အချက် ၅- ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကာ ဆွဲဆောင်သိမ်းသွင်း၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏ (အခန်း သုံး)
အန္တိခရစ်များက တရားဒေသနာ မည်မျှနားထောင်သည်ဖြစ်စေ သမ္မာတရားကို နားမလည်နိုင်ကြပေ။ ၎င်းတို့ နားလည်ပြီး ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုနိုင်သည်မှာ အယူဝါဒများသာ ဖြစ်၏။ ၎င်းတို့သည် မိမိတို့ သဘောပေါက်နားလည်ပြီး မှတ်မိနိုင်သည့် ထိုစကားများကို ယူ၍ လူ့အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသည့် ဝိညာဉ်ရေးရာ အယူဝါဒများအဖြစ်သို့ ပြောင်းလဲရန်အတွက် မိမိတို့၏ စိတ်ကူးထဲ၌ စဉ်းစားစိစစ်ပြီးနောက် ယင်းတို့ကို လက်လွတ်စပယ် ဖြန့်ချိကာ အခြားသူများအား ရှင်းပြလေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး သမ္မာတရားကို နားမလည်သောသူတို့က ဤအရာများကို ကြားရသောအခါ ယင်းတို့သည် မှန်ကန်ပုံရသည်ဟု ခံစားရပြီး ယင်းတို့ကို လက်ခံလိုစိတ် ရှိကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အထင်အမြင်မှားအောင် လုပ်ခြင်းခံလိုက်ရပြီး အန္တိခရစ်များကို စတင်၍ ကိုးကွယ်တော့သည်။ ယင်းမှာ ပြဿနာ ဖြစ်ပေါ်လာသည့်အချိန် ဖြစ်၏။ လက်တွေ့တွင်မူ အန္တိခရစ်များက သမ္မာတရားကို လုံးဝ နားမလည်ကြပေ။ အကယ်၍ မှန်ကန်သည်ဟုဆိုသော ၎င်းတို့၏ စကားများကို သင် ဂရုတစိုက် နားထောင်ပြီး ပိုင်းခြားသိမြင်ပါက ယင်းတို့သည် လူ့အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသည့် အနှစ်သာရမရှိသော သဘောတရားများ ဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။ သမ္မာတရားကို နားမလည်သောသူတို့က ဤစကားများသည် တိကျမှန်ကန်သည်ဟု ထင်ပြီး ယင်းတို့ကို အလွယ်တကူ ယုံတတ်ကြသည်မှာ အမှန်ပင်။ သင်တို့သည် ထိုသို့သော အခြေအနေများကို တွေ့ကြုံကြပြီးပြီလော။ သင်တို့သည် ဥပမာ ပေးနိုင်သလော။ အကယ်၍ သင်တို့သည် ဥပမာပေးပြီး စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုရာ၌ ကျွမ်းကျင်သောသူတို့က အခြားသူများကို မည်သို့ အထင်အမြင်မှားအောင် လုပ်နိုင်ကြောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်ပါက ဤသည်မှာ သင်တို့သည် ယင်းတို့ကို နားလည်ပြီး လက်တွေ့အသုံးချနိုင်ကြောင်း သက်သေပြသည်။ အကယ်၍ သင်တို့သည် ဥပမာမပေးနိုင်ပါက ယင်းမှာ သင်တို့သည် ယင်းတို့ကို နားမလည်သေးသည့်အပြင် လက်တွေ့လည်း အသုံးမချနိုင်ကြောင်း ညွှန်ပြနေပေသည်။ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုရာ၌ ကျွမ်းကျင်သောသူတို့ကို တွေ့ဆုံသောအခါ သင်တို့သည် ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသည်မှာ အသေအချာပင်။ (ကျွန်ုပ်သည် ထိုသို့သော အခြေအနေမျိုး၌ ရောက်ဖူးသည်။ ညီအစ်ကို မောင်နှမများသည် ပြုပြင်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို ရင်ဆိုင်ရပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်သောအခါ ကျွန်ုပ်ထံ၌ လာရောက်ရှာဖွေကြသည်။ အမှန်တွင်မူ ကျွန်ုပ်သည်လည်း ဘုရားသခင်၏ ရည်ရွယ်ချက် သို့မဟုတ် ဤအရေးကိစ္စများ၏ အနှစ်သာရကို နားမလည်ပါ။ သို့သော် သူတို့ကို ဥပမာအနေဖြင့် “ပြုပြင်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အားလုံးမှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းပင် ဖြစ်သည်။ ဤအရာတို့မှာ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် ဘုရားသခင် ကိုင်တွယ်ဖြေရှင်းရန် တစ်စုံတစ်ခုကို ဆောင်ရွက်သည့်ပုံ ဖြစ်သည်” ဟူသည့် အနှစ်သာရမရှိသော စကားအချို့ကို ပြောပြသည်။ ဤအရာကို ပြောနေစဉ်မှာပင် ၎င်းတို့သည် အဘယ့်ကြောင့် ဤအခြေအနေကို ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း၊ သူတို့၏ လုပ်ဆောင်ချက်များနှင့် ထုတ်ဖော်ပြမှုများသည် ဖောက်ပြန်ပျက်စီးသော မည်သည့်စိတ်သဘောထားမျိုးအောက်တွင် ပါဝင်ကြောင်း သို့မဟုတ် ယင်းတို့သည် မည်သည့်သဘာဝ ဖြစ်ကောင်းဖြစ်နိုင်ကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်ကြောင်း စသည်တို့ကဲ့သို့သော သူတို့ပြဿနာ၏ အနှစ်သာရကို ကျွန်ုပ်သည် သူတို့အား အပြည့်အဝ မရှင်းပြရသေးကြောင်း၊ ဤအရာများနှင့် အခြားနောက်ထပ်ကို သူတို့အား မိတ်သဟာယ မပြုနိုင်သေးကြောင်းတို့ကို ကျွန်ုပ် သတိပြုမိလေသည်။ ကျွန်ုပ်သည် မည်သူ့ကိုမျှ အမှန်တကယ် အထောက်အကူ မပေးသည့် မှန်ကန်သော အယူဝါဒများနှင့် နားထောင်ကောင်းသော ကြွေးကြော်သံ အနည်းငယ်ကိုသာ ပြောပြခဲ့ပါသည်။) ဤသည်မှာ သင်ကိုယ်တိုင်က သမ္မာတရားနှင့် ပတ်သက်၍ ရှင်းလင်းသော နားလည်သဘောပေါက်မှု မရှိသောကြောင့် ဖြစ်သဖြင့် ညီအစ်ကို မောင်နှမများ၏ လက်တွေ့ပြဿနာများကို မဖြေရှင်းနိုင်ခြင်း ဖြစ်၏။ သို့ဆိုလျှင် အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေခြင်းနှင့် ဤအရာအကြားတွင် ကွာခြားမှုရှိသလော။ အန္တိခရစ်များက လူတို့ကို စေတနာဖြင့် ကူညီခြင်းမရှိပေ။ ၎င်းတို့၏ ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်မှာ သူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ဖြစ်သည်။ အန္တိခရစ်များသည် အမှုအရာများကို ဤကဲ့သို့ လုပ်ဆောင်သည့်အခါတွင်လည်းကောင်း၊ ကြွေးကြော်သံများကို ဟစ်အော်သောအခါတွင်လည်းကောင်း ၎င်းတို့၏ အပြုအမူနှင့် မည်သည့် စိတ်သဘောထားမျိုး ၎င်းတို့ ထုတ်ဖော်သည်ကို ကြည့်လော့၊ ဤသည်မှာ အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းအတွက် သော့ချက်ဖြစ်၏။ လူအချို့၌ သေးငယ်သော ဝိညာဉ်ရင့်သန်မှု ရှိပြီး သမ္မာတရားနှင့် ပတ်သက်၍ ရှင်းလင်းသော နားလည်သဘောပေါက်မှု မရှိပေ။ သူတို့အလုပ်၏ အားထုတ်မှုက လိုအပ်သော ရလဒ်များကို စွမ်းဆောင်ရရှိနိုင်ကောင်း ရရှိနိုင်မည် မဟုတ်သော်လည်း လူတို့အား အထင်အမြင်မှားစေဖို့ သို့မဟုတ် ထိန်းချုပ်ဖို့ ကြံရွယ်ချက် သို့မဟုတ် ရည်ရွယ်ချက်မရှိကြပေ။ သူတို့သည်လည်း လူတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်သွားလိုကြကာ သူတို့၏ လုပ်ဆောင်နိုင်စွမ်းက သူတို့၏ လိုအင်ဆန္ဒကို လိုက်မမီခြင်းသာ ဖြစ်၏။ သူတို့သည် ရှင်းလင်းပြတ်သားသော ရလဒ်များကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိလင့်ကစား သူတို့၌ မှန်ကန်သော ရည်ရွယ်ချက်များရှိကြောင်း သူတို့သည် လူတို့အား ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်သွားလိုကြောင်း လူတို့ မြင်တွေ့နိုင်သည်။ သို့သော်လည်း အန္တိခရစ်များ၏ ရည်မှန်းချက်မှာ အဘယ်နည်း။ (လူတို့၏ အသိအမှတ်ပြုခြင်းကို ရယူရန်နှင့် သူတို့အား မိမိတို့ကို နားထောင်ပြီး မိမိတို့နောက်သို့ လိုက်စေရန်ဖြစ်သည်။) သို့ဆိုလျှင် သူတို့ ပြောသည့်အရာနှင့် မိမိတို့၏ လိုအင်ဆန္ဒကို လိုက်မီနိုင်စွမ်း မရှိသောသူ ပြောသည့်အရာကြားမှ ကွာခြားချက်မှာ အဘယ်နည်း။ လုပ်ဆောင်နိုင်စွမ်း အားနည်းသောသူသည် သူ၏စိတ်ရင်းအတိုင်း စကားပြောသော်လည်း ပြဿနာ၏ အနှစ်သာရနှင့် အကြောင်းရင်းကို မရိပ်စားမိနိုင်ချေ။ သူသည် ထိုအရာကို ရှင်းလင်းစွာ မိတ်သဟာယ မပြုနိုင်သည့်အပြင် အဆုံးစွန်အားဖြင့် ထိုအရေးကိစ္စကို မဖြေရှင်းနိုင်သကဲ့သို့ အခြားသူများအတွက်လည်း မထောက်ပံ့ပေးနိုင်ချေ။ ယခုတွင် အန္တိခရစ်တစ်ဦး၏ စကားများမှာ အဘယ်နည်း။ ယင်းတို့သည် သူ၏ စိတ်ရင်းမှ လာသလော။ (မဟုတ်ပါ။) မဟုတ်သည်မှာ သိသာရှင်းလင်း၏။ သူပြောသည့်အရာမှာ အလိမ်အညာများချည်း ဖြစ်၏။ သူသည် အဘယ့်ကြောင့် အလိမ်အညာများကို ဆိုရသနည်း။ သူသည် သင့်ကို လိမ်လည်ပြီး အထင်အမြင်မှားအောင် လုပ်ချင်သည်။ သူ၏ ဆိုလိုရင်းမှာ “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအနေဖြင့် လုပ်သင့်သည့် အလုပ်ကို လုပ်ပြီးသား ဖြစ်သည်။ ကျွန်ုပ်မိတ်သဟာယ ပြုသင့်သည့်အရာကို မိတ်သဟာယပြုပြီးသား ဖြစ်ပြီး ကျွန်ုပ်ပြောထားသမျှမှာ အမှန်ဖြစ်၏။ အကယ်၍ ယင်းတို့ကို သင် လက်မခံဘဲ ပြဿနာ မပြေလည်သေးလျှင် သင်၏အပြစ်သာ ဖြစ်၏။ ကျွန်ုပ်ကို အပြစ်မတင်နှင့်” ဟူ၍ ဖြစ်သည်။ သူသည် သင်၏ပြဿနာများကို အမှန်တကယ် ဖြေရှင်းလိုခြင်း မဟုတ်ဘဲ ဟန်ပြလုပ်ဆောင်နေခြင်း ဖြစ်ပြီး သူ၏အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ဤမှန်ကန်သော အရာများကို ပြောရုံမှတစ်ပါး အခြားမရှိတော့ချေ။ သူသည် ဤအရာများကို မိမိ၏ဆန္ဒမပါဘဲ ပြောခြင်းဖြစ်ပြီး ယင်းတို့ကို ပြောမိလျှင်ပင် မိမိဆန္ဒအလျောက် ပြောနေခြင်းမဟုတ်။ ယင်းမှာ သူ၏စိတ်နှလုံးထဲ၌ အမှန်တကယ် စဉ်းစားနေသည့်အရာ မဟုတ်ပေ။ ထို့ကြောင့် အချို့သော အန္တိခရစ်များက ထုံးစံအတိုင်း မှန်ကန်သော စကားအနည်းငယ်ပြောတတ်အောင် သင်ယူနိုင်ပြီး အခြားသူများအား သူတို့၏ အပျက်သဘောဆောင်ခြင်းကို အောင်မြင်ကျော်လွှားနိုင်ဖို့ အကူအညီ ပေးကြသော်လည်း သူတို့ကိုယ်တိုင် ပြုပြင်ခြင်းကို ရင်ဆိုင်ရသောအခါ သို့မဟုတ် ဖြုတ်ချခြင်း ခံရသောအခါ အလွန်အမင်း အပျက်သဘော ဆောင်လာကြသည်။ တစ်လျှောက်လုံး မိမိတို့ကိုယ်ကို မသိနိုင်ကြသည့်အပြင် မိမိတို့ကို ကူညီဖို့အတွက် ညီအစ်ကို မောင်နှမများအပေါ် မှီခိုကြရသည်။ ဤအရာ ဖြစ်ဖူးသလော။ (ဖြစ်ဖူးပါသည်။) ဤအရာမျိုးမှာ အလွန်မကြာခဏ ဖြစ်တတ်သည်။ အန္တိခရစ်တစ်ဦး အခြားသူများကို အမြဲတစေ ဟောသော စကားလုံးများနှင့် အယူဝါဒများက သူကိုယ်တိုင်အတွက်ပင် အထောက်အကူမဖြစ်ပေ။ သို့ဆိုလျှင် ဤစကားများမှာ သူ၏စိတ်နှလုံးထဲမှ လာသလော။ ယင်းတို့မှာ သူ့တကယ့်အတွေ့အကြုံ၏ ရလဒ်ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူပြောသည့်အရာမှာ စကားလုံးများနှင့် အယူဝါဒများသက်သက် ဖြစ်ပြီး သူ၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုအား ထင်ဟပ်ခြင်း မဟုတ်ပေ။ အခြားသူများကို အကူအညီပေးဖို့ သူလုပ်သည့်အလုပ်တွင် ဟန်ပြလုပ်ဆောင်ဖို့၊ မိမိကို ခေါင်းဆောင်တစ်ဦးအဖြစ် လူတို့ကို အသိအမှတ်ပြုစေဖို့၊ လက်ခံစေဖို့နှင့် ထောက်ခံအားပေးစေဖို့ အပြင်ပန်း မမှန်ကန်သော ထင်မြင်ချက်များ၊ လုပ်ဆောင်ချက်များနှင့် အပြုအမူကောင်းကို အသုံးပြုခြင်းတို့သက်သက် ပါဝင်သည်။ လူတို့က သူ့ကို သူတို့၏ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုသောအခါ သူတို့က သူ့ကို လိုက်လျောရသည် မဟုတ်လော။ သူတို့က သူ့ကို လိုက်လျောရလျှင် အန္တိခရစ်သည် အဆင့်အတန်းတစ်ခုကို ရရှိသည်မဟုတ်လော။ ထိုအခါ သူ၏အဆင့်အတန်းသည် လုံခြုံပြီမဟုတ်လော။ ဤသည်မှာ သူ၏ ရည်မှန်းချက်အတိအကျပင် ဖြစ်၏။ ခေါင်းဆောင်များနှင့် အမှုဆောင်များ အချို့သည် သမ္မာတရားအား နားလည်သဘောပေါက်မှု ကင်းမဲ့ကြပြီး အလုပ်တာဝန်ကို ကိုင်တွယ်ရာ၌ သူတို့၏ လုပ်ဆောင်နိုင်စွမ်းများက သူတို့၏ လိုအင်ဆန္ဒကို လိုက်မမီပေ။ ဤသည်မှာ အများဆုံးအနေဖြင့် သူတို့၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှု လက္ခဏာဖြစ်ပြီး သူတို့သည် စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး မဟုတ်သည့်လက္ခဏာပင် ဖြစ်၏။ သို့သော် အန္တိခရစ်တစ်ဦး အလုပ်လုပ်သောအခါ သူသည် ညီအစ်ကို မောင်နှမများကို အကူအညီပေးနိုင်ခြင်း သို့မဟုတ် ဖေးမကူညီနိုင်ခြင်း ရှိမရှိကို မစဉ်းစားပေ။ သူသည် မိမိ၏ကိုယ်ပိုင် အဆင့်အတန်းနှင့် အကျိုးအမြတ်ကိုသာ စဉ်းစား၏။ ဤသည်မှာ ဤနှစ်ဦးအကြားမှ ခြားနားချက်ဖြစ်၏။ ၎င်းတို့၏ စိတ်သဘောထားများက ကွာခြား၏။ ထို့ကြောင့် ထိုအန္တိခရစ်သည် နားထောင်ကောင်းသောစကား အမြောက်အမြားကို ပြောလျှင်ပင် သူ၏ လက်တွေ့ကျမှုကို မထင်ဟပ်ပေ။ သူသည် ယင်းတို့ကို မိမိ၏ဆန္ဒမပါဘဲ ပြောခြင်းဖြစ်သည်။ သူသည် အပြင်ပန်းအားဖြင့် မှန်ကန်သော အယူဝါဒများနှင့် ကြွေးကြော်သံများ တစ်ခုခု သို့မဟုတ် လူတို့ကို အကြံပေးရန်နှင့် ဟန်ပြလုပ်ဆောင်ရန်အတွက် လူ့ခံစားချက်နှင့် ကိုက်ညီသည့် စကားလုံးများ တစ်ခုခုကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။ သူသည် အဘယ့်ကြောင့် ဟန်ပြလုပ်ဆောင်ရသနည်း။ ယင်းမှာ အပျက်သဘောဆောင်သော သို့မဟုတ် အားနည်းသောသူ တစ်စုံတစ်ယောက်ကို သူ မြင်တွေ့ပြီး ကူညီဖို့ လျစ်လျူရှုပါက သူသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေခြင်း မရှိကြောင်းနှင့် ခေါင်းဆောင်တစ်ဦးအဖြစ် မိမိ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်း မရှိကြောင်း အခြားသူများက ပြောမည်ဖြစ်သည်။ ထိုသို့သော စွပ်စွဲချက်များကို ကြောက်သဖြင့် သူသည် ပြုမူလုပ်ဆောင်ရုံမှတစ်ပါး အခြားမရှိချေ။ ထို့ကြောင့် သူ၏ ရည်မှန်းချက်မှာ မိမိ၏ တာဝန်များကို လုပ်ဆောင်ဖို့သက်သက် မဟုတ်ပေ။ အကယ်၍ ညီအစ်ကို မောင်နှမများ အခက်အခဲ ရင်ဆိုင်ရသောအခါ သူသည် ချက်ချင်း ပေါ်လာပြီး သူတို့ကို အကူအညီပေးခြင်းနှင့် ထောက်ပံ့ပေးခြင်း၊ မိမိ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းတို့ မရှိလျှင် ထိုသူတို့က သူ့ကို ထောက်ခံအားပေးမည် မဟုတ်သည်ကို စိုးရိမ်နေသည်။ လာမည့် ရွေးကောက်ပွဲတွင် သူတို့က သူ့ကို ရွေးချယ်ကောင်း ရွေးချယ်မည် မဟုတ်သည့်အပြင် သူသည် တကယ့်ခေါင်းဆောင် ဖြစ်မည်မဟုတ်ဘဲ အမည်ခံ ဂုဏ်ပုဒ်တစ်ခုသာ ရှိတော့မည်ဖြစ်သည်။ အမည်ခံ ဂုဏ်ပုဒ်သက်သက် ပိုင်ဆိုင်ခြင်းသည် သူ၏ စိတ်နှလုံးထဲ၌ အလိုရှိသည့်အရာ ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူသည် မည်သည့်အရာကို အလိုရှိသနည်း။ သူက တကယ့်အာဏာနှင့် အဆင့်အတန်းကို အလိုရှိသည်။ သူက ညီအစ်ကို မောင်နှမများကို သူ့အား စိတ်ထဲမှ ကိုးကွယ်ရန်၊ ထောက်ခံအားပေးရန်နှင့် သူ့နောက်လိုက်ရန် အလိုရှိသည်။ ထို့ကြောင့် သူသည် ရွေးကောက်ပွဲတိုင်းတွင် ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးခံရရန် ကြိုးပမ်းခြင်းဖြစ်သည်။ ယင်းမှာ သူ၏ ရည်မှန်းချက်ပင် ဖြစ်၏။
ခေါင်းဆောင်များနှင့် အမှုဆောင်များဟုခေါ်သောသူ အချို့သည် ရွေးကောက်ပွဲများ နီးကပ်လာသောအခါ အထူးသဖြင့် စိတ်အားထက်သန်လာကြကာ နေရာတကာတွင် ကိုယ့်ဂုဏ်ကိုယ်ဖော်ကြပြီး မူမမှန်ဘဲ ပြုမူကြသည်။ ဤသို့သောလူတို့သည် အန္တိခရစ်များ၏ အတန်းအစား ဖြစ်ကောင်းဖြစ်နိုင်ကြသည်။ အကယ်၍ ၎င်းတို့သည် ဤသို့ အမှန်ပင် ပြုမူနိုင်ကြလျှင် ယင်းမှာ စက်ဆုပ်ဖွယ်ကောင်း၏။ အသိတရားနှင့် ဆင်ခြင်တုံတရားကို အမှန်တကယ် ပိုင်ဆိုင်သောသူတစ်ဦးသည် ကြံရွယ်ချက်များ၊ ရည်ရွယ်ချက်များဖြင့် ပြုမူသောအခါ စိတ်နှလုံးထဲတွင် အပြစ်ရှိသည်ဟု အလိုလို ခံစားရမည်ဖြစ်သည်။ မိမိ၏ အသိတရားနှင့် ဆင်ခြင်တုံတရား၏ ချုပ်ထိန်းခြင်းခံရသဖြင့် သူသည် ယခင်က ထိုသို့ စိတ်အားထက်သန်ခြင်း မရှိခဲ့ကြောင်း သဘောပေါက်မည် ဖြစ်ပြီး လူတို့က သူ၏ ရုတ်ချည်း စိတ်အားထက်သန်မှုကို အသေအချာ သတိပြုမိကြမည် ဖြစ်သည်။ သူသည် မိမိကိုယ်ကို စက်ဆုပ်ရွံရှာမှုကိုပင် ခံစားပြီး ထိုသို့ပြုမူရသည်ထက် ရွေးကောက်ပွဲမပြိုင်ဘဲ နေလိုက်ချင်သည်။ ဘုရားသခင်ကို နှစ်ပေါင်းမြောက်မြားစွာ ယုံကြည်လက်ခံလာပြီး ဝိညာဉ်ရင့်သန်မှု အနည်းငယ်နှင့် ရှက်စိတ်အနည်းငယ် ရှိထားပြီးဖြစ်သောကြောင့် အဆုံးတွင် သူသည် မိမိကိုယ်ကို ထိန်းချုပ်နိုင်သည်။ သို့သော် အန္တိခရစ်များကမူ မိမိတို့ကိုယ်ကို မထိန်းချုပ်ကြပေ။ ၎င်းတို့ စိတ်ကြိုက်လုပ်ဆောင်ပြီး သဘောရှိသည့်အတိုင်း ပြုမူကြသည်။ ၎င်းတို့၌ ရည်မှန်းချက်များနှင့် ကြံရွယ်ချက်၊ ရည်ရွယ်ချက်နှင့် အကြံအစည်အမျိုးမျိုး ရှိကြသည်။ ယင်းကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ အကုန်လုံးသိထားသော်လည်း အမှုအရာများကို ဤအတိုင်းပင် မရမက ဆက်လုပ်ကာ မိမိတို့၏ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ အမြဲစဉ်းစားနေကြသည်။ အသင်းတော်အတွက်နှင့် ညီအစ်ကို မောင်နှမများအတွက် အမှုအရာများ လုပ်ဆောင်ခြင်းသည် ကြီးစွာသော ထိခိုက်နစ်နာမှုဖြစ်ပြီး လုပ်ရကျိုးမနပ်ဟု ခံစားကြရသည်။ ထို့ကြောင့် ၎င်းတို့ပြုလုပ်သမျှတွင် မိမိတို့ကိုယ်ကို ဦးထိပ်ထားကြပြီး အရာရာကို မိမိအတွက်သာ အစဉ်သဖြင့် လုပ်ဆောင်သည်။ ရွေးကောက်ပွဲများ တစ်ဖန်ကျင်းပသောအခါ ၎င်းတို့သည် နေရာတကာတွင် မဲဆွယ်ဖို့ အစွမ်းကုန်ကြိုးစားလျက် မိမိတို့ကို ရွေးချယ်ကြဖို့ လူတို့ကို အထင်အမြင် မှားစေပြီး ဆွဲဆောင်သိမ်းသွင်းကာ မဲပေးစဉ်အတွင်း မိမိတို့ကိုယ်မိမိ မဲနှစ်မဲသုံးမဲခန့် လျှို့ဝှက်စွာဖြင့်ပင် ထပ်ဖြည့်ကြသည်။ အန္တိခရစ်များအနေဖြင့် ဤအတိုင်း ပြုမူသည်မှာ စက်ဆုပ်ရွံရှာဖွယ် ကောင်းသည်မဟုတ်လော။ အကယ်၍ ၎င်းတို့၌ ရည်မှန်းချက်များ မရှိခဲ့လျှင် အဘယ့်ကြောင့် ထိုအတိုင်းအတာအထိ ပြုလုပ်မည်နည်း။ ဤသည်မှာ ရည်မှန်းချက်က အလုပ်လုပ်နေသည်မှာ ရှင်းသည် မဟုတ်လော။ တစ်စုံတစ်ယောက်သည် ရည်မှန်းချက်ကြီးသည်ဟု ပြောလိုက်လျှင် ပြောလိုက်ချင်း ယင်းမှာ အပြုသဘောဆောင်ခြင်းတစ်ခုခု မဟုတ်ပေ။ ထိုသို့သောလူတို့ ပြုလုပ်သမျှမှာ စက်ဆုပ်ရွံရှာဖွယ်နှင့် ပြောမထွက်နိုင်အောင် ဆိုးရွားသည်မှာ အသေအချာဖြစ်၏။ အန္တိခရစ်များ ပြုလုပ်သမျှမှာ အတုအယောင်ဖြစ်ပြီး လှည့်စားတတ်သည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင် မှားစေရန်အတွက် အယောင်ဆောင် ပုံပန်းများကို အမြဲတမ်း အသုံးပြုကြသည်။ ထိုအရေးကိစ္စနှင့်ပတ်သက်သည့် အမှန်တရားကို မသိသောသူတို့က ဤအရာကို မြင်တွေ့ပြီး “ခေါင်းဆောင်သည် ဤရက်အနည်းငယ်အတွင်း လုံ့လဝီရိယ မြောက်မြားစွာ စိုက်ထုတ်ထားကာ အအိပ်ပျက်၊ အစားပျက်ဖြစ်လျက် နေ့နေ့ညည အလုပ်လုပ်ပြီး အရာရာ၌ ဦးဆောင်မှု ပြုခဲ့သည်။ သူသည် အတော့်ကို ဒုက္ခခံစားပြီးဖြစ်ကာ အလွန် ခြေကုန်လက်ပန်းကျထားသဖြင့် ကိုယ်အလေးချိန်များစွာ ကျခဲ့ပြီးဖြစ်သည်။ သူသည် ဆံပင်များ ပို၍ပင် ဖြူလာသည်” ဟု စဉ်းစားသည်။ ညီအစ်ကို မောင်နှမအချို့က ဤသည်ကို မြင်တွေ့ပြီး ထိုအန္တိခရစ်အတွက် စိတ်မကောင်းဖြစ်ကာ နောက်ဆုံး ရွေးကောက်ပွဲအတွင်း သူ့အတွက် မဲပေးကြသည်။ ထိုအန္တိခရစ်သည် သူ၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လျှို့ဝှက်ကြံစည်ခြင်းနှင့် နည်းလမ်းများ အသုံးပြုခြင်းကို ဆိုလိုသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည်ကို ဆိုလိုသည်။ ထို့ကြောင့် အန္တိခရစ်များသည် လူတို့ကို စကားဖြင့် အထင်အမြင် မှားစေသည်သာမက ၎င်းတို့သည် မည်မျှ စိတ်အားထက်သန်ကြောင်း၊ မည်မျှ ကျိုးနွံနာခံပြီး ညီအစ်ကိုမောင်နှမများအပေါ် မည်မျှ အရေးထားကြောင်း လူတို့အား တိတ်တဆိတ် ပြောပြသည့် လုပ်ရပ်များနှင့် အပြုအမူများဖြင့်လည်း ကြိမ်ဖန်များစွာ အထင်အမြင်မှားစေသည်။ ၎င်းတို့သည် လူတို့ လက်ခံသင့်သည့် စံနှုန်းပြည့်မီသော ခေါင်းဆောင်များ၊ ခေါင်းဆောင်ကောင်းများ ဖြစ်သည်ကို လူတို့အား အသိပေးဖို့အတွက် ထပ်တလဲလဲ ပြောပြဖို့၊ ထပ်တလဲလဲ အသားပေးဖို့အတွက် အမြင်အားဖြင့် ကောင်းမွန်သင့်တော်သည့် ဤစကားအသုံးအနှုန်းများနှင့် အပြင်ပန်းအားဖြင့် အယောင်ဆောင် ပုံပန်းများကို အသုံးပြုသည်။ ဤသည်မှာ ကိုယ်စားလှယ်လောင်းများ မိန့်ခွန်းဟောပြောရင်း၊ မဲဆွယ်စည်းရုံးရင်းနှင့် စည်းရုံးလှုံ့ဆော်ရင်း နေရာအနှံ့ လှည့်လည်သွားလာကြသည့် ဒီမိုကရေစီနိုင်ငံများရှိ ရွေးကောက်ပွဲများကဲ့သို့ပင် ဖြစ်၏။ ထိုသူတို့သည် မဲပေးမှုဖြစ်စဉ်အတွင်း မသမာသောနည်းကိုပင် အသုံးပြုကြသည်။ သို့သော် ဤလူတို့သည် မရှက်မကြောက်ဘဲ “ယောက်ျားအစစ်အမှန်ဟူသည် ရက်စက်ရမည်” ဟူသည့် ခံယူချက်နောက်သို့ လိုက်ကြသည်။ ထိုသူတို့သည် ရွေးကောက်ပွဲအနိုင်ရရန် မည်သည့်လိုအပ်သောနည်းလမ်းကိုမဆို အသုံးချကြသည်။ ဤသည်မှာ ဘာသာတရားမရှိသူများ၏ အတွေးအခေါ်နှင့် အမြင်ရှုထောင့်ဖြစ်၏။ ဤအန္တိခရစ်များကလည်း ဤသို့ပြုလုပ်သလော။ လုံးဝ ပြုလုပ်ကြသည်။ အာဏာနှင့် အဆင့်အတန်းအဖို့အလို့ငှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤသူတို့သည် အရာရာ၌ ထက်သန်စွာနှင့် ပြင်းပြစွာ လုပ်ဆောင်ကာ ယင်းတို့ကို ပြီးမြောက်ဖို့ရန် ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်။ ၎င်းတို့သည် မိမိတို့၏ လက်ရှိအခြေအနေအပေါ် လုံးဝ မရောင့်ရဲကြပေ။ ထို့ကြောင့် အာဏာနှင့် အဆင့်အတန်းအတွက် စိတ်အားထက်သန်မှု ပြင်းပြစွာ ရှိသောသူတို့၊ ဆိုလိုသည်မှာ မိမိတို့၏ ရည်မှန်းချက်များကို မထိန်းချုပ်နိုင်သောသူတို့သည် နောက်ဆုံးတွင် ခေါင်းဆောင်များအဖြစ် အရွေးခံရလျှင် ၎င်းတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်နေခြင်းသာ မဟုတ်။ ၎င်းတို့ကိုယ်တိုင်ပင် အန္တိခရစ်များ ဖြစ်ကောင်းဖြစ်လာနိုင်သည်။ သင်တို့တွင် ရည်မှန်းချက်များ ရှိသလော။ သင်တို့၏ ရည်မှန်းချက်များကို လူ့သဘာဝနှင့် ဆင်ခြင်တုံတရား၏ ဘောင်အတွင်း၌ ထိန်းချုပ်နိုင်သလော။ အကယ်၍ ယင်းတို့ကို ထိန်းချုပ်နိုင်လျှင် သင်သည် အန္တိခရစ်များ၏ လမ်းကြောင်းအား လိုက်လျှောက်ခြင်းဟူသည့် အန္တရာယ်ကို ရှောင်ကြဉ်နိုင်ပြီး အန္တိခရစ်တစ်ဦး ဖြစ်လာကာ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်မဟုတ်ပေ။ အကယ်၍ သင်တို့သည် မိမိတို့၏ ရည်မှန်းချက်များက ကြီးမားလွန်းသည်၊ အဆင့်အတန်းအဖို့အလို့ငှာ မည်သည့်နည်းလမ်းကိုမဆို မကြာခဏ အားကိုးလိုက်ရကာ အစားအသောက်ကိုပင် စွန့်လွှတ်လိုစိတ်၊ မည်သည့် ဒုက္ခဆင်းရဲကိုမဆို သည်းခံလိုစိတ်နှင့် စက်ဆုပ်ဖွယ်ကောင်းသော မည်သည့် နည်းစနစ်ကိုမဆို အသုံးချဖို့ပင် အဆင်သင့် ဖြစ်နေသည်ဟု ခံစားရလျှင်၊ အကယ်၍ သင်တို့သည် အရှက်မရှိသည့်အပြင် သင်တို့၏ ရည်မှန်းချက်များကို ချုပ်တည်းရန် ခက်ခဲသည့်အဆင့်သို့ ရောက်ရှိသွားလျှင် ပြဿနာရှိပေပြီ။ သင်တို့သည် အန္တိခရစ်ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုတော့ချေ။ အကယ်၍ သင်သည် အန္တိခရစ်တစ်ဦး၏ သရုပ်သကန်များကိုသာ ပြသလျှင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိသေးသည်။ သို့သော် သင်သည် အန္တရာယ်မှ လွတ်ပြီလော။ မလွတ်သေးချေ။ အကယ်၍ သင်သည် အန္တိခရစ်တစ်ဦး၏ ဤသရုပ်သကန်များကို ပြသပါက သင်သည် ဘုရားသခင်အား ဆန့်ကျင်နေသေးသည်၊ သူ့ကို မည်သည့်အချိန်၌မဆို အတိုက်အခံလုပ်ရန်နှင့် ငြင်းပယ်ရန် အဆင်သင့်ဖြစ်နေသည်ဟု ဆိုလိုသည်။ သို့မဟုတ် ဘုရားသခင် ပြုလုပ်ထားသည့် တစ်စုံတစ်ရာသည် သင်၏ အယူအဆများနှင့် မလျော်ညီသောကြောင့် သင်သည် ဘုရားသခင်ကို လေ့လာကောင်း လေ့လာမည်၊ သူ့ကို အထင်အမြင် လွဲကောင်းလွဲမည်၊ သူ့အပေါ် ဝေဖန်ကောင်း ဝေဖန်မည်ဖြစ်ပြီး သူနှင့် ပတ်သက်၍ အယူအဆများကိုပင် ဖြန့်ဝေကောင်း ဖြန့်ဝေမည်ဖြစ်သည်။ ထိုအခါ သင်သည် ဘုရားသခင်ကို ငြင်းပယ်ကောင်း ငြင်းပယ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ကာ နောက်ဆုံးတွင် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရကောင်း ခံရနိုင်သည်။ မည်သည့်အချိန်၊ မည်သည့်နေရာ၌မဆို သင်ထုတ်ဖော်သည့် အရာများက သင်၏ စိတ်သဘောထားကို ကိုယ်စားပြုနိုင်သည်။ ထို့ကြောင့် အချိန်တိုင်းနှင့် နေရာတိုင်းတွင် သင်ထုတ်ဖော်သည့် အရာများသည် သင့်စိတ်သဘောထား ထုတ်ဖော်ပြမှုပင် ဖြစ်၏။ ငါတို့သည် အဘယ့်ကြောင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုများအကြောင်းကို အမြဲတမ်း ဆွေးနွေးနေကြသနည်း။ အဘယ့်ကြောင့်ဆိုသော် စိတ်သဘောထား မပြောင်းလဲသော လူတစ်ဦးသည် ဘုရားသခင်၏ ရန်သူဖြစ်၏။ အန္တိခရစ်များအားလုံးသည် လုံးဝဥဿုံ နောင်တမရသည့်အပြင် ဘုရားသခင်ကို ဆန့်ကျင်ပြီး အဆုံးတိုင်အောင် သူ့အား ခုခံတိုက်ခိုက်ဖို့အတွက် ၎င်းတို့၏ အသက်များဖြင့် ရင်း၍ကျိန်ဆိုထားကြသည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကိုလည်းကောင်း၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ကြောင်းကိုလည်းကောင်း၊ ထို့ပြင် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်နိုင်ကြောင်းကို လည်းကောင်း စိတ်ထဲ၌ အသိအမှတ်ပြုလျှင်ပင် ၎င်းတို့၏ သဘာဝကြောင့် ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင်အား အတိုက်အခံလုပ်ခြင်းနှင့် သူ့အပေါ် ရန်လိုခြင်းဟူသည့် အနှစ်သာရကိုလည်း မပြောင်းလဲနိုင်ကြပေ။
အန္တိခရစ်များ၏ လုပ်ရပ်များ၏ အနှစ်သာရမှာ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အထမြောက်စေရန်၊ လူတို့ကို အထင်အမြင် မှားစေပြီး ထောင်ချောက်ဆင်ရန်၊ လူတို့အနေဖြင့် ၎င်းတို့နောက်လိုက်ပြီး ၎င်းတို့ကို ကိုးကွယ်ဖို့အတွက် မြင့်မားသော အဆင့်အတန်းကို ရရှိရန် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းစနစ်များကို အမြဲတစေ အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့သည် စိတ်နှလုံးအတွင်းထဲ၌ လူတို့အတွက် ဘုရားသခင်နှင့် တမင်သက်သက် ယှဉ်ပြိုင်နေခြင်း မဟုတ်သည်မှာ ဖြစ်နိုင်သော်လည်း သေချာသော အရာတစ်ခုရှိနိုင်၏။ ၎င်းတို့သည် လူတို့အတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ခြင်း မရှိလျှင်ပင် လူတို့ကြားတွင် အဆင့်အတန်းနှင့် အာဏာကို ရရှိလိုစိတ် ရှိကြသေး၏။ ၎င်းတို့သည် အဆင့်အတန်းရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်နေခြင်းဖြစ်ကြောင်း ၎င်းတို့ သဘောပေါက်လာပြီး မိမိတို့ကိုယ်ကို အနည်းငယ် ချုပ်တည်းထားသည့် နေ့တစ်နေ့ ရောက်လာလျှင်ပင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လိုက်စားဖို့ မတူညီသော နည်းစနစ်များကို အသုံးချနေဦးမည် ဖြစ်သည်။ ၎င်းတို့သည် လူအချို့၏ အသိအမှတ်ပြုခြင်းနှင့် အထင်ကြီးလေးစားခြင်းကို ရရှိနိုင်သရွေ့ တရားဝင်သော အဆင့်အတန်းကို ရယူနိုင်မည်ဖြစ်သည်ကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့ ရှင်းရှင်းလင်းလင်း သိလေသည်။ အချုပ်အားဖြင့်ဆိုသော် အန္တိခရစ်များ ပြုလေသမျှသည် သူတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်သည်ဟု ထင်ရသော်လည်း ယင်း၏ အကျိုးဆက်မှာ လူများကို အထင်အမြင်မှားစေပြီး သူတို့အား ကိုးကွယ်၍ လိုက်လျှောက်စေခြင်း ဖြစ်၏။ သို့ဖြစ်၍ ဤသို့ တာဝန်ထမ်းဆောင်ခြင်းသည် မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်းနှင့် မိမိတို့ကိုယ်ကို သက်သေခံခြင်းပင် ဖြစ်သည်။ လူတို့ကို ထိန်းချုပ်ရန်နှင့် အသင်းတော်ထဲတွင် အဆင့်အတန်းနှင့် အာဏာရရှိရန် ၎င်းတို့၏ ရည်မှန်းချက်မှာ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့သည် အန္တိခရစ်များ လုံးလုံးလျားလျား ဖြစ်ကြ၏။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ ထို့ပြင် လူတို့ကို ဘုရားသခင်က မည်သည့်အရာ လုပ်ခိုင်းသည်ဖြစ်စေ အန္တိခရစ်များသည် မိမိတို့ ပြုလုပ်သင့်သည့်အရာကို ပြုလုပ်ခြင်းမရှိ သို့မဟုတ် မိမိတို့၏ တာဝန်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တောင်းဆိုချက်များနှင့် လိုက်လျောညီထွေသည့် ပုံစံဖြင့် ထမ်းဆောင်ခြင်းမရှိသကဲ့သို့ သမ္မာတရားအနည်းငယ်အား နားလည်သဘောပေါက်သည့် ရလဒ်တစ်ခုအဖြစ် မိမိတို့၏ အာဏာနှင့် အဆင့်အတန်း လိုက်စားမှုကိုလည်း အလျှော့မပေးကြပေ။ အစဉ်အမြဲပင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက ဆက်လက်၍ တည်ရှိနေဆဲဖြစ်ပြီး ယင်းတို့က ၎င်းတို့၏ စိတ်နှလုံးများတွင် နေရာယူကာ ၎င်းတို့၏ ဖြစ်ခြင်းတစ်ခုလုံးကို ထိန်းချုပ်နေသေးသည့်အပြင် ၎င်းတို့၏ အပြုအမူနှင့် စိတ်ကူးများကို လမ်းညွှန်ပြီး ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို အဆုံးအဖြတ်ပေးလေသည်။ ၎င်းတို့သည် အန္တိခရစ် အစစ်များဖြစ်ကြ၏။ အန္တိခရစ်များထံတွင် မည်သည့်အရာကို အများဆုံး တွေ့ရသနည်း။ လူအချို့က “အန္တိခရစ်များသည် လူတို့အတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်မပြု” ဟု ဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်မပြုခြင်း မဟုတ်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ တည်ရှိမှုကို အမှန်ပင် အသိအမှတ်ပြုပြီး ယုံကြည်လက်ခံကြသည်။ ၎င်းတို့က သူ့နောက်လိုက်ပြီး သမ္မာတရား လိုက်စားလိုစိတ် ရှိသော်လည်း ဘာမျှမတတ်နိုင်သဖြင့် မကောင်းမှုကို ပြုလုပ်နိုင်ကြသည်။ နားထောင်၍ ကောင်းသောအရာ အမြောက်အမြားကို ပြောကောင်းပြောမည် ဖြစ်သော်လည်း အရာတစ်ခုမှာ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ အာဏာနှင့် အဆင့်အတန်းတို့အတွက် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်။ ၎င်းတို့သည် ရှုံးနိမ့်မှုကြောင့်ဖြစ်စေ၊ အဆင်မပြေမှုကြောင့်ဖြစ်စေ၊ ဘုရားသခင်က ၎င်းတို့ကို ဘေးဖယ်ထားသောကြောင့်ဖြစ်စေ၊ စွန့်ပစ်ထားသောကြောင့်ဖြစ်စေ အာဏာနှင့် အဆင့်အတန်းအပေါ် ၎င်းတို့၏ လိုက်စားမှုကို မည်သည့်အခါမျှ အလျှော့ပေးကြမည် မဟုတ်ပေ။ အန္တိခရစ်များ၏ သဘာဝမှာ ထိုသို့ပင်ဖြစ်၏။ သို့ဆိုလျှင် အခက်အခဲကို ခံစားရသောကြောင့် သို့မဟုတ် သမ္မာတရားအနည်းငယ်ကို နားလည်လာပြီး ဘုရားသခင်နှင့်ပတ်သက်သည့် သိမြင်မှုအနည်းငယ်ကို ဆည်းပူးမိသောကြောင့် မိမိ၏ နည်းလမ်းများကို ပြောင်းလဲပြီး သမ္မာတရားကို စတင်လိုက်စားသော အန္တိခရစ်တစ်ဦး ရှိဖူးသလော။ သင် မည်သို့ထင်သနည်း။ ထိုသို့သောလူများ ရှိသလော။ ထိုအရာကို ငါတို့ မည်သည့်အခါမျှ မမြင်ဖူးချေ။ အဆင့်အတန်း၊ အာဏာနှင့်ပတ်သက်၍ အန္တိခရစ်များ၏ ရည်မှန်းချက်နှင့် လိုက်စားမှုသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်သည့်အပြင် အာဏာကို စွဲကိုင်မိသည်နှင့် မည်သည့်အခါမျှ လက်လွှတ်တော့မည် မဟုတ်ချေ။ ဤအရာက ၎င်းတို့၏ သဘာဝအနှစ်သာရကို အတိအကျ အဆုံးအဖြတ်ပေးလေသည်။ ထိုသို့သောလူတို့ကို ဘုရားသခင်က အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ရာ၌ အမှားစိုးစဉ်းမျှ မရှိချေ။ ယင်းကို ၎င်းတို့၏ တကယ့်သဘာဝ အနှစ်သာရအားဖြင့် ချမှတ်ထားခြင်းဖြစ်သည်။ လူအချို့က အန္တိခရစ်များသည် လူသားမျိုးနွယ်ကို ရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် ကြိုးစားသည်ဟု ယုံကြည်ကောင်း ယုံကြည်ကြလိမ့်မည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် အန္တိခရစ်များသည် သူနှင့် ယှဉ်ပြိုင်စရာ မလွဲမသွေ လိုအပ်ခြင်းမျိုး ဟုတ်ချင်မှဟုတ်ပေမည်။ အဆင့်အတန်းနှင့် အာဏာအတွက် ၎င်းတို့၏ သိမြင်မှု၊ နားလည်သဘောပေါက်မှု၊ လိုအပ်မှုတို့မှာ ပုံမှန်လူတို့နှင့် မတူချေ။ ပုံမှန်လူတို့သည် တစ်ခါတစ်ရံ အချည်းနှီးသောဂုဏ်ကို အနည်းငယ် မက်မောတတ်ကြသည်။ အခြားသူများအပေါ် နာမည်ကောင်းရယူဖို့ ကြိုးစားနိုင်သည်။ ထိုသူတို့၏ အကောင်းမြင်ခြင်းခံရအောင် ကြိုးစားနိုင်သည်။ ပြီးလျှင် အဆင့်ကောင်းရရှိရန် ယှဉ်ပြိုင်ဖို့ ကြိုးစားနိုင်သည်။ ဤသည်မှာ ပုံမှန်လူတို့၏ ရည်မှန်းချက်ဖြစ်၏။ ၎င်းတို့သည် ခေါင်းဆောင်ပိုင်းမှ ဖြုတ်ချခြင်းခံရာ မိမိတို့၏ အဆင့်အတန်းကို ဆုံးရှုံးရလျှင် သူတို့အတွက် ခက်ခဲမည် ဖြစ်သော်လည်း သူတို့၏ ပတ်ဝန်းကျင်၌ ပြောင်းလဲမှု၊ သူတို့၏ ဝိညာဉ်ရင့်သန်မှု၌ တိုးတက်မှုအနည်းငယ်၊ သမ္မာတရားထဲသို့ ဝင်ရောက်မှုကို အနည်းငယ် ရရှိခြင်း၊ သို့မဟုတ် သမ္မာတရားအပေါ် ပို၍နက်နဲသော နားလည်သဘောပေါက်မှုအား ရရှိခြင်းရှိပါက သူတို့၏ ရည်မှန်းချက်မှာ တဖြည်းဖြည်းချင်း လျော့ကျသွားမည်ဖြစ်သည်။ သူတို့လျှောက်သည့် လမ်းကြောင်းနှင့် သူတို့ ရှေ့ဆက်လာသည့် ဦးတည်ချက်၌ ပြောင်းလဲမှုတစ်ခု ဖြစ်ကာ အဆင့်အတန်းနှင့် အာဏာနှင့်ပတ်သက်သော သူတို့၏ လိုက်စားမှုက မှေးမှိန်လျော့ပါးသွားမည်။ သူတို့၏ လိုအင်ဆန္ဒများလည်း တဖြည်းဖြည်း လျော့ပါးသွားမည်။ သို့သော်လည်း အန္တိခရစ်များမှာ ကွဲပြား၏။ ၎င်းတို့သည် အဆင့်အတန်းနှင့် အာဏာအပေါ် မိမိတို့၏လိုက်စားမှုကို မည်သည့်အခါမျှ လက်မလျှော့နိုင်ကြပေ။ မည်သည့်အချိန်တွင်ဖြစ်စေ၊ မည်သည့် ပတ်ဝန်းကျင်၌မဆို၊ မိမိတို့၏နံဘေးတွင် မည်သည့်လူများ ရှိနေသည်ဖြစ်စေ၊ ၎င်းတို့သည် မည်မျှအသက်ကြီးသည်ဖြစ်စေ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒက မည်သည့်အခါမျှ ပြောင်းလဲသွားမည် မဟုတ်ပေ။ ၎င်းတို့၏ ရည်မှန်းချက် မည်သည့်အခါမျှ ပြောင်းလဲသွားမည် မဟုတ်သည်ကို မည်သည့်အရာက ညွှန်ပြသနည်း။ ဥပမာ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဆိုပါစို့။ ၎င်းတို့သည် စိတ်နှလုံးထဲ၌ အသင်းတော်ထဲရှိ လူတိုင်းအား မည်သို့ထိန်းချုပ်နိုင်မည်ကို အမြဲတမ်း စဉ်းစားကြသည်။ အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်မလုပ်ရသည့် အခြားအသင်းတော်သို့ ပြောင်းရွှေ့ခံရလျှင် ပုံမှန်နောက်လိုက်တစ်ဦးအဖြစ် ဝမ်းမြောက်ဝမ်းသာစွာ ရှိနေမည်လော။ လုံးဝ မရှိနိုင်ပေ။ ၎င်းတို့သည် အဆင့်အတန်း မည်သို့ရယူရမည်နှင့် လူတိုင်းကို မည်သို့ ထိန်းချုပ်ရမည်ကို စဉ်းစားနေဦးမည် ဖြစ်သည်။ ၎င်းတို့ မည်သည့်နေရာ သွားသည်ဖြစ်စေ ရှင်ဘုရင်တစ်ဦးကဲ့သို့ အုပ်ချုပ်လိုသည်။ ၎င်းတို့ကို မည်သူမျှမရှိသော သိုးအုပ်တစ်အုပ်ရှိသည့် နေရာတစ်ခုတွင် ထားရှိလျှင်ပင် ထိုသိုးအုပ်ကို ဦးဆောင်ချင်ဦးမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့ကို ကြောင်များ၊ ခွေးများနှင့်အတူထားလျှင် ကြောင်များ၊ ခွေးများ၏ဘုရင် ဖြစ်ပြီး ထိုတိရစ္ဆာန်များကို အုပ်ချုပ်ချင်မည်ဖြစ်သည်။ ၎င်းတို့သည် ရည်မှန်းချက်ဖြင့် ပြည့်ဝနေသည်မဟုတ်လော။ ထိုသို့သော လူတို့၏ စိတ်သဘောထားသည် နတ်ဆိုးဆန်သည် မဟုတ်လော။ ဤသည်တို့မှာ စာတန်၏ စိတ်သဘောထားများပင် မဟုတ်လော။ စာတန်သည် ထိုကဲ့သို့သော အရာတစ်ခုပင် ဖြစ်၏။ ကောင်းကင်တွင် စာတန်သည် ဘုရားသခင်နှင့်တန်းတူ ရပ်တည်လိုခဲ့ပြီး မြေကြီးသို့ပစ်ချခံရပြီးနောက် သူသည် လူကို ထိန်းချုပ်ရန်၊ လူတို့ မိမိအား ကိုးကွယ်အောင်၊ ဘုရားသခင်ကဲ့သို့ ဆက်ဆံအောင် အမြဲတမ်း ကြိုးစားခဲ့သည်။ အန္တိခရစ်များ၌ စာတန်ဆန်သော သဘာဝရှိသောကြောင့် ၎င်းတို့သည် လူတို့ကို အမြဲတမ်း ထိန်းချုပ်ချင်သည်။ ၎င်းတို့သည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားအတိုင်း အသက်ရှင်ကြကာ ယင်းသည် ပုံမှန်လူတို့၏ ဆင်ခြင်တုံတရား၏ ဘောင်ကိုကျော်လွန်နှင့်ပြီး ဖြစ်၏။ ဤသည်မှာ အနည်းငယ် မူမမှန်သည်မဟုတ်လော။ ဤမူမမှန်ခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ဤအပြုအမူကို ပုံမှန်လူ့သဘာဝ၌ မတွေ့ရအပ်ဟု ဆိုလိုသည်။ သို့ဆိုလျှင် ဤအပြုအမူမှာ မည်သည့်အရာဖြစ်သနည်း။ ယင်းကို မည်သည့်အရာက ထိန်းချုပ်သနည်း။ ယင်းကို ၎င်းတို့၏သဘာဝက ထိန်းချုပ်သည်။ ၎င်းတို့၌ ဆိုးယုတ်သော ဝိညာဉ်၏ အနှစ်သာရရှိကြပြီး ဖောက်ပြန်ပျက်စီးသော ပုံမှန်လူသားမျိုးနွယ်နှင့် မတူချေ။ ဤသည်မှာ ကွာခြားချက်ဖြစ်၏။ အန္တိခရစ်များသည် အာဏာနှင့် အဆင့်အတန်းကို လိုက်စားရာ၌ မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဟူသည့် အချက်က ၎င်းတို့၏ သဘာဝအနှစ်သာရကို ဖော်ထုတ်သည်သာမက ၎င်းတို့၏ အကျည်းတန်သော မျက်နှာထားသည် စာတန်နှင့် နတ်ဆိုးများ၏ မျက်နှာပင် အတိအကျဖြစ်ကြောင်း လူတို့ကိုလည်း ပြသသည်။ ၎င်းတို့သည် အဆင့်အတန်းရဖို့ လူတို့နှင့် ယှဉ်ပြိုင်သည်သာမက အဆင့်အတန်းရဖို့ ဘုရားသခင်ကိုလည်း ယှဉ်ပြိုင်ဝံ့ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို မိမိတို့အတွက် အပိုင်ရယူပြီး ထိုသူတို့အား မိမိတို့၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ထားရှိသောအခါမှသာ ကျေနပ်မည်ဖြစ်သည်။ အန္တိခရစ်များသည် မည်သည့်အသင်းတော် သို့မဟုတ် မည်သည့်လူအုပ်စုထဲတွင် ရှိသည်ဖြစ်စေ အဆင့်အတန်းကို ရရှိလိုသည်၊ အာဏာစွဲကိုင်လိုသည်၊ ပြီးလျှင် လူတို့အား မိမိတို့ကို နာခံစေလိုသည်။ လူတို့က အလိုရှိရှိ၊ မရှိရှိ သို့မဟုတ် သဘောတူတူ၊ မတူတူ အန္တိခရစ်များသည် အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိလိုပြီး လူတို့အား မိမိတို့ကို နာခံပြီး လက်ခံစေလိုကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သဘာဝ ဖြစ်သည်မဟုတ်လော။ လူတို့က ၎င်းတို့ကို နာခံလိုစိတ် ရှိကြသလော။ ၎င်းတို့ကို ရွေးကောက်ပြီး အကြံပြုထောက်ခံကြသလော။ မဟုတ်ပေ။ သို့သော် အန္တိခရစ်များက အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့် ရရှိလိုဆဲဖြစ်သည်။ လူတို့က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အန္တိခရစ်များက ၎င်းတို့ကိုယ်စား စကားပြောပြီး လုပ်ဆောင်ချင်ကြသည်။ အာရုံစိုက်ခံချင်ကြသည်။ ၎င်းတို့သည် အခြားလူများအပေါ် မိမိတို့၏ ထင်မြင်ချက်များကို အတင်းထိုးထည့်ဖို့ပင် ကြိုးစားကြကာ ယင်းကို လူတို့ လက်မခံလျှင်လည်း အန္တိခရစ်များသည် သူတို့ကို လက်ခံအောင်လုပ်ဖို့ ကြိုးစားရင်း ဦးနှောက်ခြောက်မည် ဖြစ်သည်။ ဤသည်မှာ မည်သည့်ပြဿနာ ဖြစ်သနည်း။ ဤသည်မှာ အရှက်ကင်းမဲ့ခြင်းနှင့် မျက်နှာပြောင်တိုက်ခြင်း ဖြစ်၏။ ဤကဲ့သို့သော လူတို့သည် အန္တိခရစ်အစစ်များ ဖြစ်ကြပြီး ၎င်းတို့သည် ခေါင်းဆောင်များ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အန္တိခရစ်များနှင့် အတူတူပင် ဖြစ်၏။ ၎င်းတို့၌ အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရ ရှိကြ၏။
လူအချို့က အသင်းတော်၏ ခေါင်းဆောင်များက မည်သူဖြစ်ကြောင်း၊ ဧဝံဂေလိတရားဟောရာ၌ မည်သူပါဝင်ကြောင်း၊ ထိုသူတို့အားလုံး မည်သည့်နေရာတွင် နေထိုင်ကြောင်း၊ ၎င်းတို့သည် မည်သူနှင့် ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း စသည်တို့အား ရှာဖွေဖော်ထုတ်ခြင်းကို အမြဲတမ်း အလေးထားကြသည်။ စာတန်၏ သူလျှိုများကဲ့သို့ ၎င်းတို့သည် ဤအရာများကို အမြဲတမ်း စပ်စုပြီး ရှာဖွေဖော်ထုတ်နေကြသည်။ ၎င်းတို့သည် ဤအရေးကိစ္စများနှင့် ပတ်သက်၍ အဘယ့်ကြောင့် အမြဲတမ်း အလေးထားကြသနည်း။ လူများစွာတို့က ၎င်းတို့၏ ကြံရွယ်ချက်များကို သဘောပေါက်နားလည်နိုင်ခြင်း မရှိပေ။ ဤသူတို့သည် အနည်းငယ် တစ်မူထူးသည်ကိုသာ ၎င်းတို့ ခံစားကြသည်။ လူအများစုက ဤအရာများ၌ စိတ်မဝင်စားကြပေ။ သူတို့သည် မိမိတို့၏ကိုယ်ပိုင် တာဝန်များဖြင့် အလုပ်ရှုပ်လှပြီဖြစ်ကာ ဝင်ရောက်စွက်ဖက်ဖို့ အချိန်မရှိကြပေ။ သူတို့သည် မိမိတို့၏ တာဝန်လုပ်ဆောင်ခြင်းကိုသာ အာရုံစိုက်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို စူးစိုက်သဖြင့် မသိလိုက်မီမှာပင် သူတို့၏ စိတ်သဘောထားများ ပြောင်းလဲသွား၏။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ပင်။ သို့ရာတွင် အသင်းတော်နှင့်ပတ်သက်သည့် အရေးကိစ္စမျိုးစုံကို စပ်စုပြီး ရှာဖွေဖော်ထုတ်ရာ၌ အထူးသဖြင့် စိတ်ပါဝင်စားသော လူတစ်မျိုးရှိလေသည်။ ထိုသူသည် ခေါင်းဆောင်တစ်ဦးနှင့် ဆုံမိသောအခါ “သင်တို့သည် အသင်းတော်ထဲမှ ဆိုးယုတ်သော မည်သူမည်ဝါကို မည်ကဲ့သို့ ကိုင်တွယ်ခဲ့သနည်း” ဟု မေးလေသည်။ ခေါင်းဆောင်က “ယင်းကို ကျွန်ုပ်တို့ မည်သို့ ကိုင်တွယ်ခဲ့သည်မှာ သင်၏ကိစ္စလော။ သင်သည် အဘယ်အတွက်များ ဤအရာကို စပ်စုနေသနည်း။ ထိုသူကို သင်သိသလော” ဟု တုံ့ပြန်လေသည်။ ထိုသူက “ကျွန်ုပ် အလေးထား၍သာ ဖြစ်သည်၊ သင်သိသလော။ ဤသည်မှာ ဘုရားအိမ်တော်၏ အရေးကိစ္စတစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်သားများ အနေဖြင့် ကျွန်ုပ်တို့သည် သူ့အိမ်တော်၏ အရေးကိစ္စများနှင့်ပတ်သက်၍ စိတ်အားထက်သန်ပြီး အထူးအာရုံစိုက်သင့်ပေသည်။ ထိုသူတို့နှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် အဘယ်သို့ ဂရုမစိုက်ဘဲ နေနိုင်မည်နည်း” ဟု ဆို၏။ ခေါင်းဆောင်က “ဤကိစ္စနှင့်ပတ်သက်၍ သင် မစပ်စုသင့်ပေ။ တရားဒေသနာများ နားထောင်ခြင်းနှင့် စုဝေးပွဲများ တက်ရောက်ခြင်းကိုသာ အာရုံစိုက်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်းသည်သာ သင်၏ တကယ့်အရေးဖြစ်၏။ သင့်အနေဖြင့် ဘုရားသခင်အား ကောင်းမွန်စွာ ယုံကြည်လျှင် လုံလောက်ပြီ” ဟု ထိုသူ့ကို ပြောပြသည်။ ထိုသူက “ယင်းသည် မတော်သေးပေ။ ကျွန်ုပ်သည် အလေးထားတတ်ရမည်” ဟု မလျှော့တမ်း ဆက်ပြော၏။ ထိုသူ့ကို မည်သူမျှ မပြောပြသဖြင့် မည်သည့်နေရာသွားပြီး စပ်စုရမည်ကို စဉ်းစားလေသည်။ အထက်ခေါင်းဆောင်များက မိမိ၏ အိမ်၌ လုပ်ဖော်ဆောင်ဖက်များ အစည်းအဝေးတစ်ခုကို ကျင်းပသောအခါ ဝင်ရောက်ပါဝင်ခြင်းက အနည်းငယ် တရားနည်းလမ်းမကျသည့်ပုံ ပေါက်မည်ဟု ခံစားရသောကြောင့် ရေယူလာပေးချင်ယောင်ဆောင်ပြီး ထိုဆိုးယုတ်သောသူအား နှင်ထုတ်သလော သို့မဟုတ် ဆက်နေခွင့်ပြုသလော ဟူသည်ကို စုံစမ်း၏။ ထိုသူ့ကို မည်သူမျှ မပြောပြသောအခါ အပြင်ထွက်ပြီး တံခါးကို အနည်းငယ်ဟထားပြီး ထိုနေရာ၌ရပ်လျက် ခိုးနားထောင်၏။ ဤသူသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသည် မဟုတ်လော။ ဟုတ်သည်၊ သူသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသည်။ အရပ်သုံးစကားဖြင့်ဆိုရလျှင် ယင်းကို ငါတို့ “ဟိုစပ်စပ် ဒီစပ်စပ်” ပါသည်ဟု ခေါ်၏။ ထိုသို့သောလူတစ်ဦး၌ ရည်မှန်းချက်များရှိသည်မှာ အတိအကျပင်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်ချင်သော်လည်း မဖြစ်နိုင်သောကြောင့် မိမိတို့ကိုယ်ကို ဖြေသိမ့်ဖို့အတွက် အခြားသူများ၏ အရေးကိစ္စများထဲတွင် စွက်ဖက်ခြင်းဖြစ်ကာ တစ်ချိန်တည်းမှာပင် သူသည် များစွာသိထားပြီး ထူးခြားပြောင်မြောက်သော ထိုးထွင်းအမြင်ရှိကြောင်း လူတို့မြင်တွေ့ရန် သေချာအောင် လုပ်နေခြင်း ဖြစ်သည်။ ဤနည်းဖြင့် ထိုသူတို့သည် အနာဂတ်တွင် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရကောင်း ခံရနိုင်သည်။ ခေါင်းဆောင်တစ်ဦး ဖြစ်ရန်အတွက် ထိုသူတို့သည် အရာရာ၌ ပါဝင်လိုကာ အရာရာကို စုံစမ်းပြီး အရာရာကို သိလိုကြသည်။ တစ်နေ့ပြီးတစ်နေ့ ဤအရေးကိစ္စများ၌ ပါဝင်ခြင်းအားဖြင့် မိမိသည် ခေါင်းဆောင်တစ်ဦး ဖြစ်မလာလျှင်ပင် အမှုအရာများအပေါ် တာဝန်ရှိသူဖြစ်နေသေးကာ လူတို့က သူ့ကို အထင်ကြီးလေးစားအောင် လုပ်ဆောင်နိုင်မည်ဟု ထိုသူတို့ ယုံကြည်ကြသည်။ ထိုသူတို့သည် သမ္မာတရား၌ စိတ်ဝင်စားမှု စိုးစဉ်းမျှပင် မရှိကြပေ။ အခြားသူများ၏ အရေးကိစ္စများ၌ စွက်ဖက်ခြင်းကိုသာ အရေးစိုက်သည်။ သူတို့သိလိုသည့် အရာများ၌ စပ်စုစုံစမ်းခြင်းကိုသာ အထူးပြုကြသည်။ ကိစ္စပြဿနာတစ်ခု ရှိသည့်နေရာတိုင်းတွင် ထိုသူတို့ ရှိနေကာ စိတ်အနှောင့်အယှက်ပေးသော ယင်ကောင်တစ်ကောင်ကဲ့သို့ ရစ်သီရစ်သီ လုပ်နေမည်ဖြစ်သည်။ ဤသို့သော လူတို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ သူတို့သည် ဤအဆင့်ထိအောင် နားဝေတိမ်တောင် ဖြစ်လင့်ကစား အတော်ပင် တက်တက်ကြွကြွ ရှိကြသည်။ မည်သည့် တကယ့်အလုပ်ကိုမျှ လုပ်ဖို့ရန် မစဉ်းစားကြခြင်းသာ ဖြစ်သည်။ ထိုသူတို့သည် မိမိတို့အိမ်၌ လူတို့ကို ဧည့်ခံခြင်းဟူသည့် တာဝန်ကိုသာ လုပ်ဆောင်ကြသော်လည်း မီးဖိုဆောင်ကြမ်းပြင် ညစ်ပတ်နေလျှင်ပင် တိုက်ချွတ်လိုစိတ် မရှိကြပေ။ ထိုသူတို့က ၎င်းတို့သည် အရေးကြီးကိစ္စများကို ကိုင်တွယ်နေပြီး ကြမ်းတိုက်ခြင်းသည် သာမန်လူတို့လုပ်သည့် အရာတစ်ခု ဖြစ်သည်ဟု ယုံကြည်နေကြသည်။ ထိုသူတို့သည် မိမိတို့၏ အစွမ်းအစမျိုးဖြင့် ထိုမျှ အစေအပါးအလုပ်များကို မလုပ်နိုင်ချေ။ သူတို့သည် လက်တွေ့ကျသော မည်သည့်အလုပ်ကိုမျှ လုံးဝမလုပ်၊ မိမိတို့၏ကိုယ်ပိုင် တာဝန်၏ အစိတ်အပိုင်းဖြစ်သော အလုပ်ကို မထမ်းရွက်နိုင်၊ မည်သည့်တာဝန်ကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်၊ ပြီးလျှင် အမှုအရာများကို ရိုးသားဖြောင့်မှန်စွာ သို့မဟုတ် တည်ငြိမ်သော ပုံစံဖြင့် မလုပ်ကြချေ။ ထိုအစား အသင်းတော်၏ အလုပ်၌သာမက အသင်းတော်ခေါင်းဆောင်များ၊ အမှုဆောင်များ၊ ညီအစ်ကိုမောင်နှမများ ပါဝင်သည့် အရေးပါသော ကိစ္စရပ်များ၌ စပ်စုဖို့သာ တက်ကြွကြသည်။ ထိုသူတို့သည် အရာရာ၌ ထင်မြင်သုံးသပ်ချက်များ ပေးချင်ကြပြီး လူတို့က သူတို့ကို နားထောင်လိုစိတ် မရှိပါက “အကယ်၍ သင်သည် ကျွန်ုပ်၏ စကားများကို အရေးမစိုက်ပါက သင် ဆုံးရှုံးရပေလိမ့်မည်” ဟု ပြောတတ်၏။ ဤသည်မှာ ဆင်ခြင်တုံတရားမဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အန္တိခရစ်အချို့သည် ငုပ်လျှိုးနေကြ၏။ ၎င်းတို့၌ မဖြစ်မနေ အဆင့်အတန်း ရှိရန် မလိုအပ်ပေ။ အဆင့်အတန်း မရှိလျှင်ပင် ၎င်းတို့သည် အားမာန်အပြည့်ဖြင့် ဟိုစပ်စပ် ဒီစပ်စပ် ဝင်ပါဦးမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အဆင့်အတန်းကို ရရှိဦးမည်ဆိုပါက အဘယ်မျှပင် ပို၍ဆိုးရွားတော့မည်နည်း။ အဘယ်မျှ ပို၍ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်မည်နည်း။ အကယ်၍ ၎င်းတို့သည် မိမိတို့၏ အသက်ထွက်သွားလျှင်ပင် ဂရုစိုက်မည်မဟုတ်ချေ။ ငါ့ကိုပြောလော့၊ အကယ်၍ ထိုသို့သော လူတို့သည် ခေါင်းဆောင်များအဖြစ် အရွေးခံရလျှင် ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည်လော။ အန္တိခရစ်အချို့သည် ငုပ်လျှိုးနေကြ၏။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ အန္တိခရစ်များသည် အဆင့်အတန်းရှိမှသာ အန္တိခရစ်များ ဖြစ်လာကြသည် မဟုတ်ပေ။ ၎င်းတို့သည် မူလအစကပင် အန္တိခရစ်များ ဖြစ်ခဲ့ကြသည်။ လူတို့၏ ဝိညာဉ်ရင့်သန်မှု နုနယ်ပြီး သူတို့က ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသောကြောင့် သို့မဟုတ် အချို့သော အသင်းတော်များသည် သမ္မာတရား လိုက်စားသောသူတို့ကို မတွေ့ရှိနိုင်သောကြောင့် သူတို့က အမှုအရာများကို စီစဉ်ပြီး တောက်တိုမည်ရ လုပ်နိုင်သည့် ဤစိတ်အားထက်သန်သော လူတို့ကို သူတို့၏ခေါင်းဆောင်အဖြစ် ရွေးချယ်ကြခြင်းသာ ဖြစ်သည်။ လောလောဆယ်တွင် ၎င်းတို့အား ခေါင်းဆောင်များအဖြစ် ရွေးချယ်ခြင်းက မှန်သည်၊ သို့မဟုတ် မှားသည်ကို မဆွေးနွေးကြစို့နှင့်။ ၎င်းတို့ကို အန္တိခရစ်များ ဖြစ်ကြောင်း တွေ့ရှိသောအခါ မည်သည့်အရာ ပြုလုပ်သင့်သည်ကိုသာ အာရုံစိုက်ကြစို့။ ၎င်းတို့ကို ဖော်ထုတ်ပြီး ငြင်းပယ်သင့်သည်။ လူတစ်ဦးသည် အန္တိခရစ်အဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းခံရပြီး သူ၏ အလုပ်တာဝန်မှ ဖြုတ်ချခြင်းခံရပြီဆိုပါက ထိုသို့သော လူတို့ကို အနာဂတ်တွင် ခေါင်းဆောင်များအဖြစ် နောက်ထပ် တင်မြှောက်သင့်သလော။ (မတင်မြှောက်သင့်ပါ။) အဘယ့်ကြောင့်နည်း။ (၎င်းတို့၏ သဘာဝက ပြောင်းလဲမည်မဟုတ်ပါ။) အန္တိခရစ်တစ်ဦးအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခံရသောမည်သူ့ကိုမဆို ခေါင်းဆောင်တစ်ဦးအဖြစ် နောက်ထပ် မရွေးချယ်သင့်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ သဘာဝအနှစ်သာရက မပြောင်းလဲနိုင်ပေ။ အန္တိခရစ်များသည် စာတန်အတွက်သာ အလုပ်လုပ်ကြ၏။ ၎င်းတို့သည် စာတန်၏ကျေးကျွန်များသာ ဖြစ်ကြ၏။ ၎င်းတို့သည် သမ္မာတရား၏အကျိုးအလို့ငှာ တစ်စုံတစ်ခု ပြုလုပ်ခြင်း သို့မဟုတ် တစ်စုံတစ်ခု ပြောဆိုခြင်း မည်သည့်အခါမျှ ရှိမည်မဟုတ်ချေ။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရမှာ ဘုရားသခင်အား ရန်လိုခြင်း၊ သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ယင်းကို ငြင်းပယ်ပြီး မထီမဲ့မြင်ဖြင့် သဘောထားခြင်းပင် ဖြစ်၏။ ၎င်းတို့၏ သဘာဝက ပြောင်းလဲမည်မဟုတ်ပေ။ အကယ်၍ ဤသို့သော လူတို့သည် ယခင်က ခေါင်းဆောင်မဖြစ်ဖူးလျှင် ၎င်းတို့ကို မရွေးချယ်သင့်သည့်အပြင် ယခင်က ခေါင်းဆောင်ဖြစ်ဖူးပြီး ဖြုတ်ချခြင်းခံခဲ့ရသည်ဆိုပါက အနာဂတ်တွင် ခေါင်းဆောင် ဖြစ်လာလျှင်လည်း ပြောင်းလဲမည်လော။ (ပြောင်းလဲမည် မဟုတ်ပါ။) ၎င်းတို့သည် အန္တိခရစ်များ ဖြစ်နေကြဆဲပင်။ ၎င်းတို့၏ သဘာဝအနှစ်သာရက ဤအရာကို သတ်မှတ်လေ၏။
၂။ အန္တိခရစ်များက လူတို့အား မည်သို့ ဆွဲဆောင်သိမ်းသွင်းပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
လူတို့အား အထင်အမြင်မှားစေသော အန္တိခရစ်များ၏ သရုပ်သကန်များကို ငါတို့ ယခုတင် ဆွေးနွေးခဲ့ကြသည်။ အထင်အမြင်မှားစေခြင်းနှင့် ဆွဲဆောင်သိမ်းသွင်းခြင်းသည် အကြမ်းဖျင်းအားဖြင့် တူညီသောအရာ ဖြစ်သည်ဟု ဆိုလိုသော်လည်း သဘာဝအားဖြင့်လည်းကောင်း၊ နည်းလမ်းအားဖြင့်လည်းကောင်း နှစ်ခုလုံးတွင် ကွာခြားသည်။ အထင်အမြင်မှားစေခြင်းသည် လူတို့အား လမ်းလွဲစေဖို့ အယောင်ဆောင်ပုံပန်းများကို အသုံးပြုခြင်း၊ ယင်းတို့သည် မှန်ကန်သည်ဟု သူတို့အား ယုံကြည်အောင် ပြုလုပ်ခြင်း ဖြစ်သည်။ ဆွဲဆောင်သိမ်းသွင်းခြင်းသည် လူတို့အား လူတစ်ဦးဦးကို နာခံစေပြီး ၎င်း၏လမ်းကြောင်းကို လိုက်လျှောက်စေဖို့ နည်းလမ်းအချို့ကို တမင်တကာ အသုံးပြုခြင်း ဖြစ်ကာ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အတော်ပင် သိသာထင်ရှား၏။ အထင်အမြင်မှားစေခြင်းနှင့် ဆွဲဆောင်သိမ်းသွင်းခြင်း၌ လူတို့အား အထင်အမြင်မှားစေဖို့ အပြင်ပန်းအားဖြင့် မှန်ကန်သော စကားများကို အသုံးပြုခြင်း၊ လူ့အယူအဆများနှင့် လျော်ညီသည့် အရာများနှင့် သူတို့အား အထင်အမြင်မှားစေဖို့အတွက် လူတို့ လိုလိုလားလား လက်ခံသည့် အရာများအား ပြောဆိုခြင်း ပါဝင်၏။ လူတို့သည် ၎င်းတို့အား ဘုမသိဘမသိ စတင်၍ ယုံကြည်ပြီး လိုက်လျှောက်ကာ ၎င်းတို့နှင့်အတူ ရပ်တည်ပြီး ၎င်းတို့အဖွဲ့ကို ပူးပေါင်းကြသည်။ ဤနည်းအားဖြင့် အန္တိခရစ်များသည် လူတို့ကို မှန်ကန်သော လူအုပ်စုထဲမှ ဆွဲထုတ်ပြီး သူတို့၏ အုပ်စုထဲသို့ ဆွဲဆောင်သိမ်းသွင်းကြသည်။ တိုတိုပြောရလျှင် လူတို့သည် အန္တိခရစ်များဘက်မှ ထိုလုပ်ဆောင်ချက်မျိုးတို့ကို လက်ခံလျှင် ၎င်းတို့ကို ယုံကြည်ကောင်းယုံကြည်ကာ ကိုးကွယ်ကောင်း ကိုးကွယ်မိနိုင်ပြီး အန္တိခရစ်များ ပြောသမျှကို လက်ခံပြီး နာခံကာ ၎င်းတို့နောက်သို့ အမှုမဲ့အမှတ်မဲ့ဖြင့် စတင်၍ လိုက်လျှောက်နိုင်သည်။ သူတို့သည် အရူးလုပ်ခြင်းနှင့် အယုံသွင်းခြင်းကို ခံရပြီမဟုတ်လော။ အန္တိခရစ်အချို့သည် လူတို့နှင့် ပေါင်းသင်းဆက်ဆံပြီး စကားပြောနေစဉ် သူတို့အား အထင်အမြင် မှားစေရန်နှင့် ဆွဲဆောင်သိမ်းသွင်းရန်ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့အတွက် နည်းဗျူဟာအချို့ကို မကြာခဏ အသုံးပြုကာ ရလဒ်အနေဖြင့် အသင်းတော်အတွင်း၌ ကွဲပြားမှုများ၊ အုပ်စုများနှင့် ဂိုဏ်းကွဲများကို ဖြစ်စေသည်။ ဥပမာ အန္တိခရစ်တစ်ဦးသည် တောင်ပိုင်းမှဖြစ်ပြီး တောင်ပိုင်းသား အခြားတစ်ယောက်ကို တွေ့လျှင် ထိုအန္တိခရစ်က “ကျွန်ုပ်တို့ နှစ်ယောက်လုံးက တောင်ပိုင်းသားများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် တစ်ခုတည်းသော မြစ်မှ ရေကို သောက်သုံးရင်း ကြီးပြင်းခဲ့ကြပြီး စိတ်တူကိုယ်တူ ရှိကြသည်။ မြောက်ပိုင်းသားများက ကျွန်ုပ်တို့၏ ဘာသာစကားကို မပြောတတ်ကြပေ။ သူတို့နှင့် ရင်းနှီးဖို့ မဖြစ်နိုင်ပေ။ တစ်ပါးတည်းသော ဘုရားကို ကျွန်ုပ်တို့အားလုံး ယုံကြည်သော်လည်း မြောက်ပိုင်းသားများအဖြစ် သူတို့၏ ဘဝနေထိုင်မှု အလေ့အထများက ကျွန်ုပ်တို့၏ အလေ့အထများနှင့် ကွာခြားပြီး ကျွန်ုပ်တို့၏ ပင်ကိုစရိုက်များက သဟဇာတ မဖြစ်ပေ။ ကျွန်ုပ်တို့အတွက် ပြောစရာ ဘာမျှမရှိပေ။ ထို့ကြောင့် သင်နှင့်ကျွန်ုပ်သည် မိသားစုကဲ့သို့ ဖြစ်ပြီး ကျွန်ုပ်တို့ အတူတကွ စည်းလုံးကြဖို့ လိုသည်” ဟု ပြောကောင်း ပြောမည်ဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းသင့်လျော်ဟန် ရှိနိုင်ကာ သူတို့သည် ရှုထောင့်တစ်ခုခုကို ပြောနေခြင်းသက်သက်နှင့် တူသော်လည်း ကြံရွယ်ချက်တစ်ခု၊ ရည်ရွယ်ချက်တစ်ခုဖြင့် ပြောကြခြင်းဖြစ်ပြီး လူတို့အနေဖြင့် ပိုင်းခြားသိမြင်သင့်သည်။ အမှန်တွင်မူ အန္တိခရစ်များ ပြောသည့်အရာသည် သူတို့၏ စိတ်နှလုံးထဲ၌ ရှိသောအရာ မဟုတ်ပေ။ သူတို့သည် အခြေအနေအလိုက် ပြောင်းလဲတတ်သူ ဖြစ်ပြီး သူတို့ စကားပြောနေသော လူပုဂ္ဂိုလ်အပေါ် မူတည်၍ သူတို့၏ စကားလုံးများကို အလိုက်သင့်ပြောကြသည်။ ထိုအန္တိခရစ်က မြောက်ပိုင်းသားများကို တွေ့သောအခါ “မြောက်ပိုင်းသည် အလွန် ကောင်း၏။ ထိုနေရာမှ လေသည် လတ်ဆတ်သည်။ ကျွန်ုပ်သည် တောင်ပိုင်းတွင် မွေးဖွားခဲ့သော်လည်း မြောက်ပိုင်းရေကို သောက်သုံးရင်း ကြီးပြင်းခဲ့သည်။ အနည်းဆုံးအနေဖြင့် ယင်းက ကျွန်ုပ်တို့ကို နီးစပ်စေသည်” ဟု ပြောကောင်းပြောမည်။ ဤသည်ကို မြောက်ပိုင်းသားများက ကြားသောအခါ ထိုအန္တိခရစ်သည် အတော်လေး သဘောကောင်းသော လူတစ်ဦးဖြစ်သည်ဟု ခံစားကောင်း ခံစားမည်ဖြစ်ပြီး သူနှင့် စတင်၍ ပေါင်းသင်းသွားနိုင်သည်။ ထိုအန္တိခရစ်သည် လူတို့ကို အထင်အမြင်မှားစေပြီး ဆွဲဆောင်သိမ်းသွင်းရာ၌ အလွန့်အလွန် ကျွမ်းကျင်ကာ အသင်းတော်ကို အုပ်စုခွဲဖို့ နည်းဗျူဟာ အမျိုးမျိုးကို အသုံးပြုလျက် ထိုအန္တိခရစ်၏ ကိုယ်ကျိုးအဖို့သက်သက်ဖြင့် အုပ်စုဖွဲ့ခြင်းနှင့် မိမိကိုယ်ပိုင် အုပ်စုအင်အားစုဖွဲ့ခြင်းဟူသည့် သူ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်မြောက်ဖို့အတွက် တောင်ပိုင်းသားများနှင့် မြောက်ပိုင်းသားများကို ကွဲပြားသော အုပ်စုများဖွဲ့စေကြသည်။ အထူးသဖြင့် အသင်းတော် ရွေးကောက်ပွဲများတွင် မြောက်ပိုင်းသား ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး ရွေးချယ်ခံရနိုင်သည်ကို ထိုအန္တိခရစ် တွေ့ရှိလျှင် တိတ်တိတ်ပုန်း လှုပ်ရှားမှုပြုလုပ်ပြီး မဲများကို ခိုးကြောင်ခိုးဝှက် အစားထိုးကာ နောက်ဆုံးတွင် ရွေးချယ်ခံရသော အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များ အားလုံးမှာ တောင်ပိုင်းမှ ဖြစ်သွားတော့သည်။ အန္တိခရစ်များသည် လူတို့ကို အထင်အမြင် မှားစေရန်နှင့် ဆွဲဆောင်သိမ်းသွင်းရန် မည်သည့်အရာကိုမဆို လုပ်ဆောင်လိုကြပြီး ကွဲပြားမှုများနှင့် အုပ်စုများကို ဖြစ်စေကာ အသင်းတော်ကို အုပ်စုခွဲ၍ ထိန်းချုပ်ရန် ဤနည်းလမ်းများကို အသုံးပြုလေသည်။ ထိုသို့ပြုလုပ်ရာ၌ သူတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (သူတို့၏ သီးခြားနိုင်ငံတော်ကို တည်ထောင်ဖို့ဖြစ်ပါသည်။) သီးခြားနိုင်ငံတော်တစ်ခု တည်ထောင်ခြင်း၏ သဘာဝမှာ အဘယ်နည်း။ ယင်းမှာ ခရစ်တော်နှင့် စေ့စပ်၍မရခြင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို မိမိတို့၏ အပိုင်အဖြစ် ယူခြင်းနှင့် ဘုရားသခင်နှင့် တန်းတူရည်တူ ဖြစ်သည့်အလား သူ့ကို ဆန့်ကျင်ရပ်တည်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်နှင့် ယှဉ်ပြိုင်မှုပြပွဲတစ်ခုကို စင်တင်ပြသနေခြင်းနှင့် တူသည်မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ တကယ်ဖြစ်နေသည့်အရာ အတိအကျပင်။ သို့ဆိုလျှင် အန္တိခရစ်များ ဤသို့ ပြုမူနေခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သူတို့၏ လုပ်ရပ်များက အသင်းတော်အလုပ်ကို အကြီးအကျယ် နှောင့်ယှက်ပြီး အဖျက်အမှောင့် လုပ်ကာ ယင်းတို့မှာ ဘုရားသခင်၏ စိတ်သဘောထားကို တိုက်ရိုက် ပုန်ကန်ပြစ်မှားသည့် အရာတစ်ခုဖြစ်၏။ ဘုရားသခင်သည် သူတို့ကို အမျက်ဒေါသဖြင့် တုံ့ပြန်မည်ဖြစ်ပြီး ထိုသို့သော အန္တိခရစ်များအားလုံးက အပြစ်ဒဏ်ပေးခြင်းနှင့် ပျက်စီးခြင်းကို မုချ ရင်ဆိုင်ရမည်။ ဤသည်ကို သံသယဖြစ်စရာ မရှိပေ။ ပညတ်တော်ခေတ်တွင် မောရှေကို တရားစီရင်ခဲ့သော ခေါင်းဆောင်အယောက် ၂၅၀ က တိုက်ရိုက် အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ကြရသည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုကို ကားစင်တင်သတ်ခဲ့သော သူတို့သည်လည်း တိုက်ရိုက် အပြစ်ဒဏ်ပေးခြင်းကို ရင်ဆိုင်ခဲ့ကြသည်။ ထိုသူတို့သည် ကျိန်ခြင်းကို ခံခဲ့ရပြီး ဘဝနိဂုံး မကောင်းခဲ့ကြပေ။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သည့် အန္တိခရစ်များ၏ အဆုံးသတ်ဖြစ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သောသူတို့အတွက် မလွဲမရှောင်သာသော နိဂုံးပင်ဖြစ်၏။
အန္တိခရစ်များသည် အသင်းတော်ကို ကွဲစေရန် လူတို့အား ဆွဲဆောင်သိမ်းသွင်းဖို့အတွက် ခြားနားသော နည်းလမ်းများကို မည်သို့ အသုံးပြုသနည်း။ ပထမအနေဖြင့် အန္တိခရစ်တစ်ဦးသည် ဆုကျေးဇူးရှိပြီး စကားပြောတတ်ဆိုတတ်သည့် လူတို့ကို ဆွဲဆောင်သိမ်းသွင်းကာ ဦးစွာ ဤလူတို့အား မိမိအပေါ် အကောင်းမြင်စေရန် လုပ်ဆောင်လျက် မိတ်ဆွေဖွဲ့ခြင်းအားဖြင့် မိမိကိုယ်ပိုင်အင်အားစု၏ နယ်ပယ်ကို ချဲ့ထွင်သည်။ သူသည် ဆင်းရဲသောလူများ သို့မဟုတ် အစွမ်းအစညံ့ဖျင်းသောသူများ သို့မဟုတ် အတော်ပင် မာယာကင်းသောသူများကို အာရုံစိုက်ကြမည် မဟုတ် သို့မဟုတ် ဖယ်ကြဉ်ခြင်းပင် ပြုလုပ်နိုင်သည်။ သူက လူ့အသိုင်းအဝိုင်းထဲတွင် အဆင့်အတန်းနှင့် စည်းစိမ်ဥစ္စာရှိသော မည်သူ့ကိုမဆို စည်းရုံးသိမ်းသွင်းဖို့ နည်းလမ်းကို စဉ်းစားမည်ဖြစ်လင့်ကစား မိမိတို့ကိုယ်ကို ရိုးသားဖြောင့်မှန်စွာ အသုံးခံသော်လည်း ငွေအနည်းငယ်သာ ရှိသော၊ သို့မဟုတ် နိမ့်ကျသော လူမှုအဆင့်အတန်းရှိသော၊ ဩဇာသက်ရောက်မှု မရှိသည့်အပြင် အခြားသူများ၏ အနိုင်ကျင့်ခြင်းကို အလွယ်တကူ ခံရသောသူတို့ကို အသင်းတော်ထဲတွင် ဒုတိယတန်းစား နိုင်ငံသားများအဖြစ် သတ်မှတ်မည် ဖြစ်လေသည်။ ဤသို့ဖြင့် အသင်သားဒါဇင်အနည်းငယ်သာ ရှိသည့် အသင်းတော်သည် လူတန်းစားနှစ်ခုအဖြစ် မသိမသာ ကွဲသွားသည်။ ဤအတွက် မည်သူ၌ တာဝန်ရှိသနည်း။ (အန္တိခရစ်များပင် ဖြစ်ပါသည်။) အန္တိခရစ်များက ထိုသို့သော အရာများကို ပြုလုပ်မည်ဖြစ်သည်။ အကယ်၍ သမ္မာတရားကို အမှန်တကယ် နားလည်သော ခေါင်းဆောင်ကောင်းတစ်ဦးသည် အသင်းတော်အတွင်းတွင် ဤကဲ့သို့ အခြေအနေတစ်ခု ပေါ်ပေါက်လာသည်ကို တွေ့ရှိလျှင် ယင်းကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုမည်ဖြစ်သည်။ သူသည် အသင်းတော်ထဲရှိ လူတို့ကို ရာထူးအဆင့်အတန်းအားဖြင့် အခွဲခံရဖို့ သို့မဟုတ် သူတို့၏ လူမှုအဆင့်အတန်းကို အခြေခံ၍ အမျိုးအစား သတ်မှတ်ခံရဖို့ ခွင့်ပြုမည် မဟုတ်သကဲ့သို့ အသင်းတော်ကိုလည်း ကွဲပြားစေမည် မဟုတ်ပေ။ ညီအစ်ကိုမောင်နှမများ အားလုံးသည် မည်သည့်နေရာမှ လာသည်ဖြစ်စေ သို့မဟုတ် မည်သည့် လူမှုအဆင့်အတန်း ရှိသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ ရှေ့မှောက်၌ ပေါင်းစည်းကြဖို့ သေချာစေမည် ဖြစ်သည်။ တစ်ဖက်တွင်မူ အန္တိခရစ်များသည် ထိုသို့သော ပြဿနာများကို မဖြေရှင်းသည်သာမက ထိုအစား ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်မြောက်ရန် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသုံးချလေသည်။ ၎င်းတို့သည် လူမှုအဆင့်အတန်းနှင့် စည်းစိမ်ဥစ္စာရှိသောသူတို့ကို ရှာဖွေပြီး ဆွဲဆောင်သိမ်းသွင်းကြသည်။ ၎င်းတို့က သူတို့ကို မည်ကဲ့သို့ ဆွဲဆောင်သိမ်းသွင်းသနည်း။ ၎င်းတို့က “သင်၏ လူမှုအဆင့်အတန်းသည် ဘုရားစီမံထားသည့် ဘုရားမှလာသော ကောင်းချီးတစ်ခု ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်၌ သင့်တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းဖို့ရန် သင်၏ အခြေအနေများကို အသုံးပြုသင့်သည်။ ကျွန်ုပ်သည် ယခု ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ကျွန်ုပ်၏ယုံကြည်လက်ခံခြင်းကြောင့် ဒေသထဲတွင် အတော်လေး လူသိများသည်။ ကျွန်ုပ်၏မိသားစုက ကျွန်ုပ်ကို အတော်ပင် နှိပ်စက်ညှဉ်းပန်းကာ ကျွန်ုပ်၏ ခေါင်းဆောင်မှုတာဝန်နှင့် ဆက်စပ်၍ အန္တရာယ်တချို့ရှိ၏။ သင်ကဲ့သို့သော လူတို့အား ကျွန်ုပ်ကို လုံခြုံစေဖို့ အကူအညီပေးရန် ကျွန်ုပ်လိုအပ်သည်။ ကျွန်ုပ်အတွက် ထိုသို့ပြုလုပ်ပေးနိုင်လျှင် အနာဂတ်တွင် ကြီးမားသော ကောင်းချီးများ ရရှိမည်ဖြစ်ပြီး အသက်တာ၌ တိုးတက်မှု မြန်မြန်ဆန်ဆန် ရရှိမည်ဖြစ်သည်” ဟု ပြောကောင်းပြောမည်။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို ၎င်းတို့နောက်လိုက်ဖို့ ဆွဲဆောင်သိမ်းသွင်းပြီး မျှားခေါ်သည့်ပုံ ဖြစ်၏။ အကယ်၍ အန္တိခရစ်တစ်ဦးက လူတစ်ဦးကို သဘောကျလျှင် သို့မဟုတ် သူ့ကို အသုံးဝင်သည်ဟု မြင်လျှင် သူ့အနေဖြင့် လွယ်ကူသော တာဝန်များ သို့မဟုတ် လူတို့အာရုံစိုက်ခြင်းကို ခံရနိုင်မည့် တာဝန်များကို ရရှိဖို့အတွက် စီစဉ်ပေးကာ သူ့ကို ချီးမြှောက်ဖို့ အစွမ်းကုန် လုပ်ဆောင်သည်။ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်၌ လူတို့ကို အသုံးပြုရာတွင် ၎င်းတို့အနေဖြင့် စည်းမျဉ်းများ ပြည့်မီသည်ဖြစ်စေ၊ မပြည့်မီသည်ဖြစ်စေ ဂရုမစိုက်ပေ။ ဤသူ၌ လူမှုအဆင့်အတန်း ရှိပြီး ၎င်းတို့အတွက် အသုံးဝင်နိုင်သရွေ့ ထိုသူကို ဆွဲဆောင်သိမ်းသွင်းကြသည်။ အန္တိခရစ်များသည် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်မြောက်ရန်အတွက် စည်းစိမ်ဥစ္စာရှိပြီး လူ့အသိုင်းအဝိုင်းထဲတွင် အဆင့်အတန်းရှိသောသူတို့ကို ကပ်သည်၊ မြှောက်ပင့်သည်၊ ပြီးလျှင် ဆွဲဆောင်သိမ်းသွင်းလျက် မိမိတို့၏ အကျိုးအတွက် ချူစားလေသည်။ ၎င်းတို့တွင် ငွေကြေး၊ အာဏာနှင့် အဆင့်အတန်း ရှိသောလူများကို ဆွဲဆောင်သိမ်းသွင်းသည့် ဒုတိယမြောက်နည်းလမ်းတစ်ခု ရှိ၏။ ယင်းမှာ အလိုလိုက်ခြင်း ဖြစ်လေသည်။ ထိုသို့သော လူတို့သည် အသင်းတော်ထဲတွင် အမှားကျူးလွန်ခြင်းကို မကြာခဏ ပြုလုပ်ကာ ညီအစ်ကိုမောင်နှမများ၏ စိတ်အားထက်သန်မှုကို လျော့ကျစေပြီး အသင်းတော်အသက်တာကို အနှောင့်အယှက်ပေးလေသည်။ အန္တိခရစ်များက ပျော်ပျော်ကြီး လက်ပိုက်ကြည့်နေပြီး ထိုသူတို့ကြိုက်သည့် မည်သည့်မကောင်းမှုကိုမဆို ကျူးလွန်ခွင့်ပေးသည်။ အန္တိခရစ်တစ်ဦး၏ အလိုလိုက်ခြင်း ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ထိုသူတို့ကို ဆွဲဆောင်သိမ်းသွင်းရန်နှင့် ဆွဲဆောင်သိမ်းသွင်းပြီးသည်နှင့် သူတို့ကို အမြတ်ထုတ်ရန်အထိပင် ဖြစ်လေသည်။ အန္တိခရစ်များက သူတို့ကို “သင်တို့က ကျွန်ုပ်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ထားပြီး ကျွန်ုပ်သည် သင်တို့ကို ဦးဆောင်ဖို့ တာဝန်ရှိသော်လည်း ဤအသင်းတော်ကို ကျွန်ုပ်တစ်ဦးတည်း မပိုင်ပေ။ အသင်းတော်ထဲတွင် ကျွန်ုပ်သဘောအတိုင်း ဆုံးဖြတ်ချက်ချ၍ မဖြစ်ပေ။ သင်တို့လည်း ကူညီဖို့ လိုသည်။ အကယ်၍ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သင်တို့၌လည်း ပြောရေးဆိုခွင့် ရှိနိုင်သည်။ ဤသည်မှာ ပူးပေါင်းဆောင်ရွက်ခြင်းကို ဆိုလိုသည်” ဟု ဟန်ဆောင်၍ပင် ပြောလေသည်။ ၎င်းတို့က ချမ်းသာကြွယ်ဝသော၊ သြဇာညောင်းသော၊ မိမိတို့ကို အကျိုးကျေးဇူးပြုသော သူတို့အား ဤသို့ ပြောကာ ဤသူတို့ကို ထိန်းချုပ်နိုင်သည့်အဆင့် ရောက်သည်အထိ ဆွဲဆောင်သိမ်းသွင်းဖို့ အစွမ်းကုန် လုပ်ဆောင်သည်။ သို့ရာတွင် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော်လည်း ငွေကြေး၊ လူမှုအဆင့်အတန်း သို့မဟုတ် အပြင်ပန်းအားဖြင့် အသုံးဝင်နိုင်ခြင်း တစ်ခုခု မရှိသောသူတို့ကိုမူ ဖယ်ကြဉ်ဖို့၊ တိုက်ခိုက်ဖို့၊ သို့မဟုတ် လျစ်လျူရှု၍သာ ထားလိုက်ဖို့ ၎င်းတို့ မရမက ကြိုးစားသည်။ ၎င်းတို့၏ အရေးမလုပ်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ “အကယ်၍ ကျွန်ုပ်တို့အနည်းငယ်သည် စည်းလုံးညီညွတ်ပြီး သံမဏိခံတပ် ဖြစ်လာပါက သာမန်လူများဖြစ်သော သင်တို့သည် သိသာထင်ရှားသော အကျိုးသက်ရောက်မှု ပြုနိုင်မည်မဟုတ်ဟု ကျွန်ုပ် ခန့်မှန်းသည်။ သင်သည် နာခံသောဟန်ပန်ဖြင့် ကျွန်ုပ်၏ စကားများကို နားထောင်ပါက သင့်ကို ဆက်လက် ယုံကြည်ခွင့်ပြုမည်။ သို့သော် သင်သည် ဆက်လက်၍ ချစ်တီးခေါင်းသန်းရှာခြင်း၊ ကျွန်ုပ်နှင့်ပတ်သက်၍ သင်၏ ထင်မြင်ချက်များကို ဖွင့်ဟပြောဆိုခြင်း၊ သို့မဟုတ် ကျွန်ုပ်ကို အထက်လူများထံ တိုင်ကြားခြင်း ပြုလုပ်ပါက သင့်ကို ညှဉ်းပန်းပြီး သင့်ကို နှင်ထုတ်မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကြိုတင်ကြံဆချက် ဖြစ်၏။ လူအချို့၌ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး ကြောက်ရွံ့လာကာ “သူတို့ကို ကျွန်ုပ်တို့ မစော်ကားရပေ။ သူတို့သည် ကိုယ်ပိုင်အုပ်စု ဖွဲ့ထားပြီးဖြစ်ကာ ကျွန်ုပ်တို့ ရန်မစရဲပါ။ ကျွန်ုပ်တို့၏ စကားသည် အရာသိပ်မရောက်သည့်အပြင် သူတို့ကို စိတ်အနှောင့်အယှက်ပေးသည့် အရာတစ်ခုခု မတော်တဆ ပြောမိပြီး ခေါင်းဆောင်က ကျွန်ုပ်တို့ကို တကယ်နှင်ထုတ်ပါက ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ဖို့အခွင့်အရေး ဆုံးရှုံးသွားမည် ဖြစ်သည်” ဟု ပြောလေသည်။ ဤလူတို့က အလွန်အမင်း ကြောက်နေကြသည်။ အန္တိခရစ်များက လူတို့ကို ဆွဲဆောင်သိမ်းသွင်းသောအခါ ဤအပြုအမူ၌ ကောက်ကျစ်ဆိုးယုတ်သော၊ ရက်စက်ကြမ်းကြုတ်သော၊ အငြိုးထားသော စိတ်သဘောထား ရှိ၏။ လူတို့ကို ဆွဲဆောင်သိမ်းသွင်းရာ၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ ရာထူးနေရာကို ခိုင်မာအောင်လုပ်ရန် ဖြစ်သည်။ အုပ်စုများ သို့မဟုတ် ဂိုဏ်းကွဲများ ဖွဲ့ရာ၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ အင်အားစုနယ်ပယ်ကို ချဲ့ထွင်ဖို့၊ လူတို့ကို ၎င်းတို့အား အားပေးကူညီစေဖို့ ဖြစ်ကာ ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းကို ပို၍ပင် လုံခြုံအောင်လုပ်ခြင်း ဖြစ်သည်။ သင်တို့အနက် တစ်ယောက်ယောက်က ထိုသို့သော အရေးကိစ္စများကို ကြုံတွေ့ဖူးသလော။ အန္တိခရစ်တစ်ဦးက အသင်းတော်တစ်ပါးကို ထိန်းချုပ်သောအခါ ငွေကြေး၊ အဆင့်အတန်း ရှိသော သို့မဟုတ် ကြီးစိုးခြယ်လှယ်သော မည်သူမဆို ၎င်းတို့ကို ဝန်းရံကြပြီး ၎င်းတို့သည် အတူတကွ ထိန်းချုပ်ကြကာ အုပ်စုတစ်ခု၊ လူ လေးငါးခြောက်ယောက် ပါဝင်သည့် ဂိုဏ်းကွဲတစ်ခု ဖြစ်လာသည်။ မည်သူ့ကိုမျှ ၎င်းတို့၏ ကိစ္စများအား ဖော်ထုတ်ခွင့်မပြုချေ။ ထိုအန္တိခရစ်သည် ဤလူတို့ကို ထိန်းချုပ်ဖို့ ခက်ခဲသောကြောင့် သူတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် သူတို့ကို အနီးကပ် ဆွဲဆောင်သိမ်းသွင်းပြီး ၎င်းတို့၏ လက်ထောက်များအဖြစ် ထားရှိကာ ထိုသို့ဖြင့် မိမိတို့၏ ရာထူးနေရာကို လုံခြုံအောင်လုပ်ရပေမည်။ ထို့အပြင် ဤလူတို့၌ ထိုအန္တိခရစ်အနေဖြင့် အသုံးချနိုင်မည့် တန်ဖိုးတစ်ခု ရှိလေ၏။ အတိုင်းအတာတစ်ခုအရ ၎င်းတို့၏ ဆွဲဆောင်သိမ်းသွင်းခြင်းသည် ထိုသူတို့ ငြိမ်သွားပြီး ၎င်းတို့၏ ရာထူးနေရာအတွက် မခြိမ်းခြောက်လာအောင် သူတို့ကို ထိန်းထားဖို့ နည်းလမ်းတစ်ခု ဖြစ်၏။
အန္တိခရစ်များသည် လူတို့အား ဆွဲဆောင်သိမ်းသွင်းခြင်းဟူသည့် ဤလက္ခဏာသွင်ပြင်နှင့် ပတ်သက်၍ သရုပ်သကန်နှစ်မျိုးကို ငါတို့ ယခုတင် ဆွေးနွေးခဲ့ကြသည်။ သင်တို့၏ အသင်းတော်၌ ထိုကဲ့သို့သော အရာများ ဖြစ်ပျက်သလော။ ဤအရာမျိုး ရှိသလော၊ ငါ့ကိုပြောလော့။ (ရှိပါသည်။) သေချာပေါက် ရှိပေ၏။ သို့ဆိုလျှင် လူတို့အား ဆွဲဆောင်သိမ်းသွင်းခြင်းနှင့် ဆက်စပ်သည့် အရာတိုင်းတွင် လူတို့ကို ဆွဲဆောင်သိမ်းသွင်းသည့် အန္တိခရစ်များ၏ သဘာဝကို ပိုင်ဆိုင်သော အခြားသရုပ်သကန်အချို့မှာ အဘယ်နည်း။ သူတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ အန္တိခရစ်များသည် လူတို့ကို အဘယ့်ကြောင့် ဆွဲဆောင်သိမ်းသွင်းလိုသနည်း။ အကယ်၍ ၎င်းတို့သည် လူတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း မပြုလျှင် လူတို့အား ထိန်းချုပ်ရန်ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်မြောက်အောင်မြင်မည်လော။ (ဖြစ်မြောက်အောင်မြင်မည် မဟုတ်ပါ။) ၎င်းတို့သည် မိမိတို့ကို နာခံပြီး မိမိတို့၏ အလိုဆန္ဒနှင့် လျော်ညီသော လူတို့ကို မိမိတို့ရှေ့မှောက်သို့ ခေါ်ဆောင်ရမည်ဖြစ်သည်၊ ဤသို့ဖြင့် ၎င်းတို့သည့် ရာထူးနေရာတစ်ခုကို သိမ်းပိုက်ကာ သြဇာအာဏာကို အသုံးချခံရမည့်သူများ ရှိကောင်းရှိနိုင်မည်ဖြစ်သည်။ အကယ်၍ ၎င်းတို့ကို နာခံသော မည်သူမျှမရှိလျှင် အဆင့်အတန်းနှင့် အာဏာရဖို့ မိမိတို့၏ ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်စွမ်း ကင်းမဲ့တော့မည် မဟုတ်လော။ ထို့ကြောင့် ဆွဲဆောင်သိမ်းသွင်း၍ ရသည့် လူစားမျိုးတိုင်းကို ဆွဲဆောင်သိမ်းသွင်းသည့် အခါမှသာ ၎င်းတို့သည် ရာထူးနေရာနှင့် အာဏာကို အရယူနိုင်သည်။ ဆွဲဆောင်သိမ်းသွင်း၍ မရသောသူတို့ကို ၎င်းတို့ မည်သို့ ကိုင်တွယ်ဖြေရှင်းသနည်း။ (ထိုသူတို့ကို ဖယ်ကြဉ်ပြီး တိုက်ခိုက်ကြပါသည်။) ၎င်းတို့သည် ထိုသူတို့ကို စတင်၍ တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြသည်။ အသင်းတော်ထဲရှိ ဆွဲဆောင်သိမ်းသွင်း၍ မရသောသူတို့ကို အမည်ခံ “ပွဲကြည့်ပရိသတ်များ” အဖြစ် ပြောင်းလဲလိုက်သော အန္တိခရစ်များ ရှိဖူးသည်မဟုတ်လော။ အသင်းတော်မှထုတ်သည့် တရားဒေသနာများ၊ ဓမ္မသီချင်းများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်များကို အမှန်ပင် ဤလူတို့အား မပေးကြပေ၊ သို့မဟုတ် စုဝေးပွဲများနှင့်ပတ်သက်၍ ထိုသူတို့ကို အကြောင်းမကြားကြသည်မှာ ကြာပြီဖြစ်ပေသည်။ ထိုကဲ့သို့သော အရာများသည် သေချာပေါက် ရှိနေပြီး ယင်းတို့မှာ အန္တိခရစ်များ လုပ်ဆောင်သည့် အရာများချည်း ဖြစ်၏။ အန္တိခရစ်များ၏ တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းခံရသောသူတို့၏ နာမည်များမှာ အသင်းတော်မှ ပယ်ဖျက်ခြင်း မခံထားရသေး၊ ထိုသူတို့သည် မိမိတို့၏ သဘောဆန္ဒအလျောက် ထွက်သွားခဲ့ကြခြင်း မဟုတ်သည့်အပြင် စုဝေးပွဲများ တက်ရောက်ခြင်းကို ဆန္ဒအလျောက် ရပ်တန့်ပစ်ခဲ့ကြခြင်း မဟုတ်ပေ။ ထိုသူတို့အားလုံးသည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်သူများ ဖြစ်ကြသော်လည်း အန္တိခရစ်များနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ် ရှိသောကြောင့် သူတို့သည် ဖယ်ကြဉ်ခြင်းကို မကြာခဏ ခံရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များ သို့မဟုတ် တရားဒေသနာများ၊ ဓမ္မသီချင်းများနှင့် အသင်းတော်မှ ထုတ်ပြန်သော အလုပ်အစီအစဉ်အမျိုးမျိုးတို့ကို ချက်ချင်း မရရှိနိုင်သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ခြင်းလည်း မရှိတော့ပေ။ တစ်ဖက်တွင် အန္တိခရစ်များ၏ အောက်တွင်ရှိသောသူတို့၊ ဆိုလိုသည်မှာ ၎င်းတို့အား နာခံနိုင်သော၊ ၎င်းတို့၏ ဆွဲဆောင်သိမ်းသွင်းခြင်း ခံထားရပြီး ၎င်းတို့အား အရှုံးပေးအပ်နှံထားသော သူတို့မှာမူ ဘုရားသခင်၏ အိမ်တော်မှ ထုတ်ဝေသည့် စာအုပ်နှင့် ဗီဒီယိုအမျိုးမျိုးကို ဦးစားပေး ရရှိကြကာ မျက်နှာသာပေးသော ဤအထူးခံစားခွင့်ကို ခံစားကြရသည်။ ထို့ကြောင့် အသင်းတော်သည် ပရမ်းပတာအခြေအနေထဲသို့ ကျရောက်သွားပြီး အန္တိခရစ်များ၏ အပြုအမူနှင့် လုပ်ရပ်များကြောင့် ပြိုကွဲရကာ လူတို့၏ စိတ်နှလုံးများ ဆောက်တည်ရာမရ ဖြစ်သွားသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။