အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၈) အခန်း တစ်

၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ

ဃ။ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာ

ပထမဆုံးအနေဖြင့် ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့ မိတ်သဟာယပြုခဲ့သည့်အရာကို ပြန်လည်ဆန်းစစ်ကြစို့။ (ပြီးခဲ့သည့်အခေါက်တွင် အန္တိခရစ်များက သူတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ကို မည်သို့ သဘောထားပုံ၏ ဒုတိယအချက်ဖြစ်သည့် အန္တိခရစ်များက မိမိတို့၏တာဝန်ကို မည်သို့သဘောထားပြုမူပုံ အကြောင်းကို ဘုရားသခင် မိတ်သဟာယပြုခဲ့ပါသည်။ အန္တိခရစ်များသည် သူတို့၏ တာဝန်အပေါ် သဘောထား သုံးမျိုးရှိသည်။ ဦးစွာပထမ ဘုရားသခင်က လူသားမျိုးနွယ်ကို ထောက်ပံ့ကာ ဦးဆောင်နေပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ရှေ့မှောက်တွင် ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင် လုံးဝ သင့်တင့်လျောက်ပတ်သည့်၊ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသော တရားအမျှတဆုံးနှင့် နှစ်သက်ဖွယ်အကောင်းဆုံးသော အရာဖြစ်သော်လည်း အန္တိခရစ်များက ထိုအရာကို အပေးအယူတစ်မျိုးအဖြစ် သဘောထားပြီး မိမိတို့တာဝန် ထမ်းဆောင်ခြင်းကို ကောင်းမွန်သည့် အလားအလာများနှင့် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုအတွက် အလဲအလှယ် လုပ်ချင်ကြသည်။ ဒုတိယအနေဖြင့် ဘုရားသခင် အမှုပြုနေချိန်တွင်၊ သူသည် သမ္မာတရားများစွာကို ဖော်ပြသည်။ အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်၊ လူသားမျိုးနွယ်က ကယ်တင်ခံရဖို့အလို့ငှာ ပိုင်ဆိုင်သင့်သည့်အရာ၊ လိုက်စားသင့်သည့်အရာ၊ လက်ခံသင့်ပြီး ဝင်ရောက်သင့်သည့် အရာတစ်ခုအဖြစ် သဘောမထားကြရုံမျှမကဘဲ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့က အလားအလာများ၊ ခရီးပန်းတိုင်၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကိုလည်း သမ္မာတရားအဖြစ်လည်းကောင်း၊ ၎င်းတို့ ထိန်းသိမ်းပြီး ရရှိသင့်သည့် အရာများအဖြစ်လည်းကောင်း သဘောထားကြသည်။ တတိယအနေဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲကာ ကယ်တင်ဖို့ အမှုပြုသော်လည်း အန္တိခရစ်များ၏ ရှုထောင့်အမြင်မှကြည့်သော် ဤသည်မှာ အပေးအယူတစ်ခုနှင့် ကစားပွဲတစ်ခုသာ ဖြစ်သည်။ လူတို့အနေဖြင့် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများကို အလုပ်ကြိုးစားခြင်းနှင့် အပေးအယူမှတစ်ဆင့်သာ ရရှိနိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဘုရားသခင်က လူတို့အား မိမိတို့၏တာဝန်များကို ထမ်းဆောင်ဖို့ တောင်းဆိုခြင်းနှင့်ဆိုင်သည့် သမ္မာတရားအပေါ် အန္တိခရစ်များ၏ သဘောထားမှ အကဲဖြတ်သော် သူတို့၏ စိတ်သဘောထားက ကောက်ကျစ်ဆိုးယုတ်ပါသည်။) ဖြည့်စွက်ရမည့်အရာ တစ်ခုတလေ ရှိသလော။ (အန္တိခရစ်များက သူတို့၏ တာဝန် ထမ်းဆောင်ခြင်းကို ကောင်းချီးများအား လိုက်စားဖို့ တစ်ခုတည်းသော နည်းလမ်းအဖြစ် သဘောထားကြသည်။ ကောင်းချီးများရရှိဖို့ဖြစ်သော သူတို့၏ လိုအင်ဆန္ဒ ပျက်ပြယ်သွားသည်နှင့်တစ်ပြိုင်နက် သူတို့က ချက်ချင်း မိမိတို့တာဝန်ကို စွန့်ပစ်ကောင်းစွန့်ပစ်နိုင်သည် သို့မဟုတ် ဘုရားသခင်ကိုပင် စွန့်ခွာကောင်းစွန့်ခွာနိုင်သည်။ ဤသည်မှာ ကောင်းချီးများရရှိဖို့ဖြစ်သော သူတို့၏ လိုအင်ဆန္ဒ ပျက်ပြယ်သွားသည့်အခါ အန္တိခရစ်များ၏ သဘောထား ဖြစ်သည်။) (အန္တိခရစ်များက အမှန်တကယ် နောင်တမရကြပါ။ သူတို့က အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ ဖြစ်စေခဲ့သောကြောင့် သို့မဟုတ် ဒုစရိုက်မှုများ ကျူးလွန်ခဲ့သောကြောင့် ၎င်းတို့ ဖြုတ်ချခံရပြီး သို့မဟုတ် နှင်ထုတ်ခံရပြီး ဘုရားအိမ်တော်က သူတို့၏ တာဝန်ကို ထမ်းဆောင်ဖို့ နောက်ထပ် အခွင့်အရေးပေးသည့်အခါ သူတို့က ကျေးဇူးမတင်ရှိကြပါ။ ထိုအစား သူတို့သည် “သင် လိုအပ်သည့်အခါ ကျွန်ုပ်ကို ပြန်စေခိုင်းသော်လည်း သင် မလိုအပ်သည့်အခါ မောင်းထုတ်သည်”ဟု ပြောလျက် စောဒကတက်ကာ ဝေဖန်ကြသည်။ ဤအရာက အန္တိခရစ်များအနေဖြင့် လုံးဝ နောင်တရကြလိမ့်မည် မဟုတ်သည်ကို ပြသည်။) တိုတိုပြောရလျှင် အန္တိခရစ်များက ၎င်းတို့၏ တာဝန်များကို ၎င်းတို့ သဘောထားပြုမူပုံနှင့် ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားပြုမူပုံတို့တွင် ပေါ်လာသည့် အနှစ်သာရများမှာ အခြေခံအားဖြင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့သည် ဤမတူကွဲပြားသော အရာများအပေါ် ၎င်းတို့၏ သဘောထားပြုမူပုံတွင် တူညီသည့် စိတ်သဘောထားများနှင့် တူညီသည့် အနှစ်သာရများကိုသာ ပေါ်လွင်စေကြခြင်း ဖြစ်သည်။ အန္တိခရစ်များက ၎င်းတို့၏ တာဝန်အပေါ် ၎င်းတို့၏ သဘောထားပြုမူပုံတွင် ပေါ်လွင်စေသည့် အနှစ်သာရအားလုံးနှင့်ပတ်သက်၍ ပြီးခဲ့သည့်အခေါက်တွင် အခြေခံအားဖြင့် ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ အချက်တစ်မှာ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့ မယုံကြည်သကဲ့သို့ အသိအမှတ်ပြုရန် ငြင်းဆန်ကြသည်။ အချက်နှစ်မှာ ၎င်းတို့နှင့်အတူ ဘုရားနှုတ်ကပတ်တော်ကို သင် မိတ်သဟာယပြုပြီး ၎င်းတို့က သမ္မာတရားကို နားလည်နိုင်လျှင်ပင် လက်မခံကြပေ။ အချက်သုံးမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ၎င်းတို့ ကျိုးနွံနာခံရန် ငြင်းဆန်ကြသည်။ အချက်လေးမှာ ၎င်းတို့ မည်သည့်အခါမျှ အမှန်တကယ် နောင်တမရကြပေ။ ဤသည်တို့မှာ ၎င်းတို့ သရုပ်သကန်များ၏ အနှစ်သာရများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအချက်လေးချက်ကို သင်တို့ အကျဉ်းချုပ်ခဲ့ကြသလော။ (မချုပ်ခဲ့ပါ။) သင်တို့ ပြောဆိုဆွေးနွေးခဲ့သည့် အရာအများစုမှာ ပြီးခဲ့သည့်အခေါက်တွင် ငါတို့ မိတ်သဟာယပြုခဲ့သည့် သရုပ်သကန်များထဲမှ အချို့ဖြစ်သော်လည်း ဤသရုပ်သကန်များ နောက်ကွယ်တွင် မည်သည့် အနှစ်သာရများ တည်ရှိသည်ဟူသည်ကို သင်တို့ မထွင်းဖောက်သေးဘဲ ရှိနေကြဆဲ ဖြစ်သည်။ သမ္မာတရား၏ ရှေ့မှောက်နှင့် ဘုရားသခင်၏ ရှေ့မှောက်တွင် အန္တိခရစ်များ ပေါ်လွင်စေသည့် အနှစ်သာရများမှာ အသိအမှတ်ပြုရန်၊ လက်ခံရန်၊ ကျိုးနွံနာခံရန် သို့မဟုတ် နောင်တရရန် ငြင်းဆန်ခြင်းတစ်ခု အမြဲ ဖြစ်လေသည်။ ဤသည်မှာ အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်နှင့် ၎င်းတို့၏ တာဝန်ကို သဘောထားပြုမူပုံဖြစ်သည့်အတွက် ပြုပြင်ခံရခြင်းကို ၎င်းတို့က မည်သို့ သဘောထားပြုမူကြသနည်း။ ၎င်းတို့အနေဖြင့် အထက်တွင် ပြောခဲ့ပြီးဖြစ်သော အနှစ်သာရများ ပိုင်ဆိုင်ကြောင်းကို လူတို့မြင်ပြီး ၎င်းတို့သည် အန္တိခရစ်များ၊ ဘုရားသခင်၏ ရန်သူများနှင့် သမ္မာတရား၏ ရန်သူများဖြစ်သည်ကို အတည်ပြုရန် ထောက်ကူပေးသည့် အခြားမည်သည့် သရုပ်သကန်များ ရှိသနည်း။ ဤသည်မှာ ယနေ့ ငါတို့ဆက်လက် မိတ်သဟာယပြုမည့် တတိယအချက်ဖြစ်သော အန္တိခရစ်များက ပြုပြင်ခံရခြင်းကို မည်သို့ သဘောထားပြုမူပုံ ဖြစ်သည်။ ဤအချက်သည် အန္တိခရစ်များက ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ကို သဘောထားပြုမူပုံနှင့်ဆိုင်သည့် တတိယမြောက် အကြောင်းအရာခွဲတစ်ခု ဖြစ်သည်။ ကြည့်လော့၊ သမ္မာတရားတစ်ခုစီကို မိတ်သဟာယပြုခြင်းသည် ထိုသို့သော တိကျသည့် မိတ်သဟာယ၊ တိကျသည့် ရှာဖွေခြင်းနှင့် တွေးဆခြင်း လိုအပ်ပေသည်။ ယေဘုယျကျသော ဝေါဟာရများဖြင့်သာ ငါ စကားပြောလျှင်၊ သမ္မာတရားအသီးသီး၏ လက်တွေ့ကျမှုများကို ပိုမိုတိကျသည့်နည်းလမ်းတစ်ခုဖြင့် သင် နားလည်နိုင်မည် မဟုတ်ပေ။ ကောင်းပေပြီ၊ ပြီးခဲ့သည့်အခေါက်တွင် ငါတို့ မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာကို ထပ်၍ ငါတို့ ပြန်လည်ဆန်းစစ်မည် မဟုတ်ပေ။ ဤအကြိမ်တွင် တတိယအချက်နှင့်ပတ်သက်၍ ငါတို့ သတ်သတ်မှတ်မှတ် မိတ်သဟာယပြုမည် ဖြစ်သည်။

၃။ အန္တိခရစ်များက ပြုပြင်ခံရခြင်းကို မည်သို့သဘောထားပြုမူပုံ

ပြုပြင်ခံရခြင်းသည် ဘုရားသခင်ကို ယုံကြည်သူတိုင်း တွေ့ကြုံရနိုင်သည့် အရာတစ်ခုဖြစ်သည်။ အထူးသဖြင့် တာဝန်တစ်ခုကို ထမ်းဆောင်စဉ်တွင် ပြုပြင်ခံရခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ အတွေ့အကြုံတိုးပွားသည်နှင့်အမျှ လူအများစုသည် ပြုပြင်ခံရခြင်း၏ အဓိပ္ပာယ်ကို ပိုပိုပြီး သိလာကြသည်။ ပြုပြင်ခံရခြင်းတွင် အလွန်များသည့် အကျိုးကျေးဇူးများစွာရှိသည်ကို ၎င်းတို့ ခံစားရပြီး ပြုပြင်ခံရခြင်းကို မှန်ကန်စွာ ပိုပိုပြီး သဘောထားပြုမူနိုင်ကြလေသည်။ ၎င်းတို့အနေဖြင့် တာဝန်တစ်ခုကို ထမ်းဆောင်နိုင်သရွေ့ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ လူတိုင်း ပြုပြင်ခံရမည့် အခွင့်အရေး ရှိလိမ့်မည်ဖြစ်သည်မှာ အမှန်ဖြစ်၏။ ပုံမှန်လူတို့က ပြုပြင်ခံရခြင်းကို မှန်ကန်စွာ သဘောထားပြုမူနိုင်ကြသည်။ တစ်ဖက်တွင် ၎င်းတို့သည် ပြုပြင်ခံရခြင်းကို ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးတစ်ခုဖြင့် လက်ခံနိုင်ကြပြီး အခြားတစ်ဖက်တွင် ၎င်းတို့၌ မည်သည့်ပြဿနာများ ရှိသည်ကိုလည်း ၎င်းတို့ ဆင်ခြင်သုံးသပ်ကာ သိရှိလာနိုင်ကြသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသည့်လူများက ပြုပြင်ခံရခြင်းကို သဘောထားပြုမူပုံတွင် တွေ့နေကျဖြစ်သော သဘောထားနှင့် ရှုထောင့်အမြင်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်များသည်လည်း ပြုပြင်ခံရခြင်းကို ဤနည်းဖြင့် သဘောထားပြုမူကြသလော။ လုံးဝ သဘောမထားကြပေ။ အန္တိခရစ်များနှင့် သမ္မာတရားလိုက်စားသည့် လူတို့၏ သဘောထားများမှာ ပြုပြင်ခံရခြင်းကို ၎င်းတို့၏ သဘောထားပြုမူပုံနှင့်ပတ်သက်လာသည့်အခါ ကွဲပြားဖို့ သေချာပေသည်။ ပထမဆုံးအနေဖြင့် အန္တိခရစ်များသည် ပြုပြင်ခံရခြင်းကိစ္စနှင့် ပတ်သက်လျှင် လက်မခံနိုင်ကြပေ။ ၎င်းတို့ လက်မခံနိုင်ရသည့် အကြောင်းပြချက်များရှိသည်။ အဓိကတစ်ခုမှာ ၎င်းတို့သည် ပြုပြင်ခံရသောအခါတွင် မျက်နှာငယ်ရသည်၊ ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးရသည်၊ လူတိုင်း၏ ရှေ့တွင် ၎င်းတို့သည် ခေါင်းမဖော်နိုင်အောင် ဖြစ်သွားသည်ဟု ခံစားရခြင်းဖြစ်သည်။ ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သက်ရောက်မှုတစ်ခု ရှိသောကြောင့် ၎င်းတို့သည် ပြုပြင်ခံရခြင်းကို လက်ခံရန် ခက်ခဲသည်ဟု မြင်ကြသည်။ ၎င်းတို့ကို ပြုပြင်သူ မည်သူမဆိုသည် ၎င်းတို့အား အာဃာတဖြင့် ရန်လုပ်နေခြင်းဖြစ်ပြီး ၎င်းတို့၏ ရန်သူဖြစ်သည်ဟု ၎င်းတို့က ခံစားကြသည်။ ဤသည်မှာ ပြုပြင်ခြင်းခံရသောအခါတွင် အန္တိခရစ်တို့၏ စိတ်ထားဖြစ်သည်။ ဤအရာသည် အသေအချာပင်ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ အမှန်တကယ်တွင် လူတစ်ယောက် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိ၊ အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိမှာ ပြုပြင်ခြင်းကို ခံရချိန်တွင် အပေါ်လွင်ဆုံး ဖြစ်သည်။ အန္တိခရစ်များက ပြုပြင်ခြင်းကို အလွန်အတိုက်အခံ ဖြစ်ခြင်းသည် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် အနည်းငယ်မျှပင် လက်မခံသည်ကို ပြရန် လုံလောက်သည်။ ဤသို့ဆိုလျှင် ဤသည်မှာ ပြဿနာ၏ အခရာပင်ဖြစ်သည်။ ၎င်းတို့၏ မာနသည် ဤအကြောင်းကိစ္စ၏ အခရာမဟုတ်ပေ။ သမ္မာတရားကို လက်မခံခြင်းသည် ပြဿနာ၏ အနှစ်သာရဖြစ်သည်။ အန္တိခရစ်များသည် ပြုပြင်ခြင်း ခံရသောအခါ သိမ်မွေ့သောလေသံနှင့် သဘောထားဖြင့် ပြုလုပ်ရန် တောင်းဆိုကြသည်။ ပြုလုပ်သူ၏ လေသံသည် ပြင်းထန်ပြီး သဘောထားသည် ကြမ်းတမ်းလျှင် အန္တိခရစ်တစ်ယောက်သည် အတိုက်အခံပြုလုပ်မည်။ ပြီးလျှင် ရှက်စိတ်ကြောင့် အာခံပြီး ဒေါသထွက်လိမ့်မည်ဖြစ်သည်။ ၎င်းတို့တွင် ပေါ်လွင်လာသောအရာသည် မှန်ကန်ခြင်း ရှိမရှိ၊ အဖြစ်မှန် ဟုတ်မဟုတ်ဆိုသည်ကို အရေးမစိုက်ပေ။ ပြီးလျှင် မည်သည့်နေရာတွင် ၎င်းတို့ မှားခဲ့သည်၊ သို့မဟုတ် သမ္မာတရားကို လက်ခံသင့်ခြင်း ရှိမရှိတို့ကို ဆင်ခြင်သုံးသပ်ခြင်း မရှိကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ဘဝင်နှင့် မာနတို့ ထိခိုက်ခြင်း ရှိမရှိကိုသာ စဉ်းစားသည်။ အန္တိခရစ်များသည် ပြုပြင်ခြင်းက လူတို့အတွက် အထောက်အကူ ဖြစ်ကြောင်း၊ လူတို့အတွက် ချစ်ခြင်းဖြစ်ကြောင်း၊ လူတို့ကို ကယ်တင်ပေးကြောင်း၊ လူတို့အတွက် အကျိုးရှိကြောင်းတို့ကို လုံးဝ မသိမြင်နိုင်ကြပေ။ ဤအရာကိုပင် ၎င်းတို့ မမြင်နိုင်ပေ။ ဤသည်မှာ ၎င်းတို့က အနည်းငယ် ချင့်ချိန်နိုင်စွမ်း မရှိခြင်းနှင့် ကျိုးကြောင်းမသင့်ခြင်း မဟုတ်သလော။ ထို့ကြောင့် ပြုပြင်ခြင်းကို ရင်ဆိုင်ရသောအခါ အန္တိခရစ်တစ်ယောက်တွင် ထုတ်ဖော်သည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ထိုစိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထား ဖြစ်သည့်အပြင် မာနထောင်လွှားပြီး နှလုံးမာကျောသော စိတ်သဘောထားလည်းဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝအနှစ်သာရသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းဖြစ်သည် ဆိုသည်ကို ထုတ်ဖော်ပြသည်။ ထို့ကြောင့် အန္တိခရစ်များသည် ပြုပြင်ခံရခြင်းကို အကြောက်ရွံ့ဆုံးဖြစ်သည်။ ၎င်းတို့ ပြုပြင်ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အကျည်းတန်သော အခြေအနေက လုံးဝ ဖော်ထုတ်ခြင်းခံရသည်။ အန္တိခရစ်များ ပြုပြင်ခြင်းခံရသည့်အခါ အန္တိခရစ်များက အန္တိခရစ်များဖြစ်ကြောင်း၊ ၎င်းတို့သည် သာမန် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးနှင့် ကွဲပြားကြောင်းနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရမှာ သမ္မာတရားကို လိုက်စားသောသူတို့နှင့် ခြားနားကြောင်းကို အခြားသူတို့အား ရှင်းလင်းစွာ မြင်ခွင့်ပေးသော မည်သည့် သရုပ်သကန်များကို ၎င်းတို့ ပြသကြပြီး မည်သည့်အရာများကို ၎င်းတို့ ပြောဆိုကောင်း ပြောဆိုနိုင်မည်နည်း၊ သို့မဟုတ် လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ကြမည်နည်း။ ဥပမာအနည်းငယ်ကို ငါ ပေးမည်ဖြစ်ပြီး ယင်းတို့ကို သင်တို့ စဉ်းစားကာ ဖြည့်စွက်နိုင်သည်။ အန္တိခရစ်များက ပြုပြင်ခံရသည့်အခါ ၎င်းတို့က ပထမဆုံး တွက်ချက်ပြီး စဉ်းစားကြသည်။ “မည်သည့် လူစားမျိုးက ငါ့ကို ပြုပြင်နေသနည်း။ မည်သည့်အရာကို သူ ရည်ရွယ်နေခြင်းဖြစ်သနည်း။ ဤအကြောင်းကို သူ မည်သို့ သိသနည်း။ ငါ့ကို သူ အဘယ်ကြောင့် ပြုပြင်သနည်း။ သူသည် ငါ့ကို အထင်သေးသလော။ သူ့ကို စော်ကားမိသည့် တစ်စုံတစ်ရာကို ငါ ပြောမိလေပြီလော။ ငါ့ထံတွင် ကောင်းမွန်သည့်အရာ တစ်စုံတစ်ခုရှိပြီး သူ့ကို မပေးခဲ့သောကြောင့် သူက ငါ့အပေါ် လက်စားချေနေပြီး သူသည် ငါ့ကို အကျပ်ကိုင်ဖို့အတွက် ဤအခွင့်အရေးကို အသုံးပြုနေခြင်း ဖြစ်သလော”ဟူ၍ ဖြစ်သည်။ ၎င်းတို့ကိုယ်ပိုင် ပြစ်မှားမှုများ၊ အတိတ်မှ မကောင်းမှုများနှင့် ၎င်းတို့ ထုတ်ဖော်ပြပြီးဖြစ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဆင်ခြင်သုံးသပ်ကာ သိရှိလာရမည့်အစား ပြုပြင်ခံရခြင်း ကိစ္စရပ်အတွင်းတွင် သဲလွန်စများကို ရှာချင်ကြသည်။ ထိုအရာနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်သောအရာ တစ်စုံတစ်ခုရှိသည်ဟု ၎င်းတို့ ခံစားမိကြသည်။ ဤသည်မှာ ပြုပြင်ခံရခြင်းကို ၎င်းတို့ သဘောထားပြုမူပုံဖြစ်သည်။ ဤနေရာတွင် စစ်မှန်သည့် လက်ခံမှု တစ်ခုတလေ ရှိသလော။ စစ်မှန်သည့် အသိ သို့မဟုတ် ပြန်လည်သုံးသပ်မှု တစ်ခုတလေ ရှိသလော။ (မရှိပါ။) လူအများစုသည် ပြုပြင်ခံရသောအခါ ယင်းသည် ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းကြောင့် ဖြစ်နိုင်သည်။ မသိနားမလည်ခြင်းကြောင့် မှားယွင်းသောအရာတစ်ခုခုကို လုပ်မိပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်သောကြောင့်လည်း ဖြစ်နိုင်သည်။ ယင်းမှာ ၎င်းတို့သည် မိမိတို့၏ တာဝန်တွင် ဝတ်ကျေတမ်းကျေ ဖြစ်ပြီး ဤအရာက ဘုရားအိမ်တော်၏ အလုပ်အပေါ် ဆုံးရှုံးမှုများ ဖြစ်စေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ မုန်းတီးစက်ဆုပ်ဖွယ် အကောင်းဆုံးသော အရာမှာ လူတို့သည် အကန့်အသတ်မရှိဘဲ ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း ပြောင်ပြောင်တင်းတင်းလုပ်ဆောင်ပြီး စည်းမျဉ်းများကို ချိုးဖောက်ကာ ဘုရားအိမ်တော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောအခါတွင် ဖြစ်သည်။ ဤသည်တို့မှာ လူတို့ ပြုပြင်ခံရသည့် အဓိက အကြောင်းရင်းများဖြစ်သည်။ လူတစ်ယောက်ကို ပြုပြင်ခံရခြင်းဖြစ်စေသည့် အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ ယင်းအပေါ်တွင် အရေးအပါဆုံးသဘောထားက မည်သည့်အရာနည်း။ ရှေးဦးစွာ ယင်းကို လက်ခံရမည်။ သင့်ကို မည်သူက ပြုပြင်နေသည်ဖြစ်စေ၊ မည်သည့်အကြောင်းပြချက်ဖြစ်စေ၊ ကြမ်းတမ်းသည့်ပုံစံ ရှိသည်ဖြစ်စေ၊ လေသံနှင့် စကားအသုံးအနှုန်းက မည်သို့ဖြစ်စေ ယင်းကို လက်ခံသင့်သည်။ ထို့နောက်တွင် မည်သည့်အရာကို သင် မှားယွင်းစွာ လုပ်ဆောင်ခဲ့ကြောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ထုတ်ဖော်ခဲ့ကြောင်းနှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်ဆောင်ရွက်ခဲ့ခြင်းရှိမရှိတို့ကို သင် သိမှတ်သင့်သည်။ ပထမဆုံးအနေဖြင့် ဤသည်မှာ သင်ထားရှိသင့်သည့် သဘောထားဖြစ်သည်။ ဤသို့သော သဘောထားတစ်ခုကို အန္တိခရစ်များက ပိုင်ဆိုင်သလော။ မပိုင်ဆိုင်ပေ။ အစမှ အဆုံးအထိ ၎င်းတို့ ပွင့်လင်းစွာ ဖော်ပြသောသဘောထားသည် အတိုက်အခံလုပ်ခြင်းနှင့် ရွံရှာစက်ဆုပ်ခြင်း သဘောထားဖြစ်သည်။ ဤသို့သော သဘောထားတစ်ခုဖြင့် ၎င်းတို့သည် ဘုရားရှေ့တွင် ငြိမ်သက်ပြီး ပြုပြင်ခြင်းကို နှိမ့်ချစွာ လက်ခံနိုင်သလော။ မဟုတ်ပေ၊ ၎င်းတို့ လက်မခံနိုင်ပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်မည်နည်း။ ရှေးဦးစွာ ၎င်းတို့သည် လူတို့၏ နားလည်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို ရယူဖို့ မျှော်လင့်ချက်များဖြင့် ၎င်းတို့လုပ်ဆောင်ခဲ့သော အမှားများ၊ ၎င်းတို့ ထုတ်ဖော်ခဲ့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ခုခံကာကွယ်ပြီး ငြင်းခုံလျက်ဖြင့် မှန်ကန်ကြောင်း ကျိုးကြောင်းပြပြောဆိုမှုများပြုလုပ်ပြီး အတင်းအဓမ္မငြင်းခုံလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့ကို ပြုပြင်သော စကားများကို ၎င်းတို့ လက်ခံရန်၊ သို့မဟုတ် မည်သည့်တာဝန်ကိုမျှ ခံယူဖို့ မလိုအပ်စေရန်ဖြစ်သည်။ ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသောအခါ ၎င်းတို့သည် မည်သည့်သဘောထားကို ထုတ်ဖော်ပြသနည်း။ “ငါသည် အပြစ်မပြုခဲ့ပါ။ မည်သည့်မှားယွင်းမှုကိုမျှ မလုပ်ဆောင်ခဲ့ပါ။ အမှားလုပ်မိလျှင် အကြောင်းပြချက်ရှိသည်။ ငါသည် တမင်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ ယင်းအတွက် တာဝန်မခံရသင့်ပေ။ အနည်းငယ်သော အမှားများကို မည်သူကများ မပြုလုပ်သနည်း” ဟူ၍ ဖြစ်သည်။ ဤပြောဆိုချက်များနှင့် စကားစုများကို ၎င်းတို့က မလွတ်တမ်း အသုံးချသော်လည်း ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသကဲ့သို့ ၎င်းတို့ပြုပြီးဖြစ်သည့် အမှားများကို၊ သို့မဟုတ် ၎င်းတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ၎င်းတို့ အသိအမှတ်မပြုပေ။ ပြီးလျှင် ၎င်းတို့သည် မကောင်းမှုပြုလုပ်ရာတွင် မိမိတို့၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်တို့က မည်သည့်အရာဖြစ်ကြောင်း သေချာပေါက် အသိအမှတ်မပြုကြပေ။ ၎င်းတို့ လုပ်ခဲ့သည့် အမှားများသည် မည်မျှသိသာထင်ရှားပါစေ၊ မည်မျှကြီးမားသည့် ဆုံးရှုံးမှုကို ၎င်းတို့ ဖြစ်စေခဲ့ပြီး ဖြစ်ပါစေ ဤအရာများကို ၎င်းတို့ လျစ်လျူရှုထားကြသည်။ ၎င်းတို့သည် စိုးစဉ်းမျှ ဝမ်းနည်းခြင်း သို့မဟုတ် အပြစ်ရှိသည့်စိတ်ဖြစ်ခြင်း မရှိကြဘဲ ၎င်းတို့၏ အသိစိတ်သည် အပြစ်တင်စိတ်ကို လုံးဝ မခံစားကြရပေ။ ထိုအစား ၎င်းတို့သည် မိမိတို့အစွမ်းရှိသမျှဖြင့် ကျိုးကြောင်းပြချက်ပေးပြီး စကားစစ်ထိုးကြကာ “လူတိုင်းတွင် ကျိုးကြောင်းခိုင်လုံသော အမြင်ရှုထောင့်တစ်ခု ရှိကြသည်။ လူတိုင်းတွင် အကြောင်းပြချက်ရှိသည်။ မည်သူက ပို၍ စကားပြောကောင်းသည်က အဓိကဖြစ်သည်။ ကျွန်ုပ်၏ ကျိုးကြောင်းပြချက်နှင့် ရှင်းပြချက်ကို လူအများစု လက်ခံအောင် လုပ်နိုင်လျှင် ကျွန်ုပ်နိုင်သည်။ သင်ပြောသည့် သမ္မာတရားများမှာ သမ္မာတရားမဟုတ်။ သင်၏ အချက်အလက်များကလည်း မခိုင်လုံပေ။ သင်က ကျွန်ုပ်ကို ရှုတ်ချချင်သလော။ မဖြစ်နိုင်ပေ” ဟူ၍ စဉ်းစားကြသည်။ အန္တိခရစ်တစ်ယောက်သည် ပြုပြင်ခံရသောအခါတွင် သူ၏ စိတ်နှလုံးနှင့် ဝိညာဉ်အတွင်းပိုင်း၌ အကြွင်းမဲ့၊ ပြတ်ပြတ်သားသား အတိုက်အခံဖြစ်ပြီး ရွံရှာစက်ဆုပ်ပြီး ငြင်းပယ်သည်။ သူ၏ သဘောထားက “မည်သည့်အရာကို သင်ပြောစရာရှိသည်ဖြစ်စေ၊ သင်သည် မည်မျှမှန်ကန်နေသည်ဖြစ်စေ ငါလက်ခံမည်မဟုတ်။ ဝန်ခံမည်မဟုတ်။ ငါ၏အမှားမဟုတ်” ဟူ၍ ဖြစ်သည်။ အမှန်တရားများက သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်မျှပေါ်လွင်စေသည်ဖြစ်စေ ၎င်းတို့က အသိအမှတ်မပြုပေ၊ လက်မခံပေ။ ဆက်လက်၍ အာခံပြီး ခုခံကြသည်။ သူတစ်ပါးတို့က မည်သို့ပြောပါစေ ၎င်းတို့က လက်မခံဘဲ၊ ဝန်မခံဘဲ “မည်သူက မည်သူ့ကို နိုင်အောင်ပြောနိုင်သည်ကို ကြည့်ကြစို့။ မည်သူက ပို၍ စကားပြောကောင်းသည်ကို ကြည့်ကြစို့။” ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ ပြုပြင်ခံရခြင်းကို အန္တိခရစ်များ သဘောထားပြုမူသော သဘောထားအမျိုးအစားတစ်ခု ဖြစ်သည်။

လူတစ်ဦးက သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိသည် ၎င်းတို့ ပြုပြင်ခံရသည့်အခါ ပေါ်လွင်လာသည်။ အန္တိခရစ်များသည် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့်အခါတွင် အလွန် ရှင်းလင်းကြသည်ချည်း ဖြစ်သော်လည်း၊ ၎င်းတို့ ပြုပြင်ခံရသည့်အခါတွင် ၎င်းတို့သည် အတိုက်အခံလုပ်မြဲ လုပ်ကြသည်၊ ငြင်းမြဲငြင်းခုံကြပြီး အာခံမြဲအာခံကြကာ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ၎င်းတို့ ပုံမှန်အားဖြင့် တတွတ်တွတ်ရွတ်သည့် စကားများနှင့် အယူဝါဒတစ်ခုတလေကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းရင်းမှာ အန္တိခရစ်များသည် အနှစ်သာရအားဖြင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြခြင်း ဖြစ်သည်။ အန္တိခရစ်များ၏ စိတ်သဘောထားမှာ လွန်လွန်ကဲကဲ ရက်စက်ကြမ်းကြုတ်ပြီး မာနထောင်လွှားသည်။ သမ္မာတရားနှင့် အမှန်တရားများ ရှေ့မှောက်တွင် ၎င်းတို့၏ သဘောထားမှာ စိတ်နှလုံးမာကျောခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် ရွံမုန်းခြင်း သဘောထားတစ်ခု အမြဲဖြစ်လေသည်။ ၎င်းတို့ ပြုပြင်ခံရသည့်အခါ မိမိတို့ကိုယ်ပိုင် ဂုဏ်သတင်းကို ထိန်းသိမ်းဖို့အတွက် ၎င်းတို့ တတ်နိုင်သမျှ မိမိတို့ကိုယ်ကို မှန်ကြောင်းပြကာ ရှင်းပြခြင်းအပြင် အန္တိခရစ်များတွင် အားအကောင်းဆုံးသော ခံယူချက်ရှိသည်။ “လူတစ်ဦးဦးကို မဟုတ်ဘဲ ဘုရားကို ကျွန်ုပ် ယုံကြည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး ထိုလူက ကျွန်ုပ်ကို မည်သို့ ပြုပြင်သည်ဖြစ်စေ၊ ကျွန်ုပ်၏ ကံကြမ္မာကို သူ အဆုံးအဖြတ်မပေးနိုင်ပါ။ သမ္မာတရားကို ကျွန်ုပ် လက်မခံသော်လည်း သူသည် ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် “ကမ္ဘာမြေပေါ်ရှိ ထိုလူ ပြောသည့်အရာများသည် မည်မျှ မှန်ကန်သည်ဖြစ်စေ သမ္မာတရားနှင့်အညီ ဖြစ်သည်ဖြစ်စေ ယင်းတို့သည် သမ္မာတရားမဟုတ်ပါ၊ ကောင်းကင်ဘုံရှိ ဘုရားထံမှ တိုက်ရိုက် မိန့်မြွက်ချက်များသည်သာ သမ္မာတရားဖြစ်သည်။ ကမ္ဘာမြေပေါ်ရှိ ထိုလူက လူတို့ကို မည်သို့ တရားစီရင်ကာ ပြစ်တင်ဆုံးမပြီး ပြုပြင်သည်ဖြစ်စေ၊ သူသည် မဖြောင့်မတ်ပါ၊ ကောင်းကင်ဘုံရှိ ဘုရားသည်သာ ဖြောင့်မတ်သည်”ဟူ၍ အာခံကြလေသည်။ ၎င်းတို့၏ မပြောထားသော သွယ်ဝိုက်ညွှန်းဆိုချက်မှာ အဘယ်နည်း။ “ကမ္ဘာမြေပေါ်ရှိ ဘုရားက ပြောသည့်အရာများသည် မည်မျှ မှန်ကန်သည်ဖြစ်စေ၊ သမ္မာတရားနှင့်အညီဖြစ်သည်ဖြစ်စေ ယင်းတို့သည် သမ္မာတရား မဟုတ်ပါ။ ကောင်းကင်ဘုံရှိ ဘုရားသည်သာ သမ္မာတရားဖြစ်သည်။ ကောင်းကင်ဘုံရှိ ဘုရားသည်သာ အကြီးမြတ်ဆုံး ဖြစ်သည်။ ကမ္ဘာမြေပေါ်ရှိ ဘုရားကလည်း သမ္မာတရားကို ဖော်ပြနိုင်သော်လည်း သူသည် ကောင်းကင်ဘုံရှိ ဘုရားနှင့် ယှဉ်၍မရပါ”ဟူ၍ ဖြစ်၏။ ဤသည်မှာ ၎င်းတို့ ဆိုလိုသည့်အရာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) “ကျွန်ုပ် ယုံကြည်သည့်အရာမှာ ကောင်းကင်ဘုံ၌ရှိသော ဘုရားဖြစ်သည်၊ မြေကြီးပေါ်က ဘုရားမဟုတ်ပါ။ ဤသာမန်လူဖြစ်သည့် သင်က ပြောဆိုသည့်စကားများသည် မည်မျှ မှန်ကန်သည်ဖြစ်စေ၊ သမ္မာတရားနှင့်အညီ ဖြစ်သည်ဖြစ်စေ သင်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရား မဟုတ်ဘဲ ရှိနေဆဲ ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် အရာရာအပေါ် အချုပ်အခြာအာဏာရှိသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် ကျွန်ုပ်၏ ကံကြမ္မာကို ဆုံးဖြတ်သည်။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်သည် ကျွန်ုပ်၏ ကံကြမ္မာကို မဆုံးဖြတ်နိုင်ပါ။ ကမ္ဘာမြေပေါ်ရှိ ဘုရားက ပြောသည့်အရာများသည် သမ္မာတရားနှင့် မည်မျှ ကိုက်ညီသည်ဖြစ်စေ၊ ကျွန်ုပ် လက်ခံမည် မဟုတ်ပါ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားကိုသာ ကျွန်ုပ် လက်ခံပြီး ကျိုးနွံနာခံသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားက ကျွန်ုပ်ကို မည်သို့ဆက်ဆံသည်ဖြစ်စေ၊ ကျွန်ုပ် ကျိုးနွံနာခံပါမည်”ဟူ၍ ဖြစ်သည်။ ဤစကားများသည် အန္တိခရစ်များက ပြုပြင်ခံရသည့်အချိန်တွင် ထုတ်ဖော်ပြသည့် စကားများချည်းသာ ဖြစ်သည်။ ယင်းတို့သည် ၎င်းတို့၏ စိတ်နှလုံးမှလာသော စကားများချည်းသာ ဖြစ်၏။ ၎င်းတို့၏ ဤအူလှိုက်သည်းလှိုက်ဖြစ်သော စကားများသည် ၎င်းတို့၏ စိတ်သဘောထားကို လုံးဝ ကိုယ်စားပြုပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသည့် ၎င်းတို့၏ သဘာဝ အနှစ်သာရကို ထုတ်ဖော်လေသည်။ အန္တိခရစ်များက ဤစကားများကို ထုတ်ဖော်သည့်အခါ ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝက လုံးဝ ဖွင့်ချခြင်းခံရသည်။ ဤစကားများကို ပြောဆိုနိုင်သည့် သူမည်သူမဆိုသည် အန္တိခရစ် အစစ်တစ်ဦးနှင့် စစ်မှန်သော နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်ဟု ပြော၍ရသည်။ အချို့သော အန္တိခရစ်များသည် ပြုပြင်ခံနေရချိန်တွင် ရိုကျိုးခြင်းလည်းမရှိသကဲ့သို့ ခြယ်လှယ်လွန်းခြင်းလည်း မရှိသည့် အလျှော့မပေးသော သဘောထားတစ်ခုကို ပြကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြ သို့မဟုတ် ပြုပြင်ခံရခြင်းကို လက်မခံကြသကဲ့သို့ မိမိတို့ကိုယ်ကိုလည်း အမှန်တကယ် သိရှိလာခြင်း မရှိကြချေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ ထိုခံယူချက်ထဲသို့ တပ်ခေါက်ပြီး ၎င်းတို့၏ မယုံကြည်သူ အနှစ်သာရကို လုံးဝ ဖော်ထုတ်လျက် မိမိတို့ကိုယ်ပိုင် ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် အရေးပါမှုခံစားချက်ကို ခုခံကာကွယ်ရန် ထိုခံယူချက်ကို အသုံးပြုကြသည်။ ၎င်းတို့က လူတိုင်းကို ချေပကာ အနိုင်ယူဖို့နှင့် သမ္မာတရားကို ငြင်းပယ်ပြီး ကမ္ဘာမြေပေါ်ရှိ ဘုရားကို ငြင်းပယ်ဖို့အတွက် “ကျွန်ုပ်သည် လူတစ်ဦးဦးကို မဟုတ်ဘဲ ဘုရားကို ယုံကြည်ခြင်းဖြစ်ပြီး ဘုရားက ဖြောင့်မတ်သည်”ဟူသော စကားများကို အသုံးပြုကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့ကိုယ်ပိုင် အပြစ်များအတွက် ၎င်းတို့၏ တာဝန်ရှိခြင်းကို ဖုံးကွယ်ကာ ရှောင်လွှဲဖို့ရန်လည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရတို့ကို ဖုံးကွယ်ရန်လည်းကောင်း ဤစကားများကို အသုံးပြုကြသည်။ အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင် ဒုစရိုက်အမှုများကို ဖုံးကွယ်ဖို့အတွက် ၎င်းတို့၏ ခံယူချက်နှင့် သဘောတရားများကို အသုံးပြုကြပြီး မိမိတို့ကိုယ်ကို နှစ်သိမ့်ကာ ကာပြောဖို့အတွက်လည်း ယင်းတို့ကို အသုံးပြုကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သို့ နှစ်သိမ့်ကြသနည်း။ ၎င်းတို့က “အဆင်ပြေပါသည်၊ ကမ္ဘာမြေပေါ်ရှိ ဤလူပြောသည့်အရာက အရေးမပါပါ။ သူ ပြောသည့်အရာများက မည်မျှ မှန်ကန်သည်ဖြစ်စေ ငါ လက်ခံမည် မဟုတ်ပါ။ ယင်းတို့ကို ငါ လက်မခံသရွေ့ သူပြောသည့်အရာများက အမှန်တရားများ မဟုတ်သကဲ့သို့ သမ္မာတရားနှင့် မကိုက်ညီပါ။ ထို့ကြောင့် ငါ ပြုမိသည့် မည်သည့် အမှားများ၊ မကောင်းမှုများ သို့မဟုတ် ပြစ်မှားမှုများအတွက်မဆို ငါ တာဝန်ယူဖို့ မလိုအပ်ပါ။ ငါ ကြိုက်သည့်အတိုင်းသာ ငါ လုပ်နိုင်သည်၊ ဟန်ပါပါ ဟိုသည်လျှောက်နိုင်ပြီး ယခင်ကလုပ်ဆောင်ခဲ့သည့်အတိုင်း အမှုအရာများကို ငါ့သဘောဖြင့် ငါ လုပ်နိုင်သည်”ဟု တွေးကြသည်။ ထို့ကြောင့် အန္တိခရစ်များသည် မည်သည့် သို့လောသို့လောဖြစ်ခြင်းမျှ လုံးဝ မရှိဘဲ၊ ရှက်စိတ်တစ်ခုမျှမရှိသေးဘဲ ကောင်းချီးများရဖို့ဖြစ်သော ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ကြံရွယ်ချက်ကို တကယ့် အဆုံးထိတိုင် ဖက်တွယ်ရင်း မိမိတို့လမ်းကြောင်းကို ဤပုံစံဖြင့် ဆက်လျှောက်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝ ဖြစ်သည်။

အန္တိခရစ်တို့ ပြုပြင်ခြင်းခံရသည့်အခါတွင် ၎င်းတို့သည် ထုတ်ဖော်ခြင်းခံရသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရက ဖော်ထုတ်ခံရနိုင်ချေ အရှိဆုံး အချိန်ဖြစ်သည်။ ပထမဦးစွာ သူ၏မကောင်းမှုများကို သူဝန်ချနိုင်သလော။ ဒုတိယအနေဖြင့် သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်နိုင်ပြီး သိမြင်နိုင်သလော။ ပြီးလျှင် တတိယအနေဖြင့် သူသည် ပြုပြင်ခြင်းခံရသောအခါ ဘုရားသခင်ထံမှ ခံယူနိုင်သလော။ ဤတိုင်းတာမှုသုံးခုဖြင့် အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရကို မြင်နိုင်သည်။ လူတစ်ယောက်သည် သူ့အပေါ်သို့ ပြုပြင်ခြင်း ကျရောက်လာသောအခါ ကျိုးနွံနာခံနိုင်လျှင်၊ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်လျှင်၊ ဤသို့ဖြင့် သူကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ချက်များနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိမြင်လာလျှင် ထိုသူသည် သမ္မာတရားကို လက်ခံနိုင်သူဖြစ်သည်။ အန္တိခရစ်တစ်ဦး မဟုတ်ပေ။ ဤအတိုင်းအတာသုံးခုသည် အန္တိခရစ်၌ မရှိသောအရာများ အတိအကျပင် ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် မည်သူကမျှ မမျှော်လင့်ထားသည့် အခြားအရာတစ်ခုကို လုပ်ဆောင်သည်။ ဆိုလိုသည်မှာ ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အချိန်တွင် ၎င်းတို့သည် အခြေအမြစ်မရှိသော တန်ပြန်စွပ်စွဲမှုများ ပြုလုပ်ခြင်းပင် ဖြစ်သည်။ သူ၏ မှားယွင်းလုပ်ဆောင်မှုကို ဝန်ခံပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုရမည့်အစား သူ့အား ပြုပြင်သောသူကို ရှုတ်ချသည်။ ယင်းကို မည်သို့လုပ်ဆောင်သနည်း။ “ပြုပြင်ခြင်းအားလုံးက သေချာပေါက် မှန်နေသည်မဟုတ်။ ပြုပြင်ခြင်းက လူ့ရှုတ်ချမှု၊ လူ့တရားစီရင်မှုသက်သက်ပင်။ ဘုရားကိုယ်စား လုပ်ဆောင်ခြင်း မဟုတ်။ ဘုရားတစ်ပါးတည်းကသာ ဖြောင့်မတ်၏။ အခြားသူများကို ရှုတ်ချသည့် မည်သူမဆို ရှုတ်ချခြင်း ခံရမည်” ဟူ၍ ဆိုသည်။ ဤသည်မှာ အခြေအမြစ်မရှိသော တန်ပြန်စွပ်စွဲမှု မဟုတ်သလော။ ဤသို့သော အခြေအမြစ်မရှိသည့် တန်ပြန်စွပ်စွဲမှုများကို ပြုလုပ်သည်မှာ မည်သို့သောသူဖြစ်သနည်း။ ဆင်ခြင်တုံတရားမဲ့စွာ ဒုက္ခပေးသောသူတစ်ဦးသာလျှင် ဤသို့လုပ်ဆောင်လိမ့်မည်။ ပြီးလျှင် နတ်ဆိုးများနှင့် စာတန်၏ အမျိုးသာလျှင် ဤသို့ ပြုလုပ်လိမ့်မည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူတစ်ယောက်သည် ဤသို့သောအရာကို မည်သည့်အခါမျှ လုပ်ဆောင်မည်မဟုတ်ပေ။ ထို့ကြောင့် ပြုပြင်ခံရသည့်အခါ အခြေအမြစ်မရှိသော တန်ပြန်စွပ်စွဲချက်များ ပြုလုပ်ကြသူများသည် ဆိုးယုတ်သော လူများဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးများသာ ဖြစ်၏။ အန္တိခရစ်များက အခြေအမြစ်မရှိသည့် တန်ပြန်စွပ်စွဲချက်များ ပြုလုပ်ကြသည့်အခါ ၎င်းတို့က မည်သည့်အရာကို မကြာခဏ ပြောဆိုကြသနည်း။ “ဘုရားကို ကျွန်ုပ် ယုံကြည်ပြီး ဘုရားက ဖြောင့်မတ်သည်။ ကျွန်ုပ်သည် လူတစ်ဦးဦးကို မဟုတ်ဘဲ ဘုရားကို ကျိုးနွံနာခံပါသည်။ ပြုပြင်ခြင်းအားလုံးက အစဉ်သဖြင့် သေချာပေါက် မှန်ကန်နေခြင်းမျိုး မဟုတ်ပါ။ ဘုရားက ကျွန်ုပ်ကို ပြုပြင်လျှင် ကျွန်ုပ် လက်ခံမည်ဖြစ်သော်လည်း လူတို့က ကျွန်ုပ်ကို ပြုပြင်လျှင် ကျွန်ုပ် လက်ခံမည် မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ အန္တိခရစ်များပြောကြမည့် ပထမဆုံးသောအရာမှာ “ဘုရားသခင်က ဖြောင့်မတ်သည်”ဟူ၍ဖြစ်သည်။ ၎င်းတို့၏ လေသံက မလိုမုန်းထားသော စိတ်နေစိတ်ထားတစ်ခု သယ်ဆောင်သည်ကို သင် ကြားနိုင်သည်။ ၎င်းတို့ပြောသည့် ဒုတိယအကြောင်းအရာမှာ “ကျွန်ုပ်သည် လူတစ်ဦးဦးကို မဟုတ်ဘဲ ဘုရားကို ကျိုးနွံနာခံသည်”ဟူ၍ ဖြစ်သည်။ ဤစကားနှစ်ခွန်းကို သင်တို့ ကြားဖူးသလော။ (ကြားဖူးပါသည်။) ယင်းတို့ကို သင်တို့ ပြောဖူးကြသလော။ (မပြောဖူးပါ။) လူအများစုက ဤစကားနှစ်ခွန်းကို မပြောဝံ့ကြချေ။ အပြုသဘောဆောင်ပြီး ၎င်းတို့ လက်ခံသင့်သည့် တစ်စုံတစ်ရာဖြစ်သည်ဟု ၎င်းတို့ ယုံကြည်သည့်အရာတစ်ခု ၎င်းတို့အပေါ် ဖြစ်ပျက်သည့်အခါတွင်သာ ၎င်းတို့က “ဘုရားသခင် အမှန်တကယ် ဖြောင့်မတ်ပါသည်။ ကျွန်ုပ်အနေဖြင့် ပြုပြင်ခံရကာ ဆုံးမပဲ့ပြင်ခြင်း ခံရသည်မှာ မှန်ကန်သည်” ဟု ပြောကြပေသည်။ ၎င်းတို့က ထိုအရာကို အပြုသဘောဆောင်သော ပုံစံတစ်ခုဖြင့် လက်ခံကြပြီး မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကို ခုခံကာကွယ်ဖို့ သို့မဟုတ် မိမိတို့ကိုယ်ကို မှန်ကြောင်းပြပြီး ရှင်းပြဖို့အတွက် ဤစကားများကို လုံးဝ အသုံးမပြုကြချေ။ ၎င်းတို့က ဤစကားများနှင့် ဤအမှန်တရားကို လှိုက်လှိုက်လှဲလှဲ အမှန်တကယ် လက်ခံပြီး အသိအမှတ်ပြုကြသည်။ အန္တိခရစ်များ၏ သဘောထားက ကွဲပြားခြားနား၏။ ပြုပြင်ခံရသည့် အခြေအနေတွင် ၎င်းတို့က “ဘုရားကို ကျွန်ုပ် ယုံကြည်ပြီး ဘုရားက ဖြောင့်မတ်သည်။ ကျွန်ုပ်သည် လူတစ်ဦးဦးကို မဟုတ်ဘဲ ဘုရားကို ကျိုးနွံနာခံသည်”ဟု ပြောဖို့အတွက် ဤလေယူလေသိမ်း သို့မဟုတ် ဤကြံရွယ်ချက်မျိုးကို ၎င်းတို့က အသုံးပြုနိုင်ကြလေသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသည့်လူများ ဖြစ်ကြသလော။ သေချာပေါက် မဟုတ်ကြပေ။ ပြုပြင်ခံရခြင်းက ဘုရားသခင်ထံမှ လာပြီး ဘုရားက အသိအမှတ်ပြုထားသည်ကို ၎င်းတို့ ငြင်းကြသည်။ ထိုအရာကို ဘုရားသခင်ထံမှ ၎င်းတို့ ခံယူနိုင်စွမ်းမရှိခြင်းသည် ၎င်းတို့အနေဖြင့် အရာရာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာရှိခြင်းကို အသိအမှတ်မပြုသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်သည်ကို မယုံကြည်ကြကြောင်း လုံးဝ သက်သေပြပေသည်။ သို့ဆိုလျှင် ဘုရားသခင်က ဖြောင့်မတ်သည်ဟု ၎င်းတို့က မည်သို့ အသိအမှတ်ပြုနိုင်ကြသနည်း။ ၎င်းတို့သည် အခြားသူများကို ရှုတ်ချဖို့၊ ၎င်းတို့ သဘောမကျသောသူများ၊ ၎င်းတို့ကို ပြုပြင်သောသူများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သောသူတို့အား ရှုတ်ချဖို့အတွက် အပေါ်ယံအားဖြင့် မှန်ကန်ပုံပေါ်သည့် ဤစကားများကို ၎င်းတို့ သိသာစွာ အသုံးပြုနေကြခြင်း ဖြစ်သည်။ ဤသည်တို့မှာ ဆိုးယုတ်သောလူတို့၏ လုပ်ရပ်များဖြစ်သည် မဟုတ်လော။ ဤသူများသည် ဆိုးယုတ်သောလူများဖြစ်၏။ ဆိုးယုတ်သော လူများသည် အရေးပါသည့် အခိုက်အတန့်များတွင် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သမ္မာတရားကို ဆန့်ကျင်ဖို့ မှန်ကန်သည့် စကားများကို အသုံးပြုကောင်းပြုနိုင်ကြပြီး ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ၊ ၎င်းတို့၏ကိုယ်ပိုင် ပုံရိပ်၊ ၎င်းတို့၏ကိုယ်ပိုင် သဘောသဘာဝနှင့် ဂုဏ်သတင်းတို့ကို ကာကွယ်ဖို့အတွက် မှန်ကန်သော စကားများကို အသုံးပြုကောင်းပြုနိုင်သည်။ ဤသည်မှာ အရှက်မဲ့ဖွယ်ဖြစ်သည် မဟုတ်လော။ “မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာ စေတတ်၏။” (သုတ္တံကျမ်း ၂၁:၂၉) ဤစာကြောင်းသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၌ သိသာထင်ရှားလေသည်။ အန္တိခရစ်များသည် ဤလူစားမျိုးများ ဖြစ်ကြသည်။

အန္တိခရစ်များပြောသည့် နောက်ထပ်အကြောင်းအရာမှာ “ကျွန်ုပ်သည် လူတစ်ဦးဦးကို မဟုတ်ဘဲ ဘုရားကို ယုံကြည်သည်”ဟူ၍ ဖြစ်၏။ ဤစာကြောင်းသည် အပေါ်ယံအားဖြင့် မှားသည်ဟု ထင်ရသလော။ (မထင်ရပါ။) ဘုရားသခင်ကို ယုံကြည်ခြင်းက မှန်ကန်သည်မှာ ပြောစရာမလိုပေ။ တစ်ဦးတစ်ယောက်က လူတစ်ဦးဦးကို ယုံကြည်၍ မရ။ ဤစကားများသည် အလွန် သင့်တင့်လျောက်ပတ်ပြီး မှန်ကန်၏။ ယင်းတို့နှင့်ပတ်သက်၍ မှားယွင်းသည့်အရာ ဘာမျှမရှိပေ။ ကံအကြောင်းမလှစွာပင် အန္တိခရစ်တစ်ဦး၏ နှုတ်မှ လာသည့်အခါတွင် ဤစာကြောင်း၏ အဓိပ္ပာယ်က ပြောင်းလဲသွားလေသည်။ ဤအဓိပ္ပာယ်ပြောင်းလဲခြင်းက မည်သည့်အရာကို ပြသနည်း။ အန္တိခရစ်များက ဒုက္ခပြဿနာမှ လွတ်အောင် အားထုတ်ဖို့နှင့် မိမိတို့ကိုယ်ကို ရှင်းပြဖို့အတွက် မှန်ကန်သည့် စကားများကို အသုံးပြုကြခြင်း ဖြစ်သည်။ ဤစကားများကို ပြောခြင်းနောက်ကွယ်တွင် ၎င်းတို့၏ ကြံရွယ်ချက်မှာ အဘယ်နည်း။ ဤစကားများကို ပြောဆိုခြင်းအတွက် ၎င်းတို့၏ အကြောင်းပြချက်မှာ အဘယ်နည်း။ ထိုအရာက ၎င်းတို့ အနှစ်သာရ၏ မည်သည့် သွင်ပြင်လက္ခဏာကို သက်သေပြသနည်း။ (သမ္မာတရားကို လက်မခံခြင်း၊ သမ္မာတရားကို မုန်းခြင်း ဖြစ်သည်။) မှန်ကန်ပေ၏၊ ၎င်းတို့က သမ္မာတရားကို လက်မခံကြပေ။ သို့ဆိုလျှင် ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်မခံသော်လည်း “ထိုသမ္မာတရားကို ကျွန်ုပ် လက်မခံပါ။ သင် ပြောသည့်အရာက မှန်ကန်လျှင်ပင် ကျွန်ုပ် လက်မခံပါ”ဟု ပွင့်ပွင့်လင်းလင်း ပြောကြလိမ့်မည်လော။ ဤအရာကို ၎င်းတို့ ပြောလျှင် လူတို့က ၎င်းတို့ကို ထိုးထွင်းသိမြင်နိုင်ကြမည်ဖြစ်ပြီး လူတိုင်းက ၎င်းတို့ကို ငြင်းပယ်ကြမည့်အပြင် ၎င်းတို့၏ ခြေကုပ်ကို ထိန်းသိမ်းနိုင်ကြမည် မဟုတ်သောကြောင့် ဤအရာကို ၎င်းတို့ မပြောနိုင်ကြပေ။ ၎င်းတို့က ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးများတွင် ရှင်းလင်းစွာ နားလည်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ လှည့်ဖြားတတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်မှု တည်ရှိသောနေရာ ဖြစ်သည်။ ၎င်းတို့က “သင့်ကို ငါ ပွင့်ပွင့်လင်းလင်း အတိုက်အခံလုပ်လျှင်၊ သင့်ကို ပွင့်ပွင့်လင်းလင်း ကန့်ကွက်ပြီး ဆန့်ကျင်လျှင် သမ္မာတရားကို ငါ လက်မခံဟု သင် ပြောလိမ့်မည်။ ထိုသို့ဖြစ်လျှင် ငါ သမ္မာတရားလက်မခံသည်ကို သင့်အား ငါ မြင်ခွင့်ပေးမည်မဟုတ်ပါ။ ဤကိစ္စရပ်ကို ဖြေရှင်းပြီး မိမိကိုယ်ကို ကာကွယ်ဖို့အတွက် အခြားသောနည်းလမ်းများကို ငါ သုံးမည်”ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့က “ကျွန်ုပ်သည် လူတစ်ဦးဦးကိုမဟုတ်ဘဲ ဘုရားကို ယုံကြည်သည်”ဟု ပြောကြသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ လူတစ်ဦးဦးကို ယုံကြည်သည်ဖြစ်စေ ဤနေရာတွင် ငါတို့ စိစစ်နေသည့်အရာမှာ အန္တိခရစ်များက သမ္မာတရားကို လက်ခံခြင်း ရှိမရှိဖြစ်သည်။ ၎င်းတို့သည် ဤအရာကို ပြောဆိုခြင်းအားဖြင့် အယူအဆများကို ရောထွေးစေကြခြင်း မဟုတ်လော။ ၎င်းတို့သည် အယူအဆများကို ရောထွေးစေပြီး လူတို့ကို တမင် အထင်အမြင်မှားစေဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။ သမ္မာတရားအား ၎င်းတို့ လက်ခံခြင်းမရှိသည်ကို လူတို့ မမြင်အောင် တားဆီးဖို့အတွက်၊ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို အသိအမှတ်ပြုပြီး သမ္မာတရားကို အသိအမှတ်ပြုကြောင်း၊ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ယုံကြည်ကြောင်းနှင့် ဘုရားသခင်က သမ္မာတရားဖြစ်သည့်အတွက်၊ လူတစ်ဦး ဖြစ်မလာနိုင်သည့်အပြင် သူ လူတစ်ဦးဖြစ်လာလျှင် သူ့ထံ၌ သမ္မာတရား မရှိကြောင်း၊ ပြီးလျှင် ထိုလူသည် ဘုရားသခင် မဟုတ်ကြောင်းတို့ကို ပြောဆိုကြသည်။ ဤအရာကို အခြေခံ၍ အကဲဖြတ်သော် ၎င်းတို့သည် အန္တိခရစ်များအဖြစ် ထုတ်ဖော်ခြင်းခံရပြီးသား ဖြစ်သည် မဟုတ်လော။ ဘုရားသခင်က ခရစ်တော် ဖြစ်လာနိုင်သကဲ့သို့ သာမန်လူတစ်ဦး ဖြစ်လာနိုင်သည်ကို ၎င်းတို့က တကယ်ပင် အသိအမှတ်မပြုကြပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၊ မြင်၍မရနိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင်ပြ၍မရသည့်အပြင် ထင်ရာမြင်ရာ စိတ်ကူး၍ရပြီး လူ၏ အသုံးပြုခြင်းခံရနိုင်သည့် ဘုရားသခင်သည်သာ ဘုရားသခင်ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤအမြင်နှင့် ပေါလု၏ အမြင်တို့ကြားတွင် တူညီမှုများ ရှိသလော။ (ရှိပါသည်။) ကမ္ဘာမြေပေါ်ရှိ ခရစ်တော်အပေါ် ပေါလု၏ သဘောထားမှာ အဘယ်နည်း။ ပေါလုက သူ့ကို အသိအမှတ်ပြုခဲ့သလော။ သူ့ကို လက်ခံခဲ့သလော။ (လက်မခံခဲ့ပါ။) ပေါလုက “ခရစ်တော်သည် အသက်ရှင်သော ဘုရား၏ သားတော်ဖြစ်ပြီး ကျွန်ုပ်တို့သည်လည်း အသက်ရှင်သော ဘုရား၏ သားများဖြစ်သည်။ ဤအရာက ကျွန်ုပ်တို့သည် ခရစ်တော်၏ ညီအစ်ကို မောင်နှမများချည်းသာဖြစ်ပြီး ဝါရင့်မှုအရ ကျွန်ုပ်တို့အားလုံး တန်းတူရည်တူ ဖြစ်ကြသည်ဟု ဆိုလိုသည်။ ကျွန်ုပ်တို့ ယုံကြည်သည့်ဘုရားသည် ကောင်းကင်ဘုံတွင်ရှိသည်။ ကမ္ဘာမြေပေါ်တွင် ဘုရားမရှိပါ။ ထို့ကြောင့် အထင်မလွဲကြနှင့်၊ ကမ္ဘာမြေပေါ်၌ရှိသော ဤလူသည် ခရစ်တော်ဖြစ်သည်၊ ဘုရား၏ သားဖြစ်သည်။ သူသည် ဘုရားနှင့် မတူပါ။ ကောင်းကင်ဘုံရှိ ဘုရားကို သူ ကိုယ်စားမပြုနိုင်ပါ။ လူသည် သူ့ကို သမ္မာတရားအဖြစ် သဘောထား၍မရနိုင်သကဲ့သို့ လူသည် သူ့နောက်လိုက်ဖို့ မလိုအပ်ပါ”ဟု ပြောခဲ့သည်။ “လူတစ်ဦးဦးကို မဟုတ်ဘဲ ဘုရားကို ကျွန်ုပ် ယုံကြည်သည်”ဟူသည့် အန္တိခရစ်များပြောသည့် စကားများမှ မည်သည့်အရာကို ငါတို့ စိစစ်နိုင်ကြသနည်း။ ပေါလုကဲ့သို့ပင် ၎င်းတို့သည် ကောင်းကင်ဘုံရှိ မရေရာသော ဘုရားသခင်ကိုသာ အသိအမှတ်ပြုကြပြီး ခရစ်တော်က ဘုရားသခင်ဖြစ်သည်ကို အသိအမှတ်မပြုကြပေ။ တစ်နည်းအားဖြင့် ဘုရားသခင်က လူ့ဇာတိခံယူပြီးဖြစ်ကာ သာမန်လူတစ်ဦး ဖြစ်လာပြီးဖြစ်သည်ကို ၎င်းတို့ အသိအမှတ်မပြုကြပေ။ ဤအခြေအနေတွင် အန္တိခရစ်များသည် ပေါလုနှင့် အတိအကျ တူညီကြသည်။ ၎င်းတို့၏ ဆိုလိုရင်းမှာ “ဘုရားကို သင်တို့ ယုံကြည်လျှင် လူတစ်ဦးဦးကို မဟုတ်ဘဲ ဘုရားကို ယုံကြည်ကြလော့။ လူတစ်ဦးဦးကို ယုံကြည်ခြင်းက အချည်းနှီးဖြစ်သည်။ လူတစ်ဦးဦးကို ယုံကြည်ခြင်းမှ သင် ကောင်းချီးများ မရရှိနိုင်ပါ။ ဘုရားကို ယုံကြည်ဖို့အတွက် သင့်အနေဖြင့် ကောင်းကင်ဘုံ၌ရှိသော ဘုရား၊ မြင်၍မရနိုင်သည့် ဘုရားကို ယုံကြည်ရမည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသည် အလွန်ကြီးမြတ်ပြီး အလွန်တန်ခိုးကြီးသည်။ ကမ္ဘာမြေပေါ်ရှိ ဘုရားက မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သမ္မာတရားအချို့ကိုသာ သူ ဖော်ပြနိုင်ပြီး မှန်ကန်သည့် စကားအချို့ကိုသာ ပြောနိုင်သည်”ဟူ၍ ဖြစ်၏။ ဤစကားများကို အခြေခံ၍ ၎င်းတို့၏ အနှစ်သာရကို ငါတို့ စိစစ်ကာ အကဲဖြတ်လျှင် ၎င်းတို့သည် ခရစ်တော်ကို အတိုက်အခံ လုပ်နေခြင်းဖြစ်သည်၊ ခရစ်တော်ကို အသိအမှတ်မပြုကြသကဲ့သို့ ဘုရားသခင်က လူ့ဇာတိခံယူပြီးဖြစ်သည်ဟူသည့် အချက်ကို ငြင်းပယ်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် လုံးလုံးလျားလျား အန္တိခရစ်များ ဖြစ်ကြလေသည်။

အန္တိခရစ်များ ပြုပြင်ခံရသည့်အခါ၊ ဆုတ်ဆိုင်းမှုများကို ၎င်းတို့ ကြုံရသည့်အခါနှင့် တစ်စုံတစ်ဦးက ၎င်းတို့ကို ဖော်ထုတ်သည့်အခါတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ခုခံပြောဆိုဖို့၊ ၎င်းတို့အပေါ် အခြားလူ၏ ဖော်ထုတ်ခြင်းကို ငြင်းပယ်ဖို့နှင့် ၎င်းတို့အပေါ် အခြားလူ၏ ပြုပြင်ခြင်းကို ငြင်းပယ်ဖို့အတွက် “ဘုရားက ဖြောင့်မတ်သည်”ဟူသည့် စကားရပ်ကို အသုံးပြုကြလေသည်။ မည်သည့်အရာဖြစ်စေ၊ ၎င်းတို့ ပြုပြင်ခံရသည့်အခါ ၎င်းတို့၏ အဓိက သဘောထားမှာ မိမိတို့ကိုယ်ကို ရှင်းပြကာ ခုခံကာကွယ်ဖို့ အစွမ်းကုန်လုပ်ဆောင်ရင်း အာခံခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် လက်မခံခြင်း သဘောထားတစ်ခု ဖြစ်သည်။ အချို့က “အချိန်က အရာရာကို ထုတ်ဖော်ပြလိမ့်မည်။ ဘုရားက ဖြောင့်မတ်သည်။ ဘုရားက တစ်နေ့တွင် ဤအရာကို ကျွန်ုပ်အတွက် ထုတ်ဖော်ပါစေ”ဟုပင် ပြောကြသည်။ ဖောက်ပြန်ပျက်စီးသော လူများဖြစ်လျက်ဖြင့် ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်း လမ်းကြောင်းတွင် ဘုရားအိမ်တော်၏ အလုပ်ကို မည်မျှကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်ဖြစ်စေ၊ ၎င်းတို့က ဤအရာကို ဂရုစိုက်ခြင်းမရှိ၊ သို့မဟုတ် အလေးဂရုပြုခြင်းတစ်ခုမျှ မရှိကြချေ။ ဤအမှန်တရား ဖော်ထုတ်ခံရလျှင် ဤဆုံးရှုံးမှုများကို ၎င်းတို့ ဖြစ်စေခဲ့ခြင်းဖြစ်ကြောင်းကို ၎င်းတို့ အသိအမှတ်မပြုကြသေးသကဲ့သို့ တာဝန်ယူဖို့ မလိုမလားဖြစ်နေကြသည်။ အဆုံးတွင် ၎င်းတို့ကို အစေခံဖို့နှင့် ၎င်းတို့အမှားများ ပြုမိသည့်အခါ ၎င်းတို့ကို ခုခံကာကွယ်ပေးဖို့ ဘုရားသခင်ရှိနေသည့်အလား၊ သူက ထိုဘုရားမျိုး ဖြစ်သည့်အလား ၎င်းတို့က ဘုရားသခင်အား ၎င်းတို့အတွက် ဤအရာကို ထုတ်ဖော်စေချင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြ၊ ပြုပြင်ခံရခြင်းကို လက်မခံနိုင်ကြသကဲ့သို့ မိမိတို့ကိုယ်ကို မသိရှိနိုင်ကြသော်လည်း ထိုမျှသာ မဟုတ်ပေ။ ၎င်းတို့အတွက် ရှင်းပြချက်များနှင့် ကျိုးကြောင်းပြချက်များ ပေးဖို့အတွက် ဘုရားသခင်ကိုပင် ၎င်းတို့ တောင်းဆိုကြသည်။ ဤသည်မှာ ရှက်ဖွယ်ကောင်းသောအရာတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အလွန်ရှက်ဖွယ်ကောင်းပေသည်။ အန္တိခရစ်များသည် လွန်လွန်ကဲကဲ အရှက်မဲ့သူများချည်းသာ ဖြစ်ပြီး လွန်လွန်ကဲကဲလည်း ကောက်ကျစ်ဆိုးယုတ်ကြသည်။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ အန္တိခရစ်များအနေဖြင့် ၎င်းတို့ ပြုပြင်ခံရသည့်အခါ မည်သည့် စကားနှစ်ခွန်းကို မကြာခဏ ပြောဆိုကြသနည်း။ (“ကျွန်ုပ်သည် လူတစ်ဦးဦးကို မဟုတ်ဘဲ ဘုရားကို ယုံကြည်သည်” “ဘုရားသခင်က ဖြောင့်မတ်သည်”ဟူ၍ ဖြစ်သည်။) ဤသည်တို့မှာ ၎င်းတို့ အသုံးပြုနေကျ ဆိုရိုးနှစ်ခုဖြစ်သည်။ မှားယွင်းသည့် အခြားမည်သည့်အကြောင်းပြချက်မျိုးကိုမျှ ၎င်းတို့ မဟနိုင်ကြချေ။ ထိုသို့ ၎င်းတို့ မလုပ်ဝံ့ကြချေ။ ၎င်းတို့သည် မှားယွင်းသည့်အရာ တစ်စုံတစ်ခုကို မှန်ကန်သည့်အရာတစ်ခုအဖြစ်သို့ ပြောင်းလဲဖို့၊ ကောက်ကျစ်ဆိုးယုတ်သည့် အရာတစ်ခုကို တရားမျှတသည့် အရာတစ်ခုအဖြစ်သို့ ပြောင်းလဲဖို့၊ ၎င်းတို့ ဖြစ်စေမိပြီးဖြစ်သည့် ၎င်းတို့၏ အမှားများနှင့် ဆုံးရှုံးမှုများကို တရားသောအရာတစ်ခုအဖြစ်သို့ ပြောင်းလဲဖို့အတွက် ကြိုးစားရင်း လူတို့ကို အထင်အမြင်မှားစေရန်၊ မိမိတို့ကိုယ်တိုင်အတွက် မတော်တရော် ငြင်းခုံရန် မှန်ကန်သည့် ပြောဆိုချက်နှစ်ခုကို အသုံးပြုကြသည်။ ၎င်းတို့သည် ဤအရာများအားလုံးကို ကလောင်တစ်ချက်ဖြင့် ဆုံးရှုံးမှုအဖြစ် ပယ်ဖျက်လိုက်ရန်၊ ယင်းတို့ကို လုံးဝ ဖျက်လိုက်ပြီး မတည်ရှိသည့်ဟန်ဆောင်ဖို့အတွက် ဤစကားနှစ်ခွန်းကို အသုံးပြုချင်ကြပြီး ၎င်းတို့ အမြဲ ယုံကြည်ပြီးသည့်အတိုင်း ဆက်လက်ယုံကြည်ကြလေသည်။ အန္တိခရစ်များ၏ ဤသရုပ်သကန်တွင် နောင်တတရားရှိသလော။ (မရှိပါ။) ၎င်းတို့ နောင်တမရသည်သာမက အန္တိခရစ်များ၏ နောက်ထပ် သရုပ်သကန်ဖြစ်သည့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ မာနထောင်လွှားမှု၊ ကောက်ကျစ်ဆိုးယုတ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကိုလည်း ပေါ်လွင်စေကြသည်။ ၎င်းတို့က “သင်သည် လူတစ်ဦးသာဖြစ်သည်၊ သင့်ကို ငါ မကြောက်ပါ”ဟု စဉ်းစားလျက် ၎င်းတို့ကို ပြုပြင်ပေးနေသူ မည်သူကိုမဆို ၎င်းတို့ အထင်သေးကြသည့်အချက်တွင် ၎င်းတို့၏ မာနထောင်လွှားမှုက ပေါ်လွင်ပေသည်။ ဤသည်မှာ မာနထောင်လွှားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်မှုက မည်သည့်နည်းလမ်းဖြင့် ထင်ရှားသနည်း။ (အခြေအမြစ်မရှိသည့် တန်ပြန်စွပ်စွဲချက်များကို ပြုလုပ်ခြင်းဖြစ်သည်။) အခြေအမြစ်မရှိသည့် တန်ပြန်စွပ်စွဲချက်များကို ပြုလုပ်ခြင်းသည် သွင်ပြင်လက္ခဏာတစ်ခုဖြစ်ပြီး နောက်ထပ် သွင်ပြင်လက္ခဏာမှာ မိမိတို့ကိုယ်ကို ရှင်းပြဖို့၊ မှန်ကြောင်းပြဖို့နှင့် ခုခံကာကွယ်ဖို့အတွက် မှန်ကန်သည့် စကားများကို အသုံးပြုခြင်း ဖြစ်သည်။ ဤအရာအတွင်းတွင် အခြားမည်သည့် စိတ်သဘောထား တည်ရှိသနည်း။ အခြေအမြစ်မရှိသည့် တန်ပြန်စွပ်စွဲချက်များကို ပြုလုပ်ခြင်းသည်လည်း ရက်စက်၏။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို အန္တိခရစ်များက အသိအမှတ်မပြုကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့၏ ဤအနှစ်သာရကို ဖော်ထုတ်လျှင် သမ္မာတရားကို ၎င်းတို့ အသိအမှတ်မပြုသည့်အချက်အား ၎င်းတို့ လက်မခံဘဲရှိကြနေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သုံးသပ်ဆင်ခြင်ခြင်းမရှိသကဲ့သို့ သိရှိရန် မကြိုးစားကြပေ။ ထိုအစား အခြားသူတို့ကို ရှုတ်ချဖို့အတွက် အခြေအမြစ်မရှိသည့် တန်ပြန်စွပ်စွဲချက်များကို ၎င်းတို့ ပြုလုပ်ပြီး မှန်ကန်ကာ နားကြားကောင်းသည့်စကားများကို အသုံးပြုကြသည်။ အခြားသူတို့ကို ရှုတ်ချဖို့ ၎င်းတို့ အသုံးပြုသည့် နည်းလမ်းများနှင့် ဆိုရိုးများမှာ မသိမသာ ဒုက္ခပေးသည့်အပြင် ကောက်ကျစ်ဆိုးယုတ်ခြင်းလည်းရှိသည်။ အခြားလူများက ၎င်းတို့ နောက်ထပ် မည်သည့်အရာ ပြောမည်ကို မသိသကဲ့သို့ ၎င်းတို့ကို ဘာမျှမလုပ်ဆောင်နိုင်ဖို့အလို့ငှာ ၎င်းတို့သည် အခြားသူတို့ကို ရှုတ်ချပြီး နှုတ်ဆိတ်သွားစေဖို့အတွက် မည်သည့် စကားလုံးများ အသုံးပြုရမည်ကို သိကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ၎င်းတို့၏ ဤနည်းလမ်းနှင့် လက်တွေ့လုပ်ဆောင်မှုသည် လုံးလုံးလျားလျား ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသည်တို့မှာ အန္တိခရစ်များ ပြုပြင်ခံရသည့် ကိစ္စရပ်မှ ငါတို့ စိစစ်နိုင်သည့် အန္တိခရစ်များ၏ စိတ်သဘောထားအချို့ ဖြစ်သည်။ အန္တိခရစ်များ၏ ဤစိတ်သဘောထားများနှင့် ထုတ်ဖော်ပြချက်များသည် ငါတို့ ယခင်က ပြောဆိုခဲ့ကြသည့် အချက်လေးချက်နှင့် ကိုက်ညီသည် မဟုတ်လော။ (ကိုက်ညီပါသည်။) ထိုအချက်လေးချက်မှာ အဘယ်နည်း။ (အချက်တစ်မှာ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့ မယုံကြည်သကဲ့သို့ အသိအမှတ်ပြုရန် ငြင်းဆန်ကြသည်။ အချက်နှစ်မှာ ၎င်းတို့နှင့်အတူ ဘုရားနှုတ်ကပတ်တော်ကို သင် မိတ်သဟာယပြုပြီး ၎င်းတို့က သမ္မာတရားကို နားလည်နိုင်လျှင်ပင် လက်မခံကြပေ။ အချက်သုံးမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ၎င်းတို့ ကျိုးနွံနာခံရန် ငြင်းဆန်ကြသည်။ အချက်လေးမှာ ၎င်းတို့ မည်သည့်အခါမျှ အမှန်တကယ် နောင်တမရကြပေ။) မယုံကြည်ခြင်း၊ လက်မခံခြင်း၊ ကျိုးနွံနာခံမှုမရှိခြင်းနှင့် နောင်တမရခြင်းဟူသော ဤ “မဟုတ်ခြင်း လေးခု”သည် အန္တိခရစ်များ၏ အနှစ်သာရကို ကိုယ်စားပြု၏။ အန္တိခရစ်များက သမ္မာတရားကို လုံးဝ လက်ခံကြလိမ့်မည် မဟုတ်သကဲ့သို့ အမှန်တရားရှေ့တွင် မည်သည့်အခါတွင်မျှ ဦးညွှတ်ကြလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ခေါင်းမာသော နောင်တမရခြင်းဖြစ်ပြီး အန္တိခရစ်များ၏ သဘာဝမှ ထွက်လာသည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များက ပြုပြင်ခံရခြင်းအား သဘောထားပြုမူပုံနှင့်ဆိုင်သည့် ပထမဆုံး သရုပ်သကန်ဖြစ်သည်။ အန္တိခရစ်များက တူညီသည့် စိတ်သဘောထား အနှစ်သာရ ရှိကြသော်လည်း ၎င်းတို့၏ နှုတ်များမှလာသည့် ကျော်ကြားသော ဆိုရိုးများနှင့် ကြီးမြတ်သော ဆောင်ပုဒ်များသည် သေချာပေါက် အတိအကျ မတူညီကြပေ။ တစ်ခါတစ်ရံ အန္တိခရစ်များက ဤအရာကို ပြောကောင်းပြောနိုင်ပြီး တစ်ခါတစ်ရံတွင် ထိုအရာကို ပြောကောင်းပြောနိုင်သည်။ သို့သော် ၎င်းတို့၏ နှုတ်များမှ မည်သည့် စကားမျိုး ထွက်လာသည်ဖြစ်စေ ယင်း၏ ထူးခြားသောလက္ခဏာများနှင့် အနှစ်သာရတို့က အတူတူပင် ဖြစ်လိမ့်မည်။ ၎င်းတို့ စကားများ၏ အနှစ်သာရသည် သမ္မာတရားကို လက်မခံသည့် အနှစ်သာရ ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို လက်မခံလျှင် ၎င်းတို့၏ ဤစကားများက မည်သည့်အရာများသာ ဖြစ်သနည်း။ သမ္မာတရားနှင့်ကိုက်ညီသော စကားများဖြစ်သလော။ လူသား စကားများလော သို့မဟုတ် လူ့ကျင့်ဝတ်များနှင့် ကိုက်ညီသည့် စကားများလော။ ယင်းတို့သည် အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီသည့် စကားများဖြစ်သလော။ (နတ်ဆိုးဆန်သော စကားများဖြစ်သည်။) မှန်ပေ၏။ ယင်းတို့ကို အနှစ်မဲ့သော စကားများ သို့မဟုတ် နားဝေတိမ်တောင်ဖြစ်ရသော စကားများဟု ခေါ်ဆိုခြင်းက ယင်းတို့ကို အတော်ပင် တိကျမှန်ကန်စွာ စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းမရှိဘဲ ယင်းတို့က နတ်ဆိုးဆန်သော စကားများဖြစ်သည်ဟု ပြောခြင်းသည် ပြဿနာကို ရှင်းပြပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။