အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၁) အခန်း လေး

ဂ။ ဘုရားသခင်၏ သန့်ရှင်းမှုနှင့် အတုမရှိမှုကို မထီမဲ့မြင်ပြုခြင်း

အန္တိခရစ်တို့သည် ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရတွင် ဖြောင့်မတ်ခြင်းနှင့် အနန္တတန်ခိုးတို့ ရှိသည်ကို သိမြင်မှုတစ်စုံတစ်ရာ ရှိရန် မဆိုထားနှင့်၊ စိုးစဉ်းမျှ အသိအမှတ်ပြုခြင်းဖြစ်စေ၊ ယုံကြည်ခြင်းဖြစ်စေ မရှိကြချေ။ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် အတုမရှိခြင်းတို့ကို ယုံကြည်ရန်၊ အသိအမှတ်ပြုရန်နှင့် သိကျွမ်းရန်တို့သည် ၎င်းတို့အတွက် ပို၍ပင် ခက်ခဲလေသည်မှာ ပြောစရာမလိုချေ။ သို့ဖြစ်၍ ဘုရားသခင်က လူများအား ရိုးသားအောင် နေခိုင်းကြောင်း၊ မိမိ၏နေရာအဆင့်အတန်းကို စောင့်ထိန်းနိုင်သည့် လက်တွေ့ကျသော ဖန်ဆင်းခံများဖြစ်အောင် နေခိုင်းကြောင်း ဘုရားသခင်က ထုတ်ဖော်ပြောသည့်အခါတွင် အန္တိခရစ်တို့တွင် စိတ်ကူးများ ပေါ်ထွက်လာကြပြီး ၎င်းတို့၌ သဘောထားနှင့် ခံစားချက်များလည်း ထွက်ပေါ်လာလေသည်။ ၎င်းတို့က “ဘုရားသည် ချီးမြှောက်ခြင်း မခံရသလော။ သူသည် အထွတ်အထိပ် မဟုတ်သလော။ သို့ဆိုလျှင် လူအပေါ် သူပြုသည့် တောင်းဆိုချက်များသည် ကြီးကျယ်ခမ်းနားပြီး အဆင့်မြင့်သင့်သည်။ ဘုရားသည် အလွန်နက်နဲသည်ဟု ကျွန်ုပ် ထင်မှတ်ခဲ့သည်။ သူသည် လူအပေါ် ထိုသို့မဖြစ်စလောက်သော တောင်းဆိုချက်များကို ပြုလိမ့်မည်ဟု ကျွန်ုပ် တွေးထင်ခဲ့မိမည် မဟုတ်။ ယင်းတို့ကို သမ္မာတရားအဖြစ် ထင်မြင်၍ ရနိုင်သလော။ ယင်းတို့သည် ရိုးရှင်းလွန်းသည်။ ဘုရား၏ တောင်းဆိုချက်များ မြင့်သွားခြင်းမှာ သင့်တော်ပေလိမ့်မည်။ လူတစ်ဦးသည် မဟာလူသားတစ်ဦး၊ ကြီးမြတ်သောလူတစ်ဦး၊ စွမ်းပကား ရှိသောလူတစ်ဦး ဖြစ်သင့်သည်။ ယင်းမှာ လူတို့ လုပ်ဆောင်ရန် ဘုရားအနေဖြင့် တောင်းဆိုသင့်သည့်အရာ ဖြစ်သည်။ သူက လူတစ်ဦးကို ရိုးသားသောသူတစ်ဦး ဖြစ်အောင် နေခိုင်းသည်။ ယင်းမှာ အမှန်တကယ်ပင် ဘုရားအလုပ်ဖြစ်သလော။ ယင်းမှာ အတုအယောင်ဖြစ်ခြင်း မဟုတ်လော” ဟု ပြောကြသည်။ အန္တိခရစ်တို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့သည် သမ္မာတရားကို အတိုက်အခံပြုခြင်းသာ မဟုတ်ဘဲ ထိုသို့လုပ်ဆောင်သည့်အခါတွင် ပြစ်မှားစော်ကားခြင်းကလည်း ၎င်းတို့တွင် ထွက်ပေါ်လာလေသည်။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုခြင်း မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များအတွက် စက်ဆုပ်ခြင်းနှင့် အထင်သေးခြင်းတို့ဖြင့် ပြည့်နေကြသည်။ ယင်းတို့ကို အရေးမစိုက်ခြင်း၊ ဥပေက္ခာပြုခြင်း၊ ထေ့ငေါ့ခြင်းနှင့် လှောင်ပြောင်ခြင်း သဘောထားတစ်ခုဖြင့် အနက်အဓိပ္ပာယ်ဖွင့်ကာ ဆက်ဆံကြလေသည်။ သိသာထင်ရှားစွာပင် အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတွင် ဆိုးယုတ်လေသည်။ ၎င်းတို့သည် စစ်မှန်ကာ လှပပြီး လက်တွေ့ကျသော အရာများ သို့မဟုတ် စကားများကို လက်ခံနိုင်စွမ်း မရှိကြ။ ဘုရားသခင်၏ အနှစ်သာရသည် စစ်မှန်ပြီး လက်တွေ့ကျသည်၊ ပြီးလျှင် လူများအပေါ် သူ၏ တောင်းဆိုချက်များသည် လူများလိုအပ်သည့်အရာနှင့် ကိုက်ညီလေသည်။ “ကြီးကျယ်ခမ်းနားပြီး အဆင့်မြင့်သည်” ဟူ၍ အန္တိခရစ်တို့က တင်ပြ၏။ ယင်းမှာ အဘယ်နည်း။ ယင်းသည် မှားယွင်းကာ ဟိတ်ဟန်များပြီး အနှစ်မဲ့လေသည်။ လူများကို ဖောက်ပြန်ပျက်စီးစေပြီး အထင်အမြင်မှားစေသည်။ ၎င်းတို့ကို ပြိုလဲစေပြီး ဘုရားသခင်ထံမှ ဝေးရာကို ၎င်းတို့အား ခေါ်ဆောင်လေသည်။ အခြားတစ်ဖက်တွင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားနှင့် သူ၏ အသက်တို့မှာမူ သစ္စာရှိသည်၊ ချစ်ခင်နှစ်လိုဖွယ်ကောင်းပြီး လက်တွေ့ကျလေသည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို အတန်ကြာ တွေ့ကြုံပြီးဖြစ်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ အသက်တစ်ခုတည်းသည်ပင် ချစ်ခင်နှစ်လိုဖွယ် အကောင်းဆုံး ဖြစ်သည့်အရာဖြစ်ကြောင်း၊ သူ့နှုတ်ကပတ်တော်များတစ်ခုတည်းသည်ပင် လူများကို ပြောင်းလဲနိုင်ပြီး ၎င်းတို့၏ အသက်တာများကို ဖြစ်လာနိုင်ကြောင်း၊ ယင်းတို့မှာ လူတို့ လိုအပ်သည့်အရာဖြစ်ကြောင်း၊ သို့သော်လည်း စာတန်နှင့် အန္တိခရစ်များ တင်ပြသည့် ကြီးကျယ်ခမ်းနားပြီး အဆင့်မြင့်သည့် ထင်မြင်ချက်များနှင့် ဆိုရိုးများကမူ လူတို့အပေါ် ဘုရားသခင် တောင်းဆိုချက်များ၏ စစ်မှန်ခြင်း၊ လက်တွေ့ကျခြင်းတို့ဖြင့် လုံးလုံးကြီး ဆန့်ကျင်နေကြောင်းတို့ကို ၎င်းတို့ ရှာဖွေတွေ့ရှိကြမည် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တို့၏ ဤအနှစ်သာရမျိုးအရ ၎င်းတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် အတုမရှိခြင်းတို့ကို လက်ခံနိုင်စွမ်း လုံးလုံး မရှိကြချေ။ ထိုအရာများကို ၎င်းတို့ အသိအမှတ်ပြုမည့်အရေးမှာ လုံးဝကို မဖြစ်နိုင်ပေ။ ဘုရားသခင်၏ ဖော်ထုတ်ခြင်းခံရသော လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရတို့၏ မျိုးစုံသော ရှုထောင့်များဖြစ်သည့် ၎င်းတို့၏ စိတ်နှလုံးမာကျောခြင်းနှင့် မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကဲ့သို့ ၎င်းတို့၏ စိတ်သဘောထားများအတွက်မှာမူ အန္တိခရစ်တို့သည် ယင်းတို့ကို လုံးဝ လက်မခံကြပေ။ လူတို့အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ၎င်းတို့အပေါ် သူ၏ ပြင်းထန်သော ပြစ်တင်မောင်းမဲခြင်းတို့အတွက်မှာမူ အန္တိခရစ်တို့သည် ယင်းတို့ထဲမှ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းတို့ကို သိနိုင်စွမ်း မရှိခြင်းမျှသာ မဟုတ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ပြောသည့် ထိုနှုတ်ကပတ်တော်များကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ယင်းတို့ကို အတိုက်အခံလည်း လုပ်လေသည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြစ်တင်ဆုံးမသော၊ တရားစီရင်ပြီး ဖော်ထုတ်သော ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည့်အခါတိုင်းတွင် ယင်းတို့ကို မုန်းတီးပြီး ကျိန်ဆဲလိုကြ၏။ ၎င်းတို့သည် မာနထောင်လွှားသည်၊ စိတ်နှလုံးမာကျောသော လူတစ်ဦးဖြစ်သည်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ကောက်ကျစ်ဆိုးယုတ်သော လူတစ်ဦးဖြစ်သည်ဟု တစ်စုံတစ်ဦးက ပြောလျှင် ထိုပုဂ္ဂိုလ်နှင့် ငြင်းခုံကြမည်ဖြစ်ကာ ၎င်းတို့၏ ဘိုးဘေးဘီဘင်များကို ဆဲဆိုကြလေသည်။ ပြီးလျှင် တစ်စုံတစ်ဦးက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို ဖော်ထုတ်ပြီး ပြစ်တင်ရှုတ်ချလျှင် ယင်းမှာ ထိုလူသည် ၎င်းတို့ကို သတ်ရန် ရည်ရွယ်သည့်အလား ဖြစ်သည်။ ၎င်းတို့သည် လုံးဝကို လက်မခံကြပေ။ အန္တိခရစ်တို့သည် ထိုသို့သော အနှစ်သာရရှိပြီး ထိုသို့သောအရာများကို ထုတ်ဖော်ပြသဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် အသင်းတော်ထဲတွင် သိပင်မသိလိုက်ဘဲ ရွေးထုတ်ခြင်းခံရကာ အမှတ်တမဲ့ ခွဲထုတ်ပြီး ထုတ်ဖော်ခံရခြင်းဖြစ်သည်။ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့သည် မကြာခဏဆိုသကဲ့သို့ မပြည့်ဝသောကြောင့် ဘုရားသခင်ပြောသည့် စကားများအတွက်၊ သူ၏တည်ရှိခြင်းအတွက်၊ ပြီးလျှင် “ဘုရားအိမ်တော်၌ သမ္မာတရား စိုးမိုးသည်” ဟူသည့် စကားရပ်အတွက် ၎င်းတို့၏ အမုန်းတရားသည် တိုးပွားလာခြင်းဖြစ်၏။ ထိုစကားရပ်ကို ၎င်းတို့အား သင်ပြောလျှင် ၎င်းတို့သည် သင့်အား သေသည်အထိ ယှဉ်ပြိုင်တိုက်ခိုက်လိုလိမ့်မည်။ သင့်အား သေအောင် နှိပ်စက်လိုလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တို့က ဘုရားသခင်ကို ရန်လိုကြောင်းကို ယင်းဘာသာပြခြင်း မဟုတ်လော။ အမှန်ပင် ပြပေသည်။ လူတစ်ဦးက “ဘုရားသခင်သည် အတုမရှိ။ လူသည် သူမှလွဲ၍ မည်သူ့ကိုမျှ မကိုးကွယ်ရ သို့မဟုတ် မည်သည့်ရုပ်တုကိုမျှ မကိုးကွယ်ရ” ဟု ပြောလျှင် အန္တိခရစ်တစ်ဦးသည် ကြားလိုစိတ် ရှိမည်လော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ ဤစကားများသည် ၎င်းတို့ကို ပြစ်တင်ရှုတ်ချသည်၊ မဟုတ်လော။ ယင်းတို့သည် ၎င်းတို့၏ ဘုရားဖြစ်ခွင့်ကို ယူဆောင်သွားသည် မဟုတ်လော။ ဘုရားဖြစ်ခွင့်မရှိဘဲ ထိုမျှော်လင့်ချက် ကွယ်ပျောက်သွားသောကြောင့် ၎င်းတို့သည် ပျော်ရွှင်မည်လော။ (ပျော်ရွှင်မည် မဟုတ်ပါ။) ထိုအကြောင်းကြောင့် သင်သည် ၎င်းတို့ကို ဖော်ထုတ်လျှင်၊ ၎င်းတို့အား မည်သူမျှ ကိုးကွယ်သည့်သူ မရှိဘဲ ၎င်းတို့၏ အဆင့်နှင့် ဂုဏ်သတင်းတို့တွင် ပျက်စီးသွားစေလျှင်၊ ၎င်းတို့အား လူများကို စည်းရုံးသိမ်းသွင်းနိုင်စွမ်း မရှိဖြစ်သွားစေလျှင်၊ အဆင့်အတန်းမဲ့သွားစေလျှင် ၎င်းတို့သည် မိမိတို့၏ မလိုမုန်းထားသော၊ မကောင်းဆိုးဝါးဆန်သော လက်သည်းများဖြင့် သင့်ကို နှိပ်စက်ရန် လက်လှမ်းလိမ့်မည်ဖြစ်သည်။ အသင်းတော်တွင် အမှုအရာများ ဖြစ်ပျက်ပြီး တစ်စုံတစ်ဦးက ယင်းတို့ကို အထက်သို့ တိုင်ကြားရန် ရည်ရွယ်သည့်အခါတွင် အသင်းတော်ခေါင်းဆောင်သည် အန္တိခရစ်တစ်ဦး ဖြစ်ပါက ထိုသူအား တိုင်ကြားခွင့်ပြုမည်လော။ ထိုသူသည် သူ့ကို ကျော်နိုင်မည် မဟုတ်။ သူက ပြောလိမ့်မည်။ “သင်တိုင်ကြားလျှင် အကျိုးဆက်များက သင့်ခေါင်းပေါ်ရောက်လိမ့်မည်။ အထက်က ကျွန်ုပ်တို့ကို ပြုပြင်ပြီး ကျွန်ုပ်တို့၏ အသင်းတော်တွင် လူများကို ဖယ်ထုတ်ပစ်လျှင် သင်နောင်တရစေဖို့ ကျွန်ုပ် သေချာအောင် လုပ်မည်။ လူတိုင်းအား သင့်ကို စွန့်ပစ်ခိုင်းမည်။ ထို့နောက်တွင် ဖယ်ထုတ်ပစ်ခံရခြင်းသည် မည်ကဲ့သို့ ခံစားရသည်ကို သင်မြည်းစမ်းရလိမ့်မည်” ဟူ၍ ဖြစ်လေသည်။ ဤအရာက တိုင်ကြားမည့်သူကို ကြောက်လန့်စေပြီး ခြိမ်းခြောက်သည် မဟုတ်လော။ အန္တိခရစ်က “ဘုရားသည် အတုမရှိဖြစ်သည် မဟုတ်လော။ ကောင်းပြီ။ ကျွန်ုပ်လည်း အတုမရှိ ဖြစ်အောင်လုပ်မည်။ ကျွန်ုပ်တို့၏ အသင်းတော်တွင် ကျွန်ုပ် ပြောသည့်အတိုင်း ဖြစ်သည်။ သင်မည်သည့်အရာကို လုပ်ဆောင်လိုပါစေ ကျွန်ုပ်၏ အတည်ပြုချက်ကို သင် ယူရမည်။ ပြီးလျှင် သင်သည် ကျွန်ုပ်ကို ကျော်၍မရပါ။ သင် ကျွန်ုပ်ကို ကျော်ချင်သလော။ ကျွန်ုပ်၏ အစွမ်းကုန် ပိတ်ပင်တားဆီးခြင်းကြားမှ သင်လုပ်ဆောင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အသင်းတော်ကို ကျွန်ုပ် စိုးမိုးသည်။ ဤနေရာတွင် ကျွန်ုပ်ပြောသည့်အတိုင်း ဖြစ်၏။ ကျွန်ုပ်သည် သမ္မာတရားဖြစ်သည်။ ကျွန်ုပ်သည် အတုမရှိသည့်သူ ဖြစ်သည်” ဟု ပြောသည်။ ဤသည်မှာ နတ်ဆိုးတစ်ကောင်က ပေါ်လွင်လာခြင်း မဟုတ်သလော။ ဟုတ်ပေသည်။ ယင်း၏ နတ်ဆိုးဆန်သော မျက်နှာထားကို ဖော်ထုတ်ပြီးဖြစ်သည်။ ယင်း၏ နတ်ဆိုးဆန်သော စကားများကို ပြောပြီးဖြစ်သည်။

ဘုရားသခင်၏ အနှစ်သာရအပေါ် အန္တိခရစ်များ သဘောထားပုံနှင့်စပ်လျဉ်း၍ ၎င်းတို့သည် မယုံကြည်ခြင်းနှင့် သံသယများမှနေ၍ စောင့်ဆိုင်းခြင်းနှင့် စမ်းသပ်ခြင်းဆီသို့ ရောက်ရှိကြကာ နောက်ဆုံးတွင် ဝေဖန်အပြစ်တင်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းဆီသို့ ရောက်လေသည်။ ဤအရာက ၎င်းတို့အား တစ်ဆင့်ပြီးတစ်ဆင့် လှုပ်လေမြုပ်လေဖြစ်သော အရှုပ်တော်ပုံထဲသို့၊ အနက်ရှိုင်းဆုံးသော ချောက်ထဲသို့ ဆိုက်ရောက်စေကာ ဘုရားသခင်နှင့် လုံးလုံးဆန့်ကျင်ဘက်ဖြစ်၍ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သူ၏ရန်သူဖြစ်ခြင်း၊ သူ့ကို အဆုံးထိတိုင် ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်း လမ်းကြောင်းပေါ်သို့ ၎င်းတို့ကို ဆိုက်ရောက်စေသည်မှာ ထိုနေရာမှ ပြန်လှည့်စရာ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ အနှစ်သာရ တည်ရှိခြင်းကို အသိအမှတ်ပြုရန် ပျက်ကွက်ရုံမျှသာ မဟုတ်ဘဲ ထိုအစား ဘုရားသခင်၏ အနှစ်သာရနှင့်သက်ဆိုင်သော သွင်ပြင်လက္ခဏာ တစ်ခုချင်းစီအပေါ် မျိုးစုံသော အယူအဆများနှင့် စိတ်ကူးများ ၎င်းတို့တွင် ပေါ်ပေါက်လာလေသည်။ ယင်းတို့ဖြင့် ၎င်းတို့အနီးရှိလူများနှင့် ၎င်းတို့ ထိတွေ့ဆက်ဆံရသည့်လူများကို ၎င်းတို့ အထင်အမြင်မှားစေကြသည်။ ၎င်းတို့၏ ပန်းတိုင်မှာ ပို၍များသော လူများအား ၎င်းတို့ကဲ့သို့ ဘုရားသခင်၏ တည်ရှိမှုနှင့် သူ့အနှစ်သာရ တည်ရှိမှုကို သံသယဖြစ်အောင် လုပ်ဆောင်ရန် ဖြစ်သည်။ ၎င်းတို့ သေဆုံးသည့်အခါတွင် အခြားသူများကို ၎င်းတို့နှင့်အတူ ဆွဲပင် ဆွဲချသွားမည် ဖြစ်သည်။ ၎င်းတို့က သူတို့ဘာသာ မကောင်းသောအရာများ လုပ်ဆောင်သည်မှာ မလုံလောက်သေးဘဲ ၎င်းတို့နှင့် အဖော်ပြုရန်၊ ၎င်းတို့နှင့်အတူ မကောင်းသောအရာများ လုပ်ဆောင်ရန်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ရန်၊ ၎င်းတို့နှင့်အတူ သူ့အိမ်တော်၏ အလုပ်ကို နှောင့်ယှက်ရန်၊ ၎င်းတို့နှင့်အတူ ဘုရားသခင်ကို သံသယရှိပြီး ငြင်းပယ်စေရန် အခြားသူများကိုလည်း ရှာလိုသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်သော သွင်ပြင်လက္ခဏာတိုင်းနှင့်ပတ်သက်၍ အယူအဆများ၊ စိတ်ကူးများဖြင့် ပြည့်နေကြသည်။ ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်သမျှတွင် သူ၏ အနှစ်သာရကို သိနိုင်စွမ်း မရှိရုံသာမက ဘုရားသခင်၏ အနှစ်သာရကို တင်းတင်းကျပ်ကျပ် ခွဲခြမ်းစိတ်ဖြာကာ လေ့လာ၍ စမ်းသပ်ပြီး ဝေဖန်သုံးသပ်မည်လည်းဖြစ်ကာ “ကိုယ်တော်သည် အတုမရှိသည် မဟုတ်လော။ ကိုယ်တော်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည့် ဘုရားမဟုတ်သလော။ ကိုယ်တော်သည် မည်သို့ဖြစ်၍များ ကိုယ်တော့်ကို ယုံကြည်သည့် လူများအပေါ် ထိုသို့သောအရာများကို ဖြစ်ခွင့်ပြုသနည်း။ ကိုယ်တော်သည် အတုမရှိသည့်ဘုရားဖြစ်လျှင် ကိုယ်တော်၏ အလုပ်နေရာကို မည်သည့်ရန်သူအင်အားစုတစ်ခုမျှ ကျူးကျော်ဝင်ရောက်ခွင့် လုံးဝ မပြုသင့်ပါ” ဟုပြောလျက် ဘုရားသခင်နှင့် တိတ်တဆိတ်ပင် ပြိုင်ဆိုင်လိမ့်မည်။ ယင်းမှာ မည်သည့်စကားမျိုး ဖြစ်သနည်း။ အသင်းတော်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတိုင်းတွင် အန္တိခရစ်များသည် ပထမဆုံး ရင်ဆိုင်ကာ ထိခိုက်စေသည့် စကားများ၊ အပျက်သဘောဆောင်ပြီး ဝေဖန်သုံးသပ်သော စကားများပြောသည့် ပထမဆုံးသောသူ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ပထမဆုံး ဘုရားသခင်ကို ရင်ဆိုင်ပြီး ငြင်းခုံသောသူ၊ ထိပ်တိုက်ရင်ဆိုင်သောသူ၊ ဤအရာနှင့် ထိုအရာကို လုပ်ဆောင်ရန် ဘုရားသခင်ကို တောင်းဆိုသောသူ ဖြစ်လိမ့်မည်။ ဘုရားအိမ်တော်က အခက်အခဲများ သို့မဟုတ် ခက်ခဲသော ပြဿနာများကို ရင်ဆိုင်ရသည့် ထိုအချိန်များသည် အထူးသဖြင့် အန္တိခရစ်များ အလွန့်အလွန် ဝမ်းမြောက်သော အချိန်ဖြစ်၏။ ထိုအချိန်များသည် ၎င်းတို့အနေဖြင့် အပျော်ရွှင်ဆုံးနှင့် ဝမ်းအမြောက်ဆုံးအချိန်များ ဖြစ်သည်။ ဝမ်းမြောက်သဖြင့် ၎င်းတို့ အမြင့်ဆုံး ခုန်ပေါက်ကြသည့် အချိန်များဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မထိန်းသိမ်းနိုင်ခြင်းမျှသာ မဟုတ်ပေ။ ဤသို့ မဟုတ်၊ ၎င်းတို့သည် ဘေးတွင် ရပ်နေကြကာ စောင့်ကြည့်ပြီး ရယ်မောလျက် ဘုရားအိမ်တော်တွင် ဆူပူအုံကြွမှု ရုတ်တရက် ဖြစ်ပေါ်လာသည်ကိုလည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသော လူများ ဖမ်းဆီးခံရကာ ပြိုကွဲသွားပြီး သူ့အိမ်တော်၏ အလုပ်သည် ဆက်လက်၍ တိုးတက်နိုင်စွမ်း မရှိတော့သည်ကိုလည်းကောင်း စိတ်အားထက်သန်စွာ စောင့်ဆိုင်းလျက်နေကြသည်။ ထိုအချိန်တွင် ၎င်းတို့သည် နှစ်သစ်ကူးအကြိုရက် ရောက်နေသကဲ့သို့ ပျော်ရွှင်ကြမည်ဖြစ်သည်။ ပြီးလျှင် ဘုရားအိမ်တော်တွင် ဖြစ်ပျက်သည့် အရာတစ်ခုက တည်ငြိမ်ပြီး ပြေလည်သွားသည့်အခါတိုင်းတွင် ညီအစ်ကိုမောင်နှမများက ယင်းမှ သင်ခန်းစာ ယူကြသည်။ ထိုအချိန်သည် အန္တိခရစ်တို့ကို “ပြစ်ဒဏ်ချမှတ်”မည့် အချိန်ဖြစ်လိမ့်မည်။ ယင်းသည် အန္တိခရစ်တို့ စိတ်မချမ်းမြေ့ဆုံးသော၊ ဝမ်းအနည်းဆုံးသော၊ ပြီးလျှင် စိတ်ပျက်လက်ပျက် အဖြစ်ဆုံးသော အချိန်လည်းဖြစ်သည်။ ညီအစ်ကိုမောင်နှမများ အဆင်ပြေနေသည်ကို ဖြစ်စေ၊ ဘုရားသခင်၏ နောက်လိုက်များ ယုံကြည်ခြင်း ရှိနေပြီး ဘုရားသခင်နောက်လိုက်သည်နှင့်အညီ ယုံကြည်စိတ်ချခြင်းဖြင့် ပြည့်နှက်နေသည်ကိုဖြစ်စေ မြင်ရသည်ကို ၎င်းတို့ သည်းမခံနိုင်ကြပေ။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် ညီအစ်ကိုမောင်နှမများက မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲကြကာ မိမိတို့၏ တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်ပြီး အလုပ်က ပို၍ ပို၍ ကောင်းမွန်လာသည်ကို မြင်ရခြင်းအား သည်းမခံနိုင်ပေ။ အသင်းတော်က ကြီးပွားတိုးတက်နေသည်ကိုဖြစ်စေ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်က ကောင်းမွန်သည့် ဦးတည်ချက်သို့ တစ်စပြီးတစ်စ တိုးတက်နေသည်ကိုဖြစ်စေ ၎င်းတို့ မြင်ရခြင်းအား သည်းမခံနိုင်ပေ။ ထို့အပြင် လူများက ဘုရားနှုတ်ကပတ်တော်များကို အစဉ်သဖြင့် တရားဟောနေသည့်အခါ၊ သူ့အတွက် သက်သေခံနေကြသည့်အခါ၊ သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းနှင့် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားတို့ကို ချီးမွမ်းနေကြသည့်အခါတွင် ပို၍ပင် မုန်းတီးကြသည်။ ထို့အပြင် လူများအပေါ် မည်သည့်အရာများ ဖြစ်ပျက်ပါစေ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းကို လိုက်နာလျက် ဘုရားသခင်ကို ရှာဖွေသည့်အခါတွင်၊ သူ့ကို ဆုတောင်းသည့်အခါတွင်၊ သူ၏ နှုတ်ကပတ်တော်များကို ရှာဖွေသည့်အခါတွင် ယင်းကို စက်ဆုပ်ရွံရှာကြသည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်မှ စားသုံးသည့်အခါ၊ ဘုရားနှုတ်ကပတ်တော်များကို မွေ့လျော်သည့်အခါနှင့် သူ့အိမ်တော်၏ အကျိုးကျေးဇူးများအားလုံးကို ပျော်မွေ့သည့်အခါတို့တွင်ပင် ဘုရားအိမ်တော်ကို ရယ်မောလှောင်ပြောင်ဖို့ အခွင့်တစ်ခုရရှိရန် မကြာခဏ ဆန္ဒပြုနေကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူအားလုံးတို့ လူစုကွဲသွားပြီး ဘုရားသခင်၏ အမှုတော်သည် ဆက်လက်၍ တိုးတက်နိုင်စွမ်း မရှိတော့သည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ယင်းကို ခုခံကာကွယ်ရမည့်အစား သို့မဟုတ် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းများကို တွေးတောရမည့်အစား သို့မဟုတ် ညီအစ်ကိုမောင်နှမများကို ၎င်းတို့ အစွမ်းရှိသမျှ ကာကွယ်ရမည့်အစား သို့မဟုတ် ပြဿနာကို စည်းလုံးမှုဖြင့် တာဝန်ယူဖြေရှင်းရန် ထိုသူများနှင့် ပူးပေါင်းရမည့်အစား၊ ဘုရားသခင်၏ ရှေ့မှောက်သို့ အတူတကွ လာရောက်ကြပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရမည့်အစား အန္တိခရစ်တို့သည် ဘေးတွင် ရပ်နေကာ ရယ်မောကြလိမ့်မည်။ အသုံးမကျသော အကြံပြုချက်များပေးလိမ့်မည်။ ဖျက်ဆီးကာ နှောင့်ယှက်ကြလိမ့်မည်။ အရေးကြီးသောအချိန်တွင် ဘုရားအိမ်တော်ကို ထိခိုက်နစ်နာစေခြင်းဖြင့် အပြင်လူများကို ကူညီဖို့ပင် ကမ်းလှမ်းကြမည်ဖြစ်သည်။ ထိုသို့ဖြင့် အမှုအရာများကို တမင်သက်သက် နှောင့်ယှက်ကာ ဖျက်ဆီးလျက် စာတန်၏ အစေခံများအဖြစ် ပြုမူဆောင်ရွက်ကြလေသည်။ ထိုသို့သောလူတစ်ဦးသည် ဘုရားသခင်၏ ရန်သူတစ်ဦး မဟုတ်သလော။ ပို၍ အရေးကြီးသော အခိုက်အတန့်တွင် ၎င်းတို့၏ နတ်ဆိုးဆန်သော ပုံသဏ္ဌာန်က ပို၍ ရှင်းလင်းစွာ ဖော်ထုတ်ခြင်းခံရသည်။ ပို၍ အရေးကြီးသော အချိန်ဖြစ်လေ၊ ထူးထူးခြားခြား အဖြစ်အပျက်များ ပိုဖြစ်လေဖြစ်ကာ ၎င်းတို့၏ နတ်ဆိုးဆန်သော ပုံသဏ္ဌာန်က အသေးစိတ် အကျဆုံး၊ အတိုင်းအတာအပြည့်အဝဖြင့် ပို၍ ဖော်ထုတ်ခြင်းခံရလေ ဖြစ်သည်။ အရေးကြီးသော အချိန်ပို၍ဖြစ်လေ ၎င်းတို့သည် ဘုရားအိမ်တော်ကို ထိခိုက်နစ်နာစေခြင်းဖြင့် အပြင်လူများကို ပို၍ အကူအညီ ပေးကြမည်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာမျိုးဖြစ်သနည်း။ ထိုသို့သောလူများသည် ညီအစ်ကိုမောင်နှမများ ဖြစ်သလော။ ၎င်းတို့သည် ဖျက်လိုဖျက်ဆီးလုပ်သည့် လူများ၊ မသတီစရာများကို လုပ်သည့်လူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်သည်။ ၎င်းတို့သည် စာတန်များဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ၊ အန္တိခရစ်များဖြစ်သည်။ ညီအစ်ကိုမောင်နှမများ မဟုတ်သကဲ့သို့ ကယ်တင်ခြင်းအတွက် သင့်တော်သည့်သူများလည်း မဟုတ်ချေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၊ ဘုရားအိမ်တော်၏ လူများ အမှန်တကယ်ဖြစ်လျှင် သူ၏အိမ်တော်တွင် ဖြစ်ပေါ်လာသမျှ မည်သည့်ပြဿနာကိုမဆို စည်းစည်းလုံးလုံး ရင်ဆိုင်ကာ ကိုင်တွယ်ရန် မိမိတို့၏ ညီအစ်ကိုမောင်နှမများနှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိကြလိမ့်မည်။ ၎င်းတို့သည် စောင့်ကြည့်ပြီး လှောင်ရယ်ဖို့ မဆိုထားနှင့်၊ ပွဲကြည့်ပရိသတ်များပင် ဖြစ်မည် မဟုတ်ချေ။ အန္တိခရစ်တို့ကဲ့သို့ လူများသာလျှင် ဘေးတွင်ထိုင်ကာ ရယ်မောပြီး ဘုရားအိမ်တော်တွင် မကောင်းသောအရာများ ပေါ်ပေါက်လာသည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းကြမည် ဖြစ်သည်။

အန္တိခရစ်တို့၏ အနှစ်သာရကို မည်သည့်ကိစ္စတွင်မဆိုဖြစ်စေ၊ ကိစ္စတိုင်းဖြစ်စေ ဖော်ထုတ်၍ ရကောင်းရနိုင်သည်။ ယင်းမှာ အတော်ပင် ဖုံးကွယ်၍မရနိုင်ပေ။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ အမှုကိစ္စက မည်သည့်အရာဖြစ်စေ ၎င်းတို့ ထုတ်ဖော်သည့် အမြင်ရှုထောင့်များနှင့် စိတ်သဘောထားများသည် လူနှင့် ဘုရားသခင်အတွက် ရွံရှာဖွယ်ဖြစ်သည်။ ၎င်းတို့သည် ဘေးမှနေ၍ ရယ်နေလျက် ဖြစ်လာသည့်အရာမျိုးစုံကို အဖျက်အဆီး၊ အနှောင့်အယှက်နှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေရုံသာမက ဘုရားသခင်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် သူ့ကို စမ်းသပ်ခြင်းတို့ကိုလည်း မကြာခဏ ပြုလေသည်။ ဘုရားသခင်ကို စမ်းသပ်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (၎င်းတို့သည် စိတ်နှလုံးထဲတွင် ဘုရားသခင်ကို မယုံကြည်ကြဘဲ သူ၏ အကြံအစည်များသည် မည်သည့်အရာဖြစ်သည်ကို အဖြေရှာဖို့ ကြိုးစားလျက် ယင်းကို စမ်းသပ်ရန် အချို့သော အရာများကို ပြောကြသည်၊ သို့မဟုတ် လှည့်ကွက်အချို့ကို အသုံးပြုကြသည်။) ထိုအရာ များစွာဖြစ်ပွားသည်ကို သင်မြင်ရသည်။ ယောဘ၏ ကိစ္စတွင် စာတန်သည် ဘုရားသခင်ကို မည်သို့ စမ်းသပ်ခဲ့သနည်း။ (စာတန်ပထမအကြိမ် စကားပြောသည့်အချိန်က ဘုရားသခင်သည် ယောဘ၏ အိမ်ထောင်စုနှင့် ပစ္စည်းဥစ္စာများကို နုတ်ယူပါက ယောဘသည် ဘုရားသခင်ကို ကိုးကွယ်တော့မည် မဟုတ်ကြောင်း ၎င်းက ဆိုခဲ့သည်။ ဒုတိယအကြိမ်တွင် ဘုရားသခင်က ယောဘ၏ အသားနှင့် အရိုးတို့ကို ထိခိုက်ပါက ယောဘသည် ဘုရားသခင်ကို ငြင်းပယ်မည်ဟု ၎င်းက ဆိုသည်။ စာတန်က ယောဘထံ ဘေးဒုက္ခများ ဖြစ်ပျက်စေခြင်းအားဖြင့် ဘုရားသခင်ကို စမ်းသပ်လိုသည်။) ယင်းမှာ စမ်းသပ်မှုတစ်ခု ဖြစ်သလော။ ယင်းမှာ ထိုဝေါဟာရ၏ တိကျမှန်ကန်သော အဓိပ္ပာယ်သတ်မှတ်ချက် ဟုတ်သလော။ (မဟုတ်ပါ။) တိတိကျကျဆိုရလျှင် ထိုကောက်နုတ်ချက်စာသားများက စွဲဆိုချက်တစ်ခုကို ရည်ညွှန်းပေသည်။ ထိုအရာများကို ပြောရာတွင် စာတန် ဆိုလိုခဲ့သည့်အရာမှာ “ယောဘသည် စုံလင်သောသူတစ်ဦး ဖြစ်သည်ဟု ကိုယ်တော် မပြောခဲ့သလော။ သူ့အား ကိုယ်တော်ပေးခဲ့သည့် ကောင်းသည့်အရာများ အားလုံးကြောင့် သူသည် ကိုယ်တော့်ကို မကိုးကွယ်ဘဲ အဘယ်သို့ နေနိုင်မည်နည်း။ ကိုယ်တော်သည် သူ့ထံမှ ထိုကောင်းသောအရာများကို နုတ်ယူလိုက်ပါက သူသည် ကိုယ်တော့်ကို ကိုးကွယ်ဦးမည်ဟု ကိုယ်တော်ထင်သလော” ဟူ၍ဖြစ်သည်။ ယင်းမှာ စွဲဆိုချက် ဖြစ်သည်။ သို့ဆိုလျှင် မည်သည့်အရာမျိုးသည် စမ်းသပ်မှု ဖြစ်သနည်း။ စာတန်သည် ဓားပြများအား ယောဘ၏ ပစ္စည်းဥစ္စာများကို ဓားပြတိုက်ပြီး လုယက်ယူငင်ခိုင်းသည်။ ယောဘအတွက်မှာမူ ယင်းသည် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ယင်းသည် အဘယ်သို့များ စမ်းသပ်မှုတစ်ခု ဖြစ်ရသနည်း။ “သင်သည် ဘုရားကို မယုံကြည်သလော။ သင့်ထံမှ ဤအရာများကို ငါ နုတ်ယူလိုက်သည်နှင့်တစ်ပြိုင်နက် ထိုအချိန်တွင် သင်သည် ဘုရားသခင်အား ယုံကြည်သေးသလော ဟူသည်ကို ကြည့်ကြစို့” ဟူသည့်နည်းလမ်းအားဖြင့် ဖြစ်လေသည်။ သို့တိုင်အောင် ယောဘသည် ယင်းကို မည်သို့နားလည်ခဲ့သနည်း။ ယင်းကို ဘုရားသခင်ထံမှ စမ်းသပ်မှုတစ်ခုအဖြစ် ယုံကြည်လျက် သူသည် ရုန်းကန်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း မရှိခဲ့သကဲ့သို့ မည်သည့်အရာကိုမျှလည်း မပြောခဲ့ပေ။ သူသည် ယင်းကို ကျိုးနွံနာခံကာ ဘုရားသခင်ထံမှ ခံယူခဲ့သည်။ သခင်ယေရှုအပေါ် ဖြစ်ပျက်သည့် အမှုအရာများလည်း ရှိပေသည်။ စာတန်က သခင်ယေရှုကို ကျောက်ခဲတို့ကို မုန့်အဖြစ် ပြောင်းခိုင်းပြီး ကမ္ဘာလောက၏ ဘုန်းကျက်သရေနှင့် စည်းစိမ်များအားလုံးကို ပြသကာ သခင်ယေရှုကို ၎င်းအား ဦးညွှတ်၍ ကိုးကွယ်ခိုင်းသည်။ ယင်းတို့မှာ စုံစမ်းသွေးဆောင်မှုများ ဖြစ်လေသည်။ သို့ဖြစ်၍ အန္တိခရစ်တို့သည် ဘုရားသခင်ကို စမ်းသပ်မှုများအနေဖြင့် မည်သည့်အရာများကို လုပ်ဆောင်ကြသနည်း။ (အန္တိခရစ်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြပါ။ ၎င်းတို့သည် သိလျက်နှင့်ပင် မကောင်းမှုကို ပြုကြသည်။ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းသည် ၎င်းတို့အပေါ် ဖြစ်ပျက်မည် ဟုတ်မဟုတ်ကို မြင်တွေ့ရန် ဘုရားသခင်ကို ၎င်းတို့က စမ်းသပ်လိုကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ၎င်းတို့ မယုံကြည်သည်နှင့်အမျှ ၎င်းတို့ မကောင်းမှုပြုကြသည့်အခါတွင် ၎င်းတို့သည် အပြစ်သိစိတ် ကင်းမဲ့ကြသည်။) ယင်းမှာ စမ်းသပ်မှုတစ်ခု ဖြစ်လေသည်။ ၎င်းတို့သည် ယင်းကို လုပ်ဆောင်ကြည့်ပြီး ကြည့်ကြစို့ ဟူသည့် စိတ်ဓာတ်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်မည်ကိုသာ ၎င်းတို့ မြင်တွေ့လိုကြသည်။ “ဘုရားသည် ဘုန်းအာနုဘော်ရှိပြီး အမျက်ဒေါသရှိသည် မဟုတ်လော။ ကောင်းပြီ၊ ငါသည် အသင်းတော်တွင် နိုင်လိုမင်းထက် ပြုမူနေပြီး ဘုရား၏ နောက်ကွယ်တွင်လည်းကောင်း၊ လူ၏ နောက်ကွယ်တွင်လည်းကောင်း မကောင်းသည့်အရာများစွာကို လုပ်ဆောင်ပြီးဖြစ်သည်။ ယင်းကို ဘုရားသိသလော၊ သို့မဟုတ် မသိသလော။ ငါ၏ စိတ်ထဲတွင် ဝမ်းနည်းမှုတစ်စက်မျှ မရှိဘဲ ဇာတိပကတိဆိုင်ရာ အပြစ်ဒဏ်ပေးခြင်းကို ငါ မခံစားရလျှင်၊ ယင်းမှာ ဘုရား မသိသည်ကို ဆိုလိုသည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဟုတ်မဟုတ်ကို စမ်းသပ်ရန်၊ သူသည် လူများ၏ စိတ်နှလုံး အတွင်းအကျဆုံးနေရာကို စောင့်ကြည့်လေ့လာခြင်း ရှိမရှိကို စမ်းသပ်ရန် ၎င်းတို့သည် ချဉ်းနင်းဝင်ရောက်မှု အသေးစားလေးများ ပြုလုပ်နေကြသည်။ ယင်းတို့မှာ စမ်းသပ်မှုများ ဟူသည့်အရာများဖြစ်သည်။ ၎င်းတို့သည် ကိစ္စ၏ မှန်ကန်မှုကို အတည်ပြုလိုသည်၊ ဘုရားသခင်သည် အမှန်တကယ် အရေးယူဆောင်ရွက်မည် ဟုတ်မဟုတ်ကိုလည်းကောင်း၊ သူအမှန်တကယ် တည်ရှိခြင်း ရှိမရှိကိုလည်းကောင်း စမ်းသပ်လိုကြသည်။ ယင်းမှာ စမ်းသပ်မှုများဟူသည့် အရာများဖြစ်လေသည်။

တစ်ခါက တရုတ်ပြည်မကြီးတွင် လူတစ်စုကို အထင်အမြင်မှားစေခဲ့သည့် အန္တိခရစ်တစ်ဦး ရှိခဲ့လေသည်။ ဘုရားအိမ်တော်က နိုင်ငံရပ်ခြားတွင် သံစုံကျူးအေးများနှင့် ဓမ္မသီချင်း သီဆိုခြင်းတို့ကို စီမံခန့်ခွဲနေသည်ကို သူမြင်လိုက်ပြီး “သင်တို့ နိုင်ငံရပ်ခြားတွင် သံစုံကျူးအေးများ သီဆိုနိုင်လျှင် ငါတို့သည်လည်း ဤနေရာတွင် လုပ်ဆောင်နိုင်သည်” ဟု တွေးမိသည်။ သို့ဖြစ်၍ သူသည် သံစုံကျူးအေး သီဆိုရန် နေရာမျိုးစုံမှ လူများကို အတူတကွ ခေါ်ဆောင်လာ၏။ ၎င်းတို့အတွက် များစွာသော ပရိသတ်ကိုလည်း သူစုဝေးပေးခဲ့သည်။ ယင်းမှာ အတော်ပင် အထင်ကြီးလောက်စရာ မြင်ကွင်းတစ်ခုဖြစ်သည်။ သူသည် အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်ခဲ့သနည်း။ တစ်ဖက်တွင် သူသည် သိသာထင်ရှားစွာပင် အမှီအခိုကင်းသော နယ်မြေတစ်ခုကို တည်ထောင်နေခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် သူဆိုလိုသည်မှာ “ငါတို့ ယုံကြည်သည့် ဘုရားမှာ စစ်မှန်သော ဘုရားဖြစ်ပြီး ငါတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုရှိသည်။ ငါတို့သည် အဆင်းနီသော နဂါးကြီးက ငါတို့ကို ညှဉ်းပန်းနှိပ်စက်ကာ အနီးကပ်ပြီး တင်းကျပ်သော စောင့်ကြပ်မှုအောက်တွင် ငါတို့ကို ထားခြင်းကြောင့် ရန်လိုသော ပတ်ဝန်းကျင်တစ်ခုတွင် နေရကောင်း နေရသော်လည်း ဘုရားက ငါတို့ကို ကွယ်ကာနေခြင်း ရှိမရှိဟူသည်ကို လူတို့အား ပြကြစို့။ ငါတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်နိုင်ခြင်း ရှိမရှိကို ကြည့်ကြစို့။ ငါတို့သည် အဖမ်းခံရနိုင်ခြင်း ရှိမရှိကို ကြည့်ကြစို့” ဟူ၍ ဖြစ်လေသည်။ ယင်းမှာ မည်သည့်စိတ်ဓာတ်မျိုး ဖြစ်သနည်း။ (စမ်းသပ်သော စိတ်ဓာတ်တစ်ခု ဖြစ်ပါသည်။) ယင်းမှာ စမ်းသပ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် အမှန်တကယ် လုပ်ဆောင်မည့်အရာကို ဆန်းစစ်ရန်၊ သူနှင့် လောင်းကြေးထပ်ရန်၊ ပြီးလျှင် သူနှင့် ယှဉ်ပြိုင်ရန်အတွက် ထိုသို့သော အောင်လံများကို လွှင့်နေပြီး ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး တစ်ချိန်တည်းတွင် နေရာတိုင်း၌ ရှိသည်ကို ယုံကြည်သည်ဟူသည့် ထိုသို့သော ရေပန်းစားသော စကားများကို သုံးနေခြင်း ဖြစ်သည်။ ယင်းမှာ “စမ်းသပ်ခြင်း” ဟု ခေါ်သည်။ လူအချို့အတွက် အခြားသူများက ၎င်းတို့အား “သင်သည် ဤအရာကို စား၍မရ၊ ယင်းက သင့်အား ဗိုက်အောင့်စေလိမ့်မည်” ဟု ပြောသည့်အခါတွင် ၎င်းတို့က “သင့်ကို ငါမယုံပါ။ ငါစားလိုက်မည်။ ဘုရားသခင်က ငါ့ကို ဗိုက်အောင့်စေမည် ဟုတ်မဟုတ်ကို ကြည့်ကြစို့” ဟု ပြောကြလေသည်။ သို့ဖြစ်၍ ၎င်းတို့ စားလိုက်ပြီး အမှန်ဧကန်ပင် ယင်းက ၎င်းတို့ကို ဗိုက်အောင့်စေသည်။ ၎င်းတို့က “ဘုရားသခင်က ငါ့ကို အဘယ်ကြောင့် မကွယ်ကာသနည်း။ ယင်းသည် အခြားလူများ၏ ဗိုက်များကို အောင့်စေသော်လည်း ယင်းမှာ ၎င်းတို့က ဘုရားသခင်ကို မယုံကြည်ကြသောကြောင့် ဖြစ်သည်။ ငါက ဘုရားသခင်ကို ယုံကြည်သည်။ ယင်းသည် အခြားလူများ၏ ဗိုက်များကို အောင့်စေသကဲ့သို့ ငါ၏ ဗိုက်ကိုလည်း အဘယ်ကြောင့် အောင့်စေခဲ့သနည်း” ဟု မိမိဘာသာ တွေးကြသည်။ ဤသည်မှာ မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ (စမ်းသပ်ခြင်း ဖြစ်ပါသည်။) ယင်းမှာ ၎င်းတို့က ဘုရားသခင်ကို မသိကျွမ်းခြင်း၏ ရလဒ်ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်တို့မှာမူ အခြားအပိုဆောင်းတစ်ခု ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ အနှစ်သာရ တည်ရှိခြင်းကို လုံးဝ အသိအမှတ် မပြုကြသောကြောင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အားထုတ်မှုများနှင့် မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများဖြင့် အမှုအရာများကို လုပ်ဆောင်ကြပြီး ယုံကြည်ခြင်းအားဖြင့် ထိုအရာများကို မလုပ်ဆောင်ကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်နေကြသည်။ ၎င်းတို့သည် ဘုရားသခင် တည်ရှိခြင်း ရှိမရှိ၊ သူ၏ အနန္တတန်ခိုးက စစ်မှန်ခြင်း ရှိမရှိနှင့် သူသည် ၎င်းတို့အား အမှန်တကယ် ကွယ်ကာနိုင်ခြင်း ရှိမရှိတို့ကို စုံစမ်းလေ့လာရန်အတွက် မိမိတို့၏ အပြုအမူကိုလည်းကောင်း၊ မိမိတို့၏ ခဏတာ အတွေးအခေါ်များနှင့် စိတ်ပေါက်ရာပြုခြင်းတို့ကိုလည်းကောင်း အသုံးပြုနေကြသည်။ ၎င်းတို့၏ လက်တွေ့စမ်းသပ်မှုက အောင်မြင်ပါက ၎င်းတို့၏ ယုံကြည်မှုသည် ထိုအခြေခံအရ ဆက်သွားမည် ဖြစ်သည်။ ယင်းက မအောင်မြင်လျှင်၊ ဘုရားသခင်သည် ၎င်းတို့ကို စိတ်ပျက်စေလျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြမည်နည်း။ ၎င်းတို့က “ဘုရားကို ငါ မယုံကြည်တော့ပါ။ သူက လူများအတွက် ဂရုစိုက်သည့်ပုံ မရှိပါ။ ဘုရားသည် လူ၏ ခိုလှုံရာဖြစ်သည်ဟု လူတိုင်းက ပြောကြသည်။ ငါ့အမြင်မှာ ယင်းသည် ပကတိအခြေအနေ ဖြစ်ချင်မှ ဖြစ်ပေမည်။ ထိုစကားများနှင့် စပ်လျဉ်း၍ လူတို့သည် အနာဂတ်တွင် မိမိတို့အတွက် အရန်ဖြစ်သော အစီအစဉ်အချို့ကို ပြုလုပ်ထားရန် လိုအပ်သည်။ ၎င်းတို့သည် အမှုအရာများနှင့်ပတ်သက်၍ ထိုမျှ ထုံအ၍ မရနိုင်ပါ။ လူတို့သည် မိမိတို့၏ ကိစ္စများကို မိမိတို့ကိုယ်တိုင် ဖြေရှင်းရန် လိုအပ်သည်။ ၎င်းတို့သည် အရာရာအတွက် ဘုရားကို မှီခို၍မရနိုင်ပါ” ဟူ၍ ပြောကြလိမ့်မည်။ ယင်းမှာ ၎င်းတို့၏ စမ်းသပ်မှုမှနေ၍ ၎င်းတို့ ကောက်ချက်ချခဲ့သည့် ရလဒ်ဖြစ်လေသည်။ ဤရလဒ်ကို သင်မည်သို့ထင်မြင်သနည်း။ လူများက သမ္မာတရားကို လိုက်စားပါက ၎င်းတို့အတွက် ရလဒ်သည် ဤအရာဖြစ်မည်လော။ (မဟုတ်ပါ။) အဘယ်ကြောင့် မဟုတ်ရသနည်း။ လူများက သမ္မာတရားကို လိုက်စားလျှင် နောက်ဆုံး၌ ၎င်းတို့သည် ကောင်းမွန်ကာ အပြုသဘောဆောင်သည့် အောင်မြင်မှုနှင့် ဆုလာဘ်တစ်ခုကို ရရှိလိမ့်မည်။ ဆိုလိုသည်မှာ လူများက မည်သည့်အမှုအရာများကို လုပ်ဆောင်ပါစေ ဘုရားသခင်၌ သူတုံ့ပြန်ရာတွင် မည်သို့ပြုမူလုပ်ဆောင်သည်၊ ဤအရာများကို သူမည်သို့သဘောထားပြုမူသည်တို့နှင့်ပတ်သက်၍ သူ၏ နည်းလမ်းများနှင့် စည်းမျဉ်းများ ရှိပြီး လူများတွင် ထမ်းဆောင်ရန် မိမိတို့၏ ဝတ္တရားများနှင့် မိမိတို့၏ ကိုယ်ပိုင် ပင်ကိုအသိစိတ်များ ရှိကြလေသည်။ ဘုရားသခင်သည် ၎င်းတို့၏ ပင်ကိုအသိစိတ်များကို ၎င်းတို့အား ပေးအပ်ထားသည်။ ၎င်းတို့အား စည်းမျဉ်းများ ပေးထားပြီးသားဖြစ်သောကြောင့် လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်ရှိ ထိုစည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်သင့်ကြသည်။ အချို့သောအရာများနှင့်ပတ်သက်လျှင် အပေါ်ယံတွင် ဘုရားသခင်သည် လူကို ကွယ်ကာသင့်သည့်အလား ထင်ရသော်လည်း ထို “သင့်” ဟူသည်မှာ လူထံမှ လာသလော၊ သို့မဟုတ် ဘုရားသခင်ထံမှ လာသလော။ (လူထံမှ လာပါသည်။) ယင်းကို လူ၏ စိတ်ထဲတွင် စိတ်ကူးထားခြင်း ဖြစ်သည်။ ထို “သင့်” သည် သမ္မာတရား မဟုတ်။ ယင်းသည် ဘုရားသခင်၏ တာဝန် မဟုတ်။ သို့ဖြစ်၍ ဘုရားသခင်သည် အတိအကျ မည်သည့်အရာ လုပ်ဆောင်မည်နည်း။ ဘုရားသခင်ထံတွင် သူ၏ လုပ်ဆောင်ခြင်း နည်းလမ်းများရှိပြီး သူ့စည်းမျဉ်းနှင့်သူ ရှိလေသည်။ တစ်ခါတစ်ရံတွင် သင့်ကို မကွယ်ကာခြင်းအားဖြင့် သူက သင့်ကို ထုတ်ဖော်နေခြင်း ဖြစ်သည်။ သင် မည်သည့်လမ်းကြောင်း ရွေးချယ်သည်ကို ကြည့်နေခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် ရန်လိုသော ပတ်ဝန်းကျင်တစ်ခုအားဖြင့် သူသည် သင့်အား အချို့သောကဏ္ဍများတွင် သင်၏ သိမြင်မှုကို စုံလင်အောင်ပြုနေခြင်း ဖြစ်သည်။ သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုကို သင်ရရှိပြီး အချို့သောနည်းလမ်းဖြင့် ပြောင်းလဲစေရန် ခွင့်ပေးနေခြင်း ဖြစ်သည်။ သူသည် သင့်အား အားဖြည့်ပေးနေကာ သင်ကြီးထွားအောင် ပြုလုပ်နေခြင်း ဖြစ်သည်။ အတိုချုပ်အားဖြင့် ဘုရားသခင် မည်သို့ ပြုမူဆောင်ရွက်ပါစေ သူ့ထံတွင် သူ့စည်းမျဉ်းများနှင့်သူ ရှိသကဲ့သို့ အကြောင်းပြချက်များအပြင် သူ၏ ပန်းတိုင်များနှင့် ရည်မှန်းချက်တို့လည်း ရှိလေသည်။ သင်သည် “ဘုရားသခင်က ငါ့ကို ကွယ်ကာသင့်ပြီး သူသည် ထိုနည်းလမ်းဖြင့် ပြုမူဆောင်ရွက်သင့်သည်” ဟူသည့် စိတ်ကူးကို သမ္မာတရားအဖြစ် မှတ်ယူကာ ထိုအတိုင်း စောင့်ထိန်းလိုက်နာ၍ ဘုရားသခင်ကို ယင်းဖြင့် တောင်းဆိုမှုများ ပြုပါက ဘုရားသခင်က ထိုနည်းအားဖြင့် မပြုမူသောအခါတွင် သင်နှင့် ဘုရားသခင်တို့ ကြားတွင် ပဋိပက္ခတစ်ခု ဖြစ်ပေါ်လိမ့်မည်။ ဤပဋိပက္ခ ဖြစ်ပေါ်သည့်အခါတွင် ဘုရားသခင်က မှားမည်မဟုတ်။ မည်သူက မှားမည်နည်း။ (လူဖြစ်ပါသည်။) ယင်းက လူတို့၏ အမြင်ရှုထောင့်ရှိ ပြဿနာတစ်ခု၌၊ မှားယွင်းသော ရပ်တည်မှုပြုခြင်းဖြင့်၊ မှားယွင်းသော နေရာကို ယူခြင်းဖြင့် စတင်လေသည်။ သင်သည် ဘုရားသခင်ကို နည်းလမ်းတစ်ခုခုဖြင့် ပြုမူဆောင်ရွက်ရန် တောင်းဆိုသောအခါ သင်သည် အတော်အတန် ကျိုးကြောင်းခိုင်လုံသည်ဟု ခံစားရလိမ့်မည်။ သို့ရာတွင် ပြန်၍ဆင်ခြင်သုံးသပ်သော် သင်သည် ကျိုးနွံနာခံနိုင်ပြီး လက်ခံနိုင်သောအခါတွင် သင်၏ ကျိုးကြောင်းပြချက်များက မခိုင်လုံကြောင်းနှင့် ဤသည်တို့မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆင်ခြင်တုံတရား မရှိသော တောင်းဆိုချက်များ ဖြစ်ကြောင်းတို့ကို သင်ခံစားရလိမ့်မည်။ သင်လက်ခံနိုင်သောအခါတွင် ဘုရားသခင်သည် သင်ရရှိသင့်သည့် သမ္မာတရားနှင့် သိမြင်မှု ပမာဏကို သင့်အပေါ် ပေးအပ်လိမ့်မည်။ သူ့အမြင်တွင် ယင်းသည် သင်အရရှိသင့်ဆုံးသော သမ္မာတရား လက္ခဏာဖြစ်ကာ မပြောပလောက်သော ကျေးဇူးတော်အချို့ သို့မဟုတ် ကောင်းချီးမင်္ဂလာအချို့ မဟုတ်ပေ။ သင့်အတွက် အရေးအကြီးဆုံးသောအရာသည် မည်သည့်အရာဖြစ်ကြောင်းကို ဘုရားသခင် တစ်ပါးတည်းသာလျှင် သိရှိပြီး သူသည် လူတို့အား သင့်လျော်သော အချိန်၌ သင့်တင့်လျောက်ပတ်သော အတိုင်းအတာဖြင့် ထောက်ပံ့ပေးသနား၏။ တစ်ဖက်တွင် အန္တိခရစ်တို့ကမူ သမ္မာတရားကိုဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဖြစ်စေ အသိအမှတ် မပြုကြချေ။ မည်သူက သမ္မာတရားကို မိတ်သဟာယပြုပြီး ဘုရားသခင်၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းတို့ကို သက်သေခံကောင်း သက်သေခံနိုင်ပါစေ အန္တိခရစ်တစ်ဦးသည် ယင်းကို လက်ခံရန် ငြင်းဆန်မည်သာမက ယင်းကို ၎င်းတို့က ပစ်ပစ်ခါခါ ငြင်းပယ်ပြီး အတိုက်အခံလုပ်ကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူများကြားမှ ကွာခြားချက် ဖြစ်လေသည်။

ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏ အတုမရှိခြင်း အနှစ်သာရတို့ကို ငြင်းပယ်သည့် အန္တိခရစ်တို့၏ အင်္ဂါရပ်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် နိဂုံးချုပ်မည်။ သင်တို့တွင် နောက်ထပ်မေးစရာရှိသေးသလော။ (ဘုရားသခင်၊ ကျွန်ုပ်တွင် မေးခွန်းတစ်ခု ရှိပါသည်။ ကျွန်ုပ် ဧဝံဂေလိတရားဟောနေသည့်အချိန်တွင် သခင့်ကို ယုံကြည်သူများစွာနှင့် ကျွန်ုပ် ကြုံတွေ့ခဲ့ရပြီး ၎င်းတို့က “အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်သည်။” ဟူသည့် ပေါလု၏ အမြင်ကို စောင့်ထိန်းလိုက်နာရန် အပီအပြင် စိတ်ပိုင်းဖြတ်ထားကြသည်။ ပေါလု၏ စကားများ၏ စံနှုန်းပြည့်နိုင်လျှင် ၎င်းတို့သည် ဘုရားဖြစ်လာနိုင်သည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ နောက်ထပ် သရုပ်သကန်ဖြစ်သလော။ ပြီးလျှင် ဘုရားသခင်၏ အတုမရှိခြင်း အနှစ်သာရကို ငြင်းဆန်ခြင်းလည်း ဖြစ်သလော။) အနည်းနှင့်အများဆိုသလိုပင် ဖြစ်လေသည်။ အန္တိခရစ်များက ဘုရားသခင်၏ အတုမရှိခြင်းကို ငြင်းပယ်ခြင်းမှာ အဓိကအားဖြင့် ၎င်းတို့သည်လည်း ဘုရားဖြစ်လိုသောကြောင့်ဖြစ်သည်။ “ငါအတွက်မှာမူ၊ အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏၊ အသက်ရှင်သည့်အရာမှာ ဘုရားဖြစ်၏၊ ဘုရား၏အသက်နှင့် ငါသည် ဘုရားဖြစ်၏” ဆိုသော ပေါလု၏စကားတို့သည် ၎င်းတို့ အထူးသဖြင့် အနှစ်သက်ဆုံးသောအရာ ဖြစ်သည်။ ဤအမြင်က မှန်ကန်လျှင် ၎င်းတို့သည် ဘုရားဖြစ်ဖို့၊ ဘုရင်အဖြစ် အုပ်စိုးရဖို့၊ လူတို့အပေါ် ထိန်းချုပ်မှုကို ရရှိဖို့ မျှော်လင့်ချက်ရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ မမှန်ကန်လျှင် ဘုရင်အဖြစ် အုပ်စိုးဖို့နှင့် ဘုရားဖြစ်ဖို့ဟူသည့် ၎င်းတို့၏ မျှော်လင့်ချက်များက ပျက်စီးသွားပြီဖြစ်သည်။ အတိုချုပ်ဆိုရလျှင် စာတန်သည် အစဉ်ပင် ဘုရားသခင်နှင့် တန်းတူရည်တူဖြစ်ချင်သည်။ အန္တိခရစ်များလည်း ထို့အတူပင်ဖြစ်သည်။ ၎င်းတို့သည်လည်း ဤအနှစ်သာရကို ပိုင်ဆိုင်သည်။ ဥပမာအားဖြင့် ဘုရားသခင်နောက်သို့ လိုက်သောသူများအကြားတွင် ဘုရားသခင်ကို အဆက်မပြတ် ချီးမြှောက်ကာ သက်သေခံသောသူများ၊ ဘုရားသခင်၏ လုပ်ဆောင်မှုအပေါ်၊ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က လူသား၌ ဖြစ်စေသော အကျိုးသက်ရောက်မှုအပေါ် အဆက်မပြတ် သက်သေခံသောသူများ ရှိသည်။ လူသားကို ကယ်တင်ရန် ဘုရားသခင်လုပ်ဆောင်သော အမှုအားလုံးကို ၎င်းတို့က ချီးမွမ်းကြသည်။ ဘုရားသခင် ပေးဆပ်ခဲ့သော အဖိုးအခကိုလည်း ၎င်းတို့က ချီးမွမ်းကြသည်။ ဤအရာအားလုံးကို အန္တိခရစ်များကလည်း ခံစားလိုကြသလော၊ သို့မဟုတ် မခံစားလိုကြသလော။ ၎င်းတို့သည် လူတို့ထံမှ ထောက်ခံအားပေးခြင်း၊ မြှောက်ပင့်ခြင်း၊ ချီးမြှောက်ခြင်း၊ ချီးမွမ်းခြင်းကိုပင် ခံစားလိုကြသည်။ အခြား မည်သည့်ရှက်ဖွယ်စိတ်ကူးများကို ၎င်းတို့အကြံပေါက်ကြသနည်း။ လူတို့ကို ၎င်းတို့အပေါ် ယုံကြည်စေလိုကြသည်၊ အရာရာ၌ ၎င်းတို့အပေါ် မှီခိုစေလိုကြသည်။ လူတို့အနေဖြင့် ဘုရားသခင်ကို အမှီပြုခြင်းမှာလည်း ပြဿနာမရှိပေ။ သို့သော် ဘုရားသခင်ကို ၎င်းတို့မှီခိုနေသည့် တစ်ချိန်တည်းမှာပင် အန္တိခရစ်တို့အပေါ် မှီခိုရခြင်းသည် ၎င်းတို့အတွက် ပို၍ လက်တွေ့ကျပြီး စစ်မှန်နေလျှင် အန္တိခရစ်များက အလွန့်အလွန် ကျေနပ်ကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ကို သင်ချီးမွမ်းပြီး ဘုရားသခင်က သင့်အပေါ် ပေးအပ်ခဲ့သည့် ကျေးဇူးတော်များကို သင်ရေတွက်သည့် တစ်ချိန်တည်းမှာပင် သင်သည် အန္တိခရစ်များ၏ ချီးမွမ်းထိုက်သော အောင်မြင်မှုများအားလုံးကိုပါ ထည့်သွင်းကာ ၎င်းတို့လုပ်ဆောင်သမျှ အရာရာတိုင်းကို အရပ်တကာတွင် အများသိအောင် ပြောဆိုလျက် သင်၏ညီအစ်ကိုမောင်နှမများကြားတွင် ၎င်းတို့ကို အလွန်အမင်း ချီးမွမ်းပါက ၎င်းတို့၏စိတ်နှလုံးထဲတွင် အလွန်ပင် ကျေနပ်ဝမ်းမြောက်လိမ့်မည်ဖြစ်ပြီး တင်းတိမ်ရောင့်ရဲလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များ၏ သဘာဝ အနှစ်သာရတို့၏ ရှုထောင့်မှ ဆိုရလျှင် ဘုရားသခင်သည် သြဇာအာဏာကို ပိုင်ဆိုင်ကြောင်း၊ ဖြောင့်မတ်ကြောင်းနှင့် လူတို့ကို ကယ်တင်နိုင်ကြောင်း ပြောသောအခါ ထိုကဲ့သို့သော အနှစ်သာရကို ဘုရားသခင်ကသာလျှင် ပိုင်ဆိုင်ကြောင်း၊ ဤအမှုမျိုးကို ဘုရားသခင်ကသာ လုပ်ဆောင်နိုင်ကြောင်းနှင့် ဤအရာတို့ကို လုပ်ဆောင်ရာတွင် မည်သူကမျှ သူ၏ကိုယ်စား ရပ်တည်ခြင်းဖြစ်စေ၊ သူ့ကို ကိုယ်စားပြုခြင်းကိုဖြစ်စေ မလုပ်နိုင်သကဲ့သို့ မည်သူတစ်ဦးတစ်ယောက်မျှ ဤအနှစ်သာရကို မပိုင်ဆိုင်နိုင်ကြောင်း၊ ဤအရာတို့ကို မလုပ်ဆောင်နိုင်ကြောင်း သင်ပြောဆိုသောအခါ အန္တိခရစ်များသည် ၎င်းတို့၏စိတ်နှလုံးတွင် ဤစကားတို့ကို လက်မခံဘဲ အသိအမှတ်ပြုရန် ငြင်းဆန်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် လက်မခံကြသနည်း။ ၎င်းတို့တွင် ရည်မှန်းချက်များ ရှိသောကြောင့်ဖြစ်သည်။ ဤသည်မှာ ဤအရေးကိစ္စ၏ တစ်ပိုင်းဖြစ်သည်။ အခြားအပိုင်းမှာ ၎င်းတို့သည် လူ့ဇာတိခံ ခန္ဓာကို ဘုရားသခင်ဖြစ်သည်ဟု မယုံကြည်သကဲ့သို့ အသိအမှတ်လည်း မပြုကြပေ။ ဘုရားသခင်သည် အတုမရှိကြောင်း၊ ဘုရားသခင်ကသာလျှင် ဖြောင့်မတ်ကြောင်း တစ်စုံတစ်ယောက်က ပြောဆိုသည့်အခါတိုင်းတွင် ၎င်းတို့၏စိတ်နှလုံးထဲ၌ လက်သင့်မခံဘဲ “မှားသည်။ ငါသည်လည်း ဖြောင့်မတ်သည်” ဟူ၍ ပြောဆိုကာ စိတ်အတွင်း၌ ဆန့်ကျင်ကြလိမ့်မည်။ ဘုရားသခင်ကသာ သန့်ရှင်းသည်ဟု သင်ဆိုလျှင် ၎င်းတို့က “မှားသည်။ ငါသည်လည်း သန့်ရှင်းသည်” ဟု ပြောကြလိမ့်မည်။ ပေါလုမှာ ဤအရာ၏ ဥပမာတစ်ခုဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် လူသားမျိုးနွယ်အတွက် သူ၏အဖိုးတန်သော အသွေးတော်ကို ပေးအပ်ခဲ့ကြောင်း၊ သူသည် အပြစ်ဖြေရာယဇ်အဖြစ် အစေခံခဲ့ကြောင်း၊ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခဲ့ပြီး လူသားမျိုးနွယ်အားလုံးကို အပြစ်မှ ရွေးနုတ်ခဲ့ကြောင်းကို လူတို့က ပြောဆိုလျက် သခင်ယေရှုခရစ်တော်၏ နှုတ်ကပတ်တော်ကို ဖြန့်ချိကြသောအခါ ဤအရာကို ကြားပြီး ပေါလုက မည်သို့ခံစားခဲ့ရသနည်း။ ဤအရာအားလုံးမှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်ဟု သူအသိအမှတ်ပြုခဲ့သလော။ ဤအရာအားလုံးကို လုပ်ဆောင်နိုင်သောသူမှာ ခရစ်တော်ဖြစ်ကြောင်း၊ ခရစ်တော်သည်သာ ဤအရာအားလုံးကို လုပ်ဆောင်နိုင်ကြောင်း အသိအမှတ်ပြုခဲ့သလော။ ဤအရာအားလုံးကို လုပ်ဆောင်နိုင်သောသူသာလျှင် ဘုရားသခင်ကို ကိုယ်စားပြုနိုင်ကြောင်း သူအသိအမှတ်ပြုခဲ့သလော။ မပြုခဲ့ပေ။ သူပြောခဲ့သည်မှာ “ယေရှုက ကားစင်တင်ခံနိုင်လျှင် လူတို့သည်လည်း ကားစင်တင်ခံနိုင်သည်ပင်။ ယေရှုက သူ၏ အဖိုးတန်သော အသွေးတော်ကို ပေးနိုင်လျှင် လူတို့သည်လည်း ပေးနိုင်သည်ပင်။ ဤအရာကို ထပ်ဖြည့်စွက်ရလျှင် ငါသည်လည်း ဟောပြောနိုင်၏။ ငါသည် သူ့ထက်ပို၍ သိကျွမ်းနှံ့စပ်၏။ ငါသည် ဒုက္ခခံနိုင်၏။ သူသည် ခရစ်တော်ဖြစ်သည်ဟု သင်ဆိုလျှင် ငါသည်လည်း ခရစ်တော်ဟု အခေါ်ခံရသင့်သည် မဟုတ်လော။ သူ၏ သန့်ရှင်းသောနာမတော်ကို သင်ကြေညာလျှင် သင်သည်လည်း ငါ၏ နာမကို မကြေညာသင့်သလော။ သူသည် ခရစ်တော်ဟု ခေါ်ဆိုခံရရန် ထိုက်တန်သည်ဆိုလျှင်၊ သူသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်လျှင်၊ သူသည် ဘုရားသခင်၏ သားတော်ဖြစ်လျှင် ငါတို့သည်လည်း မဖြစ်သလော။ ဒုက္ခခံစားနိုင်ပြီး အဖိုးအခပေးဆပ်နိုင်သောငါတို့၊ ဘုရားအတွက် အားသွန်ခွန်စိုက် လုပ်နိုင်ပြီး အလုပ်လုပ်နိုင်သော ငါတို့သည်လည်း ခရစ်တော်ဟု အခေါ်မခံရနိုင်သလော။ ဘုရား၏ အသိအမှတ်ပြုခံရခြင်းနှင့် ခရစ်တော်ဟု ခေါ်ခံရခြင်းတို့သည် ခရစ်တော်နှင့် မည်သို့များ ကွာခြားမှုတစ်ခုတလေ ရှိလေသနည်း” ဟူ၍ဖြစ်သည်။ အတိုချုပ်အားဖြင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ အတုမရှိခြင်းဖြစ်သည့် သူ၏ အနှစ်သာရနှင့်သက်ဆိုင်သော သွင်ပြင်လက္ခဏာကို နားလည်သဘောပေါက်ရန် အရေးနိမ့်ခဲ့ကြသည်။ ပြီးလျှင် ဘုရားသခင်၏ အတုမရှိခြင်းသည် စင်စစ်အားဖြင့် မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ ၎င်းတို့က “ခရစ်တော်ဖြစ်ခြင်း၊ သို့မဟုတ် ဘုရားဖြစ်ခြင်းသည် လူတစ်ဦးက စွမ်းရည်နှင့် လုပ်နိုင်စွမ်း အင်အားနှင့်ပတ်သက်၍ အားထုတ်သည့်အရာတစ်ခု ဖြစ်သည်မှာ တိုက်ခိုက်ခြင်းမှတစ်ဆင့် အာဏာရသကဲ့သို့ပင် ဖြစ်သည်။ ဘုရား၏ အနှစ်သာရရှိခြင်းအားဖြင့် သင်သည် ခရစ်တော်ဟု အခေါ်ခံရခွင့် မရှိ။ ခရစ်တော်ဖြစ်ခြင်းဟူသည်မှာ လူတစ်ယောက်၏ ကိုယ်ပိုင်စွမ်းရည်နှင့်သက်ဆိုင်သော ကြိုးစားပန်းစား ထိုက်ထိုက်တန်တန် ရရှိသော ရလဒ်ဖြစ်သည်။ ယင်းမှာ ကမ္ဘာတွင် အမှုကိစ္စများ၏ ပကတိအခြေများကဲ့သို့ပင် ဖြစ်လေသည်။ အရည်အချင်းပိုရှိသူ၊ ပို၍လုပ်ဆောင်နိုင်စွမ်းရှိသူ မည်သူမဆိုက ရာထူးကြီး အရာရှိဖြစ်နိုင်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိနိုင်သောသူ ဖြစ်သည်” ဟု ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့၏ စဉ်းစားတွေးခေါ်ပုံဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် အသိအမှတ်မပြုပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ပြောဆိုထားသော ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို ၎င်းတို့နားမလည်နိုင်ပေ။ ၎င်းတို့သည် လူပြိန်းများနှင့် အပြင်လူများဖြစ်ကာ နလပိန်းတုံးများ ဖြစ်သောကြောင့် ၎င်းတို့၏ပြောဆိုမှုတွင် အပြင်လူများ၏ စကားလုံးများ၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော စကားလုံးများသာ ပါဝင်သည်။ ၎င်းတို့သည် နှစ်အနည်းငယ်မျှ အလုပ်လုပ်ပြီး ၎င်းတို့အနေဖြင့် ဒုက္ခခံကာ အဖိုးအခ ပေးဆပ်နိုင်စွမ်းရှိကြောင်း၊ အယူဝါဒများကို တရားဟောစဉ်တွင် အာပေါင်အာရင်းသန်သန် ပြောဆိုနိုင်ကြောင်း၊ ကြောင်သူတော်အဖြစ် လုပ်ဆောင်နည်းကို ၎င်းတို့သင်ယူသိရှိပြီးဖြစ်ကြောင်း၊ သူတစ်ပါးတို့ကို အထင်အမြင်မှားအောင် လုပ်ဆောင်နိုင်ကြောင်းနှင့် လူအချို့၏ သဘောကျမှုကို ရရှိပြီးဖြစ်ကြောင်း ထင်မြင်ကြလျှင် ၎င်းတို့သည် ခရစ်တော်ဖြစ်လာနိုင်စွမ်း၊ ဘုရားဖြစ်လာနိုင်စွမ်း ရှိသည်ဟု အလိုအလျောက်ပင် ယုံကြည်ကြလေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။