အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၂) အခန်း သုံး

ခ။ သိလိုစိတ် ပြင်းပြမှုနှင့်အတူ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ ခွဲခြမ်းစိတ်ဖြာခြင်း

ဆက်လက်၍ ဒုတိယအချက်ဖြစ်သည့် သိလိုစိတ် ပြင်းပြမှုနှင့်အတူ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ ခွဲခြမ်းစိတ်ဖြာခြင်းကို ပြောကြမည်။ ဤအချက်သည် နားလည်ရန် လွယ်ကူသလော။ လူ့ဇာတိခံ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် နှုတ်ကပတ်တော်များအပေါ်၌ဖြစ်စေ၊ ကိုယ်တော်၏ စကားတစ်လုံးချင်းနှင့် အပြုအမူတိုင်းတွင် ဖော်ပြသော ပင်ကိုစရိုက် သို့မဟုတ် စိတ်သဘောထားအပေါ်၌ဖြစ်စေ၊ ကိုယ်တော်၏ နှစ်သက်မှုများအပေါ်၌ပင်ဖြစ်စေ ပုံမှန် လူများသည် ဤအရာများကို မှန်ကန်စွာ သဘောထားပြုမူသင့်သည်။ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်လျှောက်ပြီး သမ္မာတရားကို လိုက်စားသောသူတို့သည် ခရစ်တော်၏ ဤပြင်ပ ထုတ်ဖော်ပြချက်များကို ကိုယ်တော်၏ ဇာတိပကတိ၏ ပုံမှန်ဘက်ခြမ်းအဖြစ် မှတ်ယူကြသည်။ ခရစ်တော် မိန့်ကြားသော နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ သူတို့သည် ယင်းတို့ကို သမ္မာတရားအဖြစ် မှတ်ယူသော သဘောထားဖြင့် နားထောင်ပြီး နားလည်သဘောပေါက်နိုင်ကြသည်၊ ဤနှုတ်ကပတ်တော်များမှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ကြသည်၊ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို နားလည်ကြသည်၊ ပြီးလျှင် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်ရန် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာတွေ့ကြသည်။ သို့သော် အန္တိခရစ်များမှာမူ ကွဲပြားစွာ ပြုမူကြသည်။ သူတို့သည် ခရစ်တော် စကားပြောဆိုခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းကို စောင့်ကြည့်လေ့လာသောအခါ သူတို့၏ စိတ်နှလုံးထဲ၌ ပါရှိသောအရာမှာ လက်ခံခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း မဟုတ်ဘဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည် “ဤနှုတ်ကပတ်တော်များသည် အဘယ်မှ လာသနည်း။ ယင်းတို့ကို မည်သို့ ပြောဆိုသနည်း။ တစ်ကြောင်းပြီးတစ်ကြောင်း ပြောဆိုခြင်းဖြစ်သည်၊ ယင်းတို့သည် ကြိုတင်ကြံစည်ထားခြင်းလော သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းနှိုးဆော်မှုကြောင့်လော။ ဤနှုတ်ကပတ်တော်များသည် ကြိုတင် သင်ယူထားခြင်းလော သို့မဟုတ် ကြိုတင် ပြင်ဆင်ထားခြင်းလော။ အဘယ်ကြောင့် ကျွန်ုပ် မသိရသနည်း။ ဤနှုတ်ကပတ်တော်အချို့သည် အတော်ပင် သာမန်ဖြစ်ပုံရသည်၊ ရိုးရိုးစကားမျှသာ ဖြစ်ပုံရသည်။ ဤသည်မှာ ဘုရား မဟုတ်သည့်ပုံစံဟု ထင်ရသည်၊ ဘုရားသခင်သည် အမှန်တကယ် ဤမျှ သာမန်အားဖြင့်၊ ဤမျှ ပုံမှန်အားဖြင့် စကားပြောဆိုသလော။ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမှတစ်ဆင့် ကျွန်ုပ် နားမလည်နိုင်ပါ၊ ထို့ကြောင့် သူ နောက်ကွယ်၌ အဘယ်အရာ လုပ်ဆောင်သည်ကို ကျွန်ုပ် စောင့်ကြည့်လေ့လာမည်။ သူ သတင်းစာများ ဖတ်သလော။ သူသည် ကျော်ကြားသော စာအုပ်များ တစ်စုံတစ်ရာကို ဖတ်ဖူးသလော။ သူသည် သဒ္ဒါကို လေ့လာသလော။ သူသည် အများအားဖြင့် မည်သို့သော လူအမျိုးအစားများနှင့် ထိတွေ့ဆက်ဆံသနည်း” ဟု သူတို့က လေ့လာစူးစမ်းကြသည်။ သူတို့သည် သမ္မာတရားကို ကျိုးနွံနာခံခြင်း သို့မဟုတ် လက်ခံခြင်း သဘောထားကို မကိုင်စွဲကြဘဲ သိပ္ပံဆိုင်ရာ သုတေသန ပြုလုပ်သော သို့မဟုတ် ပညာရပ်ဆိုင်ရာ ဘာသာရပ်များကို လေ့လာသော ပညာရှင်တစ်ဦး၏ သဘောထားဖြင့် ခရစ်တော်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ သူတို့သည် ခရစ်တော်၏ နှုတ်ကပတ်တော်များ၏ အကြောင်းအရာနှင့် သူ၏ ပြောဆိုပုံ၊ ခရစ်တော် ပြောဆိုသောစကားကို နားထောင်သူများ၊ ထို့အတူ ကိုယ်တော် စကားပြောဆိုသည့် အခေါက်စီတိုင်းတွင် ကိုယ်တော်၏ သဘောထားနှင့် ရည်ရွယ်ချက်တို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ခရစ်တော် စကားပြောဆိုသည့်အခါတိုင်း သို့မဟုတ် ပြုမူဆောင်ရွက်သည့်အခါတိုင်း သူတို့၏ နားများသို့ ရောက်ရှိသမျှသော အရာတိုင်း၊ သူတို့ မြင်တွေ့နိုင်သမျှသော အရာတိုင်းနှင့် သူတို့ ကြားသိသမျှသော အရာတိုင်းသည် သူတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ခံရသောအရာများ ဖြစ်လာကြသည်။ သူတို့သည် ခရစ်တော်မှ မိန့်ကြားသော စကားလုံးတိုင်းနှင့် ဝါကျတိုင်း၊ သူ ပြုလုပ်သော လုပ်ဆောင်ချက်တိုင်း၊ သူ ကိုင်တွယ်သော ပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်း၊ လူတို့ကို သူ ဆက်ဆံပုံ၊ သူ၏ အပြောအဆိုနှင့် အမူအရာ၊ အကြည့်နှင့် မျက်နှာ အမူအရာများ၊ သူ၏ နေထိုင်မှု အလေ့အကျင့်များနှင့် လုပ်ရိုးလုပ်စဉ်များအပြင် အခြားသူတို့နှင့် ပေါင်းသင်းဆက်ဆံပုံနှင့် အခြားသူတို့အပေါ် ထားရှိသော သဘောထားများ စသည့် ဤအရာအားလုံးကို သူတို့သည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ဤသို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမှတစ်ဆင့် ခရစ်တော်ကို ငါ မည်သို့ပင် ကြည့်ပါစေ၊ သူသည် ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်ပုံရသည်၊ သူသည် အတော်ပင် သာမန်ဖြစ်ပြီး သမ္မာတရားကို ဖော်ပြနိုင်စွမ်းမှလွဲ၍ အထူးသဖြင့် ထူးခြားသော အရာတစ်ခုမျှ သူ၌ မရှိပေ။ ဤသည်မှာ အမှန်တကယ် လူ့ဇာတိခံ ဘုရား ဖြစ်နိုင်မည်လော ဟူ၍ အန္တိခရစ်တို့က ကောက်ချက်ချကြသည်။ သူတို့ မည်မျှပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးစေကာမူ သူတို့သည် တိကျသော ကောက်ချက်တစ်ခုကို မရရှိနိုင်ကြချေ။ သူတို့ မည်မျှပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးစေကာမူ ခရစ်တော်သည် သူတို့၏ စိတ်နှလုံးထဲ၌ သူတို့ အသိအမှတ်ပြုသော ဘုရားသခင် ဟုတ်မဟုတ်ကို သူတို့ သေချာအောင် လေ့လာစိစစ်နိုင်ခြင်း မရှိကြ။ သူတို့သည် ခရစ်တော်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောသူများ ဖြစ်ကြသည်၊ ဘုရားသခင်၏ အမှုကို တွေ့ကြုံခံစားသောသူများ မဟုတ်ကြပေ။ သူတို့သည် ဘုရားသခင်နှင့် ပတ်သက်သော အသိပညာကို မည်သို့ ရရှိနိုင်မည်နည်း။

အန္တိခရစ်တို့သည် ခရစ်တော်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရာ၌ ဘုရားသခင်၏ ကြီးကျယ်ခမ်းနားခြင်းကို မမြင်နိုင်ကြပေ၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ အနန္တတန်ခိုးနှင့် သြဇာအာဏာတို့ကို မမြင်နိုင်ကြပေ။ သူတို့ မည်သို့ပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးစေကာမူ ခရစ်တော်သည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်သည်ဟူသော ကောက်ချက်ကို သူတို့ မရရှိနိုင်ကြပေ။ သူတို့သည် ဤသည်ကို ထွင်းဖောက်မြင်နိုင်စွမ်းနှင့် နားလည်နိုင်စွမ်း မရှိကြပေ။ အချို့သောသူများက “သင် ထွင်းဖောက်မြင်နိုင်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်း မရှိသည့်နေရာ၌ ရှာဖွေရန် သမ္မာတရား ရှိသည်” ဟု ဆိုကြသည်။ ထိုအခါ အန္တိခရစ်သည် “ကျွန်ုပ်သည် ဤနေရာ၌ ရှာဖွေရန် မည်သည့်သမ္မာတရားကိုမျှ မမြင်ပါ၊ နက်နက်ရှိုင်းရှိုင်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် ထိုက်တန်သော သံသယဖြစ်ဖွယ် အသေးစိတ်အချက်များသာ ရှိပါသည်” ဟု တုံ့ပြန်ပေမည်။ သူတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းပြီးနောက် “ဤခရစ်တော်သည် နှုတ်ကပတ်တော်အချို့ကိုသာ ပြောဆိုနိုင်ပြီး ထိုထက်ပို၍ သာမန်လူများနှင့် ခြားနားသောအရာ တစ်ခုမျှ မရှိပေ။ သူ၌ ထူးခြားသော ဆုကျေးဇူးများ ကင်းမဲ့သည်၊ ထူးခြားသော စွမ်းရည်များ မရှိပေ၊ ယေရှု ပြုလုပ်ခဲ့သကဲ့သို့ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်ရန် သဘာဝလွန် တန်ခိုးများကိုပင် ပိုင်ဆိုင်ခြင်း မရှိပေ။ သူ ပြောဆိုသမျှ အရာအားလုံးသည် သေမျိုးတစ်ဦး၏ စကားများ ဖြစ်သည်။ သို့ဆိုလျှင် သူသည် အမှန်တကယ် ခရစ်တော် ဟုတ်သလော။ ဤရလဒ်သည် နောက်ထပ် ခွဲခြမ်းစိတ်ဖြာခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို စောင့်ဆိုင်းနေပါသည်” ဟု သူတို့ ကောက်ချက်ချကြသည်။ သူတို့ မည်သို့ပင် ကြည့်စေကာမူ သူတို့သည် ခရစ်တော်၌ ဘုရားသခင်၏ အနှစ်သာရကို မမြင်နိုင်ကြပေ၊ သူတို့ မည်မျှပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးစေကာမူ ခရစ်တော်၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာ ရှိသည်ဟု သူတို့ ကောက်ချက်မချနိုင်ကြပေ။ အန္တိခရစ်တစ်ဦး၏ အမြင်တွင် ဘုရား လူ့ဇာတိခံယူသော ဇာတိပကတိသည် ထူးကဲသော တန်ခိုးများ၊ ထူးခြားသော ဆုကျေးဇူးများ၊ အံ့ဖွယ်အမှုများကို ပြသနိုင်စွမ်းနှင့် ဘုရား၏ အာဏာကို ထင်ရှားစေပြီး ကျင့်သုံးနိုင်သည့် အနှစ်သာရနှင့် စွမ်းဆောင်နိုင်ရည်တို့ကို ပိုင်ဆိုင်သင့်သည်။ သို့သော်လည်း သူတို့၏ ရှေ့မှောက်ရှိ ဤသာမန်ပုဂ္ဂိုလ်မူကား ဤအရည်အသွေးအားလုံး ကင်းမဲ့သည့်အပြင် သူ၏ အပြောအဆိုသည် အလွန် စကားပြောကောင်းခြင်း မရှိပေ၊ အမှုအရာများစွာကို ဖော်ပြသည့်အခါ၌ပင် သူသည် လူ့အယူအဆများနှင့် မကိုက်ညီသော အရပ်သုံးစကားကိုသာ အသုံးပြုသည်၊ တက္ကသိုလ် ပါမောက္ခတစ်ဦး၏ အဆင့်သို့ပင် မရောက်ရှိပေ။ အန္တိခရစ်တို့သည် ခရစ်တော်၏ စကားကို မည်သို့ပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးစေကာမူ ခရစ်တော်၏ လုပ်ဆောင်ချက်များအပြင် အမှုအရာများကို လုပ်ဆောင်ရာတွင် သူ၏ သဘောထားနှင့် နည်းလမ်းတို့ကို မည်သို့ပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးစေကာမူ ခရစ်တော်တည်းဟူသော ဤသာမန်ပုဂ္ဂိုလ်သည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်သည်ကို သူတို့ မမြင်နိုင်ကြပေ။ ထို့ကြောင့် အန္တိခရစ်တို့၏ စိတ်နှလုံးထဲ၌ ဤသာမန်ပုဂ္ဂိုလ်ကို လိုက်အလျှောက်ထိုက်ဆုံး ဖြစ်စေသောအရာများမှာ သူတို့ ထွင်းဖောက်မြင်နိုင်ခြင်း မရှိသော များစွာသော အမှုအရာများ၊ နှုတ်ကပတ်တော်များနှင့် ဖြစ်စဉ်များ ဖြစ်သည်။ ဤသည်သာလျှင် သူတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းအတွက် ထိုက်တန်သောအရာ၊ ဤပုဂ္ဂိုလ်ကို လိုက်လျှောက်ရန် သူတို့၏ အကြီးမားဆုံးသော စေ့ဆော်မှု ဖြစ်သည်။ သူတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းအတွက် ထိုက်တန်သော အကြောင်းအရာနှင့် ခေါင်းစဉ်များမှာ အဘယ်နည်း။ ယင်းမှာ ခရစ်တော်မှ မိန့်ကြားသော ဤအသက် ဝင်ရောက်မှုနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ ဖြစ်သည်၊ သာမန်လူတို့သည် ထိုသို့သော အမှုအရာများကို အမှန်တကယ် မပြောဆိုနိုင်ကြပေ၊ သူတို့၌ ယင်းတို့ အမှန်တကယ် မရှိကြပေ၊ ထို့ပြင် ထိုသို့သော နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်အကြားမှ အခြားလူတစ်ဦးထံ၌ အမှန်ပင် မတွေ့ရှိရပေ။ ယင်းတို့ အဘယ်မှ လာသည်ကို မသိရှိရပေ။ အန္တိခရစ်တို့သည် အကြိမ်ကြိမ်အခါခါ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသော်လည်း ဤအရာနှင့်ပတ်သက်၍ ကောက်ချက်တစ်ခုကို မည်သည့်အခါမျှ မရရှိနိုင်ကြပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦး၏ ပကတိအခြေအနေ၊ သူတို့၏ အနှစ်သာရနှင့် စိတ်သဘောထားတို့မှာ မည်သည့်အရာ ဖြစ်သည်ကို ငါ ပြောဆိုသောအခါ သာမန်လူတို့သည် ဤအသေးစိတ်အချက်အလက်များကို တကယ့်ပုဂ္ဂိုလ်နှင့် စေ့စေ့စပ်စပ် ကိုက်ညီစစ်ဆေးပြီး ကိစ္စရပ်ကို အတည်ပြုကြပေမည်။ အန္တိခရစ်တို့သည် ဤနှုတ်ကပတ်တော်များကို ကြားသောအခါ သူတို့သည် ကိစ္စရပ်ကို ကိုက်ညီစစ်ဆေးပြီး နားလည်ရန် လက်ခံခြင်း သဘောထားကို မခံယူကြဘဲ ခွဲခြမ်းစိတ်ဖြာကြသည်။ သူတို့သည် အဘယ်အရာကို ခွဲခြမ်းစိတ်ဖြာကြသနည်း။ “သင်သည် ဤပုဂ္ဂိုလ်၏ အခြေအနေအကြောင်း မည်သို့ သိရှိသနည်း။ သူတို့၌ ထိုသို့သော စိတ်သဘောထား ရှိသည်ဟု သင် မည်သို့ သိရှိသနည်း။ ယင်းကို စရိုက်လက္ခဏာ သရုပ်ဖော်ရန်အတွက် သင်၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ သင်သည် သူတို့နှင့် များစွာ ထိတွေ့ဆက်ဆံမှု မရှိခဲ့ပါ၊ သို့ဖြစ်ပါလျက် သင်သည် သူတို့ကို မည်သို့ နားလည်သနည်း။ ကျွန်ုပ်တို့သည် သူတို့နှင့် ကြာမြင့်စွာ ထိတွေ့ဆက်ဆံခဲ့ပါသည်၊ အဘယ်ကြောင့် ကျွန်ုပ်တို့ သူတို့ကို ထွင်းဖောက်မြင်နိုင်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်း မရှိရသနည်း။ ကျွန်ုပ်သည် စောင့်ကြည့်လေ့လာရန် လိုအပ်ပြီး သင်၏ စကားကိုသာ လက်ခံ၍ မဖြစ်ပါ။ သင် ဆိုသောစကားသည် တိကျခြင်း သို့မဟုတ် မှန်ကန်ခြင်း ရှိကောင်းရှိနိုင်မည် မဟုတ်ပါ” ဟူ၍ ဖြစ်လေသည်။ အချို့သောသူတို့ ငါနှင့် ပေါင်းသင်းဆက်ဆံခြင်းများ ပြုလုပ်ခဲ့ချိန်တစ်လျှောက်တွင် ငါသည် သူတို့ကို အချို့သော အလုပ် သို့မဟုတ် အသက်မွေးဝမ်းကျောင်းမှုတစ်ခု၌ လမ်းညွှန်ကောင်း လမ်းညွှန်ပေးနိုင်သည်။ အကယ်၍ ဤလမ်းညွှန်မှု၏ နည်းလမ်းနှင့် စည်းစနစ်သည် သူတို့၌ ရှိသော နည်းပညာဆိုင်ရာ အသိပညာနှင့် ကိုက်ညီပြီး သူတို့ကို ကျေနပ်စေပါက သူတို့သည် ယင်းကို အင်တင်တင်ဖြင့် လုပ်ဆောင်ကြပေမည်။ သို့သော် ယင်းသည် သူတို့ကို မကျေနပ်စေပါက သူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အတိုက်အခံပြုပြီး ဤသို့ တွေးတောကြမည်။ “သင်သည် ဤနည်းလမ်းအတိုင်း အဘယ်ကြောင့် လုပ်ဆောင်သနည်း။ ဤသည်မှာ ဤနယ်ပယ်နှင့် ဆန့်ကျင်ဘက် မဟုတ်ပါလော။ ကျွန်ုပ်သည် အဘယ်ကြောင့် သင့်စကားကို နားထောင်သင့်သနည်း။ သင် ပြောဆိုသောအရာ မှားယွင်းပါက ကျွန်ုပ်သည် သင့်စကားကို နားမထောင်နိုင်ပါ၊ ကျွန်ုပ်သည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လုပ်ဆောင်ရပေမည်။ အကယ်၍ သင် မှန်ကန်ပါက သင် မည်သို့ မှန်ကန်သည်၊ သင်သည် ဤသည်ကို မည်သို့ သိရှိလာသည်ကို ကျွန်ုပ် နားလည်ရန် လိုအပ်ပါသည်။ သင်သည် ယင်းကို သင်ယူခဲ့သလော။ အကယ်၍ သင် မသင်ယူခဲ့ပါက သင်သည် မည်သို့ သိရှိနိုင်မည်နည်း။ အကယ်၍ သင်သည် ယင်းကို မသင်ယူခဲ့ပါက သင်သည် ယင်းကို နားလည်သင့်သည် မဟုတ်၊ အကယ်၍ သင် အမှန်တကယ် နားလည်ပါက ယင်းမှာ ပုံမှန်မဟုတ်ပေ။ သင်သည် ယင်းကို မည်သို့ နားလည်သနည်း။ သင့်ကို မည်သူ ပြောပြခဲ့သနည်း၊ သို့မဟုတ် သင်သည် သင့်ဘာသာ လျှို့ဝှက်စွာ သင်ယူခဲ့သလော” ဟူ၍ ဖြစ်လေသည်။ သူတို့သည် စိတ်ထဲမှနေ၍ ခွဲခြမ်းစိတ်ဖြာပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ငါ ပြောဆိုသော ဝါကျတိုင်း၊ ငါ ကိုင်တွယ်သော ကိစ္စရပ်တိုင်းသည် အန္တိခရစ်တို့၏ စိစစ်ခြင်းမှတစ်ဆင့် ဖြတ်သန်းရမည်၊ သူတို့၏ သုံးသပ်စစ်ဆေးခြင်းကို ခံယူရမည်။ ယင်းသည် သူတို့၏ သုံးသပ်စစ်ဆေးခြင်းကို အောင်မြင်မှသာလျှင် သူတို့သည် ယင်းကို လက်ခံကြလိမ့်မည်၊ အောင်မြင်ခြင်း မရှိပါက သူတို့သည် ဝေဖန်မည်၊ အကဲဖြတ်ချက်များ ချမှတ်မည်၊ ပြီးလျှင် အတိုက်အခံပြုခြင်းကို ဖြစ်ပေါ်စေကြလိမ့်မည်။

ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိသည် လူအားလုံးအတွက် အကြီးမားဆုံးသော နက်နဲမှု ဖြစ်သည်။ ဤကိစ္စရပ်၌ အမှန်တကယ် အဘယ်အရာ ဖြစ်ပျက်နေသည်ကို မည်သူမျှ သဘောပေါက်နားလည်နိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်သည် လူတစ်ဦး မည်သို့ ဖြစ်လာခဲ့သည်၊ ဤပုဂ္ဂိုလ်သည် ဘုရားသခင်၏ နှုတ်တော်မှ နှုတ်ကပတ်တော်များကို မည်သို့ ပြောဆိုနိုင်ပြီး ဘုရားသခင်၏ အမှုကို မည်သို့ ဆောင်ရွက်နိုင်သည်၊ ပြီးလျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤပုဂ္ဂိုလ်ကို မည်သို့ တိတိကျကျ လမ်းညွှန်ပြီး ကွပ်ကဲသည် စသည်တို့ကဲ့သို့သော ဘုရားသခင်၏ အနှစ်သာရသည် ဤဇာတိပကတိထဲ၌ မည်သို့ အမှန်တကယ် ဖြစ်လာသည်ကိုလည်း မည်သူမျှ သိနားလည်နိုင်ခြင်း မရှိပေ။ ဤအမှုတော်အားလုံး၌ လူတို့သည် ကြီးကျယ်သော ရူပါရုံများကို မြင်တွေ့ခဲ့ရခြင်း မရှိသကဲ့သို့ ဤဇာတိပကတိထံမှ မည်သည့် ထူးခြားသော လှုပ်ရှားမှုများကိုမျှလည်း စောင့်ကြည့်လေ့လာခဲ့ရခြင်း မရှိပေ။ အဖြစ်အပျက်တွင် မည်သည့်အရာမျှ ထူးထူးခြားခြား ရှိပုံမပေါ်ပေ၊ အရာခပ်သိမ်းသည် ပုံမှန်ဖြစ်ပုံရသည်။ ဘုရားသခင်သည် ဣသရေလ၌ ရှိခဲ့သော ဘုန်းအသရေကို အရှေ့အရပ်သို့ မသိမသာ ဆောင်ကြဉ်းခဲ့ပြီး ဖြစ်သည်။ ဤပုဂ္ဂိုလ်၏ စကားပြောခြင်းနှင့် အမှုပြုခြင်းမှတစ်ဆင့် ခေတ်သစ်တစ်ခုသည် ဤသို့ စတင်ခဲ့ပြီးဖြစ်ကာ ခေတ်ဟောင်းတစ်ခုသည် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မည်သူမျှ သဘောမပေါက်လိုက်ဘဲ ယင်းမှာ အဆုံးသတ်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတို့၊ ရိုးရှင်းပြီး ပွင့်လင်းကြင်နာသောသူတို့၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောသူတို့သည် ဤကိစ္စရပ်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မပြုကြပေ။ အကယ်၍ သူတို့သည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မပြုပါက အဘယ်အရာကို လုပ်ဆောင်ကြသနည်း။ မလှုပ်မယှက် စောင့်ဆိုင်းနေရုံသာလော။ မဟုတ်ပါ။ သူတို့က ဤနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း မြင်ကြသည်၊ ဤနှုတ်ကပတ်တော်အားလုံး၏ အရင်းအမြစ်မှာ ဘုရားသခင်ဖြစ်သည်ဟု ယုံကြည်ကြသည်၊ ထို့ကြောင့် ဤသာမန်ပုဂ္ဂိုလ်သည် ခရစ်တော်ဖြစ်သည်ဟူသော အချက်ကို အသိအမှတ်ပြုကြပြီး အခြားမည်သည့်အရာကိုမျှ ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ကိုယ်တော့်ကို သူတို့၏ သခင်နှင့် ဘုရားသခင်အဖြစ် လက်ခံကြသည်။ အခြားတစ်ဖက်တွင်မူ အန္တိခရစ်တို့သည် ဤနှုတ်ကပတ်တော်အားလုံးနှင့် ဤအမှုတော်အားလုံးသည် ဘုရားသခင်ထံမှ လာသည်ကိုလည်းကောင်း၊ ဤပြောဆိုခြင်းနှင့် အမှုပြုခြင်းအားလုံး၏ အရင်းအမြစ်မှာ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း မမြင်နိုင်ကြပေ၊ ထို့ကြောင့် ဤသာမန် ပုဂ္ဂိုလ်ကို သူတို့၏ သခင်နှင့် ဘုရားသခင်အဖြစ် လက်မခံကြပေ။ ထိုအစား သူတို့သည် သူတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ပြင်းထန်စေပြီး သူတို့၏ စိတ်နှလုံးထဲ၌ အတိုက်အခံပြုကြသည်။ သူတို့သည် အဘယ်အရာကို အတိုက်အခံပြုကြသနည်း။ “သင် မည်မျှပင် ပြောဆိုစေကာမူ၊ သင် မည်မျှပင် ကြီးမြတ်သော အမှုတော်ကို ပြုလုပ်စေကာမူ၊ သင်၏ အရင်းအမြစ်မှာ မည်သူပင် ဖြစ်စေကာမူ သင်သည် သာမန် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသမျှ ကာလပတ်လုံး၊ သင်၏ ပြောဆိုပုံနည်းလမ်းသည် ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီသမျှ ကာလပတ်လုံး၊ သင်၏ အသွင်အပြင်သည် ကျွန်ုပ်၏ မျက်စိကို ဖမ်းစားရန် သို့မဟုတ် ကျွန်ုပ်၏ အထင်ကြီးလေးစားမှုကို ရရှိရန် အတော်အတန် ကြီးမြတ်ခြင်း မရှိသမျှ ကာလပတ်လုံး ကျွန်ုပ်သည် သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ခွဲခြမ်းစိတ်ဖြာမည်။ သင်သည် ကျွန်ုပ်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ခံရသည့်အရာ ဖြစ်သည်၊ ကျွန်ုပ်သည် သင့်ကို ကျွန်ုပ်၏ သခင်အဖြစ်၊ ကျွန်ုပ်၏ ဘုရားသခင်အဖြစ် လက်မခံနိုင်ပါ” ဟူ၍ ဖြစ်လေသည်။ သူတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း ဖြစ်စဉ်တွင် အန္တိခရစ်တို့သည် သူတို့၏ အယူအဆများ၊ ပုန်ကန်ခြင်းနှင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ပျက်ကွက်ရုံသာမက သူတို့၏ အယူအဆများသည် တစ်နေ့တခြား ကြီးထွားလာပြီး တိုး၍တိုး၍ ပြင်းထန်လာကြသည်။ ဥပမာအားဖြင့် အသင်းတော် ခေါင်းဆောင်တစ်ဦးသည် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ခံရပြီး ထိုအသင်းတော်၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေသည့်အခါ ထိုသို့သော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သော် အန္တိခရစ်တို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ဤသို့ မေးမြန်းခြင်း ဖြစ်သည်။ “ခရစ်တော် ဤအကြောင်းကို သိပါသလော။ ဤအသင်းတော် ခေါင်းဆောင်ကို မည်သူ ခန့်အပ်ခဲ့သနည်း။ ဤအရာအပေါ် ခရစ်တော်၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ သူ ယင်းကို မည်သို့ ကိုင်တွယ်နေသနည်း။ ခရစ်တော် ဤပုဂ္ဂိုလ်ကို သိပါသလော။ ခရစ်တော်သည် ဤပုဂ္ဂိုလ်မှာ အန္တိခရစ်တစ်ဦးဖြစ်သည်ဟု ယခင်က ပြောဆိုခဲ့ဖူးပါသလော၊ သို့မဟုတ် ဤအဖြစ်အပျက်ကို ပရောဖက်ပြုခဲ့ဖူးပါသလော။ ယခု ဤအသင်းတော်၌ ထိုသို့သော အဓိက ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့ပြီးဖြစ်ရာ ခရစ်တော်သည် ဦးဆုံး သိရှိခဲ့သောသူလော” ဟု မေးကြသည်။ ငါ မသိခဲ့ပါ၊ ငါလည်း ယင်းနှင့်ပတ်သက်၍ ယခုလေးတင် သိရှိခြင်း ဖြစ်သည်ဟု ငါက ဆိုလေသည်။ “ယင်းမှာ မမှန်ကန်ပါ။ သင်သည် ဘုရား ဖြစ်သည်၊ သင်သည် ခရစ်တော် ဖြစ်သည်၊ အဘယ်ကြောင့် သင် မသိရသနည်း။ သင် သိသင့်သည်” ဟု ဆိုကြသည်။ ငါသည် ခရစ်တော်၊ သာမန် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သောကြောင့် အတိအကျပင် ငါ သိရှိရန် မလိုအပ်ခြင်း ဖြစ်သည်။ အသင်းတော်၌ ယင်း၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် လူတို့ကို ကိုင်တွယ်ရန် စည်းမျဉ်းများ ရှိသည်။ အန္တိခရစ်များ ပေါ်ပေါက်လာသောအခါ သူတို့ကို အသင်းတော်၏ စည်းမျဉ်းများအတိုင်း ဖယ်ထုတ်ပစ်ပြီး နှင်ထုတ်နိုင်သည်။ ဤသည်မှာ ဘုရားသခင် အာဏာကိုင်စွဲထားခြင်းကို ထင်ဟပ်သည်၊ ယင်းသည် သမ္မာတရားက အာဏာကိုင်စွဲထားခြင်းကို ထင်ဟပ်သည်။ ငါသည် အရာခပ်သိမ်းကို သိရှိရန် မလိုအပ်ပေ။ အကယ်၍ အသင်းတော်သည် ကိစ္စရပ်များကို ယင်း၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် လူတို့ကို ကိုင်တွယ်ရန် စည်းမျဉ်းများအတိုင်း ကိုင်တွယ်ရန် ပျက်ကွက်ပါက ထိုအခါ ငါ ကြားဝင်ဆောင်ရွက်မည်။ သို့သော်လည်း အကယ်၍ ညီအစ်ကိုမောင်နှမများသည် လူတို့ကို ဖယ်ထုတ်ပစ်ခြင်းနှင့် နှင်ထုတ်ခြင်း၌ ဘုရားသခင်၏ အိမ်တော်မှ စည်းမျဉ်းများကို နားလည်ပါက ငါ ပါဝင်ပတ်သက်ရန် မလိုအပ်ပေ။ သမ္မာတရား အာဏာကိုင်စွဲထားသည့်နေရာ၌ ငါ ကြားဝင်စွက်ဖက်ရန် မလိုအပ်ပေ။ ဤသည်မှာ အလွန် ပုံမှန်မဟုတ်သလော။ (ဟုတ်ပါသည်။) သို့သော် အန္တိခရစ်တို့သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ ပြဿနာများ ဖန်တီးနိုင်ပြီး အယူအဆများ ဖြစ်ပေါ်နိုင်သည်၊ ခရစ်တော်ကို ငြင်းပယ်ရန်နှင့် ခရစ်တော်သည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်သည်ဟူသော အချက်ကို ပြစ်တင်ရှုတ်ချရန် ဤအယူအဆများကိုပင် အသုံးပြုနိုင်ကြသည်။ ဤသည်မှာ အန္တိခရစ်တို့ ပြုလုပ်သည့်အရာပင် ဖြစ်လေသည်။ အကြောင်းမှာ တစ်စုံတစ်ရာသည် သူတို့၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ သို့မဟုတ် မျှော်လင့်ချက်များနှင့် မကိုက်ညီသောကြောင့် သူတို့သည် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်နိုင်သည်။ ခရစ်တော်၏ သွင်ပြင်လက္ခဏာ အသီးသီးကို သူတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် ဤကောက်ချက်သို့ ဦးတည်စေသည်။ သူတို့သည် ခရစ်တော်၌ ဘုရားသခင်၏ အနှစ်သာရကို မမြင်ကြပေ၊ ထို့ကြောင့် သူတို့သည် ဤပုဂ္ဂိုလ်ကို ဘုရားသခင်၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာ ရှိသည်ဟု အဓိပ္ပာယ်မဖွင့်ဆိုနိုင်ကြပေ။ ဤသည်မှာ မည်သည့်အရာမျှ မဖြစ်ပျက်သည့်အခါတွင် ကောင်းသော်လည်း တစ်စုံတစ်ရာ ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် အန္တိခရစ်တို့သည် ခရစ်တော်၏ ပင်ကိုလက္ခဏာကို ငြင်းပယ်ရန်နှင့် ခရစ်တော်ကို ပြစ်တင်ရှုတ်ချရန် ဦးဆုံး ထွက်ပေါ်လာသောသူများ ဖြစ်ကြသည်ဟူသော အခြေအနေသို့ ဦးတည်စေသည်။ သို့ဆိုလျှင် အန္တိခရစ်တို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၏ ရည်ရွယ်ချက်မှာ အမှန်စင်စစ် အဘယ်နည်း။ သူတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့သည် သမ္မာတရားကို သာ၍ ကောင်းစွာ နားလည်ရန် မဟုတ်ဘဲ သက်သေအထောက်အထားကို ရှာဖွေရန်နှင့် နိုင်ကွက်ကို မလွှတ်တမ်း ဆုပ်ကိုင်ရန်၊ ဘုရားသခင် ဇာတိပကတိ၌ လူ့ဇာတိခံယူခြင်းဟူသော အချက်ကို ငြင်းပယ်ရန်၊ ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိသည် ခရစ်တော်ဖြစ်သည်၊ ဘုရားသခင် ဖြစ်သည်ဟူသော အချက်ကို ငြင်းပယ်ရန် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့ ခရစ်တော်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း၏ နောက်ကွယ်မှ စေ့ဆော်မှုနှင့် ပန်းတိုင် ဖြစ်သည်။

အန္တိခရစ်တို့သည် ခရစ်တော်နောက် လိုက်နေပြီး နောက်လိုက်များအဖြစ် ဟန်ဆောင်နေစဉ်တွင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း သဘောထားကို သယ်ဆောင်ကြကာ အဆုံးစွန်၌ သမ္မာတရားကို နားလည်ရန် သို့မဟုတ် ခရစ်တော်သည် သခင်ဖြစ်သည်၊ ဘုရားသခင် ဖြစ်သည်ဟူသော အချက်ကို အတည်ပြုရန် ပျက်ကွက်ကြသည်။ သို့သော် အဘယ်ကြောင့် သူတို့သည် ဤမျှ အင်တင်တင်ဖြင့် ဤမျှ လိုလားမှုမရှိဘဲ လိုက်နေကြဆဲ ဖြစ်ပြီး အဘယ်ကြောင့် ဘုရားသခင်၏ အိမ်တော်အတွင်း၌ နေထိုင်ကြသနည်း။ ကျွန်ုပ်တို့ ယခင်က ဆွေးနွေးခဲ့ပြီးဖြစ်သော အချက်တစ်ချက်မှာ သူတို့သည် ကောင်းချီးမင်္ဂလာများကို လက်ခံရရှိရန် ရည်ရွယ်ချက်ကို သိုထားကြသည်၊ သူတို့သည် ရည်မှန်းချက်ကြီးကြသည်။ နောက်အချက်တစ်ချက်မှာ အန္တိခရစ်တို့သည် သာမန်လူများ၌ မတွေ့ရှိရသော သိလိုစိတ် ပြင်းပြမှုကို ပိုင်ဆိုင်ကြသည်။ မည်သို့သော သိလိုစိတ် ပြင်းပြမှုမျိုးနည်း။ ယင်းမှာ ထူးဆန်းပြီး သာမန်မဟုတ်သော အဖြစ်အပျက်များအပေါ် သူတို့၏ စွဲလမ်းမှု ဖြစ်သည်။ အန္တိခရစ်တို့သည် လောက၌ရှိသော ထူးဆန်းပြီး သာမန်မဟုတ်သော အဖြစ်အပျက်အားလုံး၊ သဘာဝတရား၏ နိယာမများကို ကျော်လွန်သော အဖြစ်အပျက်အားလုံးအပေါ် အထူးသဖြင့် သိလိုစိတ် ပြင်းပြကြသည်။ သူတို့၌ များစွာသော အမှုအရာများကို နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းလေ့လာပြီး ယင်းတို့၏ ဖြစ်ကြောင်းရင်းမြစ်ကို သိရှိရန် လိုအင်ဆန္ဒတစ်ခု ရှိကြသည်။ ဤစူးစမ်းလေ့လာခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းမှာ သူတို့ အရည်အချင်း မပြည့်မီသည့်ပုံ ပေါက်မည်ကို စိုးရွံ့သဖြင့် အရာခပ်သိမ်းကို နားလည်လိုခြင်း၊ အရာခပ်သိမ်း၏ နောက်ကွယ်မှ အမှန်တရားကို သိရှိလိုခြင်းဟူသော မာနထောင်လွှားမှုသက်သက် ဖြစ်သည်။ ကိစ္စရပ် မည်သို့ပင်ဖြစ်စေ သူတို့သည် ဦးဆုံး သိရှိသောသူ၊ ဤကိစ္စရပ်၏ အသေးစိတ်ကို အသိဆုံးနှင့် အနှံ့စပ်ဆုံးသောသူ ဖြစ်လိုကြသည်။ သူတို့သည် ရှုထောင့်တိုင်း၌ “အသာဆုံး” ဖြစ်သောသူ ဖြစ်လိုကြသည်။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင် ဇာတိပကတိ၌ လူ့ဇာတိခံယူခြင်း ကိစ္စရပ်ကိုလည်း လျစ်လျူရှုခြင်း သို့မဟုတ် လက်လွတ်ခံခြင်း မရှိကြပေ။ သူတို့က “ဘုရားသခင် လူ့ဇာတိခံယူခြင်းသည် လူ့လောက၌ အကြီးမားဆုံးသော နက်နဲမှု ဖြစ်သည်။ ဤအကြီးမားဆုံးသော နက်နဲမှု၊ ဤအံ့ဩဖွယ်အကောင်းဆုံးသော အမှုအရာနှင့် ပတ်သက်၍ အတိအကျ အဘယ်အရာ ဖြစ်ပျက်နေသနည်း။ ယင်းသည် သာမန် မျှော်လင့်ချက်များကို ကျော်လွန်ပြီး ဤဇာတိပကတိသည် သာမန်လူသားများနှင့် ကွဲပြားသောကြောင့် ခြားနားချက်သည် အဘယ်မှာ တည်ရှိသနည်း။ ကျွန်ုပ်သည် ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ပြီး နားလည်ရမည်” ဟု ဆိုကြသည်။ “ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ပြီး နားလည်” ဟု သူတို့ ဆိုသောအခါ သူတို့ အဘယ်အရာကို ဆိုလိုသနည်း။ သူတို့ ဆိုလိုသည်မှာ “ကျွန်ုပ်သည် လောကရှိ အမျိုးမျိုးသော နိုင်ငံများသို့ ခရီးသွားခဲ့ပြီးဖြစ်သည်၊ ကျော်ကြားသော တောင်များနှင့် သမိုင်းဝင် နေရာများကို လည်ပတ်ခဲ့ပြီးဖြစ်သည်၊ ကျော်ကြားပြီး ဉာဏ်ပညာရှိသော ပုဂ္ဂိုလ်များကို အင်တာဗျူးခဲ့ပြီးဖြစ်သည်၊ သူတို့အားလုံးသည် သာမန်လူများမျှသာ ဖြစ်ကြသည်။ ကျွန်ုပ် မတွေ့ဆုံဖူးသော သို့မဟုတ် မသင်ယူဖူးသော တစ်ဦးတည်းသောသူမှာ ဤခရစ်တော် ဖြစ်သည်။ ဤခရစ်တော်၏ အနှစ်သာရမှာ အတိအကျ အဘယ်နည်း။ ကျွန်ုပ်သည် ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ပြီး နားလည်ရမည်” ဟူ၍ ဖြစ်သည်။ သူတို့သည် အတိအကျ အဘယ်အရာကို တွေ့မြင်ပြီး နားလည်လိုကြသနည်း။ “ဘုရားသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်သည်ဟု ကျွန်ုပ် ကြားဖူးသည်။ သူတို့က ယေရှုသည် သခင်ဖြစ်သည်၊ ခရစ်တော် ဖြစ်သည်ဟု ဆိုကြသည်၊ လူတို့၏ သိလိုစိတ် ပြင်းပြမှုကို ကျေနပ်စေရန် သူသည် မည်သည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်ခဲ့သနည်း။ သခင်ယေရှုသည် သင်္ဘောသဖန်းပင်တစ်ပင်ကို ကျိန်ပြီးနောက် ယင်းသည် ညှိုးနွမ်းသွားသည့် အဖြစ်အပျက်တစ်ခုကို ကျွန်ုပ် မှတ်မိသည်။ ဤခရစ်တော်သည် ယခု ထိုနည်းအတိုင်း ပြုလုပ်နိုင်မည်လော။ ကျွန်ုပ်သည် တွေ့မြင်ပြီး နားလည်ရမည်၊ အကယ်၍ ကျွန်ုပ် အခွင့်အရေး ရခဲ့ပါက သူသည် ထိုသို့သော အပြုအမူများကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိ သိရှိရန် သူ့ကို စမ်းသပ်ရမည်။ လူ့ဇာတိခံ ဘုရားသည် လက်ခြေသေသောလူများကို လမ်းလျှောက်နိုင်စေခြင်း၊ မျက်မမြင်များ မြင်နိုင်စေခြင်း၊ နားမကြားသူများ ကြားနိုင်စေခြင်းနှင့် နာမကျန်းသူများ အနာငြိမ်းခြင်းတို့ကို ဖြစ်မြောက်စေလျက် ဘုရား၏ ဩဇာအာဏာကို ပိုင်ဆိုင်သည်ဟု ဆိုကြသည်။ ဤသည်တို့မှာ အံ့ဖွယ်ဖြစ်ပြီး အသစ်အဆန်းဖြစ်သော အဖြစ်အပျက်များ ဖြစ်ကြသည်၊ လူ့လောက၌ ယင်းတို့သည် သာမန်လူများ မပိုင်ဆိုင်ကြသော ထူးကဲသည့် စွမ်းရည်များဟု မှတ်ယူကြသည်။ ဤသည်မှာ ကျွန်ုပ် ကိုယ်တိုင် မြင်တွေ့ရမည့် အရာတစ်ခု ဖြစ်သည်” ဟု တွေးကြသည်။ ထို့အပြင် သူတို့၏ စိတ်ကို စွဲလမ်းနေသော အခြား အရေးအကြီးဆုံးသော ကိစ္စရပ်တစ်ခု ရှိသေးသည်။ သူတို့က “ဤလူ့လောကရှိ အတိတ်ဘဝများနှင့် ပစ္စုပ္ပန်ဘဝများ၊ လူဝင်စားမှု သံသရာလည်ခြင်းတို့နှင့် ပတ်သက်၍ အတိအကျ အခြေအနေမှာ အဘယ်နည်း။ သာမန်လူတို့သည် ဤသည်ကို ရှင်းလင်းစွာ မရှင်းပြနိုင်ကြပေ။ ဘုရားသည် ဇာတိပကတိကို ခံယူပြီးဖြစ်သောကြောင့်လည်းကောင်း၊ ဘုရားသည် အရာခပ်သိမ်းကို အုပ်စိုးတော်မူသောကြောင့်လည်းကောင်း ခရစ်တော်သည် ဤအကြောင်းကို သိပါသလော။ အခွင့်အရေး ရှိသည့်အခါ ကျွန်ုပ်သည် သူ့ကို မေးမြန်းပြီး ဤကိစ္စရပ်အကြောင်း စုံစမ်းရမည်၊ ကျွန်ုပ်၏ ရုပ်သွင်ကို သူအား ဆန်းစစ်စေပြီး ကျွန်ုပ်၏ ကံကြမ္မာ ကောင်းမွန်ခြင်း ရှိမရှိ၊ ကျွန်ုပ်၏ အတိတ်ဘဝ၌ အဘယ်အရာ ဖြစ်ခဲ့သည်၊ ကျွန်ုပ်သည် တိရစ္ဆာန်လော သို့မဟုတ် လူသားလောကို ကြည့်ရှုစေမည်။ အကယ်၍ သူသည် ဤအမှုအရာများကို သိရှိပါက ကျွန်ုပ် အထင်ကြီးမိပေမည်၊ ယင်းက သူ့ကို သာမန်ထက် ထူးကဲစေမည်၊ သာမန်လူတို့ထက် သာလွန်စေမည်၊ ခရစ်တော် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ထို့ပြင် ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ပလ္လင်တော်နှင့် စံမြန်းရာအရပ် ရှိသည်ဟု သူတို့ ဆိုကြသည်၊ သို့ဆိုလျှင် ဤလူ့ဇာတိခံ ဘုရားသည် ဘုရား၏ စံမြန်းရာအရပ်နှင့် ကောင်းကင်နိုင်ငံတော်တို့ အဘယ်မှာ ရှိသည်ကို သိသလော။ ကောင်းကင်နိုင်ငံတော်၌ ရွှေခင်းသော လမ်းများ ရှိသည်၊ တောက်ပထွန်းလင်းပြီး ခမ်းနားထည်ဝါသည်ဟု ဆိုကြသည်၊ အကယ်၍ ဤလူ့ဇာတိခံ ဘုရားသည် ကျွန်ုပ်တို့ကို လှည့်လည်ကြည့်ရှုရန် ခေါ်ဆောင်သွားနိုင်မည်ဆိုလျှင် ကျွန်ုပ်တို့၏ ဘဝတစ်ခုလုံးသည် အကျိုးရှိခဲ့မည် မဟုတ်လော၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အချည်းနှီး မဟုတ်မည် မဟုတ်လော။ ထို့ထက်မက ကျွန်ုပ်တို့သည် လယ်ယာစိုက်ပျိုးရန် လိုအပ်မည် မဟုတ်ပေ၊ ဆာလောင်သောအခါ ခရစ်တော်သည် စကားတစ်ခွန်းတည်းဖြင့် ကျောက်ခဲများကို အစာအဖြစ်သို့ ရိုးရှင်းစွာ ပြောင်းလဲနိုင်ပေမည်။ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် သူသည် လူငါးထောင်ကို ကျွေးမွေးခဲ့သည်၊ ယင်းသည် ကျွန်ုပ်တို့အတွက် ကြီးမားသော အကျိုးကျေးဇူး ဖြစ်မည် မဟုတ်လော။ ခရစ်တော် စကားပြောဆိုသည့်အခါနှင့် ပတ်သက်၍ကော အဘယ်သို့နည်း။ သူသည် အသက်စမ်းရေကို ပေးသည်ဟု သူတို့ ဆိုကြသည်၊ သို့သော် ဤအသက်စမ်းရေသည် အဘယ်မှာ ရှိသနည်း။ ယင်းကို မည်သို့ ပံ့ပိုးပေးသနည်း၊ ယင်းသည် မည်သို့ စီးဆင်းသနည်း။ ဤသည်တို့အားလုံးမှာ စူးစမ်းလေ့လာရန် ထိုက်တန်သော ကိစ္စရပ်များ ဖြစ်ကြပြီး တစ်ခုချင်းစီမှာ အတော်ပင် အသစ်အဆန်း ဖြစ်သည်။ အကယ်၍ ကျွန်ုပ်သည် ဤအရာများထဲမှ တစ်ခုတည်းကို ကျွန်ုပ်၏ မျက်စိများဖြင့် တပ်အပ်တွေ့နိုင်ခဲ့မည်ဆိုလျှင် ကျွန်ုပ်သည် ဤဘဝတစ်သက်တာ၌ ကျယ်ပြန့်နှံ့စပ်သော အသိပညာနှင့် အတွေ့အကြုံရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေမည်၊ သာမန် ပုဂ္ဂိုလ်တစ်ဦးမျှသာ မဟုတ်တော့ပေ” ဟု ဆိုကြသည်။ ဤသည်မှာ သိလိုစိတ် ပြင်းပြမှု လွှမ်းမိုးနေခြင်း မဟုတ်ပါလော။ (ဟုတ်ပါသည်။)

အချို့သောသူတို့သည် ဘုရားသခင်ကို ယုံကြည်လာကြသည်မှာ၊ ခရစ်တော်ကို လက်ခံလာကြသည်မှာ၊ ပြီးလျှင် ခရစ်တော်နောက် လိုက်လာကြသည်မှာ သမ္မာတရားကို ရယူရန် မဟုတ်ဘဲ စိတ်ထဲ၌ အခြားသော စိတ်ကူးများဖြင့် ဖြစ်သည်။ အချို့သောသူတို့သည် ငါနှင့် တွေ့ဆုံသည်နှင့်တစ်ပြိုင်နက် ဤသို့ မေးကြသည်။ “ဗျာဒိတ်ကျမ်းထဲမှ ကပ်ရောဂါ ခုနစ်ပါးနှင့် ဖလားခုနစ်လုံးတို့သည် အဘယ်အရာကို ဆိုလိုပါသနည်း။ မြင်းဖြူသည် အဘယ်အရာကို ဆိုလိုပါသနည်း။ သုံးနှစ်ခွဲကာလ ကပ်ဘေးသည် ရောက်ရှိလာပြီးပြီလော” ဟူ၍ ဖြစ်သည်။ ငါက “သင်သည် အဘယ်အရာအကြောင်း မေးမြန်းနေသနည်း။ ဗျာဒိတ်ကျမ်းဆိုသည်မှာ အဘယ်နည်း” ဟု တုံ့ပြန်သည်။ သူတို့က “သင်သည် ဗျာဒိတ်ကျမ်းအကြောင်းပင် မသိပါတကား။ သူတို့က သင်သည် ဘုရားဖြစ်သည်ဟု ဆိုကြသည်၊ သို့သော် ကျွန်ုပ် ထိုမျှ မသေချာပါ” ဟု ခွန်းတုံ့ပြန်ကြသည်။ အခြားသူများက “ဧဝံဂေလိတရားဟောခြင်း ဖြစ်စဉ်အတွင်း၊ ကျွန်ုပ်တို့သည် နက်နဲသော ကိစ္စရပ်များအကြောင်း မေးမြန်းသော လူတို့နှင့် ကြုံတွေ့ရပါသည်။ ကျွန်ုပ်တို့ အဘယ်အရာ လုပ်ဆောင်သင့်သနည်း” ဟု မေးကြသည်။ ငါသည် သူတို့ စကားဆုံးသည်အထိပင် မစောင့်ဘဲ ဤသို့ ဆိုသည်။ “သမ္မာတရားကို ရှာဖွေမည့်အစား နက်နဲမှုများအကြောင်း အစဉ်သဖြင့် မေးမြန်းသော မည်သူမဆိုသည် သမ္မာတရားကို လက်ခံသောသူတစ်ဦး မဟုတ်ပေ၊ သူတို့သည် အနာဂတ်၌ ကယ်တင်ခြင်း မခံရနိုင်ပေ။ နက်နဲမှုများကို အစဉ်သဖြင့် ရှာဖွေသောသူတို့သည် မကောင်းပေ၊ ထိုသို့သော လူတို့အား ဧဝံဂေလိတရား မဟောနှင့်” ဟူ၍ ဖြစ်လေသည်။ ငါ အဘယ်ကြောင့် ဤသို့ ဆိုရသနည်း။ စင်စစ်အားဖြင့် ဤမေးခွန်းများကို မေးမြန်းနေသောသူမှာ မည်သူနည်း။ ယင်းမှာ အခြားတစ်စုံတစ်ဦး မဟုတ်ပေ၊ သူတို့ကိုယ်တိုင် ဖြစ်သည်။ သူတို့သည် ဤမေးခွန်းများကို မေးမြန်းလိုပြီး ယင်းတို့၏ အဖြေများကို သိရှိလိုကြသည်၊ ထို့ပြင် မည်သူက မေးမြန်းနေသည်ကို ငါ မသိဟု သူတို့ ထင်ကြသည်၊ ယင်းမှာ ငါသည် သူတို့ကို ထွင်းဖောက် မမြင်နိုင်သည့်အလားပင် ဖြစ်သည်။ ငါ ဤသို့ ဆိုပြီးသည့်နောက် သူတို့သည် ယင်းကို ကြားပြီး “ဘုရားသခင်က ကျွန်ုပ် မကောင်းဟု ဆိုသည်၊ ထို့ကြောင့် ကျွန်ုပ် နောက်တစ်ဖန် မေးမြန်းတော့မည် မဟုတ်ပါ” ဟု တွေးကြလေသည်။ ငါ၏ လုပ်နည်းကိုင်နည်းနှင့် ပတ်သက်၍ အဘယ်သို့ရှိသနည်း။ ယင်းသည် သူတို့ကို ထိထိရောက်ရောက် ပါးစပ်ပိတ်စေခဲ့သည် မဟုတ်လော။ အကယ်၍ ငါသည် သူတို့ကို အဖြေပေးခဲ့မည်ဆိုလျှင် ယင်းသည် သူတို့၏ ပရိယာယ်ထဲသို့ တည့်တည့် ကျရောက်သွားမည် မဟုတ်လော။ သူတို့သည် ထို့နောက် ရလေလိုလေ အိုတစ္ဆေဖြစ်ကြမည် ဖြစ်ပြီး မေးခွန်းများကို အဆုံးမရှိ မေးမြန်းကြပေမည်။ ဤအမှုအရာများကို သူတို့အား ရှင်းပြရန် ငါ့တွင် တာဝန်ဝတ္တရား ရှိသလော။ သင်သည် ဤသိမြင်မှုဖြင့် အဘယ်အရာကိုပင် လုပ်ဆောင်နိုင်မည်နည်း။ ငါ သိရှိလျှင်ပင် ငါသည် သင့်ကို ပြောပြမည် မဟုတ်ပေ။ ငါသည် အဘယ်ကြောင့် သင့်ကို ပြောပြသင့်သနည်း။ ငါသည် ကျမ်းစာ အနက်ဖွင့်ဆိုသူတစ်ဦးလော။ သင်သည် ဤနေရာသို့ ဓမ္မပညာ လေ့လာမှုများအတွက် လာခဲ့ပါသလော။ သင်သည် ငါ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် လာသည်၊ သင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအတွက် ငါသည် ငါ့စိတ်နှလုံးကို ဖွင့်ရုံဖွင့်ပြလိုက်သင့်သလော။ ယင်းသည် သင့်လျော်သလော။ သင်သည် ငါ့ကို စမ်းသပ်ရန် လာသည်၊ ငါသည် သင့်ကို ငါ့ကို စမ်းသပ်ရန် ခွင့်ပြုသင့်သလော။ ယင်းသည် သင့်လျော်သလော။ သင်သည် သမ္မာတရားကို လက်ခံရန် ဤနေရာ၌ ရှိနေခြင်း မဟုတ်ပေ၊ သင်သည် ရန်လိုမှု၊ သံသယနှင့် စုံစမ်းမေးမြန်းခြင်း သဘောထားဖြင့် မေးခွန်းများ လာမေးမြန်းခြင်း ဖြစ်သည်။ ငါသည် သင့်ကို အဖြေများ ပေးနိုင်ဖွယ် လုံးဝ မရှိပေ။ အချို့သောသူများက “မည်သည့်မေးခွန်းကိုမဆို အဖြေပေးရန် လိုအပ်သည် မဟုတ်လော” ဟု ဆိုကြသည်။ ယင်းမှာ ကိစ္စရပ်အပေါ် မူတည်သည်။ သမ္မာတရား၊ အသင်းတော်၏ အလုပ်တို့နှင့် ပတ်သက်လာသည့်အခါတွင် ငါသည် အခြေအနေကို ထည့်သွင်းစဉ်းစားရဆဲ ဖြစ်သည်။ အကယ်၍ ငါသည် သင့်ကို ယခင်က ပြောပြပြီးဖြစ်ပြီး သင်သည် မသိဟန်ဆောင်နေဆဲ ဖြစ်ပါက၊ နှိမ့်ချစွာဖြင့် စုံစမ်းမေးမြန်းဟန်ဆောင်နေပါက ငါသည် သင့်ကို တုံ့ပြန်မည် မဟုတ်ပေ။ ငါသည် သင့်ကို ပြုပြင်မည်၊ ထို့နောက်တွင် သင် နားလည်သွားလိမ့်မည်။ အန္တိခရစ်တို့သည် ခရစ်တော်ကို မည်သို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ခွဲခြမ်းစိတ်ဖြာပုံ၊ ခရစ်တော်နှင့် ဘုရားသခင်၏ အနှစ်သာရအပေါ် သူတို့၏ သိလိုစိတ် ပြင်းပြမှု ရှုထောင့်မှကြည့်လျှင် အန္တိခရစ်တို့သည် အတိအကျ အဘယ်အရာကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြသနည်း။ သူတို့သည် သမ္မာတရားကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြခြင်း ဖြစ်သည်။ သူတို့သည် ဘုရားသခင် ပြုလုပ်သမျှ အရာတိုင်းကို သူတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း ခံရသည့်အရာများအဖြစ် သဘောထားပြုမူကြပြီး ဤသည်ကို အချိန်ဖြုန်းသည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုကြသည်။ သူတို့သည် ဘုရားသခင်နောက်ကို လိုက်ကြသည်မှာ သူတို့သည် နယ်ပယ်တစ်ခုခု သို့မဟုတ် အသိပညာ နယ်ပယ်တစ်ခုခုကို လေ့လာနေသော ပညာရှင်များ ဖြစ်သည့်အလား ဓမ္မပညာကျောင်းတစ်ကျောင်းသို့ တက်ရောက်နေသော မယုံကြည်သူများကဲ့သို့ပင် ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို လက်ခံရရှိနိုင်မည်လော။ သူတို့သည် အလင်းကို လက်ခံရရှိနိုင်မည်လော။ သူတို့သည် သမ္မာတရားကို နားလည်နိုင်မည်လော။ (မရနိုင်ပါ။)

အသင်းတော်၌ ယခင်က မကြုံတွေ့ဖူးသော အချို့သော အလုပ်တာဝန်များ ရှိပြီး အချို့မှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အမှုကို ပါဝင်စေသည်။ ငါသည် ထိုသို့သော အမှုကို လမ်းညွှန်သောအခါ အချို့သောသူတို့သည် စိတ်အားထက်သန်စွာနှင့် နှိမ့်ချစွာ နားထောင်ကြပြီး ဤတာဝန်များကို ထမ်းဆောင်ရာ၌ စောင့်ထိန်းသင့်သော စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သင့်သော သမ္မာတရား လက်တွေ့ကျမှုတို့ကို သဘောပေါက်ကြသည်။ သို့သော်လည်း အချို့သောသူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလျက် ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်၊ “သင်သည် ဤနယ်ပယ်များကို မလေ့လာခဲ့ဖူးပါ။ ထို့အပြင် သင်သည် ဤမျှ များပြားသော နယ်ပယ်များကို အမှန်တကယ် သင်ယူနိုင်ပါမည်လော။ မည်သူက အရာခပ်သိမ်းကို နားလည်ပြီး သိရှိနိုင်မည်နည်း။ သင်သည် အဘယ်အရာကို အခြေခံ၍ ကျွန်ုပ်တို့ကို လမ်းညွှန်သနည်း။ အဘယ်ကြောင့် ကျွန်ုပ်တို့သည် သင့်စကားကို နားထောင်သင့်သနည်း။ သင်သည် ကျွန်ုပ်တို့ကို လမ်းညွှန်သည့်အခါ သင် ဆိုသောစကားသည် တစ်ခါတစ်ရံ အမှန်ပင် ကျိုးကြောင်းဆီလျော်သော်လည်း သင်သည် ဤသည်ကို မည်သို့ သိရှိသနည်း။ အကယ်၍ ကျွန်ုပ်သည် တစ်စုံတစ်ရာကို မလေ့လာပါက ကျွန်ုပ်သည် ယင်းအကြောင်း သိရှိမည် မဟုတ်ပါ။ ကျွန်ုပ်သည် စဉ်းစားဆင်ခြင်ရန်၊ ပို၍ သင်ယူရန်၊ ပို၍ မြင်တွေ့ရန်၊ ပို၍ ကြားနာရန် ကြိုးပမ်းအားထုတ်ဖို့ လိုအပ်ပြီး ကျွန်ုပ်သည် သင်၏ လမ်းညွှန်မှုကို မလိုအပ်ဘဲ ကျွန်ုပ်ကိုယ်တိုင် လုပ်ဆောင်နိုင်သည့် အဆင့်သို့ ရောက်ရှိရန် ကြိုးစားရမည်။ သင်သည်လည်း သင် လုပ်ဆောင်ရင်းဖြင့် သင်ယူနေပုံရသည်၊ ယင်းကို တစ်စတစ်စ ကျွမ်းကျင်လာပုံရသည်” ဟု သူတို့ တွေးထင်ကြသည်။ ၎င်းတို့သည် အပြင်ပန်းအသွင်အပြင်များကိုသာ ကြည့်ကြပြီး တစ်ဖက်တွင် ဤပုဂ္ဂိုလ် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ယင်း၌ စည်းမျဉ်းများရှိသည်ကို မမြင်ကြချေ။ မည်သည့်အလုပ်က လမ်းညွှန်ခြင်းခံရသည်ဖြစ်စေ ယင်းကို စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ပြီး ဤစည်းမျဉ်းသည် လူတို့၏ တကယ့်လိုအပ်ချက်များနှင့်လည်းကောင်း၊ တကယ့်အလုပ်၏ လိုလားအပ်သော ရလဒ်များနှင့်လည်းကောင်း ဆက်စပ်နေလေသည်။ အခြားတစ်ဖက်တွင် အရေးအကြီးဆုံးမှာ ဤပုဂ္ဂိုလ်သည် မည်သည့်အရာမျှ မသင်ယူခဲ့ပေ။ သူ၏ အသိပညာ၊ သင်ယူမှု၊ ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံတို့သည် ထူးခြားထင်ရှားခြင်း မရှိပေ။ သို့သော် လူတို့ မမေ့လျော့သင့်သော အချက်တစ်ချက် ရှိသည်။ ယင်းမှာ သူ၏ ထိုးထွင်းသိမြင်မှု၊ အသိပညာ၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့သည် ကြွယ်ဝသည်ဖြစ်စေ၊ မှတ်သားဖွယ်ရာဖြစ်သည်ဖြစ်စေ လက်ရှိ အမှုကို ဆောင်ရွက်ရန် တာဝန်ရှိသော အရင်းအမြစ်သည် ဤပြင်ပ ဇာတိပကတိ မဟုတ်ဘဲ ဤဇာတိပကတိ၏ အနှစ်သာရတည်းဟူသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ထို့ကြောင့် အကယ်၍ သင်သည် ဤဇာတိပကတိ၏ အသွင်အပြင်ဖြစ်သော သူ၏ အရပ်အမောင်းနှင့် ရုပ်ရည်၊ ပြောဆိုပုံ လေသံ၊ အသံအနိမ့်အမြင့်နှင့် စကားပြောပုံတို့ကို အခြေခံ၍ အကဲဖြတ်ဆုံးဖြတ်ပါက သူသည် ဤအလုပ်တာဝန်များကို အဘယ်ကြောင့် တာဝန်ယူနိုင်ပြီး အရည်အချင်းရှိသည်ကို သင် ရှင်းပြနိုင်မည် သို့မဟုတ် နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ၊ သင်သည် ယင်းကို ထွင်းဖောက်မြင်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းကို ထွင်းဖောက်မြင်နိုင်ခြင်း မရှိခြင်းသည် ယင်းမှာ မဖြေရှင်းနိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်ဟု ဆိုလိုသလော။ မဟုတ်ပါ၊ ယင်းကို ဖြေရှင်းနိုင်ပါသည်။ သင်သည် ယင်းကို ထွင်းဖောက်မြင်ရန် မလိုအပ်ပေ၊ သင်သည် အချက်တစ်ချက်ကို သိရှိရန်၊ သတိရရန်နှင့် အသိအမှတ်ပြုရန်သာ လိုအပ်သည်။ ယင်းမှာ ခရစ်တော်သည် ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိ ဖြစ်သည်။ လူတို့သည် ခရစ်တော်အပေါ် ထားရှိသင့်သော စည်းမျဉ်းများ၊ ရပ်တည်ချက်နှင့် သဘောထားတို့သည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်၊ ခွဲခြမ်းစိတ်ဖြာရန်၊ သို့မဟုတ် သူတို့၏ သိလိုစိတ် ပြင်းပြမှုကို ဖြည့်ဆည်းရန် မဟုတ်ဘဲ အသိအမှတ်ပြုရန်၊ လက်ခံရန်၊ နားထောင်ရန်နှင့် ကျိုးနွံနာခံရန်သာ ဖြစ်သည်။ အကယ်၍ သင်သည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ခွဲခြမ်းစိတ်ဖြာပါက ယင်းသည် အဆုံးစွန်၌ သင့်အား ဘုရားသခင်၏ အနှစ်သာရကို မြင်တွေ့စေမည်လော။ မြင်တွေ့စေမည် မဟုတ်။ ဘုရားသခင်သည် မည်သူ့ကိုမျှ ကိုယ်တော်အား ခွဲခြမ်းစိတ်ဖြာရန် သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် ခွင့်ပြုတော်မမူပေ၊ သင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ခွဲခြမ်းစိတ်ဖြာလေ၊ ဘုရားသခင်သည် သင့်ထံမှ ပို၍ ပုန်းကွယ်တော်မူလေ ဖြစ်မည်။ ဘုရားသခင် ပုန်းကွယ်တော်မူသောအခါ လူတို့သည် အဘယ်အရာကို ခံစားကြရသနည်း။ ယင်းမှာ သူတို့၏ စိတ်နှလုံးထဲရှိ ဘုရားသခင်နှင့်ပတ်သက်သော အယူအဆသည် မရေမရာ ဖြစ်လာသည်၊ သူတို့၏ သမ္မာတရားဆိုင်ရာ အယူအဆသည် မရှင်းမလင်း ဖြစ်လာပြီး သူတို့ လိုက်လျှောက်သင့်သော လမ်းခရီးနှင့်ပတ်သက်သည့် အရာခပ်သိမ်းသည် ဝေဝါးသွားခြင်း ဖြစ်သည်။ ယင်းမှာ သင်၏ အမြင်ကို ပိတ်ဆို့နေသော နံရံတစ်ချပ် ရှိနေသကဲ့သို့ ဖြစ်သည်၊ သင်သည် ရှေ့ဆက်ရမည့် ဦးတည်ချက်ကို မမြင်နိုင်ပေ၊ အားလုံးသည် မှုန်ဝါးနေသည်။ ဘုရားသခင် အဘယ်မှာ ရှိသနည်း။ ဘုရားသခင်သည် မည်သူနည်း။ ဘုရားသခင် အမှန်တကယ် တည်ရှိပါသလော။ ဤမေးခွန်းများသည် သင်၏ ရှေ့မှောက်၌ ရပ်တည်နေသော နံရံနက်ကြီးတစ်ခုကဲ့သို့ ဖြစ်သည်၊ ယင်းမှာ ဘုရားသခင်သည် သင့်ထံမှ သူ၏ မျက်နှာတော်ကို ကွယ်ထားတော်မူခြင်း ဖြစ်ကာ သင်သည် သူ့ကို မမြင်နိုင်အောင် ဖြစ်စေသည်။ ဤရူပါရုံအားလုံးသည် သင့်အတွက် မရေမရာ ဖြစ်လာကြသည်၊ ယင်းတို့သည် ပျောက်ဆုံးသွားကြပြီး မှောင်မိုက်ခြင်းသည် သင်၏ စိတ်နှလုံးကို ပြည့်စေသည်။ သင်၏ စိတ်နှလုံးသည် မှောင်မိုက်သွားသောအခါ သင်၌ ရှေ့ဆက်ရန် လမ်းခရီးတစ်ခု ရှိနေသေးသလော။ သင်သည် အဘယ်အရာ လုပ်ဆောင်ရမည်ကို သိရှိနေသေးသလော။ သင် မသိတော့ပေ။ သင်၏ မူလ ဦးတည်ချက်နှင့် ပန်းတိုင်များ မည်မျှပင် ရှင်းလင်းခဲ့စေကာမူ သင်သည် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ခွဲခြမ်းစိတ်ဖြာသောအခါ ယင်းတို့သည် မရေမရာနှင့် မှောင်မိုက်သွားကြပေမည်။ လူတို့သည် ထိုသို့သော အခြေအနေ၊ ထိုသို့သော အနေအထားသို့ ကျရောက်သောအခါ သူတို့သည် အန္တရာယ် ရှိပြီဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအပေါ် အာရုံစိုက်သော သူတို့အတွက် ဖြစ်ပျက်သောအရာ ဖြစ်သည်။ အန္တိခရစ်တို့သည် အစဉ်သဖြင့် ထိုသို့သော အခြေအနေမျိုး၌ ရှိနေကြပြီး ရှေ့၌ မှောင်မိုက်အတိ ဖြစ်နေကာ အပြုသဘောဆောင်သော အမှုအရာများမှာ အဘယ်အရာဖြစ်သည်၊ သမ္မာတရားမှာ အဘယ်အရာ ဖြစ်သည်ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်စေကာမူ သူတို့သည် ယင်းမှာ အမှန်ပင် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ဟု အတည်မပြုနိုင်ကြပေ၊ သူတို့ မည်သို့ပင် ကြည့်စေကာမူ သူတို့သည် လူ့ဇာတိခံယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ မြင်ကြသည်၊ အကြောင်းမှာ သူတို့သည် အစဉ်သဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ခွဲခြမ်းစိတ်ဖြာနေသောကြောင့် ဘုရားသခင်သည်လည်း သူတို့၏ မျက်စိများကို ဆက်လက် ကွယ်ထားတော်မူသောကြောင့် ဖြစ်သည်။ သင်သည် သူတို့၏ မျက်လုံးများ ကျယ်စွာ ပွင့်နေသည်၊ တောက်ပပြီး ကြီးမားသည်ကို မြင်ရသည်၊ သို့သော် သူတို့သည် မျက်မမြင်များ ဖြစ်နေဆဲ ဖြစ်သည်။ ဘုရားသခင်သည် လူတို့ထံမှ သူ၏ မျက်နှာတော်ကို ကွယ်ထားတော်မူသောအခါ ယင်းမှာ သူတို့၏ စိတ်နှလုံးများသည် မာကျောသွားသကဲ့သို့ အစွန်းရောက် မှောင်မိုက်ခြင်းထဲသို့ ထိုးကျသွားသကဲ့သို့ ဖြစ်သည်။ သူတို့သည် အပေါ်ယံ ဖြစ်စဉ်များကိုသာ မြင်ကြပြီး အတွင်း၌ တည်ရှိသော လမ်းကြောင်းကို မသိမြင်နိုင်ကြ၊ တိမ်မြုပ်နေသော သမ္မာတရားကို နားလည်ရန် ပျက်ကွက်ကြသည်။ ထို့ထက်မက သူတို့သည် ဘုရားသခင်၏ အနှစ်သာရ သို့မဟုတ် သူ၏ စိတ်သဘောထားကို မမြင်နိုင်ကြပေ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းတို့အားဖြင့် မည်သည့်ရလဒ်မျှ ရရှိမည် မဟုတ်ပေ။ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း အခြေအနေသို့ မကျရောက်ရန် အလွန်အရေးကြီးသည်၊ ဤသည်မှာ အပျက်သဘောဆောင်သော လမ်းခရီး ဖြစ်သည်။ သို့ဆိုလျှင် အပြုသဘောဆောင်သော လမ်းခရီးမှာ အဘယ်နည်း။ ယင်းမှာ သင့်အနေဖြင့် ဤသည်မှာ ဘုရားသခင်၏ အမှုတော်ဖြစ်သည်၊ ဤသာမန်ပုဂ္ဂိုလ်သည် ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရ ရှိသည်ဟု ခိုင်မာစွာ ယုံကြည်သည်နှင့်တစ်ပြိုင်နက် သင်သည် အကြွင်းမဲ့ လက်ခံပြီး ကျိုးနွံနာခံသင့်သည်ဟူ၍ ဖြစ်သည်။ ဤဇာတိပကတိ၌ မနှစ်သက်စရာ သွင်ပြင်လက္ခဏာများစွာ၊ လူ့အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် ဆန့်ကျင်ဘက်ဖြစ်သော သွင်ပြင်လက္ခဏာများစွာ ရှိသည်ဟု လူတို့က ခံစားကြရသည်၊ ယင်းမှာ လူတို့နှင့်ဆိုင်သော ပြဿနာတစ်ရပ် ဖြစ်သည်။ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် အမှုပြုတော်မူသည်၊ ပြောင်းလဲရန် လိုအပ်သောအရာများမှာ လူတို့၏ အယူအဆများ၊ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သူတို့၏ သဘောထားများ ဖြစ်ကြသည်၊ ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိ မဟုတ်ပေ။ လူတို့သည် သူ့အား ဘုရားသခင်အဖြစ် အသိအမှတ်ပြုပြီး မည်သို့ပင်ဖြစ်စေ သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုဆဲ ဖြစ်ခြင်း သို့မဟုတ် သူ ပြုလုပ်သောအရာနှင့် ပြောဆိုသောအရာကို ခွဲခြမ်းစိတ်ဖြာပြီး ဆွေးနွေးလိုဆဲ ဖြစ်ခြင်းတို့ထက် ဤနေရာ၌ သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်နှင့် သူတို့၏ သင့်လျော်သော ရှုမြင်ပုံနှင့် ရပ်တည်ချက်ကို ခံယူရန် လိုအပ်သည်၊ ယင်းသည် အဓိက ပြဿနာတစ်ရပ် ဖြစ်ပေမည်။ သင်၏ ရပ်တည်ချက်နှင့် သင်၏ သမ္မာတရားကို လက်ခံသည့် ရှုထောင့်တို့ မှားယွင်းသောအခါ သင် အရာခပ်သိမ်းကို ရှုမြင်ပုံ၏ အကျိုးရလဒ်သည်လည်း ပြောင်းလဲသွားမည်ဖြစ်ပြီး သင်၏ လိုက်စားမှု လမ်းကြောင်းနှင့် ဦးတည်ချက်တို့ကို သက်ရောက်မှု ရှိစေသည်။ ဘုရားသခင် ပြုလုပ်သော သို့မဟုတ် ပြောဆိုသော မည်သည့်အရာ၌မဆို ယင်းသည် လူ့အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ ဆိုသည်မှာ ယာယီ ပြဿနာတစ်ခုမျှသာ ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ပြုလုပ်တော်မူသော အရာခပ်သိမ်း၏ ပံ့ပိုးမှုနှင့် တန်ဖိုး၊ ယင်းက လူ့အသက်တာသို့ ဆောင်ကြဉ်းပေးသော တန်ဖိုးတို့သည် ထာဝရ ဖြစ်ကြသည်။ ယင်းတို့ကို မည်သည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ မည်သည့် ပညာရပ်ဆိုင်ရာ နယ်ပယ်၊ မည်သည့် အကြောင်းပြချက် သို့မဟုတ် သီအိုရီ၊ သို့မဟုတ် မည်သည့် ခေတ်ရေစီးကြောင်းဖြင့်မျှ မပြောင်းလဲနိုင်ပေ။ ဤသည်မှာ သမ္မာတရား၏ တန်ဖိုး ဖြစ်သည်။ လက်ရှိအချိန်၌ ဤသာမန်ပုဂ္ဂိုလ်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များသည် သင်၏ သိလိုစိတ် ပြင်းပြမှု သို့မဟုတ် ဝင့်ဝါမှုတို့ကို မကျေနပ်စေနိုင်သကဲ့သို့ သင့်အား စိတ်နှလုံးထဲ၌ရော နှုတ်အားဖြင့်ပါ အပြည့်အဝ လက်ခံယုံကြည်စေခြင်း သို့မဟုတ် စည်းရုံးသိမ်းသွင်းနိုင်ခြင်းတို့ကို မပြုနိုင်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော်လည်း လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ်၊ ခေတ်တစ်ခုလုံးအပေါ်၊ ပြီးလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးအပေါ် သူ ယနေ့ မိန့်တော်မူသော နှုတ်ကပတ်တော်အားလုံးနှင့် ကိုယ်တော် ဤခေတ်၌နှင့် ဤကာလအတွင်း၌ ပြုလုပ်တော်မူသော အမှုတော်အားလုံး၏ ပံ့ပိုးမှုများမှာ ထာဝရ မပြောင်းလဲနိုင်ပေ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ထို့ကြောင့် တစ်နေ့သောအခါ၌ “လွန်ခဲ့သော အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်က ကျွန်ုပ်သည် ဤသာမန်ပုဂ္ဂိုလ် ပြုလုပ်ခဲ့သော အချို့သော ပြောဆိုချက်တစ်ခုကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့သည်၊ နားလည်မှုလွဲခဲ့သည်၊ အတိုက်အခံပြုခဲ့သည်၊ ပြီးလျှင် ဝေဖန်သုံးသပ်ပြီး ပြစ်တင်ရှုတ်ချခဲ့သည်ပင် ဖြစ်သည်။ အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်အကြာတွင် ကျွန်ုပ်သည် ထိုပြောဆိုချက်ကို ပြန်လည်ကြည့်ရှုသောအခါ ကျွန်ုပ်၏ စိတ်နှလုံးသည် အကြွေးတင်ခြင်းနှင့် မိမိကိုယ်ကို ပြစ်တင်ရှုတ်ချခြင်းတို့ဖြင့် ပြည့်နှက်နေပါသည်” ဟု သင် နားလည်လာလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော လူသားများသည် ဘုရားသခင်၏ ရှေ့မှောက်၌ နိမ့်ကျပြီး အရေးမပါကြပေ၊ သူတို့သည် ထာဝစဉ် နို့စို့သူငယ်များ ဖြစ်ကြသည်၊ ဖော်ပြရန် မထိုက်တန်ပေ။ လူတစ်ဦးသည် မည်မျှ အမှုတော်ကို ဆောင်ရွက်သည်ဖြစ်စေ၊ မည်သည့် ကာလ၌လည်းကောင်း၊ မည်သည့်အခြေအနေအောက်တွင်လည်းကောင်း ဘုရားသခင် မိန့်တော်မူခဲ့သော စကားလုံးတိုင်း၏ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ပံ့ပိုးမှုနှင့် နှိုင်းယှဉ်ပါက ခြားနားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ဖြစ်သည်တကား။ သို့ဖြစ်၍ ဘုရားသခင်သည် လူတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သံသယဖြစ်ခြင်း ခံရရန် မဟုတ်ကြောင်း သင့်အနေဖြင့် နားလည်ရမည်။ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိသည် လူတို့၏ သိလိုစိတ် ပြင်းပြမှုကို ဖြည့်ဆည်းပေးရန် ဤနေရာ၌ ရှိနေခြင်း မဟုတ်ပေ။ သူသည် ဤအမှုတော်အားလုံးကို အချိန်ဖြုန်းရန် သို့မဟုတ် နေ့ရက်များကို အေးအေးဆေးဆေး ကုန်လွန်စေရန် ပြုလုပ်တော်မူခြင်း မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ ခေတ်တစ်ခေတ်၏ လူတို့ကို ကယ်တင်ရန်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန် ဖြစ်ပြီး သူ ပြီးမြောက်အောင်မြင်ရန် ရည်ရွယ်သော အမှုတော်၏ ရလဒ်များမှာ ထာဝစဉ် တည်တံ့ရန် ဖြစ်သည်။ အန္တိခရစ်တို့သည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ခွဲခြမ်းစိတ်ဖြာရန်၊ သူတို့၏ သိလိုစိတ် ပြင်းပြမှုကို ဖြည့်ဆည်းရန် ခရစ်တော်အား သာမန် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်ဆံကြသည်။ ဤသည်၏ သဘာဝမှာ အဘယ်နည်း။ ယင်းကို နားလည်နိုင်သလော သို့မဟုတ် ခွင့်လွှတ်နိုင်သလော။ သူတို့သည် ခေတ်များအားလုံးမှ အပြစ်ပြုသောသူများ၊ ကျိန်ခြင်းခံရသောသူများနှင့် ထာဝရ ခွင့်လွှတ်ခြင်းမခံရနိုင်သောသူများ ဖြစ်ကြသည်။ အကယ်၍ လူတစ်ဦးသည် လူ့သဘာဝ ရှိပြီး သမ္မာတရားကို နားလည်ကာ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ပါက သူတို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည်ပင် အတော်ပင် ရွံရှာဖွယ် ဖြစ်သည်။ အချို့သောသူတို့ပင်လျှင် ငါ့ကို မြင်သောအခါ “သမ္မာတရားအချို့ကို ထပ်မံ မိတ်သဟာယဖွဲ့ပါ၊ တတိယကောင်းကင်၏ ဘာသာစကားအကြောင်း ပိုမို မိတ်သဟာယဖွဲ့ပါ၊ ကျွန်ုပ်တို့ မသိသော အမှုအရာများကို ပိုမို ပြောဆိုပါ” ဟု ဆိုကြလျက် ခရစ်တော်အား သာမန် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်ဆံခြင်းနှင့် သူ့ကို စိတ်ထဲမှ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ သူပြုလုပ်သမျှ အရာတိုင်းကို ရန်လိုမှုနှင့် အသရေဖျက်မှုတို့ဖြင့် ဆက်ဆံပြုမူခြင်းနှင့် သူ မိန့်တော်မူသော နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ သင်၏ သိလိုစိတ် ပြင်းပြမှုကို ဖြည့်ဆည်းရန်သာ ရှာဖွေခြင်းတို့ဖြင့် သူတို့သည် ဤပုဂ္ဂိုလ်ကို အဘယ်အရာအဖြစ်များ မှတ်ယူကြသနည်း။ သူတို့၏ ငြီးငွေ့မှုကို သက်သာစေဖို့ လူတစ်ဦး အဖြစ်လော။ ဘုရားသခင်သည် ဤကိစ္စရပ်ကို မည်သို့ စရိုက်လက္ခဏာ သရုပ်ဖော်သနည်း။ ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ အကယ်၍ ယင်းသည် လူတို့ကို ဦးတည်ပါက ယင်းကို လှောင်ပြောင်ခြင်းနှင့် သရော်ခြင်းဟု ခေါ်သည်၊ အကယ်၍ ယင်းသည် ဘုရားသခင်ကို ဦးတည်ပါက ယင်းသည် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း ဖြစ်သည်။

စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ နှင့် သိလိုစိတ် ပြင်းပြမှုဟူသော ဤသရုပ်သကန်၏ အကြောင်းအရာအတွင်း၌ အန္တိခရစ်တို့၏ သဘာဝ အနှစ်သာရသည် ကောက်ကျစ်ဆိုးယုတ်မှုအဖြစ်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းအဖြစ် ယင်းဘာသာ ဖော်ပြလေသည်။ သူတို့သည် အပြုသဘောဆောင်သော အမှုအရာ အားလုံးကို လျစ်လျူရှုကြသည်၊ သူတို့သည် ယင်းတို့ကို မထီမဲ့မြင်ပြုကြပြီး အထင်အမြင်သေးသော သဘောထားဖြင့် ဆက်ဆံကြကာ ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိကိုပင် ချန်လှပ်မထားကြပေ။ သူတို့သည် အမှုကိစ္စအားလုံး၌ သူတို့၏ သိလိုစိတ် ပြင်းပြမှုကို ကျေနပ်စေရန် လိုအပ်သည်၊ အရာခပ်သိမ်းကို သူတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ ကောက်ချက်များ ဆွဲရန်နှင့် အရာခပ်သိမ်း၏ ဖြစ်ကြောင်းရင်းမြစ်ကို သိရှိရန်၊ အဘယ်အရာ ဖြစ်ပျက်နေသည်ကို နားလည်ရန် လိုလားကြပြီး ဤသို့ဖြင့် သူတို့သည် အသိပညာကြွယ်ဝပြီး ဉာဏ်ပညာရှိပုံပေါက်လေသည်။ ဤသည်မှာ လူသားတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ အရာခပ်သိမ်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို အလေ့အကျင့်ဖြစ်လာပြီးနောက် သူတို့သည် ယခုအခါ သူတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ဘုရားသခင်ဘက်သို့ လှည့်ကြသည်။ ဤသည်က သူတို့ထံ အဘယ်အရာကို ဆောင်ကြဉ်းပေးသနည်း။ စုံလင်ခြင်း နှင့် ကယ်တင်ခြင်းလော။ မဟုတ်ပါ၊ ယင်းသည် သူတို့ထံသို့ ပျက်စီးခြင်းနှင့် ပျက်စီးရာပျက်စီးကြောင်းကိုသာ ဆောင်ကြဉ်းပေးသည်တကား။ ဤသည်မှာ အန္တိခရစ်များကို စရိုက်လက္ခဏာ သရုပ်ဖော်ပုံဖြစ်သည်။ သူတို့သည် ကျိန်ခြင်းခံရသောသူများနှင့် ပြစ်တင်ရှုတ်ချဖွယ်သောသူများ ဖြစ်ကြသည်။ ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိအပေါ် သူတို့၏ ချဉ်းကပ်ပုံ၌ သူတို့သည် သူ့ကို လက်ခံရန်နှင့် ရှုမြင်ရန် နောက်လိုက်များ သို့မဟုတ် ဖန်ဆင်းခံများ၏ ရပ်တည်ချက်ကို မည်သည့်အခါမျှ မခံယူကြပေ၊ ထိုအစား သူတို့သည် သူ့ကို ပညာရှင်တစ်ဦး၏၊ အရာရာတတ်သိသူတစ်ဦး၏၊ သိလိုစိတ် ပြင်းပြမှုဖြင့် ပြည့်လျှမ်းနေသော တစ်စုံတစ်ဦး၏၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းမရှိသကဲ့သို့ အပြုသဘောဆောင်သော အရာများကို မထီမဲ့မြင်ပြုသော မာနထောင်လွှားသော ပုဂ္ဂိုလ်တစ်ဦး၏ ရှုထောင့်နှင့် ရပ်တည်မှုတို့မှ ခံစားသိမြင်ပြီး ချဉ်းကပ်ကြသည်။ ထိုသို့သော လူများသည် ကယ်တင်ခြင်း မခံရနိုင်သည်မှာ အတော်ပင် ရှင်းလင်းပါသည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၆ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။