အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၆) အခန်း နှစ်
ဘုရားနှုတ်ကပတ်တော်များအပေါ် အန္တိခရစ်များ၏ သဘောထားမှာ လေ့လာသည့် သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို ဘုရားနှုတ်ကပတ်တော်အဖြစ် မည်သည့်အခါမျှ သဘောမထားကြပေ။ မည်သည့်အရာအဖြစ် သဘောထားကြသနည်း။ နက်နဲသောအရာများ စုစည်းမှု တစ်ခုလော။ စိတ်ကူးယဉ်ဆန်သော ဇာတ်လမ်းတစ်ပုဒ်လော။ မရှင်းလင်းသကဲ့သို့ နားလည်၍မရနိုင်သော စာများလော။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည့်အခါ သူ၏ ရည်ရွယ်ချက်များကို ရှာဖွေနေကြခြင်း မဟုတ်သကဲ့သို့ သူ၏ ရည်ရွယ်ချက်များ သို့မဟုတ် စိတ်သဘောထားကို နားလည်ရန် ကြိုးစားနေကြခြင်းလည်း မဟုတ်ပေ။ သို့တင်မက ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားရန် မဆိုထားနှင့်၊ ဘုရားသခင်ကိုပင် မသိလိုကြပေ။ “လက်ရှိအချိန်တွင် ငါ၏ အရေးပေါ် လိုအင်ဆန္ဒမှာ ငါ၏ ရည်ရွယ်ချက်များကို အပြည့်အဝ အလေးထားနိုင်စွမ်းရှိသည့် လူတစ်စုကို ရှာဖွေရန်ဖြစ်၏။”ဟူသည့် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည့်အခါ ၎င်းတို့ တို့ထိခံရကြသလော။ ၎င်းတို့က “ဘုရား၏ ရည်ရွယ်ချက်များကို အလေးထားသော သူများကို ရှာဖွေခြင်းနှင့် ပတ်သက်သည့် ဤအကြောင်းအရာအားလုံးက အဘယ်အရာ ဖြစ်သနည်း။ သင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းသည် အဘယ်အကျိုးရှိသနည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ကျွန်ုပ်ကို မပြတ် ကျွေးမွေးမည်လော သို့မဟုတ် ငွေရှာခွင့်ပေးမည်လော။ ဘုရား၏ ရည်ရွယ်ချက်များကို အလေးထားခြင်းသည် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုသို့ ဆိုက်ရောက်စေသလော။ ထိုအရာက ငါ့ကို ကြီးမားသည့် ကောင်းချီးများ ဆောင်ကြဉ်းပေးနိုင်သလော။ ဤအရာများကို မလုပ်ဆောင်နိုင်လျှင် ထားလိုက်ပါ။ ကျွန်ုပ် အလေးထားရန် မလိုအပ်ပါ။ ကျွန်ုပ်သည် ငရဲထဲသို့ ပစ်ချခံရခြင်းကို ရှောင်ရှားဖို့နှင့် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုကို ရရှိအောင် သေချာဖို့အတွက် လမ်းကြောင်းတစ်ခုကို ရှာဖွေနေသည်။ သင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းက ကျွန်ုပ်ကို ကောင်းချီးများ ဆောင်ကြဉ်းပေးနိုင်လျှင် ကျွန်ုပ် အလေးထားမည်ဖြစ်သည်။ အဘယ်သို့ပြုရမည်ကိုသာ ကျွန်ုပ်ကို ပြောပါ”ဟု ဆိုကြသည်။ ဘုရားသခင် ချမှတ်သည့် သတ်မှတ်ချက်များကို ၎င်းတို့ ပြည့်မီနိုင်သည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ဘုရားသခင်က တစ်ခုကိုသာ အဆိုပြုသည်။ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ရန်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန်ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရာတွင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနေခြင်းဖြစ်ပြီး ကြီးမားသည့် ကောင်းချီးများကို ရရှိနိုင်သည်။ အန္တိခရစ်များက ဤအရာကို ကြားသည့်အခါ ၎င်းတို့က “ငါ စိတ်စောနေမိခဲ့သည်၊ ငါ့ကို အလေးအနက် သဘောမထားခဲ့ကြသင့်ပါ။ ငါသည် ဘုရား၏ ရည်ရွယ်ချက်များကို အလေးထားနိုင်စွမ်းမရှိပါ၊ ထိုအရာကို မေ့ထားလိုက်ပါ။ ဤနည်းလမ်းက အလုပ်ဖြစ်မည်မဟုတ်၊ အခြားတစ်ခုကို ငါရှာမည်”ဟု တွေးကြသည်။ ထို့နောက် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ အခြားသွင်ပြင်လက္ခဏာများကို စတင်၍ အားထုတ်ကြသည်။ အခြားသော သွင်ပြင်လက္ခဏာများအား သုတေသနပြုခြင်းနှင့် စိစစ်ခြင်းကို ၎င်းတို့ အားထုတ်ကြသော်လည်း စိစစ်မှုအားလုံး ပြီးသွားသည့်နောက် ထိုအရာမှ ၎င်းတို့ ရရှိသမျှမှာ အနည်းငယ်သော စကားများနှင့် အယူဝါဒများသာ ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို မချစ်သောကြောင့်လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများ၊ ရှေ့ရေးများနှင့် ကံကြမ္မာတို့ကို ၎င်းတို့လိုက်စားသည့် ရာသက်ပန် ရည်မှန်းချက်များအဖြစ် သဘောထားကြသောကြောင့်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များသည် ၎င်းတို့အတွက် ပြောနေကျစကားများသာ ဖြစ်လာပြီဖြစ်သည်။ ဘုရားအမှုတော်မှဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုမှဖြစ်စေ မည်သည့် ပျော်ရွှင်မှုကိုမျှ ၎င်းတို့ လုံးဝ မတွေ့ကြုံကြရလေပြီ။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည့်အခါ မည်သည့် အလင်းကိုမျှ မမြင်ကြသကဲ့သို့ မည်သည့် ဉာဏ်အလင်းပေးခြင်း သို့မဟုတ် အာဟာရကိုမျှ မရရှိကြပေ။ ၎င်းတို့ ရရှိသမျှမှာ အနည်းငယ်သော စကားများနှင့် အယူဝါဒများ၊ ပြီးလျှင် နက်နဲသောအရာများနှင့် ခရီးပန်းတိုင်များအကြောင်း ဖြစ်သည့် အချို့သော ဖွင့်ပြချက်များနှင့် ဆိုရိုးများဖြစ်သည်။ ဤဆိုရိုးများနှင့် အယူဝါဒများကို အရင်းအနှီးအဖြစ် ၎င်းတို့ သဘောထားကြသည့်အခါ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ပိုင် ခရီးပန်းတိုင်များကို ထိန်းချုပ်ပြီးခြင်းဖြစ်ကြောင်း၊ မိမိတို့ကိုယ်ပိုင် ခရီးပန်းတိုင်များကို အသေအချာ ရယူနိုင်ပြီးဖြစ်ကြောင်း ခံစားကြရပုံပေါ်ကြသည်။ သို့သော် ဘုရားနှုတ်ကပတ်တော်များ၏ အဆက်မပြတ် ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အလယ်တွင် သို့မဟုတ် မတူကွဲပြားသော အဆင့်များတွင် လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များအလယ်တွင် ၎င်းတို့က မိမိတို့၏ ခရီးပန်းတိုင် ပျောက်ဆုံးကာ ကယ်တင်မခံရနိုင်သည့်အလား ခံစားကြသည်။ ဤကာလအတောအတွင်းတွင် ၎င်းတို့သည် စိတ်ထဲတွင် အမြဲ နေမထိထိုင်မသာ ခံစားကြသည်။ ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုကို အသေအချာ ရယူခြင်းအတွက် မိမိတို့ကိုယ်တိုင်၏ စိတ်ထဲတွင် စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုများ စဉ်ဆက်မပြတ် ရှိကြသည်။ ဘုရား၏ စာကြောင်းများထဲမှ တစ်ခုကြောင့် ၎င်းတို့ ရုန်းကန်ကြလိမ့်မည်။ ဘုရား၏ စာကြောင်းများထဲမှ နောက်တစ်ကြောင်းကြောင့် ၎င်းတို့ အပျက်သဘောဆောင်လာကြလိမ့်မည်ဖြစ်ပြီး နောက်တစ်ကြောင်းကြောင့်ပင် ၎င်းတို့ ပျော်ရွှင်ကြလိမ့်မည်ဖြစ်သည်။ သို့သော် ၎င်းတို့ ပျော်ရွှင်နေကြသည်ဖြစ်စေ၊ အသက်ကယ် ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်နေကြသည်ဖြစ်စေ ထိုသို့သော လူတို့အတွက် ဤသည်မှာ ခဏတစ်ဖြုတ်သာ ဖြစ်သည်။ ထို့ကြောင့် အဆုံးတွင် အချို့သော အန္တိခရစ်များက ၎င်းတို့ကဲ့သို့ လူတို့အနေဖြင့် ကယ်တင်မခံရနိုင်ကြသည့်အလား ခံစားမိကြသည်။ ၎င်းတို့ကဲ့သို့သော လူများကို ဘုရားသခင်က မနှစ်သက်သည့်ပုံပေါ်သည်ကို သူ၏ နှုတ်ကပတ်တော်များမှ ၎င်းတို့ တွေ့မြင်ကြသည်။ ၎င်းတို့သည် ကောင်းချီးများကို ရရှိနိုင်ကြသလော၊ သို့မဟုတ် မရရှိနိုင်ကြသလော။ ၎င်းတို့၏ ရှေ့ရေးများနှင့် ကံကြမ္မာတို့သည် မည်သည့်အရာသာ ဖြစ်သနည်း။ ဤအရာများက မသိရသောအရာများ ဖြစ်သည်ဟု ၎င်းတို့ ခံစားရသည်။ ယင်းတို့နှင့် ပတ်သက်၍ ၎င်းတို့ မသေမချာ ဖြစ်ကြသည်။ ဤအချိန်တွင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြလိမ့်မည်နည်း။ ၎င်းတို့ နောင်တရနိုင်ကြသလော။ နိနေဝေမြို့သားများကဲ့သို့ ၎င်းတို့၏ လက်များတွင်ရှိသည့် မကောင်းမှုကို စွန့်ပစ်နိုင်ကြသလော၊ ဘုရားသခင်ထံ ဝန်ချပြီး နောင်တရရန် လှည့်ပြန်နိုင်ကြသလော၊ ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် လက်ခံကာ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်အဖြစ် လက်ခံနိုင်ကြသလော။ မလုပ်ဆောင်နိုင်ကြပေ။ ထို့ကြောင့် နှစ်ပေါင်းများစွာ လိုက်စားပြီးနောက်တွင်၊ နှစ်ပေါင်းများစွာ မျှော်လင့်ပြီး ဘုရားနှုတ်ကပတ်တော်များကို နှစ်ပေါင်းများစွာ လေ့လာပြီးနောက်တွင် ၎င်းတို့ကဲ့သို့သော သူများအနေဖြင့် ကောင်းချီးများ တကယ်ကို မရရှိနိုင်ကြောင်း၊ မျှော်လင့်ချက် လုံးဝမရှိကြောင်း၊ ဘုရားသခင် ကယ်တင်မည့်သူများ လုံးဝ မဟုတ်ကြောင်းနှင့် မိမိတို့ အလိုရှိသည့်အရာကို မရရှိနိုင်ကြောင်းကို ၎င်းတို့ ကောက်ချက်ချမိလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြလိမ့်မည်နည်း။ (ဘုရားသခင်ကို ၎င်းတို့ စွန့်ခွာကြလိမ့်မည်။)
“ဘုရားသခင်ကို ချစ်မြတ်နိုးရန် ကျွန်ုပ်၏ ကတိသစ္စာကို ကျွန်ုပ် အသစ်ဖြစ်စေသည်။ ကျွန်ုပ်၏ ကိုယ်ခန္ဓာနှင့် စိတ်နှလုံးကို သူ့အား ဆက်ကပ်အပ်နှံပါ၏”ဟူသည့် ဝိညာဉ်ရေးရာ ဆိုရိုးတစ်ခုရှိသည်။ ဤဆိုရိုးက အလွန် “ကြီးကျယ်ခမ်းနား”၏။ ဤစကားများကို ငါ ပထမဆုံးကြားသည့်အခါ ငါ့စိတ်နှလုံးတွင် လူသားဘာသာစကား၏ “ကြီးကျယ်ခမ်းနားမှု”ကို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။ လူတို့က ၎င်းတို့၏ ကတိသစ္စာများကို အလွန် အဖိုးတန်၊ အလွန်ဖြူစင်ပြီး အပြစ်အနာအဆာ ကင်းသကဲ့သို့ သဘောထားကြသည်။ ၎င်းတို့သည် မိမိတို့၏ ချစ်ခြင်းမေတ္တာ ဆက်ကပ်အပ်နှံမှုကို အလွန် စင်ကြယ်သန့်ရှင်းပြီး မြင့်မြတ်သောအရာအဖြစ် မှတ်ယူကြသည်။ အန္တိခရစ်များသည် ဘုရားသခင်ကို ချစ်မြတ်နိုးရန် ၎င်းတို့၏ ကတိသစ္စာများကို ထပ်လောင်းအတည်ပြုကာ မိမိတို့၏ ကိုယ်ခန္ဓာနှင့် စိတ်နှလုံးကို ဘုရားသခင်အား ဆက်ကပ်အပ်နှံနိုင်ကြသလော။ (မအပ်နှံနိုင်ကြပါ။) အဘယ်ကြောင့် မအပ်နှံနိုင်ကြသနည်း။ လူအချို့က “အလွန်များသည့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင် ကျွန်ုပ်၏ စဉ်းစားတွေးခေါ်သည့် နည်းလမ်းက အလုပ်မဖြစ်ကြောင်း သို့မဟုတ် ရလဒ်များ မရရှိကြောင်းကို မြင်သည့်အခါ ဘုရားသခင်ကို ချစ်ဖို့ဖြစ်သော ကျွန်ုပ်၏ ကတိသစ္စာကို ကျွန်ုပ် အသစ်ဖြစ်စေပြီး ကျွန်ုပ် သူ့ထံ မူလက ပြုခဲ့သည့် ကတိသစ္စာကို ထပ်ပြောဆိုသည်။ ဤသည်မှာ လှည့်ပြန်ခြင်းဖြစ်သည် မဟုတ်လော။ မခက်ခဲပါ”ဟု ပြောကြသည်။ အန္တိခရစ်များက ထိုသို့သောအရာတစ်ခုကို လုပ်ဆောင်နိုင်ကြသလော။ (မလုပ်ဆောင်နိုင်ကြပါ။) အဘယ်ကြောင့် မလုပ်ဆောင်နိုင်ကြသနည်း။ “ဘုရားသခင်ကို ချစ်မြတ်နိုးရန် ကျွန်ုပ်၏ ကတိသစ္စာကို ကျွန်ုပ် အသစ်ဖြစ်စေသည်”ဟူသည်မှာ လူ၏ အမြော်အမြင်အရှိဆုံးသော ပြောဆိုချက်ဖြစ်သည် မဟုတ်လော။ လူ၏ အကြီးမားဆုံးနှင့် အဖြူစင်ဆုံးသော ချစ်ခြင်းမေတ္တာ ဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် အန္တိခရစ်များက ဤအရာကို အဘယ်ကြောင့် မစီမံနိုင်ကြသနည်း။ (အန္တိခရစ်များတွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိရန် မဆိုထားနှင့်၊ ဘုရားသခင်အပေါ် သိနားလည်မှုပင် မရှိပါ။ ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် အယောင်ဆောင်ချည်းသာဖြစ်ပြီး ၎င်းတို့၏ အကျိုးစီးပွားများပေါ် အခြေပြုသည်။ ၎င်းတို့အတွက် ရရှိဖို့ အကျိုးအမြတ်များ မရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ကျောခိုင်းကာ ထွက်ခွာကြမည်ဖြစ်သည်။) အန္တိခရစ်များက ဤအခြေအနေကို ရောက်ရှိသည့်အခါ တစ်စုံတစ်ရာ မှားယွင်းပြီးဖြစ်ကြောင်းနှင့် မှားယွင်းသည့် အလောင်းအစားကို ၎င်းတို့ ပြုမိပြီဖြစ်ကြောင်း ခံစားကြရသည်။ မိမိတို့၏ စိတ်ဓာတ်များကို မြှင့်တင်ရန်အတွက် ၎င်းတို့၏ ဝိညာဉ်ရေးရာ နယ်ပယ်များကို ထောက်ပံ့ပေးမည့် ဆောင်ပုဒ် သို့မဟုတ် သဘောတရားတစ်ခုကို ၎င်းတို့ အသုံးပြုဖို့ လိုအပ်သည်။ မည်သည့် ဆောင်ပုဒ်မျိုးနည်း။ “ဘုရားသခင်ကို ချစ်မြတ်နိုးရန် ကျွန်ုပ်၏ ကတိသစ္စာကို ကျွန်ုပ် အသစ်ဖြစ်စေသည်။ ကျွန်ုပ်၏ ကိုယ်ခန္ဓာနှင့် စိတ်နှလုံးကို သူ့အား ဆက်ကပ်အပ်နှံပါ၏”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့က တစ်ဖန် အစပြုမည့်သဘောဖြစ်သည်။ သို့မဟုတ်လျှင် ၎င်းတို့ ဆက်လက် အသက်ရှင်နိုင်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်မှု အဆုံးသတ်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အမှုတော်အတွင်းတွင် နေ့တိုင်း စကားပြောပြီး သူ စကားပြောသည့်အကြိမ်တိုင်းတွင် သူ၏ နှုတ်ကပတ်တော်များက သမ္မာတရားအကြောင်းချည်းသာ ဖြစ်သည်။ ယင်းတို့သည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည့် စကားများ၊ လူတို့အား သမ္မာတရား လက်တွေ့ကျမှုများထဲသို့ မည်သို့ ဝင်ရောက်သင့်ပြီး သမ္မာတရား စည်းမျဉ်းများအား နားလည်သင့်သည်ဟူသည်ကို တောင်းဆိုသည့် စကားများချည်းသာ ဖြစ်သည်။ ယင်းတို့သည် ဤစကားများချည်းသာဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များက “ဤစကားများထဲမှ တစ်ခုကမျှ ခရီးပန်းတိုင်များအကြောင်း မပြောသနည်း သို့မဟုတ် ကောင်းချီးများ ရရှိခြင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များကို မဖော်ပြသနည်း။ ဤသည်မှာ ငါတို့၏ ရှေ့ရေးများနှင့် ကံကြမ္မာတို့က ဘုရားလက်ထဲတွင် အချည်းနှီးဖြစ်လာသည့်သဘော မဟုတ်လော။ ဘုရား၏ ကတိတော်သည် ငါတို့အတွက် မဟုတ်တော့သလော။ ဘုရားက ဤအရာများကို လုံးဝ မဖော်ပြလျှင် ငါတို့၏ မျှော်လင့်ချက်များ ပျက်သုဉ်းသွားနိုင်သည်။ ငါတို့၏ မျှော်လင့်ချက်များ ပျက်သုဉ်းသွားလျှင် မည်သည့်အရာကို ငါတို့ လုပ်ဆောင်သင့်သနည်း။ ယင်းမှာ လွယ်ပေသည်။ ဘုရားနှုတ်ကပတ်တော်များက ဤအရာများအကြောင်းကို ဘာတစ်ခုမျှ မပြောလျှင် လူသား နည်းလမ်းတစ်ခုကို သုံးကြစို့။ ဘုရားကို ချစ်မြတ်နိုးဖို့ရန် ငါတို့၏ ကတိသစ္စာများကို အသစ်ဖြစ်စေကြစို့”ဟု စဉ်းစားကြသည်။ လူတို့သည် ဘုရားသခင်ကို ပထမဆုံး ယုံကြည်လာကြသည့်အချိန်တွင် ထိုသို့သော ကြီးမားသည့် စိတ်ထက်သန်မှု၊ ထိုသို့သော ကြီးမားသည့် ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းတို့ကို အဘယ်သို့ ရှိခဲ့ကြသနည်း။ ဤအရာများက အထွတ်အထိပ်သို့ ရောက်သည့်အခါ လူတို့သည် “ကျွန်ုပ်သည် ဤဘဝတွင် မည်သည့်အချိန်၊ မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ၊ ဘုရားအတွက် မိမိကိုယ်ကို အသုံးခံမည်ဖြစ်ပြီး ညည်းညူချက်များ သို့မဟုတ် နောင်တများ တစ်ခုမျှမရှိဘဲ မိမိကိုယ်ကို သူ့ကို ဆက်ကပ်အပ်နှံပါမည်။ မိုးရွာသည်ဖြစ်စေ၊ နေသာသည်ဖြစ်စေ အနိမ့်အမြင့် အတက်အကျများတွင်ဖြစ်စေ၊ ကျွန်ုပ် နေမကောင်းလျှင်ဖြစ်စေ၊ အခက်အခဲဒုက္ခများ ရှိသည်ဖြစ်စေ၊ ပင်လယ်များ ခမ်းခြောက်ပြီး ကျောက်ဆောင်များက မြေမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်ထိတိုင် သူ့နောက်သို့ အဆုံးထိ ကျွန်ုပ် လိုက်လျှောက်ပါမည်။ ဤကတိသစ္စာကို ကျွန်ုပ် ချိုးဖောက်မိလျှင် ကောင်းကင်မှ မိုးကြိုးပစ်ချခြင်းကို ခံရမည်ဖြစ်ပြီး ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခု ကျွန်ုပ်တွင် ရှိမည်မဟုတ်ပါ”ဟု ဆိုလျက် ဘုရားသခင်ရှေ့မှောက်တွင် သန္နိဋ္ဌာန်များ ပြုကြပြီး ကတိသစ္စာများ ကျိန်ဆိုကြသည်။ ၎င်းတို့၏ ကတိသစ္စာများသည် ယခုတွင် အဘယ်ကြောင့် မရှိတော့သနည်း။ အချိန်များစွာ ကုန်ဆုံးသွားပြီး ထိုအရာက ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ပျက်ပြယ်သွားစေပြီးဖြစ်သည်ဟု ၎င်းတို့ ခံစားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “မဟုတ်ပါ၊ ငါ့စိတ်ဓာတ်ကို ငါ မြှင့်တင်ရမည်။ ငါသည် လန်းဆန်းကာ တက်ကြွပြီး ယခင်က ရှိခဲ့သလောက် ယုံကြည်ခြင်းနှင့် စိတ်အားထက်သန်မှုတို့ဖြင့် ရှိနေရမည်။ ငါ၏ ရည်သန်မျှော်မှန်းချက်များ၊ ငါ၏ ခရီးပန်းတိုင်နှင့် ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ငါ၏ လိုအင်ဆန္ဒတို့ကို ပြန်လည်ရယူရမည်။ ထိုသို့ဖြင့် ဘုရားအပေါ် ငါ၏ ယုံကြည်ခြင်းနှင့် သူ့အား ချစ်ခင်ခြင်းတို့သည် ယခင်လောက် ကြီးမားနေမည် မဟုတ်လော။ သူ့အား ငါ၏ စစ်မှန်သော ဆက်ကပ်အပ်နှံမှုသည်လည်း ယခင်ကကဲ့သို့ပင် ရှိနေမည် မဟုတ်လော”ဟု တွေးကြသည်။ သို့သော် သမ္မာတရားကို လုံးဝ မလိုက်စားသည့် လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးတွင် မည်မျှ ရုန်းကန်သည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်အပေါ် ၎င်းတို့၏ မူလယုံကြည်ခြင်းနှင့် စိတ်ထက်သန်မှုကို ၎င်းတို့ မည်မျှ ပြန်အမှတ်ရသည်ဖြစ်စေ ဤအရာက ၎င်းတို့၏ လက်ရှိ အခြေအနေကို မပြောင်းလဲစေနိုင်ပေ။ ဤအခြေအနေမှာ အဘယ်နည်း။ ၎င်းတို့၏ ရှေ့ရေးများနှင့် ကံကြမ္မာတို့က အချည်းနှီး ဖြစ်လာသည့်အခါ၊ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့က ၎င်းတို့ထံမှ ဝေးသည်ထက် ဝေးလွင့်သွားသည့်အခါ၊ ကောင်းချီးမင်္ဂလာများ ရရှိလိုသော ၎င်းတို့၏ လိုအင်ဆန္ဒက တစ်စစီပြိုကွဲလုနီးပါး ဖြစ်သည့်အခါနှင့် ၎င်းတို့၏ မျှော်လင့်ချက် အပြည့်ရှိသော အတွေးများနှင့် ၎င်းတို့၏ လိုအင်ဆန္ဒများအားလုံး အကောင်အထည်မပေါ်နိုင်သည့်အခါ မလျှော့တမ်းလုပ်ဆောင်ရန် ၎င်းတို့အတွက် အလွန် ခက်ခဲလာလေသည်။ ဤပုံစံဖြင့် မလျှော့တမ်း လုပ်ဆောင်ရန်မှာ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် ၎င်းတို့အတွက် အလွန်နာကျင်စရာဖြစ်သည်။ ဆက်လက် တောင့်မခံနိုင်တော့သည့်အလား ထင်ရသည့် အခြေအနေနှင့် စိတ်တစ်ခုကို ၎င်းတို့ မကြာခဏ တွေ့ကြုံခံစားရသည်။ ၎င်းတို့အနေဖြင့် ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော ကောင်းချီးများကို မွေ့လျော်ခံစားနိုင်ရန်အလို့ငှာ ဘုရားသခင်၏ အမှုတော် အပြီးသတ်မည့်အချိန်ကို မကြာခဏ မျှော်လင့်စောင့်စားကြသည်။ လူအချို့က “ဘုရား၏ အမှုတော် အလျင်အမြန် အဆုံးသတ်ပါစေ၊ ကြီးမားသော ကပ်ဘေးများ အလျင်အမြန် ကျရောက်ပါစေ ကောင်းကင် ပြိုလျှင် လူတိုင်း သေဆုံးလိမ့်မည်၊ မည်သူကမျှ ကောင်းသည့် ရလဒ်များကို မမျှော်လင့်သင့်ပါ။ ကောင်းချီးများကို ငါ မရရှိနိုင်လျှင် မည်သူမျှ မရသင့်ပါ”ဟုပင် မျှော်လင့်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်၏ နိုင်ငံတော် တည်ဖို့အတွက် မမျှော်လင့်ကြပေ။ ဘုရားသခင်၏ ကြီးမြတ်သော လုပ်ငန်းကြီး အပြီးသတ်ဖို့အတွက် မမျှော်လင့်ကြသကဲ့သို့ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် နောက်ဆုံးတွင် ဘုန်းထင်ရှားခြင်း ရှိဖို့အတွက် သို့မဟုတ် ဘုရားသခင်က လူသားမျိုးနွယ်ထဲတွင် အောင်မြင်သောသူများရရှိကာ လူသားမျိုးနွယ်အား လှပသော ခရီးပန်းတိုင်တစ်ခုဆီသို့ ဦးဆောင်ဖို့အတွက် မမျှော်လင့်ကြပေ။ ဤအရာများကို ၎င်းတို့ မမျှော်လင့်ကြ။ ဆန့်ကျင်ဘက်အနေဖြင့် ကောင်းချီးမင်္ဂလာများအတွက် ဖြစ်သော ၎င်းတို့၏ လိုအင်ဆန္ဒများအားလုံးက ပျက်စီးခြင်းကို ရင်ဆိုင်နေရချိန်တွင်၊ ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်နက်တွင် ဘုရားသခင်၏ အမှုတော်ကို ကျိန်ဆဲကြသည်၊ ဘုရားသခင်၏ အမှုတော်ကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် သူ၏ နှုတ်ကပတ်တော်များကို သာ၍ပင် အလွန်အမင်း မနှစ်မြို့ကြပေ။
ယခုအခါတွင် လူအချို့အတွက် တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ပြီးနောက်တွင် ၎င်းတို့က နားထောင်လေ၊ နားလည်လေဖြစ်သည်၊ ၎င်းတို့၏ စိတ်နှလုံးများက သာ၍ ရှင်းလင်းလာလေဖြစ်ပြီး သာ၍ ကြားချင်လေဖြစ်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် အခြားသူတို့သည် တရားဒေသနာများကို နားထောင်လေ ပစ်ပစ်ခါခါငြင်းပယ်လေ ဖြစ်ကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မကောင်းဆိုးဝါးဆန်သော ဘက်ခြမ်းက သူ့ဘာသာ ထုတ်ဖော်သည်။ ဘုရားသခင်က သမ္မာတရားအပေါ် မိတ်သဟာယ ပြုသည်ကို ၎င်းတို့ နားထောင်ပြီး ထိုအရာက လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စကားထဲထည့်ပြောသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ပုန်ကန်တတ်သော စိတ်နေစိတ်ထားက ပေါ်လွင်ထင်ရှားလာပြီး ၎င်းတို့၏ ပစ်ပစ်ခါခါငြင်းဆန်မှုက တစ်ခုမကျန် ပေါ်ထွက်လာတော့သည်။ ဤအရာကို မည်မျှထိ ၎င်းတို့ လုပ်ဆောင်ကြသနည်။ အချို့က မိမိတို့ စိတ်နှလုံးများတွင် ကျိန်ဆဲကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိန်ဆဲကြသည်၊ သမ္မာတရားကို ကျိန်ဆဲကြသည်၊ အသင်းတော် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကျိန်ဆဲကြပြီး သမ္မာတရား လိုက်စားသောသူတို့ကို သာ၍ ကျိန်ဆဲကြသည်။ ထိုလူစားမျိုးများကို ၎င်းတို့ မြင်သည့်အခါ မနှစ်သက်ကြသကဲ့သို့ တိုက်ခိုက်ရန် ဆန္ဒရှိကြသည်။ ထိုသို့သော လူများက ဘုရားနှုတ်ကပတ်တော်များအား ဟောကြသည့်အခါ၊ ဘုရားနှုတ်ကပတ်တော်များကို တွေးဆပြီး ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယပြုကြသည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မိမိတို့ ပင်ပန်းပြီး အိပ်ချင်သည်ထိတိုင် ကျိန်ဆဲကြသည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များနှင့် ပတ်သက်သည့် မိတ်သဟာယကို ကြားသည်နှင့်တစ်ပြိုင်နက် အချို့၏ မျက်လုံးများ ဝင်းလက်သွားပြီး အခြားသူများမှာမူ ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်သည့် မိတ်သဟာယကို ကြားသည့်အခါ သို့မဟုတ် တစ်စုံတစ်ဦးက ဘုရားနှုတ်ကပတ်တော်များမှ အလင်းတစ်မျိုးမျိုးကို ရရှိပြီးဖြစ်ကြောင်း ပြောသည်ကို ကြားသည့်အခါ ၎င်းတို့၏ စိတ်များက မရှင်းမလင်းဖြစ်လာကာ ၎င်းတို့၏ အတွေးများသည် မကြည်လင်တော့ဘဲ ၎င်းတို့၏ စိတ်ဓာတ်များ ကျဆင်းသွားသည်။ ၎င်းတို့၏ စိတ်နှလုံးများက အလွန် မွန်းကျပ်သည်မှာ အသက်မရှူနိုင်ဖြစ်ကြပြီး လတ်ဆတ်သည့် လေတစ်ရှိုက်ကို ရဖို့ အပြင်ထွက်ရန် အမြဲ တမ်းတကြသည်။ သို့သော် ရှေ့ရေးများနှင့် ကံကြမ္မာများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ၊ ဘုရားသခင်၏ အမှုတော် အဆုံးသတ်မည့်အချိန်နှင့် နက်နဲသောအရာများကဲ့သို့သော အရာများအကြောင်း သင် မိတ်သဟာယပြုသည့်အခါ အခန်းက မည်မျှ ကျဉ်းသည်ဖြစ်စေ၊ သို့မဟုတ် လေမည်မျှ မကောင်းသည်ဖြစ်စေ ၎င်းတို့သည် လေအတွက် အပြင်မထွက်ကြ သို့မဟုတ် တစ်မှေးမအိပ်ကြချေ။ မိမိတို့နားများကို နားစွင့်ကာ နားထောင်ကြသည်။ သင် မည်မျှကြာအောင် ပြောဆိုသည်ဖြစ်စေ ၎င်းတို့အနေဖြင့် မအိပ်၊ မစားဘဲ နေရလျှင်ပင် ကိစ္စမရှိပေ။ ယုံကြည်သူသစ်အချို့က ငါနှင့် ဆက်သွယ်လာသည့်အခါ လူတို့၏ အခြေအနေများနှင့် သမ္မာတရားအား လူတို့ လိုက်စားသင့်ပုံအပေါ် ၎င်းတို့နှင့် ငါ မိတ်သဟာယပြုခဲ့သော်လည်း ၎င်းတို့က နားမလည်ကြသကဲ့သို့ နက်နဲသောအရာအချို့အကြောင်းကို ငါ ပြောပေးနိုင်မည်လောဟု ငါ့ကို မေးကြသည်။ ငါက “နက်နဲသောအရာများအကြောင်းကို သင် ကြားချင်သလော။ သို့ဆိုလျှင် အမှန်တရားတစ်ခုကို ပထမဆုံး ငါ သင့်ကို ပြောပြပါရစေ။ နက်နဲသောအရာများအကြောင်းကို စဉ်ဆက်မပြတ် မေးမြန်းပြီး ဘုရားနှုတ်ကပတ်တော်များတွင် ဤအရာများအား သုတေသနပြုခြင်းကို အမြဲ အာရုံစိုက်သောသူတို့သည် မကောင်းပေ။ ၎င်းတို့သည် မယုံကြည်သူများနှင့် ဖာရိရှဲများချည်းသာဖြစ်သည်”ဟု ပြောခဲ့သည်။ ယုံကြည်သူသစ်များသည် ငါ၏ တုံ့ပြန်မှုကို အံ့ဩမှင်တက်ပြီး နောက်ထပ် မေးမြန်းဖို့အတွက် အလွန် ရှက်ကြသည်။ သို့သော် နောက်ပိုင်းတွင် တစ်ဖန် မေးမြန်းဖို့ အခွင့်အရေးကို ၎င်းတို့ ရှာတွေ့ကြပြီး ၎င်းတို့ကို ယခင်ပုံစံအတိုင်း ငါ တုံ့ပြန်ခဲ့သည်။ ၎င်းတို့ကို ငါ အဖြေပေးခဲ့ပုံနှင့်ပတ်သက်၍ သင်တို့ အဘယ်အရာကို တွေးထင်ကြသနည်း။ (ကောင်းပါသည်။ ထိုအရာက သူတို့အား မိမိတို့ကိုယ်ကို ပြန်သုံးသပ်ဖို့ ကူညီပေးနိုင်မည်ဖြစ်သည်။) ၎င်းတို့ ပြန်သုံးသပ်ကြမည်လော။ ပြန်သုံးသပ်ကြမည်မဟုတ်။ ထို့နောက် သင်သည် ၎င်းတို့ကို မည်သို့ ကူညီနိုင်သနည်း။ ၎င်းတို့အား “နက်နဲသောအရာများသည် အသက် သို့မဟုတ် သမ္မာတရား မဟုတ်ပါ။ နက်နဲသောအရာမည်မျှကို သင် နားလည်သည်ဖြစ်စေ၊ ထိုအရာသည် သမ္မာတရားကို သင် နားလည်ခြင်းနှင့် ညီမျှမည် မဟုတ်ပါ။ နက်နဲသောအရာတိုင်းကို နားလည်သဘောပေါက်ခြင်းသည်ပင်လျှင် သင် ကောင်းကင်ဘုံသို့ သွားနိုင်ခြင်း သို့မဟုတ် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုရှိခြင်းနှင့် ညီမျှမည် မဟုတ်ပါ”ဟုသာ ၎င်းတို့ကို ပြောလော့။ ၎င်းတို့ကို ဤစကားများနှင့် ကူညီခြင်းနှင့်ပတ်သက်၍ သင်တို့ အဘယ်အရာ စဉ်းစားကြသနည်း။ ဤအရာက အမှုကိစ္စကို အပြည့်အဝ ရှင်းပြသည် မဟုတ်လော။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသောသူများ၊ သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လိုက်စားသောလူတို့က ဤစကားများကို ကြားသည့်အခါ “နက်နဲသောအရာများက အသက်ဖြစ်သည်ဟု ကျွန်ုပ် ထင်ခဲ့သော်လည်း မဟုတ်သည်ကို ယခု ငါ သိလေပြီ။ ယင်းတို့ကို ငါ သုတေသနပြုတော့မည် မဟုတ်ပါ။ သို့ဆိုလျှင် အသက်မှာ မည်သည့်အရာဖြစ်သနည်း”ဟု ပြောကြသည်။ ဤအရာက ၎င်းတို့အနေဖြင့် အနည်းငယ် နားလည်ပြီးဖြစ်ကြောင်း ပြသည်။ ထို့ကြောင့် အန္တိခရစ်များသည် ဤစကားများကို နားထောင်ပြီးနောက်တွင် အထောက်အကူဖြစ်ကြသလော။ ၎င်းတို့ ပြောင်းလဲကြသလော။ ၎င်းတို့ မပြောင်းလဲနိုင်ကြပေ။ ဤစကားများ၌ မည်သည့် အကျိုးအမြတ်ကိုမျှ ၎င်းတို့ ရှာမတွေ့ကြ။ ဤစကားများတွင် ကောင်းချီးမင်္ဂလာများမရှိကြောင်း၊ ၎င်းတို့၏ ရှေ့ရေးများနှင့် ကံကြမ္မာမပါဝင်ကြောင်း၊ ၎င်းတို့၏ ရှေ့ရေးများ၊ ကံကြမ္မာတို့နှင့် မဆက်စပ်သကဲ့သို့ ဆက်နွှယ်ခြင်းလည်း မရှိကြောင်းနှင့် ယင်းတို့သည် အချည်းနှီး ဖြစ်ကြောင်း ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့က ထိုစကားများကို လက်မခံနိုင်ကြပေ။ သို့ဆိုလျှင် မည်သည့် မိတ်သဟာယသည် ၎င်းတို့၏ ရှေ့ရေးများ၊ ကံကြမ္မာတို့နှင့် ဆက်စပ်မှုရှိသနည်း။ ဥပမာအနေဖြင့် “ယနေ့ခေတ်တွင် လောက၌ ဖြစ်ပေါ်နေသည့် ထူးဆန်းသည့် ဖြစ်ရပ်များရှိသည်။ အချို့သော နေရာများတွင် လလေးလုံး ပေါ်ထွန်းခဲ့ပြီး သွေးလကိုလည်း အကြိမ်ကြိမ် မြင်တွေ့ခဲ့ရသည်။ ထူးဆန်းသော အာကာသဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပေါ်လျက် ရှိသည်။ လူ့လောကတွင် ကပ်ဘေးအမျိုးမျိုး၊ ဘေးဒုက္ခအဖုံဖုံတို့လည်း ပေါ်ပေါက်လျက်ရှိပြီး အချို့နေရာဒေသများ၌ လူတို့သည် လူသားစားဝါဒကိုပင် ပါဝင်လုပ်ဆောင်နေကြပြီဖြစ်သည်။ ထိုအခြေအနေကို ကြည့်သည့်အခါ ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြုထားသည့် ဖလားများနှင့် ကပ်ဆိုးများ၏ အချိန်ကာလသို့ ကျွန်ုပ်တို့ ရောက်ရှိနှင့်နေပြီဖြစ်သည်”ဟု သင် ပြောနိုင်သည်။ အန္တိခရစ်များက ဤစကားများကို ကြားသည့်အခါ ၎င်းတို့၏ မျက်လုံးများ ဝင်းလက်သွားပြီး နားစိုက်ထောင်ကြသည်။ ၎င်းတို့က “ဤခေတ်တွင် ကျွန်ုပ် မွေးဖွားခဲ့ခြင်းက ကောင်းပေသည်။ ကြီးမားသည့် ကောင်းချီးများကို ကျွန်ုပ် ရရှိနိုင်သည်။ ကျွန်ုပ် တကယ်ကို တော်ပေသည်။ လောကီအရာများကို လိုက်စားရန် ကျွန်ုပ် မရွေးချယ်ခဲ့ပါ။ ဘုရား၏ ဤအမှုတော်အဆင့်ကို လိုက်လျှောက်ရန် ကျွန်ုပ်၏ လောကီ ရှေ့ရေးများနှင့် ကျွန်ုပ်၏ မိသားစုကို စွန့်ခဲ့သည်။ ယခုချိန်ထိတိုင် လိုက်လျှောက်နိုင်သဖြင့် ကျွန်ုပ် အလွန် ဝမ်းသာပါသည်။ ဘုရားသခင်၏ နေ့ရက် ရောက်လုနီးပြီဖြစ်သည်။ အခြေအနေအရ ကျွန်ုပ် မသေဆုံးမီတွင် ဘုရား၏ အမှုတော် အပြီးသတ်သည့်နေ့ရက်ကို ကျွန်ုပ် ရောက်ရှိနိုင်မည့်ပုံပေါ်သည်။ ထိုနေ့ရက်တွင် သူ၏ ကယ်တင်ခြင်းခံရမည့်သူတစ်ဦးဖြစ်ဖို့ ကျွန်ုပ် သေချာသည်။ အံ့ဩဝမ်းမြောက်ဖွယ် ကောင်းလိုက်လေခြင်းပါတကား”ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ပြီးဖြစ်သဖြင့်၊ မှန်ကန်သည့် တံခါးကို ရှာတွေ့ကာ အဖိုးအခအချို့ပေးပြီဖြစ်သဖြင့် တိတ်တဆိတ် ဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် လက်လျှော့ခြင်း မရှိဘဲ ဤအချိန်ထိ လိုက်လျှောက်ပြီးဖြစ်သဖြင့်၊ ဘုရားအိမ်တော်တွင် ၎င်းတို့ ရှိနေဆဲဖြစ်ကာ မည်သည့် ဒုက္ခပြဿနာကိုမျှ မဖြစ်စေသေးသဖြင့် သို့မဟုတ် ရှင်းလင်းပစ်ခြင်းဖြစ်စေ နှင်ထုတ်ခြင်းဖြစ်စေ မခံရသေးသဖြင့်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ ထို့ကြောင့် ထိုအချိန်မှစ၍ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြလိမ့်မည်လော သို့မဟုတ် ထိုမျှော်လင့်ချက်များကိုပင် ဆက်လက် ထိန်းသိမ်းကြလိမ့်မည်လော။ ၎င်းတို့၏ အတွင်းကျကျ သဘောထားက ပြောင်းလဲလိမ့်မည် မဟုတ်။ ထို့ကြောင့် ၎င်းတို့ ယုံကြည်သည့် ဘုရားနှုတ်ကပတ်တော်များ၏ တစ်စိတ်တစ်ပိုင်းက ပြည့်စုံပြီးဖြစ်သည်ကို ၎င်းတို့ တွေ့မြင်သည့်အခါ ရတနာတစ်ခုကို ရှာတွေ့ပြီးဖြစ်သည့်အလား ခံစားကြသည်။ ၎င်းတို့ ကံအကြောင်းလှကြသည်၊ မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ကြပြီးဖြစ်သည်၊ မှန်ကန်သည့် တံခါးထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ မှန်ကန်သည့် ဘုရားကို ရွေးချယ်ပြီး ဖြစ်သည့်အပြင် ၎င်းတို့သည် ဉာဏ်ပညာရှိသည့် လူများနှင့် ပညာရှိသတို့သမီးများ ဖြစ်သည်ဟု ချက်ချင်း ခံစားကြသည်။ “ထိုအချိန်က ကျွန်ုပ်၏ အလုပ်ကို ကျွန်ုပ် စွန့်လွှတ်မိခဲ့သဖြင့် တော်သေးသည်။ မှန်ကန်သည့် ရွေးချယ်မှုကို ကျွန်ုပ် ပြုလုပ်ခဲ့သည်။ ကျွန်ုပ်သည် မည်သို့ဖြစ်၍များ အလွန် တော်လိုက်သနည်း။ ထိုစဉ်အချိန်က ကျွန်ုပ် အလွန် ဂရုမစိုက်ခဲ့လျှင် ယခုတွင် ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် လွဲချော်ခဲ့ပြီး ဖြစ်ကောင်း ဖြစ်နိုင်သည်။ အနာဂတ်တွင် ကျွန်ုပ် ဆက်လက်၍ ဂရုစိုက်ရမည်ဖြစ်ပြီး ကျွန်ုပ်၏ ရှေ့ရေးများနှင့် ကံကြမ္မာအတွက် ရုန်းကန်ကြိုးစားဖို့ ကျွန်ုပ်၏ ဘဝကို ဆက်ကပ်အပ်နှံရမည်”ဟူ၍ ဖြစ်သည်။ ဤကိစ္စရပ်တွင် အန္တိခရစ်များ၏ မည်သည့်အနှစ်သာရကို သင်တို့ မြင်သနည်း။ ဤလူများသည် အခွင့်အရေးသမားများ ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၊ သူ၏ နှုတ်ကပတ်တော်များ သို့မဟုတ် သူ၏ အမှုတော်၌ စစ်မှန်သည့် ယုံကြည်မှု မရှိကြပေ။ ၎င်းတို့သည် အခွင့်အရေးသမားများ၊ ဘုရားအိမ်တော်ထဲသို့ ခိုးကြောင်ခိုးဝှက်ဝင်လာသည့် လူများဖြစ်သည်။ ထို့ကြောင့် ဘုရားအိမ်တော်၌ ဤလူများသည် အမြဲတမ်း ထိုင်ခုံဖြည့်သူများသာ ဖြစ်ကြပြီး ၎င်းတို့၏ နေ့ရက်များကို ရေစုန်မျှောလျက် ဖြတ်သန်းသွားလာကြသည်။ ၎င်းတို့သည် ဘုရားသခင်နောက်သို့ မိမိတို့ နှစ်ပေါင်းမည်မျှလိုက်ခဲ့ကြသည်၊ ၎င်းတို့ ပေးခဲ့သည့် အဖိုးအခများ၊ လုပ်ဆောင်ခဲ့သည့် ကြီးမားသောအရာများ၊ မိမိတို့ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသည့် ဘုရားသခင်၏ အမှုတော်နှင့် ၎င်းတို့ နားလည်မှုအချို့ရှိခဲ့သည့် ဘုရားအမှုတော်၏ အဆင့်များကို မိမိတို့ လက်ချောင်းများဖြင့် ရေတွက်ကြလေသည်။ ၎င်းတို့သည် သမ္မာတရား၊ အသက်နှင့်ဆိုင်သည့် အရေးအကြီးဆုံးသော အရာများကို ချန်ထားလျက် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးများတွင် တစ်နေ့လုံး အကြိမ်ကြိမ် ရေတွက်ကြလေသည်။ ၎င်းတို့သည် ကောင်းချီးများရရှိဖို့အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ဤသည်မှာ အချောင်သမားဝါဒ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များတစ်ခုကမျှ၊ သို့မဟုတ် တစ်ဦးတလေ၏ အတွေ့အကြုံဆိုင်ရာ အသိပညာကမျှ ၎င်းတို့၏ အချောင်သမားဝါဒကို တစ်ကြိမ်တစ်ခါမျှ မပြောင်းလဲပေးနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ ပကတိအခြေအနေ ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် မည်သည့် လိုက်လျောမှုကိုမျှ လုံးဝ ပြုလုပ်ကြလိမ့်မည်မဟုတ်။ ၎င်းတို့၏ အမြင်များကို ၎င်းတို့ လုံးဝ ပြောင်းလဲကြလိမ့်မည် မဟုတ်၊ ၎င်းတို့ လျှောက်လှမ်းနေသည့် လမ်းကြောင်း၏ ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်တို့ကို လုံးဝ ပြောင်းလဲကြလိမ့်မည် မဟုတ်၊ သို့မဟုတ် ၎င်းတို့၏ ရှေ့ရေးများနှင့် ကံကြမ္မာတို့အတွက် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများကို လုံးဝ ပြောင်းလဲကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ရှေ့ရေးများနှင့် ကံကြမ္မာအတွက် ဘုရားနှုတ်ကပတ်တော်များ တစ်ခုကိုမျှ၊ တစ်လုံးတလေမျှ လက်တွေ့လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ အချို့က “သူတို့သည် အမှုအရာများကို စွန့်လွှတ်ခြင်းကဲ့သို့သော သို့မဟုတ် မိမိတို့ကိုယ်ကို အသုံးခံခြင်းကဲ့သို့သော အရာအားဖြင့် နှုတ်ကပတ်တော်အချို့ကို ရံဖန်ရံခါ လက်တွေ့လုပ်ဆောင်ပါသည်”ဟု ပြောကြသည်။ မည်သည့်အရာကို ၎င်းတို့ လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့က ရှေ့ရေးများနှင့် ကံကြမ္မာရှိပြီး ကောင်းချီးများ ရရှိနိုင်သည်ဟူသည့် ကြိုတင်သတ်မှတ်ချက်ဖြင့်သာ လုပ်ဆောင်ကြသည်။ မည်သည့် သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ မသန့်စင်သကဲ့သို့ ကြံရွယ်ချက်နှင့် ရည်မှန်းချက်တို့ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် တောင်းဆိုသည့် လက်တွေ့လုပ်ဆောင်မှုနှင့် လုံးဝ ကွဲပြားခြားနားပေသည်။
အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ဘုရားသခင်၏ အမှုတော်နှင့် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးသတ်မည့်အချိန်နှင့် ကပ်ဘေးများ ကျရောက်မည့်အချိန် စသည်တို့နှင့် ဆက်စပ်သည့် အကြောင်းအရာနှင့်အတူ ၎င်းတို့၏ ခရီးပန်းတိုင်နှင့် နက်နဲသောအရာများကို ရှာဖွေရန် သူ၏ နှုတ်ကပတ်တော်များကို အဓိက အသုံးပြုကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် ခရီးပန်းတိုင်အတွက်၊ ၎င်းတို့သည် များစွာ အားထုတ်ပြီး အမှုအရာများစွာ လုပ်ဆောင်နိုင်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုတော် အဆုံးသတ်ကာ ကြီးမားသော ကပ်ဘေးများ ကျရောက်သည့်အခါ ၎င်းတို့လုပ်ဆောင်သည့်အရာများ၊ ပေးခဲ့သည့် အဖိုးအခများနှင့် စွန့်လွှတ်ခဲ့သည့်အရာများကို ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ကောင်းချီးများနှင့် အလဲအလှယ်လုပ်နိုင်ခြင်း ရှိမရှိဆိုသည်နှင့် ကပ်ဘေးများနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို ၎င်းတို့ ရှောင်ရှားနိုင်ခြင်း ရှိမရှိဟူသည့် ဤအရာမှာ ၎င်းတို့ သိရှိလိုပြီး အရေးထားသည့်အရာ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ လေ့လာသည့် ဖြစ်စဉ်တစ်ခုလုံးတစ်လျှောက် နှစ်ပေါင်းမည်မျှ ကြာသည်ဖြစ်စေ၊ ၎င်းတို့၏ ရှေ့ရေးများနှင့် ကံကြမ္မာကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုနေစဉ် ၎င်းတို့၏ အာရုံစိုက်မှုနှင့် ဘုရားနှုတ်ကပတ်တော်များ၌ ၎င်းတို့ ရှာဖွေကြသည့် အကြောင်းအရာအားလုံးတွင် အထူးနိမိတ်များနှင့် ထူးခြားသော လက္ခဏာများ ရှိလေသည်။ ယေဘုယျအားဖြင့် ပထမခြောက်လ သို့မဟုတ် တစ်နှစ်တွင် ယုံကြည်သူသစ်များသည် ထိုသို့သော အကြောင်းအရာများကို ဘုရားနှုတ်ကပတ်တော်များ၌ ရှာဖွေကြသည်။ သို့သော် ခြောက်လ သို့မဟုတ် တစ်နှစ်ကုန်သွားပြီးနောက်တွင် လူအချို့က ဤအပိုင်းများအားလုံးကို ယခင်က ၎င်းတို့ ဖတ်ရှုပြီးဖြစ်သည်ကို မြင်ကြပြီး ယင်းတို့ကို နောက်ထပ် သုတေသနပြုရန်မှာ အဓိပ္ပာယ်မဲ့ကြောင်း၊ ယင်းတို့က လူတို့အား သမ္မာတရားထဲသို့ ဝင်ရောက်စေရန် ထောက်ကူ မပေးနိုင်ကြောင်းနှင့် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်း မရှိအောင်ပင် ယင်းတို့က ၎င်းတို့ကို သက်ရောက်မှုရှိကာ အနှောင့်အယှက်ပေးကြောင်း တွေ့မြင်ကြသည်။ ထို့ကြောင့် ဤအပိုင်းများကို ၎င်းတို့ မဖတ်ကြတော့ပေ။ ၎င်းတို့အတွက်မူ ယင်းတို့ကို ရံဖန်ရံခါ တစ်ချက်မျှကြည့်ရန်နှင့် နားလည်ရန်မျှက လုံလောက်ပေသည်။ ကျန်သည့်အချိန်တွင် ၎င်းတို့က “သမ္မာတရားထဲသို့ ငါ အဘယ်သို့ ဝင်ရောက်နိုင်မည်နည်း။ လူသားမျိုးနွယ်ကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များစွာ ရှိသည်။ ယင်းတို့က လူတို့၏ လှည့်စားမှု၊ ပုန်ကန်မှုနှင့် မာနထောင်လွှားသော စိတ်သဘောထားတို့ကို ဖော်ထုတ်သည်။ ဘုရားသခင်အပေါ် လူတို့၏ အမျိုးမျိုးသော အယူအဆများနှင့် သဘောထားများကို ဖော်ထုတ်သည်။ ထို့ထက်ပို၍ပင် လူတို့၏ မူမမှန်သော လူ့သဘာဝနှင့်ဆိုင်သည့် အမျိုးမျိုးသော သရုပ်သကန်များကို ဖော်ထုတ်သည်။ ထို့ကြောင့် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာကို ဘုရားနှုတ်ကပတ်တော်များမှ ငါ အဘယ်သို့ ရှာတွေ့နိုင်မည်နည်း”ဟု တွေးဆကြလေသည်။ သမ္မာတရားကို ချစ်ပြီး လိုက်စားသော လူတို့သည် ဤအရာများအတွက် မိမိတို့၏ အားထုတ်မှုများကို ဆက်ကပ်အပ်နှံကြသည်။ ၎င်းတို့သည် “နောက်ထပ် မည်သည့်အရာကို ကျွန်ုပ်တို့ လုပ်ဆောင်သင့်ပြီး မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ဘာသာတရားမရှိသူများနှင့်လည်းကောင်း၊ ဘာသာရေး ခံယူချက်များရှိသည့် လူတို့နှင့်လည်းကောင်း ကျွန်ုပ်တို့ ကွဲပြားရမည်မှာ သေချာသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ဘဝ၌ မည်သည့် အရည်အသွေးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်သင့်သနည်း။ ပြုမူကျင့်ကြံခြင်းနှင့် လောကီနှင့်ဆက်ဆံခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ ပြောဆို၊ ပြုမူသင့်သနည်း၊ အခြားသူများနှင့် မည်သို့ ဆက်ဆံသင့်ပြီး သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း”ဟူသကဲ့သို့သော ၎င်းတို့ နားလည်ကာ မိမိတို့၏ လက်တွေ့ဘဝများထဲသို့ ဝင်ရောက်ရန် လိုအပ်သည့် တကယ့် ပြဿနာများအကြောင်းကို မကြာခဏ မေးမြန်းကြလေသည်။ သို့သော် အန္တိခရစ်များက ၁၀ နှစ်၊ အနှစ် ၂၀ သို့မဟုတ် အနှစ် ၃၀ ကြာ ယုံကြည်လျှင်ပင် ဤမေးခွန်းများကို လုံးဝ မေးကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များကို လေ့လာကြပြီး ဘုရားနှုတ်ကပတ်တော်များ၌ ကောင်းချီးများ ရရှိမည့် မျှော်လင့်ချက်နှင့် ၎င်းတို့၏ ခရီးပန်းတိုင်ကို ရှာဖွေကြကာ အနှစ် ၂၀ သို့မဟုတ် ၃၀ ကြာ ရှာဖွေလျှင်ပင် ဤသို့ လုပ်ဆောင်ရမည်ကို ငြီးငွေ့ကြမည် မဟုတ်ပေ။ ဒုက္ခပြဿနာနှင့်ဆိုင်သည့် လက္ခဏာအနည်းငယ်မျှ ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၌ ၎င်းတို့၏ ခရီးပန်းတိုင်နှင့် ဆက်စပ်သည့် အကြောင်းအရာကို အလျင်အမြန် ရှာဖွေကြသည်။ ထို့နောက် ၎င်းတို့အပေါ် ဘုရားသခင်၏ မည်သည့် သဘောထားက ၎င်းတို့၏ လက်ရှိ ယုံကြည်မှုအပေါ် အခြေခံကောင်း အခြေခံနိုင်သည်ကို ဆန်းစစ်ကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ ခရီးပန်းတိုင်များကို သံသရာစက်ဝန်းများနှင့် အချိန်ကာလများအရ အကဲဖြတ်ကြသည်ဟု ထင်ရသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုပြုသည့် နည်းလမ်းရှိ အပြောင်းအလဲများကြောင့်ဖြစ်စေ၊ လူသားမျိုးနွယ်အပေါ် သူ၏ အလျင်စလိုဖြစ်သော ရည်ရွယ်ချက်နှင့်ဆိုင်သည့် ဖော်ပြချက်တွင်ရှိသော အပြောင်းအလဲများကြောင့်ဖြစ်စေ မိမိတို့၏ အတွေးအခေါ်များနှင့် သဘောထားများကို လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရားကို လိုက်စားလာကြလိမ့်မည် မဟုတ်ပေ။ ထိုသို့သောအရာတစ်ခုကို ၎င်းတို့ လုံးဝ လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အနှစ် ၂၀ သို့မဟုတ် ၃၀ ကြာ ယုံကြည်ပြီးဖြစ်သည့် လူအချို့သည် လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်ပါဝင်သည့် ဘုရားသခင် ဖော်ပြထားသော ထိုနက်နဲသည့်အရာများနှင့် ထိုအကြောင်းအရာများအတွက် မိမိတို့၏ အားထုတ်မှုများကို ဆက်ကပ်အပ်နှံနေကြဆဲဖြစ်သည်။ လူအချို့က မည်သည့်အတိုင်းအတာထိ မိမိတို့၏ အားထုတ်မှုများကို ဆက်ကပ်အပ်နှံကြသနည်း။ ၎င်းတို့က “ဘုရားနှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းတစ်ခုစီကို ကျွန်ုပ် နှိုင်းယှဉ်ကြည့်သည့်အခါ အကြီးမားဆုံးသော နက်နဲမှုကို ရှာဖွေတွေ့ရှိခဲ့သည်။ ခရစ်တော်က ကမ္ဘာမြေကို စွန့်ခွာချိန်တွင် နွေဦးရာသီ၌ ဖြစ်လိမ့်မည်”ဟု ပြောကြသည်။ ဤအရာကို ကြားပြီးနောက်တွင် ငါ မည်သို့ ခံစားရသည်ဟု သင်တို့ ထင်သနည်း။ ငါ ဝမ်းသာသလော၊ သို့မဟုတ် ဝမ်းနည်းသလော။ ဝမ်းသာခြင်းဖြစ်စေ၊ ဝမ်းနည်းခြင်းဖြစ်စေ ငါ မခံစားရပေ။ ထိုအရာက ရယ်ဖွယ်ရာဖြစ်သည်ဟု ငါ ထင်သည်။ ဤအတွက် သတ်သတ်မှတ်မှတ်ဖြစ်သော အချိန်ရာသီကို သိသည့်အဆင့်ထိ မိမိတို့၏ အားထုတ်မှုများကို ဆက်ကပ်အပ်နှံကြသည့်လူများ အမှန်တကယ် ရှိကြပေသည်။ ၎င်းတို့ ဆက်လက်လုပ်ဆောင်နိုင်ကာ မိနစ်နှင့် စက္ကန့်တို့ တိကျမှန်ကန်သည့်အဆင့်ထိ သတ်သတ်မှတ်မှတ်ဖြစ်သော အချိန်ကာလကို သိရှိနိုင်လျှင် ၎င်းတို့သည် အမှန်တကယ် “ဉာဏ်ကြီးရှင်များ” ဖြစ်ကြပေမည်။ ထိုသို့သော “ဉာဏ်ကြီးရှင်”များက ငါကိုယ်တိုင်ပင် တကယ် မသိသည့် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိနိုင်ခြင်းသည် ရယ်ဖွယ်ရာလည်း ကောင်းသည့်အပြင် စိတ်ကုန်စရာလည်း ကောင်းပေသည်။ အဘယ်ကြောင့် ရယ်ဖွယ်ရာဖြစ်သနည်း။ ဘုရားသခင် လူ့ဇာတိခံယူသည့် အချိန်ကာလ အတိအကျကို မည်သူမျှ မသိ၊ စာတန်ပင် ဤအရာကို မသိပေ။ စာတန်ပင် မသိသည့် တစ်စုံတစ်ရာကို ဘုရားသခင်က လူတစ်ဦးတလေအား သိခွင့်ပေးမည်လော။ ပေးမည်မဟုတ်သည်မှာ အမှန်ဖြစ်၏။ ထိုနည်းတူစွာပင် ဘုရားသခင်က သူ၏ ကြီးမြတ်သော လုပ်ငန်းကြီးကို အပြီးသတ်မည့် အချိန်နှင့်ပတ်သက်လာသည့်အခါတွင်လည်းကောင်း၊ သူ၏ လူ့ဇာတိက ကမ္ဘာမြေပေါ်တွင် အမှုတော်ကို ပြီးစီးကာ စွန့်ခွာမည့်အချိန်နှင့် ပတ်သက်လာသည့်အခါတွင်လည်းကောင်း ဤသည်မှာ ဘုရားသခင်က လူတစ်ဦးတလေကို ပြောပြမည့်အရာတစ်ခု ဖြစ်သလော။ ဤအရာကို သိရှိဖို့ လူတိုင်းအတွက် အကြောင်းပြချက်တစ်ခု ရှိသလော။ (မရှိပါ။) ဘုရားသခင်က သူစကားပြောသည့်အချိန်တွင် လူတို့အား သိခွင့်မပေးလိုသည့် အရာတစ်ခုတလေကို လွှတ်ခနဲ ပြောမိမည်လော။ လုံးဝ ပြောမိမည်မဟုတ်ပေ။ သို့တိုင် လူအချို့က ကမ္ဘာမြေကို ဘုရားသခင် စွန့်ခွာမည့်အချိန်အား သူ၏ နှုတ်ကပတ်တော်များတွင် ရှာတွေ့လေပြီဟု အမှန်တကယ် ပြောကြသည်။ ထိုအချိန်က နွေဦးရာသီဖြစ်လိမ့်မည်ဟုပင် ပြောကြသည်။ ဤသည်မှာ ထူးဆန်းသည် မဟုတ်လော။ ရယ်ဖွယ်ရာဖြစ်သည် မဟုတ်လော။ လူတို့က ဤပြောဆိုချက်ကို မည်သည့် ဘုရားနှုတ်ကပတ်တော်များပေါ်တွင် အခြေခံသနည်း။ ဘုရားသခင်က နွေဦးရာသီတွင် တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းအကြောင်း ပြောသည့်အခါ အခြားတစ်စုံတစ်ရာကို သူ ရည်ညွှန်းခဲ့ခြင်း ဖြစ်နိုင်သည်။ သူသည် ဤအရာကို ရည်ညွှန်းခြင်း ဖြစ်နိုင်မည်လော။ ၎င်းတို့သည် ဤအရာအပေါ်၌ ယင်းကို အဘယ်သို့ ပုံဖော်နိုင်ကြမည်နည်း။ ဘုရားသခင်သည် လူတို့အား သူ သိရှိစေလိုသည့်အရာကို ရှင်းလင်းစွာနှင့် တိကျစွာ ပြောပြလိမ့်မည်ဖြစ်သည်။ သူ မသိစေလိုသည့်အရာကို လူတို့က မည်မျှ သုတေသနပြုသည်ဖြစ်စေ နားလည်နိုင်ကြမည်မဟုတ်ပေ။ ထိုသို့သောအရာများသည် လူသားမျိုးနွယ်အတွက် သိရှိရန် မဖြစ်နိုင်ပေ။ ဤလူများက ၎င်းတို့ သိရှိကြသည်ဟုလည်းကောင်း၊ ၎င်းတို့၏ သုတေသနက ရလဒ်များ ရရှိပြီးဖြစ်သည်ဟုလည်းကောင်း ပြောဆိုကြသည်။ တိကျသည့် အချိန်ကာလတစ်ခုကိုပင် ပေးကြသည်။ ဤသည်မှာ အဓိပ္ပာယ် မရှိသောအရာကို ပြောဆိုခြင်း မဟုတ်လော။ ဤသည်မှာ လူတို့ကို အထင်အမြင်မှားစေခြင်း၊ ၎င်းတို့၏ စိတ်များကို အနှောင့်အယှက်ပေးခြင်းနှင့် ၎င်းတို့၏ အမြင်အာရုံကို နှောင့်ယှက်ခြင်းဖြစ်သည်။ ဤအရာသည် စာတန်ထံမှလာပြီး ဘုရားသခင်ထံမှဖြစ်သော ဉာဏ်အလင်းပေးမှု လုံးဝ မဟုတ်ပေ။ သူသည် လူတို့ကို ဤအရာနှင့်ပတ်သက်၍ ဉာဏ်အလင်းပေးမည် မဟုတ်။ ဤအရာကိုသိရှိရန်မှာ ၎င်းတို့အတွက် အချည်းနှီးဖြစ်သည်။ ဘုရားသခင်သည် လူတို့အား သူ မသိစေလိုသည့် မည်သည့်အရာကိုမျှ သေချာပေါက် မည်သည့်အခါတွင်မျှ မတော်တဆ လွှတ်ခနဲ ပြောမိမည် မဟုတ်ပေ။ ထို့ကြောင့် ထိုအရာက ရယ်ဖွယ်ရာဖြစ်သည်ဟု ငါ ပြောရခြင်းဖြစ်သည်။ သို့ဆိုလျှင် ထိုအရာသည် အဘယ်ကြောင့် စိတ်ကုန်စရာကောင်းသနည်း။ (လူတို့အနေဖြင့် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲနိုင်ရန်နှင့် သမ္မာတရားကို လိုက်စားကာ ရရှိစေရန် လူတို့အား ထောက်ကူပေးရန် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြသော်လည်း အန္တိခရစ်များက ခရီးပန်းတိုင်များနှင့် နက်နဲသောအရာများကို သုတေသနပြုရန် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုကြသည်။) ဤသည်မှာလည်း အနည်းငယ် စိတ်ကုန်စရာကောင်းသော်လည်း ငါ၏ စိတ်ကုန်ခြင်းအတွက် စစ်မှန်သော အကြောင်းရင်းမှာ အဘယ်နည်း။ ဥပမာအနေဖြင့် ချမ်းသာကြွယ်ဝသော မိဘက မိမိတို့သားသမီးများအတွက် ငွေများစွာ ရှာပြီး ၎င်းတို့၏ သားသမီးများက ငယ်ရွယ်သေးကာ ၎င်းတို့ကို ပြုစုပျိုးထောင်ဖို့ ၎င်းတို့၏ မိဘအပေါ် မှီခိုအားကိုးရသည့်အပြင် ၎င်းတို့၏ စားဝတ်နေရေးက ထိုမိဘအပေါ် လုံးဝ မူတည်လျှင် ထိုကလေးများက မိမိတို့၏ မိဘများ အလျင်အမြန် ဆုံးပါးဖို့အတွက် မျှော်လင့်ကြလိမ့်မည်လော။ ၎င်းတို့၏မိဘများ သေဆုံးမည့်အချိန်ကို အလျင်အမြန် တွက်ချက်ပေးရန် ဗေဒင်ဆရာတစ်ဦးကို ရှာကြလိမ့်မည်လော။ တစ်ဦးတလေက ဤသို့ ပြုမူဆောင်ရွက်သလော။ (ပြုမူဆောင်ရွက်ခြင်းမရှိပါ။) ၎င်းတို့ ပြုမူဆောင်ရွက်လျှင် ထိုအရာသည် စိတ်ကုန်စရာကောင်းမည် မဟုတ်လော။ စိတ်ကုန်စရာကောင်းပေမည်။ ထိုသို့သော လူများသည် မုန်းတီးဖွယ်ဖြစ်ပေသည်။ ယခု ဘုရားသခင်က ကမ္ဘာမြေသို့ ကြွလာပြီဖြစ်သဖြင့် သူ၏ လူ့ဇာတိက အနှစ်တစ်ရာကျော် အသက်ရှင်နေထိုင်နိုင်ကာ အနှစ်တစ်ရာကြာ အလုပ်လုပ်နိုင်လျှင်ပင် လူတို့ နားလည်နိုင်သည့် သမ္မာတရားက အကန့်အသတ်ရှိပေသည်။ တွေးကြည့်လော့၊ သခင်ယေရှု၏လူ့ဇာတိခံခြင်းမှသည် ဘုရားအမှုတော်၏ လက်ရှိအဆင့်ထိ ဤအနှစ်နှစ်ထောင်အတွင်းတွင် လူသားမျိုးနွယ်သည် သမ္မာတရားမည်မျှကို ရရှိပြီးပြီနည်း။ လူသားမျိုးနွယ်သည် အခြေခံအားဖြင့် သမ္မာတရားကို နားမလည်ပေ။ ဤအဆင့်တွင် ဘုရားသခင်သည် အနှစ် ၃၀ကြာ အမှုပြုနေပြီးဖြစ်ကာ အနှစ် ၃၀ နီးပါး စကားပြောနေပြီးဖြစ်သည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များကို အများဆုံးဖတ်ပြီးသောသူတို့သည် အနှစ် ၃၀ကြာ ဖတ်နေခဲ့ကြပြီးဖြစ်သည်။ လူတို့သည် သမ္မာတရား မည်မျှကို နားလည်လာကြပြီနည်း။ ၎င်းတို့၏ သိနားလည်မှုက အလွန် နည်းပါးပေသည်။ သမ္မာတရားထဲသို့ လူသားမျိုးနွယ် ဝင်ရောက်သည့် အရှိန်မှာ နှေးကွေး၏။ ဆိုလိုသည်မှာ လူတို့ထဲတွင် သမ္မာတရား အမှုပြုစေကာ ထိုသမ္မာတရားကို ၎င်းတို့၏ အသက်ဖြစ်စေဖို့မှာ အတော်ပင် ခက်ခဲပြီး အလွန်နှေးကွေးပေသည်။ သို့တိုင် ထိုအရာ နှေးကွေးပုံဖြင့်ပင် လူအချို့က “ဘုရားသည် မည်သည့်အချိန်တွင် ကမ္ဘာမြေကို စွန့်ခွာလိမ့်မည်နည်း။ ဘုရားသခင်၏ အမှုတော် မည်သည့်အချိန်တွင် အဆုံးသတ်လိမ့်မည်နည်း”ဟု မျှော်လင့်ကြဆဲဖြစ်သည်။ ကမ္ဘာမြေကို ဘုရားသခင် စွန့်ခွာခြင်းနှင့် သူ၏ အမှုတော် အဆုံးသတ်ခြင်းက ၎င်းတို့ကို အကျိုးပြုမည်လော။ ကမ္ဘာမြေကို ဘုရားသခင် စွန့်ခွာမည့်နေ့တွင် ၎င်းတို့ သေဆုံးကြလိမ့်မည်။ ၎င်းတို့ သေမိန့်ချခြင်း ခံကြရမည်ဖြစ်သည်။ ၎င်းတို့ ဝမ်းသာစရာ မည်သည့်အကြောင်းရှိသနည်း။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် ကိုယ်ကျင့်တရား ကင်းမဲ့နေကြသည် မဟုတ်လော။ ၎င်းတို့သည် လောကီလူတို့ထဲတွင် သားသမီးဝတ်မကျေပွန်သော သားများအဖြစ် ခေါ်ဆိုခြင်းခံရကြသည်။ ငါတို့က ၎င်းတို့ကို မယုံကြည်သူများနှင့် အန္တိခရစ်များဟု ခေါ်ကြပြီး ၎င်းတို့သည် အသုံးမကျသောသူများဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏နှင့်ဆိုင်သော အကြောင်းအရာကို ဖော်ပြသည့်အခါ လူများစွာတို့က “လူ့ဇာတိခံဘုရားသည် အမှုတော်ကို လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ သူသည် အမှုတော်၏ အဆင့်အနည်းငယ်ကို ဆောင်ရွက်နေသည်။ သူ့ထံတွင် အမှုပြုသည့် နည်းလမ်းအချို့နှင့် စကားပြောဆိုသည့် နည်းလမ်းအချို့ရှိပြီး ထိုမျှသာဖြစ်သည်။ ယင်းနောက်တွင် သူ၏ အမှုတော် ပြီးမြောက်သွားလိမ့်မည်။ သူ၏ အမှုတော် ပြီးမြောက်သည့်နောက်တွင် လူ့ဇာတိသည် နောက်ထပ် အသုံးဝင်မှု ရှိတော့မည်မဟုတ်ဘဲ စကားပြောရန်လည်း သူ့အတွက် လိုအပ်တော့မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် တစ်စုံတစ်ရာကို ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာ ဘုရား၏ အမှုတော် အပြီးသတ်သည့် နေ့ရက်ကို မျှော်လင့်စောင့်စားဖို့သာ လိုအပ်လိမ့်မည်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဤဘုရားနှုတ်ကပတ်တော်များအကြောင်းကို ပြောဆိုကာ ဟောပြောနိုင်သည်နှင့်တစ်ပြိုင်နက် ခရီးပန်းတိုင်တစ်ခု ရှိကာ ကြီးမားသည့် ကောင်းချီးမင်္ဂလာများ ရရှိလိမ့်မည်ဖြစ်သည်”ဟု ယုံကြည်ကြသည်။ လူအချို့သည် ဤသဘောထားကို ထားရှိကြသည်။ ထို့နောက် ငါသည် နောက်ထပ် နှုတ်ကပတ်တော်များစွာ မိတ်သဟာယပြုခဲ့သည်။ တိတိကျကျပြောရလျှင် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ဟူသည့် နှုတ်ကပတ်တော်များအပြင် ဤအချိန်ကာလအတောအတွင်း ငါ မိတ်သဟာယပြုခဲ့သည့် နှုတ်ကပတ်တော်များဖြစ်သည်။ လူအချို့က ဤအရာကို မြင်သည့်အခါ “ဘုရားနှုတ်ကပတ်တော်များအားလုံးသည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏တွင် ပါရှိသည် မဟုတ်လော။ ယခုတွင် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ အတွဲကို သူ အဘယ်ကြောင့် ဖော်ပြနေပြီနည်း။ ဘုရားသည် အဘယ်ကြောင့် ပို၍များသော နှုတ်ကပတ်တော်များကို ဖော်ပြမြဲဖော်ပြနေသနည်း။ ယခုမှစ၍ သူသည် နက်နဲသောအရာအချို့၊ ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော ကိစ္စရပ်အချို့နှင့် အနာဂတ်တွင် လူတို့အနေဖြင့် ကောင်းကင်နိုင်ငံတော်၌ ဘုရားနှင့် မည်သို့ လျှောက်လှမ်းရမည်ဆိုသည်တို့ကို ပြောဆိုသင့်သည်။ ဤအရာများအကြောင်းကို ပြောဆိုဆွေးနွေးခြင်းသည် ကျွန်ုပ်တို့၏ စိတ်ဓာတ်များကို မြင့်တက်လာစေသည်”ဟု တွေးကြလေသည်။ မည်သည့် လူစားမျိုးများသည် ဤအတွေးများ ရှိကြသနည်း။ (အန္တိခရစ်များဖြစ်သည်။) ၎င်းတို့သည် အဘယ်ကြောင့် ဤအတွေးများ ဖြစ်ပေါ်ခဲ့ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လုံးဝစိတ်ဝင်စားခြင်း မရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ်တို့သည် ဘုရားနောက်သို့ နှစ်ပေါင်းများစွာ လိုက်နေကြပြီးဖြစ်သည်။ အစကတည်းက ဘုရား မည်သို့အမှုပြုခဲ့သည်ကို ကျွန်ုပ်တို့သိသည်။ ဘုရားအမှုတော်၏ အဆင့်အချို့ကို ကျွန်ုပ်တို့ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခံစားခဲ့ရသည်။ ဘုရားသခင် စကားပြောသည့် နည်းလမ်းများကိုလည်း ကျွန်ုပ်တို့ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးဖြစ်ကာ ကျွန်ုပ်တို့ကိုယ်တိုင် မျက်လုံးများဖြင့် ဤအရာကို မြင်ရပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သက်သေများဖြစ်ပြီး ကောင်းချီးမင်္ဂလာများ ရရှိရန် အထိုက်တန်ဆုံးသော မျိုးဆက်ဖြစ်သည်”ဟု တွေးထင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်က စကားပြောကာ သမ္မာတရားကို ဖော်ပြခဲ့သောကြောင့် သူ့နောက်သို့ လိုက်ခဲ့ကြခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ကြိုတင် ပြဋ္ဌာန်းချက်ကြောင့် လိုက်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အား အမှုတော်၏ အဆင့်အချို့ကို ကြုံတွေ့စေရန် ဦးဆောင်ခဲ့ပြီး ၎င်းတို့သည် ဘုရားသခင်နောက်သို့ မတက်မကြွ လိုက်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဘုရားသခင်၏ အမှုတော် ဆက်လက်တိုးတက်သည်နှင့်အမျှ သူသည် သူ့အမှုတော်၏ လက်ရှိအဆင့်ကို အမီလိုက်နိုင်မည့် ပို၍ များသောလူတို့ကို ရွေးချယ်ခဲ့သည်။ ဘုရားသခင်၏ အမှုတော်ကို အဓိက လက်ခံသူများသည် စဉ်ဆက်မပြတ် တိုးပွားပြီး ပြောင်းလဲလာခဲ့သည်။ အစတွင် ဘုရားသခင်နောက်လိုက်ခဲ့ကြသည့် လူအချို့သည် သမ္မာတရားကို မလိုက်စားခဲ့ကြသောကြောင့်လည်းကောင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အမျိုးမျိုးသော အယူအဆများနှင့် အထင်လွဲမှုများ စွဲကိုင်လာခဲ့ကြသောကြောင့်လည်းကောင်း၊ ဘုရားသခင်နှင့်စပ်လျဉ်း၍ အမျိုးမျိုးသော မနာခံမှုနှင့် မကျေနပ်မှုတို့က ၎င်းတို့ထဲတွင် ပေါ်ထွက်လာခဲ့သောကြောင့်လည်းကောင်း တဖြည်းဖြည်း ဖယ်ရှားရှင်းလင်းခြင်းခံခဲ့ကြရသည်။ ဤလူများကို ဖယ်ရှားရှင်းလင်းရခြင်းအတွက် ဓမ္မဓိဋ္ဌာန်မကျသည့် အကြောင်းရင်းနှင့် ဓမ္မဓိဋ္ဌာန်ကျသည့်အကြောင်းရင်း နှစ်မျိုးလုံးရှိခဲ့သည်။ ဓမ္မဓိဋ္ဌာန်မကျသည့် အကြောင်းရင်းအရ ၎င်းတို့က သမ္မာတရားကို မလိုက်စားခဲ့ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို အယူဝါဒများအဖြစ် သဘောထားကာ ဖာရိရှဲများကဲ့သို့ နေရာအနှံ့ ဟောပြောခဲ့ကြသောကြောင့် ဖြစ်သည်။ ယခုအချိန်ထိ လူအချို့သည် သမ္မာတရား လက်တွေ့ကျမှုများက မည်သည့်အရာဖြစ်သည်ကို နားမလည်ကြသေးပေ။ ၎င်းတို့သည် လူသေများကဲ့သို့ ဖြစ်သည်။ ဓမ္မဓိဋ္ဌာန်ကျကျပြောရလျှင် ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရသည့်လူများသည် ဘုရားသခင်၏ အသစ်သောအမှုတော် အစပြုခြင်းကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသည့်လူများ ဖြစ်သော်လည်း ၎င်းတို့၏ စရိုက်လက္ခဏာ၊ လိုက်စားမှုနှင့် အစွမ်းအစတို့ကြောင့် ဘုရားသခင်၏ နောက်ပိုင်း၊ သာ၍သစ်လွင်သော အမှုတော်အတွက် အရည်အချင်းမပြည့်မီကြပေ။ ထိုသို့ဖြင့် ဤလူများသည် ဘုရားသခင့်အမှုတော် အဆင့်များ၏ လျင်မြန်စွာ ဖယ်ရှားရှင်းလင်းကာ စွန့်ပစ်ခြင်းခံခဲ့ကြရပေသည်။ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍နှင့်ဆိုင်သော နှုတ်ကပတ်တော်များကို မဖော်ပြမီ အချိန်ကာလတစ်ခုကြာ လူတို့သည် “ငါဆန့်ကျင်ခဲ့သူနှင့် ရှုတ်ချခဲ့သူသည် နောက်ဆုံးတွင် ပြောစရာမရှိတော့ပါ။ သူ၏ အမှုတော်အဆင့်များ နောက်ဆုံးတွင် အပြီးသတ်သွားလေပြီ။ အတိတ်ကာလတွင် ငါသည် သူနှင့်ပတ်သက်၍ အယူအဆများ ရှိခဲ့သည်။ သူ့ကို ငါ မနာခံခဲ့သကဲ့သို့ သူနှင့်ပတ်သက်၍ စိတ်ကျေနပ်ခြင်း မရှိခဲ့သည့်အပြင် သူ့ကို ရှုတ်လည်းရှုတ်ချခဲ့ပြီး ဆန့်ကျင်ခဲ့သည်။ ငါမှန်ကန်ခဲ့သည်မှာ သေချာသည်။ သူသည် ဘုရားမဟုတ်ပါ၊ ခရစ်တော်မဟုတ်ပါ။ သူသည် ဘုရားမဟုတ်သောကြောင့် သူ့ကို ငါ မည်သို့ဆက်ဆံသည်မှာ ကိစ္စမရှိပါ။ သူသည် ဘုရား၏ ကြားခံတစ်ခုသာဖြစ်ပြီး ဘုရား၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးသာ ဖြစ်သည်”ဟု ဆိုလျက် မိမိတို့စိတ်နှလုံးအတွင်းတွင် တိတ်တဆိတ် ဝမ်းမြောက်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ ထို့အပြင် အချို့ကမူ “ဤဇာတိပကတိသည် ငါတို့နှင့် မည်သို့မျှ မကွာခြားပါ။ စကားပြောပြီး အမှုပြုသည်မှာ သူ့အတွင်းရှိ ဝိညာဉ် ဖြစ်သည်။ ဤလူ့ဇာတိနှင့် မည်သို့မျှ မသက်ဆိုင်ပါ” ဟုပင် ပြောဆိုခဲ့ကြသည်။ လူအချို့သည် ခရစ်တော်ကို ဤသို့ရိုင်းစိုင်းရဲတင်းသောနည်းလမ်းဖြင့် တိတ်တဆိတ် ရှုတ်ချပြီး ပြစ်မှားစော်ကားခဲ့ကြသည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ ၏ သမ္မာတရားများကို ဖော်ပြသည့်အခါ ခရစ်တော်ကို ရှုတ်ချကာ ပြစ်မှားစော်ကားခဲ့ကြသည့် ဤလူများသည် မိမိတို့ စိတ်နှလုံးများ၌ စိတ်မသက်မသာ ခံစားခဲ့ကြရသည်။ ဤစိတ်မသက်မသာဖြစ်မှုအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ တစ်နည်းအားဖြင့် ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများတွင် ကြာရှည်စွာ စွဲကိုင်ထားသည့် အယူအဆများ ရှိခဲ့ကြသည်။ သမ္မာတရား ဖော်ပြခဲ့သည့် ထိုလူကို ဆန့်ကျင်ရန် စိတ်ပိုင်းဖြတ်ထားခဲ့ကြသည်။ ၎င်းတို့သည် ဤလူကို မနာခံခဲ့သည့်အပြင် မကျေမနပ်ဖြစ်ခဲ့ကြပြီး သူ့ကို ပြစ်တင်ရှုတ်ချ၍ပင် ကဲ့ရဲ့ခဲ့ကြသည်။ နောက်တစ်နည်းအားဖြင့် ၂၀၁၃ ခုနှစ်နောက်ပိုင်း ဘုရားသခင် ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်က ယခင်က မသိရှိခဲ့ဖူးသော နက်နဲသည့်အရာများစွာကို ထုတ်ဖော်ပြသခဲ့သည်။ ဤနက်နဲသောအရာများသည် ခိုင်မာသော အခြေခံအုတ်မြစ် မချရသေးသည့် ယုံကြည်သူအသစ်များ၏ ယုံကြည်ခြင်းကို အားကောင်းစေသည့် အကျိုးတရားတစ်ခုခု ရှိခဲ့ပြီး သံသယဝင်နေသော စိတ်နှလုံးများကို ခဏချင်းအတွင်း သေချာမှုတစ်ရပ် ဖြစ်ပေါ်စေခဲ့သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း ယခင်က ခရစ်တော်ကို ဆန့်ကျင်၊ ရှုတ်ချကာ ပြစ်မှားစော်ကားခဲ့ကြသော သူများအတွက်မူ ထိုနက်နဲသောအရာများသည် ၎င်းတို့အား ပို၍ပင် စိတ်မသက်မသာဖြစ်စေလျက် တိုက်ရိုက်ထိခိုက်စေခဲ့သည်။ ၎င်းတို့က “ယခု ငါတို့ လုံးဝ သွားပေပြီ။ ဘုရား၏ ဖယ်ရှားရှင်းလင်းခြင်းကို ငါတို့ ခံရလေပြီ။ သူသည် ငါတို့ကို မလိုချင်ပါ။ ဘုရားသည် ယခင်က နှုတ်ကပတ်တော်များစွာကို ဖော်ပြခဲ့သော်လည်း ငါတို့သည် သူ့ကို လူသားတစ်ဦးအဖြစ်သာ အမြဲမှတ်ယူခဲ့ကြသည်။ သူ၏အမှုတော် အဆင့်များ ပြီးဆုံးသွားပြီးနောက် ကျန်သည့်အရာများက သူနှင့်မည်သို့မျှ မသက်ဆိုင်တော့ကြောင်း၊ ဤလူသည် သူ၏အစေခံမှုကို ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ထိုအချိန်မှစ၍ ငါတို့သည် ကောင်းကင်ဘုံရှိ ဘုရားနှင့် ဆက်ဆံပြီး ကောင်းကင်ဘုံရှိ ဘုရားကို ယုံကြည်ကြမည်ဖြစ်ကြောင်း ငါတို့ထင်မှတ်ခဲ့ကြသည်။ ငါတို့သည် မြေကြီးပေါ်တွင်ရှိသော ဘုရားနှင့်ပတ်သက်၍ အယူအဆများ ရှိခဲ့ကြသည်။ သူ့ကို ငါတို့ မနာခံသကဲ့သို့ မထီမဲ့မြင်ပြုခဲ့ကြသည်”ဟု တွေးခဲ့ကြသည်။ ၂၀၁၃ ခုနှစ်ကာလအတွင်း ဖော်ပြခဲ့သော နှုတ်ကပတ်တော်များမှတစ်ဆင့် ဤလူများ၏ ရိုင်းစိုင်းရဲတင်းမှုများစွာ ကွယ်ပျောက်သွားခဲ့သည်။ ဤအရာမတိုင်မီတွင် လူအချို့သည် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ သံသယများ ဖြစ်ပေါ်ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ လူ့ဇာတိခံယူသည့် ဇာတိပကတိကို အတိုက်အခံလုပ်ကာ ပြစ်မှားစော်ကားခဲ့ကြပြီး အချို့မှာ မိမိတို့၏ ယုံကြည်မှုကိုပင် စွန့်လွှတ်ခဲ့ကြသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အယူအဆများ ဖြစ်ပေါ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုတော်ကို ငြင်းပယ်ခဲ့သည်သာမက ဘုရားသခင်၏ တည်ရှိမှုကိုလည်း ငြင်းပယ်ခဲ့ကြသည်။ ဘုရားသခင်အပေါ် ဤလူများ၏ သဘောထားအရ မည်သည့်အဆုံးသတ်ကို ၎င်းတို့ ရှိသင့်ကြသနည်း။ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်အရ ၎င်းတို့၏ အနှစ်သာရမှာ အဘယ်နည်း။ (မယုံကြည်သူတစ်ဦး၏ အနှစ်သာရပင်ဖြစ်သည်။) မယုံကြည်သူများ၏ ပထမဦးဆုံး အဓိက ထူးခြားသောလက္ခဏာမှာ အချောင်သမားဝါဒဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မိမိတို့၏ ကိုယ်ကျိုးစီးပွားကို ရှာတွေ့သည်နှင့် တစ်ပြိုင်နက် ဖမ်းဆုပ်ကြလိမ့်မည်၊ လက်လွှတ်ဖို့ ငြင်းဆန်ကြလိမ့်မည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များမှ အကျိုးကျေးဇူး ရရှိရန် ကြိုးစားကြလိမ့်မည်။ ဒုတိယအချက်မှာ ၎င်းတို့သည် ဘုရားသခင်ကို အချိန်မရွေး၊ နေရာမရွေး ပြစ်မှားစော်ကားနိုင်စွမ်းရှိကြသည်။ ဘုရားသခင်နှင့်ပတ်သက်၍ အချိန်မရွေး နေရာမရွေး အယူအဆများ ဖြစ်ပေါ်နိုင်စွမ်းရှိကြပြီး သေးငယ်သော အရာတစ်ခုက ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ ဘုရားသခင်ကို ဝေဖန်၊ ရှုတ်ချကာ ဆန့်ကျင်နိုင်စွမ်း ရှိကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ မကြောက်ရွံ့ကြပေ။ ဤလူများအားလုံးတွင် အန္တိခရစ်များ၏ အနှစ်သာရ ရှိကြသည်။ ၎င်းတို့သည် အန္တိခရစ်များချည်းသာ ဖြစ်သည်။ ၎င်းတို့၏ အခြားသော ထူးခြားသည့် လက္ခဏာမှာ အဘယ်နည်း။ ဤလူများသည် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ လုံးဝ မရှိကြပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ပထမဆုံး ရရှိကြသူများ ဖြစ်ကြကာ ဘုရားနှုတ်ကပတ်တော်များကို ပထမဆုံး ကြားသိရသူများဖြစ်ပြီး ဘုရားအမှုတော်၏ အဆင့်များနှင့် နည်းလမ်းများကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ကြသူများလည်း ဖြစ်ကြသည်။ ဤလူများသည် ယခုတွင် အနှစ် ၃၀ ကြာ ယုံကြည်နေပြီး ဖြစ်သော်လည်း ၎င်းတို့ထဲမှ အများစုသည် ဘုရားအိမ်တော်၌ မည်သည့် တာဝန်ကိုမျှ ထမ်းဆောင်နိုင်ခြင်း မရှိကြသကဲ့သို့ ပြောစရာ အတွေ့အကြုံတစ်ခုမျှ မရှိကြပေ။ ၎င်းတို့ သွားသည့်နေရာတိုင်းတွင် အသက်မရှိသည့် စကားများနှင့် အယူဝါဒများအကြောင်းသာ ၎င်းတို့ ပြောဆိုကြသည်။ ၎င်းတို့၏ အသိသာဆုံးသော ထူးခြားသည့် လက္ခဏာမှာ အဘယ်နည်း။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို အနှစ် ၃၀ ကြာ ယုံကြည်ပြီးဖြစ်သော်လည်း ၎င်းတို့၏ စိတ်သဘောထားများက လုံးဝမပြောင်းလဲသေးသကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် သိနားလည်ခြင်း မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ လူ့ဇာတိခံသော ဇာတိပကတိကို တိတ်တဆိတ် ပေါ့ပေါ့တန်တန် ဝေဖန်နိုင်စွမ်းရှိကြပြီး စိုးရိမ်ထိတ်လန့်မှု သို့မဟုတ် ကြောက်ရွံ့မှု စိုးစဉ်းမျှမရှိဘဲ ရေးကြီးခွင့်ကျယ်လုပ်နိုင်စွမ်းပင် ရှိကာ ဘုရားသခင်ကို ရှုတ်ချနိုင်စွမ်းပင် ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသကဲ့သို့ သမ္မာတရားကို ဆန့်ကျင်ကြသည်။ လူ့ဇာတိခံဘုရားသခင်နှင့် ပတ်သက်လာသည့်အခါ မည်သည့်အရာကိုမဆို ပြောဝံ့ကြသည်။ အရာရာကို ဆန်းစစ်ကာ ဝေဖန်ဝံ့ကြပြီး အယူအဆများ ဖြစ်ပေါ်သည့်အခါတိုင်းတွင် ယင်းတို့ကို ဖြန့်ဖြူးဝံ့ကြသည်။ ဤလူများသည် စက်ဆုပ်စရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို အနှစ် ၃၀ ကြာ ယုံကြည်ပြီးဖြစ်သော်လည်း မည်သည့် လက်တွေ့ကျမှုမျှ မပိုင်ဆိုင်ကြသကဲ့သို့ ၎င်းတို့၏ စိတ်သဘောထားများက လုံးဝ မပြောင်းလဲသေးပေ။ ဤလူများသည် လူသေများဖြစ်သည် မဟုတ်လော။ သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ပုံမှန်လူ့သဘာဝကို အမှန်တကယ် ပိုင်ဆိုင်သည့်သူများသည် ဘုရားသခင်ကို ၃ နှစ်ကြာမျှ ယုံကြည်ပြီးနောက် သမ္မာတရားအချို့အား သိနားလည်ကာ ဝင်ရောက်နိုင်ကြသည် မဟုတ်လော။ (ဝင်ရောက်နိုင်ကြပါသည်။) သို့သော် မည်သည့် အတွေ့အကြုံမျှ လုံးဝ မရှိဘဲ ဘုရားသခင်ကို အနှစ် ၃၀ ကြာ ယုံကြည်ခဲ့ကြသည့်လူများ ရှိ၏။ ၎င်းတို့၏ အတွေ့အကြုံများအကြောင်း ပြောဆိုဆွေးနွေးရန် ၎င်းတို့အား သင် စေခိုင်းပါက ၎င်းတို့သည် အယူဝါဒများ၊ ဆောင်ပုဒ်များနှင့် စကားများကို ဩဝါဒခြွေခြင်းအကြောင်းသာ ပြောကြလိမ့်မည်။ သို့ဆိုလျှင် လွန်ခဲ့သည့် အနှစ် ၃၀ တွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၌ မည်သည့် အားထုတ်မှု ပြုလုပ်ခဲ့ကြပြီနည်း။ မည်သည့်အရာကို ၎င်းတို့ ရရှိကြလေပြီနည်း။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ လက်မခံကြသည်မှာ သိသာထင်ရှား၏။ ၎င်းတို့သည် လူသားမျိုးနွယ်ကို ကောင်းချီးမင်္ဂလာများနှင့် ကတိတော်များပေးခြင်းနှင့်ပတ်သက်သည့် ဘုရားနှုတ်ကပတ်တော်များ၊ သူ၏ နားကြားကောင်းသည့် နှုတ်ကပတ်တော်များ၊ သူ၏ နှစ်သိမ့်ပေးပြီး တိုက်တွန်းခွန်အားပေးသည့် နှုတ်ကပတ်တော်များနှင့် နားဝင်ချိုသည့် နှုတ်ကပတ်တော်များအား လက်ခံကြသော်လည်း ဘုရားသခင် ဖော်ပြသည့် မည်သည့် သမ္မာတရားကိုမျှ သို့မဟုတ် လူသားမျိုးနွယ်အတွက်ဖြစ်သော သူ၏ မည်သည့် သတ်မှတ်ချက်ကိုမျှ လက်မခံကြပေ။ တစ်ခုတလေကိုမျှ ၎င်းတို့ လက်မခံကြပေ။ ဤလူများသည် ဖယ်ရှားရှင်းလင်းခံရသင့်သည် မဟုတ်လော။ (ဖယ်ရှားရှင်းလင်းခံရသင့်ပါသည်။) ထိုသို့သော လူများကို ဖယ်ရှားရှင်းလင်းခြင်းသည် မတရားမှုတစ်ခုဖြစ်သလော။ (မဟုတ်ပါ။) ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို ရှင်းလင်းစွာ သိရှိလင့်ကစား တမင်တကာ အပြစ်ပြုကြသောကြောင့် ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။