အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၅) အခန်း သုံး

အကြောင်းအရာ ၄- အကြွေးများကို ပေးချေရန်အတွက် လှူဖွယ်ပစ္စည်းများကို ကလိမ်ကကျစ်ကျစွာ အသုံးချခြင်း

ယခင်က တရုတ်ပြည်မကြီး၌ ငါ ရှိနေခဲ့ချိန်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံရန်အတွက် ငါတို့ အနည်းငယ် လုံခြုံစိတ်ချရသော နေရာတစ်ခု ရှာဖွေရန် လိုအပ်ခဲ့သည်။ ထို့ကြောင့် ဧည့်ခံသည့်မိသားစုတစ်စုကို ငါတို့ ရှာခဲ့သည်။ ဤမိသားစုသည် ငါတို့ကို ဧည့်ခံရန် လိုလားနေခဲ့ပြီး ထိုနေရာကို ကူညီ၍ ကာကွယ်ပေးခဲ့သည်။ သို့သော် အချိန်အတန်ကြာပြီးနောက် ထိုမိသားစုက “ဤနေရာတွင် ရေရှည်တွေ့ဆုံဖို့ သင်တို့ စီစဉ်နေကြပုံရသည်။ ငါ့အိမ်မှလွဲ၍ အခြားနေရာတွင် သင်တို့ တွေ့ဆုံ၍ မရပါ။ ထို့ကြောင့် ငါသည် အခြေအနေကို ကောင်းစွာ အသုံးချရန် အခွင့်ကောင်းယူသင့်သည်။ ထိုသို့မဟုတ်လျှင် ငါသည် မိုက်မဲသူတစ်ဦးဖြစ်မည် မဟုတ်လော” ဟု စတင်စဉ်းစားခဲ့သည်။ တစ်ကြိမ်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံရန် ငါတို့ စုဝေးနေပြီး တက်ရောက်သူအားလုံး မရောက်သေးမီတွင်ပင် လူတစ်ဦးသည် ရေရာသော အကြောင်းရင်း မရှိဘဲ အိမ်ရှင်မိသားစုထံ ရောက်လာပြီး ဧည့်ခန်းထဲတွင် ထိုင်နေကာ ထွက်မသွားခဲ့ပေ။ ဧည့်ခံသည့်မိသားစုက ထိုလူသည် အကြွေးတောင်းရန် လာခြင်းဖြစ်ပြီး ၎င်းတို့သည် လွန်ခဲ့သော နှစ်အနည်းငယ်က ထိုသူ၏ ပိုက်ဆံကို ချေးယူခဲ့ကာ ပြန်မဆပ်ရသေးကြောင်း လာပြီးပြောလေသည်။ ဤနေရာတွင် မည်သည့်အရာဖြစ်နေသည်ဟု သင်တို့ ထင်သနည်း။ ထိုသူသည် စောစောစီးစီး လာခဲ့၍လည်း ရနိုင်သည် သို့မဟုတ် နောက်ကျမှလည်း လာ၍ရနိုင်သည်။ သို့သော် ထိုသူသည် တိုက်တိုက်ဆိုင်ဆိုင်ပင် ဤအချိန်အတိအကျတွင် အကြွေးတောင်းရန် ရောက်လာခြင်း ဖြစ်သည်။ ဤသည်မှာ မတော်တဆဖြစ်ရပ်တစ်ခုသာ ဖြစ်သလော၊ သို့မဟုတ် တစ်စုံတစ်ဦးက ဤသို့ဖြစ်ရန် တမင်တကာ စီစဉ်ထားခဲ့ခြင်း ဖြစ်သလော။ သံသယမဖြစ်ဘဲ မနေနိုင်အောင်ဖြစ်ရသည်။ ဤနေရာတွင် မသင်္ကာဖွယ်ရာ တစ်စုံတစ်ခုဖြစ်ပျက်နေသည်။ မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ထိုမိသားစုသည် မကောင်းသော ရည်ရွယ်ချက်များရှိပြီး ထိုလူကို လာရန် တမင်တကာ ခေါ်ခဲ့ခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) ငါက “သူ့ကို ချက်ချင်း ဤနေရာမှ ထွက်သွားခိုင်းပါ” ဟု ပြောခဲ့သည်။ ဧည့်ခံသည့်သူက “သူ့ကို မပေးမချင်း သူ ထွက်သွားမည်မဟုတ်ပါ” ဟု ပြန်ပြောသည်။ ငါက “သင်တို့သည် သူ့ကို အဘယ်ကြောင့် ပြန်မဆပ်ရသနည်း”ဟု မေးမြန်းခဲ့သည်။ ဧည့်ခံသည့်သူက ၎င်းတို့တွင် ငွေရှိလျှင်ပင် ပေးမည်မဟုတ်ကြောင်း သွယ်ဝိုက်ညွှန်းဆိုလျက် ဝေ့လည်ကြောင်ပတ်ပြောဆိုကာ ချေးထားသည့်ငွေကို ၎င်းတို့ အလကားရယူလိုကြသည်။ အကြွေးတောင်းခံသူသည် ထိုနေရာတွင် စောင့်နေခဲ့ပြီး အခြားလုပ်ဖော်ကိုင်ဖက်အချို့ ရောက်လာတော့မည့်အချိန်ထိပင် မထွက်သွားခဲ့သေးပေ။ ဧည့်ခံသည့်သူက မည်သည့်အရာကို လုပ်ဆောင်ရန် စီစဉ်နေခဲ့သနည်း။ ဤသည်မှာ ကြိုတင်ကြံစည်ထားသော အကြံတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) နောက်ပိုင်းတွင် ငါက တစ်စုံတစ်ဦးကို ဧည့်ခံသည့်သူအား ငွေပေးခိုင်းခဲ့ပြီး ထိုသူအား ဤအကြွေးရှင်ကို အမြန်လွှတ်လိုက်ရန် စေခိုင်းခဲ့လေသည်။ ဧည့်ခံသည့်သူအား ငွေပေးပြီးနောက်တွင် အကြွေးတောင်းသူသည် နာရီဝက်အတွင်း ထွက်သွားခဲ့၏။ သာမန်အားဖြင့် ထိုအကြွေးတောင်းသူသည် ပြန်မလာလောက်ဟု သိရသော်လည်း ဤကိစ္စမှာ မပြီးဆုံးသေးပေ။ တစ်လကြာပြီးနောက်တွင် အကြွေးတောင်းသူသည် လုပ်ဖော်ကိုင်ဖက်များ အစည်းအဝေးမတိုင်မီ တစ်ဖန် ပြန်ရောက်လာပြန်သည်။ ဧည့်ခံသည့်သူက ပြီးခဲ့သည့်အခေါက်တွင် အကြွေးအားလုံးမဟုတ်ဘဲ တချို့တဝက်သာ ပေးချေထားခဲ့သည်ဟု ပြောဆိုခဲ့သည်။ ဤသို့ပြောဆိုခြင်းဖြင့် သူ၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ဘုရားအိမ်တော်ကို သူ့အတွက် တစ်ဖန် အကြွေးပေးချေစေရန် ဖြစ်သည်။ ပြီးခဲ့သည့် အကြိမ်ကကဲ့သို့ပင် ဧည့်ခံသည့်သူအားငွေပေးပြီးနောက်တွင် အကြွေးတောင်းသူ ထွက်ခွာသွားခဲ့သည်။ ထိုအချိန်မှစ၍ ငါတို့သည် သူ၏အကြွေးကို နှစ်ကြိမ်ခွဲ၍ ပေးချေပြီးသားဖြစ်သောကြောင့် ထိုနေရာသို့ ငါတို့ တွေ့ဆုံရန် သွားသည့်အခါတိုင်းတွင် အကြွေးတောင်းသူသည် လုံးဝ ထပ်မလာတော့ပေ။ သူ့အနေဖြင့် ငွေကို တစ်ပြိုင်နက်တည်း အများအပြားတောင်းလျှင် ငါတို့က ပေးချေရန် သဘောတူမည် မဟုတ်သည်ကို သူ စိုးရိမ်သောကြောင့် ၎င်းတို့က ငွေကို နှစ်ကြိမ်ခွဲ၍ တောင်းခဲ့ခြင်းဖြစ်သည်။ ဤငွေကို မည်သို့ ရှုမြင်သင့်သနည်း။ ဘုရားအိမ်တော်က သူ့အား ငွေချေးပေးခဲ့ခြင်းလော၊ သို့မဟုတ် သူက သူ့အား ထိုငွေပေးအောင် ဘုရားအိမ်တော်အား လိမ်လည်ဒုက္ခပေးခဲ့ခြင်းလော။ (သူက ဘုရားအိမ်တော်ကို လိမ်လည်ဒုက္ခပေးခဲ့ခြင်းဖြစ်သည်။) အမှန်မှာ သူသည် သူ့အား ငွေပေးအောင် ဘုရားအိမ်တော်အား လှည့်စားခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဘုရားအိမ်တော်က သူ့အား အဘယ်ကြောင့် ငွေပေးခဲ့သနည်း။ သူ့အား ငွေမပေးဘဲ ငါတို့ နေ၍ရသည် မဟုတ်လော။ အမှန်တွင်တော့ ငါတို့အနေဖြင့် သူ့ကို ငွေမပေးဘဲ နေခြင်းသည် ကျိုးကြောင်းသင့်ကာ ဥပဒေနှင့်အညီ ဖြစ်နိုင်သော်လည်း ယင်းမှာ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံခွင့်ရနိုင်မည်မဟုတ်သည့် သဘောဖြစ်ပေမည်။ သို့ဆိုလျှင် သူ့အား ငွေပေးရာတွင် ငါတို့၏ အကြောင်းပြချက်မှာ အဘယ်နည်း။ ထိုအချိန်က ငါ၏ အတွေးမှာ ဤငွေကို နေရာငှားရမ်းခအဖြစ် သဘောထားရန်ဖြစ်သည်။ အကယ်၍ ငါတို့သည် ဟိုတယ် သို့မဟုတ် အားကစားကွင်းတစ်ခုကို ငှားရမ်းပါက ထိုအရာကလည်း ငွေကုန်ကြေးကျမည် မဟုတ်လော။ ထိုနေရာများတွင် ငါတို့ တွေ့ဆုံ၍ မရနိုင်သကဲ့သို့ လုံခြုံမှုလည်း မရှိပေ။ ဤနေရာတွင်မူ ဧည့်ခံသည့်သူက ဤနေရာကို ကူညီကာကွယ်ပေးပြီး ငါတို့၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးထားသည်။ ထို့ကြောင့် ၎င်းတို့၏အကြွေးကို ပေးချေရန် ငွေအနည်းငယ် သုံးစွဲခြင်းသည် ဘုရားအိမ်တော်အတွက် သင့်တင့်လျောက်ပတ်သလော။ (သင့်တင့်လျောက်ပတ်ပါသည်။) ဤငွေကို သုံးစွဲခြင်းသည် တရားနည်းလမ်းမကျခြင်းသာ ဖြစ်၏။ သို့သော် အဆင်းနီသော နဂါးကြီး၏နိုင်ငံကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုတွင် ဤအရာမျိုးကို လုပ်ဆောင်ရန် မကြာခဏ လိုအပ်ပေသည်။

အချို့သောလူများသည် ဆိုးယုတ်သော လူ့သဘာဝရှိကြပြီး ဧည့်ခံသည့်တာဝန်ကို လုပ်ဆောင်လိုစိတ် အပြည့်အဝ မရှိကြပေ။ ငါတို့က ၎င်းတို့ကို ငါတို့ရှိသည့်နေရာအား ကာကွယ်ရန် အသုံးပြုကြသည်။ ထို့ကြောင့် ငါတို့သည် ၎င်းတို့အား အခြေအနေကို အခွင့်ကောင်းယူခွင့် ပေးရမည်ဖြစ်သည်။ သို့သော် ၎င်းတို့က အခွင့်အရေးယူပြီးနောက် ကယ်တင်ခြင်းကို ရရှိနိုင်ကြသေးသလော။ မရနိုင်ပေ။ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်မည်မဟုတ်ခြင်း မဟုတ်ဘဲ ဤလူစားမျိုးက ကယ်တင်ခြင်းကို မရနိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သူ့ကိုမဆို လှည့်စားပြီး အခွင့်အရေးယူကြသည်။ ၎င်းတို့၏တာဝန်များကို ၎င်းတို့ထမ်းဆောင်ပြီး ကောင်းမှုအချို့ကို ပြင်ဆင်ရန် ကြိုးစားသောအခါ ၎င်းတို့သည် လိုချင်ဖွယ်ဖြစ်သောအရာ တစ်စုံတစ်ခုကို ထိုအရာမှ လိမ်လည်ရယူကြပြီး မည်သူနှင့် ထိတွေ့ဆက်ဆံရသည်ဖြစ်စေ ၎င်းတို့က အစဉ် အခွင့်ကောင်းယူခြင်းနှင့် ဘယ်သောအခါမျှ အနစ်နာမခံခြင်း ဟူသော စည်းမျဉ်းကို လိုက်နာကြသည်။ ဤသည်မှာ ဘုရားအိမ်တော်၌ တာဝန်များကို ထမ်းဆောင်ခြင်းအတွက် ၎င်းတို့လိုက်လျှောက်သော စည်းမျဉ်းဖြစ်သည်။ သို့ဆိုလျှင် ဤ “ကောင်းမှုများ”သည် မည်သည့်နေရာမှ လာသနည်း။ ဤလူများက မိမိတို့ဘာသာ ကောင်းမှုများကို ပြင်ဆင်ခြင်းထက် ဘုရားအိမ်တော်က ယင်းတို့ကို ဝယ်ယူပြီး ပေးဆောင်ထားခြင်းဖြစ်သည်။ ၎င်းတို့သည် ကောင်းမှုများကို မပြင်ဆင်ကြပေ။ ၎င်းတို့က နေရာတစ်ခုကို ပေးသည်။ ဘုရားအိမ်တော်က ငွေကုန်ကြေးကျခံကာ ထိုငွေကို နေရာငှားရမ်းခအဖြစ် သဘောထားသည်။ ဤသည်မှာ ကောင်းမှုများနှင့် မည်သည့်ပတ်သက်မှုမျှ မရှိသကဲ့သို့ ၎င်းတို့၏ ကောင်းမှုတစ်ခုလည်း မဟုတ်ပေ။ လူတစ်ဦးသည် ဘုရားအိမ်တော်မှ ငွေကြေး သို့မဟုတ် ပစ္စည်းများကို လိမ်လည်လှည့်ဖြားလျက် ကြိုးစားရယူရန်အလို့ငှာ ဘုရားအိမ်တော်ကိုယ်စား ညီအစ်ကိုမောင်နှမများအတွက် နေရာထိုင်ခင်းပေးသည်ဟူသော အောင်လံကို လွှင့်ထူသည့်အခါ ထိုအရာသည် မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ ဤလူစားမျိုးတွင် မည်သည့် စရိုက်လက္ခဏာမျိုး ရှိသနည်း။ ၎င်းတို့၏အပြုအမူသည် ဘုရားသခင်၏ အမှတ်ရခြင်းကို ခံရနိုင်စွမ်း ရှိသလော။ လူတို့၏စိတ်နှလုံးများနှင့် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ စရိုက်လက္ခဏာသည် မည်သည့်အဆင့်တွင် ရှိနေသနည်း။ ကောင်းမှုများကို ပြင်ဆင်ခြင်းသည် သင် ပြင်ဆင်ရမည့် အရာတစ်ခု ဖြစ်သည်။ သင်သည် သင်၏ ခရီးပန်းတိုင်အတွက် ကောင်းမှုများကို ပြင်ဆင်ပြီး သင်လုပ်ဆောင်သမျှသည် အခြားသူများအတွက် မဟုတ်ဘဲ သင်ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ သင် လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ခြင်းဖြင့် ဆုလာဘ်တစ်ခုကို သင် ရရှိပြီးသားဖြစ်ကာ သင် ရရှိရန် ရည်ရွယ်သည့် လိုချင်ဖွယ်သော အရာကို ရရှိပြီးဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် သူ၏ စိတ်နှလုံးတွင် သင့်ကို မည်သို့မြင်သနည်း။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ရရှိရန် သို့မဟုတ် အသက် ရရှိရန်မဟုတ်ဘဲ မိမိ၏ အကျိုးစီးပွားတွင်ရှိသည့် တစ်စုံတစ်ရာကို ရရှိရန် ကောင်းမွန်သည့်အရာများကို လုပ်ဆောင်ပေသည်။ ဤကဲ့သို့သောလူများကို ဘုရားသခင်က ကယ်တင်နိုင်သေးသလော။ မကယ်တင်နိုင်ပေ။ ၎င်းတို့သည် သေးငယ်သည့် ကောင်းမှုကိုသာ ပြင်ဆင်ပြီး သေးငယ်သည့် ဝတ္တရားနှင့် တာဝန်ကို ထမ်းဆောင်သည့်တိုင် ဘုရားအိမ်တော်မှ ပေးငွေကို လက်ဖြန့်၍ တောင်းခံကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်ကို အစစအရာရာ ချင့်ချိန်တွက်ချက်လျက် အကျိုးအမြတ်ရရန် နည်းလမ်းမျိုးစုံဖြင့် လှည့်ဖြားရန် ကြံစည်ကာ အနည်းငယ်မျှပင် အရှုံးမခံဘဲ စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေကြသကဲ့သို့ပင် ပြုမူကြ၏။ ထိုသို့ဖြင့် ဤကောင်းမှုသည် ကောင်းမှုမဟုတ်ပေ။ ဒုစရိုက်အမှုတစ်ခု ဖြစ်သွားပြီဖြစ်ကာ ဘုရားသခင်သည် ထိုအရာကို အမှတ်ရမည် မဟုတ်သည်သာမက ကယ်တင်ခံရမည့် ဤလူတို့၏ ရပိုင်ခွင့်ကို ပပျောက်စေကာ ပယ်ဖျက်မည်ဖြစ်သည်။ ဧည့်ခံသည့်သူက ဘုရားအိမ်တော်အား သူ၏ အကြွေးကို သူ့အတွက် ဆပ်ခိုင်းသည့်အခါ ထိုအရာသည် အနည်းငယ် လိမ်လည်သည့် သဘာဝ ရှိသည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ၎င်းတို့က ငွေလိုချင်သည့်အခါ တရားနည်းလမ်းကျသည့် နည်းလမ်းတစ်ခုဖြင့် မလုပ်ဆောင်ပေ။ ထို့ထက် အမှုအရာများကို အတင်းအကျပ်တောင်းယူရန် အခွင့်အရေးကို လက်မလွှတ်တမ်း အသုံးချလျက် လိမ်လည်သည့်သဘာဝရှိသော နည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ကြသည်။ ဘုရားသခင်အတွက် အလှူငွေများကို အတင်းအကျပ် တောင်းယူကြသည့်သူများကို ဘုရားသခင်က ကယ်တင်သလော။ (မကယ်တင်ပါ။) ဤလူများသည် နောင်တရပြီး စစ်မှန်သော ယုံကြည်လက်ခံမှုရှိလျှင် ကယ်တင်ခြင်းခံရသင့်သလော။ (ကယ်တင်ခြင်းမခံရသင့်ပါ။) အဘယ်ကြောင့်နည်း။ (ဤလူတို့သည် ဘုရားအိမ်တော်အပေါ် လိမ်လည်လှည့်ဖြားလျက် ပြုမူနိုင်သည့်အချက်က ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် နေရာမရှိသည့် သဘောဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူစစ်စစ်များ ဖြစ်သည်။) မယုံကြည်သူများသည် နောင်တရကြလိမ့်မည်လော။ အန္တိခရစ်များဖြစ်သည့် မယုံကြည်သူ အမျိုးအစားများက နောင်တရကြလိမ့်မည်မဟုတ်။ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားသည် ၎င်းတို့ လုပ်ဆောင်သမျှ၏ အလယ်ဗဟိုတွင်ရှိပြီး သေလျှင်ပင် ၎င်းတို့ လုံးဝ နောင်တရကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် တစ်စုံတစ်ရာကို အမှားလုပ်မိကြောင်း ဝန်မခံကြသကဲ့သို့ မကောင်းမှုပြုမိပြီဖြစ်ကြောင်းကိုလည်း ဝန်မခံကြပေ။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်အရာအတွက် နောင်တရကြမည်နည်း။ နောင်တရခြင်းသည် လူ့သဘာဝ ရှိသည့်လူများ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည့်လူများနှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုကို ရှင်းလင်းစွာ သိမြင်ပြီး ဝန်ခံနိုင်သော လူများအတွက် ဖြစ်သည်။ ထိုအိမ်ရှင်မိသားစုသည် သေးငယ်သော တာဝန်ကို ထမ်းဆောင်ခဲ့ချိန်တွင် ထိုအရာမှ လိုချင်ဖွယ်သော အရာတစ်ခုကို ကလိမ်ကကျစ်ယူခဲ့ပြီး ဤကဲ့သို့သော အခွင့်အရေးတစ်ခုကိုပင် လက်လွတ်မခံခဲ့ပေ။ ၎င်းတို့သည် လူလိမ်ကြီးများ ဖြစ်ကြသည်။ ဤသည်မှာ စတုတ္ထအကြောင်းအရာ ဖြစ်သည်။

အကြောင်းအရာ ၅- ဘုရားအိမ်တော်တွင် အလုပ်လုပ်ခြင်းအတွက် လုပ်အားခ တောင်းဆိုခြင်း

တရုတ်ပြည်မတွင် အတော်လေး အန္တရာယ်များပြီး စွန့်စားရသည့် အလုပ်အချို့ရှိကာ ထိုအလုပ်များကို ဆောင်ရွက်ရန် ဉာဏ်ရည်ဉာဏ်သွေးနှင့် အရည်အချင်းအချို့ရှိသည့် လူများ လိုအပ်သည်။ ထိုအချိန်က ဤအရည်အချင်းများရှိသည့် လူတစ်ဦး ရှိခဲ့သည်။ ထို့ကြောင့် သူ့ကို အလုပ်တစ်ခုခုလုပ်ဖို့အတွက် အထက်က စီစဉ်ပေးခဲ့သည်။ သူသည် ဤအလုပ်ကို လုပ်ကိုင်နေစဉ် တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။ သူ့အနေဖြင့် ထိုအလုပ်ကို စတင်လုပ်ကိုင်သည်နှင့်တစ်ပြိုင်နက် သူ၏ ပုံမှန်အလုပ်ကို နေ့စဉ်သွားလုပ်နိုင်ခြင်း မရှိတော့သကဲ့သို့ သူ၏ မိသားစုမှာ အဆင်ပြေဖို့ အနည်းငယ် ခက်ခဲနေကြောင်း ပြောကြားခဲ့သည်။ ဘုရားအိမ်တော်က သူ့ကို နေထိုင်မှုစရိတ်အဖြစ် ငွေကြေးအချို့ ပေးခဲ့ပြီး သူသည် ထိုအရာနှင့်ပတ်သက်၍ အလွန်ဝမ်းသာကာ ပေးအပ်ထားသော အလုပ်ကို လက်ခံလုပ်ကိုင်ခဲ့သည်။ သို့သော် သူ၏ အလုပ် စွမ်းဆောင်ရည်မှာ သာမန်သာ ရှိခဲ့သည်။ အချိန်ကာလတစ်ခု ကြာပြီးနောက်တွင် သူ၏ မိသားစုသည် အဆင်ပြေဖို့ အခက်အခဲများ မရှိတော့သော်လည်း အခြားကိစ္စတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူသည် ထိုကိစ္စကို ဘုရားအိမ်တော်သို့ တင်ပြခဲ့ပြီး သူ အဆင်ပြေသည်ကို သေချာစေရန် ဘုရားအိမ်တော်က သူ့ကို နေထိုင်မှုစရိတ်အဖြစ် နောက်ထပ်ငွေကြေးအချို့ကို ပေးခဲ့သည်။ သူသည် သူ၏ အလုပ်ကို ဆက်လက်လုပ်ကိုင်ရန် အင်တင်တင်ဖြင့် သဘောတူခဲ့သော်လည်း ထိုအလုပ်ကို သူ မည်မျှကောင်းစွာ လုပ်ဆောင်ခဲ့သနည်း။ ယင်းမှာ အလုံးစုံ ပရမ်းပတာ ဖြစ်နေ၏။ သူသည် တစ်စုံတစ်ရာကို လုပ်ချင်စိတ် ရှိလျှင် အနည်းငယ်လုပ်ပြီး လုပ်ချင်စိတ်မရှိလျှင် လုံးဝမလုပ်ခဲ့ပေ။ ဤအရာကြောင့် အလုပ်က နှောင့်နှေးခဲ့ပြီး အသင်းတော်အလုပ်က ဆုံးရှုံးမှုအချို့ ခံစားခဲ့ရကာ ထိုအရာကို အခြားသူများက သွားပြုပြင်ပေးခဲ့ရသည်။ နောက်ပိုင်းတွင် သူ့အား အလုပ်ကို အားထုတ်လုပ်ကိုင်ရန်နှင့် သူ့ထံတွင်ရှိသည့် မည်သည့်အခက်အခဲများကိုမဆို ဆက်လက် ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောပြရန် ဘုရားအိမ်တော်က သူ့ကို ဆက်သွယ်ခဲ့သည်။ သူသည် ဘုရားအိမ်တော်ကို တိုက်ရိုက် တေ့တေ့ဆိုင်ဆိုင် မပြောခဲ့ဘဲ ညီအစ်ကိုမောင်နှမအနည်းငယ်ကို သီးသန့် ပြောဆိုခဲ့သည်။ “ကျွန်ုပ် ချို့တဲ့သည်မှာ နေထိုင်မှုစရိတ်လော။ ဤငွေအနည်းငယ်က မည်သည့် ကြီးမားသော ပြဿနာကို ဖြေရှင်းနိုင်မည်နည်း။ ဤအလုပ်ကို လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်သည် ဘုရားအိမ်တော်အတွက် ထိုမျှကြီးမားသည့်ပြဿနာကို ဖြေရှင်းပေးနေသည်။ ဘုရားအိမ်တော်သည် ကျွန်ုပ်အတွက် ကြီးမားသော ပြဿနာများကို ဖြေရှင်းပေးသင့်သည်။ ယခု ကျွန်ုပ်၏သားသည် ကျောင်းလခအတွက် ငွေမရှိသကဲ့သို့ ဤပြဿနာ ပြေလည်မသွားသေးပါ။ ကျွန်ုပ် ချို့တဲ့နေသည်မှာ ဤငွေအနည်းငယ် မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ဤစကားများသည် သူ အမှန်တကယ် တွေးခဲ့သောအရာ ဖြစ်သော်လည်း ဘုရားအိမ်တော်ကို တေ့တေ့ဆိုင်ဆိုင် ပြောပြဖို့ အားမထုတ်နိုင်ခဲ့ပေ။ ထိုအစား ကွယ်ရာ၌ မကျေမနပ် ညည်းတွားသောအခါတွင်မှ ထုတ်ဖော်ခဲ့ခြင်း ဖြစ်၏။ ဤအခြေအနေကို မည်သို့ ဖြေရှင်းသင့်သနည်း။ ဘုရားအိမ်တော်က သူ့ကို ဆက်လက် အသုံးပြုသင့်သလော သို့မဟုတ် အခြားတစ်ယောက်ကို ရှာသင့်သလော။ (အခြားတစ်ယောက်ကို ရှာသင့်ပါသည်။) အဘယ်ကြောင့်နည်း။ သူ၏စရိုက်လက္ခဏာနှင့် အနှစ်သာရတို့က ထုတ်ဖော်ပြခံရနှင့်ပြီးဖြစ်သည်။ သူသည် ဘုရားအိမ်တော်အား သူ၏မိသားစု စားဝတ်နေရေးကို ထောက်ပံ့ပေးစေလိုသည်သာမက သူ့သား၏ ကျောင်းလခကိုလည်း ပေးစေလိုခဲ့သည်။ နောက်ပိုင်းတွင် သူသည် သူ၏ဇနီး နာမကျန်းဖြစ်နေသည်ဟု ပြောပြီး ဘုရားအိမ်တော်အား သူမ၏ ဆေးကုသစရိတ်ကို ပေးစေလိုခဲ့သည်။ သူသည် ထပ်၍ ထပ်၍ တောင်းဆိုနေခြင်း မဟုတ်လော။ ဘုရားအိမ်တော်အတွက် ဤသေးငယ်သောအရာကို လုပ်ဆောင်ပေးခြင်းဖြင့် ကြီးမားသော ပံ့ပိုးမှုကို သူ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဘုရားအိမ်တော်က သူလိုအပ်သမျှကို ခြွင်းချက်မရှိ ထောက်ပံ့ပေးသင့်ကြောင်း သူ တွေးထင်ခဲ့သည်။ သူ့အနေဖြင့် သာမန်အလုပ်တစ်ခုလုပ်ပါက သူ၏သားကို တက္ကသိုလ်သို့ပို့ရန် ထောက်ပံ့နိုင်မည်လော။ သူ့ဇနီး၏ ဆေးကုသစရိတ်ကို တတ်နိုင်မည်လော။ မှန်ကန်ချင်မှ မှန်ကန်ပေမည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် ဤအလုပ်အနည်းငယ်ကို လုပ်ဆောင်ချိန်တွင် သူသည် အဘယ်ကြောင့် ဘုရားအိမ်တော်ထံမှ ငွေကြေးကို စဉ်ဆက်မပြတ် တောင်းဆိုခဲ့သနည်း။ မည်သည့်အရာကို သူ စဉ်းစားနေခဲ့သနည်း။ ထိုကိစ္စနှင့်ပတ်သက်၍ သူ၏အမြင်မှာ အဘယ်နည်း။ သူမရှိဘဲနှင့် ဘုရားသခင်၏အိမ်တော်တွင် ထိုအလုပ်ကို လုပ်မည့်သူ တစ်ယောက်မျှမရှိဟု သူ ထင်မြင်ခဲ့သည်။ ထို့ကြောင့် ဘုရားအိမ်တော်ထံမှ ငွေကြေးပိုမိုတောင်းခံရန် အကြောင်းပြချက်များ ရှာဖို့ ဤအခွင့်အရေးကို သူယူရမည်၊ ထိုအရာကို အချည်းနှီး လက်လွတ်မခံသင့်သကဲ့သို့ ဤအခွင့်အရေးကို လက်လွတ်ခဲ့လျှင် နောက်ထပ်ရနိုင်တော့မည် မဟုတ်ဟု သူ တွေးထင်ခဲ့သည်။ ဤသည်မှာ သူဆိုလိုသည့်အရာ ဖြစ်သည် မဟုတ်လော။ ဤအလုပ်ကို လုပ်ဆောင်ခြင်းသည် အလုပ်လုပ်ပြီး ငွေရှာခြင်းနှင့်တူသည်၊ ထို့ကြောင့် ဘုရားအိမ်တော်ထံမှ ငွေညှစ်သင့်သည်ဟု သူ ထင်မြင်ခဲ့သည်။ နောက်ပိုင်းတွင် ဘုရားအိမ်တော်ထံမှ ငွေညှစ်၍မရနိုင်ကြောင်း သိရှိသွားသောအခါ သူသည် သူ၏အလုပ်ကို မလုပ်တော့ပေ။ ဤသည်မှာ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။)

ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော လူများသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ဆင်းရဲဒုက္ခ ခံစားရမည်ကို မကြောက်ရွံ့ကြပေ။ လူအချို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ် ၎င်းတို့ မိသားစု၏အခက်အခဲများကို မဖော်ပြကြပေ။ ဆင်းရဲသောဒေသများတွင် နေထိုင်သောလူအချို့သည် ဧည့်ခံသည့်တာဝန်များကို ထမ်းဆောင်ကြပြီး ညီအစ်ကိုမောင်နှမများ လာရောက်ကာ စားစရာဆန်မရှိသည့်အခါ ငွေထွက်ချေးကြသော်လည်း ဘာမျှမပြောကြပေ။ အကယ်၍ ၎င်းတို့က တစ်စုံတစ်ရာပြောလျှင် ဘုရားအိမ်တော်က ၎င်းတို့အား ငွေပေးနိုင်မည်လား။ (ပေးနိုင်ပါသည်။) ဘုရားအိမ်တော်သည် ညီအစ်ကိုမောင်နှမများအား ဧည့်ခံရန်အတွက် ၎င်းတို့ လိုအပ်သောအရာများကို ထောက်ပံ့နိုင်စွမ်းရှိသည်။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် မည်သည့်အရာမျှ မပြောကြသနည်း။ အကယ်၍ သင်က ၎င်းတို့အား ငွေပေးလျှင် ၎င်းတို့က ငြင်းပယ်ကြမည်ဖြစ်သည်။ ငွေထွက်ချေးပြီးနောက်တွင် ထိုငွေကို ၎င်းတို့ဘာသာ ဖြည်းဖြည်းချင်း ပြန်ဆပ်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်ထံမှ ငွေမလိုချင်ကြပေ။ အန္တိခရစ်များမှာမူ အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ မလုပ်ရသေးမီကပင် သတ်မှတ်ချက်များကို ချမှတ်ပြီး လက်ဖြန့်တောင်းလေ့ရှိကြသည်။ လက်ဖြန့်တောင်းခြင်းက ၎င်းတို့အတွက် အဘယ်သို့ဖြစ်ပြီး အလွန်လွယ်ကူသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ထိုမျှ “မိမိကိုယ်ကို ယုံကြည်မှု”ဖြင့် လက်ဖြန့်တောင်းနိုင်ကြသနည်း။ ထိုကဲ့သို့သော လူများသည် အရှက်မရှိကြပေ၊ ဟုတ်ပါသလော။ ၎င်းတို့သည် ငွေအချို့ကို တောင်းခံပြီးနောက် ထပ်လိုချင်ကြသည်။ အကယ်၍ ၎င်းတို့ကို ငွေမပေးလျှင် မည်သည့်အလုပ်ကိုမျှ လုပ်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် တောယုန်ကို မမြင်မချင်း သိမ်းငှက်ကို လွှတ်လိမ့်မည်မဟုတ်ပေ။ “သင်တို့ ငါ့ကို အခပေးသမျှလောက် ငါအလုပ်လုပ်မည်။ အကယ်၍ သင်တို့က ငါ့ကို အခမပေးလျှင် သင်တို့အတွက် အခြားအလုပ်တစ်ခုတလေကို ငါ့အား လုပ်ဆောင်ခိုင်းဖို့ကို မေ့လိုက်ပါ။ ဤသည်မှာ ငါ့အတွက် အလုပ်တစ်ခုဖြစ်ပြီး အကယ်၍ ငါ့အတွက် အကျိုးကျေးဇူးမရှိလျှင် ထိုအလုပ်ကို ငါ လုပ်လိမ့်မည်မဟုတ်ပါ။ ငါသည် ငါ၏တာဝန်ကို ထမ်းဆောင်ဖို့ အန္တရာယ်နှင့် ရင်ဆိုင်သည်၊ ထို့ကြောင့် ငါ့အတွက် တစ်စုံတစ်ရာ ရှိရမည်ဖြစ်ပြီး ထိုအရာသည် ငါပေးဆပ်သည့် အတိုင်းအတာနှင့် ကိုက်ညီရမည်။ ငါသည် နစ်နာ၍ မဖြစ်ပါ”ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့နှင့် ထိုက်တန်သည်ဟု ခံစားသောအရာများကို တောင်းဆိုရမည်ဖြစ်ပြီး ထိုအရာကို တောင်းဆိုရန် ဆင်ခြေများကို ရှာဖွေရမည်ဖြစ်သည်။ ထိုအရာကို တောင်းဆိုရန် ၎င်းတို့သည် ဦးနှောက်ခြောက်ခံ စဉ်းစားရမည်ဖြစ်ပြီး ထိုအရာကို တောင်းဆိုဖို့ နည်းလမ်းမျိုးစုံ စဉ်းစားရသည်။ အကယ်၍ ထိုအရာကို ၎င်းတို့အား ပေးနိုင်လျှင် ပို၍ကောင်းပြီး အကယ်၍ မပေးထားလျှင် ၎င်းတို့သည် အရာရာကို ဘေးချိတ်ကာ စွန့်ခွာသွားကြမည်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့က မည်သည့်ဆုံးရှုံးမှုကိုမျှ ခံစားရလိမ့်မည် မဟုတ်ပေ။ ဤအရာအပြင် ဘုရားအိမ်တော် လုပ်ဆောင်သည့် ဤအလုပ်အားလုံးက အန္တရာယ်ရှိကြောင်း၊ ဘုရားအိမ်တော်က ၎င်းတို့တောင်းဆိုသော အရာများကို မပေးပါက ၎င်းတို့က ထိုအကြောင်း တိုင်ကြားမည်ကို ဘုရားအိမ်တော်က စိုးရွံ့ရမည်ဖြစ်ကြောင်း၊ ပြီးလျှင် ဘုရားအိမ်တော်တွင် အခြားသင့်တော်သူ မည်သူမျှမရှိသဖြင့် ၎င်းတို့ကို အသုံးပြုရမည် ဖြစ်ကြောင်းနှင့် ၎င်းတို့ကို အသုံးပြုပါက ဘုရားအိမ်တော်က ၎င်းတို့ကို အခကြေးငွေပေးရမည်ဖြစ်ကြောင်း ၎င်းတို့က စဉ်းစားကြလေသည်။ ဤသည်မှာ အနည်းငယ် လိမ်လည်သည့်သဘာဝ မဟုတ်လော။ ဤသည်မှာ အနည်းငယ် ခေါင်းပုံဖြတ်သည့်သဘာဝ ဖြစ်သည် မဟုတ်လော။ ဤကဲ့သို့သော လူများကို ယုံကြည်သူများအဖြစ် ယူဆ၍ရသလော။ ဤသည်တို့မှာ ဘုရားအိမ်တော်နှင့် မသက်ဆိုင်သော မယုံကြည်သူများဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ မိတ်ဆွေများပင် မဟုတ်ပေ။ အသင်းတော်၏ မိတ်ဆွေများက ယုံကြည်သူများအနေဖြင့် ကြီးမြတ်သော လူများဖြစ်သည်ကို မြင်သောအခါ ၎င်းတို့သည် ထိုသူများကို ကူညီကာကွယ်ပေးကြပြီး အချို့သောအရာများကို ကူလုပ်ပေးကြသည်။ ဤကဲ့သို့သော လူများသည် အနည်းငယ် ကောင်းချီးခံစားရနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အန္တိခရစ်များသည် လိုချင်ဖွယ်သောအရာများကို ရရှိရန်သက်သက် ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့အနေဖြင့် လိုချင်ဖွယ်သောအရာများကို မရရှိနိုင်ပါက မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်ကြမည်မဟုတ်၊ မည်သည့်ဝတ္တရားကိုမျှ ဆောင်ကြမည်မဟုတ်သကဲ့သို့ မိမိတို့ကိုယ်ကို လုံးဝ အသုံးခံကြလိမ့်မည် မဟုတ်ပေ။ ဘုရားအိမ်တော်က တာဝန်တစ်ခုကို ထမ်းဆောင်ရန် ၎င်းတို့အတွက် စီစဉ်ပေးသောအခါ ၎င်းတို့က ပထမဦးစွာ မည်သည့်လိုချင်ဖွယ်သောအရာများ ပေးသည်ကို မေးမြန်းကြပြီး လိုချင်ဖွယ်သောအရာ တစ်ခုမျှ မပေးပါက ထိုတာဝန်ကို ထမ်းဆောင်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့နှင့် ဘာသာတရားမရှိသော လောကတွင်ရှိသော လူလိမ်များကြားတွင် မည်သည့်ကွာခြားချက် ရှိသနည်း။ ဤသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရပြီး ကောင်းချီးပေးခြင်းကို ခံစားလိုကြသေးသည်။ ၎င်းတို့သည် မဖြစ်နိုင်သော အရာများကို တောင်းဆိုနေကြခြင်း မဟုတ်လော။ ဤလူများက ယုတ်ညံ့သော စရိုက်လက္ခဏာများနှင့် အရှက်မဲ့ခြင်း မရှိပါက ၎င်းတို့၏ စိတ်နှလုံးများသည် ထိုသို့သော မူမမှန်သည့် ပြုမူဆောင်ရွက်ပုံနည်းလမ်းများကို မည်သို့အကြံထုတ်နိုင်စွမ်း ရှိကြမည်နည်း။ ၎င်းတို့က မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ဤသဘောထားမျိုး မည်သို့များ ရှိနိုင်မည်နည်း။ သင်တို့သည် ဤအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသလော။ (ကျွန်ုပ်တို့လည်း လုပ်ဆောင်နိုင်စွမ်းရှိပါသည်။) မည်သည့် အတိုင်းအတာအထိရှိသနည်း။ အကန့်အသတ်တစ်ခု ရှိသလော။ ထိုအရာက အလွန်ဆိုးရွားပြီး ဤအရာများကို ဆက်လက်မလုပ်ဆောင်နိုင်တော့ဟု မည်သည့်အချိန်တွင် သင် ထင်မြင်သနည်း။ (တစ်ခါတစ်ရံတွင် ကျွန်ုပ်၏စိတ်နှလုံးသည် အပြစ်တင်ခြင်းကို ခံစားရပြီး ကျွန်ုပ်၏အသိစိတ်က လိပ်ပြာမသန့်ဖြစ်ရသည်။ အခြားသူများက ကျွန်ုပ်လုပ်ခဲ့သောအရာများအား ဖော်ထုတ်မည်ကို ကြောက်ရွံ့သောကြောင့် ထိုအရာများကို ကျွန်ုပ် မလုပ်တော့သည့် အချိန်များလည်း ရှိသည်။) လူတို့က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်း၏စရိုက်လက္ခဏာသည် အလွန့်အလွန် အရေးကြီးသည်။ လုံးဝ အရှက်မရှိသော လူတစ်ဦးသည် မကောင်းသည့် မည်သည့်အရာမျိုးကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ထိုသူသည် လုံးလုံးလျားလျား ဆိုးယုတ်သော လူတစ်ဦးဖြစ်သည်။ သူလုပ်ဆောင်သော အရာတိုင်းတွင် အကန့်အသတ်မရှိသကဲ့သို့ သူသည် မိမိ၏အသိစိတ်နှင့်အညီ ပြုမူဆောင်ရွက်ခြင်းမရှိပေ။ မိမိ၏ လူ့သဘာဝတွင် အသိစိတ်မရှိသောသူတို့သည် မည်သည့် လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် သားရဲတိရစ္ဆာန်များနှင့် မကောင်းဆိုးဝါးများ ဖြစ်ကြပြီး ဘုရားသခင်က ၎င်းတို့ကို ကယ်တင်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်က သူ၏အမှုတော်ကို ဆောင်ရွက်နေစဉ် ဘုရားသခင်၏ အလှူငွေများကို လိမ်လည်လှည့်ဖြားလျက် ရယူကာ ဘုရားသခင်အတွက် ဖြစ်သည့် အလှူငွေများကို အတင်းအကျပ် တောင်းဆိုနိုင်စွမ်း ရှိသည့်လူများနှင့် ဘုရားအိမ်တော်မှ အခကြေးငွေတောင်းသော လူတို့သည် လူကောင်းများမဟုတ်ပေ။ ထိုသူတို့က ဘုရားအိမ်တော်သည် လှည့်စားရလွယ်ပြီး ဘုရားအိမ်တော်တွင် ရှိသည့် အရာများကို စောင့်ရှောက်ရန်အတွက် မည်သူမျှ တာဝန်မရှိဟူ၍လည်းကောင်း၊ ဘုရားအိမ်တော်တွင်ရှိသည့် အရာများကို မည်သူမျှ မပိုင်၊ ထို့ကြောင့် ၎င်းတို့က ဤအရာများကို ပိုင်ဆိုင်နိုင်ပြီး မိမိတို့ကြိုက်သည့်အတိုင်း လိမ်လည်လှည့်ဖြားလျက် ယူငင်၍ရသည်ဟု ထင်မှတ်ကြသည်။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့က အကျိုးအမြတ် ရရှိပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ ဤအကျိုးအမြတ်သည် ရရှိရန် အမှန်တကယ် ထိုမျှလွယ်ကူသလော။ သင်ရရှိသော အကျိုးအမြတ်သည် မကြီးမားသော်လည်း ထိုအကျိုးအမြတ်ကို ရရှိခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ သင်၏အသက် မရှိတော့ပေ။

အကယ်၍ လူတစ်ဦးတွင် အမှန်တကယ် လူ့သဘာဝအချို့နှင့် အသိစိတ် အနည်းငယ်မျှ ရှိပါက ဤအရာများကို ၎င်းတို့ လုပ်ဆောင်နိုင်စွမ်း ရှိကြလိမ့်မည်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း သူ့ကို လိမ်လည်လှည့်ဖြားပြီး သူ့အတွက်ဖြစ်သော အလှူငွေများကို အတင်းအကျပ် တောင်းဆိုယူနိုင်စွမ်း ရှိကြသည်။ သင်သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ သင်သည် လူတစ်ဦးပင် ဖြစ်သလော။ မကောင်းဆိုးဝါးများသာ ဤအရာမျိုးများကို လုပ်ဆောင်ကြသည်။ သားရဲတိရစ္ဆာန်များက ဤအရာများကို မလုပ်ဆောင်ကြပေ။ ခွေးကိုသာ ကြည့်လော့။ ခွေးပိုင်ရှင်က မွေးမြူထားပြီး ခွေးက သူ၏ အိမ်ကို ကာကွယ်ပေးသည်။ မကောင်းသော လူတစ်ဦး လာလျှင် ခွေးက သတိပေးသံပေးပြီး ထိုသူကို တိုက်ခိုက်သည်။ သူ့ပိုင်ရှင်၏ ပစ္စည်းများ ယူသည့် မည်သူကိုမဆို သူက လိုက်သည်။ သူ့ပိုင်ရှင်၏ အိမ်တွင်ရှိသည့် ကြက်၊ ဘဲနှင့် ငန်းများ ထွက်ပြေးသွားလျှင် ခွေးက ကူရှာပေးသည်။ သူ့ပိုင်ရှင်၏ အိမ်တွင်ရှိသည့် ဝက်များ ရန်ဖြစ်နေလျှင် ခွေးက ဝင်ရောက်ဖြန်ဖြေပေးသည်။ ဝက်များကို သူ့ပိုင်ရှင်က စောင့်ကြည့်စေလိုကြောင်း ခွေးက သိသည်။ ထို့ကြောင့် သူသည် ဤတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်။ ခွေးက သူ၏ပိုင်ရှင်ကို ငြင်းခုံပြီး “ကျွန်ုပ်က သင့်အတွက် ဝက်များကို စောင့်ကြည့်ပေးခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်ကို ကြက်တစ်ကောင်ကောင် သို့မဟုတ် တစ်စုံတစ်ရာကို စားဖို့ မပေးသည်မှာ အဘယ်သို့ ဖြစ်သနည်း” ဟု မပြောပေ။ ဤအရာကို သူက လုံးဝ မပြောပေ။ ခွေးတစ်ကောင်ပင်လျှင် သူ့ပိုင်ရှင်၏ အိမ်ကို ကာကွယ်ပေးနိုင်ပြီး ဆုလာဘ်မရှိဘဲ သူ၏ပိုင်ရှင်အတွက် တာဝန်များကို ထမ်းဆောင်နိုင်သည်။ သို့သော် ဤလူများသည် တိရစ္ဆာန်များကိုပင် မမီကြပေ။ တာဝန်အနည်းငယ်ကို ထမ်းဆောင်ပြီးနောက် ၎င်းတို့ နစ်နာရလေပြီဟု တွေးထင်ကြပြီး တာဝန်အချို့ကို ကောင်းစွာ ဖြည့်ဆည်းကာ အားထုတ်မှုအချို့ လုပ်ဆောင်ပြီးနောက်တွင် ၎င်းတို့သည် ကသိကအောက်ဖြစ်ကာ စီစဉ်မှုသည် မညီမျှကြောင်းနှင့် ၎င်းတို့ အသုံးချခံရပြီးဖြစ်သည်ဟု ခံစားကြသည်။ ထို့ကြောင့် ထိုအရာကို ညီမျှစေရန် နည်းလမ်းမျိုးစုံကို စဉ်းစားကြသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သောအခါ ဘုရားသခင်က သင့်ကို ကာကွယ်ပေးပြီး ဦးဆောင်ကာ သင့်အပေါ် သမ္မာတရားများစွာ ပေးသနားသည်။ သင်သည် အဘယ်သို့ဖြစ်ပြီး သူ့ကို ကျေးဇူးဆပ်ဖို့ မစဉ်းစားနိုင်ရသနည်း။ သင်သည် သူ့ကို ကျေးဇူးဆပ်ရန် မစဉ်းစားကြသော်လည်း ဘုရားသခင်က ထိုကိစ္စကို အရေးပြုခြင်း မရှိပေ။ သို့သော် သင်သည် သေးငယ်သော တာဝန်ကို ထမ်းဆောင်ချိန်တွင် ထိုထမ်းဆောင်မှုအတွက် ထပ်တူထပ်မျှ ပြန်ရရန် မျှော်လင့်လျက် ဘုရားသခင်ထံသို့ သွားသည်။ သင်သည် သေးငယ်သော တာဝန်ကို ထမ်းဆောင်သည့်အခါ အမှုအရာများကို အတင်းအကျပ်တောင်းယူလိုပြီး တစ်စုံတစ်ရာကို လိမ်လည်လှည့်ဖြားလျက် ရယူချင်သည်။ သင်သည် ထိုအရာအတွက် ထေမိစေဖို့ နည်းလမ်းမျိုးစုံ စဉ်းစားသည်။ သင်သည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်း မဟုတ်လော။ ဘုရားသခင်က သင့်အား ပေးခဲ့သည့်အရာ များပြားလှသည်မဟုတ်လော။ လူတို့၏ သရုပ်သကန်များအရ၊ ၎င်းတို့သည် မည်သည့်အရာနှင့် ထိုက်တန်သနည်း။ လူတို့သည် ယနေ့ မွေ့လျော်ခံစားပြီး ပိုင်ဆိုင်သည့်အရာများကို ၎င်းတို့ ထိုက်တန်ခဲ့ကြသောကြောင့် ရရှိကြခြင်းဖြစ်သလော။ မဟုတ်ပေ။ ထိုအရာများသည် ဘုရားသခင်က သင့်အပေါ် ပေးသနားသည့် အရာများနှင့် သူက သင့်ကို ကောင်းချီးပေးသော အရာများ ဖြစ်သည်။ သင်သည် များစွာ ကျေးဇူးပြုခံရပြီးသားဖြစ်သည်။ ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ သင့်အပေါ် အသက်၊ သမ္မာတရားနှင့် လမ်းခရီးကို ပေးသနားခဲ့သည်။ သင်သည် သူ့ကို မည်သို့ ပြန်ဆပ်ပြီးပြီနည်း။ သင်သည် သင့်တာဝန်များနှင့် ဝတ္တရားများကို အနည်းငယ်မျှ ထမ်းဆောင်သည့်အခါ ထိုအရာကို လက်ခံရန် ခက်ခဲပြီး ဆုံးရှုံးမှုတစ်ခုခု သင် ခံစားရပြီးဖြစ်သည်ဟု စိတ်ထဲတွင် ခံစားရကာ ထိုအရာအတွက် ထပ်တူထပ်မျှ ပြန်ရရန် နည်းလမ်းမျိုးစုံကို သင် စဉ်းစားလေသည်။ အကယ်၍ သင်သည် ထိုအရာအတွက် ထပ်တူထပ်မျှ ပြန်ရရန် လုပ်ဆောင်လိုပါက ဘုရားသခင်က သင့်အား တစ်စုံတစ်ခုကို အပြန်အလှန်အနေဖြင့် ပေးနိုင်သော်လည်း ယင်းကို ရရှိပြီးနောက်တွင် သင်သည် ကယ်တင်ခံရနိုင်လိမ့်ဦးမည်လော။ ဤလူများက အဘယ်အရာ အရေးအကြီးဆုံးဖြစ်ပြီး အဘယ်အရာက တန်ဖိုးအရှိဆုံးဖြစ်သည်ကို သိရှိလာကြမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ အန္တိခရစ်၏ အနှစ်သာရ ရှိသောလူတို့သည် သမ္မာတရား၏ တန်ဖိုးကို ဘယ်သောအခါမျှ သိရှိကြလိမ့်မည် မဟုတ်။ ၎င်းတို့၏ အဆုံးသတ် ထုတ်ဖော်ခံရသည့် နေ့ရက်၊ အရာရာ ထုတ်ဖော်ခံရပြီး လူသိရှင်ကြား ဖြစ်သွားသည့် နေ့ရက်ရောက်လာသောအခါ ၎င်းတို့ သိကြလိမ့်မည်။ ထိုအခါ အလွန် နောက်ကျသွားမည် မဟုတ်လော။ အရာခပ်သိမ်း၏ အဆုံးသတ်သည် နီးကပ်နေပြီဖြစ်ပြီး အရာအားလုံး ဆိတ်သုဉ်းသွားလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏သမ္မာတရားသာလျှင် ထာဝရတည်ရှိနေလိမ့်မည်။ သမ္မာတရားကို ပိုင်ဆိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သူများသည် သူ၏ နှုတ်ကပတ်တော်များနှင့်အတူ၊ သူ၏သမ္မာတရားနှင့်အတူ ထာဝရတည်ရှိနေကြလိမ့်မည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် တန်ခိုးဖြစ်သည်။ သို့သော် အန္တိခရစ်များသည် ဤအချက်ကို ဘယ်သောအခါမျှ ရှင်းလင်းကြလိမ့်မည် မဟုတ်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း အောင်လံကို လွှင့်ခြင်းဖြင့် အမျိုးမျိုးသော အကျိုးအမြတ်များအတွက် ကြံစည်ရန် နည်းလမ်းမျိုးစုံကို စဉ်းစားလိမ့်မည်ဖြစ်ပြီး ဖြစ်နိုင်သမျှနည်းလမ်းတိုင်းကို သုံးကြလိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ အလှူငွေများကို ရယူရန်၊ အလွဲသုံးစားလုပ်ပြီး သိမ်းယူရန်အတွက် ပို၍ပင် အဆင်ခြင်မဲ့စွာ လိမ်လည်လှည့်ဖြားသော နည်းလမ်းများကို အသုံးပြုလိမ့်မည်။ ဤလူများ၏ လုပ်ရပ်များနှင့် အပြုအမူများအားလုံးကို ဘုရားသခင်၏ မှတ်တမ်းစာအုပ်တွင် အသေးစိတ် အတိအကျ ရေးမှတ်ထားသည်။ ၎င်းတို့၏ အဆုံးသတ်ကို ထုတ်ဖော်မည့် နေ့ရက်ရောက်လာသောအခါ ဘုရားသခင်သည် ဤမှတ်တမ်းများကို အခြေခံ၍ လူတစ်ဦးချင်းစီ၏ အဆုံးသတ်ကို ဆုံးဖြတ်လိမ့်မည်။ ဤအရာများအားလုံးသည် အမှန်ဖြစ်၏။ သင် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဤအရာအားလုံး ထုတ်ဖော်ခံရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ပဉ္စမမြောက် အကြောင်းအရာဖြစ်သည်။ ဤလူသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ သူ၏ တည်ကြည်မှုသည် မြင့်မြတ်သလော၊ သို့မဟုတ် ယုတ်ညံ့သလော။ (ယုတ်ညံ့ပါသည်။) ဘုရားသခင်၏ အမြင်တွင် သူသည် ဂုဏ်သရေရှိသော လူတစ်ဦး မဟုတ်ပေ။ သူသည် ယုတ်ညံ့ပေသည်။ သူ့ကို “ယုတ်ညံ့သူ”တစ်ဦးအဖြစ် အတိုကောက် ရည်ညွှန်းထားသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။