အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၁) အခန်း သုံး

ခ။ ဘုရားသခင်၏ အနန္တတန်ခိုးကို မထီမဲ့မြင်ပြုခြင်း

အန္တိခရစ်များသည် ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သို့ ရှုမြင်သနည်း။ အန္တိခရစ်တစ်ဦးအတွက် “အနန္တတန်ခိုး”ဟူသည့် စကားလုံးသည် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို နှိုးဆော်ပေးနိုင်သည့် အလွန် စိတ်လှုပ်ရှားစေသော စကားလုံးတစ်ခုဖြစ်သည်ဟုဆိုလျှင် တရားနည်းလမ်းကျပေသည်။ ဤသည်မှာ ၎င်းတို့သည် ထိုသို့သောလူစားမျိုး အလွန်ပင် ဖြစ်လိုသောကြောင့်တည်း။ အနန္တတန်ခိုးရှင်ဖြစ်ရန်၊ အရာခပ်သိမ်း တတ်စွမ်းနိုင်ရန်နှင့် နေရာတိုင်းတွင် တစ်ပြိုင်နက်တည်းရှိရန်၊ အရာရာကို လုပ်နိုင်စွမ်းရှိရန်၊ မည်သည့်အရာကိုမဆို လုပ်ဆောင်တတ်ရန်၊ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ရန် လူတစ်ဦးသည် ဤလုပ်နိုင်စွမ်းကို ရရှိခဲ့လျှင်၊ ၎င်းသည် ဤစွမ်းရည်ရှိခဲ့လျှင် အရာရာသည် ၎င်းအတွက် အလွယ်ကလေး ဖြစ်ပေမည်။ ၎င်းသည် မည်သူ့ကိုမျှ ကြောက်ရန် လိုအပ်မည် မဟုတ်ပေ။ ၎င်းတွင် အမြင့်မားဆုံးသော ဩဇာအာဏာ၊ အမြင့်မားဆုံးသော အဆင့်အတန်း ရှိမည် ဖြစ်ပြီး အခြားသူများအပေါ် အုပ်စိုးနိုင်လိမ့်မည်။ ၎င်းသည် အခြားသူများအပေါ် ထိန်းချုပ်ရန်နှင့် ကြိုးကိုင်ညွှန်ကြားရန် အကြွင်းမဲ့ တန်ခိုးအာဏာရှိလိမ့်မည်။ အန္တိခရစ်တစ်ဦးသည် ဤအရာကို လက်လှမ်းမမီနိုင်ဘဲ ယင်းက ၎င်း၏ ရည်မှန်းချက်များ၊ ၎င်း၏ လိုအင်ဆန္ဒများနှင့် ၎င်း၏ စရိုက်မှန်တို့ကို ပေါ်လွင်စေ၏။ ဤအရာ၏ တစ်စိတ်တစ်ဒေသမှာ “ဘုရားသခင်၏ အနန္တတန်ခိုး” ဟူသော စကားရပ်က ၎င်းတို့ကို အမျိုးစုံသော စိတ်ကူးစိတ်သန်းများ၊ သိချင်စိတ်ပြင်းပြခြင်း၊ အယူအဆများဖြင့် ပြည့်စေသောကြောင့် ဖြစ်သည်။ နောက်တစ်ပိုင်းမှာမူ ၎င်းတို့၏ သိမြင်မှုကို ဖြန့်ကြက်နိုင်ရန် ပို၍ ထိုးထွင်းအမြင်ရှိနိုင်ရန်နှင့် ၎င်းတို့၏ သိချင်စိတ်ပြင်းပြမှုကို ဖြည့်ဆည်းနိုင်ရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် သူ၏အနန္တတန်ခိုးကို ထိုးထွင်းသိမြင်မှု ရလိုသောကြောင့် ဖြစ်သည်။ နောက်တစ်ပိုင်းရှိသေးသည်မှာ ၎င်းတို့သည်လည်း အရာခပ်သိမ်း တတ်စွမ်းနိုင်ရန်၊ ပိုပို၍များသော လူများက ၎င်းတို့အား ပျပ်ဝပ်ပြီး ထိုလူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့အတွက် နေရာတစ်ခု ထားရှိလျက်ဖြင့် ထောင်ပေါင်းများစွာတို့၏ ကိုးကွယ်ခြင်းခံရရန်လည်း လိုက်စားနေခြင်းဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်တို့တွင် ဘုရားသခင်၏ အနန္တတန်ခိုးနှင့်ပတ်သက်၍ စစ်မှန်သော သိမြင်မှု ရှိကြသလော။ ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ တစ်ဖန် ယင်းမှာ အန္တိခရစ်တို့က ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် ပတ်သက်လျှင် ဖြစ်သကဲ့သို့ပင် ၎င်းတို့သည် အယူအဆများဖြင့်လည်းကောင်း၊ အမှန်တရားနှင့် မကိုက်ညီသော မရေရာဘဲ အနှစ်သာရမဲ့သော စိတ်ကူးစိတ်သန်းများဖြင့်လည်းကောင်း ပြည့်နေရုံမျှမကဘဲ ဘုရားသခင်၏ အနန္တတန်ခိုးအပေါ် နက်ရှိုင်းသော သံသယများလည်း ပေါက်ဖွားကြလေသည်။ ၎င်းတို့သည် သံသယရှိကြသည်။ ယင်းကို မယုံကြည်ကြပေ။ “အနန္တတန်ခိုးလော။ ဤကမ္ဘာတွင် အနန္တတန်ခိုးရှင် ဖြစ်သည့်သူ တစ်ဦးတလေ မည်သည့်နေရာတွင် ရှိသနည်း။ နေရာတိုင်းတွင် တစ်ပြိုင်နက်တည်းရှိပြီး အရာခပ်သိမ်း တတ်စွမ်းနိုင်သည့်သူတစ်ဦး ရှိသည့်နေရာ အဘယ်မှာနည်း။ ထိုသို့သောသူ မရှိပါ။ ကမ္ဘာကြီးတွင် ကြီးမြတ်ပြီး ထင်ရှားသော လူများ တစ်ပုံတစ်ပင်ရှိသည်။ ပြီးလျှင် ဥပမာအနေဖြင့် ပရောဖက်များ၊ အမျိုးစုံသော နက္ခတ်ဗေဒင်ဆရာများနှင့် ပရောဖက်ပြုချက်ကို အနက်အဓိပ္ပာယ် ဖွင့်ဆိုသူများကဲ့သို့ သိပ္ပံနည်းဖြင့် အဖြေထုတ်၍ မရနိုင်သော စွမ်းအားဖြင့် လူများ များစွာရှိပြီး ၎င်းတို့ပင်လျှင် အရာခပ်သိမ်း တတ်စွမ်းနိုင်သည့်သူ မဟုတ်ကြပါ။ ‘ဘုရား၏ အနန္တတန်ခိုး’ ၏ နောက်တွင် ထားရှိရန် မေးခွန်းအမှတ်သင်္ကေတတစ်ခု လိုအပ်နေဆဲဖြစ်သည်။ ယင်းကို နှံ့နှံ့စပ်စပ် သုတေသနပြုရန် လိုအပ်သည်” ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ အန္တိခရစ်တစ်ဦးအတွက်မူ “ဘုရားက မည်သို့ဖြစ်၍များ အနန္တတန်ခိုးရှင် ဖြစ်နိုင်သည်ကို ငါ စိတ်ကူး၍မရနိုင်၊ သို့မဟုတ် နားမလည်နိုင်ပါ။ သို့ဖြစ်၍ သူ၏ ဤ ‘အနန္တတန်ခိုး’ သည် မတည်ရှိပါ။ ယင်းကို ငါ အသိအမှတ်မပြုပါ။ အကယ်ပင် ဘုရား၏ စွမ်းပကားနှင့် တတ်နိုင်စွမ်းတို့က မည်မျှကြီးမားသနည်း။ အတိတ်မှ၊ ပစ္စုပ္ပန်မှ၊ သို့မဟုတ် အနာဂတ်မှ မည်သူကမျှ ၎င်းကို မမြင်ဖူးပါ၊ သို့မဟုတ် မြင်မည်မဟုတ်ပါ” ဟူ၍ ၎င်းတို့က ယုံကြည်သဖြင့် အနန္တတန်ခိုးနှင့်ဆိုင်သော ဘုရားသခင်၏ အနှစ်သာရသည် မတည်ရှိပေ။ အန္တိခရစ်တို့သည် စိတ်နှလုံးထဲတွင် အဆက်မပြတ် သံသယရှိကာ မသေမချာ ဖြစ်နေကြသောကြောင့် အသင်းတော်တွင်လည်းကောင်း၊ ညီအစ်ကိုမောင်နှမများအပေါ်ကိုလည်းကောင်း ဖြစ်ပျက်သည့်အရာမှန်သမျှသည် ၎င်းတို့၏ သုတေသန အကြောင်းအရာနှင့် နယ်ပယ်ဖြစ်လာလေသည်။ ၎င်းတို့သည် မည်သည့်အရာကို သုတေသန လုပ်နေကြသနည်း။ ၎င်းတို့သည် ဖြစ်ပေါ်လာသမျှ အရာအားလုံးတွင်လည်းကောင်း၊ အုပ်စုတစ်စု သို့မဟုတ် လူတစ်ယောက်တွင် ဖြစ်ပျက်သည့်အရာ အားလုံးတွင်လည်းကောင်း၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာကိုလည်းကောင်း၊ သူမည်သို့ လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း၊ ယင်းထဲတွင် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှုတစ်ခုတလေ ရှိမရှိကိုလည်းကောင်း၊ လူတစ်ဦးစိတ်ကူး၍ ရနိုင်သောအရာထက် ကျော်လွန်သော၊ သို့မဟုတ် လူတစ်ဦး၏ စွမ်းရည်နှင့် လက်လှမ်းမီမှုကို ကျော်လွန်သော သစ်လွင်ပြီး တမူထူးခြားသည့် ဖြစ်စဉ်တစ်ခုတလေ ရှိမရှိကိုလည်းကောင်း သုတေသန လုပ်နေကြသည်။ ထို့အပြင် ညီအစ်ကိုမောင်နှမတစ်ဦးတလေက ၎င်းတို့ထဲတွင် ဘုရားသခင်က လူ၏ မျှော်မှန်းချက်များကို ကျော်လွန်သွားသကဲ့သို့ဖြစ်သော ထိုသို့သော အမှုကို လုပ်ဆောင်နေသည့် အတွေ့အကြုံတစ်ခုအကြောင်း ပြောဆိုထားခြင်း ရှိမရှိကို ၎င်းတို့ သုတေသန ပြုနေကြသည်။ ဤအရာ၏ ဥပမာတစ်ခုမှာ ရိုးရာပုံပြင်ထဲမှကဲ့သို့ပင် မိန်းမငယ်လေးတစ်ဦးသည် မြစ်ခရုခွံထဲမှ ထွက်လာပြီး ၎င်းတို့ အဆာလောင်ဆုံးအချိန်တွင် ၎င်းတို့အတွက် စားတော်ပွဲ ပြင်ဆင်ပေးခြင်း ဖြစ်ပေမည်။ နောက်ထပ်တစ်ခုမှာ ၎င်းတို့၏ နေအိမ်တွင် ၎င်းတို့ ‌ငွေနည်းနေသည့်အချိန်တွင် မမျှော်လင့်ဘဲ ရွှေများ ထွက်ပေါ်လာခြင်း၊ သို့မဟုတ် ၎င်းတို့ လိုက်လံဖမ်းဆီးခြင်း ခံရသည့်အချိန်တွင် ၎င်းတို့ကို လိုက်လံဖမ်းဆီးသူများသည် ရုတ်ခြည်း မည်သည့်အရာမျှ မမြင်ရတော့ဘဲ မျက်လုံးကန်းသွားခြင်း သို့မဟုတ် ကောင်းကင်တမန်တစ်ပါး ဆင်းလာကာ ၎င်းတို့အား “ကလေး၊ မကြောက်နှင့်။ သင့်ကို ကူညီစောင်မရန် ငါ ရောက်လာ၏” ဟု ပြောခြင်း ဖြစ်လေသည်။ ကွဲပြားသော ဥပမာတစ်ခုမှာမူ ညီအစ်ကိုမောင်နှမများက ကြမ်းတမ်းစွာ ရိုက်နှက်ခြင်းများနှင့် ရက်စက်စွာ နှိပ်စက်ခြင်းတို့ကို ခံစားနေရသည့်အချိန်တွင် ဘုရား၏ ကြီးမားသော အလင်းရောင်က ဖြာကျလာပြီး အပြစ်ကျူးလွန်သူများ၏ မျက်လုံးများကို ကန်းစေ၍ ဘုရားက ၎င်းတို့ကို အပြစ်ဒဏ်ပေးသဖြင့် ကြမ်းပြင်ပေါ်တွင် ၎င်းတို့ လူးလှိမ့်လျက် သနားကရုဏာထားပါရန် အနူးအညွတ် တောင်းပန်ကာ ညီအစ်ကိုမောင်နှမများကို မည်သည့်အခါမျှ ထပ်၍ မရိုက်ရဲအောင် ဖြစ်သွားစေခြင်း ဖြစ်သည်။ သို့မဟုတ် ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များကို ဖတ်နေသော်လည်း ၎င်းတို့ မည်မျှကြိုးစားပါစေ ယင်းတို့ကို နားမလည်နိုင်ဘဲ မှေးခနဲဖြစ်ခါနီးတွင် “မအိပ်နှင့်။ နိုးထလော့။ ဤသည်မှာ ငါ့နှုတ်ကပတ်တော်များက ဆိုလိုသည့်အရာဖြစ်သည်” ဟု ၎င်းတို့ကို ပြောသော မြူထဲမှ ပုံစံတစ်ခုကို မြင်ရသည့် အချိန်တွင်ဖြစ်သည်။ သို့မဟုတ် တစ်စုံတစ်ခု ဖြစ်ပျက်ပြီး ၎င်းတို့က အမှားတစ်ခုကို လုပ်တော့မည့်ဆဲဆဲတွင် ယင်းကို လုပ်ဆောင်ခြင်းသည် မှားယွင်းမည် ဖြစ်ကြောင်းနှင့် ဤအရာကို လုပ်ဆောင်ခြင်းသည် မှန်ကန်မည်ဖြစ်ကြောင်း တန်ခိုးစွမ်းအားရှိသော စိတ်အတွင်းပိုင်းမှ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းအားဖြင့် သတိပေးနှိုးဆော်ခြင်း ခံရသည့်အချိန် ဖြစ်သည်။ သာမန်လူများက မတွေ့ကြုံနိုင်ဘဲ လုပ်ဆောင်နိုင်စွမ်း မရှိသော ဤအရာများထဲမှ တစ်ခုတလေ အသင်းတော်တွင် ဖြစ်ပျက်ခဲ့လျှင်၊ ဘုရားအိမ်တော်တွင် ဖြစ်ပျက်ခဲ့လျှင်၊ ဘုရားသခင်နောက်လိုက်သည့်သူ တစ်ယောက်တလေတွင် ဖြစ်ပျက်ခဲ့လျှင် ယင်းမှာ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ကြောင်း သက်သေပြရန် လုံလောက်မည်ဖြစ်သည်။ ထိုသို့သောအရာမျိုး မဖြစ်ပျက်လျှင်၊ သို့မဟုတ် ထိုသို့သောအရာများသည် အတော်ပင် ဖြစ်ခေါင့်ဖြစ်ခဲသာ ဖြစ်ပျက်လျှင်၊ ထိုသို့သောအရာများသည် အမှန်တကယ် ဖြစ်ပေါ်လျှင်ပင် ယင်းမှာ မည်သို့ဆိုစေ ကောလာဟလသာ ဖြစ်သောကြောင့် ယင်းတို့၏ အဖြစ်မှန်ဖြစ်ခြင်းနှင့် ယုံကြည်လက်ခံနိုင်သောအရာ ဖြစ်ခြင်းတို့မှာ ကြီးမားစွာ ယုံမှားမကင်းခံရလေလျှင် ဘုရားသခင်၏ အနန္တတန်ခိုးသည် အမှန်တရားတစ်ခု ဟုတ်သလော။ သို့မဟုတ် မဟုတ်သလော။ ဘုရားသခင်သည် အနန္တတန်ခိုး၏ အနှစ်သာရကို ပိုင်ဆိုင်သလော။ သို့မဟုတ် မပိုင်ဆိုင်သလော။ အန္တိခရစ်တစ်ဦး၏ စိတ်နှလုံးထဲတွင် ၎င်းသည် ဤစိတ်ကူးများ၏ နောက်တွင် မေးခွန်းသင်္ကေတတစ်ခုကို ထားရှိကြလေသည်။

ဘုရားသခင်က လူကို အမှုပြုကာ စကားပြောပြီး ကယ်တင်စဉ်တွင် အန္တိခရစ်တို့ကမူ ဤနိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများနှင့် သိပ္ပံနည်းဖြင့် အဖြေမထုတ်နိုင်သော အစွမ်းများကို ထာဝရ လိုက်စားနေကြသည်။ ၎င်းတို့သည် လက်တွေ့အရှိတရား သို့မဟုတ် အမှန်တရားတို့နှင့် မကိုက်ညီသော အရာများကို လိုက်စားကြသည်။ ၎င်းတို့ လိုက်စားကြသည့် ဤအရာများသည် လူကို ကယ်တင်သည့် ဘုရားသခင်၏ အမှုနှင့်ဖြစ်စေ၊ သမ္မာတရားနှင့်ဖြစ်စေ၊ လူ၏ စိတ်သဘောထားကို ပြောင်းလဲခြင်းတစ်ခုနှင့်ဖြစ်စေ လုံးဝပင် မည်သို့မျှ မသက်ဆိုင်ပေ။ သို့သော်ငြားလည်း ၎င်းတို့သည် ယင်းတို့ကို လိုက်စားရာတွင် စိတ်ထက်သန်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့်ပတ်သက်၍ သိချင်စိတ်ပြင်းပြခြင်းဖြင့် ပြည့်နေကြသည်။ မကြာခဏဆိုသကဲ့သို့ပင် ၎င်းတို့၏ ဆုတောင်းချက်များတွင် ၎င်းတို့သည် ဘုရားသခင်ကို တောင်းဆိုကြလိမ့်မည်။ “အိုဘုရား၊ ကိုယ်တော်၏ အနန္တတန်ခိုးကို ကျွန်ုပ်ကို ထုတ်ဖော်ပြမည်လော။ အိုဘုရား၊ ကိုယ်တော်သည် အနန္တတန်ခိုးရှင် မဟုတ်သလော။ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်လျှင် ဤကိစ္စကို ကျွန်ုပ်အတွက် ဖြေရှင်းပေးပါရန် ကျွန်ုပ် တောင်းလျှောက်ပါသည်။ ဘုရား၊ ကိုယ်တော်သည် အနန္တတန်ခိုးရှင်၊ အရာခပ်သိမ်း တတ်နိုင်စွမ်းသူနှင့် နေရာတိုင်းတွင် တစ်ပြိုင်နက်တည်း ရှိသူဖြစ်လျှင် ကျွန်ုပ်သည် အခက်အခဲများစွာကို ယခုအခါတွင် ရင်ဆိုင်နေရသဖြင့် ကျွန်ုပ်ကို ကူညီပါရန် ကိုယ်တော့်ကို အသနားခံပါသည်။ ဘုရား၊ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်လျှင် ကျွန်ုပ်၏ ခန္ဓာကိုယ်မှ ဤရောဂါကို ဖယ်ရှားပေးပါရန်၊ ကျွန်ုပ် ရင်ဆိုင်နေရသော အခြေအနေများကို ဖယ်ရှားပေးပါရန်၊ ကျွန်ုပ် အန္တရာယ်ကို ရှောင်ရာတွင် ကူညီပေးပါရန် ကျွန်ုပ် အသနားခံပါသည်။ ဘုရား၊ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်လျှင် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့လာစရာမလိုဘဲ နားလည်သဘောပေါက်နိုင်ရန်၊ ကျွမ်းကျင်သူတစ်ဦး ဖြစ်နိုင်ရန်နှင့် အခြားသူများထက် ထင်ပေါ်နိုင်ရန်အတွက် ကျွန်ုပ်ကို ညတွင်းချင်း တော်ပြီး လိမ္မာပါးနပ်အောင်၊ ပင်ကိုစွမ်းရည်ပြည့်ဝပြီး ဆုကျေးဇူးရှိအောင် လုပ်ဆောင်ပေးပါရန် ကိုယ်တော့်ကို ကျွန်ုပ် အသနားခံပါသည်။ အို၊ ဘုရား၊ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်လျှင် ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ယုံကြည်မှုကို အပုပ်ချပြီး လှောင်ပြောင်သောသူများအပေါ် အပြစ်ဒဏ်ပေးပြီး ဒဏ်ခတ်ပေးပါရန် ကိုယ်တော့်ကို ကျွန်ုပ် တောင်းလျှောက်ပါသည်။ ၎င်းတို့ကို ဦးခေါင်းပေါ်တွင် အနာစိမ်းများနှင့် ၎င်းတို့ ခြေထောက်များ၏ ခြေဖဝါးများမှ ပြည်များထွက်လျက် မျက်မမြင်၊ နားမကြားဖြစ်စေပါ။ ၎င်းတို့ကို ခွေးများကဲ့သို့ သေစေပါ။ ဘုရား၊ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်လျှင် ကိုယ်တော်၏ အနန္တတန်ခိုးကို ကျွန်ုပ်အား တွေ့မြင်ခွင့်ပေးပါရန် ကိုယ်တော့်ကို ကျွန်ုပ် အသနားခံ တောင်းပန်ပါသည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး အလုပ်များစွာ လုပ်ဆောင်ပြီးဖြစ်သည့်တိုင် အန္တိခရစ်များသည် ယင်းကို လျစ်လျူရှုကြကာ ဘေးသို့ ဖယ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ မည်သည့်အခါကမျှ အ‌လေးအနက်မထားသကဲ့သို့ သူ၏အလုပ်ကိုလည်းကောင်း၊ လူကို ကယ်တင်သော သူ၏ အရေးပါသော အလုပ်၏ ခြေလှမ်းတစ်ခုချင်းစီကိုလည်းကောင်း အလေးအနက် မထားပေ၊ သို့မဟုတ် အလေးအနက် မခံယူပေ။ ထိုအစား ၎င်းတို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများအတွက်၊ ဘုရားသခင်က သူ၏အမှုအတွင်းတွင် ထူးဆန်းသော တန်ခိုးများ ပြုခြင်းအတွက် တောင်းလျှောက်ရန်ကိုလည်းကောင်း၊ ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြရန်၊ သူသည် အနန္တတန်ခိုးရှင်ဖြစ်ကြောင်း သက်သေပြရန်အတွက် ၎င်းတို့၏ မျက်လုံးများကို ဖွင့်ပေးပြီး ၎င်းတို့၏ စူးစမ်းမှုကို ဖြည့်ဆည်းပေးမည့် အထူးအမှုအရာများကို ဘုရားသခင် လုပ်ဆောင်ပေးဖို့ တောင်းလျှောက်ရန်ကိုလည်းကောင်း စိတ်အားထက်သန်နေကြသည်။ ပို၍ ရယ်စရာ ကောင်းသည်မှာ အန္တိခရစ်များသည် ဆုတောင်းချက်တွင်ပင် ဘုရားသခင်ကို အသနားခံကြခြင်း ဖြစ်သည်။ “အို၊ ဘုရား၊ ကိုယ်တော့်ကို ကျွန်ုပ် မမြင်နိုင်သောကြောင့် ကျွန်ုပ်၏ ယုံကြည်ခြင်းက သေးငယ်ပါသည်။ အိပ်မက်ထဲတွင်သာ ဖြစ်လျှင်ပင် ဖြစ်ပါစေ ကိုယ်တော်၏ စစ်မှန်သော ပုံစံကို ကျွန်ုပ်ကို ထုတ်ဖော်ပြဖို့ ကိုယ်တော့်ကို ကျွန်ုပ် တောင်းလျှောက်ပါသည်။ ကိုယ်တော့်ကို ကျွန်ုပ် ယုံကြည်ခြင်း ရှိနိုင်ရန်နှင့် ကိုယ်တော်၏ တည်ရှိမှုကို သေသေချာချာ ယုံကြည်နိုင်ရန် ကိုယ်တော်၏ အနန္တတန်ခိုးကို ကျွန်ုပ်အား ထုတ်ဖော်ပြရန် ကိုယ်တော့်ကို ကျွန်ုပ် တောင်းလျှောက်ပါသည်။ ကိုယ်တော် မထုတ်ဖော်ပြလျှင် ကိုယ်တော့်ကို ကျွန်ုပ်၏ ယုံကြည်လက်ခံမှုတွင် ဒွိဟများ အစဉ်သဖြင့် ရှိနေမည် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် သူ၏ အလုပ်နှင့် နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ တည်ရှိမှုကို မမြင်နိုင်ပေ၊ သို့မဟုတ် သူ၏ အနှစ်သာရနှင့် စိတ်သဘောထားကို သိနားလည်ခြင်း မရှိနိုင်ပေ။ သို့သော် ၎င်းတို့ကို အားကောင်းလာပြီး ၎င်းတို့၏ ယုံကြည်မှု တည်မြဲစေဖို့အတွက် လူတို့အတွက် စိတ်ကူး၍ပင် မရနိုင်သောအရာများဖြစ်သည့် အပိုဆောင်း အမှုအရာများကို လုပ်ဆောင်ခိုင်းမည် ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောပြီး အမှုများစွာကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည့်တိုင် သူ၏ နှုတ်ကပတ်တော်များက မည်မျှ လက်တွေ့ကျပါစေ၊ သူပြောသည့် သမ္မာတရားများသည် လူတို့အတွက် မည်မျှတည်ဆောက်စရာ ဖြစ်ပါစေ၊ ယင်းတို့ကို ၎င်းတို့အနေဖြင့် မည်မျှ အဆောတလျင် နားလည်ဖို့ လိုအပ်ပါစေ အန္တိခရစ်တို့က စိတ်မဝင်စားကြဘဲ အလေးအနက် မထားကြချေ။ စင်စစ်အားဖြင့် ဘုရားသခင် စကားပြောလေ၊ ပို၍ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်များကို သူလုပ်ဆောင်လေ၊ ၎င်းတို့က ပို၍ ပစ်ပစ်ခါခါငြင်းကာ ကသိကအောက်ဖြစ်ပြီး အတိုက်အခံဖြစ်သည်ဟု ခံစားရလေဖြစ်သည်။ ထို့အပြင် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်းနှင့် သူ့အပေါ် ပြစ်မှားစော်ကားခြင်းတို့ပင် ၎င်းတို့ထဲတွင် ပေါ်ပေါက်လာလိမ့်မည်။ ၎င်းတို့သည် သူ့ကို ပွက်ပွက်ညံအောင် ကန့်ကွက်လိမ့်မည်။ “ဤနှုတ်ကပတ်တော်များတွင် ကိုယ်တော်၏ အနန္တတန်ခိုး ပါရှိသလား။ နှုတ်ကပတ်တော်များ ဖော်ပြသည်မှာ ကိုယ်တော်လုပ်ဆောင်သမျှ ဖြစ်သလော။ ကိုယ်တော် စကားမပြောခဲ့လျှင် အနန္တတန်ခိုးရှင် မဖြစ်တော့မည်လော။ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်လျှင် စကားမပြောနှင့်။ ကျွန်ုပ်တို့အား အသက်ရရှိရန်နှင့် စိတ်သဘောထား ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် ထောက်ကူပေးဖို့ စကားပြောခြင်းကိုဖြစ်စေ၊ သမ္မာတရားကို မိတ်သဟာယပြုခြင်းနှင့် လူကို သမ္မာတရားဖြင့် ထောက်ပံ့ခြင်းတို့ကိုဖြစ်စေ အသုံးမပြုနှင့်။ ကိုယ်တော်သည် ကျွန်ုပ်တို့အားလုံးကို ညတွင်းချင်း ကောင်းကင်တမန်များ ဖြစ်လာစေပါက၊ ကိုယ်တော်၏ တမန်များ ဖြစ်လာစေပါက ယင်းမှာ အနန္တတန်ခိုး ဖြစ်ပေမည်” ဟူ၍ ဖြစ်လေသည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုပြီး သူ၏အမှုကို ‌ဆောင်ရွက်သည်နှင့်အညီ အန္တိခရစ်တို့၏ သဘာဝသည် ဖုံးကွယ်ထားခြင်း တစ်စက်မျှ မရှိဘဲ နည်းနည်းချင်း ထုတ်ဖော်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို ခံရသည်။ ပြီးလျှင် သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းနှင့် အတိုက်အခံလုပ်ခြင်းဖြစ်သည့် ၎င်းတို့၏ အနှစ်သာရသည်လည်း လုံးလုံး ချပြခြင်း ခံရလေသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏ အနှစ်သာရတို့ကို မထီမဲ့မြင်ပြုသည့် အန္တိခရစ်တို့၏ စိတ်သဘောထားနှင့် အနှစ်သာရတို့သည်လည်း ဘုရားသခင်က သူ၏ အလုပ်တွင် ရှေ့လျှောက် တိုးတက်မှုများ ပြုလုပ်သည်နှင့်အညီ အချိန်နှင့်အမျှ မရပ်မနား နည်းနည်းချင်း ဖော်ထုတ်ပြီး ထုတ်ဖော်ခြင်း ခံရလေသည်။ အန္တိခရစ်တို့သည် မရေရာသော အရာများကို လိုက်စားကြသည်။ ၎င်းတို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မြင်ရခြင်းအား လိုက်စားသည်။ ပြီးလျှင် လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် ဤရည်မှန်းချက်၊ လိုအင်ဆန္ဒတို့ဖြင့် စိုးမိုးခြင်းခံရကာ သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းတို့ဖြစ်သည့် ၎င်းတို့၏ သဘာဝသည် ပေါ်လွင်လာလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် စစ်မှန်မှုနှင့် သမ္မာတရားကို အမှန်တကယ် လိုက်စားသည့်သူများ၊ အပြုသဘောဆောင်သည့်အရာများကို ယုံကြည်ပြီး ချစ်သောသူများသည် ဘုရားသခင်၏ အနန္တတန်ခိုးကို သူ၏ အလုပ်ဖြစ်စဉ်နှင့် နှုတ်ကပတ်တော်များတွင် မြင်နိုင်ကြသည်။ ပြီးလျှင် ဤလူများ မြင်နိုင်သည့်အရာများ၊ ၎င်းတို့ ရရှိနိုင်သည့်အရာများနှင့် ၎င်းတို့ သိမြင်နိုင်သည့် အရာများသည် အန္တိခရစ်များက ထာဝရ မသိနိုင်သော၊ မရရှိနိုင်သော အရာများ အတိအကျပင် ဖြစ်လေသည်။ လူများသည် ဘုရားသခင်ထံမှ အသက်ကို ရမည်ဖြစ်ပါက နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများရှိဖို့ လိုအပ်သည်ဟု အန္တိခရစ်များက ယုံကြည်ကြလေသည်။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ မရှိပါက ဘုရားနှုတ်ကပတ်တော်များထံမှ အသက်နှင့် သမ္မာတရားကို ရရှိခြင်းတစ်ခုတည်းနှင့် ထိုသို့ဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိပြီး ကယ်တင်ခြင်းကို ရရှိခြင်းသည် မဖြစ်နိုင်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အန္တိခရစ်တစ်ဦးအတွက်မှာမူ ယင်းမှာ ထာဝရ မဖြစ်နိုင်ခြင်း ဖြစ်သည်။ ယင်းသည် မခိုင်လုံချေ။ ထိုအကြောင်းကြောင့် ဘုရားသခင်က ၎င်းတို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ထုတ်ဖော်ကာ ထူးဆန်းသောတန်ခိုးများကို ပြုမည်ဟု မျှော်လင့်လျက် ၎င်းတို့သည် မမောနိုင်မပန်းနိုင် စောင့်ဆိုင်းကာ ဆုတောင်းကြခြင်း ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က မလုပ်ဆောင်လျှင် သူ၏ အနန္တတန်ခိုးသည် မတည်ရှိဟူ၍ ဖြစ်သည်။ ဤအရာ၏ နောက်မှ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ဘုရားသခင်၏ အနန္တတန်ခိုး မတည်ရှိလျှင် ဘုရားသခင်သည်လည်း သေချာပေါက် မတည်ရှိဟူ၍ ဖြစ်သတည်း။ ဤသည်မှာ အန္တိခရစ်တို့၏ တွေးခေါ်မှုစနစ်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြစ်တင်ရှုတ်ချကြပြီး သူ၏အနန္တတန်ခိုးကို ပြစ်တင်ရှုတ်ချကြသည်။

ဘုရားသခင်က လူများအား ကယ်တင်စဉ်တွင် အန္တိခရစ်များက သူ၏နှုတ်ကပတ်တော်များ၊ သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များနှင့် သူ၏ ရည်ရွယ်ချက်များကို လုံးလုံး စိတ်ပါဝင်စားခြင်း မရှိပေ။ ၎င်းတို့က မိမိတို့၏ စိတ်နှလုံးနက်ရှိုင်းရာထဲမှနေ၍ ဤအရာများကို အတိုက်အခံလုပ်ပြီး အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်ကြလေသည်။ ၎င်းတို့ စိတ်ဝင်စားသည့်အရာမှာ အပြုသဘောဆောင်သော အရာများအားလုံး၏ စစ်မှန်မှု မဟုတ်သကဲ့သို့ လူက သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို ကျိုးနွံနာခံခြင်းတို့၏ ရလဒ်အနေဖြင့် စွမ်း‌ဆောင်ရရှိနိုင်သည့် ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုခံရခြင်းတို့ မဟုတ်ချေ။ ဤသို့ဆိုလျှင် ၎င်းတို့က မည်သည့်အရာကို စိတ်ဝင်စားကြသနည်း။ ဘုရားက ၎င်းတို့ တွေ့မြင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ထုတ်ဖော်ခြင်းနှင့် ထူးဆန်းသောတန်ခိုးများကို ပြုခြင်းတွင်လည်းကောင်း၊ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားက ၎င်းတို့အား ထိုးထွင်းအမြင်ရအောင် ထောက်ကူပေးခြင်းတွင်လည်းကောင်း၊ ၎င်းတို့ကို အံ့လောက်သော လူများ၊ အာဂလူများ၊ ထူးခြားသောတန်ခိုးများရှိသည့် လူများ၊ အံ့မခန်းသော လူများအဖြစ် ပြောင်းလဲစေရန် ထောက်ကူပေးခြင်းတွင်လည်းကောင်း ၎င်းတို့ စိတ်ဝင်စားကြသည်။ ၎င်းတို့သည် ပုံမှန်လူများ၊ သာမန်လူများနှင့် ဖောက်ပြန်ပျက်စီးသော လူများဟူသကဲ့သို့သော အမည်နာမများ၊ ပင်ကိုလက္ခဏာများနှင့် အဆင့်အတန်းများကို ဘုရား၏ အနန္တတန်ခိုးမှတစ်ဆင့် ဖယ်ရှားရန် အားထုတ်ဖို့ ဆန္ဒရှိကြသည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုထဲတွင် ၎င်းတို့အတွက် မည်သည့်အယူအဆများ သို့မဟုတ် မည်သည့်ပြဿနာများ ရှိကောင်းရှိနိုင်ပါစေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ၎င်းတို့ မရှာကြပေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်နိုင်ခြင်းမျှသာ သို့မဟုတ် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု မရရှိနိုင်ခြင်းမျှသာ မဟုတ်ပေ။ မဟုတ်။ ၎င်းတို့သည် ဘုရားသခင်ကိုလည်း ဝေဖန်သုံးသပ်ပြီး သူ့ကို ပြစ်တင်ရှုတ်ချကာ သူ့ကို အတိုက်အခံလုပ်ကြသည်။ အကြောင်းမှာ သူလုပ်သမျှသည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ အန္တိခရစ်များ၏ အမြင်တွင် ဘုရားသခင်လုပ်ဆောင်သည့် လက်တွေ့ကျသော အလုပ်အားလုံးသည် ၎င်းတို့ အသိအမှတ်မပြုသည့် အရာဖြစ်သည်။ ယင်းမှာ ၎င်းတို့ ပြစ်တင်ရှုတ်ချသည့်အရာဖြစ်၏။ အဆုံးတွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ အနှစ်သာရ တည်ရှိခြင်းကို လုံးလုံးလျားလျား ငြင်းပယ်စေသည်မှာ၊ ဘုရားသခင်၏ အနှစ်သာရ တည်ရှိခြင်းကို ပို၍ပင် လုံးလုံးလျားလျား ပြစ်တင်ရှုတ်ချကာ အသရေဖျက်ပြီး ပြစ်မှားစော်ကားစေသည်မှာ ဤအမြင်များနှင့် ဤအနက်ဖွင့်ဆိုမှုများဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်လက်ခံမှုသည် ဘုရားက အနန္တတန်ခိုးရှင်ဖြစ်ကြောင်း၊ ဘုရားက ၎င်းတို့၏ နစ်နာချက်များအတွက် တရားသဖြင့် ဖြစ်စေမည်ဖြစ်ကြောင်း၊ ၎င်းတို့အတွက် သူက လက်တုံ့ပြန်ပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့အတွက်ဆိုလျှင် ၎င်းတို့ မုန်းတီးပြီး အထင်သေးသည့်သူများအားလုံးကို သူအနိုင်ယူမည်ဖြစ်ကြောင်း၊ ဘုရားသည် ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်းဟူသည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ထောင်ထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်လက်ခံခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ သို့ရာတွင် လက်ရှိအချိန်ကို ရောက်လာပြီးသည့်နောက်တွင် ထိုသို့သော ဘုရားက မတည်ရှိကြောင်းနှင့် ဘုရားသခင်သည် ၎င်းတို့အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ခြေ မရှိကြောင်း ဤဆိုးယုတ်သော လူများသည် ယခုအခါတွင် မြင်ကြရလေသည်။ ၎င်းတို့၏ အမြင်ရှုထောင့်မှကြည့်လျှင် ဤသည်မှာ ၎င်းတို့အတွက် အတော်ပင် သဘောမကျသော အခြေအနေဖြစ်သည်။ ယင်းမှာ ဆိုးရွားလှသည်။ သို့ဖြစ်၍ ၎င်းတို့သည် အမှုအရာများစွာကို တွေ့ကြုံပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ ဒွိဟများနှင့် သံသယများသည် ပို၍ အားကောင်းသည်ထက် အားကောင်းလာသည်မှာ ဘုရားသခင်နှင့် သူ၏ အိမ်တော်ကို စွန့်ခွာရန်၊ လောကီကို လိုက်စားရန်၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနောက် လိုက်ရန်နှင့် စာတန်၏ ပွေ့ဖက်မှုထဲသို့ တိုးဝင်ရန် ဆုံးဖြတ်ကြသည်အထိပင် ဖြစ်လေသည်။ ယင်းမှာ ဤလူများ နိဂုံးချုပ်သည့်ပုံစံဖြစ်၏။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ အနန္တတန်ခိုးတို့အပေါ် အန္တိခရစ်များ၏ သဘောထားကို အကဲဖြတ်ရလျှင် အန္တိခရစ်တို့သည် မယုံကြည်သူများ အမှန်ပင် ဖြစ်လေသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ယုံကြည်ခြင်း စိုးစဉ်းမျှ မရှိကြသကဲ့သို့ ဘုရားသခင် လုပ်ဆောင်သည့်အရာကို ကျိုးနွံနာခံမှုဖြစ်စေ၊ လက်ခံခြင်းဖြစ်စေ စိုးစဉ်းမျှ မရှိကြပေ။ အပြုသဘောဆောင်သော အရာများ၊ သမ္မာတရားတို့နှင့် ပတ်သက်လျှင် ၎င်းတို့သည် ယင်းတို့ကို ပစ်ပစ်ခါခါငြင်းပြီး အတိုက်အခံ လုပ်ကြလေသည်။ ထိုအကြောင်းကြောင့် ယင်းကို သင်မည်သို့ကြည့်ပါစေ အန္တိခရစ်တို့၏ မယုံကြည်သူ အနှစ်သာရသည် အမှန်တကယ်ပင် တည်ရှိလေသည်။ ယင်းမှာ အခြားသူများက ၎င်းတို့အပေါ် သွတ်သွင်းထားသည့် အရာတစ်ခု မဟုတ်သကဲ့သို့ ယင်းမှာ တစ်ဆိတ်ကို တစ်အိတ်လုပ်ခြင်းလည်း မဟုတ်။ ၎င်းတို့၏ ဤအနှစ်သာရကို အမှုအရာများ ၎င်းတို့အပေါ်သို့ ကျရောက်သောအခါတွင် ၎င်းတို့ ထုတ်ဖော်သည့် အမြင်များနှင့် ချဉ်းကပ်မှုများအားလုံးကို အခြေခံ၍ သတ်မှတ်ခြင်း ဖြစ်သည်။

အန္တိခရစ်တို့က ဘုရားသခင်သည် လူ၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသည့် အမှန်တရားကို မြင်နိုင်ခြင်း မရှိဘဲ ဘုရားသခင်ကို နှစ်နှင့်ချီ၍ ယုံကြည်ကြသည်။ ထိုအမှန်တရားကို ၎င်းတို့ နားမလည်နိုင်ကြချေ။ အမှန်တရားတစ်ခုကို ၎င်းတို့၏ မျက်စိရှေ့တွင် ချခင်းပြသော်ငြားလည်း ယင်းကို ၎င်းတို့ နားမလည်နိုင်ကြ။ ယင်းမှာ မျက်ကန်းခြင်း မဟုတ်လော။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ အနန္တတန်ခိုးတို့သည် အသင်းတော်၏ အလုပ်တွင်လည်းကောင်း၊ သူရွေးချယ်ထားသော လူများတွင်လည်းကောင်း၊ ဖြစ်ပေါ်သည့် အမှုအရာမျိုးစုံတွင်လည်းကောင်း မကြာခဏ ထုတ်ဖော်သည်။ သူသည် လူများအား ဤအရာများကို နေရာအနှံ့တွင် မြင်တွေ့စေသည်။ သို့ရာတွင် မျက်လုံးကန်းနေကြသော အန္တိခရစ်များကမူ ယင်းတို့ကို မမြင်နိုင်ကြချေ။ အန္တိခရစ်များသည် နှစ်ပေါင်းများစွာ ဘုရားသခင်နောက် လိုက်ပြီးသည့်အခါတွင် “ဘုရားကို နှစ်ပေါင်းများစွာ ကျွန်ုပ် ယုံကြည်ခဲ့ပြီးဖြစ်ပြီး ကျွန်ုပ် မည်သည့်အရာ ရရှိပြီးဖြစ်သနည်း” ဟူသည့် လူသိများသော စကားရပ်တစ်ခုကို ၎င်းတို့ ပြောကြလိမ့်မည်။ ၎င်းတို့သည် အမှန်တကယ်ကို မည်သည့်အရာကိုမျှ ရရှိပြီးခြင်း မရှိသည့် သဘောရသည်။ ဘုရားသခင်သည် လူအတွက် သူ၏အသက်ကို ဖွင့်ထုတ်ပေးပြီး ဖြစ်သော်လည်း အန္တိခရစ်များကမူ မည်သည့်အရာမျှ မရရှိသေးပေ။ ယင်းမှာ သနားစရာကောင်းလောက်အောင် နုံချာသည် မဟုတ်လော။ တကယ်ကို ဟုတ်ပေသည်။ အန္တိခရစ်တို့၏ ထိုစကားရပ်သည် ပြဿနာကို အလွန်ပင် ကောင်းစွာ သရုပ်ဖော်လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားပြီး သူ၏ အလုပ်ကို တွေ့ကြုံသူတိုင်း၊ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် လက်ခံသူတိုင်း “ဘုရားသခင်ကို ကျွန်ုပ်တို့ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သည်၊ ပြီးလျှင် သူ့ထံမှ ကျွန်ုပ်တို့ များစွာ ရရှိပြီးဖြစ်သည်။ ကျေးဇူးတော်နှင့် ကောင်းချီးများ၊ သူ၏ ကွယ်ကာခြင်းနှင့် သူ၏ သနားကရုဏာတို့သာ မဟုတ်ပါ။ ပို၍ အရေးကြီးသည့်အရာမှာ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ များလှစွာသော သမ္မာတရားများကို နားလည်ကာ ရရှိပြီးဖြစ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် လူသားပုံသဏ္ဌာန်ဖြင့်၊ သိက္ခာဖြင့် အသက်ရှင်နေထိုင်ကြသည်။ မည်သို့ကျင့်ကြံပြုမူရမည်ကို ကျွန်ုပ်တို့သိသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ များစွာ အကြွေးတင်နေသည်။ သူပေးဆပ်သော အဖိုးအခနှင့်ယှဉ်လျှင်၊ ကျွန်ုပ်တို့အတွက် သူလုပ်ဆောင်ပေးသည့်အရာနှင့် ယှဉ်လျှင် ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခလေးများသည် စကားထဲထည့်ပြောရန်ပင် မထိုက်တန်ပါ။ လူသည် ဘုရားသခင်၏ မေတ္တာကို ပြန်လည်ပေးဆပ်သင့်သည်” ဟု ပြောလေ့ရှိကြလေသည်။ သို့ရာတွင် အန္တိခရစ်တို့သည် အတော်ပင် ဆန့်ကျင်ဘက် ဖြစ်သည်။ ၎င်းတို့က ပြောကြလေ၏။ “ဘုရားသည် ပြီးခဲ့သည့်နှစ်အနည်းငယ်တွင် အမှုပြုနေခဲ့သည်၊ သို့ဖြစ်၍ ကျွန်ုပ်သည် အဘယ့်ကြောင့် မည်သည့်အရာကိုမျှ မရရှိသေးသနည်း။ ဤအရာ၊ ထိုအရာကို ရရှိပြီးဖြစ်သည်၊ ဤအတွေ့အကြုံကိုဖြစ်စေ၊ ထိုအတွေ့အကြုံကိုဖြစ်စေ ရရှိပြီးဖြစ်သည်ဟု သင်တို့အားလုံးက ပြောကြသည်။ သို့ရာတွင် ထိုအတွေ့အကြုံများသည် သင့်ကို အစဉ် အစာကျွေးမည်လော။ ဤအတွေ့အကြုံများက မည်သည့်အရာနှင့် ညီမျှသနည်း။ ကောင်းချီးများ၊ ကျေးဇူးတော်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများအား တွေ့မြင်ခြင်းတို့နှင့်ယှဉ်လျှင် ယင်းတို့သည် စကားထဲထည့်ပြောရန် လုံးလုံး မထိုက်တန်ဘူး မဟုတ်လော။ ထိုအကြောင်းကြောင့် ဘုရားကို ကျွန်ုပ် ယုံကြည်လက်ခံခဲ့သည့် နှစ်ပေါင်းများစွာတွင် တစ်ခုမျှ ရရှိပြီးခြင်း မရှိသေးဟု ကျွန်ုပ် ခံစားရခြင်း ဖြစ်သည်။ ကျွန်ုပ် ခါးစည်းခံခဲ့ရသည့် ဆင်းရဲဒုက္ခနှင့်ယှဉ်လျှင်၊ ဘုရားအတွက် ကျွန်ုပ် စွန့်လွှတ်ခဲ့ရသည့်အရာ၊ အသုံးခံခဲ့ရသည့် အရာနှင့်ယှဉ်လျှင် ကျွန်ုပ် ရရှိပြီးဖြစ်သည့် အရာများသည် လုံးဝ မတန်ပါ။ သမ္မာတရားဆိုသည်မှာ စကားအနည်းငယ်နှင့် သဘောတရားအနည်းငယ်မှလွဲ၍ အဘယ်အရာဖြစ်သနည်း။ ယင်းသည် အယူဝါဒအနည်းငယ်မှလွဲ၍ အဘယ်အရာဖြစ်သနည်း။ ဤစကားများ၊ ဤသမ္မာတရားများကို ကျွန်ုပ် ကြားဖူးပြီးဖြစ်သည်၊ ပြီးလျှင် ကျွန်ုပ်၌ ကြီးကြီးမားမား ပြောင်းလဲမှုတစ်ခုခု စွမ်းဆောင်ရရှိပြီးဖြစ်သည်ဟု ကျွန်ုပ် မခံစားရချေ။ ပထမဦးစွာ ကျွန်ုပ် အမှုအရာများအကြောင်းကို တွေးသည့်အခါတွင် ကျွန်ုပ်၏ စိတ်သည် ထိုမျှသွက်လက်ထက်မြက်ခြင်း မရှိပေ။ ထို့အပြင် ကျွန်ုပ်သည် အိုမင်းလာပြီဖြစ်ကာ ကျွန်ုပ်၏ ကျန်းမာရေးသည်လည်း ယခင်ကထက် ပို၍ကောင်းမွန်လာခြင်း မရှိပါ။ ကျွန်ုပ်၏ ဆံပင်ဖြူလာပြီ၊ ကျွန်ုပ်၏ မျက်နှာပေါ်တွင် အရေးအကြောင်းများ ပိုများလာပြီ။ သွားအနည်းငယ်ပင် ကျွတ်ကုန်ပြီဖြစ်ကာ သွားအသစ်တစ်ချောင်းမျှ ပြန်မပေါက်တော့ပါ။ ကယ်တင်ခြင်း ခံရသည့်သူများသည် လန်းဆန်းသော၊ သက်ဝင်လှုပ်ရှားသော ကလေးများကဲ့သို့ဖြစ်သည်ဟု ဘုရားပြောသော်လည်း ကျွန်ုပ်မှာမူ အဘိုးကြီးမျက်နှာဖြင့် အရိုးပဒေသာအိုကြီးသာ ဖြစ်သည်။ ကျွန်ုပ်သည် ကလေးငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားခြင်း မရှိသေးပါ။ ဘုရား၏ စကားများအရဆိုလျှင် ဆံပင်ဖြူနေသော လူအိုများသည် ပိတုန်းရောင်ကေသာဖြင့် လူငယ်များအဖြစ် ပြောင်းလဲနိုင်သည်ဟူ၍ဖြစ်သည်။ ကျွန်ုပ်က အဘယ်သို့ဖြစ်၍များ မပြောင်းလဲသေးသနည်း။ လူများကို လုံးလုံးလျားလျား ပြောင်းလဲပစ်မည်ဟု ဘုရားက ပြောသော်လည်း ကျွန်ုပ်မှာမူ ဘာမျှ မဖြစ်သေးပါ။ ကျွန်ုပ်သည် လူသစ်မဖြစ်လာသေးပါ။ ကျွန်ုပ်သည် ယခင်အတိုင်းသာ ရှိနေသေးပြီး အမှုအရာများ ကျွန်ုပ်ထံ ဖြစ်ပျက်သည့်အခါတွင် ယင်းတို့ကို မိမိဘာသာ မည်သို့ကိုင်တွယ်ရမည်ကို အဖြေရှာရန် လိုအပ်နေဆဲဖြစ်သည်။ ကျွန်ုပ်၏ ဇာတိပကတိဆိုင်ရာ အခက်အခဲများသည်လည်း တိုးပွားနေ၏။ ကျွန်ုပ်သည် မကြာခဏ အားနည်းပြီး အပျက်သဘောဆောင်နေလေသည်။ ထို့အပြင် ကျွန်ုပ်၏ မှတ်ဉာဏ်သည် လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် ဆိုးရွားနေခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များကို များစွာ ကျွန်ုပ် ဖတ်ရှုသော်လည်း ကျွန်ုပ်၏ မှတ်ဉာဏ်ကို အားကောင်းအောင် သူမလုပ်ပေးသေးပါ။ ဘုရားသည် လူတို့အား ၎င်းတို့၏ ခန္ဓာကိုယ်များ အိုမင်းရင့်ရော်ခြင်းမှ တားဆီးပေးသည့် ထူးခြားသော စွမ်းရည်အနည်းငယ် ပေး၍ မရနိုင်သလော။ ယခုအခါတွင် အကြီးမားဆုံးသော ပြဿနာမှာ လူများ လုံးလုံး အသွင်ပြောင်းလဲခြင်း ဖြစ်သည်ဟု ကျွန်ုပ် ခံစားရသည်။ သမ္မာတရားသည် ထိုပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း ရှိပုံမရ။ လူတစ်ဦးကို တောက်ပနေသော ကောင်းကင်တမန်၏ အသွင်အပြင်ဖြင့်၊ လိပ်ပြာလွှင့်နိုင်သောသူ၊ ထုထည်ရှိသော နံရံများကို ဖြတ်ကာ ရုန်းထွက်လွတ်မြောက်နိုင်သူ၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အန္တရာယ်တို့ဖြင့် ရင်ဆိုင်ရသည့်အခါ ဂါထာမန္တာန်တစ်ခု ရွတ်ဆိုပြီး ကိုယ်ယောင်ဖျောက်နိုင်သည့်သူ၊ ထာဝရ ဖမ်းဆီး၍ မရနိုင်သောသူဖြစ်သည့် လူသစ်တစ်ဦးအဖြစ် အမှန်တကယ် ပြောင်းလဲနိုင်သည့်အရာတစ်ခုကို ဘုရား ပြောမည်ဆိုလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုခြင်းအားဖြင့် လူတို့၏ ဆံပင်များ ဖြူမသွားလျှင်၊ ၎င်းတို့၏ မျက်နှာ ပါးရေနားရေ မတွန့်ခဲ့လျှင်၊ ၎င်းတို့ ကျွတ်သွားသည့်သွားများကို အစားထိုးရန် သွားသစ်များ ပေါက်လာမည်ဆိုလျှင် ယင်းမှာ အလွန်ပင် ကောင်းပေမည်။ ယင်းမှာ လုံးလုံးလျားလျား ပြောင်းလဲခြင်းဟူသည့်အရာ ဖြစ်သည်။ ဘုရားသည် ထိုအရာများကို ပြုလုပ်မည်ဆိုလျှင် သူသည် ဘုရားဖြစ်သည်ဟု သံသယတစ်စက်မျှ မထားဘဲ ကျွန်ုပ် ယုံကြည်မည်ဖြစ်သည်။ သူသည် သမ္မာတရားကို ဆက်လက်၍ ပြောဆိုပြီး ဟောကြားနေလျှင် ကျွန်ုပ်၏ ယုံကြည်ခြင်းသည် မကြာမီ လျော့ပါးသွားမည် ဖြစ်သည်။ မကြာမီတွင် ကျွန်ုပ်သည် ဆက်လက်၍ ယုံကြည်နိုင်တော့မည် မဟုတ်ပေ။ ပြီးလျှင် ကျွန်ုပ်၏ တာဝန်ကိုလည်း နောက်ထပ် ထမ်းဆောင်နိုင်ခြင်း ရှိကောင်း ရှိနိုင်မည်မဟုတ်။ ကျွန်ုပ် ထမ်းဆောင်ချင်မည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ အန္တိခရစ်တစ်ဦး ဘုရားသခင်၏နောက်ကို လိုက်လျှောက်သည့် အချိန်ကာလအတွင်းတွင် ၎င်း၏စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် ဤတောင်းဆိုမှုဖြစ်စေ၊ ထိုတောင်းဆိုမှုဖြစ်စေ မကြာခဏ ပေါ်ပေါက်လိမ့်မည်ဖြစ်သည်။ ပြီးလျှင် ၎င်း၏ အယူအဆများအတွင်းတွင် မျိုးစုံသော သံသယများနှင့် အတင်းတောင်းဆိုသော တောင်းဆိုချက်များသည် မကြာခဏ ပေါ်ပေါက်လိမ့်မည်ဖြစ်ပြီး ၎င်း၏ ပတ်ဝန်းကျင်များနှင့် ၎င်း၏ ကိုယ်ရေးကိုယ်တာ လိုအင်ဆန္ဒများကို တုံ့ပြန်သည့်အနေဖြင့် ထူးခြားသော အတွေးအခေါ် မျိုးစုံသည် ၎င်းထံ ရောက်လာလိမ့်မည်။ သို့ရာတွင် အမှုအရာတစ်ခုက ရှိလေသည်။ ဘုရားသခင် လုပ်ဆောင်သမျှသည် လူကို ကယ်တင်ရန် ရည်ရွယ်ကြောင်း၊ ယင်းတို့အားလုံးမှာ လူတို့အနေဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိစေရန် ထောက်ကူပေးဖို့ ရည်ရွယ်ကြောင်းကို ၎င်းတို့ နားလည်နိုင်ရန် မဆိုထားနှင့်၊ ၎င်းတို့သည် ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များကိုပင် နားမလည်နိုင်သကဲ့သို့ လူကို ကယ်တင်ရန် ဘုရားသခင် အလုပ်လုပ်သည်ဟူသည့် အမှန်တရားကိုလည်း ၎င်းတို့ မမြင်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့ ဆက်လက် ယုံကြည်သည်နှင့်အမျှ ၎င်းတို့၏ စိတ်ဓာတ်ခွန်အားကို ဆုံးရှုံးရသည်။ ၎င်းတို့ ဆက်လက် ယုံကြည်သည်နှင့်အမျှ အပျက်သဘောဆောင်ခြင်းနှင့် စိတ်မချမ်းမသာဖြစ်ခြင်း ခံစားချက်များသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပေါ်ပေါက်လာလေသည်။ ပြီးလျှင် ၎င်းတို့တွင် စွန့်ခွာခြင်း၊ လက်လျှော့ခြင်း ခံစားချက်များနှင့် အတွေးများ ရှိလေသည်။ ဘုရားသခင်၏ အနှစ်သာရအတွက်မူ ၎င်းတို့သည် ယင်းကို ယုံကြည်မည် ဟုတ်မဟုတ်၊ သို့မဟုတ် ယင်းကို အသိအမှတ်ပြုမည် ဟုတ်မဟုတ်၊ သို့မဟုတ် လက်ခံမည် ဟုတ်မဟုတ်ကို ထားလော့။ ၎င်းတို့ ဆက်လက်ယုံကြည်သည်နှင့်အမျှ ထိုကိစ္စကို စိတ်ဝင်စားရန် ဒုက္ခခံနိုင်မည်ပင် မဟုတ်ချေ။ ထိုအကြောင်းကြောင့် တစ်စုံတစ်ရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ သူ၏ အနန္တတန်ခိုးနှင့် အချုပ်အခြာအာဏာတို့ ဖြစ်သည်ဟုလည်းကောင်း၊ လူတို့အနေဖြင့် ယင်းကို ကျိုးနွံနာခံသင့်ကြောင်းနှင့် သိသင့်ကြောင်း မိတ်သဟာယ၌ သင်ပြောသည့်အခါတွင် အန္တိခရစ်တို့သည် အပြင်ပန်းတွင် အသံထွက်မည် မဟုတ်။ အမြင်ရှုထောင့် တစ်ခုမျှ လုံးဝကို ဖော်ပြမည် မဟုတ်။ သို့သော် စိတ်ထဲတွင်မူ ရွံရှာစက်ဆုပ်ခြင်းက ထွက်ပေါ်လိမ့်မည်။ ၎င်းတို့သည် နားထောင်လိုမည် မဟုတ်ချေ။ ၎င်းတို့သည် နားထောင်ရန် လိုလားမည်မဟုတ်ချေ။ ၎င်းတို့ထဲမှ အချို့မှာမူ မတ်တပ်ထ၍ ထွက်ခွာသွားကြလိမ့်မည်။ လူတိုင်းက ဒေသနာများကို နားထောင်နေသည့်အချိန်တွင်၊ အခြားသူများက ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယ ပြုနေသည့်အချိန်တွင်၊ ညီအစ်ကိုမောင်နှမများသည် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ကြီးစွာသော စိတ်အားထက်သန်မှုဖြင့် မိတ်သဟာယ ပြုနေသည့်အချိန်တွင် အန္တိခရစ်တို့သည် မည်သည့်အရာများ လုပ်ဆောင်နေကြသနည်း။ ရေနွေးကြမ်းသောက်ခြင်း၊ မဂ္ဂဇင်းဖတ်ခြင်း၊ မိမိတို့၏ ဖုန်းများဖြင့် ဆော့ကစားခြင်း၊ အလဟဿ အတင်းပြောခြင်းတို့ဖြစ်သည်။ ပြီးလျှင် အသံတိတ်သော ဤလုပ်ရပ်များဖြင့် သဘောမတူကြောင်းပြခြင်းနှင့် အတိုက်အခံလုပ်ခြင်းအားဖြင့် ဘုရားသခင် လုပ်ဆောင်သမျှသည် အကျိုးမရှိကြောင်း ၎င်းတို့၏ အပြုအမူများဖြင့် အတည်ပြုရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ “သင်တို့သည် အမှုအရာများကို ရှာကြံအကြောင်းပြရန် ကြိုးစားနေခြင်းသာ၊ သင်တို့ကိုယ်သင်တို့ အရူးလုပ်နေခြင်းသာ ဖြစ်သည်။ ဘုရားနှင့် သမ္မာတရားဟူသည်မှာ တကယ့်ကို မတည်ရှိပါ။ ပြီးလျှင် လူသားမျိုးနွယ်အနေဖြင့် ဘုရား၏ ကယ်တင်ခြင်းခံရရန်မှာ တကယ်ကို မဖြစ်နိုင်ပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် သမ္မာတရားကို ယုံကြည်သည့်သူ၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့်သူနှင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည်ဟူသည့်အမှန်တရားကို ယုံကြည်သည့်သူအားလုံးတို့သည် လူနုံလူအများသာ ဖြစ်လေသည်။ ထိုသူတို့အားလုံးသည် ဦးနှောက်မရှိဘဲ အားလုံးလှည့်စားခံရပြီ ဖြစ်သည်ဟူ၍တည်း။ လူတစ်ဦး၏ ကံကြမ္မာသည် သူကိုယ်တိုင်၏ လက်ထဲတွင် ရှိသည်ဟုလည်းကောင်း၊ မိမိအတွက် အခြားလူများက ယင်းကို စီစဉ်ညွှန်ကြားပေးသည်ကို ခွင့်ပြု၍မရနိုင်ဟုလည်းကောင်း၊ လူများသည် ရုပ်သေးများ မဟုတ်ဘဲ ပြဿနာများနှင့်ပတ်သက်၍ အမှီအခိုကင်းကင်း တွေးတောရန် စိတ်နှင့် စွမ်းရည် ရှိသည်ဟုလည်းကောင်း၊ လူတစ်ဦးသည် မိမိကိုယ်တိုင်၏ ကံကြမ္မာကိုပင် မထိန်းချုပ်နိုင်လျှင် ထိုသူသည် အမှိုက်ဖြစ်သည်၊ နိမ့်ကျသောပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ ထို့ကြောင့် မည်သည့်အရာပင်ဖြစ်ပါစေ ၎င်းတို့သည် မိမိတို့၏ ကံကြမ္မာကို ဘုရားသခင် ထိန်းချုပ်ရန်အတွက် သူ့အား လွှဲပြောင်းပေးဖို့ မလိုလားကြချေ။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံးအပေါ် အန္တိခရစ်တို့၏ သဘောထား ဖြစ်လေသည်။ ၎င်းတို့သည် အစမှ အဆုံးအထိ စာတန်၏ အစေခံများ၏ ကဏ္ဍကို ပါဝင်ဆောင်ရွက်ကြသည့် ပွဲကြည့်ရှုသူများနှင့် မယုံကြည်သူများဖြစ်လျက် ရှိကြသည်။ ၎င်းတို့သည် ကပ်ပါးရပ်ပါးများနှင့် ပြဿနာရှာသူများဖြစ်သည်။ ၎င်းတို့သည် ခိုးကြောင်ခိုးဝှက် ဝင်လာပြီးဖြစ်သည့် မကောင်းမှုပြုသူများ ဖြစ်လေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။