အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ဖယ်ကြဉ်ပြီး တိုက်ခိုက်ကြသည် (အခန်း နှစ်)
ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အန္တိခရစ်များကို မည်သို့ဆက်ဆံသင့်သနည်း။ ၎င်းတို့သည် ထိုသူတို့ကို ပိုင်းခြားသိမြင်ရမည်၊ ဖော်ထုတ်ရမည်၊ တိုင်ကြားရမည်၊ ပြီးလျှင် ပစ်ပယ်ရမည်။ ထိုမှသာ အဆုံးတိုင်အောင် ဘုရားသခင်နောက် လိုက်ခြင်းနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ဆိုင်၍ မှန်ကန်သော လမ်းကြောင်းအပေါ် ဝင်ရောက်ခြင်းက သေချာနိုင်မည်။ အန္တိခရစ်များသည် ၎င်းတို့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်လာအောင် အခြားသူများကို မည်သို့ အထင်အမြင်မှားစေခဲ့သည်ဖြစ်စေ ထိုသူတို့သည် သင်၏ ခေါင်းဆောင်များမဟုတ်ပေ။ ထိုသူတို့ကို အသိအမှတ်မပြုနှင့်၊ ထို့ပြင် သူတို့၏ ခေါင်းဆောင်မှုကို လက်သင့်မခံနှင့်။ သူတို့ကို ပိုင်းခြားသိမြင်ပြီး ပစ်ပယ်ရမည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် သင့်ကို သမ္မာတရား နားလည်အောင် မကူညီနိုင်သကဲ့သို့ သင့်ကို အထောက်အမလည်း မပေးနိုင် သို့မဟုတ် သင့်အတွက်လည်း မထောက်ပံ့ပေးနိုင်ချေ။ ဤသည်တို့မှာ အဖြစ်မှန်များပင်။ အကယ်၍ သူတို့သည် သင့်ကို သမ္မာတရားစစ်မှန်မှုထဲသို့ ခေါ်ဆောင်မသွားနိုင်လျှင် သူတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ဖို့ မသင့်တော်ပေ။ အကယ်၍ သူတို့သည် သင့်ကို သမ္မာတရား နားလည်ခြင်းနှင့် ဘုရားသခင်၏ အလုပ်အား တွေ့ကြုံခြင်းသို့ ခေါ်ဆောင်မသွားနိုင်လျှင် သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတို့ ဖြစ်ကြပြီး သူတို့ကို သင် ပိုင်းခြားသိမြင်သင့်သည်၊ ဖော်ထုတ်သင့်သည်၊ ပြီးလျှင် ပစ်ပယ်သင့်သည်။ သူတို့ပြုလုပ်သမျှမှာ သူတို့၏နောက် လိုက်အောင် သင့်အား အထင်အမြင်မှားစေရန်နှင့် အသင်းတော်၏ အလုပ်အား ပျက်စီးစေပြီး အနှောင့်အယှက်လုပ်ဖို့အတွက် သူတို့၏အုပ်စုတွင် ပါဝင်အောင်လုပ်ရန်၊ သူတို့လျှောက်သကဲ့သို့ပင် အန္တိခရစ်များ၏ လမ်းကြောင်းအား လျှောက်ရာတွင် လိုက်ပါလာအောင် သင့်ကို ဆွဲသွင်းရန် ဖြစ်သည်။ ထိုသူတို့သည် သင့်ကို ငရဲပြည်သို့ ဆွဲချသွားချင်ကြသည်။ အကယ်၍ သင်သည် သူတို့၏ သရုပ်မှန်ကို မခွဲခြားနိုင်ဘဲ သူတို့သည် သင်၏ ခေါင်းဆောင်များဖြစ်သဖြင့် သူတို့ကို နာခံသင့်ပြီး လိုက်လျောသင့်သည်ဟု ယုံကြည်နေပါက သင်သည် သမ္မာတရားကိုရော ဘုရားသခင်ကိုပါ သစ္စာဖောက်သောသူ ဖြစ်သွားကာ ထိုသို့သော လူတို့သည် ကယ်တင်ခြင်းကို မခံရနိုင်ပေ။ သင်သည် ကယ်တင်ခြင်းခံရလိုပါက အဆင်းနီသော နဂါးကြီးနှင့်ဆိုင်သော အကျပ်အတည်းကို ကျော်လွန်ရမည်သာမက ပြီးလျှင် အဆင်းနီသော နဂါးကြီးကို သိမြင်ဖို့၊ ယင်း၏ အကျည်းတန်သော မျက်နှာကို ရိပ်စားမိဖို့နှင့် ယင်းကို လုံးလုံး ပုန်ကန်ဖို့ လုပ်နိုင်စွမ်းရှိရမည်သာမက သင်ကျော်ဖြတ်ဖို့ အန္တိခရစ်တို့နှင့်ဆိုင်သည့် အကျပ်အတည်းကလည်း ရှိနေသည်။ အသင်းတော်၌ အန္တိခရစ်တစ်ဦးသည် ဘုရားသခင်၏ ရန်သူဖြစ်ရုံသာမက ဘုရားသခင် ရွေးချယ်ထားသောသူများ၏ ရန်သူလည်း ဖြစ်ပေသည်။ သင်သည် အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါက အထင်အမြင်မှားစေခြင်းခံရပြီး သိမ်းသွင်းစည်းရုံးခံရနိုင်ကာ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ပြီး ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း ခံရဖို့ ဖြစ်နိုင်ပေသည်။ ထိုသို့ဖြစ်ပါက ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် လုံးလုံး ကျရှုံးပြီးဖြစ်သည်။ ကယ်တင်ခြင်းပေးအပ်ခံရဖို့ လူများသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ဦးစွာ ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်ရမည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ အနှစ်သာရ၊ စိတ်သဘောထားနှင့် လမ်းကြောင်းတို့ကို ပိုင်းခြားသိမြင်နိုင်ရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်စဉ် လူများကို မကိုးကွယ်ဖို့၊ သို့မဟုတ် နောက်မလိုက်ဖို့ သေချာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး တကယ့်အဆုံးထိ ဘုရားနောက်လိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်သည့် လူများသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်နိုင်ကာ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်ပေသည်။ ထိုအခါ အချို့က “ကျွန်ုပ်တွင် လောလောဆယ်တွင် ထိုအရာအတွက် သမ္မာတရား မရှိပါက မည်သို့ပြုရမည်နည်း” ဟု ဆိုကြမည်ဖြစ်သည်။ သင်သည် အလျင်အမြန်ပင် မိမိကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ထားရမည်။ လူတို့နှင့် အမှုအရာများထဲသို့ မြင်တွေ့တတ်အောင် သင်ယူရမည်။ အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်ခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်သကဲ့သို့ ၎င်းတို့၏ အနှစ်သာရကို ရှင်းလင်းစွာမြင်နိုင်ကာ ၎င်းတို့ လုပ်ဆောင်သမျှ နောက်ကွယ်ရှိ လျှို့ဝှက်ကြံစည်မှုများ၊ လှည့်ကွက်များ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို ရိပ်စားမိနိုင်စွမ်းရှိဖို့ လိုအပ်သည်။ ထိုသို့ဖြင့် သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ခိုင်မာစွာ ရပ်တည်နိုင်ကာ သမ္မာတရားကို ဘေးကင်းစွာနှင့် လုံခြုံစွာ လိုက်စားနိုင်ပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်း လမ်းကြောင်းပေါ်တွင် တည်မြဲနိုင်ပေမည်။ သင်သည် ထိုအန္တိခရစ်များနှင့် ပတ်သက်သော အခက်အခဲကို မကျော်လွန်နိုင်ပါက သင်သည် ကြီးမားသော အန္တရာယ်ရှိနေပြီး အန္တိခရစ်၏ အထင်အမြင်မှားစေခြင်းခံရကာ ဖမ်းဆီးခံရသည့်အပြင် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ် ရှိသည်ဟု ဆိုနိုင်ပေသည်။ သင်တို့ကြားတွင် သမ္မာတရား လိုက်စားသည့် လူများကို တားဆီးပြီး ခြေထိုးကြသူအချို့ ရှိနိုင်ချေရှိပြီး ၎င်းတို့သည် လူတို့၏ရန်သူများ ဖြစ်၏။ ဤအရာကို သင်တို့လက်ခံသလော။ ဤအချက်ကို ရင်မဆိုင်ဝံ့သကဲ့သို့ ယင်းကို အမှန်တရားအဖြစ်လည်း လက်မခံဝံ့သူ အချို့ရှိ၏။ သို့သော် အန္တိခရစ်များ၏ လူတို့အား အထင်အမြင်မှားစေခြင်းသည် အသင်းတော်များ၌ အမှန်တကယ် ဖြစ်ပျက်ပြီး မကြာခဏ ဖြစ်ပျက်လေသည်။ လူတို့က ယင်းကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိခြင်းသာဖြစ်သည်။ အကယ်၍ သင်သည် အန္တိခရစ်များနှင့်ဆိုင်သော စစ်ဆေးမှုဖြစ်သည့် ဤစစ်ဆေးမှုကို မအောင်မြင်နိုင်ပါက သင်သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်း ခံရပေသည်၊ သို့မဟုတ် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစေခြင်း၊ ညှဉ်းဆဲခြင်း၊ တွန်းထုတ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် စော်ကားခြင်းတို့ကို ခံရပေသည်။ နောက်ဆုံးတွင် သင်၏ အလွန်တန်ဖိုးနည်းသည့် သေးငယ်သောဘဝသည် ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ညှိုးခြောက်သွားလိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိတော့မည် မဟုတ်သကဲ့သို့ “ဘုရားသည် ဖြောင့်ပင်မဖြောင့်မတ်ပါ။ အဘယ်မှာ ဘုရားရှိသနည်း။ ဤလောကတွင် တရားမျှတမှုလည်းမရှိ၊ သို့မဟုတ် အလင်းလည်း မရှိသကဲ့သို့ ဘုရား၏ လူသားမျိုးနွယ်အား ကယ်တင်ခြင်းကဲ့သို့သော အရာမျိုးမရှိပါ။ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ နေ့ရက်များကို အလုပ်သွားခြင်းနှင့် ငွေရှာခြင်းဖြင့် ဖြတ်သန်းပါက ပိုကောင်းဦးမည်” ဟု သင်ပြောလိမ့်မည်။ သင်သည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဘုရားသခင်မှ လမ်းလွဲကာ သူတည်ရှိကြောင်း မယုံကြည်တော့ပေ။ သင်ကယ်တင်ခြင်း ရမည်ဆိုသည့် မျှော်လင့်ချက်တစ်ခုတလေ လုံးဝ ကုန်ဆုံးသွား၏။ ထို့ကြောင့် သင်သည် ကယ်တင်ခြင်း ရရှိနိုင်သည့် နေရာသို့ ရောက်ရှိလိုပါက သင်အောင်မြင်ရမည့် ပထမဆုံး စမ်းသပ်မှုမှာ စာတန်ကို သတိမူမိခြင်းနှင့် ရိပ်စားမိနိုင်ခြင်းဟူသော စမ်းသပ်မှုတစ်ခု ဖြစ်ပြီး သင်သည် ရင်ဆိုင်ပြီး စာတန်ကို ဖော်ထုတ်ကာ စွန့်ပစ်ဖို့ သတ္တိလည်း ရှိရမည်။ သို့ဆိုလျှင် စာတန် အဘယ်မှာရှိသနည်း။ စာတန်သည် သင့်နံဘေးနှင့် သင်၏ ဘက်ပေါင်းစုံတွင် ရှိသည်။ သူသည် သင့်စိတ်နှလုံးအတွင်းတွင်ပင် အသက်ရှင်နေနိုင်သည်။ သင်သည် စာတန်၏ စိတ်သဘောထားအတွင်းတွင် အသက်ရှင်နေပါက သင်သည် စာတန်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်၏။ သင်သည် ဝိညာဉ်လောကနှင့်ဆိုင်သည့် စာတန်နှင့် ဆိုးယုတ်သော ဝိညာဉ်များကို မမြင်နိုင်၊ သို့မဟုတ် မထိတွေ့နိုင်သော်လည်း လက်တွေ့ဘဝတွင် တည်ရှိသည့် စာတန်များနှင့် အသက်ရှင်သော နတ်ဆိုးများသည် နေရာတကာတွင် ရှိ၏။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်သူ မည်သူမဆိုသည် ဆိုးယုတ်ပြီး သမ္မာတရားကို လက်မခံသည့် မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် မည်သည့်အမှုတော်ဆောင်မဆိုသည် အန္တိခရစ်တစ်ဦး၊ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် စာတန်များနှင့် ရှင်သန်နေသည့်နတ်ဆိုးများ ဖြစ်ကြသည် မဟုတ်လော။ ဤလူများမှာ သင်ကိုးကွယ်ပြီး ကြည်ညိုသည့်သူများစင်စစ် ဖြစ်နေနိုင်၏။ ၎င်းတို့မှာ သင့်ကို ဦးဆောင်သော လူများ၊ သို့မဟုတ် သင်၏စိတ်နှလုံးထဲတွင် သင်ကြာမြင့်စွာ လေးစားနေခဲ့ရသူများ၊ ယုံကြည်ကိုးစားပြီး အားကိုးနေခဲ့ရသူများနှင့် မျှော်လင့်နေခဲ့ရသူများ ဖြစ်နိုင်သည်။ သို့သော် စင်စစ်အားဖြင့် ၎င်းတို့သည် သင့်ကိုတားဆီးနေပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်းတို့မှ သင့်ကိုဟန့်တားနေသည့် လမ်းဆို့များဖြစ်သည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များဖြစ်ကြ၏။ ၎င်းတို့သည် သင်၏ဘဝနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းတို့ကို ထိန်းချုပ်နိုင်ပြီး ကယ်တင်ခြင်း ပေးအပ်ခံရမည့် သင်၏အခွင့်အရေးကို ဖျက်ဆီးနိုင်သည်။ ၎င်းတို့ကို သင်ပိုင်းခြားသိမြင်ခြင်း မရှိနိုင်သကဲ့သို့ မရိပ်စားမိနိုင်ပါက သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းနှင့် ၎င်းတို့၏ ဖမ်းဆီးခြင်းကို အချိန်မရွေး ခံရနိုင်ပေသည်။ ထို့ကြောင့် သင်သည် ကြီးမားသော အန္တရာယ် ရှိ၏။ ဤအန္တရာယ်မှ ရုန်းထွက်လွတ်မြောက်အောင် အားမထုတ်နိုင်ပါက သင်သည် စာတန်၏ ယဇ်ကောင်ဖြစ်၏။ အန္တိခရစ်တစ်ဦး၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းခံရကာ အန္တိခရစ်တစ်ဦး၏ နောက်လိုက်များဖြစ်လာသည့် လူများသည် မည်သို့ပင်ဖြစ်စေကာမူ ကယ်တင်ခြင်းကို မည်သည့်အခါမျှ မရရှိနိုင်ပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း သို့မဟုတ် လိုက်စားခြင်း မရှိသောကြောင့် ၎င်းတို့သည် အထင်အမြင်မှားသွားပြီး အန္တိခရစ်တစ်ဦးနောက်သို့ လိုက်သွားသည်မှာ ရှောင်လွှဲ၍မရနိုင်သော ရလဒ်ဖြစ်သည်။
လူအချို့က ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူ ဖြစ်သည်ဟု ထင်ကြပြီး အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အထင်ကြီးနေကြသည် မဟုတ်လော။ အကယ်၍ သင်သည် အစွယ်များထွက်နေပြီး ညံ့ဖျင်းသော လူ့သဘာဝရှိကာ အချို့သော ဒုစရိုက်အမှုများကို ကျူးလွန်ထားသည့် သိသာထင်ရှားသော အန္တိခရစ်တစ်ဦးနှင့် ကြုံတွေ့ရပါက သင်သည် ထိုသူတို့ကို လွယ်လွယ်ကူကူ သတိပြုမိနိုင်မည်။ သို့သော် သင်သည် ဘာသာတရား ကိုင်းရှိုင်းပုံပေါက်ပြီး အပြောအဆို အလွန်သိမ်မွေ့ညင်သာကာ သဘောကောင်းသော လူတစ်ဦးပုံပေါက်သည့် အန္တိခရစ်တစ်ဦး၊ လူတို့၏ အယူအဆများနှင့် ကိုက်ညီသည့် အန္တိခရစ်တစ်ဦးနှင့် ကြုံတွေ့ရပါက ၎င်း၏ သရုပ်အမှန်ကို ခွဲခြားနိုင်သည်ဟု အခိုင်အမာ ဆိုနိုင်ရလောက်အောင် သတ္တိရှိနေဦးမည်လော။ သူတို့ကို အန္တိခရစ်တစ်ဦးအဖြစ် သင် စရိုက်လက္ခဏာ သရုပ်ဖော်ရဲသလော။ အကယ်၍ သင်သည် သူတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိပါက သူတို့ကို လေးစားကြည်ညိုဖို့နှင့် သူတို့ကို သဘောတူထောက်ခံဖို့ သေချာသည်။ ဤသို့ဖြစ်နေလျှင် သူတို့၏ အပြုအမူ၊ သူတို့၏ ထင်မြင်ချက်များနှင့် ရှုမြင်ချက်များ၊ သူတို့၏ လုပ်ဆောင်ချက်များအပြင် သမ္မာတရားအား သူတို့၏ သဘောပေါက်နားလည်မှုကပင် သင့်ကို ဧကန်မုချ လွှမ်းမိုးလိမ့်မည်။ ဤအရာများက သင့်ကို မည်သည့်အတိုင်းအတာအထိ လွှမ်းမိုးမည်နည်း။ သင်သည် ထိုအန္တိခရစ်ကို အားကျမည်၊ အတုခိုးမည်၊ တုပြိုင်မည်၊ နောက်လိုက်မည်ဖြစ်ပြီး ယင်းက သင်၏ အသက်ဝင်ရောက်မှုကို ထိခိုက်မည်ဖြစ်သည်။ ယင်းက သင်၏ သမ္မာတရားလိုက်စားမှုနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ထိခိုက်မည်။ ယင်းက ဘုရားသခင်အပေါ် သင်၏ သဘောထားကို ထိခိုက်မည် ဖြစ်သည့်အပြင် ဘုရားသခင်အား သင် အမှန်တကယ် ကျိုးနွံနာခံပြီး အဆုံးတိုင်အောင် ဘုရားသခင်နောက် လိုက်ခြင်းရှိမရှိအပေါ် ထိခိုက်မည် ဖြစ်သည်။ နောက်ဆုံးတွင် ထိုအန္တိခရစ်သည် သင်၏ ဘုရားသဖွယ်ကိုးကွယ်ရသူ ဖြစ်လာမည်။ သူသည် သင်၏ စိတ်နှလုံးထဲတွင် နေရာရလာမည်ဖြစ်ပြီး သူ့ထံမှနေ၍ သင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သင်သည် ဤအတိုင်းအတာအထိ အထင်အမြင်မှားစေခြင်း ခံရသောအခါ သင်၌ ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်သည် တကယ့်ကို မဖြစ်စလောက်သာ ရှိပေသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားပြီဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ပျောက်ဆုံးသွားပြီဖြစ်ပြီး အန္တရာယ်ထဲ ကျလုနီးနီး ဖြစ်နေပြီ။ ထို့ပြင် ဤသည်မှာ သင့်အတွက် ဘေးအန္တရာယ်တစ်ခုလော၊ သို့မဟုတ် ကောင်းချီးမင်္ဂလာတစ်ခုလော။ ယင်းမှာ ဘေးအန္တရာယ်တစ်ခု ဖြစ်သည်မှာ အသေအချာပင်။ ကောင်းချီးမင်္ဂလာ လုံးဝ မဟုတ်ချေ။ သေးငယ်သော အမှုကိစ္စများ၌ အချို့အန္တိခရစ်များက သင့်ကို ကူညီနိုင်ပြီး သင့်အတွက် အကျိုးကျေးဇူးပေးနိုင်သော်လည်း သို့တည်းမဟုတ် သင့်ကို အသိဉာဏ်ပွင့်လင်းစေဖို့အတွက် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောနိုင်သော်လည်း သင့်ကို သူတို့ အထင်အမြင်မှားစေပြီးသည်နှင့် တစ်ပြိုင်နက် သူတို့ကို ကိုးကွယ်ပြီး သူတို့နောက်လိုက်သည်နှင့် တစ်ပြိုင်နက် သင် ဒုက္ခရောက်ပြီ။ သင်သည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်း ဖြစ်ပြီး ကယ်တင်ခြင်း၌ အခွင့်အရေး ဆုံးရှုံးသွားပြီးဖြစ်လိမ့်မည်။ လူအချို့က “ထိုသူတို့သည် စာတန်တစ်ကောင် သို့မဟုတ် ဆိုးယုတ်သောသူတစ်ဦး မဟုတ်၊ ဝိညာဉ်သဘောရှိသောသူ၊ သမ္မာတရား လိုက်စားသောသူတစ်ဦး ဖြစ်ပုံပေါ်ပါသည်” ဟု ပြောကြသည်။ ဤစကားများသည် ခိုင်လုံသလော။ (မခိုင်လုံပါ။) အဘယ့်ကြောင့်နည်း။ သမ္မာတရားကို အမှန်စင်စစ် လိုက်စားသောသူ မည်သူမဆိုနှင့်ဆိုလျှင် သူတို့၏ လမ်းညွှန်ချက်၊ အကူအညီ၊ ထောက်ပံ့ပေးခြင်းတို့နှင့်ပတ်သက်သော လွှမ်းမိုးမှု သို့မဟုတ် အကျိုးကျေးဇူးသည် သင့်အား ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်သွားဖို့အတွက် အသုံးတည့်မည်ဖြစ်ကာ ဤသို့ဖြင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ရှာဖွေကောင်း ရှာဖွေမည်ဖြစ်သည့်အပြင် ဘုရားသခင်၏ ရှေ့မှောက်သို့ သင်လာ၍ သူ့အပေါ် အမှီပြုပြီး သူ့ကိုရှာဖွေတတ်အောင် သင်ယူမည်ဖြစ်သည်။ ထို့ပြင် သူနှင့် သင်၏ ဆက်ဆံရေးသည်လည်း ပို၍နီးစပ်သည်ထက် နီးစပ်လာမည်ဖြစ်၏။ ဆန့်ကျင်ဘက်အားဖြင့် သင်သည် အန္တိခရစ်တစ်ဦး၏ ထားရာနေ စေရာသွားဖြစ်သည်အထိ အန္တိခရစ်တစ်ဦးနှင့် သင်၏ဆက်ဆံရေးက ပို၍ နီးစပ်သည်ထက် နီးစပ်လာပါက မည်သည့်အရာ ဖြစ်လာမည်နည်း။ သင်သည် လမ်းကြောင်းအမှားပေါ် လမ်းလွဲပြီး ကိုယ့်ဒုက္ခကိုယ်ရှာမိလိမ့်မည်။ သင်သည် အန္တိခရစ်တစ်ဦးနှင့် နီးကပ်သော ဆက်ဆံရေးရှိသောအခါ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက ဝေးကွာလာသည်။ ထို့ပြင် ဤအရာ၏ အကျိုးဆက်မှာ အဘယ်နည်း။ ထိုသူသည် သင့်ကို သူ့ရှေ့မှောက်သို့ ခေါ်ဆောင်သွားမည်ဖြစ်ပြီး သင်သည် ဘုရားသခင်ထံမှ ခပ်ခွာခွာနေလိမ့်မည်။ အကယ်၍ သင်၏ စိတ်နှလုံးထဲ၌ ဘုရားသဖွယ်ကိုးကွယ်ရသူတစ်ဦး ရှိလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်အပေါ် အယူအဆများ စတင်၍ ထားရှိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ ဘုရားသဖွယ်ကိုးကွယ်ရသူကို ဖော်ထုတ်သောအခါ သင်သည် ဘုရားသခင်ကို ချက်ချင်းပင် ပုန်ကန်မည်ဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် သစ္စာဖောက်ခြင်းပင် ရှိကောင်းရှိလာမည်ဖြစ်သည်။ သင်သည် သင်၏ ဘုရားသဖွယ် ကိုးကွယ်ရသူဘက်၌ ရပ်တည်ပြီး ဘုရားသခင်ကို ဆန့်ကျင်မည်ဖြစ်သည်။ ဤအရာသည် မကြာခဏ ဖြစ်ပျက်လေ့ရှိ၏။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် ဖြုတ်ချခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံရသောအခါ သူတို့၏ ကြံရာပါများနှင့် လက်ပါးစေများသည် စတင်၍ သူတို့ဘက်၌ ရပ်တည်ပြီး မကျေမနပ်ပြောကြသည်။ အချို့မှာ အပျက်သဘောပင် ဆောင်လာပြီး ဘုရားသခင်ကို ဆက်၍ မယုံကြည်ကြတော့ပေ။ ဤသည်မှာ ဖြစ်နေကျ မဟုတ်လော။ ထို့ပြင် ၎င်းတို့က ဆက်၍ မယုံကြည်ကြသည်မှာ အဘယ့်ကြောင့်နည်း။ ၎င်းတို့က “ကျွန်ုပ်တို့၏ခေါင်းဆောင် ဖြုတ်ချခြင်းခံရပြီး နှင်ထုတ်ခံရပြီ။ သို့ဆိုလျှင် သာမန်ယုံကြည်သူတစ်ဦး အနေဖြင့် ကျွန်ုပ်၌ မည်သည့်မျှော်လင့်ချက် ရှိသနည်း” ဟု ပြောကြသည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ၎င်းတို့၏ စကားများက ၎င်းတို့သည် ထိုအန္တိခရစ်နောက်ကို လိုက်နေကြောင်း၊ ၎င်းတို့သည် ထိုအန္တိခရစ်၏ အထင်အမြင်မှားစေခြင်းကို လုံးလုံးလျားလျား ခံရပြီဖြစ်ကြောင်း ပြညွှန်သည်။ ထို့ပြင် ၎င်းတို့ အထင်အမြင်မှားအောင်ပြုခံရခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ထိုအန္တိခရစ်သည် ၎င်းတို့ ကိုးကွယ်နေသည့် ဘုရားသဖွယ်ကိုးကွယ်ရသူ ဖြစ်သွားပြီ။ ထိုအန္တိခရစ်သည် ၎င်းတို့၏ ဘိုးဘေးများကဲ့သို့ ဖြစ်သွားပြီဖြစ်သည်။ ၎င်းတို့၏ ဘိုးဘေးက နှင်ထုတ်ခံရသည်ဖြစ်၍ ၎င်းတို့သည် အဘယ်သို့ ထွက်ခွာမသွားဘဲ နေတော့မည်နည်း။ ၎င်းတို့သည် ထိုအန္တိခရစ်ကိုသာ နာခံကြပြီး ထိုအန္တိခရစ်၏ အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် ရှိနေကြသည်။ ၎င်းတို့က ထိုအန္တိခရစ် ပြောသမျှနှင့် လုပ်သမျှသည် မှန်ကန်ပြီး သမ္မာတရားအဖြစ် လက်ခံကာ ကျိုးနွံနာခံသင့်သည်ဟု ထင်သောကြောင့် ဘုရားအိမ်တော်ရှိ တစ်ဦးဦးက ထိုအန္တိခရစ်အား ဖော်ထုတ်ပြီး ပြစ်တင်ရှုတ်ချသည်ကို သည်းမခံကြပေ။ ထိုအန္တိခရစ်ကို ဘုရားအိမ်တော်က နှင်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအန္တိခရစ်နောက် လိုက်သောသူတို့က အလိုအလျောက် အသင်းတော်မှ ထွက်သွားကြသည်။ “သစ်ပင်လဲလျှင် မျောက်များ ကွဲလွင့်သည်” ဟူသကဲ့သို့ပင်။ ထိုကဲ့သို့သော အရာများက အန္တိခရစ်များနှင့် သူတို့၏ နောက်လိုက်များသည် ဘုရားသခင်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ဖို့ လာခဲ့သော စာတန်၏ အစေခံများပင် ဖြစ်ကြသည်။ ထိုသူတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ ဖွင့်ဟခြင်း၊ ဖော်ထုတ်ခြင်းနှင့် ပစ်ပယ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းမှာ အဆုံးသတ်သွား၏။ အန္တိခရစ်များ၏ နောက်လိုက်များအားလုံး၌ ရှင်းရှင်းလင်းလင်း သိသာမြင်သာသော အင်္ဂါရပ်တစ်ခု ရှိ၏။ မည်သူ့စကားမျှ နားမဝင်ကြပေ။ ၎င်းတို့က အန္တိခရစ်များကိုသာ အရေးစိုက်ကြသည်။ ထို့ပြင် ၎င်းတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်၍ နားမထောင်တော့ဘဲ ထိုအန္တိခရစ်ကိုသာ ၎င်းတို့၏ သခင်အဖြစ် အသိအမှတ်ပြုကြသည်။ ဤအရာ၌ ၎င်းတို့သည် အထင်အမြင်မှားစေခြင်း ခံရပြီ မဟုတ်လော၊ ၎င်းတို့သည် ထိန်းချုပ်ခြင်းခံနေရသည် မဟုတ်လော။ အန္တိခရစ်များ၏ နောက်လိုက်များကသာ ထိုအန္တိခရစ်များအတွက် ကာကွယ်ဖို့ ကြိုးစားမည်ဖြစ်သည်။ ထိုအန္တိခရစ်များ ဖော်ထုတ်ခြင်းနှင့် ထုတ်ဖော်ခြင်း ခံရသောအခါ ထိုသူတို့နောက်လိုက်သော လူတို့သည် သူတို့အတွက် စိုးရိမ်ကြောင့်ကြလာပြီး သူတို့အတွက် မျက်ရည်ကျကာ သူတို့ကိုယ်စား မကျေမနပ် ပြောသည့်အပြင် သူတို့ကို ကာကွယ်ဖို့ ကြိုးစားကြသည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်ကို ၎င်းတို့ မေ့လျော့သွားပြီး ဘုရားသခင်ထံ နောက်ထပ် ဆုမတောင်းတော့ သို့မဟုတ် သမ္မာတရားကို မရှာဖွေတော့ချေ။ ၎င်းတို့လုပ်သမျှမှာ ထိုအန္တိခရစ်များကို ကာကွယ်ခြင်းနှင့် သူတို့အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကိုပင် နောက်ထပ် အသိအမှတ် မပြုတော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသလော။ မည်သူ့ကို ၎င်တို့ တကယ်ယုံကြည်ကြသနည်း။ ဤသည်မှာ သိသိသာသာပင် ရှင်းနေပြီးသား ဖြစ်သည်။ ၎င်းတို့ မည်သည့်အရာ ပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ အန္တိခရစ်များ၌ ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ လူတို့ကို ဦးဆောင်ဖို့၊ ၎င်းတို့၏ သခင်လုပ်ဖို့ဖြစ်ပြီး သူတို့သည် လူတိုင်းကို သူတို့အား ကျိုးကျိုးနွံနွံ လိုက်နာပြီး နာခံစေကာ နောက်ဆုံးတွင် သူတို့ကို ဘုရားကဲ့သို့ သဘောထားစေလိုသည်။ ဤသည်မှာ ပေါလုလျှောက်ခဲ့သည့် လမ်းကြောင်းနှင့် မည်ကဲ့သို့ ကွဲပြားသနည်း။ ပေါလု၏အလုပ်သည် အပြီးသတ်ပိုင်း ရောက်ရှိသောအခါ သူ၏ စိတ်နှလုံးထဲရှိသည့် စကားများကို ပြောခဲ့သည်။ သူ့အတွက် အသက်ရှင်ခြင်းက ခရစ်တော်ဖြစ်သည်ဟု ပေါလုဆိုခဲ့ပြီး ဤအရာကို ပြောရာ၌ သူ၏ရည်ရွယ်ချက်မှာ သခင်၌ ယုံကြည်သောသူ အားလုံးကို သူ့အား အတုခိုးစေဖို့၊ သူ့နောက်လိုက်စေဖို့နှင့် သူ့အား ဘုရားကဲ့သို့ သဘောထားစေဖို့ ဖြစ်ခဲ့လေသည်။ ဤသည်မှာ ဤစကားများကို ပြောရာ၌ ပေါလု၏ ရည်ရွယ်ချက်ဖြစ်ခဲ့သည် မဟုတ်လော။ ထို့ပြင် အကယ်၍ ထိုအန္တိခရစ်များ၏ အလုပ်သည် လူတို့က သူတို့အား ကိုးကွယ်ပြီး နာခံသည့်အဆင့်သို့ အမှန်တကယ် ရောက်ရှိပါက ဘုရားသခင်သည် ဤလူတို့၏ စိတ်နှလုံးများထဲ၌ နောက်ထပ် နေရာရတော့မည် မဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးများကို ထိုအန္တိခရစ်များက ရယူထားပြီးသား ဖြစ်ပေမည်။ ဤသည်မှာ အကျိုးဆက်ဖြစ်၏။ သင်သည် အန္တိခရစ်တစ်ဦး၏ အထင်အမြင်မှားစေခြင်း ခံရဖို့ မစိုးရိမ်ကြောင်း၊ အန္တိခရစ်တစ်ဦး နောက်လိုက်ဖို့ သင် မကြောက်ရွံ့ကြောင်း ဆိုသော်လည်း ဤသို့ဆိုခြင်း၌ အကျိုးမရှိချေ။ ဤသည်မှာ မရေရာသော စကားပင်ဖြစ်၏။ ဤသည်မှာ သင်သည် သမ္မာတရားကို မလိုက်စားဘဲ လူတို့ကို အမြဲတမ်း ကိုးကွယ်ပြီး နောက်လိုက်နေပါက မသိလိုက်မီတွင်ပင် သင်သည် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လိမ့်မည် ဖြစ်သောကြောင့်ပင်။ ဘုရားသခင်ကို နှစ်အတန်ကြာ ယုံကြည်လာသော်လည်း အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ကင်းမဲ့သည့်အပြင် သမ္မာတရားနှင့် အသက်ကို ရရှိမထားသည်သာမက ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်လာခြင်းသည် အန္တိခရစ်များနောက်လိုက်ခြင်း၏ အဆုံးစွန်သော အကျိုးဆက်ဖြစ်ပြီး ယင်းမှာ သင်ဖယ်ရှားရန် အားထုတ်၍မရနိုင်သော အရာတစ်ခု၊ မပြောင်းလဲနိုင်သော အဖြစ်မှန်တစ်ခုပင် ဖြစ်၏။ ယင်းမှာ တစ်စုံတစ်ဦးက လျှပ်စစ်စီးကြောင်းတစ်ခုကို ထိမိသကဲ့သို့ပင်။ ၎င်းတို့သည် ဓာတ်လိုက်ခံရဖို့ သေချာ၏။ အချို့က “ကျွန်ုပ် ထိုအရာကို မယုံကြည်ပါ။ ကျွန်ုပ် မကြောက်ပါ” ဟု ပြောကောင်းပြောမည် ဖြစ်သော်လည်း ယင်းမှာ သင် ယုံကြည်သည်၊ မယုံကြည်သည် သို့မဟုတ် သင် ကြောက်သည်၊ မကြောက်သည်နှင့်ဆိုင်သည့် ကိစ္စတစ်ခု ဟုတ်သလော။ လျှပ်စီးကြောင်းကို ထိကြည့်လော့၊ ကျင်ခနဲဖြစ်သွားပြီ။ သင် ဓာတ်လိုက်ခံရမည်။ ယင်းကို မယုံကြည်ခြင်းက အကူအညီပေးမည် မဟုတ်ပေ။ ယင်းကို မယုံကြည်ခြင်းက မသိနားမလည်မှုဖြစ်သည်။ ထိုသို့ ပြောခြင်းသည် တာဝန်မဲ့သော အရာတစ်ခုဖြစ်၏။ သို့ဖြစ်၍ သင်သည် အန္တိခရစ်တစ်ဦးနောက်သို့ လိုက်ဖို့ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် သမ္မာတရားကို မလိုက်စားဘဲ သင်၏ကြိုးပမ်းမှုများကို ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အမြဲတမ်း ရည်ရွယ်ထားပါက သင်သည် အန္တိခရစ်များ၏ လမ်းကြောင်းအပေါ် အစပျိုးနေပြီးသား ဖြစ်သည်။ ဤအကျိုးဆက်က ပင်လယ်ထဲတွင် မျောနေသော သင်္ဘောပျက် အပိုင်းအစက ရေမျက်နှာပြင်ပေါ် တက်လာသကဲ့သို့ သူ့ဘာသာသူ တစ်စတစ်စနှင့် ပေါ်လာမည်ဖြစ်သည်။ ဤအရာကို ရှောင်လွှဲ၍မရပေ။ ထိုအန္တိခရစ်များ ပြုလုပ်သည့်အရာမှာ လူတို့ကို သူတို့ရှေ့မှောက်သို့ ခေါ်ဆောင်လာဖို့ ဖြစ်သည်။ သူတို့သည် ၎င်းတို့အား ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို လက်ခံရမည့်အစား၊ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရမည့်အစား မိမိတို့၏ ထိန်းချုပ်မှုနှင့် ကြိုးကိုင်ညွှန်ကြားခြင်းကို လက်ခံအောင် ပြုလုပ်ကြသည်။ အန္တိခရစ်များသည် လူတို့ကို စည်းရုံးသိမ်းသွင်းလိုကြသည်။ ၎င်းတို့ကို ရယူလိုကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အားလုံးကို ထိန်းချုပ်ရန်၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို သူတို့၏ လက်ထဲ၌ ထိန်းချုပ်ရန်ဖြစ်သည်။ သူတို့သည် လူကုန်ကူးသူများ ဖြစ်ကြ၏။ ထို့ပြင် အန္တိခရစ်များသည် လူတို့အား ထိန်းချုပ်ဖို့ သူတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိဖို့ မည်သည့်အရာကို အသုံးချသနည်း။ သူတို့က လူတို့ကိုးကွယ်သော ဝိညာဉ်ရေးရာ အယူဝါဒကို အသုံးချသည်။ ဟုတ်မှန်သယောင်ရှိသော သဘောတရားများကို အသုံးချသည်။ သဘောတရားကို ကိုးကွယ်ခြင်းဟူသည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်နေစိတ်ထားကို ပေါက်တတ်ကရ ပြောပြီး စိတ်ဝင်စားအောင် ကွန့်ညွန့်ဖို့၊ လူတို့အား အထင်အမြင်မှားစေဖို့ ကောင်းကောင်း အသုံးချကြသည်။ အတိုချုပ်အားဖြင့် ထိုသူတို့ပြောသမျှမှာ စကားလုံးများနှင့် အယူဝါဒများ၊ အနှစ်မဲ့သော သဘောတရား၊ ဟုတ်မှန်သယောင်ရှိပြီး သမ္မာတရားကို ဆန့်ကျင်သည့် အရာများသာ ဖြစ်၏။ အကယ်၍ လူတို့သည် သမ္မာတရားကို နားမလည်လျှင် အထင်အမြင်မှားအောင် လုပ်ခြင်းခံရမည်မှာ အသေအချာပင်။ အနည်းဆုံး အနေဖြင့် ၎င်းတို့သည် အသိတရားပြန်မရလာမီအထိ အချိန်ကာလတစ်ခုမျှ အထင်အမြင်မှားအောင် လုပ်ခြင်းခံရမည် ဖြစ်သည်။ ၎င်းတို့ တကယ် အသိတရားရလာသည့်အချိန်သည် ထိုအန္တိခရစ်များ၏ ဇာတိရုပ်ကို ဖော်ထုတ်သောအချိန် ဖြစ်ကာ ထိုအချိန်တွင် ၎င်းတို့ အဆုံးစွန် နောင်တရလိမ့်မည်ဖြစ်သည်။ အန္တိခရစ်များနောက်လိုက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆုံးရှုံးခဲ့သည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် ဘုရားသဖွယ် ကိုးကွယ်ရသူများကို ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ကိုးကွယ်သောကြောင့်၊ လူတို့နောက်ကို လိုက်သောကြောင့်ဖြစ်သည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရပြီး ဘုရားသခင်က ၎င်းတို့ကို ထိုသူတို့အား ထုတ်ဖော်ဖို့အတွက် အခြားတစ်ဖက်သို့ ဘေးဖယ်ထားသောကြောင့် ဖြစ်၏။ ထို့ကြောင့် အန္တိခရစ်များနောက်လိုက်ခြင်းသည် အလွန်အမင်း အန္တရာယ်ရှိ၏။ အန္တိခရစ်များကဲ့သို့ပင် အန္တိခရစ်များနောက်လိုက်သော လူတို့ကို ဘုရားသခင် စက်ဆုပ်ရွံရှာမှု အရှိဆုံးဖြစ်သည်။ ထို့ပြင် ဤလူတို့အား အခြားတစ်ဖက်သို့ ဘေးဖယ်ထားရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အနေဖြင့် အသိတရားရလာဖို့၊ ထိုအန္တိခရစ်များကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်နိုင်ဖို့နှင့် ဤအန္တိခရစ်များအား လုံးလုံးလျားလျား ငြင်းပယ်ဖို့ စောင့်ဆိုင်းရန်ဖြစ်ကာ ထိုအချိန်တွင် ထိုအန္တိခရစ်များ၏ အဆုံးသတ် နေ့ရက်များက ရောက်လာပြီဖြစ်လိမ့်မည်။ ထိုအန္တိခရစ်များ ပြုလုပ်သည့် အရာတိုင်းသည် လူတို့အတွက် အန္တရာယ်ရှိသည်မဟုတ်လော။ ထိုသူတို့သည် သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်ဖို့ ကြိုးစားကြသည်။ သူတို့သည် လူတို့အား သမ္မာတရား လိုက်စားခွင့်မပြု။ သူတို့သည် ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံခြင်းမရှိဘဲ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို မိမိတို့နောက်လိုက်စေရန် အထင်အမြင်မှားအောင်လုပ်ဖို့ ကြိုးစားကြသည်။ ဤအရာအားလုံးက ထိုအန္တိခရစ်များ၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံသည့် စိတ်နှလုံး သို့မဟုတ် သမ္မာတရားအား ချစ်မြတ်နိုးခြင်း မည်သည့်နည်းနှင့်မျှ မရှိကြောင်း ပြသည်။ ထိုအစား သူတို့သည် ဘုရားသခင်အား ဆန့်ကျင်ပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့ကိုရဖို့ ဘုရားသခင်နှင့် တုပြိုင်ရန် မိမိတို့အတွက် အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ကြံဖန်လုပ်ယူနိုင်မည့် နည်းလမ်းဟူသမျှကို စဉ်းစားကာ နောက်ဆုံးတွင် ဘုရားသခင်အား ဆန့်ကျင်သည့် သူတို့၏ကိုယ်ပိုင်နိုင်ငံကို ဖန်တီးကြ၏။ ထိုအရာအားလုံးက အန္တိခရစ်များသည် လူ့ဇာတိခံဘုရားသခင်ကို အသေအကြေတိုက်မည့် ရန်သူများ ဖြစ်ကာ ဘုရားသခင်၏ ဖျက်ဆီးခြင်း တကယ်ခံရမည့်သူများ ဖြစ်ကြသည်။ ဘုရားသခင်အား လူတို့၏ ယုံကြည်မှုတွင် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်း ခံရသည်ထက် ပို၍ အန္တရာယ်ရှိသောအရာ မရှိပေ။ အကယ်၍ လူတို့သည် အန္တိခရစ်များနောက်သို့ စတင်လိုက်နေပြီးသားဖြစ်ပါက ၎င်းတို့သည် ထိုအန္တိခရစ်များဘက်၌ လုံးလုံးလျားလျား ရှိနေပြီးသားဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်သွားသော လူတို့ဖြစ်ကြပြီး ဘုရားသခင်နှင့် ဆန့်ကျင်လျက် ရှိနေကြကာ ဤသို့ဖြစ်နေလျှင် ၎င်းတို့၏ အဆုံးသတ်မှာ အလွန်ပင် သိသာထင်ရှားပေသည်။
ယင်းမှာ သမ္မာတရား လိုက်စားသည့်လူများကို အန္တိခရစ်တို့က မည်သို့ ကြဉ်ထားပြီး တိုက်ခိုက်သည့်အကြောင်း မိတ်သဟာယပြုစရာ ရှိသမျှအကုန်နီးပါး ဖြစ်ပေသည်။ သမ္မာတရားကို လိုက်စားသည့် လူများကို ၎င်းတို့ ကြဉ်ထားပြီး တိုက်ခိုက်ရာ၌ ၎င်းတို့၏ရည်ရွယ်ချက်၊ အကြံနှင့် သမ္မာတရား လိုက်စားသည့်လူများကို ၎င်းတို့ ဆက်ဆံသည့် သဘောထား၊ နည်းစနစ်များနှင့် နည်းနိဿယများအပြင် အန္တိခရစ်တို့အပေါ် သမ္မာတရားကို လိုက်စားသည့်လူများ ထားရှိသင့်သည့် ဆောင်ရွက်ပုံနည်းလမ်းများဖြစ်သော ဤအရာတစ်ခုချင်းစီကို အနည်းအကျဉ်း ငါတို့ မိတ်သဟာယပြုပြီးဖြစ်သော်ငြားလည်း အကုန်အစင် မဟုတ်သေးပေ။ လာလတ္တံ့သော မိတ်သဟာယသည် သတ်သတ်မှတ်မှတ်ရှိသော အခြေအနေများ၊ သတ်သတ်မှတ်မှတ်ရှိသော ကိစ္စရပ်များနှင့် လိုက်လျောညီထွေ ဖြစ်သည့်အခါ ဤနယ်ပယ်များရှိ သမ္မာတရား ပါဝင်ပတ်သက်နိုင်ပေသည်။ ထိုကဲ့သို့ သတ်သတ်မှတ်မှတ်ရှိသည့် အကြောင်းအရာကိစ္စကို မိတ်သဟာယပြုသောအခါ ထိုဒေသနာကို ကြားနာသူများ၌ မည်သည့်သဘောထားကို ပိုင်ဆိုင်ရမည်နည်း။ ၎င်းတို့သည် အာရုံစိုက်ရမည်၊ ဘုရားသခင်ရှေ့မှောက်တွင် မိမိတို့ကိုယ်ကို အာရုံမထွေပြားဘဲ ငြိမ်သက်နေရမည်။ အဘယ့်ကြောင့်ဆိုသော် သမ္မာတရား၏ လက္ခဏာသွင်ပြင်တိုင်း၌ သတ်သတ်မှတ်မှတ်ရှိသော ပြောဆိုချက်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ ရှိပြီး တစ်ခုချင်းစီတွင် သတ်သတ်မှတ်မှတ်ရှိသော အကြောင်းအရာနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ ပါရှိလေသည်။ ထိုမျှမက အကြောင်းအရာတစ်ခုစီ၏ နယ်ပယ်အတွင်းရှိ သမ္မာတရားသာမက လူတို့နားလည်သင့်သည့် သမ္မာတရားများနှင့် ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် လမ်းကြောင်းတို့ ပါဝင်သည့် အယူအဆအပေါ်အခြေခံသော အရာများကို ရှုထောင့်အမျိုးမျိုးနှင့် နည်းလမ်းအမျိုးမျိုးမှ ငါတို့ပြောကြမည်။ ဤအရာအားလုံးကို ရလဒ်များ မထွက်မီ ရှင်းလင်းသည်အထိ မိတ်သဟာယပြုရန်နှင့် အချိန်ယူ စဉ်းစားရန် လိုအပ်သည်။ လူတစ်ဦး၏ တာဝန်ထမ်းဆောင်ခြင်း၌ ပါဝင်သည့် သမ္မာတရားစည်းမျဉ်းများသည် လူတို့ထင်သလောက် မရိုးရှင်းကြောင်း ငါတို့၏ အသေးစိတ်ကျသော မိတ်သဟာယပြုချက်မှနေ၍ ငါတို့ ယခု တွေ့မြင်ရလေသည်။ သမ္မာတရားအား နားလည်ခြင်းသည် သဘောပေါက်နားလည်နိုင်စွမ်း မရှိသောသူတို့အတွက် တကယ့်အခက်အခဲကို ရင်ဆိုင်စေသည်။ သမ္မာတရားကို နားလည်ခြင်းသည် တက္ကသိုလ်တက်သကဲ့သို့ အခက်အခဲအတိုင်းအတာတစ်ခုခု လိုအပ်သော်လည်း လူတစ်ဦးတွင် သဘောပေါက်နားလည်နိုင်စွမ်း ရှိပါက ခက်ခဲသည်ဟု ထင်ရမည် မဟုတ်ပေ။ လူတစ်ဦးသည် သမ္မာတရားကို ကြားရပြီးနောက် နားလည်နိုင်သရွေ့ ယင်းကို လက်တွေ့လုပ်ဆောင်ဖို့ရန် သူ၌ ပင်ကိုအားဖြင့် လမ်းကြောင်းတစ်ခု ရှိလာမည်ဖြစ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ လေ့ကျင့်လေလေ လက်တွေ့လုပ်ဆောင်ရာတွင် သူ၏လမ်းကြောင်းက ပို၍ ကျယ်ပြန့်လေလေဖြစ်ပြီး စည်းမျဉ်းများအား ပို၍အတိအကျ နားလည်သဘောပေါက်မှု သူ၌ ရှိလာမည် ဖြစ်သည်။ တစ်ဖက်တွင် ထိုသို့သော အသေးစိတ်ကျသည့် မိတ်သဟာယကို သင်နားမထောင်ဘဲ ခြုံငုံကောက်ချက်ချထားပြီး အယူအဆအပေါ် အခြေတည်သော အရာများကိုသာ နားလည်ပါက လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာလျှင် သင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ သင်သည် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေသည့်အခါ သင်လုပ်သမျှ အရာတိုင်းက မှားနေသည့်ပုံပေါက်မည်ဖြစ်ပြီး သင်သည် မည်သည့်အရာကို လုပ်ဆောင်ပါစေ ယင်းတို့ကို တိကျမှန်ကန်စွာ နားလည်နိုင်ခြင်းမရှိဟု ခံစားရလိမ့်မည်။ သို့ရာတွင် ယခုမူ ထိုသို့သော ခိုင်လုံသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် အသေးစိတ်ဖော်ပြချက်များဖြင့် နယ်ပယ် ကျဉ်းမြောင်းလာပြီး သမ္မာတရားက တိတိကျကျ သတ်မှတ်လိုက်သည့်အခါ ယင်းသည် အသေးစိတ်ကျသောကြောင့် သမ္မာတရားကို တစ်ဖန် စတင် လက်တွေ့လုပ်ဆောင်သည့်အခါ သင်သည် များစွာ လွတ်လပ်လိမ့်မည် ဖြစ်သည်။ သာဓကအနေဖြင့် သင့်အား ငါ မှတ်စုစာအုပ်တစ်အုပ် ဝယ်ခိုင်းသည်ဟု ဆိုကြပါစို့။ သင့်အား ယင်း၏အရွယ်အစား၊ အထူအပါးနှင့် ဈေးနှုန်းတို့ကဲ့သို့ အခြေခံလိုအပ်ချက်များသာ ငါပေးပါက သင့်အနေဖြင့် ဤစည်းမျဉ်းများကို နားလည်ဖို့နှင့် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့ ကြိုးပမ်းအားထုတ်မှု အချို့ လိုကောင်းလိုနိုင်သည်။ သို့သော် မှတ်စုစာအုပ်၏ တိကျသော အရောင်၊ အရွယ်အစား၊ စာမျက်နှာ အရေအတွက်၊ ပုံစံအချိုးအစား အတိအကျကဲ့သို့သော အရာများနှင့် စာရွက်အရည်အသွေး အစရှိသည့် အရာများကို သင့်အား ငါပြောပြပါက ထိုသို့သော အသေးစိတ်အချက်အလက်များကို သင်သိရှိရပြီးနောက် သင်နားလည်သည့် စည်းမျဉ်းများသည် သာ၍ ခိုင်လုံမည် မဟုတ်လော။ ငါသာ သင့်အား စာရွက်တစ်ရွက်ပေးပြီး ထိုစာရွက်နှင့် တစ်ထပ်တည်း အရည်အသွေး၊ အထူအပါး၊ အရောင်၊ အကွက်အရွယ်များနှင့် အရေအတွက် ပါရှိသည့် မှတ်စုစာအုပ်တစ်အုပ်ကို ဝယ်ခိုင်းလျက် သာ၍ တိကျပါက သို့မဟုတ် အင်္ဂါရပ်တစ်ခုချင်းစီအတွက် လက်သင့်ခံနိုင်သော ခြားနားချက်အပေါ် ငါ သတ်မှတ်ချက်များပေးပါက သင် သွားဝယ်သည့်အခါ ရွေးချယ်မှု အမျိုးမျိုးသည် နည်းသွားမည် မဟုတ်လော။ (နည်းသွားမည်ဖြစ်ပါသည်။) သင် လက်တွေ့လုပ်ဆောင်သည့်အခါ ဆီလျော်သော စည်းမျဉ်းများသည် သင့်အတွက် သာ၍ ခိုင်လုံပြီး တိုး၍ ရိုးရှင်းလာသည် မဟုတ်လော။ ဤအရာက သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့် ပတ်သက်လာလျှင် သင့်အား အထောက်အကူပေးမည်လော၊ သို့မဟုတ် အနှောင့်အယှက်ပေးမည်လော။ (ယင်းက အထောက်အကူပေးလိမ့်မည်။) အမှန်တွင် သမ္မာတရား၏ အမျိုးမျိုးသော လက္ခဏာသွင်ပြင်များကို သာ၍ ခိုင်လုံစွာနှင့် သာ၍ အသေးစိတ်ကျကျ ပြောထားပြီးဖြစ်သည့်အပြင် သီးသန့်အရေးကိစ္စများ၊ အထူး သရုပ်သကန်များကို မည်သို့ သဘောထားကိုင်တွယ်ရမည်ဟူသော အသေးစိတ်များကိုလည်းကောင်း၊ လက်တွေ့လုပ်ဆောင်နည်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်အထိလည်းကောင်း ဤအရာအားလုံးကို သင့်အား စေ့စေ့စပ်စပ် ပြောပြီးဖြစ်သောကြောင့် ယင်းက အထောက်အကူ ဖြစ်လောက်ပေသည်။ သင်သည် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသေးပါက သမ္မာတရားကို သဘောပေါက်နားလည်ဖို့ သင်၌ မည်သည့် စွမ်းရည်မျှ မရှိချေ။
ယခု သင်တို့၌ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိမရှိဟူသည်မှာ သင်တို့အနေဖြင့် သမ္မာတရားကို ရရှိပြီး စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရနိုင်ခြင်း ရှိမရှိဟူသည့်ကိစ္စအတွက် အခရာဖြစ်သည်။ ယခုတွင် တာဝန်တစ်ခုချင်းစီကို ထမ်းဆောင်သည့် အမှုထမ်းများအရ စံနှုန်းပြည့်မီသော တာဝန်ထမ်းဆောင်မှုနှင့် ဆက်စပ်သည့် သမ္မာတရားများကို အမျိုးအစားခြောက်မျိုးအဖြစ် ငါ ခွဲခြားသည်အထိ ပြောခဲ့ပြီးပြီ။ ထိုအမျိုးအစားတစ်ခုကို တိကျသော အမျိုးအစားများအဖြစ် ထပ်ဆင့် ခွဲထားပြီး အမျိုးအစားတစ်ခု၌ အသေးစိတ်ကျသော မိတ်သဟာယပြုချက် ခေါင်းစဉ်ခွဲများ ရှိသည်။ သင်တို့၏ကိစ္စတွင် ဤတရားဟောချက်မျိုးနှင့် ထိုသို့သောသမ္မာတရားများအား မိတ်သဟာယပြုချက်က သင်တို့အား သမ္မာတရားကို ပို၍နားလည်စေပြီး လက်တွေ့လုပ်ဆောင်ရမည့် စည်းမျဉ်းများကို ပိုပေးသလော၊ သို့မဟုတ် ယင်းက စည်းမျဉ်းများကို ရှာတွေ့ဖို့ ပို၍ခက်ခဲစေသလော။ (ထိုအရာကြောင့် ကျွန်ုပ်တို့တွင် ပိုများသော စည်းမျဉ်းများရှိသည်။) ယင်းက ပို၍ကြီးမားသော နားလည်ခြင်းသို့ ဆိုက်ရောက်စေသင့်သည်ဖြစ်၍ ငါ၏ အသေးစိတ်ကျသော ဒေသနာသည် သင်တို့အတွက် အသုံးတည့်လောက်သည်။ ယင်းက သင်တို့ကို ပို၍ရှုပ်ထွေးမှုမဟုတ်ဘဲ ပို၍ရှင်းလင်းမှုကို ပေးရမည်။ လူတစ်ဦးသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းရှိမရှိသာ အဓိကဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည့် အစွမ်းအစကောင်းရှိသော လူတစ်ဦး အမှန်တကယ်ဖြစ်ပါက သူသည် ပို၍ပို၍ ရှင်းလင်းနားလည်လာမည် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် အစွမ်းအစညံ့ဖျင်းပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပါက သူသည် နားလည်နိုင်စွမ်း ပို၍လျော့နည်းမည်ဖြစ်ပြီး ပို၍ပို၍သာ ရှုပ်ထွေးလာမည် ဖြစ်သည်။ အချို့က “ကျွန်ုပ် အနည်းငယ် နားလည်ခဲ့သည်ဟု ထင်နေကျဖြစ်သော်လည်း ယခုတွင်မူ ကျွန်ုပ်အထဲ၌ မည်သည့်အရာမျှ မရှိတော့သည့်အလား ကြားရလေလေ ရှုပ်ထွေးလေလေ ဖြစ်သည်။ ယင်းမှာ မည်သည့်အရာ ဖြစ်ပျက်နေသနည်း” ဟု ပြောကောင်း ပြောကြမည်။ အကယ်၍ အသက်ဝင်ရောက်မှုအကြောင်း ပြောပြချက်က အသေးစိတ်ကျလွန်းသွားပါက လူတို့တွင် အတွေ့အကြုံကင်းမဲ့ပြီး အစွမ်းအစညံ့ဖျင်းလျှင် နားလည်ဖို့ခက်ခဲသည်။ ပြောပြချက်က အသေးစိတ်ကျလေလေ အစွမ်းအစညံ့ဖျင်းသော လူတို့မှာ ပို၍ပို၍ ရှုပ်ထွေးသွားတတ်သည်။ ၎င်းတို့သည် အဘယ့်ကြောင့် ပို၍ ရှုပ်ထွေးသွားရသနည်း။ ဤအရာ၌ အခြေအနေအချို့ရှိ၏။ တစ်ခုမှာ ထိုကဲ့သို့သော လူတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် သီးခြားအခြေအနေ တစ်ခုက မည်သည့်အရာဖြစ်သည်ကို နားမလည်ပေ။ ဤအရာများကို ၎င်းတို့ နားမလည်ပေ။ ဤအနေအထားမှာ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သည့်အနေအထား ဖြစ်၏။ ထိုကဲ့သို့သော လူတို့နှင့်ဆိုလျှင် နောက်ဆုံး ဆောင်ရွက်စရာ တစ်ခုတည်းရှိ၏။ အမိန့်များကို လိုက်နာဆောင်ရွက်ဖို့ စက်ရုပ်တစ်ရုပ်အား လိုအပ်သလို စီစဉ်ညွှန်ကြားသကဲ့သို့ပင် ၎င်းတို့အပေါ် အမှုအရာများ ကျရောက်သောအခါ မည်သည့်အရာ ပြုလုပ်သင့်ကြောင်း ၎င်းတို့အား တိတိကျကျ ပြောပြခြင်းပင်ဖြစ်သည်။ ၎င်းတို့အား စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းစေခြင်းသည်ပင် လုံလောက်၏။ ဤနည်းစနစ်က ထိုသို့သော လူတို့၌ ရလဒ်များကို ထွက်ပေါ်စေနိုင်သည်။ ၎င်းတို့အတွက် အခြားနည်းလမ်း မရှိပေ။ လက်ဆုပ်လက်ကိုင် အပြနိုင်ဆုံးသော အရာများအထိ အသေးစိတ်အကျဆုံးပုံစံဖြင့် စကားပြောခြင်း၊ လက်ဆုပ်လက်ကိုင် အပြနိုင်ဆုံးသော အရာများအထိ ရှင်းလင်းပြောပြခြင်း ဟူသည့် ဤနောက်ဆုံးဆောက်ရွက်ချက်ကို ယခု ငါ အသုံးပြုနေသည်။ လူအချို့က ၎င်းတို့သည် နားမလည်သေးဟု ဆိုကြသဖြင့် ငါသည် ဆက်လက်၍ ၎င်းတို့၌ ဖြစ်ပေါ်လာသည့် မည်သည့်အရာမဆို မည်သို့ သဘောထားပြီး ကိုင်တွယ်ရမည်ကို ၎င်းတို့အား တိတိကျကျ ပြောပြမည် ဖြစ်သည်။ ၎င်းတို့အား စည်းမျဉ်းများကို ထိန်းသိမ်းအောင်လုပ်နေခြင်း ဖြစ်သည်။ ဤသည်မှာ ငါတတ်နိုင်သမျှ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၌ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိပေ။ လူတိုင်း၏ အခြေအနေမှာ အတိအကျ တူညီသည်မဟုတ်သော်လည်း ခြားနားချက်က အနည်းငယ်သာ ဖြစ်သည်။ အကယ်၍ သင်တို့သည် ငါ့ကို ထိုခြားနားချက်များ တစ်ခုချင်းစီကို သင်တို့အား တိတိကျကျနှင့် ရှင်းရှင်းလင်းလင်း ပြောခိုင်းသည်ဆိုလျှင် သင်တို့သည် အစွမ်းအစ ညံ့ဖျင်းသောသူ များပြားလွန်းသည်ဖြစ်၍ အားလုံးကို ခြုံငုံနိုင်ဖို့ ငါတစ်ယောက်တည်းနှင့် လက်မလည်နိုင်ဖြစ်မည်။ အလုပ်၏ ထိုအပိုင်းကို လုပ်ဆောင်ဖို့အတွက် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းရှိသော သင်တို့အတွက် လိုအပ်မည်ဖြစ်သည်။ ငါသည် မိမိ၏ အလုပ်ကို စေ့စေ့စပ်စပ် လုပ်ဆောင်ခဲ့ပြီးသားဖြစ်၏။ အားထုတ်ပေးဆပ်နိုင်သမျှမှာ ဤမျှသာဖြစ်သည်။ ငါ တတ်နိုင်သမျှကို လုပ်ဆောင်ပြီးပြီ။ လူ့ဇာတိ၌ရှိသော ဘုရားသခင် လုပ်ဆောင်သည့် အလုပ်အားလုံးနှင့် ပြောသည့် စကားအားလုံးမှာ သာမန်လူတစ်ဦးအတွက် နားလည်နိုင်စရာ ဖြစ်ပြီး ရရှိနိုင်စရာ ဖြစ်၏။ ယင်းမှာ ပုံမှန်လူ့သဘာဝ၏ စဉ်းစားဉာဏ်နှင့် တုံ့ပြန်ချက်များရှိသော လူတို့၌ လုပ်ဆောင်၍ရနိုင်သည့် အတိုင်းအတာဖြစ်၏။ အချို့က “ဘုရားသခင်သည် ထူးဆန်းသော တန်ခိုးများကို ပြုလုပ်မည်မဟုတ်လော” ဟု မေးကြသည်။ ဘုရားသခင်သည် ထူးဆန်းသော တန်ခိုးများကို မပြုလုပ်ပေ။ ဤအရာများအားလုံးကို စစ်မှန်ပြီး လက်တွေ့ကျသော နည်းလမ်းဖြင့် လုပ်ဆောင်ရန် လိုအပ်သည်။ ယင်းမှာ အဆင့်သုံးဆင့်ရှိသည့် ဘုရားသခင်၏ အလုပ်ကဲ့သို့သော ဖြစ်၏။ လူသားမျိုးနွယ်အား ၎င်းတို့၏ အသက်များထဲသို့ ခေါ်ဆောင်သွားဖို့ ၎င်းတို့အတွက် သူ၏ ဥပဒေထုတ်ပြန်ကြေညာချက်ဖြင့် အစပြုလျက် ကားစင်တင်သတ်ခံရခြင်းနှင့် ရွေးနုတ်ခြင်းအမှု လုပ်ဆောင်ခြင်းအထိ၊ ထို့ပြင် ထိုမှနေ၍ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းက လူသားမျိုးနွယ်ကို ကယ်တင်သည့်၊ သမ္မာတရားများအားလုံးကို ဖော်ပြသည့် နောက်ဆုံးသောကာလအထိ အဆင့်တစ်ခုစီတိုင်းကို လူသားနှင့် မျက်နှာချင်းဆိုင် စကားပြောပြီး အလုပ်လုပ်ကာ စစ်မှန်သော၊ လက်တွေ့ကျသော နည်းလမ်းဖြင့် လုပ်ဆောင်လေသည်။ ယင်း၌ မည်သည့် ထူးဆန်းသောတန်ခိုးမျှ မရှိချေ။ အကြီးမားဆုံး ထူးဆန်းသော တန်ခိုးမှာ ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ စကားပြောပြီး အလုပ်လုပ်ခြင်းဖြစ်ပြီး မည်သည့်နည်းလမ်းကို သူအသုံးပြုသည်ဖြစ်စေ နောက်ဆုံးတွင် သူသည် လူတစ်စုကို စုံလင်အောင်ပြုပြီး ရရှိမည့်အကြောင်းပင် ဖြစ်သည်။ ဤအရာသည် ဧကန်မုချ ဖြစ်မြောက်အောင်မြင်မည် ဖြစ်သည်။ ယင်းက အချိန်နှင့်သာဆိုင်၏။ ဤသည်မှာ အကြီးမားဆုံးသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများဖြစ်ပြီး ဘုရားသခင်သည် လူသား၏ စိတ်နှလုံးထဲ၌ သမ္မာတရားကို အမှုပြုဖို့အတွက် အခြား သဘာဝလွန် နည်းလမ်းကိုမျှ အသုံးချမည် မဟုတ်ပေ။ ယခုတွင် ဤသမ္မာတရားများကို ထိုမျှအသေးစိတ်ဖြင့် မိတ်သဟာယပြုထားပြီး ဖြစ်ကာ အကယ်၍ သင်၌ သဘောပေါက်နားလည်နိုင်စွမ်းရှိပြီး သမ္မာတရားကို လိုက်စားသောသူ အမှန်တကယ် ဖြစ်ပါက၊ ထို့နောက် အမှန်ပင် အလေးဂရုပြုပြီး အနည်းငယ် ကြိုးပမ်းမှုပြုပါက သင့်အနေဖြင့် သမ္မာတရား သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို နားလည်ဖို့ မဖြစ်နိုင်စရာ အကြောင်းမရှိပေ။ မိမိတို့သည် သမ္မာတရားကို ချစ်မြတ်နိုးသည်ဟု ဆိုသောသူ အချို့ရှိသော်လည်း တရားဒေသနာများကို နှစ်ပေါင်းများစွာ ကြားနာပြီးနောက် ၎င်းတို့ အဘယ့်ကြောင့် နားမလည်သေးသနည်း။ ဖြစ်နိုင်ချေနှစ်ခု ရှိ၏။ တစ်ခုမှာ ၎င်းတို့၌ မည်သည့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမျှ လုံးဝ မရှိသည့်အပြင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိပေ။ နောက်တစ်ခုမှာ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးခြင်းမရှိသည့်အပြင် ယင်းကို လိုက်စားရာ၌ မည်သည့်အခါမျှ ကြိုးပမ်းအားထုတ်မှု မပြုခဲ့ဖူးချေ။ ဤသည်တို့မှာ ဖြစ်နိုင်ချေရှိသော အကြောင်းရင်းနှစ်ခု ဖြစ်သည်။ အခြားသော လူအချို့က ၎င်းတို့သည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ခြင်း မရှိသေးသည့်အပြင် တရားဒေသနာများစွာကို မကြားနာရသေးဘဲ အတွေ့အကြုံများစွာ မရှိသောကြောင့် သမ္မာတရားကို နားမလည်ကြဟု ဆိုကြသည်။ ဤသည်မှာလည်း နောက်ထပ် အကြောင်းရင်းတစ်ခုဖြစ်၏။ သို့သော်လည်း သင်သည် သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးသော လူတစ်ဦးဖြစ်ပါက ဘုရားသခင်ကို သင်ယုံကြည်သည့်နှစ်ကာလ များပြားလာသည်နှင့်အမျှ သမ္မာတရားအား သင်၏ သိနားလည်မှု ပို၍တိုးပွားလာလေ ဖြစ်မည်ဖြစ်ပြီး သင်သည် ဝိညာဉ်ရေးရင့်သန်မှု ပို၍ကြီးထွားလာလေ ဖြစ်မည်တည်း။
သမ္မာတရား၏ မည်သည့်လက္ခဏာသွင်ပြင်ကိုမဆို မိတ်သဟာယပြုရာ၌ ပြဿနာများကို ဖြေရှင်းနိုင်သည့်ပုံစံဖြင့် အပြည့်အဝ တင်ပြဖို့ စကားလုံးအနည်းငယ်မျှထက် ပို၍လိုအပ်သည်။ ယနေ့ခေတ်လူများအဖို့ ယေဘုယျဖြစ်ခြင်းသည် အယူဝါဒသက်သက်၊ သဘောတရားသက်သက် ဖြစ်သည်။ ထို့ကြောင့် လူများသည် တစ်စုံတစ်ခုကို လက်ခံပြီးသည့်အခါ ယင်းကို ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု၌ စည်းမျဉ်းများအဖြစ် ပြောင်းလဲဖို့ ငါသည် ၎င်းတို့ကို အဘယ်သို့ နားလည်စေပြီး အဘယ်သို့ တတ်နိုင်စွမ်းစေနိုင်သနည်း။ ငါသည် သာ၍ တိတိကျကျနှင့် များစွာ အသေးစိတ်ကျကျ စကားပြောရမည် ဖြစ်သည်။ ငါသည် ဇာတ်လမ်းတစ်ခုကို ပြောနေသည်ဖြစ်စေ၊ သမ္မာတရားကို မိတ်သဟာယပြုနေသည်ဖြစ်စေ၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ပြောနေသည်ဖြစ်စေ ၎င်းတို့သည် တစ်ခုလုံး၌ သာ၍ အသေးစိတ်ကျပြီး တိကျရမည်။ တိကျသည့် စကားသည် သင်တို့အဖို့ အကျိုးဖြစ်ထွန်းစေသည်။ ထို့ကြောင့် သင်တို့ အနည်းငယ် သာ၍ နားလည်ဖို့အလို့ငှာ သင်တို့အတွက် ဇာတ်လမ်းများနှင့် နမူနာတို့ကို အကြံထုတ်ရန် ငါ အစဉ် ဦးနှောက်ခြောက်ရမည်ဖြစ်သည်။ ထိုသို့သော နည်းလမ်းဖြင့် ပြုမူဖူးခြင်းရှိမရှိ၊ သို့မဟုတ် ထိုသို့သော လူတစ်ဦးကဲ့သို့ ပြုမူမည်ဟုတ်မဟုတ်၊ သို့မဟုတ် ထိုသို့သော နည်းလမ်းဖြင့် တွေးဖူးခြင်းရှိမရှိ၊ သို့မဟုတ် ထိုသို့သော အခြေအနေတစ်ခုတွင် လှောင်ပိတ်မိဖူးခြင်း ရှိမရှိတို့ကို သိမြင်ဖို့အတွက် သင်တို့၏စိတ်ထဲတွင် မိမိတို့ကိုယ်ကို တိုက်ဆိုင်စစ်ဆေးရန် သင်တို့၌ ပုံစံတစ်ခု ရှိဖို့အလို့ငှာ ငါသည် ဤသမ္မာတရားများအားလုံးကို ဖြစ်ရပ်တိုင်းဖြစ်ရပ်တိုင်း၌ စစ်မှန်ခိုင်လုံစေပြီး ငါမိတ်သဟာယပြုသည့် သမ္မာတရားများကို ငါပြောပြထားသည့် ဖြစ်ရပ်တိုင်းနှင့် ငါပေါင်းစပ်ထားသည်။ ဤသမ္မာတရားများကို သင်တို့ နားထောင်သည့်အခါ သင်သည် ယင်းတို့၌ နစ်မြုပ်နေသည့်အလား ယင်းတို့နှင့်ပတ်သက်၍ သင်၌ ကွက်ကွက်ကွင်းကွင်း နားလည်ခံယူမှုတစ်ခုကို အစဉ်မပြတ် ရနေလေအောင် ငါ ပြုလုပ်လေသည်။ ဤသည်မှာ ငါ ဇာတ်လမ်းများပြောပြီး နမူနာများ ပေးသည့် အကြောင်းအရင်း ဖြစ်သည်။ ဇာတ်လမ်းတစ်ခု စတင်သည်ကို ကြားသည်နှင့် စိတ်မရှည် ဖြစ်လာသည့်သူ အချို့ရှိကြသည်။ “နောက်ထပ် ဇာတ်လမ်းလာပြန်ပြီလား။ ငါက ဘာလဲ၊ သုံးနှစ်သားလေးလား” ဟူ၍ပင်။ သင်သည် အသက်အရ မငယ်ကောင်း မငယ်နိုင်သော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်တွင်မူ သင်သည် သုံးနှစ်ထက်ပင် ငယ်နိုင်သေးသည်။ ယင်းမှာ အကြောင်းအရာအဖြစ်မှန်ပင်။ ထို့ကြောင့် သင်တို့အား သုံးနှစ်အောက် ကလေးများအနေဖြင့် ဆက်ဆံသည်မှာ သင်တို့ကို စော်ကားခြင်း မဟုတ်သည့်အပြင် ယင်းမှာ လုံးဝ အလွန်အကျွံ မဟုတ်ချေ။ ငါမြင်ရသလောက်မှာ ယင်းသည် သင်တို့ကို ပိုခန့်မှန်းထားခြင်း ဖြစ်သည်။ သုံးနှစ်သားတစ်ဦးက ကပ်ကြေးသည် ထက်ပြီး မကိုင်ရဟု လူကြီးတစ်ဦး ပြောသည့်အရာကို ကြားသည်နှင့် ဤအရာကို စည်းမျဉ်းတစ်ခုအဖြစ် ၎င်းတို့ အမှတ်ရလိမ့်မည်။ ၎င်းတို့က ယင်းကို ကိုင်မည် မဟုတ်ဘဲ၊ ယင်းတို့နှင့်ဆင်တူသည့် ကိရိယာများ၊ သို့မဟုတ် ဓါးများကိုပင် ကိုင်မည် မဟုတ်ချေ။ ယင်းတို့အားလုံး ထက်သည်ကို ၎င်းတို့ သိကြသည်။ ဤစည်းမျဉ်းကို ကျွမ်းကျင်ပိုင်နိုင်ရမည်ဆိုသည်ကို ၎င်းတို့ သိကြသည်။ သို့ဆိုလျှင် လူများသည် မိမိတို့၏ လက်တွေ့လုပ်ဆောင်ခြင်း၌ အကြိမ်ရေအနည်းငယ် အောင်မြင်စွာ တွေ့ကြုံခံစားပြီးသည့် အရာတစ်ခု၌ စည်းမျဉ်းများကို ရှာတွေ့နိုင်သလော။ တစ်နည်းဆိုသော် ဘုရားသခင်၏ အပြုအမူများ၊ သင့်အပေါ် သူ၏သတ်မှတ်ချက်များနှင့် ကိစ္စရပ်တစ်ခု၌ သူ၏ သတ်မှတ်ထားသော စံနှုန်းများသည် အဘယ်အရာဖြစ်သည် စသည်တို့၏နောက်ကွယ်မှ ရည်ရွယ်ချက်များကို သင်နားလည်နိုင်သလော။ ပုံမှန်လူတစ်ဦး၏ ဉာဏ်ရည်အတိုင်း လိုက်နာပါက ဤအရာများကို သင်နားလည်နိုင်သင့်သည်။ သို့ဆိုလျှင် ငါ အဘယ်အရာကို ပြောပါစေ လူများ နားမလည်သည့် အခြေအနေများမှာ အဘယ်နည်း။ ပထမဦးစွာ ဤအရာ ဖြစ်ပျက်ခြင်း၏ အဓိကအကြောင်းအရင်းမှာ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဂရုတစိုက် ဆုတောင်းရင်းဖြင့် ဖတ်ရှုဖို့ မလိုလားသည်အထိ အသေးအဖွဲနှင့် ကိုယ်ရောစိတ်ပါ ပင်ပန်းရသော အရာများစွာ ကိုင်တွယ်ရန်ရှိသည့် လူများ ရှင်သန်နေထိုင်သည့် ကသုတ်ကရက်နိုင်သော ပတ်ဝန်းကျင်နှင့် ဆက်နွှယ်နေသည်။ ၎င်းတို့သည် သမ္မာတရားအတွက် မည်သည့်အားထုတ်မှုကိုမျှ ဦးမတည်ကြပေ။ ဤသည်မှာ အကြောင်းရင်း၏ လက္ခဏာသွင်ပြင်တစ်ခု ဖြစ်သည်။ အခြားတစ်ဖက်မှာ လူများသည် သမ္မာတရားအတွက် ဆာငတ်ခြင်းနှင့် ချစ်ခြင်း အလွန်နည်းပါးလှသည်မှာ တစ်ဆယ်သည် အပြည့်စုံဆုံး အမှတ်ဖြစ်ပါက သင်တို့၏ သမ္မာတရားကို ချစ်ခြင်း လက်ရှိအတိုင်းအတာသည် အများဆုံး သုံး သို့မဟုတ် ငါးဟု သတ်မှတ်ရမည် ဖြစ်သည်။ ထို့ကြောင့် အဆုံး၌ လူများသည် သမ္မာတရားကို နားမလည်ဘဲ မရရှိရခြင်း အကြောင်းရင်း၏ အကြီးမားဆုံး အစိတ်အပိုင်းမှာ ၎င်းတို့သည် အားထုတ်မှု မပြုရသေးသောကြောင့် ဖြစ်သည့်အပြင် ၎င်းတို့သည် ထိုအရာ၌ မိမိတို့၏ စိတ်မနှစ်ထားရှိသည့်အပြင် သမ္မာတရားကို ထိုမျှ လုံးဝ မချစ်သောကြောင့်လည်း ဖြစ်သည်။ လူတို့၏ သမ္မာတရားအား ချစ်မြတ်နိုးခြင်းက အတိုင်းအတာအားဖြင့် မလုံလောက်ပေ။ ယင်းမှာ စိတ်ဝင်စားမှု အနည်းငယ်မျှသာ ဖြစ်၏။ ချစ်မြတ်နိုးခြင်းအထိ တက်မလာပေ။ ယင်းမှာ လူတို့သည် ဤလောက၌ များစွာသော ဆုတ်ဆိုင်းမှုနှင့် ဒုက္ခဝေဒနာကို ခံစားလာပြီးဖြစ်သဖြင့် ဆက်လက်၍ အသက်မရှင်နိုင်တော့သောကြောင့်၊ ထို့ပြင် ဘုရားသခင်သည် လူတို့အား ကယ်တင်ပြီး သမ္မာတရားအား နေ့စဉ် မိတ်သဟာယပြုလျက် အလုပ်လုပ်နေကြောင်းနှင့် လူသားအား သူဖြည့်ဆည်းပေးသည့် အရာတိုင်း၏ အလျှံပယ်များပြားခြင်းကို ၎င်းတို့ မြင်တွေ့ပြီး ဖြစ်သောကြောင့်၊ ကောင်းသောသူမှာ ဘုရားသခင်ဖြစ်သည်ဟု ၎င်းတို့ခံစားရပြီး သူ၏ နှုတ်ကပတ်တော်များကို ဖတ်ကာ သမ္မာတရားကို အားထုတ်ကြိုးပမ်းလိုစိတ် ရှိလာသောကြောင့်သာ ဖြစ်၏။ ယင်းမှာ ၎င်းတို့၌ရှိသည့် အနည်းငယ်သော စိတ်ဝင်စားမှုဖြစ်သည်။ လူတို့၏ စိတ်နှလုံးများသည် ၎င်းတို့၏အချိန်ကို မည်သည့်အရာတွင် ပို၍ အသုံးပြုသနည်း။ ၎င်းတို့အားလုံးသည် အသေးအဖွဲကိစ္စများစွာ၌ ရှုပ်ထွေးနေကြကာ စိတ်ခံစားမှုဆိုင်ရာများ၊ လူမှုဆက်ဆံရေးဆိုင်ရာများ၊ အဆင့်အတန်းနှင့် ပကာသန၊ လူမှုအဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းဟူသည့် အရေးကိစ္စမျိုးစုံဖြင့် အချိန်ကုန်ကြသည်။ မိမိတို့၏ အစားအသောက်၊ အဝတ်အစား၊ လက်ဝတ်လက်စားနှင့် သွေးသားပျော်ရွှင်မှုများအတွက် မိမိတို့၏အချိန်နှင့် ခွန်အားကို ပို၍ အသုံးပြုသော လူအချို့ပင်ရှိ၏။ ၎င်းတို့သည် ဤအရာများအတွက် အမှန်တကယ် တန်ဖိုးရှိသော နေ့ရက်များကို ဖြုန်းတီးကြပြီး “ကျွန်ုပ်သည် ဘုရားသခင်အဘို့ အသုံးခံနေသည်” ဟု ယင်းကို အမွှမ်းတင်ကြ၏။ နောက်ဆုံးအနှစ်ချုပ်လိုက်သော် ၎င်းတို့သည် ပြန်တွေးကြည့်သောအခါ ဘုရားသခင်သည် မြောက်မြားစွာသော နှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့ပြီး အချိန်ကြာမြင့်စွာ အမှုပြုခဲ့ပြီဖြစ်သည့်တိုင် သမ္မာတရားကို ၎င်းတို့ မရရှိသေးကြောင်း သိနားလည်ရသည်။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့အပေါ် သမ္မာတရားကို မပေးအပ်ခဲ့သောကြောင့် မဟုတ်ဘဲ ၎င်းတို့က သမ္မာတရားကို မိမိတို့၏ စိတ်နှလုံးများဖြင့် လက်မခံခဲ့သောကြောင့် သို့မဟုတ် ဘုရားသခင်က သမ္မာတရား မြောက်မြားစွာကို ဖော်ထုတ်ကြောင်း တွေ့ခဲ့သော်လည်း သမ္မာတရားအတွက် လုံ့လမစိုက်ထုတ်ခဲ့သောကြောင့်ပင် ဖြစ်၏။ ယင်းမှာ ဘုရားသခင်အား ၎င်းတို့ယုံကြည်လက်ခံလာသည့် နှစ်ပေါင်းများစွာ၌ ၎င်းတို့အား သမ္မာတရားနှင့် အသက်ကို မရရှိစေသည့်၊ အဆုံး၌ ဖယ်ရှားရှင်းလင်းခြင်းကို ခံရစေမည့်အရာပင် ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။