အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၇) အခန်း တစ်
၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ
ဃ။ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာ
ပြီးခဲ့သည့်အခေါက်တွင် အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့်ဆိုင်သည့် လေးခုမြောက် အချက်ဖြစ်သည့် ၎င်းတို့၏ အလားအလာနှင့် ကံကြမ္မာအပေါ် ငါတို့ မိတ်သဟာယပြုပြီးဖြစ်သည်။ ယင်းကို အပိုဆောင်းအချက် ငါးခုအဖြစ် ခွဲထားသည်။ ပထမဆုံးအနေဖြင့် ဤအချက် ငါးချက်ကို ကျေးဇူးပြုပြီး ပြန်လည်ဆန်းစစ်ကြလော့။ (၁။ အန္တိခရစ်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့သဘောထားပုံ ၂။ အန္တိခရစ်များက မိမိတို့၏တာဝန်ကို မည်သို့သဘောထားပြုမူပုံ ၃။ အန္တိခရစ်များက ပြုပြင်ခံရခြင်းကို မည်သို့သဘောထားပြုမူပုံ ၄။ အန္တိခရစ်များက “အစေခံသူ” ဟူသည့် အမည်နာမကို မည်သို့သဘောထားပြုမူပုံ ၅။ အန္တိခရစ်များက အသင်းတော်ထဲရှိ မိမိတို့၏ရာထူးဂုဏ်ဒြပ်ကို မည်သို့ချဉ်းကပ်ပုံ တို့ဖြစ်ပါသည်။) ပြီးခဲ့သည့်အခေါက်တွင် ဤအချက်များထဲမှ ပထမဆုံးအချက်ဖြစ်သည့် အန္တိခရစ်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့သဘောထားပုံအပေါ် ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ဦးစွာပထမ ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားမှုတွင် အန္တိခရစ်များ၏ အဓိကကျသော သဘောထားများထဲမှ တစ်ခုကို ဖော်ထုတ်ဖို့ “လေ့လာသည်”ဟူသည့် စကားလုံးကို ငါတို့ အသုံးပြုခဲ့ကြသည်။ “လေ့လာခြင်း”သည် ဘုရားနှုတ်ကပတ်တော်နှင့်ဆိုင်သည့် ၎င်းတို့၏ သဘောထားမှုတွင် အန္တိခရစ်များကဲ့သို့သော လူများ၏ အဓိကကျပြီး အခြေခံကျသော သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအပေါ် လက်ခံသည့်သဘောထား သို့မဟုတ် ကျိုးနွံနာခံသည့် သဘောထားဖြင့် လုံးဝ မပြုမူကြဘဲ ထိုအစား ယင်းတို့ကို ၎င်းတို့က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်ဖြစ်စေ၊ လူတို့ ခိုင်မြဲစွာ စွဲကိုင်သင့်သည့် လမ်းခရီးအဖြစ်ဖြစ်စေ လုံးဝ လက်ခံခြင်း သို့မဟုတ် သဘောထားခြင်း မရှိကြသည့်အပြင် သမ္မာတရားကို ရှာဖွေသည့် သဘောထား သို့မဟုတ် သမ္မာတရားကို လက်ခံသည့် သဘောထားဖြင့် ဘုရားနှုတ်ကပတ်တော်အပေါ် မပြုမူကြပေ။ ထိုအစား အရာရာ၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကိုယ်ပိုင် လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များ၊ ၎င်းတို့၏ ကိုယ်ပိုင် အလားအလာနှင့် ကံကြမ္မာဖြစ်ပြီး ၎င်းတို့ လိုချင်သည့် ခရီးပန်းတိုင်များ၊ အလားအလာနှင့် ကံကြမ္မာတို့ကို ဘုရားနှုတ်ကပတ်တော်များ၌ ရှာဖွေကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့၏ သဘောထားမှုတွင် အဓိက သဘောထားများထဲမှတစ်ခုမှာ ၎င်းတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို ကိစ္စရပ်တိုင်း၌ မိမိတို့၏ အလားအလာ၊ ကံကြမ္မာတို့နှင့် ဆက်စပ်ကြည့်ကြခြင်း ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို သဘောထားမှုတွင်ရှိသည့် ၎င်းတို့၏ သဘောထားမှ အကဲဖြတ်သည့်အခါ ဤလူစားမျိုး၏ သဘာဝ အနှစ်သာရမှာ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်စေ၊ လက်ခံခြင်းဖြစ်စေ၊ ကျိုးနွံနာခံခြင်းဖြစ်စေ ရှိရမည့်အစား ကြီးမားသည့် အကျိုးကျေးဇူးတစ်ခုကို ရရှိဖို့အတွက် ထိုနှုတ်ကပတ်တော်များအတွင်း၌ ကောင်းချီးများနှင့် အကျိုးအမြတ်များ ရှာဖွေရင်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ စိစစ်ကြခြင်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ သဘောထားပုံတွင်ရှိသည့် ၎င်းတို့၏ သဘောထားမှ အကဲဖြတ်သည့်အခါ ဘုရားသခင်ကို ၎င်းတို့ မည်မျှ ယုံကြည်သနည်း။ ၎င်းတို့သည် သူ၌ စစ်မှန်သော ယုံကြည်ခြင်း ရှိကြသလော။ ၎င်းတို့၏ အနှစ်သာရမှ အကဲဖြတ်သည့်အခါ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း မရှိကြချေ။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ဘုရားနှုတ်ကပတ်တော်များကို စွဲကိုင်ကာ ဖတ်ရှုနိုင်သေးသနည်း။ ၎င်းတို့၏ သဘာဝ အနှစ်သာရ၊ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒများမှ အကဲဖြတ်သည့်အခါ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များမှ သမ္မာတရားနှင့် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲခြင်း၊ ထိုသို့ဖြင့် ကယ်တင်ခြင်း စွမ်းဆောင်ရရှိခြင်းအတွက် လမ်းကြောင်းကို မရရှိလိုကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲ၌ ၎င်းတို့ လိုချင်သည့်အရာအားလုံးကို ရှာဖွေချင်ကြသည်။ မည်သည့်အရာကို ၎င်းတို့ ရှာဖွေကြသနည်း။ နက်နဲသောအရာများကို ရှာဖွေကြသည်၊ ကောင်းကင်ဘုံကသာ သိရှိသည့် လျှို့ဝှက်ချက်များကို ရှာဖွေကြပြီး အချို့သော မြင့်မြတ်သည့် အယူဝါဒများနှင့် နက်နဲသော အသိပညာတို့ကို ရှာဖွေကြလေသည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ ဆက်ဆံမှုတွင် ဤလူစားမျိုး၏ သဘောထားနှင့် ၎င်း၏ သဘာဝ အနှစ်သာရတို့ကို အကဲဖြတ်သည့်အခါ ၎င်းတို့သည် မယုံကြည်သူများစင်စစ် ဖြစ်ကြသည်။ ၎င်းတို့ လိုချင်သည့်အရာမှာ ကောင်းမွန်သည့် ခရီးပန်းတိုင်၊ ကောင်းမွန်သည့် အလားအလာနှင့် ကောင်းမွန်သည့် ကံကြမ္မာတစ်ခုထက် ဘာမျှ မပိုပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ရိုးသားစစ်မှန်မှုဖြင့် လက်ခံရမည့်အစား ၎င်းတို့ လိုချင်သည့်အရာများကို ရရှိဖို့နှင့် ကောင်းချီးများ ရရှိရန်ဖြစ်သည့် ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းဖို့ရန် ဘုရားနှုတ်ကပတ်တော်များထဲ၌ အမျိုးမျိုးသော အခွင့်အရေးများနှင့် နည်းလမ်းများကို ရှာတွေ့ဖို့ ကြိုးစားကြလေသည်။ ထို့ကြောင့် ဤလူစားမျိုးသည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်ဖြစ်စေ၊ ၎င်းတို့ လိုက်နာရမည့် လမ်းခရီးအဖြစ်ဖြစ်စေ လုံးဝ သဘောထားကြလိမ့်မည် မဟုတ်ပေ။ အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို ထိုသို့သော သဘောထားတစ်ခုဖြင့် ပြုမူလျှင် ဘုရားနှုတ်ကပတ်တော်များ၌ ရှိသည့် လူသားမျိုးနွယ်အပေါ် အခြေခံအကျဆုံးသော သတ်မှတ်ချက်များထဲမှ တစ်ခုဖြစ်သည့် ဖန်ဆင်းခံများအဖြစ် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ယနေ့တွင် ဒုတိယအချက်ဖြစ်သည့် အန္တိခရစ်များက မိမိတို့၏တာဝန်ကို မည်သို့သဘောထားပြုမူပုံနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုမည်ဖြစ်ပြီး အန္တိခရစ်များက မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင် မည်သည့် သရုပ်သကန်များနှင့် သဘောထားများရှိကြသည်ဟူသည်ကို ဖော်ထုတ်မည် ဖြစ်သည်။
၂) အန္တိခရစ်များက မိမိတို့၏တာဝန်ကို မည်သို့သဘောထားပြုမူပုံ
အန္တိခရစ်များသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်သင့်ခံသည့်၊ ကျိုးနွံနာခံသည့် သဘောထားတစ်ခုဖြင့် သဘောထားပြုမူခြင်း မရှိကြပါ။ ထို့ကြောင့် သမ္မာတရားကို လက်ခံသည့် စိတ်သဘောထားတစ်ခုနှင့် ဖန်ဆင်းခံများအဖြစ် သူတို့၏တာဝန်ကို လူသားမျိုးနွယ်က ထမ်းဆောင်ရန်ဟူသည့် သူ၏နှုတ်ကပတ်တော်များရှိ တောင်းဆိုချက်ကို သူတို့ သဘောထားပြုမူနိုင်ခြင်း မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် တစ်နည်းအားဖြင့် ၎င်းတို့သည် လူကို ဘုရားသခင် အပ်နှံသည့် တာဝန်ကို ၎င်းတို့ အတိုက်အခံဖြစ်ကြပြီး မိမိတို့၏တာဝန်ကို မထမ်းဆောင်ချင်ကြပေ။ ပြီးလျှင် နောက်တစ်နည်းအားဖြင့် ၎င်းတို့သည် ကောင်းချီးများ ရရှိမည့် အခွင့်အရေး ဆုံးရှုံးမည်ကို စိုးရွံ့ကြသည်။ ဤအရာက အပေးအယူတစ်မျိုးကို ဖြစ်ပေါ်စေသည်။ ယင်းမှာ မည်သည့် အပေးအယူ ဖြစ်သနည်း။ လူတို့အနေဖြင့် မိမိတို့၏တာဝန်များကို မထမ်းဆောင်လျှင် ဖယ်ရှားရှင်းလင်းခံရနိုင်ကြောင်း၊ ဖန်ဆင်းခံများအဖြစ် မိမိတို့၏ တာဝန်များကို ၎င်းတို့ မထမ်းဆောင်လျှင် သမ္မာတရား ရရှိဖို့ အခွင့်အရေး ရှိကြလိမ့်မည် မဟုတ်ကြောင်းနှင့် ဖန်ဆင်းခံများအဖြစ် မိမိတို့၏တာဝန်ကို မထမ်းဆောင်လျှင် အနာဂတ်၌ ကောင်းကင်နိုင်ငံတော်တွင် ၎င်းတို့၏ ကောင်းချီးမင်္ဂလာများကို ၎င်းတို့ ဆုံးရှုံးကောင်း ဆုံးရှုံးရနိုင်ကြောင်းတို့ကို ဘုရားနှုတ်ကပတ်တော်များမှ ၎င်းတို့ ရှာဖွေတွေ့ရှိကြလေသည်။ ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ တစ်စုံတစ်ဦးက မိမိ၏တာဝန်ကို မထမ်းဆောင်လျှင် ကောင်းချီးများ ရရှိရာတွင် ၎င်း၏ အခွင့်အရေးကို မလွဲမသွေ ဆုံးရှုံးလိမ့်မည်ဖြစ်သည်ကို ဤအရာက ညွှန်ပြပေသည်။ အန္တိခရစ်များက ထိုသို့သော သတင်းအချက်အလက်ကို ဘုရားနှုတ်ကပတ်တော်များမှလည်းကောင်း၊ များစွာသော မိတ်သဟာယနှင့် တရားဒေသနာများမှလည်းကောင်း ရရှိပြီးသည့်နောက်တွင် ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်လိုသည့် လိုအင်ဆန္ဒနှင့် စိတ်ဝင်စားမှုတစ်ခုက ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင် ဖြစ်ပေါ်လေသည်။ ထိုသို့သော လိုအင်ဆန္ဒနှင့် စိတ်ဝင်စားမှု ဖြစ်ပေါ်ခြင်းက ၎င်းတို့အနေဖြင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံနိုင်ပြီး မိမိတို့တာဝန်ကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်နိုင်ကြောင်းကို ပြသလော။ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရအား အကဲဖြတ်သည့်အခါ ဤအခြေအနေ ရောက်ရှိဖို့ အလွန်ခက်ခဲပေသည်။ သို့ဆိုလျှင် ၎င်းတို့အား မည်သည့်အရာက မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ ဖြစ်စေသနည်း။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာနှင့်ဆိုင်သည့် ဖြစ်ပျက်မှုမှတ်တမ်းတစ်ခု ရှိသင့်ပြီး ဤဖြစ်ပျက်မှုမှတ်တမ်းအတွင်းတွင် တိကျသော အဖြစ်အပျက်အချို့ ရှိသင့်ပေသည်။ သို့ဆိုလျှင် အန္တိခရစ်တစ်ယောက်၏ စိတ်နှလုံးထဲရှိ ဤမှတ်တမ်းသည် မည်သည့်အရာနှင့်တူသနည်း။ သူတို့သည် အလွန်ကောင်းမွန်သော၊ မှန်ကန်တိကျသော၊ အနုစိတ်သော တွက်ချက်မှုများကို လုပ်ကြသောကြောင့် ယင်းသည် မရေရာမပြတ်သားသည့်စာရင်းတစ်ခု မဟုတ်ချေ။ သူတို့၏တာဝန်ကို လုပ်ဖို့ သူတို့ ဆုံးဖြတ်လိုက်သောအခါ သူတို့သည် ရှေးဦးစွာ ဤသို့ တွက်ချက်ကြသည်။ “ငါသည် ငါ၏တာဝန်ကို ယခုလုပ်တော့မည်ဆိုလျှင် မိသားစုနှင့်အတူတကွရှိသည့် ပျော်ရွှင်မှုကို စွန့်လွှတ်ရမည်။ ပြီးလျှင် အသက်မွေးမှုနှင့် ငါ၏လောကီအလားအလာများကို စွန့်လွှတ်ရမည်။ ငါ၏တာဝန်ကို လုပ်ဆောင်ရန်အတွက် ဤအရာများကို ထားခဲ့ရလျှင် မည်သည့်အရာကို ငါရနိုင်သနည်း။ ဤနောက်ဆုံးခေတ်တွင် ဘုရားကို တွေ့နိုင်သူ၊ ဘုရားအိမ်တော်တွင် မိမိတာဝန်ကို ထမ်းဆောင်နိုင်သူ၊ အဆုံးအထိ ကျန်ရှိနေနိုင်သူတို့သည် ကြီးမားသောကောင်းချီးများကို ရနိုင်သူများဖြစ်သည်ဟူ၍ ဘုရားနှုတ်ကပတ်တော်က ပြောသည်။ ဘုရားနှုတ်ကပတ်တော်က ဤသို့ပြောသည်ကို မြင်ရသည့်အခါတွင် ဘုရားက ဤစကားများအတိုင်း ဤအရာကို လုပ်ဆောင်နိုင်ပြီး ပြီးမြောက်နိုင်သည်ဟု ငါထင်သည်။ ပြီးလျှင်လည်း မိမိတာဝန်ကို လုပ်ဆောင်နိုင်ပြီး ဘုရားအတွက် မိမိကိုယ်ကို အသုံးခံနိုင်သော ဤလူများအပေါ် ဘုရားသခင်က ကတိတော်များစွာ ပေးသည်။” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာခြင်းမှတစ်ဆင့် နောက်ဆုံးသောကာလတွင် မိမိတာဝန်ကို ထမ်းဆောင်သောလူများထံ ဘုရားသခင်က ပေးထားသည့် ကတိများစွာကို သူတို့သည် အဓိပ္ပာယ်ကောက်ကြသည်။ ဤအရာအပြင် ဤနှုတ်ကပတ်တော်များကို ၎င်းတို့ကိုယ်တိုင် စိစစ်ခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအားဖြင့် ဖန်တီးဖြစ်ပေါ်သော ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများ၊ အယူအဆများအားလုံးတို့သည် ၎င်းတို့တာဝန်အား လုပ်ဆောင်ခြင်းအပေါ် အလေးအနက်စိတ်ဝင်စားမှုနှင့် တွန်းအားကို ဖြစ်ပေါ်စေသည်။ ထို့နောက်တွင် သူတို့သည် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ဆုတောင်းဖို့ သွားကြသည်။ ထိုနေရာတွင် တည်ကြည်လေးနက်သောကတိများနှင့် ကျမ်းသစ္စာဆိုခြင်းများကို ပြုလုပ်လျက် ဘုရားသခင်အတွက် အရာခပ်သိမ်းကို ဘုရားသခင်အတွက် စွန့်ပယ်ဖို့နှင့် အသုံးခံဖို့၊ သူ့အတွက် ဤအသက်တာကို ရည်စူးအပ်နှံထားဖို့နှင့် လူ့ဇာတိပျော်ရွှင်မှုများနှင့် အလားအလာများအားလုံးကို စွန့်လွှတ်ဖို့ သန္နိဋ္ဌာန် ထားရှိကြသည်။ ဤနည်းဖြင့် သူတို့ ဆုတောင်းကြသော်လည်း၊ သူတို့၏စကားများအားလုံးသည် မှန်ကန်သယောင် ထင်ရသော်လည်း နက်ရှိုင်းသောအတွင်းစိတ် တစ်နေရာတွင် သူတို့ ဘာကို တွေးနေသည်ဆိုသည်ကိုမူ သူတို့ကိုယ်သူတို့နှင့် ဘုရားသခင်သာ သိလိမ့်မည်။ သူတို့၏ဆုတောင်းခြင်းများနှင့် သူတို့၏ သန္နိဋ္ဌာန် တို့မှာ ဖြူစင်သယောင်ထင်ရသည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းဖို့၊ သူတို့၏တာဝန်ကို ထမ်းဆောင်ဖို့နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်စေဖို့အတွက်သာ ဤသည်ကို သူတို့ လုပ်နေသည့်အလားပင် ဖြစ်လေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ ၎င်းတို့တာဝန်ကို ထမ်းဆောင်ခြင်းမှတစ်ဆင့် ၎င်းတို့အလိုရှိသည့် အရာများနှင့် ကောင်းချီးများအား ရရှိနိုင်သည့်နည်းလမ်းကို တွက်ချက်နေကြသည်။ ၎င်းတို့ပေးဆပ်ခဲ့သည့် အရာအားလုံးကို ဘုရားသခင်မြင်စေရန်၊ ၎င်းတို့ ပေးဆပ်ခဲ့သည့်၊ လုပ်ဆောင်ခဲ့သည့်အရာအားဖြင့် ဘုရားသခင် အလွန်အမင်း စွဲမှတ်သွားစေရန် မည်သို့ လုပ်ဆောင်နိုင်မည်ကို တွက်ချက်နေကြသည်။ သို့မှသာ သူတို့လုပ်ပေးခဲ့သည့် အရာအတွက် ဘုရားသခင်က သူတို့ကို အမှတ်ရလိမ့်မည်ဖြစ်ကာ သူတို့လိုချင်သည့် အလားအလာများနှင့် ကောင်းချီးများကို သူတို့အပေါ် အဆုံးစွန် ပေးအပ်လိမ့်မည်ဆိုသည်တို့ကို သူတို့ တွက်ချက်ကြသည်။ အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် မဆုံးဖြတ်မီတွင် မိမိတို့၏ အလားအလာများ၊ ကောင်းချီးများ ရရှိခြင်း၊ ပန်းတိုင်ကောင်းတစ်ခုအပြင် သရဖူတစ်ခုတို့အပေါ် မျှော်လင့်ချက်များဖြင့် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပြည့်လျှံလျက် ရှိကြသည်။ ပြီးလျှင် ဤအရာများကို ကြိုးပမ်းရရှိရာတွင် ၎င်းတို့၌ အဆုံးစွန်သော ယုံကြည်ချက်ရှိကြ၏။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ထိုသို့သော ရည်ရွယ်ချက်များနှင့် ပြင်းပြသောဆန္ဒတို့ဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လာကြသည်။ သို့ဖြစ်၍ တာဝန်ကို ၎င်းတို့၏ ထမ်းဆောင်မှုသည် ဘုရားသခင် တောင်းဆိုသော ရိုးသားစစ်မှန်ခြင်း၊ စစ်မှန်သော ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ ပါဝင်သလော။ လူတိုင်းသည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်မီတွင် လုံးလုံးလျားလျား အပေးအယူလုပ်ခြင်း စိတ်ဓာတ်တစ်ခု ထားသိုသောကြောင့် ၎င်းတို့၏ စစ်မှန်သော သစ္စာစောင့်သိခြင်း၊ ယုံကြည်ခြင်း သို့မဟုတ် ရိုးသားစစ်မှန်ခြင်းတို့ကို ယခုအခြေအနေတွင် မမြင်နိုင်သေးချေ။ လူတိုင်းက အကျိုးစီးပွားများဖြင့် တွန်းအားပေးခံရသည့်အပြင် မိမိတို့၏ ပြည့်လျှံသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ကြိုတင်သတ်မှတ်ခြင်းကို အခြေပြု၍လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အပေးအယူလုပ်ရန်၊ အလဲအထပ်လုပ်ရန် ဖြစ်၏။ ဤသည်တို့မှာ တာဝန်ထမ်းဆောင်ရန်အတွက် ၎င်းတို့ သတ်မှတ်ထားသော လိုအပ်ချက်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ “ငါ၏ တာဝန်ကို လုပ်ဆောင်လျှင် ငါသည် ကောင်းချီးများ ရရှိပြီး ခရီးပန်းတိုင်ကောင်းကို ပိုင်ဆိုင်ရမှဖြစ်မည်။ လူသားမျိုးနွယ်အတွက် ပြင်ဆင်ပေးထားသည်ဟု ဘုရား ပြောသည့် ကောင်းချီးများနှင့် အကျိုးအမြတ်များ အားလုံးကို ငါရမှဖြစ်မည်။ ယင်းတို့ကို ငါမရနိုင်လျှင် ဤတာဝန်ကို ငါလုပ်ဆောင်မည် မဟုတ်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အလိုဆန္ဒများဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာကြ၏။ ၎င်းတို့သည် ရိုးသားစစ်မှန်မှုအချို့ အမှန်တကယ် ရှိသည့်ပုံပေါ်သည်။ ယုံကြည်သူအသစ်များနှင့် တာဝန်ကို စတင်ထမ်းဆောင်ခါစသာ ရှိသေးသူများအတွက်မူ ယင်းကို စိတ်အားထက်သန်မှုဟုလည်း ခေါ်ဆိုနိုင်သည်မှာ အမှန်ပင်။ သို့ရာတွင် ဤအရာ၌ စစ်မှန်သော ယုံကြည်မှု၊ သို့မဟုတ် သစ္စာစောင့်သိမှု မရှိပေ။ ထိုစိတ်အားထက်သန်မှု အတိုင်းအတာသာ ရှိ၏။ ယင်းကို ရိုးသားစစ်မှန်မှုဟု ခေါ်၍မရနိုင်ပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အန္တိခရစ်တို့၌ ရှိသော ဤသဘောထားကို သုံးသပ်ကြည့်ရလျှင် ယင်းမှာ အလုံးစုံ အပေးအယူဆန်ပြီး ကောင်းချီးများ ရရှိခြင်း၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်း၊ သရဖူ ရရှိခြင်းနှင့် ဆုလာဘ်များ လက်ခံရရှိခြင်းတို့ကဲ့သို့ အကျိုးအမြတ်များကို ရလိုသည့် ၎င်းတို့၏ အလိုဆန္ဒများဖြင့် ပြည့်နေသည်။ သို့ဖြစ်၍ အပြင်ပန်းတွင် အန္တိခရစ်များစွာတို့သည် နှင်ထုတ်ခြင်းမခံရမီတွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကာ သာမန်လူတစ်ဦးထက်ပင် သာ၍ စွန့်လွှတ်ပြီး သာ၍ ဒုက္ခခံစားသည်ဟု ထင်ရသည်။ ၎င်းတို့ အသုံးခံသည့်အရာနှင့် ၎င်းတို့ အဖိုးအခပေးသည့်အရာတို့သည် ပေါလုနှင့်တူညီပြီး ၎င်းတို့ ပြေးလွှားလှုပ်ရှားကြသည်မှာလည်း ပေါလုထက် မနည်းခဲ့ပေ။ ဤသည်မှာ လူတိုင်းမြင်နိုင်သည့်အရာဖြစ်သည်။ ဒုက္ခခံစားပြီး အဖိုးအခပေးရန် ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့၏ သန္နိဋ္ဌာန် အရ ၎င်းတို့သည် မည်သည့်အရာမျှ မရရှိခြင်း မဖြစ်အပ်ချေ။ သို့ရာတွင် ဘုရားသခင်သည် လူတစ်ဦးအပေါ် သူ၏ အပြင်ပန်းအပြုအမူအရ ကြည့်ခြင်းမဟုတ်ဘဲ သူ၏ အနှစ်သာရ၊ သူ၏ စိတ်သဘောထား၊ သူထုတ်ဖော်သည့်အရာနှင့် သူလုပ်ဆောင်သမျှ၏ သဘာဝနှင့် အနှစ်သာရတို့အရ ကြည့်ခြင်းဖြစ်သည်။ လူတို့က အခြားသူများအား ဝေဖန်သုံးသပ်ပြီး ဆက်ဆံသည့်အခါတွင် ထိုလူတို့၏ အပြင်ပန်းအပြုအမူ၊ ထိုသူတို့ မည်မျှဒုက္ခခံစားသည်၊ ပြီးလျှင် မည်သည့်အဖိုးအခကို ပေးသည်တို့အပေါ်တွင်သာ အခြေပြုပြီး ထိုသူတို့သည် မည်သူဖြစ်သည်ကို ဆုံးဖြတ်ကြသည်။ ပြီးလျှင် ဤသည်မှာ ကြီးလေးသော အမှားတစ်ခုဖြစ်၏။
မိမိတို့တာဝန်ကို သဘောထားရာတွင် အန္တိခရစ်များ၏ သဘောထားမှာ အစကတည်းက ဤကဲ့သို့ပင် ဖြစ်လေပြီ။ ၎င်းတို့သည် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် အပေးအယူများဖြင့် မိမိတို့တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာကြသည်။ ဤသည်မှာ ၎င်းတို့က မိမိတို့တာဝန်ကို မထမ်းဆောင်မီတွင် မိမိတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာ၌ တွက်ချက်ကာ စီစဉ်ကြသည့်အရာ ဖြစ်သည်။ ၎င်းတို့၏ အစီအစဉ်မှာ အဘယ်နည်း။ ၎င်းတို့ တွက်ချက်မှုများ၏ အဓိကအချက်နှင့် ဗဟိုချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ကောင်းချီးများ ရရှိဖို့၊ ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခု ရှိဖို့ ရည်မှန်းနေကြပြီး လူအချို့မှာ ကပ်ဘေးကို ရှောင်ရှားဖို့ပင် ရည်မှန်းနေကြသည်။ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက် ဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို အကြိမ်ကြိမ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသော်လည်း ၎င်းတို့ မည်မျှပင် ကြိုးစားစေကာမူ ဘုရားနှုတ်ကပတ်တော်များမှာ သမ္မာတရားချည်းသာ ဖြစ်ကြောင်း၊ ဘုရားနှုတ်ကပတ်တော်များ၌ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း တည်ရှိကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များက လူတို့အား သန့်စင်ခြင်းခံရဖို့၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိကာ ကယ်တင်ခြင်း ရရှိဖို့ အခွင့်ပေးနိုင်ကြောင်းတို့ကို မမြင်နိုင်ကြပေ။ ၎င်းတို့ မည်မျှ ကြိုးစားကြည့်ရှုသည်ဖြစ်စေ ဤအရာများကို မမြင်နိုင်ကြပေ။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မည်သို့ ဖတ်ရှုသည်ဖြစ်စေ၊ ၎င်းတို့ အရေးအစိုက်ဆုံးနှင့် အရေးအကြီးဆုံးအဖြစ် ထားရှိသောအရာမှာ ဘုရားသခင်က သူ့အတွက် စွန့်လွှတ်၊ အသုံးခံသည့်၊ ဆင်းရဲဒုက္ခကို သည်းခံပြီး အဖိုးအခပေးသည့်သူများကို လက်ဆောင်ပေးသော ကောင်းချီးများနှင့် ကတိတော်များသာ ဖြစ်သည်။ ၎င်းတို့ ယုံကြည်သည့်အရာက အဓိကအကျဆုံးနှင့် အရေးအကြီးဆုံးသော အကြောင်းအရာဖြစ်သည်ကို ဘုရားနှုတ်ကပတ်တော်များ၌ ၎င်းတို့ ရှာတွေ့သည့်အခါ ၎င်းတို့အနေဖြင့် အသက်ကယ်ကြိုးတစ်ခုကို ရှာတွေ့ပြီးဖြစ်သည့်အလား ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကြီးမားသည့် ကောင်းချီးများ ရမည့်သဘောရှိသည်ဟု ခံစားမိကြပြီး ဤခေတ်တွင် ၎င်းတို့က ကောင်းချီးအခံစားရဆုံးနှင့် ကံအကောင်းဆုံးဖြစ်သည်ဟု တွေးထင်ကြလေသည်။ ထို့ကြောင့် “ငါသည် ဤဘဝတွင် ကောင်းသောအချိန်ကို ကြုံတွေ့ရပြီဖြစ်သည်။ ခေတ်ကာလများတစ်လျှောက် တမန်တော်များနှင့် ပရောဖက်များထဲမှ တစ်ဦးကမျှ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို မတွေ့ဆုံရလေပြီ။ ယနေ့တွင် ငါသည် နောက်ဆုံးသောကာလ၏ ခရစ်တော်နောက်လိုက်နေသည်။ ထို့ကြောင့် ကြီးမားသည့် ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သော ဤအခွင့်အရေးကို ငါ လွတ်သွား၍မဖြစ်ပေ။ ဤသည်မှာ ဆုချီးမြှင့်ခံရပြီး သရဖူတစ်ခုရရှိဖို့ အခွင့်အရေးတစ်ခုဖြစ်သည်။ ဘာသာတရားမရှိသူများက ဤအခွင့်အလမ်း ရှိကြမည်မဟုတ်သကဲ့သို့ ဤဘဝကို ၎င်းတို့ မည်မျှကောင်းစွာ မွေ့လျော်ခံစားရသည်ဖြစ်စေ၊ မည်မျှမြင့်မားသည့် အဆင့်အတန်း ရှိကြသည်ဖြစ်စေ၊ ကြီးမားသည့် ကပ်ဘေးများ ရောက်လာသည့်အခါ ၎င်းတို့အားလုံး ဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လောက၏ ဇာတိပကတိဆိုင်ရာ ပျော်ရွှင်မှုများကို ငါ စွန့်ရမည်။ အဘယ်ကြောင့်ဆိုသော် ဤအရာများကို ငါ မည်မျှ မွေ့လျော်ခံစားသည်ဖြစ်စေ ယင်းတို့သည် ယာယီနှင့် ခဏတဖြုတ်သာ ဖြစ်ကြသည်။ အနာဂတ်ကို ငါ ကြည့်ရမည်ဖြစ်ပြီး သာ၍ ကြီးမားသည့် ကောင်းချီးများ၊ ဆုလာဘ်များနှင့် သာ၍ ကြီးမားသော သရဖူတစ်ခုကို ရရှိရမည်ဖြစ်သည်”ဟူ၍ ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင် ဝမ်းမြောက်ကြသည်။ ထို့ကြောင့် ၎င်းတို့က “ငါ၏ တာဝန်ကို ထမ်းဆောင်ရာတွင် ငါ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်ဖြစ်စေ၊ မည်မျှ ငါ အလုပ်များရသည်ဖြစ်စေ၊ ငါ ထောင်ချခံရသည်ဖြစ်စေ၊ ညှဉ်းဆဲခံရသည်ဖြစ်စေ၊ မည်သည့်အခက်အခဲများကို ငါ ကြုံတွေ့သည်ဖြစ်စေ ငါ မဆုတ်မနစ်လုံ့လထုတ်ရမည်ဖြစ်ပြီး ထို့နောက် နောက်ထပ်သာ၍ မဆုတ်မနစ်လုံ့လထုတ်ရမည်။ ငါ စိတ်ဓာတ်ကျ၍မရပါ။ အရှက်ရခြင်းရှိသမျှကို ငါ သည်းခံရမည်ဖြစ်ပြီး လေးလံသည့် ဝန်ထုပ်တစ်ခုကို ထမ်းရမည်ဖြစ်ကာ နောက်ဆုံး အခိုက်အတန့်ထိတိုင် မဆုတ်မနစ် လုံ့လထုတ်ရမည်။ ဘုရားက ‘အဆုံးတိုင်အောင် လိုက်လျှောက်သောသူသည် ဧကန်မုချ ကယ်တင်ခံရလိမ့်မည်’ဟု ပြောသည့်အရာမှာ ငါ့အတွက် အမှန်တကယ်ဖြစ်လာဖို့ သေချာသည်ဟု ငါယုံကြည်သည်”ဟူ၍ ၎င်းတို့၏ စိတ်နှလုံးများတွင် မိမိတို့ကိုယ်ကို သတိပေးကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ စဉ်းစားပြီး ယုံကြည်သည့် စိတ်ကူးများနှင့် အယူအဆများ တစ်ခုတလေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ထိုအရာများထဲမှ တစ်ခုမျှ သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ ထိုအရာများထဲမှ တစ်ခုမျှသည် ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မဟုတ်ပေ။ ယင်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ရေ အလားအလာနှင့် ကံကြမ္မာတို့အတွက် တွက်ချက်မှုများနှင့် အစီအစဉ်များချည်းသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် ဘုရားနှုတ်ကပတ်တော်များ၌ ဖော်ပြထားသည့် တောင်းဆိုချက်တစ်ခုတလေကိုမျှ စိတ်ဝင်စားခြင်း မရှိကြချေ။ ယင်းတို့ကို ၎င်းတို့က အလေးဂရုမပြုကြချေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ ၎င်းတို့သည် လူ့သဘာဝ ဖော်ထုတ်ခံရခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ၌ရှိသည့် ၎င်းတို့အပေါ် တောင်းဆိုချက်များကို ပစ်ပစ်ခါခါငြင်းပြီး အတိုက်အခံဖြစ်ကြကာ အယူအဆများပင် ဖြစ်ပေါ်ကြသည်။ ထို့ကြောင့် ဤစကားများကို ၎င်းတို့ မြင်သည့်အခါ ယင်းတို့ကို အတိုက်အခံဖြစ်ကြပြီး ကသိကအောက်ဖြစ်ကြကာ နောက်ပိုင်းတွင် ယင်းတို့ကို မဖတ်ဘဲ ကျော်လိုက်ကြသည်။ လူသားမျိုးနွယ်အတွက် ဘုရားနှုတ်ကပတ်တော်များတွင်ရှိသည့် တိုက်တွန်းချက်များ၊ နှစ်သိမ့်မှု၊ သတိပေးချက်များ၊ သနားကရုဏာ၊ စာနာခြင်းတို့နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် ဤစကားများကို အတုအယောင်အဖြစ် ယုံကြည်လျက် စိတ်မရှည်မှုကို ပြသကြပြီး လက်ခံဖို့ သို့မဟုတ် နားထောင်ဖို့ မလိုမလားဖြစ်နေကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ဆိုင်သည့် ဘုရားနှုတ်ကပတ်တော်များနှင့် လူတို့အလယ် သူ၏ စမ်းသပ်မှုများနှင့်ဆိုင်သည့် အမှုတော်ကို ပစ်ပစ်ခါခါငြင်းကြပြီး အတိုက်အခံဖြစ်ကြကာ ယင်းတို့ကို လက်ခံဖို့ မလိုမလားဖြစ်ပြီး ရှောင်ရှားကြသည်။ ထိုအစား လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကတိတော်များ သို့မဟုတ် ကောင်းချီးမင်္ဂလာများနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များကိုသာ အလွန် စိတ်ဝင်စားကြပြီး ကောင်းချီးများ ရရှိဖို့ဖြစ်သော မိမိတို့ စိတ်နှလုံးများ၏ ဆန္ဒစောသော လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် ယင်းတို့ကို မကြာခဏ ဖတ်ရှုကြသည်၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ချက်ချင်း ခေါ်ဆောင်ခံရဖို့နှင့် ဆင်းရဲဒုက္ခအားလုံးမှ လွတ်မြောက်ဖို့ စိတ်ထက်သန်နေကြလေသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် ၎င်းတို့ မဆုတ်မနစ် လုံ့လမထုတ်နိုင်တော့သည့်အပြင် ကောင်းချီးများကို ၎င်းတို့ ရရှိနိုင်ခြင်း ရှိမရှိနှင့်ပတ်သက်၍ ၎င်းတို့ သံသယများဖြစ်ပေါ်ပြီး ၎င်းတို့၏ “ယုံကြည်ခြင်း” ယိမ်းယိုင်သည့်အခါ သို့မဟုတ် ၎င်းတို့၏ စိတ်စွမ်းအား မခိုင်မာသကဲ့သို့ ၎င်းတို့ နောက်တွန့်လိုကြသည့်အခါ ဤစကားများကို ဖတ်ရှုကြပြီး ယင်းတို့ကို ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းအတွက် စိတ်ဓာတ်လှုံ့ဆော်မှု ဖြစ်စေကြလေသည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် မိမိတို့ကိုယ်ကို သိရှိလာပြီး လူသားမျိုးနွယ်၏ နက်နဲသော ဖောက်ပြန်ပျက်စီးခြင်း၏ လက်တွေ့ကျမှုကို ရှင်းလင်းစွာ မြင်ဖို့မဆိုထားနှင့်၊ ထိုနှုတ်ကပတ်တော်များ၏ အခန်းကြီးတစ်ခုတလေ သို့မဟုတ် စာပိုဒ်တစ်ခုတလေထဲမှ ဘုရားနှုတ်ကပတ်တော်များ၌ ရှိသော သမ္မာတရားကို တွေးဆရန် ၎င်းတို့ လုံးဝ မကြိုးစားကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို တွေ့ကြုံရန် စိုးစဉ်းမျှ အလိုမရှိကြချေ။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ တောင်းဆိုချက်များနှင့် တိုက်တွန်းချက်များကိုလည်း အလေးဂရု မပြုသည့်အပြင် မလေးစားခြင်းနှင့် စိတ်မဝင်စားခြင်း သဘောထားတစ်ခုဖြင့် ပြုမူလျက် ဂရုမစိုက်ဘဲနေကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ ၎င်းတို့က “ဘုရားပြောပြီး လုပ်ဆောင်သည့်အရာမှာ လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သည်။ ထိုအရာကို မည်သူက လက်ခံနိုင်သနည်း။ မည်သူက နားလည်နိုင်သနည်း။ ဘုရားနှုတ်ကပတ်တော်များအတိုင်း မည်သူက အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်သနည်း။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များအားလုံးသည် အပိုဖြစ်၏။ လက်တွေ့အကျဆုံးသောအရာမှာ လူတို့အတွက် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းကို ကောင်းချီးများနှင့် လဲလှယ်ခြင်းဖြစ်သည်။ ဤအရာထက် မည်သည့်အရာမျှ သာ၍ လက်တွေ့မကျပါ”ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များတွင် အကြိမ်ကြိမ် ရှာဖွေကြပြီး ဤလမ်းကြောင်းကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် မိမိတာဝန်ကို ထမ်းဆောင်ခြင်းအား ကောင်းချီးများ ရရှိခြင်းအတွက် တစ်ခုတည်းသော လမ်းကြောင်းအဖြစ် သဘောထားလိုက်ကြသည်။ ဤသည်တို့မှာ အန္တိခရစ်များက မိမိတို့တာဝန်ကို ထမ်းဆောင်နေချိန်တွင် ၎င်းတို့၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အတွင်းကျကျ တွက်ချက်မှုများဖြစ်သည်။ သို့ဆိုလျှင် ထိုသို့သော လူတို့၏ အနှစ်သာရက အန္တိခရစ် အနှစ်သာရစစ်စစ်ဖြစ်သည်ကို လူတို့အား မြင်တွေ့ခွင့်ပေးသည့် မည်သည့် သရုပ်သကန်များနှင့် ထုတ်ဖော်ပြချက်များကို ၎င်းတို့၏ တာဝန်ထမ်းဆောင်သည့် လမ်းကြောင်းတွင် ၎င်းတို့ ပြကြသနည်း။ အန္တိခရစ်များက မိမိတို့တာဝန်ကို ထမ်းဆောင်နိုင်ကြသည်မှာ မတော်တဆ မဟုတ်ပေ။ ၎င်းတို့က မိမိတို့တာဝန်ကို ကောင်းချီးများ ရရှိဖို့ မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒတို့ဖြင့် လုံးဝ ထမ်းဆောင်ကြသည်။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ၊ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် သဘောထားတို့ကို ၎င်းတို့ နေ့ရောညပါ စဉ်းစားပြီး ပူပန်ကြသည့် ကောင်းချီးများ၊ ကောင်းမွန်သည့် ခရီးပန်းတိုင်၊ ကောင်းမွန်သော အလားအလာ၊ ကံကြမ္မာတို့ကို ရရှိခြင်းနှင့် ခွဲထုတ်မရသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် မိမိတို့၏ အလုပ်မှလွဲ၍ မည်သည့်အရာအကြောင်းကိုမျှ ဆွေးနွေးပြောဆိုခြင်းမရှိသည့် စီးပွားရေးသမားများကဲ့သို့ ဖြစ်သည်။ အန္တိခရစ်များလုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့နှင့် ဆက်စပ်သည်ချည်းသာ ဖြစ်သည်။ ထိုအရာသည် ကောင်းချီးများ၊ အလားအလာနှင့် ကံကြမ္မာတို့ကို ရရှိခြင်းနှင့် ဆက်စပ်သည်ချည်းသာ ဖြစ်သည်။ စိတ်ထဲတွင် ၎င်းတို့၏ စိတ်နှလုံးများက ထိုသို့သောအရာများဖြင့် ပြည့်နေသည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်က ဖယ်ရှားရှင်းလင်းခံရဖို့ဖြစ်သည်ကို အခြားသူတို့ ရှင်းလင်းစွာ မြင်နိုင်ရခြင်းမှာ ဤသဘာဝ အနှစ်သာရမျိုးကြောင့် အတိအကျ ဖြစ်ပေသည်။
ဘုရားနှုတ်ကပတ်တော်များတွင် ဘုရားသခင်သည် လူမျိုးစုံအတွက် သတ်မှတ်ချက်များရှိပြီး တာဝန်မျိုးစုံ၊ အလုပ်မျိုးစုံနှင့်ပတ်သက်၍ သတ်မှတ်ချက်များနှင့် ရှင်းလင်းသော ဆိုရိုးများ ရှိသည်။ ဤစကားများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များချည်းသာဖြစ်ပြီး ဤသတ်မှတ်ချက်များမှာ လူတို့ လိုက်နာသင့်သည့်အရာနှင့် ၎င်းတို့ လက်တွေ့လုပ်ဆောင်ကာ စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအပေါ် အန္တိခရစ်များက မည်သည့် သဘောထား ရှိကြသနည်း။ ကျိုးနွံနာခံသည့် သဘောထားတစ်ခုကို ၎င်းတို့ ခံယူကြသလော။ နှိမ့်ချသည့် လက်ခံမှုရှိသော သဘောထားတစ်ခုကို ခံယူကြသလော။ ၎င်းတို့၌ လုံးဝ မရှိပေ။ ၎င်းတို့၏ စိတ်သဘောထားကို ထောက်ရှုသော် အန္တိခရစ်များက မိမိတို့တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားအိမ်တော်သို့ လာကြသည့်အခါ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ ဘုရားအိမ်တော်မှ အစီအစဉ်များနှင့်အညီ ထိုတာဝန်ကို ၎င်းတို့ ထမ်းဆောင်နိုင်ကြသလော။ (မထမ်းဆောင်နိုင်ကြပါ။) ၎င်းတို့ လုံးဝ မထမ်းဆောင်နိုင်ကြပေ။ အန္တိခရစ်များက မိမိတို့တာဝန်ကို ထမ်းဆောင်နေကြချိန်တွင် ၎င်းတို့၏ ပထမဆုံးအတွေးမှာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် ပါဝင်သည့် စည်းမျဉ်းများကိုဖြစ်စေ၊ ဘုရားသခင် တောင်းဆိုသည့်အရာကိုဖြစ်စေ၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ဟူသည်ကိုဖြစ်စေ ရှာဖွေရန် မဟုတ်ပေ။ ထိုအစား ပထမဆုံးအနေဖြင့် ဤတာဝန်ကို ထမ်းဆောင်ခြင်းအတွက် ၎င်းတို့ ကောင်းချီးခံစားရခြင်း ရှိမရှိ သို့မဟုတ် ဆုလာဘ်ချီးမြှင့်ခံရခြင်း ရှိမရှိဟူသည့်အကြောင်းကို ၎င်းတို့ မေးမြန်းကြသည်။ ၎င်းတို့ ကောင်းချီးခံစားရလိမ့်မည်မှာ သို့မဟုတ် ဆုလာဘ်ချီးမြှင့်ခံရလိမ့်မည်မှာ မသေချာလျှင် ဤတာဝန်ကို ထမ်းဆောင်ဖို့ မလိုမလားဖြစ်နေကြပြီး ထမ်းဆောင်လျှင်ပင် ဝတ်ကျေတမ်းကျေ ဖြစ်ကြလိမ့်မည်ဖြစ်သည်။ အန္တိခရစ်များသည် ကောင်းချီးများရရှိရန်အတွက် ၎င်းတို့၏တာဝန်ကို စိတ်မပါလက်မပါ ထမ်းဆောင်သည်။ ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအားဖြင့် မိမိတို့ကိုယ်ကို အများမြင်အောင် လုပ်နိုင်ပြီး အထင်ကြီးလေးစားခံရနိုင်မည် ဟုတ်မဟုတ်၊ ဤတာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ကို အထက်က၊ သို့မဟုတ် ဘုရားသခင်က သိမည် ဟုတ်မဟုတ်ကိုလည်း ၎င်းတို့က စုံစမ်းကြသည်။ ဤအရာတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်သောအခါ ၎င်းတို့ ထည့်စဉ်းစားသည့် အရာများအားလုံးဖြစ်သည်။ ၎င်းတို့ ဆုံးဖြတ်လိုသော ပထမဆုံးသောအရာသည် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအားဖြင့် မည်သည့်အကျိုးအမြတ်များကို ၎င်းတို့ ရရှိနိုင်သည်၊ ကောင်းချီးခံရနိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အရေးကြီးဆုံးအရာဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ဖို့ ကြိုးစားရန် သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်နည်းလမ်းနှင့် လူသားပုံသဏ္ဌာန်တစ်ခုကို အသက်ရှင်နေထိုင်ရန်နည်းလမ်းတို့ကို တစ်ခါမျှ ရှာဖွေဖို့မဆိုထားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ အလေးထားပြီး ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရမည်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လူတို့ ရလာပြီး ပျော်ရွှင်မှုကို ရရှိရန်အတွက် ဧဝံဂေလိကို မည်သို့ဟောပြီး ဘုရားသခင်အတွက် သက်သေခံရမည်တို့ကို လုံးဝ မစဉ်းစားပေ။ ၎င်းတို့သည် ဤအရာများကို မည်သည့်အခါမျှ ထည့်မစဉ်းစားပေ။ ၎င်းတို့သည် အသင်းတော်နှင့် လူအုပ်ထဲတွင် ကောင်းချီးခံစားရပြီး အကျိုးအမြတ်များ ရနိုင်ခြင်း ရှိမရှိ၊ ခြေကုပ်ရယူဖို့နည်းလမ်း၊ အဆင့်အတန်းရဖို့နည်းလမ်း၊ ၎င်းတို့ကို လူတို့က အထင်ကြီးလေးစားရန်လုပ်ဖို့နည်းလမ်းနှင့် မိမိတို့ အသိအမှတ်ပြုခြင်းခံရအောင် လုပ်ဖို့ နည်းလမ်းနှင့် အကောင်းဆုံး ဖြစ်လာရန်နည်းလမ်းတို့ကိုသာ စဉ်းစားကြသည်။ ၎င်းတို့သည် သာမန်နောက်လိုက်များဖြစ်ရန် လုံးဝ မလိုလားပေ။ ၎င်းတို့သည် အသင်းတော်တွင် အစဉ်သဖြင့် ပထမဆုံးဖြစ်ချင်သည်။ ဆုံးဖြတ်ပိုင်ခွင့် ရှိချင်သည်။ ခေါင်းဆောင်များဖြစ်လာပြီး ၎င်းတို့ကို လူတိုင်းက နားထောင်အောင် လုပ်ချင်ကြသည်။ ထိုအခါမှသာ ၎င်းတို့က ကျေနပ်နိုင်သည်။ အန္တိခရစ်တို့၏ စိတ်နှလုံးတွင် ဤအရာများဖြင့် ပြည့်နေသည်ကို သင်တို့ မြင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက် အမှန်တကယ် အသုံးခံသလော။ ၎င်းတို့သည် ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ တာဝန်ကို အမှန်တကယ် ထမ်းဆောင်သလော။ (မထမ်းဆောင်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ချင်သနည်း။ (အာဏာရချင်သည်။) မှန်သည်။ ၎င်းတို့ကပြောသည်။ “ငါ့အနေဖြင့် လောကီကမ္ဘာတွင် လူတိုင်းထက် သာလွန်ချင်သည်။ မည်သည့်အုပ်စုတွင်မဆို ပထမဖြစ်ချင်သည်။ ဒုတိယအနေဖြင့်လိုက်ရန် ငြင်းဆန်သည်။ မည်သည့်အခါမျှ လက်ထောက်ဖြစ်မည်မဟုတ်။ ငါပါသည့် မည်သည့်အဖွဲ့တွင်မဆို ခေါင်းဆောင်ဖြစ်ပြီး အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိချင်သည်။ ငါသည် အဆုံးအဖြတ် ပေးပိုင်ခွင့်မရှိလျှင် သင်တို့အားလုံးကို သိမ်းသွင်းစည်းရုံးရန်၊ ငါ့ကို သင်တို့အားလုံး အထင်ကြီးလေးစားစေရန်၊ ခေါင်းဆောင်အဖြစ် ငါ့ကို သင်တို့ ရွေးချယ်စေရန် ဖြစ်နိုင်သမျှ နည်းလမ်းများအားလုံးကို ရှာမည်။ ငါ့တွင် အဆင့်အတန်းရှိသည်နှင့် ငါသည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိမည်။ လူတိုင်းက ငါ့ကို နားထောင်ရလိမ့်မည်။ သင်သည် ငါ့နည်းလမ်းအတိုင်း အမှုအရာများကို လုပ်ဆောင်ရမည်ဖြစ်ပြီး သင်သည် ငါ၏ ထိန်းချုပ်မှုအောက်တွင် ရှိလိမ့်မည်။” ဟူ၍ ဖြစ်သည်။ အန္တိခရစ်က မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အဓိကကျသော နေရာတစ်ခုတွင်၊ မြင့်မားသောရာထူးနေရာတွင် ထားရန် ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် သာမန်နောက်လိုက်တစ်ယောက် ဖြစ်ရခြင်းနှင့်ပတ်သက်၍ မည်သည့်အခါမျှ ရောင့်ရဲနိုင်မည်မဟုတ်။ ၎င်းတို့သည် မည်သည့်အရာကို စိတ်အပြင်းပြဆုံး ဖြစ်သနည်း။ လူတို့၏ ရှေ့တွင် ရပ်ပြီး အမိန့်များပေးခြင်း၊ လူတို့ကို ဆူငေါက်ခြင်း၊ လူတို့ကို သူတို့ပြောသည့်အတိုင်း လုပ်စေခြင်းတို့ဖြစ်သည်။ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေဖို့ကို မဆိုထားနှင့်၊ ၎င်းတို့၏ တာဝန်ကို မည်သို့ မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို လုံးဝ မစဉ်းစားကြပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်လာပြီး အခြားလူတို့ကို ဦးဆောင်နိုင်ရန်အတွက် မိမိတို့ကိုယ်ကို အသိအမှတ်ပြုခြင်းခံရအောင် ပြုလုပ်ရန်၊ ခေါင်းဆောင်များက ၎င်းတို့ကို အထင်ကြီးပြီး ရာထူးတိုးပေးစေရန် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ဤသည်မှာ တစ်နေကုန် ၎င်းတို့စဉ်းစားပြီး မျှော်လင့်လျက် အချိန်ကုန်စေသည့်အရာဖြစ်သည်။ အန္တိခရစ်များသည် တာဝန်ကို တိတ်ဆိတ်စွာဖြင့် မထင်မရှား ထမ်းဆောင်ရန်ကို မဆိုထားနှင့်၊ အခြားလူတို့၏ ဦးဆောင်မှုကို မခံယူလိုသကဲ့သို့ သာမန်နောက်လိုက် တစ်ယောက်လည်း မဖြစ်လိုကြပေ။ ၎င်းတို့၏တာဝန်သည် မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့က အရေးပါသည့်သူမဖြစ်ပါက၊ ၎င်းတို့က သူတစ်ပါးတို့အထက်တွင် မနေရပါက၊ အခြားသူများကို ဦးဆောင်၍ မရပါက မိမိတို့၏တာဝန်များ ထမ်းဆောင်ခြင်းကို ပျင်းရိဖွယ်ဖြစ်သည်ဟု မြင်လာကာ အပျက်သဘောဆောင်လာပြီး ခိုကပ်လာကြသည်။ သူတစ်ပါးတို့၏ ချီးမွမ်းမှု၊ သို့မဟုတ် ကြည်ညိုမှုမပါဘဲနှင့် ယင်းသည် ၎င်းတို့အတွက် သာ၍ပင် စိတ်ဝင်စားမှုနည်းပါးဖွယ် ဖြစ်လာပြီး၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ ၎င်းတို့ စိတ်ဆန္ဒများ သာ၍ပင် နည်းပါးလာလေသည်။ သို့ရာတွင် ၎င်းတို့က မိမိတို့၏တာဝန်များကို ထမ်းဆောင်စဉ်တွင် အရေးပါသည့်သူဖြစ်ပြီး အဆုံးသတ် ဆုံးဖြတ်ချက်ချခွင့်ရနိုင်ပါက ၎င်းတို့သည် အင်အားခိုင်မာပြီး မည်သည့်ဒုက္ခဆင်းရဲကိုမဆို ခံလိမ့်မည်။ ၎င်းတို့၌ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ အစဉ်ရှိကြပြီး အခြားသူများကို သာလွန်ဖို့ ၎င်းတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ၎င်းတို့၏လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းရန် နည်းလမ်းတစ်ခုအနေဖြင့် ၎င်းတို့သည် အသိအမှတ်ပြုခြင်း ခံလိုကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ထင်ပေါ်ဖို့၊ ထိပ်တွင်ရောက်ဖို့၊ အခြားလူများအထက်သို့ရောက်ဖို့ ကိစ္စရပ်တိုင်းတွင် ယှဉ်ပြိုင်လျက်ဖြင့် အလွန်အမင်း ယှဉ်ပြိုင်တတ်သည့်အပြင် ၎င်းတို့၏ လက်ရှိ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာတို့ကို ထိန်းသိမ်းရန်နည်းလမ်းကိုလည်း စဉ်းစားနေကြသည်။ ၎င်းတို့၏ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်ကို ခြိမ်းခြောက်သည့်သူ တစ်စုံတစ်ယောက်ရှိလျှင် ထိုသူကို ဖြိုလှဲပြီး ဖယ်ရှားဖို့အတွက် မည်သည့်အရာကိုမဆို လုပ်ကြမည် ဖြစ်ကာ ညှာတာမှုမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်သောသူ၊ မိမိတာဝန်ကို သစ္စာစောင့်သိမှုနှင့် တာဝန်သိစိတ်ဖြင့် ထမ်းဆောင်သောသူတို့ကို ဖိနှိပ်ရန် စက်ဆုပ်ဖွယ် နည်းလမ်းများကိုပင် အသုံးပြုကြသည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို အကောင်းဆုံးထမ်းဆောင်သော ညီအစ်ကိုမောင်နှမများအပေါ်သို့လည်း မနာလိုမှုနှင့် မုန်းတီးမှုအပြည့်ရှိကြသည်။ ညီအစ်ကိုမောင်နှမများက ထောက်ခံပြီး အတည်ပြုလက်ခံသောသူတို့အပေါ်ကို ၎င်းတို့က အထူးသဖြင့် မုန်းတီးကြသည်။ ထိုသို့သောလူတို့သည် ၎င်းတို့ ကြိုးပမ်းသည့်အရာအတွက်၊ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့က “သင်၊ သို့မဟုတ် ငါ၊ ငါ သို့မဟုတ် သင်ဖြစ်ရမည်။ ငါတို့နှစ်ယောက်လုံးအတွက် နေရာမရှိပေ။ ငါက သင့်ကို ဖြိုလှဲပြီး ရှင်းမပစ်ရလျှင် ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်မည်မဟုတ်။” ဟု ကျိန်ဆိုကြသည်။ မတူညီသော ထင်မြင်ချက်ကို ဖော်ပြသော၊ ၎င်းတို့ကို ဖော်ထုတ်သော၊ သို့မဟုတ် ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်သော ညီအစ်ကိုမောင်နှမများအပေါ်တွင် ၎င်းတို့က မသက်ညှာပေ။ ထိုသူတို့ကို ဝေဖန်အပြစ်တင်ရန်၊ ပြစ်တင်ရှုတ်ချရန်၊ သိက္ခာချရန်နှင့် ဖြိုလှဲရန်အတွက် ထိုသူတို့အပေါ် ထိခိုက်စေမည့် သတင်းအချက်အလက်ကို ရယူနိုင်ရန် မည်သည့်အရာကိုမဆို စဉ်းစားကြပြီး မရမချင်း ၎င်းတို့သည် စိတ်ချလက်ချ ရှိမည် မဟုတ်ချေ။ မည်သည့်လူကိုမဆို ၎င်းတို့၏ ဆက်ဆံမှုတွင် ၎င်းတို့၌ သဘောထားတစ်ခုသာ ရှိသည်။ ထိုလူက ၎င်း၏ အဆင့်အတန်းကို ခြိမ်းခြောက်လျှင် ၎င်းတို့က ထိုလူကို ရာထူးဆုံးရှုံးအောင်လုပ်ကာ ဖယ်ရှားပစ်မည်ဖြစ်သည်။ ၎င်းတို့၏ သစ္စာဆိုထားသော နောက်လိုက်များအားလုံးမှာ ၎င်းတို့ကို မြှောက်ပင့်သည့်လူများဖြစ်ပြီး ဤလူများ လုပ်ဆောင်သည့် မကောင်းသော မည်သည့်အရာမဆိုနှင့် အသင်းတော်၏ အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်မျှ ထိခိုက်နစ်နာမှု ၎င်းတို့ ဖြစ်စေသည်ဖြစ်စေ ၎င်းတို့က ထိုသူတို့အတွက် ဖုံးဖိပေးလိမ့်မည်ဖြစ်ပြီး ထိုသူတို့ကို ကာကွယ်ပေးလိမ့်မည်။ မိမိတို့တာဝန်ကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် အန္တိခရစ်များသည် ၎င်းတို့ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို အမြဲ စီမံနေကြသည်၊ မိမိတို့ကိုယ်ပိုင် အမှီအခိုကင်းသော နယ်မြေကို စီမံနေကြလေသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ အနှစ်သာရမှာ ၎င်းတို့၏ အမှီအခိုကင်းသော နယ်မြေအတွက် တိုက်ခိုက်ရန်နှင့် ၎င်းတို့ကိုယ်ပိုင် အလားအလာနှင့် ကံကြမ္မာအတွက် တိုက်ခိုက်ရန် ဖြစ်သည်။
အချို့သော အန္တိခရစ်များသည် အဖွဲ့ငယ်တစ်ဖွဲ့တွင် လူဆယ့်နှစ်ယောက်ခန့်ကို ဦးဆောင်ပြီး အချို့က အသင်းတော်တစ်ခုရှိလူများ သို့မဟုတ် ထို့ထက်ပို၍ များသောလူများကို ဦးဆောင်ကြသည်။ လူမည်မျှကို ၎င်းတို့ ဦးဆောင်သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင် ဤလူများကို ထိန်းချုပ်ထားပြီးသား ဖြစ်ကာ ၎င်းတို့ကြားတွင် ရှင်ဘုရင်အဖြစ် အာဏာကို စွဲကိုင်နေကြသည်။ ထိုသို့သော ကိစ္စရပ်များကို ဘုရားသခင် မည်မျှရှုတ်ချပြီး စက်ဆုပ်ရွံရှာသည်ကို ၎င်းတို့ ပူပန်ခြင်းမရှိဘဲ မိမိတို့လက်ဝယ်ရှိ အာဏာကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရန်နှင့် ၎င်းတို့ ထိန်းချုပ်နိုင်သော မိမိတို့၏ လက်အောက်ရှိ ထိုလူများကို တင်းကျပ်စွာ ထိန်းချုပ်ဖို့ကိုသာ ဂရုပြုနေကြသည်။ ထို့ကြောင့် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် အန္တိခရစ်များ၏ ရည်ရွယ်ချက်များနှင့် စိတ်ဓာတ်လှုံ့ဆော်မှုများမှ အကဲဖြတ်သော် ၎င်းတို့၏ အနှစ်သာရက ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်ပေသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေချိန် ၎င်းတို့၏ အပြုအမူကို အခြေခံ၍ မည်သည့် စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်ပြသနည်း။ ၎င်းတို့၏ စိတ်သဘောထားသည်လည်း ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားကို မည်သို့ သရုပ်ဖော်ထားသနည်း။ မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင် ၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခခံစားရနိုင်ပြီး အဖိုးအခပေးကောင်း ပေးနိုင်သော်လည်း ၎င်းတို့ ထမ်းဆောင်သည့် မည်သည့်တာဝန်ကမျှ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်ထားခြင်း မဟုတ်ပေ။ မိမိတို့၏တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် ၎င်းတို့သည် လုပ်ငန်းဆောင်တာတစ်ခုစီအတွက် ဘုရားအိမ်တော်က ချမှတ်ထားသည့် စည်းမျဉ်းများကို ရှာဖွေရန် မဆိုထားနှင့်၊ အလုပ် အစီအစဉ်များကိုပင် လုံးဝ အကောင်အထည်မဖော်ကြပေ။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေ နှစ်သက်မှုများနှင့် အာဏာအတွက် မိမိတို့၏ လိုအင်ဆန္ဒအပြင် တစ်စုံတစ်ခုကို အမြဲ လုပ်ဆောင်နေလိုသည့် မိမိတို့၏ တစ်ကိုယ်ရေဆန္ဒကိုသာ ဖြည့်ဆည်းကြသည်။ ဤသည်တို့မှာ သရဖူတစ်ခု ရရှိစေနိုင်သည်ဟု အန္တိခရစ်များက ယုံကြည်ကြသည့် အချို့သော အခြေအနေများသာ ဖြစ်သည်။ ၎င်းတို့က “ငါသည် အဖိုးအခပေးလျက်၊ မိမိကိုယ်ကို စွန့်လွှတ်ကာ အသုံးခံလျက် အမှုအရာများကို ဤနည်းဖြင့်သာ လုပ်ဆောင်လျှင် ဘုရားက အဆုံးတွင် ငါ့ကို သရဖူတစ်ခုပေးပြီး ဆုချီးမြှင့်မည်မှာ သေချာသည်”ဟု ဖြစ်ချင်စိတ်ဖြင့် စဉ်းစားကြသည်။ ဘုရားနှုတ်ကပတ်တော်များ၌ လူသားမျိုးနွယ်အတွက် အလေးထားပြီး ထပ်တလဲလဲ တင်ပြထားသည့် သတ်မှတ်ချက်များနှင့် စည်းမျဉ်းများကို ၎င်းတို့ လုံးဝ အလေးဂရုပြုခြင်း မရှိ သို့မဟုတ် အလေးအနက် သဘောမထားကြပေ။ ယင်းတို့ကို ဆိုရိုးတစ်စုံအဖြစ်သာ စဉ်းစားကြသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားမှာ “သင်၏ သတ်မှတ်ချက်များက မည်သည့်အရာဖြစ်စေ ငါ၏ အာဏာ သို့မဟုတ် လိုက်စားမှုများကို ငါ လျှော့မပေးနိုင်ပါ။ ပြီးလျှင် ငါ၏ အလိုဆန္ဒများ သို့မဟုတ် ရည်မှန်းချက်များကို ငါ လက်မလွှတ်နိုင်ပါ။ ငါ့ထံတွင် ဤအရာများမရှိလျှင် ငါ၏ တာဝန်များကို ထမ်းဆောင်ဖို့ မည်သည့် တွန်းအားပေးမှု သို့မဟုတ် စိတ်ဓာတ်လှုံ့ဆော်မှု ငါ့တွင် ရှိသနည်း”ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ မိမိတို့ တာဝန်များကို ထမ်းဆောင်နေချိန်တွင် အန္တိခရစ်များ၏ သရုပ်သကန်များ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ပြီးလျှင် အမျိုးမျိုးသော လုပ်ငန်းဆောင်တာများအတွက် အထက်က မည်သည့် သတ်မှတ်ထားသော စံနှုန်းများနှင့် စည်းမျဉ်းများ ရှိသည်ဖြစ်စေ အန္တိခရစ်များက နားထောင်ခြင်းမရှိသကဲ့သို့ အလေးဂရုပြုခြင်း မရှိကြပေ။ အထက်၏ စကားများက မည်မျှတိကျသည်ဖြစ်စေ၊ ဤအလုပ်ကဏ္ဍနှင့်ပတ်သက်၍ သတ်မှတ်ချက်များက မည်မျှ တင်းကျပ်သည်ဖြစ်စေ၊ ၎င်းတို့က မကြားချင်ယောင် ဟန်ဆောင်ကြသည် သို့မဟုတ် နားမလည်ချင်ယောင် ဟန်ဆောင်ကြပြီး အောက်ခြေတွင် အမှုအရာများကို မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်ရင်း မဆင်မခြင်နှင့် ထင်တိုင်းကြဲ ပြုမူကာ ရမ်းကားနေကြဆဲ ဖြစ်၏။ ၎င်းတို့အနေဖြင့် အမှုအရာများကို ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်းလည်းကောင်း၊ အထက်မှ တောင်းဆိုသည့် နည်းလမ်းများအတိုင်းလည်းကောင်း လုပ်ဆောင်လျှင် ၎င်းတို့၏ အဆင့်အတန်းကို ၎င်းတို့ ဆုံးရှုံးကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ စွဲကိုင်သည့် အာဏာသည် လွှဲပြောင်းခြင်းခံရကာ ပပျောက်သွားလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ အမှုအရာများကို သမ္မာတရားအတိုင်းလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များတွင် ရှိသည့် တောင်းဆိုချက်များအတိုင်းလည်းကောင်း လုပ်ဆောင်ခြင်းသည် မိမိတို့၏ အာဏာအပေါ် မမြင်နိုင်သည့် တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ထိုအာဏာ ဆုံးရှုံးမှုဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ထိုအရာသည် ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းအပေါ် သဲကြီးမဲကြီး တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ ၎င်းတို့က “ငါ ထိုမျှမနုံအပါ။ သင်တို့၏ အယူအဆများကို ငါ လက်ခံလျှင် ငါသည် ခေါင်းဆောင်မှု ပါရမီတွင် အရည်အချင်းမပြည့်မီသကဲ့သို့ ချို့တဲ့သည့်ပုံပေါ်မည် မဟုတ်လော။ သင်တို့၏ အယူအဆများကို ငါ လက်ခံလျှင်၊ ငါ မှားသည်ဟု ဝန်ခံလျှင် ငါ၏ ညီအစ်ကို မောင်နှမများက နောက်ပိုင်းတွင် ငါ့စကားကို နားထောင်ကြလိမ့်ဦးမည်လော။ ငါ့ထံတွင် သိက္ခာရှိလိမ့်ဦးမည်လော။ အမှုအရာများကို အထက်၏ သတ်မှတ်ချက်များနှင့်အညီ ငါ လုပ်ဆောင်လျှင် ငါ့ကိုယ်ငါ ကြွားဖို့အတွက် အခွင့်အရေးကို ငါ ဆုံးရှုံးမည် မဟုတ်လော။ ထိုအခါ ငါ၏ ညီအစ်ကို မောင်နှမများက ငါ့ကို ကိုးကွယ်ကြလိမ့်ဦးမည်လော။ ငါ ပြောသည့်အရာကို ၎င်းတို့ နားထောင်ကြလိမ့်ဦးမည်လော။ ၎င်းတို့ထဲမှ မည်သူကမျှ ငါပြောသည့်အရာကို နားမထောင်လျှင် ဤတာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့် အဓိပ္ပာယ်ရှိသနည်း။ ဤအလုပ်ကို ငါ မည်သို့ လုပ်ဆောင်နိုင်ဦးမည်နည်း။ အဖွဲ့တွင် ငါ ဩဇာအာဏာမရှိဘဲ ငါ၏ သိက္ခာ လျော့နည်းသွားလျှင်လည်းကောင်း၊ သူတို့အားလုံးက ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး သမ္မာတရားစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ကြလျှင်လည်းကောင်း ငါ၏ ခေါင်းဆောင်မှုက အချည်းနှီး ဖြစ်သွားမည် မဟုတ်လော။ ငါသည် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာမည် မဟုတ်လော။ သို့ဆိုလျှင် ဤအရာများကို လုပ်ဆောင်ခြင်းအတွက် မည်သည့် စိတ်ထက်သန်မှု ငါ ရှိလိမ့်မည်နည်း။ ငါ၏ ခေါင်းဆောင်မှုက အချည်းနှီးဖြစ်ပြီး ငါ လုပ်ဆောင်သည့် မည်သည့်အရာမဆိုက အဓိပ္ပာယ်မဲ့လျှင် ငါ့ထံ၌ အနာဂတ်ရှေ့ရေး တစ်ခုတလေ ရှိလိမ့်ဦးမည်လော”ဟု စဉ်းစားကြလေသည်။ အန္တိခရစ်များ အလိုရှိသည်မှာ မည်သည့်အဖွဲ့တွင်မဆို အခြားသူများအားလုံးအထက်တွင် နေရာရဖို့ဖြစ်ပြီး ထိုသို့ဖြင့် အပြန်အလှန်အနေဖြင့် အနာဂတ် သရဖူတစ်ခုနှင့် အနာဂတ် ဆုလာဘ်များကို ရရှိဖို့အတွက် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ထဲတွင် ထူးချွန်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် အခြားသူများ၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာသရွေ့ အပြန်အလှန်အနေဖြင့် အနာဂတ် သရဖူတစ်ခု ရပိုင်ခွင့်ရှိလိမ့်မည်ဖြစ်ပြီး အနာဂတ်တွင် ကြီးမားသည့် ကောင်းချီးများ ရပိုင်ခွင့်ရှိလိမ့်မည်ဟု ၎င်းတို့က ယုံကြည်ကြလေသည်။ ထို့ကြောင့် အန္တိခရစ်များသည် မည်သည့်အချိန်တွင်မျှ ၎င်းတို့ စွဲကိုင်သည့် အာဏာကို လျှော့ပေးလိမ့်မည် မဟုတ်သကဲ့သို့ မည်သည့် အခြေအနေအောက်တွင်မျှ ၎င်းတို့၏ သတိဝီရိယရှိခြင်းကို လျှော့ပေါ့ပေးလိမ့်မည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် မိမိတို့၏ သတိထားမှုကို အနည်းငယ် လျှော့လိုက်လျှင်ပင် မိမိတို့လက်တွင်ရှိသည့် အာဏာ လုယူခြင်းခံရမည် သို့မဟုတ် အားနည်းသွားမည်ကို ကြောက်ရွံ့ကြသည်။ မိမိတို့၏တာဝန်များကို ထမ်းဆောင်နေချိန်တွင် ထိုတာဝန်များကို ကောင်းစွာ ထမ်းဆောင်ကာ ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများနှင့် သူ၏ သတ်မှတ်ချက်များအတိုင်း သက်သေခံလျက် ထိုတာဝန်များကို မိမိတို့ကိုယ်ပိုင် ရာထူး၌ အစွမ်းကုန် ထမ်းဆောင်ခြင်း မရှိကြပေ။ ထိုအစား ၎င်းတို့ ရရှိမည်ဟု ယုံကြည်သည့် သရဖူကို ခိုင်မာစွာ ဆုပ်ကိုင်ရန် ထိုသို့သော အခွင့်အရေးများကို အသုံးပြုကြသည်။ အချို့သော အန္တိခရစ်များသည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များကို စည်းမျဉ်းစည်းကမ်းတစ်စုံအဖြစ် ပုံသေစောင့်ထိန်းနိုင်လျှင်ပင် ယင်းက ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံပြီး ဘုရားနှုတ်ကပတ်တော်များကို ကျိုးနွံနာခံသည့်လူများဖြစ်သည်ဟု မပြသနိုင်ပေ။ ဤအရာ၏နောက်ကွယ်ရှိ အကြောင်းရင်းမှာ အဘယ်နည်း။ အချို့သော အန္တိခရစ်များသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်သည့်လမ်းကြောင်းတွင် အာဏာကို အမြဲ လက်မလွှတ်တမ်း သိမ်းပိုက်လိုပြီး ထိုအတွက် မိမိတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းလိုကြကာ အမြဲပင် အဆင့်အတန်းရှိချင်ပြီး အဆင့်အတန်းရှိသည့်နေရာတစ်ခုမှနေ၍ လူတို့ကို ဩဝါဒခြွေကာ ခိုင်းစေလိုကြ၏။ သို့သော် အချို့သော အန္တိခရစ်များသည် ကွဲပြားပြီး “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်။ ယင်းမှာ အရဲစွန့်ပြီး အမှားပြုလုပ်မိသူ မည်သူမဆို ဆင်းရဲဒုက္ခခံစားရလိမ့်မည်ဟု ဆိုလိုပေသည်။ ငါသည် ထိုသို့သော ငနုံငအတစ်ဦး ဖြစ်မည် မဟုတ်ပါ။ ငါ မည်မျှ တတ်စွမ်းနိုင်သည်ဖြစ်စေ၊ သုံးဆယ်ရာခိုင်နှုန်းသာ ငါ အားစိုက်မည်ဖြစ်ပြီး အခြား ခုနစ်ဆယ်ကို အရေးပေါ်ကိစ္စအတွက် အရန်အဖြစ် ငါ ချန်ထားမည်ဖြစ်သည်။ ငါ အနည်းငယ် ချုပ်ထိန်းရမည်ဖြစ်သည်။ ဘုရားအိမ်တော်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ငါ့အပေါ် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ အပေါ်ယံအားဖြင့် ငါ သဘောတူမည်ဖြစ်ပြီး ငါသည် နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့်သူတစ်ဦး ဖြစ်မည်မဟုတ်ပါ။ မည်သူဦးဆောင်သည်ဖြစ်စေ ငါ နောက်မှလိုက်မည်ဖြစ်ပြီး သူတို့ပြောသည့် မည်သည့်အရာကိုမဆို ငါ အသိအမှတ်ပြုမည်။ အထက်က ပေးထားသည့် စည်းမျဉ်းစည်းကမ်းများကို ငါ ပုံသေစောင့်ထိန်းနေပြီး မချိုးဖောက်သရွေ့ ငါ အဆင်ပြေမည်ဖြစ်သည်။ ငါ၏ သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား ဆက်ကပ်ခြင်းနှင့် ကိုယ်တော့်အတွက် ရိုးသားစွာ ကိုယ်ကိုယ်ကိုယ် အသုံးခံခြင်းနှင့် ပတ်သက်၍မူ ဤသည်မှာ မလိုအပ်ပေ။ ငါ၏ တာဝန်ကို ထမ်းဆောင်ရာတွင် ငါ အနည်းငယ် အားထုတ်မည်။ လုံလောက်ရုံမျှ လုပ်ဆောင်ခြင်းက လက်ခံနိုင်ဖွယ်ဖြစ်ပြီး ငါ လူနုံလူအ ဖြစ်မည် မဟုတ်ပါ။ ငါ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဘာမျှ မရရှိခြင်းနှင့် ဤအရာအားလုံးအတွက် ပြစရာ ဘာမျှမရှိဘဲ အဆုံးသတ်ရခြင်းကို ရှောင်ရှားဖို့အတွက် အနည်းငယ် ငါ ချုပ်ထိန်းဖို့ လိုသည်”ဟူသည့် စိုးရိမ်မှုမျိုး ရှိကြသည်။ ဤအမျိုးအစား အန္တိခရစ်များက အခြားသူတို့အနေဖြင့် မိမိတို့ တာဝန်များကို ထမ်းဆောင်ရာတွင် တာဝန်ဝတ္တရားများကို ယူကာ ပြဿနာများကို ဖြေရှင်းဖို့ အမြဲ အရဲစွန့်ခြင်းသည် ထိုသူတို့ စဉ်းစားဉာဏ်မရှိခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်တိုင် ထိုသို့သော ငနုံငအများ မဖြစ်ရဟု ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က တစ်စုံတစ်ဦးအနေဖြင့် အဆင့်အတန်းကို လိုက်စားပြီး မိမိတို့ကိုယ်ပိုင် အာဏာကို စီမံလျှင် အနှေးနှင့်အမြန် ဖော်ထုတ်ခံရလိမ့်မည် ဖြစ်သော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် ၎င်းတို့က အဖိုးအခပေးရမည်၊ အားထုတ်မှုပြုရမည်၊ မိမိတို့၏ ရိုးသားစစ်မှန်မှုကို ပူဇော်ဆက်ကပ်ကာ သစ္စာစောင့်သိရမည်ဟု သိကြသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခများစွာ ခံစားရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ဖို့ မလိုမလားဖြစ်နေကြသည်။ အလယ်အလတ် လမ်းစဉ်ကိုလိုက်လျက် အရဲစွန့်ခြင်းလည်းမရှိသကဲ့သို့ နောက်တွန့်ခြင်းလည်း မရှိဘဲ အပေးအယူလုပ်သည့် လုပ်နည်းကိုင်နည်းတစ်ခုကို ၎င်းတို့ ခံယူကျင့်သုံးကြသည်။ ၎င်းတို့က “ငါ့ကို စေခိုင်းသည့် မည်သည့်အရာကိုမဆို ငါ လုပ်ဆောင်မည်။ ဟန်ဆောင်လုပ်ပြရုံလုပ်ပြပြီး ပြီးလိုက်မည်။ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ဖို့ စေခိုင်းခြင်းခံရလျှင် ငါ လုပ်ကိုလုပ်မည် မဟုတ်။ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ဖို့အတွက် ငါသည် သာ၍ မြင့်မားသော အဖိုးအခတစ်ခုကို ပေးရမည်ဖြစ်ပြီး စာရွက်စာတမ်းများကို ပို၍စစ်ဆေးရမည်၊ ထိုအရာက အလွန် ပင်ပန်းလွန်းစရာဖြစ်ပေမည်။ ထိုသို့လုပ်ဆောင်ခြင်းအတွက် ဘုရားက ငါ့ကို အပိုဆုလာဘ်များပေးမည်ဆိုလျှင် မျှတမည်ဖြစ်သော်လည်း ဘုရားနှုတ်ကပတ်တော်များက အပိုဆုလာဘ်များနှင့်ပတ်သက်၍ မည်သည့်အရာမျှ ပြောသည့်ပုံမရပါ။ ဤသို့ဖြစ်သဖြင့် ငါ ဆင်းရဲဒုက္ခခံပြီး ခြေကုန်လက်ပန်းကျဖို့ မလိုအပ်ပါ။ အေးဆေးလုပ်ခြင်းက ပိုကောင်းသည်”ဟု ယုံကြည်ကြလေသည်။ ထိုသို့သော လူတစ်ဦးက မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ သမ္မာတရားကို သူ ရရှိနိုင်သလော။ သမ္မာတရားအတွက် မကြိုးပမ်းဘဲ ထိုအစား ဝတ်ကျေတမ်းကျေ ဖြစ်သည့် သို့မဟုတ် အပျက်သဘောဆောင်ပြီး မိမိတို့အလုပ်တွင် ခိုကပ်သည့်သူများသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ကြသလော။ လုံးဝ မရရှိနိုင်ပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။