင့် ၎င်းတို့က လိုလားခြင်းမရှိကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က “ဘုရားသည် ဤသို့ မဖြစ်သင့်ပါ။ ဘုရားသည် ဤမျှ သေးငယ်ခြင်း၊ ဤမျှ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျခြင်း၊ ဤမျှ သာမန်ဖြစ်ပြီး ရိုးရိုးဖြစ်ခြင်း မဖြစ်သင့်ပါ။ သူသည် အလွန် သာမန်ဖြစ်သည်၊ ကျွန်ုပ်တို့က သူ့ကို ဘုရားအဖြစ် အသိအမှတ်မပြုနိုင်သည့်အထိ သာမန်ဖြစ်နေသည်” ဟု စဉ်းစားသောကြောင့် ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော သင်၏ မျက်စိများသည် ဘုရားသခင်ကို အသိအမှတ်ပြုနိုင်သလော။ အကယ်၍ ဘုရားသခင်သည် သင့်အား ဤအရာကို ပြောရန် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်တိုင် သင်သည် သူ့ကို အသိအမှတ်ပြုနိုင်မည် မဟုတ်သေးပေ။ သင်သည် ဘုရားသခင်၏ စစ်မှန်သော ပုဂ္ဂိုလ်ကို မြင်တွေ့ရန် ထိုက်တန်သလော။ အကယ်၍ ဘုရားသခင်က သူ ဘုရားသခင်ဖြစ်ကြောင်း သင့်အား ရှင်းလင်းစွာ ပြောသည့်တိုင် သင်က လက်ခံမည်မဟုတ်ပေ။ သူ့ကို သင် အသိအမှတ်ပြုနိုင်မည်လော။ ဤလူတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ (ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်ပါသည်။) ဤလူတို့သည် ငါ့ကို အမှန်ပင် “အမြင်ကျယ်”စေသည်။
ဘုရားသခင်၏ အမှုတော်ကို စတင်ထမ်းဆောင်သည့်အချိန်မှစ၍ ဤပင်ကိုလက္ခဏာနှင့် ရာထူးအဆင့်အတန်းဖြင့် ငါ၏အမှုတော်ကို ငါဆောင်ရွက်သည်နှင့်အမျှ အချို့သော ပုဂ္ဂိုလ်များနှင့် ငါ ထိတွေ့ဆက်ဆံခဲ့ရသည်။ ဤမျိုးစုံကွဲပြားသော “အရည်အချင်းရှိသောလူများ” နှင့် ရင်ဆိုင်ရသောအခါ လူသားတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စကားလုံးနှစ်လုံး ဖြစ်သည့် “ဆိုးယုတ်ခြင်း”နှင့် “ကောက်ကျစ်ဆိုးယုတ်ခြင်း”တို့နှင့် ခွဲခြား၍မရနိုင်ကြောင်း ငါ သတိပြုမိပြီးဖြစ်သည်။ ဤစကားလုံးနှစ်ခုလုံးက ယင်းတွင် ပါဝင်ပေသည်။ ၎င်းတို့သည် ငါ့ကို အဘယ်ကြောင့် နေ့တိုင်း လေ့လာကြသနည်း။ ၎င်းတို့သည် ငါ၏ ပင်ကိုလက္ခဏာကို အသိအမှတ်ပြုရန် အဘယ်ကြောင့် လိုလိုလားလား မရှိကြသနည်း။ ယင်းမှာ ငါသည် အလွန် သာမန်ဖြစ်ပြီး ပုံမှန်လူတစ်ဦး ဖြစ်သောကြောင့် မဟုတ်လော။ အကယ်၍ ငါသည် ဝိညာဉ်ခန္ဓာပုံစံဖြင့် ရှိနေခဲ့လျှင် ၎င်းတို့ ထိုသို့ပြုရဲကြမည်လော။ ၎င်းတို့သည် ငါ့ကို ဤနည်းအတိုင်း လေ့လာဝံ့မည် မဟုတ်ပေ။ အကယ်၍ ငါ၌ အချို့သော လူမှုအဆင့်အတန်းရှိသည့်အပြင် အထူးစွမ်းရည်များ၊ ကြီးမြတ်သောလူတစ်ဦး၏ ပုံရိပ်နှင့် သွင်ပြင်တို့ရှိပြီး အတော်အတန် ဆိုးယုတ်သော၊ အာဏာပြသော၊ ရက်စက်သော စိတ်သဘောထားတစ်ခု ရှိခဲ့လျှင် ဤလူတို့သည် ငါ့အိမ်သို့ လာ၍ စုံစမ်းလေ့လာကာ ငါ့ကို လေ့လာဝံ့ကြမည်လော။ လုံးဝ လေ့လာဝံ့ကြမည်မဟုတ်ပေ။ ၎င်းတို့က ငါ့ကို ရှောင်ရှားကြပေမည်။ ငါ လာနေသည်ကို မြင်သောအခါ ၎င်းတို့ ပုန်းကြမည်ဖြစ်ပြီး ငါ့ကို သေချာပေါက် လေ့လာဝံ့ကြမည်မဟုတ်ပေ၊ ဟုတ်သလော။ သို့ဆိုလျှင် ၎င်းတို့သည် ငါ့ကို ဤနည်းဖြင့် အဘယ်ကြောင့် လေ့လာနိုင်ကြသနည်း။ ၎င်းတို့က ငါ့ကို အနိုင်ကျင့်ရလွယ်သူအဖြစ် မြင်ကြသည်။ အနိုင်ကျင့်ရလွယ်သူဖြစ်ခြင်းက အဘယ်အရာ ပါဝင်သနည်း။ ယင်းမှာ ငါသည် အလွန် သာမန်ဖြစ်လွန်းသည်ဟု ဆိုလိုသည်။ “သာမန်” ဟူသည်မှာ အဘယ်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ “သင်သည် လူတစ်ဦးမျှသာ ဖြစ်သည်၊ ဘုရား မည်သို့ ဖြစ်နိုင်မည်နည်း။ ဘုရား၌ ရှိသင့်သော အသိပညာ၊ သင်ယူလေ့လာမှု၊ ဆုကျေးဇူးများ၊ အရည်အချင်းများနှင့် စွမ်းရည်များ သင် လုံးဝ ကင်းမဲ့သည်။ သင်သည် ဘုရားနှင့် မည်သို့ တူသနည်း။ သင်သည် သူ့ကဲ့သို့မဟုတ်ပေ။ ထို့ကြောင့် သင်ဘုရား ဖြစ်သည်ကို လက်ခံရန်၊ သင့်နောက်သို့ လိုက်ရန်၊ သင်၏ စကားများကို နားထောင်ရန်နှင့် သင့်ကို ကျိုးနွံနာခံရန် ကျွန်ုပ်အတွက် ခက်ခဲသည်။ ကျွန်ုပ်သည် စေ့စေ့စပ်စပ် စုံစမ်းလေ့လာမှုတစ်ခု ပြုလုပ်ရန် လိုအပ်သည်၊ သင့်ကို စောင့်ကြည့်ရန်၊ သင့်ကို မျက်ခြည်မပြတ် စောင့်ကြည့်ရန်နှင့် သင့်လျော်ခြင်းမရှိသော မည်သည့်အရာကိုမျှ သင့်ကို ပြုလုပ်ခွင့်မပေးရန် လိုအပ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်ရန် ကြိုးစားနေကြသနည်း။ အကယ်၍ ငါ၌ လူမှုရေးအဆင့်အတန်းနှင့် ကျော်ကြားမှု အဆင့်တစ်ခုခု ရှိခဲ့လျှင် ဥပမာအားဖြင့် ငါသည် ပထမတန်းစား အဆိုတော်တစ်ဦးဖြစ်ပြီး တစ်နေ့တွင် ငါသည် ဘုရားသခင်၊ ခရစ်တော်ဖြစ်ကြောင်း သက်သေခံခဲ့လျှင် အနည်းဆုံး လူအချို့က ယုံကြည်လက်ခံကြမည် မဟုတ်လော။ ငါ့ကို လေ့လာသော လူအရေအတွက်သည် အတော်အတန် ပို၍ နည်းပါးသွားပေမည်။ ငါသည် သာမန်ဖြစ်ခြင်း၊ ပုံမှန်ဖြစ်ခြင်း၊ လက်တွေ့ကျခြင်းနှင့် အလွန် သာမညဖြစ်ခြင်းဟူသော အချက်ကပင် လူများစွာတို့ကို ထုတ်ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ယင်းက ၎င်းတို့၌ အဘယ်အရာကို ထုတ်ဖော်ပြသနည်း။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုကို ထုတ်ဖော်ပေသည်။ ဤကောက်ကျစ်ဆိုးယုတ်မှုသည် မည်သည့်အတိုင်းအတာအထိ ရှိသနည်း။ ယင်းမှာ ၎င်းတို့ကို ငါ ဖြတ်လျှောက်သွားသောအခါ ငါ၏ နောက်ကျောတွင် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ရှာဖွေလျက်၊ ငါ၏ စကားနှင့်အတူ ထူးဆန်းသောတန်ခိုး တစ်ခုခု ပါရှိခြင်း ရှိမရှိဟူသည်ကို စစ်ဆေးလျက် ငါ့ကို အချိန်ကြာမြင့်စွာ ၎င်းတို့ လေ့လာမည့်အဆင့်အထိ ရှိသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ “ဤစကားများသည် အဘယ်မှ လာသနည်း။ ယင်းတို့ကို သင်ယူခဲ့ခြင်းလော။ ဖြစ်နိုင်ပုံမရပါ၊ သူသည် လေ့လာရန် အချိန်ရှိသည်ဟု မထင်ရပါ။ သူသည် လတ်တလောနှစ်များအတွင်း အလွန် ပြောင်းလဲသွားခဲ့သည်၊ သင်ယူထားသော အရာတစ်ခုနှင့် မတူပေ။ သို့ဆိုလျှင် ဤစကားများသည် အဘယ်မှ လာသနည်း။ နားလည်ရန် ခက်ခဲသည်၊ ငါ သတိထားရန် လိုအပ်သည်”ဟု မကြာခဏ ဆင်ခြင်သုံးသပ်ကြပြီး ဆက်လက်၍ လေ့လာနေကြသည်။ စဉ်ဆက်မပြတ် လေ့လာသောသူတို့သည် ငါနှင့် ပါဝင်ပတ်သက်ခြင်း၊ ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် မျက်နှာချင်းဆိုင် စကားပြောဆိုခြင်း မပြုကြပေ။ ၎င်းတို့သည် ငါ့နောက်ကွယ်၌ အမြဲ စဉ်းစားသုံးသပ်နေကြပြီး ငါ၏ နှုတ်ကပတ်တော်များ၌ အမှားများကို ရှာဖွေရန်နှင့် နိုင်ကွက်ယူရန် အမြဲ အလိုရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသော ဝါကျတစ်ကြောင်းကို ရက်နှင့်ချီ လေ့လာနိုင်ပြီး အနည်းငယ် တင်းမာသော မှတ်ချက်တစ်ခုက ၎င်းတို့၌ အယူအဆတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။ ဤအရာများသည် အဘယ်မှ လာသနည်း။ လူတို့၏ စိတ်များနှင့် အသိပညာတို့မှ လာသည်။ ဘုရားသခင်ကို လေ့လာနိုင်သော၊ ဘုရားသခင်အကြောင်း မှန်းဆရန် မိမိတို့၏ အတွေးများကို စဉ်ဆက်မပြတ် အသုံးပြုနိုင်သော ထိုသူတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည့် လူများအဖြစ် ၎င်းတို့ကို သတ်မှတ်၍ ရနိုင်သလော။ လုံးဝ သတ်မှတ်၍ရနိုင်ပေသည်။ သင့်တွင် အချိန်နှင့် အားအင်ရှိသည်ကို မြင်ရသည့်အခါ သမ္မာတရားကို သင် တွေးဆနိုင်မည်ဆိုလျှင် အလွန်ကောင်းပေမည်။ မည်သည့်သမ္မာတရားသည် သင့်အား မိတ်သဟာယဖွဲ့ရန်နှင့် တွေးတောဆင်ခြင်ရန် အချိန်အနည်းငယ် မကုန်စေဘဲနေမည်နည်း။ သင့်အနေဖြင့် ဤတစ်သက်တာတွင် အကုန်အစင် တွေးဆနိုင်မည်မဟုတ်သည့် အလွန်များပြားသော သမ္မာတရားများ ရှိပေသည်။ လူတစ်ဦး နားလည်ရန် လိုအပ်သော သမ္မာတရားများ အလွန်များလွန်းပေသည်။ ၎င်းတို့သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မခံစားရသည့်တိုင် ထိုပြင်ပနှင့် အပေါ်ယံကိစ္စရပ်များကို မည်သည့်အခါမျှ ၎င်းတို့က မမေ့လျော့ဘဲ အမြဲလေ့လာနေကြသည်။ ၎င်းတို့သည် ငါ စကားပြောသည်နှင့်တစ်ပြိုင်နက် မျက်တောင်ခတ်ကြပြီး ငါ၏ သွင်ပြင်လက္ခဏာကို စိုက်ကြည့်ကာ ငါ၏ လုပ်ဆောင်ချက်များနှင့် အမူအရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ “သူသည် ဤအသွင်အပြင်တွင် ဘုရားနှင့် တူသလော။ သူ၏ ပြောဆိုချက်သည် ဘုရားနှင့် မတူပေ၊ သူ၏ အကြည့်သည် အတော်လေး မကိုက်ညီပေ။ ငါ သူ့ကို မည်သို့ နားလည်သဘောပေါက်နိုင်မည်နည်း။ သူ၏ စိတ်နှလုံးအတွင်း နက်နက်နေရာများတွင် ငါ့အကြောင်း မည်သည့်အရာ သူ စဉ်းစားသည်ကို ငါ မည်သို့ မြင်နိုင်မည်နည်း။ သူသည် ဤကိစ္စရပ်၊ ထိုကိစ္စရပ်နှင့်ပတ်သက်၍ မည်သည့်အရာ စဉ်းစားသနည်း။ ငါ့ကို သူ မည်သို့ သတ်မှတ်သနည်း”ဟု ဆင်ခြင်သုံးသပ်နေကြသည်။ ၎င်းတို့သည် ဤအတွေးများကို အမြဲ ထားရှိကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ကောက်ကျစ်ဆိုးယုတ်ပါသည်။) ဤသည်မှာ ကယ်တင်၍မရပေ။ ကောက်ကျစ်ဆိုးယုတ်လွန်းပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။