အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၈) အခန်း လေး

အန္တိခရစ်များက အသင်းတော်တွင် နှောင့်ယှက်ခြင်းများ ဖြစ်နေစေသည့်အခါ ယင်းသည် ကောင်းမွန်သည့်အရာတစ်ခုလော၊ သို့မဟုတ် ဆိုးသည့်အရာ တစ်ခုလော။ (ဆိုးပါသည်။) မည်သည့်နည်းလမ်းဖြင့် ဆိုးသနည်း။ ဘုရားသခင်က အမှားတစ်ခုကို ပြုလုပ်ခဲ့သလော။ ဘုရားသခင်က သေချာစွာ မစောင့်ကြည့်ဘဲ အန္တိခရစ်များကို သူ၏ အိမ်တော်ထဲသို့ ထိုးဖောက်ဝင်ရောက်ခွင့် ပြုခဲ့သလော။ (မပြုခဲ့ပါ။) သို့ဆိုလျှင် မည်သည့်အရာ ဖြစ်နေသနည်း။ (ကျွန်ုပ်တို့က ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာဖို့အတွက်၊ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ရန် သင်ယူဖို့၊ စာတန်အား ကျွန်ုပ်တို့ကို တစ်ဖန် လုံးဝ အရူးလုပ်ခွင့်မပေးဘဲ ဘုရားသခင်ကို ကျွန်ုပ်တို့၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နိုင်ဖို့အလို့ငှာ ဘုရားသခင်က အန္တိခရစ်များကို အသင်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်ခွင့်ပေးပါသည်။ ဤသည်မှာ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်သည်။) စာတန်က မည်သို့ ကောက်ကျစ်ဆိုးယုတ်သည်၊ ရက်စက်ပြီး မလိုမုန်းထားစိတ်ရှိသည်၊ စာတန်က သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းသည်ကို ငါတို့ အမြဲ ပြောဆိုကြသော်လည်း ဤအရာကို သင် မြင်နိုင်သလော။ ဝိညာဉ်ရေးရာ နယ်ပယ်၌ စာတန်က မည်သည့်အရာ လုပ်ဆောင်သည်ကို သင် မြင်နိုင်သလော။ ၎င်းက မည်သို့ စကားပြောဆိုပြီး ပြုမူသည်၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်း၏ သဘောထားက မည်သည့်အရာဖြစ်သည်၊ ၎င်း၏ ကောက်ကျစ်ဆိုးယုတ်မှုက မည်သည့်နေရာတွင် တည်ရှိသည်ဟူ၍ ဤအရာများထဲမှ တစ်ခုကိုမျှ သင် မမြင်နိုင်ပေ။ ထို့ကြောင့် စာတန်က ကောက်ကျစ်ဆိုးယုတ်ကြောင်း၊ ၎င်းက ဘုရားသခင်ကို အတိုက်အခံလုပ်ကြောင်းနှင့် ၎င်းက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြောင်း ငါတို့ မည်သို့ ပြောဆိုသည်ဖြစ်စေ သင်၏ စိတ်တွင် ဤသည်မှာ စကားတစ်ခွန်းမျှသာ ဖြစ်သည်။ ထိုအရာအတွက် စစ်မှန်သည့် ပုံရိပ်မရှိပေ။ ထိုအရာသည် အလွန် အနှစ်မဲ့ပြီး လက်တွေ့မကျပေ။ လက်တွေ့ကျသော ရည်ညွှန်းချက်တစ်ခုအဖြစ် အသုံးမဝင်ပေ။ သို့သော် တစ်ဦးတစ်ယောက်သည် အန္တိခရစ်တစ်ဦးနှင့် ထိတွေ့ဆက်ဆံလာရသည့်အခါတွင် စာတန်၏ ကောက်ကျစ်ဆိုးယုတ်သည့်၊ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့်ဆိုင်သည့် ၎င်း၏ အနှစ်သာရကို အနည်းငယ် ပိုမိုရှင်းလင်းစွာ မြင်ရပြီး စာတန်အပေါ် ၎င်း၏ သိနားလည်မှုက အနည်းငယ် ပို၍ ပြတ်သားကာ လက်တွေ့ကျလေသည်။ လူတို့အနေဖြင့် ထိတွေ့ဆက်ဆံလာရပြီး မြင်ဖို့အတွက် ဤစစ်မှန်သော ပုဂ္ဂိုလ်များနှင့် ဥပမာများမရှိဘဲနှင့် ၎င်းတို့၏ သမ္မာတရားကို သိနားလည်ခြင်းဟု ခေါ်သောအရာသည် မရှင်းမလင်း ဖြစ်မည်၊ အနှစ်မဲ့မည်ဖြစ်ပြီး လက်တွေ့ကျမည် မဟုတ်ပေ။ သို့သော် လူတို့သည် ဤအန္တိခရစ်များ၊ ဆိုးယုတ်သောလူတို့နှင့် အစစ်အမှန် ထိတွေ့ဆက်ဆံလာရသည့်အခါ မကောင်းမှုကို ၎င်းတို့ လုပ်ဆောင်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ကြပုံအား ၎င်းတို့ မြင်နိုင်ပြီး စာတန်၏ သဘာဝ အနှစ်သာရကို ၎င်းတို့ ခွဲခြားနိုင်ကြသည်။ ဤဆိုးယုတ်သော လူများနှင့် အန္တိခရစ်တို့က လူဝင်စားသော စာတန်ဖြစ်ကြောင်း၊ ထိုသူတို့သည် အသက်ရှင်နေသော စာတန်များ၊ အသက်ရှင်နေသော နတ်ဆိုးများ ဖြစ်ကြောင်း ၎င်းတို့ မြင်ကြသည်။ အန္တိခရစ်များ၊ ဆိုးယုတ်သော လူတို့နှင့် ထိတွေ့ဆက်ဆံခြင်းက ထိုသို့သော အကျိုးတရားတစ်ခု ရှိနိုင်သည်။ စာတန်က ဆိုးယုတ်သော လူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် လူဝင်စားသောအခါ ၎င်း၏ ဇာတိပကတိခန္ဓာ တတ်စွမ်းနိုင်မှုများက သိပ်မကြီးမားသော်လည်း ၎င်းသည် မကောင်းသည့်အရာများစွာကို လုပ်ဆောင်နိုင်ဆဲဖြစ်ကာ ဒုက္ခပြဿနာများစွာ ဖြစ်စေနိုင်ဆဲဖြစ်ပြီး လုပ်ဆောင်ချက်တွင် အလွန် ကောက်ကျစ်ဆိုးယုတ်ပြီး ယုတ်မာနိုင်ကြဆဲ ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ရေးရာ နယ်ပယ်၌ စာတန်လုပ်ဆောင်သည့် မကောင်းမှုသည် ဇာတိပကတိဖြင့် အသက်ရှင်သည့် ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များအားလုံး လုပ်ဆောင်သည့် မကောင်းမှုပမာဏထက် အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင် သာ၍ ကြီးမားရပေမည်။ ထို့ကြောင့် ဆိုးယုတ်သော လူများ၊ အန္တိခရစ်များနှင့် ထိတွေ့ဆက်ဆံလာရခြင်းဖြင့် လူတို့ သင်ယူသည့် သင်ခန်းစာများမှာ ပိုင်းခြားသိမြင်မှုကို ဖြစ်ပေါ်ခြင်းနှင့် စာတန်၏ သဘာဝကို ရှင်းလင်းစွာ မြင်ခြင်းအတွက် ကြီးမားသည့် အထောက်အကူဖြစ်ပေသည်။ ယင်းတို့က မည်သည့်အရာများသည် အပြုသဘောဆောင်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သည်၊ မည်သည့်အရာကို ဘုရားသခင်က စက်ဆုပ်ပြီး မည်သည့်အရာက သူ့အတွက် နှစ်သက်ဖွယ်ဖြစ်သည်၊ မည်သည့်အရာက သမ္မာတရားဖြစ်ပြီး မည်သည့်အရာက မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာဖြစ်သည်၊ မည်သည့်အရာက တရားမျှတမှုဖြစ်ပြီး မည်သည့်အရာက ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်၊ မည်သည့်အရာ အတိအကျကို ဘုရားသခင်က မုန်းတီးပြီး မည်သည့်အရာ အတိအကျကို သူ ချစ်သည်၊ ပြီးလျှင် မည်သည့်လူများကို ဘုရားသခင်က ငြင်းပယ်ကာ ဖယ်ရှားရှင်းလင်းပြီး မည်သည်တို့ကို အသိအမှတ်ပြုကာ ရယူသည်ဟူသည်တို့ကို ပိုင်းခြားသိမြင်ဖို့ သင်ယူရန် လူတို့ကို ထောက်ကူပေးသည်။ ဤမေးခွန်းများကို အယူဝါဒအရသာ နားလည်ဖို့ ကြိုးစားခြင်းက အချည်းနှီး ဖြစ်သည်။ အကြင်သူသည် အမှုအရာများစွာ၊ အထူးသဖြင့် ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို တွေ့ကြုံရမည် ဖြစ်သည်။ အကြင်သူသည် စစ်မှန်သည့် ပိုင်းခြားသိမြင်မှု ရှိမှသာ ဤသမ္မာတရားများစွာကို နားလည်နိုင်ပြီး ဘုရားသခင် တောင်းဆိုသည့်အရာနှင့် သူ ရယူလိုသည့်အရာအပေါ် သာ၍ နက်ရှိုင်းပြီး သာ၍ လက်တွေ့ကျသော သိနားလည်မှုတစ်ခုသို့ ရောက်ရှိလာနိုင်ပေသည်။ ဤအရာက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သာ၍ ကြီးမားသည့် သိနားလည်မှုတစ်ခု ဖြစ်ပေါ်စေသည် မဟုတ်လော။ ဘုရားသခင်က သမ္မာတရားဖြစ်ပြီး ချစ်ခင်နှစ်လိုဖွယ်အကောင်းဆုံးသော အရှင်ဖြစ်သည်ကို ထိုအရာက သင့်အား သာ၍ သေချာစေနိုင်သည် မဟုတ်လော။ (သေချာစေနိုင်ပါသည်။) ဘုရားသခင်သည် လူတို့အား ဤအရာများကို တွေ့ကြုံခြင်း လမ်းကြောင်း၌ သင်ခန်းစာများ သင်ယူစေပြီး ပိုင်းခြားသိမြင်မှု ဖြစ်ပေါ်စေသည့်အပြင်၊ လူအမျိုးအစားတစ်မျိုးစီကိုလည်း ထုတ်ဖော်ပြနေစဉ် လူတို့ကိုလည်း သေချာပေါက် လေ့ကျင့်ပေးနေသည်။ လူအချို့က ဆိုးယုတ်သော လူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးကို ကြုံရသည့်အခါ ထိုသူတို့က ၎င်းကို မဖော်ထုတ်ဝံ့ သို့မဟုတ် မခွဲခြားဝံ့ကြသည့်အပြင် ၎င်းနှင့် ထိတွေ့ဆက်ဆံဝံ့ခြင်း မရှိကြချေ။ ၎င်းက အဆိပ်ရှိသော မြွေတစ်ကောင် ဖြစ်သည့်အလား ထိုသူတို့က ကြောက်ကြပြီး ၎င်းကို ရှောင်ရှားဖို့သာ ကြိုးစားကြသည်။ ထိုသို့သော လူများသည် သင်ခန်းစာများ သင်ယူဖို့ အလွန် သူရဲဘောနည်းကြပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ကြလိမ့်မည် မဟုတ်ပေ။ ဆိုးယုတ်သောလူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးကို ကြုံရသည့် လူအချို့သည် သင်ခန်းစာများ သင်ယူခြင်း သို့မဟုတ် ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိခြင်းအား အာရုံမစိုက်ကြချေ။ ၎င်းတို့သည် ထိုသူတို့ကို ဆက်ဆံရာတွင် မိမိတို့၏ တဇောက်ကန်းဖြစ်ခြင်းအား ဦးဆောင်ခွင့်ပြုကြပြီး အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ကာ ခွဲခြားရမည့် အချိန်ရောက်လာသည့်အခါ ၎င်းတို့သည် အသုံးမဝင်နိုင်ပေ သို့မဟုတ် လက်တွေ့ကျသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ အန္တိခရစ်တစ်ဦးက မကောင်းမှုများစွာ လုပ်ဆောင်နေသည်ကို လူအချို့က မြင်ပြီး ထိုအရာအပေါ် စိတ်နှလုံးထဲတွင် အလွန်အမင်း မနှစ်မြို့ကြသော်လည်း ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ လုံးလုံး မရှိ၊ ၎င်းတို့ လွတ်လပ်စွာ လုပ်ဆောင်၍မရနိုင်ဟု ခံစားကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် အန္တိခရစ်များ၏ ထင်ရာမြင်ရာ ကစားခြင်းခံရပြီး ၎င်းတို့က ဤအရာကို သည်းခံမြဲသည်းခံကာ ကြိတ်မှိတ်လက်ခံထားကြသည်။ ၎င်းတို့သည် အန္တိခရစ်အား မဆင်မခြင် ပြုမူဆောင်ရွက်ခွင့်ပေးပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ခွင့်ပေးကာ ထိုအန္တိခရစ်ကို တိုင်ကြားခြင်း၊ ဖော်ထုတ်ခြင်း မရှိကြချေ။ ၎င်းတို့သည် လူသားများအဖြစ် မိမိတို့၏ ဝတ္တရားနှင့် တာဝန်တွင် ပျက်ကွက်ကြပြီး ဖြစ်သည်။ တိုတိုပြောရလျှင် ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များက အကြီးအကျယ် ထကြွသောင်းကျန်းပြီး ၎င်းတို့ အလိုရှိသည့်အတိုင်း လုပ်ဆောင်သည့်အခါ ဤအရာက လူမျိုးစုံကို ထုတ်ဖော်ပြကာ သမ္မာတရားကို လိုက်စားပြီး တရားမျှတစိတ်ရှိသူတို့အား ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် ထိုးထွင်းအမြင်တို့တွင် တိုးပွားရန် ထောက်ကူပေးလျက်၊ ဤအရာမှ တစ်စုံတစ်ရာကို သင်ယူပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ထောက်ကူပေးလျက် ၎င်းတို့ကို လေ့ကျင့်ပေးရန်လည်း ဆောင်ရွက်သည်မှာ အမှန်ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များထဲမှ မည်သည့်အရာကို ၎င်းတို့ နားလည်လာကြသနည်း။ ဘုရားသခင်က အန္တိခရစ်များကို မကယ်တင်ဘဲ အစေခံမှုပေးရန် သက်သက် အသုံးပြုကြောင်းနှင့် အန္တိခရစ်များက အစေခံမှုပေးခြင်းကို လုပ်ဆောင်ပြီးသည့်အခါ ၎င်းတို့သည် ဆိုးယုတ်သော လူများ၊ စာတန်နှင့်သက်ဆိုင်သော လူများဖြစ်ကြသည့်အတွက် ၎င်းတို့ကို ဘုရားသခင်က ထုတ်ဖော်ကာ ဖယ်ရှားရှင်းလင်းပြီး နောက်ဆုံးတွင် အပြစ်ပေးကြောင်းကို ၎င်းတို့အား မြင်စေသည်။ ဘုရားသခင် ကယ်တင်သောသူတို့မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိလင့်ကစား အပြုသဘောဆောင်သော အရာများကို ချစ်ပြီး ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို အသိအမှတ်ပြုကာ သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံသောသူ၊ ပြီးလျှင် ပြစ်မှားမှုတစ်ခုကို ကျူးလွန်မိပြီးနောက် အမှန်တကယ် နောင်တရနိုင်သောလူတစ်စု ဖြစ်သည်။ ဤလူများသည် ပြုပြင်ခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ပြစ်တင်ဆုံးမခံရခြင်းတို့ကို လက်ခံနိုင်ကြပြီး ထို့ထက်ပင်ပို၍ အခြားသူတို့က ၎င်းတို့ကို ဖော်ထုတ်သည့်အခါ သို့မဟုတ် ၎င်းတို့၏ ပြဿနာများကို ထောက်ပြသည့်အခါ ထိုအရာကို မှန်ကန်စွာဖြင့် ချဉ်းကပ်နိုင်ကြလေသည်။ ဘုရားသခင် မည်သို့ အမှုပြုသည်ဖြစ်စေ၊ ထိုအရာကို လက်ခံနိုင်ပြီး ကျိုးနွံနာခံနိုင်ကာ ထိုအရာမှ တစ်စုံတစ်ရာကို သင်ယူနိုင်သူများ၊ ထိုသို့သောသူများသည် ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်သောလူစု၊ သူ၏ အမှုတော်ကို တွေ့ကြုံပြီး သူ၏ ရယူခြင်းခံရသော လူစု ဖြစ်သည်။

ဤအရာက ပြုပြင်ခံရခြင်းကို အန္တိခရစ်များ ဆက်ဆံပုံနှင့်ဆိုင်သည့် သရုပ်သကန်များအပေါ် ငါတို့၏ မိတ်သဟာယကို အဆုံးသတ်သည်။ နောက်ပိုင်းတွင် ညီအစ်ကို မောင်နှမများက ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိနိုင်ကြဖို့အလို့ငှာ သင်တို့ ကိုယ်တိုင်ကိုယ်ကျ မြင်ရပြီးဖြစ်သည့် သို့မဟုတ် တွေ့ကြုံရပြီးဖြစ်သည့် ဥပမာအချို့ကို ရှာနိုင်ပြီး ယင်းတို့၏ အနှစ်သာရအပေါ် အခြေခံ၍ စိစစ်ပြီး မိတ်သဟာယပြုနိုင်သည်။ ညီအစ်ကို မောင်နှမများက ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိခြင်းနှင့်ဆိုင်သည့် ရည်မှန်းချက်မှာ အဘယ်နည်း။ ပိုများသော လူတို့အား အန္တိခရစ်များကို ငြင်းပယ်ရန်၊ အသင်းတော်ရှိ ၎င်းတို့၏ ဒုစရိုက်အမှုများအား တားဆီးကာ ကန့်သတ်ရန်နှင့် လူတို့က တာဝန်များကို ထမ်းဆောင်ကြသည့် အသင်းတော်နှင့် အရေးကြီးသောနေရာများတွင် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေခြင်း သို့မဟုတ် အသင်းတော်၏ အလုပ်ကို ဆုံးရှုံးမှုတစ်ခုတလေ ဖြစ်စေခြင်းမှ ၎င်းတို့ကို တားဆီးရန် ထောက်ကူပေးဖို့ ဖြစ်သည်။ ဤအရာကို အန္တိခရစ်များနှင့် ဆိုးယုတ်သောလူတို့ကို ချုပ်နှောင်ခြင်းဟု ခေါ်သည်။ အန္တိခရစ် အများစုက ဘုရားသခင်ကို လူသိရှင်ကြား မဝေဖန်သေးသော်လည်း သို့မဟုတ် အသင်းတော်တွင် ဘုရားသခင်ကို အတိုက်အခံမလုပ်သေးသော်လည်း ၎င်းတို့က မကောင်းမှုများစွာကို ခိုးကြောင်ခိုးဝှက် ကျူးလွန်ကြသည်။ အသင်းတော် အသက်တာကို ၎င်းတို့က နှောင့်ယှက်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များက သမ္မာတရားကို မိတ်သဟာယပြုခြင်းနှင့် စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နေကြခြင်းတို့ကို တားဆီးကြပြီး နှောင့်ယှက်ကြလေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့်ပတ်သက်၍ ထောက်ထားစာနာမှုမရှိသည့် မှတ်ချက်များနှင့် ထင်ရာမြင်ရာ ဝေဖန်မှုများကို ပြုလုပ်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကိုပင် ရှုတ်ချကြသည်၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို အထင်အမြင်မှားစေကြပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့က မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း၏ ရလဒ်များအား ထိခိုက်စေလျက် အသင်းတော်အလုပ်ကို နှောင့်ယှက်ခြင်းများ ဖြစ်စေကြသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့်ဆိုင်သည့် ကြီးမားသော မကောင်းမှု ဖြစ်သည်။ ဆိုးယုတ်သော အန္တိခရစ်များ လုပ်ဆောင်သည့် မကောင်းမှုသည် ကြီးမားသည့် မကောင်းမှုတစ်ခု၊ အဖတ်ဆယ်၍မရနိုင်သည့် ရှုတ်ချပြစ်တင်ထိုက်သော မကောင်းမှုတစ်ခုဖြစ်သည်ကို ဘုရားသခင် ရွေးချယ်ထားသော လူအားလုံးက သိရမည်ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များသည် ဘုရားအိမ်တော်၌ ချုပ်နှောင်ခြင်းနှင့် ကန့်သတ်ခြင်း ခံရမည့်သူများ အမြဲ ဖြစ်ကြသည်။ အန္တိခရစ်များသည် အသင်းတော်မှ နှင်ထုတ်ခြင်း ခံရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ ဖြစ်သည်။ အန္တိခရစ်များကို အသင်းတော်တွင် တစ်ဇွတ်ထိုးလုပ်ခွင့်ပေးပြီး ထင်ရာမြင်ရာလုပ်ခွင့်ပေးလျှင်၊ ညီအစ်ကို မောင်နှမများကို ထိန်းချုပ်ပြီး ခြိမ်းခြောက်ရန် သို့မဟုတ် အထင်မြင်မှားစေပြီး လှည့်ဖြားရန် ၎င်းတို့အလိုရှိသည့် ဆောင်ပုဒ်တစ်ခုတလေနှင့် အကြောင်းပြချက်များကို ဟစ်ကြွေးခွင့်ပေးပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာကို လျစ်လျူရှုကာ အရေးယူဆောင်ရွက်ခြင်း မရှိသကဲ့သို့ အန္တိခရစ်များအား စိတ်အနှောင့်အယှက်ပေးမိမည်ကို ကြောက်သည့်အတွက် ၎င်းတို့ကို ဖော်ထုတ်ဖို့ သို့မဟုတ် ကန့်သတ်ချုပ်ချယ်ဖို့ မဝံ့မရဲဖြစ်သည့်အပြင် ဤအရာက ထိုအသင်းတော်၏ ညီအစ်ကို မောင်နှမများအား အန္တိခရစ်များ၏ ကစားခြင်းခံရစေပြီး နှောင့်ယှက်ခြင်းခံရစေလျှင် ထိုအသင်းတော်၏ ခေါင်းဆောင်များသည် လူ့အကြိုက်လိုက်သူများ ဖြစ်သည်။ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရသင့်သည့် အမှိုက်များဖြစ်ကြသည်။ အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များသည် အန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပြီး ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ဖို့အတွက် ဘုရားသခင် ရွေးချယ်ထားသည့် လူတို့အား ရပ်တည်နိုင်စေကာ ထိုသူတို့ကို ဖော်ထုတ်နိုင်စေပြီး နတ်ဆိုးများကို ရှင်းလင်းပစ်စေနိုင်လျှင် ဤအရာက နတ်ဆိုးများနှင့် စာတန်ကို အရှက်ရစေလိမ့်မည်ဖြစ်သကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကိုလည်း အထမြောက်စေလိမ့်မည် ဖြစ်သည်။ ဤအသင်းတော်၏ ခေါင်းဆောင်များသည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သည့် စံနှုန်းပြည့်မီသော ခေါင်းဆောင်များ ဖြစ်ကြသည်။ အသင်းတော်တစ်ပါးသည် အန္တိခရစ်တစ်ဦး၏ နှောင့်ယှက်ခြင်းကို ခံစားရပြီး ညီအစ်ကို မောင်နှမများ၏ ဖော်ထုတ်ခြင်းနှင့် ငြင်းပယ်ခြင်းခံရပြီးနောက်တွင် အန္တိခရစ်က ထိုညီအစ်ကို မောင်နှမများအပေါ် အသည်းအသန် လက်တုံ့ပြန်လျှင်၊ ဖိနှိပ်ပြီး ရှုတ်ချလျှင်၊ အသင်းတော် ခေါင်းဆောင်များက ဘာမျှ လုပ်ဆောင်ခြင်းမရှိလျှင်၊ မသိကျိုးကျွန်ပြုပြီး မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးစားလျှင် ထိုခေါင်းဆောင်များသည် အယောင်ဆောင် ခေါင်းဆောင်များဖြစ်ကြ၏။ ၎င်းတို့သည် အမှိုက်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသင့်ပေသည်။ အသင်းတော် ခေါင်းဆောင်တစ်ဦးအနေဖြင့် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးမပြုနိုင်လျှင်၊ အန္တိခရစ်များကို ဖော်ထုတ်နိုင်ခြင်းမရှိ၊ ကန့်သတ်နိုင်ခြင်း မရှိသကဲ့သို့ ခွဲခြားနိုင်ခြင်းမရှိလျှင်၊ အသင်းတော်၌ အန္တိခရစ်များကို ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း အထိန်းအကွပ်မဲ့ လုပ်ဆောင်ခွင့်ပေးလျှင်၊ သောင်းကျန်းခွင့်ပေးလျှင်၊ ဘုရားသခင် ရွေးချယ်ထားသောသူတို့အား အထင်အမြင်မှားစေခြင်းမှ ကာကွယ်ပေးနိုင်ခြင်း မရှိလျှင်၊ ဘုရားသခင် ရွေးချယ်ထားသောသူတို့က မိမိတို့တာဝန်ကို ပုံမှန်လုပ်ဆောင်နိုင်ဖို့အလို့ငှာ ၎င်းတို့ကို မကာကွယ်ပေးနိုင်လျှင်၊ ထို့အပြင် အသင်းတော် အလုပ်၏ ပုံမှန် တိုးတက်မှုကို ထိန်းသိမ်းနိုင်ခြင်း မရှိလျှင် ထိုခေါင်းဆောင်သည် အမှိုက်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသင့်ပေသည်။ ထိုအန္တိခရစ်က ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာမဲ့ကြသောကြောင့် အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များ အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ဖို့၊ ပြုပြင်ဖို့၊ ကန့်သတ်ပြီး အရေးယူဆောင်ရွက်ဖို့ စိုးရွံ့ကာ ထိုသို့ဖြင့် ၎င်းတို့အား နိုင်လိုမင်းထက်ပြုသူတစ်ဦး ဖြစ်လာစေလျက်၊ မိမိတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်စေကာ အသင်းတော်၏ အလုပ်များစွာကို တုံ့ဆိုင်းရပ်တန့်စေလျက်၊ ယင်းတို့ကို လုံးဝဥဿုံ ရပ်သွားစေလျက်၊ အသင်းတော်တွင် အထိန်းအကွပ်မဲ့ လုပ်ဆောင်ခွင့်ပေးလျှင် ဤအသင်းတော်၏ ခေါင်းဆောင်များသည်လည်း အမှိုက်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခံရသင့်ကြပေသည်။ အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များသည် လက်တုံ့ပြန်မှုကို ကြောက်ရွံ့သောကြောင့် အသင်းတော် အသက်တာနှင့် ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှုကို အကြီးစား တားဆီးပိတ်ဆို့မှု၊ အဖျက်အမှောင့်လုပ်ခြင်းနှင့် ထိခိုက်နစ်နာမှုဖြစ်စေရင်း အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ဖို့ သတ္တိ လုံးဝ မရှိကြသည့်အပြင် အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို ထိန်းချုပ်ဟန့်တားဖို့ လုံးဝ မကြိုးစားလျှင် ဤအသင်းတော်၏ ခေါင်းဆောင်များသည်လည်း အမှိုက်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခံရသင့်ပေသည်။ ထိုသို့သော လူတို့၏ ဆက်လက်ခေါင်းဆောင်မှုကို သင်တို့ ထောက်ခံချက်ပေးမည်လော။ (ပေးမည် မဟုတ်ပါ။) သို့ဆိုလျှင် ဤကဲ့သို့သော ခေါင်းဆောင်များကို သင်တို့ ကြုံရသည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်က ၎င်းတို့အား မေးမြန်းသင့်သည်မှာ “အန္တိခရစ်များက ထိုသို့ကြီးမားသော မကောင်းမှုကို ကျူးလွန်သည်၊ သူတို့သည် အသင်းတော်တွင် အထိန်းအကွပ်မဲ့ လုပ်ဆောင်နေကြသည်၊ လွှဲပြောင်းယူဖို့ ကြိုးစားနေကြသည်၊ သင်သည် သူတို့ကို ထိန်းချုပ်နိုင်သလော။ သူတို့ကို ဖော်ထုတ်ဖို့ သင့်တွင် သတ္တိ ရှိသလော။ သူတို့အပေါ် သင်သည် အရေးယူဆောင်ရွက်ဝံ့ခြင်း မရှိလျှင် နုတ်ထွက်သင့်သည်။ ရာထူးမှဆင်းရာတွင် သင်အချိန်မဆွဲသင့်။ သင်သည် သင်၏ ကိုယ်ပိုင် ဇာတိပကတိ အကျိုးစီးပွားများကို ကာကွယ်ပြီး အန္တိခရစ်များကို ကြောက်စိတ်ဖြင့် ညီအစ်ကို မောင်နှမများကို အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများထံ လွှဲပြောင်းပေးလျှင် သင်သည် ကျိန်ခြင်းခံရသင့်ပေသည်။ ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ သင် မသင့်တော်ပေ။ သင်သည် အမှိုက်ဖြစ်သည်၊ လူသေတစ်ဦးဖြစ်သည်” ဟူ၍ ဖြစ်လေသည်။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် ဖော်ထုတ်ခံရသင့်ပြီး ဖြုတ်ချခံရသင့်ပေသည်။ ၎င်းတို့က စစ်မှန်သည့် အလုပ်ကို မလုပ်ကြပေ။ ဆိုးယုတ်သော လူများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ညီအစ်ကို မောင်နှမများကို မကာကွယ်ကြဘဲ ရှက်ဖွယ်ကောင်းသော ဖြစ်တည်မှုကို အချိန်ဆွဲရင်း ဆိုးယုတ်သောလူများကို ဒူးထောက်ပြီး ထိုသူတို့ထံ လိုက်လျောချက်များ ပြုလုပ်ကာ အသနားခံကြသည်။ ထိုသို့သော ခေါင်းဆောင်များသည် အမှိုက်ဖြစ်၏။ ၎င်းတို့သည် သစ္စာဖောက်များဖြစ်ပြီး ငြင်းပယ်ခံရသင့်ပေသည်။

ဆက်လက်၍ နောက်တစ်ချက်ဖြစ်သည့် ပြုပြင်ခံရသည့်အခါ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့အပေါ် အန္တိခရစ်များ၏ သဘောထား ပေါ်လွင်လာပုံကို ငါတို့ မိတ်သဟာယပြုမည်ဖြစ်သည်။ ဘုရားသခင်၏အိမ်တော်တွင် အလုပ်လုပ်သော အန္တိခရစ်အချို့သည် စေ့စပ်သေချာစွာ လုပ်ဆောင်ရန်၊ အမှားများပြုလုပ်ခြင်း၊ ပြုပြင်ခံရခြင်း၊ အထက်ကို စိတ်ဆိုးစေခြင်း၊ သို့မဟုတ် မကောင်းသည့်အရာတစ်ခုခု လုပ်ဆောင်နေသည်ကို ၎င်းတို့၏ ခေါင်းဆောင်များက ဖမ်းမိခြင်းတို့ကို ရှောင်ကြဉ်ရန် တိတ်တဆိတ် စိတ်ပိုင်းဖြတ်ထားကြသည်။ ပြီးလျှင် ၎င်းတို့သည် ကောင်းမှုများလုပ်ဆောင်သောအခါ ကြည့်ရှုသောသူများရှိနေစေရန် သေချာအောင် ပြုလုပ်ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် မည်မျှ စေ့စပ်သေချာပါစေ ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ၎င်းတို့လျှောက်သောလမ်းကြောင်းက မမှန်ကန်သောကြောင့်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက်သာ စကားပြောပြီး လုပ်ဆောင်ကာ သမ္မာတရားကို လုံးဝ မရှာဖွေသောကြောင့် ၎င်းတို့သည် စည်းမျဉ်းများကို မကြာခဏ ချိုးဖောက်ကြသည်။ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်။ စာတန်၏ အစေခံအဖြစ် ပြုမူပြီး ပြစ်မှားမှုများစွာကိုပင် မကြာခဏ ကျူးလွန်ကြသည်။ ဤသို့သောသူများက မကြာခဏ စည်းမျဉ်းများကို ချိုးဖောက်ပြီး ပြစ်မှားမှုများကို ကျူးလွန်သည်မှာ အလွန်ပင် အတွေ့ရများပြီး တကယ်ကို ထုံးစံအတိုင်းပင် ဖြစ်လေသည်။ ထို့ကြောင့် ၎င်းတို့အတွက် ပြုပြင်ခံရခြင်းကို ရှောင်ရန် အလွန် ခက်ခဲသည်မှာ မှန်သည်။ အချို့ အန္တိခရစ်များသည် ပြင်းထန်စွာ ပြုပြင်ခြင်းခံရသောကြောင့် ထုတ်ဖော်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသည်ကို ၎င်းတို့ မြင်ပြီးဖြစ်သည်။ ဤအရာများကို ၎င်းတို့ကိုယ်တိုင်၏ မျက်လုံးများဖြင့် မြင်တွေ့ပြီး ဖြစ်သည်။ အန္တိခရစ်များသည် အဘယ်ကြောင့် အလွန်သတိရှိစွာ လုပ်ဆောင်ကြသနည်း။ သေချာသည်မှာ အကြောင်းပြချက်တစ်ခုက ၎င်းတို့သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းအား ခံရမည်ကို ကြောက်သောကြောင့် ဖြစ်သည်။ “ငါ ဂရုစိုက်ရမည်။ တကယ်တမ်းတွင် ‘သတိထားခြင်းက ဘေးကင်းလုံခြုံဖို့ အရေးကြီးဆုံးဖြစ်သည်’ ပြီးလျှင် ‘ကောင်းသည့်သူများက ငြိမ်းချမ်းသည့် ဘဝများရှိသည်’ မကောင်းသည့်အရာလုပ်ခြင်း၊ ပြဿနာတက်ခြင်းများကို ရှောင်ဖို့ အချိန်တိုင်း ဤစည်းမျဉ်းများကို လိုက်နာပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးရမည်။ ငါ့ဖောက်ပြန်ပျက်စီးမှုနှင့် ရည်ရွယ်ချက်များကို ချုပ်တည်းပြီး မည်သူ့ကိုမျှ တွေ့ခွင့်ပေး၍ မဖြစ်ပါ။ ငါအမှားမလုပ်ဘဲ အဆုံးထိ ဇွဲရှိရှိနှင့် လုပ်နိုင်လျှင် ကောင်းချီးများရမည်ဖြစ်သည်။ ကပ်ဘေးများကို ရှောင်နိုင်မည်။ ဘုရားအပေါ် ငါ၏ယုံကြည်မှုတွင် ငါ အောင်မြင်လိမ့်မည်” ဟူ၍ စဉ်းစားကြသည်။ ၎င်းတို့သည် ဤနည်းအားဖြင့် မကြာခဏ မိမိတို့ကိုယ်ကို တိုက်တွန်းကြသည်။ လှုံ့ဆော်ပြီး အားပေးကြသည်။ ၎င်းတို့သည် အမှားလုပ်လျှင် ကောင်းချီးရဖို့ ၎င်းတို့၏ အခွင့်အရေးများက သိသိသာသာ ယုတ်လျော့သွားလိမ့်မည်ဟု ၎င်းတို့၏ စိတ်ထဲတွင် ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် နေရာယူနေသော တွက်ချက်မှုနှင့် ယုံကြည်မှုမဟုတ်သလော။ အန္တိခရစ်များ၏ ဤတွက်ချက်မှု၊ သို့မဟုတ် ယုံကြည်မှုသည် မှန်သည်၊ သို့မဟုတ် မှားသည်ကို ဘေးဖယ်ထားပြီး ယင်းကို အခြေခံကြည့်လျှင် ၎င်းတို့သည် ပြုပြင်ခြင်းကို ခံရသောအခါ မည်သည့်အရာကို အစိုးရိမ်ဆုံး ဖြစ်မည်နည်း။ (၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ဖြစ်သည်။) ၎င်းတို့သည် ပြုပြင်ခြင်းကို ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ဖြင့် ဆက်စပ်သည်။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့် သက်ဆိုင်သည်။ ၎င်းတို့က စဉ်းစားကြသည်။ “ငါက ဖယ်ရှားရှင်းလင်းခံရမှာဖြစ်လို့ ဒီလိုမျိုး ပြုပြင်ခံရတာလား။ ငါ့ကို အလိုမရှိတော့လို့လား။ ဘုရားအိမ်တော်က ငါ ဒီတာဝန်ထမ်းဆောင်တာကို တားမှာလား။ ငါက ယုံကြည်ထိုက်တဲ့ ပုံစံမရှိဘူးလား။ ငါ့ထက် ပိုတော်တဲ့သူတစ်ယောက်နဲ့ ငါ့ကို အစားထိုးတာ ခံရမှာလား။ ငါ ဖယ်ရှားရှင်းလင်းခံရရင် ကောင်းချီးခံရနိုင်သေးလား။ ကောင်းကင်နိုင်ငံတော်ကို ဝင်လို့ရသေးလား။ ငါ့ရဲ့ စွမ်းဆောင်မှုက သိပ်ပြီး ကျေနပ်စရာမရှိတဲ့ ပုံစံပဲ။ ဒီတော့ နောက်ကျရင် ငါ ပိုဂရုစိုက်ရမယ်။ နာခံပြီး လိမ္မာဖို့၊ ဘာပြဿနာမှမရှာဖို့ သင်ယူရမယ်။ စိတ်ရှည်ဖို့ သင်ယူရမယ်။ ပြီးတော့ သိုသိုသိပ်သိပ်နေပြီး ရှင်သန်ရမယ်။ နေ့တိုင်း ငါ အလုပ်လုပ်တဲ့အခါမှာ ငါက ကြိုးတန်းပေါ် လမ်းလျှောက်နေသလို စိတ်ကူးရမယ်။ သတိလွတ်လို့ မဖြစ်ဘူး။ ငါဒီတစ်ကြိမ်မှာ ပေါ့ဆပြီး လူသိသွားသလို ပြုပြင်ခံရပေမဲ့ သူတို့ရဲ့ လေသံတွေက အရမ်းတင်းကျပ်ပုံမပေါ်ဘူး။ ဒီပြဿနာက သိပ်မဆိုးတဲ့ ပုံစံပဲ။ ငါ့မှာ အခွင့်အရေးရှိသေးတဲ့ ပုံစံရှိတယ်။ ကပ်ဘေးတွေကနေ ငါ လွတ်မြောက်ပြီး ကောင်းချီးခံစားရနိုင်သေးတယ်။ ဒီတော့ ဒါကို ငါ နှိမ့်နှိမ့်ချချနဲ့ လက်ခံသင့်တယ်။ ငါက ဖယ်ရှားရှင်းလင်းခံရဖို့၊ နှင်ထုတ်ခံရဖို့ မပြောနဲ့၊ ဖြုတ်ချခံရမှာမျိုး မဟုတ်ဘူးလေ။ ဒီတော့ ဒီလိုပုံစံနဲ့ ပြုပြင်တာခံရတာကို ငါလက်ခံနိုင်ပါတယ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ပြုပြင်ခြင်းကို လက်ခံသည့် သဘောထားဖြစ်သလော။ ဤသည်မှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် သိခြင်းဖြစ်သလော။ ဤသည်မှာ အမှန်တကယ် နောင်တရလိုပြီး မိမိ၏ ပြုမူကျင့်ကြံပုံကို ကောင်းစွာ ပြောင်းလဲလိုခြင်း ဖြစ်သလော။ ဤသည်မှာ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် အမှန်တကယ် စိတ်ဆုံးဖြတ်ခြင်းဖြစ်သလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့က ဤသို့ လုပ်ဆောင်သနည်း။ ကပ်ဘေးများကို ၎င်းတို့ ရှောင်ရှားနိုင်ပြီး ကောင်းချီးခံရနိုင်သည်ဆိုသည့် မျှော်လင့်ချက် တစ်စွန်းတစ်စကြောင့် ဖြစ်သည်။ ထိုမျှော်လင့်ချက် တစ်စွန်းတစ်စ ရှိနေသေးသရွေ့ ၎င်းတို့က မိမိတို့အကြောင်းကို လူသိအောင် မပြနိုင်ပေ။ ၎င်းတို့၏ သရုပ်မှန်ကို ထုတ်ဖော်မပြနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် မည်သည့်အရာရှိသည်ကို အခြားလူများအား ပြောမပြနိုင်ပေ။ စိတ်အတွင်းတွင် ၎င်းတို့ ထားရှိသော မကျေနပ်ချက်ကို အခြားလူများအား သိခွင့်မပေးနိုင်ပေ။ ၎င်းတို့သည် ဤအရာများကို ကွယ်ဝှက်ထားရမည်၊ ၎င်းတို့သည် သတိကြီးစွာဖြင့် နေရမည်ဖြစ်ပြီး ၎င်းတို့၏ တကယ့် အရှိအတိုင်းကို အခြားလူများအား မြင်ခွင့်ပေး၍မရပေ။ ထို့ကြောင့် ၎င်းတို့သည် ပြုပြင်ခြင်းကို ခံရပြီးနောက်တွင် လုံးဝ မပြောင်းလဲပေ။ ယခင်က ၎င်းတို့ လုပ်ဆောင်သည့်အတိုင်း ဆက်၍ လုပ်ဆောင်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့လုပ်ရပ်များနောက်ကွယ်ရှိ အခြေခံသဘောတရားမှာ အဘယ်နည်း။ အရာရာ၌ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန်သာဖြစ်သည်။ ၎င်းတို့သည် မည်သည့်အမှားများကို ပြုလုပ်သည်ဖြစ်စေ အခြားလူများကို သိခွင့်မပေးပေ။ ၎င်းတို့သည် အမှားများ၊ သို့မဟုတ် အားနည်းချက်များ မရှိသည့် ပြည့်စုံသောသူများ ဖြစ်သည်၊ မည်သည့်အခါမျှ အမှားမလုပ်ဟု ၎င်းတို့အနီးတွင် ရှိသောသူများကို ထင်စေရန် လုပ်ဆောင်သည်။ ဤသည်မှာ ၎င်းတို့က ဟန်ဆောင်သည့်ပုံစံဖြစ်သည်။ ၎င်းတို့သည် အချိန်ကြာမြင့်စွာ ဆက်လက် ဟန်ဆောင်ပြီးနောက်တွင် ၎င်းတို့သည် ကပ်ဘေးများမှ လွတ်မြောက်ဖို့၊ ကောင်းချီးခံရဖို့၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရဖို့ အနည်းနှင့်အများ သေချာသည်ဟု ယုံကြည်မှုရှိကြသည်။ သို့သော် ၎င်းတို့၏ လုပ်ရပ်များတွင် စည်းမျဉ်းများကို မကြာခဏ ချိုးဖောက်ကြသောကြောင့် ၎င်းတို့ ပြုပြင်ခံရသည်ကို မမျှော်လင့်ဘဲ တွေ့မြင်ကြရသည်။ ပြုပြင်ခံရခြင်းက ၎င်းတို့ကို စိတ်ထိခိုက်စေသည်။ “ကျွန်ုပ် အလွန် များစွာ ဆင်းရဲဒုက္ခခံပြီဖြစ်သည်။ သင်သည် ကျွန်ုပ်ကို အဘယ်ကြောင့် ပြုပြင်နိုင်ရသနည်း။ အဘယ်ကြောင့် ကောင်းချီးမင်္ဂလာများ ရရှိခြင်းနှင့်ဆိုင်သည့် ကြီးမြတ်သော အရာသည် ကျွန်ုပ်ထံ မဖြစ်သေးသနည်း။ ထိုအရာသည် အဘယ်ကြောင့် ကျွန်ုပ်နှင့် အလွန် အလှမ်းဝေးနေဆဲဖြစ်သနည်း။ ဤဆင်းရဲဒုက္ခသည် မည်သည့်အချိန်တွင် အဆုံးသတ်လိမ့်မည်နည်း”ဟူ၍ဖြစ်သည်။ ပြီးလျှင် ပြုပြင်ခြင်းနှင့်ဆိုင်သည့် စကားများကို ၎င်းတို့ ကြားသည့်အခါ “ငါ တစ်ဖန် ဝတ်ကျေတမ်းကျေဖြစ်ပြီး သမ္မာတရားကို မလိုက်စားသည့်အပြင် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်သည့် ဆိုးယုတ်သော အရာများကို တစ်ဇွတ်ထိုး လုပ်ဆောင်မိလျှင် ငါ ဖယ်ရှားရှင်းလင်းခံရပြီး နှင်ထုတ်ခံရလိမ့်မည်။ ထိုအခါ ငါ၏ အလားအလာများနှင့် ကံကြမ္မာတို့ကို ငါ ဆုံးရှုံးရမည် မဟုတ်လော။ ဘုရားကို ယုံကြည်သည့် ဤနှစ်ကာလများတွင် ငါ ကြုံရပြီးဖြစ်သည့် ဆင်းရဲဒုက္ခအားလုံးက အချည်းနှီးဖြစ်လိမ့်မည်”ဟု ၎င်းတို့က စဉ်းစားကြသည်။ ၎င်းတို့က စိတ်ရှည်ခြင်းနှင့် မိမိကိုယ်ကို ချုပ်တည်းခြင်းအား ထပ်တလဲလဲ လက်တွေ့လုပ်ဆောင်ပြီး ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “ဤအရာကို ငါ သည်းညည်းခံရမည်။ ငါ သည်းညည်းခံရမည်။ သည်းညည်းမခံလျှင် ငါ ကြုံရပြီးဖြစ်သည့် ဆင်းရဲဒုက္ခနှင့် မတရားမှုအားလုံးက အချည်းနှီးဖြစ်သွားလိမ့်မည်။ ငါ ဆက်လက် သည်းခံကြိုးပမ်းရမည်။ တကယ့်အဆုံးတိုင် ငါ သည်းခံကြိုးပမ်းလျှင် ကယ်တင်ခံရလိမ့်မည်။ တစ်ဦးတလေက ငါ့ထံ မကောင်းသောအရာ တစ်စုံတစ်ခုပြောလျှင် သူတို့ကို ငါ မကြားချင်ယောင်သာ ဆောင်လိုက်မည်။ သူတို့က ငါ့အကြောင်းပြောနေခြင်း မဟုတ်ဘဲ အခြားတစ်စုံတစ်ဦးအကြောင်း ပြောနေသည့်အလား ငါ ပြုမူမည်”ဟု ပြောကြသည်။ သို့သော် ၎င်းတို့ မည်သို့ နားထောင်ကြသည်ဖြစ်စေ ထိုအရာက ၎င်းတို့တွင် ခရီးပန်းတိုင်မရှိသည့် သဘောဖြစ်သည်ဟု ခံစားကြဆဲဖြစ်သည်။ ဤအကြိမ်တွင် ပြုပြင်ခံရခြင်းဖြင့် ၎င်းတို့ ပြစ်တင်ရှုတ်ချခံရခြင်း ဖြစ်သည်ဟု ခံစားကြရဆဲဖြစ်သည်။ ၎င်းတို့သည် မျှော်လင့်ချက်မဲ့ကြသည်၊ မနက်ဖြန်မရှိသည့်အပြင် အနာဂတ်မဲ့လျက် စိတ်ပျက်လက်ပျက် ဖြစ်ကြလေသည်။ ဤအခိုက်အတန့်တွင် ဤဆိုးယုတ်သော လူများနှင့် အန္တိခရစ်များသည် စိတ်ရှည်နေနိုင်မြဲ နေနိုင်ကြသလော။ (စိတ်မရှည်နိုင်ကြပါ။ ကောင်းချီးခံစားရခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ မျှော်လင့်ချက်များ အစိတ်စိတ်အမြွှာမြွှာကွဲသွားသည်ကို ၎င်းတို့မြင်ရသောကြောင့် စိတ်ရှည်မြဲ စိတ်ရှည်နေနိုင်ခြင်း မရှိကြပါ။) ၎င်းတို့က စိတ်ရှည်မြဲ စိတ်ရှည်နေနိုင်ခြင်း မရှိရုံမျှဖြစ်ကြသလော။ ၎င်းတို့သည် တစ်စုံတစ်ခုကို ဆောင်ရွက်ကြမည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့် လုပ်ရပ်များကို ၎င်းတို့ လုပ်ဆောင်ကြမည်နည်း။ (၎င်းတို့က အပျက်သဘောဆောင်ခြင်းကို ဖြန့်ကောင်းဖြန့်နိုင်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သည့် ညီအစ်ကို မောင်နှမအချို့ကို မိမိတို့ဘက်တွင်နေအောင်၊ မိမိတို့ကို ခုခံကာကွယ်ပေးပြီး မိမိတို့၏ နစ်နာချက်များကို ညည်းညူပေးအောင် အထင်အမြင်မှားကောင်း မှားစေနိုင်သည်။) မှန်၏၊ ၎င်းတို့ မျှော်လင့်ချက်မဲ့သည်ဟု ခံစားရသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ခုကို ဆောင်ရွက်ကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့က “သင်သည် ငါ့ကို ပျိုးထောင်ပေးနေခြင်းမရှိပါ သို့မဟုတ် အရေးကြီးသည့် ရာထူးများတွင် ငါ့ကို မထားတော့သကဲ့သို့ ငါ့ကို ဖယ်ရှားရှင်းလင်းချင်နေသည်။ ငါ ကောင်းချီးမခံစားရနိုင်လျှင် သင်ကိုယ်တိုင် ကောင်းချီးခံရဖို့အကြောင်းကို တွေးပင် မတွေးနှင့်။ ဤနေရာက ငါ့ကို မခေါ်ထားလျှင် အပြင်၌ ငါ့အတွက် နေရာတစ်ခုရှိသည်။ သို့သော် ငါ ထွက်သွားလျှင် ငါနှင့်အတူ နောက်ထပ် လူတစ်ဦးကို ဆွဲခေါ်သွားမည်။ သင်သည် ငါ့အပေါ် ရက်စက်လေပြီ။ ထို့ကြောင့် သင့်ကို ငါ မတရားလုပ်မည်။ သင်သည် ငါ့ကို ဖယ်ရှားရှင်းလင်းချင်ခဲ့သည် မဟုတ်လော။ ထိုအရာကို ပြောဆိုခြင်းအတွက် သင် ပေးဆပ်ရလိမ့်မည်”ဟူ၍ စဉ်းစားကြလိမ့်မည်။ ၎င်းတို့သည် ရင်ဆိုင်တိုက်ခိုက်ရန် အသင့်ဖြစ်ကာ စတင်၍ ပွက်ပွက်ညံအောင် ကန့်ကွက်ကြလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို မုန်းတီးသည့် ၎င်းတို့၏ သဘာဝ အနှစ်သာရက ပေါ်သွားလိမ့်မည်။ ထို့နောက် ၎င်းတို့၏ ကောင်းချီးခံစားရမည့် မျှော်လင့်ချက်များ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသဖြင့် ၎င်းတို့၏ စိတ်ထက်သန်မှု၊ ၎င်းတို့၏ စွန့်လွှတ်မှု၊ ၎င်းတို့၏ အသုံးခံမှုများ၊ ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားခြင်းနှင့် အဖိုးအခ ပေးဆပ်ခြင်းအားလုံးတို့သည် ပျောက်ကွယ်သွားလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံခြင်းအတွက် ၎င်းတို့၏ မူလ စိတ်ထက်သန်မှုနှင့် ၎င်းတို့၏ ဆင်းရဲဒုက္ခ ခံစားရခြင်းအပြင် အဖိုးအခပေးခြင်းတို့သည် အယောင်ဆောင်ချည်းသာ ဖြစ်ပြီး အတုအယောင်တစ်ခုသာဖြစ်သည်ကို လူတို့က မြင်နိုင်ကြလိမ့်မည်ဖြစ်သည်။

အန္တိခရစ်များက ဖြုတ်ချခံရသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ဖယ်ရှားရှင်းလင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ရင်ဆိုင်တိုက်ခိုက်ရန် အသင့်ဖြစ်ကြပြီး ချုပ်တည်းခြင်းမရှိဘဲ ညည်းညူကြကာ ၎င်းတို့၏ ဘီလူးသရဲစီးသော ဘက်ခြမ်းက ပေါ်လာသည်။ ဘီလူးသရဲစီးသော မည်သည့်ဘက်ခြမ်းက ပေါ်လာသနည်း။ အတိတ်တွင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းရဖို့အလို့ငှာ မိမိတို့တာဝန်များကို လုံးဝ မထမ်းဆောင်ခဲ့ကြဘဲ ကောင်းချီးများရရှိဖို့ ထမ်းဆောင်ခဲ့ကြကာ ယခုတွင် ဤအမှန်တရားအကြောင်းကို ၎င်းတို့က ပြောပြီး စစ်မှန်သည့် အခြေအနေကို ထုတ်ဖော်ကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ သို့မဟုတ် နောက်ပိုင်းတွင် ကောင်းချီးများနှင့် ကြီးမားသော ဂုဏ်အသရေ ရရှိဖို့အတွက် မကြိုးစားခဲ့လျှင် နောက်ချေးထက် နိမ့်ကျသည့်လူများဖြစ်သော သင်တို့နှင့် ကျွန်ုပ် ရောနှောနေခဲ့မည်လော။ ကျွန်ုပ်၏ ပါဝင်ပတ်သက်ခြင်းနှင့် သင်တို့ ထိုက်တန်ကြသလော။ သင်တို့သည် ကျွန်ုပ်ကို မပျိုးထောင်ပေးကြ သို့မဟုတ် ကျွန်ုပ်ကို ရာထူး မတိုးပေးကြသကဲ့သို့ ကျွန်ုပ်ကို ဖယ်ရှားရှင်းလင်းချင်နေကြသည်။ တစ်နေ့တွင် ကျွန်ုပ်ကို သင်တို့ ဖယ်ရှားရှင်းလင်းခြင်းအတွက် ပေးရမည့် အဖိုးအခတစ်ခုနှင့် ထိုအရာကြောင့် သင် ခံစားရမည့် အကျိုးဆက်များ ရှိလိမ့်မည်ကို သင့်အား ကျွန်ုပ် ပြမည်” ပြောကြသည်။ အန္တိခရစ်များက ဤအယူအဆများကို ဖြန့်ကြပြီး ဤနတ်ဆိုးဆန်သော စကားများက ၎င်းတို့ထံမှ လွှတ်ခနဲ ထွက်လာသည်။ ၎င်းတို့ ရင်ဆိုင်တိုက်ခိုက်ဖို့ အသင့်ဖြစ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မလိုမုန်းထားသော သဘာဝနှင့် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတို့က ပေါ်လာပြီး အယူအဆများကို ၎င်းတို့ စတင်၍ ဖြန့်ကြလေသည်။ ယုံကြည်သူသစ်များဖြစ်ကြသူများ၊ အတော်အတန် ဝိညာဉ်ရင့်ကျက်မှု သေးငယ်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သူများ၊ သမ္မာတရား မလိုက်စားကြသူများနှင့် မကြာခဏ အပျက်သဘောဆောင်ကာ အားနည်းကြသူများကိုလည်း ၎င်းတို့က စတင်သွေးဆောင်ကြပြီး မိမိတို့တာဝန်များကို တစိုက်မတ်မတ် ဝတ်ကျေတမ်းကျေဖြစ်ကြကာ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြသူများကိုလည်း ချောဆွဲကြသည်။ ၎င်းတို့က “ငါ့ကို သင် ဖယ်ရှားရှင်းလင်းလျှင် ငါနှင့် အတူ အခြားသူအချို့ကို ငါ ဆွဲချသွားမည်”ဟု မိမိတို့ကိုယ်တိုင် ပြောကြသည့်အတိုင်းပင်ဖြစ်သည်။ ၎င်းတို့၏ စာတန်ဆန်သော သဘာဝက ဖော်ထုတ်ခံရပြီးဖြစ်သည် မဟုတ်လော။ ပုံမှန်လူတို့က ဤအရာကို လုပ်ဆောင်ကြမည်လော။ ယေဘုယျအနေဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် လူတို့သည် ဖြုတ်ချခံရသည့်အခါ မိမိတို့ကိုယ်ကို မျှော်လင့်ချက်မဲ့သည်ဟု ယုံကြည်လျက် ဝမ်းနည်းကာ စိတ်ထိခိုက်ခံစားရုံသာဖြစ်ကြသော်လည်း ၎င်းတို့၏ အသိစိတ်က ၎င်းတို့အား “ဤသည်မှာ ငါတို့၏ အပြစ်ဖြစ်သည်။ ငါတို့တာဝန်များကို ငါတို့ ကောင်းစွာ မဖြည့်ဆည်းကြလေပြီ။ အနာဂတ်တွင် ပိုကောင်းအောင် လုပ်ဆောင်ဖို့ ငါ ကြိုးပမ်းမည်ဖြစ်ပြီး ဘုရားက ငါ့ကို မည်သို့ ဆက်ဆံမည်ဆိုသည်နှင့် ငါနှင့်ပတ်သက်၍ မည်သည့် ဆုံးဖြတ်ချက်များ သူပြုလုပ်မည်ဆိုသည်တို့အတွက်မူ ယင်းမှာ ဘုရားသခင်၏ ကိစ္စဖြစ်သည်။ လူတို့အနေဖြင့် ဘုရားသခင်အပေါ် တောင်းဆိုချက်များ ပြုလုပ်ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ လုပ်ရပ်များသည် လူတို့၏ သရုပ်သကန်များပေါ် အခြေခံသည် မဟုတ်လော။ အကြင်သူသည် မှားယွင်းသည့် လမ်းကြောင်းကို လျှောက်လျှင် ဆုံးမပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းခံရသင့်သည်။ ဤသည်မှာ သိသာထင်ရှားပေသည်။ ယခုအခါတွင် ဝမ်းနည်းစရာ ကောင်းသည့်အရာမှာ ငါ့ထံတွင် ညံ့ဖျင်းသည့် အစွမ်းအစရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ သမ္မာတရား စည်းမျဉ်းများကို ငါ နားမလည်သကဲ့သို့ ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံ၍ ထင်ရာမြင်ရာနှင့် တစ်ဇွတ်ထိုး ပြုမူခြင်းဖြစ်သည်။ ငါသည် ဖယ်ရှားရှင်းလင်းခံထိုက်သော်လည်း အနာဂတ်တွင် ထိုအတွက် ပြုပြင်ဖို့ အခွင့်အရေး ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်”ဟု စဉ်းစားစေသည်။ အသိစိတ် အနည်းငယ်ရှိသည့် လူတို့သည် လမ်းကြောင်းတစ်ခုကို ဤကဲ့သို့ လျှောက်လှမ်းကြလိမ့်မည်။ ၎င်းတို့က ထိုပြဿနာကို ဤနည်းဖြင့် စဉ်းစားရန် ရွေးချယ်ကြပြီး အဆုံးတွင် ထိုပြဿနာကို ဤနည်းဖြင့် ဖြေရှင်းရန်လည်း ရွေးချယ်ကြသည်။ ဤအရာအတွင်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် အရိပ်လက္ခဏာများစွာ မရှိသည်မှာ အမှန်ပင်ဖြစ်သော်လည်း ဤလူများတွင် အသိစိတ်များ ရှိကြသောကြောင့်၊ ဘုရားသခင်ကို အတိုက်အခံလုပ်သည့်အထိ၊ ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသည့်အထိ၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်သည့်အထိ လုပ်ဆောင်ကြမည် မဟုတ်ပေ။ သို့သော် အန္တိခရစ်များကမူ ထိုသို့မဟုတ်ကြပေ။ ၎င်းတို့တွင် ရက်စက်သော သဘာဝ ရှိကြသောကြောင့် ဘုရားသခင်အပေါ် ပင်ကိုအားဖြင့် ရန်မူလိုကြသည်။ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ ခြိမ်းခြောက်ခံရသည့်အခါ သို့မဟုတ် နုတ်ယူခြင်းခံရသည့်အခါ၊ အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုမျှ ၎င်းတို့ မမြင်နိုင်သည့်အခါ လုပ်ဆောင်ရန် ၎င်းတို့ ဆုံးဖြတ်သည့်အရာမှာ အယူအဆများကို ဖြန့်ဝေဖို့၊ ဘုရားသခင်၏ အမှုတော်ကို ဝေဖန်ဖို့နှင့် ၎င်းတို့နှင့် အပေါက်အလမ်းတည့်သည့် မယုံကြည်သူများအား ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့နှင့်အတူ အဖျက်အမှောင့်လုပ်စေဖို့ ဖြစ်သည်။ ၎င်းတို့၏အတိတ်က ကောင်းမှုများနှင့် ပြစ်မှားမှု တစ်ခုတလေအပြင် ဘုရားအိမ်တော်၏ အလုပ်ကိုဖြစ်စေ၊ ပိုင်ဆိုင်မှုပစ္စည်းကိုဖြစ်စေ ၎င်းတို့ ဖြစ်စေခဲ့သည့် ဆုံးရှုံးမှုများ တစ်ခုတလေကို တာဝန်ယူရန်ပင် ၎င်းတို့ ငြင်းဆန်ကြသည်။ ဘုရားအိမ်တော်က ၎င်းတို့ကို ကိုင်တွယ်ပြီး ဖယ်ရှားရှင်းလင်းသည့်အခါ အန္တိခရစ်များ မကြာခဏ အပြောဆုံးဖြစ်သည့် စကားတစ်ခွန်းကို ၎င်းတို့က ပြောကြသည်။ ထိုစကားမှာ အဘယ်နည်း။ (ဤနေရာက ငါ့ကို မခေါ်ထားလျှင် အပြင်၌ ငါ့အတွက် နေရာတစ်ခုရှိသည်။) ဤသည်မှာ နောက်ထပ် နတ်ဆိုးဆန်သော စကားဖြစ်သည် မဟုတ်လော။ ဤသည်မှာ ပုံမှန်လူ့သဘာဝ၊ ရှက်စိတ်တစ်ခုနှင့် အသိစိတ်တစ်ခုရှိသည့် လူတစ်ဦး ပြောနိုင်မည် မဟုတ်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းတို့ကို ငါတို့က နတ်ဆိုးဆန်သော စကားများဟု ခေါ်သည်။ ဤသည်တို့မှာ အန္တိခရစ်များက ပြုပြင်ခံရပြီး ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းက အန္တရာယ်ရှိသည်၊ ၎င်းတို့၏ အဆင့်အတန်းနှင့် သိက္ခာတို့ ခြိမ်းခြောက်ခံနေရသည်ဟူ၍လည်းကောင်း၊ အထူးသဖြင့် ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ကို နုတ်ယူသွားတော့မည် ဟူ၍လည်းကောင်း ၎င်းတို့ ခံစားရချိန်တွင် ထုတ်ဖော်ကြသည့် ရက်စက်သော စိတ်သဘောထားများ၏ အမျိုးမျိုးသော သရုပ်သကန်များဖြစ်သည်။ ဤကဲ့သို့ တစ်ချိန်တည်းတွင် ၎င်းတို့၏ မယုံကြည်သူ အနှစ်သာရက ထွက်ပေါ်လာသည်။ အမှန်တွင် လူတို့အနေဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်မှုတွင် တစ်ဇွတ်ထိုးနှင့် ထင်ရာမြင်ရာ ပြုမူဆောင်ရွက်ကြကာ ထိုသို့ဖြင့် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကြကာ ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် နောင်တရခြင်း မရှိသောကြောင့်သာ ဘုရားအိမ်တော်က ၎င်းတို့ကို ပြုပြင်ခြင်း ဖြစ်သည်။ ထိုအခါမှသာ ဘုရားအိမ်တော်က ၎င်းတို့ကို ပြုပြင်ပေသည်။ ဤအခြေအနေတွင် ၎င်းတို့ ပြုပြင်ခံရခြင်းသည် ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရခြင်းဖြစ်သည်ဟု ဆိုလိုသလော။ (မဟုတ်ပါ။) လုံးဝ မဟုတ်ပေ၊ လူတို့က ဤအရာကို အပြုသဘောဆောင်သော ပုံစံဖြင့် လက်ခံသင့်သည်။ ဤအခြေအနေတွင် ဘုရားအားဖြင့်ဖြစ်စေ၊ လူအားဖြင့်ဖြစ်စေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များမှလာသည်ဖြစ်စေ၊ ညီအစ်ကို မောင်နှမများထံမှ လာသည်ဖြစ်စေ မည်သည့် ပြုပြင်မှုမဆိုသည် မလိုမုန်းထားခြင်း မရှိသကဲ့သို့ အသင်းတော်အလုပ်အတွက် အကျိုးရှိပေသည်။ လူတစ်ဦးက တစ်ဇွတ်ထိုးဆန်စွာနှင့် ထင်ရာမြင်ရာ ပြုမူပြီး ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ပြီးချိန်တွင် ထိုသူကို ပြုပြင်ပေးနိုင်ခြင်းသည် တရားပြီး အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ဖြောင့်မှန်သောလူများနှင့် သမ္မာတရားကို ချစ်သောသူတို့ လုပ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်သည်။ သို့သော် ပြစ်မှားမှုများကို ကျူးလွန်မိပြီးဖြစ်သောကြောင့် ပြုပြင်ခံရသည့် လူများသည် ထိုပြုပြင်ခြင်းကို လက်ခံရမည့်အစား အမုန်းတရားနှင့် လက်တုံ့ပြန်တတ်သည့် စိတ်နေစိတ်ထားတစ်ခု ဖြစ်လျက် အာခံသည့်အခါတွင် ဤသည်မှာ သင့်တင့်လျောက်ပတ်ခြင်း မရှိသကဲ့သို့ ကောက်ကျစ်ဆိုးယုတ်ပေသည်။ ဘုရားအိမ်တော်တွင် များစွာသော လူတို့က တာဝန်များကို ထမ်းဆောင်ကြသည်။ ၎င်းတို့ထဲတွင် မည်သူသည် ပြုပြင်ခံရခြင်းကို မတွေ့ကြုံရသေးသနည်း။ လူမည်မျှသည် ပြုပြင်ခံရသောကြောင့် အပျက်သဘောဆောင်လာပြီး အာခံကြပြီနည်း သို့မဟုတ် ၎င်းတို့ ကောင်းချီးခံစားရမည် မဟုတ်သကဲ့သို့ မျှော်လင့်ချက်မဲ့သည်ဟု ခံစားရင်း လူမည်မျှက မိမိကိုယ်ကို သတ်သေဖို့ပင် ကြိုးပမ်းခဲ့သနည်း သို့မဟုတ် ထို့ကြောင့် မိမိတို့တာဝန်ကို စွန့်ချင်ကြသနည်း၊ ရိုင်းစိုင်းပြီး ဝုန်းဒိုင်းကြဲချင်ကြကာ အခြားသူများကို စတင်၍ မုန်းတီးပြီး ထိုသူတို့အပေါ်ကိုပင် လက်တုံ့ပြန်ချင်ကြသနည်း။ အမှန်တကယ်ပင် ထိုသို့သော လူများစွာ မရှိပေ။ ဆိုးယုတ်သော လူတို့သာ ထိုသို့သောအရာများကို လုပ်ဆောင်နိုင်ကြသည်။ ဆိုးယုတ်သော လူတို့ကသာ ပြုပြင်ခံရခြင်းအား တဇောက်ကန်း လူတို့၏ မမှန်မကန် ဆက်ဆံသည်ကို ခံရခြင်းအဖြစ် သဘောထားနိုင်ကြသည်။ ဘုရားအိမ်တော်က ပြောဆိုသည့် ပြုပြင်ခြင်းအားလုံးက လျော်ကန်သည်မှာ ပြောစရာမလိုပေ။ အသင်းတော်၏ အလုပ်နှင့် လူတစ်ဦးချင်း၏ အသက်ဝင်ရောက်မှုအတွက် လုပ်ဆောင်သည်ချည်းသာ ဖြစ်သည်။ ထိုအရာသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီဖြစ်သည့် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်နှင့် လုံးဝ ကိုက်ညီသည်။ အန္တိခရစ်များ ပြုပြင်ခံရသည့်အခါ ၎င်းတို့က ထိုပြုပြင်ခြင်းကို မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားနှင့် ဆက်စပ်စေပြီး အထူးသဖြင့် ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့နှင့် ဆက်စပ်စေလျက် မိမိတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့ကို ခုခံကာကွယ်ဖို့ အမြဲ ကြိုးစားကြသည်။ ပြုပြင်ခံရခြင်းက ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့အတွက် အကျိုးယုတ်စေလျှင် လက်မခံနိုင်ကြပေ။ ၎င်းတို့ ပြင်းထန်စွာ ပြုပြင်ခံရပြီး ထိုအရာက ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့ကို ဖျက်ဆီးသည်သာမက ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ကို ခြိမ်းခြောက်လျှင် ထိုအရာကို ၎င်းတို့က သာ၍ပင် လက်မခံနိုင်ကြပေ။ တိုတိုပြောရလျှင် မည်သူက ၎င်းတို့ကို ပြုပြင်သည်ဖြစ်စေ၊ အန္တိခရစ်များက ထိုအရာကို ဘုရားသခင်ထံမှ မခံယူနိုင်ကြ၊ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး မသိမြင်နိုင်ကြ၊ ပြုပြင်ခံရခြင်းမှ သင်ခန်းစာများကို မသင်ယူနိုင်ကြ၊ စစ်မှန်သည့် နောင်တကို မရရှိနိုင်ကြ သို့မဟုတ် မိမိတို့တာဝန်အပေါ် သာ၍ကောင်းသည့် ထမ်းဆောင်မှုကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိကြချေ။ ထိုအစား ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများတွင် အတိုက်အခံဖြစ်ကြပြီး ထိုအရာကို လက်ခံဖို့ အာခံကာ ငြင်းပယ်သည့် သဘောထားတစ်ခုကို ခံယူကြသည်။ ဤသည်မှာ ပြုပြင်ခံရခြင်းအပေါ် အန္တိခရစ်များ၏ သဘောထားဖြစ်ပြီး သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကိုလည်း ကိုယ်စားပြုပေသည်။

ပြုပြင်ခံရခြင်းနှင့် ပတ်သက်လာလျှင် အနည်းဆုံးအနေဖြင့် လူတို့ သိသင့်သောအရာမှာ အဘယ်အရာနည်း။ မိမိတာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် ထမ်းဆောင်ရန်အတွက် ပြုပြင်ခံရခြင်းကို တွေ့ကြုံရမည်။ ယင်းသည် မရှိမဖြစ်ဖြစ်သည်။ ယင်းသည် နေ့စဉ်လူတို့ ရင်ဆိုင်ရမည့်အရာ တစ်ခုဖြစ်ပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ကယ်တင်ခြင်းကို ရယူဖို့အလို့ငှာ မကြာခဏ ကြုံတွေ့ရမည့်အရာတစ်ခု ဖြစ်သည်။ မည်သူကမျှ ပြုပြင်ခံရခြင်းနှင့် ကင်းကွာ၍ မရပေ။ တစ်စုံတစ်ဦးကို ပြုပြင်ခြင်းသည် ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ ပါဝင်သည့် အရာတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် လူတစ်ဦးကို ပြုပြင်ခြင်းသည် အဘယ်အတွက် လုပ်ဆောင်ခြင်းဖြစ်သနည်း။ ယင်းကို လုပ်ဆောင်သည်မှာ လူတို့ကို ရှုတ်ချရန်အတွက်လော။ (မဟုတ်ပါ။ ယင်းမှာ လူများကို သမ္မာတရားကို နားလည်ပြီး ၎င်းတို့၏တာဝန်ကို စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်ရန် ကူညီဖို့အတွက် လုပ်ဆောင်ခြင်းဖြစ်သည်။) မှန်ပေ၏။ ထိုအရာသည် ယင်းနှင့်ပတ်သက်သည့် အမှန်ကန်ဆုံး နားလည်မှုဖြစ်သည်။ တစ်စုံတစ်ဦးကို ပြုပြင်ခြင်းသည် ဆုံးမပဲ့ပြင်ခြင်းတစ်မျိုးဖြစ်သည်၊ ရိုက်နှက်ဆုံးမခြင်းတစ်မျိုးဖြစ်သည်၊ ပြီးလျှင် ပင်ကိုအားဖြင့် လူများကို ကူညီခြင်းနှင့်၊ ကုစားပေးခြင်း ပုံစံတစ်ခုလည်း ဖြစ်သည်။ ပြုပြင်ခံရခြင်းက သင်၏မမှန်ကန်သော လိုက်စားမှုကို အချိန်မီ ပြောင်းလဲခွင့်ပြုသည်။ ယင်းက သင် လက်ရှိ ရှိနေသောပြဿနာများကိုချက်ချင်းသတိပြုမိစေပြီး သင်ဖော်ထုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အချိန်မီ သတိပြုမိစေသည်။ မည်သို့ပင်ဖြစ်စေ ပြုပြင်ခြင်းက သင်၏ အမှားများကို သိမြင်စေပြီး သင်၏တာဝန်များကို စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်ဖို့ ထောက်ကူပေးသည်၊ ယင်းက သင့်ကို သွေဖည်မှုများ ဖြစ်စေခြင်းနှင့် လမ်းလွဲခြင်းတို့မှ အချိန်မီ ကယ်တင်ပေးသည်။ ပြီးလျှင် ဘေးဒုက္ခများ ဖြစ်စေခြင်းမှ သင့်ကို တားဆီးပေးသည်။ ဤသည်မှာ လူတို့အတွက် အကြီးဆုံးအကူအညီ၊ အကြီးဆုံး ကုစားမှုမဟုတ်သလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများသည် ပြုပြင်ခံရခြင်းကို မှန်ကန်စွာ ခံယူသင့်သည်။ အန္တိခရစ်များက ပြုပြင်ခံရခြင်းကို အဘယ်ကြောင့် လက်မခံနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ပြုပြင်ခံရခြင်းက လူထံမှလာပြီး ဘုရားသခင်ထံမှ မဟုတ်ဟု ၎င်းတို့ တွေးထင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို ပြုပြင်သူ မည်သူမဆိုက ၎င်းတို့အတွက် ဘဝကို ခက်ခဲစေခြင်းဖြစ်ပြီး ၎င်းတို့ကို ညှဉ်းပန်းနေခြင်း ဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ အန္တိခရစ်များ၏ စိတ်နေစိတ်ထားမှ အကဲဖြတ်သည့်အခါ ၎င်းတို့သည် အဓိကအားဖြင့် သမ္မာတရားကို လက်မခံကြသောကြောင့် ပြုပြင်ခံရခြင်းကို လက်ခံဖို့ ငြင်းကြပေသည်။ ပြုပြင်ခံရခြင်းမှ သင်ခန်းစာများကို ၎င်းတို့ မသင်ယူနိုင်ကြသကဲ့သို့ မိမိတို့ကိုယ်ကို မသိရှိနိုင်ကြ သို့မဟုတ် သမ္မာတရားကို မရှာဖွေနိုင်ကြပေ။ ဤသည်မှာ ပြုပြင်ခံရခြင်းကို ၎င်းတို့ လက်မခံခြင်း၏ ရင်းမြစ်ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ထိုသို့သော ကြီးမားသည့် ပြဿနာတစ်ခု တည်ရှိသည်။ ယင်းက အန္တိခရစ်များ၏ သဘာဝ အနှစ်သာရမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားကို ရန်လိုခြင်းဖြစ်သည်ဟု အတည်ပြုလေသည်။

၂၀၂၀ ခုနှစ်၊ မေလ ၂ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။