အချက် ၁၄- ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏ (အခန်း တစ်)
ယခင်စုဝေးခြင်းတွင် လူတို့၏စိတ်နှလုံးကို ထိန်းချုပ်ခြင်းအပြင် အန္တိခရစ်တို့သည် အသင်းတော် ဘဏ္ဍာရေးကိုလည်း ထိန်းချုပ်ကြသည့်အချက်ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည့် အဓိကအချက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (ကျွန်ုပ်တို့သည် အဓိကအချက်နှစ်ချက်ကို မိတ်သဟာယဖွဲ့ခဲ့ကြပါသည်၊ ပထမအချက်မှာ အသင်းတော်ဆိုင်ရာ ဥစ္စာပစ္စည်းများကို ၎င်းတို့ ပိုင်ဆိုင်ခြင်းနှင့် အသုံးပြုခြင်းကို ဦးစားပေးခြင်းဖြစ်ပြီး ဒုတိယအချက်မှာ လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးခြင်း၊ တလွဲအသုံးပြုခြင်း၊ ချေးငှားခြင်း၊ လိမ်လည်အသုံးပြုခြင်းနှင့် ခိုးယူခြင်းတို့ ဖြစ်ပါသည်။) ဤအဓိကအချက်နှစ်ချက်ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့ ငါတို့သည် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များထဲမှ ဆယ့်လေးခုမြောက်အချက်ဖြစ်သော “၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏” ဟူသည့်အချက်ကို မိတ်သဟာယဖွဲ့ကြမည် ဖြစ်သည်။ ဤအချက်တွင် အန္တိခရစ်တို့၌ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသည်ကို သက်သေပြသည့် မည်သည့်သရုပ်သကန်များ ရှိသည်ကို ကြည့်ကြစို့။ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏။ အပေါ်ယံအားဖြင့် “ဘုရားသခင်၏အိမ်တော်” နှင့် “ကိုယ်ပိုင် ပိုင်နက်” ဟူသော ဤအသုံးအနှုန်းနှစ်ခုသည် အန္တိခရစ်တို့ မည်သည့်ဆိုးသွမ်းမှုကို ပြုလုပ်နိုင်သည်ကို အရိပ်အမြွက်မျှ မပြချေ။ “အန္တိခရစ်တို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင်အိမ်ကဲ့သို့ သဘောထားကြသည်” ဟု ဆိုခြင်းသည် ဤ “အိမ်” က အတိအကျ မည်သည့်အရာကို ရည်ညွှန်းနေသည်၊ ယင်းသည် အပြုသဘောဆောင်သည် သို့မဟုတ် အပျက်သဘောဆောင်သည်၊ ယင်းကို ချီးကျူးစကားအဖြစ် သုံးနှုန်းနေသည် သို့မဟုတ် မထီမဲ့မြင်ပြုသည့်သဘောဖြင့် သုံးနှုန်းနေသည်ကို အပြင်ပန်း အရိပ်အမြွက် မပြချေ။ သို့သော် “အိမ်” အစား “ကိုယ်ပိုင် ပိုင်နက်” ဟု ပြောင်းလဲသုံးနှုန်းလိုက်ခြင်းက အချို့သော ပြဿနာများ ရှိနေကြောင်း ဖော်ပြနေသလော။ ရှေးဦးစွာ “ကိုယ်ပိုင် ပိုင်နက်” ဆိုသည်က ငါတို့ကို အဘယ်အရာ ပြောပြနေသနည်း။ (အန္တိခရစ်တို့သည် မိမိတို့သာ အဆုံးအဖြတ်ပေးလိုကြသည်။) အခြား အဘယ်အရာ ရှိသေးသနည်း။ (၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်ကို မိမိတို့၏ သြဇာအာဏာ သက်ရောက်သော နယ်ပယ်အဖြစ် သဘောထားကြသည်၊ မိမိတို့၏ အပေါင်းအသင်းရောင်းရင်းများနှင့် မိမိတို့အိမ်သားများကို ပျိုးထောင်ကြပြီး ထို့နောက် အသင်းတော်အပေါ် ထိန်းချုပ်မှုကို ရယူကြသည်။) ဤသည်မှာလည်း အန္တိခရစ်တို့၏ သရုပ်သကန်တစ်ခု ဖြစ်ပါသည်။ အခြား အဘယ်အရာ ရှိသေးသနည်း။ ဤစကားစု၏ အပေါ်ယံအဓိပ္ပာယ်က ၎င်းသည် အန္တိခရစ်တို့၏ သြဇာအာဏာသက်ရောက်သော နယ်ပယ်ဖြစ်ကြောင်း၊ ဤနေရာသည် အန္တိခရစ်တို့ အာဏာကို အသုံးပြုကာ ဩဇာလွှမ်းမိုးသည့်နေရာဖြစ်ကြောင်း၊ အရာအားလုံးကို အန္တိခရစ်တို့က တစ်ဦးတည်း ထိန်းချုပ်၊ ချုပ်ကိုင်ကာ ထိန်းသိမ်းထားသည့်နေရာ ဖြစ်ကြောင်း၊ အန္တိခရစ်တို့သာ အဆုံးအဖြတ်ပေးသည့်နေရာ ဖြစ်ကြောင်းကို ဖော်ပြနေသလော။ (ဟုတ်ပါသည်။) ကျွန်ုပ်တို့သည် ဤစကားစုထဲသို့ ထိုသို့သော အဓိပ္ပာယ်ကို ကောက်ယူနိုင်ပါသည်၊ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များကို ယခင်က ဆွေးနွေးခဲ့ကြသည့်အခါ အန္တိခရစ်တို့၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် ဖော်ထုတ်ခြင်းအကြောင်း များစွာ မိတ်သဟာယဖွဲ့ခဲ့ကြသောကြောင့် ဖြစ်သည်။ ဤသရုပ်သကန်များထဲတွင် အဓိကကျသည်မှာ လူတို့ကို ထိန်းချုပ်ရန်နှင့် အာဏာကို အသုံးပြုရန် အန္တိခရစ်တို့၏ ကြိုးပမ်းမှုများ ဖြစ်သည်။ သို့ရာတွင် အခြားသော အမျိုးမျိုးသော သရုပ်သကန်များလည်း ရှိသည်မှာ အမှန်ပင် ဖြစ်သည်။
သို့ဖြစ်၍ ယခု အန္တိခရစ်တို့၏ “ကိုယ်ပိုင် ပိုင်နက်” ကို ကျင့်သုံးခြင်း၏ ယေဘုယျအဓိပ္ပာယ်ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သောကြောင့် “ဘုရားသခင်၏အိမ်တော်” အားဖြင့် အတိအကျ မည်သည့်အဓိပ္ပာယ်ဖြစ်သည်ကို မိတ်သဟာယဖွဲ့ကြစို့။ သင်တို့၌ ဘုရားသခင်၏အိမ်တော်သည် အဘယ်အရာ ဖြစ်သည်ဟူသော သဘောတရား ရှိသလော။ သင်တို့သည် ၎င်း၏ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပေးနိုင်သလော။ ညီအစ်ကိုမောင်နှမများတစ်စု အတူတကွ စုဝေးခြင်းသည် ဘုရားသခင်၏အိမ်တော် ဖြစ်သလော။ ခရစ်တော်နှင့် ဘုရားသခင်နောက် လိုက်ကြသော လူတို့၏ စုဝေးမှု သို့မဟုတ် စည်းဝေးခြင်းကို ဘုရားသခင်၏အိမ်တော်အဖြစ် သတ်မှတ်သလော။ အသင်းတော် ခေါင်းဆောင်များ၊ သင်းထောက်များနှင့် အဖွဲ့ခေါင်းဆောင်အမျိုးမျိုး ပါဝင်သော စုဝေးမှုကို ဘုရားသခင်၏အိမ်တော်အဖြစ် သတ်မှတ်သလော။ (မသတ်မှတ်ပါ။) ဘုရားသခင်၏အိမ်တော်သည် အမှန်စင်စစ် အဘယ်အရာ ဖြစ်သနည်း။ (ခရစ်တော် အုပ်စိုးသည့် အသင်းတော်သာလျှင် ဘုရားသခင်၏အိမ်တော် ဖြစ်သည်။) (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများအဖြစ် မှတ်ယူသော လူတို့၏ စုဝေးမှုတစ်ခုကိုသာ ဘုရားသခင်၏အိမ်တော်အဖြစ် သတ်မှတ်နိုင်သည်။) ဤအဓိပ္ပာယ်ဖွင့်ဆိုချက်နှစ်ခုသည် တိကျသလော။ သင်တို့သည် ယင်းကို ရှင်းပြနိုင်ခြင်း မရှိ။ သင်တို့ ကြားခဲ့ပြီးသမျှ တရားဒေသနာအားလုံး ပြီးသည့်နောက်မှာပင် ဤမျှ ရိုးရှင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို သင်တို့ မပေးနိုင်ကြချေ။ ထင်ရှားသည်မှာ သင်တို့သည် ဤဝိညာဉ်ရေးရာ အသုံးအနှုန်းများနှင့် ဝေါဟာရများကို အလေးအနက်ထားကာ ကောင်းစွာ ဆင်ခြင်သုံးသပ်လေ့ရှိသည့် အလေ့အထ မရှိကြခြင်းပင် ဖြစ်သည်။ သင်တို့သည် ပေါ့ဆလိုက်လေခြင်း။ သို့ဖြစ်၍ အသေအချာ စဉ်းစားကြလော့။ ဘုရားသခင်၏ အိမ်တော်ဆိုသည်မှာ မည်သည့်အရာ အတိအကျ ဖြစ်သနည်း။ ယင်းကို သဘောတရားအရ သတ်မှတ်ရပါက ဘုရားသခင်၏ အိမ်တော်ဆိုသည်မှာ သမ္မာတရား စိုးမိုးရာနေရာ၊ မိမိတို့၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများက ဘုရားသခင်၏နှုတ်ကပတ်တော်များ ဖြစ်သည့်သူများ၏ စုဝေးရာနေရာဖြစ်၏။ ထိုသို့ဖြစ်သည့်အတွက် အန္တိခရစ်တို့က ဘုရားသခင်၏အိမ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားခြင်းသည် ပြဿနာတစ်ရပ် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်နောက် လိုက်ကြသော ညီအစ်ကိုမောင်နှမများ၏ စုဝေးမှုကို မိမိတို့၏ သြဇာအာဏာသက်ရောက်သော ကိုယ်ပိုင်နယ်ပယ်အဖြစ်၊ မိမိတို့ အာဏာကို ကျင့်သုံးရာနေရာအဖြစ်နှင့် အာဏာကျင့်သုံးခြင်း ခံရသူများအဖြစ် သဘောထားနေကြခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့က ဘုရားသခင်၏အိမ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားခြင်းမှ ပိုင်းခြားသိမြင်နိုင်သည့် စာသားအတိုင်း တိုက်ရိုက်အဓိပ္ပာယ်ပင် ဖြစ်သည်။ သင်သည် မည်သည့်ရှုထောင့်မှ ရှင်းပြသည်ဖြစ်စေ၊ ကြည့်ရှုသည်ဖြစ်စေ အန္တိခရစ်တို့က ဘုရားသခင်၏အိမ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားခြင်းသည် လူတို့ကို အထင်အမြင်မှားစေရန်၊ ထိန်းချုပ်ရန်နှင့် အကြွင်းမဲ့အာဏာ ကိုင်စွဲရန် ကြိုးစားခြင်းဖြစ်သည့် ၎င်းတို့၏ သဘာဝ အနှစ်သာရကို ဖော်ပြနေသည်။ ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ ဘုရားသခင် အလုပ်လုပ်ပြီး စကားပြောကြားရာနေရာ၊ လူများကို ဘုရားသခင်ကယ်တင်သည့်နေရာ၊ ဘုရားသခင် ရွေးချယ်ထားသောလူများက ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံသည့်နေရာ၊ သန့်စင်ခြင်းခံရပြီး ကယ်တင်ခြင်း ရရှိသည့်နေရာ၊ ဘုရားသခင်၏ အလိုတော်နှင့် ရည်ရွယ်ချက်များကို ဟန့်တားနှောင့်ယှက်မှုမရှိဘဲ ဆောင်ရွက်နိုင်သည့် နေရာနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ပြီး အထမြောက်စေနိုင်သည့်နေရာ ဖြစ်သည်။ အနှစ်ချုပ်လိုက်ပါက ဘုရားသခင်၏အိမ်တော်သည် ဘုရားသခင်က တန်ခိုးအာဏာ ကိုင်စွဲသည့်နေရာ ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ စိုးမိုးရာနေရာ ဖြစ်သည်။ ယင်းမှာ လူပုဂ္ဂိုလ်တစ်ဦးဦးက အာဏာကို ကျင့်သုံးသည့်နေရာ၊ မိမိ၏လိုအင်ဆန္ဒများကိုဖြစ်စေ၊ မဟာအကြံအစည်များကိုဖြစ်စေ စွမ်းဆောင်ရရှိရန် ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်သည့်နေရာလည်း မဟုတ်ပေ။ သို့သော်လည်း အန္တိခရစ်တို့ လုပ်ဆောင်သောအရာသည် ဘုရားသခင် အလိုရှိသည့်အရာနှင့် အတိအကျ ဆန့်ကျင်ဘက်ဖြစ်သည်၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်လိုသည်ကို ၎င်းတို့ အာရုံမစိုက်၊ ဂရုမပြုကြပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ လူတို့အလယ်တွင် အသီးသီးစေခြင်း ရှိမရှိကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများကို လူတို့အလယ်တွင် နားလည်ကာ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားနိုင်ခြင်း ရှိမရှိကိုလည်းကောင်း ၎င်းတို့ ဂရုမစိုက်ကြပေ၊ ၎င်းတို့၌ အဆင့်အတန်း၊ အာဏာနှင့် ဆုံးဖြတ်ပိုင်ခွင့် ရှိမရှိ၊ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ အတွေးအခေါ်များနှင့် လိုအင်ဆန္ဒများ လူတို့အလယ်တွင် အကောင်အထည် ဖော်နိုင်ခြင်း ရှိမရှိကိုသာ ၎င်းတို့ အလေးထားစဉ်းစားကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ သြဇာအာဏာသက်ရောက်သော နယ်ပယ်အတွင်း၌ လူမည်မျှက ၎င်းတို့၏ စကားကို နားထောင်ပြီး ၎င်းတို့ကို နာခံကြသည်၊ ၎င်းတို့၌ မည်သို့သော ပုံရိပ်၊ ဂုဏ်သတင်းနှင့် သြဇာအာဏာ ရှိသည်ဟူသည့် ဤအရာများမှာ ၎င်းတို့ စီမံခန့်ခွဲရန် ကြိုးစားသည့် အဓိကကျသော အရာများ အတိအကျဖြစ်ကြပြီး ဤအရာများမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလေးထားဆုံးသောအရာများ ဖြစ်ကြသည်။ ဘုရားသခင်သည် လူသားတို့အလယ်တွင် မိန့်မြွက်ပြီး အမှုပြုတော်မူသည်၊ ကိုယ်တော်သည် လူတို့ကို ကယ်တင်သည်၊ ဦးဆောင်သည်၊ ထောက်ပံ့သည်၊ ၎င်းတို့အား ဘုရားသခင့်ရှေ့မှောက်သို့ ရောက်လာရန်၊ ကိုယ်တော်၏ ရည်ရွယ်ချက်များကို နားလည်ရန်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ တစ်ဆင့်ပြီးတစ်ဆင့် ဝင်ရောက်ရန်နှင့် ဘုရားသခင်ထံ တဖြည်းဖြည်း ကျိုးနွံနာခံမှုကို ရရှိရန် လမ်းပြတော်မူသည်။ အန္တိခရစ်တို့ လုပ်ဆောင်သမျှ အရာအားလုံးသည် ဤအရာနှင့် အတိအကျ ဆန့်ကျင်နေသည်။ ဘုရားသခင်သည် လူတို့အား ဘုရားသခင့်ရှေ့မှောက်သို့ ရောက်လာစေရန် ဦးဆောင်သည်၊ သို့တိုင်အောင် အန္တိခရစ်တို့သည် ဤလူတို့အတွက် ဘုရားသခင်နှင့် ပြိုင်ဆိုင်ကြပြီး ၎င်းတို့အား မိမိတို့ကိုယ်တိုင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဘုရားသခင်သည် လူတို့အား သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန်နှင့် ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ကျိုးနွံနာခံရန် တစ်ဆင့်ပြီးတစ်ဆင့် လမ်းပြတော်မူသည်၊ အန္တိခရစ်တို့သည် လူတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ထိန်းချုပ်ရန်၊ ၎င်းတို့၏ သွားလာလှုပ်ရှားမှုများကို အမိအရ လွှမ်းမိုးချုပ်ကိုင်ရန်နှင့် ၎င်းတို့အား မိမိတို့၏ အာဏာအောက်သို့ ခိုင်မြဲစွာ ကျရောက်စေရန် ကြိုးပမ်းကြသည်။ အချုပ်အားဖြင့် အန္တိခရစ်တို့ လုပ်ဆောင်သမျှ အရာအားလုံးသည် ဘုရားသခင်နောက် လိုက်သူများကို မိမိတို့နောက် လိုက်သူများ ဖြစ်လာစေရန်အတွက် ဖြစ်သည်၊ သမ္မာတရားကို မလိုက်စားသော နားဝေတိမ်တောင်ဖြစ်သောသူ ထိုလူများကို မိမိတို့အာဏာအောက်သို့ စည်းရုံးသိမ်းသွင်းပြီးနောက် ၎င်းတို့သည် နောက်တစ်ဆင့်တက်ကာ ဘုရားသခင်နောက် လိုက်နိုင်ပြီး မိမိတို့၏ တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်နိုင်သောသူများကို မိမိတို့အာဏာအောက်သို့ စည်းရုံးသိမ်းသွင်းရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းကြကာ အသင်းတော်ရှိ လူတိုင်းကို ၎င်းတို့ပြောသည့်စကား နားထောင်စေပြီး အန္တိခရစ်တို့၏ ဆန္ဒများအတိုင်း အရာခပ်သိမ်းကို အသက်ရှင်၊ ပြုမူ၊ ကျင့်ကြံပြီး လုပ်ဆောင်စေရန် ပြုလုပ်ကြသည်။ ဤသို့ဖြင့် နောက်ဆုံးတွင် ထိုလူများသည် အန္တိခရစ်တို့ ပြောသမျှစကားတိုင်းကို နာခံကာ ၎င်းတို့၏ ဆန္ဒများကို နာခံပြီး ၎င်းတို့၏ တောင်းဆိုချက်များကို နာခံကြလေသည်။ ဆိုလိုသည်မှာ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ရန် အလိုရှိသည်ဖြစ်စေ၊ ဘုရားသခင် မည်သည့် အကျိုးသက်ရောက်မှုကို ရရှိရန် အလိုရှိသည်ဖြစ်စေ ယင်းမှာ အန္တိခရစ်တို့လည်း ရရှိလိုသည့် ရလဒ်ပင်ဖြစ်၏။ ၎င်းတို့ ရရှိရန် ဆန္ဒရှိသည့် ရလဒ်မှာ လူတို့အား ဘုရားသခင့်ရှေ့မှောက်သို့ လာ၍ ဘုရားသခင်ကို ကိုးကွယ်ရန် မဟုတ်ဘဲ ၎င်းတို့၏ရှေ့မှောက်သို့ လာ၍ ၎င်းတို့ကို ကိုးကွယ်ရန် ဖြစ်သည်။ ခြုံငုံပြောရလျှင် အန္တိခရစ်တို့သည် အာဏာရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ သြဇာအာဏာသက်ရောက်သော နယ်ပယ်အတွင်းရှိ လူတိုင်းနှင့် အရာတိုင်းကို ထိန်းချုပ်ရန် ကြိုးပမ်းကြသည်၊ ၎င်းတို့ ထိန်းချုပ်နိုင်သည့် နယ်ပယ်ကို ထိန်းချုပ်ရန် ကြိုးပမ်းကြသည်၊ ၎င်းတို့သည် အသင်းတော်၊ ဘုရားသခင်၏ အိမ်တော်နှင့် ဘုရားသခင်နောက် လိုက်သောသူများကို ၎င်းတို့၏ အာဏာကို ကျင့်သုံးပြီး စိုးစံနိုင်သည့် နယ်ပယ်ဖြစ်စေရန် ကြိုးပမ်းကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူတို့အား ကိုယ်တော့်ရှေ့မှောက်သို့ ဦးဆောင်တော်မူသည်၊ အန္တိခရစ်တို့မူကား လူတို့ကို အထင်အမြင်မှားစေပြီး ထိုလူတို့ကို မိမိတို့ရှေ့မှောက်သို့လည်း ဦးဆောင်လိုကြသည်။ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်မှာ ဘုရားသခင်နောက် လိုက်သူများကို ၎င်းတို့နောက် လိုက်သူများ ဖြစ်လာစေရန်၊ ဘုရားသခင်၏အိမ်တော်နှင့် အသင်းတော်ကို ၎င်းတို့၏ ကိုယ်ပိုင်အိမ် ဖြစ်လာစေရန် ဖြစ်သည်။ အန္တိခရစ်တို့၌ ဤသို့သော စေ့ဆော်မှုများနှင့် အနှစ်သာရ ရှိသောကြောင့် ဤအန္တိခရစ်များသည် အန္တိခရစ်များဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို ရန်လိုသော မကောင်းဆိုးဝါးများနှင့် စာတန်များဖြစ်ကြောင်းကို ဖော်ပြသည့် မည်သည့် တိကျသော သရုပ်သကန်များနှင့် အပြုအမူများ ၎င်းတို့၌ ရှိသနည်း။ ဆက်လက်၍ အန္တိခရစ်တို့၌ ဘုရားသခင်၏အိမ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြသည်ကို သက်သေပြသည့် မည်သည့် တိကျသော သရုပ်သကန်မျိုးနှင့် လုပ်နည်းကိုင်နည်းမျိုး ရှိသည်ကို ငါတို့ တိတိကျကျ စိတ်ဖြာလေ့လာဆွေးနွေးကြမည် ဖြစ်သည်။
၁။ အန္တိခရစ်များသည် အာဏာကို လက်ဝါးကြီး အုပ်ထားကြ၏
အန္တိခရစ်တို့က ဘုရားသခင်၏အိမ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားပုံ၏ ပထမဆုံး သရုပ်သကန်မှာ ငါတို့ မကြာခဏ မိတ်သဟာယဖွဲ့ခဲ့ကြသည့် အချက်ဖြစ်ပြီး ယင်းသည် အန္တိခရစ်တို့၏ ထူးခြားသော အနှစ်သာရရှိသည့် သရုပ်သကန်တစ်ခု ဖြစ်သည်၊ အန္တိခရစ်တို့သည် အဆင့်အတန်းကို အခြားအရာအားလုံးထက် ပို၍မြတ်နိုးကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် အဆင့်အတန်းကို အစုံမက်ဆုံး ဖြစ်ကြသနည်း။ အဆင့်အတန်းသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ (အာဏာကို ကိုယ်စားပြုပါသည်။) မှန်သည်၊ ဤသည်မှာ အဓိကအချက် ဖြစ်သည်။ အဆင့်အတန်းရှိမှသာ ၎င်းတို့သည် အာဏာရှိနိုင်ပြီး အာဏာရှိမှသာ ၎င်းတို့သည် အမှုကိစ္စများကို လွယ်ကူစွာ ပြီးမြောက်စေနိုင်သည်၊ အာဏာရှိမှသာ ၎င်းတို့၏ အမျိုးမျိုးသော လိုအင်ဆန္ဒများ၊ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် မျှော်လင့်နိုင်ပြီး လက်တွေ့ဖြစ်လာနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ အန္တိခရစ်တို့သည် အလွန်စဉ်းလဲကြသည်၊ ၎င်းတို့သည် ထိုသို့သော ကိစ္စရပ်များတွင် အလွန်အမြင်ရှင်းကြသည်၊ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက် ဖြစ်စေလိုလျှင် ရှေးဦးစွာ အာဏာကို လက်ဝါးကြီး အုပ်ထားကြရမည်ဖြစ်သည်။ ဤသည်မှာ ထင်ရှားသော သရုပ်သကန်တစ်ခု ဖြစ်သည်။ သင်တို့ ကြုံတွေ့ခဲ့သော၊ ကြားသိခဲ့သော သို့မဟုတ် ကိုယ်တိုင်မျက်မြင်ကြုံတွေ့ခဲ့သော ထိုအန္တိခရစ်များထဲတွင် မည်သူသည် အာဏာကို လက်ဝါးကြီးအုပ်ရန် မကြိုးစားခဲ့သနည်း။ ၎င်းတို့ မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ လှည့်စားခြင်းနှင့် ကောက်ကျစ်စဉ်းလဲခြင်းအားဖြင့် ဖြစ်စေ၊ အပြင်ပန်းအားဖြင့် တည်ငြိမ်ပြီး ဖော်ရွေသည့် ပုံစံအားဖြင့် ဖြစ်စေ၊ ပို၍ ရက်စက်ကြမ်းကြုတ်ပြီး အထူးသဖြင့် ယုတ်ညံ့သော နည်းလမ်းများဖြင့် ဖြစ်စေ၊ အကြမ်းဖက်မှုအားဖြင့် ဖြစ်စေ အန္တိခရစ်တို့၌ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်၊ အဆင့်အတန်းကို ပိုင်ဆိုင်ရန်၊ ထို့နောက် အာဏာကို ကိုင်စွဲရန် ဖြစ်သည်။ သို့ဖြစ်ရာ ငါ ပထမဦးဆုံး မိတ်သဟာယဖွဲ့လိုသည်မှာ အန္တိခရစ်တို့သည် အခြားအရာခပ်သိမ်းတို့ထက် ဦးစွာပထမအနေဖြင့် အာဏာကို လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းကြခြင်းပင် ဖြစ်ပေသည်။ အန္တိခရစ်တို့၏ အာဏာအတွက် လိုချင်စိတ်သည် သာမန်လူများ၏ လိုချင်စိတ်ထက် ကျော်လွန်သည်၊ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် သာမန်လူများ၏ လိုချင်စိတ်ထက် သာလွန်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် သာမန်လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေလိုခြင်း၊ ၎င်းတို့အပေါ် ကောင်းသောအမြင် ရှိစေလိုခြင်းမျှသာ ဖြစ်သည်၊ ၎င်းတို့သည် စကားပြောသည့်အခါ အပေါ်စီးရလိုကြသော်လည်း အကယ်၍ ၎င်းတို့၌ အာဏာနှင့် လူတို့၏ ကိုးကွယ်ခြင်း မရှိပါက ထိုမျှ နာကျင်ခံစားရခြင်း မရှိပေ၊ ၎င်းတို့သည် အာဏာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဖြစ်သလိုနေနိုင်ကြသည်၊ ၎င်းတို့၌ အာဏာကို အနည်းငယ် နှစ်သက်ခြင်းနှင့် တောင့်တခြင်း ရှိကြသော်လည်း အန္တိခရစ်တို့၏ အတိုင်းအတာအထိ မဟုတ်ပေ။ ထိုအတိုင်းအတာမှာ မည်သို့နည်း။ အာဏာမရှိလျှင် ၎င်းတို့သည် အစဉ် စိုးရိမ်ပူပန်သော အခြေအနေတွင် ရှိနေကြပြီး ငြိမ်သက်ခြင်းကို ရှာမတွေ့နိုင်ဘဲ စားမဝင် အိပ်မပျော်ခြင်းကို ခံစားကြရကာ နေ့ရက်တိုင်းသည် ငြီးငွေ့ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်းကိုသာ ယူဆောင်လာပုံရသည့်အပြင် ၎င်းတို့၏ စိတ်နှလုံးထဲတွင်မူ ၎င်းတို့ မအောင်မြင်နိုင်သည့် အရာတစ်ခုခု ရှိနေသကဲ့သို့လည်းကောင်း၊ ၎င်းတို့ ဆုံးရှုံးသွားသည့် အရာတစ်ခုခု ရှိနေသကဲ့သို့လည်းကောင်း ခံစားရသည်။ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများသည် အာဏာရလျှင် ပျော်ရွှင်ကြသော်လည်း ထိုအရာ မရခြင်းကြောင့် အလွန်အမင်း စိတ်ပျက်ခြင်း မရှိကြပေ၊ ၎င်းတို့သည် အနည်းငယ် စိတ်ပျက်သည်ဟု ခံစားရနိုင်သော်လည်း သာမန်လူတစ်ဦး ဖြစ်ရသည်ကိုလည်း ကျေနပ်ကြသည်။ အကယ်၍ အန္တိခရစ်တို့ သာမန်လူဖြစ်ရမည်ဆိုလျှင် ၎င်းတို့ အသက်ဆက်ရှင်နိုင်မည် မဟုတ်ဘဲ ဆက်လက်အသက်ရှင်နိုင်ကြမည် မဟုတ်ပေ၊ ယင်းမှာ ၎င်းတို့ ဘဝ၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်ကို ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်ပြီး ရှေ့ဆက်ရမည့် ဘဝခရီးဖြစ်သည့် လမ်းတစ်လျှောက်တွင် မည်သို့ ဆက်လက်လျှောက်လှမ်းရမည်ကို ၎င်းတို့ မသိကြတော့ပေ။ အဆင့်အတန်းရှိမှသာ ၎င်းတို့၏ဘဝသည် အလင်းနှင့် ပြည့်သည်ဟု ၎င်းတို့ ခံစားကြရသည်၊ အဆင့်အတန်းနှင့် အာဏာရှိမှသာ ဘဝသည် ဘုန်းကျက်သရေရှိ၊ ငြိမ်သက်ပြီး ပျော်ရွှင်ဖွယ်ဖြစ်သည်ဟု ၎င်းတို့ ခံစားကြရသည်။ ဤသည်မှာ သာမန်လူများနှင့် မတူဘူး မဟုတ်လော။ ၎င်းတို့ အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့သည် ပုံမှန်မဟုတ်စွာ စိတ်လှုပ်ရှားလာကြသည်။ အခြားသူများက ဤသည်ကို မြင်၍ ဤသို့ စဉ်းစားကြသည်၊ အဘယ်ကြောင့် ၎င်းတို့သည် ယခင်ကနှင့် မတူသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ထိုမျှ မျက်နှာဝင်းပြီး ပြုံးရွှင်နေသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ထိုမျှ ပျော်ရွှင်နေကြသနည်း။ မေးမြန်းကြည့်သောအခါ လက်စသတ်တော့ ဤသည်မှာ ၎င်းတို့ အဆင့်အတန်း ရရှိသောကြောင့် ဖြစ်သည်၊ ၎င်းတို့၌ အာဏာ ရှိသောကြောင့် ဖြစ်သည်၊ ၎င်းတို့၌ ဆုံးဖြတ်ပိုင်ခွင့် ရှိသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် လူများကို အမိန့်ပေး စေခိုင်းနိုင်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် အာဏာကို ကျင့်သုံးနိုင်သောကြောင့် ဖြစ်သည်၊ ၎င်းတို့၌ ဂုဏ်သိက္ခာ ရှိသောကြောင့် ဖြစ်သည်၊ ၎င်းတို့၌ နောက်လိုက်များ ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့၌ အဆင့်အတန်းနှင့် အာဏာရှိသောအခါ အန္တိခရစ်တို့၏ စိတ်ပိုင်းဆိုင်ရာ အမြင်တွင် တစ်စုံတစ်ခု ပြောင်းလဲသွားသည်။
အန္တိခရစ်တို့၏ အာဏာအတွက် လိုအင်ဆန္ဒသည် ၎င်းတို့၏ အနှစ်သာရမှာ သာမန်မဟုတ်ကြောင်း ညွှန်ပြသည်၊ ယင်းသည် သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်ပေ။ သို့ဖြစ်၍ ၎င်းတို့ မည်သူ့အလယ်တွင် ရှိနေသည်ဖြစ်စေ အန္တိခရစ်တို့သည် ပေါ်လွင်ရန်၊ မိမိကိုယ်ကို ကြွားဝါရန်၊ မိမိကိုယ်ကို ကြော်ငြာရန်၊ လူတိုင်း ၎င်းတို့၏ ကောင်းကွက်များနှင့် ကောင်းမြတ်ခြင်းများကို မြင်တွေ့ပြီး ၎င်းတို့အား အာရုံစိုက်လာစေရန်နှင့် အသင်းတော်၌ မိမိတို့အတွက် ရာထူးတစ်ခုခုကို ရယူနိုင်ရန် နည်းလမ်းရှာကြိုးပမ်းကြလိမ့်မည်။ အသင်းတော် ရွေးကောက်ပွဲများ ကျင်းပသောအခါ အန္တိခရစ်တို့သည် ၎င်းတို့၏ အခွင့်အရေး ရောက်ရှိလာပြီဟု ခံစားကြရသည်၊ မိမိကိုယ်ကို ကြော်ငြာရန် အခွင့်အရေး၊ မိမိတို့၏ ဆန္ဒများကို လက်တွေ့ဖြစ်လာစေရန် အခွင့်အရေး၊ မိမိတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် အခွင့်အရေး ရောက်ရှိလာပြီ ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရရန် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် အာဏာရရှိရန် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ကြပြီး အာဏာရရှိခြင်းက ၎င်းတို့အတွက် အမှုကိစ္စများကို ပိုမိုလွယ်ကူစွာ ပြီးမြောက်စေလိမ့်မည်ဟု ယုံကြည်ကြသည်။ အဘယ်ကြောင့် ပို၍ လွယ်ကူမည်နည်း။ အန္တိခရစ်တို့ အာဏာမရှိသောအခါ ၎င်းတို့သည် ဖုံးကွယ်ထားပြီး ဟန်ဆောင်သောကြောင့်၊ သင်သည် ၎င်းတို့၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် အနှစ်သာရကို ၎င်းတို့၏ အပြင်ပန်းအသွင်အပြင်မှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ၊ ဤသို့ဖြင့် သင်သည် ၎င်းတို့ကို ထွင်းဖောက်မြင်နိုင်မည် မဟုတ်ပေ။ သို့သော် ၎င်းတို့ အဆင့်အတန်းရရှိပြီး အာဏာရှိလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ပထမဆုံး လုပ်ဆောင်သောအရာမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေရန်၊ မိမိတို့လက်ထဲရှိ အာဏာကို ချဲ့ထွင်ပြီး ခိုင်မာစေရန် ကြိုးပမ်းကြသည်။ ၎င်းတို့၏ အာဏာကို ခိုင်မာစေရန်နှင့် အဆင့်အတန်းကို အားဖြည့်ပေးရန် မည်သည့်နည်းလမ်းများကို ၎င်းတို့ အသုံးပြုကြသနည်း။ အန္တိခရစ်တို့၌ နည်းလမ်းများစွာ ရှိသည်၊ ၎င်းတို့သည် ထိုသို့သော အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်၊ ၎င်းတို့ အာဏာကို သိမ်းပိုက်ပြီးဖြစ်သည့်အခါ မည်သည့်အရာကိုမျှ မလုပ်ဘဲ နေကြမည် မဟုတ်ပေ။ ၎င်းတို့အတွက်မူ ထိုသို့သော အခွင့်အရေး ရောက်ရှိလာခြင်းသည် အလွန်ပျော်ရွှင်ဖွယ်အချိန်ဖြစ်သည်၊ ထို့ပြင် ၎င်းတို့၏ စဉ်းလဲမှုကို အသုံးချပြီး ၎င်းတို့၏ အရည်အချင်းများကို အစွမ်းကုန် ထုတ်သုံးချိန်လည်း ဖြစ်သည်။ အန္တိခရစ်တစ်ဦး ရွေးကောက်ခံရပြီးနောက် သူသည် ဦးစွာ သူ၏ တိုက်ရိုက် မိသားစုဝင်များနှင့် ဆွေမျိုးများကို စိစစ်သည်၊ မည်သူသည် သူနှင့် နီးနီးစပ်စပ် ဆွေမျိုးတော်စပ်သည်၊ မည်သူသည် သူ့ထံ ကပ်ဖားရပ်ဖား လုပ်သည်၊ မည်သူသည် သူနှင့် ရင်းနှီးသည်၊ ပြီးလျှင် မည်သူသည် သူနှင့် သင့်မြတ်ပြီး စိတ်တူကိုယ်တူဖြစ်သည်တို့ကို စစ်ဆေးသည်။ သူသည် မည်သူက ဖြောင့်မတ်သည်၊ မည်သူက သူ့ဘက်က မရပ်တည်မည့်သူ၊ အကယ်၍ သူသည် ဘုရားသခင်၏အိမ်တော်၏ စည်းကမ်းများနှင့် စည်းမျဉ်းများကို ဆန့်ကျင်သော အရာတစ်ခုခုကို လုပ်ဆောင်ပါက မည်သူက သူ့ကို တိုင်ကြားမည်တို့ကိုလည်း စစ်ဆေးသည်၊ ဤသူများမှာ သူ ရှင်းလင်းဖယ်ရှားပစ်မည့်သူများ ဖြစ်ကြသည်။ ၎င်းတို့ကို စိစစ်ပြီးနောက် သူ ဤသို့ တွေးသည်။ “ငါ၏ ဆွေမျိုးအများစုသည် ငါနှင့် ဆက်ဆံရေးကောင်းသည်၊ ငါတို့ သင့်မြတ်ကြသည်၊ ငါတို့ စိတ်တူကိုယ်တူ ရှိကြသည်။ အကယ်၍ သူတို့ ငါ့လက်အောက်ငယ်သားများ ဖြစ်လာပြီး ငါ သူတို့ကို အသုံးချနိုင်လျှင် ငါ၏ သြဇာလွှမ်းမိုးမှု တိုးပွားလာမည် မဟုတ်လော။ ပြီးလျှင် ဤသည်မှာ အသင်းတော်ထဲ၌ ငါ၏ အဆင့်အတန်းကို တည်ငြိမ်စေမည် မဟုတ်လော။ ‘အရည်အချင်းရှိသူကို မြှင့်တင်ရာတွင် ဆွေမျိုးများကို မရှောင်ကြနှင့်’ ဟု ဆိုရိုးစကားရှိသကဲ့သို့ပင် ဖြစ်သည်။ ဘာသာတရားမရှိသူ အရာရှိများအားလုံးသည် သူတို့ကို ကူညီရန် ရင်းနှီးသော မိတ်ဆွေများနှင့် အပေါင်းအသင်းများကို အားကိုးရသည်။ ယခု ငါသည် အရာရှိဖြစ်ပြီ ဖြစ်သဖြင့် ထိုနည်းတူ လုပ်ရမည်။ ယင်းမှာ စိတ်ကူးကောင်းတစ်ခု ဖြစ်သည်။ ပထမဆုံးအနေဖြင့် ငါ၏ဆွေမျိုးများကို ရာထူးတိုးပေးရမည်။ ငါ၏ မိန်းမနှင့် သားသမီးများမှာမူ ပြောစရာပင်မလိုပါ။ ငါပထမဆုံး လုပ်မည့်အရာသည် သူတို့အတွက် ရာထူးအချို့ကို စီစဉ်ပေးရန်ဖြစ်သည်။ ငါ့မိန်းမက မည်သည့်အရာကို လုပ်မည်နည်း။ အသင်းတော်တွင် လှူဖွယ်ပစ္စည်းများကို စောင့်ရှောက်ခြင်းသည် အရေးပါပြီး အခရာကျသည့် တာဝန်ဖြစ်သည်။ ဘဏ္ဍာရေးဆိုင်ရာ အာဏာက ငါတို့လက်ထဲတွင် ရှိရမည်။ ထိုအခါမှသာ ငါသည် ငွေကို လွတ်လွတ်လပ်လပ်နှင့် အလွယ်တကူ သုံးစွဲနိုင်မည်ဖြစ်သည်။ ဤငွေကို အပြင်လူလက်ထဲ ထည့်ထား၍ မဖြစ်ပါ။ အကယ်၍ ထည့်ထားလျှင် ဤသည်မှာ သူတို့၏ ငွေများ ဖြစ်သွားလိမ့်မည်။ ပြီးလျှင် အသုံးစရိတ်ကိုလည်း စောင့်ကြည့်ထိန်းချုပ်လိမ့်မည်။ ဤသည်မှာ အဆင်မပြေပါ။ လက်ရှိစာရင်းများကို စီမံခန့်ခွဲနေသည့်သူသည် ငါ့ဘက်တွင် ရှိသလား။ အပြင်ပန်းတွင် အဆင်ပြေပုံရသည်။ သို့သော် အတွင်းစိတ်ထဲတွင် သူတို့ မည်သို့တွေးနေသည်ကို မည်သူက သိနိုင်မည်နည်း။ မဖြစ်ပါ၊ သူတို့ကို အစားထိုးပြီး ငါ့မိန်းမကို စာရင်းများ စီမံခန့်ခွဲခိုင်းရန် နည်းလမ်းတစ်ခု စဉ်းစားရမည်” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်သည် သူ၏ ဇနီးနှင့် တိုင်ပင်ဆွေးနွေးရာ သူမက ဤသို့ပြောသည်၊ “ဤအရာသည် အလွန်ကောင်းပါသည်။ ယခုအခါတွင် သင်သည် အသင်းတော် ခေါင်းဆောင်ဖြစ်သဖြင့် အသင်းတော် လှူဖွယ်ပစ္စည်းများနှင့် ပတ်သက်လျှင် သင့်ထံတွင် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်မဟုတ်လား။ ယင်းတို့ကို မည်သူကြီးကြပ်ရမည်ကို သင်ဆုံးဖြတ်ပါ” ဟူ၍ ဖြစ်သည်။ အန္တိခရစ်က “သို့ရာတွင် လောလောလတ်လတ်တွင် လက်ရှိစာရင်းများကို စီမံနေသည့်သူကို ထုတ်ပစ်ရန် နည်းလမ်းကောင်း မရှိပါ” ဟု ပြောသည်။ သူ၏ ဇနီးသည် အနည်းငယ် စဉ်းစားပြီးနောက် ဤသို့ ပြောလေသည်။ “ယင်းက လွယ်မည် မဟုတ်လော။ သူသည် ထိုအလုပ်ကို လုပ်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ ယင်းမှာ ဆိုးပေသည်။ မကောင်းသော အကြွေးများ၊ ရှုပ်ထွေးသော ငွေစာရင်းများ သို့မဟုတ် ငွေအလွဲသုံးစားလုပ်ခြင်း အခြေအနေများ ရှိနိုင်မည်ကို စိုးရိမ်၍ဖြစ်သည်ဟုသာ ပြောလိုက်ပါ။ လူတစ်ဦးကို အချိန်အတော်ကြာအောင် တစ်စုံတစ်ရာဖြင့် ယုံကြည်အပ်နှံထားခဲ့သည့်အခါတွင် အမှားများက အလွယ်တကူ ဖြစ်ပျက်သည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့တွင် အရင်းအနှီးရှိသည်ဟု ခံစားရပြီး အခြားလူများကို နားမထောင်တော့ပါ။ ထို့အပြင် စာရင်းများကို စီမံခန့်ခွဲနေသည့်သူသည် အတော်ပင် အိုမင်းနေသည်။ ၎င်းသည် အလွယ်တကူ နားဝေတိမ်တောင်ဖြစ်တတ်ပြီး မကြာခဏ အမှုအရာများကို မေ့လျော့တတ်သည်။ မျက်စိလျှမ်းခြင်းတစ်ခုတလေ ဖြစ်လျှင် ယင်းက ဆုံးရှုံးမှုဖြစ်စေသည်။ ယင်းမှာ အလွန်ပင် အရေးကြီးသည့်အခန်းကဏ္ဍဖြစ်သည်။ သူ့ကို အစားထိုးဖို့လိုသည်” ဟူ၍ ဖြစ်လေသည်။ ပြီးလျှင် မည်သူက ၎င်းတို့အား အစားထိုးရမည်ဟု ပြောသင့်သနည်း။ ဤသူကို အစားထိုးခြင်းနှင့် ပတ်သက်သည့် မည်သည့်စကားမျှ အသင်းတော်ခေါင်းဆောင်ဖြစ်သော သူ၏နှုတ်မှ ထွက်လာ၍ မရပေ။ ညီအစ်ကိုမောင်နှမများသည်သာ အန္တိခရစ်၏ ဇနီးကို အကြံပြုလာသည့် သူများ ဖြစ်ရမည်။ သူ၏ဇနီးက အဆိုပြုချက် ပြုလုပ်သည်နှင့် တစ်ပြိုင်နက် အသင်းတော် လှူဖွယ်ပစ္စည်းများကို သူမထံ တာဝန်ပေးအပ်လိုက်သည်။ သို့သော် အသင်းတော်၏ စည်းမျဉ်းအရ လှူဖွယ်ပစ္စည်းများကို လုံခြုံစွာထိန်းသိမ်းခြင်းသည် တစ်ဦးတည်းဖြင့် မလုပ်ဆောင်နိုင်ဘဲ နှစ်ဦး သို့မဟုတ် သုံးဦးဖြင့် ပူးတွဲလုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းက လူတစ်ဦးတစ်ယောက်က လစ်ဟာမှုကို အပြည့်အဝ အသုံးချပြီး ဘုရားသခင်၏အိမ်တော်၏ ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ခြင်းမှ ရှောင်ရှားရန် အထောက်အကူပြု၏။ ထို့ကြောင့် အန္တိခရစ်သည် သူ၏ ဝမ်းကွဲကို ပူးတွဲထိန်းသိမ်းရန် အကြံပြုထောက်ခံချက်ပေးပြီး သူမသည် ဘုရားသခင်ကို ယုံကြည်သူသက်တမ်းကြာရှည်သူဖြစ်ကြောင်း၊ လှူဖွယ်ပစ္စည်းများစွာ ပေးခဲ့ကြောင်း၊ ဂုဏ်သတင်းကောင်း ရရှိကြောင်းနှင့် ယုံကြည်စိတ်ချရကြောင်း ပြောဆိုသည်။ လူတိုင်းက “ဤနှစ်ဦးလုံးသည် သင်၏ဆွေမျိုးများသာ ဖြစ်သည်။ သင့်မိသားစု၏ ပြင်ပမှ တစ်စုံတစ်ဦးကိုလည်း ထည့်ရမည်” ဟု ပြောကြသည်။ ထို့ကြောင့် အန္တိခရစ်သည် ဘဏ္ဍာငွေကို စီမံခန့်ခွဲပြီး ထိန်းချုပ်ရာတွင် ကူညီရန် နားဝေတိမ်တောင်ဖြစ်သော အသက်ကြီးသည့် ညီအစ်မတစ်ဦးကို အကြံပြုထောက်ခံလေသည်။ ဦးစွာ အန္တိခရစ်သည် ဘဏ္ဍာငွေကို သူ၏မိသားစု၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်စေသည်၊ ထို့နောက်တွင် သူ၏မိသားစုက ဤငွေကို မည်သို့ သုံးစွဲသည်ကိုလည်းကောင်း၊ တိကျသော အကြောင်းစုံအားလုံးကိုလည်းကောင်း စီမံအုပ်ချုပ်သည်၊ ဤအရာအားလုံးအပေါ် ထိန်းချုပ်မှုသည် သူ၏ လက်ထဲတွင် ရှိနေသည်။
ဘဏ္ဍာရေးဆိုင်ရာ အာဏာကို လက်ဝါးကြီးအုပ်ကာ ဥစ္စာပစ္စည်းများကို ထိန်းချုပ်ပြီးနောက်တွင် အန္တိခရစ်သည် သူ၏ ပန်းတိုင်ကို အောင်မြင်ပြီးပြီလော။ မအောင်မြင်သေးပေ။ အရေးအကြီးဆုံးမှာ အသင်းတော်၏ အလုပ်အမျိုးမျိုးကို လုပ်ဆောင်သည့် ကြီးကြပ်ရေးမှူးများကို ထိန်းချုပ်ခြင်း၊ ၎င်းတို့ကို သူ၏ဘက်တော်သားများ ဖြစ်စေခြင်းနှင့် ဆုံးဖြတ်ပိုင်ခွင့် ရှိခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအကြီးဆုံး ဖြစ်သည်ဟု အန္တိခရစ်က ခံစားရသည်၊ ယင်းမှာ အောက်ခြေရှိ အဖွဲ့တစ်ခုစီမှ လူများသည် သူပြောသည့်အတိုင်း လုပ်ဆောင်ခြင်း ရှိမရှိနှင့် သူ၏အာဏာသည် အနိမ့်ဆုံး အဆင့်များအထိ ထိုးဖောက်ဝင်ရောက်ခြင်း ရှိမရှိတို့နှင့် သက်ဆိုင်သည်။ သို့ဖြစ်လျှင် သူသည် ဤသည်ကို မည်သို့ လုပ်ဆောင်သနည်း။ သူသည် ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်သည်။ ဦးစွာ သူသည် မိတ်သဟာယဖွဲ့ပြီး အဖွဲ့တစ်ခုစီ၏ အလုပ်တွင် အမျိုးမျိုးသော အမှားအယွင်းများ ရှိခဲ့သည်ဟု ဆိုသည်။ ဥပမာအနေဖြင့် ဗီဒီယိုအဖွဲ့နှင့် ပတ်သက်၍ အချို့သော ပြဿနာများ ပေါ်ပေါက်ခဲ့ပြီး အန္တိခရစ်က ဤသို့ ဆိုသည်၊ “ဤပြဿနာများသည် ကြီးကြပ်ရေးမှူးကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ ၎င်းတို့၏ အလုပ်တွင် ဤမျှ ကြီးမားသော မျက်စိလျှမ်းမှုများနှင့် ၎င်းတို့ ဖြစ်စေခဲ့သော ကြီးမားသည့် ပြဿနာများမှာ ကြီးကြပ်ရေးမှူးသည် စံနှုန်းပြည့်မီခြင်း မရှိကြောင်းနှင့် အစားထိုးသင့်ကြောင်း သက်သေပင် ဖြစ်သည်၊ အကယ်၍ သူတို့ကို အစားမထိုးလျှင် ဤအလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်။ သို့ဖြစ်လျှင် မည်သူက သူတို့ကို အစားထိုးမည်နည်း။ သင်တို့ စိတ်ထဲတွင် တစ်စုံတစ်ယောက် ရှိသလော။ သင့်တော်သည့်သူ တစ်ဦးတစ်ယောက် ရှိသလော။ အဖွဲ့ထဲတွင် မည်သူက သူတို့လုပ်သည့်အရာ၌ အတော်ဆုံးနည်း” ဟူ၍ ဖြစ်သည်။ လူတိုင်းက အသေအချာ စဉ်းစားပြီး တစ်စုံတစ်ယောက်က “အလွန်တော်သော ညီအစ်ကိုတစ်ယောက် ရှိသည်၊ သို့သော် သူ သင့်တော်ခြင်း ရှိမရှိ ကျွန်ုပ် မသိပါ” ဟု ပြောလေသည်။ အန္တိခရစ်က “သင် မသိလျှင် သူ့ကို မရွေးချယ်နိုင်။ ကျွန်ုပ် သင်တို့အတွက် တစ်ယောက်ကို အကြံပြုထောက်ခံမည်။ ကျွန်ုပ်၏သားသည် အသက် ၂၅ နှစ်ရှိပြီး ကွန်ပျူတာသိပ္ပံဘွဲ့ရ ဖြစ်သည်။ သူသည် အထူးပြုလုပ်ချက်များနှင့် ဗီဒီယို ထုတ်လုပ်ရေးကို အထူးပြုလေ့လာခဲ့သည်။ သူသည် ဘုရားကို ယုံကြည်သူအသစ်ဖြစ်ပြီး သမ္မာတရားကို များများစားစား မလိုက်စားပေ၊ သို့သော် သူ၏ ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းများသည် သင်တို့အားလုံးထက် ပိုကောင်းသည်။ သင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် ကျွမ်းကျင်ပညာရှင်များလော” ဟူ၍ ပြန်ပြောသည်။ လူတိုင်းက “ကျွန်ုပ်တို့သည် သင် ကျွမ်းကျင်ပညာရှင်များဟု ခေါ်ဆိုမည့်သူများ မဟုတ်ပေ၊ သို့သော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်ကို အချိန်ကြာမြင့်စွာ ထမ်းဆောင်နေခဲ့ပြီးဖြစ်ကာ ဘုရားအိမ်တော်၏ ဤအလုပ်နှင့်ဆိုင်သော စည်းမျဉ်းများကို နားလည်ကြသည်။ သူ နားလည်သလော” ဟု ပြောလေသည်။ “သူ နားမလည်လျှင် အရေးမကြီးပါ၊ သူ သင်ယူနိုင်သည်” ဤသည်မှာ လူတိုင်းအတွက် သင့်တင့်လျောက်ပတ်ပုံရပြီး သူပြောသည့်အတိုင်း သူတို့ သဘောတူလိုက်လျောကြကာ သူနှစ်သက်သော မည်သူ့ကိုမဆို ရာထူးတိုးမြှင့်ပေးရန် အားလုံး သဘောတူကြသည်၊ ဤသို့ဖြင့် နောက်ထပ် အရေးကြီးသော တာဝန်တစ်ခုကို အန္တိခရစ်က ထိန်းချုပ်လိုက်သည်။ ထို့နောက် ဧဝံဂေလိအလုပ်သည် ဘုရားအိမ်တော်အတွက် အရေးကြီးကြောင်း၊ ယင်း၏ ကြီးကြပ်ရေးမှူးသည် သူ၏ ဘက်တော်သား တစ်စုံတစ်ယောက် မဟုတ်ကြောင်း အန္တိခရစ်၏ စိတ်ထဲတွင် ပေါ်လာသည်။ သူတို့ကို အစားထိုးရမည်။ သူတို့ကို မည်သို့ အစားထိုးမည်နည်း။ တူညီသော နည်းလမ်းဖြင့် ဖြစ်သည်။ အပြစ်ရှာခြင်းအားဖြင့် ဖြစ်သည်။ အန္တိခရစ်က “ပြီးခဲ့သည့်တစ်ခေါက်က ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူနှင့် ပတ်သက်၍ မည်သို့ ဖြစ်သွားပြီနည်း” ဟု ပြောသည်။ တစ်စုံတစ်ယောက်က ဤသို့ ပြန်ဖြေသည်၊ “တစ်လကြာ ယုံကြည်ပြီးနောက် သူသည် အပျက်သဘောဆောင်သော ဝါဒဖြန့်မှုအချို့ကို ကြားသိပြီး ထိုအရာကို ယုံကြည်လက်ခံခဲ့ကြသည်၊ ထို့ကြောင့် သူတို့ ဆက်မယုံကြည်တော့ပါ” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်က “ထိုသူသည် အဘယ်သို့ဖြစ်၍များ ဆိုင်းမဆင့်ဗုံမဆင့် ဆက်လက်၍ မယုံကြည်တော့သနည်း။ သင်တို့က ရူပါရုံများ၏ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယ မဖွဲ့ခဲ့သောကြောင့် ဖြစ်သလော။ သို့မဟုတ် သင်တို့ ပျင်းရိသောကြောင့်လော၊ သို့မဟုတ် သင်တို့သည် ဆိုးရွားသော ပတ်ဝန်းကျင်ကို ကြောက်ရွံ့ပြီး သင်တို့ကိုယ်တိုင် အန္တရာယ်ကျရောက်စေမည်ကို ကြောက်သောကြောင့်လော၊ ဤအကြောင်းကြောင့်များ သင်သည် အမှုအရာများကို ရှင်းလင်းစွာ မိတ်သဟာယ မဖွဲ့ခဲ့ခြင်းဖြစ်သလော။ သို့မဟုတ် သင်တို့သည် ၎င်းတို့ကို ချက်ချင်း ဂရုမစိုက်ခဲ့ခြင်းကြောင့်လော။ သို့မဟုတ် သင်တို့သည် သူတို့၏ အခက်အခဲများကို ဖြေရှင်းရာတွင် ကူညီရန် ပျက်ကွက်ခဲ့သလော” ဟု မေးသည်။ သူသည် မေးခွန်း တစ်ပုံတစ်ပင်ကို တစ်ခုပြီးတစ်ခု မေးသည်။ အခြားသူများ မည်သို့ပင် ပြန်ဖြေသည်ဖြစ်စေ၊ မည်သို့ပင် ရှင်းပြချက်ပေးသည်ဖြစ်စေ မထူးခြားချေ။ ဧဝံဂေလိအဖွဲ့၏ ကြီးကြပ်ရေးမှူး၌ ပြဿနာများ အလွန်များပြားကြောင်း၊ သူ၏ အပြစ်များမှာ အလွန်ဆိုးရွားကြောင်း၊ သူသည် တာဝန်မဲ့ပြီး အလုပ်အတွက် အရည်အချင်းမပြည့်မီကြောင်း အန္တိခရစ်က မလျှော့တမ်း ပြောဆိုကာ ဤသို့ဖြင့် ထိုသူကို မရမက ဖြုတ်ချလိုက်သည်။ ထိုသူ့ကို ဖြုတ်ချပြီးနောက် အန္တိခရစ်က ဤသို့ ဆိုသည်၊ “ညီအစ်မ မည်သူမည်ဝါသည် ယခင်က ဧဝံဂေလိတရားကို ဟောပြောခဲ့ဖူးပြီး အတွေ့အကြုံလည်း ရှိသည်။ သူ ကောင်းမည်ဟု ငါထင်သည်” ဤသည်ကို ကြားသောအခါ လူများက “သူက သင့်အစ်မဖြစ်သည်။ သူ စကားအပြောကောင်းနိုင်သော်လည်း သူ့လူ့သဘာဝ မကောင်းပါ။ သူ့မှာ တကယ့်ကို ဂုဏ်သတင်းဆိုး ရှိသည်၊ သူ့ကို အသုံးမပြုနိုင်ပါ” ဟူ၍ ပြောကြပြီး ညီအစ်ကိုမောင်နှမများက သဘောမတူကြပေ။ အန္တိခရစ်က ဤသို့ ဆိုသည်၊ “သင်တို့ သဘောမတူလျှင် ဧဝံဂေလိအဖွဲ့ကို ဖျက်သိမ်းလိမ့်မည်။ သင်တို့ နောက်ထပ် ဧဝံဂေလိတရားကို မဟောရ၊ သင်တို့သည် ဤတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်း မရှိကြပေ။ ဤသို့မဟုတ်လျှင် သင့်တော်သော အဖွဲ့ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ပါ၊ ငါ့အစ်မက လက်ထောက် အဖွဲ့ခေါင်းဆောင် လုပ်လိမ့်မည်” ဟူ၍ ဖြစ်လေသည်။ ညီအစ်ကိုမောင်နှမများက တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီး သူ၏ အစ်မကို လက်ထောက် အဖွဲ့ခေါင်းဆောင် ဖြစ်ခွင့်ပြုရမည်ဟူသော သတ်မှတ်ချက်ဖြင့် အန္တိခရစ်က အင်တင်တင်ဖြင့် သဘောတူလေသည်။ ဤသို့ဖြင့် အများသဘောတူညီမှု ရရှိသဖြင့် ဧဝံဂေလိအဖွဲ့သည် ဆက်လက်တည်ရှိနိုင်ရုံသာ ရှိတော့သည်။
မည်သည့်နေရာတွင်ဖြစ်စေ၊ မည်သည့်အလုပ်နှင့် သက်ဆိုင်သည်ဖြစ်စေ အန္တိခရစ်တို့သည် မိမိတို့၏ အပေါင်းအသင်းရောင်းရင်းများ၊ မိမိတို့၏ ဘက်တော်သားများကို ထည့်ထားရမည်ဖြစ်သည်။ အန္တိခရစ်တို့သည် ခေါင်းဆောင်များဖြစ်လာပြီး အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက် ပထမဆုံး ဆောင်ရွက်သည့်အရာမှာ အဖွဲ့တစ်ခုစီ၏ အဖွဲ့ဝင်များသည် ၎င်းတို့၏ အသက် ဝင်ရောက်မှုတွင် မည်သို့ လုပ်ဆောင်နေသည်ကို စစ်ဆေးခြင်းဖြစ်စေ၊ ၎င်းတို့၏ အလုပ် မည်သို့ တိုးတက်နေသည်ကို၊ သို့မဟုတ် ၎င်းတို့၏ အလုပ်တွင် ကြုံတွေ့ခဲ့ရသော အခက်အခဲအမျိုးမျိုးအား မည်သို့ဖြေရှင်းနိုင်သည်ကို၊ မပြီးပြတ်သေးသော ပြဿနာများ သို့မဟုတ် စိန်ခေါ်မှုများ တစ်စုံတစ်ရာ ရှိမရှိကို ရှာဖွေစုံစမ်းခြင်းဖြစ်စေ မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် လူအင်အား အခြေအနေကိုလည်းကောင်း၊ အဖွဲ့တစ်ခုစီ၏ ခေါင်းဆောင်မှာ မည်သူဖြစ်သည်ကိုလည်းကောင်း၊ အဖွဲ့တစ်ခုစီတွင် မည်သူက သူတို့ကို ဆန့်ကျင်သည်ကိုလည်းကောင်း၊ အနာဂတ်တွင် မည်သည့်လူများက သူတို့၏ အဆင့်အတန်းအတွက် ခြိမ်းခြောက်မှု ဖြစ်လာမည်ကိုလည်းကောင်း ကြည့်ရှုကြသည်။ ၎င်းတို့သည် ထိုသို့သော ကိစ္စရပ်များအကြောင်းကို အတော်အတန် ကောင်းစွာ သိရှိကြသည်၊ သို့သော် အသင်းတော်၏ အလုပ်နှင့်ပတ်သက်သည့် အခြေအနေကို မည်သည့်အခါမျှ မမေးမြန်းကြပေ။ ညီအစ်ကိုမောင်နှမများ၏ အခြေအနေ၊ ၎င်းတို့၏ အသက် ဝင်ရောက်မှု သို့မဟုတ် အသင်းတော် အသက်တာ မည်သို့ရှိသည်ကို ၎င်းတို့ မည်သည့်အခါမျှ မမေးမြန်းကြသည့်အပြင် ဂရုစိုက်လိုစိတ်ပင် ပို၍ နည်းပါးကြသည်။ သို့သော် အဖွဲ့တစ်ခုစီ၏ ကြီးကြပ်ရေးမှူးများနှင့် ပတ်သက်၍မူ ၎င်းတို့ ကောင်းစွာ သိရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ အပေါင်းအသင်းရောင်းရင်းများ ဟုတ်မဟုတ်၊ ၎င်းတို့သည် မိမိတို့နှင့် သင့်မြတ်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် မိမိတို့၏ အာဏာ သို့မဟုတ် အဆင့်အတန်းကို ခြိမ်းခြောက်မှု ဖြစ်စေခြင်း ရှိမရှိတို့ ဖြစ်သည်။ ဤအသေးစိတ်အချက်များအားလုံးကို ၎င်းတို့ သိရှိကြပြီး ယင်းတို့ကို အလွန် ရှင်းလင်းစွာ သိရှိနားလည်ထားကြသည်။ အဖွဲ့ထဲမှ အတော်အတန် ဖြောင့်မတ်ပြီး အမှန်အတိုင်း ပြောဆိုသော တစ်စုံတစ်ဦးနှင့်ပတ်သက်၍မူ ထိုသို့သော လူမျိုးကို သတိထား ရှောင်ရမည်ဖြစ်ပြီး မည်သည့်အဆင့်အတန်းမျှ မပေးသင့်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သို့တိုင် ၎င်းတို့သည် မြှောက်ပင့်ပြောဆိုရာတွင် ကျွမ်းကျင်သောသူများ၊ ကပ်ဖားရပ်ဖား လုပ်တတ်သောသူများ၊ နှစ်သက်ဖွယ် စကားများ ပြောဆိုပြီး လူတို့၏ အလိုကိုလိုက်သောသူများ၊ အမှုအရာများ လုပ်ဆောင်သည့်အခါတွင် အရိပ်အခြည်ကြည့်၍ လုပ်ဆောင်နိုင်သောသူများကိုမူ မျက်နှာသာပေးကြသည်။ အန္တိခရစ်သည် ထိုသူတို့အပေါ် ထောက်ခံသည်ဟု ခံစားရပြီး ထိုသူတို့အား ရာထူးတိုးမြှင့်ပေးရန်နှင့် အရေးကြီးသော ရာထူးတွင် ထားရန် အစီအစဉ်ရှိသည်။ ၎င်းတို့ သွားလေရာရာသို့ ထိုသူတို့ကို ခေါ်ဆောင်သွားရန်ပင် စဉ်းစားကြကာ ထိုသူတို့ကို တရားဒေသနာများ ပို၍ နားထောင်စေရန် သေချာစေပြီး ထိုသူတို့ကို မိမိ၏ အပေါင်းအသင်းရောင်းရင်းများအဖြစ်သို့ ပျိုးထောင်ကြသည်။ အသင်းတော်ထဲမှ သမ္မာတရားကို လိုက်စားသောသူများ၊ တရားမျှတစိတ် ရှိပြီး အမှန်တရားကို ပြောဆိုဝံ့သောသူများ၊ ဘုရားသခင်ကို အစဉ်တစိုက် ချီးမြှောက်ပြီး ကိုယ်တော့်အတွက် သက်သေခံသောသူများ၊ ကောက်ကျစ်ဆိုးယုတ်သော အင်အားစုများ၊ အဆင့်အတန်း သို့မဟုတ် သြဇာအာဏာကို ဦးမညွှတ်သောသူတို့နှင့် ပတ်သက်၍မူ ၎င်းတို့သည် ထိုသူတို့ကို မိမိတို့၏ စိတ်နှလုံးထဲတွင် သတိထားရှောင်ကြသည်၊ စက်ဆုပ်ရွံရှာကြသည်၊ ခွဲခြားဆက်ဆံကြပြီး ဖယ်ကြဉ်ကြသည်။ သို့သော်လည်း ထိုသူတို့ကို မြှောက်ပင့်သောသူများ၊ အထူးသဖြင့် မိမိတို့၏ မိသားစုဝင်များ၊ အခြား မနီးစပ်ဆွေမျိုးများ၊ ၎င်းတို့ကို ဝန်းရံနိုင်သောသူများကို မိမိတို့၏ လူများအဖြစ် မှတ်ယူကြပြီး မိသားစုသဖွယ် ဆက်ဆံကြသည်။ အန္တိခရစ်၏ အာဏာအောက်တွင် ရှိပြီး ၎င်းတို့ကို ဝန်းရံနေနိုင်သော၊ ၎င်းတို့ အမှုအရာများ လုပ်ဆောင်သည့်အခါတွင် ၎င်းတို့၏ အရိပ်အခြည်ကို ကြည့်၍ လုပ်ဆောင်နိုင်ပြီး အမိန့်နာခံနိုင်သော၊ သူတို့၏ ဆန္ဒများအတိုင်း အကောင်အထည်ဖော်နိုင်သော ထိုသူအားလုံးသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား၊ လူ့သဘာဝ ကင်းမဲ့ကြပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး စိုးစဉ်းမျှ မရှိကြချေ။ ၎င်းတို့သည် မယုံကြည်သူ တစ်သိုက် ဖြစ်ကြသည်။ မည်မျှဆိုးသောအမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ အန္တိခရစ်သည် ၎င်းတို့ကို ပျိုးထောင်ပြီး ကာကွယ်ကာ မိမိတို့၏ မိသားစုအဖြစ် မှတ်ယူပြီး မိမိတို့၏ အာဏာအောက်သို့ ကျရောက်စေသည်၊ ဤသို့ဖြင့် အန္တိခရစ်၏ ပိုင်နက်သည် ဖွဲ့စည်းဖြစ်ပေါ်လာသည်။
ပြီးလျှင် အန္တိခရစ်၏ ကိုယ်ပိုင် ပိုင်နက်ကို မည်သူတို့ဖြင့် ဖွဲ့စည်းထားသနည်း။ ရှေးဦးစွာ အန္တိခရစ်သည် ဦးသျှောင်၊ ခေါင်းဆောင်ဖြစ်ပြီး ဤပိုင်နက်အတွင်း သူ၏ စကားသည် မေးခွန်းထုတ်စရာ မရှိသော အကြွင်းမဲ့ သြဇာအာဏာရှိသည့် ဘုရင်ဖြစ်သည်။ သူတို့နှင့် သွေးသား တော်စပ်သော လူများ၊ သူတို့၏ မိသားစုဝင် အရင်းအချာများ၊ သူတို့၏ အပေါင်းအသင်းရောင်းရင်းများ၊ အရင်းနှီးဆုံး မိတ်ဆွေများ၊ အမာခံ ချစ်ခင်သူများ၊ သူတို့ကို ဝမ်းပန်းတသာ လိုက်နာပြီး သူတို့ထံမှ အမိန့်နာခံသော အခြားသူများ၊ သူတို့နှင့် ပျော်ရွှင်စွာ ပေါင်းသင်းဆက်ဆံပြီး သူတို့၏ ဒုစရိုက်အမှု လုပ်ဆောင်ခြင်းတွင် ပူးပေါင်းပါဝင်သော နောက်ထပ် အခြားသူများနှင့်၊ ဘုရားအိမ်တော်၏ စီစဉ်မှုများနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မည်သို့ပင် စည်းမျဉ်းသတ်မှတ်ထားသည်ဖြစ်စေကာမူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများက မည်သို့ ဆိုသည်ဖြစ်စေကာမူ သူတို့အတွက် ဝမ်းပန်းတသာ အလုပ်ကြိုးစားသူများ၊ မိမိကိုယ်ကို စွန့်စားသူများနှင့် အားသွန်ခွန်စိုက်အလုပ်လုပ်သူများ ဖြစ်ကြသည်။ ဤသူများသည် အန္တိခရစ်၏ ပိုင်နက်၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ အားလုံးကို စုပေါင်းလိုက်လျှင် ၎င်းတို့သည် အန္တိခရစ်၏ အမာခံ နောက်လိုက်များ ဖြစ်ကြသည်။ ပြီးလျှင် အန္တိခရစ်၏ ပိုင်နက်မှ ဤအဖွဲ့ဝင်အားလုံးသည် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများနှင့် စည်းမျဉ်းများအတိုင်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ပြီး အလုပ်တိုင်းကို လုပ်ဆောင်ကြသလော။ ၎င်းတို့သည် ဘုရားသခင် လိုအပ်သည့်အတိုင်း လုပ်ဆောင်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အမြင့်မြတ်ဆုံးသော စည်းမျဉ်းအဖြစ် သဘောထားကြသလော။ (မဟုတ်ပါ။) ထိုသို့သော လူများ အသင်းတော်တွင် ရှိနေသည့်အခါ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အဟန့်အတားမရှိ ရှေ့ဆက်နိုင်သလော။ ရှေ့မဆက်နိုင်ရုံသာမက အန္တိခရစ်ဂိုဏ်း၏ အနှောင့်အယှက်ပေးခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် ဖျက်လိုဖျက်ဆီးလုပ်ခြင်းတို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ကိုယ်တော် ဖော်ပြသည့် သမ္မာတရားနှင့် ကိုယ်တော် လူတို့အပေါ် ထားရှိသည့် တောင်းဆိုချက်များကို အသင်းတော်ထဲတွင် အကောင်အထည် မဖော်နိုင်ပေ၊ ယင်းတို့ကို အကောင်အထည် မဖော်နိုင်ပေ။ အန္တိခရစ်၏ ပိုင်နက် တည်ရှိသောအခါ ဘုရားသခင် ရွေးချယ်ထားသော သူများသည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်ဖို့ ပို၍ပင် ဝေးစွ၊ ပုံမှန် အသင်းတော် အသက်တာ မရနိုင်ကြသကဲ့သို့ မိမိတို့၏ တာဝန်ကိုလည်း ပုံမှန် မထမ်းဆောင်နိုင်ကြပေ။ အသင်းတော်ရှိ အလုပ်တိုင်းကို အန္တိခရစ်က ထိန်းချုပ်ထားသည်။ ဤသည်မှာ အတိုင်းအတာ သိပ်မများသောနေရာတွင် အန္တိခရစ်၏ အဖျက်အမှောင့်လုပ်ခြင်းသည် ပရမ်းပတာ အခြေအနေကို ဖြစ်စေသည်၊ လူတို့သည် စိုးရိမ်ပူပန်သော အခြေအနေတွင် ရှိနေကြသည်၊ အလုပ်တွင် တိုးတက်မှု မရှိဘဲ လူတို့သည် မိမိတို့၏ အလုပ်ကို မည်သို့ ကောင်းစွာ လုပ်ဆောင်ရမည် သို့မဟုတ် မိမိတို့၏ တာဝန်ကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်ကို မသိကြပေ၊ အရာအားလုံးသည် ပရမ်းပတာ ဖြစ်သွားသည်။ ဆိုးရွားသော အခြေအနေများတွင် အလုပ်အားလုံး ရပ်တန့်သွားပြီး မည်သူမျှ စိုးရိမ်မှု သို့မဟုတ် ဂရုစိုက်မှု တစ်စုံတစ်ရာ မပြကြပေ။ လူအနည်းငယ်က ပြဿနာတစ်ခု ရှိနေသည်ကို ပြောနိုင်သော်ငြားလည်း ဤအခက်အခဲသည် အန္တိခရစ်ကြောင့် ဖြစ်ရသည်ဟု ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ၊ ၎င်းတို့သည်လည်း အန္တိခရစ်ကြောင့် အနှောင့်အယှက်ပေးခံရပြီး လမ်းပျောက်နေကြကာ မည်သူ မှန်သည်၊ မည်သူ မှားသည်ကို မသိကြပေ၊ အချို့သော ပြဿနာများကို သတိပြုမိနိုင်ပြီး ထုတ်ဖော်ပြောဆိုလိုသော သို့မဟုတ် အလုပ်ကို တာဝန်ယူလိုသော အချို့သူများ ရှိလျှင်ပင် ၎င်းတို့သည် အလုပ်ကို တာဝန်မယူနိုင်ကြပေ။ အန္တိခရစ်သည် ၎င်းတို့ကို ဖော်ထုတ်ရန် ကြိုးစားသော မည်သူ့ကိုမဆို၊ သို့မဟုတ် တရားမျှတစိတ် ရှိပြီး အလုပ်ကို မိမိတို့ကိုယ်တိုင် တာဝန်ယူရန် ကြိုးစားသော မည်သူ့ကိုမဆို နှိပ်ကွပ်သည်။ ပြီးလျှင် ၎င်းတို့ကို နှိပ်ကွပ်ရာတွင် မည်သည့်အတိုင်းအတာအထိ ၎င်းတို့ လုပ်ဆောင်ကြသနည်း။ အကယ်၍ သင်သည် အသံမထွက်ဝံ့လျှင်၊ အကယ်၍ သင် အသနားခံလျှင်၊ အကယ်၍ သင်သည် သူတို့အကြောင်း သတင်းမပေးဝံ့လျှင်၊ အကယ်၍ သင်သည် သူတို့ကို အထက်လူကြီးများထံ မတိုင်ကြားဝံ့လျှင်၊ သို့မဟုတ် သူတို့၏ အလုပ်နှင့်ပတ်သက်သည့် ပြဿနာများကို ထုတ်ဖော်မပြောဆိုလျှင်၊ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယမဖွဲ့လျှင်၊ သို့မဟုတ် “ဘုရားသခင်” ဟူသော စကားလုံးကို မပြောဆိုလျှင် အန္တိခရစ်သည် သင့်ကို ချမ်းသာပေးလိမ့်မည်။ အကယ်၍ သင်သည် စည်းမျဉ်းများကို ထိန်းသိမ်းစောင့်ရှောက်ပြီး သူတို့ကို ဖော်ထုတ်လျှင် ၎င်းတို့သည် သင့်ကို နှိပ်စက်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့သည် သင့်ကို ပြစ်တင်ရှုတ်ချပြီး နှိပ်ကွပ်ရန် နည်းလမ်းတိုင်းကို အသုံးပြုကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ပိုင်နက်မှ အဖွဲ့ဝင်များကလည်းကောင်း၊ အခြား လှေနံနှစ်ဖက်နင်းသူများနှင့်တကွ အန္တိခရစ်၏ အင်အားစုများကို ကြောက်ရွံ့သော သတ္တိမရှိသည့်၊ သူရဲဘောကြောင်သည့် လူများကိုပင် သင့်ကို ပယ်ချပြီး နှိပ်ကွပ်စေရန် သွေးထိုးလှုံ့ဆော်လိမ့်မည်။ နောက်ဆုံးတွင် ယုံကြည်ခြင်းနှင့် ဝိညာဉ်ရင့်ကျက်မှု သေးငယ်သော အချို့သူများသည် အန္တိခရစ်ကြောင့် ဒူးထောက်ကျဆုံးသွားကြလိမ့်မည်။ ပြီးလျှင် ဤသည်က အန္တိခရစ်ကို ပျော်ရွှင်စေသည်၊ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်ကို အောင်မြင်ပြီးဖြစ်သည်။ ၎င်းတို့ အာဏာရရှိသည်နှင့်တစ်ပြိုင်နက် ဤအာဏာကို လက်ဝါးကြီးအုပ်ရန်နှင့် မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေရန်အလို့ငှာ ၎င်းတို့သည် အသင်းတော်ရှိ အရေးကြီးသော အလုပ်အားလုံးကို မိမိတို့၏ ဆွေမျိုးရင်းချာများနှင့် မိမိတို့နှင့် ဆက်ဆံရေးကောင်းသော သူများကို ပေးရုံသာမက တစ်ချိန်တည်းတွင် သူတို့နှင့် မည်သို့မျှ အဆက်အစပ်မရှိသော အခြားသူများကိုလည်း သူတို့အတွက် အစေခံမှုပေးရန်နှင့် ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားလုပ်ရန် စည်းရုံးကြသည်၊ ရည်ရွယ်ချက်မှာ အနာဂတ်တွင် ၎င်းတို့၏ အဆင့်အတန်းကို လက်လွှတ်မခံရစေရန်၊ အစဉ်အမြဲ အာဏာကို မိမိတို့လက်ထဲတွင် ဆုပ်ကိုင်ထားနိုင်ရန် ဖြစ်သည်။ ၎င်းတို့၏ စိတ်ထဲတွင် ၎င်းတို့၏ ပိုင်နက်ထဲ၌ လူများလေ၊ ၎င်းတို့၏ အင်အားစုများ ပိုကြီးမားလေဖြစ်ပြီး ထို့ကြောင့် ၎င်းတို့၏ အာဏာသည် ပို၍ ကြီးမားလေ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ အာဏာ ပို၍ ကြီးမားလေ၊ သူတို့ကို အတိုက်အခံလုပ်နိုင်သောသူများ၊ ငြင်းဆိုနိုင်သောသူများနှင့် သူတို့ကို ဖော်ထုတ်ဝံ့သောသူများသည် ၎င်းတို့ကို ပို၍ ကြောက်ရွံ့ကြလေ ဖြစ်သည်။ ထိုသို့သော လူများသည်လည်း ယခင်ထက် ပို၍ ရှားပါးလာသည်။ လူတို့ ၎င်းတို့ကို ပို၍ ကြောက်ရွံ့လေ၊ ဘုရားအိမ်တော်နှင့် ဘုရားသခင်ကို ယှဉ်ပြိုင်တိုက်ခိုက်ရန် ၎င်းတို့၌ အရင်းအနှီး ပို၍ ရှိလေ ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို မကြောက်ရွံ့တော့ဘဲ ဘုရားအိမ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း ခံရမည်ကိုလည်း မကြောက်ရွံ့ကြတော့ပေ။ အန္တိခရစ်၏ အာဏာအတွက် လိုအင်ဆန္ဒ၊ အာဏာကို သူတို့ မည်သို့ အသုံးပြုပုံနှင့် သူတို့၏ အမျိုးမျိုးသော အပြုအမူများကို ကြည့်ခြင်းအားဖြင့်၊ အနှစ်သာရအားဖြင့် အန္တိခရစ်သည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်၊ ၎င်းတို့သည် စာတန်နှင့် နတ်ဆိုးဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။