အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၄) အခန်း လေး

လူအချို့သည် ဘုရားသခင်ကို ယုံကြည်ကြောင်း အဆက်မပြတ် ကြွေးကြော်ကြသော်လည်း ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ ညီအစ်ကိုမောင်နှမတိုင်း၏ ထင်မြင်ယူဆချက်ကို ရှာဖွေကြပြီး ခရစ်တော်၏ ထင်မြင်ယူဆချက်ကိုမူ မည်သည့်အခါမျှ မရှာဖွေကြပေ။ ခရစ်တော် အဘယ်အရာ ပြောသည်၊ သူ၏ ကောက်ချက်မှာ အဘယ်အရာဖြစ်သည်၊ အဘယ်ကြောင့် သူသည် ဤအမှုကို ပြုလုပ်လိုသည် သို့မဟုတ် လူတို့ မည်သို့ ကျိုးနွံနာခံသင့်သည်ကို ၎င်းတို့ မမေးမြန်းကြပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမတိုင်း၏ ထင်မြင်ယူဆချက်ကို ရှာဖွေခဲ့ပြီး ၎င်းတို့၏ ထင်မြင်ယူဆချက်များနှင့် အတွေးအခေါ်အားလုံးကို လေးစားနိုင်စွမ်း ရှိကြသော်လည်း ခရစ်တော်ပြောသော စာကြောင်းတစ်ကြောင်းကိုမျှ လက်မခံကြဘဲ ကျိုးနွံနာခံရန် ရည်ရွယ်ချက် မရှိကြောင်း ပြသကြသည်။ ဤသည်မှာ မည်သို့သော သဘောသဘာဝ ဖြစ်သနည်း။ ၎င်းတို့သည် အန္တိခရစ်များ မဟုတ်လော။ (ဟုတ်ပါသည်။) ဤအခြေအနေတွင် အဘယ်အရာ ဖြစ်ပျက်နေသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ဤကိစ္စရပ်ကို အကောင်အထည်မဖော်ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့အတွက် အကောင်အထည်ဖော်ရန် ထိုမျှ ခက်ခဲနေရသနည်း။ ဤအရာအတွက် အကြောင်းရင်းတစ်ခု ရှိသည်။ ၎င်းတို့က “ခရစ်တော်၌ သမ္မာတရားနှင့် ဘုရား၏ အနှစ်သာရ ရှိသည်၊ သို့သော် ယင်းမှာ အားလုံးက ရုံးသုံးစကားများ၊ အယူဝါဒများနှင့် ဆောင်ပုဒ်များမျှသာ ဖြစ်သည်။ တကယ့်ကိစ္စရပ်များနှင့် ပတ်သက်လာသောအခါ သင်သည် မည်သူ့ကိုမျှ လုံးဝ ထွင်းဖောက်မမြင်နိုင်ပေ။ သင်၏ စကားများသည် ငါတို့ နားထောင်ရန်အတွက်သာ ပြောဆိုခြင်းဖြစ်ပြီး စာအုပ်များထဲ၌ ပုံနှိပ်ထားကာ သင်၏ တကယ့်စွမ်းဆောင်နိုင်မှုများနှင့် လုံးဝ မည်သို့မျှ မသက်ဆိုင်ပေ။ သို့ဖြစ်၍ သင်သည် တစ်စုံတစ်ဦးကို ဆိုးယုတ်သောလူ သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်ပါက ယင်းမှာ တိကျမှန်ကန်မည် မဟုတ်ပေ။ အဘယ်ကြောင့် သူသည် ဆိုးယုတ်သည် သို့မဟုတ် အန္တိခရစ်ဖြစ်သည်ကို ငါ သတိမပြုမိခဲ့သနည်း။ အဘယ်ကြောင့် ငါသည် ဤကိစ္စရပ်ကို နားမလည်ရသနည်း” ဟု စဉ်းစားကြသည်။ ဤသည်မှာ ၎င်းတို့ စဉ်းစားသည့်ပုံစံ မဟုတ်လော။ ၎င်းတို့က “သင်သည် ဤလူနှင့် နှစ်ကြိမ်သာ တွေ့ဆုံခဲ့ပြီး သူ စကားအနည်းငယ် ပြောဆိုကာ အမှုတစ်ခု ပြုလုပ်သည်ကို မြင်ရုံဖြင့် သူသည် ဆိုးယုတ်သည်ဟု သင် ဆိုသည်။ ညီအစ်ကိုမောင်နှမများက သူသည် ဆိုးယုတ်သည်ဟု မထင်ကြပေ၊ သင်က မည်သို့ ထင်နိုင်သနည်း။ အဘယ်ကြောင့် သင်၏ စကားများသည် ထိုမျှ ဩဇာသက်ရောက်သင့်သနည်း။ ငါသည် ဤလူထံမှ မည်သည့်ဒုစရိုက်အမှုများကိုမျှ မမြင်ဖူးသကဲ့သို့ သူ မည်သည့်မကောင်းမှုများကို ပြုလုပ်ခဲ့သည်ကိုလည်း ငါ မသိပေ၊ သို့ဖြစ်၍ သင် ပြောဆိုသည့်အရာကို ငါ ‘အာမင်’ ဟု မဆိုနိုင်ပေ။ သင် ပြုလုပ်နေသည့်အရာနှင့်ပတ်သက်၍ ငါ၌ အယူအဆများနှင့် သံသယများ ရှိသည်။ သို့သော် အယူအဆများ ရှိနေသော်လည်း ငါသည် ၎င်းတို့ကို ပွင့်ပွင့်လင်းလင်း မဖော်ပြနိုင်ပေ၊ သို့ဖြစ်၍ ငါသည် သွယ်ဝိုက်သော နည်းလမ်းများကို အသုံးပြုရမည်၊ ငါသည် ညီအစ်ကိုမောင်နှမများကို ဤကိစ္စရပ်ကို မဲပေးခြင်းဖြင့် ဆုံးဖြတ်စေမည်။ အကယ်၍ ညီအစ်ကိုမောင်နှမများ သဘောမတူပါက လုပ်ဆောင်စရာ တစ်ခုမျှ မရှိတော့ပေ၊ သင်သည် ၎င်းတို့အားလုံးကိုလည်း အမှန်တကယ် ပြုပြင်နိုင်မည်လော။ ထို့အပြင် သင်သည် ဤလူနှင့် အကြိမ်အနည်းငယ်မျှသာ ထိတွေ့ဆက်ဆံခဲ့ပြီးနောက် သူ့ကို ဆိုးယုတ်သည်ဟု သင် သတ်မှတ်သည်။ အဘယ်ကြောင့် သင် သူ့ကို အခွင့်အရေးအနည်းငယ် မပေးသနည်း။ ညီအစ်ကိုမောင်နှမများသည် အဘယ်မျှ သည်းခံတတ်ပြီး ချစ်ခင်တတ်သည်ကို ကြည့်လော့။ ငါသည် လူဆိုး မဖြစ်နိုင်ပေ၊ ငါသည်လည်း ချစ်ခင်တတ်ပြီး လူတို့ကို အခွင့်အရေးများ ပေးရမည်၊ လူတို့အပေါ် အလွန်လျင်မြန်စွာ ဝေဖန်သုံးသပ်တတ်သော သင်နှင့် မတူပေ။ တစ်စုံတစ်ဦးကို ရှင်းလင်းပစ်ခြင်းသည် ရိုးရှင်းသည်မဟုတ်၊ အကယ်၍ ထိုလူသည် နောက်ပိုင်းတွင် အားနည်းသွားပါက အဘယ်သို့နည်း။ ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ ခရစ်တော်သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်သင့်သည်။ သူသည် ညီအစ်ကိုမောင်နှမများ၏ မည်သည့်မိုက်မဲမှုကိုမဆို၊ ပုန်ကန်မှုကိုမဆို၊ မသိနားမလည်မှုကိုမဆို သည်းခံသင့်ပြီး ထိုမျှ ပြတ်သားကာ ချစ်ခြင်းမေတ္တာကင်းမဲ့ခြင်း မဖြစ်သင့်ပေ။ ဘုရားသည် သနားကရုဏာနှင့် ကြွယ်ဝသည်ဟု ဆိုသည် မဟုတ်လော။ ထိုသနားကရုဏာ အဘယ်သို့ ရောက်သွားသနည်း။ သင် မနှစ်သက်သော မည်သူ့ကိုမဆို ဆိုးယုတ်သည်ဟု သတ်မှတ်ပြီး ၎င်းတို့ကို ထွက်သွားစေလိုခြင်းသည် စည်းမျဉ်းများနှင့် လုံးဝ မကိုက်ညီပေ” ဟု ယုံကြည်ကြသည်။ ဤသည်တို့မှာ အယူအဆများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ခရစ်တော်က တစ်စုံတစ်ခုကို ပြုလုပ်သောအခါ သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုကို ချသောအခါ အကယ်၍ ၎င်းတို့က ယင်းကို သဘောမတူပါက အကောင်အထည်ဖော်ရန် ခက်ခဲလာသည်။ ၎င်းတို့သည် ဆန့်ကျင်ရန် အမျိုးမျိုးသော ဆင်ခြေများနှင့် နည်းလမ်းများကို အသုံးပြု၍ အချိန်ဆွဲကြသည်၊ ၎င်းတို့သည် အကောင်အထည် ဖော်ရန် သို့မဟုတ် နာခံရန် ယတိပြတ် ငြင်းပယ်ကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ “အကယ်၍ ငါ ဤအရာကို အကောင်အထည် မဖော်ပါက သင်၏ အလုပ်တာဝန်သည် ပြီးမြောက်အောင်မြင်မည် မဟုတ်” ဟူ၍ ဖြစ်သည်။ ငါ ပြောမည်၊ အကယ်၍ သင်သည် ယင်းကို အကောင်အထည်မဖော်ပါက ငါသည် ခေါင်းဆောင်ဖြစ်ရန် လုပ်ဆောင်နိုင်သော တစ်စုံတစ်ဦးကို ရှာဖွေမည်ဖြစ်ပြီး သင် လာခဲ့သောနေရာသို့ သင် ပြန်သွားလော့။ ဤကိစ္စရပ်ကို ဤနည်းလမ်းဖြင့် ကိုင်တွယ်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါသည် သူ့ကို ထိုသို့ပင် ထွက်သွားခိုင်းခဲ့သည်၊ ရိုးရိုးရှင်းရှင်းနှင့် ထိရောက်စွာပင် မည်သူနှင့်မျှ တိုင်ပင်ရန် မလိုအပ်ခဲ့ပေ။

လူအချို့သည် သမ္မာတရားကို မည်သည့်အခါမျှ နားမလည်ကြဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အစဉ်သဖြင့် သံသယများ ရှိကြသည်။ ၎င်းတို့က “သမ္မာတရားက အာဏာကိုင်စွဲခြင်းသည် ခရစ်တော်က အာဏာကိုင်စွဲခြင်းနှင့် တူညီသလော။ ခရစ်တော်၏ စကားများသည် မလွဲမသွေ အစဉ်မှန်ကန်သည် မဟုတ်ပေ၊ အကြောင်းမှာ သူ၌ လူ့သဘာဝဆိုင်ရာ သွင်ပြင်လက္ခဏာတစ်ခု ရှိသောကြောင့် ဖြစ်သည်” ဟု ဆိုကြသည်။ ၎င်းတို့သည် ခရစ်တော်က အာဏာကိုင်စွဲခြင်းကို လက်မခံနိုင်ကြပေ။ အကယ်၍ ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်က အာဏာကိုင်စွဲခြင်း ဖြစ်ခဲ့ပါက ၎င်းတို့၌ မည်သည့်အယူအဆမျှ ရှိမည်မဟုတ်ပေ။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ထိုသို့သောလူများသည် ကောင်းကင်ဘုံရှိ ဘုရားသခင်အပေါ် အနည်းငယ်မျှပင် သံသယမရှိကြသော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်အပေါ်၌မူ အစဉ်သဖြင့် သံသယ ဖြစ်နေကြသည်။ ခရစ်တော်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးဖြစ်သည့်တိုင် ၎င်းတို့သည် သူ့ကို လူ့ဇာတိခံယူသော ဘုရားသခင်အဖြစ် အသိအမှတ်မပြုကြပေ။ သို့ဆိုလျှင် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်းကို ၎င်းတို့ အသိအမှတ်ပြုနိုင်ကြသလော။ ယင်းမှာ ပြောရန် ခက်ခဲသည်။ ထိုသို့သောလူများသည် ခရစ်တော်နောက် လိုက်လျှောက်လျှင်ပင် သူ့ကို ၎င်းတို့ သက်သေခံနိုင်ကြသလော။ ၎င်းတို့သည် ခရစ်တော်နှင့် သဟဇာတဖြစ်ကြသလော။ ဤမေးခွန်းများအတွက် မည်သည့် တိကျသော အဖြေမျှ မရှိပေ။ ထိုသို့သောလူများသည် လမ်းခရီးအဆုံးတိုင် လိုက်လျှောက်နိုင်မည် ဟုတ်မဟုတ်မှာလည်း မသေချာပေ။ လူအချို့သည် ဘုရားအိမ်တော်၌ သမ္မာတရားက အာဏာကိုင်စွဲသည်ကို မိမိတို့၏ စိတ်နှလုံးထဲ၌ အပြည့်အဝ အသိအမှတ်ပြုကြသည်။ သို့သော် သမ္မာတရားက အာဏာကိုင်စွဲခြင်းကို ၎င်းတို့ မည်သို့ နားလည်ကြသနည်း။ မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်သည်ဖြစ်စေ ယင်းမှာ ဘုရားအိမ်တော်နှင့် သက်ဆိုင်သရွေ့ လူတိုင်း အတူတကွ ဆွေးနွေးပြီး ဆုံးဖြတ်သင့်သည်ဟု ၎င်းတို့ ထင်ကြသည်။ သဘောတူညီမှုတစ်ခု ရရှိသရွေ့ ရလဒ်မည်သို့ပင်ဖြစ်စေ ယင်းကို အကောင်အထည် ဖော်သင့်သည်။ ယင်းမှာ သမ္မာတရားက အာဏာကိုင်စွဲခြင်းကို ဆိုလိုသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤအမြင် မှန်ကန်သလော။ ဤသည်မှာ အလွန်ကြီးလေးသော အထင်အမြင်လွဲမှားမှုတစ်ခု ဖြစ်သည်၊ ယင်းမှာ အဓိပ္ပာယ်အမဲ့ဆုံးနှင့် အလွန်ယုတ္တိမတန်ဆုံးသော ပြောဆိုချက် ဖြစ်သည်။ သမ္မာတရားသည် အဘယ်မှ လာသနည်း။ ယင်းကို ခရစ်တော်က ဖော်ပြခြင်း ဖြစ်သည်။ ခရစ်တော်တစ်ပါးတည်းသာ သမ္မာတရားဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်မှာမူ မည်သည့်သမ္မာတရားကိုမျှ လုံးဝ မပိုင်ဆိုင်ပေ၊ သို့ဖြစ်၍ လူတို့သည် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် သမ္မာတရားကို မည်သို့ ဖြစ်ပေါ်စေနိုင်မည်နည်း။ အကယ်၍ လူတို့သည် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် သမ္မာတရားကို ဖြစ်ပေါ်စေနိုင်ခဲ့ပါက ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် သမ္မာတရားကို ပိုင်ဆိုင်ကြောင်း ဆိုလိုပေမည်။ ယင်းမှာ အဓိပ္ပာယ်အမဲ့ဆုံးသော အရာ မဟုတ်လော။ ထို့ကြောင့် သမ္မာတရားက အာဏာကိုင်စွဲခြင်းဆိုသည်မှာ ခရစ်တော်က အာဏာကိုင်စွဲခြင်းကို ဆိုလိုသည်၊ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အာဏာကိုင်စွဲခြင်းကို ဆိုလိုပြီး လူတိုင်းက အာဏာရှိခြင်း သို့မဟုတ် ပြောဆိုပိုင်ခွင့်ရှိခြင်းကို မဆိုလိုပေ။ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယဖွဲ့ရန် အတူတကွ စုဝေးခြင်းသည် မှန်ကန်သည်၊ ဤသည်မှာ အသင်းတော်အသက်တာ ဖြစ်သည်။ သို့သော် ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်း၏ အကျိုးသက်ရောက်မှုမှာ အဘယ်နည်း။ ယင်းမှာ လူတိုင်းကို သမ္မာတရားကို နားလည်စေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိစေရန်၊ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံနိုင်ပြီး ၎င်းတို့အတိုင်း အလုပ်လုပ်နိုင်စေရန် ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်သောကြောင့်သာ ယင်းအကြောင်းကို မိတ်သဟာယဖွဲ့ရန် စုဝေးကြခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို နားလည်ခဲ့ပါက ၎င်းတို့သည် ခရစ်တော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုက်ရိုက် ကျိုးနွံနာခံနိုင်မည်ဖြစ်သည်၊ ယင်းမှာ စစ်မှန်သော ကျိုးနွံနာခံခြင်း ဖြစ်ပေမည်။ အကယ်၍ တစ်နေ့တွင် ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံး သမ္မာတရားကို နားလည်ပြီး အားလုံး သမ္မာတရားကို တိုက်ရိုက် ကျိုးနွံနာခံကာ ချီးမြှောက်ပြီး ခရစ်တော်ကို သက်သေခံနိုင်ပါက ယင်းမှာ ဘုရားသခင် ရွေးချယ်ထားသောလူများ စုံလင်စေခြင်း ခံရပြီးဖြစ်သည့် သဘောဆောင်လေသည်။ ယင်းမှာ ဘုရားအိမ်တော်ကို သမ္မာတရားက၊ ခရစ်တော်က အုပ်စိုးကြောင်း သာ၍ပင် သက်သေခံပေမည်။ ထိုသို့သော အချက်အလက်များနှင့် သက်သေခံချက်များသာလျှင် ဘုရားသခင်သည် ကမ္ဘာမြေပေါ်၌ ဘုရင်အဖြစ် အုပ်စိုးခဲ့ပြီးဖြစ်ကြောင်းနှင့် ခရစ်တော်၏ နိုင်ငံတော်သည် ပေါ်ထွန်းခဲ့ပြီးဖြစ်ကြောင်း သက်သေပြပေမည်။ သို့သော် အချို့သော အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားက အာဏာကိုင်စွဲခြင်းကို မည်သို့ နားလည်ကြသနည်း။ ၎င်းတို့၏ အကောင်အထည်ဖော်မှုတွင် သမ္မာတရားက အာဏာကိုင်စွဲခြင်းဆိုသည်မှာ ညီအစ်ကိုမောင်နှမများက အာဏာကိုင်စွဲခြင်းကို ဆိုလိုသည်။ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ အကယ်၍ ၎င်းတို့ ယင်းကို စေ့စေ့စပ်စပ် သဘောပေါက်နိုင်ပါက ၎င်းတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း လုပ်ဆောင်ကြသည်၊ အကယ်၍ မလုပ်ဆောင်နိုင်ပါက ၎င်းတို့သည် လူအနည်းငယ်နှင့် မိတ်သဟာယဖွဲ့ပြီး အုပ်စုကို ဆုံးဖြတ်စေသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သက်သေပြနိုင်သလော။ အုပ်စု၏ ဆုံးဖြတ်ချက်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မလွဲမသွေ ကိုက်ညီသလော။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားက အာဏာကိုင်စွဲခြင်းကို ဖြစ်ပေါ်စေနိုင်သလော။ ယင်းမှာ ခရစ်တော်က ဘုရားအိမ်တော်၌ အာဏာကိုင်စွဲကြောင်း သက်သေခံနိုင်သလော။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ ထင်မြင်ယူဆချက်များကို ဖော်ပြခွင့်ပြုခြင်း၊ ၎င်းတို့၏ ရှုမြင်ပုံများကို ဆွေးနွေးခြင်းနှင့် နောက်ဆုံးတွင် သဘောတူညီမှုတစ်ခု ရရှိကာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းကို သမ္မာတရားက အာဏာကိုင်စွဲခြင်းအဖြစ် သဘောထားကြပြီး ညီအစ်ကိုမောင်နှမများသည် သမ္မာတရားအတွက် ပြောရေးဆိုခွင့်ရှိသူများဖြစ်၍ သမ္မာတရားကိုယ်၌နှင့် အဓိပ္ပာယ်တူကြောင်း ဆိုလိုလေသည်။ ဤသို့ နားလည်ခြင်းသည် မှန်ကန်သလော။ ယင်းသို့မဟုတ်သည်မှာ သိသာထင်ရှားပေသည်၊ သို့သော် အချို့သော အန္တိခရစ်များနှင့် အယောင်ဆောင် ခေါင်းဆောင်များသည် အမှန်ပင် ဤသို့ ပြုမူကြပြီး ယင်းကို ထိုသို့ အကောင်အထည်ဖော်ကြသည်။ ၎င်းတို့သည် ထိုသို့ပြုလုပ်ခြင်းဖြင့် ဒီမိုကရေစီကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်၊ ၎င်းတို့သည် ဒီမိုကရေစီနည်းလမ်းကျ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နေခြင်းဖြစ်ပြီး ယင်းမှာ သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤနည်းလမ်းအတိုင်း လုပ်ဆောင်သင့်သည်ဟု ၎င်းတို့ ထင်ကြသည်။ ဤသို့ ပြုမူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ ဒီမိုကရေစီနည်းလမ်းကျ ဆုံးဖြတ်သော ကိစ္စရပ်များသည် သမ္မာတရားနှင့် အလိုအလျောက် ကိုက်ညီသလော။ ယင်းတို့သည် အလိုအလျောက် ဘုရားသခင်ကို ကိုယ်စားပြုသလော။ အကယ်၍ ဒီမိုကရေစီသည် သမ္မာတရား ဖြစ်ခဲ့ပါက ဘုရားသခင် သမ္မာတရားကို ဖော်ပြရန် မလိုအပ်တော့ပေ၊ ဒီမိုကရေစီကို အုပ်စိုးခွင့်ပြုလိုက်ရုံဖြင့် လုံလောက်မည် မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် မည်သို့ပင် ဒီမိုကရေစီကို လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ဒီမိုကရေစီကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် သမ္မာတရားကို မထုတ်လုပ်နိုင်ပေ။ သမ္မာတရားသည် ဘုရားသခင်ထံမှ၊ ခရစ်တော်၏ ဖော်ပြချက်များမှ လာသည်။ လူသား၏ နည်းလမ်းတစ်ခုသည် လူသား၏ စိတ်ကူးများ သို့မဟုတ် နှစ်သက်မှုများနှင့် မည်မျှပင် ကိုက်ညီသည်ဖြစ်စေ ယင်းသည် သမ္မာတရားကို ကိုယ်စားမပြုနိုင်ပေ။ ဤသည်မှာ အဖြစ်မှန်တစ်ခု ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ လုပ်နည်းကိုင်နည်းများ၏ အနှစ်သာရမှာ သမ္မာတရားက အာဏာကိုင်စွဲခြင်းဟူသော အယောင်ဆောင်မှုအောက်တွင် ခရစ်တော်ကို လုံးဝ ဘေးဖယ်ထားရန်၊ ခရစ်တော်ကို ဒီမိုကရေစီဖြင့် အစားထိုးရန်နှင့် ခရစ်တော်၏ အုပ်စိုးမှုကို အုပ်စုလိုက် မိတ်သဟာယဖွဲ့ခြင်းနှင့် ဒီမိုကရေစီနည်းကျ အုပ်စိုးမှု နည်းလမ်းဖြင့် အစားထိုးရန် ဖြစ်သည်။ ဤအရာ၏ သဘောသဘာဝနှင့် အကျိုးဆက်များကို လွယ်ကူစွာ ပိုင်းခြားသိမြင်နိုင်သလော။ ထိုးထွင်းသိမြင်တတ်သော လူများသည် ၎င်းတို့ကို မြင်နိုင်သင့်သည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် ခရစ်တော်ကို ကျိုးနွံနာခံသောသူများ မဟုတ်ဘဲ ကိုယ်တော်ကို ငြင်းပယ်ပြီး ဆန့်ကျင်သောသူများ ဖြစ်ကြသည်။ ခရစ်တော်က အသင်းတော်၌ မည်သည့်အရာကိုမဆို မိတ်သဟာယဖွဲ့သည်ဖြစ်စေ လူတို့သည် နားထောင်ပြီး နားလည်လျှင်ပင် လူတို့က ယင်းကို ဤနားတစ်ဖက်မှဝင်ပြီး ထိုနားတစ်ဖက်မှထွက်ကာ အကောင်အထည်ဖော်ရန် လိုလိုလားလား မရှိကြပေ။ ထိုအစား ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ ပြောဆိုသည့်အရာကို အာရုံစိုက်ကြသည်၊ အဆုံးတွင် အရေးပါသည်မှာ ၎င်းတို့၏ စကားများ ဖြစ်သည်။ လူတို့သည် ခရစ်တော်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိမှာ ဤအယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ ဆုံးဖြတ်ချက်များအပေါ် မူတည်ပြီး လူအများစုသည် ၎င်းတို့နောက်သို့ လိုက်တတ်ကြသည်။ အန္တိခရစ်များသည် အသင်းတော်အလုပ်အပေါ် တင်းကျပ်သော စောင့်ကြည့်မှုကို အကောင်အထည်ဖော်ကြပြီး မိမိတို့ကိုယ်ကိုသာ ဆုံးဖြတ်ချက်များ ချမှတ်ခွင့်ပြုကာ ဘုရားသခင်ကို ပြောဆိုခွင့် သို့မဟုတ် အာဏာကိုင်စွဲခွင့် မပေးကြပေ။ ၎င်းတို့က “ခရစ်တော်က အလုပ်ကို စစ်ဆေးရန်အတွက်သာ ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သင်သည် သင်ပြောစရာရှိသည်ကို ပြောဆိုပြီး အလုပ်ကို စီစဉ်နိုင်သည်၊ သို့သော် ယင်းကို မည်သို့ အကောင်အထည်ဖော်သည်မှာ ငါတို့အပေါ် မူတည်သည်။ ငါတို့၏ အလုပ်ကို ဝင်မစွက်ဖက်ပါနှင့်” ဟု စဉ်းစားကြသည်။ ဤသည်မှာ အန္တိခရစ်များ ပြုလုပ်သည့်အရာ မဟုတ်လော။ အန္တိခရစ်များသည် “ညီအစ်ကိုမောင်နှမအားလုံး မိတ်သဟာယဖွဲ့ပြီးပြီ” သို့မဟုတ် “ညီအစ်ကိုမောင်နှမအားလုံး အများသဘောတူညီမှုတစ်ခု ရရှိပြီးပြီ” ဟု အစဉ်သဖြင့် ပြောဆိုနေကြသည်၊ ထိုသို့သောစကားများကို ပြောဆိုသောသူများသည် အမှန်တကယ် သမ္မာတရားကို နားလည်ကြသလော။ ညီအစ်ကိုမောင်နှမများဆိုသည်မှာ မည်သူတို့ ဖြစ်သနည်း။ ၎င်းတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသော လူတစ်စုမျှသာ မဟုတ်လော။ ၎င်းတို့သည် သမ္မာတရားကို မည်မျှ နားလည်ကြသနည်း၊ သမ္မာတရား လက်တွေ့အရှိတရားကို ၎င်းတို့ မည်မျှ ပိုင်ဆိုင်ကြသနည်း။ ၎င်းတို့သည် ခရစ်တော်ကို ကိုယ်စားပြုနိုင်ကြသလော။ ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ်များ ဖြစ်သလော။ ၎င်းတို့သည် သမ္မာတရားအတွက် ပြောရေးဆိုခွင့်ရှိသူများ ဖြစ်နိုင်ကြသလော။ ၎င်းတို့သည် သမ္မာတရားနှင့် မည်သည့်ဆက်စပ်မှု ရှိကြသနည်း။ (မရှိပါ။) မည်သည့်ဆက်စပ်မှုမျှ မရှိသည့်အတွက် အဘယ်ကြောင့် ထိုသို့သောစကားများကို ပြောဆိုသောသူများသည် ညီအစ်ကိုမောင်နှမများကို အထွတ်အထိပ်အဖြစ် အစဉ်သဖြင့် မှတ်ယူကြရသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း မရှိကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် သမ္မာတရားအတိုင်း မပြောဆိုဘဲ မပြုမူကြသနည်း။ ဤနည်းလမ်းဖြင့် ပြောဆိုသောသူများသည် ယုတ္တိမရှိသောလူများ မဟုတ်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ပြီးနောက် ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြဘဲ စစ်မှန်သော ညီအစ်ကိုမောင်နှမများမှာ အဘယ်အရာဖြစ်သည်ကို မမြင်နိုင်ကြပေ။ ၎င်းတို့သည် မျက်စိကန်းနေကြသည် မဟုတ်လော။ ယခုအခါ အားလုံးသည် မိမိတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်းခံရပြီး ဖြစ်သည်၊ များစွာတို့သည် မိမိတို့၏ စစ်မှန်သော ကိုယ်ကျင့်စရိုက်ကို ထုတ်ဖော်ခဲ့ကြပြီးဖြစ်သည်၊ ၎င်းတို့အားလုံးသည် စာတန်၏ အမျိုးအစား ဖြစ်ကြသည်၊ ၎င်းတို့သည် လူ့တိရစ္ဆာန်များ သက်သက်သာ ဖြစ်ကြသည်။ သင်တို့ ဤသည်ကို ရှင်းလင်းစွာ မမြင်နိုင်ကြဘူးလော။ သင်တို့သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝ မပိုင်ဆိုင်ကြပေ။ လူအချို့သည် ငါ အန္တိခရစ်များကို စိတ်ဖြာလေ့လာဆွေးနွေးသည်ကို နားထောင်လိုစိတ် မရှိကြပေ။ ၎င်းတို့က၊ “အို၊ အန္တိခရစ်များလောက် အသေးအဖွဲဖြစ်သည့်ကိစ္စကို အမြဲတစေ မပြောပါနှင့်၊ ရှက်ဖွယ်ကောင်းလှသည်။ အဘယ်ကြောင့် ကိုယ်တော်သည် အန္တိခရစ်များကို အမြဲတစေ ခွဲခြမ်းစိတ်ဖြာနေတော်မူရသနည်း” ဟု ဆိုကြသည်။ ၎င်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းမပြုဘဲ နေလျှင် ကောင်းမည်လော။ လူတို့ကို ပိုင်းခြားသိမြင်တတ်ရန် သင်ကြားပေးရန်အတွက် ၎င်းတို့ကို ဤနည်းလမ်းဖြင့် စိတ်ဖြာလေ့လာဆွေးနွေးရမည် ဖြစ်သည်။ သို့မဟုတ်ပါက အန္တိခရစ်များ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိစ္ဆာဒိဋ္ဌိ အယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို လွှတ်ထုတ်ပြီး လူများစွာကို အထင်အမြင်မှားစေကာ အသင်းတော်ကိုပင် ထိန်းချုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် လွတ်လပ်သော နိုင်ငံတော်ကို တည်ထောင်ကြလိမ့်မည်။ ဤကိစ္စရပ်၏ အကျိုးဆက်များ မည်မျှ ဆိုးရွားသည်ကို သင်တို့ ရှင်းလင်းစွာ မြင်ကြသလော။ ခုလေးတင် ငါတို့သည် သမ္မာတရားက အာဏာကိုင်စွဲခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် လူတို့သည် အန္တိခရစ်များ၏ ယုတ္တိမရှိသော နည်းလမ်းများနှင့် ရယ်ဖွယ်ရာ အမြင်များကို မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင် အာဏာကိုင်စွဲရန် အစဉ်သဖြင့် အလိုရှိကြပြီး ခရစ်တော်ကို အာဏာကိုင်စွဲခွင့် မပေးလိုကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရား၏ အုပ်စိုးမှုကို ဒီမိုကရေစီပုံစံတစ်ခုအဖြစ် ပြောင်းလဲကာ ကိစ္စရပ်များအပေါ် လူတိုင်း အတူတကွ တိုင်ပင်ဆွေးနွေးခြင်းသည် သမ္မာတရားက အာဏာကိုင်စွဲခြင်းဖြစ်သည်ဟု ထောက်ခံပြောဆိုကြသည်။ ဤအရာ၌ စာတန်၏ လှည့်ကွက် မရှိသလော။ သမ္မာတရားသည် လူတိုင်း ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ရရှိနိုင်သော အရာတစ်ခုလော။ သမ္မာတရားကို ဘုရားသခင်က ဖော်ပြခြင်းဖြစ်ပြီး ယင်းသည် ဘုရားသခင်ထံမှ အရင်းခံသည်။ အဘယ်ကြောင့် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုက်ရိုက် လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း၊ ဘုရားသခင်ကို တိုက်ရိုက် ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း၊ ပြီးလျှင် ဘုရားသခင်၏ အစီအစဉ်များကို တိုက်ရိုက် ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း။ အဘယ်ကြောင့် ခရစ်တော်၏ အမိန့်များကို လူတိုင်း၏ ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ဆုံးဖြတ်ရမည်နည်း။ ဤသည်မှာ စာတန်၏ ကျိတ်ကြံစည်မှု မဟုတ်လော။ အန္တိခရစ်များသည် လူတို့ကို အထင်အမြင်မှားစေရန် သဘောတရားတစ်စုံကို မကြာခဏ ထုတ်လွှတ်ကြပြီး ၎င်းတို့ မည်သည့်အလုပ်တာဝန်ကိုမဆို အကောင်အထည် ဖော်သည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို လုံးဝ ချိုးဖောက်လျက် ဆုံးဖြတ်ပိုင်ခွင့် ရှိကြသည်။ အန္တိခရစ်များ၏ သရုပ်သကန်များမှ ကြည့်လျှင် ၎င်းတို့၏ စိတ်သဘောထားသည် အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးပြီး သမ္မာတရားကို ချစ်မြတ်နိုးသောလူများလော။ ၎င်းတို့၌ ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိကြသလော။ (မရှိပါ။) ၎င်းတို့၏ အနှစ်သာရမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အလွန် မာနထောင်လွှားကြသဖြင့် ဆင်ခြင်တုံတရားအားလုံး ဆုံးရှုံးကြပြီး လူတို့ ရှိသင့်သည့် အခြေခံ ဟီရိဩတ္တပ္ပနှင့် ဆင်ခြင်တုံတရားပင် ကင်းမဲ့ကြသည်။ ထိုသို့သောလူများသည် လူဟု ခေါ်ဆိုခြင်းကိုခံရရန် မထိုက်တန်ပေ။ ၎င်းတို့ကို စာတန်၏ အမျိုးအနွယ်များဟုသာ ဆိုနိုင်သည်၊ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြသည်။ သမ္မာတရားကို စိုးစဉ်းမျှပင် လက်မခံသော မည်သူမဆိုသည် နတ်ဆိုးတစ်ကောင် ဖြစ်သည်၊ ဤသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ခရစ်တော်၏ နှုတ်ကပတ်တော်များအပေါ် နှိမ့်ချခြင်းလည်းမရှိ၊ မာနထောင်လွှားခြင်းလည်းမရှိသော သဘောထားကို ခံယူသော လူအချို့လည်း ရှိသေးသည်။ ၎င်းတို့သည် အပြည့်အဝလက်ခံကြောင်း ဖော်ပြခြင်းလည်း မရှိသကဲ့သို့ ဆန့်ကျင်ခြင်းလည်း မရှိပေ။ ခရစ်တော်က စကားပြောသောအခါ၊ သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ၊ လူတစ်ဦးကို ပိုင်းခြားသိမြင်သောအခါ သို့မဟုတ် အလုပ်တာဝန်တစ်ခုကို တာဝန်ပေးအပ်သောအခါ အပေါ်ယံအားဖြင့် ၎င်းတို့သည် နားထောင်ပြီး မှတ်စုများ ရေးမှတ်နေကာ လေးနက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြသပုံရသည်။ ၎င်းတို့သည် အရာရာတိုင်းအကြောင်း စေ့စေ့စပ်စပ် မှတ်စုများ ရေးမှတ်ကြပြီး အမျိုးမျိုးသော အမှတ်အသားများကို ချရေးကြကာ သမ္မာတရားကို အလွန်စိတ်ဝင်စားပြီး ခရစ်တော်ပြောဆိုသည့်အရာကို အလွန်တန်ဖိုးထားပုံ၊ အထူးသဖြင့် သမ္မာတရားကို ချစ်မြတ်နိုးပြီး ခရစ်တော်အပေါ် မယိမ်းမယိုင် သစ္စာစောင့်သိကြသည့်အလား ဖြစ်သည်။ သို့သော် ထိုသို့သောလူတို့၏ သမ္မာတရားအပေါ် သဘောထား၊ ၎င်းတို့၏ စိတ်သဘောထားနှင့် ၎င်းတို့၏ အနှစ်သာရကို ထိုသို့သော အပေါ်ယံဖြစ်စဉ်များမှ မြင်တွေ့နိုင်သလော။ မမြင်တွေ့နိုင်ပေ။ ထိုသို့သောလူများသည် အပြင်ပန်းတွင် မှတ်စုများ ရေးမှတ်ပြီး နားထောင်နေပုံရသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမှန်တကယ် အဘယ်အရာကို တွေးတောနေကြသနည်း။ ၎င်းတို့ မှတ်သားထားသည့် အရာကို ကြည့်သောအခါ ၎င်းတို့က “ဤအရာအားလုံးသည် အဘယ်အရာများနည်း။ အသုံးဝင်သည့်စာကြောင်း တစ်ကြောင်းမျှ မရှိပါ၊ မြင့်မြတ်သည်ဟုဖြစ်စေ၊ သမ္မာတရားနှင့် ကိုက်ညီသည်ဟုဖြစ်စေ ထင်ရသည့်အရာ တစ်ခုမျှ မရှိသကဲ့သို့ ငါ့အတွက် ယုတ္တိတန်ပုံရသည့်အရာလည်း တစ်ခုမျှ မရှိ။ ယင်းကို ငါ ဆုတ်ဖြဲပစ်လိုက်သည်ကမှ ကောင်းဦးမည်” ဟု တွေးလေသည်။ ဤသည်မှာ သဘောထားတစ်မျိုး မဟုတ်လော။ တရားဒေသနာများကို နားထောင်စဉ် ခေါင်းညိတ်ပြီး အမျိုးမျိုးသော မျက်နှာအမူအရာများ ပြုလုပ်ကာ တစ်ချိန်တည်းမှာပင် မှတ်စုများ ရေးမှတ်နေသော လူများစွာကို ငါ မြင်ဖူးသည်၊ သို့သော် နောက်ပိုင်းတွင် ၎င်းတို့သည် ယင်းကို လုံးဝ အလေးအနက် မထားကြတော့ပေ။ ၎င်းတို့ အကောင်အထည် ဖော်သင့်သည့်အရာကို မမှတ်မိကြသကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးထဲ၌လည်း မထားရှိကြ သို့မဟုတ် ယင်းအတိုင်း မလုပ်ဆောင်ကြပေ။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာနှင့် ပတ်သက်၍မူ ယင်းမှာ ဖြစ်နိုင်ချေ ပို၍ပင် နည်းပါးသည်။ ၎င်းတို့ အကောင်အထည် ဖော်သင့်သည့်အရာသည် ဘုရားအိမ်တော်၏ အလုပ်နှင့် ၎င်းတို့၏ တာဝန်နှင့် သက်ဆိုင်ပြီး ၎င်းတို့ ဝင်ရောက်သင့်သည့်အရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အသက် ဝင်ရောက်မှုနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် အကောင်အထည်ဖော်သင့်သည့်အရာကို အကောင်အထည်မဖော်ကြသည့်အပြင် ၎င်းတို့၏ ကိုယ်ပိုင်ဝင်ရောက်မှုကို သာ၍ပင် အလေးအနက် မထားကြပေ။ ၎င်းတို့က “ခရစ်တော်ပြောဆိုပြီး ဖော်ပြသည့် စာကြောင်းတိုင်းက သမ္မာတရားဖြစ်သည်၊ လူတို့ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်၊ ယင်းတို့အားလုံးက သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟု ပြောကြသည်။ သို့သော် ငါ မှတ်စုရေးသည့်အကြိမ်တိုင်းတွင် မည်သည့်သမ္မာတရားကိုမျှ သို့မဟုတ် မည်သည့်လမ်းခရီးကိုမျှ ငါ မမြင်သကဲ့သို့ အသက်ဟုလည်း ငါ မခံစားရပေ။ သို့ဆိုလျှင် ခရစ်တော်မှာ ဘုရား၏ အနှစ်သာရရှိသည်ဆိုသော ပြောဆိုချက်က မည်သို့ ပြည့်စုံနိုင်မည်နည်း။ ယင်းသည် မည်သို့ ဖြစ်မြောက်နိုင်မည်နည်း။ ငါ မြင်တွေ့ရသည့်အရာနှင့် မည်သို့ ကိုက်ညီနိုင်မည်နည်း။ အလွယ်တကူတော့ မကိုက်ညီပေ” ဟု ဆိုကြသည်။ လူအချို့က “အကယ်၍ နားထောင်ပြီးနောက် ၎င်းတို့၏ သဘောထားက ဤသို့ဖြစ်ပါက ၎င်းတို့သည် အဘယ်ကြောင့် မှတ်စုများပင် ရေးမှတ်ခဲ့ကြသနည်း။ ၎င်းတို့၌ သင့်လျော်ပြီး လေးနက်ကာ တာဝန်သိသော သဘောထားရှိပုံ ပေါ်သည်၊ အဘယ်အရာ ဖြစ်ပျက်နေသနည်း” ဟု ဆိုကြသည်။ အကြောင်းရင်းတစ်ခုတည်းသာ ရှိသည်။ အကယ်၍ သမ္မာတရားကို မချစ်မြတ်နိုးဘဲ ယင်းအပေါ် အလွန်အမင်း မနှစ်မြို့သောသူတစ်ဦးသည် ခရစ်တော် စကားပြောသောအခါ အထူးသဖြင့် အလေးအနက်ထားပြီး အာရုံစိုက်ပုံ ပေါ်နိုင်ပါက ၎င်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ စစ်မှန်သော လက်ခံခြင်းမဟုတ်ဘဲ စိတ်မပါ့တပါဖြင့် ဝတ်ကျေတမ်းကျေ ပြုလုပ်ခြင်းမျှသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါတိုင်း သို့မဟုတ် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံပြီး ကိုယ်တော်နှင့် စကားပြောဆိုသည့်အခါတိုင်း ၎င်းတို့ သိမြင်ခံစားရသည်မှာ ဘုရားသခင်၏ မြင့်မြတ်ခြင်းဟုဖြစ်စေ၊ ဘုရားသခင်နှင့် ပတ်သက်သည့် ဉာဏ်မမီနိုင်ဟုဖြစ်စေ၊ အံ့ဩဖွယ်ဖြစ်ခြင်းဟုဖြစ်စေ ခေါ်ဆိုသည့်အရာများ မဟုတ်ဘဲ ကိုယ်တော်၏ လက်တွေ့ကျမှု၊ သာမန်ဖြစ်မှုနှင့် အရေးမပါမှုတို့ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ကိုယ်ပိုင်ရှုမြင်ပုံနှင့် ရပ်တည်ချက်မှ ကြည့်လျှင် ဤသာမန်လူ၏ စကားများကို သမ္မာတရားနှင့်ဖြစ်စေ၊ လမ်းခရီးနှင့်ဖြစ်စေ၊ အသက်နှင့်ဖြစ်စေ ဆက်စပ်ရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ၎င်းတို့ ဤသူကို မည်သို့ပင် ကြည့်စေကာမူ လူသားတစ်ဦးကိုသာ မြင်ကြသည်၊ ၎င်းတို့သည် ကိုယ်တော့်ကို ဘုရားသခင် သို့မဟုတ် ခရစ်တော်အဖြစ် မမှတ်ယူနိုင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် ဤအလွန်တရာမှ သာမန်ဖြစ်သော စကားများကို စောင့်ထိန်းရန်၊ လက်တွေ့လုပ်ဆောင်ရန်နှင့် အသက်ရှင်နေထိုင်ရန်အတွက် လမ်းညွှန်တစ်ခု၊ ဖြစ်တည်မှုအတွက် ပန်းတိုင်တစ်ခု စသည်တို့အနေဖြင့် အသုံးပြုရန် သမ္မာတရားအဖြစ် လုံးဝ မမှတ်ယူနိုင်ပေ၊ ၎င်းတို့သည် ယင်းကို စိတ်ဆင်းရဲဖွယ်အဖြစ် မြင်ကြသည်။ ၎င်းတို့က “ဤသာမန်စကားများထဲတွင် ကျွန်ုပ်သည် အဘယ်ကြောင့် မည်သည့်သမ္မာတရားကိုမျှ မမြင်နိုင်သနည်း။ သင်တို့အားလုံးက မည်သို့ မြင်နိုင်ကြသနည်း။ ဤအရာများသည် သာမန်စကားများသာ မဟုတ်လော။ ယင်းတို့သည် လူ့ဘာသာစကား၊ လူ့စာသား၊ လူ့သဒ္ဒါဖြစ်ပြီး လူ့စကားစုများနှင့် ဝေါဟာရအချို့ကိုပင် အသုံးပြုကာ လူ့စကားပုံအချို့နှင့် ယဉ်ကျေးမှုကဏ္ဍအချို့ကို စိတ်ဖြာလေ့လာ ဆွေးနွေးနေခြင်း ဖြစ်သည်။ ဤစကားများက သမ္မာတရားကို မည်သို့ ပါဝင်နိုင်မည်နည်း။ ကျွန်ုပ် အဘယ်ကြောင့် မမြင်နိုင်ရသနည်း။ သင်တို့အားလုံးက ယင်းသည် သမ္မာတရားဖြစ်သည်ဟု ဆိုသည့်အတွက်ကြောင့် ကျွန်ုပ်လည်း အခြားလူတိုင်းနှင့်အတူ ကြက်တူရွေးကဲ့သို့ လိုက်ရွတ်ဆိုမည်၊ အခြားလူတိုင်း ရေးသားနေသည့်အတွက် ကျွန်ုပ်လည်း မှတ်စုရေးမည်၊ သို့သော် သင်တို့အားလုံးက သူ့ကို သမ္မာတရားအဖြစ် မှတ်ယူနေစဉ်တွင် ကျွန်ုပ်မှာမူ သေချာပေါက် မမှတ်ယူပေ။ ‘သမ္မာတရား’ ဆိုသည်မှာ အလွန်မြင့်မြတ်သော စကားလုံးတစ်လုံးဖြစ်သည်၊ ယင်းသည် အလွန်မြင့်မြတ်သော အရာတစ်ခုခု ဖြစ်ရမည်။ သမ္မာတရားနှင့် ပတ်သက်လာလျှင် ဘုရားနှင့် သက်ဆိုင်သည်၊ ဘုရားနှင့် သက်ဆိုင်လာလျှင် ယင်းသည် ထိုမျှ သာမန်ဖြစ်၍၊ ထိုမျှ အရေးမပါ၍၊ ထိုမျှ ရိုး၍ မရပေ။ ထို့ကြောင့် ကျွန်ုပ် မည်သို့ပင် စေ့စေ့စပ်စပ် စစ်ဆေးပြီး ဆန်းစစ်လေ့လာပါစေ သူ့ထဲတွင် ဘုရား၏ အရိပ်အငွေ့တစ်ခုမှ ကျွန်ုပ် ရှာမတွေ့နိုင်ပေ။ သူ့ထဲတွင် ဘုရား၏ အရိပ်အငွေ့ မရှိလျှင် သူက ကျွန်ုပ်တို့ကို မည်သို့ ကယ်တင်နိုင်မည်နည်း။ ယင်းမှာ မဖြစ်နိုင်ပေ။ သူ၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို မကယ်တင်နိုင်လျှင် သို့မဟုတ် ကျွန်ုပ်တို့ကို အကျိုးမပြုနိုင်လျှင် ကျွန်ုပ်တို့ အဘယ်ကြောင့် သူ့နောက်လိုက်သင့်သနည်း။ ကျွန်ုပ်တို့ အဘယ်ကြောင့် သူ၏ နှုတ်ကပတ်တော်များကို အကောင်အထည်ဖော်သင့်သနည်း။ ကျွန်ုပ်တို့ အဘယ်ကြောင့် သူ၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သင့်သနည်း” ဟု ဆိုကြသည်။ ယခု ၎င်းတို့သည် အန္တိခရစ်များအဖြစ် မိမိတို့၏ စရိုက်အမှန်ကို ပြသခဲ့ကြပြီးဖြစ်သည် မဟုတ်လော။ အစမှအဆုံးတိုင် ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိအပေါ် ၎င်းတို့၏ သဘောထားမှာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဆက်ဆံသည့်ပုံစံတွင် လက်ခံခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိသကဲ့သို့ ယင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းမှာ သို့မဟုတ် တွေ့ကြုံခံစားခြင်းမှာ သာ၍ပင် နည်းပါးသည်။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတိုက်အခံလုပ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ငြင်းပယ်ခြင်း သဘောထားဖြင့် သဘောထားပြုမူကြသည်။ ခရစ်တော်က လူတို့နှင့် စကားပြောဆိုနေသည့်အခါ ၎င်းတို့သည် အင်တင်တင်ဖြင့် မှတ်စုအချို့ကို ရေးမှတ်ကြသော်လည်း အတွင်းစိတ်ထဲ၌မူ ယင်းကို အနည်းငယ်မျှပင် လက်မခံကြပေ။ ခရစ်တော်နှင့် ထိတွေ့ဆက်ဆံပြီးနောက် လူအချို့က “ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် စကားပြောဆိုခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းသည် အမှန်တကယ် ပျော်ရွှင်ဖွယ်ကောင်းသည်” ဟု ဆိုကြသည်။ အန္တိခရစ်က “ကျွန်ုပ်လည်း စမ်းကြည့်ဦးမည်။ ကျွန်ုပ် ခရစ်တော်နှင့် မျက်နှာချင်းဆိုင် စကားပြောကြည့်မည်၊ ခရစ်တော်က လူတို့နှင့် စကားပြောသည့်အခါ သူ၏ မျက်နှာအမူအရာ၊ လုပ်ရပ်များနှင့် ပြောဆိုပုံများက အမှန်တကယ် မည်သို့ရှိသည်ကို ကြည့်မည်။ ထိုအရာမှ လူတစ်ဦး မည်သည့်အရာကို ရရှိနိုင်သည် သို့မဟုတ် ရှာဖွေတွေ့ရှိနိုင်သည်ကိုလည်းကောင်း၊ လူတို့အတွက် အခြေခံအုတ်မြစ်တစ်ခု ချမှတ်ပြီး သူ့ကို စစ်မှန်သောဘုရားအဖြစ် ၎င်းတို့၏ ယုံကြည်လက်ခံမှုကို အတည်ပြုရန်အတွက် အကျိုးရှိမရှိကိုလည်းကောင်း ကျွန်ုပ် ကြည့်မည်” ဟု ဆိုသည်။ ခရစ်တော်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များအပေါ် ထိုသို့သော သဘောထားဖြင့် ၎င်းတို့၌ မည်သည့် စစ်မှန်သော လက်တွေ့လုပ်ဆောင်မှု သို့မဟုတ် အကောင်အထည်ဖော်မှု ရှိနိုင်မည်နည်း။ မရှိနိုင်ပေ။ ၎င်းတို့သည် စိတ်ဝင်စားစရာကို လာကြည့်သော ပွဲကြည့်ပရိသတ်များမျှသာ ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေရန် ဤနေရာသို့ လုံးဝ ရောက်ရှိနေခြင်း မဟုတ်ပေ။ ဤလူတို့ ခရစ်တော်ကို ဆက်ဆံပြီး ကိုယ်တော်နှင့် စကားပြောဆိုသည့် သဘောထားသည် မည်သူ့ကိုမဆို စကားပြောရာ၌ လေးနက်မှုမလိုအပ်ဘဲ လူတိုင်း မိမိတို့အလိုရှိရာကိုသာ ပြောဆိုကြသည့် အိမ်ရှေ့ကွပ်ပျစ်တွင် အတူတကွ စကားစမြည်ပြောနေသော ရပ်ကွက်ထဲမှ အမျိုးသမီးတစ်စုနှင့် အနည်းငယ် တူညီသည်ဟု သင်တို့ ထင်သလော။ ဤလူတို့သည် ခရစ်တော်ကို ထိုနည်းအတိုင်း ဆက်ဆံကြသည်၊ “သင်က သင့်အမြင်များကို ဖော်ပြ၊ ငါက ငါ့အမြင်များကို စွဲကိုင်ထားမည်။ ငါတို့ သဘောထားကွဲလွဲမှုရှိသည်ကို လက်ခံလိုက်ကြစို့၊ သင်က ငါ့ကို နားချဖို့ မမျှော်လင့်နှင့်၊ ငါကလည်း သင့်စကားကို သေချာပေါက် လက်ခံမည် မဟုတ်” ဟူ၍ ဖြစ်သည်။ ယင်းမှာ ထိုသို့သော သဘောထားမျိုး မဟုတ်လော။ ဤသည်မှာ မည်သို့သောသဘောထား ဖြစ်သနည်း။ (မထီမဲ့မြင်ပြုပြီး ရိုသေလေးစားမှုမရှိသော သဘောထား ဖြစ်ပါသည်။) ဤလူတို့သည် ထူးဆန်းကြသည်။ သင်သည် ခရစ်တော်ကို လူ့ဇာတိခံယူသော ဘုရားသခင်အဖြစ် အသိအမှတ်မပြုပါဘဲလျက် အဘယ်ကြောင့် သင်သည် ကိုယ်တော့်ကို ယုံကြည်ပြီး နောက်လိုက်နေသနည်း။ အကယ်၍ သင် မယုံကြည်ပါက အဘယ်ကြောင့် အပြီးတိုင် မထွက်ခွာသွားသနည်း။ သင့်ကို မည်သူက ယုံကြည်ရန် အတင်းအကျပ်ခိုင်းစေနေသနည်း။ ဘုရားသခင်ကို ယုံကြည်ရန် သင့်အား မည်သူကမျှ အတင်းအကျပ် ခိုင်းစေနေခြင်း မရှိ၊ ယင်းမှာ သင်၏ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်သည်။

လူအချို့သည် ကိစ္စရပ်တစ်ခုအပေါ် ငါ၏ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်သောအခါ ၎င်းတို့တွင် မတူညီသော ထင်မြင်ယူဆချက်များကို လျင်မြန်စွာ ဖြစ်ပေါ်လာကြသည်၊ “သင်သည် ထိုသို့ တွေးထင်သည်၊ သို့သော် ငါကမူ ဤသို့ တွေးထင်သည်။ ကိစ္စရပ်တစ်ခုစီနှင့်ပတ်သက်၍ သင့်တွင် သင့်စိတ်ကူးအကြံအစည်များ ရှိပြီး ငါ့တွင်လည်း ငါ၏ စိတ်ကူးအကြံအစည်များ ရှိသည်၊ လူတိုင်းတွင် မိမိ၏ ကိုယ်ပိုင်စိတ်ကူးအကြံအစည်များ ရှိကြသည်” ဟူ၍ ဖြစ်သည်။ မည်သို့သောသတ္တဝါမျိုးက ဤသို့ ပြောမည်နည်း။ ဘုရားသခင်က လူတို့အား သမ္မာတရားကို ထောက်ပံ့ပေးသောအခါ ယင်းသည် အာဘော်တစ်မျိုးလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပညာရပ်ဆိုင်ရာ သီအိုရီတစ်ခုလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်အရာ ဖြစ်သနည်း။ (၎င်းတို့သည် သမ္မာတရား ဖြစ်ပါသည်။) ပို၍ တိတိကျကျ ပြောလော့။ (ယင်းတို့သည် လူသား၏ ကျင့်ကြံပြုမူမှုအတွက် စည်းမျဉ်းများနှင့် လမ်းညွှန်ချက်၊ လူတို့၏ အသက်တာအတွက် မရှိမဖြစ်လိုအပ်ချက်များ ဖြစ်ပါသည်။) အဘယ်ကြောင့် ဘုရားသခင်က လူတို့အား သမ္မာတရားကို ထောက်ပံ့ပေးသည်ဟု ငါတို့ ဆိုရသနည်း။ ကိုယ်တော်က အသိပညာကို ထောက်ပံ့ပေးသည်ဟု တစ်ခါမျှ ပြောခဲ့ဖူးသလော။ (မပြောဖူးပါ။) အဘယ်ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့ စားသောက်ရန်အတွက် ဖြစ်သည်ဟု ငါတို့ ဆိုရသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ အစာအာဟာရနှင့် တူသည်၊ ယင်းတို့သည် သင်၏ ရုပ်ခန္ဓာကိုယ်ကို ထောက်ပံ့နိုင်ပြီး သင့်ကို အသက်ရှင်ခွင့်ပြုနိုင်သည်၊ ထို့အပြင် ယင်းတို့သည် သင့်ကို ကောင်းမွန်စွာ အသက်ရှင်ခွင့်ပြုသည်၊ ယင်းတို့သည် သင့်ကို လူပီသစွာ အသက်ရှင်ခွင့်ပြုသည်။ ယင်းတို့သည် လူတစ်ဦးအတွက် အသက်ပင် ဖြစ်သည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အသိပညာပုံစံတစ်ခု၊ အာဘော်တစ်ခု သို့မဟုတ် ဆိုရိုးစကားတစ်ခု မဟုတ်ပေ။ အသိပညာ၊ အာဘော်များနှင့် လူသား၏ ရိုးရာယဉ်ကျေးမှုတို့သည် လူတို့ကိုသာ ဖောက်ပြန်ပျက်စီးစေနိုင်သည်။ လူတို့သည် ယင်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသက်ရှင်နိုင်သည်၊ သို့သော် အကယ်၍ တစ်စုံတစ်ဦးသည် အသက်ရှင်လိုပြီး စံသတ်မှတ်ချက်နှင့် ကိုက်ညီကာ စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာလိုပါက ၎င်းတို့သည် သမ္မာတရားမရှိဘဲ ထိုသို့ အသက်မရှင်နိုင်ပေ။ သို့ဆိုလျှင် သမ္မာတရားသည် အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ (ယင်းသည် ကျင့်ကြံပြုမူရန်၊ ပြုမူဆောင်ရွက်ရန်နှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန်အတွက် စံသတ်မှတ်ချက် ဖြစ်ပါသည်။) မှန်သည်၊ ယင်းမှာ ပို၍ တိတိကျကျ ဖြစ်သည်။ အန္တိခရစ်များသည် ယင်းကို ဤနည်းလမ်းဖြင့် ရှုမြင်ကြသလော။ ၎င်းတို့သည် ဤအချက်ကို လက်မခံကြပေ။ ၎င်းတို့သည် ဤအချက်ကို ကန့်ကွက်သည်၊ ခုခံသည်၊ ပြစ်တင်ရှုတ်ချသည်၊ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို မရရှိနိုင်ပေ။ ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုမြင်ပုံများထဲ၌ ၎င်းတို့က “သင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ သင်သည် စကားတစ်ခွန်းပြောပြီး အခြားလူများက သင်၏စကားအတိုင်း သွား၍ လက်တွေ့လုပ်ဆောင်ကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ငါက မှန်ကန်သည့်အရာတစ်ခုကို ပြောပြီး လူတို့ကို ထိုအတိုင်း သွား၍ လက်တွေ့လုပ်ဆောင်စေရန် မပြုလုပ်နိုင်ရသနည်း။ အဘယ်ကြောင့် သင်ပြောသည့်အရာက အမြဲတမ်းမှန်ပြီး ငါပြောသည့်အရာက အမြဲတမ်းမှားနေရသနည်း။ အဘယ်ကြောင့် သင်၏စကားများကို သမ္မာတရားအဖြစ် မှတ်ယူပြီး ငါ၏စကားများကိုမူ အသိပညာနှင့် အယူဝါဒများအဖြစ် မှတ်ယူရသနည်း” ဟု တွေးထင်ကြသည်။ မည်သည့်အရာကိုမျှ အခြေခံခြင်း မဟုတ်ပေ၊ ယင်းမှာ အဖြစ်မှန်ဖြစ်ပြီး ယင်းကို အနှစ်သာရအားဖြင့် ဆုံးဖြတ်ခြင်း ဖြစ်သည်။ ခရစ်တော်သည် ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်ပြီး ကိုယ်တော်၏ အနှစ်သာရမှာ ဘုရားသခင် ဖြစ်သည်။ မည်သူမျှ ဤသည်ကို မငြင်းပယ်နိုင်ပေ၊ အန္တိခရစ်များက အသိအမှတ်ပြုရန် သို့မဟုတ် လက်ခံရန် ငြင်းပယ်လျှင်ပင် ၎င်းတို့ ယင်းကို မငြင်းပယ်နိုင်ပေ။ လူသားသည် ခရစ်တော်ထံမှ လှည့်ထွက်ပြီး ကိုယ်တော့်ကို ငြင်းပယ်သည့်အချိန်သည် လူသား၏ ပျက်စီးခြင်းအချိန် ဖြစ်သည်။ ခရစ်တော်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များမရှိဘဲ မည်သူတစ်ဦးတစ်ယောက်မျှ ကယ်တင်ခြင်း မခံရနိုင်ပေ။ ဤသည်မှာ အချက်အလက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များ၏ ထိုစကားများနှင့် သဘောတရားများသည် လူတို့အား မည်သို့သော တည်ဆောက်မှုမျိုးကို ဖြစ်စေနိုင်မည်နည်း။ အကယ်၍ လူတို့သည် ယင်းတို့ကို လက်မခံပါက မည်သည့်ဆုံးရှုံးမှုကိုမဆို ခံစားရမည်နည်း။ မည်သည့်ဆုံးရှုံးမှုကိုမျှ ခံစားရမည်မဟုတ်ပေ။ အန္တိခရစ်များ၏ စကားများသည် မည်သူ့အပေါ်၌မျှ အပြုသဘောဆောင်သော လွှမ်းမိုးမှုမရှိဘဲ အပျက်သဘောဆောင်သော သက်ရောက်မှုများစွာ ရှိသည်။ အကယ်၍ ခရစ်တော်သည် စကားတစ်ခွန်းမျှ မပြောဘဲ ကြွလာပြီး နှစ်ပေါင်းမည်မျှပင် သာမန်အသက်တာဖြင့် နေထိုင်ပြီးမှ ထွက်ခွာသွားခဲ့ပါက လူသားမျိုးနွယ်သည် အဘယ်အရာကို ရရှိမည်နည်း။ လက်ဝါးကပ်တိုင်ကို ထမ်းခြင်းအပြင် လူသားမျိုးနွယ်သည် အခြားအဘယ်အရာကို ရရှိနိုင်မည်နည်း။ ၎င်းတို့သည် အပြစ်တရားထဲ၌ ဝန်ခံပြီး နောင်တရလျက် အပြစ်တရားထဲ၌ ခွဲထုတ်မရနိုင်အောင် ပိတ်မိနေကာ တိုး၍တိုး၍ စာရိတ္တပျက်ပြားလာပြီး နောက်ဆုံးတွင် ဘုရားသခင်၏ အလုပ် ပြီးဆုံးသောအခါ ၎င်းတို့အားလုံး ဖျက်ဆီးခြင်း ခံရလိမ့်မည်။ ယင်းမှာ လူသားမျိုးနွယ်၏ အကျိုးဆက်ပင် ဖြစ်သည်။ သို့သော် ခရစ်တော် ကြွလာခဲ့ပြီး ဘုရားသခင် လူသားအား ပြောကြားရန် ရည်ရွယ်ခဲ့သော နှုတ်ကပတ်တော်အားလုံးကို ဖော်ပြခဲ့သည်၊ လူသား လိုအပ်သော သမ္မာတရားအားလုံးကို ထောက်ပံ့ပေးခဲ့ပြီး ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူသားအား ထုတ်ဖော်ပြခဲ့သည်။ ဤသည်မှာ လူသားအတွက် အလှည့်အပြောင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည် မဟုတ်လော။ တစ်နည်းအားဖြင့်ဆိုသော် ခရစ်တော်၏ နှုတ်ကပတ်တော်များသည် လူသားအတွက် အလှည့်အပြောင်းတစ်ခုကို ဖန်တီးပေးခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအလှည့်အပြောင်းမှာ အဘယ်နည်း။ အဓိကအားဖြင့် ယင်းမှာ လူသားများ ပြစ်တင်ရှုတ်ချခြင်းနှင့် ပျက်စီးခြင်းကို ရင်ဆိုင်ရခြင်းမှ ကယ်တင်ခြင်းခံရရန် အခွင့်အရေးနှင့် မျှော်လင့်ချက် ရှိခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။ ယင်းမှာ အလှည့်အပြောင်းတစ်ခု မဟုတ်လော။ လူတို့၏ မျှော်လင့်ချက် ရောက်ရှိလာခဲ့ပြီ၊ ၎င်းတို့သည် အရုဏ်ဦးကို မြင်တွေ့ရပြီး ကယ်တင်ခြင်းခံရကာ ရှင်သန်ရန် မျှော်လင့်ချက် ရှိကြသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖျက်ဆီးပြီး အပြစ်ဒဏ်ပေးသောအခါ ၎င်းတို့သည် ပျက်စီးခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းကို ရှောင်ရှားနိုင်သည်။ သို့ဆိုလျှင် ရှင်သန်နိုင်သော ထိုသို့သော လူသားမျိုးနွယ်အတွက် ခရစ်တော်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် ကောင်းသောအရာများလော သို့မဟုတ် ဆိုးသောအရာများလော။ (ကောင်းသောအရာများ ဖြစ်ပါသည်။) ယင်းတို့သည် ကောင်းသောအရာများ ဖြစ်သည်။ အန္တိခရစ်များက ထိုသို့သော ခရစ်တော်၊ ထိုသို့သော သာမန်လူတစ်ဦးအပေါ် ဤမျှလောက် ရန်လိုပြီး စက်ဆုပ်ရွံရှာခြင်းမှာ ၎င်းတို့၏ အနှစ်သာရက ဆုံးဖြတ်ခြင်းကြောင့် ဖြစ်သည်။

လူ့ဇာတိခံ ဘုရားသခင်ကို ၎င်းတို့ ဆက်ဆံရာတွင် အန္တိခရစ်များ၏ နောက်ထပ် သရုပ်သကန်တစ်ခု ရှိသေးသည်၊ ၎င်းတို့က “ခရစ်တော်သည် သာမန်လူတစ်ဦးဖြစ်သည်ကို မြင်လိုက်ရသည့်အခါမှာပင် ကျွန်ုပ်စိတ်ထဲ၌ အယူအဆများ ဖြစ်ပေါ်လာသည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုသည်မှာ ဘုရား၏ ဖော်ပြချက်တစ်ခုဖြစ်သည်၊ ယင်းသည် သမ္မာတရားဖြစ်ပြီး ကျွန်ုပ် ဝန်ခံသည်။ ကျွန်ုပ်တွင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်တစ်အုပ် ရှိပြီး ယင်းနှင့်ပင် လုံလောက်ပြီဖြစ်သည်။ ကျွန်ုပ် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံရန် မလိုအပ်ပေ။ အကယ်၍ ကျွန်ုပ်၌ အယူအဆများ၊ အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်း ရှိပါက ဘုရား၏ နှုတ်ကပတ်တော်ကို ဖတ်ရုံမျှဖြင့် ယင်းတို့ကို ဖြေရှင်းနိုင်သည်။ လူ့ဇာတိခံ ဘုရားနှင့် ထိတွေ့ဆက်ဆံပါက အယူအဆများ ဖြစ်ပေါ်ရန် လွယ်ကူပြီး ဤသည်မှာ ကျွန်ုပ် အလွန် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေကြောင်း ပြသလိမ့်မည်။ အကယ်၍ ကျွန်ုပ်သည် ဘုရား၏ ပြစ်တင်ရှုတ်ချခြင်းကို မတော်တဆ ခံရမည်ဆိုလျှင် ကျွန်ုပ်၌ ကယ်တင်ခြင်း မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်ဘာသာ ဘုရား၏ နှုတ်ကပတ်တော်ကို ဖတ်နေခြင်းက ပိုကောင်းသည်။ လူတို့ကို ကယ်တင်နိုင်သူမှာ ကောင်းကင်ဘုံ၌ရှိသော ဘုရားသာလျှင်ဖြစ်သည်” ဟု ဆိုကြသည်။ ဘုရားသခင်၏ မျက်မှောက်ခေတ် နှုတ်ကပတ်တော်များ၊ မိတ်သဟာယဖွဲ့ခြင်း၊ အထူးသဖြင့် အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ဖော်ထုတ်သည့် ထိုနှုတ်ကပတ်တော်များမှာ အန္တိခရစ်များ၏ စိတ်နှလုံးကို အများဆုံး နာကျင်စေကာ ၎င်းတို့အတွက် စိတ်ဆင်းရဲဖွယ် အကောင်းဆုံး ဖြစ်သည်။ ဤအရာများသည် အန္တိခရစ်များ ဖတ်ရှုရန် မလိုလားဆုံးသော နှုတ်ကပတ်တော်များ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ကမ္ဘာမြေကြီးမှ မကြာမီ ထွက်ခွာသွားရန်ကို အန္တိခရစ်များက မိမိတို့၏ စိတ်နှလုံးထဲ၌ ဆန္ဒရှိကြသည်၊ ဤသို့ဖြင့် ၎င်းတို့သည် ကမ္ဘာမြေပေါ်၌ မိမိတို့၏ ကိုယ်ပိုင်အာဏာစက်ဖြင့် အုပ်စိုးနိုင်ကြမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိ၊ ဤသာမန်လူသည် ၎င်းတို့အတွက် မလိုလားအပ်သောသူ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် ဤသို့ ဆင်ခြင်သုံးသပ်ကြသည်၊ “ခရစ်တော်၏ တရားဒေသနာများကို နားမထောင်မီက ကျွန်ုပ် အရာရာကို နားလည်ပြီး ကဏ္ဍအားလုံး၌ အဆင်ပြေသည်ဟု ခံစားခဲ့ရသည်၊ သို့သော် ခရစ်တော်၏ တရားဒေသနာများကို နားထောင်ပြီးသည့်နောက်၌မူ မတူတော့ပေ။ ယခု ကျွန်ုပ်၌ မည်သည့်အရာမျှ မရှိသကဲ့သို့ ခံစားရသည်၊ ကျွန်ုပ် အလွန် အရေးမပါသည့်အပြင် သနားစရာကောင်းသည်ဟု ခံစားရသည်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ဖော်ထုတ်နေခြင်း မဟုတ်ဘဲ အခြားသူများကို ဖော်ထုတ်နေခြင်းဖြစ်သည်ဟု ၎င်းတို့က ဆုံးဖြတ်ကြပြီး ခရစ်တော်၏ တရားဒေသနာများကို နားထောင်ရန် မလိုအပ်ဟုလည်းကောင်း၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို ဖတ်ရှုခြင်းသည် လုံလောက်သည်ဟုလည်းကောင်း ထင်ကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးထဲ၌ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ ဘုရားသခင် လူ့ဇာတိခံယူခြင်းဟူသော အချက်ကို ငြင်းပယ်ရန်၊ ခရစ်တော်က သမ္မာတရားကို ဖော်ပြသည်ဟူသော အချက်ကို ငြင်းပယ်ရန်ဖြစ်ပြီး ဤနည်းလမ်းဖြင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်လက်ခံခြင်းအားဖြင့် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိလာမည်ဖြစ်ကာ ၎င်းတို့သည် အသင်းတော်၌ ဘုရင်များအဖြစ် စိုးစံနိုင်မည်ဖြစ်ပြီး ထိုသို့ဖြင့် ဘုရားသခင်ကို ယုံကြည်ရာ၌ ၎င်းတို့၏ ကနဦးရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟု တွေးထင်ကြသည်။ အန္တိခရစ်များ၌ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းဟူသော မွေးရာပါ သဘာဝတစ်ခု ရှိသည်၊ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့် မီးနှင့်ရေကဲ့သို့ ဆန့်ကျင်ဖီလာဖြစ်ကာ ထာဝရ သဟဇာတမဖြစ်နိုင်ကြပေ။ ၎င်းတို့သည် ခရစ်တော် တည်ရှိနေသည့် နေ့ရက်တိုင်းသည် ၎င်းတို့ ပေါလွင်ရန် ခက်ခဲမည့်နေ့ရက်ဖြစ်ပြီး ၎င်းတို့သည် ပြစ်တင်ရှုတ်ချခြင်း၊ ဖယ်ရှားရှင်းလင်းခြင်း၊ ဖျက်ဆီးခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း ခံရမည့်အန္တရာယ်၌ ရှိနေသည်ဟု ၎င်းတို့ ထင်ကြသည်။ ခရစ်တော်က စကားမပြောဘဲ အလုပ်မလုပ်သရွေ့၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများက ခရစ်တော်ကို မျှော်ကိုးခြင်း မရှိသရွေ့ အန္တိခရစ်များက အခွင့်သာကြလေသည်။ ၎င်းတို့၌ မိမိတို့၏ စွမ်းဆောင်နိုင်မှုများကို ပြသရန် အခွင့်အရေးတစ်ခု ရှိသည်။ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် လူအုပ်ကြီးသည် ၎င်းတို့ဘက်သို့ ဘက်ပြောင်းသွားကြမည်ဖြစ်ပြီး အန္တိခရစ်များသည် ဘုရင်များအဖြစ် စိုးစံနိုင်ကြသည်။ အန္တိခရစ်များ၏ သဘာဝအနှစ်သာရမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ခရစ်တော်ကို မုန်းတီးခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သူက ပို၍ ပါရမီရှိသည် သို့မဟုတ် မည်သူက ပို၍ စွမ်းဆောင်နိုင်သည်ကို ခရစ်တော်နှင့် ယှဉ်ပြိုင်ကြသည်၊ ၎င်းတို့သည် မည်သူ၏ စကားများက ပို၍ တန်ခိုးရှိပြီး မည်သူ၏ စွမ်းဆောင်နိုင်မှုများက ပို၍ ကြီးမြတ်သည်ကို ခရစ်တော်နှင့် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့သည် ခရစ်တော်ပြုသည့်အရာနှင့် ထပ်တူကျသောအရာကို လုပ်ဆောင်နေကြသဖြင့် ၎င်းတို့နှင့် ကိုယ်တော်သည် လူသားများပင် ဖြစ်လင့်ကစား ခရစ်တော်၏ စွမ်းဆောင်နိုင်မှုများနှင့် ပညာဗဟုသုတသည် သာမန်လူတစ်ဦးထက် မပိုကြောင်း အခြားသူများကို မြင်တွေ့စေရန် ကြိုးစားကြသည်။ အန္တိခရစ်များသည် အရာရာ၌ ခရစ်တော်နှင့် ယှဉ်ပြိုင်ကြပြီး မည်သူက ပိုသာသည်ကို ပြိုင်ဆိုင်ကာ ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း၊ ကိုယ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ကြောင်းနှင့် ကိုယ်တော်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်ကြောင်းဟူသော အချက်ကို ရှုထောင့်တိုင်းမှ ငြင်းပယ်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် ခရစ်တော်ကို ဘုရားသခင် ရွေးချယ်ထားသောလူများအကြား၌ အာဏာကိုင်စွဲခြင်းမှ တားဆီးရန်၊ ခရစ်တော်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ ရွေးချယ်ထားသောလူများအကြား၌ ဖြန့်ချိခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်းမှ တားဆီးရန်နှင့် ခရစ်တော် ပြုလုပ်သောအမှုအရာများ၊ လူတို့အပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့် မျှော်လင့်ချက်များကိုပင် ဘုရားသခင် ရွေးချယ်ထားသောသူများအကြား၌ အကောင်အထည်ပေါ်ခြင်းမှ တားဆီးရန်အတွက် ကဏ္ဍတိုင်း၌ နည်းလမ်းအမျိုးမျိုးကိုလည်း စဉ်းစားကြသည်။ ခရစ်တော် ရှိနေသောအခါ ၎င်းတို့သည် နှာခေါင်းရှုံ့ခြင်းခံရပြီး အသင်းတော်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရကာ မှောင်မိုက်သော ချောင်တစ်ချောင်တွင် ထားရှိခံရသော လူတစ်စုအလားပင် ဖြစ်လေသည်။ အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များတွင် ငါတို့ မြင်တွေ့နိုင်သည်မှာ အနှစ်သာရနှင့် စိတ်သဘောထားအရ ၎င်းတို့ကို ခရစ်တော်နှင့် သင့်မြတ်အောင် ပြုလုပ်၍မရနိုင်ပေ၊ ၎င်းတို့သည် ကိုယ်တော်နှင့် ကောင်းကင်တစ်ခုတည်းအောက်၌ အတူယှဉ်တွဲ မနေနိုင်ချေ။ အန္တိခရစ်များသည် မွေးကတည်းက ဘုရားသခင်ကို ရန်လိုခဲ့ကြသည်၊ ၎င်းတို့သည် ခရစ်တော်ကို အတိုက်အခံလုပ်ရန်အတွက် သီးသန့် ပေါ်ထွက်လာခြင်းဖြစ်ပြီး ၎င်းတို့သည် ခရစ်တော်ကို အနိုင်ယူပြီး ချေမှုန်းလိုကြသည်။ ၎င်းတို့သည် ခရစ်တော် ပြုလုပ်သောအလုပ်အားလုံး အချည်းနှီးဖြစ်ပြီး မည်သည့်အရာမျှ မဖြစ်မြောက်စေလိုကြ၊ သို့မှသာ အဆုံးတွင် ခရစ်တော်သည် လူများစွာကို မရရှိဘဲ ကိုယ်တော် မည်သည့်နေရာ၌ အလုပ်လုပ်သည်ဖြစ်စေ ရလဒ်မရရှိဘဲ ဖြစ်ပေလိမ့်မည်။ သို့မှသာ အန္တိခရစ်များ ပျော်ရွှင်ကြလိမ့်မည်။ အကယ်၍ ခရစ်တော်က သမ္မာတရားများကို ဖော်ပြပြီး လူတို့သည် ယင်းတို့အတွက် ဆာငတ်ကြလျှင်၊ ယင်းတို့ကို ရှာဖွေကြလျှင်၊ ဝမ်းမြောက်စွာ လက်ခံကြလျှင်၊ ခရစ်တော်အတွက် မိမိတို့ကိုယ်ကို အသုံးခံလိုစိတ် ရှိကြလျှင်၊ အရာရာတိုင်းကို စွန့်လွှတ်လိုပြီး ခရစ်တော်၏ ဧဝံဂေလိတရားကို ဖြန့်ချိလိုလျှင် အန္တိခရစ်များသည် စိတ်ဓာတ်ကျလာပြီး နက်ဖြန်အတွက် မျှော်လင့်ချက် မရှိတော့ဟုလည်းကောင်း၊ ငရဲသို့ ပစ်ချခံရဘိသကဲ့သို့ ၎င်းတို့ ပေါ်လွင်ရန် အခွင့်အရေး မည်သည့်အခါမျှ ရှိတော့မည် မဟုတ်ဟုလည်းကောင်း ခံစားကြရသည်။ အန္တိခရစ်များ၏ ဤသရုပ်သကန်များကို ကြည့်လျှင် ဘုရားသခင်ကို တိုက်ခိုက်ပြီး ကိုယ်တော့်ကို ရန်လိုစိတ်ဖြင့် သဘောထားသည့် ၎င်းတို့၏ ဤအနှစ်သာရကို အခြားတစ်စုံတစ်ဦးက ၎င်းတို့အထဲသို့ သွတ်သွင်းပေးခဲ့ခြင်းလော။ လုံးဝ မဟုတ်ပေ၊ ၎င်းတို့သည် ယင်းနှင့်အတူ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များသည် မွေးကတည်းက နတ်ဆိုး၏ ပြန်လည်ဝင်စားခြင်း၊ ကမ္ဘာမြေသို့ ရောက်လာသော နတ်ဆိုးဖြစ်သည့် လူအမျိုးအစားတစ်ရပ် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံနိုင်မည်မဟုတ်ဘဲ ခရစ်တော်ကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်၊ ခရစ်တော်ကို မည်သည့်အခါမျှ ချီးမြှောက်မည်မဟုတ်၊ သို့မဟုတ် ခရစ်တော်ကို မည်သည့်အခါမျှ သက်သေခံမည် မဟုတ်ပေ။ အပေါ်ယံအားဖြင့် ၎င်းတို့ ခရစ်တော်ကို လူသိရှင်ကြား တရားစီရင်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း ပြုသည်ကို သင် မြင်တွေ့ရမည်မဟုတ်သော်လည်း ၎င်းတို့သည် လိုက်လျောညီထွေစွာ အားထုတ်မှုအချို့ကို ပြုလုပ်ပြီး အဖိုးအခကို ပေးဆပ်နိုင်သော်လည်း ၎င်းတို့၌ အခွင့်အရေးတစ်ခု ရရှိသည်နှင့်တစ်ပြိုင်နက် အချိန်ကျသောအခါ အန္တိခရစ်များ၏ ဘုရားသခင်နှင့် သင့်မြတ်အောင် ပြုလုပ်၍မရနိုင်ခြင်းသည် ပေါ်လာလိမ့်မည်။ အန္တိခရစ်များ ဘုရားသခင်ကို တိုက်ခိုက်ပြီး လွတ်လပ်သော နိုင်ငံတော်တစ်ခုကို တည်ထောင်သည်ဟူသော အချက်သည် လူသိရှင်ကြား ဖြစ်လာလိမ့်မည်။ ဤအရာအားလုံးသည် အန္တိခရစ်များ ရှိသောနေရာများ၌ ယခင်က ဖြစ်ပျက်ခဲ့ပြီးဖြစ်ကာ ဘုရားသခင် နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအလုပ်ကို ပြုလုပ်သည့် ဤနှစ်များတွင် အထူးသဖြင့် မကြာခဏ ဖြစ်ပွားခဲ့သည်၊ လူများစွာသည် ယင်းတို့ကို တွေ့ကြုံပြီး မျက်စိဖြင့်တပ်အပ်မြင်ခဲ့ကြပြီးဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၇ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။