အချက် ၅- ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကာ ဆွဲဆောင်သိမ်းသွင်း၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏ (အခန်း ငါး)
၃။ အန္တိခရစ်များက လူတို့အား မည်သို့ ခြိမ်းခြောက်ပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
လူတို့အား အထင်အမြင် မှားစေပြီး ဆွဲဆောင်သိမ်းသွင်းသော အန္တိခရစ်များ၏ သရုပ်သကန်နှစ်မျိုးအကြောင်း ငါတို့ မိတ်သဟာယ ဖွဲ့ပြီးဖြစ်သည်။ လူတို့အား ၎င်းတို့ ခြိမ်းခြောက်ပုံနှင့်ပတ်သက်၍ ယခု မိတ်သဟာယဖွဲ့ကြစို့။ အန္တိခရစ်များ၏ ဤနည်းစနစ်များသည် တစ်ခုပြီးတစ်ခု ပို၍ ဆိုးရွားလာသည်။ အထင်အမြင်မှားစေခြင်း၊ ဆွဲဆောင်သိမ်းသွင်းခြင်းနှင့် နှိုင်းယှဉ်ကြည့်သောအခါ ဤခြိမ်းခြောက်ခြင်းဟူသည့် နည်းစနစ်က ဆန်းပြားမှု ပိုများသလော သို့မဟုတ် ပိုနည်းသလော။ (ပိုနည်းပါသည်။) အကယ်၍ ၎င်းတို့သည် အထင်အမြင်မှားစေခြင်းနှင့် ဆွဲဆောင်သိမ်းသွင်းခြင်းဖြင့် အဆင်မပြေလျှင် ခြိမ်းခြောက်မှုများကို ကျင့်သုံးရတော့သည်။ အန္တိခရစ်တစ်ဦးသည် လူတို့ကို မည်သို့ ခြိမ်းခြောက်သနည်း။ ၎င်းတို့သည် အဘယ့်ကြောင့် ထိုနည်းစနစ်မျိုးကို ကျင့်သုံးရသနည်း။ (၎င်းတို့၏ ရည်မှန်းချက်များ မဖြစ်မြောက်သောကြောင့် ဖြစ်သည်။) ၎င်းတို့၏ ရည်မှန်းချက်များမှာ မဖြစ်မြောက်ပေ။ ခြိမ်းခြောက်ခြင်း၌ အခြားအဓိပ္ပာယ်တစ်ခု ပါဝင်၏။ ယင်းကို ဖော်ပြဖို့ရန် မည်သည့် စကားအသုံးအနှုန်းကို အသုံးပြုနိုင်သနည်း။ (၎င်းတို့၏ သရုပ်အမှန်ကို ပြသခြင်းဖြစ်ပါသည်။) ယင်းမှာ တိကျမှန်ကန်ခြင်း သိပ်မရှိပေ။ နောက်ထပ်အသုံးအနှုန်းတစ်ခုကို ပြောကြည့်လော့။ (အရှက်ရခြင်းကြောင့် စိတ်ဆိုးလာခြင်း ဖြစ်သည်။) ပို၍ နီးစပ်လာပြီ။ ပို၍ သင့်လျော်သော အသုံးအနှုန်းတစ်ခု ရှိသလော။ (စိတ်အနှောင့်အယှက်ဖြစ်ပြီး ဒေါသထွက်ခြင်းဖြစ်ပါသည်။) အတိအကျပင်၊ စိတ်အနှောင့်အယှက်ဖြစ်ပြီး ဒေါသထွက်ခြင်း ဖြစ်၏။ ယင်းမှာ “ရုတ်တရက် ဒေါသူပုန်ထခြင်း” ဟူသည့် အရပ်သုံးဆိုရိုးနှင့် တူ၏။ အဓိပ္ပာယ်မှာ “ကျွန်ုပ်သည် ကြင်နာသော စကားနှင့် ကြမ်းတမ်းသော စကားနှစ်မျိုးလုံးကို ပြောကြည့်ခဲ့ပြီ။ များသောအားဖြင့် သင်တို့ကို မည်သည့်အခါမျှ ကျွန်ုပ် မတရားမလုပ်ခဲ့ချေ။ အဘယ်ကြောင့် သင်သည် ကျွန်ုပ်စကားကို နားမထောင်သနည်း။ သင် နားထောင်မည် မဟုတ်သောကြောင့် သင်နှင့် ထိုက်တန်သည်ကို သင်ရမည်။ သင့်အပေါ် ခြိမ်းခြောက်မှုများဟူသည့် ဤနည်းဗျူဟာကို ကျွန်ုပ် အသုံးပြုမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် နည်းဗျူဟာ ပြောင်းလဲကြ၏။ စာတန်၌ နည်းဗျူဟာအမျိုးမျိုးရှိကာ ယင်းတို့အားလုံးမှာ စက်ဆုပ်ဖွယ်ကောင်းသည်။ ခြိမ်းခြောက်မှုများသည် ထုံးစံအတိုင်း ဖြားယောင်းခြင်းနှင့် ပေါင်းစပ်တတ်၏။ အကယ်၍ ၎င်းတို့သည် ခြိမ်းခြောက်မှုများကိုသာ အသုံးပြုပါက လူအချို့သည် မကြောက်သည့်အပြင် ၎င်းတို့ကို နားမထောင်ကြပေ။ ထိုအခါ ၎င်းတို့သည် အခြားရွေးစရာ မရှိဘဲ တစ်ခါတစ်ရံ ဖြားယောင်းခြင်းကို ကျင့်သုံးကောင်း ကျင့်သုံးရတော့မည်။ အကယ်၍ ဤအရာဖြင့် အဆင်မပြေသောအခါ ထိုအရာကို လုပ်ကြည့်ရသည်။ ၎င်းတို့သည် နူးညံ့သော နည်းဗျူဟာနှင့် ကြမ်းတမ်းသော နည်းဗျူဟာ နှစ်မျိုးလုံးကို အသုံးပြုကြသည်။ သို့ဆိုလျှင် အန္တိခရစ်များသည် လူတို့ကို အဘယ့်ကြောင့် ခြိမ်းခြောက်ရသနည်း။ ၎င်းတို့သည် မည်သည့် အခြေအနေများတွင် ခြိမ်းခြောက်မှုများကို ကျင့်သုံးကြရသနည်း။ အကယ်၍ လူနှစ်ဦးသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက် မိမိ၏လမ်းကြောင်းကို ကိုယ်စီလျှောက်ကာ သူတို့ကြားတွင် အကျိုးအမြတ်နှင့်ဆိုင်သည့် ပဋိပက္ခများ မရှိပါက ခြိမ်းခြောက်မှုများကို သူတို့ ကျင့်သုံးမည်လော။ (ကျင့်သုံးမည် မဟုတ်ပါ။) ထိုအခါ ခြိမ်းခြောက်ခြင်းဟူသည့် ဤအပြုအမူနှင့် လက်တွေ့လုပ်ဆောင်မှုသည် မည်သည့်အခြေအနေများတွင် စတင်ပေါ်ပေါက်မည်နည်း။ ယင်းမှာ ၎င်းတို့၏ အကျိုးအမြတ် သို့မဟုတ် ဂုဏ်သတင်းနှင့် ပတ်သက်လာသောအချိန်၊ ၎င်းတို့၏ ရည်မှန်းချက်များ မဖြစ်မြောက်သောအချိန်တွင် ဖြစ်သည်မှာ အမှန်ပင်။ ၎င်းတို့သည် “သင် ငါ့ကို နားမထောင်ဘဲနေမည် မဟုတ်လော။ သို့ဆိုလျှင် သင့်အား အကျိုးဆက်များကို ပြရပေမည်” ဟု စဉ်းစားလျက် အပြင်းထန်ဆုံးသော နည်းလမ်းများကို ထုတ်သုံးတော့သည်။ ဤအကျိုးဆက်များမှာ အဘယ်နည်း။ သင် ကြောက်ရွံ့သည့် မည်သည့်အရာမဆို ဖြစ်၏။ သင်တို့ တွေ့ကြုံခဲ့ပြီးသော ခြိမ်းခြောက်မှုနှင့်ဆိုင်သည့် သာဓကတစ်ခုခုကို သင်တို့ ပြန်အမှတ်ရနိုင်သလော။ (ညီအစ်ကို မောင်နှမများက မိမိတို့အား ကျိုးနွံနာခံခြင်း မရှိသည်ကို တွေ့သောအခါ အန္တိခရစ်အချို့သည် ၎င်းတို့ကို စတင်၍ ဝေဖန်အပြစ်တင်ပြီး ရှုတ်ချကာ “ခေါင်းဆောင်များကို ကျိုးနွံနာခံဖို့ ပျက်ကွက်ခြင်းသည် ဘုရားကို ကျိုးနွံနာခံဖို့ ပျက်ကွက်ခြင်းဖြစ်သည်” ဟု ဆိုပြီးလျှင် လူတို့ကို ခြိမ်းခြောက်ဖို့ ဤအရာကို အသုံးချကြသည်။) (တစ်စုံတစ်ယောက်က ခေါင်းဆောင်ပိုင်းကို နားမထောင်ပါက ထိုခေါင်းဆောင်က သူ့အား ဖြုတ်ချဖို့အတွက် မိမိ၏ အာဏာကို အသုံးပြုသည့် အခြားဥပမာတစ်ခုကို ကျွန်ုပ် စဉ်းစားမိသည်။) မည်သို့ဆိုစေ ၎င်းတို့သည် မိမိတို့အား နားမထောင်ခြင်းက အကျိုးဆက်များကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း လူတို့အား နားလည်စေလိုသည်။ သို့ဆိုလျှင် လူတို့အား မိမိတို့ကို နားထောင်စေခြင်းအတွက် ၎င်းတို့၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့က “ခေါင်းဆောင်ပိုင်းအား ကျိုးနွံနာခံခြင်းသည် ဘုရားကို ကျိုးနွံနာခံခြင်းဖြစ်သည်။ အကြောင်းမှာ ခေါင်းဆောင်မှုကို ဘုရားက အမိန့်ဖြင့်ပြဋ္ဌာန်းခြင်းဖြစ်သောကြောင့်ပင်ဖြစ်၏။ သင်သည် ကျိုးနွံနာခံရမည်။ အကယ်၍ သင်သည် ခေါင်းဆောင်များကို ကျိုးနွံနာခံခြင်း သို့မဟုတ် နားထောင်ခြင်းမရှိပါက ယင်းမှာ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းနှင့် ဘုရားကို အတိုက်အခံလုပ်ခြင်း ဖြစ်သည်။ ဘုရားကို အတိုက်အခံလုပ်ခြင်း၏ အကျိုးဆက်မှာ ဖယ်ရှားရှင်းလင်းခံရခြင်း ဖြစ်သည်။ မပြင်းထန်သော အခြေအနေများတွင် သင်သည် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ရန်အတွက် သီးခြားခွဲထားခြင်း ခံရနိုင်သည်။ ဆိုးရွားပြင်းထန်သော အခြေအနေများတွင် သင်သည် အသင်းတော်မှ နှင်ထုတ်ခြင်းပင် ခံရနိုင်သည်” ဟု မကြာခဏ ပြောလေသည်။ ၎င်းတို့သည် မိမိတို့အား လူတို့ကို အတင်းအကျပ် ကျိုးနွံနာခံစေဖို့အတွက် ကျိုးကြောင်းညီညွတ်ဟန်ရှိသည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် ဤအရာများကို အသုံးချသည်။ ဤမျှမက အခြားသော အန္တိခရစ်အချို့သည် လူတို့ကို မည်သို့ ခြိမ်းခြောက်ကြသနည်း။ မိမိတို့အား ကျိုးနွံနာခံခြင်း မရှိသောသူတို့ကို ဝိုင်းဝန်းဆန့်ကျင်ရန်နှင့် ငြင်းပယ်ရန် အခြားသူများကို သွေးထိုးလှုံ့ဆော်ကြသည်။ ထို့ပြင် မိမိတို့အား မနာခံသော သူတို့ကို ဖြုတ်ချကြသည်၊ သို့မဟုတ် ထိုသူတို့၏ တာဝန်ခန့်အပ်မှုကို ပြုပြင်ပေးကြသည်။ လူအချို့က မိမိတို့၌ ထမ်းဆောင်ဖို့ တာဝန်မရှိမည်ကို အမှန်ပင် ကြောက်ရွံ့ကြသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ရှိကောင်းရှိမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်ခြင်းက ထိုအရာကို နုတ်ယူသွားနိုင်သည်ဟု ထင်မြင်ယူဆကြသည်။ အန္တိခရစ်များက မိမိတို့၏ စိတ်နှလုံးထဲတွင် “သင်၏ အားနည်းချက်ကို ငါသိသည်။ သင် ငါ့ကို နားမထောင်ပါက သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို ငါ ရုပ်သိမ်းမည်။ သင့်အား တာဝန်ထမ်းဆောင်စေမည် မဟုတ်” ဟု တွေးတောကြ၏။ ဤလူတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ စံနှုန်း မပြည့်မီသောကြောင့် သို့မဟုတ် မိမိတို့၏တာဝန်ကို သူတို့ ထမ်းဆောင်ခြင်းက ဘုရားအိမ်တော်၏ အကျိုးကို ထိခိုက်သောကြောင့် သူတို့အား တာဝန်ထမ်းဆောင်ခွင့် မပြုခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့ အဘယ့်ကြောင့် ထိုသို့လုပ်သနည်း။ ယင်းမှာ အမြင်မတူသူများကို ကြဉ်ထားရန်နှင့် လူတို့အား ခြိမ်းခြောက်ပြီး မိမိတို့အား နားထောင်စေဖို့ ဤနည်းစနစ်ကို အသုံးပြုရန်ဖြစ်သည်။ ခြိမ်းခြောက်မှုများနှင့် ပတ်သက်လာလျှင် အန္တိခရစ်များသည် လူတို့ကို ဆက်ဆံရာ၌ သို့မဟုတ် အမှုကိစ္စများကို ကိုင်တွယ်ရာ၌ သမ္မာတရားစည်းမျဉ်းများကို လုံးဝ မလိုက်နာကြပေ။ ထိုအစား ၎င်းတို့သည် လူတို့ကို မိမိတို့အား ကျိုးကျိုးနွံနွံ နာခံပြီး နားထောင်စေရန်နှင့် မိမိတို့အား မည်သည့်ပြဿနာမျှ မပေးရန် သို့မဟုတ် မိမိတို့၏ အရေးကိစ္စများကို မဖျက်ဆီးစေရန်အတွက် ခြိမ်းခြောက်ခြင်း၊ အင်အားနှင့် အကျပ်ကိုင်မှုတို့ကို အသုံးချကြသည်။
အန္တိခရစ်တစ်ဦး၏ ခြိမ်းခြောက်မှုများအား အသုံးပြုခြင်းသည် လူတို့က ၎င်းတို့အား မနာခံခြင်းသက်သက်ကြောင့် သို့မဟုတ် အလေးအနက်မထားဘဲ လျစ်လျူရှုခြင်းသက်သက်ကြောင့် မဟုတ်၊ ယင်းက ကဏ္ဍတစ်ခုသာ ဖြစ်၏။ နောက်ထပ် အကြောင်းရင်းတစ်ခုရှိကာ ဆိုလိုသည်မှာ အခြားသူများက အန္တိခရစ်များ၏ ပြဿနာများကို တွေ့ရှိပြီး ၎င်းတို့ကို ဖော်ထုတ်လိုသောအခါ သို့မဟုတ် အထက်သို့ တိုင်ကြားလိုသောအခါ ၎င်းတို့သည် ထိုအရာကို အထက်က သိရှိကောင်း သိရှိသွားမည်ကိုဖြစ်စေ၊ ပိုများသောလူတို့က သိကောင်းသိသွားမည်ကိုဖြစ်စေ ကြောက်ရွံ့သဖြင့် ၎င်းတို့သည် ဤအရာများကို ဖုံးကွယ်ရန်နှင့် ဖိနှိပ်ရန်အတွက် အစွမ်းကုန် ဆောင်ရွက်ကာ ယင်းတို့ကို ဖော်ထုတ်ခံရဖို့ လုံးဝ အခွင့်မပေးကြချေ။ ပိုများသော လူတို့က သိရှိသွားလျှင် မည်သည့်အရာ ဖြစ်ပျက်သွားမည်နည်း။ သူတို့သည် ထိုအန္တိခရစ်ကို ပစ်ပယ်ပြီး ကျိန်ဆဲကြမည်။ ၎င်းတို့ကို မည်သူမျှ နောက်ထပ် ကိုးကွယ်ကြမည် မဟုတ်တော့ဘဲ ၎င်းတို့သည် မိမိတို့၏ ရာထူးနေရာနှင့် သြဇာအာဏာကို ဆုံးရှုံးရမည်ဖြစ်သည်။ ထို့ကြောင့် လူတို့အား ခြိမ်းခြောက်သည့် ဤနည်းစနစ်ကို အသုံးပြုရာ၌ ထိုအန္တိခရစ်၏ ရည်ရွယ်ချက်မှာ မိမိတို့၏ ရာထူးနေရာနှင့် သြဇာအာဏာကို ကာကွယ်ဖို့လည်း ဖြစ်သည်။ ၎င်းတို့ ဤသို့မလုပ်ပါက ညီအစ်ကို မောင်နှမများက မိမိတို့ကို စတင်၍ ထိုးထွင်းသိမြင်လာမည် ဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် ၎င်းတို့ အရွေးခံရတော့မည် မဟုတ်ဘဲ သာမန်ယုံကြည်သူ တစ်ဦးအဖြစ်သာ လျှော့ချခံရမည်ဖြစ်သည်ဟု ယူဆကြသည်။ ၎င်းတို့အနေဖြင့် သာမန်ယုံကြည်သူတစ်ဦး ဖြစ်သည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့၌ သြဇာအာဏာမရှိ၊ မိမိတို့နောက်လိုက်ဖို့ သို့မဟုတ် မိမိတို့၏ အစေခံများဖြစ်လာဖို့ တစ်ဦးမျှမရှိသည့်အပြင် မိမိတို့၏ ရာထူးနေရာနှင့် သြဇာအာဏာ ဖြုတ်ချခံရပြီဖြစ်ကာ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ မပြည့်ဝတော့ဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် သာမန်ယုံကြည်သူ သို့မဟုတ် သာမန်နောက်လိုက်သူ မဖြစ်ချင်သောကြောင့် မိမိတို့အား နားထောင်ဖို့နှင့် နာခံဖို့၊ မိမိတို့အား သြဇာအာဏာနှင့် ရာထူးနေရာ ဆက်လက် ကိုင်စွဲခွင့်ပြုဖို့အတွက် လူတို့ကို ခြိမ်းခြောက်ပြီး အကျပ်ကိုင်ရန်၊ လူတို့ကို ဆက်လက်၍ ထိန်းချုပ်ထားပြီး လူအချို့၏ အားပေးမှုကို ရရှိရန်အလို့ငှာ လူတို့အား ခြိမ်းခြောက်ခြင်းဟူသည့် ဤနည်းစနစ်ကို အသုံးပြုခြင်း ဖြစ်သည်။ ထိုအန္တိခရစ် ပြုသမျှမှာ ၎င်း၏ ရာထူးနေရာနှင့် အဓိကပတ်သက်သည်။ တစ်စုံတစ်ခုသည် မိမိတို့၏ ရာထူးနေရာနှင့် ပတ်သက်လာသည့်အခါတိုင်း ၎င်းတို့သည် ယင်းကို အားသွန်ခွန်စိုက် ကာကွယ်ရန်နှင့် လုံခြုံစေရန် အချို့သော နည်းလမ်းများ သို့မဟုတ် နည်းစနစ်များကို အသုံးချကြမည်ဖြစ်သည်။ အထက်က အချို့သော ကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့ထဲမှ အချို့ကို မေးမြန်းသောအခါ၌ပင် ၎င်းတို့သည် ထိုသူတို့ကို မျက်နှာပြောင်တိုက်၍ လိမ်ညာနိုင်ကြသည်။ ဥပမာ ဤလထဲတွင် ဧဝံဂေလိတရားဟောခြင်းဖြင့် အသင်းတော်သည် လူမည်မျှကို ရရှိကြောင်း အထက်က မေးမြန်းသောအခါ လူတစ်ဦးမျှ မရကြောင်း ထိုအန္တိခရစ် သိထားလျှင်ပင် သူက လိမ်ညာကောင်း လိမ်ညာပြီး လူငါးဦး ရရှိထားသည်ဟု ပြောကောင်းပြောမည်။ အမှန်တရားကို သိသော ညီအစ်ကို မောင်နှမများက ထိုအန္တိခရစ်ကို ထိပ်တိုက်တွေ့ကာ “ထိုလူငါးဦးတို့က လေ့လာစုံစမ်းနေကြခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တို့ လူငါးဦး ရသည်ဟု သင် အဘယ့်ကြောင့်ဆိုသနည်း။ အထက်ကို သင် အမှန်အတိုင်း ပြောပြသင့်သည်” ဟု ပြောသောအခါ ထိုအန္တိခရစ်က မည်သည့်အရာကို ပြောသနည်း။ “ကျွန်ုပ်တို့သည် အဘယ့်ကြောင့် လူငါးဦးမရနိုင်ဘဲ နေမည်နည်း။ ကျွန်ုပ်က ငါးဦးရသည်ဟုဆိုလျှင် ငါးဦးဖြစ်သည်။ သင်၏ သဘောထားက အရေးမပါပေ။ ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်မျှ မရဟု ဆိုလျှင် ယင်းကို အထက်သို့ ကျွန်ုပ် မည်သို့ ရှင်းပြရမည်နည်း။ ယင်းကို သင် တိုင်ကြားလိုပါက တိုင်ကြားလော့။ သို့သော် သင် အမှန်အတိုင်း ပြောလိုက်လျှင် အထက်က သင့်ကို ပြုပြင်ကောင်း ပြုပြင်မည်ပင်။ သူတို့က ဧဝံဂေလိတရားဟောရာ၌ ပါဝင်သော သင်တို့အားလုံးကို ဖြုတ်ကောင်း ဖြုတ်ချမည်၊ သို့မဟုတ် ဧဝံဂေလိအဖွဲ့ကိုပင် ဖျက်ကောင်း ဖျက်သိမ်းမည် ဖြစ်သည်။ ထိုအခါ သင်သည် သင်၏တာဝန်များကို ထမ်းဆောင်နိုင်မည် မဟုတ်ဘဲ ယင်းအတွက် ကျွန်ုပ် အပြစ်တင်ခံရမည်မဟုတ်” ဟူ၍ ဖြစ်သည်။ ထိုသူက ဤအရာကို ကြားရသောအခါ မှင်တက်သွားပြီး မတိုင်တန်းဝံ့တော့ပေ။ ဤသည်မှာ ခြိမ်းခြောက်မှုမဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ပေါ်တင်ခြိမ်းခြောက်မှု ဖြစ်၍ လူပုံအလယ်တွင် ပြောချလိုက်ခြင်း ဖြစ်သည်။ ဤသည်ကို လူအချို့ ကြားရသောအခါ “ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းတွင် အကျိုးဆက်များရှိသည်။ ငါသည် ရိုးသားပါက ငါ၏တာဝန်ကို ထမ်းဆောင်နိုင်မည် မဟုတ်သည့်အတွက် ယင်းကို တိုင်တန်းတော့မည် မဟုတ်။ လူငါးဦးဟု ငါတို့ အစီရင်ခံရမည်” ဟု စဉ်းစားလေသည်။ လူအချို့မှာ သူတို့၏ စိတ်နှလုံးထဲ၌ ဘဝင်မကျတော့ဘဲ “အကယ်၍ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ မရလျှင် ယင်းမှာ ပကတိအခြေအနေ ဖြစ်ပေသည်။ အထက်က ကျွန်ုပ်တို့ကို ကိုင်တွယ်ဖို့ မည်ကဲ့သို့ ဆုံးဖြတ်သည်ဖြစ်စေ ကျွန်ုပ်တို့ ကျိုးနွံနာခံသင့်သည်” ဟု ဆိုကြသည်။ ဤသည်ကို ကြားရသောအခါ ထိုအန္တိခရစ်၏ ရှုမြင်ပုံမှာ အဘယ်နည်း။ “ကျိုးနွံနာခံခြင်းလော။ ယင်းမှာ အခြေအနေအပေါ် မူတည်သည်။ ဧဝံဂေလိတရားဟောရာ၌ ကျွန်ုပ်တို့ ယခု ရင်ဆိုင်ရသော အခက်အခဲများနှင့် ပတ်သက်၍ အထက်က သိသလော။ ဤအရာနှင့် ပတ်သက်၍ သူတို့ အရေးစိုက်သလော” ဟူ၍ဖြစ်သည်။ အထက်က ဧဝံဂေလိ တရားဟောခြင်း အခြေအနေကို စုံစမ်းစစ်ဆေးသောအခါ သူတို့သည် ပါဝင်သည့် စိန်ခေါ်မှုများကို မသိရှိကြခြင်း မဟုတ်ပေ။ တစ်လတွင် အနည်းဆုံး လူမည်မျှကို ရရှိနိုင်ကြောင်း သူတို့ သိကြပြီး အကယ်၍ ဧဝံဂေလိအဖွဲ့သည် တစ်လတွင် တစ်ဦးတလေမျှကို မရပါက သူတို့ ဖျက်သိမ်းခံရမည်ဟု မည်သည့်အခါမျှ မပြောကြပေ။ သို့ဆိုလျှင် ထိုအန္တိခရစ်က ဤစကားကို မည်သည့်နေရာမှ စိတ်ကူးရလာခဲ့သနည်း။ (၎င်းတို့ ယင်းကို ဖန်တီးလိုက်ခြင်း ဖြစ်ပါသည်။) ၎င်းတို့သည် မိမိတို့၏ အလိမ်အညာများကို ဖုံးကွယ်ရန်၊ ဤလူတို့ကို ထိန်းချုပ်ရန်၊ မိမိတို့၏ အလိမ်အညာများကို အထက်က သို့မဟုတ် ညီအစ်ကိုမောင်နှမများက မရိပ်စားမိအောင် တားဆီးရန်နှင့် ၎င်းတို့ ဖြုတ်ချခြင်း မခံရအောင် မိမိတို့၏ ရာထူးနေရာကို လုံခြုံစေရန်အတွက် ယင်းကို ၎င်းတို့ကိုယ်တိုင် လုပ်ကြံပြောဆိုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤအတွက်ကြောင့် ထိုမျှ နတ်ဆိုးဆန်သော စကားများကို တီထွင်ဝံ့ကြခြင်း ဖြစ်သည်။ ထိုးထွင်းသိမြင်နိုင်သော လူများက ၎င်းတို့ကို ဖော်ထုတ်နိုင်သော်လည်း ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသောသူတို့က အထင်အမြင်မှားအောင် လုပ်ခြင်းခံရကာ “အမှန်စင်စစ် ဤတာဝန်ကို အလွယ်တကူ မရနိုင်ပေ။ ငါတို့သည် အထက်ကို ရိုးသား၍မရပေ။ အကယ်၍ လူငါးဦးရှိသည်ဟု သင်ပြောပါက ငါးဦးဖြစ်ပေသည်။ ဤလတွင် ငါတို့ လူငါးဦး မရသော်လည်း လာမည့်လတွင် ငါးဦးရအောင် ရည်မှန်းချက်ထားရမည်။ အမှန်တွင်မူ လာမည့်လတွင် ငါးဦးရပါက အလိမ်အညာတစ်ခု ဖြစ်တော့မည်မဟုတ်” ဟု စဉ်းစားကြသည်။ ထိုအန္တိခရစ်သည် လိမ်လည်လှည့်စားမှု၌ ပါဝင်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသောသူတို့လည်း ၎င်းတို့နှင့်အတူ ယင်း၌ ပါဝင်ကြသည်။ ၎င်းတို့သည် လူလိမ်လူညစ်အဖွဲ့ ဖြစ်ကြ၏။ အန္တိခရစ်တစ်ဦးအနေဖြင့် လူတို့ကို ခြိမ်းခြောက်သည့် ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ယင်းမှာ သူတို့ကို မိမိတို့အား နာခံစေပြီး နားထောင်စေရန် ဖြစ်သည်။ ၎င်းတို့သည် လိမ်ညာပြီး မကောင်းမှုကျူးလွန်သည်။ အသင်းတော်ကို ထိန်းချုပ်သည်။ လူတို့ကို အထင်အမြင်မှားစေသည်။ စည်းမျဉ်းများ သို့မဟုတ် အလုပ်အစီအစဉ်များကို လိုက်နာခြင်းမရှိဘဲ အလုပ်ကို ဦးစီးဦးရွက် ပြုသည်။ ထို့ပြင် ၎င်းတို့ မည်သို့ မဆင်မခြင် ပြုမူသည်ဖြစ်စေ ညီအစ်ကို မောင်နှမများအား မိမိတို့ကို ဖော်ထုတ်ဖို့ သို့မဟုတ် အထက်သို့ တိုင်ကြားဖို့ အခွင့်မပေးကြပေ။ တစ်စုံတစ်ယောက်က ၎င်းတို့ကို အထက်သို့ တိုင်ကြားဖို့ ပြင်ဆင်နေကြောင်း ၎င်းတို့ တွေ့ရှိသောအခါ ယင်းမှာ ခြိမ်းခြောက်မှုများကို ၎င်းတို့ ကျင့်သုံးကြရသောအချိန် ဖြစ်လေသည်။ ထိုလူကို ၎င်းတို့ မည်သို့ ခြိမ်းခြောက်သနည်း။ ၎င်းတို့က “ကျွန်ုပ်တို့သည် အောက်ခြေအဆင့်တွင် အလုပ်လုပ်နေကြကာ အလုပ်က ခက်ခဲပေသည်။ ကျွန်ုပ်တို့သည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခံရခြင်း အန္တရာယ်ကိုပင် ရင်ဆိုင်ရသည်။ ကျွန်ုပ်တို့၏ လက်တွေ့လုပ်ဆောင်မှုက အလုပ်အစီအစဉ်များကို လိုက်နာဖို့ အထက်က အမြဲတောင်းဆိုသည်။ ကျွန်ုပ်တို့သည် ဧဝံဂေလိတရားဟောရာ၌ ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံပြီး စွန့်စားမှုများစွာ လုပ်ကြသည်။ ရလဒ်များက ညံ့ဖျင်းသောအခါ သင်သည် ယင်းတို့ကို အထက်သို့ အစီရင်ခံလိုသေးသည်။ သင် အစီရင်ခံပြီးသောအခါ သင့်ကို သူတို့ ပြုပြင်ကြမည် ဖြစ်သည်။ သင့်ကို သူတို့ ပြုပြင်ပြီးသောအခါ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအနေဖြင့် ဖြုတ်ချခံရဖို့ မစိုးရိမ်ပေ။ သင်တို့၌ ထမ်းဆောင်စရာ တာဝန် မရှိတော့မည်ကိုသာ စိုးရိမ်မိပါသည်။ အကယ်၍ သင်တို့သည် နောက်ထပ် ထမ်းဆောင်စရာ တာဝန်မရှိတော့လျှင် ကျွန်ုပ်ကို အပြစ်မတင်လေနှင့်” ဟု ပြောလေသည်။ ၎င်းမှာ အလွန် ကျိုးကြောင်းညီညွတ်ဟန်ရှိ၏။ ၎င်းတို့က “မည်သူသည် ယင်းကို အမှန်တကယ် အစီရင်ခံလိုသနည်း။ အကယ်၍ သင်တို့ အစီရင်ခံလိုပါက ကျွန်ုပ် တားမည်မဟုတ်။ မည်သို့ပင်ဖြစ်စေ ဤအရာများနှင့်ပတ်သက်၍ လူတိုင်းသိလေသည်။ သင်တို့သည် အထက်ကို အစီရင်မခံပါက ကျွန်ုပ်တို့ကို သူတို့ အပြစ်တင်မည်မဟုတ်ပေ။ အကယ်၍ အစီရင်ခံပါက ကျွန်ုပ်တို့ ပြုပြင်ခြင်းခံရမည်။ သင်တို့သည် ကိုယ့်အတွက်ကိုယ် ရွေးချယ်နိုင်သည်။ အကယ်၍ သင်တို့သည် အထက်ကို အစီရင်ခံလိုပါက အစီရင်ခံလော့။ ကိုင်း ယင်းကို အစီရင်ခံလိုသူတိုင်း လက်ထောင်ပါလော့” ဟူ၍လည်း ပြောလိုက်သည်။ ၎င်း၏လေသံကို လူတိုင်း ကြားရသောအခါ “ငါသည် ဤအရာကို အမှန်တကယ် အစီရင်ခံဖို့ ခွင့်ပြုခံရသလော၊ သို့မဟုတ် မခံရသလော” ဟု စတင်၍ ချင့်ချိန်စဉ်းစားကြည့်သည်။ စဉ်းစားပြီးနောက် လူအချို့က လက်ထောင်၏။ ဤသည်ကို တွေ့သောအခါ ထိုအန္တိခရစ်က “သင်သည် အစီရင်ခံချင်သေးသလော။ သင်သည် ပြဿနာရှာနေခြင်း မဟုတ်လော။ ကောင်းပြီ။ သင့်ကို ငါမမေ့တော့” ဟု တွေးလေတော့သည်။ ထို့နောက်တွင် ၎င်းတို့က ဤပုဂ္ဂိုလ်ကို ညှဉ်းပန်းရမည့် အခွင့်အရေးများကို စတင်၍ စိတ်ကူးလေသည်။ ၎င်းတို့သည် အကြောင်းပြချက်တစ်ခုကို ရှာကာ “သင်သည် သင့်တာဝန်များကို အခုတစ်လော ထမ်းဆောင်နေစဉ်အတွင်း မည်သည့်ရလဒ်မျှ မရသေးချေ။ သုံးလတိုင်အောင် တာဝန်ထမ်းဆောင်စဉ်အတွင်း ရလဒ်ရရှိမထားသူတိုင်း သူ၏ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးကို ပြန်လည်ရုပ်သိမ်းခံရမည် ဖြစ်သည်။ သူ၏ စွမ်းဆောင်မှုက တိုးတက်မလာပါက သီးခြားခွဲထားခြင်း ခံရမည်။ အကယ်၍ နောင်တမရသေးလျှင် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံရမည်ဖြစ်သည်” ဟု ပြော၏။ ထိုလူအ၊ ထိုငကြောက်က ယင်းကို အစီရင်ခံရဲသေးသလော။ ဤသည်ကို ကြားပြီးနောက် သူတို့သည် “ငါ၏အကျိုးအလို့ငှာ ဤအရာကို ငါ တိုင်ကြားနေခြင်းမဟုတ်။ ငါ၏ တိုင်ကြားခြင်း အကျိုးမှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းကို ငါတိုင်ကြားလိုက်ပြီး ခေါင်းဆောင်က ငါ့ကို တိုက်ခိုက်ကာ ငါ့ကို လက်တုံ့ပြန်သည့်အပြင် ငါ၏ ညီအစ်ကိုမောင်နှမများက ငါ့ကို စွန့်ပယ်လျှင် အဘယ်သို့လုပ်မည်နည်း။ ထိုအခါတွင် ငါသည် အသင်းတော်ထဲ၌ အထီးကျန်နေမည်။ ငါ့အနေဖြင့် ခေါင်းဆောင်ကို နားထောင်ဖို့က ပိုအရေးကြီးသည်။ ဘုရားက မည်သည့်နေရာ၌ ရှိသည်ကိုပင် ငါမသိရ။ သူသည် ငါ၏ သေရေးရှင်ရေးကို အရေးစိုက်နိုင်သလော” ဟု တွေးမိလေသည်။ ထို့ကြောင့် သူတို့သည် ယင်းကို အစီရင်မခံကြတော့ပေ။ သူတို့သည် ထိုအန္တိခရစ်ကြောင့် ကြောက်ရွံ့တုန်လှုပ်သွားကြပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသူက “ဘုရားကို ပုန်ကန်ပြစ်မှားခြင်းသည် ပြဿနာ ကြီးကြီးမားမား မဟုတ်။ ဘုရားသည် ချစ်တတ်သည်၊ သနားကရုဏာစိတ်ရှိသည်၊ သည်းခံနိုင်ပြီး စိတ်ရှည်သည်။ သူသည် အလွယ်တကူ အမျက်မထွက် သို့မဟုတ် လူတို့ကို မကျိန်ဆဲသည့်အပြင် အပြစ်ဒဏ်မပေးတတ်ချေ။ သို့သော် ခေါင်းဆောင်ကို ငါ စော်ကားမိပါက ငါ ဒုက္ခခံစားရပေမည်။ ပြဿနာများကို အစီရင်ခံခြင်းက ငါ့ကို မည်သည့်ကောင်းကျိုးမျှ ပေးမည်မဟုတ်။ လူတိုင်း၏ ပစ်ပယ်ခြင်းကိုသာ ငါခံရမည်။ ငါသည် ထိုမျှ စဉ်းစားဉာဏ် မရှိသောအရာကို ငါ မလုပ်နိုင်” ဟု ယူဆလေ၏။ ဤသည်မှာ သူရဲဘောနည်းခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့ သူရဲဘောနည်းသော လူတစ်ဦးကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ သူ့အတွက် စိတ်မကောင်းဖြစ်ထိုက်သလော။ ထိုသို့ သူရဲဘောနည်းသော လူတစ်ဦးကို ထိုအန္တိခရစ်အား ညှဉ်းပန်းခွင့်ပြုဖို့ စာတန်လက်သို့၊ ထိုအန္တိခရစ်၏လက်သို့ အပ်နှံသင့်သည်။ သူသည် ယင်းနှင့် ထိုက်တန်၏။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ဘုရားသခင်ကို ကျိုးနွံနာခံဖို့အတွက် ယုံကြည်ခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့် ခွန်အား ကင်းမဲ့သော်လည်း ထိုအန္တိခရစ်အား ကျိုးနွံနာခံခြင်းနှင့် ပတ်သက်လာလျှင် အထူးခွန်အား ရရှိလာသည်။ သူ့အား စေခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လိုစိတ် ရှိပြီး စိတ်အားထက်သန်မှုနှင့် ပြည့်ဝသည်။ ထိုအန္တိခရစ်က သူ့ကို ခြိမ်းခြောက်ပြီး ခြောက်လှန့်သောအခါ ပြဿနာများကို မတိုင်ကြားဝံ့တော့ပေ။ ဤသည်မှာ သူရဲဘောကြောင်သူ မဟုတ်လော။ ထိုအတွက် အရပ်သုံးစကားမှာ အဘယ်နည်း။ အန္တိခရစ်နှင့် ရင်ဆိုင်ရသောအခါ အညံ့ခံသူဖြစ်ခြင်းနှင့် အလျှော့ပေးခြင်းပင်ဖြစ်၏။ အသင်းတော်ထဲတွင် အန္တိခရစ်များ၏ ခြိမ်းခြောက်မှုများကြောင့် အညံ့ခံသူများ ဖြစ်လာသည့် လူအတော်အတန် ရှိနေပါတကား။ ဤလူတို့က “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည်” ဟူသော စကားရပ်ကို မည်သို့ သဘောထားပြုမူရမည်ကို မသိကြပေ။ အန္တိခရစ်က ထိုသူတို့ကို ခြိမ်းခြောက်သောအခါ၊ ပစ်ပယ်သောအခါ သို့မဟုတ် သီးခြားခွဲထားသောအခါ သူတို့တွင် မှီခိုအားထားရာ မရှိသကဲ့သို့ ခံစားကြသည်။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲသည်ကိုဖြစ်စေ၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုဖြစ်စေ မယုံကြည်သည့်အပြင် လူတို့၏ အသက်များသည် ဘုရားသခင်၏ လက်တော်ထဲ၌ ရှိကြောင်း မယုံကြည်ကြပေ။ ထိုအန္တိခရစ်ထံမှ ကြောက်လန့်စေနိုင်သော သို့မဟုတ် ခြိမ်းခြောက်သော စကားတစ်ခွန်းနှစ်ခွန်း ကြားရလျှင် သူတို့ ကြောက်လန့်သွားသည်။ အလျှော့ပေးကြသည်။ ပြီးလျှင် ယင်းကို မတိုင်ရဲကြတော့ပေ။
အန္တိခရစ်တစ်ဦးသည် မိမိတို့၏ အလုပ်ကို အထက်သို့ အစီရင်ခံသောအခါ သူတို့ကို အရှက်မရှိ လိမ်ညာပြီး လှည့်စားသည်။ အမှန်တရားကို သိသူအချို့က ယင်းကို သည်းမခံနိုင်ဘဲ အခြေအနေကို အထက်သို့ တိုင်ကြားလိုသည်။ ထိုအန္တိခရစ်က လူတို့အပေါ် တင်းကျပ်စွာ ထိန်းချုပ်ထားပြီး ထိုသူတို့ကို အနီးကပ် စောင့်ကြည့်သည်။ သူသည် ကိစ္စတစ်ခုကို အထက်သို့ တိုင်ကြားကောင်း တိုင်ကြားလိုသော မည်သူ့ကိုမဆို ချက်ချင်း ရိပ်စားမိနိုင်သည်။ သူသည် အခြားလုပ်စရာ မရှိသောအခါ လူတို့၊ လူတို့၏ စကားများနှင့် မျက်နှာထားများအား အကဲခတ်ခြင်းကို အာရုံစိုက်ကာ မိမိနှင့်ပတ်သက်၍ ထင်မြင်ချက်ရှိသူများ၊ သစ္စာစောင့်သိခြင်း မရှိသူများ၊ မိမိကို မနာခံသူများ၊ မိမိ၏ ရာထူးနေရာအပေါ် ခြိမ်းခြောက်မှု ဖြစ်ပေါ်စေသူများ၊ မိမိကို ဂရုမစိုက်သူ၊ မိမိကို အလေးအနက်ထား မဆက်ဆံသူ၊ မိမိကို လေးစားဂုဏ်ပြုခြင်းဟူသည့် ထိုင်ခုံနေရာကို မပေးသောသူနှင့် အစာစားချိန်အတွင်း မိမိကို အလျင်ဦးအောင် စားခွင့်မပေးသူများကို ရှာလေသည်။ ဤသည်မှာ ထိုလူတို့ ဒုက္ခရောက်ပြီဟူသည့် သဘောသက်ရောက်၏။ အန္တိခရစ်သည် ထိုသို့သော လူများကို ဘာလုပ်သနည်း။ မသိမသာ ဒုက္ခပေးတတ်သော အန္တိခရစ်အချို့သည် မိမိတို့၏ သရုပ်အမှန်ကို ချက်ချင်း မထုတ်ဖော်ပေ။ သင့်အား ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်အရေးကို စောင့်ဆိုင်းသည်။ အကယ်၍ ဤအရာက အဆင်မပြေလျှင် ၎င်းတို့က သင်၏အသက်ကို ၎င်းတို့၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည်ဟု သင့်အား ခံစားရစေရန် ပြင်းထန်သော ခြိမ်းခြောက်မှုများကို ကျင့်သုံးရတော့သည်။ ယုံကြည်သူတစ်ဦး အနေဖြင့် သင်သည် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ၊ သင်သည် အဆုံးတိုင်အောင် ရောက်နိုင်ခြင်းရှိမရှိ၊ အသင်းတော်ထဲ၌ သင် နေထိုင်နိုင်ခြင်းရှိမရှိ ယင်းတို့အားလုံးက ၎င်းတို့၏ လက်ထဲတွင်ရှိပြီး ၎င်းတို့ထံမှ စကားတစ်ခွန်းသာ လိုသည်။ ၎င်းတို့၌ ဆုံးဖြတ်ပိုင်ခွင့် ရှိ၏။ အကယ်၍ သင် နားမထောင်လျှင်၊ ၎င်းတို့၏ ထိန်းချုပ်မှုကို မနာခံလျှင်၊ ၎င်းတို့ကို အလေးအနက် မထားဘဲ ၎င်းတို့၏ အရေးကိစ္စများကို တိုင်ကြားဖို့ ကြိုးစားမြဲကြိုးစားနေလျှင် သင်သည် ဒုက္ခရောက်တော့မည် ဖြစ်သည်။ ၎င်းတို့က သင့်အား မည်သို့ ညှဉ်းပန်းရမည်ကို စတင် ကြံစည်ကြမည်ဖြစ်သည်။ မိမိတို့၏ အရေးကိစ္စများအား အထက်သို့ တိုင်ကြားသော ညီအစ်ကိုမောင်နှမများ၏ အပြုအမူကို ထိုအန္တိခရစ်က မည်သို့ ရှုမြင်သနည်း။ (တိုင်တောခြင်း အဖြစ်ရှုမြင်သည်။) အတိအကျပင်၊ သူက ယင်းကို အခြေအနေတစ်ခုအား အစီရင်ခံခြင်းအဖြစ် မမြင်ပေ။ တိုင်တောခြင်းအဖြစ် မြင်သည်။ တိုင်တောခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရားနှင့် ဆန့်ကျင်သော သူပြုလုပ်သည့် အရာမျိုးစုံနှင့် သူ၏ ဒုစရိုက်အမှုများအားလုံးကို အထက်သို့ အစီရင်ခံခြင်း၊ သို့မဟုတ် အခြားသူများမသိသော သူနှင့်ပတ်သက်သည့် အရာများကို အထက်သို့ ဖြစ်ကြောင်းကုန်စင် ပြောပြခြင်းကို ဆိုလိုသည်။ သူက ဤသည်ကို တိုင်တောခြင်းဟု သတ်မှတ်သည်။ သူက တစ်စုံတစ်ယောက် တိုင်တောသည်ကို သိရှိလိုက်သည်နှင့် ထိုသူသည် ညှဉ်းပန်းခံရမည်။ နားဝေတိမ်တောင်နှင့် သူရဲဘောနည်းသော လူအချို့မှာ ထိုအန္တိခရစ်၏ ခြိမ်းခြောက်မှုများကြောင့်၊ သူ၏ ဗိုလ်ကျခြယ်လှယ်ပြီး ယုတ်မာသော နည်းလမ်းများကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြသည်။ အန္တိခရစ်က မည်သူသည် အထက်နှင့် အဆက်အသွယ်ရှိကြောင်း မေးသောအခါ သူတို့ကို မမေးမီတွင်ပင် “ကျွန်ုပ် မဟုတ်ပါ” ဟု အလျင်အမြန် ဖြေရှင်းကြသည်။ အန္တိခရစ်က “သို့ဆိုလျှင် ထိုကိစ္စနှင့်ပတ်သက်၍ အထက်က မည်သို့ သိရသနည်း” ဟု မေးသည်။ သူတို့က ဤအကြောင်းကို စဉ်းစားပြီး “ကျွန်ုပ်လည်း မသိပါ” ဟု ဆိုကြသည်။ အန္တိခရစ်က သူတို့ကို ညှဉ်းပန်းလိုက်သည်မှာ သူတို့သည် အမြဲတစေ ကြောက်ရွံ့လျက် အသက်ရှင်နေရသည်၊ ခြေမကိုင်မိ လက်မကိုင်မိ အမြဲဖြစ်ရသည်၊ ထိုအန္တိခရစ်က မိမိတို့အား အသင်းတော်မှနေ၍ နှင်ထုတ်ကောင်းနှင်ထုတ်မည်ကို စိုးရိမ်နေရသည်အထိပင် ဖြစ်၏။ ထိုသူတို့ စိုးရိမ်ပူပန်ပြီး ကြောက်ရွံ့နေသည်မှာ သူတို့အနေဖြင့် တစ်နေ့တာကို ဖြတ်သန်းဖို့ပင် ခက်ခဲရသည်အထိပင် ဖြစ်သည်။ အန္တိခရစ်က သူတို့ကို ဤသို့ ခြိမ်းခြောက်မထားခဲ့လျှင် သူတို့ ဤမျှ ကြောက်ရွံ့နေမည်လော။ ကြောက်ရွံ့မည်မဟုတ်ပေ။ ထို့အပြင် သူတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ မရှိကြပေ။ သူတို့သည် သူရဲဘောနည်းပြီး နားဝေတိမ်တောင် ဖြစ်သူများပင်တည်း။ ထိုအန္တိခရစ်ကို ကြုံတွေ့ရသောအခါ သူတို့ အမြီးကုပ်သွားကြသည်။ သူတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု မရှိသော်လည်း ထိုအန္တိခရစ်ကိုမူ ဆန္ဒအလျောက် အညံ့ခံကြပြီး သူ၏အမိန့်ကို လုပ်ဆောင်ဖို့ အသင့်ဖြစ်နေကြသည်။ ထိုသူတို့သည် သဘာဝအားဖြင့် စာတန်၏ အစေခံများ ဖြစ်ကြ၏။
လူတို့ကို ခြိမ်းခြောက်ဖို့အတွက် အန္တိခရစ်များ အသုံးပြုသည့် အခြားသော လုပ်ဆောင်ပုံအချို့မှာ အဘယ်နည်း။ အန္တိခရစ်အချို့သည် သင့်ကို ကန့်သတ်ရန်နှင့် ဘောင်ခတ်ရန်အတွက် မှန်ကန်ပြီး နှစ်သက်ဖွယ် အယူဝါဒအချို့ကို ပြောဆိုရာ၌ ကျွမ်းကျင်ကြသည်။ ၎င်းတို့က “သင်သည် သမ္မာတရားကို မချစ်သလော။ သင်သည် သမ္မာတရားကို ချစ်လျှင် ကျွန်ုပ်ကို နားထောင်ရမည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် ခေါင်းဆောင်ဖြစ်သည်။ ကျွန်ုပ်ပြောသမျှသည် သမ္မာတရားနှင့် လျော်ညီ၏။ ကျွန်ုပ်ပြောသမျှကို သင် နာခံရမည်။ ကျွန်ုပ်က အရှေ့အရပ်သို့ သွားလော့ဟုဆိုလျှင် သင်သည် အနောက်အရပ်သို့ မသွားရပေ။ ကျွန်ုပ် တစ်စုံတစ်ခုပြောသောအခါ သင်၌ နောက်ထပ်အခြားစိတ်ကူး မရှိရပေ။ သင်၌ မည်သည့် ထင်မြင်ချက်မျှ မရှိရ သို့မဟုတ် ကြောင်းကျိုးမမြင်ဘဲ မစွက်ဖက်ရပေ။ ကျွန်ုပ်ပြောသောအရာမှာ သမ္မာတရားဖြစ်၏” ဟု ဆိုကြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို နားမထောင်ပါက ၎င်းတို့သည် သင့်ကို မုန်းကောင်းမုန်းမည် သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း ရှိကောင်းရှိမည်။ မည်သည့် ပြစ်တင်ရှုတ်ချခြင်းမျိုး ဖြစ်သနည်း။ ၎င်းတို့က “သင်သည် သမ္မာတရားကို ချစ်နှစ်သက်သူတစ်ယောက် အမှန်တကယ် မဟုတ်။ အကယ်၍ သင်သည် သမ္မာတရားကို အမှန်တကယ် ချစ်နှစ်သက်ပါက ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျွန်ုပ်၏ စကားများမှာ တိကျမှန်ကန်သဖြင့် သင်သည် ယင်းတို့ကို အဘယ့်ကြောင့် နားမထောင်သနည်း” ဟု ပြောမည်ဖြစ်သည်။ အန္တိခရစ်များသည် သင့်ကို ထိန်းချုပ်ရန်နှင့် ကန့်သတ်ရန်အတွက် မှန်ကန်သည်ဟု ထင်ရသော သဘောတရားများနှင့် အယူဝါဒများကို အသုံးချ၏။ ထိုမျှမက အန္တိခရစ်အချို့က လူတို့ကို ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအား တာဝန်ယူစေကာ “ကျွန်ုပ်သည် ယခု ခေါင်းဆောင်တစ်ဦး ဖြစ်ကာ ကိုယ်ရေးကိုယ်တာ ကိစ္စအချို့အတွက် အချိန်မရှိချေ။ ထို့ပြင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ကာ ကျွန်ုပ်၏ အရေးကိစ္စများမှာ ဘုရားအိမ်တော်၏ ကိစ္စများဖြစ်၏။ ဘုရားအိမ်တော်၏ အရေးကိစ္စများမှာလည်း ကျွန်ုပ်၏ ကိစ္စဖြစ်၏။ ကျွန်ုပ်တို့သည် ယင်းတို့ကို အလွန်ရှင်းလင်းစွာ ခွဲခြား၍ မရတော့ပေ။ ထို့ကြောင့် သားသမီးများအား စောင့်ရှောက်ကြည့်ရှုခြင်း၊ စိုက်ပျိုးမွေးမြူရေး၊ ဟင်းသီးဟင်းရွက်များ ရောင်းချခြင်း၊ သို့မဟုတ် အိမ်ဆောက်လုပ်ခြင်း အစရှိသည့် အရာများနှင့် မိသားစု၌ ငွေကြေးအလုံအလောက် မရှိတော့ခြင်း ကဲ့သို့သော အရာများဖြစ်သည့် ကျွန်ုပ်၏ နေအိမ်ရှိ အရေးကိစ္စများ၌ ဝန်ထုပ်ဝန်ပိုးအချို့ကို သင်တို့ ဝိုင်းထမ်းပေးဖို့ လိုသည်။ ဤအရာများမှာ ကျွန်ုပ်၏တာဝန် ဖြစ်နေကျဖြစ်သော်လည်း ယခုတွင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ကာ ယင်းတို့သည် သင်တို့၏တာဝန် ဖြစ်လာပြီ။ သင်တို့သည် ထိုဝန်ထုပ်ဝန်ပိုးကို မျှဝေတာဝန်ယူရမည်။ သို့မဟုတ်ပါက ကျွန်ုပ်သည် နေအိမ်အရေးများနှင့် ပတ်သက်၍ အမြဲတစေ ပူပန်ရမည်၊ ဤအရေးကိစ္စများကြောင့် အာရုံထွေပြားနေမည်ဖြစ်၍ ကျွန်ုပ်သည် ထိရောက်သော ခေါင်းဆောင်တစ်ဦး ဖြစ်နေနိုင်ဦးမည်လော” ဟု ဆိုလေ၏။ ၎င်းတို့က ပို၍ပြောလေ အရှက်ကင်းမဲ့လာလေ ဖြစ်လာကြသည်။ လူအချို့က ဤအရာကို ကြားပြီး “သင်၏ စိတ်နှလုံးကို ကျွန်ုပ်တို့ ထောက်ထားရကောင်းမှန်း မသိခဲ့ကြပေ။ ကျွန်ုပ်တို့သည် အမှန်ပင် အကြင်နာမဲ့ခဲ့ကြ၏။ သင်သည် မည်သည့်အရာမျှ ပြောစရာမလို။ ယခုမှစ၍ သင့်နေအိမ်၏ ဝေယျာဝစ္စများကို ငါတို့ တာဝန်ယူမည်” ဟု စဉ်းစားလေသည်။ ဤအန္တိခရစ်များက နေအိမ်ရှိ ၎င်းတို့၏ ကိုယ်ပိုင် အရေးကိစ္စများနှင့် ၎င်းတို့၏ နေ့စဉ်ဘဝ၏ အရေးကိစ္စများအပေါ် မည်သို့များ ကြားကောင်းအောင် အမည်ခံလိုက်သနည်း။ ယင်းတို့ကို “လူတို့၏တာဝန်” ဖြစ်သည်ဟု ၎င်းတို့ ခေါ်၏။ ဆိုလိုသည်မှာ ထိုအန္တိခရစ်များက လူတို့အနေဖြင့် ၎င်းတို့၏မိသားစုအတွက် အလုပ်လုပ်ပေးခြင်း၊ ၎င်းတို့အိမ်ထောင်စုရှိ ကလေးလူကြီးများကို အလုပ်အကျွေးပြုခြင်းနှင့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ဘဝအရေးများကို ကိုင်တွယ်ဖြေရှင်းခြင်းဟူသည်တို့ကို ယူပြီး ဤအရာများကို ဘုရားအိမ်တော်၏ အရေးကိစ္စများအဖြစ် ပြောင်းလေသည်။ ယခုတွင် ယင်းတို့သည် ဘုရားအိမ်တော်၏ အရေးကိစ္စများ ဖြစ်သည့်အတွက် လူတိုင်းက မိမိတာဝန်ကိုယ်စီ ယူသင့်သည့်အပြင် ခေါင်းဆောင်က သင့်ကို တစ်စုံတစ်ခု လုပ်စေလိုလျှင် ယင်းမှာ သင်၏တာဝန် ဖြစ်လာသည်။ ဤသည်ကို မှန်ကန်သည်ဟု ထင်ရသည်မဟုတ်လော။ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသော လူတို့က ယင်းကို မှန်ကန်သည်ဟု ထင်ကောင်းထင်မည်။ ခေါင်းဆောင်သည် မိမိအိမ်တွင်း အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုနိုင်လောက်အောင် အလုပ်ရှုပ်လွန်းသည့်အပြင် သူတို့ကိုယ်တိုင်၌ အစွမ်းအစညံ့ဖျင်းပြီး မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်နိုင်သည့်အတွက် ခေါင်းဆောင်ကို မိသားစု၏ ဝေယျာဝစ္စ အနည်းငယ်ကိုသာ ကူညီ၍ ဆောင်ရွက်ပေးနိုင်သည်ဟု ထိုသူတို့က ထင်မြင်ကြသည်။ ထို့ကြောင့် သူတို့ အလုပ်မရှုပ်သောအခါတိုင်း ခေါင်းဆောင်၏အိမ်၌ အလုပ်လုပ်ကာ ဟိုဟိုဒီဒီအလုပ်အမျိုးမျိုး၌ အကူအညီပေးကြသည်။ ဤသည်ကို သူတို့၏တာဝန်အား ထမ်းဆောင်နေသည်ဟု သတ်မှတ်၍ရသလော။ ဤသည်ကို လူတို့အား စိတ်အားထက်သန်စွာ ကူညီနေသည်ဟုသာ ပြောနိုင်သည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးခံနေသော၊ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သော လူတို့အတွက် သူတို့၏မိသားစုများ အခက်အခဲကြုံတွေ့ရသောအခါ အသင်းတော်က ထိုသူတို့ကို အကူအညီပေးဖို့နှင့် ထိုသူတို့၏ မိသားစုအရေးကိစ္စများကို တာဝန်ယူဆောင်ရွက်ပေးရန် လူတို့ကို စီမံပေးသည်။ ထိုသို့သော အခြေအနေများတွင် ဤသည်ကို တာဝန်ထမ်းဆောင်ခြင်းဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရသည်။ ယခု နားလည်သဘောပေါက်သွားပြီလော။ အသင်းတော်ထဲရှိ လူတို့ကို အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းဖြင့် အလုပ်ရှုပ်နေသော ထိုအန္တိခရစ်က မိမိ၏ အိမ်ထောင်စု ဝေယျာဝစ္စများကို ညီအစ်ကို မောင်နှမများအတွက် စီစဉ်ပေးကာ ဤသည်မှာ သူတို့၏ တာဝန်ကို ထမ်းဆောင်နေခြင်းလည်း ဖြစ်သည်ဟု အခိုင်အမာဆိုလေ၏။ ညီအစ်ကို မောင်နှမအချို့သည် သမ္မာတရားနားလည်မှု ကင်းမဲ့သောကြောင့် အထင်အမြင်မှားအောင် လုပ်ခြင်းခံရပြီး ဤအလုပ်တာဝန်များကို လိုလိုလားလား ဆောင်ရွက်လျက် ထိုသို့လုပ်ရသည်ကို ပျော်နေကြသည်။ နောက်ဆုံးတွင် သူတို့အပေါ်တွင် ခေါင်းဆောင်က ကျေးဇူးရှိသည်ဟုပင် သူတို့ ခံစားရကာ “ခေါင်းဆောင်သည် သူ၏ စိတ်နှလုံးကို ကွဲကြေခံပြီး မိမိတို့အတွက် သူ၏နှုတ်ခမ်းကို ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ ငါတို့သည် အလွန်ပင် မထိုက်တန်ပါချေ။ ငါတို့သည် အလုပ်မြောက်မြားစွာ လုပ်ဆောင်ခဲ့ပြီဖြစ်သည့်တိုင် မည်သည့်သမ္မာတရားကိုမျှ ငါတို့ နားမလည်သေးသည်မှာ အဘယ်သို့နည်း” ဟု စဉ်းစားကြသည်။ အကယ်၍ သင်သည် ခေါင်းဆောင်အတွက် တစ်နေကုန် အလုပ်လုပ်ပေးခြင်းဖြင့် မအားမလပ် ဖြစ်နေပြီး စုဝေးပွဲများ တက်ရောက်ခြင်း သို့မဟုတ် တရားဒေသနာများအား နားထောင်ခြင်းကို လျစ်လျူရှုပါက သင်သည် သမ္မာတရားကို နားလည်သဘောပေါက်နိုင်မည်လော။ လုံးဝ မဖြစ်နိုင်ပေ။ ဤသည်မှာ သေလောက်အောင် မျက်နှာလိုမျက်နှာရ လုပ်နေခြင်းပင်။ ဤသည်မှာ ထိုအန္တိခရစ်နောက် ပြေးလိုက်နေခြင်းနှင့် ကောက်ကွေ့သော လမ်းကြောင်းအမှားပေါ်တွင် လျှောက်နေခြင်းဖြစ်သည်။ အန္တိခရစ်သည် မှန်ကန်သည်ဟု ထင်ရသော ပြောဆိုချက်များကို မကြာခဏ အသုံးပြုကာ ယင်းတို့ကို မှန်ကန်သော စကားအဖြစ် ထုပ်ပိုးပြုပြင်လျက် ဤစကားများသည် အမှန်စင်စစ် သမ္မာတရား၊ သူတို့ လိုက်နာကျင့်သုံးသင့်သော အရာတစ်ခုဖြစ်သည့်အပြင် ဤစကားများကို သူတို့ လက်သင့်ခံသင့်သည်ဟု လူတို့ကို တလွဲယုံကြည်စေသည်။ ထိုနည်းဖြင့် လူတို့အနေဖြင့် ထိုခေါင်းဆောင်လုပ်နေသည့် အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူတို့ လိုက်လျှောက်နေသည့် အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ပိုင်းခြားသိမြင်ဖို့ မလိုတော့ပေ။ ဤသည်မှာ မှန်ကန်သည်မဟုတ်လော။ ဤသည်ကို အထင်အမြင်မှားစေခြင်းဟု ခေါ်ပြီး ယင်းမှာ လူတို့ကို ခြိမ်းခြောက်ခြင်းလည်း ဖြစ်သည်။ အန္တိခရစ်သည် ဤလူတို့ကို ထိန်းချုပ်ဖို့အတွက် မှန်ကန်သည်ဟု ထင်ရသော သဘောတရားများနှင့် ပြောဆိုချက်များကို အသုံးချလေသည်။ ၎င်းတို့က သူတို့ကို မည်သည့် အတိုင်းအတာအထိ ထိန်းချုပ်ကြသနည်း။ ဤလူတို့သည် ၎င်းတို့အတွက် မိမိတို့ကိုယ်ကို လိုလိုလားလား အားသွန်ခွန်စိုက်လုပ်သည်။ ၎င်းတို့အတွက် အရိုးကြေကြေ အရေခန်းခန်း အလုပ်လုပ်ကြသည်။ ပြီးလျှင် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စအားလုံးကို တာဝန်ယူကြသည်။ သူတို့သည် စုဝေးပွဲများသာ အပျက်ခံလိုက်မည်၊ မိမိတို့၏ တာဝန်များကို လျစ်လျူရှုလိုက်မည်၊ မိမိတို့၏ အလုပ်တာဝန်များကို ချန်ရစ်လိုက်မည်၊ ထို့ပြင် ထိုအန္တိခရစ်အတွက် အချိန်ပြည့် အစေခံမှုပေးပြီး အရိုးကြေကြေ အရေခန်းခန်း အလုပ်လုပ်ဖို့ရန်အတွက်သာ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းအတွက်၊ စုဝေးပွဲနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်းအတွက် မိမိတို့၏ ကိုယ်ပိုင်အချိန်ကို စတေးလိုက်မည် ဖြစ်သည်။ သူတို့သည် အဘယ့်ကြောင့် ဤသို့ အရိုးကြေကြေ အရေခန်းခန်း အလုပ်လုပ်နိုင်ကြသနည်း။ ဤအတွက် အကြောင်းရင်းရှိ၏။ မည်သည့် အကြောင်းရင်းနည်း။ ယင်းမှာ ထိုအန္တိခရစ်က သူတို့အား “အကယ်၍ သင်သည် ဤအရေးကိစ္စများကိုပင် ကောင်းမွန်စွာ မကိုင်တွယ်နိုင်ပါက မည်သည့်တာဝန်ကို သင် ထမ်းဆောင်နိုင်မည်နည်း။ သင်သည် မိမိ၏ တာဝန်ကို မထမ်းဆောင်နိုင်ပါက သင်သည် ဘုရားအိမ်တော်ဝင်တစ်ဦး ဟုတ်သေးသလော။ ထိုသို့ဖြစ်ပါက သင့်ကို ကျွန်ုပ် မဦးဆောင်ပေ။ အကယ်၍ သင့်ကို ကျွန်ုပ် မဦးဆောင်တော့လျှင် သင်သည် ဘုရားအိမ်တော်၌ စာရင်းဝင်မည် မဟုတ်ပေ။ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံထားရသည့်အတွက် ကျွန်ုပ်သည် ဤအသင်းတော်၏ တံခါးဝဖြစ်သည်။ အသင်းတော်သို့ ဝင်ရောက်လိုသည့် မည်သူမဆို ကျွန်ုပ်၏ အတည်ပြုချက်ကို ရရှိရမည်။ ကျွန်ုပ်၏ သဘောတူညီချက် မပါဘဲ မည်သူမျှ မဝင်ရောက်နိုင်ပေ။ အသင်းတော်သည် တစ်စုံတစ်ယောက်ကို ဖယ်ထုတ်ပစ်တော့မည် ဆိုလျှင်ပင် သူ ထွက်မသွားမီ ကျွန်ုပ်၏ အတည်ပြုချက်ကို ရရှိရမည်။ ထို့ကြောင့် သင်တို့အား ကျွန်ုပ် စီစဉ်ပေးသည့် အလုပ်နှင့် သင်တို့အား ကျွန်ုပ် အပ်နှံသည့် လုပ်ငန်းဆောင်တာများသည် သင်တို့၏တာဝန် ဖြစ်ပေသည်။ သင်တို့သည် ဤတာဝန်ကို မထမ်းဆောင်လျှင် တာဝန်တစ်ခုကို မထမ်းဆောင်သော သူများသည် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ရှိမည်မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့သည် ဘုရားအိမ်တော်၌ စာရင်းဝင်မည်မဟုတ်ဟု ဘုရားနှုတ်ကပတ်တော်များတွင် ပြောထားသည်” ဟု ရည်ရွယ်ချက်ရှိရှိ ပြောပြသောကြောင့် ဖြစ်၏။ ဤသည်မှာ ခြိမ်းခြောက်မှုမဟုတ်လော။ (ဟုတ်ပါသည်။) လူတို့ကို ခြိမ်းခြောက်ဖို့အတွက် မည်သည့်နည်းစနစ်ကို အသုံးပြုသနည်း။ (မှန်ကန်သော စကားများကို ဖြစ်သည်။) ယင်းမှာ မှန်ကန်သော စကားများ၊ သမ္မာတရားနှင့် လျော်ညီသည်ဟု ထင်ရသည့် စကားများကို အသုံးပြုလျက် လူတို့ကို ခြိမ်းခြောက်ခြင်းပင်။ ဤသည်မှာ ကျွဲတစ်ဖက် နွားတစ်ဖက် ရောထားခြင်း ဖြစ်၏။ ထိုအန္တိခရစ်က မိမိ၏ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်ပန်းတိုင်များကို စွမ်းဆောင်ရရှိဖို့အတွက် တာဝန်ထမ်းဆောင်ခြင်းကို အကြောင်းပြချက်အဖြစ် အသုံးချသည်။ သို့သော် သူ့အတွက် အမှုအရာများ လုပ်ဆောင်ခြင်းသည် တာဝန်ထမ်းဆောင်ခြင်း တကယ်ဟုတ်သလော။ ယင်းသည် လူတို့ လုပ်ဆောင်သင့်သည့် တာဝန်တစ်ခု ဖြစ်သည်ဟု ထင်ရစေဖို့ မလိမ့်တပတ် လုပ်ပြီးနောက် ညီအစ်ကို မောင်နှမများအနေဖြင့် သူ့အတွက် အရိုးကြေကြေ အရေခန်းခန်း အလုပ်လုပ်ဖို့ တောင်းဆိုရန်အတွက် တာဝန်ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းနှင့် စံနှုန်းများကို အသုံးချခြင်းဖြစ်သည်။ အကယ်၍ သူတို့သည် သူ့အတွက် အရိုးကြေကြေ အရေခန်းခန်း အလုပ်မလုပ်ပါက ကယ်တင်ခြင်းရဖို့ အခွင့်အရေးရှိမည် မဟုတ်ဘဲ အသင်းတော်ထဲမှ ဖယ်ထုတ်ပစ်ခြင်းနှင့် ဘုရားသခင်၏ အိမ်တော်မှ အဆက်အသွယ်ဖြတ်ခြင်း ခံရမည်ဟုပင် သူက ခြိမ်းခြောက်၏။ စဉ်းစားဉာဏ်မဲ့သော၊ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသော ဤလူတို့က အကျိုးဆက်၏ ပြင်းထန်မှုကို ကြားရသောအခါ ထိုခေါင်းဆောင်၏ အိမ်ထောင်စု ဝေယျာဝစ္စများနှင့် နေ့စဉ်အရေးကိစ္စများအားလုံးကို အလျင်အမြန် တာဝန်ယူကြကာ ပြီးစီးသောအခါ စိတ်သက်သာရာရကြသည်။ သူတို့သည် မိမိတို့ကိုယ်ကို ကျေနပ်လျက် “ယခုတွင် ငါသည် မိမိ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးပြီ။ ငါသည် လုံးဝ အပျင်းမထူဘဲ ခေါင်းဆောင်၏ စိတ်ဆန္ဒကို အလေးထားလျက်ရှိသည်။ ငါလုပ်ဆောင်ဖို့ ခေါင်းဆောင်က ညွှန်ကြားသမျှတိုင်းကို လုပ်ဆောင်ပြီးပြီဖြစ်ကာ ခေါင်းဆောင်၏ အိမ်ထောင်စု ဝေယျာဝစ္စများအာလုံးကို တာဝန်ယူပြီးပြီ ဖြစ်သည်။ ဤသည်မှာ ဘုရားကို အလေးထားခြင်းကို ဆိုလိုသည်။ ခေါင်းဆောင်ကျေနပ်ကာ ဘုရားလည်း ကျေနပ်သည်။ ယခု ငါ၌ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်ရှိပြီ” ဟုပင် စဉ်းစားလေသည်။ ဤသည်ကို မျှော်လင့်ချက်ဟု ခေါ်သလော။ သူတို့သည် ထိုအန္တိခရစ်၏ ကျေးကျွန်များ ဖြစ်လာကြပြီ မဟုတ်လော။ သူတို့သည် ထိုအန္တိခရစ်၏ လမ်းလွဲအောင် ဦးဆောင်ခြင်းကို ခံရပြီမဟုတ်လော။ ထိုအန္တိခရစ်က ဤနေရာတွင် မည်သည့်အခန်းကဏ္ဍ၌ ပါဝင်နေသနည်း။ သူသည် အဓမ္မခေါ်ဆောင်သူ ပြုမူဆောင်ရွက်နေသည် မဟုတ်လော။ သူ၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိပြီး ကောက်ကျစ်ဆိုးယုတ်ခြင်းသည် လိမ်လည်လှည့်ဖြားခြင်းထက် များစွာ ပို၍ဆိုးသည်မှာ အမှန်ပင်။ ထို့အတွက်ကြောင့် သူသည် လူတို့ကို ကန့်သတ်ဖို့၊ သူ၏ ကွယ်ဝှက်ထားသော ရည်မှန်းချက်ကို ဖြစ်မြောက်အောင်မြင်ဖို့၊ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့နှင့် သူတို့၏ အပြုအမူနှင့် အတွေးအခေါ်များကို ထိန်းချုပ်ဖို့အတွက် မည်သည့်အရာ ပြောရမည်နှင့် မည်သည့်အယူအဆ သဘောတရားများကို အသုံးပြုရမည်ကို အပြည့်အဝ သိလေသည်။ သူသည် ဤအရာအားလုံးကို ကောင်းကောင်း နားလည်သဘောပေါက်သည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးက သူပြောဆိုလုပ်ဆောင်သည့် အရာရာမှနေ၍ စွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက်ပန်းတိုင်များကို စေ့စပ်သေချာစွာ ချင့်ချိန်ပြီး ကြာမြင့်စွာ ကြိုတင်ကြံရွယ်ထားလေသည်။ ဤသည်မှာ သတိမမူမိသည့် အရာတစ်ခုကို ပြောဆိုခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း၊ ထို့နောက် မျှော်လင့်မထားသော ရလဒ်ကို စွမ်းဆောင်ရရှိခြင်းဟူသည့် ကိစ္စမဟုတ်သည်မှာ အသေအချာပင်။ ယင်းမှာ ဤကဲ့သို့ လုံးဝ မဟုတ်ပေ။ ထို့ကြောင့် အန္တိခရစ်တစ်ဦးအတွက် လိုလိုလားလား အစေခံမှုပေးပြီး အရိုးကြေကြေ အရေခန်းခန်း အလုပ်လုပ်သောသူတို့သည် သူ၏ စကားများဖြင့် အထင်အမြင်မှားအောင် လုပ်ခြင်းခံရသည့်အပြင်၊ ထိုအန္တိခရစ်၏ လေလုံးတစ်မျိုးဖြင့် ခြိမ်းခြောက်ခြင်းနှင့် အကျပ်ကိုင်ခြင်းကို ခံကြရခြင်းဖြစ်သည်။ သူတို့သည် ထိုအန္တိခရစ်အတွက် ထိုအရာများကို လိုလိုလားလား လုပ်ကောင်း လုပ်ကြမည် ဖြစ်သော်လည်း ဤ “လိုလိုလားလားဖြစ်ခြင်း” တွင် ပြဿနာတစ်ခု ရှိသည်မဟုတ်လော။ ယင်းကို စကားဦး၊ စကားပိတ် သင်္ကေတများအတွင်း၌ ထားသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စစ်မှန်သော တာဝန်ထမ်းဆောင်မှု လုံးဝ မဟုတ်ဘဲ လူတို့ကို အထင်အမြင်မှားစေသည့် အယူအဆသဘောထားတစ်ခုခု၊ မှန်ကန်ပြီး ကြားကောင်းသော ပြောဆိုချက်တစ်ခုခု သို့မဟုတ် လေလုံးတစ်ခုခုဖြင့် အထင်အမြင်မှားအောင် လုပ်ခြင်းခံရခြင်းက ဖြစ်ပေါ်စေသည့် အကျိုးဆက်တစ်ခုသာ ဖြစ်၏။ သူတို့သည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်ရနိုင်မည်ကိုလည်းကောင်း၊ နှင်ထုတ်ခံရမည်ကိုလည်းကောင်း၊ ကယ်တင်ခြင်း မခံရမည်ကိုလည်းကောင်း စိုးရိမ်သောကြောင့် ထိုအန္တိခရစ်မှ သူတို့အား သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များကို လိုလိုလားလား လက်ခံကာ သူတို့သည် ဘုရားသခင်အတွက် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေသည်ဟုပင် ထင်မှတ်နေကြသည်။ သူတို့ နားဝေတိမ်တောင် ဖြစ်လိုက်လေခြင်း။
အန္တိခရစ်များ၏ ခြိမ်းခြောက်မှုများက လူတို့အား ၎င်းတို့၏ သရုပ်အမှန်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့်ပေးသည်။ သင်တို့သည် ထိုသို့သော ခြိမ်းခြောက်မှုများကို ပြုလုပ်သလော။ ခြိမ်းခြောက်မှုများနှင့် သတိပေးချက်များ သို့မဟုတ် အကြံပြုချက်တို့တွင် ကွဲပြားမှုရှိသလော။ (ရှိပါသည်။) ဤသည်ကို သင်တို့ ပိုင်းခြားသိမြင်နိုင်ခြင်း ရှိသလော၊ မရှိသလော။ ခြားနားချက်က အဘယ်မှာနည်း။ ဤခြားနားချက်ကို ရှာကြည့်လော့။ သို့ဆိုလျှင် သင်တို့သည် နားလည်ပြီး ပိုင်းခြားသိမြင်နိုင်မည် ဖြစ်သည်။ (ရည်ရွယ်ချက်များက ကွဲပြားသည်။) ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များက အသေအချာပင် ကွဲပြား၏။ သို့ဆိုလျှင် အတိအကျ မည်သည့်နေရာ၌ ကွဲပြားသနည်း။ ခြိမ်းခြောက်မှုဟူသည် အဘယ်နည်း။ ခြိမ်းခြောက်မှုတွင် ကောင်းမွန်ပြီး မှန်ကန်သည်ဟု ထင်ကောင်းထင်ရသော စကားများပါဝင်ပြီး လူတို့က ယင်းတို့ကို ကြားရသောအခါ အလွန်အမင်း စိတ်မချမ်းမသာ မဖြစ်ကြသော်လည်း ယင်းတို့၏ ရည်ရွယ်ချက်မှာ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ဖြစ်၏။ တစ်ဖက်တွင် အကြံပြုချက်နှင့် သတိပေးချက်များ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့ကို အကူအညီပေးဖို့၊ သူတို့ကို အမှားလုပ်မိခြင်း၊ လမ်းကြောင်းမှ လွဲသွားခြင်း သို့မဟုတ် ကွေ့ပတ်သွားခြင်း၊ အထင်အမြင်မှားအောင် အလုပ်ခံရခြင်းမှ တားဆီးဖို့နှင့် ဆုံးရှုံးမှုများကို ကူညီ၍ လျှော့ချဖို့ရန် သို့မဟုတ် တားဆီးဖို့ရန် ဖြစ်သည်။ ရည်ရွယ်ချက်မှာ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ် မဟုတ်ဘဲ အခြားသူများကို အထောက်အကူပေးဖို့ သက်သက်ဖြစ်၏။ ယင်းမှာ ထိုခြားနားချက် ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာနှင့် ပတ်သက်၍ ပိုင်းခြားသိမြင်ဖို့ သင်ယူရန် လိုသည်။ လူတို့အား ခြိမ်းခြောက်သော အန္တိခရစ်များ၏ သရုပ်သကန်နှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကြောင့် သင်တို့သည် အခြားသူများနှင့် စကားပြောနေစဉ် လိုအပ်သည့်အခါ သတိပေးချက်များ မပြောရဲဖို့ မဆိုလိုပေ။ သတိပေးချက် လိုအပ်သောအခါ ပေးလိုက်သင့်သည်။ သတိပေးချက်များနှင့် အကြံပြုချက်မှာ ခြိမ်းခြောက်မှုများနှင့် မတူချေ။ သတိပေးချက်များမှာ လူတို့အနေဖြင့် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ဖို့အတွက် သူတို့အား ကူညီရန် အမှန်တကယ် ရည်ရွယ်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို အထိခိုက်မခံရဖို့ သေချာစေခြင်း ဖြစ်သည်။ ယင်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ တရားနည်းလမ်းကျ၏။ တစ်ဖက်တွင် ခြိမ်းခြောက်မှုတွင် တရားနည်းလမ်းမကျသော၊ ကွယ်ဝှက်ထားသော ရည်မှန်းချက် ရှိ၏။ ယင်း၌ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်နှင့် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒ ပါဝင်၏။ ဥပမာ ထိုအန္တိခရစ်သည် အခြားသူများအား သူ့အိမ်ထောင်စု၏ ဝေယျာဝစ္စများကို လုပ်ဆောင်စေသောအခါ သူ၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒမှာ အဘယ်နည်း။ သူသည် အဆင့်အတန်း၏ အကျိုးခံစားမှုများကို ခံစားလိုပြီး သူက မည်သည့်အရာမျှ မလုပ်ဘဲနေစဉ် အခြားသူများအား ညစ်ပတ်ပြီး ပင်ပန်းနွမ်းနယ်သော အလုပ်ကို လုပ်စေခြင်းသာ ဖြစ်၏။ ထို့နောက် တစ်စုံတစ်ယောက်က သူ့ကို တစ်နေ့ အစာသုံးနပ်ပင် ပြင်ဆင်ပေးဖို့ လိုသည်။ သူသည် ယခု ရာထူးနေရာတစ်ခုကို ရရှိထားသဖြင့် သူ၏ ပျော်ရွှင်ခံစားမှုက စတင်ပြီဟု ထင်မြင်ကြသည်။ သို့သော်လည်း လူတို့အား မိမိအတွက် အလုပ်ကို လုပ်စေဖို့ တိုက်ရိုက်ပြောခြင်းက တရားနည်းလမ်း မကျသဖြင့် အန္တိခရစ်က အကြောင်းပြချက်မျိုးစုံကို ဖန်တီးကာ “ယခု ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သဖြင့် ကျွန်ုပ်သည် တာဝန်များဖြင့် အလွန် အလုပ်ရှုပ်သည်။ အကယ်၍ သင်တို့တွင် ဝန်တာစိတ်နှင့် လူ့သဘာဝရှိလျှင် ပူးပေါင်းဆောင်ရွက်ဖို့ သင်ယူသင့်သည်။ သင်တို့ မည်သည့်အရာ လုပ်နိုင်သနည်း။ သင်တို့လုပ်နိုင်သမျှမှာ အားသွန်ခွန်စိုက်လုပ်ခြင်း မဟုတ်လော။ ကျွန်ုပ်၏ အိမ်ရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းတွင် အလုပ်လုပ်မည့်သူ တစ်ဦးမျှ မရှိသည့်အပြင် သင်တို့သည် အကူအညီ မပေးကြပေ။ အကယ်၍ သင်တို့ ကူညီပါက သင်တို့၌ ကြင်နာတတ်သော စိတ်နှလုံးရှိကြောင်းနှင့် သင်တို့သည် ကျွန်ုပ်အား ထိုအလုပ်ကို ကူညီခြင်းဖြင့် မိမိတို့၏တာဝန်ကို အမှန်တကယ် ထမ်းဆောင်နေကြခြင်း ဖြစ်ကြောင်း သက်သေပြသည်။ ကျွန်ုပ်သည် သင်တို့၏ ခေါင်းဆောင်ဖြစ်၏။ ကျွန်ုပ်၏ အရေးကိစ္စများမှာ သင်တို့၏ အရေးကိစ္စလည်း မဟုတ်လော။ သင်တို့ လုပ်ဆောင်သင့်သည့် အရာများမှာ သင်တို့၏ အရေးကိစ္စများဖြစ်ပြီး သင်တို့ လုပ်ဆောင်သင့်သည့် အရာများမှာ သင်တို့၏ တာဝန်ပင်မဟုတ်လော” ဟု ဆိုလေသည်။ သူသည် သင့်အပေါ် ထိုမျှကြီးလေးသော တာဝန်ကို ထားရှိပြီး ထိုခေါင်းဆောင် ပြောသည့်အရာက ယုတ္တိတန်သည်ဟု သင် စဉ်းစားမိသောအခါ သူ့အတွက် သွား၍ အလုပ်လုပ်လေ၏။ ဤသည်မှာ နှပ်ချခံရခြင်း မဟုတ်လော။ အန္တိခရစ်တစ်ဦးသည် သူ၏ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်များ ရှိကာ ထိုရည်မှန်းချက်ပန်းတိုင်များကို မရရှိမီတွင် အကြောင်းပြချက် သတ်မှတ်ဖို့အတွက် သင့်လျော်သော ဆင်ခြေများနှင့် သဘောတရားများကို ရှာဖို့လို၏။ ထိုအခါ ဤသဘောတရားများကို လက်ခံသောသူတို့က သူ့အတွက် သွား၍ အလုပ်လုပ်ကြကာ သူက သူ၏ ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိပြီးနောက် အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနိုင်ကြသည်။ ဤသည်မှာ အသင်းတော်ကို ကပ်စားနေသောသူတစ်ဦး မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အမှန်တကယ် ပကတိအခြေအနေဖြစ်၏။ သူသည် အပျင်းထူပြီး အလုပ်လုပ်လိုစိတ် မရှိဘဲ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာ ရှိခြင်းနှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို ငမ်းငမ်းတက်လိုချင်သည်။ သူသည် ပရိယာယ်သုံး၍ အာဏာကစားကြပြီး သင့်တော်သော စကားများကို ရှာမတွေ့သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူနားလည်သော အယူဝါဒထဲမှ ယုတ္တိတန်ပြီး ပို၍ အလွယ်တကူ လက်ခံထားသော စကားအသုံးအနှုန်းများကို ကောက်နုတ်ပြောပြသည်။ သူသည် သမ္မာတရားကို နားမလည်သောသူများနှင့် စဉ်းစားဉာဏ်မဲ့သောသူများကို အထင်အမြင်မှာစေပြီး ကန့်သတ်ရန် ဤစကားများကို အသုံးချခြင်းဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် သူသည် မိမိ၏ ကွယ်ဝှက်ထားသော ရည်မှန်းချက်များကို ပြီးမြောက်ကာ လူတို့အား မိမိ၏ ကြိုးကိုင်ညွှန်ကြားခြင်းကို လိုလိုလားလား လက်ခံအောင် လုပ်ကြသည်။ အကယ်၍ ထိုခေါင်းဆောင်၏ စကားများကို အရေးမစိုက်လျှင် သို့မဟုတ် သူတို့၏ ခေါင်းဆောင်သတ်မှတ်ပေးသော အလုပ်တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့ ပျက်ကွက်လျှင် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့သေးဟုပင် လူအချို့က ထင်ကြသည်။ သူတို့သည် ဘုရားကို အကြွေးတင်သည်ဟု ခံစားကြပြီး မျက်ရည်များပင် ကျလေသည်။ ဤသည်မှာ အကြီးအကျယ် နားဝေတိမ်တောင်ဖြစ်ခြင်း အဆင့်ပင် မဟုတ်လော။ သူတို့သည် အလွန်ပင် နားဝေတိမ်တောင် ဖြစ်သည့်အတွက် စက်ဆုပ်စရာကောင်း၏။
အန္တိခရစ်များသည် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ရရှိဖို့ရန် ခြိမ်းခြောက်မှုများကို အသုံးပြုလျက် မကြာခဏ စကားပြောကြသော်လည်း ၎င်းတို့၏ ခြိမ်းခြောက်မှုများသည် တစ်ခါတစ်ရံတွင် မှန်ကန်သော စကားများနှင့် ညင်သာသော ဟန်ပန်ပုံစံဖြင့် လာကာ မြွေတစ်ကောင်က သင့်ကို တဖြည်းဖြည်းချင်း ရစ်ပတ်နေသည်နှင့် တူ၏။ သင့်ကို ရစ်ပတ်ပြီးသည်နှင့် သူသည် သင်၏အသက်ကို တောင်းဆိုဖို့ အဆင်သင့်ဖြစ်ပြီ။ အခြားအချိန်များတွင် ၎င်းတို့၏ ခြိမ်းခြောက်မှုများမှာ မညင်သာဘဲ ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်ကာ ဝံပုလွေတစ်ကောင် သိုးကို တွေ့ပြီး သူ၏ ရက်စက်ကြမ်းကြုတ်သော အသွင်သဏ္ဌာန်ကို ထုတ်ဖော်သည်နှင့် တူ၏။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ “အကယ်၍ သင် ကျွန်ုပ်ကို နားမထောင်လျှင် သင်သည် သင်၌ ဖြစ်လာမည့်အရာကို ရရှိမည် ဖြစ်ပြီး အကျိုးဆက်များ ဖြစ်ပေါ်လာလျှင် ကိုယ်တိုင် တာဝန်ခံရမည်” ဟု လူတို့အား ပြောပြရန်ဖြစ်၏။ အန္တိခရစ်များ မိမိတို့၏ ခြိမ်းခြောက်မှုများတွင် အသုံးချလေ့ရှိသည့် ပုံစံကျသော အပေးအယူလုပ်စရာများမှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် လူတို့၏ပန်းတိုင်၊ သူတို့၏တာဝန်၊ သူတို့၏ ရာထူးနေရာနှင့် အသင်းတော်ထဲ၌ ထွက်သွားခြင်း သို့မဟုတ် ဆက်နေခြင်းတို့ကိုပင် ပစ်မှတ်ထားသည်။ အန္တိခရစ်များက လူပုဂ္ဂိုလ်များကို ခြိမ်းခြောက်ဖို့အတွက် ဤနည်းလမ်းများနှင့် အခြားနည်းလမ်းများကို အသုံးချသည်မှာ အမှန်ဖြစ်၏။ သို့သော်လည်း ၎င်းတို့၏ မဟာဗျူဟာများမှာ များသောအားဖြင့် ဤအမျိုးအစားနှစ်ခုထဲ၌ ပါဝင်၏။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် နှစ်လိုဖွယ်ကောင်းသော စကားများဖြင့် ချော့မော့ကာ အခြားအချိန်များတွင် သင့်ကို အတင်းအကျပ်နှင့် မလိုမုန်းထားစွာ ရန်မူမည်ဖြစ်သည်။ အန္တိခရစ်တို့၏ ခြိမ်းခြောက်မှုများ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ပထမဦးဆုံးအနေဖြင့် ၎င်းတို့သည် လူတို့အား မိမိတို့ကို နားထောင်စေလိုသည်။ ၎င်းတို့သည် အခြားလူတို့ထံမှ အကျိုးကျေးဇူးများကို ခံစားရဖို့၊ အဆင့်အတန်း၏ အကျိုးအမြတ်ကို ခံစားရဖို့၊ ပြီးလျှင် ယင်းနှင့်တစ်ပါတည်းလာသည့် အမျိုးမျိုးသော အကျိုးခံစားခွင့်များနှင့် သာယာမှုများကို မွေ့လျော်ဖို့အတွက် ရည်ရွယ်၏။ ဒုတိယအနေဖြင့် ၎င်းတို့သည် မိမိတို့အရေးကိစ္စများ၏ အခြေအနေအမှန်ကို ထုတ်ဖော်ဖို့ သို့မဟုတ် မိမိတို့၏ ရာထူးနေရာကို စိန်ခေါ်ဖို့ မည်သူ့ကိုမျှ အလိုမရှိပေ။ မိမိတို့၏ ရာထူးနေရာကို ခြိမ်းခြောက်သည့် အရာတစ်ခုခုကို လူတို့ ပြုလုပ်ခြင်းကို ၎င်းတို့ သည်းခံမည်မဟုတ်ပေ။ ဥပမာ အချို့သောလူတို့က ၎င်းတို့၏ အခြေအနေကို အထက်ပိုင်းသို့ တိုင်တန်းလိုပါက သို့မဟုတ် လူအချို့က ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ၎င်းတို့အား ပစ်ပယ်ပြီး ရာထူးမှ ဖယ်ရှားဖို့ရန် ညီအစ်ကို မောင်နှမများနှင့် ပေါင်းစည်းလိုပါက အန္တိခရစ်များသည် ခြိမ်းခြောက်သော နည်းလမ်းများကို ကျင့်သုံးရတော့မည် ဖြစ်သည်။ ခြိမ်းခြောက်ခြင်း၏ ရည်မှန်းချက်ပန်းတိုင်နှင့်ဆိုင်သည့် ကဏ္ဍတစ်ခုမှာ ၎င်းတို့၏ ရာထူးနေရာနှင့် တစ်ပါတည်းလာသည့် အကျိုးကျေးဇူးများစွာကို ခံစားဖို့အတွက် ဖြစ်ကာ အခြားကဏ္ဍတစ်မှာ ၎င်းတို့၏ ရာထူးနေရာကို ကာကွယ်ဖို့ ဖြစ်သည်။ ဤသည်တို့မှာ လူတို့အား ခြိမ်းခြောက်ရာတွင် အန္တိခရစ်များ၌ရှိသော ရည်မှန်းချက်နှစ်ခု အတိအကျဖြစ်၏။ ယင်းတို့နှစ်ခုလုံးမှာ ရာထူးနေရာနှင့် ဆိုင်၏။ အမျိုးမျိုးသော ဤအကျိုးကျေးဇူးအားလုံးသည် မည်သည့်နေရာမှ လာသနည်း။ ယင်းတို့သည်လည်း ၎င်းတို့၏ ရာထူးနေရာမှ လာ၏။ အန္တိခရစ်အချို့က “အကယ်၍ သင်တို့သည် ဤကိစ္စတွင် မလိုက်လျောပါက အကျိုးဆက်များကို ခံစားရမည်” ဟု ပြောကြ၏။ အကယ်၍ တစ်စုံတစ်ယောက်က ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး နားထောင်မည်မဟုတ်ပါက ယင်းကို ကိုင်တွယ်ဖို့ ၎င်းတို့ နည်းလမ်းတစ်ခုကို စဉ်းစားကြသလော။ ဖြစ်လာမည့်အရာကို ၎င်းတို့ ကြိတ်မှိတ်လက်ခံ၍သာ နေမည်မဟုတ်ပေ။ ၎င်းတို့အနေဖြင့် မိမိရာထူးနေရာကို ကာကွယ်စောင့်ရှောက်ဖို့ မျှော်လင့်ချက်တစ်စက်မျှ ရှိနေသရွေ့ ယင်းအတွက် ကျားကုတ်ကျားခဲ တိုက်ခိုက်တွန်းလှန်မည်ဖြစ်သည်။ ရာထူးနေရာအတွက် ၎င်းတို့၏ စိတ်အားထက်သန်မှုသည် လူအများစု၏ စိတ်အားထက်သန်မှုကို ကျော်လွန်၏။ ယင်းမှာ ဝံပုလွေက သိုးတစ်ကောင်ကို မြင်တွေ့သကဲ့သို့ ဖြစ်ကာ မစားမီတွင်ပင် ပါးစပ်မှ သွားရည်စကျလေသည်။ သူ၏မျက်လုံးများက ကြောက်မက်ဖွယ်ရာ ဝင်းလက်သွားပြီး စားရဖို့ စိတ်ကူးကြည့်လေတော့သည်။ ဤသည်မှာ ယင်း၌ရှိသော အာသာပြင်းပြခြင်းမျိုးပင် ဖြစ်၏။ ဤသည်မှာ ယင်း၏ သဘာဝဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များ၏ ရာထူးနေရာအတွက် အာသာပြင်းပြခြင်းသည် ဝံပုလွေတစ်ကောင်၏ သိုးကောင်အတွက် အာသာပြင်းပြခြင်းနှင့် ဆင်တူကာ ၎င်းတို့၏ မလိုမုန်းထားသော သဘာဝထဲရှိ လိုအပ်မှုတစ်ခု ဖြစ်၏။ ထို့ကြောင့် အခြားသူများအပေါ် ၎င်းတို့၏ ခြိမ်းခြောက်မှုများမှာ မရှိမဖြစ် ရှိလေ၏။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။