အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁) အခန်း ခုနစ်

ငါသည် လူတို့နှင့် ထိတွေ့ပြီး အပြန်အလှန်ဆက်ဆံသောအခါ ၎င်းတို့က မည်သူတို့ဖြစ်နိုင်သည်ဖြစ်စေ၊ အပြန်အလှန်ဆက်ဆံမှုက မည်မျှကြာနိုင်သည်ဖြစ်စေ “သူသည် ငါ့ကို ထိန်းချုပ်ဖို့ အစဉ်ကြိုးစားနေသည်။ ငါ့အိမ်၏ အရေးကိစ္စအားလုံးကို သူကြီးကြပ်သည်။ သူသည် ငါ့ကို သိမ်းပိုက်ရန် အစဉ်ကြိုးစားနေသည်” ဟု တစ်ဦးတလေက ခံစားရသလော။ ငါသည် သင့်အားသိမ်းပိုက်နေခြင်း မဟုတ်။ ယင်းတွင် မည်သည့်အသုံးဝင်မှုရှိမည်နည်း။ ဘုရားနှုတ်ကပတ်တော်များကို သင့်ဘာသာ ဖတ်လော့။ ယင်းတို့ကို ဖြည်းညှင်းစွာ ချင့်ချိန်တွေးဆပြီး ဝင်ရောက်လော့။ သင်က သမ္မာတရားအား လိုက်စားသူတစ်ဦးဖြစ်လျှင် သန့်ရှင်းသောဝိညာဉ်တော်က သင့်အပေါ်၌ အလုပ်လုပ်လိမ့်မည်။ ပြီးလျှင် ဘုရားသခင်က သင့်အတွက် ကောင်းချီးများနှင့် လမ်းပြမှုရှိလိမ့်မည်။ သင်က သမ္မာတရားအား လိုက်စားသူတစ်ယောက် မဟုတ်လျှင်၊ သင်က ငါပြောသမျှတိုင်းကို အစဉ်အာခံနေပြီး မကြားလိုလျှင်၊ လက်မခံလျှင် အဆုံး၌ သင်သည် အစဉ်သဖြင့် ထုတ်ဖော်ခြင်း ခံရမည်ဖြစ်ပြီး သင်ပြုမူဆောင်ရွက်သောအခါ၌ အမှုအရာများက အစဉ်လွဲချော်နေလိမ့်မည်။ သင့်တွင် ဘုရားသခင်၏ ဦးဆောင်မှု ရှိမည်မဟုတ်။ ယင်းသည် မည်သို့များ ဖြစ်ပျက်ရသနည်း။ (ဘုရားသခင်က အရာအားလုံးကို စိစစ်သည်။) ဘုရားသခင်က အရာအားလုံးကို စိစစ်ခြင်းသက်သက်သာမဟုတ်။ ဤအရာကို သင့်ဘာသာ တွေ့ကြုံလော့။ တစ်စုံတစ်ခုကို ငါပြောသောအခါ၌ လူတို့က ယင်းကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သန့်ရှင်းသောဝိညာဉ်တော်က ယင်းကို ထိန်းသိမ်းသလော၊ သို့မဟုတ် အရေးမစိုက်သလော။ (ထိန်းသိမ်းပါသည်။) သန့်ရှင်းသောဝိညာဉ်တော်က သေချာပေါက် ထိန်းသိမ်းပြီး လုံးဝ ထိခိုက်စေမည် မဟုတ်။ ဤအရာကို သတိရလျှင် သင်တို့အတွက် မှန်ကန်လိမ့်မည်။ ငါပြောသည့်အရာကို လူတို့ လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ အချက်အလက်များ ပေါ်လွင်ထင်ရှားသည့် နေ့ရက်သို့ ရောက်လာမည်ဖြစ်ပြီး တစ်ချက်ကြည့်ရုံဖြင့် လူတိုင်းက “ကိုယ်တော် ပြောသည့်အရာက အစကတည်းက မှန်နေခဲ့သည်ပင်။ ဤအရာကို ရှေးယခင်ကတည်းက ကိုယ်တော် ပြောခဲ့သည်။ အဘယ်ကြောင့် ကျွန်ုပ်လုံးဝ မသိခဲ့သနည်း” ဟု ဆိုလိမ့်မည်။ ငါ၏ စကားများသည် ငါ၏ စိတ်ကူးထင်မြင်မှုမှ လာသည်ဟု ထိုအချိန်က သင်ယုံကြည်ခဲ့သည်ဖြစ်စေ၊ ငါ၏စိတ်ထဲမှ၊ သို့မဟုတ် အသိပညာမှလာသည်ဟု ယုံကြည်ခဲ့သည်ဖြစ်စေ တစ်နေ့တွင် အချို့သောအရာများကို သင်ကြုံတွေ့ပြီးသည့်နောက် သင်က “ကိုယ်တော် ပြောခဲ့သည့်အရာသည် အစကတည်းက သမ္မာတရားဖြစ်နေခဲ့သည်” ဟု တွေးလိမ့်မည်။ ပြီးလျှင် ဤနားလည်မှုကို သင်မည်သို့ ရရှိမည်နည်း။ အတွေ့အကြုံမှဖြစ်သည်။ ဤအသိပညာကို သင်ရယူနိုင်လျှင် စိတ်ပိုင်းဆိုင်ရာ စိစစ်ခြင်းမှတစ်ဆင့် ဖြစ်မည်လော။ လုံးဝ မဟုတ်ပေ။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်ခြင်းကို ခံရပြီးဖြစ်လိမ့်မည်။ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်လိမ့်မည်။ ဘာသာတရားမရှိသူများသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအတွက် စည်းကမ်းအချို့နှင့်ပတ်သက်သည့် အသိပညာအနည်းငယ်ဖြင့် တစ်ဘဝလုံး အသက်ရှင်နေထိုင်ကြသည်။ သို့သော် သမ္မာတရားကို ၎င်းတို့ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့တွင် မည်သည့်အရာ ကင်းမဲ့နေသနည်း။ (သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု ကင်းမဲ့နေပါသည်။) မှန်သည်။ ၎င်းတို့၌ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုမရှိ။ ယင်းသည် ၎င်းတို့တွင် မရှိသည့်အရာ ဖြစ်သည်။ ထို့ကြောင့် သင်က ငါ့ကို လူတစ်ယောက်အဖြစ် မည်သို့သဘောထားပြီး အကဲဖြတ်သည်ဖြစ်စေ၊ ငါပြောသည့်စကားများနှင့် ငါလုပ်ဆောင်သောအရာများကို မည်သို့ သဘောထားသည်ဖြစ်စေ ဤအရာသည် အဆုံးတွင် ရလဒ်ရှိရမည်။ ဘုရားသခင်သည် အလုပ်လုပ်လိမ့်မည်။ သင်၏ ရွေးချယ်မှုက မှန်သလော၊ သို့မဟုတ် မှားသလော၊ သင့်သဘောထားက မှန်သလော၊ သို့မဟုတ် မှားသလော၊ သင့်အမြင်တွင် တစ်စုံတစ်ခု မှားယွင်းနေသလောဆိုသည်ကို သူက ထုတ်ဖော်လိမ့်မည်။ ဘုရားသခင်သည် သူ၏ လူ့ဇာတိ၏အလုပ်ကို ထိန်းသိမ်းသည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် အခြားလူများကို အဘယ်ကြောင့် မပံ့ပိုးသနည်း။ အန္တိခရစ်များကို အဘယ်ကြောင့် မပံ့ပိုးသနည်း။ ဤသည်မှာ ဝိညာဉ်တော်နှင့် ထိုလူ့ဇာတိသည် တစ်ခုတည်း ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် တူညီသော အရင်းအမြစ်ရှိသည်။ အမှန်တွင် ဤသည်မှာ ထိန်းသိမ်းခြင်း မဟုတ်။ ဆိုလိုသည်မှာ အဆုံးအထိ သင်တွေ့ကြုံပြီးသည်နှင့် ယင်းတို့သည် လူ့ဇာတိခံဘုရားသခင်က ပြောသောစကားများဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုမှ သင့်ထံသို့ လာသောစကားများဖြစ်စေ ယင်းတို့သည် တစ်သမတ်တည်းဖြစ်လိမ့်မည်။ တစ်ခုနှင့်တစ်ခု မည်သည့်အခါမျှ ဆန့်ကျင်မည်မဟုတ်။ ယင်းတို့သည် ကိုက်ညီနေလိမ့်မည်။ သင်တို့၌ ဤအရာအတွက် အတည်ပြုချက် ရှိသလော။ လူအချို့က အတည်ပြုသော်လည်း အခြားသောလူတို့မှာမူ ၎င်းတို့အတွေ့အကြုံ၌ ဤအဆင့်သို့ မရောက်သေးဘဲ ဤအရာအား အတည်ပြုခြင်း မရှိကြပေ။ ဤသည်မှာ ၎င်းတို့၏ ယုံကြည်ခြင်းသည် ထိုအဆင့်သို့ မရောက်သေးဟု ဆိုလိုသည်။ ယင်းသည် အလွန်သေးငယ်ဆဲဖြစ်သည်။ တစ်နည်းအားဖြင့် သင်၏ ယုံကြည်လက်ခံမှုက အဆင့်တစ်ခုသို့ ရောက်သောအခါ၌ ဤသာမန် လူ့ဇာတိက ပြောသော သာမန်စကားတစ်ခွန်း၊ သင် ကြားသိလိုက်သောအချိန်၌ အလွန်အထင်ကြီးလောက်ဖွယ် ဖြစ်သည်ဟု မမြင်ခဲ့သော စကားတစ်ခွန်းသည် သင်၏အသက်ဖြစ်လာသည်ဟု သင်ခံစားရသည့်နေ့ရက်သို့ ရုတ်ခြည်း ရောက်လာလိမ့်မည်။ ယင်းသည် အဘယ်သို့ သင်၏အသက်ဖြစ်လာမည်နည်း။ သင်သည် သင်၏လုပ်ရပ်များတွင် သင်ကိုယ်တိုင် သတိမထားမိဘဲ ယင်းကို အမှီပြုနေလိမ့်မည်။ ယင်းသည် သင်၏ နေ့စဉ်အသက်တာအတွက် လမ်းပြတစ်ခုဖြစ်လာလိမ့်မည်။ သင်၌ လမ်းကြောင်းတစ်ခု မရှိသောအခါ ထိုစကားက သင်၏ လက်တွေ့ကျမှု ဖြစ်လိမ့်မည်။ ပြီးလျှင် သင့်အား လမ်းခရီးကို ပြသော ပန်းတိုင်တစ်ခုဖြစ်လာလိမ့်မည်။ သင် ဝေဒနာခံစားရသောအခါ ထိုစကားသည် အပျက်သဘောဆောင်ခြင်းမှ သင့်အား လွတ်မြောက်စေပြီး သင့်ပြဿနာက မည်သည့်အရာ ဖြစ်သည်ကို နားလည်စေလိမ့်မည်။ ဤသို့သော အတွေ့အကြုံပြီးသည့်နောက်တွင် ထိုစကားက သာမန်ဖြစ်သည်နှင့်အမျှ ယင်း၏စကားလုံးများထဲတွင် လေးနက်မှုနှင့် အသက်ရှိသည်ကို၊ သမ္မာတရားဖြစ်သည်ကို သင်မြင်လိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်းကို အာရုံမစိုက်ဘဲ သမ္မာတရားကို မချစ်လျှင် ဘုရားသခင်ကို၊ သူ၏ လူ့ဇာတိခံယူခြင်းကို၊ သူဖော်ပြသော သမ္မာတရားများကို သင်ရှုတ်ချကောင်း ရှုတ်ချနိုင်သည်။ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦးဖြစ်လျှင် သင်၏အတွေ့အကြုံ၌ “ဘုရားသခင်သည် သင့်မြတ်ရန် အလွန်လွယ်ကူသည်။ လူ့ဇာတိခံဘုရားသခင်သည် သင့်မြတ်ရန် အလွန်လွယ်ကူသည်” ဟု သင်ပြောမည့် နေ့ရက်သို့ ရောက်လာလိမ့်မည်။ သို့သော် မည်သူကမျှ “သူသည် လူတစ်ဦး ဖြစ်နေသည့်အလား ငါသည် သူနှင့် သင့်မြတ်နေသည်”ဟု ပြောမည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ စကားများအား သင်ကြုံတွေ့မှုနှင့် သင်၏ နေ့စဉ်အသက်တာ၌ ခရစ်တော်ကို သင်မတွေ့ရှိသောအချိန်၌ သင့်ထဲ၌ သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်သည့် အလုပ်သည် တူညီသောကြောင့် ဖြစ်သည်။ ဤ “တူညီမှု” က သင့်၌ မည်သည့်အရာကို ဖြစ်ပေါ်စေလိမ့်မည်နည်း။ သင်က “ဘုရားသခင်သည် သာမန်၊ အများနည်းတူဖြစ်သည့် အပြင်ပန်းတစ်ခုကို၊ လူ့ဇာတိ၏ ပုံရိပ်တစ်ခုကို ခံယူခဲ့သည်။ ထို့ကြောင့် လူတို့က သူ၏ အနှစ်သာရကို မမြင်မိကြပေ။ ဘုရားသခင်၏ အနှစ်သာရဖြစ်သည့် သူ၏အပိုင်းကို လူတို့မမြင်နိုင်သည်မှာ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် အတိအကျပင်ဖြစ်သည်။ လူက မြင်နိုင်သောအပိုင်းကိုသာ ၎င်းတို့ မြင်ကြသည်။ လူတို့သည် အမှန်ပင် သမ္မာတရားကင်းမဲ့သည်” ဟု ဆိုလိမ့်မည်။ ယင်းမှာ ပကတိအခြေအနေ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ပကတိအခြေအနေ ဖြစ်သည်။ ဥပမာ အလုပ်တစ်ခုခု၌ ငါမလုပ်ဆောင်နိုင်သည့် ကဏ္ဍများစွာရှိလျှင် လူများစွာတို့က သေချာပေါက် အယူအဆများ ဖြစ်ပေါ်လိမ့်မည်။ သို့သော် အလုပ်၏ ကဏ္ဍတစ်ခုစီ၏ အချို့ကို ငါလုပ်နိုင်သောအခါ လူတိုင်းက အနည်းငယ်ပို၍ စိတ်တည်ငြိမ်ကာ “ဟုတ်ပြီ။ သူသည် ဘုရားသခင်ဖြစ်သည့် ပုံစံရှိသည်။ ငါပြောနိုင်သမျှမှာ ထိုမျှသာ ဖြစ်သည်။ သူသည် လူ့ဇာတိခံဘုရားကဲ့သို့ ထင်ရသည်။ ခရစ်တော်ကဲ့သို့ ထင်ရသည်။ သူသည် ခရစ်တော်ဖြစ်ဖို့များသည်” ဟူ၍ စိတ်တွင် အတန်ငယ် သက်သာရာရကြသည်။ ဤသည်မှာ လူတို့တွင်ရှိသော တစ်ခုတည်းသော အဓိပ္ပာယ်မျိုးဖြစ်သည်။ သို့တိုင်အောင် ငါသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ဘုရားနှုတ်ကပတ်တော်အချို့ကို ဖော်ပြခြင်းသာပြုပြီး ထိုထက်ပို၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့လျှင်၊ မည်သည့်အလုပ်နှင့်ပတ်သက်၍မျှ လက်တွေ့ကျသော လမ်းပြချက် မပေးခဲ့လျှင်၊ လက်တွေ့ကျသော လမ်းပြချက် မပေးနိုင်ခဲ့လျှင် ဤဇာတိပကတိအပေါ် လူတို့၏ အရေးစိုက်မှုနှင့် သူ့အပေါ် ၎င်းတို့ထားရှိသည့် အရေးပါမှုသည် လျော့နည်းမည်ဖြစ်သည်။ လူ့ဇာတိသည် အရည်အချင်းအချို့နှင့် ပင်ကိုစွမ်းရည်အချို့ ပိုင်ဆိုင်ရမည်ဟု လူတို့က ယုံကြည်ကြသည်။ ဤသည်မှာ အမှန်ပင် ပင်ကိုစွမ်းရည်ဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် လူတို့အား ပင်ကိုစွမ်းရည်၊ ဆုကျေးဇူးများနှင့် အရည်အချင်းများကို ပုံစံမျိုးစုံဖြင့် ပေးနိုင်သည်။ ဤသို့ဆိုလျှင် ပြောလော့။ ဘုရားသခင်ကိုယ်၌က ထိုအရာများရှိသလော။ အလွန့်အလွန်ပင် ရှိသည်။ ထို့ကြောင့် ဤပဟေဠိကို မဖြေရှင်းနိုင်သော လူအချို့ရှိပြီး “ကိုယ်တော်ကိုယ်၌က တေးမသီဆိုနိုင်ဘဲ ကျွန်ုပ်တို့ကို အဘယ်သို့ တေးသီဆိုရန် ညွှန်ကြားနိုင်ရသနည်း။ ဤသည်မှာ လူပြိန်းတစ်ဦးက ကျွမ်းကျင်သူများကို ညွှန်ကြားချက်များပေးနေခြင်း မဟုတ်လော။ ယင်းသည် စည်းမျဉ်းများနှင့် မဆန့်ကျင်သလော” ဟု ဆိုကြသည်။ ငါ သင်တို့ကို ပြောမည်။ ငါသည် ခြွင်းချက်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ တစ်စုံတစ်ခုကို သင်တို့ကောင်းစွာ မလုပ်ဆောင်နိုင်လျှင် ငါသည် သင်တို့ကို လက်လှမ်းကူညီရမည်။ တစ်စုံတစ်ခုကို သင်တို့ လုပ်ဆောင်နိုင်လျှင် ငါသည် ဝင်မပါရပါကလည်း ကိစ္စမရှိပေ။ ငါသည် ကြားဝင်စွက်ဖက်လိုခြင်း မရှိပေ။ ဤသို့လုပ်ဆောင်ခြင်းက ငါ့ကို ပင်ပန်းစေမည်။ တစ်စုံတစ်ခုကို သင်တို့ ကောင်းစွာလုပ်ဆောင်နိုင်လျှင် သင်တို့အား ငါသည် အဘယ်ကြောင့် လက်လှမ်းကူညီရန် လိုအပ်သနည်း။ ငါသည် ဤတွင် ကြွားဝါနေခြင်းမဟုတ်။ ပြီးလျှင် အဆင့်မြင့်သော အယူအဆများကို တတွတ်တွတ် ပြောဆိုနေခြင်းမဟုတ်။ ငါသည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်နှင့် သမ္မာတရားစည်းမျဉ်းများကဲ့သို့သော နယ်ပယ်တို့တွင် သင်တို့ကို သင်ကြားပေးလိုခြင်းသာ ဖြစ်သည်။ ကျွမ်းကျင်မှုများအားလုံးကို သင်တို့ သင်ယူတတ်မြောက်ပြီး စည်းမျဉ်းများကို သဘောပေါက်သည်နှင့် ငါ၏ စိတ်နှလုံးတွင် အလွန်လေးလံသောဝန်တစ်ခု ပေါ့သွားလိမ့်မည်။ ထိုအရာများသည် ငါလုပ်ဆောင်ရန် ငါ့အပေါ်ကျရောက်သည့် အလုပ်၏ ပြင်ပတွင်ရှိသောကြောင့် ဖြစ်သည်။ အချို့က “ကိုယ်တော့်အပေါ် ကျရောက်သောအလုပ်မဟုတ်လျှင် အဘယ်ကြောင့်လုပ်သနည်း” ဟု လူအချို့က ဆိုကြသည်။ ယင်းကို လုပ်ဆောင်ရမည်ဖြစ်သော်လည်း လူတို့သည် လုပ်နိုင်ဖို့ အရည်အချင်းရှိရန် အလှမ်းဝေးသည်။ ငါ လမ်းပြလေ့ရှိသည့်အတိုင်းသာ အကြံမပေးခဲ့လျှင် အကျိုးဖြစ်ပေါ်အောင် လုပ်သည့်အလုပ်များသည် ထူးခြားမှု ရှိမည်မဟုတ်ဘဲ ဘုရားသခင်အတွက် သက်သေခံခြင်းသည် သာမန်ရလဒ်များသာ ရရှိလိမ့်မည်။ ငါသည် ပြသရန် သိသာထင်ရှားသည့်အလုပ်များ မရှိလျှင် အနည်းငယ် တာဝန်ပျက်ကွက်ပြီး စိတ်အေးနိုင်မည်လည်းမဟုတ်။ ထို့ကြောင့် ငါ၏ အားအင်နှင့် ကိုယ်ခန္ဓာက အခြေအနေပေးသမျှ အလုပ်အနည်းငယ်ကို ငါလုပ်ဆောင်သည်။ အဘယ်ကြောင့်နည်း။ ထည့်သွင်းစဉ်းစားသည့်အချက်အချို့ရှိသည်။ လူတို့ ပြုလုပ်ခဲ့သော အရာများကို လူသားမျိုးနွယ် တစ်ရပ်လုံးက မြင်ပြီး နှလုံးသွင်းသောအခါ လူတို့တွင်ရှိသော ရှုထောင့်များ၊ အမြင်များနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့သည် ၎င်းတို့ ယုံကြည်သူများဖြစ်သည်မှာ မည်မျှကြာသည်၊ ၎င်းတို့၏ အတွေ့အကြုံ၊ ၎င်းတို့၏ အစွမ်းအစတို့နှင့်ပတ်သက်၍သာ ကွဲပြားသည်။ သို့သော် ၎င်းတို့၏ စမှတ်များအားလုံးက အခြေခံအားဖြင့် တူညီသည်။ ၎င်းတို့၏ စမှတ်များသည် သမ္မာတရားအပေါ် ၎င်းတို့၏ နားလည်မှုကို အခြေခံသည့် သမ္မာတရား လက်တွေ့ကျမှုများနှင့်ပတ်သက်သော ၎င်းတို့တွင်ရှိသည့် အတွေ့အကြုံများ ဖြစ်သည်။ ဤသည်တို့မှာ လူသားမျိုးနွယ်က ပြုလုပ်နိုင်သော အရာများဖြစ်သည်။ ငါသည် သာမန်လူတစ်ဦး၏ ရှုထောင့်မှနေ၍ အမှုအရာများကို မလုပ်ဆောင်နိုင်၊ သို့မဟုတ် အလုပ်များကို အကျိုးဖြစ်ထွန်းအောင် မလုပ်ဆောင်နိုင်ပေ။ ဤသို့ဆိုလျှင် မည်သည့်ရှုထောင့်ကို ငါခံယူရမည်နည်း။ လူ့ဇာတိ၏ ရှုထောင့်ဖြစ်သလော။ ယင်းကိုလည်း ငါမလုပ်ဆောင်နိုင်ပေ။ သင့်တော်လိမ့်မည်မဟုတ်ဟု သင်မထင်သလော။ ထိုစကားများကို ပြောဆိုရန်၊ ထိုအရာများကို လုပ်ဆောင်ရန်၊ ထိုအမြင်များကို ဖော်ပြရန် လူ့ဇာတိအတွင်း၌ ဘုရားသခင်၏ အမြင်ရှုထောင့်ကို ငါခံယူမည်မှာ အမှန်ပင်ဖြစ်သည်။ ဤအရာများ၏ တန်ဖိုးကို လူသားမျိုးနွယ်ကြားရှိ ပိုက်ဆံနှင့် တိုင်းတာ၍ရနိုင်သလော။ (မရနိုင်ပါ။) မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာများသည် ပြီးဆုံးသွားသောအလုပ်ဖြစ်သည်နှင့် လူသားမျိုးနွယ်အတွက် ထာဝရ အဓွန့်ရှည်စွာ တည်တံ့မည့်အရာများဖြစ်သောကြောင့် ဖြစ်သည်။ ထိုသာမန်အလုပ်များသည်လည်း ထာဝရ အဓွန့်ရှည်စွာ တည်တံ့မည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဤအမှုများက ထာဝရနှင့် နောင်ကာလအထိ အဓွန့်ရှည်စွာ တည်တံ့မည်ဖြစ်သောကြောင့်၊ လူသားမျိုးနွယ်အားလုံးကို ဖြည့်ဆည်းမည် ဖြစ်သောကြောင့် ယင်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လမ်းပြဖြစ်စေ၊ ပံ့ပိုးခြင်းနှင့် ကူညီခြင်းဖြစ်စေ ငါသည် ပို၍ လေးနက်သော အမှု အနည်းငယ်ကို ပြုလုပ်သင့်သည် မဟုတ်လော။ ဤအတွက်ကြောင့် ငါသည် လူသားမျိုးနွယ်က မခံယူနိုင်သည့် ရှုထောင့်မှနေ၍ စကားများကိုပြောဆိုပြီး အလုပ်များကို အကျိုးဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ဤအရာကို မည်သည့်အတွက် ငါလုပ်ဆောင်သနည်း။ အသင်းတော်၏ ကျော်ကြားမှုကို တိုးမြှင့်ရန်အတွက် ဖြစ်သည်။ ဤရည်ရွယ်ချက်က မှန်ကန်သလော။ (မှန်ကန်ပါသည်။) ငါ့ကို ပြောလော့။ အသင်းတော်၏ ကျော်ကြားမှုသည် အရှိန်မြင့်လျှင် ဘုရားသခင်အား သက်သေခံခြင်းအတွက် အကျိုးကျေးဇူးရှိသလော။ (ရှိပါသည်။) ယင်းသည် ဤအရာကို မြှင့်တင်ပေးသလော၊ သို့မဟုတ် တားဆီးသလော။ (မြှင့်တင်ပေးပါသည်။) ယင်းသည် သေချာသည်။ ‌သေချာပေါက် မြှင့်တင်ပေးသည်။ ဤအလုပ်များကို အချို့သော ဘာသာတရားမရှိသည့်အုပ်စုများနှင့် ဘာသာရေးအုပ်စုများက မြင်သောအခါ ဤရုပ်ရှင်များကို ကောင်းမွန်စွာ ရိုက်ကူးထားပုံနှင့်ပတ်သက်ပြီး အံ့ဩကြသည်။ ပြီးလျှင် နောက်ကွယ်မှ ရုပ်ရှင်ရိုက်ကူးသူကို အစဉ်တွေ့လိုကြသည်။ ဤလူများကို ငါတွေ့မည်မဟုတ်။ ဤလူများကို တွေ့ရန် ငါ၌ အချိန်မရှိ။ ၎င်းတို့က ငါ့အားတွေ့ရခြင်းရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်မည်ကို ငါမသိ။ ဤသို့ဆိုလျှင် ငါသည် ၎င်းတို့အား တွေ့ခြင်းက မည်သို့အကျိုးရှိမည်နည်း။ ဤရုပ်ရှင်များကို မြင်သောသူတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင် ယင်းသည် လုံလောက်သည်။ ပြီးလျှင် ၎င်းတို့က မှန်သောလမ်းခရီးကို စုံစမ်းစစ်ဆေးလိုစိတ် ရှိလျှင် ပို၍ပင်ကောင်းသည်။ ၎င်းတို့အနေဖြင့် ငါ့အားတွေ့ရန် လိုအပ်ခြင်းမရှိ။ အတိုချုပ်အားဖြင့်ဆိုလျှင် ငါသည် လေးနက်သောအလုပ် အနည်းငယ်ကို လုပ်သည်။ ဤသို့ဖြင့် လူသားမျိုးနွယ်က ဤအရာများကို မြင်သောအခါ ၎င်းတို့အတွက် အတန်ငယ်ပို၍ အကျိုးရှိသည်။ ဤအရာများအား လူသားမျိုးနွယ်အတွက် ထားပေးခြင်းသည် ကောင်းသောအရာဖြစ်သလော၊ သို့မဟုတ် မကောင်းသောအရာ ဖြစ်သလော။ (ကောင်းသောအရာ ဖြစ်ပါသည်။) ယင်းသည် လုပ်သင့်လုပ်ထိုက်သည်။ လုပ်ဆောင်ရကျိုးနပ်သည်။

ဤသည်မှာ သင်တို့နှင့် သင့်မြတ်ရန် ငါ၌ရှိသည့် နည်းလမ်းဖြစ်သည်။ ငါ၌ သင်တို့နှင့်ပတ်သက်၍ ရှိသည့် ဆက်ဆံရေးသည် သင်တို့မြင်ပြီး ခံစားရသည့် ဤဆက်ဆံရေးတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် သင်တို့နှင့် မည်သည့်ဆက်ဆံရေးမျိုးရှိသနည်း။ ယင်းကို ခံစား၍ရနိုင်သလော။ ယင်းသည် အတူတူပင်ဖြစ်သည်။ “လူ့ဇာတိခံဘုရားသခင်သည် လူတစ်ဦးဖြစ်သည်။ သူသည် သင့်မြတ်ရန် လွယ်ကူသည်။ သို့သော် ကောင်းကင်ဘုံမှ ဘုရားသခင်သည် သူ၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကြောင့် သင့်မြတ်ရန် မလွယ်ကူပါ။ သူသည် ကြောက်မက်ဖွယ်ရာ ဖြစ်သည်” ဟု မစဉ်းစားလိုက်လေနှင့်။ ဘုရားသခင်သည် ငါကဲ့သို့ ဖြစ်သည်။ သူသည် မှတ်ချက်တစ်ခုဖြင့်ဖြစ်စေ၊ နည်းလမ်းတစ်ခုဖြင့်ဖြစ်စေ၊ အနိုင်အထက်ပြုခြင်းဖြင့်ဖြစ်စေ သင့်ကို သိမ်းပိုက်မည်မဟုတ်၊ သို့မဟုတ် ထိန်းချုပ်မည်မဟုတ်။ သူသည် ထိုသို့ လုပ်ဆောင်မည်မဟုတ်ပေ။ ငါသည် သင်တို့နှင့် သင့်မြတ်နေသည်ဟု သင်တို့ခံစားရသည့်အတိုင်းပင် သူသည် သင်တို့နှင့် သင့်မြတ်လိမ့်မည်။ ငါသည် သင်တို့အား တတ်နိုင်သမျှ သင်ကြားပေးပြီး ငါတတ်နိုင်သမျှ သင်တို့နားလည်အောင် ထောက်ကူပေးသည်။ သင်တို့နားမလည်နိုင်သည့်အရာများအတွက်မူ ငါသည် ထိုအရာများဖြင့် သင်တို့ကို အယူဝါဒ အတင်းမသွတ်သွင်းပေ။ လူအချို့က “ကိုယ်တော်က ကျွန်ုပ်တို့ကို အယူဝါဒ အတင်းမသွတ်သွင်းဟု ဆိုသည်။ ဤသို့ဆိုလျှင် သမ္မာတရားကို အချိန်ပြည့် တရားဟောနေခြင်းအားဖြင့် ကိုယ်တော်သည် မည်သည့်အရာကို လုပ်ဆောင်နေခြင်း ဖြစ်သနည်း” ဟု ဆိုနိုင်သည်။ ဤသည်မှာ အယူဝါဒသွတ်သွင်းခြင်း ဖြစ်သလော။ ဤသည်မှာ သင်တို့အတွက် ပံ့ပိုးပေးခြင်းဟု ခေါ်သည်။ ဤသည်မှာ သင်တို့အား တိုးတက်စေရန် အတင်းအဓမ္မ လုပ်ဆောင်ခြင်း မဟုတ်။ ယင်းမှာ ရေလောင်းခြင်း ဖြစ်သည်။ ရေလောင်းခြင်းက သင့်လျော်သည်။ အပြုသဘောဆောင်သောအရာ ဖြစ်သည်။ လူအချို့က “လူတို့ကို အန္တိခရစ်များ၏ သိမ်းပိုက်ခြင်းက ဘုရားသခင်၏ သိမ်းပိုက်ခြင်းနှင့် အတူတူဖြစ်သည် မဟုတ်လော” ဟု ဆိုလိမ့်မည်။ (မတူပေ။) မည်သည့်ပုံစံဖြင့် မတူသနည်း။ လူတို့ကို အန္တိခရစ်များ၏ သိမ်းပိုက်ခြင်းနှင့် လူတို့ကို ဘုရားသခင် သိမ်းပိုက်ခြင်းတို့အတွက် တူညီသောစကားလုံးကို အသုံးပြုသည်။ ထိုစကားအား အသုံးပြုခြင်းနှစ်ခုကြားတွင် အနှစ်သာရ၌ ကွာခြားမှုက အဘယ်နည်း။ သင်တို့သည် ဤအရာကို အသေအချာ ရှင်းပြနိုင်သလော။ သင်တို့သည် ဤအရာကိုပင် မလုပ်ဆောင်နိုင်လျှင် သမ္မာတရားအပေါ် သင်တို့၏ နားလည်မှုသည် အလွန်အမင်း ညံ့ဖျင်းခြင်းသာ ဖြစ်သည်။ (လူတို့အား စာတန်က သိမ်းပိုက်ခြင်းသည် အဓမ္မလုပ်ဆောင်သော ထိန်းချုပ်မှုဖြစ်ပြီး ဘုရားသခင်၏ သိမ်းပိုက်ခြင်းကမူ သမ္မာတရားအား ပံ့ပိုးပေးခြင်း ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများအား လူတို့ကို ပြောပြခြင်း ဖြစ်သည်။ ထို့နောက်တွင် လူတို့သည် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဤသို့ဖြင့် အသက်ကို ရရှိနိုင်သည်။) ဤသို့ဆိုလျှင် ငါသင်တို့ကို မေးလေပြီ။ စာတန်သည် လူတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်သည်။ သို့သော် စာတန်သည် သမ္မာတရားရှိသလော။ (မရှိပါ။) စာတန်သည် မည်သည့်အရာ ဖြစ်သနည်း။ မည်သည့်အကြောင်းပြချက်များဖြင့် လူတို့ကို သိမ်းပိုက်သနည်း။ တစ်နည်းအားဖြင့် လူတို့ကို သိမ်းပိုက်ပြီး ရရှိဖို့ ကြိုးစားရန်အတွက် စာတန်ကို မည်သည့်အရာက အရည်အချင်းပြည့်မီစေသနည်း။ စာတန်တွင် မည်သည့်အရာမျှ မရှိပေ။ ဤသို့ဆိုလျှင် လူတို့ကို သိမ်းပိုက်ရန်အတွက် မည်သည့်အရာကို စာတန် အသုံးပြုသနည်း။ လူတို့ကို သိမ်းပိုက်ပြီးသည်နှင့် စာတန်သည် လူတို့ကို မည်သည့်အရာ ပံ့ပိုးပေးနိုင်သနည်း။ စာတန်သည် သင့်အား ဖောက်ပြန်ပျက်စီးခြင်းသာ ဖြစ်စေနိုင်သည်။ သင့်ကို ဆော့ကစားပြီး ဖျက်ဆီးခြင်းသာ ပြုလုပ်နိုင်သည်။ အဆုံးတွင် သင့်အား ဖျက်ဆီး၍ ပြီးသောအခါ၌ သင့်အား ငရဲသို့ပို့လိမ့်မည်။ စာတန်၏ သိမ်းပိုက်ခြင်းနှင့် ထိန်းချုပ်ခြင်းအမျိုးအစားမှာ အဘယ်နည်း။ ဖိစီးနှိပ်စက်ခြင်းသာဖြစ်သည်။ သင့်အား ထိန်းချုပ်ပြီး သိမ်းပိုက်ခြင်း၌ စာတန်၏ ပန်းတိုင်မှာ ဘုရားသခင်နှင့် သမ္မာတရားအား သင်ကျိုးနွံနာခံခြင်းကို တားဆီးရန် ဖြစ်ပြီး သင့်အား ၎င်းအပေါ် ကျိုးနွံနာခံစေရန် ဖြစ်သည်။ စာတန်အတွက်မှာမူ ဘုရားသခင်ကို သင်ကျိုးနွံနာခံခြင်းက မှားယွင်းပြီး ၎င်းကို ကျိုးနွံနာခံခြင်းက မှန်ကန်သည်။ သင်က စာတန်ကို အမှန်ပင် ကျိုးနွံနာခံပြီး စာတန်၏ ထိန်းချုပ်ခြင်း၊ သိမ်းပိုက်ခြင်းကို ခံရလျှင် သင်သည် ဘုရားသခင်ကို လုံးလုံး စွန့်ခွာကာ ငြင်းပယ်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် လူတို့အပေါ် ဘုရားသခင်၏ သိမ်းပိုက်ခြင်းမှာ အဘယ်သို့ဖြစ်သနည်း။ ဘုရားသခင်ကိုယ်တော်တိုင်က သမ္မာတရား ဖြစ်သည်။ သူသည် အပြုသဘောဆောင်သောအရာများအားလုံး၏ လက်တွေ့ကျမှု ဖြစ်သည်။ အပြုသဘောဆောင်သောအရာများ အားလုံး၏ အရင်းအမြစ်ဖြစ်သည်။ သမ္မာတရား၏ အရင်းအမြစ်ဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် မည်သည့်အရာ ဖြစ်သနည်း။ လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းခံခဲ့ရသော အမျိုးအစားနှင့် သက်ဆိုင်သည်။ ၎င်းတို့တွင် သမ္မာတရားမရှိ။ ထို့ကြောင့် ဘုရားသခင်က သမ္မာတရားကို ဖော်ပြခြင်း၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်း နည်းများဖြင့် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ လူတို့ကို စစ်ကြောပြီး စစ်ဆေးသည်။ ဤသို့ဖြင့် လူတို့အနေဖြင့် သူပြောသော စကားများကို နားလည်နိုင်ရန်၊ သူ့ကို ဖန်ဆင်းရှင်အဖြစ် အသိအမှတ်ပြုပြီး မိမိတို့ကိုယ်ကို သူ၏ ဖန်ဆင်းခံများအဖြစ် အသိအမှတ်ပြုရန်၊ သူ၏ရှေ့မှောက်သို့ လာပြီး သူ့ထံ၌ မိမိတို့ကိုယ်ကို ပျပ်ဝပ်ရန်၊ ပြီးလျှင် သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံရန် ဖြစ်သည်။ ဤအရာအားလုံးသည် သမ္မာတရားနှင့် မကိုက်ညီသလော။ (ကိုက်ညီသည်။) ဤသို့ဆိုလျှင် ဤသိမ်းပိုက်မှုမှာ အဘယ်နည်း။ လူတို့ကို ရယူခြင်းဖြစ်သည်။ ကယ်တင်ခြင်းဖြစ်သည်။ အပြုသဘောဆောင်သောအရာ တစ်ခုဖြစ်သည်။ သင့်အား ထိခိုက်ခြင်းမဟုတ်။ ဤအရာနှင့် စာတန်၏ သိမ်းပိုက်ခြင်းကြားတွင် ကွာခြားမှုတစ်ခုရှိသလော။ ဘုရားသခင်အနေဖြင့် လူတို့ကို သိမ်းပိုက်ခြင်းသည် သင့်လျော်သည်။ သူသည် သမ္မာတရားဖြစ်သည်။ အပြုသဘောဆောင်သောအရာများအားလုံး၏ အရင်းအမြစ် ဖြစ်သည်။ သူသည် “လူသားမျိုးနွယ်ကို သိမ်းပိုက်သည်”ဟု ဆိုခြင်းသည် အလွန်တရာ ဆီလျော်သော ဖော်ပြနည်း ဖြစ်သည်။ လူသားမျိုးနွယ်တွင် သမ္မာတရားမရှိ။ ၎င်းတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရပြီး စာတန်၏ အမျိုးအစားဖြစ်အောင် ပြုလုပ်ခြင်းခံရသည်။ ဤအတွက်ကြောင့် လူတို့က ဘုရားသခင်ကို ကျိုးနွံနာခံမှုမရှိခြင်း ဖြစ်သည်၊ သူ့ကို ငြင်းဆန်ပြီး ငြင်းပယ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြရမည်ဖြစ်ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း နည်းလမ်းများကို အသုံးပြုရမည် ဖြစ်၏။ သို့မှသာ ဘုရားသခင်သည် မည်သူဖြစ်သည်၊ ဖန်ဆင်းရှင်သည် မည်သူဖြစ်သည်၊ ဖန်ဆင်းခံများသည် မည်သူတို့ဖြစ်ကြသည်၊ စာတန်သည် မည်သူဖြစ်သည်ကို လူတို့ နားလည်လာစေပြီး သခင့်ကို အသိအမှတ်ပြုကာ ကိုယ်တော်ထံ ပြန်လာကြစေရန်၊ ဖန်ဆင်းရှင်ကို အသိအမှတ်ပြုရန်နှင့် ကိုယ်တော်၏ မျက်မှောက်တော်၌ မိမိတို့ကိုယ်ကို ကိုယ်တော်၏ ဖန်ဆင်းခံများအဖြစ် အသိအမှတ်ပြုကြစေရန် ဖြစ်၏။ ဤသည်မှာ သိမ်းပိုက်ခြင်း၏ အဓိပ္ပာယ်သက်ရောက်မှု ဖြစ်သည်။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရသူတို့သည် သမ္မာတရားကို နားလည်သလော၊ သို့မဟုတ် နားမလည်ဘူးလော။ (နားလည်ပါသည်။) ပြီးလျှင် စာတန်၏ သိမ်းပိုက်ခြင်းခံရသူတို့သည် မည်သည့်အရာကို ရကြသနည်း။ မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြဘဲ ဘုရားသခင်ကို ရှောင်သည်၊ သစ္စာဖောက်ပြီး ငြင်းပယ်သည်၊ ဘုရားသခင်နှင့် ပတ်သက်ပြီး အယူအဆများရှိကာ စာတန်နှင့် အန္တိခရစ်များနောက်သို့ပင် လိုက်သည်။ ၎င်းတို့သည် ဘုရားသခင်ကိုပင် ဝေဖန်အပြစ်တင်နိုင်သည်၊ ပုန်ကန်နိုင်ပြီး ကျိန်ဆဲနိုင်သည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရန် မဆိုထားနှင့်၊ အသိအမှတ်ပြုရန်ပင် ငြင်းဆန်သည်။ ဤသည်တို့မှာ စံနှုန်းပြည့်မီသော ဖန်ဆင်းခံများ ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရသောလူတို့နှင့် အတိအကျဆန့်ကျင်ဘက် ဖြစ်သည်။ အကျိုးသက်ရောက်မှုမှာ လူတို့ကို ဘုရားသခင် သိမ်းပိုက်ခြင်း၏ ပြောင်းပြန်ဖြစ်သည်။

အန္တိခရစ်ကဲ့သို့သောသူတစ်ဦးက အဆင့်အတန်းရှိပြီး ထိုသူက ခေါင်းဆောင်တစ်ဦးဖြစ်သည်ကို လူတို့မသိသောတစ်နေရာရာသို့ သွားလျှင် သူသည် ယင်းနှင့်ပတ်သက်ပြီး ပျော်ရွှင်မည်လော။ ပျော်ရွှင်မည်မဟုတ်။ မည်သည့်နေရာသို့ ၎င်းတို့သွားသည်ဖြစ်စေ “ငါသည် ခေါင်းဆောင်ဖြစ်သည်။ အစားအစာတစ်ခုခု ပြုလုပ်ပေးပါ။ ကောင်းသောအရာတစ်ခုခုကို စားရမည်” ဟူ၍ လူတိုင်းအား ပြောရန် အသုံးပြုနိုင်သည့် မည်သည့်နည်းကိုမဆို သုံးလိမ့်မည်။ အဆင့်အတန်းအပေါ်တွင် ငါ၏ အမြင်မှာ မည်သည့်အရာဖြစ်သည်ဟု သင်တို့ ဆိုမည်နည်း။ (ကိုယ်တော်သည် ယင်းကို စိတ်ဝင်စားခြင်းမရှိ။) ထိုစိတ်ဝင်စားမှုကင်းမဲ့ခြင်းက အဘယ်သို့ ပေါ်လွင်သနည်း။ တစ်နေရာရာသို့ ငါသွားသည့်အခါ ငါ၏ ပင်ကိုလက္ခဏာ အကြောင်းကို လူများအား လွတ်လပ်စွာ လျှောက်မပြောရန်ဖြစ်စေ၊ လူတို့အား အသိမပေးရန်ဖြစ်စေ ထိုနေရာမှ လူတို့အား ငါတတ်နိုင်သမျှ ပြောပြသည်။ အဘယ်ကြောင့် ဤအရာကို ငါလုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤအကြောင်းကို လူတို့သိသောအခါ အလွန်ပင် စိတ်ရှုပ်ဖွယ်ရာ ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့ မသိလျှင် ၎င်းတို့၏ စိတ်နှလုံးတွင် ရှိသောအရာကို ငါ့အား အနည်းငယ် ပြောကောင်းပြောနိုင်သည်။ ၎င်းတို့သိသည်နှင့် ယင်းသည် နာကျင်စရာဖြစ်၏။ ငါနှင့်ဆိုလျှင် ရုတ်ခြည်း နှုတ်ဆိတ်သွားကြသည်။ ငါ့ကို ပြောလော့။ မိမိ၏ စိတ်နှလုံး၌ ရှိသည့်အရာကို ငါ့အားပြောသည့်သူ တစ်ယောက်မျှ မရှိဘဲ ငါသည် အထီးကျန်မည် မဟုတ်လော။ ငါသည် သာမန်လူတစ်ဦးဖြစ်သည့်အလား လူတို့က ငါ့ကို ဆက်ဆံနိုင်ရန်အတွက်၊ ၎င်းတို့ပြောလိုသည့်အရာကို ငါ့အား ပြောရန်အတွက် လူတို့ကို အသိမပေးရန် ငါအစွမ်းကုန် ကြိုးစားသည်။ လူတို့အတွက် လွတ်လပ်ပေါ့ပါးစွာ ခံစားရခြင်း၊ ငါ့အနေဖြင့် သူတို့ကို အစဉ် ချည်နှောင်မထားခြင်းနှင့် ၎င်းတို့သည် ငါ၏မျက်မှောက်၌ အစဉ် အလွန် ရိုသေလေးစားစွာ မနေကြရခြင်းသည် အလွန်ကောင်းမွန်လှ၏။ ၎င်းတို့အနေဖြင့် ဤသို့လုပ်ဆောင်ရန် မလိုအပ်။ ယင်းကို ငါမနှစ်သက်ပေ။ သမ္မာတရားကို နားမလည်သူတို့က “ကိုယ်တော်သည် ယင်းကို သေချာပေါက် နှစ်သက်သည်။ ထို့ကြောင့် ဤသည်မှာ ကိုယ်တော့်ကို ကျွန်ုပ်ဆက်ဆံမည့်ပုံစံ ဖြစ်သည်” ဟု တွေးကြသည်။ ဤသို့သောလူတို့ကို ငါမြင်သောအခါ ပုန်းသည်။ အစဉ်ခယနေသောသူကို ငါမြင်သည့်အခါ ငါသည် အမြန်ဆုံး ပုန်းသည်။ ဤသို့သောလူများနှင့် လုံးဝ မထိတွေ့လိုပေ။ အလွန်ပင် ကသီလင်တဖြစ်သည်။ အလွန် ကရိကထ များသည်။ သို့သော် အန္တိခရစ်များသည် ဤသို့မဟုတ်။ ၎င်းတို့သည် လူတို့၏ လေးစားမှုကိုရဖို့၊ ၎င်းတို့သွားသည့် နေရာတိုင်းတွင် အထူးအကျိုးခံစားခွင့်ကို ခံရဖို့မျှော်လင့်သည်။ ပြီးလျှင် ၎င်းတို့သည် မည်သည့်အရာကို ပို၍ပင် မျှော်လင့်သနည်း။ ၎င်းတို့ရှိနေသရွေ့ ၎င်းတို့ဦးဆောင်မှုအောက်ရှိ လူတို့အနေဖြင့် ၎င်းတို့၏ အမိန့်များကို အပြည့်အဝနာခံမည်၊ အပေးအယူမပြုလုပ်ဘဲ ၎င်းတို့ကို အကြွင်းမဲ့ဖြစ်သည်အထိ နာခံမည်ဟု မျှော်လင့်ခြင်း ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့က “ကြည့်ပါ။ ငါဦးဆောင်သော စစ်သားများ၊ ငါဦးဆောင်သောအဖွဲ့ကို သင်အဘယ်သို့ထင်သနည်း။ ငါပြောသည့်အရာကို ၎င်းတို့အားလုံး နာခံစွာ လုပ်ဆောင်ကြသည်” ဟု တွေးကြသည်။ ၎င်းတို့သည် အောင်မြင်သည်ဟူသည့် အထူးခံစားချက်ကို ခံစားရသည်။ ၎င်းတို့သည် လူတို့အား အမှီအခိုကင်းသော အတွေးမရှိဘဲ၊ သို့မဟုတ် ကိုယ်ပိုင်ထင်မြင်ချက်မရှိဘဲ၊ သို့မဟုတ် အမြင်များမရှိဘဲ ရုပ်သေးများကဲ့သို့ဖြစ်ရန်၊ ကျွန်များကဲ့သို့ ဖြစ်ရန် လေ့ကျင့်ပေးသည်။ ၎င်းတို့သည် လူတစ်ဦးချင်းစီအား ထုံပြီး ဉာဏ်ထိုင်းရန် ပြုလုပ်သည်။ ထို့နောက်တွင် အန္တိခရစ်များသည် ၎င်းတို့အလုပ်က ရလဒ်များ ရရှိခဲ့သည်ဟုလည်းကောင်း၊ ၎င်းတို့၏ ဆန္ဒများနှင့် ရည်မှန်းချက်များက ပြည့်စုံပြီးဖြစ်သည်ဟုလည်းကောင်း ခံစားရလျက် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဝမ်းမြောက်ပြီး ကျေနပ်ကြသည်။ အမှုအရာများက ဤသို့မဖြစ်လျှင် ၎င်းတို့သည် စိတ်နှလုံးထဲတွင် ဝမ်းနည်းကြသည်။ “လူတို့သည် ငါပြောသည့်အတိုင်းကို အဘယ်ကြောင့် မလုပ်ကြသနည်း။ ငါ့အား သူတို့နာခံအောင် လုပ်ရန်အတွက် မည်သည့်နည်းလမ်းကို သုံးရမည်နည်း။ ကောင်းပြီ။ ငါသည် အလွန်တော်သည်ကို သင်မသိလျှင် သင့်ကို ပြရမည်သာဖြစ်သည်။ ငါ့တွင် ဘွဲ့လွန်ဒီဂရီတစ်ခု ရှိ၏။ သင် မြင်ရစေရန် ငါသည် မိမိ၏ ဒီပလိုမာကို နေ့တိုင်း ဆောင်ထား၏။ ငါသည် အင်္ဂလိပ်စာ အဓိက အဆင့် ရှစ် စာမေးပွဲကို အောင်မြင်ခဲ့ပြီး ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့၏။ သင်တို့သည် ငါ့အား ကောင်းစွာ နားမလည်သည်ကို မြင်ရ၍ သင်တို့အတွက် ငါအနည်းငယ်အစွမ်းပြမည်” ဟူ၍ ဖြစ်သည်။ အလုပ်ကို ၎င်းတို့ ဆွေးနွေးသည့်အခါတိုင်းတွင် ၎င်းတို့က “သင်တို့အားလုံးတွင်ရှိသည့် မည်သည့်အတွေးများကိုမဆို ပြောပါ။ သင်တို့၏ အမြင်များကို လွတ်လပ်စွာ ဖော်ပြပါ။ ငါ့ကြောင့် ဘောင်ခတ်မခံပါနှင့်” ဟု ဆိုသည်။ ထို့ကြောင့် ထိုနေရာရှိလူတို့သည် ၎င်းတို့၏ အမြင်များကို စတင်ဖော်ပြကြသည်။ ဖော်ပြပြီးနောက်တွင် ဘွဲ့လွန်ဒီဂရီရထားသော ဤ“သာလွန်သောပုဂ္ဂိုလ်”က “သင်တို့၏ အမြင်များသည် မကောင်းပါ။ ယင်းတို့အားလုံးသည် သာမန်ဖြစ်သည်။ သာမန်လူများ၏ အမြင်များသာ ဖြစ်သည်။ ကျွန်ုပ်သည် အမှန်ပင် ကြားဝင်မှဖြစ်မည်။ ကြည့်ပါ။ သင်တို့သည် ဤအလုပ်ကို မလုပ်နိုင်။ အမှန်တွင် ဤအလုပ်ကို ကျွန်ုပ်တာဝန်ယူမလုပ်ဆောင်လိုပါ။ သို့သော် ဤနေရာတွင် ကျွန်ုပ်မရှိလျှင် ဤဝန်ထုပ်ဝန်ပိုးကို သင်တို့ အမှန်ပင် တာဝန်ယူလုပ်ဆောင်နိုင်မည်မဟုတ်။ ထို့ကြောင့် ကျွန်ုပ် ကူညီပေးဖို့ လိုသည်။ ဤအမှုကိစ္စကို ကျွန်ုပ် သေချာတွေးပြီးဖြစ်သည်။ ကျွန်ုပ်တို့ ကိုင်တွယ်မည့်ပုံစံမှာ ဤသို့ဖြစ်သည်။ သင်တို့ပြောသည့် မည်သည့်နည်းကမျှ အလုပ်ဖြစ်မည်မဟုတ်။ ပို၍ကောင်းသော နည်းတစ်ခုကို သင်တို့အား ကျွန်ုပ်ပေးမည်။ ယင်းမှာ ယခင်က အလုပ်အစီအစဉ်များက ကျွန်ုပ်တို့ကို လုပ်ဆောင်ရန် သတ်မှတ်သည့်အရာ ဖြစ်သည်။ ယခုမှစပြီး ထိုစည်းမျဉ်းစည်းကမ်းများကို ကျွန်ုပ်တို့ ဖက်တွယ်ထားမည်မဟုတ်။ ကျွန်ုပ်တို့ ထိုကဲ့သို့ လုပ်ဆောင်တော့မည် မဟုတ်ပါ” ဟု ဆိုသည်။ လူအချို့က “အလုပ်အစီအစဉ်များအတိုင်း ကျွန်ုပ်တို့ မလုပ်ဆောင်လျှင် ဘုရားအိမ်တော်သည် အလွန်အမင်းဆုံးရှုံးမှု ဖြစ်လိမ့်မည်” ဟု ဆိုကြသည်။ ၎င်းက “ထိုအကြောင်းကို အလွန်တွေးခြင်း မပြုနှင့်။ ဘုရားအိမ်တော်က ဤအနည်းငယ်သော ငွေပမာဏကို ဂရုစိုက်မည်လော။ ရလဒ်များကို အာရုံစိုက်ကြစို့။ ယင်းတို့က အရေးပါသည့်အရာ ဖြစ်သည်။ ယခုမှစပြီး ကျွန်ုပ်ပြောသည့်အတိုင်း လုပ်ဆောင်ပါ။ တစ်စုံတစ်ခု လွဲချော်ခဲ့လျှင် ကျွန်ုပ်တာဝန်ဖြစ်သည်” ဟု ပြန်ပြောသည်။ မည်သူကမျှ ၎င်းတို့ကို မဖျောင်းဖျနိုင်ပေ။ ၎င်းတို့သည် ကြီးကျယ်သောအယူအဆများကို တတွတ်တွတ် ပြောဆိုနေခြင်းသာ မဟုတ်လော။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ ကြွားဝါရန် ဖြစ်ပြီး ၎င်းတို့၏ ဖြစ်တည်မှုအပြင် ၎င်းတို့၏ အလွန် ဉာဏ်ထက်မြက်ခြင်းကိုပါ လူတစ်ဦးချင်းစီတိုင်းအား စဉ်ဆက်မပြတ် သတိပေးရန် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်ပုံစံဖြင့် အလွန် ဉာဏ်ထက်မြက်သနည်း။ သာမန်လူတို့အတွက် ၎င်းတို့၏ နားလည်ရခက်မှုတွင် ဖြစ်သည်။ အန္တိခရစ်များသည် အခြားလူများနှင့် တူညီသော အမြင်ရှိလျှင်ပင် ထိုအမြင်ကို အခြားလူများက ဖော်ပြသောအခါ ငြင်းပယ်ဆဲဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် အစမှပြန်စကာ ထိုအမြင်ကို ပြန်လည်ဖော်ပြခြင်းအားဖြင့် ဦးဆောင်လေသည်။ အုပ်စုက ၎င်းတို့ပြောသည်ကိုကြားပြီး “ထိုစိတ်ကူးမှာ အတူတူပင် မဟုတ်လော” ဟု ပြောသည်။ ၎င်းတို့က “တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ယင်းကိုပြောသည်မှာ ကျွန်ုပ်ဖြစ်သည်။ ယင်းကိုပြောသည်မှာ သင်တို့မဟုတ်။ ဤစိတ်ကူးကို အလျင်ဦးအောင် ပြောဆိုခဲ့သည်မှာ ကျွန်ုပ်ဖြစ်သည်” ဟု ဆိုသည်။ လူတို့သည် ၎င်းတို့ပြောသည့်အရာကို အဘယ်သို့ အပြန်အလှန် ငြင်းခုံသည်ဖြစ်စေ ၎င်းတို့၏ ပန်းတိုင်မှာ လူတိုင်းအား စည်းရုံးသိမ်းသွင်းရန် ဖြစ်သည်။ လူတို့အား “ငါသည် ခေါင်းဆောင်ဖြစ်သည်မှာ အလဟဿမဟုတ်။ ငါသည် အဖွဲ့ခေါင်းဆောင်နှင့် ကြီးကြပ်ရေးမှူးဖြစ်သည်မှာ အလဟဿမဟုတ်။ ငါသည် အပြောသက်သက်သာ မဟုတ်။ ငါ၏ ပင်ကိုစွမ်းရည်များ၊ ဆုကျေးဇူးများ၊ အရည်အချင်းများ မရှိဘဲ ဤနေရာတွင် ရှိမည်မဟုတ်” ဟူ၍ လူတို့အား အသိပေးရန် ဖြစ်သည်။ ၎င်းတို့မရှိစဉ်၌ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့လျှင် အခြားမည်သူကမျှ ဆုံးဖြတ်ချက်မချနိုင်ပေ။ ပြီးလျှင် ၎င်းတို့ရှိနေလျှင် ဆုံးဖြတ်ချက်ချသည်မှာ ၎င်းတို့ဖြစ်ရမည်ဖြစ်သည်။ လူတိုင်းက ၎င်းတို့၏ အမူအရာကို စောင့်ကြည့်ရမည်ဖြစ်သည်။ ၎င်းတို့က ဆုံးဖြတ်ချက်ချသောအခါတွင်မှ လူတိုင်းက စိတ်သက်သာ၍ သက်ပြင်းချနိုင်သည်။ ၎င်းတို့ ဆုံးဖြတ်ချက်မချလျှင် လူတိုင်းက စိတ်သောကရောက်ကြသည်။ ၎င်းတို့သည် ဆုံးဖြတ်ချက်ချခွင့်မရလျှင် လက်ရှိအလုပ်ကို ဖြေရှင်းရန် ဖြစ်နိုင်မည်မဟုတ်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့၌ ပန်းတိုင်တစ်ခုမရှိသလော။ ၎င်းတို့သည် တစ်ခါတစ်ရံတွင် “ငါလုပ်ဆောင်နေသည့် အရာသည် မှန်သလော။ ဤအရာကို မလုပ်ဆောင်လျှင် ကောင်းလိမ့်မည်။ ငါသည် ကိုယ့်ကိုယ်ကိုယ် အလွန်ပင် အရူးလုပ်နေသည်။ ဤသည်မှာ အန္တိခရစ်များ ပြုမူလုပ်ဆောင်သည့်ပုံစံမဟုတ်လော။ အလုပ်ဖြစ်မည်မဟုတ်။ အရေးကြီးသည်မှာ ငါ၏ ဂုဏ်သိက္ခာဖြစ်သည်။ ‘အန္တိခရစ်’လော။ အထက်က ငါ့ကို မစီရင်သေးသောကြောင့် ငါသည် အန္တိခရစ်မဟုတ်” ဟု မိမိတို့ဘာသာ တွေးကြသည်။ ပြီးလျှင် ၎င်းတို့လုပ်ဆောင်နေခဲ့သည့်အတိုင်း ဆက်လက်လုပ်ဆောင်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့လုပ်နေသည့်အရာသည် အလုပ်အစီအစဉ်များနှင့် သမ္မာတရားစည်းမျဉ်းများအား ချိုးဖောက်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို သိသာစွာ အလေးထားနေသည်ကိုလည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ ရှိသည်ကိုလည်းကောင်း ၎င်းတို့ အတော်ပင် ကောင်းစွာသိသည်။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိဖို့ မဆိုထားနှင့်၊ အကျိုးဆက်များကို တွေးခြင်းပင်မရှိဘဲ ၎င်းတို့လုပ်ဆောင်နေခဲ့သည့်အရာကို ဆက်လက်၍ လုပ်ဆောင်ကြသည်။ ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုမဟုတ်လော။ ဤစိတ်သဘောထားမျိုးသည် ၎င်းတို့အား မည်သည့်အရာကို လုပ်ဆောင်စေသနည်း။ အလွန်အကျွံ အတ္တမာနကြီးပြီး မကောင်းသောအရာများလုပ်ဆောင်လျက် သောင်းကျန်းစေခြင်း ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး၌ သင့်လျော်သော ပြုမူဆောင်ရွက်နည်းကို အမှန်ပင် မသိသလော။ ၎င်းတို့လုပ်ဆောင်နေသည့် အရာသည် စည်းမျဉ်းများအား ချိုးဖောက်သည်ကို အမှန်ပင် နားမလည်သလော။ ၎င်းတို့လုပ်ဆောင်နေသည့်အရာသည် အခြားလူများကို အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းဖြစ်သည်ကိုလည်းကောင်း၊ မကောင်းမှု လုပ်ဆောင်နေခြင်း ဖြစ်သည်ကိုလည်းကောင်း အမှန်ပင် မသိသလော။ ဤအရာများကို ၎င်းတို့သိပြီး နားလည်သည်။ ဤသို့ဆိုလျှင် ၎င်းတို့က ဤသို့ဆက်လက်၍ လုပ်ဆောင်နေနိုင်ခြင်းသည် သမ္မာတရားကို ၎င်းတို့မချစ်သကဲ့သို့ အလွန်အမင်း မနှစ်မြို့ဟူ၍ အဓိပ္ပာယ်ရသည်။ ၎င်းတို့သည် ၎င်းတို့၏နှုတ်မှလာခြင်း မဟုတ်သရွေ့ မည်သည့်အမြင်၊ လမ်းခရီး၊ နည်းလမ်း၊ သို့မဟုတ် ပြောဆိုချက်ကိုမဆို ငြင်းပယ်သည်။ ဤသည်မှာ ရည်မှန်းချက် မဟုတ်လော။ (ဟုတ်သည်။) ဤအတွင်းတွင် ရည်မှန်းချက်နှင့် မကောင်းသော ရည်ရွယ်ချက်များရှိသည်။ မည်သည့်မကောင်းသော ရည်ရွယ်ချက်များနည်း။ ယင်း၏နောက်ကွယ်တွင် မည်သည့်အရာ ကွယ်ဝှက်နေသနည်း။ (၎င်းတို့ပြောသည့်အရာကို လူတို့အား လုပ်ဆောင်စေခြင်း ဖြစ်သည်။) ၎င်းတို့ပြောသည့်အရာကို လူတို့အား လုပ်ဆောင်စေခြင်းပင်။ ၎င်းတို့သည် ဤသို့သော ထင်ပေါ်ရန် အားသာချက်၊ သို့မဟုတ် အခွင့်အရေးတစ်ခုတလေကို လုံးဝ လက်လွတ်မခံနိုင်ပေ၊ သို့မဟုတ် ဤအရာတို့ကို အခြားမည်သူ့အပေါ်ကိုမျှ ကျရောက်ခွင့်မပေးနိုင်ပေ။ အကြိမ်တိုင်းတွင် ဆုံးဖြတ်ချက်ချသည်မှာ ၎င်းတို့ဖြစ်ရမည်ဖြစ်သည်။ အကြိမ်တိုင်းတွင် အဆုံးအဖြတ် ပေးရသည်မှာ ၎င်းတို့ဖြစ်ရမည်ဖြစ်သည်။ အကြိမ်တိုင်းတွင် အလုပ်၏ အသီးအပွင့်များသည် ၎င်းတို့အတွက်သာ ဖြစ်ရမည်၊ ၎င်းတို့သာ နာမည်ကောင်း ရရမည်ဖြစ်သည်။ အဆုံးတွင် ၎င်းတို့သည် လူတိုင်းအား စွဲမြဲနေသည့်အတွေးတစ်ခု ဖြစ်ပေါ်စေသည်။ မည်သည့် စွဲမြဲနေသည့်အတွေးဖြစ်သနည်း။ အဖွဲ့၌ ၎င်းတို့ရှိမှသာ အလုပ်ကို လည်ပတ်နိုင်သည်၊ ၎င်းတို့မရှိလျှင် အခြားမည်သူကမျှ ဝန်ထုပ်ကို ခေါင်းမခံနိုင်သည့်အလား ဖြစ်သည်ဟု ထင်မြင်ရန် စွဲမြဲနေသည့်အတွေးဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ၎င်းတို့၏ပန်းတိုင်ကို ဖြစ်မြောက်ပြီး ဖြစ်သည်မဟုတ်လော။ ဤလူတို့သည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့သည်။ ထိန်းချုပ်ခံရခြင်း၏ ရှေ့ပြေးမှာ အဘယ်နည်း။ လုံးလုံးသိမ်းပိုက်ခံရခြင်း၊ အနိုင်ယူခံရခြင်း ဖြစ်သည်။ အန္တိခရစ်များသည် ၎င်းတို့အား အရှုံးပေးအပ်နှံရန် သင့်အား ညှဉ်းပန်းလေသည်မှာ အမှန်နှင့်အမှားကို သင်မသိသည်အထိ၊ ၎င်းတို့ကို ပိုင်းခြားသိမြင်ရန်၊ သို့မဟုတ် ၎င်းတို့အပေါ် မည်သည့်သမ္မာတရားရှုထောင့်နှင့်မျှ ချိတ်ဆက်ရန် လုံးဝ မကြိုးစားသည်အထိ၊ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာမဆိုက မှန်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ပြီး ၎င်းတို့ မှန်သလော၊ မှားသလောဆိုသည်ကို မစိစစ်ရဲသည်အထိ ဖြစ်သည်။ ဤသည်တို့မှာ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို လူတို့ ခံရပြီးနောက် ဖြစ်ပေါ်သော အကျိုးဆက်များဖြစ်သည်။ ထို့နောက် ချက်ချင်းပင် ထိုလူတို့သည် အန္တိခရစ်များနောက်သို့ လိုက်ကြသည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ရှင်းလင်းစွာပင် အန္တိခရစ်များသည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည့် သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့လုပ်ဆောင်သမျှနောက်ကွယ်ရှိ အကြောင်းရင်းများနှင့် မကောင်းသော ရည်ရွယ်ချက်များသည် အဘယ်နည်း။ ၎င်းတို့၏ လုပ်ရပ်များ၊ ၎င်းတို့၏ လမ်းခရီးများ၊ နည်းလမ်းများအပြင် ၎င်းတို့၏ စကားများ၏ အရင်းအမြစ်သည် အဘယ်နည်း။ ဤသည်မှာ ၎င်းတို့သည် သင့်အား အနိုင်ယူလိုခြင်း၊ နှိပ်ကွပ်လိုခြင်း၊ ၎င်းတို့အား သင်အရှုံးပေးအပ်နှံရန် လုပ်ဆောင်လိုခြင်း၊ မည်သူက အကြီးအကဲဖြစ်သည်၊ မည်သူက ဦးဆောင်ရန် အရည်အချင်းပြည့်မီသည်၊ ထိုနေရာတွင် မည်သူက အဆုံးအဖြတ် ပေးပိုင်ခွင့်ရှိသည်ဆိုသည်ကို သင့်အား ပြလိုခြင်း၊ အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိသည်မှာ သမ္မာတရား မဟုတ်သည်ကိုလည်းကောင်း၊ ၎င်းတို့မှလွဲ၍ မည်သူကမျှ ဤလူတို့၏ သခင်မဖြစ်နိုင်၊ သို့မဟုတ် အဆုံးအဖြတ်မပေးနိုင်၊ သို့မဟုတ် ဆုံးဖြတ်ချက်များကို မချမှတ်နိုင်ဆိုသည်ကိုလည်းကောင်း ပြလိုခြင်းဖြစ်သည်။ သမ္မာတရားအကြောင်းကို သင်ပြောလိုသော်လည်း သင့်အနေဖြင့် ပြောရန် မဖြစ်နိုင်ပေ။ မတူညီသော ထင်မြင်ချက်များကို သင်တင်ပြလိုသော်လည်း စဉ်းပင်မစဉ်းစားနှင့်။ ဤသည်မှာ အန္တိခရစ်တို့၏ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ရက်စက်ကြမ်းကြုတ်ခြင်းဖြစ်သည်။ ၎င်းတို့သည် လူတို့ကို သိမ်းပိုက်ပြီး ထိန်းချုပ်လိုသည်။ အန္တိခရစ်များ၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို သင်ကြည့်သည်ဖြစ်စေ၊ ၎င်းတို့၏ တကယ့်လုပ်ရပ်များကို ကြည့်သည်ဖြစ်စေ ဤအရာအားလုံးသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားနှင့် သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းကို သိသာထင်ရှားစေသည်။ လူတို့ကို သိမ်းပိုက်ခြင်း၊ ထိန်းချုပ်ခြင်းတွင် အန္တိခရစ်တို့၌ရှိသော ဤနည်းလမ်းများ၊ ထုတ်ဖော်ခြင်းများ၊ သရုပ်သကန်များ၊ ထို့အပြင် ၎င်းတို့၏ အနှစ်သာရများသည် ငါတို့ မိတ်သဟာယဖွဲ့နေသည့် အဓိကအကြောင်းအရာနှင့် အပြည့်အဝ တစ်ထပ်တည်းကျသည်။ အန္တိခရစ်များသည် လူတို့အား ၎င်းတို့အပေါ်ကိုသာ ကျိုးနွံနာခံစေလိမ့်မည်။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာ လူတို့သည် ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ရမည်၊ ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြစ်သည်ဟူ၍ ဖြစ်သည်။ လူတစ်ဦးသည် မတူညီသည့်ထင်မြင်ချက်တစ်ခုကို တင်ပြပြီး ၎င်းတို့လုပ်ဆောင်နေသည့်အရာက သမ္မာတရားနှင့် ဆန့်ကျင်သည်ဟု ဆိုခဲ့လျှင် ၎င်းတို့က “သမ္မာတရားနှင့် ဆန့်ကျင်သည်ဟု ဆိုသလော။ ပြောပါ။ သမ္မာတရား ဆိုသည်မှာ အဘယ်နည်း။ သင် အသေအချာ ရှင်းပြနိုင်လျှင် ကျွန်ုပ် သင့်ကို အရှုံးပေးမည်။ သို့သော် မရှင်းပြနိုင်လျှင် သင့်အား ရှက်ဖွယ်ကောင်းသော အနေအထားသို့ ရောက်အောင် ကျွန်ုပ်လုပ်ဆောင်မည်” ဟု ခွန်းတုံ့ပြန်သည်။ ၎င်းတို့က ဤသို့ပြောသောအခါ၌ လူအချို့က အလွန်ပင်ကြောက်ရွံ့ကာ “ကျွန်ုပ်သည် အမှန်ပင် အသေအချာ ရှင်းမပြနိုင်ပါ။ ထို့ကြောင့် သင်ပြောသည့်အရာကိုသာ ကျွန်ုပ် လုပ်ဆောင်မည်” ဟု ပြောလေသည်။ ဤသို့ဖြင့် အန္တိခရစ်များသည် ၎င်းတို့၏ ပန်းတိုင်ကို ဖြစ်မြောက်ခဲ့ပြီး ဖြစ်သည်။ ဤသို့လုပ်ဆောင်သောလူများရှိသလော။ (ရှိပါသည်။) ဤသို့သောအရာများကို သင်တို့ လုပ်ဆောင်ခဲ့သလော။ (မလုပ်ဆောင်ခဲ့ပါ။) အန္တိခရစ်များတွင် ဤကျွမ်းကျင်မှုရှိသည်။ သာမန်လူတစ်ဦးသည် အခြားလူများအား သူ ဖျောင်းဖျနိုင်ခြင်း မရှိသည်ကို မြင်သောအခါတွင် လက်လျှော့သည်။ ၎င်းတို့သည် ထိုနည်းကို မပိုင်ဆိုင်ပေ။ တစ်ဖက်တွင် ဤသည်မှာ ၎င်းတို့သည် ထိုပုံစံဖြင့် မပြောဆိုနိုင်ခြင်း၊ မိမိစိတ်တွင် ရှိသည့်အရာကို မဖော်ပြနိုင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ကောင်းစွာ ပြောဆိုနိုင်ခြင်း၊ ငြင်းခုံနိုင်ခြင်းမရှိ။ အခြားတစ်ဖက်တွင် ၎င်းတို့သည် စိတ်ရင်း၌ ထိုမျှ ရက်စက်မှုမရှိခြင်း ဖြစ်သည်။ ဤအရာများကို လုပ်ဆောင်နိုင်သူတို့သည် ၎င်းတို့စိတ်အတွင်း၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုရှိရမည်။ ၎င်းတို့သည် ကြမ်းကြုတ်ပြီး အတော်အသင့် ရက်စက်ရမည်။ အခြားမည်သူ၏ ခံစားချက်ကိုမျှ ဂရုမစိုက်ရပေ။ တစ်စုံတစ်ဦးက ၎င်းတို့နှင့် သဘောမတူလျှင် ၎င်းတို့သည် ထိုသူကို အလွန့်အလွန် ကြမ်းကြုတ်သော ပုံစံနှင့် ညှဉ်းပန်းလိမ့်မည်။ ၎င်းတို့က မည်သို့ရက်စက်စွာ ညှဉ်းပန်းပါစေ ၎င်းတို့၏ အသိတရားက ဤအတွက် အပြစ်ရှိသည်ဟု ခံစားရမည်မဟုတ်၊ သို့မဟုတ် ဤအရာကို သတိမူမိမည်မဟုတ်။ တစ်စုံတစ်ယောက်က “၎င်းတို့သည် အတော်အတန် သနားစဖွယ်ကောင်းနေပြီးသား ဖြစ်သည်။ ၎င်းတို့အား ကျွန်ုပ်ပြောသည့်အရာကို အဘယ်ကြောင့် လုပ်ခိုင်းမည်နည်း။ ကျွန်ုပ်သည် ၎င်းတို့အား လွှတ်ပေးလိုက်မည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်။ ကျွန်ုပ်ကို မဟုတ်။ သမ္မာတရားနှင့်ညီသည့်ပုံစံဖြင့် စကားပြောသူမည်သူကိုမဆို ၎င်းတို့ နားထောင်လိုက်နိုင်သည်။ မည်သူဖြစ်သည်က အရေးမကြီး။ ကျွန်ုပ်သည် ဤတစ်ကြိမ်တွင် ထားလိုက်တော့မည်” ဟု ဆိုလိမ့်မည်။ အန္တိခရစ်များက ဤသို့ တွေးသလော။ မတွေးပေ။ အန္တိခရစ်များသည် ဤသို့သော ဆင်ခြင်တုံတရားလုံးဝမရှိ။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့်ပတ်သက်၍ အလွန်ပင် ပြတ်သားကြသည်။ ယင်းတို့ကို ဖက်တွယ်ထားပြီး လက်လွှတ်မည် မဟုတ်ပေ။ သိုးတစ်ကောင်ကို ပါးစပ်ထဲတွင် ခဲထားသော ဝံပုလွေကဲ့သို့ပင် ဖြစ်သည်။ ဝံပုလွေတစ်ကောင်နှင့် သင် ညှိနှိုင်းဆွေးနွေးရန်၊ သိုးကို မစားဖို့ တားဆီးရန် ကြိုးစားလျှင် အလုပ်ဖြစ်မည်လော။ ဖြစ်မည်မဟုတ်။ အဘယ်ကြောင့် မဖြစ်သနည်း။ ဤသည်မှာ သူ၏ စိတ်သဘောထားဖြစ်သောကြောင့် ဖြစ်သည်။ ဝံပုလွေက မည်သည့်အရာကို ယုံကြည်သနည်း။ “ငါ ဆာလောင်သည်။ သိုးကို စားရခြင်းအား နှစ်သက်သည်။ ဤသည်မှာ မှန်သည်။ သိုးကို ငါစားလိုသည်ဖြစ်စေ၊ မစားလိုသည်ဖြစ်စေ အားလုံးက မှန်ကန်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သူ၏ အတွေးအခေါ်ဖြစ်သည်။ သူလုပ်ရပ်များ၏ စံနှုန်းနှင့် အရင်းအမြစ်ဖြစ်သည်။ အလားတူပင် အန္တိခရစ်များက လူတို့ကို သိမ်းပိုက်ပြီး ထိန်းချုပ်သောအခါ ၎င်းတို့က “ငါသည် ဘုရားမဟုတ်။ လူတို့ကို ငါထိန်းချုပ်သည်မှာ မည်မျှအရှက်မဲ့လိုက်သနည်း။ လူတို့သည် ငါ့ကို ပိုင်းခြားသိမြင်အောင် လုပ်ဖို့ လာလျှင် ငါ၏ မျက်နှာကို မည်သည့်နေရာ၌ ပြနိုင်သနည်း” ဟု တွေးသလော။ ၎င်းတို့၌ ဤသို့သော ရှက်စိတ်ရှိသလော။ (မရှိပါ။) ၎င်းတို့၌ ရှက်စိတ်မရှိ။ ဤသို့ဆိုလျှင် ၎င်းတို့၏ လူ့သဘာဝ၌ မည်သည့်အရာ လိုအပ်နေသနည်း။ ရှက်စိတ်၊ ဆင်ခြင်တုံတရားနှင့် အသိစိတ်ဖြစ်သည်။ ဤအရာများသည် ၎င်းတို့၏ လူ့သဘာဝ၌ မရှိပေ။ ထိုအရာများမရှိလျှင် ၎င်းတို့သည် လူသားဖြစ်သေးသလော။ မဖြစ်ပေ။ လူ့အရေခြုံထားသောသူ အားလုံးက မလွဲမသွေ လူသားဖြစ်ခြင်းမျိုးမဟုတ်။ အချို့မှာ မကောင်းဆိုးဝါးများဖြစ်သည်။ အချို့မှာ လမ်းလျှောက်သော အလောင်းကောင်များဖြစ်သည်။ အချို့မှာ တိရစ္ဆာန်များဖြစ်သည်။ ဤသို့ဆိုလျှင် အန္တိခရစ်များသည် မည်သည့်အရာမျိုး ဖြစ်သနည်း။ နတ်ဆိုးများဖြစ်သည်။ ၎င်းတို့ထဲမှ အချို့မှာ ဆိုးယုတ်သော မကောင်းဆိုးဝါးများဖြစ်ပြီး အခြားသူများမှာ ဝိညာဉ်ဆိုးများ ဖြစ်သည်။ အနှစ်ချုပ်လျှင် ၎င်းတို့သည် လူသားမဟုတ်။ အန္တိခရစ်များက လူတို့နှင့် လူတို့၏ စိတ်နှလုံးများအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်နိုင်သည်မှာ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား၊ အသိစိတ်၊ အရှက်တရားတို့ကို ၎င်းတို့ မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝအနှစ်သာရက ကောက်ကျစ်ဆိုးယုတ်သည်ကို ပြသည်။ အဆင့်အတန်းနှင့် လူတို့အတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ဖို့မဆိုထားနှင့်၊ အဆင့်အတန်းအတွက် အခြားလူများနှင့် ယှဉ်ပြိုင်ခြင်းသည်ပင် ၎င်းတို့အနေဖြင့် လျော်ကန်သော အရာမဟုတ်ပေ။ ဤသည်မှာ ၎င်းတို့သည် အန္တိခရစ်စစ်စစ် ဖြစ်သည်ကိုလည်းကောင်း၊ နတ်ဆိုးများနှင့် စာတန်များ ဖြစ်သည်ကိုလည်းကောင်း ပို၍ပင် ပြသည်။

ငါတို့သည် ယခုအခါတွင် အန္တိခရစ်များ၏ သရုပ်သကန်များကို အချက်ရှစ်အထိ မိတ်သဟာယဖွဲ့ပြီး ဖြစ်သည်။ ယခုအခါ၌ သင်တို့သည် မည်သို့သောသူမျိုး ဖြစ်သည်ကို မြင်ရန်အတွက် မိမိတို့နှင့် အန္တိခရစ်များကြား၊ ထို့အပြင် အန္တိခရစ်လမ်းကြောင်းကို လျှောက်သောသူများနှင့် ၎င်းတို့၏ စိတ်သဘောထားကို ပိုင်ဆိုင်သောသူများကြား ဆက်စပ်ကြည့်နိုင်သလော။ (ကြည့်နိုင်ပါသည်။) ဤဆက်စပ်ကြည့်ခြင်း အချို့ကို သင်တို့ ပြုလုပ်နိုင်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် လူတို့၏ပြဿနာများရှိ မည်သည့်ပြဿနာများကို ဖြေရှင်းနိုင်သနည်း။ (ကျွန်ုပ်တို့အား လမ်းမှားကို မလိုက်ရန် တားဆီးပေးနိုင်ပါသည်။) လမ်းမှားကို မလိုက်ရန် တားဆီးပေးနိုင်သည်။ အခြားမည်သည့်အရာရှိသေးသနည်း။ (ကျွန်ုပ်တို့အနီးတွင် ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်ရန် ထောက်ကူပေးသည်။) သင်တို့အနီးတွင်ရှိသော လူအချို့ကို ပိုင်းခြားသိမြင်ရန် ထောက်ကူပေးသည်။ အခြားလူများအား ပိုင်းခြားသိမြင်ခြင်းသည် ယင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သို့သော် အဓိကအားဖြင့် သင့်ကိုယ်သင်ကိုလည်းကောင်း၊ သင့်အတွင်းရှိ အန္တိခရစ် စိတ်သဘောထားနှင့် သင်လျှောက်သော လမ်းကြောင်းကိုလည်းကောင်း မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သိရမည်။ ဤသည်မှာ သင့်တာဝန်ကို ထမ်းဆောင်ရာတွင် သင့်အား လမ်းမလွဲစေရန်၊ အန္တိခရစ်များ၏ လမ်းကို မလျှောက်စေရန် ကူညီပေးလိမ့်မည်။ တစ်စုံတစ်ယောက်က အန္တိခရစ်များ၏ လမ်းကြောင်းကို စတင်လိုက်သည်နှင့် သူ့အနေဖြင့် နောက်ပြန်လှည့်ရန် လွယ်ကူသလော။ မလွယ်ကူပေ။ ၎င်းအနေဖြင့် စတင်လိုက်သည်နှင့် နောက်ပြန်လှည့်ရန် မလွယ်ကူပေ။ ဤအတွက် အကြောင်းရင်းကို သိသလော။ (သန့်ရှင်းသောဝိညာဉ်တော်က သူ့အတွင်း၌ အလုပ်မလုပ်ပါ။) ဤသည်မှာ အဓိက အကြောင်းရင်းဖြစ်သည်။ လမ်းမှားကို စတင်ခြင်းသည် အန္တရာယ်ရှိသည်။ ဘုရားသခင်ကို ဆန့်ကျင်ရုန်းကန်ရန်၊ ဘုရားသခင်ရွေးချယ်ထားသောလူများအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန်၊ အဆုံးတိုင်အောင် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်ရန် သင် ဆုံးဖြတ်ပြီး ဖြစ်သောကြောင့်ဖြစ်သည်။ သင်သည် သမ္မာတရားကို ရှာဖွေနေခြင်း မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ရှာဖွေနေခြင်း မဟုတ်။ ဤသို့သောလမ်းကြောင်းကို စတင်လျှင် သင် ဒုက္ခရောက်လိမ့်မည်။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်လျက် ရပ်တည်နေလိမ့်မည်။ သင်၏ ခံစားမှုအရဖြစ်သော စိတ်ဆန္ဒဖြင့် ဘုရားသခင်ကို ဆန့်ကျင်လျက် ရပ်တည်နေလိမ့်မည်။ ဆိုလိုသည်မှာ သင်၏ အတွေးများ၊ အမြင်များ၊ ထင်မြင်ချက်များနှင့် ရွေးချယ်မှုများအားလုံးသည် ဘုရားသခင်ကို ရန်လိုလိမ့်မည်။ ဤလမ်းကြောင်းကို သင်မစတင်မီတွင် သင်သည် ဘုရားသခင်ကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပြီး ရန်လိုသော အရှိအတိုင်းဖြစ်သည့် အချို့သော သရုပ်သကန်များ၊ စိတ်သဘောထားများ၊ အနှစ်သာရများ သင်၌ရှိသည့်တိုင် ဘုရားသခင်အား ရန်လိုသည့်လမ်းကြောင်းကို၊ သို့မဟုတ် အန္တိခရစ်လမ်းကြောင်းကို မလျှောက်ရန် စိတ်၌ အချိန်ပြည့်သတိထားနေလျှင် သင့်၌ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးရှိသည်။ သင်သည် အန္တိခရစ်များ၏လမ်းကြောင်းကို၊ ဘုရားသခင်အပေါ် ရန်လိုသည့်လမ်းကြောင်းကို အမှန်ပင် စတင်လျှင် အန္တရာယ်ရှိပြီ ဖြစ်သည်။ အန္တရာယ်က မည်မျှကြီးသနည်း။ ကြီးမားသည်မှာ သင့်အနေဖြင့် နောက်ပြန်လှည့်ရန် လွယ်မည်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်က သင့်တွင် အလုပ်လုပ်မည် မဟုတ်တော့ဟု လူအချို့က ယခုပင်ဆိုကြသည်။ ဤသည်မှာ အလွန်ပင် သိသာသည်။ သန့်ရှင်းသောဝိညာဉ်တော်က ဤသို့သောသူတစ်ဦး၌ အဘယ်သို့ အလုပ်လုပ်နိုင်မည်နည်း။ ထိုလမ်းကြောင်းမျိုးကို သင်စတင်သည်နှင့်၊ ထိုရွေးချယ်မှုကို သင်ပြုလုပ်ပြီးသည်နှင့် အန္တရာယ်ရှိပြီ ဖြစ်သည်။ သင့်စိတ်နှလုံး၌ ဤအရာကို နားလည်သော်လည်း ဤအရာကို လုပ်ဆောင်ဆဲ၊ ထိုလမ်းသို့ သွားဆဲ၊ ထိုရွေးချယ်မှုကို ပြုလုပ်ဆဲဖြစ်ပြီး သင်ပြုမူဆောင်ရွက်သောအခါ၌ ပြောင်းလဲခြင်း၊ သို့မဟုတ် နောင်တရခြင်း မရှိဘဲ၊ သင်၏လမ်းကြောင်းကို နောက်ပြန်လှည့်ခြင်း မရှိဘဲ သင့်ကိုယ်ပိုင်စည်းမျဉ်းများနှင့် သင်၏ ယခင်နည်းလမ်းဟောင်းများအတိုင်း အစဉ်ရှေ့ဆက်လျှင် ယင်းမှာ သင်၏ ဆုံးဖြတ်ချက်ကို ကိုယ်စားပြုသဖြင့် ဘုရားသခင်ကို ရန်လိုလျက် ဤလမ်းကြောင်းကို လျှောက်ခြင်းတွင် သင်စိတ်ဆုံးဖြတ်ပြီး ဖြစ်သည်။ ဤသည်မှာ သင်လုပ်ဆောင်နေသည့်အရာကို နားမလည်ခြင်းမဟုတ်။ သင်သည် အပြစ်တစ်ခုကို သိလျက်နှင့် ကျူးလွန်နေခြင်း ဖြစ်သည်။ “သခင်၊ ကိုယ်တော်သည် မည်သူဖြစ်သနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် ကျွန်ုပ်ကို ဒဏ်ခတ်လိုသနည်း” ဟု ပြောခဲ့သည့် ပေါလုကဲ့သို့ပင် ဖြစ်သည်။ သခင်ယေရှုက သခင်ဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော် ဖြစ်သည်ကိုလည်းကောင်း သူကောင်းစွာသိသော်လည်း ပေါလုသည် သူ့ကို အဆုံးထိ ဆန့်ကျင်ခဲ့ဆဲ ဖြစ်သည်။ ယင်းသည် အပြစ်ကို သိလျက်နှင့် ကျူးလွန်ခြင်း ဖြစ်သည်။ ပေါလုသည် သခင့်အတွက် သက်သေမခံခဲ့သကဲ့သို့ ချီးမြှောက်ခြင်းလည်း မရှိခဲ့ပေ။ သူသည် “သင်သည် သာမန်လူတစ်ဦးသာ မဟုတ်လော။ သင့်၌ တန်ခိုးရှိသောကြောင့်သာ ငါ့ကို ဒဏ်ခတ်နေခြင်း မဟုတ်လော။ သင့်၌ တန်ခိုးရှိကောင်း ရှိနိုင်သည်။ သို့သော် ငါသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ယုံကြည်ဆဲဖြစ်သည်။ လူ့ဇာတိခံယူခြင်း ဖြစ်သည့် သင်သည် ဘုရားမဟုတ်။ သင်သည် ဘုရားနှင့် မဆက်နွှယ်။ သင်သည် ဘုရား၏ သားဖြစ်သည်။ သင်သည် ငါတို့နှင့် တန်းတူဖြစ်သည်”ဟု တွေးသည်။ ဤသည်မှာ သူ၏ အမြင်မဟုတ်လော။ ပေါလု၏ ဤအမြင်အတွက် အခြေခံအုတ်မြစ်မှာ အဘယ်နည်း။ သခင်ယေရှုက လူ့ဇာတိခံယူထားသော ခရစ်တော်ဖြစ်သည်ကို သူသိလာခဲ့ပြီးသည့်နောက် ယခင်က ဤအမြင်ကို စောင့်ထိန်းခဲ့သကဲ့သို့ စောင့်ထိန်းဆဲ ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခုဖြစ်သည်။ ပြီးလျှင် ဤပြဿနာဖြင့် သူ၏ အဆုံးသတ်မှာ ဆုံးဖြတ်ပြီးဖြစ်သည်။ ထိုအမြင်ကို သူတစ်ချိန်လုံး ကိုင်စွဲထားသည်ကိုထောက်သော် သူလျှောက်ခဲ့သောလမ်းကြောင်းကို ပြောင်းလဲနိုင်ခဲ့မည်လော။ လူတစ်ဦးလျှောက်သည့် လမ်းကြောင်းသည် သူ၏ အမြင်များအပေါ်တွင် အခြေခံသည်။ သင်၏အမြင်များက မည်သည့်အရာဖြစ်စေ ယင်းသည် သင်လျှောက်သည့်လမ်းကြောင်း ဖြစ်သည်။ အပြန်အလှန်ပင် သင်လျှောက်သည့် မည်သည့်လမ်းကြောင်းမဆိုသည် သင့်၌ ဖြစ်ပေါ်မည့် အမြင်များ၊ သင့်၌ရှိမည့် အမြင်များ၊ သင့်အား စိုးမိုးခြယ်လှယ်ပြီး ညွှန်ကြားမည့် အမြင်များဖြစ်သည်။ ဘုရားသခင်အပေါ် ရန်လိုသည့်လမ်းကြောင်းကို သင်စတင်သည်နှင့် တစ်ပြိုင်နက် ဤအမြင်များသည် ပုံပေါ်ပြီး သင့်အတွင်း၌ အမြစ်တွယ်လိမ့်မည်။ ထိုအခါတွင် တစ်ခုမှာ သေချာသည်။ သင်သည် အဆုံးထိ ဘုရားသခင်ကို ဆန့်ကျင်ဖို့ သေချာသည်။ သင်သည် အဆုံးတိုင်အောင် ဘုရားသခင်ကို ပွက်ပွက်ညံအောင် ကန့်ကွက်လျက် သင်၏ ကိုယ်ပိုင်မှားယွင်းသောအမြင်များ၊ အသိပညာနှင့် သဘောထားတို့ကို အစဉ်ကိုင်စွဲထားဖို့ သေချာသည်။ သင်၏ လမ်းကြောင်းကို သင် လုံးဝ နောက်ပြန်လှည့်မည်မဟုတ်။ တစ်စုံတစ်ယောက်က သင့်အား ပြောခဲ့လျှင်ဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းဖွင့်ပြခဲ့လျှင်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများက သင့်အား တွန်းအားပေးခဲ့လျှင်ဖြစ်စေ၊ ဘုရားသခင်က သင့်အား အလင်းပေးခဲ့လျှင်ဖြစ်စေ နောက်ပြန်လှည့်မည်မဟုတ်။ ယင်းအတွက် ဖြစ်နိုင်ခြေ ရှိမည်မဟုတ်ပေ။ ဤသည်မှာ သင်၏ရွေးချယ်မှုဖြစ်သည်။ သင်သည် ပထမ၊ ဒုတိယ၊ တတိယအခွင့်အရေးပေးခြင်း ခံရမည်။ နောင်တရရန် အခွင့်အရေးသုံးခုပြီးနောက် သင်က နောင်တမရသေးလျှင် အနာဂတ်တွင် သင်၌ နောက်ထပ်အခွင့်အရေး ရှိမည်မဟုတ်။ ထိုအခါတွင် သင်မည်မျှအလုပ်လုပ်ပြီး အဖိုးအခ ပေးဆပ်ပါစေ ဘုရားသခင်အနေဖြင့် တို့ထိခြင်းခံရမည် မဟုတ်ပေ။ သူသည် သင်နှင့်ပတ်သက်ပြီး စိတ်ပိုင်းဖြတ်နှင့်ပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သင့်အတွက် မည်သည့်အရာကို ဆုံးဖြတ်ပြီး ဖြစ်မည်နည်း။ သင့်ကို မဖြစ်မနေ အစေခံမှု ပေးခိုင်းလိမ့်မည်၊ သင့်ကို အသုံးပြုလိမ့်မည်ဟူ၍ ဖြစ်သည်။ ပြီးလျှင် သင် အသုံးပြုခံရပြီးနောက်တွင် သူဆုံးဖြတ်ထားပြီးဖြစ်သည့်အတိုင်း သင် ပြစ်တင်ဆုံးမခံရပြီး အပြစ်ဒဏ်ပေးခြင်း ခံရမည့်တစ်နေရာသို့ သင့်အား သူထားရှိလိမ့်မည်။ ဘုရားသခင်က ဤသို့ စိတ်ပိုင်းဖြတ်ခြင်းက အဘယ်သို့ ဖြစ်ပျက်သနည်း။ သင်၏ ခဏတာဖြစ်သော အတွေးကြောင့်လော။ သင်၏ ယာယီဖြစ်သော အယူအဆများကို အခြေခံသလော။ လမ်းမှားပေါ်သို့ သင်ခဏတာ ခြေချခြင်းအပေါ် အခြေခံသလော။ မဟုတ်ပေ။ သင့်စိတ်နှလုံးအတွင်းထဲ၌ နက်ရှိုင်းစွာ ရှိသော အမြင်များအပေါ်၊ သမ္မာတရားအပေါ် သင်၏ ရေရှည်သဘောထားအပေါ်၊ သင်လျှောက်လှမ်းရန် ဆုံးဖြတ်ခဲ့သည့် လမ်းကြောင်းအပေါ် ဤအရာကို ဘုရားသခင်က အခြေခံသည်။ ဤသို့လုပ်ဆောင်ရန် သင်စိတ်ပိုင်းဖြတ်ပြီးဖြစ်ကာ မည်သူက မည်သည့်အရာကို ပြောသည်ဖြစ်စေ အသုံးမဝင်ပေ။ အနာဂတ်တွင် သင်လျှောက်သည့်လမ်းကြောင်းအတွက် အခြေခံအုတ်မြစ်အဖြစ် ဤသဘောတရားကို အသုံးပြုရန် သင်စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်။ သင် စိတ်ပိုင်းဖြတ်ပြီး ဖြစ်သောကြောင့် ဘုရားသခင်က သင်၏ အဆုံးသတ်ကို အဆုံးအဖြတ်မပေးရသလော။ သင်၏ အဆုံးသတ်ကို ရှေးယခင်ကတည်းက အဆုံးအဖြတ်ပေးပြီး ဖြစ်သည်။ ဤအရာကိုလုပ်ဆောင်ရန် ဘုရားသခင်အနေဖြင့် အဆုံးတိုင်အောင် စောင့်ဆိုင်းဖို့ မလိုပေ။ အချို့လူများတွင် ဘုရားသခင်သည် ၎င်းတို့၏ သရုပ်သကန်များကို အစဉ်ကြည့်ရှုသည်။ ဤလူတို့သည် နောက်ဆုံးတွင် လမ်းဆုံးသို့ရောက်သောအခါ ၎င်းတို့၏ အဆုံးသတ်များကို ၎င်းတို့၏ သရုပ်သကန်အမျိုးမျိုးအပေါ် အခြေခံကာ နောက်ဆုံးအနေဖြင့် ဆုံးဖြတ်၏။ လူအချို့သည် ဒုစရိုက်အမှုများထက် ကောင်းမှုများကို ပို၍လုပ်ဆောင်ခဲ့သည်။ အပျက်သဘောဆောင်ပြီး မကောင်းမှုပြုလုပ်သော သဘောထားများထက် ဘုရားသခင်အပေါ် ပို၍ကောင်းမွန်ပြီး အပြုသဘောဆောင်သော သဘောထားများကို စိတ်တွင်ထားရှိခဲ့သည်။ ပြီးလျှင် ၎င်းတို့၏ မတူညီသော အပြုအမူများနှင့် သရုပ်သကန်များ၏ ပမာဏအပေါ် အကဲဖြတ်ချက်ကို အခြေခံပြီး ၎င်းတို့၏နောက်ဆုံး အဆုံးသတ်များကို အဆုံးအဖြတ်ပေးသည်။ သို့သော်လည်း အခြားသူများ ရှိကြပြီး ၎င်းတို့၏ အဆုံးသတ်များကိုမူ ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းကို တစ်ချက် ကြည့်ရှုပြီးနောက် ဘုရားသခင်က ဆုံးဖြတ်တော်မူ၏။ ဤသို့ဆိုလျှင် ဘုရားသခင်က လူတို့၏ အဆုံးသတ်များကို အဆုံးအဖြတ်မပေးမီတွင် လူတို့ကို အခွင့်အရေးများ ပေးသလော။ ပေးသည်။ မည်မျှပေးသနည်း။ လက်ဆုပ်လက်ကိုင်ပြနိုင်သော အရေအတွက်မရှိဖို့ များသည်။ ယင်းသည် လူတစ်ယောက်၏ သဘာဝအနှစ်သာရအပေါ် မူတည်သည်။ သူ၏ လိုက်စားမှုအပေါ်တွင်လည်း မူတည်သည်။ လူအချို့က အခွင့်အရေးသုံးခု ရကောင်းရနိုင်သည်။ အချို့မှာ ကယ်၍မရနိုင်ပေ။ ၎င်းတို့သည် အလွန့်အလွန်မိုက်မဲပြီး စိတ်နှလုံးမာကျောသည်။ မည်သည့်သမ္မာတရားကိုမျှ လုံးဝ လက်မခံပေ။ ၎င်းတို့သည် အခွင့်အရေးသုံးခု မရမီတွင် ၎င်းတို့၏ အဆုံးသတ်များကို အဆုံးအဖြတ်ပေးခြင်း ခံရသည်။ သို့တိုင်အောင် လူအချို့တွင် ဘုရားသခင်သည် ၎င်းတို့၏ အခြေအနေများကို အခြေခံ၍ ၎င်းတို့၏ အသက်အရွယ်နှင့် ၎င်းတို့ ဖြတ်သန်းခဲ့သည့် အရာများကို အခြေခံ၍ ၎င်းတို့အတွက် ပတ်ဝန်းကျင်အချို့ကို စီစဉ်သည်။ သူသည် ၎င်းတို့ကို အခွင့်အရေးငါးခုပေးနိုင်သည်။ ဤသည်မှာ သမ္မာတရားကို လက်ခံစဉ် ၎င်းတို့၏ သဘာဝ၊ အနှစ်သာရနှင့် သဘောထားအပေါ် အခြေခံသည်။ ဘုရားသခင်သည် ဤအရာများကို အခြေခံ၍ လူတစ်ဦး၏ အဆုံးသတ်နှင့် ခရီးပန်းတိုင်ကို အဆုံးအဖြတ်ပေးသည်။

လူတို့အပေါ်၌ အမျိုးမျိုးသော အရာများ ဖြစ်ပျက်ကြ၏။ ပြီးလျှင် ယင်းတို့အား မည်သို့ရင်ဆိုင်ရမည်ကို ၎င်းတို့ သိလေ့မရှိကြပေ။ သမ္မာတရားကို နားလည်ရန် ၎င်းတို့ မကြိုးပမ်းလျှင် အဆင်ပြေမည်လော။ သမ္မာတရားကို လူတို့ နားမလည်သောအခါ၌ လမ်းမှားကို ၎င်းတို့လျှောက်ရန် လွယ်ကူသည်။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ပြီး ၎င်းတို့အတွင်းမှ ထွက်ပေါ်လာသောအရာများသည် ၎င်းတို့ သဘာဝအလျောက် ထုတ်ဖော်သောအရာများ ဖြစ်သည်။ ပြီးလျှင် ယင်းတို့ထဲမှ မည်သည့်အရာကမျှ သမ္မာတရားနှင့် မညီပေ၊ သို့မဟုတ် ဘုရားသခင်ကို သစ္စာမဖောက်ခြင်း မရှိပေ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် တရားဒေသနာများကို ၎င်းတို့ အစဉ်နားထောင်သင့်သနည်း။ တရားဒေသနာများကို အစဉ်နားထောင်ခြင်း၊ အစဉ်ဆင်ခြင်တွေးတောခြင်း၊ အစဉ်အလေးအနက်ခံယူခြင်း၊ အစဉ် ဆုတောင်းပြီး ရှာဖွေခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြင့်၊ ဘာသာတရား ကိုင်းရှိုင်းသည့် စိတ်နှလုံးဖြင့်၊ သမ္မာတရားကို တောင့်တသော စိတ်နှလုံးဖြင့် ဘုရားသခင်ရှေ့သို့ လာခြင်း၊ ဝတ်ပြုခြင်းများအတွက်၊ ဆုတောင်းခြင်းနှင့် ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းတို့အတွက် နေ့တစ်ရက်ချင်းစီတွင် အချိန်သတ်မှတ်ခြင်း၊ အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်း၊ အလုပ်လုပ်ရန် အခြားလူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ဤစည်းမျဉ်းများနှင့်အညီ နေ့စဉ် ပြုမူလုပ်ဆောင်ခြင်းနှင့် နေ့စဉ် ဤစည်းမျဉ်းများကို ထိန်းသိမ်းခြင်းတို့ဖြစ်သည့် ဤအသေးစိတ်အခြေခံသဘောတရားများကို လူတို့ လက်တွေ့လုပ်ဆောင်မှုသည် ရလဒ်များ ရရှိခြင်း ရှိမရှိကို ဘုရားသခင် ကြည့်သည်။ လူအချို့က “ယင်းတို့သည် လုပ်ငန်းစဉ်များသာ မဟုတ်လော” ဟု မေးနိုင်သည်။ လုပ်ငန်းစဉ်ဆိုသည်မှာ အဘယ်နည်း။ ဤသည်တို့မှာ ပြင်ပအရာများမဟုတ်။ သင်သည် ထိုသို့လုပ်ဆောင်ရန် စိတ်ပါလျှင်သာ ဤအရာများကို လိုက်နာစောင့်ထိန်းနိုင်သည်။ ထိုစိတ်မရှိလျှင် ယင်းတို့ကို သင်နေ့ရက်မည်မျှကြာ လိုက်နာစောင့်ထိန်းနိုင်သနည်း။ ယင်းတို့ကို သင်လိုက်နာစောင့်ထိန်းနိုင်မည် မဟုတ်ပေ။ အချို့ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များကို မည်သည့်အခါမျှ စားသောက်ခြင်းမရှိဘဲ ဝတ်ပြုခြင်းများကိုလည်း မည်သည့်အခါမျှ ပါဝင်လုပ်ဆောင်ခြင်းမရှိ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများ မဟုတ်ဟု ဆိုလိုသည်။ စစ်မှန်သော ယုံကြည်သူများ မဟုတ်လျှင် အဘယ်သို့ ခေါင်းဆောင်များဖြစ်လာသနည်း။ အချို့သောနေရာများတွင် အလုပ်အတွက် သင့်တော်သည့်သူ မည်သူမျှမရှိပေ။ ထို့ကြောင့် အသင်းတော်သည် ဤလူတို့ကို အသုံးပြုပြီး ဖြစ်အောင်လုပ်ရသည်။ ၎င်းတို့က “ငါသည် ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံရသည်။ ငါသည် ဤအလုပ်ကို ဘုရားနှုတ်ကပတ်တော်အား မစားသောက်သော်လည်း လုပ်ဆောင်နိုင်သည်။ လူတို့၌ ခြေထောက်နှင့် ပါးစပ်ရှိသရွေ့ ဤအလုပ်ကို ၎င်းတို့ လုပ်ဆောင်နိုင်သည်”ဟု တလွဲ တွေးကြသည်။ ဤသည်မှာ စဉ်းစားဉာဏ်မရှိခြင်း ဖြစ်သည်။ အလုပ်ကို သင်လုပ်နိုင်သလောဆိုသည်ကို ဘုရားသခင် မကြည့်။ သင်လုပ်ဆောင်ခဲ့သည့်အရာကို ဘုရားသခင်ကြည့်သည်။ သင်လုပ်ဆောင်နိုင်သည့်အရာကို အခြားလူတစ်ယောက်လည်း လုပ်ဆောင်နိုင်သည်။ ပုံမှန်အသိဉာဏ်အနည်းငယ် ရှိသူ မည်သူမဆို လုပ်ဆောင်နိုင်သည်။ သင်က ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်း ခံရသောကြောင့် ထိုအလုပ်ကို သင်လုပ်နိုင်သည်ဟုလည်းကောင်း၊ သင်၏ အောင်မြင်မှုသည် အာမခံချက် ရှိသည်ဟုလည်းကောင်း၊ သင်သည် စုံလင်အောင်ပြုခြင်း ခံရသည်ဟုလည်းကောင်း၊ ထို့နောက်တွင် သင်သည် အသက်ရှင်ကျန်ရစ်ရန် အခွင့်အရေး ရှိသည်ဟုလည်းကောင်း မထင်လိုက်လေနှင့်။ ဤပုံစံဖြင့် ဖြစ်ခြင်းမဟုတ်။ သင်မည်မျှ အလုပ်လုပ်သည်ကို ဘုရားသခင်က လုံးဝ မကြည့်ပေ။ သင်လုပ်ဆောင်ခဲ့သည့်အရာကို၊ သင်လျှောက်လှမ်းသည့် လမ်းကြောင်းကို သူကြည့်သည်။ ဤအရာနှင့်ပတ်သက်ပြီး သင့်ကိုယ်သင် အရူးမလုပ်နှင့်။ သင်က “ရွေးချယ်ခြင်း မခံရသောသူများစွာရှိသည့်တိုင် ငါက ရွေးချယ်ခြင်းခံရသည်။ ငါသည် ထူးချွန်သည့်ပုံစံရှိသည်။ ငါသည် အခြားလူများထက် ပို၍အစွမ်းအစရှိပြီး ပိုတော်သည့် ပုံစံရှိသည်” ဟု တွေးကောင်းတွေးနိုင်သည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာက တော်သနည်း။ သင်သည် တော်လျှင်ပင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရန်၊ သမ္မာတရားကို ချိုးဖောက်လျက် ပြုမူလုပ်ဆောင်ရန် အခွင့်မရှိသည်မှာ သေချာသည်။ သင်သည် တော်လျှင်ပင် ဝတ်ပြုခြင်း၊ သို့မဟုတ် ဆုတောင်းခြင်း၌ မပါဝင်ရန်၊ သင်ပြုမူဆောင်ရွက်သောအခါ၌ သမ္မာတရားကို မရှာရန် အခွင့်မရှိသည်မှာ သေချာသည်။ ထိုအရာများနှင့်ပတ်သက်၍ သင် အခွင့်မရှိပေ။ မည်သည့် အဆင့်အတန်း၊ သို့မဟုတ် ရာထူးကမျှ သင်၏ အရင်းအနှီးမဟုတ်။ ယင်းတို့သည် ယာယီဖြစ်သောအရာများ၊ အပြင်ပန်းဖြစ်သော အရာများဖြစ်သည်။ ဘုရားသခင်က သင်၏ သစ္စာစောင့်သိမှုကို ကြည့်သည်။ သမ္မာတရားအား သင်လက်တွေ့လုပ်ဆောင်မှုကို၊ လိုက်စားမှုကို၊ သမ္မာတရားအပေါ် သင်၏ သဘောထားကို သူကြည့်သည်။ သင်၏ ကျိုးနွံနာခံမှုကို သူကြည့်သည်။ သင့်တာဝန်နှင့် အထူးတာဝန်အပေါ် သင်၏ သဘောထားကို သူကြည့်သည်။ လူအချို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် အားများစွာ စိုက်ထုတ်ကောင်း စိုက်ထုတ်နိုင်သည်။ သို့သော် သမ္မာတရားစည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်ပေ။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်သင့်သည်ဟု ၎င်းတို့အား သင်ပြောလျှင် ၎င်းတို့သည် အတိုက်အခံပြုသည်။ စိတ်ဆိုးဒေါသထွက်ပြီး လက်မခံပေ။ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ဖော်ခြင်းခံရသည်။ မည်သည့်အရာ ထုတ်ဖော်ခြင်းခံရသနည်း။ သမ္မာတရားကို ၎င်းတို့ လက်မခံခြင်း ဖြစ်သည်။ သမ္မာတရားကို လက်မခံသူတို့သည် မည်သည့်လူစားမျိုး ဖြစ်ကြသနည်း။ မယုံကြည်သူများ ဖြစ်သည်။ မယုံကြည်သူများသည် မည်သည့်အရာနှင့် ကျိုးကြောင်းမမြင် အလုပ်ရှုပ်နေကြသနည်း။ ၎င်းတို့အလုပ်ရှုပ်ခြင်းတွင် အဘယ်ကြောင့် အလွန်အားစိုက်ကြသနည်း။ ၎င်းတို့တွင် ပန်းတိုင်တစ်ခုရှိသည်။ ၎င်းတို့က “ငါ့အနေဖြင့် ဤနေရာတွင် ‘အာဏာပိုင်’ ဖြစ်ရန် အခွင့်အရေးရှိသည်။ အာဏာပိုင်ဖြစ်လျှင် အသင်းတော်ကို ငါ မှီခိုကပ်ရပ်နိုင်ပြီး လူအားလုံး၏ ကိုးကွယ်ခြင်းကို ခံရနိုင်သည်။ ဤနေရာသည် အလွန်ကောင်းလှသည်။ ဤထမင်းစားလက်မှတ်ကို ရရန်မှာ အလွန်တရာ လွယ်ကူလွန်းသည်။ ပြီးလျှင် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်သည်လည်း ထို့အတူဖြစ်သည်။ ဤအဆင့်အတန်းသည် ကြိုးပမ်းရရှိရန် အလွန်လွယ်ကူခြင်းပင် ဖြစ်သည်။ ဤနေရာတွင် အာဏာပိုင်ဖြစ်ရသည်မှာ အလွန်ပင် လွယ်ကူလေသည်” ဟူ၍ မြင်ကြသည်။ ၎င်းတို့သည် ဤဘဝသက်တမ်းတွင် “အာဏာပိုင်”တစ်ဦးဖြစ်ရမည်ဟု လုံးဝ မထင်ခဲ့။ သို့သော် ၎င်းတို့၏ “အာဏာ”ကို ဆုံးရှုံးသည်နှင့် ၎င်းတို့၏ သရုပ်မှန်ကို ပြကြသည်။ ဘုရားအိမ်တော်အတွက် မည်သည့်အားစိုက်ထုတ်မှုကိုမျှ မပြုလုပ်တော့ပေ။ ၎င်းတို့သည် ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်နိုင်ဦးမည်လော။ ပေးဆပ်နိုင်မည်မဟုတ်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ထုတ်ဖော်ခြင်း မခံရသလော။ လူအချို့သည် အဆင့်အတန်းရှိသည်နှင့် အစွမ်းကုန် လုပ်ဆောင်ကာ အားစိုက်ထုတ်ပြီး အပင်ပန်းခံကြသည်။ မည်မျှဒုက္ခခံရသည်ဖြစ်စေ စောဒကမတက်ပေ။ သို့တိုင်အောင် ၎င်းတို့၌ အဆင့်အတန်းမရှိတော့သည်နှင့် အပျက်သဘောဆောင်လာကြသည်မှာ ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းက ၎င်းတို့အပေါ် လွှမ်းမိုးသည်အထိ ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ထုတ်ဖော်ခြင်းမခံရသလော။ အဆင့်အတန်းက ၎င်းတို့ကို ထုတ်ဖော်ခဲ့သည်။ ၎င်းတို့ကို စမ်းသပ်မှုများအား ဖြတ်သန်းစေရန် လိုအပ်ခြင်းရှိသလော။ မလိုပေ။ ကောင်းပြီ။ ယနေ့ မိတ်သဟာယကို ဤတွင် ငါတို့ လက်စသတ်ကြမည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။