အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၈) အခန်း နှစ်

အန္တိခရစ်များ ပြုပြင်ခံရသည့်အခါ၊ ညီအစ်ကို မောင်နှမများ၏ ဝေဖန်ခြင်းနှင့် ဖော်ထုတ်ခြင်းကို ၎င်းတို့ ခံရသည့်အခါ အခြား မည်သည့်စကားများကို ၎င်းတို့ ပြောကြသနည်း။ အချို့သော အန္တိခရစ်များက အမှားတစ်ခု ပြုမိကြသည် သို့မဟုတ် လူတို့ကို အထင်အမြင်မှားစေဖို့ နတ်ဆိုးဆန်သော စကားအချို့ကို ပြောကြသည်။ ဤအရာကို ညီအစ်ကို မောင်နှမများက မြင်သည့်အခါ ၎င်းတို့ကို မယုံကြည်ရသည့်အပြင် လှည့်ဖြားတတ်သောသူအဖြစ် ဖော်ထုတ်လျက် ဝေဖန်ပြီး ပြုပြင်ကြသည်။ ၎င်းတို့အနေဖြင့် အပြင်ပန်းတွင် အာခံတတ်ခြင်း မရှိသော်လည်း စိတ်ထဲတွင်မူ “သင် မည်သည့်အရာကို သိသနည်း။ သင်သည် ငါ့လောက် နှံ့စပ်သလော။ ဘုရားကို ငါ့လောက် နှစ်များစွာ သင် ယုံကြည်ပြီးဖြစ်သလော။ ဘုရားကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးပြီနည်း။ ငါသည် သင့်အဆင့်အတိုင်း လိုက်နိမ့်ပေးမည် မဟုတ်”ဟု ပြောသည့်အလား အတိုက်အခံ ဖြစ်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို ပြုပြင်နေချိန်တွင် မယုံရသည့် သဘောထားတစ်ခုကို ခံယူကောင်းခံယူကြမည်ဖြစ်သည်။ အပြင်ပန်းအားဖြင့် ထိုသူများအား နှပ်ချကာ ကြားကောင်းသော စကားများကို ပြောဆိုသော်လည်း လက်စားချေဖို့ အခွင့်အရေးတစ်ခုကို ရှာဖွေလျက် တိတ်တဆိတ် မကျေမနပ်ဖြစ်ပြီး အာခံကြလေသည်။ ၎င်းတို့ကို ပြုပြင်သည်မှာ သာမန် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး ဖြစ်လျှင် အန္တိခရစ်များက ထိုမျှ ကောင်းမွန်စွာ မပြုမူကြ။ ၎င်းတို့ ဒေါသထွက်လာလိမ့်မည်ဖြစ်ပြီး စိတ်တိုလာကြလိမ့်မည်ဖြစ်ကာ တန်ပြန်တိုက်ခိုက်ပြီး လက်တုံ့ပြန်ကြလိမ့်မည်။ ၎င်းတို့ တန်ပြန်တိုက်ခိုက်ပြီး လက်တုံ့ပြန်ကြသည့်အခါ “သင်သည် ကျွန်ုပ်ကို ပြုပြင်ဖို့ ဝါနုပါသေးသည်။ ဘုရားကို ကျွန်ုပ် မယုံကြည်ခဲ့လျှင် မည်သူ့ကိုမျှ ကြောက်ရွံ့မည် မဟုတ်ပါ”ဟူသကဲ့သို့သော အရာတစ်ခုကို မကြာခဏ ပြောဆိုကြသည်။ ဤစကားများနှင့်ပတ်သက်၍ မှားယွင်းသည့်အရာ တစ်ခုတလေ ရှိသလော။ ဤသည်တို့မှာ ဘာသာတရားမရှိသူများနှင့် တကယ့်ကို ယုတ်ညံ့သောလူတို့ ပြောလေ့ရှိသည့် စကားမျိုးဖြစ်သည်။ အသင်းတော်တွင် ဤအရာကို အဘယ်သို့ဖြစ်ပြီး ကြားရသနည်း။ ဤကဲ့သို့ ပြောဆိုနိုင်သည့်လူများသည် တစ်မူထူးခြားသောအဖွဲ့တစ်ခု ဖြစ်ပြီး ဤတစ်မူထူးခြားသော အဖွဲ့က တစ်မူထူးခြားသော ပင်ကိုစရိုက်တစ်ခု ပိုင်ဆိုင်သည်။ ၎င်းတို့၏ ပင်ကိုစရိုက်က အဘယ်သို့ တစ်မူထူးခြားသနည်း။ ထိုသို့သောလူများသည် အသင်းတော်အတွင်းတွင် ဝါရင့်မှုနှင့်ပတ်သက်ပြီး မကြာခဏ စဉ်းစားကြသည်။ လူတိုင်းကို ၎င်းတို့ထက် နိမ့်ကျသည့်အလား မြင်ကြသည်၊ လူတိုင်းကို မနှစ်သက်ကြသကဲ့သို့ လူတိုင်းကို ဩဝါဒခြွေချင်ကြသည်၊ ညှဉ်းပန်းချင်ကြပြီး ကြိုးကိုင်ညွှန်ကြားချင်ကြသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်သော်လည်း ၎င်းတို့၏ တွဲဖက်ဖြစ်ဖို့ မည်သူမျှ အရည်အချင်း ပြည့်မီခြင်းမရှိဟု ၎င်းတို့က တွေးထင်ကြသည်။ လူတို့က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ပြီး သမ္မာတရားနှင့် မကိုက်ညီသည့် ၎င်းတို့ ပြသခဲ့သည့် စကားများနှင့် လုပ်ရပ်များကို ပြုပြင်ပေးလျက် ၎င်းတို့ကို ညီအစ်ကို မောင်နှမများကဲ့သို့ ဆက်ဆံပြီး ၎င်းတို့နှင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးမှုများ ရှိသည့်အခါ ၎င်းတို့ထံမှ ဤမာနထောင်လွှားသော စကားများ ထွက်လာကြသည်မှာ မဆန်းပေ။ ၎င်းတို့က ဘုရားအိမ်တော်ကို လူ့အဖွဲ့အစည်း အဖြစ်လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ်လည်းကောင်း သဘောထားကြပြီး အသင်းတော်၏ ညီအစ်ကို မောင်နှမများကို မိမိတို့၏ အငယ်တန်းများအဖြစ် သဘောထားကြသည်။ ညီအစ်ကို မောင်နှမများက လူ့အဖွဲ့အစည်းနှင့်ဆိုင်သည့် ကိစ္စရပ်များကို အနည်းအကျဉ်းသာ သိပြီး အပေါ်ယံဆန်သော သိနားလည်မှုတစ်ခုသာ ပိုင်ဆိုင်သည်၊ လူ့အဖွဲ့အစည်း၏ အောက်ဆုံးတွင်ရှိကြသည်၊ အခြားသူများ၏ အထင်သေးခြင်း၊ ပေါ့ပြက်ပြက်ဆက်ဆံခြင်းနှင့် နင်းချေခြင်းတို့ကို ခံရမည့်သူများဖြစ်သည်ဟု ၎င်းတို့က စဉ်းစားကြသည်။ ညီအစ်ကို မောင်နှမများအားလုံးသည် အနိုင်ကျင့်ပြီး ပေါ့ပြက်ပြက်ဆက်ဆံဖို့ လွယ်ကူကြပြီး ၎င်းတို့က ထိုသို့သော လူစားမျိုး ဖြစ်လိမ့်မည်မဟုတ်ဟု တွေးထင်ကြသည်။ ထို့ကြောင့် ၎င်းတို့ကို ပြုပြင်ပြီး ဖော်ထုတ်သောသူ မည်သူမဆိုသည် ၎င်းတို့ကို အနိုင်ကျင့်နေခြင်း၊ သေးသိမ်စေခြင်းနှင့် ဖယ်ကြဉ်နေကြခြင်းဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “သင် ငါ့ကို ညှဉ်းပန်းပြီး အနိုင်ကျင့်နိုင်မည်ဟု မထင်နှင့်။ သင်သည် ဝါနုပါသေးသည်”ဟူ၍ သတိထားရှောင်နှင့်ကြပြီးဖြစ်သည်။ ဤသည်မှာ “သူရဲကောင်းဆန်သည့် စိတ်ဓာတ်”တစ်ခုရှိသော တစ်စုံတစ်ဦးက ပြောမည့်အရာတစ်ခု ဖြစ်သည် မဟုတ်လော။ ကံအကြောင်းမလှစွာပင် ဤစကားများသည် သမ္မာတရား မဟုတ်ပေ။ သင့်တွင် စိတ်ဓာတ် သို့မဟုတ် ကိုယ်ကျင့်သိက္ခာမည်မျှ ရှိသည်ဖြစ်စေ သင့်ကို ဘုရားသခင်က အသိအမှတ်ပြုလိမ့်မည် မဟုတ်။ ဘုရားသခင်သည် ထိုသို့သော စိတ်သဘောထားများနှင့် ဤစကားများကို ပြောသည့် လူများအား စက်ဆုပ်၏။ ဘုရားသခင်ရှေ့မှောက်၌ ဤအရာမျိုးများကို ပြောဆိုသည့်လူများသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ပစ်ပယ်ခြင်းကို ခံရကြသည်။ ဤစကားများကို သမ္မာတရားဖြစ်သည့်အလား စွဲကိုင်သောလူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လုံးဝ မခံရနိုင်ပေ။ ထို့ကြောင့် နောက်ထပ် ကြည့်လိုက်ကြစို့၊ ဤစကားများနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းသနည်း။ လူတိုင်းသည် သမ္မာတရားရှေ့မှောက်တွင် တန်းတူညီမျှဖြစ်ပြီး ဘုရားအိမ်တော်၌ မိမိတို့တာဝန်များကို ထမ်းဆောင်သောသူတို့အတွက် အသက်အရွယ်တွင်ဖြစ်စေ၊ နိမ့်ကျမှုနှင့် မြင့်မြတ်မှုတွင်ဖြစ်စေ ခြားနားချက်များ မရှိပေ။ လူတိုင်းသည် မိမိတို့တာဝန်ရှေ့မှောက်တွင် တန်းတူဖြစ်သည်။ မတူကွဲပြားသည့် အလုပ်များကို ၎င်းတို့ လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ မည်သူက ဝါရင့်မှုရှိသည်ဟူသည်အရမူ ၎င်းတို့ကြားတွင် ခြားနားချက်များ မရှိပေ။ သမ္မာတရားရှေ့မှောက်တွင် လူတိုင်း နှိမ့်ချမြဲနှိမ့်ချနေသင့်သည်၊ ကျိုးနွံနာခံပြီး လက်ခံတတ်သော စိတ်နှလုံး ရှိမြဲရှိနေသင့်သည်။ လူတို့အနေဖြင့် ဤဆင်ခြင်တုံတရားနှင့် ဤသဘောထား ပိုင်ဆိုင်သင့်သည်။ ထို့ကြောင့် “သင်သည် ကျွန်ုပ်ကို ပြုပြင်ဖို့ ဝါနုပါသေးသည်”ဟုပြောသည့်လူများသည် လူ့အဖွဲ့အစည်း၏ သဘောထား၊ အတွေးအမြင်စနစ်နှင့် ယုတ်ညံ့မှုတို့ဖြင့် ပြည့်နေကြသည် မဟုတ်လော။ ၎င်းတို့က ဘုရားအိမ်တော်ကို လူ့အဖွဲ့အစည်းအဖြစ် သဘောထားကြသည်။ ဘုရားအိမ်တော်၏ ညီအစ်ကို မောင်နှမများကို လူ့အဖွဲ့အစည်း၏ အောက်ဆုံးအဆင့်တွင်ရှိသည့် ခုခံနိုင်စွမ်းမရှိသော အုပ်စုတစ်စုအဖြစ် သဘောထားကြပြီး မိမိတို့ကိုယ်ကို အရာရာ၏ ဆရာကြီး၊ မည်သူမျှ ထိ၍မရ သို့မဟုတ် ရန်စ၍မရသည့်အပြင် မိမိတို့ကို ဖော်ထုတ်ကာ ပြုပြင်သည့်သူတို့အတွက် အသေအချာပင် အကျိုးယုတ်သော အဆုံးသတ်များ ဖြစ်စေသည့် သူတစ်ဦးအဖြစ် သဘောထားကြသည်။ ဘုရားအိမ်တော်သည် လူ့အဖွဲ့အစည်းနှင့် အတူတူပင်ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြပြီး အလျှော့မပေးသည့်အပြင် ခြယ်လှယ်လွန်းသောသူ မည်သူမဆို ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ ရက်စက်၊ ကြမ်းကြုတ်ကာ ဆိုးယုတ်သောသူတို့ကို မည်သူကမျှ ထိပါးရဲလိမ့်မည် မဟုတ်ကြောင်း ၎င်းတို့ တွေးထင်ကြပြီး ပြုပြင်ခြင်းကို လက်ခံသည့်လူများသည် အရည်အချင်းမပြည့်မီသကဲ့သို့ မတတ်စွမ်းနိုင်သည့်သူများချည်းသာ ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ အရည်အချင်းအချို့ရှိသော လူများကို မည်သူကမျှ ထိပါးဝံ့လိမ့်မည် မဟုတ်သကဲ့သို့ ထိုသူတို့က အမှားများပြုလုပ်လျှင်ပင် မည်သူကမျှ ဖော်ထုတ်ဝံ့ကြလိမ့်မည် မဟုတ်ကြောင်းနှင့် ၎င်းတို့သည် ဖြိုဖျက်၍မရသော လူကြမ်းကြီးများဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ လောက၌ မည်သည့်အဖွဲ့တွင် ၎င်းတို့ ရောက်သည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် အခြားသူတို့၏ အနိုင်ကျင့်ခြင်း သို့မဟုတ် သာမန်ကာလျှံကာ ကြိုးကိုင်ခြယ်လှယ်ခြင်း မခံရလောက်အောင် အာဏာရှိကာ ရက်စက်ရမည်ဖြစ်ပြီး အတော်အတန် ဆိုးယုတ်ရမည်ဖြစ်သည်ဟု အန္တိခရစ်များက တွေးထင်ကြသည်။ ဤသည်မှာ အစွမ်းအစနှင့် အရည်အချင်းဖြစ်သည်ဟု ၎င်းတို့က ထင်မြင်ကြပြီး အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်များကို ရရှိကာ နောက်ဆုံးတွင် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုကို အရယူဖို့အတွက် ဤအစွမ်းအစကို အသုံးပြုချင်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ထိုအရာသည် ရက်စက်ကြမ်းကြုတ်သည့်အပြင် ကောက်ကျစ်ဆိုးယုတ်ခြင်းလည်း ဖြစ်၏။ အန္တိခရစ်များက တရားဒေသနာများကို မည်မျှကြားသည်ဖြစ်စေ သမ္မာတရားကို နားမလည်နိုင်ကြပေ။ ဘုရားအိမ်တော်တွင် သမ္မာတရား အုပ်စိုးသည်ကို ၎င်းတို့ မမြင်နိုင်ကြ။ သမ္မာတရားကို လက်ခံသည့်သူများ ကြုံရသော အပြောင်းအလဲများကို ၎င်းတို့ မမြင်နိုင်သကဲ့သို့ အမှန်တကယ် မြင်နိုင်လျှင်ပင် ယင်းတို့ကို အပြောင်းအလဲများအဖြစ် အသိအမှတ် မပြုကြပေ။ ဤအပြောင်းအလဲများက ဟန်ဆောင်မှုနှင့် မိမိကိုယ်ကို ချုပ်တည်းခြင်း၏ ရလဒ်တစ်ခုသာဖြစ်ပြီး ၎င်းတို့အနေဖြင့် ထိုအတွက် မိမိတို့ကိုယ်ကို ချုပ်တည်းမည်မဟုတ်သကဲ့သို့ အမှုအရာများကိုလည်း ဤအတိုင်း ငြိမ်ခံနေမည် မဟုတ်ဟု စဉ်းစားကြသည်။ ၎င်းတို့တွင် ဤဆင်ခြင်တွေးခေါ်မှုစနစ်မျိုး ရှိကြသောကြောင့် “သင့်အနေဖြင့် ကျွန်ုပ်ကို ညှဉ်းပန်းပြီး အနိုင်ကျင့်နိုင်သည်ဟု မထင်လေနှင့်”ဟူသကဲ့သို့သော အရာမျိုးများကို ပြောနိုင်ကြလေသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည် မဟုတ်လော။ ထိုသို့သော အတွေးများနှင့် အမြင်ရှုထောင့်များက ကောက်ကျစ်ဆိုးယုတ်ပေသည်။ ၎င်းတို့က ဤစကားများကို ပြောနိုင်ပြီး ဤသို့ ပြုမူဆောင်ရွက်နိုင်သည်မှာ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် ထုတ်ဖော်ချက်တစ်ခု ဖြစ်သည်။ ထိုသို့သော လူများသည် အသင်းတော်တွင် ရှိသလော။ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း စကားပြောသည့်အခါ၊ ၎င်းတို့ကို ဖော်ထုတ်သည့်အခါ၊ ၎င်းတို့၏ ပြဿနာများ၊ အားနည်းချက်များနှင့် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်မှုများအကြောင်းကို ပြောဆိုဆွေးနွေးသည့်အခါ ၎င်းတို့ အနိုင်ကျင့်ခံရပြီး အရှက်ခွဲခံရသည့်အပြင် အလေးအနက် ထားခြင်းမခံရဟု တွေးကြသည်။ ထို့နောက် ၎င်းတို့က “ကျွန်ုပ်ကို ပြုပြင်ဖို့ သင် ဝါနုပါသေးသည်”ဟု ပြောကြသည်။ ပြုပြင်ခံရခြင်းကို လက်ခံသည့်သူ မည်သူ့ကို ၎င်းတို့ မြင်သည်ဖြစ်စေ ၎င်းတို့က “ပြုပြင်ခံရခြင်းကို လက်ခံခြင်းအားဖြင့် သမ္မာတရားကို သင် ရရှိနိုင်သလော။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်ပါ”ဟု အမြဲ စဉ်းစားကြလိမ့်မည်။ ဤအရာကို ၎င်းတို့ အသိအမှတ်မပြုကြပေ။ လူတို့ကို ပြုပြင်ခြင်းက အနိုင်ကျင့်ခြင်းဖြစ်ပြီး ထိုသူတို့ကို ညှဉ်းပန်းဖို့အတွက် နိုင်ကွက်ရှာခြင်း ဖြစ်သည်ဟူ၍လည်းကောင်း၊ လူတို့က မာယာကင်းလွန်းသောကြောင့် သေးငယ်သည့် အမှားအချို့ ပြုလုပ်မိသည့်အခါ အနိုင်ကျင့်ခြင်း ခံရသည်ဟူ၍လည်းကောင်း ၎င်းတို့က တွေးထင်ကြသည်။ လူတို့ကို ပြုပြင်ခြင်းသည် ထိုသူတို့ကို ချစ်ခြင်းနှင့် ထိုသူတို့ကို ကူညီခြင်းဖြစ်သည်ဟု ၎င်းတို့က အသိအမှတ်မပြုကြပေ။ လူတို့အနေဖြင့် ပြုပြင်ခြင်းကို လက်ခံသည့်အခါတွင်သာ အမှန်တကယ် နောင်တရပြီး ပြောင်းလဲနိုင်ကြသည်ကို ၎င်းတို့ အသိအမှတ်မပြုကြသကဲ့သို့ ဘုရားအိမ်တော်တွင် သမ္မာတရား အုပ်စိုးသည်ဟူသည့် အချက်ကို သာ၍ပင် အသိအမှတ်မပြုကြပေ။ ထို့ကြောင့် အန္တိခရစ်များက “ငါ့ကို ပြုပြင်သူ မည်သူ့ကိုမျှ ငါ လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ပါ။ တစ်ဦးတစ်ယောက်အား ငါ့ကို အနိုင်ကျင့်ခွင့်ပေးဖို့မှာ မဖြစ်နိုင်ပါ”ဟု မိမိတို့ကိုယ်ကို မကြာခဏ ပြောကြခြင်းဖြစ်လေသည်။ မည်သည့် လူစားမျိုးက ထိုသို့သော စကားများကို ပြောနိုင်ကြသနည်း။ သမ္မာတရားကို လက်မခံသကဲ့သို့ ထိုသမ္မာတရားကို မုန်းသောသူတို့သာ ထိုသို့သော စကားများကို ပြောနိုင်ကြပေသည်။ ဤရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားမျိုး ရှိပြီး ထိုသို့သော စကားများကို ပြောနိုင်သူ မည်သူမဆိုတွင် အန္တိခရစ်များ၏ သဘာဝ အနှစ်သာရရှိပြီး ၎င်းသည် စာတန်၏ အနွယ်ဝင် ဖြစ်သည်။

ပြုပြင်ခံရသည့်အခါ အန္တိခရစ်များက နောက်ထပ် စကားရပ်တစ်ခုကိုလည်း ပြောကြသည်။ “ဘုရားကို ကျွန်ုပ် မယုံကြည်ခဲ့လျှင် မည်သူ့ကိုမျှ ကြောက်ရွံ့မည် မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ဤစကားရပ်က မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာသည် အန္တိခရစ် တစ်မျိုးမျိုးက ပြောနေကျ စကားတစ်ခွန်း ဖြစ်သည်။ ဤအရာကို ၎င်းတို့ ပြောသည့်အတွက် ငါတို့ စိစစ်ကြစို့။ ဤစကားများကို ၎င်းတို့ ပြောနိုင်သည်နှင့်အမျှ ယင်းတို့တွင် အဓိပ္ပာယ်တစ်ခုခု ရှိရမည်ဖြစ်သည်။ အပေါ်ယံအားဖြင့် ဤလူတို့သည် ဘုရားသခင်ကို စတင်၍ ယုံကြည်ခဲ့ကတည်းက ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ကြုံရပြီးဖြစ်ကြောင်း ဤစကားများက ပြောသည်ဟု ထင်ရသည်။ ဤစကားများအတွင်းတွင် “ဘုရားက ကျွန်ုပ်ကို ပြောင်းလဲစေပြီးဖြစ်သည်၊ ဘုရားက ကျွန်ုပ်ကို သိမ်းပိုက်ပြီးဖြစ်သည်။ ဘုရားက ကျွန်ုပ်ကို မပြောင်းလဲသေးလျှင် ကျွန်ုပ်သည် သည်းမခံနိုင်လောက်အောင် မာနထောင်လွှားသူတစ်ဦး ဖြစ်ပေမည်”ဟူသကဲ့သို့သော ကျေးဇူးသိစိတ်တစ်ခု ရှိသည်ဟု ထင်ရသည်။ အပေါ်ယံတွင် ဤစကားများသည် ကျေးဇူးသိခြင်းနှင့်ဆိုင်သည့် တွေးခေါ်မှု အလေ့အထတစ်ခု ပါရှိပုံရသော်လည်း အခြားသော ရှုထောင့်အမြင်မှ စိစစ်သော် ယင်းတို့နှင့်ပတ်သက်၍ ကြီးမားသည့် ပြဿနာတစ်ခု ရှိပေသည်။ အန္တိခရစ်များက ဘုရားသခင်ကို ၎င်းတို့ မယုံကြည်မီတွင် မည်သူ့ကိုမျှ ဂရုမစိုက်ခဲ့ကြဟု ပြောကြသည်။ ဤလူများ၏ စိတ်သဘောထားမှာ အဘယ်နည်း။ (မာနထောင်လွှားပြီး ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားဖြစ်သည်။) ၎င်းတို့သည် အလွန့်အလွန် မာနထောင်လွှားပြီး ရက်စက်ကြမ်းကြုတ်သော လူများဖြစ်သည့်အပြင် ဘုရားသခင်ကို ၎င်းတို့ မယုံကြည်ခဲ့လျှင် ကြီးမားသော ဆိုးယုတ်မှုရှိသော လူများ ဖြစ်ပေမည်။ မည်သူ့ကိုမျှ ဂရုမစိုက်ခြင်းသည် မည်သူ့ကိုမျှ အလေးမထားခြင်းကို ဆိုလိုသည်။ ယင်းမှာ လူတိုင်းက ၎င်းတို့ ခြေအောက်တွင် နင်းချေခြင်းခံရသည်ဟူ၍လည်းကောင်း၊ အခြားလူများက မည်မျှကြီးမြတ်သည်ဖြစ်စေ၊ ကောင်းမြတ်သည်ဖြစ်စေ ထိုသူတို့သည် ၎င်းတို့၏အမြင်တွင် ဘာမျှမဟုတ်ကြဟူ၍လည်းကောင်း ဆိုလိုပေသည်။ မည်သူ့ကိုမျှ ၎င်းတို့ အလျှော့မပေးကြ၊ လူတိုင်းကို အထင်အမြင်သေးကြပြီး မည်သူ့ကိုမျှ အစေမခံကြပေ။ လူတစ်ဦးကို အစေခံဖို့အတွက် ၎င်းတို့ စေခိုင်းခံရမည်ဆိုလျှင် ထိုအရာက ၎င်းတို့၏ သိက္ခာကို ထိခိုက်မည်ဖြစ်သည်။ ၎င်းတို့၏ အစေခံမှုနှင့် ထိုက်တန်သူ တစ်ဦးတလေရှိလျှင် ထိုသူမှာ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သာ ဖြစ်သည်။ ယခု ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သဖြင့် မည်သူ့ကိုမျှ ဂရုမစိုက်သည့် ဤသရုပ်သကန်နှင့် ထုတ်ဖော်ပြချက်ကို ၎င်းတို့ ချုပ်တည်းပြီးဖြစ်ကာ ဘုရားအိမ်တော်သို့ လာပြီးနောက်တွင် ပုံမှန်လူများကဲ့သို့ ကိစ္စရပ်များကို ကိုင်တွယ်ကာ အခြားသူများနှင့် ဆက်ဆံရင်း အဖွဲ့တစ်ခုတွင် အခြားသူများနှင့်အတူ အလုပ်လုပ်ဖို့ အင်တင်တင်ဖြင့် နှိမ့်ချခဲ့ရပြီးဖြစ်သည်။ သို့သော် ကိစ္စရပ်များကို ၎င်းတို့ ကိုင်တွယ်ပြီး အခြားသူများနှင့် ဆက်ဆံသည့်အခါတွင် အချို့သော အရာများသည် သေချာပေါက်ပင် ၎င်းတို့ ဖြစ်စေချင်သည့်အတိုင်း မဖြစ်ကြသကဲ့သို့ ဤအရာက ၎င်းတို့၏ စိတ်သဘောထားအား တစ်ဖန် ပွင့်ထွက်သွားစေပြီး ဤစကားများကို ထွက်ပေါ်လာစေသည်။ နဂိုမူလက အပြင်လောက၌ ဘုရားသခင်ကို ၎င်းတို့ မယုံကြည်ခဲ့ချိန်တွင် မည်သူ့ကိုမျှ ၎င်းတို့ အလျှော့မပေးခဲ့ကြသကဲ့သို့ မည်သူမျှ ၎င်းတို့နှင့် မဆက်ဆံထိုက်ဟု တွေးခဲ့ကြသည်။ သို့ဆိုလျှင် ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ခဲ့ကတည်းက ၎င်းတို့သည် ဘုရားအိမ်တော်၌ရှိသော ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးတလေကို အလျှော့ပေးကြလေပြီလော။ (အလျှော့မပေးကြပါ။) ၎င်းတို့ မည်သည့် အဖွဲ့တွင်ရှိသည်ဖြစ်စေ၊ ပုံမှန်လူ့သဘာဝနှင့် ပုံမှန်ဆင်ခြင်တုံတရား ရှိသည့် လူတစ်ဦးသည် ဤကဲ့သို့ ကျင့်ကြံပြုမူမည်လော။ (ကျင့်ကြံပြုမူမည် မဟုတ်ပါ။) ဘာသာတရားမရှိသူများကပင်လျှင် “လမ်းအတူလျှောက်နေသည့် မည်သည့်လူသုံးယောက်တွင်မဆို ငါ၏ ဆရာဖြစ်နိုင်သည့်သူ အနည်းဆုံးတစ်ဦးတော့ ရှိ၏”ဟု ပြောကြသည်။ ဆိုလိုသည်မှာ မည်သည့်လူသုံးဦးတွင်မဆို သင့်ထက် သာ၍ အားကောင်းပြီး ပိုတော်သည့် လူတစ်ဦး၊ သင်၏ ဆရာဖြစ်နိုင်ပြီး သင့်ကို ကူညီနိုင်သည့်လူတစ်ဦး မုချ ရှိသည်ဟူ၍ ဖြစ်၏။ ဘာသာတရားမရှိသူများက ထိုသို့သော စကားများကို ပြောကြသောကြောင့် ဤမာနထောင်လွှားသော လူများသည် ဤစကားများအား မှန်ကန်သည်ဟု အသိအမှတ်ပြုကြသလော။ ၎င်းတို့သည် အဖွဲ့တစ်ခုတွင် အခြားသူများနှင့် တန်းတူရည်တူ ဆက်ဆံနိုင်ကြသလော။ ၎င်းတို့ ဆင်ခြင်တုံတရား ရှိနိုင်ကြသလော။ (မရှိနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းမရှိသည့် ဘာသာတရားမရှိသူများကြားတွင် ရှိသည့်အခါ ဤအန္တိခရစ်များသည် မည်သည့် လူစားမျိုး ဖြစ်ကြသနည်း။ (၎င်းတို့သည် ဆက်ဆံရခက်သော လူများဖြစ်သည်။) မှန်ပေ၏၊ ၎င်းတို့သည် ဆိုးပေတေလေသူများ ဖြစ်ကြသည်၊ ဆက်ဆံရခက်သော လူများဖြစ်သည်။ ၎င်းတို့နှင့်ပတ်သက်၍ မည်သူကမျှ ဘာမျှ မလုပ်ဆောင်နိုင်ပေ။ မည်သူကမျှ ၎င်းတို့ကို ရန်မစဝံ့၊ ဒေါသထွက်အောင် မလုပ်ဝံ့ သို့မဟုတ် မထိဝံ့ကြပေ။ ၎င်းတို့သည် ဆိုးပေတေလေသူများဖြစ်၏။ ၎င်းတို့ကို သင် ဒေါသထွက်အောင် လုပ်မိလျှင် အကျိုးဆက်များ ရှိလိမ့်မည်။ ထိုအရာသည် ရက်စက်သော မကောင်းဆိုးဝါးတစ်ကောင်ကို ဒေါသထွက်စေခြင်းနှင့်တူသည်။ ပုံမှန်အားဖြင့် လူ့အဖွဲ့အစည်းတွင် မည်သူကမျှ ထိုသို့သောလူတို့ကို သွားမရှုပ်ဝံ့ကြချေ။ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ၎င်းတို့၏ စိတ်သဘောထားနှင့် စည်းမျဉ်းများမှာ ရိုင်းစိုင်းပြီး မလျော်မကန်ပြုမူရန်နှင့် အကြိမ်တိုင်းတွင် ပြဿနာကို လှုံ့ဆော်ရန် ဖြစ်သည်။ မည်သူကမျှ ၎င်းတို့ကို ဒေါသမထွက်စေဝံ့ကြ၊ ၎င်းတို့ကို မည်သူကမျှ မထိဝံ့ကြသကဲ့သို့ မည်သူကမျှ ၎င်းတို့ကို အနိုင်မကျင့်ဝံ့ကြချေ။ ၎င်းတို့သည်သာ လူတို့ကို အနိုင်ကျင့်သည့်သူများ ဖြစ်သည်။ ဤအရာက ၎င်းတို့၏ ရည်မှန်းချက်ကို ဖြစ်မြောက်အောင်မြင်စေသည်။ ထို့ကြောင့် ဘုရားအိမ်တော်သို့ လာပြီးနောက်တွင် ၎င်းတို့ ပြောင်းလဲနိုင်ကြသလော။ ၎င်းတို့သည် ပြောင်းလဲပြီးဖြစ်သလော။ (မဟုတ်ပါ၊ ၎င်းတို့ မပြောင်းလဲသေးပါ။) ၎င်းတို့ မပြောင်းလဲသေးကြောင်း၊ မပြောင်းလဲနိုင်ကြောင်းကို မည်သည့်အရာက ငါတို့အား ပြသသနည်း။ (၎င်းတို့က “ဘုရားကို ကျွန်ုပ် မယုံကြည်ခဲ့လျှင် မည်သူ့ကိုမျှ ဂရုစိုက်မည် မဟုတ်ပါ”ဟု ပြောသည့်အချက် ဖြစ်သည်။) ၎င်းတို့သည် ပုံမှန်အားဖြင့် ဤစကားများကို မပြောကြပေ။ မည်သည့် အခြေအနေတွင် ၎င်းတို့က ဤစကားများကို ပြောဆိုကြသနည်း။ တစ်စုံတစ်ဦးက ၎င်းတို့၏ အားနည်းချက်များကို ထောက်ပြသည့်အခါ၊ ၎င်းတို့၏ ဂုဏ်သိက္ခာအား ထိခိုက်နစ်နာစေသည့်အရာများကို ပြောသည့်အခါ သို့မဟုတ် အနာပေါ်တုတ်ကျသည့်အခါ “ဘုရားကို ကျွန်ုပ် မယုံကြည်ခဲ့လျှင် မည်သူ့ကိုမျှ ဂရုစိုက်မည် မဟုတ်ပါ။ သင်သည် ငါနှင့် ရန်ဖြစ်ဝံ့သည်၊ သင့်ကိုယ်သင် အဘယ်သူဖြစ်သည်ဟုများ အောက်မေ့နေသနည်း”ဟူသော ဤစကားရပ်ကို ၎င်းတို့က ရှေ့နောက်မစဉ်းစားဘဲ ပြောကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ၎င်းတို့က “ဘုရားကို မယုံကြည်မီတွင် မည်သူ့ကိုမျှ ငါ ဂရုမစိုက်ခဲ့ပါ”ဟု ပြောလျက် ဤစကားရပ်မတိုင်မီတွင် အထူးပြုပုဒ်တစ်ခုကိုပင် ဖြည့်စွက်လေသည်။ ယခုအခါတွင် ဘုရားသခင်ကို သင် ယုံကြည်သည့်တိုင် သင်သည် မည်သူ့ကိုမျှ အလျှော့ပေးခြင်း သို့မဟုတ် နားထောင်ခြင်းမရှိဘဲ ရှိနေသေးသည် မဟုတ်လော။ သင်သည် မပြောင်းလဲဘဲ ပကတိအတိုင်းရှိနေသော နတ်ဆိုးနှင့် စာတန် ဖြစ်နေဆဲဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် ၎င်းတို့သည် တိုးတက်ပြောင်းလဲပြီး ဖြစ်သကဲ့သို့ ခံစားကြသည်။ ၎င်းတို့ တိုးတက်ပြောင်းလဲပြီးဖြစ်လျှင် ဤစကားများကို အဘယ်သို့ဖြစ်ပြီး ဟနိုင်ကြသနည်း။ ၎င်းတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား လုံးဝ မရှိကြသကဲ့သို့ ပွင့်ပွင့်လင်းလင်း ကြွေးကြော်ပြောဆိုကာ “ကျွန်ုပ်သည် လူမိုက်တစ်ဦးဖြစ်ပြီး မည်သူ့ကိုမျှ မကြောက်ပါ”ဟူ၍ အခြားသူတို့ကို အသိပေးဝံ့ကြသည်။ နိုင်လိုမင်းထက်ပြုသူ၊ လူလိမ်လူညစ်တစ်ဦးနှင့် ဆိုးပေတေလေသူက ကြွားဝါစရာ မည်သည့်အကြောင်း ရှိသနည်း။ ၎င်းတို့ လေလုံးထွားစရာ မည်သည့်အကြောင်းရှိသနည်း။ သို့တိုင် အန္တိခရစ်များသည် ဤပုံစံဖြင့် အမှန်ပင် လေလုံးထွားကြသည်။ တစ်ချိန်က ၎င်းတို့ နိုင်လိုမင်းထက်ပြုသူတစ်ဦး ဖြစ်ခဲ့ကြသည်ဟူသည့်အချက်ကို မိမိတို့၏ ဂုဏ်အသရေတင့်သော အတိတ်အဖြစ် သဘောထားကြပြီး ထိုအရာကို ဘုရားအိမ်တော်၌ ကြွားလုံးထုတ်ကြသည်။ ဘုရားအိမ်တော်သည် မည်သည့်နေရာမျိုး ဖြစ်သနည်း။ ဤသည်မှာ သမ္မာတရား အုပ်စိုးသည့်နေရာတစ်ခု ဖြစ်သည်။ လူတို့ကို ဘုရားသခင် ကယ်တင်သည့် သန့်ရှင်းခြင်းနှင့်ဆိုင်သော နေရာတစ်ခု ဖြစ်သည်။ ဤနတ်ဆိုးဆန်သော စကားများအား သင် ပြောနေသည်ကို ထိုအိမ်တော်က အဘယ်သို့ဖြစ်ပြီး သည်းခံနိုင်မည်နည်း။ အန္တိခရစ်များတွင် ရှက်စိတ်မရှိ၊ ဤအရာများက နတ်ဆိုးဆန်သော စကားများဖြစ်သည်ကို ၎င်းတို့ မသိကြသကဲ့သို့ ကောင်းမွန်သည့် စကားများနှင့် သမ္မာတရားဖြစ်သည့်အလား ကြွားလုံးပင် ထုတ်ကြသည်။ ၎င်းတို့သည် အမှန်တကယ်ပင် အရှက်မဲ့သော လူများဖြစ်သည်၊ လုံးဝ အရှက်မဲ့ကြပြီး စက်ဆုပ်ဖွယ်ရာဖြစ်သည်တကား။ ဤလူစားမျိုးက သင့်ကို နတ်ဆိုးဆန်သော စကားများပြောသည့်အခါ သင်တို့တွင် ပြန်လည်ချေပချက်အဖြစ် ပြောစရာ သင့်တော်သည့်စကားတစ်ခု ရှိသလော။ (ဤကဲ့သို့သော လူတစ်ဦးကို တစ်ကြိမ် ကျွန်ုပ် ဆုံခဲ့သည်။ သူသည် အသင်းတော်တွင် မည်သူ့ကိုမျှ အလျှော့မပေးခဲ့ပါ။ ထိုအချိန်တွင် ကျွန်ုပ်ကို ဝေဖန်ရန် သူက ဤကဲ့သို့သော စကားများကို ပြောဆိုခဲ့သည်။ ကျွန်ုပ်တွင် မည်သည့်ထိုးထွင်းသိမြင်မှုမျှ မရှိခဲ့သည့်အပြင် ထိုအရာကို ကျွန်ုပ် လက်ခံကြောင်း သူ့ကို ပြောခဲ့သည်။) ဤကဲ့သို့ သင် တုံ့ပြန်ပြောဆိုခဲ့သည်။ ဤကဲ့သို့ ဖြေခြင်းက မမှန်ကန်ခဲ့ပေ။ သင်သည် သက်သေခံခြင်းမရှိခဲ့ပေ။ သူ၏ ပြဿနာများကို သင် ထောက်ပြပြီး သူ့ကို အရှက်ရအောင် လုပ်ရမည်ဖြစ်သည်။ နတ်ဆိုးဆန်သော စကားများကို သူ ပြောသည့်အခါတွင် သင် အရှုံးပေးရမည်မဟုတ်သကဲ့သို့ ထိုနတ်ဆိုးဆန်သော စကားများကို မနာခံရ။ သူ့ကို သင် ဖော်ထုတ်ရမည်။ ဘုရားသခင်၏ အောင်မြင်သောသူများထဲမှတစ်ဦးဖြစ်ပြီး ဘုရားသခင်အတွက် သက်သေခံဖို့ရန်၊ သင်သည် နတ်ဆိုးများနှင့် စာတန်ကို အရှက်ခွဲနိုင်ရမည်ဖြစ်ပြီး စာတန်ကို အရှက်ခွဲနိုင်ပြီး သမ္မာတရားနှင့် ကိုက်ညီနိုင်သည့် စကားများကို သင် ပြောနိုင်ရမည်။ ထိုအရာကို သူ လက်မခံလျှင်ပင် သူ့အနေဖြင့် ဘာမျှ ပြောစရာရှိလိမ့်မည် မဟုတ်သည့်အပြင် လိမ္မာပြီး ကျိုးနွံနာခံလိမ့်မည်။ ဤလူစားမျိုးကို ခြောက်လှန့်ခြင်းက အလုပ်ဖြစ်လိမ့်မည်လော။ ၎င်းတို့ကို ပြစ်တင်ရှုတ်ချခြင်းကကော အဘယ်သို့နည်း။ ၎င်းတို့နှင့်အတူ ဆွေးနွေးပြီး ၎င်းတို့ကို ချော့မော့ပြောဆိုခြင်းကကော အဘယ်သို့နည်း။ (အလုပ်ဖြစ်မည် မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာက အလုပ်ဖြစ်လိမ့်မည်နည်း။ (တစ်စုံတစ်ဦးက ထိုသို့သော စကားများကို အသင်းတော်တွင် ပြောလျှင် ကျွန်ုပ်က “သင်သည် ရိုင်းစိုင်းစွာ ပြုမူဖို့ ကြိုးစားနေသလော။ ညီအစ်ကို မောင်နှမများက သမ္မာတရားအား မိတ်သဟာယပြုနေသည်ကို သင် ပုံမှန်အားဖြင့် နားထောင်နိုင်ပြီး သမ္မာတရားကို လက်ခံနိုင်လျှင် ယင်းမှာ အဆင်ပြေသော်လည်း ဤနေရာ၌ သင် ရိုင်းစိုင်းစွာ ပြုမူချင်လျှင် ထွက်သွားလော့။ ဘုရားအိမ်တော်က သင့်ကို ဤနေရာတွင် ရိုင်းစိုင်းစွာပြုမူခွင့်မပြုပါ။ သင်၏ ဤစကားများက သမ္မာတရားနှင့် မကိုက်ညီပါ။ ဤနေရာတွင် သူတစ်ပါး၏ လက်ညှိုးထိုးခံရအောင် မလုပ်ပါနှင့်”ဟု ပြောမည်ဖြစ်သည်။) ဤစကားများက အလွန်အစွမ်းတန်ခိုး ရှိသော်လည်း ဤလူစားမျိုးသည် နိုင်လိုမင်းထက်ပြုသူများနှင့် ဓားပြများဖြစ်သည်။ ထိုသို့သော စကားများကို ၎င်းတို့ ကြောက်ရွံ့ကြသလော။ (မကြောက်ရွံ့ပါ။)

သင်တို့အား အကြောင်းတစ်ခု ငါ ပြောပြမည်။ အတိတ်ကာလတွင် ဘုရားသခင်ကို ယုံကြည်ခြင်း အစမပြုမီတွင် စားဖိုမှူးတစ်ဦး လုပ်ခဲ့ဖူးသည့် လူတစ်ဦးနှင့် ငါ ထိတွေ့ဆက်ဆံခဲ့သည်။ တစ်ကြိမ်တွင် သူက ငါ့ကို “အပြင်လောက၌ ကျွန်ုပ် စားဖိုမှူးလုပ်ခဲ့ပြီး ထိုထိပ်တန်းပုဂ္ဂိုလ်များနှင့် ထိုအရာရှိကြီးများ လာရောက်သောက်စားကြသည့်အခါ ကျွန်ုပ်သည် သူတို့နှင့် ဘာမျှ မပတ်သက်ချင်ခဲ့ပါ။ သူတို့အတွက် ကျွန်ုပ် ချက်ပြုတ်ပေးခဲ့ချိန်တွင် လက်တစ်ဖက်ကို ခါးတွင်ထောက်ကာ ခြေတစ်ဖက်က ခြေဖျားထောက်လျက် ၎င်းတို့အတွက် လက်တစ်ဖက်တည်းဖြင့် ကျွန်ုပ် ချက်ပြုတ်ပေးခဲ့သည်”ဟု ပြောခဲ့သည်။ သူက ဤအရာကို ပြောလည်းပြော လက်တွေ့လည်းလုပ်ပြပြီး သူ၏ဟန်အမူအရာသည် အာခံနေသကဲ့သို့ပင် စိတ်ဆိုးမာန်ဆိုး ဖြစ်နေသည့်ပုံပေါ်နေခဲ့သည်။ သူ၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာ “ဘာသာတရားမရှိသူများထဲမှ မည်သူမျှ ကျွန်ုပ်နှင့်တန်းတူ မဟုတ်သကဲ့သို့ သူတို့ထဲမှ မည်သူ့ကိုမျှ ကျွန်ုပ် အလျှော့ပေးမည် မဟုတ်ပါ။ ကျွန်ုပ်သည် အလွန်တတ်စွမ်းနိုင်ပြီး အပြင်လောကတွင် ကျွန်ုပ်ကဲ့သို့လူများက တော်ဖြောင့်ကြသည်။ အရာရှိများကို ကျွန်ုပ် ဂရုစိုက်လေ့မရှိပါ”ဟူ၍ ဖြစ်သည်။ သူသည် စကားပြောနေစဉ် လက်ဟန်ခြေဟန်များဖြင့် ပြသလျက် မိမိကိုယ်ကို ကျေနပ်နေပုံရပြီး ထိုလှုပ်ရှားမှုများကို အလွယ်ကလေး ပြသနေခဲ့သည်။ ထိုလှုပ်ရှားမှုများ၊ ဟန်ပန်နှင့် ကိုယ်ဟန်အနေအထားများကို ပြသရာတွင် သူသည် အလွန်ကျွမ်းကျင်ကြောင်း၊ ထိုအမူအရာများကို မကြာခဏ ပြုလုပ်လေ့ရှိကြောင်း ငါ မြင်ရသည်။ သူသည် အခြားသူတို့အား သူ့အပေါ် လေးစားစေလိုသည့် အားထုတ်မှုတစ်ခုဖြင့် သူ၏ “ဂုဏ်သရေရှိသော အတိတ်ကာလ” ကို ပြစားကာ ကြွားလုံးထုတ်ဖို့တည်းဟူသော ရည်ရွယ်ချက် အနည်းငယ်နှင့်အတူ ဤသရုပ်ပြမှုကို လုပ်ဆောင်နေခဲ့ခြင်း ဖြစ်ကြောင်းကို ငါ သဘောပေါက်နိုင်သည်။ သူ ဤသို့ ပြုမူဆောင်ရွက်နေသည်ကို မြင်သည့်အခါ ငါ ပြုံးပြီးနောက် သူ့ကို “သို့ဆိုလျှင် သင့်တွင် မကောင်းသည့် စိတ်သဘောထားတစ်ခု ရှိပေသည်”ဟု ပြောခဲ့သည်။ ငါသည် ဤအရာကို အပြုံးဖြင့် ပြောခဲ့ပြီး အခြားမည်သည့်အရာကိုမျှ မပြောခဲ့ပေ။ သူ၏ မျက်နှာက ချက်ချင်းပင် ညှိုးကျသွားပြီး သူ၏ လှုပ်ရှားမှုများကို သူ ချက်ချင်းရပ်ကာ နှုတ်ဆိတ်သွားသည်။ ထိုအချိန်မှစ၍ သူ၏ “ဂုဏ်အသရေရှိသော အတိတ်”အကြောင်းကို သူ ထပ်မပြောတော့ပေ။ မည်သည့်အရာကို သူ့အား ငါ ပြောခဲ့သနည်း။ (သင့်တွင် မကောင်းသည့် စိတ်သဘောထားတစ်ခု ရှိပေသည်။) ဤအရာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ (ထိုအရာက သူ၏ သဘာဝ အနှစ်သာရကို ထောက်ပြပြီး သူ အရှက်ရသွားခဲ့သည်။) မှန်ပေ၏။ သူ့ကို ငါ ဒေါသထွက်စေခဲ့သလော။ သူနှင့် ငါ ငြင်းခုံခဲ့သလော။ သူ၏ ဂုဏ်သိက္ခာကို ငါ ထိခိုက်ခဲ့သလော။ (မထိခိုက်ခဲ့ပါ။) သူ့ကို ငါက တဇောက်ကန်းဖြစ်စွာ ဆက်ဆံပြီး “ဤနေရာမှ ထွက်သွားလော့။ သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်နေသနည်း” သို့မဟုတ် “သင်သည် သင်၏ “ထူးခြားပြောင်မြောက်သော အတိတ်”အကြောင်းကို ငါ့အား ပြောဖို့အတွက် ဝါနုပါသေးသည်”ဟု ငါ ပြောခဲ့သလော။ ဤနည်းလမ်းများကို ငါ သုံးခဲ့သလော။ (မသုံးခဲ့ပါ။) ဤအရာတစ်ခုကိုမျှ စောင်းပါးရိပ်ခြည်ပြောခြင်းမရှိဘဲ “သို့ဆိုလျှင် သင့်တွင် မကောင်းသည့် စိတ်သဘောထားတစ်ခု ရှိပေသည်”ဟူသော စကားတစ်ခွန်းကိုသာ ငါ ပြောခဲ့ပြီး သူ အရှက်ရကာ နှုတ်ဆိတ်သွားခဲ့သည်။ ငါသည် ငါ၏ ဆိုလိုချက်ကို ဆက်လက်၍ အသေးစိတ် ရှင်းပြရန် မလိုဘဲ သဘောပေါက်နားလည်သွားစေခဲ့သည်။ ချက်ချာပါးနပ်သည့် လူတစ်ဦးက ဤအရာကို ကြားလျှင် မည်သည့်အရာ ဆိုလိုသည်ကို ချက်ချင်း နားလည်မည်ဖြစ်ပြီး အနာဂတ်တွင် သာ၍ ချုပ်တည်းမည်ဖြစ်သည်။ ဤလုပ်နည်းကိုင်နည်းနှင့်ပတ်သက်၍ သင်တို့ အဘယ်သို့ တွေးထင်သနည်း။ (ကောင်းပါသည်။) သူ့ကို စိန်းစိန်းဝါးဝါးကြည့်ကာ ငြင်းခုံခြင်းသည် သင့်တင့်လျောက်ပတ်မည်လော။ (သင့်တင့်လျောက်ပတ်မည် မဟုတ်ပါ။) တစ်စုံတစ်ဦးက “ဘုရားကို ကျွန်ုပ် မယုံကြည်ခဲ့လျှင် မည်သူ့ကိုမျှ ဂရုစိုက်မည် မဟုတ်ပါ”ဟု ပြောလျှင် သင်က ၎င်းကို “ဘုရားသခင်ကို ယုံကြည်လာခြင်းမရှိမီ မည်သူ့ကိုမျှ သင် ဂရုမစိုက်ခဲ့လျှင် ယင်းမှာ သင်၌ မကောင်းသည့် စိတ်သဘောထားတစ်ခု ရှိခဲ့သည့် သဘောဖြစ်သည်။ ယခု သင်သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် မည်သူ့ကိုမျှ ဂရုမစိုက်လိုဘဲ ရှိနေသေးလျှင် ဤအရာက သင်သည် သာ၍ပင် ဆိုးရွားသည့် စိတ်သဘောထားရှိပြီး သင်၏ အနှစ်သာရနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းသည့်သဘော ဖြစ်သည်”ဟု ပြောသင့်သည်။ ဤအရာကိုသာ ပြောပြီး ၎င်းတို့၏ တုံ့ပြန်မှုနှင့် ၎င်းတို့၏ အပြုအမူကို စောင့်ကြည့်လေ့လာလော့။ ဤသည်မှာ အရှိုက်ကို ထိုးနှက်ခြင်းဟု ခေါ်သည်။ ဤစကားများကို ကြားသည့်အခါ ဆိုးယုတ်သောလူတို့သည် စိတ်မကောင်းဖြစ်ကြလိမ့်မည်လော။ ၎င်းတို့ ဝမ်းနည်းကြလိမ့်မည်။ ၎င်းတို့က “ဘုရားအပေါ် ငါ၏ ယုံကြည်မှုတွင် ပြောင်းလဲမှု ရရှိခဲ့ပြီးဖြစ်သည်ဟု ငါ တွေးထင်ခဲ့ပြီး ဘုရားကို ယုံကြည်လာခြင်းမရှိမီ ငါ၏ အရည်အချင်းများကို ပြစားပြီး ငါ၏ ဂုဏ်အသရေရှိသော အတိတ်ကို ကြွားလုံးထုတ်ဖို့ ဤစကားများကိုပင် ငါ သုံးခဲ့သည်။ သိနားလည်မှု ရှိသည့်သူတစ်ဦးက ဤကိစ္စရပ် နောက်ကွယ်ရှိ ရှက်ဖွယ်ကောင်းသော လျှို့ဝှက်ချက်အား ဖော်ထုတ်ပြီး ငါ့တွင် မကောင်းသည့် စိတ်သဘောထားရှိကြောင်း ထုတ်ဖော်လိမ့်မည်ဟု ငါ မမျှော်လင့်မိခဲ့ပါ”ဟု စဉ်းစားကြလိမ့်မည်။ မကောင်းသည့် စိတ်သဘောထားတစ်ခု၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ကောင်းကောင်းမွန်မွန် ပြောရလျှင် ထိုအရာသည် ၎င်းတို့၏ လူ့သဘာဝ ကောင်းမွန်ခြင်းမရှိဟု ဆိုလိုပေသည်။ ပို၍ ဘွင်းဘွင်းပြောရလျှင် ၎င်းတို့သည် ကောင်းမြတ်ခြင်းမရှိဟု ဆိုလိုပေသည်။ လူ့အဖွဲ့အစည်းတွင် မည်သည့်လူများက ကောင်းမြတ်ခြင်းမရှိကြသနည်း။ (လူရမ်းကားများ၊ လူမိုက်များ၊ နိုင်လိုမင်းထက်ပြုသူများနှင့် ဆိုးပေတေလေသူများဖြစ်သည်။) မှန်ပေ၏၊ ထိုလူများပင် ဖြစ်သည်။ ၎င်းတို့ ကောင်းမြတ်ခြင်းမရှိကြောင်းနှင့် ၎င်းတို့၏ စိတ်သဘောထားက မကောင်းကြောင်းကို သင် ပြောသည်နှင့် တစ်ပြိုင်နက် ၎င်းတို့က နားလည်လိမ့်မည်။ သင်က လူဆိုးလူပေများ၊ လူရမ်းကားများ၊ နိုင်လိုမင်းထက်ပြုသူများနှင့် ဆိုးယုတ်သောသူများတည်းဟူသော ဤအသုံးအနှုန်းများနှင့် လူစားမျိုးများအား ရည်ညွှန်းနေခြင်းဖြစ်သည်ကို ၎င်းတို့ နားလည်ကြလိမ့်မည်။ ဤအတန်းအစားနှင့် ၎င်းတို့ သက်ဆိုင်သည်ကို ကြားသည့်အခါ ၎င်းတို့ ဝမ်းသာကြလိမ့်မည်လော။ (ဝမ်းသာကြမည်မဟုတ်ပါ။) ၎င်းတို့ လုံးဝ ဝမ်းသာကြမည်မဟုတ်။ ပြီးလျှင် သင်သည် အခြားတစ်ခုတလေကို ပြောစရာ လိုအပ်လိမ့်မည်လော။ (လိုအပ်လိမ့်မည် မဟုတ်ပါ။) ၎င်းတို့၏ ရှက်ဖွယ်ကောင်းသော လျှို့ဝှက်ချက်သည် စာတစ်ကြောင်းဖြင့် ဖော်ထုတ်ခံရပြီး ဖြစ်လိမ့်မည်။ “သို့ဖြစ်၍ သင်သည် ထိုလူစားမျိုးဖြစ်သည်။ သင်သည် အပျက်သဘောဆောင်သည့် အရာများအကြောင်းကို အပြုသဘောဆောင်သည့် အရာများ ဖြစ်ခဲ့သည့်အလား ကြွားဝါလျက် ဤနေရာတွင် သင့်ကိုယ်သင် ကြွားလုံးထုတ်နေဆဲဖြစ်သည်။ မည်သည့်အရာကို လုပ်ဆောင်ဖို့ သင် ကြိုးစားနေသနည်း။ ဤသည်မှာ ဘုရားသခင်၏ အိမ်တော်ဖြစ်သည်၊ ဤနေရာတွင် မကြွားနှင့်။ ဤသည်မှာ သင်အတွက် ကြွားရမည့်နေရာ မဟုတ်ပေ။ သင် ကြွားလိုလျှင် ထွက်သွားလော့။ ဘုရားအိမ်တော်သည် သမ္မာတရား အုပ်စိုးသည့်နေရာတစ်ခုဖြစ်သည်၊ သင် ဝင့်ဝင့်ကြွားကြွား လျှောက်ပြီး သင်၏ ဒုစရိုက်အမှုများကို ကြေညာရမည့် တစ်နေရာရာ မဟုတ်ပေ။ ဘုရားအိမ်တော်တွင် ကောက်ကျစ်ဆိုးယုတ်ပြီး အပျက်သဘောဆောင်သည့်အရာများကို ကြွားလုံးထုတ်ခြင်းအားဖြင့် မည်သည့်အရာကို သင် ဆိုလိုသနည်း။ သင်၏ ဆိုလိုရင်းမှာ ဘုရားသခင်၏ အမှုတော်က သင့်အထဲတွင် ရလဒ်များ စွမ်းဆောင်ရရှိပြီးဖြစ်သည်ဟူ၏။ ယင်းကို ဘုရားသခင်က ပြောခဲ့သလော။ သင်သည် ဘုရားသခင်ကို ကျေးဇူးတင်နေခြင်း မရှိပေ။ သင်သည် သင်၏ ဒုစရိုက်အမှုများကို ကြွားဝါနေခဲ့ခြင်း ဖြစ်သည်။ ဤစကားများဖြင့် မည်သူ့ကို သင် လှည့်ဖြားဖို့ ကြိုးစားနေသနည်း။ သုံးနှစ်အရွယ် ကလေးတစ်ဦးကို သင် အရူးလုပ်ကောင်း လုပ်နိုင်မည်ဖြစ်သော်လည်း ညီအစ်ကို မောင်နှမများကို သင် အရူးလုပ်၍မရပါ။ ဤအရာမှ သင် လွတ်မြောက်မသွားနိုင်ပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဤပုံစံဖြင့် ဖော်ထုတ်ခြင်းခံရကြသည်။ အန္တိခရစ်များက ဤအရာကို ကြားပြီးသည်နှင့်တစ်ပြိုင်နက် ပထမဦးစွာ ၎င်းတို့အပေါ် သင် မလိုမုန်းထား စိတ်မရှိသည်ကို ခံစားမိကြလိမ့်မည်။ ဒုတိယအနေဖြင့် သင်၏ စကားများက တိကျမှန်ကန်လိမ့်မည်။ တတိယအနေဖြင့် ၎င်းတို့ကို သင် ရည်ရွယ်တိုက်ခိုက်ခြင်း ရှိခဲ့မည် မဟုတ်ပေ။ ပြီးလျှင် စတုတ္ထအနေဖြင့် ဤစကားများက အမှန်တရားဖြစ်ပြီး ယင်းတို့ကို ပြောဆိုရာ၌ သင် လုံးဝ ချဲ့ကားပြောဆိုခဲ့မည် မဟုတ်ပေ။ ဤစကားများကို ၎င်းတို့ ကြားပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့ကိုယ်ကို ချက်ချင်း ချုပ်တည်းလိမ့်မည်။ ၎င်းတို့သည် အဘယ်ကြောင့် မိမိတို့ကိုယ်ကို ချုပ်တည်းကြလိမ့်မည်နည်း။ သင်၏ စကားများက ၎င်းတို့ကို ကသိကအောက် ဖြစ်စေမည်ဖြစ်ပြီး ၎င်းတို့ကို အရှက်ရစေလိမ့်မည်။ ၎င်းတို့အနေဖြင့် သင့်ရှေ့မှောက်တွင် တစ်ဖန် ရှိသည့်အခါ ထိုသို့သော စကားများကို ထပ်ပြောဖို့ ရှက်ကြလိမ့်မည်။ ထိုသို့သော အရာများကို ၎င်းတို့ တစ်ဖန်ပြောဆိုလျှင်ပင် သင့်တော်သော အချိန်အခါကို ရှာရလိမ့်မည်ဖြစ်ပြီး မည်သူ နားထောင်နေသည်ကို စစ်ဆေးရလိမ့်မည်။ မည်သို့ဆိုစေ သင်၏ ရှေ့မှောက်တွင် ထိုအရာများကို ၎င်းတို့ တစ်ဖန် ပြောဝံ့ကြလိမ့်မည် မဟုတ်ပေ။ ဤအရာက ၎င်းတို့ကို ချိုးနှိမ်ပြီးဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတစ်ဦးကို သင် ကြုံလျှင် ၎င်းအား ဤကဲ့သို့ သင် ပြောဝံ့လိမ့်မည်လော။ (ပြောဝံ့ပါမည်။) ဤလူစားမျိုးကို ဆက်ဆံရမည့် နည်းလမ်းတစ်ခု ရှိသည်။ သင်သည် တဇောက်ကန်းဖြစ်ဖို့ သို့မဟုတ် ရိုင်းစိုင်းဖို့ မလိုအပ်ပေ၊ အပြုံးတစ်ချက်ဖြင့်သာ ၎င်းတို့ကို ချိုးနှိမ်လော့။ ဤအရာကို စာတန်အား ဖော်ထုတ်ခြင်းနှင့် အရှက်ခွဲခြင်းဟု ခေါ်သည်။ ဤအရာကို မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းဟုခေါ်သည်။ ၎င်းတို့ကို သင်၏ ဖော်ထုတ်နိုင်စွမ်းက သင်သည် ၎င်းတို့ကို ထိုးထွင်းသိမြင်မိပြီး ဖြစ်ကြောင်း၊ ၎င်းတို့ကဲ့သို့သော လူများကို သင် မနှစ်သက်ကြောင်း၊ ၎င်းတို့ကဲ့သို့သော လူများကို သင် မုန်းကြောင်း၊ ၎င်းတို့ကဲ့သို့သော လူများကို သင် အထင်သေးကြောင်း သက်သေပြပေသည်။ ဤလူများသည် အပျက်သဘောဆောင်သည့် စရိုက်လက္ခဏာများနှင့်ဆိုင်သည့် လူတန်းစားများထဲတွင် ရှိပြီး သင်သည် ၎င်းတို့နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ သင့်ရှေ့တွင် ၎င်းတို့ သိမ်ငယ်ကြသည်။ သင်သည် ၎င်းတို့ထက် သာ၍ အားကြီးပြီး သာ၍ တော်ဖြောင့်ပေသည်။

အန္တိခရစ်များ ပြုပြင်ခံရသည့်အခါ၊ ရံဖန်ရံခါ ညီအစ်ကို မောင်နှမများ၏ ဖော်ထုတ်ခြင်းကို ၎င်းတို့ ခံရသည့်အခါ မည်သည့် အရှက်မဲ့သော စကားနှစ်ခွန်းကို ၎င်းတို့ ဟကြသနည်း။ (“သင်သည် ကျွန်ုပ်ကို ပြုပြင်ဖို့ ဝါနုလွန်းပါသေးသည်” “ဘုရားကို ကျွန်ုပ် မယုံကြည်ခဲ့လျှင် မည်သူ့ကိုမျှ ဂရုစိုက်မည် မဟုတ်ပါ”ဟူသည်တို့ ဖြစ်သည်။) လူအများစုက ဤစကားနှစ်ခွန်းကို ပြောနိုင်ကြမည် မဟုတ်၊ ဟုတ်သလော။ ဤစကားများတွင် မည်သည့် ထူးခြားသော လက္ခဏာများရှိသနည်း။ ယင်းတို့သည် စာတန်၏ ဟိတ်ဟန်ထုတ်ခြင်းနှင့် စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတို့၏ အဟန့်ကောင်းသော ပုံစံဖြင့် လူမိုက်ဆန်ပြီး ယုတ်ညံ့သည်။ ဤစကားများသည် ပုံမှန်လူတစ်ဦး၏ နှုတ်မှ ထွက်လာမည်မဟုတ်သည်မှာ သိသာထင်ရှားသည်၊ အထူးသဖြင့် သမ္မာတရားကို လိုက်စားသော တစ်စုံတစ်ဦးထံမှ ထွက်လာမည် မဟုတ်ပေ။ ဤစကားများကို ပြောသည့်သူများတွင် စာတန်၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ရှိသည်မှာ သိသာထင်ရှားလှသည်။ ၎င်းတို့သည် ဆိုးယုတ်ကြပြီး အန္တိခရစ်များ ဖြစ်ကြသည်။ သမ္မာတရားကို ၎င်းတို့ မချစ်ကြသကဲ့သို့ ဆိုးယုတ်သည့် အင်အားစုများ၊ အကြမ်းဖက်မှု၊ စာတန်၏ ရက်စက်ကြမ်းကြုတ်သော အင်အားစုများနှင့် စိတ်သဘောထားတို့ကို ကြည်ညိုကြသည်။ ၎င်းတို့ ပြောသည့် ဤစကားနှစ်ခွန်းမျှမှပင် ဤအနှစ်သာရကို ရိပ်စားမိနိုင်သည်။ ဤစကားများကို ၎င်းတို့ ပြောသည့်အခါ ၎င်းတို့၏ စိတ်သဘောထားများနှင့် အနှစ်သာရတို့ ထုတ်ဖော်ခံရသည်။ သာမန်ဖြစ်သည့်၊ ပုံမှန်ဖြစ်သည့်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲတွင် ဤစကားများကို ပြောသည့် မည်သူမဆိုသည် ကောင်းမြတ်ခြင်းမရှိသကဲ့သို့ ဤစကားများကို ကြားလင့်ကစား မပြောသည့်သူ မည်သူမဆို၊ ဤစကားများကို ပြောသည့်သူများက ရှက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သည်ဟု ထင်သောသူ၊ မိမိတို့ကိုယ်၌က ဤပုံစံဖြင့် စကားမပြောနိုင်သူ၊ တစ်စုံတစ်ဦးကို ၎င်းတို့ မည်မျှ မုန်းသည်ဖြစ်စေ၊ မကျေမချမ်းဖြစ်ပြီး အထင်သေးသည်ဖြစ်စေ ဤစကားများကို ပြောဖို့ မဖြစ်နိုင်သူနှင့် ဤစကားများကို ပြောသည့်လူတို့အား အထင်သေးသောသူ မည်သူမဆိုတို့ဖြစ်သည့် ထိုသို့သောလူများသည် ရှက်စိတ်တစ်ခုခု ရှိနေဆဲဖြစ်ပြီး ၎င်းတို့၏ လူ့သဘာဝ၌ တော်ဖြောင့်သော ဘက်ခြမ်းရှိနေဆဲဖြစ်သည်။ သို့သော် ဤစကားများကို မကြာခဏ ပြောသည့်သူများ၊ ဤစကားများကို အမှုအရာများ ၎င်းတို့ ကိုင်တွယ်ကာ ကျင့်ကြံပြုမူပုံအတွက် အမြင့်မားဆုံးသော စည်းမျဉ်းများအဖြစ် မကြာခဏ သဘောထားသောသူများသည် ဧကန်မုချ စာတန်၏ ဂိုဏ်းဝင် အန္တိခရစ်များ ဖြစ်ပေသည်။ လူအချို့က “ဘုရားသခင်ကို မယုံကြည်မီတွင် ဤစကားများ ကောင်းသလော၊ သို့မဟုတ် ဆိုးသလောဟူသည်ကို ကျွန်ုပ် မသိခဲ့ပါ။ ကျွန်ုပ် ငယ်ရွယ်ချိန်တွင် ထိုစကားများကို သုံးခဲ့သော်လည်း အသက်အနည်းငယ်ကြီးလာပြီး ပိုရင့်ကျက်လာပြီးနောက်တွင် ထိုစကားများကို ကျွန်ုပ် မပြောတော့ပါ”ဟု ပြောကြသည်။ ဤသည်တို့မှာ အန္တိခရစ်များ ဖြစ်သလော။ မဟုတ်ပေ။ လူတို့သည် ငယ်ရွယ်ပြီး မသိနားမလည်ခဲ့ချိန်တွင် လူ့အဖွဲ့အစည်းနှင့်လည်းကောင်း၊ လူထုနှင့်လည်းကောင်း ပထမဆုံး ကြုံရသောအခါ ဤစကားများကို ကောင်းသော စကားများ၊ အဆင့်အတန်းမြင့်သော စကားများအဖြစ် သဘောထားမိကြသည်။ ၎င်းတို့သည် အလွန်ငယ်ရွယ်ပြီး မရင့်ကျက်ခြင်းသာ ဖြစ်သည်။ ၎င်းတို့ အနည်းငယ်ကြီးပြင်းလာပြီး ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းကို ခွဲခြားနိုင်သည့်အခါ၊ လူကောင်းနှင့် လူဆိုးကို ခြားနားသိမြင်နိုင်သည့်အခါတွင် ဤစကားများကို မပြောကြတော့ပေ။ ထိုသို့သော လူများတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ် ရှိနေကြဆဲဖြစ်သည်။ ဤအနည်းငယ်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားက မည်သည့်နေရာမှ လာသနည်း။ ၎င်းတို့၏ ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းကို ခွဲခြားနိုင်စွမ်း၊ မည်သည့်အရာက ဟုတ်မှန်ခြင်းဖြစ်ပြီး မည်သည့်အရာက မုသားဖြစ်သည်၊ မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ဟူသည်ကို သိနိုင်စွမ်းမှ လာပေသည်၊ ၎င်းတို့ ပြုမူ၊ ပြောဆိုပုံ၊ အမှုအရာများကို ကိုင်တွယ်ပြီး ကျင့်ကြံပြုမူပုံတွင် ရွေးချယ်မှုများနှင့် စည်းများ ရှိကြခြင်းမှ လာပေသည်။ ထိုအရာသည် ၎င်းတို့အနေဖြင့် စာတန်များ မဟုတ်ကြခြင်း၊ ဆိုးယုတ်သောလူများ မဟုတ်ကြခြင်း၊ သားရဲတိရစ္ဆာန်များ မဟုတ်ကြခြင်းမှ လာသည်၊ ၎င်းတို့က စံနှုန်းများ၊ စည်းမျဉ်းများဖြင့် ကျင့်ကြံပြုမူခြင်းနှင့် တည်ကြည်ဖြောင့်မတ်သောလူများဖြစ်ခြင်းမှ လာပေသည်။

အန္တိခရစ်များကို ဖော်ထုတ်ခြင်းအားဖြင့် ၎င်းတို့၏ “ဉာဏ်ပညာရှိသော စကားများ”၊ ၎င်းတို့ ဘဝဆောင်ပုဒ်များနှင့် ၎င်းတို့၏ မကြာခဏ ပြောဆိုသည့် ဆိုရိုးများအားလုံး ထုတ်ဖော်ခံရသည်။ ဤအရာများ ထုတ်ဖော်ခံရသည်နှင့်အမျှ ၎င်းတို့၏ သဘာဝ အနှစ်သာရလည်း ပေါ်ထွက်လာကာ အခြားသူတို့အား ပိုပိုပြီး ရှင်းလင်းစွာ မြင်တွေ့ရန် ထောက်ကူပေးလေသည်။ ဤအရာများကို ဖော်ထုတ်ခြင်းမရှိဘဲ လူတို့က ဤရံဖန်ရံခါ သို့မဟုတ် မကြာခဏ ကြားရသည့် စကားများကို သာမန်စကားများအဖြစ် သဘောထားကြကာ ယင်းတို့အပေါ် ပိုင်းခြားသိမြင်မှုမရှိကြလျှင် ၎င်းတို့သည် ထိုစကားများကို စရိုက်လက္ခဏာ သရုပ်ဖော်နိုင်ကြမည် မဟုတ်ပေ။ သင်သည် ထိုစကားများကို စရိုက်လက္ခဏာ သရုပ်မဖော်နိုင်လျှင် သမ္မာတရားနှင့်ဆိုင်သည့် သင်၏ သိနားလည်မှု သို့မဟုတ် အမှန်နှင့်အမှားကို သိသည့် သင်၏ အသိပညာသည် အဘယ် အသုံးဝင်သနည်း။ ဤအရာများက သင်၏ ရပ်တည်ချက်ကို လွှမ်းမိုးနိုင်သလော။ သင်၏ ရှုထောင့်ကို လွှမ်းမိုးနိုင်သလော။ (မလွှမ်းမိုးနိုင်ပါ။) သို့ဆိုလျှင် သင်သည် မည်သည့်အရာက ဖောက်ပြန်ပျက်စီးမှု၏ ပုံမှန် ထုတ်ဖော်ချက်တစ်ခုဖြစ်ပြီး မည်သည့်အရာက အန္တိခရစ်၏ အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သည်ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ ဤအနှစ်သာရများကို သင် ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်သည့်အခါ ယင်းတို့ကို တိကျမှန်ကန်စွာ စရိုက်လက္ခဏာ သရုပ်ဖော်ပြီး ခွဲခြားနိုင်ကာ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း၊ ပုံမှန်နှင့် မူမမှန်သောအရာတို့၏ အမျိုးမျိုးသော သရုပ်သကန်များ၊ ထုတ်ဖော်ချက်များ၊ စိတ်သဘောထားများအပြင် အနှစ်သာရများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်သည့်အခါ ထိုအခါမှသာ လူများနှင့် အမှုအရာများကို သာ၍ မှန်ကန်တိကျစွာ သင် ပိုင်းခြားသိမြင်နိုင်လိမ့်မည် ဖြစ်သည်။ သို့မဟုတ်လျှင် အန္တိခရစ်တစ်ဦး၏ သရုပ်သကန်တစ်ခုမှာ သာမန် ဖောက်ပြန်ပျက်စီးခြင်း သို့မဟုတ် ပုံမှန် ထုတ်ဖော်ချက်တစ်ခုဖြစ်သည်ဟု သင် မှားယွင်းစွာ တွေးထင်မိလိမ့်မည်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးခြင်း၏ သာမန် ထုတ်ဖော်ချက်အချို့ကို အန္တိခရစ်များ၏ အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန်များအဖြစ် သင် တစ်ခါတစ်ရံ တလွဲထင်မိလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ရောထွေးမိခြင်း ဖြစ်သည် မဟုတ်လော။ သင့်အနေဖြင့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သင်၏ တာဝန်နယ်ပယ်အတွင်းတွင် အန္တိခရစ်များရှိသည် ဆိုပါစို့။ ၎င်းတို့ကို သင် နေခွင့်ပေးပြီး ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ချက်များရှိသည့် သာမန် ညီအစ်ကို မောင်နှမများကို သင် နှင်ထုတ်ပါက ဤသည်မှာ အမှားတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤအသေးစိတ်ကျပြီး တိကျသည့် ခြားနားချက်များကို သိနားလည်ခြင်းက အလွန်အရေးကြီးပေသည်။

အန္တိခရစ်များက ပြုပြင်ခြင်းကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့၏ သရုပ်သကန်များသည် ငါတို့ ယခုတင် ဆွေးနွေးပြီးသည့်အရာထက် များစွာ သာ၍ဆိုးရွားသည်။ ၎င်းတို့သည် မဖွယ်မရာသော စကားနှစ်ခွန်းသာ ပြောလိမ့်မည် မဟုတ်၊ သို့မဟုတ် အနည်းငယ် မကျေမချမ်း ဖြစ်ရုံမျှဖြစ်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် သာ၍များသော အမှုအရာများကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး သာ၍ မဖွယ်မရာသော စကားများကို ပြောလိမ့်မည်။ ထို့ထက်ပင်ပို၍ သာ၍များသော ဆိုးယုတ်သည့် အရာအချို့၊ ဘုရားအိမ်တော်၏ အလုပ်ကို အပြင်းအထန် နှောင့်ယှက်ပြီး ပုံမှန် အသင်းတော် အသက်တာကို နှောင့်ယှက်သည့် အရာအချို့ကို ၎င်းတို့က လုပ်ဆောင်ကြလိမ့်မည်။ ယခုတွင် ၎င်းတို့က အန္တိခရစ်များဖြစ်ကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ကျင့်ကြံပြုမူခြင်းတို့က အန္တိခရစ်များ၏ လုပ်ဆောင်ချက်များနှင့် ကျင့်ကြံပြုမူခြင်းများဖြစ်ကြောင်းနှင့် ၎င်းတို့၏ စိတ်သဘောထားများက အန္တိခရစ်များ၏ စိတ်သဘောထားများ ဖြစ်ကြောင်းတို့ကို လူတို့အား ရှင်းလင်းစွာ မြင်ခွင့်ပေးပြီး ထိုးထွင်းသိမြင်ခွင့်ပေးသည့် စကားနှစ်ခွန်းသုံးခွန်း ပြောဆိုခြင်းအပြင် အခြားမည်သည့်အရာကို အန္တိခရစ်များ လုပ်ဆောင်နိုင်သည်နှင့်ပတ်သက်၍ ကြိုးစားမိတ်သဟာယပြုကြလော့။ ဤနည်းဖြင့် သာ၍ ကြီးမားသော အဖျက်အမှောင့်များ မဖန်တီးမီတွင် ဤအန္တိခရစ်များကို ညီအစ်ကို မောင်နှမများက အန္တိခရစ်များအဖြစ် ပိုင်းခြားသိမြင်ကာ ခွဲခြားနိုင်ကြပေသည်။ ဤနည်းအားဖြင့် တစ်ဖက်တွင် ညီအစ်ကို မောင်နှမများက ၎င်းတို့၏ အသက်ဝင်ရောက်မှုအတွက် သာ၍ ကြီးမားသော ဘေးဒုက္ခကို ခံစားရခြင်းအား ရှောင်ရှားနိုင်ပြီး အခြားတစ်ဖက်တွင် ဘုရားအိမ်တော်၏ အလုပ်ကို အန္တိခရစ်များက ဖြစ်စေသည့် နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့အား တားဆီး၍ရနိုင်ပေသည်။ ဤပြဿနာကို သာ၍ စောစီးစွာ ရှာဖွေတွေ့ရှိခြင်း၊ ဖြေရှင်းခြင်း၊ တားဆီးခြင်းနှင့် ပြုပြင်ခြင်းသည် နောက်ကျမှ လုပ်ဆောင်သည်ထက် သာ၍ ကောင်းသည် မဟုတ်လော။ (ကောင်းပါသည်။) သို့ဆိုလျှင် ဆက်လက်၍ မိတ်သဟာယပြုလော့။ (အန္တိခရစ်များက ပြုပြင်ခံရသည့်အခါ သမ္မာတရားကို လက်မခံသကဲ့သို့ လူတို့ကို တိုက်ခိုက်ဖို့ အချို့သော စကားများကို ပြောကြသည်။ ၎င်းတို့ကို မည်သူက အကြံပေးသည်ဖြစ်စေ ထိုအကြံက ၎င်းတို့၏ အဆင့်အတန်း သို့မဟုတ် မာနကို ထိသရွေ့၊ အန္တိခရစ်များက အသင်းတော်တွင် ထိုလူကို ဝေဖန်ကြလိမ့်မည်ဖြစ်ပြီး မိမိတို့၏ အဆင့်အတန်းနှင့် မာနကို ခုခံကာကွယ်ဖို့အတွက် သမ္မာတရားကို လွဲချော်စေကြလိမ့်မည်။) အခြားတစ်ခုတလေ ရှိသလော။ (သူ့အတွက် ဆိုးကျိုးဖြစ်စေသောအရာ တစ်ခုတလေကို လုပ်ဆောင်ခဲ့သူ မည်သူကိုမဆို ဖျက်ဆီးဖို့ ခြိမ်းခြောက်ခဲ့သည့် ဆိုးယုတ်သော လူတစ်ဦးကို တစ်ချိန်က ကျွန်ုပ် တွေ့ဆုံခဲ့သည်။ ထိုအချိန်က သမ္မာတရားကို ကျွန်ုပ်တို့ နားမလည်ခဲ့ကြသကဲ့သို့ ထိုးထွင်းသိမြင်မှု ကင်းမဲ့ခဲ့ကြသည်။ ကျွန်ုပ်တို့က သူ့ကို ကြောက်ရွံ့ခဲ့ကြသည်။ သူသည် သူ၏ တာဝန်ကို ထမ်းဆောင်နေစဉ် ထင်ရာမြင်ရာနှင့် မဆင်မခြင် ပြုမူခဲ့ပြီး သူ၏ အလုပ်တွင် ပြဿနာအချို့ကို ကျွန်ုပ်တို့ မြင်ကာ သူ့ကို တိုင်ကြားချင်ခဲ့ကြချိန်တွင် သူသည် ကျွန်ုပ်တို့ကို ဟန့်တားပြီး တိုင်ကြားခွင့်မပေးခဲ့ပါ။ ကျွန်ုပ်တို့က သမ္မာတရားကို မပိုင်ဆိုင်ခဲ့သောကြောင့် ထိုအချိန်တွင် ပြန်မငြင်းခုံဝံ့ခဲ့ကြသကဲ့သို့ သူ့ကို ချက်ချင်း မတိုင်ကြားခဲ့ကြပါ။ ယင်းက နောက်ဆုံးတွင် အသင်းတော်၏ အလုပ်ကို ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်။ ဤသည်မှာ ကျွန်ုပ်တို့က အန္တိခရစ်များအပေါ် ထိုးထွင်းသိမြင်မှု ကင်းမဲ့ခဲ့ခြင်းအားဖြင့် ဖြစ်ခဲ့ခြင်းဖြစ်သည်။ သူသည် နောက်ထပ် ဒုစရိုက်အမှုများစွာ ပြုလုပ်ပြီးသည့်နောက်တွင်သာ နှင်ထုတ်ခြင်းခံခဲ့ရသည်။) ဤကိစ္စရပ်တွင် သင်တို့သည် သင်တို့၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ဖို့ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့ကြပြီး ဘုရားအိမ်တော်၏ အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်ခွင့်ပေးခဲ့သည်။ သင်တို့သည် ဤအရာအတွက် တာဝန်ရှိပေသည်။ ယခုတွင် ဤလူသည် တရားနည်းလမ်းကျစွာ နှင်ထုတ်ခံခဲ့ရခြင်းဖြစ်ပြီး မတော်မတရား ဆက်ဆံခံရခြင်း မဟုတ်ဟု ထင်ရသည်။ သင်တို့သည် အနာဂတ်တွင် ဤလူစားမျိုးနှင့် တစ်ဖန် ကြုံရလျှင် ၎င်းကို သင်တို့ ထိုးထွင်းသိမြင်နိုင်ကြလိမ့်မည်လော။ (ဘုရားသခင်၏ မိတ်သဟာယမှတစ်ဆင့် အန္တိခရစ်များကို ထိုးထွင်းသိမြင်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအပေါ်အနည်းငယ် သာ၍ ရှင်းလင်းသွားသည်ဟု ကျွန်ုပ် ခံစားရပါသည်။)

ဘုရားအိမ်တော်က အန္တိခရစ်များကို အဘယ်ကြောင့် နှင်ထုတ်ချင်သနည်း။ ၎င်းတို့ကို ဆက်နေခိုင်းပြီး အစေခံမှုပေးခွင့်ပြုခြင်းက အဆင်ပြေမည်လော။ ၎င်းတို့ကို နောင်တရဖို့ အခွင့်အရေးပေးခြင်းက အဆင်ပြေမည်လော။ (အဆင်ပြေမည် မဟုတ်ပါ။) ၎င်းတို့အနေဖြင့် သမ္မာတရားကို လိုက်စားနိုင်မည့် အခွင့်အရေးတစ်ခုတလေ ရှိသလော။ (အန္တိခရစ်များက သမ္မာတရားကို မလိုက်စားနိုင်ကြပါ။) ယခုတွင် အန္တိခရစ်များသည် စာတန်နှင့် သက်ဆိုင်သည့် ဆိုးယုတ်သော လူများဖြစ်ပြီး နောင်တမရနိုင်ကြောင်းကို သင် သိရှိပြီးဖြစ်သည်။ ယင်းကြောင့် ၎င်းတို့ နှင်ထုတ်ခံရခြင်းဖြစ်သည်။ မည်သူမျှ ပေါ့ပေါ့တန်တန် နှင်ထုတ်ခြင်းမခံကြရပေ။ လူကောင်းများအနေဖြင့် အမှားမှားအယွင်းယွင်း စွပ်စွဲမခံရဖို့အလို့ငှာလည်းကောင်း၊ မည်သူမျှ ပေါ့ပေါ့တန်တန် နှင်ထုတ်မခံရဖို့ သို့မဟုတ် ဖျက်ဆီးခြင်း မခံရဖို့အလို့ငှာလည်းကောင်း ဘုရားအိမ်တော်သည် ၎င်းတို့ကို နောင်တရဖို့ အခွင့်အရေးများ ထပ်တလဲလဲ ပေးကာ လူးသာလွန့်သာ အခြေအနေ ပေးလျက် စိတ်ရှည်ခြင်းကို အကြိမ်ကြိမ် ကျင့်သုံးလေသည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ဖို့မှာ ၎င်းတို့အတွက် လွယ်ကူသောအရာတစ်ခု မဟုတ်ပေ။ ဘုရားအိမ်တော်သည် ၎င်းတို့ အပြည့်အဝ ပိုင်းခြားသိမြင်ခြင်းကို မခံရမချင်း၊ ၎င်းတို့ လုံးဝ ထုတ်ဖော်မခံရမချင်း လူတိုင်းအပေါ် သည်းခံသည်။ သို့သော် အန္တိခရစ်များသည် နောင်တရနိုင်ကြသလော။ ၎င်းတို့ နောင်တမရနိုင်ကြပေ။ ဘုရားအိမ်တော်၌ ၎င်းတို့ ဆောင်ရွက်သည့် အခန်းကဏ္ဍသည် ဘုရားအိမ်တော်၏ အလုပ်ကို ဖျက်ဆီး၊ နှောင့်ယှက်ကာ အဖျက်အမှောင့် လုပ်နေသည့် စာတန်၏ အစေခံများ၏ အခန်းကဏ္ဍဖြစ်သည်။ ၎င်းတို့တွင် ဆုကျေးဇူးနှင့် ပါရမီအချို့ရှိလျှင်ပင် ၎င်းတို့အနေဖြင့် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ သို့မဟုတ် မှန်ကန်သည့် လမ်းကြောင်းပေါ် တက်ရောက်ဖို့ တကယ်ကို မကြိုးစားနိုင်ပေ။ အန္တိခရစ်များတွင် အသုံးဝင်သော သွင်ပြင်လက္ခဏာအချို့ ရှိလျှင်ပင် ၎င်းတို့သည် ဘုရားအိမ်တော်၌ ဘုရားသခင်၏ အမှုတော်အတွက် အပြုသဘောဆောင်သည့် ပံ့ပိုးမှုတစ်ခုကို လုံးဝ ပြုလုပ်ကြမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်း၊ အဖျက်အမှောင့်လုပ်ပြီး ယုတ်လျော့စေခြင်းတို့သာ ပြုလုပ်ကြပြီး ကောင်းမွန်သည့်အရာများကို မလုပ်ဆောင်ကြပေ။ သင်က ၎င်းတို့ကို စောင့်ကြည့်လေ့လာဖို့ ဆက်နေခိုင်းပြီး နောင်တရဖို့ အခွင့်အရေးပေးသော်လည်း ၎င်းတို့က နောင်တရနိုင်စွမ်း မရှိခဲ့ကြပေ။ နောက်ဆုံးတွင် ခံယူကျင့်သုံးခဲ့သည့် ဖြေရှင်းချက်မှာ ၎င်းတို့ကို နှင်ထုတ်ခြင်း ဖြစ်သည်။ ၎င်းတို့ကို မနှင်ထုတ်မီတွင် ဤလူစားမျိုးသည် နောင်တရဖို့ထက် သေဆုံးလိုမည့်အန္တိခရစ်တစ်ဦးဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားအပေါ် ဆန့်ကျင်ရန်လိုကြကြောင်း အမှန်တရားကို သင် ထိုးထွင်းသိမြင်နှင့်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ နှင်ထုတ်ခံခဲ့ကြရခြင်း ဖြစ်သည်။ ၎င်းတို့သည် လူကောင်းတစ်ဦးဖြစ်လျှင် နှင်ထုတ်ခြင်းခံခဲ့ကြပြီး ဖြစ်မည်လော။ ၎င်းတို့က သမ္မာတရားကို လက်ခံပြီး နောင်တရနိုင်ခဲ့မည်ဆိုလျှင် နှင်ထုတ်ခြင်းခံခဲ့ကြပြီးဖြစ်မည်လော။ အလွန်ဆုံးအနေဖြင့် ၎င်းတို့၏ တာဝန်မှ ၎င်းတို့ ဖြုတ်ချခံရပြီး ဖြစ်မည်ဖြစ်ကာ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများနှင့် ပြန်လည်သုံးသပ်ခြင်းကို ပါဝင်ဆောင်ရွက်ဖို့ စေလွှတ်ခြင်းခံရပြီး ဖြစ်မည်ဖြစ်သည်။ ၎င်းတို့ နှင်ထုတ်ခံရပြီးဖြစ်မည် မဟုတ်ပေ။ ဘုရားအိမ်တော်က တစ်စုံတစ်ဦးကို နှင်ထုတ်ဖို့ ဆုံးဖြတ်သည်နှင့်တစ်ပြိုင်နက် ဤလူကို ဘုရားအိမ်တော်တွင် နေခွင့်ပေးလျှင် ဘေးဆိုးတစ်ခု ဖြစ်မည်ဟု ဆိုလိုပေသည်။ ၎င်းတို့သည် ကောင်းမွန်သည့်အရာများ လုပ်ဆောင်မည် မဟုတ်၊ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များကိုသာ ဖြစ်စေမည်ဖြစ်ပြီး မကောင်းသည့် အရာမျိုးစုံကို လုပ်ဆောင်မည် ဖြစ်သည်။ ၎င်းတို့ ရှိသည့် မည်သည့်အသင်းတော်မဆို သဲများကဲ့သို့ လူစုကွဲသွားသည့်အဆင့်ထိ၊ အလုပ်တန့်သွားသည့်အဆင့်ထိ၊ လူအများစုက အလွန် စိတ်မချမ်းမသာဖြစ်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်း ဆုံးရှုံးကာ လူအချို့သည် မိမိတို့၏ ယုံကြည်ခြင်းကိုပင် ရပ်တန့်ချင်သကဲ့သို့ မိမိတို့၏ တာဝန်များကို ဆက်မလုပ်ဆောင်နိုင်တော့သည့်အဆင့်ထိ ၎င်းတို့၏ နှောင့်ယှက်ခြင်းခံရမည် ဖြစ်သည်။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ထိုအရာကို အန္တိခရစ်များ၏ အနှောင့်အယှက်များက ဖြစ်စေခြင်း ဖြစ်သည်။ ဤအသင်းတော်က မျှော်လင့်ချက်တစ်ခုတလေ ရှိဖို့အတွက်၊ အသင်းတော် အသက်တာက ပုံမှန်ဖြစ်လာဖို့အတွက်နှင့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ထဲသို့ ဝင်ရောက်နိုင်ဖို့အတွက် ဤအန္တိခရစ်ကို ကိုင်တွယ်ရမည်၊ ရှင်းလင်းပစ်ပြီး နှင်ထုတ်ရမည်ဖြစ်သည်။ လူအချို့က “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သောကြောင့် ကျွန်ုပ်တို့လည်း အန္တိခရစ်များကို နောင်တရဖို့ အခွင့်အရေး ပေးသင့်သည်”ဟု ပြောကြသည်။ ဤစကားများက အလွန်ကောင်းပုံရသော်လည်း ယင်းမှာ အမှုအရာများ အမှန်တကယ် ဖြစ်သည့်ပုံစံဖြစ်သလော။ သေချာ လေ့လာဆန်းစစ်လော့။ နှင်ထုတ်ခံခဲ့ရသည့် မည်သည့် အန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့သည် နောက်ပိုင်းတွင် မိမိတို့ကိုယ်ကို သိရှိလာကြပြီး သမ္မာတရားကို လိုက်စားကာ ချစ်နိုင်ကြသနည်း။ မည်သူတို့သည် နောင်တရခဲ့ကြသနည်း။ ၎င်းတို့ထဲမှ မည်သူမျှ နောင်တမရခဲ့သကဲ့သို့ ၎င်းတို့အားလုံးက မိမိတို့ အပြစ်များကို ဝန်ချဖို့ ခေါင်းမာစွာ ငြင်းဆန်ခဲ့ကြပြီး နှစ်ပေါင်းမည်မျှကြာပြီးနောက်တွင်ဖြစ်စေ ၎င်းတို့ကို သင် တစ်ဖန် မြင်တွေ့ရသည့်အခါ ၎င်းတို့က ဤပုံစံ ဖြစ်နေဆဲဖြစ်သည်၊ ထိုစဉ်အချိန်က ဖြစ်ပျက်ခဲ့သည့် ထိုအရာများကို ဖက်တွယ်နေကြဆဲဖြစ်ပြီး လက်မလွှတ်ဘဲ ရှိနေဆဲ၊ မိမိတို့ကိုယ်ကို မှန်ကြောင်းပြကာ ရှင်းပြဖို့ ကြိုးစားနေကြဆဲ ဖြစ်သည်။ ၎င်းတို့၏ စိတ်သဘောထားက လုံးဝ မပြောင်းလဲသေးပေ။ ၎င်းတို့ကို သင်က ပြန်လက်ခံပြီး အသင်းတော် အသက်တာကို ပြန်စခွင့်ပေးကာ တာဝန်တစ်ခုကို ထမ်းဆောင်ခွင့်ပေးလျှင် အသင်းတော်၏ အလုပ်ကို ၎င်းတို့ နှောင့်ယှက်ကာ အဖျက်အမှောင့် လုပ်ကြလိမ့်ဦးမည် ဖြစ်သည်။ ပေါလုကဲ့သို့ပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဂုဏ်တင်ချီးကျူးကာ သက်သေခံရင်း တစ်ပုံစံတည်းသော အမှားဟောင်းများကိုပင် ပြုမိကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လုံးဝ မလျှောက်နိုင်ကြသကဲ့သို့ ၎င်းတို့၏ လမ်းကြောင်းဟောင်း၊ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်း၊ ပေါလု၏ လမ်းကြောင်းကို လျှောက်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များကို နှင်ထုတ်ခြင်းအတွက် အခြေခံအကြောင်းရင်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။