အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁) အခန်း ခြောက်

လူတို့ကို ထိန်းချုပ်ရန် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်အပြင် အခြားမည်သည့်အရာက အန္တိခရစ်များကို စိတ်ဝင်စားစေသနည်း။ အခြေခံအားဖြင့် မည်သည့်အရာမျှမရှိပေ။ ၎င်းတို့သည် အခြားမည်သည့်အရာကိုမျှ အထူးတလည် စိတ်ဝင်စားခြင်းမရှိ။ လူတစ်ဦးချင်းစီက သင့်လျော်သည့်တာဝန်ကို လုပ်ဆောင်နေသည်ဖြစ်စေ၊ တာဝန်ခန့်အပ်ခြင်းကို သင့်လျော်စွာ စီစဉ်သည်ဖြစ်စေ၊ အသင်းတော်၏အလုပ်ကို တစ်စုံတစ်ယောက်က နှောင့်ယှက်ပြီး အဖျက်အမှောင့် လုပ်နေသည်ဖြစ်စေ၊ အသင်းတော်အလုပ်၏ ကဏ္ဍတစ်ခုစီက ချောမွေ့စွာ တိုးတက်နေသည်ဖြစ်စေ၊ အလုပ်၏ မည်သည့်အပိုင်းက ပြဿနာရှိသည်ဖြစ်စေ၊ မည်သည့်အပိုင်းက အားနည်းနေဆဲဖြစ်စေ၊ မည်သည့်အပိုင်းကို မစဉ်းစားရသေးသည်ဖြစ်စေ၊ အလုပ်ကို မည်သည့်နေရာတွင် ကောင်းစွာ မလုပ်ဆောင်သည်ဖြစ်စေ အန္တိခရစ်များသည် ဤသို့သော မည်သည့်အရာကိုမျှ ပါဝင်ပတ်သက်ခြင်း မရှိသကဲ့သို့ ယင်းတို့အကြောင်းကိုလည်း မမေးမြန်းပေ။ ယင်းတို့အကြောင်းကို လုံးဝ ဂရုမစိုက်ပေ။ ဤလက်ဆုပ်လက်ကိုင်ပြနိုင်သော အလုပ်ကို ၎င်းတို့ လုံးဝ မလုပ်။ ဥပမာ ဘာသာပြန်အလုပ်၊ ဗီဒီယို တည်းဖြတ်သည့်အလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်၊ စာနှင့်ပတ်သက်သောအလုပ်၊ ဧဝံဂေလိတရားဟောခြင်းအလုပ် စသည်တို့ဖြစ်သည်။ အလုပ်၏ မည်သည့်ကဏ္ဍကိုမျှ လုံ့လရှိစွာ နောက်ဆက်တွဲ မလုပ်ဆောင်ပေ။ ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်၊ သို့မဟုတ် အဆင့်အတန်းကို တစ်စုံတစ်ခုက မထိသရွေ့ ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့လုပ်ဆောင်သည့် တစ်ခုတည်းသောအရာမှာ အဘယ်နည်း။ အထွေထွေအရေးကိစ္စအချို့၊ လူတို့အာရုံစိုက်ပြီး တွေ့မြင်သည့် အပေါ်ယံအလုပ်ကိုသာ ကိုင်တွယ်သည်။ ၎င်းတို့သည် ယင်းဖြင့် ပြီးဆုံးသွားပြီး ယင်းကို ၎င်းတို့၏ အရည်အချင်းအဖြစ် ထုတ်ဖော်ကြွားဝါကြ၏။ ထို့နောက်တွင် ၎င်းတို့အဆင့်အတန်း၏ အကျိုးအမြတ်များကို စတင်ခံစားသည်။ အန္တိခရစ်များသည် ဘုရားသခင်ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို ဂရုစိုက်သလော။ ဂရုမစိုက်ပေ။ ၎င်းတို့၏ ဂုဏ်နှင့် အဆင့်အတန်းကိုသာ ဂရုစိုက်သည်။ ၎င်းတို့ထင်ပေါ်နိုင်ပြီး လူတို့အား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်အောင်ပြုလုပ်သည့် ကိစ္စများကိုသာ ဂရုစိုက်သည်။ ထို့ကြောင့် အသင်းတော်အလုပ်တွင် မည်သည့်ပြဿနာများဖြစ်ပေါ်ပါစေ ယင်းတို့ကို အရေးမစိုက်သကဲ့သို့ မေးမြန်းခြင်းလည်းမရှိပေ။ ပြဿနာတစ်ခုက မည်မျှ ဆိုးဝါးပါစေ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် မည်မျှကြီးမားသော ဆုံးရှုံးမှုကျရောက်သည်ဖြစ်စေ ပြဿနာတစ်ခုဟု မခံစားရပေ။ ပြောလော့။ ၎င်းတို့တွင် နှလုံးသားပင်ရှိသလော။ ၎င်းတို့သည် သစ္စာစောင့်သိမှုရှိသောသူတို့ ဖြစ်သလော။ ၎င်းတို့သည် သမ္မာတရားကို ချစ်ပြီး လက်ခံသောသူတို့ဖြစ်သလော။ ဤအရာများနောက်တွင် မေးခွန်းသင်္ကေတကို ရေးဆွဲရမည်။ ဤသို့ဆိုလျှင် အသင်းတော်အလုပ်ကို ဖရိုဖရဲဖြစ်အောင်လုပ်သည်မှာ ၎င်းတို့အနေဖြင့် မည်သည့်အရာကို တစ်နေကုန်လုပ်ဆောင်နေခြင်း ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အနည်းငယ်မျှ အလေးထားခြင်း မရှိသည်ကို ပြရန် လုံလောက်သည်။ ဘုရားသခင်က ၎င်းတို့ထံ အပ်နှံခဲ့သော ပဓာနကျသောအလုပ်ကို ၎င်းတို့ မလုပ်ဆောင်ဘဲ အပေါ်ယံဖြစ်သော၊ အထွေထွေ အရေးကိစ္စများဖြင့်သာ သီးသန့်အလုပ်ရှုပ်နေသည်။ ဤသို့ဖြင့် အခြားလူများ၏ အမြင်တွင် ၎င်းတို့သည် အလုပ်လုပ်နေသည့်ပုံစံ ပေါ်မည်ဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့၌ စိတ်အားထက်သန်မှုနှင့် ယုံကြည်ခြင်းတို့ ရှိသည်ကို လူတို့အား ပြရန်အတွက် တာဝန်ထမ်းဆောင်လျက် အလုပ်ရှုပ်နေသည်။ ဤသည်မှာ လူအချို့ကို လှည့်ဖြားသည်။ သို့သော် ၎င်းတို့သည် အသင်းတော်၏ ပဓာနကျသောအလုပ်၏ ကဏ္ဍတစ်ခုကိုမျှ မလုပ်ဆောင်ပေ။ ရေလောင်းခြင်းအလုပ်နှင့် သမ္မာတရားဖြင့် ထောက်ပံ့ပေးခြင်းအလုပ်တို့ကို တစ်ခုမျှ မလုပ်။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို လုံးဝအသုံးမပြုပေ။ ၎င်းတို့သည် အထွေထွေအရေးကိစ္စအချို့ကိုသာ ကိုင်တွယ်ပြီး ၎င်းတို့အား အမြင်ကောင်းစေသည့် အလုပ်အနည်းငယ်ကိုသာ လုပ်ဆောင်သည်။ အသင်းတော်၏ ပဓာနကျသော အလုပ်တွင် ၎င်းတို့က ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ပြီး တာဝန်မသိတတ်ပေ။ တာဝန်ခံယူစိတ် စိုးစဉ်းမျှပင် မရှိ။ ပြဿနာမည်မျှ ဖြစ်ပေါ်ခဲ့ပါစေ ထိုပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို လုံးဝ မရှာဖွေဘဲ မိမိတို့၏ တာဝန်များတွင် ဖြစ်သလိုသာ လုပ်ဆောင်သည်။ အပေါ်ယံဆန်သော၊ အထွေထွေအရေးကိစ္စအချို့ကို ကိုင်တွယ်ပြီးနောက်တွင် ၎င်းတို့သည် အမှန်တကယ် ဖြစ်သည့်အလုပ်ကို လုပ်ပြီးဖြစ်သည်ဟု ထင်ကြသည်။ အန္တိခရစ်များက တာဝန်ထမ်းဆောင်စဉ်တွင် မကောင်းသောအရာများ လုပ်ဆောင်လျက် သောင်းကျန်းပြီး ထင်တိုင်းကြဲသော၊ အာဏာရှင်ဆန်သောပုံစံဖြင့် ပြုမူလုပ်ဆောင်သည်။ အသင်းတော်အလုပ်ကို ဖရိုဖရဲ ဖြစ်အောင်လုပ်ပြီး ရှုပ်ယှက်ခတ်အောင်ပြုလုပ်သည်။ အလုပ်၏ မည်သည့်ကဏ္ဍကိုမျှ စံနှုန်းပြည့်မီပြီး အမှားကင်းအောင် လုပ်ဆောင်ခြင်းမရှိ။ အထက်က ကြားဝင်ခြင်း၊ မေးမြန်းစုံစမ်းခြင်း၊ ကြီးကြပ်ခြင်းမရှိပါက အလုပ်၏ မည်သည့်ကဏ္ဍကိုမျှ ကောင်းစွာ လုပ်ဆောင်ခြင်းမရှိ။ ဤသို့ဖြစ်သည်ပင် ဖြုတ်ချခံရပြီးနောက် နာကြည်းချက်၊ အာခံမှုများ ပြည့်နေသည့်သူအချို့ရှိသည်။ ၎င်းတို့သည် မိမိတို့အတွက် လှည့်ဖြားသော ငြင်းခုံမှုများ ပြုလုပ်ကြပြီး အထက်ပိုင်းအဆင့်ခေါင်းဆောင်များ၊ အမှုဆောင်များအပေါ် တာဝန်ကို လွှဲချကြသည်။ ယင်းသည် လုံးဝ ကျိုးကြောင်းမဲ့သည် မဟုတ်လော။ မည်သည့်အရာမျှ မဖြစ်ပျက်သည့်အခါ၌ သမ္မာတရားအပေါ် လူတစ်ဦး၏ စစ်မှန်သောသဘောထားကို မမြင်တွေ့နိုင်ပေ။ သို့သော် ထိုသူသည် ပြုပြင်ခံရပြီး ဖြုတ်ချခြင်းခံရသောအခါ သမ္မာတရားအပေါ် သူ၏ စစ်မှန်သော သဘောထားက ထုတ်ဖော်ခြင်းခံရသည်။ သမ္မာတရားကို လက်ခံသောသူတို့သည် မည်သည့်အခြေအနေမဆိုအောက်တွင် သမ္မာတရားကို လက်ခံနိုင်ကြသည်။ ၎င်းတို့ မှားယွင်းလျှင် ၎င်းတို့အမှားကို ဝန်ခံနိုင်သည်။ အဖြစ်မှန်ကို ရင်ဆိုင်နိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သည်။ သမ္မာတရားအား မချစ်သောသူတို့သည် ၎င်းတို့၏အမှားက ဖော်ထုတ်ခြင်းခံရလျှင်ပင် ၎င်းတို့မှားယွင်းသည်ကို ဝန်ခံမည်မဟုတ်။ ဘုရားအိမ်တော်က ၎င်းတို့အား ကိုင်တွယ်ခြင်းကို လက်ခံမည့်အရေးမှာ ပို၍မဖြစ်နိုင်ပေ။ ပြီးလျှင် ၎င်းတို့ထဲမှ အချို့က မှန်ကန်ကြောင်း ရှင်းချက်ထုတ်မှုအဖြစ် မည်သည့်အရာကိုပင် အသုံးပြုမည်နည်း။ “ကျွန်ုပ်သည် ကောင်းစွာလုပ်ဆောင်ဖို့ ရည်ရွယ်ခဲ့သည်။ မလုပ်ခဲ့မိခြင်းသာ ဖြစ်သည်။ ယခုတွင် အားရစရာမရှိအောင် လုပ်ဆောင်ခဲ့ခြင်းအတွက် ကျွန်ုပ်ကို အပြစ်တင်၍မရ။ ကျွန်ုပ်၏ ရည်ရွယ်ချက်က ကောင်းသည်။ ပြီးလျှင် ဒုက္ခခံပြီး ပေးဆပ်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့သည်။ တစ်စုံတစ်ခုကို ကောင်းစွာ မလုပ်ဆောင်ခြင်းက မကောင်းမှုအား လုပ်ဆောင်ခြင်းနှင့် မတူညီပါ” ဟူ၍ ဖြစ်သည်။ ဘုရားအိမ်တော်က ကိုင်တွယ်ခြင်းကို ငြင်းဆန်ရန်အတွက် ဤမှန်ကန်ကြောင်း ရှင်းချက်ထုတ်မှု၊ ဤဆင်ခြေကို အသုံးပြုခြင်းသည် သင့်လျော်သလော။ လူတစ်ဦးသည် မည်သည့် မှန်ကန်ကြောင်း ရှင်းချက်ထုတ်မှုများနှင့် ဆင်ခြေများကို ပေးသည်ဖြစ်စေ သမ္မာတရားအပေါ်၊ ဘုရားသခင်အပေါ် သူ၏ သဘောထားကို မဖုံးကွယ်နိုင်ပေ။ ဤသည်မှာ သူ၏ သဘာဝအနှစ်သာရနှင့် ဆက်နွှယ်သည်။ ပြီးလျှင် ယင်းသည် သိသာထင်ရှားမှု အရှိဆုံးသောအရာဖြစ်သည်။ တစ်စုံတစ်ခု ဖြစ်ပျက်သည်ဖြစ်စေ၊ မဖြစ်ပျက်သည်ဖြစ်စေ သမ္မာတရားအပေါ် သင်၏သဘောထားသည် သင်၏ သဘာဝအနှစ်သာရကို ကိုယ်စားပြုသည်။ ယင်းသည် ဘုရားသခင်အပေါ် သင်၏ သဘောထားဖြစ်သည်။ ဘုရားသခင်အား သင်မည်သို့ ဆက်ဆံသည်ဆိုသည်ကို သမ္မာတရားအား သင်မည်သို့ဆက်ဆံသည်ကို ကြည့်ခြင်းအားဖြင့်ပင် သိမြင်နိုင်သည်။

လူတို့ကို ထိန်းချုပ်သည့် အန္တိခရစ်များ၏ အပြုအမူနှင့်ပတ်သက်၍ ယခု ငါတို့၏ ဆွေးနွေးမှုတွင် မည်သည့်အကြောင်းအရာကို ငါတို့ပြောဆိုခဲ့သနည်း။ (အန္တိခရစ်များသည် လူတို့အား ထိန်းချုပ်ခြင်းတွင်သာ စိတ်ဝင်စားသည်။) မှန်သည်။ အထူးပင် မာနထောင်လွှားပြီး အဆင့်အတန်းကို အထူးချစ်ခြင်းရှိသည့်လူများသည် လူတို့ကို ထိန်းချုပ်ရာတွင် ကြီးမားသော “စိတ်ဝင်စားမှု”ရှိသည်။ ဤ “စိတ်ဝင်စားမှု”သည် အပြုသဘောမဆောင်ပေ။ ယင်းသည် လိုအင်ဆန္ဒနှင့် ရည်မှန်းချက်ဖြစ်သည်။ အပျက်သဘောဆောင်ပြီး အထင်သေးသည့်အသုံးအနှုန်း ဖြစ်၏။ ၎င်းတို့သည် လူတို့အား ထိန်းချုပ်ခြင်းတွင် အဘယ်ကြောင့် စိတ်ဝင်စားကြသနည်း။ ဓမ္မဓိဋ္ဌာန်ကျသော ရှုထောင့်မှကြည့်လျှင် ယင်းသည် ၎င်းတို့၏ သဘာဝဖြစ်သည်။ သို့သော် အခြားအကြောင်းရင်းတစ်ခုရှိသည်။ အခြားလူတို့ကို ထိန်းချုပ်သောသူတို့တွင် အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်၊ ဘဝင်မြင့်ခြင်းနှင့် ဩဇာအာဏာအပေါ် အထူးပင်စိတ်ထက်သန်မှု၊ ချစ်ခင်တွယ်တာမှု ရှိကြသည်။ ဤသို့ ငါဆိုနိုင်သလော။ (ဆိုနိုင်သည်။) ပြီးလျှင် ဤအထူးစိတ်ထက်သန်မှုနှင့် ချစ်ခင်တွယ်တာမှုသည် စာတန်နှင့် မဆင်တူသလော။ ယင်းသည် စာတန်၏ အနှစ်သာရမဟုတ်သလော။ စာတန်သည် လူတို့အား မည်သို့ အထင်အမြင်မှားစေပြီး ထိန်းချုပ်ရမည်ကို တစ်နေကုန် ချင့်ချိန်စဉ်းစားသည်။ စွဲမှတ်အောင်သွန်သင်ခြင်းနှင့် ပညာရေးမှတစ်ဆင့်ဖြစ်စေ၊ ရိုးရာယဉ်ကျေးမှုမှတစ်ဆင့် ဖြစ်စေ၊ သိပ္ပံ၊ အဆင့်မြင့်အသိပညာနှင့် သွန်သင်မှုများမှဖြစ်စေ နေ့စဉ် လူတို့အား မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် အမြင်များကို စွဲမှတ်အောင်သွန်သင်သည်။ စာတန်က ဤအရာများအား လူတို့ကို စွဲမှတ်အောင်သွန်သင်လေလေ၊ လူတို့က စာတန်ကို ကိုးကွယ်လေလေ ဖြစ်သည်။ လူတို့အတွင်းသို့ ဤအရာများအား စွဲမှတ်အောင် သွန်သင်ရာတွင် စာတန်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ စာတန်က ဤအရာကို လုပ်ဆောင်ပြီးသည်နှင့် လူတို့သည် စာတန်၏ အယူအဆများကို ပိုင်ဆိုင်ကြသည်။ စာတန်၏ အတွေးအခေါ်များနှင့် ဖြစ်တည်ပုံကို ပိုင်ဆိုင်ကြသည်။ ဤသည်မှာ စာတန်က လူတို့၏ စိတ်နှလုံး၌ အမြစ်တွယ်သည့် သဘောသက်ရောက်သည်။ ၎င်းတို့သည် စာတန်အားဖြင့် အသက်ရှင်ပြီး ၎င်းတို့၏ အသက်ရှင်ခြင်းသည် စာတန်၏ အသက်ရှင်ခြင်းဖြစ်သည်။ ယင်းသည် နတ်ဆိုးများ၏ အသက်ရှင်ခြင်း ဖြစ်သည်။ ဤသည်မှာ မမှန်သလော။ ဤသည်မှာ လူတို့ကို ထိန်းချုပ်သည့် အန္တိခရစ်များ၏ သဘာဝလည်း မဟုတ်သလော။ ၎င်းတို့သည် အခြားသောလူတိုင်းအား ၎င်းတို့ကဲ့သို့သော လူများဖြစ်ရန် လုပ်ဆောင်လိုသည်။ လူတိုင်းအား ၎င်းတို့အတွက် အသက်ရှင်ရန် လုပ်ဆောင်လိုသည်။ ၎င်းတို့ အလိုရှိသည့်အချိန်တွင် အသုံးပြုနိုင်ရန် ရှိနေစေလိုသည်။ ၎င်းတို့အတွက် အမှုအရာများကို လုပ်ဆောင်ပေးစေလိုသည်။ ပြီးလျှင် အရာရာတိုင်းက ၎င်းတို့၏လက်အောက်တွင် ရှိရမည်ဖြစ်သည်။ လူတို့၏ အတွေးအခေါ်များနှင့် စကား၊ လူတို့၏ စကားပြောပုံ၊ အယူအဆများ၊ အမြင်များ၊ လူတို့ ပြုမူဆောင်ရွက်သည့် ရှုထောင့်နှင့် သဘောထားအပြင် ဘုရားသခင်အပေါ် လူတို့၏ သဘောထား၊ လူတို့၏ ယုံကြည်မှု၊ မိမိတို့တာဝန်များအား ထမ်းဆောင်ရန် လူတို့၏ စိတ်ပိုင်းဖြတ်ချက်နှင့် ရည်သန်မျှော်မှန်းချက်တို့ဖြစ်သည့် ဤအရာအားလုံးသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိရမည်။ ထိုထိန်းချုပ်မှုက မည်မျှအထိ နက်နဲသနည်း။ ၎င်းတို့သည် ဦးစွာ လူတို့ကို ဦးနှောက်ကျင်းပြီး အယူဝါဒသွတ်သွင်းသည်။ ထို့နောက်တွင် ဆက်လက်၍ ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်သည့်အရာမျိုးကို လူအားလုံးကို လုပ်ဆောင်စေသည်။ ၎င်းတို့သည် “ဂိုဏ်းခေါင်းဆောင်” ဖြစ်လာသည်။ ဤကဲ့သို့ လူများကို ဖန်တီးရန်အတွက် အန္တိခရစ်များသည် နည်းလမ်းများစွာကို အသုံးပြုသည်။ အထင်အမြင်မှားစေခြင်း၊ စွဲမှတ်အောင် သွန်သင်ခြင်း၊ ကြောက်လန့်စေခြင်းတို့ ပါရှိသည်။ ပြီးလျှင် အခြားမည်သည့်အရာ ပါရှိသေးသနည်း။ (စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ဖြစ်သည်။) ယင်းမှာ အထင်အမြင်မှားစေခြင်းတွင် ပါဝင်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (လူတို့အား အကျပ်ကိုင်ခြင်းနှင့် လာဘ်ထိုးခြင်းဖြစ်သည်။) ၎င်းတို့သည် လူတို့အား မည်သို့လာဘ်ထိုးသနည်း။ လူအချို့သည် ဘုရားအိမ်တော်တွင် မိမိတို့တာဝန်များကို ထမ်းဆောင်စဉ် မကောင်းသောအရာများလုပ်ဆောင်လျက် သောင်းကျန်းကြသည်။ အန္တိခရစ်များက ဤအရာကို ရှင်းလင်းစွာ မြင်နိုင်သလော။ အားလုံးက ၎င်းတို့အတွက် အလွန်ပင်ရှင်းလင်းသည်။ ဤသို့ဆိုလျှင် ၎င်းတို့က ကိုင်တွယ်သလော။ မကိုင်တွယ်ပေ။ အဘယ်ကြောင့် မကိုင်တွယ်သနည်း။ ၎င်းတို့သည် ဤလူတို့ကို လာဘ်ထိုးရန်အတွက် ဤအမှုကိစ္စကို အသုံးပြုလိုသည်။ ၎င်းတို့က ထိုသူတို့အား “သင့်အား မကိုင်တွယ်ခြင်းသည် သင့်အပေါ် ကျွန်ုပ်မျက်နှာသာပေးခြင်း ဖြစ်သည်။ ကျွန်ုပ်ကို ကျေးဇူးတင်ဖို့လိုသည်။ သင်မကောင်းသော အရာတစ်ခုအား လုပ်ဆောင်သည်ကို ကျွန်ုပ်မြင်တွေ့သော်လည်း သင့်အား မတိုင်ကြားခဲ့ပါ။ ပြီးလျှင် သင့်အား မကိုင်တွယ်ခဲ့ပါ။ ကျွန်ုပ်သည် သက်ညှာပေးခဲ့သည်။ ယခုအခါတွင် သင်သည် ကျွန်ုပ်အပေါ် ရှေ့လျှောက် ကျေးဇူးကြွေးမတင်သလော” ဟု ပြောသည်။ ထို့နောက်တွင် ဤလူတို့သည် ၎င်းတို့အပေါ် ကျေးဇူးတင်ပြီး ၎င်းတို့အား ကျေးဇူးရှင်များအဖြစ် သတ်မှတ်သည်။ ဤသို့ဆိုလျှင် အန္တိခရစ်များနှင့် ထိုလူတို့သည် ဝက်ခြံတစ်ခုတည်းတွင် နွံလူးနေသော ဝက်များကဲ့သို့ပင်ဖြစ်သည်။ အန္တိခရစ်များသည် ဩဇာအာဏာရှိနေစဉ်တွင် မကောင်းမှုလုပ်ဆောင်သူများ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်သူ၊ ဘုရားသခင်ကို တိတ်တဆိတ် ဝေဖန်အပြစ်တင်သူ၊ ဘုရားအိမ်တော်၏အလုပ်ကို တိတ်တဆိတ် ထိခိုက်စေသည့်သူများဖြစ်သည့် ထိုသို့သောလူတို့အား လာဘ်ထိုးနိုင်သည်။ ဤသည်မှာ အန္တိခရစ်ကာကွယ်သည့် ဆိုးယုတ်လူတို့၏ ဂိုဏ်းအမျိုးအစားဖြစ်သည်။ ဤသည်မှာ ထိန်းချုပ်ခြင်းတစ်မျိုး မဟုတ်လော။ (ဟုတ်သည်။) အမှန်မှာ ဤလူတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးသောသူများ မဟုတ်သည်ကို အန္တိခရစ်များက ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် သိရှိသည်။ ၎င်းတို့အားလုံးသိသည်။ မပြောဘဲသိနိုင်သော နားလည်မှုတစ်ခုရှိသည်။ ထို့ကြောင့် ၎င်းတို့သည် အလွန်အမင်း လက်တွဲညီနေကြ၏။ “ငါတို့သည် ဤပုတ်ထဲမှ ဤပဲဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သင် အလေးမထား။ ဘုရားကို သင်အရူးလုပ်ပြီး ငါသည်လည်း ထို့အတူဖြစ်သည်။ သမ္မာတရားကို သင် မလိုက်စားသကဲ့သို့ ငါသည်လည်း မလိုက်စားပါ” ဟူ၍ ဖြစ်သည်။ အန္တိခရစ်များက ဤသို့သောလူတို့ကို လာဘ်ထိုးသည်။ ဤသည်မှာ ၎င်းတို့အား လာဘ်ထိုးခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ စနိုးစနောင့် မဖြစ်ပေ။ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများကို စတေး၍ ၎င်းတို့သည် ဤလူများအား မကောင်းမှုများပြုကာ ရမ်းကားနေခြင်းနှင့် ဘုရားသခင်၏ အိမ်တော်ကို မှီခိုကပ်ရပ်နေခြင်းကို ခွင့်ပြုထားကြ၏။ ဤသည်မှာ ဤလူတို့ကို ၎င်းတို့က ပံ့ပိုးပေးနေသကဲ့သို့ ဖြစ်သည်။ ပြီးလျှင် ဤလူတို့သည် ၎င်းတို့ကို မသိစိတ်မှနေ၍ ကျေးဇူးတင်ကြသည်။ ဘုရားအိမ်တော်အနေဖြင့် ဤဆိုးယုတ်သော လူများကို ကိုင်တွယ်ရန် အချိန်ကျသောအခါ ထိုလူတို့သည် အန္တိခရစ်များကို အဘယ်သို့မြင်သနည်း။ ထိုလူတို့က မိမိတို့ဘာသာပြောသည်။ “အို သွားလေပြီ။ သူတို့ဖြုတ်ချခံရပြီးသားဖြစ်သည်။ ဖြုတ်ချမခံရသေးလျှင် ငါတို့သည် အနည်းငယ်ပို၍ ပျော်မွေ့နိုင်ခဲ့မည်။ သူတို့က ဖုံးဖိပေးသောကြောင့် မည်သူမျှ ငါတို့ကို မကိုင်တွယ်နိုင်ခဲ့ပါ” ဟူ၍ ဖြစ်သည်။ ထိုလူများသည် အန္တိခရစ်များကို အလွန်တွယ်တာနေဆဲ ဖြစ်သည်။ အန္တိခရစ်များ လုပ်ဆောင်သည့် ဤအရာများအားလုံးသည် အနှောင့်အယှက်များ၊ အဖျက်အမှောင့်လုပ်ခြင်းများ၊ လူတို့အား အထင်အမြင်မှားစေသည့်အရာများ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် ဒုစရိုက်အမှုများ ဖြစ်သည်မှာ ထင်ရှားသည်။ ပြီးလျှင် သမ္မာတရားအား မချစ်သူမှန်သမျှသည် ဤဒုစရိုက်အမှုများကို မုန်းတီးမည်မဟုတ်။ ပြီးလျှင် ယင်းတို့ကို ဖုံးဖိခြင်းပင် ပြုလိမ့်မည်။ ဥပမာအနေဖြင့် အန္တိခရစ်များကို ကာပေးသည့် ခေါင်းဆောင်တစ်ဦးရှိသည်။ အသင်းတော်ထဲမှ တစ်စုံတစ်ဦးက အနှောင့်အယှက်များ၊ အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေခြင်းရှိမရှိ၊ သို့မဟုတ် မကောင်းမှုများ လုပ်ဆောင်လျက် သောင်းကျန်းခြင်းရှိမရှိ၊ သို့မဟုတ် လူတို့အား အထင်အမြင်မှားစေသည့် အန္တိခရစ်တစ်ဦးရှိမရှိကို အထက်က သူ့အား မေးခဲ့သည်။ ခေါင်းဆောင်က “ကောင်းပြီ။ ကျွန်ုပ် လိုက်လံမေးမြန်းကြည့်မည်။ သင့်အတွက် ကျွန်ုပ် စစ်ပေးမည်” ဟု ဆိုသည်။ ဤသည်မှာ သူ၏ အလုပ်တာဝန်တွင် ပါဝင်သည် မဟုတ်သလော။ “သင့်အတွက် ကျွန်ုပ်စစ်ပေးမည်”ဟူသည့် လေသံဖြင့် သူသည် အထက်ကို ဝတ်ကျေတမ်းကျေ တုံ့ပြန်ခဲ့ပြီး ထို့နောက်တွင် ယင်းအကြောင်းကို ၎င်းတို့ ဆက်၍မကြားရတော့ပေ။ သူ မစစ်ဆေးခဲ့ပေ။ ထိုလူတို့ကို သူစိတ်ဆိုးအောင် မပြုလုပ်လိုပေ။ အထက်က သူ့အား “စစ်ဆေးကြည့်ခဲ့ပါသလား”ဟု တစ်ဖန်မေးသောအခါ သူက “စစ်ဆေးကြည့်သည်။ တစ်ဦးမျှမရှိ”ဟု ဆိုသည်။ ဤသည်မှာ မှန်သလော။ သူသည် အားလုံးထဲတွင် အကြီးဆုံးသော အန္တိခရစ် ဖြစ်သည်။ အသင်းတော်အလုပ်ကို နှောင့်ယှက်ခြင်းအတွက်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းအတွက် အဓိကတရားခံဖြစ်သည်။ သူကိုယ်၌က အန္တိခရစ်တစ်ဦးဖြစ်သည်။ သူ စစ်ဆေးရန် မည်သည့်အရာရှိသနည်း။ သူရှိနေသဖြင့် သူ့လက်အောက်မှ လူများက မည်သည့်မကောင်းသောအရာများအား လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အနှောင့်အယှက်များ၊ အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည်ဖြစ်စေ ဤအရာများကို မည်သူမျှ မစစ်ဆေးနိုင်။ ဤသို့မလုပ်ဆောင်ရန်အတွက် ၎င်းတို့ကို သူက တားဆီးခဲ့သည်။ သွယ်ဝိုက်သောအားဖြင့် ဤသို့သော အခြေအနေများအောက်တွင် သူသည် သူ့အောက်မှလူများကို ဘုရားသခင်ထံမှ ခွဲထုတ်ခဲ့သည်မဟုတ်လော။ ခွဲထုတ်ခဲ့သည်။ ပြီးလျှင် သူ့ကြောင့် ဘုရားသခင်ထံမှ ခွဲထုတ်ခြင်းခံရသော ဤလူတို့သည် မည်သူ့ကို နားထောင်သနည်း။ သူ့ကို ၎င်းတို့ နားထောင်ခဲ့သလော။ ထို့ကြောင့် သူသည် မြို့ထဲတွင်ရှိသော အနိုင်ကျင့်ဗိုလ်ကျသူ၊ ဓားပြခေါင်းဆောင်၊ နယ်ခံအာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။ ထိုလူများကို သူ၏ ထိန်းချုပ်မှုအောက်သို့ ထားရှိခဲ့သည်။ မည်သည့်နည်းလမ်းကို သူအသုံးပြုခဲ့သနည်း။ သူသည် အထက်ကို လှည့်စားခဲ့ပြီး သူ့အောက်ရှိ လူများကို လိမ်လည်လှည့်ဖြားခဲ့သည်။ သူ့အောက်ရှိလူများကို သူသည် လာဘ်ထိုးခဲ့ပြီး ကြားကောင်းသောစကားများ ပြောဆိုခဲ့သည်။ သူသည် အထက်ကို လှည့်စားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ အောက်တွင် မည်သည့်အရာ ဖြစ်နေသည်ကို အထက်အား သိခွင့်မပေးခဲ့။ ဤအကြောင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ အထက်ကို မပြောခဲ့သကဲ့သို့ ဟန်ပြမှုတစ်ခုကိုလည်း ဖန်တီးခဲ့သည်။ မည်သည့်ဟန်ပြမှုကို သူဖန်တီးခဲ့သနည်း။ အထက်ကို သူက “လူ့သဘာဝညံ့ဖျင်းသည်ဟုလည်းကောင်း၊ အလွန့်အလွန် မလိုမုန်းထားသည်ဟုလည်းကောင်း၊ မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်နိုင်စွမ်း မရှိဟုလည်းကောင်း ညီအစ်ကိုမောင်နှမများအားလုံးက တိုင်ကြားသောသူတစ်ဦး ကျွန်ုပ်တို့၏ အသင်းတော်တွင်ရှိသည်။ သင် မည်သို့သဘောရသနည်း။ သူမကို ကျွန်ုပ် ကိုင်တွယ်၍ရသလား” ဟု ဆိုခဲ့သည်။ သူပြောသည်ကို ကြားရသည်မှာ သူမသည် ကိုင်တွယ်ခံရသင့်သည့် ဆိုးယုတ်သူတစ်ဦးဖြစ်သည်ကို သူမ၏ သရုပ်သကန်များမှတစ်ဆင့် သိသာထင်ရှားလေသည်။ ထို့ကြောင့် အထက်က “ဤသို့ဆိုလျှင် သူမကို သင်ကိုင်တွယ်နိုင်သည်။ သူမကို သင်ကိုင်တွယ်ပြီးသလော” ဟု ပြောသည်။ သူက “ပြီးခဲ့သည့်လက သူမကို ကျွန်ုပ်တို့ ကိုင်တွယ်ခဲ့ပြီး ဖယ်ထုတ်ပစ်ခဲ့သည်” ဟု ဆိုသည်။ အဖြစ်မှန်မှာ အမှန်ပင် သူပြောသကဲ့သို့ ဖြစ်သလော။ ပို၍အသေးစိတ်မေးမြန်းပြီးနောက်တွင် အမှန်တကယ်၌ မည်သည့်အရာ ဖြစ်ပျက်နေခြင်း ဖြစ်သည်ဟု ပေါ်လွင်လာသနည်း။ သူမသည် သူနှင့် မသင့်မြတ်ခဲ့ပေ။ ၎င်းတို့ မသင့်မြတ်သည့် အကြောင်းရင်းတစ်ခုရှိသည်။ ဤခေါင်းဆောင်သည် တကယ့်အလုပ်ကို မလုပ်ခဲ့ပေ။ ပြီးလျှင် သူသည် ညီအစ်ကိုမောင်နှမများကြားတွင် ဂိုဏ်းများနှင့် အုပ်စုများ အစဉ်ဖွဲ့နေခဲ့သည်။ သူသည် အန္တိခရစ်တစ်ဦး၏ သရုပ်သကန်များကို ပြသခဲ့ပြီး သူမက သူ့အပေါ် ပိုင်းခြားသိမြင်မှု ရှိခဲ့သည်။ ထိုပြဿနာများကို သူမက တိုင်ကြားပြီး ဖော်ထုတ်ခဲ့သည်။ သူမ တိုင်ကြားပြီးသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်၏ လက်အောက်ငယ်သားများက သိသွားသဖြင့် အကျိုးဆက်မှာ သူမကို သူက ညှဉ်းပန်းပြီး ဖယ်ထုတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ဤအန္တိခရစ်သည် သူမကို ထကြွဆန့်ကျင်ပြီး ငြင်းပယ်ရန်အတွက် သူ့လက်အောက်ရှိ လူတိုင်းကို လုပ်ဆောင်စေရာတွင် ဖြစ်မြောက်အောင်မြင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် သူမကို ကိုင်တွယ်ခဲ့ပြီး ဖယ်ထုတ်ပစ်ခဲ့သည်။ ထို့နောက်တွင် ဤ“သတင်းကောင်း”ကို အထက်သို့ တင်ပြခဲ့သည်။ အမှန်တွင် ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့်အရာ မဟုတ်။ အသင်းတော်တွင် ဤသို့သောအရာများ ဖြစ်ပျက်သလော။ ဖြစ်ပျက်သည်။ ဤအန္တိခရစ်များသည် ညီအစ်ကို မောင်နှမများကို ဖိနှိပ်ကြ၏။ ၎င်းတို့သည် မိမိတို့ကို ပိုင်းခြားသိမြင်နိုင်ပြီး မိမိတို့၏ ပြဿနာများကို တိုင်ကြားနိုင်သူများအပြင် မိမိတို့၏ သဘာဝ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်သူများကိုလည်း ဖိနှိပ်ကြ၏။ ၎င်းတို့၏ သဘာဝအနှစ်သာရအား ထိုးထွင်းသိမြင်နိုင်သူတို့ကိုလည်း တိုင်ကြားသည်။ ၎င်းတို့၏ ဒုက္ခပေးခြင်းကို ခံရသည့်သူများကိုပင် ၎င်းတို့က အလျင်ဦးအောင် တိုင်ကြားချက်များတင်ပြီး နှောင့်ယှက်ခြင်း ဖြစ်စေနေသောလူများမှာ ထိုသူတို့ဖြစ်သည်ဟု အထက်ကို တင်ပြသည်။ အမှန်တကယ်တွင် နှောင့်ယှက်ခြင်း ဖြစ်စေသည်မှာ မည်သူနည်း။ ယင်းမှာ အသင်းတော်ကို နှောင့်ယှက်ပြီး ထိန်းချုပ်နေသည့် အန္တိခရစ်များ ဖြစ်သည်။

လူတို့အား ၎င်းတို့အပေါ် ကျိုးနွံနာခံအောင်လုပ်ဆောင်ခြင်းတွင် အန္တိခရစ်များ၏ နည်းလမ်းများမှာ အဘယ်နည်း။ ဤနည်းတစ်နည်းမှာ သင့်အား ထိန်းချုပ်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခြင်းဖြစ်သည်။ သင့်အတွေးအခေါ်များ၊ သင်၏နည်းလမ်းများ၊ သင်လျှောက်သောလမ်းကြောင်းအပြင် သင်ထမ်းဆောင်သော တာဝန်ကိုပင် ထိန်းချုပ်ရန် ၎င်းတို့ကိုင်စွဲသော ဩဇာအာဏာကို အသုံးပြုခြင်း ဖြစ်သည်။ သင်က ၎င်းတို့နှင့် ရင်းနှီးလျှင် ၎င်းတို့သည် သင်ထင်ပေါ်စေရန် ထောက်ကူပေးသည့် လွယ်ကူသော တာဝန်တစ်ခုကို ပေးလိမ့်မည်။ သင်သည် ၎င်းတို့အပေါ် အစဉ်နာခံခြင်းမရှိလျှင်၊ ၎င်းတို့အမှားများကို အစဉ်ထောက်ပြလျှင်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုပြဿနာကို ဖော်ထုတ်လျှင် လူတို့မနှစ်သက်သည့် အလုပ်တစ်ခုကို သင့်အတွက် ၎င်းတို့ စီစဉ်ပေးလိမ့်မည်။ ဥပမာ ညီမငယ်တစ်ဦးအား ညစ်ပေသော၊ ပင်ပန်းသောအလုပ်တစ်ခုခုကို လုပ်ခိုင်းခြင်းဖြစ်သည်။ ၎င်းတို့နှင့် ရင်းနှီးသည့်သူ၊ ၎င်းတို့ကို မြှောက်ပင့်သူ၊ ၎င်းတို့ ကြားလိုသည့်အရာကို အစဉ်ပြောသူမည်သူမဆိုအတွက်မူ လွယ်ကူသော၊ သန့်ရှင်းသောအလုပ်များကို စီစဉ်ပေးသည်။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို ဆက်ဆံပြီး ထိန်းချုပ်ပုံ ဖြစ်သည်။ ဆိုလိုသည်မှာ တာဝန်ခန့်အပ်ခြင်းနှင့် တာဝန်ပြောင်းခြင်းအပေါ် ဩဇာအာဏာနှင့်ပတ်သက်လျှင် မည်သူက မည်သည့်အရာအား လုပ်ဆောင်သည်ဟူသည်မှာ ၎င်းတို့အပေါ်သာ မူတည်သည်။ ၎င်းတို့တစ်ဦးတည်းသာ ထိန်းချုပ်ထားသည်။ ဤသည်မှာ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတစ်မျိုးသာ ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ သရုပ်သကန်များမှ အချက်ရှစ်ဖြစ်သော “၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည်” ဟူသောအချက်နှင့် အတိအကျ ကိုက်ညီနေသည် မဟုတ်လော။ “၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည်”ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဤသရုပ်သကန်သည် မည်သို့မှားယွင်းနေသနည်း။ မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ဤသည်မှာ လူတို့အား ၎င်းတို့က ကျိုးနွံနာခံခိုင်းသည့်အရာသည် သမ္မာတရားနှင့် အလုံးစုံ ဆန့်ကျင်နေခြင်း ဖြစ်သည်။ ယင်းသည် သမ္မာတရားစည်းမျဉ်းများနှင့် မညီပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ဆန့်ကျင်သည်။ ယင်း၏ အနည်းငယ်ကမျှပင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်မပေးပေ။ အနည်းငယ်ကမျှပင် သမ္မာတရားနှင့် မကိုက်ညီပေ။ ၎င်းတို့က လူတို့အား ကျိုးနွံနာခံခိုင်းသည့်အရာသည် ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ နှစ်သက်မှုများ၊ စိတ်ဝင်စားမှုများနှင့် အယူအဆများသက်သက် ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အနှစ်သာရမဟုတ်သလော။ ဤသည်မှာ အန္တိခရစ်၏ အနှစ်သာရက ပေါ်လွင်သည့် ပုံစံတစ်ခု ဖြစ်သည်။ ဤသည်မှာ အမှုကိစ္စ၏ အဓိကအခရာသို့ မရောက်ရှိသလော။ အန္တိခရစ်က ပြုမူလုပ်ဆောင်သည့် ဤပုံစံသည် ပိုင်းခြားသိမြင်ရန် လွယ်ကူသင့်သည်။ သင့်တော်ပြီး မှန်ကန်သော အမြင်များကို တင်ပြသော ခေါင်းဆောင်နှင့် အမှုဆောင်အချို့ရှိသည်။ လူအချို့က ယင်းတို့ကို ယုံကြည်ခြင်း၊ လက်ခံနိုင်ခြင်း မရှိကြသော်လည်း ဤခေါင်းဆောင်များသည် ထိုမှန်ကန်သောအမြင်များကို အကောင်အထည်ဖော်ပြီး လက်တွေ့လုပ်ဆောင်ရန် မလျှော့တမ်း လုပ်ဆောင်နိုင်သည်။ ဤအပြုအမူနှင့် အန္တိခရစ်များ၏ အပြုအမူကြားတွင် ကွာခြားချက်သည် အဘယ်နည်း။ အပေါ်ယံတွင် ဤနှစ်ခုက တူညီသည့်ပုံစံရှိသည်။ သို့သော် ၎င်းတို့၏ အနှစ်သာရတွင် ကွာခြားချက်တစ်ခု ရှိသည်။ အန္တိခရစ်များက လုပ်ဆောင်သည့်အရာမှာ သမ္မာတရားနှင့် ဘုရားအိမ်တော်၏ အလုပ်စည်းမျဉ်းများကို တမင်တကာ ဆန့်ကျင်ပြီး ဘုရားအိမ်တော်အတွက် တာဝန်ထမ်းဆောင်ကာ သမ္မာတရားအား ကျိုးနွံနာခံသယောင် ဟန်ဆောင်လျက်ဖြင့် ၎င်းတို့ပြောသည့်အရာကို လူတို့အား လုပ်ဆောင်ခိုင်းခြင်းဖြစ်သည်။ ဤသည်မှာ မှားယွင်းသည်။ ကမ်းကုန်စွာ၊ အဓိပ္ပာယ်မရှိစွာဖြင့် မှားယွင်းသည်။ အချို့သောခေါင်းဆောင်များ၊ အမှုဆောင်များသည် မှန်ကန်သောအမြင်များကို ထိန်းသိမ်းသည်။ သမ္မာတရားစည်းမျဉ်းများနှင့် ညီသောအရာကို ထိန်းသိမ်းသင့်သည်။ ဤသည်မှာ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းမဟုတ်သကဲ့သို့ လူတို့အား ဘောင်ခတ်ခြင်းလည်း မဟုတ်ပေ။ သမ္မာတရားအား ထိန်းသိမ်းခြင်း ဖြစ်သည်။ ဤအပြုအမူနှစ်ခုသည် အပြင်ပန်းတွင် ဆင်တူဟန်ရှိသော်လည်း ၎င်းတို့၏ အနှစ်သာရများက ကွဲပြားသည်။ တစ်ခုမှာ သမ္မာတရားစည်းမျဉ်းများအား ထိန်းသိမ်းခြင်းဖြစ်ပြီး အခြားတစ်ခုမှာ မှားယွင်းသောအမြင်များအား ထိန်းသိမ်းခြင်း ဖြစ်သည်။ အန္တိခရစ်များလုပ်ဆောင်သောအရာမှာ သမ္မာတရားအား ချိုးဖောက်သော၊ သမ္မာတရားအား ရန်လိုသောအရာများအားလုံးဖြစ်ပြီး ၎င်းတို့၏ တစ်ကိုယ်ရေ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက တွန်းအားပေးခြင်းသက်သက်ဖြစ်သည်။ ဤအတွက်ကြောင့် အန္တိခရစ်များက အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေခြင်း ဖြစ်သည်။ ဤသည်မှာ ဤအချက်၏ အခရာဖြစ်သည်။ ငါတို့ယခုပြောဆိုခဲ့သည့် အရာမှာ အခိုင်အမာဖြစ်သော အချက်အလက်တစ်ခု ဖြစ်သည်။ ဤတွင် လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များက မည်သည့်အရာကို ရည်ညွှန်းသနည်း။ အန္တိခရစ်က လုပ်ဆောင်လေ့ရှိသည့် သိသာသောအရာများကို မလုပ်ဆောင်သော်လည်း ဤဉာဉ်များရှိဆဲ ဖြစ်သည့်သူအချို့ကို ရည်ညွှန်းသည်။ ၎င်းတို့တွင် ဤဉာဉ်များနှင့် သရုပ်သကန်များရှိပြီး အဓိပ္ပာယ်မှာ ၎င်းတို့တွင် ဤလိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များရှိသည်ဟူ၍ ဖြစ်သည်။ ၎င်းတို့ ရောက်ရှိနေသည်မှာ မည်သည့်အဖွဲ့ဖြစ်စေ အရာရှိတစ်ဦးက အမိန့်ပေးသကဲ့သို့ လူတို့ကို အစဉ်အမိန့်ပေးလိုသည်။ “သင်၊ သွား၍အစားအစာပြင်ဆင်ပါ”၊ “သင်၊ မည်သူမည်ဝါဆီသို့သွား၍ အသိပေးပါ”၊ “သင့်တာဝန်တွင် အလုပ်ကြိုးစားပါ။ ပို၍ သစ္စာစောင့်သိမှုရှိပါ။ ဘုရားက စောင့်ကြည့်နေသည်” ဟူ၍ ဖြစ်သည်။ ထိုအရာများကို ၎င်းတို့ပြောဖို့ လိုသလော။ ဤသည်မှာ မည်သည့်လေသံမျိုး ဖြစ်သနည်း။ သူတို့သည် အဘယ်သူများဖြစ်၍ သခင်တစ်ပါး၊ အရှင်တစ်ပါးကဲ့သို့ အစဉ် ပြုမူနေကြသနည်း။ ၎င်းတို့သည် မည်သည့်အရာမျှမဟုတ်။ သို့တိုင်အောင် ဤသို့သောအရာများကို ပြောရဲသည်။ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း မဟုတ်လော။ လူအချို့က “၎င်းတို့သည် ဉာဏ်မရှိသူများဖြစ်သည်” ဟု ဆိုနိုင်သည်။ သို့သော် ၎င်းတို့သည် သာမန်ဉာဏ်မရှိသူများမဟုတ်။ ထူးခြားသောသူများ ဖြစ်သည်။ မည်သို့ ထူးခြားသနည်း။ ၎င်းတို့သည် မည်သူနှင့်မဆို ကိစ္စတစ်ခုအကြောင်းကို ငြင်းခုံသောအခါ၊ သို့မဟုတ် အလေးအနက် ဆွေးနွေးတိုင်ပင်သောအခါ၊ ၎င်းတို့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ နောက်ဆုံးတွင် အနိုင်ရရမှဖြစ်သည်။ ၎င်းတို့က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အဆုံးအဖြတ် ပေးပိုင်ခွင့်ရှိရမည်။ အခြေအနေကို ထိန်းချုပ်ရမည်။ ဆုံးဖြတ်ချက်များ ချရမည်ဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းက မည်သည့်အရာ ဖြစ်နိုင်ပါစေ ဆုံးဖြတ်ချက်များကို ချမှတ်လိုသည်။ အခြားလူတစ်ဦးက မှန်ကန်သော ထင်မြင်ချက်တစ်ခုကို ဖော်ပြပြီး အနိုင်ရခဲ့သည်ရှိသော် ၎င်းတို့က စိတ်ဆိုးသည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို စွန့်ပစ်ပြီး ထပ်လုပ်ရန် ငြင်းဆန်သည်။ ၎င်းတို့သည် နုတ်ထွက်ပြီး “သင်တို့နှစ်သက်သည့် မည်သည့်အရာကိုမဆို ပြောဆိုနိုင်သည်။ မဟုတ်လည်း ငါပြောသည့်အရာကို သင်တို့မလုပ်ပါ” ဟု ဆိုသည်။ ၎င်းတို့၌ ထိုရည်မှန်းချက်နှင့် လိုအင်ဆန္ဒမရှိသလော။ ဤသို့သောလူတို့က သခင်များ၊ အရှင်သခင်များဖြစ်ခြင်း၊ ကြီးကြပ်ရေးမှူးများဖြစ်ခြင်း၊ ခေါင်းဆောင်များ ဖြစ်လာခြင်းသည် မည်သည့်အကျိုးဆက်များ ထွက်ပေါ်သနည်း။ စံဖြစ်သော အန္တိခရစ်များ ဖြစ်လာကြသည်။ သင်တို့၌ ဤသို့သော သရုပ်သကန်များရှိသလော။ ဤသည်မှာ ကောင်းသောအရာ ဖြစ်မည်မဟုတ်။ ဘုရားသခင်ကို ယုံကြည်သူသည် သမ္မာတရားကို ရရှိရမည့်အစား အန္တိခရစ်တစ်ဦးဖြစ်လာလျှင် ကြီးသော ဘေးဒုက္ခတစ်ခု ဖြစ်မည်မဟုတ်လော။

ဘာသာတရားမရှိသူတို့သည် လူတို့ကို မည်သို့ရှုမြင်သနည်း။ လူတစ်ဦးကို ၎င်းတို့ ကြုံတွေ့သောအခါ၌ ထိုသူ၏ အသွင်အပြင်နှင့် အဝတ်အစားကို ဦးစွာကြည့်သည်။ အခြားလူများ စကားပြောသည်ကို ၎င်းတို့ နားထောင်သောအခါ ထိုလူများသည် ဗဟုသုတ ရှိမရှိကို အစဉ်သိလိုသည်။ သင်၏ အသွင်အပြင်နှင့် အဝတ်အစားသည် ကြည့်စရာ များများစားစားမရှိ၊ သင်သည် ပညာကောင်းကောင်း မတတ်၊ နှံ့စပ်မှု မရှိဟု ၎င်းတို့ မြင်လျှင် သင့်အား အထင်သေးသည်။ ပြီးလျှင် ၎င်းတို့သည် သင်နှင့်စကားပြောသောအခါ အထက်စီးမှနေ ပြောလိုသည်။ ငါက “သင်ငြင်းခုံလိုလျှင် ငြင်းလော့။ သင်ပြောလော့” ဟု ဆိုသည်။ ငါသည် နှုတ်ဆိတ်နေ၏။ ငါသည် အလျှော့ပေးလိုက်၏။ ဘုရားအိမ်တော်ရှိ လူအများစုသည် မည်သည့်နေရာသို့ ငါသွားသည်ဖြစ်စေ ငါ့အား နားထောင်သည်။ ထို့ကြောင့် အခြားလူများ စကားပြောသည်ကို ကြားရန်၊ အခြားလူများကို ပို၍စကားပြောခွင့်ပေးရန် အခွင့်အရေးတို့ကို ငါရှာသည်။ ငါသည် လူတိုင်းအား စိတ်နှလုံးအတွင်းမှ စကားပြောဆိုခွင့်ပေးရန်၊ ၎င်းတို့အတွင်းရှိ အခက်အခဲများအကြောင်း၊ ၎င်းတို့၏ နားလည်သဘောပေါက်မှုအကြောင်း ပြောဆိုခွင့်ပေးရန် ကြိုးစားနေသည်။ ငါနားထောင်သောအခါ လမ်းလွဲမှုအချို့ကို ကြားရသည်။ ၎င်းတို့၏ ပြဿနာနှင့် အားနည်းချက်အနည်းငယ်ကိုလည်းကောင်း၊ ၎င်းတို့လျှောက်သည့် လမ်းကြောင်းတွင် မည်သည့်ပြဿနာများ ဖြစ်ပေါ်ခဲ့သည်ကိုလည်းကောင်း၊ အသင်းတော်အလုပ်၏ မည်သည့်နယ်ပယ်က ကောင်းစွာလုပ်ဆောင်ခြင်း မရှိသည်ကိုလည်းကောင်း၊ ယင်းတွင် မည်သည့်ပြဿနာများ ကျန်ရှိနေသည်ကိုလည်းကောင်း၊ ယင်းတို့ကို ဖြေရှင်းရန် လိုအပ်ခြင်း ရှိမရှိကိုလည်းကောင်း ငါကြားရသည်။ ဤအရာများအား နားထောင်ခြင်းတွင် ငါအာရုံစိုက်သည်။ ငါတို့သည် အရေးကိစ္စအချို့ကို ငြင်းခုံလျှင်၊ ဥပမာ ခွက်တစ်ခွက်သည် စက္ကူဖြစ်သည်ဟု ငါပြောပြီး သင်က ပလပ်စတစ်ဖြစ်သည်ဟု မလျှော့တမ်းပြောလျှင် ငါက “ကောင်းပြီ။ သင်မှန်သည်” ဟု ဆိုမည်။ သင်နှင့် ငါငြင်းခုံမည်မဟုတ်။ လူအချို့က “ကိုယ်တော်မှန်လျှင် အဘယ်ကြောင့် မငြင်းခုံသနည်း” ဟု တွေးကြသည်။ ယင်းမှာ အရေးကိစ္စအပေါ်တွင် မူတည်သည်။ ယင်းသည် သမ္မာတရားနှင့်သက်ဆိုင်သည့်အရာတစ်ခုဖြစ်လျှင် သင်သည် ငါ့အား နားထောင်မှသာလျှင် သင့်တင့်လျောက်ပတ်ပေသည်။ ပြင်ပအရေးကိစ္စတစ်ခုခု ဖြစ်လျှင် မည်သည့်အရာကို သင်တို့ပြောသည်ဖြစ်စေ ငါပါဝင်ပတ်သက်မည်မဟုတ်။ ဤသို့သောအရာများသည် ငါနှင့် သက်ဆိုင်ခြင်းမရှိ။ ဤသို့သောအရာများအား ငြင်းခုံခြင်းသည် အကျိုးမရှိ။ နိုင်ငံနှင့်သက်ဆိုင်သော အချို့ကိစ္စများကို ဆွေးနွေးသည့်သူအချို့ရှိသည်။ ငါသည် ၎င်းတို့အား “ငါနားလည်သလောက်က ဤသည်မှာ ထိုအရာ၏ ပကတိအခြေအနေဖြစ်သည်” ဟု ဆိုသည်။ “ငါနားလည်သလောက်က” ဟူ၍ အစပိုင်းတွင် ငါ အပိုဆောင်းပြောထားသည်။ ယင်းတွင် မိမိကိုယ်ကို သတိပြုမိမှုအနည်းငယ် ပါဝင်လေသည်။ “ဤသည်မှာ အခြေအနေ၏ ယခု အရှိအတိုင်းဖြစ်သည်။ သို့သော် အထူးအခြေအနေအချို့ရှိလျှင် ထိုအရာများနှင့်ပတ်သက်၍ ငါမသိ” ဟု ပြောလျက် အမှုကိစ္စကို ပုံဖော်ရန် ငါသိသည့်အချက်ကို ထုတ်ပြောသည်။ ငါသည် ထိုသို့သော အချက်အလက်ဖြင့် ကိစ္စရပ်ကို အကဲဖြတ်ရန်သာ တတ်နိုင်၏၊ သို့သော် ငါမည်မျှသိသည်ဆိုသည်ကို ကြွားဝါနေခြင်းမဟုတ်။ ကိုးကားချက်တစ်ခုအနေဖြင့် သတင်းအချက်အလက်အနည်းငယ်ကို ၎င်းတို့အား ငါပေးခြင်းသာ ဖြစ်သည်။ ၎င်းတို့ထက်ပို၍ မြင့်သော အဆင့်အတန်းကိုယူပြီး ၎င်းတို့အား ဖိနှိပ်ရန်၊ ငါမည်မျှတော်သည်ကို ၎င်းတို့အား ပြသရန်၊ အရာရာတိုင်းအားငါသိသည်၊ မည်သည့်အရာကိုမျှ ၎င်းတို့မသိဆိုသည်ကို ပြရန် ငါမရည်ရွယ်ပေ။ ဤသည်မှာ ငါ၏ ရှုထောင့်မဟုတ်။ လူအချို့သည် ငါနှင့် စကားစမြည်ပြောဆိုနေသောအခါ၌ ၎င်းတို့မသိသည့် သတင်းအချက်အလက်အချို့ကို ငါပြောပြီး ၎င်းတို့က “သင်သည် တစ်နေကုန် အိမ်တွင်းအောင်းနေသည်။ မည်သည့်အရာကို သင်သိသနည်း” ဟုပြောသည်။ ထိုသတင်းအချက်အလက်ကို ၎င်းတို့မသိ။ သို့တိုင်အောင် ယင်းနှင့်ပတ်သက်ပြီး ငါနှင့် ငြင်းခုံကာ တိုက်ခိုက်လိုသည်။ ငါက “မှန်သည်။ ငါသည် အပြင်သို့မထွက်။ သို့သော် ဤတစ်ခုကိုတော့ ငါသိသည်။ ဤအကြောင်းကို သင့်အား ငါပြောနေခြင်းဖြစ်ပြီး ထိုမျှသာဖြစ်သည်။ ယုံချင်ယုံ၊ မယုံချင်နေပါ” ဟု ပြောသည်။ ယင်းတွင် ငြင်းခုံစရာ မည်သည့်အရာရှိသနည်း။ ဤအရာမျိုးကို ငြင်းခုံခြင်းသည် စိတ်သဘောထားတစ်ခုဖြစ်သည်။ ပြင်ပအမှုကိစ္စတစ်ခုနှင့်ပတ်သက်သောအခါတွင် လူအချို့သည် သာလွန်မှုရှိရန်ပင် ယှဉ်ပြိုင်လိုကြပြီး “ဤအရာကို သင်မည်သို့ သိသွားသနည်း။ ဤအရာကို အဘယ်ကြောင့် ကျွန်ုပ် မသိသနည်း။ ဤအကြောင်းကို သင်သည် အဘယ်ကြောင့် အရေးကြီးသောအချက် အပြည့်အစုံဖြင့် အနှစ်ချုပ် ပြောနိုင်ကာ ကျွန်ုပ်ကမူ မပြောနိုင်ရသနည်း” ဟု ဆိုကြသည်။ ဥပမာအနေဖြင့် ငါက “ငါသည် ဤနေရာတွင် နှစ်ချီ နေခဲ့သည်။ ရာသီဥတုနှင့်ပတ်သက်ပြီး သိသာထင်ရှားသော အရာတစ်ခုကို ငါ ရှာတွေ့ခဲ့သည်။ ယင်းသည် အတော်အတန်ပင် စိုထိုင်းအိုက်စပ်သည်” ဟု ဆိုသည်။ ဤသည်မှာ ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ပြီးနောက် ငါရရှိသည့် စောင့်ကြည့်လေ့လာမှု ဖြစ်သည်။ ယင်းသည် အဖြစ်မှန် ဖြစ်သည်။ သို့တိုင်အောင် လူအချို့က ယင်းကိုကြားပြီး “ဤသည်မှာ အမှုကိစ္စများ၏ ပကတိအခြေအနေဖြစ်သလော။ ဤသို့ဆိုလျှင် စိုထိုင်းအိုက်စပ်မှုကို ကျွန်ုပ်မခံစားရသည်မှာ အဘယ်သို့ဖြစ်သနည်း” ဟု ဆိုသည်။ စိုထိုင်းအိုက်စပ်မှုကို သင်မခံစားရရုံဖြင့် စိုထိုင်းအိုက်စပ်ခြင်း မရှိဟု မဆိုလိုပေ။ သင်ခံစားရသည့် အရာအတိုင်း လိုက်ပြောနေ၍မရပေ။ အချက်အလက်အတိုင်း ပြောရမည်ဖြစ်သည်။ နေ့စဉ်ရာသီဥတု ခန့်မှန်းချက်များသည် အလွန်အသေးစိတ်သည်။ ယင်းတို့ကို သင် အတော်အတန် မြင်တွေ့ပြီးသည်နှင့် အမှန်တွင် ဤနေရာ၌ စိုထိုင်းအိုက်စပ်သည်ကို သင်သိလိမ့်မည်။ ယင်းမှာ ငါစိတ်ကူးထင်မြင်သည့်အရာတစ်ခုသာ မဟုတ်။ ပြီးလျှင် ခံစားချက်ကို အခြေခံပြီး ပြောခြင်းမဟုတ်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ နံရံများ၏ အောက်ခြေ အရိပ်ကျသောနေရာများတွင် တစ်နှစ်ပတ်လုံး ရေညှိရှိသည်။ နွေဦးရာသီတွင် လမ်းမလျှောက်ရဲသည့် နေရာအချို့ရှိသည်။ ထိုနေရာများသည် အလွန်ချော်သည်။ ဤစောင့်ကြည့်လေ့လာမှုမှာ ယင်းကို ကြုံတွေ့ခြင်း၊ မျက်စိဖြင့် တပ်အပ်မြင်ခြင်းနှင့် ကိုယ်တိုင်ကိုယ်ကျ ခံစားခြင်းတို့မှ လာသည်။ ဤသို့ပြောဆိုခြင်းသည် အမှန်တရားကို ဆန့်ကျင်နေခြင်းမဟုတ်ပေ။ မှန်ပါသလော။ သို့သော် ငါ့ကို စကားပြောသောအခါတွင် ဤအရာများနှင့် ပတ်သက်ပြီး ငါ့အား စိန်ခေါ်သောသူအချို့ရှိသည်။ ဤနေရာတွင် စိုထိုင်းအိုက်စပ်သည်ဟု ငါပြောပြီး ၎င်းတို့က မဟုတ်ဟု ပြောသည်။ ဤသည်တို့မှာ နားဝေတိမ်တောင်ဖြစ်သော လူများမဟုတ်သလော။ (ဟုတ်ပါသည်။) စကားအချို့သည် အတွေ့အကြုံမှလာသည်နှင့်အညီ လက်တွေ့အရှိတရားကို အခြေခံပြီး ပြောဆိုခြင်းဖြစ်သည်။ လုပ်ကြံဖန်တီး၍ ပြောဆိုခြင်း မဟုတ်။ ယင်းတို့သည် စိတ်ကူးထင်မြင်မှုများမဟုတ်ဟု ငါအဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် အသေးစိတ်အချက်အလက်များကို ရှင်းလင်းစွာ၊ နှံ့စပ်စွာ၊ စနစ်ကျစွာ ချပြထားပြီး ထိုစကားများတွင် ဖော်ပြထားသည့်အရာကို လူတစ်ဦးက မြင်ပြီးတွေ့ကြုံသောအခါ ပြောထားသည့်အရာအတိုင်း အတိအကျပင် ကိုက်ညီသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ထိုပြောဆိုချက်များသည် တိကျမှန်ကန်ခြင်း မရှိသလော။ (ရှိပါသည်။) သို့တိုင်အောင် ဤတိကျမှန်ကန်သော ပြောဆိုချက်များဖြင့်ပင် အစဉ်သဖြင့် အငြင်းသန်သောသူအချို့ ရှိသည်။ ၎င်းတို့သည် ငါနှင့် ဤသို့ငြင်းခုံသည်။ မည်သည့်အရာအတွက် ၎င်းတို့ ငြင်းခုံနေသနည်း။ ဤသည်မှာ အသေအကြေ တိုက်ပွဲဖြစ်သလော။ ၎င်းတို့၏ အသက်အတွက် တိုက်ခိုက်နေခြင်းဖြစ်သလော။ ဤအတွက် ၎င်းတို့ ငြင်းခုံနေခြင်းမဟုတ်။ မည်သူက ပို၍သိသည်ဆိုသည်ကို ယှဉ်ပြိုင်လိုခြင်းသာ ဖြစ်သည်။ ငြင်းခုံရသည်ကို နှစ်သက်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သောလူများကို မည်သို့ဆက်ဆံသင့်သည်ဟု သင်တို့ ထင်သနည်း။ သင်သည် ဒေါသဖြင့် မျက်နှာနီသည်အထိ ၎င်းတို့ကိုဖော်ထုတ်ပြီး ငြင်းခုံဖို့ လိုသလော။ (မလိုပါ။) ဤသို့သော မသိနားမလည်သည့်လူများဖြင့် ငြင်းခုံခြင်းသည် အကျိုးမရှိပေ။ သိက္ခာကျသည်။ ၎င်းတို့ကို လွှတ်သာထားလော့။ အဆင်မပြေသလော။ ဤသို့မိုက်မဲပြီး မစဉ်းမစား ပြုလုပ်သောလူတို့ဖြင့် ငြင်းခုံခြင်းသည် မည်သည့်အကျိုးရှိသနည်း။ သမ္မာတရားနှင့်သက်ဆိုင်သော အမှုကိစ္စတစ်ခုခုကို လူတစ်ယောက်က နားမလည်သောကြောင့် ငြင်းခုံမှု၊ သို့မဟုတ် ဆွေးနွေးမှုတစ်ခုခု ရှိလျှင် ယင်းမှာ ကိစ္စမရှိ။ သို့သော် ဤပြင်ပအရေးကိစ္စများကို ငြင်းခုံခြင်းသည် မသိနားမလည်ခြင်း မဟုတ်သလော။ အန္တိခရစ်များ၏ စိတ်သဘောထားသည် အဓိကအားဖြင့် သမ္မာတရားကို လက်မခံသည့်၊ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သည့်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားဖြစ်သည်။ အန္တိခရစ်များသည် မည်သည့်မှန်ကန်သော စကားကိုမျှပင် လက်မခံပေ၊ သို့မဟုတ် အချက်အလက်များနှင့် ကိုက်ညီသည့် မှတ်ချက်များ၊ ပြောဆိုမှုများကို လက်မခံပေ။ ပြီးလျှင် ၎င်းတို့သည် ယင်းတို့ကို သုတေသနပြုကာ ယင်းတို့နှင့်ပတ်သက်ပြီး သင်နှင့် အငြင်းပွား၍ ငြင်းခုံလိမ့်မည်။ သမ္မာတရားနှင့်ပတ်သက်လျှင်မူ ဆိုဖွယ်ရာမရှိတော့ပေ။ ဤသည်မှာ စိတ်သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်စိတ်သဘောထားနည်း။ မာနထောင်လွှားခြင်း ဖြစ်သည်။ ၎င်းတို့ ဆိုလိုသည်မှာ “သင်သည် သမ္မာတရားအနည်းငယ်ကိုသာ နားလည်သည် မဟုတ်လော။ ပြင်ပအရေးကိစ္စများကို နားမလည်ပေ။ ထို့ကြောင့် ယင်းတို့နှင့်ပတ်သက်၍ ကျွန်ုပ်ပြောသည်ကို သင်နားထောင်လျှင် လျော်ကန်လိမ့်မည်။ သင့်ပါးစပ်ကို မဟနှင့်။ ယင်းသည် ကျွန်ုပ်အား အလွန်စိတ်ဆိုးစေသည်။ ဤပြင်ပအရေးကိစ္စများသည် သင်စီမံရန် မဟုတ်။ သင်၏ တာဝန်များနှင့်၊ သမ္မာတရားအား ပြောဆိုခြင်းနှင့်ပတ်သက်လျှင် သင့်အား ကျွန်ုပ်နားထောင်မည်။ သို့သော် ဤပြင်ပအရေးကိစ္စများအား ပြောဆိုခြင်းကို ရပ်ပါ။ ပါးစပ်ပိတ်လိုက်လျှင် ကောင်းမည်။ ဤကိစ္စများကို သင်တစ်ခါမျှ မကြုံဖူးသောကြောင့် မည်သည့်အရာကို သင်သိသနည်း။ ကျွန်ုပ်အား သင်နားထောင်ရန် လိုအပ်သည်” ဟူ၍ ဖြစ်သည်။ အရာရာတိုင်း၌ လူတို့အား ၎င်းတို့ကို နားထောင်ခိုင်းသည်။ မည်သူဖြစ်သည်ကိုပင် မကြည့်ဘဲ လူတိုင်းကို ၎င်းတို့ သိမ်းပိုက်လိုသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ယင်းတွင် ဆင်ခြင်တုံတရားတစ်ခုခု ရှိသလော။ (မရှိပါ။)

ငါ့ကို ပြောလော့။ ငါနှင့် ပေါင်းသင်းဆက်ဆံရသည်မှာ လွယ်ကူသလော၊ ခက်ခဲသလော။ (လွယ်ကူပါသည်။) မည်သို့ပြောနိုင်သနည်း။ လွယ်ကူသည်ဟု အဘယ်ကြောင့် ပြောသနည်း။ သင်တို့ကို ငါပြောပြမည်။ ပြီးလျှင် ငါကိုယ်တိုင်နှင့်ပတ်သက်သော ငါ၏ ရှင်းပြချက်က မှန်ကန်ပြီး တိကျခြင်းရှိမရှိကို သင်မြင်နိုင်သည်။ ရှေးဦးစွာ ငါ၏ ဆင်ခြင်တုံတရားသည် ပုံမှန်ဖြစ်သည်။ ဤပုံမှန်ဖြစ်ခြင်းကို မည်သို့ ရှင်းပြနိုင်သနည်း။ ဤသည်မှာ အမှုကိစ္စအားလုံးနှင့်ပတ်သက်၍ ငါ့တွင် တိကျမှန်ကန်သော စံနှုန်းများနှင့် တိကျမှန်ကန်သော အမြင်ရှုထောင့်တစ်ခုရှိသည်ဟု ဆိုလိုသည်။ ဤသို့ဆိုလျှင် အမျိုးအစားတစ်ခုစီနှင့်ပတ်သက်သည့် ငါ၏အမြင်များ၊ ပြောဆိုချက်များနှင့် အရာတစ်ခုစီတိုင်းအပေါ် ငါ၏သဘောထားတို့အားလုံးက ပုံမှန်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းတို့သည် ပုံမှန်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ယင်းတို့သည် ပုံမှန်လူ့သဘာဝအတွက် စံနှုန်းများနှင့် ညီသည်။ ဒုတိယအနေဖြင့် သမ္မာတရားက ငါ့ကို ချုပ်တည်းနေ၏။ ဤသည်တို့မှာ ပုံမှန်ဆင်ခြင်တုံတရားက အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်သော အရာနှစ်ခုဖြစ်သည်။ ပြီးလျှင် ဤတွင် နောက်ထပ်ကဏ္ဍတစ်ခုရှိသည်။ ငါနှင့် သင့်မြတ်ရန် လွယ်ကူသည်ဟု သင်တို့မြင်နိုင်သည့် အကြောင်းရင်းမှာ လူအမျိုးအစားတစ်ခုစီနှင့် ပတ်သက်သောအခါတွင် ငါ၌ မှန်ကန်သော နှိုင်းဆချင့်ချိန်နိုင်စွမ်း ရှိပြီး စံနှုန်းများကို သိသောကြောင့် ဖြစ်သည်။ ခေါင်းဆောင်များ၊ သာမန်ညီအစ်ကိုမောင်နှမများအား ငါ ဆက်ဆံပုံအတွက်၊ ကြီးသူ၊ ငယ်သူတို့ကို ငါဆက်ဆံပုံအတွက်၊ ကြွားဝါတတ်သည့် မာနထောင်လွှားသောလူတို့ကို ငါဆက်ဆံပုံအတွက်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသောသူနှင့် မရှိသောသူတို့ကို ငါဆက်ဆံပုံအတွက် စသည်ဖြင့် လူတစ်မျိုးချင်းစီအတွက် မှန်ကန်သော နှိုင်းဆချင့်ချိန်နိုင်စွမ်းအပြင် လုပ်နည်းကိုင်နည်းနှင့် နည်းနာနိဿယများပါ ငါ့၌ရှိသည်။ အဓိကအားဖြင့် ဤမှန်ကန်သော နှိုင်းဆချင့်ချိန်နိုင်စွမ်း၊ ဤလုပ်နည်းကိုင်နည်းနှင့် နည်းနာနိဿယများမှာ အဘယ်နည်း။ ယင်းတို့မှာ သမ္မာတရားစည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း၊ အမှုအရာများကို ကြုံသလိုမလုပ်ဆောင်ခြင်း ဖြစ်သည်။ ဥပမာ ငါသည် သင့်အား တက္ကသိုလ်ကျောင်းသားဖြစ်သည့်အတွက် အထင်ကြီးသည်၊ သို့မဟုတ် တောသားဖြစ်သည့်အတွက် အထင်သေးသည်ဆိုပါစို့။ ယင်းတို့မှာ စည်းမျဉ်းများမဟုတ်။ ဤသို့ဆိုလျှင် ဤစည်းမျဉ်းများကို ငါအဘယ်သို့ သဘောပေါက်သနည်း။ လူတစ်ဦး၏ အစွမ်းအစနှင့် လူ့သဘာဝကိုလည်းကောင်း၊ သူလုပ်ဆောင်သည့် တာဝန်ကိုလည်းကောင်း၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုကိုလည်းကောင်း၊ သမ္မာတရားအပေါ် သူ၏သဘောထားကိုလည်းကောင်း ကြည့်ခြင်းမှတစ်ဆင့်ဖြစ်သည်။ ဤအမျိုးမျိုးသော သွင်ပြင်လက္ခဏာများကို ပေါင်းစပ်ခြင်းအပေါ် အခြေခံ၍ လူတို့ကို ငါသဘောထားသည်။ ငါနှင့် ပေါင်းသင်းဆက်ဆံရန် လွယ်ကူသည်ဟု သင်တို့မြင်သည့် အခြားအကြောင်းရင်းတစ်ခုရှိသေးသည်။ ယင်းမှာ လူများစွာတို့က အယူအဆများရှိပြီး လက်မခံနိုင်သည့်အရာတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်။ ၎င်းတို့က “ကိုယ်တော်တွင် အဆင့်အတန်းရှိသည်။ သို့သော် အဘယ်ကြောင့် ကိုယ်တော်သည် အဆင့်အတန်း ရှိသူတစ်ဦးနှင့် မတူသနည်း။ ကိုယ်တော်သည် ကိုယ်တော်၏အဆင့်အတန်းကို ခိုင်ခိုင်မာမာပြောဆိုခြင်းမရှိ။ ကိုယ်တော်သည် ဘဝင်မြင့်ခြင်းမရှိ။ လူတို့၏ စိတ်တွင် ၎င်းတို့သည် ကိုယ်တော်ကို အထင်ကြီးလေးစားသင့်သည်ဟု ထင်မြင်သည်။ သို့သော် လူတို့က ကိုယ်တော့်ကို မြင်သောအခါ ကိုယ်တော့်ကို တန်းတူဖြစ်သော အဆင့်အတန်းဖြင့် ဆက်ဆံရန်၊ သို့မဟုတ် အထင်သေးရန်ပင် အသင့်တော်ဆုံးဖြစ်သည်ဟု မြင်ကြသနည်း” ဟု တွေးကြသည်။ ထို့ကြောင့် ငါနှင့် သင့်မြတ်ရန် လွယ်ကူသည်ဟု ၎င်းတို့ထင်ကြပြီး သက်သောင့်သက်သာ ရှိကြသည်။ ဤသည်မှာ မမှန်သလော။ ယင်းမှာ ပကတိအခြေအနေဖြစ်၏။ ထို့ကြောင့် ငါသည် ကြောက်စရာလုံးဝမဟုတ်၊ ငါနှင့် ဤသို့ သင့်မြတ်ခြင်းသည် အလွန်ကောင်းသည်ဟု တွေးကြသည်။ ငါ့ကို ပြောလော့။ ငါသည် သင်တို့အား အချိန်တိုင်းတွင် ဖိနှိပ်ခဲ့လျှင်၊ ကောင်းသော အကြောင်းပြချက်မရှိဘဲ သင်တို့အား ပြုပြင်လျှင်၊ တင်းမာသော မျက်နှာထားဖြင့် သင်တို့အား တစ်နေကုန် ပြစ်တင်မောင်းမဲကာ ဩဝါဒပေးလျှင် အမှုအရာများက ကွဲပြားမည်မဟုတ်လော။ သင်တို့က “ကိုယ်တော်သည် ကိုယ်တော်၏ အများနှင့်မတူ တစ်မူထူးသော ပင်ကိုယ်စရိုက်နှင့် ကိုယ်တော်၏ စိတ်အပြောင်းအလဲမြန်ခြင်းတို့ ရှိသဖြင့် ကိုယ်တော်နှင့် ပေါင်းသင်းဆက်ဆံရန် အလွန်ခက်သည်” ဟု တွေးလိမ့်မည်။ ဤသို့ဆိုလျှင် ငါသည် ပေါင်းသင်းဆက်ဆံရန် လွယ်ကူမည်မဟုတ်။ ငါ၏ သွင်ပြင်လက္ခဏာအားလုံးတွင်၊ ငါ၏ ပင်ကိုစရိုက်တွင်၊ ငါ၏ ပျော်ရွှင်မှုများနှင့် စိတ်ဆိုးမှုများတွင်၊ ငါ၏ ဝမ်းနည်းမှုများနှင့် ဝမ်းမြောက်မှုများတွင် ငါသည် ပုံမှန်ဖြစ်သည့်ပုံစံ ရှိသောကြောင့် အတိအကျပင် ဖြစ်သည်။ သင်တို့၏ စိတ်ကူးထဲတွင် အဆင့်အတန်းရှိပြီး မြင့်မားသော ဂုဏ်ရှိသည့်သူတို့သည် မာနထောင်လွှားသင့်သည်ဟု ထင်မြင်သော်လည်း ယခု သင်တို့မြင်သည့် ငါသည် အလွန်ပင် သာမန်ဖြစ်သောကြောင့် ယင်းမှာ သင်တို့သည် သတိထားနေခြင်း မရှိဘဲ ငါနှင့် သင့်မြတ်ရန် လွယ်ကူသည်ဟု ခံစားရခြင်း အတိအကျပင် ဖြစ်သည်။ ထို့အပြင် ငါစကားပြောသောအခါ ဗျူရိုကရေစီဆန်သော စကားတို့အား အသုံးပြုသည်ဟု သင်တို့မြင်သလော။ (မမြင်ပါ။) ငါ အသုံးမပြုပေ။ သင်တို့ နားမလည်သည့်အရာများနှင့် ပတ်သက်လျှင် ငါတတ်နိုင်သည့် မည်သည့်အရာမဆိုဖြင့် ငါတတ်နိုင်သလောက် သင်တို့အား ကူညီသည်။ သင်တို့အား ပြက်ရယ်ပြုသည်မှာ ရှားပေသည်။ အဘယ်ကြောင့် ဤသို့ပြုလုပ်ခြင်း သိပ်မရှိရသနည်း။ ငါသည် အလွန်စိတ်တိုပြီး သင်တို့အား ပြက်ရယ်ပြုသော စကားအနည်းငယ်ကို မပြောဘဲမနေနိုင်သည့် အချိန်များရှိသည်။ သို့သော် သင်တို့သည် အားနည်းနိုင်သည်ဆိုသည်ကိုလည်း ငါထည့်စဉ်းစားရမည်။ ထို့ကြောင့် ထိုပုံစံဖြင့် သင်တို့အား ဖြစ်နိုင်သမျှ အနည်းဆုံးသာ ပြောဆိုသည်။ ဤအစား ငါသည် သည်းခံသည်။ ခွင့်လွှတ်သည်။ စိတ်ရှည်သည်။ ငါတတ်နိုင်သလောက်၊ တတ်နိုင်သည့်နေရာတွင် သင်တို့အား ကူညီသည်။ ငါတတ်နိုင်သလောက်၊ ငါတတ်နိုင်သည့်အရာကို သင်တို့အား သင်ကြားပေးသည်။ ဤသည်မှာ အခြေအနေအများစုတွင် ငါလုပ်ဆောင်သည့်အရာ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူအများစုသည် ဘုရားသခင်အတွက် သက်သေခံခြင်းနှင့်လည်းကောင်း၊ သမ္မာတရားအား နားလည်ခြင်းနှင့်လည်းကောင်း သက်ဆိုင်သော အမှုကိစ္စများနှင့်ပတ်သက်လျှင် အချို့တဲ့ဆုံးဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် စားခြင်း၊ သောက်ခြင်း၊ အပျော်အပါးလိုက်စားခြင်း၊ သို့မဟုတ် အဝတ်အထည်၊ မိတ်ကပ်၊ သို့မဟုတ် ဂိမ်းကစားခြင်း၊ သို့မဟုတ် ဤသို့သော လောကီရေးရာတစ်ခုတလေနှင့်ပတ်သက်လျှင် ဤအရာများအားလုံးအကြောင်းကို လူတို့သိသည်။ အခြားတစ်ဖက်တွင် ဘုရားသခင်အား ယုံကြည်လက်ခံခြင်းကိစ္စရပ်များ၊ သမ္မာတရားနှင့်သက်ဆိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လူတို့သည် မသိနားမလည်ကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်းနှင့် ပတ်သက်လာလျှင်၊ မိမိတို့၏ ကျွမ်းကျင်မှုများ၊ အားသာချက်များနှင့် ဆုကျေးဇူးများကို အသုံးပြု၍ ဘုရားသခင်အတွက် သက်သေခံသည့် အလုပ်အချို့ကို လုပ်ဆောင်ရန်၊ ဘုရားသခင်အတွက် သက်သေခံသည့် လက်ရာအချို့ကို ထုတ်လုပ်ရန် ပတ်သက်လာလျှင် ၎င်းတို့၌ ပြောစရာ တစ်စုံတစ်ရာ မရှိပေ။ ဤသို့သော အခြေအနေကို ငါမြင်သောအခါ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ငါသည် သင်တို့အား သင်ကြားပေးပြီး နည်းနည်းချင်းစီဖြင့် လမ်းပြပေးရမည်။ ပြီးလျှင် ငါအတတ်နိုင်ဆုံး သင်ကြားပေးရမည်။ ငါနားလည်သည့်၊ သိမြင်သည့်၊ လုပ်ဆောင်နိုင်သည့် အရာများကို ငါရွေးချယ်သည်။ ပြီးလျှင် ယင်းတို့ကို အလုပ်အပိုင်းအစတစ်ခု မပြီးမချင်း သင်တို့အား ဆက်တိုက် သင်ကြားပေးသည်။ ငါသည် သင်တို့ကို ငါတတ်နိုင်သမျှ၊ ငါတတ်စွမ်းသမျှ သင်ပေး၏။ သင်၍မရနိုင်သော အစွမ်းအစနိမ့်ကျသူများအတွက်မူ သင်တို့ တတ်နိုင်သလောက် နားလည်ကြလော့၊ ပြီးလျှင် အရာရာကို ယင်းတို့၏ သဘာဝအတိုင်း ဖြစ်စေလော့။ ငါသည် သင်တို့ကို အတင်းအကျပ် ပြုမည်မဟုတ်။ နောက်ဆုံးတွင် “အသက်မွေးဝမ်းကျောင်းတစ်ခုကို နားလည်သော ကျွန်ုပ်တို့သည် ကျွမ်းကျင်မှုမရှိသူတစ်ဦး၏ အနိုင်ယူခြင်းကို ခံရလေပြီ။ ဤနယ်ပယ်၌ အသိပညာရှိသော ကျွန်ုပ်တို့သည် မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခဲ့ဘဲ မည်သည့်အရာကိုမဆို ပြီးမြောက်အောင် လုပ်ဆောင်ရန် ဤကျွမ်းကျင်မှုမရှိသူ၏ ညွှန်ကြားမှုနှင့် အကူအညီကို လိုအပ်နေဆဲဖြစ်သည်။ အလွန်ပင် အရှက်ရဖွယ်ကောင်းလှပါတကား” ဟုဆိုသော သူအချို့ ရှိ၏။ စင်စစ်အားဖြင့် ဤသည်မှာ အရှက်ရဖွယ် မဟုတ်ပေ၊ အကြောင်းမှာ လူတစ်ဦး၏ ယုံကြည်ခြင်း၌ ဘုရားသခင်အတွက် သက်သေခံခြင်းသည် သမ္မာတရားနှင့် သက်ဆိုင်ပြီး သမ္မာတရားသည် လူသားမျိုးနွယ်အတွက် မည်သူမျှ မစူးစမ်းဖူးသေးသော နယ်မြေတစ်ခု ဖြစ်သောကြောင့် ဖြစ်၏။ မည်သည့် ဖောက်ပြန်ပျက်စီးသော လူသားမျှ သမ္မာတရားကို နားလည်လျက် မွေးဖွားလာသည်မဟုတ်။ လူတို့ကို စုံလင်စေရန် ဘုရားသခင်၏ ကိုယ်ပိုင်အမှုတော်အားဖြင့်သာလျှင် သူတို့သည် သမ္မာတရားကို နားလည်နိုင်ကြ၏။ လူတို့သည် ဘုရားသခင်အတွက် သက်သေခံနိုင်စွမ်းဖြင့် မွေးဖွားလာကြလျှင် မည်သူမျှ ကိုယ်တော့်ကို ဆန့်ကျင်ကြမည် မဟုတ်ပေ။ သမ္မာတရားရော၊ ဘုရားသခင်အတွက် သက်သေခံခြင်းပါ ပါဝင်သည့် အရာများကို လူတို့ မလုပ်ဆောင်နိုင်သည်မှာ လူတို့သည် စာတန်၏ အမျိုးအစားဖြစ်ပြီး ဘုရားသခင်ကို ရန်လိုသည့် သဘာဝအနှစ်သာရ ရှိသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ၎င်းတို့တတ်နိုင်သည့်အရာကို လုပ်ဆောင်ရန် ၎င်းတို့၏ အကြီးဆုံးသော အားစိုက်မှုကို စိုက်ထုတ်သရွေ့ လုံလောက်သည်။ အကူအညီနှင့် လမ်းပြပေးရန် ငါ၌ အားအင်ရှိလျှင် ငါကူညီသည်။ ငါ အားအင်မရှိလျှင်၊ သို့မဟုတ် ငါ အခြားသောအရာများနှင့် အလုပ်ရှုပ်နေပြီး အချိန်မပေးနိုင်လျှင် သင်တို့လုပ်ဆောင်နိုင်သည့်အရာကိုသာ လုပ်ဆောင်လော့။ ယင်းမှာ စည်းမျဉ်းများနှင့် ညီသည်မဟုတ်လော။ ဤသည်မှာ ဖြစ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ သင်၏ လုပ်ဆောင်နိုင်စွမ်းကို ကျော်လွန်ရန် ငါ အတင်းမခိုင်းပေ။ ယင်းမှာ အသုံးမဝင်ပေ။ လုပ်ဆောင်၍မရပေ။ အဆုံးတွင် လူတို့က “ကိုယ်တော်သည် ပေါင်းသင်းဆက်ဆံရသည်မှာ အလွန်လွယ်ကူသည်။ ကိုယ်တော်၏ သတ်မှတ်ချက်များသည် ပြည့်မီရန် လွယ်ကူသည်။ ကျွန်ုပ်တို့အား မည်သည့်အရာ လုပ်ဆောင်ရမည်ကို ကိုယ်တော်ပြောပြီး ကျွန်ုပ်တို့က ကိုယ်တော်ပြောသည့်အတိုင်း လုပ်ဆောင်မည်”ဟု တွေးကြသည်။ လူအချို့သည် ရံဖန်ရံခါ၌ ပြုပြင်ခြင်းခံရနိုင်သည်။ ၎င်းတို့အများစုမှာ မှန်ကန်သော သဘောပေါက်နားလည်မှုဖြင့် ယင်းထဲမှ အဆင်ပြေစွာ ထွက်လာနိုင်သည်။ လူအနည်းငယ်မှာ ၎င်းတို့အလုပ်ကို စွန့်လွှတ်ပြီး အနည်းငယ်မှာ လျှို့ဝှက်စွာဖြင့် နှောင့်ယှက်ခြင်းများ ဖြစ်စေသည်။ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရန် မကြိုးစားသကဲ့သို့ တကယ့်အလုပ်ကို မလုပ်ပေ။ ထို့နောက်တွင် ဤသို့သောလူတို့သည် ဖြုတ်ချခြင်းခံရသည်။ သင်က အလုပ်လုပ်ဆောင်လိုစိတ် မရှိလျှင် ဖယ်ပေးလော့။ ယင်းအတွက် သင့်တစ်ဦးတည်းကိုသာ အဘယ်ကြောင့် အသုံးပြုရမည်နည်း။ သင့်အား ငါတို့ အစားထိုးမည်။ ထိုမျှသာဖြစ်၏။ ရိုးရှင်းသည် မဟုတ်လော။ နောင်တွင် ထိုလူတို့က နောင်တရခဲ့လျှင်၊ ပြောင်းလဲပြီး ၎င်းတို့အလုပ်ကို ကောင်းစွာ လုပ်ဆောင်ခဲ့လျှင် ၎င်းတို့သည် နောက်ထပ်အခွင့်အရေး ရပေမည်။ သို့သော်လည်း ၎င်းတို့သည် ယခင်ကကဲ့သို့ အနှောင့်အယှက်များ၊ အဖျက်အမှောင့်များ ဖြစ်စေဆဲဖြစ်လျှင် ၎င်းတို့သည် မည်သည့်အခါမျှ နောက်တစ်ဖန် အသုံးပြုခြင်း ခံရမည်မဟုတ်။ နာခံသောသူတစ်ဦးကို အသုံးပြုခြင်းက ငါ့အတွက် ကောင်းဦးမည်။ ထိုကဲ့သို့သောလူအမျိုးအစားများနှင့် တစ်ချိန်လုံး ပတ်သက်ဆက်နွှယ်နေခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ မှန်သလော။ ဤသည်မှာ ၎င်းတို့အတွက် ခက်ခဲပြီး ငါ့အတွက် ‌ခြေကုန်လက်ပန်းကျဖွယ် ဖြစ်လိမ့်မည်။ ဤအရာများအား ငါကိုင်တွယ်ပုံအတွက် စည်းမျဉ်းများရှိသကဲ့သို့ အခြားလူများနှင့် ငါပေါင်းသင်းဆက်ဆံပုံအတွက်လည်း စည်းမျဉ်းများရှိသည်။ ငါသည် အဘယ်ကြောင့် သင့်မြတ်ရန် လွယ်ကူသည်ဆိုသည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ လူတို့နှင့် သင့်မြတ်ရာတွင် ငါသည် ၎င်းတို့အပေါ် အလွန်အမင်း ကြီးလေးခက်ခဲသော အရာများကို မည်သည့်အခါမျှ မတောင်းဆိုပေ။ သင်လုပ်ဆောင်နိုင်သမျှကို လုပ်ဆောင်လော့။ သင်မလုပ်ဆောင်နိုင်သည့်အရာများအတွက် ယင်းတို့ကို သင့်အား တစ်ခုချင်းစီ ရှင်းပြမည်။ သင့်စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင်လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်လော့။ သင့်စိတ်နှလုံးအကြွင်းမဲ့ဖြင့် မလုပ်ဆောင်လျှင် ထိုသို့လုပ်ဆောင်ရန် သင့်အား ငါအတင်းစေခိုင်းမည်မဟုတ်။ ကျန်သည့်အရာများအတွက်မူ ဆိုလိုသည်မှာ ဘုရားသခင်အား သင်ယုံကြည်သည့်ပုံစံအတွက်မူ ယင်းမှာ သင်ကိုယ်တိုင်၏ ကိစ္စဖြစ်သည်။ အဆုံးတွင် မည်သည့်အရာကိုမျှ သင်မရလျှင် အပြစ်တင်စရာ တစ်ဦးမျှ ရှိမည်မဟုတ်။ လူတို့အား ငါဆက်ဆံပုံအတွက် ငါ၏ စည်းမျဉ်းများကို သင်မည်သို့ထင်သနည်း။ ယင်းတို့သည် အနည်းငယ်အလိုလိုက်ထားသည်ဟု သင်ခံစားရသလော။ ယင်းမှာ လုံးဝ မမှန်ကန်ပေ။ ဤအရာကို ငါကိုင်တွယ်သည့်ပုံစံသည် စည်းမျဉ်းများနှင့် အပြည့်အဝ ညီသည်။ ယင်းတို့မှာ မည်သည့်စည်းမျဉ်းများ ဖြစ်သနည်း။ ငါ့ကို နားထောင်လော့၊ ပြီးလျှင် သင်တို့ နားလည်လိမ့်မည်။

လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည့် ငါသည် လူ့သဘာဝအတွင်းတွင် အလုပ်လုပ်သည်။ အလုပ်လုပ်ရာတွင် ငါသည် သန့်ရှင်းသောဝိညာဉ်တော်၊ သို့မဟုတ် ဘုရားသခင်၏ ဝိညာဉ်တော်ကို အလုံးစုံ အစားထိုးနိုင်သလော။ အစားမထိုးနိုင်ပေ။ ထို့ကြောင့် ငါသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို အစားထိုးပြီး သူ၏အလုပ်အားလုံးကို လုပ်ဆောင်လိုသည်ဟု ပြောလျက် ငါ၏ အကန့်အသတ်များကို ကျော်လွန်ရန် မကြိုးစားပေ။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် ချီးပင့်မြှောက်စားခြင်း ဖြစ်လိမ့်မည်။ ငါသည် ယင်းကို မစွမ်းဆောင်နိုင်ပေ။ ငါသည် သာမန်လူတစ်ယောက် ဖြစ်သည်။ ငါလုပ်ဆောင်နိုင်သည့်မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ငါကောင်းစွာလုပ်ဆောင်နိုင်သည့် အရာကို လုပ်ဆောင်သည်။ ပြည့်စုံသည်အထိ လုပ်ဆောင်သည်။ ပြီးလျှင် သင့်လျော်စွာ လုပ်ဆောင်သည်။ လုပ်ဆောင်ရာတွင် ငါ၏ စိတ်နှလုံးနှင့် ခွန်အားရှိသမျှကို အသုံးချသည်။ ဤသည်မှာ လုံလောက်သည်။ ယင်းမှာ ငါ့အပေါ် ကျရောက်သည့် အလုပ် ဖြစ်သည်။ သို့တိုင်အောင် ဤအရာကို ငါနားမလည်နိုင်ဘဲ ဤဖြစ်ရပ်မှန်အပေါ် ဖီဆန်လျှင်၊ ယင်းကို အသိအမှတ်မပြုဘဲ ကြီးမြတ်သည်ဟု ဟန်ဆောင်ရန် အစဉ် ကြိုးစားလျှင်၊ ထင်ပေါ်ရန် အစဉ်ကြိုးစားလျှင်၊ အလွန့်အလွန်တော်သော ကျွမ်းကျင်မှုများကို ကြွားဝါရန် အစဉ်ကြိုးစားနေလျှင် ယင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီမည်လော။ မကိုက်ညီပေ။ ဤအမှုကိစ္စကို ငါနားလည်သည်ဟု သင်တို့ ထင်သလော။ အားလုံးကို အလွန်ကောင်းစွာပင် ငါနားလည်သည်။ ဘုရားသခင်၏ ဇာတိပကတိက ပြောဆိုနိုင်သည့်အရာနှင့် ထိုဇာတိပကတိက မည်သည့်အလုပ်ကို လုပ်ဆောင်နိုင်သည်ဆိုသည့် နယ်ပယ်သည် ထိုဇာတိပကတိတွင် သူလုပ်ဆောင်သည့် နယ်ပယ် ဖြစ်သည်။ ဤနယ်ပယ်အပြင် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုတို့ကို လူတို့ တစ်ကိုယ်တည်း တွေ့ကြုံခံစားရခြင်း၊ ပြီးလျှင် ဘုရားသခင်က ရူပါရုံများကို အပ်နှင်းခြင်း၊ မည်သူ့ကို ဘုရားသခင် စုံလင်အောင်ပြုမည်၊ မည်သူ့ကို ဖယ်ရှားရှင်းလင်းမည်၊ လူအားလုံးနှင့်ပတ်သက်၍ ဘုရားသခင်၌ မည်သည့်အမြင်နှင့် သဘောထားရှိသည်တို့ပင် ဖြစ်သည့် ဤအရာများအားလုံးသည် ဘုရားသခင်၏ ကိစ္စဖြစ်သည်။ သင်တို့သည် ငါနှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံလျှင် ငါသည်လည်း ဤအရာများကို မြင်နိုင်သည်။ သို့သော် ငါသည် မည်သို့ကြည့်သည်ဖြစ်စေ ယင်းတို့၏ မည်မျှကို ငါမြင်နိုင်သနည်း။ ငါမြင်နိုင်သည့် လူအရေအတွက်နှင့် ငါ ထိတွေ့ဆက်ဆံသည့် အရေအတွက်တွင် အကန့်အသတ် ရှိသည်။ ဤသည်မှာ အဘယ်သို့ လူတစ်ဦးချင်းစီတိုင်း ပါဝင်နိုင်မည်နည်း။ ယင်းမှာ ဖြစ်နိုင်မည်မဟုတ်။ ဤကိစ္စနှင့်ပတ်သက်ပြီး သင်ရှင်းလင်းသင့်သည် မဟုတ်လော။ ငါ့ကို ပြောလော့။ ဤကိစ္စနှင့်ပတ်သက်ပြီး ငါသည်ရှင်းလင်းသလော။ ရှင်းလင်းသည်။ ဤသည်မှာ ပုံမှန်လူတစ်ယောက် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ငါမလုပ်ဆောင်သင့်သည့် အရာများကို ငါမစဉ်းစားပေ။ လူတို့သည် ဤသို့လုပ်ဆောင်နိုင်စွမ်း ရှိသလော။ မရှိပေ။ ၎င်းတို့၌ ထိုဆင်ခြင်တုံတရား ကင်းမဲ့သည်။ လူအချို့က ငါ့အား “ကိုယ်တော်သည် အမှုအရာများကို အစဉ်သဖြင့် တိတ်တဆိတ် စူးစမ်းနေသည်မဟုတ်လော။ မည်သူက မည်သည့်အရာကို လုပ်ဆောင်နေသည်၊ ၎င်းတို့သည် ကွယ်ရာတွင် ကိုယ်တော်နှင့်ပတ်သက်၍ မည်သည့်မကောင်းသော အရာများအား ပြောဆိုနေသည်၊ သို့မဟုတ် မည်သူက ကိုယ်တော့်ကို တိတ်တဆိတ် ဝေဖန်အပြစ်တင်နေပြီး ကိုယ်တော့်အပေါ် သုတေသန ပြုလုပ်နေသည်တို့နှင့်ပတ်သက်၍ ကိုယ်တော်သည် စုံစမ်းမေးမြန်းမှုများ အစဉ်လုပ်ဆောင်နေသည် မဟုတ်လော” ဟု မေးကြသည်။ ငါသည် သင့်ကို ရိုးသားစွာပြောမည်။ ထိုအရာများကို ငါ မည်သည့်အခါမျှ စုံစမ်းမေးမြန်းခြင်းမရှိခဲ့။ ထိုအရာများကို မည်သူက ကြီးကြပ်ရသနည်း။ ဘုရားသခင်၏ ဝိညာဉ်တော်က ကြီးကြပ်ရသည်။ ဘုရားသခင်က အရာအားလုံးကို စိစစ်သည်။ သူသည် ကမ္ဘာမြေ၏ အရာအားလုံးကို စိစစ်ပြီး လူတို့၏ စိတ်နှလုံးကို စိစစ်သည်။ ဘုရားသခင်၏ စိစစ်မှုကို သင်မယုံကြည်လျှင် သင်၏ ဆင်ခြင်တုံတရားက မူမမှန်ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦးမဟုတ်။ သင်သည် မှားယွင်းသော ရပ်တည်ချက်ကို ခံယူနေပြီး ကြီးသောပြဿနာတစ်ခု ပေါ်ပေါက်ပြီး ဖြစ်သည်။ ငါသည် သင်တို့အား ဘုရားသခင်ကို ယုံကြည်ရန် တောင်းဆိုပြီး ဤအရာကို ငါ အပြည့်အဝ ယုံကြည်သည်။ ထို့ကြောင့် ငါ၏ စကားများနှင့် လုပ်ဆောင်မှုများသည် ဤအခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်၏။ ငါ၏ စည်းများကိုကျော်လွန်၍ အမှုအရာများကို ငါမလုပ်ဆောင်ပေ။ ငါ၏ စွမ်းရည်များ၏ နယ်ပယ်ကို ကျော်လွန်၍ အမှုအရာများကို မလုပ်ဆောင်ပေ။ ဤသည်မှာ စိတ်သဘောထားတစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့မှာ ဤသို့ မမြင်ပေ။ ၎င်းတို့က ငါ့တွင် ဤပင်ကိုလက္ခဏာ၊ ဤအဆင့်အတန်း၊ ဤတန်ခိုး ရှိသည်ဟု ထင်ကြသည်။ ထို့ကြောင့် ထိုပုံစံဖြင့် အဘယ်ကြောင့် ငါမလုပ်ဆောင်သည်ကို ၎င်းတို့ စူးစမ်းကြသည်။ ပို၍ အဆင့်အတန်းရှိသော၊ ကြီးမားသော ဂုဏ်အဆင့်အတန်း ရှိသော၊ ပို၍တန်ခိုးရှိသော၊ ပို၍ ဩဇာအာဏာရှိသောပုံစံ ပေါ်ရန်အတွက် ပို၍များသော အမှုအရာများကို ငါ နားလည်ရန်၊ ပို၍များသော အမှုအရာများကို သဘောပေါက်ရန် လိုသည်ဟု ၎င်းတို့က ထင်သည်။ ဘုရားသခင်က ငါ့အား ဩဇာအာဏာနှင့် တန်ခိုး မည်မျှပေးသည်ဖြစ်စေ ယင်းမှာ ငါပိုင်ဆိုင်သည့်အရာ ဖြစ်သည်။ ယင်းတို့သည် ငါရုန်းကန်ကြိုးစားသည့်အရာများ မဟုတ်သကဲ့သို့ ငါလုယူသည့် အရာများလည်း မဟုတ်ပေ။ ဘုရားသခင်၏ ဩဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းတို့သည် အရေးမပါသည့် ဇာတိပကတိတစ်ခုအားဖြင့် ကိုယ်စားပြုနိုင်သည့် အရာများ မဟုတ်ပေ။ သင်သည် ထိုအရာကို မရှင်းလင်းလျှင် သင်၏ ဆင်ခြင်တုံတရား၌ တစ်ခုခုမှားယွင်းနေသည်။ ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးနောက်တွင် ဤအမှုကိစ္စကို မသိမြင်နိုင်လျှင် သင်သည် လွန်စွာပင် စဉ်းစားဉာဏ် မရှိသကဲ့သို့ မသိနားမလည်ပေ။ ငါမမေးမြန်းသည့် အရာများစွာရှိသည်။ သို့သော် ငါ၏ စိတ်နှလုံးတွင် ယင်းတို့အကြောင်းကို သိသလော။ (သိပါသည်။) မည်သည့်အရာကို ငါသိသနည်း။ လူတိုင်း၏ အမည်ကို ငါသိသလော။ လူတစ်ဦးချင်းစီက ဘုရားသခင်အား နှစ်မည်မျှကြာ ယုံကြည်ခဲ့သည်ဆိုသည်ကို ငါသိသလော။ ထိုအရာများကို ငါသိရန် မလိုပေ။ လူတိုင်း၏ အခြေအနေများကိုလည်းကောင်း၊ လူတိုင်းက မည်သည့်အရာ ချို့တဲ့သည်ကိုလည်းကောင်း၊ အသက်ဝင်ရောက်မှုကို ၎င်းတို့ ရရှိပြီးဖြစ်သည့် အဆင့်ကိုလည်းကောင်း၊ မည်သည့်သမ္မာတရားများကို လူတိုင်းကြားသင့်ပြီး ရေလောင်းခြင်းခံရသင့်သည်၊ ပံ့ပိုးခြင်းခံရသင့်သည်ကိုလည်းကောင်း သိခြင်းက ငါ့အတွက် လုံလောက်သည်။ ဤအရာများအား သိခြင်းသည် လုံလောက်သည်။ ဤသည်မှာ ငါ့အပေါ်သို့ ကျရောက်သည့်အရာ မဟုတ်လော။ ငါ့အပေါ်သို့ မည်သည့်အရာ ကျရောက်သည်ဆိုသည်ကို၊ မည်သည့်အရာကို ငါပြောသင့်သည်ဆိုသည်နှင့် ငါလုပ်သင့်သည့်အလုပ်ကို သိခြင်းသည် ဆင်ခြင်တုံတရား မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့သော ဆင်ခြင်တုံတရားသည် မည်သို့ ဖြစ်လာသနည်း။ လူ့ဇာတိခံဘုရားသခင်၌ ဤဆင်ခြင်တုံတရားပင် မရှိလျှင်၊ အမှုအရာအားလုံး၊ ဖြစ်ရပ်အားလုံးကို တိုင်းတာခြင်းအတွက် စံနှုန်းများပင် မရှိလျှင် သူ့ထံတွင် ပြောစရာ မည်သည့် သမ္မာတရား ရှိမည်နည်း။ လူ့ဇာတိခံဘုရားသခင်သည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် တိုက်ခိုက်ပြီး အဆင့်အတန်းအတွက် သူနှင့် ယှဉ်ပြိုင်လျှင် တစ်စုံတစ်ခု မှားယွင်းခဲ့မည် မဟုတ်လော။ ဤသည်မှာ မမှန်မကန်ဖြစ်လိမ့်မည် မဟုတ်လော။ အမှုအရာများမှာ ဤသို့များ ဖြစ်နိုင်သလော။ မဖြစ်နိုင်ပေ။ ယင်းသည် မည်သည့်အခါမျှ မဖြစ်ပေါ်နိုင်သည့် အရာတစ်ခုဖြစ်သည်။

လူအချို့က အစဉ်သဖြင့် စိတ်ပူပြီး “ကိုယ်တော်သည် လျှို့ဝှက်စွာဖြင့် ကျွန်ုပ်တို့အကြောင်းကို အစဉ်စုံစမ်းမေးမြန်းပြီး အစဉ် သုတေသနပြုလုပ်နေပါသလား။ ဘုရားသခင်သည် ကျွန်ုပ်တို့က သူ့အပေါ် မည်သို့ထင်မြင်သည်၊ ကျွန်ုပ်တို့၏ စိတ်နှလုံး၌ သူ့ကို မည်သို့ရှုမြင်သည်ဆိုသည်ကို ခန့်မှန်းရန် အစဉ်ကြိုးစားနေပါသလား” ဟု ပြောသည်။ ဤသို့သောအရာများကို ငါမစဉ်းစားပေ။ ယင်းတို့သည် မလိုအပ်ပေ။ ထိုအရာများအကြောင်း တွေးခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ဤအရာများအားလုံးသည် ဘုရားသခင်၏ စိစစ်မှုအတွင်းတွင်ရှိသည်။ ဘုရားသခင်၏ ဝိညာဉ်တော်၏ လုပ်ရပ်များတွင် နယ်ပယ်တစ်ခုရှိသည်။ ပြီးလျှင် လူ့ဇာတိခံဘုရားသခင်အတွက် လုပ်ရပ်များတွင် ပို၍ပင် ရှိသည်။ လူ့ဇာတိခံဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရား၏ ထွက်ပေါက်နှင့် ဖော်ပြမှုဖြစ်ပြီး ဤအဆင့်တွင် သူလုပ်ဆောင်သည့်အမှုသည် ဤအဆင့်ကို ကိုယ်စားပြုသည်။ လွန်ခဲ့သည့်အဆင့်ကို ကိုယ်စားပြုခြင်း မဟုတ်ပေ။ လူ့ဇာတိခံဘုရားသခင်သည် ဤအချိန်ကာလနှင့် ဤနယ်ပယ်အတွင်းရှိ အလုပ်ကိုသာ လုပ်နိုင်သည်။ သို့ဖြစ်၍ ဤအလုပ်သည် နောက်အဆင့်တစ်ခုကို ကိုယ်စားပြုနိုင်သလော။ ဆိုရလျှင် နောင်တွင် မည်သည့်အရာ ဖြစ်ပျက်မည်ကို ငါတို့မသိပေ။ ယင်းသည် ဘုရားသခင် ကိုယ်တိုင်၏ ကိစ္စဖြစ်သည်။ ငါသည် လက်လှမ်းမမီသောအရာကို မလှမ်းပေ။ ငါလုပ်ဆောင်ရန်ဖြစ်သည့်အရာကို ငါလုပ်ဆောင်သည်။ ငါလုပ်ဆောင်သင့်ပြီး လုပ်နိုင်သည့်အရာကို လုပ်ဆောင်သည်။ “ငါသည် အနန္တတန်ခိုးရှိသည်။ ကြီးမြတ်သည်” ဟု ဆိုလျက် ငါ၏ အကန့်အသတ်များကို မည်သည့်အခါမျှ မကျော်လွန်ပေ။ ယင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်သည် ဤအချိန်ကာလအတွင်း ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အတွက် ဖော်ပြမှုနှင့် ထွက်ပေါက်ကိုသာ ကိုယ်စားပြုသည်။ သူ၏ အလုပ်နယ်ပယ်နှင့် သူ လုပ်စရာရှိသည့် အလုပ်တို့ကို ဘုရားသခင်က အဆုံးအဖြတ်ပေးပြီး ဖြစ်သည်။ သင်က “လူ့ဇာတိခံခရစ်တော်သည် အနန္တတန်ခိုးရှိသည်”ဟု ပြောမည်ဆိုလျှင် သင်မှန်မည်လော၊ သို့မဟုတ် မှားမည်လော။ တစ်ဝက်မှန်ပြီး တစ်ဝက်မှားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အနန္တတန်ခိုးရှိသည်။ ခရစ်တော်သည် အနန္တတန်ခိုးရှိသည်ဟု မဆိုနိုင်။ ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်ဟု ပြောသင့်သည်။ ဤသည်မှာ ကွက်တိကျပြီး တိကျမှန်ကန်သော ပြောဆိုနည်းဖြစ်သည်။ ပြီးလျှင် အချက်အလက်များနှင့်ညီသော နည်းဖြစ်သည်။ မည်သည့်ဆင်ခြင်တုံတရားကို ငါပိုင်ဆိုင်ရမည်နည်း။ ငါသည် ဘုရားဖြစ်သည်၊ ဘုရားကိုယ်တော်တိုင်ဖြစ်သည်၊ လူ့ဇာတိခံဘုရားသခင်ဖြစ်သည်ဟု လူတိုင်းက ဆိုကြသည်။ ဤသို့ဆိုလျှင် ငါသည် ဘုရားသခင်ကိုယ်တော်တိုင်၏၊ သူ၏ ဝိညာဉ်တော်၏ နေရာကိုယူနိုင်သည်ဟု ငါယုံကြည်သလော။ ငါ မတတ်နိုင်ပေ။ ဘုရားသခင်က ငါ့အား ထိုတန်ခိုးနှင့် စွမ်းရည်ကို ပေးခဲ့လျှင်ပင် ယင်းကို ငါမဖြစ်မြောက်နိုင်ပေ။ ငါသည် ဤပုံစံဖြင့် ဘုရားသခင်၏ နေရာကို ယူလျှင် ယင်းသည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို တစ်နည်းတစ်ဖုံ ပြစ်မှားစော်ကားခြင်း ဖြစ်ပေလိမ့်မည် မဟုတ်လော။ ဇာတိပကတိသည် အလွန်ပင် အကန့်အသတ်ရှိသည်။ ဤသည်မှာ ယင်းကိုနားလည်ရန်နည်း မဟုတ်ပေ။ ယင်းသည် ဤအကြောင်းအရာကို ချဉ်းကပ်ရန် ရှုထောင့်မဟုတ်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် ငါ့တွင် ဤအတွေးအခေါ်များ၊ အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် ဤစည်းမျဉ်းများ၊ အမှုအရာတစ်ခုစီကို လုပ်ဆောင်ရာတွင် ဆင်ခြင်သုံးသပ်ခြင်းများ ရှိသောကြောင့် လူများစွာအတွက် ငါသည် ဘုရားနှင့် မတူသည့်ပုံစံရှိသည်။ ပြီးလျှင် ငါနှင့် ထိတွေ့ဆက်ဆံခြင်းမရှိမီ အချို့သော စိတ်ကူးယဉ်မှုများ၊ စိတ်ကူးထင်မြင်မှုများ၊ အယူအဆများ ထားရှိသော၊ မိမိတို့၏ လုပ်ရပ်များတွင် ဂရုစိုက်ပြီး သတိထားသောသူအချို့ပင် ရှိသည်။ ထို့နောက် ၎င်းတို့သည် ငါ့ကို တွေ့သည်နှင့်တစ်ပြိုင်နက် “သူသည် လူတစ်ဦးသာ ဖြစ်သည်မဟုတ်လော။ သူနှင့်ပတ်သက်၍ ကြောက်စရာ လုံးဝမရှိ” ဟု တွေးကြသည်။ ထို့နောက်တွင် ၎င်းတို့သည် လွတ်လပ်စွာနေလျက် ရဲတင်းလာသည်။ မကောင်းမှုများ လုပ်ဆောင်လျက် သောင်းကျန်းရဲလာသည်။ ၎င်းတို့ကို မည်သို့ခေါ်သနည်း။ မယုံကြည်သူများ ဖြစ်သည်။ သင်သည် လူ့ဇာတိခံဘုရားသခင်ကိုသာ ယုံကြည်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်ကို မယုံကြည်လျှင် သင်သည် မယုံကြည်သူတစ်ယောက်ဖြစ်သည်။ သင်က ဘုရားသခင်၏ ဝိညာဉ်တော်ကိုသာ ယုံကြည်ပြီး လူ့ဇာတိခံဘုရားသခင်ကို မယုံကြည်လျှင် ထို့အတူပင် မယုံကြည်သူတစ်ယောက်ဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်နှင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် တစ်ခုတည်းဖြစ်သည်။ ၎င်းတို့သည် တစ်ခုတည်းဖြစ်သည်။ အချင်းချင်း မတိုက်ခိုက်ပေ။ အချင်းချင်း ခွဲထွက်ဖို့ဆိုသည်မှာ ပို၍မဖြစ်နိုင်ပေ။ တစ်ဦးချင်းစီက သီးခြားရပ်တည်နေသောအရာ ဖြစ်ဖို့ဆိုသည်မှာ ပို၍မဖြစ်နိုင်ပေ။ ၎င်းတို့သည် တစ်ခုတည်းဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်သည် ထိုဇာတိပကတိ၏ ရှုထောင့်မှနေ၍ သူ၏အမှုနှင့် ဘုရားသခင်ကို ချဉ်းကပ်ရမည်သာ ဖြစ်သည်။ ယင်းသည် ထိုဇာတိပကတိ၏ အလုပ်ဖြစ်သည်။ သင်တို့နှင့် လုံးဝ မသက်ဆိုင်ပေ။ ယင်းသည် ခရစ်တော်၏ အလုပ်ဖြစ်သည်။ လူသားမျိုးနွယ်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်က “ဤသို့ဆိုလျှင် သင်ကလည်း သာမန်လူတစ်ယောက်ဟု သင်ထင်သည်။ ကောင်းပြီ။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့သည် တစ်မျိုးတစ်စားတည်းဖြစ်သည်။ ကျွန်ုပ်တို့အားလုံးက အတူတူပင်ဖြစ်သည်” ဟု မဆိုနိုင်ပေ။ ဤသို့ပြော၍ရသလော။ ဤသည်မှာ အမှားတစ်ခု ဖြစ်သည်။ လူအချို့က “သင်သည် ပေါင်းသင်းဆက်ဆံရသည်မှာ အတော်ပင် လွယ်ကူပုံရ၏၊ သို့ဖြစ်၍ ရိုသေလေးစားမှုများကို လျှော့လိုက်ကြပါစို့။ တစ်ယောက်နှင့်တစ်ယောက် သူငယ်ချင်းများကဲ့သို့၊ မိတ်ဆွေများကဲ့သို့ ဆက်ဆံကြစို့။ တစ်ယောက်နှင့် တစ်ယောက်၏ ရင်ဖွင့်ဖော်များ ဖြစ်ကြစို့။ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆွေဖွဲ့ကြစို့” ဟု ဆိုသည်။ ဤသည်မှာ အဆင်ပြေသလော။ ထိုလူတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိ။ ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ ၎င်းတို့နှင့် သင်၏ခံစားချက်များကို သင်မျှဝေလေလေ၊ သမ္မာတရား၊ အချက်အလက်များနှင့် သမ္မာတရား လက်တွေ့ကျမှုအကြောင်းကို ၎င်းတို့အား ပြောလေလေ၊ ၎င်းတို့က သင့်အား အထင်သေးလေလေဖြစ်သည်။ ဤလူတို့သည် မယုံကြည်သူများ ဖြစ်သည်။ လေးနက်သော နက်နဲမှုများကို သင်ပြောလေလေ၊ လူသိများသော စကားများ၊ အယူဝါဒများ၊ စိတ်ကူးစိတ်သန်းများကို ပြောလေလေ၊ သင်၏ အဆင့်အတန်းကို အခိုင်အမာဆိုလေလေ၊ ကြွားလုံးထုတ်ပြီး ကြွားဝါလေလေ၊ ၎င်းတို့က သင့်အား အထင်ကြီးလေလေ ဖြစ်သည်။ ဤသူတို့မှာ မယုံကြည်သူများ ဖြစ်သည်။ စည်းမျဉ်းနှင့် ညီပြီး မိမိတို့လုပ်ရပ်များ၌ ချင့်ချင့်ချိန်ချိန်လုပ်ဆောင်သူ၊ လုပ်ရပ်များက သမ္မာတရားနှင့် ကိုက်ညီသူ၊ ရှင်းလင်းသော စည်းများနှင့် ပိုင်းခြားသိမြင်မှုဖြင့် အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သောအရာများအား ချဉ်းကပ်နိုင်သူတစ်ဦးဦးကို ၎င်းတို့တွေ့သောအခါ လူတစ်ယောက်သည် ထိုသို့ဖြစ်လေလေ၊ ထိုသူကို ၎င်းတို့ အထင်သေးလေလေဖြစ်ပြီး အရေးစိုက်စရာမလိုဟု မြင်ကြသည်။ ဤသည်တို့မှာ မယုံကြည်သူများ ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။