အချက် ၁- လူတို့၏စိတ်နှလုံးများ စည်းရုံးသိမ်းသွင်းရန် ၎င်းတို့ကြိုးစားကြသည် (အခန်း နှစ်)

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် သူတို့ကို နေရာချထားခြင်း အကြောင်းရင်းများ

ဆက်လက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ကို ထမ်းဆောင်သူတို့ဖြစ်သည့် ဒုတိယအမျိုးအစားကို ဆွေးနွေးကြစို့။ ထိုကဲ့သို့သောလူတို့သည် အရေအတွက်အားဖြင့် နည်းသော်လည်း ၎င်းတို့၏ အလုပ်သဘာဝအရ အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၌လည်း ဧဝံဂေလိတရားဟောခြင်းထက်ပင် ပိုများသော သမ္မာတရားများစွာ ပါဝင်၏။ ငါသည် အဘယ့်ကြောင့် ဤသို့ဆိုသနည်း။ ဤတာဝန်များသည် နယ်ပယ်အားဖြင့် အလွန်ကျယ်ပြန့်၏။ ဤတာဝန်များ၏ ကဏ္ဍတစ်ခုမှာ အသင်းတော်ပြင်ပတွင် ဧဝံဂေလိဖြန့်ဝေခြင်းအလုပ် ဖြစ်ပြီး အခြားကဏ္ဍမှာ အသင်းတော်အတွင်းပိုင်း၌ ဘုရားသခင်ရွေးကောက်ထားသော လူတို့အား ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်း၊ အသင်းတော်အသက်တာအား ကောင်းစွာ စီမံခန့်ခွဲခြင်းအပြင် အသင်းတော်ကိစ္စများအား ကိုင်တွယ်ခြင်းနှင့် ပြဿနာမျိုးစုံအား ဖြေရှင်းခြင်းတို့ ဖြစ်သည်။ ဆိုလိုသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပိုများသော သမ္မာတရားများကို နားလည်ရမည်ဖြစ်ပြီး အချို့သော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့်ပတ်သက်၍ ပိုမိုတင်းကျပ်သော တောင်းဆိုမှုများကို ၎င်းတို့အပေါ် ပြဋ္ဌာန်းထားသည့်အပြင် ဘုရားသခင်နှင့် ၎င်းတို့၏ဆက်ဆံရေးမှာ ပိုမိုနီးကပ်ရမည် ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်းတွင် သမ္မာတရား၏ ကဏ္ဍ အမျိုးမျိုးကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဝင်ရောက်ခြင်း၊ လူတို့လျှောက်သည့် လမ်းကြောင်းများအပြင် အခြားကဏ္ဍ များစွာလည်း ပါဝင်သည်။ ဧဝံဂေလိတရားဟောသည့်တာဝန်ကို ထမ်းဆောင်ခြင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်းက အသက်ဝင်ရောက်မှုနှင့် ပို၍နီးကပ်စွာ ဆက်စပ်နေပြီး စိတ်သဘောထားပြောင်းလဲမှုကို စွမ်းဆောင်ရရှိခြင်းလည်း လိုအပ်သည်။ ဤသည်မှာ ခေါင်းဆောင်ပိုင်း၏ အလုပ်ကို မည်ကဲ့သို့ ကောင်းစွာလုပ်ဆောင်ရမည်နှင့် ဆက်စပ်သည့် သမ္မာတရားအမျိုးမျိုးသည် အရေအတွက်နှင့် နယ်ပယ်အားဖြင့် ပို၍ များပြားကျယ်ပြန့်သည်ဟု ဆိုလိုပေသည်။ သို့သော် မည်မျှရှိသည်ဖြစ်စေ ယင်းတို့မှာ အဓိကကျသော ကဏ္ဍအချို့ထဲ၌ ထည့်သွင်းနိုင်ဆဲဖြစ်သည်။ သို့ဖြစ်၍ ယင်းတို့ကို တစ်ချက်ချင်း၊ တစ်ဆင့်ချင်း လေ့လာကြစို့။ ပြီးလျှင် သင်တို့သည် ယင်းတို့ကို တဖြည်းဖြည်း နားလည်လာလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ ပြောဆိုခြင်းဖြင့် အစပြုကြစို့။ ၎င်းတို့ကို အဘယ့်ကြောင့် အဓိပ္ပာယ်ဖွင့်ဆိုဖို့ လိုသနည်း။ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟူသည်မှာ တစ်စုံတစ်ခုကို နေရာချပေးခြင်းနှင့် ညီမျှသည်။ ဆိုလိုသည်မှာ ယင်းက လူတို့အား ဤတာဝန်များနှင့်ဆိုင်သည့် တာဝန်ဝတ္တရားများ၏ သဘောသဘာဝနှင့် နယ်ပယ်အပြင် ၎င်းတို့၏ ဂုဏ်ပုဒ်များ၊ တစ်နည်းအားဖြင့် ၎င်းတို့ကို မည်သို့ခေါ်ရမည်ကိုလည်း ပြောပြသည်။ ဤတာဝန်များကို တိကျမှန်ကန်စွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြင့် ဘုရားသခင်စိတ်ထဲ၌ ဤလူအမျိုးအစားက ရှိထားသည့် အဆင့်အတန်း၊ ၎င်းတို့အား မည်သည့်အရာကို ကိုယ်တော်တောင်းဆိုသည်၊ ဤတာဝန်များအား ၎င်းတို့ထမ်းဆောင်မှုအတွက် ကိုယ်တော်၌ မည်သည့်သတ်မှတ်ချက်များ ရှိသည်၊ မည်သည့်လမ်းကြောင်းကို ၎င်းတို့ လျှောက်သင့်သည်၊ မည်သည့်စည်းမျဉ်းများကို ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည်တို့နှင့် ပတ်သက်၍ စိတ်ရှင်းလင်းမှုကို လူတို့ရနိုင်သည်။ ၎င်းတို့ ငယ်ရွယ်သည်ဖြစ်စေ၊ အိုမင်းသည်ဖြစ်စေ၊ သာလွန်မြင့်မြတ်သော ရာထူးရှိသည်ဖြစ်စေ၊ သို့မဟုတ် နိမ့်ကျပြီး အောက်ခြေရာထူးရှိသည်ဖြစ်စေ၊ ထို့ပြင် ၎င်းတို့၏ နောက်ခံအကြောင်း မည်သို့ရှိသည်ဖြစ်စေ၊ မည်သို့ဆိုစေ ဘုရားသခင်သည် ထိုကဲ့သို့သော လူတို့အတွက် သတ်မှတ်ထားသော စံနှုန်းများ ရှိပြီးဖြစ်သည်။ တစ်နည်းအားဖြင့် ထိုကဲ့သို့သော တာဝန်များကို ထမ်းဆောင်သည့်လူတို့ နားလည်ထားရမည့် သမ္မာတရားများ ရှိလေသည်။ ၎င်းတို့ နားလည်သဘောပေါက်ပြီး လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားစည်းမျဉ်းများ ရှိသည့်အပြင် ၎င်းတို့လိုက်လျှောက်သင့်သည့် သေချာသောလမ်းကြောင်းတစ်ခု ရှိလေသည်။ သို့ဆိုလျှင် ဘုရားသခင်နောက်လိုက်များထဲမှ ဦးဆောင်၊ အမှုဆောင်ဖို့ ရွေးကောက်ခံရသူတို့ကို အများအားဖြင့် မည်ကဲ့သို့ သတ်မှတ်ထားသနည်း။ တိကျသော သတ်မှတ်ချက်မှာ အဘယ်နည်း။ သတ်မှတ်ချက်ကို မည်သည့်အရာဖြစ်သည်ဟု လူတို့ ယုံကြည်ကြသနည်း။ ထို့ပြင် အခြားသူများ၏ စိတ်နှလုံးထဲတွင် ထိုသို့သော လူတို့က မည်သည့်အဆင့်အတန်းကို အတိအကျ ပိုင်ဆိုင်ကြသနည်း။ ဤသည်မှာ ထိုသို့သော လူတို့၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို သတ်မှတ်ခြင်းနှင့် ဆက်စပ်နေသည် မဟုတ်လော။ အခြားသူများသည် ဤလူစုကို မိမိတို့၏ စိတ်နှလုံးတွင် မည်သို့နေရာထားရှိသနည်း။ ယင်းမှာ တမန်တော်များလော။ မဟုတ်ပေ။ ယင်းမှာ တပည့်တော်များလော။ ယင်းမှာ တပည့်တော်များလည်း မဟုတ်ပေ။ ၎င်းတို့ကို သိုးထိန်းများဟုခေါ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ (ရှိပါသည်။) “သိုးထိန်းများ” ဟူသည်မှာ သင့်တော်သော ဂုဏ်ပုဒ်တစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) အဘယ့်ကြောင့် မဟုတ်သနည်း။ (ယင်းက လွဲမှားသောရာထူး ဖြစ်သည်။) လူတို့သည် သိုးထိန်းများ၏ အခန်းကဏ္ဍကို ထမ်းဆောင်နိုင်စွမ်းရှိကြသလော။ (မရှိပါ။) ၎င်းတို့သည် တမန်တော်များ သို့မဟုတ် တပည့်တော်များ မဟုတ်သည့်အပြင် “သိုးထိန်းများ” ဟူသည်မှာလည်း မသင့်လျော်သဖြင့် ဤတာဝန်များကို ထမ်းဆောင်သော လူတို့အတွက် အသင့်တော်ဆုံး အမည်နာမအတိအကျမှာ အဘယ်နည်း။ ပို၍ဆီလျော်‌သော အသုံးအနှုန်းမှာ အဘယ်နည်း။ (ကင်းစောင့်များ ဖြစ်သည်။) “ကင်းစောင့်များ” ဟူသည်မှာ သင့်တော်သလော။ ဤဂုဏ်ပုဒ်နှင့် “သိုးထိန်းများ” ကြား၌ မည်သည့်ခြားနားမှုကိုမျှ ငါမမြင်ပေ။ ယင်းမှာ ကြီးကျယ်ခမ်းနားပုံပေါက်သော အမည်နာမဖြစ်‌သော်လည်း ဤလူတို့ လုပ်ဆောင်သည့်အလုပ်မှာ အတော်သေးငယ်သည်။ ဤဂုဏ်ပုဒ်များတစ်ခုမျှ မသင့်တော်ပေ။ သို့ဆိုလျှင် ဤလူတို့ထမ်းဆောင်သည့် တာဝန်များ၏ သဘောသဘာဝကို အခြေခံလျှင် ပို၍ဆီလျော်သော အမည်နာမနှင့် သတ်မှတ်ချက်မှာ အဘယ်နည်း။ ထိုသို့သောလူတို့ကို သတ်မှတ်ခြင်းအတွက် စည်းမျဉ်းများမှာ အဘယ်နည်း။ သတ်မှတ်ချက်သည် ၎င်းတို့၏အလုပ် သဘောသဘာဝကိုအပြင် ၎င်းတို့၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့်လည်း လိုက်ဖက်ရမည်ဖြစ်ပြီး မှန်ကန်သင့်တော်ရုံဖြစ်ရမည် ဖြစ်ကာ ကြီးကျယ်ခမ်းနားလွန်းခြင်း မရှိရပေ။ ဤလူတို့ကို “တမန်တော်များ” အဖြစ် ငါတို့ သတ်မှတ်လျှင် ယင်းသည် ကိန်းကြီးခမ်းကြီးနိုင်လွန်းမည်လော။ (ဟုတ်ပါသည်။) သို့တည်းမဟုတ်လျှင် “ကင်းစောင့်” ကကော အဘယ်သို့ရှိသနည်း။ (ယင်းက ပို၍ပင် ကိန်းကြီးခမ်းကြီးနိုင်သည်။) သင်သည် လူတို့ကို စောင့်ကြပ်ကြည့်ရှုနိုင်စွမ်း ရှိသလော။ မရှိလျှင် သင်သည် ကင်းစောင့်မဟုတ်ပေ။ “သိုးထိန်းများ” ဟူသည်ကော အဘယ်သို့နည်း။ “သိုးထိန်းများ” ဟူသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ (သိုးစုကို ထိန်းကျောင်းသော လူများဖြစ်ပါသည်။) ယင်းက သိုးစုတစ်စုကို ထိန်းကျောင်းပြီး စောင့်ကြပ်ကြည့်ရှုသော လူတို့ကို ရည်ညွှန်းလေသည်။ ၎င်းတို့အလုပ်၏ သဘောသဘာဝကို အခြေခံလိုက်လျှင် ဤအမည်နာမသည် ဤအုပ်စုနှင့် အမှန်ပင် ကိုက်ညီသည်။ သို့သော်လည်း ဤကာလတွင် လူတို့ တာဝန်ယူနိုင်သည့်အရာ၊ ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည့်အရာနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ထောက်ဆလျှင် “သိုးထိန်းများ” ဟူသည့် ဂုဏ်ပုဒ်မှာ သင့်တော်သလော။ (မသင့်တော်ပါ။) ယင်းက အနည်းငယ် ကိန်းကြီးခမ်းကြီးနိုင်သည်။ ၎င်းတို့သည် ဤအရာကို မစွမ်းဆောင်နိုင်သကဲ့သို့ ယင်းက ဤကာလတွင် လူတို့ပြုလုပ်သည့် အလုပ်၏ သဘောသဘာဝ သို့မဟုတ် နယ်ပယ်နှင့်လည်း မကိုက်ညီချေ။ ဤဂုဏ်ပုဒ်က ၎င်းတို့နှင့် မလိုက်ဖက်သည်မှာ သိသာထင်ရှား၏။ သို့ဆိုလျှင် ဤလူအမျိုးအစားကို သတ်မှတ်ရန်အတွက် အသင့်တော်ဆုံး နည်းလမ်းမှာ အဘယ်နည်း။ (ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် သတ်မှတ်ရန် ဖြစ်သည်။) ဤစကားရပ်သည် အတော်လေး သင့်တော်၏။

ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ဖြစ်သည့်လူများ၏ ကဏ္ဍ ပေါ်ပေါက်လာရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းတို့သည် မည်သို့ ပေါ်ပေါက်လာသနည်း။ အကျယ်တဝင့်ဆိုရလျှင် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်အတွက် လိုအပ်သည်။ အတိုချုပ်ဆိုရလျှင် ၎င်းတို့ကို အသင်းတော်၏အလုပ်အတွက် လိုအပ်သည်၊ ဘုရားသခင် ရွေးချယ်ထားသောသူများက ၎င်းတို့ကို လိုအပ်သည်။ ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း မည်သို့ပင် ရှိပါစေ၊ ၎င်းတို့ဆောင်ရွက်သည့် အခန်းကဏ္ဍက မည်သို့ပင် ရှိပါစေ၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့အထဲမှ သာမန်အဖွဲ့ဝင်များနှင့် ညီမျှသည်။ ဘုရားသခင်၏ ရှေ့မှောက်ရှိ ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့သည် အတူတူပင် ဖြစ်သည်။ အသင်းတော်ထဲတွင် “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ” ဆိုသည့် အသုံးအနှုန်းများ ရှိပြီးလျှင် ဤသူတို့သည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများနှင့် မတူညီသော တာဝန်များကို ထမ်းဆောင်ရသော “ခေါင်းဆောင်များ” နှင့် “အမှုဆောင်များ” ဖြစ်ကြသော်လည်း ဘုရားသခင်၏ ရှေ့မှောက်ရှိ ၎င်းတို့၏ “ဖန်ဆင်းခံများ” ဟူသည့် ဂုဏ်ပုဒ်မှာမူ အတူတူဖြစ်နေဆဲ ဖြစ်သည်။ ဤပင်ကိုလက္ခဏာသည် ပြောင်းလဲမည် မဟုတ်ပေ။ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်ရွေးချယ်ထားသော လူတို့အထဲမှ သာမန်အဖွဲ့ဝင်များကြား၌ရှိသော ကွာခြားချက်မှာ ၎င်းတို့ထမ်းဆောင်သည့် တာဝန်များရှိ ထူးခြားချက် တစ်ခုသာဖြစ်သည်။ ဤထူးခြားချက်သည် အဓိကအားဖြင့် ၎င်းတို့၏ ခေါင်းဆောင်ကဏ္ဍများတွင် ပြသည်။ ဥပမာအနေဖြင့် အသင်းတော်က လူမည်မျှရှိပါစေ၊ ခေါင်းဆောင်သည် ဦးသျှောင် ဖြစ်သည်။ သို့ဆိုလျှင် ဤခေါင်းဆောင်သည် အသင်းသားများအကြား မည်သည့်အခန်းကဏ္ဍတွင် ပါဝင် ဆောင်ရွက်သနည်း။ ၎င်းတို့သည် အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောသူများအားလုံးကို ဦးဆောင်ပါသည်။ သို့ဆိုလျှင် ၎င်းတို့သည် အသင်းတော်တစ်ခုလုံးအပေါ် အဘယ်သက်ရောက်မှု ရှိသနည်း။ ဤခေါင်းဆောင်သည် မှားယွင်းသော လမ်းကြောင်းကို လျှောက်မိလျှင်၊ အသင်းတော်ရှိ လူများအားလုံးသည် မှားယွင်းသော လမ်းကြောင်းတွင် ၎င်း၏နောက်သို့ လိုက်ကြပေလိမ့်မည်။ ယင်းက အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောသူများအားလုံးအပေါ်တွင် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်။ ပေါလုကို နမူနာကြည့်လော့။ သူသည် ၎င်းတည်ထောင်ခဲ့သော အသင်းတော်များစွာနှင့် ဘုရားသခင် ရွေးချယ်ထားသောသူများကို ဦးဆောင်ခဲ့သည်။ ပေါလု လမ်းလွဲသွားသည့်အချိန်တွင်၊ သူဦးဆောင်ခဲ့သည့် အသင်းတော်များနှင့် ဘုရားရွေးချယ်ထားသောလူများသည်လည်း လမ်းလွဲသွားကြပေသည်။ ထို့ကြောင့် ခေါင်းဆောင်များက မိမိတို့ကိုယ်ပိုင် ခွဲထွက်သည့် လမ်းကြောင်းကို လျှောက်ကြသည့်အခါ ၎င်းတို့တစ်ဦးတည်းအပေါ်သာ သက်ရောက်မှုရှိသည် မဟုတ်ဘဲ၊ ၎င်းတို့ဦးဆောင်သည့် အသင်းတော်များနှင့် ဘုရားသခင် ရွေးချယ်ထားသူများကိုလည်း အကျိုးသက်ရောက်မှုရှိပေသည်။ ခေါင်းဆောင် တစ်ယောက်သည် သင့်တော်သည့် လူတစ်ယောက် ဖြစ်ကာ မှန်ကန်သော လမ်းကြောင်းကို လျှောက်နေပြီး သမ္မာတရားကို လိုက်စား၍၊ လက်တွေ့လုပ်ဆောင်နေသောသူဖြစ်ပါက ၎င်းတို့ ဦးဆောင်သည့်လူများကလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အားဖြင့် စားသောက်လိမ့်မည် ဖြစ်ပြီး သမ္မာတရားကို ပုံမှန်အားဖြင့် လိုက်စားလိမ့်မည်ဖြစ်သည်၊ ပြီးလျှင် တစ်ချိန်တည်းမှာပင်၊ ခေါင်းဆောင်၏ အသက်တာအတွေ့အကြုံနှင့် တိုးတက်မှုတို့သည် အခြားသူများအတွက် ထင်ရှားသိသာလိမ့်မည်ဖြစ်ပြီး အခြားသူများကို အကျိုးသက်ရောက်လိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင် တစ်ယောက် လျှောက်သင့်သည့် မှန်ကန်သည့် လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းသည် အခြားသူများကို သမ္မာတရားနှင့် သက်ဆိုင်သည့် နားလည်မှု တစ်ခုဆီသို့၊ သမ္မာတရားထဲသို့ ဝင်ရောက်မှု တစ်ခုဆီသို့ ဦးဆောင်နိုင်ခြင်းနှင့် အခြားသူများကို ဘုရားသခင်ထံသို့ ဦးဆောင်နိုင်ခြင်းတို့ ဖြစ်ပေသည်။ မှားယွင်းသည့် လမ်းကြောင်းတစ်ခုမှာ အဘယ်နည်း။ ယင်းသည် ဂုဏ်အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ် နောက်လိုက်ခြင်း၊ မိမိကိုယ်ကို မကြာခဏ ကြွားဝါခြင်း၊ မိမိကိုယ်ကို သက်သေခံခြင်း၊ မည်သည့်အခါမျှ ဘုရားသခင်အတွက် သက်သေမခံခြင်းတို့ဖြစ်သည်။ ယင်းသည် ဘုရားသခင်ရွေးချယ်ထားသော လူတို့အပေါ် မည်သို့ သက်ရောက်သနည်း။ (၎င်းတို့ကို မိမိကိုယ်ကိုရှေ့သို့ ယူဆောင်ပေးသည်။) ၎င်းတို့သည် ဘုရားသခင်ထံမှ ဝေးရာသို့ လမ်းလွဲကြပြီး၊ ဤခေါင်းဆောင်၏ ထိန်းချုပ်မှု အောက်သို့ လာကြလိမ့်မည် ဖြစ်သည်။ သင်သည် လူများကို သင်၏ရှေ့သို့ လာဖို့ ဦးဆောင်ပါက၊ သင်သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော လူတစ်ဦးရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်းဖြစ်သည်၊ ပြီးလျှင် သင်သည် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ မဟုတ်ဘဲ၊ စာတန်၏ရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ လူများကို သမ္မာတရား၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြခြင်းသည်သာလျှင် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မှန်ကန်သော လမ်းကြောင်းကို လျှောက်သည်ဖြစ်စေ၊ မှားယွင်းသော လမ်းကြောင်းကို လျှောက်သည်ဖြစ်စေ ဘုရားသခင် ရွေးချယ်ထားသော လူများအပေါ် တိုက်ရိုက် ဩဇာလွှမ်းမိုးမှုရှိသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သေးသောအခါ ဘုရားသခင် ရွေးချယ်ထားသော လူအများစုက မမြင်မကန်း လိုက်လျှောက်ကြသည်။ ခေါင်းဆောင်သည် ကောင်းမွန်သည့် သူတစ်ယောက်ဖြစ်နိုင်ပြီး ၎င်းတို့က ထိုခေါင်းဆောင်တို့နောက်ကို လိုက်ကြလိမ့်မည်။ ခေါင်းဆောင်သည် မကောင်းသောသူတစ်ယောက် ဖြစ်နိုင်ပြီး ၎င်းတို့က ထိုခေါင်းဆောင်တို့ နောက်သို့လည်း လိုက်ကြလိမ့်မည်။ ၎င်းတို့သည် ခွဲခြားသိခြင်းမရှိပေ။ ၎င်းတို့သည် ခေါင်းဆောင်မည်သူပင် ဖြစ်စေကာမူ၊ ဦးဆောင်ခံရသည့်အတိုင်း နောက်လိုက်ကြသည်။ ထို့ကြောင့် အသင်းတော်များသည် လူကောင်းများကို ယင်းတို့၏ခေါင်းဆောင်များအဖြစ် ရွေးချယ်ရန်မှာ အလွန်အရေးကြီးပေသည်။ ဘုရားသခင်ကို ယုံကြည်သော လူတစ်ဦးစီက လျှောက်သည့် လမ်းကြောင်းသည် ၎င်းတို့၏ခေါင်းဆောင်များလျှောက်သည့် လမ်းကြောင်းနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်၊ ပြီးလျှင် ထိုခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဩဇာလွှမ်းမိုးမှုကို အတိုင်းအတာအမျိုးမျိုးဖြင့် ခံကြရသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၌ ပါဝင်သော သမ္မာတရားမျိုးစုံနှင့် ပတ်သက်သည့် ဤအချက်နှစ်ချက်ကို မိတ်သဟာယပြုခြင်းအားဖြင့် စတင်ကြစို့။ တစ်ဖက်တွင် မှန်ကန်သောလမ်းကြောင်းနှင့် အခြားတစ်ဖက်တွင် မမှန်ကန်သော လမ်းကြောင်း။ ဤနှစ်ခုအနက် မည်သည့်အရာကို ငါတို့ အလျင်ဦးစွာ မိတ်သဟာယ ပြုသင့်သနည်း။ (မမှန်ကန်သော လမ်းကြောင်း။) ဤအရာကို အဘယ်ကြောင့် ရွေးချယ်သနည်း။ မှန်ကန်သောလမ်းကြောင်းကို ဦးစွာဆွေးနွေးလျှင် ပိုကောင်းမည်လော၊ သို့မဟုတ် မမှန်ကန်သော လမ်းကြောင်းကို ဦးစွာဆွေးနွေးလျှင် ပိုကောင်းမည်လော။ (မမှန်ကန်သောလမ်းကြောင်း။) စင်စစ်အားဖြင့် နှစ်ခုလုံး မှန်ကန်ပေသည်။ သို့သော် ငါတို့ ဦးစွာဆွေးနွေးသည့်အရာက မတူညီသော အကျိုးသက်ရောက်မှုကို ဖြစ်စေမည်ဖြစ်သည်။ မမှန်ကန်သောလမ်းကြောင်းကို ဆွေးနွေးခြင်းဖြင့် ငါတို့စတင်ပါက လူများသည် မမှန်ကန်သော လမ်းကြောင်းထဲ၌ရှိသည့် မှန်ကန်သော လမ်းကြောင်းနှင့်ပတ်သက်၍ သာ၍ ရှာဖွေတွေ့ရှိနိုင်ပြီး မိမိတို့ကိုယ်ကို သတိပေးဖို့ ၎င်းတို့အသုံးပြုနိုင်သည့် အပျက်သဘောဆောင်သည့် အရာများစွာ၊ သို့မဟုတ် သိမြင်မှုများစွာကိုလည်း သိရှိနိုင်သည်။ ၎င်းတို့သည် ဤအရာမှ အပြုသဘောဆောင်သည့် တစ်စုံတစ်ရာကို ရရှိနိုင်ပြီး ထို့နောက်တွင် မှန်ကန်သော လမ်းကြောင်းကို ငါတို့ဆက်လက်ဆွေးနွေးလျှင် လူများက အပြုသဘောဆောင်သည့် အရာကို ပို၍ နက်နဲသောအဆင့်နှင့် ပို၍လျင်မြန်စွာ သဘောပေါက်နားလည်နိုင်လိမ့်မည်ဖြစ်သည်။ အခြေခံအားဖြင့် ဤချဉ်းကပ်မှုသည် အလားအလာရှိပြီး လူများကို အကျိုးဖြစ်စေသည်။ ထို့ကြောင့် မမှန်ကန်သော လမ်းကြောင်းကို ဆွေးနွေးခြင်းဖြင့် စတင်ကြစို့။

အန္တိခရစ်များက လူတို့ကို ထိန်းချုပ်ရန် အသုံးပြုသည့် နည်းနိဿယများ

လူတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရပြီး သူ၏တာဝန်များ ထမ်းဆောင်ခြင်းကို အစပြုလိုက်သည်နှင့် သူသည် ပြောဆိုပြုမူပုံတစ်ခုခုကို ခံယူကျင့်သုံးသင့်သလော။ အချို့က “မည်သည့်ပြောဆိုပြုမူပုံနည်း။ ၎င်းတို့သည် မိုးတိမ်များကို စီးရမည်လော သို့မဟုတ် လေနှင့် မိုးကို အမိန့်ပေးရမည်လော” ဟု မေးကြသည်။ တစ်ခုမျှ မမှန်ပေ။ ၎င်းတို့သည် မိုးတိမ်များကို မစီးရသကဲ့သို့၊ မိုးသက်မုန်တိုင်းကိုလည်း အမိန့်ပေးရမည် မဟုတ်သည့်အပြင် ကိုယ်ရည်သွေးရမည်မဟုတ်သော်လည်း ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် စာတန်၏ အနှစ်သာရရှိသည့် ဖောက်ပြန်ပျက်စီးသော လူသားဖြစ်သည်နှင့်အမျှ ထိုကဲ့သို့သော အချိန်များတွင် လူတိုင်းက မိမိအတွင်းထဲ၌ အလွန်လှိုင်းထန်နေသော စွမ်းအားကို အမှန်ပင် ခံစားကြရသည်။ ၎င်းတို့အားလုံး၌ အလွန်မြင့်သော ရည်မှန်းချက်များ ရှိကြပြီး ၎င်းတို့၏ လုပ်ငန်း၌ အောင်မြင်ရန်၊ မိမိတို့၏ စွမ်းရည်များကို ကြွားလုံးထုတ်ရန်၊ ဂယက်ရိုက်သွားစေရန်နှင့် မီးကုန်ယမ်းကုန် ကြိုးစားရန်အတွက် စိတ်ဓာတ်ခွန်အားကို ခံစားကြသည်။ လောလောဆယ်တွင် ဤစိတ်ဓာတ်ခွန်အားမျိုးက မှန်သလော၊ မှားသလော ဆိုသည်ကို မဆွေးနွေးကြဦးစို့။ လူတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရသောအခါ ထိုသူ၏အတွင်းထဲ၌ အလွန်ရှုပ်ထွေးသော စိတ်ခံစားမှုများ ရှိကြသည်။ ရှုပ်ထွေးသည်ဆိုခြင်းအားဖြင့် မည်သည့်အရာကို ငါဆိုလိုသနည်း။ အချို့က ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရဖို့ လုံးဝ မလွယ်ကူဟု ယုံကြည်ကြပြီး ၎င်းတို့က ကောင်းစွာလုပ်ဆောင်နိုင်ခြင်း ရှိမည်၊ မရှိမည်ကို မသေချာသည့်အပြင် ၎င်းတို့၏ အနာဂတ်လမ်းကြောင်း မည်သို့ရှိမည်ကို မသိသော်လည်း ဤအခွင့်အရေးအတွက် အလွန်ဝမ်းသာကြသည်၊ ဤဂုဏ်သိက္ခာရှိသော တာဝန်ဝတ္တရားနှင့် ကြီးလေးသောဝန် လက်ခံရယူခြင်းအတွက် အလွန်ပျော်ကြသည်မှာ ၎င်းတို့၏ ပင်ကိုသဘာဝပင် ဖြစ်လေသည်။ စိတ်ထဲတွင်လည်း မိမိကိုယ်ကို အနည်းငယ် ကျေနပ်နေပြီး ကံကောင်းသည်ဟု ခံစားကြသည်။ ၎င်းတို့က မည်သည့်အရာနှင့်ပတ်သက်၍ ကံကောင်းသည်ဟု ခံစားကြသနည်း။ “ကျွန်ုပ်သည် အခြားလူ များစွာကြားထဲမှ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ ကျွန်ုပ်သည် အတော်ပင် ထွန်းတောက်အောင်မြင်နေပြီး လုပ်နိုင်စွမ်းရှိသည်ပင် ဖြစ်ရမည်။ ကျွန်ုပ်သည် သာမန်လူတို့ထက် ပိုတော်ပြီး အများစုထက် သာလွန်သော သဘောပေါက်နားလည်နိုင်စွမ်းရှိကာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ပိုရှိခြင်း ဖြစ်ရမည်။ ကျွန်ုပ်သည် ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်လာပြီဖြစ်ကာ များစွာ အသုံးတော်ခံပြီး အားထုတ်ကြိုးပမ်းခဲ့ပြီ ဖြစ်သည်။ ကျွန်ုပ်သည် အသင်းတော်ထဲတွင် လူတို့ကို ဘုရားနှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်ခြင်းနှင့် သမ္မာတရား နားလည်ခြင်း၌ လမ်းပြလျက် ဦးဆောင်မှုပြုရန် အရည်အချင်း ပြည့်မီနေကြောင်း အချက်အလက်များက သက်သေပြသည်။ ကျွန်ုပ်ထက် ထက်မြက်သော၊ ပို၍ပညာတတ်သော၊ ပို၍ အပြောအဆို ပါးနပ်သော လူများစွာ ရှိသည်ဖြစ်၍ ထိုသူတို့အစား ကျွန်ုပ်ကို အဘယ့်ကြောင့် ရွေးချယ်ခဲ့သနည်း။ ယင်းက ကျွန်ုပ်သည် တတ်နိုင်စွမ်းရှိပြီး ကောင်းမွန်သော လူ့သဘာဝရှိကြောင်း ပြသသည်။ ဤသည်မှာ ဘုရား၏ ကျေးဇူးတော်ဖြစ်သည်” ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့စိတ်ထဲ၌ မိမိကိုယ်ကိုပြောသောစကား ဖြစ်၏။ “ဘုရား၏ ကျေးဇူးတော်”ကို အဆုံး၌ အပိုထည့်ပြောထားသော်လည်း အမှန်မှာမူ ၎င်းတို့၏ တကယ့်စိတ်ကူးနှင့် စစ်မှန်သော သိနားလည်ခြင်းမှာ ၎င်းတို့တစ်ကိုယ်တော်စကား၏ ပထမပိုင်းတွင် ရှိလေသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဤအရာအတွက် ယှဉ်ပြိုင်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း မပြုခဲ့လင့်ကစား ရွေးချယ်ခံခဲ့ရဆဲ ဖြစ်သည်။ ယခု ကျွန်ုပ် မည်သည့်အရာ ပြုလုပ်သင့်သနည်း။ လူတိုင်းကို စိတ်ပျက်စေ၍ မဖြစ်ပါ။ မီးကုန်ယမ်းကုန် ကြိုးစားရမည်” ဟု စဉ်းစားကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် မီးကုန်ယမ်းကုန် မည်သို့ကြိုးစားကြသနည်း။ လုပ်ငန်းခွင် ပထမရက်တွင် ၎င်းတို့သည် အဖွဲ့တိုင်း၏ ကြီးကြပ်ရေးမှူးများကို အတူတကွ တွေ့ဆုံပွဲတစ်ခုခေါ်လျက် ၎င်းတို့နှင့်ပတ်သက်၍ ဟန်ပန်အမူအရာနှင့် အရှိန်အဝါ အတန်ငယ် ရှိကြသည်။ မည်ကဲ့သို့သော အရှိန်အဝါမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မြန်မြန်ဆန်ဆန်၊ ပြတ်ပြတ်သားသား ပြုမူလုပ်ဆောင်ကာ အထင်ကြီးလောက်စရာ အစပျိုးခြင်းပြုရန် စိတ်အားထက်သန်လျက် စကားကို အတည်ပြောလေသည်။ ပထမဦးဆုံး ၎င်းတို့သည် မိမိတို့ အဘယ်မျှ တတ်နိုင်စွမ်းကြောင်း လူတိုင်းကိုပြဖို့ ကြိုးစားသည်။ ထို့နောက် ၎င်းတို့၏ ယခင်ခေါင်းဆောင်ကို လူတို့အနေဖြင့် ပိုင်းခြားသိမြင်ပြီး ပစ်ပယ်အောင် ပြုလုပ်ဖို့ ကြိုးစားသည်။ ၎င်းတို့က “ယနေ့ အရင်ဦးစွာ ယခင်ခေါင်းဆောင်ကို ဥပမာအဖြစ် လူတို့အား ဘောင်ခတ်သည့် နည်းလမ်းများ၊ အလုပ်၏ မည်သည့်ကဏ္ဍများ၌ သူ အားနည်းခဲ့သည် သို့မဟုတ် ပျက်ကွက်ခဲ့သည် အစရှိသည်တို့ကို စိတ်ဖြာလေ့လာ ဆွေးနွေးလျက် အချိန်အနည်းငယ် အသုံးပြုကြစို့။ ဤအရာများအားလုံးနှင့် ပတ်သက်၍ ကျွန်ုပ်တို့ မိတ်သဟာယပြုနိုင်သည်။ မိတ်သဟာယပြုပြီး၍ သင်တို့၌ ယခင်‌ခေါင်းဆောင်အပေါ် ရှင်းလင်းသော ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသောအခါ၊ သူ့ကို ပစ်ပယ်နိုင်သောအခါ၊ သူ၏ ဘောင်ခတ်ခြင်းကို နောက်ထပ် မခံရသောအခါနှင့် သူ့အား နောက်ထပ် မတမ်းတတော့သောအခါ၌ သိနားလည်ခြင်းကို သင်တို့ ပိုင်ဆိုင်ပြီး ဘုရားကို သစ္စာစောင့်သိကာ ကျိုးနွံနာခံတတ်သည်ဟူ၍ သင်တို့ကို သဘောထား၍ရပေမည်။ ယနေ့စည်းဝေးပွဲတွင် ငါတို့သည် ယခင်က အတုအယောင် ခေါင်းဆောင်နှင့် အန္တိခရစ်ကို ဆန်းစစ်ဝေဖန်ခြင်းဖြင့် အစပြုကြမည်။ သူ့ကို ဖော်ထုတ်ကြစို့” ဟု ဆိုကြသည်။ တုံ့ပြန်သည့်အနေဖြင့် လူတိုင်းက ၎င်းတို့အနေဖြင့် ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြုပြီးသား ဖြစ်ပြီး ယခင်ခေါင်းဆောင်သည် အယောင်ဆောင်ထားသော ခေါင်းဆောင်တစ်ဦးနှင့် အန္တိခရစ်တစ်ဦးဖြစ်ကြောင်း ပိုင်းခြားသိမြင်ပြီးသား ဖြစ်သောကြောင့် မိမိတို့အနေဖြင့် ဖော်ထုတ်စရာမရှိဟု ဆိုလေသည်။ သို့သော် ဤခေါင်းဆောင်သစ်များက သဘောမတူဘဲ လူတို့ကို စတင်၍ တစ်ဦးချင်း ရွေးထုတ်ပြီး ၎င်းတို့ကို မိတ်သဟာယပြုစေသည်။ လူအချို့၏ မိတ်သဟာယပြုချက်မှာ ၎င်းတို့၏ အကြိုက်မဟုတ်သောကြောင့် ယခင်ခေါင်းဆောင်နှင့် အရင်းနှီးဆုံးဖြစ်ခဲ့သော ညီအစ်ကိုမောင်နှမထဲမှ တစ်ဦးအား သူ့ကို ဖော်ထုတ်ရန်နှင့် စိတ်ဖြာလေ့လာဆွေးနွေးရန် တောင်းဆိုသော်လည်း ဤမိတ်သဟာယဖွဲ့ခြင်းကို ကြားပြီးသောအခါ ဤခေါင်းဆောင်သစ်များက “ဤသူသည် ယခင်ခေါင်းဆောင်အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသည့်အပြင် သူ့ကိုပစ်ပယ်ခြင်းလည်း မရှိသေးပေ။ ယခင်ခေါင်းဆောင်သည် ဤသူ၏ စိတ်နှလုံးထဲတွင် နေရာယူနေဆဲ ဖြစ်သည့်ပုံပေါက်သည်။ ယင်းသည် လုံးဝအဆင်မပြေပေ။ ယခင်ခေါင်းဆောင်အား လုံးလုံးလျားလျား ဖော်ထုတ်ရမည့် နည်းလမ်းတစ်ခုကို ယနေ့စဉ်းစားရမည်” ဟု တွေးကြသည်။ ထို့နောက် ၎င်းတို့သည် ယခင်ခေါင်းဆောင်နှင့် မသင့်မြတ်ဆုံးဖြစ်ခဲ့သည့် လူတစ်ဦးကို ထ၍ ဖော်ထုတ်ရန် ဖိတ်ခေါ်သည်။ ထိုသူက ယခင်ခေါင်းဆောင်ကို ဖော်ထုတ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ကျေနပ်သွားကာ ဤသူသည် ပျိုးထောင်ဖို့ရန် ထိုက်တန်သည်ဟု စဉ်းစားကြသည်။ ၎င်းတို့က မည်သည့်အရာကို ပျိုးထောင်လိုသနည်း။ ၎င်းတို့သည် ကြံရာပါတစ်ဦးကို ပျိုးထောင်လိုသည်၊ မိမိတို့၏ ကိုယ်ပိုင် အင်အားစုများကို ပျိုးထောင်လိုခြင်း ဖြစ်သည်။ ဤသည်မှာ ပထမဆုံးသော တွေ့ဆုံပွဲက ဖြစ်ပျက်သွားသည့်ပုံ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့က ဤတွေ့ဆုံပွဲအပြီး၌ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိနိုင်သလော။ သိပ်လုံးလုံးလျားလျား မဟုတ်ပေ၊ သို့မဟုတ် သိပ်မြန်မြန်ဆန်ဆန် မဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ မည်သည့်အရာကို လျှို့ဝှက်ကြံစည်နေကြသနည်း။ “လူ့စိတ်နှလုံးထက် ပို၍ လျှို့ဝှက်သောအရာ မရှိသည့်အပြင် ပို၍ အန္တရာယ်ပြုနိုင်သည့်အရာ မရှိချေ။ ယခင်ခေါင်းဆောင်နှင့်ပတ်သက်၍ လူတစ်ဦးစီ ထင်မြင်သည့်အရာကို ကျွန်ုပ် သေချာအောင် လေ့လာစိစစ်ရမည်။ ထို့ပြင် ကျွန်ုပ်နှင့်ပတ်သက်၍ ၎င်းတို့ ထင်မြင်သည့်အရာ၊ ကျွန်ုပ်၏ အတိတ်အကြောင်း ၎င်းတို့ သိမသိနှင့် ကျွန်ုပ်အကြောင်း ခရေစေ့တွင်းကျ သိမသိဟူသည့်အပေါ် ကျွန်ုပ် ရှင်းလင်းစွာ သိရမည်ဖြစ်ပြီး ကျွန်ုပ်သည် ထိ၍ရမည့်သူ မဟုတ်ကြောင်း နောက်ဆုံးတွင် ၎င်းတို့ကို ပြသရမည်။ သို့သော်လည်း ကျွန်ုပ်သည် ကျွန်ုပ်၏ နည်းလမ်းများနှင့် နည်းစနစ်များကို ဂရုတစိုက် ရွေးချယ်ရမည်။ ကျွန်ုပ်သည် မိမိ၏ ရည်ရွယ်ချက်များကို ဖော်ထုတ်၍မရပါ။ ယင်းတို့ကို ကျွန်ုပ် ဖုံးကွယ်ထားရမည်” ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် ဤစိတ်ကူးများ၊ အလုပ်နည်းလမ်းများနှင့် စေ့‌ဆော်မှုများအားလုံးသည် မည်သည့်နေရာမှ လာသနည်း။ ၎င်းတို့၏ စာတန်ဆန်သော သဘာဝမှလာ၏။ သင်တို့၌ ထိုကဲ့သို့သော သရုပ်သကန်များ ရှိသလော။ သင်တို့သည် ခေါင်း‌ဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသောနေ့တွင် သင်တို့သည် မှားယွင်းသောလမ်းကြောင်းကို မလိုက်ဖို့၊ အတုအယောင် ခေါင်း‌ဆောင်များနှင့် အန္တိခရစ်များ၏ လမ်းကြောင်းကို မလျှောက်ဖို့ မိမိတို့ကိုယ်ကို သတိပေးခြင်းအားဖြင့် စတင်ကောင်း စတင်ခဲ့ပြီးဖြစ်မည်။ သင်တို့အနေဖြင့် အဆင့်အတန်းကို လက်လွှတ်ရမည်ဖြစ်ပြီး သင်တို့၏ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းအတွက် မလုပ်ဆောင်ဖို့၊ သို့မဟုတ် အလုပ်လုပ်စဉ်တွင် အလိုဆန္ဒ၏ စေစားခြင်းကို မခံရဖို့၊ ထိုအစား တာဝန်များကို လုပ်ဆောင်ရန်အတွက် ကြိုးစားပြီး ဘုရားသခင်အား သစ္စာစောင့်သိဖို့ မိမိတို့ကိုယ်ကို ပြောကောင်း ပြောခဲ့ပြီးဖြစ်မည်။ သို့သော်လည်း အချိန်ကုန်လွန်သည်နှင့်အမျှ အချို့က မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ စကားပြောလိုက်သည်နှင့် သို့မဟုတ် လုပ်ဆောင်ပြုမူလိုက်သည်နှင့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်က လွန်စွာ ရှင်းလင်းလာသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် အဆင့်အတန်းကို ခိုင်မာစေဖို့နှင့် လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ ချက်ချင်းကြိုးစားကြလေသည်။ တစ်စုံတစ်ယောက်က မကျေနပ်မှု သို့မဟုတ် ဖီဆန်မှု အရိပ်အယောင်ကို စိုးစဉ်းမျှ ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် ယင်းက ၎င်းတို့ကို စိတ်ဆိုးစေသည်။ ပြီးလျှင် ၎င်းတို့သည် ထိုသူ့ကို ပွင့်ပွင့်လင်းလင်း ဖယ်ကြဉ်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း ပြုကောင်းပြုမည် မဟုတ်သော်လည်း စိတ်ထဲတွင် ထိုသူ့ကို လွန်စွာ အမြင်ကတ်ကြသည်။ ၎င်းတို့သည် ဤအမြင်ကတ်သည့် စိတ်ခံစားမှုကို မည်ကဲ့သို့ ပြသနည်း။ (ထိုသူ့ကို လျစ်လျူရှုကြသည်။) ထိုသူ့ကို လျစ်လျူရှုခြင်းသည် အသံတိတ်ဆိတ်သော သရုပ်သကန်ဖြစ်သဖြင့် အမြင်ကတ်ခြင်း၌ တိကျသော မည်သည့်လုပ်ဆောင်ချက်များ ပါဝင်သနည်း။ ဥပမာ ၎င်းတို့သည် စုဝေးပွဲများ၌ ၎င်းတို့နှစ်သက်သော လူတို့ကို မျက်နှာချင်းဆိုင် ထိုင်စေပြီး ၎င်းတို့ မနှစ်သက်သော လူတို့ကိုမူ အကြောင်းရှာ၍ ဘေးတွင် ထိုင်စေသည်။ ဤသည်မှာ တိုက်ခိုက်မှုတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ၎င်းတို့၏တိုက်ခိုက်မှုအစ ဖြစ်၏။ ၎င်းတို့က အရေးယူဆောင်ရွက်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လုပ်ဆောင်ချက်များသည် စကားလုံးများ သို့မဟုတ် စိတ်ကူးများထက် ပို၍ လေးနက်ပြင်းထန်သည်။ ယင်းတို့သည် အဘယ့်ကြောင့် ပို၍ ပြင်းထန်သနည်း။ တစ်စုံတစ်ခုကို စဉ်းစားသော်လည်း မလုပ်ဆောင်ခြင်းသည် လူတစ်ဦး၏ စိတ်နှင့် အတွေးများမှ လာလေသည်။ သို့သော် လုပ်ဆောင်ချက်ပါသည်နှင့်တစ်ပြိုင်နက် ယင်းက အဖြစ်မှန်တစ်ခု ဖြစ်လာသည်။ အပြုအမူ ဖြစ်သွားသောအခါ ယင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်ရုံမျှမက ဒုစရိုက်အမှုတစ်ခု ဖြစ်သည်။ လူတို့သည် ခေါင်းဆောင်များအဖြစ် ရွေးချယ်ခံရပြီးနောက်တွင် ၎င်းတို့လုပ်ဆောင်သည့် အလုပ်နှင့် ၎င်းတို့ထမ်းဆောင်သည့် တာဝန်များတွင် မိမိတို့၏ကိုယ်ပိုင် စိတ်ဆန္ဒများ၊ ရည်မှန်းချက်များနှင့် ရည်သန်မျှော်မှန်းချက်များ ပါလာတတ်သည်။ သို့သော် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပိုင်ဆိုင်ထားသော လူသားများအားလုံး၌ ရှိသည့် တူညီသော သရုပ်သကန်မှာ အဘယ်နည်း။ ၎င်းတို့အားလုံး၌ တူညီသည့် မည်သည့်အရာရှိသနည်း။ ၎င်းတို့သည် အာဏာကိုရယူရန်နှင့် ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းကို ခိုင်မာစေရန် ကြိုးစားကြသည်။ ၎င်းတို့သည် မည်သည့်နည်းဖြင့် အာဏာရယူရန် ကြိုးစားသနည်း။ ပထမဦးစွာ ၎င်းတို့သည် မိမိတို့အား မျက်နှာလိုမျက်နှာရလုပ်ပြီး ၎င်းတို့အား ချဉ်းကပ်ဖို့ ကြိုးစားနေသောသူများကို အဖွဲ့လိုက် လေ့လာအကဲခတ်ကြသည်။ ထို့နောက် ထိုလူတို့ကို တက်တက်ကြွကြွ ချဉ်းကပ်ပြီး မြှောက်ပင့်ခြင်းဖြင့်ဖြစ်စေ၊ အကူအညီလေးများ ပေးခြင်းဖြင့်ဖြစ်စေ ထိုသူတို့နှင့် လူမသိသူမသိ ဆက်နွှယ်မှုများကို ဖန်တီးပြီး မျက်နှာချိုသွေးကြသည်။ ဤသို့ဖြင့် ၎င်းတို့နှင့် တူညီသော နှစ်သက်မှုများ၊ စိတ်ဝင်စားမှုများ၊ ပြင်းထန်သော ရည်မှန်းချက်များ သို့မဟုတ် တူညီသော သဘာဝများရှိသည့် ဤလူတို့သည် အရိုးစွဲသော နောက်လိုက်များ ဖြစ်လာပြီး ၎င်းတို့နှင့် ပူးပေါင်းလာကြမည် ဖြစ်သည်။ သို့ဆိုလျှင် ဤလူတို့ကို ၎င်းတို့နှင့်ပူးပေါင်းဖို့ ပြုလုပ်ရာ၌ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့၏ အဆင့်အတန်းကို ခိုင်မာစေဖို့နှင့် အာဏာသက်ရောက်မှုများ၏ နယ်ပယ်ကို ကျယ်ပြန့်စေဖို့ ဖြစ်သည်။ ၎င်းတို့သည် အခွင့်အာဏာရသည်နှင့် တစ်ပြိုင်နက် ယင်းမှာ ၎င်းတို့တွင် ဆုံးဖြတ်ပိုင်ခွင့် ရှိခြင်းကိစ္စသာမဟုတ် ၎င်းတို့နောက်လိုက်ဖို့၊ ၎င်းတို့ကို ထောက်ခံကာကွယ်ဖို့နှင့် ၎င်းတို့ကိုယ်စား စကားပြောဖို့အတွက် ပိုများသော လူတို့ကိုလည်း ရရှိလိုကြသည်။ ဤသို့ဖြင့် ၎င်းတို့ တစ်စုံတစ်ခု ပြောဆိုမှားသောအခါ၊ မကောင်းသော အရာများ ပြုလုပ်သောအခါ၊ သို့မဟုတ် လူတို့ကို တိုက်ခိုက်ပြီး ကန့်သတ်ချုပ်ချယ်သောအခါ၌ပင် ၎င်းတို့ပြောသည့်အတိုင်း ပြုလုပ်ပြီး ၎င်းတို့အား ထောက်ခံမည့်သူများ ရှိနေမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်၏။ ထို့နောက် အထက်က ၎င်းတို့၏ ပြဿနာများကို သိရှိသွားပြီး တစ်နေ့နေ့တွင် ၎င်းတို့ကို ဖြုတ်ချပါက ၎င်းတို့ကိုယ်စား စကားပြောဖို့ အစွမ်းကုန် လုပ်ဆောင်မည့်သူ၊ ၎င်းတို့ကို ကာကွယ်ပေးမည့်သူ၊ ထို့ပြင် ၎င်းတို့၏ဂုဏ်သတင်းကို ကာကွယ်ဖို့ ကြိုးစားမည့်လူများ ရှိနေဦးမည်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ဤအဆုံးသတ်မျိုးကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့၏ ဤလုပ်ဆောင်ချက်များအတွက် မည်သည့်နည်းလမ်းကို အသုံးပြုနေကြသနည်း။ လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်း နည်းလမ်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေရန်နှင့် အာဏာသက်ရောက်မှုများ၏ နယ်ပယ်ကို ကျယ်ပြန့်စေရန်အတွက် လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်း ဟူသည့်နည်းလမ်းကို အသုံးပြုကြသည်။ ဤသည်မှာ အန္တိခရစ်များက အခွင့်အာဏာကို အရယူသည့် နည်းလမ်းများထဲမှ တစ်ခုပင် ဖြစ်၏။

မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေဖို့အတွက် အန္တိခရစ်များ အသုံးပြုသည့် နည်းနိဿယများနှင့် ပတ်သက်လာလျှင် ပထမနည်းမှာ လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်း ဖြစ်ပြီး ဒုတိယနည်းမှာ အမြင်မတူသူများအား တိုက်ခိုက်ကာ ကြဉ်ထားခြင်း ဖြစ်သည်။ လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းဟူသည်မှာ ၎င်းတို့ကို မျက်နှာလိုမျက်နှာရလုပ်သော လူများ၊ ၎င်းတို့ကို ချဉ်းကပ်သောလူများ၊ ၎င်းတို့ကို ယုံကြည်သောလူများ၊ ၎င်းတို့ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ၎င်းတို့၏ နောက်သို့လိုက်သော လူများကို စည်းရုံးသိမ်းသွင်းခြင်းဟူသည့် နည်းလမ်းအား အသုံးပြုခြင်းကို ဆိုလိုသည်။ အမြင်မတူသူများအား တိုက်ခိုက်ကာ ကြဉ်ထားခြင်းဟူသည်မှာ သမ္မာတရား နားလည်သောသူများ၊ ၎င်းတို့ကို ပိုင်းခြားသိမြင်သောသူများ၊ ၎င်းတို့၏နောက်သို့လိုက်ခြင်းကို ရှောင်ကြဉ်ပြီး ၎င်းတို့ကို ဖယ်ခွာသောသူများ အားလုံးကို ရန်သူများအဖြစ် ရှုမြင်ခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် ဤလူတို့ကို မျက်စိထဲရှိ တံကျင်များနှင့် နံဘေးကြားရှိ ဆူးငြောင့်များအဖြစ် သဘောထားပြုမူကြပြီး ဤလူတို့အပေါ် ၎င်းတို့အသုံးပြုသော နည်းနိဿယမှာ ၎င်းတို့အား တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းဖြစ်သည်။ ဥပမာအနေဖြင့် အန္တိခရစ်တစ်ဦးက သူမိတ်သဟာယပြုသည့်အခါတိုင်း လူတို့က အလွန် စိတ်ပါဝင်စားကြခြင်း၊ အချို့က မှတ်စုယူခြင်း သို့မဟုတ် အသံဖမ်းစက်ဖြင့် ဖမ်းယူမှတ်သားထားခြင်းကို သတိပြုမိသည်ဟု ဆိုပါစို့။ မည်သည့်အခါမျှ မှတ်စုမယူသည့် သို့မဟုတ် စကားမပြောသည့် ငယ်ရွယ်သော ညီအစ်မတစ်ဦးသာ ရှိသည်။ ထို့ကြောင့် သူက “သူမသည် ကျွန်ုပ်နှင့်ပတ်သက်၍ ပြဿနာရှိသလော။ သို့မဟုတ် ကျွန်ုပ်သည် ကောင်းစွာ မိတ်သဟာယမပြုဟု သူမ ထင်သလော။ ထိုမျှမက ကျွန်ုပ် ရောက်လာသည့်အခါတိုင်း အခြားသူများက ကျွန်ုပ်ကို တရင်းတနှီးဖြင့် နှုတ်ဆက်ပြီး ခေါင်းညိတ်ပြလျက် ကျွန်ုပ်အတွက် ရေငှဲ့ပေးကာ ထိုင်စရာနေရာ ပေးကြသည်။ သို့သော် သူမသည် ကျွန်ုပ်ကို ထိုကဲ့သို့ လုံးဝ မဆက်ဆံပေ။ ယင်းမှာ သူမသည် ကျွန်ုပ်ကို အလျှော့မပေးသည့်ပုံပေါက်သည်။ နည်းလမ်းတစ်ခု စဉ်းစားပြီး သူမအား သင်ခန်းစာပေးဖို့ အခွင့်အရေး ရှာရမည်။ မည်ကဲ့သို့သော အခွင့်အရေးမျိုးကို ကျွန်ုပ်ရှာသင့်သနည်း။ သူမအနေဖြင့် ညံ့ဖျင်းစွာ လုပ်ဆောင်ဖို့သေချာမည့် အရာတစ်ခုကို သူမအား သွားရောက်ကိုင်တွယ်ရန် ကျွန်ုပ်စီစဉ်ရမည်။ ယင်းက ကျွန်ုပ်အား သူမကို သြဝါဒပေးဖို့ အကြောင်းရင်းတစ်ခု ပေးမည်ဖြစ်သည်။ ဤသည်မှာ သူမအား ကျွန်ုပ်ကို အလျှော့ပေးအောင်လုပ်ဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်သည်” ဟု မိမိကိုယ်ကို စဉ်းစားလေသည်။ သို့ဖြစ်၍ သူသည် ဤညီအစ်မကို အန္တရာယ်ရှိသော တစ်နေရာသို့ သွားရောက် အလုပ်လုပ်ဖို့ စီစဉ်ပေးသည်။ သူက “အနည်းငယ် ကာမရာဂ သောင်းကျန်းပြီး သမ္မာတရားကို လက်မခံသော အသက်ကြီးသည့် ဘာသာရေး သင်းအုပ်ဆရာတစ်ဦးအား သူမကို သွား၍ ဧဝံဂေလိတရားဟောခိုင်းမည်။ သူမက သူ့ကို ပြောင်းလဲယုံကြည်အောင် လုပ်နိုင်၊ မလုပ်နိုင်ဆိုသည်ကို ကြည့်ရချည်သေးရဲ့။ အကယ်၍ မလုပ်နိုင်လျှင် သူမသည် မိမိကိုယ်ကိုအတွက် မည်သည့်အရာ ပြောမည်နည်း။ သူမသည် ကျွန်ုပ်ကို အလျှော့မပေးလျှင် သူမကို အဝေးသို့နှင်ထုတ်မည်” ဟု စဉ်းစားသည်။ ထို့နောက် သူက သူမကို ဆက်လက်၍ “ယခုတွင် အခြားညီအစ်ကို မောင်နှမများက သင့်ကို လွန်စွာ အထင်ကြီးကြသည်။ သင်သည် ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်လာပြီဖြစ်ပြီး သမ္မာတရားများစွာကို နားလည်သည်။ ကျမ်းစာကို ကောင်းစွာသိနားလည်သော ဘာသာရေး သင်းအုပ်ဆရာတစ်ဦး ရှိပြီး သူ့ထံသို့ သွား၍ ဧဝံ‌ဂေလိတရားဟောဖို့ အကိုက်ညီဆုံးသောသူမှာ သင်ဖြစ်သည်” ဟု ပြောလေသည်။ ညီအစ်မက ထိုသင်းအုပ်ဆရာနှင့် တွေ့သောအခါ သင်းအုပ်ဆရာက သူမသည် အသက်ငယ်ပြီး ချောမောလှပသည်ကို မြင်တွေ့ပြီး သူမကို သဘောကျလေသည်။ သူက သူမကို အနည်းငယ်ပင် လက်လွတ်စပယ် ပြုမူလေသည်။ ထိုညီအစ်မ ပြန်လာပြီးနောက် နောက်ထပ် ပြန်မသွားလိုကြောင်း ပြောသည်ကို အန္တိခရစ်က “အသင်းတော်သည် သူ့ထံ ဧဝံဂေလိတရားဟောဖို့ရန် သင့်အား တာဝန်ပေးထားသည်။ ဤသည်မှာ သင်၏တာဝန်ဖြစ်ပြီး သင် သွားကိုသွားရမည်”ဟု ပြန်ပြောသည်။ ဤသည်ကို ကြားရသောအခါ နာခံရုံမှတစ်ပါး ရွေးချယ်စရာမရှိဘဲ ရလဒ်အနေဖြင့် တစ်ခါသွားလည်ပတ်ပြီးတိုင်း သူမ ငိုကြွေးလေသည်။ ဤခေါင်းဆောင်သည် အခြားသူများကို တိုက်ခိုက်ရန်နှင့် လက်တုံ့ပြန်ရန်အတွက် ထိုကဲ့သို့သော အရာများကို ပြုလုပ်နိုင်စွမ်းရှိ၏။ ဤသူသည် မည်ကဲ့သို့သော လူစားမျိုးဖြစ်သနည်း။ ဆိုးယုတ်သောသူ ဖြစ်၏။ အကယ်၍ ထိုသူသည် အမျိုးသမီးတစ်ဦး ဖြစ်ခဲ့လျှင် ဤအခြေအနေမျိုးထဲသို့ သွားမည်လော။ (သွားမည် မဟုတ်ပါ။) လုံးဝ သွားမည်မဟုတ်ပေ။ ထိုသူသည် အခြားသူတို့အားလုံးထက် ယင်းကို ပို၍ ရှောင်ကြဉ်မည်ဖြစ်သည်။ ထိုသူသည် သူ့အား ဒေါသထွက်စေသောသူ၊ ရမယ်ရှာဖို့ လွယ်သောသူ၊ သူ့အား အလျှော့မပေးသည့်အပြင် သူ့အား မျက်နှာလိုမျက်နှာရ မလုပ်သောသူကို မြင်တွေ့ပြီးနောက် ဤလူတို့အား လျှို့ဝှက်ကြံစည်ပြီး ထိုသူတို့အပေါ် လက်စားချေဖို့ အခွင့်အရေးများကို ရှာဖွေသည်။ ငါ့ကိုပြောလော့၊ တစ်စုံတစ်ယောက်၌ မကောင်းသော၊ ဆိုးယုတ်သော ရည်ရွယ်ချက်များ ရှိသောအခါ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော အရာမျိုးစုံကို လုပ်နိုင်စွမ်းရှိသည် မဟုတ်လော။ ထို့ပြင် မကောင်းသော၊ ဆိုးယုတ်သော ဤရည်ရွယ်ချက်များက မည်ကဲ့သို့ ဖြစ်လာသနည်း။ အဓိက အကြောင်းရင်းတစ်ခုမှာ ထိုသူ၏ သဘာဝအနှစ်သာရသည် ဆိုးလွန်းကာ မလိုမုန်းထားလွန်းပြီး နောက်ထပ်အကြောင်းရင်းမှာ ထိုသူ၌ ဘုရားသခင်ကိုကြောက်ရွံ့သော စိတ်နှလုံးမရှိပေ။ လူတို့သည် ဘုရားသခင်ကိုကြောက်ရွံ့သော စိတ်နှလုံးကို ပိုင်ဆိုင်မထားသောအခါ ၎င်းတို့ မလုပ်ဝံ့သောအရာ မည်သည့်အရာမျှ မရှိတော့ချေ။ ၎င်းတို့သည် အခြားလူတို့အား ထိခိုက်နစ်နာစေရုံမျှ ပြုမည်မဟုတ်။ ဘုရားသခင်အား အကဲဖြတ်ခြင်းနှင့် သစ္စာဖောက်ခြင်းကဲ့သို့သော အရာများကိုပင် ပြုလုပ်နိုင်သည်။ လူတို့အား ထိခိုက်နစ်နာစေခြင်းမှာ ၎င်းတို့အတွက် အလွယ်ကလေးပင်။ ၎င်းတို့သည် အခြားလူတို့ကို အဘယ်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ ကိစ္စကြီးကြီးမားမားဟု ထင်မည်မဟုတ်ပေ။ ၎င်းတို့သည် အခြားသူများအတွက် စာနာထောက်ထားမှု မရှိသည့်အပြင် အတွင်းစိတ်ထဲမှနေ၍ပင် လွန်စွာ မလိုမုန်းထားကြသည်။ သို့ဆိုလျှင် ဤညီမငယ်ကို မီးလျှံများပြည့်နေသော တွင်းထဲသို့ တွန်းပို့သောအခါ ဤအန္တိခရစ်၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ သူသည် ဧဝံဂေလိတရားဟောပြီး လူတို့ကို ရယူဖို့ ဤအရာကို ပြုလုပ်ခဲ့ခြင်းမဟုတ်။ ယင်းမှာ သူမကို ညှဉ်းပန်းဖို့သာ ဖြစ်သည်။ သူသည် မည်သို့သောလူစားမျိုးကို ညှဉ်းပန်းသနည်း။ အကယ်၍ သူ့အား လိုက်လျောပြီး နာခံသည့် တစ်စုံတစ်ယောက် ဖြစ်နေလျှင် သူ ညှဉ်းပန်းမည်လော။ ညှဉ်းပန်းမည်မဟုတ်ပေ။ သို့ဆိုလျှင် ထိုညီအစ်မသည် အဘယ့်ကြောင့် ထိုကဲ့သို့သော ဆက်ဆံမှုကို ခံခဲ့ရသနည်း။ (သူမက သူ့ကို အလျှော့မပေးခဲ့သောကြောင့် ဖြစ်သည်။) သူမသည် သူ့အား အလျှော့မပေး၊ သူ့အား မျက်နှာလိုမျက်နှာရ မလုပ်၊ သူပြောသည့်အတိုင်း လုပ်ရမည့်အစား သို့မဟုတ် သူ့ကို ရေးကြီးခွင့်ကျယ် ဆက်ဆံရမည့်အစား သူ့ကို မထီမဲ့မြင်ပြုခဲ့သောကြောင့် ရလဒ်အနေဖြင့် သူမ ဤကဲ့သို့ ဆက်ဆံခံရပြီး ထိခိုက်နစ်နာခဲ့ခြင်း ဖြစ်သည်။ အန္တိခရစ်များက လူတို့ကို ဤနည်းအတိုင်း ထိခိုက်နစ်နာစေသောအခါ ဝိညာဉ်ရင့်ကျက်မှု သေးငယ်ပြီး သမ္မာတရားကို နားမလည်သောသူတို့သည် အများအားဖြင့် မည်ကဲ့သို့ တုံ့ပြန်ကြမည်နည်း။ ထိုသူတို့က “ဒေသန္တရအမှုဆောင်များသည် ဗဟိုအမှုဆောင်များထက် ပို၍ အခွင့်အာဏာ ရှိကြသည်။ ယခုတွင် ကျွန်ုပ်တို့သည် ဤပုဂ္ဂိုလ်၏ အခွင့်အာဏာအောက်၌ ရှိနေသောကြောင့် သူပြောသည့်အတိုင်း ပြုလုပ်ပြီး သူသွားခိုင်းသည့် မည်သည့်နေရာသို့မဆို သွားသင့်သည်။ အခြားလူတို့က သူ့အပေါ် ပြုမူသည့် မည်သည့်ပုံစံမဆိုသည် သူ့အား ကျွန်ုပ်တို့ ပြုမူသင့်သည့်ပုံစံပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် လူအုပ်နှင့်တစ်သားတည်းဖြစ်အောင် နေရမည်။ ကျွန်ုပ်တို့သည် အခြားလူတို့ ပြုသည့်နည်းအတိုင်း သူ့ကို မျက်နှာလိုမျက်နှာရ ပြုလုပ်သင့်ပြီး အခြားသူများထက် ပို၍ ကောင်းမွန်အောင်နှင့် ပို၍အာရုံစိုက်လျက် လုပ်ဆောင်သင့်သည်။ သို့မှသာ ဤခေါင်းဆောင်က ကျွန်ုပ်တို့ကို အပြစ်မပေးအောင် ကျွန်ုပ်တို့ တားဆီးနိုင်မည် ဖြစ်သည်။ ဤခေါင်းဆောင်ကို အစေခံရသည်မှာ မလွယ်ကူ။ သူ့ကို ကျွန်ုပ်တို့ သွားမထိသင့်” ဟု မိမိတို့ကိုယ်ကို စဉ်းစားကြမည်ဖြစ်သည်။ သို့ဆိုလျှင် ဤသည်မှာ အန္တိခရစ်များ မြင်တွေ့လိုသည့် အဆုံးသတ်အတိအကျပင် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာတွင် ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိကြပြီးဖြစ်သည်။ ဤသည်မှာ လူတို့အား နှိပ်စက်ညှဉ်းပန်းဖို့ စာတန်အသုံးပြုသည့် နည်းနိဿယနှင့် အတူတူပင်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာက မည်သည့်အရာကို ပြသနည်း။ ၎င်းတို့၏ လုပ်ဆောင်ချက်များက စာတန်ကို ကိုယ်စားပြုကြောင်း ပြသည်။ ၎င်းတို့သည် စာတန်၏ ထွက်ပေါက်နှင့် စာတန်၏ ကိုယ်စားလှယ် ဖြစ်သွားကြပြီ။ ၎င်းတို့က သူ၏ကိုယ်စား လုပ်ဆောင်ကြခြင်း ဖြစ်သည်။ တာဝန်တစ်ခုကို ထိုသို့ လုပ်ဆောင်ခြင်းသည် မှန်ကန်သော တာဝန်ထမ်းဆောင်ခြင်း ဟုတ်သလော။ ဘုရားသခင်ကို အစေခံခြင်း ဟုတ်သလော။ (မဟုတ်ပါ။) ထိုကဲ့သို့သော ခေါင်းဆောင်များကို ခေါင်းဆောင်ဟု‌ခေါ်ရန် မထိုက်တန်ပေ။ ထိုသူတို့သည် ဆိုးယုတ်သောလူများနှင့် စာတန်များ ဖြစ်ကြ၏။

အန္တိခရစ်များသည် ခေါင်းဆောင်များ ဖြစ်လျှင်ဖြစ်ချင်း ၎င်းတို့ ပထမဆုံး ပြုလုပ်သောအရာမှာ လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့၊ လူတို့အား ၎င်းတို့ကို ယုံကြည်အောင်၊ ၎င်းတို့ကို စိတ်ချအောင်နှင့် ၎င်းတို့ကို ထောက်ခံအောင်လုပ်ဖို့ ကြိုးစားခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းက စိတ်ချရသောအခါ စတင်၍ မူမမှန်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ကာကွယ်ဖို့အတွက် အမြင်မတူသူများကို စတင်၍ တိုက်ခိုက်ပြီး ကြဉ်ထားကြသည်။ ၎င်းတို့သည် အမြင်မတူသူများအပေါ်၊ အထူးသဖြင့် သမ္မာတရားလိုက်စားသော လူတို့အပေါ် ဖိနှိပ်ရန်နှင့် တိုက်ခိုက်ရန်၊ ၎င်းတို့ကို ညှင်းပန်းရန်အတွက် မြဲမြံ၊ တိကျပြီး၊ မဆုတ်မနစ်သော နည်းလမ်းများကို အသုံးပြုလျက် မည်သည့်အရာကိုမဆို ကြိုးစားမည် ဖြစ်သည်။ မိမိတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်သော မည်သူ့ကိုမဆို ဖြုတ်ချပြီး အပုပ်ချပြီးမှသာလျှင် ၎င်းတို့ စိတ်အေးလက်အေး ဖြစ်ကြသည်။ အန္တိခရစ်တိုင်းမှာ ဤသို့ဖြစ်သည်။ လူတို့အား စည်းရုံးသိမ်းသွင်းပြီး ဖိနှိပ်ရန်အတွက် ဤနည်းဗျူဟာ အမြောက်အမြားကို အသုံးပြုရာ၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ တန်ခိုးအာဏာရဖို့၊ မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေဖို့၊ လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်ဖို့ ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများက မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင်၊ လွတ်လပ်သော နိုင်ငံကို တည်ထောင်လိုသည်၊ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြု၍ ရပ်တည်လိုကြသည်။ ထိုကဲ့သို့သော အနှစ်သာရသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထက်ပင် ပို၍ ဆိုးရွားလေသည်။ စာတန်၏ ပြင်းထန်သော ရည်မှန်းချက်များနှင့် ကောက်ကျစ်သော အကြံအစည်များက လုံးလုံးလျားလျား ပေါ်လွင်ပေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ထုတ်ဖော်ပြခြင်းနှင့်ဆိုင်သည့် ပြဿနာတစ်ခုတည်း မဟုတ်ပေ။ ဥပမာအနေဖြင့် လူတို့သည် အနည်းငယ် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောအခါ၊ သို့မဟုတ် တစ်ခါတစ်ရံ အနည်းငယ် လှည့်ဖြားတတ်ပြီး လိမ်လည်သောအခါ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်းသက်သက် ဖြစ်သည်။ ထိုစဉ်အတွင်းတွင် အန္တိခရစ်များ ပြုလုပ်သမျှမှာ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်၊ အမြင်မတူသူများကို တိုက်ခိုက်ပြီး ကြဉ်ထားရန်၊ မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေရန်၊ တန်ခိုးအာဏာကို အမိအရယူရန်နှင့် လူတို့ကို ထိန်းချုပ်ရန်အတွက် ဖြစ်သည်။ ဤလုပ်ဆောင်ချက်များ၏ သဘာဝမှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းနှင့် ဘုရားရှေ့မှောက်သို့ လာရောက်ခြင်းတွင် ဘုရားသခင် ရွေးကောက်ထားသော လူတို့ကို ဦးဆောင်နေကြသလော။ (မဦးဆောင်ကြပါ။) သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာ လုပ်နေသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို သူရွေးကောက်ထားသော လူတို့အတွက် တုပြိုင်ကာ လူတို့၏ စိတ်နှလုံးများအတွက် ပြိုင်ဆိုင်ပြီး မိမိတို့ကိုယ်ပိုင်၊ လွတ်လပ်သော နိုင်ငံတော်ကို ထူထောင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ လူတို့၏ စိတ်နှလုံးထဲ၌ အဘယ်သူ နေရာရသင့်သနည်း။ ဘုရားသခင် နေရာရသင့်သည်။ သို့သော် အန္တိခရစ်များ ပြုလုပ်သမျှမှာ ဤအရာ၏ ဆန့်ကျင်ဘက် အတိအကျ ဖြစ်၏။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် သို့မဟုတ် သမ္မာတရားကို နေရာရခွင့်မပေးကြပေ။ ထိုအစား ၎င်းတို့က လူတို့၏ စိတ်နှလုံးထဲ၌ လူ၊ ၎င်းတို့ကဲ့သို့ ခေါင်းဆောင်နှင့် စာတန်ကို နေရာရှိစေလိုကြသည်။ တစ်စုံတစ်ယောက်၏ စိတ်နှလုံးထဲ၌ ၎င်းတို့ နေရာမရှိကြောင်း၊ ထိုသူသည် ၎င်းတို့ကို ခေါင်းဆောင်တစ်ဦးကဲ့သို့ မဆက်ဆံကြောင်း ၎င်းတို့ တွေ့ရှိသည်နှင့်တစ်ပြိုင်နက် အလွန်တရာ မကျေမချမ်း ဖြစ်ပြီး ထိုသူတို့ကို ဖိနှိပ်ရန်နှင့် ညှဉ်းပန်းရန် ကြိုးစားကောင်း ကြိုးစားမည်ဖြစ်သည်။ အန္တိခရစ်များ ပြုလုပ်သမျှနှင့် ပြောသမျှသည် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ဗဟိုပြုပြီး လူတို့အား ၎င်းတို့ကို အထင်ကြီးစေရန်၊ လူတို့အား ၎င်းတို့ကို အားကျပြီး ကိုးကွယ်စေရန်၊ လူတို့အား ၎င်းတို့ကို ကြောက်စေရန်ပင် ရည်ရွယ်လေသည်။ ၎င်းတို့သည် “မည်သည့်အသင်းတော်၌ ကျွန်ုပ်ရှိသည်ဖြစ်စေ ကျွန်ုပ်ကို လူတို့ နားထောင်ရမည်၊ ၎င်းတို့သည် ကျွန်ုပ်ထံမှ အရိပ်နိမိတ်ယူရမည်။ မည်သည့်ပြဿနာကို အထက်သို့ မည်သူတိုင်ကြားသည်ဖြစ်စေ ယင်းက ကျွန်ုပ်မှတစ်ဆင့် ဖြစ်ရမည်၊ ထိုသူတို့သည် ကျွန်ုပ်ထံ၌သာ တိုင်ကြားမှုများ ပြုလုပ်ခွင့်ရှိပြီး အထက်သို့ တိုက်ရိုက်မတိုင်ကြားရပေ။ တစ်စုံတစ်ယောက်သည် ကျွန်ုပ်ကိုငြင်းလျှင် ထိုသူကို အပြစ်ပေးမည်။ ဤသို့ဖြင့် ကျွန်ုပ်ကို မြင်တွေ့သူတိုင်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ ကြောက်ရွံ့မှု၊ စိုးရိမ်ပူပင်မှုနှင့် ကြောက်ဒူးတုန်မှုများကို ခံစားရပေမည်။ ထိုမျှမက ကျွန်ုပ် အမိန့်ပေးလျှင် သို့မဟုတ် တစ်စုံတစ်ခုကို အခိုင်အမာဆိုလျှင် မည်သူမျှ သဘောမကွဲလွဲဝံ့ရပေ။ ကျွန်ုပ် မည်သည့်အရာကို ပြောသည်ဖြစ်စေ လူတို့သည် ထိုအရာနှင့်အညီ ဖြစ်ရမည်။ ၎င်းတို့သည် ကျွန်ုပ်ကို လုံးလုံးလျားလျား နားထောင်ရမည်။ အရာခပ်သိမ်း၌ ကျွန်ုပ်ကို နာခံရမည်။ ပြီးလျှင် ကျွန်ုပ်သည် အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိသောသူ ဖြစ်ရမည်” ဟု စဉ်းစားလျက်၊ ဘုရားသခင်ရွေးကောက်ထားသော လူတို့အား ၎င်းတို့ကို ဘုရားကဲ့သို့ သဘောထားပြုမူစေလိုသည်။ ဤသည်မှာ အန္တိခရစ်များ စကားပြောသည့် လေသံအတိအကျ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အသံဖြစ်သည်။ ဤသည်မှာ အသင်းတော်များအပေါ် အန္တိခရစ်များ မင်းမူရန် ကြိုးစားသည့်ပုံ ဖြစ်သည်။ အကယ်၍ ဘုရားသခင်ရွေးကောက်ထားသော လူတို့က ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ပြီး ၎င်းတို့ကို နာခံပါက ထိုသို့သော အသင်းတော်များသည် အန္တိခရစ်များ၏ နိုင်ငံများ ဖြစ်လာသည် မဟုတ်လော။ ၎င်းတို့က “အထက်မှ ထုတ်ပြန်သည့် အလုပ်အစီအစဉ်များကို ကျွန်ုပ် စိစစ်ဖို့ လိုသည်။ သင်တို့အတွက် ကျွန်ုပ် တာဝန်ခံရမည်။ ကျွန်ုပ်သည် အမှားအမှန်ကို စိစစ်သောသူ ဖြစ်ရမည်။ ရလဒ်ကို ကျွန်ုပ် ဆုံးဖြတ်ရမည်။ သင်တို့၌ ဝိညာဉ်ရင့်ကျက်မှု အလုံအလောက် မရှိသည့်အပြင် လုံလုံလောက်လောက် အရည်အချင်းမပြည့်မီပေ။ ကျွန်ုပ်သည် အသင်းတော်၏ ခေါင်းဆောင်ဖြစ်ပြီး အရာရာသည် ကျွန်ုပ်အ‌ပေါ် မူတည်နေသည်” ဟု ဆိုကြသည်။ ဤအရာများကို ပြောသောလူတို့သည် အလွန်အမင်း ဟိတ်ဟန်များနေကြသည် မဟုတ်လော။ ၎င်းတို့သည် အလွန် မာနထောင်လွှားသဖြင့် မည်သည့် ဆင်ခြင်တုံတရားမျှ မရှိကြ။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင်၊ လွတ်လပ်သော နိုင်ငံကို တည်ထောင်ဖို့ ကြိုးစားနေကြသည် မဟုတ်လော။ မည်ကဲ့သို့သော လူတို့သည် မိမိတို့ကိုယ်ပိုင် နိုင်ငံကို ဖန်တီးဖို့ ကြိုးစားတတ်သနည်း။ ၎င်းတို့သည် အန္တိခရစ်စစ်စစ်များ ဖြစ်ကြသည် မဟုတ်လော။ အန္တိခရစ်များ ပြောဆိုလုပ်ဆောင်သည့် အရာတိုင်းသည် မိမိတို့ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်ဖို့အတွက် မဟုတ်လော။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ကြိုးစားနေကြသည် မဟုတ်လော။ ၎င်းတို့ကို အန္တိခရစ်များဟု အဘယ့်ကြောင့် ခေါ်သနည်း။ “အန္တိ” ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းမှာ ရန်လိုခြင်းနှင့် အမုန်းတရားတို့ကို ဆိုလို၏။ ယင်းမှာ ခရစ်တော်အပေါ် ရန်လိုမှု၊ သမ္မာတရားအပေါ် ရန်လိုမှုနှင့် ဘုရားသခင်အပေါ် ရန်လိုမှုကို ဆိုလိုသည်။ “ရန်လိုမှု” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်း၊ ကြီးမားပြီး လေးနက်သော အမုန်းတရားနှင့် ပြည့်နှက်နေသူတစ်ဦးကဲ့သို့ သင့်ကို ရန်သူတစ်ဦးပမာ ဆက်ဆံခြင်းကို ဆိုလိုသည်။ ယင်းမှာ သင်နှင့် လုံးဝဆန့်ကျင်ဘက်၌ ရှိနေခြင်းကို ဆိုလိုသည်။ ထိုအရာသည် အန္တိခရစ်များက ဘုရားသခင်ကို ဆက်ဆံသည့် စိတ်နေစိတ်ထားမျိုး ဖြစ်၏။ ဤကဲ့သို့ ဘုရားသခင်ကို မုန်းသောလူတို့သည် သမ္မာတရားအပေါ် မည်သည့်စိတ်သဘော ထားရှိကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို ချစ်နိုင်ကြသလော။ သမ္မာတရားကို လက်ခံနိုင်ကြသလော။ လုံးဝ လက်မခံနိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်၌ ရပ်တည်သောလူတို့သည် သမ္မာတရားကို မုန်းသောလူများ ဖြစ်ကြ၏။ ၎င်းတို့အပေါ် ထုတ်ဖော်ပြထားသည့် ပထမဆုံးလက္ခဏာမှာ သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားအား မုန်းတီးခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားလျှင်ကြားချင်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမုန်းတရား ရှိပြီး တစ်စုံတစ်ယောက်က ၎င်းတို့ထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြသောအခါ ဧဝံဂေလိ တရားဟောသောအချိန်၌ နတ်ဆိုးတစ်ကောင်အား ဘုရားနှုတ်ကပတ်တော်များအား ဖတ်ပြသကဲ့သို့ပင် ၎င်းတို့၏မျက်နှာပေါ်တွင် ဒေါသအမျက်ထွက်သည့် အမူအရာတစ်ခု ပေါ်လာလေသည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် သမ္မာတရားကို မုန်းတီးသော လူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အဆုံးစွန် မနှစ်မြို့ခြင်းကို ခံစားကြသည်။ ၎င်းတို့၏ စိတ်သဘောထားမှာ အတိုက်အခံလုပ်သော စိတ်သဘောထားမျိုးဖြစ်ပြီး သူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြသော သို့မဟုတ် သူတို့အား သမ္မာတရားကို မိတ်သဟာယပြုသော မည်သူ့ကိုမဆို မုန်းတီးသည်အထိပင် ဖြစ်ကြသည်။ ထိုသူကို ရန်သူတစ်ဦးကဲ့သို့ပင် ဆက်ဆံကြသည်။ ၎င်းတို့သည် သမ္မာတရားအမျိုးမျိုးနှင့် အပြုသဘောဆောင်သော အရာများအပေါ် အလွန်တရာ မနှစ်မြို့ခြင်းကို ခံစားကြသည်။ ဘုရားသခင်အား ကျိုးနွံနာခံခြင်း၊ မိမိ၏တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း၊ ရိုးသားသူတစ်ဦး ဖြစ်ခြင်း၊ အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေခြင်း အစရှိသည့် သမ္မာတရားအားလုံးအပေါ် ၎င်းတို့သည် မိမိတို့၏ စိတ်ဆန္ဒအရ တမ်းတခြင်း သို့မဟုတ် ချစ်ခြင်း အနည်းငယ်မျှ ရှိသလော။ စိုးစဉ်းမျှပင် မရှိချေ။ ထို့အတွက်ကြောင့် ၎င်းတို့၌ရှိသည့် ဤသဘာဝအနှစ်သာရမျိုးကို ထောက်ဆလျှင် ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရား၏ တိုက်ရိုက်ဆန့်ကျင်ဘက်၌ ရပ်တည်နေကြပြီး ဖြစ်လေသည်။ ထိုသို့သောလူတို့သည် စိတ်ထဲ၌ သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော မည်သည့်အရာကိုမျှ မချစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ၎င်းတို့သည် စိတ်ထဲတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းပင် ခံစားကြသည်။ ဥပမာအနေဖြင့်၊ ခေါင်းဆောင်ရာထူးများ၌ရှိသော လူတို့သည် ၎င်းတို့ ညီအစ်ကို မောင်နှမများ၏ ကွဲပြားသော ထင်မြင်ချက်များကို လက်ခံနိုင်ရမည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ရင်ဖွင့်ပြီး ညီအစ်ကို မောင်နှမများထံ မိမိတို့ကိုယ်ကို ဖွင့်ချပြကာ ထိုသူတို့၏ အပြစ်ဆိုခြင်းကို လက်ခံနိုင်ရမည် ဖြစ်သည့်အပြင် ၎င်းတို့သည် ဂိုက်မပေးရပေ။ အန္တိခရစ်တစ်ဦးသည် လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆိုင်သည့် မှန်ကန်သော ဤနည်းလမ်းများအားလုံးကို မည်သို့ပြောမည်နည်း။ ၎င်းတို့က “အကယ်၍ ညီအစ်ကိုမောင်နှမများ၏ ထင်မြင်ချက်များကို နားထောင်ခဲ့လျှင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ဦးမည်လော။ ကျွန်ုပ်တွင် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ ရှိဦးမည်လော။ အကယ်၍ ကျွန်ုပ်၌ ဂုဏ်သိက္ခာမရှိလျှင် မည်သည့်အလုပ်ကို ကျွန်ုပ် လုပ်ဆောင်နိုင်မည်နည်း” ဟု ဆိုကြပေမည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ပိုင်ဆိုင်သည့် စိတ်သဘောထားမျိုး အတိအကျပင် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အသေးမွှားဆုံးမျှပင် လက်မခံဘဲ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်း ပို၍မှန်ကန်လေ၊ ယင်းကို ၎င်းတို့ အတိုက်အခံလုပ်လေဖြစ်၏။ စည်းမျဉ်းအတိုင်း ပြုမူလုပ်ဆောင်ခြင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းတို့ လက်မခံကြပေ။ သမ္မာတရားအား လက်တွေ့လုပ်‌ဆောင်ခြင်းကို မည်သည့်အရာဖြစ်သည်ဟု ၎င်းတို့ ထင်မှတ်ကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ချစ်ခြင်းမေတ္တာအပေါ် အမှီပြုခြင်းထက် လူတိုင်းအပေါ် လုပ်ကြံခြင်း၊ လှည့်စားမှုများနှင့် အကြမ်းဖက်မှုကို အသုံးပြုရမည်ဟု ၎င်းတို့ ယူဆကြသည်။ ၎င်းတို့ နည်းလမ်းတိုင်းနှင့် လမ်းကြောင်းမှာ ကောက်ကျစ်ဆိုးယုတ်၏။ ဤအရာအားလုံးသည် အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို လုံးလုံးလျားလျား ကိုယ်စားပြုသည်။ ၎င်းတို့ မကြာခဏ ထုတ်ဖော်သည့် စေ့ဆော်မှုများ၊ ထင်မြင်ချက်များ၊ အမြင်များနှင့် ရည်ရွယ်ချက်များအားလုံးမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မုန်းတီးသည့် စိတ်သဘောထားများ ဖြစ်ကာ၊ ယင်းမှာ အန္တိခရစ်များ၏ သဘာဝအနှစ်သာရ ဖြစ်၏။ သို့ဆိုလျှင် သမ္မာတရားနှင့် ဘုရားသခင်အား ဆန့်ကျင်လျက် ရပ်တည်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအား မုန်းတီးခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က “ဖန်ဆင်းခံတစ်ဦးအနေဖြင့် လူတစ်ဦးသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောပါစေ ကျွန်ုပ်တို့သည် ဖန်ဆင်းခံများ ဖြစ်ကြသောကြောင့် ကျိုးနွံနာခံသင့်သည်” ဟု ဆိုသောအခါ အန္တိခရစ်တစ်ဦးက မည်သို့ တွေးထင်သနည်း။ “ကျိုးနွံနာခံဖို့လော။ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်မှာ မမှားသော်လည်း ကျိုးနွံနာခံခြင်းနှင့် ပတ်သက်လာသည့်အခါ အခြေအနေအပေါ် မူတည်၏။ ဦးစွာပထမ၊ ကျိုးနွံနာခံရာ၌ ကျွန်ုပ်အတွက် အကျိုးအမြတ်တစ်ခုခု ရှိရမည်။ ကျွန်ုပ် အနစ်နာမခံနိုင်သည့်အပြင် ကျွန်ုပ်၏ကိုယ်ကျိုးစီးပွားက ဦးစားပေးဖြစ်ရမည်။ အကယ်၍ ဆုလာဘ်များ သို့မဟုတ် ကြီးမားသော ကောင်းချီးများ ရစရာရှိပါက ကျွန်ုပ် ကျိုးနွံနာခံနိုင်သည်။ သို့သော် ဆုလာဘ်များမရှိသကဲ့သို့ ခရီးပန်းတိုင်မရှိပါက ကျွန်ုပ် အဘယ့်ကြောင့် ကျိုးနွံနာခံရမည်နည်း။ မနာခံနိုင်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား လက်မခံခြင်းနှင့်ဆိုင်သည့် သဘောထားဖြစ်၏။ ၎င်းတို့၏ ဘုရားသခင်အား ကျိုးနွံနာခံခြင်းသည် အခြေအနေပေါ်မူတည်ပြီး၊ ၎င်းတို့၏ သတ်မှတ်ချက်များ မပြည့်ဝပါက ကျိုးနွံနာခံခြင်း မရှိသည်သာမက ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ခုခံခြင်းလည်း ရှိတတ်သည်။ ဥပမာ ဘုရားသခင်က လူတို့ကို ရိုးသားရန် တောင်းဆိုသော်လည်း ဤအန္တိခရစ်များက လူနုံလူအများသာ ရိုးသားဖို့ ကြိုးစားသည်၊ ထို့ပြင် လူတော်များက ရိုးသားဖို့ မကြိုးစားကြဟု ယုံကြည်ကြသည်။ ထိုကဲ့သို့သော သဘောထား၏ အနှစ်သာရမှာ အဘယ်နည်း။ သမ္မာတရားအား မုန်းတီးခြင်းဖြစ်၏။ ယင်းမှာ အန္တိခရစ်များ၏ အနှစ်သာရဖြစ်ကာ ၎င်းတို့၏ အနှစ်သာရက ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို အဆုံးအဖြတ်ပေးပြီး ၎င်းတို့လျှောက်သည့် လမ်းကြောင်းက ၎င်းတို့ ပြုလုပ်သမျှတိုင်းကို အဆုံးအဖြတ်ပေးသည်။ အန္တိခရစ်များ၌ သမ္မာတရားနှင့် ဘုရားသခင်အား မုန်းတီးခြင်းဟူသည့် သဘာဝအနှစ်သာရ ရှိသောအခါ ၎င်းတို့သည် မည်သို့သောအရာမျိုးများကို လုပ်ဆောင်တတ်သနည်း။ ၎င်းတို့သည် ကြိုးစား၍ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်း၊ အမြင်မတူသူများကို တိုက်ခိုက်ကာ ကြဉ်ထားခြင်းနှင့် လူတို့အား ညှင်းပန်းခြင်းတို့ကို ပြုတတ်၏။ ဤအရာများ ပြုလုပ်ရာ၌ ၎င်းတို့ ရရှိဖို့ကြိုးစားနေသည့် ရည်မှန်းချက်မှာ အာဏာစွဲကိုင်ဖို့၊ ဘုရားသခင်ရွေးကောက်ထားသော လူတို့ကို ထိန်းချုပ်ဖို့နှင့် မိမိတို့၏ကိုယ်ပိုင်၊ လွတ်လပ်သော နိုင်ငံကို ထူထောင်ဖို့ ဖြစ်လေသည်။ ဤအရာနှင့်ပတ်သက်၍ သံသယဖြစ်စရာ မရှိပေ။ အဆင့်အတန်းရှိသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်အား အကြွင်းမဲ့ ကျိုးနွံနာခံနိုင်စွမ်း မရှိတော့သည့်အပြင် ဘုရားသခင်နောက် လိုက်နိုင်စွမ်း သို့မဟုတ် သမ္မာတရားအား လိုက်စားနိုင်စွမ်းမရှိသည့် မည်သူမဆိုသည် အန္တိခရစ်တစ်ဦး ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။