အချက် ၁၅- ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏ (အပိုင်း ၂) အခန်း နှစ်
အန္တိခရစ်များသည် အထူးသဖြင့် တန်ခိုးအာဏာနှင့် အဆင့်အတန်းကို ကိုးကွယ်ကြသည်။ အကယ်၍ ခရစ်တော်သည် ချမ်းသာပြီး တန်ခိုးကြီးသော မိသားစုမှ လာခဲ့ပါက ၎င်းတို့သည် မည်သည့်အရာကိုမျှ ပြောဝံ့မည် မဟုတ်ပေ။ သို့သော် ကိုယ်တော်သည် တန်ခိုးအာဏာမရှိသော သာမန်မိသားစုမှ လာခဲ့လျှင် ၎င်းတို့သည် ကိုယ်တော့်ကို လုံးဝ ကြောက်ရွံ့ကြမည်မဟုတ်ဘဲ ဘုရားသခင်ဖြစ်သည့် ခရစ်တော်ကို ပေါ့ပေါ့ဆဆ လေ့လာပြီး ဝေဖန်သုံးသပ်နိုင်သည်ဟု ၎င်းတို့ ခံစားရမည်ဖြစ်ကာ ဤအရာနှင့်ပတ်သက်၍ လုံးဝ ပေါ့ပေါ့တန်တန် ဖြစ်ကြပေမည်။ အကယ်၍ ၎င်းတို့သည် ဤပုဂ္ဂိုလ်မှာ ဘုရားသခင်၏ လူ့ဇာတိခံသော ဇာတိပကတိဖြစ်သည်ကို အမှန်တကယ် အသိအမှတ်ပြုပြီး ယုံကြည်ခဲ့ပါက ၎င်းတို့ ဤသို့ ပြုမူနိုင်မည်လော။ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ် အနည်းငယ်ရှိသော မည်သူမဆို ဤသို့ ပြုလုပ်မည်လော။ ၎င်းတို့ မိမိတို့ကိုယ်ကို ချုပ်တည်းမည် မဟုတ်လော။ (ဟုတ်ကဲ့။) မည်သို့သော လူစားမျိုးက ဤသို့ ပြုမူနိုင်သနည်း။ ဤသည်မှာ အန္တိခရစ်များ၏ အပြုအမူ မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ သင်တို့သည် ခရစ်တော်၏ အနှစ်သာရမှာ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး သင်တို့ လိုက်လျှောက်သော ပုဂ္ဂိုလ်မှာ ဘုရားသခင်ဖြစ်သည်ကို အသိအမှတ်ပြုပါက ခရစ်တော်နှင့် သက်ဆိုင်သမျှအရာအားလုံးကို သင်တို့ မည်သို့ သဘောထားပြုမူသင့်သနည်း။ လူတို့၌ စည်းမျဉ်းများ ရှိသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ၎င်းတို့သည် အနည်းငယ်မျှသော စဉ်းစားတွန့်ဆုတ်ခြင်းမရှိဘဲ ဤစည်းမျဉ်းများကို အဘယ်ကြောင့် ချိုးဖောက်ဝံ့ကြသနည်း။ ဤသည်မှာ ခရစ်တော်အပေါ် ရန်လိုခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ခရစ်တော်သည် သာမန်မိသားစုတစ်ခုတွင် မွေးဖွားခဲ့သောကြောင့် တစ်ချိန်တည်းမှာပင် ကိုယ်တော်အပေါ် မကျေမနပ်ဖြစ်သည့် အန္တိခရစ်များသည် သူ၏ မိသားစုနှင့် ထိုမိသားစုဝင်များအပေါ်တွင်လည်း ရန်လိုစိတ်ကို ထားရှိကြသည်။ ဤရန်လိုစိတ်သည် ၎င်းတို့၌ ပေါ်ပေါက်နေစဉ် ၎င်းတို့သည် မရပ်တန့် သို့မဟုတ် အနားမယူကြဘဲ ထိုအစား ၎င်းတို့သည် တရားဝင် အလုပ်အကိုင်တစ်ခု၌ ဆောင်ရွက်နေသည့်အလား အခွင့်အရေးရတိုင်း ခရစ်တော်၏ အိမ်ပတ်လည်၌ လျှောက်ပတ်ပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ်ကြသည်၊ “ခရစ်တော် ပြန်လာပြီလော။ ခရစ်တော် ပေါ်ထွန်းခဲ့သည့် အချိန်မှစ၍ မိသားစု၏ အသက်တာတွင် တစ်စုံတစ်ရာ ပြောင်းလဲမှု ရှိခဲ့ပြီလော” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် အခွင့်သာတိုင်း ဤကိစ္စများတွင် စပ်စုကြသည်။ ထိုသို့သောလူများသည် မုန်းတီးဖွယ် မကောင်းလော။ ၎င်းတို့သည် ရွံရှာဖွယ် မကောင်းလော။ ၎င်းတို့သည် စက်ဆုပ်ဖွယ် မကောင်းသလော။ ၎င်းတို့သည် အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းပြီး ယုတ်ညံ့လှသည်။ ယခုလောလောဆယ် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း မည်သည့်ပုံစံရှိသည်ကို ဘေးဖယ်ထားပြီး ဤအရာကိုသာ သုံးသပ်ကြည့်ကြစို့၊ ထိုသို့သော အမှုအရာများကို ပြုလုပ်နိုင်ပြီး ထိုသို့သော ယုတ်ညံ့သည့် အတွေးအခေါ်များကို ထားရှိနိုင်သော လူတို့သည် မည်သို့သော ကိုယ်ကျင့်စရိုက်ကို ပိုင်ဆိုင်ရမည်နည်း။ ၎င်းတို့သည် အလွန်အမင်း နိမ့်ကျသော ကိုယ်ကျင့်စရိုက် ရှိရမည်။ ၎င်းတို့အားလုံးသည် အောက်တန်းစားများဖြစ်ပြီး အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းကာ ယုတ်ညံ့လှသည်။ အကယ်၍ သင်သည် ခရစ်တော်ကို မယုံကြည်ပါက သင်သည် ငါ့ကို ရှင်းလင်းစွာ ပြောနိုင်သည်၊ “သင်သည် ဘုရားနှင့်မတူ၊ သင်သည် လူတစ်ဦးသာ ဖြစ်သည်။ ကျွန်ုပ်သည် သင်၏ နောက်ကွယ်တွင် သင့်အပေါ် ဝေဖန်သုံးသပ်ပြီးပြီ၊ ထိုအကြောင်းနှင့်ပတ်သက်၍ သင် မည်သည့်အရာကို လုပ်နိုင်သနည်း။ ကျွန်ုပ်သည် သင့်ကို ငြင်းပယ်ပြီးပြီ၊ ထိုအကြောင်းနှင့်ပတ်သက်၍ သင် မည်သည့်အရာကို လုပ်နိုင်သနည်း” ဟူ၍ ဖြစ်သည်။ အကယ်၍ သင် မယုံကြည်ပါက ငါသည် သင့်ကို အတင်းအကျပ် ပြုမည်မဟုတ်၊ မည်သူကမျှလည်း သင့်ကို မရမက တိုက်တွန်းမည် မဟုတ်ပေ။ သို့သော် သင်သည် ဤသေးသိမ်သော လုပ်ရပ်များကို တိတ်တဆိတ် လုပ်ဆောင်ရန် မလိုအပ်ပေ။ ယင်းတို့သည် မည်သည့်ရည်ရွယ်ချက်ကို ဆောင်ရွက်သနည်း။ ယင်းတို့သည် သင်၏ ယုံကြည်ခြင်းကို တိုးပွားစေရန် ကူညီနိုင်သလော။ ယင်းတို့သည် သင်၏ အသက်တာ တိုးတက်ရန်၊ သို့မဟုတ် ဘုရားသခင်ကို ပို၍ နားလည်ရန် ကူညီနိုင်သလော။ ယင်းတို့သည် ဤရည်ရွယ်ချက်များထဲမှ တစ်ခုကိုမျှ မဆောင်ရွက်ပေ၊ သို့ဖြစ်၍ အဘယ်ကြောင့် ယင်းတို့၌ ပါဝင်ရသနည်း။ အနည်းဆုံးအနေဖြင့် ထိုသို့သော လုပ်ရပ်များကို လုပ်ဆောင်သူတို့သည် အလွန်အမင်း စက်ဆုပ်ဖွယ်ဖြစ်သော လူ့သဘာဝ ရှိကြသည်၊ သူတို့သည် ခရစ်တော်၏ အနှစ်သာရကို မယုံကြည်ကြ သို့မဟုတ် သူ၏ ပင်ကိုလက္ခဏာကို အသိအမှတ်မပြုကြပေ။ အကယ်၍ သင် မယုံကြည်လျှင် မယုံကြည်နှင့်။ ထွက်သွားလော့။ အဘယ်ကြောင့် ဘုရားအိမ်တော်၌ တွယ်ကပ်နေနေရသနည်း။ ဘုရားသခင်ကို မယုံကြည်သည့်တိုင် ကောင်းချီးမင်္ဂလာများကို လိုချင်နေဆဲဖြစ်ကာ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စွဲကိုင်ထားခြင်းဖြစ်သည့် ဤသည်မှာ အန္တိခရစ်များ၏ စက်ဆုပ်ဖွယ်ကောင်းခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် အလွန်အမင်း စက်ဆုပ်ဖွယ် ကောင်းသောကြောင့် ထိုသို့သော “ထူးကဲသော” လုပ်ရပ်များကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ ငါသည် အိမ်နှင့် အဝေးတွင် ရောက်နေသည်မှာ အနှစ် ၂၀ ကြာ ခဲ့ပြီဖြစ်ပြီး ဤလူတို့သည် ထိုအိမ်ကို အနှစ် ၂၀ ကြာ “ကောင်းစွာ စောင့်ရှောက်” ခဲ့ကြသည်၊ ငါသည် အနှစ် ၃၀ ကြာ အဝေးရောက်နေခဲ့ပြီး သူတို့သည် ယင်းကို အနှစ် ၃၀ ကြာ “စောင့်ရှောက်” ခဲ့ကြသည်။ အဘယ်ကြောင့် သူတို့သည် ထိုမျှ “ကြင်နာ” ပြီး အလဟဿနေကြသည်ကို ငါ အံ့ဩမိသည်။ ငါသည် ဤမေးခွန်း၏ အဖြေကို ရှာတွေ့ခဲ့ပြီး ယင်းမှာ သူတို့သည် ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်လိုကြခြင်း ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ အနှစ်သာရကိုဖြစ်စေ၊ သူပြုခဲ့သမျှ အရာအားလုံးကိုဖြစ်စေ မယုံကြည်ကြပေ။ အပေါ်ယံအားဖြင့် သူတို့သည် စူးစမ်းလိုပြီး စိုးရိမ်ပူပန်ပုံပေါ်သော်လည်း အနှစ်သာရအားဖြင့် သူတို့သည် စောင့်ကြည့်နေပြီး နိုင်ကွက်ကို ရှာဖွေနေကြသည်၊ စိတ်ထဲ၌ သူတို့သည် ရန်လိုသည်၊ ငြင်းပယ်သည်၊ ပြီးလျှင် ပြစ်တင်ရှုတ်ချသည်။ အဘယ်ကြောင့် ဤလူတို့သည် ယုံကြည်နေကြဆဲ ဖြစ်သနည်း။ သူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်ကား အဘယ်နည်း။ သူတို့သည် ယုံကြည်ခြင်းကို ရပ်တန့်ပြီး ဤနေရာမှ အမြန် ထွက်သွားသင့်သည်။ ဘုရားအိမ်တော်သည် ထိုသို့သောလူများကို မလိုအပ်ပေ။ သူတို့သည် မိမိတို့ကိုယ်ကို အရှက်မရစေသင့်ပေ။ အလားတူ ပတ်ဝန်းကျင်များနှင့် အခြေအနေများအောက်တွင် သင်တို့သည် ထိုအမှုအရာမျိုးကို ပြုလုပ်ကြမည်လော။ အကယ်၍ သင်တို့ ပြုလုပ်နိုင်ခဲ့ပါက သင်တို့သည် သူတို့ကဲ့သို့ပင် ဖြစ်ပြီး ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်ရန် စိတ်ပိုင်းဖြတ်ထားသော၊ သေသည်အထိ မရပ်မနားသော၊ ကိုယ်တော့်ကိုလည်းကောင်း၊ သူ၏ အနှစ်သာရကိုလည်းကောင်း၊ သူ၏ ပင်ကိုလက္ခဏာကိုလည်းကောင်း ငြင်းပယ်ရန် ဘုရားသခင်အပေါ် နိုင်ကွက်နှင့် သက်သေအထောက်အထားတို့ ရှာဖွေရန် ကြိုးစားနေသော အန္တိခရစ်အုပ်စုတစ်စု ဖြစ်သည်။
ဘုရားသခင် မည်သည့်အရာကိုပင် ပြုလုပ်စေကာမူ ကိုယ်တော်သည် မည်သည့်အခါမျှ မမှားပေ။ ကိုယ်တော်သည် သာမန်၊ ပုံမှန် ပတ်ဝန်းကျင်နှင့် နောက်ခံအခြေအနေတစ်ခုတွင် သို့မဟုတ် ဂုဏ်သရေရှိသော ပတ်ဝန်းကျင်နှင့် နောက်ခံအခြေအနေတစ်ခုတွင် မွေးဖွားခဲ့သည်ဖြစ်စေ ဤအရာ၌ အပြစ်တစ်စုံတစ်ရာ ရှိမည်မဟုတ်ဘဲ လူတို့အား ကိုယ်တော်အပေါ် နိုင်ကွက်ကို ရှာတွေ့စေမည့်အကြောင်း တစ်ခုမျှ ရှိမည်မဟုတ်ပေ။ အကယ်၍ သင်သည် ကိုယ်တော်က ခရစ်တော် မဟုတ်ကြောင်း သို့မဟုတ် ကိုယ်တော်၌ ဘုရားသခင်၏ အနှစ်သာရ ကင်းမဲ့ကြောင်း သက်သေပြရန် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ၌ အပြစ် သို့မဟုတ် သက်သေအထောက်အထား တစ်စုံတစ်ရာကို ရှာဖွေရန် ကြိုးစားပါက သင့်အနေဖြင့် ဒုက္ခခံ ကြိုးစားနေရန် မလိုအပ်ကြောင်း၊ ဒုက္ခခံ ယုံကြည်နေရန် မလိုအပ်ကြောင်း သင့်ကို ငါပြောမည်။ ထွက်သာသွားလော့။ ထိုသို့ဆိုလျှင် သင်သည် ဒုက္ခမှ ကင်းလွတ်မည် မဟုတ်လော။ အဘယ်ကြောင့် ကိုယ့်ဘဝကိုယ် ထိုမျှ ခက်ခဲအောင် ပြုလုပ်ရသနည်း။ ခရစ်တော်ကို စွပ်စွဲရန်၊ ငြင်းပယ်ရန်၊ သို့မဟုတ် ပြစ်တင်ရှုတ်ချရန် ကိုယ်တော်၌ အပြစ် သို့မဟုတ် သက်သေအထောက်အထားကို ရှာဖွေဖို့ ကြိုးစားခြင်းသည် သင်၏ မှန်ကန်သော အလုပ်အကိုင်၊ တာဝန်၊ သို့မဟုတ် ဝတ္တရား မဟုတ်ပေ။ ခရစ်တော် မွေးဖွားခဲ့သော မိသားစု၊ သူကြီးပြင်းခဲ့သော ပတ်ဝန်းကျင်၊ သို့မဟုတ် သူပိုင်ဆိုင်သော လူ့သဘာဝ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင် ကိုယ်တော်တိုင်၏ ရွေးချယ်မှုဖြစ်ပြီး မည်သူနှင့်မျှ သက်ဆိုင်ခြင်းမရှိပေ။ ဘုရားသခင် ပြုလေသမျှသည် မှန်ကန်သည်၊ ယင်းသည် သမ္မာတရားဖြစ်ပြီး ယင်းကို လူသားမျိုးနွယ်အတွက် ပြုလုပ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သာမန်မိသားစုတစ်ခုတွင် မဟုတ်ဘဲ နန်းတော်တစ်ခု၌ မွေးဖွားခဲ့ပါက သာမန်ပြည်သူတစ်ဦး၊ နိမ့်ကျသော လူမှုအဆင့်အတန်းမှလာသော သူတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် အခွင့်အရေး တစ်စုံတစ်ရာ ရှိဦးမည်လော။ သင်၌ အခွင့်အရေး ရှိမည်မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင် မွေးဖွားပြီး ကြီးပြင်းရန် ထိုသို့သော နည်းလမ်းကို ရွေးချယ်ခြင်း၌ အမှားတစ်စုံတစ်ရာ ရှိသလော။ ဤသည်မှာ လောက၌ တုနှိုင်းမရသော ချစ်ခြင်းမေတ္တာဖြစ်သည်၊ ယင်းသည် အပြုသဘောအဆောင်ဆုံးသောအရာ ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်များသည် ဘုရားသခင် ပြုခဲ့သော အပြုသဘောအဆောင်ဆုံးသောအရာကို ကိုယ်တော်သည် အနိုင်ကျင့်ရန်နှင့် ကစားစရာသဖွယ်သဘောထားရန် လွယ်ကူသည်ဟူသော လက္ခဏာတစ်ခုအဖြစ် ရှုမြင်ကြပြီး ကိုယ်တော့်ကို အစဉ်မပြတ် စောင့်ကြည့်ကာ ကိုယ်တော့်ကို တိုက်ခိုက်ရာတွင် အသုံးချဖို့ နိုင်ကွက်ကို ရှာဖွေလိုကြသည်။ သင်သည် အဘယ်အရာကို စောင့်ကြည့်နေသနည်း။ အကယ်၍ သင်သည် ခရစ်တော်၏ ကိုယ်ကျင့်စရိုက်နှင့် လူ့သဘာဝကိုပင် မယုံကြည်နိုင်ဘဲ သင်သည် ကိုယ်တော့်ကို ဘုရားသခင်အဖြစ် လိုက်လျှောက်ပါက သင်သည် ပြောတော့တစ်မျိုး၊ လုပ်တော့တစ်မျိုး ဖြစ်နေသည် မဟုတ်လော။ သင်သည် ကိုယ့်ဒုက္ခကိုယ် ရှာနေခြင်း မဟုတ်လော။ အဘယ်ကြောင့် ဤကစားပွဲကို ကစားရသနည်း။ ယင်းမှာ ပျော်စရာကောင်းသလော။ နောက်ပိုင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခဲ့သော လူအများစုသည် ဤကိစ္စကို မှန်ကန်စွာ သဘောထားပြုမူနိုင်သည်ကို ငါ သတိပြုမိခဲ့သည်။ အနည်းငယ်မှာ သူတို့ ငါနှင့် ထိတွေ့ဆက်ဆံသောအခါ စူးစမ်းလိုစိတ် ရှိခဲ့ကြသော်လည်း ငါသည် ထိုသို့သောလူများကို ရှောင်ရှားပြီး လျစ်လျူရှုခဲ့သည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်ခံနိုင်ပါက ကျွန်ုပ်တို့သည် မိသားစုတစ်စုတည်း ဖြစ်သည်။ အကယ်၍ သင် သမ္မာတရားကို လက်မခံနိုင်ဘဲ ငါ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စုံစမ်းမေးမြန်းရန် အမြဲတမ်း ကြိုးစားနေပါက ထွက်သွားလော့။ ငါသည် သင့်ကို အသိအမှတ်မပြု၊ ငါတို့သည် မိသားစုမဟုတ်၊ ရန်သူများသာ ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ကြားပြီးနောက်၊ သူ၏ အမှုတော်နှင့် ထိန်းကျောင်းမှုကို နှစ်ပေါင်းများစွာ လက်ခံရရှိပြီးနောက် လူတို့သည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိအပေါ် ထိုသို့သော အတွေးအခေါ်များကို ထားရှိဆဲဖြစ်ပြီး ယင်းတို့အတိုင်းပင် ပြုမူကြမည်ဆိုလျှင် ထိုသို့သောလူများ၌ ဘုရားသခင်ကို ရန်မူလိုသော စိတ်သဘောထားတစ်ခု ရှိသည်ဟု ဆိုရမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ မွေးရာပါ ရန်သူများဖြစ်ပြီး အပြုသဘောဆောင်သော အရာများကို လက်မခံနိုင်ကြပေ။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က ပေါလုသည် သခင်ယေရှုကို ဆန့်ကျင်ရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး ကိုယ်တော့်ကို အရူးအမူး ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဝေဖန်သုံးသပ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို ပြုလုပ်ခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သခင်ယေရှုသည် သာမန်မိသားစုတစ်ခုတွင် မွေးဖွားခဲ့သောကြောင့်၊ ကိုယ်တော်သည် သာမန်အရပ်သားတစ်ဦးဖြစ်ပြီး ကျမ်းပြုဆရာများနှင့် ဖာရိရှဲများ၏ ပညာရေး၊ သက်ရောက်မှု၊ သို့မဟုတ် ဩဇာလွှမ်းမိုးမှုဟုခေါ်သော အရာကို လက်ခံရရှိခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ပေါလု၏ အမြင်တွင် ထိုသို့သော ပုဂ္ဂိုလ်သည် ခရစ်တော်ဟု ခေါ်ဆိုခြင်း မခံရထိုက်ပေ။ အဘယ်ကြောင့် မထိုက်တန်သနည်း။ အကြောင်းမှာ ကိုယ်တော်၌ နှိမ့်ချသော ပင်ကိုလက္ခဏာရှိပြီး လူမှုအဆင့်အတန်း များစွာမရှိဘဲ ကိုယ်တော်သည် လူ့အဖွဲ့အစည်းရှိ အောက်ခြေလူတန်းစားထဲမှ တစ်ဦးဖြစ်သောကြောင့်၊ သို့ဖြစ်၍ ခရစ်တော် သို့မဟုတ် ထာဝရ အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဟု ခေါ်ဆိုခြင်း မခံထိုက်သောကြောင့် ဖြစ်သည်။ ဤအကြောင်းကြောင့် ပေါလုသည် ကိုယ်တော့်ကို ပြစ်တင်ရှုတ်ချပြီး အတိုက်အခံလုပ်ရန်၊ ကိုယ်တော်၏ အမှုကို ဖြိုဖျက်ရန်နှင့် ကိုယ်တော်၏ နောက်လိုက်များကို ဖမ်းဆီးရန် သူ၏ ဩဇာလွှမ်းမိုးမှု၊ ဩဇာတိက္ကမနှင့် အစိုးရကို အသုံးပြုကာ သခင်ယေရှုကို ဆန့်ကျင်ဖို့ ကြိုးပမ်းမှုတိုင်းကို ပြုလုပ်ဝံ့ခဲ့သည်။ သူသည် သခင်ယေရှုကို ဆန့်ကျင်နေစဉ် ပေါလုသည် သူ ဘုရားသခင်၏ အမှုကို ကာကွယ်နေသည်ဟုလည်းကောင်း၊ သူ၏ လုပ်ရပ်များသည် တရားမျှတသည်ဟုလည်းကောင်း၊ သူသည် တရားမျှတသော အင်အားစုတစ်ခုကို ကိုယ်စားပြုသည်ဟုလည်းကောင်း ယုံကြည်ခဲ့သည်။ သူသည် ဘုရားသခင်ကို မဟုတ်ဘဲ သာမန်လူတစ်ဦးကို အတိုက်အခံလုပ်နေသည်ဟု သူ တွေးထင်ခဲ့သည်။ ခရစ်တော်၏ မူလအစကို နိမ့်ကျပြီး မကြီးကျယ်ဟု သူယူဆခဲ့သောကြောင့် အတိအကျပင်လျှင် သူသည် ခရစ်တော်ကို ထင်ရာစိုင်းကာ မဆင်မခြင် ဝေဖန်သုံးသပ်ပြီး ပြစ်တင်ရှုတ်ချဝံ့ခဲ့ခြင်းဖြစ်ပြီး သူ၏ လုပ်ရပ်များနှင့်ပတ်သက်၍ သူ၏ စိတ်နှလုံးထဲ၌ အထူးသဖြင့် ငြိမ်သက်ပြီး တည်ငြိမ်သည်ဟု ခံစားခဲ့ရသည်။ သူသည် မည်သို့သော သတ္တဝါမျိုး ဖြစ်သနည်း။ အကယ်၍ သူသည် သခင်ယေရှုမှာ ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်ကို မသိရှိခဲ့လျှင်ပင် သို့မဟုတ် သူ၏ တရားဒေသနာများနှင့် နှုတ်ကပတ်တော်များမှာ ဘုရားသခင်ထံမှ လာသည်ကို မသိခဲ့လျှင်ပင် ထိုသို့သော သာမန်လူတစ်ဦးသည် သူ၏ အလုံးစုံ တိုက်ခိုက်မှုကို ခံထိုက်သလော။ ကိုယ်တော်သည် ဤသို့သော မလိုမုန်းထားသည့် တိုက်ခိုက်မှုကို ခံထိုက်သလော။ ကိုယ်တော်သည် အခြားသူများကို လှည့်ဖြားရန်နှင့် လူများအတွက် ကိုယ်တော်နှင့် ယှဉ်ပြိုင်ရန် ပေါလုက ကောလာဟလများနှင့် မုသားများကို လုပ်ကြံဖန်တီးခြင်းကို ခံထိုက်သလော။ ပေါလု၏ မုသားများသည် အခြေအမြစ်ကင်းမဲ့သည် မဟုတ်လော။ သခင်ယေရှု၏ လုပ်ရပ်များထဲမှ တစ်ခုခုသည် ပေါလု၏ အကျိုးစီးပွား သို့မဟုတ် အဆင့်အတန်းကို သက်ရောက်မှု ရှိခဲ့သလော။ မရှိခဲ့ချေ။ သခင်ယေရှုသည် လူမှုအဆင့်အတန်း နိမ့်ကျသောသူများအကြား၌ တရားဟောကြားပြီး တရားဒေသနာများကို ပေးခဲ့ကာ တစ်ချိန်တည်းမှာပင် လူအတော်များများက ကိုယ်တော်နောက် လိုက်ခဲ့ကြသည်။ ဤသည်မှာ ပေါလုကဲ့သို့သော လူတစ်ဦး၏ လူနေမှုပတ်ဝန်းကျင်နှင့် လုံးဝ ကွဲပြားသော လောကတစ်ခု ဖြစ်ခဲ့သည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ပေါလုသည် သခင်ယေရှုကို ညှဉ်းပန်းနှိပ်စက်ခဲ့သနည်း။ ဤသည်မှာ သူ၏ အန္တိခရစ် အနှစ်သာရက အလုပ်လုပ်နေခြင်း ဖြစ်သည်။ သူက ဤသို့ တွေးထင်ခဲ့သည်၊ “သင်၏ တရားဒေသနာများ မည်မျှပင် ကြီးကျယ်စေကာမူ၊ မှန်ကန်စေကာမူ၊ သို့မဟုတ် လက်ခံခြင်းခံရစေကာမူ ငါက သင်သည် ခရစ်တော်မဟုတ်ဟု ဆိုလျှင် သင်သည် ခရစ်တော်မဟုတ်ပေ။ အကယ်၍ ငါ သင့်ကို ကြည့်မရပါက ငါသည် သင့်ကို ညှဉ်းပန်းနှိပ်စက်မည်၊ သင့်ကို ထင်ရာမြင်ရာ စွပ်စွဲမည်၊ သင့်ကို တန်ရာတန်ကြေးပြန်ပေးဆပ်စေမည်” ဟူ၍ ဖြစ်သည်။ ခရစ်တော်အနေဖြင့် သူ၏ သာမန်လူ့သဘာဝအတွင်း၌ ပိုင်ဆိုင်ခဲ့သော ဤအရာများသည် ပေါလု၏ တောင်းဆိုချက်များကို မဖြည့်ဆည်းပေးခဲ့သောကြောင့် ပေါလု၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများနှင့်အညီ ပြုလုပ်ခြင်း သို့မဟုတ် ပိုင်ဆိုင်ခြင်း မရှိခဲ့သောကြောင့် ပေါလုကဲ့သို့သော အန္တိခရစ်များသည် ကိုယ်တော့်ကို ထင်ရာစိုင်းကာ ဝေဖန်သုံးသပ်ခြင်း၊ ငြင်းပယ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်း ရှိခဲ့ကြသည်။ အဆုံးတွင် အဘယ်အရာ ဖြစ်ခဲ့သနည်း။ သခင်ယေရှု၏ ဒဏ်ခတ်ခြင်းကို ခံရပြီးနောက် ပေါလုသည် နောက်ဆုံးတွင် “သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း” ဟု အသိအမှတ်ပြုခဲ့သည်။ ထို့နောက် သခင်ယေရှုက “ငါကား၊ သင် အတိုက်အခံလုပ်သော ယေရှုဖြစ်သတည်း” ဟု မိန့်တော်မူခဲ့သည်။ ထိုအချိန်မှစ၍ ပေါလုသည် ယေရှုကို ကိုယ်တော်၏ နှိမ့်ချသော ဇာစ်မြစ်ကြောင့် သာမန်လူတစ်ဦးအဖြစ်ဖြစ်စေ၊ ခရစ်တော်နှင့် မတူသောသူတစ်ဦးအဖြစ်ဖြစ်စေ မယုံကြည်တော့ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သခင်ယေရှု၏ အလင်းသည် လူတို့ကို မျက်စိကွယ်စေနိုင်သောကြောင့်၊ ကိုယ်တော်၌ သြဇာအာဏာ ရှိပြီး ကိုယ်တော်၏ စကားများသည် လူတို့ကို ဒဏ်ခတ်နိုင်ကာ သူတို့၏ စိတ်ဝိညာဉ်များကို ဒဏ်ခတ်နိုင်သောကြောင့် ဖြစ်သည်။ ပေါလုသည် မိမိဘာသာ ဤသို့ တွေးထင်ခဲ့သည်၊ “ယေရှုဟုခေါ်သော ဤပုဂ္ဂိုလ်သည် အမှန်တကယ် ဘုရားဖြစ်နိုင်မည်လော။ သူသည် ထာဝရ အသက်ရှင်တော်မူသော ဘုရား၏ သားတော်တစ်ပါး ဖြစ်နိုင်မည်လော။ သူ လူတို့ကို ဒဏ်ခတ်နိုင်သည်၊ သို့ဖြစ်၍ သူသည် ဘုရားဖြစ်ရမည်။ သို့သော် အချက်တစ်ချက်သာ ရှိသည်၊ လူတို့ကို ဒဏ်ခတ်သောသူမှာ ခရစ်တော်ဟုခေါ်သော ဤသာမန်လူမဟုတ်၊ ဘုရား၏ ဝိညာဉ်တော်သာ ဖြစ်သည်။ သို့ဖြစ်၍ မည်သို့ပင်ဖြစ်စေ သင်သည် ယေရှုဟု ခေါ်ဆိုခြင်းခံရသရွေ့ ငါသည် သင့်ကို ပျပ်ဝပ်လျက် ကိုးကွယ်မည်မဟုတ်။ ငါသည် ကောင်းကင်ဘုံရှိ ဘုရား၊ ဘုရား၏ ဝိညာဉ်တော်ကိုသာ ကိုးကွယ်သည်” ဟူ၍ ဖြစ်သည်။ ဒဏ်ခတ်ခြင်းခံရပြီးနောက်၊ ပေါလု၌ အတွေးတစ်ခု ရှိခဲ့သည်။ သူ ဒဏ်ခတ်ခြင်းခံရခြင်းသည် မကောင်းသောအရာ ဖြစ်သော်လည်း ယင်းက ခရစ်တော်ဟုခေါ်သော လူတစ်ဦး၌ အထူးပင်ကိုလက္ခဏာတစ်ခု ရှိသည်ကိုလည်းကောင်း၊ ခရစ်တော်ဖြစ်လာခြင်းသည် ကြီးမားသော ဂုဏ်တစ်ခု ဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်ဖြစ်လာသူ မည်သူမဆိုသည် ထာဝရ အသက်ရှင်တော်မူသော ဘုရား၏ သားတော်တစ်ပါး ဖြစ်လာနိုင်သည်ကိုလည်းကောင်း၊ ဘုရားထံသို့ တိုးဝင် ချဉ်းကပ်နိုင်သည်ကိုလည်းကောင်း၊ သူတို့၏ ဘုရားနှင့် ဆက်ဆံရေးကို ပြောင်းလဲနိုင်သည်ကိုလည်းကောင်း၊ ထိုသာမန်လူကို ထူးခြားစေနိုင်သည်ကိုလည်းကောင်း၊ ထိုသာမန်လူ၏ ပင်ကိုလက္ခဏာကို ဘုရား၏ သားတော်တစ်ပါး၏ ပင်ကိုလက္ခဏာအဖြစ်သို့ ပြောင်းလဲနိုင်သည်ကိုလည်းကောင်း သူ့အား သဘောပေါက်စေခဲ့သည်။ သူက ဤသို့ တွေးထင်ခဲ့သည်၊ “သင်၊ ယေရှုသည် ထာဝရ အသက်ရှင်တော်မူသော ဘုရား၏ သားတော်တစ်ပါးဖြစ်သော်လည်း ထိုအကြောင်းနှင့်ပတ်သက်၍ အဘယ်အရာက ထိုမျှ အထင်ကြီးစရာကောင်းသနည်း။ သင်၏ ဖခင်သည် ဆင်းရဲသော လက်သမားတစ်ဦးဖြစ်ပြီး သင်၏ မိခင်မှာ သာမန် အိမ်ရှင်မတစ်ဦး ဖြစ်သည်။ သင်သည် သာမန်လူများအကြား၌ ကြီးပြင်းခဲ့ပြီး သင်၏ မိသားစု၌ လူမှုအဆင့်အတန်း နိမ့်ကျကာ သင်ကိုယ်တိုင်၌လည်း အထူးစွမ်းရည်များ မရှိပေ။ သင်သည် ဗိမာန်တော်တစ်ခု၌ တရားဟောခဲ့ဖူးသလော။ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများသည် သင့်ကို အသိအမှတ်ပြုသလော။ သင်သည် မည်သည့်ပညာရေးကို လက်ခံရရှိခဲ့သနည်း။ သင်၏ မိဘများသည် အဆင့်မြင့်သော အသိပညာကို ပိုင်ဆိုင်သလော။ သင့်၌ ဤအရာများထဲမှ တစ်ခုမျှ မရှိသည့်တိုင် သင်သည် ထာဝရ အသက်ရှင်တော်မူသော ဘုရား၏ သားတော်တစ်ပါး ဖြစ်နေဆဲ ဖြစ်သည်။ သို့ဆိုလျှင် ငါ၌ ထိုမျှ အဆင့်မြင့်သော အသိပညာ ရှိပြီး ငါသည် အထက်တန်းစား လူ့အဖွဲ့အစည်းရှိ လူများနှင့် ထိတွေ့ဆက်ဆံကာ ငါ၏ မိဘများသည် အလွန် ပညာတတ်၊ အသိပညာကြွယ်ဝပြီး သူတို့သည် နောက်ခံကောင်းတစ်ခုမှ လာကြသည်ဖြစ်သောကြောင့် ငါ့အတွက် ခရစ်တော်ဖြစ်လာရန် လွယ်ကူမည် မဟုတ်လော” ဟူ၍ ဖြစ်လေသည်။ သူ အဘယ်အရာကို သွယ်ဝိုက်ပြောဆိုနေခဲ့သနည်း။ “အကယ်၍ ယေရှုကဲ့သို့သော လူတစ်ဦးသည် ခရစ်တော်ဖြစ်နိုင်ပါက ငါ၊ ပေါလုသည် အလွန် ထူးကဲသော၊ ဆွဲဆောင်မှုရှိသော၊ နှံ့စပ်သော၊ မြင့်မားသော လူမှုအဆင့်အတန်းကို ပိုင်ဆိုင်သောကြောင့် ထာဝရ အသက်ရှင်တော်မူသော ဘုရား၏ သားတော်တစ်ပါးဖြစ်သည့် ခရစ်တော်ဖြစ်ရန် သာ၍ပင် လုပ်နိုင်စွမ်းရှိသည် မဟုတ်လော။ ယေရှု အသက်ရှင်စဉ်အခါက သူသည် တရားဟောသည်၊ ကျမ်းစာများကို ဖတ်သည်၊ နောင်တရခြင်း၏ လမ်းခရီးကို ဖြန့်ဝေသည်၊ နေရာတိုင်းသို့ လမ်းလျှောက်သည်၊ လူတို့၏ အနာများကိုငြိမ်းစေသည်၊ မကောင်းဆိုးဝါးများကို နှင်ထုတ်သည်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများစွာကို ပြုလုပ်ခဲ့သည်။ ထိုမျှသာဖြစ်သည် မဟုတ်လော။ ထို့နောက် သူသည် ထာဝရ အသက်ရှင်တော်မူသော ဘုရား၏ သားတော်တစ်ပါး ဖြစ်လာပြီး ကောင်းကင်ဘုံသို့ တက်ကြွသွားခဲ့သည်။ ယင်းမှာ မည်မျှ ခက်ခဲနိုင်မည်နည်း။ ငါ၊ ပေါလုသည် အသိပညာကြွယ်ဝပြီး မြင့်မြတ်သော လူမှုအဆင့်အတန်းနှင့် ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သည်။ အကယ်၍ ငါသည် ယေရှုပြုခဲ့သကဲ့သို့ လူများအကြား၌ ပို၍ လမ်းလျှောက်မည်ဆိုလျှင်၊ ငါ၏ ကျော်ကြားမှုကို တိုးမြှင့်မည်ဆိုလျှင်၊ နောက်လိုက်များ ပိုမိုရရှိအောင်လုပ်ပြီး လူများကို ပိုမိုအကျိုးပြုမည်ဆိုလျှင်၊ ငါသည် အခက်အခဲများကို ခါးစည်းခံနိုင်၍ အဖိုးအခကို ပေးဆပ်နိုင်ကာ ငါ၏ လူမှုအဆင့်အတန်းကို နှိမ့်ချပြီး တရားဒေသနာများ ပိုမိုဟောကြားကာ အမှုတော်များ ပိုမိုထမ်းဆောင်ပြီး လူများကို ပိုမိုရရှိမည်ဆိုလျှင် ငါ၏ ပင်ကိုလက္ခဏာသည် ပြောင်းလဲသွားမည် မဟုတ်လော။ ငါသည် လူ၏သားမှ ဘုရား၏ သားတော်အဖြစ်သို့ ပြောင်းလဲသွားမည် မဟုတ်လော။ ဘုရား၏ သားတော်သည် ခရစ်တော်မဟုတ်လော။ ခရစ်တော်ဖြစ်ရန် အဘယ်အရာက ထိုမျှ ခက်ခဲသနည်း။ ခရစ်တော်သည် လူမှမွေးဖွားသော လူသားတစ်ဦး မဟုတ်လော။ ယေရှုသည် ခရစ်တော် ဖြစ်လာနိုင်သောကြောင့် အဘယ်ကြောင့် ငါ၊ ပေါလုသည် မဖြစ်နိုင်ရမည်နည်း။ ယင်းမှာ အလွန် လွယ်ကူလှသည်။ ယေရှု ပြုလုပ်ခဲ့သမျှကို ငါ ပြုလုပ်မည်၊ သူပြောခဲ့သမျှကို ငါ ပြောမည်၊ သူ လူများအကြား၌ မည်သို့လမ်းလျှောက်ခဲ့ပါစေ ငါလည်း ထိုအတိုင်း လမ်းလျှောက်မည်။ ထိုအခါ ငါသည် ယေရှုနှင့် တူညီသော ပင်ကိုလက္ခဏာနှင့် ရပ်တည်မှုကို ပိုင်ဆိုင်မည် မဟုတ်လော။ ငါသည် ယေရှုပြုခံခဲ့ရသကဲ့သို့ ဘုရား၏ အသိအမှတ်ပြုခြင်းကို ခံရရန် အခြေအနေများနှင့် ကိုက်ညီမည် မဟုတ်လော” ဟူ၍ ဖြစ်လေသည်။ ထို့ကြောင့် ယေရှု၏ ပင်ကိုလက္ခဏာအပေါ် ပေါလု၏ နားလည်မှုနှင့် သိမြင်မှုကို သူ၏ ဩဝါဒစာများမှ မြင်တွေ့ရန် မခက်ခဲပေ။ သူသည် သခင်ယေရှုမှာ အမှုတော်အားဖြင့်လည်းကောင်း၊ အဖိုးအခကို ပေးဆပ်ခြင်းအားဖြင့်လည်းကောင်း၊ အထူးသဖြင့် ကားတိုင်တင်ခြင်းခံရပြီးနောက် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ခြင်းဖြင့်လည်းကောင်း ထာဝရ အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်လာခဲ့သော သာမန်လူတစ်ဦးဖြစ်သည်၊ သူ၏ ပင်ကိုလက္ခဏာသည် နောက်ပိုင်းတွင် ပြောင်းလဲသွားခဲ့သည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် ပေါလုကဲ့သို့သော လူတို့၏ စိတ်ထဲ၌ သူတို့သည် ယေရှုကို ကမ္ဘာမြေပေါ်၌ ဘုရားသခင် ယူတင်ဝတ်ဆင်သော ဇာတိပကတိအဖြစ်၊ လူသားမျိုးနွယ်အကြား၌ ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိအဖြစ် မည်သည့်အခါမျှ အသိအမှတ်မပြုကြပေ။ သူတို့သည် ခရစ်တော်၏ အနှစ်သာရကို မည်သည့်အခါမျှ အသိအမှတ်မပြုကြပေ။
ယနေ့ခေတ်၏ အန္တိခရစ်များသည် ပေါလုနှင့် တူကြသည်။ ပထမဦးစွာ ၎င်းတို့၌ တူညီသော အတွေးအခေါ်များ၊ ရည်မှန်းချက်များနှင့် နည်းလမ်းများ ရှိကြသည့်အပြင် နောက်ထပ်အရာတစ်ခုဖြစ်သည့် မိုက်မဲခြင်းဟူသော တူညီသည့်လက္ခဏာရပ်လည်း ရှိကြသည်။ ၎င်းတို့၏ မိုက်မဲခြင်းသည် အဘယ်မှ အရင်းခံသနည်း။ ယင်းမှာ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများမှ အရင်းခံသည်။ အန္တိခရစ်များသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိကို ကြည့်သောအခါ မည်သည့်ရှုထောင့်မှဖြစ်စေ ၎င်းတို့သည် ခရစ်တော်၌ ဘုရားသခင်၏ အနှစ်သာရကို မမြင်နိုင်ကြပေ။ ၎င်းတို့ မည်သို့ပင် ကြည့်စေကာမူ ၎င်းတို့သည် ဤအရာမှ သမ္မာတရားကို မရရှိနိုင် သို့မဟုတ် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်နိုင်ကြပေ။ ၎င်းတို့ မည်သို့ပင် ကြည့်စေကာမူ ၎င်းတို့သည် ခရစ်တော်မှာ သာမန်လူတစ်ဦးဖြစ်သည်ဟု အမြဲတမ်း ယုံကြည်ကြသည်။ အကယ်၍ ခရစ်တော်သည် အားလုံးမြင်တွေ့ရန် ကောင်းကင်မှ တိုက်ရိုက် ဆင်းသက်ခဲ့ပါက သူသည် သာမန်ဖြစ်မည်မဟုတ်ဟု ၎င်းတို့ တွေးထင်ကြသည်၊ အကယ်၍ ခရစ်တော်၌ မူလအစ သို့မဟုတ် နောက်ခံအခြေအနေ လုံးဝမရှိဘဲ လူများအကြား၌ ရုတ်တရက်ကြီး ပေါ်ထွက်လာခဲ့ပါက ယင်းမှာ အလွန် ထူးကဲပြီး ထူးခြားဆန်းကြယ်လိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ လူတို့ နားမလည်နိုင်သော၊ ထူးခြားဆန်းကြယ်သော အရာများသည် အန္တိခရစ်များ၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် စူးစမ်းလိုစိတ်တို့ကို အတိအကျ ဖြည့်ဆည်းပေးသည့်အရာများ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို ဖော်ပြနိုင်ပြီး ၎င်းတို့အား အသက်ကို ပေးသနားနိုင်သော သာမန်လူတစ်ဦးထက် ထိုသို့သော ခရစ်တော်တစ်ပါးနောက်သို့ လိုက်လိုကြသည်။ ခရစ်တော်သည် လူမှမွေးဖွားခဲ့ပြီး အမှန်ပင် သာမန်လူတစ်ဦး၊ လုံလောက်သော အာရုံစိုက်မှုကို မဆွဲဆောင်နိုင်သော သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော နည်းလမ်းဖြင့် စကားမပြောသော ပုံမှန်၊ လက်တွေ့ကျသော လူတစ်ဦးဖြစ်သောကြောင့်သာလျှင် အန္တိခရစ်များသည် ကိုယ်တော့်ကို အတန်ကြာ စောင့်ကြည့်ပြီးသောအခါ ခရစ်တော် ပြုလေသမျှ၌ ထို့ထက်ပို၍ ဘာမျှမရှိဟု ၎င်းတို့ ယုံကြည်ကြခြင်း ဖြစ်သည်။ ပုံစံခွက်တစ်ခုကို အနှစ်ချုပ်ကာ ကောက်ချက်ချပြီးနောက် ၎င်းတို့သည် ခရစ်တော်ကို အတုခိုးရန် စတင်ကြသည်။ ၎င်းတို့သည် သူ၏ လေသံ၊ သူ၏ ပြောဆိုပုံနှင့် သူ၏ အသံနေအသံထားကို အတုခိုးကြသည်။ အချို့သည် သူ၏ အသက်ရှူသံများနှင့် ချောင်းဆိုးသံများကိုပင် တုပလျက် သူအသုံးပြုသော စကားလုံးများ အတိအကျကိုပင် အတုခိုးကြသည်။ လူအချို့က “ဤအတုခိုးခြင်းသည် မသိနားမလည်မှုကြောင့်လော” ဟု မေးကြသည်။ မဟုတ်ပေ။ အဘယ်အရာက ယင်းကို ဖြစ်စေသနည်း။ အန္တိခရစ်များသည် ခရစ်တော်ကဲ့သို့သော သာမန်လူတစ်ဦးက သာမန်စကားအချို့ကို ပြောဆိုရုံမျှဖြင့် နောက်လိုက်များစွာနှင့် သူ့အား ကျိုးနွံနာခံသူများစွာ ရှိနေသည်ကို မြင်သောအခါ ဤကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌ အတွေးအခေါ်အချို့ ပေါ်ပေါက်လာသည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်အတွက် ဝမ်းမြောက်ခြင်း၊ ကိုယ်တော့်အတွက် ပျော်ရွှင်ခြင်းကို ခံစားရပြီး ကိုယ်တော့်ကို ချီးမွမ်းကြသလော၊ သို့မဟုတ် ၎င်းတို့သည် ခံပြင်းဒေါသထွက်ခြင်း၊ မကျေမချမ်းဖြစ်ခြင်း၊ ရန်လိုခြင်း၊ မနာလိုခြင်းနှင့် ငြူစူခြင်းတို့ကို ခံစားရသလော။ (မနာလိုခြင်းနှင့် ငြူစူခြင်းတို့ ခံစားရပါသည်။) ၎င်းတို့က ဤသို့ တွေးထင်ကြသည်၊ “သင်သည် အဘယ်သို့ ဘုရားဖြစ်လာခဲ့သနည်း။ အဘယ်ကြောင့် ငါသည် ဘုရားမဖြစ်ရသနည်း။ သင်သည် ဘာသာစကား မည်မျှ ပြောဆိုနိုင်သနည်း။ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်သလော။ သင်သည် လူတို့အား အဘယ်အရာကို ယူဆောင်လာပေးနိုင်သနည်း။ သင့်၌ အဘယ်သို့သော ဆုကျေးဇူးများနှင့် ပါရမီများ ရှိသနည်း။ သင့်၌ အဘယ်သို့သော အရည်အချင်းများ ရှိသနည်း။ များစွာသော လူတို့အား သင့်နောက်သို့ လိုက်လာစေရန် သင်သည် အဘယ်သို့ ပြုလုပ်ခဲ့သနည်း။ ထိုမျှလောက်များစွာသော လူတို့ သင့်နောက်သို့ လိုက်ခြင်းသည် သင်၏ အရည်အချင်းများကြောင့်သာ ဖြစ်ခဲ့လျှင် ငါ၏ အရည်အချင်းများဖြင့်မူ ငါ့နောက်သို့ ထို့ထက်မက လိုက်လာကြပေလိမ့်မည်” ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ အန္တိခရစ်များသည် ဤအရာအပေါ် သူတို့၏ ကြိုးပမ်းအားထုတ်မှုများကို အာရုံစိုက်လိုကြသည်။ ထို့ကြောင့် ၎င်းတို့အဖို့ ခရစ်တော်ဖြစ်လာခြင်းသည် အောင်မြင်နိုင်သော အိပ်မက်တစ်ခုဖြစ်သည်ဟူသော ပေါလု၏ အမြင်ကို ၎င်းတို့ လုံးလုံးလျားလျား သဘောတူကြသည်။
ဘုရားသခင်က လူတို့ကို ကိုယ့်နေရာကိုယ်နေ၍ မိမိ၏ ဝတ္တရားကို ကျေပွန်သော လူသားများနှင့် ဖန်ဆင်းခံများ ဖြစ်ရန် ပြောသောအခါ အန္တိခရစ်များသည် ဤစကားများကို အထူးသဖြင့် မထီမဲ့မြင်ပြုကြပြီး ဤသို့ ဆိုကြသည်၊ “ဘုရား ပြောသမျှအရာအားလုံးသည် ကောင်းပြီး မှန်ကန်သည်၊ သို့သော် ကျွန်ုပ်တို့ကို ခရစ်တော်ဖြစ်ခွင့် မပေးခြင်းမှာ မှားယွင်းသည်။ အဘယ်ကြောင့် လူတို့သည် ခရစ်တော် မဖြစ်နိုင်ရမည်နည်း။ ခရစ်တော်သည် ဘုရား၏ အသက်ရှိသော တစ်စုံတစ်ဦးမျှသာ မဟုတ်လော။ သို့ဖြစ်၍ အကယ်၍ ကျွန်ုပ်တို့သည် ဘုရား၏ နှုတ်ကပတ်တော်များကို လက်ခံပြီး သူ၏ ရေလောင်းခြင်းနှင့် ထိန်းကျောင်းမှုကို လက်ခံကာ ဘုရား၏ အသက်ကို ပိုင်ဆိုင်ပါက ကျွန်ုပ်တို့သည်လည်း ခရစ်တော် ဖြစ်လာနိုင်သည် မဟုတ်လော။ သင်သည် လူသားများမှ မွေးဖွားသော သာမန်လူတစ်ဦးဖြစ်ပြီး ငါတို့လည်း ထိုအတိုင်းပင် ဖြစ်သည်။ မည်သည့်အခြေခံဖြင့် သင်က ခရစ်တော်ဖြစ်နိုင်ပြီး ကျွန်ုပ်တို့က မဖြစ်နိုင်ရမည်နည်း။ သင်သည် ဘဝနှောင်းပိုင်းတွင် ခရစ်တော် ဖြစ်လာခဲ့သည် မဟုတ်လော။ အကယ်၍ ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခကို ပေးဆပ်ကာ ဘုရားနှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုပြီး ဘုရား၏ အသက်ကို ပိုင်ဆိုင်ကာ ဘုရားပြောသကဲ့သို့ တူညီသော စကားများကို ပြောဆိုပြီး ဘုရားပြုလုပ်လိုသော အရာကို ပြုလုပ်ကာ ဘုရားကို အတုယူပါက ကျွန်ုပ်တို့သည်လည်း ခရစ်တော် ဖြစ်လာနိုင်သည် မဟုတ်လော။ ယင်းနှင့်ပတ်သက်၍ အဘယ်အရာက ထိုမျှ ခက်ခဲသနည်း” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်များသည် ခရစ်တော်နောက်သို့ လိုက်ပြီး ခရစ်တော်၏ သာမန်နောက်လိုက်များ ဖြစ်လာခြင်း သို့မဟုတ် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်ရှိ ဖန်ဆင်းခံများ ဖြစ်ခြင်းကို လိုလိုလားလား မရှိကြပေ။ သူတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များက သူတို့ကို ဤသို့ တိုက်တွန်းသည်၊ “သာမန်လူတစ်ဦး မဖြစ်နှင့်။ ခရစ်တော်ကို အချိန်တိုင်း လိုက်လျှောက်ခြင်းနှင့် နာခံခြင်းသည် အသုံးမကျခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ခရစ်တော်၏ နှုတ်ကပတ်တော်များနှင့် ဘုရား၏ ကတိတော်များအပြင် သင်သည် ဘုရား၏ သားတော်တစ်ပါး၊ သားဦး၊ ခရစ်တော်ကိုယ်တိုင် ဖြစ်လာရန်၊ ဘုရား၏ ကြီးစွာသော အသုံးပြုခြင်းကို ခံရရန် သို့မဟုတ် ဘုရား၏ နိုင်ငံတော်၌ ထောက်တိုင်တစ်တိုင် ဖြစ်ရန် ကြိုးစားခြင်းကဲ့သို့သော ပိုမိုမြင့်မားသော လိုက်စားမှုများ သင့်ထံတွင် ရှိသင့်သည်။ ထိုပန်းတိုင်များသည် အဘယ်မျှ ကြီးမြတ်ပြီး စိတ်အားထက်သန်ဖွယ် ကောင်းပါသနည်း” ဟူ၍ဖြစ်သည်။ ဤအတွေးအခေါ်များနှင့်ပတ်သက်၍ သင်တို့ မည်သို့ ထင်သနည်း။ ၎င်းတို့သည် မြှင့်တင်ထိုက်သလော။ ၎င်းတို့သည် သာမန်လူတို့ ပိုင်ဆိုင်သင့်သော အရာတစ်ခုလော။ (မဟုတ်ပါ။) အန္တိခရစ်များ၌ ခရစ်တော်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရအပေါ် ဤသို့သော နားလည်မှုမျိုး ရှိသောကြောင့် အတိအကျပင် ၎င်းတို့သည် ခရစ်တော်ကို ဆန့်ကျင်ခြင်း၊ ဝေဖန်သုံးသပ်ခြင်း၊ စမ်းသပ်ခြင်း၊ ငြင်းပယ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းဟူသော ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များကို အလေးအနက်မထားကြခြင်း ဖြစ်သည်။ ၎င်းတို့က ဤသို့ တွေးထင်ကြသည်၊ “လူတစ်ဦးကို ဝေဖန်သုံးသပ်ခြင်းနှင့်ပတ်သက်၍ အဘယ်အရာက ထိုမျှ ကြောက်စရာကောင်းသနည်း။ သင်သည် လူတစ်ဦးမျှသာဖြစ်သည် မဟုတ်လော။ သင်သည် လူတစ်ဦးဖြစ်ကြောင်း သင် ဝန်ခံသည်၊ သို့ဖြစ်၍ သင့်ကို ငါ ဝေဖန်သုံးသပ်ခြင်း၊ အကဲဖြတ်ခြင်း၊ သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း၌ အဘယ်အရာ မှားယွင်းသနည်း။ သင့်ကို ငါ စောင့်ကြည့်ခြင်း သို့မဟုတ် လေ့လာခြင်း၌ အဘယ်အရာ မှားယွင်းသနည်း။ ဤအရာများကို ပြုလုပ်ရန်မှာ ငါ၏ လွတ်လပ်ခွင့် ဖြစ်သည်” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် ဤသည်ကို ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း သို့မဟုတ် ကိုယ်တော့်ကို ဆန့်ကျင်ဘက်ပြုခြင်းအဖြစ် မမြင်ကြပေ၊ ယင်းမှာ အလွန် အန္တရာယ်ရှိသော ရှုထောင့်အမြင်တစ်ခု ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များစွာတို့သည် ဤနည်းလမ်းဖြင့် ခရစ်တော်ကို အနှစ် ၂၀ သို့မဟုတ် ၃၀ ကြာ ဆန့်ကျင်ခဲ့ကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ ကိုယ်တော်နှင့် အမြဲတမ်း ယှဉ်ပြိုင်နေကြသည်။ ငါသည် သင့်ကို အမှန်တရားကို ပြောမည်၊ သင် ပြုလုပ်သောအရာမှာ သင်၏ လွတ်လပ်ခွင့်ဖြစ်သည်၊ သို့သော် အကယ်၍ ဘုရားသခင်၏ နောက်လိုက်တစ်ဦးအနေဖြင့် သင်သည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိကို ထိုမျှ ထင်ရာစိုင်းကာ ဆက်ဆံပါက၊ အချက်တစ်ချက်မှာ သေချာသည်၊ သင်သည် လူတစ်ဦးကို အခက်ကြုံအောင် လုပ်နေခြင်းမဟုတ်၊ သင်သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ပွက်လောညံအောင် ကန့်ကွက်ပြီး ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုနေခြင်း ဖြစ်သည်၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်နေခြင်း ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ၊ စိတ်နေသဘောထား၊ လုပ်ဆောင်ချက်များ၊ အထူးသဖြင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိတို့နှင့် သက်ဆိုင်သော မည်သည့်အရာမဆိုသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် သက်ဆိုင်သည်။ အကယ်၍ သင်သည် ခရစ်တော်ကို ထိုမျှ ထင်ရာစိုင်းကာ ဆက်ဆံပြီး ကိုယ်တော့်ကို ထိုမျှ ဝေဖန်သုံးသပ်ကာ ပြစ်တင်ရှုတ်ချပါက ငါ သင့်ကို ပြောမည်၊ သင်၏ အဆုံးသတ်သည် အဆုံးအဖြတ်ပေးပြီး ဖြစ်သည်။ ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည်ဟု မမျှော်လင့်နှင့်။ ဘုရားသခင်သည် ကိုယ်တော့်ကို ပွင့်လင်းစွာ ပွက်ပွက်ညံအောင် ကန့်ကွက်ပြီး ကိုယ်တော့်ကို ထင်ရာစိုင်းကာ ဆန့်ကျင်ဘက်ပြုသော တစ်စုံတစ်ဦးကို မကယ်တင်နိုင်ပေ။ ထိုသို့သော ပုဂ္ဂိုလ်သည် ဘုရားသခင်၏ ရန်သူဖြစ်သည်၊ သူသည် စာတန်နှင့် နတ်ဆိုးတစ်ကောင်ဖြစ်ပြီး ဘုရားသခင်သည် ထိုသူကို ကယ်တင်မည်မဟုတ်ပေ။ သင့်ကို ကယ်တင်နိုင်သည်ဟု သင်ထင်သော မည်သူ့ထံသို့မဆို အမြန်သွားလော့။ ဘုရားအိမ်တော်သည် သင့်ကို ချုပ်တည်းမည်မဟုတ်၊ ယင်း၏ တံခါးများသည် ဖွင့်ဟထားသည်။ အကယ်၍ ပေါလုက သင့်ကို ကယ်တင်နိုင်သည်ဟု သင်ထင်ပါက သူ့ထံသို့ သွားလော့၊ အကယ်၍ သင်းအုပ်ဆရာတစ်ဦးက သင့်ကို ကယ်တင်နိုင်သည်ဟု သင်ထင်ပါက သူ့ထံသို့ သွားလော့။ သို့သော် အချက်တစ်ချက်မှာ သေချာသည်၊ ဘုရားသခင်သည် သင့်ကို ကယ်တင်မည်မဟုတ်ပေ။ သင် ပြုလုပ်သောအရာမှာ သင်၏ လွတ်လပ်ခွင့် ဖြစ်သော်လည်း ဘုရားသခင် သင့်ကို ကယ်တင်သည်၊ မကယ်တင်သည်မှာ သူ၏ လွတ်လပ်ခွင့်ဖြစ်ပြီး သူ၌ ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ ဘုရားသခင်၌ ဤတန်ခိုးအာဏာ ရှိသလော။ ကိုယ်တော်၌ ဤဂုဏ်သိက္ခာ ရှိသလော။ (ရှိပါသည်။) ဘုရားသခင်သည် လူ့ဇာတိခံယူပြီး လူသားများကြား၌ နေထိုင်သည်၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း၊ နောက်ဆုံးသော ကာလ၏ အမှုကို ပြုရန် လာကြောင်း သက်သေခံသည်။ အချို့လူတို့သည် ဘုရားသခင်၏ အနှစ်သာရကို အသိအမှတ်ပြုပြီး ကိုယ်တော်နောက်သို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်လျှောက်ကြကာ ၎င်းတို့သည် ကိုယ်တော့်ကို ဘုရားသခင်အဖြစ် ဆက်ဆံပြီး ကျိုးနွံနာခံကြသည်။ အခြားသူများမှာမူ ကိုယ်တော့်ကို အဆုံးတိုင်အောင် ခေါင်းမာစွာ အတိုက်အခံ လုပ်လိုကြသည်၊ “သင်သည် ခရစ်တော်ဖြစ်ကြောင်း လူမည်မျှပင် ယုံကြည်စေကာမူ၊ ငါ ယင်းကို ယုံကြည်မည်မဟုတ်။ သင် မည်သို့ပင် ဆိုစေကာမူ ငါသည် သင့်ကို ဘုရားအဖြစ် စိတ်နှလုံးအကြွင်းမဲ့ မှတ်ယူမည်မဟုတ်။ ဘုရားက အမှန်တကယ် စကားပြောပြီး သင်နှင့်ပတ်သက်၍ သက်သေခံသည်ကို ငါ မြင်တွေ့သည့်အခါမှသာ ကောင်းကင်ဘုံရှိ ဘုရားက မိုးခြိမ်းသံကဲ့သို့သော အသံဖြင့် ငါ့အား ‘ဤသည်မှာ ငါ၏ လူ့ဇာတိခံ ဇာတိပကတိ၊ ငါ၏ ချစ်သား၊ ငါ၏ နှစ်သက်မြတ်နိုးရာ သားဖြစ်သည်’ ဟု ကိုယ်တိုင် ပြောသည့်အခါ၌ ငါသည် သင့်ကို ဘုရားအဖြစ် အသိအမှတ်ပြုပြီး လက်ခံမည်။ ကောင်းကင်ဘုံရှိ ဘုရား စကားပြောပြီး သင့်အကြောင်း သက်သေခံသည်ကို ငါ ကိုယ်တိုင် ကြားပြီး မြင်တွေ့သည့်အခါမှသာ သင့်ကို ငါ လက်ခံမည်၊ သို့တည်းမဟုတ်ပါက မဖြစ်နိုင်ပေ” ဟူ၍ ဖြစ်လေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ မဟုတ်လော။ ထိုနေ့ အမှန်တကယ် ရောက်လာသောအခါ သူတို့သည် ခရစ်တော်ကို ဘုရားသခင်အဖြစ် အသိအမှတ်ပြုလျှင်ပင် ယင်းသည် သူတို့၏ အပြစ်ဒဏ်ပေးခြင်းခံရမည့်နေ့ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံ လုပ်ခဲ့ကြသည်၊ ကိုယ်တော့်ကို ပွက်ပွက်ညံအောင် ကန့်ကွက်ခဲ့ကြပြီး ၎င်းတို့သည် အချိန်တိုင်း ကိုယ်တော့်ကို ရန်လိုခဲ့ကြသည်၊ ဤလုပ်ရပ်များကို တစ်ချက်တည်းဖြင့် ပယ်ဖျက်နိုင်ပါမည်လော။ (မပယ်ဖျက်နိုင်ပါ။) သို့ဖြစ်၍ ဤနေရာ၌ မှန်ကန်သော စကားတစ်ခွန်း ရှိသည်၊ ယင်းမှာ ဘုရားသခင်သည် လူတစ်ဦးစီတိုင်းကို သူတို့၏ လုပ်ရပ်များနှင့်အညီ ပြန်လည်ပေးဆပ်မည် ဟူ၍ ဖြစ်သည်။ ဤလူတို့သည် လက်တုံ့ပြန်ခြင်းကို ရင်ဆိုင်ရရုံသာမက ဘုရားသခင် ၎င်းတို့အား ကိုယ်တိုင် စကားပြောသည်ကိုလည်း မည်သည့်အခါမျှ ကြားရမည်မဟုတ်ပေ။ ၎င်းတို့ ထိုက်တန်သလော။ ဘုရားသခင်သည် လူသားများအား မိမိကိုယ်ကို သက်သေခံရန်၊ လူသားများနှင့် စစ်မှန်သော ဖန်ဆင်းခံများထံ ပေါ်ထွန်းရန်၊ သူ၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို ထုတ်ဖော်ရန်၊ စကားပြောပြီး စကားလုံးများကို မြွက်ဆိုရန် ဆန္ဒရှိတော်မူသည်။ ကိုယ်တော်သည် နတ်ဆိုးများထံ မပေါ်ထွန်း သို့မဟုတ် နတ်ဆိုးများအား စကားပြောပြီး စကားလုံးများကို မမြွက်ဆိုပေ။ သို့ဖြစ်၍ အန္တိခရစ်များသည် ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို မြင်တွေ့ရန် သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များနှင့် မြွက်ဆိုချက်များကို သူတို့၏ နားဖြင့်ဆတ်ဆတ် ကြားရန် အခွင့်အရေး ဘယ်သောအခါမျှ ရရှိမည်မဟုတ်ပေ။ သူတို့သည် ဤအခွင့်အရေးကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ သို့ဆိုလျှင် သူတို့သည် အနာဂတ်တွင် ခက်ခဲသောအချိန်ကို ကြုံတွေ့ရမည်လော။ (ကြုံတွေ့ရမည်။) အဘယ်ကြောင့်နည်း။ အန္တိခရစ်များ၊ ဤအရှက်မရှိသော သတ္တဝါများသည် ဘုရားသခင်ကို နေရာတိုင်း၌ ဆန့်ကျင်ပြီး ကိုယ်တော့်ကို ပွက်ပွက်ညံအောင် ကန့်ကွက်ကြကာ သူတို့သည် ကိုယ်တော် ပြုလေသမျှအရာအားလုံးကို မထီမဲ့မြင်ပြုသည်၊ ပြစ်တင်ရှုတ်ချသည်၊ ပြီးလျှင် လှောင်ပြောင်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် သူတို့ကို မည်သို့ ဆက်ဆံမည်နည်း။ ကိုယ်တော်သည် သူတို့ကို ကြင်နာစွာ ဆက်ဆံပြီး ခွင့်လွှတ်မည်လော။ ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးမည်လော။ ကိုယ်တော်သည် သူတို့ကို သူ၏ ကတိတော်ကို ပေးမည်လော။ ကိုယ်တော်သည် သူတို့ကို ကယ်တင်မည်လော။ လက်တွေ့ကျကျ ပြောရလျှင် ထိုသို့သောလူများသည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်မှုကို လက်ခံရရှိနိုင်သလော။ ဤဘဝတွင် သူတို့သည် ဘုရားသခင်၏ အသိဉာဏ်ပွင့်စေခြင်းနှင့် အလင်းပြခြင်းကိုဖြစ်စေ၊ သူ၏ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကိုဖြစ်စေ၊ သူတို့၏ အသက်အတွက် သူ၏ ထောက်ပံ့မှုကိုဖြစ်စေ လက်ခံရရှိမည်မဟုတ်ပေ။ သူတို့သည် ကယ်တင်ခြင်းခံရမည်မဟုတ်ဘဲ နောင်ဘဝတွင် သူတို့သည် သူတို့၏ ဒုစရိုက်အမှုများအတွက် ကြီးလေးသော အဖိုးအခကို ထာဝရကာလပတ်လုံး ပေးဆပ်ရလိမ့်မည်။ ဤသည်မှာ သူတို့၏ အဆုံးသတ် ဖြစ်သည်။ အန္တိခရစ်များ၏ အဆုံးသတ်သည် ပေါလု၏ အဆုံးသတ်ကဲ့သို့ပင် တစ်ပုံစံတည်း ဖြစ်လိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။