အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၉) အခန်း သုံး
(ဂ) အန္တိခရစ်တို့က အစေခံသူဖြစ်ရန် မလိုလားခြင်း၏ အကြောင်းအရင်း
အန္တိခရစ်တို့သည် အစေခံသူများဖြစ်ရန် မလိုလားကြသည့်အပြင် အစေခံသူများအဖြစ် လက်ခံနိုင်ခြင်း မရှိကြပေ။ အစေခံသူများ ဖြစ်ခြင်းအားဖြင့် ၎င်းတို့သည် ကြီးမားသော စော်ကားမှုနှင့် ခွဲခြားဆက်ဆံမှုတို့ကို ခံစားရလိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာ အတိအကျ ဖြစ်လိုကြသနည်း။ ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ပြီး ဘုရားအိမ်တော်သို့ လာကြချိန်တွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ နောက်လိုက်များထဲမှ တစ်ဦး ဖြစ်ရန် လိုလားနေကြသလော။ စုံလင်အောင်ပြုခြင်း ခံရသည့်လူတစ်ဦး ဖြစ်ရန် လိုလားနေကြသလော။ ၎င်းတို့သည် ပေတရုနှင့် ယောဘကဲ့သို့ ဖြစ်ချင်ပြီး ယင်းမှာ လုံလောက်ပြီ ဖြစ်သလော။ (မလုံလောက်ပါ။) ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းတွင် ၎င်းတို့က ဘုရားသခင်၏ ရွေးချယ်ထားသောလူများထဲမှတစ်ဦး ဖြစ်ချင်ကြကြောင်း၊ ယင်းမှာ ၎င်းတို့အတွက် လုံလောက်ကြောင်း တစ်ဦးတလေက ပြောဆိုကြသလော။ တစ်ဦးတလေသည် ဘုရားသခင်၏ လက်ထဲမှ အရုပ်တစ်ရုပ်ဖြစ်ရန် လိုလားနေသလော။ မလိုလားပေ၊ လူတို့သည် ဤအရာဖြစ်ဖို့ အထူးသဖြင့် မလိုလားကြပေ။ တစ်ဦးတလေက ဘုရားအိမ်တော်သို့ လာကြသည့်အခါ ၎င်းတို့သည် အကျိုးကျေးဇူးများ၊ ကောင်းချီးများ၊ ဆုလာဘ်များနှင့် သရဖူတစ်ခု လာရှာကြခြင်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းတို့ကို ၎င်းတို့ ခံယူစဉ်တွင်ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ ထိုသို့သော ရည်ရွယ်ချက်များ ထားရှိခြင်းအားဖြင့် ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်နိုင်ကြမည်မဟုတ်သကဲ့သို့ နောက်ဆုံးတွင် ကယ်တင်ခြင်း ရရှိလိမ့်မည်မဟုတ်သည်ကို ၎င်းတို့ သိရှိလာကြလေသည်။ ထို့ကြောင့် လူများစွာတို့သည် ကောင်းချီးများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကိုလည်းကောင်း၊ သရဖူတစ်ခုနှင့် ဆုလာဘ်များအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကိုလည်းကောင်း ဦးစွာ လက်လွှတ်ရန်၊ ဤအကျိုးကျေးဇူးများအားလုံးကို လက်လွှတ်ပြီး ဘုရားသခင် ပြောနေသည့်အရာ၊ လူအပေါ် သူ တောင်းဆိုသည့်အရာနှင့် လူကို သူ ပြောရန်ရှိသည့်အရာတို့ကို ဦးစွာ နားထောင်ဖို့ ထိုအချိန်တွင် ဆုံးဖြတ်ကြလေသည်။ ဘုရားနှုတ်ကပတ်တော်များကို နားထောင်သည့် လူများစွာတို့သည် “ဘုရားသခင်က ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်သည်၊ ကျွန်ုပ်တို့၏ အကျည်းတန်သော စရိုက်မှန်များကို ဖော်ထုတ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ကျွန်ုပ်တို့၏ အနှစ်သာရကို သူ ဖော်ထုတ်သည်။ ဤသည်တို့မှာ အမှန်တရားချည်းသာ ဖြစ်သည်။ ကျွန်ုပ်အတွက် ကံကောင်းသည်မှာ ကျွန်ုပ်သည် ကောင်းကျိုး၊ ကျေးဇူးတော်နှင့် ကောင်းချီးများကို ဘုရားသခင်ထံမှ အလောတကြီး လက်ဖြန့်မတောင်းခဲ့မိပါ။ ကံကောင်းထောက်မစွာဖြင့် ဤအရာများကို ပထမဆုံး ကျွန်ုပ် လက်လွှတ်ခဲ့သည်။ ဤအရာများကို ကျွန်ုပ် လက်မလွှတ်ခဲ့လျှင် ကျွန်ုပ်သည် မိမိကိုယ်ကို အရူးလုပ်မိမည် မဟုတ်လော။ ဘုရားသခင် ပြောဆိုသည့် အရာရာတိုင်းက လူ၏ သဘာဝနှင့် အနှစ်သာရကို ဖော်ထုတ်သည်။ ထို့ကြောင့် ထိုအရာများကို ကျွန်ုပ် မည်သို့ ဖယ်ရှားနိုင်မည်နည်း။ လူတို့အနေဖြင့် ပထမဆုံး မိမိတို့တာဝန်ကို စတင် ထမ်းဆောင်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွင်းရှိ အလုပ်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရမည်ဟု ဘုရားသခင်က ပြောလေပြီ။ ဤဖြစ်စဉ်အတောအတွင်းတွင် လူတို့သည် သမ္မာတရားကို နားလည်ခြင်းနှင့် လက်ခံခြင်း လမ်းကြောင်းပေါ် တက်ရောက်နိုင်လျှင် ကယ်တင်ခြင်း ရရှိမည့် မျှော်လင့်ချက် ရှိလိမ့်မည်ဖြစ်ပြီး အနာဂတ်တွင် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်”ဟုဆိုလျက် မိမိတို့ စိတ်နှလုံးတွင် တိတ်တခိုး ဝမ်းမြောက်မှုကို ခံစားကြသည်။ ဤအချိန်တွင် လူများစွာတို့သည် ထိုအရာများအကြောင်း မစဉ်းစားကြတော့ပေ။ ၎င်းတို့၏ နှစ်သက်ဖွယ်သော အလိုဆန္ဒများ၊ အနာဂတ်အတွက် ၎င်းတို့၏ တောင့်တမှုနှင့် မျှော်လင့်ချက်များသည် အလွန် လက်တွေ့ကျခြင်း ရှိသည်ဟု မထင်ရတော့ပေ။ ဤအခိုက်အတန့်တွင် ထိုဆန္ဒများနှင့် ရည်သန်မျှော်မှန်းချက်များထက် ၎င်းတို့၏တာဝန်များကို မည်သို့ကောင်းစွာ ထမ်းဆောင်ရမည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ ဖြည့်ဆည်းရမည်ဆိုသည်နှင့် သမ္မာတရားအား မည်သို့ နားလည်ကာ ခိုင်မာစွာ ရပ်တည်ရမည်ဆိုသည်တို့မှာ ပိုမိုလက်တွေ့ကျ၊ အရေးကြီးပြီး အရေးပါလှသည်ဟု ၎င်းတို့ ခံစားကြလေသည်။ ထို့ကြောင့် ဤအရေးပါလှသည့် အဆင့်တွင် လူအများစုသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရန်၊ သမ္မာတရားကို ရရှိရန်၊ မိမိတို့၏ အချိန်နှင့် ငယ်ရွယ်မှုတို့ကို ရည်စူးဆက်ကပ်ရန်နှင့် မိမိတို့၏ မိသားစု၊ မိမိတို့၏ အလုပ်နှင့် မိမိတို့၏ လောကီ အလားအလာများကို ဘုရားသခင်အတွက်လည်းကောင်း၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုအတွက်လည်းကောင်း စွန့်လွှတ်ရန် ဆုံးဖြတ်ကြပြီး လူအချို့က ဤအရာအတွက် ၎င်းတို့၏ အိမ်ထောင်ကိုပင် စွန့်ခွာကြသည်။ လူတို့တွင်ရှိသည့် ဤသရုပ်သကန်မျိုး၊ အပြုအမူမျိုးနှင့် လုပ်ရပ်မျိုးတို့သည် အပြုသဘောဆောင်သည့် အရာများနှင့် ဘုရားသခင် ပြောဆိုသည့် တောင်းဆိုချက်များအားလုံးအပေါ် နာခံကာ ကျိုးနွံနာခံသော သဘောထားတစ်မျိုး သေချာပေါက် ဖြစ်ပြီး ဤသဘောထားသည် လူတို့အနေဖြင့် သမ္မာတရားကို နားလည်နိုင်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ရန်နှင့် နောက်ဆုံးတွင် ကယ်တင်ခြင်းရရှိနိုင်ရန်အလို့ငှာ ပိုင်ဆိုင်ရမည့် မရှိမဖြစ်သော လိုအပ်ချက်တစ်ခု အတိအကျပင် ဖြစ်လေသည်။ ဤသည်တို့မှာ ပုံမှန်လူတိုင်းက မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ မလာမီတွင် ရှိကြသည့် အမျိုးမျိုးသော သရုပ်သကန်များနှင့် အတွေးများဖြစ်သည်။ ဤလူများက ဘုရားသခင်ကို ပထမဆုံး စတင်ယုံကြည်ချိန်မှသည် ယခုချိန်ထိတိုင် ၎င်းတို့၏ အတွေးများနှင့် အမြင်များသည် အမြဲ ပြောင်းလဲမှုများကို ကြုံရကာ သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားသည်လည်း အမြဲ ပြောင်းလဲခြင်းကို ကြုံနေရလေသည်။ လူ၏ ဤယခင် လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်တို့က အမြဲ ပျက်စီးခြင်းကို ကြုံနေရသည့် တစ်ချိန်တည်းတွင် ၎င်းတို့သည် ဤအရာများကို တဖြည်းဖြည်းနှင့် တက်ကြွစွာ လက်လွှတ်ပြီး စွန့်လွှတ်နေကြလေသည်။ ဤသည်မှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ လူတို့၏ လိုအင်ဆန္ဒကြောင့် နောက်ဆုံးတွင် ဖြစ်ပေါ်သည့် ကောင်းမွန်သော အကျိုးတရားဖြစ်သည်။ ထိုအရာသည် အပြုသဘောဆောင်ပြီး ကောင်းမွန်သော သရုပ်သကန်တစ်ခုဖြစ်ပြီး ကောင်းမွန်သည့် ရလဒ်တစ်ခု ဖြစ်သည်။ လူတို့သည် အမြဲတိုးတက်မှု ပြုလုပ်နေစဉ်တွင် သမ္မာတရားကို စစ်မှန်စွာ လိုက်စားသည့်သူများသည် ကောင်းချီးများရရှိဖို့ မိမိတို့၏ လိုအင်ဆန္ဒနှင့် ရည်ရွယ်ချက်တို့ကို လက်လွှတ်လုနီးပါး ဖြစ်ကြသောကြောင့် လူအများစုသည် အခြေခံအားဖြင့် ယခင်က လူကို ဘုရားသခင် ထားရှိခဲ့သည့် အမျိုးမျိုးသော ကတိတော်များကို အလွန် သတိပြုမိခြင်း သို့မဟုတ် စိတ်ဝင်စားခြင်း မရှိကြချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ပုံမှန်လူတစ်ဦး၏ ဆင်ခြင်တုံတရားအတိုင်း အကဲဖြတ်သည့်အခါတွင် တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် မထမ်းဆောင်နိုင်ဘဲ သမ္မာတရားကို နားလည်ရန် ပျက်ကွက်လျှင် ဘုရားသခင် ကတိပြုထားသည့် ကောင်းချီးများအားလုံးကို ရရှိဖို့ ၎င်း၏ အခွင့်အရေးအား လွဲချော်လိမ့်မည်ဖြစ်ပြီး ထိုကောင်းချီးများနှင့် မည်သည့် ပတ်သက်မှုမျှ ရှိလိမ့်မည် မဟုတ်ပေ။ ဤအရိုးရှင်းဆုံးသော ဆင်ခြင်တွေးခေါ်မှုစနစ်ကို လူတိုင်း နားလည်သင့်သည်။ ယခုတွင် ထိုသို့သော အချက်တစ်ချက်ကို နားလည်နှင့်ပြီးဖြစ်ကာ ဤအချက်ကို အသိအမှတ်လည်းပြုပြီး လက်ခံသည့် လူများစွာရှိသည်မှာ အမှန်ဖြစ်၏။ ထိုအရာကို လက်မခံသည်မှာ အန္တိခရစ်များသာ ရှိသည်။ ၎င်းတို့က အဘယ်ကြောင့် လက်မခံကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အန္တိခရစ်များ ဖြစ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့က ဤအချက်ကို လက်မခံကြသောကြောင့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ချင်ကြသနည်း။ ဘုရားအိမ်တော်သို့ ၎င်းတို့ လာကြသည့်အခါ ဘုရားနှုတ်ကပတ်တော်များကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးကြပြီး ထိုနှုတ်ကပတ်တော်များတွင် “ဘုရားသခင်၏ ဇာတိအဖြစ်တော်”၊ “သားဦးများ”၊ “ဘုရားသခင်၏ သားများ”၊ “ဘုရားသခင်၏ လူများ” နှင့် “အစေခံသူများ”ကဲ့သို့သော အမည်နာမများနှင့် အဆင့်အတန်းများကို ရှာတွေ့ကာ ၎င်းတို့၏ မျက်လုံးများ ဝင်းလက်သွားကြသည်။ ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များ အလျင်အမြန် ပြည့်သွားပြီး ၎င်းတို့က “ဘုရား၏ သားများထဲမှ တစ်ဦးဖြစ်ခြင်းက သာမန်ဖြစ်လွန်းသည်။ လူအများစုက ဘုရား၏ သားများဖြစ်ကြသည်။ ဘုရား၏ လူများထဲမှတစ်ဦး ဖြစ်ခြင်းသည် အရပ်သူအရပ်သားတစ်ဦး၊ လူစုလူဝေးများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခြင်း၊ တန်ခိုးအာဏာ သို့မဟုတ် ဩဇာလွှမ်းမိုးမှုမရှိသည့် ပုံမှန်လူတစ်ဦး ဖြစ်ခြင်းသဘောဖြစ်သည်။ ပြီးလျှင် ငါ့ကို အစေခံသူတစ်ဦး ဖြစ်စေဖို့အကြောင်းကို စဉ်းပင်မစဉ်းစားလေနှင့်။ ငါ အသက်ရှင်သရွေ့ အစေခံသူတစ်ဦး ဖြစ်ခြင်းနှင့် ငါ ဘာမျှပတ်သက်စရာ ရှိလိမ့်မည်မဟုတ်ပါ။ ထိုအရာသည် ငါနှင့် လုံးဝ ဆက်စပ်မှုမရှိပါ”ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် “ဘုရားသခင်၏ ဇာတိအဖြစ်တော်”နှင့် “သားဦးများ”ဟူသည့် အမည်နာမနှစ်ခုကို ၎င်းတို့ စူးစိုက်စွာကြည့်ကြသည်။ ၎င်းတို့၏ အယူအဆများတွင် “ဘုရားသခင်၏ ဇာတိအဖြစ်တော်”သည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်း၊ “သားဦးများ”မှာ ဘုရားသခင်၏ သားဦးများဖြစ်ကြောင်းနှင့် ဤနှစ်ခုက တန်ခိုးအာဏာနှင့် ဩဇာလွှမ်းမိုးမှုကို ဆောင်ကြဉ်းပေးပြီး လူသားမျိုးနွယ်ကြားတွင် ရှင်ဘုရင်များအဖြစ် စိုးစံနိုင်ကြောင်း၊ လူတို့ကို ထိန်းချုပ်နိုင်ကြောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ထိန်းချုပ်နိုင်ကြောင်း၊ အကြွင်းမဲ့ တန်ခိုးအာဏာ ပိုင်ဆိုင်ကာ ဆုံးဖြတ်ချက်ချဖို့ တန်ခိုးအာဏာ၊ ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ တန်ခိုးအာဏာနှင့် လူတို့ကို စီစဉ်ညွှန်ကြားကာ လူတို့ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ ဆုံးဖြတ်ဖို့ တန်ခိုးအာဏာ ရှိနိုင်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ဤတန်ခိုးအာဏာများက အလွန်ကြီးမားမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ထိုအကြောင်းကြောင့် ၎င်းတို့ကို အစေခံသူများဖြစ်ခိုင်းဖို့မှာ မဖြစ်နိုင်ရခြင်း ဖြစ်ပေသည်။ ၎င်းတို့ကိုယ်တိုင်အတွက် ၎င်းတို့ ရွေးချယ်ခွင့်ရလျှင် ၎င်းတို့က သားဦးများ သို့မဟုတ် ဘုရားသခင်၏ ဇာတိအဖြစ်တော် ဖြစ်ဖို့ ရွေးချယ်ကြမည်ဖြစ်သည်။ သို့မဟုတ်လျှင် ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းအား ရပ်တန့်ကြမည်ဖြစ်၏။ မိမိတို့၏တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေချိန် သို့မဟုတ် ဘုရားအိမ်တော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ပြုမူဆောင်ရွက်နေချိန် ဤရည်မှန်းချက်နှစ်ခုကို လိုက်စားရာတွင် ၎င်းတို့သည် ပြုမူဆောင်ရွက်ကြသည်၊ အဖိုးအခပေးကြသည်၊ ဆင်းရဲဒုက္ခခံစားပြီး အလုပ်များနေကြလေသည်။ ဤအချိန်ကာလ အတောအတွင်းတွင် ၎င်းတို့ အလုပ်များနေစဉ် မည်မျှထိ ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည်၊ ဧဝံဂေလိ ဖြန့်ဝေနေချိန် လူမည်မျှကို ၎င်းတို့ ရရှိပြီးဖြစ်သည်၊ လူမည်မျှက ၎င်းတို့ကို ကြည်ညိုပြီး လေးစားကြသည်၊ အသင်းတော်ကို ၎င်းတို့ ဦးဆောင်ချိန်တွင် ပြဿနာများကို ရင်ဆိုင်နေရသည့် ညီအစ်ကို မောင်နှမများက အခြားသူများထံ သွားခြင်းရှိမရှိ သို့မဟုတ် ၎င်းတို့ထံ လာကြခြင်း ရှိမရှိဟူသည်တို့နှင့် အခြားသူတို့၏ အတွေးများနှင့် အမြင်များကို ၎င်းတို့ ထိန်းချုပ်ကာ စိုးမိုးခြယ်လှယ်နိုင်ခြင်း ရှိမရှိဟူသည်တို့ကို အဆက်မပြတ် တွက်ချက်ကြလေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် ရှင်ဘုရင်များအဖြစ် အုပ်စိုးရန်ဖြစ်သည့် မိမိတို့အလိုရှိသောအရာကို ရရှိဖို့ ရည်မှန်းလျက် ဤအရာများကို အဆက်မပြတ် တွက်ချက်ကြသည်၊ ချိန်ဆပြီး စောင့်ကြည့်လေ့လာကြလေသည်။ ဘုရားအိမ်တော်ကို လာရောက်ကာ သမ္မာတရားအချို့ကို နားလည်ပြီးနောက် လူအများစုသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ကြသော်လည်း အန္တိခရစ်များက မထမ်းဆောင်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မြင့်မြတ်သောမျိုးရိုးမှ ဆင်းသက်သည်ဟူ၍လည်းကောင်း၊ မြင့်မြတ်ပြီး ထူးခြားသော အုပ်စုနှင့်သက်ဆိုင်သည်ဟူ၍လည်းကောင်း၊ ဘုရားအိမ်တော်၌ ကြီးမြတ်သူအဖြစ် ခေါ်တွင်ခြင်း ခံကိုခံရမည်ဟူ၍လည်းကောင်း ယုံကြည်ကြ၏။ သို့မဟုတ်လျှင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြမည် မဟုတ်ပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ကြရမည်ဆိုလျှင် ဘုရားအိမ်တော်၌ ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခံရမှဖြစ်မည်ဖြစ်ပြီး အောင်မြင်သူဖြစ်ရမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် ဘုရားသခင်၏ မှတ်တမ်းစာအုပ်တွင် မည်မျှနာမည်ကောင်း ရသည်ကိုလည်းကောင်း၊ ဘုရားသခင်နှင့်အတူ ရှင်ဘုရင်များအဖြစ် အုပ်စိုးရန် လုံလောက်စွာ အရည်အချင်းပြည့်မီခြင်း ရှိမရှိကိုလည်းကောင်း တွက်ချက်ကာ အဖြေရှာကြလေသည်။ ထို့ကြောင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ အန္တိခရစ်အချို့ လာခြင်းအတွက် အရင်းအမြစ်၊ စမှတ်နှင့် စိတ်ဓာတ်လှုံ့ဆော်မှုမှာ ရှင်ဘုရင်များအဖြစ် အုပ်စိုးဖို့ သူ၏ အိမ်တော်သို့ လာရန် ဖြစ်သည်။ ၎င်းတို့အနေဖြင့် သာမန်နှင့် အရေးမပါဆုံးသော နောက်လိုက်များအဖြစ်သာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ ဧကန်မုချ လိုလားခြင်းမရှိကြသကဲ့သို့ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ ကွယ်ပျောက်သွားသည့် တဒင်္ဂတွင် ၎င်းတို့သည် ရုတ်တရက် ရန်လိုကာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ဖို့ ငြင်းကြလေသည်။
ယခုတွင် ဘုရားအိမ်တော်၌ အရာရာကို ဆိုးရွားစွာ လုပ်ဆောင်ရင်းနှင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်သည့် နေရာတိုင်းတွင် ဖယ်ရှားရှင်းလင်းခံရလျက် မိမိတို့၏တာဝန်ကို နှစ်အချို့ကြာ ထမ်းဆောင်နေပြီးဖြစ်သည့် လူအချို့ရှိသည်။ ၎င်းတို့သည် ဆိုးရွားသည့် လူ့သဘာဝနှင့် နိမ့်ကျသည့် တည်ကြည်မှု ရှိကြသောကြောင့် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိကြသောကြောင့် နောက်ဆုံးတွင် ညီအစ်ကို မောင်နှမများ၏ ငြင်းပယ်ခြင်းကို ခံရကြလေသည်။ ကောင်းချီးမင်္ဂလာများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒက ပျက်သုဉ်းသွားတော့မည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်၌ ရှင်ဘုရင်များအဖြစ် အုပ်စိုးခြင်းနှင့် ထင်ပေါ်ခြင်းတို့ဖြစ်သည့် ၎င်းတို့၏ အိမ်မက်က အကောင်အထည် ပေါ်နိုင်ခြင်း မရှိတော့သည်ကိုလည်းကောင်း ၎င်းတို့ မြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ကိုယ်ပိုင်ဘဝတွင် မည်သို့ အသက်ရှင်ကြသနည်း။ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များကို မဖတ်ကြ၊ ဓမ္မတေးသီချင်းများကို နားမထောင်ကြ၊ စုဝေးပွဲများကို မတက်ကြ၊ တာဝန်တစ်ခု ထမ်းဆောင်ရန် စေခိုင်းခြင်းခံရသည့်အခါ ဘုရားအိမ်တော်ကို လျစ်လျူရှုကြပြီး စုဝေးပွဲများ တက်ရောက်ရန် အချိန်ကျသည့်အခါ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို မေတ္တာရပ်ခံရန်၊ ဖိတ်ကြားကာ အသိပေးရန်ပင် လိုအပ်လေသည်။ ၎င်းတို့ထဲမှ အချို့သည် အင်တင်တင်ဖြင့် စုဝေးပွဲများကို တက်မြဲတက်နေကြသော်လည်း စုဝေးပွဲများအတောအတွင်းတွင် ၎င်းတို့က စကားတစ်ခွန်းမျှ မပြောကြ၊ မိတ်သဟာယမပြုကြသကဲ့သို့ အခြားသူများ ပြောသည့်အရာတိုင်းကို ၎င်းတို့က ရွံရှာကြပြီး မကြားချင်ကြပေ။ ညီအစ်ကို မောင်နှမများက ဆုတောင်းကြသည့်အခါ ၎င်းတို့က မိမိတို့မျက်စိများကိုပါ ပိတ်ထားကြသော်လည်း မည်သည့်အရာကိုမျှ မပြောဆိုကြပေ။ ဘုရားသခင်ထံ ပြောစရာ မည်သည့်အရာမျှ မရှိကြချေ။ ပြီးလျှင် တရားဒေသနာများကို နားထောင်နေချိန် သို့မဟုတ် ညီအစ်ကို မောင်နှမများက သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုနေချိန် အချို့သော အခြားလူတို့သည် စုဝေးပွဲများအတောအတွင်းတွင် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ အချို့က အိပ်မောကျသွားကြသည်၊ အချို့က မိမိတို့ ဖုန်းများကို ကြည့်ကာ သတင်းများကို ဖတ်ကြသည်။ အချို့က အခြားသူများနှင့် စကားစမြည်ပြောကြပြီး အချို့က အွန်လိုင်းဂိမ်းများ ကစားကြသည်။ ဘုရားသခင်ကို ယုံကြည်သည့်အခါ ဘုရားအိမ်တော်၌ ၎င်းတို့အနေဖြင့် လူကြိုက်များနိုင်ခြင်းမရှိလျှင်၊ အခြားသူတို့နှင့် သင့်မြတ်နိုင်ခြင်း မရှိလျှင်၊ မိမိတို့ကို အားပေးဝန်းရံသူများ မရှိသည့်အပြင် အရေးကြီးသော တာဝန်များ တာဝန်အပေးခံရနိုင်ခြင်း မရှိလျှင် အနာဂတ်၌ ဘုရားသခင်နှင့်အတူ ရှင်ဘုရင်များအဖြစ် အုပ်စိုးနိုင်မည် မဟုတ်သောကြောင့် ဘုရားသခင်သည် ၎င်းတို့အတွက် မတည်ရှိဟု စဉ်းစားကြလေသည်။ ၎င်းတို့အတွက် ဘုရားသခင် တည်ရှိခြင်း ရှိမရှိဟူသည်မှာ ၎င်းတို့ ကောင်းချီးများ ရရှိနိုင်ခြင်း ရှိမရှိဟူသည်နှင့် ဆက်စပ်နေပေသည်။ ဤသည်မှာ အန္တိခရစ်များ ပြုမူသည့်ပုံစံဖြစ်သည် မဟုတ်လော။ ဘုရားက ၎င်းတို့ကို ကောင်းချီးများ ရရှိခွင့်မပေးနိုင်လျှင် သူသည် ဘုရားမဟုတ်သကဲ့သို့ သူသည် သမ္မာတရား မရှိဟူ၍လည်းကောင်း၊ မိမိတို့ကို အသင်းတော်တွင် လက်လွတ်စပယ် ပြုမူခွင့်ပေးသည့်၊ အာဏာကိုင်စွဲခွင့်ပေးပြီး အနာဂတ်တွင် ရှင်ဘုရင်များအဖြစ် အုပ်စိုးခွင့်ပေးသည့် ဘုရားသည်သာ ဘုရားဖြစ်သည်ဟူ၍လည်းကောင်း ၎င်းတို့က ယုံကြည်ကြလေသည်။ ဤသည်မှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်ဖြစ်သည်။ ထိုအရာသည် အမှန်နှင့် အမှားကို ရောထွေးခြင်းဖြစ်ပြီး အဖြစ်မှန်ကို ပုံဖျက်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများဖြစ်သဖြင့် ဘုရားသခင်၏ ခြေလှမ်းများကို ၎င်းတို့ မလိုက်လျှောက်နိုင်သကဲ့သို့ မိမိတို့တာဝန်များကို ထမ်းဆောင်ရန် မလိုလားကြသည့် အကြောင်းရင်းမှာ ၎င်းတို့က သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသောကြောင့်၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က စာတန်၏ အတွေးအခေါ်များ၊ အသိပညာ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ရာထူးတို့ကိုသာ ကြည်ညိုကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့က ငြင်းကြသည်၊ ဘုရားသခင်၏ အမှုတော်ကို အာရုံမစိုက်ကြပေ။ ထို့ကြောင့် စုဝေးပွဲများတွင် ၎င်းတို့သည် မိမိတို့၏ ဖုန်းများကို ကြည့်ကြခြင်းဖြစ်သည်။ ဂိမ်းများကစားကြခြင်းဖြစ်သည်။ အဆာပြေစားစရာများ စားကာ သာမန်ကာလျှံကာ စကားစမြည် ပြောဆိုကြခြင်းဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်ချင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ကို သဘောကျနေကြဆဲဖြစ်သည်။ ကောင်းချီးခံစားရမည့် ၎င်းတို့၏ မျှော်လင့်ချက်များ တစ်စစီပြိုကွဲသွားသည့် တဒင်္ဂတွင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် မည်သည့်အဓိပ္ပာယ်ကိုမျှ ၎င်းတို့ ရှာမတွေ့ကြတော့သကဲ့သို့ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် မည်သည့်အဓိပ္ပာယ်ကိုမျှ ၎င်းတို့ ရှာမတွေ့ကြသည့်အခါ ညီအစ်ကို မောင်နှမများ အတူတကွ စုဝေးသည့် နေရာဖြစ်သော အသင်းတော်ကို ကစားကွင်းကဲ့သို့ ၎င်းတို့ သဘောထားကြသည်။ အတူတကွ စုဝေးသည့်အချိန်ကို နားနေချိန်ကဲ့သို့ သဘောထားကြပြီး စုဝေးခြင်းနှင့် တရားဒေသနာများကို နားထောင်ခြင်းတို့ကို ကိုယ်ရောစိတ်ပါ ပင်ပန်းရသော၊ ပျင်းစရာကောင်းပြီး ခြောက်ကပ်ကပ်ဖြစ်သောအရာအဖြစ် တွေးထင်ကြလေသည်။ ညီအစ်ကို မောင်နှမများ နားထောင်သည့် တရားဒေသနာများနှင့် သမ္မာတရားကို မည်သည့်အရာအဖြစ် ၎င်းတို့ သဘောထားကြသနည်း။ ယင်းတို့ကို ဆောင်ပုဒ်များ၊ အခြေအမြစ် မရှိသော အဓိပ္ပာယ်မဲ့အရာအဖြစ် သဘောထားကြပြီး ညီအစ်ကို မောင်နှမများနှင့် အတူစုဝေးကုန်ဆုံးသည့် အချိန်ကို အချိန်ဖြုန်းတီးခြင်းအဖြစ် သဘောထားကြလေသည်။ ဤလူများသည် ထုတ်ဖော်ခြင်း မခံရကြလေပြီလော။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းတွင် မိမိတို့၏ ရည်မှန်းချက်များ၊ မိမိတို့၏ လိုအင်ဆန္ဒများနှင့် မိမိတို့၏ ထင်ယောင်ထင်မှားဖြစ်ခြင်းများကို ယူဆောင်လာကြပြီး ဤသည်မှာ ၎င်းတို့အနေဖြင့် အဆုံးထိတိုင် လမ်းကြောင်းကို လိုက်လျှောက်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ကြောင်းနှင့် ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တို့အတွက် အစေခံမှု ပေးရန်ပင် ၎င်းတို့ ထိုက်တန်ခြင်း မရှိကြကြောင်းကို ဆုံးဖြတ်သည့် လက္ခဏာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် တရားဒေသနာများကို နားထောင်သူများနှင့် သမ္မာတရားကို လိုက်စားသည့် ညီအစ်ကို မောင်နှမများအား အထင်သေးမှုဖြင့် ကြည့်ကြပြီး ထို့ထက်ပို၍ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ တည်ရှိခြင်းနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အမှုတော်၏ ဖြစ်ရပ်မှန် တည်ရှိခြင်းကို ငြင်းပယ်ကြလေသည်။
သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ထိုလူများဖြစ်သည့် အန္တိခရစ်များသည် ဘုရားသခင်ကို ယုံကြည်ခြင်းက ၎င်းတို့အတွက် မည်သည့်အကျိုးကျေးဇူးမျှ ဆောင်ကြဉ်းပေးမည် မဟုတ်သည်ကို တွေးမိလာသည့်အခါ ၎င်းတို့၏ ဘီလူးသရဲစီးသော မျက်နှာထားက ပေါ်လွင်လာသည်။ အချို့သော အမျိုးသမီး အန္တိခရစ်များသည် သရဲတစ္ဆေများနှင့် တူသည်အထိတိုင် အိမ်တွင် မိတ်ကပ်များလိမ်းကြသည်။ ခေတ်ဆန်သည့် သို့မဟုတ် ဆန့်ကျင်ဘက်လိင်အတွက် ဆွဲဆောင်မှု ရှိသည့် မည်သည့်အရာကိုမဆို ဝတ်ဆင်ကြပြီး အချို့က မာကျောင်းကစားခြင်း၊ လောင်းကစားခြင်း၊ ဆေးလိပ်သောက်ခြင်းများကိုပင် ခိုးကြောင်ခိုးဝှက် လုပ်ကြသည်။ ဤလူများသည် အလွန်ဆိုးဝါးပြီး စက်ဆုပ်ဖွယ်ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ဟန်ဆောင်မှုဖြင့်လာကြပြီး အဆုံးတွင် မည်သည့်အရာ ဖြစ်ပျက်သနည်း။ ထိုအရာကို ၎င်းတို့ ထိန်းသိမ်းနိုင်ခြင်း မရှိသည် မဟုတ်လော။ သမ္မာတရားကသာ လူတို့ကို ထုတ်ဖော်နိုင်ပြီး တစ်စုံတစ်ဦးက သမ္မာတရားကို မချစ်လျှင်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားရှိလျှင် ၎င်းသည် သမ္မာတရားကို ရန်လိုဖို့အတွက် ကံဇာတာပါပြီး တောင့်မခံနိုင်ကြပေ။ အသင်းတော်သည် ထိုသို့သောလူများကို ဖယ်ရှားရှင်းလင်းရန် လိုအပ်သေးသလော။ ဘုရားသခင်က ၎င်းတို့ကို ပြစ်တင်ရှုတ်ချရန် လိုအပ်သေးသလော။ ဘုရားသခင်က ထိုသို့သော လူတစ်ဦးကို ငြင်းပယ်ရန် လိုအပ်သေးသလော။ မလိုအပ်ပေ၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့မျှ အာရုံမစိုက်ပေ။ ဘုရားသခင်အတွက်၊ ဤလူများသည် ပိုးကောင်များသာဖြစ်သည်၊ အစေခံသူများဖြစ်ဖို့ပင် မထိုက်တန်ကြ။ ၎င်းတို့သည် ထိုအတွက် စံကိုမမီကြပေ။ ၎င်းတို့သည် စုဝေးပွဲများ၊ အသင်းတော်အသက်တာနှင့် မိမိတို့တာဝန်အပေါ် ထိုသို့သော အထင်သေးသည့် သဘောထားတစ်ခု ရှိကြသည့်အခါ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ ဘုရားသခင်က ၎င်းတို့ကို စောင့်ရှောက်ခြင်း သို့မဟုတ် ကွယ်ကာခြင်း မရှိသကဲ့သို့ ၎င်းတို့ကို ဦးဆောင်ခြင်းလည်း မရှိပေ။ သူသည် ၎င်းတို့ကို အသိဉာဏ်ပွင့်လင်းစေခြင်း၊ လမ်းပြခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းအလုပ် တစ်ခုတလေကိုမျှ မဆောင်ရွက်ပေ။ ထိုသို့ဖြင့် ၎င်းတို့သည် အင်မတန် ဆိုးရွားပြီး အကျည်းတန်သည့် ဘဝများကို အသက်ရှင်ကြလေသည်။ သို့သော် ၎င်းတို့ကိုယ်တိုင်က “ဘုရားကို ငါ မယုံကြည်ပါ။ ငါ လွတ်လပ်သည်။ ဘုရားကို ယုံကြည်သည့် အသင်လူတို့၊ ငါ့အနေဖြင့် မည်သည့်အရာကိုမျှ ဒုက္ခခံစားရန် မလိုအပ်သော်လည်း သင်တို့သည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဖို့လိုအပ်သည်၊ သင်တို့၏ မိသားစုများနှင့် အသက်မွေးအလုပ်များကို စွန့်လွှတ်ဖို့ လိုအပ်သည်။ ငါသည် အိမ်၌နေရသော အားလပ်ချိန်ကို ခံစားနိုင်သည်၊ ဇာတိပကတိ၏ ပျော်ရွှင်မှုများကို အကြိုက်တွေ့နိုင်ပြီး ဘဝ၏ ဝမ်းမြောက်ပျော်ရွှင်ခြင်းများကို မွေ့လျော်နိုင်သည်”ဟု တွေးကြလေသည်။ ၎င်းတို့အနေဖြင့် ပျော်ရွှင်ခြင်းနှင့် လွတ်လပ်ခြင်းကို ရရှိပြီးဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို အလေးဂရုပြုမှု တစ်ခုတလေရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ ဘုရားသခင်အတွက်မှာမူ ဤလူများသည် ပိုးကောင်များ ဖြစ်သည်၊ လူသားများမဟုတ်သကဲ့သို့ သူ၏ အာရုံစိုက်ခြင်းနှင့် မထိုက်တန်ကြပေ။ ဘုရားသခင်က ၎င်းတို့ကို အလေးဂရုပြုခြင်း မရှိလျှင် သူသည် ၎င်းတို့ကို ကယ်တင်လိမ့်ဦးမည်လော။ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်မည် မဟုတ်သည့်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာသည် ဘုရားသခင်နှင့် ပတ်သက်မှု တစ်စုံတစ်ရာ ရှိသလော။ ထိုအရာသည် ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေး အမိန့်များနှင့် ဆက်စပ်မှု တစ်ခုတလေ ရှိသလော။ မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အပြင်ပန်းတွင် အလွန် သက်သောင့်သက်သာရှိစွာ၊ လွတ်လပ်စွာနှင့် လျော့ရဲရဲ အသက်ရှင်ပုံရသည်၊ နေ့တိုင်း အတော်လေး ပျော်ရွှင်ပုံရကြသည်။ ယင်းမှာ ကောင်းမွန်သည့်အရာတစ်ခုဖြစ်သည်ဟု သင် ထင်သလော။ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာနှင့် လိုက်လျှောက်သည့် လမ်းကြောင်းတို့ကို တစ်ချက်ကြည့်ပြီး ၎င်းတို့ ဆုံးခန်းတိုင်ပြီဖြစ်ကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို အလိုမရှိတော့ကြောင်း သင် သိပေသည်။ ဤပိုးကောင်များသည် အမှန်တကယ်ပင် နံဟောင်သည့် အုပ်စုတစ်စု ဖြစ်သည်။ ဘုရားသခင်က ထိုသို့သောလူများကို မည်သို့မျှ အလေးဂရုပြုခြင်း မရှိပေ။
ပတ်ဝန်းကျင်နှင့် အခြေအနေများက မည်သို့ပင်ဖြစ်စေ နောင်ဘဝတွင် ရှင်ဘုရင်များအဖြစ် စိုးစံရန်နှင့် ဘုရားသခင်နှင့် တန်းတူ အဆင့်အတန်းရှိဖို့အတွက် ၎င်းတို့ တတ်နိုင်သမျှ ကြိုးပမ်းကြသည့်သူများသည် အန္တိခရစ်များထဲတွင် ပြုပြင်၍ မရနိုင်လောက်အောင် ခေါင်းမာသော လူစုဖြစ်သည်။ ထိုသို့သော လူများသည် ပေါလုကဲ့သို့ပင် ဖြစ်ကြ၏။ ၎င်းတို့သည် ကိုယ့်ခန္ဓာကိုယ်၌ ဆူးငြောင့်တစ်ခုကို ခံယူကြသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ သံသယများ ထားရှိကြသည်၊ ဘုရားသခင်ကို ၎င်းတို့ အတိုက်အခံလုပ်ကာ ခြိမ်းခြောက်ကြပြီး ၎င်းတို့ အလုပ်လုပ်ချိန်တွင်၊ မိမိတို့ကိုယ်ကို အသုံးခံကြချိန်၊ ဆင်းရဲဒုက္ခများကို ခါးစည်းခံကြပြီး အဖိုးအခပေးကြချိန်တွင် အလွန်ပင် စိတ်မပါဖြစ်နေကြသည်။ ၎င်းတို့သည် ဤအရာများကို သရဖူတစ်ခုအတွက် အလဲအလှယ်အနေဖြင့်သာလည်းကောင်း၊ နောင်ဘဝတွင် ရှင်ဘုရင်များအဖြစ် စိုးစံနိုင်ခြင်းအတွက် အလဲအလှယ်အနေဖြင့်သာလည်းကောင်း လုပ်ဆောင်ကြသည်။ ဤဖြစ်စဉ်တစ်ခုလုံးက အန္တိခရစ်များအား အလွန် သနားစဖွယ် ဖြစ်သည်ဟု ထင်ရစေသည် မဟုတ်လော။ အမှန်တွင် ၎င်းတို့သည် သနားဖွယ်မဖြစ်ကြပေ။ ၎င်းတို့က သနားဖွယ်မဖြစ်ရုံမျှမက အမှန်တွင် အတော်လေး ရယ်ဖွယ်လည်းကောင်းပေသည်။ ဘုရားသခင်က များစွာ ပြောဆိုပြီးနောက်တွင် ၎င်းတို့က သမ္မာတရားကို နားမလည်ကြသေးလျှင် ထားသာထားလိုက်လေလော့။ ထိုသို့သော လူ့စကားကိုပင် ၎င်းတို့က အဘယ်သို့ဖြစ်ပြီး နားမလည်နိုင်ကြသနည်း။ ထိုသို့သော ရိုးရှင်းသည့် သက်ဝင်ယုံကြည်မှုများကို ၎င်းတို့သည် အဘယ်သို့ဖြစ်ပြီး နားမလည်နိုင်ရသနည်း။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိနိုင်မည် မဟုတ်၊ သို့မဟုတ် ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်ပေ။ ပြီးလျှင် ဘုရားသခင်က သင့်ကို ကတိတစ်ခု ပြုခဲ့လျှင်ပင် ထိုကတိကို သင် ရယူနိုင်မည် မဟုတ်။ လူကို ဘုရားသခင် ပေးသည့် မည်သည့်ကတိမဆို အခြေအနေပေါ်မူတည်သည်။ သူသည် လူတို့အား အကြောင်းပြချက် သို့မဟုတ် သတ်မှတ်ချက်များမရှိဘဲ ကတိများကို မပေးပေ။ ဘုရားသခင်သည် လူ့အပေါ် သူ၏ သတ်မှတ်ချက်များရှိပြီး ဤသတ်မှတ်ချက်များသည် မည်သည့်အချိန်ကာလတွင်မျှ လုံးဝ မပြောင်းလဲပေ။ ဘုရားသခင်သည် သမ္မာတရားကို ချိုးဖောက်လိမ့်မည် မဟုတ်သကဲ့သို့ သူ၏ ရည်ရွယ်ချက်များကိုလည်း ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဤအချက်ကို သင် နားလည်ခဲ့လျှင် သင်၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို သင် ခေါင်းမာစွာ ဖက်တွယ်ဦးမည်လော။ မိုက်မဲသူများနှင့် ဆင်ခြင်တုံတရားမရှိသော လူတို့သာ ဤအရာများကို ခေါင်းမာစွာ ဖက်တွယ်ကြမည်ဖြစ်သည်။ ပုံမှန်ဆင်ခြင်တုံတရားနှင့် ပုံမှန်လူ့သဘာဝရှိသည့်သူများသည် ဤအရာများကို လက်လွှတ်သင့်ပြီး ၎င်းတို့ လိုက်စားသင့်သည့်၊ ရရှိသင့်ပြီး ဝင်ရောက်သင့်သည့် အရာကို လိုက်စားသင့်သည်။ ၎င်းတို့သည် ပထမဆုံးအနေဖြင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီသင့်ကြပေသည်။ ဒုတိယအနေဖြင့် ပုံမှန်ဆင်ခြင်တုံတရား ရှိသည့်လူများသည် မည်သည့်အရာကိုလည်း နားလည်သင့်သနည်း။ ဘုရားသခင်နှင့်အတူ ထာဝရကာလ တစ်လျှောက်လုံး ရှင်ဘုရင်များအဖြစ် ငါတို့ စိုးစံရလိမ့်မည်ဟုပြောသည့် ပရောဖက်ပြုချက်များက ကျမ်းစာတွင်ရှိပြီး ဘုရားသခင်၏ လက်ရှိအမှုတော်တွင် သူသည် လူတို့အတွက် အမျိုးမျိုးသော အဆင့်များနှင့် အမည်နာမများကို အတန်းအစားသတ်မှတ်လျက် ဘုရားသခင်၏ ဇာတိအဖြစ်တော်၊ သားဦးများ၊ ဘုရားသခင်၏ သားများ၊ ဘုရားသခင်၏ လူများ စသည်တို့ကိုလည်း ဖော်ပြသည်။ ဘုရားသခင်က လူအား ဤအရာများကို ကတိပြုထားပြီး ဖြစ်သည့်အတွက် လူတို့က ယင်းတို့ကို အဘယ်ကြောင့် မလိုက်စားနိုင်ကြသနည်း။ ထို့ကြောင့်၊ မှန်ကန်သည့် သဘောပေါက်နားလည်ခြင်းနှင့် မှန်ကန်သည့် လုပ်နည်းကိုင်နည်းတို့က မည်သည့်အရာ ဖြစ်သင့်သနည်း။ တစ်စုံတစ်ဦးက ရှင်ဘုရင်တစ်ဦးအဖြစ် စိုးစံခြင်းနှင့် ဘုရားသခင် ပေးခဲ့သည့် ကတိတော်များကို လိုက်စားရမည့် ရည်မှန်းချက်များအဖြစ် သဘောထားလျှင် ဤသည်မှာ မှန်ကန်သည့် လမ်းကြောင်းဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ဤသည်မှာ အပြုသဘောမဆောင်ပေ။ လူသား အလိုဆန္ဒနှင့် အလွန် ရောနှောနေပြီး ဤလမ်းကြောင်းသည် သမ္မာတရားနှင့် ကွဲလွဲပေသည်။ လူအချို့က “သင်သည် ဤကတိကို ပေးပြီးဖြစ်သဖြင့် သင်သည် အဘယ်ကြောင့် ကျွန်ုပ်တို့အား ရရှိခွင့်ကို မပေးဘဲ နေမည်နည်း။ သင်သည် ဤအရာအားလုံးကို ပြောပြီးဖြစ်ကာ လူသားမျိုးနွယ်အားလုံးထံ လူသိရှင်ကြား ဖော်ပြပြီးဖြစ်သဖြင့် ဤအရာကို ငါတို့ အဘယ်ကြောင့် လိုက်စားခွင့်မပေးဘဲ နေမည်နည်း”ဟု ပြောကြသည်။ ဤသည်မှာ သမ္မာတရားနှင့် ဆက်စပ်ပေသည်။ မည်သူကမျှ ဤကတိကို တကယ့် အစမှသည် ယခုထိတိုင် တစ်ကြိမ်တစ်ခါမျှ နားမလည်ကြလေပြီ။ ဤအရာသည် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာနှင့် ဆက်စပ်သနည်း။ ထိုအရာကို ဤသို့ သင် ကြည့်ရှုရမည်။ ဘုရားသခင်က လူကို ကတိတစ်ခုပေးပြီးဖြစ်ကာ လူသည် ရှင်ဘုရင်များအဖြစ် စိုးစံခြင်းနှင့်ဆိုင်သည့် စိတ်ကူးအပြင် “ဘုရားသခင်၏ ဇာတိအဖြစ်တော်”၊ “သားဦးများ”၊ “ဘုရားသခင်၏ သားများ” စသည့် အမျိုးမျိုးသော အမည်များကို ဘုရားသခင်ထံမှ သိလာခဲ့သည်။ သို့သော် ဤသည်တို့မှာ အမည်နာမများသာ ဖြစ်သည်။ မည်သည့် အမည်နာမက မည်သည့်လူတို့နှင့် သက်ဆိုင်သည်ဟူသည်မှာမူ လူတစ်ဦးချင်းစီ၏ လိုက်စားမှုနှင့် ဆောင်ရွက်ချက်တို့အပေါ် မူတည်ပေသည်။ ဖန်ဆင်းရှင်က သင့်ကို မည်သည့် အမည်နာမ ပေးသည်ဖြစ်စေ ယင်းမှာ သင်၏ ပကတိအခြေအနေ ဖြစ်သည်။ သူသည် သင့်ကို အမည်နာမတစ်ခုမပေးလျှင် သင်သည် ဘာမျှမဟုတ်။ ထိုအရာသည် ဘုရားသခင်ထံမှ ကတိတစ်ခုမျှသာဖြစ်သည်၊ လူတို့ ခံစားပိုင်ခွင့်ရှိသည့်အရာတစ်ခု သို့မဟုတ် ထိုက်တန်သည့်အရာတစ်ခု မဟုတ်ပေ။ ဤကတိသည် လူတို့ လိုအင်ဆန္ဒရှိသည့် ရည်မှန်းချက်တစ်ခု ဖြစ်သည်မှာ အမှန်ဖြစ်သော်လည်း ဤရည်မှန်းချက်သည် လူသားများ လျှောက်လှမ်းသင့်သည့် လမ်းကြောင်း မဟုတ်သကဲ့သို့ လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ဤကိစ္စရပ်အပေါ် မည်သူသည် ဆုံးဖြတ်ချက်များ ချပိုင်ခွင့်ရှိသနည်း။ (ဘုရားသခင်ဖြစ်သည်။) မှန်ပေ၏၊ ဤအရာကို လူတို့ နားလည်ရမည်။ သူသည် သင့်ကို တစ်စုံတစ်ရာပေးနေသည်ဟု ဘုရားသခင်က ပြောလျှင် သင့်တွင် တစ်စုံတစ်ရာရှိသည်။ ထိုအရာကို သင့်ထံမှ သူ နုတ်ယူနေသည်ဟု သူ ပြောလျှင် သင့်တွင် ဘာမျှမရှိ၊ သင်သည် ဘာမျှမဟုတ်ပေ။ သင်က “ဘုရားသခင်က ကျွန်ုပ်ကို မပေးလျှင်ပင် ဤအရာကို ကျွန်ုပ် လိုက်စားမည်ဖြစ်ပြီး ဘုရားသခင်က ကျွန်ုပ်ကို ပေးလျှင်၊ ထိုအရာကို လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် ကျွန်ုပ် ခံယူမည်ဖြစ်သည်”ဟု ပြောလျှင် ဤသည်မှာ မှားပေသည်။ အဘယ်ကြောင့်မှားသနည်း။ ထိုအရာက အဓိကကျသော ရှောင်ရန်အမှုကို ချိုးဖောက်ပေသည်။ ဘုရားသခင်က အစဉ်အမြဲ ဘုရားသခင် ဖြစ်လိမ့်မည်ဖြစ်ပြီး လူက အစဉ်အမြဲ လူဖြစ်လိမ့်မည်ဟူသည့် အချက်ကို သင် အသိအမှတ်မပြုပေ။ ဤသည်မှာ မှားရသည့် အကြောင်းရင်း ဖြစ်သည်။ လူအချို့က “ကျမ်းစာတွင် ပရောဖက်ပြုထားသည်။ နေရာများစွာတွင် ကျမ်းစာက ကျွန်ုပ်တို့အနေဖြင့် ထာဝရကာလ တစ်လျှောက်လုံး ဘုရားသခင်နှင့်အတူ ရှင်ဘုရင်များအဖြစ် စိုးစံရလိမ့်မည်ဟု ပြောသည်။ ဘုရားသခင်က ဤအရာကို အဘယ်ကြောင့် ပြောနိုင်ပြီး ကျွန်ုပ်တို့က အဘယ်ကြောင့် မလိုက်စားနိုင်ကြသနည်း”ဟု ပြောကြသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားဖြစ်သလော။ လူတို့အတွက် ရှင်ဘုရင်များအဖြစ် စိုးစံရမည့် ဘုရားသခင်၏ ကတိတော်ကို ကောင်းမွန်သည့်အရာတစ်ခုအဖြစ် သင် မြင်ပြီး ထိုအရာကို လိုက်စားသော်လည်း ဘုရားသခင်က အစေခံသူများအကြောင်းကိုလည်း ပြောဆိုထားပြီးဖြစ်သည်။ ဘုရားသခင်အတွက် အစေခံမှုကို ကောင်းစွာ ပေးခြင်းအား သင် လိုက်စားသလော။ စံနှုန်းပြည့်မီသည့် အစေခံသူတစ်ဦးဖြစ်ခြင်းကို သင် လိုက်စားသလော။ ဘုရားသခင်ကလည်း လူတို့အား မိမိတို့တာဝန်ကို ထမ်းဆောင်ဖို့ တောင်းဆိုသည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ သင့်ကိုယ်သင် တောင်းဆိုသလော။ ဘုရားသခင်က လူတို့အား ဖန်ဆင်းခံများအဖြစ် ပြုမူဆောင်ရွက်ရန်လည်း တောင်းဆိုပြီး မည်သည့်အရာကို သင် လုပ်ဆောင်သနည်း။ စံနှုန်းပြည့်မီသည့် ဖန်ဆင်းခံတစ်ဦး ဖြစ်ခြင်းအား သင်၏ ရည်မှန်းချက်အဖြစ် သင် သဘောထားပြီး သွားလိုက်စားသလော။ လူတို့က ရှင်ဘုရင်များအဖြစ် စိုးစံလိမ့်မည်ဟူ၍ ဘုရားသခင် ပြောဆိုခြင်းသည် လူကို သူ ပေးခဲ့သည့် ကတိတော်တစ်ခုဖြစ်ပြီး ဤကတိတော်အတွက် မရှိမဖြစ်လိုအပ်ချက်နှင့် ဆက်စပ်အခြေအနေတစ်ခု ရှိပေသည်။ သင်သည် ကောင်းမွန်သည့် ဖန်ဆင်းခံတစ်ဦး ဖြစ်ရမည်၊ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်၊ အစေခံသူ၏ အခန်းကဏ္ဍကို သင် ဖယ်ရှားရမည်၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းနှင့် ဖန်ဆင်းရှင်ကို ကြောက်ရွံ့ခြင်းတို့အား သင် စွမ်းဆောင်ရရှိရမည် ဟူ၍ဖြစ်သည်။ ဤအရာအားလုံးကို သင် စွမ်းဆောင်ရရှိသည့်အခါ သင်သည် ဘုရားသခင်နှင့်အတူ ရှင်ဘုရင်များအဖြစ် အစဉ်ထာဝရ စိုးစံနိုင်လိမ့်မည်ဟု ဘုရားသခင်က ပြောဆိုပြီးဖြစ်သည်။ ဤသည်မှာ ဤစကားများကို ပြောဆိုထားသည့် ဆက်စပ်အခြေအနေဖြစ်သည်။ လူတို့သည် ဆင်ခြင်တုံတရား ကင်းမဲ့ကြ၏။ ဤအရာကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က “ငါတို့အနေဖြင့် ဘုရားသခင်နှင့်အတူ ရှင်ဘုရင်များအဖြစ် စိုးစံနိုင်ခြင်းက အလွန်ကောင်းပေသည်။ ဤအရာသည် မည်သည့်အချိန်တွင် ဖြစ်ပျက်လိမ့်မည်နည်း။ ငါတို့သည် ဘုရားများအဖြစ် မည်သို့စိုးစံလိမ့်မည်နည်း။ ငါတို့သည် ဘုရားသခင်နှင့်အတူ မည်သို့ တန်းတူအဆင့်အတန်းတွင် ရှိလိမ့်မည်နည်း။ ငါတို့က မည်သူတို့၏ ရှင်ဘုရင်များဖြစ်လိမ့်မည်နည်း။ မည်သူတို့အပေါ် ငါတို့ စိုးစံကြလိမ့်မည်နည်း။ ငါတို့သည် မည်ကဲ့သို့ စိုးစံကြလိမ့်မည်နည်း။ ငါတို့သည် မည်သို့ ရှင်ဘုရင်များဖြစ်ကြလိမ့်မည်နည်း”ဟု တွေးကြသည်။ လူတို့သည် ဆင်ခြင်တုံတရား ကင်းမဲ့နေကြသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်က လူကို ပြုသည့် ကတိတော်တစ်ခု၊ ဤအံ့ဖွယ်သောအရာ ရှိသည်ဟူသည်ကို လူတို့အား သိခွင့်ပေးလျက် လူတို့ကြားရန်အတွက် ပြောထားသည့် တစ်စုံတစ်ရာဖြစ်သော်လည်း သင့်ကိုသင် အကဲဖြတ်သင့်ပေသည်။ သင် အဘယ်သူနည်း။ ဘုရားသခင်တွင် ဤစိတ်ကူးရှိပြီး လူကို သူနှင့်အတူ ဤသို့အသက်ရှင်ခွင့်ပေးရန် လိုလားနေသော်လည်း သင်သည် ထိုအရာကို ရရှိဖို့ အရည်အချင်းပြည့်မီသလော။ သင်သည် ဘုရားသခင်ကို “ဤကတိတော်ကို ကျွန်ုပ်တို့ မရရှိမီတွင် ကျွန်ုပ်တို့အပေါ် မည်သည့် တောင်းဆိုချက်များ ကိုယ်တော့်တွင် ရှိသနည်း။ ကျွန်ုပ်တို့ကို ကိုယ်တော် လုပ်ဆောင်စေလိုသည့်အရာတစ်ခုတလေ ရှိသလော။ ဤကတိတော်ကို မရရှိနိုင်မီတွင် ပထမဆုံး မည်သည့်အရာကို ကျွန်ုပ်တို့ စွမ်းဆောင်ရရှိရမည်နည်း”ဟု အဘယ်ကြောင့် မမေးသနည်း။ သင်သည် ဤအရာများကို မမေး၊ ထိုအရာကို တောင်းဆိုရုံသာ တောင်းဆိုသည်။ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းဖြစ်သည် မဟုတ်လော။ လူသည် ဤဆင်ခြင်တုံတရားမျိုး ကင်းမဲ့၏။ လူတို့က အကျိုးရှိသည့် တစ်စုံတစ်ရာကို မြင်သည့်အခါ မိမိတို့လက်များကို ကမ်းကာ ထိုအရာကို ဖမ်းဆုပ်ကြသည်။ လူတို့သည် ဓားပြများကဲ့သို့ ဖြစ်ကြသည်။ ၎င်းတို့ အလိုရှိသည့်အရာကို သင် မပေးလျှင် စိတ်ဆိုးကြသည်၊ ရန်လိုလာကြပြီး စတင်ဆဲဆို အော်ဟစ်ကြလေသည်။ ဤသည်မှာ လူတို့၏ ပကတိအခြေအနေ မဟုတ်လော။ ဤသည်မှာ လူသားမျိုးနွယ်၏ နိမ့်ကျမှု ဖြစ်သည်။
လူက ဆင်ခြင်တုံတရားမဲ့ရသည့် အကြောင်းရင်းတစ်ခုမှာ သမ္မာတရားကို လူတို့ နားမလည်ကြသေးသောကြောင့် ဖြစ်သည်။ ထိုအရာသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘာမျှပတ်သက်ခြင်း မရှိပေ။ သို့သော် ၎င်းတို့ အလိုရှိသည့်အရာကို ၎င်းတို့အား မပေးသည့်အခါ စိတ်ဆိုးကြသည်၊ ဆဲဆိုအော်ဟစ်ကြကာ မုန်းတီးကြပြီး လက်တုံ့ပြန်ကြလေသည်။ ဤသည်မှာ အဘယ်အရာ ဖြစ်သနည်း။ ဤသည်မှာ စာတန်၏ ဘီလူးသရဲစီးသော မျက်နှာထား ပေါ်ထွက်ခြင်းဖြစ်သည်။ ၎င်းတို့၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဘုရားသခင် ပြုခဲ့သည့် ကတိတော်အတွက်မူ၊ ဘုရားသခင်ရှေ့တွင် လူတစ်ဦးစီတိုင်းက ထင်ရှားစေသည့် အရာသည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း မရှိပေ။ လူတို့သည် မိမိတို့ကိုယ်ပိုင် အတိုင်းအတာကို မသိဘဲ လိုချင်လျက် ချက်ချင်း တောင်းဆိုရင်း မိမိတို့လက်များကို ချက်ချင်း ကမ်းကြပြီး ၎င်းတို့ တောင်းဆိုသည့်အရာကို ၎င်းတို့ မရရှိနိုင်လျှင် ထိုအတွက် အလဲအလှယ်လုပ်ဖို့ ၎င်းတို့ အသုံးပြုနိုင်သည့်အရာကို တွေးဆကြလေသည်။ ၎င်းတို့က မိမိတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်များကို စွန့်ကြသည်၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးကြသည်၊ အလုပ်များပြီး မိမိတို့ကိုယ်ကို အသုံးခံကြသည်၊ ဧဝံဂေလိကို တရားဟောပြီး ပိုများသောလူတို့ကို ရရှိကြသည်။ အလုပ် ပိုလုပ်ကြပြီး ၎င်းတို့ အလိုရှိသည့်အရာအတွက် အလဲအလှယ်လုပ်ဖို့ ဤအရာများကို ၎င်းတို့ အသုံးပြုကြလေသည်။ ၎င်းတို့ အလိုရှိသည့်အရာတွက် ဤအရာများကို အလဲအလှယ်မလုပ်နိုင်ကြလျှင် ၎င်းတို့ ဒေါသထွက်ကြသည်၊ မိမိတို့၏ စိတ်နှလုံးတွင် အမုန်းတရားများ ပြည့်ကြပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ တိုး၍ အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်ကြလေသည်။ ဤအရာများကို ၎င်းတို့ အလိုရှိသည့်အရာအတွက် အလဲအလှယ်လုပ်နိုင်သည်ဟု ၎င်းတို့ ခံစားရလျှင် ဘုရားသခင်၏ အမှုတော် မကြာမီ အဆုံးသတ်ဖို့၊ ဘုရားသခင်က စာတန်ကို အလျင်အမြန် ဖျက်ဆီးဖို့အတွက်၊ လူသားမျိုးနွယ်ကို အလျင်အမြန် အဆုံးသတ်ဖို့၊ ကပ်ဘေးများကို အလျင်အမြန် ကျရောက်စေဖို့ နေ့တိုင်း ၎င်းတို့ တောင့်တကြပြီး သို့မဟုတ်လျှင် ၎င်းတို့ တောင့်ခံနိုင်ခြင်းမရှိဟု ခံစားမိကြသည်။ သမ္မာတရား၏ မျက်မှောက်တွင် လူတစ်ဦးစီတိုင်းသည် မည်သည့်အရာကို ထုတ်ဖော်သနည်း။ ၎င်းတို့သည် သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ရက်စက်ခြင်းတို့ကဲ့သို့သော စိတ်သဘောထားများကို ထုတ်ဖော်ကြသည်။ ထိုအရာကို ယခု ကြည့်သည့်အခါ လူတို့၏ မာနထောင်လွှားခြင်း၊ လှည့်ဖြားခြင်းနှင့် ရံဖန်ရံခါဖြစ်သော စိတ်နှလုံးမာကျောခြင်းတို့သည် မပြင်းထန်သော အရာဖြစ် ယူဆ၍ရနိုင်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အားလုံးထဲတွင် သိပ်မပြင်းထန်ပေ။ လူသားမျိုးနွယ်တွင် သာ၍ ရှိသည့်၊ သာ၍ ပြင်းထန်ပြီး သာ၍ နက်ရှိုင်းသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ ရက်စက်ခြင်းတို့နှင့်ဆိုင်သော စိတ်သဘောထားများ ဖြစ်သည်။ ဤသည်တို့မှာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲတွင် သေစေသော လက္ခဏာများ ဖြစ်သည်။ အန္တိခရစ်များနှင့် ပတ်သက်လာသည့်အခါ၊ ဤစိတ်သဘောထားများသည် သာ၍ပင် ပြင်းထန်ပြီး ၎င်းတို့က ထိုအရာများကို ထုတ်ဖော်သည့်အခါ အလေးအနက် သဘောမထားကြ၊ ယင်းတို့ကို မဆန်းစစ်ကြ၊ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ ခံစားရဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို အကြွေးတင်သည့်စိတ် တစ်စက်မျှ မရှိကြချေ။ ၎င်းတို့က သမ္မာတရားကို လက်မခံကြ၊ မိမိတို့ကိုယ်ကို မသိရှိကြသကဲ့သို့ ၎င်းတို့အနေဖြင့် နောင်တရရန်ဟူသည်မှာ သာ၍ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့် အခြေအနေများ၊ ပတ်ဝန်းကျင် သို့မဟုတ် ဆက်စပ်အကြောင်းအရာက မည်သို့ ဖြစ်စေ ရှင်ဘုရင်များအဖြစ် စိုးစံခြင်းဖြစ်သည့် ဘုရားသခင် မိန့်မြွက်ခဲ့သော အမြင့်ဆုံးနှင့် အကောင်းဆုံး ကတိတော်ကို လိုက်စားရမည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်အဖြစ် ၎င်းတို့ သဘောထားကြလေသည်။ သင်သည် သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့နှင့် မည်သို့ မိတ်သဟာယ ပြုသည်ဖြစ်စေ ဤလိုက်စားမှုကို ၎င်းတို့ လက်လွှတ်ကြမည့်အစား ၎င်းတို့၏ လမ်းကြောင်းကို မရမက လိုက်လျှောက်ကြမည်ဖြစ်ပြီး ဤအရာက ၎င်းတို့ကို ကယ်တင်၍မရနိုင်အောင် ဖြစ်စေသည်။ ဤလူတို့က အလွန် ထိတ်လန့်ဖွယ်ကောင်းပေသည်။ ဤလူများ ထုတ်ဖော်ပြသည့်အရာမှ ကြည့်သည့်အခါ စာတန်၏ စိတ်သဘောထားနှင့် သဘောသဘာဝ အစစ်အမှန်တို့က မည်သည့်အရာ အတိအကျ ဖြစ်သည်ကို သင် မြင်နိုင်သည်။ အလွန်များသော သမ္မာတရားကို မိတ်သဟာယပြုပြီးဖြစ်ကာ ဆင်ခြင်တုံတရားရှိသူ၊ သမ္မာတရားကို လက်ခံနိုင်သူနှင့် နာခံကာ ကျိုးနွံနာခံရန် လိုအင်ဆန္ဒရှိသူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာ အတိအကျဖြစ်သည်ကို အမှန်တကယ် နားလည်ကြလေသည်။ ၎င်းတို့သည် ရာထူး၊ အလားအလာများနှင့် ကံကြမ္မာတို့ကို ခေါင်းမာစွာ မလိုက်စားကြတော့ဘဲ ဤဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်မှုအောက်တွင် နောင်တရရန် လိုလားလျက် ကောင်းချီးများအတွက်ဖြစ်သော မိမိတို့၏ လိုအင်ဆန္ဒကို လက်လွှတ်ရန်၊ သမ္မာတရားကို လိုက်စားရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေရန်နှင့် ကယ်တင်ခြင်းရရှိဖို့ ကြိုးပမ်းရန် လိုလားနေကြပေသည်။ လူအများစု၏ အတွင်းပိုင်း လိုအင်ဆန္ဒများကို ယခု ကြည့်သည့်အခါ ၎င်းတို့ လိုက်စားသည့် ရည်မှန်းချက်များသည် အခြေခံကျသော ပြောင်းလဲမှုတစ်ခုကို ကြုံရပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ရန် လိုလားနေကြသည်။ စစ်မှန်သည့် ဖန်ဆင်းခံတစ်ဦးဖြစ်ရန် လိုလားနေကြပြီး ကယ်တင်ခြင်း ရရှိရန် လိုလားနေကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိဖို့ မိမိတို့တာဝန်ကို မထမ်းဆောင်ကြသကဲ့သို့ ကောင်းချီးများ ရရှိခြင်းအတွက် ဘုရားအိမ်တော်တွင် ဖြစ်သလိုမလုပ်ကြပေ။ ရှင်ဘုရင်များအဖြစ် စိုးစံရန် အမြဲအလိုရှိသည့် အန္တိခရစ်များအပြင်၊ လူအများစုသည် သမ္မာတရားကို လိုက်စားရန် လိုလားနေကြသည်။ အန္တိခရစ်များသည်သာ အလားအလာများ၊ ကောင်းချီးများနှင့် ရှင်ဘုရင်များအဖြစ် စိုးစံခြင်းတို့ကို လိုက်စားခြင်းအား ရည်မှန်းချက်များ အဖြစ်လည်းကောင်း၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းတွင် နောက်ဆုံး၌ ရရှိမည့် အကျိုးတရားအဖြစ်လည်းကောင်း သဘောထားကြလေသည်။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့က ဤအရာများကို လက်လွှတ်ကြမည်မဟုတ် သို့မဟုတ် လမ်းကြောင်းကို ပြောင်းကြမည် မဟုတ်ပေ။ ၎င်းတို့သည် ဒုက္ခအကြီးအကျယ် ရောက်ကြသည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ၎င်းတို့ လုံးဝ ကောင်းစွာ သိရှိကြသည်။ ထိုအရာကို လက်မခံကြခြင်းသာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ပြောင်းလဲစေနိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ ၎င်းတို့အနေဖြင့် ဖယ်ရှားရှင်းလင်းခြင်းသာ ခံရနိုင်ပြီး အပြစ်ဒဏ်ပေးခြင်းသာ ခံရနိုင်သည်။ ဤသည်မှာ ဘုရားသခင်ကို အန္တိခရစ်များ၏ ယုံကြည်မှုနှင့်ဆိုင်သော နောက်ဆုံး ရလဒ်ဖြစ်သည်။
ယခုတွင် ရှင်ဘုရင်များအဖြစ် စိုးစံဖို့ လူတို့ ကြိုးစားခြင်းနှင့်ဆိုင်သည့် ဤကိစ္စရပ်အပေါ် ငါ ရှင်းလင်းစွာ မိတ်သဟာယပြုပြီလော။ သင်တို့သည် အသစ်သော သဘောပေါက်နားလည်မှုတစ်ခု ရှိလာကြပြီလော။ ရှင်ဘုရင်တစ်ပါးအဖြစ် စိုးစံခြင်းကို လိုက်စားသည့် ဤလမ်းကြောင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် လူတို့သည် ဤကိစ္စရပ်ကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ဤကိစ္စရပ်တွင် လူ၏ အနှစ်သာရကို သိရှိရန်အလို့ငှာ မည်သည့် သမ္မာတရားကို နားလည်သင့်သနည်း။ လူ၏ အနှစ်သာရနှင့် အပြုအမူတို့က မည်သည့်အရာ အမှန်တကယ် ဖြစ်ကြသည်ကို အကဲဖြတ်ရန်မှာ ဘုရားသခင်အပေါ်တွင် မူတည်လေသည်။ ဤအရာအားလုံးအပေါ် သူ၏ အကဲဖြတ်ချက်ကို ဘုရားသခင်က မည်သည့်အရာအပေါ် အခြေပြုသနည်း။ သမ္မာတရားအပေါ် သူ အခြေပြုပေသည်။ ထို့ကြောင့် လူတစ်ယောက်၏ အဆုံးသတ်၊ သို့မဟုတ် ခရီးပန်းတိုင်သည် ၎င်းတို့ကိုယ်တိုင်၏ စိတ်ဆန္ဒအရ အဆုံးအဖြတ်ပေးခြင်း မဟုတ်သကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင် နှစ်သက်မှုများသို့မဟုတ် စိတ်ကူးများအရလည်း မဟုတ်ပေ။ ဖန်ဆင်းရှင် ဘုရားသခင်က အဆုံးအဖြတ်ပေးပေသည်။ ဤအမှုကိစ္စတွင် လူတို့သည် မည်သို့ ပူးပေါင်းဆောင်ရွက်သင့်သနည်း။ လူတို့တွင် ၎င်းတို့ရွေးချယ်နိုင်သည့် လမ်းကြောင်းတစ်ခုသာရှိသည်။ သမ္မာတရားကို ၎င်းတို့ရှာဖွေမှသာလျှင်၊ သမ္မာတရားကို နားလည်မှသာလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရရှိကာ ကယ်တင်ခြင်းကို ရယူမှသာလျှင် အဆုံးတွင် ကောင်းမွန်သော အဆုံးသတ်နှင့် ကောင်းမွန်သော ကံကြမ္မာကို ရရှိလိမ့်မည်။ ဆန့်ကျင်ဘက်ကို ပြုလုပ်လျှင် လူတို့၏ ရှေ့ရေးအလားအလာနှင့် ကံကြမ္မာကို စိတ်ကူးကြည့်ရန် မခက်ခဲပေ။ ထို့ကြောင့် ဤကိစ္စတွင် ဘုရားသခင်က လူအား ကတိ ပေးထားသည့်အရာအပေါ်ကိုလည်းကောင်း၊ လူသားမျိုးနွယ်၏ အဆုံးသတ်နှင့်ပတ်သက်၍ ဘုရားသခင်က မည်သည့်အရာ ပြောသည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်က မည်သည့်အရာကို ပြင်ဆင်ထားသည် ဆိုသည်တို့အပေါ်ကိုလည်းကောင်း မကြည့်နှင့်။ ဤအရာတို့သည် သင်နှင့် လုံးဝမသက်ဆိုင်ပေ။ ဤအရာတို့သည် ဘုရားသခင်၏ ကိစ္စဖြစ်သည်။ ဤအရာတို့ကို သင်က လုယူခြင်း၊ တောင်းခံခြင်း၊ သို့မဟုတ် အလဲအလှယ်ပြုခြင်းတို့အားဖြင့် ရယူ၍ မရပေ။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် သင်လုပ်ဆောင်ရမည့်အရာကို လုပ်ဆောင်လျက် သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ ကျန်သည့်အရာများဖြစ်သော ရှေ့ရေးနှင့် ကံကြမ္မာ၊ လူသားမျိုးနွယ်၏ အနာဂတ်ပန်းတိုင်တို့နှင့်သက်ဆိုင်သည့် အရာတို့သည် သင်ဆုံးဖြတ်နိုင်သည့်အရာများ မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏လက်ထဲတွင်ရှိသည်။ ဤအရာအားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်သို့ ကျရောက်လေသည်၊ ယင်းတို့ကို သူက စီစဉ်ထားပြီး မည်သည့်ဖန်ဆင်းခံနှင့်မျှ မည်သို့မျှ မပတ်သက်ချေ။ လူအချို့က၊ “ငါတို့နှင့်မသက်ဆိုင်လျှင် အဘယ်ကြောင့် ဤအရာကို ငါတို့အား ပြောသနည်း”ဟု ဆိုကြသည်။ သင်တို့နှင့် လုံးဝ မသက်ဆိုင်သော်လည်း ဘုရားသခင်နှင့်သက်ဆိုင်သည်။ ဘုရားသခင်သာ ဤအရာတို့ကို သိသည်။ ဘုရားသခင်သာ ဤအရာတို့ကို ပြောဆိုနိုင်ပြီး ဘုရားသခင်သည်သာ လူသားမျိုးနွယ်အပေါ် ဤအရာတို့ကို ကတိပြုပိုင်ခွင့်ရှိသည်။ ဘုရားသခင်သည် ဤအရာတို့ကို သိရှိလျှင် ဤအရာတို့ကို ဘုရားသခင်က မပြောဆိုသင့်သလော။ မည်သည့်အရာ ဖြစ်သည်ကို သင်မသိသည့်အချိန်တွင် သင်၏ရှေ့ရေးနှင့် ကံကြမ္မာနောက် လိုက်နေဆဲဖြစ်ခြင်းသည် အမှားတစ်ခုဖြစ်သည်။ ဘုရားသခင်သည် ဤအရာနောက်သို့လိုက်ရန် သင့်အား မတောင်းဆိုခဲ့ပေ။ သူသည် သင့်အား သိခွင့်ပေးရုံမျှသာဖြစ်သည်။ ဤသည်မှာ ယင်းကို သင့်လိုက်စားမှု၏ ပန်းတိုင် ဖြစ်အောင်လုပ်ရန် ဘုရားသခင်က သင့်ကို ပြောနေခြင်းဖြစ်သည်ဟု သင် တလွဲယုံကြည်လျှင် သင်သည် ဆင်ခြင်တုံတရား လုံးလုံး မရှိသကဲ့သို့ ပုံမှန်လူ့သဘာဝစိတ်ကို မပိုင်ဆိုင်ပေ။ ဘုရားသခင်ကတိပြုသည့် အရာအားလုံးကို သတိပြုမိရန် လုံလောက်ပေသည်။ သင်သည် အချက်တစ်ခုကို သိမှတ်ရမည်။ မည်သည့်ကတိမျိုးဖြစ်စေ၊ ကောင်းသည့်အရာ၊ သို့မဟုတ် သာမန်အရာဖြစ်စေ၊ လူများနှစ်သက်သည့်အရာတစ်ခုဖြစ်သည်ဖြစ်စေ၊ ၎င်းတို့ သိပ်စိတ်မဝင်စားသည့်အရာတစ်ခု ဖြစ်သည်ဖြစ်စေ ယင်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၊ စီစဉ်မှုများနှင့် သတ်မှတ်ခြင်းတို့အောက်တွင် ရှိလေသည်။ ဖန်ဆင်းရှင် ညွှန်ပြသည့် မှန်ကန်သည့် ဦးတည်ချက်၊ လမ်းကြောင်းတို့နှင့်အညီ လိုက်စားခြင်းကို လိုက်လျှောက်ခြင်းနှင့် ဆောင်ရွက်ခြင်းသည်သာလျှင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်နှင့် ဝတ္တရားဖြစ်လေသည်။ အဆုံး၌ သင်ရရှိသည့်အရာ၊ ဘုရားသခင်၏ ကတိတော်၌ သင်သည် မည်သည့်နေရာတွင် ပါဝင်ရမည်အတွက်မူ အားလုံးက သင်၏အားထုတ်လိုက်စားမှု၊ သင် လျှောက်လှမ်းသည့် လမ်းကြောင်း၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာတို့အပေါ်တွင် အခြေခံသည်။ သင့်အဖို့ ဤစကားများသည် ယခု ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။) ပြီးလျှင် ဤစကားများသည် သင်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် သင့်ကို ကူညီလိမ့်မည်လော သို့မဟုတ် သမ္မာတရားကို လိုက်စားရာတွင် ဘဝ၌ မှန်ကန်သော လမ်းကြောင်းကို လျှောက်ဖို့ သင့်အား ကူညီလိမ့်မည်လော။ (ယင်းတို့သည် သမ္မာတရား လိုက်စားကာ ဘဝတွင် မှန်သော လမ်းကြောင်းကို လိုက်လျှောက်ဖို့ ကျွန်ုပ်တို့ကို ကူညီပါလိမ့်မည်။) ပုံမှန် လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်သူများ၊ အပြုသဘောဆောင်သည့် အရာများနှင့် သမ္မာတရားကို ချစ်သောသူများအတွက် ၎င်းတို့သည် ဤစကားများကို ကြားသည့်အခါ စိတ်မပျက်ရုံမျှမက သမ္မာတရားကို လိုက်စားကာ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် မိမိတို့၏ ယုံကြည်ခြင်းတွင်လည်း တည်ကြည်ခိုင်မာနိုင်ကြလေသည်။ သို့သော် ပုံမှန် ဆင်ခြင်တုံတရားမရှိသည့်သူများ၊ ကောင်းချီးမင်္ဂလာများ၊ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများနှင့် ၎င်းတို့၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများကို ဖြည့်ဆည်းခြင်းတို့အား ခေါင်းမာစွာ လိုက်စားကြသည့် မူမမှန်သော ထိုလူများသည် ဤစကားများကို ကြားသည့်အခါ စိတ်ထက်သန်မှု ပျောက်ဆုံးကောင်းပျောက်ဆုံးနိုင်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် စိတ်ဝင်စားမှု ပျောက်ဆုံးကောင်း ပျောက်ဆုံးနိုင်သည်။ ဤစကားများကို ကြားသည့်အခါ မည်သို့ ယုံကြည်ရမည်ကို မသိကြသည့် လူအချို့လည်းရှိသည်မှာ အမှန်ဖြစ်၏။ သမ္မာတရားကို နားလည်ရန်မှာ လူတို့အတွက် အလွန် အရေးကြီးသည် မဟုတ်လော။ သမ္မာတရားသည် လူတို့အား မှန်ကန်သည့် လမ်းကြောင်း လိုက်လျှောက်ကာ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သာ၍ ကောင်းစွာ ဦးဆောင်လမ်းပြနိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရားကသာ လူတို့အား ကယ်တင်ခြင်းကို ရရှိနိုင်စေသည်။ သမ္မာတရားကို သင် နားမလည်လျှင် ကယ်တင်ခြင်းလမ်းပေါ်တွင် သင်သည် မကြာခဏ လမ်းလွဲသွားလိမ့်မည်၊ အမှားများ ပြုမိလိမ့်မည်ဖြစ်ပြီး ဆုံးရှုံးမှုများကို ခံစားရလိမ့်မည်ဖြစ်သည်။ ပြီးလျှင် သင်၏ ယုံကြည်ခြင်း၌ လမ်းဆုံးကို သင် ရောက်သည့်အခါ သမ္မာတရား လက်တွေ့ကျမှုကို မည်သို့မျှ သင် ပိုင်ဆိုင်လိမ့်မည် မဟုတ်သကဲ့သို့ အစေခံသူတစ်ဦး လုံးလုံးလျားလျား ဖြစ်လာလိမ့်မည်။ ဘုရားသခင်ကို သင် ယုံကြည်သည့် နှစ်ပေါင်းများစွာ တစ်လျှောက်လုံးတွင် သင်သည် အစေခံသူတစ်ဦး၏ အခန်းကဏ္ဍကို ဆောင်ရွက်ပြီး နောက်ဆုံး၌ စံနှုန်းပြည့်မီသည့် ဖန်ဆင်းခံတစ်ဦး ဖြစ်မလာနိုင်လျှင် ယင်းမှာ အဖြစ်ဆိုးတစ်ခု ဖြစ်ပေသည်။
၂၀၂၀ ခုနှစ်၊ မေလ ၉ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။