အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၁) အခန်း ငါး

သင်တို့တွင် နောက်ထပ်မေးစရာ တစ်ခုတလေ ရှိသေးသလော။ (ဘုရားသခင်၊ ဘုရားသခင်ကို စမ်းသပ်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်းနှင့်ပတ်သက်၍ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အနည်းငယ်ထပ်၍ မိတ်သဟာယဖွဲ့ပေးမည်လော။ လူများတွင် ဘုရားသခင်ကို စမ်းသပ်ခြင်းသည် မည်သည့်နည်းလမ်းများဖြင့် ပေါ်လွင်ထင်ရှားသနည်း။) ဘုရားသခင်ကို စမ်းသပ်ခြင်းဟူသည်မှာ လူတို့က ဘုရားသခင် မည်သို့ပြုမူဆောင်ရွက်သည်ကို မသိသည့်အချိန်နှင့် သူ့ကို မသိသည့်အချိန် သို့မဟုတ် သူ့ကို နားမလည်သည့်အချိန်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သူ့အပေါ် ဆင်ခြင်တုံတရား မရှိသော တောင်းဆိုမှုအချို့ကို မကြာခဏ အကြံထုတ်ကြသည်။ ဥပမာအနေဖြင့် လူတစ်ဦးက နေမကောင်းသည့်အခါတွင် ဘုရားသခင်က ၎င်းကို ကုသပေးရန် ၎င်းက ဆုတောင်းကောင်း ဆုတောင်းနိုင်သည်။ “ကျွန်ုပ်သည် ကုသမှုကို ခံယူမည် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်ကို ကုသပေးမည် ဟုတ်မဟုတ်ကို ကြည့်ကြစို့” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ထံမှ မည်သည့်လုပ်ဆောင်ချက်မျှ မရှိဘဲ အချိန်အတော်ကြာ ဆုတောင်းပြီးသည့်နောက်တွင် ၎င်းက “ဘုရားသခင်က မည်သည့်အရာကိုမျှ မပြုသည့်အတွက် ကျွန်ုပ်သည် ဆေးသောက်မည်ဖြစ်ပြီး သူက ကျွန်ုပ်ကို ဟန့်တားခြင်း ရှိမရှိကြည့်မည်။ ဆေးက ကျွန်ုပ်၏ လည်ချောင်းထဲတွင် တစ်နေလျှင် သို့မဟုတ် ကျွန်ုပ် ရေအနည်းငယ် ဖိတ်စင်သွားလျှင် ယင်းမှာ ဘုရားသခင်က ကျွန်ုပ်ကို ဆေးမသောက်ရန် ဟန့်တားပြီး တားဆီးနေသည့် နည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်သည်” ဟူ၍ ပြောလေသည်။ ယင်းမှာ စမ်းသပ်မှုတစ်ခု ဟူသောအရာ ဖြစ်သည်။ သို့တည်းမဟုတ် ဥပမာအနေဖြင့် သင်သည် ဧဝံဂေလိ ဖြန့်ဝေရန် စေခိုင်းခြင်း ခံရသည်။ ပုံမှန်အခြေအနေများတွင် သင်၏တာဝန်များက မည်သည့်အရာကို လိုအပ်လာသည်ကိုလည်းကောင်း၊ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကိုလည်းကောင်း လူတိုင်းက မိတ်သဟာယနှင့် စဉ်းစားဆင်ခြင်ခြင်းတို့အားဖြင့် ဆုံးဖြတ်ကြသည်၊ ထို့နောက်တွင် အချိန်ကျလာသည့်အခါတွင် သင် ဆောင်ရွက်ရလေသည်။ သင်ဆောင်ရွက်နေစဉ် တစ်စုံတစ်ခု ဖြစ်ပျက်လျှင် ယင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဟန့်တားမည်ဆိုလျှင် သူသည် သင့်ကို အလျင်ဦးအောင် တားမြစ်လိမ့်မည်။ သို့ရာတွင် သင်က “အိုဘုရားသခင်၊ ယနေ့ ဧဝံဂေလိတရားကို ဖြန့်ဝေရန် ကျွန်ုပ် အပြင်ထွက်ပါမည်။ ကျွန်ုပ် အပြင်ထွက်ခြင်းသည် ကိုယ်တော်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီခြင်း ရှိပါသလော။ ယနေ့ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူက လက်ခံနိုင်ခြင်း ရှိမရှိကို ကျွန်ုပ် မသိသကဲ့သို့ ကိုယ်တော်က ဤအရာအား ကိုယ်တော်၏ အချုပ်အခြာအာဏာကို မည်သို့ အတိအကျ ကျင့်သုံးမည်ကိုလည်း ကျွန်ုပ် မသိပါ။ ကိုယ်တော်၏ အစီအစဉ်များ၊ ကိုယ်တော်၏ လမ်းပြမှု၊ ဤအရာများကို ကိုယ်တော် ကျွန်ုပ်အား ပြဖို့အတွက် ကျွန်ုပ် တောင်းလျှောက်ပါသည်” ဟု ဆုတောင်းခြင်းတွင် ပြောသည်ဟု ဆိုကြပါစို့။ ဆုတောင်းပြီးသည့်နောက်တွင် သင်က ထိုနေရာတွင် မလှုပ်မယှက်ထိုင်ကာ ထို့နောက်တွင် “ဘုရားသခင်သည် ယင်းနှင့်ပတ်သက်၍ အဘယ်ကြောင့် ပြောစရာတစ်ခုမျှ မရှိသနည်း။ ယင်းမှာ ကျွန်ုပ်သည် သူ၏ နှုတ်ကပတ်တော်များကို လုံလုံလောက်လောက် မဖတ်ရှုသောကြောင့် ထိုအရာများကို သူက ကျွန်ုပ်အား ပြ၍မရနိုင်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသို့ဖြစ်ပါက ကျွန်ုပ်သည် ဤနေရာမှ ချက်ချင်း ထွက်သွားလိုက်မည်။ အပြင်တွင် ကျွန်ုပ် မှောက်လျက်လဲကျလျှင် ယင်းမှာ ဘုရားသခင်က ကျွန်ုပ်ကို မသွားအောင် တားဆီးနေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး အရာရာက ချောမွေ့နေပြီး ဘုရားသခင်က ကျွန်ုပ်ကို မဟန့်တားလျှင် ယင်းမှာ ဘုရားသခင်က ကျွန်ုပ်ကို သွားခွင့်ပြုနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု ပြောသည်။ ယင်းမှာ စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ယင်းကို ငါတို့က အဘယ်ကြောင့် စမ်းသပ်မှုတစ်ခုဟု ခေါ်နေကြသနည်း။ ဘုရားသခင်၏ အလုပ်က လက်တွေ့ကျသည်။ လူများအနေဖြင့် ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်များကိုသာ ထမ်းဆောင်ခြင်း၊ ၎င်းတို့၏ နေ့စဉ်အသက်တာများကို စီစဉ်ခြင်း၊ စည်းမျဉ်းများနှင့်ညီသည့် နည်းလမ်းတစ်ခုဖြင့် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော ၎င်းတို့၏ အသက်တာများကို အသက်ရှင်နေထိုင်ခြင်းတို့က အဆင်ပြေပါသည်။ ဘုရားသခင်က မည်သို့ပြုမူဆောင်ရွက်မည် သို့မဟုတ် မည်သည့်လမ်းပြမှုကို သူပေးမည်တို့ကို စမ်းသပ်ရန် မလိုအပ်ပေ။ သင်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ခြင်းကိုသာ သင် စိတ်ဝင်စားလော့။ “ဘုရားသခင်က ငါ့အား ဤအရာ လုပ်ဆောင်ခွင့်ပေးမည်လော၊ သို့မဟုတ် သူ ခွင့်မပေးမည်လော။ ဤအရာကို ငါလုပ်ဆောင်လျှင် ဘုရားသခင်သည် ငါ့ကို မည်သို့ ကိုင်တွယ်မည်နည်း။ ငါ့အနေဖြင့် ဤသို့ လုပ်ဆောင်ခြင်းသည် မှန်ကန်သလော” ဟူသကဲ့သို့ အပိုဆောင်း အတွေးများကို အစဉ်သဖြင့် မထားရှိနှင့်။ တစ်စုံတစ်ခုသည် သိသာထင်ရှားစွာပင် မှန်ကန်လျှင် ယင်းကို လုပ်ဆောင်ခြင်းကိုသာ သင်စိတ်ဝင်စားလော့။ ဤအရာ၊ ထိုအရာအကြောင်းကို လိုက်မတွေးနေနှင့်။ ဤနေ့ရက်တွင် သင်၏အသက်တာကို သူလမ်းပြပေးမည့်အရေး၊ ယနေ့တွင် သင်ထမ်းဆောင်သည့် တာဝန်ကို သူ လမ်းပြပေးမည့်အရေး ဘုရားသခင်၏ လမ်းပြမှုအတွက် ဆုတောင်းခြင်းသည် အဆင်ပြေသည်မှာ ပြောစရာမလိုပေ။ လူတစ်ဦးအနေဖြင့် ကျိုးနွံနာခံခြင်း စိတ်နှလုံးနှင့် သဘောထားတစ်ခု ရှိခြင်းက လုံလောက်ပြီဖြစ်သည်။ ဥပမာအနေဖြင့် သင်သည် လျှပ်စစ်ကို သင်၏ လက်ဖြင့် တို့ထိလိုက်ပါက သင် ဓာတ်လိုက်မည် ဖြစ်ပြီး သင်၏ အသက်ပင် ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်သည်ကို သင်သိသည်။ သို့တိုင်အောင် သင်က သေချာစဉ်းစားလေသည်။ “စိတ်ပူစရာ မရှိပါ။ ဘုရားသခင်က ငါ့ကို ကွယ်ကာနေသည်။ ငါက ဘုရားသခင် ငါ့ကို ကွယ်ကာမည်လောဟူသည်ကို မြင်ဖို့၊ ဘုရားသခင်၏ ကွယ်ကာခြင်းက မည်သို့ခံစားရသည်ကို မြင်ဖို့ ကြိုးစားကြည့်ရုံသာ ရှိသည်” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် သင်သည် လျှပ်စစ်ကို သင်၏ လက်နှင့် တို့ထိလိုက်ပြီး ရလဒ်အနေဖြင့် ဓာတ်လိုက်သွားသည်။ ယင်းမှာ စမ်းသပ်မှုတစ်ခုဖြစ်သည်။ အချို့သောအရာများသည် သိသိသာသာပင် မှားယွင်းနေပြီး မလုပ်ဆောင်သင့်ပေ။ သင်သည် ဘုရားသခင်၏ တုံ့ပြန်မှုက မည်သည့်အရာ ဖြစ်မည်ကို မြင်ရရန် ယင်းတို့ကို လုပ်ဆောင်နေဆဲဖြစ်လျှင် ယင်းမှာ စမ်းသပ်မှုတစ်ခု ဖြစ်သည်။ လူအချို့က “လူများက ဟိတ်ကြီးဟန်ကြီးဖြင့် ဝတ်စားဆင်ယင်ပြီး မိတ်ကပ်များ ထူပျစ်အောင် လူးထားသည့်အခါတွင် ဘုရားသခင် မနှစ်သက်ပါ။ သို့ဆိုလျှင် ထိုအရာကို ကျွန်ုပ် လုပ်ဆောင်မည်ဖြစ်ပြီး ဘုရားသခင်က ကျွန်ုပ်ကို စိတ်ထဲတွင် ပြစ်တင်မောင်းမဲသည်မှာ မည်သို့ခံစားရသည်ကို ကြည့်မည်” ဟု ဆိုကြသည်။ သို့ဖြစ်၍ ၎င်းတို့ ဖီးလိမ်းပြင်ဆင်ပြီးသည့်နောက်တွင် မှန်ထဲသို့တစ်ချက် ကြည့်လိုက်သည်။ “အလိုလေး၊ ငါ့ကြည့်ရသည်မှာ သက်ရှိတစ္ဆေတစ်ကောင်နှင့် တူနေသည်။ သို့သော်လည်း ယင်းမှာ အနည်းငယ် ရွံရှာစရာကောင်းသည်ဟုသာ ငါ ခံစားရလင့်ကစား မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်မကြည့်ရဲပါ။ ထိုထက်ပို၍ မည်သည့်အပိုဆောင်း ခံစားချက်မျှမရှိ။ ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ငါမခံစားရသကဲ့သို့ ငါ့ကို ဒဏ်ခတ်ရန်၊ တရားစီရင်ရန် သူ့စကားများ ချက်ချင်းကျရောက်လာသည်ကိုလည်းကောင်း၊ ငါ မခံစားရ” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ (စမ်းသပ်ခြင်း ဖြစ်ပါသည်။) တစ်ခါတစ်ရံတွင် သင်၏တာဝန်တွင် သင်ဝတ်ကျေတမ်းကျေဖြစ်ပြီး ထိုသို့ဖြစ်သည်ကိုလည်း သင်ရှင်းလင်းစွာ သိလျှင် ယင်းမှာ သင့်အနေဖြင့် နောင်တသာရပြီး ပြန်လှည့်ရန် လုံလောက်ပေသည်။ သို့ရာတွင် သင်က “အို၊ ဘုရားသခင်၊ ကျွန်ုပ် ဝတ်ကျေတမ်းကျေ လုပ်နေခဲ့မိပါသည်။ ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်” ဟု အစဉ်သဖြင့် ဆုတောင်းနေသည်။ သင်၏ အသိစိတ်က မည်သည့်အသုံးဝင်မှု ရှိသနည်း။ သင့်ထံတွင် အသိစိတ်ရှိလျှင် သင်ကိုယ်တိုင်၏ အပြုအမူအတွက် သင်တာဝန်ယူသင့်သည်။ သင်သည် ယင်းကို ချုပ်တည်းသင့်သည်။ ဘုရားသခင်ထံ ဆုမတောင်းနှင့်။ ထိုဆုတောင်းချက်သည် စမ်းသပ်မှုတစ်ခု ဖြစ်လာလိမ့်မည်။ အလွန်အလေးအနက်ဖြစ်သည့် အရာကို ယူပြီး ဟာသလုပ်ပစ်ခြင်း ဖြစ်သည့် စမ်းသပ်မှုတစ်ခုဟူသည်မှာ ဘုရားသခင် စက်ဆုပ်သည့်အရာတစ်ခု ဖြစ်လေသည်။ ပြဿနာတစ်ခုနှင့် ကြုံတွေ့သောအခါတွင် လူများက ဘုရားသခင်ထံ ဆုတောင်းပြီး သူ့ကို ရှာဖွေသောအခါ၊ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့၏ ဆက်ဆံမှုရှိ ၎င်းတို့၏ သဘောထားများ၊ တောင်းဆိုမှုများနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများတွင်လည်း စမ်းသပ်မှုအချို့ မကြာခဏ ရုတ်တရက်ဆိုသလို ပေါ်ထွက်လာလိမ့်မည်။ ဤစမ်းသပ်မှုများတွင် အဓိကအားဖြင့် မည်သည့်အရာများ ပါဝင်သနည်း။ ယင်းမှာ ဘုရားသခင် မည်သို့ ပြုမူဆောင်ရွက်မည်ကို သင်မြင်လိုခြင်းဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို သင်မြင်တွေ့လိုခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို စမ်းသပ်လိုသည်။ သင်သည် ဘုရားသခင်၏ ပကတိအခြေအနေကို အတည်ပြုရန်၊ ဘုရားသခင်ပြောခဲ့သည့် မည်သည့်စကားများသည် မှန်ကန်ပြီး တိကျသည်ဆိုသည်ကိုလည်းကောင်း၊ မည်သည့်စကားများက တကယ်ဖြစ်လာနိုင်သည်ကိုလည်းကောင်း၊ သူဖြစ်မြောက်အောင်မြင်နိုင်သည့်အရာကိုလည်းကောင်း မှန်မမှန် ကြည့်ရှုစစ်ဆေးရန် ဤကိစ္စကို သင်အသုံးပြုလိုသည်။ ဤအရာအားလုံးသည် စမ်းသပ်မှုများဖြစ်သည်။ အမှုအရာများကို ဤနည်းအားဖြင့် ပြုမူခြင်းသည် သင်တို့တွင် ပုံမှန်ပေါ်ပေါက်လေ့ ရှိသလော။ သင့်အနေဖြင့် မှန်ကန်အောင် လုပ်ဆောင်ပြီးခြင်း ရှိမရှိ သို့မဟုတ် ယင်းက သမ္မာတရားစည်းမျဉ်းများနှင့်ညီခြင်း ရှိမရှိကို သင်မသိသည့်အရာ တစ်ခုရှိသည်ဟု ဆိုပါစို့။ ဤနေရာတွင် ဤကိစ္စကို သင်လုပ်ဆောင်ခဲ့သည့်အရာသည် စမ်းသပ်မှုတစ်ခု ဟုတ်မဟုတ်၊ ယင်းသည် အပြုသဘောဆောင်ခြင်း ရှိမရှိကို မှန်မမှန်စစ်ဆေးနိုင်သည့် နည်းစနစ်နှစ်ခု ရှိသည်။ နည်းစနစ်တစ်ခုမှာ “ဤသည်မှာ ကျွန်ုပ်ထံ ဖြစ်ပျက်သည့် ဤအမှုအရာကို ကျွန်ုပ် ကိုင်တွယ်ကာ ရှုမြင်သည့်ပုံဖြစ်ပြီး ကျွန်ုပ် ထိုသို့ကိုင်တွယ်ခြင်း၏ ရလဒ်အနေဖြင့် ယခုအခါတွင် ဖြစ်သည့်ပုံစံဖြစ်သည်။ ဤသည်မှာ ကျွန်ုပ် အမှန်တကယ် လုပ်ဆောင်ခဲ့သင့်သည့် ပုံစံဟုတ်မဟုတ်ကိုမူ ကျွန်ုပ် မဆုံးဖြတ်နိုင်ပါ” ဟု ပြောလျက် နှိမ့်ချပြီး သမ္မာတရားကို ရှာဖွေသော စိတ်နှလုံး ရှိရန် ဖြစ်သည်။ ဤသဘောထားကို သင်မည်သို့ထင်သနည်း။ ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်း သဘောထားတစ်ခု ဖြစ်သည်။ ယင်းတွင် စမ်းသပ်မှု မပါရှိပေ။ သင်က “မိတ်သဟာယပြီးသည့်နောက်တွင် လူတိုင်း ဤအမှုအရာကို အတူတကွ ဆုံးဖြတ်ကြသည်” ဟု ပြောသည်ဆိုပါစို့။ လူတစ်ဦးက “ဤအရာကို မည်သူက ကြီးကြပ်သနည်း။ အဓိက ဆုံးဖြတ်ချက်ချသူမှာ အဘယ်သူနည်း” ဟု မေးလေသည်။ ပြီးလျှင် သင်က “လူတိုင်းဖြစ်ပါသည်” ဟု ဆိုသည်။ သင်၏ ရည်ရွယ်ချက်မှာ ဤသို့ဖြစ်သည်။ “ဤအမှုအရာကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ထားသည်ဟု ၎င်းတို့က ဆိုလျှင် ငါ လုပ်ဆောင်ခဲ့သည်ဟု ငါ ဆိုမည်။ ယင်းသည် စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ထားခြင်း မရှိဟု ၎င်းတို့က ဆိုလျှင် မည်သူလုပ်ဆောင်သည်၊ မည်သူက ဆုံးဖြတ်ချက်ချသည်တို့ကို ထိမ်ချန်ထားခြင်းဖြင့် ငါ စတင်မည်။ ဤသို့ဖြင့် ၎င်းတို့က ရှေ့ဆက်ပြီး အပြစ်ဖို့ရန် ကြိုးစားလျှင်ပင် ငါ့အပေါ် အပြစ်ဖို့မည် မဟုတ်ဘဲ တစ်စုံတစ်ယောက်က အရှက်ရလျှင် ယင်းမှာ ငါတစ်ယောက်တည်း ဖြစ်မည် မဟုတ်”ဟူ၍ ဖြစ်လေသည်။ ထိုသို့သော ရည်ရွယ်ချက်နှင့် သင် စကားပြောလျှင် ယင်းမှာ စမ်းသပ်မှုတစ်ခု ဖြစ်၏။ လူတစ်ဦးက “လူက လောကီဆိုင်ရာ အမှုအရာများနောက် လိုက်သည့်အခါတွင် ဘုရားသခင်က ယင်းကို စက်ဆုပ်ရွံရှာသည်။ လူသားမျိုးနွယ်၏ အထိမ်းအမှတ်နေ့ရက်များနှင့် ပွဲတော်များကဲ့သို့သော အရာများကို သူက စက်ဆုပ်ရွံရှာသည်” ဟူ၍ ပြောကောင်းပြောနိုင်သည်။ ယခုအခါတွင် ဤအရာကို သင်သိသဖြင့် ထိုသို့သောအရာများကို ရှောင်ရန် အခြေအနေပေးသမျှ သင်အစွမ်းကုန် လုပ်ဆောင်လော့။ သို့ရာတွင် ပွဲတော်အချိန်ကာလများအတွင်းတွင် အမှုအရာများကို လုပ်ဆောင်နေစဉ် လောကီဆိုင်ရာ ကိစ္စများနောက်ကို သင် တမင်သက်သက် လိုက်ခဲ့ပြီး ထိုသို့ သင်လိုက်သည်နှင့်အမျှ သင်ထားရှိသည့် ရည်ရွယ်ချက်မှာ ဤသို့ဖြစ်သည်ဟု ဆိုကြပါစို့။ “ဤအရာကို လုပ်ဆောင်ခြင်းအတွက် ဘုရားသခင်က ငါ့ကို ဆုံးမပဲ့ပြင်မည် ဟုတ်မဟုတ်၊ သူက အာရုံစိုက်ခြင်း ရှိမရှိကိုသာ ကြည့်နေခြင်း ဖြစ်သည်။ အမှန်တကယ်တွင် သူသည် ငါ့အပေါ် မည်သည့်သဘောထား ထားရှိသည်၊ သူ၏ စက်ဆုပ်ရွံရှာခြင်းက မည်မျှနက်ရှိုင်းသည်ကိုသာ ငါကြည့်နေခြင်းဖြစ်သည်။ ဤအရာကို ဘုရားသခင် စက်ဆုပ်ရွံရှာသည်ဟု ၎င်းတို့က ဆိုကြသည်။ သူသည် သန့်ရှင်းပြီး မကောင်းမှုကို ရွံမုန်းသည်ဟု ၎င်းတို့က ပြောသောကြောင့် သူသည် မကောင်းမှုကို မည်မျှရွံမုန်းပြီး ငါ့ကို မည်သို့ဆုံးမပဲ့ပြင်သည်ကို ငါကြည့်မည်။ ဤအရာများကို ငါလုပ်ဆောင်သည့်အခါတွင် ဘုရားသခင်က ငါ့အား ပျို့အန်အောင်၊ ဝမ်းပျက်အောင်နှင့် မူးဝေခြင်းဖြင့် မွှန်ထူလာအောင်၊ အိပ်ရာထဲမှ မထွက်နိုင်အောင် ဖြစ်စေလျှင် ဘုရားသခင်သည် ဤအရာများကို အမှန်တကယ်ကိုပင် စက်ဆုပ်ရွံရှာသည်ဟု မြင်ရလိမ့်မည်။ သူက စကားပြောနေခြင်းမျှသာ ဖြစ်မည်မဟုတ်။ အဖြစ်မှန်များက အမှန်တရားကို သက်သေပြလိမ့်မည်” ဟူ၍ ဖြစ်သည်။ သင်သည် ထိုသို့သော အဖြစ်အပျက်မျိုးကို တွေ့ရဖို့ အစဉ်သဖြင့် မျှော်လင့်နေလျှင် သင့်ထံတွင် မည်သည့် အပြုအမူမျိုးနှင့် ရည်ရွယ်ချက်မျိုး ရှိသနည်း။ သင်သည် စမ်းသပ်နေသည်။ လူသည် ဘုရားသခင်ကို မည်သည့်အခါမျှ မစမ်းသပ်ရ။ ဘုရားသခင်ကို သင်စမ်းသပ်သည့်အခါတွင် သူက သင့်ထံမှ ကွယ်ဝှက်ကာ သူ၏ မျက်နှာတော်ကို သင့်ထံမှ ဖုံးကွယ်ထားပြီး သင်၏ ဆုတောင်းချက်များသည် အသုံးမတည့်ပေ။ အချို့က “ကျွန်ုပ်သည် စိတ်နှလုံးထဲတွင် ရိုးသားစစ်မှန်လျှင်ပင် အလုပ်မဖြစ်ဘူးလော” ဟူ၍ မေးကောင်းမေးနိုင်သည်။ မှန်သည်၊ သင်သည် စိတ်နှလုံးထဲတွင် ရိုးသားစစ်မှန်လျှင်ပင် အလုပ်မဖြစ်ပေ။ ဘုရားသခင်သည် လူများအား သူ့ကို စမ်းသပ်ခွင့်မပြု။ သူသည် မကောင်းမှုကို ရွံမုန်းသည်။ ဤကောက်ကျစ်ဆိုးယုတ်သော စိတ်ကူးများနှင့် အတွေးအခေါ်များကို သင်လက်သင့်ခံထားလျှင် ဘုရားသခင်သည် သင့်ထံမှ ကွယ်ဝှက်လိမ့်မည်ဖြစ်သည်။ သူသည် သင့်ကို ဉာဏ်အလင်းပွင့်စေတော့မည် မဟုတ်ဘဲ သင့်ကို တစ်ဖက်တွင် ဖယ်ထားလိမ့်မည်။ ပြီးလျှင် သင်သည် မိုက်မဲသော၊ အနှောင့်အယှက်ဖြစ်ပြီး အဖျက်အမှောင့်လုပ်သော အရာများကို ဆက်လက်၍ လုပ်ဆောင်သည်မှာ သင် ထုတ်ဖော်ခြင်းခံရသည်အထိပင် ဖြစ်၏။ ဤသည်မှာ လူများက ဘုရားသခင်ကို စမ်းသပ်ခြင်းမှ လာသည့် အကျိုးဆက်ဖြစ်သည်။

(ဘုရားသခင်၊ ကျွန်ုပ်၌ မေးလျှောက်စရာတစ်ခု ရှိပါသည်။ ကျွန်ုပ်သည် အသင်းတော်၌ ပစ္စည်းကိရိယာများကို စီမံခန့်ခွဲပါသည်။ ဤတာဝန်အပေါ်ထားသော ကျွန်ုပ်၏ သဘောထားသည် အမြဲတစေ ပေါ့ပေါ့ဆဆနိုင်၍ အလေးအနက်မရှိခဲ့ပါ။ ညီအစ်ကိုမောင်နှမများသည် ကျွန်ုပ်၏အမှားများကို ထောက်ပြ၍ ကျွန်ုပ်ကို ပြုပြင်ခဲ့ပြီး ချောင်းဆိုးပျောက်ဆေးကို ခိုးသောက်ခဲ့သည့် လူတစ်ယောက်အကြောင်း ဘုရားသခင် တစ်ချိန်က ပေးခဲ့သော ဥပမာနှင့်ပတ်သက်၍လည်း ကျွန်ုပ်ကို မိတ်သဟာယဖွဲ့ပေးခဲ့ပါသည်။ ဘုရားသခင်သည် သူ့ကို ဆုံးမပဲ့ပြင်ခြင်း သို့မဟုတ် ပြစ်တင်မောင်းမဲခြင်း မပြုဘဲ ထိုဆေးကို သောက်ပြီးသည်နှင့် တစ်ပြိုင်နက် သူ့ကို ဖယ်ရှားရှင်းလင်းခဲ့ပါသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် လူ၏ ပုန်ကန်ပြစ်မှားခြင်းများကို သည်းခံခြင်းမရှိဟူသည့် ထိုစကားများကို ကျွန်ုပ်သိပါ၏၊ သို့သော် ဘုရားသခင်သည် သနားကရုဏာ ပြည့်ဝပြီး ချစ်တတ်ကြောင်း၊ သူသည် ထိုလူကို ဆက်ဆံခဲ့သကဲ့သို့ ကျွန်ုပ်ကို ဆက်ဆံမည် မဟုတ်သည်မှာ ဖြစ်နိုင်ကြောင်း အမြင်တစ်ခု ကျွန်ုပ်၌ ရှိနေခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် ကြောက်ရွံ့မနေခဲ့ပါ။ ယနေ့ ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းအပေါ် အခြေခံ၍ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားအပေါ် သံသယဖြစ်သည့် သဘောထားတစ်ခု၊ ဘုရားသခင်ကို စမ်းသပ်ခြင်းနှင့် သူ့ကို မည်သည့်အခါမျှ မကြောက်ရွံ့ခြင်းတည်းဟူသော အန္တိခရစ်တို့၏ အပြုအမူတို့သည် ကျွန်ုပ်၌ ရှိနေသည်ဟု ကျွန်ုပ် ခံစားမိပါသည်။) လူတစ်ယောက်အပေါ် ဘုရားသခင် ထားရှိသော သဘောထားသည် ထိုသူက ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ရှိမရှိအပေါ်၌ အခြေမခံသကဲ့သို့ သီးခြားကိစ္စတစ်ခုနှင့်ပတ်သက်၍ ထိုသူ၌ ရှိကောင်းရှိနိုင်သော ခဏတာ သဘောထားအပေါ်၌လည်း အခြေမခံပေ။ အသက်တာ၏ အသေးအဖွဲကိစ္စများတွင် လူတစ်ယောက်က ပြသပြီး ထုတ်ဖော်ကောင်း ထုတ်ဖော်နိုင်သည့် မကောင်းသော အလေ့အကျင့်များနှင့် တာဝန်မဲ့သော နည်းလမ်းများကို ဘုရားသခင်သည် ဆိုးရွားသော ပြဿနာများအဖြစ် မမှတ်ယူချေ။ သင်၏ အဓိကကျသော တာဝန်ကို ကြိုးစားထမ်းဆောင်၍ တာဝန်ယူနိုင်စွမ်း ရှိရုံမျှဖြင့် လုံလောက်ပေသည်။ သင်သည် မိမိကိုယ်ကို ပစ္စည်းကိရိယာများ စီမံခန့်ခွဲမှုအတွက် တာဝန်ယူရန် အစဉ်သဖြင့် မတတ်နိုင်ဟု ခံစားရပြီး ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်ရန် သင်၏ အစွမ်းခွန်အားရှိသမျှကို အသုံးမပြုနိုင်ပါက ယင်းက အဘယ်အရာကို ပြသနေသနည်း။ တစ်စိတ်တစ်ပိုင်းအားဖြင့် ယင်းက သင်သည် စီမံခန့်ခွဲမှုတွင် မတော်ကြောင်းကို ပြသသည်။ ထို့အပြင် သင်သည် ထိုအလုပ်အတွက် ထိုမျှ မသင့်တော်ကြောင်းကိုလည်း ပြသသည်။ သင်သည် ထိုအလုပ်၌ ဆက်လုပ်နေခြင်းက တစ်နေ့တွင် ဘေးဖြစ်စေနိုင်သည်ဟု ခံစားရပါက ယင်းအတွက် အခြားတစ်စုံတစ်ယောက်ကို အကြံပြုပေးခြင်းက ပို၍ကောင်း၏။ အသင်းတော်ရှိ ထိုတာဝန်နှင့် သင့်တော်သူတစ်ဦးကို သင့်အစား ဝင်ရောက်လုပ်ဆောင်စေပြီး ထို့နောက် သင် ကျွမ်းကျင်ပြီး စိတ်ဝင်စားသော အလုပ်ကို သွား၍ လုပ်ဆောင်ကာ ထိုတာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်လော့။ ထို့ပြင် တစ်စုံတစ်ယောက်သည် သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ရန်၊ ဂုဏ်သိက္ခာရှိရှိ အသက်ရှင်နေထိုင်ပြီး အခြားသူတို့၏ စက်ဆုပ်ရွံရှာခြင်းကိုမခံရဘဲ လေးစားခြင်းကို ခံရရန် အမှန်တကယ် အလိုရှိလျှင် ထိုသူသည် အရာခပ်သိမ်းကို ကောင်းမွန်စွာ လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်သင့်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရှေ့မှောက်၌ “ဘုရားသခင်၊ ကျွန်ုပ်သည် ညံ့ဖျင်းစွာ ထမ်းဆောင်ခဲ့ပါက ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပါ၊ ကိုယ်တော်၏အမှုကို ပြုပါ” ဟု ပြောဆိုရန် စိတ်ပိုင်းဖြတ်ချက် ရှိသင့်သည်။ လူတို့သည် အခြားသူတို့ကို စီမံခန့်ခွဲရာ၌ ညံ့ဖျင်း၏။ အများဆုံးအနေဖြင့် ၎င်းတို့သည် တစ်စုံတစ်ယောက်ကို နယ်ပယ်တစ်ခုတည်း၌ ထူးချွန်သူတစ်ဦး ဖြစ်လာရန်သာ သင်ကြားပေးနိုင်ပေမည်။ သို့သော် တစ်စုံတစ်ယောက် လျှောက်လှမ်းသည့် လမ်းကြောင်း၊ သူ၏အသက်တာအမြင်၊ အသက်တာ၌ ရွေးချယ်သည့် ပန်းတိုင်များနှင့် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်ရန် ရွေးချယ်မည် ဟူသည်တို့နှင့်ပတ်သက်လာလျှင် မည်သူမျှ သူ့ကို မကူညီနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်တစ်ပါးတည်းသာလျှင် လူတို့ကို ပြောင်းလဲစေနိုင်၏။ ဤအရာသည် မည်သို့ ဖြစ်မြောက်လာသနည်း။ လူတို့ကိုယ်တိုင်က မစွမ်းဆောင်နိုင်သည့်အတွက် ၎င်းတို့သည် အမှုကိစ္စများကို ဘုရားသခင်အား ကိုင်တွယ်စေရမည်။ သို့ဖြစ်၍ ဘုရားသခင် အလုပ်လုပ်လိုမည့် အရေးမတိုင်မီ ဘုရားသခင် အလုပ်လုပ်စေရန်အတွက် လူတစ်ဦးသည် မည်သည့်စံသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်နည်း။ ၎င်းသည် “ဤတာဝန်ကို ကျွန်ုပ် မည်သည့်အခါမျှ ကောင်းစွာ မထမ်းဆောင်နိုင်ခဲ့သည်ကို ကျွန်ုပ်သိပါသည်။ ညီအစ်ကိုမောင်နှမများလည်း စိတ်ကျေနပ်မှု မရှိခဲ့သလို ကျွန်ုပ်ကိုယ်တိုင်လည်း စိတ်ကျေနပ်မှုမရှိခဲ့ပါ၊ သို့သော် ကျွန်ုပ်သည် ယင်းကို ကောင်းစွာ ထမ်းဆောင်လိုစိတ် ရှိပါသည်။ ကျွန်ုပ် မည်သည့်အရာကို လုပ်ရမည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် လာရောက်ကာ သူ့အား ကျွန်ုပ်အထဲ၌ အလုပ်လုပ်စေပါမည်” ဟူ၍ ပြောလျက် ရှေးဦးစွာ စိတ်ပိုင်းဖြတ်ချက် ရှိရမည်၊ ထိုသို့သော ဆန္ဒ ရှိရမည်။ သင့်အထဲ၌ ဘုရားသခင် အလုပ်လုပ် စေလိုပါက သင့်အတွက် ပထမဆုံးအချက်မှာ ဒုက္ခခံနိုင်စွမ်းရှိခြင်းပင် ဖြစ်သည်။ ဘုရားသခင်က သင့်အား ဆုံးမပဲ့ပြင်သည့်အခါ၊ သူက သင့်အား ပြစ်တင်မောင်းမဲသည့်အခါတွင် သင်သည် ယင်းကို လက်ခံနိုင်ရမည်။ စိတ်နှလုံးထဲတွင် နာခံခြင်းနှင့် လက်ခံခြင်းသည် မည်သည့်အမှုကိုမဆို ကောင်းမွန်စွာ လုပ်ဆောင်ခြင်း၏ အစဖြစ်၏။ လူတိုင်းသည် အလုံးစုံ ကယ်တင်ခြင်းမခံရမီ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် အနန္တတန်ခိုးကို သံသယဝင်မည်ဟု ဆိုခြင်းက တရားနည်းလမ်းကျ၏။ ကွာခြားချက်မှာမူ သာမန် ဖောက်ပြန်ပျက်စီးသော လူတို့သည် သံသယမျှသာ ရှိနေသော်လည်း မိမိတို့၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ပြီး သမ္မာတရားကို လိုက်စားကာ ဘုရားသခင်ကို တစ်စတစ်စ သိကျွမ်းလာနိုင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ ခံစားချက်အရဖြစ်သော လိုအင်ဆန္ဒသည် တက်ကြွပြီး အပြုသဘောဆောင်၏။ အန္တိခရစ်များမှာမူ အတော်ပင် ဆန့်ကျင်ဘက် ဖြစ်၏။ ၎င်းတို့၏ ခံစားချက်အရဖြစ်သော လိုအင်ဆန္ဒများသည် လက်ခံခြင်းနှင့် နာခံတတ်ခြင်း မဟုတ်သည့်အပြင် အသိအမှတ်ပြုရန်လည်း ဆန္ဒပြင်းပြခြင်း မရှိပေ။ ထိုအစား ၎င်းတို့သည် အတိုက်အခံလုပ်သည်။ ၎င်းတို့သည် လက်ခံနေခြင်း မရှိပေ။ သို့ဆိုလျှင် သာမန် ဖောက်ပြန်ပျက်စီးသော လူတို့၌မူကား အဘယ်အရာ ကောင်းသနည်း။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို လှိုက်လှိုက်လှဲလှဲ လက်ခံပြီး ချစ်မြတ်နိုး၏။ သို့ရာတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်သည့်အခါများ၊ ညံ့ဖျင်းစွာ လုပ်ဆောင်မိသည့်အခါများနှင့် အမှုအရာတို့သည် ၎င်းတို့ လုပ်ဆောင်နိုင်စွမ်း မရှိသည့်အခါများ၊ မိမိတို့ လက်လှမ်းမမီသည့်အခါများ ရှိတတ်သည်။ ထို့ကြောင့် ၎င်းတို့သည် စိတ်နှလုံးထဲ၌ မကြာခဏ အပျက်သဘောဆောင်ကာ အားနည်းနေပြီး ဘုရားသခင်က ၎င်းတို့ကို မလိုလားဟုလည်းကောင်း၊ သူက ၎င်းတို့ကို စက်ဆုပ်ရွံရှာသည်ဟုလည်းကောင်း ခံစားရ၏။ ယင်းသည် ခံစားချက်ကောင်းတစ်ခုလော။ ယင်းသည် ရှိသင့်သော ခံစားချက်ကောင်းတစ်ခု ဖြစ်၏။ ယင်းက သင်၌ ကယ်တင်ခြင်းခံရရန် အခွင့်အရေး ရှိသည်ကို ဆိုလိုပြီး သင် ကယ်တင်ခြင်း ခံရနိုင်ကြောင်းပြသည့် လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။ သင်သည် ယင်းကိုပင် ခံစား၍မရနိုင်ပါက သမ္မာတရားကို ရရှိပြီး ကယ်တင်ခြင်းခံရရန်ဟူသည့် သင်၏ မျှော်လင့်ချက်များသည် အလွန်ပင် အလှမ်းဝေးနေပေလိမ့်မည်။ ဤခံစားချက်ရှိခြင်း အတိအကျကပင် သင်၌ အသိတရား၊ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုတို့ ရှိနေသေးသည့်အပြင် သင်၌ ဆင်ခြင်တုံတရားလည်း ရှိနေသေးကြောင်းကို ပြသနေသည်။ သင်၌ ဤအရာများပင် မရှိပါက သင်သည် အမှန်တကယ်ပင် အန္တိခရစ်တစ်ဦး၊ မယုံကြည်သူတစ်ဦး ဖြစ်၏။ လက်ရှိတွင် သင်၌ မယုံကြည်သူတစ်ဦး၏ အပြုအမူအချို့၊ ၎င်း ထုတ်ဖော်ပြသည့်အရာ အနည်းငယ်နှင့် ၎င်း၏ စိတ်သဘောထား အနည်းငယ်သာ ရှိသေးသည့်တိုင် သင်သည် မယုံကြည်သူတစ်ဦး မဟုတ်သေးပေ။ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင်လည်းကောင်း၊ သင်၏ လိုက်စားမှုတွင်လည်းကောင်း၊ သင်၏ အမြင်များတွင်လည်းကောင်း၊ သင်၏ တစ်ကိုယ်ရေအသက်တာ၏ ကဏ္ဍ အသီးသီးတွင်လည်းကောင်း သင့်ထံတွင် ပြဿနာများနှင့် ချို့တဲ့မှုများစွာ ကျန်ရှိနေသေးသော်လည်း ဘုရားသခင် ရှုမြင်ပုံအရ သင်သည် သူ့ကို ယုံကြည်ပြီး သူ၏ နောက်လိုက် ဖြစ်၏။ သို့ဖြစ်လျှင် ဤပြဿနာများကို မည်သို့ ဖြေရှင်းရမည်နည်း။ ယင်းသည် လွယ်ကူ၏။ သင်၌ အသိတရားနှင့် ဆင်ခြင်တုံတရား ရှိပြီး သမ္မာတရားကို လိုက်စားကာ အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးခြင်းဟူသော အခြေခံတောင်းဆိုချက်များကို ပြည့်မီသရွေ့ ဤပြဿနာများအားလုံးကို ဖြေရှင်းနိုင်ပေမည်။ ယင်းသည် အချိန်ကာလတစ်ခုသာ လို၏။ သင်သည် သမ္မာတရားကိုလည်းကောင်း၊ ဘုရားသခင်ထံမှ လာသော ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကိုလည်းကောင်း လက်ခံနိုင်သရွေ့ သင်သည် ပထမအခက်အခဲကို ကျော်လွှားပြီးဖြစ်၏။ ဒုတိယ အခက်အခဲမှာမူ သင့်ဘက်မှ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်၊ အမှုအရာတစ်ခုချင်းစီ သင့်အပေါ် ကျရောက်လာသည့်အခါ သင်၌ ပေါ်ပေါက်လာသော အမျိုးမျိုးသော အခြေအနေများကို ဖြေရှင်းရန် သင်ယူဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ်၊ မိတ်သဟာယဖွဲ့ခြင်းနှင့် ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို နားထောင်စဉ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြဿနာများကို ဖြေရှင်းရန် သင်ယူဖို့ လိုအပ်ခြင်း ဖြစ်၏။ သင်သည် သူ၏ ရှေ့မှောက်သို့ မကြာခဏ လာရောက်နိုင်ရန်၊ သင်၏ အခြေအနေများနှင့် အနေအထားများအပြင် သင်ရင်ဆိုင်နေရသော ပြဿနာများကိုပါ သူ့ထံ ပြောပြရန်၊ ယင်းတို့ကို သူ့အား ပွင့်လင်းစွာ ပြောပြရန်နှင့် သူ၏ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ခြင်းတို့အပြင် သင့်အပေါ်ထားသော သူ၏ ထုတ်ဖော်ခြင်းနှင့် သဘောထားကိုပင် ရိုးသားစွာ လက်ခံရန် လိုအပ်သည်။ သင်၏ စိတ်နှလုံးသည် သူ့အပေါ် ပိတ်ထားခြင်းမရှိဘဲ ပွင့်လင်းနေရန် လိုအပ်၏။ သင်၏ စိတ်နှလုံးသည် ပွင့်လင်းနေသရွေ့ သင်၏ အသိတရားနှင့် ဆင်ခြင်တုံတရားတို့သည် အသုံးဝင်နိုင်မည်ဖြစ်ပြီး သမ္မာတရားသည်လည်း သင်၏အတွင်းသို့ ဝင်ရောက်နိုင်ကာ သင့်၌ ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်ပေမည်။ ထိုအခါ ဤပြဿနာအားလုံးကို ဖြေရှင်းနိုင်ပေလိမ့်မည်။ ယင်းတို့သည် ဖြေရှင်း၍မရနိုင်သည် မဟုတ်ပေ။ ယင်းတို့အနက် တစ်ခုမျှ ကြီးမားသော ပြဿနာမဟုတ်ချေ။ လူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းသည် အဖြစ်များသော အရာတစ်ခု ဖြစ်၏။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၌ တွေ့ရသည့် အဖြစ်အများဆုံးသော အနေအထား ဖြစ်သည်။ အနေအထားတစ်ခုမှာ လိမ်လည်မှုများနှင့် ပြည့်နှက်နေခြင်းဖြစ်ပြီး နောက်တစ်ခုမှာမူ ပေါ့ပြက်ပြက်နေခြင်း၊ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း၊ အမှုအရာအားလုံး၌ တာဝန်မဲ့ခြင်း၊ ဖြစ်သလို နေသည့် အခြေအနေတွင် ရှိနေခြင်း၊ အိုးနင်းခွက်နင်းနှင့် ပြီးမြောက်သွားသည့် အနေအထားတွင် ရှိနေခြင်းတို့ ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးအတွက် ပုံမှန်အခြေအနေဖြစ်၏။ ယင်းတို့သည် လူ၏ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သမ္မာတရားကို ငြင်းပယ်ခြင်းတို့ထက် ဆိုးရွားမှု များစွာနည်းပါးသော အမှုအရာများ ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်က လူ၌ ကြည့်ရှုသောအရာများပင် မဟုတ်ချေ။ အကယ်၍ ဘုရားသခင်သည် လူတို့ကို အသေးစိတ် ချင့်ချိန်တိုင်းတာလျှင် ၎င်းတို့သည် မှားယွင်းသော စကားတစ်ခွန်း ပြောမိပါက သူသည် ၎င်းတို့ကို အလိုရှိမည်မဟုတ်ပေ။ ၎င်းတို့သည် တစ်ကြိမ်တစ်ခါ သေးငယ်သောအမှားတစ်ခု ပြုလုပ်ခဲ့လျှင် သူသည် ၎င်းတို့ကို အလိုရှိမည်မဟုတ်ပေ။ လူတို့သည် လူငယ်သဘာဝအရ စိတ်မြန်လက်မြန်ရှိပြီး အမှုအရာများကို စိတ်မရှည်စွာ လုပ်ဆောင်လျှင် ဘုရားသခင်သည် ၎င်းတို့ကို နှစ်သက်မည်မဟုတ်ဘဲ ထိုအခါ ၎င်းတို့သည် သူ စွန့်ပစ်ပြီး ဖယ်ရှားရှင်းလင်းမည့်သူများ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်ခဲ့လျှင် လူတစ်ဦးတစ်ယောက်မျှ ကယ်တင်ခြင်းခံရမည် မဟုတ်ပေ။ အချို့က “ဘုရားသခင်သည် လူများကို ၎င်းတို့၏ အပြုအမူအားဖြင့် ပြစ်တင်ရှုတ်ချပြီး ၎င်းတို့၏ အဆုံးသတ်ကို ဆုံးဖြတ်သည်ဟု ကိုယ်တော် မပြောခဲ့ဘူးလား” ဟု ပြောပေလိမ့်မည်။ ထိုအရာသည် အခြားကိစ္စတစ်ခု ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲခြင်းနှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိရန်အလို့ငှာ သမ္မာတရားကို လိုက်စားသည့် လူတို့၏ လမ်းကြောင်းပေါ်တွင် လူ၌ရှိသော ထိုသို့သော ဖြစ်တည်မှု အခြေအနေများသည် ဘုရားသခင် မြင်သည့်ပုံအရ အလွန်တရာ အဖြစ်များဆုံးသော အရာများဖြစ်ပြီး ဖြစ်နိုင်သမျှ သာမန်အဖြစ်ဆုံးနှင့် အတွေ့ရအများဆုံးသော အရာများဖြစ်သည်။ ဘုရားသခင်သည် ယင်းတို့ကို ကြည့်ပင်မကြည့်။ သူသည် မည်သည့်အရာကို ကြည့်ရှုသနည်း။ သင်၌ အပြုသဘောဆောင်သော လိုက်စားမှု ရှိ မရှိ၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအပေါ်၌လည်းကောင်း၊ စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားမှုအပေါ်၌လည်းကောင်း သင်၏ သဘောထားသည် မည်သည့်အရာဖြစ်သည်ကို သူ ကြည့်ရှုသည်။ သင်၌ ထိုသို့သော လိုအင်ဆန္ဒတစ်ခု ရှိ မရှိနှင့် သင်သည် ကြိုးစားအားထုတ်နေခြင်း ရှိ မရှိ ဟူသည်ကို သူ ကြည့်ရှုသည်။ သင်၌ ဤအရာများ ရှိသည်ကိုလည်းကောင်း၊ သင်အမှား လုပ်မိသည့်အခါ သင် လိပ်ပြာမလုံသည်ကိုလည်းကောင်း၊ သင်သည် ယင်းကို မုန်းတီးရမှန်း သိသည်ကိုလည်းကောင်း၊ သင်သည် ဆုတောင်းလျက် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ရန်နှင့် သူ့ထံ ဝန်ချတောင်းပန်ပြီး နောင်တရရန် သိသည်ကိုလည်းကောင်း ဘုရားသခင် မြင်သောအခါ သူက သင်၌ မျှော်လင့်ချက်ရှိကြောင်း၊ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်မဟုတ်ကြောင်း ပြောလေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏ သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့သည် အားလုံး အနှစ်သာရမရှိသော စကားစုများဖြစ်သည်ဟု သင်ထင်သလော။ သူ၌ ထိုသို့သော အနှစ်သာရတစ်ခု ရှိသောကြောင့်ပင် ဘုရားသခင်သည် လူအမျိုးအစား အသီးသီးအပေါ်၌ သဘောထားတစ်ခု ရှိခြင်းဖြစ်ပြီး ဤသဘောထားများသည် အလွန်အမင်း လက်တွေ့ကျသည်။ ယင်းတို့သည် လုံးဝ အနှစ်မမဲ့ပေ။

ငါတို့ ယခုအတန်ကြာ ဆွေးနွေးနေခဲ့သည့် အန္တိခရစ်များ၏ အနှစ်သာရနှင့်ပတ်သက်သော ဤစကားပြောခြင်းသည် အကြောင်းတစ်ချက်မှာ လူတိုင်းက အန္တိခရစ်များကို သိနားလည်နိုင်ပြီး ပိုင်းခြားသိမြင်ကာ ၎င်းတို့သည် မည်သူဖြစ်သည်ကို သတ်မှတ်ပြီး ၎င်းတို့ကို ငြင်းပယ်နိုင်စေရန်အလို့ငှာ လူတိုင်း ကြားသိစေဖို့ ရည်ရွယ်သည့်အပြင် အန္တိခရစ်များ၌ ရှိသကဲ့သို့ပင် လူတိုင်း၌လည်း အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိကြောင်း၊ သို့သော် စစ်မှန်သော အန္တိခရစ်များကိုသာ ဖယ်ရှားရှင်းလင်း၍ စွန့်ပစ်ရမည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသော သာမန်လူများမှာမူ ဘုရားသခင် ဖယ်ရှားရှင်းလင်းမည့်သူများ မဟုတ်ဘဲ သူ ကယ်တင်မည့်သူများ ဖြစ်သည်ကို လူတိုင်းအား သိစေရန်လည်း ဖြစ်ပေသည်။ အန္တိခရစ်များ၏ အနှစ်သာရနှင့် ၎င်းတို့၏ စိတ်သဘောထား အသွင်အပြင်တစ်ခုစီနှင့်ပတ်သက်၍ လူတို့နှင့် မိတ်သဟာယဖွဲ့ခြင်းသည် လူတို့ကို ပြစ်တင်ရှုတ်ချရန် မဟုတ်ဘဲ လူတို့ကို ကယ်တင်ရန်၊ ၎င်းတို့အား လမ်းကြောင်းတစ်ခု ပေးရန်၊ ၎င်းတို့၌ အမှန်တကယ်ရှိသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်သည် သူ၏ ရန်သူဖြစ်သည်ဟု ဘုရားသခင် ပြောသည့်အခါ သူသည် အမှန်တကယ် မည်သည့်အရာကို ပြောနေခြင်း ဖြစ်ကြောင်းကိုလည်းကောင်း၊ မည်သည့်အကြောင်းကြောင့် ထိုသို့ပြောခြင်း ဖြစ်ကြောင်းကိုလည်းကောင်း၊ လူ၌ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားများ အတိအကျ ရှိကြောင်းကိုလည်းကောင်း၊ လူ၌ရှိသော ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၊ ပုန်ကန်ခြင်းနှင့်ပတ်သက်သည့် မည်သည့်ထုတ်ဖော်ပြမှုများက ဘုရားသခင်ကို ထိုသို့ ပြောကြားစေ၍ ဤသို့သော ပြစ်တင်ရှုတ်ချခြင်းများကို ပြုလုပ်စေကြောင်းကိုလည်းကောင်း ၎င်းတို့အား ရှင်းလင်းစွာ မြင်စေခြင်းတို့ ဖြစ်ပေသည်။ ဘုရားသခင်သည် လူကို ကယ်တင်လိုသောကြောင့်လည်းကောင်း၊ သူသည် လူသားမျိုးနွယ်ကိုဖြစ်စေ၊ သူ၏ နောက်လိုက်များကိုဖြစ်စေ၊ သူ ရွေးချယ်ထားသူများကိုဖြစ်စေ မစွန့်ပစ်သောကြောင့်လည်းကောင်း အတိအကျပင် သူသည် ဤနည်းဖြင့် မမောမပန်း စကားပြောပြီး အမှုပြုခြင်း ဖြစ်သည်။ ဘုရားသခင်က ဤကဲ့သို့ စကားပြောနေခြင်းနှင့် အမှုပြုနေခြင်းက သူသည် မည်မျှ ချစ်ခင်နှစ်လိုဖွယ်ကောင်းကြောင်း၊ လူတို့အပေါ် မည်မျှ စိတ်အားထက်သန်၍ စိတ်ရှည်ကြောင်း၊ မည်မျှ ကြိုးစားအားထုတ်ခဲ့ကြောင်းတို့ကို လူတို့အား နားလည်စေရန်အတွက်သာ မဟုတ်ပေ။ ဤအရာများကို နားလည်ခြင်းသည် အဘယ်အသုံးဝင်မည်နည်း။ လူတို့သည် ဤအရာများကို နားလည်သောအခါ ဘုရားသခင်အပေါ် ကျေးဇူးတင်စိတ် အနည်းငယ်မျှသာ ရှိ၏။ သို့သော် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာမူ အလျှင်း ပြေလည်မသွားပေ။ ဘုရားသခင်သည် ဤသို့ စိတ်အားထက်သန်စွာ စိတ်ရှည်မှုဖြင့် စကားပြောခြင်းမှာ လူတို့ကို ကယ်တင်ခြင်းနှင့်ပတ်သက်၍ ကြိုးပမ်းအားထုတ်မှုများ ပြုခဲ့ပြီး စိတ်ပိုင်းဖြတ်ထားကြောင်းကို လူတို့အား မြင်စေရန် ဖြစ်သည်။ သူသည် နောက်ပြောင်နေခြင်း မဟုတ်ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်လိုပြီး ထိုသို့ပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထားသည်။ ဤအရာကို မည်သို့ မြင်နိုင်မည်နည်း။ ဘုရားသခင်အနေဖြင့် တစ်ဖက်တည်းမှ သို့မဟုတ် ရှုထောင့်တစ်ခုတည်းမှ စကားပြောသော သမ္မာတရား၏ အသွင်အပြင်တစ်ခုမျှ မရှိသကဲ့သို့ နည်းလမ်းတစ်မျိုးတည်းဖြင့်လည်း စကားပြောခြင်း မရှိပေ။ ထိုအစား လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် မိမိတို့ကိုယ်ကို သိရှိပြီး ထိုမှနေ၍ ၎င်းတို့၏ လိုက်စားမှုက ယူသင့်သော ဦးတည်ချက်နှင့် ၎င်းတို့ လျှောက်လှမ်းသင့်သော လမ်းကြောင်း အမျိုးအစားကို နားလည်စေရန်အလို့ငှာ သူသည် ရှုထောင့်အမျိုးမျိုးမှလည်းကောင်း၊ ပုံစံအမျိုးမျိုးဖြင့်လည်းကောင်း၊ ဘာသာစကား အမျိုးမျိုးဖြင့်လည်းကောင်း၊ အတိုင်းအတာအမျိုးမျိုးဖြင့်လည်းကောင်း လူတို့အား ပြောကြားလေသည်။ သူသည် ဤသို့ ပြုခြင်းမှာ လူတို့သည် မိမိတို့၏ စာတန်ဆန်၍ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်လွှတ်၍ ပြောင်းလဲရန်နှင့်၊ စာတန်က လူတို့ကို ဖောက်ပြန်ပျက်စီးစေသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ၊ ရှင်သန်ရပ်တည်မှု နည်းလမ်းများနှင့် အသက်ရှင်နေထိုင်မှု နည်းလမ်းများနှင့် ပုံစံများကို လက်လွှတ်စေရန် ဖြစ်သည်။ ထိုအစား ဘုရားသခင်က လူတို့အား ပြသပြီး ပြောကြားခဲ့သော နည်းလမ်းများ၊ ပုံစံများ၊ ဦးတည်ချက်များ၊ ပန်းတိုင်များနှင့်အညီ ၎င်းတို့ကို အသက်ရှင်နေထိုင်စေရန် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာအားလုံးကို လူတို့အား လက်ခံယုံကြည်လာစေရန်၊ သူ၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များကို သို့မဟုတ် သူပြုသမျှသည် မည်မျှ ခက်ခဲကြောင်းကို ၎င်းတို့အား မြင်စေရန် ပြုခြင်းမဟုတ်ပေ။ သင်သည် ယင်းကို သိရန်မလိုအပ်ပေ။ ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်များထဲတွင် သင် လက်တွေ့လုပ်ဆောင်သင့်သည့်အရာကို ရှာဖွေခြင်းနှင့် ယင်းတို့ထဲမှ သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းအပေါ်၌သာ အာရုံစိုက်လော့။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်လော့။ သမ္မာတရား စည်းမျဉ်းများနှင့်အညီ အသက်ရှင်နေထိုင်၍ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ကျင့်ကြံပြုမူကာ လုပ်ဆောင်လော့၊ ပြီးလျှင် ဘုရားသခင် ပေးအပ်သော တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင် ဆောင်ရွက်လော့၊ ဤသို့ဖြင့် သင်သည် ကယ်တင်ခြင်းကို ရရှိမည် ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး လူကို ကယ်တင်ခြင်းဆိုင်ရာ အမှုသည်လည်း တစ်လုံးတစ်ဝတည်း ပြီးမြောက်ကာ ဤသို့ဖြင့် လူကိုလည်း အကျိုးပြုပေလိမ့်မည်။ ပြီးလျှင် လူတို့ပြောဆိုသော စကားများတွင် အယူဝါဒများစွာ ပါနေသေးသည့်အခါ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် အပေါ်ယံ ဆန်လွန်းနေသည့်အခါ၊ ၎င်းတို့သည် အမြဲတမ်း ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည့်အခါ၊ ၎င်းတို့၏ ယုတ်ညံ့မှုသည် ပြင်းထန်နေသည့်အခါ၊ ထိုအချိန်များတွင်မူ အထူးသဖြင့် စည်းကမ်းများကို မလိုက်နာတတ်ဘဲ တစ်ခါတစ်ရံ အိပ်ရာထနောက်ကျခြင်းကို ပျော်မွေ့ပြီး အခြားသူများအတွက် ကျိုးကြောင်းဆီလျော်မှုဖြစ်စေ၊ တည်ဆောက်ပေးခြင်းဖြစ်စေ အတော်အတန် မရှိသည့် အလေ့အကျင့်အချို့ရှိသည့် လူငယ်များအပေါ် ဤအရာများကို အတင်းအကျပ် မပြုလုပ်နှင့်။ ၎င်းတို့နှင့်ပတ်သက်၍ ဖြည်းဖြည်းချင်းသာ ဆောင်ရွက်လော့။ သင်သည် သမ္မာတရားကို လိုက်စားလိုစိတ်ရှိ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ကြိုးစားအားထုတ်နိုင်ပြီး သူ့ထံ မိမိတို့၏စိတ်နှလုံးကို ဖွင့်ပြလျက် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာရောက်နိုင်သရွေ့ သူသည် အလုပ်လုပ်လိမ့်မည်။ မည်သူကမျှ အခြားလူတစ်ဦးဦးကို လူ့အစွမ်းဖြင့်ဖြစ်စေ၊ လူ့နည်းလမ်းဖြင့်ဖြစ်စေ မပြောင်းလဲနိုင်သည်မှာ သင့်ကို မပြောင်းလဲနိုင်သည့် သင်၏ မိဘများပါ အပါအဝင်ဖြစ်လေသည်။

သင် ယနေ့ ဘုရားသခင်၏ အိမ်တော်သို့ ရောက်လာခြင်းသည် ဘုရားသခင်၏ အမှုတော်ဖြစ်၏။ ပြီးလျှင် ဤခေတ်ကာလ၌ပင် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ အလယ်၌ ဤနေရာတွင် တရားဒေသနာများကို လုံခြုံစွာနှင့် တည်ငြိမ်စွာ နားထောင်နိုင်ပြီး အခကြေးငွေ တစ်ပြားတစ်ချပ်မျှ မရရှိဘဲ သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ခြင်းသည်လည်း ဘုရားသခင်၏ အမှုတော်ပင် ဖြစ်ပေသည်။ အဘယ်ကြောင့် ဘုရားသခင်သည် ဤသို့ ပြုသနည်း။ သင်နှင့်ပတ်သက်၍ ဘုရားသခင်သည် မည်သည့်အရာကို နှစ်သက်ဖွယ်ဖြစ်သည်ဟု မြင်သနည်း။ သင်၌ တရားမျှတစိတ် တစ်စုံတစ်ရာ ရှိခြင်း၊ သင်၌ အသိစိတ်ရှိခြင်း၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို သင် အလွန်အမင်း မနှစ်မြို့ဘဲ အပြုသဘောဆောင်သော အရာများကို နှစ်သက်ခြင်း၊ ထို့ပြင် ဘုရားသခင်၏ နိုင်ငံတော် ကြွလာခြင်းကိုလည်းကောင်း၊ ခရစ်တော်နှင့် သမ္မာတရားတို့ အုပ်စိုးခြင်းကိုလည်းကောင်း သင် မျှော်လင့်စောင့်စားခြင်းတို့ပင် ဖြစ်ပေသည်။ သင်၌ ဤဆန္ဒများ ရှိပြီး ယင်းတို့ကို ဘုရားသခင် နှစ်သက်သောကြောင့် သင့်ကို သူ၏အိမ်တော်သို့ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင်၏ ထိုမကောင်းသော အပြစ်အနာအဆာများနှင့် အလေ့အထများကို မမြင်ဟု သင် ထင်မှတ်သလော။ ဘုရားသခင်သည် သင်၏ အပြစ်အနာအဆာများကို သိမြင်၏။ သူသည် ထိုအရာအားလုံးကို သိ၏။ သူ သိလျှင် အဘယ်ကြောင့် ထိုအရာများကို ကိုင်တွယ်ဖြေရှင်း မပေးသနည်း။ ဤသို့သောအရာများသည် လူတို့အား ဖြစ်စဉ်များစွာ၌ စိတ်နှလုံးထဲတွင် ပဋိပက္ခဖြစ်ပေါ်စေသည်။ ၎င်းတို့က “ဘုရားသခင်သည် ကျွန်ုပ်ကဲ့သို့သောသူကို ကယ်တင်မည်လော။ ကျွန်ုပ်ကဲ့သို့သော သူတစ်ယောက်သည် ကယ်တင်ခြင်းကို ရရှိနိုင်မည်လော။ ကျွန်ုပ်သည် အလွန် ကောက်ကျစ်ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသည်၊ ဆုံးမပဲ့ပြင်ခြင်းကို ကျိုးနွံနာခံရန် အလွန်ဝန်လေးသည်၊ အလွန်ပုန်ကန်သည့်အပြင် ဘုရားသခင်ကိုလည်း အတိုက်အခံလုပ်ပြီး သံသယဝင်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို အဘယ်သို့လျှင် ရွေးကောက် ဦးမည်နည်း” ဟု ပြောလေသည်။ သင့်ကို အဘယ်အရာက စိတ်ရှုပ်ထွေးစေသနည်း။ ဘုရားသခင်တစ်ပါးတည်းသာလျှင် သင့်ကို ကယ်တင်နိုင်သည်။ သူ တတ်နိုင်ကြောင်းကို သင် ယုံကြည်ရမည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းအပေါ်တွင်လည်းကောင်း၊ ယင်းတို့ကို လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့အပေါ်တွင်လည်းကောင်း အာရုံစိုက်ရန်သာ လိုပေသည်။ ထိုအခြားကိစ္စများတွင် ပိတ်မိမနေနှင့်။ ယင်းတို့ကြောင့် အစဉ်သဖြင့် အပျက်သဘောမဆောင်နှင့်။ မည်သူကမျှ သင့်ကို ပြန်လည်တိုက်ခိုက်ရန် သင်၏ အမှားများကို အသုံးချဖို့ ကြိုးစားနေခြင်း မရှိပေ၊ မည်သူကမျှ သင့်ကို တိုက်ခိုက်ရန် ပြောကွက် ရမထားပေ။ ဘုရားသခင်သည် ထိုအရာများကို မကြည့်ပေ။ နေ့စဉ်ဘဝ၏ ထိုကဲ့သို့သော အရေးမပါသည့် အသေးအဖွဲအရာများက ဖြစ်ပေါ်စေသော အကျင့်ဆိုးများ၊ ချို့ယွင်းချက်များ၊ သို့မဟုတ် ယုတ်ညံ့သော စိတ်သဘောထားတို့က သင်တို့၏ မှန်သောလမ်းခရီးနှင့် သမ္မာတရားကို လိုက်စားခြင်းကို အနှောင့်အယှက်ပြုလျှင် ၎င်းသည် ဆုံးရှုံးမှုတစ်ခု မဟုတ်လော။ ယင်းမှာ မတန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လက်ရှိတွင် ထိုကဲ့သို့သော အခြေအနေ၌ နစ်နေသည့် လူအတော်များများ ရှိနေလောက်ပေသည်။ အချို့လူများက မိမိတို့သည် အလွန်အမင်း လောကြီးတတ်သည့် ပင်ကိုစရိုက်ရှိပြီး မိမိတို့လုပ်ဆောင်သမျှတွင် အလွန်ကြမ်းတမ်းကာ စာလေ့လာခြင်းကို မနှစ်သက်ဟု ဆိုသည်။ ၎င်းတို့တွင် အကျင့်ဆိုးများလည်း ရှိသေးသည်ဟု ဆိုသည်။ ၎င်းတို့သည် နံနက်စောစောထခြင်း သို့မဟုတ် ညဘက်အိပ်ရာဝင်ခြင်းကို မနှစ်သက်ဘဲ ဂိမ်းကစားခြင်းကို အလွန်ခုံမင်နှစ်သက်သည်။ တစ်ခါတစ်ရံ အကျိုးမရှိသော စကားစမြည် ပြောဆိုခြင်းကို နှစ်သက်ပြီး တစ်ခါတစ်ရံတွင်လည်း ဟာသများ ပြောဆိုခြင်းကို နှစ်သက်သည်။ ၎င်းတို့က “ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်မည်လော” ဟု မေး၏။ သင်၌ မိမိတို့ကိုယ်ကိုအပေါ် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများစွာ ရှိနေခြင်းသည် ပြဿနာတစ်ခု မဟုတ်လော။ သင်သည် အဘယ်ကြောင့် အနည်းငယ်မျှ မရှာဖွေသနည်း။ ဘုရားသခင်၏ အမြင်သည် အမှန်တကယ်တွင် အဘယ်အရာ ဖြစ်သနည်း၊ ပြီးလျှင် သူ၏ နှုတ်ကပတ်တော်များက အမှန်တကယ်တွင် အဘယ်အရာကို ဆိုထားသနည်း။ သူ၏ နှုတ်ကပတ်တော်များ၌ ဤအရာများကို ပြဿနာများအဖြစ် ဖော်ပြထားသလော။ အချို့လူများက မိမိတို့သည် ဝတ်စားဆင်ယင်ရခြင်းကို နှစ်သက်ပြီး မိမိတို့ကိုယ်ကို အစဉ်အမြဲ ချုပ်တည်းရမည်ဟုဆို၏။ အခြားသူများကမူ မိမိတို့သည် အစားလောဘကြီးကာ အသားစားခြင်းကို နှစ်သက်သည်ဟု ဆို၏။ ဤအရာများသည် အသေးစား ပြဿနာလေးများ ဖြစ်၏။ ဤချို့ယွင်းချက်များ၊ ဤပင်ကိုစရိုက်များ သို့မဟုတ် ဤဘဝအလေ့အထများသည် အများဆုံးအနေဖြင့် လူတစ်ဦး၏ လူ့သဘာဝရှိ ချို့ယွင်းချက်များမျှသာဖြစ်ပြီး ယင်းတို့ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဟု မသတ်မှတ်ပေ။ လူတို့ အမှန်တကယ် ဖြေရှင်းရန် လိုအပ်သည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်၏။ အဓိကကျသော အကြောင်းအရာကို လျစ်လျူမရှုထားနှင့်။ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြောင်း သိရှိလာပြီး ယင်းကို ဆင်ခြင်သုံးသပ်ပြီး ပိုင်းခြားသိမြင်ရန် စတင်၍ အာရုံစိုက်ကာ ယင်းနှင့်ပတ်သက်၍ ကြိုးပမ်းအားထုတ်ပြီး စတင် မုန်းတီးလာသည့်အခါ သင်၏ ထိုချို့ယွင်းချက်ငယ်များသည် တဖြည်းဖြည်း ပြောင်းလဲသွားမည်ဖြစ်ပြီး ပြဿနာတစ်ရပ်အဖြစ် ဆက်ရှိတော့မည် မဟုတ်ပေ။ လူငယ်အချို့သည် ပျော်ပါးခြင်းကို နှစ်သက်၏။ ၎င်းတို့၏ သင့်တော်သောအလုပ် ပြီးစီးသည့်အခါ ခေတ္တခဏ ပျော်ပါးခြင်းသည် ကိစ္စမရှိပေ။ အမျိုးသမီးငယ်အချို့သည် ဝတ်စားဆင်ယင်ပြီး မိတ်ကပ်လိမ်းခြယ်ကာ လှပနေရခြင်းကို နှစ်သက်၏။ ယင်းတို့က အလွန်အကျွံမဖြစ်သရွေ့၊ ထူးထူးဆန်းဆန်း ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်ခြင်း သို့မဟုတ် မိတ်ကပ်အထူကြီး လိမ်းခြယ်ခြင်း မပြုသရွေ့ ယင်းသည်လည်း ကိစ္စမရှိပေ။ ဤအရာအားလုံးသည် ကိစ္စမရှိပေ။ မည်သူမျှ ၎င်းတို့ကို ကန့်သတ်ချုပ်ချယ်ထားခြင်းမရှိသည့်အပြင် ဤအရာများထဲမှ တစ်ခုမျှသည် ပြဿနာတစ်ရပ် မဟုတ်ပေ။ ဘဝနေထိုင်မှုဆိုင်ရာ ဤအလေ့အထများ၊ သင်၏ ဘဝအရည်အသွေးအတွက် တောင်းဆိုမှုများနှင့် ပင်ကိုစရိုက်၏ သေးငယ်သော ပြဿနာများ၊ ဤအရာများထဲမှ တစ်ခုမျှသည် သင့်ကို ဘုရားသခင်အား အတိုက်အခံ ပြုစေနိုင်မည်မဟုတ်သကဲ့သို့ သမ္မာတရားကို ဆန့်ကျင်စေနိုင်မည်လည်း မဟုတ်ပေ။ သင့်ကို ဘုရားသခင်အား အမှန်တကယ် အတိုက်အခံပြုစေ၍ သူ၏ရှေ့မှောက်သို့ မလာရောက်နိုင်အောင် တားဆီးကာ သူအား ပုန်ကန်စေသည့်အရာမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားပင် ဖြစ်သည်။ သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ရှာဖွေတွေ့ရှိ၊ သိရှိနားလည်ကာ မုန်းတီးနိုင်ပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် မိမိခံစားချက်အရဖြစ်သော လိုအင်ဆန္ဒ ရရှိလာသည့်အခါ ဤသေးငယ်သော ချို့ယွင်းချက်အားလုံးကို ဖြေရှင်းနိုင်ပေမည်။ ထို့ပြင် ဘုရားသခင်အား သင် အတိုက်အခံ ပြုခြင်းတည်းဟူသော အကြီးမားဆုံး ပြဿနာဖြစ်သည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီးဖြစ်သောအခါ သင်၏ ထိုသေးငယ်သော ချို့ယွင်းချက်များသည် ပြဿနာများအဖြစ် ရှိနေဦးမည်လော။ ထိုအချိန်ကျရောက်လာသောအခါ သင်၏ ကျင့်ကြံပြုမူပုံ၊ အသက်ရှင်နေထိုင်ပုံ၊ စားသောက်ပုံ၊ အနားယူပုံ၊ တာဝန်ထမ်းဆောင်ပုံနှင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံပုံကဲ့သို့သော သေးငယ်သည့် အရာများသည် တစ်စတစ်စဖြင့် စည်းမျဉ်းနှင့်ညီလာပေမည်။ ထိုအခါမှသာလျှင် သင်သည် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းသည် ထိုသူ၏ဘဝတွင် အကြီးမားဆုံးသော အရေးကိစ္စဖြစ်ခဲ့ပြီး ဖြစ်နေဆဲဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီးသည်နှင့် အခြားပြဿနာအားလုံးလည်း ပြေလည်သွားကြောင်းကိုလည်းကောင်း သိရှိလာပေမည်။ ဘုရားသခင်ကို ပုန်ကန်ခြင်း ပြဿနာကို သင် ဖြေရှင်းပြီးသောအခါ ထိုအချိန်သည် သင် ဂုဏ်သိက္ခာရှိစွာဖြင့် လူသားပုံသဏ္ဌာန်နှင့်အညီ အသက်ရှင်မည့်အချိန် ဖြစ်သည်။ ယခုအခါတွင် သင် မပြသတော့သည့် အသေးစား ချို့ယွင်းချက်အချို့ ရှိကောင်းရှိနိုင်ပါသည်။ လူတို့က သင့်ကို ကောင်းမွန်သော လူငယ်တစ်ဦး ဖြစ်ကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ရိုးသားစစ်မှန်ကြောင်း၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးနှင့် တူကြောင်း ပြောဆိုကာ ချီးမွမ်းကောင်း ချီးမွမ်းပေမည်။ သို့သော် ဘုရားသခင်က သင်သည် သူ့ကို ပုန်ကန်နေနိုင်သေးသည်ဟု မိန့်လျှင်မူကား သင်၏ အပြင်ပန်း ကောင်းမွန်သော အပြုအမူများသည် မည်မျှပင် ကောင်းမွန်နေပါစေ အသုံးမဝင်ချေ။ အခြေခံကျသော ပြဿနာသည် ပြေလည်ခြင်း မရှိသေးချေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပြေလည်ခြင်း မရှိသေးသည့်အပြင် သင်သည် ဘုရားသခင်ကို ပုန်ကန်ကောင်း ပုန်ကန်နိုင်သေးသည်။ သင်သည် ကယ်တင်ခြင်းနှင့် များစွာ ဝေးကွာနေသေးသည်တကား။ ကောင်းမွန်သော အပြုအမူများ ရှိရုံမျှဖြင့် သင့်အဖို့ အဘယ်အသုံးဝင်မည်နည်း။ သင်သည် ထိုအပြုအမူများဖြင့် မိမိကိုယ်ကို လှည့်ဖြားနေခြင်းမျှသာ မဟုတ်လော။

သင်တို့အတွက် ယခု ဖြေရှင်းရန် အရေးအကြီးဆုံးသော ပြဿနာမှာ အဘယ်အရာ ဖြစ်သနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာပင် ဖြစ်သည်။) အချို့ကမူ “ကျွန်ုပ်သည် အရောင်စုံသော အဝတ်အစားများကို ကြိုက်နှစ်သက်သော်လည်း ဘုရားသခင်၏ အိမ်တော်ကမူ ယင်းတို့ကို မနှစ်သက်သောကြောင့် ဤအပြုအမူကို ကျွန်ုပ် ပုန်ကန်မည်” ဟု ဆိုကောင်းဆိုပေမည်။ သင်သည် ထိုသို့ပြုရန် မလိုအပ်ချေ။ သင် ကြိုက်နှစ်သက်ပါက ဝတ်ဆင်လော့။ အချို့ကမူ “ကျွန်ုပ်သည် ပေါင်ဒါနှင့် မိတ်ကပ် လိမ်းခြယ်ခြင်းကို နှစ်သက်ပြီး နေ့စဉ် လူတို့နှင့် တွေ့သောအခါ ကျော့မော့လှပစွာ နေပြခြင်းသည် အလွန်ကောင်းလှသည်တကား” ဟု ဆိုသည်။ သင့်တွင် အချိန်ရှိသရွေ့ အဆင်ပြေ၏။ အချို့ကမူ “ကျွန်ုပ်သည် အစားကောင်းအသောက်ကောင်း စားသုံးခြင်းကို နှစ်သက်ပြီး အစပ်ကိုလည်းကောင်း၊ အချဉ်ကိုလည်းကောင်း နှစ်သက်သည်” ဟု ဆိုသည်။ သင့်တွင် အခြေအနေ၊ အခွင့်အခါနှင့် အားလပ်ချိန်တို့ ရှိနေသမျှကာလပတ်လုံး သင်သည် ထိုအရာများကို စိတ်ကျေနပ်သည်အထိ စားသုံးနိုင်၏။ သင်သည် ဤအရာများကို မကျေနပ်ဘဲထား၍ ချုပ်တည်းပြီး ၎င်းတို့အပေါ် ပုန်ကန်လျှင်ပင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပြေလည်သွားမည် မဟုတ်ပေ။ သင်က ၎င်းတို့ကို ချုပ်တည်းခြင်းအားဖြင့် အဘယ်အရာ ဖြစ်ထွန်းလာနိုင်မည်နည်း။ သင်သည် ဇာတိပကတိ၏ ဆင်းရဲဒုက္ခကို များစွာ ခါးစည်းခံမည်ဖြစ်သော်လည်း စိတ်နှလုံးထဲ၌မူ အလွန်တရာ မတရားသဖြင့် ပြုခံရသည်ဟု ခံစားရလိမ့်မည်။ ထို့နောက် နောက်ဆက်တွဲအနေဖြင့် အဘယ်ကဲ့သို့သော အပျက်သဘောဆောင်သည့် အကျိုးဆက်က သင့်အပေါ် ကျရောက်လာမည်နည်း။ သင်သည် ဘုရားသခင်အတွက် များစွာ ဆင်းရဲဒုက္ခ ခံခဲ့ရသည်ဟုလည်းကောင်း၊ သမ္မာတရားကို ရရှိခဲ့ပြီဟုလည်းကောင်း ခံစားရလိမ့်မည်။ အမှန်တကယ်တွင်မူ သင်သည် မည်သည့်အရာမျှ ရရှိမည်မဟုတ်ပေ၊ သို့မဟုတ် မည်သည့်အရာမျှ ဖြစ်လာမည်မဟုတ်ပေ။ သင်သည် သပ်ရပ်ကျနစွာဖြင့် သိက္ခာရှိကာ တည်ကြည်စွာ ဝတ်စားဆင်ယင်နိုင်ပေမည်။ သင်သည် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးကဲ့သို့ ထင်ရနိုင်ပြီး စည်းစနစ်ကျသူလည်း ဖြစ်နိုင်ပေသည်။ သို့သော် သင်သည် တာဝန်တစ်ခုကို ထမ်းဆောင်ရသည့်အခါ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေတွေ့ရှိနိုင်ခြင်းပင် မရှိလျှင်လည်းကောင်း၊ အသင်းတော်၏ အလုပ်ကို ဆက်လက်၍ နှောင့်ယှက်ပြီး အဖျက်အမှောင့် လုပ်ကောင်း လုပ်နိုင်လျှင်လည်းကောင်း သင်၏ အခြေခံပြဿနာသည် ပြေလည်သွားပြီလော။ (မပြေလည်သေးပါ။) ထို့ကြောင့် မည်သို့ပင်ကြည့်သည်ဖြစ်စေ၊ အခြေခံအကျဆုံးအရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားကို နားလည်ခြင်း၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းနှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းတို့ ဖြစ်ပေသည်။ အသေးအဖွဲ ပြဿနာအချို့နှင့် အပြင်ပန်း အပြုအမူများကို စွဲစွဲလန်းလန်း တွေးတော၍ လက်မလွှတ်ခြင်း၊ စိတ်နှလုံးထဲ၌ အမြဲတစေ အပြစ်ရှိခြင်းနှင့် အကြွေးတင်ခြင်းတို့ကို ခံစားရခြင်း၊ ထိုအရာများကို ကြီးကျယ်သော အမှုကိစ္စများသဖွယ် အမြဲတစေ ဖြေရှင်းခြင်းတို့အပေါ် သင်၏ ကြိုးစားအားထုတ်မှုများကို မသုံးစွဲနှင့်။ ထိုအရာမှ ဖြစ်ပေါ်လာသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အစဉ်သဖြင့် မပြေလည်ဘဲ ရှိနေခြင်းပင် ဖြစ်သည်။ သင် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း သို့မဟုတ် မိမိ၌ မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး ရှိကြောင်းကို သင်ကိုယ်တိုင်ပင် မသိရှိလျှင်၊ ယင်းနှင့်ပတ်သက်၍ အနည်းဆုံးသော နားလည်ခြင်းပင် သင်၌ မရှိလျှင် ယင်းက အခြေအနေကို ရှုပ်ထွေးသွားစေမည် မဟုတ်လော။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိရှိလာသောအခါ သင်၏ ထိုအသေးအဖွဲ ပြဿနာများသည် ပြဿနာများအဖြစ် ရှိတော့မည်မဟုတ်ပေ။ သဘာဝအတိုင်းပင် သင်သည် သမ္မာတရားကို နားလည်လာပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ကာ သမ္မာတရား စည်းမျဉ်းများအတိုင်း ပို၍ ပြုမူဆောင်ရွက်နိုင်လာသည်နှင့်အမျှ သင်သည် ထိုအသေးအဖွဲ ပြဿနာများမှ တဖြည်းဖြည်း ကင်းလွတ်သွားပေလိမ့်မည်။ ယင်းမှာ ဂနာမငြိမ်သော ပင်ကိုစရိုက် သို့မဟုတ် အင်မတန် နှေးကွေးခြင်း သို့မဟုတ် စကားများခြင်း သို့မဟုတ် စကားနည်းခြင်းတို့နှင့်ပတ်သက်၍လည်း ထိုကဲ့သို့ပင်ဖြစ်၏။ ဤသည်တို့မှာ ပြဿနာများ မဟုတ်ပေ။ ယင်းတို့သည် ပင်ကိုစရိုက်ဆိုင်ရာ ကိစ္စများသာ ဖြစ်သည်။ အချို့သောလူတို့သည် စကားပြောပီသသော်လည်း အချို့မှာမူ မပီသပေ။ အချို့သောသူတို့သည် ပို၍ ရဲရင့်ကာ လူအများရှေ့တွင် စကားပြောဝံ့သော်လည်း အချို့မှာမူ ရဲရင့်မှုနည်းပါးပြီး လူအများရှိသည့်အခါ မပြောဝံ့ပေ။ အချို့သောသူတို့သည် ပွင့်လင်းဖော်ရွေပြီး အချို့မှာမူ အေးဆေးတည်ငြိမ်သည်။ ဤအရာများအနက် တစ်ခုမျှ ပြဿနာမဟုတ်ပေ။ မည်သည့်အရာက ပြဿနာဖြစ်သနည်း။ ဘုရားသခင်ကို ဆန့်ကျင်သော အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ ယင်းက ပြဿနာတစ်ခု ဖြစ်သည်။ ထိုအရာသည် အကြီးမားဆုံးသော ပြဿနာဖြစ်ပြီး လူသားအားလုံး၏ ဖောက်ပြန်ပျက်စီးမှု၏ ရင်းမြစ်လည်း ဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းလိုက်ပါက အခြားမည်သည့်ပြဿနာမျှ ပြဿနာအဖြစ် ရှိတော့မည် မဟုတ်ပေ။

အခြားမေးခွန်းများ ရှိသေးသလော။ (ဘုရားသခင်၊ ကျွန်ုပ်၌ မေးခွန်းတစ်ခု ရှိပါသည်။ ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားရာတွင် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရှိပါ၏၊ သို့တိုင်အောင် သမ္မာတရားကို ချစ်မြတ်နိုး၍ လိုက်စားသော စိတ်နှလုံးမှာမူ သိပ်မကောင်းလှပါ။ မိမိ၏အခြေအနေ မှားယွင်းနေသည်ဟု ကျွန်ုပ်ခံစားရသည့်အခါ ရက်အနည်းငယ်မျှ ဇွဲလုံ့လဖြင့် လိုက်စားပါသည်၊ သို့သော် ထိုရက်များ ကုန်လွန်သွားသောအခါတွင်မူ တစ်ဖန်ပြန်၍ ခိုကပ်သွားပြန်ပါသည်။ ဤအခြေအနေသည် အထပ်ထပ်အခါခါ ဖြစ်ပေါ်လာပြီး ယင်းသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထား ဖြစ်ကြောင်း ကျွန်ုပ်သိပါ၏၊ သို့သော်လည်း ယင်းကို အရင်းအမြစ်မှ ကျွန်ုပ်မဖြေရှင်းနိုင်သေးပါ။) ထိုအရာကို ရှောင်လွှဲ၍မရပေ။ ယင်းမှာ လူ့အသက်ဝင်ရောက်မှု၏ ပကတိအခြေအနေ ဖြစ်သည်။ ဤပြဿနာကို အမြဲတစေ ဖြေရှင်းရန် ဆန္ဒရှိနေခြင်းသည် သင် အမှားလုပ်နေခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် အမျိုးသမီးအချို့သည် ခင်ပွန်းတစ်ယောက် ရှာဖွေရာ၌ သူ၏ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်လျှင် အရေးမကြီးသော်လည်း ကြင်နာယုယတတ်သူတစ်ဦး ဖြစ်ရမည်ဟူသော စံသတ်မှတ်ချက်တစ်ခု ရှိသည်။ သူသည် ၎င်းတို့ ပထမဆုံး တွေ့ဆုံခဲ့သည့် အချိန်နှင့် နေရာ၊ သူမ၏ မွေးနေ့၊ ၎င်းတို့၏ နှစ်ပတ်လည်နေ့ စသည်တို့ကို မှတ်မိရမည်။ သူသည် အထူးနေ့ရက်များကို မှတ်မိရမည်ဖြစ်ပြီး “အချစ်လေး၊ ကိုယ် မင်းကို ချစ်သည်” ဟု အခါအားလျော်စွာ ပြောဆိုရန်နှင့် သူမအတွက် လက်ဆောင်များ ရံဖန်ရံခါ ဝယ်ပေးရန်ကိုလည်း မှတ်မိနေရမည် ဖြစ်သည်။ သူမက “ကျွန်မတို့ ပထမဆုံး ချိန်းတွေ့ခဲ့သောနေ့သည် မည်သည့်နေ့ ဖြစ်သနည်း။ ချစ်သူများနေ့သည် မည်သည့်အချိန်နည်း” ဟု သူ့ကို စမ်းသပ်လိမ့်မည်။ ၎င်းသည် ထိုကဲ့သို့သော ကြင်နာယုယမှုနှင့် စိတ်လှုပ်ရှားမှုကို မကြာခဏ ရှာဖွေနေပြီး ၎င်း၏ဘဝသည် တစ်စုံတစ်ရာ ငြီးငွေ့ဖွယ်ကောင်းလာလျှင် မကျေမချမ်းဖြစ်ကာ ၎င်း၏ခင်ပွန်းကို “သင့်ကို ကြည့်ပါဦး၊ သင် ငတုံး။ ကြင်နာယုယမှုအကြောင်း သင် သိနားလည်ခြင်း မရှိ။ သင်နှင့်အတူ ကျွန်မ၏ နေ့ရက်တို့ကို ဖြတ်သန်းရခြင်းသည် အလွန်တရာ ငြီးငွေ့ဖွယ် ကောင်းလှသည်။ ကျွန်မ၏ ဘဝသည် သင့်လက်ထဲတွင် ပျက်စီးရချေပြီတကား” ဟု စောဒကတက်လေသည်။ ဤချို့ယွင်းချက်ကို ပြသသော အမျိုးသမီးများစွာ မရှိသလော။ အခြားတစ်ယောက်၏ ခင်ပွန်းသည် ကြင်နာယုယတတ်ကြောင်း၊ အမျိုးသမီးတစ်ယောက်ကို မည်သို့ ချော့မော့ရမည်ကို သိကြောင်း၊ သူ၏ဇနီးကို မင်းသမီးတစ်ပါးကဲ့သို့ ဆက်ဆံကြောင်း သင်က ပြောသောအခါ ထိုအမျိုးသမီးများသည် ထိုခင်ပွန်းကို မိမိတို့အတွက် လုယူနိုင်ဖို့ ဆန္ဒရှိကာ မခံမရပ်နိုင်အောင် မနာလိုဖြစ်သည်။ ၎င်းတို့သည် မထူးခြားဘဲ သာမန်ဖြစ်သော ဘဝတွင် နေထိုင်ရန် တကယ်ကို မလိုလားကြချေ။ သင်သည် ဤချို့ယွင်းချက်ကို ပြသခဲ့ဖူးသလော။ (ပြဖူးပါသည်။) ဘုရားသခင်သည် အမှုတော်ကို ဆောင်ရွက်၍ လူတို့ကို ကယ်တင်သည့်အခါ စိတ်လှုပ်ရှားဖွယ်ရာ၊ စိတ်လှုပ်ရှားစရာ အပိုင်းများ ထိုမျှမများလှဘဲ သူသည် သင့်အတွက် အံ့အားသင့်စရာများကို ဖန်တီးမည်မဟုတ်ပေ။ ယင်းသည် မထူးခြားဘဲ သာမန်ဖြစ်သည်။ ယင်းမှာ လက်တွေ့ကျခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းသည် ခံစားချက် မလိုအပ်ပေ။ သင်၏စိတ်နှလုံးထဲတွင် လိုက်စားမှု ရှိနေသရွေ့၊ ပြီးလျှင် သင်လျှောက်လှမ်းနေသော လမ်းကြောင်းသည် သွေဖည်ခြင်း ရှိမရှိ၊ သင်ထမ်းဆောင်သော တာဝန်တွင် လူ့အမှားကြောင့် ဖြစ်သော လစ်ဟင်းမှုများ သို့မဟုတ် ဆုံးရှုံးမှုများ ရှိမရှိကို အခါအားလျော်စွာ ဆန်းစစ်ခြင်း၊ ဤအချိန်အတောအတွင်း ညီအစ်ကိုမောင်နှမများ၌ သင်ချို့တဲ့နေသည့် တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်သော ထိုးထွင်းအမြင် သို့မဟုတ် သိမြင်မှုအသစ်များ ရှိမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ သင်၏သဘောပေါက်နားလည်မှုတွင် လွဲချော်မှုများ ရှိခဲ့ခြင်း ရှိမရှိ၊ ယင်းတို့ထဲတွင် သင်လက်လှမ်းမမီနိုင်သော၊ သို့မဟုတ် သင်မတွေ့ကြုံဖူးသေးသော၊ သို့မဟုတ် လျစ်လျူရှုခဲ့သော အရာများ ရှိခဲ့ခြင်း ရှိမရှိ စသည်တို့နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သရွေ့၊ ထိုကဲ့သို့သော လမ်းခရီးများ၊ ပန်းတိုင်များနှင့် ဦးတည်ချက်များ အားလုံးသည် ပုံမှန်ဖြစ်ပြီး မှန်ကန်နေသရွေ့ ထိုမျှနှင့် လုံလောက်ပြီဖြစ်သည်။ သင်၏ အလုံးစုံ ဦးတည်ချက်သည် မှန်ကန်နေသရွေ့ ထိုမျှနှင့် လုံလောက်ပြီဖြစ်သည်။ စိတ်လှုပ်ရှားမှုကို မရှာဖွေနှင့်၊ အံ့အားသင့်စရာများကိုလည်း မမျှော်လင့်နှင့်။ မည်သူကမျှ သင့်ကို အံ့အားသင့်စေမည် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းသည် သာမန်လူများ မိမိတို့၏ အသက်တာတွင် အသက်ရှင်နေထိုင်သည့်အတိုင်းပင် ဖြစ်သည်။ အချိန်အများစုတွင် ထူးခြားမှုမရှိလှပေ။ အကြောင်းမှာ သင်သည် သဘာဝလွန် မည်သည့်အရာမျှမရှိ၊ လက်တွေ့ဘဝနှင့် ကင်းကွာသောအရာလည်း မည်သည့်အရာမျှ မရှိသည့် ဤလောက၌ အသက်ရှင်နေထိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ပင် သာမန်ဖြစ်လှပေသည်။ သို့သော် ဤသို့ ထူးခြားမှုမရှိသော အသက်တာမျိုးနှင့် မယုံကြည်သူတို့၏ အသက်တာတို့အကြားတွင် ကွာခြားချက်တစ်ခု ရှိသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်၍ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အစဉ်မပြတ် လေ့လာသိရှိနေသည်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို အစဉ်မပြတ် ပြုပြင်ပြီး ပြောင်းလဲနေသည်၊ ပြီးလျှင် သင် နားမလည်သော သမ္မာတရားများကို အစဉ်မပြတ် လေ့လာနေပြီး သင် မသိသော သို့မဟုတ် နားမလည်သော သမ္မာတရားများကို သိရှိပြီး လက်ခံနေသည်။ ထိုသည်မှာ ကွာခြားချက်ပင် ဖြစ်သည်။ ထိုသည်မှာ အတော်ပင် ကြီးမားသော ကွာခြားချက်တစ်ခု ဖြစ်နေပေပြီ။ သို့ဖြစ်၍ သင်သည် အခြားမည်သည့်အရာကို တောင်းဆိုနိုင်ဦးမည်နည်း။ ဘုရားသခင်၏ အိမ်တော်၌လည်းကောင်း၊ အသင်းတော်၌လည်းကောင်း၊ သင်၏ ပတ်ဝန်းကျင်၌လည်းကောင်း လုံလောက်သော အမှုအရာများ မဖြစ်ပျက်သလော။ ဘုရားသခင်၏ အမှုတော် အစပြုသည့်အချိန်မှစ၍ ယခုအချိန်အထိ ဖြစ်ပျက်ခဲ့သော အမှုအရာများသည် လူတို့အတွက် ဆင်ခြင်သုံးသပ်ရန် လုံလောက်ပေသည်။ နေ့ရက်တို့သည် အလွန်လျင်မြန်စွာ ကုန်လွန်သွားသည်။ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားပြီး နောက်ထပ် မျက်စိတစ်မှိတ်အတွင်းမှာပင် အနှစ်သုံးဆယ်၊ အနှစ်ငါးဆယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ထိုမျှသည် လူတစ်ဦး၏ ဘဝတစ်သက်တာ ဖြစ်ပေသည်။ အခြားမည်သည့် စိတ်လှုပ်ရှားမှုကို ရှာဖွေရန် ရှိသေးသနည်း။ ဤအမှုအရာများသည် အတော်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။ သင်၏ ပတ်ဝန်းကျင်၌ ဖြစ်ပျက်သမျှသော အမှုအရာအားလုံးသည် သင့်ကို တစ်မူထူးခြားသောအရာများကို ရှာဖွေတွေ့ရှိစေရန်၊ သမ္မာတရားကို ဖော်ထုတ်တွေ့ရှိရန်နှင့် သင့်အတွက် အံ့အားသင့်စရာ ဖြစ်စေရန် အခွင့်ပေးသင့်သည်။ ယင်းက ထူးခြားမှုမရှိခြင်း မဟုတ်ပေ၊ မှန်သလော။ (မှန်ပါသည်၊ မဟုတ်ပါ။) သမ္မာတရားကို လိုက်စားခြင်းသည် စိတ်လှုပ်ရှားမှုကို ရှာဖွေခြင်း မဟုတ်ပေ။ ဤရုပ်ဝတ္ထုလောက၌ ၎င်းတို့၏ ပုံမှန်လူ့သဘာဝအတိုင်း အသက်ရှင်နေထိုင်သော လူတို့အတွက် ဤသို့ပင်ဖြစ်သည်။ စိတ်လှုပ်ရှားမှုကို လျှောက်မရှာဖွေနှင့်။ စိတ်လှုပ်ရှားမှုနှင့် ခံစားချက်ကို ရှာဖွေခြင်းသည် အလွန်ပင် အချိန်အားနေသောလူများက လုပ်ဆောင်သည့် အရာဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့၌ လူတို့သည် နေ့စဉ် သင်ယူစရာ သင်ခန်းစာအသစ်များ ရှိသည်။ အချို့ကမူ “သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ်သည် မသင်ယူနေရသနည်း” ဟု ဆိုလိမ့်မည်။ ဤသို့ဆိုလျှင် သင်၏ တိုးတက်မှုသည် အနည်းငယ် နှေးကွေးနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်၌ လစဉ် သင်ယူစရာအရာများ ရှိလျှင် ထိုသည်မှာ လုံလောက်ပေသည်။ သင်သည် တိုးတက်မှုရှိနေပြီး သမ္မာတရားကို လိုက်စားနေသမျှ ကာလပတ်လုံး သင်၌ ပြစရာတစ်ခုခု ရှိနေလိမ့်မည်။ ဤမိတ်သဟာယဖွဲ့ခြင်းက ပြဿနာကို ဖြေရှင်းပြီးပြီလော။ (ဖြေရှင်းပြီးပါပြီ။) မည်သို့နည်း။ မည်သည့်နှုတ်ကပတ်တော်များက ယင်းကို ဖြေရှင်းပေးခဲ့သနည်း။ (ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကျွန်ုပ်၏ လိုက်စားမှု နောက်ကွယ်မှ ကျွန်ုပ်၏အမြင်ရှုထောင့်များသည် လက်တွေ့မကျကြောင်း၊ ကျွန်ုပ်၏လိုက်စားပုံသည် လက်တွေ့ကျသော နည်းလမ်းတစ်ခု မဟုတ်ကြောင်းကို သိရှိသွားသည့်အတွက် ဤပြဿနာသည် ဖြေရှင်းပြီးဖြစ်ပါသည်။ ကျွန်ုပ်သည် စိတ်လှုပ်ရှားမှုကို လိုက်စားရန် အစဉ်သဖြင့် ကြိုးစားကာ ခံစားချက်များကို အစဉ်သဖြင့် လိုက်စားပြီး ဘုရားသခင်ကို အယူအဆများ၊ စိတ်ကူးစိတ်သန်းများဖြင့်သာ ဆက်ဆံကာ သူနှင့်ပတ်သက်၍ ရိုသေလေးစားသော်လည်း အလှမ်းဝေးသော ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားခဲ့သည်။ သို့တိုင် လူတို့သည် ၎င်းတို့၏ အသက်ဝင်ရောက်မှုတစ်လျှောက်တွင် အားနည်းချက်များ ရှိမည်ဖြစ်ပြီး ထိုသို့ရှိနေစဉ်တွင်ပင် ထိုလူတို့ ကြီးထွားလာမည်ဖြစ်ကာ အခြေအနေအမျိုးမျိုးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်ကိုမူ လျစ်လျူရှုခဲ့သည်။ ယင်းမှာ ပုံမှန် ဖြစ်ပါသည်။) သင်သည် ယင်းကို မှန်ကန်စွာ နားလည်သဘောပေါက်သွားပြီ။ မည်သည့်အခြေအနေမျှ မပေါ်ပေါက်သေးသည့်အခါ လူတို့သည် ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ထမ်းဆောင်သင့်သည့်အတိုင်း ထမ်းဆောင်အပ်ပြီး ၎င်းတို့၏ လိုက်စားမှုကိုလည်း ဆက်သင့်သည့်အတိုင်း ဆက်လက် လိုက်စားသွားသင့်သည်။ စိတ်လှုပ်ရှားမှုကို မရှာဖွေနှင့်။ သို့မဟုတ် အမှုအရာများကို မခံစားနှင့်။ အလွန်အမင်း အာရုံခံစားလွယ်ခြင်းမျိုး မဖြစ်နှင့်၊ ပြီးလျှင် “အဘယ်ကြောင့် ယနေ့ ကျွန်ုပ် စိတ်မကြည်မလင် ဖြစ်နေရသနည်း။ ဪ၊ ဘုရားသခင်နှင့် ကျွန်ုပ်၏ ဆက်ဆံရေးသည် အလှမ်းဝေးနေပြီ။ ကျွန်ုပ် အမြန်ဆုတောင်းမှ ဖြစ်မည်” ဟု မပြောဆိုနှင့်။ ထိုသို့ အလွန်အမင်း အာရုံခံစားလွယ်ရန် မလိုအပ်ပေ။ ဘုရားသခင်သည် ဂရုမစိုက်ပေ။ သူသည် သင်၏ ထိုအသေးအဖွဲ ကိစ္စများကို အရေးမလုပ်ချေ။ သင်က “ကျွန်ုပ်သည် ရက်အတန်ကြာ ဆုမတောင်းခဲ့သော်လည်း ပြုမူလုပ်ဆောင်သည့်အခါတိုင်း စိတ်နှလုံးထဲ၌ ဘုရားသခင်ကို မကြာခဏ ရှာဖွေပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကိုလည်း ထိန်းသိမ်းထားပါသည်” ဟု ပြောကောင်းပြောနိုင်သည်။ ယင်းမှာ ပြဿနာမရှိ။ အချို့ကလည်း “ဪ၊ ကျွန်ုပ်သည် မိမိ၏တာဝန်နှင့် အလွန်အလုပ်များနေခဲ့သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုသည်မှာ ရက်အတန်ကြာပြီ” ဟု ပြောကြလိမ့်မည်။ သင်သည် ထိုလုပ်ထုံးလုပ်နည်းကို မလုပ်ဆောင်ဘဲ ယင်းကို လျစ်လျူရှုခဲ့သော်လည်း သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် တစ်လျှောက်တွင် ပြဿနာများစွာကို တွေ့ရှိခဲ့ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနည်းငယ်ကိုလည်း ထုတ်ဖော်ပြခဲ့ကာ ထိုကာလအတွင်း အခြားသူများ၏ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ခဲ့သဖြင့် သင်သည် များစွာ တိုးတက်ခဲ့သည်။ ထိုသည်မှာ စစ်မှန်သော အကျိုးအမြတ်တစ်ခု မဟုတ်လော။ သင်သည် သမ္မာတရားကို နားလည်ပြီး ယင်းကို ရရှိရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည် မဟုတ်လော။ ယင်းကို တိကျသော နည်းလမ်း သို့မဟုတ် ပုံစံတစ်ခုဖြင့် လုပ်ဆောင်ရန် မရမက တောင်းဆိုခြင်းသည် အဘယ်အသုံးဝင်မည်နည်း။ ကောင်းပြီ။ ယနေ့အတွက် မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် ငါတို့ အဆုံးသတ်မည်။ နှုတ်ဆက်လိုက်ပါသည်။ (ဘုရားသခင်ကို ကျေးဇူးတင်ပါသည်၊ နှုတ်ဆက်ပါသည်။)

၂၀၂၀ခုနှစ်၊ မေလ ၃၀

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။