အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၄) အခန်း တစ်

၂။ ဘုရားသခင်လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကို မထီမဲ့မြင်ပြုခြင်း

ပြီးခဲ့သည့် မိတ်သဟာယဖွဲ့ခြင်းတွင် ငါတို့သည် အန္တိခရစ်များ၏ ဒသမမြောက် သရုပ်သကန်၏ ဒုတိယမြောက် ခေါင်းစဉ်ခွဲဖြစ်သည့် ဘုရားသခင်လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကို မထီမဲ့မြင်ပြုခြင်း အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းတွင် မည်သည့်နေရာ၌ ရပ်ခဲ့ကြသနည်း။ (အန္တိခရစ်များက ခရစ်တော်ကို ၎င်းတို့၏ စိတ်ခံစားချက်ပေါ်မူတည်၍ မည်သို့ ဆက်ဆံကြပုံ ဖြစ်ပါသည်။) ငါတို့သည် “ခရစ်တော်ကို ၎င်းတို့ပြုမူဆက်ဆံပုံသည် ၎င်းတို့၏စိတ်ခံစားချက်ပေါ်တွင် မူတည်၏” ဟူသော အချက်သို့ ရောက်ရှိခဲ့ကြသည်။ မည်သည့်အသွင်အပြင်များကို မိတ်သဟာယဖွဲ့ခဲ့သည်ကို ဦးစွာ ပြန်လည်သုံးသပ်ကြပါစို့။ “စိတ်ခံစားချက်ပေါ်မူတည်၍” နှင့်ပတ်သက်၍ အခြေအနေမည်မျှကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့သနည်း။ (အခြေအနေငါးမျိုး ရှိခဲ့ပါသည်၊ ပြုပြင်ခြင်းတို့ကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏အပြုအမူ၊ ခရစ်တော် လိုက်လံဖမ်းဆီးခံရသောအခါ သူ့အပေါ် ၎င်းတို့၏ အပြုအမူ၊ လူ့ဇာတိခံယူသော ဘုရားသခင်အပေါ် ၎င်းတို့ အယူအဆများ ဖြစ်ပေါ်လာသောအခါ၊ ၎င်းတို့ ရာထူးတိုးမြှင့်ခြင်း သို့မဟုတ် ဖြုတ်ချခြင်း ခံရသောအခါနှင့် မတူညီသော ပတ်ဝန်းကျင်များကို ရင်ဆိုင်ရသောအခါတို့ ဖြစ်ပါသည်။) ယင်းမှာ အနည်းနှင့်အများ ထိုမျှပင် ဖြစ်သည်။ သင်တို့သည် ဤအသွင်အပြင်များ၏ အကြောင်းအရာကို နားထောင်သောအခါ ထိုအကြောင်းအရာထဲမှ ဖြစ်ရပ်များအကြောင်းကို ကြားရုံမျှ ကြားကြသလော၊ သို့မဟုတ် ၎င်းတို့ကို သင်တို့ကိုယ်တိုင်နှင့် နှိုင်းယှဉ်စစ်ဆေးကြပြီး ဤဖြစ်ရပ်များမှတစ်ဆင့် သမ္မာတရားကို ရရှိကာ နားလည်ကြသလော။ သင်တို့သည် မည်သည့်ရှုထောင့်အမြင်ဖြင့် နားထောင်ကြသနည်း။ (ဘုရားသခင်က ဤအခြေအနေများနှင့် သရုပ်သကန်များကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသောအခါ ကျွန်ုပ်သည် ယင်းတို့ကို ကျွန်ုပ်ကိုယ်တိုင်နှင့် နှိုင်းယှဉ်စစ်ဆေးနိုင်ပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်၏ အပြုအမူသည် အန္တိခရစ်များ၏ သရုပ်သကန်များနှင့် လုံးဝ တူညီခြင်း မရှိနိုင်သော်လည်း ထုတ်ဖော်ပြသော စိတ်သဘောထားနှင့် သဘာဝအနှစ်သာရမှာမူ တူညီပါသည်။) ဖော်ထုတ်ထားသော အခြေအနေများ၊ သရုပ်သကန်များနှင့် အနှစ်သာရများသည် လူတိုင်း၌ မတူညီသော အတိုင်းအတာအထိ တည်ရှိနေသည်။ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သောအခါ မိမိတို့ကိုယ်၌ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သရုပ်သကန်များကို သတိပြုမိရန် ခက်ခဲသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ သူတို့၏ အတွေ့အကြုံ တဖြည်းဖြည်း နက်ရှိုင်းလာသည်နှင့်အမျှ သူတို့သည် အချို့သော စိတ်သဘောထားများနှင့် အပြုအမူများကို အမှုမဲ့အမှတ်မဲ့ သိရှိလာကြသည်။ ထို့ကြောင့် ငါတို့ ဆွေးနွေးသော အကြောင်းအရာတွင် ပါဝင်သည့် တိကျသော သရုပ်သကန်များသည် လက်ရှိတွင် သင်နှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ သို့မဟုတ် သင်သည် အတိတ်က ထိုသို့သော အပြုအမူများ၌ ပါဝင်ပတ်သက်ခဲ့သည်ဖြစ်စေ၊ မပတ်သက်ခဲ့သည်ဖြစ်စေ ဤအရာက ဤပြဿနာများသည် သင်နှင့် မသက်ဆိုင်ဟု ဆိုလိုခြင်း မဟုတ်ပေ၊ ယင်းက သင်သည် အနာဂတ်တွင် ထိုသို့သောအရာများကို ပြုလုပ်မည်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ သင်သည် ထိုသို့သော စိတ်သဘောထားများနှင့် အပြုအမူများကို မပိုင်ဆိုင်ဟုလည်း ဆိုလိုခြင်းမဟုတ်ပေ။ ငါတို့သည် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်နေခဲ့ကြပြီး ဖြစ်သည်မှာ ယခုအခါတွင် တစ်နှစ်ကျော်ပြီဖြစ်၏။ အကြောင်းအရာတစ်ခုကို မိတ်သဟာယဖွဲ့ရာ၌ တစ်နှစ်ကျော် အချိန်ယူပြီးသည့်တိုင် မပြီးသေးဘဲ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာသည် တိကျပြီး စေ့စပ်သေချာသည်ဟု သင်တို့ ထင်သလော။ (စေ့စပ်သေချာပါသည်။) ယင်းမှာ အလွန်အမင်း တိကျပြီး အလွန်အမင်း စေ့စပ်သေချာသည်။ မိတ်သဟာယဖွဲ့ခြင်းသည် ဤအဆင့်သို့ ရောက်ရှိနေသော်လည်း လူများစွာတို့သည် အနည်းငယ်မျှပင် မပြောင်းလဲဘဲ မိမိတို့၏ မူလအပြုအမူများကို ဆက်လက်ပြသနေကြဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ ပြောဆိုခဲ့သော စကားများနှင့် ဖော်ထုတ်ခဲ့သော အခြေအနေများ၊ စိတ်သဘောထားများနှင့် အနှစ်သာရများသည် ၎င်းတို့ကို အနည်းငယ်မျှပင် အထောက်အကူ မပြုပေ။ ဤကာလအတွင်း မဆင်မခြင်နှင့် ကိုယ်ကျင့်တရားမဲ့သော အပြုအမူကို ဆက်လက်ပြုမူနေသူများ၊ ထင်ရာစိုင်းပြီး အာဏာရှင်ဆန်စွာ ပြုမူဆောင်ရွက်သူများနှင့် ဇွတ်တရွတ်နိုင်ပြီး ကတ်တီးကတ်ဖဲ့နိုင်စွာ ပြုမူသူများ အချို့ ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့သည် ယခင်ကအတိုင်းပင် ရှိနေကြသည်၊ သို့မဟုတ် အဆင့်အတန်းရရှိပြီးနောက် ပို၍ပင် ထကြွသောင်းကျန်းလာကာ မိမိတို့ကိုယ်ကို ပို၍ပင် စေ့စေ့စပ်စပ် ဖော်ထုတ်ကြသည်။ ထို့အပြင် အစဉ်သဖြင့် ထုတ်ပယ်ခြင်းနှင့် ရှင်းလင်းပစ်ခြင်း ခံနေရသော လူအချို့ ရှိနေသည်၊ ဤနေရာတွင် အဘယ်အရာ ဖြစ်ပျက်နေသနည်း။ (အကြောင်းမှာ ဤလူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံခဲ့သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် တရားဒေသနာများစွာကို ကြားခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့ကို စိတ်ထဲသို့ မထည့်ခဲ့ကြပေ။) အကြောင်းရင်းများထဲမှ တစ်ခုမှာ ဤလူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံခြင်း ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသကဲ့သို့ အပြုသဘောဆောင်သော အရာများကို မချစ်မြတ်နိုးကြပေ။ အခြားအကြောင်းရင်းတစ်ခုမှာ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော အရာများကို လက်မခံနိုင်ဘဲ အန္တိခရစ်များ၏ အနှစ်သာရကို ပင်ကိုအားဖြင့် ပိုင်ဆိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ငါသည် အန္တိခရစ်များ၏ အမျိုးမျိုးသော အနှစ်သာရများနှင့် သရုပ်သကန်များကို ထိုသို့သော တိကျမှုဖြင့် မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ခဲ့သော်လည်း ဤအန္တိခရစ်များနှင့် ဆိုးယုတ်သောလူတို့သည် မထိန်းမသိမ်းနိုင်လောက်အောင် ဖြစ်ပြီး ကြောက်ရွံ့ခြင်းမရှိဘဲ မိမိတို့အလိုရှိသမျှကို ပြုလုပ်နေကြဆဲ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးခြင်း မဟုတ်လော။ ဤလူတို့အတွက် မိမိတို့၏ သဘာဝကို ပြောင်းလဲရန် အမှန်တကယ် မဖြစ်နိုင်ပေ၊ ၎င်းတို့သည် တရားဒေသနာ မည်မျှပင် ကြားရသည်ဖြစ်စေ အကျိုးသက်ရောက်မှု မရှိဘဲ ရှိနေကြသည့်အပြင် နောင်တရခြင်းလည်း မရှိကြပေ။ ၎င်းတို့၏ နေ့စဉ်ဘဝများ၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအပေါ် ၎င်းတို့၏ သဘောထားနှင့် ၎င်းတို့ ထမ်းဆောင်သည့် ပုံစံတို့မှ အကဲဖြတ်ရလျှင် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့ ၎င်းတို့၏ စိတ်သဘောထားများသည် အနည်းငယ်မျှပင် မပြောင်းလဲခဲ့ပေ၊ ဤစကားများသည် ကျွဲပါးစောင်းတီးခြင်းနှင့်တူသည်၊ လုံးဝ အကျိုးမရှိပေ။ ဤစကားများသည် အန္တိခရစ်များကို အကျိုးသက်ရောက်မှု မရှိသော်လည်း သင်တို့အပေါ် အားပေးထိန်းသိမ်းသော အကျိုးသက်ရောက်မှု တစ်ခုခု ရှိခဲ့သလော။ ၎င်းတို့သည် အချို့သော အပြုအမူများကို ချုပ်တည်းရန်နှင့် သင်တို့၏ အသိစိတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကို မြှင့်တင်ရန် အထောက်အကူပြုခဲ့သလော။ (အနည်းငယ် အထောက်အကူ ပြုခဲ့ပါသည်။) အကယ်၍ ၎င်းတို့သည် တစ်စုံတစ်ဦးအပေါ် ဤအကျိုးသက်ရောက်မှု မရှိခဲ့ပါက သူတို့သည် လူသားများ ဖြစ်ကြသေးသလော။ မဟုတ်ကြတော့ပေ၊ သူတို့သည် နတ်ဆိုးများ ဖြစ်ကြသည်။ ဤစကားများကို ကြားပြီးနောက် လူအများစုသည် အန္တိခရစ်များ၏ အမျိုးမျိုးသော စိတ်သဘောထား အနှစ်သာရများကို အနည်းငယ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိခဲ့ကြပြီး အတွင်းစိတ်နက်ရှိုင်းရာမှ အန္တိခရစ်များ၏ စိတ်သဘောထားများကို မုန်းတီးမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည့်အပြင် မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနှစ်သာရများကိုလည်း အနည်းငယ် နားလည်မှုနှင့် သိမြင်မှု ရရှိခဲ့ကြသည်မှာ အမှန်ပင်ဖြစ်၏။ ဤသည်မှာ ကောင်းသော လက္ခဏာတစ်ရပ်၊ ကောင်းသောအရာတစ်ခု ဖြစ်သည်။ သို့သော် နားထောင်လေလေ ပို၍ အပျက်သဘောဆောင်လာလေလေ ဖြစ်သော လူများ ရှိသလော။ ဤစကားများကို ကြားသောအခါ သူတို့က “ဇာတ်သိမ်းပြီ။ အန္တိခရစ်များ၏ သရုပ်သကန်များ၊ အခြေအနေများနှင့် စိတ်သဘောထားများကို ဖော်ထုတ်သည့်အခါတိုင်း ယင်းတို့သည် ကျွန်ုပ်၏ သရုပ်သကန်များ၊ အခြေအနေများ၊ စိတ်သဘောထားများနှင့် လုံးဝ တိုက်ဆိုင်နေသည်။ တစ်ကြိမ်မျှပင် ကျွန်ုပ်နှင့် မသက်ဆိုင်ခြင်း မရှိပေ။ အန္တိခရစ်များ၏ စိတ်သဘောထားမှ ကျွန်ုပ်ကိုယ်ကို မည်သည့်အခါတွင် လုံးဝ ခွဲထုတ်နိုင်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ ချစ်မြတ်နိုးသော သားများ၏ သရုပ်သကန်အချို့ကို မည်သည့်အခါတွင် ပြသနိုင်မည်နည်း” ဟု စဉ်းစားကြသည်။ သူတို့ နားထောင်လေလေ၊ ပို၍ အပျက်သဘောဆောင်လာလေလေ၊ လိုက်လျှောက်ရန် လမ်းမရှိဟု သူတို့ ပို၍ ခံစားရလေလေ ဖြစ်သည်။ ဤတုံ့ပြန်မှုသည် ပုံမှန်ဟုတ်သလော။ (မဟုတ်ပါ။) သင်တို့ အပျက်သဘောဆောင်သည်ဟု ခံစားရသလော။ (မခံစားရပါ။) အန္တိခရစ်များ၏ ဤသရုပ်သကန်များနှင့် ဖြစ်ရပ်များကို ငါ ဖော်ထုတ်သည်ကို သင်တို့ ကြားသည့်အခါတိုင်း ယင်းမှာ နာကျင်စေသလော သို့မဟုတ် သက်သောင့်သက်သာမရှိ ဖြစ်စေသလော။ သင်တို့ ရှက်ကြောက်သည်ဟု ခံစားရသလော။ (နာကျင်ပါသည်၊ ကျွန်ုပ်တို့ ရှက်ကြောက်သည်ဟု ခံစားရပါသည်။) သင်တို့၌ မည်သို့သော ခံစားမှုများ ရှိသည်ဖြစ်စေ ယင်းက အပျက်သဘောဆောင်ခြင်းသို့ မဦးတည်သည့်အချက်မှာ ကောင်းသည်၊ သင်တို့ ခိုင်မာစွာ ရပ်တည်ခဲ့ကြသည်။ သို့ရာတွင် အပျက်သဘောမဆောင်ခြင်းသည် မလုံလောက်ပေ၊ ယင်းမှာ ရည်ရွယ်ချက်ကို မအောင်မြင်စေပေ၊ ယင်းမှာ အန္တိမပန်းတိုင် မဟုတ်ပေ။ သင်တို့သည် ဤစကားများမှတစ်ဆင့် သင်တို့ကိုယ်တိုင်ကို သိရှိခြင်းသို့ ရောက်ရှိရန် လိုအပ်သည်။ ယင်းမှာ အပြုအမူ၏ အသွင်အပြင်တစ်ခုကို နားလည်ခြင်းအကြောင်း မဟုတ်ဘဲ သင်တို့၏ ကိုယ်ပိုင် စိတ်သဘောထားနှင့် အနှစ်သာရကို သိရှိခြင်းအကြောင်း ဖြစ်သည်။ ဤနားလည်မှုက သင်တို့ကို ဘဝ၌လည်းကောင်း၊ သင်တို့၏ တာဝန်ကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်၌လည်းကောင်း လက်တွေ့ကျင့်သုံးရန် နည်းလမ်းကို ရှာဖွေရန် ထောက်ကူပေးသင့်ပြီး မည်သည့်လုပ်ရပ်များသည် အန္တိခရစ်များ၏ အပြုအမူနှင့် ကိုက်ညီသည်၊ မည်သည့်လုပ်ရပ်များသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ထုတ်ဖော်သည်၊ မည်သည့်လုပ်ရပ်များသည် စည်းမျဉ်းနှင့်ညီသည်တို့ကို သိရှိစေသင့်သည်။ အကယ်၍ သင်သည် ဤအရာကို အောင်မြင်နိုင်ပါက သင်သည် ဤစကားများကို အချည်းနှီး နားထောင်ခဲ့ခြင်း မဟုတ်ပေ၊ ယင်းတို့သည် သင်တို့အပေါ် အကျိုးသက်ရောက်မှု ရှိခဲ့သည်။ ဆက်လက်ပြီး ငါတို့သည် အန္တိခရစ်များက လူ့ဇာတိခံယူသော ဘုရားသခင်ကို မည်သို့ ဆက်ဆံကြသည်ဟူသော စတုတ္ထမြောက် သရုပ်သကန်ဖြစ်သည့် ခရစ်တော်ပြောသည့်အရာကို နာရုံမျှသာ ပြုပြီး မလိုက်နာသကဲ့သို့ ကျိုးနွံနာခံခြင်းလည်း မရှိခြင်းအကြောင်းကို မိတ်သဟာယဖွဲ့ကြမည်။

ဃ။ ခရစ်တော်ပြောသည့်အရာကို နာရုံမျှသာ ပြုပြီး မလိုက်နာသကဲ့သို့ ကျိုးနွံနာခံခြင်းလည်း မရှိခြင်း

အန္တိခရစ်များသည် ခရစ်တော်ပြောသည့်အရာကို နာရုံမျှသာပြုပြီး မလိုက်နာသကဲ့သို့ ကျိုးနွံနာခံခြင်းလည်း မရှိကြပေ၊ သို့ဆိုလျှင် ၎င်းတို့သည် မည်သို့ နားထောင်ကြသနည်း။ ဤစကားစုသည် ၎င်းတို့ နားထောင်သည့် သဘောထားကို အနှစ်သာရအားဖြင့် အကျဉ်းချုပ်ဖော်ပြသည်။ လိုက်နာခြင်းလည်းမရှိ၊ စစ်မှန်သော ကျိုးနွံနာခံခြင်းလည်းမရှိပေ။ ၎င်းတို့သည် စိတ်နှလုံးမှ လက်မခံဘဲ မိမိတို့၏ နားများဖြင့်သာ နားထောင်ကြပြီး မိမိတို့၏ စိတ်နှလုံးများဖြင့် နားထောင်ခြင်း သို့မဟုတ် သဘောပေါက်ခြင်း မရှိကြပေ။ စာသားအတိုင်း ကြည့်သော် ဤအပိုင်း၌ အန္တိခရစ်များ၏ အပြုအမူနှင့် စိတ်သဘောထားကို ဤအခြေခံအချက်များဖြင့် အကျဉ်းချုပ် ဖော်ပြနိုင်သည်။ အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရ ရှုထောင့်မှကြည့်လျှင် ထိုသို့သောလူများသည် ဘုရားသခင်ထံမှလာသော မည်သည့်အရာကိုမဆိုဖြစ်စေ၊ ဘုရားသခင် သို့မဟုတ် လူသားများက ကောင်းသည်၊ အပြုသဘောဆောင်သည်ဟု မှတ်ယူသော မည်သည့်အရာကိုမဆို၊ သဘာဝတရား၏ နိယာမများနှင့် ကိုက်ညီသော မည်သည့်အရာကိုမဆို မနာခံသကဲ့သို့ ဒေါသနှင့် မကျေမနပ်ဖြစ်ကြ၏၊ ထိုအစား ၎င်းတို့သည် ထိုသို့သောအရာများကို အထင်သေးပြီး မိမိတို့၏ ကိုယ်ပိုင် ရှုထောင့်အမြင်များနှင့် အမြင်များ ရှိကြသည်။ ၎င်းတို့၏ ရှုထောင့်အမြင်များသည် အပြုသဘောဆောင်သော အရာများ၏ စည်းမျဉ်းများ၊ နိယာမများနှင့် ကိုက်ညီသလော။ မကိုက်ညီပေ။ ၎င်းတို့၏ ရှုထောင့်အမြင်များသည် အဓိကအားဖြင့် သွင်ပြင်လက္ခဏာနှစ်မျိုး ပါဝင်သည်၊ တစ်ခုမှာ စာတန်၏ နိယာမများဖြစ်ပြီး အခြားတစ်ခုမှာ စာတန်၏ အကျိုးစီးပွားများ၊ သဘာဝအနှစ်သာရတို့နှင့် ကိုက်ညီသော အရာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိနှင့်ပတ်သက်၍ အန္တိခရစ်များ၏ ရှုထောင့်အမြင်များနှင့် သဘောထားများသည် အနှစ်သာရအရ အဓိကအားဖြင့် အချက်နှစ်ချက် အကျုံးဝင်သည်၊ တစ်ခုမှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် နိယာမများဖြစ်ပြီး အခြားတစ်ခုမှာ စာတန်၏ စိတ်သဘောထား အနှစ်သာရ ဖြစ်သည်။ ခရစ်တော်သည် မြေကြီးပေါ်တွင် အမှုတော်အဆင့်တစ်ဆင့်ကို ဆောင်ရွက်သည့်အခါ ဘုရားသခင်၏ ကိုယ်စား စကားပြောဆိုသူဖြစ်၍ ကိုယ်တော်သည် မြေကြီးပေါ်တွင် အမှုတော်အဆင့်တစ်ဆင့်ကို ဆောင်ရွက်သည့် ဘုရားသခင်၏ ဖော်ပြချက်နှင့် လူ့ဇာတိခံယူခြင်းလည်း ဖြစ်၏။ ထိုသို့သော အခန်းကဏ္ဍတစ်ခုအတွက် အန္တိခရစ်များသည် သိချင်စိတ်၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ကိုယ်တော့်ကို မျက်နှာလိုအားရလုပ်ပြီး မြှောက်ပင့်ရန် အဆင့်အတန်းရှိသော လူတစ်ဦးကဲ့သို့ ဆက်ဆံခြင်းတို့မှလွဲ၍ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ စစ်မှန်သော ယုံကြည်လက်ခံခြင်းနှင့် နောက်လိုက်ခြင်း မရှိကြသကဲ့သို့ စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် ကျိုးနွံနာခံခြင်းမှာ သာ၍ပင် နည်းပါးသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အမြင်တွင် အရေးမပါဟု ထင်ရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ခရစ်တော်နှင့်ပတ်သက်၍ ကိုယ်တော်၏ အသွင်အပြင်သည် သာမန်နှင့် ပုံမှန်ဖြစ်သည်၊ ကိုယ်တော်၏ အပြောအဆို၊ အပြုအမူနှင့် ဟန်ပန်အမူအရာအပြင် ကိုယ်တော်၏ လူ့သဘာဝ၏ အသွင်အပြင်အားလုံးသည်လည်း သာမန်နှင့် ပုံမှန်ဖြစ်ကြသည်။ ကိုယ်တော် ပြုတော်မူသော အမှု၏ ပုံစံ၊ နည်းလမ်းနှင့် နည်းစနစ်တို့သည် လူတိုင်း၏ အမြင်တွင် အလွန်အမင်း သာမန်၊ ပုံမှန်နှင့် လက်တွေ့ကျသည်ဟု သာ၍ပင် ထင်ရသည်။ ၎င်းတို့သည် သဘာဝလွန်ခြင်းမရှိ၊ အနှစ်မဲ့ခြင်းမရှိ၊ မရေရာခြင်းမရှိသည့်အပြင် လက်တွေ့ဘဝနှင့် ကင်းကွာခြင်းမရှိပေ။ အတိုချုပ်အားဖြင့် အပြင်ပန်းမှကြည့်လျှင် ခရစ်တော်သည် မြင့်မြတ်ပုံမပေါ်ပေ။ ကိုယ်တော်၏ အပြောအဆို၊ လုပ်ရပ်များနှင့် ဟန်ပန်အမူအရာတို့သည် နက်နဲခြင်း သို့မဟုတ် သဘောတရားဆန်ခြင်း မရှိချေ။ လူ့မျက်စိများဖြင့် စောင့်ကြည့်လေ့လာလျှင် မည်သည့်နက်နဲမှုများကိုမျှ မမြင်ရသကဲ့သို့ နားမလည်နိုင်သော အရာတစ်ခုမျှ မရှိပေ၊ ကိုယ်တော်သည် အလွန် လက်တွေ့ကျလွန်းပြီး အလွန် ပုံမှန်ဖြစ်လွန်းသည်။ လူ့ဇာတိခံယူသော ဘုရားသခင် ဆောင်ရွက်ခဲ့သော အမှုအားလုံး၏ အနှစ်သာရနှင့် သဘာဝကို ငါတို့ မဆွေးနွေးမီ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဤအခန်းကဏ္ဍနှင့်ပတ်သက်၍ လူတို့အဖို့ အပြင်ပန်းအားဖြင့် မြင်သာသည့်အရာအားလုံးဖြစ်သော ကိုယ်တော်၏ အပြောအဆို၊ အပြုအမူ၊ ဟန်ပန်အမူအရာ၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်၊ ပင်ကိုစရိုက်၊ စိတ်ဝင်စားမှုများ၊ ပညာရေးအဆင့်အတန်း၊ ကိုယ်တော် ဂရုစိုက်ပြီး ဆွေးနွေးသော ကိစ္စများ၊ လူတို့ကို ဆက်ဆံပြီး ပေါင်းသင်းသည့် ကိုယ်တော်၏ နည်းလမ်းအပြင် ကိုယ်တော် ဖော်ပြသည့် အသိပညာဆိုင်ရာ အရာများအစရှိသည်တို့ကို ဆင်ခြင်သုံးသပ်ကြစို့။ ဤအရာအားလုံးသည် လူ၏အမြင်တွင် သဘာဝလွန်ခြင်း၊ မြင့်မြတ်ခြင်း သို့မဟုတ် အနှစ်မဲ့ခြင်း မရှိဘဲ အထူးသဖြင့် လက်တွေ့ကျသည်။ ဤအသွင်အပြင်အားလုံးသည် ခရစ်တော်နောက်လိုက်သော လူတိုင်းအတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်၊ သို့သော် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၍ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူတို့မှာမူကား သမ္မာတရားအချို့ကို သူတို့ နားလည်သည်နှင့်တစ်ပြိုင်နက် ခရစ်တော်၏ အပြင်ပန်းရှိ ဤပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော သရုပ်သကန်အားလုံးကို လူ့ဇာတိခံယူထားသော ဘုရားသခင်ဟူသည့် အမျိုးအစားအောက်တွင် အကျဉ်းချုပ်ထား၍ နားလည်ခြင်း၊ သဘောပေါက်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ကို ပြုကြလေသည်။ သို့ရာတွင် အန္တိခရစ်များသာ ဤသို့ မပြုလုပ်ကြပေ၊ ၎င်းတို့သည် ယင်းကို မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌ ခရစ်တော်ကဲ့သို့သော အလွန်အမင်း သာမန်ပုဂ္ဂိုလ်တစ်ဦးသည် ၎င်းတို့အတွက် တစ်စုံတစ်ခု ကင်းမဲ့နေသည်ဟု ထင်ရသည်။ အတိအကျ မည်သည့်အရာ ပျောက်ဆုံးနေသနည်း။ အတွင်းစိတ်နက်ရှိုင်းရာ၌ အန္တိခရစ်များက ထိုသို့သော သာမန်လူတစ်ဦးသည် ဘုရားနှင့် သိပ်မတူဟု မကြာခဏ ခံစားရသည်။ ၎င်းတို့က ထိုသို့သော သာမန်လူတစ်ဦးသည် ၎င်းတို့ စိတ်ကူးထားသည့် စစ်မှန်သော ဘုရား၊ ခရစ်တော်တို့နှင့် ထိုက်တန်မည့် နည်းလမ်းဖြင့် ပြောဆိုသင့်သည်၊ ပြုမူသင့်သည်၊ ကျင့်ကြံသင့်သည်ဟုလည်း မကြာခဏ တောင်းဆိုကြသည်။ ထို့ကြောင့် အန္တိခရစ်များ၏ စိတ်နှလုံးများထဲသို့ နက်ရှိုင်းစွာ ကြည့်လျှင် ၎င်းတို့သည် ထိုသို့သော သာမန်လူတစ်ဦးကို ၎င်းတို့၏ သခင်အဖြစ်၊ ၎င်းတို့၏ ဘုရားအဖြစ် လက်ခံရန် လိုလိုလားလား မရှိကြပေ။ ခရစ်တော်၏ အသွင်အပြင်တစ်ခုသည် ပို၍ ပုံမှန်၊ လက်တွေ့ကျပြီး သာမန်ဖြစ်လေလေ၊ အန္တိခရစ်များက ပို၍ မထီမဲ့မြင်ပြုကာ အထင်အမြင်သေးပြီး ရန်လိုစိတ်ဖြင့်ပင် ရှုမြင်လေလေ ဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များအပါအဝင် ခရစ်တော်၏ အပြုအမူ၏ မည်သည့်အသွင်အပြင်နှင့်မဆို စပ်လျဉ်း၍ အန္တိခရစ်များသည် အတွင်းစိတ်နက်ရှိုင်းရာ၌ ယင်းတို့ကို လက်မခံနိုင်ကြသကဲ့သို့ ဆန့်ပင် ဆန့်ကျင်ကြ၏။

ခရစ်တော်၏ အပြောအဆိုတွင် အဘယ်အရာ ပါဝင်သနည်း။ တစ်ခါတစ်ရံ ယင်းမှာ အလုပ်အစီအစဉ်များ ပြုလုပ်ခြင်းအကြောင်း ဖြစ်သည်၊ တစ်ခါတစ်ရံ တစ်စုံတစ်ဦး၏ ချို့ယွင်းချက်များကို ထောက်ပြခြင်း၊ တစ်ခါတစ်ရံ လူအမျိုးအစားတစ်မျိုး၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဖော်ထုတ်ခြင်း၊ တစ်ခါတစ်ရံ ပါဝင်ပတ်သက်သော ပြဿနာများကို စိစစ်ရန် ပြဿနာတစ်ခု၏ အနှစ်သာရနှင့် အသေးစိတ်အချက်အလက်အားလုံးကို ဆန်းစစ်လေ့လာခြင်း၊ တစ်ခါတစ်ရံ ကိစ္စရပ်တစ်ခု၏ အမှားအမှန်ကို တရားစီရင်ခြင်း၊ တစ်ခါတစ်ရံ လူအမျိုးအစားတစ်မျိုးအတွက် အဆုံးသတ်ကို သတ်မှတ်ခြင်း၊ တစ်ခါတစ်ရံ လူအချို့ကို ရာထူးတိုးမြှင့်ခြင်း၊ တစ်ခါတစ်ရံ လူအချို့ကို ထုတ်ပယ်ခြင်း၊ တစ်ခါတစ်ရံ လူအချို့ကို ပြုပြင်ခြင်းနှင့် တစ်ခါတစ်ရံ လူအချို့ကို နှစ်သိမ့်ပြီး တိုက်တွန်းနှိုးဆော်ခြင်းတို့ ဖြစ်သည်။ ကိုယ်တော်၏ အမှုတော်အတွင်း ခရစ်တော် မိန့်မြွက်သည့် လူတို့၏ အသက်စိတ်သဘောထားနှင့် သက်ဆိုင်သော သမ္မာတရားများအပြင် ကိုယ်တော်သည် လူ့အသိပညာ၊ အမျိုးမျိုးသော ပညာရပ်ဆိုင်ရာ နယ်ပယ်တို့နှင့် သက်ဆိုင်သော အကြောင်းအရာအချို့အပြင် အရာရာတိုင်းကိုလည်း မကြာခဏ ထိတွေ့ပြောဆိုတော်မူသည်။ ခရစ်တော်သည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်၊ ကိုယ်တော်သည် လောကနှင့် ကင်းကွာနေတော်မူသည်မဟုတ်။ ကိုယ်တော်၌ လူသားတည်ရှိမှုနှင့် အသက်တာနှင့် သက်ဆိုင်သော ကိစ္စရပ်အားလုံးအပေါ် အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များ ရှိတော်မူပြီး ကိုယ်တော်သည် ဤကိစ္စရပ်များကို စည်းမျဉ်းများဖြင့် ကိုင်တွယ်တော်မူသည်။ အကယ်၍ ဤစည်းမျဉ်းများသည် လူတို့၏ ရှင်သန်မှု၊ လူတို့၏ အသက်ဝင်ရောက်မှု၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းဟူသော အကြောင်းအရာများနှင့် သက်ဆိုင်ပါက ယင်းတို့အားလုံးသည် သမ္မာတရားများဖြစ်သည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ခရစ်တော် မိန့်မြွက်သည့် လူ့အသိပညာ၊ အတွေးအခေါ်နှင့် အချို့သော ပညာရပ်ဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သော စကားများကို သမ္မာတရားဟု တိုက်ရိုက် ခေါ်ဆို၍မရနိုင်သော်လည်း ယင်းတို့သည် ဤအကြောင်းအရာများနှင့် ပတ်သက်၍ လူသားများ သိရှိသောအရာနှင့် ရှုထောင့်အမြင်၊ သဘောထားနှင့် စည်းမျဉ်းတို့၌ ကွဲပြားသည်။ ဥပမာအားဖြင့် လူသားများသည် အသိပညာရပ်တစ်ခုအပေါ် ရိုသေလေးစားသော သဘောထားကို ခံယူကောင်းခံယူပြီး ယင်းဖြင့် အသက်ရှင်ကောင်း အသက်ရှင်နိုင်သော်လည်း ခရစ်တော်မူကား အသိပညာအမျိုးမျိုးကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ပိုင်းခြားသိမြင်နိုင်ကာ ၎င်းတို့ကို မှန်ကန်စွာ သဘောထားပြုမူနိုင်သည်။ ဥပမာအနေနှင့် သင်တို့၏ အတတ်ပညာတစ်ခုခု၌ ကျွမ်းကျင်မှုနှင့် သက်ဆိုင်ရာ အသိပညာကို သင်တို့ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်မှုကို ယူကြည့်လော့။ ဤအသိပညာကို သင်တို့ အသုံးချခြင်းဖြင့် သင်တို့ အဘယ်အရာကို အောင်မြင်နိုင်သနည်း။ သင်တို့၏ တာဝန်ကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်၌ ဤအသိပညာကို သင်တို့ မည်သို့ အသုံးချကြသနည်း။ သမ္မာတရားစည်းမျဉ်း တစ်ခုခု ပါဝင်သလော။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်ပါက စည်းမျဉ်းများ မရှိသည့်အပြင် သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရာ၌ အသိပညာကိုသာ အားကိုးသည်။ ငါသည် ထိုအတတ်ပညာ၌ ကျွမ်းကျင်သူတစ်ဦး မဟုတ်ကောင်း မဟုတ်နိုင်ဘဲ သို့မဟုတ် ထိုအသိပညာကို နက်ရှိုင်းစွာ နားလည်မှု မရှိဘဲ ယေဘုယျသဘောတရားကိုသာ သဘောပေါက်ပြီး အခြေခံအချို့ကိုသာ သိရှိသော်လည်း ဤအသိပညာကို ဘုရားသခင်၏ အမှုတော်အတွက် ထိရောက်စွာ အစေခံနိုင်စေမည့် နည်းလမ်းနှင့် စည်းမျဉ်းများဖြင့် မည်သို့ အသုံးချရမည်ကို ငါ သိသည်။ ဤသည်မှာ ကွာခြားချက် ဖြစ်သည်။ အန္တိခရစ်များသည် သမ္မာတရားကို လက်မခံသောကြောင့် ဤအချက်ကို မည်သည့်အခါမျှ မြင်မည်မဟုတ်သကဲ့သို့ ခရစ်တော်၏ အနှစ်သာရသည် အမှန်တကယ် မည်သို့ဖြစ်သည်ကို မည်သည့်အခါမျှ နားလည်မည် မဟုတ်ပေ။ ခရစ်တော်သည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်သည်၊ ဤစကားသည် အတိအကျ မည်သည့်နေရာ၌ အမှန်တကယ် အကောင်အထည်ပေါ်လာပြီး ထင်ရှားသနည်း၊ လူတို့သည် ယင်းကို မည်သို့သဘောထားပြုမူသင့်သနည်း၊ လူတို့သည် ယင်းမှ အဘယ်အကျိုးကျေးဇူးများနှင့် အကျိုးအမြတ်များကို လက်ခံရရှိသနည်း။ အန္တိခရစ်များသည် ဤအသွင်အပြင်ကို မည်သည့်အခါမျှ မြင်မည်မဟုတ်ပေ။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ အရေးအကြီးဆုံး အကြောင်းရင်းတစ်ခု ရှိသည်၊ အန္တိခရစ်များသည် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိကို မည်သို့ပင် ကြည့်ပါစေ ၎င်းတို့သည် လူတစ်ဦးကိုသာ မြင်သည်။ ၎င်းတို့သည် လူ့ရှုထောင့်မှ တိုင်းတာသည်၊ လူ့အသိပညာ၊ အတွေ့အကြုံ၊ ဉာဏ်ရည်၊ အကြံအစည်နှင့် ပရိယာယ်တို့ကို အသုံးပြု၍ ကြည့်သော်လည်း မည်သို့ပင် ကြည့်ပါစေ ဤသူ၌ အထူးအရာတစ်ခုခုကို မမြင်နိုင်သကဲ့သို့ ကိုယ်တော်၌ ဘုရားသခင်၏ အနှစ်သာရရှိသည်ကိုလည်း ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ ငါ့ကို ပြောကြလော့၊ ၎င်းတို့သည် ယင်းကို ပကတိမျက်စိဖြင့် မြင်နိုင်သလော။ (မမြင်နိုင်ပါ။) အကယ်၍ ၎င်းတို့သည် အဏုကြည့်မှန်ဘီလူး သို့မဟုတ် ဓာတ်မှန်ရောင်ခြည်ကို အသုံးပြုလျှင်ကော အဘယ်သို့နည်း။ ထိုအခါ ၎င်းတို့သည် ယင်းကို မြင်နိုင်ချေ သာ၍ပင် နည်းပါးပေလိမ့်မည်။ လူအချို့က “အကယ်၍ ယင်းကို သာမန်မျက်စိဖြင့် သို့မဟုတ် အဏုကြည့်မှန်ဘီလူးဖြင့် မမြင်နိုင်ပါက ဝိညာဉ်ရေးရာနယ်ပယ်နှင့် ထိတွေ့ဆက်ဆံနေသော သူတို့သည် ယင်းကို မြင်နိုင်သလော” ဟု မေးကြသည်။ (မမြင်နိုင်ပါ။) ဝိညာဉ်ရေးရာနယ်ပယ်နှင့် ထိတွေ့ဆက်ဆံနေသောသူတို့သည် ထိုနယ်ပယ်ထဲသို့ မြင်နိုင်ပြီး ဝိညာဉ်များကို သိမြင်နိုင်သည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့သည် လူ့ဇာတိခံယူသော ဘုရားသခင်ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသနည်း။ သင်တို့သည် စာတန်က ဝိညာဉ်ရေးရာနယ်ပယ်၌ ဘုရားသခင်ကို မြင်နိုင်သည်ဟု ထင်သလော။ (ထင်ပါသည်။) ဘုရားသခင်ကဲ့သို့ပင် စာတန်သည် ဝိညာဉ်ရေးရာနယ်ပယ်၌ တည်ရှိသော်လည်း ၎င်းသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် အသိအမှတ်ပြုသလော။ (မပြုပါ။) ၎င်းသည် ဘုရားသခင်နောက် လိုက်သလော သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သလော။ (မယုံကြည်ပါ။) စာတန်သည် ဘုရားသခင်ကို နေ့စဉ် မြင်နိုင်သော်လည်း ၎င်းသည် ကိုယ်တော့်ကို မယုံကြည်သကဲ့သို့ ကိုယ်တော့်နောက်လည်းမလိုက်ပေ။ သို့ဖြစ်၍ ဝိညာဉ်ရေးရာနယ်ပယ်နှင့် ထိတွေ့ဆက်ဆံနေသောသူတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို မြင်နိုင်လျှင်ပင် ဤဝိညာဉ်တော်ကို ဘုရားသခင်အဖြစ် အသိအမှတ်ပြုကြမည်လော။ (မပြုပါ။) ဤရှင်းလင်းချက်သည် ပြဿနာ၏ အရင်းမြစ်ကို ဖြေရှင်းပေးသလော။ (ဖြေရှင်းပေးပါသည်။) ဤနေရာတွင် အရင်းမြစ်မှာ အဘယ်နည်း။ (၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်မပြုသကဲ့သို့ ကိုယ်တော့်ကို မကြောက်ရွံ့ကြပေ။) အတွင်းစိတ်နက်ရှိုင်းရာ၌ အန္တိခရစ်များသည် ဘုရားသခင်ကို အသိအမှတ်မပြုကြပေ။ ၎င်းတို့၏ ဘိုးဘေးများ၊ ၎င်းတို့၏ အခြေအမြစ်များကပင် ဘုရားသခင်ကို အသိအမှတ်မပြုခဲ့ကြပေ။ ဘုရားသခင်သည် ၎င်းတို့၏ မျက်စိရှေ့မှောက်၌ ရှိနေလျှင်ပင် ၎င်းတို့သည် ကိုယ်တော့်ကို အသိအမှတ်မပြုသကဲ့သို့ ဝတ်ပြုကိုးကွယ်ခြင်းလည်း မရှိကြပေ။ သို့ဆိုလျှင် အလွန် သာမန်ဖြစ်ပြီး အရေးမပါဟု ထင်ရသော လူ့ဇာတိခံယူသော ဘုရားသခင်ကို ၎င်းတို့သည် မည်သို့ ဝတ်ပြုကိုးကွယ်နိုင်မည်နည်း။ ၎င်းတို့သည် လုံးဝ မကိုးကွယ်နိုင်ပေ။ ထို့ကြောင့် အန္တိခရစ်များ မြင်ရန် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ယင်းမှာ အချည်းနှီး ဖြစ်သည်။ ဘုရားသခင်သည် ကိုယ်တော်၏ အမှုတော်ကို စတင်ခဲ့သည့်အချိန်မှ ယခုအချိန်အထိ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို မိန့်မြွက်ခဲ့ပြီး ထိုသို့သော ကြီးမြတ်သည့်အမှုကို ဆောင်ရွက်ခဲ့သည်။ ဤသည်မှာ လူ့လောက၌ အကြီးမြတ်ဆုံးသော နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှု မဟုတ်လော။ အကယ်၍ အန္တိခရစ်များက ယင်းကို အသိအမှတ်ပြုနိုင်ခဲ့ပါက ၎င်းတို့သည် လွန်ခဲ့သောအချိန်ကတည်းက ယုံကြည်ခဲ့ကြပြီး ဖြစ်လိမ့်မည်၊ ၎င်းတို့သည် ယခုအချိန်အထိ စောင့်ဆိုင်းခဲ့ကြမည် မဟုတ်ပေ။ “အန္တိခရစ်များသည် ဘုရားသခင်၏ အမှန်တကယ်ဖြစ်သော လုပ်ဆောင်ချက်များကို လုံလောက်စွာ မမြင်တွေ့ရသေးသောကြောင့် ၎င်းတို့သည် လက်မခံဘဲ ရှိနေကြခြင်း ဖြစ်သည်၊ အကယ်၍ ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုအချို့ကို ပြသပြီး ဝိညာဉ်ရေးရာနယ်ပယ်သည် အမှန်တကယ် မည်သို့ဖြစ်သည်ကို ၎င်းတို့အား မြင်စေကာ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကိုလည်းကောင်း၊ ကိုယ်တော်၏ နှုတ်ကပတ်တော်အားလုံး ပြည့်စုံခဲ့သည်ကိုလည်းကောင်း မြင်တွေ့ခဲ့ပါက ထိုအခါ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုပြီး နောက်လိုက်ကြလိမ့်မည်” ဟု လူအချို့ ထင်သလော။ ယင်းမှာ ထိုသို့ ဖြစ်သလော။ အန္တိခရစ်များသည် ဝိညာဉ်ရေးရာနယ်ပယ်၌ ဘုရားသခင်နှင့် နှစ်ပေါင်းများစွာ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပြီးသည့်နောက်တွင် ယုံကြည်လက်ခံခြင်း မရှိဘဲ နှစ်အနည်းငယ်အတွင်း ရုတ်တရက် ကျိုးနွံနာခံကြမည်လော။ ယင်းမှာ မဖြစ်နိုင်ပေ၊ ၎င်းတို့၏ သဘာဝအနှစ်သာရသည် မပြောင်းလဲနိုင်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် အမှုများစွာကို ဆောင်ရွက်ခဲ့ပြီး နှုတ်ကပတ်တော်များစွာကို မိန့်မြွက်ခဲ့သည့်တိုင် ဤအရာများထဲမှ တစ်ခုမျှ ၎င်းတို့ကို မသိမ်းပိုက်နိုင်သကဲ့သို့ ၎င်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကိုလည်း အသိအမှတ်မပြုနိုင်ကြပေ။ ဤသည်မှာ ၎င်းတို့၏ ပင်ကိုသဘာဝ ဖြစ်သည်။ ဤသဘာဝက အဘယ်အရာကို ညွှန်ပြသနည်း။ ယင်းက အန္တိခရစ်များကဲ့သို့သော လူများသည် ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ထာဝရ စစ်တိုက်ကြမည်ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ အဆုံးတိုင် တိုက်ခိုက်ကာ သေသည်အထိ မည်သည့်အခါမျှ မရပ်တန့်ဘဲ နေကြမည်ဟု ဆိုလိုသည်။ ၎င်းတို့သည် ဖျက်ဆီးခံရဖို့ ထိုက်တန်သူများ မဟုတ်လော။ “သေသည်အထိ မည်သည့်အခါမျှ မရပ်တန့်ခြင်း” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် အသိအမှတ်ပြုမည့်အစား သေခြင်းကိုသာ ခံယူကြမည်၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံမည့်အစား သေခြင်းကိုသာ ခံယူကြမည်ဟု ဆိုလိုသည်။ ဤသည်မှာ သေခြင်းနှင့် ထိုက်တန်သည်။

အန္တိခရစ်များသည် ခရစ်တော်တည်းဟူသော ဤသာမန်လူနှင့် ပတ်သက်လာလျှင် ကိုယ်တော့်ကို အပြင်ပန်းမှသာမက အတွင်းမှပါ စိစစ်ကြသည်။ ထို့ကြောင့် ခရစ်တော် စကားပြောပြီး ပြုမူဆောင်ရွက်သောအခါ အန္တိခရစ်များသည် အပြုအမူအမျိုးမျိုးကို ပြသကြသည်။ ခရစ်တော်၏ အပြောအဆိုနှင့် လုပ်ရပ်များကို တုံ့ပြန်ရာ၌ အန္တိခရစ်များ ပြသသည့် အမျိုးမျိုးသော သရုပ်သကန်များမှတစ်ဆင့် ၎င်းတို့၏ သဘာဝအနှစ်သာရကို ဖော်ထုတ်ကြစို့။ ဥပမာအားဖြင့် ခရစ်တော်သည် လူတို့နှင့်အတူ အလုပ်နှင့် သမ္မာတရားစည်းမျဉ်းများအကြောင်း မိတ်သဟာယဖွဲ့သောအခါ ကိုယ်တော်သည် တိကျသော လက်တွေ့လုပ်ဆောင်မှုအချို့ကို ထည့်သွင်းပြောဆိုသည်။ ဤအရာများတွင် လူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်အတွင်း တာဝန်တစ်ခုကို မည်သို့ တိတိကျကျ ဆောင်ရွက်ပြီး အကောင်အထည်ဖော်သင့်သည်ဆိုသည်တို့ ပါဝင်သည်။ ယေဘုယျအားဖြင့် ပြောရလျှင် မည်သည့်အလုပ်မျှ သဘောတရားကို ဆွေးနွေးခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်း၊ လူတိုင်းကို စိတ်အားထက်သန်လာအောင် မြှောက်ပေးခြင်း၊ ထို့နောက် လူတိုင်းကို သစ္စာဆိုခိုင်းပြီး ယင်းနှင့် အဆုံးသတ်ခြင်းမျိုး မဟုတ်ပေ၊ မိမိတို့တာဝန်နှင့်သက်ဆိုင်သော အလုပ်တိုင်းသည် ရှုပ်ထွေးပြီး တိကျသော အသေးစိတ်အချက်အလက်အချို့ ပါဝင်သည်။ ဥပမာအားဖြင့် မှန်ကန်သောလူကို မည်သို့ ရွေးချယ်ရမည်၊ အမျိုးမျိုးသောလူတို့၏ မတူညီသော အခြေအနေများကို မည်သို့ ကိုင်တွယ်ပြီး သဘောထားပြုမူရမည်၊ တာဝန်ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်အတွင်း ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများကို စည်းမျဉ်းများအတိုင်း မည်သို့ ကိုင်တွယ်ရမည်၊ ထင်ရာစိုင်းပြီး အာဏာရှင်ဆန်စွာ ပြုမူခြင်း သို့မဟုတ် ဇွတ်တရွတ်နိုင်ပြီး စိတ်ကူးပေါက်သကဲ့သို့ ပြုမူခြင်းမရှိဘဲ လူတို့အကြား သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို မည်သို့ ဖြစ်မြောက်အောင်မြင်ရမည် စသည့် အမျိုးမျိုးသော အကြောင်းအရာများကို လွှမ်းခြုံထားသည်။ လူတို့သည် ခရစ်တော်က မိတ်သဟာယပြုပြီးဖြစ်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို အကောင်အထည်ဖော်ပြီး သတ်သတ်မှတ်မှတ်ဖြစ်သော စီမံကိန်းများအား ကြီးကြပ်ရန် လိုအပ်သည့်အခါ အခက်အခဲများ ကြုံကောင်းကြုံရနိုင်သည်။ ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်းနှင့် အယူဝါဒများကို ဟောခြင်းတို့သည် လွယ်ကူသော်လည်း အမှန်တကယ်ဖြစ်သော လက်တွေ့အကောင်အထည်ဖော်ခြင်းက သိပ်မရိုးရှင်းပေ။ အနည်းဆုံးအနေဖြင့် လူတို့သည် အမှန်တကယ် သွားကာ ဤအလုပ်တာဝန်များကို ဆောင်ရွက်ရန်အတွက် အားထုတ်မှု အသုံးပြုရန် အဖိုးအခပေးပြီး အချိန်သုံးရန် လိုအပ်သည်။ တစ်နည်းအားဖြင့် ဤအရာတွင် သင့်တော်သည့်လူတစ်ဦးချင်းစီကို ရှာခြင်းပါဝင်ပြီး နောက်တစ်နည်းအားဖြင့် ပါဝင်ပတ်သက်သည့် အလုပ်အကိုင်အကြောင်းကို သင်ယူခြင်း၊ အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ ကဏ္ဍများနှင့် ဆက်စပ်သည့် သာမန် အသိပညာနှင့် သဘောတရားများကိုလည်းကောင်း၊ လုပ်ငန်း၏ တိကျသော နည်းစနစ်များနှင့် လုပ်နည်းကိုင်နည်းများကိုလည်းကောင်း ရှာဖွေလေ့လာခြင်းတို့ ပါဝင်သည်။ ထို့အပြင် အချို့သော စိန်ခေါ်မှုရှိသည့် ပြဿနာများကိုလည်း ၎င်းတို့ ကြုံကောင်းကြုံရမည်။ ယေဘုယျအားဖြင့် ပုံမှန်လူတို့သည် ဤအခက်အခဲများအကြောင်းကို ကြားရသည့်အခါ ဖိအားတစ်ခုခုကို ခံစားရလျက် အနည်းငယ် တုန်လှုပ်ကြသော်လည်း ဘုရားသခင်ကို သစ္စာစောင့်သိပြီး ကျိုးနွံနာခံသော သူတို့မှာမူ အခက်အခဲများနှင့် ရင်ဆိုင်ရပြီး ဖိအားခံစားရသည့်အခါ မိမိတို့၏ ယုံကြည်ခြင်းများ တိုးပွားရန်အတွက် ဘုရားသခင်ထံ လမ်းပြမှုတောင်းလျှောက်ရင်း ဉာဏ်အလင်းပြမှုနှင့် အကူအညီတို့ကို တောင်းလျှောက်ကာ ရှင်းလင်းသည့် အသိစိတ်တစ်ခု ရရှိရန် ၎င်းတို့၏ သစ္စာစောင့်သိမှုကို ဖြည့်ဆည်းကာ အစွမ်းကုန် အားထုတ်နိုင်ရန်အလို့ငှာ အမှားများ မပြုမိစေဖို့ ကွယ်ကာခြင်းကိုလည်း တောင်းလျှောက်ရင်း မိမိတို့ စိတ်နှလုံးများတွင် တိတ်ဆိတ်စွာ ဆုတောင်းကြလိမ့်မည် ဖြစ်သည်။ သို့သော် အန္တိခရစ်များကဲ့သို့သော လူများမှာမူ ဤကဲ့သို့ မဟုတ်ကြပေ။ ခရစ်တော်ထံမှလာသော အလုပ်တွင် ၎င်းတို့ အကောင်အထည်ဖော်ရန် လိုအပ်သည့် တိကျသော အစီအစဉ်များအကြောင်းကိုလည်းကောင်း၊ အလုပ်က အခက်အခဲအချို့ ရှိသည်ဟုလည်းကောင်း ၎င်းတို့ ကြားရသည့်အခါ စိတ်ထဲတွင် စတင်အတိုက်အခံဖြစ်ပြီး ရှေ့ဆက်လုပ်ဆောင်ရန် မလိုမလား ဖြစ်ကြလေသည်။ ဤမလိုလားသောစိတ်က မည်သည့်အရာနှင့် တူသနည်း။ ၎င်းတို့က “အဘယ်ကြောင့် ကျွန်ုပ်၏ ဘဝတွင် ကောင်းမွန်သည့်အရာများ လုံးဝ ဖြစ်မလာသနည်း။ အဘယ်ကြောင့် ပြဿနာများနှင့် တောင်းဆိုချက်များ ကျွန်ုပ် အမြဲ ရရှိသနည်း။ ကျွန်ုပ်သည် ဖြစ်ဖြစ်မြောက်မြောက် မရှိသောသူအဖြစ် သို့မဟုတ် အမိန့်ပေးရမည့် ကျွန်တစ်ဦးအဖြစ် ယူဆခြင်းခံရသလော။ ကျွန်ုပ်ကို ကြိုးကိုင်ညွှန်ကြားရန် ထိုမျှ မလွယ်ပါ။ ထိုအရာကို သင် ပေါ့ပေါ့တန်တန် ပြောသည်၊ အဘယ်ကြောင့် သင့်ဘာသာ ကြိုးစားမလုပ်ကြည့်သနည်း”ဟု ပြောကြသည်။ ဤသည်မှာ ကျိုးနွံနာခံမှု ဖြစ်သလော။ ဤသည်မှာ လက်ခံသည့် သဘောထား ဖြစ်သလော။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေကြသနည်း။ (အတိုက်အခံလုပ်ခြင်း၊ ဆန့်ကျင်ခြင်း ဖြစ်ပါသည်။) ဤအတိုက်အခံလုပ်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့သည် အဘယ်သို့ ထွက်ပေါ်ကြသနည်း။ ဥပမာအနေဖြင့် “အသား ပေါင်ချိန်အနည်းငယ်ကို သွားဝယ်ပြီး အားလုံးအတွက် ဝက်အချိုပေါင်း ဟင်းလျာကို ချက်ပေးလော့”ဟု ပြောလျှင် ဤအရာကို ၎င်းတို့ ဆန့်ကျင်ကြမည်လော။ (ဆန့်ကျင်မည်မဟုတ်ပါ။) သို့သော် “ယနေ့တွင် ထိုမြေကို သွားထွန်ယက်လော့၊ ထွန်ယက်နေစဉ်တွင် သင် အစာမစားနိုင်မီ ဦးစွာပထမ ကျောက်တုံးများကို သင် ဖယ်ရှားပြီးစီးရန် လိုအပ်သည်”ဟု ပြောလျှင် ၎င်းတို့ မလိုမလားဖြစ်လာကြပေမည်။ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ၊ အခက်အခဲ သို့မဟုတ် ဖိအားပါဝင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မကျေမချမ်းဖြစ်ခြင်းက ပေါ်လာပြီး ရှေ့ဆက်ရန် မလိုမလား ဖြစ်လာကြသည်။ ၎င်းတို့က “အဘယ်ကြောင့် ကျွန်ုပ်အပေါ် ကောင်းမွန်သည့်အရာများ မဖြစ်သနည်း။ လွယ်ကူသည့် သို့မဟုတ် ပေါ့ပါးသည့် အလုပ်တာဝန်များအတွက် အချိန်ကျလာသည့်အခါ ကျွန်ုပ် အဘယ်ကြောင့် လျစ်လျူရှုခံရသနည်း။ ခက်ခဲ၊ ပင်ပန်းသည့် အလုပ် သို့မဟုတ် ညစ်ပတ်သော အလုပ်အတွက် အဘယ်ကြောင့် ကျွန်ုပ် အရွေးခံရသနည်း။ ကျွန်ုပ်က မာယာကင်းပြီး ဩဇာပေးရန် လွယ်သည်ဟု ထင်ရသောကြောင့်လော”ဟု အတိုက်အခံစဖြစ်ကာ ညည်းညူကြလေသည်။ ဤသည်မှာ အတွင်းပိုင်း အတိုက်အခံ စဖြစ်သောနေရာ ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ အလွန် အတိုက်အခံဖြစ်ကြသနည်း။ “ညစ်ပတ်ပြီး ပင်ပန်းသော အလုပ်”မှာ အဘယ်နည်း။ အခက်အခဲဆိုသည်မှာ အဘယ်နည်း။ ဤအရာအားလုံးသည် ၎င်းတို့၏တာဝန် တစ်စိတ်တစ်ပိုင်း ဖြစ်သည်မဟုတ်လော။ တာဝန်ပေးခံရသည့် မည်သူမဆို လုပ်ဆောင်သင့်ပေသည်။ စံရွေးရမည့်အရာ မည်သည့်အရာ ရှိသနည်း။ ထိုအရာသည် ၎င်းတို့အတွက် အမှုအရာများကို တမင်ခက်ခဲစေခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သို့သော် ၎င်းတို့အတွက် အမှုအရာများကို တမင်ခက်ခဲစေခြင်း ဖြစ်သည်၊ ၎င်းတို့ကို ကျဉ်းထဲကျပ်ထဲ ရောက်စေခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ထို့ကြောင့် ဘုရားသခင်ထံမှ ဤတာဝန်ကို လက်မခံကြသကဲ့သို့ လက်ခံရန် မလိုလားကြချေ။ ဤတွင် မည်သည့်အရာ ဖြစ်နေသနည်း။ အခက်အခဲများကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါ၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံစားရန် လိုအပ်ကာ သက်သာမှုဖြင့် အသက်မရှင်နိုင်တော့သည့်အခါ ၎င်းတို့ အတိုက်အခံဖြစ်လာကြခြင်း ဖြစ်သလော။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သော၊ ညည်းညူမှုကင်းသည့် ကျိုးနွံနာခံခြင်း ဖြစ်သလော။ အခက်အခဲအနည်းငယ်မျှဖြင့် ၎င်းတို့ မလိုမလား ဖြစ်လာကြသည်။ ၎င်းတို့ မလုပ်လိုသည့် မည်သည့်အရာမဆို၊ ခက်ခဲသည်၊ မလိုလားအပ်ဘဲ ဂုဏ်ငယ်စေသည် သို့မဟုတ် အခြားသူများ၏ အထင်သေးခြင်းခံရစေသည်ဟု ၎င်းတို့ ထင်မြင်သည့် မည်သည့်အလုပ်ကိုမဆို ၎င်းတို့သည် ကျိုးနွံနာခံမှု စိုးစဉ်းမျှ မပြဘဲ အပြင်းအထန် အတိုက်အခံလုပ်ကြသည်၊ ကန့်ကွက်ကာ ငြင်းပယ်ကြလေသည်။ ခရစ်တော်၏ စကားများ၊ အမိန့်များ သို့မဟုတ် သူ မိတ်သဟာယပြုသည့် စည်းမျဉ်းများနှင့် ရင်ဆိုင်ရသည့်အခါ ယင်းက ၎င်းတို့အား အခက်အခဲများကို ဖြစ်စေသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့ကို ဆင်းရဲဒုက္ခခံစားရစေဖို့ဖြစ်စေ၊ အဖိုးအခပေးဖို့ဖြစ်စေ လိုအပ်သည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ၎င်းတို့၏ စိတ်နှလုံးများတွင် စက်ဆုပ်မှုကို ခံစားလျက် အတိုက်အခံလုပ်ခြင်းနှင့် ငြင်းပယ်ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ လုပ်ဆောင်လိုသည့်အရာများ သို့မဟုတ် ၎င်းတို့ကို အကျိုးပြုသည့်အရာများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၏ သဘောထားက မတူပေ။ အန္တိခရစ်တို့သည် ဇိမ်ခံစရာကို မွေ့လျော်ခံစားရန်နှင့် ထင်ပေါ်ရန် လိုအင်ဆန္ဒရှိကြသော်လည်း ဇာတိခန္ဓာ၏ ဆင်းရဲဒုက္ခ၊ အဖိုးအခပေးရန် လိုအပ်ချက် သို့မဟုတ် အခြားသူများကို စိတ်အနှောင့်အယှက်ပေးမိမည့် အန္တရာယ်ကိုပင် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဝမ်းသာပြီး ပျော်ရွှင်စွာ လက်ခံရန် လိုလားနေကြသလော။ ထိုအခါ အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်ကြသလော။ စိုးစဉ်းမျှ မရှိပေ။ ၎င်းတို့၏ သဘောထားမှာ လုံးလုံးလျားလျား မနာခံမှုနှင့် ပေခံနေခြင်း သဘောထားတစ်ခု ဖြစ်လေသည်။ အန္တိခရစ်များကဲ့သို့ လူတို့သည် ၎င်းတို့ မလုပ်ဆောင်လိုသည့်အရာများ၊ ၎င်းတို့၏ နှစ်သက်မှုများ၊ အကြိုက်များ သို့မဟုတ် ကိုယ်ကျိုးများနှင့်မကိုက်သည့် အရာများကို ရင်ဆိုင်ရသည့်အခါ ခရစ်တော်၏ စကားများအပေါ် ၎င်းတို့၏ သဘောထားမှာ ကျိုးနွံနာခံမှု စိုးစဉ်းမျှမရှိဘဲ အကြွင်းမဲ့ ငြင်းပယ်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း သဘောထားတစ်ခု ဖြစ်လာသည်။

လူအချို့သည် ခရစ်တော် မိန့်မြွက်သည်ကို နားထောင်နေစဉ် အတွေးများ စတင်ဖြစ်ပေါ်လာသည်၊ “ခရစ်တော်က အဘယ်ကြောင့် ဤသို့ ပြောသနည်း။ ကိုယ်တော်သည် ဤကိစ္စကို ဤအမြင်ဖြင့် မည်သို့ သဘောထားပြုမူနိုင်မည်နည်း။ ကိုယ်တော်သည် ထိုသို့သော ထင်မြင်ယူဆချက်ကို မည်သို့ ထားရှိနိုင်မည်နည်း၊ ကိုယ်တော်သည် တစ်စုံတစ်ခုကို ဤနည်းလမ်းဖြင့် မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်နည်း။ ဤသည်မှာလည်း သမ္မာတရားလော။ ဤအရာများသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များလော။ မထင်ပါ။ သမ္မာကျမ်းစာတွင် ဘုရားသခင် စကားပြောဆိုသည့်ပုံစံကို ဤကဲ့သို့ အသေးစိတ်၍ အရေးမပါသော အကြောင်းအရာများအား အသေးစိတ်မဖော်ပြဘဲ၊ ကျိုးကြောင်းညီညွတ်မှုတစ်မျိုးဖြင့် မတူကွဲပြားစွာ မှတ်တမ်းတင်ထားလေသည်။ ခရစ်တော်သည် အဘယ်ကြောင့် ဤသို့ မိန့်မြွက်သနည်း။ ယင်းမှာ အစဉ်သဖြင့် အသေးစိတ်အချက်အလက်များနှင့် အသေးစိတ်အချက်အလက်များကို စိတ်ဖြာလေ့လာ ဆွေးနွေးခြင်းအကြောင်း ဖြစ်သည်၊ ဘုရားသခင်သည် ဤသို့ အမှန်တကယ် မိန့်မြွက်နိုင်သလော” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါတိုင်း အယူအဆများ မရှိကြဘဲ ၎င်းတို့ တွေးထင်သည်မှာ “ဤအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ ကျွန်ုပ်သည် အသက်၊ ကယ်တင်ခြင်းနှင့် ကောင်းချီးများကို ရရှိရန် ၎င်းတို့အပေါ် အားကိုးရမည်” ဟူ၍ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် ခရစ်တော်နှင့် အမှန်တကယ် အပြန်အလှန်ဆက်ဆံသောအခါ အချို့သော ကိစ္စရပ်များအပေါ် ကိုယ်တော်၏ အမြင်များ၊ မှတ်ချက်များနှင့် သဘောထားများအပြင် အချို့သောလူများကို ကိုင်တွယ်သည့် ကိုယ်တော်၏ နည်းလမ်းများအပေါ် ထင်မြင်ယူဆချက်များ စတင်ဖြစ်ပေါ်လာပြီး ဤထင်မြင်ယူဆချက်များမှာ လူ့အယူအဆများပင် ဖြစ်သည်။ အန္တိခရစ်များသည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ အယူအဆများ ဖြစ်ပေါ်လာသောအခါ ၎င်းတို့၏ အယူအဆများကို ပြုပြင်ပေးရန် ဘုရားသခင်ထံ ဆုတောင်းကြမည်လော။ လုံးဝ ဆုတောင်းကြမည်မဟုတ်ပေ။ ၎င်းတို့သည် ကျိုးနွံနာခံသော စိတ်နှလုံး စိုးစဉ်းမျှမရှိဘဲ ခရစ်တော်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ ကိုယ်ပိုင် အယူအဆများဖြင့် အဆက်မပြတ် အကဲဖြတ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ခရစ်တော်အပေါ် အယူအဆများ ဖြစ်ပေါ်လာသောအခါ စိတ်ထဲ၌ အတိုက်အခံဖြစ်လာပြီး ခရစ်တော်ကို တဖြည်းဖြည်း ဆန့်ကျင်ရန်လိုလာကြသည်။ ထိုသို့သော ဆန့်ကျင်ရန်လိုခြင်း ပေါ်ပေါက်လာသောအခါ အန္တိခရစ်များသည် ကျိုးနွံနာခံရန် ကြံစည်နေဆဲလော။ ၎င်းတို့သည် လက်ခံရန် ကြံစည်နေဆဲလော။ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ၎င်းတို့သည် “ဟွန်း၊ ယခုအခါတွင် သင်၏ အားနည်းချက်ကို ငါသိပြီ။ သင်က ဘုရားသခင် မဟုတ်လား။ သင်၏ နှုတ်ကပတ်တော်အားလုံးက သမ္မာတရား မဟုတ်ဘူးလား။ တကယ်တမ်းတွင် သင်လည်း အမှုအရာများကို လုပ်ဆောင်သည့်အခါ ကျိုးကြောင်းဆင်ခြင်ပြီးမှ လုပ်ဆောင်ကာ မိမိမျက်စိဖြင့် မြင်ရသည့်အရာအပေါ် အခြေခံ၍ အကြောင်းအရာများကို ဝေဖန်အကဲဖြတ်ခြင်း ဖြစ်သည်။ သင်၏ လုပ်ဆောင်ချက်များသည် ဘုရား၏ အနှစ်သာရနှင့် မကိုက်ညီပါတကား” ဟု တွေးထင်ကာ စတင်၍ အတိုက်အခံလုပ်လာကြသည်။ ၎င်းတို့သည် စိတ်ထဲ၌ မနာခံမှုကို စတင်ခံစားရသည်။ ဤမနာခံမှု ပေါ်ပေါက်လာသောအခါ ယင်းသည် အပြင်ပန်း၌ ထုတ်ဖော်ပြသခြင်း ခံရသည်။ ၎င်းတို့က “သင်ပြောသည့်အရာက မှန်ပုံရသော်လည်း ထိုအကြောင်းကို ဘုရားက ဘာပြောသည်ကို သိရန် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် စစ်ဆေးရန် လိုအပ်သည်။ ဘုရားက ကျွန်ုပ်ကို မည်သို့ ဦးဆောင်သည်ကို သိရန် ဘုရားထံ ကျွန်ုပ် ဆုတောင်းရန် လိုအပ်သည်။ ဘုရားက ကျွန်ုပ်ကို မည်သို့ လမ်းညွှန်ပြီး ဉာဏ်အလင်းပေးသည်ကို သိရန် ကျွန်ုပ် စောင့်ဆိုင်းပြီး ရှာဖွေရန် လိုအပ်သည်။ သင်ပြောခဲ့သည့်အရာနှင့် ပတ်သက်၍မူ ယင်းမှာ ကျွန်ုပ်၏ စဉ်းစားသုံးသပ်မှု ဘောင်အတွင်း၌ မရှိတော့သည့်အပြင် ယင်းမှာ ကျွန်ုပ်၏ လုပ်ရပ်များအတွက် အခြေခံ မဖြစ်နိုင်တော့ပေ” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသည်မှာ မည်သည့် သရုပ်သကန် ဖြစ်သနည်း။ (ခရစ်တော်ကို ငြင်းပယ်ခြင်း ဖြစ်ပါသည်။) ၎င်းတို့သည် ခရစ်တော်ကို ငြင်းပယ်ကြသော်လည်း အဘယ်ကြောင့် ၎င်းတို့သည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ကို ဖတ်နေကြဆဲ ဖြစ်သနည်း။ (ဘုရားသခင်၊ ၎င်းတို့သည် ကောင်းကင်ဘုံရှိ မရေရာသော ဘုရားသခင်ကိုသာ အသိအမှတ်ပြုပြီး မြေကြီးပေါ်ရှိ ခရစ်တော်ကို ပြောင်ပြောင်တင်းတင်း ငြင်းပယ်ကြသည်ဟု ကျွန်ုပ် ထင်ပါသည်။) အန္တိခရစ်များသည် မြင့်မြတ်ပြီး မမြင်နိုင်သော ဘုရားတစ်ပါးကို ရိုသေလေးစားလျက် အနှစ်မဲ့သော စကားလုံးများနှင့် အယူဝါဒများအတွင်း၌ တစ်သမတ်တည်းအသက်ရှင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ခရစ်တော်၏ မှတ်တမ်းတင်ထားသော မိန့်မြွက်ချက်များဖြစ်သည့် ရေးသားထားသော နှုတ်ကပတ်တော်များကို အလွန် ရိုသေလေးစားပြီး တန်ဖိုးထားကြသော်လည်း အလွန်တရာ သာမန်ဖြစ်သော ခရစ်တော်ကိုမူ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ မည်သည့်အဆင့်အတန်းမျှ လုံးဝမရှိဟု မှတ်ယူကြသည်။ ဤသည်မှာ ကွဲလွဲနေခြင်း မဟုတ်လော။ ၎င်းတို့သည် ခရစ်တော်အပေါ် အယူအဆများ ထားရှိသောအခါ ၎င်းတို့က “ဘုရား၏ နှုတ်ကပတ်တော်များက မည်သည့်အရာပြောသည်ကို သိရန် ကျွန်ုပ် ဆုတောင်းပြီး ရှာဖွေဖို့ လိုအပ်သည်” ဟု ဆိုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ အသိအမှတ်ပြုပြီး ခရစ်တော်ကိုမူ အသိအမှတ်မပြုဘဲ သူတို့သည် မည်သူတို့ ဖြစ်ကြသနည်း။ (အန္တိခရစ်များ ဖြစ်ကြပါသည်။) ခရစ်တော်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ အယူအဆများ မည်မျှပင် အရေးပါသည် သို့မဟုတ် နက်နဲသည် ဖြစ်စေကာမူ ထိုနှုတ်ကပတ်တော်များကို ပုံနှိပ်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အယူအဆများ ပျောက်ကွယ်သွားသည်။ ထိုနှုတ်ကပတ်တော်များသည် စာသားဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုအရာများကို ဘုရားသခင်အဖြစ် ဝတ်ပြုကိုးကွယ်ကြသည်။ ဤသည်မှာ ဖာရိရှဲများနှင့် ဘာသာရေးအသိုင်းအဝိုင်းမှ လူများ ပြုလုပ်ခဲ့သော အမှားတစ်ခုတည်းပင် မဟုတ်လော။ သမ္မာတရားကို နားလည်ရန် ပျက်ကွက်ခြင်းက ဤသရုပ်သကန်များနှင့် အယူအဆများ ပေါ်ပေါက်လာရန် လွယ်ကူစေသည်။ အန္တိခရစ်များသည် အယူအဆများ ဖြစ်ပေါ်လာပြီးနောက် ၎င်းတို့၏ စိတ်နှလုံးများသည် ကျိုးနွံနာခံနိုင်ခြင်း မရှိပေ၊ ကျိုးနွံနာခံခြင်း မရှိဘဲ အတိုက်အခံလုပ်ခြင်းသာ ရှိသည်။

သာမန်လူတို့သည် မည်သည့်အခြေအနေများအောက်တွင် အယူအဆများ ဖြစ်ပေါ်လာကြသနည်း၊ သို့မဟုတ် မည်သို့သော လူစားမျိုးသည် အယူအဆများ ဖြစ်ပေါ်လာရန် အလားအလာ ရှိသနည်း။ အမျိုးအစားတစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သောသူများဖြစ်ပြီး နောက်တစ်မျိုးမှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိဘဲ သမ္မာတရားကို လက်မခံသောသူများ ဖြစ်သည်၊ ၎င်းတို့သည် အယူအဆများ ဖြစ်ပေါ်လာရန် အလားအလာရှိသည်။ အယူအဆများ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အတိုက်အခံလုပ်လာကြသည်။ ဥပမာအားဖြင့် ငါသည် ထိုအချိန်က နောက်ခံအခြေအနေ၊ ပတ်ဝန်းကျင်နှင့် လူတို့၏ လိုအပ်ချက်များအပေါ် အခြေခံ၍ တစ်စုံတစ်ခုကို နည်းလမ်းတစ်ခုဖြင့် ပြုလုပ်ရန် လူတို့အား ပြောကောင်းပြောမည်။ နောက်ပိုင်းတွင် အချိန်ကုန်လွန်ပြီး အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ ထိုကိစ္စကို ကိုင်တွယ်သည့် နည်းလမ်းနှင့် နည်းစနစ်တို့သည်လည်း ပြောင်းလဲသွားနိုင်သည်။ သို့ရာတွင် ဤပြောင်းလဲမှုက အန္တိခရစ်များကို အယူအဆများ ဖြစ်ပေါ်လာရန် အခွင့်အရေးတစ်ခု ပေးသည်၊ “သင်သည် ယခင်က ဤအရာကို ပြောခဲ့ပြီး ယင်းကို သမ္မာတရားအဖြစ် ကြေညာကာ ထိုနည်းအတိုင်း လက်တွေ့လုပ်ဆောင်ရန် လူတို့အား ပြောခဲ့သည်။ ကျွန်ုပ်တို့ နောက်ဆုံးတွင် နားလည်ပြီး ယင်းကို လက်တွေ့လုပ်ဆောင်ကာ လိုက်နာနိုင်ခဲ့သဖြင့် ကောင်းချီးများအတွက် မျှော်လင့်ချက်ရှိသည်ဟု တွေးထင်ခဲ့ကြသည်၊ ယခုတွင် သင်က ကျွန်ုပ်တို့ကို ခြားနားသော နည်းလမ်းဖြင့် ပြုလုပ်ရန် ပြောနေသည်၊ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ သင် ကျွန်ုပ်တို့ကို ညှဉ်းဆဲနေသည် မဟုတ်လော။ သင် ကျွန်ုပ်တို့ကို လူရာမသွင်းခြင်း မဟုတ်လော။ မည်သည့်နည်းလမ်းအတိအကျက ယင်းကို လုပ်ဆောင်ရန် မှန်ကန်သောနည်းလမ်း ဖြစ်သနည်း” ဟူ၍ ဖြစ်သည်။ နည်းစနစ်၊ ချဉ်းကပ်ပုံ သို့မဟုတ် မိန့်ဆိုချက်၌ မည်သည့်ပြောင်းလဲမှုမဆို လူအချို့ကို ဒေါသထွက်စေနိုင်သည်၊ ဤပုဂ္ဂိုလ်များသည် သမ္မာတရားကို လုံးဝနားမလည်ဘဲ နားလည်သဘောပေါက်နိုင်စွမ်း မရှိသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ပြုသမျှအားလုံးကို ရှေးအမြင်ရှုထောင့်များ၊ ရှေးသဘောတရားများ၊ အချို့သော လူ့ကိုယ်ကျင့်တရားစံနှုန်းများ၊ အသိစိတ်ဆိုင်ရာ စံနှုန်းများနှင့် အချို့သော ယုတ္တိတန်သော တွေးခေါ်မှု၊ လူ့အသိပညာတို့ဖြင့်ပင် တိုင်းတာကြသည်။ ဤအရာအားလုံးသည် ခရစ်တော် မိန့်မြွက်ခဲ့သည့်အရာနှင့် ဆန့်ကျင်သောအခါ သို့မဟုတ် အလယ်၌ ကွဲလွဲမှုများ ပေါ်ပေါက်လာသောအခါ ၎င်းတို့သည် ယင်းကို မည်သို့ ကိုင်တွယ်ရမည်ကို မသိကြတော့ပေ။ မည်သို့ ရှေ့ဆက်ရမည်ကို မသေချာသောအခါ ပုံမှန်လူတို့သည် ရှေးဦးစွာ စိတ်တည်ငြိမ်ပြီး လက်ခံနိုင်သင့်ကာ ထို့နောက် တဖြည်းဖြည်း နားလည်ရန် ရှာဖွေသင့်သည်။ သို့ရာတွင် အန္တိခရစ်များမှာမူ ဤကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ရှေးဦးစွာ အတိုက်အခံလုပ်ပြီးနောက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ဘုရားသခင်ကို အလွန် ချစ်မြတ်နိုးနေသကဲ့သို့ ပုံပေါ်လျက် မရေရာသော ဘုရားရှေ့၌ ဆုတောင်းကြသည်။ ၎င်းတို့၏ ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ခရစ်တော်၏ နှုတ်ကပတ်တော်များကို ငြင်းပယ်ရန်၊ ခရစ်တော် မိန့်မြွက်ခဲ့သည့်အရာကို ပြစ်တင်ရှုတ်ချပြီး ဝေဖန်ရန်၊ စိတ်သက်သာရာရမှု ရရှိရန်အတွက် လုံလောက်သော သက်သေအထောက်အထားကို ရှာဖွေဖို့ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့က မိမိတို့၏ အယူအဆများကို ဖြေရှင်းသည့်ပုံစံ ဖြစ်သည်။ ဤအရာက ၎င်းတို့၏ အယူအဆများကို ဖြေရှင်းနိုင်ပါသလော။ (မဖြေရှင်းနိုင်ပါ။) အဘယ်ကြောင့် မဖြေရှင်းနိုင်သနည်း။ (အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်မခံသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရှာဖွေနေခြင်းမဟုတ်ဘဲ ဘုရားသခင်ကို ငြင်းပယ်ရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။) မှန်ပါသည်၊ ၎င်းတို့သည် မိမိတို့၏ အယူအဆများကို သမ္မာတရားကို လက်ခံသည့် သဘောထားဖြင့်ဖြစ်စေ၊ သမ္မာတရားကို လက်ခံသည့် နည်းလမ်းတစ်ခုဖြင့်ဖြစ်စေ ဖြေရှင်းနေခြင်း မဟုတ်ပေ။ ၎င်းတို့၏ အယူအဆများကို ဘေးဖယ်ထားခြင်း မရှိပေ၊ ယင်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဆက်လက်တည်ရှိနေသည်။ ထို့ကြောင့် ထိုသို့သော လုပ်နည်းကိုင်နည်းသည် ၎င်းတို့၏ အယူအဆများကို မည်သည့်အခါမျှ ဖြေရှင်းနိုင်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အယူအဆများကို လက်လွှတ်ခွင့်ပေးမည်လည်း မဟုတ်ပေ။ ထိုအစား ဤအယူအဆများသည် အချိန်နှင့်အမျှ စုပုံလာသည်၊ အချိန်ကုန်လွန်ပြီး ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့်နှစ်များ တိုးပွားလာသည်နှင့်အမျှ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများသည်လည်း တိုးပွားလာသည်။ ထို့ကြောင့် ခရစ်တော်အပေါ်၊ ဤသာမန်လူအပေါ် ၎င်းတို့၏ သဘောထားသည် အယူအဆများဖြင့် တိုး၍တိုး၍ မလွဲမသွေ ဝန်ပိလာလေသည်။ တစ်ချိန်တည်းမှာပင် ခရစ်တော်အပေါ် ၎င်းတို့၏ စိတ်နှလုံးထဲရှိ အတားအဆီးနှင့် ကိုယ်တော့်အပေါ် ၎င်းတို့၏ မကျေနပ်မှုတို့သည်လည်း ကြီးထွားလာသည်။ ဤအတားအဆီးများနှင့် အယူအဆများကို သယ်ဆောင်လျက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း၊ စုဝေးပွဲများ တက်ရောက်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းတို့ ပြုလုပ်ရာတွင် ၎င်းတို့သည် အဆုံး၌ အဘယ်အရာကို ရရှိနိုင်မည်နည်း။ ကောင်းချီးများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒများ တစ်နေ့တခြား တိုးပွားလာခြင်းမှလွဲ၍ ၎င်းတို့သည် မည်သည့်အရာကိုမျှ မရရှိကြပေ။

သင်တို့၌ ခရစ်တော်အပေါ် အယူအဆ တစ်စုံတစ်ရာ ရှိကြသလော။ ဘုရားသခင်အပေါ် လူတို့၏ တောင်းဆိုချက်များသည် ခရစ်တော်အပေါ် သူတို့၏ အယူအဆများကို ပုံဖော်သည်။ ဤတောင်းဆိုချက်များသည် အဘယ်မှ လာသနည်း။ ယင်းတို့သည် လူတို့၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများမှ ဖြစ်ပေါ်လာသည်။ သို့ဆိုလျှင် လူတို့သည် မည်သို့သော အယူအဆမျိုးကို ဖြစ်ပေါ်စေသနည်း။ ခရစ်တော်သည် ဤအရာ သို့မဟုတ် ထိုအရာကို ပြောသင့်သည်၊ ကိုယ်တော်သည် အချို့သော နည်းလမ်းများဖြင့် ပြောဆိုကာ ပြုမူသင့်သည်ဟု သူတို့ ယုံကြည်ကြသည်။ ဥပမာအနေဖြင့် လူတစ်ဦးသည် အပျက်သဘောဆောင်ပြီး အားနည်းသည်ဟု ခံစားရသည့်အခါ သူတို့ ဤသို့ တွေးကောင်းတွေးမည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ မဟုတ်လော။ ဘုရားသခင်သည် ချစ်ခင်တတ်သော မိခင်ကဲ့သို့၊ သနားကြင်နာတတ်သော ဖခင်ကဲ့သို့ ဖြစ်သည်၊ ဘုရားသခင်သည် လူတို့အား နှစ်သိမ့်မှု ပေးသင့်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်အတွက်မူ မေ့လိုက်ပါ၊ ကိုယ်တော်သည် လက်လှမ်းမမီနိုင်ပေ။ ယခု ဘုရားသခင်သည် မြေကြီးပေါ်သို့ ကြွလာခဲ့ပြီဖြစ်သဖြင့် လူတို့၌ ဤသို့ လွယ်ကူသော လက်လှမ်းမီလာသည်။ ကျွန်ုပ်သည် အပျက်သဘောဆောင်နေသောကြောင့် ဘုရားသခင်၏ ရှေ့မှောက်သို့ သွားပြီး ရင်ဖွင့်ရန် လိုအပ်သည်” ဟူ၍ ဖြစ်လေသည်။ ပြီးလျှင် သူတို့ ရင်ဖွင့်နေစဉ် သူတို့သည် မျက်ရည်များကျကာ သူတို့၏ အခက်အခဲများ၊ အားနည်းခြင်းများအကြောင်းကို ပြောဆိုပြီး သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပွင့်လင်းစွာ ဆွေးနွေးကြသည်။ လူတို့သည် သူတို့၏ စိတ်နှလုံးထဲ၌ အမှန်တကယ် အဘယ်အရာကို ရှာဖွေနေကြသနည်း။ သူတို့သည် နှစ်သိမ့်ခြင်းခံလိုသည်၊ သူတို့သည် နားဝင်ချိုသော စကားများကို ကြားလိုသည်၊ သူတို့၏ ဝမ်းနည်းမှုကို သက်သာစေမည့်၊ သူတို့ကို အားတက်စေမည့်၊ နှစ်သိမ့်မှုကို ဆောင်ကြဉ်းပေးမည့်၊ ပြီးလျှင် သူတို့ကို အပျက်သဘောဆောင်ခြင်းမှ ရပ်တန့်စေမည့် စကားများကို ဘုရားသခင်အား ပြောစေလိုကြသည်။ ယင်းမှာ မမှန်သလော။ အထူးသဖြင့် လူအမျိုးအစားတစ်မျိုးအနေဖြင့် သူတို့သည် ဤစိတ်ကူး စိတ်သန်းကို သိုထားကြသည်။ “လူသားများအတွက်မူ အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်းသည် ထိုမျှသာ ဖြစ်သည်၊ သို့သော် ဘုရားသခင်အတွက်မူ စကားတစ်ခွန်းတည်းက လူတစ်ဦးကို လုံးဝ လန်းဆန်းတက်ကြွစေနိုင်ပြီး သူတို့၏ စိတ်နှလုံးထဲရှိ ဒုက္ခများနှင့် ဝမ်းနည်းမှုအားလုံး ချက်ချင်း ပျောက်ကွယ်သွားစေနိုင်သည်။ အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်းတို့သည် မီးခိုးကဲ့သို့ ပျောက်ကွယ်သွားမည်ဖြစ်ပြီး သူတို့သည် မည်သည့်အရာကိုမဆို ရင်ဆိုင်ရာ၌ ခွန်အားရှိနိုင်ကာ အားနည်းခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်း၌ နစ်မြုပ်ခြင်း မရှိတော့ဘဲ သူတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သည်။ သို့ဖြစ်လျှင် ကောင်းပြီ၊ ခရစ်တော်ကို စကားပြောခိုင်းလိုက်ပါ” ဟူ၍ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ငါသည် အဘယ်အရာကို ပြောသင့်သနည်းဟူသည်ကို ငါ့အားပြောလော့။ တစ်ချက်အနေဖြင့် ဤပုဂ္ဂိုလ်သည် အဘယ်ကြောင့် အပျက်သဘောဆောင်နေကြောင်းနှင့် သူတို့ မည်သည့်တာဝန်ကို ထမ်းဆောင်နေကြောင်းတို့ကို ငါ သိရှိရန် လိုအပ်သည်၊ နောက်တစ်ချက်အနေဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်စဉ်၌ လူတစ်ဦး စောင့်ထိန်းသင့်သော စည်းမျဉ်းများနှင့်ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့သင့်သည်။ ဤသည်မှာ ရှင်းလင်းစွာ ပြောဆိုခြင်း မဟုတ်လော။ မိုက်မဲပြီး ခေါင်းမာကာ သမ္မာတရားကို လက်မခံသော အချို့သူတို့အတွက်မူ သူတို့ကို လှုံ့ဆော်ရန်၊ သူတို့ကို တိုက်တွန်းအားပေးရန် ဆုံးမပဲ့ပြင်ခြင်းဆိုင်ရာ စကားတစ်ခုခုကို ပြောဆိုရန် လိုအပ်သည်။ တစ်ချိန်တည်းတွင် ဤလူအမျိုးအစား၏ သဘာဝ အနှစ်သာရကို ဖော်ထုတ်ရန်လည်း လိုအပ်သည်၊ သို့မှသာ သူတို့သည် အစဉ်သဖြင့် အပျက်သဘောဆောင်ခြင်း ဆိုသည်မှာ အဘယ်အရာ ဖြစ်သည်နှင့် အဘယ်ကြောင့် သူတို့ ထာဝစဉ် အပျက်သဘောဆောင်နေရသည်ကို နားလည်မည် ဖြစ်သည်။ အကယ်၍ အစဉ်သဖြင့် အပျက်သဘောဆောင်နေသူတို့သည် သမ္မာတရားကို လက်မခံသောသူများ၊ သမ္မာတရားကို မနှစ်သက်သောသူများ ဖြစ်သည်ဟု ငါ ပြောခဲ့လျှင် ဤသည်ကို ကြားပြီးနောက် သူတို့ နှစ်သိမ့်မှု ရှာတွေ့နိုင်မည်လော။ (မတွေ့နိုင်ပါ။) ငါ ဤသို့ ပြောသည် ဆိုပါစို့။ “အဆက်မပြတ် အပျက်သဘောဆောင်ခြင်းသည် ပုံမှန်ဖြစ်သည်။ ယင်းသည် ကလေးဆန်သော သရုပ်သကန်တစ်ခု ဖြစ်သည်၊ ယင်းသည် လူကြီးတစ်ဦး၏ ဝန်ထုပ်ဝန်ပိုးများကို ကလေးတစ်ဦးက ထမ်းရွက်ရသကဲ့သို့ ဖြစ်ပြီး၊ ဝန်ကြောင့် ထာဝစဉ် အပျက်သဘောဆောင်နေခြင်း ဖြစ်သည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသည်၊ အသက်ငယ်သည်၊ ပြီးလျှင် များစွာလည်း မကြုံတွေ့ဖူးသေး၊ ထို့ကြောင့် သင် တဖြည်းဖြည်း သင်ယူရန် လိုအပ်သည်။ ထို့အပြင် သင်၏ မိဘများ၌လည်း တာဝန်ရှိသည်၊ သူတို့သည် သင့်ကို ကောင်းစွာ မသင်ကြားခဲ့ပေ၊ ထို့ကြောင့် ဤသည်မှာ သင်၏ အမှား မဟုတ်ပေ” ဟူ၍ ဖြစ်လေသည်။ သူတို့ ထို့နောက် ဤသို့ မေးကောင်းမေးပေမည်၊ “သို့ဆိုလျှင် ကျွန်ုပ်၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ အဘယ်နည်း” ဟူ၍ဖြစ်သည်။ “ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်ပေ၊ သင် အသက်ငယ်လွန်းပြီး ကောင်းမွန်သော မိသားစု ပတ်ဝန်းကျင်မှ လာသောကြောင့်သာ ဖြစ်သည်၊ သင်သည် အလိုလိုက်ပြီး ပိုးမွေးသလိုမွေးခြင်း ခံရသည်။ နှစ်အနည်းငယ်အတွင်း သင် ကြီးပြင်းလာသည့်အခါ ယင်းသည် ကောင်းသွားပေမည်” ဤသည်ကို ကြားလျှင် သူတို့ နှစ်သိမ့်မှု ခံစားရမည် မဟုတ်လော။ အကယ်၍ ငါသည် ဆက်လက်၍ အားရပါးရ ပွေ့ဖက်ကာ အပြုသဘောဆောင်သော အားပေးမှုအချို့ကို ပေးခဲ့လျှင် သူတို့ အတွင်း၌ နွေးထွေးမှုကို ခံစားရမည် မဟုတ်လော။ ဤနည်းအားဖြင့် သူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုကို တွေ့ကြုံခံစားခဲ့ရသည်ဟု ခံစားကြရပေမည်။ သို့သော် ခရစ်တော်သည် များသောအားဖြင့် ဤကဲ့သို့ ပြုမူလေ့မရှိပေ။ ကိုယ်တော်သည် အသက်ပိုကြီးသော ကလေးများအတွက် နှစ်သိမ့်မှု ပုံစံတစ်မျိုးအနေဖြင့် ထိုသို့ အမှန်တကယ် ပြုကောင်းပြုပေမည်၊ သို့သော် အရွယ်ရောက်ပြီးသူတိုင်းအတွက်မူ ကိုယ်တော်သည် ဤနည်းအတိုင်း ပြုမူမည် မဟုတ်ပေ၊ ထိုသို့ပြုမူခြင်းကို လူမိုက်တစ်ဦးကို လှည့်ဖြားခြင်းဟု ခေါ်တွင်လိမ့်မည်။ ထိုအစား ကိုယ်တော်သည် လိုရင်းကို ပြောဆိုမည်၊ သင့်ကို လမ်းကြောင်းတစ်ခု ပြသမည်၊ အမှန်တကယ် အဘယ်အရာ ဖြစ်ပျက်နေသည်ကို ရှင်းလင်းပြမည်၊ ပြီးလျှင် သင့်ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပြုမည်။ သင်လျှောက်လှမ်းသော လမ်းကြောင်းသည် သင်မည်သို့သော လူစားဖြစ်သည်အပေါ် မူတည်သည်။ ခရစ်တော် လုပ်ဆောင်သမျှ အရာအားလုံး၏ အနှစ်သာရကို ကြည့်လျှင် ကိုယ်တော်သည် လူတို့ကို လှည့်ဖြားနေခြင်း သို့မဟုတ် ပေါ့ပေါ့တန်တန် သဘောထားနေခြင်း မဟုတ်ပေ၊ သို့သော် သူတို့သည် ဤသည်ကို လက်မခံနိုင်ကြပေ။ သူတို့သည် အဖြစ်မှန်များကို ရင်မဆိုင်ကြပေ၊ သို့တိုင် ဤသည်မှာ ခရစ်တော်၏ အနှစ်သာရ အတိအကျ ဖြစ်သည်၊ ကိုယ်တော်သည် ဤနည်းအတိုင်းသာ ပြုမူနိုင်သည်။ အကယ်၍ လူတို့သည် ဤအရာကို လက်မခံနိုင်ပါက ဤသည်မှာ လူတို့နှင့် ဘုရားသခင်ကြား ပဋိပက္ခတစ်ခုကို ဖန်တီးသည် မဟုတ်လော။ အကယ်၍ သူတို့သည် သူတို့၏ ပန်းတိုင်ကို မအောင်မြင်နိုင်ဘဲ သမ္မာတရားကိုလည်း လက်မခံပါက ဤသည်မှာ အတားအဆီးတစ်ခုကို ဖန်တီးသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လူတို့၏ စိတ်နှလုံးထဲ၌ အမြစ်တွယ်သွားသည်။ လူတို့သည် မူလက ဘုရားသခင်သည် အလွန် ချစ်ခင်တတ်သည်၊ မိခင် သို့မဟုတ် အဘွားကဲ့သို့ နူးညံ့သိမ်မွေ့သည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ယခု အမှုအရာများသည် ထိုသို့ မဟုတ်သည်ကို မြင်တွေ့ရပြီး နွေးထွေးမှု အနည်းငယ်မျှပင် မခံစားရသောအခါ သူတို့သည် စိတ်ပျက်သွားကြသည်။ “ခရစ်တော်ထံမှ စကားတစ်ခွန်းတည်းက ကျွန်ုပ်ကို အပျက်သဘောဆောင်ခြင်းမှ ဆွဲထုတ်နိုင်သည်” ဟူသော သူတို့၏ စိတ်ကူး စိတ်သန်းသည် ပြည့်စုံနိုင်မည်လော။ “ခရစ်တော်က ကျွန်ုပ်၏ ပြဿနာများကို ဖြေရှင်းရန် ကြွလာသရွေ့ ကျွန်ုပ် စိတ်ထဲ၌ ချက်ချင်း နွေးထွေးလာမည်ဟု အာမခံသည်၊ ပြီးလျှင် ကျွန်ုပ် ဘယ်တော့မျှ အပျက်သဘောဆောင်တော့မည် မဟုတ်၊ အရာအားလုံး ရှင်းလင်းသွားမည်၊ လမ်းကြောင်းတစ်ခု ပွင့်လာလိမ့်မည်” ဟူ၍ ဖြစ်လေသည်။ ဤစိတ်ကူး စိတ်သန်းသည် လက်တွေ့ကျသလော။ ဤပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်နိုင်မည်လော။ (မဟုတ်ပါ။) ထို့ကြောင့် ဤကိစ္စရပ်တွင် လူတို့သည် သူတို့၏ အယူအဆများနှင့် စိတ်ကူး စိတ်သန်းများကို အစဉ်သဖြင့် အားကိုးနေပါက ယင်းသည် အလုပ်ဖြစ်မည် မဟုတ်ပေ၊ သူတို့သည် ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။