အချက် ၆- သူတို့သည် စဉ်းလဲသော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏ (အခန်း နှစ်)

အန္တိခရစ်တို့၏ စဉ်းလဲသည့်၊ ထင်တိုင်းကြဲကာ အာဏာရှင်ဆန်သည့် အပြုအမူနှင့် လူတို့အား သူတို့ကို မည်သို့အတင်းအကျပ်နာခံစေပုံတို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

၁။ အန္တိခရစ်တို့၏ စဉ်းလဲသည့် အပြုအမူကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

ယခင်တစ်ခေါက်က အန္တိခရစ်တို့ သရုပ်သကန်များ၏ ငါးခုမြောက်အချက်ဖြစ်သည့် ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကာ သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏ ဆိုသည်ကို ငါတို့ မိတ်သဟာယပြုခဲ့သည်။ ယနေ့တွင် အချက်ခြောက်ဖြစ်သည့် သူတို့သည် စဉ်းလဲသော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏ ဆိုသည်ကို ငါတို့ မိတ်သဟာယဖွဲ့မည်။ ဤအချက်နှင့် အချက်ငါးတွင် ကွာခြားမှုတစ်ခုရှိသလော။ စိတ်သဘောထားနှင့်ပတ်သက်လျှင် အကြီးစား ကွာခြားမှုမရှိ။ နှစ်ခုလုံး၏ လုပ်ရပ်များမှာ အာဏာကို လက်မလွှတ်တမ်း အသုံးချခြင်းနှင့် ထင်ရာမြင်ရာ၊ အာဏာရှင်ဆန်စွာ လုပ်ဆောင်ခြင်းတို့သာ ဖြစ်သည်။ စိတ်သဘောထားနှစ်ခုလုံးက ကောက်ကျစ်ဆိုးယုတ်သည်၊ မာနထောင်လွှားသည်၊ စိတ်နှလုံးမာကျောသည်၊ ကြမ်းတမ်းသည်၊ စိတ်သဘောထားများက အတူတူဖြစ်သည်။ သို့ရာတွင် အချက်ခြောက်က အန္တိခရစ်များ၏ အခြား ထင်ရှားသော သရုပ်သကန်တစ်ခုကို မီးမောင်းထိုးပြသည်။ ယင်းမှာ ၎င်းတို့၏ လုပ်ရပ်များသည် စဉ်းလဲသည်ဟူ၍ ဖြစ်သည်။ ဤအရာတွင် အန္တိခရစ်တို့ လုပ်ရပ်များ၏ သဘာဝနှင့် ဆက်စပ်နေသည်။ ယခုတွင် “စဉ်းလဲသော” ဟူသည့် စကားကို ဦးစွာ ဆွေးနွေးကြစို့။ အပေါ်ယံတွင် “စဉ်းလဲသော” ဆိုသည်မှာ ယုတ်ညံ့ရိုင်းစိုင်းသော သို့မဟုတ် ချီးကျူးသောစကားတစ်လုံးဖြစ်သလော။ လူတစ်ယောက်က စဉ်းလဲသောအရာတစ်ခုကို လုပ်ဆောင်လျှင် ထိုအရာသည် ကောင်းသလော သို့မဟုတ် ဆိုးသလော။ (ဆိုးပါသည်။) လူတစ်ယောက်သည် စဉ်းလဲစွာ ပြုမူဆောင်ရွက်သည်ဟု ဆိုလျှင် ဤသူသည် ကောင်းသလော သို့မဟုတ် ဆိုးသလော။ သိသာထင်ရှားစွာပင် လူတို့၏ အမြင်များနှင့် ခံစားချက်များအရ စဉ်းလဲစွာ ပြုမူလုပ်ဆောင်သောသူတစ်ဦးသည် ဆန်ကုန်မြေလေးဖြစ်သော အရိုင်းအစိုင်းတစ်ကောင် ဖြစ်သည်ဟူ၍ ဖြစ်သည်။ လူတစ်ယောက်သည် စဉ်းလဲသောအရာတစ်ခုကို ကြုံရလျှင် ယင်းသည် ပျော်ရွှင်ရန် အကြောင်းတရားဖြစ်သလော၊ သို့မဟုတ် ထိုသူကို ကျောချမ်းစေသလော။ (ကျောချမ်းဖွယ်ဖြစ်ပါသည်။) ဤသည်မှာ ရိုးရှင်းစွာပင် ကောင်းသောအရာတစ်ခုမဟုတ်။ အတိုချုပ်အားဖြင့် အပေါ်ယံတွင် “စဉ်းလဲသော” ဟူသည်မှာ နိမ့်ကျသော ဝေါဟာရဖြစ်သည်။ လုပ်ရပ်သက်သက်ကို ဖော်ပြသည်ဖြစ်စေ၊ လူတစ်ယောက်၏ လုပ်ဆောင်ပုံကို ဖော်ပြသည်ဖြစ်စေ ယင်းတို့ထဲမှ တစ်ခုမျှ အပြုသဘောမဆောင်ပေ။ ယင်းသည် အသေအချာပင် အပျက်သဘောဆောင်သည်။ ယခုတွင် စဉ်းလဲခြင်း၏ သရုပ်သကန်များက မည်သည့်အရာဖြစ်သည်ကို ဦးစွာ ရှင်းလင်းကြစို့။ စဉ်းလဲသောဟု ခေါ်ပြီး အဘယ်ကြောင့် လှည့်ဖြားသောဟု မခေါ်သနည်း။ ဤတွင် “စဉ်းလဲသော” ဟူသည့် စကားသည် မည်သည့်အထူးသွယ်ဝိုက်ညွှန်းဆိုမှု ရှိသနည်း။ စဉ်းလဲခြင်းသည် လှည့်ဖြားခြင်းထက် ပို၍လေးနက်သည်။ ကောက်ကျစ်စဉ်းလဲစွာ ပြုမူသောသူတစ်ဦးကို လူတို့အနေဖြင့် ထွင်းဖောက်သိမြင်နိုင်ရန် အချိန်ပိုကြာပြီး ပို၍ခက်ခဲသည် မဟုတ်လော။ (ခက်ခဲပါသည်။) ဤမျှပင် သိသာသည်။ ထို့ကြောင့် “စဉ်းလဲသော” ဟူသည့် ဝေါဟာရကို ရှင်းပြရန်အတွက် သင်တို့အားလုံး သဘောပေါက်နားလည်နိုင်သည့် စကားများကို အသုံးပြုလော့။ ဤတွင် “စဉ်းလဲသော” ဟူသည်မှာ မသိမသာ အန္တရာယ်ရှိပြီး ဉာဏ်များခြင်းကို ဆိုလိုသည်။ ပုံမှန်မဟုတ်သော အပြုအမူကို ရည်ညွှန်းသည်။ ထိုသို့သောလူများ တွေးနေသည့်အရာ သို့မဟုတ် လုပ်ဆောင်နေသည့်အရာက မည်သည့်အရာဖြစ်သည်ကို မမြင်နိုင်သည့် သာမန်လူအတွက် ဤပုံမှန်မဟုတ်ခြင်းသည် နက်နဲစွာ ဖုံးကွယ်ထားပြီး ထိုးဖောက်မြင်နိုင်ရန် ခက်ခဲသည်ကို ရည်ညွှန်းသည်။ တစ်နည်းအားဖြင့် ဤသို့သောလူမျိုး၏ လုပ်ရပ်များ၏ နည်းလမ်းများ၊ ကြံရွယ်ချက်များ၊ စမှတ်များသည် နားလည်သဘောပေါက်ရန် အထူးပင်ခက်ခဲသည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် ၎င်းတို့၏ အပြုအမူသည် ခိုးကြောင်ခိုးဝှက်နိုင်ပြီး ပုန်းလျှိုးကွယ်လျှိုးနိုင်သည်။ အတိုချုပ်အားဖြင့် လူတစ်ဦး၏ စဉ်းလဲမှု၏ အမှန်တကယ်ဖြစ်သော သရုပ်သကန်နှင့် အခြေအနေကို ဖော်ပြနိုင်သော ဝေါဟာရတစ်ခုရှိသည်။ ယင်းမှာ “ပွင့်လင်းမြင်သာမှု မရှိခြင်း” ဖြစ်ပြီး ထိုသူအား အခြားလူတို့က ဉာဏ်မမီနိုင်ခြင်းနှင့် နားမလည်နိုင်ခြင်း ဖြစ်စေသည်။ အန္တိခရစ်များ၏ လုပ်ရပ်များတွင် ဤသဘာဝရှိသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရိုးစင်းခြင်း မရှိသည်ကို သင်သဘောပေါက်ပြီး ခံစားမိသောအခါ အလွန်ကြောက်မက်ဖွယ်ရာဖြစ်သည်ဟု သင်မြင်သည်။ သို့တိုင်အောင် တိုတောင်းသော အချိန်အတွင်းတွင်ဖြစ်စေ၊ အကြောင်းပြချက်တစ်ခုခုကြောင့်ဖြစ်စေ ၎င်းတို့၏ အကြောင်းရင်းများနှင့် ရည်ရွယ်ချက်များကို သင် မရိပ်စားမိနိုင်သေးဘဲ ၎င်းတို့၏ လုပ်ရပ်များသည် စဉ်းလဲသည်ဟုသာ သင် အမှုမဲ့အမှတ်မဲ့ ခံစားမိနေသည်။ ၎င်းတို့သည် သင့်အား ဤခံစားချက်မျိုးကို အဘယ်ကြောင့်ပေးသနည်း။ တစ်ဖက်တွင် ဤသည်မှာ ၎င်းတို့ပြောသည့်၊ လုပ်ဆောင်သည့် အရာကို မည်သူမျှ အာရုံမခံစားကြည့်နိုင်သောကြောင့်ဖြစ်သည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် မကြာခဏ ဝေ့ဝိုက်၍ ပြောဆိုသည်။ သင့်ကို လမ်းလွဲစေပြီး နောက်ဆုံးတွင် ၎င်းတို့၏ မည်သည့်ပြောဆိုချက်များက မှန်သည်၊ မည်သည့်ပြောဆိုချက်များက မှားသည်၊ ၎င်းတို့စကားများက အမှန်တကယ်တွင် မည်သည့်အရာကို ဆိုလိုသည်တို့ကို သင့်အား မသေမချာဖြစ်စေသည်။ ၎င်းတို့ လိမ်ညာသောအခါတွင် အမှန်တရားဖြစ်သည်ဟု သင်ထင်သည်။ မည်သည့်ပြောဆိုချက်က မှန်သည်၊ သို့မဟုတ် မှားသည်ကို သင်မသိ။ ပြီးလျှင် သင်သည် အရူးလုပ်ခံရသည်၊ လှည့်စားခံရသည်ဟု မကြာခဏ ခံစားရသည်။ အဘယ်ကြောင့် ဤခံစားချက် ဖြစ်ပေါ်သနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤသို့သောလူများသည် မည်သည့်အခါမျှ ပွင့်လင်းမြင်သာစွာ မလုပ်ဆောင်သောကြောင့် ဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေသည်၊ သို့မဟုတ် မည်သည့်အရာဖြင့် အလုပ်ရှုပ်နေသည်ဆိုသည်ကို သင်ရှင်းလင်းစွာ မမြင်နိုင်ဘဲ ဤသို့ဖြင့် သင်သည် ၎င်းတို့အား မလွှဲမရှောင်သာ သံသယဝင်သည်။ အဆုံးတွင် ၎င်းတို့၏ စိတ်သဘောထားသည် လှည့်ဖြားတတ်ကြောင်း၊ မသိမသာဖြင့် အန္တရာယ်များကြောင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းလည်း ရှိကြောင်းကို သင်မြင်သည်။ “စဉ်းလဲသော” ဟူသည့်စကားသည် နက်နဲပြီး လူတို့အတွက် အလွန်ပင် ထူးခြားပုံပေါ်သည်။ သို့သော် “ပွင့်လင်းမြင်သာမှု မရှိခြင်း” ဟူသည့် အလွန် ရိုးရှင်းသော စကားရပ်တစ်ခုအနေဖြင့် အဘယ်ကြောင့် ရှင်းပြသနည်း။ ဤစကားရပ်တွင် သွယ်ဝိုက်ရည်ညွှန်းသော အဓိပ္ပာယ်တစ်ခုရှိသည်။ ဤသွယ်ဝိုက်ညွှန်းဆိုသော အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းမှာ အန္တိခရစ်များသည် တစ်စုံတစ်ခုကို လုပ်ဆောင်လိုသောအခါ သင့်အား အယောင်ဆောင် ပုံရိပ်တစ်ခုကို မကြာခဏပြပြီး ယင်းကို သင်ထိုးထွင်းသိမြင်ရန် ခက်ခဲအောင် လုပ်ဆောင်သည်။ ဥပမာ အန္တိခရစ်တစ်ဦးသည် သင်၏ ဘယ်ဘက်ပါးကို ရိုက်လိုလျှင် သူ၏ ရိုက်ချက်ကို သင်၏ ညာဘက်ပါးသို့ ချိန်ရွယ်မည် ဖြစ်သည်။ သင်၏ ညာဘက်ပါးကို ကာကွယ်ရန်အတွက် သင်ရှောင်သောအခါတွင် ၎င်းတို့က သင်၏ ဘက်ဘက်ပါးကို အောင်မြင်စွာ ရိုက်လိုက်ပြီး ဤသို့ဖြင့် ၎င်းတို့၏ ပန်းတိုင် ဖြစ်မြောက်အောင်မြင်လေသည်။ ဤသည်မှာ စဉ်းလဲခြင်း ဖြစ်ပြီး အကြံအစည်များဖြင့် ပြည့်နေခြင်း ဖြစ်သည်။ ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံပြီး ပေါင်းသင်းဆက်ဆံမှု ရှိသူတိုင်းသည် ၎င်းတို့၏ တွက်ချက်မှုများအတွင်းတွင် ရှိသည်။ ၎င်းတို့သည် အဘယ်ကြောင့် အစဉ်တွက်ချက်နေသနည်း။ သူတို့သည် လူတို့ကို ထိန်းချုပ်လိုခြင်းနှင့် ထိုလူတို့၏ စိတ်နှလုံးကို သိမ်းပိုက်လိုခြင်းတို့အပြင် လူတိုင်းထံမှ အကျိုးအမြတ်များကိုလည်း ရယူလိုကြသည်။ ထို့အပြင် ဤသို့သောလူများ၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်မျိုးကိုလည်း သင် ရှာဖွေတွေ့ရှိနိုင်သည်။ ၎င်းတို့သည် အခြားလူများအား အမြတ်ထုတ်ရသည်ကိုဖြစ်စေ၊ အခြားလူများ၏ အားနည်းချက်များကို လှောင်ပြောင်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အားသာချက်များအား အသုံးချရသည်ကိုဖြစ်စေ အထူးပင် မွေ့လျော်သည်။ ပြီးလျှင် ၎င်းတို့သည် လူတို့အား ကစားရသည်ကို မွေ့လျော်သည်။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှု သရုပ်သကန်ဖြစ်သည်။ လောကီဆိုင်ရာ အသုံးအနှုန်းတွင် ဤသို့သောလူများကို စဉ်းလဲသည်ဟု သတ်မှတ်ကြသည်။ သာမန်လူတို့က “အသက်ကြီးသောလူတို့သာ စဉ်းလဲနိုင်သည်။ လူငယ်များသည် အတွေ့အကြုံမရှိ၊ သို့မဟုတ် လောကီ ဉာဏ်ပညာမရှိ။ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ လိမ္မာပါးနပ်နိုင်သနည်း” ဟု တွေးကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ မမှန်ကန်ပေ။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားသည် အသက်အရွယ်ပေါ်တွင် မမူတည်ပေ။ ၎င်းတို့သည် ဤစိတ်သဘောထားဖြင့် မွေးဖွားလာခြင်းဖြစ်သည်။ ၎င်းတို့က ပိုမိုငယ်ရွယ်ပြီး အတွေ့အကြုံနည်းသောအချိန်၌ ဤသို့သော ကျိတ်ကြံစည်ခြင်းကို ၎င်းတို့ ပါဝင်လုပ်ဆောင်ခြင်းသည် ပို၍ အခြေခံကျကောင်းကျနိုင်ပြီး ပြောင်မြောက်ခြင်း ပို၍ နည်းကောင်းနည်းနိုင်သည်။ ၎င်းတို့ အသက်ကြီးသောအခါ၌ အပြစ်ဆိုဖွယ် မရှိတော့ပေ။ လုပ်ရပ်များကို လုံနေအောင် ဖုံးဖိထားပြီး လူအများစုအတွက် လုံးလုံးလျားလျား နားမလည်နိုင်သော ထိုနတ်ဆိုးဘုရင်အိုများကဲ့သို့ ဖြစ်သည်။

“စဉ်းလဲသော” ဟူသည့် စကားကို ငါ ယခု အကြမ်းဖျင်းရှင်းပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခုတွင် စဉ်းလဲခြင်း၏ သတ်သတ်မှတ်မှတ် အခြေအနေများနှင့် သရုပ်သကန်များကို မိတ်သဟာယပြုကြစို့။ ဤအရာကို မိတ်သဟာယ မဖွဲ့ထိုက်သလော။ ဤအရာကို ငါတို့ မိတ်သဟာယမဖွဲ့လျှင် ယင်းတို့ကို သင်တို့ ပိုင်းခြားသိမြင်နိုင်မည်လော။ ယင်းတို့ကို သင်တို့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်သလော။ (ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ပါ။) သင်တို့သည် သူတို့ကို လုံးဝ ထွင်းဖောက်မသိမြင်နိုင်သည်တော့ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် သင်တို့သည်လည်း လူတစ်ဦးတစ်ယောက်သည် သူက သင်တို့ကို သစ္စာဖောက်ပြီးသည့်နောက်မှာပင် သင်တို့သည် သူ၏ စေခိုင်းချက်အတိုင်း လုပ်ဆောင်မိသည်အထိ အလွန်စဉ်းလဲကောက်ကျစ်ပြီး သင်တို့သည် သူ့ကို သတိထားရမည်ဟုလည်း ခံစားရလိမ့်မည်။ ဤသို့ဆိုလျှင် အန္တိခရစ်များက မည်သည့်အရာများကို လုပ်ဆောင်သနည်း။ ညီအစ်ကိုမောင်နှမများနှင့် ၎င်းတို့အနီးရှိသောသူများကို ၎င်းတို့ ဆက်ဆံရာတွင် ၎င်းတို့သည် အမှုအရာများကို စဉ်းလဲသော ပုံစံဖြင့်၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြင့် လုပ်ဆောင်သည်ဟု ပြသော မည်သည့်စကားနှင့် လုပ်ရပ်များကို ၎င်းတို့ ထုတ်ဖော်သနည်း။ ဤသည်မှာ မိတ်သဟာယဖွဲ့ထိုက်သည်။ “စဉ်းလဲသော” ဟူသည့် စကားကိုသာ ရှင်းပြသောအခါတွင် လူတို့က အကြမ်းဖျင်းအားဖြင့် အလွန်ရိုးရှင်းသည်ဟု မြင်သည်။ အဘိဓာန်ကို ကြည့်ခြင်းက ယင်း၏ အဓိပ္ပာယ်ကို နားလည်ရန် လုံလောက်ဖို့ များသည်။ သို့သော် လူတို့၏ မည်သည့်လုပ်ရပ်များ၊ မည်သည့်အပြုအမူများနှင့် မည်သည့်စိတ်သဘောထားများက ဤစကားနှင့် ပတ်သက်ပြီး ဤစကား၏ ခိုင်လုံသော သရုပ်သကန်များ၊ အခြေအနေများဖြစ်သည်ဆိုသည်နှင့် ပတ်သက်သောအခါတွင် ယင်းသည် ပို၍ အားစိုက်ရပြီး နားလည်ရန် ခက်ခဲသည် မဟုတ်လော။ ရှေးဦးစွာ သင်တို့ တွေ့ဆုံပြီး ကြုံခဲ့ရသည့် လူများ၊ သို့မဟုတ် သတ်သတ်မှတ်မှတ်ဖြစ်သော အန္တိခရစ်များအကြောင်းကို တွေးကြည့်လော့။ ၎င်းတို့၏ မည်သည့်လုပ်ရပ်များက ဤလုပ်ရပ်၏ သဘောသဘာဝသည် စဉ်းလဲခြင်းနှင့် ဆက်နွှယ်သည်ဟု သင့်ကို ခံစားရစေသနည်း၊ သို့မဟုတ် ၎င်းတို့၏ မည်သည့် နေ့စဉ် စကားများ၊ လုပ်ရပ်များ၊ အပြုအမူများက ဤအရာနှင့် ဆက်နွှယ်သည်ဟု သင့်ကို ခံစားရစေသနည်း။ (ကျွန်ုပ်သည် တစ်ခါက သိသာထင်ရှားစွာပင် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ပြီး ခေါင်းဆောင်ဖြစ်လိုသည့် အန္တိခရစ်တစ်ဦးကို ကြုံခဲ့ရသော်လည်း ညီအစ်ကိုမောင်နှမများအား “ကျွန်ုပ်တို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များကို တိုင်ကြားဖို့လိုသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်သာ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ကျွန်ုပ်တို့ ရရှိနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များကို တိုင်ကြားပြီး ဖော်ထုတ်ခြင်းမပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ကျွန်ုပ်တို့ မရနိုင်ပါ။ အသင်းတော်အလုပ်ကို ပူးပေါင်းကာကွယ်ဖို့ ကျွန်ုပ်တို့ ရပ်တည်ရမည်” ဟု ပြောခဲ့သည်။ အသင်းတော်အလုပ်ကို ကာကွယ်ပေးခြင်းဟူသည့် ခေါင်းစဉ်အောက်တွင် ပြုမူလုပ်ဆောင်လျက် သူသည် အသေးစားကိစ္စများကို ပုံကြီးချဲ့ကာ ခေါင်းဆောင်များ၊ အမှုဆောင်များကို တိုင်ကြားဖို့ ညီအစ်ကိုမောင်နှမများကို လှုံ့ဆော်လျက် ခေါင်းဆောင်များ၊ အမှုဆောင်များ အပေါ် နိုင်ကွက်ရရန် နည်းလမ်းများကို ရှာဖွေခဲ့သည်။ သူ၏ ပန်းတိုင်မှာ သူကိုယ်တိုင် ခေါင်းဆောင်ဖြစ်လာရန် အခွင့်အရေးရဖို့အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဖယ်ရှားရန်ဖြစ်သည်။ ညီအစ်ကိုမောင်နှမများစွာက ဤအရာကို ပိုင်းခြားသိမြင်ခြင်းမရှိဘဲ သူ၏ အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို ခံရသည်။ စည်းမျဉ်းများအပေါ် အခြေခံ၍ ပြဿနာကို ပိုင်းခြားသိမြင်မည့်အစား ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အသေးအဖွဲကိစ္စအချို့နှင့် ပေါ်လွင်သော ဖောက်ပြန်ပျက်စီးမှုများကို အကြောင်းပြုကာ ထိုသူတို့ကို ပြစ်တင်ရှုတ်ချခြင်း၊ သမုတ်ခြင်းနှင့် အဖြစ်အပျက်များကို ပုံကြီးချဲ့ခြင်းတို့ဖြင့် အသင်းတော်ကို ဖရိုဖရဲဖြစ်စေခဲ့ကြသည်။) ပြောလော့။ ဤသည်မှာ စဉ်းလဲခြင်း ဖြစ်သလော။ (ဟုတ်သည်။) အတိအကျပင် ဖြစ်သည်။ အဘယ်ကြောင့် စဉ်းလဲခြင်း ဖြစ်သနည်း။ သူသည် သူ၏ ဖွင့်ဟပြောခြင်း မရှိသော ပန်းတိုင်များ ဖြစ်မြောက်အောင်မြင်ရန် တရားမျှတမှုဟူသည့် စာတန်းကို ဝေ့ယမ်းပြပြီး တစ်ချိန်တည်းတွင်ပင် သူသည် အဆုံးသတ်များကို စောင့်ကြည့်လေ့လာရန်အတွက် သူ့ကိုယ်သူမပြသဘဲ ပုန်းကွယ်လျက်နေစဉ်တွင် အခြားလူများကို ပြုမူဆောင်ရွက်ရန် အားပေးတိုက်တွန်းသည်။ အမှုအရာများက အလုပ်ဖြစ်ခဲ့လျှင် ပို၍ကောင်းသည်။ အလုပ်မဖြစ်ခဲ့လျှင် သူသည် အလွန်အမင်း ပုန်းကွယ်နေသောကြောင့် မည်သူကမျှ သူ့ကို ထိုးထွင်းသိမြင်မည်မဟုတ်။ ဤသည်မှာ စဉ်းလဲခြင်း ဖြစ်သည်။ ဤသည်မှာ ယင်း၏ သရုပ်သကန် ပုံစံတစ်ခုဖြစ်သည်။ သူသည် သူ၏ စိတ်အတွင်းထဲရှိ တကယ့်အတွေးများကို သင့်အား သိစေမည်မဟုတ်။ ပြီးလျှင် သင်က အနည်းငယ်မျှပင် ခန့်မှန်းနိုင်လျှင် သူသည် အမှန်တရားကို လူတို့ ရှင်းရှင်းလင်းလင်း သိမြင်သွားမည်ကို စိုးရိမ်ပြီး မည်သို့ပင်ဖြစ်စေ သူ့ကိုယ်သူ ဖုံးကွယ်ပြီး ခုခံဖို့အတွက် အမျိုးမျိုးသော ဆင်ခြေများနှင့် အကြောင်းပြချက်များကို အလောတကြီး ဖန်တီးသည်။ သူသည် အမှုကိစ္စများကို တမင်တကာ ရှုပ်ထွေးစေသည်။ ဤသည်မှာ စဉ်းလဲခြင်း ဖြစ်သည်။ အခြားမည်သူ ပြောဦးမည်နည်း။ (လွန်ခဲ့သော နှစ်အနည်းငယ်က ကျွန်ုပ်တို့ အသင်းတော်တွင် အန္တိခရစ်တစ်စု ထွက်ပေါ်လာခဲ့ပြီး ထိန်းချုပ်မှုရယူကာ အသင်း‌တော်အလုပ်ကို ဖရိုဖရဲဖြစ်စေခဲ့သည်။ အထက်က အလုပ်ကို ချုပ်ကိုင်ရန်အတွက် လူတစ်ယောက်ကို စေလွှတ်ခဲ့သော်လည်း ဤအန္တိခရစ်တစ်စုက ဟန်ဆောင် ပြုမူကာ “ကျွန်ုပ်တို့တွင် ကိုယ့်ခေါင်းဆောင်များနှင့်ကိုယ် ရှိပြီး အခြားနေရာများမှ ကူးပြောင်းလာသော ခေါင်းဆောင်များကို လက်မခံပါ။ အလုပ်ကို ကျွန်ုပ်တို့ဘာသာ ကိုင်တွယ်နိုင်သည်” ဟု ဆိုကြသည်။ ရလဒ်အနေဖြင့် လူများစွာက အထင်အမြင်မှားအောင် ပြုလုပ်ခြင်းခံရပြီး အန္တိခရစ်များကို နားထောင်ကြကာ အထက်က စီစဉ်ပေးသော ခေါင်းဆောင်ကို လက်ခံရန် ငြင်းဆန်ကြသည်။ ဤအန္တိခရစ်များသည် အထက်က စေလွှတ်သော ခေါင်းဆောင်ကိုပင် နေရာတစ်နေရာ၌ ဘောင်ခတ်ထားပြီး ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန်ဆက်ဆံခြင်းကို တားမြစ်ကာ သူ့အနေဖြင့် အသင်းတော်အလုပ်ကို ကူညီရန်၊ သို့မဟုတ် မည်သည့်အလုပ်ကိုမဆို အကောင်အထည်ဖော်ရန် မဖြစ်နိုင်အောင် ပြုလုပ်သည်။) ဤသည်မှာ အန္တိခရစ်များ၏ ဆိုးရွားသော စဉ်းလဲမှုဖြစ်သည်။ ၎င်းတို့၏ ပုန်းကွယ်နေသော ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်ကို ထိန်းချုပ်လိုပြီး ၎င်းတို့၏ ကိုယ်ပိုင် အမှီအခိုကင်းသော နယ်မြေကို တည်ဆောက်လိုသည်။ ဤသည်မှာ စဉ်းလဲသည်။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့် အရာမျိုးဖြစ်သည်။

အန္တိခရစ်များက စဉ်းလဲစွာ လုပ်ဆောင်ခြင်း၏ အဓိက သရုပ်သကန်များမှာ အဘယ်နည်း။ တစ်ခုမှာ ပွင့်လင်းမြင်သာမှု မရှိခြင်း ဖြစ်သည်။ ပြီးလျှင် အခြားတစ်ခုမှာ ၎င်းတို့သည် လူကြားထဲတွင် ပြောမကောင်းသော အကြံအစည်များကို လျှို့ဝှက်စွာ ကျိတ်ကြံစည်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အစီအစဉ်များနှင့် ရည်ရွယ်ချက်များကို လူတိုင်းအား ချပြခဲ့လျှင် ယင်းတို့ကို အကောင်အထည် ဖော်နိုင်မည်လော။ အသေအချာပင် ဖော်နိုင်မည်မဟုတ်။ စဉ်းလဲသောနည်းလမ်းများကို အသုံးပြုသောလူတို့သည် အဘယ်ကြောင့် အမှုအရာများကို ဤသို့ လုပ်ဆောင်သနည်း။ ဤလုပ်ရပ်များနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယခုအထိတွင် သင်တို့ တွေးပြီးဖြစ်သည့်အရာမှာ အသင်းတော်အပေါ် ထိန်းချုပ်ခြင်းသာ ဖြစ်သည်။ သို့သော် အချို့ကိစ္စများတွင် အသင်းတော်ကို ထိန်းချုပ်ခြင်း၊ သို့မဟုတ် လူတိုင်းအား ထိန်းချုပ်ခြင်း မပါဝင်ပေ။ အသင်းတော်တစ်ခု၏ သို့မဟုတ် ဒေသတစ်ခု၏ လူများကို အထင်အမြင်မှားအောင် လုပ်ဆောင်ခြင်းသည် အတော်အတန် ကြီးသော အမှုကိစ္စတစ်ခုဖြစ်သည်။ ထို့ကြောင့် သာမန်အချိန်များတွင် အန္တိခရစ်များ၏ ပို၍ အသေးစားဖြစ်သော အပြုအမူများနှင့် လုပ်ရပ်များနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ အကျိုးစီးပွားများကို ဖြည့်ဆည်းရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင်ပန်းတိုင်များအတွက် လူတို့ကို အသုံးချပြီး လူတို့အား ၎င်းတို့အတွက် အားထုတ်စေရန်ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို စီစဉ်ညွှန်ကြားပြီး ၎င်းတို့၏ ကံကြမ္မာအပေါ် အုပ်စိုးစဉ်တွင် အန္တိခရစ်များကလည်း လူတို့၏ ကံကြမ္မာများကို ထိန်းချုပ်ပြီး လူတို့ကို ကြိုးကိုင်ညွှန်ကြားလိုသည်။ သို့သော် ၎င်းတို့က သင့်အား ကြိုးကိုင်ညွှန်ကြားလိုသည်ဟု တိုက်ရိုက်ဆိုလျှင် သင်က သဘောတူမည်လော။ ၎င်းတို့သည် သင့်အား ကျွန်တစ်ဦးကဲ့သို့ အမိန့်ပေးစေခိုင်းလိုသည်ဟု ဆိုလျှင် သင် သဘောတူမည်လော။ ၎င်းတို့သည် ခေါင်းဆောင်ဖြစ်ပြီး သင်က ၎င်းတို့အား နားထောင်ရမည်ဟု ၎င်းတို့က ဆိုလျှင် သင် သဘောတူမည်လော။ သင်က အသေအချာပင် သဘောတူမည်မဟုတ်။ ထို့ကြောင့် သင်သည် ၎င်းတို့၏ အသုံးချခြင်းကို ဘုမသိဘမသိ ခံရဖို့အတွက် ၎င်းတို့သည် သမားရိုးကျမဟုတ်သော နည်းလမ်းအချို့ကို ကြိတ်မှိတ် ကျင့်သုံးရသည်။ ဤသည်မှာ စဉ်းလဲခြင်းဟု ခေါ်သည်။ ဥပမာ အဆင်းနီသောနဂါးကြီးသည် စဉ်းလဲသောပုံစံဖြင့် လုပ်ဆောင်လည်ပတ်ကာ လူတို့ကို အထင်အမြင်မှားစေရန်အတွက် တရားနည်းလမ်းကျပုံရသော မူမမှန်သည့် အကြောင်းပြချက်များကို အသုံးပြုသည်။ မြေရှင်များနှင့် အရင်းရှင်များ၏ အဖိုးတန် ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းယူခြင်းနှင့်ပတ်သက်၍ အဘယ်သို့ ဖြစ်ခဲ့သနည်း။ ပမာဏတစ်ခုခုတွင်ရှိသော အဖိုးတန် ပိုင်ဆိုင်မှုပစ္စည်းများအားလုံးကို နိုင်ငံတော်သို့ လွှဲပြောင်းပေးရမည်ဟု ဖော်ပြသည့် မူဝါဒတစ်ခုကို ရေးခြင်းဖြင့် ဤအရာကို တည်ဆောက်သလော။ ဤသို့ ပွင့်လင်းစွာ ကြေညာခဲ့လျှင် အလုပ်ဖြစ်မည်လော။ (အလုပ်ဖြစ်မည်မဟုတ်ပါ။) အလုပ်ဖြစ်မည်မဟုတ်သည့်အတွက် မည်သည့်အရာကို လုပ်ခဲ့သနည်း။ မြေရှင်များနှင့် အရင်းရှင်များ၏ အဖိုးတန် ပိုင်ဆိုင်မှုပစ္စည်းများကို တရားနည်းလမ်းတကျ သိမ်းယူပြီး သိမ်းဆည်းခြင်းမှာ မှန်ကန်သည်ဟု လူတိုင်းက ယုံကြည်သည့် နည်းလမ်းကို ရှာခဲ့ရသည်။ ဤသည်မှာ မြေရှင်များနှင့် အရင်းရှင်များကို အခွင့်အာဏာလျော့နည်းစေပြီး နိုင်ငံတော်အစိုးရကို ကြွယ်ဝချမ်းသာစေကာ နိုင်ငံတော်၏ အုပ်စိုးမှုကို ခိုင်မာစေသည်။ အဆင်းနီသောနဂါးကြီးက ဤအရာကို မည်သို့လုပ်ခဲ့သနည်း။ (မြေရှင်များကို တိုက်ခိုက်ခြင်းနှင့် မြေတို့ကို ပြန်လည်ခွဲဝေသတ်မှတ်ပေးခြင်းအားဖြင့် ဖြစ်သည်။) ယင်းသည် “မြေရှင်များကို တိုက်ခိုက်ခြင်းနှင့် မြေတို့ကို ပြန်လည်ခွဲဝေသတ်မှတ်ပေးခြင်း” နှင့် “အားလုံးအတွက် တန်းတူညီမျှမှု” ဟူသည့် စာတန်းကို ဝှေ့ယမ်းကာ ထို့နောက်တွင် မြေရှင်များနှင့် အရင်းရှင်များအားလုံးကို အမှုဆင်ပြီး ရှုတ်ချရန်အတွက် “ဆံပင်ဖြူနှင့် မိန်းကလေး” ကဲ့သို့သော ဇာတ်လမ်းများကို လုပ်ဇာတ်ခင်းသည်။ အဆင်းနီသော နဂါးကြီးသည် ဤ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများဖြင့် လူတို့ကို အယူဝါဒသွတ်သွင်းရန်အတွက် အများပြည်သူ၏ ထင်မြင်ချက်စွမ်းအားနှင့် ဝါဒဖြန့်ခြင်းစွမ်းအားတို့ကို အသုံးပြုကာ မြေရှင်များနှင့် အရင်းရှင်များသည် ဆိုးသွမ်းပြီး လုပ်သားပြည်သူများနှင့် တန်းတူညီမျှခြင်း မရှိဟုလည်းကောင်း၊ ယခုတွင် ပြည်သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံ၏ အရှင်သခင်များဖြစ်သည်ဟုလည်းကောင်း၊ နိုင်ငံတော်ကို ပြည်သူတို့က ပိုင်သည်ဟုလည်းကောင်း၊ ဤအနည်းငယ်သောသူတစ်ဦးချင်းစီတို့သည် ချမ်းသာကြွယ်ဝမှုများစွာကို မပိုင်ဆိုင်သင့်ဟုလည်းကောင်း၊ ယင်းတို့ကို သိမ်းယူသင့်ပြီး လူတိုင်းထံသို့ ပြန်လည်ခွဲဝေပေးသင့်သည်ဟုလည်းကောင်း သိမြင်နားလည်မှုမရှိသော သူတို့အားလုံး ထင်မြင်စေရန် လုပ်ဆောင်သည်။ ဤသို့သော ကောင်းသော၊ မှန်ကန်သော၊ ဆင်းရဲသား ဦးစားပေးဖြစ်သော နိုင်ငံရေးအတွေးအမြင်စနစ်များနှင့် သဘောတရားများ ဆိုသောအရာများ၏ လှုံ့ဆော်မှုအောက်တွင် လူတို့သည် အထင်အမြင်မှားအောင် ပြုလုပ်ခြင်းခံရပြီး ကျိုးကြောင်းမမြင်ဖြစ်ကြရသည်။ ပြီးလျှင် ၎င်းတို့သည် ဩဇာကြီးသော နယ်ခံသူဌေးကြီးများကို စတင်တိုက်ဖျက်ချေမှုန်းပြီး မြေရှင်များနှင့် အရင်းရှင်များကို စတင်တိုက်ခိုက်ကြသည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ အချို့သော ဤမြေရှင်များနှင့် အရင်းရှင်များသည် အသေရိုက်သတ်ခံကြရသည်။ အချို့မှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားပြီး အချို့မှာ အဝေးသို့ ထွက်ပြေးသွားကြသည်။ အတိုချုပ်အားဖြင့် အဆုံးသတ်ရလဒ်မှာ အဆင်းနီသောနဂါးကြီးသည် အကြံအောင်သွားခြင်းပင်ဖြစ်သည်။ ဤမိုက်မဲပြီး မသိနားမလည်သောလူထုသည် ဤနတ်ဆိုးများ အလိုရှိသော ပန်းတိုင်များ ဖြစ်မြောက်အောင်မြင်ရန်အတွက် ဤသို့သော အလိမ်အညာများအောက်တွင် တဖြည်းဖြည်းချင်း လမ်းပြပေးခြင်းခံရသည်။ အလားတူပင် အန္တိခရစ်များသည်လည်း အမှုအရာများကို လုပ်ဆောင်သောအခါ ဤသို့သော စဉ်းလဲသောနည်းလမ်းများကို ခံယူကျင့်သုံးကြသည်။ ဥပမာ အန္တိခရစ်တစ်ဦးသည် ခေါင်းဆောင်နေရာမှ တစ်စုံတစ်ဦးဖြင့် ပူးပေါင်းဆောင်ရွက်ပြီး ဤသူသည် တရားမျှတစိတ်ရှိသည်၊ သမ္မာတရားကို နားလည်သည်၊ အန္တိခရစ်ကို ပိုင်းခြားသိမြင်နိုင်သည်ဆိုသည်ကို တွေ့မြင်သောအခါ၌ သူသည် “ဤလူသည် ငါ၏ နောက်ကွယ်တွင် ငါ့အား အရိုသေတန်အောင် လုပ်မည်လော။ သူသည် နောက်ကွယ်တွင် တစ်စုံတစ်ခုကို ကြံစည်နေသလော။ ငါသည် သူ့အား အဘယ်ကြောင့် ရှင်းလင်းစွာ နားလည်နိုင်ခြင်း မရှိရသနည်း။ သူသည် ငါ့ဘက်တွင်ရှိသလော၊ မရှိသလော။ သူသည် ငါ့အား အထက်သို့ တိုင်ကြားနိုင်သလော” ဟူ၍ မသေမချာ ခံစားလာရသည်။ စိတ်ထဲတွင် ဤအတွေးများရှိလျက် ၎င်းတို့၏ အဆင့်အတန်းသည် လုံခြုံမှုမရှိဟု စတင်၍ စိတ်ပူလာသည် မဟုတ်လော။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဆက်လက်၍ မည်သည့်အရာကို လုပ်ဆောင်သနည်း။ ၎င်းတို့သည် ထိုသူကို တိုက်ရိုက် ညှဉ်းပန်းသလော။ အန္တိခရစ်အချို့သည် ထိုသို့သောသူမျိုးကို ပွင့်လင်းစွာ ညှဉ်းပန်းလိမ့်မည်။ သို့သော် စဉ်းလဲသောသူမျိုးက တိုက်ရိုက် လုပ်ဆောင်မည်မဟုတ်။ ဤအစား ၎င်းတို့သည် အတော်အတန် ပို၍ အားနည်းသော၊ နားဝေတိမ်တောင်ဖြစ်သော၊ ပိုင်းခြားသိမြင်မှုမရှိသော ညီအစ်ကိုမောင်နှမအနည်းငယ်ကို စတင်စကားပြောပြီး ၎င်းတို့ကို မေးခွန်းထုတ်ကာ မသိမသာဖြင့် အစ်အောက်လိမ့်မည်။ “ထိုသူသည် ဆယ်စုနှစ်တစ်ခုကြာ ယုံကြည်သူတစ်ဦး ဖြစ်ခဲ့သောကြောင့် သူ၏ ယုံကြည်ခြင်းသည် အခြေခံအုတ်မြစ်တစ်ခုခု ရှိသင့်သည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ တစ်စုံတစ်ယောက်က “သူ့တွင် အမှန်ပင် အခြေခံအုတ်မြစ်ကောင်းကောင်းရှိသည်။ ဘုရားသခင်ကို ယုံကြည်သည့် ထိုနှစ်များအားလုံးတွင် သူ့မိသားစုနှင့် သူ၏ အသက်မွေးအလုပ်ကို စွန့်ပစ်ခဲ့သည်။ သူ၏ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ထက်ပို၍ ကြီးမားသည်။ သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် သင့်အတွက် အလွန်ပင် ကောင်းသင့်သည်” ဟု ဖြေကောင်းဖြေနိုင်သည်။ အန္တိခရစ်က “ဟုတ်သည်။ အလွန်ကောင်းသည်။ သို့သော် သူသည် အခြားညီအစ်ကိုမောင်နှမများဖြင့် မည်သည့်အခါမျှ ရောနှောခြင်းမရှိ။ သူသည် ထိုမျှ အပေါင်းအသင်းမင်ပုံမရပါ” ဟု ဆိုလိမ့်မည်။ အခြားသူတစ်ဦးက “ဤသို့မဟုတ်ပါ။ သူသည် ကျွန်ုပ်တို့ထက်ပို၍ သမ္မာတရားကို လိုက်စားသည်။ ကျွန်ုပ်တို့သည် မကြာခဏ စကားစမြည်ပြောဆိုကြသည်။ သို့သော် သူသည် အများအားဖြင့် ဘုရားနှုတ်ကပတ်တော်ကို ဖတ်လျက်၊ တရားဒေသနာများကို နားထောင်လျက်၊ ဓမ္မတေးသီချင်းများ သင်ယူလျက်ဖြင့် သူ၏ အချိန်ကို ကုန်ဆုံးပြီး သူသည် ကျွန်ုပ်တို့နှင့်အတူရှိသောအခါ၌ ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သည်” ဟု ဖြည့်စွက်ကောင်း ဖြည့်စွက်နိုင်သည်။ အန္တိခရစ်သည် ဤလူနှင့်ပတ်သက်ပြီး ဤထောက်ခံသော၊ အသိအမှတ်ပြုသော မှတ်ချက်များကို ကြားပြီး ဆက်၍ များစွာပြော၍မဖြစ်ဟု ခံစားရသောကြောင့် အကြောင်းအရာကို ပြောင်းလိုက်ပြီး “သူသည် နှစ်များစွာကြာ ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး ကျွန်ုပ်တို့ထက် ပို၍ အတွေ့အကြုံရှိသည်။ ကျွန်ုပ်တို့သည် နောင်တွင် သူနှင့်ပို၍ အပြန်အလှန်ဆက်ဆံသင့်ပြီး သူ့ကို သီးခြားမထားသင့်ပါ” ဟု ဆိုသည်။ အခြားလူများက ဤအရာကို ကြားပြီး မည်သည့်အရာကိုမျှ ပိုင်းခြားသိမြင်မှု မရှိသေးပေ။ အန္တိခရစ်သည် လူအများစုက ထိုသူအကြောင်းကို အကောင်းပြောသည်ကို မြင်ပြီး သူ၏ ရည်ရွယ်ချက်များကို မဖြစ်မြောက်နိုင်ဖြစ်ကာ ထိုအကြောင်းအရာကို ဆက်၍မပြောတော့ပေ။ နောက်ပိုင်းတွင် အန္တိခရစ်သည် အခြားလူတစ်စုကို ရှာပြီး “ထိုသူက ဘုရားနှုတ်ကပတ်တော်အား ဖတ်သည်ကို သင်တို့ မြင်ဖူးသလော။ သူသည် အခြားလူများနှင့် အစဉ်မိတ်သဟာယဖွဲ့ပြီး အပေါ်ယံတွင် အလုပ်ရှုပ်နေသည့် ပုံစံရှိသည်ဟု ကျွန်ုပ်ယူဆမိသည်။ သူသည် အဘယ်ကြောင့် ဘုရားနှုတ်ကပတ်တော်များကို လုံးဝ မဖတ်သနည်း” ဟု မေးသည်။ ဤအုပ်စုက ပို၍ အကင်းပါးသည်။ ၎င်းတို့သည် အရိပ်အခြည်ကို အကဲခတ်မိပြီး “ဤနှစ်ယောက်ကြားတွင် သဘောထားကွဲလွဲမှုရှိပုံရသည်။ သူသည် ကျွန်ုပ်တို့အား ထိုသူကို သေးသိမ်စေပြီး ဖယ်ကြဉ်ထားစေဖို့ ကြိုးစားနေခြင်း ဖြစ်သည်” ဟု တွေးသည်။ ထို့ကြောင့် ၎င်းတို့က “ဟုတ်သည်။ သူသည် အရေးမကြီးသော အလုပ်များဖြင့် အစဉ် အလုပ်ရှုပ်နေပြီး လူများ၊ အမှုအရာများနှင့်ပတ်သက်ပြီး အစဉ်သဖြင့် အလွန်အမင်း အပိုဆောင်း၍ ကောက်ချက်ချနေသည်။ ဘုရားနှုတ်ကပတ်တော်ကို သိပ်မဖတ်ပါ။ ဖတ်သည့်အချိန်တွင်မူ အိပ်ပျော်သွားသည်။ ကျွန်ုပ်သည် ယင်းကို အချိန်တော်တော်များများ သတိပြုမိသည်” ဟု ပြန်ဖြေသည်။ ပထမအုပ်စုနှင့် ဒုတိယအုပ်စုတို့ဖြင့် အန္တိခရစ် ပြောဆိုမှုများကိုကြည့်လျှင် အန္တိခရစ်၏ စကားများ၌ မည်သည့်စိတ်သဘောထားမျိုး တည်ရှိနေသနည်း။ ကောက်ကျစ်ဆိုးယုတ်ခြင်း မရှိသလော။ (ရှိပါသည်။) သူ့လုပ်ရပ်များ၏ သဘာဝနှင့် နည်းလမ်းများမှာ အဘယ်နည်း။ သူသည် စဉ်းလဲသည်။ ပထမအုပ်စုက အန္တိခရစ်သည် မည်သည့်အရာကို လုပ်ဆောင်ရန် ကြိုးစားနေသည်ကို သဘောမပေါက်ဘဲ ဒုတိယအုပ်စုမှာမူ မည်သည့်အရာ ဖြစ်နေသည်ကို ဖျတ်ကနဲ မြင်မိပြီး သူပြောသည့်အရာအတိုင်း လိုက်လုပ်ကြသည်။ အန္တိခရစ်သည် ဒုတိယအုပ်စုက သူပြောသည့်အရာကို လက်ခံသဖြင့် စည်းရုံး၍နိုင်သည်ကို မြင်ကာ သူ၏ တွဲဖက်ကို ဖယ်ရှားရန်အတွက် ဤအုပ်စုကို အသုံးပြုလိုသည်။ ဤအတွေးစဉ်တန်းသည် စဉ်းလဲသည်။ အယုံသွင်းမှုမျိုးစုံပြီးနောက်တွင် ဒုတိယအုပ်စုက အထင်အမြင်မှားအောင် ပြုလုပ်ခြင်းခံရကာ သိမ်းသွင်းစည်းရုံးခြင်း ခံရပြီး “ထိုသူသည် အသင်းတော် ခေါင်းဆောင်ဖြစ်ရန် စည်းမျဉ်းများနှင့် သတ်မှတ်ချက်များဖြင့် မကိုက်ညီသည့်အတွက် နောက်တစ်ခါတွင် သူ့အား ခေါင်းဆောင်အဖြစ် မဲမပေးသင့်သည်ဟု ကျွန်ုပ်ထင်သည်။ မှန်သလော” ဟု ဆိုသည်။ ဤအုပ်စုသည် အလွန်ပင် အလွန်ကောက်ကျစ်စဉ်းလဲကာ ၎င်းတို့ စကားပြောပြီးနောက်တွင် အန္တိခရစ်၏ သဘောထားကို စောင့်ကြည့်သည်။ အန္တိခရစ်က “ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ မမျှမတဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားအိမ်တော် ဖြစ်သည်။ လူ့အဖွဲ့အစည်းမဟုတ်” ဟု ဆိုသည်။ ဤအရာကို ကြားပြီး ၎င်းတို့က “ယင်းမှာ အမှန်ပင် အလုပ်မဖြစ်မည်လော။ ဤသို့ဆိုလျှင် မည်သည့်အရာကို ကျွန်ုပ်တို့ လုပ်ဆောင်သင့်သနည်း။ ဤသို့ဆိုလျှင် နောက်တစ်ကြိမ်တွင် သူ့ကို ကျွန်ုပ်တို့ မဲပေးမည်” ဟု ပြောသည်။ အန္တိခရစ်က “သူ့ကို မဲပေးခြင်းသည်လည်း အလုပ်ဖြစ်မည်မဟုတ်” ဟု ချက်ချင်းဆိုသည်။ မြင်သလော။ မည်သည့်အရာကို ၎င်းတို့ ပြောသည်ဖြစ်စေ မမှန်ပေ။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။ အမှန်တွင် အန္တိခရစ်သည် ဤလူတို့အား သူ၏လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်လိုခြင်းသာဖြစ်ပြီး ၎င်းတို့ ကျဆင်းရန်အတွက် တွင်းတစ်တွင်းကို တူးလိုခြင်းဖြစ်သည်။ အဆုံးတွင် ဤအရာ၊ ထိုအရာကို နားထောင်ပြီးနောက် ဤလူတို့သည် အန္တိခရစ်၏ ရည်ရွယ်ချက်များကို အဖြေရှာတွေ့သွားသည်။ “မျှတသော ရွေးကောက်ပွဲတစ်ခုကိုသာ ပြုလုပ်ကြစို့။ သူသည် အရည်အချင်း များများစားစားမရှိသောကြောင့် မည်သို့ပင်ဖြစ်စေ အရွေးမခံရကောင်း မခံရနိုင်ပါ” ဟူ၍ ဖြစ်သည်။ အန္တိခရစ်က ကျေနပ်သွားသည်။ ကြည့်လော့။ ဤတွင် ဝံပုလွေတစ်ကောင်နှင့် မြေခွေးအချို့ရှိသည်။ ၎င်းတို့သည် နီးကပ်စွာ လုပ်ဆောင်ရန်အတွက် အတူတကွ စုပေါင်းနေကြသည်။ ဤသည်မှာ အသင်းတော်ရှိ အန္တိခရစ်နှင့် အန္တိခရစ်နောက်လိုက်သော အင်အားစုများက ဆောင်ရွက်သော လုပ်ရပ်များ၏ စည်းမျဉ်းနှင့် သဘာဝတို့ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သရုပ်သကန်ဖြစ်သည်။ အန္တိခရစ်နောက်သို့ လိုက်သောသူများက “ဤသို့ဆိုလျှင် မဲပေးကြစို့။ ထို့အပြင် သူသည် ထိုမျှမတော်ပေ။ ကျွန်ုပ်တို့ မဲပေးလျှင် သူသည် ရွေးချယ်ခြင်းပင် မခံရကောင်း မခံရနိုင်ပေ” ဟု ဆိုသည်။ ဤတွင် သံသယဖြစ်စရာ တစ်ခုခုရှိသလော။ ၎င်းတို့သည် တစ်စုံတစ်ခုကို စီစဉ်နေသလော။ ၎င်းတို့သည် အချင်းချင်း၏ စကားများမှ သဲလွန်စများကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။ သို့သော် မည်သည့်အရာလုပ်ဆောင်ရမည်ကို မည်သူကမျှ တိုက်ရိုက်မပြော။ ၎င်းတို့ကြားတွင် အပြန်အလှန်နားလည်မှုဖြင့် ဖွင့်ဟပြောရန်မလိုသော အရာတစ်ခုရှိပြီး လူတိုင်း သဘောပေါက်သည်။ အပေါ်ယံတွင် အန္တိခရစ်သည် မည်သူ့ကိုမျှ သူ၏ တွဲဖက်ကို မရွေးချယ်ဖို့ တိုက်ရိုက်မညွှန်ကြားပေ။ ပြီးလျှင် ၎င်းတို့အောက်မှ လူများကလည်း “ကျွန်ုပ်တို့သည် သူ့ကို ရွေးမည်မဟုတ်။ သင့်ကို ရွေးမည်” ဟု မဆိုပေ။ အဘယ်ကြောင့် ၎င်းတို့ ရှင်းရှင်းလင်းလင်း မဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ အခြားသူကို မည်သည့်နိုင်ကွက်မျှ မပေးလိုသောကြောင့် ဖြစ်သည်။ ဤသည်မှာ မစဉ်းလဲသလော။ ယင်းသည် အလွန့်အလွန် ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။ ၎င်းတို့သည် အချင်းချင်းစကား၏ လေသံကို နားထောင်သည်။ သို့သော် မည်သူကမျှ တိုက်ရိုက်မပြော။ အဆုံးတွင် အများသဘောတူညီချက်တစ်ခုကို ရရှိသည်။ ဤအရာကို စာတန်ဆန်သော အပြန်အလှန်ဆွေးနွေးမှုဟု ခေါ်သည်။ ၎င်းတို့ထဲတွင် နားထောင်ပြီးနောက် နားမလည်သေးဘဲ ၎င်းတို့သည် ထိုသူကို မဲပေးမည်လော၊ သို့မဟုတ် မပေးမည်လောဆိုသည်ကို အခြားလူများအား မေးသော “လူအ”တစ်ဦး ရှိသည်။ အန္တိခရစ်က မည်သို့ဖြေသနည်း။ ၎င်းတို့က “သင့်တော်သည်ဟု သင်မြင်သလို လုပ်ဆောင်ပါ” ဟု ဆိုလျှင် သိသာလွန်းမည် ဖြစ်သည်။ ဤသို့သော အဖြေသည် ခြိမ်းခြောက်မှုနှင့် မက်လုံးသဘောသဘာဝ ပါနေသည်။ ကောက်ကျစ်ဆိုးယုတ်သူတို့က ဤသို့ မပြောဆိုပေ။ ဤအစား ၎င်းတို့က “ဘုရားအိမ်တော်သည် အလုပ် အစီအစဉ်များမရှိသလော။ သင်မဲပေးသင့်သောသူကို ပေးလော့။ တစ်စုံတစ်ယောက်သည် ရွေးချယ်ခြင်းမခံရသင့်လျှင် ထိုသူ့အတွက် မဲမပေးနှင့်” ဟု ဆိုသည်။ ဤသည်မှာ မရေမရာ ပြောဆိုခြင်း မဟုတ်လော။ ၎င်းတို့သည် တရားနည်းလမ်းကျသည်ဟု ထင်ရသော မူမမှန်သည့်အကြောင်းပြချက်ကို သုံးပြီး “သင်သည် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရမည်။ ကျွန်ုပ်ကို နားထောင်၍ မဖြစ်။ ကျွန်ုပ်ပြောသည့်အရာက အရေးမကြီး။ ကျွန်ုပ်က စည်းမျဉ်းများမဟုတ်။ ဘုရားနှုတ်ကပတ်တော်များက စည်းမျဉ်းများ ဖြစ်သည်” ဟု ဆိုသည်။ “လူအ”က ဤအရာကို ကြားပြီး “ငါတို့သည် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရမည်ဆိုလျှင် ငါသည် သူ့အတွက် မဲပေးမည်” ဟု တွေးသည်။ ဤသူသည် မိုက်မဲပြီး ၎င်းတို့၏ အစီအစဉ်များအား ကမောက်ကမဖြစ်စေနိုင်သည်ကို မြင်ကာ အုပ်စုက ထိုသူအား စုပေါင်း၍ ထုတ်ပစ်လိုက်၍ “လူအ”ကို ၎င်းတို့ကြားတွင် နေခွင့်မပေးပေ။ အဆုံးတွင် “လူအ”က ထိုသူအတွက် မဲပေးသင့်၊ သို့မဟုတ် မပေးသင့်ကို ဆက်၍မေးနေသောအခါ လူတစ်ယောက်က “ထိုအကြောင်းကို နောက်မှ ပြောကြစို့။ သူ၏ စွမ်းဆောင်မှုအပေါ် အခြေခံပြီး ငါတို့ အဆုံးအဖြတ်ပေးမည်” ဟု ဆိုသည်။ ဤစကားများတွင် တိကျပြတ်သားခြင်း တစ်ခုတလေရှိသလော။ ရိုးသားခြင်း အစိတ်အပိုင်း တစ်ခုခုရှိသလော။ (မရှိပါ။) ဤသို့ဆိုလျှင် ဤစကားများတွင် အမှန်တကယ်၌ မည်သည့်အရာ ရှိသနည်း။ ဤစကားများသည် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ဖော်ပြပြီး ၎င်းတို့၏ ဖွင့်ဟပြောခြင်းမရှိသော အကြောင်းရင်းများ၊ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များကိုပါ ဖော်ပြလေသည်။ ဝံပုလွေနှင့် မြေခွေးတို့သည် အန္တိခရစ်အတွက် မျက်စိစပါးမွေးဆူးစရာဖြစ်သော ဤသူကို ဖယ်ရှားရန်အတွက် ၎င်းတို့ကြားတွင် လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုပါဝင်သည်။ ဤလူအုပ်စုသည် ဤသို့လုပ်ဆောင်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ အုပ်စိုးခြင်းကို ခံရခြင်းကြောင့် ဖြစ်သည့်အပြင် ဤသို့ ၎င်းတို့လုပ်ဆောင်နိုင်သည့် အကြောင်းရင်းမှာ ၎င်းတို့၏ အထက်မှ အန္တိခရစ်က ထိုသူကို မနှစ်သက်သောကြောင့် ဖြစ်သည်။ ၎င်းတို့က သူ့အတွက် မဲပေးပြီး အန္တိခရစ်က သိသွားလျှင် ရလဒ်က ကောင်းမည်မဟုတ်။ ထို့ကြောင့် ၎င်းတို့အတွက် လုပ်ဆောင်ရန် အရေးအကြီးဆုံးနှင့် အရေးပါဆုံးသောအရာမှာ၊ လုပ်ဆောင်ရန် အကျိုးကျေးဇူးအရှိဆုံးသောအရာမှာ ထိုသူကို မဲမပေးခြင်း ဖြစ်သည်။ ၎င်းတို့အားလုံးသည် အန္တိခရစ်ကို နားထောင်ကြသည်။ ဤလူတို့က သမ္မာတရားစည်းမျဉ်းများနှင့် ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ကာ အန္တိခရစ် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ စကားများက မည်သည့်ဦးတည်ချက်သို့ သွားသည်ဖြစ်စေ နာခံကြသည်။ သင်သိသလော။ အန္တိခရစ်တစ်ဦး ပေါ်လာသရွေ့ သူ့ကို နာခံသောသူများ မလွှဲမရှောင်သာ ရှိလိမ့်မည်။ အန္တိခရစ်က ပြုမူလုပ်ဆောင်သရွေ့ လူအချို့က သူ့ကို အဖော်ပြုပြီး သူ့နောက်လိုက်လိမ့်မည်။ လုံးဝ တစ်ဦးတည်းလုပ်ဆောင်ပြီး သီးခြားလုပ်ဆောင်သော အန္တိခရစ် မရှိပေ။

ယခု ဆွေးနွေးခဲ့သည့်အရာသည် အန္တိခရစ်များက စဉ်းလဲစွာ လုပ်ဆောင်ပုံနှင့်သက်ဆိုင်သည့် သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။ ဤတွင် ပြောသော စဉ်းလဲခြင်းသည် အန္တိခရစ်များက ၎င်းတို့လုပ်ဆောင်သည့်အရာတွင် ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းရင်းများရှိခြင်းကို ရည်ညွှန်းသည်။ သို့သော် ၎င်းတို့က သင့်အားပြောမည်မဟုတ်သကဲ့သို့ မြင်ခွင့်လည်းပြုမည်မဟုတ်။ သင်က ယင်းကို ရှာဖွေတွေ့ရှိသောအခါ ၎င်းတို့သည် ဖုံးကွယ်ရန်အတွက် လွန်စွာ အားထုတ်လိမ့်မည်ဖြစ်ပြီး သင့်အား အထင်အမြင်မှားစေရန်၊ ၎င်းတို့အပေါ် သင်၏ သိမြင်နားလည်မှုကို ပြောင်းလဲရန် နည်းအမျိုးမျိုးကို အသုံးပြုလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များ၏ စဉ်းလဲသော သွင်ပြင်လက္ခဏာဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်များသည် အလွယ်တကူ ဖော်ထုတ်ခြင်းခံရလျှင်၊ လူသိရှင်ကြား ပျံ့နှံ့သွားလျှင်၊ လူတိုင်းကို မျှဝေပြီး လူတို့အား သိစေလျှင် ယင်းသည် စဉ်းလဲခြင်း ဖြစ်မည်လော။ စဉ်းလဲခြင်း ဖြစ်မည်မဟုတ်။ မည်သည့်အရာ ဖြစ်မည်နည်း။ (မိုက်မဲခြင်း ဖြစ်မည်။) မိုက်မဲခြင်း မဟုတ်။ ဆင်ခြင်တုံတရားကို လက်လွှတ်သည်အထိ မာနထောင်လွှားခြင်း ဖြစ်လိမ့်မည်။ အန္တိခရစ်များသည် ၎င်းတို့၏ အပြုအမူတွင် စဉ်းလဲကြသည်။ မည်သို့ စဉ်းလဲကြသနည်း။ ၎င်းတို့သည် လှည့်စားမှုကို မှီခိုသော နည်းလမ်းတစ်ခုဖြင့် အစဉ် ပြုမူကြသည်။ ၎င်းတို့၏ စကားများသည် မည်သည့်အရာကိုမျှ မထုတ်ဖော်ပေ။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များကို နားလည်သဘောပေါက်ရန် လူတို့အတွက် ခက်ခဲသည်။ ဤသည်မှာ စဉ်းလဲခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ ပြောဆိုသမျှတွင်ဖြစ်စေ၊ လုပ်ဆောင်သမျှတွင်ဖြစ်စေ အလွယ်တကူ ကောက်ချက်မချပေ။ ၎င်းတို့က ထိုသို့လုပ်ဆောင်သည်မှာ ၎င်းတို့၏ လက်အောင်ငယ်သားများနှင့် နားထောင်သူများက ၎င်းတို့၏ ရည်ရွယ်ချက်ကို သိရှိခံစားနိုင်ရန်ဖြစ်သည်။ ထိုသူများသည် အန္တိခရစ်ကို နားလည်ကြလျက် ၎င်းတို့၏ လုပ်ငန်းစဉ်နှင့် အရင်းခံအကြောင်းရင်းများအတိုင်း လုပ်ဆောင်ကြကာ ၎င်းတို့၏ အမိန့်များကို ဆောင်ရွက်ကြသည်။ လုပ်ငန်းတာဝန်တစ်ခု ပြီးစီးပါက၊ အန္တိခရစ်သည် ပျော်ရွှင်သည်။ မပြီးဆုံးလျှင် မည်သူကမျှ ၎င်းတို့ကို ဆန့်ကျင်လုပ်ဆောင်ရန် မည်သည့်အရာကိုမျှ မတွေ့ရှိနိုင်ပေ၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာ၏ နောက်ကွယ်ရှိ အရင်းခံအကြောင်းရင်းများ၊ ရည်ရွယ်ချက်များ၊ သို့မဟုတ် ပန်းတိုင်များကို နားလည်သဘောပေါက်ခြင်း မရှိနိုင်ကြပေ။ အန္တိခရစ်တို့ လုပ်ဆောင်သည့်အရာ၏ စဉ်းလဲမှုသည် ကွယ်ဝှက်ထားသော လှည့်ကွက်များ၊ လျှို့ဝှက်ပန်းတိုင်များတွင် တည်ရှိသည်။ ထိုအရာအားလုံးက အခြားလူတိုင်းကို လှည့်စားရန်၊ ကစားရန်၊ ထိန်းချုပ်ရန် ရည်ရွယ်သည်။ ဤသည်မှာ စဉ်းလဲသော အပြုအမူ၏ အနှစ်သာရဖြစ်သည်။ စဉ်းလဲခြင်းသည် လိမ်ညာခြင်းသက်သက်၊ သို့မဟုတ် မကောင်းသောအရာတစ်ခုကို လုပ်ဆောင်ခြင်းသက်သက် မဟုတ်ပေ။ ထိုအစား သာမန်လူတို့အဖို့ ဉာဏ်မမီနိုင်သော ပို၍ကြီးသော ရည်ရွယ်ချက်များနှင့် ပန်းတိုင်များပါဝင်သည်။ သင်သည် မည်သူ့ကိုမျှ မသိစေလိုသောအရာတစ်ခုကို လုပ်ဆောင်ခဲ့ပြီး လိမ်ညာမှုတစ်ခုကို ပြောလျှင် ယင်းမှာ စဉ်းလဲခြင်းအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) ယင်းမှာ လှည့်စားခြင်းသာဖြစ်ပြီး စဉ်းလဲခြင်းအဆင့်သို့ မရောက်ရှိပေ။ အဘယ်အရာက စဉ်းလဲခြင်းကို လှည့်စားခြင်းထက်ပို၍ နက်နဲစေသနည်း။ (လူတို့က ထိုအရာကို နားလည်သဘောပေါက်ခြင်း မရှိနိုင်ပါ။) လူတို့အတွက် ယင်းကို နားလည်သဘောပေါက်ရန် ခက်ခဲသည်။ ဤသည်မှာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အခြားမည်သည့်အရာရှိသနည်း။ (လူတို့က စဉ်းလဲသောသူကို ဆန့်ကျင်ရန် မည်သည့်အရာမျှ မရှိပါ။) မှန်သည်။ ဆိုလိုသည်မှာ ၎င်းတို့ကို အပြစ်တင်ဖို့အရာတစ်ခုခုကို တွေ့ရှိရန် လူတို့အတွက် ခက်ခဲသည်။ ထိုသူသည် မကောင်းသောအရာများကို လုပ်ဆောင်ခဲ့သည်ဟု လူအချို့က သိလျှင်ပင် ထိုသူ လူကောင်းဖြစ်သလော၊ သို့မဟုတ် လူဆိုးဖြစ်သလော၊ ဆိုးယုတ်သူတစ်ဦးဖြစ်သလော သို့မဟုတ် အန္တိခရစ်ဖြစ်သလောဆိုသည်ကို မဆုံးဖြတ်နိုင်ကြပေ။ လူတို့သည် ထိုသူကို မရိပ်စားမိနိုင်ဘဲ ထိုသူသည် ကောင်းသည်ဟု ထင်မြင်ပြီး ထိုသူ၏ အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို ခံရနိုင်သည်။ ဤသည်မှာ စဉ်းလဲခြင်းဖြစ်သည်။ လူတို့သည် ယေဘုယျအားဖြင့် လိမ်ညာတတ်ပြီး ကျိတ်ကြံစည်တတ်ကြသည်။ ဤသည်မှာ လှည့်စားခြင်းသာဖြစ်သည်။ သို့သော် အန္တိခရစ်များသည် အတွေ့ရများသော လှည့်စားသူများထက်ပို၍ မသိမသာအန္တရာယ်များသည်။ ၎င်းတို့သည် နတ်ဆိုးဘုရင်များကဲ့သို့ ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သည့်အရာကို မည်သူကမျှ နားလည်သဘောမပေါက်နိုင်ပေ။ ၎င်းတို့သည် တရားမျှတမှုအမည်ခံပြီး မကောင်းမှုများစွာကို လုပ်ဆောင်နိုင်ကြကာ လူတို့ကို ဒုက္ခပေးကြသည်။ သို့သော် လူတို့က ၎င်းတို့ကို ချီးမွမ်းကြဆဲ ဖြစ်သည်။ ဤသည်မှာ စဉ်းလဲခြင်းဟု ခေါ်သည်။

ယခင်က ခေါင်းဆောင်တစ်ဦးသည် အထက်နှင့် အဆက်အသွယ်ပြုလုပ်ပြီး မိတ်သဟာယဖွဲ့သည့် အချိန်အတွင်းတွင် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အချို့ကို အသိပေးခြင်းခံရသည့် ဖြစ်ရပ်တစ်ခု ရှိခဲ့သည်။ ထိုအချိန်တွင် အလုပ်အစီအစဉ်ကို တရားဝင် မထုတ်ပြန်ရသေးပေ။ သူသည် ပြန်လာပြီးနောက်တွင် စတင်၍ ကြွားဝါသည်။ သို့သော် ကြွားဝါနေခြင်းကို သင်မသိနိုင်ပေ။ သူသည် စုဝေးပွဲလုပ်နေစဉ်အတွင်းတွင် အလွန်လေးနက်စွာ စကားပြောနေသည်။ ပြီးလျှင် ရုတ်တရက်ဆိုသလို သူသည် မိတ်သဟာယဖွဲ့နေစဉ်တွင် ယခင်က မည်သူမျှ မကြားဖူးသည့်အရာတစ်ခုကို ပြောသည်။ “ယခုအချိန်ထိတွင် ဘုရားအမှုတော်၏ အဆင့်တစ်ခုစီက ပြီးမြောက်ပြီးဖြစ်ကာ လူတို့သည် အခြေခံအားဖြင့် တည်ငြိမ်နေကြပြီဖြစ်သည်။ နောက်လမှစပြီး ဧဝံဂေလိ ဖြန့်ဝေခြင်းကို ငါတို့ ချဲ့ထွင်မည်။ ထို့ကြောင့် ငါတို့သည် ဧဝံဂေလိ အဖွဲ့များကို ထူထောင်ဖို့လိုသည်။ ဧဝံဂေလိအဖွဲ့များကို မည်သို့ထူထောင်သင့်သနည်း။ ဤတွင် အသေးစိတ်အချက်အချို့ရှိသည်...” ဟူ၍ ဖြစ်သည်။ အခြားလူများက ဤအရာကို ကြားသောအခါ ၎င်းတို့က “ဤစကားများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ အထက်က မည်သည့်အလုပ်အစီအစဉ်များကိုမျှ မထုတ်ပြန်သေးပါ။ သူသည် မည်သို့သိသနည်း။ သူ့တွင် အမြော်အမြင်ရှိခြင်း ဖြစ်ရမည်” ဟု တွေးကြသည်။ ၎င်းတို့သည် သူ့ကို ကိုးကွယ်နေခြင်း မဟုတ်လော။ သူ့အပေါ် လူတို့၏ သဘောထားသည် ရုတ်ချည်းပြောင်းလဲသွားသည်။ သူလုပ်သမျှမှာ ဧဝံဂေလိအဖွဲ့များကို ထူထောင်ခြင်းအကြောင်း စကားထဲထည့်ပြောခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် သတ်သတ်မှတ်မှတ်ဖြစ်သော မည်သည့်အလုပ်ကိုမျှ မလုပ်ခဲ့ပေ။ အနှစ်မရှိသော ဆောင်ပုဒ်များကိုသာ သူဟစ်ကြွေးခဲ့သည်။ အနှစ်မရှိသော ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်းအတွက် သူ၏ ရည်ရွယ်ချက်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သူသည် သူ့ကိုယ်သူ ကြွားဝါနေခြင်း ဖြစ်ပြီး လူတို့အား သူ့ကို အထင်ကြီးစေလိုခြင်း၊ ကိုးကွယ်စေလိုခြင်း ဖြစ်သည်။ ထို့နောက် မကြာမီတွင် အထက်မှ အလုပ်အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။ ညီအစ်ကိုမောင်နှမများက မြင်သောအခါ ၎င်းတို့သည် အံ့အားသင့်ပြီး “အံ့ဖွယ်ပါတကား။ ဤသည်မှာ ပရောဖက်ပြုခြင်းမဟုတ်လော။ ဤအကြောင်းကို သင်မည်သို့သိခဲ့သနည်း။ သင်သည် ကျွန်ုပ်တို့ထက်ပို၍ သမ္မာတရားကို နားလည်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ပို၍ ကြီးသည်။ ကျွန်ုပ်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်သည်။ ဧဝံဂေလိတရားဟောရန်အချိန်ကျသောအခါ၌ သင်က ကျွန်ုပ်တို့ကို ပြောပြီးဖြစ်သော်လည်း ကျွန်ုပ်တို့ကမူ ထုံထိုင်းပြီး သတိမမူမိပေ။ ကြည့်ပါ။ သင်မိတ်သဟာယ ပြုသောအရာသည် အထက်မှ အလုပ်အစီအစဉ်နှင့် မကိုက်ညီနေသလော။ ယင်းမှာ တိုက်တိုက်ဆိုင်ဆိုင် တူညီနေခြင်း ဖြစ်ပြီး ယခုတွင် မှန်မမှန်အတည်ပြုပြီး ဖြစ်သည်” ဟု ဆိုကြသည်။ ဤဖြစ်ရပ်မှတစ်ဆင့် လူတိုင်းက သူ့ကို ပို၍ပင် ကိုးကွယ်ကြသည်။ ပြီးလျှင် သာမန်မျှမဟုတ်ဘဲ အပြည့်အဝ ကျိုးနွံနာခံပြီး သူ့ရှေ့တွင် ဒူးထောက်ကာ ဦးညွှတ်လုနီးပါးဖြစ်သည်။ လူအများစုက ဤကိစ္စအကြောင်းကို မသိ။ ဤအကြောင်းကို သူကိုယ်တိုင်မပြောလျှင် မည်သူမျှ သိမည်မဟုတ်။ ဘုရားသခင်သာ သိသည်။ ယင်းသည် အလွန်သိသာသော အမှုကိစ္စတစ်ခုဖြစ်သည်။ သူသည် မည်သူ့ကိုမျှ မထုတ်ဖော်ပြဘဲ ဤအစား ၎င်းတို့ကို အလွန်ပင် ပြောင်ပြောင်တင်းတင်း လှည့်ဖြားရန် ရွေးချယ်ခဲ့သည်။ ဤအပြုအမူကို စဉ်းလဲခြင်းအဖြစ် သတ်မှတ်သလော။ (သတ်မှတ်ပါသည်။) သူသည် အဘယ်ကြောင့် အခြားလူများအား ဤသို့ လှည့်ဖြားသနည်း။ သူသည် အဘယ်ကြောင့် ဤသို့ ပြုမူပြီး လုပ်ဆောင်နိုင်သနည်း။ သူ၏ စိတ်နှလုံး၌ အမှန်တကယ်တွင် မည်သည့်အရာကို တွေးနေသနည်း။ သူသည် လူတို့အား သူ့ကို ထူးခြားသည်ဟု မြင်စေချင်သည်။ သူသည် သာမန်လူတစ်ယောက်မဟုတ်ဟု ထင်စေချင်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝတွင် တွေ့သင့်သောအရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့သောသူ၏ လုပ်ရပ်များမှာ စက်ဆုပ်ဖွယ်ဖြစ်ပြီး အရှက်မဲ့သည်။ ဤအရာကို စဉ်းလဲခြင်းအဖြစ် သတ်မှတ်မည်လော။ (သတ်မှတ်ပါမည်။) စဉ်းလဲခြင်းဖြစ်သည့်အပြင် အနည်းငယ်လည်း စက်ဆုပ်ဖွယ်ဖြစ်သည်။

တစ်ခုခု အမှားပြောသည်ကို မကြားရဖူးသော သို့မဟုတ် တစ်ခုခု အမှားလုပ်သည်ကို မမြင်ရဖူးသော လူတစ်မျိုးတစ်စား အန္တိခရစ်တို့ထဲတွင် ရှိသည်။ ၎င်းတို့လုပ်ဆောင်သည့်အရာနှင့် ၎င်းတို့ပြုမူလုပ်ဆောင်ပုံတို့ကို လူတိုင်းက ယေဘုယျအားဖြင့် ကောင်းသည်ဟု သတ်မှတ်ပြီး အသိအမှတ်ပြုကြသည်။ ၎င်းတို့သည် မကြာခဏ ပြုံးနေတတ်ကြပြီး သနားကရုဏာထားတတ်သော သူတော်စင်တစ်ဦးကဲ့သို့သော မျက်နှာရိပ်မျက်နှာကဲ ရှိကာ မည်သူ့ကိုမျှ လုံးဝ မပြုပြင်ပေ။ လူတို့သည် မည်သည့်အမှားများကို ပြုလုပ်သည်ဖြစ်စေ ၎င်းတို့သည် ချစ်ခင်ကြင်နာသော မိခင်တစ်ဦးကဲ့သို့ ခွင့်လွှတ်တတ်သော စိတ်နှလုံးဖြင့် ထိုလူတို့ကို အစဉ်သည်းခံသည်။ အသင်းတော်တွင် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များကို ချိုးဖောက်သော၊ အနှောင့်အယှက်၊ အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသော၊ သို့မဟုတ် မကောင်းမှုများကို ကျူးလွန်သောသူများကို မည်သည့်အခါမျှ ၎င်းတို့ မကိုင်တွယ်ပေ။ ဤသည်မှာ ဤအရာများကို ၎င်းတို့ မမြင်နိုင်သောကြောင့်၊ သို့မဟုတ် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သလော။ နှစ်ခုလုံး မဟုတ်ပေ။ ၎င်းတို့သည် ယင်းတို့ကို မြင်နိုင်ပြီး ပိုင်းခြားသိမြင်နိုင်သည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးတွင် ဤလူတို့သည် ဖယ်ရှားခြင်းခံရပြီး အသင်းတော်က ငြိမ်သက်ခြင်းရှိလာလျှင်၊ သမ္မာတရားကို လိုက်စားသည့်သူများနှင့် ဘုရားသခင်အတွက် မိမိကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံသော ရိုးသားသည့် လူများနှင့်သာ ပြည့်နေလျှင် ၎င်းတို့ကိုယ်တိုင် အလွယ်တကူ ပိုင်းခြားသိမြင်ခြင်း ခံရနိုင်ပြီး အသင်းတော်တွင် ခြေကုပ်တစ်ခုကို မရကောင်းမရနိုင်တော့ဟု ယုံကြည်ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် ဤလူတို့ကို ဆက်လက်ထားရှိကာ မကောင်းမှုပြုသူများကို ဆက်လက်၍ မကောင်းမှုပြုခွင့်ပေးသည်။ လိမ်ညာသူများကို ဆက်၍ လိမ်ညာခွင့်ပေးပြီး အနှောင့်အယှက်ပြုသူများကို ဆက်၍ အနှောင့်အယှက်ပြုခွင့်ပေးကာ အသင်းတော်ကို မည်သည့်အခါမျှ ငြိမ်သက်ခြင်း မရှိစေရန်အတွက် ဤအဖျက်အမှောင့်လုပ်ခြင်းများမှတစ်ဆင့် သေချာစေသည်။ ဤသို့ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းကို စိတ်ချရစေသည်။ ထို့ကြောင့် လူတစ်ယောက်က နှင်ထုတ်ခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ သီးခြားခွဲခံရခြင်း၊ သို့မဟုတ် သူ၏ ရာထူးမှ ဖယ်ရှားခံရခြင်းရှိသည်နှင့် တစ်ပြိုင်နက် မည်သည့်အရာကို ၎င်းတို့ ပြောသနည်း။ “ကျွန်ုပ်တို့သည် လူတို့အား နောင်တရရန် အခွင့်အရေးပေးရမည်။ မည်သူက အားနည်းချက်များ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု မရှိသနည်း။ မည်သူက အမှားများ မပြုလုပ်ဖူးသနည်း။ သည်းခံခြင်းကို ကျွန်ုပ်တို့ သင်ယူရမည်” ဟူ၍ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက ဤအရာကို တွေးတောပြီး “ကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကာ ပြစ်မှားမှုများရှိသော သို့မဟုတ် မိုက်မဲပြီး မသိနားမလည်သောသူများကို သည်းခံသည်။ သို့သော် ဆိုးယုတ်သောလူများကို ကျွန်ုပ်တို့ သည်းမခံပါ။ သူသည် ဆိုးယုတ်သူတစ်ဦးဖြစ်သည်” ဟု ဆိုကြသည်။ အန္တိခရစ်က “သူသည် အဘယ်သို့ ဆိုးယုတ်သူတစ်ဦး ဖြစ်သနည်း။ သူသည် ကြမ်းတမ်းသောစကားများကို ရံဖန်ရံခါ ပြောဆိုခြင်းသာ ဖြစ်သည်။ ယင်းမှာ ဆိုးယုတ်ခြင်းမဟုတ်။ ကမ္ဘာလောကတွင် လူသတ်မှုနှင့် မီးရှို့မှု ကျူးလွန်သောသူတို့သည် တကယ့်ဆိုးယုတ်သူများဖြစ်သည်” ဟု ပြန်လည်တုံ့ပြန်သည်။ အန္တိခရစ်သည် အမှန်တကယ်တွင် မည်သို့တွေးသနည်း။ “သူသည် ဆိုးယုတ်သူတစ်ဦးဖြစ်သလော။ သူသည် ငါကဲ့သို့ ဆိုးယုတ်သလော။ ငါလုပ်ခဲ့သည့်အရာကို သင်မမြင်ရသေးပါ။ ငါသည် စိတ်အတွင်းတွင် မည်သည့်အရာတွေးနေသည်ကို သင်မသိ။ သိလျှင် သင်တို့သည် ငါ့ကို ဖယ်ရှားမည်မဟုတ်လော။ သူ့ကို ဖယ်ရှားပစ်ရန် တွေးနေသလော။ မရပါ။ ငါသည် သင့်အား သူ့ကို ကိုင်တွယ်ခွင့်ပြုမည်မဟုတ်။ မည်သူက ကြိုးစားသည်ဖြစ်စေ ငါသည် ထိုသူကို အမျက်ဒေါသထွက်မည်။ ထိုသူအတွက် အလွန်အခက်အခဲဖြစ်အောင် လုပ်ဆောင်မည်။ သူ့ကို ကိုင်တွယ်ရန် ကြိုးစားသူမည်သူမဆိုကို ငါ နှင်ထုတ်မည်” ဟူ၍ ဖြစ်သည်။ သို့သော် ဤအရာကို ၎င်းတို့ ထုတ်ပြောမည်လော။ ထုတ်ပြောမည်မဟုတ်။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သနည်း။ ၎င်းတို့သည် ရှေးဦးစွာ အခြေအနေကို ငြိမ်သက်အောင်ပြုလုပ်ပြီး အရေးကိစ္စများ၏ အခြေအနေကို တည်ငြိမ်စေသည်။ အသင်းတော်ကို ဦးဆောင်နိုင်စွမ်းရှိကာ အင်အားစုအမျိုးမျိုးကို ဟန်ချက်ညီအောင်လုပ်နိုင်စွမ်း ရှိသည့်ပုံပေါ်စေသည်။ ဤသို့ဖြင့် အသင်းတော်က ၎င်းတို့မရှိဘဲ မဖြစ်နိုင်စေရန် ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့၏ ရာထူးနေရာက စိတ်မချရသလော။ ၎င်းတို့၏ ရာထူးနေရာက စိတ်ချရသည်နှင့် ၎င်းတို့၏ အသက်မွေးမှုကို ထိန်းသိမ်းပြီး မဖြစ်သလော။ ဤသည်မှာ စဉ်းလဲခြင်းဟု ခေါ်သည့်အရာ ဖြစ်သည်။ ဤအတွက်ကြောင့် လူအများစုက ဤသို့သောပုဂ္ဂိုလ်များကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိချေ။ အဘယ်ကြောင့် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိရသနည်း။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မပြောသကဲ့သို့ ပေါ့ပေါ့တန်တန်လည်း မလုပ်ဆောင်ပေ။ အထက်က ၎င်းတို့အား မည်သည့်အရာကို လုပ်ဆောင်ခိုင်းသည်ဖြစ်စေ ၎င်းတို့သည် ဟန်ပြလုပ်ဆောင်သည်။ မည်သည့်စာအုပ်များကို ဖြန့်ချိဖို့ လိုသည်ဖြစ်စေ ၎င်းတို့က ပေးပို့လိုက်သည်။ ၎င်းတို့သည် တစ်ပတ်တွင် စုဝေးပွဲသုံးလေးပွဲ လုပ်ဖြစ်အောင် ဂရုတစိုက်ဆောင်ရွက်ပြီး စုဝေးပွဲပြုလုပ်နေစဉ်အတွင်း၌ မိတ်သဟာယကို တစ်ဦးတည်းမချုပ်ကိုင်ပေ။ အပေါ်ယံတွင် အရာရာတိုင်းက ပြည့်စုံပြီး အပြစ်အနာအဆာ မရှိသည့်ပုံစံရှိကာ ဝေဖန်စရာကို မရှိပေ။ သို့သော် သင်တို့ ပိုင်းခြားသိမြင်နိုင်သော အရာတစ်ခုရှိသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများကို မည်သည့်အခါမျှ မကိုင်တွယ်ပေ။ ပြောင်းပြန်ပင်ဖြစ်သည်။ ထိုသူတို့ကို ကာကွယ်ပြီး စဉ်ဆက်မပြတ် ဖုံးကွယ်ပေးကာ ခုခံပြောဆိုပေးသည်။ ဤသည်မှာ စဉ်းလဲခြင်း မဟုတ်သလော။ ဤတွင် ၎င်းတို့အပြုအမူ၏ စဉ်းလဲသော သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ ဗဟိုချက်မှာ အဘယ်နည်း။ ဤအရာများကို ရှင်းလင်းအောင် ပြုလုပ်ရမည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မပြော။ ဘုရားအိမ်တော်ကို လှည့်ဖြားရန်အတွက် အစဉ်သဖြင့် မုသားများကို ပြောဆိုသည်။ ဆိုးယုတ်သူများက ဆိုးယုတ်မှုကျူးလွန်နေသည်ကို ၎င်းတို့မြင်သော်လည်း ထိုသူတို့ကို မကိုင်တွယ်ပေ။ အစဉ်သဖြင့် အမှုကိစ္စများကို ဖော့ပြောပြီး စိတ်ရှည်၊ သည်းခံခြင်းကို လက်တွေ့လုပ်ဆောင်သည်။ ဤအရာများကို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့အား အချင်းချင်း၏ အားသာချက်များကို ဖြည့်စွက်ပေးပြီး အချင်းချင်းသည်းခံကြရန် အမှန်တကယ် ကူညီပေးဖို့ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ဩဇာကို ခိုင်မာစေလိုသည်။ ၎င်းတို့၏ အဆင့်အတန်းကို တည်ငြိမ်စေလိုသည်။ ဆိုးယုတ်သောသူများက ဖယ်ရှားခြင်းခံရပြီးသည်နှင့် နောက်တစ်ကြိမ်တွင် ၎င်းတို့သွားရမည်ကို သိသည်။ ဤသည်မှာ ၎င်းတို့ကြောက်သည့်အရာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဆိုးယုတ်သောလူများကို ထားထားသည်။ ၎င်းတို့ ရှိနေသရွေ့ အန္တိခရစ်များ၏ အဆင့်အတန်းက စိတ်ချရသည်။ ဆိုးယုတ်သူများ ဖယ်ရှားခြင်းခံရလျှင် အန္တိခရစ်များသည် ဇာတ်သိမ်းသွားလိမ့်မည်။ ဆိုးယုတ်သူများသည် ၎င်းတို့ကို ကာကွယ်ပေးသော ထီး၊ ၎င်းတို့၏ ဒိုင်းဖြစ်သည်။ ထို့ကြောင့် ဆိုးယုတ်သူများကို မည်သူက ဖော်ထုတ်သည်ဖြစ်စေ၊ ဖယ်ရှားခြင်းခံရသင့်သည်ဟု အကြံပြုသည်ဖြစ်စေ ၎င်းတို့က သဘောမတူဘဲ “သူတို့သည် သူတို့၏ တာဝန်များကို လုပ်ဆောင်နိုင်ဆဲ ဖြစ်သည်။ ပိုက်ဆံပေးလှူနိုင်ဆဲ ဖြစ်သည်။ ယုတ်စွအဆုံး အလုပ်လုပ်ပေးနိုင်ဆဲ ဖြစ်သည်” ဟု ဆိုကြသည်။ ၎င်းတို့သည် ဆိုးယုတ်သူများကို ခုခံပြောဆိုပေးရန်အတွက် အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာကြသည်။ ပုံမှန်အားဖြင့် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသူတို့သည် ၎င်းတို့အတွင်းတွင် ပုန်းကွယ်နေသော မလိုမုန်းထားသော ရည်ရွယ်ချက်ကို မမြင်နိုင်ပေ။ ၎င်းတို့သည် ယင်းကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ။

အန္တိခရစ်၏ စဉ်းလဲသောလုပ်ရပ်များက သင်တို့အား နက်နဲသောခံစားမှုတစ်ခု ဖြစ်သွားစေသည့် အခြားသောဖြစ်ရပ်တစ်ခုတလေရှိသလော။ တစ်ယောက်ယောက် မျှဝေလော့။ (ဧဝံဂေလိအဖွဲ့တစ်ဖွဲ့၏ ကြီးကြပ်ရေးမှူးဖြစ်သော ညီအစ်မတစ်ယောက်ရှိခဲ့ပြီး သူသည် လတိုင်းတွင် လူအချို့ကို ရအောင်လုပ်ဆောင်နိုင်သည်။ ၎င်းတို့ထဲမှ အချို့မှာ ဘာသာတရားမရှိသူများ ဖြစ်သည်။ အန္တိခရစ်က အလုပ်အစီအစဉ်တစ်ခုကို ရှေ့နောက်စကားနှင့် ကင်းလွတ်စွာ အဓိပ္ပာယ်ကောက်လွဲခဲ့ပြီး ဧဝံဂေလိတရားဟောခြင်းသည် ဂိုဏ်းဂဏနှင့်သက်ဆိုင်သောလူတို့ကို အဓိကပစ်မှတ်ထားသင့်ပြီး ဘာသာတရားမရှိသူများကို ဒုတိယဦးစားပေးအဖြစ် ထားသင့်သည်ဟုလည်းကောင်း၊ အဓိကအာရုံစိုက်မှုက ဘာသာတရားမရှိသူများအပေါ် ဖြစ်လျှင် ယင်းမှာ အလုပ်အစီအစဉ်အပေါ် ကြီးလေးသော ချိုးဖောက်မှု ဖြစ်သည်ဟုလည်းကောင်း ဆိုသည်။ သူသည် ဤအပြုအမူကို စိစစ်ရန်အတွက် “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ ဘုရားနှုတ်ကပတ်တော်များကိုပင် အသုံးပြုခဲ့သည်။ ထို့နောက် သူသည် လူတိုင်းကို မဲပေးစေကာ “ဤသို့သောသူသည် ကြီးကြပ်နိုင်သေးသလော” ဟု မေးသည်။ ထိုအချိန်တွင် အသင်းတော်ရှိ လူများစွာတို့သည် တစ်နှစ်၊ နှစ်နှစ်သာကြာသေးသည့် ယုံကြည်သူအသစ်များဖြစ်ကာ ပိုင်းခြားသိမြင်နိုင်မှုမရှိပေ။ ထို့ကြောင့် အလုပ်အစီအစဉ်ကို ချိုးဖောက်ခြင်းသည် ဆိုးရွားသည်ဟု ခံစားရပြီး ထိုညီအစ်မကို ဖြုတ်ချရန် သဘောတူခဲ့သည်။ ထိုညီအစ်မက ထိုအချိန်တွင် အလွန်အပျက်သဘောဆောင်လာခဲ့သည်။ သူသည် ဤအန္တိခရစ်၏ စိစစ်ခြင်းနှင့် ရှုတ်ချခြင်းကို ခံရပြီးနောက် သူကိုယ်တိုင်က အန္တိခရစ်ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို သေချာပေါက်ခံရမည်ဟုလည်းကောင်း ခံစားမိခဲ့ပြီး အလွန့်အလွန် အပျက်သဘောဆောင်လာကာ အသက်မရှင်လိုခဲ့ပေ။ ထို့အပြင် ဤအန္တိခရစ်သည် အထက်မှ တရားဒေသနာနှင့် မိတ်သဟာယအချို့ကို ထိမ်ချန်ထားပြီး ကျွန်ုပ်တို့ကို နားထောင်ခွင့်မပြု။ အထက်မှ မိတ်သဟာယသည် အလွန်ကြမ်းပြီး သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိသော ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့သည် နားထောင်ပြီးနောက် အယူအဆများ ဖြစ်ပေါ်လာမည်ဟု ဆိုသည်။ အပေါ်ယံတွင် သူသည် ကျွန်ုပ်တို့ကို စောင့်ရှောက်နေသည့် ပုံစံရှိသော်လည်း လက်တွေ့တွင် အထက်မှ တရားဒေသနာများကို ကျွန်ုပ်တို့ နားထောင်ခဲ့လျှင် ကျွန်ုပ်တို့သည် သူ့ကို ပိုင်းခြားသိမြင်နိုင်လိမ့်မည်ကိုလည်းကောင်း၊ ထို့နောက်တွင် ကျွန်ုပ်တို့ကို သူ မထိန်းချုပ်နိုင်မည်ကိုလည်းကောင်း ကြောက်နေခဲ့သည်။ သူသည် လူတို့ကို ညှဉ်းပန်းပြီး လှည့်ဖြားရန်အတွက် ဤသင့်တင့်လျောက်ပတ်သည်ဟု ထင်ရသော နည်းလမ်းများကို အသုံးပြုကာ သူလုပ်ဆောင်ခဲ့သည့်အရာသည် ယုတ္တိတန်ပြီး ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များအတိုင်းဖြစ်သည်ဟု ထင်ရစေရန် လုပ်ဆောင်သည်။) ဤဖြစ်ရပ်ကို အသေအချာပင် စဉ်းလဲခြင်းအဖြစ် ဖော်ပြနိုင်သည်။ အန္တိခရစ်ဖြစ်သော မည်သူမဆို၏ တစ်သမတ်တည်းသော လက်တွေ့လုပ်ဆောင်မှုများသည် အစဉ်သဖြင့် အတူတူပင်ဖြစ်သည်။ အနည်းငယ်မျှပင် မပြောင်းလဲပေ။ ၎င်းတို့လုပ်ဆောင်သမျှတွင် တူညီသော ရည်ရွယ်ချက်များရှိပြီး တူညီသောပန်းတိုင်များကို ချိန်ရွယ်သည်။ အန္တိခရစ်များသည် အမှန်ပင် မကောင်းဆိုးဝါးများ၊ ဝိညာဉ်ဆိုးများ ဖြစ်သည်ဆိုသည်ကို ဤအရာက သက်သေမပြသလော။ (ပြပါသည်။) လုံးဝပင် သက်သေပြသည်။ အန္တိခရစ်များဖြစ်သည့် ဤမကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများ၏ လုပ်ရပ်များကို စဉ်းလဲခြင်းအဖြစ် ဖော်ပြခြင်းသည် လုံးဝ လျော်ကန်ပြီး ချဲ့ကားခြင်းလုံးဝ မဟုတ်။

ဤဥပမာများပြီးနောက်တွင် သင်တို့သည် အသိအမြင်အချို့ကို ရရှိသင့်သည်။ အန္တိခရစ်များ၏ စဉ်းလဲသောလုပ်ရပ်များနှင့်ပတ်သက်သော ပိုင်းခြားသိမြင်မှုတစ်ခုခု သင်တို့တွင် စတင်ဖြစ်ပေါ်လာပြီလော။ စဉ်းလဲသော အပြုအမူပါဝင်ပြီး ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ၊ အကြောင်းရင်းများရှိသည့် မည်သည့်အရာမဆိုသည် ပုံမှန်လူတစ်ယောက်၏ လုပ်ရပ်များမဟုတ်ဘဲ ရိုးသားသူတစ်ဦး၏ လုပ်ရပ်များ မဟုတ်သကဲ့သို့ သမ္မာတရားကို လိုက်စားသူ၏ လုပ်ရပ်များ အသေအချာပင် မဟုတ်ပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိန်းသိမ်းနေသလော။ (မထိန်းသိမ်းပါ။) ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေသနည်း။ ၎င်းတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်နေပြီး ဖြိုဖျက်နေခြင်း ဖြစ်သည်။ ဆိုးယုတ်မှုကျူးလွန်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏လမ်းခရီးကို လိုက်လျှောက်ခြင်း မရှိသကဲ့သို့ ဘုရားအိမ်တော်၏ အလုပ်ကိုလည်း ထိန်းသိမ်းထားခြင်း မရှိပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် အသင်းတော်အလုပ် မဟုတ်။ ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းစဉ်ကို လိုက်စားရန်အတွက်၊ အထူးသဖြင့် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများနှင့် စာတန်၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် အသင်းတော်အလုပ်ကို လုပ်ဟန်ဆောင်ခြင်းအား အသုံးပြုနေခြင်းသာ ဖြစ်သည်။ အခြားဥပမာတစ်ခုခုရှိသလော။ (၂၀၁၅ တွင် အထက်မှ အလုပ်အစီအစဉ်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အယောင်ဆောင်ခေါင်းဆောင်များအား ပိုင်းခြားသိမြင်ခြင်းနှင့် စစ်မှန်သော အသင်းတော်များနှင့် အယောင်ဆောင်အသင်းတော်များကြား ခွဲခြားသိမြင်ခြင်းအပေါ် မိတ်သဟာယဖွဲ့ရန်အတွက် “နိုးထသူ” မှ ဆောင်းပါးကို အသုံးပြုဖို့ ကျွန်ုပ်တို့ကို ညွှန်ကြားထားသည်။ အသင်းတော်တွင် ဖြုတ်ချခံရသည်မှာ မကြာသေးသော ခေါင်းဆောင်တစ်ဦးရှိခဲ့သည်။ သူက ကျွန်ုပ်တို့သည် ဘုရားသခင်အား ယုံကြည်ခြင်းတွင် စိမ်းနေသေးပြီး သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟုလည်းကောင်း၊ ကျွန်ုပ်တို့သည် အထက်၏ အလုပ်အစီအစဉ်ကို အလွန်ပင် အပေါ်ယံဆန်စွာ နားလည်သဘောပေါက်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ လုပ်ရပ်များသည် ဉာဏ်မမီနိုင်သကဲ့သို့ အထက်က ဤစီစဉ်မှုကို ပိုမိုနက်နဲသော အဓိပ္ပာယ်ဖြင့် ထုတ်ပြန်ခဲ့သည်ဟုလည်းကောင်း ပြောခဲ့သည်။ သူက “အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်း သမ္မာတရားများနှင့် ပတ်သက်ပြီး အထက်သည် ယခင်က မိတ်သဟာယများစွာ ပေးခဲ့ပြီး တကယ်ကို အသေအချာ ရှင်းပြခဲ့သည်။ ယင်းသည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်း အကြောင်းသက်သက်သာ ဖြစ်လျှင် အခြားအလုပ်အစီအစဉ်တစ်ခုကို ထုတ်ပြန်ဖို့ လိုဦးမည်လော” ဟုလည်း ဆိုသည်။ ထို့နောက်တွင် သူသည် ယခင်က အလုပ်အစီအစဉ်များ၊ တရားဒေသနာများ၊ အထက်မှ မိတ်သဟာယများမှ အပိုင်းများကို ရှေ့နောက်စကားနှင့် ကင်းလွတ်စွာ အဓိပ္ပာယ်ကောက်လွဲခဲ့ပြီး စကားလုံးပေါင်း ထောင်သောင်းချီသော စာရွက်စာတမ်းများကို စုစည်းခဲ့ကာ ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားအောင် လုပ်ဆောင်ခဲ့သည့်အပြင် ယင်းတို့အစား ကျွန်ုပ်တို့အား “နိုးထသူ” ကို ပိုင်းခြားသိမြင်စေသည်။ ထိုအချိန်က ကျွန်ုပ်တို့သည် အထင်အမြင်မှားအောင် ပြုလုပ်ခြင်းခံရပြီး အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းအပေါ် အာရုံမစိုက်ခဲ့ပေ။ နောက်ပိုင်းတွင် ဤလူသည် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ခြင်းခံရသည်။ လူတိုင်းက အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များအား စတင်၍ ပိုင်းခြားသိမြင်ပါက ၎င်းတို့သည် သူ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ပြီး သူ့အား ပိုင်းခြားသိမြင်မည်ကို စိုးရွံ့သည်။ ထို့ကြောင့် သူသည် ဤအစား ကျွန်ုပ်တို့အား “နိုးထသူ”ကို ပိုင်းခြားသိမြင်စေကာ တမင်သက်သက် လမ်းလွဲအောင် လုပ်ဆောင်ခဲ့သည်။) ဤသည်မှာ လှည့်စားခြင်း၊ လမ်းလွဲစေခြင်း နည်းဗျူဟာဖြစ်ပြီး မည်သူမျှ သူ့ကို အရေးမစိုက်ရန်အတွက် သင်၏ အာရုံစိုက်မှုကို ပြောင်းလဲရန် လမ်းလွှဲတစ်ခုကို ဖန်တီးခြင်းဖြစ်သည်။ ဤနည်းလမ်းက ရင်းနှီးသည့်ပုံစံမရှိသလော။ အဆင်းနီသောနဂါးကြီးက ယင်း၏ နိုင်ငံရေးစနစ်အတွင်း အတွင်းပိုင်း ကသောင်းကနင်းဖြစ်ခြင်း၊ သို့မဟုတ် ပြည်သူက သပိတ်မှောက်ရန် သို့မဟုတ် ပုန်ကန်ခြင်း စီစဉ်ခြင်းတို့ကဲ့သို့သော အရေးအခင်းကာလတစ်ခုကို ရင်ဆိုင်ရသောအခါတွင် အာရုံကို လမ်းကြောင်းပြောင်းပေးခြင်း ဖြစ်သည့် တစ်ပုံစံတည်းဖြစ်သော ဤနည်းဗျူဟာကို အသုံးပြုသည်။ ယင်းသည် ဤနည်းလမ်းကို မကြာခဏ အသုံးချသည်။ အရေးအခင်းတစ်ခု ထွက်ပေါ်လာသည့်အခါတိုင်းတွင် အဆင်းနီသောနဂါးကြီးသည် စစ်ပွဲနှင့်သက်ဆိုင်သော ထိတ်လန့်မှုကို လှုံ့ဆော်သည်။ မျိုးချစ်ဝါဒကို မွေးမြူသည်။ ထို့နောက် ခုခံခြင်း၊ မျိုးချစ်ဝါဒနှင့်သက်ဆိုင်သောစစ်ပွဲများအကြောင်း ရုပ်ရှင်များကို မရပ်မနား ပြသည်၊ သို့မဟုတ် အာရုံစိုက်မှုကို လမ်းကြောင်းပြောင်းရန်အတွက် အမျိုးသားရေး စိတ်ဓာတ်ရှိသူများကို နှိုးဆွရန်အတွက် အတုအယောင်သတင်းများကို ဖြန့်သည်။ အဆင်းနီသောနဂါးကြီးသည် ဤအရာများကို ဖုံးကွယ်ထားသော ရည်ရွယ်ချက်များနှင့် လုပ်ဆောင်ကာ ပြောဆိုခြင်းမရှိသော ရည်ရွယ်ချက်များကို သိုထားသည်။ ဤအရာကို စဉ်းလဲသော အပြုအမူဟု ခေါ်သည်။ မည်သူက အန္တိခရစ်များ၏ ဘိုးဘေးဘီဘင် ဖြစ်သနည်း။ နတ်ဆိုးဖြစ်သည့် အဆင်းနီသောနဂါးကြီးဖြစ်သည်။ ၎င်းတို့လုပ်ရပ်များ၏ သဘောသဘာဝမှာ အတိအကျပင် တူညီသည်။ ၎င်းတို့သည် အချင်းချင်း တစ်ကျိတ်တည်း တစ်ဉာဏ်တည်းကဲ့သို့ ဖြစ်သည်။ အန္တိခရစ်များ၏ အကြံအစည်များနှင့် နည်းလမ်းများက မည်သည့်နေရာမှ လာသနည်း။ ၎င်းတို့သည် နတ်ဆိုး စာတန်ဖြစ်သည့် ၎င်းတို့၏ ဘိုးဘေးဘီဘင်က သင်ကြားပေးခြင်းခံရသည်။ စာတန်က ၎င်းတို့အတွင်းတွင် နေထိုင်သည်။ ထို့ကြောင့် စဉ်းလဲသောနည်းဟန်ဖြင့် အလုပ်လုပ်ခြင်းသည် ၎င်းတို့အတွက် အလွန်ပင် ပုံမှန်ဖြစ်သည်။ ယင်းက ၎င်းတို့တွင် အန္တိခရစ်၏ သဘာဝရှိသည်ကို အပြည့်အဝ ထုတ်ဖော်သည်။

(ဘုရားသခင်၊ ဥပမာတစ်ခုကို ကျွန်ုပ် ဝေမျှချင်ပါသည်။ အန္တိခရစ်တစ်ဦး၏ ဤဖြစ်ရပ်သည် ကျိကျင်း သင်းအုပ်နယ်မြေဒေသတွင် ဖြစ်ပွားခဲ့သည်။ ၂၀၁၂ခုနှစ်၏ နွေဦးရာသီအချိန်ဝန်းကျင်ဖြစ်သည်။ အန်းဟု အမည်ရသော အန္တိခရစ်တစ်ဦးသည် အသင်းတော်အမျိုးမျိုးတွင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများစွာကို ဖြန့်ပြီး “ဘုရားသခင်သည် ကမ္ဘာမြေမှ မထွက်ခွာမီတွင် ဂရုအစိုက်ဆုံးသောအရာ” ဟု ခေါင်းစဉ်တပ်ထားသော စာစောင်တစ်စောင်ကိုပင် ရေးခဲ့သည်။ သူသည် ထိုစာစောင်ကို အသင်းတော်အားလုံးသို့ ကိုယ်တိုင် ဖြန့်ချိသည်။ ဘုရားသခင် မထွက်ခွာမီတွင် ဂရုအစိုက်ဆုံးသောအရာမှာ ဘုရားသခင်ရွေးချယ်ထားသောလူများက ဘုရားသခင် ထွက်ခွာပြီးနောက်တွင် သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခြင်းခံရသော လူကို နားထောင်လိမ့်မည် ဟုတ်မဟုတ်ဟူ၍ဖြစ်ကြောင်း၊ ထို့ကြောင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ နားလည်သင့်ကြောင်း၊ ပြီးလျှင် ယခုအခါ၌ တရားဒေသနာများ၊ မိတ်သဟာယများ၊ သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခြင်းခံရသည့် လူ၏ အလုပ်အစီအစဉ်များကို ဖတ်ရှုခြင်းက လုံလောက်ပြီး ဘုရားနှုတ်ကပတ်တော်ကို စားသောက်ရန် လိုအပ်မှုကို အစားထိုးပေးကြောင်းတို့ကို သူက အခိုင်အမာဆိုလေသည်။ ရလဒ်အနေဖြင့် ညီအစ်ကိုမောင်နှမများစွာက အထင်အမြင်မှားအောင် ပြုလုပ်ခြင်းခံရသည်။ ဘုရားနှုတ်ကပတ်တော်အား စားသောက်ခြင်းကို ၎င်းတို့ ရပ်တန့်ကြသည်။ ဤသည်မှာ အန္တိခရစ်က ဖြစ်မြောက်ရန် အားထုတ်သည့် ပန်းတိုင်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခြင်းခံရသည့်သူကို သက်သေခံယောင်ဆောင်ခြင်းတွင် အန္တိခရစ်တို့၏ မသိမသာ အန္တရာယ်ပေးခြင်း တည်ရှိလေသည်၊ သူသည် လူများအား ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းအား စွန့်ပစ်စေလျက် ဘုရားနှုတ်ကပတ်တော်များထံမှ အဝေးသို့ ခေါ်ဆောင်သွားကာ တစ်ချိန်တည်းမှာပင် သူသည် ဘုရားသခင်၏ စိတ်နှလုံးကို နက်နက်ရှိုင်းရှိုင်း နားလည်သည်ဟုလည်း လူများကို ခံစားရအောင် လုပ်ဆောင်လေသည်။ ဘုရားသခင် မထွက်ခွာမီတွင် ဘုရားသခင် ဂရုစိုက်သည့်အရာကို သူတွေးခဲ့သောကြောင့် လူတို့က သူ့ကို အထင်ကြီးလေးစားပြီး ကိုးကွယ်ကြသည်။) သူသည် သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုသည့်လူကို အဘယ်ကြောင့် ချီးမြှောက်ခဲ့သနည်း။ သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခြင်းခံရသောသူသည် လူသားဖြစ်ပြီး သူသည်လည်း ထို့အတူဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခြင်းခံရသောသူကို ချီးမြှောက်ခြင်းအားဖြင့် သူသည် အမှန်ပင် လူတို့အား သူ့ကို ကိုးကွယ်ကာ ချီးမြှောက်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယင်းမှာ သူ၏ ပန်းတိုင်ဖြစ်သည်။ သူပြောသည့်အရာက မှန်သလော၊ သို့မဟုတ် မှားသလောဆိုသည်ကိုသာ ငါတို့ အကဲဖြတ်၍မရပေ။ သူ၏ စကားများက ရရှိခဲ့သည့် အကျိုးဆက်များနှင့် ရည်မှန်းချက်များကို ငါတို့ ကြည့်ဖို့လိုသည်။ ယင်းမှာ အဓိကအချက်ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခြင်းခံရသည့်လူကို ချီးမြှောက်ခြင်းတွင် သူ၏ ရည်ရွယ်ချက်က အမှန်တွင် သူ့ကိုယ်သူ ချီးမြှောက်ရန် ဖြစ်သည်။ ယင်းမှာ သူ၏ ရည်ရွယ်ချက်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခြင်းခံရသောသူကို ချီးမြှောက်ခြင်းကို အသေအချာပင် မည်သူကမျှ ကန့်ကွက်မည်မဟုတ်ဘဲ လူတို့သည် သူ့ကို သဘောတူပြီး ချီးမြှောက်မည်ဖြစ်သည်ဆိုသည်ကို သူသိခဲ့သည်။ သို့သော် သူသည် သူ့ကိုယ်သူ တိုက်ရိုက်ချီးမြှောက်ပြီး သက်သေခံလျှင် လူတို့က သူ့ကို ဖော်ထုတ်နိုင်သည်။ ပိုင်းခြားသိမြင်နိုင်ပြီး ငြင်းပယ်နိုင်သည်။ ထို့ကြောင့် အန္တိခရစ်သည် မိမိကိုယ်ကို ချီးမြှောက်ခြင်းနှင့် မိမိကိုယ်ကို သက်သေခံခြင်းတို့ကို ဖြစ်မြောက်အောင်မြင်ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခြင်းခံရသည့် လူအား ချီးမြှောက်သည့် နည်းဗျူဟာကို အသုံးချခဲ့သည်။ ဤသည်မှာ အန္တိခရစ်၏ မသိမသာ အန္တရာယ်ပေးမှု ဖြစ်သည်။ အန္တိခရစ် အန်း၏ လုပ်ရပ်များသည် အလွန်စဉ်းလဲသည်။ လူတို့သည် သူ၏ အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို အလွယ်တကူခံရသည်။ ဤသည်မှာ ဖြစ်နေကျဖြစ်သည့် အန္တိခရစ် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်ရွေးချယ်ခြင်း ခံရသောလူတို့သည် ဤအန္တိခရစ်ဖြစ်ရပ်မှ ပိုင်းခြားသိမြင်တတ်ရန် သင်ယူသင့်သည်။ အန္တိခရစ်များ၏ စဉ်းလဲသော သွင်ပြင်လက္ခဏာများကို နားလည်သင့်သည်။ လူတို့အား အထင်အမြင်မှားအောင် လုပ်‌ဆောင်ခြင်း၏ အကျိုးဆက် ဖြစ်မြောက်အောင်မြင်ရန် သူအသုံးပြုသည့် အတွေ့ရများသော နည်းလမ်းများနှင့် နည်းစနစ်များကိုပါ နားလည်သင့်သည်။ ဤအရာများကို နားလည်ခြင်းသည် လူတို့အတွက် အန္တိခရစ်များကို ပိုင်းခြားသိမြင်ရန် လွန်စွာ အကျိုးအမြတ်ရှိသည်။ အခြားမည်သူ့ထံတွင် မျှဝေရန် ဥပမာတစ်ခုရှိသနည်း။

(ဘုရားသခင်၊ ကျွန်ုပ်တွင်လည်း မျှဝေရန် အန္တိခရစ်တစ်ဦး၏ ဖြစ်ရပ်တစ်ခုရှိသည်။ ဤဖြစ်ရပ်သည် ဟီနန် သင်းအုပ်နယ်မြေဒေသတွင် ဖြစ်ပွားခဲ့သည်။ ၂၀၁၁ခုနှစ် ဝန်းကျင်တွင် ဖြုတ်ချခံရသော အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်သည့် အန္တိခရစ်ယုသည် သူ့တွင် ဆုကျေးဇူးအချို့နှင့် အလုပ်အတွေ့အကြုံရှိသောကြောင့် ဖယ်ရှားခြင်းအလုပ်ကို ကြီးကြပ်ရန် အသင်းတော်က တာဝန်ပေးခြင်းခံရသည်။ ထိုအချိန်က အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို လုံးလုံးလျားလျား ဖော်ထုတ်ပြီး ဖယ်ရှားရန်အတွက် အထက်က အလုပ်အစီအစဉ်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ အဆင့်အတန်းကို နှစ်သက်သော ယုသည် ဤအရာကို တစ်ဖန်ပြန်လာရန်အတွက် အခွင့်အရေးတစ်ခုအဖြစ် မြင်ခဲ့သည်။ သူမသည် အလုပ်အစီအစဉ်ကို အကောင်အထည်ဖော်သည့် ဟန်ဆောင်လျက် သန့်ရှင်းသောဝိညာဉ်တော်၏ ရေစီးကြောင်းနောက်ကိုလိုက်ပြီး အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းအပေါ် အာရုံစိုက်ရန် ညီအစ်ကိုမောင်နှမများနှင့် ဆက်တိုက် မိတ်သဟာယဖွဲ့ခဲ့သည်။ သို့ရာတွင် သူသည် ၎င်းတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စည်းမျဉ်းများကို မိတ်သဟာယ ဖွဲ့ရမည့်အစား ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ကျွန်ုပ်တို့ အာရုံစိုက်အောင် ဦးဆောင်သည်။ သူသည် စုဝေးပွဲတိုင်းတွင် ညီအစ်ကိုမောင်နှမများအား ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စွမ်းဆောင်မှုများအကြောင်းကို ပြောရန် တောင်းဆိုသည်။ ကျွန်ုပ်တို့ ပြောပြီးသည့်နောက်တွင် သူသည် သူ၏ အလုပ်ရှိ လမ်းလွဲမှုအချို့ကို လက်မလွှတ်တမ်း အသုံးချပြီး သူထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ကာ ဤအရေးကိစ္စများ၏ သဘာဝကို ပို၍ ပြင်းထန်အောင်လုပ်ကာ ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် တိုက်ရိုက်သမုတ်ပြီး ဖြုတ်ချသည်။ ထို့နောက်တွင် သူသည် ဤအယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုဆောင်များအား ဖယ်ရှားခဲ့ပုံကို ညီအစ်ကိုမောင်နှမများအား ဆက်တိုက်သက်သေခံပြီး သူသည် သူ၏အလုပ်တွင် ပိုင်းခြားသိမြင်တတ်ပြီး လုပ်ရည်ကိုင်ရည်ရှိသည်ဟု သူတို့ခံစားမိစေရန် လုပ်ဆောင်သည်။ စင်စစ်အားဖြင့် သူသည် တစ်ကျော့ပြန်လာပြီး ခေါင်းဆောင်အဖြစ် ဆက်လက်လုပ်ဆောင်ရန်အတွက် အခွင့်အရေးတစ်ခုအဖြစ် ဤခေါင်းဆောင်များနှင့် အမှုဆောင်များအား ဖြုတ်ချခြင်းကို အသုံးပြုရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ညီအစ်ကိုမောင်နှမများသည် ယု၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းကို ခံရပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ သူတို့၏အလုပ်တွင် ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးမှုနှင့် လမ်းလွဲမှုများကို တွေ့မြင်ကာ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်သလောဟု စတင်တွေးတောသည်။ ပြီးလျှင် အဆင့်အားလုံးရှိ အသင်းတော်ခေါင်းဆောင်များကိုပင် မေးခွန်းထုတ်ကာ ခေါင်းဆောင်များ၊ အမှုဆောင်များ၏ အလုပ်နှင့် ပုံမှန်ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်လေတော့သည်။ သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့သည်လည်း ကြီးစွာဘောင်ခတ်ခြင်းခံရကာ အပျက်သဘောဆောင်ပြီး သတိထားသည့် အခြေအနေတွင် နေထိုင်နေကြသည်။ ၎င်းတို့တာဝန်များကို ပုံမှန်မလုပ်ဆောင်နိုင်ပါ။ ဤသို့ဖြင့် အသင်းတော်တွင် ဖရိုဖရဲ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် လူများစွာက ဤအန္တိခရစ်ကို ကိုးကွယ်သည်။ ပြီးလျှင် အသင်းတော် ဆယ့်နှစ်ခုခန့်က ဤအန္တိခရစ်၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံကြရသည်။ ဤအန္တိခရစ်သည် ထုတ်ဖော်ခြင်းခံရပြီးသည့်နောက်တွင်ပင် လူအချို့သည် သူ့ကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသေးဘဲ သူသည် အသင်းတော်အလုပ်ကို ထိန်းသိမ်းနေခဲ့သည်ဟု ယုံကြည်ပြီး အချို့မှာ သူ့အတွက်ပင် ရပ်တည်ပေးခဲ့သည်။) နောက်ပိုင်းတွင် အထင်အမြင်မှားအောင် ပြုလုပ်ခြင်းခံရသည့် ထိုညီအစ်ကိုမောင်နှမများတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ (မိတ်သဟာယနှင့် ကူညီမှုမှတစ်ဆင့် အချို့မှာ အန္တိခရစ်အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်းရခဲ့ပြီး ကယ်တင်ခံရသည်။ အချို့မှာမူ အခြားလူများက ၎င်းတို့ကို အဘယ်သို့ မိတ်သဟာယပြုသည်ဖြစ်စေ ခေါင်းမာလျက်ရှိနေပြီး အန္တိခရစ်နောက်သို့လိုက်ရန် စိတ်ခိုင်မာလျက်ရှိသည်။ ဤလူတို့သည် နောက်ဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရသည်။) ယခုတွင် လူအများစုမှာ ဤအန္တိခရစ်ကို ပိုင်းခြားသိမြင်ကြသလော။ (၎င်းတို့သည် ယခုတွင် ပိုင်းခြားသိမြင်နိုင်စွမ်းအချို့ အမှန်ပင်ရှိပါသည်။) ခေါင်းမာပြီး မပြောင်းလဲနိုင်သောသူတို့မှာ ပျက်စီးခြင်းသို့ရောက်ရန် ထိုက်တန်သည်။ ဤသည်မှာ အန္တိခရစ်နောက်လိုက်ခြင်း၏ အဆုံးသတ်ဖြစ်သည်။

အန္တိခရစ်၏ စဉ်းလဲသောလုပ်ရပ်များ၏ သရုပ်သကန်အမျိုးမျိုးကို ငါတို့ ယခုပင် မိတ်သဟာယပြုခဲ့သည်။ ယခု အနှစ်ချုပ်ကြစို့။ အန္တိခရစ်များ၏ ဤသို့သော အပြုအမူက ဖော်ပြသည့် အနှစ်သာရနှင့် စိတ်သဘောထားမှာ အဘယ်နည်း။ (ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။) ယင်းသည် အဓိကအနေဖြင့် ကောက်ကျစ်ဆိုးယုတ်မှုအားဖြင့် လက္ခဏာဖော်ပြသည့် စိတ်သဘောထားဖြစ်သည်။ ဤသို့ဆိုလျှင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသူတို့သည် ပုံမှန်အားဖြင့် စဉ်းလဲစွာ ပြုမူလုပ်ဆောင်ပြီး စဉ်းလဲစွာ လုပ်ဆောင်သောသူတို့တွင် အလွန်ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည်ဟု ငါတို့ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ဤသည်မှာ ယုတ္တိကျသော တွေးခေါ်မြော်မြင်မှု ဖြစ်သလော။ အပေါ်ယံတွင် တွေးခေါ်မြော်မြင်မှုကဲ့သို့ အတန်ငယ်ထင်ရသော်လည်း အမှန်တွင် ဤသည်မှာ အတိအကျပင် အမှုအရာများ၏ ပကတိအခြေအနေဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသူတို့သည် မကြာခဏပင် စဉ်းလဲသောနည်းလမ်းများဖြင့် အလုပ်လုပ်သည်။ စဉ်းလဲစွာ ပြုမူလုပ်ဆောင်သည့် အန္တိခရစ်များ၏ သဘာဝအနှစ်သာရသည် စာတန်ထံမှ ပေါ်ပေါက်လာသည်။ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်ဖြင့် ဆင်တူသည်မှာ အလွန်ပင်ရှင်းသည်။ အန္တိခရစ်များ ပြုမူလုပ်ဆောင်ပုံကို စောင့်ကြည့်လေ့လာခြင်းအားဖြင့် နတ်ဆိုးများနှင့် စာတန်က မည်သို့အလုပ်လုပ်သည်ကို သင် နားလည်နိုင်သည်။ စစ်မှန်သော နတ်ဆိုးများနှင့် စာတန်နှင့် အဆင်းနီသောနဂါးကြီးတို့သည် ဤအရာထက်ပင်ပို၍ ဆိုးရွားစွာ လုပ်ဆောင်သည်။ အန္တိခရစ်တစ်ဦးမျှသည်ပင် အလွန်စဉ်းလဲစွာ လုပ်ဆောင်နိုင်ပြီး ဤသို့သော ပါးနပ်သည့် နည်းဗျူဟာများရှိသည်။ မည်သည့် ဟာကွက်မျှမရှိဘဲ စကားပြောသဖြင့် အပြစ်အနာအဆာတစ်ခုခုကို ရှာတွေ့ဖို့၊ သို့မဟုတ် ၎င်းတို့ကို မိဖို့ ဟူသည်မှာ မည်သူ့အတွက်မျှ မဖြစ်နိုင်ပေ။ နတ်ဆိုးအိုများနှင့် စာတန်အတွက်ဆိုလျှင် အဘယ်မျှပို၍ မဖြစ်နိုင်လိမ့်မည်နည်း။ အန္တိခရစ်များ၏ စဉ်းလဲသော အပြုအမူ၏ ရှုထောင့်မှ ဆင်ခြင်စဉ်းစားသည့်အခါတွင် အခြားလူများကို သိစေခြင်းဖြစ်စေ၊ ဖွင့်ပြောခြင်းဖြစ်စေ သိပ်မရှိသော၊ ပွင့်လင်းမြင်သာမှုမရှိဘဲ ပြုမူလုပ်ဆောင်ပြီး မည်သည့်အရာ စဉ်းစားနေသည်ကိုဖြစ်စေ၊ လုပ်ဆောင်ရန် စိတ်အတွင်းထဲတွင် စဉ်းစားသုံးသပ်နေသည်ကိုဖြစ်စေ၊ လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်များကိုဖြစ်စေ အခြားလူများအား မသိစေလိုသော၊ မိမိကိုယ်ကို နက်ရှိုင်းစွာ ကွယ်ဝှက် ထားပြီး တင်းကျပ်စွာ ဖုံးဖိထားသော အဆင့်အတန်းမရှိသည့် သာမန်လူတို့၏ စကားနှင့် လုပ်ရပ်များတွင်လည်း စဉ်းလဲခြင်းအရိပ်အမြွက်တစ်ခု မရှိမည်လော။ ဤသို့သောလူများကို အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းမရှိလျှင် ၎င်းတို့သည် အန္တိခရစ်၏လမ်းကြောင်းကို အသေအချာပင် လျှောက်နေကြသည်။ ဤသည်မှာ သေချာသည်။ အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်သူတို့သည် ပြုပြင်ခြင်းကို လက်မခံသကဲ့သို့ အခြားလူများ၏ အကြံပြုချက်များကို အရေးမစိုက်လျှင်၊ သမ္မာတရားကို ပို၍ပင် လက်မခံလျှင် ၎င်းတို့သည် အဆင့်အတန်းကို ရသည်နှင့် မလွဲမသွေပင် အန္တိခရစ်များဖြစ်လာလိမ့်မည်။ ယင်းမှာ ရှောင်လွှဲ၍ မရနိုင်ပေ။ လူအချို့သည် ဤသို့သော ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုရှိပြီး အန္တိခရစ်၏လမ်းကြောင်းကို တစ်ကြိမ်လျှောက်ဖူးကာ အန္တိခရစ်နှင့် ဆင်တူမှုအချို့ကို ပြသော်လည်း ပြုပြင်ခြင်းကို လက်ခံပြီးနောက် နောင်တရလျှင်၊ သမ္မာတရားကို လက်ခံနိုင်လျှင်၊ ၎င်းတို့၏ ယခင်ကလမ်းကြောင်းကို စွန့်ပစ်နိုင်လျှင်၊ နောက်ပြန်လှည့်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင် ရလဒ်က မည်သည့်အရာ ဖြစ်မည်နည်း။ ဤသို့သော ပြောင်းလဲမှုသည် ၎င်းတို့အား အန္တိခရစ်၏လမ်းကြောင်းမှ ပို၍ ဝေးကွာစေမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းကို ဝင်ရောက်ဖို့အတွက် ပိုမိုလွယ်ကူစေလိမ့်မည်။ ထို့နောက်တွင် ၎င်းတို့သည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိလိမ့်မည်။ အန္တိခရစ်များက စဉ်းလဲစွာ ပြုမူလုပ်ဆောင်ပုံ၏ သရုပ်သကန်များအပေါ် မိတ်သဟာယမှာ ဤမျှဖြစ်သည်။ မိတ်သဟာယဖွဲ့ရန် နောက်သရုပ်သကန်မှာ ၎င်းတို့သည် ထင်ရာမြင်ရာပြုလုပ်ပြီး အာဏာရှင်ဆန်ပုံအကြောင်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။