အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၁) အခန်း နှစ်
က။ ဘုရားသခင်၏ ဖြောင့်မတ်မှုကို မထီမဲ့မြင်ပြုခြင်း
အန္တိခရစ်ကဲ့သို့သော ဤလူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် စိတ်သဘောထားကို အယူအဆများ၊ သံသယများ၊ အတိုက်အခံများဖြင့် အစဉ် ဆက်ဆံကြသည်။ ၎င်းတို့က “ဘုရားသခင်က ဖြောင့်မတ်သည်ဆိုသည်မှာ သဘောတရားတစ်ခုသာဖြစ်သည်။ ဤလောကတွင် ဖြောင့်မတ်ခြင်းဆိုသည့် အရာတစ်ခု အမှန်တကယ် ရှိသလော။ ငါ့ဘဝ၏ နှစ်များအားလုံးတွင် ဤသည်ကို တစ်ကြိမ်မျှ မတွေ့ဖူး၊ မမြင်ဖူးပါ။ လောကကြီးက အလွန်မှောင်မိုက်ပြီး ဆိုးယုတ်သည်။ ဆိုးယုတ်သောလူများ၊ နတ်ဆိုးများက အတော်အတန် အဆင်ပြေနေကြသည်။ အားရကျေနပ်ပြီး အသက်ရှင်နေကြသည်။ သူတို့နှင့် ထိုက်တန်သည့်အရာကို ရသွားသည်ကို မမြင်ဖူးပါ။ ဤအရာနှင့်ပတ်သက်၍ ဘုရား၏ ဖြောင့်မတ်ခြင်းက မည်သည့်နေရာတွင် ရှိသည်ကို ငါမမြင်နိုင်ပါ။ ဘုရား၏ဖြောင့်မတ်ခြင်းက အမှန်တကယ် ရှိမှရှိပါ၏လောဟု ငါတွေးမိသည်။ မည်သူက မြင်ဖူးသနည်း။ မည်သူကမျှ မမြင်ဖူးပါ။ မည်သူကမျှ ဤအရာကို သက်သေမပြနိုင်ပါ” ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ ၎င်းတို့ဘာသာ စဉ်းစားသောအရာဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဆိုသည့် ယုံကြည်မှုအပေါ် အခြေခံ၍ ဘုရားသခင်၏ အမှုတော်အားလုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအားလုံးတို့ကို လက်ခံကြခြင်း မဟုတ်ဘဲ အစဉ်သဖြင့် သံသယရှိပြီး ဝေဖန်အပြစ်တင်နေကြသည်။ အစဉ်သဖြင့် အယူအဆများနှင့် ပြည့်ကြပြီး ထိုအယူအဆများကို ဖြေရှင်းရန် သမ္မာတရားကို လုံးဝ မရှာဖွေကြပေ။ ဤသည်မှာ အစဉ်သဖြင့် အန္တိခရစ်များက ဘုရားသခင်ကို ယုံကြည်သည့်ပုံစံဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်မှုရှိသလော။ မရှိပေ။ အန္တိခရစ်များသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ပတ်သက်လျှင် သံသယ သဘောထားတစ်ခုကို အစဉ်သဖြင့် ထိန်းသိမ်းထားသည်။ ၎င်းတို့တွင် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ သန့်ရှင်းခြင်း၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့်ပတ်သက်၍ ၎င်းတို့၏ သံသယများရှိသည်မှာ အမှန်ပင်ဖြစ်၏။ ၎င်းတို့သည် ထိုအရာများကို မယုံကြည်ကြဘဲ မျက်လုံးက မြင်နိုင်သည့်အရာကိုသာ ယုံကြည်ကြသည်။ တစ်စုံတစ်ခုကို ၎င်းတို့၏ မျက်လုံးဖြင့် တပ်အပ်မမြင်ရလျှင် ၎င်းတို့သည် မည်သည့်အခါမျှ ယုံကြည်ကြမည် မဟုတ်။ ၎င်းတို့သည် သခင်ယေရှုကို အစဉ်သဖြင့် သံသယရှိသည့်၊ သခင်ယေရှုသည် သေခြင်းတရားမှ ရှင်ပြန်ထမြောက်သည်ကို မယုံကြည်သည့်၊ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို မယုံကြည်သည့် သောမကဲ့သို့ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော၊ သို့မဟုတ် သမ္မာတရား မလိုက်စားသော အန္တိခရစ်များဖြစ်သည့် ထိုသို့သော အလေဏတောများသည် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ယုံကြည်နိုင်သလော။ သူ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ၎င်းတို့ ယုံကြည်နိုင်သလော။ ဤအရာများတစ်ခုကိုမျှ ၎င်းတို့ မယုံကြည်ကြပေ။ စိတ်နှလုံးတွင် ၎င်းတို့၏ သံသယများ အစဉ်သဖြင့် ထားရှိကြသည်။ အန္တိခရစ်တို့၏ အနှစ်သာရကို အကဲဖြတ်ရလျှင် ၎င်းတို့သည် မျက်လုံးမှ မြင်နိုင်သည့်အရာကိုသာ ယုံကြည်ကြသဖြင့် ရုပ်ဝါဒီများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အနန္တတန်ခိုးကို မမြင်နိုင်ကြဘဲ သူ၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း၊ ယင်းတို့သည် ဖြစ်ပျက်အောင် သူလုပ်ဆောင်နှင့်ပြီးသားဖြစ်သော အမှန်တရားများဖြစ်ကြောင်း ၎င်းတို့ မယုံကြည်ကြချေ။ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြသကဲ့သို့ စစ်မှန်သော ယုံကြည်ခြင်းလည်း မရှိသဖြင့် ဘုရားသခင်၏ လုပ်ရပ်များကို မြင်ဖို့ မဖြစ်နိုင်ပေ။ အမှန်တရားမှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့တွင် ကွယ်ဝှက်ထားသော ကြံရွယ်ချက်တစ်ခု ရှိခြင်းဖြစ်သည်။ ၎င်းတို့သည် လက်လွတ်စပယ် ပြဿနာရှာသူများ၊ စာတန်၏ အစေခံများ ဖြစ်ကြသည်။ သမ္မာတရားကို လက်မခံသော၊ သို့မဟုတ် ဘုရားသခင်၏ တည်ရှိခြင်းကို မယုံကြည်သော၊ အမှုအရာများအားလုံးကို လူသား၏ မျက်လုံးများဖြင့် ကြည့်သော လူတစ်ဦးသည် သမ္မာတရား တည်ရှိခြင်းကို ရှာဖွေတွေ့ရှိနိုင်သလော။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်သလော။ သေချာပေါက် မတွေ့ရှိနိုင်ပေ။ ၎င်းတို့သည် အမှုအရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသော အကြည့်၊ သံသယထားသော အကြည့်၊ မယုံကြည်သော သဘောထားတို့ဖြင့် ကြည့်ရှုပြီး ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံးကို အတိုက်အခံပင် လုပ်သောကြောင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် ပတ်သက်၍ ယုံကြည်ခြင်း မရှိကြချေ။ ၎င်းတို့၏ သံသယများ ထားရှိကြပြီး လက်မခံကြပေ။ အန္တိခရစ်တို့၏ မည်သည့်အပြုအမူများက သမ္မာတရားကို ၎င်းတို့လက်မခံကြောင်း၊ သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရကို အသိအမှတ်မပြုကြောင်း အခြားသူများကို ပြသနည်း။ တိတိကျကျဖြစ်သော အပြုအမူများစွာ ရှိလေသည်။ ဥပမာအားဖြင့် အသင်းတော်၏ အလုပ်တွင် ပြဿနာတစ်ခု ဖြစ်ပေါ်သောအခါ ယင်းအတွက် အပြစ်တင်မှု မည်သို့ပြင်းထန်ပါစေ၊ အကျိုးဆက်များက မည်သို့ဖြစ်စေ အန္တိခရစ်၏ ပထမဆုံး တုံ့ပြန်မှုမှာ မိမိကိုယ်ကို ကင်းရှင်းစေပြီး အပြစ်တင်မှုကို အခြားတစ်နေရာရာသို့ လွှဲပြောင်းပေးဖို့ဖြစ်သည်။ တာဝန်မခံရစေရန်အလို့ငှာ ၎င်းတို့သည် အမှုကိစ္စ၏ အမှန်တရားကို ဖုံးကွယ်ရန် မှန်ကန်သော၊ ကြားကောင်းသောအရာ အနည်းငယ်ကို ပြောပြီး၊ အပေါ်ယံ ဇာချဲ့လုပ်ဆောင်ကြလျက် ၎င်းတို့အပေါ် အမြင်ကို လွှဲပြောင်းရန်အတွက်ပင် ပြုလုပ်မည်ဖြစ်သည်။ သာမန်အချိန်များတွင် လူတို့က ယင်းကို မမြင်နိုင်သော်လည်း တစ်စုံတစ်ခုက အန္တိခရစ်အပေါ်သို့ ကျရောက်သောအခါ သူ၏ အကျည်းတန်မှုက ဖော်ထုတ်ခြင်းခံရသည်။ ဖြူငယ်တစ်ကောင်ကဲ့သို့ပင် သူ၏ ဆူးချွန်များအားလုံးကို ထောင်မတ်လျက် မည်သည့်တာဝန်ကိုမျှ မယူလိုဘဲ မိမိကိုယ်ကို အစွမ်းကုန်ကာကွယ်ကြသည်။ ဤသည်မှာ မည်သို့သော သဘောထားမျိုးဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု မယုံကြည်ခြင်းတစ်ခု မဟုတ်သလော။ ဘုရားသခင်သည် အရာအားလုံးကို စိစစ်သည်၊ သို့မဟုတ် ဖြောင့်မတ်သည်ဟု ၎င်းတို့က မယုံကြည်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုလိုကြသည်။ ၎င်းတို့က “ငါ့ကိုယ်ငါ မကာကွယ်လျှင် မည်သူကမျှ ကာကွယ်ပေးမည် မဟုတ်။ ဘုရားကလည်း ငါ့ကို မကာကွယ်နိုင်ပါ။ သူက ဖြောင့်မတ်သည်ဟု ပြောကြသည်။ သို့သော်လည်း လူများက ဒုက္ခရောက်သည့်အခါတွင် သူတို့ကို ဘုရားက အမှန်တကယ် မျှမျှတတ ဆက်ဆံသလော။ မဖြစ်နိုင်ပါ။ ဘုရားက ထိုသို့ မလုပ်ဆောင်ပါ” ဟူ၍ ယုံကြည်ကြသည်။ ဒုက္ခ၊ သို့မဟုတ် ဖိနှိပ်မှုနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့က အကူအညီမရဟု ခံစားရပြီး “သို့ဆိုလျှင် ဘုရားက အဘယ်မှာနည်း။ လူများက သူ့ကို မမြင်နိုင်၊ မထိတွေ့နိုင်ကြပါ။ မည်သူမျှ ငါ့ကို မကူညီနိုင်ပါ။ မည်သူကမျှ ငါ့ကို တရားမျှတမှု ကမ်းလင့်၍ ငါ့အတွက် တရားမျှတမှုကို ထိန်းသိမ်းမပေးနိုင်ပါ” ဟူ၍ ထင်ကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကို ကာကွယ်ရန် တစ်ခုတည်းသော နည်းလမ်းက ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ဖြစ်သည်၊ ဤသို့မဟုတ်လျှင် ၎င်းတို့သည် ဆုံးရှုံးမှုကို ခံရမည်၊ အနိုင်ကျင့်ခံရပြီး ဖိနှိပ်ခံရမည်၊ ပြီးလျှင် ဘုရားအိမ်တော်သည်လည်း ဤအရာမှ လွတ်မည်မဟုတ်ဟု ထင်ကြသည်။ အန္တိခရစ်သည် သူ့အပေါ်သို့ တစ်စုံတစ်ခု မကျရောက်မီတွင် သူ့ကိုယ်သူအတွက် အရာရာတိုင်းကို စီစဉ်ပြီး ဖြစ်လိမ့်မည်။ တစ်ဖက်တွင် သူလုပ်ဆောင်သည့်အရာမှာ မည်သူကမျှ သူ့အား စိတ်အနှောင့်အယှက်မပေးရဲသည့်၊ သို့မဟုတ် ပြဿနာမရှာရဲသည့်၊ သို့မဟုတ် အနိုင်မကျင့်ရဲသည့် အလွန်အင်အားကြီးသောသူအဖြစ် သူ့ကိုယ်သူ အယောင်ဆောင်ရန် အလွန်ကြိုးစားအားထုတ်ခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ ဖြစ်တည်မှုနိယာမအပေါ် အခြေအနေတိုင်းတွင် လိုက်နာခြင်း ဖြစ်သည်။ ထိုအရာများမှာ အဓိကအားဖြင့် မည်သည့်အရာများ ဖြစ်သနည်း။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ” “အသိတရားရှိသော လူများသည် မိမိကိုယ်ကို ကာကွယ်ရာတွင် တော်၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားသည်”၊ လိမ္မာပါးနပ်လျက် အခြေအနေကိုကြည့်ပြီး လုပ်ဆောင်ခြင်း၊ “တိုက်ခိုက်မခံရလျှင် ကျွန်ုပ် တိုက်ခိုက်မည်မဟုတ်ပါ”၊ “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်”၊ “ပွင့်လင်းခြင်းသည် အခြားသူများကို စိတ်အနှောင့်အယှက် ဖြစ်စေသဖြင့် အခြားသူများ၏ခံစားချက်များ၊ ဆင်ခြင်တုံတရားများနှင့် သဟဇာတဖြစ်ရန် ကောင်းသော စကားများကို ပြောပါ”၊ “ဉာဏ်အမြော်အမြင်ရှိသူတစ်ဦးသည် အခြေအနေကို နာခံ၏” နှင့် အခြား ဤသို့သော စာတန်ဆန်သော အတွေးအခေါ်များဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မချစ်ဘဲ စာတန်၏ အတွေးအခေါ်များကို အပြုသဘောဆောင်သော အရာများဖြစ်သကဲ့သို့ လက်ခံပြီး ဤအရာများက ၎င်းတို့ကို ကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဤအရာများဖြင့် အသက်ရှင်နေထိုင်သည်။ မည်သူ့ကိုမျှ အမှန်တရားကို မပြောဘဲ နှစ်လိုဖွယ်ဖြစ်သောအရာများ၊ မျက်နှာချိုသွေးသော၊ မြှောက်ပင့်သောအရာများကို အစဉ်အမြဲ ပြောဆိုပြီး မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မပေးဘဲ ၎င်းတို့အား အခြားလူများ အထင်ကြီးစေရန်အတွက် ကိုယ့်ဂုဏ်ကိုယ်တင်ဖော်ဖို့ နည်းလမ်းများကို စဉ်းစားကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့အား လိုက်စားခြင်းကိုသာ ဂရုစိုက်ပြီး အသင်းတော်အလုပ်အား ထိန်းသိမ်းရန် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ပေ။ မည်သူမဆိုက မကောင်းသောအရာတစ်ခုလုပ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်သည်ဖြစ်စေ ထိုသူတို့ကို ဖော်ထုတ်ခြင်း၊ တိုင်ကြားခြင်းမရှိဘဲ မမြင်သကဲ့သို့ ပြုမူကြသည်။ အမှုအရာများကို ကိုင်တွယ်ခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းများနှင့် ၎င်းတို့အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့်အရာအပေါ် ၎င်းတို့၏ ဆက်ဆံပုံကို ကြည့်လျှင် ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအပေါ် သိမြင်မှုတစ်ခုခု ရှိသလော။ ယင်းအပေါ်တွင် ယုံကြည်ခြင်းတစ်ခုခုရှိသလော။ မည်သည့်အရာမျှ မရှိပေ။ ဤတွင် “မည်သည့်အရာမျှ” ဆိုသည်မှာ ၎င်းတို့ သတိမထားမိဟု မဆိုလိုဘဲ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်ပတ်သက်ပြီး သံသယများရှိသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဟု လက်မခံသကဲ့သို့ အသိအမှတ်လည်းမပြုပေ။ ဘုရားအိမ်တော်တွင် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတို့ စိုးမိုးကြောင်း လူများစွာတို့က သက်သေခံသည်ကို တွေ့မြင်သည့်အခါတွင် ၎င်းတို့သည် အတိုက်အခံလုပ်ပြီး “အဆင်းနီသော နဂါးကြီးသည် ဘုရားရွေးချယ်ထားသော လူများကို ထိုသို့ညှဉ်းပန်းနှိပ်စက်ခြင်းအတွက် အဘယ်ကြောင့် ဒဏ်ခတ်ခြင်းမခံရသနည်း။ ဘာသာတရားမရှိသူများထဲမှ ဆိုးယုတ်သောလူများသည် ဘုရားရွေးချယ်ထားသော လူများကို အနိုင်ကျင့်ပြီး အသရေဖျက်ကြကာ ဝေဖန်ကြသည်။ ပြီးလျှင် ၎င်းတို့သည် မည်သည့်ဒဏ်ခတ်ခြင်းကိုမျှလည်း ရင်မဆိုင်ရပါ။ ၎င်းတို့အားလုံးသည် သာယာဝပြောနေကြ၏။ ဘုရားကို ယုံကြည်သူများသည် အစဉ်သဖြင့် အနိုင်ကျင့်ခြင်းခံရသည့်သူများ အဘယ်ကြောင့် ဖြစ်ရသနည်း” ဟု စိတ်နှလုံးထဲတွင် ဝေဖန်ကြလေသည်။ ၎င်းတို့သည် စိတ်နှလုံးတွင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မယုံကြည်ကြပေ။ ဘုရားသခင်သည် လူတိုင်းကို ဖြောင့်မတ်ခြင်းဖြင့် ဆက်ဆံသည်ကို ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်သည် လူတစ်ဦးချင်းစီကို ထိုသူများ၏ လုပ်ဆောင်ချက်များနှင့်အညီ ထိုသူတို့နှင့် ထိုက်တန်သည့်အရာကို ပေးမည်ဖြစ်ကြောင်းနှင့် သမ္မာတရားကို လိုက်စားသောသူများသာလျှင် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံစားရပြီး လှပသော ပန်းတိုင်ကို ရရှိနိုင်ကြောင်းတို့ကိုလည်း ၎င်းတို့ မယုံကြည်ကြပေ။ အန္တိခရစ်တို့သည် ဤအရာများကို မယုံကြည်ကြပေ။ ၎င်းတို့က မိမိဘာသာ ပြောဆိုကြသည်မှာ “ဤအရာများသည် အမှန်တရားများဖြစ်ပါက ယင်းတို့ကို ကျွန်ုပ် အဘယ်ကြောင့် မတွေ့မြင်ရသေးသနည်း။ သမ္မာတရားကို လိုက်စားသောသူများသည် ဘုရား၏ ကောင်းချီးပေးခြင်းကို ခံရမည်ဟု သင်ပြောသည်။ ကောင်းပြီ၊ ကျွန်ုပ်တို့၏ အသင်းတော်တွင် မည်သူမည်ဝါသည် သမ္မာတရားကို လိုက်စားပြီး ဘုရားအတွက် မိမိကိုယ်ကို အသုံးခံကာ သူ၏ တာဝန်ကို အတော်အတန် သစ္စာစောင့်သိစွာ ထမ်းဆောင်သည်။ ယင်းက သူ့အတွက် မည်သို့အဆုံးသတ်သနည်း။ သူသည် အဆင်းနီသော နဂါးကြီး၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသည်မှာ အိမ်ပင် မပြန်နိုင်ပါ။ သူ့မိသားစုမှာ တကွဲတပြား ဖြစ်ကြရသည်။ သူ့မှာ သူ၏ သားသမီးများကိုပင် မတွေ့ရပါ။ ယင်းမှာ ဘုရား၏ ဖြောင့်မတ်ခြင်း ဖြစ်သလော။ ပြီးလျှင် မည်သူမည်ဝါက ဘုရားကို ယုံကြည်ခြင်းအတွက် ထောင်ထဲသို့ အထည့်ခံရသည်။ ထိုနေရာတွင် သူ သေလုမြောပါး နှိပ်စက်ခြင်း ခံရသည်။ ထိုစဉ်အခါက ဘုရား၏ ဖြောင့်မတ်ခြင်း စိတ်သဘောထားသည် အဘယ်မှာနည်း။ ထိုသူသည် သူ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခဲ့သည်။ သူသည် ယုဒမဟုတ်ပါ။ ဘုရားက သူ့ကို အဘယ်ကြောင့် ကောင်းချီးမပေးသနည်း၊ အဘယ်ကြောင့် မကာကွယ်သနည်း။ ပြီးလျှင် အဆင်းနီသော နဂါးကြီးက သူ့ကို သေလုမြောပါး ရိုက်နှက်သည်ကို ဘုရားက အဘယ်ကြောင့် ခွင့်ပြုခဲ့သနည်း။ ကျွန်ုပ်တို့၏ အသင်းတော်တွင် အသင်းတော်အလုပ်အတွက် မိမိ၏ မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်သော ခေါင်းဆောင်တစ်ဦးလည်း ရှိခဲ့သည်။ သူသည် သူ၏တာဝန်ကို နှစ်ချီ၍ ထမ်းဆောင်ခဲ့ပြီး ဆင်းရဲဒုက္ခ အတော်များများကို ကြုံတွေ့ခဲ့ရသော်လည်း အဆုံးတွင်မူ မကောင်းမှု အနည်းငယ်မျှ ပြုခဲ့ပြီး အသင်းတော်၏ အလုပ်အပေါ် နှောင့်ယှက်ခဲ့သည့်အတွက် ပြစ်တင်ရှုတ်ချပြီး ဖယ်ထုတ်ပစ်ခြင်းကို ခံခဲ့ရသည်။ ဘုရား၏ ဖြောင့်မတ်သော စိတ်သဘောထားသည် အဘယ်မှာနည်း။ ပြီးလျှင် ဘုရားအိမ်တော်၌ တာဝန်များကို ထမ်းဆောင်နေသည့် အသက်အတော်ငယ်သော ညီအစ်ကိုမောင်နှမတချို့ ရှိကြသည်။ ဆင်းရဲဒုက္ခများခံကြပြီး အားသွန်ခွန်စိုက် အလုပ်လုပ်ကြသည့်တိုင် အမှားတစ်ခုလုပ်မိပြီး စည်းမျဉ်းများကို ချိုးဖောက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ပြုပြင်ခြင်းခံရသည်။ ၎င်းတို့ထဲမှ တချို့ဆိုလျှင် ၎င်းတို့ကို နှစ်သိမ့်ပေးမည့်သူ တစ်ဦးမျှ မရှိဘဲ ဖယ်ထုတ်ပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို ကြောက်သည့်အတွက် အတော်ပင် ဝမ်းနည်းပက်လက် ငိုကြွေးကြသည်။ ယင်းတွင် ဘုရား၏ ဖြောင့်မတ်ခြင်းကို ကျွန်ုပ် အဘယ်ကြောင့် မမြင်ရသနည်း။ ဤအရာများတွင် ဘုရား၏ ဖြောင့်မတ်သော စိတ်သဘောထားသည် အတိအကျ မည်သည့်နည်းလမ်းဖြင့် ပေါ်လွင်ထင်ရှားသနည်း။ ကျွန်ုပ် အဘယ်ကြောင့် မမြင်နိုင်ရသနည်း။ ပြီးလျှင် ကျွန်ုပ်ကိုယ်တိုင်၏ အခြေအနေကလည်း ရှိသည်။ ကျွန်ုပ်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် အနည်းငယ် ဝတ်ကျေတမ်းကျေ ဖြစ်ကောင်း ဖြစ်နိုင်ပြီး တစ်ခါတစ်ရံတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို အနည်းငယ် ထုတ်ဖော်ကောင်း ထုတ်ဖော်နိုင်သည်။ သို့သော်ငြားလည်း ကျွန်ုပ်တွင် ပါရမီရှိသည်။ ဘုရားအိမ်တော်သည် ကျွန်ုပ်ကို အဘယ့်ကြောင့် ရာထူးမတိုးပေးသနည်း” ဟူ၍ ဖြစ်လေသည်။ ထိုသို့သော အရေးကိစ္စများကြောင့် အန္တိခရစ်တို့သည် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ ၎င်းတို့သည် အပြင်ပန်းဖြစ်စဉ်များကိုသာ မြင်ကြသည်။ သို့ရာတွင် အမှုအရာများ၏ နောက်ကွယ်ရှိ ဘုရားသခင်၏ ရည်ရွယ်ချက်များသည် မည်သည့်အရာများ ဖြစ်သည်ကိုမူ ၎င်းတို့ မမြင်နိုင်ကြပေ။ ၎င်းတို့ စိတ်နှလုံး နက်ရှိုင်းရာတွင် ဒွိဟများနှင့် သံသယများဖြင့်လည်းကောင်း၊ စိတ်ကူးများနှင့် အယူအဆများဖြင့်လည်းကောင်း ပြည့်နေကြပြီး ၎င်းတို့၏ စိတ်နှလုံးတွင် မဖြေလျှော့နိုင်သည့် အခဲမကျေမှုများစွာ ရှိသည်။ ဤအရာများအကြောင်းကို တွေးလိုက်သည့်အခါတိုင်းတွင် ၎င်းတို့သည် နာကြည်းချက်ဖြင့်လည်းကောင်း၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဆန့်ကျင်၍ ပြစ်တင်ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့ဖြင့်လည်းကောင်း ပြည့်သွားလေသည်။ စိတ်ထိခိုက်စွာဖြင့် ၎င်းတို့က မိမိတို့ကိုယ်ကို ပြောကြသည်။ “ဘုရားက ဖြောင့်မတ်လျှင် ဟန်ဆောင်မှုကင်းသော လူများသည် အဘယ်ကြောင့် ပြုပြင်ခြင်းခံရသနည်း။ သူက ဖြောင့်မတ်လျှင် ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်ကို ထုတ်ဖော်မိသည့် လူများကို အဘယ်ကြောင့် ခွင့်မလွှတ်သနည်း။ သူက ဖြောင့်မတ်လျှင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံခဲ့သော လူများသည် တကယ့်အလုပ်ကို လုပ်ရန် ပျက်ကွက်ခြင်းသက်သက်အတွက် အဘယ့်ကြောင့် ဖြုတ်ချခံရသနည်း။ သူက ဖြောင့်မတ်လျှင် စွဲမြဲခိုင်မာစွာ ဆက်ကပ်ခြင်းဖြင့် သူ့နောက်လိုက်ကြသည့် ကျွန်ုပ်တို့သည် ညှဉ်းပန်းပြီး နှိပ်စက်ခြင်းခံရကာ ထောင်ချခြင်းခံရနိုင်ခြေရှိပြီး အချို့သော ကိစ္စများတွင် အသေရိုက်သတ်ခြင်းပင် ခံရမည်မှာ အဘယ့်ကြောင့်နည်း” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်များတွင် ဤဖြစ်စဉ်တစ်ခုတလေအတွက် ရှင်းလင်းသော ဖြေရှင်းချက် မရှိပေ။ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ၎င်းတို့ မသိကြပေ။ ယင်းကို ၎င်းတို့ ရှင်းလင်းစွာ မမြင်နိုင်ကြ။ မကြာခဏဆိုသလို ၎င်းတို့က မိမိတို့ကိုယ်ကို မေးမြန်းကြသည်။ “ကျွန်ုပ် ယုံကြည်သည့် ဘုရားသည် ဖြောင့်မတ်သလော။ သို့မဟုတ် မဖြောင့်မတ်သလော။ ဖြောင့်မတ်သည့် ဘုရားသည် တည်ရှိသလော။ သို့မဟုတ် မတည်ရှိသလော။ သူ အဘယ်မှာနည်း။ ကျွန်ုပ်တို့ အခက်အခဲများဖြင့် ရင်ဆိုင်ရသည့်အခါတွင်၊ ကျွန်ုပ်တို့ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသည့်အခါတွင် သူဘာလုပ်နေသနည်း။ ကျွန်ုပ်တို့ကို သူကယ်တင်နိုင်သလော။ သို့မဟုတ် မကယ်တင်နိုင်သလော။ ဘုရားက ဖြောင့်မတ်လျှင် စာတန်ကို သူအဘယ်ကြောင့် မဖျက်ဆီးသနည်း။ အဆင်းနီသော နဂါးကြီးကို သူအဘယ်ကြောင့် မဖျက်ဆီးသနည်း။ ကောက်ကျစ်ဆိုးယုတ်သော ဤလူသားမျိုးနွယ်ကို သူအဘယ်ကြောင့် အပြစ်ဒဏ်မပေးသနည်း။ သူ့ကို ယုံကြည်ပြီး ဆိုးဆိုးရွားရွား ဒုက္ခခံထားရသော ကျွန်ုပ်တို့ကို သူအဘယ်ကြောင့် တရားမျှတခြင်း မကမ်းလှမ်းသနည်း၊ ပြီးလျှင် ကျွန်ုပ်တို့အတွက် မျှတခြင်းကို သူအဘယ်ကြောင့် မထိန်းသိမ်းသနည်း။ ကျွန်ုပ်တို့အတွက် သူအဘယ်ကြောင့် မရပ်တည်သနည်း။ နတ်ဆိုးများနှင့် စာတန်ကို ကျွန်ုပ်တို့ မုန်းတီးပြီး ဆိုးယုတ်သောလူများကို မုန်းတီးသည်။ ဘုရားသည် ကျွန်ုပ်တို့၏ မကျေနပ်ချက်များအတွက် အဘယ်ကြောင့် လက်စားမချေသနည်း” ဟူ၍ဖြစ်သည်။ “အဘယ်ကြောင့်” တစ်ခုပြီးတစ်ခုသည် အန္တိခရစ်တစ်ဦး၏ စိတ်နှလုံးထဲမှ မရပ်မနား ထွက်ပေါ်လာသည်မှာ စက်သေနတ်တစ်လက်ကဲ့သို့ဖြစ်ပြီး မည်သည့်နည်းနှင့်မျှ ထိန်းချုပ်၍ မရနိုင်ပေ။ ဤအရာများကို မထိန်းချုပ်နိုင်သည့်အခါတွင် ၎င်းတို့သည် အဘယ်ကြောင့် ဆုတောင်းပြီး ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ မလာသနည်း။ သို့မဟုတ် အဘယ်ကြောင့် သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး မိတ်သဟာယပြုရန်အတွက် ညီအစ်ကိုမောင်နှမများကို မရှာဖွေသနည်း။ ထိုသို့ပြုလျှင် ထိုသို့သော ပြဿနာများကို တစ်ခုပြီးတစ်ခု ၎င်းတို့ ဖြေရှင်းသွားမည်ပင် ဖြစ်သည်မဟုတ်လော။ ဤပြဿနာများကို ဖြေရှင်းခြင်းသည် အမှန်တကယ်ပင် ခက်ခဲသောအရာတစ်ခုဖြစ်သလော။ ဘုရားသခင်နှင့် သမ္မာတရားတို့ကို ကျိုးနွံနာခံသော သဘောထားတစ်ခု၊ သမ္မာတရားကို လက်ခံသော သဘောထားတစ်ခုကို သင်ခံယူလျှင် ဤပြဿနာများသည် ပြဿနာများ ဖြစ်တော့မည် မဟုတ်ချေ။ ယင်းတို့အားလုံးကို ဖြေရှင်း၍ရနိုင်သည်။ အန္တိခရစ်များသည် ယင်းကို အဘယ်ကြောင့် မလုပ်ဆောင်နိုင်သနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်မခံသောကြောင့်ဖြစ်သည်။ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို မယုံကြည်သောကြောင့် ဖြစ်သည်။ သို့မဟုတ် သမ္မာတရားကို အသိအမှတ်မပြုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဖြစ်ပျက်သော အရာအားလုံးကို ဘုရားသခင်ထံမှ ခံယူနိုင်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအားလုံးကိုပင် ကျိုးနွံနာခံနိုင်ခြင်း မရှိပေ။ ထိုအကြောင်းကြောင့် အန္တိခရစ်များသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်ပတ်သက်၍ စိတ်နှလုံးထဲတွင် သံသယများဖြင့် ပြည့်နေခြင်းဖြစ်သည်။ ၎င်းတို့သည် စမ်းသပ်မှုများဖြင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့၏ စိတ်နှလုံးတွင် ပြည့်နေသော သံသယများသည် ပေါက်ကွဲထွက်လာလိမ့်မည်ဖြစ်ကာ အတွင်းထဲတွင် ၎င်းတို့က “ဘုရားက ဖြောင့်မတ်လျှင် ကျွန်ုပ်တို့ကို သူအဘယ်ကြောင့် အလွန်များစွာ ဒုက္ခခံစားခွင့်ပေးသနည်း။ ဘုရားက ဖြောင့်မတ်လျှင် ခရစ်တော်နောက်လိုက်ရာ၌ ဒုက္ခတစ်ဝကြီး ခါးစည်းခံခဲ့ရသော ကျွန်ုပ်တို့အပေါ် သူအဘယ်ကြောင့် သနားကရုဏာ မထားသနည်း။ ဘုရားက ဖြောင့်မတ်လျှင် သူ့အတွက် မိမိတို့ကိုယ်ကို အသုံးခံပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်သော ကျွန်ုပ်တို့ကို သူအဘယ်ကြောင့် မကာကွယ်သနည်း၊ သို့မဟုတ် ကျွန်ုပ်တို့၏ မိသားစုများကို သူအဘယ်ကြောင့် မကာကွယ်သနည်း။ ဘုရားက ဖြောင့်မတ်လျှင် သူ့ကို ရိုးသားစစ်မှန်စွာ ယုံကြည်သော လူတချို့ကို အဆင်းနီသော နဂါးကြီး၏ လက်ထဲတွင် ထောင်ထဲ၌ သူအဘယ်ကြောင့် သေခွင့်ပြုသနည်း” ဟု ဘုရားသခင်ကို မေးခွန်းထုတ်မည် ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို စတင်၍ ပွက်ပွက်ညံအောင် ကန့်ကွက်ကြတော့သည်။ “ဘုရားက ဖြောင့်မတ်လျှင် ကျွန်ုပ်တို့ကို အလွန်များစွာ ဒုက္ခခံခွင့်မပြုသင့်ပါ။ ဘုရားက ဖြောင့်မတ်လျှင် ကျွန်ုပ်တို့ကို ယုတ္တိမဲ့စွာဖြစ်စေ၊ အကြောင်းပြချက်မဲ့စွာဖြစ်စေ ဆုံးမပဲ့ပြင်ခြင်းနှင့် ထုတ်ဖော်ခြင်း မပြုသင့်ပါ။ ဘုရားက ဖြောင့်မတ်လျှင် ကျွန်ုပ်တို့ လုပ်ဆောင်သည့် ဒုစရိုက်အမှုများ အားလုံးကို သည်းခံသင့်ပြီး ကျွန်ုပ်တို့၏ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းများအားလုံးကို ခွင့်လွှတ်ကာ ကျွန်ုပ်တို့၏ ပြစ်မှားခြင်းများအားလုံးအတွက် သက်ညှာသင့်သည်။ သင်သည် ဤအရာများကိုပင် မလုပ်ဆောင်နိုင်လျှင် ဖြောင့်မတ်သောဘုရားတစ်ပါး မဟုတ်ပါ” ဟူ၍ ဖြစ်လေသည်။ ဤအရာများအားလုံးသည် အန္တိခရစ်တို့၏ စိတ်ထဲတွင် ရှိသော အရာများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများဖြင့် ပြည့်နေပြီး ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို လုံးဝမရှာဖွေကြချေ။ ၎င်းတို့ ထုတ်ဖော်ခြင်းခံရသည့် နေ့ရက်ရောက်လာသည့်အခါတွင် ဤအယူအဆများသည် ပေါက်ကွဲထွက်လာရန် သေချာပေသည်။ ယင်းမှာ အန္တိခရစ်တို့၏ အကျည်းတန်သော စိတ်နေစိတ်ထားနှင့် စစ်မှန်သော စရိုက်မှန် ဖြစ်၏။
အန္တိခရစ်တို့သည် ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည် ဟူသည့်အချက်ကို အသိအမှတ်ပြုရန် မဆိုထားနှင့် သမ္မာတရားကို အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ခံခြင်းပင် မရှိကြသောကြောင့် ၎င်းတို့အတွက် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကြီးမားသော၊ မဖြေရှင်းရသေးသော မေးခွန်းတစ်ခုဖြစ်သည်။ ပြီးလျှင် အချိန်ကုန်လွန်လာသည်နှင့်အမျှ၊ ဖြစ်ရပ်များ ဖြစ်ပေါ်လာသည်နှင့်အမျှ၊ ပြဿနာမျိုးစုံ ပေါ်ပေါက်လာသည်နှင့်အမျှ ၎င်းတို့၏ ထိုမေးခွန်းအမှတ်အသားသည် ပို၍ ကြီးသည်ထက် ကြီးလာကာ ဖြည်းဖြည်းချင်းဖြင့် ကြက်ခြေခတ် အမှတ်အသားအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုကြက်ခြေခတ် အမှတ်အသားသည် မည်သည့်သဘောဆောင်သနည်း။ ယင်းမှာ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟူသည့် အချက်ကို ၎င်းတို့က လုံးလုံးလျားလျား ငြင်းပယ်သည်ကို ဆိုလိုသည်။ ပြီးလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ကို အန္တိခရစ်တစ်ဦး ငြင်းပယ်သည့်အချိန်ဖြစ်သည့် ထိုကြက်ခြေခတ်အမှတ်အသား ရေးဆွဲပြီးသည့်အခါတွင် ၎င်းတို့၏ စိတ်ကူးယဉ်အိပ်မက်များနှင့် ဆန္ဒများ အားလုံးသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားကြ၏။ ဤအရာကို သေချာစဉ်းစားဆင်ခြင်လော့။ ထိုသို့သော အကျိုးဆက်တစ်ခုသို့ ဆိုက်ရောက်စေသည့် အစမှတ်မှာ အဘယ်နည်း။ (အန္တိခရစ်တို့က ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ၎င်းတို့သည် ကောင်းချီးပေးခြင်းခံရသင့်ကာ သူ၏ ကွယ်ကာခြင်းကို လက်ခံရရှိသင့်သည်ဟု တွေးထင်ကြပါသည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီသော အမှုကို ဆောင်ရွက်သည့်အခါတွင် ၎င်းတို့က သူသည် မဖြောင့်မတ်ကြောင်း ခံစားရ၍ ထိုအမှုကို သူ့ထံမှ မခံယူနိုင်ကြပါ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မိမိတို့၏ အယူအဆများ ပေါ်ပေါက်လာသည့်အခါ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်း မရှိလေရာ ယင်းတို့ကို ချက်ချင်း မဖြေရှင်းနိုင်ကြပါ။ ဤနည်းအားဖြင့် ၎င်းတို့၏ အယူအဆများသည် စုစည်းလာကာ ပုံလာပါသည်။ ယင်းက အဆုံးတွင် ထိုသို့သော အကျိုးဆက်တစ်ခုကို ဖြစ်စေသည့်အရာ ဖြစ်ပါသည်။) သင်တို့က အပေါ်ယံအဆင့် ဖြစ်စဉ်အကြောင်း ပြောနေကြခြင်း ဖြစ်သည်။ အရင်းအမြစ်ကို မရောက်ကြချေ။ ငါအဘယ်ကြောင့် ထိုသို့ပြောရသနည်း။ အကြောင်းမှာ ဤကဲ့သို့ပြုမူရန်၊ ထိုသို့သော အမြင်ရှုထောင့်များ ထားရှိရန် အန္တိခရစ်တို့၏ လုပ်နိုင်စွမ်းဇာစ်မြစ်တွင်လည်းကောင်း၊ ဘုရားသခင်ကို သံသယထားရန်နှင့် ငြင်းပယ်ရန် ၎င်းတို့၏ လုပ်နိုင်စွမ်းဇာစ်မြစ်တွင်လည်းကောင်း တစ်စုံတစ်ရာ ရှိသောကြောင့် ဖြစ်၏။ ယင်းကို အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးသည်မှာ ပြောစရာမလိုပေ။ ယင်းမှာ အရင်းအမြစ်ဖြစ်သည်။ ထိုအကြောင်းကိုမူ ဤမျှသာ ပြောဦးမည်။ အဓိက ဖြစ်ကြောင်းရင်းမြစ်မှာ တကယ့်ကနဦးအစကတည်းက အန္တိခရစ်တို့သည် သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် လက်ခံခြင်း မရှိကြခြင်းဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အဘယ်ကြောင့် လက်မခံသနည်း။ ဤသည်မှာလည်း ယင်း၏ အရင်းအမြစ်ရှိသည်။ ၎င်းတို့သည် ဘုရားသခင်က သမ္မာတရားဖြစ်ကြောင်း၊ သူ့နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း အသိအမှတ်မပြုကြပေ။ ပြီးလျှင် ၎င်းတို့က ယင်းကို အသိအမှတ်မပြုသည့်အတွက် လက်မခံနိုင်ပေ။ သမ္မာတရားကို ၎င်းတို့ လက်မခံနိုင်သည်ကို ထောက်ဆသော် သမ္မာတရား၏ ရှုမြင်ပုံဖြင့် ပြဿနာတစ်ခုတလေကို တစ်နည်းနည်းနှင့် ကြည့်နိုင်သလော။ (မကြည့်နိုင်ပါ။) ယင်းကို ၎င်းတို့ မလုပ်ဆောင်နိုင်ပေ။ သို့ဖြစ်၍ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့အပေါ် ဖြစ်ပျက်သော အမှုအရာများသည် မည်သည့်အရာများဖြစ်ပါစေ ယင်းတို့ကို ထိုးထွင်းသိမြင်ခြင်း မရှိချေ။ ၎င်းတို့အနီးတွင် ဖြစ်ပျက်သော ကိစ္စကြီးကြီးငယ်ငယ်ကိုလည်းကောင်း၊ အခြားသူများ၏ စကားများကိုလည်းကောင်း မရိပ်စားမိနိုင်ချေ။ လူများ သို့မဟုတ် ဖြစ်ရပ်များကို ၎င်းတို့ မရိပ်စားမိနိုင်ချေ။ မည်သည့်အရာကိုမျှ ၎င်းတို့ ထိုးထွင်းသိမြင်ခြင်း မရှိချေ။ အချို့သောအရာများသည် အပြင်ပန်းတွင် ၎င်းတို့ပြောသည့်အတိုင်း ဖြစ်ပုံရသော်လည်း အနှစ်သာရအားဖြင့် ယင်းတို့မှာ ထိုသို့မဟုတ်ပေ။ ဤသည်မှာ သမ္မာတရားနှင့် သက်ဆိုင်သည်။ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ သို့မဟုတ် လက်မခံလျှင် ဤအရာများတွင် ပါဝင်သည့် သမ္မာတရားကို နားလည်နိုင်သလော။ သင်နားမလည်နိုင်ပေ။ သို့ဖြစ်၍ လူ၏ ရှုမြင်ပုံဖြင့်၊ လူ၏ အသိပညာဖြင့်၊ လူ၏ ဦးနှောက်ဖြင့် အမှုအရာများကို ဆန်းစစ်ပြီး လေ့လာရုံသာ သင်လုပ်ဆောင်နိုင်လေသည်။ ထိုသို့သော လေ့လာမှုသည် မည်သည့်ရလဒ်များကို ဖြစ်ပေါ်စေမည်နည်း။ ယင်းတို့သည် သမ္မာတရားနှင့် ကိုက်ညီမည်လော။ ယင်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ ရည်ရွယ်ချက်များနှင့် ကိုက်ညီမည်လော။ မကိုက်ညီချေ၊ ယင်းတို့သည် မည်သည့်အခါမျှ ကိုက်ညီမည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သည့်သူများအားလုံး သိရှိကြသည့် ယောဘ၏ ဇာတ်ကြောင်းကဲ့သို့ပင် ဖြစ်လေသည်။ သမ္မာတရားကို အသိအမှတ်ပြုပြီး လက်ခံသည့်အပြင် ဘုရားသခင်ကို ယုံကြည်ပြီး ကျိုးနွံနာခံနိုင်သည့် လူတိုင်းက စိတ်နှလုံးတွင် ယောဘကို ချီးကျူးပြီး လေးစားအားကျကြသည်။ ၎င်းတို့အားလုံးသည် ယောဘကဲ့သို့ လူတစ်ယောက် ဖြစ်ဖို့ ဆန္ဒရှိကြသည်။ မိမိအပေါ် စမ်းသပ်မှုများအလယ်တွင် ဘုရားသခင်အတွက် ချီးကျူးခြင်းနှင့် သိကျွမ်းခြင်းဖြစ်သည့် ယောဘ၏ ထုတ်ဖော်ပြသမှုများကိုလည်း ၎င်းတို့က ချီးကျူးပြီး လေးစားအားကျကြသည်။ ယောဘအပေါ် ဆိုက်ရောက်လာသည့် အမျိုးမျိုးသော အတိဒုက္ခများနှင့် မချိမဆံ့ဝေဒနာများသည် ဘုရားသခင်၏ အမှုဖြစ်ကြောင်း လူများက ၎င်းတို့၏ စိတ်နှလုံးထဲတွင် နားလည်နိုင်ကြသည်။ ခြုံကြည့်သော် လူတစ်ယောက်အနေဖြင့် ယောဘသည် သမ္မာတရား လိုက်စားသူများအားလုံးအတွက် ရည်သန်မျှော်မှန်းချက်တစ်ခုအဖြစ် ရပ်တည်လေသည်။ ၎င်းတို့အားလုံးသည် သူ၏ စံနမူနာအတိုင်း လိုက်လိုပြီး ထိုသို့သော လူတစ်ဦး ဖြစ်လိုကြသည်။ သို့ဆိုလျှင် ထိုသို့သော အပြုသဘောဆောင်သည့် ရလဒ်သည် မည်သို့စွမ်းဆောင်ရရှိသနည်း။ ယင်း၏ အခြေခံအုတ်မြစ်မှာ အဘယ်နည်း။ ဤသည်မှာ သမ္မာတရားဖြစ်ကြောင်း၊ ဤအရာအားလုံးသည် ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း လှိုက်လှိုက်လှဲလှဲ ယုံကြည်လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်း ဖြစ်သည်။ လူတစ်ဦးသည် ယောဘကဲ့သို့ လူတစ်ယောက် ဖြစ်ရန် တစ်ဆင့်ချင်း ဆန္ဒရှိလာသည်မှာ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်လာရန် ဆန္ဒရှိလာသည်မှာ ဤအခြေခံအုတ်မြစ်ပေါ်တွင် ဖြစ်လေသည်။ ၎င်းတို့သည် စိတ်နှလုံးတွင် ဤအရာအားလုံးကို ယုံကြည်ပြီး အသိအမှတ်ပြုကာ နောက်ဆုံးတွင် ယင်းနှင့်ပတ်သက်၍ ပြင်းပြသောဆန္ဒတစ်ခုကို စွမ်းဆောင်ရရှိကြသည်။ ယင်းမှာ ၎င်းတို့၏ ဘဝတွင် ၎င်းတို့ ဆက်လက်လိုက်စားသည့်အရာ ဖြစ်သည်။ ထိုသို့သောရလဒ်တစ်ခုကို စွမ်းဆောင်ရရှိရန် အခြေခံအကျဆုံးသော အရာမှာ ဤအရာအားလုံးကို စိတ်နှလုံးတွင် အသိအမှတ်ပြုပြီး ယုံကြည်ရန် ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်များတွင် ထိုသို့သော အသိအမှတ်ပြုခြင်းနှင့် ယုံကြည်လက်ခံခြင်း ရှိသလော။ ၎င်းတို့တွင် မရှိပေ။ အန္တိခရစ်များသည် ယောဘ ဖြတ်သန်းခဲ့သည့်အရာ အားလုံးကို မည်သို့ရှုမြင်သနည်း။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများအားလုံးတွင် အရေးပါမှု ရှိသည်ဟု ၎င်းတို့ထင်သလော။ ယင်းတို့အားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည်ကို ၎င်းတို့ မြင်နိုင်သလော။ ယင်းကို ၎င်းတို့ မမြင်နိုင်သကဲ့သို့ ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံးတွင် အရေးပါမှု ရှိသည်ကိုလည်း ၎င်းတို့ မမြင်နိုင်ကြချေ။ ၎င်းတို့သည် ယင်းတွင် မည်သည့်အရာကို မြင်ကြသနည်း။ ယောဘတွင် သိုးများနှင့် နွားများ တောင်ပုံရာပုံဖြင့်လည်းကောင်း၊ တစ်ပြည်လုံးတွင် အလှပဆုံးသော သားများနှင့် သမီးများဖြင့်လည်းကောင်း ကြီးမားသော ဓနဥစ္စာရှိကြောင်းကို မြင်ကြသည်။ ဤအရာကိုမူ ၎င်းတို့ မြင်ကြသည်။ ထို့နောက်တွင် သူ၏ ဆင်းရဲဒုက္ခများအားလုံး ပြီးနောက်တွင် ဘုရားသခင်က သူ့ကို နောက်တစ်ကြိမ် ကောင်းချီးပေးလေသည်။ ယင်းတွင် ၎င်းတို့ မည်သည့်အရာကို မြင်ကြသနည်း။ ၎င်းတို့က “သူသည် ထိုကောင်းချီးများအတွက် အပြန်အလှန်အားဖြင့် တစ်စုံတစ်ရာ ပေးခဲ့သည်။ သူသည် ယင်းတို့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်သည်။ ဘုရားအနေဖြင့် ယင်းတို့ကို ပေးသနားမှသာ တရားနည်းလမ်းကျမည်” ဟု ပြောကြမည်ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏ ယေဘုယျ နားလည်သဘောပေါက်မှုတွင် အန္တိခရစ်တို့၏ အမြင်ရှုထောင့်သည် သမ္မာတရားကို ၎င်းတို့လက်ခံပြီး ဘုရားသခင်ကို ကျိုးနွံနာခံသည့် အမြင်ရှုထောင့်မှ ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းကို မည်သည့်အမြင်ရှုထောင့်မျိုးမှ ၎င်းတို့ရှုမြင်ကြသနည်း။ ကိစ္စရပ်တစ်ခုလုံးကို အန္တိခရစ်တို့ ရှုမြင်သည့် အမြင်ရှုထောင့် တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ မယုံကြည်သူတစ်ဦး၏ အမြင်ရှုထောင့်ဖြစ်၏။ မယုံကြည်သူတစ်ဦးသည် အမြတ်ထွက်မထွက်ကိုဖြစ်စေ၊ အကျိုးရခြင်း ရှိမရှိကိုဖြစ်စေ၊ ဆုံးရှုံးနစ်နာမှု ရှိမရှိကိုဖြစ်စေ ကြည့်ရှုကြပြီး အခွင့်အရေးကို မည်သို့ကောင်းစွာ အသုံးချပြီး မည်သို့အသုံးမချရမည်၊ ဆုံးရှုံးမှုနှင့် ဆင်းရဲဒုက္ခတို့ကို မည်သည့်အရာက ဖြစ်စေသည်၊ မည်သည့်အရာက လုပ်ဆောင်ရကျိုးမနပ်ဘဲ မည်သည့်အရာက လုပ်ဆောင်ရကျိုးနပ်သည်တို့ကို ကြည့်ရှုကြသည်။ ဤသည်မှာ မယုံကြည်သူများ၏ အမြင်ရှုထောင့်ဖြစ်၏။ မယုံကြည်သူများသည် ဤနည်းဟန်ဖြင့်လည်းကောင်း၊ ဤအနှစ်သာရမျိုးဖြင့်လည်းကောင်း အရာရာကို ရှုမြင်ကာ သဘောထားပြီး လုပ်ဆောင်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအပေါ် အန္တိခရစ်တို့၏ သဘောထားဖြစ်လေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။