အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၇) အခန်း တစ်

၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုခြင်း

ယနေ့ ငါတို့သည် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များထဲမှ ဒသမအချက်ဖြစ်သော ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် ဟူသောအချက်ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ပြီးခဲ့သည့်အခေါက်က ငါတို့သည် ဤအဓိကခေါင်းစဉ်ကြီး၏ တတိယအပိုင်းဖြစ်သည့် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုခြင်းအကြောင်းအထိ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအပိုင်းနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းကို ခေါင်းစဉ်ငယ်သုံးခုအဖြစ် ခွဲခြားခဲ့သည်။ ထိုခေါင်းစဉ်ငယ်သုံးခုမှာ အဘယ်နည်း။ (ပထမအချက်မှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့သဘောအတိုင်း ကလီကမာလုပ်ပြီး အနက်ဖွင့်ဆိုခြင်း ဖြစ်ပါသည်။ ဒုတိယအချက်မှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသည့်အခါတွင် ငြင်းပယ်ခြင်း ဖြစ်ပါသည်။ တတိယအချက်မှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာခြင်း ရှိမရှိကို စပ်စုခြင်း ဖြစ်ပါသည်။) ဤသုံးချက်သည် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုသည်ဟု ဆိုလိုသည့်အရာ၏ အားလုံး ဟုတ်သလော။ (နောက်ထပ် ရှိသင့်ပါသည်။) အခြား မည်သည့်စကားများနှင့် သရုပ်သကန်များ ရှိသေးသနည်း။ (အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရိုမသေ သဘောထားခြင်း ဖြစ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရိုမသေ သဘောထားခြင်းသည် ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုခြင်း၏ သရုပ်သကန်များထဲမှ တစ်ခု ဟုတ်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရိုမသေ သဘောထားခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုခြင်း၏ အနက်ဖွင့်ဆိုချက်တစ်ခု မဟုတ်လော။ ဤနေရာတွင် ငါတို့သည် အနက်ဖွင့်ဆိုချက်များကို မလိုအပ်ဘဲ သင်မြင်နိုင်ပြီး ထိတွေ့နိုင်သည့်အပြင် သင် ကြားဖူးသည့် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုခြင်း၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် အလေ့အကျင့်များကိုသာ လိုအပ်သည်။ သင်တို့သည် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုသည့် အမျိုးမျိုးသော သရုပ်သကန်များနှင့်ပတ်သက်၍ များစွာနားလည်မှုမရှိကြဟု ထင်ရသည်။ သင်တို့သည် ငါယခင်က မိတ်သဟာယဖွဲ့ခဲ့သည့် အချက်သုံးချက်ကို စာအားဖြင့် နားလည်မှုအချို့ ရှိကောင်းရှိနိုင်သော်လည်း အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုခြင်း၏ အခြားမည်သည့် သရုပ်သကန်များ ရှိနိုင်သည်ကို သင်တို့ တွေးမိကြမည်မဟုတ်ပေ၊ ဟုတ်သည် မဟုတ်လော။ ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့သည့် သရုပ်သကန်သုံးခုလုံးကို သင်တို့ မှတ်မိသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုသည့် အန္တိခရစ်တို့၏ အပြုအမူများနှင့် သရုပ်သကန်များသည် ဗြောင်ကျကျ ပွင့်လင်းမြင်သာမှု ရှိသလော။ ယင်းတို့သည် ဖြောင့်မှန်သောသူများ လုပ်ဆောင်သင့်သည့်အရာ ဟုတ်သလော။ (မဟုတ်ပါ။) ဤအရာများသည် ပုံမှန်လူ့သဘာဝတွင် ရှိသင့်သည့် သရုပ်သကန်များ မဟုတ်ပေ။ ယင်းတို့သည် အပြုသဘောဆောင်ခြင်းမရှိဘဲ အပျက်သဘောဆောင်လေသည်။ ဤအပြုအမူအနည်းငယ်၏ နောက်ကွယ်ရှိ အနှစ်သာရသည် စာတန်ကိုလည်းကောင်း၊ မကောင်းဆိုးဝါးများကိုလည်းကောင်း၊ ဘုရားသခင်၏ ရန်သူများကိုလည်းကောင်း ရည်ညွှန်းပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အန္တိခရစ်တို့ သဘောထားပြုမူခြင်းတွင် ကျိုးနွံနာခံခြင်းမရှိ၊ လက်ခံခြင်းမရှိ၊ တွေ့ကြုံခံစားခြင်းမရှိ၊ မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ဘေးဖယ်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရိုးစင်းစွာနှင့် ပွင့်လင်းစွာ လက်ခံခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အမျိုးမျိုးသော စာတန်ဆန်သည့် သဘောထားများကို ဖြစ်ပေါ်စေသည်။ အန္တိခရစ်တို့၏ ဤသရုပ်သကန်များနှင့် အပြုအမူများမှတစ်ဆင့် ထုတ်ဖော်သည့် စိတ်သဘောထားသည် ဝိညာဉ်ရေးရာနယ်ပယ်တွင် စာတန် ထုတ်ဖော်သည့်အရာ အတိအကျပင် ဖြစ်သည်။ ဤအပြုအမူများသည် မည်သည့်အခြေအနေတွင်မဆို၊ မည်သည့်ခေတ်တွင်မဆို၊ မည်သည့်လူအုပ်စုကြားတွင်မဆို အပြုသဘောဆောင်ခြင်း မရှိပေ။ ယင်းတို့သည် ကောက်ကျစ်ဆိုးယုတ်ပြီး အပျက်သဘောဆောင်ကာ ဖန်ဆင်းခံတစ်ဦး သို့မဟုတ် ပုံမှန်လူတစ်ဦး ရှိသင့်သည့် သရုပ်သကန်များ သို့မဟုတ် အပြုအမူများ မဟုတ်ချေ။ ထို့ကြောင့် ငါတို့သည် ယင်းတို့ကို အန္တိခရစ်တို့၏ သရုပ်သကန်များအဖြစ် သတ်မှတ်သည်။ ဤအချက်သုံးချက်ကို မိတ်သဟာယဖွဲ့ပြီးနောက် လူအများစုသည် ဤသရုပ်သကန်သုံးခုက ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အန္တိခရစ်တို့၏ အခြေခံသဘောထားပြုမူခြင်းများအားလုံးကို လွှမ်းခြုံနိုင်ဖွယ်ရှိသည်ဟု တွေးထင်ကောင်း တွေးထင်နိုင်သည်။ သို့သော် သင်တို့ လျစ်လျူရှုခဲ့သည့် အချက်တစ်ချက် ရှိပေသည်။ အန္တိခရစ်တို့၏ ဘုရားသခင်နှုတ်ကပတ်တော်များအပေါ် သဘောထားပြုမူခြင်းသည် ဤချဉ်းကပ်နည်းသုံးခုတွင်သာ ကန့်သတ်ထားသည်မဟုတ်ဘဲ များစွာပို၍ ရှိသေးသည်။ အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုကြောင်းကို သရုပ်ဖော်သည့် နောက်ထပ်သရုပ်သကန်နှင့် အပြုအမူတစ်ခု ရှိသေးသည်။ ဤသရုပ်သကန်မှာ အဘယ်နည်း။ ယင်းမှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူခြင်း ဖြစ်သည်။ ဤအရာ၏ စာသားအတိုင်း အဓိပ္ပာယ်ကို ငါတို့ ကြည့်မည်ဆိုလျှင် အချို့လူများ၏ စိတ်ထဲတွင် အချို့သော ပုဂ္ဂိုလ်များကို ညွှန်းဆိုသည့် ပုံရိပ်အချို့ ရှိကောင်းရှိနိုင်သော်လည်း ဤအရာ၏ တိကျပြီး စစ်မှန်သော သရုပ်သကန်များသည် အလွန်ရှင်းလင်းခြင်း မရှိသေးပေ။ ယင်းတို့သည် အလွန် မရေရာဘဲ ယေဘုယျကျလွန်းနေဆဲ ဖြစ်သည်။ သို့ဖြစ်၍ ယနေ့တွင် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် မည်သို့ သဘောထားသည်ကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။

ဃ။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူကြသည်

အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူကြသည်၊ အန္တိခရစ်များသည် သမ္မာတရားကိုယ်၌ကိုပင် ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူကြသည်ဟုလည်း ဆိုနိုင်ပါသည်။ ယင်းတို့ကို ကုန်ပစ္စည်းများအဖြစ် သဘောထားသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို ရရှိရန်အလို့ငှာ ပါးစပ်ဖြင့် အချို့သော အခိုင်အမာပြောဆိုခြင်းများ၊ ကြွားဝါခြင်း၊ ထို့နောက် လူတို့၏ ယုံကြည်မှု၊ ပံ့ပိုးမှုနှင့် ထောက်ခံမှုတို့ကို လိမ်လည်လှည့်ဖြား၍ ရယူခြင်းကို ဆိုလိုသည်။ ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် ၎င်းတို့၏ နင်းတက်သည့်အရာများ ဖြစ်လာသည်။ ဤသည်မှာ သမ္မာတရားအပေါ် အန္တိခရစ်တို့၏ သဘောထား ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အမြတ်ထုတ်သည်၊ ကပြက်ကချော်လုပ်သည်၊ နင်းခြေသည်၊ ယင်းကို အန္တိခရစ်တို့၏ သဘာဝအနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးသည်။ သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် အတိအကျအားဖြင့် အဘယ်အရာများ ဖြစ်သနည်း။ သမ္မာတရားကို ငါတို့ မည်သို့ တိကျစွာ အနက်အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ ငါ့ကို ပြောလော့၊ သမ္မာတရားကား အဘယ်နည်း။ (သမ္မာတရားသည် လူ၏ ကျင့်ကြံပြုမူခြင်း၊ လုပ်ဆောင်မှုများနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းတို့အတွက် စံသတ်မှတ်ချက် ဖြစ်သည်။) ဤသည်မှာ သမ္မာတရား၏ တိကျပြီး သတ်သတ်မှတ်မှတ်ဖြစ်သော အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ ဤစကားကို သင်တို့အားလုံး မည်သို့ နားလည်သနည်း။ သင်၏ နေ့စဉ်အသက်တာနှင့် သင်၏ ဘဝတစ်လျှောက်လုံးတွင် ဤစကားကို သင်မည်သို့ အသုံးချသင့်သနည်း။ ဤစကားကို သင်မည်သို့ တွေ့ကြုံခံစားသင့်သနည်း။ စစ်ထုတ်ခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်းမရှိဘဲ သင်တို့ တွေးမိနိုင်ပြီး နားလည်နိုင်သည့်အရာကို ချက်ချင်း ပြောလော့။ သင်တို့၏ အတွေ့အကြုံဆိုင်ရာ ဘာသာစကားဖြင့်ဆိုလျှင် သမ္မာတရားကား အဘယ်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကား အဘယ်နည်း။ (သမ္မာတရားသည် လူတစ်ဦး၏ ဘဝအပေါ် ရှုမြင်ပုံနှင့် သူ၏ တန်ဖိုးများကို ပြောင်းလဲနိုင်ပြီး ပုံမှန်လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်စေရန် ထောက်ကူပေးနိုင်ပါသည်။) ပြည့်စုံခြင်းမရှိသော်လည်း သင်ပြောခဲ့သည့်အရာတိုင်းသည် သမ္မာတရား၏ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို ဖော်ပြပါသည်။ ယင်းတို့သည် နေ့စဉ်အသက်တာမှ သင်တို့ တွေ့ကြုံခံစားပြီး အနှစ်ချုပ်ထားသည့် ထိုးထွင်းအမြင်များနှင့် ခံစားနားလည်မှုများ ဖြစ်ကြသည်။ အခြားမည်သူ မျှဝေလိုသေးသနည်း။ (သမ္မာတရားသည် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်နိုင်ပြီး ကျွန်ုပ်တို့ကို စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အမှုအရာများကို ဆောင်ရွက်ရန် ထောက်ကူပေးနိုင်ပါသည်။) ဤစကားသည် အတော်ကောင်းပြီး တိကျပြတ်သားလှသည်။ ဆက်ပြောလော့။ (သမ္မာတရားသည် အသက်ဖြစ်သည်၊ ထာဝရအသက်ရှင်ခြင်းသို့ လမ်းခရီး ဖြစ်သည်။ သမ္မာတရားကို လိုက်စားပြီး ယင်းအားဖြင့် အသက်ရှင်နေထိုင်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အသက်ကို ရရှိနိုင်ပါသည်။) (သမ္မာတရားသည် လူတို့ကို ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရန်၊ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာရန် ထောက်ကူပေးနိုင်ပါသည်။) ဤအချက်နှစ်ချက်လုံးသည် လူတို့၏ နေ့စဉ်အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် သက်ဆိုင်သည်။ ရှင်းလင်းချက်များသည် အတော်အတန် နက်နဲပြီး မြင့်မားသော်လည်း အလွန်လက်တွေ့ကျသည်။ (သမ္မာတရားသည် ငါတို့အတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်နိုင်သည်၊ ကိစ္စရပ်များအပေါ် ငါတို့၏ မမှန်ကန်သော ရှုမြင်ပုံများကို ပြောင်းလဲနိုင်ပြီး စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်စေရန် ထောက်ကူပေးနိုင်ပါသည်။) ဤစကားများသည် လက်တွေ့ကျပြီး လူတို့အတွက် သမ္မာတရား၏ တန်ဖိုးနှင့် အရေးပါမှုအပြင် လူတို့အပေါ် သမ္မာတရား သက်ရောက်နိုင်သည့် အကျိုးများနှင့် သက်ဆိုင်သည်။ သင်တို့အားလုံး ထုတ်ပြောသွားသည့်အရာကို ငါတို့ ယခင်က မကြာခဏ ပြောခဲ့ပြီးဖြစ်သည်။ လူတစ်ဦးချင်းစီ၏ အလေးပေးမှု ကွဲပြားသော်လည်း ယင်းအားလုံးသည် သမ္မာတရားနှင့်ပတ်သက်၍ ယခင်က ရှင်းပြပြီး အနက်အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည့် စကားဖြစ်သော သမ္မာတရားသည် အရာရာတိုင်းကို အကဲဖြတ်ခြင်းအတွက် စံသတ်မှတ်ချက်ဖြစ်သည်ဟူသည့်အချက်နှင့် သက်ဆိုင်သည်။ သမ္မာတရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တန်းတူညီမျှဖြစ်သည်ဟု သတ်မှတ်နိုင်သလော။ (သတ်မှတ်နိုင်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်။ သင်တို့၏ မိတ်သဟာယတွင် မျှဝေခဲ့သည့် အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို အခြေခံ၍ သမ္မာတရားသည် အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုဖြစ်သည်ဟု ငါတို့ ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) သမ္မာတရားသည် အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှု ဖြစ်သည်။ ယင်းသည် လူတစ်ဦး၏ အသက်နှင့် သူတို့ လျှောက်လှမ်းသည့် လမ်းညွှန်ချက် ဖြစ်နိုင်သည်၊ ယင်းသည် လူတစ်ဦးကို သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားစေနိုင်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့လာပြီး မကောင်းမှုကို ရှောင်ကြဉ်လာစေနိုင်သည်၊ ဘုရားသခင်ကို ကျိုးနွံနာခံသူနှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် စံနှုန်းပြည့်မီသောသူ၊ ဘုရားသခင် ချစ်ပြီး လက်ခံနိုင်ဖွယ် ဖြစ်သည်ဟု မြင်သည့်သူတစ်ဦး ဖြစ်လာစေနိုင်သည်။ သမ္မာတရား တန်ဖိုးကြီးမားသည်ကိုထောက်သော် လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားတို့နှင့်ပတ်သက်၍ မည်သို့သော သဘောထားနှင့် အမြင်ရှုထောင့် ရှိသင့်သနည်း။ ယင်းမှာ အတော်ပင် သိသာထင်ရှားပါသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသည့်သူများအတွက် သူ၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသက်သွေးကြော ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားသင့်သည်၊ ယင်းတို့ကို စားသောက်သင့်သည်၊ မွေ့လျော်သင့်သည်၊ ပြီးလျှင် ၎င်းတို့၏ အသက်အဖြစ်၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းညွှန်ချက်အဖြစ်၊ အသင့်ရှိသော အကူအညီနှင့် ထောက်ပံ့မှုအဖြစ် လက်ခံသင့်သည်။ လူတို့သည် သမ္မာတရား၏ စကားများနှင့် သတ်မှတ်ချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားသင့်ကာ သမ္မာတရားက ၎င်းတို့အား ပေးအပ်သည့် သတ်မှတ်ချက်များနှင့် စည်းမျဉ်းအမျိုးမျိုးကို ကျိုးနွံနာခံသင့်သည်။ ဤသို့အားဖြင့်သာ လူတစ်ဦးသည် အသက်ကို ရရှိနိုင်သည်။ သမ္မာတရားကို လိုက်စားခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ ဆန်းစစ်ခြင်း၊ မှန်းဆခြင်းနှင့် သံသယရှိခြင်းတို့ထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခံစားခြင်း ဖြစ်သည်။ သမ္မာတရားသည် လူတို့၏ အသင့်ရှိသော အကူအညီနှင့် ထောက်ပံ့မှုဖြစ်ပြီး ၎င်းတို့၏ အသက်ဖြစ်နိုင်သဖြင့် ၎င်းတို့သည် သမ္မာတရားကို အဖိုးတန်ဆုံးအရာအဖြစ် သဘောထားပြုမူသင့်သည်။ အကြောင်းမှာ ၎င်းတို့သည် အသက်ရှင်နေထိုင်ရန်၊ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လာရန်၊ သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်လာရန်နှင့် ၎င်းတို့၏ နေ့စဉ်အသက်တာအတွင်း၌ လက်တွေ့လုပ်ဆောင်ခြင်း လမ်းခရီးကို ရှာဖွေရန်နှင့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို သဘောပေါက်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိရန် သမ္မာတရားအပေါ် မှီခိုရမည် ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန်၊ ကယ်တင်ခြင်းခံရသူနှင့် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန်လည်း သမ္မာတရားအပေါ် မှီခိုရမည် ဖြစ်သည်။ မည်သည့်ရှုထောင့်မှဖြစ်စေ၊ မည်သို့သောနည်းလမ်းဖြင့် ဖော်ပြသည်ဖြစ်စေ သမ္မာတရားအပေါ် လူတို့ အလျဉ်းမထားသင့်ဆုံးသော သဘောထားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သာမန်ကာလျှံကာ ရောင်းဝယ်ဖောက်ကားနိုင်သည့် ထုတ်ကုန်တစ်ခုအဖြစ် သို့မဟုတ် ကုန်ပစ္စည်းတစ်ခုအဖြစ်ပင် သဘောထားပြုမူခြင်း ဖြစ်၏။ ဤသည်မှာ ဘုရားသခင် မမြင်လိုဆုံးသော အရာဖြစ်ပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦးတွင် လုံးဝမရှိသင့်သော အပြုအမူနှင့် သရုပ်သကန်မျိုးလည်း ဖြစ်သည်။

အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားခြင်း၏ အကြောင်းရင်းနှင့် ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် အမှန်တကယ် မည်သည့်အရာကိုလုပ်ရန် ရည်ရွယ်နေကြသနည်း၊ ပြီးလျှင် ၎င်းတို့၏ အလိုမှာ အဘယ်နည်း။ ကုန်သည်တစ်ဦးသည် ကုန်ပစ္စည်းတစ်ခုကို ရရှိသောအခါ ထိုကုန်ပစ္စည်းအတွက် သူ၏မျှော်လင့်ချက်မှာ ယင်းက သူ့အတွက် အကျိုးအမြတ်များနှင့် သူအလိုရှိသော များပြားသည့်ငွေပမာဏကို ဆောင်ကြဉ်းပေးရန် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူသောအခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကျိုးအမြတ်များနှင့် ငွေကြေးအတွက် လဲလှယ်နိုင်သော ရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူနေခြင်း ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် တန်ဖိုးထားခြင်း၊ လက်ခံခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် တွေ့ကြုံခံစားခြင်း မရှိသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့လိုက်နာစောင့်ထိန်းသင့်သည့် အသက်တာလမ်းခရီးအဖြစ် သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားအဖြစ် သဘောထားပြုမူခြင်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူကြသည်။ ကုန်သည်တစ်ဦးအတွက် ကုန်ပစ္စည်းတစ်ခု၏ အကြီးမားဆုံးတန်ဖိုးမှာ ယင်းကို ငွေကြေးအတွက်၊ အလိုရှိသော အမြတ်အစွန်းအတွက် လဲလှယ်ရန် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူသောအခါ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ကြံရွယ်ချက်တို့သည် အနှစ်သာရအားဖြင့် အတူတူပင် ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် ယင်းတို့ကို စားသောက်ရန်နှင့် မွေ့လျော်ရန်၊ သို့မဟုတ် ၎င်းတို့၏ တွေ့ကြုံခံစားမှု သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုအတွက် အသုံးမပြုဘဲ ထိုအစား မိမိတို့ အကျိုးအမြတ်ရနိုင်သည့်သူများထံ အချိန်မရွေး နေရာမရွေး ကမ်းလှမ်းရန်၊ ဖလှယ်ရန်နှင့် ရောင်းချရန် ၎င်းတို့၏ လက်ထဲရှိ ကုန်စည်များအဖြစ်သာ အသုံးပြုခြင်း ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူသည်ကို စာသားအတိုင်း ယူဆလျှင် ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငွေနှင့်လဲလှယ်ရန် အရောင်းအဝယ်အတွက် အသုံးပြုသည့် ကုန်ပစ္စည်းကဲ့သို့ သဘောထားပြုမူခြင်းကို ဆိုလိုသည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဝယ်ခြင်းနှင့် ရောင်းခြင်းအား ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအဖြစ်သို့ ပြောင်းလဲလိုက်ကြသည်။ စာသားအတိုင်း ရှုထောင့်မှကြည့်သော် ဤသည်မှာ မြင်လျှင်မြင်ချင်း နားလည်နိုင်သည်။ အန္တိခရစ်တို့၏ ထိုသို့သော လုပ်ရပ်များနှင့် အပြုအမူများသည် ရှက်ဖွယ်ဖြစ်ပြီး လူတို့၏ ရွံရှာခြင်းနှင့် စက်ဆုပ်ခြင်းကို ခံရလေ၏။ သို့ဆိုလျှင် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ ဤသည်မှာ ငါတို့ မိတ်သဟာယဖွဲ့ကြမည့် အဓိကအချက် ဖြစ်သည်။ အန္တိခရစ်တို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူခြင်း၏ အလွန်သိသာထင်ရှားသော သရုပ်သကန်အချို့ ရှိသည်။ သင်တို့အတွက် ပို၍ရှင်းလင်းပြီး ပို၍နားလည်လွယ်စေရန် ငါတို့သည် ယင်းတို့ကို တစ်ခုပြီးတစ်ခု ဆက်လက်ဆွေးနွေးကြမည်။ ငါသည် အဘယ်ကြောင့် ဤနည်းလမ်းကို သုံးရသနည်း။ ငါ၏ နှစ်ပေါင်းများစွာ အလုပ်လုပ်ခြင်းနှင့် စကားပြောခြင်း အတွေ့အကြုံကို အခြေခံ၍ လူအများစုသည် အတွေးအခေါ်များ မပြတ်သားဘဲ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း မရှိကြပေ။ ဤအချက်ကို အခြေခံ၍ ငါသည် အရှင်းဆုံးနှင့် အထိရောက်ဆုံးသော နည်းလမ်းတစ်ခုကို စဉ်းစားခဲ့သည်၊ ယင်းမှာ မည်သည့်ကိစ္စဖြစ်စေ၊ မည်သည့်အကြောင်းအရာဖြစ်စေ၊ မည်သည့်အရာပင်ဖြစ်စေ ယင်းကို သင်တို့ သုံးသပ်ပြီး အချိန်ယူစဉ်းစားနိုင်ရန် ကူညီဖို့ တစ်ခုပြီးတစ်ခု ရှင်းပြပြီး ပို၍နားလည်စေရန် ဖြစ်သည်။ ဤသည်မှာ သင့်တော်သလော။ (သင့်တော်ပါသည်။) အချို့လူများက “ယင်းမှာ အဆင်အပြေဆုံးသာ ဖြစ်သည်၊ ယင်းက ကျွန်ုပ်တို့ ဦးနှောက်ခြောက်ခံ စဉ်းစားပြီး ကြိုးစားတွေးတောရသည့် ဒုက္ခမှ သက်သာစေသည်။ ကျွန်ုပ်တို့သည် အလွန် အလုပ်ရှုပ်ပြီး ယင်းအတွက် အချိန်မရှိ။ ကျွန်ုပ်တို့၏ စွမ်းအားနှင့် အတွေးအခေါ်များသည် ကိစ္စကြီးများအတွက် အသုံးပြုကာ ဤအသေးအဖွဲဖြစ်သော မဆိုစလောက် ပြဿနာများအတွက် မဟုတ်ပါ။ ဤကိစ္စလေးများကို ကျွန်ုပ်တို့အား တွေးဆစေခြင်းမှာ ကျွန်ုပ်တို့အား ကိုယ်တော်က လျှော့တွက်နေပြီး ကျွန်ုပ်တို့၏ ကြီးမားသော ပါရမီကို အပြည့်အဝ အသုံးမချသကဲ့သို့ ထင်ရသည်” ဟု ဆိုကြသည်။ ယင်းမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် အဘယ်နည်း။ (ကျွန်ုပ်တို့၏ အစွမ်းအစက အလွန်နိမ့်ကျသောကြောင့် တစ်ခါတစ်ရံ သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်း မရှိပါ၊ ပြီးလျှင် ကျွန်ုပ်တို့ အနည်းငယ် နားလည်နိုင်ရန် ဘုရားသခင်က ကျွန်ုပ်တို့နှင့်အတူ အသေးစိတ်၊ တစ်လုံးချင်း၊ တစ်ကြောင်းချင်း မိတ်သဟာယဖွဲ့ပေးရန် လိုအပ်ပါသည်။) သင်တို့ မြင်သလော၊ ငါသည် တကယ့်အခြေအနေကို အမှုမဲ့အမှတ်မဲ့ ဖော်ပြမိပြီး သင်တို့အားလုံးတွင် အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို ထုတ်ဖော်လိုက်သော်လည်း ယင်းမှာ အဖြစ်မှန်များသာ ဖြစ်သည်။ ငါမဖော်ထုတ်ခဲ့လျှင်ပင် အခြေအနေက ထိုအတိုင်းပင် ဖြစ်နေဦးမည်။ ဤသို့လုပ်ဆောင်ခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိပေ။ ငါသည် ကြီးမားသောအကြောင်းအရာများကို ရိုးရှင်းစွာနှင့် ယေဘုယျအားဖြင့်သာ ပြောဆိုမည်ဆိုလျှင် ငါသည် အချည်းနှီး ပြောဆိုနေခြင်းဖြစ်ပြီး ငါ၏ကြိုးစားမှုကို ဖြုန်းတီးနေခြင်းသာ ဖြစ်မည်။ ယင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်သည်မဟုတ်လော။ ပင်မအကြောင်းအရာကို ပြန်ဆွေးနွေးကြစို့။ အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူခြင်းနှင့်ပတ်သက်၍ အန္တိခရစ်တို့က ဤအရာအား မည်သို့လုပ်ဆောင်သည်ကိုလည်းကောင်း၊ အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြုကြောင်းကို လုံလောက်စွာ သက်သေပြနိုင်ပြီး အန္တိခရစ်တို့တွင် ထိုသို့သော အနှစ်သာရ အမှန်တကယ် ရှိကြောင်းကိုလည်း အတည်ပြုပေးနိုင်သည့် တိကျသော ဥပမာများနှင့် သရုပ်သကန်များမှာ မည်သည့်အရာများ ဖြစ်သည်ကိုလည်းကောင်း တစ်ဆင့်ပြီးတစ်ဆင့် ရှင်းပြပြီး နားလည်အောင်လုပ်ပေးရန် ဤအချက်ကို ခေါင်းစဉ်ငယ်အချို့သို့ ခွဲခြားမည်။ ငါတို့သည် ဤအချက်ကို အဓိကအပိုင်းနှစ်ပိုင်းဖြင့် မိတ်သဟာယဖွဲ့ကြမည်။

၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာတို့ကို ရရှိမှုအတွက် တန်ဆာပလာတစ်ခုအဖြစ် သဘောထားပြုမူခြင်း

ပထမဦးဆုံး အဓိကအသွင်အပြင်အနေဖြင့် အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူခြင်း၏ အတွေ့ရအများဆုံး သရုပ်သကန်မှာ ၎င်းတို့သည် ယင်းတို့ကို မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ ဂုဏ်သတင်း၊ ဂုဏ်သိက္ခာကို ရရှိရန်အတွက်၊ ထို့ထက်ပင် ရုပ်ဝတ္ထုဆိုင်ရာ မွေ့လျော်မှုအတွက်၊ ထို့ထက်မက ငွေကြေးအတွက် တန်ဆာပလာတစ်ခုအဖြစ် အသုံးပြုခြင်း ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိတွေ့သောအခါ ၎င်းတို့က “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကောင်းမြတ်လှသည်။ ဝါကျတိုင်းသည် ဆင်ခြင်တုံတရားရှိပြီး မှန်ကန်သည်၊ ဤနှုတ်ကပတ်တော်များကို လူတို့ မပြောနိုင်ကြ၊ ပြီးလျှင် ယင်းတို့ကို သမ္မာကျမ်းစာထဲတွင် မတွေ့နိုင်ပါ” ဟု ခံစားကြရသည်။ လွန်ခဲ့သော ခေတ်နှစ်ခေတ်တွင် ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို မပြောခဲ့ပေ။ ဓမ္မဟောင်းကျမ်းတွင်ဖြစ်စေ၊ ဓမ္မသစ်ကျမ်းတွင်ဖြစ်စေ ဤသို့သော အတိအလင်းနှင့် ပြတ်သားစွာ ပြောဆိုထားသည့် နှုတ်ကပတ်တော်များ မရှိပေ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ အလွန်ကန့်သတ်ထားသော အပိုင်းကိုသာ မှတ်တမ်းတင်ထားသည်။ ယခု ဘုရားသခင် ပြောနေသည့်အရာကို ကြည့်လျှင် အကြောင်းအရာသည် အလွန်ကြွယ်ဝလှသည်။ ထို့နောက် အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မနာလိုခြင်းနှင့် အားကျခြင်းကို ခံစားရပြီး ၎င်းတို့သည် စိတ်ထဲ၌ စတင်၍ ကျိတ်ကြံစည်ကြသည်။ “ဤသာမန်လူက များစွာပြောနိုင်သည်၊ ငါသည်လည်း ဤနှုတ်ကပတ်တော်များကို မည်သည့်အချိန်တွင် ပြောနိုင်မည်နည်း။ ငါသည် ဤလူကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဆုံးမရှိ မည်သည့်အချိန်တွင် ပြောနိုင်မည်နည်း” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထိုသို့သော ထိန်းချုပ်မရသည့်ဆန္ဒနှင့် လိုအင်ဆန္ဒ ရှိကြသည်။ ဤထိန်းချုပ်မရသည့်ဆန္ဒနှင့် လိုအင်ဆန္ဒကို အကဲဖြတ်ကြည့်သော် ၎င်းတို့၏ စိတ်နှလုံးထဲ၌ အန္တိခရစ်တို့သည် ဘုရားသခင်ပြောဆိုသော ဤနှုတ်ကပတ်တော်များကို အားကျကာ ကိုးကွယ်ကြသည်။ ငါသည် “မနာလိုဖြစ်ခြင်း” နှင့် “ရိုသေလေးမြတ်ခြင်း” ဟူသော စကားလုံးများကို အသုံးပြုသည်၊ ဤဝေါဟာရနှစ်ခုအား ထားသိုမှုကို ထောက်ရှု၍ ငါဆိုလိုသည်မှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မမှတ်ယူကြဘဲ၊ ၎င်းတို့ကို လက်ခံရန်လည်း ရည်ရွယ်ခြင်းမရှိဘဲ ထိုအစား ဤနှုတ်ကပတ်တော်များ၏ ကြွယ်ဝသော အကြောင်းအရာကိုလည်းကောင်း၊ ကျယ်ပြန့်သော အပိုင်းများကိုလည်းကောင်း၊ လူသားများ အလှမ်းမမီနိုင်သော နက်နဲမှုကို ထင်ဟပ်စေသည့် ဤနှုတ်ကပတ်တော်များ၏ နက်နဲမှုကိုလည်းကောင်း မနာလိုဖြစ်ကြသည်။ ထို့ထက်မက ၎င်းတို့သည် ဤနှုတ်ကပတ်တော်များမှာ ၎င်းတို့ကိုယ်တိုင် မပြောနိုင်သည့် နှုတ်ကပတ်တော်များဖြစ်သဖြင့် မနာလိုဖြစ်ကြခြင်း ဖြစ်သည်။ “အားကျခြင်း” ၏ ဤအသွင်အပြင်များမှ ကြည့်လျှင် အန္တိခရစ်တို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဘုရားသဘောသဘာဝ၏ ဖော်ပြချက်များအဖြစ်၊ သမ္မာတရားအဖြစ်၊ သို့မဟုတ် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် လူသားမျိုးနွယ်ကို ထောက်ပံ့ရန် ရည်ရွယ်သည့် အသက်နှင့် သမ္မာတရားအဖြစ် မမှတ်ယူကြသည်မှာ သိသာထင်ရှားသည်။ အန္တိခရစ်တို့က ဤနှုတ်ကပတ်တော်များကို မနာလိုဖြစ်နိုင်သည်ကို ထောက်ရှုသော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထိုသို့သော နှုတ်ကပတ်တော်များကို ဖော်ပြသည့်သူများ ဖြစ်လာရန်လည်း ဆန္ဒရှိကြသည်မှာ သိသာထင်ရှားပေသည်။ ဤအချက်အရ အန္တိခရစ်များစွာတို့သည် နောက်ကွယ်တွင် အလွန်ကြီးမားသော ကြိုးစားအားထုတ်မှုများ ပြုလုပ်ခဲ့ကြပြီး နေ့စဉ် ဆုတောင်းခြင်း၊ ဤနှုတ်ကပတ်တော်များကို နေ့စဉ်ဖတ်ရှုခြင်း၊ မှတ်စုမှတ်သားခြင်း၊ အလွတ်ကျက်မှတ်ခြင်း၊ အကျဉ်းချုပ်ခြင်းနှင့် စုစည်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသော ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ များစွာအလုပ်လုပ်ခဲ့ကြပြီး မရေမတွက်နိုင်သော မှတ်စုများ ရေးချမှတ်သားကာ ၎င်းတို့၏ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများအတွင်း များပြားလှသော ထိုးထွင်းအမြင်များကို မှတ်သားထားသည့်အပြင် ဤနှုတ်ကပတ်တော်များကို မှတ်မိရန် မရေမတွက်နိုင်သော အကြိမ်များစွာ ဆုတောင်းခဲ့ကြသည်။ ဤအရာအားလုံးကို လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ တစ်နေ့တွင် ၎င်းတို့ ရုတ်တရက် ဉာဏ်ကွန့်မြူးမှုရရှိပြီး ဖွင့်လိုက်သော ရေတံခါးပေါက်မှ ရေများကဲ့သို့ ဘုရားသခင်ပြောမည့် နှုတ်ကပတ်တော်များကို အဆုံးမရှိ ပြောနိုင်ရန် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကဲ့သို့ ၎င်းတို့၏ စကားများကလည်း လူတို့လိုအပ်သည့်အရာကို ထောက်ပံ့နိုင်ရန်၊ လူတို့အား အသက်ကို ထောက်ပံ့နိုင်ရန်၊ လူတို့စွမ်းဆောင်သင့်သည့်အရာကို ထောက်ပံ့နိုင်ရန်နှင့် လူတို့အပေါ် တောင်းဆိုချက်များ ပြုလုပ်နိုင်ရန် မျှော်လင့်ကြသည်။ ယင်းမှာ ၎င်းတို့ လိုအင်ဆန္ဒ ရှိသည့်အတိုင်း ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိကဲ့သို့ ၎င်းတို့သည် ဘုရားသခင်၏ ရှုထောင့်နှင့် အဆင့်အတန်းတွင် ရပ်တည်နိုင်ပြီး ဘုရားသခင် ပြုသည့်အတိုင်း သူ၏လေသံနှင့် စကားပြောပုံဖြင့် အလားတူသောအရာများကို ပြောဆိုနိုင်ရန် ဖြစ်သည်။ အန္တိခရစ်တို့သည် ဤအရာအတွက် များစွာ ကြိုးစားအားထုတ်ခဲ့ကြပြီး ၎င်းတို့ထဲမှ အချို့သည် ၎င်းတို့ပြောလိုသည့် နှုတ်ကပတ်တော်များ၊ ဘုရားသခင်က ၎င်းတို့အား ပေးရန် စောင့်ဆိုင်းနေသည့် နှုတ်ကပတ်တော်များကို မှတ်တမ်းတင်ရန် နောက်ကွယ်တွင် မှတ်စုစာအုပ်များကို မကြာခဏ ထုတ်ယူကြသည်ဟု ဆိုလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ သို့သော် ၎င်းတို့ မည်သို့ပင်လုပ်ဆောင်စေကာမူ အန္တိခရစ်တို့၏ လိုအင်ဆန္ဒများသည် အစဉ်သဖြင့် မပြည့်စုံဘဲ ၎င်းတို့၏ လိုအင်ဆန္ဒများမှာ မည်သည့်အခါမျှ အကောင်အထည် မပေါ်ခဲ့ပေ။ ၎င်းတို့ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ၊ မည်မျှပင် ဆုတောင်းစေကာမူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှပင် မှတ်တမ်းတင်စေကာမူ၊ သို့မဟုတ် ယင်းတို့ကို မည်သို့ပင် အလွတ်ကျက်မှတ်ပြီး စုစည်းစေကာမူ အချည်းနှီးသာ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့မှတစ်ဆင့် ဝါကျတစ်ကြောင်းမျှ မပြောသကဲ့သို့ ဘုရားသခင်သည် ၎င်းတို့ကို သူ၏အသံကို တစ်ကြိမ်မျှပင် ကြားခွင့်မပေးခဲ့ပေ။ ၎င်းတို့ မည်မျှပင် တောင့်တစေကာမူ သို့မဟုတ် မည်မျှပင် စိုးရိမ်သောကရောက်စေကာမူ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ကြောင်းမျှကို မပြောနိုင်ကြပေ။ ၎င်းတို့ ပို၍စိုးရိမ်ပူပန်ပြီး ပို၍မနာလိုဖြစ်လေ၊ ၎င်းတို့၏ ပန်းတိုင်ကို ပို၍မစွမ်းဆောင်နိုင်လေ၊ ထို့နောက် ၎င်းတို့သည် အတွင်း၌ ပို၍စိတ်တိုလာလေ ဖြစ်သည်။ ၎င်းတို့သည် အဘယ်အရာကို စိတ်တိုနေကြသနည်း၊ ပြီးလျှင် ၎င်းတို့သည် အဘယ်ကြောင့် ဤမျှ စိုးရိမ်ပူပန်နေကြသနည်း။ ၎င်းတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့ကို ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန်နှင့် သူ၏နှုတ်ကပတ်တော်ကို အသက်အဖြစ် လက်ခံရန် ဘုရားသခင်၏ ရှေ့မှောက်သို့ ပို၍ပို၍ ဆောင်ကြဉ်းနေသော်လည်း ၎င်းတို့၏ ခြေရင်း၌၊ ၎င်းတို့၏ မျက်မှောက်၌ ၎င်းတို့ကို ကြည်ညိုကိုးကွယ်သူ သို့မဟုတ် အထင်ကြီးလေးစားသူ တစ်ဦးတစ်ယောက်မျှ မရှိသည်ကို မြင်ကြရသည်။ ဤသည်မှာ ၎င်းတို့ကို စိုးရိမ်ပူပန်ပြီး စိတ်တိုစေသည့်အရာ ဖြစ်သည်။ ၎င်းတို့၏ စိတ်တိုခြင်းနှင့် စိုးရိမ်ပူပန်ခြင်းထဲတွင် အန္တိခရစ်တို့ စဉ်းစားဆင်ခြင်နိုင်သည့်အရာမှာ “ဤလူများသည် အဘယ်ကြောင့် ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ကြသနည်း။ ၎င်းတို့သည် မယုံကြည်သူများ၏ လောကနှင့်နှိုင်းယှဉ်လျှင် ဘုရားအိမ်တော်သို့ လာသောအခါ အဘယ်ကြောင့် ကွဲပြားနေသနည်း။ လူအများစုသည် ဘုရားအိမ်တော်သို့ ရောက်လာပြီးနောက် အဘယ်ကြောင့် ကောင်းမွန်စွာ ပြုမူလာပြီး တဖြည်းဖြည်း ပိုကောင်းလာကြသနည်း။ လူအများစုသည် အဘယ်ကြောင့် ဘုရားအိမ်တော်၌ လုပ်အားခ မယူဘဲ မိမိတို့ကိုယ်ကို အသုံးခံပြီး အဖိုးအခပေးဆပ်ကြသနည်း၊ ပြီးလျှင် ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါတွင်ပင် အဘယ်ကြောင့် မထွက်ခွာကြသနည်း၊ ပြီးလျှင် အချို့မှာ ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရပြီးနောက်တွင်ပင် မထွက်ခွာကြသနည်း။ အရင်းစစ်လျှင် တစ်ခုတည်းသော အကြောင်းရင်းမှာ ဘုရား၏ နှုတ်ကပတ်တော်များကြောင့်သာ ဖြစ်သည်၊ ယင်းမှာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ အားဖြင့် ရရှိစေသည့် အကျိုးသက်ရောက်မှုနှင့် အခန်းကဏ္ဍကြောင့် ဖြစ်သည်” ဟူ၍သာ ဖြစ်သည်။ အန္တိခရစ်တို့သည် ဤအချက်ကို မြင်သောအခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ပင် မနာလိုဖြစ်လာကြသည်။ ထို့ကြောင့် ကြီးမားသော ကြိုးစားအားထုတ်မှုများ ပြုလုပ်ပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မပြောနိုင်သေးသည့်အခါ သို့မဟုတ် ဘုရားသခင်အတွက် စကားပြောဆိုပေးသူ မဖြစ်နိုင်သေးသည့်အခါ အန္တိခရစ်တို့သည် ၎င်းတို့၏ အာရုံစိုက်မှုကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်သို့ ပြောင်းလိုက်ကြသည်။ “ဘုရားပြောခဲ့သည့်အရာမှလွဲ၍ အခြားစကားများကို ငါမပြောနိုင်သော်လည်း ငါသည် ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီသော နှုတ်ကပတ်တော်များကို ပြောနိုင်လျှင် ယင်းတို့သည် အယူဝါဒများသာ သို့မဟုတ် အနှစ်မဲ့သောအရာများသာ ဖြစ်နေလျှင်ပင် လူတို့အတွက် မှန်ကန်သည်ဟု ထင်နေရသမျှ၊ ယင်းတို့သည် ဘုရား၏ ဤနှုတ်ကပတ်တော်များနှင့် ကိုက်ညီပုံရသမျှ ငါသည် လူတို့ကြားတွင် နေရာတစ်ခု ရယူနိုင်မည် မဟုတ်လော။ ငါသည် ၎င်းတို့ကြားတွင် ခိုင်မာစွာ ရပ်တည်နိုင်မည် မဟုတ်လော။ သို့မဟုတ် ငါသည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ထဲရှိ နှုတ်ကပတ်တော်များကို မကြာခဏ တရားဟောပြီး ရှင်းပြလျှင်၊ လူတို့ကို ကူညီရန် ဤနှုတ်ကပတ်တော်များကို မကြာခဏ အသုံးပြုလျှင်၊ ပြီးလျှင် ငါပြောသမျှနှင့် တရားဟောသမျှအားလုံးသည် ဘုရားနှုတ်ကပတ်တော်များမှ လာပုံရပြီး မှန်ကန်နေလျှင် လူတို့ကြားရှိ ငါ၏အဆင့်အတန်းသည် ပို၍ပို၍ တည်ငြိမ်လာမည် မဟုတ်လော။ ငါသည် ၎င်းတို့ကြားတွင် ပို၍ ဂုဏ်ဒြပ် ရရှိမည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ဤသို့တွေးလျက် အန္တိခရစ်တို့သည် အဆင့်အတန်း၊ ပိုကြီးမားသော ဂုဏ်သတင်းနှင့် ချီးကျူးဂုဏ်ပြုမှုကို ရရှိရန် ၎င်းတို့၏ ဆန္ဒများကို အကောင်အထည်ဖော်ဖို့ နည်းလမ်းတစ်ခု တွေ့ရှိပြီဟု ခံစားရပြီး ဤသည်ကို စွမ်းဆောင်ရရှိရန် မျှော်လင့်ချက်ကို ၎င်းတို့ မြင်ကြသည်။ မျှော်လင့်ချက်ကို မြင်ပြီးနောက် အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် တိတ်တဆိတ် ကျေနပ်ကြသည်။ “ငါသည် မည်မျှပါးနပ်လိုက်လေသနည်း။ ဤအရာကို မည်သူမျှ သတိမပြုမိကြ။ အခြားသူများသည် ဤနည်းလမ်းကို အဘယ်ကြောင့် မသိကြသနည်း။ ငါသည် အလွန်ပင် ထက်မြက်သည်။ သို့ရာတွင် ငါ မည်မျှပင်ထက်မြက်နေပါစေ ဤအရာနှင့်ပတ်သက်၍ မည်သူ့ကိုမျှ ပြောပြ၍မရပေ။ ယင်းကိုငါ၏ စိတ်နှလုံးထဲတွင် သိလျှင် လုံလောက်ပါသည်” ဟူ၍ ဖြစ်လေသည်။ ထိုသို့သော ပန်းတိုင်နှင့် အစီအစဉ်တစ်ခု စိတ်ထဲတွင် ရှိလျက် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စတင်၍ အလေးအနက် ကြိုးစားအားထုတ်လာကြသည်။ ၎င်းတို့က “ယခင်က ဘုရားနှုတ်ကပတ်တော်များကို ငါ တစ်ချက်မျှသာ ကြည့်ခဲ့သည်၊ သာမန်ကာလျှံကာ နားထောင်ပြီး စိတ်ထဲပေါ်လာသမျှအရာကို ပြောခဲ့သည်။ ယခုအခါတွင် ငါ၏ နည်းဗျူဟာကို ပြောင်းရန် လိုအပ်သည်။ ယင်းကို ငါ လုပ်၍မရနိုင်တော့ပါ၊ ယင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်သည်။ ယခင်က ထိုနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းသည် ရလဒ်တစ်ခုမျှ မထွက်လာခဲ့ပါ၊ ယင်းကဲ့သို့ ဆက်လက်လုပ်ဆောင်ခြင်းသည် တကယ်ကို မိုက်မဲပေမည်” ဟု တွေးကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် အားတင်းယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ကြိုးစားအားထုတ်ရန်နှင့် ၎င်းတို့၏ အရည်အချင်းများကို အစွမ်းကုန် ပြသရန် ဆုံးဖြတ်ကြသည်။ ၎င်းတို့၏ အရည်အချင်းများကို အစွမ်းကုန် ပြသရန် အန္တိခရစ်တို့သည် မည်သည့်လုပ်ရပ်များကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ စကားပြောပုံနှင့် သူ၏လေသံကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး အဆင့်တိုင်းနှင့် ကာလတိုင်းရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိကျသော အကြောင်းအရာကိုလည်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို မည်သို့ရှင်းပြရမည်ကို ပြင်ဆင်ကြပြီး ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တရားဟောသောအခါ လူတို့ကို ၎င်းတို့အား အထင်ကြီးလေးစားပြီး ကိုးကွယ်စရာအဖြစ် ကိုးကွယ်စေမည့် နည်းလမ်းဖြင့် မည်သို့ပြောဆိုပြီး ရှင်းပြရမည်ကို ပြင်ဆင်ကြသည်။ ဤသို့ဖြင့် တဖြည်းဖြည်းနှင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် များစွာကြိုးစားအားထုတ်ခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အချက်တစ်ချက်မှာ သေချာပါသည်။ ဤကြိုးစားအားထုတ်မှု နောက်ကွယ်ရှိ ၎င်းတို့၏ ကြံရွယ်ချက်များသည် မှားယွင်းပြီး ၎င်းတို့၏ ရည်ရွယ်ချက်များမှာ ဆိုးယုတ်သောကြောင့် ၎င်းတို့ပြောဆိုသော နှုတ်ကပတ်တော်များသည် အခြားသူများ မည်သို့ပင်နားထောင်စေကာမူ အယူဝါဒများသာဖြစ်ပြီး ဘုရားသခင်၏ မိန့်မြွက်ချက်မှ ကူးယူထားသော စကားလုံးများနှင့် စကားစုများသာ ဖြစ်သည်။ သို့ဖြစ်၍ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် တစ်ကိုယ်ရေ အကျိုးကျေးဇူး တစ်ခုမျှ မပြည့်မြောက်နိုင်ခဲ့ချေ။ အကျိုးအမြတ်မရှိဟု ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောထားပြုမူမှု မရှိခြင်းဖြစ်သည်။ ၎င်းတို့သည် လက်တွေ့မလုပ်ဆောင်ဘဲ တရားဟောရုံသာ ရှိသဖြင့် မည်သူမျှ ၎င်းတို့အထဲ၌ မည်သည့်ပြောင်းလဲမှုကိုမျှ မမြင်ရပေ။ ၎င်းတို့၏ မှားယွင်းသော အတွေးအခေါ်များနှင့် ရှုမြင်ပုံများ မပြောင်းလဲ၊ ဘဝအပေါ် ၎င်းတို့၏ မှားယွင်းသော ရှုမြင်ပုံ မပြောင်းလဲ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့မျှ နားလည်ခြင်းမရှိဘဲ ဘုရားသခင်ဖော်ပြသည့် လူ၏ အမျိုးမျိုးသော အခြေအနေများနှင့် မိမိတို့ကိုယ်ကို လုံးဝ နှိုင်းယှဉ်ချိန်ဆရန် လုံးလုံး ပျက်ကွက်ကြသည်။ ထို့ကြောင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးစေကာမူ ၎င်းတို့၌ ရလဒ်နှစ်ခုသာ မြင်နိုင်သည်။ ပထမဦးစွာ ၎င်းတို့ပြောဆိုသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မှန်ကန်ပြီး ဤနှုတ်ကပတ်တော်များ၏ ရှင်းလင်းချက်များပင် မမှားယွင်းသော်လည်း သင်သည် ၎င်းတို့အထဲ၌ မည်သည့်ပြောင်းလဲမှုကိုမျှ မမြင်နိုင်ပေ။ ဒုတိယအနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှပင် အားတက်သရော မြှင့်တင်ပြီး တရားဟောစေကာမူ ၎င်းတို့တွင် မိမိကိုယ်ကို သိမြင်မှု လုံးဝမရှိပေ။ ဤသည်မှာ ရှင်းလင်းစွာ သတိပြုမိနိုင်သောအရာ ဖြစ်သည်။ အန္တိခရစ်တို့က ထိုသို့သော အပြုအမူကို ပြသရသည့် အကြောင်းရင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြားသူများထံ မကြာခဏ မြှင့်တင်ပြီး တရားဟောသော်လည်း ၎င်းတို့ကိုယ်တိုင်က ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်သည်ကို လက်မခံသောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်က ဤနှုတ်ကပတ်တော်များကို လက်မခံခဲ့ကြပေ၊ ၎င်းတို့သည် ယင်းတို့ကို မိမိတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိရန်အတွက်သာ အသုံးပြုလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တရားဟောခြင်းဖြင့် မိမိတို့အလိုရှိသော အဆင့်အတန်းနှင့် အကျိုးအမြတ်များကို ရရှိရန်နှင့် လူတို့က ၎င်းတို့ကို ဘုရားကဲ့သို့ သဘောထားပြီး ဝတ်ပြုကိုးကွယ်လျှင် အကောင်းဆုံးပင် ဖြစ်ပေမည်ဟု မျှော်လင့်ကြသည်။ ၎င်းတို့သည် ဤရည်ရွယ်ချက် သို့မဟုတ် ရလဒ်ကို မစွမ်းဆောင်နိုင်သေးသော်လည်း ဤသည်မှာ အန္တိခရစ်တိုင်း၏ အန္တိမပန်းတိုင် ဖြစ်သည်။

အန္တိခရစ်များသည် ဘုရားနှုတ်ကပတ်တော်အပေါ်တွင် များစွာ အားစိုက်ထုတ်သည်။ လူအချို့က ဤအရာကိုကြားပြီး နားလည်မှုလွဲကောင်းလွဲနိုင်ကာ “ဤသည်မှာ ဘုရားနှုတ်ကပတ်တော်အပေါ် အားစိုက်ထုတ်သူတိုင်းသည် အန္တိခရစ်တစ်ဦး ဖြစ်သည်ဟု ဆိုလိုသလော” ဟု မေးကောင်းမေးနိုင်သည်။ သင်က ဤသို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုလျှင် သင့်၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်။ ဘုရားနှုတ်ကပတ်တော်အပေါ် အန္တိခရစ်များ၏ အားစိုက်ထုတ်မှုနှင့် သမ္မာတရားကို လိုက်စားသူတို့၏ အားစိုက်ထုတ်မှု ကြားတွင် ကွာဟချက်မှာ အဘယ်နည်း။ (ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်က ကွဲပြားသည်။ အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက်လည်းကောင်း၊ ၎င်းတို့၏ တစ်ကိုယ်ရေ ရည်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက်လည်းကောင်း ဘုရားနှုတ်ကပတ်တော်အပေါ် အားစိုက်ထုတ်သည်။) အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်အပေါ် မည်သည့် အားစိုက်ထုတ်မှုကို ပြုသနည်း။ ၎င်းတို့သည် ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီသည့် ဘုရားနှုတ်ကပတ်တော် အပိုင်းများကို ကျက်မှတ်သည်။ လူသား ဘာသာစကားကို အသုံးပြုပြီး ဘုရားနှုတ်ကပတ်တော်များကို ရှင်းပြတတ်ရန် သင်ယူသည်။ ပြီးလျှင် အချို့သော ဝိညာဉ်ရေးရာ မှတ်စုများနှင့် အသိအမြင်များကို ရေးသည်။ လူသားအယူအဆများနှင့် အတော်အတန် ကိုက်ညီသည်ဟု လူတို့ ယုံကြည်သည့်အရာများ၊ ဘုရားသခင်၏ စကားပြောသံ ရှိသည်ဟု အလွယ်တကူ မြင်သည့်အရာများ၊ နက်နဲမှုများနှင့်ပတ်သက်သော စကားအချို့၊ အသင်းတော်တွင် အချိန်ကာလတစ်ခုအထိ လူသိများပြီး မကြာခဏ တရားဟောသော ဘုရားနှုတ်ကပတ်တော်အချို့တို့ကဲ့သို့သောအရာများ ဖြစ်သည့် ဘုရားသခင်၏ အမျိုးမျိုးသော ပြောဆိုချက်များကိုလည်း အဆီအနှစ်ထုတ်သည်၊ အနှစ်ချုပ်သည်၊ စီစဉ်သည်။ ကျက်မှတ်ခြင်း၊ စီစဉ်ခြင်း၊ အနှစ်ချုပ်ခြင်း၊ အသိအမြင်များ ရေးခြင်းအပြင် တစ်မျိုးတစ်မည်ဖြစ်နေသော လှုပ်ရှားမှုအချို့အပါအဝင် နောက်ထပ်အရာများ ရှိသည်မှာ အမှန်ပင် ဖြစ်သည်။ အန္တိခရစ်တို့သည် ၎င်းတို့၏ အဆင့်အတန်း ရရှိဖို့၊ ၎င်းတို့၏ ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့၊ အသင်းတော်ကို ထိန်းချုပ်ခြင်းနှင့် ဘုရားဖြစ်ခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်မည်ဖြစ်သည်။ သူတို့သည် မြင့်မြတ်သော တရားဒေသနာများကို ဟောကြားနိုင်ရန် လိုအပ်သည့် အယူဝါဒများဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ကြရန်အလို့ငှာ မကြာခဏ ညဉ့်နက်သည်အထိ အလုပ်လုပ်ကြပြီး အရုဏ်တက်ချိန်တွင် နိုးထကြလျက် မိုးမလင်းမီအချိန်များတွင် မိမိတို့၏ တရားဒေသနာများကို လေ့ကျင့်ကြသည့်အပြင် အခြားသူများ ပြောဆိုခဲ့သည့် ထူးမြတ်သော အရာများကိုလည်း မှတ်သားထားကြလေသည်။ ၎င်းတို့သည် မည်သည့် ဘုရားနှုတ်ကပတ်တော်က ရွေးချယ်ရန် အသုံးဝင်ဆုံးဖြစ်မည်ကို ချင့်ချိန်စဉ်းစားလျက် ဤအဆင့်မြင့်သော တရားဒေသနာများအား မည်သို့ဟောရမည်ကို နေ့စဉ် တွေးတောသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသောလူများကြားတွင် လေးစားခြင်းနှင့် ချီးမွမ်းခြင်းကို လှုံ့ဆော်ပြီး ထို့နောက်တွင် ထိုနှုတ်ကပတ်တော်များကို ၎င်းတို့ အလွတ်ကျက်မှတ်ကြသည်။ ထို့နောက်တွင် ထိုနှုတ်ကပတ်တော်များကို ၎င်းတို့၏ ဉာဏ်အမြော်အမြင်ကြီးမှုနှင့် ဉာဏ်ထက်မြက်ခြင်းတို့ကို ထင်ရှားစေသည့် နည်းလမ်းဖြင့် မည်သို့အဓိပ္ပာယ် ဖွင့်ဆိုရမည်ကို ၎င်းတို့ ဆင်ခြင်စဉ်းစားကြသည်။ ၎င်းတို့စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်ကို အလွန် စွဲမှတ်သွားရန်အတွက် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို အကြိမ်အတန်ငယ်ပို၍ နားထောင်ရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို ကောလိပ်၌ နေရာတစ်ခုအတွက် ယှဉ်ပြိုင်နေသည့် ကျောင်းသားများ၏ အားထုတ်မှုများကဲ့သို့ လုပ်ဆောင်ကြသည်။ တစ်စုံတစ်ဦးက ဒေသနာကောင်းတစ်ခု ဟောကြားသည့်အခါ သို့မဟုတ် အလင်းပေးခြင်းအချို့ သို့မဟုတ် သဘောတရားအချို့ပေးသည့် ဒေသနာတစ်ခု ဟောကြားသည့်အခါ၊ အန္တိခရစ်သည် ယင်းကို စုစည်းပြုစုကာ ၎င်းတို့၏ကိုယ်ပိုင် ဒေသနာအဖြစ် ပြုလုပ်ကြမည် ဖြစ်သည်။ မည်သည့်အားထုတ်မှု ပမာဏမျှ အန္တိခရစ်တစ်ဦးအတွက် ကြီးမားလွန်းခြင်း မရှိပေ။ သို့ဆိုလျှင် ၎င်းတို့၏ ဤအားထုတ်မှု နောက်ကွယ်မှ ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်တို့မှာ အဘယ်နည်း။ အခြားသူများက အန္တိခရစ်သည် မိမိတို့ထက် ပိုဝိညာဉ်ရေးဆန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုတန်ဖိုးထားသည်၊ ဘုရားသခင်ကို ပိုချစ်သည်ဟု မြင်ကောင်းမြင်နိုင်စေဖို့အလို့ငှာ ယင်းက ဘုရားနှုတ်ကပတ်တော်များကို ဟောကြားနိုင်ဖို့၊ ရှင်းလင်းပြီး အလွယ်တကူ ပြောနိုင်ဖို့၊ ယင်းတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောနိုင်ဖို့ ဖြစ်ပေသည်။ ဤနည်းအားဖြင့် အန္တိခရစ်တစ်ဦးသည် ၎င်းတို့အနီးအနားရှိ လူအချို့၏ လေးစားအားကျမှုနှင့် ကြည်ညိုမှုကို ရရှိနိုင်သည်။ အန္တိခရစ်တစ်ဦးအနေဖြင့် ဤအရာမှာ လုပ်ဖို့ အကျိုးရှိသည့်အရာ၊ မည်သည့်ကြိုးစားအားထုတ်မှု၊ အဖိုးအခ၊ သို့မဟုတ် ဆင်းရဲဒုက္ခမဆို ထိုက်တန်သည်ဟု ခံစားရလေသည်။ ဤကြိုးစားအားထုတ်မှုများကို နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်ကြာ ပြုလုပ်ပြီးနောက် အန္တိခရစ်တို့သည် ဘုရားသခင်၏ စကားပြောပုံနှင့် သူ၏နှုတ်ကပတ်တော်များ၏ အကြောင်းအရာနှင့် လေသံကို တဖြည်းဖြည်း ပို၍ပို၍ ရင်းနှီးလာကြသည်၊ အချို့အန္တိခရစ်တို့သည် ပါးစပ်ဟလိုက်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတုပင်ခိုးနိုင်သည် သို့မဟုတ် ဝါကျအနည်းငယ်ကို ရွတ်ပင်ရွတ်ဆိုနိုင်သည်။ ဤသည်မှာ ၎င်းတို့အတွက် အရေးကြီးဆုံးအရာ မဟုတ်သည်မှာ အမှန်ပေ။ အရေးကြီးဆုံးအရာမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့သဘောအတိုင်း အတုခိုးပြီး ရွတ်ဆိုနိုင်လာသည်နှင့်အမျှ ၎င်းတို့၏ စကားပြောပုံ၊ လေသံနှင့် အသံနေအသံထားပင်လျှင် ဘုရားနှင့် တဖြည်းဖြည်း ပိုတူလာပြီး ခရစ်တော်နှင့် ပို၍ပို၍ တူလာသည်။ အန္တိခရစ်တို့သည် ဤအတွက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်။ ၎င်းတို့သည် အဘယ်အရာအတွက် ဝမ်းမြောက်နေကြသနည်း။ ၎င်းတို့သည် လူများစွာက ၎င်းတို့ကို ကိုးကွယ်စရာအဖြစ် ကိုးကွယ်ပြီး ဝန်းရံလျက် ဘုရားဖြစ်ရခြင်းသည် မည်မျှကောင်းမြတ်လိုက်မည်ကို တိုး၍တိုး၍ ခံစားလာကြသည်၊ ယင်းမှာ ဘုန်းအသရေ ရှိလိုက်မည့်ဖြစ်ခြင်းပါတကား။ ၎င်းတို့သည် ဤပြီးမြောက်အောင်မြင်မှုအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့်ဟု မှတ်ယူကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့အား အခွင့်အရေးပေးခဲ့သည်ဟုလည်းကောင်း၊ ၎င်းတို့ကို ဉာဏ်အလင်းပွင့်စေခဲ့သည်ဟုလည်းကောင်း၊ ထို့ထက်မက ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ၎င်းတို့သည် ဘုရားသခင်၏ စကားပြောပုံနှင့် ဘုရားသခင်၏ လေသံကို အတုခိုးတတ်လာခဲ့သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤသည်မှာ နောက်ဆုံးတွင် ၎င်းတို့ကို ဘုရားနှင့် ပို၍ပို၍ တူသည်ဟု ခံစားစေပြီး ဘုရား၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသို့ တိုး၍တိုး၍ ချဉ်းကပ်လာစေသည်။ ထို့ထက်မက ဘုရားသခင်၏ စကားပြောပုံနှင့် လေသံကို အတုခိုးနိုင်ခြင်း၊ ဘုရားသခင်၏ စကားပြောပုံစံနှင့် အသံနေအသံထားဖြင့် ပြောဆိုအသက်ရှင်နိုင်ခြင်းသည် အလွန်အမင်း နှစ်လိုဖွယ်ကောင်းပြီး ၎င်းတို့၏ အပျော်ရွှင်ဆုံးအချိန်အခါများကို ဖြစ်ပေါ်စေသည်ဟု ၎င်းတို့ကို ခံစားရစေသည်။ အန္တိခရစ်တို့သည် ဤအဆင့်သို့ ရောက်ရှိသွားပြီ။ သင်တို့က ဤသည်မှာ အန္တရာယ်ရှိသည်ဟု ဆိုမည်လော။ (ရှိပါသည်။) အန္တရာယ်က မည်သည့်နေရာတွင် ရှိသနည်း။ (၎င်းတို့သည် ဘုရားဖြစ်ချင်ကြသည့် နေရာတွင် ရှိပါသည်။) ဘုရားဖြစ်ချင်ခြင်းသည် အန္တရာယ်ရှိသည်၊ အသက်ရှင်ခြင်းသည် ခရစ်တော်ဖြစ်သည်ဟု ဆိုခဲ့သော ပေါလုကဲ့သို့ပင် ဖြစ်သည်။ ထိုသို့သော နှုတ်ကပတ်တော်များကို ပြောဆိုပြီးသည်နှင့် လူတစ်ဦးသည် ကယ်တင်ခြင်း မခံရနိုင်တော့ပေ။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားဖြစ်လာရန် နည်းလမ်းတစ်ခုအဖြစ် သဘောထားကြသည်။ ဤဖြစ်စဉ်တွင် အန္တိခရစ်တို့သည် အဘယ်အရာကို လုပ်ဆောင်ခဲ့ကြသနည်း။ ၎င်းတို့သည် များစွာသော ကြိုးစားအားထုတ်မှု ပြုလုပ်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် များစွာသော စိတ်အင်အားနှင့် အချိန်ကို သုံးစွဲခဲ့ကြသည်။ ဤကာလအတွင်း ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်ကာ အကြိမ်ကြိမ် ဖတ်ရှုခြင်း၊ အလွတ်ကျက်မှတ်ခြင်းနှင့် စုစည်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေစဉ် ဘုရားသခင်၏ စကားပြောပုံနှင့် လေသံကိုပင် အတုခိုးခဲ့ကြသည်၊ အထူးသဖြင့် ဘုရားသခင်၏ မိန့်မြွက်ချက်တွင် အသုံးများသော စကားစုများကို ဖြစ်သည်။ ဤလုပ်ရပ်အားလုံး၏ အနှစ်သာရမှာ အဘယ်နည်း။ ဤနေရာတွင် ငါသည် ယင်းကို ကုန်သည်တစ်ဦးက ကုန်စည်များကို လက်ကားဈေးနှုန်းများဖြင့် ဝယ်ယူခြင်း၏ အနှစ်သာရအဖြစ် ဖော်ပြသည်၊ ဆိုလိုသည်မှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ပိုင်ဆိုင်သော ရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ်သို့ ပြောင်းလဲရန် အသက်သာဆုံးနည်းလမ်းကို အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ ယင်းတို့ကို သမ္မာတရားအဖြစ် လက်မခံကြသကဲ့သို့ လူတို့ဝင်ရောက်သင့်သည့် လမ်းခရီးအဖြစ်လည်း လက်ခံပြီး မှတ်ယူခြင်း မရှိပေ။ ထိုအစား ၎င်းတို့သည် ဤနှုတ်ကပတ်တော်များ၊ စကားပြောပုံနှင့် လေသံကို အလွတ်ကျက်မှတ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားပြီး မိမိတို့ကိုယ်ကို ထိုသို့သော နှုတ်ကပတ်တော်များကို ဖော်ပြသည့်သူများအဖြစ်သို့ ပြောင်းလဲရန် ကြိုးပမ်းကြသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ လေသံနှင့် စကားပြောပုံကို အတုခိုးနိုင်ပြီး ဤစကားပြောပုံနှင့် လေသံကို ၎င်းတို့၏ ပြောဆိုမှုနှင့် လုပ်ရပ်များတွင် အပြည့်အဝ အသုံးချနိုင်ကာ လူတို့ကြားတွင် အသက်ရှင်နေထိုင်သောအခါ ၎င်းတို့ စွမ်းဆောင်ရရှိရန် ရည်မှန်းသည့်အရာမှာ မိမိတို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ရန်၊ အမှုအရာများကို စည်းမျဉ်းများဖြင့် လုပ်ဆောင်ရန် သို့မဟုတ် ဘုရားသခင်အပေါ် သစ္စာစောင့်သိရန် မဟုတ်ပေ။ ထိုအစား ဘုရားသခင်၏ စကားပြောလေသံနှင့် ပုံစံကို အတုခိုးခြင်းဖြင့်၊ ပြီးလျှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို တရားဟောခြင်းဖြင့် ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ပြီး လူတို့၏ ကြည်ညိုကိုးကွယ်ရာ ဖြစ်လာသည်ကို လိုချင်ကြသည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲရှိ ပလ္လင်ပေါ်သို့ တက်ရန်နှင့် ထိုနေရာတွင် ဘုရင်များအဖြစ် အုပ်စိုးရန်၊ ပြီးလျှင် လူတို့၏ အတွေးအခေါ်များနှင့် အပြုအမူများကို ကြိုးကိုင်ညွှန်ကြားရန် တောင့်တကြပြီး ထိုသို့ဖြင့် လူတို့ကို ထိန်းချုပ်ခြင်းဟူသော ပန်းတိုင်ကို စွမ်းဆောင်ရရှိရန် ဖြစ်သည်။

အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ကြိုးစားအားထုတ်ခြင်းကို ကုန်သည်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းများအဖြစ် ဈေးပေါပေါဖြင့် ဝယ်ယူခြင်းဟု ငါတို့ သရုပ်ဖော်မည်ဆိုလျှင်၊ အန္တိခရစ်တို့သည် ဘုရားသခင်၏ စကားကို အတုယူခြင်း၊ သူ၏နှုတ်ကပတ်တော်များကို တရားဟောရန် သူ၏ ပြောဆိုပုံနည်းလမ်းနှင့် လေသံကို ၎င်းတို့ အသုံးပြုခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကုန်ပစ္စည်းတစ်ခုအဖြစ် ရောင်းချခြင်းနှင့် တူညီသည် မဟုတ်လော။ (တူညီပါသည်။) မည်သည့်ကုန်သည်မျှ နောက်ပိုင်းတွင် ပြန်ရောင်းချခြင်း မရှိဘဲ ကုန်ပစ္စည်းများကို ဝယ်ယူခြင်း မရှိချေ။ ဤကုန်ပစ္စည်းများကို ရယူခြင်းနှင့် ပိုင်ဆိုင်ခြင်းတို့တွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဤအရာများမှ ပိုမိုမြင့်မားသော အကျိုးအမြတ်များ ရရှိရန်၊ ယင်းတို့ကို ပိုများသော ငွေဖြင့် လဲလှယ်ရန် ဖြစ်သည်။ သို့ဖြစ်၍ အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အလွန်အမင်း ကြိုးပမ်းအားထုတ်ခြင်းနှင့် ယင်းတို့အပေါ် ၎င်းတို့၏ သဘောထားသည် အန္တိခရစ်တို့က ယင်းတို့ကို ဈေးအပေါဆုံး၊ ကုန်ကျစရိတ်အနည်းဆုံးနှင့် အလွယ်ကူဆုံး နည်းလမ်းများကို အသုံးပြု၍ ရယူရန်၊ ယင်းတို့ကို မိမိတို့၏ ကိုယ်ပိုင်ဥစ္စာများအဖြစ်သို့ ပြောင်းလဲရန်၊ ထို့နောက် ၎င်းတို့လိုအင်ဆန္ဒရှိသော အကျိုးအမြတ်များကို ရရှိရန် ဈေးကြီးကြီးဖြင့် ရောင်းချရန် ကုန်သည်များကဲ့သို့ ပြုမူခြင်းထက် တစ်စက်မျှ မပိုပေ။ ပြီးလျှင် ဤအကျိုးအမြတ်များမှာ အဘယ်နည်း။ ယင်းတို့သည် လူတို့၏ အထင်ကြီးလေးစားမှု၊ ကိုးကွယ်ရာအဖြစ် ကိုးကွယ်ခြင်း၊ ကြည်ညိုလေးစားမှုနှင့် အထူးသဖြင့် ၎င်းတို့၏ နောက်လိုက်ခြင်းတို့ ဖြစ်ကြသည်။ ထို့ကြောင့် အသင်းတော်၌ အခြေခံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်ဘဲ မိမိကိုယ်ကို မသိသောသူတစ်ဦးတွင် နောက်လိုက်များစွာ၊ မှီခိုပြီး ကိုးကွယ်ရာအဖြစ် ကိုးကွယ်သူများစွာ ရှိသည့် ဖြစ်ရပ်ဆန်းတစ်ခုကို တွေ့မြင်ရခြင်းမှာ အဆန်းမဟုတ်ပေ။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ဤပုဂ္ဂိုလ်သည် စကားအရာတွင် လိမ္မာကျွမ်းကျင်ပြီး ရှင်းလင်းစွာ ပြောဆိုနိုင်ကာ လူတို့ကို အလွယ်တကူ အထင်အမြင်မှားစေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ စည်းမျဉ်းများအတိုင်း အမှုအရာများကို မကိုင်တွယ်သည့်အပြင် အသင်းတော်၏ အလုပ်နှင့် အထက်၏ စီစဉ်မှုများကိုလည်း အကောင်အထည်ဖော်ရန် ပျက်ကွက်ကြသည်။ သို့သော် အဘယ်ကြောင့် လူအချို့က ၎င်းတို့အပေါ် အကောင်းမြင်အောင် ၎င်းတို့ လုပ်ဆောင်နိုင်သေးသနည်း။ ၎င်းတို့အပေါ် တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်သည့်အခါ ၎င်းတို့အတွက် ဖုံးကွယ်ပေးပြီး ကာကွယ်ပေးသည့် လူများစွာ အဘယ်ကြောင့် ရှိနေရသနည်း။ ၎င်းတို့ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အခါ အဘယ်ကြောင့် လူအချို့က ၎င်းတို့ကို ကာကွယ်ပေးကြသနည်း။ အဘယ်ကြောင့် လူအချို့က ၎င်းတို့ကို ဖြုတ်ချခြင်းကို ကန့်လန့်ကန့်လန့်နှင့် ဆန့်ကျင်ကြသနည်း။ အမှားများနှင့် ပြည့်နေသော၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ပြည့်နေသော၊ သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်သော ပုဂ္ဂိုလ်တစ်ဦးသည် အသင်းတော်၌ ထိုသို့သော အထူးအခွင့်အရေးကို ရနိုင်ဆဲဖြစ်ခြင်း၏ အကြောင်းရင်းမှာ ဤပုဂ္ဂိုလ်သည် စကားပြောရာတွင် အလွန်ကျွမ်းကျင်လွန်းသောကြောင့်သာ၊ ဟန်ဆောင်ရာတွင် အလွန် ကောင်းလွန်းသောကြောင့်သာ၊ လူတို့ကို အထင်အမြင်မှားစေရာတွင် အလွန် ကျွမ်းကျင်လွန်းသောကြောင့်သာ ဖြစ်သည်။ အန္တိခရစ်တို့သည် ထိုသို့သော လူများ အတိအကျပင် ဖြစ်ကြသည်။ သို့ဆိုလျှင် ထိုသို့သော လူများသည် အန္တိခရစ်များဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ ပြောနိုင်သည်၊ ထိုသို့သော လူများသည် သေချာပေါက် အန္တိခရစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ကြသည်၊ မကြာခဏ အလွတ်ကျက်မှတ်ပြီး တရားဟောကြသည်၊ အခြားသူများကို ဩဝါဒခြွေရန်နှင့် ပြုပြင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ အသုံးပြုကြပြီး လူတို့ကို ဩဝါဒခြွေရန် ဘုရားသခင်၏ ရှုထောင့်နှင့် ရပ်တည်ချက်များကို ခံယူကြကာ ၎င်းတို့ပြောသော ကြီးကျယ်သည့် အယူဝါဒများကို ကြားပြီးနောက် လူတို့ကို စကားမပြောနိုင်အောင် ဖြစ်စေလျက် ၎င်းတို့အပေါ် အပြည့်အဝ နာခံပြီး လိုက်နာစေကြသည်။ သို့တိုင်အောင် ထိုသို့သော လူများသည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ မသိကြဘဲ အခြေခံသဘောတရားများအတိုင်း အမှုအရာများကို မည်သည့်အခါမျှ မကိုင်တွယ်သောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်လျှင် ၎င်းတို့၏ အထက်ခေါင်းဆောင်များသည် ဩဇာအာဏာ မဲ့သွားကြသည်။ ၎င်းတို့၏ ခေါင်းဆောင်ပိုင်းအောက်ရှိ အသင်းတော်၌ အခြေအနေကို နားလည်ရန် မဖြစ်နိုင်တော့ပေ။ ၎င်းတို့ ရှိနေလျှင် ဘုရားအိမ်တော်၏ အလုပ်စီစဉ်မှုများ၊ ဘုရားအိမ်တော်က ချမှတ်သော စည်းမျဉ်းများနှင့် သတ်မှတ်ချက်များကို အကောင်အထည် ဖော်၍မရနိုင်ပေ။ ထိုသို့သော လူများသည် အန္တိခရစ်များ မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မှတ်ယူကြသလော။ (မဟုတ်ပါ၊ ၎င်းတို့ မယူမှတ်ကြပါ။) ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌ ကြိုးစားအားထုတ်ခဲ့ပြီးဖြစ်ကာ အချို့ကို အလွတ်ရွတ်ဆိုနိုင်သည်။ စုဝေးပွဲများ၌ မိတ်သဟာယဖွဲ့စဉ်တွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖော်ပြကြပြီး အားလပ်ချိန်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ရွတ်သည့် အသံသွင်းခွေများကို နားထောင်ကြသည်။ ၎င်းတို့သည် အခြားသူများနှင့် စကားပြောသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတုယူရုံသာ ပြုပြီး အခြားမည်သည့်အရာမျှ မပြောပေ။ ၎င်းတို့ တရားဟောပြီး ပြောဆိုသမျှသည် အမှားကင်းသည်။ အပြင်ပန်းတွင် အလွန်ပြည့်စုံပုံရသော၊ “မှန်ကန်သော ပုဂ္ဂိုလ်” ဟုခေါ်သော ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးသည် ဘုရားအိမ်တော်၏ အလုပ်စီစဉ်မှုများ၊ သတ်မှတ်ချက်များနှင့် စည်းမျဉ်းများ ၎င်းတို့ထံ ရောက်ရှိလာသည့်အခါ ရှေ့မဆက်နိုင် ဖြစ်သွားစေသည်။ ၎င်းတို့၏ လက်အောက်ရှိ လူများသည် ၎င်းတို့မှလွဲ၍ မည်သူ့ကိုမျှ အသိအမှတ်မပြုကြပေ။ ၎င်းတို့၏ လက်အောက်ရှိ ထိုသူတို့သည် ၎င်းတို့ကိုလည်းကောင်း၊ ကောင်းကင်ဘုံရှိ မရေရာသော ဘုရားကိုလည်းကောင်း ရိုသေလေးမြတ်ခြင်းမှလွဲ၍ အခြားမည်သူ့စကားကိုမျှ နားမထောင်ဘဲ လူတိုင်းကို လျစ်လျူရှုကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး မဟုတ်လော။ ဤအရာအားလုံးကို စွမ်းဆောင်ရရှိရန် ၎င်းတို့သည် မည်သည့်နည်းလမ်းများကို အသုံးပြုခဲ့သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမြတ်ထုတ်ခဲ့သည်။ မိမိတို့၏ ယုံကြည်ခြင်းတွင် မရှင်းမလင်း ဖြစ်နေသောသူများ၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောသူများ၊ အသိဉာဏ်မဲ့သောသူများ၊ အတွေးအခေါ်တွင် မပြတ်သားသောသူများအပြင် သမ္မာတရားကို မလိုက်စားသောသူများ၊ မယုံကြည်သူများနှင့် လေယူရာတိမ်းတတ်သူများသည် အန္တိခရစ်ကို ဝိညာဉ်ရေးရာဆန်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် အန္တိခရစ်က တရားဟောသော စကားလုံးများနှင့် အယူဝါဒများကို သမ္မာတရား လက်တွေ့ကျမှုအဖြစ် ယူမှတ်ကြပြီး အန္တိခရစ်ကို ၎င်းတို့၏ လိုက်လျှောက်ရာအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် အန္တိခရစ်နောက်သို့ လိုက်လျှောက်သည့်အခါ ဘုရားသခင်နောက်သို့ လိုက်လျှောက်နေသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နောက်လိုက်ခြင်းကို အန္တိခရစ်နောက် ၎င်းတို့၏ လိုက်လျှောက်ခြင်းဖြင့် အစားထိုးကြသည်။ လူအချို့ကပင် “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် စကားမပြောသေးပါ၊ မိတ်သဟာယ မဖွဲ့ရသေးပါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ဖတ်လျှင်ပင် နားလည်နိုင်မည် မဟုတ်ပါ”၊ “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ဤနေရာတွင် မရှိပါ၊ ကျွန်ုပ်တို့ တစ်စုံတစ်ခုအတွက် ဘုရားသခင်ကို ဆုတောင်းသော်လည်း အလင်း မရနိုင်ပါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သော်လည်း လမ်းခရီးကို နားမလည်နိုင်ပါ၊ ကျွန်ုပ်တို့၏ ခေါင်းဆောင် ပြန်လာသည်ကို စောင့်ရပါမည်”၊ “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ဤရက်ပိုင်းများတွင် အလုပ်များနေပြီး ကျွန်ုပ်တို့၏ ကိစ္စများကို ဖြေရှင်းပေးရန် အချိန်မရှိပါ” ဟု ပြောကြလေသည်။ ၎င်းတို့၏ သခင်မရှိဘဲ ဤလူတို့သည် မည်သို့ဆုတောင်းရမည်ကို မသိကြ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့စားသောက်ရမည်ကို မသိကြ၊ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေရန်နှင့် မှီခိုရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းခရီးကို မိမိတို့ဘာသာ ရှာဖွေရန် မသင်ယူကြပေ။ ၎င်းတို့၏ သခင်မရှိဘဲ ၎င်းတို့သည် မျက်မမြင်များကဲ့သို့ ဖြစ်ကြသည်၊ ၎င်းတို့၏ စိတ်နှလုံးများ တူးထုတ်ခံလိုက်ရသည့်အလား ဖြစ်သည်။ ၎င်းတို့၏ သခင်သည် ၎င်းတို့၏ မျက်စိများဖြစ်သကဲ့သို့ ၎င်းတို့၏ အသည်းနှလုံးလည်း ဖြစ်သည်။ ၎င်းတို့၏ သခင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရာ၌ အကောင်းဆုံးဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ သခင်မရှိလျှင် ၎င်းတို့ကိုယ်တိုင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် စိတ်ဝင်စားမှုမရှိဘဲ ၎င်းတို့ နားလည်နိုင်ရန်အလို့ငှာ ၎င်းတို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုပြီး အနက်ဖွင့်ဆိုပေးရန် ၎င်းတို့၏ သခင် ပြန်လာသည်ကို စောင့်ရပေမည်။ စိတ်ထဲတွင် ဤလူတို့သည် ၎င်းတို့၏ သခင်မှာ ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်ရှိရန် ၎င်းတို့ကို ကူညီနိုင်သည့် ၎င်းတို့၏ တမန်တစ်ဦးဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုသို့သော “အကျိုးသက်ရောက်မှု” ကို စွမ်းဆောင်ရရှိခြင်းသည် အန္တိခရစ်တို့က ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ပျော်ရွှင်ကြည်နူးရန် အထိုက်တန်ဆုံးဟု မြင်သော အရာတစ်ခု ဖြစ်သည်။ “ကျွန်ုပ်၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများသည် နောက်ဆုံးတွင် အရာထင်လာခဲ့ပြီ၊ နောက်ဆုံးတွင် ကျွန်ုပ်ကုန်ဆုံးခဲ့သော အချိန်သည် အချည်းနှီး မဖြစ်ခဲ့ပါ။ ဇွဲလုံ့လရှိသူတို့ကို ကြိုးစားအားထုတ်မှုက အမှန်တကယ် ဆုချပေသည်။ ဇွဲလုံ့လ လုံလောက်လျှင် သံချောင်းတစ်ချောင်းကိုပင် အပ်တစ်ချောင်းဖြစ်အောင် သွေးယူနိုင်ပေသည်။ ဤကြိုးစားအားထုတ်မှုသည် တန်ပါပေသည်တကား” ဟူ၍ဖြစ်သည်။ ၎င်းတို့၏ နောက်လိုက်များက ၎င်းတို့မရှိဘဲ အသက်မရှင်နိုင်ကြောင်း ကြားရသည့်အခါတွင် အန္တိခရစ်တို့သည် စိတ်ထဲ၌ အပြစ်ရှိသည့်စိတ် တစ်စက်မျှ ခံစားရခြင်း မရှိပေ။ ထိုအစား ၎င်းတို့က “ဘုရားသခင်၏ နှုတ်ကပတ်တော်များက အမှန်ပင် ကောင်းမြတ်ပါသည်။ ထိုအချိန်က ကျွန်ုပ်၏ ဆုံးဖြတ်ချက်က မှန်ခဲ့သည်၊ ဤနှစ်များတစ်လျှောက် ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့သည်မှာ မှန်ကန်ခဲ့သည်၊ ပြီးလျှင် ဤနှစ်များတစ်လျှောက် ကျွန်ုပ်၏ချဉ်းကပ်ပုံက အတည်ပြုခြင်းခံခဲ့ရပြီး အသီးအပွင့်များ သီးခဲ့ပြီ” ဟု တွေးလျက် တိတ်တဆိတ် ပျော်ရွှင်ကြည်နူးကြသည်။ ၎င်းတို့သည် တိတ်တဆိတ် ကျေနပ်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ ဆိုးယုတ်သော လုပ်ရပ်များအတွက် အပြစ်ရှိသည့်စိတ်၊ နောင်တရခြင်း သို့မဟုတ် အမုန်းတရား မရှိသည်သာမက ၎င်းတို့၏ ချဉ်းကပ်ပုံသည် မှန်ကန်ကြောင်း ပို၍ပင် ယုံကြည်ပြီး သေချာလာကြသည်။ ထို့ကြောင့် နောင်လာမည့်အချိန်တွင် ၎င်းတို့၏ အနာဂတ်အသက်တာ၌ ၎င်းတို့သည် ယခင်က ပြုလုပ်ခဲ့သည့်အတိုင်း ဘုရားသခင်၏ ပြောဆိုပုံနည်းလမ်းနှင့် လေသံကို လေ့လာရန်၊ ယခင်ကထက် ပိုမိုဇွဲရှိရှိဖြင့် ထိုသို့ပြုလုပ်ရန်နှင့် ဘုရားသခင်၏ ပြောဆိုပုံနည်းလမ်းနှင့် စကားလုံးရွေးချယ်မှုကို ပို၍ပင် ကျယ်ကျယ်ပြန့်ပြန့်နှင့် နက်နက်ရှိုင်းရှိုင်း အတုယူရန် စီစဉ်ကြသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။