အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၃) အခန်း လေး

ငါတို့ ယခုလေးတင် ဖော်ထုတ်ခဲ့သည့်အရာမှာ အန္တိခရစ်တို့သည် အသင်းတော်၏ အခြေအနေများ၊ ဘုရားသခင်၏အလုပ် ဖြန့်ဝေခြင်းနှင့်အညီ အသင်းတော်နှင့် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိကို မည်သို့ ဆက်ဆံသည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့သည် ခရစ်တော်ကို သူတို့၏ စိတ်နေစိတ်ထားပေါ်မူတည်၍ ဆက်ဆံပုံ၏ ရှုထောင့်တစ်ခု ဖြစ်သည်။ ငါ ဆွေးနွေးခဲ့သော ဤအရာများသည် အသင်းတော်၌ ဖြစ်ပျက်နေသလော။ ၎င်းတို့သည် ကြီးလေးသော ကိစ္စရပ်များ ဟုတ်သလော။ ၎င်းတို့သည် ဖော်ပြရန် ထိုက်တန်သလော။ (ဟုတ်ကဲ့ပါ။) ဤကိစ္စရပ်များကို မိတ်သဟာယဖွဲ့ခြင်း၌ အဘယ်တန်ဖိုး ရှိသနည်း။ ဤသည်ကို ကြားပြီးနောက် အချို့လူများသည် ဤကိစ္စရပ်များအကြောင်းကို နောက်ထပ် မစုံစမ်းမေးမြန်းဝံ့တော့ဘဲ အသင်းတော်၏ အခြေအနေအရပ်ရပ်အကြောင်းကို သိလိုစိတ်မရှိဝံ့တော့ဟု ဆိုလိုသလော။ ယင်းသည်သာ တစ်ခုတည်းသော တန်ဖိုးဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤအရာများကို ဖော်ထုတ်ခြင်း၌ အဘယ်တန်ဖိုး ရှိသနည်း။ ဤအရာမှ လူတို့ အဘယ်သမ္မာတရားကို နားလည်သင့်သနည်း။ အကယ်၍ သင်တို့ ယခုထိ ယင်းကို မစဉ်းစားရသေးပါက သင်တို့ စကားမပြောဘဲ နေနိုင်သည်။ ငါသည် အဆုံး၌ သင်တို့နှင့် ယင်းကို မိတ်သဟာယဖွဲ့မည်။ ဤကိစ္စရပ်များသည် သင်တို့နှင့် အလွန် ဝေးကွာသောကြောင့် သင်တို့သည် ယင်းတို့ကို ချက်ချင်း ရှင်းလင်းစွာ ပြောဆိုရန် ခက်ခဲသည်ကို တွေ့ရှိကောင်း တွေ့ရှိနိုင်သည်။ သင်တို့သည် သင်တို့၏ အတွေးများကို စုစည်းပြီး ပြောဆိုမည့်စကားကို စီစဉ်ရန် လိုအပ်သည်၊ သင်တို့သည် အဘယ်မှ စတင်ရမည်ကို မသိကောင်းမသိနိုင်၊ သို့မဟုတ် သင်တို့သည် ယင်းကို ရှင်းလင်းစွာ ဖော်ပြကောင်း ဖော်ပြနိုင်မည် မဟုတ်ပေ။ လူတို့ နားလည်သော အရာများ၏ ပမာဏသည် အလွန်နည်းပါးသည်၊ အလွန် သနားစရာကောင်းပေသည်။ ကိစ္စရပ်တစ်ခု၏ အနှစ်သာရနှင့် အကြောင်းရင်းကို အသေအချာ မရှင်းပြနိုင်ခြင်းသည် အမှုအရာများကို ထိုးထွင်းသိမြင်ခြင်း မရှိသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။

လူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံကာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ အသင်းတော်၊ ဘုရားအိမ်တော်နှင့် ဘုရားသခင်သည် လူတို့အတွက် အခြေခံအားဖြင့် တူညီသော သဘောတရားတစ်ခုဖြစ်သည်ဟု ဆိုနိုင်ပေသည်။ အသင်းတော်၌ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံခြင်းဟု မှတ်ယူသည်၊ ဘုရားအိမ်တော်အတွက် အမှုအရာများကို လုပ်ဆောင်ခြင်းသည် အသင်းတော်အတွက် အမှုအရာများကို လုပ်ဆောင်ခြင်းနှင့် တူညီပြီး ယင်းမှာ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းလည်း ဖြစ်သည်။ ဤအရာများကို တစ်ခုနှင့်တစ်ခု လဲလှယ်၍ ဆွေးနွေးနိုင်ပြီး အယူအဆတစ်ခုအဖြစ် ရှုမြင်ကြသည်။ သို့ရာတွင် ဘုရားသခင်သည် လူ့ဇာတိခံပြီး သာမန်လူတစ်ဦးအဖြစ် ပေါ်ထွန်းသောအခါ လူအများစုအတွက် အသင်းတော်၊ ဘုရားအိမ်တော်နှင့် ဘုရားသခင် (ဆိုလိုသည်မှာ ခရစ်တော်) တို့သည် လွယ်ကူစွာ ခွဲခြားနိုင်သောအရာများ ဖြစ်လာကြသည်။ လူတို့က “အသင်းတော်အတွက် အမှုဆောင်ရွက်ခြင်းသည် ဘုရားသခင်၏ အိမ်တော်အတွက်၊ ဘုရားသခင်အတွက် လုပ်ဆောင်ခြင်းနှင့် အတူတူပင်ဖြစ်၏။ ဘုရားသခင်၏ အိမ်တော်အတွက် အမှုအရာများ ဆောင်ရွက်ခြင်းသည်လည်း မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းပင် ဖြစ်သည်။ သို့သော် ခရစ်တော်အတွက် အမှုအရာများကို ဆောင်ရွက်ခြင်းနှင့်ပတ်သက်လာလျှင်မူ ငါ သိပ်မသေချာတော့ပါ။ ထိုသို့ပြုခြင်းသည် လူတစ်ဦးကို အစေခံခြင်းဟု အဓိပ္ပာယ်သက်ရောက်သည် မဟုတ်လော။ ယင်းမှာ တစ်နည်းတစ်ဖုံအားဖြင့် လူတစ်ဦးအတွက် အလုပ်လုပ်ပေးနေရသကဲ့သို့ ဖြစ်နေသည်” ဟု တွေးကြသည်။ လူများစွာ၏ စိတ်နှလုံးအနက်ရှိုင်းဆုံး၌ ဤသုံးခုကို ရှင်းလင်းစွာ ခွဲခြားရန်နှင့် ဆက်စပ်ရန် ခက်ခဲသည်။ လူအများစုအတွက်မူ သူတို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ မည်သူ့အတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ သူတို့၏ အခြေခံအယူအဆမှာ ဤသို့ဖြစ်သည်။ အသင်းတော်အတွင်း၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ သူတို့သည် အသင်းတော်တည်းဟူသော အဖွဲ့အစည်း၊ ဤအမည်အတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ သို့ဆိုလျှင် အသင်းတော်၏ အထက်လူကြီးဟု ခေါ်သောသူမှာ မည်သူနည်း။ ယင်းမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်ဖြစ်ပြီး လူတိုင်း၏ စိတ်ထဲ၌ မေးခွန်းထုတ်စရာမရှိသည်မှာ ပြောစရာမလိုပေ။ ဘုရားအိမ်တော်အတွက် အမှုအရာများကို လုပ်ဆောင်ခြင်းကို လူအများစုက ညီအစ်ကိုမောင်နှမများဟူသော အစုအဖွဲ့နှင့် ဂုဏ်ပုဒ်ကို အစေခံခြင်းအဖြစ် နားလည်ကြပြီး ယင်းကို မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ် အသေအချာ အမျိုးအစားခွဲခြားနိုင်သည်၊ ယင်းမှာ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ပြီး အမှန်စင်စစ် ယင်းမှာ ဘုရားသခင်ထံသို့လည်း ဦးတည်ပါသည်။ ထို့ကြောင့် လူတို့၏ စိတ်ထဲ၌ အသင်းတော်၊ ညီအစ်ကိုမောင်နှမများနှင့် ဘုရားအိမ်တော်တို့ကို ကောင်းကင်ဘုံရှိ မရေရာသော ဘုရားသခင်ကို ပစ်မှတ်ထားလျက် အားလုံးကို တန်းတူညီမျှအဖြစ် သတ်မှတ်နိုင်သည်။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ လူအများစုအတွက် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည်ဖြစ်စေ၊ အရေးကိစ္စများကို စီမံခန့်ခွဲသည်ဖြစ်စေ သူတို့သည် ယင်းကို မမြင်နိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် အသင်းတော်အတွက်၊ မြင်နိုင်သော ညီအစ်ကိုမောင်နှမများ အုပ်စုအတွက်၊ အထူးသဖြင့် ကောင်းကင်ဘုံရှိ မရေရာသော၊ မမြင်နိုင်သော ဘုရားသခင်အတွက် လုပ်ဆောင်နေကြခြင်း ဖြစ်သည်၊ သူတို့သည် ဤသုံးမျိုးအတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြခြင်း ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်အတွက်မူ လူတို့သည် သူ့ကို အသင်းတော်၏ အသင်းသားတစ်ဦးအဖြစ်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများအကြား အမြင့်ဆုံးသော ခေါင်းဆောင်အဖြစ် မှတ်ယူကောင်း မှတ်ယူနိုင်ပြီး အမှန်စင်စစ်၊ အချို့က ခရစ်တော်ကို ဘုရားအိမ်တော်၏ ပြောရေးဆိုခွင့်ရှိသူ သို့မဟုတ် ကိုယ်စားလှယ်အဖြစ်လည်း နားလည်ကြသည်။ ထို့ကြောင့် လူများစွာအတွက် အသင်းတော်၌ သူတို့သည် မည်သူ့အတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသည်ဟူသော အယူအဆသည် အလွန် မရေရာပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦးကို ညီအစ်ကိုမောင်နှမများအတွက် တစ်စုံတစ်ခု လုပ်ဆောင်ရန်၊ သို့မဟုတ် ဝန်ဆောင်မှုတစ်ခု ပေးရန် တောင်းဆိုပါက သူတို့သည် ထိုသို့ပြုလုပ်ရာ၌ လုံးဝ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရသည်။ သို့တည်းမဟုတ် အကယ်၍ သူတို့ကို အသင်းတော် သို့မဟုတ် ဘုရားအိမ်တော်အတွက် တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုပါက သူတို့သည် ယင်းကို မိမိတို့၏ ငြင်းမရသော တာဝန်ဖြစ်သည်ဟု ခံစားလျက် လိုလိုလားလား လုပ်ဆောင်ကြသည်။ သို့ရာတွင် အကယ်၍ လူ့ဇာတိခံ ခရစ်တော်က သူတို့ကို အလားတူ တာဝန်တစ်ခုကို တာဝန်ပေးလျှင် သို့မဟုတ် အပ်နှင်းလျှင် သူတို့သည် စိတ်ပျက်အားငယ်သွားကြသည်၊ “လူတစ်ဦးအတွက် အလုပ်လုပ်ပေးရန်လော။ ကျွန်ုပ်သည် လူတို့ကို အစေခံရန် ဘုရားကို ယုံကြည်လာခြင်းငှာ လာခဲ့သည်မဟုတ်ဘဲ မိမိ၏တာဝန်ကို ထမ်းဆောင်ရန် လာခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်သည် တစ်စုံတစ်ယောက်ကို ပြုစုရန် ဤနေရာ၌ ရောက်နေခြင်း မဟုတ်ဘဲ တစ်စုံတစ်ယောက်အတွက် အစေခံရန် သို့မဟုတ် အစေခံမှုပေးရန်လည်း ရှိနေခြင်းမဟုတ်ပေ” ဟူ၍ဖြစ်လေသည်။ အသင်းတော်၌ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသော လူများစွာ ရှိသည်။ အကယ်၍ သင်က သူတို့ကို အသင်းတော်အတွက် တစ်စုံတစ်ခု လုပ်ဆောင်ရန်၊ ဘုရားအိမ်တော် သို့မဟုတ် ညီအစ်ကိုမောင်နှမများအတွက် တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုပါက သူတို့သည် ဤတာဝန်များကို ထိုသို့ထမ်းဆောင်ရန် ခိုင်မာသော အကြောင်းရင်းတစ်ခုရှိသည်ဟု ခံစားလျက် ဝမ်းမြောက်စွာ လက်ခံကြသည်။ အဘယ်အကြောင်းရင်းနည်း။ “ငါသည် ဤအရာကို ဘုရားထံမှ ခံယူသည်။ ယင်းမှာ ငါ၏ တာဝန်ဖြစ်သည်၊ ငါ၏ ဝတ္တရားဖြစ်သည်” ဟူ၍ ဖြစ်လေသည်။ သို့သော် လူ့ဇာတိခံ ဘုရားသခင်က သူတို့ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုသောအခါ သူတို့၏ “ဘုရားထံမှ ခံယူခြင်း” ဟူသော အယူအဆဆိုင်ရာ အကြောင်းရင်းသည် ပျောက်ကွယ်သွားပြီး ဝန်လေးလာ၍ မပျော်မရွှင်ဖြစ်ကာ လုပ်ဆောင်ရန် ဆန္ဒမရှိကြတော့ပေ။ သူတို့က “အကယ်၍ အသင်းတော်အတွက်ဖြစ်လျှင် အဆင်ပြေပါသည်၊ အကြောင်းမူကား ကျွန်ုပ်သည် အသင်းတော်အတွက် အလုပ်လုပ်သောသူတစ်ဦး ဖြစ်သောကြောင့်တည်း။ ညီအစ်ကိုမောင်နှမများအတွက် ဖြစ်လျှင်လည်း အဆင်ပြေပါသည်၊ အကြောင်းမှာ သူတို့အားလုံးသည် ဘုရား၏အိမ်တော်နှင့်လည်းကောင်း၊ ဘုရားနှင့်လည်းကောင်း သက်ဆိုင်သောကြောင့် ဖြစ်သည်။ ဘုရားအိမ်တော်အတွက် ဖြစ်ပါက ‘ဘုရားအိမ်တော်’ ဟူသော အမည်သည် အလွန်ပင် အထွတ်အမြတ်ထားဖွယ်ဖြစ်ပြီး ကြီးကျယ်ခမ်းနားကာ မြင့်မြတ်လှသောကြောင့် ဘုရားအိမ်တော်အတွက် အမှုအရာတို့ကို လုပ်ဆောင်ခြင်းသည် လုံးဝ ကျိုးကြောင်းခိုင်လုံမျှတ၍ ဂုဏ်အသရေနှင့် အသိအမှတ်ပြုမှုကို ဆောင်ကြဉ်းပေးသည်။ သို့သော် သင်တို့ကဲ့သို့ အရေးမပါသောသူတစ်ဦးအတွက် တစ်စုံတစ်ခုကို လုပ်ဆောင်ရန်မှာ အဘယ်နည်း။ ယင်းသည် ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းလော။ ယင်းသည် မှန်ကန်ပုံ သို့မဟုတ် လျော်ကန်ပုံမရပေ။ ဤသည်မှာ ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းလည်းမဟုတ်၊ အလုပ်လည်း မဟုတ်ပေ။ ဤအရာကို ငါ မည်သို့ သဘောထားပြုမူသင့်သနည်း” ဟု တွေးကြသည်။ သူတို့သည် မည်သို့ ကိုင်တွယ်ရမည်ကို မသေချာဘဲ အကျပ်အတည်းတစ်ခုကို ရင်ဆိုင်ကြရသည်။ သူတို့က “ဤသည်မှာ အလုပ်လည်းမဟုတ်၊ ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ခြင်းလည်း မဟုတ်သည့်အပြင် ညီအစ်ကိုမောင်နှမများကို အကျိုးပြုခြင်းလည်း အသေအချာပင် မဟုတ်ပါ။ သင့်အတွက် ယင်းကို လုပ်ဆောင်ပေးရန် ငါ့အား တောင်းဆိုပါက ကောင်းပါပြီ၊ ငါသည် ယင်းကို လုပ်ဆောင်လိုက်မည်သာ ဖြစ်သော်လည်း ယင်းနှင့်ပတ်သက်၍ ပျော်ရွှင်ကျေနပ်မည် မဟုတ်ပေ။ ယင်းသည် မှန်ကန်ပုံ သို့မဟုတ် လျော်ကန်ပုံမရပေ။ သင့်အတွက် ငါလုပ်ဆောင်သည့်အရာကို မည်သူက အမှတ်ရမည် သို့မဟုတ် သိရှိမည်နည်း။ ယင်းသည် တစ်ဦးတစ်ယောက်၏ မျက်နှာသာပေးခြင်းကို ရနိုင်မည်လော။ ယင်းသည် ငါ့အတွက် ဆုလာဘ်တစ်စုံတစ်ရာ ရရှိစေမည်လော။ ဤသည်ကို ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ် မှတ်ယူနိုင်မည်လော။ ငါသည် ယင်းကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်သင့်သလော” ဟု ဆင်ခြင်သုံးသပ်ကြသည်။ သူတို့သည် သူတို့၏ စိတ်နှလုံးထဲ၌ လိုလားမှုမရှိကြဘဲ ယင်းကို အဆင်မပြေမှုတစ်ခု၊ မလိုအပ်သောအရာတစ်ခု၊ သူတို့ မလက်ခံသင့်သော တာဝန်တစ်ခုကို လက်ခံရသကဲ့သို့ ခံစားကြရသည်။ သူတို့သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး ဝန်လေးစွာ လုပ်ဆောင်ကြကာ တစ်ချိန်လုံး အကျိုးအမြတ်အချို့ကို မျှော်လင့်နေပြီး “ကျွန်ုပ် ဤအလုပ်ကို မလုပ်ချင်ပါ” ဟု နှုတ်မှပင် ထုတ်ဖော်ပြောဆိုကာ ကြီးစွာသော မလိုလားမှုကို ပြသကြသည်။ ငါက သင် မလုပ်ချင်လျှင် လုပ်စရာမလိုကြောင်း ပြောသည်။ ငါသည် မည်သူ့ကိုမျှ ငါ့အတွက် ကိုယ်ရေးကိုယ်တာအလုပ်များကို လုပ်ဆောင်ရန် အတင်းအကျပ်မခိုင်းပေ။ သင် လုပ်ဆောင်လိုလျှင် လုပ်ဆောင်လော့။ မလုပ်လိုလျှင်မူ ငါသည် အခြားသူတစ်ဦးကို ရှာမည်။ ဆန္ဒရှိသူ မည်သူ့ကိုမဆို ငါသည် တောင်းဆိုမည်။ ဤသည်မှာ ရိုးရှင်းသည် မဟုတ်လော။ ဘုရားအိမ်တော်၌ နောက်လိုက်နေသော လူများစွာနှင့်အတူ သဘောတူညီပြီး အလုပ်လုပ်လိုစိတ်ရှိသော တစ်စုံတစ်ယောက်ကို ရှာရန် လွယ်ကူသည်။ ငါ ထိုသို့သောလူကို ရှာနိုင်သည်။ သင့်ကို ရွေးချယ်ခြင်းသည် မရှိမဖြစ် လိုအပ်ခြင်းမဟုတ်၊ ဤသည်မှာ အလွန် လွယ်ကူသည်။ ဘုရားအိမ်တော်၌ ယုံကြည်စိတ်ချရသော၊ ဟန်ဆောင်မှုကင်းသော၊ လုပ်ငန်းများကို ကိုင်တွယ်နိုင်စွမ်းရှိသော တစ်စုံတစ်ယောက်ကို ရှာရန် ခက်ခဲသလော။ (မခက်ခဲပါ။) ငါသည် မည်သည့်တစ်ဦးတစ်ယောက်နှင့်မျှ ကိုယ်ရေးကိုယ်တာအရ အထူးသဖြင့် ရင်းနှီးသော သို့မဟုတ် ကောင်းမွန်သော ဆက်ဆံရေးကို မဖော်ဆောင်ခဲ့သကဲ့သို့ မည်သည့် ကိုယ်ရေးကိုယ်တာ မိတ်သင်္ဂဟများ သို့မဟုတ် နက်ရှိုင်းသော သံယောဇဉ်များလည်း မရှိခဲ့သော်လည်း ဤအနှစ်သုံးဆယ်အတွင်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရှိ လူတိုင်း စားသောက်ခဲ့ပြီး နားထောင်ခဲ့သည်မှာ ငါ၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ဤလူတို့သည် အနှစ်သာရ၌ဖြစ်စေ၊ သူတို့၏ စိတ်နှလုံးအနက်ရှိုင်းဆုံး၌ဖြစ်စေ၊ အပေါ်ယံ၌ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ငါ့ကို ယုံကြည်ပြီး နောက်လိုက်ကြသည်။ ငါသည် မည်သူ့ကိုမျှ အထူးအကျိုးကျေးဇူးများ သို့မဟုတ် ကတိများကို တိုက်ရိုက် မပေးခဲ့သကဲ့သို့ မည်သူ့ကိုမျှ တိုက်ရိုက် ချီးမွမ်းခြင်း သို့မဟုတ် ရာထူးတိုးပေးခြင်းလည်း မပြုခဲ့သော်လည်း အစကတည်းက ယခုအချိန်အထိ ငါ့နောက်သို့ လိုက်ခဲ့သော လူတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို များစွာ စားသောက်ခဲ့ကြပြီး ဖြစ်သည်။ ငါပြောခဲ့သည့်အရာများမှတစ်ဆင့် ဤလူတို့သည် သမ္မာတရားအချို့ကို နားလည်ခဲ့သည်ဖြစ်စေ၊ ကျင့်ကြံပြုမူခြင်း၏ အယူဝါဒများကို နားလည်ခဲ့သည်ဖြစ်စေ သူတို့အားလုံး အတော်အတန် ရရှိခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤရှုထောင့်မှကြည့်လျှင် ငါသည် သင်တို့ကို မည်သည့်အရာမျှ အကြွေးမတင်သင့်ပေ၊ ဟုတ်သည်မဟုတ်လော။ ငါ ဤသို့ မပြောသင့်ပေ၊ သို့သော် ယနေ့ ဤနေရာ၌ ငါ ဤသည်ကို ထုတ်ပြောရန် လိုအပ်သည်။ သင်တို့ကသာ ငါ့ကို တစ်စုံတစ်ခု အကြွေးတင်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အကယ်၍ ငါသည် သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် ကိုယ်တိုင် တောင်းဆိုပါက သင်တို့သည် ဆန္ဒမရှိဘဲ မနေသင့်ပေ၊ ဟုတ်သည်မဟုတ်လော။ (ကျွန်ုပ်တို့ ဆန္ဒရှိပါသည်။) မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊ ငါသည် သင်တို့ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုသောအခါ ငါသည် သင်တို့ကို ချော့မော့ရန် သို့မဟုတ် မျက်နှာလုပ်ရန်၊ သို့မဟုတ် သင်တို့ကို နှစ်သက်ဖွယ်စကားများနှင့် ကတိများ ပေးရန် လိုအပ်သလော။ (မလိုအပ်ပါ။) သို့သော် အချို့လူများက ဆန္ဒမရှိကြဘဲ ဤသို့ ဆိုကြသည်၊ “သင့်အတွက် တစ်ခုခုလုပ်ပေးရသည်မှာ အဘယ်ကြောင့် အလွန်ပင် စိတ်မပါဖွယ်ကောင်းရသနည်း။ ယင်းတွင် မည်သည့်အကျိုးကျေးဇူးမျှ မရှိသည်သာမက ပင်ပန်းပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ်လည်း ကောင်းသည်” ဟူ၍ဖြစ်သည်။ ဤသည်ကို ကြားရသောအခါ သင်တို့ မည်သို့ ခံစားရသနည်း။ (ဒေါသထွက်ပါသည်။) အကယ်၍ သာမန်လူတစ်ဦး၊ လောက၏အမြင်၌ ထူးမခြားနားသူတစ်ဦးကို အဆင့်မြင့်အရာရှိတစ်ဦးက လာရောက်လည်ပတ်ပြီး တာဝန်တစ်ခုကို အပ်နှင်းခဲ့ပါက သူတို့သည် နည်းလမ်းမျိုးစုံဖြင့် သူ့ကို မျက်နှာလုပ်ရန် ကြိုးစားကောင်းကြိုးစားမည်ဖြစ်ပြီး အလွန်ဝမ်းမြောက်ပြီး ဂုဏ်ယူသည်ဟု ခံစားကာ ထိုသေးငယ်သော ကိစ္စရပ်ကို သူတို့၏ တစ်သက်တာလုံး မည်သည့်အခါမျှ မေ့မည်မဟုတ်ပေ။ အကယ်၍ လူတို့သည် အဆင့်အတန်းရှိသူတစ်ဦးကို ဤသို့ ဆက်ဆံနိုင်ပါက အဘယ်ကြောင့် သူတို့သည် ခရစ်တော်အပေါ် အလားတူ မပြုလုပ်နိုင်ကြသနည်း။ အဘယ်ကြောင့် ယင်းမှာ သူတို့အတွက် မအောင်မြင်နိုင်သောအရာ ဖြစ်နေရသနည်း။ အဘယ်ကြောင့်နည်း။ (အကြောင်းမှာ လူသားများသည် ပင်ကိုအားဖြင့် ဘုရားသခင်အပေါ် ရန်လိုသောကြောင့် ဖြစ်ပါသည်။) ယင်းမှာ မှန်ကန်သည်၊ ဤသည်က ထိုအချက်ကိုသာ သက်သေပြသည်။ လူတို့သည် အဆင့်အတန်းမြင့်သော စာတန်နှင့် သဟဇာတဖြစ်နိုင်သော်လည်း သူတို့၏ စိတ်နှလုံးထဲမှ သူတို့သည် ခရစ်တော်ကို မထီမဲ့မြင်ပြုကြပြီး သူ့ကို အတိုက်အခံပြုခြင်း၊ ငြင်းပယ်ခြင်း၊ ပစ်ပယ်ခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ပြုလုပ်ကြသည်။ အကယ်၍ နတ်ဆိုးတစ်ကောင်ကို ဦးညွှတ်ပြီး ကိုးကွယ်ရန် တောင်းဆိုခံရပါက သူတို့သည် ဒူးထောက်၍ တွားသွားရန်ပင် ပျော်ရွှင်စွာ ဆန္ဒရှိကြမည်ဖြစ်သော်လည်း သူတို့ များစွာ ရရှိခဲ့သော ခရစ်တော်၊ ဤသာမန်လူနှင့်ပတ်သက်လာသည့်အခါတွင်မူ သူတို့သည် ဘုရားသခင်နှင့် တန်းတူရည်တူ ရပ်တည်ပြီး စကားပြောရန် သို့မဟုတ် ဆက်ဆံရန်ပင် ဆန္ဒမရှိကြပေ။ ထိုသို့သော သတ္တဝါများမှာ အဘယ်နည်း။ သူတို့သည် နတ်ဆိုးများ ဖြစ်ကြသည်၊ သူတို့သည် လူသားမဟုတ်ကြပေ။ နောက်ပိုင်းတွင် ငါသည် အခြားတစ်စုံတစ်ယောက်ကို ထိုတာဝန်ကို ကိုင်တွယ်ရန် တောင်းဆိုခဲ့ပြီး ဤပုဂ္ဂိုလ်မှာ အဆင်ပြေခဲ့သည်။ ဤအကြောင်း သတင်းစကားကို ပြန်လည်ပြောကြားသူက ဤသို့ ဆိုသည်၊ “ဤတစ်ကြိမ်တွင် တာဝန်ကို ကိုင်တွယ်သည့်ပုဂ္ဂိုလ်သည် အမှန်တကယ်ပင် ပျော်ရွှင်နေသည်၊ ၎င်းသည် ဘုရားသခင်အတွက် တစ်စုံတစ်ရာကို လုပ်ဆောင်ပေးရန် အလွန်ပင် လိုလားနေကြသည်”ဟူ၍ ဖြစ်သည်။ ငါက “ကောင်းပြီ၊ သူတို့ ဆန္ဒရှိလျှင် ယင်းမှာ ကောင်းပါသည်။ သို့ရာတွင် ထိုမျှသေးငယ်သော တာဝန်ကို ထမ်းဆောင်ခြင်းသည် မည်မျှအရေးကြီးသနည်း။ ယင်းမှာ လုပ်သင့်လုပ်ထိုက်သည့်အရာဖြစ်သည်၊ ယင်းကို ကြေညာရန် သတင်းစကားပါးဖို့ မလိုအပ်ပေ” ဟု ပြောခဲ့သည်။ ပြန်လည်ပြောကြားခဲ့သော ဤသတင်းစကားနှင့်ပတ်သက်၍ သင်တို့ အဘယ်သို့ ထင်မြင်ကြသနည်း။ ယင်းကို ကြားရသောအခါ သင်တို့ မည်သို့ ခံစားရသနည်း။ ယင်းက သင်တို့ကို အေးစက်စက်နိုင်စေသလော။ (အေးစက်စက်နိုင်စေပါသည်။) အဘယ်ကြောင့် ယင်းက သင်တို့ကို အေးစက်စက်နိုင်စေရသနည်း။ (အကြောင်းမှာ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သော်လည်း သူတို့သည် ဘုရားသခင်အတွက် တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်းကို ဘုရားသခင်အား ကြီးမားသော ကျေးဇူးပြုနေသကဲ့သို့ သဘောထားကာ ဘုရားသခင်၏ ရှေ့မှောက်တွင် မျက်နှာလုပ်ရန် ကြိုးစားနေကြသောကြောင့် ဖြစ်ပါသည်။) သို့ဆိုလျှင် ဤသို့ပြောသောသူသည် မည်သို့သော လူစားမျိုး ဖြစ်သနည်း။ သူ၏ အကျင့်စရိုက်ကော အဘယ်သို့နည်း။ (သူတို့သည် အကျင့်စရိုက်နိမ့်ကျသည်၊ သူတို့သည် အသိစိတ်ကင်းမဲ့သည်။) ဤသည်မှာ လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။

အချို့လူများအတွက် သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများအကြောင်း၊ ဘုရားသခင်က လူကို ထောက်ပံ့ပေးခြင်းအကြောင်း ကြားသည်နှင့်တစ်ပြိုင်နက် သူတို့၏ စိတ်နှလုံးများသည် အလွန် တို့ထိခြင်းခံရပြီး သူတို့သည် ဘုရားသခင်ကို အဆက်မပြတ် ကျေးဇူးတင်ကြသည်၊ “ဘုရားသခင်သည် လူကို အလွန်ချစ်သည်” ဟူ၍ ဖြစ်သည်။ သူတို့သည် အလွန်အမင်း စိတ်လှုပ်ရှားကြသည်။ ဤအကြောင်းအရာများကို ဖော်ပြသည့်အခါတိုင်း ဤလူတို့၏ မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်လျှံလာပြီး သူတို့၏ စိတ်နှလုံးများသည် လှုပ်ရှားကာ သူတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို လုံ့လဝီရိယရှိစွာ အသုံးခံရန် စိတ်ပိုင်းဖြတ်ကြသည်။ သို့သော် သူတို့ကို ဤမြင်နိုင်ပြီး ထိတွေ့နိုင်သော လူ့ဇာတိခံ ဘုရားသခင်အတွက် အနည်းငယ်မျှသော အရာတစ်ခုကို လုပ်ဆောင်ရန် တောင်းဆိုသောအခါ သူတို့သည် အလွန်အမင်း အရှက်ရသည်ဟုလည်းကောင်း၊ ဝန်လေးသည်ဟုလည်းကောင်း၊ ဆန္ဒမရှိဟုလည်းကောင်း ခံစားရသည်။ ဤနေရာ၌ အဘယ်အရာ ဖြစ်ပျက်နေသနည်း။ (သူတို့သည် မရေရာသော ဘုရားကို ယုံကြည်ကြသည်၊ လူ့ဇာတိခံ ဘုရားသခင်ကို မဟုတ်ပေ။ သူတို့သည် ကောင်းကင်ဘုံရှိ မရေရာသော ဘုရားကို ကြီးကျယ်ခမ်းနားသည်ဟု မှတ်ယူသော်လည်း လူ့ဇာတိခံ ဘုရားသခင်ကို အရေးမပါဟု မြင်ကြသည်။) ငါကြားဖူးသည်မှာ အချို့လူများသည် ညီအစ်ကိုမောင်နှမများအတွက် ဖိနပ်တိုက်ပေးရန်၊ ခြေအိတ်လျှော်ရန်၊ အဝတ်လျှော်ရန်ပင် အလွန်ဆန္ဒရှိကြသော်လည်း ခရစ်တော်အတွက် အနည်းငယ်မျှသော အရာတစ်ခုကို လုပ်ဆောင်ရန် တောင်းဆိုသောအခါ သူတို့သည် ဆန္ဒမရှိကြပေ။ အခြားသူများက ဤသည်ကို ကြည့်၍မနေနိုင်ဘဲ “ဤလူသည် မည်သည့်အရာ ဖြစ်နေသနည်း။ သူသည် ခရစ်တော်အတွက်ထက် ညီအစ်ကိုမောင်နှမများအတွက် အမှုအရာများကို လုပ်ဆောင်လိုကြသည်။ ဤသည်မှာ မည်သည့်လူစားမျိုးနည်း” ဟု ဆိုကြသည်။ အချို့လူများကို ငါက တာဝန်တစ်ခုကို အပ်နှင်းပြီး သူတို့ကို ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် အသင်းတော်၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ပြုမူစေသောအခါ သူတို့သည် ယင်းကို ကြားပြီးနောက် အလေးအနက်မထားကြပေ။ သူတို့က “သင်သည် မည်သည့်အရာများကို ပြောနေသနည်း။ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများကို မေးရန် လိုအပ်သည်။ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများကို ထည့်တွက်စဉ်းစားရန်၊ သူတို့အများစုအတွက် အကျိုးပြုရန် လိုအပ်သည်”ဟု ဆိုကြသည်။ ဥပမာအားဖြင့် ငါသည် အချို့လူများကို သစ်သီးပင်များ စိုက်ပျိုးခြင်း တာဝန်ကို အပ်နှင်းခဲ့ပြီး ဤဒေသ၌ မည်သည့်သစ်သီးပင် အမျိုးအစားများက သင့်တော်သည်ကို ကြည့်ရှုဖို့ ဈေးသို့ သွားရောက်ရန်လည်း သူတို့ကို ညွှန်ကြားခဲ့သည်။ တစ်ဖက်တွင် ယင်းတို့သည် ဒေသန္တရ ရာသီဥတုနှင့် မြေဆီလွှာအတွက် သင့်တော်ရမည်ဖြစ်ပြီး အခြားတစ်ဖက်တွင် ဒေသခံလူများက အာဟာရတန်ဖိုးမြင့်မားသည်ဟု မှတ်ယူသော မည်သည့်အသီးအနှံများကို ငါတို့ ကြည့်ရှုသင့်ပြီး သင့်တော်သော ပမာဏဖြင့် စိုက်ပျိုးရန် ထိုအရာများကို ရွေးချယ်သင့်သည်။ ငါ စကားပြောပြီးနောက်၊ ငါ့စကားကို ကြားသော ထိုသူတို့သည် မည်သို့ ပြုမူသင့်သနည်း။ (ကိုယ်တော် တောင်းဆိုသည့်အရာကို သူတို့ ချက်ချင်း အကောင်အထည်ဖော်သင့်ပါသည်။) သူတို့သည် ယင်းကို မည်သို့ အကောင်အထည်ဖော်သင့်သနည်း။ (သူတို့သည် သက်ဆိုင်ရာ အချက်အလက်များကို ရှာဖွေသင့်သည်၊ အသိပညာရှိသူများကို မေးမြန်းသင့်သည်၊ အသေးစိတ်အချို့ကို လေ့လာသင့်ပြီး ထို့နောက် ယင်းကို အကောင်အထည်ဖော်သင့်ပါသည်။) ဤနည်းလမ်းဖြင့် အကောင်အထည်ဖော်ခြင်းသည် ငါ၏ ညွှန်ကြားချက်များကို လိုက်နာခြင်းဖြစ်ပြီး ယင်းတို့မှာ ဒေသန္တရ ရာသီဥတုကို ထည့်သွင်းစဉ်းစားရန်နှင့် မည်သည့်အသီးအနှံများက အာဟာရရှိသည်ကို စစ်ဆေးရန် ဖြစ်သည်။ ယခုတွင် ငါ၏ ထည့်သွင်းစဉ်းစားမှုများသည် ပြည့်စုံပြီး လက်တွေ့ကျသည်ဟု သင်တို့ ထင်သလော။ သို့ရာတွင် ငါ၏ နှုတ်ကပတ်တော်များကို ကြားသော ထိုသူတို့သည် ယင်းတို့ကို မည်သို့ အကောင်အထည်ဖော်ခဲ့ကြသနည်း။ သူတို့သည် ဒေသန္တရ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမအားလုံး၏ ထင်မြင်ယူဆချက်များကို တောင်းခံခဲ့ပြီး လူတိုင်း မည်သည့်အသီးအနှံများကို စားသုံးလိုသည်ကို မေးမြန်းကာ ထို့နောက် လူတိုင်း၏ အကြိုက်ဆုံး အသီးအနှံများကို ပမာဏနှင့် အချိုးအစားအလိုက် စိုက်ပျိုးရန် စာရင်းပြုစုခဲ့ကြသည်။ ဤသည်မှာ သူတို့ အကောင်အထည်ဖော်ခဲ့ပုံ ဖြစ်သည်။ သူတို့သည် ညီအစ်ကိုမောင်နှမများ၏ ထင်မြင်ယူဆချက်များကို ရှာဖွေခဲ့ကြပြီး ဤအုပ်စု၊ ဤအမည်ကို သူတို့၏ စိတ်နှလုံးထဲ၌ အထွတ်အထိပ်အဖြစ် မှတ်ယူခဲ့ကြသည်။ ညီအစ်ကိုမောင်နှမများကို အစေခံခြင်းသည် သူတို့၏ တာဝန်၏ ရည်ရွယ်ချက်နှင့် ပန်းတိုင် ဖြစ်သည်။ သူတို့သည် ညီအစ်ကိုမောင်နှမများကို အစေခံခြင်းသည် ဘုရားအိမ်တော်ကို အစေခံခြင်းဖြစ်ပြီး ဘုရားအိမ်တော်ကို အစေခံခြင်းသည် ညီအစ်ကိုမောင်နှမများကို အစေခံခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ အကယ်၍ ညီအစ်ကိုမောင်နှမများ ပျော်ရွှင်ပြီး ကျေနပ်လျှင် ဘုရားသခင်သည်လည်း ပျော်ရွှင်ပြီး ကျေနပ်သည်။ ညီအစ်ကိုမောင်နှမများသည် ဘုရားသခင်၏ အလုံးစုံ ကိုယ်စားလှယ်များ၊ သမ္မာတရား၏ သင်္ကေတများနှင့် ဘုရားသခင်၏ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်ကြသည်။ ညီအစ်ကိုမောင်နှမများက အဆုံးအဖြတ်ပေးခွင့်ရှိသည်၊ သူတို့သည် ဘုရားအိမ်တော်၌ အဓိကအမာခံ ဖြစ်ကြသည်။ ထို့ကြောင့် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းကို ညီအစ်ကိုမောင်နှမများဟူသော အမည်နှင့် အုပ်စုမှ ခွဲခြား၍မရပေ။ ဘုရားသခင်၏ အိမ်တော်၌ အမှုကိစ္စများကို လုပ်ဆောင်သူ သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူ မည်သူမဆိုအတွက် သူတို့ အစေခံရမည့် သင့်တော်သော သူများမှာ ညီအစ်ကိုမောင်နှမများသာ ဖြစ်ကြသည်။ ဤသည်မှာ သူတို့ လက်တွေ့အကောင်အထည်ဖော်ခဲ့ပုံ ဖြစ်သည်၊ ငါပြောခဲ့သည့်အရာက အရေးမပါခဲ့ပေ။ ငါ၏ ညွှန်ကြားချက်များ မည်မျှပင် အသေးစိတ်ကျစေကာမူ သူတို့အတွက် ယင်းတို့သည် အနှစ်မဲ့သော အယူဝါဒများ၊ ကြွေးကြော်သံများမျှသာ ဖြစ်သည်။ သူတို့သည် ညီအစ်ကိုမောင်နှမများကို ၎င်းတို့၏ ထင်မြင်ယူဆချက်များကို အပြည့်အဝ ဖော်ပြခွင့်ပြုခြင်း၊ ၎င်းတို့ကို လုံလောက်သော ပြောဆိုခွင့်နှင့် ဆုံးဖြတ်ချက်ချပိုင်ခွင့်များ ပေးအပ်ခြင်း၊ ဘုရားအိမ်တော်၌ ဒီမိုကရေစီကို ကျင့်သုံးခြင်းသည် အမြင့်ဆုံးသော သမ္မာတရားဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ငါ မည်သို့ပင် ပြောစေကာမူ ဤသည်မှာ သူတို့ ရှုမြင်ခဲ့ပုံ ဖြစ်သည်၊ “သင်သည် အရည်မရအဖတ်မရစကားများ ပြောနေကာ ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေကြသည်၊ ပြီးလျှင် ယင်းသည် ညီအစ်ကိုမောင်နှမများ၏ အမှုကိစ္စသာဖြစ်၍ သင်နှင့် မသက်ဆိုင်တော့ချေ။ သင် ဘေးဖယ်ပြီးနေ၍ရပြီ။ ကျွန်ုပ်တို့ စားသောက်သည့်အရာသည် သင်နှင့် တစ်စက်မျှ မသက်ဆိုင်ပေ။ ငွေကိုသာ ထုတ်ပေးလိုက်ပါ၊ ထိုမျှသာဖြစ်သည်။ ကျွန်ုပ်တို့တွင် စားစရာသောက်စရာ ရှိပြီး ယင်းသည်သာ အမြင့်မြတ်ဆုံးသော သမ္မာတရား ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်ကို အစေခံခြင်း၊ ညီအစ်ကိုမောင်နှမများကို အစေခံခြင်း၊ ညီအစ်ကိုမောင်နှမများကို ပျော်ရွှင်အောင်ထားခြင်း၊ သူတို့အား အပြည့်အဝဖြစ်သော လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ခံစားခွင့်ပြုခြင်းဟူသည့် ဤသည်သာ အမြင့်မြတ်ဆုံးသော သမ္မာတရား ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသူတို့သည် မည်သို့သော လူစားမျိုးတို့ ဖြစ်ကြသနည်း။ ဤသည်မှာ အန္တိခရစ်တို့ ပြုလုပ်မည့်အရာ မဟုတ်လော။ အန္တိခရစ်များ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၏ ပထမဆုံး သရုပ်သကန်မှာ သမ္မာတရားကို ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းတို့ ဖြစ်သည်။ ထို့နောက် သူတို့သည် အကောင်အထည်ဖော်ရန် မိမိတို့က ခိုင်လုံပြီး လက်တွေ့ကျသည်ဟု ယုံကြည်သော အစားထိုး သီအိုရီများနှင့် ကြွေးကြော်သံများ အစုံလိုက်ကို ရှာဖွေကြပြီး သမ္မာတရားကို လူသိရှင်ကြား ပမာမခန့်ပြုကာ ခရစ်တော်ကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချ၍ ငြင်းပယ်ကြလေသည်။ ထိုသို့သော သေးငယ်သော ကိစ္စရပ်တစ်ခု၌ အန္တိခရစ်တို့သည် ဖော်ထုတ်ခြင်း ခံရသည်။ သူတို့သည် သမ္မာတရားကို လက်ခံသောလူများ ဟုတ်သလော။ (မဟုတ်ပါ။)

ငါသည် အချို့လူများက “အိုး၊ ညီအစ်ကိုမောင်နှမတို့ မည်မျှစိတ်တိုနေသည်ကို ကြည့်ပါ” သို့မဟုတ် “ညီအစ်ကိုမောင်နှမများ မည်မျှပျော်ရွှင်နေသည်ကို ကြည့်ပါ” သို့မဟုတ် “ညီအစ်ကိုမောင်နှမများ မည်မျှထိုးနှက်ခံရသည်ကို ကြည့်ပါ။ သူတို့အလွန်ပင် စိတ်ထိခိုက်နေရသည်” ဟု ပြောသည်ကို မကြာခဏ ကြားရသည်။ အဘယ်ကြောင့် ညီအစ်ကိုမောင်နှမများသည် သူတို့၏ စိတ်နှလုံးထဲ၌ ထိုသို့သော မြင့်မားသည့်အဆင့်အတန်းကို ရရှိထားကြသနည်း။ အဘယ်ကြောင့် သူတို့သည် ညီအစ်ကိုမောင်နှမများကို ထိုမျှ ချစ်မြတ်နိုးကြသနည်း။ ထိုမျှများပြားသော လူတို့ကို ချစ်မြတ်နိုးခြင်းဟူသည် သူတို့၏ စိတ်နှလုံးသည် မည်မျှပင်ကြီးမားရမည်နည်း။ ကောင်းပြီလေ၊ ငါ တစ်ခုခုပြောမည်၊ သင်တို့ ငါပြောသည့်အတိုင်း လုပ်ဆောင်လော့၊ ရမလား။ သင်တို့သည် ထိုမျှများပြားသော လူတို့ကို နေရာပေးနိုင်သည်၊ ငါကဲ့သို့သော လူတစ်ယောက်ကို ထပ်ပေါင်းထည့်ခြင်းသည် ပြဿနာတစ်ခု မဖြစ်သင့်ပေ၊ ဟုတ်သည်မဟုတ်လော။ သင်တို့သည် ငါ့ကိုလည်း နေရာပေးနိုင်အပ်သည် မဟုတ်လော။ ဆန့်ကျင်ဘက်အားဖြင့် သူတို့သည် ငါပြောသည့်အရာကို နေရာမပေးနိုင်သလို၊ ငါ့ကိုလည်း နေရာမပေးနိုင်ကြပေ။ သူတို့သည် ညီအစ်ကိုမောင်နှမအားလုံးကို နေရာပေးနိုင်သည်၊ သူတို့သည် အသင်းတော်ရှိ လူတိုင်းကို နေရာပေးနိုင်သည်၊ သို့သော် သူတို့သည် ခရစ်တော်ကိုမူ နေရာမပေးနိုင်ကြပေ။ ဤသည်မှာ မည်သို့သော သတ္တဝါအမျိုးအစား ဖြစ်သနည်း။ ဤသည်မှာ လူသားတစ်ဦး ဟုတ်သလော။ ထိုသို့သော ပုဂ္ဂိုလ်သည် ခရစ်တော်၏ နောက်လိုက်တစ်ဦး ဖြစ်ရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) သို့ဆိုလျှင် ကျွန်ုပ်တို့သည် သူတို့ကို မည်သို့ သတ်မှတ်သင့်သနည်း။ (နတ်ဆိုးတစ်ကောင်၊ အန္တိခရစ်တစ်ဦး ဖြစ်ပါသည်။) သူတို့သည် ဘုရားအိမ်တော်ရှိ ဒီမိုကရေစီ ရွေးကောက်ပွဲများဟူသော သဘောတရားကို မှားယွင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုနေကြသည် မဟုတ်လော။ ဘုရားအိမ်တော်၏ အရေးကိစ္စများ၌ ညီအစ်ကိုမောင်နှမများကို ပါဝင်စေခြင်း၊ ၎င်းတို့အား ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ဖော်ပြခွင့်ပြုခြင်း၊ ၎င်းတို့အား ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ရန်နှင့် ထုတ်ပယ်ရန် ခွင့်ပြုခြင်း၊ သူတို့ကို ဆုံးဖြတ်ချက်များ ချမှတ်ခွင့်ပြုခြင်းဖြင့် ညီအစ်ကိုမောင်နှမများသည် ဘုရားအိမ်တော်၌ အထွတ်အထိပ်ဖြစ်သည်ဟု သူတို့ ထင်ကြသလော။ ဤသည်မှာ ဘုရားအိမ်တော်ရှိ ဒီမိုကရေစီ ရွေးကောက်ပွဲများကို နားလည်မှုလွဲမှားခြင်း မဟုတ်လော။ ဒီမိုကရေစီ ရွေးကောက်ပွဲများ၏ စည်းမျဉ်းမှာ အဘယ်နည်း။ ညီအစ်ကိုမောင်နှမများကို ဒီမိုကရေစီနည်းကျ မဲပေးခွင့်ပြုခြင်းသည် သူတို့က အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိသည်ဟု ဆိုလိုသလော။ ယင်းမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အဆုံးအဖြတ်ပေးခွင့်ပြုခြင်းကို ဆိုလိုသလော။ ယင်းမှာ နတ်ဆိုးများနှင့် စာတန်များကို အုပ်စိုးခွင့်ပြုခြင်းကို ဆိုလိုသလော။ မဟုတ်ပါ၊ ယင်းမှာ ညီအစ်ကိုမောင်နှမများ၏ စိတ်နှလုံးထဲ၌ နားလည်ထားသော သမ္မာတရားကို အုပ်စိုးခွင့်ပြုခြင်းကို ဆိုလိုသည်၊ ညီအစ်ကိုမောင်နှမများ ကိုယ်တိုင်၊ ဤသဘာဝအလျောက်ဖြစ်သော ဖောက်ပြန်ပျက်စီးသော လူသားများကို မဟုတ်ပေ။ ယင်းမှာ တဇောက်ကန်းဖြစ်ခြင်းကို အုပ်စိုးခွင့်ပြုခြင်း မဟုတ်၊ လူ့အယူအဆများကို အုပ်စိုးခွင့်ပြုခြင်း မဟုတ်၊ လူ့ပုန်ကန်မှုနှင့် အတိုက်အခံပြုခြင်းကို အုပ်စိုးခွင့်ပြုခြင်း မဟုတ်၊ ပြီးလျှင် လူတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများကို အုပ်စိုးခွင့်ပြုခြင်း မဟုတ်၊ သမ္မာတရားကို အုပ်စိုးခွင့်ပြုခြင်း ဖြစ်သည်။ အချို့လူများက “အဘယ်ကြောင့် အချို့သော အသင်းတော် ရွေးကောက်ပွဲများသည် အန္တိခရစ်များကို ရွေးကောက်တင်မြှောက်မိကြသနည်း၊ သို့မဟုတ် အဘယ်ကြောင့် အသင်းတော် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မှားယွင်းသော ဆုံးဖြတ်ချက်များကို ချမှတ်ကြသနည်း” ဟု မေးကြသည်။ ယင်းမှာ လူတို့၏ ဝိညာဉ်ရင့်ကျက်မှု အလွန်နည်းပါးသောကြောင့် ဖြစ်သည်၊ သူတို့သည် သမ္မာတရားကို နားမလည်ကြဘဲ လူတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ သို့ရာတွင် အသင်းတော် ရွေးကောက်ပွဲများ၏ စည်းမျဉ်းသည် သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံသည်၊ ယင်းမှာ သမ္မာတရားအပေါ်၌ တည်ထောင်ထားသည်။ သို့ဆိုလျှင် ဤအန္တိခရစ်များ၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော ထိုသူတို့သည် အဘယ်အရာကို မှားယွင်းစွာ ယုံကြည်ကြသနည်း။ ဘုရားအိမ်တော်၌ ညီအစ်ကိုမောင်နှမများကို ကြီးမြတ်သည်ဟု ဂုဏ်ပြုကြကြောင်း၊ ညီအစ်ကိုမောင်နှမများကို ချီးမြှောက်ကြကြောင်း၊ ညီအစ်ကိုမောင်နှမများဟူသော အမည်နှင့် အုပ်စုကို ဘုရားသခင်၏ အမြင်၌ ဂုဏ်အသရေရှိသည်ဟု ရှုမြင်ကြကြောင်း သူတို့ ထင်ကြသည်။ သို့သော် အမှန်တကယ်တွင် ညီအစ်ကိုမောင်နှမများသည် ဂုဏ်အသရေရှိကြသလော။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ကြသလော။ ညီအစ်ကိုမောင်နှမအများစုသည် သမ္မာတရား လက်တွေ့ကျမှုကို မပိုင်ဆိုင်ကြ၊ သူတို့၏ လုပ်ဆောင်ချက်များ၌ စည်းမျဉ်းများ ကင်းမဲ့ကြပြီး ဘုရားအိမ်တော်၏ အလုပ်စီမံကိန်းအမျိုးမျိုး၌ ပရမ်းပတာဖြစ်မှုကိုပင် ဖြစ်စေနိုင်သည်။ အကယ်၍ အထက်မှ ဝင်ရောက်စွက်ဖက်ခြင်း၊ ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ခြင်း၊ ဖြေရှင်းခြင်းတို့သာ မရှိခဲ့ပါက ဤညီအစ်ကိုမောင်နှမများသည် သူတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ကြမည်လော။ သူတို့သည် သူတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်မည်မဟုတ်ရုံသာမက နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများစွာကိုလည်း ဖြစ်စေနိုင်ခဲ့သည်။ ဤလူတို့၌ သမ္မာတရား ရှိသလော။ သူတို့သည် ကြီးမြတ်သည်ဟု ဂုဏ်ပြုခံရရန် ထိုက်တန်သလော။ သူတို့ မထိုက်တန်ကြပေ။ သို့ဆိုလျှင် အဘယ်ကြောင့် အန္တိခရစ်တို့သည် ဤနည်းအတိုင်း ပြုမူနေကြဆဲ ဖြစ်သနည်း။ ဤသည်မှာ သူတို့၏ ပင်ကိုသဘာဝ ဖြစ်သည်။ သူတို့သည် သမ္မာတရားကို ငြင်းပယ်ရန်နှင့် ခရစ်တော်ကို ပြစ်တင်ရှုတ်ချရန် ဆင်ခြေတစ်ခုကို ရှာဖွေကြသည်၊ ဤသည်မှာ သူတို့၏ ပင်ကိုသဘာဝ မဟုတ်လော။ သူတို့၌ စာတန်၏ သဘာဝ ရှိသည်၊ သူတို့သည် ယင်း၏ မထိန်းချုပ်နိုင်လောက်အောင် တွန်းအားပေးခြင်းကို ခံရသည်။

ယနေ့ မိတ်သဟာယဖွဲ့ခြင်း၏ အဓိကအာရုံစိုက်မှုမှာ အန္တိခရစ်တို့သည် သူတို့၏ စိတ်နေစိတ်ထားပေါ်မူတည်၍ ခရစ်တော်ကို မည်သို့ ဆက်ဆံကြသည်ဟူသည့်အပေါ်၌ ဖြစ်သည်။ ငါတို့ မိတ်သဟာယဖွဲ့နေသည့်အရာ၏ ရှုထောင့်တိုင်းသည် အန္တိခရစ်တို့၏ စိတ်နေစိတ်ထားနှင့် သက်ဆိုင်သည်။ အပေါ်ယံအားဖြင့် ဤသို့ ထင်ရသော်လည်း အမှန်တကယ်တွင် ဤစိတ်နေစိတ်ထားသည် မည်သို့ ပေါ်ပေါက်လာသနည်း။ ယင်းကို အန္တိခရစ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အနှစ်သာရက ဆုံးဖြတ်သည်။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရ ရှိခြင်းကြောင့်၊ သူတို့သည် အတွေးအမြင်အမျိုးမျိုးကို ပေါက်ဖွားစေပြီး ဤအတွေးအမြင်အမျိုးမျိုး၏ အုပ်စိုးမှုအောက်၌ သူတို့သည် အယူအဆအမျိုးမျိုး၊ ရှုထောင့်အမြင်အမျိုးမျိုး၊ ရှုမြင်ပုံအမျိုးမျိုးနှင့် ရပ်တည်ချက်အမျိုးမျိုးကို ပေါက်ဖွားစေကာ ထိုသို့ဖြင့် စိတ်နေစိတ်ထားအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။ ဤစိတ်နေစိတ်ထားများ ပေါ်ပေါက်လာပြီးနောက် အန္တိခရစ်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မြေကြီးပေါ်ရှိ ဘုရားသခင်တည်းဟူသော ခရစ်တော်ကို နည်းလမ်းအမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုးနှင့် သဘောထားအမျိုးမျိုးဖြင့် ဆက်ဆံကြသည်။ ဤနည်းလမ်းများ၊ နည်းစနစ်များနှင့် သဘောထားများမှ၊ အန္တိခရစ်တို့၏ အနှစ်သာရသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ သမ္မာတရားအပေါ် ရန်လိုခြင်း၊ ခရစ်တော်ကို ငြင်းပယ်ခြင်းနှင့် ခရစ်တော်ကို ပြစ်တင်ရှုတ်ချခြင်းဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ သူတို့သည် သမ္မာတရားနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာတို့နှင့် ရင်ဆိုင်ရသည့်အခါတိုင်း သူတို့သည် ဘုရားသခင်၏ ရန်သူများအဖြစ် ပါဝင်ဆောင်ရွက်လျက် ဘုရားသခင်၏ ဆန့်ကျင်ဘက်၌ သတိရှိစွာ ရပ်တည်ကြသည်။ မည်သည့်အရာမျှ မဖြစ်ပျက်သောအခါ သူတို့သည် ဘုရားသခင်၏ နာမတော်ကို ကြွေးကြော်ကြပြီး သူတို့၏ စကား၌ “ဘုရား၊ ကျွန်ုပ်၏ ဘုရား” ဟုပင် အဆက်မပြတ် ခေါ်ကြသည်။ သူတို့ပြောသမျှသည် “ဘုရား၊ ကြည့်ပါ”၊ “ဘုရား၊ ကိုယ်တော် သိပါသလား”၊ “ဘုရား၊ ကျွန်ုပ်ကို နားထောင်ပါ”၊ “ဘုရား၊ ကျွန်ုပ် ရှာဖွေစရာ ကိစ္စတစ်ခု ရှိပါသည်”၊ “ဘုရား၊ ဤသည်မှာ အခြေအနေ ဖြစ်ပါသည်” စသည့် ခေါ်ဆိုမှုတစ်ခုဖြင့် စတင်ရမည်။ “ဘုရား” ဟု ကြွေးကြော်နေစဉ် သူတို့၏ စိတ်နှလုံးထဲ၌၊ သူတို့သည် ခရစ်တော်အပေါ် အယူအဆများ၊ ရန်လိုမှုနှင့် မထီမဲ့မြင်ပြုခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ အသင်းတော်၊ ဘုရားအိမ်တော်နှင့် ခရစ်တော်တို့သည် ပတ်ဝန်းကျင်အမျိုးမျိုးနှင့် အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ရသောအခါ ခရစ်တော်နှင့် ဘုရားသခင်အပေါ် အန္တိခရစ်တို့၏ သဘောထားသည် အသွင်ပြောင်းလဲမှုအမျိုးမျိုးကို ကြုံတွေ့လျက် ထပ်ခါတလဲလဲ ပြောင်းလဲသွားသည်။ ခရစ်တော်က သူတို့အပေါ် တောင်းဆိုမှုများ ပြုလုပ်ပြီး သူတို့ကို ကြင်နာမှုနှင့် ဖော်ရွေမှုကို ပြသသောအခါ သူတို့၏ သဘောထားသည် အတော်ပင် နူးညံ့ပြီး သိမ်မွေ့ပုံရသည်၊ ခရစ်တော်က သူတို့အပေါ် ပြင်းပြင်းထန်ထန် ဆက်ဆံပြီး သူတို့ကို ပြုပြင်သောအခါ ခရစ်တော်အပေါ် သူတို့၏ သဘောထားသည် ရွံရှာခြင်း၊ စက်ဆုပ်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်း၊ သူ့ကို ရှောင်ရှားခြင်းနှင့် ငြင်းပယ်ခြင်းပင် ဖြစ်လာသည်။ ခရစ်တော်က သူတို့ကို ဆုလာဘ်များနှင့် ကောင်းချီးမင်္ဂလာများကို ရှင်းလင်းစွာ ကတိပြုသောအခါ သူတို့သည် သူတို့၏ စိတ်နှလုံးထဲ၌ တိတ်တဆိတ် ဝမ်းမြောက်ကြပြီး ဤအကျိုးကျေးဇူးများကို ရရှိရန် သူတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို စတေးဖို့ ဝန်မလေးဘဲ သူ့ကို မျက်နှာလုပ်ခြင်း၊ မျက်နှာလိုအားရလုပ်ခြင်းနှင့် မြှောက်ပင့်ပြောဆိုခြင်းတို့ကိုပင် ပြုလုပ်ကြသည်။ သို့ရာတွင် သူတို့၏ သဘောထား မည်သို့ပင်ဖြစ်စေ သူတို့၌ ခရစ်တော်အပေါ် စစ်မှန်သော လက်ခံခြင်းနှင့် ယုံကြည်ခြင်း မည်သည့်အခါမျှ မရှိသည့်အပြင် သူတို့သည် သူ့ကို စစ်မှန်စွာ ကျိုးနွံနာခံခြင်းမှာမူ သာ၍ပင် နည်းပါးပေသည်။ ခရစ်တော်အပေါ် သူတို့၏ သဘောထားသည် အမြဲတမ်း ရှောင်ရှားခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ချီတုံချတုံဖြင့် စောင့်ကြည့်နေခြင်းဖြစ်ပြီး သူတို့၏ စိတ်နှလုံးအနက်ရှိုင်းဆုံးမှ သူ့ကို ငြင်းပယ်ကြသည်။ သူတို့ မည်သည့်နေရာ၌ ရှိနေသည်ဖြစ်စေ၊ သူတို့၏ စိတ်နေစိတ်ထား မည်သို့ပင်ဖြစ်စေ သူတို့၏ အနှစ်သာရသည် မပြောင်းမလဲ ရှိနေသည်။ သူတို့သည် အခါအားလျော်စွာ မမျှော်လင့်ထားသော အပြောင်းအလဲများ သို့မဟုတ် ပြန်လှည့်ခြင်းအချို့ကို ပြသလျှင်ပင် ဤအရာများသည် ယာယီသာ ဖြစ်သည်။ ဤအရာ၏ အကြောင်းရင်းမှာ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရသည် ခရစ်တော်ကို ရန်လိုသောကြောင့် ဖြစ်သည်၊ သို့ဖြစ်၍ သူတို့သည် ဤသာမန်လူကို သူတို့၏ သခင်၊ သူတို့၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ စိတ်ရင်းမှန်ဖြင့် လက်ခံကြမည် မဟုတ်ပေ။

အန္တိခရစ်တို့သည် သူတို့၏ စိတ်နေစိတ်ထားပေါ်မူတည်၍ ခရစ်တော်ကို မည်သို့ ဆက်ဆံကြသည်ဟူသော ရှုထောင့်အမျိုးမျိုးအပေါ် အခြေခံအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ငါ ယခင်က သင်တို့ကို မေးခဲ့သည့်အတိုင်း ဆွေးနွေးရန် နောက်ဆုံးကိစ္စရပ်မှာ ဤကိစ္စရပ်များကို ဖော်ထုတ်ခြင်း၏ တန်ဖိုးကား အဘယ်နည်း၊ ပြီးလျှင် လူတို့ နားလည်သင့်သော သမ္မာတရားကား အဘယ်နည်း ဟူ၍ ဖြစ်သည်။ ဤကိစ္စရပ်များကို ဖော်ထုတ်ခြင်း၏ တန်ဖိုးကို ရှုထောင့်နှစ်ခုမှ ရိုးရှင်းစွာ ပြောဆိုနိုင်သည်။ အသွင်အပြင်တစ်ရပ်မှာ ယင်းက ဘုရားသခင်အပေါ် လူတို့၏ စစ်မှန်သော သဘောထားများ၏ အနှစ်သာရ အမှန်တကယ် မည်သို့ဖြစ်သည်ကို ဖော်ထုတ်ပြီး လူတို့ကို လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၏ သရုပ်သကန်အမျိုးမျိုးကို အသိအမှတ်ပြုရန် ခွင့်ပြုသည်။ ဤသည်မှာ မိမိကိုယ်ကို သိရှိရန်နှင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိရန်အတွက် အကျိုးရှိသည်။ အခြားအသွင်အပြင်တစ်ရပ်မှာ ဘုရားသခင်အပေါ် မှန်ကန်သော သဘောထား အမှန်တကယ်တွင် အဘယ်အရာဖြစ်သင့်သည်ကို လူတို့ကို သိရှိစေသည်။ သင် ဘုရားသခင်ကို ဆက်ဆံသည့်နည်းလမ်းသည် သူ့ကို ဘုရားသခင်အဖြစ် ဆက်ဆံနေခြင်းဖြစ်သည်ဟု သင် ထင်ကောင်းထင်မည်၊ သို့သော် အမှန်တကယ်တွင် ဤအရာ၌ မစင်ကြယ်မှုများစွာ၊ စာတန်နှင့်ဆိုင်သော အစိတ်အပိုင်းများစွာ ရှိနေသည်၊ ဤသည်တို့မှာ ဘုရားသခင် အသိအမှတ်မပြုသော သို့မဟုတ် လက်မခံသော အန္တိခရစ်တို့၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဤသည်မှာ သန့်စင်ရန် လိုအပ်သော မစင်ကြယ်မှုတစ်ခု ဖြစ်သည်။ ဤနေရာ၌ အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သော အမြင်ရှုထောင့် နှစ်မျိုးလုံးမှ တန်ဖိုး ရှိသည်၊ အနည်းဆုံးအနေဖြင့် အပျက်သဘောဆောင်သော ရှုထောင့်မှကြည့်လျှင် ဤအရာများသည် အပျက်သဘောဆောင်ကြောင်း၊ ယင်းတို့သည် အန္တိခရစ်တစ်ဦး၏ သရုပ်သကန်များဖြစ်ကြောင်း သင့်ကို သိရှိစေသည်။ အပြုသဘောဆောင်သော ရှုထောင့်မှာ ဘုရားသခင်သည် ဤအရာများကို မနှစ်သက်ကြောင်း၊ သူသည် သင် သူ့ကို ဤနည်းလမ်းဖြင့် ဆက်ဆံခြင်းကို လက်မခံကြောင်း သင့်ကို သိရှိစေခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်အပေါ် သူတို့၏ ဆက်ဆံမှု မည်မျှပင် မှန်ကန်သည်၊ မည်မျှပင် ကောင်းမွန်သည်၊ မည်မျှပင် ယုတ္တိရှိသည်၊ သို့မဟုတ် လူ့စိတ်ခံစားချက်များနှင့် မည်မျှပင် ကိုက်ညီသည်ဟု ယုံကြည်စေကာမူ ဘုရားသခင်က ယင်းကို လက်မခံပေ။ အကယ်၍ ဘုရားသခင်က ယင်းကို လက်မခံလျှင် သင် အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ အကယ်၍ သင်က “ကျွန်ုပ် ဤနည်းဖြင့်သာ လုပ်ဆောင်မည်၊ ယင်းမှာ ကောင်းမွန်သည်ဟု ကျွန်ုပ် ယုံကြည်သဖြင့် ယင်းကိုသာ ကျွန်ုပ် ကိုင်စွဲထားမည်။ သင် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျွန်ုပ်က ဖြောင့်မှန်နေခြင်းသာ ဖြစ်သည်” ဟု ဆိုလျှင် ဤသည်မှာ အဆင်ပြေသလော။ (မပြေပါ။) ကျွန်ုပ်တို့သည် ဤသဘောထားသည် အခြားကိစ္စရပ်များနှင့်ပတ်သက်၍ မှန်ကန်ခြင်း ရှိမရှိကို ဆွေးနွေးမည်မဟုတ်၊ ဘုရားသခင်ကို ဆက်ဆံရာ၌ ဤသို့ ပြုမူခြင်းသည် အလွန် အန္တရာယ်များပြီး သင်သည် လမ်းကြောင်းပြောင်းသင့်သည်။ ဘုရားသခင် လက်မခံနိုင်သော အရာများအပေါ် လူတို့၏ သဘောထားသည် မည်သို့ ဖြစ်သင့်သနည်း။ လူတို့ ရှိသင့်သော တစ်ခုတည်းသော သဘောထားမှာ ဘုရားသခင်ထံမှ လာသမျှ အရာရာတိုင်းကို လက်ခံရန် ဖြစ်သည်၊ သူတို့အမြင်၌ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ နားဝင်ချိုသည်ဖြစ်စေ၊ သို့မဟုတ် နားခါးသည်ဖြစ်စေ သူတို့သည် ခြွင်းချက်မရှိ လက်ခံပြီး ကျိုးနွံနာခံသင့်ကာ ယင်းကို မိမိတို့ကိုယ်ကို ပြောင်းလဲရန်နှင့် သန့်စင်ရန်အတွက် သမ္မာတရားအဖြစ် သဘောထားသင့်သည်။ ဤကိစ္စရပ်များကို ဖော်ထုတ်ခြင်း၏ တန်ဖိုးကား အဘယ်နည်း။ ယင်းကို အပျက်သဘောဆောင်သော၊ အပြုသဘောဆောင်သော ရှုထောင့်နှစ်ခုလုံးမှ ဖြေရှင်းပြီးဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် လူတို့ နားလည်သင့်သော သမ္မာတရားကား အဘယ်နည်း။ (ဘုရားသခင်သည် သမ္မာတရားဖြစ်သည်၊ ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်သည်။ ဇာတိပကတိ၌ လူ့ဇာတိခံသည်ဖြစ်စေ၊ အခြားမည်သည့်နည်းလမ်းဖြင့် ပေါ်ထွန်းသည်ဖြစ်စေ သူပြောသော စကားများသည် သမ္မာတရားဖြစ်ပြီး ကျွန်ုပ်တို့သည် ခြွင်းချက်မရှိ ကျိုးနွံနာခံပြီး လက်ခံသင့်ပါသည်။) လူတိုင်း ဤပြောဆိုချက်ကို အာမင်ဟု ဆိုနိုင်သလော။ (အာမင်။) ငါလည်း ထိုအရာကို အာမင်ဟု ဆိုသည်၊ ခြွင်းချက်မရှိ လက်ခံပြီး ကျိုးနွံနာခံခြင်းသည် သမ္မာတရားဖြစ်၏။ ဘုရားသခင်သည် မည်သည့်ပုံစံ သို့မဟုတ် နည်းလမ်းဖြင့် လူတို့အကြား ပေါ်ထွန်းပြီး အသက်ရှင်နေထိုင်သည်ဖြစ်စေ၊ ဘုရားသခင် မည်သည့်ပုံစံဖြင့် တည်ရှိသည်ဖြစ်စေ ဘုရားသခင်သည် ထာဝရ ဘုရားသခင် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားဖြစ်ပြီး ယင်းမှာ လူတို့ အများဆုံး နားလည်သင့်သော သမ္မာတရား ဖြစ်သည်။ ဒုတိယအနေဖြင့် ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင်အပေါ် ရှိသင့်သော သဘောထားမှာ ခြွင်းချက်မရှိ ကျိုးနွံနာခံခြင်းတစ်ခု ဖြစ်သည်။ ထို့အပြင်၊ လူတို့ နားမလည်သော နောက်ထပ်အချက်တစ်ခု ရှိသေးသည်၊ အဘယ်ကြောင့် လူတို့သည် ဘုရားသခင်နောက်သို့ လိုက်ကြသနည်း။ ငြီးငွေ့မှုကို သက်သာစေရန်လော။ သူတို့၏ စိတ်အာရုံကို ဖြည့်ဆည်းရန်နှင့် သူတို့၏ ဝိညာဉ်ရေးရာ ဟာလာဟင်းလင်းဖြစ်မှုကို ဖြေရှင်းရန်လော။ သူတို့၏ အနာဂတ် ကံကြမ္မာကို ဖြေရှင်းရန်လော။ သန့်ရှင်းစင်ကြယ်စေရန်လော၊ သို့မဟုတ် သမ္မာတရား တက္ကသိုလ်တစ်ခုကို တက်ရောက်ရန်လော။ လူတို့သည် ဘုရားသခင်နောက်သို့ လိုက်ခြင်းဖြင့် အဘယ်အရာကို ဖြေရှင်းရန် ရှာဖွေကြသနည်း။ ဤသည်မှာ လူတို့ သိရှိရန် လိုအပ်သော အရာတစ်ခု ဖြစ်သည်။ (သူတို့သည် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် ရှာဖွေကြသည်။) မှန်သည်။ လူတို့သည် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် ဘုရားသခင်နောက်သို့ လိုက်ကြသည်။ လူတို့သည် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်ကြသလော။ ကျော်ကြားမှု၊ အသိပညာနှင့် ပညာရေးရှိသောလူများက ယင်းကို ဖြေရှင်းနိုင်သလော။ လူသားမျိုးနွယ်အကြား ဤပြဿနာကို ဖြေရှင်းနိုင်သူ တစ်ဦးတစ်ယောက် ရှိသလော။ (မည်သူမျှ မဖြေရှင်းနိုင်ပါ။) ဘုရားသခင်သည် ယနေ့ ဤပြဿနာကို ဖြေရှင်းရန် ကြွလာခဲ့သည်၊ လူ့ဇာတိခံ ဘုရားသခင်သာလျှင်၊ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် ယင်းကို ဖြေရှင်းနိုင်သည်။ အဘယ်ကြောင့် လူသားတစ်ဦးနှင့် တူညီပုံရသော လူ့ဇာတိခံ ခရစ်တော်က ဤပြဿနာကို ဖြေရှင်းနိုင်သနည်း။ လူသားများ၌ ဘာသာစကား၊ အတွေးအခေါ်များနှင့် စိတ်ကူးများ ရှိကြသည်၊ သို့ဖြစ်ပါ၍ အဘယ်ကြောင့် သူတို့သည် ယင်းကို မဖြေရှင်းနိုင်ကြသနည်း။ ကွာခြားချက်သည် အဘယ်မှာ တည်ရှိသနည်း။ (ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်၊ လူသားများ၌ သမ္မာတရား မပိုင်ဆိုင်ကြပေ။) ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်။ ဤအချက်ကို လက်ခံပြီး လူ့ဇာတိခံယူထားသော ဘုရားသခင်၏ ဇာတိပကတိအားလုံးကို လက်ခံခြင်းအားဖြင့်သာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ ဤသည်က လူတို့သည် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ဘုရားသခင်ရှေ့မှောက်သို့ လာကြသည်ဟု ဆိုလိုပြီး ယင်းမှာ သမ္မာတရားကို ရရှိရန် ဘုရားသခင်ထံသို့ လာခြင်းကို ဆိုလိုသည်။ သမ္မာတရားကို ရရှိခြင်းအားဖြင့်သာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ သမ္မာတရားကို မရရှိဘဲ သင်တို့သည် ယင်းတို့ကို မည်သို့ ဖြေရှင်းနိုင်မည်နည်း။ အယူဝါဒများက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ဖြေရှင်းနိုင်သလော။ အသိပညာကော။ အယူအဆများနှင့် စိတ်ကူးယဉ်မှုများကော။ သူတို့ မဖြေရှင်းနိုင်ကြပေ။ လက်တွေ့ကျသော လူ့ဇာတိခံ ဘုရားသခင်သာလျှင် ယင်းကို ဖြေရှင်းရန် သင့်ကို ကူညီနိုင်သည်။ ထို့ကြောင့် မည်သည့် ကျော်ကြားသော ပုဂ္ဂိုလ်၊ ကြီးမြတ်သော ပုဂ္ဂိုလ်၊ သို့မဟုတ် ပညာရှိကိုမဆို ကိုးကွယ်ခြင်းသည် အချည်းနှီးဖြစ်သည်၊ သူတို့သည် သင်၏ စစ်မှန်သော အခက်အခဲများကို မဖြေရှင်းနိုင်ပေ၊ သို့မဟုတ် သင့်ကို မကယ်တင်နိုင်ပေ။ ထို့အပြင် မည်သည့် ဘာသာရပ်၊ အသက်မွေးဝမ်းကျောင်း၊ သို့မဟုတ် အသိပညာ အစုအဝေးကို သင်ယူခြင်းမျှ သင်၏ စစ်မှန်သော အခက်အခဲများ၊ စစ်မှန်သော ပြဿနာများကို မဖြေရှင်းနိုင်ပေ။ အကယ်၍ သင်က “ကျွန်ုပ်သည် ဤသာမန်လူကို အထင်သေး၏” ဟု ဆိုလျှင် သင်၏ အမြင်သည် ပြောင်းလဲရန် လိုအပ်သည်။ အချက်မှာ ဤသို့ဖြစ်သည်၊ ဘုရားသခင်သည် ဤသို့ ပြုမူခဲ့ပြီး ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သင်၏ အသက်အဖြစ် လက်ခံလိုလျှင်၊ သင်သည် ဘုရားသခင် ပြောသော စကားတိုင်းနှင့် ဘုရားသခင် ပြုလုပ်သော လုပ်ရပ်တိုင်းကို လက်ခံသင့်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သမ္မာတရားအဖြစ် အသိအမှတ်ပြုလျှင် သင်သည် ဘုရားသခင် မည်သည့်နည်းလမ်း သို့မဟုတ် ပုံစံဖြင့် တည်ရှိသည်ဖြစ်စေ၊ ပေါ်ထွန်းသည်ဖြစ်စေ သူသည် အစဉ်သဖြင့် သမ္မာတရားဖြစ်သည်ဟူသော အချက်သည် မလျှော့မတင်းသော အမှန်တရားဖြစ်ပြီး ယင်းမှာ အကြွင်းမဲ့ဖြစ်သည်ဟု ယုံကြည်ပြီး ဝန်ခံသင့်သည်။ ဤအချက်ကို ဝန်ခံပြီးနောက် သင်သည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ၊ ဤသာမန်လူကို မည်သို့သော သဘောထားဖြင့် ဆက်ဆံသင့်သနည်း။ ထိုနေရာ၌ ရှာဖွေရမည့် သမ္မာတရား တည်ရှိသည်။

အန္တိခရစ်တို့သည် သူတို့၏ စိတ်နေစိတ်ထားပေါ်မူတည်၍ ခရစ်တော်ကို ဆက်ဆံပုံ၏ သရုပ်သကန်များကို ဖော်ထုတ်ရာတွင်၊ လူတို့ နားလည်သင့်သော နောက်ခံသမ္မာတရားကား အဘယ်နည်း။ ယင်းတို့ကို ရှင်းလင်းစေရန်နှင့် သင်တို့ ဤသမ္မာတရားကို နားလည်ပြီး ရှင်းလင်းစေရန်အတွက် အချက်အနည်းငယ်ကို အကျဉ်းချုပ်ဖော်ပြလော့။ (ကျွန်ုပ်တို့သည် အချက်လေးချက်ကို အကျဉ်းချုပ်ဖော်ပြခဲ့ပါသည်၊ ပထမအချက်မှာ ဘုရားသခင်သည် အမြဲတမ်း ဘုရားသခင်ဖြစ်ပြီး ဤသည်မှာ သမ္မာတရား ဖြစ်သည်။ ဒုတိယအချက်မှာ ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင်အပေါ် ရှိသင့်သော သဘောထားမှာ ခြွင်းချက်မရှိ ကျိုးနွံနာခံခြင်းတစ်ခု ဖြစ်သည်။ တတိယအချက်မှာ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ပြီး ဤအချက်ကို လက်ခံပြီး လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိအားလုံးကို လက်ခံခြင်းအားဖြင့်သာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ စတုတ္ထအချက်မှာ အကယ်၍ လူတို့သည် ဘုရားသခင်ကို သမ္မာတရားအဖြစ် အသိအမှတ်ပြုလျှင် သူတို့သည် ဘုရားသခင် မည်သည့်နည်းလမ်း သို့မဟုတ် ပုံစံဖြင့် တည်ရှိသည်ဖြစ်စေ၊ ပေါ်ထွန်းသည်ဖြစ်စေ၊ သူသည် အစဉ်သဖြင့် သမ္မာတရားဖြစ်သည်ဟူသော အချက်သည် မလျှော့မတင်းသော အမှန်တရားဖြစ်သည်ကို ယုံကြည်ပြီး အသိအမှတ်ပြုသင့်သည်။) ဤအချက်လေးချက်သည် အရေးကြီးသလော။ (အရေးကြီးပါသည်။) အမှန်တကယ်တွင် လူတိုင်းသည် ဤအချက်တစ်ချက်စီတိုင်းကို အယူဝါဒသဘောအရ သိရှိကြသော်လည်း ခရစ်တော်ကို မည်သို့ ဆက်ဆံရမည်ဟူသော ကိစ္စရပ်၌ မည်သည့်သမ္မာတရား စည်းမျဉ်းများ ပါဝင်သည်နှင့် ပတ်သက်လာလျှင် လူတို့သည် လက်တွေ့အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့သည် ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြဘဲ သူတို့ ယခင်က နားလည်ခဲ့သော သမ္မာတရားများသည် အသုံးချ၍မရနိုင်သော အယူဝါဒများမျှသာ ဖြစ်လာကြသည်။ ဤသည်က လူတို့သည် အယူဝါဒမည်မျှပင် နားလည်စေကာမူ ယင်းမှာ အသုံးမဝင်ကြောင်း၊ သမ္မာတရားကို နားမလည်ဘဲ သူတို့၏ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ရှိဦးမည် မဟုတ်ကြောင်းကို လုံလောက်စွာ ပြသပါသည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၀ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။