အချက် ၆- သူတို့သည် စဉ်းလဲသော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏ (အခန်း ခြောက်)

တစ်စုံတစ်ခုကို မြင်သောအခါတွင် စကားမပြောဘဲ ပြုံး၍သာနေလျက်၊ အမှုကိစ္စများစွာတွင် တိတ်ဆိတ်စွာနေလျက်၊ နက်နဲသိမ်မွေ့ဟန်ဆောင်ပြီး မည်သည့်ရပ်တည်ချက်ကိုမျှ မဖော်ပြဘဲနေလျက် မိမိတို့ကိုယ်ကို အလွန်ကောင်းစွာ ကွယ်ဝှက်ထားသော အန္တိခရစ်အချို့ရှိသည်။ သင်က ၎င်းတို့နှင့် ပထမဦးဆုံး ထိတွေ့ဆက်ဆံသောအခါတွင် ၎င်းတို့ကို ရှင်းရှင်းလင်းလင်း သိမြင်ရန် မလွယ်ကူပေ။ ၎င်းတို့သည် အနှစ်သာရရှိပြီး ထူးခြားသည်ဟုပင် သင်ထင်ကောင်းထင်နိုင်သည်။ ဤသို့သော အန္တိခရစ်များကို မည်သို့ပိုင်းခြားသိမြင်သနည်း။ သင်သည် နီးကပ်စွာ အာရုံစိုက်ပြီး ၎င်းတို့သည် မည်သည့်အရာကို အမှန်တကယ် နှစ်သက်သည်ကိုလည်းကောင်း၊ မည်သည့်အရာကို အာရုံစိုက်သည်ကိုလည်းကောင်း၊ မည်သည့်အရာကို ၎င်းတို့ စိတ်ဝင်စားသည်ကိုလည်းကောင်း၊ မည်သူနှင့် ၎င်းတို့ အပြန်အလှန် ဆက်ဆံသည်ကိုလည်းကောင်း စောင့်ကြည့်လေ့လာရမည်။ ဤသွင်ပြင်လက္ခဏာများကို ကြည့်ရှုလေ့လာခြင်းအားဖြင့် ၎င်းတို့အပေါ် နားလည်မှုတစ်ခုကို သင်ရနိုင်သည်။ ထို့အပြင် သင်တို့အားလုံး သတိမူသင့်သည့် အရာတစ်ခုရှိသည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်၏ အဆင့်သည် မည်သို့ဖြစ်စေ သမ္မာတရားအနည်းငယ်အပေါ် ၎င်းတို့နားလည်ပြီး ဆုကျေးဇူးအနည်းငယ် ရှိခြင်းကြောင့် ၎င်းတို့ကို သင်တို့ကိုးကွယ်သည့်အပြင် သမ္မာတရားလက်တွေ့ကျမှုကို ၎င်းတို့ ပိုင်ဆိုင်သည်၊ သင်တို့ကို ၎င်းတို့ကူညီနိုင်သည်ဟု ယုံကြည်လျှင်၊ အရာအားလုံး၌ ၎င်းတို့ကို အထင်ကြီးလေးစားပြီး မှီခိုလျှင်၊ ဤအရာမှတစ်ဆင့် ကယ်တင်ခြင်းကို ရယူရန် ကြိုးစားလျှင် သင်တို့သည် မိုက်မဲပြီး အသိဉာဏ်မဲ့ကြသည်။ အဆုံး၌ အားလုံးက အလဟဿဖြစ်သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်၏ စမှတ်က ပင်ကိုအားဖြင့် မှားယွင်းနေသောကြောင့်ဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားမည်မျှကို နားလည်သည်ဖြစ်စေ ခရစ်တော်၏ ကိုယ်စား မရပ်တည်နိုင်ပေ။ ပြီးလျှင် လူတစ်ဦးသည် မည်မျှဆုကျေးဇူးရှိပါစေ ဤသည်မှာ ၎င်းက သမ္မာတရားကို ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ သို့ဖြစ်၍ အခြားလူများကို ကိုးကွယ်၊ ကြည်ညိုကိုးစားပြီး လိုက်လျှောက်သည့် မည်သူမဆိုသည် အဆုံးတွင် အားလုံး ဖယ်ရှားရှင်းလင်းခြင်းခံရပြီး ပြစ်တင်ရှုတ်ချခြင်းခံရမည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် ဘုရားသခင်ကို ကြည်ညိုကိုးစားပြီး ဘုရားသခင်နောက်ကို လိုက်ရုံသာရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ ရာထူးအဆင့်က မည်သို့ရှိပါစေ သာမန်လူများပင် ဖြစ်သည်။ သင်က ၎င်းတို့ကို သင်၏ကြီးကြပ်သူများအဖြစ် မြင်ပါက သင့်ထက် ၎င်းတို့က သာလွန်ကြောင်း၊ ၎င်းတို့သည် သင့်ထက် ပို၍ သာ၍ အရည်အချင်း ရှိကြောင်း၊ ပြီးလျှင် ၎င်းတို့က သင့်ကို ဦးဆောင်သင့်ကြောင်း၊ ၎င်းတို့သည် အဘက်ဘက်တွင် အခြားလူတိုင်းထက် အရည်အသွေးပိုပြည့်မီကြောင်း သင်ခံစားရပါက သင် မှားယွင်းသည်။ ယင်းမှာ ထင်ယောင်ထင်မှား ဖြစ်ခြင်း ဖြစ်သည်။ ပြီးလျှင် ဤထင်ယောင်ထင်မှား ဖြစ်ခြင်းက မည်သည့်အကျိုးဆက်များကို သင့်အပေါ်၌ ဖြစ်စေမည်နည်း။ ဤအရာသည် သင့်ကို လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် သတ်မှတ်ချက်များဖြင့် သင်၏ခေါင်းဆောင်များကို မရည်ရွယ်ဘဲ အကဲဖြတ်မိစေလိမ့်မည်။ ပြီးလျှင် ၎င်းတို့တွင်ရှိသော ပြဿနာများနှင့် အားနည်းချက်များကို မှန်ကန်စွာ ကိုင်တွယ်နိုင်ခြင်းမရှိ ဖြစ်လိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်မသိလိုက်မီတွင် သင်သည် ၎င်းတို့ကို ကိုးကွယ်နေကာ ၎င်းတို့သည် သင်၏ဘုရား ဖြစ်လာသည်အထိ သင်သည် ၎င်းတို့၏ ဟန်ပါသည့်အသွင်၏၊ ပါရမီများ၊ ပင်ကိုစွမ်းရည်များ၏ အကြီးအကျယ် ဆွဲဆောင်ခြင်းကိုလည်း မသိလိုက်ဘဲနှင့် ခံရလိမ့်မည်။ ၎င်းတို့သည် သင်၏အတုယူစံထားထိုက်သူ၊ သင်၏ကိုးကွယ်ခြင်းခံရသူ စဖြစ်လာသည့် အချိန်မှစပြီး သင်သည် ၎င်းတို့၏နောက်လိုက်များထဲမှ တစ်ဦးဖြစ်လာသည့် အချိန်အထိ ထိုလမ်းကြောင်းသည် သင့်ကို ဘုရားသခင်ထံမှ မရည်ရွယ်ဘဲ ဝေးကွာစေမည့် လမ်းကြောင်းဖြစ်လေသည်။ ဘုရားသခင်နှင့်ဝေးရာသို့ ဖြည်းဖြည်းချင်း သင်ထွက်သွားစဉ်တွင်ပင် သင်သည် ဘုရားသခင်နောက်ကို လိုက်နေကြောင်း၊ သူ၏အိမ်တော်တွင် ရှိနေကြောင်း၊ သူ၏ မျက်မှောက်တော်တွင် ရှိနေကြောင်း ယုံကြည်နေဆဲဖြစ်လိမ့်မည်။ အမှန်တကယ်တွင် သင်သည် စာတန်၏ အစေခံများ၏၊ အန္တိခရစ်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ဖြစ်သည်။ သင်သည် ယင်းကို သတိပင်ပြုမိမည် မဟုတ်ချေ။ ဤသည်မှာ အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် တစ်စိတ်တစ်ဒေသအားဖြင့် အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်စွမ်းကိုလည်းကောင်း၊ အန္တိခရစ်များ၏ သမ္မာတရားအပေါ် မုန်းတီးခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၏ အကျည်းတန်သော မျက်နှာကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်စွမ်းကိုလည်းကောင်း လိုအပ်သည်။ ထိုနည်းတူစွာပင် လူတို့အပေါ် အထင်အမြင်မှားစေခြင်းနှင့် ထောင်ချောက်ဆင်ခြင်းဖြစ်သည့် အန္တိခရစ်တို့၏ အသုံးများသော နည်းလမ်းများအပြင် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့် နည်းလမ်းအား ရင်းနှီးဖို့လည်း လိုအပ်သည်။ အခြားသောအပိုင်းမှာ သင်တို့သည် ဘုရားသခင်၏ စိတ်သဘောထား၊ အနှစ်သာရတို့နှင့်ဆိုင်သည့် သိမြင်မှုကို လိုက်စားရမည် ဖြစ်သည်။ ခရစ်တော်သည်သာ သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်ကြောင်းနှင့် မည်သည့်လူကိုမဆို ကိုးကွယ်ခြင်းသည် သင့်အပေါ် ကြီးမားသောကပ်ဘေးနှင့် ကံဆိုးမိုးမှောင်ကျခြင်းတို့ ဆိုက်ရောက်စေလိမ့်မည် ဖြစ်ကြောင်းကို သင် ရှင်းလင်းစွာသိရမည်။ ခရစ်တော်သည်သာ လူတို့ကို ကယ်တင်နိုင်သည်ကို သင်ယုံကြည်ရမည်။ ပြီးလျှင် ခရစ်တော်ကို အကြွင်းမဲ့သော ယုံကြည်ခြင်းဖြင့် သင်လိုက်လျှောက်ပြီး ကျိုးနွံနာခံရမည်။ ဤတစ်ခုတည်းကသာ လူသားအသက်တာ၏ မှန်ကန်သောလမ်းကြောင်းဖြစ်သည်။ အချို့က “တကယ်တမ်းတွင် ခေါင်းဆောင်များကို ကိုးကွယ်ရခြင်းအတွက် ကျွန်ုပ်၌ ကိုယ့်အကြောင်းပြချက်များနှင့်ကိုယ် ရှိသည်။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ပါရမီရှိသူကို ကျွန်ုပ် ပင်ကိုအားဖြင့် ကိုးကွယ်သည်။ ကျွန်ုပ်၏ အယူအဆများနှင့် ကိုက်ညီသော မည်သည့်ခေါင်းဆောင်ကိုမဆို ကိုးကွယ်သည်” ဟု ပြောနိုင်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း အဘယ့်ကြောင့် လူကို မလျှော့တမ်း ကိုးကွယ်နေသနည်း။ အားလုံးအနှစ်ချုပ်လိုက်သည့်အခါ သင့်ကို ကယ်တင်မည့်သူမှာ မည်သူနည်း။ သင့်ကို အမှန်တကယ်ချစ်ပြီး ကွယ်ကာသူမှာ မည်သူနည်း။ သင်အမှန်တကယ် မမြင်နိုင်သလော။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်ကို လိုက်လျှင် သူ၏နှုတ်ကပတ်တော်များကို အရေးစိုက်သင့်သည်၊ ပြီးလျှင် တစ်စုံတစ်ယောက်က မှန်မှန်ကန်ကန် ပြောဆိုပြီး ပြုမူကာ ယင်းက သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီပါက သမ္မာတရားကိုသာ ကျိုးနွံနာခံလော့။ ထိုမျှ မရိုးရှင်းသလော။ သင်သည် အဘယ့်ကြောင့် အလွန် ယုတ်ညံ့ရသနည်း။ သင်လိုက်လျှောက်ဖို့ရန် သင်ကိုးကွယ်မည့်သူ တစ်စုံတစ်ဦးကို မလျှော့တမ်း သင် အဘယ်ကြောင့်ရှာဖွေသနည်း။ သင်သည် အဘယ့်ကြောင့် စာတန်၏ကျေးကျွန် ဖြစ်လိုသနည်း။ ထိုအစား သမ္မာတရား၏ အစေခံတစ်ဦး အဘယ့်ကြောင့် မဖြစ်ရသနည်း။ ဤတွင် လူတစ်ယောက်၌ ဆင်ခြင်တုံတရားနှင့် ဂုဏ်သိက္ခာ ရှိမရှိကို မြင်ရသည်။ သင့်ကိုယ်သင်ဖြင့် စတင်သင့်သည်။ သင့်ကိုယ်သင် သမ္မာတရားမျိုးစုံဖြင့် ပြင်ဆင်လော့။ အမျိုးမျိုးသော အရေးကိစ္စများနှင့် လူများတွင် ပေါ်လွင်သောပုံစံအမျိုးမျိုးကို ခွဲခြားဖော်ထုတ်နိုင်လော့။ လူမျိုးစုံ၏ အပြုအမူနှင့် သက်ဆိုင်သည့် သဘောသဘာဝမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ အဘယ်စိတ်သဘောထားကို ၎င်းတို့ ဖော်ထုတ်သည်ကိုလည်းကောင်း သိလော့။ လူမျိုးစုံ၏ အနှစ်သာရများကို ပိုင်းခြားသိမြင်ဖို့ သင်ယူလော့။ သင့်အနီးအနား၌ အဘယ်လူစားမျိုး ရှိသည်ကိုလည်းကောင်း၊ သင်သည် အဘယ်လူစားမျိုး ဖြစ်သည်ကိုလည်းကောင်း၊ ပြီးလျှင် သင့်ခေါင်းဆောင်သည် အဘယ်လူစားမျိုး ဖြစ်သည်ကိုလည်းကောင်း ရှင်းလင်းစေလော့။ ဤအရာအားလုံးကို သင်ရှင်းလင်းစွာ မြင်သည်နှင့်တစ်ပြိုင်နက် သင်သည် လူများကို သမ္မာတရားစည်းမျဉ်းများအတိုင်း မှန်ကန်သော နည်းလမ်းဖြင့် ဆက်ဆံနိုင်စွမ်း ရှိလိမ့်မည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်ပါက သင်သည် ၎င်းတို့အား ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ဘဲ ဆိုးယုတ်သူများ၊ အန္တိခရစ်များ၊ သို့မဟုတ် မယုံကြည်သူများဖြစ်ပါက သင်သည် ၎င်းတို့နှင့်ဝေးဝေးနေပြီး ၎င်းတို့ကို စွန့်လွှတ်လိမ့်မည်။ ၎င်းတို့သည် သမ္မာတရားလက်တွေ့ကျမှုကို ပိုင်ဆိုင်သည့်လူများ ဖြစ်ပါက သင်သည် ၎င်းတို့အား လေးစားကောင်း လေးစားနိုင်သော်လည်း ကိုးကွယ်မည်မဟုတ်။ မည်သူမျှ ခရစ်တော်၏ နေရာကို ယူ၍မရနိုင်ပေ။ ခရစ်တော်သာလျှင် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်။ ခရစ်တော်သည်သာ လူတို့ကို ကယ်တင်နိုင်ပြီး ခရစ်တော်နောက်ကို လိုက်ခြင်းအားဖြင့်သာ သမ္မာတရားနှင့် အသက်ကို သင်ရရှိနိုင်သည်။ သင်သည် ဤအရာများကို ရှင်းလင်းစွာ မြင်နိုင်ပါက သင်သည် ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်ပြီး အန္တိခရစ်တို့၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းကို ခံရနိုင်ချေ မရှိသကဲ့သို့ အန္တိခရစ်တို့၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်း ခံရဖို့ကိုလည်း ကြောက်ရွံ့ရန် မလိုအပ်ပေ။

လူအချို့သည် အန္တိခရစ်များ ထုတ်ဖော်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသည်ကို မြင်သောအခါတွင် စိတ်ပူပြီး “အန္တိခရစ်များသည် အပေါ်ယံတွင် ဆိုးယုတ်သောလူများ ဖြစ်ပုံမရသော်လည်း ၎င်းတို့လုပ်ဆောင်သည့် အရာများကို ပိုင်းခြားသိမြင်သောအခါတွင် ၎င်းတို့သည် တကယ်တမ်းတွင် အဘယ်ကြောင့် အလွန်ဆိုးယုတ်နေရသနည်း။ အန္တိခရစ်များသည် အမှန်ပင် အလွန်စဉ်းလဲပုံရသည်။ သို့သော် ကျွန်ုပ်သည် ညံ့ဖျင်းသော အစွမ်းအစ ရှိသည်။ ဤသို့သော အန္တိခရစ်များကို နောက်တစ်ဖန် ကြုံရလျှင် ၎င်းတို့အား ပိုင်းခြားသိမြင်နိုင်မည်မဟုတ်သည်ကို ကျွန်ုပ် ကြောက်ရွံ့သည်။ အန္တိခရစ်များကို ကျွန်ုပ် မည်သို့သတိထားရှောင်ကြဉ်သင့်သနည်း” ဟု ဆိုသည်။ သင်က ညံ့ဖျင်းသော အစွမ်းအစရှိလျှင်ပင် အထင်အမြင်မှားအောင် ပြုလုပ်ခံရမည်ကို အစဉ်စိတ်ပူရန် သို့မဟုတ် ၎င်းတို့အား မည်သို့သတိထားရှောင်ကြဉ်ရမည်ကို အစဉ်တွေးရန် မလိုပေ။ သမ္မာတရားအား နားလည်ခြင်းအပေါ်ကို အာရုံစိုက်ဖို့၊ ဘုရားနှုတ်ကပတ်တော်များကို ပို၍ဖတ်ဖို့သာ လိုသည်။ ပြီးလျှင် သင့်တွင် အချိန်ရှိသောအခါ၌ အန္တိခရစ်များက ကျူးလွန်သော ဒုစရိုက်အမှုများနှင့်ပတ်သက်၍ အလေးအနက် တွေးတောပြီး “၎င်းတို့၏ ဆိုးယုတ်မှုက မည်သည့်နေရာတွင် တည်ရှိသနည်း။ ဤသို့သော ဆိုးယုတ်မှုကို ကျူးလွန်ရန် မည်သည့်အရာက ၎င်းတို့ကို တွန်းအားပေးသနည်း။ သာမန်လူတို့က ဤသို့သော မကောင်းမှုကို ကျူးလွန်နိုင်သလော။ သမ္မာတရားကို နားလည်သူတို့က ၎င်းတို့ကို မည်သို့ပိုင်းခြားသိမြင်သနည်း။ ၎င်းတို့ကို ငါမည်သို့ ပိုင်းခြားသိမြင်သနည်း” ဟု သင့်ကိုယ်သင် မေးလော့။ ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် လူတို့၏ အနှစ်သာရကို သင်ရှင်းလင်းစွာ မြင်သည်နှင့် အရာရာတိုင်းကို သင်နားလည်လိမ့်မည်။ ဤအရာများကို သင်စဉ်ဆက်မပြတ် စဉ်းစားသည့်အခါတွင် သင်သည် မရည်ရွယ်ဘဲ ပိုင်းခြားသိမြင်ရန် သင်ယူလိမ့်မည်။ ပြီးလျှင် လူတို့ကို အထင်အမြင်မှားစေရန် ကြိုးစားနေသော အန္တိခရစ်များနှင့် နောက်တစ်ဖန် ရင်ဆိုင်ရသောအခါ သင်သည် အလိုအလျောက် ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ ဤသည်မှာ အတွေ့အကြုံများစွာကို ဖြတ်သန်းရန် လိုအပ်သည်။ ယင်းက တရားဒေသနာများကို ပို၍ နားထောင်ခြင်းဖြင့်သာ သင်ယူနိုင်သည့်အရာတစ်ခုမဟုတ်။ ဤသည်မှာ လူ့အဖွဲ့အစည်းတွင် အလွန်အကျွံ အသုံးချခံရပြီးနောက် သို့မဟုတ် ဆုံးရှုံးမှုများစွာကို ခံစားရပြီးနောက် အတွေ့အကြုံရရှိသကဲ့သို့ ဖြစ်သည်။ “တစ်ခါသေဖူး ပျဉ်ဖိုးနားလည်” ဟူသကဲ့သို့ ဖြစ်သည်။ ယင်းသည် တူညီသော အယူအဆဖြစ်သည်။ ဘုရားသခင်ကို ငါတို့ ယုံကြည်မှုတွင် အဓိကအချက်မှာ သမ္မာတရားကို နားလည်ရန် ဖြစ်သည်။ သမ္မာတရားကို သင်ပို၍ နားလည်လေလေ၊ အမှုအရာများကို သင် ပို၍သိမြင်လေလေ ဖြစ်သည်။ မည်သည့်သမ္မာတရားကိုမျှ သင်နားမလည်လျှင် အသိပညာ ရှိခြင်းသည်ပင် အသုံးမဝင်ပေ။ အသိပညာတစ်ခုတည်းဖြင့် မည်သည့်အရာကိုမျှ သင်မသိမြင်နိုင်ပေ။ သင့်အမြင်များသည် လောကီဆိုင်ရာလူများ၏ အမြင်များနှင့် တူညီသည်။ ပြီးလျှင် မည်သည့်အရာကို သင်မှတ်ချက်ပေးသည်ဖြစ်စေ ပေါက်ကရဖြစ်ကာ မှားယွင်းပြီး အဓိပ္ပာယ်မရှိသောအရာများ ဖြစ်လိမ့်မည်။ ယခုအချိန်တွင် လူအချို့ကို သင် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင် စိတ်မပူနှင့်။ သမ္မာတရားကို သင်နားလည်သည်နှင့် ပိုင်းခြားသိမြင်နိုင်စွမ်းကို သင်အလိုအလျောက် ရရှိလိမ့်မည်။ ယခုတွင် သင်၏ ကိုယ်ပိုင်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းကိုသာ အာရုံစိုက်လော့။ ဘုရားနှုတ်ကပတ်တော်များကို ပို၍ စားသောက်လော့။ ပြီးလျှင် သမ္မာတရားကို ပို၍ ဆင်ခြင်တွေးတောလော့။ သမ္မာတရားကို သင်နားလည်သည့်နေ့ရက်သို့ ရောက်သောအခါ လူတို့ကို သင် ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ လူတစ်ယောက်၏ အပြုအမူကို ကြည့်ရှုလေ့လာခြင်းအားဖြင့်ပင် ၎င်းတို့တွင် မည်သည့်အရာ ဖြစ်နေသည်ကို သင့်စိတ်နှလုံး၌ သိလိမ့်မည်။ အရေးကိစ္စတစ်ခုခုအပေါ် တစ်စုံတစ်ယောက်၏ အစီရင်ခံမှုကို နားထောင်ခြင်းအားဖြင့်ပင် အရေးကိစ္စ၏ အနှစ်သာရကို သင် ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ ပြီးလျှင် လူတစ်ယောက်၏ အတွေးအမြင်များကို ကြားခြင်းအားဖြင့်ပင် သူ၏ ဝိညာဉ်ရင့်ကျက်မှုကို သင်သိလိမ့်မည်။ လွန်စွာ အားမစိုက်ထုတ်ရဘဲ မည်သည့်ကိစ္စ သို့မဟုတ် မည်သည့်လူမဆိုနှင့်ပတ်သက်ပြီး အရာရာတိုင်းကို နားလည်နိုင်လိမ့်မည်။ ဤသည်မှာ သမ္မာတရားအား နားလည်ခြင်း၏ ရလဒ်ဖြစ်သည်။ သို့ရာတွင် သမ္မာတရားအား သင်မလိုက်စားဘဲ လူတို့ကို အကဲဖြတ်ရန်၊ ကိုးကွယ်ရန်၊ မှီခိုရန်၊ မစဉ်းမစားဖြင့် လူတို့ကို မြှောက်ပင့်ရန် သင်၏ စိတ်ကူးကိုသာ အားကိုးလျှင်၊ သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းနောက်သို့ သင်မလိုက်လျှင် အဆုံးသတ်ရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ မည်သူမဆိုက သင့်ကို အထင်အမြင်မှားစေနိုင်သည်။ မည်သူ့ကိုမျှ သင်ရိပ်စားမိနိုင်မည်မဟုတ်။ အသိသာဆုံး အန္တိခရစ်ကိုပင် ထိုးထွင်းသိမြင်နိုင်မည်မဟုတ်။ ၎င်းတို့သည် သင့်အား အရူးလုပ်လိမ့်မည်ဖြစ်ပြီး သင်သည် ၎င်းတို့၏ အရည်အချင်းကြောင့် ၎င်းတို့ကို လေးစားဆဲဖြစ်ကာ နေ့စဉ် ၎င်းတို့ကို ဝန်းရံလိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် အမှန်ပင် နားဝေတိမ်တောင် ဖြစ်သူတစ်ဦး ဖြစ်ကာ မရေရာသော ဘုရားကို ယုံကြည်ပြီး လက်တွေ့ကျသော ဘုရားသခင်ကို မယုံကြည်ဟု အသေအချာပင် ဆိုနိုင်သည်။ ပြီးလျှင် သင်သည် အသေအချာပင် သမ္မာတရားကို လိုက်စားသူမဟုတ်ပေ။

လူအချို့သည် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းနှင့် ပတ်သက်သည့် တရားဒေသနာအချို့ကို နားထောင်ပြီးသည့် နောက်တွင်ပင် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးပေ။ ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းနှင့်ပတ်သက်သော နည်းလမ်းအချို့ကိုသာ နားလည်သော်လည်း စစ်မှန်သော အတွေ့အကြုံ ကင်းမဲ့သည်။ အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို ၎င်းတို့ အမှန်တကယ် ရင်ဆိုင်ရသောအခါတွင် ၎င်းတို့သည် ယင်းတို့ကို နောက်တစ်ဖန် ပိုင်းခြားသိမြင်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် တရားဒေသနာများကို နားထောင်ပြီးနောက်တွင် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသော်လည်း ၎င်းတို့ကြားသည့်အရာနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ကာ ၎င်းတို့သည် အန္တိခရစ်ကဲ့သို့ ဖြစ်သည်ဟု တိုး၍ ခံစားလာရသည်။ အဆုံးတွင် ၎င်းတို့ကိုယ်၌က အန္တိခရစ်များဖြစ်သည်ဟု ယုံကြည်လာကြသည်။ ဤပိုင်းခြားသိမြင်နိုင်စွမ်းမျိုးက မည်သို့မျှ မှားယွင်းခြင်း မရှိပေ။ ၎င်းတို့သည် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းတွင် အသေးစိတ်အချက်အလက်များကို အပြည့်အဝ သတိထားမိသည်။ သို့သော် ၎င်းတို့သည် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းနှင့်သက်ဆိုင်သော စည်းမျဉ်းများ မရှိခြင်း ဖြစ်သည်။ ဤသည်မှာ အဓိကကျသော အရေးကိစ္စတစ်ခုမဟုတ်။ ဤသည်မှာ တရားဒေသနာများကို ၎င်းတို့နားထောင်ခြင်းသည် ထိရောက်မှု ရှိသည်ဆိုသည်ကို ပြသည်။ တကယ့်အန္တိခရစ်များကို ၎င်းတို့ ပိုင်းခြားသိမြင်ခြင်း မရှိသော်လည်း မိမိတို့ကိုယ်ကို ပိုင်းခြားသိမြင်ပြီး ဖြစ်သည်။ ဤသည်မှာလည်း ကောင်းသောအရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဦးစွာ မိမိတို့ကိုယ်ကို ကယ်တင်ပြီး အန္တိခရစ်များ ဖြစ်လာခြင်းကို ရှောင်သည်။ ဤသည်မှာ အန္တိခရစ်များအား ဖော်ထုတ်သည့် ဤတရားဒေသနာများကို နားထောင်ခြင်း၏ အကျိုးဖြစ်ထွန်းသော ရလဒ်တစ်ခုဖြစ်သည်။ အန္တိခရစ်အဖြစ် မိမိကိုယ်ကို ပိုင်းခြားသိမြင်နိုင်ခြင်းသည် မရိုးရှင်းပေ။ ဤသို့သော ပိုင်းခြားသိမြင်နိုင်စွမ်းတွင် အသေးစိတ်ကျသော စောင့်ကြည့်လေ့လာမှု ပါဝင်သည်။ ပြီးလျှင် ဤသည်မှာ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိခြင်းအဖြစ် အကျုံးဝင်နေပြီ ဖြစ်သည်။ ယခုတွင် မိမိကိုယ်ကို ပိုင်းခြားသိမြင်ခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ဤသို့လုပ်ဆောင်ရန်မှာ အလွန်နောက်မကျပေ။ သင်က မကောင်းမှုကျူးလွန်လျှင်၊ သို့မဟုတ် ဘေးဒုက္ခများဖြစ်စေပြီး ထို့နောက်တွင် အန္တိခရစ်အဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းခံရလျှင် အလွန်အမင်း နောက်ကျသွားခဲ့မည် ဖြစ်သည်။ ယခုတွင် သင့်ကိုယ်သင် ပိုင်းခြားသိမြင်နိုင်စွမ်းရှိလျှင် အများဆုံးအနေဖြင့် ဤသည်မှာ သင်သည် အန္တိခရစ်များနှင့် ဆင်တူသည့် လက္ခဏာများကို ပြသသည်ဟုလည်းကောင်း၊ သင်သည် အန္တိခရစ်လမ်းကြောင်းကို လျှောက်နေသည်ကိုလည်းကောင်း၊ မှားယွင်းသောလမ်းကြောင်းအား သင်ရွေးချယ်ပြီးဖြစ်သည်ကိုလည်းကောင်း ဆိုလိုသည်။ သင့်ကို ဤသို့သာ စရိုက်လက္ခဏာ သရုပ်ဖော်နိုင်သည်။ လမ်းကြောင်းပြောင်းရန် အချိန်ရှိသေးသည်။ သို့သော် လမ်းကြောင်းမပြောင်းဖို့ ဆုံးဖြတ်လျှင် အန္တရာယ်ရှိသည်။ အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းအကြောင်းအရာကို အကြိမ်များစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ယခုတွင် လူအချို့သည် အမှန်ပင် ပိုင်းခြားသိမြင်နိုင်သည်။ ၎င်းတို့ ထုတ်ဖော်သည့် ၎င်းတို့၏ ကိုယ်ပိုင်အန္တိခရစ် စိတ်သဘောထားများကို ၎င်းတို့ ခွဲခြားဖော်ထုတ်နိုင်သည်။ ဤသည်မှာ ရလဒ်တစ်ခုဖြစ်ပြီး ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းကို ရရှိပြီးဖြစ်သည်ဆိုသည်ကို သက်သေပြသည်။ ၎င်းတို့သည် အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို ပိုင်ဆိုင်သောသူများနှင့် အန္တိခရစ် စိတ်သဘောထားများရှိသူတို့ကြား ဆက်လက်၍ ခွဲခြားသိမြင်နိုင်လျှင် ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်ပြီးဖြစ်လိမ့်မည်။ ဤသည်မှာ မကြာမီတွင် စွမ်းဆောင်ရရှိနိုင်သည့်အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် စိတ်သောက ရောက်ဖို့ မလိုပေ။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အန္တိခရစ် စိတ်သဘောထားများကို ပိုင်းခြားသိမြင်နိုင်လျှင်၊ အန္တိခရစ်လမ်းကြောင်းအား လျှောက်နေသည်ကို သိမြင်လျှင်၊ အန္တိခရစ်များ၏ သဘာဝအနှစ်သာရမှာ မည်သည့်အရာဖြစ်သည်ကို နားလည်လျှင် ၎င်းတို့သည် အန္တိခရစ်များအား မည်သို့ပိုင်းခြားသိမြင်ရမည်ကို သင်ယူနှင့်ပြီး ဖြစ်သည်။ အန္တိခရစ်များအား ပိုင်းခြားသိမြင်နိုင်ခြင်းသည် မိမိသည် ဘုရားသခင်အား နှစ်မည်မျှယုံကြည်ခဲ့သည် ဆိုသည်နှင့် မသက်ဆိုင်ဘဲ လူတစ်ဦးသည် သမ္မာတရားအတွက် ကြိုးပမ်းနိုင်ပြီး သမ္မာတရားကို နားလည်နိုင်ခြင်း ရှိမရှိနှင့် သက်ဆိုင်သည်။ လူအချို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး အန္တိခရစ်များအား ဖော်ထုတ်ခြင်းနှင့်သက်ဆိုင်သည့် တရားဒေသနာအများအပြားကို နားထောင်ပြီးဖြစ်သည်။ သို့သော် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားများနှင့် သရုပ်သကန်များက လုံးဝ မပြောင်းလဲပေ။ သမ္မာတရားကို ငါ မည်သို့မိတ်သဟာယပြုပါစေ ၎င်းတို့က သတိမမူမိဘဲ ဆက်လက်ရှိနေသည်။ လတ်တလောတွင် မိတ်သဟာယ၏ အကြောင်းအရာကို ၎င်းတို့နှင့်ယှဉ်၍ နားလည်ကောင်း နားလည်နိုင်သည်။ သို့သော် တစ်စုံတစ်ခုကို ကိုင်တွယ်ဆောင်ရွက်ခြင်း သို့မဟုတ် မိမိတို့၏ တာဝန်ကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်လျှင် ၎င်းတို့၏ နည်းလမ်းဟောင်းများကို ပြန်ရောက်သွားသည်။ ဤသည်မှာ ဤသို့သောလူများအတွက် ဒုက္ခပေးပြီး အန္တရာယ်မရှိသလော။ အလွန်ပင် အန္တရာယ်ရှိသည်။ ငါသည် မည်သို့မိတ်သဟာယဖွဲ့ပါစေ၊ ငါ့အား နားထောင်နေသည့်အချိန်တွင် ၎င်းတို့သည် မည်သို့ မိမိကိုယ်ကို အပြစ်တင်ပါစေ၊ စိတ်မကောင်းဖြစ်ပါစေ ထို့နောက်တွင် ၎င်းတို့သည် လုံးဝ မပြောင်းလဲပေ။ ၎င်းတို့သည် မြှောက်ပင့်ပြီး ကပ်ဖားသောလူတို့ကို အဘယ်ကြောင့် အားပေးအားမြှောက်ပြုပြီး ပျိုးထောင်သည်ဆိုသည်ကို ပြန်လည်သုံးသပ်ခြင်း မရှိသကဲ့သို့ ၎င်းတို့သည် အခြားလူများကို စည်းမျဉ်းများအပေါ် အခြေခံပြီး မဆက်ဆံဘဲ ၎င်းတို့ကိုယ်တိုင် စိတ်ကူးပေါက်ရာအတိုင်း အဘယ်ကြောင့်ဆက်ဆံသည်ဆိုသည်ကိုလည်း ပြန်လည်သုံးသပ်ခြင်း မရှိပေ။ ၎င်းတို့နှစ်သက်သည့်လူများသည် ဆိုးယုတ်လျှင်၊ သို့မဟုတ် မကောင်းလျှင်ပင် ထိုသူတို့အား မနှစ်မြို့ခြင်းမရှိဘဲ ထိုသူတို့ကို ဆက်လက်၍ အားပေးပြီး အသုံးပြုသည်။ ထိုထက်ပို၍ပင် ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို လုံးဝ မလိုက်စားသည်ကိုလည်းကောင်း၊ အန္တိခရစ်များ၏ လမ်းကြောင်းပေါ် စတင်ခဲ့သည်ကိုလည်းကောင်း ပြန်လည်သုံးသပ်ခြင်း မရှိပေ။ အမှန်တကယ် ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းမရှိဘဲ မကောင်းမှုများစွာကို ကျူးလွန်ခြင်းသည် အန္တရာယ်ရှိသည်။ လတ်တလော စုဝေးပွဲများတွင် မိတ်သဟာယသည် အန္တိခရစ်များ၏ စိတ်သဘောထားများနှင့် အနှစ်သာရကို ဖော်ထုတ်နေခဲ့သည်။ အန္တိခရစ်များ၏ စိတ်သဘောထားသည် အတွေ့ရများသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများထက် ပို၍ ကွယ်ဝှက်နေပြီး ကောက်ကျစ်ဆိုးယုတ်သည်။ အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပေ။ သမ္မာတရားကို မုန်းတီးသည်။ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့ကို လုံးဝ လက်မခံနိုင်ပေ။ ဤသို့ဆိုလျှင် အန္တိခရစ်များ၏ အဆုံးသတ်၊ နိဂုံးမှာ အဘယ်နည်း။ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရရန် သေချာသည်။ ဘုရားသခင်သည် အန္တိခရစ်များ၏ စရိုက်လက္ခဏာကို အဘယ်သို့ သရုပ်ဖော်သနည်း။ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်အား ဆန့်ကျင်သူတို့ကမူ ဘုရားသခင်၏ ရန်သူများဖြစ်သည်။ သမ္မာတရားကို ဆန့်ကျင်ခြင်း၊ ဘုရားသခင်ကို မုန်းတီးခြင်း၊ အပြုသဘောဆောင်သော အရာများအားလုံးကို မုန်းတီးခြင်းတို့သည် သာမန်လူတို့တွင်တွေ့ရှိသည့် ယာယီအားနည်းမှု သို့မဟုတ် မိုက်မဲမှု မဟုတ်သကဲ့သို့ လွဲချော်နေသော သဘောပေါက်နားလည်မှု ဖြစ်သည့် အချိန်တစ်ခဏမှ ဖြစ်ပေါ်သော မမှန်ကန်သည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၏ ထုတ်ဖော်ခြင်း မဟုတ်ပေ။ ဤသည်မှာ ပြဿနာမဟုတ်။ ပြဿနာမှာ ၎င်းတို့သည် အန္တိခရစ်များဖြစ်သည်။ ဘုရားသခင်၏ ရန်သူများဖြစ်သည်။ အပြုသဘောဆောင်သောအရာများအားလုံးနှင့် သမ္မာတရားအားလုံးကို မုန်းတီးသည်။ ယင်းတို့သည် ဘုရားသခင်ကို မုန်းတီးပြီး ဆန့်ကျင်သော လူတစ်မျိုးဖြစ်သည်။ ဘုရားသခင်က ဤသို့သော လူတစ်မျိုးကို မည်သို့ရှုမြင်သနည်း။ ဘုရားသခင်က ၎င်းတို့ကို မကယ်တင်ပေ။ ဤလူတို့သည် သမ္မာတရားကို စက်ဆုပ်ပြီး မုန်းတီးသည်။ ၎င်းတို့တွင် အန္တိခရစ်များ၏ သဘာဝအနှစ်သာရရှိသည်။ ဤအရာကို သင်တို့နားလည်သလော။ ဤနေရာတွင် ဖော်ထုတ်ခြင်း ခံရသည့်အရာသည် ကောက်ကျစ်ဆိုးယုတ်မှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် သမ္မာတရားအပေါ် မုန်းတီးမှုဖြစ်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြားတွင် အပြင်းထန်ဆုံး စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်ပြီး စာတန်၏ ထုံးစံအတိုင်း အဖြစ်ဆုံးသော၊ အဓိကအကျဆုံးသော စရိုက်လက္ခဏာများကို ကိုယ်စားပြုသည်။ သာမန် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကိုယ်စားမပြု။ အန္တိခရစ်များသည် ဘုရားသခင်ကို ရန်လိုသော အင်အားစုတစ်ခုဖြစ်သည်။ ၎င်းတို့သည် အသင်းတော်ကို အဖျက်အမှောင့်လုပ်ပြီး ထိန်းချုပ်နိုင်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ကို ဖြိုဖျက်ပြီး နှောင့်ယှက်နိုင်စွမ်း ရှိသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသော သာမန်လူတို့ လုပ်ဆောင်နိုင်သော အရာတစ်ခုမဟုတ်။ အန္တိခရစ်များသာ ဤသို့သောလုပ်ရပ်များကို လုပ်နိုင်စွမ်းရှိသည်။ ဤအမှုကိစ္စကို လျှော့မတွက်နှင့်။

ဆိုးယုတ်သောလူများအားလုံးတွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများရှိသည်။ အချို့သော ကောက်ကျစ်ဆိုးယုတ်မှုသည် မာယာကင်းသောလူများကို မကြာခဏ အနိုင်ကျင့်ခြင်း၊ ၎င်းတို့ကို လှောင်ပြောင်သော၊ သို့မဟုတ် ထေ့ငေါ့သောပုံစံဖြင့် ဆက်ဆံခြင်း၊ ၎င်းတို့အား အစဉ်သဖြင့် လှောင်ပြောင်စရာအဖြစ် ထားရှိခြင်း၊ ၎င်းတို့ကို အခွင့်အရေး ယူခြင်းတို့ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားများမှတစ်ဆင့် ဖော်ပြသည်။ ဆိုးယုတ်သောလူတို့သည် အခြားသောဆိုးယုတ်သူတစ်ဦးကို မြင်သည့်အခါ လိုက်လျောလျက် မျက်နှာလိုမျက်နှာရပြုလုပ်သည်။ သို့သော် အားနည်းသူတစ်ဦးကို ၎င်းတို့ မြင်သောအခါ ထိုသူကို ချနင်းပြီး အာဏာပြသည်။ ဤသူတို့မှာ အလွန့်အလွန် ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်သော လူများဖြစ်သည်။ ခရစ်ယာန်များကို အနိုင်ကျင့်သောသူ သို့မဟုတ် ဖိနှိပ်သောသူ မည်သူမဆိုသည် လူအဖြစ် အယောင်ဆောင်ထားသော နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်ကင်းမဲ့သော သားရဲတိရစ္ဆာန်ဖြစ်သကဲ့သို့ ဆိုးယုတ်သောနတ်ဆိုးတစ်ကောင်၏ ပြန်လည်ဝင်စားခြင်းဖြစ်သည်။ ဆိုးယုတ်သော လူအုပ်ထဲတွင် မာယာကင်းသောလူများအား အနိုင်မကျင့်သော၊ ခရစ်ယာန်များကို လူမဆန်စွာ မဆက်ဆံသော၊ မိမိတို့၏ ကိုယ်ကျိုးကို ထိခိုက်သောသူတို့အပေါ်ကိုသာ အမျက်ဒေါသထွက်သောသူများရှိလျှင် ဤလူတို့သည် ဘာသာတရားမရှိသူများထဲတွင် လူကောင်းများအဖြစ် သတ်မှတ်ခြင်းခံရသည်။ သို့သော် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုက မည်သို့ကွဲပြားသနည်း။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုသည် ယှဉ်ပြိုင်ခြင်းအပေါ် ၎င်းတို့၏ အထူးခုံမင်ခြင်းတွင် အဓိကထင်ရှားသည်။ ၎င်းတို့သည် ကောင်းကင်နှင့် တုပယှဉ်ပြိုင်ရဲသည်။ ကမ္ဘာမြေကြီးနှင့် တုပယှဉ်ပြိုင်ရဲသည်။ အခြားလူများနှင့် တုပယှဉ်ပြိုင်ရဲသည်။ ၎င်းတို့သည် အခြားလူများအား ၎င်းတို့အပေါ် အနိုင်ကျင့်ခွင့်မပြုရုံမကဘဲ အခြားလူများကိုလည်း အနိုင်ကျင့်ပြီး ညှဉ်းပန်းသည်။ နေ့စဉ် လူတို့အား မည်သို့ညှဉ်းပန်းရမည်ကို ၎င်းတို့ ချင့်ချိန်စဉ်းစားသည်။ ၎င်းတို့သည် လူတစ်ယောက်ကို မနာလိုဖြစ်လျှင် သို့မဟုတ် မုန်းတီးလျှင် မည်သည့်အခါမျှ လက်မလွှတ်ပေ။ ဤသည်တို့မှာ အန္တိခရစ်များက ကောက်ကျစ်ဆိုးယုတ်ပုံများဖြစ်သည်။ ဤကောက်ကျစ်ဆိုးယုတ်မှုသည် အခြားမည်သည့်နေရာတွင် ပေါ်လွင်သနည်း။ အမှုအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ စဉ်းလဲသောနည်းတွင် မြင်နိုင်သည်။ ဉာဏ်အချို့ရှိသော၊ အသိပညာအချို့နှင့် လူမှုဆိုင်ရာအတွေ့အကြုံအချို့ ရှိသောလူတို့က ယင်းကို နားလည်သဘောပေါက်ရန် ခက်ခဲသည်။ ၎င်းတို့သည် အမှုအရာများကို ထူးခြားစွာ စဉ်းလဲသောနည်းဖြင့် လုပ်ဆောင်သည်။ ပြီးလျှင် ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည်အထိ ဖြစ်လေသည်။ ယင်းသည် သာမန်လှည့်ဖြားမှု မဟုတ်။ ၎င်းတို့သည် ကြိုးကိုင်ခြယ်လှယ်မှုများနှင့် လှည့်ကွက်များ လုပ်နိုင်သည်။ ပြီးလျှင် လူအများစုထက် ပို၍မြင့်သောအဆင့်တွင် ဤသို့လုပ်ဆောင်သည်။ လူအများစုက ၎င်းတို့နှင့် မယှဉ်ပြိုင်နိုင်သကဲ့သို့ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိ။ ဤသည်မှာ အန္တိခရစ်တစ်ဦးဖြစ်သည်။ သာမန်လူတို့သည် ၎င်းတို့ကို ကိုင်တွယ်မဖြေရှင်းနိုင်ဟု ငါအဘယ်ကြောင့် ဆိုသနည်း။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုသည် အလွန်အကျွံဖြစ်သည်မှာ လူတို့ကို အထင်အမြင်မှားစေရန် ကြီးမားသောအစွမ်းကို ၎င်းတို့ ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အား ၎င်းတို့ကို ကိုးကွယ်စေပြီး ၎င်းတို့နောက်လိုက်စေရန် နည်းလမ်းမျိုးစုံကို တွေးနိုင်သည်။ ၎င်းတို့သည် အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး ထိခိုက်စေရန် လူမျိုးစုံကိုလည်း အသုံးချနိုင်သည်။ ဤသို့သော အခြေအနေများတွင် ဘုရားအိမ်တော်သည် အန္တိခရစ်များ၏ သရုပ်သကန်မျိုးစုံ၊ စိတ်သဘောထားနှင့် အနှစ်သာရအပေါ် ထပ်ခါထပ်ခါ မိတ်သဟာယဖွဲ့သည်။ ဤသို့ဖြင့် ယင်းတို့ကို လူတို့ ပိုင်းခြားသိမြင်နိုင်ရန်အတွက် ဖြစ်သည်။ ဤသည်မှာ လိုအပ်သည်။ လူအချို့က နားမလည်ဘဲ “အဘယ်ကြောင့် အန္တိခရစ်များအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို အစဥ်မိတ်သဟာယဖွဲ့သနည်း” ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်များအားလုံးသည် လူတို့ကို အလွန်ပင် အထင်အမြင်မှားစေနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကူးစက်ခြင်းမှတစ်ဆင့် ရောဂါဖြစ်ပွားမှုတစ်ခုမျှတွင် လူများစွာကို ဒုက္ခပေးပြီး သတ်နိုင်သော သေစေသည့် ပလိပ်ရောဂါကဲ့သို့ လူများစွာကို အထင်အမြင်မှားစေနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း ကူးစက်တတ်ပြီး ကျယ်ပြန့်စွာရောက်ရှိသည်။ ပြီးလျှင် ယင်း၏ ကူးစက်မှုနှင့် သေသည့်နှုန်းမှာ အလွန်ပင်မြင့်သည်။ ဤသည်တို့မှာ ဆိုးရွားသော အကျိုးဆက်များ မဟုတ်လော။ ငါသည် ဤသို့ သင်တို့နှင့် မိတ်သဟာယမဖွဲ့လျှင် အန္တိခရစ်များက အထင်အမြင်မှားစေခြင်းနှင့် ဘောင်ခတ်ခြင်းတို့မှ သင်တို့ လွတ်မြောက်နိုင်သလော။ သင်တို့သည် ဘုရားသခင်ဘက်သို့ အမှန်တကယ် လှည့်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်သလော။ ဤသည်မှာ အလွန်ခက်ခဲသည်။ သာမန်လူတို့က မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်သောအခါတွင် အများဆုံးအနေဖြင့် အခြားလူများက ၎င်းတို့၏ မာနထောင်လွှားမှု၏ အကျည်းတန်သော အခြေအနေကို မြင်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ကြွားလုံးထုတ်သည်။ တစ်ခါတစ်ရံတွင် ကြွားလုံးထုတ်ပြီး မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးသည်။ တစ်ခါတစ်ရံတွင် အခြားလူတို့အား မိမိတို့၏ အဆင့်အတန်းဖြင့် တင်စီးပြီး ဩဝါဒခြွေရသည်ကို နှစ်သက်သည်။ သို့သော် အန္တိခရစ်များတွင် ဤသို့ဖြစ်သလော။ အပေါ်ယံတွင် ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းဖြင့် တင်စီးတတ်သည့်ပုံစံဖြစ်စေ၊ အဆင့်အတန်းကို နှစ်သက်သည့်ပုံစံဖြစ်စေ မရှိကောင်းမရှိနိုင်ပေ။ ၎င်းတို့သည် အဆင့်အတန်းကို စိတ်ဝင်စားသည့်ပုံစံ မည်သည့်အခါမျှ မရှိကောင်းမရှိနိုင်ပေ။ သို့သော် စိတ်အတွင်းထဲတွင် ၎င်းတို့သည် ယင်းအတွက် ပြင်းပြသော လိုအင်ဆန္ဒရှိသည်။ ဤသည်မှာ ဘာသာတရားမရှိသူများ၏ ဧကရာဇ် သို့မဟုတ် တောပုန်းဓါးပြခေါင်းဆောင်များကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ နယ်မြေအတွက် တိုက်ခိုက်သောအခါတွင် ၎င်းတို့၏ အဖော်များနှင့် ဆင်းရဲဒုက္ခများကို အတူတကွခံစားကြကာ နှိမ့်ချပြီး ရည်မှန်းချက် မကြီးမားသည့်ပုံစံပေါ်သည်။ သို့သော် ၎င်းတို့စိတ်နှလုံးအတွင်းတွင် ပုန်းကွယ်နေသော လိုအင်ဆန္ဒများကို သင်တို့တွေ့ပြီးသလော။ ဤသို့သော ဆင်းရဲဒုက္ခများကို ၎င်းတို့ အဘယ်ကြောင့်ခံစားနိုင်သနည်း။ ၎င်းတို့အား ပံ့ပိုးပေးသည်မှာ ၎င်းတို့၏ လိုအင်ဆန္ဒများဖြစ်သည်။ ၎င်းတို့သည် တစ်နေ့တွင် ပလ္လင်ပေါ်သို့ တက်ကောင်းတက်နိုင်ရန်အတွက် စိတ်အတွင်းတွင် ကြီးကျယ်သော ရည်မှန်းချက်တစ်ခုကို ထားရှိပြီး မည်သည့်ဒုက္ခကိုမဆို တောင့်ခံရန်၊ သို့မဟုတ် မည်သည့် အသရေဖျက်မှု၊ နာမည်ဖျက်မှု၊ တိုက်ခိုက်မှုနှင့်စော်ကားမှုမျိုးကိုမဆို တောင့်ခံရန် အသင့်ဖြစ်နေသည်။ ဤသည်မှာ မစဉ်းလဲသလော။ ၎င်းတို့သည် တစ်စုံတစ်ယောက်ကို ဤရည်မှန်းချက်အကြောင်း သိခွင့်ပေးနိုင်သလော။ (မပေးနိုင်ပါ။) ၎င်းတို့သည် ယင်းကို ဖုံးဖိထားပြီး ကွယ်ဝှက်ထားသည်။ အပေါ်ယံတွင် မြင်နိုင်သောအရာမှာ အခြားလူများက မခံနိုင်သည့်အရာကို ခံနိုင်သူ၊ ခံနိုင်ဖွယ်မရှိသော ဆင်းရဲဒုက္ခများကို ခံနိုင်သူ၊ ဇွဲနပဲကြီးပြီး ရိုးစင်းသည့်၊ လက်တွေ့ကျသည့်ပုံပေါ်ပြီး အနီးရှိသူများအပေါ် ကောင်းသောသူတစ်ဦး ဖြစ်သည်။ သို့သော် ပလ္လင်ပေါ်သို့ ၎င်းတို့တက်ပြီး တကယ့်အာဏာကို ရသောနေ့တွင် ၎င်းတို့၏ အာဏာကို ခိုင်မာစေပြီး မတရားသိမ်းယူမှုကို ရှောင်နိုင်ရန်အတွက် ဒုက္ခခံပြီး ၎င်းတို့နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် ထိုသူအားလုံးကို သတ်သည်။ သမ္မာတရားကို ထုတ်ဖော်ခြင်းခံရသည့်အခါမှသာ ၎င်းတို့သည် မည်မျှနက်နဲစွာ ဉာဏ်များသည်ကို လူတို့ သဘောပေါက်ကြသည်။ သင်သည် ပြန်တွေးကြည့်ပြီး ၎င်းတို့လုပ်ဆောင်သမျှတိုင်းမှာ ရည်မှန်းချက်က တွန်းအားပေးခြင်း ဖြစ်သည်ကို သင်မြင်သောအခါ ၎င်းတို့၏ စိတ်သဘောထားသည် ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထား ဖြစ်သည်ကို သင်ရှာဖွေတွေ့ရှိသည်။ ဤသည်မှာ မည်သည့်နည်းဗျူဟာ ဖြစ်သနည်း။ စဉ်းလဲခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ အလုပ်လုပ်ပုံ၏ စိတ်သဘောထားဖြစ်သည်။ အန္တိခရစ်များနှင့် တရားဝင်အာဏာကို ကိုင်စွဲသော နတ်ဆိုးဘုရင်များသည် ဤပုတ်ထဲမှ ဤပဲသာဖြစ်သည်။ ၎င်းတို့သည် အာဏာနှင့် အဆင့်အတန်းကို မရလျှင် အကြောင်းပြချက်မရှိဘဲ အသင်းတော်တွင် လုံးဝ ဒုက္ခခံပြီး တောင့်ခံမည်မဟုတ်။ တစ်နည်းအားဖြင့်ဆိုသော် ဤလူတို့သည် သာမန်နောက်လိုက်များဖြစ်ခြင်း၊ ဘုရားသခင်အပေါ် သာမန်ကိုးကွယ်သူများအဖြစ် ဘုရားအိမ်တော်တွင် အလျှော့ပေးခြင်း၊ သို့မဟုတ် တိတ်ဆိတ်စွာ၊ လူမသိစွာဖြင့် တာဝန်တစ်ခုခုကို ထမ်းဆောင်ခြင်းတို့ဖြင့် လုံးဝ မရောင့်ရဲပေ။ ၎င်းတို့သည် အသေအချာပင် ဤသို့လုပ်ဆောင်လိုစိတ်မရှိ။ အဆင့်အတန်းရှိသူတစ်ဦးသည် အန္တိခရစ်လမ်းကြောင်းကို လျှောက်သောကြောင့် ဖြုတ်ချခံရလျှင် ထိုသူက “ယခုတွင် ငါသည် အဆင့်အတန်းမရှိဘဲ သာမန်လူတစ်ယောက်အဖြစ်သာ ရိုးရိုးစင်းစင်း လုပ်ဆောင်မည်ဖြစ်ပြီး ငါတတ်နိုင်သည့် မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်မည်။ အဆင့်အတန်းမရှိဘဲ ဘုရားသခင်ကို ကောင်းစွာ ယုံကြည်နိုင်သေးသည်” ဟု တွေးသည်။ သူသည် အန္တိခရစ်ဖြစ်သလော။ မဟုတ်ပေ။ ဤလူသည် တစ်ခါက အန္တိခရစ်လမ်းကြောင်းကို လျှောက်ခဲ့ပြီး ခဏတာ မိုက်မဲမှုကြောင့် မှားယွင်းသောလမ်းကြောင်းကို လျှောက်ခဲ့သည်။ သို့သော် သူသည် အန္တိခရစ်မဟုတ်။ အမှန်တကယ် အန္တိခရစ်တစ်ဦးက မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်း ဆုံးရှုံးရလျှင် ယုံကြည်တော့မည်မဟုတ်ပေ။ ထိုမျှသာမကဘဲ ၎င်းတို့သည် အာဏာရရှိရန် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်တို့အတွက် အခြားလူများကို အထင်အမြင်မှားအောင် ပြုလုပ်ဖို့ နည်းအမျိုးမျိုးကိုလည်း တွေးပြီး အခြားလူများအား ၎င်းတို့ကို ကိုးကွယ်စေကာ ၎င်းတို့နောက် လိုက်စေမည်။ ဤသည်မှာ အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်သောသူများနှင့် အန္တိခရစ်စစ်စစ်များကြား ကွာခြားမှုဖြစ်သည်။ ဤအရေးကိစ္စ၏ သဘာဝက အလွန်ကြီးလေးသောကြောင့် အန္တိခရစ်များ၏ ဤစိတ်သဘောထား အနှစ်သာရများနှင့် သရုပ်သကန်များကို ငါတို့ ပိုင်းခြားသိမြင်ပြီး စိစစ်သည်။ လူအများစုက အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိ။ သာမန်ညီအစ်ကိုမောင်နှမများကို မဆိုထားနှင့်။ သမ္မာတရားတစ်ခုခုကို နားလည်သည်ဟု ထင်သော ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည်ပင် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိပေ။ ၎င်းတို့ မည်မျှကျွမ်းကျင်ပိုင်နိုင်ပြီးဖြစ်သည်ကို ပြောဖို့ခက်သည်။ ဤသည်မှာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းသည်ကို ညွှန်ပြသည်။ အန္တိခရစ်များအား တိကျမှန်ကန်စွာ ပိုင်းခြားသိမြင်နိုင်သူတို့သာ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုရှိသူတို့ဖြစ်သည်။

ယခုတွင် သင်တို့အားလုံးရင်ဆိုင်နေရသည့် အဓိကပြဿနာတစ်ခုမှာ အဘယ်နည်း။ လူအများစုမှာ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဘဲ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ အလွယ်တကူ အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို ခံရသည်။ ဤသည်မှာ မဖြေရှင်းလျှင် အလွန်အန္တရာယ်ရှိသည်။ ထို့ကြောင့် လူအမျိုးအစားအမျိုးမျိုးကို သင်တို့ ခွဲခြားသိမြင်တတ်ဖို့ သင်ယူရန် ငါတောင်းဆိုသည်။ လူတို့၏ အမျိုးမျိုးသော အပြုအမူများနှင့် ပြောဆိုချက်များအားဖြင့် မည်သည့်စိတ်သဘောထားက ကိုယ်စားပြုသည်ကို ပိုင်းခြားသိမြင်လော့။ ဤအရာများကို အခြေခံပြီး ထိုသူ၏ အနှစ်သာရကို ပိုင်းခြားသိမြင်လော့။ ထို့အပြင် မည်သည့်အရာက သမ္မာတရားလက်တွေ့ကျမှု ဖြစ်ပြီး မည်သည့်အရာက စကားလုံးများနှင့် အယူဝါဒများသာ ဖြစ်သည်ဆိုသည့်ကြားကို ခွဲခြားသိမြင်နိုင်ဖို့ လိုသည်။ ဤအရာများကို သင်ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင် သင်တို့သည် သမ္မာတရားလက်တွေ့ကျမှုသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ပိုင်းခြားသိမြင်ခြင်းမရှိဘဲ လက်တွေ့ကျမှုသို့ ဝင်ရောက်ရန်လမ်းကြောင်း မည်သို့ရှိနိုင်သနည်း။ ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ တတွတ်တွတ်ပြောဆိုပြီး စကားလုံးများ၊ အယူဝါဒများအား နားလည်ခြင်းသည် လက်တွေ့ကျမှုကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု ဆိုလိုသည်ဟူ၍ ထင်သည်။ ထို့ကြောင့် ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို တတွတ်တွတ်ပြောဆိုစဉ်တွင် ကျေနပ်မှုရှိပြီး ခိုင်လုံသည်ဟု ခံစားရကာ ပိုပို၍ စိတ်ထက်သန်လာသည်။ သို့သော် စုံစမ်းသွေးဆောင်မှုက ၎င်းတို့အပေါ်သို့ ကျရောက်သောအခါ ၎င်းတို့သည် ဒယိမ်းဒယိုင်ဖြစ်ပြီး ၎င်းတို့မည်သို့ ဒယိမ်းဒယိုင်ဖြစ်သည်ကို မသိဘဲ “ဘုရားသခင်က ကျွန်ုပ်ကို အဘယ်ကြောင့် မကာကွယ်သနည်း” ဟု ဆိုဆဲဖြစ်သည်။ ဤသည်မှာ ရှက်ဖွယ် ကျရှုံးမှုတစ်ခု မဟုတ်လော။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စကားလုံးများနှင့် အယူဝါဒများအကြောင်းကို အစဉ်ပြောဆိုသည်။ ဤအရာကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ (ပိုင်းခြားသိမြင်နိုင်ခြင်းမရှိပါ။) အချို့ခေါင်းဆောင်များသည် စကားလုံးများနှင့် အယူဝါဒများအကြောင်းကိုသာ ပြောကာ ခေါင်းဆောင်များဖြစ်ရန် မသင့်တော်ဟူ၍ ညီအစ်ကိုမောင်နှမအချို့ထံမှ ငါ တစ်ခါတစ်ရံ ကြားရပြီး ၎င်းတို့က ထိုသူတို့ကို ဖြုတ်ချဖို့ တောင်းဆိုသည်။ သို့ရာတွင် ၎င်းတို့ကို ခေါင်းဆောင်အသစ်တစ်ဦးအား ရွေးကောက်ရန် ပြောပြီးနောက်တွင် လူအများစုက ပိုင်းခြားသိမြင်နိုင်စွမ်းကင်းမဲ့ပြီး ရွေးကောက်ခံရသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့ကျမှုများစွာ မရှိဘဲ စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုသူများဖြစ်သည်။ ဤသည်မှာ အလွန်ဆိုးရွားသော အရေးကိစ္စတစ်ခု၊ အလွန်ခက်ခဲသော အရေးကိစ္စတစ်ခု ဖြစ်သည်။ ဤအမှုကိစ္စများအပေါ် ငါ၏ မိတ်သဟာယစကားများကို သင်တို့ နားထောင်သောအခါ သာမန်ခေါင်းဆောင်များ ပြောသည့်အရာနှင့် ကွာခြားမှုတစ်ခုခုကို ပိုင်းခြားသိမြင်နိုင်သလော။ ကွာခြားမှုကို သင်ပိုင်းခြားသိမြင်နိုင်လျှင် သမ္မာတရားလက်တွေ့ကျမှုက မည်သည့်အရာဖြစ်သည်ကို သင်သိသည်။ သင်က ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဘဲ အားလုံးက တူညီသည်ဟု ထင်ပြီး “ကျွန်ုပ်တို့သည်လည်း ဘုရားနှုတ်ကပတ်တော်များကို ပြောရန် သင်ယူပြီးဖြစ်သည်။ ကျွန်ုပ်တို့ပြောသည့်အရာသည် ဘုရားသခင် ပြောသည့်အရာနှင့် တူညီသည်” ဟု ထင်မြင်လျှင် ယင်းသည် ပြဿနာဖြစ်စေသည်။ ဤသည်မှာ သမ္မာတရားကို သင်လုံးဝ နားမလည်သည်ကိုလည်းကောင်း၊ သမ္မာတရားကို အမှန်တကယ် နားလည်ခြင်းမရှိဘဲ ဘုရားနှုတ်ကပတ်တော်များကို မည်သို့ အတုခိုးပြီး ဘုရားနှုတ်ကပတ်တော်အနည်းငယ်အား မည်သို့ရွတ်ဆိုရမည်ကိုသာ သိသည်ကိုလည်းကောင်း သက်သေပြသည်။ အန္တိခရစ်အများစုသည် ဆုကျေးဇူးအချို့နှင့် စကားပြောကောင်းခြင်းကို ပိုင်ဆိုင်သည်။ ဤသည်မှာ လူတို့ကို အထင်အမြင်မှားအောင်လုပ်ရန် ၎င်းတို့ကို အရင်းအနှီးပေးသည်။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့် စကား၊ လုပ်ရပ်တို့တွင် ကြိုးကိုင်ညွှန်ကြားသောနည်းများနှင့် တွဲလိုက်သောအခါ ၎င်းတို့သည် အမှန်ပင် လူတို့ကို အထင်အမြင်မှားစေနိုင်သည်။ သင်တို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ တတွတ်တွတ်ပြောဆိုနိုင်စွမ်းရှိပြီး သမ္မာတရားလက်တွေ့ကျမှုက မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကိုသာ ခံရနိုင်သည်။ ဤသည်မှာ သင်ထိန်းချုပ်၍မရနိုင်သောအရာတစ်ခုဖြစ်သည်။ သမ္မာတရားကို နားမလည်သူများအတွက် မည်သည့်အရာကို ၎င်းတို့ ဆန္ဒရှိကောင်း ရှိနိုင်ပါစေ အန္တိခရစ်များက အထင်အမြင်မှားစေခြင်းကို မခံရရန်မှာ မဖြစ်နိုင်ပေ။ စာတန်၏ စွမ်းအားမှ ရုန်းထွက်ခြင်းသည် ရိုးရှင်းသောကိစ္စမဟုတ်သည် မဟုတ်လော။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၁ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။