အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၂) အခန်း နှစ်

အချို့သောသူတို့သည် သမိုင်းကို အနည်းငယ် လေ့လာထားကာ နိုင်ငံရေးအချို့ကို နားလည်သဘောပေါက်ကြပြီး တစ်ဖက်တွင် သူတို့သည် မိမိကိုယ်ကို ကြွားဝါလိုကြသည်၊ အခြားတစ်ဖက်တွင် သူတို့သည် ဤသို့ တွေးထင်ကြသည်။ “လူ့ဇာတိခံ ဘုရားသည် ဘုရား၏ အနှစ်သာရနှင့် သမ္မာတရားကို ပိုင်ဆိုင်တော်မူသည်။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားတော်မူသည်ဟူသော အချက်ကို သူသိရှိပြီး ထိုအတွင်းမှ အသေးစိတ်အချက်အလက်များကို နားလည်တော်မူသည်။ သို့ဖြစ်လျှင် ကျွန်ုပ်သည် နိုင်ငံရေးနှင့် သမိုင်းကို နားလည်ပါက ကိုယ်တော်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်လော။ ဤအရာခပ်သိမ်းနှင့်ပတ်သက်သော ကိုယ်တော်၏ သိလိုစိတ်ကို ဖြည့်ဆည်းပေးနိုင်မည်လော” သင့်ကို ငါပြောမည်၊ သင် မှားသည်။ ငါ အထူးသဖြင့် စက်ဆုပ်ရွံရှာဆုံးသော အရာမှာ ပထမဦးစွာ နိုင်ငံရေးဖြစ်ပြီး ဒုတိယအနေဖြင့် သမိုင်းဖြစ်သည်။ သင် သမိုင်းအကြောင်း ပြောဆိုလျှင် ဟာသမြောက်လျက် ပုံတိုပတ်စသဖွယ်ဖြစ်သော အဖြစ်အပျက်များကို မျှဝေလျှင် သို့မဟုတ် အချိန်ကုန်လွန်စေရန် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုလျှင် ယင်းမှာ ကိစ္စမရှိပေ။ သို့သော် သင်သည် ဤစကားများ၊ ဤကိစ္စရပ်များကို ငါနှင့် ဆွေးနွေးရန်၊ မျက်နှာလိုမျက်နှာရ လုပ်ရန်၊ ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်အတွက် အလေးအနက်ထားရမည့် အရာများအဖြစ် မှတ်ယူပါက သင် မှားသည်၊ ငါသည် ဤအရာများကို နားထောင်ရန် လုံးဝ ဆန္ဒမရှိပေ။ အချို့သောသူများက “ကိုယ်တော်သည် မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သောကြောင့် လူတို့အတွက် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး စုဝေးပွဲများကို ပြုလုပ်ပေးလေသည်။ စိတ်ထဲ၌ ကိုယ်တော် အနှစ်သက်ဆုံးသောအရာမှာ လောကတွင် ကြီးစွာသော ပရမ်းပတာဖြစ်ခြင်း ဖြစ်သည်။ ကိုယ်တော်သည် လောကကြီး အတော်အတန် ပရမ်းပတာ မဖြစ်မည်ကို စိုးရိမ်တော်မူသည်။ ဘေးအန္တရာယ်တစ်ခု ကျရောက်သည့်အခါတိုင်း ကိုယ်တော်သည် နောက်ကွယ်၌ မည်မျှ ဝမ်းမြောက်နေနိုင်သည်ကို မည်သူမျှ မသိပါ၊ မီးရှူးမီးပန်းများပင် ပစ်ဖောက်လျက် အောင်ပွဲခံနေနိုင်ဖွယ်ရှိသည်” ဟု တလွဲတွေးထင်ကြသည်။ သင့်ကို ငါပြောမည်၊ ထိုသို့ မဟုတ်ပေ။ အဆင်းနီသော နဂါးကြီး ပျက်စီးပြီး ပြိုလဲသွားလျှင်ပင် ငါသည် ငါ၏ မူလအခြေအနေအတိုင်း ဆက်လက်တည်ရှိနေမည်။ အချို့သောသူများက မေးကြသည်။ “အဆင်းနီသော နဂါးကြီး ပြိုလဲကျပါက ကိုယ်တော် ဝမ်းမြောက်တော်မူမည် မဟုတ်လော။ အဆင်းနီသော နဂါးကြီး ဖျက်ဆီးခံရပြီး ပြစ်ဒဏ်ခတ်ခံရသည့်အခါ ကိုယ်တော်သည် မီးရှူးမီးပန်းများ ဖောက်လုပ်ခြင်း မပြုသင့်သလော။ ဘုရားသခင် ရွေးချယ်ထားသော လူများနှင့်အတူ ကြီးကျယ်သော ပွဲတော်ကို ကျင်းပလျက် အတူတကွ ဂုဏ်ပြုခြင်း မပြုသင့်သလော။” ငါ့ကို ပြောလော့၊ ဤသည်မှာ ငါ လုပ်ဆောင်သင့်သည့် အရာလော။ ထိုသို့ ပြုလုပ်ခြင်းသည် မှန်ကန်သလော သို့မဟုတ် မှားယွင်းသလော။ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီမှု ရှိသလော။ အချို့က ဤသို့ ဆိုကြသည်။ “အဆင်းနီသော နဂါးကြီးသည် ဘုရားသခင် ရွေးချယ်ထားသော လူများကို အလွန်အမင်း ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ဘုရားသခင်အကြောင်း အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေခဲ့ပြီး ကိုယ်တော်၏ နာမတော်ကို အသရေဖျက်ခဲ့သည်၊ ဘုရားသခင်ကို ပြစ်မှားစော်ကားလျက် ဝေဖန်သုံးသပ်ခဲ့သည်။ ၎င်းသည် ၎င်းအား ဒဏ်ခတ်သည်ကို ခံရသည့်အခါ ကျွန်ုပ်တို့ အနည်းငယ် အောင်ပွဲခံခြင်း မပြုသင့်သလော” ဟု ဆိုကြသည်။ သင်တို့ အောင်ပွဲခံလျှင် ငါခွင့်ပြုသည်။ အကြောင်းမှာ သင်တို့၌ သင်တို့၏ စိတ်ခံစားချက်များ ရှိသောကြောင့် ဖြစ်သည်။ သင်တို့အားလုံးသည် ဝမ်းမြောက်ကြကာ သုံးရက်သုံးည မအိပ်ဘဲနေပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုဖို့၊ ဓမ္မသီချင်းများကို သီဆိုဖို့နှင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ချီးမွမ်းရန် ကခုန်ဖို့ အတူတကွ စုဝေးကြလျှင်၊ ဘုရားသခင်သည် ရန်သူတော်ဖြစ်သော အဆင်းနီသော နဂါးကြီးကို နောက်ဆုံးတွင် ဖျက်ဆီးပြီးဖြစ်ကာ ခြေအောက်တွင် နင်းချေပြီးဖြစ်သည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်း၏ နှိပ်ကွပ်ခြင်းနှင့် ညှဉ်းပန်းခြင်းကို လုံးဝ ခံစားရတော့မည် မဟုတ်ဘဲ၊ အိမ်ပြန်နိုင်ခြင်း မရှိတော့မည် မဟုတ်ဘဲ သူတို့၏ မိသားစုများထံ နောက်ဆုံးတွင် ပြန်နိုင်ကြသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကြလျှင် လူတိုင်း၏ စိတ်နေစိတ်ထားသည် နားလည်ဖွယ်ရာဖြစ်သည်။ သင်တို့သည် ဤနည်းလမ်းဖြင့် အောင်ပွဲခံလျက် စိတ်အပန်းဖြေလိုလျှင် ငါ သဘောတူညီသည်။ သို့သော် ငါ့အဖို့မူကား ငါ လုပ်ဆောင်သင့်သည့် အရာကိုသာ လုပ်ဆောင်မည် ဖြစ်သည်။ ငါသည် ဤလုပ်ဆောင်မှုများတွင် ပါဝင်မည်မဟုတ်။ အချို့သောသူများက မေးကြသည်။ “ကိုယ်တော်သည် အဘယ်ကြောင့် ဤသို့သော သဘောထားမျိုး ရှိရပါသနည်း။ ဤသည်မှာ လူတို့၏ စိတ်ဓာတ်ကို ထိုင်းမှိုင်းစေသည် မဟုတ်လော။ ကိုယ်တော်သည် အဘယ်ကြောင့် စိတ်အားထက်သန်မှု အနည်းငယ်ကိုမျှ မပြသရသနည်း။ အရေးကြီးဆုံးသော အခိုက်အတန့်တွင် ကိုယ်တော် ရှိမနေပါက ကျွန်ုပ်တို့သည် မည်သို့ အောင်ပွဲခံနိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ အောင်ပွဲခံခြင်းသည် မမှားယွင်းပေ။ သို့သော် ငါတို့ ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့ရန် လိုအပ်သည့် အချက်တစ်ချက် ရှိသည်။ အဆင်းနီသော နဂါးကြီးသည် ပြစ်ဒဏ်ပေးခြင်း ခံရပြီး ဘုရားသခင်က ၎င်းကို ဖယ်ရှားရှင်းလင်းခဲ့သည်ဟု ဆိုကြပါစို့။ တစ်ချိန်က ဘုရားသခင် ရွေးချယ်ထားသော လူများကို စုံလင်အောင်ပြုရန် အစေခံခဲ့သော ဤနတ်ဆိုးဘုရင်သည် ဖျက်ဆီးခြင်းခံရလျက် အမြစ်ပြတ် ချေမှုန်းခြင်း ခံခဲ့ရသည်။ သို့ဆိုလျှင် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ ဝိညာဉ်ရင့်ကျက်မှုသည် မည်သို့ ရှိသနည်း။ သင်တို့သည် သမ္မာတရားကို မည်မျှ နားလည်သဘောပေါက်ပြီးပြီနည်း။ သင်တို့အားလုံးသည် သင်တို့၏ တာဝန်များကို စံနှုန်းပြည့်မီစွာ ထမ်းဆောင်နိုင်ကြလျှင်၊ အားလုံးက စံနှုန်းပြည့်မီသော ဖန်ဆင်းခံများ ဖြစ်ကြလျှင်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ကြလျှင်၊ လူတစ်ဦးစီသည် ယောဘနှင့် ပေတရုတို့၏ ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်ကြသဖြင့် ကယ်တင်ခြင်းခံရပြီးသူများအားလုံး ဖြစ်ကြလျှင် ယင်းမှာ အမှန်ပင် ဝမ်းမြောက်ဖွယ်ရာ အခိုက်အတန့်ဖြစ်ပြီး အောင်ပွဲခံထိုက်သည့် အရာ ဖြစ်ပေသည်။ သို့ရာတွင် တစ်နေ့သောအခါ၌ အဆင်းနီသော နဂါးကြီးသည် ပြိုလဲကျပြီး သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သင်တို့၏ တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်သည့် အဆင့်သို့ မရောက်ရှိသေးပါက၊ သင်တို့၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိသေးလျှင်၊ မကောင်းမှုကို မရှောင်နိုင်လျှင်၊ ယောဘနှင့် ပေတရုတို့၏ ဝိညာဉ်ရင့်ကျက်မှုမှ အလွန်တရာ ကွာဝေးနေလျှင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း မရှိဘဲ စံနှုန်းပြည့်မီသော ဖန်ဆင်းခံများအဖြစ် မှတ်ယူ၍ မရနိုင်သေးလျှင် သင်တို့အတွက် ဝမ်းမြောက်စရာ အဘယ်အရာ ရှိသေးသနည်း။ ဤသည်မှာ အချည်းနှီးသော ပျော်ရွှင်မှု၌ ပျော်မွေ့ခြင်းမျှသာ မဟုတ်လော။ ထိုသို့သော အောင်ပွဲခံခြင်းသည် အဓိပ္ပာယ်မဲ့ပြီး တန်ဖိုးကင်းမဲ့ပေလိမ့်မည်။ အချို့သောသူများက ဤသို့ ပြောကြသည်။ “အဆင်းနီသော နဂါးကြီးသည် ကျွန်ုပ်တို့ကို အလွန်အမင်း ညှဉ်းပန်းနှိပ်စက်ပါသည်။ ကျွန်ုပ်တို့ ၎င်းကို မုန်းတီးခြင်းမှာ သင့်လျော်သည် မဟုတ်ပါလော။ ၎င်း၏ အနှစ်သာရကို အသိအမှတ်ပြုခြင်းမှာလည်း သင့်လျော်သည် မဟုတ်ပါလော။ ၎င်းသည် ကျွန်ုပ်တို့ကို အလွန်အမင်း ညှဉ်းပန်းနှိပ်စက်ခဲ့ပါသည်၊ ၎င်း ဖယ်ရှားရှင်းလင်းခြင်း ခံရသည့်အခါ ကျွန်ုပ်တို့ အဘယ်ကြောင့် ဝမ်းမြောက်၍မရနိုင်ရမည်နည်း” ဟု ဆိုကြသည်။ ဝမ်းမြောက်ခြင်းမှာ အဆင်ပြေသည်၊ သင်တို့၏ စိတ်ခံစားချက်များကို ဖော်ပြခြင်းမှာ အဆင်ပြေသည်။ သို့ရာတွင် သင်က အဆင်းနီသော နဂါးကြီး၏ ပျက်စီးခြင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ခြင်းကို ဆိုလိုသည်ဟုလည်းကောင်း၊ လူသားမျိုးနွယ်သည် ကယ်တင်ခြင်း ခံရပြီးဖြစ်သည်ဟုလည်းကောင်း သင်တွေးထင်လျှင် အဆင်းနီသော နဂါးကြီး၏ ပျက်စီးခြင်းကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် ပြီးမြောက်ခြင်းအပြင် သင်၏ ကိုယ်ပိုင် ကယ်တင်ခြင်းနှင့် စုံလင်ခြင်းနှင့် တူညီသည်ဟု ထင်မှတ်ခြင်းဖြစ်သည့် ဤနားလည်သဘောပေါက်မှုသည် မှားယွင်းသည် မဟုတ်လော။ (မှားယွင်းပါသည်။) သို့ဆိုလျှင် သင်တို့သည် ယခုအခါ အဘယ်အရာကို နားလည်သဘောပေါက်ကြသနည်း။ ဘုရားသခင်၏ ရန်သူဖြစ်သော အဆင်းနီသော နဂါးကြီးနှင့် ပတ်သက်၍ ၎င်း၏ ကံကြမ္မာနှင့် ၎င်း၏ အခြေအနေသည် ဘုရားသခင်၏ ကိစ္စရပ်များသာ ဖြစ်ကြပြီး ၎င်းတို့သည် သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းကို သို့မဟုတ် ကယ်တင်ခြင်းကို လိုက်စားခြင်းနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိချေ။ အဆင်းနီသော နဂါးကြီးသည် အဖြည့်ခံတစ်ခု၊ ဝန်ဆောင်မှုပေးသည့် အရာတစ်ခုမျှသာ ဖြစ်သည်၊ ၎င်းသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို ခံရသည်။ ၎င်းသည် မည်သည့်အရာကို လုပ်ဆောင်သည်၊ အစေခံမှုပေးရန် ဘုရားသခင်က ၎င်းအား မည်သို့ အသုံးပြုတော်မူသည်မှာ ဘုရားသခင်၏ ကိစ္စရပ်ဖြစ်ပြီး လူသားများနှင့် သက်ဆိုင်ခြင်း မရှိချေ။ ထို့ကြောင့် သင်သည် ၎င်း၏ ကံကြမ္မာကို အလွန်အကျွံ အရေးစိုက်ကာ ၎င်းက သင်၏ စိတ်နှလုံးကို အာရုံထွေပြားသွားစေပါက ဒုက္ခ၊ ပြဿနာတစ်ရပ် ရှိနေသည်။ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီးနှင့် နတ်ဆိုးများအားလုံးနှင့် စာတန်များအားလုံး အပါအဝင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားတော်မူသည်၊ ထို့ကြောင့် နတ်ဆိုးများနှင့် စာတန်များ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ မည်သို့ပင် ရှိနေသည်ဖြစ်စေ သင်၏ အသက်ဝင်ရောက်မှု သို့မဟုတ် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။ သင်နှင့် အဘယ်အရာက သက်ဆိုင်သနည်း။ သင်သည် ဘုရားသခင်ကို ၎င်း၏ အတိုက်အခံပြုခြင်းနှင့်ပတ်သက်သော ကောက်ကျစ်ဆိုးယုတ်သော၊ ရက်စက်ကြမ်းကြုတ်သော အနှစ်သာရကိုလည်းကောင်း၊ ဘုရားသခင်အား ရန်လိုခြင်းနှင့် ဘုရားသခင်၏ ရန်သူဖြစ်ခြင်းဟူသော ၎င်း၏ အနှစ်သာရကို အသိအမှတ်ပြုရန်ကိုလည်းကောင်း လိုအပ်လေသည်။ ဤသည်သာလျှင် သင် နားလည်ရန် လိုအပ်သည့်အရာ ဖြစ်သည်။ ကျန်ရှိသော အကြောင်းအရာများအတွက်မူ ဘုရားသခင်သည် ၎င်းအပေါ် မည်သို့သော ဘေးအန္တရာယ်များ ကျရောက်စေသည်၊ ဘုရားသခင်သည် ၎င်း၏ ကံကြမ္မာကို မည်သို့ စီစဉ်ညွှန်ကြားတော်မူသည်မှာ သင်နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိ၊ ပြီးလျှင် ယင်းကို သိရှိခြင်းသည်လည်း အသုံးဝင်မည် မဟုတ်ပေ။ အဘယ်ကြောင့် အသုံးမဝင်သနည်း။ အကြောင်းမှာ သင် သိရှိလျှင်ပင် ဘုရားသခင်သည် ထိုသို့သော နည်းလမ်းဖြင့် အဘယ်ကြောင့် ပြုမူဆောင်ရွက်သည်ကို သင် နားလည်မည်မဟုတ်ချေ။ ယင်း၏ နောက်ကွယ်မှ သမ္မာတရားကို သင်သည် လုံးလုံးလျားလျား သိမြင်နိုင်မည် မဟုတ်။ ငါသည် ဤအကြောင်းအရာကို ဤအတိုချုပ် မှတ်ချက်များဖြင့် ဤနေရာ၌ အဆုံးသတ်မည်။

အန္တိခရစ်တို့၏ မျက်နှာလို မျက်နှာရလုပ်ခြင်း၊ မြှောက်ပင့်ပြောဆိုခြင်းနှင့် နားဝင်ချိုသော စကားများကို အသုံးပြုသည့် သရုပ်သကန်များသည် သာမန် ဖောက်ပြန်ပျက်စီးသော လူများ၌လည်း တွေ့ရသည်မှာ မှန်ပေသည်၊ သို့သော် အန္တိခရစ်တို့နှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူတို့ကြား ခြားနားချက်မှာ မည်သို့နည်း။ သူတို့၏ မျက်နှာလို မျက်နှာရလုပ်ခြင်း၊ မြှောက်ပင့်ပြောဆိုခြင်းနှင့် နားဝင်ချိုသော စကားများတွင် လေးစားမှု မရှိ၊ စစ်မှန်မှု မရှိပေ။ ထိုအစား သူတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို လှည့်စားရန်၊ စမ်းသပ်ရန်နှင့် အသုံးချရန် ရည်ရွယ်ကြသဖြင့် ဤကျင့်ကြံပြုမူမှုများ ဖြစ်လာစေသည်။ သူတို့၌ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိကြသည်။ သူတို့သည် မိမိတို့ မျက်မှောက်၌ မြင်တွေ့နေရသော သာမန်လူပုဂ္ဂိုလ်အား မျက်နှာလို မျက်နှာရလုပ်ခြင်း၊ မြှောက်ပင့်ပြောဆိုခြင်းနှင့် နားဝင်ချိုသော စကားများမှတစ်ဆင့် လှည့်စားရန်၊ ခရစ်တော်ကို လှည့်ဖြားရန်၊ သူတို့၏ စစ်မှန်သော ပကတိအခြေအနေကိုလည်းကောင်း၊ ၎င်းတို့၌ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိသည်၊ မည်သည့်တည်ကြည်မှုမျိုး၊ မည်သည့်အနှစ်သာရမျိုးကို ပိုင်ဆိုင်ကြသည်၊ မည်သည့် လူအမျိုးအစားအောက်တွင် ပါဝင်သည်ကို ခရစ်တော် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိစေရန် ကြိုးပမ်းကြသည်။ သူတို့သည် လှည့်ဖြားလိုကြပြီး လိမ်လည်လိုကြသည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့၏ မျက်နှာလို မျက်နှာရလုပ်ခြင်း၊ မြှောက်ပင့်ပြောဆိုခြင်းနှင့် နားဝင်ချိုသော စကားများတွင် စစ်မှန်သော စကားတစ်ခွန်းတလေ ပါရှိသလော။ တစ်ခွန်းတလေမျှ မပါရှိချေ။ အန္တိခရစ်တို့၏ ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်မှာ လိမ်ညာရန်၊ လှည့်စားရန်နှင့် လှည့်ဖြားရန် ဖြစ်သည်။ ဤကျင့်ကြံပြုမူမှုများသည် အန္တိခရစ်တို့ သမ္မာတရားကို မထီမဲ့မြင်ပြုခြင်း၏ အနှစ်သာရပင် မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့က သာမန်လူသားအားလုံးသည် နှစ်လိုဖွယ်သော စကားများကို ကြားနာလိုကြသည်၊ မြှောက်ပင့်ပြောဆိုခြင်းကို နှစ်သက်ကြသည်၊ အခြားသူများ မိမိတို့ရှေ့၌ ခယဝပ်တွားသည်ကို နှစ်သက်ကြသည်၊ ဤသည်က သူတို့အား အရေးပါသည့် စိတ်ခံစားချက်ကို ပေးပြီး သူတို့၏ အဆင့်အတန်းကို သာမန်လူများထက် ပိုမို လေးစားဖွယ်ကောင်းလျက် ကြီးမြတ်ပုံပေါက်စေသည်ဟု ထင်မှတ်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ တစ်စုံတစ်ဦးသည် ခရစ်တော်၏ ရှေ့တော်မှောက်၌ အလွန်အကျွံ ကျွန်သဖွယ် ပြုမူကျင့်ကြံလျှင်၊ တည်ကြည်မှုနှင့် သိက္ခာ ကင်းမဲ့လျှင်၊ ဝေ့လည်ကြောင်ပတ် စကားပြောဆိုလျှင်၊ အစဉ်သဖြင့် လိမ်လည်လှည့်ဖြားရန် ကြိုးပမ်းလျှင်၊ အဖြစ်မှန်များကို အစဉ်သဖြင့် ဖုံးကွယ်ရန် ကြိုးပမ်းလျှင်၊ ဟန်ဆောင်ခြင်းနှင့် မမှန်မကန်ပြုခြင်းဖြင့် ခရစ်တော်ကို ဆက်ဆံလျှင် ခရစ်တော်သည် ဤအရာ တစ်ခုတလေကိုမျှ လက်ခံမည် မဟုတ်သည်သာမက ကိုယ်တော်သည် စိတ်နှလုံးထဲ၌ သင်နှင့်ပတ်သက်၍ စိတ်အနှောင့်အယှက် ဖြစ်လိမ့်မည်။ မည်သည့်အတိုင်းအတာအထိ ဖြစ်မည်နည်း။ ဘုရားသခင်က ဤပုဂ္ဂိုလ်သည် ရွံရှာဖွယ်ကောင်းလှသည်၊ အမှန်တရား တစ်စုံတစ်ရာကိုမျှ မမြွက်ဟဘဲ မည်သို့မျက်နှာလိုမျက်နှာရ လုပ်ရမည်ကိုသာ စဉ်းစားနေတတ်သည်၊ တစ်စက်မျှမကောင်းဘဲ အပြုသဘောဆောင်သော ပုဂ္ဂိုလ် မဟုတ်ပေ။ ထိုသို့သော သူသည် ယုံကြည်အားကိုး၍ မရနိုင်၊ စိတ်ချယုံကြည်ထိုက်သူ မဟုတ်ဟု မိန့်တော်မူလိမ့်မည်။ ယုံကြည်အားကိုး၍ မရနိုင်၊ စိတ်ချယုံကြည်ထိုက်သူ မဟုတ်၊ ဤသည်မှာ ထိုသို့သော လူများအတွက် ပေးထားသော အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ အပေါ်ယံအားဖြင့် ကြည့်လျှင် ယင်းမှာ ဤစကားစုနှစ်ခုမျှသာ ဖြစ်သည်၊ သို့သော် လက်တွေ့၌မူ ထိုသို့သော ပုဂ္ဂိုလ်သည် သမ္မာတရားကို မချစ်မြတ်နိုးပေ၊ သမ္မာတရားကို မရရှိနိုင်ပေ၊ ကယ်တင်ခြင်း ခံရဖွယ်လည်း မရှိပေ။ အကယ်၍ ထိုသူသည် သမ္မာတရားကို မရရှိနိုင်ဘဲ ကယ်တင်ခြင်း ခံရဖွယ် မရှိပါက ထိုသို့သော ပုဂ္ဂိုလ်တစ်ဦး ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးပါမှုနှင့် တန်ဖိုးသည် အဘယ်သို့ ရှိမည်နည်း။ အကယ်၍ သူတို့သည် နှောင့်ယှက်ခြင်းများ သို့မဟုတ် အဖျက်အမှောင့် လုပ်ခြင်းများကို မပြုလုပ်ပါက သူတို့သည် အဆင်းနီသော နဂါးကြီးကဲ့သို့ပင် ဘုရားသခင်၏ အိမ်တော်၌ အဖြည့်ခံ သို့မဟုတ် ဝန်ဆောင်မှုပေးသည့်အရာ၏ အခန်းကဏ္ဍမှသာ ပါဝင်နိုင်ကြသည်။ တစ်စုံတစ်ခု၏ အခန်းကဏ္ဍမှ ပါဝင်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ယာယီအားဖြင့် သူတို့ တတ်နိုင်သမျှ အတိုင်းအတာအထိ သွားခြင်း၊ လှည်းဆွဲသည့်အလား လှည်းမမှောက်သရွေ့ ဆက်လက်ဆွဲနေခြင်းကို ဆိုလိုပေသည်။ အဘယ်ကြောင့် သူတို့ကို အခန်းကဏ္ဍတစ်ခုမှ ပါဝင်စေရသနည်း။ အကြောင်းမှာ ထိုသို့သော လူများသည် သမ္မာတရားကို မလိုက်စားသောကြောင့် ဖြစ်သည်။ သူတို့သည် စိတ်နှလုံးထဲ၌ သမ္မာတရားကို အလွန်တရာ မထီမဲ့မြင်ပြုပြီး အထင်အမြင်သေးကြသည်၊ သမ္မာတရားကို အလွန်တရာ လှောင်ပြောင်ပြီး လှည့်စားကြသဖြင့် သူတို့၏ နောက်ဆုံးသော အဆုံးသတ်သည် အဆုံးတိုင် မရောက်ရှိနိုင်ကြဘဲ ပေါလုကဲ့သို့ ဖြစ်မည်မှာ အသေအချာဖြစ်သည်။ ထို့ကြောင့် ဤလူအမျိုးအစားသည် ဘုရားအိမ်တော်၌ ယာယီ အစေခံသူများအဖြစ်သာ ပါဝင်နိုင်ကြသည်။ ရှုထောင့်တစ်ခုမှ ကြည့်လျှင် သူတို့သည် သမ္မာတရားကို အမှန်တကယ် လိုက်စားသောသူများအား ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် နားလည်သဘောပေါက်မှု တိုးပွားလာစေသည်။ အခြား ရှုထောင့်တစ်ခုမှ ကြည့်လျှင် သူတို့သည် ဘုရားအိမ်တော်၌ မိမိတို့ တတ်စွမ်းနိုင်သမျှသော အလုပ်ကို လုပ်ဆောင်ကြပြီး တတ်နိုင်သမျှ အစေခံကြသည်၊ အကြောင်းမှာ ထိုသို့သော လူများသည် လမ်းခရီး၏ အဆုံးသို့ ရောက်ရှိနိုင်ကြမည် မဟုတ်သောကြောင့် ဖြစ်သည်။

တစ်နေ့သ၌ ငါ အပြင်ထွက်သွားစဉ် အသိမိတ်ဆွေတစ်ဦးနှင့် ကြုံဆုံခဲ့သည်။ ငါ စကားမစနိုင်မီတွင်ပင် သူက ငါ့အား ဦးစွာ မေးမြန်းခဲ့သည်။ “ကျွန်ုပ်တို့ နောက်ဆုံး တွေ့ဆုံခဲ့ပြီးသည့်နောက် အချိန်ကာလ အတန်ကြာခဲ့ပြီဖြစ်သည်။ ကျွန်ုပ်သည် ကိုယ်တော့်ကို ဤနေရာ၌ နေ့စဉ်နေ့တိုင်း စောင့်မျှော်ခဲ့ပါသည်၊ ကိုယ်တော့်ကို အလွန်တရာ သတိရလွမ်းဆွတ်နေသဖြင့် အိမ်၌ပင် မနေနိုင်တော့ပါ။ ဤနေရာ၌ သွားလာနေကြသော လူအုပ်များကြားတွင် ကိုယ်တော့်ကိုသာ အစဉ်သဖြင့် ရှာဖွေနေခဲ့မိပါသည်” ဟု ဆိုသည်။ ငါ့ စိတ်ထဲ၌ တွေးလိုက်မိသည်မှာ ဤပုဂ္ဂိုလ်သည် စိတ်ပိုင်းဆိုင်ရာ အနည်းငယ် ချို့ယွင်းနေဖွယ်ရှိသည်။ ငါသည် သင်နှင့် ကြိုတင်ချိန်းဆိုထားခဲ့သလော။ အဘယ်ကြောင့် သင်သည် ငါ့ကို ဤနေရာ၌ နေ့စဉ်နေ့တိုင်း စောင့်မျှော်နေရမည်နည်း။ ငါတို့ ကြုံဆုံမိခဲ့ကြပြီ ဖြစ်သောကြောင့် အရေးပါသော အကြောင်းအရာတစ်ခုခုကို ပြောဆိုကြပါစို့။ ငါက သူ့ကို မေးခဲ့သည်။ “ယခုတလောတွင် မည်သို့ရှိနေခဲ့သနည်း” ဟူ၍ ဖြစ်သည်။ သူက “အို၊ ပြောကိုမပြောချင်ပါဘူး။ ကျွန်ုပ်တို့ နောက်ဆုံး တွေ့ဆုံခဲ့ပြီးသည့်နောက်ပိုင်း ကိုယ်တော့်အကြောင်းကိုသာ အစဉ်တစိုက် စွဲလမ်းနေသဖြင့် စားမဝင် အိပ်မပျော် ဖြစ်ခဲ့ရပါသည်။ တစ်နေ့သောအခါ၌ ကိုယ်တော့်ကို တွေ့မြင်ခွင့်ရရန်သာ မျှော်လင့်တကြီး စောင့်စားနေခဲ့ခြင်း ဖြစ်ပါသည်” ဟု ပြန်လည်ဖြေကြားခဲ့သည်။ ငါက “အရေးပါသော အကြောင်းအရာတစ်ခုခုကို ပြောဆိုကြပါစို့။ ဤကာလအပိုင်းအခြားအတွင်း သင်၏ အခြေအနေမှာ မည်သို့ရှိသနည်း” ဟု ပြောခဲ့သည်။ “အတော်အတန် ကောင်းမွန်ပါသည်။ အဆင်ပြေပါသည်” “သင်တို့၏ အသင်းတော်၌ ရွေးကောက်ပွဲများ ကျင်းပပြီးပြီလော။ ယခင် ခေါင်းဆောင်ပင်လော။” “မဟုတ်ပါ၊ သူတို့သည် မည်သူမည်ဝါကို ရွေးချယ်တင်မြှောက်လိုက်ကြပါသည်” “သူသည် အဘယ်သို့ရှိသနည်း” “သူ အဆင်ပြေပါသည်” “သို့ဆိုလျှင် ယခင် အသင်းတော်ခေါင်းဆောင်ကို အဘယ်ကြောင့် ဖြုတ်ချလိုက်ရသနည်း” “အတိအကျ မပြောနိုင်ပါ၊ သူလည်း အဆင်ပြေပါသည်” “ပို၍ တိတိကျကျ ပြောဆိုလော့၊ ‘အဆင်ပြေပါသည်’ ဟုသာ ထပ်ခါတလဲလဲ မဆိုနှင့်။ သူသည် တိကျခိုင်မာသော အလုပ်ကို မလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်သလော” “သူအဆင်ပြေသည်ဟု ကျွန်ုပ် ထင်ခဲ့သည်” “အသစ် ရွေးချယ်တင်မြှောက်လိုက်သော ခေါင်းဆောင်၏ လူ့သဘာဝနှင့် ပတ်သက်၍မူ မည်သို့နည်း။ သူ၏ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းက မည်သို့ရှိသနည်း။ သူသည် တိကျခိုင်မာသော အလုပ်ကို လုပ်ဆောင်နိုင်မည်လော။” “သူ အဆင်ပြေပါသည်” ငါ သူ့ကို မည်သည့်အရာကို မေးမြန်းသည်ဖြစ်စေ သူ၏ အဖြေမှာ အစဉ်သဖြင့် “အဆင်ပြေပါသည်” ဟူ၍သာ ဖြစ်နေခဲ့သည်၊ ဤသည်က စကားစမြည်ပြောဆိုရန် မဖြစ်နိုင်အောင် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ငါ ထွက်ခွာသွားခဲ့သည်။ ဤဇာတ်လမ်းနှင့်ပတ်သက်၍ သင်တို့ မည်သို့ ထင်မြင်ကြသနည်း။ ဤဇာတ်လမ်းကို မည်သို့သော ခေါင်းစဉ် တပ်သင့်သနည်း။ (“အဆင်ပြေပါသည်။”) ဤဇာတ်လမ်း၏ ခေါင်းစဉ်မှာ “အဆင်ပြေပါသည်” ဖြစ်သည်။ ငါသည် လူအများနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရာ၌ လူ့ဆင်ခြင်တုံတရားမှ စကားပြောဆိုသူမှာ အနည်းငယ်မျှသာ ရှိပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြောဆိုခြင်းကိုမူ ဆိုဖွယ်ရာပင် မရှိချေ။ လူအများစု၏ နှုတ်ဖျားတွင် လိမ်လည်လှည့်ဖြားသော စကားများ၊ အဓိပ္ပာယ်မဲ့သော စကားများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စကားများနှင့် မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲသော စကားများဖြင့်သာ ပြည့်နှက်နေကြသည်၊ မှန်ကန်သော စကားတစ်ခွန်းမျှ မရှိပေ။ သင် ပြောဆိုသည့် ဝါကျတိုင်းသည် သမ္မာတရားနှင့် ကိုက်ညီရန် သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှု ရှိရန် ငါ တောင်းဆိုနေခြင်းပင် မဟုတ်ပေ၊ သို့သော် အနည်းဆုံးအားဖြင့် သင်သည် လူသားတစ်ဦးကဲ့သို့ စကားပြောဆိုတတ်သင့်သည်၊ စိတ်ရင်းမှန် အနည်းငယ်ကို ပြသသင့်သည်၊ စစ်မှန်သော ခံစားချက် အနည်းငယ်ကို ပြသသင့်သည်။ ဤအရာများ မရှိပါက ဆွေးနွေးမှုတစ်ခု ရှိနိုင်မည်လော။ မရှိနိုင်ချေ။ သင်သည် အစဉ်သဖြင့် အနှစ်သာရကင်းမဲ့သော စကားများကို ပြောဆိုလျက် လိမ်လည်လှည့်ဖြားသော စကားများကို ဆိုသည်၊ အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ ပေါက်ကရ စကားများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စကားများ၊ စော်ကားသော စကားများနှင့် မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲသော စကားများအားလုံး ထွက်ပေါ်လာကြသည်၊ ထို့ပြင် မှန်ကြောင်းရှင်းချက်ထုတ်ခြင်းနှင့် ခုခံကာကွယ်ခြင်း စကားများအားလုံးလည်း ပေါ်ထွက်လာကြသည်၊ ဤသည်က သင့်မြတ်ရန် သို့မဟုတ် ဆက်သွယ်ပြောဆိုရန် မဖြစ်နိုင်အောင် ပြုလုပ်သည်၊ မှန်သည် မဟုတ်လော။ (ဟုတ်ပါသည်။)

လူများစွာတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကြပြီး ဤနှုတ်ကပတ်တော်များသည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့်သာ သက်ဆိုင်သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့်သာ သက်ဆိုင်သည်၊ လူတို့ မမြင်နိုင် မထိတွေ့နိုင်သော ထိုဘုရားသခင်တစ်ပါးတည်းနှင့်သာ သက်ဆိုင်သည်ဟု ယုံကြည်ကြသည်။ အကြောင်းမှာ ထိုဘုရားသခင်သည် အလွန်တရာ ဝေးကွာတော်မူသောကြောင့် သူ၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဟု ခေါ်ဆိုနိုင်လောက်အောင် အတော်အတန် နက်နဲသည်ဟု မှတ်ယူကြခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့၏ ရှေ့တွင်ရှိသော ဤသာမန်ပုဂ္ဂိုလ်၊ စကားပြောသည့်အခါ မြင်နိုင်ကြားနိုင်သော ပုဂ္ဂိုလ်သည် သမ္မာတရားနှင့်၊ ဘုရားသခင်နှင့်၊ သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရနှင့် အနည်းငယ်သာ သက်ဆိုင်ခြင်းရှိသည်ဟု ထင်မှတ်ကြသည်။ အကြောင်းမှာ သူသည် မြင်နိုင်ပြီး လူတို့နှင့် အလွန် နီးကပ်သောကြောင့် သူတို့၏ စိတ်နှလုံးများကိုဖြစ်စေ၊ မျက်စိများကိုဖြစ်စေ မည်သည့်နည်းနှင့်မျှ သက်ရောက်မှု မရှိသောကြောင့်၊ သူသည် သူတို့အား မည်သည့်ပဟေဠိဆန်သော သိလိုစိတ်ကိုမျှ မဖြစ်စေသောကြောင့် ဖြစ်သည်။ ဤသာမန်ဖြစ်သော၊ လက်ဆုပ်လက်ကိုင်ပြနိုင်သော၊ စကားပြောဆိုနိုင်သော ပုဂ္ဂိုလ်သည် နားလည်သဘောပေါက်ရန် အလွန် လွယ်ကူလွန်းပြီး အလွန် ပွင့်လင်းမြင်သာ ရှိလွန်းသည်ဟု လူတို့က ခံစားကြရသည်။ သူတို့သည် သူ့ကို တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက်မြင်နိုင်သည်၊ ရှင်းလင်းစွာ သိမြင်နိုင်သည်ဟုပင် ထင်မှတ်ကြသည်။ ရလဒ်အနေဖြင့် လူတို့သည် ခရစ်တော်ကို လူသားတစ်ဦးအား ဆက်ဆံသည့်နည်းအတိုင်း၊ အဆင့်အတန်း သို့မဟုတ် အာဏာရှိသော မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဆက်ဆံသည့်နည်းအတိုင်း အမှုမဲ့အမှတ်မဲ့ ဆက်ဆံကြသည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ခရစ်တော်ကို အဆင့်အတန်းနှင့် အာဏာရှိသော ဖောက်ပြန်ပျက်စီးသည့် လူသားများနှင့် မည်သို့လျှင် တန်းတူထား၍ရနိုင်မည်နည်း။ လူတို့သည် အဆင့်အတန်းနှင့် အာဏာရှိသော ဖောက်ပြန်ပျက်စီးသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို မျက်နှာလိုမျက်နှာရလုပ်ပြီး မြှောက်ပင့်ပြောဆိုသောအခါ သူတို့သည် အကျိုးအမြတ်များနှင့် ထိုသူတို့၏ နှစ်သက်မှုကို ရရှိကြသည်။ ဖောက်ပြန်ပျက်စီးသူတို့သည် ဤအရာကို နှစ်သက်ကြသည်၊ သူတို့သည် အခြားသူများ၏ မျက်နှာလိုမျက်နှာရ လုပ်ခြင်း၊ မြှောက်ပင့်ပြောဆိုခြင်းနှင့် ဖော်လံဖားခြင်းတို့ကို တောင့်တကြသည်၊ ယင်းမှာ သူတို့ကို ပို၍ မြင့်မြတ်ပြီး သာလွန်ပုံပေါက်စေကာ သူတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် အာဏာ တည်ရှိမှုကို ပို၍ သိသာထင်ရှားစေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်သော ခရစ်တော်မူကား လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ လူတစ်ဦးတွင် အဆင့်အတန်းနှင့် ကျော်ကြားမှု ရှိသောအခါ ယင်းမှာ သူတို့သည် မြင့်မြတ်သော အနှစ်သာရ သို့မဟုတ် စရိုက်ကို ပိုင်ဆိုင်သောကြောင့် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် မိမိတို့၏ ကျော်ကြားမှုနှင့် အဆင့်အတန်းကို ထုတ်ဖော်ပြသနိုင်ရန်အလို့ငှာ အခြားသူများက မိမိတို့ကို ရိုသေကိုးကွယ်ပြီး မြှောက်ပင့်ပြောဆိုစေရန် နည်းလမ်းမျိုးစုံကို အသုံးပြုရပေမည်။ ဆန့်ကျင်ဘက်အားဖြင့် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်သော ခရစ်တော်သည် မည်သည့်ဖန်ဆင်းခံ၏ အနှစ်သာရနှင့် အဆင့်အတန်းထက်မဆို မြင့်မားသော ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို ပင်ကိုအားဖြင့် ပိုင်ဆိုင်တော်မူသည်။ သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် ဓမ္မဓိဋ္ဌာန်ကျကျ တည်ရှိပြီး အသိအမှတ်ပြုမှုအတွက် မည်သည့်ဖန်ဆင်းခံ၏ မြှောက်ပင့်ချီးမွမ်းခြင်းကိုမျှ မလိုအပ်ပေ။ ထို့အတူ သူ၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရ၊ သို့မဟုတ် သူ၏ မြင့်မြတ်သော အဆင့်အတန်းကို ဖော်ပြရန်အတွက် မည်သည့်ဖန်ဆင်းခံ၏ မျက်နှာလိုမျက်နှာရ လုပ်ခြင်း သို့မဟုတ် မြှောက်ပင့်ပြောဆိုခြင်းကိုမျှလည်း သူ လိုအပ်တော်မူသည် မဟုတ်ပေ။ အကြောင်းမှာ ခရစ်တော်သည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်သည်ဆိုခြင်းမှာ ပင်ကိုအားဖြင့် အမှန်တရားတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်၊ ယင်းကို လူသားမျိုးနွယ်အလယ်၌ နှစ်ပေါင်းများစွာသော အတွေ့အကြုံမှတစ်ဆင့် ကြိုးစားရှာဖွေခဲ့ခြင်း ဖြစ်ဖို့ရန် မဆိုထားနှင့်၊ မည်သည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကမျှ သူ့အား ပေးအပ်ထားခြင်း မဟုတ်ချေ။ ဆိုလိုသည်မှာ ဖန်ဆင်းခံတစ်ဦးမျှ မရှိလျှင်ပင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် ရှိရင်းစွဲအတိုင်း ဆက်လက်တည်ရှိနေမည် ဖြစ်သည်၊ မည်သည့် ဖန်ဆင်းခံကမျှ ဘုရားသခင်ကို ကိုးကွယ်ခြင်း သို့မဟုတ် နောက်လိုက်ခြင်း မရှိလျှင်ပင် ဘုရားသခင်၏ အနှစ်သာရသည် မပြောင်းမလဲ တည်ရှိနေမည် ဖြစ်သည်။ ဤသည်မှာ မပြောင်းလဲသော အမှန်တရားတစ်ခု ဖြစ်သည်။ အန္တိခရစ်တို့သည် ခရစ်တော် မည်သည့်အရာကို ပြောဆိုသည် သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ၊ လူတို့သည် နားဝင်ချိုသော စကားများကို အသုံးပြုရမည်၊ အားပေးရမည်၊ နောက်လိုက်ရမည်၊ သူ၏ စိတ်ကြိုက်ဖြစ်စေရန် ဖော်လံဖားရမည် ဖြစ်ပြီး သူ၏ ရည်ရွယ်ချက်များကို မဆန့်ကျင်ရဟု တလွဲ ယုံကြည်ကြသည်၊ ဤသည်က ခရစ်တော်အား သူ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း တည်ရှိမှုကို ခံစားရစေနိုင်ဖွယ်ရှိသည်ဟု ထင်မှတ်ကြသည်။ ဤသည်မှာ ကြီးမားသော အမှားတစ်ခု ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အလယ်မှ ကျော်ကြားမှု၊ အာဏာနှင့် အဆင့်အတန်း ရှိသောသူ မည်သူမဆိုသည် သူတို့၏ ကျော်ကြားမှုနှင့် အာဏာကို မည်သို့ရရှိကြသနည်း။ (မျက်နှာလိုမျက်နှာရ လုပ်ခြင်းနှင့် မြှောက်ပင့်ခြင်းအားဖြင့် ဖြစ်ပါသည်။) ဤသည်မှာ ရှုထောင့်တစ်ရပ် ဖြစ်သည်။ ထို့အပြင် ယင်းမှာ အဓိကအားဖြင့် လူအများကြားမှ သူတို့၏ ရုန်းကန်ကြိုးပမ်းမှုများနှင့် ကြိုးစားအားထုတ်မှုများမှတစ်ဆင့်၊ ကြိုးကိုင်ညွှန်ကြားခြင်းမှတစ်ဆင့် ဖြစ်သည့်အပြင် နည်းလမ်းအမျိုးမျိုးမှတစ်ဆင့် ကြိုးစားရှာဖွေခြင်း သို့မဟုတ် လုယူခြင်းအားဖြင့်လည်း ဖြစ်သည်။ ယင်းမှာ လူအများကြားမှ ဂုဏ်သတင်းတစ်ခု၊ မြင့်မားသော ရာထူး သို့မဟုတ် အဆင့်အတန်းတစ်ခုမျှသာ ဖြစ်သည်။ ဤမြင့်မားသော ဂုဏ်သတင်း၊ မြင့်မားသော ရာထူးနှင့် မြင့်မားသော အဆင့်အတန်းတို့သည် လူတစ်ဦးအား လူအုပ်ကြားတွင် ထင်ပေါ်စေကာ ခေါင်းဆောင်တစ်ဦး၊ စီမံခန့်ခွဲပိုင်ခွင့်ရှိသော ဆုံးဖြတ်ချက်ချမှတ်သူတစ်ဦး ဖြစ်လာစေသည်။ သို့သော် လူအများကြားတွင် အခြားသူတို့အထက်၌ ရပ်တည်နေသော အဆင့်အတန်းနှင့် ကျော်ကြားမှုရှိသည့် ဤပုဂ္ဂိုလ်၏ အနှစ်သာရမှာ အဘယ်နည်း။ ထိုသူနှင့် အခြားသူများကြား မည်သည့် ခြားနားချက် ရှိသနည်း။ ထိုသူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် မည်သည့် သာမန် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးနှင့်မဆို တစ်ထပ်တည်း တူညီသည်၊ သူတို့သည် စာတန်၏ အာဏာအောက်၌ ဖောက်ပြန်ပျက်စီးခြင်းခံရသော သာမန်ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အပြုသဘောဆောင်သော အမှုအရာများကို သစ္စာဖောက်ဖျက်နိုင်စွမ်းရှိကာ အမှားအမှန်ကို ပြောင်းပြန်လှန်နိုင်စွမ်းရှိပြီး အဖြစ်မှန်များကို ဆန့်ကျင်၍ မကောင်းမှုကို ပြုကျင့်လျက် ဘုရားသခင်ကို အတိုက်အခံပြုကာ ကောင်းကင်ဘုံကို အာခံပြီး ကျိန်ဆဲနိုင်စွမ်း ရှိကြသည်။ သူတို့၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် အနှစ်သာရမှာ စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံရသော ပုဂ္ဂိုလ်၊ ဘုရားသခင်ကို အတိုက်အခံပြုနိုင်သော သူတစ်ဦး၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ ဖြစ်သည်၊ ဤသည်က သူတို့၏ ကျော်ကြားမှုနှင့် အဆင့်အတန်းကို အနှစ်မဲ့သော ဂုဏ်ပုဒ်များမျှသာ ဖြစ်စေသည်။ အတော်အတန် ရက်စက်သော၊ ကြမ်းကြုတ်သော၊ မလိုမုန်းထားစိတ် ရှိသော သူတို့၊ အဆင့်အတန်းနှင့် ကျော်ကြားမှုအတွက် အခြားသူတို့ကို သတ်ဖြတ်နိုင်သော သို့မဟုတ် ဒုက္ခပေးနိုင်သော သူတို့သည် မြင့်မားသော ရာထူးများကို ရရှိကြသည်။ ပရိယာယ်သုံးနိုင်သော၊ နည်းလမ်းများ ရှိသော၊ လျှို့ဝှက်ကြံစည်မှုများကို ကြံစည်နိုင်သော သူတို့သည် အခြားသူတို့အပေါ် ခေါင်းဆောင်များ ဖြစ်လာကြသည်။ ဤပုဂ္ဂိုလ်တစ်ဦးချင်းစီသည် သာမန် ဖောက်ပြန်ပျက်စီးသော လူတို့ထက် ပို၍ မလိုမုန်းထားစိတ်ရှိကာ ပို၍ ကြမ်းကြုတ်ပြီး ပို၍ ကောက်ကျစ်ဆိုးယုတ်ကြသည်။ သူတို့သည် မိမိတို့အား နားဝင်ချိုသော စကားများ၊ ဖော်လံဖားခြင်း၊ မျက်နှာလိုမျက်နှာရ လုပ်ခြင်းနှင့် မြှောက်ပင့်ပြောဆိုခြင်းတို့ဖြင့် ဆက်ဆံသည်ကိုသာ နှစ်သက်ကြ၏။ အကယ်၍ သင်သည် သူတို့အား သမ္မာတရားကို ပြောဆိုပါက သင်၏ အသက်သည် အန္တရာယ်ရှိပေမည်။ အန္တိခရစ်တို့သည် ဤလောကီဆိုင်ရာ ကစားပွဲ စည်းမျဉ်းများနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များကို ဘုရားသခင်၏ အိမ်တော်ထဲသို့ ယူဆောင်လာကြပြီး ခရစ်တော်နှင့် သူတို့၏ ပေါင်းသင်းဆက်ဆံမှုများတွင် ယင်းတို့ကို အသုံးချကြသည်။ ခရစ်တော်သည် အခြေခိုင်လိုလျှင် သူသည်လည်း မျက်နှာလိုမျက်နှာရ လုပ်ခြင်း၊ မြှောက်ပင့်ပြောဆိုခြင်း၊ နားဝင်ချိုသော စကားများဖြင့် ပြောဆိုခြင်းတို့ကို နှစ်သက်ရမည်ဟု သူတို့က ယူဆကြသည်။ ဤသို့ ပြုလုပ်ခြင်းအားဖြင့် သူတို့သည် ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲမှ အဖွဲ့ဝင်တစ်ဦးအဖြစ်သာ မသိမသာ ဆက်ဆံကြသည်၊ ဤသည်မှာ အန္တိခရစ်တို့၏ လုပ်နည်းကိုင်နည်းဖြစ်သည်။ ထို့ကြောင့် ခရစ်တော်နှင့် သူတို့၏ ပေါင်းသင်းဆက်ဆံမှုများတွင် အန္တိခရစ်တို့မှ ပြသသော စိတ်သဘောထားသည် ဆိုးညစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သူတို့သည် ဆိုးညစ်သော စိတ်သဘောထား ရှိကြပြီး လူတို့၏ အတွေးများကို မှန်းဆသုံးသပ်ကာ စဉ်းစားဆင်ခြင်ရန် နှစ်သက်ကြသည်၊ အခြားသူတို့၏ စကားများနှင့် အမူအရာများကို အကဲခတ်ရန် နှစ်သက်ကြသည်၊ ပြီးလျှင် ခရစ်တော်အား ဆက်ဆံရာတွင်လည်းကောင်း၊ သူနှင့် သူတို့၏ ပေါင်းသင်းဆက်ဆံမှုများနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင်လည်းကောင်း အချို့သော နည်းလမ်းများ၊ လောကီလူများ အသုံးပြုသော ကစားပွဲ စည်းမျဉ်းအချို့ကို အသုံးပြုရန် နှစ်သက်ကြသည်။ သူတို့ ကျူးလွန်သော အပြင်းထန်ဆုံးသော အမှားမှာ အဘယ်နည်း။ သူတို့သည် အဘယ်ကြောင့် ဤနည်းလမ်းအတိုင်း ပြုမူနိုင်ကြသနည်း။ အရင်းအမြစ်သည် အဘယ်မှာ တည်ရှိသနည်း။ လူ့ဇာတိခံ ဘုရားသခင်သည် သာမန် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ဘုရားသခင် မိန့်တော်မူသည်။ အန္တိခရစ်တို့သည် ဤသည်ကို ကြားသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလျက် ဤသို့ ဆိုကြသည်။ “ကောင်းပြီလေ၊ သို့ဆိုလျှင် ကျွန်ုပ်သည် သင့်ကို သာမန်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်ဆံမည်၊ ယခု သင့်ကို မည်သို့ဆက်ဆံရမည်ဆိုသည်အတွက် ကျွန်ုပ်၌ အခြေခံအကြောင်းရင်း ရှိပြီ” ဟူ၍ ဖြစ်သည်။ ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိသည် ဘုရားသခင်၏ အနှစ်သာရ ရှိသည်ဟု ဘုရားသခင် မိန့်တော်မူသောအခါ အန္တိခရစ်တို့သည် ဤသို့ တုံ့ပြန်ကြသည်။ “ဘုရားအနှစ်သာရလော။ ကျွန်ုပ် အဘယ်ကြောင့် မမြင်ရသနည်း။ ယင်းသည် အဘယ်မှာ ရှိသနည်း။ ယင်းကို မည်သို့ ထင်ရှားစေသနည်း။ သူ၌ ဘုရားအနှစ်သာရ ရှိကြောင်း သက်သေပြရန် သူသည် အဘယ်အရာကို ထုတ်ဖော်ပြသနည်း။ ကျွန်ုပ်သည် အဆင့်အတန်း ရှိသောသူတို့ကို မျက်နှာလိုမျက်နှာရ လုပ်ရန်နှင့် မြှောက်ပင့်ပြောဆိုရန်သာ သိသည်။ လူတို့အား မျက်နှာလိုမျက်နှာရ လုပ်ခြင်းနှင့် မြှောက်ပင့်ပြောဆိုခြင်းတို့ဖြင့် ကျွန်ုပ်သည် မည်သည့်အခါမျှ မှားနိုင်မည် မဟုတ်ပေ၊ ယင်းသည် အစဉ်သဖြင့် လုပ်ဆောင်ရမည့် နည်းလမ်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယင်းသည် သမ္မာတရားကို ပြောဆိုခြင်းထက် သာ၍ ကောင်းပါသည်” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်၏။ ဤသည်မှာ အန္တိခရစ်တို့ သမ္မာတရားကို မယုံကြည်ပုံ သို့မဟုတ် လက်မခံပုံ ဖြစ်ပြီး စာတန်၏ အတွေးအခေါ်အားဖြင့်သာ အသက်ရှင်ကြပုံ ဖြစ်သည်။

အချို့သောသူများက ဤသို့ ဆိုကြသည်။ “လူတိုင်းသည် မျက်နှာလိုမျက်နှာရ လုပ်တတ်သူ၊ မြှောက်ပင့်ပြောဆိုတတ်သူ၊ နားဝင်ချိုသော စကားများ ပြောဆိုတတ်သူတို့ကို နှစ်သက်ကြသည်၊ ဘုရားသခင် တစ်ပါးတည်းသာလျှင် ထိုသို့သော လူစားမျိုးကို မနှစ်သက်ပေ။ သို့ဆိုလျှင် ဘုရားသခင်သည် စင်စစ်အားဖြင့် မည်သို့သောပုဂ္ဂိုလ်မျိုးကို နှစ်သက်တော်မူသနည်း။ လူတစ်ဦးသည် ဘုရားသခင်၏ နှစ်သက်မှုကို ခံရရန် သူနှင့် မည်သို့ပေါင်းသင်းဆက်ဆံသင့်သနည်း” ဟု ဆိုကြသည်။ သင်တို့ သိကြသလော။ (ဘုရားသခင်သည် ရိုးသားသောသူတို့ကို နှစ်သက်တော်မူသည်၊ ဘုရားသခင်ထံ မိမိတို့၏ စိတ်ရင်းအတိုင်း ပြောဆိုသောသူတို့ကို နှစ်သက်တော်မူသည်၊ လှည့်ဖြားခြင်းမရှိဘဲ ဘုရားသခင်နှင့် မိမိတို့၏ စိတ်နှလုံးများကို ဖွင့်ဟလျက် မိတ်သဟာယဖွဲ့သော သူတို့ကို နှစ်သက်တော်မူသည်။) အခြားရှိသေးသလော။ (ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသူများ၊ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး လက်ခံနိုင်စွမ်းရှိသူများ ဖြစ်ကြသည်။) (ဘုရားသခင်၏ အိမ်တော်ဘက်သို့ လှည့်သော စိတ်နှလုံး ရှိသူများ၊ ဘုရားသခင်၏ စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သောသူများ ဖြစ်ကြသည်။) သင်တို့အားလုံးသည် ရိုးသားသောသူတစ်ဦး ဖြစ်ခြင်းနှင့်ပတ်သက်၍ လက်တွေ့လုပ်ဆောင်သင့်သော သွင်ပြင်လက္ခဏာများစွာကို ဖော်ပြခဲ့ကြပြီးဖြစ်သည်။ ရိုးသားသောသူတစ်ဦး ဖြစ်ခြင်းသည် လူတို့အပေါ် ဘုရားသခင် ထားရှိသော တောင်းဆိုချက် ဖြစ်သည်။ ယင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရား ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်နှင့် ဆက်ဆံရာတွင် လူတို့ လိုက်နာစောင့်ထိန်းသင့်သော စည်းမျဉ်းများမှာ အဘယ်နည်း။ ရိုးသားစစ်မှန်မှု ရှိလော့။ ဤသည်မှာ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ လိုက်နာသင့်သော စည်းမျဉ်း ဖြစ်သည်။ ဘာသာတရားမရှိသူတို့၏ မျက်နှာလိုမျက်နှာရ လုပ်ခြင်း သို့မဟုတ် မြှောက်ပင့်ပြောဆိုခြင်း ကျင့်ကြံပြုမူမှုကို မလုပ်ဆောင်ကြနှင့်။ ဘုရားသခင်သည် လူသား၏ မျက်နှာလိုမျက်နှာရ လုပ်ခြင်းနှင့် မြှောက်ပင့်ပြောဆိုခြင်းကို မလိုအပ်ပေ။ ရိုးသားစစ်မှန်ခြင်းသည် လုံလောက်ပေသည်။ ရိုးသားစစ်မှန်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ဤသည်ကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ (ဘုရားသခင်ထံ ရိုးရိုးရှင်းရှင်း ဖွင့်ဟခြင်း၊ ဟန်ဆောင်ခြင်း သို့မဟုတ် မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း သို့မဟုတ် လျှို့ဝှက်ချက်များ ထားရှိခြင်း မရှိဘဲ ရိုးသားသော စိတ်နှလုံးဖြင့် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်း၊ မည်သည့်မသမာသောရည်ရွယ်ချက်မျှဖြစ်စေ၊ မည်သည့်ပရိယာယ်မျှဖြစ်စေ မရှိဘဲ ရိုးသားဖြောင့်မတ်ခြင်း ဖြစ်ပါသည်။) မှန်ပေ၏။ ရိုးသားစစ်မှန်ရန် သင်သည် ဦးစွာ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အလိုဆန္ဒများကို ဘေးဖယ်ထားရမည်။ ဘုရားသခင်က သင့်အား မည်သို့ ဆက်ဆံသည်ကို အာရုံစိုက်မည့်အစား သင်သည် မိမိကိုယ်ကို ဘုရားသခင်ထံ အရှိအတိုင်း ဖော်ပြသင့်ပြီး သင်၏ စိတ်နှလုံးထဲ၌ ရှိသော မည်သည့်အရာကိုမဆို ပြောဆိုလော့။ သင့်စကားများ၏ နောက်ဆက်တွဲအကျိုးဆက်များက မည်သည့်အရာဖြစ်မည်ကို စဉ်းစားဆင်ခြင်ခြင်း သို့မဟုတ် ထည့်သွင်းစဉ်းစားခြင်း မပြုနှင့်။ သင် စဉ်းစားမိသော မည်သည့်အရာကိုမဆို ပြောဆိုလော့။ သင်၏ စေ့ဆော်မှုများကို ဘေးဖယ်ထားလော့။ ပြီးလျှင် ရည်ရွယ်ချက်တစ်ခုခုကို ဖြစ်မြောက်အောင်မြင်စေရန်အတွက်သာ အမှုအရာများကို မပြောဆိုနှင့်။ သင့်တွင် ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မသန့်စင်မှုများ အလွန် များပြားသည်၊ သင်သည် စကားပြောဆိုပုံ၌ အစဉ်သဖြင့် အကွက်ချစီမံသည်၊ ဤသို့ စဉ်းစားသည်။ “ငါသည် ဤအကြောင်းကို ပြောသင့်ပြီး ထိုအကြောင်းကို မပြောသင့်ပေ၊ ငါ ပြောဆိုမည့်အရာကို သတိထားရမည်။ ငါ့အတွက် အကျိုးရှိစေမည့် နည်းလမ်းဖြင့်၊ ငါ့၏ ချို့ယွင်းချက်များကို ဖုံးကွယ်ပေးမည့် နည်းလမ်းဖြင့်၊ ဘုရားက ငါ့အပေါ် အကောင်းမြင်စေမည့် နည်းလမ်းဖြင့် ပြောဆိုမည်” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ ရည်ရွယ်ချက်များ ထားရှိခြင်း မဟုတ်သလော။ သင် ပါးစပ်မဟမီတွင် သင်၏ စိတ်သည် ကောက်ကျစ်သော အတွေးအခေါ်များဖြင့် ပြည့်နှက်နေသည်၊ သင် ပြောဆိုလိုသောအရာကို အကြိမ်ပေါင်းများစွာ ပြုပြင်သည်၊ ဤသို့ဖြင့် စကားလုံးများ သင်၏ ပါးစပ်မှ ထွက်လာသောအခါ ယင်းတို့သည် စင်ကြယ်လွန်းခြင်း မရှိတော့ဘဲ၊ အနည်းငယ်မျှပင် မစစ်မှန်တော့ဘဲ သင်၏ ကိုယ်ပိုင် စေ့ဆော်မှုများနှင့် စာတန်၏ အကြံအစည်များ ပါဝင်နေသည်။ ဤသည်မှာ ရိုးသားစစ်မှန်ခြင်း မဟုတ်ပေ၊ ဤသည်မှာ ယုတ်မာသော ကြံရွယ်မှုများနှင့် မကောင်းသော ရည်ရွယ်ချက်များ ထားရှိခြင်း ဖြစ်သည်။ ထို့ထက်မက သင် စကားပြောဆိုသောအခါ သင်သည် လူတို့၏ မျက်နှာအမူအရာများနှင့် သူတို့၏ မျက်လုံးအကြည့်တို့မှ အရိပ်နိမိတ်များကို အစဉ်သဖြင့် ရယူသည်။ အကယ်၍ သူတို့၏ မျက်နှာပေါ်၌ အပြုသဘောဆောင်သော အမူအရာ ရှိပါက သင်သည် ဆက်လက်ပြောဆိုသည်၊ မရှိပါက သင်သည် ချုပ်တည်းထားပြီး မည်သည့်အရာမျှ မပြောဆိုပေ၊ အကယ်၍ သူတို့၏ မျက်လုံးအကြည့် မကောင်းပါက၊ သူတို့ ကြားနေရသောအရာကို မနှစ်သက်သကဲ့သို့ ဖြစ်နေပုံရပါက သင်သည် ထပ်မံစဉ်းစားပြီး သင့်ကိုယ်သင် ဤသို့ ပြောဆိုသည်။ “ကောင်းပြီလေ၊ သင် စိတ်ဝင်စားမည့် အရာတစ်ခုခု၊ သင့်အား ပျော်ရွှင်စေမည့် အရာတစ်ခုခု၊ သင် နှစ်သက်မည့် အရာတစ်ခုခု၊ သင့်အနေဖြင့် ငါ့အပေါ် အကောင်းမြင်စေမည့် အရာတစ်ခုခုကို ငါ ပြောဆိုမည်” ဟူ၍တည်း။ ဤသည်မှာ ရိုးသားစစ်မှန်ခြင်း ဖြစ်သလော။ မဟုတ်ပေ။ အချို့သောသူတို့သည် တစ်စုံတစ်ဦးက မကောင်းမှု ပြုလုပ်ပြီး အသင်းတော်၌ အဖျက်အမှောင့်များ ပြုလုပ်နေသည်ကို မြင်တွေ့သည့်အခါ တိုင်ကြားခြင်း မပြုကြပေ။ သူတို့သည် ဤသို့ တွေးထင်ကြသည်။ “ဤအမှုကိစ္စကို ငါသာ အလျင်ဦးစွာ တိုင်ကြားခဲ့မည်ဆိုလျှင် လူတို့ကို စိတ်ခုစေမည်ဖြစ်ပြီး အကယ်၍ ယင်းက မတော်တဆ အမှားဖြစ်ခဲ့လျှင် ပြုပြင်ခြင်းကို ခံရပေဦးမည်။ အခြားသူများ တိုင်ကြားသည်အထိ စောင့်ပြီးမှ လူအများနှင့်အတူ လိုက်တိုင်ကြားမည်၊ ငါတို့ မှားသွားလျှင်ပင် ပြဿနာကြီး မဟုတ်ပေ။ အမှန်တော့ လူအများကို အပြစ်တင်၍မရနိုင်ဘူး မဟုတ်လော။ ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည် သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်’ ဟူသည့် ဆိုရိုးစကား ရှိသကဲ့သို့ပင် ဖြစ်သည်။ ငါသည် ထိုငှက် အဖြစ်ခံမည် မဟုတ်ပါ။ မရမက ထီးထီးကြီး ထင်ပေါ်အောင် လုပ်ဆောင်သည်မှာ လူမိုက်တစ်ဦး ဖြစ်ရပေမည်” ဟူ၍ပင်။ ဤသည်မှာ ရိုးသားစစ်မှန်ခြင်း ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ထိုသို့သော ပုဂ္ဂိုလ်သည် အမှန်ပင် ကောက်ကျစ်စဉ်းလဲသည်၊ အကယ်၍ ထိုသူသည် အသင်းတော်ခေါင်းဆောင်တစ်ဦး သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်လာလျှင် သူတို့သည် အသင်းတော်၏ အမှုတော်အတွက် ဆုံးရှုံးမှုတစ်ခုကို ဖြစ်ပေါ်စေမည် မဟုတ်လော။ သူတို့သည် သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။ ထိုသို့သော ပုဂ္ဂိုလ်ကို လုံးဝ အသုံးမပြုရပေ။ သင်တို့သည် ဤသို့သော ပုဂ္ဂိုလ်မျိုးကို ပိုင်းခြားသိမြင်နိုင်ကြသလော။ ဥပမာအားဖြင့် ဆိုကြပါစို့ ခေါင်းဆောင်တစ်ဦးသည် မကောင်းသော အမှုအရာအချို့ကို ပြုလုပ်ခဲ့ပြီး အသင်းတော်၏ အမှုတော်ကို နှောင့်ယှက်ခဲ့သည့်တိုင် ဤပုဂ္ဂိုလ်နှင့်ပတ်သက်၍ အမှန်တကယ် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မည်သူမျှ နားလည်ခြင်း မရှိသကဲ့သို့ အထက်မှလည်း သူတို့ မည်သို့သောသူ ဖြစ်သည်ကို မသိရှိပေ။ သင်တစ်ဦးတည်းသာလျှင် သူတို့နှင့်ပတ်သက်၍ အမှန်တကယ် မည်သည့်အရာဖြစ်ပျက်နေသည်ကို သိရှိသည်။ ထိုသို့သော အခြေအနေများတွင် သင်သည် ပြဿနာကို အထက်သို့ ရိုးသားစွာ တင်ပြမည်လော။ ဤပြဿနာသည် လူကို အများဆုံး ဖော်ထုတ်သောအရာ ဖြစ်သည်။ အကယ်၍ သင်သည် ကိစ္စရပ်ကို ဖုံးကွယ်ထားပြီး မည်သူ့ကိုမျှ၊ ဘုရားသခင်ကိုပင် မပြောဆိုဘဲ ထိုခေါင်းဆောင်သည် အသင်းတော်၏ အမှုတော်ကို ကမောက်ကမဖြစ်သွားသည်အထိ များစွာသော မကောင်းမှုကို ပြုလုပ်ခဲ့ပြီး လူတိုင်းက သူ့ကို ဖော်ထုတ်ပြီး ကိုင်တွယ်ပြီးဖြစ်သည့် နေ့ရက်ရောက်သည်အထိ စောင့်ဆိုင်းနေခဲ့ပြီးမှ ရင်ဆိုင်၍ “သူသည် လူကောင်းတစ်ဦး မဟုတ်ကြောင်း ကျွန်ုပ် အစကတည်းက သိရှိခဲ့ပါသည်။ အချို့သောသူတို့က သူ့အား လူကောင်းဟု ထင်မှတ်ခဲ့ခြင်းသာ ဖြစ်သည်၊ အကယ်၍ ကျွန်ုပ် တစ်စုံတစ်ရာ ပြောဆိုခဲ့ပါက မည်သူမျှ ကျွန်ုပ်ကို ယုံကြည်ကြမည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်သည် ထုတ်ဖော်မပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယခု ထိုသူသည် မကောင်းသော အမှုအရာအချို့ကို ပြုလုပ်ခဲ့ပြီး လူတိုင်းက သူ မည်သူဖြစ်သည်ကို ပိုင်းခြားသိမြင်နိုင်ကြသည့်အတွက် ထိုသူနှင့်ပတ်သက်၍ အမှန်တကယ် ဖြစ်ပျက်နေသောအရာကို ကျွန်ုပ် ထုတ်ဖော်ပြောဆိုနိုင်ပါသည်” ဟု ပြောလျှင် ယင်းမှာ ရိုးသားစစ်မှန်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) အကယ်၍ တစ်စုံတစ်ဦး၏ ပြဿနာများ ဖော်ထုတ်ခံရသည့်အခါတိုင်း သို့မဟုတ် ပြဿနာတစ်ခုကို တိုင်ကြားသည့်အခါတိုင်း သင်သည် လူအုပ်နှင့်အတူ ထိုလူကို ရင်ဆိုင်ကာ ဖော်ထုတ်ရန်ဖြစ်စေ၊ တိုင်ကြားရန်ဖြစ်စေ နောက်ဆုံးမှ လုပ်ဆောင်ပါက သင်သည် ရိုးသားစစ်မှန်ခြင်း ဖြစ်သလော။ ဤသည်တို့အားလုံးသည် ရိုးသားစစ်မှန်ခြင်း မဟုတ်ကြပေ။ အကယ်၍ သင်သည် တစ်စုံတစ်ဦးကို မနှစ်သက်ပါက၊ သို့မဟုတ် တစ်စုံတစ်ဦးက သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါက ထို့ပြင် ထိုသူသည် ဆိုးယုတ်သောသူတစ်ဦး မဟုတ်ကြောင်း သင် သိရှိသော်လည်း သင်သည် စိတ်သဘောထား သေးသိမ်သောကြောင့်၊ ထိုသူကို မုန်းတီးလာပြီး သူ့အပေါ် လက်စားချေလိုကာ ထိုသူကို အရူးလုပ်လိုပါက သင်သည် အထက်သို့ သူ၏အကြောင်း မကောင်းသော အမှုအရာအချို့ကို ပြောဆိုရန် နည်းလမ်းများကို စဉ်းစားပြီး အခွင့်အလမ်းများကို ရှာဖွေကောင်း ရှာဖွေနိုင်သည်။ သင်သည် အဖြစ်မှန်များကိုသာ ဖော်ပြနေခြင်း ဖြစ်နိုင်ပြီး ထိုပုဂ္ဂိုလ်ကို ပြစ်တင်ရှုတ်ချနေခြင်း မဟုတ်သော်လည်း ထိုအဖြစ်မှန်များကို ဖော်ပြသောအခါ သင်၏ ကြံရွယ်ချက်မှာ ထုတ်ဖော်ပြပြီး ဖြစ်နေသည်။ သင်သည် သူတို့ကို ကိုင်တွယ်ရန်အလို့ငှာ အထက်မှ ပါဝင်ပတ်သက်မှုကို အသုံးချလိုခြင်း သို့မဟုတ် ဘုရားသခင်အား တစ်စုံတစ်ရာ ပြောဆိုစေလိုခြင်း ဖြစ်သည်။ အထက်သို့ ပြဿနာများကို တိုင်ကြားခြင်းအားဖြင့် သင်သည် သင်၏ ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်စေရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ဤသည်မှာ သိသာထင်ရှားသော မသန့်ရှင်းမှုများက ကိုယ်ပိုင် ရည်ရွယ်ချက်များဖြင့် ရောနှောနေပြီး ယင်းသည် ရိုးသားစစ်မှန်ခြင်း လုံးဝ မဟုတ်သည်မှာ သေချာသည်။ အကယ်၍ သူတို့သည် အသင်းတော်၏ အမှုတော်ကို အဖျက်အမှောင့်လုပ်နေသော ဆိုးယုတ်သောသူတစ်ဦး ဖြစ်ပြီး သင်သည် ထိုအမှုတော်ကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ အထက်သို့ တိုင်ကြားပါက၊ ထို့အပြင် သင် တိုင်ကြားသော ပြဿနာများသည် လုံးဝ အချက်အလက်မှန်များ ဖြစ်ပါက ယင်းသည် စာတန်ဆန်သော အတွေးအခေါ်များနည်းလမ်းအားဖြင့် အမှုအရာများကို ကိုင်တွယ်ခြင်းနှင့် ကွဲပြားသည်။ ယင်းသည် တရားမျှတစိတ်နှင့် တာဝန်သိတတ်မှုတို့မှ ဖြစ်ပေါ်လာပြီး သင်၏ သစ္စာစောင့်သိခြင်းကို ပြည့်စုံစေခြင်း ဖြစ်သည်၊ ဤသည်သာလျှင် ရိုးသားစစ်မှန်ခြင်းက ထင်ရှားပေါ်လွင်ပုံ ဖြစ်သည်။

ဘုရားသခင်သည် မျက်နှာလိုမျက်နှာရ လုပ်တတ်သူ၊ မြှောက်ပင့်ပြောဆိုတတ်သူ၊ သို့မဟုတ် နားဝင်ချိုသော စကားများ ပြောဆိုတတ်သူတို့ကို မနှစ်သက်ပေ။ သို့ဆိုလျှင် ဘုရားသခင်သည် မည်သို့သော ပုဂ္ဂိုလ်မျိုးကို နှစ်သက်တော်မူသနည်း။ ဘုရားသခင်သည် လူတို့အနေဖြင့် ကိုယ်တော်နှင့် မည်သို့ ပေါင်းသင်းဆက်ဆံပြီး မိတ်သဟာယဖွဲ့သည်ကို နှစ်သက်တော်မူသနည်း။ ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်သည်၊ လူများအား ကိုယ်တော့်အပေါ် ရိုးသားစစ်မှန်စေလိုသည်။ သင်သည် သူ၏ လေသံနှင့် အမူအရာကို ထည့်သွင်းစဉ်းစားရန် သို့မဟုတ် သူ့ကို မျက်နှာလိုမျက်နှာရလုပ်ရန် မလိုအပ်ပေ။ သင်သည် ရိုးသားစစ်မှန်ရန်သာ လိုအပ်သည်၊ ရိုးသားစစ်မှန်သော စိတ်နှလုံး ရှိရန်၊ ဖုံးကွယ်ခြင်း၊ အရံအတား သို့မဟုတ် ဟန်ဆောင်ခြင်း ကင်းမဲ့သော စိတ်နှလုံး ရှိရန် လိုအပ်ပြီး သင်၏ ပြင်ပအသွင်အပြင်သည် သင်၏ စိတ်နှလုံးနှင့် ကိုက်ညီစေရန်သာ လိုအပ်သည်။ ဆိုလိုသည်မှာ သင်သည် ခရစ်တော်ကို ဆက်ဆံပြီး ပေါင်းသင်းဆက်ဆံသောအခါ သင်သည် မည်သည့်ကြိုးပမ်းအားထုတ်မှုမျှ ပြုလုပ်ရန် မလိုအပ်၊ မည်သည့် “ကြိုတင်ပြင်ဆင်ချက်” မျှ လုပ်ရန် မလိုအပ်၊ သို့မဟုတ် ကြိုတင်၍ မည်သည့်အရာကိုမျှ အသင့်ပြင်ထားရန်ဖြစ်စေ၊ လုပ်ဆောင်ရန်ဖြစ်စေ မလိုအပ်ပေ၊ ဤအရာများ တစ်ခုမျှ မလိုအပ်ပေ။ ဘုရားသခင်သည် ရိုးသားစစ်မှန်ခြင်းကို နှစ်သက်တော်မူသည်။ ရင်းနှီးပွင့်လင်းသော၊ ပုံမှန်ဖြစ်သော၊ သဘာဝကျသော စကားပြောဆိုခြင်းနှင့် ပေါင်းသင်းဆက်ဆံခြင်း ဖြစ်သည့် ရိုးသားစစ်မှန်ခြင်းကို နှစ်သက်တော်မူသည်။ သင်သည် မှားယွင်းသော တစ်စုံတစ်ရာကို ပြောဆိုမိလျှင် သို့မဟုတ် မသင့်လျော်သော စကားလုံးများကို အသုံးပြုမိလျှင်ပင် ယင်းသည် ပြဿနာ မဟုတ်ပေ။ ဥပမာအားဖြင့် ငါသည် နေရာတစ်ခုသို့ သွားပြီး ထမင်းချက်က “ကိုယ်တော်၌ အစားအစာဆိုင်ရာ ကန့်သတ်ချက်များ တစ်စုံတစ်ရာ ရှိပါသလော။ ကိုယ်တော် စားသုံးသော အစားအစာများနှင့် မစားသုံးသော အစားအစာများမှာ အဘယ်နည်း။ ကျွန်ုပ် ဘာကို ပြင်ဆင်သင့်ပါသနည်း” ဟု မေးသည် ဆိုကြပါစို့။ ငါက “အငန်လွန်ခြင်း မရှိစေနှင့်၊ စပ်သော အစားအစာ မဖြစ်စေနှင့်၊ ထို့ပြင် အဆီများလွန်းခြင်း မရှိစေဘဲ ကြော်ထားသော အစားအစာများ မဖြစ်စေနှင့်။ အဓိက အစားအစာအတွက်မူ ထမင်းဖြစ်စေ၊ ခေါက်ဆွဲ ဖြစ်စေ အဆင်ပြေသည်” ဟု ပြောသည်။ ဤညွှန်ကြားချက်များသည် နက်နဲပါသလော။ (မနက်နဲပါ။) ထမင်းဟင်းချက်ပြုတ်တတ်သော မည်သူမဆိုသည် မှန်းဆသုံးသပ်ခြင်း၊ စဉ်းစားဆင်ခြင်ခြင်း၊ သို့မဟုတ် တိကျသော လမ်းညွှန်မှု သို့မဟုတ် ရှင်းလင်းချက်တို့ကို မလိုအပ်ဘဲ ချက်ချင်း နားလည်ပေလိမ့်မည်။ သင်၏ အတွေ့အကြုံအတိုင်းသာ ချက်ပြုတ်လော့၊ ယင်းသည် ရိုးရှင်းသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သို့သော် အရိုးရှင်းဆုံးသော အမှုအရာသည်ပင် လူတို့အတွက် မအောင်မြင်နိုင်သောအရာ ဖြစ်သည်၊ အကြောင်းမှာ သူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တစ်ကိုယ်ကောင်းဆန်မှု ရှိသောကြောင့် ဖြစ်သည်။ ငါက အဆီမများလွန်းစေနှင့်ဟု ပြောသော်လည်း ချက်ပြုတ်စဉ်အတွင်း သူတို့သည် ဟင်းသီးဟင်းရွက် ပွဲသေးတစ်ပွဲစာအတွက် ဆီ ဇွန်းကြီးတစ်ဇွန်းအပြည့်ကို အသုံးပြုကြသည်၊ စင်စစ်အားဖြင့် ယင်းကို ဆီကြော်ကြော်ကာ အလွန် ဆီများသော အရသာကို ဖြစ်စေလေသည်။ ငါက အငန်များလွန်းခြင်း မရှိစေနှင့်ဟု ပြောလျှင် သူတို့သည် ဆား အနည်းငယ်မျှသာ ထည့်သဖြင့် ယင်းသည် အရသာမရှိလုနီးပါး ဖြစ်သွားသည်။ ထိုမျှများပြားသော ဆီနှင့် ထိုမျှပေါ့ပြက်သော အရသာဖြင့် ယင်းသည် စားချင်စဖွယ် ဖြစ်နေနိုင်ဦးမည်လော။ ထမင်းချက်သည် ဤသေးငယ်သော အမှုအရာကိုပင် မှန်ကန်စွာ မလုပ်ဆောင်နိုင်ဘဲ “ဘုရား၏ ရည်ရွယ်ချက်များကို နားလည်ရန် ခက်ခဲလှပါသည်။ ဘုရားမိန့်တော်မူသော စကားလုံးတိုင်းသည် သမ္မာတရား ဖြစ်သည်၊ လူတို့အတွက် လက်တွေ့လုပ်ဆောင်ရန် ခက်ခဲလှပါသည်” ဟုပင် ဆိုသည်။ “လက်တွေ့လုပ်ဆောင်ရန် ခက်ခဲသည်” ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ လက်တွေ့လုပ်ဆောင်ရန် ခက်ခဲခြင်း မဟုတ်ဘဲ သင်က လက်တွေ့မလုပ်ဆောင်ခြင်း ဖြစ်သည်။ သင်၏ တစ်ကိုယ်ကောင်းဆန်မှုသည် အလွန် ကြီးမားသည်၊ သင့်၌ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ မသန့်စင်မှု အစဉ်သဖြင့် ရှိသည်။ သင်သည် သင်၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း အမှုအရာများကို လုပ်ဆောင်ရန် အစဉ်သဖြင့် လိုလားပြီး အရာခပ်သိမ်းကို သင့်အကြိုက်သင် လုပ်ဆောင်သည်။ ငါက “ချက်ပြုတ်သည့်အခါ စပ်သော ဟင်းလျာများကို မချက်နှင့်။ အကယ်၍ သင်တို့အားလုံး စပ်သော အစားအစာကို ကြိုက်နှစ်သက်ပါက ငါ့အတွက် မစပ်သော ဟင်းလျာအချို့ကို ချက်ပြုတ်လော့” ဟု ပြောသည်။ သို့သော် ချက်ပြုတ်သောအခါ သူတို့သည် ယင်းကို မရမက စပ်အောင် ချက်ပြုတ်ကြသည်။ သူတို့သည် စိတ်အားထက်သန်စွာ စားသုံးပြီး ယင်းသည် ကောင်းသည်ဟု ထင်မှတ်ကြသည်။ ငါက “ယင်းကို စပ်အောင် မချက်ရန် သင့်ကို ငါ ပြောခဲ့သည်။ အဘယ်ကြောင့် သင် စပ်အောင် ချက်ခဲ့သနည်း” ဟု ပြောသည်။ “ဤဟင်းလျာသည် စပ်ရန် လိုအပ်ပါသည်။ အစပ်မပါဘဲ ယင်းသည် အရသာနှင့်မပြည့်စုံပါ၊ အစပ်မပါလျှင် ယင်း၏ အရသာကို ဆုံးရှုံးစေပါသည်” ဤသည်မှာ မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သနည်း။ ထိုသူ၌ ကောင်းသော ရည်ရွယ်ချက်များ ရှိပါသလော။ အချို့သောသူတို့သည် အသားစားသုံးရန် နှစ်သက်ကြသည်၊ ငါက “အကယ်၍ သင်သည် အသားကို ကြိုက်နှစ်သက်ပါက သင့်အတွက်သင် အသားများသော ဟင်းလျာတစ်ခုကို ချက်ပြုတ်လော့။ ငါ့အတွက် သင် ချက်ပြုတ်သော ဟင်းလျာများတွင် အသားကို လျှော့ထည့်ပါ၊ သို့မဟုတ် ငါ့အတွက် ဟင်းသီးဟင်းရွက် ဟင်းလျာတစ်ခုသာ ချက်ပေးပါ” ဟု ပြောသည်။ သူတို့သည် အလွယ်တကူ သဘောတူကြသော်လည်း ချက်ပြုတ်သောအခါ ငါ့တောင်းဆိုချက်ကို ဂရုမစိုက်ဘဲ အိုးထဲသို့ အသားတုံးကြီးများကို ထည့်ကြကာ ငရုတ်သီးများကိုပင် ထည့်ကြသည်။ အသားသည် အဆီများပြီးသား ဖြစ်နေသော်လည်း သူတို့သည် ယင်းကို ကြော်နေဆဲဖြစ်ကာ အရာခပ်သိမ်းကို သူတို့နှစ်သက်သည့် အလွန်ပြင်းထန်သော အနံ့အရသာအတိုင်း ပြုလုပ်ကြသည်။ အကယ်၍ ငါသည် သူတို့ကို ဤသို့ လုပ်ဆောင်ခွင့်မပေးပါက ယင်းသည် သူတို့အတွက် လက်ခံနိုင်ဖွယ် မရှိပေ၊ သူတို့က “ကိုယ်တော့်ကို စိတ်ကျေနပ်အောင် လုပ်ရသည်မှာ အလွန် ခက်ခဲလွန်းပါသည်။ ဤသည်မှာ အရသာရှိလှသည်။ အခြားသူတိုင်း ယင်းကို စားသုံးကြသည်၊ အဘယ်ကြောင့် ကိုယ်တော် မစားသုံးသနည်း။ ကျွန်ုပ်သည် ဤသည်ကို ကိုယ်တော့်အတွက် ချက်ပြုတ်ပေးနေခြင်း မဟုတ်ပါလော။ ပို၍ စားသုံးခြင်းသည် ကိုယ်တော်၏ ကျန်းမာရေးအတွက် ကောင်းပါသည်၊ ယင်းသည် စွမ်းအင်ကို ပေးပါသည်။ ကိုယ်တော် ကျန်းမာပါက တရားဒေသနာများကို ပို၍ မဟောကြားနိုင်ပေဘူးလော။ ကျွန်ုပ်သည် ကိုယ်တော့်အတွက်ကိုလည်းကောင်း၊ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများအတွက်ကိုလည်းကောင်း ထည့်သွင်းစဉ်းစားနေခြင်း ဖြစ်ပါသည်” ဟုပင် ဆိုကြသည်။ ဤပုဂ္ဂိုလ်သည် အလွန် ဒုက္ခပေးသောသူ မဟုတ်လော။ သူတို့သည် အရာခပ်သိမ်း၌ ပြင်းပြသော လိုအင်ဆန္ဒများ ရှိကြသည်၊ အရာခပ်သိမ်း၌ သူတို့၏ ကိုယ်ပိုင် ထင်မြင်ယူဆချက်များနှင့် စိတ်ကူးများ ရှိကြသည်။ သူတို့၌ သမ္မာတရား တစ်စုံတစ်ရာ ရှိသည် မရှိသည်ကို မဆိုထားနှင့်ဦး၊ သူတို့၌ အခြေခံအကျဆုံးသော လူ့သဘာဝပင် မရှိကြပေ။ ဤသည်မှာ ရိုးသားစစ်မှန်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) အစပိုင်းတွင် ဤပုဂ္ဂိုလ်က ငါ့ကို မေးမြန်းသောအခါ သူသည် သင့်တင့်လျောက်ပတ်သူ ဖြစ်ပုံရသည်၊ သူသည် အတော်အတန် ကောင်းမွန်စွာ ချက်ပြုတ်နိုင်လောက်သည်ဟု ခံစားခဲ့ရသည်။ သို့သော် အစားအစာကို တည်ခင်းပြီးသည်နှင့် ငါ သိပြီ။ သူသည် ကောင်းမွန်စွာ စကားပြောဆိုသည်၊ ထိုသူသည် ငါ့အပေါ် ကောင်းမွန်ပုံရသည်၊ သို့သော် အမှန်တကယ်တွင် ထိုသူသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော သူတစ်ဦးမျှသာ ဖြစ်သည်။

ငါ မကြာခဏ တွေ့မြင်ရသော ဤကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး ရှိသည်၊ သူသည် ပင်ကိုအားဖြင့် တွက်ချက်တတ်ပြီး ဉာဏ်ထက်မြက်သည်။ သူသည် ငါနှင့် ပေါင်းသင်းဆက်ဆံသောအခါ ငါ ဆေးသောက်မည်ပြုသည်နှင့် သူက ရေကို ယူဆောင်လာပြီး ဖြစ်သည်။ ငါ အပြင်ထွက်တော့မည်ဆိုလျှင် သူသည် ချက်ချင်းပင် ငါ့အိတ်ကို ဆွဲယူလိုက်သည်၊ ပြီးလျှင် အပြင်၌ အေးသည်ကို မြင်လျှင် သူသည် ပဝါနှင့် လက်အိတ်တို့ကိုလည်း ယူဆောင်လာပေးသည်။ ငါ စိတ်ထဲ၌ တွေးနေသည်။ သူသည် လျင်မြန်ပါသည်၊ သို့သော် အဘယ်ကြောင့် ဤမျှ အနေရခက်သည်ဟု ခံစားရသနည်း။ ငါ အပြင်သွားသည်ဖြစ်စေ၊ အိမ်ထဲဝင်သည်ဖြစ်စေ၊ အဝတ်အစားများဝတ်သည်ဖြစ်စေ၊ ဖိနပ်များစီးသည်ဖြစ်စေ၊ ဦးထုပ်ဆောင်းသည်ဖြစ်စေ ငါ့ထက် ပို၍ လျင်မြန်သော တစ်စုံတစ်ဦး အစဉ်သဖြင့် ရှိနေသည်။ ငါ၏ စိတ်ခံစားချက်သည် အဘယ်အရာ ဖြစ်မည်ဟု သင်တို့ ထင်ကြသနည်း။ ငါ ပျော်ရွှင်သင့်သလော သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်သင့်သလော။ (စိတ်အနှောင့်အယှက် ဖြစ်သင့်ပါသည်။) သင်တို့သည် ဤသို့သော အပြုအမူကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြမည်လော။ (ဖြစ်ကြပါမည်။) အကယ်၍ သင်တို့အားလုံး စိတ်အနှောင့်အယှက် ဖြစ်မည်ဆိုလျှင် ငါ စိတ်အနှောင့်အယှက် ဖြစ်သည်ဟု သင်တို့ ထင်ပါသလော။ (ထင်ပါသည်။) အချို့သောသူတို့သည် ငါ့အတွက် ဤအရာအားလုံးကို လုပ်ဆောင်ပြီးသည့်နောက် မိမိတို့ကိုယ်ကို အတော်ပင် ကျေနပ်လျက် ဂုဏ်ယူသည်ဟု ခံစားကြကာ ဤသို့ ဆိုကြသည်။ “ကျွန်ုပ် အလုပ်လုပ်နေစဉ်အခါက ကျွန်ုပ်၏ အထက်အရာရှိသည် ကျွန်ုပ်ကို နှစ်သက်ခဲ့သည်။ ကျွန်ုပ် သွားလေရာရာ၌ လူတို့သည် ကျွန်ုပ်ကို နှစ်သက်ကြသည်၊ အကြောင်းမှာ ကျွန်ုပ်သည် လျင်မြန်စွာနှင့် ထိရောက်စွာ တွေးနိုင်သောကြောင့် ဖြစ်သည်” ဟူ၍ ဖြစ်လေသည်။ ဆိုလိုရင်းမှာ သူတို့သည် ဖော်လံဖားပုံ၊ မျက်နှာလိုမျက်နှာရလုပ်ပုံနှင့် မြှောက်ပင့်ပြောဆိုပုံတို့ကို သိရှိကြသည်၊ သူတို့သည် ထိုင်းမှိုင်းခြင်း၊ နှေးကွေးခြင်း၊ သို့မဟုတ် မိုက်မဲခြင်း မရှိကြ၊ သူတို့သည် လျင်မြန်စွာ လှုပ်ရှားပြီး ဉာဏ်ထက်မြက်ကြသည်၊ ထို့ကြောင့် သူတို့ သွားလေရာရာ၌ နှစ်သက်ခြင်း ခံကြရသည် ဟူ၍ ဖြစ်သည်။ သူတို့က လူတိုင်း သူတို့ကို နှစ်သက်သည်ဟု ဆိုသည်၊ ဆိုလိုရင်းမှာ ငါလည်း သူတို့ကို နှစ်သက်သင့်သည် ဟူ၍ ဖြစ်သည်။ ငါ သူတို့ကို နှစ်သက်သလော။ ငါသည် သူတို့ကြောင့် လုံးလုံးလျားလျား စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ငါသည် ထိုသို့သော လူတို့ကို မြင်သည့်အခါတိုင်း ရှောင်ရှားသည်။ အခြားသောသူများလည်း ရှိကြသည်၊ သူတို့သည် လောက၌ မြေအောက်လောက ခေါင်းဆောင်များနှင့် မကောင်းဆိုးဝါးခေါင်းဆောင်များ၏ ကိုယ်ရံတော်များနှင့် ဖော်လံဖားသော လက်ပါးစေများက ကားတံခါးများကို ဖွင့်ပေးပုံနှင့် သူတို့၏ ခေါင်းဆောင်များ၏ ဦးခေါင်းကို ကာကွယ်ပေးပုံတို့ကို မြင်တွေ့သည့်အခါ ငါ့အပေါ်၌လည်း ထိုနည်းအတိုင်း ပြုလုပ်ကြသည်။ ငါ ကားထဲသို့ မဝင်ရသေးမီပင် သူတို့သည် တံခါးဖွင့်ရန် လက်လှမ်းကြပြီး ထို့နောက် သူတို့၏ လက်ဖြင့် ငါ့ဦးခေါင်းကို ကာကွယ်ပေးကြကာ ဘာသာတရားမရှိသူတို့က ခေါင်းဆောင်ကြီးတစ်ဦးကို ဆက်ဆံသည့်နည်းအတိုင်း ငါ့ကို ဆက်ဆံကြသည်။ ငါသည် ဤလူတို့ကို ရွံရှာမုန်းတီးသည်။ သမ္မာတရားကို စိုးစဉ်းမျှပင် မလိုက်စားသော ဤလူတို့၌ တစ်ကိုယ်ကောင်းဆန်သော၊ စက်ဆုပ်ဖွယ်ဖြစ်သော၊ ညစ်ညမ်းသော လူ့သဘာဝ ရှိကြပြီး သူတို့သည် ရှက်ကြောက်စိတ် တစ်စက်မျှ မရှိကြချေ။ သင်သည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသောအခါ အဆင့်အတန်းနှင့် ကျော်ကြားမှု ရှိသောသူတို့ကို မျက်နှာလိုမျက်နှာရ လုပ်ပြီး မြှောက်ပင့်ပြောဆိုကာ မရပ်မနား ဖော်လံဖားပါက ဖြောင့်မတ်သောသူ အချို့ပင်လျှင် ယင်းကို ရွံရှာဖွယ်ဟု မြင်ကြပြီး ထိုသို့သော လူတို့ကို အထင်အမြင်သေးကြသည်။ အကယ်၍ သင်သည် ငါ့အပေါ် ဤသို့ ဆက်ဆံပါက ငါသည် ယင်းကို ရွံရှာဖွယ်ဟု သာ၍ပင် မြင်လေသည်။ ဤနည်းအတိုင်း ငါ့အပေါ် ဘယ်တော့မျှ မဆက်ဆံနှင့်။ ငါ ယင်းကို မလိုအပ်၊ ယင်းသည် ငါ့ကို ရွံရှာစေသည်။ ငါ လိုအပ်သောအရာမှာ သင်၏ မျက်နှာလိုမျက်နှာရ လုပ်ခြင်း၊ မြှောက်ပင့်ပြောဆိုခြင်း၊ သို့မဟုတ် ဖော်လံဖားခြင်းတို့ မဟုတ်ပေ။ ငါ လိုအပ်သည်မှာ သင်သည် ငါ့အပေါ် ရိုးသားစစ်မှန်စေရန်၊ ငါတို့ တွေ့ဆုံသောအခါ စိတ်ရင်းအတိုင်း ပြောဆိုရန်၊ သင်၏ နားလည်မှု၊ အတွေ့အကြုံများနှင့် ချို့ယွင်းချက်များကို ပြောဆိုရန်၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်စဉ်အတွင်း သင် ဖော်ထုတ်သော ဖောက်ပြန်ပျက်စီးမှုကို ဆွေးနွေးရန်နှင့် သင်၏ အတွေ့အကြုံများ၌ သင် မမီဟု ခံစားရသော အမှုအရာများကို ဆွေးနွေးရန် ဖြစ်သည်။ သင်သည် ဤအမှုအရာအားလုံးနှင့်ပတ်သက်၍ ရှာဖွေခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းတို့၌ ပါဝင်ဆောင်ရွက်နိုင်ပြီး ယင်းတို့ကို စူးစမ်းလေ့လာမှုလည်း ပြုနိုင်သည်။ ငါတို့ မည်သည့်အကြောင်းအရာကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ စကားပြောဆိုသည်ဖြစ်စေ၊ သင်သည် ရိုးသားစစ်မှန်ရန် လိုအပ်ပြီး ဤသို့သော စိတ်နှလုံးနှင့် သဘောထား ရှိရန် လိုအပ်သည်။ မျက်နှာလိုမျက်နှာရ လုပ်ခြင်း၊ ဖော်လံဖားခြင်း၊ မြှောက်ပင့်ပြောဆိုခြင်း၊ သို့မဟုတ် မျက်နှာချိုသွေးခြင်းတို့ဖြင့် သင်သည် အကောင်းမြင် ခံရနိုင်သည်ဟု မထင်မှတ်နှင့်။ ယင်းမှာ လုံးဝ အကျိုးမရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ထိုသို့သော အပြုအမူသည် မည်သည့်အကျိုးကျေးဇူးမျှ မဆောင်ကြဉ်းနိုင်ရုံသာမက သင့်အား ကြီးစွာသော အရှက်ရခြင်းကို ဖြစ်စေနိုင်ပြီး သင်၏ မိုက်မဲမှုကို ဖော်ထုတ်နိုင်ဖွယ်လည်း ရှိသည်။

ခရစ်တော်အပေါ်၌ပင် ရိုးသားစစ်မှန်စွာ မဆက်ဆံနိုင်သောသူတို့သည် မည်သည့်လူစားမျိုး ဖြစ်ကြသနည်း။ အကယ်၍ သင်သည် အခြားသူတို့ကို ဆက်ဆံရာ၌ ရိုးသားစစ်မှန်ပါက သူတို့သည် သင်၏ စစ်မှန်သော အခြေအနေကို သိရှိသွားပြီး သင့်ကို ဒုက္ခပေးမည်ကို သင် စိုးရိမ်သည်၊ သူတို့သည် သင့်ကို လှည့်ဖြားမည်၊ အသုံးချမည်၊ သရော်မည်၊ သို့မဟုတ် အထင်အမြင်သေးမည်ကို သင် စိုးရိမ်သည်။ သို့သော်လည်း ခရစ်တော်အပေါ် ရိုးသားစစ်မှန်ခြင်း၌ သင်သည် အဘယ်အရာကို ကြောက်ရွံ့နေသနည်း။ အကယ်၍ သင်၏ စိတ်နှလုံးထဲ၌ ဤစိုးရွံ့ပူပန်မှုများ ရှိနေပါက ယင်းသည် ပြဿနာတစ်ရပ် ဖြစ်သည်။ အကယ်၍ သင်သည် ရိုးသားစစ်မှန်နိုင်ခြင်း မရှိပါက ရိုးသားပွင့်လင်းစွာ မဆက်ဆံနိုင်ပါက၊ ယင်းသည်လည်း သင်၏ ပြဿနာ ဖြစ်သည်၊ ယင်းသည် သင် သမ္မာတရားကို လိုက်စားပြီး ပြောင်းလဲရန် ကြိုးပမ်းအားထုတ်သင့်သော ကဏ္ဍတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ ရှေ့မှောက်ရှိ ပုဂ္ဂိုလ်မှာ သင် ယုံကြည်သော ဘုရားသခင်၊ သင် နောက်လိုက်သော ဘုရားသခင် ဖြစ်သည်ဟု အမှန်တကယ် ယုံကြည်ပြီး အသိအမှတ်ပြုပါက သင်သည် သူ့အပေါ် မျက်နှာလိုမျက်နှာရ လုပ်ခြင်း၊ မြှောက်ပင့်ပြောဆိုခြင်း၊ နှင့် နားဝင်ချိုသော စကားများ ပြောဆိုခြင်းတို့ဖြင့် ပေါင်းသင်းဆက်ဆံခြင်း မရှိသည်မှာ သာ၍ ကောင်းပေသည်။ ထိုအစား ရိုးသားစစ်မှန်လော့၊ သင်၏ စိတ်ရင်းအတိုင်း ပြောဆိုပြီး အချက်အလက်မှန် စကားများကို ပြောဆိုလော့။ အမှန်တရားကို ဖုံးကွယ်စေသော စကားများကို မပြောနှင့်၊ သို့မဟုတ် မုသားများဖြစ်စေ၊ ဖုံးဖိထားသော စကားများဖြစ်စေ မပြောနှင့်၊ သို့မဟုတ် လှည့်ကွက်များလုပ်ခြင်း သို့မဟုတ် လျှို့ဝှက်ကြံစည်ခြင်းများကို မလုပ်ဆောင်နှင့်။ ဤသည်မှာ ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံရန် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။ သင်တို့သည် ဤသည်ကို လုပ်ဆောင်နိုင်ကြမည်လော။ မည်သည့်အရာက အပြုသဘောဆောင်သနည်း၊ ရိုးသားစစ်မှန်ခြင်းလော သို့မဟုတ် မျက်နှာလိုမျက်နှာရ လုပ်ခြင်းနှင့် မြှောက်ပင့်ပြောဆိုခြင်းလော။ (ရိုးသားစစ်မှန်ခြင်း ဖြစ်ပါသည်။) ရိုးသားစစ်မှန်ခြင်းသည် အပြုသဘောဆောင်သည်၊ တစ်ချိန်တည်းတွင် မျက်နှာလိုမျက်နှာရ လုပ်ခြင်းနှင့် မြှောက်ပင့်ပြောဆိုခြင်းတို့သည် အပျက်သဘောဆောင်သည်။ အကယ်၍ လူတို့သည် ရိုးသားစစ်မှန်ခြင်းကဲ့သို့သော အပြုသဘောဆောင်သည့် အမှုအရာတစ်ခုကို မဖြစ်မြောက်နိုင်ပါက ယင်းသည် သူတို့ထဲရှိ ပြဿနာတစ်ရပ်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ဖော်ပြသည်။ ငါ၏ ဤတောင်းဆိုချက်သည် လွန်ကဲပါသလော။ အကယ်၍ သင်တို့က ယင်းသည် လွန်ကဲသည်ဟု ထင်မှတ်ပါက၊ အကယ်၍ ငါသည် ထိုသို့သော ဆက်ဆံမှုကို မခံထိုက်ဟု၊ သင်တို့သည် ငါ့ကို ထိုသို့သောရိုးသားစစ်မှန်သော နည်းလမ်းဖြင့်လည်းကောင်း၊ ထိုသို့သော ရိုးသားစစ်မှန်သော သဘောထားဖြင့်လည်းကောင်း ပေါင်းသင်းဆက်ဆံရန် မထိုက်တန်ဟု သင်တို့ ထင်မှတ်ပါက သင်တို့၌ သာ၍ ကောင်းသော နည်းစနစ်၊ သာ၍ ကောင်းသော နည်းလမ်းတစ်ခု ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ဤလုပ်နည်းကိုင်နည်းကို လက်တွေ့လုပ်ဆောင်ကြလော့။ ဤအချက်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာ၌ အဆုံးသတ်ကြပါစို့။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။