အချက် ၅- ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကာ ဆွဲဆောင်သိမ်းသွင်း၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏ (အခန်း ခြောက်)
၄။ အန္တိခရစ်များက လူတို့အား မည်သို့ ထိန်းချုပ်ပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
လူတို့အား ထိန်းချုပ်ခြင်းသည် အန္တိခရစ်များ အသုံးချသည့် နည်းဗျူဟာများထဲမှ တစ်ခုဖြစ်၏။ ၎င်းတို့က လူတို့ကို မည်ကဲ့သို့ ထိန်းချုပ်သနည်း။ အန္တိခရစ်များတွင် လူတို့အား ထိန်းချုပ်ရန်အတွက် နည်းလမ်းတစ်စုံထက်မက ရှိ၏။ ၎င်းတို့တွင် နည်းလမ်းအချို့ရှိ၏။ ဤသည်ကို သင်တို့ တွေ့ကြုံဖူးသလော။ လူပုဂ္ဂိုလ်အချို့သည် ခေါင်းဆောင်များအဖြစ် မည်သည့်အခါမျှ အစေခံဖူးခြင်း ရှိချင်မှရှိမည် ဖြစ်သော်လည်း အခြားသူများကို ထိန်းချုပ်ရန် လိုအင်ဆန္ဒတစ်ခု ထားရှိကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးအဖြစ် ပြောင်းလဲလာနိုင်သည့် အစောပိုင်းဉာဉ်များ ဖြစ်၏။ ၎င်းတို့၏ အသက်အရွယ်ဖြစ်စေ၊ တည်နေရာဖြစ်စေ၊ ကိစ္စက မည်သို့ဖြစ်စေ ၎င်းတို့သည် လူတို့အပေါ် ထိန်းချုပ်မှုကို ကျင့်သုံးလိုကြသည်။ အစာစားခြင်း၊ အလုပ်လုပ်ခြင်းဟူသည့် ကိစ္စများ၌ပင်ဖြစ်စေ၊ ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာဆိုင်ရာ ကိစ္စများဟူသည့် နယ်ပယ်အမျိုးမျိုး၌ဖြစ်စေ ၎င်းတို့သည် လူတို့ကို မိမိတို့အား နားထောင်စေလိုပြီး နားမထောင်သည့် မည်သူ့ကိုမဆို သည်းခံမည်မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော်ထဲ၌ အာဏာကိုင်စွဲလိုသည့် မိမိတို့၏ လိုအင်ဆန္ဒကိုပင် မထိန်းချုပ်နိုင်ပေ။ ၎င်းတို့က ဤအရာကို မိမိတို့၏ တာဝန်နှင့် ဝတ္တရားအား ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအဖြစ် ရှုမြင်ကာ ဤသည်မှာ မိမိတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ ဖြစ်ကြောင်း၊ ယင်းမှာ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်ကြောင်း သဘောမပေါက်ဘဲ မိမိတို့သည် ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်းရွက်နေခြင်းဖြစ်သည်ဟု ထင်မှတ်ကြသည်။ သို့ဆိုလျှင် အန္တိခရစ်တစ်ဦးသည် လူတို့ကို မည်ကဲ့သို့ ထိန်းချုပ်သနည်း။ ဥပမာအနေဖြင့် ၎င်းတို့သည် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသောအခါ ပထမဆုံးနေ့တွင် ၎င်းတို့က “ဤလူတို့၌ နည်းလမ်းမကျသော အစားအသောက် အလေ့အထများနှင့် နေ့တစ်ဓူဝ လုပ်ရိုးလုပ်စဉ်များ ရှိသည်။ ပြုလုပ်စရာ အလုပ်များစွာ ရှိ၏။ ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်း၌ အရေးပါသော တာဝန်များပါရှိသည်။ ယင်းမှာ ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုပါတကား” ဟု စတင်၍ စဉ်းစားတော့သည်။ ထိုအန္တိခရစ်သည် မိမိတို့၏ အခန်းတံခါးကိုပိတ်ကာ တစ်နေကုန် အချိန်ကုန်ဆုံးလျက် စာမူနှစ်မျက်နှာသုံးမျက်နှာ ရေး၏။ ဤစာမူထဲတွင် မည်သည့်အရာ ပါရှိသနည်း။ ပထမဦးစွာ ယင်းမှာ အစာစားခြင်းနှင့် သက်ဆိုင်သည်။ တိကျသောအချိန်၊ တိကျသောနေရာ၊ တိကျသောပမာဏဖြင့် အစာကို သုံးဆောင်ရမည်။ နံနက်စာကို နံနက် ၆နာရီခွဲတွင်လည်းကောင်း၊ နေ့လယ်စာကို မွန်းလွဲ ၁၂နာရီခွဲတွင်လည်းကောင်း၊ ညနေစာကို ညနေ ၆နာရီခွဲတွင်လည်းကောင်း အစာကို တစ်မိနစ်မျှမစော၊ တစ်မိနစ်မျှ နောက်မကျဘဲ ဤသုံးချိန်တွင် သုံးဆောင်ရမည်။ မိုးရွာလျှင်ပင်ဖြစ်စေ၊ မုန်တိုင်း စတင်ကျရောက်လျှင်ပင်ဖြစ်စေ၊ မည်သည့်အခြေအနေများတွင်ဖြစ်စေ အချိန်မှန်ရမည် ဖြစ်သည့်အပြင် ဤစည်းကမ်းများကို ဖောက်ဖျက်ပါက အစာစားရမည်မဟုတ်ပေ။ ထို့ပြင် နေ့တစ်ဓူဝ လုပ်ရိုးလုပ်စဉ်များနှင့် ဆိုင်သည့် ကိစ္စလည်းရှိကာ ယင်းမှာ အလွန်အရေးကြီး၏။ ယမန်နေ့ညတွင် သင် အဘယ်မျှညနက်မှ အိပ်ရာဝင်သည်ဖြစ်စေ နံနက်တိုင်း ၆နာရီ ထရမည်။ မွန်းလွဲ ၁ နာရီတွင် နေ့လယ်စာ စားပြီးသောအခါ တစ်ခဏနားပြီး ညစဉ် ၁၀ နာရီတိတိတွင် အိပ်ရာဝင်ရမည်။ ၎င်းတို့သည် အစာစားခြင်းနှင့် နေ့စဉ် လုပ်ရိုးလုပ်စဉ်များအတွက် စည်းကမ်းချက်များ ရေးဆွဲပြီးသောအခါ အခြားတိကျသော စည်းမျဉ်းစည်းကမ်းများစွာလည်း ရှိသေးသည်။ သာဓကအားဖြင့် သင်သည် သတ်မှတ်ထားသော နေရာများတွင် စားရမည်ဖြစ်ပြီး စားသောက်နေစဉ် မည်သည့်ဆူညံသံမျှ မပြုလုပ်ရပေ။ လူတစ်ဦးစီသည် သတ်သတ်မှတ်မှတ်ရှိသော အဝတ်ကို ဝတ်ဆင်ဖို့လိုသည် အစရှိသည်တို့ ဖြစ်၏။ ဤစည်းကမ်းများမှာ အလွန်တရာမှ အသေးစိတ်ကျကာ ဘုရားအိမ်တော်ရှိ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထက်ပင် အသေးစိတ်ပိုကျ၏။ ဤနေ့တစ်ဓူဝ၏ အသေးအဖွဲ ကိစ္စများမှာ သမ္မာတရားနှင့် လုံးဝ မဆိုင်ပေ။ လူတစ်ဦး၏ နေ့စဉ်အသက်တာနှင့် အစာစားခြင်း အလေ့အထများကို စနစ်တကျ စီစဉ်ထားပြီး သင့်လျော်ကာ လူတစ်ဦး၏ ကျန်းမာရေးကို မထိခိုက်သရွေ့ ဤစည်းမျဉ်းအား လိုက်လျှောက်ခြင်းက လုံလောက်ပေမည်။ ထိုမျှ အသေးစိတ်ကျသော စည်းမျဉ်းစည်းကမ်းများ မလိုပေ။ သို့ဆိုလျှင် ထိုအန္တိခရစ်က ထိုမျှ အသေးစိတ်ကျသော စည်းကမ်းများကို အဘယ့်ကြောင့် ဖန်တီးရသနည်း။ သူက “လူတို့ကို စီမံခန့်ခွဲမှုမရှိဘဲ ထားရသည်မှာ မကောင်းပေ။ ဤကိစ္စရပ်များကို ဘုရားနှုတ်ကပတ်တော်များထဲ၌ မည်သည့်အခါမျှ ဖော်ပြမထားသည့်အပြင် ဤတိကျသော အသေးစိတ်အချက်များ မပါလျှင် ကျွန်ုပ်တို့၏ အသက်တာများမှာ စည်းကမ်းမဲ့နေမည်၊ အစီအစဉ်တကျမရှိ၊ ထို့ပြင် မည်သည့် လူသားပုံသဏ္ဌာန်မျှ ရှိမည်မဟုတ်ပေ။ ယခု ကျွန်ုပ်သည် ခေါင်းဆောင်ဖြစ်သည့်အတွက် သင်တို့အားလုံးကို ပြုပြင်ပေး၍ရပြီ။ သင်တို့သည် လေလွင့်သော သိုးများ မဟုတ်တော့။ သင်တို့ကို စောင့်ရှောက်ပေးမည့်သူ တစ်ဦးရှိပြီ” ဟု ပြောလေသည်။ အဝတ်အထည်၊ အစားအစာ၊ နေထိုင်စရာနှင့် သွားလာရေးတို့ကဲ့သို့သော နေ့စဉ်အသက်တာ၏ အရေးပါသော ကိစ္စနှင့် အရေးမပါသော ကိစ္စနှစ်ခုလုံးကို ခရေစေ့တွင်းကျ စည်းကမ်းသတ်မှတ်ထားသည်။ ထို့နောက် သူက သင့်ကို “လျှို့ဝှက်ချက်” တစ်ခု ပြောပြကာ “ဘုရားနှုတ်ကပတ်တော်များက နေ့စဉ်အသက်တာ၏ တိကျသော ဤအသေးစိတ်အချက်များကို မည်သည့်အခါမျှ ဖော်ပြမထားပေ။ ယင်းနှင့်ပတ်သက်၍ ဘုရားက မပြောခဲ့ရုံဖြင့် ကျွန်ုပ်တို့ မသိသင့်ဟု မဆိုလိုပေ။ မည်သည့်အခါမျှ ဘုရားမပြောပြခဲ့သည့် ဤအသေးစိတ် ကိစ္စများအားလုံးနှင့်ဆိုင်သည့် အလုပ်ကို ကျွန်ုပ်တို့ လူသားများက တာဝန်ယူရမည်” ဟု ဆိုလေသည်။ သူက ဘုရားသခင်၏ နှုတ်ကပတ်တော်များအပြင် သမ္မာတရားကို အစားထိုးရန်နှင့် အခြားသူများကို ဦးဆောင်ရန်အတွက် အသေးစိတ်ကာ တိကျပြတ်သားသော စကားလုံးများဖြင့် ရှင်းလင်းစွာ ဖွင့်ဆိုထားပုံရသည့် စည်းမျဉ်းစည်းကမ်းများ တစ်စုကို ဖန်တီးသည်။ တိကျပြီး ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားသော ဤစည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ပြီးသောအခါ လူတို့သည် သူ၏ မည်ကာမတ္တ စည်းကမ်းများကို လိုက်နာဖို့ လိုအပ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ဤစည်းကမ်းများကို လိုက်နာဖို့ ပျက်ကွက်လျှင်၊ မနာခံလျှင်၊ လျစ်လျူရှုလျှင် သို့မဟုတ် ဖောက်ဖျက်လျှင် ထိုအန္တိခရစ်က ထိုသူကို ပြုပြင်သည်။ သူ့ကို ပြုပြင်ပြီးသောအခါ ထိုပုဂ္ဂိုလ်သည် ဤစည်းကမ်းများကို လက်ခံပြီး ယင်းတို့ကို ဘုရားသခင်ထံမှ ခံယူရန်အတွက် သူက သေချာအောင်လုပ်သည်။ သူသည် သမ္မာတရားကို အစားထိုးပြီး လူတို့ကို ဦးဆောင်ရန်အတွက် ဤအရာများကို အသုံးပြုသည့်အတွက် ထိုလူတို့သည် မည်သည့်လမ်းကြောင်းမျိုးကို လျှောက်ကြမည်နည်း။ သူတို့သည် စည်းမျဉ်းစည်းကမ်းများနှင့် ကျင့်စဉ်များကိုသာ ပုံသေစောင့်ထိန်းလျက် အသွင်အပြင်နောက် လိုက်ခြင်းသက်သက်သာ ဖြစ်မည်။ ထိုသို့သော ခေါင်းဆောင်မှုအောက်တွင် လူတို့က “အကယ်၍ ကျွန်ုပ်သည် ပြင်ပစည်းမျဉ်းစည်းကမ်းများနှင့် လုပ်ရိုးလုပ်စဉ်များကို လိုက်လျှောက်နိုင်ပါက၊ အိပ်ရာထခြင်း၊ အိပ်ရာဝင်ခြင်းနှင့် စားသောက်ခြင်းတို့အတွက် အချိန်ဇယားအတိုင်း လိုက်နိုင်ပါက ယင်းမှာ ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ဆိုလိုသည်မဟုတ်လော။ သို့ဆိုလျှင် ကျွန်ုပ်သည် ကယ်တင်ခံရမည် မဟုတ်လော” ဟူ၍ မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို တလွဲယုံကြည်ကောင်း ယုံကြည်မည်ဖြစ်သည်။ ကယ်တင်ခြင်းဟူသည် အမှန်ပင် ထိုမျှရိုးစင်းသလော။ သမ္မာတရားကို အလွန်လွယ်ကူစွာ ရရှိသလော။ သမ္မာတရားသည် လူ၏အပြုအမူနှင့်သာ သက်ဆိုင်သလော။ မသက်ဆိုင်ပေ။ ထိုအန္တိခရစ်သည် လူတို့၏ စိတ်သဘောထားများ၊ သူတို့၏ သမ္မာတရားအား နားလည်သဘောပေါက်မှုနှင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုတို့၌ အပြောင်းအလဲများကို မည်ကဲ့သို့ မှတ်ယူသနည်း။ သူက ဤအရာတို့ကို အများပြည်သူ ငြိမ်ဝပ်ပိပြားရေးကို လိုက်နာခြင်း သို့မဟုတ် တိုင်းပြည်၏ ဥပဒေများကို စောင့်ထိန်းလိုက်နာခြင်းနှင့် ညီမျှသကဲ့သို့ မှတ်ယူသည်။ ဤစည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထက် ပို၍ မြင့်မားသည်၊ ပို၍ ခိုင်လုံပြီး လက်တွေ့ကျသည်ဟု လူတို့ကို တလွဲယုံကြည်အောင်ပင် သူက လုပ်လေသည်။ အဖြစ်မှန်မှာ သူက လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ဤအရာများကို အသုံးပြုကာ သူတို့၏ အပြုအမူကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်သည်။ သူသည် ပြဿနာများကို သမ္မာတရားဖြင့် မဖြေရှင်းသကဲ့သို့ လူတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း နေထိုင်ရန်၊ ပြုမူလုပ်ဆောင်ရန်နှင့် မိမိတို့၏ တာဝန်များ ထမ်းဆောင်ရန်အတွက် အားမပေးချေ။ ထိုအစား သူက လူတို့လိုက်လျှောက်ရန် စည်းကမ်းများ၊ စည်းမျဉ်းများနှင့် စနစ်များတစ်စုကို အတုအယောင် ဖန်တီးဖော်ထုတ်သည်။ သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူက လူတို့ကို မိမိအား လက်ခံစေလိုသည်၊ မိမိကျွမ်းကျင်သည်ဟု ထင်စေလိုသည်၊ ထို့ပြင် ဤစည်းမျဉ်းစည်းကမ်းများကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်နာခြင်းဖြင့် မိမိ၏ ခေါင်းဆောင်မှုကို လိုက်နာစေလိုသည်။ ဤနည်းဖြင့် သူသည် သူ၏ ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်လေသည်။ လူတို့၏ အပြုအမူကို ချုပ်ထိန်းခြင်းနှင့် စံသတ်မှတ်ခြင်းဖြင့် လူတိုင်းနှင့်ဆိုင်သည့် အရာတိုင်းကို ထိန်းချုပ်ခြင်းဟူသည့် သူ၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့ ရည်ရွယ်လေသည်။ ထို့ပြင် ပြုမူလုပ်ဆောင်ခြင်းအတွက် သူ၏ ကြံရွယ်ချက်များနှင့် ပတ်သက်၍ သူ၌ အဆင့်အတန်းရဖို့ သိသာထင်ရှားသော လိုအင်ဆန္ဒ ရှိကောင်းရှိမည် မဟုတ်သော်လည်း နောက်ဆုံးအကျိုးဆက်မှာ သူသည် လူတို့ကို ထိန်းချုပ်ပြီး လူတို့သည် သူ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် လုံးဝအညီ နေထိုင်ပြုမူကြခြင်း ဖြစ်၏။ ထိုသို့သော အခြေအနေမျိုးတွင် သမ္မာတရားသည် လူတို့၏ စိတ်နှလုံးများထဲ၌ နေရာယူသေးသလော။ မယူတော့ပေ။ အန္တိခရစ်များ၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့်အပြင် ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြပေ။ အကယ်၍ သင်သည် သင်၏ အသင်းတော်အသက်တာကို ၎င်းတို့နှင့်အတူတကွ နေထိုင်လျှင် ၎င်းတို့သည် သင့်အား တစ်နေ့တစ်မျိုး လုပ်ခိုင်းပြီး သမ္မာတရားစည်းမျဉ်းများနှင့် ပတ်သက်၍ အခြေခံအားဖြင့် မိတ်သဟာယ ဖွဲ့နိုင်မည်မဟုတ်ချေ။ ထိုအစား ၎င်းတို့က သင် ပုံသေစောင့်ထိန်းဖို့အတွက် စည်းမျဉ်းစည်းကမ်းအမြောက်အမြားကိုသာ ပေးမည်ဖြစ်သည်။ သင်သည် ယင်းတို့ကို လိုက်နာရင်း လုံးဝ ဖတ်ဖတ်မောသွားနိုင်သော်လည်း ယင်းတို့ကို လိုက်နာဖို့ ငြင်းဆန်ပိုင်ခွင့် မရှိချေ။ ၎င်းတို့က သင့်ကို လွတ်လပ်စွာ ပြုမူဆောင်ရွက်ခွင့် ပြုမည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို ထိန်းချုပ်သည့် နည်းလမ်းတစ်ခု ဖြစ်၏။
အန္တိခရစ်တစ်ဦးက လူတို့၌ မည်သည့်အရာကို အဓိကအားဖြင့် ထိန်းချုပ်သနည်း။ (သူတို့၏ အတွေးအခေါ်ဖြစ်သည်။) မှန်၏။ သူသည် လူတို့၏ အတွေးအခေါ်များကို အဓိကအားဖြင့် ထိန်းချုပ်သည်။ လူတို့ ပြောဆိုလုပ်ဆောင်သည့်အရာကို ထိန်းချုပ်ခြင်းသက်သက် မဟုတ်ပေ။ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းဟူသည့် အကြောင်းပြချက်အောက်တွင် သူသည် သင်၏အတွေးအခေါ်များကို ထိန်းချုပ်ရန်၊ သင့်အား သူ့ကို နာခံပြီး သူ၏ဦးဆောင်မှုနောက်သို့ လိုက်စေရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် သင့်ကို အထင်အမြင်မှားစေဖို့အတွက် အနှစ်သာရမဲ့သော သဘောတရားများနှင့် ကျွမ်းကျင်သော တစ်ပတ်ရိုက်ခြင်းကို အသုံးပြုလေသည်။ ဤသည်မှာ လူတို့အား အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ဆိုလိုသည်။ အကယ်၍ သူ၏ လမ်းညွှန်ချက်များကို သင် မလိုက်လျှောက်ပါက သင်သည် သမ္မာတရားကို ဆန့်ကျင်နေသကဲ့သို့ ခံစားကောင်း ခံစားရမည်ဖြစ်ကာ သူ့အပေါ် အကြွေးတင်ရှိသကဲ့သို့ပင် သို့မဟုတ် သူ့ကို မျက်နှာချင်း မဆိုင်ဝံ့သကဲ့သို့ ခံစားကောင်း ခံစားရမည် ဖြစ်သည်။ ဤသည်မှာ သင်သည် သူ၏ထိန်းချုပ်မှုအောက် ရောက်ရှိပြီဖြစ်ကြောင်း လက္ခဏာတစ်ခု ဖြစ်၏။ သို့သော်လည်း သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အကြွေးတင်ရှိသည်ဟု သင်ခံစားရသလော။ အကယ်၍ အကြွေးတင်ရှိသည်ဟု မခံစားရပါက သင်၌ အသိတရားနှင့် လူ့သဘာဝ ကင်းမဲ့၏။ အကယ်၍ သင်သည် သင်၏စိတ်နှလုံးထဲတွင် ဘဝင်မကျခြင်းဖြစ်စေ၊ လိပ်ပြာမလုံခြင်းဖြစ်စေ တစ်စက်မျှ မရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည့်အစား ထိုအန္တိခရစ်ကို နာခံနိုင်ပါက ဤသည်မှာ သင်သည် သူ၏ ထိန်းချုပ်မှုအောက်၌ ရှိနေပြီဟု ဆိုလိုသည်။ အန္တိခရစ်၏ ထိန်းချုပ်မှုနှင့်ဆိုင်သည့် အတွေ့ရဆုံးဖြစ်စဉ်မှာ သူ၏ သြဇာအာဏာစက်ကွင်းထဲတွင် သူတစ်ဦးတည်းသာလျှင် အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ အကယ်၍ သူမရှိလျှင် ဆုံးဖြတ်ချက်ချရန် သို့မဟုတ် ကိစ္စတစ်ခုကို ဖြေရှင်းရန် မည်သူမျှ မဝံ့ရဲပေ။ သူမပါလျှင် အခြားသူများသည် မည်သို့ ဆုတောင်းရမည်၊ မည်သို့ ရှာဖွေရမည် သို့မဟုတ် အချင်းချင်း မည်သို့ ဆွေးနွေးတိုင်ပင်ရမည်ကို မသိနားမလည်သည့် လမ်းပျောက်သော ကလေးများကဲ့သို့ ဖြစ်သွားကာ ရုပ်သေးရုပ်များ သို့မဟုတ် လူသေများကဲ့သို့ ပြုမူကြသည်။ လူတို့အား အထင်အမြင်မှားစေပြီး ထိန်းချုပ်ဖို့အတွက် အန္တိခရစ်များ မကြာခဏ ပြောတတ်သည့်အရာနှင့် ပတ်သက်၍ ငါတို့သည် ဤနေရာတွင် အသေးစိတ်ပြောမည် မဟုတ်ပေ။ ၎င်းတို့ အသုံးချသည့် ပြောဆိုချက်နှင့် နည်းဗျူဟာများစွာ မုချရှိနေပြီး ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို အထင်အမြင်မှားအောင် လုပ်ခြင်းခံရသူတို့အပေါ် ပြသထားကြောင်း မြင်တွေ့နိုင်သည်။ ဥပမာတစ်ခု ငါပေးမည်။ မိမိတို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ပြီး အပျက်သဘော ဆောင်ခဲလှသော သာမန်အစွမ်းအစရှိပြီး မဆိုးဝါးလှသည့် လူပုဂ္ဂိုလ်အနည်းငယ် ရှိသည်။ သို့ရာတွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ဖို့ အန္တိခရစ်တစ်ဦးနှင့် အချိန်အတန်ကြာ ပူးပေါင်းဆောင်ရွက်ပြီးနောက် ထိုသူတို့သည် ထိုအန္တိခရစ်အပေါ် မှီခိုအားထားလာကြသည်။ သူတို့သည် အရာရာတွင် ထိုအန္တိခရစ်၏ ဦးဆောင်မှုနောက်သို့ လိုက်ရန်ဆန္ဒရှိပြီး ထိုအန္တိခရစ်သည် သူတို့၏ အဓိကအားကိုးရသူ ဖြစ်လာသည်။ သူတို့သည် ဤအန္တိခရစ်နှင့် ဝေးကွာလျှင်ဝေးကွာချင်း သူတို့လုပ်ဆောင်သည့် အရာရာ၌ မထိရောက်တော့ပေ။ ထိုအန္တိခရစ် မရှိလျှင် သူတို့၏ တာဝန်ထမ်းဆောင်မှု၌ တိုးတက်မှု ရပ်တန့်သွားပြီး ပြဿနာတစ်ခုကို ရင်ဆိုင်ရစဉ်တွင်ပင် မိတ်သဟာယဖွဲ့ခြင်းမှ ရလဒ်များ မရရှိနိုင်တော့ချေ။ သူတို့သည် ထိုအန္တိခရစ် ပြန်လာပြီး ယင်းကို ဖြေရှင်းပေးဖို့ကိုသာ စောင့်နိုင်ကြတော့သည်။ အဖြစ်မှန်မှာ ဤလူတို့သည် ထိုအန္တိခရစ်၏ ထိန်းချုပ်မှုမတိုင်မီတွင် သူတို့၏ အစွမ်းအစ၊ အသိဉာဏ်၊ အတွေ့အကြုံနှင့် နောက်ခံအခြေအနေတို့ကြောင့် ထိုအရာမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း နဂိုက ရှိခဲ့သော်လည်း ထိုအန္တိခရစ်၏ ထိန်းချုပ်ခြင်းခံရပြီးနောက် ယခုတွင် သူမရှိဘဲ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ မည်သူမျှ ဆုံးဖြတ်ချက် မချရဲ သို့မဟုတ် ရှင်းလင်းသော ဖြေရှင်းချက်များ မပေးရဲတော့ချေ။ သူတို့၏ အတွေးအခေါ်များက အကျဉ်းချထားခြင်း ခံရသည်ဟု ထင်ရကာ သတိလစ်တစ်ချက် မလစ်တစ်ချက်ဖြစ်နေသည့် လူတို့၏ လက္ခဏာများနှင့် ဆင်တူ၏။ ဤလူတို့ကို ထိန်းချုပ်ထားသည့် အန္တိခရစ်သည် သူတို့အား ထိုအပြုအမူမျိုးတို့ကို ပြသစေဖို့အတွက် မည်သည့်အရာများကို ပြုလုပ်ထားသနည်း။ သူတို့အား နှလုံးစိတ်ဝမ်းဖြင့် နာခံစေဖို့အတွက် တိကျပြတ်သားသော အချို့သော ပြောဆိုချက်များ သို့မဟုတ် ထုတ်ဖော်ပြောဆိုချက်များ ရှိနှင့်ပြီး ဖြစ်ရမည်မှာ အသေအချာပင်။ ဤလူတို့ လက်ခံထားသည့် ပြောဆိုချက်၊ ရှုထောင့်အမြင် သို့မဟုတ် လုပ်ဆောင်ချက် တစ်ခုခုလည်း ရှိနှင့်ပြီး ဖြစ်ရမည်။ သို့ရာတွင် အန္တိခရစ်များ၌ သမ္မာတရားလက်တွေ့ကျမှု လုံးလုံးလျားလျား ကင်းမဲ့လေသည်။ ၎င်းတို့၏ ပြောဆိုချက်များနှင့် ရှုထောင့်အမြင်များက မှန်နေလျှင်ပင် လူတို့အား အထင်အမြင်မှားစေရန် ရည်ရွယ်ပြီး ယင်းတို့အထဲ၌ မည်သည့်သမ္မာတရား လက်တွေ့ကျမှုကိုမျှ ကိုယ်စားမပြုချေ။ အန္တိခရစ်များသည် အမှန်စင်စစ် ဆုကျေးဇူးနှင့် ပင်ကိုစွမ်းရည်အချို့ကို ပိုင်ဆိုင်ထားသောကြောင့် ၎င်းတို့ကို လူအချို့က လေးစားသဘောကျကြသည်။ သို့ရာတွင် ဤအရည်အချင်းများက ၎င်းတို့၌ သမ္မာတရားလက်တွေ့ကျမှု ပိုင်ဆိုင်သည့် သဘောကို မဆောင်ပေ။ အန္တိခရစ်များအား ကိုးကွယ်သူတို့၌ သမ္မာတရား ကင်းမဲ့ပြီး လူတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသောကြောင့် ထိုသို့ပြုကြခြင်းဖြစ်ရာ ယင်းမှာ သူတို့က အန္တိခရစ်များနှင့် ထင်ပေါ်ကျော်ကြားပြီး မြင့်မြတ်သော ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်အချို့ကိုပင် ကိုးကွယ်ကြသည့် အကြောင်းရင်းဖြစ်၏။ လူအချို့မှာ ထိုအန္တိခရစ်များ၏ အထင်အမြင်မှားအောင် လုပ်ခြင်းခံရနိုင်သော်လည်း ဤသည်မှာ တစ်ခဏသာဖြစ်ပြီး ထိုအန္တိခရစ်များက ဝိညာဉ်ရေးရာ သဘောတရားများနှင့် ပတ်သက်၍သာ ပြောပြနိုင်ကြပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှု မရှိကြောင်း၊ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို ကာကွယ်ပေးဖို့အတွက် မည်သည့်အရာကိုမျှ မလုပ်ဆောင်ဖူးဘဲ သူတော်ကောင်း အယောင်ဆောင်သော ဖာရိရှဲများ အမှန်တကယ် ဖြစ်ကြောင်း သဘောပေါက်နားလည်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့ကို ပစ်ပယ်ပြီး မုန်းကြမည်ဖြစ်သည်။ သမ္မာတရား နားမလည်သောသူတို့ကို အထင်အမြင် မှားစေဖို့အတွက် မိမိတို့၏ ဆုကျေးဇူးများနှင့် နှုတ်ရေးကောင်းခြင်းကို အသုံးချသည့် အန္တိခရစ်များ၏သာဓက အမြောက်အမြားရှိသည်။ ဥပမာ သင်သည် ယုတ္တိတန်သော အကြံတစ်ခုကို အဆိုပြုပါက လူတိုင်းက ဤမှန်ကန်သော အဆိုပြုချက်ကို ဝန်းရံပြီး ယင်းနှင့်ပတ်သက်၍ ဆက်လက် မိတ်သဟာယဖွဲ့သင့်သည်၊ ဤသည်မှာ မှန်ကန်သော လမ်းကြောင်းဖြစ်ကာ မိမိတို့၏ တာဝန်အပေါ် သစ္စာစောင့်သိခြင်းနှင့် တာဝန်ကျေပွန်ခြင်းတို့ကို ထင်ရှားစေသည်။ သို့သော် အန္တိခရစ်တစ်ဦးက ၎င်း၏စိတ်နှလုံးထဲတွင် “ထိုအဆိုပြုချက်ကို ကျွန်ုပ် အဘယ့်ကြောင့် အစက မစဉ်းစားမိခဲ့သနည်း” ဟု တွေးလေသည်။ သူသည် စိတ်နှလုံးထဲတွင် ထိုအဆိုပြုချက် မှန်ကြောင်း ဝန်ခံသော်လည်း ယင်းကို သူ လက်ခံနိုင်သလော။ သူ၏သဘာဝကြောင့် သင်၏ မှန်ကန်သော အကြံပြုချက်ကို လုံးဝ လက်ခံမည်မဟုတ်ပေ။ သင်၏ အကြံပြုချက်ကို ငြင်းပယ်ဖို့ တတ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်ပြီးနောက် သင်၏ အဆိုပြုချက်သည် လုံးဝ အလုပ်မဖြစ်ဘဲ သူ၏ အစီအစဉ်ကသာ ပိုကောင်းသည်ဟု သင့်ကို ထင်စေဖို့အတွက် အခြားသော အစီအစဉ်တစ်ခုကို အကြံထုတ်မည်ဖြစ်သည်။ သင်သည် သူမပါဘဲ မလုပ်နိုင်၊ ပြီးလျှင် သူအလုပ်လုပ်မှသာ လူတိုင်း ထိရောက်နိုင်သည်ဟု သင့်အား သူ ခံစားစေချင်သည်။ သူမပါဘဲ မည်သည့်အလုပ်ကိုမျှ မှန်ကန်စွာ မလုပ်ဆောင်နိုင်ဘဲ လူတိုင်းက အသုံးမကျသည့်အပြင် မည်သည့်အရာကိုမျှ မပြီးမြောက်နိုင်ပေ။ ထိုအန္တိခရစ်၏ နည်းဗျူဟာမှာ အမြဲတမ်း ဆန်းသစ်ပြီး တစ်မူထူးသည်ဟု ထင်ရရန်နှင့် ခမ်းကြီးနားကြီးနိုင်သော ပြောဆိုချက်များကို ပြုလုပ်ရန် ဖြစ်၏။ သူတစ်ပါး၏ ပြောဆိုချက်များ အဘယ်မျှ မှန်ကန်နေသည်ဖြစ်စေ ယင်းတို့ကို သူ ငြင်းပယ်မည်ဖြစ်သည်။ အခြားလူတို့၏ အကြံပြုချက်များက သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် ကိုက်ညီနေလျှင်ပင် ယင်းတို့ကို သူက အလျင်ဦးအောင် အဆိုမပြုခဲ့ပါက မည်သည့်အခါမျှ သူ အသိအမှတ်လည်း မပြု၊ လက်သင့်လည်းခံမည် မဟုတ်ပေ။ ထိုအစား သူက ယင်းတို့ကို သေးသိမ်စေဖို့အတွက် သူတတ်နိုင်သည့် အရာအားလုံးကို ပြုလုပ်ကာ ငြင်းဆိုပြီး ရှုတ်ချလျက် အကြံပြုချက်များပေးသော ထိုလူက သူ၏ ထင်မြင်ချက်များ မှားယွင်းသည်ဟု ခံစားပြီး မိမိ၏အမှားကို ဝန်ခံသည်အထိ ထပ်တလဲလဲ ဝေဖန်အပြစ်တင်နေမည် ဖြစ်သည်။ ထိုအခါမှသာ ထိုအန္တိခရစ်က နောက်ဆုံးတွင် ယင်းကို လက်လွှတ်မည်ဖြစ်သည်။ အန္တိခရစ်များသည် အခြားသူများအား သိမ်ငယ်အောင်လုပ်ရင်း မိမိတို့ကိုယ်ကို ဂုဏ်တင်ရသည်ကို အရသာတွေ့ကာ အခြားသူများအား မိမိတို့ကို ကိုးကွယ်ပြီး ဗဟိုပြုစေဖို့ ရည်ရွယ်လေသည်။ သူတို့သည် မိမိတို့ကိုယ်တိုင်ကိုသာ ပေါ်လွင်ခွင့်ပြုပြီး အခြားသူများကိုမူ နောက်ကွယ်၌သာ ရပ်တည်ခွင့်ပြု၏။ ၎င်းတို့ ပြောသမျှ သို့မဟုတ် လုပ်သမျှမှာ မှန်ပြီး အခြားလူတို့ ပြောသမျှ သို့မဟုတ် လုပ်သမျှမှာ မှား၏။ ၎င်းတို့သည် အခြားသူများ၏ ရှုထောင့်အမြင်များနှင့် လုပ်ဆောင်ချက်များကို ငြင်းဆိုဖို့အတွက် ထူးခြားသော ရှုထောင့်အမြင်များကို မကြာခဏ အဆိုပြုကာ အခြားသူများ၏ အကြံပြုချက်များကို အပြစ်ရှာပြီး အခြားသူများ၏ အဆိုပြုချက်များကို နှောင့်ယှက်ကာ ငြင်းပယ်သည်။ ဤနည်းဖြင့် အခြားလူတို့က ၎င်းတို့ကို နားထောင်ပြီး ၎င်းတို့၏ အစီအစဉ်များအတိုင်း ပြုမူဆောင်ရွက်ရမည်။ ၎င်းတို့က သင့်ကို ထပ်တလဲလဲ ငြင်းရန်၊ သင့်ကို တိုက်ခိုက်ရန်နှင့် သင် အရည်အချင်း မပြည့်မီသကဲ့သို့ ခံစားရစေရန် ဤနည်းလမ်းများနှင့် ဗျူဟာများကို အသုံးပြုခြင်းဖြင့် ၎င်းတို့အား သင် ပို၍ပို၍ ကျိုးနွံနာခံလာအောင်၊ ၎င်းတို့အား ပို၍ လေးစားအောင်နှင့် ပို၍ အထင်ကြီးအောင် ပြုလုပ်ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် ၎င်းတို့၏ လုံးလုံးလျားလျား ထိန်းချုပ်ခြင်းကို ခံလာရ၏။ ဤသည်မှာ လူတို့ကို အန္တိခရစ်များ နှိပ်ကွပ်ပြီး ထိန်းချုပ်သည့် လုပ်ငန်းစဉ်ဖြစ်၏။
အန္တိခရစ်တစ်ဦးသည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးချသည်။ ၎င်းတို့နောက်သို့ လူတို့ လိုက်စေသည်မှာ မျက်စိမှိတ်ပြခြင်း သို့မဟုတ် စကားအနည်းငယ်မျှ မဟုတ်။ ယင်းမှာ ထိုမျှ လုံးဝမရိုးစင်းပေ။ လူတို့အား ထိန်းချုပ်ခြင်း သို့မဟုတ် ဝန်ထမ်းရေးရာ ဆုံးဖြတ်ချက်များ၊ ငွေရေးကြေးရေး ကိစ္စများ သို့မဟုတ် ဆုံးဖြတ်ပိုင်ခွင့် အစရှိသည့် သြဇာအာဏာ၏ လက္ခဏာသွင်ပြင်တစ်ခုကို ထိန်းချုပ်ခြင်းဖြစ်စေ ၎င်းတို့သည် မတူညီသော နည်းလမ်းများကို အသုံးပြုမည်ဖြစ်ပြီး ယင်းတို့ကို ရံဖန်ရံခါသာ ပြုလုပ်မည် လုံးဝမဟုတ်ဘဲ မိမိတို့အား လူတို့ လေးစားပြီး ရွေးချယ်သည်အထိ မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ဖို့နှင့် သက်သေခံဖို့အတွက် မရပ်မနား ကြိုးပမ်းမည်ဖြစ်ကာ၊ ထို့နောက်တွင် သြဇာအာဏာသည် ၎င်းတို့အပိုင် ဖြစ်သည်။ ဤရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့ရန် ၎င်းတို့အတွက် အချိန်အတန်ကြာ ယူလေသည်။ လူတို့အား အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် အန္တိခရစ်တစ်ဦး အသုံးပြုသည့် အခြားနည်းလမ်းမှာ မိမိတို့ကိုယ်ကို အဆက်မပြတ် ကြွားလုံးထုတ်ရန်နှင့် မိမိတို့အကြောင်း လူတိုင်းကို လေ့လာစေပြီး ဘုရားသခင်၏ အိမ်တော်အတွက် ၎င်းတို့၏ အကျိုးပြုဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လူတို့ကို ပိုသိစေရန် ဖြစ်သည်။ ဥပမာ ၎င်းတို့က “ကျွန်ုပ်သည် ဧဝံဂေလိတရားဟောရန်အတွက် နည်းလမ်းအချို့ကို ယခင်က ရထားပြီး ယင်းက ဧဝံဂေလိတရားဟောခြင်း၏ ထိရောက်မှုကို တိုးတက်စေပြီ။ ယခုအခါတွင် အခြားအသင်းတော်အချို့ကလည်း ဤနည်းလမ်းများကို ခံယူကျင့်သုံးနေကြသည်” ဟု ပြောကောင်းပြောမည်။ အဖြစ်မှန်မှာ အသင်းတော်အမျိုးမျိုးက ဧဝံဂေလိဟောပြောသည့် အတွေ့အကြုံ အတော်များများကို ထုတ်နုတ်ယူထားခြင်း ဖြစ်သော်လည်း ထိုအန္တိခရစ်က သူ၏ မှန်ကန်သော ဆုံးဖြတ်ချက်များနှင့် ပြီးမြောက်အောင်မြင်မှုများနှင့် ပတ်သက်၍ အဆက်မပြတ် ကြွားလျက် ယင်းတို့ကို လူအများ သိရှိစေရန် အသိပေးကာ အလေးပေးပြောဆိုပြီး လူတိုင်းသိသည်အထိ သူတို့ရောက်လေရာရာ၌ ထပ်ခါတလဲလဲ ပြောဆို၏။ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ မိမိ၏ကိုယ်ပိုင် ပုံရိပ်နှင့် ဂုဏ်ဒြပ်ကို တည်ဆောက်ရန်၊ ပို၍များသော လူတို့ထံမှ ချီးကျူးမှု၊ ထောက်ခံအားပေးမှုနှင့် လေးစားမှုကို ရှာမှီးရန်နှင့် လူတို့အား အရာရာတိုင်းအတွက် သူ့အား မှီခိုအားထားစေရန် ဖြစ်သည်။ ဤအရာက လူတို့အား အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းဟူသည့် ထိုအန္တိခရစ်၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်စေသည် မဟုတ်လော။ အန္တိခရစ်အများစုသည် ဤနည်းဖြင့် ပြုမူလုပ်ဆောင်လျက် လူတို့အား အထင်အမြင်မှားစေခြင်း၊ ထောင်ချောက်ဆင်ခြင်းနှင့် ထိန်းချုပ်ခြင်းဟူသည့် တာဝန်ကို ယူလေသည်။ မည်သည့်အသင်းတော်၊ မည်သည့်လူစု သို့မဟုတ် မည်သည့်အလုပ်ဝန်းကျင် ဖြစ်စေ၊ အန္တိခရစ်တစ်ဦး ပေါ်ပေါက်လာသည့်အခါတိုင်း လူအများစုက သူ့ကို အမှုမဲ့အမှတ်မဲ့ဖြင့် စတင်၍ ကိုးကွယ်ကြည်ညိုတော့သည်။ သူတို့ စိတ်ရှုပ်ထွေးပြီး လမ်းညွှန်မှုပေးဖို့ တစ်စုံတစ်ယောက်ကို လိုအပ်သည့် အခက်အခဲများကို သူတို့ ကြုံတွေ့သည့်အခါတိုင်း၊ အထူးသဖြင့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရမည့် အကျပ်အတည်းဆိုက်နေသော အခြေအနေများထဲတွင် သူတို့သည် ဆုကျေးဇူးရှိသော ထိုအန္တိခရစ်ကိုသာ အမှတ်ရကြမည် ဖြစ်သည်။ သူတို့၏ စိတ်နှလုံးများထဲတွင် “ဤနေရာ၌ သူသာ ရှိခဲ့လျှင် အဆင်ပြေမည်။ သူသာလျှင် ငါတို့အား ဤအခက်အခဲကို ကျော်လွှားရန် အကူအညီပေးဖို့အတွက် အကြံဉာဏ်နှင့် အကြံပြုချက်များ ပေးနိုင်သည်။ သူ၌ စိတ်ကူးနှင့် ဖြေရှင်းချက် အများဆုံးရှိ၏။ သူ၏ အတွေ့အကြုံများက အကြွယ်ဝဆုံးဖြစ်ပြီး သူ၏ ဉာဏ်သည် အသွက်လက်ဆုံး ဖြစ်၏” ဟု ထင်မှတ်ကြသည်။ ဤလူတို့က ထိုအန္တိခရစ်ကို ထိုမျှအတိုင်းအတာအထိ ကိုးကွယ်နိုင်သည်ဟူသည့် အချက်သည် ၎င်းတို့၏ ပုံမှန် ကြွားလုံးထုတ်ခြင်း၊ ဟန်လုပ်ခြင်းနှင့် မိမိတို့ကိုယ်ကို ပြစားဝင့်ဝါခြင်း နည်းလမ်းတို့နှင့် တိုက်ရိုက်ဆက်စပ်နေသည် မဟုတ်လော။ အကယ်၍ ၎င်းတို့သည် မိမိတို့၏ စကားများနှင့် လုပ်ရပ်များတွင် တည်ငြိမ်ရင့်ကျက်မှုကို ထင်ရှားစေခဲ့လျှင်၊ ၎င်းတို့သည် အာရုံနှစ်မြှုပ်ပြီး အလုပ်ကြိုးစားသည့် လူတစ်ဦးဖြစ်ခဲ့လျှင်၊ ၎င်းတို့သည် စကားကို လျှော့ပြောပြီး အလုပ်ကို ကြိုးစားလုပ်ကာ ကြွားဝါဖို့မဆိုထားနှင့်၊ မည်သည့်အခါမျှ ကြော်ငြာခြင်း သို့မဟုတ် ကြွားလုံးထုတ်ခြင်း ပြစားခြင်း မရှိခဲ့လျှင် လူတို့ကို အထင်အမြင်မှားအောင်နှင့် မိမိတို့အား တန်ဖိုးထားပြီး လေးစားအောင် လုပ်နိုင်မည်မဟုတ်ပေ။ သို့ဆိုလျှင် အတော်ပင် ရိုးသားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ကြိုးကြိုးစားစား အလုပ်လုပ်သော သူအချို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အဘယ့်ကြောင့် အရွေးခံရခဲသနည်း။ ယင်းမှာ လူအများစု၌ သမ္မာတရားလက်တွေ့ကျမှု ကင်းမဲ့ပြီး ပိုင်းခြားသိမြင်ခြင်း၌ မကျွမ်းကျင်သောကြောင့် ဖြစ်သည်။ လူတို့သည် ဆုကျေးဇူးများ၊ နှုတ်ရေးကောင်းခြင်းနှင့် ကြွားလုံးထုတ်ရသည်ကို ခုံမင်ခြင်းတို့ကို ပိုင်ဆိုင်သောသူတို့ကို မျက်နှာသာပေးတတ်ကြသည်။ ထိုသို့သောသူတို့ကို သူတို့ အထူးသဖြင့် အားကျပြီး အသိအမှတ်ပြုကြကာ ထိုသူတို့နှင့် ပေါင်းသင်းဆက်ဆံရသည်ကို နှစ်သက်ကြသည်။ အကျိုးဆက်အားဖြင့် အန္တိခရစ်များသည် လူအများစု၏ အကိုးကွယ်ခံများနှင့် အလေးစားခံများ ဖြစ်လာကြသည်။ မည်သို့ဆိုစေ အန္တိခရစ်များ၌ လူတို့ကို ထိန်းချုပ်ရန်အတွက် နည်းလမ်းတစ်စုံရှိပြီး သူတို့အပေါ် ထိန်းချုပ်မှုကို ရယူဖို့ဟူသည့် အဆုံးစွန်သော ရည်မှန်းချက်ပန်းတိုင် တစ်ခုတည်းဖြင့် လူတို့၏ စိတ်နှလုံးများထဲ၌ မိမိတို့၏ အဆင့်အတန်းနှင့် ပုံရိပ်ကို ထိန်းသိမ်းပြုပြင်ရာ၌ အချိန်နှင့် အင်အားကို ရင်းနှီးမြှုပ်နှံဖို့ ဝန်မလေးပေ။ အန္တိခရစ်တစ်ဦးသည် ဤရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ခြင်း မရှိမီ မည်သည့်အရာ ပြုလုပ်သနည်း။ အဆင့်အတန်းအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ယင်းမှာ သာမန် ခုံမင်ခြင်း သို့မဟုတ် အားကျခြင်းမဟုတ်ပေ။ ယင်းကို အရယူဖို့ရန် ရေရှည်စီမံကိန်း၊ တမင်ရည်ရွယ်သော အကြံဖြစ်၏။ ၎င်းတို့သည် တန်ခိုးအာဏာနှင့် အဆင့်အတန်းအပေါ် အထူးအရေးထားပြီး အဆင့်အတန်းကို လူတို့အား အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းဟူသည့် ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့ မရှိမဖြစ် လိုအပ်ချက်အဖြစ် ရှုမြင်သည်။ အဆင့်အတန်းကို ၎င်းတို့ ရရှိလိုက်သည်နှင့် ယင်း၏ အကျိုးအမြတ်အားလုံးကို ခံစားခြင်းမှာ ထုံးစံပင်ဖြစ်၏။ ထို့ကြောင့် အန္တိခရစ်၏ လူတို့အား အထင်အမြင်မှားစေပြီး ထိန်းချုပ်နိုင်စွမ်းသည် လုံ့လဝီရိယရှိသော စီမံခန့်ခွဲမှု၏ ရလဒ်ဖြစ်၏။ ၎င်းတို့သည် ထိုလမ်းခရီးကို မတော်တဆ လျှောက်လှမ်းမိခြင်း လုံးဝမဟုတ်ပေ၊ ၎င်းတို့ပြုမူသမျှ အရာတိုင်းသည် ရည်ရွယ်ချက်ရှိပြီး ကြိုတင်ကြံစည်ထားကာ ဂရုတစိုက် တွက်ချက်ထားခြင်း ဖြစ်၏။ အန္တိခရစ်များအတွက် တန်ခိုးအာဏာကို ရရှိခြင်းနှင့် လူတို့အား ထိန်းချုပ်ရန်ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ခြင်းသည် ဆုလာဘ်ဖြစ်၏။ ယင်းသည် ၎င်းတို့ အလိုချင်ဆုံးရလဒ် ဖြစ်၏။ တန်ခိုးအာဏာနှင့် အဆင့်အတန်းအား ၎င်းတို့လိုက်စားခြင်းသည် တွန်းအားပါ၏၊ ရည်ရွယ်ချက်ကြီးမား၏၊ တမင်ရည်ရွယ်ခြင်း ဖြစ်၏၊ ပြီးလျှင် ခက်ခက်ခဲခဲ စီမံထား၏။ ဆိုလိုသည်မှာ ၎င်းတို့ စကားပြောသောအခါ သို့မဟုတ် ပြုမူလုပ်ဆောင်သောအခါ ၎င်းတို့၌ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ဟူသည့် ပြင်းထန်သောသဘော ရှိကာ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အထူးသဖြင့် တိကျရှင်းလင်း၏။ ဥပမာ ၎င်းတို့သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဟူသည့် အဆင့်တစ်ခုခု ရှိလာခြင်း၊ ဧဝံဂေလိတရားဟောခြင်းဖြင့် လူအရေအတွက်အချို့ကို ရရှိထားခြင်း၊ သို့မဟုတ် ဧဝံဂေလိတရားဟောခြင်းအတွက် အတုယူစရာ နည်းလမ်းအမျိုးမျိုးကို ဖော်ထုတ်ထားခြင်းနှင့် ပတ်သက်၍ ကြွားကြသည်။ ၎င်းတို့သည် မိမိတို့၏ အတွေ့အကြုံများနှင့် အရည်အချင်းများကို ကြွားလုံးထုတ်ကြသည်။ ကြွားဝါသောအခါ ၎င်းတို့၏ စိတ်ကူးမှာ အဘယ်နည်း။ ၎င်းတို့၏ ငုပ်နေသော ကြံရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် မည်သည့်စကားလုံးများကို အသုံးပြုသင့်ကြောင်းနှင့် အမှန်တရားကို မုသားဖြင့် မည်ကဲ့သို့ ရောစပ်သင့်ကြောင်းကို စဉ်းစားချင့်ချိန်သည် မဟုတ်လော။ ၎င်းတို့၏ စကားလုံးများမှာ ကြုံရာကျပန်း မဟုတ်ပေ။ ၎င်းတို့ပြောသမျှတွင် ရည်ရွယ်ချက်ရှိပြီး ယင်းမှာ မိမိကိုယ်ကို အမွှမ်းတင်ခြင်းကိစ္စသက်သက် လုံးဝ မဟုတ်ပေ။ ၎င်းတို့၏ စကားလုံးများကို အထူးတလည် ချင့်ချိန်စဉ်းစားပြီး ချိန်ရွယ်ထားသည့်အတိုင်း အဓိပ္ပာယ်ပေါက်ကောင်း ပေါက်မည်ဖြစ်ကာ ရည်မွန်မှုဟူသည့် ပြင်းပြသောသဘောကို ပေါ်လွင်စေသည်။ သာဓကအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို နားလည်သော လူပုဂ္ဂိုလ်များကို ကြုံတွေ့ရပါက ၎င်းတို့၏ စိတ်နှလုံးများမှာ သတိရှိနိုးကြားနေကာ မိမိတို့ကို ပိုင်းခြားသိမြင်မည်စိုးလျက် ထိုသူတို့၏ ရှေ့မှောက်တွင် အမှုအရာများကို သာမန်ကာလျှံကာ ပြောဆိုခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း ရှိမည်မဟုတ်ပေ။ ၎င်းတို့သည် ပို၍ ထိန်းထိန်းသိမ်းသိမ်း ရှိမည်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် ယုံကြည်သူလူသစ်များ သို့မဟုတ် သာမန်ယုံကြည်သူများနှင့် ဆက်ဆံနေပါက ဤလူတို့အား မည်သည့်အရာ ပြောရမည်ကို အသေအချာ ဆင်ခြင်စဉ်းစားမည်ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဆက်ဆံနေခြင်းဖြစ်ပါက ဤအုပ်စုကို မည်သည့်အရာ ပြောရမည်ကို ချင့်ချိန်စဉ်းစားကြလိမ့်မည်။ အကယ်၍ ၎င်းတို့သည် အတတ်ပညာဆိုင်ရာ သိမြင်မှုကို နားလည်သောသူတို့နှင့် ဆက်ဆံနေပါက ဤလူတို့အား မည်သည့်အရာ ပြောရမည်ကို ဆင်ခြင်မည် ဖြစ်သည်။ ၎င်းတို့သည် ပြင်ပကိစ္စရပ်များတွင် အထူးသဖြင့် လာဘ်မြင်တတ်ကာ မည်သူ့ကို မည်သည့်စကားလုံးဖြင့် ခေါ်ဝေါ်ပြောဆိုရမည်နှင့် မိမိတို့၏ သတင်းစကားကို မည်သို့ ထိထိရောက်ရောက် သိရှိစေရမည်ကို သိကြ၏။ ၎င်းတို့သည် ဤအရာအားလုံးနှင့် ပတ်သက်၍ အထူးသဖြင့် ရှင်းလင်းကြ၏။ တစ်နည်းဆိုသော် အန္တိခရစ်များသည် ပြုမူလုပ်ဆောင်သောအခါ သေချာသော ရည်ရွယ်ချက်များ အမြဲပါရှိကြသည်။ ၎င်းတို့၏ စကားများ၊ လုပ်ဆောင်ချက်များနှင့် နေထိုင်ကျင့်ကြံမှုအပြင် စကားပြောနေစဉ် ၎င်းတို့ ရွေးချယ်အသုံးပြုသည့် တိကျသော အသုံးအနှုန်းသည်ပင်လျှင် တမင်ရည်ရွယ်၏။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးမှု၊ နုနယ်သော ဝိညာဉ်ရင့်ကျက်မှု၊ စဉ်းစားဉာဏ်မရှိခြင်း သို့မဟုတ် မသိနားမလည်မှု ဟူသည့် တဒင်္ဂ ထုတ်ဖော်ချက်အတိုင်း ပြုမူလုပ်ဆောင်ခြင်း၊ ၎င်းတို့ သွားလေရာရာ၌ ပေါက်ကရလေပန်းခြင်း မဟုတ်။ ဤသည်မှာ ယင်း၏ ပကတိအခြေအနေ လုံးဝမဟုတ်ပေ။ ၎င်းတို့၏ နည်းလမ်းများ၊ အမှုအရာများအား ၎င်းတို့ပြုလုပ်ပုံနှင့် ၎င်းတို့၏ စကားရွေးချယ်မှုတို့ကို ဆန်းစစ်ခြင်းဖြင့် အန္တိခရစ်များသည် အတော်ပင် စဉ်းလဲပြီး ကောက်ကျစ်ဆိုးယုတ်ကြောင်း မြင်ရလေသည်။ ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းအတွက်နှင့် လူတို့အား ထိန်းချုပ်ရန်ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့အတွက် ၎င်းတို့သည် ကြွားလုံးထုတ်ရန်၊ အရာသေးသေးလေးတိုင်းကို အသုံးချရန် အခွင့်အရေးဟူသမျှကို အမိအရယူကာ အခွင့်အရေးတစ်စက်မျှ အဆုံးရှုံးခံမည် မဟုတ်ပေ။ ထိုကဲ့သို့သော လူတို့သည် ငါ၏ရှေ့တွင် ဤလက္ခဏာများကို ထုတ်ဖော်မည်လော၊ ငါ့ကိုပြောလော့။ (ထုတ်ဖော်မည်။) ထုတ်ဖော်မည်ဟု သင်တို့ အဘယ့်ကြောင့် ဆိုသနည်း။ (၎င်းတို့၏ သဘာဝအနှစ်သာရမှာ ကြွားလုံးထုတ်ခြင်း ဖြစ်သောကြောင့်ပင်။) ကြွားလုံးထုတ်ခြင်းသည် အန္တိခရစ်တစ်ဦး၏ အဆုံးသတ် ရည်မှန်းချက်ပန်းတိုင် ဟုတ်သလော။ ကြွားလုံးထုတ်ရာ၌ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် အဆင့်အတန်းကို ကြိုးပမ်းရရှိလိုကာ ၎င်းတို့ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ “ကျွန်ုပ် မည်သူဖြစ်သည်ကို သင် မသိသလော။ ကျွန်ုပ် လုပ်ဆောင်ခဲ့ပြီးသည့် အရာများကို ကြည့်လော့။ ဤကောင်းသော အရာများကို လုပ်ဆောင်ခဲ့သူမှာ ကျွန်ုပ်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားအိမ်တော်အတွက် အကျိုးပြုဆောင်ရွက်ချက်များ အတော်လေး လုပ်ဆောင်ခဲ့သည်။ ယခု သင်သိပြီဖြစ်သဖြင့် ပို၍အရေးပါသော အလုပ်ကို သင် ကျွန်ုပ်အား မပေးသင့်သလော။ ကျွန်ုပ်ကို သင် အထင်ကြီးလေးစားသင့်သည် မဟုတ်လော။ သင်ပြုလေသမျှတွင် ကျွန်ုပ်ကို အားထားသင့်သည် မဟုတ်လော” ဟူ၍ဖြစ်သည်။ ဤသည်ကို တမင်ရည်ရွယ်သည် မဟုတ်လော။ အန္တိခရစ်များသည် မည်သူမည်ဝါဖြစ်စေ လူတိုင်းကို ထိန်းချုပ်လိုသည်။ ထိန်းချုပ်ခြင်းအတွက် အခြားအသုံးအနှုန်းမှာ အဘယ်နည်း။ ကြိုးကိုင်ညွှန်ကြားခြင်း၊ ကစားခြင်းဖြစ်ကာ ၎င်းတို့က သင့်ကို အုပ်စိုးလိုခြင်းသာ ဖြစ်၏။ ဥပမာ ညီအစ်ကိုမောင်နှမများက ကောင်းစွာ လုပ်ဆောင်ထားသည့် တစ်စုံတစ်ခုကို ချီးကျူးသောအခါ အန္တိခရစ်တစ်ဦးက ယင်းကို သူလုပ်ခဲ့သည်ဟု ချက်ချင်းပြောကာ လူတိုင်းက သူ့ကို ကျေးဇူးတင်ဖို့အတွက် ထိုသို့ပြောခြင်း ဖြစ်သည်။ အမှန်တကယ် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးက ဤကဲ့သို့ ပြုမူမည်လော။ လုံးဝ ပြုမူမည် မဟုတ်ပေ။ အန္တိခရစ်များက ကောင်းသောအရာလေး လုပ်ဆောင်သောအခါ ယင်းနှင့်ပတ်သက်၍ လူတိုင်းက သိရှိရန်၊ ၎င်းတို့ကို အထင်ကြီးပြီး ချီးကျူးရန် အလိုရှိကြကာ ဤအရာက ၎င်းတို့ကို ကျေနပ်စေသည်။ ၎င်းတို့ မည်သည့်အရာ ပြုလုပ်သည်ဖြစ်စေ လူတို့၏ ချီးကျူးစကားများနှင့် ကိုးကွယ်မှုကို ရယူလိုကြကာ ယင်းကိုရရှိဖို့ရန် မည်သည့်အရာကိုမဆို ခါးစည်းခံလိုစိတ် ရှိကြသည်။ အဆင့်အတန်းနှင့် တန်ခိုးအာဏာအဖို့ဆိုလျှင် အန္တိခရစ်များသည် ၎င်းတို့၏ ကြွားလုံးထုတ်ခြင်းက စဉ်းစားဉာဏ် ကင်းမဲ့ပုံပေါက်နေလျှင်ပင် သို့မဟုတ် ၎င်းတို့၏ နည်းလမ်းက ရုန့်ရင်းပြီး အခြားသူများ၏ အထင်သေးခြင်း ခံရလျှင်ပင် ကြွားလုံးထုတ်ရန်အတွက် မည်သည့်အခွင့်အရေးကိုမျှ လက်လွှတ်ခံမည် မဟုတ်ပေ။ ၎င်းတို့က ထိုသို့သော အခွင့်အရေးမျိုးတို့ကို လွတ်မြောက်စေဦးမည် မဟုတ်ပေ။ ထိုနည်းတူစွာ လူတို့အား ထိန်းချုပ်ခြင်းဟူသည့် ၎င်းတို့၏ ရည်မှန်းချက် ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့အတွက် လိုအပ်သော မည်သည့်နည်းလမ်းကိုမဆို ၎င်းတို့ အသုံးချပြီး ဤအရာကို ပြီးမြောက်ဖို့ရန် အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့သည် မိမိတို့၏ အကြံအစည်များကို ဖော်ထုတ်ဖို့အတွက် အပတ်တကုတ် ကြိုးစားပြီး ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်။ ၎င်းတို့သည် ကောင်းသောအရာတစ်ခု လုပ်ဆောင်သောအခါ ယင်းကို နေရာတကာ၌ မရပ်မနား ကြွားလုံးထုတ်ပြီး ဂုဏ်ဆာကြသည်။ အကယ်၍ အခြားတစ်ယောက်ယောက်ကလည်း ကောင်းသောအရာတစ်ခု လုပ်ဆောင်ထားပါက ၎င်းတို့ မနာလိုဖြစ်ကာ မိမိတို့ပါ နာမည်ကောင်းရယူရန်အတွက် ယင်းကို မိမိတို့နှင့် သက်ဆိုင်စေရန် သို့မဟုတ် ယင်း၌ ပါဝင်ခဲ့သည်ဟု ပြောဆိုရန်အတွက် တတ်နိုင်သည့်အရာမှန်သမျှကို လုပ်ကြည့်ကြသည်။ အချုပ်အားဖြင့် အန္တိခရစ်များသည် လူတို့ကို ထိန်းချုပ်ရန်အတွက် နည်းဗျူဟာများ ရှိလေသည်။ ယင်းမှာ တဒင်္ဂ လိမ်လည်လှည့်ဖြားခြင်း မဟုတ်သကဲ့သို့ ရံဖန်ရံခါသာ ပြုလုပ်သော လုပ်ရပ်နှစ်ခုသုံးခုမျှသာ လုံးဝ မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် အရာမြောက်မြားစွာ လုပ်ဆောင်ပြောဆိုကြသည်။ ၎င်းတို့၏ စကားများသည် အထင်အမြင်မှားစေ၏၊ ၎င်းတို့၏ လုပ်ရပ်များသည် အထင်အမြင်မှားစေ၏၊ ထို့ပြင် ဤအရာများအား လုပ်ဆောင်ပြောဆိုရာ၌ ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်ပန်းတိုင်မှာ လူတို့ကို ထိန်းချုပ်ဖို့ ဖြစ်လေ၏။
လူတို့ကို ထိန်းချုပ်ရာ၌ အန္တိခရစ်တစ်ဦး၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့၏ စိတ်နှလုံးများထဲ၌ အဆင့်အတန်းနှင့် သြဇာအာဏာကို ရရှိဖို့ဖြစ်သည်။ ၎င်းတို့၌ သြဇာအာဏာနှင့် အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် အဆင့်အတန်းနှင့် ယင်းက ယူဆောင်လာသည့် အကျိုးအမျိုးမျိုးကို ခံစားနိုင်သည်။ သာဓကအနေဖြင့် ပူအိုက်သော ရာသီများတွင် အခြားသူများ လေအေးပေးစက် တပ်မထားသော အခန်းများ၌ နေစဉ် ၎င်းတို့သည် လေအေးစက်တပ်ထားသော အခန်း၌ နေရသည်။ အစာစားချိန်တွင် အခြားသူများက ဟင်းသီးဟင်းရွက်များနှင့် ထမင်းတစ်ပွဲ စားစဉ် ၎င်းတို့က အသားနှင့် ဟင်းရည်အနည်းငယ်ပါ ထည့်စားခွင့်ရသည်။ ထိုင်ခုံမရှိသော အခန်းထဲသို့ ဝင်သောအခါ အခြားသူများက ကြမ်းပြင်ပေါ်တွင် ထိုင်ရပြီး ၎င်းတို့အတွက် သီးသန့်ထားသည့် တစ်ခုတည်းသော ကုလားထိုင်ကို ချန်ထားရသည်။ ဤအထူးအခွင့်အရေးသည် ၎င်းတို့၏ အဆင့်အတန်းနှင့်ဆိုင်သော ရလဒ်ဖြစ်ပြီး ယင်းနှင့်အတူ ပါလာသည့် အကျိုးအမြတ်များအား မွေ့လျော်ခံစားခြင်းကို အရသာခံကြသည်။ ဤအကျိုးနှင့် ပျော်မွေ့ဖွယ်ရာများသည် ၎င်းတို့၏ ရည်မှန်းချက်များ အထမြောက်ရန် လုံလောက်ဖို့ အလှမ်းဝေးနေသည်မှာ အမှန်ပင်။ ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းက ပေးစွမ်းသည့် ဤရုပ်ဝတ္ထုဆိုင်ရာ အကျိုးကျေးဇူးများသာမက ယင်းက မိမိတို့၏ အတွင်းစိတ်ကမ္ဘာသို့ ယူဆောင်လာသည့် ဝင့်ဝါမှု၊ စိတ်ကျေနပ်မှုနှင့် လုံခြုံသောအသိကိုလည်း လိုအပ်သည်။ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်း၊ ဆွဲဆောင်သိမ်းသွင်းခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံထားရသောသူတို့၏ အပြုအမူများမှာ အဘယ်နည်း။ ထိုသူတို့သည် တစ်ဦးနှင့်တစ်ဦး၏ အဆင့်အတန်း၊ အာဏာ၊ ဆုကျေးဇူးများနှင့် အစွမ်းအစများကိုသာမက မိသားစုနှင့် လူတန်းစား နောက်ခံများကိုလည်း နှိုင်းယှဉ်ကြကာ မည်သူက ပို၍ကောက်ကျစ်ဆိုးယုတ်သော စိတ်ကူးများကို ရရှိထားပြီး မည်သူ၏ဉာဏ်က ပို၍သွက်လက်သည်ကို ယှဉ်ပြိုင်ကြသည်။ ဘာသာတရား၏ အန္တိခရစ်များကလည်း မည်သူသည် အကြာဆုံး ဆုတောင်းသည်ကို ယှဉ်ပြိုင်ကြသည်။ အကယ်၍ လူတစ်ယောက်သည် ဆယ်မိနစ်ဆုတောင်းလျှင် နောက်တစ်ယောက်က မိနစ်နှစ်ဆယ် ဆုတောင်းမည်ဖြစ်ပြီး စုဝေးပွဲအတွင်း၌ ထိုသူတို့သည် မရပ်မနား ဆုတောင်းရုံမှအပ အခြားဘာတစ်ခုမျှ လုပ်မည်မဟုတ်ဘဲ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းထဲ၌ တရားစာများကို ရွတ်ဖတ်သောလူတို့နှင့် တူကာ မနားတမ်း တတွတ်တွတ်ရွတ်ကြ၏။ ဘုရားသခင်သည် ထိုသို့သော ဆုတောင်းချက်မျိုးကို နားထောင်သလော။ ထိုသူတို့ ဆုတောင်းသည့်ပုံကို အကဲဖြတ်ကြည့်လျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အပေါ် အလုပ်လုပ်မည် မဟုတ်ပေ။ ထိုသူတို့က မည်သူအကြာဆုံး ဆုတောင်းနိုင်သည်၊ အခြားသူများကို လွှမ်းသွားနိုင်သည့် အကျယ်ဆုံးအသံဖြင့် မည်သူဆုတောင်းနိုင်သည်ကို ကြည့်ကြ၏။ ဤသည်မှာ လုံးလုံးရူးသွပ်ခြင်း မဟုတ်လော။ သူတို့၏ လုပ်ရပ်များမှာ မယုံကြည်နိုင်စရာဖြစ်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့၏။ ဤသည်တို့မှာ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံထားရသောသူတို့၌ အဓိကအားဖြင့် မြင်တွေ့ရသော သရုပ်သကန်များ ဖြစ်သည်။ အန္တိခရစ်များက လူတို့ကို ဦးဆောင်သောအခါ ဤသည်မှာ ယင်းက ဖြစ်ပေါ်စေသည့် ရလဒ်ပင် ဖြစ်၏။ ထို့ကြောင့် သင်သည် အန္တိခရစ်တစ်ဦး၏ အထင်အမြင် မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရလျှင် ၎င်းတို့ကို သင် အထင်ကြီးလေးစားမည်၊ ၎င်းတို့နောက်သို့ လိုက်မည်၊ ပြီးလျှင် အရာရာ၌ ၎င်းတို့ကို နာခံမည်။ သင်သည် အခြားမည်သူ့စကားကိုမျှ နားထောင်မည် မဟုတ်၊ ပြောဆိုနေသူမှာ ဘုရားသခင် ဖြစ်နေလျှင်ပင် နားထောင်မည် မဟုတ်ပေ။ ဤသည်တို့မှာ သင် ထုတ်ဖော်ပြသည့် အပြုအမူများ ဖြစ်ပေမည်။ အန္တိခရစ်များက လူတို့ကို ထိန်းချုပ်သောအခါ ယင်းမှာ ထိုသူတို့ကို စာတန်အုပ်စိုးနေသကဲ့သို့ ဖြစ်၏။ အကယ်၍ သင်သည် စာတန်၏ ထိန်းချုပ်မှုအောက်၌ ရှိနေပါက၊ ထို့ပြင် သင်၏ စိတ်နှလုံးထဲ၌ လူသားအတွက် တစ်နေရာ၊ စာတန်အတွက် တစ်နေရာ ရှိနေပါက သင့်အပေါ် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်မည် မဟုတ်ပေ။ သင့်ကို သူက စွန့်လွှတ်မည်ဖြစ်သည်။ သင်သည် အန္တိခရစ်များနောက်သို့ လိုက်လိုသည်မဟုတ်လော။ ၎င်းတို့ကို သင် အထင်ကြီးလေးစားလိုသည် မဟုတ်လော။ ၎င်းတို့၏ ထိန်းချုပ်ခြင်းနှင့် ကြိုးကိုင်ညွှန်ကြားခြင်းအား လက်ခံလိုသည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ၎င်းတို့လက်ထဲသို့ လွှဲပြောင်းပေးခြင်း ခံရမည်။ အကယ်၍ သင်က အန္တိခရစ်များ ပြောသမျှမှာ သမ္မာတရားဖြစ်သည်ဟု ထင်မြင်ယူဆပါက သင်သည် ၎င်းတို့ကို နားထောင်ပြီး ၎င်းတို့နောက်သို့ လိုက်နိုင်မည်ဖြစ်ကာ ၎င်းတို့လက်ထဲသို့ လွှဲပြောင်းပေးခြင်း ခံရမည်ဖြစ်သည်။ သို့ရာတွင် သင်သည် အကျိုးဆက်များအတွက် ကိုယ်တိုင် တာဝန်ခံရမည်။ အကယ်၍ တစ်နေ့တွင် သင်သည် ကယ်တင်ခြင်း မရရှိပါက ဘုရားသခင်ကို တာဝန်မခံခိုင်းလေနှင့်၊ သို့မဟုတ် သူ့ကို မကျေမနပ် မပြောလေနှင့်။ ဤသည်မှာ ဘုရားသခင်နှင့် ဘာမျှ မသက်ဆိုင်ပေ။ ယင်းသည် သင်၏ကိုယ်ပိုင် ရွေးချယ်မှုဖြစ်ကာ သင်၏ရွေးချယ်မှုအတွက် အဖိုးအခကို သင် ပေးရမည်။
ငါတို့သည် လူတို့အား ထိန်းချုပ်သော အန္တိခရစ်များ၏ သရုပ်သကန်များနှင့် ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို အနည်းနှင့်အများဆိုသကဲ့သို့ လက်စသတ်လုနီးပြီ။ ထိန်းချုပ်ခံရခြင်းမှာ မည်သည့်အရာကို ဆိုလိုကြောင်း လူတို့ နားလည်ထားရမည်။ အပြင်ပန်းတွင် လူအချို့သည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်း၊ သူ၏ တရားဒေသနာများကို နားထောင်ခြင်း၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ အသင်းတော်အသက်တာဖြင့် နေထိုင်ခြင်းနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း ရှိနေကာ ဘုရားသခင်၏ အိမ်တော်ကို သူတို့ စွန့်ခွာမသွားသေးဟု ထင်ကောင်းထင်ရမည် ဖြစ်သည်။ သို့ဆိုလျှင် သူတို့ အဘယ့်ကြောင့် အန္တိခရစ်များ၏ ထိန်းချုပ်ခြင်းကို ခံရသနည်း။ ယင်းမှာ အဓိကအားဖြင့် သူတို့၌ သမ္မာတရား ကင်းမဲ့သောကြောင့် ဖြစ်သည်။ ပထမအနေဖြင့် ဤလူတို့သည် အန္တိခရစ်များ၏ အထင်အမြင် မှားစေခြင်းကို ခံခဲ့ရပြီးနောက် ၎င်းတို့ကို အထူးသဖြင့် ကြည်ညိုကိုးကွယ်လာကာ ယင်းက ၎င်းတို့၏ ထိန်းချုပ်မှုကို ခံရစေခြင်းဖြစ်သည်။ ထိန်းချုပ်ခံရခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့၏ စိုးမိုးခြယ်လှယ်ခံရခြင်းနှင့် ချည်နှောင်ခံရခြင်းကို ဆိုလိုသည်။ သင်သည် သင်၏ တာဝန်များကို ထမ်းဆောင်နေလင့်ကစား တာဝန်ထမ်းဆောင်ရာ၌ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေနေစဉ် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရသည်။ ၎င်းတို့၏ ပြောဆိုချက်များနှင့် ရှုထောင့်အမြင်များက သင်၏ကိုယ်ပိုင် အယူအဆများ၊ စိတ်ကူးများနှင့် လျော်ညီလေလေ၊ ယင်းတို့ကို တိကျမှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု သင် ယူဆလေလေ ဖြစ်ပြီး သင်သည် သမ္မာတရားစည်းမျဉ်းများအား ရှာဖွေခြင်းကို ရပ်တန့်ပစ်ကာ မိမိဘာသာ စဉ်းစားလိုစိတ်နှင့် သင်၏ လက်တွေ့လုပ်ဆောင်မှုကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံလိုစိတ် မရှိတော့ပေ။ အန္တိခရစ်များ၏ ရှုထောင့်အမြင်များသည် လုံးဝ မမှားယွင်းဟု သင် ယုံကြည်ပြီး ယင်းတို့ကို စိတ်နှလုံးအကြွင်းမဲ့ အတည်ပြုလေသည်။ ဤသို့ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အမှန်တကယ် လက်တွေ့လုပ်ဆောင်ပါက သင်သည် စိတ်တထင့်ထင့်ဖြစ်ပြီး နေမထိထိုင်မသာ ခံစားရသည်။ ထိုအန္တိခရစ်များကို စိတ်ပျက်စေမိပြီ၊ ထို့ပြင် ဤနည်းအတိုင်း လုံးဝ ပြုမူလုပ်ဆောင်၍မရဟု သင် ခံစားရသည်။ သင်သည် အန္တိခရစ်များ၏ ပြောဆိုချက်များနှင့် ရှုထောင့်အမြင်များ၏ လုံးလုံးလျားလျား ချည်နှောင်ခံနေရသည် မဟုတ်လော။ သင်သည် အမှုအရာများကို လုပ်ဆောင်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ မည်သို့ အကဲဖြတ်ရမည်၊ မည်သို့ ရှာဖွေရမည် သို့မဟုတ် မည်သို့လိုက်နာစောင့်ထိန်းရမည်ကို မသိချေ။ သင်သည် ထိုအတိုင်း မည်သို့လုပ်ရမည်ကို မသိသည်သာမက လုပ်လည်း မလုပ်ဝံ့ချေ။ မည်သို့လုပ်ရမည်ကို အဘယ့်ကြောင့် မသိသည့်အပြင် အဘယ့်ကြောင့် မဝံ့ရဲရသနည်း။ ထိုအန္တိခရစ်များက စကားပင် မပြောထွက်သေးချေ။ ၎င်းတို့က သင့်အား ဆုံးဖြတ်ချက် မပေးရသေး သို့မဟုတ် ကောက်ချက်တစ်ခု မချရသေးသည့်အပြင် သင့်အား ရလဒ်လည်း မပြောရသေး သို့မဟုတ် သင့်အား မည်သည့်လမ်းကြောင်းကိုမျှ မညွှန်ပြရသေးချေ။ ယင်းမှာ သင်သည် သင်၏ သဘောပေါက်နားလည်ခြင်းနှင့်အညီ ပြုမူလုပ်ဆောင်ဖို့ မဝံ့ရဲရသည့် အကြောင်းရင်းဖြစ်ကာ သင်သည် လမ်းမှားလျှောက်မိမည်ကိုလည်းကောင်း၊ အမှားတစ်ခုခု လုပ်မိမည်ကိုလည်းကောင်း ကြောက်နေခြင်းဖြစ်သည်။ သင်သည် ထိန်းချုပ်ခြင်းခံနေရသည် မဟုတ်လော။ သင်သည် အဘယ့်ကြောင့် အမြဲတမ်း လွန်စွာ ကြောက်ရွံ့နေရသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အမှန်တကယ် မရှင်းလင်းခဲ့သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်အား စည်းမျဉ်းများကို ပြောပြဖို့ သို့မဟုတ် သင့်အား မည်သည့်အရာ လုပ်ရမည်ကို ပြောပြဖို့ ပျက်ကွက်ခဲ့သလော။ သင်သည် အဘယ့်ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မသိကျိုးကျွန်ပြုပြီး အန္တိခရစ်များကို မလျှော့တမ်း နားထောင်သနည်း။ သင်သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံနေရပေသည်။ ဥပမာ ငါသည် လူတစ်ဦးကို တံတိုင်းဆောက်လုပ်ဖို့ ခိုင်းလျက် ယင်း၏ အမြင့်၊ အလျားနှင့် တည်နေရာကို သတ်မှတ်ပေးသည်။ ထို့နောက် အန္တိခရစ်တစ်ဦးက လာပြီးလျှင် “ဤတံတိုင်း၏ အမြင့်မှာ သင့်တော်သော်လည်း ဤနေရာတွင် ပြဿနာတစ်ခု ရှိသည်။ အကယ်၍ သင်သည် ယင်းကို ဤအတိုင်းဆောက်လျှင် လေတိုက်သောအခါ ပြိုလဲမည်လော” ဟု ဆိုသည်။ ဤသည်ကို ကြားရသော် ထိုသူက “ယင်းသည် ကောင်းသော အချက်တစ်ခုဖြစ်၏။ ယင်းသည် ပြိုလဲနိုင်မည်လော။ ဘုရားသခင်က မပြောခဲ့သဖြင့် ကျွန်ုပ် ဆောက်လုပ်ဦးမည်မဟုတ်” ဟု ပြောလေသည်။ ထို့နောက်တွင် သူတို့ကို ငါ စုံစမ်းကြည့်သောအခါ ငါက “သင်သည် အဘယ့်ကြောင့် တံတိုင်းကို မဆောက်လုပ်သေးသနည်း။ ရက်အတန်ကြာ လွန်သွားပြီ ဖြစ်သည့်တိုင် တံတိုင်းကို မဆောက်လုပ်ရသေးပေ။ သင်သည် ကိစ္စရပ်များကို အချိန်ဆွဲနေသည် မဟုတ်လော” ဟု မေးသည်။ သူက တစ်စုံတစ်ယောက်သည် တံတိုင်း လေတိုက်၍ ပြိုကျခြင်း ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်စရာအကြောင်းများကို တင်ပြလာခဲ့သည်ဟု ပြန်ဖြေ၏။ အကယ်၍ သူသည် လေနှင့်ပတ်သက်၍ စိုးရိမ်လျှင် ထောက်တိုင်တစ်လုံးကို အသုံးပြုဖို့ ငါ ပြောပြပြီး သူကလည်း ဤအရာကို အသေအချာ လေ့လာမှတ်သားထား၏။ ထို့နောက်တွင် ထိုအန္တိခရစ်က သူ့ကို အနှောင့်အယှက်ပေးဖို့ ပြန်လာခဲ့ကာ “တိုင်တစ်တိုင်သည် လုံလောက်သလော။ သင်သည် တိုင်နှစ်တိုင် အသုံးပြုသင့်သလော” ဟု ဆိုလေသည်။ ထိုလူက ဤအရာကို ချိန်ဆလျက် ဘုရားသခင်သည် နှစ်တိုင်မဟုတ်ဘဲ တစ်တိုင်တည်း အသုံးပြုဖို့သာ ပြောခဲ့သည်ဟု စဉ်းစားကာ ဘာလုပ်ရမည်ကို မသိပြန်တော့ချေ။ ထိုအန္တိခရစ်၏ အထင်အမြင် မှားစေခြင်းနှင့် အနှောင့်အယှက်ပေးခြင်းကို ခံရပြီးနောက် ယခင်က ငါပြောခဲ့သည့် စကားများအားလုံးမှာ အချည်းနှီး ဖြစ်သွားသည့်အပြင် သူသည် ဤလုပ်ငန်းတာဝန်ကို ဆက်လက်၍ မဆောင်ရွက်နိုင်တော့ချေ။ ဤအရာသည် ထိုအန္တိခရစ်၏ ထိန်းချုပ်ခံနေရခြင်းနှင့် ညီမျှသည်မဟုတ်လော။ ဤကိစ္စတွင် သူသည် မည်သူ့ကို နားထောင်သင့်သနည်း။ (ဘုရားသခင်ကို ဖြစ်၏။) သို့ဆိုလျှင် သူသည် ဘုရားသခင်၏ စကားများကို အဘယ့်ကြောင့် နားမထောင်ခဲ့သနည်း။ သူသည် နားမထောင်ချင်ခဲ့သလော။ သူသည် နားထောင်ချင်သော်လည်း အန္တိခရစ်များ၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းများထဲမှ တစ်ခု၏ အထင်အမြင်မှားစေခြင်း ခံခဲ့ရသည်။ သူသည် အထင်အမြင်မှားစေခြင်း ခံရသောအခါ ထိုအန္တိခရစ်ကို နာခံကာ ယင်းသည် ၎င်း၏ အပိုင်စီးခြင်းကို ခံရသည်နှင့် တူညီ၏။ အကယ်၍ သူ၏ အပြုအမူနှင့် စိတ်ကူးများမှာ ထိုအန္တိခရစ်၏ ချည်နှောင်ခြင်းနှင့် ဖမ်းချုပ်ခြင်းကို ခံရပါက သူသည် ထိုအန္တိခရစ်၏ ထိန်းချုပ်မှုအောက်၌ ရှိနေပြီဖြစ်သည်။ နောက်ဆုံးတွင် ဤသူသည် သူ၏ တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့သည့်အပြင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိခဲ့ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို နားမထောင်ခဲ့ပေ။ ဤရလဒ်ကို မည်သူ ဖြစ်ပွားစေခဲ့သနည်း။ ယင်းမှာ ထိုသူ၏ မိုက်မဲမှုက ဖြစ်ပွားစေခဲ့ခြင်း ဖြစ်ကာ ထိုအန္တိခရစ်၏ အထင်အမြင်မှားစေခြင်း၊ အနှောင့်အယှက်ပေးခြင်းနှင့် ထိန်းချုပ်ခြင်းမှ ခွဲ၍မရပေ။ သို့ဆိုလျှင် ထိုအန္တိခရစ်က ဤသို့ ဝင်ရောက်စွက်ဖက်သည်ဆိုခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအန္တိခရစ်က ၎င်း၏ ထူးခြားပြောင်မြောက်မှုကို ဖော်ထုတ်ပြလိုခြင်း ဖြစ်ပြီး ၎င်းက အမှန်တကယ် ပြောနေသည့်အရာမှာ “ဘုရားက ဤနေရာ၌ ဤတံတိုင်းကို ဆောက်လုပ်ဖို့ သင့်ကို ပြောသောအခါ သင်သည် သူ့အား အဘယ့်ကြောင့် မစဉ်းမစား နားထောင်ခဲ့သနည်း။ သင်၏ တွေးခေါ်ပုံနည်းလမ်းက အဘယ့်ကြောင့် လွန်စွာ ရိုးရှင်းရသနည်း။ အကယ်၍ သင်သည် တံတိုင်းကို ဤနေရာ၌ တည်ဆောက်လျှင် လေစတင်၍ တိုက်ခတ်လျှင်တိုက်ခတ်ချင်း ပြိုလဲမည်မဟုတ်လော။ ဘုရားကို နားထောင်ခြင်းက ကျွန်ုပ်အား နားထောင်ခြင်းလောက် မှန်ကန်တိကျခြင်း မရှိပေ။ ကျွန်ုပ်ကို သင် နားထောင်ရမည်။ သင် ကျွန်ုပ်ကို နားထောင်လျှင် ကျွန်ုပ် ကျေနပ်မည်ဖြစ်သည်။ သို့သော် အကယ်၍ သင်သည် ဘုရားကို နားထောင်လျှင် ယင်းသည် ကျွန်ုပ်အတွက် လက်သင့်ခံနိုင်ဖွယ် မဟုတ်သည့်အပြင် ကျွန်ုပ် ကျေနပ်မည်မဟုတ်ပေ။ သင့်အနေဖြင့် ဘုရားကို နားထောင်သည်မှာ အဆင်ပြေမည်မဟုတ်။ ယင်းက ကျွန်ုပ်ကို မည်သို့ ဖြစ်သွားစေမည်နည်း” ဟူ၍ဖြစ်သည်။ ၎င်းက ဤအရာကို တိုက်ရိုက် မပြောခဲ့ချေ။ ၎င်းက အနှောင့်အယှက်ပြုကာ အမှုအရာများကို တမင်သက်သက် မွှေနှောက်သွားခဲ့သည်။ ၎င်း၏ စွက်ဖက်ခြင်းနောက်တွင် အလုပ်က မပြီးမြောက်နိုင်တော့ဘဲ ၎င်းက အမြော်အမြင်ရှိသည်ဟု ထင်ရကာ ယင်းက ၎င်းကို ပျော်ရွှင်စေခဲ့သည်။ ဘုရားသခင်က တစ်စုံတစ်ယောက်က တံတိုင်းဆောက်လုပ်ဖို့ ညွှန်ကြားသောအခါ ထိုသူသည် ယင်းကို မဆိုင်းမတွ ဆောက်လုပ်သင့်သော်လည်း ယခုတွင်မူ ရလဒ်မှာ တံတိုင်းကို မဆောက်လုပ်ဖြစ်တော့ချေ။ ဤရလဒ်ကို အဘယ်သူ ဖြစ်ပေါ်စေခဲ့သနည်း။ ယင်းကို ထိုအန္တိခရစ်က ဖြစ်ပေါ်စေခဲ့သည်။ ဤသူသည် အန္တိခရစ်၏ အထင်အမြင် မှားစေခြင်း၊ အနှောင့်အယှက်ပေးခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်၏။ ဤသည်မှာ မြွေက အာဒံနှင့် ဧဝကို သွေးဆောင်သည့်ပုံနှင့် တူညီ၏။ ဘုရားသခင်က အာဒံနှင့် ဧဝအား “အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်” ဟု မိန့်မြွက်ခဲ့သည်။ ဘုရားသခင်၏ ဤစကားများမှာ သမ္မာတရား ဟုတ်သလော။ ယင်းတို့သည် သမ္မာတရားဖြစ်ပြီး သင်သည် ယင်းတို့၏ အဓိပ္ပာယ်ကို နားလည်ရန် မလိုပေ။ သင်သည် နားထောင်ပြီး ကျိုးနွံနာခံဖို့သာ လိုသည်။ အခြေအနေ မည်သို့ရှိစေ ဘုရားသခင်၏ စကားက မပြောင်းလဲဘဲ ဘုရားသခင်က တစ်စုံတစ်ခုကို သင့်အား လုပ်စေလိုလျှင် လုပ်လော့။ ပိုင်းခြားစိတ်ဖြာမနေနှင့်။ ယင်းကို သင် နားမလည်လျှင်ပင် ဘုရားသခင်၏ စကားမှာ မှန်ကန်ကြောင်း သင်သိရမည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို သင့်စိတ်နှလုံးထဲ၌ နားလည်ရမည်။ တစ်နည်းဆိုလျှင် သင်သည် ဤသမ္မာတရားကို ပထမဦးဆုံး သိရမည်။ ဘုရားသခင်၏ စကားများသည် သင်၏ကိုယ်ပိုင် အယူအဆများနှင့် လျော်ညီသည်ဖြစ်စေ၊ မလျော်ညီသည်ဖြစ်စေ၊ ယင်းတို့ကို သင် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ထို့ပြင် သင်သည် အဘယ်သို့ နားဝေတိမ်တောင် ဖြစ်ကောင်းဖြစ်သွားသည် ဖြစ်စေ သင်သည် သူ၏ စကားများကို စွဲကိုင်ထားရမည်။ ဤသည်မှာ သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်၏။ သင်သည် ဤအရာအပေါ် အကြွင်းမဲ့ အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် သင့်အား သွေးဆောင်ဖြားယောင်းဖို့ စာတန်လာသောအခါ သင် ဘာလုပ်သင့်သနည်း။ ဘုရားသခင်၏ စကားများကို ကိုင်စွဲပြီး သူ၏လမ်းခရီးကို လိုက်လျှောက်သင့်သည်။ ဤသည်မှာ အဓိကစည်းမျဉ်း ဖြစ်၏။ စာတန်ပြောသည့်အရာကို မသိကျိုးကျွန်ပြုလော့။ အာဒံနှင့် ဧဝအနေဖြင့် မြွေ၏ စကားများကို နားထောင်ခြင်း၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ သူတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံခဲ့ရသည်။ မှန်သယောင်နှင့် မှားသော၊ မရေရာသော၊ နတ်ဆိုးဆန်သော စကားတစ်ခွန်းတည်းဖြင့် စာတန်သည် အာဒံနှင့် ဧဝ၏ အပြုအမူကို စိုးမိုးခြယ်လှယ်ပြီး ထိန်းချုပ်နိုင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင် မမြင်တွေ့လိုသည့် ရလဒ်တစ်ခု ဖြစ်ခဲ့၏။ ထိုစကားများကို ပြောရာ၌ မြွေ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤစကားများအားဖြင့် ယင်းက လူတို့၏ အတွေးအခေါ်များကို ရောထွေးစေလိုသည်၊ သူတို့၏ အပြုအမူကို စိုးမိုးခြယ်လှယ်လိုသည်၊ ပြီးလျှင် ဘုရားသခင်၏ စကားများအား နားထောင်ခြင်းကို ရပ်တန့်စေလိုပြီး စွန့်လွှတ်စေလိုခဲ့သည်။ ဤတက်ကြွသော အတွေးသည် လူတို့၏စိတ်ထဲ၌ နေရာယူထားပြီးသည်နှင့် သူတို့သည် ပြညွှန်ထားသော လမ်းကြောင်းကို လိုက်လျှောက်ကြလေသည်။ စာတန်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ “ဘုရားပြောသည့် အရာကို နားမထောင်နှင့်။ သင်သည် ကျွန်ုပ်ကို နားထောင်ရမည်။ သင်သည် ဤအသီးကို စားရမည်” ဟု ပြောရန်ဖြစ်သည်။ ဘုရားသခင်က သူတို့အား ယင်းကို မစားဖို့ ပြောခဲ့သော်လည်း စာတန်ကမူ စားဖို့ ပြောခဲ့သည်။ အဆုံးတွင် အာဒံနှင့် ဧဝသည် ထိုအသီးကို စားခဲ့သလော။ (စားခဲ့ကြသည်။) ဤသည်မှာ စာတန်က လူတို့ကို ထိန်းချုပ်သည့်ပုံ ဖြစ်၏။ သင်သည် အန္တိခရစ်တစ်ဦး၏ နတ်ဆိုးဆန်သော စကားများကို နားထောင်သောအခါ ဦးတည်ရာ ပျောက်သွားနိုင်ပြီး လမ်းမှန်ကို မတွေ့နိုင်တော့ဘဲ ဘုရားသခင်၏ စကားများအား အရေးမစိုက်တတ်တော့ပေ။ ဤသည်မှာ သင်၏ အပြုအမူနှင့် စိတ်ကူးများက ဤအန္တိခရစ်၏ စိုးမိုးခြယ်လှယ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်ဟု ဆိုလိုသည်မဟုတ်လော။ ဤသည်မှာ ထိန်းချုပ်ခြင်း၏ အဓိပ္ပာယ် ဖြစ်သည်။ သင်တို့သည် ထိုသို့သော အခြေအနေမျိုးတို့ကို ကြုံတွေ့ဖူးပြီလော။ စိတ်ရင်းစေတနာမကောင်းသော လူအချို့က သင်သည် အခက်အခဲမရှိဘဲ လုပ်ငန်းတစ်ခုကို လက်စသတ်နေပြီး ရလဒ်များ ရရှိတော့မည့်ဆဲဆဲ၊ ထင်ပေါ်တော့မည့်ဆဲဆဲ ဖြစ်သည်ကို မြင်တွေ့ကာ ဤကိစ္စတွင် သူတို့၏ ပါဝင်ပတ်သက်မှု များစွာ ရှိမည်မဟုတ်ကြောင်း သဘောပေါက်မိလေသည်။ အကယ်၍ သင်သည် ထင်ပေါ်သွားလျှင် သူတို့ ထင်ပေါ်တော့မည် မဟုတ်သောကြောင့် သင့်အား အထင်အမြင်မှားစေရန်၊ အနှောင့်အယှက်ပေးရန်နှင့် ထိန်းချုပ်ရန်အတွက် အပြင်ပန်းအားဖြင့် ယုတ္တိရှိသော ရှုထောင့်အမြင်များ သို့မဟုတ် မေးခွန်းများကို အဆိုပြုခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် သင်သည် နားဝေတိမ်တောင် ဖြစ်သွားကာ သူတို့၏ စကားများသည်လည်း ယုတ္တိတန်သည်ဟု စဉ်းစားမိသည်။ ဘာလုပ်ရမည် မသိတော့ဘဲ မိမိ၏ တာဝန်ကို ဆက်မလုပ်နိုင်သဖြင့် ရပ်လိုက်တော့သည်။ ဤသည်မှာ စဉ်းစားဉာဏ်မဲ့သည် မဟုတ်လော။ ကနဦးတွင် သင်သည် အထင်အမြင် မှားစေခြင်း မခံခဲ့ရသေးသောအခါ အတော်ပင် အတွေးအမြင် ရှင်းလင်းပြီး ဘာလုပ်ရမည် သိခဲ့သော်လည်း ထိုအန္တိခရစ်က သင့်ကို အနှောင့်အယှက်ပေးလိုက်သည်နှင့် သင်သည် ခေါင်းရှုပ်သွားပြီး အမှုအရာများကို မည်ကဲ့သို့ သင့်လျော်သလို ကိုင်တွယ်ရမည် မသိတော့ချေ။ ဤတွင် ပြသာနာမှာ အဘယ်နည်း။ (အထင်အမြင်မှားစေသည်ကို ခံရခြင်း ဖြစ်သည်။) အန္တိခရစ်များ သို့မဟုတ် စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို အလွယ်တကူခံရသော လူတို့သည် ပညာမဲ့ပြီး နားဝေတိမ်တောင်ဖြစ်သော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်သည့်ပုံနှင့်ဆိုင်သည့် သရုပ်သကန်များနှင့် ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် လုံလုံလောက်လောက် တိကျသေချာနေသလော။ သင်သည် နားလည်နိုင်သင့်ပြီး အမှုအရာများ သင့်အပေါ် ကျရောက်သောအခါ မိမိ၏စကားများ၊ မိမိ၏လုပ်ရပ်များနှင့် မိမိ၏ အနှစ်သာရတို့ကို ဆင်ခြင်သုံးသပ်ရန်အတွက် ယင်းတို့ကို သမ္မာတရား အမျိုးမျိုးနှင့် နှိုင်းယှဉ်ကြည့်သင့်သည်။ တစ်ချိန်တည်းတွင် သမ္မာတရားအပေါ် ပို၍ရှင်းလင်းသော နားလည်သဘောပေါက်မှုနှင့် လူအမျိုးမျိုးတို့၏ သဘာဝအနှစ်သာရများအပေါ် ပို၍တိကျမှန်ကန်သော နားလည်သဘောပေါက်မှုကို ရရှိဖို့အလို့ငှာ သင့်ပတ်လည်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို နားလည်ပြီး ပိုင်းခြားသိမြင်ရန် ကြိုးစားသင့်သည်။
ယနေ့ကာလတွင် သင်တို့အများအပြားသည် သမ္မာတရားအမျိုးမျိုး၏ တိကျသော အခြေအနေများနှင့် ထင်ရှားပြမှုများကို ယခုမှသာ ထိတွေ့ဆက်ဆံမိကြ၏။ သင်တို့သည် ယင်းတို့နှင့် ယခုမှသာ ထိတွေ့ဆက်ဆံမိသည်ဟု ငါအဘယ်ကြောင့် ပြောရသနည်း။ အကြောင်းမှာ သင်တို့သည် အသေးစိတ်အချက်အချို့ကို ယခုမှသာ နားလည်လာကြသော်လည်း စစ်မှန်သော ဝင်ရောက်မှုသို့ ရောက်ရှိရန်မှာမူ အလှမ်းကွာနေသေးသောကြောင့် ဖြစ်၏။ နားလည်သဘောပေါက်မှုသည် ဝင်ရောက်မှုနှင့် မညီမျှပေ။ သင်သည် နားလည်သောအခါ ယင်းမှာ သင်၏စိတ်ထဲတွင် ဤအကြောင်းအရာများ၏ အမြင်သဘောထားများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် သင်၏ နားလည်သဘောပေါက်မှုသည် အတော်ပင် တိကျမှန်ကန်ပြီး သမ္မာတရားနှင့် ပို၍ တစ်သမတ်တည်း ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သော်လည်း သင်သည် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်မှုမှ ဝေးကွာနေသေးသည်။ နားလည်သဘောပေါက်ခြင်း၊ သိမှတ်ခြင်း၊ ဤအကြောင်းအရာများအား သင်၏ အခြေအနေနှင့်၊ သင်၏ပတ်လည်ရှိ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် ဆက်စပ်နိုင်ခြင်းက သင်၌ ဝင်ရောက်မှုရှိပြီဟု ဆိုလိုခြင်းမဟုတ်ပေ။ ဤသည်တို့မှာ သီးခြား အရာနှစ်ခု ဖြစ်ကြ၏။ လူတစ်ဦးအနေဖြင့် ကယ်တင်ခံရဖို့နှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရရှိဖို့အတွက် အမျိုးမျိုးသော သမ္မာတရားအားလုံးကို နားလည်သဘောပေါက်ခြင်းနှင့် အစပြုပြီး သမ္မာတရားလက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းသည် ဤသမ္မာတရားများအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် အစပြု၏။ သင်တို့သည် သမ္မာတရားအမျိုးမျိုးကို နားလည်ခြင်းနှင့် ဝင်ရောက်ခြင်း၌ အခြေခံအုတ်မြစ် အတိုင်းအတာတစ်ခုအထိ ရှိခဲ့ပါမူ ငါသည် သင်တို့ကို ဥပမာများ တောင်းသည့်အခါ သင်တို့သည် မိမိတို့၏ ထင်ရှားပြမှုများ သို့မဟုတ် သင်တို့ မြင်တွေ့ခဲ့ပြီး တွေ့ကြုံခဲ့ရသော အရာအချို့ကို ချက်ချင်း စဉ်းစားနိုင်ကြပေမည်။ ဤအရာက ငါ၏ မိတ်သဟာယဖွဲ့ခြင်းကို များစွာ ပို၍ လွယ်ကူစေမည်ဖြစ်ပြီး သင်တို့သည် အတွေ့အကြုံများ ရှိနှင့်ပြီးသား ဖြစ်ကာ ထိုအဆင့်ကို ရောက်ရှိနိုင်ခဲ့သောကြောင့် ထိုမျှ အသေးစိတ်ဖြင့် ပြောပြစရာ လိုတော့မည် မဟုတ်ပေ။ သို့သော်လည်း သင်တို့အား ယခု ငါမေးသောအခါ သင်တို့သည် ချက်ချင်း စဉ်းစားရမည်ဖြစ်ပြီး သင်တို့၏ မှတ်ဉာဏ်ကို လှန်လှောစစ်ဆေးပြီး ရှာဖွေဖို့လည်း လိုအပ်သည်။ ဤအရာများကို သင်တို့ မသိသည့်အပြင် သင်တို့ကိုယ်တိုင်က မတွေ့ကြုံဖူးကြောင်း ငါတွေ့ရှိသောအခါ ယင်းတို့ကို ငါ အသေးစိတ် ရှင်းပြရန်လည်းကောင်း၊ ဤအကြောင်းအရာများ၏ ဗဟိုပြုပြီး အဓိကကျသော လက္ခဏာသွင်ပြင်များနှင့် အနှစ်သာရကျသော ပြဿနာများကို ရှင်းလင်းဖော်ပြရန်လည်းကောင်း၊ သမ္မာတရားအမျိုးမျိုး၏ အသေးစိတ်အချက်များအပေါ် သင်တို့အား အခြေခံ နားလည်သဘောပေါက်မှု ပေးရန်လည်းကောင်း လိုအပ်လေသည်။ ဤသို့ဖြင့် သင်တို့သည် လက်တွေ့လုပ်ဆောင်သောအခါ အယူအဆပိုင်းဆိုင်ရာ လက္ခဏာသွင်ပြင်များ သို့မဟုတ် အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့်ဆိုင်သော လက္ခဏာသွင်ပြင်များကို ရောထွေးမည် မဟုတ်ပေ၊ ဤသို့ဖြင့် အယူအဆတစ်ခုကို အခြားအယူအဆတစ်ခုဖြင့် အစားထိုးမည် မဟုတ်ပေ၊ သို့မဟုတ် ဤအရာများသည် အလွန်အမင်း ခက်ခဲရှုပ်ထွေးသည်ဟု တွေးထင်မည် မဟုတ်ပေ။ သင်တို့သည် မတူညီသော လက္ခဏာသွင်ပြင်များကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်မည် ဖြစ်သည်။ ဤနည်းဖြင့် ဤအရာများကို နောက်တစ်ကြိမ် ငါ မိတ်သဟာယဖွဲ့သောအခါ လွယ်ကူမည်ဖြစ်သည်။ လောလောဆယ်တွင် သင်တို့သည် အဆင့်မမီသေးသောကြောင့် ယင်းတို့ကို အသေးစိတ်ဖြင့် ငါ အမြဲတမ်း ရှင်းပြရခြင်းဖြစ်သည်။ ငါတို့၏ စုဝေးပွဲများ၌ မိတ်သဟာယဖွဲ့ချက်များ၏ အကြောင်းအရာမည်မျှကို သင်တို့ တွေးဆပြီး နှလုံးသွင်းနိုင်သနည်း။ အကယ်၍ တစ်ဆယ်ရာခိုင်နှုန်း ဖြစ်ပါက သင်တို့သည် ပြောပြစရာ ဝိညာဉ်ရင့်သန်မှုတစ်ခုခုမျှ မရှိသလောက် ဖြစ်ပြီး သုံးဆယ်ရာခိုင်နှုန်း ဖြစ်ပါက အနည်းငယ်မျှသာ နားလည်မိလေပြီ။ အကယ်၍ ငါးဆယ်ရာခိုင်နှုန်း ရောက်ပါက သင်တို့သည် ဝိညာဉ်ရင့်သန်မှုနှင့် ဝင်ရောက်မှုအတန်ငယ် ရှိနေသည်။ သို့သော် ယင်းကို မရောက်နိုင်ပါက သင်တို့၌ မည်သည့် ဝင်ရောက်မှုမျှ မရှိချေ။ သင်တို့ နားလည်သည်မဟုတ်လော။ အကယ်၍ ဤသို့ ငါ မိတ်သဟာယဖွဲ့သောအခါ သင်တို့ နားမလည်သေးလျှင် သင်တို့၏ အစွမ်းအစမှာ နိမ့်ပါးလွန်းပြီး သမ္မာတရားကို နားလည်ဖို့ မည်သို့မျှ မဖြစ်နိုင်ဟု ဆိုလိုသည်။ ကောင်းပြီ၊ ယနေ့အဖို့ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ထိုအရာဖြင့် နိဂုံးချုပ်သည်။ နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံကြစို့။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။