အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂) အခန်း သုံး
ဂ။ ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ဆက်ဆံရာ၌ လူတို့၏ သဘောထားနှင့် အပြုအမူ
ငါတို့၏ တတိယအချက်မှာ လူတို့၏ နေ့စဉ်အသက်တာတွင် ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ဆက်ဆံရာ၌ လူတို့၏ သဘောထားနှင့် အပြုအမူဖြစ်သည်။ ဤသည်မှာ မည်သည့်အသက်အရွယ်ရှိသည်ဖြစ်စေ အခြားလူများကြားတွင် နေထိုင်သည့်လူတိုင်း ရင်ဆိုင်ရမည့် ပြဿနာတစ်ခုဖြစ်သည်။ ယင်းသည် မည်သည့် လူ့သဘာဝရှုထောင့် ပါဝင်သနည်း။ အကြင်သူ၏ ဂုဏ်သိက္ခာ၊ ရှက်စိတ်နှင့် ကျင့်ကြံပြုမူသည့်ပုံစံတို့ပါဝင်သည်။ အချို့သူတို့သည် ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ဆက်ဆံခြင်းကို အလွန် သာမန်ကာလျှံကာဖြင့် ရှုမြင်သည်။ ၎င်းတို့သည် မည်သည့်အရာမျှမဖြစ်သရွေ့ ကိစ္စမရှိဟု ခံစားရကြပြီး ကိလေသာစိတ်များတွင် မွေ့လျော်ခံစားခြင်း သို့မဟုတ် မတရားသော စိတ်ပြင်းပြမှုအချို့ကို ဖော်ပြခြင်းသည်လည်း အလားတူပင် ဖြစ်၏။ ပုံမှန်လူသားဆန်မှုရှိသော လူတစ်ဦးတွင် ထိုကဲ့သို့အတွေးများ ရှိသင့်ပါသလား။ ယင်းမှာ ပုံမှန်လူ့သဘာဝ လက္ခဏာတစ်ရပ် ဖြစ်ပါသလား။ သင်သည် အိမ်ထောင်ပြုနိုင်သည့် အရွယ်သို့ ရောက်ရှိလာသည်နှင့် ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ဆက်ဆံမှုရှိလာပြီး ချစ်ကြိုက်မှုရှိသော ဆက်ဆံရေးရှိလိုကြသည်၊ ပုံမှန်အတိုင်း အတည်တကျ ချစ်ခင်စုံမက်ကြလျှင် မည်သူမျှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ပါ။ သို့သော်လည်း အချို့သူတို့သည် ချစ်ကြိုက်မှုရှိသော ဆက်ဆံရေးမရှိလိုပေ။ သူတို့သည် သူတို့မျက်စိတွင် သဘောကျသည့်သူ တစ်ယောက်ယောက်နှင့် ရက်ပေါင်းအနည်းငယ် အပျော်ရည်းစားထားလိုကြသည်၊ ၎င်းတို့စိတ်ဝင်စားပြီး သူ၏နှစ်သက်မှုနှင့် ကိုက်ညီသည့်သူတစ်ဦးကို တွေ့သည်နှင့် တစ်ပြိုင်နက် စတင်၍ ကိုယ်ရည်သွေးကြသည်။ သူတို့ မည်သို့ ပြသကြသနည်း။ မျက်ခုံးလှုပ်ပြကြသည်၊ မျက်စိမှိတ်ပြကြသည်၊ သို့မဟုတ် သူတို့စကားပြောသည့်အခါ သူတို့၏စကားထဲမှာ လေသံပြောင်းလဲလာကြသည် သို့မဟုတ် ပုံစံတစ်မျိုးမျိုးဖြင့် လှုပ်ရှားလာကြသည် သို့မဟုတ် သူတို့ကို သတိပြုမိလာအောင် ရယ်စရာစကားများ စတင်ပြောဆိုလာကြသည်၊ ဤသို့ဖြင့် သူတို့ပြသကြပါသည်။ ပုံမှန်အားဖြင့် ဤသို့မဟုတ်သော လူတစ်ယောက်သည် ဤအပြုအမူများကို ထုတ်ဖော်သည့်အခါ သူ၏ နှစ်သက်မှုနှင့် ကိုက်ညီသည့် ဆန့်ကျင်ဘက်လိင်ဖြစ်သူအချို့ အနီးအနားတွင် ရှိနေသည်ကို သင့်အနေဖြင့် သေချာသိရှိနိုင်သည်။ ထိုလူများမှာ မည်သူများဖြစ်ကြသနည်း။ ၎င်းတို့သည် ညံ့ဖျင်းသည့် ပုံစံဖြင့် ကျင့်ကြံပြုမူကြသည်၊ သို့မဟုတ် အမျိုးသားများနှင့် အမျိုးသမီးများကြားတွင် ပြတ်သားသောကန့်သတ်ချက်များ မထားရှိကြဟု သင်ပြောဆိုကောင်းပြောဆိုနိုင်သည်၊ သို့သော် သူတို့သည် မနှစ်မြို့ဖွယ် အမူအရာတစ်စုံတစ်ရာမှ မပြသကြပါ။ အချို့သူများက သူတို့သည် ပေါ့ပြက်ပြက်နိုင်ရုံသာဖြစ်သည်ဟု ဆိုကောင်းဆိုနိုင်၏။ တစ်နည်းအားဖြင့် ပြောရလျှင် သူတို့သည် မိမိကိုယ်ကို တန်ဖိုးထားခြင်း ကင်းမဲ့ကြသည်။ ပေါ့ပြက်ပြက်နိုင်သောသူများသည် မိမိကိုယ်မိမိ လေးစားဖို့ စိတ်ကူးမရှိကြပေ။ အချို့သူတို့သည် နေ့စဉ်နိစ္စဓူဝဘဝတွင် ဤလက္ခဏာများကို ထုတ်ဖော်ကြသော်လည်း သူတို့၏တာဝန်များ စွမ်းဆောင်မှုကို မထိခိုက်ပါ၊ သူတို့၏အလုပ် ပြီးဆုံးမှုကိုလည်း မထိခိုက်ပါ၊ ထို့ကြောင့် ၎င်းမှာ တကယ့်ပြဿနာတစ်ခု ဖြစ်ပါသလား။ “၎င်းတို့၏သမ္မာတရား လိုက်စားမှုကို အဟန့်အတားမပြုသမျှကာလပတ်လုံး ယင်းကို တစ်စုံတစ်ရာ ပြောဆိုဆွေးနွေးရန် လိုအပ်သလား” ဟု အချို့သူများက ပြောနေကြပါသည်။ ၎င်းသည် မည်သည့်အရာနှင့် ဆက်စပ်နေသနည်း။ လူတစ်ယောက် လူ့သဘာဝ၏ အရှက်နှင့် ဂုဏ်သိက္ခာဖြစ်သည်။ လူတစ်ယောက်၏ လူသားဆန်မှုသည် အရှက်နှင့် ဂုဏ်သိက္ခာ မရှိဘဲ မဖြစ်နိုင်ပေ၊ ယင်းတို့မရှိဘဲ သူတို့၏လူသားဆန်မှုသည် ပုံမှန်လူ့သဘာဝ မဖြစ်နိုင်ပေ။ အချို့သူတို့သည် ယုံကြည်စိတ်ချရသည်၊ စိတ်အားထက်သန်မှုရှိပြီး တာဝန်ယူကြသည်။ သူတို့လုပ်ဆောင်သမျှတိုင်းတွင် အလုပ်ကို ကြိုးစားလုပ်ကြသည်၊ မည်သည့်အကြီးစား ပြဿနာမျှမရှိ။ သို့သော်လည်း သူတို့သည် သူတို့၏ဘဝများမှ ဤရှုထောင့်ကို လေးလေးနက်နက် မထားကြ။ သင်သည် လိင်မတူသူတစ်ဦးနှင့် ပရောပရည်လုပ်သည့်အခါ ဤသည်မှာ အပြုသဘောဆောင်သလော၊ သို့မဟုတ် ပျက်စီးစေသလော။ သင် ပရောပရည်လုပ်သူက သင်နှင့် အတည်တကျချစ်ခင်စုံမက်လာလျှင် မည်သို့ဖြစ်လာမည်နည်း။ “ယင်းမှာ ငါလိုချင်သည့်အရာ မဟုတ်ဘူး”ဟု သင်ပြောကောင်းပြောနိုင်သည်။ ကောင်းပြီ၊ သင်လိုချင်သည့်အရာ မဟုတ်မှန်းသိလျက်နှင့် တစ်ယောက်ယောက်ကို ပရောပရည်လုပ်နေလျှင် သင်သည် ၎င်းတို့ကို ဆော့ကစားနေခြင်း မဟုတ်သလော။ သင်သည် ၎င်းတို့ကို ဒုက္ခပေးနေခြင်း ဖြစ်သည်။ ဤသည်မှာ ကိုယ်ကျင့်တရား အသိစိတ် အတန်ငယ် ကင်းမဲ့ခြင်းဖြစ်သည်။ ဤသို့လုပ်ဆောင်သည့် လူများသည် ကိုယ်ကျင့်စရိုက် ညံ့ဖျင်းသည်။ ထို့အပြင် သင်သည် ဤဆက်ဆံရေးကို ရှေ့ဆက်သွားရန် မရည်ရွယ်၊ ယင်းကို အလေးအနက်လည်း မထားသည့်အပြင် သင့်အနေဖြင့် ဆန့်ကျင်ဘက် လိင်ဖြစ်သူတစ်ဦးကို ဆက်လက်မျက်ခုံးပင့်ပြနေလျှင်၊ မျက်စိမှိတ်ပြနေလျှင်၊ ပျော်ရွှင်စရာနှင့် ဟာသသဘောဖြင့် ကိုယ်ရည်သွေးနေလျှင်၊ သင့်တွင် စတိုင်ရှိကြောင်း၊ သင်သည် ခန့်ညားကြောင်း၊ သို့မဟုတ် လှပကြောင်း ပြသရန် အရာခပ်သိမ်းလုပ်ဆောင်နေလျှင်၊ သင်သည် ဤသို့ ကိုယ်ရည်သွေးနေလျှင် သင် အမှန်တကယ် မည်သည့်အရာကို လုပ်နေသနည်း။ (လူများကို သွေးဆောင်ဖြားယောင်းခြင်းဖြစ်ပါသည်။) ဤတွင် သွေးဆောင်ဖြားယောင်းရန် ရည်ရွယ်ချက်ရှိသည်။ ယခု ဤသို့သွေးဆောင်ဖြားယောင်းသည့် အမူအရာသည် မြင့်မြတ်သော သို့မဟုတ် အကျည်းတန်ရုပ်ဆိုးသော အရာတစ်ခု ဖြစ်ပါသလား။ (ယင်းမှာ အကျည်းတန်ရုပ်ဆိုးသော အရာတစ်ခုသာ ဖြစ်ပါသည်။) ယင်းသည် ဂုဏ်သိက္ခာတစ်စုံတစ်ရာ မရှိခြင်းဖြစ်သည်။ ဤလောကတွင် မည်သည့်လူအမျိုးအစားက အခြားလူများကို ဖြားယောင်းသွေးဆောင်သနည်း။ ပြည့်တန်ဆာများ၊ လျှပ်ပေါ်လော်လည်သော အမျိုးသမီးများ၊ လူဆိုးများဖြစ်သည်။ ဤလူတို့သည် အရှက်တရားကို မသိကြပေ။ အရှက်တရားကို မသိခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ၎င်းတို့သည် ဂုဏ်သရေပျက်ခြင်းကို မသိတတ်ခြင်းကို ဆိုလိုသည်။ သမာဓိ၊ အရှက်တရား၊ ဂုဏ်အပြင် သိက္ခာနှင့် ဂုဏ်သတင်းတို့ဖြစ်သည့် ယင်းတို့ထဲမှ တစ်ခုကိုမျှ ၎င်းတို့ ဂရုမစိုက်ပေ။ ဤသို့သောလူတို့သည် ကြွားဝါခြင်းနှင့် ပရောပရည်လုပ်ခြင်းတို့ကို ပြုမူကြသည်။ လူတစ်ဦး၊ သို့မဟုတ် နှစ်ဦးနှင့် ပရောပရည်လုပ်ခြင်းသည် ၎င်းတို့အတွက် မလုံလောက်ပေ။ ပြီးလျှင် ရှစ်ယောက်၊ သို့မဟုတ် ဆယ်ယောက်ကို အလွန်အကျွံဖြစ်သည်ဟု ၎င်းတို့ မမြင်ပေ။ ၎င်းတို့ကို ပျော်စေရန် ထောင်ချီ၊ သောင်းချီ၍ လိုအပ်လိမ့်မည်။ အချို့သော အိမ်ထောင်ရှင် အမျိုးသမီးများသည် သားသမီးနှစ်ယောက်ရရှိပြီးဖြစ်ကာ ယင်းကို အိမ်ပြင်ပရှိ မည်သူကမျှ မသိပေ။ ၎င်းတို့သည် လူတို့အား အဘယ်ကြောင့် မသိစေသနည်း။ ၎င်းတို့သည် အိမ်ထောင်ကျပြီးဖြစ်ကာ ကြင်သူရှိပြီးဖြစ်သည်ဟု ပြောသည်နှင့် ၎င်းတို့၏ ကလူကျီစယ်မှုများတွင် ထပ်၍ အောင်မြင်မှုတစ်ခုတလေ မရှိတော့မည်ကိုလည်းကောင်း၊ ၎င်းတို့၏ ညှို့ယူဖမ်းစားမှုနှင့် ဆွဲဆောင်မှုအား ဆုံးရှုံးရမည်ကိုလည်းကောင်း ၎င်းတို့ကြောက်ကြသောကြောင့် ဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ယင်းနှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းကို ရှိမည်မဟုတ်ချေ။ ဤသို့သောလူတို့သည် ဂုဏ်သရေပျက်ခြင်းကို မသိတတ်ခြင်း မဟုတ်သလော။ လူတစ်ဦး၏ လူ့သဘာဝထဲတွင် ဤသို့သောအရာများရှိလျှင် ယင်းသည် ပုံမှန်ဟုတ်သလော။ မဟုတ်ပေ။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာ သင့်တွင် ဤသို့သော လူ့သဘာဝနှင့် ဤသို့သော အပြုအမူများရှိလျှင် သင်သည် ပုံမှန်လူ့သဘာဝနှင့်ပတ်သက်ပြီး ချို့တဲ့နေသည်၊ ယင်းတွင် အရှက်နှင့် ဂုဏ်သိက္ခာချို့တဲ့နေသည်ဟူ၍ ဖြစ်သည်။ လူအချို့သည် ဆန့်ကျင်ဘက်လိင်အနီး၌ ရှိသည်နှင့် ဆံပင်ကို ပွတ်သပ်ပြီး အဝတ်အစားများကို ဆန့်သည်၊ သို့မဟုတ် ပါးနီခြယ်သပြီး ပေါင်ဒါပုတ်ကာ မိမိတို့ကိုယ်ကို အတတ်နိုင်ဆုံး အလှပြင်ရန် ကြိုးစားသည်။ ဤတွင် ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့၏ ပန်းတိုင်မှာ ဖြားယောင်းသွေးဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝတွင် မရှိသင့်သည့် အရာတစ်ခုဖြစ်သည်။ ဤသို့ လူတို့ကို ဖြားယောင်းသွေးဆောင်ပြီး မည်သည့်အရာကိုမျှ မခံစားရဘဲ ဤအရာသည် အလွန်ပင် သာမန်ဖြစ်ကာ အဆန်းတကြယ်မဟုတ်ဟု ထင်ခြင်း၊ အရေးမကြီးဟု ထင်ခြင်းသည် ရှက်စိတ်ကင်းမဲ့ခြင်းနှင့် လုပ်သင့်သည့်အရာ၊ မလုပ်သင့်သည့်အရာကိုပင် မသိခြင်းဖြစ်သည်။ ယွမ်တစ်သောင်းပေးလျှင် လုံးလုံး ဝတ်လစ်စလစ်ဖြင့် လမ်းကို သွားချည်ပြန်ချည် လျှောက်လိုစိတ် ရှိသောသူအချို့ရှိသည်။ ၎င်းတို့သည် မည်သည့်လူအမျိုးအစားဖြစ်သနည်း။ ၎င်းတို့သည် ရှက်စိတ်မရှိသောလူများဖြစ်သည်။ ၎င်းတို့သည် အရှက်မရှိဘဲ ပိုက်ဆံအတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်လိမ့်မည်။ တည်ကြည်မှု၊ ကိုယ်ကျင့်စရိုက်၊ ရှက်စိတ်၊ ဂုဏ်သိက္ခာတို့သည် ၎င်းတို့အတွက် မည်သည့်အဓိပ္ပာယ်မျှမရှိဘဲ တန်ဖိုးမဲ့သည်။ အခြားလူများကို ၎င်းတို့ ကြွားဝါပြီး ဖြားယောင်းသွေးဆောင်နိုင်သည့်အစွမ်းသည် ၎င်းတို့၏ ပင်ကိုစွမ်းရည်ဖြစ်သည်ဟု ခံစားရသည်။ ပြီးလျှင် ၎င်းတို့၏ တစ်ခုတည်းသော ဝမ်းမြောက်မှုက ပို၍များသောလူတို့၏ နှစ်သက်မှုကိုရရှိပြီး ပို၍များသောလူတို့အား ၎င်းတို့ကို ရရှိအောင် ကြိုးစားအားထုတ်စေခြင်း ဖြစ်သည်။ ယင်းသည် ထိုသို့သော အမျိုးသမီးတစ်ဦးအတွက် အမြင့်ဆုံးသော ဂုဏ်ဖြစ်သည်။ ယင်းသည် ၎င်းတို့ တန်ဖိုးထားသည့်အရာ ဖြစ်သည်။ ဂုဏ်သိက္ခာ၊ ရှက်စိတ်၊ သို့မဟုတ် ကိုယ်ကျင့်စရိုက်ကဲ့သို့သောအရာများကို ၎င်းတို့ တန်ဖိုးမထားပေ။ ဤသည်မှာ လူ့သဘာဝကောင်းဖြစ်သလော။ (မဟုတ်ပါ။) ဤအပြုအမူများကို သင်တို့ ပြသခဲ့ဖူးသလော။ (ပြသခဲ့ဖူးပါသည်။) ဤသို့ဆိုလျှင် ယင်းတို့ကို ထိန်းချုပ်နိုင်သလော။ ယင်းတို့ကို အချိန်အများစုတွင် သင်တို့ ထိန်းချုပ်နိုင်သလော၊ သို့မဟုတ် အချိန်အနည်းစုတွင်သာ ထိန်းချုပ်နိုင်သလော။ သင်တို့ကိုယ်သင်တို့ ချုပ်တည်းနိုင်စွမ်းရှိသလော။ မိမိတို့ကိုယ်ကို ချုပ်တည်းနိုင်သူတို့သည် မိမိ၏စိတ်နှလုံးက အရှက်ကို သိသောသူတို့ဖြစ်သည်။ လူတိုင်းတွင် စိတ်လိုက်မာန်ပါ ဖြစ်သည့်၊ အကျင့်ပျက်ပြားသည့် အချိန်အခိုက်အတန့်တို့ရှိသည်။ သို့သော် မိမိကိုယ်ကို ချုပ်တည်းနိုင်သူတို့တွင် ဤသို့ဖြစ်သောအခါ ၎င်းတို့လုပ်ဆောင်နေသည့်အရာသည် မမှန်ကန်သည်ကိုလည်းကောင်း၊ ၎င်းတို့အား သိက္ခာကျစေသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ချက်ချင်းနောက်ပြန်လှည့်ရမည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်၍ မဖြစ်တော့သည်ကိုလည်းကောင်း ခံစားရသည်။ နောက်ပိုင်းတွင် ဤသို့သောအရာတစ်ခုကို ၎င်းတို့ နောက်တစ်ဖန်ကြုံရသောအခါ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်ကြသည်။ သင်၏ လူ့သဘာဝအတွင်း၌ ဤမျှပင် မိမိကိုယ်ကို ချုပ်တည်းနိုင်စွမ်း မရှိလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆင့်ခေါ်ခြင်းခံရသောအခါ မည်သည့်အရာကို သင်ပုန်ကန်နိုင်မည်နည်း။ အချို့သူတို့သည် နှစ်လိုဖွယ်ကောင်းသောရုပ်ရည်မျိုးကို ပင်ကိုအားဖြင့် ပိုင်ဆိုင်ကြပြီး ဆန့်ကျင်ဘက် လိင်ဖြစ်သူများက မိမိတို့အား ရရှိအောင် ကြိုးစားအားထုတ်ခြင်းခံရသည်ကို စဉ်ဆက်မပြတ် တွေ့ရှိနေရသည်။ ၎င်းတို့အား လူအများအပြားက ရရှိအောင် ကြိုးစားအားထုတ်လေလေ ပို၍ ကိုယ်ရည်သွေးနိုင်သည်ဟု ၎င်းတို့ ခံစားရလေလေ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အန္တရာယ်မရှိလေဘူးလော။ ဤသို့သော အခြေအနေမျိုးတွင် သင့်အနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ဤထောင်ချောက်ကို မှတ်သားပြီး ရှောင်ရှားပါ။) ယင်းမှာ အမှန်စင်စစ် ထောင်ချောက်တစ်ခုဖြစ်ပြီး ယင်းကို သင့်အနေဖြင့် ရှောင်ရှားရမည်။ သင် မရှောင်ရှားပါက လူတစ်ဦးသည် သင့်ကို ထောင်ချောက်ဆင်ဖမ်းပြီးဖြစ်သည်ကို သင် ကောင်းစွာတွေ့ရှိကောင်း တွေ့ရှိနိုင်မည်ဖြစ်သည်။ သင် ထောင်ချောက်ဆင်ဖမ်းခြင်း မခံရမီ သင့်အနေဖြင့် ဤထောင်ချောက်မျိုးကို ရှောင်ရှားရန်လိုအပ်သည်။ ယင်းကို မိမိကိုယ်ကို ချုပ်တည်းခြင်းဟု ခေါ်သည်။ မိမိကိုယ်ကိုချုပ်တည်းမှု ရှိသည့် လူများတွင် ရှက်စိတ်နှင့် ဂုဏ်သိက္ခာရှိသည်။ ရှက်စိတ်နှင့် ဂုဏ်သိက္ခာ မရှိသူများသည် ၎င်းတို့ကို သွေးဆောင်ဖြားယောင်းသည့် မည်သူမဆို၏ သွေးဆောင်ခြင်းကို ခံရနိုင်သည်။ ပြီးလျှင် လူတစ်ယောက်က ၎င်းတို့ကို ရရှိအောင် ကြိုးစားအားထုတ်သည့်အခါတိုင်းတွင် ထောင်ချောက်ထဲသို့ သက်ဆင်းသည်။ ဤသည်မှာ ဒုက္ခရောက်သည့် သဘောဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် တမင်တကာ ကိုယ်ရည်သွေးမည်၊ အလှဆင်မည်၊ ဝတ်စားဆင်ယင်မည်၊ ၎င်းတို့ကို ပိုမိုခန့်ညားစေသည့်၊ ပိုမိုဆွဲဆောင်မှုရှိပြီး လှပစေနိုင်သည့် မည်သည့်အဝတ်အစားမဆို ၎င်းတို့ဝတ်ဆင်မည်၊ အထူးသဖြင့် ယင်းတို့ကို ဝတ်ဆင်ရန် ၎င်းတို့ရွေးချယ်မည်၊ ယင်းတို့ကို နေ့စဉ်နေ့တိုင်း ဝတ်ဆင်မည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အန္တရာယ်ရှိပြီး ၎င်းတို့မှာ အခြားသူများကို သွေးဆောင်ဖြားယောင်းရန် တမင်တကာ ကြိုးစားအားထုတ်နေသော သူများဖြစ်ကြောင်း ဖော်ပြနေသည်။ သင်သည် ဤအဝတ်အစားများနှင့် အလွန်မျက်စိဖမ်းစားဖွယ် ဖြစ်နေလျှင်၊ အလွန်စွဲမက်စရာကောင်းနေလျှင် သင်၏ ဇာတိပကတိကို ပုန်ကန်ပြီး ဤသို့သော အဝတ်များ ဝတ်ဆင်ခြင်းအား စွန့်လွှတ်ရမည်။ သင့်အနေဖြင့် ဤအရာနှင့်ပတ်သက်၍ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပါက ဤအရာကို သင်လုပ်ဆောင်နိုင်သည်။ သို့သော် သင်သည် ဤစိတ်ပိုင်းဖြတ်ချက် မရှိဘဲ လက်တွဲဖော်တစ်ဦး ရှာဖွေလိုပါက လက်တွဲဖော်တစ်ဦး ရှာလိုက်လော့။ အခြားသူတစ်ဦးကို ကလူကျီစယ်ခြင်းမရှိဘဲ တစ်ယောက်နှင့်တစ်ယောက် ပုံမှန်အပြန်အလှန်ဆက်ဆံလော့။ သင်သည် လက်တွဲဖော်တစ်ဦး ရှာဖွေနေခြင်း မဟုတ်သော်လည်း အခြားသူများကို ကလူကျီစယ်နေဆဲဖြစ်ပါက ယင်းကို ရှက်စိတ်မရှိခြင်းဟု သတ်မှတ်ခေါ်ဆိုနိုင်ပါသည်။ သင့်အနေဖြင့် သင်ရွေးချယ်သည့်အရာကို ရှင်းလင်းစွာသိရှိရမည်။ သင်တို့အားလုံး စည်းမျဉ်းများကို လိုက်နာနိုင်သလော။ (ကျွန်ုပ်တို့တွင် ဤစိတ်ပိုင်းဖြတ်ချက် ရှိပါသည်။) သင့်တွင် ဤစိတ်ပိုင်းဖြတ်ချက် ရှိပါက သင့်တွင် စွမ်းအား၊ စိတ်ဓာတ်လှုံ့ဆော်မှု ရှိပြီး ယင်းတို့ကို လိုက်နာရန် လွယ်ကူလိမ့်မည်။ အချို့သူများသည် သဘာဝအလျောက် အခြေခံအားဖြင့် သိက္ခာရှိကြသည့်အပြင် ဘုရားသခင်ကို ယုံကြည်ခြင်းရရှိပြီးသည့်နောက်တွင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး လမ်းမှန်ကို လျှောက်ကြသည်။ ထို့ကြောင့် ၎င်းတို့တွင် ထိုကဲ့သို့သောလိုအင်ဆန္ဒများ မရှိကြသည့်အပြင် ၎င်းတို့ကို ကလူကျီစယ်ရန် အားထုတ်သော မည်သူ့ကိုမျှ တုံ့ပြန်ခြင်းမရှိပါ။ အချို့လူများသည် ဤသို့ဖြစ်ရန် အလွန်လွယ်ကူကြပြီး အချို့မှာမူ ယင်းကို လုံးဝ အရေးမစိုက်ကြချေ။ အချို့လူများ၌ ဤစိတ်ပိုင်းဖြတ်ချက် ရှိပုံရသော်လည်း ၎င်းတို့၌ အမှန်တကယ် ရှိ၊ မရှိကို ၎င်းတို့ကိုယ်တိုင်ပင် မပြောနိုင်ကြချေ။ ဆန့်ကျင်ဘက်လိင်နှင့် အပြန်အလှန်ဆက်ဆံခြင်းနှင့် ပတ်သက်၍ ဤအရာမှာ သင် မှန်မှန်ကန်ကန် ကိုင်တွယ်ဆောင်ရွက်ရမည့်အရာဖြစ်ပြီး ပြန်လည်ဆန်းစစ်ရမည့်အရာဖြစ်သည့်အပြင် ဤအရာမှာ ပုံမှန်လူ့သဘာဝ၏ ဂုဏ်သိက္ခာနှင့် အရှက်တရား၏ အစိတ်အပိုင်းအဖြစ် ခွဲခြားသတ်မှတ်ရမည့်အရာ ဖြစ်၏။ ရှက်စိတ်ကင်းမဲ့ခြင်းသည် လူ့သဘာဝကင်းမဲ့ခြင်းနှင့် မည်သို့ဆက်နွှယ်နေသနည်း။ အကြင်သူသည် ရှက်စိတ်မရှိလျှင် လူ့သဘာဝမရှိဟု ပြောပါက တရားနည်းလမ်းကျပေသည်။ လူ့သဘာဝကင်းမဲ့သူတိုင်းသည် အဘယ်ကြောင့် သမ္မာတရားကို မချစ်သနည်း။ လူ့သဘာဝကို ပိုင်ဆိုင်လျှင် သမ္မာတရားကို လိုက်စားနိုင်သည်ဟု ငါတို့ အဘယ်ကြောင့်ဆိုသနည်း။ ငါ့ကို ပြောလော့။ ရှက်စိတ် မရှိသူတို့သည် မည်သည့်အရာက ကောင်းပြီး မည်သည့်အရာက မကောင်းဟူသည်ကို သိကြသလော။ (မသိပါ။) ဤသို့ဆိုလျှင် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်ကာ သမ္မာတရားကို ချိုးဖောက်သော မကောင်းသည့်အရာများကို ၎င်းတို့ လုပ်ဆောင်သောအခါ မိမိကိုယ်ကို အပြစ်တင်ခြင်းတစ်ခုတလေကို ၎င်းတို့ ခံစားရသလော။ (မခံစားရပါ။) ၎င်းတို့၏ အသိစိတ်က ၎င်းတို့ကို အပြစ်ဖော်ဆုံးမခြင်း မပြုလျှင် လမ်းမှန်ပေါ်သို့ ၎င်းတို့ရောက်နိုင်သလော။ သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်သလော။ မျက်နှာပြောင်သော၊ အရှက်ကင်းမဲ့သောလူတို့သည် ထုံထိုင်းသည်။ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများကို၊ သို့မဟုတ် ဘုရားသခင်က ချစ်သည့်အရာနှင့် သူရွံမုန်းသည့်အရာတို့ကို ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်ခြင်းမရှိ။ ထို့ကြောင့် ဘုရားသခင်က လူတို့အား ရိုးသားရန် ပြောသောအခါ ၎င်းတို့က “လိမ်ညာပြောခြင်းက မည်သည့်ပြဿနာရှိသနည်း။ မုသားတစ်ခုကို ပြောခြင်းက အောက်တန်းကျခြင်းမရှိ” ဟု ဆိုကြသည်။ အရှက်မရှိသောသူတစ်ဦးက ဤသို့သောအရာတစ်ခုကို ပြောမည်မဟုတ်လော။ ရှက်စိတ်ရှိသူတစ်ဦးက ရိုးသားရန် ပျက်ကွက်ပြီး လူတိုင်းက သိသွားခဲ့လျှင် သူ၏ မျက်နှာသည် ရှက်သွေးဖြန်းခြင်း မရှိသလော။ သူသည် စိတ်အတွင်းတွင် မသက်မသာ မဖြစ်သလော။ (ဖြစ်ပါသည်။) အရှက်မဲ့သောသူဆိုလျှင် အဘယ်သို့ ဖြစ်သနည်း။ “ရိုးသားသူဖြစ်ခြင်း၊ အခြားလူများက ထင်သည့်အရာ၊ ငါသည် ၎င်းတို့အပေါ်တွင် ရှိသည့်တန်ဖိုး သို့မဟုတ် ၎င်းတို့အပေါ် ငါ မည်မျှဩဇာညောင်းသည်ဟူသည့် အရာတစ်ခုကမျှ ငါ့အတွက် အရေးမပါ” ဟူ၍တည်း။ ၎င်းတို့ ဂရုမစိုက်ပေ။ ဤသို့ဆိုလျှင် သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်သေးသလော။ ၎င်းတို့သည် အလိမ်အညာများပြောပြီးနောက်တွင် စိတ်နှလုံး၌ အနေရခက်သလော၊ သို့မဟုတ် မိမိကိုယ်ကို အပြစ်တင်မှုကို ခံစားရသလောဆိုသည်ကို ၎င်းတို့အား သင်မေးလျှင် ၎င်းတို့က “ငြိမ်းချမ်းသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မိမိကိုယ်ကို အပြစ်တင်မှုဆိုသည်မှာ အဘယ်နည်း။ အဘယ်ကြောင့် ဤအရာက အလွန်ဒုက္ခပေးရမည်နည်း” ဟု ဆိုလိမ့်မည်။ ၎င်းတို့သည် ဤသို့ သတိမူမိခြင်းမရှိ။ ဤသို့သော မခိုင်လုံသော ဆင်ခြင်တုံတရားရှိသူတစ်ဦးက ဘုရားသခင်နောက်သို့ လိုက်နိုင်သလော။ သမ္မာတရားကို လိုက်စားနိုင်သလော။ သမ္မာတရားကို မလိုက်စားပေ။ ၎င်းတို့အတွက် အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သော အရာများကြားတွင်၊ သမ္မာတရားနှင့် သမ္မာတရားကို ချိုးဖောက်သောအရာကြားတွင် စည်းများမရှိပေ။ အားလုံးက အတူတူပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူတိုင်းက အားထုတ်လျှင်၊ တာဝန်ထမ်းဆောင်လျှင်၊ အဖိုးအခပေးဆပ်လျှင် အဆင်ပြေလိမ့်မည်ဟု ၎င်းတို့က ထင်ကြသည်။ ဤအရာများအား ခွဲခြားသိမြင်စေသည့်အရာ မရှိပေ။ ဘုရားသခင်အား အာခံသည့်အရာတစ်ခုကို ၎င်းတို့ လုပ်ဆောင်ပြီးသောအခါ၊ သမ္မာတရားစည်းမျဉ်းများအား ချိုးဖောက်သောအရာတစ်ခုကို ၎င်းတို့ လုပ်ဆောင်ပြီးသောအခါ၊ အခြားသူတစ်ယောက်၏ အကျိုးစီးပွားများအပေါ် ဆုံးရှုံးမှုဖြစ်စေသည့် အရာတစ်ခုကို ၎င်းတို့ လုပ်ဆောင်ပြီးသောအခါ၊ သို့မဟုတ် အသင်းတော်အလုပ်ကို နှောင့်ယှက်သည့်အရာတစ်ခုကို ၎င်းတို့ လုပ်ဆောင်ပြီးသောအခါ မိမိကိုယ်ကို အပြစ်တင်မှုကို မခံစားရပေ။ ၎င်းတို့သည် မိမိကိုယ်ကို အပြစ်တင်မှု လုံးဝမရှိ။ ဤတွင် ၎င်းတို့သည် ရှက်စိတ်ကင်းမဲ့နေသည်မဟုတ်လော။ ရှက်စိတ်မရှိသူတို့သည် ဤသို့သောအရာများကို ပိုင်းခြားသိမြင်ခြင်းမရှိ။ ၎င်းတို့အတွက် ၎င်းတို့အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းနှင့်သာ သက်ဆိုင်သည်။ မည်သည့်စည်းမျဉ်းမျှ မရှိပေ။ အကဲဖြတ်မှုများပြုလုပ်ရန် သမ္မာတရားကို အသုံးပြုဖို့ မလို။ ထို့ကြောင့် ရှက်စိတ်မရှိသူတို့သည် သမ္မာတရားကို နားလည်ရန်၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ ဤသည်မှာ ရှက်စိတ်မရှိခြင်းနှင့် လူ့သဘာဝကင်းမဲ့ခြင်းကြား ဆက်နွှယ်မှု ဖြစ်သည်။ ဤသို့ဆိုလျှင် ဤအရာကို သင်တို့အဘယ်ကြောင့် မပြောနိုင်သနည်း။ သင်တို့အားလုံးက “ကိုယ်တော်ဟောသည့်အရာသည် သမ္မာတရားနှင့် များစွာ သက်ဆိုင်ခြင်းမရှိ။ ယင်းနှင့် အလွန်ပင် အလှမ်းဝေးသည်။ ကျွန်ုပ်တို့သည် ပုံမှန်အားဖြင့် ဤအရာများကို ရှင်းလင်းစွာ မြင်နိုင်သည်။ ထို့ကြောင့် ကိုယ်တော် ထိုအကြောင်း ပြောသည်ကို ကျွန်ုပ်တို့ လိုအပ်သေးသလော” ဟု တွေးနေကြသည်။ သမ္မာတရားနှင့် သက်ဆိုင်ခြင်းမရှိဟု သင်တို့ ခံစားရလျှင် သမ္မာတရား လက်တွေ့ကျမှုမည်မျှကို သင်တို့ ဝင်ရောက်ပြီး ဖြစ်သနည်း။ ပုံမှန်လူ့သဘာဝကို သင်တို့ အသက်ရှင်နေထိုင်သလော။ သင်တို့သည် သမ္မာတရားနှင့် လူ့သဘာဝရှိသောသူတို့ အမှန်ပင် ဖြစ်လာပြီလော။ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်လွန်းပြီး ဤအရာများကိုပင် ကောင်းစွာ မသိမြင်နိုင်ကြလျှင် မည်သည့်သမ္မာတရားလက်တွေ့ကျမှု ရှိနိုင်သနည်း။
ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဆယ်ခုထဲမှ တစ်ခုက ဆိုသည်။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး၊ ထို့အပြင် ခံစားချက်များ ရှိသည်။ ထိုသို့ဖြင့် ဘုရားသခင်ကို အစေခံချိန်တွင် ဆန့်ကျင်ဘက်လိင် အသင်းသား နှစ်ဦးအား အဖော်မပါဘဲ၊ အတူတကွ အလုပ်လုပ်ခြင်းကို လုံးဝ တားမြစ်ထား၏။ ထိုသို့လုပ်ဆောင်နေသည်ကို အမိခံရသူ မည်သူမဆိုသည် ခြွင်းချက်မရှိ နှင်ထုတ်ခြင်းခံရလိမ့်မည်။ ဤစီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ကို လူတို့မည်သို့ မှတ်ယူသနည်း။ အမျိုးသားတစ်ဦးသည် အမျိုးသမီးသုံးဆယ်ကျော်ဖြင့် မသင့်လျော်သော ဆက်ဆံရေးများရှိခဲ့လျှင် ဤအရာကို ကြားသောသူတို့က မည်သို့ခံစားရမည်ဆိုသည်ကို ငါ့အားပြောလော့။ (၎င်းတို့သည် ယုံရခက်လိမ့်မည်။) သင်သည် ယင်းကိုကြားရခြင်းအား အံ့သြလိမ့်မည်။ “အလို၊ အလွန်များလှပါတကား။ ယင်းသည် ရွံရှာဖွယ်ပင် မဟုတ်လော” ဟူ၍ အံ့အားသင့်လိမ့်မည်။ ထိုလူက သင့်အားပြောပြသောအခါတွင် သူသည် မည်သည့်ခံစားချက်ရှိမည်နည်း။ (သူ့အတွက် အရေးမကြီးသည့်ပုံစံဖြင့် ပြုမူခဲ့လိမ့်မည်။) ယင်းသည် သူ့အတွက် ထူးထူးခြားခြားမရှိ ဖြစ်နေလိမ့်မည်။ ယနေ့ မည်သည့်အရာစားသည်ကို သူ့အား မေးလော့။ “ထမင်းဖြစ်သည်” ဟူ၍ဖြစ်သည်။ အမျိုးသမီးမည်မျှနှင့် တွဲခဲ့သည်ကို မေးလော့။ “သုံးဆယ်၊ သို့မဟုတ် သုံးဆယ်ကျော်ဖြစ်သည်” ဟူ၍ဖြစ်သည်။ ထိုနှစ်ခုကို တစ်ပုံစံတည်းသောလေသံ၊ စိတ်နေစိတ်ထားတို့ဖြင့် သူပြောလိမ့်မည်။ ဤသို့သော လူ့သဘာဝရှိသူအတွက် ကယ်တင်ခြင်းတစ်ခုတလေ ရှိသလော။ ဘုရားသခင်ကို သူယုံကြည်လျှင်ပင် သူ့အတွက် ကယ်တင်ခြင်း မရှိပေ။ ဤသို့သောအရာတစ်ခုကို ရှေ့နောက်မစဉ်းစားဘဲ ပြောသောအခါ၌ ရှက်ရမည်ကို အဘယ်သို့ သူမသိနိုင်ရသနည်း။ ယင်းသည် အောက်တန်းကျသော အမှုကိစ္စတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် သူသည် အဘယ်သို့ ရှေ့နောက်မစဉ်းစားဘဲ ပြောနိုင်ရသနည်း။ ငါ့ကို ပြောလော့။ သူ့တွင် ရှက်စိတ်တစ်ခုတလေ ကျန်ရှိသလော။ မကျန်ရှိပေ။ သူ့လူ့သဘာဝအတွင်းရှိ အသိစိတ်၏ သိမြင်နားလည်မှုသည် ထုံထိုင်းနေပြီဖြစ်ကာ သိမြင်နားလည်ခြင်းမရှိတော့ပေ။ ဤသည်မှာ အကျင့်စာရိတ္တ ပျက်ပြားခြင်းကိစ္စသက်သက်မဟုတ်။ အရှက်၊ သို့မဟုတ် ဂုဏ်သိက္ခာ မရှိသူတို့သည် လူများမဟုတ်တော့ပေ။ ၎င်းတို့သည် အပြင်ပန်းတွင် လူများနှင့်တူနေသေးသော်လည်း တစ်စုံတစ်ခုကို ကိုင်တွယ်ရသည်နှင့်တစ်ပြိုင်နက် ပြိုကွဲသွား၏။ ၎င်းတို့သည် အရှက်တရားကို မသိဘဲ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိကြ၏။ ထိုသည်က ၎င်းတို့သည် လူများ မဟုတ်ကြတော့ကြောင်း ဆိုလို၏။ ဤအမှုကိစ္စများအပေါ် ငါတို့ပြောဆိုမှုကို ဤတွင် အဆုံးသတ်ကြစို့။
ယနေ့ ငါတို့ဆွေးနွေးခဲ့သည့် ပုံမှန်လူ့သဘာဝ၏ ကဏ္ဍသုံးခုကို အချိန်ယူ စဉ်းစားတွေးတောလော့။ ယင်းတို့သည် အရေးကြီးသလော။ ပုံမှန်လူ့သဘာဝရှိ ဤအရာများသည် သမ္မာတရားအား လိုက်စားမှုနှင့် အဆက်အစပ်မရှိဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ယင်းတို့သည် သမ္မာတရားအား လိုက်စားခြင်းနှင့် မည်သို့သက်ဆိုင်သနည်း။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး၏ လူ့သဘာဝသည် စေ့စပ်ခြင်း၊ တာဝန်သိစိတ်၊ သို့မဟုတ် မိမိတို့၏ လုပ်ရပ်များတွင် အာရုံစူးစိုက်နိုင်စွမ်းတို့အား မပိုင်ဆိုင်လျှင်၊ ၎င်းတို့၌ ဤသို့သော လူ့သဘာဝမရှိလျှင် ဘုရားသခင်အား ၎င်းတို့ယုံကြည်မှုနှင့် သမ္မာတရား လိုက်စားမှုတွင် မည်သည့်အရာကို ၎င်းတို့ ရရှိနိုင်သနည်း။ နှစ်ကာလများတစ်လျှောက်တွင် သမ္မာတရား အတော်များများကို၊ နယ်ပယ်တိုင်းရှိ သမ္မာတရားများကို ငါတို့ မိတ်သဟာယပြုခဲ့ပြီး ဖြစ်သည်။ လူတို့သည် တာဝန်သိသော စိတ်နေစိတ်ထားဖြင့် ဤသမ္မာတရားများကို အားမထုတ်လျှင်၊ သို့မဟုတ် မမှတ်ယူလျှင်၊ အရာရာတိုင်းကို ဖြစ်ကတတ်ဆန်း ပေါင်းစပ်ထားပြီး မည်သည့်အရာကိုမျှ တာဝန်သိစွာ မလုပ်ဆောင်လျှင် ဤသို့ဖြင့် သမ္မာတရားအား နားလည်မှုကို ၎င်းတို့ ရရှိနိုင်သလော။ လူအချို့က “သမ္မာတရားကို ကျွန်ုပ်နားလည်ဖို့ မလုပ်ဆောင်နိုင်လျှင် ဤအယူဝါဒများနှင့် အခေါ်အဝေါ်များကို ကျက်မှတ်ထားလိုက်၍ မရနိုင်သလော” ဟု ဆိုသည်။ သင်သည် အဆုံး၌ ဤနည်းဖြင့် သမ္မာတရားကို ရနိုင်မည်လော။ ဤပုံမှန်လူ့သဘာဝမျိုးကို သင်မပိုင်ဆိုင်သကဲ့သို့ သင့်လူ့သဘာဝအတွင်းရှိ ဤအရာများကို မပိုင်ဆိုင်လျှင်၊ ဆိုလိုသည်မှာ သင်သည် အမှုအရာများအပေါ် တာဝန်ကျေပွန်သော၊ စေ့စပ်သော၊ အလွန်လေးနက်သော၊ တာဝန်သိစိတ်ရှိသော သဘောထားမရှိလျှင် သင့်အတွက် သမ္မာတရားသည် အယူဝါဒများနှင့် ရေပန်းစားသော ကြွေးကြော်သံများအဖြစ်သို့ ပြောင်းသွားသည်။ စည်းမျဉ်းစည်းကမ်းများအဖြစ်သို့ ပြောင်းသွားသည်။ သမ္မာတရားကို သင်မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို သင်နားမလည်နိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် သင့်တစ်ကိုယ်ရေဘဝ၏ ပတ်ဝန်းကျင်၊ နေ့စဉ်အလေ့အထနှင့် ပုံစံတို့ကို ကောင်းစွာ မစီမံနိုင်လျှင် သမ္မာတရားပါဝင်သည့် အမျိုးမျိုးသော စည်းမျဉ်းများနှင့် ဆိုရိုးစကားများသို့ သင်ဝင်ရောက်နိုင်မည်လော။ ဝင်ရောက်နိုင်မည်မဟုတ်။ ထို့အပြင် လူတို့သည် အသက်တာတွင် အပြုသဘောဆောင်သောအရာများကို ချစ်ရမည်။ ပြီးလျှင် အပျက်သဘောဆောင်သောအရာများနှင့် ကောက်ကျစ်ဆိုးယုတ်သောအရာများအပေါ်တွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲ၌ အော့နှလုံးနာသည့်၊ စက်ဆုပ်ရွံရှာသည့် သဘောထားကို ခံယူထားရမည်။ ဤသည်မှာ သမ္မာတရားအနည်းငယ်သို့ ဝင်ရောက်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား သင်လိုက်စားရာတွင် မှန်ကန်သောသဘောထားနှင့် သင့်လျော်သော စိတ်နေစိတ်ထားရှိရမည်ဟု ဆိုလိုသည်။ သင်သည် ဖြောင့်မတ်သော၊ လေးနက်သောသူတစ်ဦး ဖြစ်ရမည်။ ဤသို့သောလူတို့သာ သမ္မာတရားကို ရနိုင်သည်။ တစ်စုံတစ်ဦးသည် ကောက်ကျစ်ဆိုးယုတ်သော အရာများစွာကိုလည်းကောင်း၊ ဘုရားသခင်ကို ပုန်ကန်ပြီး သမ္မာတရားကို ချိုးဖောက်သည့်အရာများစွာကိုလည်းကောင်း လုပ်ဆောင်သည့်အခါတွင် စိတ်နှလုံး၌ ရှက်စိတ်မရှိဘဲ ထုံထိုင်းလျက်ရှိပြီး သတိမမူမိသည့်အပြင် ဤသည်မှာ အရေးမကြီးဟု ထင်လျှင် သမ္မာတရားသည် ၎င်းတို့အတွက် အသုံးဝင်မှုတစ်ခုတလေရှိသလော။ လုံးဝ အသုံးမဝင်ပေ။ သမ္မာတရားသည် ၎င်းတို့အပေါ် အကျိုးသက်ရောက်မှုမရှိသကဲ့သို့ ၎င်းတို့ကို မချုပ်ထိန်းနိုင်၊ အပြစ်ဖော်မဆုံးမနိုင်၊ လမ်းမပြနိုင်၊ သို့မဟုတ် ဦးတည်ချက်နှင့် လမ်းကြောင်းကို ထောက်မပြနိုင်ပေ။ ဤသည်မှာ ၎င်းတို့သည် ဒုက္ခရောက်ပြီဆိုသည့် သဘောဖြစ်သည်။ ရှက်စိတ်ပင်မရှိသူသည် သမ္မာတရားကို မည်သို့နားလည်နိုင်သနည်း။ လူတစ်ယောက်အနေဖြင့် သမ္မာတရားကို နားလည်နိုင်ရန်အတွက် ရှေးဦးစွာ စိတ်နှလုံးတွင် အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများအပေါ် ထိလွယ်ရှလွယ်ဖြစ်ရမည်။ ၎င်းတို့သည် အပျက်သဘောဆောင်သော၊ သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သောအရာတစ်ခုကို ဖော်ပြခြင်း၊ သို့မဟုတ် ကြုံတွေ့ခြင်းကို အလွန်ရွံရှာစက်ဆုပ်ကြသည်။ ပြီးလျှင် ၎င်းတို့ကိုယ်တိုင်က ထိုသို့သောအရာကို လုပ်ဆောင်လျှင် ရှက်ပြီး စိတ်မသက်မသာဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားအပေါ် ချစ်ခြင်းကို ခံစားရပြီး ၎င်းတို့၏ စိတ်နှလုံးအတွင်းသို့ သမ္မာတရားကို လက်ခံနိုင်သည်။ ၎င်းတို့သည် မိမိကိုယ်ကို ချုပ်တည်းပြီး ၎င်းတို့၏ မှားယွင်းသော အခြေအနေများကို နောက်ပြန်လှည့်ရန်အတွက် သမ္မာတရားကို အသုံးပြုနိုင်သည်။ ဤသည်တို့မှာ ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သော အရာများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများကို ပိုင်ဆိုင်လျှင် လူတစ်ဦးအနေဖြင့် သမ္မာတရားကို လိုက်စားရန် လွယ်ကူမလာသလော။ တစ်စုံတစ်ယောက်က ဤအရာများကို လုံးဝ မပိုင်ဆိုင်လျှင် သမ္မာတရားအား လိုက်စားခြင်းအကြောင်းပြောဆိုခြင်းသည် အနှစ်မရှိသော ပြောဆိုမှုသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး၌ အပြုသဘောဆောင်သောအရာများမရှိဘဲ ယင်းကို မည်သို့လုပ်ဆောင်နိုင်သနည်း။ သင်၏ ပုံမှန်လူ့သဘာဝက ဤအရာများကို မပိုင်ဆိုင်မချင်း သမ္မာတရားက သင်၏ အတွင်း၌ အမြစ်တွယ်မည်မဟုတ်။ ဖူးပွင့်မည်မဟုတ်။ အသီးအပွင့် ဖြစ်ထွန်းမည်မဟုတ်ပေ။ ထိုအချိန်မတိုင်မချင်း သက်ရောက်မှု ဖြစ်ပေါ်လိမ့်မည်မဟုတ်။ သမ္မာတရားကို သင်နားလည်ပြီးသောအခါ သင်၏ အတွေးကို ပြောင်းပြီး သင်၏ အပြုအမူကို ချုပ်တည်းနိုင်လိမ့်မည်။ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော အတွေးများက အစဉ်ပို၍ နည်းပါးလာမည်။ ဤသည်မှာ စစ်မှန်သော ပြောင်းလဲမှု ဖြစ်သည်။
ယနေ့ ငါတို့ဆွေးနွေးပြီးသည့် ပုံမှန်လူ့သဘာဝ၏ ဤသရုပ်သကန်မည်မျှကို သင်တို့ ပိုင်ဆိုင်ကြသနည်း။ မည်မျှ ကင်းမဲ့သနည်း။ မည်သည့်အရာကို သင်တို့ ပိုင်ဆိုင်သနည်း။ (ရှက်စိတ်ဖြစ်ပါသည်။) ရှက်စိတ်ဟူသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ရှက်စိတ်သည် သင်တို့ အနည်းဆုံးပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသနည်း။ သင်တို့အားလုံးတွင် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့်ပတ်သက်၍ တာဝန်သိသော၊ စေ့စပ်သော စိတ်နေစိတ်ထားနှင့် သဘောထားတစ်ခုရှိသလော။ သင်တို့သည် လုပ်ဆောင်သမျှတွင် ဖြစ်ကတတ်ဆန်းနိုင်ပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်း၊ အချောင်ခိုခြင်းသာဖြစ်သည်ကို ငါမြင်သည်။ ပြီးလျှင် သင်တို့လုပ်ဆောင်သည့် ဤအရာများကို ငါမြင်သောအခါ ငါ၏ စိတ်နှလုံးတွင် ပူပင်သောက ကြီးထွားလာသည်။ ဤပြဿနာများကို သင်တို့ဘာသာ ရှာဖွေတွေ့ရှိနိုင်သလော။ ယင်းတို့ကို ရှာဖွေတွေ့ရှိသောအခါ စိတ်ပူသလော။ (စိတ်ပူပါသည်။) မည်သည့်ပုံစံဖြင့် စိတ်ပူသနည်း။ ဤအကြောင်းကို ပြောလော့။ (ဘုရားသခင်၏ မိတ်သဟာယကို ယခု ကျွန်ုပ်ကြားပြီးသောအခါ ကျွန်ုပ်တွင် လူ့သဘာဝများစွာ မရှိသည်ကိုလည်းကောင်း၊ ကျွန်ုပ်အသက်တာတွင် တာဝန်နှင့် ဖြစ်ရပ်များအပေါ် အလေးမထားသည့် စိတ်နေစိတ်ထား ရှိခဲ့သည်ကိုလည်းကောင်း ခံစားရသည်။ ကျွန်ုပ်သည် ဘုရားသခင် သတ်မှတ်ထားသည့် စံနှုန်းများဖြင့် အလွန်အလှမ်းဝေးသည်။ ကျွန်ုပ် အနည်းငယ် ကြောက်လန့်မိသည်။) သင့်လူ့သဘာဝတွင် များစွာချို့တဲ့နေသည်။ ဤသို့ ဖြစ်သလော။ သင်သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး သမ္မာတရားများစွာကို ကြားခဲ့သည့်တိုင် လူ့သဘာဝ၏ အခြေခံအကျဆုံးသောအရာများကိုပင် မရှိဟု ခံစားရသည်။ သင်သည် အဘယ်သို့ ပူပင်သောကမရောက်ဘဲ နေနိုင်မည်နည်း။ လူအချို့သည် နည်းပညာကျွမ်းကျင်မှု အနည်းငယ် ရှိကြသော်လည်း ၎င်းတို့လုပ်ဆောင်သမျှတိုင်းက ဖြစ်ကတတ်ဆန်းဖြစ်သည်။ အားလုံးက သတ်မှတ်ချက်အောက်သို့ လျော့နည်းပြီး စံနှုန်းပြည့်မီခြင်း မရှိသကဲ့သို့ အဆင့်မြင့်ဖြစ်သော၊ စံသတ်မှတ်ချက်ဖြစ်သော နည်းလမ်းများက မည်သည့်အရာ ဖြစ်သည်ကို မစူးစမ်းပေ။ ဤသည်မှာ ၎င်းတို့သည် ခေတ်နောက်ပြန်ဆွဲနေခြင်း မဟုတ်လော။ ဥပမာ ၎င်းတို့သည် တစ်ခါက တံခါးတစ်ခုကို တပ်ဆင်ရန် ခိုင်းစေခြင်းခံရပြီး ၎င်းတို့က “ကျွန်ုပ်၏ ဇာတိမြို့တွင်ရှိသော တံခါးအများစုမှာ တစ်ချပ်ဖွင့် တံခါးများဖြစ်သည်”ဟု ဆိုသည်။ ၎င်းတို့၏ ဇာတိဖြစ်သည့် ထိုနေရာငယ်သည် စံနှုန်းကို သတ်မှတ်ခြင်းမရှိ။ ၎င်းတို့သည် မြို့ကြီးများတွင် စီးပွားရေးလုပ်ငန်းများနှင့် လူနေအဆောက်အအုံများရှိ တံခါးပုံစံများကို ကြည့်ပြီး ထို့နောက်တွင် အခြေအနေ၏ လက်တွေ့အရှိတရားကို အခြေခံကာ ၎င်းတို့၏အလုပ်ကို လုပ်သင့်သည်။ သို့တိုင်အောင် ဤနေရာတွင် ၎င်းတို့သည် နှုတ်ကိုဖွင့်၍ ဤသို့ပြောခဲ့ကြ၏၊ “ကျွန်ုပ်တို့သည် ဇာတိမြို့တွင် နှစ်ချပ်ဖွင့်တံခါးများကို မပြုလုပ်ပါ။ ပြီးလျှင် ဤနေရာ၌ လူများစွာလည်းမရှိ။ ၎င်းတို့သည် တိုး၍ဝင်လိုက်နိုင်သည်” ဟူ၍ ဖြစ်လေသည်။ အခြားလူတစ်ယောက်က “လူတို့ တိုးဝင်နေကြသည်မှာ ကြာလာလျှင် တံခါးဘောင် ပျက်စီးလိမ့်မည်။ ဤအရာကို ဆွေးနွေးကြစို့။ ခြွင်းချက်အနေဖြင့် ဤတစ်ကြိမ်တွင် နှစ်ချပ်ဖွင့်တံခါးပြုလုပ်ပါ။ အဆင်ပြေသလော” ဟု ဆိုသည်။ ထို့နောက် ၎င်းတို့က “မလုပ်ပါ။ တစ်ချပ်ဖွင့် တံခါးများကို ကျွန်ုပ်ပြုလုပ်သည်။ နှစ်ချပ်ဖွင့်တံခါးများကို မလုပ်နိုင်။ မည်သို့လုပ်ရမည်ကို သိသည်မှာ ကျွန်ုပ်လော၊ သို့မဟုတ် သင်လော။ ကျွန်ုပ်ဖြစ်သည်။ ထို့ကြောင့် ဤတွင် ကျွန်ုပ်အား သင်အဘယ်ကြောင့် နားမထောင်မည်နည်း။ ကျွန်ုပ်အား သင်နားထောင်ရမည်” ဟု ဆိုသည်။ ၎င်းတို့ကို အခြေအနေအရ အလုပ်လုပ်ဖို့ ပြောခဲ့သည်။ သို့သော် ၎င်းတို့သည် နားမထောင်ဘဲ သေးငယ်သောတံခါးပြုလုပ်ရန် မရမကလုပ်ဆောင်သည်။ ဤသည်မှာ ကသီလင်တမဖြစ်သလော။ အလင်းဝင်စေရန်အတွက်နှင့် နေရာအား ကျဉ်းသည်ဟု မခံစားရစေရန် အတွင်းနှင့်အပြင်ကြား၌ မှန်ကာတစ်ခုတပ်ဆင်ရန် စေခိုင်းသောအခါ ၎င်းတို့က “အဘယ်ကြောင့် မှန်တပ်ဆင်မည်နည်း။ ယင်းသည် ပို၍ လုံခြုံမှုနည်းပါးသွားမည် မဟုတ်သလော။ ကျွန်ုပ်သည် မှန်တပ်ဆင်မည်မဟုတ်။ ဤတံခါးနှစ်ချပ်က အဆင်ပြေလိမ့်မည်။ ဤသည်မှာ ကျွန်ုပ်၏ ဇာတိမြို့တွင် အသုံးပြုသော တစ်ခုတည်းသော တံခါးအမျိုးအစားဖြစ်သည်” ဟု ဆိုသည်။ ၎င်းတို့သည် အခြားလူများကို ဖိနှိပ်ရန်အတွက် အစဉ်သဖြင့် “ကျွန်ုပ်၏ ဇာတိမြို့တွင်”၊ “အိမ်တွင်”၊ “နည်းပညာပိုင်းတို့ကို ကျွန်ုပ် လေ့လာပြီးဖြစ်သည်” ဟူသကဲ့သို့သော အရာများဖြင့် ထပ်ခါထပ်ခါ ရှင်းချက်ထုတ်နေကြသည်။ ထိုအရာများသည် သမ္မာတရား ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့အနေဖြင့် ပြင်ပအမှုကိစ္စများအပေါ် ဤသို့သော သဘောထားကို ခံယူခြင်းသည် ၎င်းတို့၏ လူ့သဘာဝအတွင်း၌ မည်သည့်အရာ ချို့တဲ့နေသနည်း။ ဆင်ခြင်တုံတရား ဖြစ်သည်။ အတိအကျဆိုလျှင် ၎င်းတို့၏ ဆင်ခြင်တုံတရား၌ မည်သည့်အရာမျိုးက ချို့တဲ့နေခြင်း ဖြစ်ရမည်နည်း။ ထိုးထွင်းသိမြင်မှုဖြစ်သည်။ ၎င်းတို့၏ ဇာတိမြို့ရှိ အရာရာတိုင်းက မှန်သည်ဟုလည်းကောင်း၊ ယင်းသည် အမြင့်ဆုံးဖြစ်သည့်အရာအားလုံး ဖြစ်သည်ဟုလည်းကောင်း၊ အမှန်တရားအားလုံး ဖြစ်သည်ဟုလည်းကောင်း ၎င်းတို့ အစဉ်ခံစားရသည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားက ညံ့ဖျင်းသည်မဟုတ်လော။ ပုံမှန်ဆင်ခြင်တုံတရားက မည်သည့်ပုံစံရှိသင့်သနည်း။ ပုံမှန်ဆင်ခြင်တုံတရားဖြင့်ဆိုလျှင် ၎င်းတို့သည် “ကျွန်ုပ်သည် ဤလုပ်ငန်းတွင် နှစ်များစွာ လုပ်ကိုင်ခဲ့ပြီးဖြစ်သော်လည်း များစွာ မမြင်တွေ့ရသေးပေ။ ဤသည်မှာ ကျွန်ုပ်၏ ဇာတိမြို့တွင် ကျွန်ုပ်တို့အားလုံး တံခါးများကို ပြုလုပ်သည့်ပုံစံဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် တံခါးများက မည်မျှကြီးသည်ကို ကြည့်ကြစို့။ ကျွန်ုပ်တို့အားလုံးသည် ဤနေရာတွင်ရှိသည့်လူများ လုပ်သည့်အရာအတိုင်း လိုက်လံလုပ်ဆောင်မည်။ ဤသည်မှာ မတူညီသောနေရာတစ်ခုဖြစ်ပြီး ဤအလုပ်တွင် ငါသည် အလိုက်သင့်နေသင့်သည်” ဟု ဆိုလိမ့်မည်။ ယင်းသည် ဆင်ခြင်တုံတရားမဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ဤသို့သောသူသည် ဤဆင်ခြင်တုံတရားရှိသလော။ မရှိပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရား တစ်ခုမျှ မရှိပေ။ အဆုံးတွင် ယင်းကို မည်သို့ကိုင်တွယ်ခဲ့ရသနည်း။ အလုပ်ကို ပြန်လည်လုပ်ဆောင်ခဲ့ရသည်။ အလုပ်ကို ပြန်လည်လုပ်ဆောင်ခြင်းသည် ဆုံးရှုံးမှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဟုတ်သည်။ ဤသို့သော အမှုကိစ္စများနှင့်ဆိုင်သော ဖြစ်ရပ်များစွာရှိသလော။ ရှိသည်။ ထိုသူသည် လုံးလုံးလျားလျားပင် ခေါင်းမာသည်။ မည်မျှခေါင်းမာသနည်း။ မည်သူပြောသည့်အရာကိုမျှ ၎င်းတို့ နားမထောင်။ ငါပြောသည့်အရာကိုပင် ၎င်းတို့နားမထောင်ပေ။ ပြီးလျှင် ၎င်းတို့သည် ငါ့ကိုလည်း ဆန့်ကျင်ဘက်ပြောဆိုသည်။ ငါက “သင်သည် ပြောင်းလဲဖို့လိုသည်။ မပြောင်းလဲလျှင် ဤအလုပ်သည် သင့်အတွက်မဟုတ်” ဟု ဆိုသည်။ ၎င်းတို့က “ကိုယ်တော်က ကျွန်ုပ်ကို မလိုအပ်လျှင်ပင် ကျွန်ုပ်သည် ဤအရွယ်ရှိသော တံခါးကို ပြုလုပ်မည်” ဟု ပြောရဲသည်။ ယင်းသည် မည်သည့်စိတ်သဘောထား ဖြစ်သနည်း။ ပုံမှန် လူ့သဘာဝဖြစ်သလော။ (မဟုတ်ပါ။) ပုံမှန် လူ့သဘာဝမဟုတ်။ ဤသို့ဆိုလျှင် မည်သည့်လူ့သဘာဝဖြစ်သနည်း။ ငါမြင်သည့်အတိုင်းဆိုလျှင် ၎င်းတို့သည် တိရစ္ဆာန်တစ်ကောင်နှင့် အနည်းငယ် တူ၏။ နွားထီးတစ်ကောင်က ရေဆာနေသကဲ့သို့ ဖြစ်သည်။ လှည်းထဲတွင် ကုန်ပစ္စည်း၊ သို့မဟုတ် လူမည်မျှကို ထိုနွားက သယ်နေသည်ဖြစ်စေ ရေအိုင်၊ သို့မဟုတ် မြစ်တစ်ခုကို မြင်သည်နှင့်တစ်ပြိုင်နက် လှည်းကို ထိုနေရာသို့ တန်းတန်းမတ်မတ် ဆွဲသွားလိမ့်မည်။ လူအရေအတွက် မည်မျှကမျှ ထိုနွားကို ဆွဲမခေါ်နိုင်ပေ။ ငါတို့ပြောဆိုနေသည်မှာ တိရစ္ဆာန်တစ်ကောင်ဖြစ်သည်။ လူတို့တွင်လည်း ဤစိတ်သဘောထားမျိုးရှိသလော။ ၎င်းတို့၌ ရှိသောအခါတွင် ယင်းသည် ပုံမှန်လူ့သဘာဝမဟုတ်ဘဲ အန္တရာယ်ရှိသည်။ ၎င်းတို့သည် သင့်ကို ငြင်းဆန်ရန်၊ နားထောင်နေခြင်းကို ရပ်တန့်ရန် ဆင်ခြေတစ်ခုရှာလိမ့်မည်။ ၎င်းတို့သည် အလွန်ခေါင်းမာပြီး မိုက်မဲသည်။ နေ့စဉ်အသက်တာတွင် ဤသို့သောအမှုကိစ္စများရှိနေပြီး သင်က နှိမ့်ချစွာဖြင့် လက်ခံတတ်သော၊ အခြားလူတို့၏ ထင်မြင်ချက်များကို လက်ခံရန် အသင့်ဖြစ်သော သဘောထားတစ်ခုမရှိလျှင်၊ လေ့လာသည့် သဘောထားတစ်ခုမရှိလျှင် သမ္မာတရားကို သင်မည်သို့ လက်ခံနိုင်မည်နည်း။ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ နှစ်ချပ်ဖွင့်တံခါးကို ပြုလုပ်ခြင်းက ပို၍သင့်တော်မည်ဟု လူတိုင်းက ဆိုသည်။ သင်သည် ယင်းကိုပင် မလုပ်နိုင်ပေ။ ပြီးလျှင် ယင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် နီးစပ်မှုပင် မရှိပေ။ သင်သည် ကျိုးကြောင်းခိုင်လုံသော အကြံပြုချက်ကိုပင် နားထောင်မည်မဟုတ်။ သမ္မာတရားနှင့်သက်ဆိုင်သော အရာတစ်ခုကို သင်နားထောင်နိုင်မည်လော။ ခါတိုင်းကဲ့သို့ပင် သင် နားထောင်မည်မဟုတ်။ ဤသို့သော စိတ်သဘောထားတစ်ခုကို ပိုင်ဆိုင်သောသူအတွက် နားဝင်မည်မဟုတ်။ ယင်းသည် ထိုသူအတွက် ဒုက္ခအကြီးအကျယ် ကျရောက်သည့်သဘော ဖြစ်သည်။ မိမိ၏ လူ့သဘာဝသည် ဤဆင်ခြင်တုံတရားမျိုးကိုပင် မပိုင်ဆိုင်လျှင် မည်သည့်သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သနည်း။ ၎င်းတို့ နေ့စဉ်အလုပ်ရှုပ်နေသည့်ထိုအရာများကို မည်သူ့အတွက် ၎င်းတို့ လုပ်ဆောင်သနည်း။ ၎င်းတို့ကိုယ်တိုင်၏ နှစ်သက်မှုများအရ၊ ၎င်းတို့ကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများအရ လုပ်ဆောင်ခြင်းသက်သက်ဖြစ်သည်။ နေ့စဉ် ၎င်းတို့တွင် နေ့စဉ်အသက်တာ၌ ၎င်းတို့အနီး၌ရှိသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် ဤအမြင်မျိုးရှိသည်။ “ကျွန်ုပ် အလိုရှိသည့်အရာကို လုပ်ဆောင်မည်။ ကျွန်ုပ် ထင်သည့်အရာကို လုပ်ဆောင်မည်။ ကျွန်ုပ် ယုံကြည်သည့်အတိုင်း လုပ်ဆောင်မည်” ဟူ၍ ဖြစ်သည်။ ဤအရာကို မည်သို့ခေါ်သနည်း။ တစ်နေကုန် ၎င်းတို့စဉ်းစားနေသမျှသည် မကောင်းမှုသက်သက်သာ ဖြစ်သည်။ ၎င်းတို့သည် စိတ်နှလုံးထဲ၌ အလွန်ဆိုးယုတ်လျှင် ၎င်းတို့၏ လုပ်ရပ်များက အဘယ်သို့နည်း။ အတွေးများအားလုံးက ဆိုးယုတ်သော်လည်း လုပ်ရပ်များအားလုံးက သမ္မာတရားနှင့် ညီဆဲဖြစ်သည့်သူမျိုး ရှိသလော။ ဤသည်မှာ မမှန်ပေ။ ဤသည်မှာ ရှေ့နောက်မညီခြင်း ဖြစ်လိမ့်မည်။ ၎င်းတို့၏ အတွေးများအားလုံးက ဆိုးယုတ်ပြီး ၎င်းတို့ စတင်သည့်အချက်မှာလည်း ဆိုးယုတ်မှုသက်သက်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့လုပ်ဆောင်သည့်အရာသည် ယုတ်စွအဆုံး အမှတ်ရခြင်း ခံရမည်မဟုတ်။ အမှတ်ရခြင်း မခံရသည့်အရာများထဲတွင် အချို့မှာ အနှောင့်အယှက်များ၊ အဖျက်အမှောင့်များဖြစ်သည်။ အချို့မှာ ဖျက်ဆီးတတ်သည်။ အခြားသောအရာများမှာမူ အလွန်မဆိုးလှချေ။ ဤအရာများကို အလေးအနက် ထားမည်ဆိုလျှင် ယင်းတို့သည် ရှုတ်ချခြင်းခံရလိမ့်မည်ဖြစ်သည်။ ဤသဘောတရားပင် ဖြစ်သည်။
လူအချို့တွင် မှားယွင်းသောအမြင်တစ်မျိုး၊ အခြားလူများက အလွန်ရွံရှာဖွယ်ရာ ဖြစ်သည်ဟု မြင်သော အမြင်တစ်မျိုးရှိသည်။ ဤလူတို့တွင် ဆုကျေးဇူး၊ သို့မဟုတ် အားသာချက်အနည်းငယ်ရှိသည်၊ သို့မဟုတ် လက်မှုပညာတစ်ခု၊ အရည်အချင်းတစ်ခုခု ရှိနိုင်သည်၊ သို့မဟုတ် နယ်ပယ်တစ်ခုခုတွင် အထူးအရည်အချင်းတစ်ခုရှိသည်။ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်လာပြီးနောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဂုဏ်ရှိသောလူများဟု ထင်မြင်ကြသည်။ ဤသဘောထားသည် မှန်ကန်သလော။ ဤအမြင်ကို မည်သို့ထင်သနည်း။ ယင်းသည် ပုံမှန်လူ့သဘာဝ၏ အတွေးအခေါ်နှင့် သက်ဆိုင်သောအရာတစ်ခု ဖြစ်သလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သည့်အယူအဆမျိုးနည်း။ ယင်းသည် ဆင်ခြင်တုံတရား မကင်းမဲ့နေသလော။ (ကင်းမဲ့နေပါသည်။) ၎င်းတို့က “ငါသည် ဤလက်မှုပညာကို သိသောကြောင့် သာမန်လူတို့ထက်ပိုမြင့်သည်။ ဘုရားအိမ်တော်တွင် ငါသည် သာမန်လူတို့ထက် သာသည်။ ငါသည် လက်မှုပညာပိုင်းနှင့် အရည်အချင်းကို ပိုင်ဆိုင်သော ယောက်ျားတစ်ယောက် ဖြစ်သည်။ ငါသည် စကားပြောကောင်းသူဖြစ်ပြီး ပင်ကိုစွမ်းရည်ရှိသည်။ ငါသည် ဘုရားအိမ်တော်တွင် အလွန်ပင် အထင်ကြီးဖွယ်ဖြစ်သည်။ ငါသည် လူတိုင်းထက်သာသည်။ မည်သူကမျှ ငါ့ကို အမိန့်မပေးနိုင်။ မည်သူကမျှ ငါ့ကို ဦးမဆောင်နိုင်။ မည်သူကမျှ ငါ့ကို မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ အမိန့်မပေးနိုင်။ ငါ့တွင် ဤကျွမ်းကျင်မှုရှိသည်။ ထို့ကြောင့် ငါအလိုရှိသည့်အရာကို ငါလုပ်ဆောင်မည်။ စည်းမျဉ်းများအား အရေးစိုက်ဖို့ မလို။ ငါလုပ်သမျှသည် မှန်ကန်ပြီး သမ္မာတရားနှင့်ညီသည်”ဟု ယုံကြည်သည်။ ဤအမြင်ကို အဘယ်သို့ထင်သနည်း။ ဤသို့သောလူများ မရှိသလော။ ဤသို့သောလူတို့သည် လူနည်းစုမဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ရန်အတွက် ဘုရားအိမ်တော်သို့လာသည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ၎င်းတို့၏ အားသာချက်များ၊ သို့မဟုတ် ကျွမ်းကျင်မှုများကို အသုံးပြုလျှင် အဆင်ပြေလိမ့်မည်။ သို့သော် ၎င်းတို့သည် မိမိကိုယ်ကို ကြွားလုံးထုတ်ရန်အတွက် လာခြင်းဖြစ်လျှင် ယင်းသည် မတူသော သဘာဝတစ်ခု၏ ပြဿနာဖြစ်သည်။ “မိမိကိုယ်ကို ကြွားလုံးထုတ်ခြင်း” ဟု အဘယ်ကြောင့်ခေါ်သနည်း။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများကို မိုက်မဲသည်၊ မည်သည့်အရာမျှ မဟုတ်ဟု မြင်သည်။ ၎င်းတို့၏ အတွေးအခေါ်၌ တစ်စုံတစ်ခု လွဲနေပြီမဟုတ်သလော။ ၎င်းတို့၏ ဆင်ခြင်တုံတရားတွင် တစ်စုံတစ်ခု မမှားယွင်းနေသလော။ ဤသည်မှာ အမှုအရာများ၏ တကယ့် ပကတိအခြေအနေ ဖြစ်သလော။ ဘုရားသခင်ကို ယုံကြည်သူတို့သည် အမှန်ပင် တန်ဖိုးမဲ့သလော။ (မမဲ့ပါ။) ဤသို့ဆိုလျှင် ထိုလူတို့သည် ၎င်းတို့အား အဘယ်ကြောင့် ထိုသို့မြင်မည်နည်း။ အဘယ်ကြောင့် ထိုသို့အတွေးမျိုး ရှိမည်နည်း။ မည်သည့်အရာက ထိုသို့သောအတွေးကို ဖြစ်ပေါ်စေသနည်း။ ဘာသာတရားမရှိသူများထံမှ ၎င်းတို့ သင်ယူသလော။ ဘုရားသခင်ကို ယုံကြည်သူတို့သည် မည်သည့်အရာမျှ မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့အားလုံးသည် အိမ်ရှင်မများ၊ အိမ်ရှင်ထီးများ ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့အားလုံးက တောသားများဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ အောက်လွှာမှဖြစ်သည်ဟုလည်းကောင်း ထိုသူတို့က ထင်ကြသည်။ ၎င်းတို့၏ အမြင်သည် အဆင်းနီသော နဂါးကြီး၏ အမြင်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် စွမ်းဆောင်ရည် မရှိဟုလည်းကောင်း၊ လူ့အဖွဲ့အစည်းတွင် လမ်းဖောက်ထွက်နိုင်ခြင်း မရှိဟုလည်းကောင်း၊ ၎င်းတို့အတွက် ပြင်ပတွင် လမ်းကြောင်းမရှိသောကြောင့်၊ သွားစရာမည်သည့်နေရာမျှမရှိသောကြောင့်သာ ဘုရားသခင်ကို ယုံကြည်လာကြခြင်း ဖြစ်သည်ဟုလည်းကောင်း ထင်မြင်ကြသည်။ ၎င်းတို့တွင် အရည်အချင်းတစ်ခုခု ရှိသောကြောင့်၊ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုအကြောင်းကို အနည်းငယ်သိသောကြောင့်၊ သို့မဟုတ် နည်းပညာပိုင်း ကျွမ်းကျင်မှုတစ်ခုခု ရှိသောကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်တွင် ပင်ကိုစွမ်းရည်ရှိသူ ဖြစ်သည်ဟု ထင်မြင်ကြသည်။ ထိုအတွေးသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သည့်အရာ မှားယွင်းနေသနည်း။ ဘုရားအိမ်တော်တွင် ကျွမ်းကျင်သောလူတစ်ဦးမျှ မရှိဟု ၎င်းတို့ ယုံကြည်သည်။ ပြီးလျှင် ၎င်းတို့၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု အနည်းငယ်ဖြင့် ၎င်းတို့သည် အာဏာကိုင်စွဲလိုပြီး အမှုအရာများအပေါ် အဆုံးအဖြတ် ပေးပိုင်ခွင့်ရှိလိုသည်။ ပြင်ပတွင် ဤသို့သောလူများရှိသလော။ သင်တို့အနီးတွင်၊ သို့မဟုတ် သင်တို့ရင်းနှီးသော၊ သိသောသူတို့အထဲတွင် ဤသို့သောလူများရှိသလော။ နယ်ပယ်တစ်ခုခုတွင် ကျွမ်းကျင်သောလူအချို့ရှိသည်။ ၎င်းတို့အား အဖွဲ့ခေါင်းဆောင်၊ သို့မဟုတ် ကြီးကြပ်ရေးမှူးအဖြစ် လုပ်ဆောင်စေသောအခါ၌ ၎င်းတို့သည် အရာရှိရာထူးတစ်ခုကို ရလိုက်သကဲ့သို့ ခံစားရသည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသည်ဟုလည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ၎င်းတို့ကဲ့သို့ မည်သူကမျှ မစောင့်ရှောက်၊ သို့မဟုတ် ၎င်းတို့ထက်ပို၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သူကမျှ မကာကွယ်ဟုလည်းကောင်း၊ မည်သူကမျှ ၎င်းတို့ကဲ့သို့ သစ္စာစောင့်သိခြင်း မရှိဟုလည်းကောင်း ခံစားရသည်။ ၎င်းတို့သည် အရာရာတိုင်းတွင် စီမံပြီး ပါဝင်လုပ်ဆောင်လိုသည်။ သို့သော် မည်သည့်အရာကိုမျှ ၎င်းတို့ ကောင်းစွာ မစီမံသကဲ့သို့ သမ္မာတရားစည်းမျဉ်းများကိုလည်း မရှာပေ။ ငါပြောသည့်အရာကိုပင် နားမထောင်ပေ။ ပြင်ပတွင် ဤသို့သောလူများရှိသလော။ (ရှိပါသည်။) ဤသို့သောသူများရှိသည်။ ၎င်းတို့တွင်ရှိသော ကျွမ်းကျင်မှုတစ်ခုခု၏ ခေါင်းစဉ်အောက်တွင် လူတိုင်းကို ၎င်းတို့ စီမံလိုပြီး အာဏာကိုင်စွဲလိုသည်။ ဥပမာ ညီအစ်ကိုမောင်နှမအချို့က ၎င်းတို့မနှစ်သက်သည့်အရာတစ်ခုကို လုပ်ဆောင်သောအခါ ၎င်းတို့က “ဤလူတို့ကို ငါတို့ စီမံထိန်းချုပ်ဖို့ လိုသည်။ ၎င်းတို့သည် တရားလွန်နေသည်” ဟု ဆိုလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သူများက ပြဿနာတစ်ခုရှိသောအခါ သမ္မာတရားကို ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရမည်။ ဤသည်မှာ စစ်တပ်ဆိုင်ရာ ချုပ်ကိုင်မှုကို ကျင့်သုံးရမည့် စစ်စခန်းတစ်ခုမဟုတ်။ အသင်းတော်ရှိ အမှုကိစ္စများ၌ ပြဿနာများကို ဘုရားနှုတ်ကပတ်တော်အကြောင်း မိတ်သဟာယဖွဲ့ခြင်းနှင့် လူတို့အား သမ္မာတရားကို နားလည်အောင်လုပ်ဆောင်ပေးခြင်းတို့ဖြင့်သာ ဖြေရှင်းနိုင်သည်။ သမ္မာတရားကို လက်မခံဘဲ မဆင်မခြင်နှင့် စိတ်ကူးပေါက်သလို ပြုမူကြသူများသည် ပြုပြင်ခြင်း ခံရနိုင်၏။ သမ္မာတရားကို လက်မခံရန် လုံးဝခေါင်းမာနေသူများသာလျှင် ဆုံးမပဲ့ပြင်ခြင်း ခံရနိုင်၏။ သိသာထင်ရှားစွာပင် သမ္မာတရားလက်တွေ့ကျမှုမရှိသော ကြီးကြပ်ရေးမှူးအဖြစ်ဖြစ်စေ၊ ခေါင်းဆောင်များ၊ အမှုဆောင်များအဖြစ်ဖြစ်စေ အစေခံခဲ့သော်လည်း ဘုရားအိမ်တော်တွင် အစဉ် အာဏာကိုင်စွဲလိုပြီး အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိလိုသောသူအချို့ရှိသည်။ ဤလူတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသလော။ ၎င်းတို့သည် သက်မွေးပညာ၏ နည်းလမ်းအနည်းငယ်ကိုသာ သိပြီး သမ္မာတရားကို စိုးစဉ်းမျှပင် နားမလည်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် သာမန်လူထက်ပို၍ သာသည်ဟု ထင်မြင်လျက် အသုံးဝင်ပြီး အစွမ်းအစရှိသည်ဟု ထင်ကြသည်။ ပြီးလျှင် အာဏာရှိသည့်နေရာမှနေ၍ အသင်းတော်တွင် ၎င်းတို့အလိုရှိသည့်အရာကို လုပ်ဆောင်လိုသည်။ တစ်ဦးတည်းသာ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိလိုသည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို မရှာဖွေဘဲ ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း၊ ၎င်းတို့၏ နှစ်သက်မှုများအတိုင်း လုပ်ဆောင်ကြသည်။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်သလော။ ဤသို့သောလူတို့သည် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားရှိသလော။ ၎င်းတို့တွင် တစ်စွန်းတစ်စမျှမရှိ။ ပုံမှန်လူ့သဘာဝအပေါ် ငါတို့၏ မိတ်သဟာယကို ဤတွင် အဆုံးသတ်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။