အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၆) အခန်း လေး
၄) ကမ္ဘာမြေကြီးကို ဘုရားသခင် စွန့်ခွာသွားမည့်အချိန်နှင့် ကြီးမြတ်သော သူ့အမှုတော် ပြီးမြောက်မည့်အချိန်တို့နှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်း
စတုတ္ထအချက်မှာ အန္တိခရစ်တို့သည် ကမ္ဘာမြေကြီးကို ဘုရားသခင် စွန့်ခွာသွားမည့်အချိန်နှင့် ကြီးမြတ်သော သူ့အမှုတော် ပြီးမြောက်မည့်အချိန်တို့နှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုကြသည် ဟူ၍ဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် များများစားစား မပါရှိပေ။ ဤကန့်သတ်ထားသော နှုတ်ကပတ်တော်များထဲတွင် အကယ်၍ အကြောင်းအရာသည် လူတို့အတွက် အထူးပင် အရေးထားသော ခေါင်းစဉ်တစ်ခုဖြစ်ပါက ဤနှုတ်ကပတ်တော်များသည် မည်မျှ ထင်ပေါ်ခြင်း မရှိသည်ဖြစ်စေ၊ မည်မျှ ဖုံးကွယ်ထားသည်ဖြစ်စေ ၎င်းတို့က တွေ့အောင်ရှာကြလိမ့်မည်။ ၎င်းတို့ကို တွေ့ရှိပြီးနောက်တွင် ဖတ်ရှုရန် အရေးကြီးသော နှုတ်ကပတ်တော်များအဖြစ် သဘောထားပြုမူလျက် ယင်းတို့ကို ဘောပင်ဖြင့် မှတ်သားထားကြသည်။ အခွင့်အရေး ရသည့်အခါတိုင်း မိမိတို့ကိုယ်ကို သတိပေးရန်နှင့် နှစ်သိမ့်ရန် ဤနှုတ်ကပတ်တော်များကို ၎င်းတို့က မျှဝေပြီး ဖတ်ရှုကြသည်။ အမှန်ပင်၊ အန္တိခရစ်တို့အတွက်မူ ၎င်းတို့၏ ပိုကြီးမားသော စိတ်ဝင်စားမှုမှာ ဘုရားသခင်သည် ကမ္ဘာမြေကြီးကို မည်သည့်အချိန်တွင် စွန့်ခွာမည်ကိုဖြစ်စေ၊ သူ၏ ကြီးမြတ်သော အမှုတော်သည် မည်သည့်အချိန်တွင် ပြီးမြောက်မည်ကိုဖြစ်စေ မဟုတ်ဘဲ ဤနှုတ်ကပတ်တော်များ၏ နောက်ကွယ်တွင် ဘုရားသခင်က ဖြစ်မြောက်အောင်မြင်စေရန် ရည်ရွယ်သည့် အဖြစ်မှန်များကို ပို၍ အလေးထားကြသည်။ အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမျှော်လင့်ဆုံးအရာမှာ ၎င်းတို့၏ သက်တမ်းအတွင်း ဘုရားသခင် ကမ္ဘာမြေကြီးကို စွန့်ခွာသည့် ခမ်းနားကြီးကျယ်သောမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ လိုက်လျှောက်ခဲ့သော ဘုရားသခင်သည် မှန်ကန်သောသူ ဖြစ်ကြောင်း၊ ၎င်းတို့သည် မှားယွင်းသော ဘုရားတစ်ပါးကို မရွေးချယ်ခဲ့ကြောင်းဖြစ်စေ၊ လိုက်လျှောက်ရန်ပုဂ္ဂိုလ်ကို အရွေးမှားခဲ့ခြင်း မဟုတ်ကြောင်းဖြစ်စေ ဆိုလိုပေမည်။ ဤအရာများ အတည်ပြုပြီးသည်နှင့်အမျှ ၎င်းတို့သည် ကောင်းချီးခံစားရမည့် အခွင့်အလမ်းများ ကြီးမားစွာ တိုးပွားလာသည်ဟု ယုံကြည်ကြသည်။ ထို့အပြင် အကယ်၍ ၎င်းတို့သည် မိမိတို့၏ သက်တမ်းအတွင်း ဘုရားသခင် ကမ္ဘာမြေကြီးကို စွန့်ခွာသည့် မြင်ကွင်းနှင့် ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်သည့် မြင်ကွင်းကို မျက်မြင်တွေ့နိုင်ပါက ယင်းမှာ ၎င်းတို့၏ ယုံကြည်ခြင်းသည် သာ၍ပင် ခိုင်မာလာမည်ဖြစ်ပြီး မည်သည့်ဒွိဟမျှမရှိဘဲ ဘုရားသခင်နောက် လိုက်ကြမည်ကို ဆိုလိုသည်။ ဤမြင်ကွင်းကို မြင်ခြင်းသည် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ ယခင် ဒွိဟများနှင့် နားမလည်နိုင်ခြင်းအပြင် အခြားသူများထံမှ ၎င်းတို့ ရင်ဆိုင်ခဲ့ရသော အသရေဖျက်ခြင်းများ၊ ဝေဖန်ခြင်းများနှင့် ငြင်းပယ်ခြင်းများအားလုံးသည် ၎င်းတို့ကို နောက်ထပ် ဘောင်မခတ်တော့ဘဲ ရှိသွားမည်ကို ဆိုလိုပေမည်။ တစ်ဖက်တွင် အန္တိခရစ်တို့သည် ဤနေ့ရက် ရောက်ရှိလာခြင်းကို စောင့်မျှော်နေကြပြီး အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် လက်ရှိ လုပ်ဆောင်နေသည့်အရာကိုလည်းကောင်း၊ သူ၏အမှုတော်သည် ပြီးစီးလုနီးပါး ဖြစ်နေခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ သူပြောရန်လိုအပ်သော နှုတ်ကပတ်တော်များသည် ပြီးဆုံးလုနီးပါး ဖြစ်နေခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ သူ့နောက် လိုက်လျှောက်နေသော လူများတွင် စစ်မှန်သော သစ္စာစောင့်သိမှု ရှိမရှိဟူသည်ကိုလည်းကောင်း၊ ၎င်းတို့သည် စုံလင်အောင်ပြုခြင်း ခံပြီးခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း စောင့်ကြည့်နေကြသည်။ ယခု ခရစ်တော်နောက် လိုက်လျှောက်နေသော လူများကို စောင့်ကြည့်လေ့လာရာတွင် အန္တိခရစ်တို့သည် လူအများစုတွင် ယုံကြည်ခြင်း အားနည်းကြောင်း၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် မကြာခဏ အမှားများလုပ်ကြောင်းနှင့် များစွာသောသူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခဲ့သောကြောင့် မကြာခဏ ပြုပြင်ခြင်းခံရကြောင်း သတိပြုမိကြသည်။ အချို့ဆိုလျှင် ဘီအုပ်စုများသို့ ပို့ခြင်းခံရသည်၊ သီးသန့်ခွဲထားခြင်း ခံရသည် သို့မဟုတ် နှင်ထုတ်ခြင်းပင် ခံရသည်။ ဤလက္ခဏာများမှ ၎င်းတို့က “ဘုရား၏ ကြီးမြတ်သောအမှုတော် ပြီးမြောက်မည့်နေ့သည် အလှမ်းဝေးနေသေးပုံရသည်၊ ယင်းမှာ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှပေသည်။ သို့သော် စိတ်မရှည်ခြင်းဖြင့် လူတစ်ဦးသည် မည်သည့်အရာကို လုပ်နိုင်မည်နည်း။ မည်သည့်ပြဿနာကို ဖြေရှင်းနိုင်မည်နည်း” ဟု ခံစားရသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်သောကြောင့်၊ သမ္မာတရားကို လက်မခံသောကြောင့်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောကြောင့်၊ ပြီးလျှင် သမ္မာတရားကို နားမလည်သောကြောင့် ဘုရားသခင်၏အမှုက လူတို့အပေါ် သက်ရောက်သည့်အကျိုးသည် ပုံမှန်ဟုတ်မဟုတ်ကို ၎င်းတို့ အကဲမဖြတ်နိုင်ပေ။ ဘုရားသခင်က လူတို့အပေါ် လုပ်ဆောင်ခဲ့သည့်အရာသည် အမှန်တကယ် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရရှိပြီးပြီ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့ကို အမှန်တကယ် ကယ်တင်ပြီး ပြောင်းလဲစေနိုင်ခြင်း ရှိမရှိကိုဖြစ်စေ၊ လူတို့သည် ဤနှုတ်ကပတ်တော်များကို လက်ခံနေစဉ်တွင် ပြောင်းလဲမှု ကြုံတွေ့ပြီးပြီ ဟုတ်မဟုတ်ကိုဖြစ်စေ၊ အမှန်တကယ် တစ်စုံတစ်ရာ ရရှိပြီးပြီ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို လက်ခံရရှိပြီးပြီ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ဤလူတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပြီး ကောင်းချီးမင်္ဂလာများကို လက်ခံရရှိနိုင်ခြင်း ရှိမရှိကိုဖြစ်စေ ၎င်းတို့ နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ ပြီးလျှင် ၎င်းတို့ မျက်စိဖြင့် သတိပြုမိသော အဖြစ်မှန်များကို ၎င်းတို့ နားမလည်နိုင်သကဲ့သို့ ရှင်းလင်းမပြနိုင်ပေ။ ၎င်းတို့ မြင်တွေ့ရသော ဖြစ်ရပ်တိုင်း၊ ၎င်းတို့၏ စိတ်ထဲတွင် တွေးထင်သော ဖြစ်ရပ်တိုင်းသည် ပပျောက်အောင်လုပ်၍မရနိုင်ဘဲ ရှုပ်ထွေးနေသည်။ “ဤကိစ္စရပ်အားလုံးသည် သဘောပေါက်ဖို့မလွယ်သည့်အပြင် ထိုးထွင်းသိမြင်ရန် ခက်ခဲကာ နားလည်သဘောပေါက်ရန် ခက်ခဲသည်။ ဘုရား ကမ္ဘာမြေကြီးကို စွန့်ခွာသည့် ဖြစ်ရပ်များနှင့် ဘုရား၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ခြင်းသည် အမှန်တကယ် တည်ရှိသလော။ ယင်းတို့သည် အမှန်တကယ် ဖြစ်လာနိုင်သလော” ဟူ၍ ဖြစ်သည်။ တစ်ဖက်တွင် အန္တိခရစ်တို့သည် ၎င်းတို့လိုက်လျှောက်သော ဘုရားသည် ဘုရားဖြစ်သည်ဟု ဇွတ်အတင်း ယုံကြည်ကြသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းတို့က “သူသည် ဘုရားလော။ သူသည် လူတစ်ဦးသာဖြစ်သည် မဟုတ်လော။ ဤသို့ တွေးထင်ခြင်းသည် မကောင်းပေ။ လူအများစုက သူသည် ဘုရားဖြစ်သည်ဟု ယုံကြည်ကြသည်၊ ထို့ကြောင့် ငါလည်း ယုံကြည်သင့်သည်။ သို့သော် မဟုတ်သေးပါ၊ ယင်းကို ယုံကြည်ရန် ငါ အားမထုတ်နိုင်ပါတကား။ သူသည် ဘုရားဖြစ်ကြောင်းကို ငါ အဘယ်နေရာတွင် မြင်နိုင်မည်နည်း။ သူသည် ဘုရား၏ ကြီးမြတ်သော အမှုတော်ကို ပြီးမြောက်စေနိုင်သလော။ သူသည် ဘုရား၏အမှုကို လုပ်ဆောင်နိုင်သလော။ သူသည် ဘုရားကို ကိုယ်စားပြုနိုင်သလော။ သူသည် ဘုရား၏ အစီအစဉ်ကို ပြီးမြောက်စေနိုင်သလော။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်နိုင်သလော။ သူသည် လူတို့ကို လှပသော ပန်းတိုင်တစ်ခုသို့ ပို့ဆောင်နိုင်သလော” ဟု သံသယမထားဘဲ မနေနိုင်ကြပေ။ ဤအတွေးအခေါ်များအားလုံးနှင့် ယင်းတို့ကဲ့သို့သော နောက်ထပ်အတွေးအခေါ်များသည် အန္တိခရစ်တို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ဖြေရှင်း၍မရနိုင်သော၊ ချိုးဖျက်၍မရနိုင်သော အစိုင်အခဲများ ဖြစ်လာသည်။ ၎င်းတို့က “ငါ မည်သည့်အရာကို လုပ်သင့်သနည်း။ အမြင့်မားဆုံးသော စည်းမျဉ်းတစ်ခု ရှိနေသေးသည်၊ စောင့်ဆိုင်းပြီး ကြံ့ကြံ့ခံရှိလော့၊ အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်း ခံရလိမ့်မည်။ ငါသည် သမ္မာတရားကို မလိုက်စားသော်လည်း ငါ့တွင် ကိုယ့်စည်းမျဉ်းနှင့်ကိုယ် ရှိသည်။ အခြားသူများ မထွက်ခွာလျှင် ငါလည်း မထွက်ခွာ။ အခြားသူများ နောက်လိုက်လျှင် ငါလည်း နောက်လိုက်မည်။ ငါသည် လူအများနောက်လိုက်မည်။ လူတိုင်းက သူသည် ဘုရားဖြစ်သည်ဟု ဆိုလျှင် ငါလည်း သူ့ကို ဘုရားဟု ခေါ်မည်။ လူတိုင်းက ယုံကြည်ခြင်းကို ရပ်ပြီး ဘုရားကို ငြင်းပယ်လျှင် ငါလည်း ထိုအတိုင်း လိုက်လုပ်မည်။ လူအများစုက ပြစ်မှုကျူးလွန်သူများဖြစ်လျှင် မည်သို့များ ဥပဒေကို အာဏာတည်စေနိုင်တော့မည်နည်း” ဟု တွေးထင်ကြသည်။ ဘုရားသခင်၏အမှုတော် ပျံ့နှံ့ခြင်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေသည်ကို ၎င်းတို့ မြင်တွေ့သောအခါ ၎င်းတို့သည် စိတ်ထဲ၌ တိတ်တဆိတ် ဝမ်းမြောက်ကြသည်။ “ငါ သံသယ အဝင်ဆုံးနှင့် အားအနည်းဆုံးဖြစ်ချိန်တွင် မထွက်ခွာခဲ့သည်မှာ ကံကောင်း၏။ ငါ၏ ယုံကြည်ခြင်းက ယခု မည်သည့်အရာကို ဆောင်ကြဉ်းပေးခဲ့သည်ကို ကြည့်လော့။ ထိုနေ့ရက်သည် နီးကပ်လာပြီဖြစ်ပြီး ပို၍ပို၍ များပြားသောလူများသည် ဘုရားနောက်လိုက်နေကြသည်။ အထူးသဖြင့် ပင်လယ်ရပ်ခြားတွင် အမျိုးမျိုးသော နိုင်ငံများမှ လူတို့သည် မှန်သောလမ်းခရီးကို စူးစမ်းရှာဖွေနေကြပြီး ယုံကြည်သူအရေအတွက်မှာ တိုးပွားလျက်ရှိသည်။ ဘုရားအိမ်တော်သည် ပို၍ပို၍ များပြားသော ဗီဒီယိုများ၊ ရုပ်ရှင်များ၊ ဓမ္မသီချင်းများနှင့် သက်သေခံချက်များကို ထုတ်လုပ်လျက်ရှိပြီး ပို၍ အာရုံစိုက်မှုကို ဆွဲဆောင်လျက်ရှိသည်။ ထိုသို့သော အကျိုးရလဒ်များကို မည်သည့်လူသားကမျှ မစွမ်းဆောင်နိုင်ပေ၊ ဘုရား၏ အမှုတော်ကသာ ယင်းကို ဖြစ်မြောက်စေနိုင်သည်။ ဤသာမန်လူသည် ခရစ်တော်၊ ဘုရား ဖြစ်ဖို့ သေချာသလောက်ပင်။ သူသည် ခရစ်တော် ဖြစ်သောကြောင့်၊ ဘုရားဖြစ်သောကြောင့် သူ၏ နှုတ်ကပတ်တော်များသည် သေချာပေါက် အမှန်ဖြစ်လာပေမည်။ သူ၏ နှုတ်ကပတ်တော်များ အမှန်မဖြစ်လာလျှင် သူသည် ဘုရားမဟုတ်ပေ။ ယုတ္တိရှိသော ကျိုးကြောင်းဆင်ခြင်မှုအရ ဤကောက်ချက်သည် သဘာဝကျသည်၊ မှန်ကန်သည်။ အကယ်၍ သူသည် ဘုရားဖြစ်လျှင် သူ ကမ္ဘာမြေကြီးကို စွန့်ခွာမည့်နေ့တစ်နေ့ ရှိလိမ့်မည်၊ အကယ်၍ သူသည် ဘုရားဖြစ်လျှင် သူ၏ ကြီးမြတ်သော အမှုတော်ကို ပြီးမြောက်စေနိုင်သည်။ ဤနိမိတ်လက္ခဏာအားလုံးကို အကဲဖြတ်ကြည့်လျှင် ဘုရားနောက်လိုက်နေသော အသင်းတော်ရှိ လူတို့သည် အပြုသဘောဆောင်သော လားရာတစ်ခုသို့၊ ကောင်းမွန်သော ပန်းတိုင်တစ်ခုသို့ ရွေ့လျားနေကြသည်။ အရာရာတိုင်းသည် အတော်ပင် စံပြဖြစ်သည်၊ အားလုံးသည် အလွန်ပင် အပြုသဘောဆောင်သည်။ ဤသည်မှာ လောကီရေစီးကြောင်းများနောက် လိုက်ခြင်းထက် ပိုကောင်းသည်၊ ထိုအရာများကို လိုက်စားခြင်း၌ မျှော်လင့်ချက်မရှိ၊ မတရားဆက်ဆံခံရခြင်းကိုသာ ဖြစ်စေပြီး နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ရောက်စေသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားကို ယုံကြည်ပြီး ဘုရား ကမ္ဘာမြေကြီးကို စွန့်ခွာသည့်နေ့နှင့် ဘုရား၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်သည်ကို သက်သေခံနိုင်ကာ ဘုရား၏ ဘုန်းအသရေကို မျှဝေခံစားနိုင်လျှင် ယင်းသည် အလွန်ပင် ဂုဏ်ယူဖွယ်ရာ ဖြစ်လိုက်မည့်ဖြစ်ခြင်း” ဟူ၍ ဖြစ်လေသည်။ ဤအကြောင်းကို တွေးမိသောအခါ ၎င်းတို့က “ငါသည် အဘယ်သို့များ ဤမျှ ဉာဏ်ကောင်းရသနည်း။ ငါသည် ဤလမ်းခရီးကို ရွေးချယ်ခဲ့သည်၊ ငါသည် ဉာဏ်ရည်မြင့်မားပြီး အသိဉာဏ်စွမ်းအားကြီးမားသူ ဖြစ်ပုံရသည်” ဟု ခံစားရသည်။ ၎င်းတို့သည် ယင်းကို ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ဟု မမှတ်ယူဘဲ ၎င်းတို့၏ ကိုယ်ပိုင် ဉာဏ်ပညာ၊ ၎င်းတို့၏ ကိုယ်ပိုင် လိမ္မာပါးနပ်မှုကြောင့်ဟု မှတ်ယူကြသည်။ ဤသည်မှာ အလွန်ပင် ယုတ္တိမတန်သော အယူအဆတစ်ခု ပါတကား။
အန္တိခရစ်တို့က “ဘုရား ကမ္ဘာမြေကြီးကို စွန့်ခွာသည့်ကိစ္စနှင့် ဘုရား၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်သည့်ကိစ္စသည် ဘုရား၏ ကတိတော်များနှင့် ကောင်းချီးများ၊ သူ၏ ကျိန်ဆဲခြင်းများနှင့် အပြစ်ဒဏ်ပေးခြင်း၊ ကပ်ဘေးများနှင့်ပတ်သက်သော သူ၏ ပရောဖက်ပြုချက်များကဲ့သို့သော ကိစ္စရပ်များနှင့် ကွဲပြားသည်။ ဤကိစ္စကို အလျင်စလိုလုပ်၍မရ၊ ထိုနေ့ရက် ရောက်ရှိလာရန် စောင့်ဆိုင်းဖို့ လူတို့တွင် အစွမ်းကုန် ကြံ့ကြံ့ခံခြင်းနှင့် အမြင့်ဆုံး စိတ်ရှည်ခြင်း ရှိရန်လိုအပ်သည်။ အကြောင်းမှာ ထိုနေ့ရက် ရောက်ရှိလာသောအခါ အရာရာတိုင်း ပြီးမြောက်လိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်။ အကယ်၍ ငါသည် ယခု ကြံ့ကြံ့မခံနိုင်လျှင်၊ အထီးကျန်ခြင်းကို မခံနိုင်လျှင်၊ ဤဆင်းရဲဒုက္ခကို သည်းမခံနိုင်လျှင် ထိုနေ့ရက် ရောက်လာသောအခါ ငါသည် ချန်ထားခံရမည်ဖြစ်သည်။ ယခုမှာ နောက်ဆုံးအဆင့် ဖြစ်သည်၊ များစွာသော ဆင်းရဲဒုက္ခကို ခံစားပြီးနောက်တွင် အနည်းငယ်မျှ ထပ်မံ၍ ကြံ့ကြံ့မခံလျှင် ငါသည် လူမိုက်တစ်ဦး ဖြစ်ပေလိမ့်မည်” ဟု တွေးထင်ကြသည်။ သို့ဖြစ်၍ အန္တိခရစ်တို့အတွက် ထိုနေ့ရက် ရောက်ရှိလာသည်ကို မြင်တွေ့ရန် နည်းလမ်းတစ်ခုတည်းသာ ရှိသည်။ ယင်းမှာ နာခံစွာနှင့် စိတ်ရှည်စွာ စောင့်ဆိုင်းရန်၊ အလျင်စလိုမလုပ်ရန်နှင့် ကြံ့ကြံ့ခံတတ်ရန် သင်ယူဖို့ ဖြစ်သည်။ ၎င်းတို့က “ငါသည် လောင်းကစားလုပ်ရန် ရွေးချယ်ခဲ့ပြီး ဖြစ်သောကြောင့် ကြံ့ကြံ့ခံတတ်ရန် သင်ယူသင့်သည်၊ အကြောင်းမှာ ဤကြံ့ကြံ့ခံခြင်းသည် သေးငယ်သော ကိစ္စရပ်တစ်ခု မဟုတ်သောကြောင့် ဖြစ်သည်။ အကယ်၍ ငါသည် အဆုံးတိုင်အောင် ကြံ့ကြံ့ခံလျှင် ဤကိစ္စရပ် ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် ငါရရှိမည့်အရာသည် ကြီးမားသော ကောင်းချီးတစ်ခု ဖြစ်လိမ့်မည်။ အကယ်၍ ငါသည် ဤကာလအတွင်း ကြံ့ကြံ့မခံလျှင် ကြီးမားသော ကပ်ဘေးနှင့် ရင်ဆိုင်ရလိမ့်မည်။ ဤကိစ္စသည် နည်းလမ်းနှစ်မျိုးထဲမှ တစ်ခုခု ဖြစ်သွားနိုင်သည်၊ ကြီးမားသော ကောင်းချီးကို ဆောင်ကြဉ်းခြင်း သို့မဟုတ် ကြီးမားသော ကပ်ဘေးကို ဆောင်ကြဉ်းခြင်း ဖြစ်နိုင်သည်” ဟု တွေးထင်ကြသည်။ သင်မြင်သည် မဟုတ်လော၊ အန္တိခရစ်တို့သည် မမိုက်မဲကြပေ၊ မဟုတ်ဘူးလော။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး သမ္မာတရားကို မယုံကြည်ကြပေ၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ သို့သော် ဤကိစ္စရပ်ကို ၎င်းတို့သည် ဤမျှ တိကျစွာနှင့် ဤမျှ အသေးစိတ်ကျကျ မည်သို့များ ဆန်းစစ်နိုင်ကြသနည်း။ ဤသို့သော ဆန်းစစ်မှုမျိုးသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) ငါ့ကို ပြောလော့၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဤသို့သော “အလေးအနက်ထားသော” သဘောထားမျိုး ရှိသင့်သလော။ အချို့လူများက “ဤသည်မှာ လူတစ်ဦး၏ အလားအလာနှင့် ကံကြမ္မာတို့ ပါဝင်ပတ်သက်နေပြီး ဘုရား၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ခြင်းလည်း ပါဝင်ပတ်သက်နေသည့် ကိစ္စကြီးတစ်ခု ဖြစ်သည်။ ယင်းကို ပေါ့ပေါ့ဆဆ သဘောထား၍မရပေ။ ဘုရား ကမ္ဘာမြေကြီးကို စွန့်ခွာမည့် တိကျသော ခုနှစ်နှင့် လကို လူတို့က တွက်ချက်ရမည်။ ထို့အပြင် ဘုရားနှုတ်ကပတ်တော်များတွင် သွယ်ဝိုက်ထုတ်ဖော်ထားသော ဘုရား စွန့်ခွာမည့် နည်းလမ်းနှင့် မြင်ကွင်းကိုလည်း ဆန်းစစ်ရမည်။ အကယ်၍ လူတစ်ဦးသည် ဤအရာကို အလေးအနက်မထားဘဲ စေ့စေ့စပ်စပ် မဆန်းစစ်လျှင် ထိုသို့သော ကောင်းမွန်သည့်အရာကို လွဲချော်ခြင်းသည် အဆုံးမရှိသော နောင်တကို ဖြစ်စေလိမ့်မည်၊ ထိုသို့သော ဖြစ်ရပ်မျိုးကို နောက်တစ်ကြိမ် မည်သည့်အခါမျှ မြင်တွေ့ရတော့မည် မဟုတ်ပေ။ အထူးသဖြင့် ဘုရား၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်သည့်အခါနှင့် ဘုရားသခင် ဘုန်းအသရေရရှိသည့်နေ့နှင့် အချိန်အခါ ရောက်ရှိလာသည့်အခါတွင် လူတို့သည် သာ၍ပင် သိရန်လိုအပ်သည်” ဟု ဆိုကြသည်။ ထိုအခါ တစ်စုံတစ်ဦးက “ဘုရားသခင်က မပြောလျှင် ကျွန်ုပ်တို့ မည်သို့ သိနိုင်မည်နည်း” ဟု မေးသည်။ “သို့ဆိုလျှင် ဗျာဒိတ်ကျမ်းထဲမှ ယောဟန်ကဲ့သို့ပင် သင်သည် အိပ်မက်ထဲတွင် သင့်အား ထုတ်ဖော်ပြရန် ဘုရားထံ ဆုတောင်းရမည်။ အကယ်၍ သင်သည် ရူပါရုံတစ်ခုကို လက်ခံရရှိပြီး သင်၏ အိပ်မက် သို့မဟုတ် ရူပါရုံထဲတွင် ဘုရား၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်သည့်နေ့ကို မြင်တွေ့ပါက ဤသည်မှာ သင်၏ ယုံကြည်ခြင်းကို တစ်ခဏချင်းပင် လုံးလုံးလျားလျား အားကောင်းစေလိမ့်မည်။ သင်၏ စိတ်ရှည်ခြင်း၊ သင်၏ စောင့်ဆိုင်းခြင်းသည် ပုံစံတစ်ခု သို့မဟုတ် သင်ပြုလုပ်သည့် အရာတစ်ခုမျှသာ ဖြစ်တော့မည်မဟုတ်၊ ထိုအစား သင်သည် သင်၏ စိတ်နှလုံး နက်ရှိုင်းရာမှ ဤကဲ့သို့ စိတ်လိုကိုယ်လျောက် စောင့်ဆိုင်းပြီး ကြံ့ကြံ့ခံလိမ့်မည်။ ယင်းမှာ အလွန်ကောင်းပေလိမ့်မည်” ဟု ဆိုလေသည်။ ဤချဉ်းကပ်နည်းသည် လက်ခံနိုင်ဖွယ်ရှိသလော။ (မရှိပါ။)
လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်ကို မည်မျှနှစ်ပေါင်းများစွာ လိုအပ်သည်ဖြစ်စေ၊ ဇာတိပကတိ၌ သူ၏အမှုတော် ပြီးမြောက်မည့်နေ့တစ်နေ့သည် အဆုံးတွင် ရောက်ရှိလာမည်ဖြစ်သည်။ ဤသည်မှာ ဤပုဂ္ဂိုလ်သည် နောက်ဆုံးတွင် လူသားမျိုးနွယ်ကို စွန့်ခွာသွားမည်ကို ဆိုလိုသည်၊ ယင်းမှာ အချိန်အခါသာ လိုတော့သည့်ကိစ္စ ဖြစ်သည်။ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုတော်သည် အဆုံးသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤအဆုံးသတ်သည် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်ငါးဆယ်၊ အနှစ်ရှစ်ဆယ် သို့မဟုတ် အနှစ်တစ်ရာ ကြာမြင့်မည်ဟုတ်မဟုတ်နှင့်ပတ်သက်၍မူ ငါတို့ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရန် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ပြောဆိုပုံနည်းလမ်းမျှသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ပြောဆိုပုံနည်းလမ်း ဖြစ်သည်ဟု ဆိုရာတွင် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ “အဆုံးသတ်” ဟူသော ဘုရားသခင်၏ အယူအဆသည် အမှန်တကယ် နှစ်အရေအတွက် မည်မျှဖြစ်သည်ကို ဆိုလိုသည်။ ဘုရားသခင်၏ အချိန်နှင့်ဆိုင်သော အယူအဆသည် လူတို့၏ အယူအဆနှင့် သေချာပေါက် ကွဲပြားသည်။ ယင်းမှာ အတိအကျ နှစ်မည်မျှဖြစ်သည်ကို ငါတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် အသုံးဝင်သလော။ မဝင်ပေ။ အဘယ်ကြောင့် အသုံးမဝင်သနည်း။ အကြောင်းမှာ ဤအရာအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသောကြောင့်ဖြစ်သည်၊ ယင်းမှာ လူတို့က တောင်းလျှောက်ခြင်းဖြင့် ရရှိနိုင်သောအရာ မဟုတ်သကဲ့သို့ လူတို့ သိရှိပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ကန့်သတ်ချုပ်ချယ်ရန် ၎င်းတို့ အသုံးပြုနိုင်သည့်အရာလည်း မဟုတ်ပေ။ ဘုရားသခင်သည် သူအလိုရှိသည့်အတိုင်း လုပ်ဆောင်သည်။ ဘုရားသခင်၏ နောက်လိုက်များ လုပ်ဆောင်သင့်သည့် တစ်ခုတည်းသောအရာမှာ သမ္မာတရားကို လိုက်စားရန်၊ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်၊ အသက်ကို ရရှိရန်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန်နှင့် အမှန်တကယ် စံနှုန်းပြည့်မီသော ဖန်ဆင်းခံများ ဖြစ်လာရန် ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ ကြီးမြတ်သော အမှုတော်သည် အမှန်တကယ်ပင် လုံးလုံးလျားလျား ပြီးမြောက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်သည် ငြိမ်သက်ခြင်းချမ်းသာ ရှိလိမ့်မည်။ ဘုရားသခင်၏ ငြိမ်သက်ခြင်းချမ်းသာ ရှိခြင်းက အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူသားမျိုးနွယ်သည် အနားယူရလိမ့်မည်ကို ဆိုလိုသည်။ လူသားမျိုးနွယ်သည် အနားယူရာအရပ်တစ်ခု ရရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် ငြိမ်သက်ခြင်းချမ်းသာ ရနိုင်သည်။ ဘုရားသခင်၏ ငြိမ်သက်ခြင်းချမ်းသာသည် လူသားမျိုးနွယ်၏ အနားယူခြင်း ဖြစ်သည်။ လူသားမျိုးနွယ်သည် ပုံမှန် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်နှင့် စနစ်တစ်ခု ရှိသည့်အခါ ယင်းက ဘုရားသခင်ထံသို့ ငြိမ်သက်ခြင်းချမ်းသာကို ဆောင်ကြဉ်းပေးသည်။ လူသားမျိုးနွယ်သည် ထိုသို့သော ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို မည်သည့်အချိန်တွင် ရရှိမည်၊ ဤအဆင့်သို့ ၎င်းတို့ မည်သည့်အချိန်တွင် ရောက်ရှိမည်၊ ဘုရားသခင်သည် သူ၏ ကြီးမြတ်သော အမှုတော်ကို မည်သည့်အချိန်တွင် ပြီးမြောက်စေပြီး သူ၏ အနားယူရာအရပ်သို့ ဝင်ရောက်မည်နှင့်ပတ်သက်၍မူ ဤအရာအားလုံးသည် ဘုရားသခင်၏ အစီအစဉ်အတွင်း၌ ရှိသည်၊ သူ့ထံတွင် အချိန်ဇယားတစ်ခု ရှိသည်။ ဘုရားသခင်၏ အစီအစဉ်နှင့်ဆိုင်သော ဤအချိန်ဇယားသည် မည်သည့်ခေတ်ကာလတွင် ကျရောက်သည်၊ မည်သည့်ခုနှစ်၊ လ၊ နာရီနှင့် မိနစ်ဖြစ်သည်ကို ဘုရားသခင် ကိုယ်တော်တိုင်သာ သိသည်။ လူသားများသည် သိရန်မလိုအပ်သကဲ့သို့ သင့်ကို ပြောပြခြင်းသည်လည်း အသုံးမဝင်ပေ။ တိကျသော ခုနှစ်၊ လ၊ နာရီနှင့် မိနစ်ကို သင့်အား ပြောခဲ့လျှင်ပင် ယင်းက သင်၏ အသက် ဖြစ်လာနိုင်မည်လော။ ယင်းသည် အသက်လော။ ယင်းက အသက်ကို အစားမထိုးနိုင်ပေ။ ဖန်ဆင်းခံများ လုပ်ဆောင်သင့်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန်ဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်သောလူများ ဖြစ်လာရန် ဖြစ်သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်ဖြစ်လာမည်ဟုတ်မဟုတ်ကို စပ်စုလိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ မှန်ကန်မှုကို စစ်ဆေးခြင်း၊ ဆန်းစစ်ခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းတို့မှာ ဖန်ဆင်းခံလူသားများ လုပ်ဆောင်သင့်သည့်အရာများ မဟုတ်ပေ။ ဤလမ်းကြောင်းကို လျှောက်လှမ်းရန်နှင့် ဤအရာများကို လုပ်ဆောင်ရန် အခိုင်အမာဆိုသောသူများသည် ဘုရားသခင် အလိုရှိသော ဖန်ဆင်းခံများ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် သူ၏ သတ်မှတ်ချက်များနှင့်အညီ မလုပ်ဆောင်ကြပေ၊ ဘုရားသခင်က လူတို့အတွက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အသက်မရှင်ကြပေ။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြပြီး ဘုရားသခင် ကယ်တင်ခြင်း ခံရမည့်သူများ မဟုတ်ကြပေ။ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို မည်သည့်အချိန်တွင် စွန့်ခွာမည်၊ သူ၏ ကြီးမြတ်သော အမှုတော်သည် မည်သည့်အချိန်တွင် ပြီးမြောက်မည်၊ ဘုရားသခင် ဘုန်းအသရေရရှိသည့်နေ့သည် မည်သည့်အချိန်တွင် ရောက်ရှိလာမည်တို့နှင့်ပတ်သက်၍ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များနှင့် ဤကိစ္စရပ်အပေါ် လူသားမျိုးနွယ်၏ မှန်ကန်သည့် အမြင်ရှုထောင့်မှာ အဘယ်ဖြစ်သင့်သနည်း။ လူတစ်ဦးသည် ဘုရားသခင် ပြောဆိုခဲ့သော ဤအရာများ သေချာပေါက် အမှန်ဖြစ်လာမည်ဟု ယုံကြည်သင့်သည်၊ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ခြင်းအတွက်၊ ဘုရားသခင်၏ နိုင်ငံတော် ကြွလာခြင်းအတွက်၊ ဘုရားသခင်သည် များပြားလှသော လူတို့ထံ ဘုန်းအသရေဖြင့် ပေါ်ထွန်းခြင်းအတွက်နှင့် ဘုရားသခင်သည် စောစီးစွာ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ခြင်းအတွက် မျှော်လင့်သင့်သည်။ ဤသည်မှာ ဖန်ဆင်းခံလူသားများ၊ ဘုရားသခင်နောက် လိုက်သောသူများ မျှော်လင့်ပြီး ဆုတောင်းသင့်သည့်အရာ ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် သင့်လျော်ပြီး စပ်စုခြင်း မဟုတ်ပေ။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်ဖြစ်လာမည်ဟုတ်မဟုတ်ကို နိုင်ကွက်အဖြစ်ယူ၍ ဘုရားသခင်အား ခြိမ်းခြောက်ရန် အမြဲအသုံးပြုခြင်း၊ ဘုရားသခင်အပေါ် သတ်မှတ်ချက်များ ထားရှိခြင်းတို့ကို စူးစမ်းခြင်းဟု ခေါ်ပြီး ယင်းမှာ ဘုရားသခင်၏ ရန်သူများ လုပ်ဆောင်သည့်အရာ ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်ဖြစ်လာမည်ဟုတ်မဟုတ်ကို အခြေခံ၍ အဖိုးအခပေးရမည်ကိုဖြစ်စေ၊ မပေးရမည်ကိုဖြစ်စေ၊ အရာရာကို စွန့်လွှတ်ရမည်ကို ဖြစ်စေ၊ မစွန့်လွှတ်ရမည်ကိုဖြစ်စေ၊ မိမိ၏တာဝန်ကို ထမ်းဆောင်ရမည်ကိုဖြစ်စေ၊ မထမ်းဆောင်ရမည်ကို ဖြစ်စေ အစဉ်သဖြင့် ဆုံးဖြတ်ခြင်းသည်လည်း ရန်သူများ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ စစ်မှန်သော ဖန်ဆင်းခံများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင် ပြောဆိုသည့် မည်သည့်အပိုင်းကိုမဆို ဖန်ဆင်းခံများ ရှိသင့်သည့် ရှုထောင့်မှ သဘောထားပြုမူသင့်သည်၊ စာတန်၊ ဆိုးယုတ်သော နတ်ဆိုးများ သို့မဟုတ် ဘုရားသခင်၏ ရန်သူများ၏ ရှုထောင့်မှ သဘောထားပြုမူခြင်း မရှိသင့်ပေ။
၅) ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အနှစ်သာရတို့နှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်း
နောက်ထပ် မိတ်သဟာယဖွဲ့မည့်အချက်မှာ ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာ၊ အနှစ်သာရတို့နှင့်ဆိုင်သော သူ၏နှုတ်ကပတ်တော်များ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များသည် အလွန်ကျယ်ပြန့်သော နယ်ပယ်ကို လွှမ်းခြုံထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အကြောင်းအရာအများစုသည် သူ၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့နှင့် သက်ဆိုင်လေသည်။ တစ်ဖက်တွင် ဘုရားသခင်၏ ပြောဆိုပုံနှင့် လေသံအပြင် အကြောင်းအရာတို့က လူတို့အား ဘုရားသခင်၏ စိတ်သဘောထားကိုလည်းကောင်း၊ သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကိုလည်းကောင်း မြင်တွေ့ခွင့်ပေးသည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ပြောကြားရန်၊ သူ၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို လူသားမျိုးနွယ်ထံ ဖွင့်ပြရန် ရှင်းလင်းသော နှုတ်ကပတ်တော်များ ရှိသည်။ ဤအကြောင်းအရာ နှစ်ပိုင်းအတွက်မူ တစ်ဖက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်ညွှန်းဆိုထားသော အဓိပ္ပာယ်မှလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အကြောင်းအရာမှလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သဘာဝမှလည်းကောင်း၊ ဘုရားသခင်၏ လေသံနှင့် သူ၏ စကားပြောဆိုသည့် ပရိသတ်မှလည်းကောင်း ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို မြင်တွေ့နိုင်သည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် သူ၌ မည်သည့်စိတ်သဘောထားမျိုးရှိသည်၊ မည်သည့်ပင်ကိုလက္ခဏာနှင့် အနှစ်သာရမျိုး ရှိသည်ကို ရှင်းလင်းသော နှုတ်ကပတ်တော်များဖြင့် လူတို့အား ပြောကြားသည်။ ဤအကြောင်းအရာ နှစ်ပိုင်းသည် အန္တိခရစ်တို့က အခြေခံကျကျ လျစ်လျူရှုသည့်အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဤအရာများမှ ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို နားလည်သဘောပေါက်ကြမည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် သက်ဆိုင်သော ဤအရာအားလုံးကိုလည်း ဧကန်မုချ ယုံကြည်ကြမည်မဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်တော်မှ ထွက်သော နှုတ်ကပတ်တော်များက ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ကိုယ်စားပြုနိုင်သည်ဟု မယုံကြည်ကြသောကြောင့် ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ မငြင်းပယ်နိုင်သည့် အချက်တစ်ချက် ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဘုရားသခင်၌ မည်သည့်စိတ်သဘောထားမျိုး ရှိသည်၊ ဘုရားသခင်၌ မည်သည့်ပင်ကိုလက္ခဏာမျိုး ရှိသည်၊ သူ၏ အနှစ်သာရသည် မည်သို့ဖြစ်သည်ကို လူတို့ထံ ရှင်းလင်းစွာ ဖွင့်ပြထားပြီးဖြစ်သည်၊ သူ၏ နှုတ်ကပတ်တော်များမှ ဤအပိုင်းကို ၎င်းတို့ မငြင်းပယ်နိုင်ပေ။ ၎င်းတို့ မငြင်းပယ်နိုင်ရုံမျှဖြင့် ၎င်းတို့တွင် စစ်မှန်သော လက်ခံခြင်းနှင့် ရိုးသားစစ်မှန်သော အသိအမှတ်ပြုခြင်း ရှိသည်ဟု ဆိုလိုသလော။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို အသိအမှတ်မပြုကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော အကြောင်းအရာဖြစ်သည့် သူ၏ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ မေတ္တာ၊ ဩဇာအာဏာနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ ပါဝင်သည့် အခြားသော အရည်အသွေးများနှင့်ပတ်သက်၍ ဘုရားသခင် ပြောဆိုသည့်အရာကို အန္တိခရစ်တို့သည် မထီမဲ့မြင်ပြုခြင်း၊ လျစ်လျူရှုခြင်းနှင့် ဂရုမစိုက်ခြင်းတို့အပြင် ဤနှုတ်ကပတ်တော်များကို စပ်စုသည့် ရှုထောင့်မှလည်း ကြည့်ကြသည်။ ဥပမာအားဖြင့် ဘုရားသခင်က သူသည် ဖြောင့်မတ်သည်ဟု ပြောဆိုသောအခါ အန္တိခရစ်တစ်ဦးသည် ထို့နောက်တွင် “သင်က ဖြောင့်မတ်သလော။ လောကတွင် မိမိတို့ ဖြောင့်မတ်သည်ဟု ဆိုရဲသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးပါ။ သင်က ဆိုရဲသည့်အတွက်ကြောင့် စမ်းသပ်ကြည့်ကြစို့။ သင်သည် မည်သည့်နည်းလမ်းများဖြင့် ဖြောင့်မတ်သနည်း။ သင်၏ မည်သည့်လုပ်ရပ်များက ဖြောင့်မတ်နေခဲ့သနည်း။ ကျွန်ုပ်မှာမူ လက်မခံနိုင်ပါ။ ဤစကားသည် အမှန်တကယ် အထမြောက်ခဲ့လျှင်၊ ကျွန်ုပ်ကို ယုံကြည်လက်ခံလာအောင် သင်က အမှန်တကယ် ဖြောင့်မတ်သော လုပ်ရပ်အချို့ကို လုပ်ဆောင်ခဲ့လျှင် သင်ဖြောင့်မတ်သည်ကို ကျွန်ုပ် ဝန်ခံမည်။ သို့သော် သင်လုပ်ဆောင်သည့်အရာက ကျွန်ုပ်ကို လက်မခံနိုင်အောင် ဖြစ်သွားစေလျှင် ဘွင်းဘွင်းရှင်းရှင်း ပြောဆိုသည့်အတွက် ကျွန်ုပ်ကို အပြစ်မတင်နှင့်။ သင်၌ ဖြောင့်မတ်သော စိတ်သဘောထားရှိသည်ဟု ကျွန်ုပ် လုံးဝ ဝန်ခံမည်မဟုတ်” ဟု စတင်၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတော့သည်။ နောက်ဆုံးတွင် ၎င်းတို့ စောင့်မျှော်နေခဲ့သည့်နေ့သည် ရောက်ရှိလာသည်။ ခေါင်းဆောင်တစ်ဦးသည် ကြီးမားသော အဖိုးအခများစွာ ပေးဆပ်ခဲ့ပြီး များစွာ ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း သူသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် အဆုံးတွင် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်ခြင်းခံရကာ ဖြုတ်ချခြင်းခံခဲ့ရသည်။ ဖြုတ်ချခြင်းခံရပြီးနောက် သူသည် အပျက်သဘောဆောင်လာကာ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာပြီး ညည်းညူကာ မကျေမချမ်းဖြစ်၍ ဝေဖန်သုံးသပ်သည့် စကားများစွာကို ပြောဆိုခဲ့သည်။ ဤအရေးကိစ္စသည် အန္တိခရစ်၏ နားသို့ ရောက်ရှိပြီး ၎င်းတို့ မြင်တွေ့သောအခါ အန္တိခရစ်က “သင်ကဲ့သို့သော လူတစ်ဦးပင် ဖြုတ်ချခြင်းခံရနိုင်လျှင် ကျွန်ုပ်ကဲ့သို့သော လူများအတွက် သာ၍ပင် ဆိုးရွားပေမည်။ သင်က ကယ်တင်ခြင်းခံရမည့် မျှော်လင့်ချက်မရှိလျှင်၊ သင်က ဘုရား၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီလျှင် ဘုရား၏ ရည်ရွယ်ချက်များနှင့် မည်သူကများ ကိုက်ညီနိုင်မည်နည်း။ ဘုရားသခင်က မည်သူ့ကို အရေးထားမည်နည်း” ဟု ဆိုသည်။ တစ်ဖက်တွင် အန္တိခရစ်သည် အယောင်ဆောင်ခေါင်းဆောင်အတွက် ခုခံကာကွယ်ပြီး တရားမျှတမှုကို တောင်းဆိုသည်။ အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင် ပြောဆိုသည့် မကျေမချမ်းဖြစ်ပြီး ဝေဖန်သုံးသပ်သည့် စကားများကိုလည်း လက်ခံနေကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့် တိတ်တဆိတ် ယှဉ်ပြိုင်နေကြသည်။ “ဘုရားက ဖြောင့်မတ်ပါသလော။ သို့ဆိုလျှင် အသင်းတော်၏ အလုပ်အတွက် ဆင်းရဲဒုက္ခခံပြီး အဖိုးအခ ပေးဆပ်ခဲ့သူတစ်ဦးကို အဘယ်ကြောင့် ဖြုတ်ချရသနည်း။ ဤပုဂ္ဂိုလ်သည် သင့်အပေါ် သစ္စာစောင့်သိမှု အရှိဆုံးဖြစ်သည်။ သူ့ထက် ပို၍ သစ္စာစောင့်သိသူတစ်ဦးကို ကျွန်ုပ် မမြင်ဖူးပါ။ ပို၍ ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် ပိုကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့သူတစ်ဦးကို ကျွန်ုပ် မမြင်ဖူးပါ။ သူသည် စောစောထပြီး နောက်ကျမှ အိပ်ကာ နာမကျန်းမှုကို ကြံ့ကြံ့ခံပြီး သူ၏ မိသားစုအတွက် သူ၏ ခံစားချက်များကို ဘေးဖယ်ထားနိုင်သည့်အပြင် ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာရှိမှုနှင့် ဇာတိပကတိ၏ အလားအလာများကိုလည်း ဘေးဖယ်ထားနိုင်လျက် သင့်အတွက် အလုပ်လုပ်ရန် သူ၏ အသက်ကိုပင် စွန့်စားခဲ့သည်။ သူသည် ယခင်က ထောင်ပင်ကျခဲ့ဖူးပြီး သစ္စာဖောက်ခြင်းလည်း မပြုခဲ့ပေ။ သို့တိုင်အောင် သင်က သူ့ကို ထိုကဲ့သို့ပင် ဖြုတ်ချလိုက်သည်၊ သူ့ကို ထိုကဲ့သို့ပင် ထုတ်ဖော်လိုက်သည်၊ သင်သည် အမှန်တကယ် ဖြောင့်မတ်သလော။ သင်၏ ဖြောင့်မတ်ခြင်း သက်သေအထောက်အထားသည် အဘယ်မှာနည်း။ ကျွန်ုပ် အဘယ်ကြောင့် မမြင်နိုင်ရသနည်း” ဟူ၍ ဖြစ်လေသည်။ နောက်ဆုံးတွင် အန္တိခရစ်သည် ဘုရားသခင်၏ စိတ်သဘောထား၏ ဖြောင့်မတ်ခြင်းကို မေးခွန်းထုတ်ရန် ဘုရားသခင်၏ အလုပ်တွင် နိုင်ကွက်တစ်ခုကို မလွတ်တမ်း အသုံးချလေသည်။ ၎င်းတို့က မိမိတို့ဘာသာ “ဘုရားက ဖြောင့်မတ်လျှင် လူအများစုသည် ရှင်သန်နိုင်ကြမည်မဟုတ်ပေ။ ဘုရားက ဖြောင့်မတ်လျှင် လူတို့သည် အမှန်တကယ် သတိထားရန် လိုအပ်ပြီး ဘဝသည် အတော်လေး ခက်ခဲလာလိမ့်မည်။ ယနေ့ ဘုရား၏ အလုပ်တွင် နိုင်ကွက်တစ်ခုကို နောက်ဆုံးတွင် ရရှိခဲ့ပြီဖြစ်သဖြင့် ဘုရားသည် မဖြောင့်မတ်ကြောင်းကို ငါ သက်သေပြနိုင်ပြီး ယင်းက အမှုအရာများကို ပိုလွယ်ကူစေသည်” ဟု စဉ်းစားကြ၏။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ တိတ်တဆိတ် ဝမ်းမြောက်ကြလေသည်။
ဘုရားသခင်နောက်ကို လိုက်လျှောက်ခြင်း၌ ဘုရားသခင် ရွေးချယ်ထားသောလူများသည် အဆင်းနီသော နဂါးကြီး၏ ဖိနှိပ်မှု၊ ဖမ်းဆီးမှုနှင့် လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုကို အစဉ်သဖြင့် ခံစားခဲ့ကြရသည်။ နေရာတိုင်းရှိ အသင်းတော်များတွင် ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည့် ဘုရားသခင် ရွေးချယ်ထားသောလူများ မကြာခဏ ရှိကြသည်။ အကျိုးဆက်အနေဖြင့် အချို့သည် မကြာခဏဆိုသလို မှောက်မှားပြီး သို့မဟုတ် ဘုရားသခင်ကို သစ္စာဖောက်ပြီး အသင်းတော်မှ ထွက်ခွာသွားကြသည်။ သို့သော်လည်း ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုကြားတွင် မိမိတို့၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ကြသူများစွာလည်း ရှိသည်။ ဘုရားသခင်သည် ကောင်းချီးမင်္ဂလာများကို ရှာဖွေလျက် ဘုရားအိမ်တော်ထဲသို့ ခိုးဝင်လာခဲ့ကြသည့် ထိုမယုံကြည်သူများကို ထုတ်ဖော်ရန် အဆင်းနီသော နဂါးကြီး၏ အစေခံမှုကို အသုံးချပြီး တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ကြသည့် ရွေးချယ်ထားသော လူများကို စုံလင်အောင်ပြုလေသည်။ ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာ ဖြစ်သည်။ သို့သော် ဤအရေးကိစ္စကို အန္တိခရစ်တို့က မည်သို့ ရှုမြင်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို အစဉ်သဖြင့် သံသယရှိကြသည်။ “ဘုရားက သူရွေးချယ်ထားသော လူများကို အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းမှ အဘယ်ကြောင့် မကယ်တင်သနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို သံသယရှိကြပြီး မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများကို အစဉ်သဖြင့် ထားရှိကြသည်။ “ဘုရား ရွေးချယ်ထားသောလူများက အဘယ်ကြောင့် ထိုသို့သော ရိုက်နှက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားရအပ်သနည်း။ ယင်းမှာ ၎င်းတို့၏ ယုံကြည်ခြင်းကြောင့်ဖြစ်သည်၊ ၎င်းတို့သည် ယုဒများ ဖြစ်ရန် မလိုလားသောကြောင့် ဖြစ်သည်။ သို့သော် ၎င်းတို့ ညှဉ်းပန်းနှိပ်စက်ခြင်း ခံနေရသည့်အခါ ဘုရား အဘယ်မှာနည်း။ ဘုရားက ၎င်းတို့ကို အဘယ်ကြောင့် မကယ်တင်သနည်း။ ဘုရားက လူတို့ကို မချစ်ဘူးလော။ ဘုရား၏ မေတ္တာသည် အဘယ်မှာနည်း။ ဘုရားသည် သူ့ကို ယုံကြည်ကြသူများကို စာတန်များနှင့် ဆိုးယုတ်သောမကောင်းဆိုးဝါးများက ထိုသို့ ရူးသွပ်စွာဖြင့် အရှက်ခွဲခြင်းကိုလည်းကောင်း၊ လွန်ကဲသော ညှဉ်းပန်းနှိပ်စက်မှုကို ကြံ့ကြံ့ခံရခြင်းကိုလည်းကောင်း ခွင့်ပြုရက်နိုင်မည်လော။ ဤသည်မှာ ဘုရား၏ မေတ္တာလော။ လူတို့အတွက် ဘုရား၏ ကွယ်ကာစောင့်ရှောက်ခြင်းသည် အတိအကျ အဘယ်မှာနည်း။ ကျွန်ုပ် အဘယ်ကြောင့် မမြင်နိုင်ရသနည်း။ ကျွန်ုပ် ပို၍ သတိထားရန် လိုအပ်ပုံရသည်။ ဘုရားသည် လူတို့ကို စုံစမ်းသွေးဆောင်ခြင်း သို့မဟုတ် အန္တရာယ်မှ မကာကွယ်နိုင်သည်သာမက ဆန့်ကျင်ဘက်အားဖြင့် လူတစ်ဦးက ပို၍ လိုက်စားလေ၊ ပို၍ စိတ်ပိုင်းဖြတ်ချက်ရှိလေ၊ ဘုရားနောက်သို့ ပို၍ လိုက်လေ၊ ထို့နောက် ၎င်းတို့သည် စမ်းသပ်မှုများကို ပို၍ ရင်ဆိုင်ရပြီး နာကျင်မှုနှင့် ပြင်းထန်သောဝေဒနာကို ခံစားရနိုင်ချေ ပိုများလေ ဖြစ်သည်။ ဘုရားက ဤသို့ ပြုမူသည့်အတွက်ကြောင့် ကျွန်ုပ်၌လည်း ကျွန်ုပ်၏ တန်ပြန်ဖြေရှင်းနည်းများ ရှိသည်။ ဤလူတို့သည် အနစ်နာခံမှုများ ပြုလုပ်ခဲ့သောကြောင့် ထိုသို့သော ဆက်ဆံမှုကို ခံစားရခြင်းဖြစ်သည်။ အကယ်၍ ကျွန်ုပ် ထိုသို့သော အဖိုးအခကို မပေးဆပ်လျှင်၊ ဤနည်းလမ်းအတိုင်း မလိုက်စားလျှင် ဤစမ်းသပ်မှုများကို ကျွန်ုပ် ရှောင်နိုင်မည် မဟုတ်လော။ ဤစမ်းသပ်မှုများမရှိဘဲ ကျွန်ုပ်သည် ထိုသို့သော ဆင်းရဲဒုက္ခကို ရှောင်နိုင်မည် မဟုတ်လော။ ဤကဲ့သို့ ဆင်းရဲဒုက္ခမခံရဘဲ ကျွန်ုပ်သည် သက်သောင့်သက်သာ နေထိုင်ရမည် မဟုတ်လော။ ကျွန်ုပ်သည် ကောင်းချီးမင်္ဂလာများကို ထိုနည်းတူစွာပင် ရရှိမည်ဆိုလျှင် ကျွန်ုပ်၏ ဇာတိပကတိကို ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံနှင့် နာကျင်မှုမျိုးစုံ ခံစားစေရန် အဘယ်ကြောင့် ထိုမျှ မိုက်မဲရမည်နည်း။ ဘုရားက သူသည် လူတို့ကို ချစ်သည်ဟု ဆိုသည်၊ သို့သော် ဘုရား၏ ဤချစ်နည်းကို ကျွန်ုပ် လက်မခံနိုင်ပါ။ သင်တို့အားလုံးသည် သင်တို့ ကြိုက်သလို အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်၊ ယင်းမှာ ကျွန်ုပ်၏ အလုပ်မဟုတ်၊ ကျွန်ုပ် လက်ခံမည်မဟုတ်။ ကျွန်ုပ် ခပ်လျှိုလျှိုနေရန် လိုအပ်သည်၊ ကျွန်ုပ် အနည်းငယ် ရှောင်ကွင်းသွားရန် လိုအပ်သည်၊ ကျွန်ုပ် အထူးသတိထားပြီး ကာကွယ်နေရန် လိုအပ်သည်။ ဘုရားက ကျွန်ုပ်ကို ဖမ်းပြီး အလုပ်ခိုင်းစေခြင်းကို ကျွန်ုပ် အဖြစ်မခံနိုင်” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်တို့သည် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သိုထားကြသည်၊ ယင်းတို့အားလုံးသည် ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းများ၊ ဆန့်ကျင်ခြင်း၊ ဝေဖန်ခြင်းနှင့် အတိုက်အခံပြုခြင်းတို့ ဖြစ်ကြသည်။ ၎င်းတို့တွင် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ သိမြင်မှုတစ်ခုမျှ လုံးဝပင်မရှိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို ချောင်းမြောင်းလေ့လာဖို့ ကြိုးစားကြရင်းဖြင့် ၎င်းတို့သည် ထိုသို့သော ကောက်ချက်များ ရရှိလာကြသည်။ အန္တိခရစ်တို့သည် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ သိုဝှက်ထားကြကာ မိမိတို့ကိုယ်ကို ဤသို့ သတိပေးကြသည်။ “သတိထားခြင်းက ဘေးကင်းလုံခြုံဖို့ အရေးကြီးဆုံးဖြစ်သည်၊ မထင်မရှားနေခြင်းသည် အကောင်းဆုံး ဖြစ်သည်၊ ထီးထီးကြီး ထင်ပေါ်နေသည့် ငှက်သည် သေနတ်ဖြင့် အပစ်ခံရသည့် ငှက်ဖြစ်သည်၊ ပြီးလျှင် ထိပ်ဆုံးတွင် အထီးကျန်၏ ဟူ၍ဖြစ်သည်။ မည်သည့်အချိန်အခါမျိုး၌ဖြစ်စေ၊ ထိုသို့ ထီးထီးကြီး ထင်ပေါ်သည့် ငှက်မျိုး ဘယ်တော့မှ မဖြစ်စေနှင့်၊ အလွန်မြင့်သောနေရာသို့ ဘယ်တော့မှ မတက်နှင့်။ သင် တက်၍ အမြင့်ရောက်လေ ပြုတ်ကျမှုက ပြင်းထန်လေ ဖြစ်လိမ့်မည်။” ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု ၎င်းတို့ မယုံကြည်ကြပေ။ ပြီးလျှင် ဘုရားသခင်၏ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းသည်ဟု မယုံကြည်ကြပေ။ ၎င်းတို့သည် ဤအရာအားလုံးကို လူသားအယူအဆများနှင့် စိတ်ကူးများမှတစ်ဆင့် မှတ်ယူကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို လူသား၏ အမြင်ရှုထောင့်များ၊ လူသားအတွေးများ၊ လူသား၏ ပရိယာယ်များဖြင့် ချဉ်းကပ်ပြီး ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို သတ်မှတ်ရန် စာတန်၏ တွေးခေါ်ပုံနှင့် အယူအဆကို အသုံးချကြသည်။ သိသာထင်ရှားစွာပင် အန္တိခရစ်များသည် ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို လက်မခံရုံမျှမက အသိအမှတ်လည်း မပြုကြဘဲ ဆန့်ကျင်ဘက်အားဖြင့် ဘုရားသခင်အပေါ်တွင် အယူအဆများ၊ အတိုက်အခံများနှင့် ပုန်ကန်မှုများအပြည့် ရှိကြပြီး ဘုရားသခင်အပေါ် စစ်မှန်သည့် သိမြင်မှု တစ်စွန်းတစ်စမျှပင် မရှိပေ။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ ချစ်ခြင်းအပေါ် အန္တိခရစ်များ၏ သုံးသပ်ချက်သည် သံသယအပြည့်ရှိ၏။ သင်္ကာမကင်းဖြစ်ခြင်းတည်း။ ၎င်းတို့သည် ထိုအရာအတွက် သံသယရှိမှုများ၊ ငြင်းဆန်မှု၊ အသရေဖျက်မှုများ အပြည့်ရှိသည်။ သို့ဆိုလျှင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ပတ်သက်၍ မည်သို့ရှိမည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်။ ၎င်းတို့ကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားကို သဘောထားမှုဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ၎င်းတို့၏ သဘောထားမှုကတိုက်ရိုက်ငြင်းပယ်မှု ဖြစ်သည်မှာ ပကတိအတိုင်း ရှင်းနေပြီးသား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။
အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မည်သည့်အပိုင်းကို ချဉ်းကပ်သည်ဖြစ်စေ၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှ မည်သည့်အပိုင်းကို ချဉ်းကပ်သည်ဖြစ်စေ၊ ယင်းသည် အရာခပ်သိမ်း၌ သို့မဟုတ် သီးခြားပုဂ္ဂိုလ်များ၌ ဘုရားသခင်၏ လုပ်ဆောင်ချက်များ ဖြစ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းတို့ကို သမ္မာတရားအဖြစ်နှင့်လည်းကောင်း၊ လက်ခံသည့်ပုံစံဖြင့်လည်းကောင်း ချဉ်းကပ်မည့်အစား လူ့ရှုထောင့်အမြင်များနှင့် စာတန်၏ တွေးခေါ်မှုစနစ်အပြင် အသိပညာနှင့် ဆင်ခြင်တွေးခေါ်မှုစနစ် နည်းလမ်းများကို အစဉ်သဖြင့် အသုံးပြု၍ ကောက်ချက်ချပြီး ဝေဖန်သုံးသပ်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့နှင့်ဆိုင်သော နှုတ်ကပတ်တော်များနှင့်ပတ်သက်၍လည်းကောင်း၊ ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိနှင့် ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပတ်သက်၍လည်းကောင်း အန္တိခရစ်တို့၏ ချဉ်းကပ်နည်းသည် အမှန်တကယ်တွင် အတူတူပင်ဖြစ်ပြီး ခြားနားမှုမရှိပေ။ ယေဘုယျအားဖြင့် ဘုရားသခင်ကိုယ်တော်တိုင် ပါဝင်ပတ်သက်သည့်အရာအားလုံး၊ ဖန်ဆင်းရှင်နှင့်ပတ်သက်သည့်အရာအားလုံးသည် ၎င်းတို့၏ စပ်စုခြင်းကို ခံရပြီး ထို့နောက်တွင် ထင်ကြေးပေးခြင်း၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းတို့ကို ခံရကာ နောက်ဆုံးတွင် ငြင်းပယ်ခြင်းနှင့် အသရေဖျက်ခြင်းဟူသော ကောက်ချက်များကို ချမှတ်စေသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို မည်သည့်ရှုထောင့်မှ သို့မဟုတ် မည်သည့်ပုံစံဖြင့် ချဉ်းကပ်သည်ဖြစ်စေ ၎င်းတို့ နောက်ဆုံးတွင် ချမှတ်သည့် ကောက်ချက်များသည် အဘယ်ကြောင့် အစဉ်သဖြင့် ပြစ်တင်ရှုတ်ချခြင်းနှင့် အသရေဖျက်ခြင်းတို့ ဖြစ်နေရသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ထိုသို့သော ကောက်ချက်များဖြင့် အဆုံးသတ်ရသနည်း။ ဖန်ဆင်းခံ လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မှတ်ယူနိုင်သူ တစ်ဦးတစ်ယောက်မျှ အမှန်တကယ် မရှိနိုင်ခြင်း ဖြစ်နိုင်မည်လော။ ဤသည်မှာ ရှောင်လွှဲမရသော အကျိုးဆက်တစ်ခုလော။ ဤသည်မှာ ဘုရားသခင်ကြောင့်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် အတိအကျ အကြောင်းရင်းမှာ အဘယ်နည်း။ (အကြောင်းမှာ လူတို့၌ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သဘာဝရှိသောကြောင့် ဖြစ်ပါသည်။) လူတိုင်း၌ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သဘာဝရှိသည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် အချို့လူများက ယင်းတို့ကို သမ္မာတရားအဖြစ် အသိအမှတ်ပြုနိုင်ပြီး ဘုရားသခင် ပြောဆိုသည့်အရာကို လက်ခံနိုင်သော်လည်း အခြားသူများကမူ ယင်းတို့ကို ငြင်းပယ်နိုင်၊ ပြစ်တင်ရှုတ်ချနိုင်ပြီး အသရေဖျက်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ ပြဿနာတစ်ခုကို ရှင်းလင်းစွာ ပြသပြီး လူတို့အတွင်းရှိ အနှစ်သာရသည် ကွဲပြားကြောင်း ဖော်ပြနေသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောထားပြုမူရာတွင် အခြေခံကျကျနှင့် ပုဂ္ဂလဓိဋ္ဌာန်ကျကျအားဖြင့် ယင်းတို့ကို အမှန်တကယ် လက်မခံကြပေ။ ၎င်းတို့သည် အတိုက်အခံလုပ်ခြင်းနှင့် စုံစမ်းသွေးဆောင်ခြင်းတို့ဖြင့် ချဉ်းကပ်ကြသည်၊ “သင်က သင်သည် ဘုရားဖြစ်သည်ဟု ဆိုသည်၊ သို့ဆိုလျှင် သင်သည် မည်သည့်နည်းလမ်းများဖြင့် ဘုရားနှင့်တူသည်ကို ကျွန်ုပ် မြင်တွေ့ရန် လိုအပ်သည်။ သင်က သင်သည် ဘုရား၏ စိတ်သဘောထားကို ပိုင်ဆိုင်ပြီး ဘုရားသဘောသဘာဝ ရှိသည်ဟု ဆိုလျှင် သင်၏ မည်သည့်နှုတ်ကပတ်တော်များက သင်သည် ဘုရားသဘောသဘာဝကို ပိုင်ဆိုင်ကြောင်းနှင့် သင်၌ ဘုရား၏ စိတ်သဘောထားရှိကြောင်း အတည်ပြုသည်ကိုလည်းကောင်း၊ သင်၏ မည်သည့်လုပ်ရပ်များက သင်၌ ဘုရား၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရရှိကြောင်း အတည်ပြုသည်ကိုလည်းကောင်း ကျွန်ုပ် တွေ့မြင်ဖို့ လိုအပ်သည်။ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုခဲ့ပြီးပြီလော၊ သို့မဟုတ် ဖျားနာသူများကို အနာငြိမ်းစေပြီး မကောင်းဆိုးဝါးများကို နှင်ထုတ်ခဲ့ပြီးပြီလော။ သင်သည် တစ်စုံတစ်ဦးကို ကျိန်ဆဲပြီး သူတို့ ချက်ချင်း သေဆုံးသွားခဲ့ပြီလော။ သင်သည် တစ်စုံတစ်ဦးကို သေခြင်းမှ ထမြောက်စေခဲ့ပြီးပြီလော။ သင်သည် ဘုရား၏ စိတ်သဘောထား၊ ဘုရား၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို ပိုင်ဆိုင်ကြောင်း အတည်ပြုနိုင်သည့် မည်သည့်အရာကို အတိအကျ လုပ်ဆောင်ခဲ့ပြီးပြီနည်း” ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့သည် ဤအရာများကိုလည်းကောင်း၊ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့အပြင်ဘက်ရှိ အရာများကိုလည်းကောင်း အစဉ်သဖြင့် မြင်လိုကြပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အတည်ပြုရန်၊ ၎င်းတို့ လိုက်လျှောက်သည့် ပုဂ္ဂိုလ်သည် ဘုရားသခင်ဖြစ်ကြောင်း အတည်ပြုရန် ဤအရာများကို အသုံးပြုကြသည်။ ဤစမှတ် ကိုယ်၌က မှားယွင်းနေသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ကိုယ်စားပြုနိုင်သည့် အခြေခံအကျဆုံးအရာမှာ အဘယ်နည်း။ (ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်ပါသည်။) ဤသည်မှာ အခြေခံအကျဆုံးအရာ ဖြစ်သည်။ အန္တိခရစ်တို့သည် ဤအခြေခံအကျဆုံးအရာကိုပင် အဘယ်ကြောင့် နားလည်ရန် ပျက်ကွက်ကြသနည်း။ ဤသည်မှာ ကျွန်ုပ်တို့ ဆွေးနွေးရန် လိုအပ်သည့် အကြောင်းအရာဖြစ်သည်။ အန္တိခရစ်တို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို မထီမဲ့မြင်ပြုကြသည်၊ ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာအားလုံးကို အလွန်အမင်း မနှစ်မြို့ကြ၊ ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို မုန်းတီးကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးတွင် ၎င်းတို့သည် မည်သည့်နှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည် သို့မဟုတ် အပြုသဘောဆောင်သော အရာများဖြစ်သည်ကို မမြင်ကြပေ။ ၎င်းတို့၏ မကောင်းဆိုးဝါးဆန်သော မျက်စိက ဤသည်ကို မြင်နိုင်မည်လော။ ယင်းကို မမြင်ဘဲ ၎င်းတို့ အသိအမှတ်ပြုနိုင်မည်လော။ ဤနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် အသိအမှတ်ပြုရန် ၎င်းတို့၏ ပျက်ကွက်ခြင်းက ၎င်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်မပြုနိုင်ကြောင်း ဆိုလိုသည်။ ဤသည်မှာ သေချာသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့နှင့်ဆိုင်သော သူ၏နှုတ်ကပတ်တော်များကို ချဉ်းကပ်ရာတွင် ဘုရားသခင်၏ အခြားနှုတ်ကပတ်တော်များကို ပြုသကဲ့သို့ ချဉ်းကပ်နည်းမျိုးကို အသုံးပြု၍ ၎င်းတို့၏ စိတ်ထဲ၌ တွက်ချက်ခြင်း၊ ကြံစည်ခြင်းနှင့် တွေးဆခြင်းတို့ကို ပြုကြသည်။ အကယ်၍ ဘုရားသခင်က ဘုရားသခင်အဖြစ် သူ၏ ပင်ကိုလက္ခဏာမှ တစ်စုံတစ်ခုကို ပြောဆိုပြီးနောက် ယင်းက ချက်ချင်း အမှန်တကယ် ဖြစ်လာခဲ့လျှင် ၎င်းတို့၏ သဘောထားသည် ချက်ချင်း ပြောင်းလဲသွားသည်။ အကယ်၍ ဘုရားသခင်က ဘုရားသခင်အဖြစ် တစ်စုံတစ်ခုကို ပြောဆိုခြင်း သို့မဟုတ် လုပ်ဆောင်ခြင်းက ၎င်းတို့အား နိုင်ကွက်တစ်ခု ပေးခဲ့လျှင် ၎င်းတို့၌ သက်ဆိုင်ရာ တန်ပြန်ဖြေရှင်းနည်းလည်း ရှိပြီး ၎င်းတို့၏ သဘောထားသည် ချက်ချင်းပင် နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချသူမှာ ၎င်းတို့ဖြစ်ပြီး ဘုရားသခင်သည် ဘုရားသခင်နှင့်တူသည်ဟု ဆိုသူမှာလည်း ၎င်းတို့ပင် ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ဘုရားသခင်သည် ဘုရား၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့်ပတ်သက်၍ ၎င်းတို့သည် ဤအရာတစ်ခုလုံးနှင့်ပတ်သက်သည့် ကောက်ချက်များကို ၎င်းတို့၏ မျက်စိဖြင့် မြင်တွေ့သည့်အရာနှင့် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုအပေါ် လုံးလုံး အခြေခံ၍ ချမှတ်ကြသည်။
လွန်ခဲ့သည့် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်းတွင် အသင်းတော်သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုအချို့ကို ပြုလုပ်ခဲ့သည်။ လူမျိုးမျိုးတို့က အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မျိုးစုံကို ပေးခဲ့ကြပြီး ယင်းက မခိုင်မြဲသော အခြေခံအုတ်မြစ်များရှိသည့် အချို့လူများနှင့် အနည်းငယ် သံသယရှိသူများကို အခြေခံအုတ်မြစ်အချို့ တည်ဆောက်ရန် ကူညီပေးခဲ့သည်။ အမှန်ပင် အန္တိခရစ်တို့အတွက်မူ ယင်းက ၎င်းတို့ကို တည်ငြိမ်စေရာ၌ အခန်းကဏ္ဍတစ်ခု၌ အတိုင်းအတာတစ်ခုအထိ ပါဝင်ခဲ့သည်။ ဤသက်သေခံသည့် ပုဂ္ဂိုလ်များသည် အသက်အရွယ်အုပ်စုအမျိုးမျိုး၊ လူမှုအလွှာအမျိုးမျိုးမှ လာကြပြီး အချို့မှာ နိုင်ငံအမျိုးမျိုးနှင့် လူမျိုးစုအမျိုးမျိုးမှပင် ဖြစ်ကြသည်။ ၎င်းတို့ မျှဝေခဲ့သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များမှ ကြည့်လျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရပြီး သမ္မာတရားနှင့် အသက်ကို ရရှိခဲ့ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်းအားဖြင့်၊ ဘုရားသခင်၏ ဤအမှုအဆင့်ကို လက်ခံခြင်းအားဖြင့် သမ္မာတရားများစွာကို နားလည်ခဲ့ကြပြီး ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပိုင်ဆိုင်ကြောင်း အတည်ပြုခဲ့သည်မှာ ထင်ရှားသည်။ အမှန်ပင် ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို နားထောင်ပြီးနောက် အန္တိခရစ်တို့သည်လည်း အတွင်းစိတ်နက်ရှိုင်းရာ၌ တိတ်တဆိတ် ပီတိအနည်းငယ် ဖြစ်ခဲ့ကြသည်၊ “ကံကောင်းထောက်မစွာပင် ငါသည် ဘုရားကို လူသိရှင်ကြား ဝေဖန်သုံးသပ်ခြင်း မပြုခဲ့ပေ။ ကံကောင်းထောက်မစွာပင် ငါသည် ဘုရားကို အလျင်စလို ငြင်းပယ်ခြင်းလည်း မပြုခဲ့ပါ။ များစွာသော လူတို့၏ သက်သေခံချက်များကို သုံးသပ်ရသော် ဤလမ်းခရီးသည် မှန်ကန်ဟန်ရှိပါသည်။ ဤခရစ်တော်၊ ဤသာမန်လူသားသည် အမှန်စင်စစ် ဘုရား ဖြစ်နေနိုင်ပေသည်။ ငါ၏ ခန့်မှန်းချက်က မှန်ကောင်းမှန်နေနိုင်၏။ အကယ်၍ ငါသည် ဤလမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းသွားလျှင်၊ ပို၍များပြားသော လူတို့က ဤပုဂ္ဂိုလ်နှင့်ပတ်သက်၍ သက်သေခံလာကြလျှင်၊ ပို၍များသော လူတို့က ဤပုဂ္ဂိုလ်၏ ရှေ့မှောက်သို့ ရောက်ရှိလာကြလျှင်၊ ပို၍များသော လူတို့က ဤပုဂ္ဂိုလ်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အတည်ပြုကြလျှင် ကောင်းချီးမင်္ဂလာများကို လက်ခံရရှိရန် ငါ၏ မျှော်လင့်ချက်နှင့် အခွင့်အလမ်းသည်လည်း ပို၍ ကြီးမားသည်ထက် ကြီးမားလာပေလိမ့်မည်” ဟူ၍ ဖြစ်လေသည်။ တွန့်ဆုတ်စွာဖြင့် စောင့်ကြည့်နေစဉ်တွင် အန္တိခရစ်တို့သည် မိမိတို့ကိုယ်ကို ဆက်လက်၍ အားပေးပြီး တိုက်တွန်းနေကြဆဲ ဖြစ်သည်၊ “အလျင်စလို မပြုနှင့်။ စိတ်ရှည်သည်းခံနေလော့။ သင်သည် ကြံ့ကြံ့ခံရမည်။ အဆုံးတိုင်အောင် ခံနိုင်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ လက်ရှိ နိမိတ်လက္ခဏာအဖုံဖုံ၊ ယခု အသင်းတော်၏ ကျယ်ပြန့်မှုနှင့် အရှိန်အဟုန်တို့ကို သုံးသပ်သော် ပို၍များပြားသော လူတို့သည် ဤဘုရားနှင့်ပတ်သက်၍ ထကြွပြီး သက်သေခံနိုင်ကြကာ ဤလမ်းခရီးသည် မှန်ကန်ကြောင်း အတည်ပြုလျက်ရှိကြသည်။ သို့ဖြစ်လျှင် ငါသည် အဘယ်ကြောင့် အလွန်မိုက်မဲကာ ထင်ပေါ်အောင်ပြု၍ အလျင်စလို ငြင်းပယ်ရမည်နည်း။ ထိုသို့ မပြုနှင့်၊ မမိုက်မဲနှင့်။ နောက်ထပ် သုံးနှစ် သို့မဟုတ် ငါးနှစ်ခန့် စောင့်ဆိုင်းလော့။ ပို၍များသော လူများ၊ ပို၍ ဂုဏ်သတင်းကြီးပြီး အသိပညာနှံ့စပ်သူများ၊ လူမှုအဆင့်အတန်းရှိသောလူများက ဤသာမန်လူသားအား ခရစ်တော်အဖြစ် အတည်ပြုရန် ပို၍ခိုင်မာသော သက်သေအထောက်အထားများ ပေးလျှင် သို့မဟုတ် လောကီကျော်ကြားမှုနှင့် အဆင့်အတန်းရှိသူများ အသင်းတော်သို့ ပို၍ ပါဝင်ပူးပေါင်းလာကြပြီး အသင်းတော်၏ အတိုင်းအတာသည်လည်း တစ်ကမ္ဘာလုံးသို့ ပို၍ ကျယ်ပြန့်လာပါက ငါ့အတွက် အကျိုးအမြတ် တစ်စုံတစ်ရာ မရှိဘဲ နေမည်လော။ ထိုအခါ ငါသည် ကြီးမားသော အခွင့်သာမှုကို ရရှိပြီး ဖြစ်လိမ့်မည် မဟုတ်လော။ အသင်းတော်၌ တန်ခိုးအာဏာ ရှိလာပါက ငါ့မှာလည်း တန်ခိုးအာဏာ ရှိလာမည် မဟုတ်လော။ ငါသည် လုံးဝ စွန့်ခွာ၍ မဖြစ်ပါတကား။ ဤအရာအားလုံးသာ မှန်ကန်လျှင်၊ ဤပုဂ္ဂိုလ်သည် အမှန်တကယ် ဘုရားဖြစ်လျှင်၊ ယခုအချိန်တွင် ငါသည် သူ့အား ငြင်းပယ်ခြင်း သို့မဟုတ် ပစ်ပယ်ခြင်း ပြုလိုက်ပါက ဤကောင်းချီးမင်္ဂလာအလုံးစုံနှင့် ငါ လွဲချော်ရပေလိမ့်မည်။ ငါသည် ဤပုဂ္ဂိုလ်အပေါ်၌ အရာခပ်သိမ်းကို ပုံအောရပေမည်။ သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရ၌ သူသည် မည်သူဖြစ်သည်၊ သူ၏ စိတ်သဘောထားသည် မည်သူ့ကို ကိုယ်စားပြုသည်ကို ငါ ဂရုမစိုက်။ ငါ စိတ်ဝင်စားသည်မှာ သူ့နောက်သို့ လိုက်သောသူ ပို၍ပို၍ များပြားလာခြင်း ရှိ မရှိ၊ အသင်းတော်၏ တန်ခိုးအာဏာနှင့် အတိုင်းအတာ တိုးပွားလာခြင်း ရှိ မရှိသာ ဖြစ်သည်။ အကယ်၍ ယင်းသည် ကောင်းသောဘက်သို့ ဦးတည်တိုးတက်နေပြီး သာမန်အခြေအနေများအောက်တွင်ပင် ပို၍ ကြီးထွားလာနိုင်ပါက ငါ၏ အလားအလာအတွက် စိုးရိမ်စရာမလိုပေ။ သူသည် သမ္မာကျမ်းစာ၌ ပရောဖက်ပြုထားသည့်အတိုင်း ဘုရား လူ့ဇာတိခံယူသော ဇာတိပကတိ အမှန်တကယ် ဖြစ်လျှင် ငါသည် ကြီးမားလှသော ကောင်းချီးမင်္ဂလာကို ခံစားရ၍ ကြီးစွာသော အခွင့်သာမှုကို ရရှိပေလိမ့်မည်” ဟူ၍တည်း။ ဤသို့ တွေးမိတိုင်း အန္တိခရစ်တို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ နှစ်သိမ့်မှုနှင့် ဝမ်းမြောက်မှုအချို့ကို တွေ့ရှိကြသည်။ “တော်လိုက်သည့်ငါ။ ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဟု မယုံကြည်သော်လည်း ငါသည် ကောင်းချီးမင်္ဂလာများကို လက်ခံရရှိနိုင်သေးသည်။ ဘုရား၏ လုပ်ဆောင်ချက်မှန်သမျှသည် ဖြောင့်မတ်သည်ဟု မယုံကြည်သော်လည်း ငါသည် ခိုင်မာစွာ ရပ်တည်နိုင်သေးသည်။ ဘုရားသခင်သည် လူတို့ကို ကယ်တင်နိုင်သည်ဟု မယုံကြည်သော်လည်း ငါသည် အသက်ရှင်နိုင်သေးသည်။ ဘုရားသည် လူ၏ အတွင်းကျကျ စိတ်နှလုံးကို စောင့်ကြည့်လေ့လာသည်ဟု မယုံကြည်သော်လည်း ငါသည် အသင်းတော်၌ မိမိ၏တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်သေးသည်။ ဘုရား၏ အနန္တတန်ခိုးနှင့် သြဇာအာဏာကို ငါမယုံကြည်၊ ဘုရား ပြုတော်မူသမျှသည် အဓိပ္ပာယ်ရှိသည်ကို ငါမယုံကြည်၊ ဘုရားသည် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲတော်မူသည်ကို ငါမယုံကြည်၊ ဤအရာအားလုံးကို ငါမယုံကြည်ပါ၊ သို့ဖြစ်လျှင်ကော အဘယ်အရေးနည်း။ ဘုရား၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ငါမယုံကြည်သည့်တိုင် အသင်းတော်၌ ငါ ကြုံရာကျပန်း နေသွားနိုင်သေးသည်။ ဘုရားသည် ဖြောင့်မတ်သည် မဟုတ်လော။ ငါသည် ကြုံရာကျပန်းသာ နေလိုက်မည်။ အသင်းတော်၌ ဤသို့ပင် လေလွင့်နေပြီး ကြံ့ကြံ့ခံရုံသာ ရှိနေမည်။ မည်သူက ငါ့ကို တစ်စုံတစ်ရာ ပြုနိုင်မည်နည်း။ ငါသည် အဆုံးတိုင်အောင် ကြံ့ကြံ့ခံနိုင်နေသေးပြီး ဧကန်မုချ ကယ်တင်ခံရနိုင်သည် မဟုတ်လော” ဟူ၍ဖြစ်သည်။ သင်တို့ မည်သို့တွေးထင်သနည်း၊ အန္တိခရစ်တို့၏ လိုရာဆွဲသော အတွေးအခေါ်သည် အောင်မြင်နိုင်မည်လော။ (မအောင်မြင်နိုင်ပါ။) ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို အမှန်တကယ် မြင်တွေ့သည့်နေ့ ရောက်လာသောအခါ ၎င်းတို့သည် အဘယ်မှာ ရှိနေမည်နည်း။ ၎င်းတို့ကို ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အမှန်တကယ် အသိအမှတ်ပြုခိုင်းသောအခါ၊ ဘုရားသခင်သည် ဖြောင့်မတ်ကြောင်း ဝန်ခံစေသောအခါ၊ ဘုရားသခင်သည် အမှန်တကယ် ဖြောင့်မတ်ကြောင်း ၎င်းတို့ကို ပြသသောအခါ ၎င်းတို့သည် အဘယ်မှာ ရှိသင့်သနည်း။ ၎င်းတို့ အမှန်တကယ် ကယ်တင်ခြင်း ခံရနိုင်မည်လော။ ၎င်းတို့၏ ခံနိုင်ရည်ရှိခြင်းသည် အမှန်တကယ် အကျိုးသက်ရောက်နိုင်မည်လော။ ၎င်းတို့ အမှန်တကယ် ကြုံရာကျပန်းနေနိုင်မည်လော။ ၎င်းတို့၏ ကြံ့ကြံ့ခံနိုင်ခြင်း၊ ၎င်းတို့၏ အလျှော့ပေးလိုက်လျောမှုများ၊ ဆင်းရဲဒုက္ခများကို ၎င်းတို့၏ စွဲစွဲမြဲမြဲ ကြံ့ကြံ့ခံခြင်း၊ ၎င်းတို့၏ လိမ္မာပါးနပ်သော ဉာဏ်ရည်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာခြင်း ရှိမရှိကို စပ်စုသည့် ၎င်းတို့၏ ဒုစရိုက်အမှုကို အမှန်တကယ် ပယ်ဖျက်နိုင်မည်လော။ ၎င်းတို့၏ လိုရာဆွဲသော တွေးတောကြံဆမှု၊ တန်ပြန်ဖြေရှင်းနည်းများ၊ ပူးပေါင်းကြံစည်ခြင်း၊ ကျိတ်ကြံစည်မှုများနှင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ကြံစည်ထားသည့် အရာအားလုံးအပြင် ဘုရားသခင်နှင့်သက်ဆိုင်သော အရာများကို ၎င်းတို့၏ စပ်စုခြင်းတို့သည် ၎င်းတို့၏ သမ္မာတရားလိုက်စားခြင်းကို အမှန်တကယ် အစားထိုးနိုင်မည်လော။ ဤအရာများက ၎င်းတို့ကို ကယ်တင်ခြင်းခံရစေနိုင်မည်လော။ (မခံရစေနိုင်ပါ။) သို့ဆိုလျှင် ဤသရုပ်သကန်များမှ ကြည့်သော် အလွန်လိမ္မာပါးနပ်ပြီး အရေးကိစ္စအားလုံးကို မည်သည့်ဟာကွက်မျှ မကျန်ရစ်စေဘဲ ကိုင်တွယ်ကာ အရာအားလုံးကို အလွန်တရာ လျှို့ဝှက်စွာဖြင့် လုပ်ဆောင်သည့် အန္တိခရစ်တို့သည် အဘယ်ကြောင့် နောက်ဆုံးတွင် ဤကဲ့သို့ အဆုံးသတ်ရသနည်း။ အကြောင်းရင်း တစ်ခုတည်းသာ ရှိသည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရိုးရိုးသားသား ရင်မဆိုင်ကြ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံကြ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်း မရှိကြဘဲ ထိုအစား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုကြသည်။ ဤသည်မှာ အန္တိခရစ်တို့ နောက်ဆုံးတွင် ဤကဲ့သို့ အဆုံးသတ်ရသည့် အကြောင်းရင်းဖြစ်သည်။ သင်တို့အားလုံး ဤသည်ကို နားလည်ကြသည် မဟုတ်လော။ သင်တို့ကို မည်သို့ ပြုမူရမည် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ ဆက်ဆံရမည်ကို ငါ မပြောခဲ့သော်လည်း ဤအဖြစ်မှန်များကို ပြောဆိုခြင်းအားဖြင့်လည်းကောင်း၊ အန္တိခရစ်တို့၏ ရှုထောင့်အမြင်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားကို စိစစ်ခြင်းအားဖြင့်လည်းကောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ထားရှိသော မည်သည့်သဘောထားမျိုးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ရန်အတွက် မည်သည့်သဘောထားမျိုးသည် အမှန်ကန်ဆုံးဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၌ ရှိသင့်သည့် သဘောထားများဖြစ်ကြောင်းနှင့် ဤသဘောထားများ ရှိခြင်းသည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာဖြစ်ကြောင်း သင်တို့အားလုံး သိကြသည်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။